အခန်း (၁၇၁-၁၇၅)
Vol. 12 Ch. 171-175
အခန်း (၁၇၁) ချင်းဟီကိုသတ်ခြင်း
တံစဉ်ကြီးသည် လှည့်ပတ်နေသော လေရဟတ်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး ချင်ယွင်ဆီသို့ တိုက်ရိုက်ပြေးသွားသည်။
ချင်ယွင်၏ခြေရင်းအောက်တွင် လျှပ်စီးများ တဖျပ်ဖျပ်ခတ်ကာ လင်းလက်နေပြီး သူ၏
တစ်ကိုယ်လုံးသည် ငါးတစ်ကောင်လို ကူးခတ်နေသည်။ ချင်းဟီ၏ ပြင်းထန်သော တိုက်ခိုက်မှုသည် ချင်ယွင်ကို အနည်းငယ်မျှ မထိခိုက်စေနိုင်ခဲ့ပေ။
"ဟမ့်၊ မင်းက ဘယ်လိုရှောင်တိမ်းရမလဲဆိုတာပဲ သိတာလား" ချင်းဟီက ကျယ်လောင်စွာ အော်ပြောလိုက်ပြီး သူ၏လက်ထဲရှိ တံစဉ်ကြီးကို တိုက်ရိုက် ခုတ်ထစ်လိုက်သည် ။ လှပသော တံစဉ်အလင်းသည် ကြီးမားသော တံစဉ်အရိပ်ကြီး တစ်ခုအဖြစ်သို့ လျင်မြန်စွာ ပြောင်းလဲသွားပြီး ချင်ယွင်ဆီသို့ ဖြတ်သန်းသွားသည်။
ချင်ယွင်သည် ဆေဘာကို သူ၏လက်ထဲတွင် ကိုင်ထားပြီး လျှပ်စီးစွမ်းအင်များက ချက်ခြင်း ထွက်ပေါ်လာသည်။
ဆေဘာက ခုတ်ပိုင်းထွက်သွားပြီး တံစဉ်အရိပ်ကြီးသည် လျင်မြန်စွာ ကွဲအက်သွားသည်။
"ဟမ့်၊ ငရဲကိုသွားတော့!"
တစ်ချိန်တည်းမှာပင် ချင်းဟီ၏ ထူးဆန်းသောပုံရိပ်သည် ချင်ယွင်နောက်တွင် ရုတ်တရက် ပေါ်လာသည်။ သူ၏ပါးစပ်ထောင့်တွင် ရက်စက်သည့် အပြုံးတစ်ခု ပေါ်လာပြီး သူ၏ လက်ထဲရှိ တံစဉ်ကြီးက ချင်ယွန်း၏ခါးကို ဖြတ်ပိုင်းသွားသည်။
ထက်ရှသောတံစဉ်သည် အေးစက်သောအလင်းရောင်ဖြင့် လင်းလက်သွားသည်။
"မင်းအတွေးတွေက ရိုးရှင်းလွန်းတယ်။" ချင်ယွင်သည် အေးစက်စွာ အော်ဟစ်လိုက်ပြီး လျှပ်စီးကြောင်းကဲ့သို့ ရှည်လျားသော တံစဉ်ကြီးကို ဆုပ်ကိုင်လိုက်ကာ ချင်းဟီ၏ တိုက်ခိုက်မှုကို တိုက်ရိုက် ချေဖျက်လိုက်သည်။
ထို့နောက် ချင်ယွင်၏ အခြားလက်တဖက်ရှိ ဥက္ကာပျံတိုက်ပွဲ၀င်ဆေဘာသည် ချင်းဟီဆီသို့ အညှာအတာမဲ့စွာ ခုတ်ချလိုက်သည်။
ချင်းဟီသည် အေးစက်စွာ အော်ဟစ်လိုက်ပြီး သူ၏ခန္ဓာကိုယ်မှ ပြင်းထန်သော အငွေ့အသက်တစ်ခု ထွက်ပေါ်လာသည်။ ကြီးမားသောတံစဉ်ကြီးသည် မည်းမှောင် နေသောအလင်းတန်းနှင့်အတူ ချက်ချင်းပေါက်ကွဲသွားပြီး နှလုံးတုန်ခါလောက်သည့် စွမ်းအင်အတက်အကျလှိုင်းများ ပေါက်ကွဲထွက်လာ၏။
တုနှိုင်းမရသော အနက်ရောင်ကျားပုံစံ ရက်စက်ကြမ်းကြုတ်သည့် သားရဲတစ်ကောင်သည် တံစဉ်ထဲမှ ပြေးထွက်လာပြီး ချင်ယွင်၏ ဦးခေါင်းကို တိုက်ရိုက် ကိုက်သည်။
ချင်ယွင်၏ ဓားရှည်ကို ချက်ချင်းရုတ်သိမ်းလိုက်ပြီး ကျားပုံစံ ရက်စက်သော သားရဲကို ခုတ်လိုက်စဉ် ချင်ယွင်၏ အမူအရာမှာ အနည်းငယ် ပြောင်းလဲသွားသည်။
ဆေဘာအလင်းသည် လင်းလက်လာပြီး ကျားပုံသဏ္ဍာန် ရက်စက်ကြမ်းကြုတ်သော သားရဲကြီးသည်လည်း ပေါက်ကွဲသွားသည်။
သို့သော်လည်း ချင်ယွင် မပျော်ရွှင်နိုင်ခင်မှာ ကျားပုံသဏ္ဍာန် ရက်စက် ကြမ်းကြုတ်သော သားရဲကြီးသည် တစ်ဖန် ပြန်လည်၍ ပေါင်းစည်းသွားခဲ့ပြီး ချင်ယွင်ဆီသို့ တစ်ဖန် ခုန်ဝင်လာခဲ့သည်။
ချင်ယွင်သည် အနည်းငယ် မျက်မှောင်ကြုတ်ကာ နောက်တစ်ကြိမ် ခုတ်ဖြတ်လိုက်သော် လည်း ရလာဒ်မှာ အတူတူပင် ဖြစ်သည်။
"ဟား ဟား၊ ငါရဲ့စိတ်ဝိညာဉ်၀ါးမျိုခြင်းကျားရဲ့ အရသာကို မြည်းစမ်းကြည့်စမ်းကွာ!"
ချင်းဟီသည် ကျယ်လောင်စွာ ရယ်မောလိုက်သည်။ သူ၏လက်ထဲရှိ တံဇဥ်ကြီးမှ အမှောင်အလင်းကို ချက်ချင်းထုတ်လွှတ်လိုက်သည်။ ကျားပုံသဏ္ဍာန် ရက်စက် ကြမ်းကြုတ်သောသားရဲများ တဖြုတ်ဖြုတ် ပြေးထွက်လာကြသည်။ သူတို့၏ ခန္ဓာကိုယ်များသည် မည်းမှောင်သောအလင်းရောင်ဖြင့် ဖုံးလွှမ်းနေခဲ့သည်။ သူတို့၏ မျက်လုံးများသည် နီမြန်းလာကြပြီး ချင်ယွင်အား ၎င်းတို့၏ အစွယ်များကို ထုတ်ဖော်ပြလိုက်ကြသည်။
ချင်ယွင်သည် သူ၏အကြည့်ကို ဖျတ်ခနဲ ဝှေ့ယမ်းကြည့်လိုက်လျှင် ရက်စက် ကြမ်းကြုတ်သောကျားဆယ့်နှစ်ကောင်နီးပါးကို တွေ့လိုက်ရသည်။ ယင်းက သူ့ကို ခေါင်းကိုက်စေတယ်။
ဤကျားပုံသဏ္ဍာန် ကြမ်းတမ်းသော သားရဲများသည် အင်အားမရှိသော်လည်း ၎င်းတို့ကို။သူ မသတ်ဖြတ်နိုင်ပေ။ အပိုင်းပိုင်းခုတ်ဖြတ်လိုက်တိုင်း အနက်ရောင် အမှုန်အမွှားအဖြစ်သို့ ပြောင်းလဲသွားပြီးနောက် တစ်ဖန်ပြန်ပေါင်း စည်းသွားတတ်သည်။
"ဒါက အစစ်အမှန် ရိုင်းစိုင်းကြမ်းကြုတ်တဲ့ သားရဲမဖြစ်သင့်ဘူး၊ ဒါပေမယ့် အထူး သိုင်းပညာရပ်တစ်ခု ဖြစ်နိုင်တယ်။"
ချင်ယွင်သည် တဟုန်ထိုးပြီးဝင်လာနေသော ကျားပုံသဏ္ဍာန် ရက်စက်ကြမ်းကြုတ် သားရဲတစ်ကောင်ကို နှစ်ပိုင်းကွဲအောင် ခုတ်ပိုင်းလိုက်ပြီးနောက် နောက်တစ်ကြိမ် လက်သီးဖြင့်ထိုးကြိတ်ပြီး သူ၏ဘယ်ဘက်ခြမ်းရှိ စိတ်ဝိညာဥ် ဝါးမျိုခြင်းကျားကို ကွဲကြေသွားစေသည်။
သို့သော်၊ စိတ်ဝိညာဉ်ဝါးမျိုခြင်းကျားသည် နောက်တကြိမ် အသတ်ခံလိုက်ရပြီး အနက်
ရောင်မြူမှုန်များအဖြစ်သို့ ပြောင်းလဲသွားကာ တစ်ဖန်ပြန်ပြီး ပေါင်းစည်းလာပြန်၏။
"ဒီအတိုင်းသာ ဆက်သွားနေမယ်ဆိုရင် ပျော်စရာရှိမှာ မဟုတ်တော့ပါဘူး။ ငါနည်းလမ်းတစ်ခု စဉ်းစားရမယ်။" ချင်ယွင်သည် စိတ်ထဲတွင် တွေးလိုက်မိသည်။
သို့သော် ယခုအချိန်တွင် ချင်ယွင်သည် ချင်းဟီသည် အမှန်တကယ် ပျောက်ကွယ်သွားကြောင်း ရုတ်တရက် သိလိုက်ရသည်။ ထို့နောက် ချင်ယွင်သည် သူ၏နောက်ကျောဘက်မှတိုးဝင်လာသော အေးစက်သည့်ခံစားမူကို ခံစားလိုက်ရသည်။
"မကောင်းတော့ဘူး။!"
ချင်ယွင်သည် ထိတ်လန့်သွားခဲ့ပြီး ရှောင်တိမ်းရန် မြန်နှုန်းမြင့်လျှပ်စီး၏ အရှိန်ဟုန်ကို အလျင်အမြန် အသုံးပြုလိုက်ရသည်။
သို့သော်လည်း ၎င်း၏ဘယ်ဘက်လက်မောင်းကို အနက်ရောင်တံစဉ်ကြီးဖြင့် ခုတ်ပိုင်းခံထားရဆဲဖြစ်ပြီး နက်ရှိုင်းသောအမာရွတ်တစ်ခုကျန်ရစ်ခဲ့ကာ သူ၏ လက်မောင်း တစ်ခုလုံး ချက်ချင်းသွေးများ ယိုစီးစေခဲ့သည်။
ချင်းဟီ၏ပုံရိပ်သည် တဖြည်းဖြည်း ပေါ်လာပြီး သူ၏ ထူးဆန်းသော မျက်နှာတွင် ဆိုးရွားသော အပြုံးတစ်ခု ထွက်ပေါ်လာသည်။
"ဘယ်လိုလဲ၊ ငါ့ရဲ့ သေမင်းတံဇဥ်ကြီးရဲ့အရသာကို မြည်းစမ်းရတာ ဘယ်လိုရှိလဲ။" ချင်းဟီက ရယ်မောရင်း ပြောလိုက်သည်။
ချင်ယွင်၏အမူအရာက အေးစက်နေပြီး ချင်းဟီ၏စကားကို ပြန်မဖြေပေ။ သူ၏မျက်လုံးထဲတွင် ဒေါသအရိပ်အယောင်များပေါ်လာသည်။
ဤချင်းဟီ၏ ခွန်အားသည် ပျမ်းမျှအားဖြင့် သာမာန်ဖြစ်သော်လည်း သူ၏နည်းလမ်းများသည် အမှန်တကယ်ပင် ထူးဆန်းပြီး မှန်းဆ၍မရပေ။ သူနှင့်ရင်ဆိုင်ရတာ မလွယ်ကူပေ။
သို့သော်လည်း အကြွင်းမဲ့ ခွန်အား၏ ရှေ့တွင်၊ နည်းလမ်းအားလုံးသည် လှည့်ကွက်များသာ ဖြစ်သည်။
ချင်ယွင်သည် သူ၏လက်ထဲရှိ ဆေဘာကို ဖယ်လိုက်ပြီး ဓားပျော့ဖြစ်သည့် မြူနှင်းချောက်နက်ဓားကို သူ၏ခါးမှ ဆွဲထုတ်လိုက်သည်။
မြူနှင်းချောက်နက်ဓား ထွက်ပေါ်လာသည်နှင့် တပြိုင်နက် ပတ်ဝန်းကျင်ကို လေပြင်းများဖြင့် လွှမ်းခြုံသွားသည်။ လေဓားများသည်လည်း ချင်ယွင်၏ ပတ်ဝန်းကျင်တွင် စုစည်းလာကာ နောက်ဆုံး ဓားဖျားတစ်ဝိုက်တွင် စုစည်းသွားခဲ့သည်။
"လက်နက်လေးပြောင်းရုံနဲ့ ငါ့ရဲ့ စိတ်ဝိညာဉ်ဝါးမျိုခြင်းကျားကို ကိုင်တွယ်နိုင်မယ်လို့ မင်းထင်နေလား။" ချင်းဟီသည် ထပ်ခါတလဲလဲ အထင်သေးဟန်ဖြင့် ပြောဆိုပြီး အမိန့်ပေးလိုက်ပြီးနောက် စိတ်ဝိညာဉ်ဝါးမျိုးခြင်း ကျားများသည် ချင်ယွင်ဆီသို့ တစ်ဖန် ခုန်ဆင်းလာပြန်သည်။
ချင်ယွင်၏ မျက်လုံးများတွင် ဒေါသများ တိုးလာသည်။ လေဓားများသည် လျင်မြန်စွာ တဟုန်းထိုး ထွက်ပေါ်လာပြီး ရှည်လျားသော နဂါးကြီးအဖြစ်သို့ ပြောင်းလဲသွားသည်။
" ရွေ့လျားနဂါးဓား၀င်္ကပါ!"
လေလှိုင်းများမှ ဖြစ်ပေါ်လာသော ဧရာမနဂါးကြီး ပေါ်လာသည့်အခိုက်တွင်၊ အနှိုင်းမဲ့ ထက်ရှသော အငွေ့အသက်သည် ကွင်းပြင်တစ်ခုလုံးကို ချက်ချင်း လွှမ်းခြုံသွား ခဲ့သည်။
ဧရာမနဂါးကြီးသည် ပါးစပ်ကိုဖွင့်ပြီး အနက်ရောင်စိတ်ဝိညာဉ်ဝါးမျိုခြင်း ကျားတစ်ကောင်ကို သူ၏အစာအိမ်ထဲသို့ မျိုချလိုက်သည်။
စိတ်ဝိညာဉ်ဝါးမျိုခြင်းကျားသည် ၎င်း၏ အစာအိမ်ထဲသို့ မျိုချခံရလိုက်ပြီး ချက်ချင်းပင် အနက်ရောင် အခိုးအငွေ့အဖြစ်သို့ ပြောင်းလဲသွားသည်။ ထိုနောက် နောက်တကြိမ်ပြန်လည် စုစည်းတော့မည်။ သို့သော် ၎င်းသည်ပြန်လည် မစုစည်းနိုင်မီတွင် ၎င်းသည် လေဓားများ၏ ရစ်ပတ်ချုပ်နှောင်ခြင်း ခံလိုက်ရပြန် သည်။
ဤကဲ့သို့အနေထားမျိုးဖြင့် ချင်ယွင်၏ ရွေ့လျားနဂါးဓား၀င်္ကပါသည် စိတ်ဝိညာဉ် ၀ါးမျိုခြင်းကျားကို လုံး၀ဝါးမျိုသွားခဲ့သည်။
ချင်းဟီ၏အမူအရာပြောင်းသွားခဲ့ပြီး သူ၏ မျက်နှာပေါ်တွင် ရက်စက်ကြမ်းကြုတ်မှု အရိပ်အယောင်များ ပေါ်လာသည်။
ဤအခိုက်အတန့်တွင်၊ ချင်းဟီထံမှ တဟုန်ထိုးပြေးဝင်လာသော စိတ်ဝိညာဉ်ဝါးမျိုခြင်း ကျားဆယ့်နှစ်ကောင်ကို နဂါးကြီးက ဝါးမျိုသွားခဲ့၏။။
ချင်းဟီ၏ အမူအရာသည် သိသိသာသာ ပြောင်းလဲသွားသည်။ သူ၏လက်ထဲရှိ တံစဉ်ကြီးမှ အနက်ရောင်အလင်းတန်းများသည် တဟုန်ထိုး မြင့်တက်လာခဲ့ပြီး ရွေ့လျားနဂါးဓား၀င်္ကပါဆီသို့ တိုက်ရိုက် ပိုင်းချလိုက်သည်။
အနက်ရောင် အလင်းတန်းသည် ချက်ချင်းပင် ထွက်ပေါ်လာပြီး လေထဲတွင် ကြီးမားသော သေမင်းတမန် တံဇဉ်ကြီးတစ်ခု ဖြစ်လာသည်။
အနှိုင်းမဲ့ မှောင်မိုက်ပြီး ကြောက်မက်ဖွယ်ကောင်းသောအငွေ့အသက်များသည် တံဇဉ်ကြီးမှ ထွက်ပေါ်လာပြီး ရွေ့လျားနဂါးဓား၀င်္ကပါနှင့် တိုက်ရိုက် ထိပ်တိုက် ဆုံမိသွားသည်။
"ဘန်း!"
ကောင်းကင်ယံမှာ ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။ ပတ်ဝန်းကျင်ရှိ အရာအားလုံးသည် ရုတ်တရက် ပျက်စီးသွားပြီး မြေပြင်သည် ရုတ်တရက် လုံးလုံးလျား လျား ပျက်ဆီး သွားခဲ့ရ၏။
ချင်းဟီ၏ လက်ထဲရှိ တံစဉ်ကြီးသည် လေထဲတွင်လွင့်မျှောနေသည့်လေဓားနဂါးကြီး၏ ရိုက်ခတ်မှုကြောင့် တိုက်ရိုက် လွင့်ထွက်သွားရသည်။
"ဘယ်လို...ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
ချင်းဟီ၏ အမူအရာသည် သိသိသာသာ ပြောင်းလဲသွားခဲ့သည်။ ဤ လေဓားများသည် အဘယ်ကြောင့် ဤမျှအစွမ်းထက်သည်ကို သူနားမလည်ပါ။
ချင်ယွင်၏ ပါးစပ်ထောင့်မှ လှောင်ပြောင်သ ရောဟန် ထွက်လာသည်။ ဤရွေ့လျားနဂါးဓား၀င်္ကပါကို ဒုတိယအဆင့်ရှိ လေစွမ်းရည် သဘောတရားသုံးမျိုးကို ပေါင်းစပ်ထားခြင်းဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ ထို့အပြင်၊ ၎င်းသည် ဓား၀င်္ကပါ၏ ပေါင်းစည်းခြင်းစွမ်းအားကိုလည်း အသုံးပြုထားသည်။ ၎င်း၏ စွမ်းအားသည် တုနှိုင်းမရလောက်အောင်ပင် ကြီးမားခဲ့သည်။ ဤအရာသည် မည်ကဲ့သို့ လွယ်လွယ် ကူကူနှင့် ကြေမွပျက်ဆီးသွားနိုင်မည်နည်း။
ရုတ်တရက် ချင်ယွင်၏ ပါးစပ်ထောင့်မှ ပြင်းထန်သော သတ်ဖြတ်လိုသည့်ဆန္ဒများ
ထွက်ပေါ်လာသည်။ သူ၏တစ်ကိုယ်လုံးသည် ပေါက်ကွဲထွက်သွားပြီး တွင်းကြီးတစ်ခု ဖြစ်သည်အထိ မြေပြင်ပေါ်ကို တိုက်ရိုက်နင်းချလိုက်သည်။ ချင်ယွင်၏ပုံရိပ်သည် ချက်ချင်းဆိုသလိုပင် ချက်ခြင်းပစ်၀င်လာပြီး ချင်းဟီ ၏ရှေ့တွင် တိုက်ရိုက် ပေါ်လာကာ သူ၏ ဝမ်းဗိုက်ကို လက်သီးဖြင့်ထိုးလိုက်သည်။
ချင်ဟီသည် ချက်ချင်းပင် မျက်လုံးပြူးသွားသည်။
ချင်ယွင်သည် အေးစက်စွာ နှာခေါင်ရှုံ့လိုက်ပြီး ချင်းဟီ၏လည်ပင်းကို လက်မနှင့် လက်ညှိုးပေါင်းကာ ဖိညှပ်လိုက်သည်။ သူသည်အနည်းငယ် တွေးတောရင်း လေထဲတွင် ရွေ့လျားနဂါးဓား၀င်္ကပါကို ပစ်ချလိုက်သည်။
ရွေ့လျားနဂါးဓား၀င်္ကပါ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ချင်းဟီကို တချက်တည်းဖြင့်
မျိုချလိုက်သည်။
ယင်းနောက် ကြောက်စရာကောင်းသည့် အော်ဟစ်သံများ ကျယ်စွာထွက်လာသည်။
ချင်ဟီ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် မရေမတွက်နိုင်သော လေဓားများဖြင့် တိုက်ရိုက် ခြေမွှမူကိုခံလိုက်ရပြီး သူ၏တစ်ကိုယ်လုံးကို အသားငါးပိအဖြစ် တိုက်ရိုက် ကြေမွသွားခဲ့သည်။
ချင်ယွင်သည် ဤမြင်ကွင်းကို မြင်သောအခါ သူ၏မျက်နှာသည် လုံးဝ ယိမ်းယိုင် တုန်လှုပ်ခြင်း မရှိပေ။
သူဒေါသအလွန်ထွက်သွားရသည့် အကြောင်းရင်းက သူ၏ဘယ်ဘက် လက်မောင်း တွင် ပြင်းထန်သည့် အဆိပ်အတောက်များကို တွေ့လိုက်ရသောကြောင့် ဖြစ်သည်။ ဤအဆိပ်သည် လူ၏ရုပ်ခန္ဓာကိုယ်ကို တိုက်ခိုက်ခြင်းမဟုတ်ဘဲ စိတ်ဝိညာဉ်ကို တိုက်ခိုက်ခြင်းဖြစ်သည်။
တစ်နည်းဆိုရသော် အားနည်းသူသည် ဤအဆိပ်ကို ထိတွေ့မိသည်နှင့် တစ်ပြိုင်နက် ဤလှပသောကမ္ဘာငယ်လေးတွင်ပင် ၎င်းသည် လုံးဝပျောက်ကွယ်သွားမည်ဖြစ်သည်။ ထို့ကြောင့် ချင်ယွင်သည် အလွန်ဒေါသထွက်ပြီး သူ့ကို အလွန်ရက်စက်သည့်ပုံစံဖြင့် သတ်ပစ်လိုက်ခြင်းသည်။
လေလှိုင်းများ တဖြည်းဖြည်း ပြန့်ကျဲသွားပြီး တံဆိပ်ပြားရှစ်ခု ပြိုကျလာခဲ့သည်။
ချင်ယွင်သည် အနည်းငယ် အံ့သြသွားသည်။ ချင်းဟီသည် ဤမျှ ပိန်နေလိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။ အမှန်တကယ် သူ့မှာ တံဆိပ်ပြားရှစ်ခုသာရှိသည်။ ယခုဆိုလျှင် ချင်ယွင်၏ ခန္ဓာကိုယ်ပေါ်ရှိ တံဆိပ်ပြား ၁၉ ခုဖြင့်ဆိုပါက၊ ချင်ယွင်၏လက်ထဲတွင် စုစုပေါင်း တံဆိပ်ပြားနှစ်ဆယ့်ခုနှစ်ခု ခုရှိလာပြီဖြစ်သည်။ (ပိန်ဟူသည် တံဆိပ်ပြားအရေအတွက် နည်းပါးခြင်းကိုဆိုလိုသည်)
တစ်ရက်မပြည့်ခင်မှာပဲ ချင်ယွင်သည် တံဆိပ်ပြား၂၆ခုကို အမှန်တကယ်ရနိုင်ခဲ့သည်။ ဤအမြန်နှုန်းသည် အလွန်မြန်သည်ဟု ယူဆထားပြီးဖြစ်သည်။
ဘိုင်ယွန် ရင်ပြင်တွင် ချင်းဟီ၏ရုပ်အသွင်ပြင်သည် လူတိုင်း၏မြင်ကွင်းရှေ့တွင် ပေါ်လာသည်။
ချင်းဟီ၏ အမူအရာသည် ကောင်းကင်ယံမှ ပုံရိပ်ကို ကြည့်ရင်း အနှိုင်းမဲ့ အုံ့မှိုင်းသွားသည်။ ပြင်းထန်သော သတ်ဖြတ်လိုစိတ်က ထွက်ပေါ်လာသည်။
"လင်းယွင်၊ ဟုတ်တယ်နော်၊ မင်း ဒီနေ့လုပ်ခဲ့တဲ့အရာအတွက် နာကျင်စရာတန်ဖိုး ငါပြန်ပေး ဆပ်မယ်!"
အခန်း (၁၇၂) ထိပ်ပြောင်လူငယ်
ချင်ယွင်သည် ချင်းဟီကို သတ်ခဲ့သည့်နေရာနှင့် မနီးမဝေးတွင် ကျိုးယုသည် ခါးသီးသောတိုက်ပွဲတစ်ခုထဲသို့ ကျရောက်နေခဲ့သည်။
"ဒိုင်း!"
ကျိုးယု၏လက်ထဲရှိလှံသည် ဝေဟင်သို့ လွင့်ပျံသွားကာ အဝေးရှိမြေပြင်ပေါ်မှာသို့ ထိုးဖောက် သွားသည်။
ထို့နောက် တစ်ဖက်လူ၏ လက်သီးသည် သူ၏ရင်ဘတ်ကို ထိမှန်ခဲ့သည်။ သူ၏ရင်ဘတ်သည် ချိုင့်ဝင်သွားခဲ့ပြီး သွေးများစီးကျလာသည်။ သူသည် မီတာတစ်ရာကျော်တိုင် အနောက်သို့ လွင့်ပျံသန်းသွာခဲ့ပြီး ရပ်တန့်မသွားမီ နောက်ထပ် ဆယ်မီတာထက်ပို၍ လှိမ့်ဆင်းသွားခဲ့ရသည်။
ကျိုးယုသည် ပြင်းထန်သော နာကျင်မှုကို တောင်ခံရင်း သူ့ရင်ဘတ်ကို ဖုံးအုပ်ထားကာ ထိပ်ပြောင်လူငယ်လေးသည် သူ့ဆီသို့ တစ်လှမ်းပြီးတစ်လှမ်း လျှောက်လှမ်း လာနေသည်ကို ကြည့်နေသည်။ သူ၏မျက်လုံးများသည် ရှုပ်ထွေးသော အမူအရာများဖြင့် ပြည့်နှက်နေသည်။
သူသည် ဤကမ္ဘာငယ်လေးထဲသို့ ဝင်လာပြီးကတည်းက ချင်ယွင်နှင့် ဘိုင်ချီဟန်ကို စောစောတွေ့ဖို့ မျှော်လင့်ပြီး ရှာဖွေခဲ့သည်။ လမ်းတလျှောက်မှာ လူဆိုးတချို့နှင့်လည်း ကြုံခဲ့ရသည်။ နည်းနည်းလေးမှ တုန့်ဆိုင်းခြင်းမရှိဘဲ ကျိုးယုသည် ထိုသူများကို တိုက်ရိုက်သတ်ပြီး တံဆိပ်ပြားများကို သိမ်းလိုက်သည်။
သို့သော် ကျိုးယု၏ ကံသည် အလွန်ဆိုးရွားခဲ့သည်။ သူသည် နောက်ထပ် တံဆိပ်ပြားအနည်းငယ်ကို မရယူမီတွင် လင်းထျန်းဂိုဏ်းမှ ထိပ်ပြောင်လူငယ်နှင့် တွေ့ဆုံခဲ့သည်။
ဤလူ၏နာမည်ကို မာန်ရီဟုခေါ်မှန်းကျိုးယု သိသည်။ သူသည် အလွန်မင်း ရက်စက်ကြမ်းကြုတ်ပြီး အကြင်နာကင်းမဲ့သူဖြစ်၏ ။သူ၏စွမ်းအားသည် သိုင်းမြို့စား တစ်ပိုင်းနယ်ပယ်သို့ ရောက်ရှိနေခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် ကျိုးယုသည် လုံးဝ တွန့်ဆုတ်ခြင်းမရှိဘဲ လှည့်ထွက်ပြေးသွားခဲ့သည်။
မာန်ရီသည် ကျိုးယုနောက်သို့ လိုက်နေသည့်ဆာလောင်မှုကြောင့် ရူးသွပ်နေသည့် ဝံပုလွေတစ်ကောင်နှင့် တူသည်။ လမ်းတစ်လျှောက်တွင် သူသည် သူ့ကိုရဲရဲပင် မကြည့်ဝံ့သည့် အခြားတပည့်များကို အပင်ပန်းခံ ဒုက္ခမပေးတော့ဘဲ ကျိုးယုနောက်သို့သာ စိတ်နှလုံးကိုအကြွင်းမဲ့ချပြီး လိုက်သွားခဲ့သည်။
ဤအရာက ကျိုးယုကို ပြောစရာစကားမဲ့သွားခဲ့ရစေသည်။ ဤလူသည် သူ့နောက်ကို ဘာကြောင့် လိုက်နေမှန်း သူလည်းမသိပေ။
မာန်ရီ၏အရှိန်ဟုန်သည် ကျိုးယုထက် ပိုမြန်ဆန်သည်။ ထို့ကြောင့် သူတို့ နှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက် နှစ်နာရီ နီးပါးကြား ပြေးလွှာ လိုက်နေကြသည်။။
နောက်ဆုံးတွင်၊ လွတ်နေသောနေရာတစ်ခုတွင် မာန်ရီသည် ကျိုးယုကို ဖမ်းမိလိုက်သည်။
ကျိုးယုသည် ကူရာမဲ့ဖြစ်နေပြီး ထိပ်တိုက်ရင်ဆိုင်ရန်မှတပါး အခြားရွေးချယ်စရာ မရှိပေ။
သို့သော်လည်း မာန်ရီသည် အခြားကျင့်ကြံသူများနှင့်မတူသည့် ကျင့်ကြံသူတစ်ဦး ဖြစ်သည်ကို တိုက်ခိုက်ပြီးနောက်မှသာ ကျိုးယုသည် သဘောပေါက်သွားခဲ့သည်။
သူသည် မည်သည့်လက်နက်ကိုမျှ အသုံးမပြုခဲ့ပေ။ သူသည် သူ၏လက်သီး တစ်စုံကိုသာ အသုံးပြုခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် သူ၏ခန္ဓာကိုယ်သည် သူ၏အကြီးမားဆုံးလက်နက်ဖြစ်သောကြောင့်ဖြစ်ပေသည်။
မာန်ရီ၏ ခန္ဓာကိုယ်ကို အနက်ရောင်သံမဏိဖြင့် သွန်းလောင်းထားသည်။ သူ၏ ခန္ဓာကိုယ်သည် အနှိုင်းမဲ့မာကြောရုံသာမက အလွန်လည်း အစွမ်းထက်သည်။
မြေပြင်ပေါ်ကိုထိုးလိုက်သည့် လက်သီးတစ်ချက်က မြေပြင်ပေါ်တွင် ကြီးမားသော အက်ကွဲကြောင်းတခုကို တိုက်ရိုက်ဖန်တီးနိုင်သည်။
ကျိုးယု၏ အစွမ်းထက်ဆုံးသော ရွှေရောင်အလင်းတန်းသည်ပင် သူ၏ခန္ဓာကိုယ်ကို ဖြတ်တောက်သွားခဲ့သည် ။ သို့သော် သူ၏ခန္ဓာကိုယ်ပေါ်တွင် အဖြူရောင် ခြစ်ရာတစ်ခုသာ ကျန်ခဲ့သည်။ ယင်းက ဒဏ္ဍာရီလာ ဗာဂျရာရုပ်ခန္ဓာ ကိုယ်ထက် မနိမ့်ကျပေ။
ငါက သူ့ကို ဘယ်လိုတိုက်ရမှာလဲ?
ရလာဒ်အနေဖြင့် ကျိုးယုသည် သူ၏နည်လမ်း အားလုံးကို အသုံးပြုပြီးနောက် ရက်စက်ကြမ်းတမ်းစွာ နှိပ်စက်ခြင်းခံခဲ့ရသည်။
ထိုအချိန်တွင် ထိပ်ပြောင်မာန်ရီသည် ကျိုးယုဆီသို့ ခြေလှမ်းတစ်လှမ်းချင်း လျှောက်လာသည်။ ကြမ်းကြုတ်ပြီး ရိုင်းစိုင်းသော သူ၏ မျက်နှာပေါ်တွင် လှောင်ပြောင်သရော်မှုတစ်ခု ရှိနေသည်။
"ငါ မင်းကို တံဆိပ်ပြားတွေ ပေးပါ့မယ်။ မင်း ငါ့ကို လွတ်ပေးမယ်ဆိုရင်ရော" ကျိုးယုက ပြောသည်။
မာန်ရီက အထင်မြင်သေးစွာ ပြုံးလိုက်ပြီး ပြောသည်" တံဆိပ်ပြားတွေကို ငါ ဂရုစိုက်တယ်လို့ မင်ထင်နေလား? ငါသာ တံဆိပ်ပြားတွေကို လိုချင်ရင် မင်းကို ငါဒီလောက်ကြာအောင် လိုက်မနေဘူး။ ငါ့ရဲ့ စီနီယာ အစ်ကို ဖန်းမန့် ဒီမှာရှိနေမှတော့ ငါတို့လင်းထျန်ဂိုဏ်းက ဒီမှာရှိတဲ့တံဆိပ်ပြားအားလုံးကို ပိုင်ဆိုင်ရလိမ့်မယ် ။ "
"ဘယ်လောက်တောင်မှ လေကြီးလိုက်လဲ။ တခြားဂိုဏ်းတွေက အခွံသက်သက်ပဲ လို့မင်းထင်တာလား" ကျိုးယုက အေးစက်စွာ အော် ပြောလိုက်သည်။
"မင်းယုံချင်ယုံ မယုံချင်နေ။" မာန်ရီသည် ကျိုးယု၏စကားကို ရှင်းမပြဘဲ မထီမဲ့မြင် ပြုံးလိုက်သည်။သူက အေးစက်သောအပြုံးကို ဆက်ပြုံးပြီး ပြောလိုက်သည် "အခု ငါက အမဲလိုက်ခြင်းရဲ့ အပျော်ကို အပြည့်အဝ ခံစားချင်လိုပဲ"။
ထိုနောက် မာန်ရီသည် မြေပြင်ပေါ် ခြေတစ်ချက်ဆောင့်နင်းပြီး သူ၏ ခြေထောက်များကို အနည်းငယ်ကွေးလိုက်သည်။ သူသည် မြေပြင်မှ ချက်ချင်း ကြွတက်ကာ ကျိုးယုဆီသို့ ဆင်းသက်လာခဲ့သည်။
ကျိုးယု၏ အမူအရာသည် သိသိသာသာ ပြောင်းလဲသွားခဲ့ပြီး ဘေးနားသို့ အမြန် ရှောင်ထွက်သွားသည်။
မာန်ရီ၏ပုံရိပ်သည်ဆင်းသက်လာသည်နှင့်အမျှ မြေကြီးတစ်ခုလုံး ချက်ချင်းပြိုကျကာ တွင်းကြီးတစ်ခုဖြစ်လာသည်။ မြေပြင်သည် ပင့်ကူမျှင်ကဲ့သို့ ပျံ့နှံ့သွားသည်။
ကျိုးယုသည် အံ့သြသွားသည်။ မာန်ရီ၏ ခန္ဓာကိုယ်သည် မည်မျှလောက် ကြောက်စရာကောင်းလိုက်သနည်း။ သူသည် တကယ့်ကို ဗုဒ္ဓလူသတ်သမားဖြစ်သည်။
သို့သော်လည်း သူနောက်ထပ်မတွေးခင်နိုင်မှာ မာန်ရီသည် သူ့ဘက်သို့ ပစ်၀င်လာပြန်သည်။
ကျိုးယု၏အမူအရာသည် ချက်ချင်းပြင်းထန်လာပြီး မာန်ရီ၏တိုက်ခိုက်မှုကို တားဆီးရန်အတွက် ရွှေအကာကွယ် လျင်မြန်စွာ အသုံးပြုလိုက်ရသည်။
ချွင်!
မာန်ရီ၏စိန်နှင့်တူသောလက်သီးသည် ကျိုးယု၏ ရွှေရောင်အလင်းတန်း အကာကွယ်ကို ထိမှန်သွားပြီး ကောင်းကင်နှင့်မြေကြီးကို တုန်ခါသွားစေသည့် ခေါင်းလောင်းသံကဲ့သို့ မြည်ဟီးသံ ထွက်ပေါ်လာသည်။
"ဖျစ် ဖျစ်!"
အက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။ ရွှေရောင်အလင်းတန်းအကာကွယ်တွင် အက်ကွဲရာ တစ်ခုပေါ်လာပြီး လုံးဝအက်ကွဲ သွားသည်အထိ လျင်မြန်စွာ ကျယ်ပြန့်လာသည်။
ကျိုးယု၏ မျက်နှာသည် ချက်ချင်းပင် ပြာဝေသွားသည်။
မာန်ရီက လှောင်ပြောင်လိုက်သည် " ကြည့်ရတာ မင်းရဲ့လိပ်ခွံက အရမ်းမာကြောပုံ မပေါ်ဘူး!"
ထိုနောက် မာန်ရီ၏လက်သီးက လျှပ်စီးလက်သလို ထွက်လာခဲ့ပြီး ကျိုးယု၏ ရင်ဘတ်ကို လက်သီးသုံးချက်ဆင့်ကာ ထိမှန်သွားခဲ့သည်။
ကျိုးယုသည် တစ်ခဏအတွင်း ကမ္ဘာကြီးတခုလုံး ချာချာလည်သွားသည်ကို ခံစားလိုက်ရသည်။ သူ၏ဦးနှောက်သည် လှုပ်လှုပ်ရှားရှား ဖြစ်သွားပြီး သူ၏ ရင်ဘတ်ထဲတွင် ကြီးမားလှသည့် စွမ်းအားများက ပေါက်ကွဲသံလို ထွက်လာသည်။ သူ၏ရင်ဘတ်ထဲရှိ အရိုးများအားလုံး လုံးလုံးလျားလျား ကွဲကြေသွားကာ သူ၏ အတွင်းအင်္ဂါများသည်လည်း ကွဲအက်သွားခဲ့သည်။
ကျိုးယုသည် ကြွေကျသွားသော ဥက္ကာပျံကဲ့သို့ နောက်ပြန်လွင့်စင်သွားခဲ့သည်။
မာန်ရီသည်လည်း ရက်စက်လွန်းသည့် အပြုံးကို ထုတ်ဖော်ရင်း ပြောလိုက်သည် "ပျင်းဖို့ကောင်းလိုက်တာ။ဒါက လုံးဝ စိန်ခေါ်ဖို့ မထိုက် တန်ဘူး။ ဒါကို မေ့လိုက်ပါတော့။ ငါမင်းကို ဂရုတစိုက်ပြုစုပြီးမှ နောက်သားကောင်ကို ရှာ တော့မယ်။"
ထို့နောက် မာန်ရီသည် လျင်မြန်စွာဆုတ်ခွာသွားသော ကျိုးယု၏နောက်သို့လိုက်ကာ နောက်တစ်ကြိမ် ထပ်မံပစ်၀င်သွားခဲ့သည်။
ကျိုးယုသည် သူ၏ရှေ့တွင် မာန်ရီ၏မြင်ကွင်းက တဖြေးဖြေး ကျယ်လာသည်ကို မြင်သော အခါ သူ၏စိတ်ထဲတွင် စိတ်ပျက်လက်ပျက် ခံစားချက်ကို ခံစားလိုက်ရသည် "အင်အားကွာဟချက်က အရမ်းကြီးမားလွန်းတယ်။ ဘိုင်ချီဟန်၊ လင်းယွင်တို့ရေ၊ ကျန်တာတော့ မင်းတို့အပေါ်မှာပဲ အားကိုးရတော့မယ်။ ငါကတော့ အရင်ဆုံး ထွက်ခွာတော့မယ်။"
ထိုအချိန်တွင် မာန်ရီသည် ကျိုးယုကို မှီသွားပြီး သူ့ကို ပြင်းပြင်းထန်ထန် ထိုးနှက်တော့မည် ဖြစ်သည်။
ကျိုးယုသည် မလှုပ်ရှားနိုင်တော့ဘဲ သေရန်သာ စောင့်နိုင်တော့သည်။
"ဘုန်း!
မာန်ရီ၏အမူအရာသည် ချက်ချင်းပြောင်းလဲသွားပြီး အလွန်အံ့သြသွားသည့် အမူအရာကို ထုတ်ဖော်လိုက်သည်။ သူ၏လက်သီးက တကယ်ပဲ လွဲချော်သွားခဲ့သည်။
"အယ်, "
နောက်တစက္ကန့်အကြာတွင်၊ သူ၏ပါးစပ်ထောင့်မှ သရော်လှောင်ပြောင်ဟန်ဖြင့် တွန့်ကွေးသွားခဲ့ပြီး "စိတ်ဝင်စားဖို့ကောင်းတယ်၊ ကစားဖို့အတွက် ပျော်စရာကောင်းတဲ့ သားကောင်ရှိလာပြီ" ဟု လှောင်ပြောင်ပြောဆိုလိုက်သည်။
ကျိုးယုသည် ရင်းနှီးသောရုပ်အသွင်ပြင်ကို ကြည့်လိုက်ရင်း သူ၏နှလုံးသားထဲတွင် တုန်လှုပ်ချောက်ချားမှုများဖြင့် ပြည့်နှက်နေကာ သူ၏မျက်လုံးများက ပြူးကျယ်နေသည်။
လင်းယွင်သည် ဤမျှ အရေးကြီးသော အခိုက် အတန့်တွင် ပေါ်လာခဲ့ပြီး သူ၏ အသက်ကို ကယ်တင်လိမ့်မည်ဟု မထင်ခဲ့ပေ။
"မင်းအဆင်ပြေရဲ့လား!" ချင်ယွင်သည် မြေပြင်ပေါ်တွင် လဲလျောင်းနေသော ကျိုးယုကို လှည့်ကြည့်ကာ ပြုံးပြလိုက်သည်။
ချင်းဟီကို သတ်ပြီးသည်နှင့် အဝေးမှတိုက်ပွဲသံကြားရပြီးနောက် သူ တစ်ချက် ကြည့်လိုက်သည်။
ကျိုးယု အသတ်ခံရတော့မည်ကို သူသည် မထင်မှတ်ဘဲ တွေ့လိုက်ရသည့်အတွက် မာန်ရီ ၏ပြင်းထန်သော တိုက်ခိုက်မှုကိုရှောင်တိမ်းရန် သူ၏လှုပ်ရှားမှုနည်းပညာရပ်ကို အလျင်အမြန် အသုံးပြုပြီး ကျိုးယုကို ဘေးကင်းဘက်သို့ ဆွဲယူလိုက်ရသည်။
ကျိုးယုသည် ခေါင်းယမ်းလိုက်ပြီး ပြင်းထန်သော နာကျင်မှုကို တောင့်ခံလိုက်ရသည်။ "ငါ ဒါကို ထိန်းထားနိုင်ခဲ့ပေမယ့် ဒီကောင်က အစွမ်းထက်လွန်းတယ်။ မင်း ငါ့ကို တစ်ယောက်တည်း ထားခဲ့သင့်တယ်"
ချင်ယွင်သည် ညင်သာစွာပြုံးပြီး ဘာမှပြန်မပြောပေ။ သူသည် အဝေးကမာန်ရီကို လှည့်ကြည့်လိုက်ရင်း သူ၏မျက်လုံးများတွင် ပြင်းထန်သည့် တိုက်ခိုက်ရေး စိတ်ဆန္ဒများ ထွက်ပေါ်နေသည်။
"မင်းခန္ဓာကိုယ်က သိပ်သန်မာနေသလား၊ မင်းကြည့်ရတာ ကောင်းကောင်း ပြန်တိုက်နိုင်မယ့်ပုံပဲ။" ချင်ယွင်၏ မျက်လုံးများသည် သူ၏ကိုယ်သူ တွေးတောရင်း တိုက်ပွဲဝင်ချင်စိတ်များ ပြည့်နှက်နေသည်။
မာန်ရီသည်လည်း ရုတ်တရက် ပေါ်လာသော လူငယ်ကို ကြည့်လိုက်သည် ။ သူ၏ ပါးစပ်ထောင့်က တွန့်ကွေးသွားခဲ့ပြီး အထင်သေးဟန်က ပို၍ပို၍ပင် ထင်ရှား လာခဲ့သည်။ သူသည် အရူးတစ်ယောက်မဟုတ်ပေ။ လူတစ်ဦး၏ ကျင့်ကြံမှုအဆင့်ကို မည်သို့ခန့်မှန်းရမည်ကို သူသာ သိသည်။
သူ၏ရှေ့ရှိလူငယ်သည် ပဉ္စမအဆင့် ကောင်းကင်အလွှာ သိုင်းဂိုဏ်းချုပ်နယ်ပယ် ကျွမ်းကျင်သူတစ်ဦးသာ ဖြစ်သော်လည်း၊ သူသည် တစ်စုံတစ်ယောက်ကို သူ၏ လက်အတွင်းမှ အလွယ်တကူ ကယ်တင်နိုင်သည့် အရည်အချင်းရှိသူ လူတစ်ယောက် ဖြစ်လာနိုင်ခဲ့သည် ။
"မျိုးမစစ်ကောင်၊ မင်းက အရမ်းသန်မာပုံရတယ်။" မာန်ရီက ပြောသည်။
"မင်းလည်း အားမနည်းပါ!" ချင်ယွင်က ပြုံးပြီး ပြန်ဖြေသည်။
မာန်ရီသည် မထီမဲ့မြင်ပြုကာ ပြုံးလိုက်ပြီး သူ၏မူလက ပြက်ရယ်ပြုသော အကြည့်သည် ချက်ချင်းပင် ပြင်းထန်စွာ ပေါက်ကွဲထွက်လာသည်။
ချင်ယွင်၏ မျက်လုံးများသည် ချက်ချင်းပင် အေးစက်သွားခဲ့ပြီး ခွန်အားကို အားစိုက်ထုတ်ကာ ရှေ့သို့ ခြေလှမ်းသုံးလှမ်း လှမ်းလိုက်သည်။ သူ၏အငွေ့အသက်သည် ထပ်ခါထပ်ခါ မြင့်တက်လာခဲ့ပြီး သူသည် စစ်နတ်ဘုရားတပါးကဲ့သို့ မာန်ရီနှင့် ထိပ်တိုက်ဆုံမိသွားခဲ့သည်။
သူတို့နှစ်ဦး၏ လက်သီးချက်ကြောင့် အနီးပတ်ဝန်းကျင်တွင် ကြီးမားသော ပေါက်ကွဲသံများ ထွက်ပေါ်လာသည်။
အခန်း (၁၇၃) ပေါက်ကွဲလျှပ်စီးအဆင့်မြှင့်တင်ခြင်း
လက်သီးနှစ်ခု ထိပ်တိုက်တွေ့ဆုံသည့်အသံသည် မိုးခြိမ်းသံကဲ့သို့ တုန်ခါသွားပြီး ပတ်ဝန်းကျင်ရှိ စွမ်းအင်များသည် ကြွတက်လာကာ မြေပြင်တခုလုံးသည် လှိုင်းလုံးကြီးတစ်ခုကဲသို့ ရိုက်ခတ်သွားခဲ့ပြီး ပတ်ဝန်းကျင်ရှိ သစ်ပင်များအားလုံး ကွဲအက်သွားစေခဲ့သည်။
ထိုမြင်ကွင်းကိုမြင်ရလျှင် ကျိုးယုသည် အလွန်အံ့သြသွားသည်။
ဤမူလကျင့်ကြံခြင်းလမ်းစဥ်မှ သွေဖယ်သူနှစ်ဦးသည် သူတို့၏ရုပ်ကိုယ်ခန္ဓာများ ထိပ် တိုက်မိဆုံရာမှာ အမှန်တကယ်ပင် ကြောက်စရာကောင်းလှသည်။
ချင်ယွင်နှင့် ထိပ်ပြောင်လူငယ်တို့ ထိပ်တိုက်ဆုံမိပြီးနောက် သူတို့နှစ်ဦးသည် အလွန် လျင်မြန်သောအရှိန်ဟုန်ဖြင့် တွန်းကန်ပြီး ခွဲထွက်သွားကြသည်။ ထို့နောက် နောက်တစ်ကြိမ် ထိပ်တိုက်ဆုံမိပြန်သည်။ သူတို့နှစ်ယောက်သည် ဥက္ကာပျံ နှစ်စင်းကဲ့သို့ ထိပ်တိုက်တွေ့ဆုံမိပြီး ပြင်းထန်သောခွန်အားဖြင့် ပေါက်ကွဲ ထွက်လာသည်။
ချင်ယွင်၏လက်သီးသည် ပုံရိပ်ယောင်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး ထိပ်ပြောင် လူငယ်ကို မုန်တိုင်းတစ်ခုကဲ့သို့ ထိပ်တိုက် နှုတ်ဆက်လိုက်သည်။
ထိပ်ပြောင်လူငယ်သည်လည်း ကျောက်ကျကျန်ရစ်ခြင်းမရှိဘဲ သူ၏လက်နှင့်ခြေများ သည် သံမဏိကဲ့သို့မာကျောလာပြီး ချင်ယွင်၏တိုက်ခိုက်မှုကို တားဆီးလိုက်သည်။
ချင်ယွင်၏အငွေ့အသက်သည် နတ်ဆိုးနတ်ဘုရားတပါးကဲ့သို့ဖြစ်လာခဲ့ပြီး ကျားတစ်ကောင်ထက်ပင် ပို၍ ရက်စက်ကြမ်းကြုတ်လာသည်။ သူ၏အနက်ရောင် ဆံပင်များ သည် သူ၏နောက်တွင် တဖျပ်ဖျပ်လွင့်နေပြီး သူ၏ပုံစံက သားနားကြော့မော့ပြီး ပူပန် ကြောင့်ကြကင်းမဲ့ဟန် ဖြစ်လာ၏။
ထိပ်ပြောင်လူငယ်သည် ချင်ယွင်၏လက်သီးချက်ကို ရှောင်ထွက်သွားခဲ့ပြီး မြေကြီးပေါ်တွင်တွင်းနက်ကြီးတစ်ခု ကျန်ရစ်ခဲ့သည်။
တစ်ချိန်တည်းမှာပင် ထိပ်ပြောင်လူငယ်သည် ချင်ယွင်၏လက်မောင်းကို ကန်ထုတ် လိုက်သည်။ နှစ်ယောက်စလုံးသည် မီတာဆယ်နှင့်ချီပြီး နောက်ပြန်ဆုတ်သွားကြ သည်။
ယခုအချိန်တွင် ဘိုင်ယွန်ကျောင်းတော် ရင်ပြင်အထက်ရှိ မြစ်များနှင့်တောင်တန်းများ ကမ္ဘာ၏ရုပ်ပုံလွာသည် ချင်ယွင်နှင့် ထိပ်ပြောင်လူငယ်တို့၏ တိုက်ပွဲမြင်ကွင်းသို့ ပြောင်းလဲသွားခဲ့သည်။
ဘိုင်ယွန်ကျောင်းတော်မှ တပည့်များသည် ချင်ယွင်တို့၏ တိုက်ပွဲမြင်ကွင်းကို မြင်သော အခါ အားလုံး ထိတ်လန့်သွားကြသည်။
အထူးသဖြင့် ဤလူနှစ်ယောက် ထိပ်တိုက်ဆုံမိရာမှ မြေပြင်တစ်ခုလုံး ပြိုကျ သွားသည်ကို တွေ့လိုက်ရလျှင် အားလုံးသည် စကားမပြောနိုင်အောင်ပင် တုန်လှုပ် သွားကြသည်။
အနီးကပ်တိုက်ပွဲများသည် အမြဲတမ်း စိတ်လှုပ်ရှားစရာကောင်းလွန်းလှသည်။
အဆင့်မြင့်စင်မြင့်ပေါ်ရှိ အကြီးအကဲများသည်လည်း တုန်လှုပ်သွားကြသည်။ ၎င်းတို့ အထဲမှ လင်းတျန်ဂိုဏ်း၏အကြီးအကဲများသည် ထိပ်ပြောင်လူငယ်သည် သူတို့ဂိုဏ်း၏ တပည့်တစ်ဦးဖြစ်ကြောင်း သူတို့အနားရှိလူများအား ပြောပြရင်း ဂုဏ်ယူသော အမူအရာများကို ထုတ်ဖော်ပြသနေကြသည်။
မိုးကြိုး၀ိညာဥ်ဂိုဏ်းမှ တော်၀င်အကြီးအကဲ ရှင်းယွန်သည်လည်း အလွန်မင်း ပျော်ရွှင် နေပါသည်။ လင်းယွင်၏ခန္ဓာကိုယ်သည် သန်မာကြောင်း သူသိသော်လည်း ယခုအခါ လင်းယွင်၏ခန္ဓာကိုယ်မှဖြစ်ပေါ်လာသည့် ပေါက်ကွဲစွမ်းအားကြောင့် သူသည်ပင် အလွန်တုန်လှုပ်သွားခဲ့ရသည်။
ဤကာလအတွင်း လင်းယွင်၏ ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်သည် များစွာ တိုးတက် ကောင်းမွန်လာပုံရသည်။ မိုးကြိုး၀ိညာဥ်ဂိုဏ်း၏ ဂိုဏ်းစမ်းသပ်ပြိုင်ပွဲအတွင်း လင်းယွင်၏ခန္ဓာကိုယ်သည် သန်မာသော်လည်း ထိုကဲ့သို့ ကြောက်မက်ဖွယ်ကောင်း သော အဆင့်သို့ မရောက်ရှိသေးပေ။
"ကြည့်ရတာ ဒီလင်းယွင်က သူ့ကိုမြင်ရသလောက် မရိုးရှင်းဘူးပဲ" တော်ဝင် အကြီးအကဲက ပြုံးလိုက်မိသည်။
အမှန်တကယ်တော့ သူ၏စိတ်ထဲတွင် အမြဲတမ်းလိုလို ထူးဆန်းနေခဲ့သည်။ လင်းယွင် သည် ရင်းနှီးပုံရသည်ဟု သူအမြဲခံစားခဲ့ရပြီး သူသည် ကပ်ဘေးဒုက္ခကို ဖြတ်ကျော် ခဲ့သော ချင်ယွင်ဖြစ်ကြောင်းပင် သံသယ ဖြစ်မိသည်။
သို့သော် ထိုနေ့တွင် လဲ့ရှောင်တင်းသည် မိုးကြိုး၀ိညာဥ်မြို့မှ ပြန်လာသောအခါ၊ ချင်ယွင် နှင့် လင်းယွင်တို့သည် လူနှစ်ယောက်ဖြစ်ကြောင်း သူ့ကို ပြောပြခဲ့သည်။
ပထမတွင် သူမယုံကြည်ခဲ့သော်လည်း မိုးကြိုး၀ိညာဥ်ဂိုဏ်း၏ အင်မော်တယ်အဆင့် သိမ်မွေ့အလင်းကြေးမုံ(မှန်)ဖြင့် ချင်ယွင်နှင့် ဆံပင်ဖြူအဖိုးအိုတို့ တိုက်ခိုက်ခဲ့သည့် မြင်ကွင်းကို လဲ့ရှောင်တင်းက သူ့အား ထုတ်ဖော်ပြသလာသောအခါ သူ့မှာ ရွေးချယ်စရာမရှိတော့ပေ။
သို့သော် ဤလင်ယွင်သည် ကပ်ဘေးဒုက္ခကို ဖြတ်ကျော်ခဲ့သော ချင်ယွင် မဟုတ်သည့် တိုင် တော်ဝင်အကြီးအကဲသည် ဤလင်းယွင်သည် မရိုးရှင်းကြောင်း ခံစားမိသေး သည်။ သူ၏အစွမ်းထက်သော ရုပ်ခန္ဓာကိုယ်နှင့် ထိုကြောက်မက်ဖွယ်ကောင်းသော ဓားဆန္ဒသည် ဂိုဏ်း၏ အပြည့်အဝ အားစိုက်ထုတ်မှုနှင့် ထိုက်တန်နေပြီ ဖြစ်သည်။
ချင်ယွင်၏ အံ့သြဖွယ် စွမ်းဆောင်မှုကို မြင်လိုက်ရသဖြင့် သူတွေးနေသည့်အရာက ပို၍ ပင် သေချာသွားစေခဲ့သည်။
ဤပြိုင်ပွဲပြီးဆုံးပြီးနောက်၊ လင်းယွင်သည် ထူးထူးခြားခြား ရလာဒ်များ ရယူနိုင်သည် ဖြစ်စေ၊ မရယူနိုင်ပြုသည်ဖြစ်စေ လင်းယွင်အား သူ၏ ကိုယ်ပိုင်တပည့်အဖြစ် လက်ခံ ရန် ဂိုဏ်းခေါင်းဆောင် လဲ့ရှောင်တင်းအား သူတောင်းဆိုရမည်ဟုပင် ခံစားလာရ သည်။
သိုင်းမြို့စားဘိုင်ယွန်သည် အပေါ်စီးမှ မြင်ကွင်းကို တိတ်တဆိတ် ကြည့်နေသည်။ အစကနေ အဆုံးထိ အကြည့်တစ်ချက်လေးပင် မပို့လွှတ်ခဲ့ပါဘူး။ သူ၏စိတ်ထဲမှာ တွေးနေသည့်အရာကို ဘယ်သူမှ မမြင်နိုင်ပေ။
အပြင်မှ ပရိသတ်များသည် ချင်ယွင်နှင့် ထိပ်ပြောင်လူငယ်တို့ အပြင်းအထန် တိုက်ခိုက် နေကြသည်ကို အံ့အားတသင့် ရေရွတ်ကြွေးကြော်နေကြစဉ် ထိပ်ပြောင် လူငယ်နှင့် ချင်ယွင်ကြား တိုက်ပွဲသည်လည်း အလျံညီးညီးပေါက်ကွဲသည့် အခြေ အနေသို့ ရောက်ရှိသွားခဲ့ကြသည်။
ချင်ယွင် နှင့် ထိပ်ပြောင်လူငယ် နှစ်ယောက်စလုံးသည် ရင်ဘတ်များကို အချင်းချင်း ထိုးကြိတ်ကာ တစ်ယောက်နှင့်တစ်ယောက် ပျံသန်းလွင့်ထွက်စေလိုက်သည်။
သူတို့နှစ်ဦးသည် သူတို့၏ခွန်အားများကို မဖယ်ရှားနိုင်မီ ခြေလှမ်းရာပေါင်းများစွာ နောက်ပြန် ဆုတ်သွားခဲ့ရသည်။
"မဆိုးပါဘူး၊ စိတ်ဝင်စားဖို့ကောင်းတယ်။ ဒီလိုသားကောင်မျိုး လိုက်ရှာတွေ့ရင် ပျော်ရွှင်ရလိမ့်မယ်!" မာန်ရီက ကျယ်လောင်စွာ ရယ်မောလိုက်သည်။
ချင်ယွင်၏ ပါးစပ်ထောင့်များသည် အနည်း ငယ် တွန့်ကွေးသွားကာ သူ၏မျက်လုံးများ သည် တိုက်ခိုက်လိုစိတ်ဖြင့် ပြည့်နှက်နေလေသည်။ ယခုလို စိတ်ကျေနပ်စရာ ကောင်းသည့် တိုက်ပွဲမျိုးကို မဆင်နွှဲခဲ့ရတာ အတော်ကြာခဲ့ပါပြီ။ တစ်စုံတစ်ယောက် သည် ပကတိရုပ်ခန္ဓာခွန်အားသက်သက်ဖြင့် သူ့ကို ဆန့်ကျင်တိုက်ခိုက်နိုင်လိမ့်မည်ဟု သူ အမှန်တကယ် မမျှော်လင့်ခဲ့ပေ။ ဤအရာသည် အလွယ်တကူ မှန်းဆလို့ မရနိုင် သည့် အရာဖြစ်သည်။
"ကောင်စုတ်လေး ၊ မင်းမှာ ဒီလောက်ခွန်အားလေးပဲ ရှိတယ်ဆိုရင်တော့ မင်း ငါသတ်ဖြတ်တာကိုခံယူဖို့ စောင့်နေနိုင်ပြီ။" ထိပ်ပြောင် လူငယ်မာန်ရီက ရုတ်တရက် ပြုံးလိုက်သည်။
သူပြောပြီးသည့်နောက်တွင် ရွှေရောင်လေထုစီးကြောင်းများက သူ၏ပတ်ဝန်းကျင်မှာ တဝဲလည်လည်ဖြင့် ရစ်ပတ်လာရင်း နောက်ဆုံးတွင် ဧရာမရွှေနဂါးကြီးအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ချင်ယွင်သည် အနည်းငယ် မျက်မှောင်ကြုတ်လိုက်ရင်း တီးတိုးရေရွတ်သည် "သတ္တုစွမ်းရည် သဘောတရားလား?"
ထိပ်ပြောင်မာန်ရီသည် ထပ်ထပ်ခါခါ အထင်မြင်သေးစွာ ပြောဆို၏ "ဒါဆိုလည်း စိန်အစစ်က ဘယ်လိုလဲဆိုတာ မင်းကို ငါကြည့်ခွင့်ပေးမယ်။
ထိုစကားပြောပြီးသည်နှင့် ထိပ်ပြောင်မာန်ရီသည် သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။ မာန်ရီ၏ ခန္ဓာကိုယ်ပတ်လည်တွင် ရစ်ပတ်နေသော ရွှေနဂါးကြီးသည် ဟိန်းဟောက်သံ ထွက်လာပြီး သူ၏ခန္ဓာကိုယ်ထဲသို့ လျင်မြန်စွာ ပြေးဝင်သွားခဲ့သည်။ ရွှေနဂါးကြီးကို သူ၏ခန္ဓာကိုယ်ထဲသို့ သွန်းလောင်းနေချိန်တွင် မာန်ရီ၏ မူလက နက်မှောင်သော အသားအရည်သည် ရွှေရောင်အလွှာကို ပွတ်တိုက်လိုက်သကဲ့သို့ တောက်ပလာ နေသည်။
ဖော်မပြနိုင်သည့် ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်သည် လေထဲတွင် ပြည့်နေပြီး ရွှေနဂါးကြီးတစ်ကောင် ရုတ်တရက် နိုးထလာသကဲ့သို့ ဖြစ်နေသည်။
ချင်ယွင်သည် မာန်ရီ၏နောက်တွင် ဟိန်းဟောက်နေသော ရွှေနဂါးကြီးကိုပင် မြင်နိုင်သည်။
"ဟား၊ ဟား၊ ဒါက ငါနားလည်ထားတဲ့ ရွှေအလွှာလေးခုကနေ ဖန်တီးထားတဲ့ ရွှေနဂါး ကိုယ်ထည်ပဲ။ လာ၊ လာ၊ မြည်းစမ်းကြည့်ရအောင်!"
မာန်ရီသည် အရိုင်းဆန်ဆန် ရယ်မောလိုက်ပြီး သူ၏ပုံရိပ်က ပေါက်ကွဲထွက်လာပြီး ပစ်၀င်သွားခဲ့သည်။ ထို့နောက် သူသည် ချင်ယွင်၏ရှေ့မှာ ပေါ်လာသည်။
ချင်ယွင်၏ အမူအရာသည် သိသိသာသာ ပြောင်းလဲသွားခဲ့ပြီး "သူ့ရဲ့အရှိန်ဟုန်က ဘာလို့ ရုတ်တရက် ဒီလောက်မြန်ရတာလဲ" ဟု တွေးမိသည်။
သို့သော်၊ မာန်ရီသည် ဤအကြောင်းအရာနှင့် ပတ်သက်ပြီး သူ့ကို နည်းနည်း လေးတောင် တွေးခွင့်မပေးဘဲ သူ၏လက်သီးက ချင်ယွင်၏ ရင်ဘတ်ကို တိုက်ရိုက် ထိုးချလိုက်သည်။
ချင်ယွင်သည် ချက်ချင်းပင် ပါးစပ်မှ သွေးများ ထွက်လာပြီး သူ၏မျက်လုံးများတွင် မယုံကြည်နိုင်မူများဖြင့် ပြည့်နေသည်။
"သူ့ရဲ့ ခွန်အားက အရင်ကထက် ငါးဆ ပိုသန်မာလာတယ်" ချင်ယွင် အံ့သြသွားသည်။
"ဟာဟား၊ အနိုင်ကျင့်ခံရတာကို ပျော်ပျော်ကြီးခံစားလိုက်စမ်းပါကွ!" မာန်ရီသည် ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပြီး သူ၏လက်သီးများဖြင့် ချင်ယွင်ကို မုန်တိုင်း ကဲ့သို့ ဆက်လိုက် ဧည့်ခံနေသည်။
ချင်ယွင်သည် သူ၏ခန္ဓာကိုယ်တွင် ပြင်းထန်သော နာကျင်မှုကို ခံစားခဲ့ရသော်လည်း သူသည် ခုခံရန် ခွန်အားလုံးဝမရှိပေ။ သူသည် မာန်ရီ၏တိုက်ခိုက်မှုအားလုံးကို တွန်းလှန်ရန် အကောင်းဆုံးသာ ကြိုးစားနိုင်ခဲ့သည်။
"ဘန်း!"
မာန်ရီသည် ချင်ယွင်၏ရင်ဘတ်ကို လက်သီးနှင့်ထိုးပြီး သူ့ကို မြေပြင်ပေါ်သို့ တိုက်ရိုက် ပစ်ရိုက်ကျသွားစေသည်။
"ဟား ဟား၊ ကျေနပ်စရာကောင်းလိုက်တာ!" မာန်ရီသည် ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။
ချင်ယွင်သည် တွင်းထဲတွင် လဲလျောင်းနေရပြီး သူ၏တစ်ကိုယ်လုံး အလွန် နာကျင်နေသည်။ မာန်ရီသည် ရွှေနဂါးကြီး၏ ကောင်းချီးခံမူကို ခံရပြီးနောက် သူ့ခန္ဓာကိုယ်၏ကြံ့ခိုင်မှုမှာ ကြောက်မက်ဖွယ်ကောင်းလာသည်ဟု ဆိုရပေမည်။ ချင်ယွင်တောင်မှ ခံနိုင်ရည် မရှိခဲ့ဘူး။
"ကြည့်ရတာ ဒီအကွက်ကို အသုံးပြုဖို့ အချိန်တန်ပြီထင်တယ်" ချင်ယွင်၏ မျက်နှာပေါ်တွင် ခါးသီးသော အပြုံးတစ်ခု ပေါ်လာသည်။
မူလက သူသည် လင်းဖန် သို့မဟုတ် ဖန်းမန့်ကိုကိုင်တွယ်ရန် ဤသိုင်းကွက်ကို ချန်ထားခဲ့ချင်သော်လည်း မြန်မြန်ဆန်ဆန် ထုတ်သုံးရလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။
ချင်ယွင်သည် ဖြည်းညှင်းစွာ မတ်တပ်ထရပ်လိုက်ပြီး အနက်ရောင်လျှပ်စီးကြောင်းက သူ၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည်။
အနက်ရောင်လျှပ်စီးကြောင်းများ ပေါ်လာသောအခါ၊ အရာအားလုံးကို တိတ်တဆိတ် ကြည့်ရှုနေသော သိုင်းမြို့စားဘိုင်ယွန်သည် ချင်ယွင်ကို ရုတ်တရက် အံ့အားသင့်စွာ ကြည့်လိုက်သည်။
သိုင်းမြို့စားဘိုင်ယွန်၏ အံ့အားသင့်နေသော အမူအရာကို အနီးနားရှိ အကြီးအကဲများ မြင်သောအခါ သူတို့အားလုံးသည် အလွန်ထိတ်လန့်သွားကြသည်။ ဖြစ်ပျက်ခဲ့သည့် အရာများကို သူတို့နားမလည်ခဲ့ကြပေ။
သို့သော် ချင်ယွင်သည် ဖြည်းညှင်းစွာ မတ်တပ်ထရပ်လိုက်သောအခါတွင် သူ၏ ခန္ဓာကိုယ်ပေါ်ရှိ အနက်ရောင်လျှပ်စီးကြောင်းများသည် အဆက်မပြတ် ထွက်ပေါ်နေပြီ ဖြစ်သည်။ နောက်ဆုံးတွင်၊ အားလုံးသည် ချင်ယွင်၏ ခန္ဓာကိုယ်ထဲသို့ ပေါင်းစပ် သွားလေသည်။ ဤအခိုက်အတန့်တွင် အနှိုင်းမဲ့ ကြောက်မက်ဖွယ် ကောင်းအောင် ပြင်းထန်သော စွမ်းအားတစ်ခု ချက်ချင်း ထွက်ပေါ်လာသည်။
ကျိုးယုသည် အံ့အားသင့်သွားခဲ့သည်။
ထိုအချိန်တွင် ချင်ယွင်သည် နတ်ဆိုးနတ်ဘုရားတစ်ပါး အဖြစ်သို့ ပြောင်းလဲ သွားပုံရသည်။ အနက်ရောင်လိုင်းများသည် သူ၏ခန္ဓာကိုယ်ပေါ်တွင် ထွက်ပေါ်လာပြီး အနက်ရောင်ဆံပင်များက အဆက်မပြတ်ကခုန်နေကာ အနက်ရောင် လျှပ်စီးကြောင်းများသည် အထက်ဂူများမှ ပေါက်ကွဲထွက်လာသည့်အလား ထင်မှတ်ရသည်။
သေချာသည်မှာ၊ ချင်ယွင်နှင့်ပတ်သက်ပြီး အံ့သြဆုံးအရာက သူ၏ မျက်လုံးများသည် ယခုအချိန်တွင် ပိန်းပိတ်အောင် မှောင်မဲနေခြင်း ဖြစ်သည်။ တစ်ချက်ကြည့်လိုက်ရုံဖြင့် သူ၏ပုံစံသည် ရုတ်တရတ် ကြောက်ရွံ့ထိတ်လန့်သွားစေသည် ။
အခန်း (၁၇၄) အလွဲသုံးစားလုပ်သူ
ချင်ယွင်၏မျက်လုံးများသည် ပိန်းပိတ်အောင် မှောင်မဲနေပြီး သူ၏ခန္ဓာကိုယ်ပေါ်တွင် အနက်ရောင်လျှပ်စီးကြောင်းများက လင်းလက်နေသည်။ ကြောက်မက်ဖွယ်ကောင်းပြီး ထိန်းမနိုင်သိမ်းမရအငွေ့အသက် သူ၏နှလုံးသားကို ရင်တုန်စေခဲ့သည်။
"အင်း? စိတ်ဝင်စားစရာပဲ!" ထိပ်ပြောင်မာန်ရီသည် ချင်ယွင်၏ ဒေါသပေါက်ကွဲ သည့်အခြေအနေကိုမြင်ပြီး သူ၏ပါးစပ်ထောင့်က တွန့်ကွေးသွားကာ ပြောလိုက် သည်။
"နည်းနည်းပဲ စိတ်ဝင်စားဖို့ ကောင်းတာလား?" ချင်ယွင်က မိုးခြိမ်းသံကဲ့သို့ အေးစက်စွာ ဟစ်အော်လိုက်သည်။
ထို့နောက် သူသည် ရှောင်တိမ်းပြီး ပျောက်ကွယ်သွားခဲ့သည်။
နောက်တစ်စက္ကန့်အကြာတွင် သူသည် ထိပ်ပြောင်မာန်ရီ၏ အနားတွင် ပေါ်လာသည်။
သူသည် ထိပ်ပြောင်မာန်ရီကို လက်သီးဖြင့် ထိုးလိုက်သည်။
ထိပ်ပြောင်မာန်ရီသည် ဘေးစောင်းမှ ရှောင်ထွက်သွားခဲ့ပြီး ချင်ယွင်၏ တိုက်ခိုက်ခြင်းကို အလွယ်တကူ ရှောင်ရှားသွားခဲ့သည်။ "မင်းရဲ့အရှိန်က အများကြီး တိုးလာတယ်၊ ဒါပေမယ့် မလုံလောက်ဘူး!"
"ပွဲကောင်းက လာဖို့ရှိပါသေးတယ်!" ချင်ယွင်သည်လည်း ရယ်မောလိုက်သည်။ သူ၏ ပုံရိပ်သည် တဖန်ပြန်လည်လင်းလက်သွားပြီးနောက် ချက်ချင်းပင် ပျောက်ကွယ်သွား ခဲ့သည်။
လျှပ်စီးကြောင်းကဲ့သို့မြန်ဆန်သော ချင်ယွင် ၏ရုပ်အသွင်ပြင်ကို လှည့်ပတ်ကြည့်ရှုစဉ် ထိပ်ပြောင်မာန်ရီသည် အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။
"ဒီမှာကွ!"
ချင်ယွင်က အော်ဟစ်လိုက်ပြီး ထိပ်ပြောင်မာန်ရီနောက်မှာ ပေါ်လာသည်။ သူသည် ထိပ်ပြောင်မာန်ရီ၏ ခါးကို ထိုးလိုက်သည်။
ထိပ်ပြောင်မာန်ရီသည် ချက်ချင်းပင် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို ခံစားလိုက်ရပြီး နောက်သို့ လွင့်ပြန်သွားခဲ့သည်။
"ဟား ဟား၊ အဲဒါက အသုံးမ၀င်ဘူး။ ရွှေနဂါးကိုယ်ထည်နဲ့ဆို ငါ့ကို ဘယ်သူမှ မထိခိုက်စေနိုင်ဘူး။" ထိပ်ပြောင်မာန်ရီသည် ကျယ်လောင်စွာ ရယ်မောလိုက်ပြီး ချက်ချင်း မတ်တတ်ထရပ်ကာ ချင်ယွင်ဆီသို့ ပြေးသွားခဲ့သည်။
ချင်ယွင်သည် သူ၏မျက်နှာတွင် အပြုံးမပျက်ပေ။
ဒီရွှေနဂါးကို သူ့ခန္ဓာကိုယ်ထဲသို့ ထည့်လိုက်တော့ရော ဘာဖြစ်လဲ။
နောက်ဆုံးတွင်၊ သူသည် အစစ်အမှန် မသေနိုင် မပြိုကွဲနိုင်သော ခန္ဓာကိုယ်မဟုတ်ပေ။
ချွင်!
ထိပ်ပြောင်မာန်ရီ၏လက်သီးများသည် ချင်ယွင်၏လက်သီးများနှင့် ထပ်မံထိပ်တိုက် ဆုံမိသွားသည်။ သူတို့နှစ်ယောက် လက်ရည်ညီနေပြီး မြေပြင်တခုလုံး ပြိုကျသွား ပြန်သည်။ လှိမ့်တက်လာနေသော ဖုန်မှုန့်များသည် အဝေးရောက်သည်အထိ လှိုင်းလုံးများကဲ့သို့ လျင်မြန်စွာ မြင့်တက်လာခဲ့သည်။
ဘေးတွင်ရပ်နေသော ကျိုးယုသည် ထိတ်လန့်သွားသည်။ အဝေးမှာ ထိပ်တိုက်တွေ့ဆုံ တိုက် ခိုက်နေသော ပုံရိပ်နှစ်ခုနှင့် ကြောက်မက်ဖွယ် ရာ စွမ်းအားများ တစ်ခုပြီးတစ်ခု လွှမ်းခြုံသွားသည်ကို မြင်နေရသည်။
"ဒီတိုက်ပွဲက သိုင်းမြို့စားတစ်ပိုင်းနယ်ပယ်ထက်တောင် ကျော်နေမှာ ငါကြောက်မိ တယ်!" ကျိုးယုသည် စိတ်လှုပ်ရှားစွာ သက်ပြင်းချလိုက်သည်။
ဘိုင်ယွန်ကျောင်းတော်မှ တပည့်များသည်လည်း အံသြသွားကြသည်။ ဤအဆင့်၏ အစစ်အမှန် အနီးကပ်တိုက်ပွဲများသည် အလွန်ရှားပါးသော်လည်း ၎င်းတိုက်များသည် အမှန်တကယ် စိတ်လှုပ်ရှားဖွယ်ကောင်းသည်။
ယခုအခါ တပည့်များစွာသည် ချင်ယွင် နှင့် မာန်ရီတို့ကို အထင်ကြီး လေးစားလာကြ သည်။
သိုင်းမြို့စားဘိုင်ယွန်သည် တိုက်ခိုက်နေသော ချင်ယွင်ကို စူးစူးစိုက်စိုက် ကြည့်ရူနေ သည်။ အနက်ရောင်လျှပ်စီးကြောင်းများသည် မည်သည့် လျှို့ဝှက်ဆန်းကြယ်မှုကို ဆိုလိုကြောင်း အခြားလူများက သိကောင်းမှသိကြမည်ဖြစ်သော်လည်း ၎င်းသည် ဤစကြဝဠာအတွင်း အမြင့်ဆုံးအဆင့် လျှပ်စီးစွမ်းအင်ဖြစ်ကြောင်း သူသိသည်။
ချင်ယွင်သည် အနည်းငယ်မျှသာ ဖမ်းဆုပ်နိုင်ခဲ့သော်လည်း၊ သိုင်းဂိုဏ်းချုပ်အဆင့်တွင် ထိုကဲ့သို့သော လျှပ်စီးစွမ်းအားကို ဆုပ်ကိုင်ထားနိုင်သည်မှာ အမှန်ပင် စိတ်ကူး မယဉ်နိုင်သည့်အရာဖြစ်သည်။
ချွင်!
နောက်ထပ် ပြင်းထန်သော ထိပ်တိုက်တွေ့ဆုံမှုတစ်ခု ဖြစ်ပွားခဲ့ပြီး သူတို့ နှစ်ယောက်စလုံးသည် လုံးလုံး လူချင်းကွဲသွားကြပြန်သည်။
"ဟား၊ ဟား၊ မင်းငါ့ကို ဘာမှလုပ်လို့မရဘူးကွ" မာန်ရီက ကျယ်လောင်စွာ ရယ်မောလိုက်သည်။
ချင်ယွင်သည် မထီမဲ့မြင်ပြုကာ လှောင်ပြောင် ပြောလိုက်သည် ၊ "ငါ မင်းကို ဘာမှ မလုပ်နိုင်ဘူးလို့ မင်း တကယ်ထင်နေတာလား"
ထိပ်ပြောင်မာန်ရီ၏ အမူအရာသည် ပြောင်းလဲသွားခဲ့သည်။
ချင်ယွင်၏ခန္ဓာကိုယ်ပေါ်ရှိ အနက်ရောင်လျှပ်စီးများသည် တစ်ဖန် တုန်ခါသွားပြီး အနက်ရောင်မှင်ကဲ့သို့ ရက်စက်ကြမ်းကြုတ်သောလျှပ်စီးကြောင်းများ ထွက်ပေါ် လာကာ ကြောက်မက်ဖွယ်ကောင်းပြီး ရုန့်ရင်းကြမ်းတမ်းသော အငွေ့အသက် တစ်ခုက ကောင်းကင်ယံသို့ ပျံတက်သွားလေသည်။
မူလက ချင်ယွင်၏ အနက်ရောင်ဆံပင်များသည် ယခုအချိန်တွင် အမှန်တကယ် သန္ဓေ
ပြောင်းလဲသွားခဲ့သည်။ သူ၏ဆံပင်များသည် လျင်မြန်စွာကြီးထွားလာခဲ့ပြီး သူ၏ ခါးအထိပျံ့နှံ့သွားခဲ့သည်။ မူလက သူ၏ပိန်းပိတ်အောင်မည်းမှောင်နေသော မျက်လုံး များသည် လျှပ်စီးကဲ့သို့ အနက်ရောင် အလင်းတန်းများကို ထုတ်လွှတ်နေခဲ့သည်။
သူ၏လက်ကို ဝှေ့ယမ်းလိုက်သောအခါတွင် ချင်ယွင်၏ အရိုးများသည် တဖျစ်ဖျစ် မြည်သံများထွက်လာပြီး လေထုကို တုန်လှုပ်စေခဲ့သည်။
"ပေါက်ကွဲလျှပ်စီး ဒုတိယအဆင့်!" ချင်ယွင်သည် စကားတစ်လုံးချင်း ပြောလိုက်ပြီး သူ၏အသံသည် တော်၀င်တာအိုပဲ့တင်ထပ်ကဲ့သို့ ဆူညံနေသည်။
ဘေးနားရှိ ထိပ်ပြောင်မာန်ရီသည် နောက်ဆုံးတွင် ကြောက်ရွံ့မှု အရိပ်အယောင်ကို
ထုတ်ဖော်လိုက်သည်။ သူသည် တုနှိုင်းမရလောက်အောင် ကြောက်စရာကောင်းသည့်
ရှေးဟောင်းသားရဲကြီးတစ်ကောင်ကို ဖုံးကွယ်ထားသကဲ့သို့ ချင်ယွင်၏ ခန္ဓာကိုယ် ပေါ်ရှိ ကြောက်မက်ဖွယ် စွမ်းအားကို ခံစားနိုင်သည်။
ဤကာလအတွင်း၊ လျှပ်စီးစွမ်းရည်ကိုယ်ပွားသည် အလဟဿ အချိန်ဖြုန်းနေခြင်း မရှိပေ။ ၎င်းသည် ကောင်းကင်ဘုံကိုးလွှာကြယ်စင်စုပုံကြမ်းထဲတွင် လျှပ်စီးစွမ်းရည် သဘောတရားကို အချိန်တိုင်း ဆင်ခြင်နေခဲ့သည်။ နောက်ဆုံးတွင်၊ လျှပ်စီးစွမ်းရည် ကိုယ်ပွားသည် မနေ့ညကမှ ပေါက်ကွဲလျှပ်စီးသဘောတရား၏ ဒုတိယအဆင့်သို့ ဖြတ်ကျော်သွားခဲ့သည်။
နောက်ပိုင်းတွင် ချင်ယွင်သည် ၎င်းကို အထူးလေ့လာခဲ့သည်။ သာမန်လျှပ်စီးများသည် သူ၏ခန္ဓာကိုယ်အတွင်းသို့ အားပါးတရ ဝင်ရောက်နိုင်သောကြောင့် ဤအနက်ရောင် ဖရိုဖရဲလျှပ်စီးများသည်လည်း သူ၏ခန္ဓာကိုယ်ကို သန်မာစေရန်အတွက် သူ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်နိုင်ပါ့မလား။
ထို့နောက် သူသည် ကောင်းကင်ဘုံကိုးလွှာကြယ်စင်စုပုံကြမ်းထဲတွင် ၎င်းကို စမ်းသပ်ခဲ့ သည်။ သေချာသည်မှာ၊ ဤအနက်ရောင် ဖရိုဖရဲလျှပ်စီးကြောင်းသည်လည်း သူ၏ ခန္ဓာကိုယ်ကို ကြံ့ခိုင်သန်မာစေခဲ့ပြီး ကြံ့ခိုင်သန်မာစေသည့် အကျိုးသက်ရောက်မှုက ပို၍ပင် ကြောက်စရာကောင်းနေခဲ့သည်။
သို့သော်လည်း ချင်ယွင်၏ရုပ်ခန္ဓာခွန်အားဖြင့် ဖရိုဖရဲပေါက်ကွဲလျှပ်စီး သဘော တရား၏ ပထမအဆင့်အထိ မြှင့်တင်မှုကိုသာ ခံနိုင်ရည်ရှိခဲ့သည်။ အကယ်၍ သူသည် ဖရိုဖရဲပေါက်ကွဲလျှပ်စီး သဘောတရား၏ ဒုတိယအဆင့်ကို အတင်းအကြပ် အသုံးပြု ပါက၊ ကြီးမားသော ဘေးထွက်ဆိုးကျိုးများ ရှိလာနိုင်ပြီး ၎င်းစွမ်းအားသည်လည်း အမွှေးတိုင် တစ်ချောင်းကုန်ဆုံးချိန် အချိန်အတိုင်းအတာတစ်ခုအထိသာ ကြာရှည် ခံမည်ဖြစ်သည်။
သို့သော်၊ ချင်ယွင်အတွက် အချိန်အမွှေးတိုင်တစ်ချောင်း ထွန်းစာအချိန်သည် လုံလောက်ပါသည်။
ချင်ယွင်သည် မလှမ်းမကမ်းရှိ ထိပ်ပြောင်မာန်ရီကို လှမ်းကြည့်လိုက်ပြီး သူ၏ ပုံရ်ပ်သည် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားသည်။
ထိပ်ပြောင်မာန်ရီသည် ချက်ချင်းပင် ထိတ်လန့်သွားသည်။ သူသည် ချင်ယွင်၏ နေရာကိုပင် ရှင်းရှင်းလင်းလင်း မမြင်နိုင်ပေ။
"ဘုန်း!"
ချင်ယွင်သည် ထိပ်ပြောင်မာန်ရီ၏ရင်ဘတ် လက်သီးဖြင်း ထိုးလိုက်သည်။
ထိပ်ပြောင်မာန်ရီ၏ မျက်လုံးများသည် ရုတ်တရက် ပြူးကျယ်သွားခဲ့ပြီး ပါးစပ်မှ သွေးများ ထွက်လာသည်။ ချင်ယွင်၏ ကြောက်မက်ဖွယ်ကောင်းသော လက်သီး ချက်အောက်တွင် သူ၏ရင်ဘတ်ရှိ ရွှေရောင်အရေပြားသည် ချက်ချင်း ပြိုကျသွားခဲ့သည်။
"အခု မင်းကို ငါ ဘာမှ မလုပ်ပေးနိုင်သေးဘူးလို့ မင်းထင်နေသေးလား" ချင်ယွင်က အထင်သေးဟန်ဖြင့် ပြောလိုက်သည်။
နောက်ထပ် ပြင်းထန်သော ဒူးတိုက်ချက်က ဖြစ်ပေါ်လာသည်။
ထိပ်ပြောင်မာန်ရီသည် သူ၏ရင်ဘတ်ကို တုနှိုင်းမရသည့် ကြောက်စရာကောင်းသော
ရှေးဟောင်းသားရဲ၏ ခြေဖဝါးနှင့် ရိုက်နှက်ခံရသကဲ့သို့ ခံစားလိုက်ရပြီး နာကျင် ပေါက်ကွဲမူ ခံစားရသည်။
သူ၏ အတွင်းအင်္ဂါများသည် ဤကြီးမားပြင်းထန်လှသော စွမ်းအားကို ခံနိုင်ရည် မရှိခဲ့ဘဲ ၎င်းတို့အားလုံး ချက်ချင်း ကွဲအက်သွားခဲ့သည်။
"မင်း ငါ့ကို ညှဉ်းပန်းနှိပ်စက်ချင်တာ မဟုတ်ဘူးလား။ လာစမ်းပါဦး!" ချင်ယွင်က ထပ်မံ လှောင်ပြောင်ပြီး ထိပ်ပြောင်မာန်ရီ၏ မေးစေ့ကို ရိုက်ချလိုက်သည်။
ထိပ်ပြောင်မာန်ရီ၏ မေးစေ့ပေါ်ရှိ အရိုးများ ကွဲအက်သွားခဲ့သည်။
"ဘယ်သူက ဘယ်သူကို ညှင်းပန်းနှိပ်စက်နေလဲဆိုတာ ငါ မင်းကို ကြည့်ရူခွင့် ပေးမယ်။" ချင်ယွင်သည် အေးစက်စွာ ဟစ်အော်လိုက်ပြီး သူ၏မျက်လုံးများသည် လျှပ်စီးများဖြင့် ပြည့်နှက်နေသည်။
သူသည် သူ၏ညာဖက်ခြေထောက်ကို လျင်မြန်စွာ မြှောက်လိုက်ပြီး ထိပ်ပြောင် မာန်ရီ၏ ခန္ဓာကိုယ်တစ်ခုလုံးကို လေထဲမှ အောက်သို့နင်းချလိုက်သည်။
မြေပြင်တစ်ခုလုံးသည် ပြိုကျပြီး အချင်း မီတာတစ်ရာနီးပါးရှိသော တွင်းကြီးတစ်ခု ဖြစ်လာသည်။
ထိပ်ပြောင်မာန်ရီသည် မြေပြင်ပေါ်သို့ လဲကျသွားခဲ့ပြီး သူ၏ရင်ဘတ်သည် ချိုင့်၀င်နေကာ သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် ပုံစံလုံး၀ ပျက်ယွင်းသွားခဲ့သည်။ သူသည် မသေဘဲ မနေနိုင်တော့ပေ။
ချင်ယွင်သည် ပြိုင်ဘက်ကင်း နတ်ဆိုးနတ်ဘုရားတစ်ပါးကဲ့သို့ ထိပ်ပြောင်မာန်ရီ အနားတွင် ရပ်နေ၏။
ဘေးမှာရပ်နေသည့် ကျိုးယုသည် သူ၏ရှေ့က မြင်ကွင်းကိုကြည့်ပြီး စကား မပြောနိုင်လောက်အောင် ထိတ်လန့်သွားသည်။
မူလက ခပ်ဝေးဝေးမှ ရပ်ကြည့်နေရင်း ပြဿနာဖြစ်နေသည့် ရေထဲတွင် ငါးမျှား ချင်နေသော တပည့်တစ်ယောက်သည် ဤမြင်ကွင်းကို မြင်ရလျှင် ကြောက်လန့်ပြီး ချက်ချင်း လှည့်ထွက်ပြေးသွားခဲ့သည်။
ဒီသောက်ရမ်းကြမ်းကြုတ်သည့်ကောင်က ဘယ်က ရောက်လာတာလဲ။ ဒါက အမှန်တကယ် ညှင်းပန်းနှိပ်စက်နေခြင်း မဟုတ်ပါလား။
သူ့အဖိုးရဲ့မျိုးရိုးစဥ်ဆက်အားလုံးက လူသားတွေ မဟုတ်လောက်ဘူး။
အပြင်ဘက်ရှိ ဘိုင်ယွန်ကျောင်းတော်၏ တပည့်များသည် သူတို့၏နှလုံးသားများထဲ မုန်တိုင်းတစ်ခု ဝင်ရောက်လာသလို ခံစားလိုက်ရသည်။ ချင်ယွင်၏အကြည့်ကို နောက်တစ်ကြိမ် ပြန်ကြည့်လိုက်ရင်း သူတို့၏မျက်လုံးများသည် ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေခဲ့သည်။ ချင်ယွင်၏ ခန္ဓာကိုယ်ပေါ်ရှိ ထိန်းမနိုင်သိမ်းမရဖြစ်နေသည့် အငွေ့အသက်ကို မြင်ကွင်းမှတဆင့် သူတို့ ခံစားနိုင်သည်။
ချင်ယွင်၏ခန္ဓာကိုယ်ပေါ်ရှိ အနက်ရောင်လျှပ်စီးများသည် တဖြည်းဖြည်း ပျောက်ကွယ် သွားပြီး သူ၏တစ်ကိုယ်လုံးသည်လည်း တွင်းနက်ကြီးထဲ ပြုတ်ကျသလို ပြိုလဲကျသွားသည်။
သူ၏ခန္ဓာကိုယ်ထဲတွင် ခွန်အားနည်းနည်းလေးတောင် မကျန်တော့ဘဲ သူ၏ ဒန်တန် ထဲမှာရှိသည့် ဝိညာဉ်စွမ်းအင်များသည် လုံးဝ ပျောက်ကွယ်သွားခဲ့ပြီ။ ယခုချိန်တွင် သူသည် အလွယ်တကူ သတ်လို့ရသည့် ငါးတစ်ကောင်ဖြစ်နေပါပြီ။
ချင်ယွင် ရှိုက်ကြီးတငင် ပြုံးလိုက်မိသည်။ စောစောလေးက သူသည် ပေါက်ကွဲလျှပ်စီး သဘောတရား၏ ဒေါသပေါက်ကွဲသည့်အခြေအနေသို့ ၀င်ရောက်သွားသည့်အခါ သူ၏ သတ်ဖြတ်ခြင်းနှလုံးသားက ပိုလေးလံလာပြီး သူ၏ အငွေ့အသက်က ပို၍ပြင်းထန် လာလိမ့်မည်။
"ကြည့်ရတာ ဒီအနက်ရောင်ပေါက်ကွဲလျှပ်စီးသဘောတရားရဲ့ ဒေါသပေါက်ကွဲတဲ့ အခြေအနေကို အနာဂတ်မှာ လိမ္မာပါးနပ်စွာနဲ့ အသုံးပြုသင့်ပုံပဲ။ မဟုတ်ရင် ကျင့်ကြံခြင်းနှလုံးသားကို ထိခိုက်ပျက်ဆီးစေပြီး မျက်လုံးတချက်မှ မမှိတ်တဲ့ သတ်ဖြတ်ခြင်းနတ်ဆိုးတစ်ယောက်အဖြစ် ပြောင်းလဲသွားလိမ့်မယ်။" ချင်ယွင်သည် သူ့ကိုယ်သူ ပြောမိသည်။
ရုတ်တရက် သူသည် အဝေးကို လှမ်းကြည့်လိုက်သည်။ အဝေးရှိသစ်ပင်ကြီးတစ်ပင်မှ
သူ့ကို တိတ်တဆိတ်ကြည့်နေသော လူတစ်ယောက်ရှိနေသည်။
ချင်ယွင်သည် ရုတ်တရက် ထိတ်လန့်သွားသည်။ ဤလူသည် မျက်နှာဖုံးကာကို ၀တ်ဆင်ထားသော ပန်းတစ်ရာဂိုဏ်း၏ အမျိုးသမီးမှလွဲ၍ အခြားသူမဟုတ်… ဟုတ်ပါသည်။ သူမက ချန်မင်ရှီ ဖြစ်သည်။
အခန်း (၁၇၅) မဟာမိတ်ဖွဲ့ခြင်း
ချန်မင်ရှီ၏အသွင်အပြင်သည် ချင်ယွင်ကို အံ့အားသင့်စေခဲ့သည်။ ယခုအချိန်တွင် ချင်ယွင်သည် လုံးဝ မလှုပ်ရှားနိုင်တော့ပေ။
ယခုအချိန်တွင် ကျိုးယု၏ဒဏ်ရာများသည် မပျောက်ကင်းသေးပေ။ အကယ်၍ သူသည် သူ၏ ပြီးပြည့်စုံဆုံးအခြေအနေတွင်ရှိနေလျှင်ပင် သူ၏ရှေ့မှာရှိနေသည့် အမျိုးသမီးအတွက် သူသည် ပြိုင်ဘက်တစ်ယောက်မဖြစ်နိုင်ပေ။
ချန်မင်ရှီသည် တွင်းနက်ကြီးရှေ့သို့ ပျံလွှားတစ်ကောင်ပမာ ပျံသန်းသွားလာခဲ့ပြီး သူမ၏ မျက်လုံးများက ချင်ယွင်ကို တိတ်တဆိတ် ကြည့်နေသည်။
သူမ၏အကြည့်များသည် အလွန်ငြိမ်သက်နေပြီး သူမတွင် ခံစားချက်အနည်းငယ် မျှမရှိသလို သူမတွေးနေသည့်အရာများကိုလည်း မမြင်နိုင်တော့ပေ။
"တကယ်လို့ မင်း ငါ့ကို သတ်ချင်ရင် သို့မဟုတ် အပိုင်းပိုင်းဖြတ်တောက်ချင်ရင် တစ်ချက် လှုပ်ရှားရုံပဲလိုတယ်။" ချင်ယွင်က ခါးသီးသော အပြုံးဖြင့် ပြောသည်။
"ငါ မင်းကို မသတ်ပါဘူး။" ချန်မင်ရှီသည် အော်ရီယိုငှက်ကဲ့သို့ ချိုမြိန်သောသူမ၏ အသံဖြင့် တုန့်ပြန်ပြောသည်။
ချန်မင်ရှီစကားပြောသည်ကို ချင်ယွင်သည် ပထမဆုံးအကြိမ် ကြားဖူးခြင်းဖြစ်သည်။ သူ၏အသံက ဤမျှလောက် ကြည်လင်ပြတ်သားလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။
"မင်း ငါ့ကိုဘာလို့မသတ်တာလဲ။ ဒါက မင်းအတွက် အခွင့်ကောင်းတစ်ခုပဲ" ချင်ယွင်က စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။
တစ်ချိန်တည်းမှာပင် သူသည် ရှေးဟောင်းခေတ် အစိမ်းရောင်ကြာပန်းပညာရပ်ကို စတင်ဖြန့်ကျက်လိုက်ပြီး သူ၏ဒဏ်ရာများနှင့် ကျင့်ကြံမှုအခြေခံကို ကုစားလိုက်ပြီး
တဖြည်းဖြည်း ပြန်လည်ကောင်းမွန်လာခဲ့သည်။
ချန်မင်ရှီက ချင်ယွင်ကို တစ်ချက်ကြည့်လိုက်ပြီး ပြောသည် " အခုလေးတင် မာန်ရီနဲ့ မင့်ရဲ့တိုက်ပွဲကို ငါ တွေ့ခဲ့တယ်။ အစကတော့ မင်းကို ငါ တကယ်သတ်ပစ်ချင်ပေမယ့် နောက်တော့ စိတ်ပြောင်းသွားတယ်။ မင်းရဲ့အင်အားက မဆိုးဘူးဆိုတာ ငါတွေ့လိုက်ရတော့ ငါ မင်းနဲ့ပူးပေါင်းဖို့ ရွေးချယ်လိုက်တယ်။ ။"
"ပူးပေါင်းဆောင်ရွက်မှုလား?" ချင်ယွင်က အံ့သြစွာဖြင့် မေးလိုက်သည်။
ချန်မင်ရှီက ဆက်လက်ပြီး ပြောသည် "လင်းထျန်ဂိုဏ်းက ဖန်းမန့် နှင့် ဘိုင်ယွန် ကျောင်းတော်က လင်းဖန်တို့ နှစ်ဦးစလုံးဟာ သိုင်းမြို့စားနယ်ပယ် ပထမအဆင့် ကောင်းကင်အလွှာမှာ ရှိနေကြတယ်။ ငါ့ရဲ့အစွမ်းတခုတည်းနဲ့ သူတို့နှစ်ယောက် စလုံးကို တစ်ချိန်တည်းမှာ ယှဉ်ပြိုင်နိုင်စွမ်းမရှိဘူးဆိုတာကို သေချာပေါက် ငြင်းလို့မရဘူး။ ဖန်းမန့်ကို ငါအနိုင်ယူနိုင်ခဲ့ရင်တောင် လင်းဖန်ကိုအနိုင်ယူဖို့ စွမ်းအား မကျန်မှာကို ငါကြောက်တယ်။"
"မင်းအတွက်ကတော့ မင်းမှာလည်း သိုင်းမြို့စားကျွမ်းကျင်သူတစ်ဦးရဲ့ စွမ်းအားတွေ ရှိကောင်းရှိလိမ့်မယ်။ အချိန်တိုလေးအတွင်းသာ ပေါက်ကွဲနိုင်တယ်ဆိုပေမယ့် မင်းမှာ အဲဒီအစွမ်းမျိုးရှိနေတယ်လို့ ယူဆလို့ရတယ်လေ။ ဒီနည်းနဲ့ ငါက သူတို့ထဲက တစ်ယောက်နဲ့ ရင်ဆိုင်ရတဲ့အခါ ကျန်တစ်ယောက်နဲ့ပတ်သက်ပြီး စိုးရိမ်နေစရာ မလိုတော့ဘူးပေါ့"
"မင်း ဖန်းမန့် နဲ့ တိုက်ခိုက်နေတုန်း လင်းဖန်ကို ရင်ဆိုင်ထားဖို့ မင်းကို ကူညီပေး စေချင်တယ်လို့ ငါ့ကိုပြောနေတာလား ၊ ပြီးတော့ မင်းနဲ့ငါ နှစ်ယောက်ပေါင်းပြီး လင်းဖန်ကို အတူတူအနိုင်ယူမယ်ပေါ့" ချင်ယွင်က မေးလိုက်သည်။
"ဟုတ်တယ်၊ ငါဆိုလိုတာက အဲဒီသဘောပဲ။ မင်းသဘောတူလား၊ မတူဘူးလား ငါ့ကိုပြော" ချန်မင်ရှီက ပြောသည်။
ချင်ယွင်သည် သူ၏စိတ်ထဲတွင် တွေးတောကာ ဆက်လက်မေးလိုက်သည် " လင်းထျန်ဂိုဏ်းနှင့် ဘိုင်ယွန်ကျောင်းတော်ကို အနိုင်ယူပြီးနောက်၊ ချန်ပီယံက တစ်ယောက်ပဲ ရှိရတော့မယ်လေ "
"အချိန်တန်လာတဲ့အခါ အနိုင်ရတဲ့ ဘယ်သူမဆို နောက်ဆုံးချန်ပီယံဖြစ်လာမှာပဲ။ ငါတို့ရဲ့ ပန်းတစ်ရာဂိုဏ်းနဲ့ လက်တွဲလုပ်ဆောင်ခြင်းက မင်းရဲ့ မိုးကြိုး၀ိညာဥ်ဂိုဏ်း အတွက် အကျိုးရှိမယ်ဆိုတာကို မင်းသိထားရမယ်။ မဟုတ်ရင် မင်းရဲ့ခွန်အားက လင်းတျန်ဂိုဏ်းနဲ့ ဘိုင်ယွန်ကျောင်းတော်နှစ်ခုစလုံးကို တစ်ချိန်တည်းမှာ အနိုင်ယူဖို့ မဖြစ်နိုင်ဘူး။" ချန်မင်ရှီက ပြောသည်။
ချင်ယွင်သည်လည်း ခေါင်းညိတ်လိုက်သည်။ ဤအရာက ချန်မင်ရှီပြောခဲ့သည့် အတိုင်းပင်၊သူတို့နှစ်ဖွဲ့ပူးပေါင်းဆောင်ရွက်ခြင်းသည် အမှန်တကယ်ပင် အကျိုးရှိပြီး အန္တရာယ်ကင်းသည်။
နောက်ဆုံးချန်ပီယံအတွက်ကတော့ သူသည် သူမကို ထပ်ပြီးတိုက်ခိုက်ရလိမ့်မည်။
ထိုအချိန် အနိုင်ရသူက မည်သူဖြစ်မည်နည်း။
"ကောင်းပြီ၊ ငါ မင်းနဲ့ ပူးပေါင်းဆောင်ရွက်မယ်လို့ ကတိပေးတယ်။ ဒါပေမယ့် ဒီကိစ္စအတည် မဖြစ်ခင်မှာ ငါ မင်းကို ရှင်းရှင်းလင်းလင်း ပြောထားရမယ်။ တကယ်လို့ တစ်ဖက်က တစ်ဖက်ကို သစ္စာဖောက်ကြောင်း အခြားတစ်ဖက်က တွေ့ရှိခဲ့မယ်ဆိုရင် ပူးပေါင်းဆောင်ရွက်မှုကို ချက်ခြင်း ဖျက်သိမ်းသွားမှာ ဖြစ်တယ်။ ပူးပေါင်း ဆောင်ရွက်မှုအတွင်းမှာလည်း သက်ဆိုင်ရာ ဂိုဏ်းနှစ်ခုနဲ့ရင်ဆိုင်ချိန်မှာပဲ သက်ဆိုင်တယ်။” ချင်ယွင်က ပြောသည်။
"ကောင်းပြီလေ!" ချန်မင်ရှီက ပြန်ပြောသည်။
သူတို့နှစ်ယောက် နှစ်ယောက်သား လက်၀ါးချင်းရိုက်ပြီး မဟာမိတ်ဖွဲ့လိုက်ကြသည်။
"မင်းတို့ ဒဏ်ရာတွေကို အရင်ပြန်ကောင်းလာအောင် ကုသလိုက်ပါဦး ။ မင်း ပြန်ကောင်းလာတာနဲ့ ငါတို့ဂိုဏ်းက တခြားတပည့်တွေကို အတူတူလိုက်ရှာကြမယ်။" ချန်မင်ရှီက ပြောသည်။
ထိုစကားကို ပြောပြီးနောက် သူ၏ဘေးနားရှိ သစ်ပင်ကြီးတစ်ပင်ဆီသို့ လျှောက်သွားစဉ်
သူမ၏ခြေထောက်ပေါ်မှ ခေါင်းလောင်းသံ လေးများက တရွှင်ရွှင်မြည်သွားသည်။
ချင်ယွင်သည် ခေါင်းညိတ်ပြပြီး ချန်မင်ရှီ၏ လှပသော ကျောပြင်ကို ကြည့်လိုက်သည်။ အံ့သြမှု အရိပ်အယောင်များ သူ၏မျက်လုံးများတွင် ထွက်ပေါ်လာသည်။
ဤအမျိုးသမီးသည် သူကြည့်သလောက် မရိုးရှင်းပေ။ သူမသည် အရာအားလုံးကို ရိုးရိုးစင်းစင်း ပြတ်ပြတ်သားသား လုပ်ဆောင်လုပ်ခဲ့သည်။
ချင်ယွင်သည် ဤအမျိုးသမီးက သူ့ကို နှစ်ကြိမ်ပြသခဲ့သည့် တိုက်ခိုက်လိုသည့်ဆန္ဒနှင့် သူမ၏ခြေထောက်ပေါ်တွင်ရှိသည့် ခေါင်း လောင်းသံကို မမေ့ခဲ့ပေ။ သူမသည် စောစော လေးက ထွက်ပေါ်လာသောအခါ၊ ချင်ယွင် သည် ခေါင်းလောင်းအသံ အနည်းငယ်မျှကိုပင် သူ မကြားရတော့ပေ။
ယခုအချိန်တွင် ချင်ယွင်သည် ဤခေါင်းလောင်းနှင့်ပတ်သက်၍ မည်သည့် ထူးဆန်းမူကိုမျှ နားမလည်ခဲ့ပေ။ သာမာန်အလှဆင်ထားမူတစ်ခုဟု သူမထင်ခဲ့မိပေ။
သို့သော် ချင်ယွင်သည် အလွန်အမင်း မစဉ်းစားခဲ့ပေ။ ဤအမျိုးသမီးသည် တခြား တစ်ခုခုကို ကြံစည်နေလျင်ပင် ချင်ယွင်သည် ၎င်းကိုဖြေရှင်းရန် ခွန်အား လိုအပ်နေပါသေးသည်။ ထို့ကြောင့် ယခု အရေးကြီးဆုံးမှာ သူ၏ ကျင့်ကြံမှုအဆင့်ကို ပြန်လည်ရရှိရန် ဖြစ် သည်။ ထို့ကြောင့် ချင်ယွင်သည် လုံးဝ တွန့်ဆုတ်ခြင်းမရှိဘဲ သူ၏ ကျင့်ကြံခြင်းပညာရပ်ကို ဖြန့်ကျက်ရန် အာရုံစိုက်လိုက်သည်။
အချိန်ကြာလာသည်နှင့်အမျှ ချင်ယွင်၏ ဒဏ်ရာများသည် တဖြည်းဖြည်းချင်း ပြန်လည်ကောင်းမွန်လာခဲ့ပြီး သူ၏ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်စွမ်းအင်များသည် ခုနစ်ဆယ့်ခုနစ်ရာခိုင်နှုန်းမှ ရှစ်ဆယ့်ရှစ်ရာခိုင်နှုန်းအထိ ပြန်လည်ကောင်းမွန် လာခဲ့သည်။
ချင်ယွင်သည် ကျိုးယု၏ နံဘေးကို လျှောက်လာခဲ့ပြီး ဤလူ၏ခန္ဓာကိုယ်မှာ ရှိသည့်ဒဏ်ရာများ ဖြည်းဖြည်းခြင်းသာ သက်သာလာနေသည်ကို တွေ့လိုက်ရသည်။ သူသည် ခေါင်းယမ်းကာ သူ၏နောက်ကျောဘက်သို့ လျှောက်လာခဲ့ပြီး သူ ပြန်လည် ကျန်းမာလာစေရန် သူ၏ အသက်စွမ်းအားအချို့ကို ပေးပို့ခဲ့သည်။
ယင်းက ကျိုးယုသည် ချင်ယွင်၏ စွမ်းအားကို ပထမဆုံးအကြိမ် ခံစားလိုက်ရခြင်း မဟုတ်ပေ။ သူသည် ချင်ယွင်ကို ကြည့်လိုက်ပြီး သူ၏ခန္ဓာကိုယ်ထဲရှိ ဒဏ်ရာများကို ပြန်လည်ကုသရန် သူ၏မျက်လုံးများကို မှိတ်ထားလိုက်သည်။
သုံးနာရီခန့်ကြာသောအခါ ကျိုးယု၏ဒဏ်ရာများသည် လုံးဝပျောက်ကင်းသွားခဲ့ပြီး သူ၏ ကျင့်ကြံမှုမှာ ပြန်လည်ကောင်းမွန်လုနီးပါးဖြစ်နေပြီဖြစ်သည်။
ချန်မင်ရှီအတွက်မူ၊ သူမသည် သစ်ပင်အောက်တွင် တင်ပျဉ်ခွေထိုင်ကာ မျက်လုံးမှိတ်ပြီး အနားယူနေရင်း ပတ်ဝန်းကျင်၏ လှုပ်ရှားမှုများကို အဆက်မပြတ် သတိထားနေခဲ့သည်။
ကံကောင်းထောက်မစွာပင် ထိုကာလအတွင်းတွင် အခြားဂိုဏ်းဝင်တပည့်များသည် သူမအား နှောင့်ယှက်ခြင်းမပြုခဲ့ပေ။ သူမမျက်လုံးထဲပုံစံမကျသည့် တစ်ယောက် သို့မဟုတ် နှစ်ယောက်လောက်ကိုလည်း သူမသည် တိုက်ရိုက်ပင် ဆက်ဆံခဲ့သည်။
ဤအခိုက်အတန့်တွင် အပြင်ဘက်ကမ္ဘာတွင် ညဉ့်နက်နေပြီဖြစ်ပြီး မြစ်များနှင့် တောင်တန်းများကမ္ဘာရုပ်ပုံလွှာလေးထဲတွင် ညမရှိဟု ထင်ရသည်။ အားလုံးနီးပါးသည် နေ့ခင်းဘက်ချည်းဖြစ်သည့်အတွက် ချင်ယွင်နှင့်တခြားလူများသည် လုံးဝ အနားယူရန် မလိုအပ်ပေ။
ကျင့်ကြံသူများအတွက် သုံးရက်လောက် မအိပ်ရခြင်းက ပြဿနာကြီးတစ်ခုတော့ မဟုတ်ပေ။
"ကောင်းပြီ၊ ငါတို့ဒဏ်ရာတွေလည်း ပြန်ကောင်းလာခါနီးနေပြီ၊ ငါတို့ လမ်းလျှောက်ထွက်ဖို့ အချိန်ရောက်ပြီ။ ငါတို့ဂိုဏ်းအဖော်တွေကို အရင်ရှာရအောင်" ချန်မင်ရှီက ပြောသည်။
ချင်ယွင်သည် ခေါင်းညိတ်လိုက်သည်။ ယခု သူနှင့် ကျိုးယုတို့သည် ပြန်ဆုံမိနေကြပြီ ဖြစ်၍ နောက်တစ်ဆင့်မှာ ဘိုင်ချီဟန် နှင့် ပန်းတစ်ရာဂိုဏ်း၏ အခြားတပည့် နှစ်ယောက်ကို ရှာဖွေရန်ဖြစ်သည်။
ထို့နောက် လင်းထျန်ဂိုဏ်း သို့မဟုတ် ဘိုင်ယွန်ကျောင်းတော်၏ တပည့်များကို အတူတကွ ရှာဖွေကာ သတ်ပစ်ပြီး တံဆိပ်ပြားများကို သိမ်းဆည်းရန်ဖြစ်သည်။
သေချာတာက၊ ချင်ယွင်မှာ သူလုပ်ချင်နေသည့်အရာ တစ်ခုရှိနေပါသေးသည်၊ ယင်းက သူသည် ရန်စီချီကိုရှာပြီး သူမ၏ရည်ရွယ်ချက်က မည့်သည့်အရာဖြစ်သည်ကို မေးမြန်းရန် ဖြစ်သည်။
ရန်စီချီသည် သူမ၏ပထမဆုံးအပျိုစင်ဘ၀ကို သူ့အား အမှန်တကယ် ပေးခဲ့ကြောင်း လင်းဖန်ထံမှ သူသတင်းရရှိထားပြီး ဖြစ်သည်။
ထိုအချိန်တုန်းက ချင်ယွင်သည် ပျော်ရွှင်ခြင်းပန်းအဆိပ်၏ အဆိပ်ကို ခံခဲ့ရပြီး သူ၏စိတ်ထဲတွင် မရှင်းလင်းခဲ့ပေ။ ရန်စီချီသည် ဤကိစ္စကို သူမကိုယ်တိုင်က လိုလားခြင်းမဟုတ်ဘဲ သူ၏ အတင်းအကြပ် တွန်းအားပေးမူကြောင့် ဖြစ်နိုင်ချေများ သည်။ ယင်းကြောင့် ချင်ယွင်သည် ရန်စီချီအပေါ် လေးလေးနက်နက် အပြစ်ရှိကြောင်း ခံစားလာရသည်။
ထို့ကြောင့် ချင်ယွင်သည် ရန်စီချီကိုရှာဖွေပြီး သူနှင့်အတူရှိရန် ဆန္ဒရှိမရှိကို သူမကို မေးမြန်းခဲ့သည်။
အကယ်၍ ရန်စီချီသာ ဆန္ဒရှိလျှင် ကောင်းပေလိမ့်မည်။ ချင်ယွင်သည် သူမကို သူနှင့်အတူနေခွင့်ပေးမှာ သေချာပါသည်။ အကယ်၍ သိုင်းမြို့စားဘိုင်ယွန်က သူ့ကို တားမည်ဆိုလျင်ပင် သူသည် ရန်စီချီကို အသဲအသန် ဖမ်းဆုပ်ထားဆဲဖြစ်မှာ သေချာပါသည်။
သို့ပေမယ့် အကယ်၍ ရန်စီချီကိုယ်တိုင်ကသာ သဘောမတူခဲ့လျှင် ချင်ယွင်မှာလည်း ရွေးချယ်စရာမရှိတော့ပေ။
ထို့ကြောင့် သူတို့သုံးဦးသည် ဘိုင်ချီဟန် နှင့် ပန်းတစ်ရာဂိုဏ်း၏ အခြားသော အမျိုးသမီးတပည့်နှစ်ယောက်ကို စတင်ရှာဖွေခဲ့ကြသည်။
လမ်းတစ်လျှောက်တွင် ချင်ယွင်နှင့် အခြားသူများလည်း တပည့်အနည်းငယ်နှင့် ကြုံတွေ့ခဲ့ရသည်။
ချင်ယွင်သည် မူလက လှုပ်ရှားရန် ရည်ရွယ်ထားသော်လည်း တစ်ဖက်လူသည် သူဖြစ် နေသည်ကို မြင်သောအခါ ထိတ်လန့်စွာဖြင့် ထွက်ပြေးသွားခဲ့ကြသည်။
ဤအရာက ချင်ယွင်ကို ပြောစရာစကား ရှာမရနိုင်အောင် ဖြစ်သွားခဲ့သည်။ သူနှင့် မာန်ရီတို့၏ တိုက်ပွဲကို ထိုကြောက်ရွံ့ထိတ်လန့်နေခဲ့သော တပည့်များက ဖြန့်လိုက်ပြီ ဆိုသည်ကို သူသိလိုက်ရသည်။ ချင်ယွင်၏ ဂုဏ်သတင်းသည် ချက်ချင်းပင် မြင့်တက် လာခဲ့သည်။ ချင်ယွင် ကိုတွေ့သောအခါ သူတို့အားလုံးသည် ထွက်ပြေးသွားကြသည်။ သူ့ကို စပြီးပြဿနာရှာရန်အတွက် သူတို့တွင် မည်သည့်သတ္တိမျိုး ရှိမည်နည်း။
ဤမြင်ကွင်းကိုမြင်ရလျှင် ချန်မင်ရှီသည် သူ့ကို စနောက်လိုက်သည် "မင်းနဲ့ အလုပ် တွဲလုပ်ရတာ တစ်ခုခုတော့ မှားယွင်းသွားသလိုပဲ!"
ထိုစကားကိုကြားရလျှင် ချင်ယွင်သည် ရှက်ရွံ့သွားခဲ့ရသည်။