← Chapters

ကျိုးယုနှင့် တိုက်ခိုက်ခြင်း

Vol. 10 Ch. 139

ကျိုးယုနှင့် တိုက်ခိုက်ခြင်း

Vol. 10 Ch. 139

အခန်း (၁၃၉) ကျိုးယုနှင့် တိုက်ခိုက်ခြင်း

ဘိုင်ချီဟန် နှင့် ကျန်းတိုင်တို့ကြားက တိုက်ပွဲပြီးဆုံးပြီးနောက်၊ ချင်ယွင်နှင့် ကျိုးယုတို့ ယှဉ်ပြိုင်ရမည့်အလှည့်မှာ သဘာဝအတိုင်း ရောက်လာခဲ့သည်။

ကျိုးယုသည် အထူးတန်း စင်မြင့်ပေါ်မှ ခုန်ဆင်းကာ ဥက္ကာပျံကဲ့သို့ ပြိုင်ပွဲ ကွင်းပြင်ပေါ်သို့ ဆင်းသက်ခဲ့ပြီး ကောင်းကင်မိုးကြိုးရင်ပြင်တစ်ခုလုံး တုန်လှုပ်သွား စေသည်။

ကောင်းကင်မိုးကြိုးရင်ပြင်တွင် တိုက်ပွဲတစ်ပွဲ ပြီးဆုံးပြီးနောက်၊ ၎င်းကို ပြန်လည် ပြုပြင်ရန် မြေကြီးစွမ်းရည်သဘောတရားကို နားလည်ထားသည့် အကြီးအကဲတစ်ဦး အမြဲရှိမည် ဖြစ်သည်။ ထို့ကြောင့် ပြိုင်ပွဲကွင်းပြင်သည် မည်သို့သော ပျက်စီးမှုမျိုး ရှိပါစေ၊ တိုက်ပွဲတိုင်းတွင် ပြိုင်ပွဲကွင်းပြင်သည် လုံးဝအသစ် ဖြစ်နေပါလိမ့်မည်။

အတွေးတစ်ချက်ဖြင့် ချင်ယွင်သည် လျှပ်စီးလက်သလို ဖြစ်သွားပြီး ပြိုင်ပွဲကွင်းပြင် ပေါ်တွင် ပေါ်လာသည်။

သူတို့ နှစ်ယောက် ပေါ်လာသည်နှင့် ပြိုင်ပွဲကွင်းပြင်အပြင်ဘက်ထဲမှ ပြင်းထန်သော အော်ဟစ်သံများ ထွက်ပေါ်လာသည်။

ချင်ယွင်သည် လှည့်ပတ်ကြည့်ရူလိုက်လျှင် အများစုက ကျိုးယုကို ထောက်ခံ အားပေးကြသည်ကို တွေ့ရပြီး အနည်းငယ်ကသာ သူ့ကို ထောက်ခံအား ပေးသည်။

ချင်ယွင်သည် ရှိုက်ကြီးတငင် ပြုံးလိုက်မိ သည်။ သို့သော် သူ၏စိတ်ထဲတွင် ဤကိစ္စကို သိပ်ဂရုမစိုက်ပေ။ ကျိုးယုကို လှည့်ကြည့်လိုက်သော်လည်း သူ၏မျက်လုံးများတွင် တိုက်ခိုက်လိုစိတ်များ ပြည့်နှက်နေသည့် အမူအရာမျိုး ရှိနေသည်။ သူ၏ မျက်လုံးများတွင် ပြင်းထန်သောတိုက်ခိုက်လိုစိတ်များ ထွက်ပေါ်လာသည်။

"ဘုန်း!"

အဓိပ္ပါယ်မရှိသည့်စကားများကို ပြောဆိုနေခြင်းမရှိဘဲ သူတို့နှစ်ဦးသည် အချင်းချင်း လက်သီးများဖြင့် ထိပ်တိုက်တွေ့ဆုံကာ ဤကြီးမားပြင်းထန်သောအင်အားကြောင့် နှစ်

ယောက်စလုံး ဆယ်လှမ်းကျော် နောက်ပြန်ဆုတ်သွားခဲ့ရသည်။

"နောက်တကြိမ်" ကျိုးယုသည် ကျယ်လောင်စွာအော်လိုက်ပြီး သူ၏ခြေဖဝါးအောက်မှ ခွန်အားများကို ထုတ်လွှတ်လိုက်ပြီး သူ၏ သန်မာကြံ့ခိုင်သော အသွင်အပြင်သည် ချင်ယွင်ဆီသို့ ထပ်မံ ပစ်၀င်လာပြန်သည်။

ချင်ယွင်သည်လည်း သူ့ထက်သာလွန်စိတ် ရှိ နေသည်မှာ သဘာဝပင်ဖြစ်သည်။ သူသည်လည်း ပြင်းပြင်းထန်ထန် ပစ်၀င်ပြီး လက်သီးဖြင့် ထိုးလိုက်သော်လည်း ကျိုးယု၏ လက်ဖ ဝါးက ပြန်ကန်ထွက်သွားသည်။ တစ်ချိန်တည်းမှာပင် ကျိုးယု၏ အခြားလက်ဖဝါးတဖက်က ချင်ယွင်ဆီသို့ ခုတ်ပိုင်း၀င်လာသည် ။

ချင်ယွင်က အေးစက်စွာ ဟစ်အော်လိုက်ပြီး သူ၏ခန္ဓာကိုယ်ထဲရှိ စွမ်းအင်များက တဟုန်ထိုး တက်လာသည် ။ သူသည်လည်း အလားတူ လက်ဖဝါးကို ရိုက်ထုတ်လိုက်ပြီး ကျိုးယု၏ လက်ဖဝါးကို ပိတ်ဆို့လိုက်သည်။

ယင်းနောက်မှာတော့ သူတို့နှစ်ဦးသည် လက်သီးများဖြင့်ထိုးနှက်မူ ခြေထောက်များဖြင့် ကန်ကျောက်မှုစသည့် ရုပ်ခန္ဓာခွန်အားနှင့် ပတ်သက်သည့် တိုက်ခိုက်မျိုးဖြင့် တိုက်ခိုက်ကြပြီး သူတို့လျှပ်စီးလက်သလို တိုက်ခိုက်သွားသည့်နေရာပတ်ပတ်လည်မှာ နက်ရှိုင်းသည့် ချိုင့်ကြီးများ ထွက်ပေါ်ကျန်ရစ်ခဲ့သည်။

"ဘန်း!"

ချင်ယွင်သည် နေရာမှဖယ်ရှားပြီး ကျိုးယု၏ တိုက်ခိုက်မူကို ခပ်သွက်သွက် ရှောင်လိုက်သည်။ ချင်ယွင်သည် ပြိုင်ပွဲကွင်းပြင်ပေါ်သို့ တဖန်ပြန်ခြေချချိန် ပြိုင်ပွဲကွင်းပြင်ပေါ်တွင် သုံးမီတာရှည်သော အက်ကြောင်းတစ်ခု ပေါ်လာသည်။

ကျိုးယုသည် အခွင့်အရေးကိုရယူကာ ချင်ယွင်၏ရင်ဘတ်ကို နောက်တကြိမ် လက်သီးဖြင့် ထိုးလိုက်ပြီး သူ့ကို လွင့်ထွက်သွားစေသည်။ သူသည် မရပ်တန့်နိုင်ခင် မီတာဆယ်ပေါင်းများစွာအထိ လွင့်စင်လဲကျသွားခဲ့ရသည်။

သို့သော် သူမတ်တပ်ထရပ်လိုက်သောအခါ၊ ကျိုးယုသည် ချင်ယွင်၏နောက်တွင် တစ်ဖန် ပေါ်လာပြီး ဖြစ်နေသည်။

ချင်ယွင်ကို စောင့်ကာအမိဖမ်းလိုက်ပြီး ကျိုးယုသည် ချင်ယွင်၏ ဝမ်းဗိုက်ကို ထပ်မံ ကန်ထုတ်လိုက်သည်။ သူသည် နောက်ပြန်လွင့်ထွက် သွားပြန်သည်။

ပြိုင်ပွဲကွင်းပြင်တွင် အာမေဋိတ်သံများ ထွက်ပေါ်လာသည်။ ကျိုးယုသည် အမှန်တကယ်ကို ကြောက်စရာကောင်းလွန်းသည်။ ချင်ယွင်သည် ကျိုးယုနှင့် ထိပ်တိုက်ရင်ဆိုင် မတိုက်ခိုက်မှီ မည်သူမျှ သူ့ကို အနိုင်မယူနိုင်ခဲ့ပေ။ ယခုမူ သူသည် ကျိုးယု၏ အနိုင်ကျင့်မူကို ခံနေရမည်ဟု သူတို့မမျှော်လင့်ထားခဲ့ပေ။

ဝှီး!

ကျိုးယု၏ရုပ်အသွင်သည် ချင်ယွင်၏ဘေးတွင် ထပ်မံပေါ်လာပြီး ချင်ယွင်၏ ရင်ဘတ်ကို လက်သီးဖြင့်ထိုးလိုက်သည်။

"ထပ်လာချင်သေးတာလား?"

ချင်ယွင်သည် အေးစက်စွာ အော်ဟစ်လိုက်ပြီး သူ့အရှိန်ဟုန်က ချက်ချင်း မြင့်တက်လာသည်။ သူသည် လေထဲတွင် လမ်းကြောင်းပြောင်းကာ ဇောင်ယု၏ လက်သီးချက်ကို ကန်ထုတ်လိုက်သည်။ ထို့နောက်၊ သူသည် ပြန်ကန်အားဖြင့်

လွင့်စင်ပြီး ဘေးသို့ကျသွားခဲ့သည်။

ချင်ယွင်သည် မြေပြင်ပေါ်သို့ လှဲချလိုက်ပြီးနောက် အနည်းငယ် ရောင်ရမ်းနေသော သူ၏ ရင်ဘတ်ကို ပွတ်သပ်လိုက်သည်။ သူ၏စိတ်ထဲတွင် ဒေါသအရိပ်အယောင် မရှိသည့်အပြင် မထင်မှတ်ဘဲ သူ၏တိုက်ပွဲစိတ်ဆန္ဒများက ထွက်ပေါ်လာသည်။

"မင်းရဲ့ ခွန်အားကို အပြည့်သုံးတာ ပိုကောင်းလိမ့်မယ်၊ ဒီပုံစံက အဓိပ္ပါယ်မဲ့ လွန်းတယ်။" ကျိုးယုက အေးစက်စွာပြောသည်။

ချင်ယွင်သည် ကျယ်လောင်စွာ ရယ်မောပြီး ပြောသည် "ကောင်းပြီလေ!"

သူပြောပြီးသည်နှင့် သူ၏ခါးသည် တုန်ခါသွားပြီး ပတ်ဝန်းကျင်သည် မမျှော်လင့်ဘဲ မမြင်နိုင်သော လေပြင်းများ ဖြစ်ပေါ်လာသည်။ ထိုအချိန်တွင် ချင်ယွင်သည် တောင့်ခံမထားနိုင်တော့ဘဲ သူ၏ ရုပ်ခန္ဓာခွန်အားကို လုံးလုံး လျားလျား အပြည့်အ၀ အသုံးချလိုက်ရသည်။

သူ၏ခြေဖဝါးဖြင့် ပြိုင်ပွဲကွင်းပြင်ကို တချက်ပေါက်ပြီး ပြိုင်ပွဲကွင်းပြင်းသည် ချက်ချင်းပင်တုန်ခါသွားကာ ချင်ယွင်၏ ခန္ဓာကိုယ်တစ်ခုလုံးသည်လည်း တောင်ပေါ်မှ ဆင်းလာသော ရက်စက်ကြမ်းကြုတ်သော ကျားတစ်ကောင်ကဲ့သို့ ပစ်လွှတ်လိုက် လေသည်။

ချင်ယွင်နှင့် ထိပ်တိုက်ရင်ဆိုင်ရန် ခွန်အားရှိသမျှကို အသုံးပြုရင်း ကျိုးယု၏ မျက်လုံးများသည် တောက်ပနေခဲ့သည်။

"ဘုန်း!"

သူတို့နှစ်ဦးသည် ကြယ်တံခွန်များကဲ့သို့ ထိပ်တိုက်ဆုံမိကြပြီး သူတို့ခြေရင်းအောက်ရှိ ပြိုင်ပွဲကွင်းပြင်သည် တိုက်ရိုက်ကွဲအက်ကာ နက်ရှိုင်း သောတွင်းကြီးအဖြစ် နစ်မြုပ်သွားခဲ့ပြီး ပြင်းထန်သော လှိုင်းလုံးကြီးတစ်ခု ထွက်ပေါ်လာသည်။

"ကြောက်စရာကောင်းတဲ့ ထိပ်တိုက်ရင်ဆိုင်မှုပဲ။ ဒါက ရုပ်ပိုင်းဆိုင်ရာ ထိပ်တိုက် ရင်ဆိုင်မှုတစ်ခုပဲ။ သူတို့ရဲ့ ခွန်အားရှိသမျှကို အသုံးပြုမယ်ဆိုရင် ကောင်းကင်မိုးကြိုး ရင်ပြင်တစ်ခုလုံး ပျက်စီးသွားမှာ မဟုတ်ဘူးလား။" ကောင်းကင်မိုးကြိုး ရင်ပြင်အတွင်းရှိ ပရိသတ်များသည် သဘောကျစွာ အော်ဟစ်ပြောဆိုခဲ့ကြသည်။

သို့သော်လည်း ယခုအချိန်တွင် ပြိုင်ပွဲကွင်း ပြင်၌ နောက်ထပ် ကသောင်းကနင်း ဖြစ်မှုတစ်ခု ဖြစ်ပွားခဲ့သည်။ ရုတ်တရက် ပြင်းထန်သော မိုးကြိုးမုန်တိုင်းသည် ချင်ယွင်၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာပြီး သူ၏ အရှိန်ဟုန်သည် ချက်ချင်း တိုးလာသည်။ သူသည် ရုတ်တရက် ကျိုးယု၏ရှေ့မှာပေါ်လာပြီး သူ၏ဝမ်းဗိုက်ကို လက်သီးထိုးကာ ကျိုးယုကို နောက်ပြန်လွင့်ထွက်သွားစေ၏။

ချင်ယွင်သည် နေရာမှာပင် ရပ်နေခြင်းမရှိပါဘူး။ သူ၏တစ်ကိုယ်လုံးသည် လျှပ်စီးလက်သကဲ့သို့ ဖြစ်သွားပြီး နောက်ပြန်လွင့်စင်‌နေဆဲဖြစ်သည့် ကျိုးယုအနားမှာ ချက်ချင်းပေါ်လာသည်။ သူသည် ကျိုးယု၏ခါးပေါ် ကန်ထုတ်ပြီးနောက် ကြောက်မက် ဖွယ်ကောင်းသော အမြောက်ဆံတစ်ခု ထိမှန်သွားသကဲ့သို့ ကျိုးယု၏ နောက်ကျောကို တိုက်ရိုက်ထိမှန်သည်။

ကျိုးယု၏ ခန္ဓာကိုယ်တစ်ခုလုံးသည် သဲအိတ်အလား လွင့်ထွက်သွားခဲ့ပြီး သူသည် ကွင်းပေါ်သို့ အပြင်းအထန် ရိုက်ချခံရကာ ကြီးမားသော ချိုင့်ကြီးတစ်ခု ဖန်တီးဖြစ်ပေါ်ပြီး ဖုန်မှုန့်များ ပျံတက်သွားခဲ့သည်။

ပရိသတ်များသည် အံသြသွားကြသည်။ ကျိုးယုသည် ချင်ယွင်၏ နှိပ်စက်ခြင်းကို အမှန်တကယ်ခံနေခဲ့ရသည်။ ချင်ယွင်၏ ရုပ်ခန္ဓာကြံ့ခိုင်မှုက ကျိုးယုထက် သာလွန်နေသေးသည်မှာ ဖြစ်နိုင်ပါသလား။

ဝှီး!

ထိုအချိန်မှာပင် တွင်းကြီးထဲမှ ဧရာမ ကျောက်တုံးကြီးတစ်ခု ထွက်လာပြီး ချင်ယွင်ဆီသို့ ပျံသန်းသွားခဲ့သည်။

ချင်ယွင်သည် အေးစက်စွာ အော်ဟစ်လိုက်ပြီး ကျောက်တုံးပေါ်ကို သူ၏ လက်သီးများဖြင့် ထိုးလိုက်ပြီး အပိုင်းပိုင်း ကွဲကြေစေခဲ့သည်။

သို့သော်လည်း ယခုအချိန်တွင် ကျိုးယု၏ပုံရိပ်သည် ချင်ယွင်ရှေ့တွင် ပေါ်လာသည်။ သူ၏ ကြောက်မက်ဖွယ်ကောင်းသော လက်သီးချက်များသည် ချင်ယွင်၏ ရင်ဘတ်ဆီသို့ ပြင်းထန်သော စွမ်းအင်ဖြင့် ရိုက်နှက်လာသည်။

ချင်ယွင်သည် ထိတ်လန့်တုန်လှုပ်နေရမည့်အစား ပြုံးလိုက်ပြီးကာ သူ၏မျက်လုံးများမှ ပြင်းထန်သော လျှပ်စီးများ ထွက်လာပြီး ကျိုးယု၏ ထိုးနှက်ချက်ကို တိုက်ရိုက် ခုခံလိုက်သည်။

ကျိုးယု၏ လက်သီးသည် ချင်ယွင်၏ ရင်ဘတ်ပေါ်သို့ ကျရောက်သွားပြီး ချင်ယွင်သည် အနည်းငယ်မျှ မလှုပ်ဘဲ တောင်ကြီးတခုပေါ်သို့ ကျရောက်သွားသကဲ့သို့ ဖြစ်နေသည်။

"မဖြစ်နိုင်ဘူးမဟုတ်လား?" ကျိုးယုသည် သိသိသာသာ တုန်လှုပ်သွားသော်လည်း သူသည်

မစဉ်းစားနိုင်သေးပေ။ တောင်တလုံးပြိုကျနေသကဲ့သို့ ချင်ယွင်၏လက်သီးများက သူ့ဆီသို့ တဟုန်ထိုး ကျရောက်လာနေပြီ ဖြစ်သည်။

ကျိုးယုသည် ထိတ်လန့်သွားပြီး သူ၏ စိတ်ထဲမှာ သက်ပြင်းချလိုက်မိသည်။ သူသည် ရှောင်တိမ်းရန် နောက်ကျနေပြီဖြစ်ကာ ရွှန်လဲ့ တောက်ပနေသော ရွှေရောင် အလင်းတန်းကြီးက သူ၏ခန္ဓာကိုယ်မှ ချက်ချင်း ထွက်ပေါ်လာသည်။

သို့သော် ချင်ယွင်၏ လက်သီးချက်သည် ပြင်းထန်လွန်းသည်။ သူသည် ကျိုးယု၏ ခန္ဓာကိုယ်ကို ကာကွယ်ထားသော ရွှေရောင်အလင်းတန်းထဲသို့ လက်သီးဖြင့် ထိုးလိုက်ရာ ရွှေရောင်အလင်းတန်းတစ်ခုလုံးပင် တုန်လှုပ်ကာ အက်ကွဲလုမတတ် ဖြစ်သွားရသည်။

ကျိုးယုသည် ဘေးဘက်သို့ ဆုတ်သွားပြီး ချင်ယွင်ကို အံ့အားသင့်စွာ ကြည့်ရင်း ပြောလိုက်သည် "မင်းရဲ့ ခန္ဓာကိုယ်က ဒီလောက် သန်မာမယ်လို့ ငါ မမျှော်လင့်ထားပေမယ့် မင်းရဲ့ ခန္ဓာကိုယ်က ဘယ်လောက်ပဲ အစွမ်းထက်နေပါစေ ငါ့ရဲ့ အကာအကွယ် ရွှေရောင် အတားအဆီးကို ချိုးဖျက်နိုင်မှာ မဟုတ်ဘူး။ “

ချင်ယွင်က အေးစက်စွာ နှာခေါင်းရှုံရင်း ပြောလိုက်သည် "ဒီအကာကွယ်လေးပဲမဟုတ်လား?"

ထို့နောက် ချင်ယွင်သည် ရှေ့သို့ ခြေတစ်လှမ်းတိုးကာ ချက်ခြင်း ပစ်၀င်လိုက်သည်။ သူသည် ရှေ့သို့ နောက်ထပ် ခြေနှစ်လှမ်းတိုးလိုက်၏။ သူ၏အရှိန်က ထပ်ခါထပ်ခါ တိုးလာပြီး သူ၏ အငွေ့အသက်က ထပ်ခါထပ်ခါ တိုးလာသည်။ သူ၏ တစ်ကိုယ်လုံးသည် ချက်ချင်းပင် ကြောက်မက်ဖွယ်ရာ လျှပ်စီးများအဖြစ်သို့ ပြောင်းလဲသွားသည်။

ကျိုးယု၏အမူအရာသည် သိသိသာသာပြောင်းလဲသွားပြီး ၎င်းကိုတားဆီးရန် သူ၏ အကာအကွယ်ရွှေရောင်အလင်းတန်းကို အမြန်ဖြန့်ကျက်လိုက်သည်။

ချွန်!

ချင်ယွင်၏ လက်သီးသည် သူ၏ခန္ဓာကိုယ်ကို ကာကွယ်နေသော ရွှေရောင်အလင်းတန်းထဲသို့ ထိုးဖောက်ဝင်ရောက်သွားသည်။ ရုတ်တရက် ကြီးမားသော သံတူကြီးတစ်ခုသည် ခေါင်းလောင်းကြီးတစ်လုံးအား ၀င်ဆောင့်မိသည့် အလား ဆူညံသောအသံတစ်ခုထွက်ပေါ်လာသည်။

"ဖျစ်!"

ဖျစ်ခနဲ အသံတစ်ခု ထွက်ပေါ်လာသည်။ ထို့နောက် တိုးတိုးတိတ်တိတ် အသံသည်

လျင်မြန်စွာ ကျယ်လောင်လာသည်။ တခဏချင်းမှာပဲ ကျိုးယုခန္ဓာကိုယ်တစ်ဝိုက်က ရွှေရောင်အလင်းတန်းများသည် ကွဲအက်သွားသည်။ ချင်ယွင်၏ လက်သီးချက်သည် ကျိုးယု၏ ရင်ဘတ်တည့်တည့်ကို တိုက်ရိုက်ထိသွားခဲ့ပြီး ကျိုးယုသည် လွင့်ထွက် သွားပြန်ကာ ဘေးဘက်ရှိ တွင်းနက်ကြီးတစ်ခုထဲသို့ ထိုးကျသွားလေသည်။

'"ဒါက အင်မတန်...အင်မတန် အစွမ်းထက်လွန်းတယ်။ သူက ကျိုးယုရဲ့ အကာအကွယ် ရွှေရောင်အလင်းတန်းကိုတောင် လက်သီးတစ်ချက်နဲ့ ချိုးဖျက် ပစ်လိုက်တယ်။ သူ့ရဲ့ကာကွယ်ရွှေရောင်အလင်းတန်းဟာ မာကျောတဲ့ ရွှေရောင် အလင်းအလွှာ သုံးလွှာပါ၀င်တယ်။ လင်းယွင်ရဲ့ လက်သီးချက်က အဲဒါကို တကယ်ချိုးဖျက်နိုင်လိမ့်မယ်လို့ မမျှော်လင့်ထားဘူး။"

ပြိုင်ပွဲကွင်းပြင် အပြင်ဘက်ရှိ ပရိသတ်များသည် ထိတ်လန့်တုန်လှုပ်သွားကြပြီး ချင်ယွင်ကို ကြည့်သည့် သူတို့၏ အကြည့်များက အံ့သြထိတ်လန့်ဖွယ်ရာအမူယာများ ဖြစ်လာကြသည်။

ဤပွဲစဉ်မှာ နောက်ဆုံးရလာဒ်က မည်သို့ပင်ဖြစ်နေပါစေ ချင်ယွင်သည် သူတို့၏ နှလုံးသားများကို လုံး၀ အနိုင်ယူ သိမ်းပိုက်သွားနိုင်ခဲ့ပြီ။

ထိုအချိန်တွင် ကျိုးယုသည် တွင်းနက်ကြီးထဲမှ ခုန်ထွက်လာခဲ့သည်။ သူ၏ ခန္ဓာကိုယ်ပေါ်ရှိ ခရမ်းရောင်ဝတ်ရုံက အနည်းငယ်စုတ်ပြဲသွားသည်။ သူ၏ ဦးခေါင်းနောက်မှာ ချည်နှောင်ထားသည့် ရှည်လျားသော ဆံပင်များသည်လည်း ဖြည်ထားပြီး ဖြစ်နေသည်။ လေပြင်းမတိုက်ဘဲ သူ၏ဆံပင်များသည် ကခုန်နေပြီး သူသည် ဒေါသစစ်နတ်ဘုရားတပါးကဲ့သို့ ခြေလှမ်းတစ်လှမ်းချင်း လှမ်းထွက်လာခဲ့ သည်။

သူလှမ်းလိုက်သည့်ခြေလှမ်းတိုင်းသည် နက်ရှိုင်းသောခြေရာများ နောက်တွင် ကျန်ရစ်ခဲ့ပြီး ပတ်ဝန်းကျင်ရှိအပျက်အစီးများ လွင့်ထွက်သွားကြသည်။

"မင်းက အရမ်းတော်တာပဲ၊ ဒါပေမယ့် မင်းငါ့ကို ဒေါသဖြစ်အောင်လုပ်နိုင်ပြီဆိုတော့ မင်းငါ့ကို ဘယ်လောက်ထိ တွန်းအားပေးနိုင်မလဲဆိုတာ ငါကြည့်ချင်မိတယ်" ကျိုးယုက အေးစက်စွာ ဟစ်အော်လိုက်သည်။

ထို့နောက် ကျိုးယု၏လက်ထဲမှာ ခရမ်းရောင်ရွှေလှံတစ်ချောင်း ပေါ်လာသည်။ လှံပေါ်တွင် သိမ်မွေ့နက်ရှိုင်းသောပုံစံများ ထွင်းထုထားသည်ကိုလည်း တွေ့မြင်ရ သည်။

လှံကိုကိုင်ထားသည့် ကျိုးယုအတွက်တော့ သူ၏တစ်ကိုယ်လုံးသည် ရွှေရောင်အလွှာ တစ်ခုဖြင့် လွှမ်းခြုံနေပုံရပြီး သူ၏အငွေ့အသက်များက လူတိုင်းရှေ့မှာ ရပ်နေသော ပြိုင်ဘက်ကင်းစစ်နတ်ဘုရားတပါးကဲ့သို့ ကောင်းကင်ကို ပျံတက်နေခဲ့သည်။

All Chapters