← Chapters

နဂါးတစ်ကောင်လို ထွက်ပေါ်လာသော လှံ

Vol. 10 Ch. 140

နဂါးတစ်ကောင်လို ထွက်ပေါ်လာသော လှံ

Vol. 10 Ch. 140

အခန်း (၁၄၀) နဂါးတစ်ကောင်လို ထွက်ပေါ်လာသော လှံ

ချင်ယွင်သည် ရွှေသံချပ်ကာ၀တ်စစ်နတ်ဘုရားတပါးကဲ့သို့ မလှမ်းမကမ်းမှာ ရပ်နေသော ရွှေချပ်ဝတ်တန်ဆာကိုဝတ်ဆင်ထားသည့် ကျိုးယုကို လှမ်းကြည့်လိုက် သည်။ ကျိုးယု၏မျက်လုံးများသည် မကြုံစဖူး တောက်လောင်နေသည့် အလင်းရောင် တစ်ခု ထွက်ပေါ်လာသည်ဟု သူထင်နေရသည်။

"နောက်ဆုံးတော့ မင်းရဲ့လှံသိုင်းပညာကို အသုံးပြုတော့မှာလား။" ချင်ယွင်၏ တိုက်ခိုက်လိုသည့် ဆန္ဒသည် ပြင်းထန်လာပြီး သူ၏နှုတ်ခမ်းထောင့်သည် အေးစက်သော အပြုံးတစ်ခုအဖြစ် တွန့်ကွေးသွားခဲ့သည်။

လျှပ်စီးကြောင်းတစ်ခုသည် ကောင်းကင်မှ ပျံ့နှံ့ထွက်‌ပေါ်လာကာ စည်းတံဆိပ်ကို ချိုးဖြတ်ကာထွက်ပေါ်လာသော ဧရာမလျှပ်စီးသားရဲကြီးကဲ့သို့ အဆက်မပြတ် ကျယ်ပြန့်ကြီးမားလာလေသည်။

တခဏအတွင်းမှာပဲ ချင်ယွင်၏လက်ထဲမှာ ဥက္ကာပျံတိုက်ပွဲ၀င်ဆေဘာတစ်ချောင်း ပေါ်လာသည်။ အနက်ရောင် ဆေဘာသည် လျှပ်စီး အလင်းရောင်နှင့်ဆန့်ကျင်ဘက် ပို၍ပင် အေးစက်ပြီး ရက်စက်ကြမ်းကြုတ်လာသည်။

ဘန်း!

ကျိုးယု၏တစ်ကိုယ်လုံး ပေါက်ကွဲထွက်လာပြီး သူ၏လက်ထဲတွင်ရှိသော လှံသည် ကောင်းကင်ကိုဖြတ်သွားသော ရေလွှမ်းမိုးနဂါးတစ်ကောင်ကဲ့သို့ ချင်ယွင်ဆီသို့ ဖြတ်သန်းလာခဲ့သည်။

ချင်ယွင်၏လက်ထဲရှိ ဆေဘာနှင့်လျှပ်စီးတို့‌ ပေါင်းဆုံမိသွားပြီး အဖျက်စွမ်းအားများက ချက်ခြင်းပင် ပြန့်ကျဲထွက်ပေါ်လာခဲ့သည်။

ကျိုးယု၏ လှံကို ဆေဘာတစ်ချောင်းဖြင့် ခုတ်ပိုင်းပြီး လှံကို ပိတ်ဆို့လိုက်သည်။

ကျိုးယုသည် သူ၏တိုက်ခိုက်မှုကို တားဆီးခံလိုက်ရသည့်အတွက် သူ၏လက်ထဲတွင် ရှိသည့် လှံကိုကိုင်ဆောင်ကာ ကောင်းကင်ယံကို အစိပ်စိပ်မွှာမွှာဆုပ်ဖြဲမည့် ကျောက်ဆောင်တစ်ခုကဲ့သို့ ချင်ယွင်ဆီသို့ ဦးတည်ထိုးလိုက်သည်။

ချင်ယွင်၏ပုံရိပ်သည် ဖျတ်ခနဲ လင်းလက်သွားခဲ့ပြီး ဤတိုက်ခိုက်မှုကို သွက်သွက် လက်လက် ရှောင်တိမ်းခဲ့သည်။

ကျိုးယု၏လှံသည် ပြိုင်ပွဲကွင်းပြင်တစ်ခုလုံးတွင် မီတာ ဆယ်ဂဏန်းမျှ ရှည်လျားသော အက်ကွဲကြောင်းကြီးတစ်ခု ထွက်ပေါ်လာပြီး အထူးတန်းစင်မြင့်ပေါ်ရှိတပည့်များအား ထိတ်လန့်သွားစေခဲ့သည်။

ဤလှံထိုးချက်သာ သူတို့ခေါင်းကို ထိမှန်သွားမည်ဆိုလျင် ယင်းက သူတို့အား အသားစင်ကောအဖြစ် ပြောင်းလဲသွားမည် မဟုတ်ပါလား။

ချင်ယွင်၏အမူအရာသည် ပြောင်းလဲသွားခြင်းမရှိဘဲ သူ၏လက်ထဲမှဆေဘာသည် ချက်ချင်းဆိုသလို ပုံရိပ်ရောင်များဖြစ်သွားကာ ကျိုးယု၏ခါးဆီသို့ မဆိုင်းမတွ ခုတ်ပိုင်း လိုက်သည်သည်။

မျှော်လင့်မထားဘဲ ကျိုးယု၏လက်ထဲရှိလှံသည်လည်း ဒါဇင်ထက်မကသော ပုံရိပ်ရောင်များအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး ချင်ယွင်ဆီသို့ ထိုးစိုက်လာသည်။

ချင်ယွင်သည် အနည်းငယ် ထိတ်လန့်သွားခဲ့ပြီး တားဆီးကာကွယ်ရန် သူ၏ဆေဘာကို အမြန်ဆုတ်လိုက်ရသည်။

သို့သော်လည်း ကျိုးယု၏ လှံသိုင်းပညာရပ်သည် ရက်စက်လွန်းပြီး မှန်းဆ၍မရပေ။ ချင်ယွင်သည် ကျိုးယု၏ လှံပုံရိပ်များကို ပိတ်ဆို့ထားနိုင်သော်လည်း ကျိုးယု၏ နောက်ပြန်လှံချက်ဖြင့် ရင်ဘတ်ကို ထိမှန်ခဲ့ရသည်။

ကျိုးယုသည် ခွန်အားအပြည့်ဖြင့် တိုက်ပွဲဝင်ခဲ့ပြီး လှံကိုချဲ့ထွင်ခြင်းဖြင့် ဤအစွမ်းသည် အလွန်ကြောက်စရာကောင်းသည်ဟု ဆိုနိုင်သည်။

ချင်ယွင်သည် အထိန်းအကွပ်မဲ့ နောက်ပြန်လွင့်သွားခဲ့သည် ။ သူ၏ရင်ဘတ်သည် စူးရှသော နာကျင်မှုကို ခံစားလိုက်ရသည်။ ဤတိုက်ခိုက်မူသည် သူ၏နံရိုး ၃ ချောင်းကို ချိူပစ်လိုက်မည်ကိုပင် စိုးရိမ်ရသည်။

ချင်ယွင်သည် ရှေးဟောင်းခေတ် အစိမ်းရောင်ကြာပန်းပညာရပ်ကို လျင်မြန်စွာ ဖြန့်ကျက်ပြီး ကျိုးယု၏လှံကို သတိမမူဘဲ မနေဝံ့တော့ပေ။

သို့သော် ကျိုးယုသည် ချင်ယွင်ကို အသက်ရှုရန် အခွင့်မပေးပေ။ သူသည် ကောင်းကင်ယံမှ ဆင်းသက်လာပြီး သူ၏လှံကို ချင်ယွင်ဆီသို့ စူးရှပြင်းထန်သော အငွေ့အသက်ဖြင့် ရိုက်ချလိုက်သည်။

ချင်ယွင်သည် ရှောင်တိမ်းရန်အချိန်မရဖြစ်ပြီး သူ၏ဆေဘာဖြင့် တိုက်ရိုက် ပိတ်ဆို့လိုက်ရသည်။

လှံသည် ဥက္ကာပျံတိုက်ပွဲ၀င်ဆေဘာနှင့် ထိပ် တိုက်ဆုံမိပြီး ကောင်းကင်ယံတွင် ပေါက်ကွဲသံများ ထွက်ပေါ်လာသည်။

ကြောက်မက်ဖွယ်ကောင်းသော ရိုက်ခတ်မှုကြောင့် ချင်ယွင်၏ခြေထောက်အောက်ရှိ မြေပြင်သည် မီတာသုံးဆယ်ရှည်လျားသော စက်ဝိုင်းပုံကြီးတစ်ခု ဖြစ်လာသည်။

"ဟမ့်၊ ထပ်လာပြန်ပြီ!"

ကျိုးယုသည် လေထဲတွင် လှည့်ပတ်ကာ လှံကို ထပ်မံ ထိုးထုတ်ရင်း အေးစက်စွာ ဟစ်အော်လိုက်သည်။

ချင်ယွင်၏အကြည့်သည် လင်းယုန်တစ်ကောင်ကဲ့သို့ စူးရှပြီး သူ၏လက်ထဲရှိ ဆေဘာကို သူ၏ရှေ့မှာ ထောင်ထားရင်း တိုးဝင်လာသော လှံချက်ကို တားဆီးလိုက်၏။

လှံထိပ်ဖျားသည် ဆေဘာပေါ်ကို ထိုးမီပြီးမီးပွားများ တဖျပ်ဖျပ်ဖျပ်ခတ်နေကာ နားကွဲ လောက်သည့် စူးရှရှပွတ်တိုက်အသံများ ထွက်ပေါ်လာသည်။

ချင်ယွင်သည် မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်စွာ ဟစ်အော်လိုက်သည်။ သူ၏လက်ထဲရှိ ဆေဘာသည် ကောင်းကင်နှင့်မြေကြီးကို ဖြိုခွဲလိုက်သကဲ့သို့ ကျိူယုဆီ ဦးတည် သွားသည့် ကြီးမားသော ဆေဘာအလင်းတန်းကြီးတခု ဖြစ်သွားခဲ့သည်။

"ဟမ့်၊ လှည့်ကွက်လေးများ!"

ကျိုးယုသည် အေးစက်စွာ အော်ဟစ်လိုက်ပြီး သူ၏လက်ထဲရှိ လှံသည် ချက်ချင်း ပြောင်းလဲသွားသည်။ ကောင်းကင်ယံကို လွှမ်းခြုံထားသည့် လှံအရိပ်ကဲ့သို့ပင် ပြင်းထန်စွာ ပေါက်ကွဲထွက်ကာ ကြီးမားလှသော ဆေဘာအလင်းဆီသို့ တိုက်ရိုက် ထိုးကျသွားသည်။

"ဘုန်း!"

ဆေဘာအလင်းနှင့် လှံအရိပ်တို့သည် ချက်ချင်းပေါက်ကွဲသွားပြီး ဝိညာဉ်စွမ်းအင် အတက်အကျလှိုင်းများ၏ စက်ဝိုင်းများပင် ဖြစ်‌ပေါ်လာသည်။

"ငါ့ဆီကနေ နောက်ထပ်တိုက်ခိုက်မှုကို ခံယူစမ်း၊ လှံနဂါး ပင်လယ်ထဲမှထွက်!"

ကျိုးယုသည် အေးစက်စွာ အော်ဟစ်လိုက်ပြီး သူ၏ခန္ဓာကိုယ် ချက်ချင်း ပေါက်ကွဲ သွားသည်။ သူ၏တစ်ကိုယ်လုံး မြေပြင်ပေါ်ကျသွားသည့် ဧရာမကျောက်တုံးကြီး ကဲ့သို့သော လှံရှည်ကြီးတချောင်းအဖြစ် ပြောင်းလဲသွားခဲ့သည်။ သူသည် ချင်ယွင်ဆီသို့ အမြန်တိုး၀င်လိုက်သည်။ သူဖြတ်သွားတိုင်း၊ မြေပြင်ပေါ်ရှိ ကျောက်တုံးများအားလုံးကို လွှင့်စင်ကုန်သည်။

ချင်ယွင်သာ်လည်း လုံးဝမကြောက်ရွံ့ပေ။ သူ၏လက်ထဲရှိဆေဘာသည် လျှပ်စီး လက်သကဲ့သို့ ခုတ်ပိုင်းလိုက်သည့် လမ်းကြောင်းတောက်လျှောက် တောက်လောင်သွားခဲ့သည်။

ဆေဘာအလင်းသည် ချက်ခြင်းကျယ်ပြန့်လာခဲ့ပြီး လျှပ်စီးများက သူ၏ နေရာတစ်ခုလုံးကို ချက်ချင်းပြည့်သွားကာ ကျိုးယု၏လှံနှင့် ထိ တွေ့သွားခဲ့သည်။

ချွန်!

သူတို့နှစ်ဦးသည် နတ်ဘုရားများနှင့် နတ်ဆိုးများကြား တိုက်ပွဲကြီးတစ်ခုကဲ့သို့ ရှေ့မတိုးနောက်မဆုတ်သာ ချုပ်နှောင်ထားဆဲဖြစ်သည်။ ကောင်းကင်မိုးကြိုး တောင်ထိပ်တစ်ခုလုံး တုန်ခါသွားပြီး ပတ်ဝန်းကျင်ရှိကောင်းကင်နှင့် မြေကြီးများပင် ပြောင်းလဲသွားပုံရသည်။

"ဟား ဟား၊ ထိပ်တိုက်တိုက်ခိုက်ချင်တာလား!"

ချင်ယွင်သည် ကျိုးယုကို တွန်းထုတ်လိုက်သည် ။

"ငါ့ရဲ့တိုက်ကွက်ကိုခံယူစမ်း၊ ကောင်းကင်တုန်ခါမြေတုန်အောင် ခုတ်ပိုင်းရဲ့ပထမဆုံး သိုင်းကွက်"

ချင်ယွင်သည် ကျယ်လောင်စွာ ရယ်မောပြီး ခုန်တက်လိုက်သည်။ သူ၏ တစ်ကိုယ်လုံးသည် မြေပြင်ပေါ်မှ ချက်ချင်းပင် မြောက်တက်သွားခဲ့သည်။ လေထုထဲတွင်ရှိနေစဉ်၊ ချင်ယွင်သည် သူ၏ဆေဘာကို တိုက်ရိုက် ဝှေ့ယမ်းလိုက်သည်။

တခဏအတွင်းမှာပင် လေဟာနယ်တစ်ခုလုံး တုန်ခါသွားပြီး ကြယ်တစ်စင်းကဲ့သို့ ကြီးမားသည့် ဆေဘာအလင်းက ပေါက်ကွဲထွက်လာပြီး ပေါက်ကွဲသံများ ဆက်တိုက် ထွက်ပေါ်လာနေ၏။

ကျိုးယု၏ မျက်လုံးများသည်လည်း မထင်မှတ်ထားသော အလင်းရောင်များဖြင့် ပေါက်ကွဲထွက်ပေါ်လာသည်။ သူ၏လက်ထဲရှိ ခရမ်း ရောင်ရွှေလှံသည် ရွှေရောင်အလင်းတန်းများနှင့် တဖျပ်ဖျပ်ဖျပ်ခတ်နေပြီး တုနှိုင်းမရသည့် ထက်မြက်သော အငွေ့အသက်က ချက်ချင်း ထွက်ပေါ်လာသည်။ သူသည် သူဆီဝင်လာသော ဆေဘာအလင်းကို တိုက်ရိုက် ထိုးလိုက်သည်။

တခဏအတွင်းမှာပင် လေဟာနယ်တစ်ခုလုံး ထိုးဖောက်ခံလိုက်ရပုံပေါ်သည်။ ချွန်ထက်သော လှံထိပ်ဖျားသည် ချင်ယွင်၏ဆေဘာအလင်းနှင့် တိုက်ရိုက် ထိမှန်သွားပုံရသည်။

"ဒိုင်း!"

ဆေဘာအလင်းသည် ကွဲအက်သွားပြီး ကမ္ဘာတစ်ခုလုံး တုန်လှုပ်သွားခဲ့ရသည်။

ပွဲကြည့်စင်မြင့်ပေါ်ရှိ ပရိသတ်များအားလုံး အံ့အားသင့်သွားကြသည်။

ဘယ်လိုဖြစ်ပြီး ဒီလောက်ထိ ကြောက်စရာကောင်းနိုင်ရတာလဲ?

ဝှီး!

ကျိုးယု၏ရုပ်အသွင်သည် ချင်ယွင်၏ နောက်ကွယ်တွင် ရုတ်တရက်ပေါ်လာပြီး သူ၏ လက်ထဲတွင်ရှိသောလှံသည် ညှာတာခြင်း အလျဉ်းမရှိ ချင်ယွင်ဆီသို့ ဦးတည်သွားလေသည်။

ချင်ယွင်သည် သိသာထင်ရှားစွာ ထိတ်လန့်သွားခဲ့ပြီး သူ၏ဆေဘာဖြင့် အလျင်အမြန် ပိတ်ဆို့လိုက်ရသည်။

မမျှော်လင့်ဘဲ၊ ကျိုးယု၏လှံသည် မြေပြိုကဲ့သို့ အားကောင်းနေခဲ့ပြီး ချင်ယွင်သည် နောက်ပြန်လွင့်ထွက်သွားခဲ့ကာ မြေပြင်ပေါ်သို့ ပြိုလဲကျပြီး ချက်ချင်းပင် ကြီးမားသော ချိုင့်တွင်းကြီးတစ်ခု ဖန်တီးခဲ့သည်။

"မင်းမှာ ဒါပဲရှိတယ်ဆိုရင်တော့ ဒီတိုက်ပွဲက အဆုံးသတ်သွားပြီ။" ကျိုးယုက အေးစက်စွာ အော်ပြောလိုက်သည်။ ချက်ချင်းဆိုသလိုပင် သူ၏လက်ထဲရှိလှံကို ရွှေနဂါးကြီးတစ်ကောင် ရစ်ပတ်နေသည်။ ကြောက်မက်ဖွယ်ကောင်းအောင် စူးရှသည့် အငွေ့အသက်သည် ကောင်းကင်မိုးကြိုးရင်ပြင်တစ်ခုလုံးကို လွှမ်းခြုံသွားသည်။

"ဒါက ကျိုးယုရဲ့ ထင်ရှားကျော်ကြားတဲ့ လှံသိုင်းပညာရပ်ပဲ... နဂါးတစ်ကောင်လို လှံထိုးဖောက်ခြင်း" တစ်စုံတစ်ယောက်သည် တုန်လှုပ်ခြောက်ခြားစွာ အော်ဟစ်လိုက် သည်။

လူတိုင်းသည် ရွှေရောင်အလင်းတန်းဖြင့် လွှမ်းခြုံထားပြီး နဂါးရှည်ကြီးကို ကိုင်ဆောင်ထားသော အမျိုးသားကို ကြည့်ပြီး သူတို့၏ မျက်လုံးများတွင် ကြောက်ရွံ့မှုများ ပြည့်နှက်နေသည်။ (လှံသိုင်းကြောင့် ဖြစ်ပေါ်လာသော နဂါးကိုဆိုလိုဟန်)

ဘိုင်ချီဟန်သည် အစမှအဆုံးအထိ စင်မြင့်ပေါ်တွင် မတ်တပ်ရပ်ကာ စကားတစ်ခွန်းမှ မပြောဘဲ ပြုံးရင်း တိုက်ပွဲကိုကြည့်နေသည် ။ သူ မည်သည့်အရာများ တွေးနေသည်ကို မည်သူမျှမသိနိုင်ပေ။

အဝေးစင်မြင့်‌ပေါ်ရှိ ပရိသတ်များကြားတွင် ရပ်နေသော ကျန်းရွန်ရှင်းသည် ဤမြင်ကွင်းကို မြင်လိုက်သည်နှင့် ချက်ချင်းဆိုသလိုပင် တုန်လှုပ်ချောက်ချားသည့် မျက်နှာအမူအရာကို ထုတ်ဖော်လိုက်သည်။

ကျိုးယုသည် နဂါးအသွင်ပြောင်းလဲကာ ကောင်းကင်မှဆင်းသက်လာခဲ့ပြီး ချင်ယွင်ကို လုံးလုံးအနိုင်ယူတော့မည်ဟု ထင်ရသည်။

ဧရာမတွင်းကြီးထဲမှာ ရပ်နေသော ချင်ယွင်သည် သူ၏မျက်နှာပေါ်တွင် ပြင်းထန်သော တိုက်လိုက်ခိုက်လိုစိတ်များရှိနေသည်။ သူ၏ ရှည်လျားသော အနက်ရောင် ဆံပင်များသည်သူ၏နောက်တွင် ပြန့်ကျဲနေပြီး ကြောက်မက်ဖွယ်ရာ လျှပ်စီးများက ပေါက်ကွဲထွက်နေကဲ့သို့ တဖျတ်ဖျတ်လွင့်ထွက်နေသည်။

လျှပ်စီးတိုင်လုံးသုံးတိုင်သည် ကောင်းကင်ယံမှ ချက်ချင်းဆင်းသက်လာခဲ့သည်။

"ဘယ်သူက အနိုင်ယူမလဲဆိုတာ မသေချာသေးပါဘူး!" ချင်ယွင်က အော်ဟစ် လိုက်သည်။

လျှပ်စီးတိုင်လုံးသုံးတိုင်သည် ထိတ်လန့်တုန်လှုပ်ဖွယ်အခြေအနေတွင် စုစည်းနေကာ နောက်ဆုံးတွင် ကြောက်မက်ဖွယ်လျှပ်စီးလှံတစ်လက်အဖြစ် ဖြစ်ပေါ်လာသည်။

ဤအခိုက်အတန့်တွင် လျှပ်စီးသဘောတရားသုံးခုနှင့် ပေါင်းစပ်ထားသည့် လျှပ်စီးလှံသည် နောက်ဆုံးတွင် တစ်ဖန်ပေါ်လာခဲ့လေပြီ ။

ချင်ယွင်သည် လျှပ်စီးလှံကိုပစ်လွှတ်လိုက်ပြီး ကောင်းကင်ယံမှ ဆင်းသက်လာသော ရွှေနဂါးကြီးနှင့် တိုက်ရိုက် တိုက်မိသွားသည်။

ကြောက်မက်ဖွယ်ကောင်းသော လှိုင်းလုံးကြီးသည် ချက်ချင်းပျံ့နှံ့သွားကာ စင်မြင့်အသီးသီးပေါ်ရှိ တပည့်များသည် မြေပြင်ပေါ်သို့ချက်ချင်းပင် လဲကျသွားကြ သည်။ အားနည်းသောတပည့်များသည် သူတို့၏ပါးစပ်မှ သွေးများပင် ထွက်လာကြ သည်။

သူတို့အားလုံး လုံးဝ ထိတ်လန့်သွားကြသည်။ ပြိုင်ပွဲကွင်းပြင်မှာ ဖြစ်ပွားခဲ့သည့် ဤတိုက်ပွဲသည် သူတို့ စိတ်ကူးယဉ်လို့ရသည့် အရာမဟုတ်တော့ပေ။

"ဘုန်း!"

လျှပ်စီးလှံသည် ချက်ချင်းပေါက်ကွဲသွားပြီး၊ ဤကြီးမားလှသော ရိုက်ခတ်မှုကြောင့် ရွှေနဂါးကြီးသည်လည်း ကွဲအက်သွားခဲ့သည်။

ကျိုးယု နှင့် ချင်ယွင်တို့ နှစ်ယောက်စလုံး တုန်လှုပ်ချောက်ချားစွာဖြင့် နောက်ပြန် လွင့်ထွက်သွားခဲ့ကြ၏။ သူတို့သည် သူတို့၏ ခန္ဓာကိုယ်ဆီရိုက်ခတ်လာသော ကြီးမားလှသော ခွန်အားကို မဖယ်ရှားမီ မီတာတစ်ရာနီးပါး ဆုတ်ခွာသွားကြသည်။

"သူမသာကိုယ်မသာ အကြိတ်အနယ်ပြိုင်ပွဲတစ်ခုပါလား ?"

မိုးကြိုးရင်ပြင်အတွင်းရှိ ပရိသတ်များအားလုံးသည် အလွန်တုန်လှုပ်သွားကြသည်။ ကျိုးယု နှင့် ချင်ယွင်တို့သည် အဆုံးသတ်သည်အထိ ပရိသတ်များကို အမှန်တကယ် ဆွဲ‌ခေါ်နိုင်လိမ့်မည်ဟု မထင်ထားခဲ့ပေ။

"မင်းက တကယ်ပဲ အစွမ်းထက်ပါတယ်။ ဒါပေမယ့် အရာအားလုံးဟာ ပြီးဆုံးသွား တော့မှာပါ။

မူလကတော့ ဒီသိုင်းကွက်ကို ဘိုင်ချီဟန်အတွက် ရည်ရွယ်ထားခဲ့တာ။ အခု မင်းကို ကိုင်တွယ်ဖို့အတွက်ပဲ အသုံးပြုရတော့မယ်။"

ကျိုးယုသည် ကျယ်လောင်စွာ မာန်သွင်းလိုက်သည်။ သူ၏ခန္ဓာကိုယ်ပေါ်ရှိ အငွေ့အသက်များ ချက်ချင်းပင် မြင့်တက်လာခဲ့သည်။ သူသည် သိုင်းဂိုဏ်းချုပ် နယ်ပယ် အဋ္ဌမအဆင့် အထွတ်အထိပ် ကောင်းကင်အလွှာမှ သိုင်းဂိုဏ်းချုပ်နယ်ပယ် န၀မအဆင့် အထွတ် အထိပ် ကောင်းကင်အလွှာသို့ ချက်ချင်းမြင့်တက်လာခဲ့သည်။ ဖော်မပြနိုင်သည့် လွှမ်းမိုးနိုင်စွမ်းရှိသော အငွေ့အသက်တစ်ခုသည် ကောင်းကင်မိုးကြိုး ရင်ပြင်တစ်ခုလုံးကို ချက်ချင်း လွှမ်းခြုံသွားခဲ့သည်။

All Chapters