အထွတ်အထိပ် တိုက်ပွဲ
Vol. 10 Ch. 142
အခန်း(၁၄၂) အထွတ်အထိပ် တိုက်ပွဲ
ချင်ယွင်၏လက်ထဲရှိ ကြယ်စင်ဓားသည် တုန်ခါသွားပြီး ပတ်ဝန်းကျင်ကမ္ဘာသည် ချက်ချင်းပင် လေနှင့် တိမ်များနှင့်အတူ လှိုင်းထလာသည်။ အဆုံးမရှိသော နဂါးငွေ့တန်းများသည် ချင်ယွင်၏ ဦးခေါင်းထက်တွင် ကြီးမားသော ရေဝဲများအလား ချက်ချင်းဖြစ်ပေါ်လာသည်။
ကြောက်မက်ဖွယ်ကောင်းသော ဓားတစ်ချောင်းသည် ချက်ခြင်းထွက်ပေါ်လာသည်။ တခဏ အတွင်းမှာပင် ကောင်းကင်မိုးကြိုးရင်ပြင်တစ်ခုလုံးသည် ပြင်းထန်သည့် ဓားချီများနှင့် ပြည့်နေသည်။ ကောင်းကင်ယံမှာ ရှည်လျားသော ဓားရှည်ကြီး တစ်ချောင်းသည် ကောင်းကင်ယံကို ဖြတ်ပြီး ကမ္ဘာမြေသို့ ဆင်းသက် ချင်နေသကဲ့သို့ပင်။
ကောင်းကင်မိုးကြိုးရင်ပြင်ရှိ တပည့်အားလုံး ၏လက်ထဲမှဓားရှည်များသည် သူတို့၏ ဓားအိမ်ထဲမှ ရုန်းထွက်တော့မည့်ဟန်ဖြင့် တုန်လှုပ်လာသည်။
"ဒါက ဒဏ္ဍာရီလာဓားဆန္ဒဖြစ်နိုင်မလား" မိုးကြိုးဝိညာဉ်ဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင် သည် ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
သူသည် နှစ်ပေါင်းများစွာကြာအောင် ဓားသိုင်းပညာရပ်များကို လေ့ကျင့်ခဲ့ပြီး ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်းနယ်ပယ်သို့ မရောက်ရှိသေးပေ။ အသက်ဆယ့်ခြောက်နှစ်ရှိ တပည့်လေးတစ်ဦးသည် ဓားဆန္ဒကို အမှန်တကယ် အသုံးပြုနိုင်ကြောင်း တွေ့ရှိရခြင်းက သူ့ကို မည်ကဲ့သို့ မထိတ်လန့်ဘဲနေမည်နည်း။
အနောက်ဘက်အရပ် စင်မြင့်ပေါ်တွင် ရေကဲ့သို့ အမြဲတမ်း ငြိမ်သက်နေသော ဘိုင်ချီဟန်သည် ထိတ်လန့်သော အကြည့်ကို ထုတ်ဖော်လိုက်သည်။ သူသည် ဓားသမားလည်းဖြစ်သော ကြောင့် ယင်းက မည်သည့်အရာဆိုလိုသည်ကို သဘာဝ ကျကျ သူသိပေသည်။
"ဒါက ဓားဆန္ဒလား။ ကောင်းကင်ဘုံကို ဓားတစ်ချောင်းအဖြစ် အသုံးပြုပြီး အရာအားလုံးကို ဖျက်ဆီးပစ်နိုင်တယ်။" ဘိုင်ချီဟန်သည် သူ၏မျက်လုံးများကို မှိတ်ထားလိုက်သည့်အခါ ဧရာမဓားအကြီးကြီးတစ်ချောင်း ကောင်းကင်ယံမှ ဆင်းသက်လာနေသည်ကို ခံစားလိုက်ရသည်။ ဧရာမဓားကြီးသည် အချိန်မရွေး ဆင်းသက်နိုင်ပြီး အရာအားလုံးကို ဖျက်ဆီးပစ်နိုင်လိမ့်သည်။
"လေဟာနယ်ဓားသိုင်းရဲ့ဒုတိယသိုင်းကွက် အရာခပ်သိမ်းဖျက်ဆီးခြင်း"
ချင်ယွင်သည် ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး သူ၏လက်ထဲမှဓားသည် ကောင်းကင်ဘုံကိုးခုမှ ဇောက်ထိုးကျဆင်းနေသည့် ကြယ်ပွင့်မြစ်တစ်စင်းကဲ့သို့ ကျဆင်းလာနေသည်။
အဆုံးမဲ့ဓားဆန္ဒသည် ဤဓားသိုင်းကွက်တွင် စုစည်းထားသော ဓားဆန္ဒဖြစ်သည်။ ဓားတစ်ချက် ဝှေ့ယမ်းမူနှင့်အတူ အရာအားလုံး ပျက်သုဉ်းသွားရမည်။
ဧရာမနတ္ထိဓားကြီးသည် ကောင်းကင်မှ ထွက်ပေါ်လာခဲ့ပြီး ကျိုးယု၏ ရွှေရောင်အလင်းတန်းနှင့် ထိပ်တိုက်ဆုံမိသွားခဲ့သည်။
တခဏအတွင်းမှာပင် လူတိုင်းသည် အသက်ရှူ ကျပ်သွားသကဲ့သို့ ခံစားလိုက်ရပြီး ပတ်ဝန်း ကျင်လေထုက အေးခဲသွားပုံရသည်။
"ဘုန်း!"
ပြင်းထန်သော ဝိညာဉ်စွမ်းအင်မုန်တိုင်းတစ်ခု ၏နောက်တွင် ကောင်းကင်ယံ တုန်လှုပ်သွားသည်အထိ ပေါက်ကွဲသံတစ်ခုသည် အထူးတန်းစင်မြင့်ပေါ်ရှိ တပည့်များကို ချက်ခြင်း ဝင်ရောက်ရိုက်ခတ်သွားခဲ့သည်။ အားနည်းသော တပည့်များအားလုံးသည် လွင့်ထွက်ကုန်ပြီးပြီး သွေးများ အရူးအမူး အန်ကြသည်။
ထိုတပည့်များသည် သူတို့၏စိတ်နှလုံးတုန်လှုပ်ချောက်ချားခြင်းကို စကားလုံးများ ဖြင့်ပင် ဖော်မပြနိုင်တော့ပေ။ သူတို့၏နှလုံးသားထဲတွင် သူတို့သည် ဤတိုက်ပွဲကို တောင့်မခံနိုင်လို့နီးပါး ခံစားခဲ့ရသည်။
"ရလာဒ်ကဘာလဲ၊ ဘယ်သူအနိုင်ရသွားလဲ" ဒါက လူတိုင်းအတွက် စိုးရိမ်စရာကိစ္စဖြစ်ခဲ့ရသည်။။
လေသည် ကောင်းကင်ယံ၌ ဖုန်မှုန့်များကို တဖြည်းဖြည်း မှုတ်ထုတ်လိုက်ရာ လူတိုင်း၏ အမြင်အာရုံများ တဖြည်းဖြည်း ရှင်းလင်းထင် ပေါ်လာသည်။
သူတို့ နှစ်ယောက်သည် တစ်ဖက်နှင့်တစ်ဖက် မလှုပ်မယှက် ရပ်နေကြသည်။
"သရေပဲလား?"မိုးကြိုးရင်ပြင်ကွင်းထဲမှ ပရိသတ်များသည် ထိတ်လန့်တကြား အော်ဟစ်မိလိုက်၏။
"တစ်ခုခုတော့မှားနေပြီ!" ရုတ်တရက် လူတစ်ယောက်က အော်ပြောလိုက် သည်"ကြည့်စမ်း!"
လူတိုင်း အသက်ရှုကြပ်ပြီး ပြိုင်ပွဲကွင်းပြင်ပေါ်ရှိ လူနှစ်ယောက်ကို အာရုံစိုက်လိုက် ကြသည်။ မူလက ထောင်ထောင်မတ်မတ် ရပ်နေသော ကျိုးယုသည် ရုတ်တရက် သူ၏လက်ကို လွှတ်လိုက်သည်။ သူ၏လက်ထဲတွင်ရှိသော ခရမ်းရောင်ရွှေလှံသည် မြေပြင်ပေါ်သို့ကျသွားပြီး သူ၏တစ်ကိုယ်လုံး မြေပြင်ပေါ်သို့ လဲကျသွားသည် ။ ချင်ယွင်သည် သူ၏ဓားကို ကိုင်လျက် ဂုဏ်ယူစွာ ရပ်နေဆဲဖြစ်သည်။
"ဒါ...တကယ်ကြီး လင်းယွင်က အနိုင်ရသွားတယ်။"
ဤထိတ်လန့်တုန်လှုပ်သောအသံ ထွက်ပေါ်လာသည်နှင့်အမျှ ကွင်းပြင်အတွင်းရှိနေရာအနှံ့မှကျယ်လောင်သော အာမေဋိတ်များ ထွက်ပေါ်လာသည်။ လူတိုင်းက ချင်ယွင်ကို တစ်ဖန်ပြန်ကြည့်ကြပြီး သူတို့၏မျက်လုံးများသည် အဆုံးမရှိသော လေးစားမှုနှင့် စိတ်ဓာတ်တက်ကြွမူများပြည့်နှက်နေသည်။
ဤလောကတွင် ခွန်အားသည် အရေးကြီးဆုံးအရာဖြစ်သည်။ အကယ်၍ တစ်စုံတစ်ယောက်သည် လေးစားမှုကို လိုချင်သည်ဆိုလျင် ပြိုင်ဘက်ကင်း စွမ်းအားကို ပိုင်ဆိုင်ထားရန်လိုသည်။
ချင်ယွင်သည် ကြယ်စင်ဓားနှင့် ဥက္ကာပျံတိုက်ပွဲ ၀င်ဆေဘာကို ပြန်သိမ်းလိုက်ပြီး ကျိုးယု၏ နံဘေးသို့ ဖြည်းညှင်းစွာ လျှောက်လာခဲ့သည်။
ကျိုးယုသည် မြေပြင်ပေါ်တွင် လဲလျောင်းနေပြီး မလှုပ်ရှားနိုင်ပေ။ စောစောလေးက ချင်ယွင်၏ နောက်ဆုံးတိုက်ခိုက်မှုသည် သူ့ကို လုံးဝအနိုင်ယူသွားခဲ့သည်။
အကယ်၍ ချင်ယွင်သည် အချိန်မီ မရပ်နိုင်ခဲ့ပါက သူသည် ဒဏ်ရာ အပြင်းအထန်ရရုံတင်မဟုတ် ပွဲချင်းပြီး သေဆုံးသွားမည်ဖြစ်သည်။
"သနားညှာတာမှုအတွက် ကျေးဇူးတင်ပါတယ်" ကျိုးယုသည် နာကျင်မှုကို တောင့်ခံရင်း ပြောလိုက်သည်။
"ငါက မင်းနဲ့ ဘာရန်ငြိုးရန်စမှ မရှိဘူး၊ မင်းကို ဘာလို့သတ်ရမှာလဲ။ ပြီးတော့ မင်း ငါ့ကို ကျေးဇူးတင်နေစရာ မလိုပါဘူး" ချင်ယွင်က ခေါင်းယမ်းလိုက်ပြီး ကျိုးယု၏ ခန္ဓာကိုယ်ပေါ် သူ၏လက်ကို တင်လိုက်သည်။ အသက်သစ်ပင်၏ အသက်စွမ်းအားသည် ကျိုးယု၏ ခန္ဓာကိုယ်ထဲသို့ စိမ့်ဝင်လာသည်။
ကျိုးယုသည် ဤသိပ်သည်းသော အသက်စွမ်း အားကို ခံစားမိပြီး သိသိသာသာ ထိတ်လန့်သွားသည်။ ချင်ယွင်ကို ပြန်ကြည့်လိုက်လျှင် သူ၏မျက်လုံးများသည် ပြင်းထန်သည့် အထိတ်တလန့်အကြည့်ကို ထုတ်ဖော်လိုက်သည်။
ထိုအချိန်တွင် ချင်ယွင်သည် သူ၏မျက်လုံးထဲတွင် နက်ရှိုင်းသောအရာတစ်ခုကဲ့သို့ နားမလည်နိုင်အောင် ဖြစ်နေရသည်။
အသက်စွမ်းအားသည် သူ၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသောအခါ ကျိုးယု၏ အရိုးများနှင့် အင်္ဂါအစိတ်အပိုင်းများအားလုံး လျင်မြန်စွာ ပြန်လည်ကောင်းမွန် လာသည်။
ကျိုးယုသည် မတ်တပ်ထရပ်ပြီး ချင်ယွင်ကို ဦးညွှတ်လိုက်သည်။
လူတိုင်း အံသြသွားကြသည်။ ဤကျိုးယုသည် ချင်ယွင်ကို အမှန်တကယ် ဦးညွှတ်ခဲ့သည်။
အမှန်တော့၊ ကျိုးယုသည် ဤတစ်ကြိမ်တွင် အကယ်၍ ချင်ယွင်သာ သူ့ကို မကူညီခဲ့ပါက အနည်းဆုံး တစ်လ နှစ်လလောက်အထိ အိပ်ရာထဲမှာ လဲလျောင်းနေရ လိမ့်မည်ကို သူ၏စိတ်ထဲတွင် သိနေသည်။ သူသည် လျှို့ဝှက်နာမကျန်းဖြစ်သည့် အခြေအနေတစ်ခုသို့ပင် ကျရောက်သွားနိုင်ပြီး သိုင်းမြို့စားနယ်ပယ်သို့ပင် ဖြတ်ကျော်နိုင်ခြင်းမရှိဘဲ ဖြစ်သွားနိုင်သည်။
ချင်ယွင်သည် ဂရုမစိုက်သည့်ဟန်ဖြင့် သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။ သူသည် ကျိုးယုကို သဘောကျသောကြောင့် ကျိုးယုကို ကူညီပေးခဲ့သည်။ ယင်းအပြင် သူ၏ခန္ဓာကိုယ်မှ ဒဏ်ရာများ၏ မူလအစသည် သူ့ကြောင့်ဖြစ်သောကြောင့် သူကူညီပေးခြင်းက သင့်တော်ပါသည် ။ ထို့အပြင်၊ ဤအရာသည် ချင်ယွင်အတွက် လွယ်ကူရိုးရှင်းသည့် အားထုတ်မှုတစ်ခုထက် မပိုပေ။
ထို့နောက် ချင်ယွင်သည် မြောက်ဘက်အရပ်ရှိ အထူးတန်းစင်မြင့်သို့ တိုက်ရိုက် ပြန်လာခဲ့သည်။ အထူးတန်းစင်မြင့်ကို ပြန်ရောက်သည်နှင့် ကျန်းရွန်ရှင်းသည် ချက်ချင်း ပြေးလာပြီး လက်လွှတ်မခံဘဲ တင်းတင်းကျပ်ကျပ် ပွေ့ဖက်လိုက်သည်။
ယခုလေးပင် သူမသည် ချင်ယွင်နှင့် ကျိုးယုတို့၏ နောက်ဆုံးလှုပ်ရှားမှုများကို မြင်လိုက်ရသောအခါ သူမ၏နှလုံးသားတစ်ခုလုံး တွန့်ဆုတ်ဆွဲငင်သွားခဲ့ရသည်။
ဂိုဏ်း၏စည်းမျဉ်းများအရ တစ်ယောက်ကိုတစ်ယောက် မသတ်ဖြတ်ရဟု ပြဋ္ဌာန်းထား
သော်လည်း ဤအဆင့်တွင် သူတို့စိတ်ဆန္ဒအတိုင်း သတ်ဖြတ်ခြင်းသိုင်းကွက်များကို အခြေခံအားဖြင့် ထိန်းချုပ်မူ လွတ်ကင်းသွားနိုင်သည်။ ထို့ကြောင့် ထိန်းချုပ်နိုင်စွမ်း ကင်းမဲ့ပြီး မှားယွင်းသတ်ဖြတ်မိခြင်းမျိုးက မဖြစ်နိုင်တာမဟုတ်ပါဘူး။
ချင်ယွင်သည် ဘေးကင်းလုံခြုံပြီး နောက်ဆုံးပြိုင်ပွဲတွင် အနိုင်ရသည်ကို မြင်လိုက်ရသဖြင့် ကျန်းရွန်ရှင်း၏ ယခင်စိုးရိမ်မှုများသည် ပျော်ရွှင်မှုနှင့်အတူ သူမနှလုံးသားထဲသို့ တိုးဝင်လာကာ မျက်ရည်ကျလုနီးပါးပင်ဖြစ်ခဲ့ရသည်။
ကျန်းရွန်ရှင်း၏ အတွေးများကို ချင်ယွင်က သိပြီး အေးအေးဆေးဆေး မအနားယူခင် သူမခေါင်းကို ပွတ်သပ်ကာ နှစ်သိမ့်ပေးလိုက်သည်။
ကျိုးယုကို ချင်ယွင်က အနိုင်ယူပြီးနောက်၊ ချင်ယွင်သည် ထိပ်တန်း သုံးယောက်ထဲ ဝင်ရန်မှာ သေချာသွားသည်။ နောက်တစ်ခုက ကျိုးယုနှင့် ကျန်းတိုင်တို့၏ တိုက်ပွဲ ဖြစ်သည်။ သူတို့နှစ်ဦးသည် တတိယနေရာအတွက် ယှဉ်ပြိုင်ကြရမည်။
ကျန်းတိုင် နှင့် ကျိုးယု နှစ်ဦးစလုံး ဒဏ်ရာရရှိသွားသောကြောင့် ပွဲကို နေ့လယ်ပိုင်းသို့ ရွှေ့ဆိုင်းခဲ့ရသည်။
ချန်ပီယံဆုအတွက် ချင်ယွင် နှင့် ဘိုင်ချီဟန်တို့အကြား ယှဉ်ပြိုင်မှုအား နောက်နေ့ နံနက်အထိ ရွှေ့ဆိုင်းခဲ့သည်။
မွန်းလွဲပိုင်းတွင် ချင်ယွင်သည် ကောင်းကင်မိုးကြိုးရင်ပြင်တွင် မနေတော့ပေ။ ယင်းအစား သူသည် ဆက်လက်ကျင့်ကြံရန် မိမိနေအိမ်သို့ ပြန်လာခဲ့သည်။
ချင်ယွင်သည် ကျန်းတိုင် နှင့် ကျိုးယုတို့၏တိုက်ပွဲကို ကြည့်နေစရာပင်မလို အဆုံးသတ်တွင် ကျိုးယုက ကျိန်းသေပေါက် အနိုင်ရမည်ကို သိသည်။
ကျန်းတိုင်၏ လေဟာနယ်တွန့်ခေါက်ခြင်း သဘောတရာသည် ထူးဆန်းသော်လည်း ကျိုးယုကိုအနိုင်ယူရန် အလွန်ခက်ခဲနေဆဲဖြစ်သည် ။ ကျန်းတိုင်သည် သူ၏ လေဟာနယ်သဘော တရားကို ဒုတိယအဆင့်ကို မဖြတ်ကျော်နိုင်ဘူးဆိုလျှင် သူ့အတွက်က မျှော်လင့်ချက် မရှိသလောက်ပင်။
လေဟာနယ်သဘောတရားကို အဆင့်ဖြတ်ကျော်ခြင်းသည် နေ့ချင်းညချင်း ပြီးမြောက်နိုင်သော အရာမဟုတ်ပေ။ ကျန်းတိုင်၏ လေဟာ နယ် သဘောတရားသည် လေဟာနယ်သဘောတရား၏ ဒုတိယအဆင့်ကိုဖြတ်ကျော်ရန် ဝေးကွာနေသေး သည်မှာ ထင်ရှားပါသည်။
ချင်ယွင် မျှော်မှန်းထားသည့်အတိုင်းပင် ကျိုးယုသည် ကျန်းတိုင်ကို လွယ်ကူစွာ အနိုင်ယူပြီး တတိယနေရာကို ရရှိခဲ့သည်။
ချင်ယွင်သည် သူနေထိုင်ရာအိမ်သို့ ပြန်ရောက်သောအခါ၊ သူသည် ကောင်းကင်ဘုံ ကိုးလွှာကြယ်စင်စုပုံကြမ်း၏ လေဒြဗ်စင်နေရာသို့ ထိုးဆင်းသွားခဲ့သည်။
ယနေ့ ကျိုးယုနှင့်တိုက်ပွဲတွင် ချင်ယွင်သည် သူ၏ဓားဆန္ဒကို ရည်ရွယ်ချက် ရှိရှိဖြင့်အသုံးပြုခဲ့သည်။ အခြေခံအားဖြင့်၊ သူသည် သူ၏ဝှက်ဖဲများ အားလုံးနီးပါးကို အသုံးပြုခဲ့ပြီးဖြစ်သည်။ သူမသုံးဖူးသေးသည့် ဝှက်ဖဲများမှာ လေသစ်ရွက်ဓား၀င်္ကပါနှင့် အစွမ်းထက်ဆုံးဖြစ်သည့် ရွေ့လျားနဂါးဓား၀င်္ကပါတို့ဖြစ်သည်။
ယခု ချင်ယွင်လုပ်ဆောင်ရန် လိုအပ်နေသည်က လေစွမ်းရည်သဘောတရား၏ ဒုတိယ အဆင့်မှဖြစ်တည်လာသော လေဓားများကို ဓား၀င်္ကဝါနှစ်ခုမှာ လုံးလုံး ပေါင်းစပ်ရန် ဖြစ်သည်။
ခြောက်နာရီနီးပါးကြာပြီးနောက်၊ ချင်ယွင် သည် နောက်ဆုံးတွင် လေထုဖြတ်တောက်ခြင်းသဘောတရား၏ ဒုတိယအဆင့်မှ ဖြစ်ပေါ်လာသော လေဓားများကို ဓား၀င်္ကပါအတွင်းသို့ လုံးလုံးပေါင်းစပ်နိုင်ခဲ့သည်။
ပိုမိုကောင်းမွန်သော ဓား၀င်္ကပါအဖြစ် အဆင့်မြှင့်ပြီးနောက် ၎င်းဓား၀င်္ကပါ၏ စွမ်းအားသည် ယခင်ကထက် သုံးဆနီးပါး ကြီးမားလာသည်။
ယင်းကြောင့် ချင်ယွင်သည် မနက်ဖြန်နေ့လည် ဘိုင်ချီဟန်နှင့် တိုက်ခိုက်ရမည့် တိုက်ပွဲအတွက် ပိုမိုယုံကြည်မူရှိလာစေသည်။
နောက်တစ်နေ့နံနက်တွင် ချင်ယွင်သည် ကောင်းကင်မိုးကြိုးရင်ပြင်သို့ ရောက်ရှိ လာခဲ့သည်။
ဤအခိုက်အတန့်တွင်၊ ကောင်းကင်မိုးကြိုးရင်ပြင်ထဲတွင် လူများဖြင့် ပြည့်နေပြီး၊ လူတိုင်းသည် မိုးကြိုး၀ိညာဥ်ဂိုဏ်း၏ တပည့်ရွေးချယ်မှုပြိုင်ပွဲ၏ အထွတ်အထိပ် အတွက် မျှော်လင့်ချက်များဖြင့် ပြည့်နေပါသည်။
ချင်ယွင်ကို မည်သူက ပထမဆုံးတွေ့ရှိခဲ့သည်ကို မသိရသေးသော်လည်း အံ့အားသင့်ဖွယ် အော်ဟစ်အားပေးအသံနှင့်အတူ ကောင်းကင်ယံတုန်ခါသည်အထိ ထွက်ပေါ်လာသည်။
ချင်ယွင်သည် စိတ်လှုပ်ရှားမူနှင့်အတူ သက်ပြင်းချလိုက်သည်။ အမှန်မှာ၊ ခွန်အားသည် အကြီးမြတ်ဆုံးသောကမ္ဘာတစ်ခုဖြစ်သည်။
မနေ့ကမတိုင်ခင်အချိန်ထိ သူ့ကို ထောက်ခံသူ အနည်းငယ်သာ ရှိခဲ့သော်လည်း ယနေ့မှာတော့ သူ၏ပုံရိပ်က ကွင်းပြင်တစ်ခုလုံးကို ပေါက်ကွဲသွားစေနိုင်ခဲ့သည်။