← Chapters

အခန်း (၁၆၆-၁၇၀)

Vol. 12 Ch. 166-170

အခန်း (၁၆၆-၁၇၀)

Vol. 12 Ch. 166-170

အခန်း (၁၆၆) လင်းဖန်နှင့် နောက်တကြိမ်တိုက်ခိုက်ခြင်း

ချင်ယွင်သည် ထွက်ပြေးလွတ်မြောက်လာသည်နှင့်အမျှ သူသည် အနက်ရောင် ဝတ်ရုံဝတ် ကိုယ်ပွားနှင့် အမြန်ပြောင်းခဲ့လိုက်သည်။

သူသည် သူ၏ကိုယ်ပွား၏လျှို့ဝှက်ချက်ကို မထုတ်ဖော်ချင်သေးပါဘူး။ သူ၏ ခန္ဓာကိုယ် အစစ်အမှန်သည် သူတို့နှစ်ဦးနှင့် ပြိုင်ဘက်မဖြစ်နိုင်သောကြောင့် ချင်ယွင်သည် ဝတ်ရုံနက်ကိုယ်ပွားဖြင့် အမြန်ပြောင်းလိုက်ရခြင်းဖြစ် သည်။

ပြောင်းလဲခြင်းဟူသည် သူ၏အစစ်မှန်ခန္ဓာကိုယ်က ကောင်းကင်ဘုံကိုးလွှာ ကြယ်စင်စု ပုံကြမ်းထဲ့သို့ လျင်မြန်စွာဝင်ရောက်ခြင်းဖြစ်ပြီး ထို့နောက်တွင် အနက်ရောင် ၀တ်ရုံ၀တ်ကိုယ်ပွားသည် ချင်ယွင်ကို မူလနေရာတွင်အစားထိုးရန် အတွက် ထွက်လာမည် ဖြစ်သည်။

ဤလုပ်ငန်းစဉ်သည် တခဏအတွင်းသာ ပြီးမြောက်နိုင်သောကြောင့် လင်းဖန်နှင့် အနီရောင်ဝတ် အမျိုးသမီးတို့သည် ၎င်းကို ရှာဖွေတွေ့ရှိရန် မဖြစ်နိုင်ပေ။

အနက်ရောင်ဝတ်ရုံဝတ် ချင်ယွင်ပေါ်လာသည်နှင့် ချက်ချင်းဆိုသလိုပင် လင်းဖန်နှင့် အနီရောင်ဝတ် အမျိုးသမီးတို့သည် သူ့ကို ဝိုင်းထားကြသည်။

"အယ်၊ ဒါက ရန်သူတော် သေးသေးလေး မဟုတ်လား။ မင်းမသေဘူးလို့ ငါတောင် မမျှော်လင့်ထားခဲ့ဘူး။" အနီရောင်ဝတ် အမျိုးသမီးက ချင်ယွင်၏မျက်နှာကို ရှင်းရှင်း လင်းလင်း မြင်လိုက်ရသည့်အခါ သူမ၏ချစ်စရာကောင်းသော မျက်နှာလေးတွင် အနည်းငယ် အံ့သြနေသည့် အမူအရာ ပေါ်လာသည်။

ထိုနေ့တုန်းက ဤလူငယ်သည် သူမ၏ ပျော်ရွှင်ခြင်းပန်းအဆိပ်၏ အဆိပ်ခတ်ခံခဲ့ရပြီး ချောက်ကမ်းပါးပေါ်မှ အတင်းခုန်ဆင်းရန် ဖိအားပေးခံရ၏။ သူသေမည်ဟု သူမထင်ထားခဲ့သော်လည်း ယနေ့တွင် ထိုလူငယ်သည် သူမ၏ရှေ့တွင် အမှန်တကယ် ပေါ်လာခဲ့သည်။

အနက်ရောင်ဝတ်ရုံ၀တ် ချင်ယွင်က သရော်ဟန်ဖြင့် ပြောလိုက်သည် "ခင်ဗျားတောင် မသေသေးတာ ၊ ကျုပ်က ဘယ်လိုလုပ်သေရမှာလဲ"

အနီရောင်ဝတ် အမျိုးသမီး၏ မျက်နှာပေါ်ရှိ အပြုံးသည် ဆွဲဆောင်မှု ရှိနေဆဲ ဖြစ်သော်လည်း သူမ၏ မျက်လုံးများသည် သတ်ဖြတ်လိုသည့်ဆန္ဒများဖြင့် ပြည့်နှက်

နေသည်။

"မင်းသူ့ကိုသိလား?" လင်းဖန်သည် သူ၏ မျက်လုံးများကို မှေးစင်းထားရင်း အနီရောင် ၀တ်ထားသော အမျိုးသမီးကို မေးလိုက်သည်။ သူ၏မျက်လုံးများတွင် သတ်ဖြတ်ချင် စိတ်များ တဟုန်ထိုး ထွက်ပေါ်လာသည်။

သူ၏အစီအစဥ်ကို သေချာပေါက် ပေါက်ကြားစေလို့ မရပါဘူး။ အနီရောင်ဝတ် အမျိုးသမီးသည် ဤလူကိုသိပုံရပြီး သူမ၏ရန်သူလား သူငယ်ချင်းလား မသိသေး သည့်အတွက်ကြောင့်သာ၊ သို့မဟုတ်ပါက သူသည် ယခင်ကတည်းကပင် ရှေ့ကို အမြန်ပြေးပြီး သူ့ရှေ့ရှိ ခိုးကြောင်ခိုးဝှက်နားထောင်နေသူကို သတ်ပစ်လို က်လိမ့်မသည်။

"ဟုတ်တယ်၊ ငါအရင်တုန်းက ဒီရန်သူတော်လေးရဲ့လက်ထဲမှာ သေလုနီးပါး ဖြစ်ခဲ့ရတယ်။" အနီရောင်ဝတ်အမျိုးသမီးက အေးစက်သောအပြုံးဖြင့် ပြန်ဖြေသည်။

ထိုနေ့တုန်းက ချင်နင်းမြို့တွင် ချင်ယွင်သည် သူမကို ရုတ်တရက် ခိုးဝင်တိုက်ခိုက် ခဲ့သည်။ သူ၏ဓားလက်ချောင်းက သူမ၏ရင်ဘတ်ကို ထိုးဖောက်သွားခဲ့သည်။ အကယ်၍ သူမသာ အချိန်မီ မတုံ့ပြန်နိုင်ခဲ့ပါက သူမ၏ နှလုံးသားကို ထိုးဖောက်ခံရပြီး နေရာတွင်ပင် အသက်ဆုံးရှုံးသွားပေလိမ့်မည်။

"အခြေအနေက ဒီလိုဆိုမှတော့ ငါတို့က ရန်သူ တွေပဲ!" စကားတစ်ခွန်းမှ မပြောတော့ဘဲ လင်းဖန်သည် ချင်ယွင်ဆီသို့ ပြေးသွားစဉ် သူ၏၏ မျက်နှာပေါ်တွင် ရက်စက်ကြမ်းကြုတ်မှု အရိပ်အယောင်များ ပေါ်လာသည်။

ချင်ယွင်သည် အေးစက်သော အပြုံးဖြင့် ဤအရာအားလုံးကို ကြည့်နေသည်။ ဤ လင်းဖန်သည် အမှန်တကယ့်ပင် စိတ်တိုစရာကောင်လွန်းသည်။ တိုင်ယွန် တောင်တန်းမှာ နောက်ဆုံးအကြိမ်တုန်းက သူသည် လင်းယွင်အမည်ဖြင့် သူ့ကို အနိုင်ယူခဲ့သည်။ အတိအကျပြောရလျှင် သူကိုယ်တိုင်က အခွင့်အရေးကို အပြည့်အဝ သုံးချနိုင်ခဲ့သောကြောင့် ဖြစ်သည်။

"ဘုန်း!"

လင်းဖန်၏လက်သီးသည် ချင်ယွင်၏ လက်သီးနှင့်ထိပ်တိုက်ဆုံမိသွားခဲ့သည်။

ချက်ချင်းပင် တောတောင်တစ်ခုလုံး တုန်လှုပ်သွားခဲ့သည်။

အနက်ရောင်ဝတ်ထားသည့် ချင်ယွင်၏ရုပ်အသွင်ပြင်သည် ထိုက်တောင်ကဲ့သို့ တည်ငြိမ်နေသော်လည်း လင်းဖန်သည် မီတာဆယ်ဂဏန်းအကွာအဝေးထိ တွန်းထုတ်ခံခဲ့ရသည်။

လင်းဖန်သည် သူ၏ခန္ဓာကိုယ်ကို တည်ငြိမ်အောင်ထိန်းလိုက်ပြီး အလွန် ထိတ်လန့်သွားသည်။

သူသည် သိုင်းမြို့စားနယ်ပယ်၏ ပထမအဆင့်ကောင်းကင်အလွှာမှာ ရှိနေစဥ်မှာပင် သူ၏ရှေ့ရှိ ဤလူသည် သိုင်းဂိုဏ်းချုပ်နယ်ပယ်၏ ပဉ္စမအဆင့် ကောင်းကင်အလွှာ မှာဘဲ ရှိနေပါသေးသည်။ သူတို့နှစ်ယောက်ကြားက ကွာဟချက်က ကြီးလွန်းသည့် အတွက် သူ့ကို တစ်ချက် တည်းဖြင့် သတ်ပစ်နိုင်မည်ဟု သူထင်ခဲ့သည်။

သို့သော်လည်း တစ်ဖက်လူသည် သူ့အား လက်သီးတစ်ချက်ဖြင့် လွင့်ပျံသွားရန် အတွက် ဤရုပ်ခန္ဓာခွန်အားကို အမှန်တကယ်အသုံးပြုနိုင်လိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။ ဤအရာက ရိုးရိုးရှင်းရှင်း တွေးကြည့်လို့ မရတော့ပေ။

ဤအရာအားလုံးကို တိတ်တဆိတ်ကြည့်ရှုနေသော အနီရောင်ဝတ် အမျိုးသမီး၏ မျက်လုံးများသည်လည်း ချက်ချင်းပင် တောက်ပလာသည်။ ချင်ယွင်ကို စူးစူးစိုက်စိုက် ကြည့်နေသော သူမ၏အကြည့်များသည် ပူလောင်သောအကြည့်များဖြင့် ပြည့်နှက်နေ သည်။

သန်မာသော ခန္ဓာကိုယ်သည် သူမအတွက် အကောင်းဆုံးဆေး ဖြစ်သည်။

ချင်ယွင်၏ ခန္ဓာကိုယ်တွင် အစွမ်းထက်သော အနှစ်သာရ စွမ်းအင်များ ပါရှိသည်ကို သူမ ခံစားနိုင်သည်။ ဤအနှစ်သာရစွမ်းအင်ကို သူမစုပ်ယူပါက၊ သူမသည် သိုင်းမြို့စားနယ်ပယ်၏ ဒုတိယအဆင့် ကောင်းကင်အလွှာ သို့မဟုတ် သိုင်းမြို့စား နယ်ပယ်၏ တတိယအဆင့်ကောင်းကင်အလွှာသို့ပင် ချက်ချင်းဝင်ရောက်နိုင်မည် ဖြစ်သည်။

"ဟမ့်၊ မင်းက ဒီထက်ပိုပြီး ဘာမှလည်း မဟုတ်ဘူး။ တိုင်ယွန်တောင်တန်းမှာတုန်းက မိုးကြိုး၀ိညာဥ်ဂိုဏ်းက လင်းယွင်၏ ရိုက်နှက်မူကိုခံရတာ အံ့သြစရာ မရှိပါဘူး။" ချင်ယွင်က လင်းဖန်ကို လှောင်ပြောင်လိုက်သည်။

ဤစကားကြားလျှင် လင်းဖန်၏ တစ်ကိုယ်လုံးသည် ဒေါသအကြီး အကျယ်ထွက်နေသော သားရဲတစ်ကောင်ကဲ့သို့ ချက်ချင်းပေါက်ကွဲသွားသည်။

တိုင်ယွန်တောင်တန်းတိုက်ပွဲတွင်၊ ၎င်းအရှက် တကွဲဖြစ်မှုသည်၊ သူ၏နှလုံးသားထဲတွင် တားမြစ်ချက်တစ်ခုအဖြစ် အမြဲမှတ်ယူထားခဲ့သည်။ ထို့ကြောင့်၊ ယခုအချိန်တွင် ချင်ယွင်၏ စကားများသည် သူ့နှလုံးသား၏နက်ရှိုင်းသောအရပ်ရှိအမာရွတ်များကို အပြင်းအထန်ခွဲထုတ်လိုက်သည့် ဧရာမလက်တစ်စုံနှင့်တူသည်။

"ငါ မင်းကို သတ်မယ်!" လင်းဖန်၏လည်ပင်းရှိ သွေးကြောများ ပေါက်ကွဲထွက်လာကာ သူ၏ မျက်လုံးများပင် နီရဲနေပြီး ချင်ယွင်အား အဆုံးမဲ့ သတ်ဖြတ်လိုသည့်ဆန္ဒများဖြင့် သူဆီသို့ ပြေး၀င်သွားလေသည်။

ချင်ယွင်သည် ဤမြင်ကွင်းကို မြင်သောအခါ သူ၏စိတ်ထဲတွင် ရယ်မောလိုက်မိသည်။ ဤ လင်းဖန်သည် အမှန်တကယ်ပင် စိတ်မရှည်သူဖြစ်သည်။ စကားအနည်းငယ်ဖြင့် ဒေါသဖြစ်သွားလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။

ကျင့်ကြံသူတဦးသည် အချိန်တိုင်း တည်ငြိမ်သော စိတ်ကို မထိန်းနိုင်ပါက သူ၏ ကျင့်ကြံမှု အဆင့်သည် မည်မျှပင် အားကောင်းနေပါစေ၊ သူသည် အခြားသူများ၏ လက်ထဲတွင် ငါးစားအဖြစ် ရှိနေမည်ဖြစ်သည်။

အနက်ရောင်လျှပ်စီးလှိုင်းတခုသည် ချင်ယွင် ၏လက်ထဲတွင် ချက်ခြင်း ပျံ့နှံ့လာခဲ့ပြီး

သူ၏မျက်လုံးများတွင် သတ်ဖြတ်လိုသည့်ဆန္ဒများ တဟုန်ထိုး ထွက်ပေါ်လာခဲ့သည်။ သူသည် ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်နှင့် သူ၏ အငွေ့အသက်များသည် ချက်ချင်းပင် မြင့်တက်လာခဲ့ပြီး သေမင်းနတ်ဘုရားတစ်ပါးကဲ့သို့ လင်းဖန်နှင့် ထိပ်တိုက်ဆုံမိသွားသည်။

"ဘုန်း!"

သူတို့နှစ်ဦးကြားတွင် ကြီးမားသော သက် ရောက်မှုတစ်ခု ရှိခဲ့သည်။ သူတို့နှစ်ဦးကိုဗဟိုပြု၍ မြေပြင်သည် တခဏအတွင်းမှာပဲ သုံးမီတာအကွာမှာထိ နစ်မြုပ်သွားခဲ့ပြီး ပတ်ဝန်း ကျင်သစ်ပင်များအားလုံး လုံး၀ ပြိုလဲကျသွားခဲ့သည်။

ပုံရိပ်တစ်ခုသည် နောက်သို့ လျင်မြန်စွာ ပျံသန်းလွင့်စင်သွားခဲ့ပြီး မရပ်တန်မီ သူ၏ နောက်မှ သစ်ပင်ကြီး ဆယ်ပင်နီးပါးကို တိုက်မိသွားခဲ့သည်။

လင်းဖန်သည် သူ၏ပါးစပ်ထဲမှ သွေးများ စီထွက်လာသည်။ သူ၏ဆံပင်များက ညစ်ပတ်နေပြီး စိတ်မကောင်းစရာအနေအထားဖြင့် မြေပြင်ပေါ်တွင် ဒူးတစ်ဝက် ထောက်နေသည်။ သို့သော် သူ၏မျက်လုံးများက အဆိပ်ပြင်းမြွေတစ်ကောင်လို ချင်ယွင်ကို စိုက်ကြည့်နေဆဲဖြစ်သည်။

အနီရောင်ဝတ်အမျိုးသမီးသည် ဤမြင်ကွင်းကိုမြင်လျှင် အံ့သြသွားသည်။ ထိုအချိန်တုန်းက သူမသည် ချင်ယွင်ကို ချင်နင်းမြို့တွင်တွေ့လိုက်ရသောအခါ ချင်ယွင်သည် သိုင်းပညာရှင်လေး တစ်ဦးသာဖြစ်သေးပြီး သူ၏အင်အားသည် သိုင်းဂိုဏ်းချုပ်နယ်ပယ်ထက် အများကြီး နိမ့်ကျသည်။

ယခုဆိုလျှင် သူသည် ဘိုင်ယွန်ကျောင်းတော် ၏ ပါရမီရှင် သိုင်းမြို့စားနယ်ပယ် ကျွမ်းကျင်သူကို လက်သီးတစ်ချက်ဖြင့် ထိုးနိုင်နေပြီဖြစ်သည်။ ဤမျှ ကြောက်မက် ဖွယ်ကောင်းသော ကျင့်ကြံမှုအရှိန်အဟုန်ကြောင့် သူမ၏ နှလုံးသားအောက်ပိုင်းအထိ အေးခဲသွားစေသည်။

ချင်ယွင်သည် သူ၏ခန္ဓာကိုယ်မှ အနက်ရောင်လျှပ်စီးများ လင်းလက်နေရင်း လင်းဖန်ဆီသို့နတ်ဆိုးနတ်ဘုရားတပါးကဲ့သို့ တစ်လှမ်းပြီးတစ်လှမ်း လျှောက်လှမ်းလာ ခဲ့သည်။

လင်းဖန်သည် မတ်တပ်ရပ်ရန်ပင် အနိုင်နိုင် ရုန်းကန်နေခဲ့ရပြီး ချင်ယွင်၏ လက်သီးချက်သည် အလွန်ကြောက်စရာကောင်းပြီး သူ၏အတွင်းအင်္ဂါများကို တိုက်ရိုက် ကွဲအက်သွားစေခဲ့သည်။

ယခုအချိန်တွင် သူသည် သိုင်းမြို့စားအဆင့်ကျွမ်းကျင်တစ်ဦး၏ စွမ်းအားကို အားကိုးခြင်းဖြင့် လုံး၀ ရှင်သန်နိုင်ခဲ့သော်လည်း ၎င်းသည် သူ၏ ကန့်သတ်ချက် ဖြစ်နေပြီဖြစ်သည်။

ချင်ယွင်သည် သူ့ဆီသို့ ခြေတလှမ်းပြီးတလှမ်း လှမ်းလာသည်ကို မြင်လိုက်ရလျှင် သူ၏ မျက်နှာပေါ်တွင် ကြောက်စိတ်များ ပေါ်လာလေသည်။

ချင်ယွင်သည် ရှေ့သို့ ခြေတစ်လှမ်းပြီးတစ်လှမ်းတိုးလာခဲ့ပြီး လင်းဖန်၏ရှေ့သို့ ချက်ချင်းရောက်လာသည်။ သူသည် လင်ဖန်၏လည်ပင်းကို ဆွဲကိုင်ပြီး မြှောက်လိုက်တယ်။

"မင်း...မင်းငါ့ကိုမသတ်နိုင်ဘူး။ မင်းငါ့ကိုသတ်ရင် သိုင်းမြို့စားဘိုင်ယွန်က မင်းကို ခွင့်လွှတ်မှာမဟုတ်ဘူး။" လင်းဖန်က ကြောက်လန့်တကြား ပြောသည်။

ချင်ယွင်သည် ထပ်ခါထပ်ခါ လှောင်ပြောင်မိသည်။ လင်းဖန်၏ ထိတ်နေလန့်သော အမူအရာကို ကြည့်ရင်း သူ၏မျက်နှာပေါ်တွင် ကြည်နူးမှု အရိပ်အယောင်များ ပေါ်လာသည်။

ဤသည်မှာ လင်းဖန်ကိုသတ်ရမည့်အချိန်မဟုတ်ပေ။ သူသည် သူ့ကို အမှန်တကယ်

သတ်ဖြတ်ချင်သော်လည်း မဖြစ်နိုင်သေးပါဘူး။

အကယ်၍ သူသာ လင်းဖန်ကိုသတ်လိုက်သည် နှင့် သိုင်းမြို့စားဘိုင်ယွန်က သူ့ကို လိုက်ဖမ်းမှာ သေချာပါတယ်။ သိုင်းမြို့စားနယ်ပယ်၏ န၀မအဆင့် အထွတ်အထိပ် ကောင်းကင်အလွှာ၏တွင်ရှိနေသည့် သိုင်းမြို့စားဘိုင်ယွန် ကို ရင်ဆိုင်ရမည်ဆိုလျှင် ချင်ယွင်သည် သူ၏ လက်မှ လွတ်မြောက်နိုင်မည်ဟု မယုံကြည်ပါ။

ထို့ကြောင့် ချင်ယွင် သည် လင်းဖန်ကို အစကတည်းက သတ်ရန် အစီအစဉ်မရှိခဲ့ပေ။ သူလုပ်သမျှက သူ့ကို‌ ကြောက်လက်စေရန် ဖြစ်သည်။

သို့သော် သူ့တွင် သိုင်းမြို့စားဘိုင်ယွန်ကို တွန်းလှန်နိုင်ရန် စွမ်းအားရှိသောအခါ၊ ဤလင်းဖန်၏ သေဆုံးခြင်းပင် ဖြစ်လိမ့်မည်။

ချင်ယွင်သည် သူ၏စကားကြောင့် အံ့အားသင့်သွားသည်ကို မြင်လိုက်ရလျှင် လင်းဖန် သည် သူ၏မျက်နှာပေါ်တွင် ရွှင်လန်းသောအမူအယာ ပေါ်လာသည်။ သို့သော် ချင်ယွင်၏ နောက်ထပ်စကားများက သူ့ကို တိုက်ရိုက်သွေးအန်စေခဲ့သည်။

"မင်းပြောတာမှန်ပါတယ်။ ငါမင်းကို အခုမသတ်ဝံ့သေးပေမယ့် ငါမင်းကို အမှန်အတိုင်း ပြောပြနိုင်တယ်။ ရန်စီချီက ငါ့မိန်းမပဲ။ မင်း သူမကို ထပ်ပြီးဒုက္ခပေးမယ်ဆိုရင် မင်းကို

နောက်ထပ် ရိုက်သတ်ရမယ်ဆိုရင်လည်း ငါစိတ်ထဲထားမှာ မဟုတ်ဘူး"

ချင်ယွင်၏ စကားများသည် လင်းဖန်၏ နားထဲတွင် မိုးခြိမ်းသံကဲ့သို့ ပေါက်ကွဲ သွားသည် ။

လင်းဖန်သည် ဒေါသတကြီးဖြစ်ကာနောက်ထပ် ပါးစပ်မှ သွေးများ ထွက်လာသည်။

သူသည် ရန်စီချီကို အချိန်အတော်ကြာကတည်း မက်မောခဲ့ပြီး သူမအား သူ၏ သီးသန့် အခွင့်အရေးအဖြစ် အမြဲတမ်း မှတ်ယူခဲ့သည်။

နောက်ပိုင်းတွင် ရန်စီချီကို တခြားလူတဦးက သိမ်းပိုက်ပြီးသွားပြီဆိုသည်ကို သူကြားရသည်။ သူသည် ဒေါသပေါက်ကွဲခဲ့ရပြီး ထိုလူကို အပိုင်းပိုင်း ပိုင်းဖြတ်နိုင်ရန်ပင် ဆန္ဒရှိခဲ့သည်။ ထိုလူသည် သူ၏ရှေ့တွင်ရှိနေသည့် ဤလူဖြစ်မည်ဟု သူ မမျှော်လင့်ထားပေ။

ဒါကို သူ ဘယ်လိုလုပ် လက်ခံနိုင်ပါ့မလဲ။

အဝတ်အစားများချွတ်ပြီး ကြာပွတ်ဖြင့် အကြိမ်ပေါင်းများစွာ အရိုက်ခံလိုက်ရသကဲ့သို့ သူ၏စိတ်ထဲတွင် ခံစားလိုက်ရပြီး သူသည်အလွန် စိတ်မသက်မသာဖြစ်မူကို ခံစားလိုက်ရသည်။

ချင်ယွင်က ရယ်မောလိုက်သည်။ လင်းဖန်၏ ရူးသွပ်သော အမူအရာကို မြင်လိုက်ရသဖြင့် သူ၏ပန်းတိုင်သို့ ရောက်ရှိသွားခဲ့သည်။

ထို့ကြောင့် သူသည် လင်းဖန်သည် အမှိုက်ပစ်သလိုမျိုး ဘေးတဘက်သို့ ပစ်ချလိုက်သည်။ ထို့နောက် သူသည် ဤအရာအားလုံးကို တိတ်တဆိတ် ကြည့်နေသော အနီရောင်ဝတ် အမျိုးသမီးထံကို လှည့်ကြည့်လိုက်သည်။

အခန်း (၁၆၇) ၀မ်ယုယန်

အနီရောင်ဝတ်ထားသော အမျိုးသမီးသည် ချင်ယွင်၏ အကြည့်တစ်ချက် ခံရလိုက်သည့်အခါ ဆာလောင်နေသော ဝံပုလွေတစ်ကောင်၏ ပစ်မှတ်ထားခြင်းကို ခံလိုက်ရသကဲ့သို့ ချက်ချင်း ခံစားလိုက်ရသည်။ သူမသည် ထိတ်လန့်တုန် လှုပ်သွား သည်။

ယခင်က လင်းဖန်သည် ချင်ယွင်ကို ရင်ဆိုင်နိုင်မည်ဟု သူမထင်ခဲ့သောကြောင့် လှုပ်ရှားခြင်းမပြုခဲ့သော်လည်း ယခုအခါ သူမသည် လှုပ်ရှားမှုတစ်ခု ပြုလုပ်ပါက အနိုင်ရရန် အခွင့်အလမ်းမည်မျှရှိသည်ကို ထည့်သွင်းစဉ်းစားရမည် ဖြစ်သည်။

အဆုံးသတ်မှာတော့ သူမသည် အနိုင်ယူရန် မဖြစ်နိုင်ဟု ကောက်ချက်ချပြီး နိဂုံးချုပ်

လိုက်ပါသည်။

ယင်းကြောင့် အမြဲသတိရှိခဲ့သော သူမသည် တိုက်ပွဲဝင်ရန် စိတ်ကူးကို ချက်ချင်း လက်လျှော့လိုက်သည်။

"အို မိတ်ဆွေလေး ၊ မင်းကို ငါနောက်ဆုံးတွေ့တာ လအနည်းငယ်လေးပဲ ရှိသေးတယ် ၊ ဒါတောင် မင်းက တကယ်အစွမ်းထက်လာပြီ။ လာ၊ လာစမ်းပါဦး၊ ဒီအစ်မကြီးရဲ့ ရင်ခွင်ထဲလာပါဦး။ ဒီအစ်မကြီးက မင်းရဲ့ကြွက်သားတွေကို ထိ‌တွေ့ ပွတ်သပ် ကိုင်ကြည်ချင်လို့ပါ" အနီရောင်ဝတ် အမျိုး သမီးသည် ချက်ချင်းဆိုသလိုပင် ချစ်စရာ ကောင်းသည့် အမူအရာဖြင့် ပြောလိုက်သည်။

အနီရောင်ဝတ်အမျိုးသမီးကို ကြည့်ရင်း ချင်ယွင်၏ပါးစပ်ထောင့်က ရှုံ့မဲ့သွားကာ

ပြောလိုက်၏ "ခင်ဗျား ကျုပ်ကို အနီးကပ်လာစေချင်တာ သေချာရဲ့လား?"

အနီရောင်ဝတ် အမျိုးသမီးသည် အနည်းငယ် ပြောင်းလဲသွားသည်။ သေချာပါသည်၊ သူမသည် ချင်ယွင်ကို ထပ်ပြီး အနီးကပ်ခွင့် မပေးရဲတော့ပါဘူး။

ချင်ယွင်၏ ကြောက်မက်ဖွယ် စွမ်းအားဖြင့်၊ သူနှင့် အနီးကပ်နေခြင်းသည် သေခြင်း တရားကို တောင်းခံနေခြင်းနှင့် ထူးမခြားနားပေ။

'ရန်သူ‌ဟောင်းလေး၊ မင်းရဲ့ ခွန်အားတွေ အများကြီး တိုးတက်လာရုံသာမက မင်းရဲ့ နှုတ်‌ရေးကြွယ်ဝမှုတွေကလည်း အများကြီး တိုးတက်လာပုံရတယ်။ ဒီကာလမှာ မင်းဟာ မိန်းမတွေရဲ့ အရသာကိုတောင် တော်တော်လေး မြည်းစမ်းဖူးပုံရတယ်။ ဘယ်လို ခံစားရလဲ။ မင်းက ဒီအစ်မအကြီးရဲ့ပန်းအရသာကိုရော မြည်းစမ်း ကြည့်ချင်လား"

အနီရောင်ဝတ် အမျိုးသမီးက ကျီစားလိုက်သည်။ သူမသည် စိတ်ထဲတွင် အမှန်တကယ် ကျိန်ဆဲနေမိ၏ "ဒီကောင်၊ ငါ သူ့ကို နောက်ဆုံးတွေ့ခဲ့တာ သုံးလ ကျော်ကျော်ပဲ ရှိဦးမယ်။ သူ့ရဲ့ခွန်အားတွေ အများကြီး တိုးလာရုံတင်မကဘဲ သူ့စိတ်နေ စိတ်ထားလည်း အများကြီး ပြောင်းလဲသွားတယ်။ သူနဲ့ ရင်ဆိုင်ရတာ ပိုခက်လာတယ်"

ချင်ယွင်သည် သူ၏စိတ်ထဲမှာ လှောင်ရယ်နေခဲ့သည်။ သူသည် ချင်နင်းမြို့မှ ထွက်လာသော သူငယ်နှပ်စား လူရိုးလေး ချင်ယွင်မဟုတ်တော့ပါ။ သူ၏ရှေ့ရှိ ဤနတ်ဆိုးမိန်းမ မည်သည့်အရာများ တွေးတောနေသည်ကို ထုံးစံအတိုင်း သူသိသည်။ သို့သော် သူသည် သူမနှင့် အရှုပ်ယှက်တွေ ဆက်မဖြစ်ချင်တော့။

သူမကို သတ်ဖြတ်ရန်အတွက်လား၊ ယင်းကို ချင်ယွင်က မလိုလားသော်လည်း သူ မလုပ်နိုင်တာတော့ မဟုတ်ပေ။

သူ၏ နှလုံးသားထဲတွင် သူ၏ရှေ့ရှိ ဤနတ်ဆိုးမိန်းမသည် အလွန်အန္တရာယ်များ သည်ဟု ခံစားမိသော ကြောင့်ဖြစ်သည်။ အကယ်၍ သူသည် သူမကို အလျင်အမြန် အတင်းအကြပ် အင်အားသုံး တိုက်ခိုက်မည်ဆိုလျှင်ပင် အဆုံး သတ်တွင် အနိုင်ရနိုင်သော်လည်း သူသည်လည်း နာကျင်ကောင်းသည့်တန်ဖိုးကို ပေးဆပ်ရ ပေမည်။

အမှန်တကယ်တော့ ချင်ယွင်သည် သူ၏ရှေ့မှာရှိသည့် ဤအမျိုးသမီး၏နောက်ကြောင်းကို အမြဲတမ်း သိချင်နေခဲ့ပါသည်။ သူမ၏ နောက်ကွယ်တွင် ကြီးမားသည့်လျှို့ဝှက်ချက်တစ်ခု ရှိနေသည်ဟု သူအမြဲတမ်း ခံစား နေရသည်။

"ခင်ဗျား လင်းဖန်ကို အရသာကောင်းကောင်း ခံစားခိုင်းနိုင်ရင် ပိုကောင်းလိမ့်မယ်!" ချင်ယွင်သည် ကျယ်လောင်စွာ ရယ်မောလိုက်ပြီး အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲကာအဝေးသို့ ပျောက်ကွယ်သွားခဲ့သည်။

အနီရောင်ဝတ် အမျိုးသမီးက သူ့ကို မတားခဲ့။ ချင်ယွင်ထွက်သွားသော လမ်းကြောင်း ကိုသာ သူမ ကြည့်နေလိုက်သည်။ သူမ၏ပါးစပ်ထောင့်တွင် ဆိုးရွားသော အပြုံးတစ်ခုပေါ်လာပြီး "ချင်ယွင်၊ တစ်နေ့ ငါ မင်းရဲ့ခန္ဓာကိုယ်ကို ရစေပြီး မင်းရဲ့ အနှစ်သာရစွမ်းအင်အားလုံးကို ခြောက်သွေ့သွားအောင် လုပ်ပစ်မယ်" ဟု သူမကိုယ် သူမ ပြောလိုက်သည်။

ထို့နောက် သူမသည် သတိမေ့မြောနေပြီဖြစ်သော လင်းဖန်ဘက်ကိုလှည့်ကြည့်ပြီး ခေါင်းပြန်လှည့်ကာ "အသုံးမကျသောအမှိုက်" ဟု အေးစက်စွာ ဟစ်အော်လိုက်သည်။

ထို့နောက် သူမသည် သူမ၏၀တ်စုံလက်မောင်းကို ဝှေ့ယမ်းကာ လင်းဖန်ကို လှိမ့်ပတ်လိုက်ပြီး ပျောက်ကွယ်သွားခဲ့သည်။

မုန်တိုင်းတစ်ခု ပြီးဆုံးသွားခဲ့ပါပြီ။

ချင်ယွင်သည် ဘိုင်ယွန်ကျောင်းတော်သို့ ပြန်ရောက်သောအခါ မှောင်လုနီးပါးပင် ဖြစ်နေပြီ။

အပြန်လမ်းတွင်၊ ချင်ယွင်သည် သူ၏မူလခန္ဓာကိုယ်သို့ ပြန်ပြောင်းသွားခဲ့ပြီး လျှပ်စီးစွမ်းရည်ကိုယ်ပွားသည် ကောင်းကင်ဘုံကိုးလွှာ ကြယ်စင်စုပုံကြမ်းထဲရှိ လျှပ်စီးများရှိသည့်နေရာ၌ ဆက်လက် ကျင့်ကြံနေခဲ့သည်။

လျှပ်စီးစွမ်းရည်ကိုယ်ပွားသည် သဘာဝအတိုင်း မိုးကြိုးလျှပ်စီးများ၏ အချစ်တော်ဟု ဆိုရမည်ဖြစ်သည်။ ဤနှစ်ရက်အတွင်း ချင်ယွင်၏ မြန်နှုန်းမြင့်လျှပ်စီး သဘောတရား သည် ပထမအဆင့်မှ ဒုတိယအဆင့်သို့ ချိုးဖြတ်သွားခဲ့သည်။

ပေါက်ကွဲလျှပ်စီးသည် ဒုတိယအဆင့်သို့ ဖြတ်ကျော်သွားသည်နှင့် တပြိုင်နက် ချင်ယွင်သည် သူ၏သဘောတရားစွမ်းရည်နှစ်ခုကို ပေါင်း စပ်မည်ဖြစ်ပြီး ထိုအချိန်တွင် သူ၏ ပေါက်ကွဲစွမ်းအားသည် ပို၍ပင် ကြီးမားလာပေလိမ့် မည်။

သစ်သားစွမ်းရည်ကိုယ်ပွားသည်လည်း သစ်သားများစွမ်းရည် သဘောတရားရှိသည့် နေရာ၌ ကျင့်ကြံနေခဲ့ပြီး၊ သစ်သား၏ အသက်သဘောတရားအပေါ် သူ၏နားလည် သဘောပေါက်မှုသည် တတိယအဆင့်အထိ ချိုးဖြတ်သွားခဲ့ပြီ ဖြစ်သည်။

ယခုအချိန်တွင်၊ ချင်ယွင်သည် လေစွမ်းရည် သဘောတရားကိုသာ နားလည် ဆင်ခြင် ရန် လိုအပ်ပြီး သစ်သားစွမ်းရည်သဘောတရားနှင့် လျှပ်စီးစွမ်းရည် သဘောတရားတို့ကို အခြားသော ကိုယ်ပွားနှစ်ခုထံသို့ လုံးလုံးလျားလျား လွှဲပြောင်း ပေးခဲ့သည်။

ချင်ယွင်သည် ချင်ဖန်းအိမ်ရာသို့ ဖြည်းညှင်းစွာ ပြန်လျှောက်လာခဲ့သည်။ မွန်းတည့် အချိန်ကထက် ဤနေရာတွင် တခြားမြို့များ၏ တပည့်များစွာဖြင့် ပိုများနေကြောင်း သူတွေ့ရှိခဲ့သည်။ အခြားဂိုဏ်းများမှ တပည့်များစွာသည် နေ့ခင်းဘက်တွင်အချိန်တွင် ရောက်လာကြပုံရသည်။

ဂိုဏ်းပေါင်းစုံပြိုင်ပွဲကို နှစ်ရက်ကြာကျင်းပမည်ဖြစ်၍ ယနေ့တွင် အသုတ် အနည်းငယ်သာ ရောက်ရှိမည်ဖြစ်သည်။ မနက်ဖြန်နှင့်သဘက်တရက် ကျန်ဦးမည်။ ထိုအချိန်တွင် ဘိုင်ယွန်ကျောင်းတော်တစ်ခုလုံးသည် အလွန်သက်၀င်လှုပ်ရှားလာ လိမ့်မည်။

ချင်ယွင်သည် သူ၏အိမ်ဆီသို့ လျှောက်သွားခဲ့သည်။ တပည့်များသည် ချင်ယွင်ကို တစ်ယောက်ပြီးတစ်ယောက် ကြည့်ကြသည်။ ချင်ယွင်သည် သိုင်းဂိုဏ်းချုပ် နယ်ပယ်၏ ပဉ္စမအဆင့် ကောင်းကင်အလွှာတွင်သာရှိပြီး တပည့်ဝတ်စုံ ၀တ်မထားသည်ကို တွေ့လိုက်ရသဖြင့် ၎င်းတို့အားလုံးသည် အထင်အမြင်သေးသည့် အမူအရာများကို ထုတ်ဖော်ပြသကြသည်။

ချင်ယွင်သည် ဤအမူအရာများကို လုံးဝ ဂရုမစိုက်ပေ။ သူမည်မျှ မည်မျှ အစွမ်းထက်ကြောင်းကို သူ၏ပါးစပ်ကိုအားကိုးပြီး ပြောတတ်သူ မဟုတ်ပေ။ ယှဉ်ပြိုင်မှုစတင်သောအခါတွင် သူသည် လူတိုင်းကို သူတို့၏ပါးစပ်များ ပိတ်သွား စေရန် သဘာဝအတိုင်း ပြုလုပ်နိုင်မည်။

သူတို့အိမ်ပြန်ရောက်လျင် ဘိုင်ချီဟန်နှင့် ကျိုးယုတို့သည် ခြံဝင်းငယ်လေးထဲမှာ ဝိုင်သောက်ပြီး စကားစမြည်ပြောနေကြသည်။ ချင်ယွင်ပြန်လာသည်ကိုမြင်လျှင် သူတို့သည် ချင်ယွင်ကိုထိုင်ခိုင်းပြီး ချင်ယွင်အတွက် တခွက်လောင်းထည့်ရန် ချက်ချင်း လက်ပြလိုက်သည်။

"ကောင်းတာတခုခုရှိနေလား၊ ဒီမှာ ဝိုင်သောက်နိုင်တာ ငါမယုံနိုင်ဘူး" ချင်ယွင်က ပြုံးပြုံးလေးဖြင့် မေးသည်။

ဤကာလအတွင်းတွင် သူသည် ဘိုင်ချီဟန် နှင့် ကျိုးယုတို့နှင့် အချိန်အတော် ကြာအောင်နေခဲ့သည်။ သူတို့နှစ်ဦးသည် အလွန်ရိုးဖြောင့်ကြောင်းကို သူတွေ့ရှိ သောကြောင့် သူတို့နှင့် သူငယ်ချင်းဖွဲ့ရသည်ကို သူဘအလွန်ပျော်ရွှင်ခဲ့သည်။

ဘိုင်ချီဟန်က လျှို့ဝှက်ဆန်းကြယ်စွာ ပြုံးလိုက်ပြီး "တကယ်ကို ပျော်ရွှင်စရာ ကောင်းတဲ့ အချိန်တစ်ခု ရှိခဲ့တယ်"ဟု ပြောလိုက်သည်။ ထိုစကားကို ပြောပြီးနောက် သူသည်ဟက်ဟက် ပက်ပက် ရယ်မောလိုက်သည်။

"ဟမ့်၊ ထပ်မပြောစမ်းနဲ့ကွာ။" ဘေးတွင်ရပ်နေသော ကျိုးယုက ရုတ်တရက် အေးစက်စွာ အော်ဟစ်လိုက်သည်။

တစ်ဖက်မှ ချင်ယွင်သည် ထိတ်လန့်သွားပြီး ဇောင်ယုကို တစ္ဆေမြင်သလိုမျိုး ကြည့်လိုက်သည်။

ကျိုးယုသည် အနှစ်တစ်ထောင်မက မပြောင်း လဲသော ခုံတန်းရှည်ပုံစံ မျက်နှာတစ်ခု ရှိသည်ကို သိထားရမည်ဖြစ်သည်။ ယခုတော့ သူသည် ရှက်ရွံ့သော အမူအရာတစ်ခုကို ထုတ် ဖော်ပြသလိုက်သည်။ သူသည် ကောင်မလေးတစ်ယောက်နှင့်အတူ ပထမဆုံး အကြိမ် ဝေါယာဉ်ထမ်းစင်ထဲသို့ ပထမဆုံးဝင်ရောက်၀င်ရောက်ရသည့် အမူအယာမျိုး ဖြစ်နေသည်။

ချင်ယွင်သည် ဘိုင်ချီဟန်ကို အမြန်ဆွဲထုတ်လိုက်ပြီး "ဘာဖြစ်တာလဲ မြန်မြန် ပြောပါဦး။ အံ့သြစရာကောင်းတဲ့ အရာတစ်ခုကို လွဲချော်သွားသလား?"

ဘိုင်ချီဟန်က ချက်ချင်း ရယ်မောလိုက်ပြီး "မင်းတကယ်ကို အံ့သြစရာကောင်းတဲ့ ပြပွဲ

တခုကို လွဲချော်သွားခဲ့တယ်။ ဒီ‌နေ့မွန်းတည့်ချိန် မင်းထွက်သွားတာနဲ့ အပြင်ကနေ တခြားလူတစ်စု ရောက်လာတယ်ကွ။ ကျိုးယု နဲ့ ငါ လည်း အပျင်းပြေသွားကြည့်ဖို့ ထွက်သွားပေမယ့် ကျိုးယုက တချက်ကြည့်ပြီးတာနဲ့ တစ်ယောက်တည်း လှည့်ထွက်ပြီး ပြေးဖို့ ပြင်လိုက်တယ်။"

ချင်ယွင်သည် အနည်းငယ် ထိတ်လန့်သွားသည်။ ကျိုးယုကို ကြောက်လန့်တကြား လှည့်ထွက်ပြေးသွားရသည်အထိ စွမ်းဆောင်နိုင်သူက မည်သူမည်ဝါဖြစ်သည်ကို သူ အလွန်သိချင်နေခဲ့သည်။

"ဒါပေမယ့် အဲဒီအချိန်မှာပဲ ဗြုန်းခနဲဆို အော်သံတစ်ခု ထွက်ပေါ်လာတယ်။ မိုးခြိမ်းသံကြီးလိုပဲ။ နောက်ဘာဆက်ဖြစ်သွားလဲ မင်း သိလား" ဘိုင်ချီဟန်က ပြောသည်။

"အဲဒီတော့ ဘာဆက်ဖြစ်သွားလဲ?" ချင်ယွင်က သိချင်စိတ်နှင့်အတူ မေးသည်။

"ဆူဖြိုးပြီးဝက်နဲ့တူတဲ့ အမျိုးသမီးတစ်ယောက်က ကောင်းကင်ကနေ ဆင်းသက်လာ ခဲ့ပြီး ကျိုးယုရှေ့မှာ ရပ်လိုက်တယ်လေ ။ သူမက ကျိုးယုရဲ့လက်မောင်းကို ဆွဲပြီး သူ့ကို ပွေ့ဖက်ထားလိုက်တယ်။ အဲဒီမြင်ကွင်းကို မင်းမမြင်လိုက်ရလို့ ။ အရမ်းရင်သပ် ရူ‌မောဖွယ် ကောင်းတယ်။ ကျိုးယုဆို သူမကြောင့် အသက်ရှူကျပ်လုနီးပါး ဖြစ်သွားရတယ်။" ဘိုင်ချီဟန်က ကျယ်လောင်စွာ ရယ်မောလိုက်သည်။

ချင်ယွင်သည် ဝိုင်တစ်ခွက်ကို မော့လိုက်ပြီး ကျိုးယုကို အထိတ်တလန့် ကြည့်လိုက်မိသည်။

ကျိုးယုသည် ရှက်ရွံ့သွားပြီး ကူကယ်ရာမဲ့စွာဖြင့် ရှင်းပြရှာသည် "အဲဒါ ငါ့ညီမဝမ်းကွဲ လင်းထန်းဂိုဏ်းရဲ့ တပည့် ဝမ်ယုယန်" တဲ့။

ချင်ယွင်သည်လည်း ဟက်ဟက်ပက်ပက် ရယ်သည်။ သို့သော် ချင်ယွင်သည် ချက်ချင်းပင် မရယ်နိုင်တော့ဘဲ မိုးခြိမ်းသံလိုအသံက သူတို့၏နားထဲတွင် ထပ်မံ၍ ထွက်ပေါ်လာပြန်သည်။

“ဝမ်းကွဲအစ်ကို ဝမ်းကွဲအစ်ကိုရေ…”

ထို့နောက် ချင်ယွင်သည် မြေပြင်တစ်ခုလုံး တုန်လှုပ်သွားသလို ခံစားလိုက်ရသည်။ သူ၏ ခန္ဓာကိုယ်အရွယ်အစား သုံးဆလောက်ရှိသည့် အမျိုးသမီးတစ်ယောက်သည် မိုးကြိုးပစ်သလိုမျိုး သူတို့ဆီကို ပြေးလာ‌နေသည်။

ချင်ယွင် နှင့် ဘိုင်ချီဟန်တို့သည် ဤမြင်ကွင်းကိုမြင်လိုက်သောအခါတွင် သူတို့၏ အမူအရာများသည် အလွန်လျင်မြန်စွာပြောင်းလဲကြသွားပြီး သူတို့၏ခန္ဓာကိုယ်ကို ဘေးသို့အလျင် အမြန် ပုန်းအောင်းပစ်လိုက်ကြသည်။

တစ်ဖက်တွင်မူ သနားစရာကောင်းသော ကျိုးယုခင်မြာ ကြီးမားသောပုံရိပ်ကြီး၏ ဖိနှိမ့်ခြင်းကို ခံခဲ့ရပြီး လုံးဝမလှုပ်ရှားနိုင်ပေ။

ဘေးမှာရပ်နေသည့် ချင်ယွင် နှင့် ဘိုင်ချီဟန်တို့သည် ဤမြင်ကွင်းကိုမြင်ရလျှင် ထိတ်လန့်သွားကြသည်။ ထို့နောက် တစ်ယောက်ကို တစ်ယောက် ကြည့်ကာ ကျယ်လောင်စွာ ရယ်မောလိုက်ကြသည် ။

အခန်း (၁၆၈) သိုင်းမြို့စားဘိုင်ယွန်

နောက်နှစ်ရက်တွင် ကျိုးယုသည် အလွန်စိတ်မချမ်းမသာ ဖြစ်ခဲ့ရသည်။

သူ၏ညီမဝမ်းကွဲ ဝမ်ယုယန်ကို ရှောင်လွှဲရန်အတွက် ကျိုးယုသည် အမှန်တကယ်ကို ကြိုးစားအားထုတ်ခဲ့သော်လည်း အချိန်တိုင်းမှာ ၀မ်ယုယန်က သူ့ကို အမြဲရှာတွေ့ခဲ့ သည်။

ဘိုင်ချီဟန်၏ စကားအရ ကျိုးယုနှင့် ၀မ်ယုယန်တို့သည် သူတို့၏ယရင်ဘဝဟောင်းက ချစ်သူများဖြစ်ခဲ့ကြသည်။ ဤဘဝတွင်၊ သူတို့သည် နောက်ဆုံးတွင် ပြန်လည် ကျင့်ကြံနိုင်ခဲ့ကြပြန်သည်။ ယင်းက ချင်ယွင်ကို ခွက်ထိုး ခွက်လှန် ရယ်မောစေခဲ့သည်။

အချိန်ကြာလာသည်နှင့်အမျှ၊ ဂိုဏ်းအများပြား၏ တပည့်အများအပြား ဝင်လာကြ သည်။

ချင်ယွင်သည် ယခုအကြိမ် ယှဉ်ပြိုင်ပွဲတွင် လူ ၅၀၀ ထက်မနည်း ပါဝင်မည်ဟု ခန့်မှန်းထားသည်။

ဂိုဏ်းတစ်ခုစီတွင် နေရာသုံးနေရာရှိသည်၊ ထို့ကြောင့် ယခုအကြိမ် ဂိုဏ်းပေါင်းစုံ

ပြိုင်ပွဲတွင် ဂိုဏ်းပေါင်းတစ်ရာထက်မနည်း ပါဝင်ခဲ့ကြသည်။

သို့သော် ယခုအကြိမ်တွင် ဂိုဏ်းပေါင်းစုံပြိုင်ပွဲသည် ယခင်ကနှင့် မတူတော့ပေ။ ပြိုင်ပွဲများတွင် တစ်ပွဲခြင်းယှဉ်ပြိုင်သည့် နည်းလမ်းများကို အသုံးမပြုတော့ဘဲ ဂိုဏ်း‌ပေါင်းစုံပြိုင်ပွဲအတွက် ဂိုဏ်းတစ်ခုခြင်းစီကို ယူနစ်(စံနှုန်း) တစ်ခုအဖြစ် အသုံးပြုကြသည်။

လူတိုင်းသည် ပြိုင်ပွဲမှာအနိုင်ရရန်အတွက် ဂိုဏ်းတစ်ခုခြင်းစီကို ယူနစ်တစ်ခုအနေဖြင့် မည်သို့ ယူရမလဲဆိုသည်ကို အလွန်သိချင်နေကြသည်။

တခဏလေး အတွင်းမှာပင် တတိယမြောက်နေ့ကို ရောက်လာခဲ့သည်။

ချင်ယွင်နှင့် အခြားသူများသည် ဘိုင်ယွန်ကျောင်းတော်၏ အကဲဖြတ်ရာနေရာဖြစ်သည့် ဘိုင်ယွန်ရင်ပြင်သို့ ရောက်သောအခါ၊ ဘိုင်ယွန် ရင်ပြင်တစ်ခုလုံးသည် လူများဖြင့် ပြည့်နှက်နေပြီ ဖြစ်သည်။ ပြိုင်ပွဲတွင်ပါဝင်ယှဥ်ပြိုင်ကြမည့် ဂိုဏ်းပေါင်းစုံမှ တပည့်များအပြင် အခြားသူများသည် ဘိုင်ယွန်ကျောင်းတော်၏ တပည့်များ ဖြစ်ကြ သည်။

ချင်ယွင်သည် သူ၏အကြည့်များကို လှည့်ပတ်ကြည့်လိုက်သည်။ ဂိုဏ်းပေါင်းစုံမှ တပည့်များ သည် အဆင်သင့်ဖြစ်နေကြသည်။ ဤတပည့်အများစုသည် သိုင်းဂိုဏ်းချုပ်နယ်ပယ်၏ ဆဋ္ဌမအဆင့် သို့မဟုတ် သတ္တမအဆင့်တွင် ကောင်းကင် အလွှာတွင် ရှိနေကြသည်။ ၎င်းတို့အနက်မှ အနည်းငယ်မျှသာ သိုင်းဂိုဏ်းချုပ် နယ်ပယ်၏ အဋ္ဌမအဆင့် သို့မဟုတ် နဝမအဆင့် ကောင်းကင်အလွှာတွင် ရှိနေကြသည်။ အများစုမှာ သေးငယ်သော ဂိုဏ်းများမှ ဖြစ်ကြသည်။

ဤတပည့်များကို သူနည်းနည်းလေးမှ ဂရုမစိုက်ပေ ။ သူ၏လက်ရှိကျင့်ကြံမှု အဆင့်ဖြင့်၊ သူသည် နဝမအဆင့် ကောင်းကင်အလွှာ သိုင်းဂိုဏ်းချုပ် ကျွမ်းကျင်သူကို အလွယ်တကူ တိုက်ခိုက်နိုင်သည်။ သိုင်းမြို့စားတစ်ပိုင်းအဆင့် ကျွမ်းကျင်သူများ နှင့်ပင် ယှဉ်ပြိုင်ရန် ခွန်အားရှိသေးသည်။

ချင်ယွင်၏အာရုံကိုဖမ်းစားနိုင်သည်မှာ ဘိုင်ချီဟန် ပြောပြခဲ့သည့် ဂိုဏ်းအနည်းငယ် ဖြစ်သည်။

ပြောစရာပင် မလိုချေ၊ လင်းထျန်ဂိုဏ်း၏ ဖန်းမန့်သည် အနည်းငယ်မျှ အံ့သြစရာမရှိဘဲ သိုင်းမြို့စားနယ်ပယ်၏ ပထမအဆင့် ကောင်းကင်အလွှာသို့ ဖြတ်ကျော်သွားခဲ့ပြီ ဖြစ်သည်။ သူသည် ချင်ယွင်အထူးသတိထားရန် လိုအပ်သော အစွမ်းထက်ဆုံးရန်သူ ဖြစ်သည်။

ဖန်းမန့် မှလွဲလျှင် သူသတိပြုမိရန် လိုအပ်သော လင်းထျန်ဂိုဏ်း၏ တပည့်တစ်ဦး လည်း ရှိသေးသည်။ ထိုလူသည် ထိပ်ပြောင်သည့် လူတစ်ယောက်ဖြစ်သည်။ သူသည် အရပ်မမြင့်မားသော်လည်း သူ၏ကြံ့ခိုင်မှုက အလွန်ထူးခြားသည်။ သူသည် သိုင်းမြို့စားတစ်ပိုင်း နယ်ပယ်သို့ ရောက်ရှိနေပြီဖြစ်သည်။

လင်းထျန်ဂိုဏ်း၏ နောက်ဆုံးပြိုင်ပွဲဝင်အဖြစ် သူမသည် သဘာဝအတိုင်း ကျိုးယု၏ ဝမ်းကွဲညီမ ၀မ်ယုယန်ဖြစ်သည်။ သူမ၏ ခွန်အားမှာလည်း အားမနည်းလှပြီးပေ။ သူမသည် သိုင်းဂိုဏ်းချုပ်နယ်ပယ် နဝမအဆင့် အထွတ်အထိပ် ကောင်းကင်အလွှာ တွင် ရှိနေပြီး ဖြစ်သည်။

တစ်ယောက်က ပထမအဆင့် ကောင်းကင်အလွှာ သိုင်းမြို့စားကျွမ်းကျင်သူဖြစ်ပြီး၊ နောက်တယောက်က သိုင်းမြို့စားတစ်ပိုင်းနယ်ပယ် ကျွမ်းကျင်သူမို့လို့ဖြစ်ကာ၊ နောက်ဆုံး တစ်ယောက်ကတော့ နဝမအဆင့် အထွတ် အထိပ်ဆုံး သိုင်းဂိုဏ်းချုပ် ကျွမ်းကျင်သူတစ်ဦး ဖြစ်သည်။ ထိုသို့သောပြိုင်ပွဲဝင်စာရင်းသည် လင်းထျန်ဂိုဏ်း အတွက် အမှန်တကယ် ပြိုင်ဘက်ကင်းသောစာရင်းမျိုးဖြစ်သည်။

ဒုတိယအနေဖြင့် ချင်ယွင်ကို အလွန်ပြဿနာများနိုင်သည်ဟု ခံစားရစေသည့်ဂိုဏ်းမှာ ပန်းတစ်ရာဂိုဏ်းဖြစ်သည်။ ပန်းတစ်ရာဂိုဏ်း၏ အခြားတပည့်နှစ်ယောက်သည် အလွန်သာမာန်ဖြစ်သည်။ သူမတို့နှစ်ဦးစလုံးသည် သိုင်းဂိုဏ်း ချုပ်နယ်ပယ်၏ န၀မအဆင့် ကောင်းကင်အလွှာတွင် ရှိကြသော်လည်း သူမတို့ကို ဦးဆောင်သည့် ချန်မန်ရှီအမည်ရှိ အမျိုးသမီးသည် ချင်ယွင်ကို နားမလည်နိုင်သည့် ခံစားချက်ကို ပေးခဲ့သည်။

ချင်ယွင်၏ အကြည့်များကို အာရုံခံစားမိလိုက်ပုံရပြီး၊ ချန်မန်ရှီသည် ရုတ်တရက် လှည့်ကြည့် လိုက်ရင်း၊ ချင်ယွင်ကိုကြည့်သည့် သူမ၏ အကြည့်များက ပြင်းထန်သော တိုက်ခိုက်လိုစိတ်များ ထွက်ပေါ်လာသည်။

ချင်ယွင်၏ မျက်လုံးများသည်လည်း တိုက်ပွဲဝင်လိုစိတ်များဖြင့် ပြည့်နှက်နေပသည်။ ဤအမျိုးသမီး၏ ဓားသိုင်းပညာရပ်သည် မည်သည့်အထိ ရောက်နေပြီလဲဆိုသည်ကို သူ အလွန်သိချင်နေခဲ့မိသည်။

နောက်တစ်ခုကတော့ ဘိုင်ချီဟန်ပြောခဲ့ဖူသည့် သရဲတစ်ရာဂိုဏ်းဖြစ်သည်။ သရဲ တစ်ရာဂိုဏ်း၏အခြားတပည့် နှစ်ယောက်သည် သိုင်းဂိုဏ်း ချုပ်နယ်ပယ်၏ အဋ္ဌမအဆင့်ကောင်းကင်အလွှာတွင်သာရှိကြပြီး လွန်စွာသာမှန်ဖြစ် သည်။

သို့သော် ချင်းဟီဟုခေါ်သော တပည့်သည် အားမနည်းပေ။ သူသည် သိုင်းမြို့စားတစ်ပိုင်း နယ်ပယ်သို့ တိုက်ရိုက်ရောက်ရှိနေပြီ ဖြစ်သည်။ သူ၏ နောက်ကျောမှာတော့ မျက်နှာပြင်ပေါ် လျှို့ဝှက်ဆန်းကြယ်စွာ တက်တူးထိုးထားသည့် တံစဉ်ကြီး တစ်ခုရှိသည်။ သူသည် မျက်နှာကို ပြုံးဖြီးဖြီးလုပ်နေပြီး ငရဲမှထွက်လာသည့် သေမင်းနတ်ဘုရားနှင့် ထူးမခြားနားပေ။

သို့သော်လည်း ချင်းဟီသည် ချင်ယွင်ကို သူ၏မျက်လုံးများတွင် ထည့်ထားပုံမပေါ်ပေ။ သူသည် ချင်ယွင်ကို အထင်အမြင်သေးစွာဖြင့် ကြည့်ပြီးနောက် ဘိုင်ချီဟန်ကို စိုက်ကြည့်လိုက်ပြီး ဘိုင်ချီဟန်၏လည်ပင်းကို ခုတ်ပိုင်းသည့်အမူယာ လုပ်ပြနေသည်။

ဘိုင်ချီဟန်သည် ခပ်ဖျော့ဖျော့ပြုံးပြီး သူ့ကို လျစ်လျူရှုလိုက်သည်။

နောက်ဆုံးတွင် ဘိုင်ယွန်ကျောင်းတော်တစ်ခုသာ ပျောက်ဆုံး‌နေသည်။ ချင်ယွင်သည် ရုတ်တရက် ရယ်စရာကောင်းသည်ဟု ခံစားလိုက်ရသည်။ လင်းဖန်သည် အလွန်ဆိုးဝါးသည့် အခြေအနေအထိ ရိုက်နှက်ခံခဲ့ရသည်။

ယခုပွဲမှာ သူပါဝင်နိုင်ခြင်းရှိမရှိ မသိရသေးပေ။ သို့သော် သိုင်းမြို့စားဘိုင်ယွန်သည် မြို့စားတစ်ဦးဖြစ်သောကြောင့် သူ့တွင် နည်းလမ်းများစွာရှိရမည်။ နှစ်ရက်အတွင်း လင်းဖန်သည် ပြန်လည်ကောင်းမွန်လာသင့်သည်။

"ကြည့်စမ်း၊ ငါတို့ ဘိုင်ယွန်ကျောင်းတော်ရဲ့ တပည့်တွေ ဒီမှာ ရှိနေပြီ။"

ထိုအချိန်တွင် ချင်ယွင်သည် သူ၏နောက်ကွယ်မှ ဘိုင်ယွန်ကျောင်းတော်မှ တပည့်တစ်ဦး၏ အော်သံကို ရုတ်တရက် ကြားလိုက်ရသည်။

ချင်ယွင်သည် သူ၏ခေါင်းကို မော့ပြီးကြည့်လိုက်လျင် ခေါင်းဆောင်သည် အမှန် တကယ်ပင် လင်းဖန် ဖြစ်သည်ကို တွေ့လိုက်ရသည်။ ယခုအချိန်တွင် လင်းဖန်၏ အမူအရာမှာ အေးစက်နေသော်လည်း သူ၏ခြေလှမ်းများသည် အလွန်တည်ငြိမ်နေ သည်။ ဒဏ်ရာလည်း နည်းနည်းလေးမှ မမြင်တွေ့ရတော့ပေ။

"သိုင်းမြို့စားဘိုင်ယွန်ရဲ့ နည်းလမ်းတွေက တကယ်ကို ကောင်းကင်ဘုံပါပဲလား။" ချင်ယွင်က ရယ်မောလိုက်သည်။ နောက်တစ်စက္ကန့်တွင် ချင်ယွင်၏အမူအရာသည် လုံးဝပြောင်းသွားသည်။

လမ်းလျှောက်သွားနေသော လူသုံးယောက်ကြားတွင် ရင်းနှီးသောရုပ်အသွင်ပြင် တစ်ခုကို သူတွေ့လိုက်ရသောကြောင့်ပင်။ ဤလူက ရန်စီချီမှလွဲ၍ တခြားသူ မဟုတ်ပေ။

သို့သော်၊ ချင်ယွင်ကိုအံ့အားသင့်စေသည်မှာ ရန်စီချီသည် ယခုအချိန်တွင် သိုင်းမြို့စားတစ်ပိုင်းနယ်ပယ်သို့ ရောက်ရှိသွားခြင်းပင် ဖြစ်သည်။

ဤမျှတင်မကသေး‌ပေ၊ သူမ၏စိတ်နေစိတ်ထားသည်လည်း သိသိသာသာ ပြောင်းလဲ လာခဲ့သည်။ ဤအခိုက်အတန့်တွင် သူမ၏တစ်ကိုယ်လုံးသည် မိုင်ထောင်ချီ ဝေးကွာသောအရပ်မှ လူများကိုပင် ငြင်းပယ်ထုတ်နေသည့် အေးစက်စက် ရေခဲ အငွေ့အသက်များကို ထုတ်လွှတ်နေသည်။ ဤအေးစက်မူမျိုးသည် ချင်ရွှန်းရွှန်း၏ အေးစက်မူမျိုးနှင့် ကွဲပြားသော်လည်း ၎င်းသည် သူမ၏ အရိုးများမှ အစပြု၍ ဖြစ်ပေါ်လာသော အေးစက်မူဖြစ်သည်။

သို့သော် ဤနည်းဖြင့် သူမ၏ မူလက ပြိုင်ဘက်ကင်း ရုပ်အသွင်အပြင်သည် ပို၍ပင် အေးစက်ကာ ပို၍ လှုပ်ရှားသက်၀င်လာသည်။

ရန်စီချီသည် ချင်ယွင်၏ အကြည့်ကို သတိထားမိပြီး သူ့ကို ပြန်ကြည့်လိုက်သည်။ သို့သော်၊ သူမ၏အေးစက်စက်မျက်နှာပြင်သည် လုံးလုံးတုန့်ပြန်မူမရှိဘဲ သူမ၏ ခေါင်းကို တိုက်ရိုက်လှည့်သွားသည်။

ဤမြင်ကွင်းကိုမြင်ရလျင် ချင်ယွင်သည် ယခုအချိန်တွင် သူသည် လင်းယွင်ရုပ်အသွင်ဖြင့် ဖြစ်နေကြောင်း ချက်ချင်းသတိရသွားသည်။ ရန်စီချီက သူ့ကို မမှတ်မိသည်မှာ ပုံမှန်ပင်ဖြစ်သည်။

သို့သော် လင်းဖန်သည် သူ၏မျက်လုံးများတွင် သတ်ဖြတ်လိုသည့်ဆန္ဒများ ပြည့်နှက်နေလျှက် ချင်ယွင်ကို စိုက်ကြည့်နေသည်။

သူသည် တိုင်ယွန် တောင်တန်းမှာရှိစဥ်တုန်းက 'လင်းယွန်' က သူ့ကို ဒဏ်ရာရ စေခဲ့သည် ။ သူ၏နှလုံးသားထဲတွင် အမုန်းတရားများ အမြဲရှိနေခဲ့သည်၏။ သူသည် လွန်ခဲ့သောနှစ်ရက်က ချင်ယွင်၏ ရက်စက်စက် ညှဉ်းပန်းနှိပ်စက်ခြင်းကို ခံခဲ့ရပြန်သည်။သူ၏နှလုံးသားထဲတွင် နာကြည်းမှုများက ပိုပြင်းထန်လာခဲ့သည်။ ယခု သူသည် 'လင်းယွင်' ကို မြင်လိုက်ရလျှင် သတ်ပစ်ချင်စိတ်များ ပြင်းပြလာသည်။

ချင်ယွင်က ရယ်မောလိုက်သည်။ လင်းဖန် သည် သူ့ကို အရိုးတဆုံးအထိ မုန်းတီးကြောင်း သူ သဘာဝကျကျ သိသည်။ သို့သော် သူသည် လင်းဖန်ကို နှစ်ကြိမ် အနိုင်ယူနိုင်ခဲ့သော ကြောင့် အနက်ရောင်ဝတ်ရုံ၀တ်ကိုယ်ပွားကို အသုံးမပြုနိုင်ဘူး ဆိုလျှင်ပင် တတိယအကြိမ်လည်း ဖြစ်နိုင်သည်။

ဝှီး!

ဤအခိုက်အတန့်တွင် အလင်းတန်း ဒါဇင်များစွာသည် ကောင်းကင်ယံကို ဖြတ်ကျော် ဝင်ရောက်လာခဲ့ပြီး သိုင်းမြို့စားဒါဇင်ပေါင်းများစွာသည် လူတိုင်း၏မြင်ကွင်းထဲတွင် ပေါ်လာသည်။ လူတိုင်းသည် ခေါင်းကိုမော့ကာ သူတို့၏မျက်နှာပေါ်တွင် စိတ်လှုပ်ရှား နေသော အမူအရာများဖြင့် သူတို့ကို ကြည့်နေကြသည်။

အထူးသဖြင့် သူတို့သည် ဦးဆောင်လာသည့် လူလတ်ပိုင်းအရွယ်အမျိုးသားကို လှမ်းကြည့်လိုက်သောအခါတွင် သူတို့၏မျက်လုံးများ သည် ကြောက်ရွံ့ရို‌သေခြင်းများ ပွင့်ထွက်လာကြသည်။

" သိုင်းမြို့စားဘိုင်ယွန်ကို နှုတ်ခွန်းဆက်သပါတယ်!"

ဘိုင်ယွန်ကျောင်းတော်မှ တပည့်များအားလုံးသည် ဒူးထောက်ကာ ညီညီညွတ်ညွတ် သံပြိုင်နှုတ်ဆက်လိုက်ကြသည်။

ချင်ယွင်သည် ကောင်းကင်ယံတွင် ပေါ်လာသော သက်လတ်ပိုင်းအရွယ်အမျိုးသားကို ရုတ်တရက် ကြည့်လိုက်ပြီး "သူက သိုင်းမြို့စားဘိုင်ယွန်လား" ဟု အံ့သြစွာ မေးလိုက်သည်။

သိုင်းမြို့စားဘိုင်ယွန်သည် အဖြူရောင်စပါးအုံးမြွေအ‌ရေခွံ၀တ်စုံကို ၀တ်ဆင်ထားပြီး ပြတ်သားသောမျက်နှာအမူအရာ ရှိသည်။ သူသည် နောက်ကျောမှာ လက်နှစ်ဖက် ယှက်ကာရပ်ပြီး သူ၏အကြည့်များက စင်မြင့်အောက်ရှိ လူအုပ်ကို ပမာမထားသည့် အမူယာဖြင့် ဝှေ့ကြည့်လိုက်သည်။ သူ၏ခန္ဓာကိုယ်မှ ဒေါသထွက်ခြင်းမဟုတ်သလို အင်အားပြခြင်းလည်း မဟုတ်သည့် လွှမ်းမိုးနိုင်စွမ်းရှိသော အငွေ့အသက်များကို ထုတ်လွှတ်နေသည်။

"ထကြပါ!" သိုင်းမြို့စားဘိုင်ယွန်က ပြောလိုက်သည်။ သူ၏အသံသည် လူတိုင်း၏ နားထဲတွင် လေပြေလေညှင်းကဲ့သို့ ထွက်ပေါ်လာသည်။

ဤမြင်ကွင်းကို ကြည့်လိုက်ရလျှင် ချင်ယွင်၏ နှလုံးသားမှာ တုန်လှုပ်ခြောက်ခြား သွားရသည် ။ ဤသိုင်းမြို့စားဘိုင်ယွန်သည် မိုးကြိုး၀ိညာဥ်ဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင် လဲ့ရှောင်တင်း၏ စွမ်းအားထက်ပင် ပို၍မြင့်မားသည့် အဆင့်မှာရှိပြီး နားမလည်နိုင်လောက်အောင် ဖြစ်ရသည်။

ထို့အပြင်၊ ချင်ယွင်သည် သိုင်းမြို့စားဘိုင်ယွန်ထံမှ ပြင်းထန်သော လေထုဖြတ်တောက်ခြင်းဆန္ဒကို ခံစားခဲ့ရသည်။ ဤအရာသည် လေထု ဖြတ်တောက်ခြင်းသဘောတရား၏ န၀မအဆင့်ဖြစ်ကြောင်း ချင်ယွင် သေချာသည်။

ထိုကဲ့သို့သောအဆင့်မျိုးသည် သိမ်မွေ့နက်နဲနယ်ပယ်နှလုံးသားကို ပေါင်းစည်းရန် ခြေတစ်လှမ်းမျှသာ ဝေးတော့သည် ။ ချင်ယွင်သည် သေမျိုးကမ္ဘာတွင် ဤကဲ့သို့ အစွမ်းထက်သော သဘောတရားစွမ်းရည်၌ ကျွမ်းကျင်သူကို ပထမဆုံးအကြိမ် တွေ့ဖူးခြင်း ဖြစ်သည်။

ယခုအချိန်တွင် ချင်ယွင်သည် လင်းဖန်ကို မသတ်လိုက်ခဲ့သည့်အတွက် အလွန် ဝမ်းသာနေမိသည်။ ထိုသို့မဟုတ်လျှင်၊ သူသည် ဤကဲ့သို့ကျွမ်းကျင်သူတစ်ယောက်နှင့် ထိပ်တိုက်ရင်ဆိုင်ရပါက ချင်ယွင်သည် သူနှင့်ထိတွေ့ရုံဖြင့်ပင် သေဆုံးသွားရလိမ့်မည်။

အခန်း (၁၆၉) သတ်ဖြတ်မှုစတင်ခြင်း။

သိုင်းမြို့စားဘိုင်ယွန်သည် ရင်ပြင်ပေါ်တွင် သူ၏နောက်ကျောတွင် လက်နှစ်ဖက် ပစ်ကာ မတ်တပ်ရပ်နေပြီး အခြားဂိုဏ်း၏အကြီးအကဲများအားလုံးသည် သူ၏ နောက်တွင် ရပ်နေကြသည်။

"ဒီတစ်ခါတော့ ကျွန်တော်နဲ့ အကြီးအကဲတွေ ကိုယ်တိုင်က ဂိုဏ်း‌ပေါင်းစုံပြိုင်ပွဲကို ကျင်းပမှာ ဖြစ်ပါတယ်။ နောက်ပိုင်း ဒီဂိုဏ်းပေါင်းစုံပြိုင်ပွဲရဲ့ စည်းမျဉ်းတွေကို ရှင်းပြမယ်။" သိုင်းမြို့စားဘိုင်ယွန်က ပြောလိုက်သည်။ သူ၏အသံသည် အကျယ်ကြီး မဟုတ်သော်လည်း လူတိုင်းကြားနိုင်သည်။

"အရင်တုန်းကတော့ ယှဉ်ပြိုင်ဖို့အတွက် နှစ်ယောက်တစ်တွဲ ယှဉ်ပြိုင် တိုက်ခိုက်မူတွေကို အသုံးပြုခဲ့တယ်။ ဒီတစ်ခါတော့ အမဲလိုက်တိုက်ပွဲတွေကို ယှဉ်ပြိုင်ရမယ်။ ဒါကို ကြည့်လိုက်ကြပါ၊ ဒါက ဘိုင်ယွန်ကျောင်းတော်ရဲ့ ရတနာ တစ်ခု ဖြစ်ပါတယ်။ အရမ်းကိုလှပပါတယ်။"

သိုင်းမြို့စားဘိုင်ယွန်သည် သူ၏လက်ထဲတွင် ရုပ်ပုံလွှာတစ်ခု ပေါ်လာသည်။ ထိုရုပ်ပုံလွှာသည် လွင့်ပျံသွားကာ လေထဲတွင် ပြန့်နှံ့သွားခဲ့ပြီး လူတိုင်း၏ရှေ့တွင် မြစ်များနှင့် တောင်တန်းများ၏ ခမ်းနားထည်၀ါသော ပုံရိပ်များကို ပေါ်လွင်စေသည်။

"ဒါက တကယ်ကို ချစ်စရာကောင်းလွန်းတယ်။ ဒါက ကျောင်းတော်မှာရှိတဲ့ တစ်ခုတည်းသော အင်မော်တယ်အဆင့် ပစ္စည်းတစ်ခုလို့ ပြောလို့ရတယ် " ။ ရင်ပြင်ထဲရှိ တစ်စုံတစ်ယောက်က ချက်ချင်းပင် အလန့်တကြား အော်ပြောလိုက်သည်။

ချင်ယွင်သည် တောင်တန်းများနှင့် မြစ်များကမ္ဘာ၏ ဤရုပ်ပုံလွှာကို ကြည့်ရန် သူ၏ ခေါင်းကိုမော့လိုက်ပြီး "ဒါက တကယ်ကို အင်မော်တယ်အဆင့် ပစ္စည်းတစ်ခုပဲ။ ဒါ့အပြင် လေဟာနယ် အမျိုးအစား အင်မော်တယ် ပစ္စည်းတစ်ခုလည်း ဖြစ်နေတယ်"ဟု စိတ်ထဲမှာ အနည်းငယ် အံ့သြသွားခဲ့သည်။

သိုင်းမြို့စားဘိုင်ယွန်က ဆက်ပြောသည် "ဒီအင်‌မော်တယ်အဆင့် ပစ္စည်းကမ္ဘာထဲမှာ သေးငယ်တဲ့ ကမ္ဘာတစ်ခု ပါ၀င်တယ်။ ပြိုင်ပွဲမှာပါဝင်ကြမယ့် တပည့်တွေအားလုံးဟာ တံဆိပ်ပြားတွေနဲ့အတူ သုံးရက်ကြာအောင် နေထိုင်သွားရမှာ ဖြစ်တယ်။ မင်းတို့ လက်ထဲမှာရှိတဲ့ တံဆိပ်ပြားတွေကို ကာကွယ်ပြီး အခြားပြိုင်ဘက်များရဲ့ တံဆိပ်ပြားတွေကို သိမ်းပိုက်နိုင်ဖို့ အကောင်းဆုံး ကြိုးစားရမယ်။ အဆုံးသတ်မှာ တံဆိပ်ပြားအများဆုံး သိမ်းပိုက်နိုင်တဲ့ဂိုဏ်းက ဒီပြိုင်ပွဲရဲ့ ချန်ပီယံဖြစ်လိမ့်မယ်။

ဤစကားများပြောပြီးသည်နှင့် ကွင်းပြင်တခုလုံးသည် ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။ ဤကဲ့သို့ ယှဉ်ပြိုင်ရခြင်းမျိုးသည် သူတို့အတွက် ပထမဆုံး အကြိမ် ဖြစ်သည်။ လူတိုင်းက မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေကြသည်။

"ဒီကမ္ဘာငယ်လေးထဲမှာ တိုက်ပွဲတွေကို ခွင့်ပြုထားတယ်။ မင်းတို့ဟာ တကယ် မသေပေမယ့် ဒီကမ္ဘာငယ်လေးထဲမှာ မင်းတို့အသတ်ခံလိုက်ရတာနဲ့ ပြိုင်ပွဲကနေ အလိုအလျောက် ထွက်ခွာသွားရလိမ့်မယ်။ မင်းတို့ရဲ့တံဆိပ်ပြားတွေကို တခြားသူတွေကလည်း လုယူရရှိကြမှာဖြစ်လို့ နောက်ဆုံး တံဆိပ်ပြား အများဆုံးရရှိတဲ့ဂိုဏ်းက ချန်ပီယံဆုကို ရနိုင်လိမ့်မယ်၊ ဒီကမ္ဘာငယ်လေးထဲမှာ အသက်ရှင်ကျန်ရစ်သူတွေကသာ အောင်နိုင်သူပဲ။" သိုင်းမြို့စားဘိုင်ယွန်က ဆက်ပြောသည်။

လူတိုင်း အံသြသွားကြသည်။ သူတို့သည် တကယ်ကို တိုက်ခိုက်ခွင့် ရခဲ့တယ်။ ဤနည်းအားဖြင့် ပြိုင်ဆိုင်မှုသည် အလွန်သွေးထွက် သံယိုဖြစ်ပြီး ရက်စက် ကြမ်းကြုတ်မှုများဖြစ်လာသော်လည်း သူတို့၏သွေးများကို ဆူပွက်သွားစေနိုင်သည်။

ချင်ယွင်လည်း အလွန်အံ့သြသွားသည်။

သတ်ဖြတ်ခွင့်ပြုတာလား။

ဤပြိုင်ပွဲက လူတိုင်းကို စိတ်လွတ်ကိုယ်လွှတ်သတ်ဖြတ်ပြီး သေတဲ့အထိ တိုက်ပွဲ ဝင်စေချင်ပုံပင်။

ဤလှပသောကမ္ဘာငယ်‌လေးထဲတွင် သေခြင်းတရားသည် စစ်မှန်သောသေခြင်းဟု မယူဆသော်လည်း သေခြင်းတရားကိုကြောက်ရွံ့ခြင်းသည် အစစ်မှန်ဖြစ်နိုင်သည်။

“ကျွန်တော်ပြောချင်တာက ဒီပြိုင်ပွဲအတွက် ဆုလာဘ်ပါပဲ” သိုင်းမြို့စားဘိုင်ယွန်က ဆက်လက်ပြောပြသည်။

လူတိုင်းသည် ချက်ချင်းပင် အသက်ရှုမွန်းကြပ်ကာ ‌ဂိုဏ်းပေါင်းစုံပြိုင်ပွဲက မည်ကဲ့သို့သော ရက်ရောမှုမျိုး ပေးမည်ကို စောင့်မျှော်နေကြသည်။

"တတိယဆုရရှိခဲ့တဲ့ဂိုဏ်းက အဆင့်မြင့်အဆင့် ကျင့်ကြံခြင်းနည်းပညာရပ်တစ်ခုကို ရရှိလိမ့် မည်"သိုင်းမြို့စားဘိုင်ယွန်က ကြေညာလိုက် သည်။

"တတိယနေရာက တကယ်ကို အဆင့်မြင့်အဆင့် ကျင့်ကြံခြင်း နည်းပညာရပ် တစ်ခုလား?" လူတိုင်းသည် ထိတ်လန့်စွာ အော်ဟစ်ကြသည်။

ချင်ယွင်သည်လည်း အနည်းငယ် အံ့သြသွားသည်။ ဤအဆင့်မြင့်အဆင့် အဆင့်မြင့်တန်းစား ကျင့်ကြံခြင်း နည်းပညာရပ်တစ်ခုသည် အမှန်တကယ်ပင် အဖိုးမဖြတ်နိုင်ပေ။ မိုးကြိုး၀ိညာဥ်ဂိုဏ်း၏ ဂိုဏ်း၏ရတနာဖြစ်သော မဟာ မိုးကြိုး ဝိညာဉ်ပညာရပ်သည် အဆင့်မြင့်အဆင့် အဆင့်မြင့်တန်းစား ကျင့်ကြံခြင်း နည်းပညာရပ်တစ်ခုမျှသာ ဖြစ်နိုင်သည်။

သို့သော် ဤကိစ္စကို သူနည်းနည်းလေးမျှ စိတ်မဝင်စားပေ။ သူသည် ရှေးဟောင်းခေတ် အစိမ်းရောင်ကြာပန်းပညာရပ်ကို ပိုင်ဆိုင်ထား သည်။ ဤရှေးဟောင်းခေတ် အစိမ်းရောင်ကြာပန်းပညာရပ်သည် အင်မော်တယ်အဆင့်ကိုပင်ကျော်လွန်နိုင်သော ပြိုင်ဘက်ကင်းကျင့်ကြံခြင်း ပညာရပ်တစ်ခုဖြစ်သည်။ သူ၏မျက်လုံးထဲတွင် ဤအဆင့်မြင့်အဆင့် နည်းပညာရပ်‌လေးတစ်ခုကို မည်ကဲ့သို့ ထည့်ထားနိုင်မည်နည်း။

"ဒုတိယနေရာအတွက်က၊ အဆင့်မြင့်အဆင့် အဆင့်မြင့်တန်းစား ကျင့်ကြံခြင်း နည်းပညာရပ်တစ်ခုနဲ့ ဧကရာဇ်အဆင့် အဆင့်နိမ့်တန်းစား သိုင်းပညာရပ်တစ်ခု ဖြစ်တယ်" သိုင်းမြို့စားဘိုင်ယွန်မှ ဆက်လက်ကြေငြာလိုက်သည်။

လူတိုင်းသည် အေးစက်သောလေကို တစ်ချက်ချင်း ရှုရှိုက်လိုက်ကြသည်။ ဤဒုတိယနေရာသည် အမှန်တကယ်ပင် အဆင့်မြင့်အဆင့် အဆင့်မြင့်တန်းစား ကျင့်ကြံခြင်းနည်းပညာတစ်ခုနှင့် ဧကရာဇ်အဆင့် အဆင့်နိမ့်တန်းစား သိုင်းပညာရပ် တစ်ခုဖြစ်သည်။ သုံးနှစ်အတွင်းကျင်းပခဲ့သည့် ပထမနေရာပင် ဒီထက်မပိုပေ။

ပထမနေရာက ဘာများဖြစ်မလဲ။

သိုင်းမြို့စားဘိုင်ယွန်က "ပထမ‌နေရာဆုရှင်ကတော့ နဂါးသွေးဆေးပြားကို ရရှိလိမ့်မယ်" ဟု ထပ်မံပြောလိုက်သည်။

လူတိုင်း အသက်ရှူကျပ်သလို ခံစားလိုက်ရသည် ။ ပထမနေရာအတွက် ဆုကြေးက ရိုးရိုးရှင်းရှင်းလေးပင်။ သိပ်ကိုရက်ရောလွန်းသည်။

ထိုအချိန်၌ပင် လုံးလုံးဂရုမစိုက်သော ချင်ယွင်၏ မျက်လုံးများသည်လည်း တောက်ပ လာခဲ့သည်။

နဂါးသွေးဆေးပြားသည် ဒဏ္ဍာရီလာ အင်မော်တယ်ဆေးလုံး ဖြစ်သည်။ ၎င်းကို အစစ်အမှန်နဂါး၏သွေးကို အဓိကဆေးမယ်အဖြစ် သန့်စင်ထားသည်။ လူတစ်ယောက်၏ကျင့်ကြံမှုအဆင့်ကို မတိုးမြှင့်နိုင်သော်လည်း၊ ၎င်းသည် လူတစ်ယောက်၏ ရုပ်ကိုယ်ခန္ဓာကို အလွန်ကြံ့ခိုင် သန်မာစေသည်။

တစ်ချိန်တည်းမှာပင် ဤဆေးပြားကိုသောက်သုံးရသူသည် ကံကောင်းခဲ့လျှင် နဂါးမျိုးနွယ်စု၏ အထူးစွမ်းရည်ကို ရရှိတတ်သည်။ ဤအရာသည် အဖိုးမဖြတ်နိုင်သော ရတနာတစ်ခုဟု ဆိုနိုင်သည်။

အင်မော်တယ်ကမ္ဘာမှာပင် ဤကဲ့သို့ဆေးပြားများသည် အလွန်ရှားပါးပြီး အဖိုးတန်လှသည် ။ နောက်ဆုံးမှာတော့ ဤဆေးပြားသည် အစစ်အမှန် နဂါးသွေးအဆီ အနှစ်ကို အသုံးပြု၍ သန့်စင်ရန် လိုအပ်သည်။

ချင်ယွင်ပင်လျှင် အနှိုင်းမဲ့ တုန်လှုပ်သွားခဲ့သည်။

ချင်ယွင်မှလွဲ၍ အခြားသော တပည့်များ၏ မျက်လုံးများသည် လင်းလက်တောက်ပ လာခဲ့သည်။

အထူးသဖြင့် လင်းဖန်နှင့် ဖန်းမန့်တို့၏ မျက်လုံးများသည် တောက်လောင်နေသော အကြည့်များဖြင့် ပြည့်နှက်နေသည်။ သူတို့၏ နှလုံးသားထဲတွင် ဤနဂါးသွေး ဆေးပြားကို ရယူရန် ဆုံးဖြတ်ထားကြသည်။

"ဒီပြိုင်ပွဲအတွက် ဆုလာဘ်တွေက အရမ်းရက်ရောလှတယ်။ အထူးသဖြင့် ဒီနဂါးသွေးဆေးလုံး။ ဒါကို အင်မော်တယ်တစ်ဦးရဲ့ ရတနာတိုက်တစ်ခုကနေ ရရှိခဲ့တာပဲ။ ဒီဆေးလုံးမှာ ဘယ်လိုနဂါးသွေးအမျိုးအစားတွေ ပါဝင်နေမှန်းတောင် ငါတို့ မသိကြဘူး။ ဒါက ဘယ်လိုဆေးမျိုးပဲဖြစ်ပါ‌စေ၊ အလွန်အစွမ်းထက်တဲ့ ဖြစ်တည်မှု တစ်ခုပဲ။ ဒါပေမယ့် ဆေးလုံးက တစ်လုံးပဲရှိတယ်။ လူတိုင်းရဲ့ ကြိုးစားအားထုတ်မှုပေါ်မှာ မူတည်တယ်။" သိုင်းမြို့စားဘိုင်ယွန်၏ စကားလုံးများသည် လူတိုင်း၏နားထဲတွင် တစ်ဖန်ပြန်လည်ထွက်ပေါ်လာပြီး အလွန်စိတ်လှုပ်ရှားနေပြီဖြစ်သော တပည့်များ၏ သွေးများသည် ပို၍ပင် ဆူပွက်လာ စေသည်။

"အခုတော့ တံဆိပ်ပြားတွေကို ထုတ်ယူလိုက်ကြပါ။ မင်းတို့ရဲ့ပန်းတိုင်က သုံးရက်အတွင်း အသက်ရှင်ဖို့ဆိုတာ သတိရပါ။ မင်းတို့လက်ထဲမှာရှိတဲ့ တံပြားတွေကို ကာကွယ်ပြီး တခြားသူတွေဆီကနေ တတ်နိုင်သမျှ လုယူလိုက်ကြပါ။"

သိုင်းမြို့စားဘိုင်ယွန်က ကြေညာလိုက်သည်။ ထို့နောက် သူသည် သူ၏ ၀တ်စုံလက်မောင်းကို ဝှေ့ယမ်းလိုက်ပြီး ရာနှင့်ချီသော အလင်းတန်းများ ပြန့်ကျဲသွားလေသည်။ ထို့နောက် ချင်ယွင်နှင့် အခြားလူများ အသီးသီး၏ လက်ထဲတွင် နောက်ထပ် တံဆိပ်ပြားတစ်ခုစီ ရောက်ရှိလာကြသည်။

"ကောင်းပြီ၊ စုစုပေါင်း တံဆိပ်ပြား ၅၀၄ ခုကို လူတိုင်းဆီကို ဖြန့်ဝေပေးပြီးပြီ။ အခု လူတိုင်းကို ကမ္ဘာငယ်လေးသို့ ဖိတ်ခေါ်လိုက်မယ်။ ဒီ ‌ဂိုဏ်းပေါင်းစုံပြိုင်ပွဲ တရားဝင် စတင်တော့မည်ဖြစ်ကြောင်း ကျွန်ုပ်ကြေငြာလိုက်သည်။" သိုင်းမြို့စားဘိုင်ယွန်က ကြေညာပေး လိုက်သည်။

တောင်တန်းများနှင့်မြစ်များ ရုပ်ပုံလွှာကို အလင်းတန်းတစ်ခု ရိုက်ခတ်သွားခဲ့သည်။ ထို့နောက်တွင်၊ တောင်တန်းများနှင့်မြစ်များကမ္ဘာရုပ်ပုံလွှာသည် လေထဲတွင် တောက်ပသော အလင်းရောင်တစ်ခုနှင့်အတူ ထွက်ပေါ်လာပြီး ၎င်းထံမှ အားပြင်းသော စုပ်ယူမှုစွမ်းအားတစ်ခု ထွက်ပေါ်လာသည်။

ချက်ခြင်းပင်၊ တံဆိပ်ပြားရှိသော တပည့်များအားလုံးသည် တောင်တန်းများနှင့် မြစ်များကမ္ဘာ ရုပ်ပုံလွှာထဲသို့ စုပ်ယူသွားခဲ့ကြပြီး ယခုအချိန်တွင် ပြိုင်ပွဲကို တရားဝင် စတင်ခဲ့သည်။

ချင်ယွင်သည် သူ၏မျက်လုံးများထဲတွင် ဖျတ်ခနဲ လင်းလက်သွားသည်ကိုသာ ခံစားလိုက်ရပြီး သူရောက်ရှိနေသော မြင်ကွင်းသည် ပြောင်းလဲသွားခဲ့သည်။ ယခုအချိန်တွင် သူသည် စမ်းချောင်းငယ်တစ်ခုဘေးရှိ ကျောက်ဆောင်ကြီး တစ်ခုပေါ်တွင် ရပ်နေသည်။

"ဒါက မြစ်များနှင့်တောင်တန်းများကမ္ဘာရုပ်ပုံလွှာထဲမှာရှိတဲ့ ကမ္ဘာငယ်လေးထဲမှာ လား။ တကယ့်အစစ်မှန်ကမ္ဘာနဲ့ အတူတူပါပဲလား။" ချင်ယွင် သက်ပြင်းချလိုက်သည်။

ယခင်က သူတို့သည် မိုးကြိုး၀ိညာဥ်တောင်၏ ကမ္ဘာငယ်လေးတွင်ရှိခဲ့စဉ်၊ ဒြပ်စင်စွမ်းရည်များ၏ မညီမျှမှုကြောင့် ချင်ယွင်နှင့် အခြားသူများသည် ကမ္ဘာငယ်လေး၏ အစစ်မှန်ကမ္ဘာမဟုတ်သည့်အမှန်တရားကို ရှင်းရှင်းလင်းလင်း ခံစားနိုင်ခဲ့ကြသည်။

သို့သော် ဤသာယာလှပသော မြစ်များနှင့် တောင်တန်းများကမ္ဘာသည် ခြားနားသည်။ ဒြပ်စင်စွမ်းရည်များအားလုံးသည် မျှမျှတတ ဖြစ်သောကြောင့် အပြင်ပကမ္ဘာနှင့် ထူးမခြားနားလှပေ။ ပတ်ပတ်လည်တွင် ထူထပ်သော ရှေးဟောင်းသစ်တောများပင် ရှိသည်။

"ဟဲ့ ကောင်စုတ် ၊ မင်းလက်ထဲက တံဆိပ်ပြားကို လွှဲပေးစမ်း။"

ချင်ယွင်သည် ဤလှပသောကမ္ဘာငယ်လေး၏ အံ့ဖွယ်ကောင်းပုံများကိုခံစားရင်း သက်ပြင်းချနေစဉ် သူ၏ဘေးတွင် အသံတစ်ခု ထွက်ပေါ်လာသည်။

သိုင်းဂိုဏ်းချုပ်နယ်ပယ်၏ သတ္တမအဆင့် ကောင်းကင်အလွှာတွင်ရှိသည့် လူငယ်သည် ဆေဘာကို ကိုင်ထားရင်း ချင်ယွင်ကို မောက်မာစွာ ကြည့်လိုက်သည်။

လူငယ်သည် အလွန်ပျော်ရွှင်သွားသည်။ သူ၏ကံကြမ္မာက တကယ့်ကို ထူးထူးခြားခြား ဖြစ်သည်။ သူသည် သေးငယ်သည့်ကမ္ဘာငယ်လေးထဲကို ဝင်ရောက်ပြီးသည်နှင့် သူ၏ဘေးမှာ သားကောင်ရှိနေသည်ကို သိလိုက်ရသည်။ အရေးကြီးဆုံးအချက်က ဤသားကောင်သည် အမှန်တကယ်ပင် သိုင်းဂိုဏ်းချုပ်နယ်ပယ်၏ ပဉ္စမအဆင့် ကောင်းကင်အလွှာတွင် ရှိနေခြင်းပင်ဖြစ်သည်။

သူ၏အမြင်အရ၊ သိုင်းဂိုဏ်းချုပ်နယ်ပယ်၏ ပဉ္စမအဆင့် ကောင်းကင်အလွှာသည် ဤနေရာတွင် အသတ်ခံရရန် စောင့်ဆိုင်းနေရသည့် သားကောင်များဖြစ်ပြီး ကံကောင်း ထောက်မစွာဖြင့် အမှန်တကယ် သူနှင့် ကြုံတွေ့ခဲ့ရသည်။

"အိုး? ငါက မပေးဘူဆိုရင် မင်းဘယ်လိုလုပ်မလဲ။" ချင်ယွင်သည်လည်း အပျော်သဘောဖြင့် ပြုံးပြရင်း ပြောသည်။

"ဟမ်၊ တံဆိပ်ပြားကို လွဲပေးမယ် လွဲမပေးဘူးဆိုတာက မင်းဆုံးဖြတ်ရမယ့် အရာမဟုတ်ဘူး" လူငယ်၏ မျက်နှာပေါ်တွင် ရက်စက်ကြမ်းကြုတ်မှု အရိပ်အယောင် ပေါ်လာသည်။

ချင်ယွင်၏ ပါးစပ်ထောင့်သည်လည်း အေးစက်သော အပြုံးတစ်ခုအဖြစ် အက်ကွဲသွားသည်။ "ဒီကမ္ဘာကြီးက ကန့်သတ်ချက်မရှိဘဲ သတ်ပစ်နိုင်ပုံရတယ်။ အဲဒါကောင်းတယ်!။

အခန်း (၁၇၀)သတ်ဖြတ်ခြင်းကစားပွဲ။

"ငရဲကို သွားလိုက်တော့!"

လူငယ်သည် သူ၏‌ဆေဘာကိုကိုင်လျက် ချင်ယွင်ဆီသို့ ပြေးသွားခဲ့သည်။ သူ၏ လက်ထဲရှိ ဆေဘာသည် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ချင်ယွင်၏ လည်ပင်းကို ပိုင်းဖြတ်လိုက်သည်။။

ချင်ယွင်က ရယ်မောလိုက်ပြီး သူ၏ခြေဖဝါးအောက်ရှိ ကျောက်တုံးကြီးသည် ချက်ချင်း

ကွဲအက်သွားသည်။ သူ၏တစ်ကိုယ်လုံးသည် ဥက္ကာပျံကဲ့သို့ အဝေးကို လွင့်ထွက်သွားသည်။ ထို့နောက် ကောင်းကင်ပြိုကျလောက်သည့် အရှိန်ဟုန်ဖြင့် ထိုလူငယ်၏ ရင်ဘတ်ကို တိုက်ရိုက်ထိုးလိုက်လေသည်။

လူငယ်သည် ချက်ချင်းပင် ကွေးညွှတ်သွားပြီး သွေးများပါးစပ်မှထွေးထုတ်လိုက်သည်။ သူ၏ရင်ဘတ်မှ ကြီးမားပြင်းထန်သည့် စွမ်းအားတစ်ခု ထွက်ပေါ်လာသည်။ သူသည်နောက်ပြန်လွင့်ထွက်ခါနီးတွင် ချင်ယွင်သည်သူ့ကို နောက်ပြန်ဖမ််းဆွဲလိုက်ပြီး မြေပြင်ပေါ်တွင် ပြင်းပြင်းထန်ထန် ရိုက်ချလိုက်သည်။

သနားစရာကောင်းသော လူငယ်လေး၏ တစ်ကိုယ်လုံးသည် လုံးလုံး ပုံပျက်ယွင်းသွားခဲ့ပြီး သေလုမျောပါး ဖြစ်နေသည်။

ချင်ယွင်သည် နည်းနည်းလေးမှ တုန့်ဆိုင်းခြင်းမရှိဘဲ လူငယ်လေး၏ရင်ဘတ်ကို တိုက်ရိုက်ထိုးလိုက်ပြန်သည်။

မြေကြီးတစ်ခုလုံး နစ်၀င်သွားခဲ့ပြီး အချင်းမီတာသုံးဆယ်ရှိသော တွင်းနက်ကြီး တစ်ခုဖြစ်‌ ပေါ်လာသည် ။ တွင်းနက်ကြီးအလယ်တွင် လဲလျောင်းနေသော လူငယ်သည် ချင်ယွင်၏ ကြောက်မက်ဖွယ်ကောင်းသော ထိုးနှက်ချက်ကြောင့် သေဆုံးသွားခဲ့ရသည်။

အစမှ အဆုံးအထိ လူငယ်သည် ပြန်လည်တိုက်ခိုက်ရန် ခွန်အားအနည်းငယ်မျှပင် မရှိခဲ့ပေ။ သို့သော် သူသေဆုံးမည့်အချိန်တွင် ချင်ယွင် ပြောခဲ့သည့် "ကမ္ဘာငယ်အတွင်း လူများကို အကန့်အသတ်မရှိသတ်ပစ်နိုင်တယ်” ဟူသောစကား၏ဆိုလိုရင်းအမှန်ကို နောက်ဆုံးတွင် သူနားလည်သဘောပေါက်သွားခဲ့သည်။

မူလက သူ၏ကံကြမ္မာကောင်းသည် ပေါက်ကွဲထွက်လာပြီး သူဤကမ္ဘာငယ်လေးထဲ ဝင်ဝင်ခြင်းအခိုက်တန့်မှာ သိုင်းဂိုဏ်းချုပ်နယ်ပယ်၏ ပဉ္စမအဆင့် ကောင်းကင်အလွှာရှိ ပျော့ပျောင်းသည့်ပန်းသီးတစ်လုံးနှင့် တွေ့ခဲ့‌ပေးခဲ့သည်ဟု တွေးထားသော်လည်း ထိုလူသည် အမှန်တကယ်ကြောက်စရာကောင်းပြီး အနှိုင်းမဲ့စွမ်းအားကိုပိုင်ဆိုင်သော အရူးတစ်ယောက်ဖြစ်နေလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။

လူငယ်၏အလောင်းသည် သေးငယ်သော ကြယ်ရောင်အမှုန်အမွှားအဖြစ်သို့ ပြောင်းလဲသွားပြီး တဖြည်းဖြည်း ကွယ်ပျောက်သွားခဲ့သည်။

တစ်ချိန်တည်းမှာပင်၊ ဘိုင်ယွန်ကျောင်းတော်၏ ဘိုင်ယွန်ရင်ပြင်ပေါ်တွင် ဤလူငယ် သည် ကမ္ဘာငယ်လေးအပြင်ဘက်သို့ ရိုက်ထုတ်ခံရသည့် ပထမဆုံး လူဖြစ်လောက် အောင်ပင် ကံကောင်းခဲ့သည်။

လူငယ်သည် ဘိုင်ယွန်ရင်ပြင်ပေါ်တွင် ပေါ်လာသည်နှင့် တပြိုင်နက် သူသည် အရူး တစ်ယောက်လို ဖြစ်နေသည်။ သူသည် အဝေးကို ပြေးသွားပြီး “အမေ၊ အရမ်းကြောက်တယ်၊ အရမ်းကြောက်တယ်…” ဟု ဆက်တိုက်အော်နေတော့သည်။

ပရိသတ်အားလုံး အံသြသွားကြသည်။ ဤလူသည် မည်မျှကြောက်စရာကောင်းသည့် အဖြစ်အပျက်မျိုးကို ကြုံတွေ့ခဲ့ရလဲဆိုသည်ကို သူတို့ နားမလည်ခဲ့ကြပေ။ သူသည် အမှန်တကယ်ပင် ဤအတိုင်းတာထိ ကြောက်ရွံ့နေခဲ့သည်။

ထို့နောက်တွင်၊ ချင်ယွင်နှင့် လူငယ်တို့၏ အစောပိုင်းလေးက တိုက်ပွဲ မြင်ကွင်းသည် ကောင်းကင်ယံရှိ ရုပ်ပုံလွှာကားချပ်တွင် ပေါ်လာသည်။ နတ်ဆိုးနတ်ဘုရားနှင့်တူသော

ချင်ယွင်၏ နောက်ဆုံးလက်သီးချက်အား တွေ့လိုက်သောအခါ လူတိုင်းသည် ပင့်သက်မောကြီး ချမိကြသည်။

သူတို့သည် ထိုလူငယ် အစောပိုင်းလေးက ကြုံတွေ့ခဲ့ရသည်များကို နောက်ဆုံးတွင် နားလည်သွားကြပြီး လူငယ်ကို တုနှိုင်းမရသည့် စာနာစိတ်ဖြင့် ကြည့်လိုက်ကြသည်။

အခုလေးတင် သူတို့၏ နှလုံးသားများ အေးစက်သွားခဲ့ရသည် ။

တစ်ချိန်တည်းမှာပင်၊ ကြီးကျယ်ခမ်းနားခြင်းမရှိသော ချင်ယွင်၏ ပုံသဏ္ဌာန်သည် နတ်ဆိုးနတ်ဘုရားကဲ့သို့ ပရိသတ်များ၏ နှလုံးသားထဲတွင် လုံးလုံးလျားလျား စွဲထင်သွားကြလေးသည်။

သူ၏လက်သီးချက်ကြောင့် ဤမျှလောက်ကြီး မားသည့် အနှောင့်အယှက် ဖြစ်သွားခဲ့သည်ကို ချင်ယွင်သည် မည်ကဲ့သို့ သိနိုင်မည်နည်း။

သူသည် ဤကမ္ဘာငယ်လေးထဲကို ယခုမှ ဝင်ရောက်လာစဖြစ်သည်ကိုသာ သူသိသည်။ အကျင့်စရိုက်နှင့် စည်းမျဥ်းစည်းကမ်းများကို ကန့်သတ်ထားခြင်းမရှိသည့်အချိန်တွင်၊ ထိုလူငယ်သည် သူ့ကို ရုတ်တရက် ရန်စလာခဲ့သည်။ ထို့ကြောင့် သူ၏ နှလုံးသားထဲတွင် စုစည်းမိနေသော သတ်ပစ်လိုသည့်ဆန္ဒက ပေါက်ကွဲလာသည့် အခိုက် ထိုလူငယ်သည် အလွန်စိတ်မကောင်းစရာအဖြစ်မျိုးဖြင့် အဆုံးသတ်သွားခဲ့ ရသည်။

သူ၏နှလုံးသားထဲရှိ သတ်ပစ်ချင်စိတ်များ ပေါက်ကွဲထွက်လာပြီးနောက် ချင်ယွင်၏ စိတ်ခံစားမှုများက တော်တော်တည်ငြိမ်သွားသည် ။ သူသည် ထိုလူငယ် ပြုတ်ကျခဲ့သည့် တံဆိပ်ပြားကို ကောက်ယူပြီး သူ၏ သိုလှောင်အိတ်ထဲကို ထည့်လိုက်သည်။

ချင်ယွင်သည် တံဆိပ်ပြားတစ်ခုကို အမြန်ရရှိသောအခါတွင် ကူကယ်ရာမဲ့မှုနှင့်အတူ ရွှင်မြူးမှုကိုပါ ခံစားလိုက်ရသည်။

သို့သော် ချင်ယွင်သည် ထိုသားကောင်များကိုအစပြုပြီး အမဲလိုက်ရန် မရည်ရွယ်ခဲ့ပေ။ မည်သို့ပင်ဆိုစေကာမူ အချိန်သုံးရက်ကျန်သေးသည်။ ဤအားနည်းသော သားကောင်များကို အမဲလိုက်ခြင်းသည် သူ့အတွက် များစွာ အဓိပ္ပါယ်မရှိပေ။

ယခုအချိန်တွင် သူလုပ်ရမည့်အရာမှာ ကျိုးယု နှင့် ဘိုင်ချီဟန်တို့ကိုရှာရန်ဖြစ်သည်။ ဤပြိုင်ပွဲသည် ဂိုဏ်းတစ်ခုလုံးကို အခြေပြုသည့်ပြိုင်ပွဲဖြစ်သောကြောင့်ဖြစ်သည်။

ဂိုဏ်း၏ခွဲတမ်းအရ ပါ၀င်ယှဥ်ပြိုင်ကြသည့် လူများတွင် လူတစ်ဦး အသက်ရှင်ကျန် နေသရွေ့ ထိုဂိုဏ်းသည် ဆက်လက်ကျန်ရှိနေမည်ဖြစ်သော်လည်း လူသုံးဦး၏ ခွန်အားသည် လူတစ်ဦး၏ ခွန်အားထက် သေချာပေါက် ကြီးမားပါသည်။ နောက်ဆုံးတွင်၊ လူသုံးယောက်ရရှိသည့် တံဆိပ်ပြားများကို အားလုံးပေါင်းပြီး တွက်ချက်ကြမည် ဖြစ်သည်။

သို့သော်၊ ချင်ယွင် အလွန်စိတ်ပျက်စေသည့်အရာမှာ သူ၏ပဉ္စမအဆင့် ကောင်းကင် အလွှာကျင့်ကြံခြင်းအခြေခံသည် ကြီးမားသောငါးစာတစ်ခု ဖြစ်နေပုံရသည်။ သိုင်းဂိုဏ်းချုပ်နယ်ပယ် ပဉ္စမအဆင့် ကောင်းကင်အလွှာ ကျွမ်းကျင်သူတစ်ဦး ဖြစ်သောသူ့ကို မြင်ကြသောတပည့်များသည် ပုန်းအောင်းနေခြင်း မရှိခဲ့ကြပေ။ သူတို့သည် ချင်ယွင်ကိုမြင်သည်နှင့်အပြင်ဘက်သို့ ထွက်လာကြကာ ဆူညံစွာ ကြွားလုံးထုတ်လျက် ချင်ယွင်ကို တယောက်ပြီး တယောက် တိုက်ခိုက်လာကြသည်။

ချင်ယွင်သည် သူ၏သားကောင်များကို အမဲလိုက်ရန် အစပြုခြင်းမရှိသော်လည်း သူ၏ ပါးစပ်၀သို့ရောက်လာသည့် အဆီရွှမ်းသော အသားများကို မစားရန်အတွက် ငြင်းဆန်ခြင်း မရှိပေ။ ထို့ကြောင့် သူ့ကို တိုက်ခိုက်သူအားလုံးသည် သူ၏လက်သီး တချက်ဖြင့် ပွဲချင်းပြီး သေဆုံးသွားကြသည်။ နောက်ဆုံးတွင်၊ သူတို့၏ တံဆိပ်ပြားများ အားလုံးသည် ချင်ယွင်၏ အိတ်ကပ်ထဲသို့ ဝင်ရောက်လာကြတော့သည်။

ဤကဲ့သို့ဖြစ်စဥ်များသည် မကြာမကြာ ဖြစ်ပျက်လာနေသည်။ နေ့တစ်ဝက်အကြာတွင် ချင်ယွင်သည် တံဆိပ်ပြားဆယ့်နှစ်ခုကို အမှန်တကယ်ရရှိခဲ့သည်။

ဘိုင်ယွန်ကျောင်းတော်၏ အပြင်ဘက်ရှိ ပရိသတ်များသည် ဤမြင်ကွင်းကို မြင်သော

အခါ သူတို့အားလုံးဆီမှ ခါးသီးသော အပြုံးများ ပေါ်လာကြသည်။ အချို့ဆို မယုံကြည်နိုင်မှုနှင့်အတူ အော်ပြောကြ၏ "ဒီလူက အကြင်နာကင်းမဲ့လွန်းတယ်။ တကယ်က သူဟာ ကျားတစ်ကောင်စားဖို့ ဝက်တစ်ကောင်လို ဟန်ဆောင်နေခဲ့တယ်"

ဘိုင်ယွန်စားသောက်ဆိုင်တွင် ချင်ယွင်နှင့်ထိပ်တိုက်ရင်ဆိုင်တွေ့ခဲ့ဖူးသည့် ဘိုင်ယွန် ကျောင်းတော် တပည့်များ၏ မျက်နှာ များသည် ပြာနှမ်းနေကြသည်။

အထူးသဖြင့် ချင်ယွင်ကိုဒုက္ခပေးရန်အတွက် ပိန်ပိန်ပါးပါးလူငယ်၏ ဆွဲဆောင်ခြင်း ခံခဲ့ရသော စီနီယာအစ်ကိုကျန်းဆိုသူသည် သူ၏ နှလုံးသားထဲတွင် ပျော်ရွှင်မှုများစွာကို ခံစားခဲ့ရသည်။ အချိန်တုန်းက သူမလှုပ်မရှားမိသည့် အတွက် သူပျော်ခဲ့ရသည်။ ထိုသို့မဟုတ်ရင်၊ သူသည် အသတ်ခံရရန် အလွန်ဖြစ်နိုင်ချေရှိပြီး၊ ချင်းယွင်၏ လက်သီးချက်ကြောင့် ဤအပေါင်းဖော်များကဲ့သို့ မြေပြင်ပေါ်တွင် သေဆုံးရမည့် အလားလာရှိသည်။

သို့သော် ချင်ယွင်၏ ငါးစာအဖြစ်သည် အမြဲတမ်း ထိရောက်မှု မရှိခဲ့ပေ။ သူသည် ၁၈ မြောက်တပည့်တဦးကို သတ်ပြီးသည်နှင့် သူ၏ကျော်ကြားမှုက ပျံ့နှံ့သွားခဲ့သည်။ တပည့်များသည် ချင်ယွင်ကို မြင်သည်နှင့် တပြိုင်နက် သူတို့အားလုံးသည် အခြားလမ်းတဖက်သို့ လျှောက်သွားကြပြီး ချင်ယွင်က သူတို့ကို သတ်ပစ်မည်ကို အလွန်ကြောက်လန့်ကြသည်။

သူတို့သည် ချင်ယွင်ကို နတ်ဆိုးနတ်ဘုရားဟု နာမည်ပြောင်ပေးထားသည်။ ပထမတော့ ချင်ယွင်သည် ဤနာမည်ပြောင်ကိုကြားရလျှင် ရယ်စရာဟုထင်ခဲ့မိသည်။ နောက်ပိုင်း တပည့်များ လှည့်ထွက်ပြေးသွားသည်ကို မြင်လျှင်သူ မရယ်တော့ပေ။

သေချာသည်မှာ၊ သရဲတရာဂိုဏ်း၏ ချင်းဟီ အပါအဝင် သေခြင်းတရားကို မကြောက်သည် သူအချို့လည်း ရှိခဲ့ကြပါသည်။

ချင်းဟီသည် ချင်ယွင်ရှေ့တွင် ထိုတံစဉ်ကြီးကို သူ၏ပခုံးပေါ်တင်လိုက်ရင်း သူ၏မျက်နှာကလူရွှင်တော်တဦးလို ပြုံးဖြီးဖြီးဖြစ်နေ၏။

သူနှင့်ရင်းနှီးသည့်လူတိုင်းက ချင်းဟီသည် တစ်ယောက်ယောက်ကိုသတ်ချင်တိုင်း ရယ်မောနေတတ်သည်ဟု သိထားကြသည်။ သူများများရယ်မောလေ လူများများ သေလေဖြစ်သည်။

ချင်ယွင်သည် ကြောက်စရာကောင်းပြီး ထူးဆန်းသော ချင်းဟီကို ကြည့်လိုက်သည်။ သူ၏မျက်နှာတွင် အကြောက်တရားနည်းနည်းမှ မရှိပါဘူး။ ယင်းအစား သူသည် တိုက်ခိုက်လိုသည့် တွန်းအားတစ်ခုသာရှိသည်။

သူ၏လက်အတွင်း သေဆုံးသွားကြသည့် တပည့်အများတွင် အသန်မာဆုံးသူသည် သိုင်းဂိုဏ်းချုပ်နယ်ပယ်၏ နဝမအဆင့် ကောင်းကင်အလွှာတွင်သာ ရှိသေးသည်။ ယခုအခါတွင် သူ ပျော်ရွှင်စွာဖြင့် တိုက်ခိုက်နိုင်မည့်လူတစ်ဦးသည် နောက်ဆုံးတွင် ရောက်ရှိနေပြီဖြစ်သည်။

ချင်းဟီသည် သိုင်းမြို့စားတစ်ပိုင်းနယ်ပယ်တွင်ရှိပြီး၊ သူ၏အင်အားသည် ချင်ယွင်၏ တိုက်ခိုက်လိုသောစိတ်ဆန္ဒကိုဖြည့်ဆည်းပေးနိုင်လောက်အောင်ပင် အစွမ်းထက်ပြီး ဤလူသည် ယခုပြိုင်ပွဲတွင် ထိပ်တန်းဆယ်ယောက်သို့ဝင်ရောက်နိုင်သင့်သည်။

"မင်း ငါ့ကို လုံးဝကြောက်ပုံမပေါ်ဘူး" ချင်းဟီက ချင်ယွင်ကို ထူးဆန်းပြီး စိတ်ပျက်စရာကောင်းသော အသံဖြင့် ပြောလိုက်သည်။

"ဒါက သိုင်းမြို့စားတစ်ပိုင်းလေးပဲလေ။ ဘာကိုကြောက်ရမှာလဲ" ချင်ယွင်က မကျေနပ်သည့် လေသံဖြင့် ပြောသည်။

"ဟားဟား၊ ဒါက သိုင်းမြို့စားတစ်ပိုင်းလေးပဲလား။ ဘယ်လောက်ကြီးကျယ်လိုက်တဲ့ လေသံလဲ။" ချင်းဟီက ဟက်ဟက်ပက်ပက် ရယ်လိုက်သည်။

ချင်ယွင်က ပေါ့ပေါ့ပါးပါး ပြုံးပြီး ပြောလိုက်သည့်"စမ်းကြည့်ရုံနဲ့ မသိနိုင်ဘူးလား?"

ချင်းဟီ၏ အမူအရာသည် ချက်ချင်း အေးစက်သွားကာ သူ၏တစ်ကိုယ်လုံးသည် နေရာမှ ပျောက်ကွယ်သွားသည်။

ချင်ယွင်၏ မျက်လုံးများသည် လှုပ်ရှားသွားပြီး သူ၏စိတ်ထဲတွင် ဖြစ်ပျက်နေသည့် အရာများကို ချက်ချင်း သဘောပေါက်သွားသည်။ သူ၏လက်ထဲတွင် ဥက္ကာပျံတိုက်ပွဲ၀င်ဆေဘာတစ်ချောင်း ပေါ်လာပြီး နောက်ပြန်လှည့်ကာ ခုတ်ပိုင်းလိုက်သည်။

တံစဉ်ကြီးသည် ကောင်းကင်ကို တိုက်ရိုက်ဖြတ်သွားပြီး ချင်ယွင်၏ ဥက္ကာပျံတိုက်ပွဲ ၀င်ဆေဘာနှင့် ထိပ်တိုက်ဆုံမိသွားသည်။

ချွင်!

လက်နက်ကြီးနှစ်ခုသည် ထိပ်တိုက်ဆုံမိပြီး သံသံချင်း ထိခိုက်သံများ ရောယှက်ထွက်လာ၏။

မရေမတွက်နိုင်သော ဆေဘာချီအမျှင်အတန်းများသည် ပတ်၀န်းကျင်လေဟာနယ်သို့ ပစ်လွှင့်သွားခဲ့ပြီး အရပ်မျက်နှာအသီးသီးတွင် ပြန့်ကျဲလျက် ရှိသည်။

ပတ်ဝန်းကျင်ရှိ သစ်ပင်များနှင့် ကျောက်တုံးများအားလုံးကို ဖြတ်တောက်သွားသည်။

"မိုးကြိုး၀ိညာဥ်ဂိုဏ်းမှာ ဘိုင်ချီဟန်ကလွဲရင် မင်းလိုလူမျိုးရှိနေမယ်လို့ ငါ မမျှော်လင့်ထားဘူး။" ချင်းဟီက ရယ်မောလိုက်သည်။

"မင်းမသိတာတွေ အများကြီးရှိသေးတယ်။" ချင်ယွင်လည်း ရယ်လိုက်သည်။

သူ၏လက်ထဲမှ နောက်ထပ်ခုတ်ပိုင်းမူတချက် ထွက်ပေါ်လာသည်။

ဆေဘာအလင်းတန်းသည် ကြယ်မြစ်ကဲ့သို့ တတလက်လက် တောက်ပနေ၏။

ချင်းဟီ၏လက်ထဲရှိ တံစဉ်သည် ခုတ်ပိုင်းလိုက်စဉ် ခပ်ဖျော့ဖျော့အလင်းရောင်က

တဖျပ်ဖျပ်ခတ်သွားပြီး ချင်းယွန်း၏ ဆေဘာအလင်းတန်း ထိုးဖောက်သွားကာ အပိုင်းပိုင်းကွဲသွားသည်။

"မင်း ငါ့လက်ထဲမှာ သိုင်းကွက်ဘယ်လောက်များများ ခံနိုင်ရည်ရှိလဲဆိုတာ ငါကြည့်ချင်တယ်" ချင်းဟီ၏ အသံသည် ငရဲမှတက်လာသော သရဲတစ္ဆေသဖွယ် ထွက်ပေါ်လာသည်။

ထို့နောက် ချင်းဟီသည် ချင်ယွင်ဆီသို့ ထပ်မံ ပစ်၀င်လိုက်သည်။

All Chapters