← Chapters

ဘိုင်ချီဟန်နှင့် ကျန်းတိုင်

Vol. 10 Ch. 138

ဘိုင်ချီဟန်နှင့် ကျန်းတိုင်

Vol. 10 Ch. 138

အခန်း (၁၃၈) ဘိုင်ချီဟန်နှင့် ကျန်းတိုင်

ဘိုင်ချီဟန်သည် ရှည်လျားသပ်ရပ်သည့် ၀တ်စုံရှည်ကို ၀တ်ဆင်ထားသည်။ သူသည် ရဲရင့်ပြီး ထူးကျွန်ထက်မြက်သည်။ သူသည် သူ၏ နောက်ကျောမှာ လက်နှစ်ဖက် ယှက်ကာ ရပ်နေပြီး သူ၏မျက်နှာက အပြုံးမပျက်ပေ။

သူ၏စိတ်နေစိတ်ထားတစ်ခုတည်းကပင် မိန်းကလေးတော်တော်များများကို သတ်သေ‌ လောက်သည်အထိ စွဲဆောင်သွားနိုင်သည်ဟု ဆိုရမှာဖြစ်သည်။

သူနှင့်ယှဉ်လျင် ကျန်းတိုင်ကမှ ပိုပြီး ထင်ထင် ရှားရှား ပေါ်လွင်နေသေးသည်။ သို့သော်လည်း ကျန်းတိုင်၏ ထူထဲပြီးတည်ငြိမ်သော ခန္ဓာ ကိုယ်သည် ပရိသတ်များကို ဆွဲဆောင်ထားနိုင်ဆဲဖြစ်သည်။

ကျန်းတိုင်သည် သူ၏လက်ကို ဝှေ့ယမ်းလိုက်ပြီး သူ၏လက်ထဲမှာ ဓားတစ်ချောင်း ပေါ်လာသည်။ သတ္တမအဆင့် အထွတ်အထိပ် ကောင်းကင်အလွှာ သိုင်းဂိုဏ်းချုပ် ကျွမ်းကျင်သူတဦး၏ ကျင့်ကြံခြင်းစွမ်းအားက ချက်ခြင်း ပြန့်နှံ့သွားခဲ့ပြီး ပြင်းထန်သော တိုက်ပွဲဆန္ဒက သူမျက်လုံးထဲတွင် တောက်ပလာသည်။

"လာခဲ့ပါ !" ဘိုင်ချီဟန်က ချိုသာသော အပြုံးဖြင့် ပြောသည်။ အစမှအဆုံးထိ သူ၏မျက်နှာသည် တည်ငြိမ်သော အမူအရာများဖြင့် ပြည့်နှက်နေသည်။

"စီနီယာ အစ်ကိုဘိုင် ၊ ငါ မင်းကို ပြစ်မှားမိပြီ!"

ကျန်းတိုင်က လေးနက်သော အသံဖြင့် ပြောသည်။ ထိုသို့ပြောပြီးနောက် သူသည် သူ၏တကိုယ်လုံး ချက်ချင်းပစ်၀င်လိုက်ပြီး သူ၏လက်ထဲရှိဆေဘာက ဘိုင်ချီဟန်ကို တည့်တည့်ခုတ်ပိုင်းသွားသည်။

ဘိုင်ချီဟန်သည် သူ၏လက်ချောင်းကို လျှပ်စီးလက်သလို ဆန့်ထုတ်လိုက်ပြီး ကျန်းတိုင်၏ ဆေဘာကို တိုက်ရိုက် တွန်းထုတ်လိုက်ကာ သူ့ကိုပါ လွင့်ထွက် သွားစေသည်။

ကျန်းတိုင်သည် ဆေဘာမှတဆင့် ထွက်ပေါ် လာသော ကြီးမားသော စွမ်းအားကို ခံစားလိုက်ရပြီး သူ၏ပါးစပ်ကိုပင် ထုံသွားစေသည်။ သူ၏တိုက်ပွဲ‌၀င်ဆေဘာသည် လွတ်ကျလုနီးပါးပင် ဖြစ်သွားရသည်။

"ဘယ်လောက် အစွမ်းထက်တဲ့ စွမ်းအားလဲ!" ကျန်းတိုင်သည် အံ့သြသွားသည်။

ဤခုတ်ပိုင်းမူသည် သာမန်စမ်းသပ်မှုတစ်ခုမျှသာဖြစ်သော်လည်း ၎င်း၏စွမ်းအားသည် ပဉ္စမအဆင့် ကောင်းကင်အလွှာ သိုင်းဂိုဏ်းချုပ် ကျွမ်းကျင်သူ ခံနိုင်ရည်ရှိသော အရာမဟုတ်သည်မှာ သေချာပါသည်။ ဤဘိုင်ချီဟန်သည် လက်ချောင်းလေး တစ်ချောင်းတည်းဖြင့် အလွယ်တကူ ချေဖျက်နိုင်မည်ဟု မည်သူက ထင်ထားမှာလဲ။ ဤအရာသည် လွယ်လွယ်ကူကူ နားမလည်နိုင်သော အရာဖြစ်သည်။

သို့သော်လည်း ထိုအချိန်တွင် ကျန်းတိုင်သည် ဘိုင်ချီဟန်၏လက်ချောင်းက ထပ်မံ ဆန့်ထုတ်ပြီး သူ၏ရင်ဘတ်ဆီသို့ ခုန်ဆင်းလာသည်ကို တွေ့လိုက်ရသည်။

ဘိုင်ချီဟန်၏ ကြောက်မက်ဖွယ် စွမ်းအားကို မြင်တွေ့ပြီးနောက် ကျန်းတိုင်သည် ဘိုင်ချီဟန် ၏လက်ချောင်းကို သူ၏ရင်ဘတ်ကို ထိမိရန် ခွင့်မပြုဝံ့ဘဲ သူ၏ဆေဘာကို အလျင်အမြန် ဆွဲကာလိုက်သည်။

ချွန်!

သူ၏လက်ချောင်းကို တချက်တောက်ထုတ်လိုက်သည်နှင့်၊ ဆေဘာသည် ချက်ချင်းပင် တုန်လှုပ်သွားခဲ့ပြီး နားကွဲ‌လောက်သည့် အသံကို ထုတ်လွှတ်လိုက်သည်။

သို့သော်လည်း ယင်းက ကျန်းတိုင်အား လေးထောင့်တူကြီး ထိမှန်ပြီး နောက်ပြန်

လွင့်ထွက်သွားသကဲ့သို့ ခံစားရစေသည်။

ပြိုင်ပွဲကွင်းပြင် အပြင်ဘက်ရှိ ပရိသတ်များသည် တုန်လှုပ်ခြောက်ခြားစွာ အော်ဟစ်မိ ကြသည်။ လက်ချောင်း‌လေးကို တစ်ချက်တောက်ထုတ်လိုက်ခြင်းဖြင့် ကျန်းတိုင်သည် လွင့်ထွက်သွားခဲ့ရသည်။ ဘိုင်ချီဟန်သည် မိုးကြိုး၀ိညာဥ်ဂိုဏ်းတွင် နံပါတ်တစ်လူ တစ်ယောက် ဖြစ်ထိုက်သူဖြစ်သည်။ ဤသိုင်းကွက်တစ်ခုတည်းကပင် မိုးကြိုး၀ိညာဥ်ဂိုဏ်း၏ လက်ရွေးစင်တပည့်အများစုကို ချေမှုန်းပစ်နိုင်သည်။

ဤမြင်ကွင်းကို မြင်သောအခါ ချင်ယွင်၏ မျက်လုံးများ တောက်ပလာသည်။

မထင်မှတ်ထားသည်မှာ၊ ဘိုင်ချီဟန်၏ ရုပ်ခန္ဓာ ကြံ့ခိုင်မှုသည်လည်း အလွန် အစွမ်းထက်‌ နေခြင်းဖြစ်သည်။ သူသည် ဝိညာဉ်ချီနှင့် အသားအရေ(ရုပ်ခန္ဓာ) နှစ်မျိုးစလုံးကို ကျင့်ကြံသူတစ်ဦးလည်း ဖြစ်ပုံရသည်။ အစောပိုင်းလေးက သူတိုက်ခိုက်ခဲ့သည့် အခြေအနေကိုကြည့်ပြီး သူ၏ရုပ်ခန္ဓာကြံ့ခိုင်မှုက ဘိုင်ယွန် ကျောင်းတော်မှ လင်းဖန်ထက် အားမနည်းပေ။ လင်းဖန်ကို ယောင်ယောင်လေး ကျော်လွန်သွားမည့် သဘောတောင်ရှိသည်။

အကယ်၍ သူသည် တိုင်ယွန်တောင်တန်းတွင် မတိုက်ခိုက်ခဲ့ပါက ဘိုင်ချီဟန်သည် နောက်ဆုံးတွင် တိုက်ခိုက်လိမ့်မည် ။ အဆုံးတွင် သူသည် လင်းဖန်၏ပြိုင်ဘက် မဟုတ်ခဲ့လျှင်ပင် လင်းဖန်သည် မည်သည့်အကျိုးကျေးဇူးကိုမျှ ရရှိလိမ့်မည်မဟုတ်ပေ။

"ဘိုင်ချီဟန်က ဘာလဲဟ ၊ သူက တကယ်ကို နက်နက်နဲနဲ ဖုံးကွယ်ထားတာပဲ။ ဘေးမှာရှိနေသည့် ကျန်းရွန်ရှင်းသည်လည်း ထိုသဲလွန်စများကို သဘာဝ အတိုင်းမြင်နိုင်ပြီး ဘိုင်ချီဟန် သည် ထိုနေ့တုန်းက ဘေးမှ စောင့်ကြည့်နေခဲ့သည်ကိုအမှတ်ရပြီး သူမ၏စိတ်ထဲတွင် ညည်းညူမိလိုက်သည်။

ချင်ယွင်က ပေါ့ပေါ့ပါးပါး ပြုံးပြီး ကျန်းရွန်ရှင်း၏ ခေါင်းကို ပုတ်လိုက်သည်။ သူသည် ဘိုင်ချီဟန် နှင့် လုံးလုံးမသက်ဆိုင်သော ကြောင့် အခြားသူများက မတ်တပ် ရပ်ကြည့်ရှုနေခြင်းသည် သင့်လျော်ပါသည်။ ထို့ကြောင့် သူသည် ဘိုင်ချီဟန်ကို လုံးဝစောဒကမတက်ပေ။

ကျန်းတိုင်သည် ဘိုင်ချီဟန်၏ လက်ချောင်း တောက်ချက်ကြောင့် ဒဏ်ရာအပြင်းအထန် ရရှိခြင်းမရှိခဲ့ပေ။ သူသည် မတ်တပ်ထရပ်ပြီး ဘိုင်ချီဟန်ကို ဆက်ပြီး ပြေး၀င်သွားခဲ့သည်။

ကျန်းတိုင်၏အရှိန်ဟုန်က မမြန်ပေမယ့် သူ၏ ပုံစံက အရမ်းထူးဆန်းသည်။ သူသည် တည်နေရာရွေ့ပြောင်းသွားနေသကဲ့သို့ပင်။ တစ်စက္ကန့်အတွင်း သူသည် ဤနေရာတွင် ရှိနေသေးသည်။ နောက်တစ်စက္ကန့်အကြာတွင် သူသည် ဆယ်မီတာအကွာမှ ပေါ်လာသည်။ သူသည် နေရာအနှံ့အပြားတွင် လေဟာနယ်၀င်ပေါက်များကို တစ်ခုပြီးတစ်ခု ဖြတ်သန်းပြီး ခေါက်တုန့်ခေါက်ပြန် သွားလာနေသကဲ့သို့ ဖြစ်နေသည်။

"ဒါက ရွေ့လျားမှုသိုင်းပညာရပ်တွေထဲမှာမှ လေဟာနယ်တွန့်ခေါက်ခြင်းကို အသုံးပြု တာလား။ ဟုတ်ပါတယ်၊ အဲဒါက တမူထူးခြားတယ်။" ဘိုင်ချီဟန်၏ နှုတ်ခမ်းထောင့်က တဟားဟားရယ်သည့်ဟန်ဖြင့် တွန့်ကွေးသွားခဲ့ပြီး သူ၏ မျက်လုံးများက နောက်ဆုံးတွင် တိုက်ခိုက်လိုသည့် စိတ်ဆန္ဒအရိပ်မြွက်ကို ထုတ်ဖော်ပြသလာသည်။

ဘန်း!

ထူးဆန်းသော လှိုင်းလုံးကြီးတစ်ခုသည် ပျံ့နှံ့သွားပြီး ကျန်းတိုင်၏ရုပ်အသွင်သည် ဘိုင်ချီဟန်၏ အနားတွင် ထူးဆန်းစွာ ပေါ်လာပြီး ဘိုင်ချီဟန်ဆီသို့ တိုက်ရိုက် ခုတ်ပိုင်းလိုက်သည်။

ဘိုင်ချီဟန်၏အမူအရာအနည်းငယ်ပြောင်းသွားပြီး ကျန်းတိုင်၏ ဆေဘာကို ချက်ခြင်း လက်ဖဝါးတစ်ချက်ဖြင့် ရိုက်ထုတ်လိုက်ပြီး ကျန်းတိုင်၏ဆေဘာသည် ပြန်ကန်သွားခဲ့

သည်။

ကျန်းတိုင်၏ တိုက်ခိုက်မှုက လွဲချော်သွားသည်နှင့် သူ၏ရုပ်အသွင်ပြင်က ချက်ချင်း ပျောက်သွားသည်။

သူပြန်ပေါ်လာသည်နှင့် သူသည် ဘိုင်ချီဟန်၏ တစ်ဖက်ခြမ်းမှာ ဖြစ်နေပြီ။ ယင်းက လျှို့ဝှက်ဆန်းကြယ်ပြီး နားမလည်နိုင်စရာပင်။ ယင်းက ရေခဲလိုအေးစက်သော ဆေဘာ၏ တိုက်ခိုက်မူတစ်ခုလည်း ဖြစ်သည်။

ဘိုင်ချီဟန်သည်လည်း လွတ်လွတ် ကျွတ်ကျွတ် ရှောင်တိမ်းနိုင်ခြင်းမရှိဘဲ ဆေဘာဖြင့် ပွတ်ဆွဲခံလိုက်ရသည်။ သူ၏ခန္ဓာကိုယ်ပေါ်ရှိ ၀တ်စုံလက်မောင်းစသည် ဖြတ်တောက် ခံလိုက်ရပြီး သူ၏လက်မောင်းတွင် ခြစ်ရာအစင်းရာများ ကျန်ရစ်ကာ သွေးအနည်းငယ် ထွက်ကျနေသည်။

"သူတကယ်ပဲ ဘိုင်ချီဟန်ကို ဒဏ်ရာရအောင် လုပ်နိုင်တာပဲ!" ပြိုင်ပွဲကွင်းပြင်ဘက် ရှိပရိသတ်များသည် တုန်လှုပ်ခြောက်ခြားစွာ အော်ဟစ်ခဲ့ကြသည်။ ကျန်းတိုင် စောစောလေးက ပြသခဲ့သောထူးဆန်းသည့် လှုပ်ရှားမှုသိုင်းပညာက သူတို့ကို အံ့သြသွားစေခဲ့သည်။

အကယ်၍ သူတို့သည် ကျန်းတိုင်နှင့်တိုက်ခိုက်ရမည်ဆိုလျှင် ကျန်းတိုင်သည် သတ်လို့မရသည့်လူတစ်ယောက် ဖြစ်လာနိုင်သည်ဟု သူတို့ ယုံကြည်ကြသည်။

"လေဟာနယ်ရဲ့ သဘောတရားက တကယ့်ကို မရိုးရှင်းဘူးပဲ။ ဒီကျန်းတိုင်က ဒီပြိုင်ပွဲမှာ အကြီးမားဆုံး မြင်းနက်တစ်ကောင်ဖြစ်နိုင်ပါတယ်။" မိုးကြိုး၀ိညာဥ်ဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင်က ချီးကျူးလိုက်သည်။

သူ၏ဘေးနားရှိ တော်ဝင်အကြီးအကဲက ပြုံးလိုက်သည်။ သူသည် ငြင်းဆိုခြင်း မရှိသော်လည်း မြောက်ဘက်အရပ်တွင် မတ်တပ်ရပ်နေသော ချင်ယွင်ကိုကြည့်ရင်း သူ့ကို စောင့်မျှော်နေပုံရသည်။

ကျန်းတိုင်၏ လေဟာနယ်သဘောတရားကို အသုံးပြုခြင်းကြောင့် ချင်ယွင်လည်း အံ့သြသွားခဲ့သည်။ သူ၏ အစွမ်းထက်သော စိတ်ဝိညာဥ် အမြင်အာရုံမရှိလျှင် ထိုအချိန်တွင် ကျန်းတိုင်သည် မည်သည့်နေရာတွင် ပေါ်လာမည်ကို သူ ခန့်မှန်းနိုင်လိမ့် မည်မဟုတ်ပေ။ ထိုအချိန်တွင် သူသည် ကျန်းတိုင်၏လက်ထဲရှိဆေဘာကို မည်ကဲ့သို့ ခုခံကာကွယ်နိုင်မည်နည်း။

ဘိုင်ချီဟန်သည် သူ၏လက်မောင်းပေါ်ရှိ ဒဏ်ရာများကို ကြည့်လိုက်သည်။

"မင်းက ပုန်းလျှိုးကွယ်လျှိုး လှုပ်ရှားရတာ ကြိုက်လား။" ဘိုင်ချီဟန်က တဟားဟား ရယ်ရင်း သူ၏ပုံရိပ်က အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

ကျန်းတိုင်၏ ထူးဆန်းသောပုံရိပ်သည် ဘိုင်ချီဟန်၏ဘေးတွင် ပေါ်လာသည်။သူသည် သူ၏ ဆေဘာဖြင့် ခုတ်ပိုင်းလိုက်ပြီးနောက်ဆက်တွဲ ပုံရိပ်ယောင်ကို ထိရုံသာ ထိသွားခဲ့သည်။

"မကောင်းတော့ဘူး!"

ကျန်းတိုင်သည် တစ်စုံတစ်ခု မှားနေပြီဟု ရုတ်တရက် ခံစားလိုက်ရသော်လည်း နောက်ကျနေပြီဖြစ်သည်။

ဘိုင်ချီဟန်သည် သူ၏နောက်မှာ ပေါ်လာပြီး ကျန်းတိုင်၏ နောက်ကျောကို လက်သီးဖြင့် ထိုးလိုက်ပြီး ကျန်းတိုင်သည် လွင့်ထွက်သွားခဲ့၏။

ကျန်းတိုင်သည် သူ၏နောက်ကျောကို တိုက်ခိုက်ခံရသည့်အခါ သွေးအန်လိုက်ရသည်။

ဘိုင်ချီဟန်သည် သူ၏ခြေဖဝါးအောက်ကို ခပ်ဖွဖွဆောင့်နင်းလိုက်ပြီး သူ၏ တစ်ကိုယ်လုံးသည် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားကာ ကျန်းတိုင်ဆီကို ပစ်၀င်လာသည်။

ကျန်းတိုင်၏နဖူးသည် အေးစက်သော ချွေးများဖြင့် ဖုံးလွှမ်းနေပြီး လေဟာနယ် သဘောတရားကို အလျင်အမြန်အသုံးပြုကာ ပျောက်ကွယ်သွားခဲ့သည်။

ဘိုင်ချီဟန်သည် မျက်မှောင်ကြုတ်ပြီး ကျန်းတိုင်၏ရုပ်အသွင်ပြင်ကို စတင်ရှာဖွေခဲ့သည်။

"ကောင်းကင်စုတ်ဖြဲခုတ်ချက်!"

ရုတ်တရက် ထူးဆန်းသော ဆေဘာချီသည် ကောင်းကင်ယံမှ ပျံထွက်လာပြီး ကောင်းကင်ကို ဖြိုခွဲကာ ဘိုင်ချီဟန်ဆီသို့ ချက်ချင်း ပျံသန်းသွားသည်။

ဘိုင်ချီဟန်သည် သူ၏လက်ချောင်းများကို ဓားတစ်ချောင်းအသွင်ထိုးညွှန်ရင်း သူ၏အမူယာက အေးစက်သွားခဲ့သည်။ ဓားအလင်းတန်းတစ်ခုက ချက်ချင်း ထွက်ပေါ်လာပြီး ဆေဘာအလင်းကို ပိတ်ဆို့လိုက်သည်။

ဝှီး! ဝှီး! ဝှီး!

ဘိုင်ချီဟန်၏ သေကွင်းသေကွက်များကို ချိန်ရွယ်ပြီး ထူးဆန်းသည့်လေဟာနယ်ထဲမှ နောက်ထပ် ဓားအမျှင်တန်းအနည်းငယ် ထွက်လာသည်။

ဘိုင်ချီဟန်၏ အေးစက်စက် လှုပ်ရှားမှုသည် ပုံရိပ်ယောင်တစ်ခုကဲ့သို့ဖြစ်ပြီး သူ၏လက်ထဲတွင်ရှိသော ဓားချီသည် အလင်းတန်းများအဖြစ်သို့ ပြောင်းလဲသွားကာ ဆေဘာချီအားလုံးကို ဖြိုခွဲပစ်လိုက်သည်။

"ပုန်းစမ်း၊ ပုန်းစမ်း။ လေဟာနယ်ရဲ့ သဘောတရားက ဒီထက်ဘာမှမပိုဘူး!"

ဘိုင်ချီဟန်က အေးစက်စွာ ဟစ်အော်လိုက်သည်။ သူ၏လက်ထဲရှိလက်ချောင်းဓားကို ခုတ်ပိုင်းပစ်လိုက်ပြီး ဓားအလင်းများက လင်းလက်လာကာ ထုံကျင်စေလောက်သည့် ဓားချီက ရင်ပြင်တစ်ခုလုံးကို ပျံ့နှံ့သွားခဲ့သည်။

ဓားချီသည် ပစ်လွှတ်လိုက်ပြီးသည်နှင့် လေဟာနယ်ထဲ့သို့ တိုက်ရိုက် နစ်မြုပ် သွားသည်။

နောက်တခဏမှာ ကျန်းတိုင်သည် သနားစရာကောင်းသည့် အော်ဟစ်သံနှင့်အတူ ထွက်ပေါ်လာပြီး သူ၏တစ်ကိုယ်လုံး နောက်ပြန်လွင့်ထွက်ကာ ပြိုင်ပွဲကွင်းပြင်ပေါ်မှ ပြုတ်ကျသွားသည်။

"ဘယ်လို...ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

ပွဲကြည့်ပရိသတ်များသည် အံသြသွားကြသည်။ ကျန်းတိုင်သည် လေဟာနယ် အတွင်းလွှာထဲတွင် ပုန်းအောင်းနေခဲ့ပြီး ဘိုင်ချီဟန်၏ ဓားချီဖြင့် ထိမှန်သွားခဲ့သည်။ သူဘယ်လိုလုပ် လုပ်နိုင်ရတာလဲ။

ချင်ယွင်လည်း အလွန်အံ့သြသွားသည်။ လေဟာနယ် အတွင်းလွှာအတွင်းမှာ ပုန်းအောင်းနေသော ကျန်းတိုင်ကိုရှာဖွေရန်မှာ လွယ်ကူသောအလုပ်မဟုတ်ပေ။ အလွန်မင်းအားကောင်းသော စိတ်ဝိညာဉ်ထိုးထွင်းသိမြင်မူတစ်ခု လိုအပ်သည်။

ချင်ယွင်သည် သဘာဝအတိုင်း လွယ်ကူစွာ ပြုလုပ်နိုင်သော်လည်း ဘိုင်ချီဟန်၏ စွမ်းရည်သည် ချင်ယွင်ကို အမှန်တကယ် ထိတ်လန့်စေပါသည်။

ကျန်းတိုင်သည် ဘိုင်ချီဟန်၏ဓားခုတ်ချက်ကြောင့် ဒဏ်ရာအပြင်းအထန် ရခဲ့သော်လည်း သူ၏မျက်နှာတွင် မလိုလားအပ်သော အရိပ်အယောင်များ မတွေ့ခဲ့ရပေ။ သူသည် ဘိုင်ချီဟန်ကို ရှုံးသွားပြီဟု သူယုံကြည်ခဲ့သည်။

ဘိုင်ချီဟန်သည် အေးစက်စွာ ပြုံးပြီး လေပေလေညှင်းအဖြစ် ပြောင်းလဲကာ ပျောက်ကွယ်သွားခဲ့သည် ။

ဤယှဉ်ပြိုင်မှုတွင် ဘိုင်ချီဟန်သည် သူ၏ ခွန်အားတစ်ဝက်ကိုပင် အသုံးမပြုဘဲ လွယ်ကူစွာ အနိုင်ရခဲ့သည်။

ယင်းကြောင့် ဘိုင်ချီဟန်သည် နားမလည်နိုင်အောင် ဖြစ်နေသည်ဟု ချင်ယွင်ကို ခံစားရစေသည်။

All Chapters