← Chapters

မိုးကြိုး ၀ိညာဥ်တောင်၏ ကမ္ဘာငယ်လေး

Vol. 10 Ch. 144

မိုးကြိုး ၀ိညာဥ်တောင်၏ ကမ္ဘာငယ်လေး

Vol. 10 Ch. 144

အခန်း (၁၄၄) မိုးကြိုး၀ိညာဥ်တောင်၏ ကမ္ဘာငယ်လေး

မိုးကြိုး၀ိညာဥ်တောင်၏ကမ္ဘာငယ်လေးသို့ သူတို့ဝင်ရောက်လာသည်နှင့်တစ်ပြိုင်နက်

ချင်ယွင်သည် တောထူထပ်သောတောအုပ်ထဲတွင် သူ့ကိုယ်သူတွေ့ရှိခဲ့သည်။

စိမ်းလန်းစိုပြေသော သစ်ပင်များ၊ ကျောက် တောင်တန်းများဖြင့် ဝန်းရံထားပြီး လွင်ပြင်အနည်းငယ်သာရှိသည်။

ချင်ယွင်သည် ကျောက်ဆောင်ကြီး တစ်ခုပေါ်တွင် ရပ်ကာ အဝေးကို လှမ်းကြည့် လိုက်သည်။ တိမ်များကဲ့သို့ မြင့်မားသော တောင်ထွတ်ကြီးတစ်ခု ရှိခဲ့သည်။ တောင်ထိပ်ပေါ်တွင် ကြောက် မက်ဖွယ်ကောင်းသည့် လျှပ်စီးများက လျှပ်တ ပြက်လင်းလက်နေပြီး လျှပ်စီးများမှ ထွက်လာသည့် ကြောက်မက်ဖွယ်ကောင်းသော အငွေ့ အသက်ကို အဝေးမှပင် ခံစားနိုင်သည်။

"ဒါက ဒီကမ္ဘာငယ်လေးရဲ့ အလယ်ဗဟိုဖြစ်တဲ့၊ မိုးကြိုး၀ိညာဥ်တောင်လား?" ချင်ယွင်သည် သက်ပြင်းချလိုက်သည်။ ဤ မိုးကြိုး၀ိညာဥ်တောင်သည် အမှန်တကယ်ပင် ကြောက်စရာကောင်းသည်။ သူသည် အန္တရာယ်ရှိသော အရိပ်အယောင် တခုကိုပင် ခံစားရနိုင်သည်။ သူ နီးကပ်လာသည်နှင့်အမျှ သူသည် သေလောက်သည့် အန္တရာယ်ကြားထဲ ကျရောက်သွားလိမ့်မည်။။

ချင်ယွင်သည် ဤကမ္ဘာငယ်လေးတွင် အရာအားလုံးကို ဆက်လက်ခံစားနေခဲ့သည်။

လျှပ်စီးဒြဗ်စင်နှင့်နှိုင်းစာလျှင် ဤနေရာရှိ ဒြပ်စင်စွမ်းရည်များသည် အလွန် အားနည်းပြီး လျှပ်စီးစွမ်းရည်ဒြဗ်စင်များသည် မျှော်လင့်ထားသည်ထက် ပိုမိုစွမ်းထက်နေသည်ကို တွေ့ရှိရ၏။

တစ်နည်းဆိုရသော်၊ လျှပ်စီးစွမ်းရည်ကျင့်ကြံသူများသည် ဤနေရာတွင် ပို၍ အားကောင်းမည်ဖြစ်ပြီး၊ အခြားစွမ်းရည်ကျင့်ကြံသူများသည် အားနည်းမည်ဖြစ်သည်။

ချင်ယွင်အတွက် သက်ရောက်မှုက သိပ်ကြီးကြီးမားမား မရှိပေ။ သူ၏ လေစွမ်းရည်သဘောတရားသည် ဤနေရာတွင် အားနည်းသွားသော်လည်း၊ သူ၏ လျှပ်စီးစွမ်းရည်သဘောတရားက မြှင့်တက်လာခဲ့သည်။ တစ်ခုက တိုးမြှင့်လာသည်နှင့် တစ်ခုက လျော့ကျသွားကာ တစ်ခုနှင့်တစ်ခု အချင်းချင်း ဖားထေးပြီးသား ဖြစ်သွားသည်။

ထိုအချိန်တွင် ချင်ယွင်သည် ကျိုးယုနှင့် ကျန်းတိုင်တို့အနီးတွင် မရှိသည်ကို တွေ့ရှိခဲ့ရသည်။ ထင်ရှားသည်မှာ၊ အစောပိုင်းလေးက ပေါ်တယ်သည် ပုံသေတည်နေရာတစ်ခုသို့ လွှဲပြောင်းမပေးခဲ့ဘဲ ဤကမ္ဘာငယ်လေးရှိ မည်သည့်နေရာသို့မဆို ပို့ဆောင်ခဲ့သည်မှာ ထင်ရှားပါသည်။

ချင်ယွင် နှင့် အခြားသူများသည် အပြင်ဘက်ကမ္ဘာသို့ မည်သို့မည်ပုံ ပြန်လာကြမည်နည်း။ ၎င်းနှင့်ပတ်သက်၍၊ သူတို့သည် တယ်လီပို့ အစီအရင်ကို အစပျိုးပေးရန် သူတို့အား လဲ့ရှောင်တင်း ပေးထားသည့် လျှပ်စီးအဆောင်ကို တိုက်ရိုက် ချေမွှပစ်ရန်သာ လိုအပ်ပြီး သူတို့ကို အပြင်ဘက်သို့ တည်နေရာ ရွှေ့ပြောင်းပေးလိမ့်မည်။

အတွေးအားလုံးကို ရှင်းထုတ်ပြီးနောက် ချင်ယွင်သည် ရှေ့ဆက်လုပ်ရမည့်အရာကို

ဆုံးဖြတ်လိုက်သည်။

ပထမဦးစွာ၊ သူသည် ချင်ရွှန်းရွှန်းကိုရှာဖွေပြီး သူမကို ကယ်တင်လိုခဲ့သည်။

ဒုတိယ၊ မိုးကြိုး၀ိညာဥ်မျိုးနွယ်စု၏ အလောင်းကိုရှာဖွေပြီး လျှပ်စီးစွမ်းရည်ကိုယ်ပွား တခုကိုဖန်တီးရန်ဖြစ်သည်။

တတိယအချက်မှာ သူ၏ရုပ်ခန္ဓာကိုယ်ကို ခိုင်ခံ့စေရန်အတွက် မိုးကြိုးမုန်တိုင်းသားရဲ အချို့ကို သတ်ပစ်ရန်ဖြစ်သည်။

သူ့မှာ စုစုပေါင်း ရည်မှန်းချက်သုံးမျိုးရှိခဲ့သည်။ နောက်ဆုံးတစ်ခုမှလွဲ၍ ကျန်ရှေ့နှစ်ခုသည် ပြီးမြောက်ရန် မလွယ်ကူပေ။ ချင်ယွင်အတွက် အချိန်သည် သုံးရက်သာရသောကြောင့် သူ့အတွက်အချိန်သည် အလွန်ကျဉ်းမြောင်းလှသည်။ (နည်းပါးလှသည်)။

"ချင်ရွှန်းရွှန်းကို အရင်ရှာရမယ်!" ချင်ယွင်သည် သူ၏ သိုလှောင်အိတ်ထဲမှ ချင်ဘာတန် ပေးထားသည့် အသက်သလင်းကျောက်ကို ထုတ်ယူစဉ် သူ့ကိုယ်သူ အသံထွက် ပြောမိ သည်။

ဤ အသက်သလင်းကျောက်သည် ချင်ရွှန်းရွှန်း၏ ကံကြမ္မာနှင့် ဆက်စပ်နေသည်။ သူသည် မိုးကြိုး၀ိညာဥ်တောင်၏ ကမ္ဘာငယ်လေးထဲသို့ ဝင်ရောက်နေသမျှ ကာလပတ်လုံး အသက်သလင်းကျောက်သည် ချင်ရွှန်းရွှန်းရှိရာနေရာကို သူရှာဖွေနိုင်ရန် ကူညီပေးလိမ့်မည်ဟု ချင်ဘာတန်က ပြောဆိုခဲ့သည်။

သေချာသည်မှာ၊ ချင်ယွင်သည် အသက်သလင်းကျောက်ကို ထုတ်ယူလိုက်သည့်အခိုက် ၎င်းသည် အသက်၀င်နေပုံရသည်။ ၎င်းသည် ရုတ်တရက် တောက်ပသော

အလင်းရောင်ကို ထုတ်လွှတ်ပြီးနောက် လွင့်ပျံသွားကာ မိုးကြိုး၀ိညာဥ်တောင်၏ အရှေ့ဘက်ရှိရာသို့ ပျံသန်းသွားခဲ့သည်။

ချင်ယွင်သည် အသက်သလင်းကျောက်ပျံသန်းသွားသည့် ဦးတည်ရာဘက်သို့ လှမ်းကြည့်လိုက်ရင်း အံ့အားသင့်ဟန်ဖြင့် သူ့ကိုယ်သူ ပြောမိ၏ "ချင်ရွှန်းရွှန်းက မိုးကြိုး၀ိညာဥ်တောင်ပေါ်မှာ ဖြစ်နိုင်ပါ့မလား။ သူ၏အကြည့်များမှတဆင့် ဤမိုးကြိုး၀ိညာဥ်တောင်သည် သူသွားရမည့်ခရီးစဉ်မှာ ကာဆီးထား‌လေသည် ။"

ချင်ယွင်သည် အသက်သလင်းကျောက်ကို အမှီလိုက်ရန် မိုးကြိုး၀ိညာဥ်တောင်သို့ လျင်မြန်စွာ ပျံသန်းသွားခဲ့သည်။

မိုးကြိုး၀ိညာဥ်တောင်၏ ကမ္ဘာငယ်လေးသည် ကမ္ဘာငယ်လေး ဖြစ်သော်လည်း ၎င်း၏မြေဧရိယာသည် သေးငယ်လှသည်မဟုတ်ပေ။ မိုးကြိုး၀ိညာဥ်တောင်သည် ချင်ယွင်ရှိရာနေရာနှင့် ကီလိုမီတာတစ်ထောင်လောက်ဝေးကွာ သည်။

ချင်ယွင်၏ အရှိန်ဟုန်အရ မိုးကြိုး၀ိညာဥ်တောင်ကို ရောက်ချင်သည်ဆိုလျှင် ညနေ စောင်းလောက်မှ ရောက်ကောင်းရောက်နိုင်လိမ့်မည်။ ထို့ကြောင့် ချင်ယွင်သည် သူ၏ အရှိန်ဟုန်ကို မြှင့်တင်ရမည်။

ချင်ယွင်သည် သူ၏ပေါက်ကွဲလျှပ်စီးကို အသုံးပြုရင်း အလွန်လျင်မြန်သောအရှိန်ဖြင့် တောနက်ထဲသို့ ဖြတ်လျှောက်လာခဲ့သည်။

လမ်းတစ်လျှောက်တွင် ချင်ယွင်သည် ထူးဆန်းသော အသွင်အပြင်သည့် ကြမ်းတမ်းသော သားရဲများစွာကိုလည်း တွေ့ခဲ့ရသည်။ ဤကြမ်းကြုတ်သော သားရဲများသည် ကျားများနှင့်တူသော်လည်း ဦးခေါင်းပေါ်တွင် ဦးချိုများပါရှိပြီး ခြေလက်များသည် ခြေထောက်များကဲ့သို့ ထူထဲသည်။ အမွှေးအမျှင်များကလည်း ခရမ်းရောင်သန်းနေကာ ၎င်းတို့၏ ခန္ဓာကိုယ်များသည် အပြာရောင် လျှပ်စီးကြောင်းများဖြင့် တဖျပ်ဖျပ်ခတ်နေကြသည်။

"ဒါတွေက မိုးကြိုးမုန်တိုင်းသားရဲတွေဖြစ်သင့်တယ်မဟုတ်လား" ချင်ယွင်သည် ထူထဲသော သစ်ကိုင်းတစ်ခုပေါ်တွင် ရပ်ကာ ဤထူးဆန်းသော သားရဲများကို ဂရုတစိုက် စောင့်ကြည့်ခဲ့သည်။

ဤမိုးကြိုးမုန်တိုင်းသားရဲများသည် တစ်ကောင်နှင့်တစ်ကောင် တူညီမှုမရှိသည်ကို သူတွေ့ရှိခဲ့ရသည်။ ၎င်းတို့သည် သန်မာသောသားရဲများရှိကြသလို အားနည်းသော သားရဲများလည်းရှိကြ၏။ သူတို့သည် ပိုမိုကြီးမားလေ၊ ပိုသန်မာလေဖြစ်ပြီး။ ပို၍သေးငယ် အားနည်းလေဖြစ်သည်။

၎င်းတို့ထဲမှ အားအနည်းဆုံးသားရဲမှာ သိုးအရွယ်မျှသာဖြစ်ပြီး ၎င်းတို့၏ ခွန်အားသည် သာမန်သိုင်းပညာတဦးရှင်နှင့် ညီမျှသည်။

အစွမ်းထက်ဆုံးသားရဲမှာ အရပ်ငါးမီတာနှင့် အရှည်ရှစ်မီတာခန့်ရှိသည်။ ၎င်းသည် တောင်ငယ်တစ်ခုလို ဖြစ်နေပြီး ၎င်း၏အင်အားသည် သာမန်နဝမအဆင့် ကောင်းကင်အလွှာ သိုင်းဂိုဏ်းချုပ် ကျွမ်းကျင်သူတစ်ဦးနှင့် ညီမျှသည်။

သေချာသည်မှာ၊ ချင်ယွင်သည် ယခုထက်ပိုပြီး အားကောင်းသည့် မိုးကြိုးမုန်တိုင်း သားရဲများ ရှိမရှိကိုတော့ သူလည်းမသိပါဘူး။ အနည်းဆုံးတော့ သူဖြတ်သန်း လာရာလမ်းတလျှောက်မှာ မတွေ့ခဲ့ရပါဘူး။

"ကဲ၊ ဒီမိုးကြိုးမုန်တိုင်းသားရဲတွေကို အမဲလိုက်ခြင်းရဲ့ အကျိုးကျေးဇူးတွေက ဘာတွေလဲဆိုတာ ကြည့်လိုက်ရအောင်။"

ဥက္ကာပျံတိုက်ပွဲ၀င်ဆေဘာသည် လျှပ်စီးလက်သလိုဖြစ်သွားပြီး မိုးကြိုးမုန်တိုင်းသားရဲ များအုပ်စုထဲသို့ အားသွင်းရင်း ချင်ယွင်၏လက်ထဲတွင် ပေါ်လာသည်။

"ချွတ်!"

ချင်ယွင်သည် သူ၏ဆေဘာဖြင့် ခုတ်ပိုင်းလိုက်ပြီး သိုင်းပညာရှင်နယ်ပယ်တွင် သာရှိသော မိုးကြိုးမုန်တိုင်းသားရဲတစ်ကောင်ကို နှစ်ပိုင်းခွဲလိုက်သည်။

မိုးကြိုးမုန်တိုင်းသားရဲသည် ပွဲချင်းပြီး သေဆုံးသွားသည်။ ကြက်ဥအရွယ်အစား လောက်ရှိသော အပြာရောင်လျှပ်စီးအလုံးလေးသည် မိုးကြိုးမုန်တိုင်းသားရဲ၏ အလောင်းမှ ပျံထွက်သွားပြီး ချင်ယွင်၏ရင်ဘတ်ထဲကို ၀င်ရောက်ပျောက်ကွယ်သွားခဲ့။

အပြာရောင်လျှပ်စီးလုံးသည် သူ၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသည်နှင့်အမျှ ချင်ယွင် သည် သူ၏တစ်ကိုယ်လုံးအနှံ့ လျှပ်စီး၏ ထူးခြားသောစွမ်းအားကို ခံစားရပြီး သူ၏ ခန္ဓာကိုယ်ရှိ ဆဲလ်များအားလုံးက ၎င်းတို့ကို မျိုချလိုက်ပြီး စုပ်ယူခံရသည်ကို ရှင်းရှင်း လင်းလင်း ခံစားလိုက်ရသည်။

"အယ်? ထူးလည်းထူးခြားတဲ့ လျှပ်စီး စွမ်းအားပါလား။ ဒီလျှပ်စီး စွမ်းအားကို ငါ့ခန္ဓာကိုယ်က အမှန်တကယ် စုပ်ယူနိုင်တာပဲ။ ဒါ့အပြင် ၎င်းကို စုပ်ယူပြီးနောက် ငါ့ခန္ဓာကိုယ်က အတိုင်း အတာတစ်ခုအထိ အားကောင်းလာခဲ့တယ်။

လျှပ်စီးအလုံးကို စုပ်ယူပြီးနောက် ချင်ယွင်သည် သူ၏ခန္ဓာကိုယ်အား အတိုင်းအတာတစ်ခုအထိ ကြံ့ခိုင်လာသည်ဟု ခံစားလိုက်ရသည်။ ၎င်းကြံ့ခိုင်မယသည် အလွန်နည်းပါးသိမ်မွေ့သော်လည်း သူခံစားနိုင်ဆဲဖြစ်သည်။

"ဒီလျှပ်စီးအလုံးက တကယ်ကောင်းတဲ့ပုံပဲ၊ ဒါပေမယ့် မလုံလောက်သေးဘူး။ ငါနောက်ထပ်လိုက်ရှာဖို့လိုတယ်။" ချင်ယွင်သည် ညင်သာစွာ ပြုံးပြီး သူ၏ဖြူဖွေးသော သွားများကို ထုတ်ဖော်လိုက်သည်။ ၎င်းသွားများသည် အစာကွင်းဆက်၏ထိပ်တွင် ရပ်နေသော အစွယ်မရှိသော သားရဲနှင့်တူသည်။ ရက်စက်ပြီး ကြောက်စရာ ကောင်းလွန်း၏။

ထို့နောက်တွင်၊ ချင်ယွင်၏ရုပ်အသွင်သည် မိုးကြိုးမုန်တိုင်းသားရဲများကြားတွင် လျှပ်စီးအလားလင်းလက်သွားကာ သူ၏လက်ထဲမှ ဆေဘာကိုဝှေ့ယမ်းရင်း အသားကြိတ်စက်တစ်ခုဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

သိုင်းဂိုဏ်းချုပ်နယ်ပယ်အောက်တွင် ခွန်အားရှိသော မိုးကြိုးမုန်တိုင်းသားရဲများသည် လုံးဝမတုံ့ပြန်ဘဲ ချင်ယွင်၏ သတ်ဖြတ်မူကို ခံခဲ့ရသည်။

လျှပ်စီးအလုံးများသည် ချင်ယွင် ၏ခန္ဓာကိုယ်ထဲသို့ တစ်လုံးပြီးတစ်လုံး ပျံသန်း၀င်ရောက်သွားပြီး သူ့ခန္ဓာကိုယ်ကို အဆက်မပြတ် သန်မာစေသည်။ ယင်းက ချင်ယွင်ကို အရမ်းပျော်ရွှင်စေသည်။

သို့သော် ဤရှုမြင်ကွင်းသည် ကြာရှည်မခံခဲ့‌ပေ ။ မကြာမီတွင် သိုင်းဂိုဏ်းချုပ်အဆင့် မိုးကြိုးသားရဲများသည် ချင်ယွင်၏ ခြေရာသဲလွန်စများကို ရှာဖွေတွေ့ရှိခဲ့သည်။ ချင်ယွင်က သူတို့ကလေးများကို သတ်ဖြတ်‌နေသည်ကိုမြင်လျှင် သူတို့သည် ချက်ချင်း ဒေါသတွေထွက်ပြီး ချင်ယွန်းဆီ ပြေးသွားကြသည်။

ချင်ယွင်သည် သူ၏အကြည့်များကို ပတ်ပတ် လည်ကို လှည့်ပတ်ကြည့်လိုက်လျှင် သိုင်းဂိုဏ်းချုပ်အဆင့်ရှိ မိုးကြိုးမုန်တိုင်းသားရဲ စုစုပေါင်း ခြောက်ကောင်ရှိကြောင်း တွေ့ရှိလိုက်ရသည်။ ၎င်းတို့အနက် နှစ်ကောင်သည် နဝမအလွှာ ကောင်းကင်အလွှာ သိုင်းဂိုဏ်းချုပ်အဆင့်တွင် ရှိသည်။

ယင်းက ချင်ယွင်အတွက် အနည်းပယ်တော့ ခက်ခဲနိုင်ပေမယ့်၊ သူ မကိုင်တွယ်နိုင် လောက်သည့် အနေထားမျိုး မဟုတ်ပါဘူး။

ရလာဒ်အနေဖြင့် ချင်ယွင်သည် ခရမ်းရောင်အလင်းတန်းများ အဖြစ်သို့ ပြောင်းလဲသွားပြီး အတော်လေးအားပျော့သော မိုးကြိုးမုန်တိုင်းသားရဲတစ်ကောင်ကို ထိပ်တိုက်ရင်လိုက်သည်။

ဝှီး!

ချင်ယွင်သည် သူ၏ဆေဘာကို ခုတ်ပိုင်းလိုက်လျှင် လျှပ်စီးစွမ်းအားများက တဖျပ်ဖျပ်ခတ်လာနေ၏။ တတိယအဆင့် ကောင်းကင်အလွှာ သိုင်းဂိုဏ်းချုပ်နယ်ပယ် ဝန်းကျင်တွင်သာရှိသော မိုးကြိုးမုန်တိုင်းသားရဲသည် ချင်ယွင်၏ ဆေဘာဖြင့် တိုက်ရိုက် နှစ်ပိုင်းကွဲသွားပြီး ဘေးသို့ လဲကျသွားခဲ့သည်။

ဘောလုံးအရွယ်စား လျှပ်စီးလင်းလက်နေသည့် အလုံးကြီးသည် ချင်ယွင်၏ ခန္ဓာကိုယ်အတွင်းသို့ ၀င်ရောက်ပြောင်းလဲသွားခဲ့သည်။ ချက်ချင်းပင် ချင်ယွင်သည် ပေါက်ကွဲပျံ့နှံ့လာသည့် သက်တောင့်သက်သာဖြစ်မူကို အပြည့်အ၀ ခံစားလိုက်ရသည်။ မကြုံစဖူးသော စွမ်းအားတစ်ခုက သူ၏ခန္ဓာကိုယ်တစ်လျှောက် ပျံ့နှံ့သွားပြီး သူ၏ခန္ဓာကိုယ်ရှိ ဆဲလ်အားလုံးသည် အသက်ဝင်သွားပုံရသည်။

"ဒါ ဒါက ကောင်းလွန်းတယ်! နောက်တဖန်!"

ချင်ယွင်သည် ကြောက်မက်ဖွယ်ကောင်းသည့် သားရဲတစ်ကောင်ကဲ့သို့ အခြားသော မိုးကြိုးမုန်တိုင်းသားရဲများကို ဦးတည်ပြေး၀င်ကာ ကျယ်လောင်စွာ အော်လိုက်သည်။

အမွှေးတိုင်တစ်ချောင်းစာကုန်ချိန် အချိန်အနည်းငယ်အတွင်းမှာပင် အခြားသော မိုးကြိုးမုန်တိုင်းသားရဲငါးကောင်စလုံးသည် ချင်ယွင်၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရပြီး ၎င်းတို့၏ ခန္ဓာကိုယ်ရှိ လျှပ်စီးလက်သည့်အလုံးများကို ချင်ယွင်မှ စုပ်ယူသွားခဲ့သည်။

နောက်ဆုံး လျှပ်စီးလင်းလက်နေသောအလုံးသည် သူ၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသည်နှင့်အမျှ ချင်ယွင်သည် သူ၏ ဖရိုဖရဲ အစိမ်းရောင်ကြာပန်း ရုပ်ခန္ဓာ ကိုယ်သည် ယခုအခိုက်အတန့်တွင် အမှန်တကယ် အားကောင်းလာသည်ကို တွေ့ရှိလိုက်ရသည့်အတွက် တုန်လှုပ်သွားခဲ့သည်။ ထို့အပြင် သူ၏ ခန္ဓာ ကိုယ်ပေါ်ရှိ အစိမ်းရောင်ကြာပန်းပုံစံများသည် ခပ်ဖျော့ဖျော့ အပြာရောင် အလင်းတန်းများဖြင့် လင်းလက်နေသေးသည်။ အလွန်အားနည်းနေသော်လည်း ရှင်းရှင်းလင်းလင်း ရှိနေဆဲဖြစ်သည် ။ ဤအရာက ချင်ယွင်ကို အလွန်ထိတ်လန့်သွားစေသည်။

"ဒီလျှပ်စီးအလုံးတွေက ဖရိုဖရဲ အစိမ်းရောင်ကြာပန်း ရုပ်ခန္ဓာကိုယ်ကို ကြီးထွားပြီး ပြောင်းလဲသွားစေနိုင်တာ ဖြစ်နိုင်ပါ့မလား" ချင်ယွင်၏ စိတ်ထဲတွင် ထိတ်လန့်တုန်လှုပ်သော အတွေးတစ်ခု ထွက်ပေါ်လာသည်။

All Chapters