← Chapters

အခန်း (၄၇၅-၄၇၇)

Vol. 32 Ch. 475-477

အခန်း (၄၇၅-၄၇၇)

Vol. 32 Ch. 475-477

အပိုင်း ( 475 )

စစ်ပွဲရမှတ်များ မြင့်တက်လာခြင်း၊ ကျွန်တော် တပ်မှူးလုပ်မယ်

လွန်ခဲ့သော မိနစ်ပိုင်းအတွင်းက

ကြယ်ပြာဂြိုဟ်၏ တပ်မဟာ ၂၃မှ စစ်သား သုံးထောင်ကျော်ဖြင့် ဖွဲ့စည်းထားသည့် တပ်ဖွဲ့ကြီးသည် ကျူးရွှမ်တောင်ကြား အပြင်ဘက်သို့ ရောက်ရှိလာခဲ့သည်။

ကျုံးချန်သည် စစ်တပ်၏ အပေါ်ဘက်သို့ တက်ကာ အရှေ့ရှိ ကျူးရွှမ်တောင်ကြားကို အဝေးမှ လှမ်းကြည့်နေတော့သည်။

လူတစ်ထောင်ကျော်က အော်ဟစ်ကြုံးဝါးနေသည့်အလား ဖြစ်နေသည့် တိုက်ပွဲခေါ်သံများ ပေါ်ထွက်နေခဲ့ပြီး၊ မြင်းများသည် အရှေ့သို့ ပြေးတက်လာကြသည်။

အားလုံး၏ မျက်လုံးများထဲတွင် ကြောက်ရွံ့မှု အရိပ်အငွေ့များ ဖြစ်တည်လာခဲ့သည်။

ယမန်နေ့က ရှုန်းမာတောင်ကြားကို လက်လွှတ်ပေးလိုက်ရခြင်း ဖြစ်ရပ်သည် အားလုံး၏ စိတ်ထဲတွင် နက်ရှိုင်းသော ဒဏ်ရာတစ်ခုအဖြစ် အမြစ်တွယ်သွားခဲ့သည်။ ယခု ရန်သူ့တပ်စခန်းနှင့် နီးကပ်လာသော အချိန်တွင် အဆိုပါ ဒဏ်ရာဟောင်းသည် သူတို့ကို တဖန်ပြန်၍ ထိုးနှက်လာခဲ့သည်။

ကျုံးချန်သည် လက်သီးလက်မောင်းတန်း၍ အော်ပြောလာခဲ့သည် “ အထိတ်တလန့် မဖြစ်ကြနဲ့။ ရန်သူထောင်ပေါင်းများစွာ ရှိနေတဲ့ပုံပေါ်ပင်မဲ့ အဲ့တာက လှည့်စားမှု တစ်ခုပဲ။ အားလုံးပဲ၊ တိုက် “

“ သတ် “

“ သတ် “

ချက်ချင်းဆိုသလိုပင် အယောက်သုံးထောင် ကျော်လွန်သည့် ကြယ်ပြာဂြိုဟ်ဘက်မှ သိုင်းပညာရှင်များသည် သူတို့၏ အရှိန်အဝါများကို ထုတ်လွှတ်၍ အော်ဟစ်ကြုံးဝါးကာ အရှေ့သို့ ပြေးတက်လာကြသည်။

ဗွီ

စစ်တပ်က ကျူးရွှမ်တောင်ကြားအတွင်းသို့ ဝင်ရောက်လာသည့် အချိန်တွင် တိုက်ပွဲခေါ်သံများ ကွယ်ပျောက်သွားပြီး၊ ယခင်က မြင်တွေ့ခဲ့ရသည့် ထောင်ပေါင်းများစွာသော ပုံရိပ်တို့မှာလည်း ထို့အတိုင်းသာ ပျောက်ကွယ်သွားခဲ့သည်။

ကျူးရွှမ်တောင်ကြားအတွင်းတွင် ပုန်းကွယ်နေကြသည့် တပ်ဖွဲ့ငယ်လေးများသည် အဆုံးတွင် သူတို့ကိုယ်သူတို့ ဖော်ထုတ်ပြသလာခဲ့သည်။

ကျုံးချန်မှာ အပျော်လွန်သွားခဲ့သည် “ ညီအစ်ကိုရှု တွက်ချက်ထားတဲ့အတိုင်းပဲ၊ ရန်သူ့ အင်အားအများစုက ရှုန်းမာတောင်ကြားကို ရောက်သွားပြီ “

ထို့နောက်တွင် သူသည် တွေဝေတုံ့ဆိုင်းနေခြင်း မရှိဘဲ ကျယ်လောင်စွာ အော်ပြောလာခဲ့သည် “ သူတို့အားလုံးကို သတ် “

“ သတ် “

တပ်မဟာ ၂၃၏ တိုက်ခိုက်ရေး အစီအရင်သည် အပြည့်အဝ ပုံပေါ်လာခဲ့ပြီး၊ အလင်းတန်းများက ကောင်းကင်ထက်သို့ ထောင်တက်သွားကာ ရန်သူ့တပ်စခန်းကို ချေမှုန်းနေတော့သည်။

…

ကျူးရွှမ်တောင်ကြားအတွင်း၌ ကမ္ဘာ့ကြယ် တပ်စခန်းမှာလည်း အချက်ပေးသံများ ထုတ်လွှတ်လာခဲ့သည်။

ပုံရိပ်များသည် ကောင်းကင်ထက်တွင် ပေါ်လာခဲ့သည်။

“ ရန်သူလာပြီ၊ တိုက် “

ကျူးကျီနှင့် ယောင်ကျီတို့သည် အတူတကွ ပျံသန်းလာခဲ့ပြီး၊ အမူအရာများ သိသိသာသာ ပြောင်းလဲသွားကြသည်၊ သူတို့သည် ကြယ်ပြာဂြိုဟ် စစ်တပ်က ဤတစ်ကြိမ်တွင် အမှန်တကယ် တိုက်ခိုက်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

ကြည့်ရတာတော့ သူတို့က ငါတို့က စစ်အင်အား လျှော့ချလိုက်တာကို သတိထားမိသွားတဲ့ပုံပဲ

“ တိုက်ခိုက်ရေး အစီအရင် ဖွဲ့ပြီး ရန်သူကို ရင်ဆိုင်ကြ “

ကမ္ဘာ့ကြယ်သား စစ်ဗိုလ်တစ်ဦးမှ အော်ပြောလာခဲ့သည်။

ချက်ချင်းဆိုသလိုပင် ကမ္ဘာ့ကြယ်သား သိုင်းပညာရှင်များသည် လျင်မြန်စွာ စုဝေးလာခဲ့ပြီး၊ လူအယောက် ၅၀၀ပါဝင်သည့် တိုက်ခိုက်ရေး အစီအရင်ကို ဖွဲ့စည်းလာခဲ့သည်။

တပ်ဖွဲ့ငယ်လေးတစ်ခုသာ ကျန်နေခဲ့သော်လည်း၊ သူတို့သည် လူအယောက် ၅၀၀ပါဝင်သည့် အစီအရင်ကို ဖွဲ့စည်းနိုင်ခဲ့သည်။

ကမ္ဘာ့ကြယ်၏ တပ်မဟာ ၃၁သည် ဤရှေ့တန်းစစ်မြေပြင်ကို မစွန့်ပစ်နိုင်ကြပေ။ အဘယ့်ကြောင့်ဆိုသော် ၎င်း၏ အရေးပါမှုက ရှုန်းမာ တောင်ကြားထပ်ပင် ပို၍ကြီးမားနေနိုင်သောကြောင့် ဖြစ်သည်။

သို့သော် ကမ္ဘာ့ကြယ်သည် ဤတစ်ကြိမ်တွင် ကြယ်ပြာဂြိုဟ်ဘက်မှ အမှန်တကယ် လာရောက်တိုက်ခိုက်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

ကြယ်ပြာဂြိုဟ်၏တပ်မဟာ ၂၃သည် တိုက်ပွဲတစ်ခုကို ရှုံးနိမ့်ထားခဲ့သောကြောင့် စိတ်ဓာတ်များ ကျဆင်းနေရမည်ဖြစ်သည်။ ယုတ္တိရှိရှိ ပြောရမည်ဆိုပါက သူတို့၏ တိုက်ခိုက်မှုသည် သူတို့၏ အသက်များကို စွန့်စားနေခြင်းဖြစ်ပြီး၊ ထိုလုပ်ရပ်က ကျရှုံးသွားမည်ဆိုပါက တပ်မဟာ ၂၃တစ်တပ်လုံး လုံးဝသုတ်သင်ခံလိုက်ရမည် ဖြစ်သည်။

ယန်တီနှင့် ကွေ့လိုင်တို့မှာလည်း ထိုအချက်ကို စဥ်းစားမိထားကြသည်။ ထို့ကြောင့် သူတို့သည် သူတို့၏ တပ်ထဲမှ စစ်အင်အား အများစုကို ရွှေ့ပြောင်းပြီး၊ ရှုန်းမာတောင်ကြားမှတစ်ဆင့် ကြယ်ပြာဂြိုဟ်ကို အငိုက်ဖမ်းရန် ပြင်ဆင်နေခဲ့ကြသည်။

သို့သော် မထင်မှတ်ထားစွာဖြင့် ကြယ်ပြာဂြိုဟ်သည် တန်ပြန်တိုက်ခိုက်မှုကို လျင်လျင်မြန်မြန် စတင်လာခဲ့သည်။

“ သတ် “

ကျုံးချန်သည် တပ်မဟာ ၂၃ကို ဦးဆောင်ကာ ရန်သူ့၏ တိုက်ခိုက်ရေး အစီအရင်ကို တိုက်ရိုက်တိုက်ခိုက်လာခဲ့သည်။

၅ဆကျော်သာလွန်သည့် စစ်အင်အားဖြင့် တိုက်ခိုက်နေခဲ့ခြင်း ဖြစ်သည်။

အကယ်၍ ကမ္ဘာ့ကြယ်မှ သိုင်းပညာရှင်များက ကြယ်ပြာဂြိုဟ်၏ သိုင်းပညာရှင်များထပ် များစွာသာလွန်နေမည်ဆိုပါက၊ စစ်အင်အားကွာခြားခြင်းကိုမူ မည်သို့မျှ ဖာထေးနိုင်မည် မဟုတ်ပေ။

ချက်ချင်းဆိုသလိုပင် ကမ္ဘာ့ကြယ်၏ တိုက်ခိုက်ရေး အစီအရင် ပြိုကွဲသွားပြီး၊ သူတို့သည် နောက်သို့ အလောတကြီး ဆုတ်ခွာသွားကြသည်။

“ သတ် “

“ အားလုံးကို ချေမှုန်းကြ “

ကျုံးချန်မှ အော်ဟစ်လာခဲ့ပြီး၊ သူ၏မျက်လုံးများတွင် အေးစက်စက် အလင်းတန်းတစ်ခု ဖြစ်တည်လာခဲ့သည်။

အောင်ပွဲမှာ နီးကပ်လာနေပြီ ဖြစ်သည်။

အကယ်၍ သူတို့ကသာ ကျူးရွှမ်တောင်ကြားကို သိမ်းနိုင်မည်ဆိုပါက၊ ၎င်းသည် တပ်မဟာ ၂၃က ရှေ့တန်းစစ်မြေပြင်တွင် အပြတ်အသတ် အောင်ပွဲရသည်ဟု ဆိုလိုနေခြင်းပင် ဖြစ်သည်။

ထို့နောက်၌ သူတို့သည် ဘေးတစ်ဖက်ရှိ စစ်မြေပြင်ကိုပင် တန်ပြန်ထိုးစစ်ဆင်နိုင်ပြီး၊ ရှုန်းမာတောင်ကြားကိုပါ ပြန်၍ သိမ်းပိုက်သွားနိုင်လောက်သည်။

အောင်မြင်မှု(သို့) ကျရှုံးမှုမှာ ဤအခိုက်အတန့် အပေါ်တွင် မူတည်နေပြီ ဖြစ်သည်။

ရှုကျိုး ဦးဆောင်သည့် လူတစ်ရာကျော် ပါဝင်သော တိုက်ခိုက်ရေး အစီအရင်ကမူ ကမ္ဘာ့ကြယ် တိုက်ခိုက်ရေး အစီအရင်၏ ခံစစ်များကို ဖြိုခွင်းကာ ကမ္ဘာ့ကြယ်သား သိုင်းပညာရှင်များကို ချက်ချင်း သတ်ဖြတ်နေတော့သည်။

သူ၏ စစ်ပွဲရမှတ်မှာလည်း မိုးထိထိုးတက်လာခဲ့သည်။

စစ်ပွဲရမှတ် : ၁၁၀၀

စစ်ပွဲရမှတ် : ၁၃၀၀

စစ်ပွဲရမှတ် : ၁၈၀၀

…

ထိုကဲ့သို့သော အခြေအနေမျိုးက စစ်မြေပြင်တွင် ပေါ်ပေါက်လာသည်မှာ အလွန်တရာ ရှားပါးလွန်းနေခဲ့သည်။

များသောအားဖြင့် ကျွန်ုပ်တို့ဘက်တွင် လူသုံးထောင်ပါဝင်သည့် စစ်အင်အားရှိပြီး၊ ရန်သူ့ဘက်တွင်လည်း စစ်အင်အား ထောင်ဂဏန်း ရှိနေမည်ဆိုပါက၊ အင်အားမျှသည့် အခြေအနေတွင် ရန်သူ့ကို မြန်မြန်ဆန်ဆန် အနိုင်ယူ၍ သတ်ဖြတ်ရန်မှာ ခဲယဥ်းနေမည်ဖြစ်သည်။

တိုက်ခိုက်ရေး အစီအရင်၏ ကာကွယ်မှုအောက်တွင် ရှိနေသည့် သိုင်းပညာရှင်များသည် ပြီးပြည့်စုံသည့် အကာအကွယ်ကို ရရှိထားကြပြီး၊ အစီအရင် မပြိုကွဲမချင်း ၎င်း၏အထဲတွင် ရှိနေသည့် လူများကို ထိခိုက်အောင် ပြုလုပ်နိုင်မည် မဟုတ်ပေ။

သို့သော် အစွမ်းထက် တပ်မှူးတစ်ဦးက ကြီးကြပ်နေမည်ဆိုပါက၊ သူတို့သည် တိုက်ခိုက်ရေး အစီအရင်၏ စွမ်းအားကို မြှင့်တင်ကာ မျှခြေကို ချိုးဖျက်၍ ရန်သူ၏ တိုက်ခိုက်ရေး အစီအရင်ကို ဖြိုခွင်းပစ်နိုင်ပေသည်။

ယခင်က ယန်တိနှင့် ကွေ့လိုက်တို့က တိုက်ပွဲအတွင်းသို့ ဝင်လာခဲ့သည့်အချိန်တွင် သူတို့က ကြယ်ပြာဂြိုဟ် စစ်တပ်ကို မည်သည့်အတွက်ကြောင့် မြန်မြန်ဆန်ဆန် ချေမှုန်းနိုင်ခဲ့သနည်း။

၎င်းမှာ သူတို့၏ခွန်အားက ကျုံးချန်ထပ် သာလွန်အားကောင်းနေသောကြောင့် ဖြစ်သည်။

သို့သော် ယခုလက်ရှိ အချိန်၌ ချွင်းချက်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။ ကြယ်ပြာဂြိုဟ်၏တပ်မဟာ ၂၃သည် ကမ္ဘာ့ကြယ်က စစ်အင်အား ရွှေ့ပြောင်းထားသည်ကို အခွင့်ကောင်းယူကာ ကမ္ဘာ့ကြယ် တပ်စခန်းကို ချေမှုန်းလာခဲ့သည်။

“ သေ “

ရှုကျိုးမှ ဓားဝေ့ယမ်းလာခဲ့ကာ ကမ္ဘာ့ကြယ် တိုက်ခိုက်ရေး အစီအရင်၏ ခံစစ်စည်းကို တိုက်ရိုက် ဖြိုခွင်းလာတော့သည်။

ထို့နောက်တွင် သူသည် ကမ္ဘာ့ကြယ်သား သိုင်းပညာရှင်နှစ်ဦးကို ချက်ချင်း ခေါင်းဖြတ်လိုက်သည်။

“ ဟွမ်ကျူး “

တိုက်ပွဲအစီအရင်ထဲတွင် ရှိနေသည့် ကျူးကျီသည် ကြောက်လန့်တကြား အော်ဟစ်လာခဲ့သည်။

သူသည် သူ၏ ကစားဖော်ဖြစ်သကဲ့သို့ ရဲဘော်ရဲဘက်ပါဖြစ်သည့် လူက အဆိုပါ တိုက်ခိုက်မှုကြောင့် နှစ်ပိုင်းပြတ်သွားသည်ကို ကိုယ်တိုင်မြင်တွေ့လိုက်ရသည်။

“ ဒီအဆင့်နိမ့် ကြယ်ပြာကောင်တွေက …….. “

ကျူးကျီသည် မီးတောက်လုမတတ်ဖြစ်နေသည့် မျက်လုံးများကို ရှုကျိုးကို ဒေါသတကြီး စိုက်ကြည့်လာခဲ့သည်။

အကယ်၍ သူတို့၏ ပင်မတပ်ကသာ မရွှေ့ပြောင်းသွားဘူးဆိုပါက၊ ဤအဆင့်နိမ့် ကြယ်ပြာနိုင်ငံသားက ဤမျှ ရဲတင်းနေနိုင်ဦးမည်လား။

“ အရှင်ယန်တိ ရောက်လာတဲ့ အချိန်ကျရင်၊ ငါကိုယ်တိုင် မင်းကို သတ်မယ် “

ကျူးကျီသည် ရှုကျိုးကို ကြည့်နေခဲ့ပြီး၊ သူ့အကြည့်မှာ ရေခဲကဲ့သို့ အလွန်တရာ အေးစက်နေခဲ့သည်။

…

ရှုကျိုးကမူ လူတစ်ဦးက သူ့အား တိတ်တဆိတ် ရန်ငြှိုးထားနေသည်ဆိုသည်ကို မသိပေ။ ထိုအချိန်၌ သူသည် ဓားကို ဆက်တိုက်လွှဲရမ်းနေကာ ကမ္ဘာ့ကြယ်သား သိုင်းပညာရှင်များကို ဒါဇင်နှင့်ချီ၍ သတ်ဖြတ်နေခဲ့သည်။

သူ၏ စစ်ပွဲရမှတ်မှာလည်း လျင်မြန်စွာ မြင့်တက်နေခဲ့သည်။

“ ဆုတ်ကြ “

ဤအတိုင်း ဆက်သွားနေမည်ဆိုပါက တစ်တပ်လုံး သုတ်သင်ခံလိုက်ရမည်ကို သိနေသောကြောင့် ကမ္ဘာ့ကြယ်သား စစ်ဗိုလ်တစ်ဦးမှာ အော်ဟစ်ညွှန်ကြားလာခဲ့သည်။

ထို့နောက် စက္ကန့်ပိုင်းမျှ အကြာတွင် ကမ္ဘာ့ကြယ်သားတို့သည် စတင်၍ ဆုတ်ခွာနေကြတော့သည်။

သို့ရာ၌ အဆိုပါ ဆုတ်ခွာမှုသည် သူတို့၏ စိတ်ဓာတ်များကိုလည်း ပြိုကွဲသွားစေခဲ့သည်။

စိတ်ဓာတ်ကျသွားခြင်းသည် ထိရောက်မှုရှိသော တိုက်ခိုက်မှုများကို မပြုလုပ်နိုင်တော့ဘူးဟု ဆိုလိုနေခြင်းဖြစ်ပြီး၊ ၎င်းသည် လုံးဝရှုံးနိမ့်ခြင်းအထိ ဖြစ်သွားစေနိုင်သည်။

၎င်းကို မြင်လိုက်ရသောအခါတွင် ကျုံးချန်သည် အပျော်လွန်သွားခဲ့ပြီး၊ လိုက်လံတိုက်ခိုက်ကြဖို့ အမိန့်ပေးရန် ပြင်လာတော့လေသည်။

သို့သော် ထိုအခိုက်အတန့်တွင် ……..

………………………………………………………………………………………………………………………………………..

အပိုင်း ( 476 )

စစ်ပွဲရမှတ်များ မြင့်တက်လာခြင်း၊ ကျွန်တော် တပ်မှူးလုပ်မယ် ၂

“ ဘုမ်းးး “

အားကောင်းသော စွမ်းအင်လှိုင်းတစ်ခုသည် ကောင်းကင်ထက်သို့ ထောင်တက်လာခဲ့သည်။

ထိုစွမ်းအင်လှိုင်းကို ခံစားလိုက်ရသောအခါတွင် ကျုံးချန်၏ အမူအရာသည် သိသိသာသာ ပြောင်းလဲသွားခဲ့သည်။

“ ဒီစွမ်းအင်က ……. အဲ့တာများ ဖြစ်နိုင်မလား “

တစ်ချိန်တည်းမှာပင် ကျူးကျီနှင့် ယောင်ကျီတို့မှာလည်း များစွာပျော်ရွှင်သွားကြသည်။

“ ဆရာယန်တိပဲ “

ကမ္ဘာ့ကြယ်စစ်တပ်ဘက်မှ ခေါင်းဆောင်တို့မှာလည်း ပျော်ရွှင်ဝမ်းမြောက်သွားကြသည် “ ဆရာယန်တိ၊ နောက်ဆုံးတော့ မင်းထွက်လာခဲ့ပြီပေါ့ “

အဝေးရှိ ကောင်းကင်ယံတွင် မျက်စိမှိတ်ထားသည့် ပုံရိပ်တစ်ခု ပေါ်ထွက်လာခဲ့သည်။

ဆွစ်ရှ်

ထိုလူမှ မျက်လုံးများ ရုတ်တရက် ဖွင့်ဟလာခဲ့ရာ၊ ပဥ္စမအဆင့် အထွတ်အထိပ်၏ အရှိန်အဝါသည် ချက်ချင်းပေါက်ထွက်လာခဲ့သည်။

ချက်ချင်းဆိုသလိုပင် ကမ္ဘာတစ်ခုလုံးသည် အဆိုပါ အရှိန်အဝါ၏ ဖုံးလွှမ်းခြင်းကို ခံလိုက်ရသည့်အလား အနည်းငယ် မည်းမှောင်သွားခဲ့သည်။

“ ဆရာယန်တိက အဆင့်တက်သွားပြီ “

“ ကောင်းတယ်၊ ငါတို့တော့ အကယ်ခံရပြီ “

ယန်တိ၏ အရှိန်အဝါကို အာရုံခံမိသွားသောအခါတွင် ကမ္ဘာ့ကြယ် တိုက်ခိုက်ရေး အစီအရင်အတွင်းရှိ လူများမှာ အံ့ဩပျော်ရွှင်သွားကြသည်။

ယန်တိသည် ယခင်က နှောင်းပိုင်း ပဥ္စမအဆင့်တွင် ရှိနေခဲ့သည့် အချိန်ကပင် ကြယ်ပြာဂြိုဟ် စစ်တပ်၏ တိုက်ခိုက်ရေး အစီအရင်ကို လုံးဝဖိနှိပ်နိုင်ခဲ့သည်။

ယခုတွင်ကား ယန်တိသည် ပဥ္စမအဆင့် အထွတ်အထိပ်သို့ ရောက်ရှိသွားပြီ ဖြစ်သောကြောင့်၊ လူအင်အား မမျှဘူးဆိုလျှင်တောင်မှ သူတို့ထံတွင် အခြေအနေကို ပြောင်းပြန်လှန်သည့် အခွင့်အလမ်းများ ရှိနေစဲပင် ဖြစ်သည်။

ထိုစဥ် ကြယ်ပြာဂြိုဟ် စစ်တပ်၏ လေထုမှာမူ သိသိသာသာ ပြောင်းလဲသွားခဲ့သည်။

သူတို့သည် ယန်တိ၏ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို ယခင်က ရင်ဆိုင်ထားခဲ့ဖူးသည်။

ယခု၌ သူအဆင့်တက်သွားပြီ ဖြစ်ပြီး၊ ၎င်းမှာ သူတို့၏ တပ်မဟာ ၂၃အတွက် သတင်းကောင်းတစ်ပုဒ် မဟုတ်ပေ။

ကျုံးချန်မှာလည်း စိတ်ထဲတွင် အထိတ်တလန့် ဖြစ်သွားခဲ့သည်၊ သို့သော် စစ်တပ်၏ တပ်မှူးတစ်ဦးဖြစ်သည့် သူသည် အပြင်ဘက်တွင် မည်သည့်အရိပ်အငွေ့ကိုမှ ထုတ်မပြဘဲ၊ မာမာထန်ထန် အော်ဟစ်လာခဲ့သည် “ ရန်သူ့စစ်အင်အားက ငါတို့ထပ် နည်းနေတုန်းပဲ၊ အစီအရင် မပျက်စေနဲ့ “

ယန်တိမှာလည်း သူ၏စကားကို ကြားသွားပုံရပြီး၊ လှည့်ကြည့်လာခဲ့သည်။

ထို့နောက်တွင် သူသည် အေးအေးလူလူ စကားပြောလာခဲ့သည် “ အရှုံးသမား အဆင့်နိမ့်ကောင်က ဒီကို လာသေရဲနေတယ်ပေါ့၊ သေခြင်းရှင်ခြင်းကို တကယ်ကြီး ဂရုမစိုက်တာပဲ “

ကြယ်ပြာဂြိုဟ်နှင့် ကမ္ဘာ့ကြယ်သားတို့က တစ်ဦး၏စကားကို တစ်ဦးက နားမလည်ကြသော်လည်း၊ အလယ်အလတ်အဆင့် နယ်ပယ်ရှိ လူအများစုကမူ တစ်ဖက်လူ၏ ဆိုလိုရင်းကို ကျန်တစ်ဦးက သိထားကြသည်။

ယန်တိ၏ စကားကို ကြားလိုက်ရသောအခါတွင် ကြယ်ပြာနိုင်ငံသားတို့၏ မျက်လုံးများသည် ဒေါသတို့ဖြင့် နီရဲလာခဲ့သည်။

မောက်မာတယ်၊ လွန်လွန်ကျူးကျူးကို မောက်မာတယ်

ယခု၌ ယန်တိဘက်တွင် လူလေးရာမျှသာ ကျန်နေခဲ့ပြီး၊ ကြယ်ပြာဂြိုဟ်ဘက်တွင်မူ လူ၃၀၀၀ကျော် ကျန်ရှိနေစဲပင်ဖြစ်သည်၊ သို့သော် သူသည် ထိုကဲ့သို့ ကြွားဝါပြောဆိုဝံ့သေးသည်။

ထိုလူသည် သူ၏စွမ်းအားကို အတော်လေး ယုံကြည်သည်ဟု ပြောရမည်ဖြစ်သည်။

ကျုံးချန်သည် အချိန်သိပ်မကျန်တော့ဘူးဆိုသည်ကို သိနေသည့်အတွက် သူနှင့်ငြင်းခုန်မနေတော့ပေ။ ကမ္ဘာ့ကြယ်ဘက်မှ စစ်ကူများ ရောက်လာသည်နှင့်တစ်ပြိုင်နက် ပြဿနာများသွားမည် ဖြစ်သည်။

“ သတ်ဖြတ်ရေး အစီအရင်ဖွဲ့ပြီးတော့ ရန်သူကို သတ် “

ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် တပ်မဟာ ၂၃တစ်ခုလုံး လှုပ်ခါသွားခဲ့ပြီး၊ အလင်းတန်းများသည် ကောင်းကင်ထက်သို့ ထောင်တက်လာခဲ့သည်။

အဆိုပါ အလင်းတန်းများသည် တပ်သားတစ်ဦးချင်းစီတိုင်း၏ ကလီစာငါးခု လျှို့ဝှက်စွမ်းအားထံမှ ရောက်ရှိလာခြင်းဖြစ်သည်။

စစ်တပ် အစီအရင်က မည်မျှအစွမ်းထက်လွန်းနေရသနည်း။ လူတစ်ဦးထပ် ဆယ်ဆ(သို့) အဆ တစ်ရာ သာလွန်သည့် စွမ်းအားကို မည်သည့်အတွက်ကြောင့် ထုတ်လွှတ်နေနိုင်ရသနည်း။ အဘယ့်ကြောင့်ဆိုသော် ၎င်းက အားလုံး၏ စွမ်းအားများကို စုစည်းနိုင်သောကြောင့် ဖြစ်သည်။

အဆိုပါ စုစည်းမှုသည် ပေါင်းထည့်ခြင်းမဟုတ်ဘဲ၊ ဆတိုးတိုးလာခဲ့ခြင်း ဖြစ်သည်။

ကလီစာငါးခု၏ အဆုံးမဲ့ လျှို့ဝှက်စွမ်းအားများ စုစည်းလာခဲ့ပြီး၊ ကောင်းကင်ဘုံ၏ စွမ်းအင်ကို ခိုးယူကာ တိုက်ခိုက်ရေး အစီအရင်၏အောက်တွင် စစ်ပွဲနိယာမကို ဖွဲ့စည်းလာခဲ့သည်။

လူတစ်ရာပါဝင်သော တိုက်ခိုက်ရေး အစီအရင်၏ တပ်မှူးတစ်ဦးဖြစ်သည့် ရှုကျိုးမှာလည်း ၎င်းကို ခံစားမိသွားခဲ့သည်။

အဘယ့်ကြောင့်ဆိုသော် သူ၏လက်အောက်ငယ်သားတို့ထံမှ ရောက်ရှိလာသည့် ကလီစာငါးခု၏ လျှို့ဝှက်စွမ်းအား အကုန်လုံးက သူ၏ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာသည်ကို ခံစားနေရသောကြောင့် ဖြစ်သည်။

“ အခုဆိုရင် လက်သီးတစ်ချက်တည်းနဲ့ အဆင့်၆ ပညာရှင်တစ်ယောက်ကိုတောင် သတ်နေနိုင်လောက်ပြီ “ ရှုကျိုးသည် အနည်းငယ် အံ့ဩတုန်လှုပ်သွားခဲ့သည်။

သို့ရာ၌ သူသည် တပ်ရင်းတစ်ခုလုံး၏ တပ်မှူး မဟုတ်ဘဲ၊ တပ်စိတ်တစ်ခုကိုသာ တာဝန်ယူထားရခြင်း ဖြစ်သည်၊ ထို့ကြောင့် သူသည် အဆိုပါ စွမ်းအင် အကုန်လုံးကို ကျုံးချန်ဆီသို့ လွှဲပြောင်းပေးပို့လိုက်သည်။

အဆုံးမဲ့ စွမ်းအင်များသည် ကျုံးချန်ဆီသို့ စုပြုံရောက်ရှိလာခဲ့သည်။

အသက်ရှူကြိမ်တစ်ကြိမ် အတွင်းမှာပင် တိုက်ခိုက်ရေး အစီအရင်ပေါ်တွင် ရွှေရောင်ဘီလူကြီးတစ်ကောင် ပေါ်ထွက်လာခဲ့သည်။

၎င်းမှာ တပ်မဟာ ၂၃တစ်ခုလုံး၏ စိတ်ဆန္ဒများ ပါဝင်နေသည့် တပ်တစ်ခုလုံးမှ စစ်သည်တော်တိုင်း၏ ကလီစာငါးခု လျှို့ဝှက်စွမ်းအားမှ ဖွဲ့စည်းထားသည့် စစ်တပ်၏ စိတ်ဝိညာဥ်လက်နက် ဖြစ်သည်။

ရွှေရောင်ဘီလူးကြီးသည် လေတိုက်တိုင်း ကြီးထွားလာခဲ့ပြီး၊ မီတာ ၁၀၀အမြင့်သို့ ရောက်ရှိလာသောအခါ၌ ကျုံးချန်သည် ကြီးမားသော စွမ်းအားကို တောင့်မခံနိုင်ပုံရကာ သူ၏မျက်နှာမှာ နီရဲလာခဲ့သည်။

သူသည် စုပ်ယူနေခြင်းကို ရပ်တန့်လိုက်သည်။ ဘီလူးကြီးမှာလည်း ကြီးထွားခြင်း ရပ်တန့်သွားခဲ့သည်။

“ ကြည့်ရတာတော့ ကျုံးချန်က စစ်တပ်တစ်ခုလုံးရဲ့ စွမ်းအားကို တောင့်မခံနိုင်ပုံပဲ “ ရှုကျိုး အတွေးနက်သွားတော့သည်။

စစ်တပ်တစ်ခုလုံး၏ စွမ်းအင်အကုန်လုံးကို စုပ်ယူထိန်းသိမ်းထားရခြင်းသည် အလွန်တရာ နာကျင်ကိုက်ခဲရသည့် ကိစ္စတစ်ခု ဖြစ်သည်။

အကယ်၍ လူသားခန္ဓာကိုယ်ကို ဘောလုံးနှင့် နှိုင်းယှဥ်လိုက်မည်ဆိုပါက၊ ကျုံးချန်သည် ဘောလုံးပေါင်း ၃၀၀၀ကျော်ကို သူ၏ခန္ဓာကိုယ်ထဲသို့ ထိုးထည့်နေရပြီး၊ အမှားသေးသေးလေး တစ်ခုကပင် သူ့၏ခန္ဓာကိုယ်ကို ပေါက်ကွဲထွက်သွားစေနိုင်သည်။

ထို့ကြောင့် သူသည် မျှခြေကို ထိန်းသိမ်းရန်အတွက် စွမ်းအင်တစ်ချို့ကို ထုတ်လွှတ်လိုက်ရမည် ဖြစ်သည်။

သို့ရာတွင် ရှုကျိုးသည် ကျုံးချန်က စွမ်းအင် တစ်ဝက်ကျော်ကျော်အား ထုတ်လွှင့်လိုက်သည်ကို မြင်တွေ့ခဲ့ရသည်၊ ၎င်းမှာ သူက စစ်တပ်တစ်ခုလုံး၏ စွမ်းအားတစ်ဝက်ကိုသာ တောင့်ခံနိုင်သည်ဟု ဆိုလိုနေခြင်း ဖြစ်သည်။

၎င်းကပင် အတော်လေး ကောင်းနေခဲ့ပြီ ဖြစ်သည်။

ပဥ္စမအဆင့် အထွတ်အထိပ် တပ်မှူးအများစုသည် စစ်တပ်တစ်ခုလုံး၏ စွမ်းအားသုံးပုံတစ်ပုံကိုသာ တောင့်ခံနိုင်မည်ဆိုလျှင်တောင်မှ အံ့ဖွယ်ကောင်းနေပြီဟု သတ်မှတ်ခံထားရလေသည်။

…

“ သတ် “

ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် သူ့အနောက်ရှိ ဘီလူးကြီးသည် ဧရာမ ပုဆိန်ကြီးတစ်လက်ကို ကိုင်ဆောင်၍ ဒေါသတကြီး ဟိန်းဟောက်ကာ အရှေ့ဘက်ရှိ ကမ္ဘာ့ကြယ် တိုက်ခိုက်ရေး အစီအရင်ကို ခုတ်ပိုင်းလာခဲ့သည်။

ယန်တိသည် စကားလုံးများဖြင့် လေကျယ်တတ်သော်လည်း၊ အမူအရာ လေးနက်သွားကာ အော်ပြောလာခဲ့သည် “ ခုခံရေး အစီအရင် ဖွဲ့စည်းကြ “

“ ဗွီ “

ကမ္ဘာ့ကြယ် စစ်တပ်ဘက်၌ ကျန်ရှိနေသည့် လူအယောက် ၄၀၀သည် အစီအရင်တစ်ခုကို လျှင်မြန်စွာ ဖွဲ့စည်းလိုက်ကြပြီး၊ စွမ်းအင်များကို ယန်တိ၏ခန္ဓာကိုယ်ထဲသို့ ပို့လွှတ်နေကြတော့သည်။

စွမ်းအင်များ ပေါက်ထွက်လာခဲ့သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ထူထဲသော ဧရာမ ဒိုင်းကာတစ်ခုသည် ကမ္ဘာ့ကြယ် စစ်တပ်၏ အရှေ့ဘက်တွင် ဖွဲ့စည်းလာခဲ့ပြီး၊ အစီအရင်အထက်ရှိ ကောင်းကင်ယံတွင် မျောလွင့်နေခဲ့သည်။

ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် ပုဆိန်ကြီးသည် ဒိုင်းကာပေါ်သို့ ပြင်းထန်စွာ ကျရောက်လာခဲ့သည်။

“ ဘုမ်းးးး “

ထိုနှစ်ခု တိုက်မိခြင်းသည် ကျယ်လောင်သော ပေါက်ကွဲသံများကို ပေါ်ထွက်လာစေခဲ့ပြီး၊ ကြောက်မက်ဖွယ်ကောင်းသည့် လှိုင်းလုံးများကို ထုတ်လွှတ်လာခဲ့သည်။

ကြောက်မက်ဖွယ်ရာ စွမ်းအင်လှိုင်းသည် ဘက်ပေါင်းစုံသို့ ပျံ့လွင့်သွားခဲ့သည်။

“ ဒီစွမ်းအင်က ……. အဆင့်၆ ပညာရှင်တစ်ယောက်ကတောင် ကြေမွသွားမှာကို ငါကြောက်မိတယ် “ ရှုကျိုးသည် တအံ့တဩဖြစ်သွားခဲ့သည်။

အလယ်အလတ်အဆင့် သိုင်းပညာရှင်တို့က ဖွဲ့စည်းထားသည့် အစီအရင်သည် အနိမ့်ပိုင်းသုံးဆင့် ပညာရှင်တို့၏ အစီအရင်ထပ် များစွာပိုမို အစွမ်းထက်နေခဲ့သည်။

ပထမဦးဆုံးအနေဖြင့် အနိမ့်ပိုင်းသုံးဆင့်မှ ပညာရှင်တို့၏ အစီအရင်ကို လူအင်အား ရာဂဏန်းဖြင့်သာ ဖွဲ့စည်းလေ့ရှိပြီး၊ အလယ်အလတ်အဆင့် ပညာရှင်တို့၏ အစီအရင်မှာမူ လူထောင်နှင့်ချီ၍ ပူးပေါင်းဖွဲ့စည်းလေ့ရှိသည်။

လူအင်အား ကွာဟခြင်းသည် လူအရေအတွက် ပြောင်းလဲမှုမှတစ်ဆင့် အရည်အသွေးပြောင်းလဲမှုဆီသို့ ဦးတည်သွားစေကာ၊ စွမ်းအားကို အဆပေါင်းများစွာ မြင့်တက်သွားစေခဲ့သည်။

ဒုတိယအနေဖြင့် အလယ်အလတ်အဆင့် တပ်မှူးများသည် အစီအရင်၏ စွမ်းအားကို ပိုမိုစုစည်းလက်ခံနိုင်ကြသည်။

အနိမ့်ပိုင်း သုံးဆင့်မှ တပ်မှူးများကမူ အစီအရင်၏ စွမ်းအား ဆယ်ပုံတစ်ပုံကိုသာ လက်ခံနိုင်ကြပြီး၊ တပ်မဟာ ၂၃၏ တပ်မှူးဖြစ်သည့် ကျုံးချန်ကမူ အနည်းဆုံးအနေဖြင့် တစ်ဝက်တိတိ ‌တောင့်ခံစုစည်းနိုင်ခဲ့သည်။

……………………………………………………………………………………………………………………………………………

အပိုင်း ( 477 )

စစ်ပွဲရမှတ်များ မြင့်တက်လာခြင်း၊ ကျွန်တော် တပ်မှူးလုပ်မယ် ၃

“ ဒီလိုစွမ်းအားမျိုးကို လူအယောက်လေးရာပဲ ရှိတဲ့ ကမ္ဘာ့ကြယ်စစ်တပ်က ခက်ခက်ခဲခဲ ခုခံရသင့်တယ်လေ၊ ဟုတ်တယ်မလား “ ရှုကျိုးသည် စိတ်ထဲတွင် တိတ်တဆိတ် တွက်ချက်နေခဲ့သည်။

“ ဝုန်းးးး “

အံ့ဖွယ်ကောင်းသည့် ထိတွေ့မှုများကြားတွင်

ဧရာမဒိုင်းကြီးက ပြင်းပြင်းထန်ထန် လှုပ်ခါသွားသည်ကိုသာ မြင်တွေ့ခဲ့ရသည်။ သို့သော် ၎င်းမှာ မည်သို့မျှ မပြိုလဲသွားခဲ့ပေ။

၎င်းကို မြင်လိုက်ရသောအခါတွင် ယန်တိသည် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချနေတော့သည်။

ထို့နောက်တွင် သူသည် အေးအေးဆေးဆေး စကားပြောလာခဲ့သည် “ အဲ့တာပဲလား။ ကျုံးချန်၊ မင်းရဲ့ တိုက်ခိုက်ရေး အစီအရင်မှာ လူသုံးထောင်ကျော်ပါတယ်လေ၊ မင်းက အဲ့တာကို တကယ်ကြီး ဖြုန်းတီးနေတာပဲ။ ကြယ်ပြာဂြိုဟ်က တပ်မှူးကို အစားထိုးလိုက်သင့်တယ်လို့ ငါထင်တယ်။ မင်းလိုအသုံးမကျတဲ့ တပ်မှူးမျိုးက ဒီလိုတိုက်ခိုက်ရေး အစီအရင်မျိုးကို ထိန်းချုပ်ဖို့ မထိုက်တန်ဘူး “

ထိုစကားလုံးများ ပေါ်ထွက်လာသည်နှင့်တစ်ပြိုင်နက် ကျုံးချန်၏ မျက်နှာပေါ်တွင် ဒေါသ၏ အရိပ်အငွေ့များ ဖြစ်တည်လာခဲ့သည်။

ယန်တိက စစ်တပ်၏ စိတ်ဓာတ်ကို ဖြိုဖျက်ရန် ကြိုးပမ်းနေသည်ဆိုသည်မှာ သိသာလွန်းနေခဲ့သည်။ ကျုံးချန်၏ လက်အောက်တွင် ရှိနေသည့် သိုင်းပညာရှင်များက ယန်တိ၏ စကားကို ယုံကြည်သွားမည်ဆိုပါက၊ အစီအရင်၏ စွမ်းအားသည် သိသိသာသာ လျော့ကျသွားမည် ဖြစ်သည်။

သူတို့ဖန်တီးထားသည့် ဧရာမ ဘီလူးကြီးကပင် ပြိုကွဲသွားနိုင်ပေသည်။

ကံကောင်းထောက်မစွာဖြင့် တပ်မဟာ ၂၃၏ စိတ်ဓာတ်သည် အလွန်တရာ တည်ငြိမ်နေခဲ့ပြီး၊ မည်သို့မျှ မယိမ်းယိုင်သွားခဲ့ပေ။

ရှုကျိုးမှ အော်ပြောလာခဲ့သည် “ တပ်မှူးကျုံး၊ သူတို့ရဲ့ ခံစစ်ကို မြန်မြန်ချိုးဖျက်၊ စစ်ကူရောက်လာမှာကို မစောင့်နဲ့ “

ကျုံးချန်မှာလည်း ဤကိစ္စ၏ လေးနက်မှုကို သိနေကာ ခေါင်းငြိမ့်ပြလာခဲ့သည်။ ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် သူသည် ဧရာမ ဘီလူးကြီးကို ထပ်မံ၍ ထိန်းချုပ်ကာ ပုဆိန်ကြီးကို ထပ်မြှောက်လာခဲ့သည်။

“ ဘုမ်းးးး “

ပုဆိန်ကြီးသည် ဒိုင်းကာကြီးကို ထပ်မံ၍ ရိုက်ချလာပြန်သည်။

ဒီတစ်ကြိမ်တွင်လည်း ဒိုင်းကာမှာ မပြိုကွဲသွာခဲ့ပေ။ သို့သော် ၎င်း၏မျက်နှာပြင်ပေါ်တွင် အက်ကြောင်းတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

“ ငါ့အတွက် ချိုးဖျက်လိုက် “

ကျုံးချန်သည် ဟိန်းဟောက်ကြုံးဝါး၍ ပုဆိန်ကြီးဖြင့် ထပ်မံ၍ ခုတ်ပိုင်းလာပြန်သည်။

ဝုန်းးး …. ဤတစ်ကြိမ်၌ ဒိုင်းကြီးမှာ ပြင်းပြင်းထန်ထန် လှုပ်ခါသွားခဲ့သည်၊ သို့သော် လုံးဝမပြိုကွဲသွားသေးပေ။

“ ဟူးး ဟူးးး “

ကျုံးချန်သည် အစီအရင်အထက်တွင် မတ်တပ်ရပ်နေကာ အမောတကော အသက်ရှူနေခဲ့သည်။

စစ်တပ်တစ်ခုလုံး၏ စွမ်းအားတစ်ဝက်ကို ထိန်းချုပ်ကာ သုံးကြိမ်ဆက်တိုက် တိုက်ခိုက်ခဲ့ရပြီးသည့်နောက်တွင် ကျုံးချန်မှာ မောပန်းနွမ်းနယ်သွားခဲ့သည်။

ကျုံးချန်သည် အရှေ့ဘက်ရှိ ဧရာမ ဒိုင်းကာကြီးကို ကြည့်ကာ ဒေါသတကြီး ဖြစ်သွားခဲ့သည် “ ဒီနောက်ဆုံးတစ်ချက်မှာတော့ အဲ့တာကို သေချာပေါက် ရိုက်ချိုးပစ်မယ် “

သို့သော် နောက်တစ်ချက် ထပ်တိုက်ရန် ပြင်လိုက်သည့် အချိန်တွင် ……

“ ဝှစ် “

လေတိုးသံတစ်သံ ပေါ်ထွက်လာခဲ့သည်။

ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် မီတာ ရာနှင့်ချီ၍ ရှည်လျားသည့် သွေးနီရောင် မြှားတစ်ချောင်းသည် ကျုံးချန်ဆီသို့ ပစ်ခွင်းလာခဲ့သည်။

“တပ်မှူး၊ သတိထား “ ရှားလီယွဲ့မှ အလောတကြီးအော်ပြောလာခဲ့သည်။

ကျုံးချန်သည် ၎င်းကို အာရုံခံမိသွားကာ၊ ဘီလူးကြီးကို ထိန်းချုပ်၍ ၎င်းကို ပိတ်ဆို့တားဆီးလိုက်သည်။

“ ဘုမ်းးး “

ပုဆိန်သည် သွေးနီရောင် မြှားနှင့် တိုက်မိသွားပြီး၊ ကမ္ဘာမြေလှုပ်ခါသွားစေနိုင်သည့် အသံကို ထုတ်လွှတ်လာခဲ့ကာ၊ ဘီလူကြီးကို အဆက်မပြတ် နောက်ဆုတ်သွားစေခဲ့သည်။

အဆိုပါ ဘီလူးကြီးသည် ကျုံးချန်အပါအဝင် စစ်သည် သုံးထောင်ကျော်က ပေါင်းစပ်ဖန်တီးထားခြင်း ဖြစ်ပြီး၊ ဘီလူးကြီးက နောက်ဆုတ်သွားရခြင်းမှာ စစ်သည်သုံးထောင်ကျော်က ပြင်းထန်သော တန်ပြန်သက်ရောက်မှုများကို ခံစားလိုက်ရသည်ဟု ဆိုလိုနေခြင်းပင် ဖြစ်သည်။

“ ဖူးးး “

ကျုံးချန်သည် အပြင်းထန်ဆုံး သက်ရောက်မှုကို ခံစားလိုက်ရပြီး၊ ပါးစပ်အပြည့် သွေးတစ်လုပ် အန်လိုက်ရကာ အသက်ရှူသံပင် အားလျော့သွားခဲ့သည်။

သို့သော် သူသည် ၎င်းကို လျစ်လျူရှုထားကာ သူ၏ဦးခေါင်းကို မြှောက်၍ အဝေးသို့ လှမ်းကြည့်လိုက်သည်။

ကျူးရွှမ်တောင်ကြား အပြင်ဘက်တွင် အနက်ရောင် မျဥ်းကြောင်းတစ်ခု ပေါ်လာခဲ့သည်။

အဆိုပါ အနက်ရောင် မျဥ်းကြောင်းသည် လျင်မြန်စွာ ကြီးမားပြန့်ကားလာပြီး၊ ကမ္ဘာ့ကြယ်သား အယောက် ၆၀၀ပါဝင်သည့် တိုက်ခိုက်ရေး အစီအရင်အဖြစ် ဖွဲ့စည်းလာခဲ့သည်၊ သတ်ဖြတ်လိုစိတ်များကို ထုတ်လွှင့်၍ ဤဘက်သို့ ချီတက်လာကြသည်။

ကျူးကျီသည် အပေါ်လွန်သွားခဲ့သည် “ ကောင်းတယ်၊ ငါတို့ရဲ့ စစ်ကူတွေ ရောက်လာပြီ “

“ အခုတော့ ကြယ်ပြာကောင်တွေ အကုန်သွားပြီပဲ “

ယန်တိ၏ မျက်နှာပေါ်တွင်လည်း အပြုံးတစ်ခု ဖြစ်တည်လာခဲ့သည်။ သူက ခုခံရေး အစီအရင်ကို ဖွဲ့စည်းလိုက်ရသည်မှာ စစ်ကူရောက်ရှိလာမည့် အချိန်အထိ အချိန်ဆွဲထားရန်အတွက် ဖြစ်သည်။

ထိုကဲ့သို့သာ မဟုတ်ဘူးပါက ပဥ္စမအဆင့် အထွတ်အထိပ်သို့ ရောက်ခါစဖြစ်သည့် သူ၏စွမ်းအားဖြင့် လူအယောက် သုံးထောင်ကျော်ဖြင့် ဖွဲ့စည်းထားသည့် ကြယ်ပြာဂြိုဟ်၏ တိုက်ခိုက်ရေး အစီအရင်ကို ခက်ခက်ခဲခဲ ခုခံခဲ့ရမည် ဖြစ်သည်။

ကံကောင်းထောက်မစွာဖြင့် သူသည် စစ်ကူရောက်ရှိလာသည့် အချိန်အထိ စောင့်ဆိုင်းနိုင်ခဲ့သည်။

…

ကျုံးချန်၏ အမူအရာ မည်းမှောင်သွားခဲ့သည်။ ကမ္ဘာ့ကြယ်ဘက်က စစ်ကူတွေ ရောက်လာပြီ

အခုတော့ သောက်ပြဿနာ တက်ပြီပဲ

“ အခုမှ အဆင့်၅ အထွတ်အထိပ်ကို ရောက်လာတဲ့ ယန်တိရဲ့ စွမ်းအားကလည်း တော်တော်ကြီးကို ကြောက်ဖို့ကောင်းတယ် “ ကျုံးချန်သည် စိတ်ခံစားချက်များ လေးလံသွားခဲ့သည်။

အကယ်၍ ယန်တိသာ အဆင့်မတက်သွားဘူးဆိုပါက၊ ယခုလက်ရှိ အချိန်တွင် သူသည် ရန်သူကို အနိုင်ယူ၍ ဆုတ်ခွာနိုင်ခဲ့ပြီးပြီ ဖြစ်သည်။

ကံဆိုးစွာဖြင့် အပြောင်းအလဲများ ဖြစ်ပေါ်လာခဲ့သည်။ ယန်တိသည် အဆင့်ထိုးဖောက်နိုင်ခဲ့ပြီး၊ ကြယ်ပြာဂြိုဟ် တပ်မဟာ ၂၃၏ တိုက်ခိုက်မှုများကို စစ်ကူများ ရောက်ရှိလာချိန်အထိ တောင့်ခံသွားနိုင်ခဲ့သည်။

ယခင်က တိုက်ပွဲများကြောင့် ကျုံးချန်သည် အနည်းငယ် မောပန်းနေခဲ့ပြီ ဖြစ်သည်။ အတင်းအကြပ် ဆက်တိုက်နေဦးမည်ဆိုပါက အောင်ပွဲရရန် အခွင့်အလမ်း နည်းပါးသွားမည် ဖြစ်သည်။

သို့သော် ဤတစ်ကြိမ်တွင်မူ သူတို့ကသာ ပြန်ဆုတ်သွားမည်ဆိုပါက တစ်တပ်လုံး အပျောက်ရှင်းခံလိုက်ရနိုင်ပေသည်။

ကျုံးချန်၏ စိတ်ခံစားချက်များ ပိုမိုလေးလံလာသည့် အချိန်တွင် ရှုကျိုးသည် သူ့ဘေးသို့ ရုတ်တရက် ပျံသန်းလာခဲ့သည်။

“ တပ်မှူးကျုံး၊ တစ်တပ်လုံးကို ငါထိန်းချုပ်ပါရစေ “

All Chapters