← Chapters

မမျှော်လင့်သည့် အဖြစ်အပျက်

Vol. 10 Ch. 143

မမျှော်လင့်သည့် အဖြစ်အပျက်

Vol. 10 Ch. 143

အခန်း (၁၄၃) မမျှော်လင့်သည့် အဖြစ်အပျက်

မကြာမီ ပြိုင်ပွဲစတင်မည့်အချိန်က ရောက်ရှိလာတော့မည်ဖြစ်သည်။ ဂိုဏ်း၏ အကြီးအကဲများနှင့် မိုးကြိုး၀ိညာဥ်ဂိုဏ်း၏ ဂိုဏ်း‌ခေါင်းဆောင် လဲ့ရှောင်တင်းက ရောက်ရှိလာပြီးဖြစ်သော်လည်း ဘိုင်ချီဟန်က ရောက်မလာသေးပေ။

လူတိုင်း စိတ်မရှည်ဖြစ်နေသည့်အချိန်တွင် တပည့်တစ်ဦးသည် ကောင်းကင်မိုးကြိုး ရင်ပြင်သို့ အလျင်အမြန်ပြေးလာပြီး ပြောသည် "စီနီယာ အစ်ကိုက သူ့ရဲ့ အဆင့်ချိုးဖြတ်မူအတွက် အရေးကြီးတဲ့အခိုက်အတန့်ကို ရောက်နေလို့ပါတဲ့။ သူက ဒီပြိုင်ပွဲနဲ့အတူ မိုးကြိုး၀ိညာဥ်တောင်ရဲ့ ကမ္ဘာငယ်လေးထဲကို ၀င်ရောက်မယ့် အခွင့်ရေးကိုပါ စွန့်လွှတ်လိုက်တယ်လို့ ပြောခိုင်းလိုက်ပါတယ်။"

ဤစကားများပြောပြီးသည်နှင့် ပရိသတ်များအားလုံးသည် ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။

တပည့်များအားလုံးသည် မထိန်းနိုင်ဘဲ သက်ပြင်းချကြသည်။ သူတို့ စောင့်မျှော်နေခဲ့ရသည့် နောက်ဆုံးတိုက်ပွဲ ပြီးဆုံးသွားပြီလား။

ချင်ယွင်လည်း အံ့သြသွားသည်။ ယခုလိုမျိုးအနိုင်ရလိမ့်မည်ဟု သူသည် အမှန်တကယ် မျှော်လင့်မထားခဲ့ပေ။

ဘိုင်ချီဟန်က အဆင့်ချိုးဖြတ်ချင်နေသေးတာလား။

ဘိုင်ချီဟန်သည် အပေါ်ယံတွင် သိုင်းဂိုဏ်းချုပ်နယ်ပယ် အဋ္ဌမအဆင့် အထွတ်အထိပ် ကောင်းကင်အလွှာသို့ ရောက်နေပုံရသည်ကို ချင်ယွင်က ရှင်းရှင်းလင်းလင်း သိသော်လည်း အမှန်မှာ၊ သူသည် သိုင်းဂိုဏ်းချုပ်နယ်ပယ်၏ န၀မအဆင့် အထွက်အထိပ် ကောင်းကင်အလွှာသို့ ရောက်ရှိနေပြီ ဖြစ်သည်။

အကယ်၍ သူသည် ယခု အဆင့်ချိုးဖြတ်ချင်သည်ဆိုလျင် သိုင်းမြို့စား တစ်ပိုင်းနယ်ပယ် သို့မဟုတ် စစ်မှန်သည့် သိုင်းမြို့စားနယ်ပယ်ကို ဖြတ်ကျော် ချင်နေတာများ ဖြစ်နိုင်မလား။

သိုင်းဂိုဏ်းချုပ်နယ်ပယ်၏ အဆင့်ချိုးဖြတ်မှုသည် သိုင်းမြို့စားနယ်ပယ်၏အချို့သော

အခွင့်အရေးများပေါ်တွင် မူတည်နေပါသည်။

အချို့သောလူများသည် သိုင်းဂိုဏ်းချုပ်နယ်ပယ်၏ န၀မအဆင့် ကောင်းကင်အလွှာမှ သိုင်းမြို့စားနယ်ပယ်သို့ တိုက်ရိုက်ဖြတ်ကျော်နိုင်ပြီး အချို့လူများသည် အစစ်အမှန် သိုင်းမြို့စားနယ်ပယ်သို့ မရောက်ခင် သိုင်းမြို့စားတစ်ပိုင်းနယ်ပယ်မှတဆင့် လမ်းလွှဲသွားရန်လိုအပ်ပါသည်။

မည်သည့်လမ်းကိုဘဲ ရောက်သွားပါစေ၊ ဤအရာအားလုံးသည် ကိုယ်ပိုင် ကံတရားကြောင့်ဖြစ်ပြီး ပါရမီနှင့် လုံးလုံးမသက်ဆိုင်ပေ။

ထိုအတိတ်အချိန်တုန်းက၊ ချင်ယွင်သည် ပထမဆုံး ကျင့်ကြံသောအခါတွင် သူသည် သိုင်းဂိုဏ်းချုပ်နယ်ပယ် န၀မအဆင့် ကောင်းကင်အလွှာမှ သိုင်းမြို့စားနယ်ပယ်သို့ တိုက်ရိုက်ဝင်ရောက်လာခဲ့သည်။သူသည် သိုင်းမြို့စား

တစ်ပိုင်းနယ်ပယ်ကို တစ်ခါမျှ မတွေ့ကြုံဖူးသောကြောင့် ချင်ယွင်သည် သိုင်းမြို့စားတစ်ပိုင်းနယ်ပယ်အကြောင်း သိပ်မသိပေ။

ဘိုင်ချီဟန်သည် အရှုံးကိုဝန်ခံခဲ့သောကြောင့် ဤပြိုင်ပွဲ၏ နောက်ဆုံးအနိုင်ဆုရှင်က သဘာဝအတိုင်း ချင်ယွင်၏ခေါင်းပေါ်မှာ ကျရောက်လာခဲ့သည်။

ဘိုင်ချီဟန်၏ ရှုံးနိမ့်မှုကို လူတိုင်းက အနည်း ငယ် နောင်တရခဲ့ကြပေမယ့် သူတို့သည်

ချင်ယွင်ခွန်အားကို အရင်ကမြင်တွေ့ခဲ့ဖူးသောကြောင့် ချင်ယွင်၏ နောက်ဆုံး အနိုင်ပွဲကို မကန့်ကွက်ခဲ့ကြပါဘူး။

ဘိုင်ချီဟန်သည် တိုက်ခိုက်ရန် မလာ‌ရောက်သည့်အတွက် ချင်ယွင်သည် အနည်းငယ် စိတ်မကောင်းဖြစ်မိသော်လည်း ရင်ဘတ်စည်တီး ခြေစောင့်နင်းရလောက်သည့် အဆင့်ထိတော့ မရောက်ရှိခဲ့ပေ။ အနာဂတ်တွင် တိုက်ခိုက်နိုင်ရန် အခွင့်အလမ်း အများပြား ရှိနေပါသေးသည်။

မိုးကြိုး၀ိညာဥ်တောင်၏ ကမ္ဘာငယ်လေးထဲသို့ ဝင်ရောက်ရန် ခွဲတမ်းအတွက် ဘိုင်ချီဟန် မပါ၀င်တော့သည့်အတွက် ကျန်းတိုင်ဆီသို့ လွှဲပြောင်းပေးခဲ့သည်။

ထို့ကြောင့်၊ မိုးကြိုး၀ိညာဥ်တောင်၏ ကမ္ဘာငယ်လေးထဲသို့ ဝင်ရောက်လာသူသုံးဦးမှာ ချင်ယွင် ၊ ကျိုးယု နှင့် ကျန်းတိုင်တို့ ဖြစ်လာကြသည်။

မိုးကြိုး၀ိညာဥ်တောင်၏ ကမ္ဘာငယ်လေးထဲသို့ ဝင်ရောက်ရန်အချိန်ကို ထိုနေ့ မွန်းလွဲပိုင်းတွင် သတ်မှတ်ခဲ့သည်။ ထိုအချိန်တွင် သူတို့သုံးယောက်ကို ရှေ့ကလမ်းပြပို့ဆောင်ပေးမည့် သူသည်လည်း သဘာဝအတိုင်းရှိနေပါလိမ့်မည်။

ချင်ယွင်သည် သူ၏နေအိမ်သို့ ပြန်လာခဲ့ပြီး အေးအေးဆေးဆေးမနေနိုင်ပေ။

ယခင်နောက်ဆုံးအကြိမ်တုန်းကလည်း ဘိုင်ချီဟန်သည် မိုးကြိုး၀ိညာဥ်တောင်သို့ ဝင်ရောက်ရန် စွန့်လွှတ်လိုက်သောကြောင့် ကျိုးယု၊ ချင်ရွှန်းရွှန်း နှင့် ရှီကန်ဟိုင်တို့သည် မိုးကြိုး၀ိညာဥ်တောင်၏ကမ္ဘာငယ်လေးထဲသို့ ဝင်ရောက်လာခဲ့ရ သည်။

နောက်ဆုံးတွင် ချင်ရွှန်းရွှန်းသည် အပြင်မထွက်နိုင်ခဲ့ပေ။ ယင်းက ရှီကန်ဟိုင်နှင့် တစ်ခုခုတော့ ပတ်သက်နေပြီဖြစ်သည်။

သို့သော် ချင်ဘာတန်၏ဖော်ပြချက်အရ ချင်ရွှန်းရွှန်း၏ ကျင့်ကြံမှုအဆင့်သည် ရှီကန်ဟိုင်ထက်သာလွန်ပုံရသည်။ ထို့အပြင် သူတို့နှစ်ဦးကြားက ဆက်ဆံရေးက အလွန်အမင်း စေးမကပ်ပေ။ (သဟဇာတမဖြစ်ပေ)။ အကယ်၍ ရှီကန်ဟိုင်က တိုက်ခိုက်မည်ဆိုလျှင်ပင် ချင်ရွှန်းရွှန်းက ကြိုတင်ပြင်ဆင်ထားမှာ သေချာပါသည်။

ထို့ကြောင့် ချင်ယွင်သည် ရှီကန်ဟိုင်သည် ချင်ရွှန်းရွှန်းကို ထောင်ချောက် ဆင်ရန်အတွက်အခြားသော စွမ်းအားများပေါ်တွင် အားကိုးရမည်ဟု မှန်းဆထားခဲ့ပြီး အဆိုပါ စွမ်းအားသည်လည်း မိုးကြိုး၀ိညာဥ်တောင်၏ ကမ္ဘာငယ်လေးတွင် တပ်စွဲထားသော အကြီးအကဲတစ်ယောက် အလွန်ဖြစ်နိုင်ဖွယ်ရှိသည်။

ချင်ဘာတန်၏ပြောသည့်စကားအရ၊ မိုးကြိုး၀ိညာဥ်တောင်၏ကမ္ဘာငယ်လေးတွင် စခန်းချနေထိုင်သော အဘိုးအိုသုံးဦးသည် စွမ်းအားအဆင့် မည်မျှရှိသည်ကို မသိသော်လည်း ၎င်းတို့သည် အလွန်အမင်း မနိမ့်ကျသင့်ပေ။ ၎င်းတို့အားလုံးသည် သိုင်းဂိုဏ်းချုပ်နယ်ပယ်အထက် ဖြစ်ဖွယ်ရှိသည်။

၎င်းတို့အထဲတွင် ချင်ရွှန်းရွှန်းကိုဖြေရှင်းရန် ရှီကန်ဟိုင် နှင့်ပူးပေါင်းခဲ့သော အကြီးအကဲတစ်ဦးရှိရမည်။ ချင်ရွှန်းရွှန်းသည် အထဲတွင် အဘယ့်ကြောင့် အဆင်ပြေနေလဲ သူမသိ‌နိုင်ပေ။ ထူးခြားမှုတစ်ခုခုနှင့် ကြုံတွေ့ခဲ့ရခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။ ချင်ယွင်ကိုယ်တိုင် ဝင်ရောက်သော အခါမှ တိကျသောအသေးစိတ်အချက်အလက်များကို သိရှိနိုင်မည်ဖြစ်သည်။

သို့သော်လည်း ရှီကန်ဟိုင်သည် ပြီးခဲ့သည့် အကြိမ် မိုးကြိုး၀ိညာဥ်တောင်ထဲတွင် ချင်ရွှန်းရွှန်းကို ထောင်ချောက်ဆင်နိုင်ခဲ့သောကြောင့်၊ ယခုအကြိမ်တွင်လည်း သူသည် ချင်ယွင်ကို ထောင်ချောက်ဆင်ရန် အကြီးအကဲ၏ စွမ်းအားကို အသုံးချပြီး ထိုမိုးကြိုး၀ိညာဥ်တောင်ထဲတွင်ပင် သတ်ပစ်နိုင်သည်။

ချင်ယွင် လုပ်ရမည့်အရာအားလုံးသည် အန္တရာယ်များမဖြစ်ပွားစေရန် အချိန်တိုင်း သတိရှိရန်ဖြစ်သည်။ သေချာတာက သူ၏ ဘေးမှာ ‌ရှေးဟောင်းတာအို ဆရာတစ်ယောက်လုံး ရှိနေတုန်းပါပဲ။ ‌ရှေးဟောင်းတာအိုဆရာသည် သူ၏ သေခြင်းရှင်ခြင်းအခြေအနေမျိုး ကျရောက်နေသည့်အချိန်မျိုးတွင် အနားမှာ ငြိမ်ငြိမ်လေး ထိုင်နေမည်မဟုတ်ဟု သူယုံကြည်ထားသည်။

သို့သော် ချင်ယွင်အစိုးရိမ်ဆုံးမှာ ရှီကန်ဟိုင်သည် သူမရှိသည်ကို အခွင့်ကောင်းယူပြီး ကျန်းရွန်ရှင်းအပေါ် တိုက်ခိုက်မှာကိုဖြစ်သည်။ သူသည် ကောင်းကင်ဘုံကိုးလွှာ ကြယ်စင်စုပုံကြမ်းကို သူ၏အခန်းထဲတွင် ထားခဲ့ပြီး ရှောင်ဘိုင်ကိုလည်း ကျန်းရွန်ရှင်းအနားတွင် ထားရန် ရွေးချယ်ခဲ့သည်။

ဤနည်းအားဖြင့်၊ မမျှော်လင့်ထားသောအရာတစ်ခုခုဖြစ်ခဲ့ပါက ရှောင်ဘိုင်သည် ကျန်းရွန်ရှင်းကို ချက်ချင်းကာကွယ်နိုင်ပြီး ကောင်းကင်ဘုံကိုးလွှာ ကြယ်စင်စု ပုံကြမ်းတွင်ရှိသော အစိမ်းရောင်ဝတ်ထားသည့် ချင်ယွင်ကိုလည်း အကြောင်းကြားနိုင်မှာ ဖြစ်သည်။

ဤအရာအားလုံးကို ပြုလုပ်ပြီးနောက် ချင်ယွင်သည် လုံးဝစိတ်သက်သာရာရ သွားခဲ့သည်။

မိုးကြိုး၀ိညာဥ်တောင်၏ ကမ္ဘာငယ်လေးသို့ဝင်ပေါက်သည် မိုးကြိုး၀ိညာဥ်ဂိုဏ်း၏ အနက်ရှိုင်းဆုံးအပိုင်းရှိ ဧရာမမိုးကြိုးတောင်ထိပ်ပေါ်တွင် ရှိသည်။ ထိုနေရာတွင် ကြီးမားသောပေါ်တယ်တစ်ခု ရှိနေခဲ့သည်။ (ပေါ်တယ်ဟူသည် တည်နေရာ ရွေ့ပြောင်းခြင်းလုပ်ဆောင်နိုင်သည့်အရာတခုဖြစ်သည်)

ဤပေါ်တယ်ကို ပုံမှန်အားဖြင့် ဖွင့်၍မရပေ။ မိုးကြိုး၀ိညာဥ်ဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင်ကသာ ၎င်းကို ကိုယ်တိုင်ကိုယ်ကျဖွင့်နိုင်ပြီး ဂိုဏ်း၏စိတ်ဝိညာဉ် အဆောင်ရှိသူများကိုသာ အထဲသို့ ဝင်ခွင့်ပြုသည်။

ချင်ယွင်၊ ကျိုးယု နှင့် ကျန်းတိုင်တို့သည် ဧရာမမိုးကြိုးတောင်ထိပ်ပေါ်ကို ရောက်သော အခါ၊ မိုးကြိုး၀ိညာဥ်ဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင် လဲ့ရှောင်တင်းသည်လည်း အလင်းတန်းများအဖြစ် ပြောင်းလဲကာ လူတိုင်းရှေ့သို့ ဆင်းသက်လာခဲ့သည်။

လဲ့ရှောင်တင်း၏ရုပ်အသွင် ကြံ့ခိုင်သန်မာပြီး သူ၏မျက်နှာက ခိုင်မာပြတ်သားသည်။ သူက ပြောလိုက်သည် "ဒီတစ်ခါတော့ မင်းသုံးယောက် အထူးသဖြင့် ချင်ယွင်က အကောင်း ဆုံး လုပ်ဆောင်နိုင်ခဲ့တယ်။ ဒဏ္ဍာရီလာ ဓားဆန္ဒကို မင်းက တကယ်နားလည်နိုင်ခဲ့တယ်။ ငါတောင်မှ နှစ်ပေါင်းဆယ်စုနှစ်နဲ့ချီနေပြီ ဖြစ်ပေမယ့် ဓားဆန္ဒကို နားမလည်နိုင်သေးဘူး။ ဒါက တကယ်ကို ကြီးကျယ်တဲ့ အရာပဲ။"

"ကျေးဇူးတင်ပါတယ် ဂိုဏ်းခေါင်းဆောင် !" ချင်ယွင်က ပြန်ဖြေလိုက်သည်။

လဲ့ရှောင်တင်းက ပြုံးပြီး ခေါင်းညိတ်သည်။ "ကောင်းပြီ၊ မင်းတို့ မိုးကြိုး၀ိညာဥ်တောင်ရဲ့ ကမ္ဘာငယ်လေးထဲကို ဝင်တဲ့အခါ သတိထားသင့်တဲ့ အရာတွေကို ငါပြောမယ်။ ဂရုတစိုက် နားထောင်ကြပါ၊ မဟုတ်ရင် မင်းတို့ရဲ့ အသက်အန္တရာယ် ဖြစ်လာနိုင်တယ်"

ချင်ယွင် နှင့် ကျန်းတိုင်တို့သည် ချက်ချင်းပင် နားစွင့်ကာ စိတ်အားထက်သန်စွာ နားထောင်ကြသည်။ ကျိုးယုသည် အကြိမ်ပေါင်းများစွာ ဝင်လာခဲ့ပြီးဖြစ်သည့်အတွက် ဤစည်းမျဉ်းများကို သဘာဝကျကျ သူသိထားပြီးတာ ကြာပါပြီ။

လဲ့ရှောင်တင်းက ပြောသည် "မိုးကြိုး၀ိညာဥ်တောင်ရဲ့ကမ္ဘာငယ်လေးဟာ ကမ္ဘာငယ်လေးဖြစ်ပေမယ့် မပြည့်စုံတဲ့ကမ္ဘာဖြစ်လို့ လေဟာ နယ်ပြိုကျတဲ့နေရာတွေ အများကြီးရှိလိမ့်မယ်။ ကြောက်စရာကောင်းတဲ့ လျှပ်စီးစွမ်းအင်အမျိုးစားများက နေရာတိုင်းမှာ ရှိ‌နေလိမ့်မယ်။ တကယ်လို့ လူတစ်ယောက်သာ အဲဒီနေရာတွေထဲ ကျရောက်သွားမယ်ဆိုရင် သူတို့ဟာ ထာဝရ ပိတ်မိနေလိမ့်မယ်။

ကျန်းတိုင်သည် ဤစကားကြောင့် ထိတ်လန့်တုန်လှုပ်သွားသည် ။

ချင်ယွင်က ကံကောင်းခဲ့သည်။ အင်မော်တယ်ကမ္ဘာတွင် လေဟာနယ်ပြိုကျသည့် နေရာများကို သူမြင်ခဲ့ဖူးသည်။ ထိုနေရာများသည် မည်မျှ ကြောက်စရာ ကောင်းသည်ကို သူသိသည်။ သူသည် လေဟာနယ်ပြိုကျသည့်နေရာကို ကျော်ဖြတ်ရန် အစစ်အမှန် အင်မော်တယ် စွမ်းအားကို အသုံးပြုခဲ့ရသည်။ ထို့ကြောင့်

သူက လုံးဝ မအံ့သြပေ။

"ဒီလေဟာနယ်ပြိုကျခြင်းကြောင့် ဖြစ်ပေါ်လာတဲ့အန္တရာယ်များမှလွဲပြီး အခြား အန္တရာယ်အရင်းအမြစ်တွေကတော့ မိုးကြိုးမုန်တိုင်းသားရဲတွေ ဖြစ်တယ်။" လဲ့ရှောင်တင်းက ဆက်ပြောသည် ။

"မိုးကြိုးမုန်တိုင်းသားရဲတွေဟာ မိုးကြိုး၀ိညာဥ်တောင်ရဲ့ ကမ္ဘာငယ်လေးမှာတော့ ထူးခြားတဲ့သတ္တဝါတွေ ဖြစ်ကြတယ်။" ဒီသတ္တဝါတွေဟာ အလွန် အစွမ်းထက် သော်လည်း သူတို့မှာ အသိဉာဏ်မရှိကြဘူး။ မိုးကြိုးမုန်တိုင်းသားရဲတွေ နိုးကြားလာတဲ့ အခါ၊ သူတို့ဟာ ဒေါသထန်ပြင်းတဲ့ သားရဲများအဖြစ်သို့ ပြောင်းလဲသွားကြတယ်။ ဒါပေမယ့် ဒီမိုးကြိုးမုန်တိုင်းသားရဲများမှာလည်း အားသာချက်တစ်ခုရှိတယ်။ ဆိုလိုတာက၊ သူတို့ရဲ့ခန္ဓာကိုယ်ထဲမျာ ပြင်းထန်တဲ့ လျှပ်စီးစွမ်းအင်ပါရှိတဲ့ ထူးဆန်းတဲ့ လျှပ်စီးလုံးတွေပါရှိတယ်။ ဒီလျှပ်စီးလုံးတွေက လူတစ်ယောက်ရဲ့ ရုပ်ခန္ဓာခွန်အားကို ကြံ့ခိုင်ခံ့စေတယ်။"

ချင်ယွင်သည် ခေါင်းညိတ်ပြလိုက်သည်။ ယခုလို အသိဉာဏ်ကင်းမဲ့သော သတ္တဝါများကို မွေးထုတ်ပေးသည့် ကမ္ဘာငယ်လေးများရှိကြသည်။ ၎င်းတို့သည် ရက်စက်ကြမ်းကြုတ်သော်လည်း လူတစ်ဦးတစ်ယောက်၏ ခွန်အားကိုတိုးစေနိုင်သည့် ရတနာများအဖြစ် အသက်ဆက်နေရတုန်းပါပဲ။

အင်အားကြီးမားသော ကျင့်ကြံသူများနှင့် ကြုံတွေ့ပါက ထိုအမျိုးစား မည်သည့်သက်ရှိမျိုးမဆို အညှာတာကင်းစွာ သတ်ဖြတ်ခံရခြင်း သို့မဟုတ် ဖမ်းဆီးခံရမည်မှာ သေချာပါသည်။

သေချာသည်မှာ။ ဤမိုးကြိုးအမျိုးအစားသားရဲများသည် ထူးချွန်သောတပည့်များကို ပြုစုပျိုးထောင်ရန်အတွက် မိုးကြိုး၀ိညာဥ်ဂိုဏ်းမှ ကြည့်ရှုစောင့်ရှောက်ထားခြင်း ဖြစ်သည်။

"ကောင်းပြီ၊ ငါပြောစရာရှိတာ အကုန်ပြောပြီးပြီ။ အခု မင်းတို့ မိုးကြိုး၀ိညာဥ်တောင်ရဲ့ ကမ္ဘာငယ်လေးထဲကို ဝင်နိုင်ပြီ။ မင်းတို့ အဲဒီအထဲမှာသုံးရက်ပဲနေနိုင်တာ သတိရပါ။ မင်းတို့ အပြင်ကို သုံးရက်အတွင်း ပြန်လာရမယ်။ မဟုတ်ရင် မင်းတို့ဟာ သုံးလလောက် အထဲမှာ ပိတ်မိနေလိမ့်မယ်။ " လဲ့ရှောင်တင်းက ဂုဏ်သိက္ခာရှိပြီး ခမ်းနားထည်ဝါသည့်အသံဖြင့် ပြောပြီး သုံးယောက်စလုံးကို လျှပ်စီး၀ိညာဥ်အဆောင် တစ်ခုစီပေးပြီးလိုက်သည်။

ချင်ယွင်နှင့် အခြားသူများသည် လျှပ်စီး၀ိညာဥ်အဆောင်ကို လက်ခံရယူပြီး ခေါင်းညိတ်ကြသည်။

ထို့နောက် လဲ့ရှောင်တင်းသည် သူ၏ဝတ်စုံလက်မောင်းကို ဝှေ့ယမ်းလိုက်ပြီ သူ၏နောက်ဘက်ရှိ ပေါ်တယ်ပေါက်ဆီသို့ အလင်းတန်းတစ်ခု ပစ်လွှတ်လိုက်သည်။

ရှေးဟောင်းပေါ်တယ်သည် ချက်ချင်းဆိုသလို တုန်ခါသွားပြီး လေဟာနယ် ၀ဲဂယက်တစ်ခုကို ဖော်ထုတ်လိုက်သည်။

တုံ့ဆိုင်းနေခြင်းမရှိဘဲ ကျိုးယုသည် အလင်း တန်းတစ်ခုအဖြစ်သို့ ပြောင်းလဲကာ ထိုလေဟာနယ် ၀ဲဂယက်ထဲသို့ ဝင်ရောက်သွားသည်။

ကျန်းတိုင် နှင့် ချင်ယွင်တို့သည်လည်း ကျိုးယု အထဲသို့ ပြေးသွားသည်ကို မြင်လိုက်လျှင် အကြည့်ချင်းဖလှယ်ပြီး လိုက်ပါသွားကြသည်။

သူတို့ သုံးယောက် ဝင်ရောက်ပြီသည်နှင့်အမျှ လေဟာနယ်၀ဲဂယက်ကြီးသည် တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်။

All Chapters