← Chapters

သင့်တင့်မျှတသော ( ၁ )

Vol. 8 Ch. 117

သင့်တင့်မျှတသော ( ၁ )

Vol. 8 Ch. 117

အချိန်များ တဖြည်းဖြည်းကုန်လွန်လာခဲ့ပြီး ဆယ်လပိုင်းလဝက်ကို ရောက်လာခဲ့ပြီဖြစ်သည်။

ဆောင်းရာသီဖြစ်ပါသော်လည်း ချီရွှဲ့ထုံဂိုဏ်း၏ တည်နေရာကြောင့် နေ့အခါတွင် ပူနေသေးသည်။

ညရောက်သောအခါမှသာ အေးစက်လာ၏။ ပင်လယ်ပြင်၌လည်း ထိုနည်းတူပင်။ ပင်လယ်ကြမ်းပြင်အောက်တွင် မြှုပ်နှံထားသော အေးစိမ့်စိမ့်အငွေ့အသက်များက ပင်လယ်မျက်နှာပြင်မှ စိမ့်ထွက်ကာ လရောင်အောက်ရှိ လေနှင့်အတူ ရောယှက်သွားပြီး လောကတစ်ခွင် လွှမ်းခြုံလိုက်သည့်အလားပင်။ ထိုအေးစိမ့်စိမ့်အငွေ့အသက်များက ညအခါ ကျင့်ကြံနေသော လူတိုင်း၏ ခန္ဓာကိုယ်များထဲ စိမ့်ဝင်သွားကာ ဆောင်းရာသီ၏ အငွေ့အသက်များကို အရှိန်အဟုန်ပြင်းစွာ ခံစားသွားစေသည်။

ယခုအချိန်၌ ညဉ့်လေပြေကလည်း ဆော်သွေးတိုက်ခတ်နေပြီး လရောင်ကလည်း ဆိပ်ကမ်းပေါ်ရှိ မိုးပြာရောင်ကျောက်ခင်းလမ်းလေးပါမကျန် အရာအားလုံးအပေါ် ဖြာကျနေသည်။ ၎င်းသည် နေ့စဉ်တာဝန်ချိန်ပြီးဆုံး၍ ဆိပ်ကမ်းကို သတိကြီးစွာ ပြန်လာနေသော ရွှီချင်းအပေါ်သို့လည်း ဖြာကျနေပေ၏။

လရောင်အောက်တွင် ရွှီချင်း သွားလာနေသည်။ သူ၏မီးခိုးရောင်ဝတ်ရုံက တဖျပ်ဖျပ်လွင့်နေပြီး ဆံပင်ရှည်များသည်လည်း ကခုန်နေသည့်အလား ပျံ့လွင့်နေပေရာ အရပ်ရှည်ရှည်ကျစ်လစ်တောင့်တင်းသောသူ၏ပုံရိပ်နှင့် ပေါင်းစပ်လိုက်သည့်အခါ အဝေးမှကြည့်ပါက လရောင်ဖြာကျနေသော အထီးကျန်လူတစ်ယောက်၏ ပန်းချီကားတစ်ချပ်အလား ထင်ရပေသည်။

ညအခါ လေနုအေးလေးသည်သာ ရွှီချင်းကို အနည်းငယ် အေးတိအေးစက် ခံစားသွားရစေသည်။

သူ အအေးဓာတ် ခံစားရသည်မှာ ခန္ဓာကိုယ်မှ မဟုတ်ဘဲ ဆင်းရဲသားရပ်ကွက်မှာနေထိုင်ခဲ့စဉ်က မှတ်ဉာဏ်များမှ ဖြစ်ပေသည်။

၎င်းက မီးခိုးငွေ့များကြောင့် အမှတ်အသားများ ထင်ကျန်ရစ်ခဲ့သော ပန်းချီကားတစ်ချပ်နှင့် ဆင်တူသည်။ ပန်းချီကားတစ်ချပ်လုံး ရေးဆွဲပြီးသွား၍ အမှတ်အသားများက ဆေးမှင်ရည်အောက်တွင် နစ်မြုပ်ပျောက်ကွယ်သွားခဲ့သည့်တိုင်အောင် အပြင်လူများအနေဖြင့် ပန်းချီကားအောက်ရှိ အမှတ်အသားများကို မမြင်နိုင်ပါသော်လည်း ပန်းချီကားကတော့ အမှတ်အသားများ ရှိနေသေးသည်ကို ခံစားမိနေပေမည်။

ရွှီချင်းက သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်ပြီး အရှိန်တင်လိုက်သည်။

ကျိုးချင်ဖုန်းတို့နှင့် ဆုံခဲ့သည်မှစ၍ ရေတွက်လျှင် လဝက်ကျော်လွန်လာခဲ့လေပြီ။

ထိုလဝက်တာအတောအတွင်း ရွှီချင်း လူဆိုးထိန်းဌာနကို ပုံမှန်အတိုင်း သွားခဲ့သည်။ ကျိုးချင်ဖုန်း ပြောသကဲ့သို့ ရာထူးမတိုးခဲ့ပါသော်လည်း သူ ဂရုမစိုက်ချေ။

လက်ရှိအချိန်တွင် သူ အာရုံစိုက်နေသည်မှာ ကျင့်ကြံခြင်းသာ ဖြစ်သည်။

သူ၏ပင်လယ်အသွင်ပြောင်းပညာရပ်က အဆင့်ခုနစ်၏ အထွတ်အထိပ်ကို ရောက်နေပြီး အဆင့်တက်ရန် မလိုတော့ပေ။

တောင်တန်းပင်လယ်ပညာရပ်သည်လည်း ထိုနည်းတူပင်။ သူ အဆင့်ရှစ်ကို ရောက်တော့မည် ဖြစ်သည်။

သို့ဖြစ်၍ သူ အဆင့်တက်ရန် မျှော်လင့်နေသည်။

သူ၏လက်ရှိတိုက်ရည်ခိုက်ရည်ဖြင့်ဆိုပါက တောင်တန်းပင်လယ်ပညာရပ်နှင့် ပင်လယ်အသွင်ပြောင်းပညာရပ်တို့ အဆင့်ရှစ်ကို ရောက်သွားလျှင် ချီရွှဲ့ထုံဂိုဏ်းကို မရောက်ခင်က သူ့ကို ဘာဒဏ်ရာမှမရစေဘဲ ချက်ချင်း သတ်ဖြတ်နိုင်မည်ဖြစ်သည်။

အမှန်စင်စစ် အဆင့်ရှစ်ကို ရောက်ပြီးနောက် ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးကို သူ နောက်တစ်ဖန် ပြန်တွေ့ခဲ့မည်ဆိုပါက သူ အနိုင်မယူနိုင်သေးသော်လည်း သူ၏အရိပ်နှင့် ပေါင်းစပ်၍ အားကုန်ထုတ်တိုက်ခိုက်မည်ဆိုပါက အကွက်အနည်းငယ် တောင့်ခံနိုင်မည်မှာ သေချာသည်။

“ သိပ်မကြာတော့ပါဘူး ”

ရွှီချင်း၏မျက်လုံးများ မှေးသွားသည်။ ယခုအချိန်၌ ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးအပြင် သူ အသတ်ချင်ဆုံးရန်သူမှာ ရေသူထီးလူငယ်ဖြစ်သည်။

ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးကို သတ်ဖြတ်နိုင်ရန်အတွက်လည်း လုံလောက်သည့်အစွမ်းမျိုး ရရှိတော့မည်ဟု သူ ခံစားနေရသည်။ ရေသူထီးလူငယ်ကို သတ်ဖြတ်ရန်အတွက်တော့ သူ အခွင့်အရေး ရှာနေပြီဖြစ်သည်။

သူ အနည်းငယ် နောင်တရသလို ခံစားနေရသည်။ ပြီးခဲ့သည့်လဝက်တာအတောအတွင်း သူ သတိကြီးစွာဖြင့် ရေသူထီးလူငယ်နောက်ကို လိုက်၍ သတ်ဖြတ်ရန် အခွင့်အရေး ရှာခဲ့သည်။ သို့သော်လည်း ရေသူထီးလူငယ်ဘေးတွင် အစောင့်အရှောက်များ ရှိနေ၍ သူ လှုပ်ရှားရန် အခွင့်မသာခဲ့ပေ။

ရံဖန်ရံခါ ခေါင်းဆောင် ပြောသည့်အတိုင်း ရေသူထီးလူငယ်က တစ်ယောက်တည်း အပြင်ထွက်လေ့ ရှိပါသော်လည်း သူ၏ခန္ဓာကိုယ်နှင့် ကိုယ်ရောင်ကိုယ်ဝါကို ပျောက်စေသော ရတနာတစ်မျိုး သုံးထားသည့်အတွက်ကြောင့် သူက အစအနရှာမရအောင် ပျောက်နေခဲ့သည်။

ရွှီချင်းက ယခုအချိန်တိုင်အောင် အခွင့်အရေး မရသေးသော်လည်း စိတ်ရှည်နေသည်။ သူ အနည်းငယ် ဝေဖန်သုံးသပ်ပြီးနောက် ရေသူထီးလူငယ်ပေါ်တွင် အမှတ်အသားအနည်းငယ် ချန်ထားရန်နည်းလမ်းကို တွေးမိလာသည်။

“ ငါ နောက်ကျ အဲဒီလိုပြိုင်ဘက်နဲ့ တွေ့ရင် အခွင့်အရေးရှာပြီး ခန္ဓာကိုယ်ပေါ်မှာ အမှတ်အသားတစ်ခု လုပ်ခဲ့ရမယ် ”

ရွှီချင်း တီးတိုးရေရွတ်လိုက်သည်။ ယခင်က အလောင်းဖျောက်နည်းအား သူ ဖြေရှင်းခဲ့သလို ယခုကိစ္စကိုလည်း သူ့မှတ်ဉာဏ်ထဲတွင် မှတ်သားကာ သူ့လမ်းသူ ဆက်သွားမည်ဖြစ်သည်။

မကြာခင် ဆိပ်ကမ်းနံပါတ်ခုနစ်ဆယ့်ကိုးကို သူ ရောက်လာပြီဖြစ်သည်။

လမ်းတစ်လျှောက်၌ သွေးအေးသောအကြည့်တစ်စုံတရာမျှ ရွှီချင်း မတွေ့ခဲ့ရဘဲ တစ်ယောက်မှ သူ့ကို လာမနှောင့်ယှက်ကြပေ။

ချီရွှဲ့ထုံဂိုဏ်းကို ရွှီချင်း ရောက်သည်မှာ မကြာသေးသော်လည်း လူသတ်ရာမှတစ်ဆင့် သူ တဖြည်းဖြည်း နာမည်ကြီးလာပြီဖြစ်သည်။ ထိုနာမည်သတင်းကြောင့် သူ့ကို စောင့်ကြည့်နေသည့်လူများ သိသိသာသာ လျော့ပါးသွားပြီး အများစုက သတိထားနေကြတော့သည်။

ထိုအခိုက် ရွှီချင်းက မှော်လှေကလေးကို ထုတ်လိုက်သည်နှင့် လေထဲကို လှေကြီးတစ်စင်း ပေါ်လာသည်။ ပင်လယ်ရေမျက်နှာပြင်ပေါ် လှေကျသွားသောအခါ ရေလှိုင်းခတ်သံများ ဆူညံသွားသည်။

လှေက ပေနှစ်ရာကျော်ရှည်လျားပြီး ပေသုံးဆယ်ကျယ်ဝန်းကာ ကြောက်မက်ဖွယ်အရှိန်အဝါတစ်မျိုး ထုတ်လွှတ်နေသည်။

လရောင်အောက်၌ မည်းနက်တောက်ပြောင်နေသော လှေနံရံက လှေအပြင်ဘက်ရှိ သိပ်သည်းထူထပ်စွာ ရှိနေသော အကြေးခွံများထံမှ အေးစက်စက်အလင်းနှင့် ရောယှက်နေသည့်အလား။ လှေထိပ်ဦးရှိ သွေးဆာနေဟန်ရှိသော ဧရာမမိကျောင်းခေါင်းကြီးနှင့် တွဲဖက်လိုက်ပါက မှော်လှေတစ်စင်းလုံးက ဧရာမမိကျောင်းကြီးတစ်ကောင်အလား ထင်မှတ်ရပေသည်။

အထူးသဖြင့် ခပ်ကျယ်ကျယ်ဟထားသော မိကျောင်းပါးစပ်ကြီးပင်။ ၎င်းထဲရှိ စူးရှချွန်ထက်ပြီး မရေမတွက်နိုင်လောက်အောင် ရှိနေသော သွားများနှင့် ၎င်း၏မျက်လုံးများထဲရှိ အေးစက်စက်အလင်းများက မြင်ရသူတိုင်းကို တုန်လှုပ်ချောက်ချားသွားစေနိုင်သည်။

အနီးကပ်စစ်ဆေးကြည့်ပါက လှေအပြင်ပိုင်းရှိ အကြေးခွံများက ယခင်ထက် တစ်ဆင့်မြင့်နေသည်ကို မြင်နိုင်သည်။ အမှန်စင်စစ် အပြင်လူများ မမြင်နိုင်သော လှေအတွင်းပိုင်း၌လည်း အကြေးခွံများဖြင့် ဖုံးလွှမ်းနေပေသည်။

ယခင်ကထက် ပို၍ သန်မာလာသော လှေဝင်းတစ်လျှောက် ဖောက်ထွင်းနေသည့် ထူးခြားသော အရိုးတစ်ချောင်းလည်း ရှိသည်။

အပြင်ဘက်တွင် တဟူးဟူး တိုက်ခတ်နေသော လေအေးများသည်လည်း ထိုဧရာမသားရဲကြီးပမာ မှော်လှေကြီးကို တုန်လှုပ်ချောက်ချားသွားစေအောင် ပံ့ပိုးပေးနေသည်။ ယခုအခါ အခန်းလေးသည်လည်း များစွာ ကြီးမားလာခဲ့ပြီဖြစ်ပြီး အထဲရှိ အခန်းများကတော့ ယခင်အတိုင်းပင်၊ နားနေရန်နှင့် ကျင့်ကြံရန်အခန်းများ ဖြစ်သည်။ ရွှီချင်းက ဆေးဖော်စပ်ရန်အခန်းကိုလည်း သီးသန့်ထပ်ထည့်ခဲ့သည်။

ယင်းအပြင် သက်ရှိသတ္တဝါတစ်ကောင်အလား လှေပတ်လည်တွင် ဖြတ်သန်းစီးဆင်းနေသော အစိမ်းရောင်အလင်းဖျော့ဖျော့ကို မြင်နိုင်သည်။ ထိုအလင်း စီးဆင်းသွားသည့်အခါတိုင်း လှေ၏ မာကြောခိုင်ခံမှုက တိုးသွားသည်။

အရေးကြီးဆုံးအချက်က လှေဝမ်းထဲရှိ ဧရာမမြောင်းကြီးပင်။ ထိုမြောင်းကြီးထဲ၌ ပြွတ်သိပ်နေသော မန္တန်အစီအရင်များစွာ ရှိသည်။

ထိုလှေသည် ရွှီချင်း ဝိညာဉ်ကျောက်တုံးတစ်ရာကျော် အကုန်အကျခံ၍ အလယ်အလတ်အဆင့် ကုန်ကြမ်းပစ္စည်းများ ဝယ်ယူကာ ထုလုပ်ထားခဲ့သည့် အဆင့်ခြောက်မှော်လှေဖြစ်သည်။

ထိုမြောင်းကြီးအတွက် သူ နောက်ထပ် ဝိညာဉ်ကျောက်တုံးဆယ်တုံးကျော် ပေးချေခဲ့ရသည်။

ထိုလှေအတွက် သူ မျက်စိကျနေသော ကုန်ကြမ်းပစ္စည်းတစ်မျိုးရှိသေးသည်။ ယင်းပစ္စည်းက ဧရာမဝေလငါး ဦးခေါင်းခွံဖြစ်သည်။ ထိုဦးခေါင်းခွံကိုသာ ထပ်ထည့်လိုက်ပါက သူ၏မှော်လှေက မာကြောခိုင်ခံသည့်နေရာတွင် အဆင့်ခြောက်မှ အဆင့်ခုနစ်ကို ရောက်သွားမည်ဖြစ်သည်။

သို့သော်လည်း ထိုဧရာမဝေလငါးကြီး၏ ဦးခေါင်းခွံက ဈေးကြီးလွန်းသည်။ ၎င်းသည် မှော်လှေများအတွက် အတော်လေး အရည်အသွေးမြင့်မားသော ကုန်ကြမ်းပစ္စည်းတစ်ခုဖြစ်သည်။

တန်ကြေးကလည်း အံ့အားသင့်စရာကောင်းလှပြီး စုစုပေါင်း ဝိညာဉ်ကျောက်တုံးနှစ်ရာ ဖြစ်သည်။

ယခင်ရက်များက ရွှီချင်းက ထိုငါးခေါင်းခွံကြီးကို သွားကြည့်ခဲ့ပါသော်လည်း ငွေစုရန် ဆုံးဖြတ်ချက်ချ၍ အံကြိတ်၍သာ လှည့်ပြန်ခဲ့ရသည်။

“ ငါ ဝေလငါးခေါင်းခွံကြီးကို ဝယ်ပြီးလို့ လှေက အဆင့်ခုနစ်ကို ရောက်သွားပြီး ငါ့ကျင့်ကြံခြင်းအဆင့်ကလည်း အဆင့်ရှစ်ကို ရောက်သွားရင် ပင်လယ်ထဲကို ငါ သွားမယ် ”

All Chapters