← Chapters

အခန်း (၁၇၆-၁၈၀)

Vol. 12 Ch. 176-180

အခန်း (၁၇၆-၁၈၀)

Vol. 12 Ch. 176-180

အခန်း (၁၇၆) ရန်စီချီနှင့် ပြန်လည်တွေ့ဆုံခြင်း

လေးနာရီနီးပါးကြာ ရှာဖွေပြီးနောက် ချင်ယွင်နှင့် အခြားသူများသည် ဘိုင်ချီဟန်ကို နောက်ဆုံးတွင် တွေ့ရှိခဲ့သည်။

ထိုအချိန်တွင်၊ ဘိုင်ချီဟန်သည် န၀မအဆင့် ကောင်းကင်အလွှာ သိုင်းဂိုဏ်းချုပ် နယ်ပယ် တပည့်တစ်ဦးကို တိုက်ခိုက်နေပါသည်။

ဘိုင်ချီဟန်၏ ရုပ်ခန္ဓာကြံ့ခိုင်မှုက တကယ်ကို ကြောက်စရာကောင်းသည်ဟု ပြောရလိမ့်မည်။ သူသည် သူ၏ဓားကိုပင် အသုံးမပြုခဲ့ပေ။ သူသည် ထိုတပည့်၏ မျက်ခုံးကြား‌နေရာကို ထိုးဖောက်ရန် သူ၏လက်ချောင်းကို ဓားအဖြစ် တိုက်ရိုက် အသုံးပြုကာ ပြတ်ပြတ်သားသား လှုပ်ရှားခဲ့သည်။

သင် တစ်စုံတစ်ယောက်ကို သတ်ဖြတ်လိုသ်သည့်အချိန်မှာ ပြတ်ပြတ်သားသား သတ်ပစ်လိုက်ပါ။ ဤကမ္ဘာငယ်လေးတွင် သေဆုံးခြင်းသည် စစ်မှန်သောသေခြင်းကို မဆိုလိုပေ။ ထို့ကြောင့် ဟန်ဆောင်သနားကြင်နာရန်လည်း မလိုအပ်ပေ။

ဘိုင်ချီဟန်ကို ကံကောင်း‌ထောက်မပြီး ရှာတွေ့ခဲ့သော်လည်း ပန်းတရာဂိုဏ်း၏ ကျန်သည့် တပည့်နှစ်ယောက်ကတော့ ကံမကောင်းခဲ့ကြပါဘူး။

ချင်ယွင် နှင့် အခြားလူများသည် အချိန်အတော်ကြာ ရှာဖွေခဲ့သော်လည်း သူတို့ကို မတွေ့ခဲ့ရပေ။ သူတို့သည် အသတ်ခံရသည် သို့မဟုတ် ထောင့်တစ်နေရာတွင် ပုန်းအောင်းနေပုံရသည်၊ ထို့ကြောင့် ချင်ယွင်နှင့် အခြားလူများသည် ရှာဖွေခြင်းကို စွန့်လွှတ်လိုက်ကြသည်။

ထို့နောက် ချင်ယွင်နှင့် အခြားသူများသည် လင်းထျန်ဂိုဏ်းမှ ဖန်းမန့်နှင့် ဘိုင်ယွန် ကျောင်းတော်မှ လင်းဖန်တို့ကို မည်သို့ရင်ဆိုင်ကြမလဲဆိုသည်ကို ဆွေးနွေးခဲ့ကြသည်။

နောက်ဆုံးတွင် ဘိုင်ယွန်ကျောင်းတော်မှ လင်းဖန်ကို ဦးစွာရှာပြီး သူ့ကို အရင်ဆုံးရင်ဆိုင်ပြီးမှ ဖန်းမန့်ကို အတူလက်တွဲရင်ဆိုင်ရန် ဆုံးဖြတ်ခဲ့ကြသည်။

သူ၏မဟာမိတ်ဖြစ်သော ချန်မင်ရှီအတွက်မူ၊ ချင်ယွင်သည် သူမနှင့်ပတ်သက်ပြီး ချို့ယွင်းချက် တစ်စုံတစ်ရာဖြစ်လာမည်ကို စိုးရိမ်ပြီး လမ်းတစ်လျှောက်လုံး သူမကို လျှို့ဝှက်စောင့်ကြည့်နေခဲ့သည်။

ကံမကောင်းစွာပဲ၊ ဤအမျိုးသမီးသည် အပြစ်ဆိုဖွယ်မရှိ ပြီးပြည့်စုံနေသည်။ အရာအားလုံးက လျှို့ဝှက်ချက်တစ်ခုဖြစ်နေသည်။ ချင်ယွင်သည် သူမ၏ ကျင့်ကြံမှု အဆင့်ကို လုံးဝ မမြင်နိုင်ပေ။ လင်းဖန်ကို တိုက်ခိုက်သော အခါတွင် သူမ၏ နောက်ခံသမိုင်းကြောင်းကို စမ်းသပ် ဖော်ထုတ်နိုင်လိမ့်မည်ဟုသာ သူမျှော်လင့်ထား နိုင်သည်။

ဤပြိုင်ပွဲ၏ အချိန်ထက်ဝက်နီးပါးကျော် ကုန်ဆုံးသွားပြီး ဤကမ္ဘာငယ်လေးတွင် အသက်ရှင်နေသေးသော တပည့်များသည် အလွန်သန်မာသူများ သို့မဟုတ် ကောင်းစွာ ပုန်းအောင်းနေကြသူများ ဖြစ်သည်။

ဟုတ်ပါသည်၊ အခြားအမျိုးအစားတစ်ခုလည်းရှိနေပါသည်။ ယင်း အုပ်စုဖွဲ့ခြင်း ဖြစ်ပါသည်။

ယခုအချိန်တွင် ချင်ယွင်တို့ ကြုံတွေ့ခဲ့ရသော အခြားအုပ်စုတစ်ခုသည် အလွန် ထက်မြက်လှသည်။ သူတို့ဂိုဏ်း၏အစွမ်းသည် ဤကမ္ဘာငယ်လေးတွင် တစ်ယောက်တည်း လုံခြုံဘေးကင်းစွာ မရှင်သန်နိုင်ဘူးဆိုသည်ကို သူတို့အနေဖြင့် ရှင်းရှင်းလင်းလင်း သိထားကြသည်။

ထို့ကြောင့် သူတို့သည် သူတို့၏စွမ်းအားကို ထိုတပည့်အနည်းငယ်ဖြင့် ပေါင်းစည်း လိုက်ကြသည်။ နောက်ဆုံးတွင်၊ သူတို့သည် လူဆယ်ဦးထက်မပိုသော အဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းရန် သူတို့သည် ဂိုဏ်းအသီးသီး၏ တပည့်အနည်းငယ်ကို စုစည်းလိုက်ကြသည်။

၎င်းတို့အဖွဲ့တွင် သိုင်းဂိုဏ်းချုပ်နယ်ပယ်၏ န၀မအဆင့် ကောင်းကင်အလွှာသုံးဦး၊ သိုင်းဂိုဏ်းချုပ်နယ်ပယ်၏ အဋ္ဌမအဆင့် ကောင်းကင်အလွှာ ခြောက်ဦး၊ ကျန်တစ်ဦးမှာ သတ္တမအဆင့် ကောင်းကင်အလွှာ သိုင်းဂိုဏ်း ချုပ်နယ်ပယ် ကျွမ်းကျင်သူဖြစ်သည်။ ဤကဲ့သို့သောအင်အားစုတစ်ခုသည် အလွန်ကောင်းမွန်နေပြီဖြစ်သည်။

သူတို့သည် ခိုင်ခိုင်မာမာ ကျစ်ကျစ်လစ်လစ်ဖြင့် စုဖွဲ့ထားကြသည်။ သိုင်းမြို့စား တစ်ပိုင်း နယ်ပယ်ကျွမ်းကျင်သူတစ်ဦး‌ပင် သူတို့ကို ဘာမှမလုပ်နိုင်ပေ။ ဤအခိုက်အတန့်တွင် ၎င်းတို့သည် သိုင်းမြို့စားတစ်ပိုင်းနယ်ပယ်ကျွမ်းကျင်သူတစ်ဦး‌ဝန်းကျင်တွင် ရှိနေကြသည်။

မူလက ချင်ယွင်နှင့် အခြားသူများသည် ၎င်းတို့အား ဝင်ရောက်စွက်ဖက်ရန် မရည်ရွယ်ဘဲ သူတို့အလုပ်သူတို့လုပ်နေသည်ကို ခွင့်ပြုပေးထားခဲ့သည်။ သို့သော် သူသည် ဝိုင်းရံခံထားရသော သိုင်းမြို့စားတစ်ပိုင်းအဆင့် ကျွမ်းကျင်သူကို မြင်သောအခါတွင် ချင်ယွင်၏မျက်နှာပေါ်တွင် သတ်ဖြတ်လိုသည့်အရိပ်‌အယောင် ပေါ်လာသည်။

သူ၏ဘေးနားရှိ ဘိုင်ချီဟန် နှင့် ချန်မင်ရှီတို့ပင်လျှင် အံ့အားသင့်ဖွယ် အမူအရာများကို ထုတ်ဖော်ကြသည်။ ချင်ယွင်သည် ဤကဲ့သို့ သတ်ဖြတ်လိုသည့် ဆန္ဒမျိုး ထုတ်ဖော်သည်ကို သူတို့ မမြင်ဖူးခဲ့ပေ။ သူတို့အားလုံးသည် ဒါဇင်နှင့်ချီသော လူများ၏ ဦးတည်ရာဆီသို့ စူးစူးစိုက်စိုက် ကြည့်လိုက်မိသည်။

ဤအခိုက်အတန့်တွင်၊ အဝေးမှ မြေလွတ်နေရာတစ်ခုတွင်၊ တပည့်ပေါင်း ဆယ်ယောက်အဖွဲ့သည် သိုင်းမြို့စားတစ်ပိုင်းအဆင့် ကျွမ်းကျင်သူတစ်ဦးကို ဝန်းရံထားသည်။ မှန်ပါသည်၊ ထိုသိုင်းမြို့စားတစ်ပိုင်းအဆင့် ကျွမ်းကျင်သူသည် ချင်ယွင် ရှာနေသော ရန်စီချီဖြစ်နေသည်။

ရန်စီချီသည် မူလက သူမတို့ဂိုဏ်း၏ အပေါင်း အဖော်များကို ရှာဖွေခဲ့သော်လည်း သူမသည် မမျှော်လင့်ဘဲ ထိုလူအုပ်စုနှင့် ကြုံတွေ့ခဲ့ရသည်။

ရန်စီချီသည် သဘာဝအတိုင်း နောက်ပြန်ဆုတ်ရန် ရွေးချယ်ခဲ့သည်။ ကံမကောင်းစွာပင်၊ ဤအဖော်များသည် ရန်စီချီသည် ပန်းလေးကဲ့သို့ လှပနေသည်ကို မြင်သောအခါ ၎င်းတို့အားလုံးသည် ရန်စီချီကို အရှက်ရစေမည့် နည်းလမ်းမျိုးစုံသုံးကာ နှောင့်ယှက်ကြပြီး ရန်စီချီကို သူတို့၏အဖွဲ့တွင် ပါဝင်ရန် ဇွတ်ကြီးအတင်း တောင်းဆိုနေကြသည်။

ထုံးစံအတိုင်း ရန်စီချီက သဘောမတူနိုင်သည့်အတွက် နှစ်ဘက်စလုံးသည် တိုက်ရိုက် လှုပ်ရှားလာခဲ့ကြသည်။ တိုက်ပွဲအစမှာ ရန်စီချီသည် သူမအပေါ် လျှော့တွက်ထားခြင်းကို အခွင့်ကောင်းယူကာ အခြားအဋ္ဌမအဆင့် ကောင်းကင်အလွှာ သိုင်းဂိုဏ်းချုပ်အဆင့် နှစ်ဦးကို အလွယ်တကူ သတ်နိုင်ခဲ့သည်။

သို့သော်လည်း နောက်ပိုင်းတွင် ဤလူတစ်စုသည် ရန်စီချီကို အလွယ်တကူ စော်ကားလို့ရသူ မဟုတ်ကြောင်း သိလာကြသည်။ ထို့‌ကြောင့်သူမကို အားလုံးပူး‌ပေါင်းရင်လက်တွဲတိုက်ခိုက်ရန် ဆုံးဖြတ်ခဲ့ကြသည်။ သိုင်းဂိုဏ်းချုပ်နယ်ပယ်၏ န၀မအဆင့် ကောင်းကင်အလွှာတပည့်သုံးယောက်သည် အဓိက တိုက်ခိုက်သူများ ဖြစ်ကြပြီး အခြားသော သိုင်းဂိုဏ်းချုပ်နယ်ပယ်၏ အဋ္ဌမအဆင့် ကောင်းကင်အလွှာရှိ တပည့်များနှင့် သိုင်းဂိုဏ်းချုပ်နယ်ပယ်၏ သတ္တမအဆင့် ကောင်းကင်အလွှာ တပည့်တို့က တိုက်ခိုက်ရန် အခွင့်အရေးကို ရှာဖွေနေပါသည်။ ရန်စီချီပင်လျှင် ၎င်းကို တခဏတာလေးပင် ခံနိုင်ရည်မရှိသောကြောင့် သူမသည် ပြင်းပြင်းထန်ထန် ခုခံရုံသာ တတ်နိုင်သည်။

"အလှ‌လေး ၊ လက်လျှော့လိုက်ပါ။ ငါမှန်းသာ မမှားရင် မင်းက ဘိုင်ယွန်ကျောင်းတော်ရဲ့ နံပါတ်တစ်အလှပိုင်ရှင်ဖြစ်တဲ့ ရန်စီချီပဲ ဖြစ်ရမယ်။ အရပ်မြင့်မြင့် သိုင်းဂိုဏ်းချုပ်နယ်ပယ်၏ န၀မအဆင့် ကောင်းကင်အလွှာ တပည့်တစ်ဦးသည် ရန်စီချီကို သူ၏လက်ထဲရှိဓားဖြင့် တိုက်ခိုက်ရင်း အပြုံးနှင့်အတူ ပြောလိုက်သည်။

ရန်စီချီသည် ဒေါသတကြီးဖြစ်ပြီး သူတို့၏ တိုက်ခိုက်မှုအားလုံးကို ပြင်းထန်စွာ တွန်းလှန်ခုခံလိုက်သည်။ သူမက အေးစက်စွာ ပြောလိုက်သည် "ငါက ဘိုင်ယွန် ကျောင်းတော်ကလာတယ်ဆိုတာ မင်းတို့သိနေမှတော့ မင်းတို့က အရမ်းကို စိတ်ကြီး၀င်ပြီး ရဲတင်းလွန်းနေပါလား"

"အိုး မင်းလေး စိတ်ဆိုးနေတုန်းပဲလား။ မင်းနဲ့ လင်းဖန်တို့ သဟဇာတ မဖြစ်ဘူး ဆိုတာကို ငါတို့မသိဘူးလို့များ မင်းထင်နေတာလား။ လင်းဖန်က မင်းရဲ့ဆရာမှ တဆင့် မင်းကို အရှုံးလက်လျှော့ရအောင် အတင်းအကြပ်လုပ်တော့မယ်ဆိုတဲ့ အချက်ကို တစ်မြို့လုံးကလည်း သိနေကြပြီ။" အနည်းငယ် ဝဖိုင်းသည့် နောက်တပည့်တဦးက ပြောလိုက်သည်။ သူသည်စကားပြောနေစဉ် ရန်စီချီ၏ ရုပ်အသွင်ပြင်အား နောက်ဆုံး‌မျော်လင့်ချက်အဖြစ် တချက် စိုက်ကြည့်လိုက်သေးသည်။

"မှန်တယ်၊ လင်းဖန်က ဘယ်လိုပြုမူရမှန်း တကယ်မသိဘူး။ ငါတို့ ညီအကိုတွေက သိတယ်။ မင်းဘာလို့ ငါတို့နောက်ကို မလိုက်တာလဲ၊ ငါတို့က မင်းအပေါ်မှာအရမ်း နူးညံ့သိမ်မွေ့ပါမယ်လို့ ကတိပေးတယ်။ ဟုတ်တယ်မလား ဟိတ်ကောင်တွေ။" နောက်ဆုံးတွင် ထွားကျိုင်းသည့် နဝမအဆင့် ကောင်းကင်အလွှာ သိုင်းဂိုဏ်းချုပ်ကျွမ်းကျင်သူတပည့်က အော်ပြောသည်။

"ဟုတ်တယ်!" သူ၏နောက်ရှိ တပည့်အားလုံးသည်လည်း ရယ်ပြီး သဘောတူကြသည်။

"နင်တို့က သေချင်နေကြတာဘဲ!"

ရန်စီချီ၏လှပသောမျက်နှာသည် ဒေါသများဖြင့် ပြည့်နှက်နေပြီး သူမ၏လက်ထဲတွင် ရှိသောဓားသည် နဝမအဆင့် ကောင်းကင်အလွှာ သိုင်းဂိုဏ်းချုပ်ကျွမ်းကျင်သူဆီသို့ တိုက်ရိုက်ခုတ်ပိုင်းလိုက်သည်။

"အိုး၊ ဒေါသမထွက်တာထက် ဒေါသထွက်တဲ့ပုံစံလေးက ပိုချစ်စရာကောင်းတယ်!" အရပ်မြင့်မြင့် နဝမအဆင့် ကောင်းကင်အလွှာ သိုင်းဂိုဏ်းချုပ်ကျွမ်းကျင်၏ နှုတ်ခမ်းများသည် ဖောက်ပြန်သော အပြုံးတစ်ခုသို့ တွန့်ကွေးသွားခဲ့သည်။

ယင်းစကားပြောပြီးနောက် သူတို့သုံးယောက်စလုံးသည် တစ်ပြိုင်နက်တည်း တိုက်ခိုက်လိုက်ကြကာ ရန်စီချီဆီသို့ ပစ်ဝင်သွားကြ၏။

ရန်စီချီ၏မျက်နှာသည် ထိတ်လန့်သွားပြီး သူမခန္ဓာကိုယ်ကို ရပ်တန့်ကာ ထိုသုံးယောက်၏ တိုက်ခိုက်မှုကို ရှောင်တိမ်းရန်မှလွဲပြီး ရွေးချယ်စရာမရှိတော့ပေ။

ရန်စီချီ၏ လှုပ်ရှားမှုများသည် လျင်မြန်သော်လည်း သူမသည် လူသုံးဦး၏ တိုက်ခိုက်မှု ကို တစ်ချိန်တည်း ရင်ဆိုင်ရဆဲဖြစ်သည်။ ထွားကျိုင်းသန်မာသော နဝမအဆင့် ကောင်းကင်အလွှာ သိုင်းဂိုဏ်းချုပ်ကျွမ်းကျင်သူသည် သူမ၏ဟာကွက်ကို ဖမ်းဆုပ်ကာ သူမ၏ဝမ်းဗိုက်ထဲသို့ လေးလံသော တူတစ်ချောင်းဖြင့် ရိုက်ချလိုက်ပြီး သူမကို နောက်သို့ လွင့်ပျံသွားစေခဲ့သည်။

ရန်စီချီသည် မြေပြင်ပေါ်တွင် ဒူးတဖက်ထောက်ကာ လက်တစ်ဖက်က မြေပြင်ပေါ်ကို ဓားဖြင့်ထောက်ထားရင်း သူမ၏ ပါးစပ်ထောင့်မှ သွေးအစအနများ ယိုစီးကျနေသည်။

"ဟား ဟား၊ အလှလေး၊ မင်း ငါတို့စကားကို နာခံသင့်တယ်။ နတ်သမီး‌လေးဖြစ်ရတဲ့ ပျော်ရွှင်မှုက ဘာလဲဆိုတာ မင်းကို သိစေရမယ်လို့ ကတိပေးတယ်။" အရပ်မြင့်မြင့် နဝမအဆင့် ကောင်းကင်အလွှာ သိုင်းဂိုဏ်းချုပ်ကျွမ်းကျင်သူက ကျယ်လောင်စွာ ရယ်မောလိုက်သည်။

အခြားသော နဝမအဆင့် ကောင်းကင်အလွှာ သိုင်းဂိုဏ်းချုပ်ကျွမ်းကျင်သူ တပည့်နှစ်ယောက်သည်လည်း ရန်စီချီအား ၎င်းတို့၏ မျက်နှာပေါ်တွင် လိုချင်တက်မက်သော အမူအရာများဖြင့် ကြည့်နေသည်။

"ငါသေရင်တောင် မင်းတိုလက်ထဲမှာ ဘယ်တော့မှ ကျရှုံးမခံဘူး" ရန်စီချီ၏ မျက်နှာပေါ်တွင် ဆုံးဖြတ်ချက်တစ်ခု ထွက်ပေါ်လာသည်။

ဤနေရာတွင် သေဆုံးခြင်းသည် စစ်မှန်သောသေခြင်းမဟုတ်သော်လည်း မိမိကိုယ်ကို သတ်သေခြင်းသည် စစ်မှန်သော သတ္တိရှိရန် လိုအပ်နေသေးသည်။

ရန်စီချီ၏ မျက်လုံးများသည် ဒေါသများဖြင့် တောက်ပလာပြီး သူမသည် လေထဲတွင် အေးစက်နေသောဓားကို စက်ဝိုင်းပြတ် ဝှေ့ယမ်းလိုက်သည်။ ထက်ရှသော ဓားသွားသည် သူမ၏ နှင်းဖြူရောင်လည်ပင်းဆီသို့ တိုက်ရိုက် ဖြတ်ပိုင်းလိုက်သည်။

နဝမအဆင့် ကောင်းကင်အလွှာ သိုင်းဂိုဏ်း ချုပ်ကျွမ်းကျင်သူ တပည့်သုံးယောက်သည်လည်း ရန်စီချီကို အံ့အားသင့်စွာ ကြည့်နေကြသည်။ သူတို့ရှေ့ရှိ ဤအလှနတ်သမီးလေးသည် အမှန်တကယ် ဤမျှလောက် စိတ်ဓာတ်ခိုင်မာလိမ့်မည်ဟု သူတို့ မမျှော်လင့်ထားခဲ့ပေ။

ချွင်!

သို့သော် အားလုံးက အဆုံးသတ်သွားပြီဟု လူတိုင်းက တွေးတောနေစဉ် ကြည်လင်ပြတ်သားသော အသံတစ်ခု ထွက်ပေါ်လာသည်။ အနက်ရောင် အလင်းတန်းတစ်ခုက ကောင်းကင်ယံကို ချက်ချင်း ထိုးဖောက်ဝင်ရောက်ပြီး ရန်စီချီ၏

လက်ထဲရှိဓားကို တိုက်ရိုက်ထိမှန်သွားခဲ့သည်။ ထို့နောက် ရန်စီချီ၏ လက်ထဲမှ ဓားသည် ခုန်ထွက်သွားခဲ့သည်။

ရန်စီချီသည်လည်း အနည်းငယ် ထိတ်လန့်သွားသည်။ ဓားပျံလာသည့် ဦးတည်ရာဆီသို့ သူမသည် ခေါင်းကို မော့ကြည့်လိုက်ရာ ဝတ်စုံဖြူ၀တ် လူငယ်တစ်ယောက်သည် သူမဆီသို့ ဖြည်းညှင်းစွာ လျှောက်လာနေသည်ကို တွေ့လိုက်ရသည် ။

ထိုအချိန်တွင် ရန်စီချီသည် အကျွမ်းတဝင်ရှိသော ပုံရိပ်တစ်ခုကို တွေ့လိုက်ရသည်။ သူမ၏မျက်နှာသည် ရွှင်မြူးစပြုလာချိန်တွင် ထိုလူ၏မျက်နှာကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသောအခါတွင် စိတ်ပျက်အားကြီးသော ခံစားချက်တစ်ခု ချက်ချင်း ပျံ့နှံ့လာခဲ့သည်။

ချင်ယွင်သည် တစ်လှမ်းပြီးတစ်ဆင့် လျှောက်လာရင်း သူ၏မျက်လုံးများထဲတွင် သတ်ပစ်ချင်စိတ်များ ပေါ်လာသည်။ ထိုသူသုံးယောက် လုပ်ခဲ့သမျှ ပြောသမျှကို သူ၏မျက်လုံးနှင့်နားထဲမှာ ကြားနေရသည်။

ထိုလူများ၏ ရန်စီချီကို စကားလုံးများဖြင့် စော်ကားမှုသည် ချင်ယွင်ကို လုံးဝ ဒေါသထွက်စေခဲ့သည့် အဓိကအချက်ဖြစ်သည်။

"ကောင်စုတ်လေး ၊ မင်းကဘယ်သူလဲ" နဝမအဆင့် ကောင်းကင်အလွှာ သိုင်းဂိုဏ်းချုပ်ကျွမ်းကျင်သူထွားကျိုင်းသန်မာသော တပည့်သည် ချင်ယွင် လမ်းလျှောက်လာသည်ကို မြင်လိုက်ရသည်နှင့် ချင်ယွင်ကို အော်ဟစ်ကာ ချက်ချင်းပင် ဒေါသထွက်သွားသည်။

ချင်ယွင်သည် ထွားကျိုင်းသန်မာသော နဝမအဆင့် ကောင်းကင်အလွှာ သိုင်းဂိုဏ်း ချုပ်ကျွမ်းကျင်သူတပည့်ကို အေးစက်စွာ ကြည့်ရင်း "ငါက မင်းတို့ကို သတ်မယ့်လူပဲ" ဟု တစ်ခွန်းတည်းဖြင့် ပြန်ပြောလိုက်သည်။

အခန်း (၁၇၇) သတ်ဖြတ်ခြင်းနှလုံးသား

"မင်းက ငါတို့ကို သတ်မယ့်လူ၊ ဟုတ်လား " န၀မအဆင့် ကောင်းကင်အလွှာ သိုင်းဂိုဏ်း ချုပ်ကျွမ်းကျင်သူဖက်တီးက ရယ်လိုက်သည်။

ပဉ္စမအဆင့် ကောင်းကင်အလွှာ သိုင်းဂိုဏ်း ချုပ်ကျွမ်းကျင်သူလေးတဦးက သူတို့ကို သတ်ပစ်မည်ဟု ရဲရဲတင်းတင်း ပြောခဲ့သည်။ ယခုရောက်ရှိနေသော တပည့် ဒါဇင်ခန့်တွင် မည်သူ မဆို သူ့ထက် မြင့်မားသော ကျင့်ကြံမှုအဆင့်ရှိနေသည်ကို သိရှိရမည်ဖြစ်သည်။ သူသည် သူတို့ကိုသတ်ချင်နေသည်ဟုဆိုသောကြောင့် သူ၏ ဦးနှောက်သည် ချွတ်ယွင်းနေသလား သို့မဟုတ် မာနကြီးပြီးရင်း မာနကြီးနေသလား သူလည်း မသိပေ။

ရန်စီချီသည် သူမရှေ့တွင် ရုတ်တရက် ပေါ်လာသည့် မရင်းနှီးသော လူငယ်ကို ကြည့်ရင်း အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။

ဤလူငယ်ကို သူမ ပြန်အမှတ်ရသွားသည်။ ပြိုင်ပွဲမစခင်မှာ ဤလူငယ်သည် သူမကို ထူးဆန်းသောအကြည့်များဖြင့် ကြည့်နေခဲ့သည်။ ထိုအကြည့်များတွင် အပြစ်ရှိမူ ချစ်ခင်ကြင်နာမူများနှင့် ရောထွေးနေခဲ့သည်။ ကာလအတန်ကြာ ပျောက်ဆုံး သွားသော ဇနီးသည်ကို ချစ်မြတ်နိုးသည့် ခင်ပွန်းတယောက်က ငေးကြည့် နေသကဲ့သို့ပင်။

ယင်းက ရန်စီချီကို အလွန်အံ့သြသွားစေသည်။ သူမရှေ့မှာရှိသည့် ဤလူငယ်ကို သူမသည် ရှင်းရှင်းလင်းလင်း မမှတ်မိပေ။ သူမသည် ဤလူငယ်နှင့်ပတ်သက်ပြီး မည်သည့်နောက် ကြောင်းရာဇဝင်မှမရှိခဲ့သော်လည်း ထိုလူငယ်သည် သူမကို မည်သည့်အတွက်ကြောင့် သူမကိုယ် ဤကဲ့သို့အကြည့်မျိုးဖြင့် ကြည့်နေခဲ့ရသနည်း။

အရေးအကြီးဆုံးက သူသည် သူမကို ယခုလိုအကြည့်မျိုးဖြင့် ကြည့်လိုက်သည့်အခါ သူမ၏နှလုံးသားသည် သူမမသိစိတ်မှ ဆွဲထုတ်သွားခဲ့ပြီး ယင်းက ရန်စီချီကို အံ့အားသင့်စေခဲ့သည်။

ဤအခိုက်အတန့်တွင်၊ ဤလူငယ်သည် သူမအတွက် အမှန်တကယ်အသေခံရန်ပင် ထွက်လာခဲ့ပြီး ရန်စီချီသည် ယင်းအတွက်ကျေးဇူး တင်ခြင်းအရိပ်အယောင်ကို ရုတ်တရက် ခံစားလိုက်ရသည်။

"မင်းထွက်သွားလို့ရတယ်။ ငါ့ကို တစ်ယောက်တည်း ထားခဲ့လိုက်ပါ။ မင်းက သူတို့အတွက် ပြိုင်ဘက်မဟုတ်ဘူး " ဤလူငယ်၏ ရည်ရွယ်ချက်အမှန်ကို သူမမသိသော်လည်း ကျေးဇူးတင်ရှိသောကြောင့် ရန်စီချီသည် သူ့ကို ဆွဲဆောင်ရန် ကြိုးစားလိုက်ဆဲ ဖြစ်သည်။

ချင်ယွင်သည် ရန်စီချီကို လှည့်ကြည့်ကာ သူမကို ပြုံးပြလိုက်သည်။

ရန်စီချီသည် အနည်းငယ် ထိတ်လန့်သွားသည်။ ဤအပြုံးက အရမ်းရင်းနှီးလွန်းသည်။ အချိန်အတော်ကြာအောင် တောင့်တနေခဲ့ရသည့် အပြုံးနှင့် အတူတူပင်ဖြစ်သည်။ ဖြစ်နိုင်တာက သူမသည် အတွေးလွန်နေသည့်အတွက် စိတ်အာရုံ ချောက်ချားနေခြင်း များလား။

"သွားမယ်၊ ဘယ်သွားမလို့လဲ" အရပ်မြင့်မြင့် လူငယ်လေးသည် သူ၏ လက်ထဲတွင်ရှိသည့် ဓားရှည်တစ်လက်ဖြင့် ချင်ယွင်ကို ခုတ်ပိုင်းရင်းအေးစက်စွာ ဟစ်အော်လိုက်သည်။

ချင်ယွင်၏ မျက်လုံးများသည် ချက်ချင်းပင် အေးစက်သွားသည်။ သူသည် ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်သည်နှင့် အရပ်မြင့်မြင့် လူငယ်၏ရှေ့သို့ တိုက်ရိုက် ရောက်ရှိလာခဲ့သည်။

အရပ်မြင့်မြင့် လူငယ်သည် ရုတ်တရက် အံ့အားသင့်သွားပြီး "ကောင်းပြီ... ဘယ်လောက်တောင် မြန်လိုက်လဲ!"

သို့သော် သူ မတုံ့ပြန်နိုင်မီ ချင်ယွင်က ထိုလူငယ်၏ ရင်ဘတ်ကို ထိုးနှက်လိုက်သည်။

အရပ်မြင့်မြင့် လူငယ်သည် ချက်ချင်းဆိုသလိုပင် သူ၏ရင်ဘတ်မှ စိမ့်၀င်လာသည့် ကြောက်မက်ဖွယ် စွမ်းအားကို ခံစားလိုက်ရသည်။ သူ၏ခန္ဓာကိုယ်ရှိ အရိုးများ ချက်ခြင်း တုန်ခါသွားပြီး သူ၏ရင်ဘတ်ပေါ်ရှိ နံရိုးများသည် ဤအခိုက်အတန့် လုံးဝကွဲသွားပုံရသည်။ သူသည် သွေးများကို အရူးအမူး အန်ထုတ်လိုက်ရ၏။

သွေးအန်လို့မပြီးဆုံးခင် ချင်ယွင်သည် သူ၏ လက်များကို ဆန့်တန်းလိုက်ပြီး အရပ်မြင့်မြင့် လူငယ်၏ နားထင်ကို တိုက်ရိုက် ရိုက်ချလိုက်သည်။ အရပ်မြင့်မြင့် လူငယ်သည် သူ၏ဦး ခေါင်း လှုပ်ခါသွားရုံသာ ခံစားလိုက်ရသည်။ ထို့နောက် သူ၏ဦးခေါင်းခွံတစ်ခုလုံးသည် ချက်ခြင်းကွဲအက်သွားပြီး သူ၏ဦးခေါင်းသည် ချက်ချင်းပင် ကြိတ်ချေထားသည့်အသားစိုင်အနှစ်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ သူသည် မြေပြင်ပေါ်သို့ လဲကျသွားပြီး မသေဘဲ မနေတော့ပေ။

သိုင်းကွက်နှစ်ကွက် ၊ သိုင်းကွက်နှစ်ကွက်ထဲလား။

နဝမအဆင့် ကောင်းကင်အလွှာ သိုင်းဂိုဏ်းချုပ် ကျွမ်းကျင်သူတစ်ဦးသည် လက်တုံ့ပြန်ရန်ပင် ခွန်အားအနည်းငယ်မျှပင် မရှိခဲ့ဘဲ ရက်စက်စွာ ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။

လူတိုင်းသည် သူတို့၏ နှလုံးသားများ ပြင်းထန်စွာ တုန်လှုပ်သွားသလို ခံစားလိုက်ရ သည်။ အဆုံးမရှိသော အကြောက်တရားလှိုင်းလုံးကြီးသည် သူတို့၏ ခြေဖဝါးမှ ကောင်းကင်ယံသို့ တည့်တည့် တိုးဝင်လာခဲ့သည်။ သူတို့၏ ဦးရေပြားများ ထုံကျင်လာပြီး ခြေထောက်များပင် တဖြည်းဖြည်း အားနည်းလာသည်။

နောက်ဆုံးတွင် တစ်စုံတစ်ယောက်က ချင်ယွင်ကို မှတ်မိသွားခဲ့ပြီး “သူ…သူ… နတ်ဆိုးနတ်ဘုရား…” ဟု အထိတ်တလန့် အော်ပြောလိုက်၏။

ထိုစကားများ ပြောပြီးသည်နှင့် အခြားတပည့်များ၏ မျက်နှာများသည် ချက်ချင်းပင် ဖြူဖျော့သွားခဲ့သည်။

'နတ်ဆိုးနက်ဘုရား' ဟူသော ဤစကားလုံးသည် ယမန်နေ့ကမှ ထွက်ပေါ်လာခဲ့သော် လည်း ဤကမ္ဘာငယ်လေးတစ်ခုလုံးကို ရူးသွပ်သည့် အရှိန်ဖြင့် ပျံ့နှံ့သွားခဲ့သည်။

ချင်ယွင်သည် ပထမဆုံးတိုက်ပွဲတွင် ထိုတပည့်ကို ခံနိုင်ရည်မရှိသလောက် ဖြစ်အောင်ပင် ရက်စက်စွာ သတ်ဖြတ်ပြီးနောက်တွင် ထိုကဲ့သို့သော ဘွဲ့တံဆိပ်ကို ရရှိခဲ့သည်။ ထိုနောက် ထိပ်ပြောင်လူငယ်နှင့် သူ၏ကြောက်စရာကောင်းသည့် တိုက်ပွဲက သူ၏ဂုဏ်သိက္ခာကို အထွတ်အထိပ်အထိ တွန်းပို့ပေးခဲ့သည်။

ဤတပည့်များ၏စိတ်တွင် နတ်ဆိုးနတ်ဘုရားသည် သူ၏ကျင့်ကြံခြင်းအဆင့်က အလွန်အားနည်းပုံပေါက်သော်လည်း သူ၏အစွမ်းကအလွန်ကြောက်စရာကောင်းပြီး သူ၏ သတ်ဖြတ်ခြင်းနည်းများကလည်း အလွန်ရက်စက်ကြမ်းကြုတ်သည်။

မပြေးရင် သေမှာပဲ။

သူတို့သည် သတိပေးခံလိုက်ရသော်လည်း အစပိုင်းမှာ အနည်းငယ် သံသယဖြစ်မိ သည်။

ယခုမူ ချင်ယွင်သည် နဝမအဆင့် ကောင်းကင်အလွှာ သိုင်းဂိုဏ်းချုပ် ကျွမ်းကျင်သူ တပည့်အား သိုင်းနှစ်ကွက်မျှဖြင့် လုပ်ကြံသတ်ဖြတ်ခဲ့သည်ကို တွေ့လိုက်ရသဖြင့်၊ သူတို့သည် ထိုသံသယအနည်းငယ်ကို မည်သို့ ထားရှိရဲမည်နည်း။

"ပြေး!"

တစ်စုံတစ်ယောက်သည် ရုတ်တရက် အော်ဟစ်ပြီးနောက် ကျန်တပည့်များသည် လှည့်ထွက်ပြေးသွားကြသည်။

နဝမအဆင့် ကောင်းကင်အလွှာ သိုင်းဂိုဏ်း ချုပ် ကျွမ်းကျင်သူ ဖက်တီးတပည့်သည်လည်း သူ၏ကြောက်ရွံ့နေသည့် အသွင်အပြင်မှာ ပေါ်လွင် ထင်ရှားနေသည်။ သူသည် ထွားကြိုင်းသန်မာသော နဝမအဆင့် ကောင်းကင်အလွှာ သိုင်းဂိုဏ်းချုပ် ကျွမ်းကျင်သူကို ကြည့်ပြီး ပြေးရမည်လား တိုက်ခိုက်ရမည်လား သူ မသိတော့ပေ။

"အတူတူတိုက်ကြရအောင်။ သူက ငါတို့နှစ်ယောက်လုံးကို တစ်ချိန်တည်းမှာ အနိုင်ယူနိုင်မယ်လို့ ငါမယုံဘူး။" သန်မာထွားကြိုင်းသူ တပည့်သည် ဒေါသတကြီး အော်လိုက်သည်။

ထိုစကားကိုပြောပြီးနောက်၊ သူသည် သံတူကြီးနှစ်ချောင်းကို ကိုင်ဆောင်ကာ ချင်ယွင်ဆီသို့ ပြေးသွားခဲ့သည်။ သန်မာထွားကြိုင်းသူတပည့်သည် သေသည်အထိ တိုက်ပွဲဝင်တော့မည်ကို မြင်လိုက်ရသဖြင့် ဖက်တီးတပည့်သည် သူ၏ မျက်နှာပေါ်တွင် ရက်စက်ကြမ်းကြုတ်မှုအရိပ်အယောင်ကို ဖော်ထုတ်လိုက်သည်။ သူသည် သူ၏သွားများကို တင်းတင်းကြိတ်ကာ သူ၏လက်ထဲတွင်ရှိသည့် ပုဆိန်ကြီး တစ်လက်ကိုင်ကာ ချင်ယွင်ဆီသို့ ပြေးသွားခဲ့သည်။

ချင်ယွင်သည် သူ၏မျက်လုံးများတွင် သတ်ဖြတ်လိုသည့် ဆန္ဒများဖြင့် ပြည့်နှက်နေပြီး ပြေးလာနေသော လူနှစ်ယောက်ကို ကြည့်နေသည်။

စောစောလေးက သူတို့နှစ်ယောက်၏ မျက်လုံးထဲတွင် မရိုးသားသော အကြည့်များဖြင့် တစ်ယောက်ကို တစ်ယောက် သာမန်ကာလျှံကာ ကြည့်နေခဲ့ကြသည်။ သူတို့၏ ပါးစပ်များသည် အလွန်စျေးပေါပြီး မိုက်မဲသည့် စကားများကို ပြောနေကြခဲ့သည်။ ယခု သူတို့လုပ်ခဲ့သည့်အရာများအတွက် နာကျင်စရာ အဖိုးအခကို ပေးချေရလိမ့်မည်။

ချင်ယွင်သည် အေးစက်စွာ ဟစ်အော်လိုက်ပြီး သန်မာထွားကြိုင်းသူတပည့် ရှေ့မှာပင် တိုက်ရိုက် ရှောင်ထွက်သွားခဲ့သည်။

ယခုအချိန်တွင်၊ သူသည် မြန်နှုန်းမြင့်လျှပ်စီး သဘောတရား၏ ဒုတိယအဆင့်ကို ပိုင်ဆိုင်ထားပြီး ၎င်း၏အမြန်နှုန်းသည် နဝမအဆင့် ကောင်းကင်အလွှာ သိုင်းဂိုဏ်းချုပ် ကျွမ်းကျင်သူများ နှိုင်းယှဉ်နိုင်သော အရာမဟုတ်သည် မှာ သေချာပါသည်။ ထို့ကြောင့် ချင်ယွင် သည် သန်မာထွားကြိုင်းသူတပည့်၏ ရှေ့တွင် ပေါ်လာသောအခါ သန်မာထွားကြိုင်းသူတပည့်သည်လည်း ထိတ်လန့်သွားခဲ့သည်။

သို့သော် သန်မာထွားကြိုင်းသူတပည့်သည် ယခင်ကနှင့်နိုင်းစာလျှင် အတော်လေး ပြန်တည်ငြိမ်သွားခဲ့၏။ သူ၏လက်ထဲရှိ လေးလံသော တူကြီးသည် ချင်ယွင်၏ ဦးခေါင်းဆီသို့ မရိုက်မီတွင် သူသည် အနည်းငယ် အံ့အားသင့်သွားခဲ့ခြင်းဖြစ်သည်။

သို့သော် ယခုအချိန်တွင် ချင်ယွင်သည် လျှပ်စီးလက်သလို တိုက်ခိုက်လိုက်သည်။

သန်မာထွားကြိုင်းသူတပည့်၏အမူအရာသည် သိသိသာသာပြောင်းလဲသွားသည်။ သူ၏တူကြီးသည် ဂျင်သုံးသောင်းထက်မနည်း လေးလံနေမည်ကိုပင် သူကြောက်မိ သည်။ ဤလူသည် သူ့လက်ဗလာသက်သက်ဖြင့် ဖမ်းရန်ပင် သတ္တိရှိခဲ့ပြီး သူ၏ ဧရာမတူကြီးကိုတောင် လုယူသွားခဲ့သညိ။ဤအရာသည် အမှန်တကယ်ပင် အနှိုင်းမဲ့ ကြောက်မက်ဖွယ်ကောင်းခြင်းဖြစ်သည်။

သန်မာထွားကြိုင်းသူတပည့်သည် နောက်ဆုတ်ခါနီးတွင် ငရဲနှင့်တူသော ချင်ယွင် ၏အသံသည် သူ၏နားထဲတွင် ထွက်ပေါ်လာသည်။

"မင်းပါးစပ်က အပေါစားဆန်လွန်းလို့ မင်းကို တိုက်ခိုက်သင့်တယ်!"

ထိုသို့ပြောပြီးနောက်တွင်၊ ထွားကြိုင်းသောတပည့်သည် သူ၏မျက်စိရှေ့မှာပင် လျှပ်တပြတ် လုယူခံထားရသည့် ဧရာမတူကြီးကိုသာ မြင်လိုက်ရပြီး ဂျင် ခြောက်သောင်းထက်မနည်းသော ကြီးမားသည့်အင်အားကြီးတခုက သူ၏ ပါးစပ်ထဲသို့ တိုက်ရိုက် ထိုးထွင်းဝင်ရောက်သွားခဲ့သည်။

“အား…”

သန်မာထွားကြိုင်းသူတပည့်၏ပါးစပ်သည် ချက်ချင်းပေါက်ကွဲသွားပြီး သူ၏မေးစေ့အရိုးတစ်ခုလုံး ကွဲအက်သွားခဲ့သည်။

ချင်ယွင်၏ တိုက်ခိုက်မှုသည် တိကျကာ ရက်စက်ကြမ်းကြုတ်ပြီး သူ၏ မေးစေ့အရိုး များကိုသာ ကျိုးပဲ့သွားစေကာ သူ၏ဦးခေါင်းကို ဒဏ်ရာရစေရုံသာဖြစ်သည်။

ယင်းတိုက်ခိုက်မှုကြောင့် သန်မာထွားကြိုင်းသူတပည့်သည် မသေခဲ့ပေ။ လောလောဆယ်မှာ သူသည် သွေးစွန်းနေသော မေးစေ့ကို ကိုင်ထားပြီး မြေပြင်ပေါ်တွင် လူးလိမ့်နေခဲ့သည်။

ဤမြင်ကွင်းကို တစ်ဖက်မှ တိုက်ခိုက်တော့မည့်ဖက်တီးတပည့်သည် ကြောက်လန့် တကြားဖြင့် မျက်လုံးပြူးကျယ်ကာ ကြည့်နေ၏။ သူသည်သူ၏လက်ထဲရှိ ပုဆိန်ကြီးကို လွှင့်ပစ်လိုက်ပြီး မြေပြင်ပေါ် ဒူးထောက်ထိုင်ချလိုက်တယ်။

"ကြီး ...ဦးလေး...ကြီး ၊ အသက်ချမ်းသာပေးပါ... ငါ့အသက်ကို ချမ်းသာပေးပါ!" ဖက်တီးတပည့်သည် ကယောင်ကတမ်း ပြောသည်။

ချင်ယွင်သည် အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး သူ၏လက်နှစ်ဖက်ကို ဓားတစ်ချောင်းအသွင် ညွှန်သည်။ ဓားအလင်းတစ်ခုသည် ချက်ချင်း ဖြစ်ပေါ်လာပြီး ဖက်တီး၏ မျက်လုံးများဆီ တိုက်ရိုက် ဖြတ်သွားသည် ။

ဖက်တီးသည် မျက်စိကိုမှိတ်ကာ မြေပြင်ပေါ်သို့ ပြိုလဲကျပြီး ဝက်နှင့်တူသော အော်သံကို ထွက်လာသည်။

အဝေးက ကျိုးယု နှင့် ဘိုင်ချီဟန် တို့သည် ဤမြင်ကွင်းကို မြင်လိုက်ရသောအခါတွင် ခေါင်းယမ်းလိုက်ကြသည်။ လင်းယွင်၏ တိုက်ခိုက်မှုသည် ပို၍ ကြောက်စရာ ကောင်းလာသည်။

အနားတွင်၊ ရန်စီချီသည် ချင်ယွင် ၏ရက်စက်ကြမ်းကြုတ်သောနည်းလမ်းကြောင့် ထိတ်လန့်သွားသည် ။

ဤကမ္ဘာငယ်လေးတွင် သေဆုံးသွားပါက ၎င်းတို့သည် အပြင်ဘက်တွင် တိုက်ရိုက် ပြန်လည်ရှင်သန်ထမြောက်နိုင်မည်ဖြစ်သည်။ နာကျင်မူခံစားရလျှင်ပင် တခဏလေးပဲ ရှိလိမ့်မည်။ သို့သော်လည်း ချင်ယွင်၏နည်းလမ်းသည် ၎င်းတို့အသက်မသေနိုင်သေးဘဲ သေဖို့ရန်အတွက် တောင်းခံနေရသောကြောင့် လူတိုင်းသည် ၎င်းတို့၏ကျောရိုးများကို အေးစက်သွားစေခဲ့သည်။

"တော်လောက်ပြီ!"

ထိုအချိန်မှာပင် ကြည်လင်ပြတ်သားသော အသံတစ်သံ ထွက်လာသည်။

ချန်မင်ရှီသည် တစ်လှမ်းပြီးတစ်လှမ်း လှမ်းကာထွက်လာပြီး ချင်ယွင်ကိုကြည့်ကာ "သူတို့အနေနဲ့ အရင်အမှားလုပ်ထားပေမယ့် သတ်ပစ်လိုက်တာ ကောင်းပါတယ်၊ သူတို့ကို ညှဉ်းပန်းနှိပ်စက်နေစရာ မလိုတော့ပါဘူး"

ယခုအချိန်တွင် ချင်ယွင်၏ မျက်လုံးများမှ ဒေါသများလည်း ပျောက်ကွယ်သွားသည်။ သူက ခေါင်းညိတ်ပြပြီး နောက်ထပ် နှိပ်စက်ညှဉ်းပန်းမှုမျိုး ထပ်မလုပ်တော့‌ပေ။ ထိုတပည့်နှစ်ယောက်သည် နှစ်ယောက်သား ကြည်နူးစရာကောင်းသော ထိုးနှက်ချက်ကိုသာ မြင်လိုက်ရသည်။

လွတ်မြောက်သွားသော တပည့်များသည်လည်း သူတို့ဘာသာ ထွက်သွားကြသည်။ ချင်ယွင်က သူတို့နောက်ကို လိုက်မသွားတော့ပေ။

သို့သော် ချင်ယွင်မှာ အနည်းငယ်စိုးရိမ်နေခဲ့သည်။ ဤကာလအတွင်းမှာ သူ၏သတ်ဖြတ်လိုသည့်အတွေးများက ပို၍ပင် ကြီးမားလာကြောင်း သူတွေ့ရှိခဲ့ရ သည်။ အထူးသဖြင့် သူ ဒေါသထွက်နေချိန်၌ သူ၏နှလုံးသားထဲတွင် သတ်ဖြတ်ချင်စိတ်ကို ထိန်းမနိုင်သိမ်းမနိုင် ဖြစ်နေသည်။

"အဲဒါက မင်းရဲ့အတွင်းနတ်ဆိုးပဲ" ‌ရှေးဟောင်းတာအိုဆရာသခင်၏ အသံက ရုတ်တရက် ချင်ယွင်၏ စိတ်ထဲမှာ ပေါ်လာသည်။

အခန်း (၁၇၈) လင်းဖန်။

"နှလုံးသားနတ်ဆိုးလား?" ချင်ယွင်က စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။

"အင်း၊ မင်းရဲ့မှတ်ဉာဏ်တွေကနေ နိုးထလာကတည်းက မင်းရဲ့သတ်ခြင်းနှလုံးသားက ပို၍ပို၍ ကြီးမားပြင်းထန်လာတာကို သတိထားမိလား။ ဒါက မင်းရဲ့နှလုံးသားထဲက နတ်ဆိုးပဲ" ‌ရှေးဟောင်းတာအိုဆရာသခင်၏ အသံသည် ဆက်လက် ထွက်ပေါ်လာသည်။

ချင်ယွင်အနည်းငယ် ထိတ်လန့်သွားသည်။ ဧကန်စင်စစ် ‌‌ရှေးဟောင်းတာအိုဆရာသခင် ပြောခဲ့သည့်အတိုင်းပင် သူ၏သတ်ဖြတ်လိုသည့်ဆန္ဒသည် ပို၍ပင် ကြီးမား လေးလံ လာသည်။

"ဒါ့အပြင်၊ မင်းဟာ မင်းရဲ့ရုပ်ပိုင်းဆိုင်ရာခွန်အားကို အားကောင်းစေဖို့အတွက် ဖရိုဖရဲလျှပ်စီးစွမ်းရည်ရဲ့ ပေါက်ကွဲလျှပ်စီးသဘောတရား ဒုတိယအဆင့်ကို အသုံးပြုပြီး ဒေါသပေါက်ကွဲတဲ့အခြေအနေသို့ ဝင်ရောက်သွားတဲ့အခါ အဲ့ဒီကြမ်းတမ်းတဲ့ မကောင်းဆိုးဝါးစွမ်းအင်တွေကို နှလုံးသားနတ်ဆိုးကို ပိုပြီးစုပ်ယူနိုင်စေခဲ့တယ်။ မင်းရဲ့ သတ်ဖြတ်ခြင်းနှလုံးသားကို ပေါက်ကွဲစေခဲ့တဲ့ အစောပိုင်းက တိုက်ခိုက်မူဟာ နှလုံးသားနတ်ဆိုးပဲဖြစ်တယ်" ‌‌ရှေးဟောင်းတာအိုဆရာသခင်က ဆက်ပြောသည် ။

ဤဖရိုဖရဲလျှပ်စီး၏ ပေါက်ကွဲလျှပ်စီးသဘောတရား စွမ်းရည်သည် အနာဂတ် တွင် အခြားရွေးချယ်စရာရှိခဲ့လျှင် ရှောင်တခင် အသုံးမပြုနိုင်ဟု ချင်ယွင်ကို ရုတ်တရက် သဘောပေါက်သွားစေသည်။

"ဒါဆိုရင် အတွင်းနတ်ဆိုးတွေကို ဖယ်ရှားဖို့ ကျွန်တော်တို့ ဘာလုပ်နိုင်မလဲ။" ချင်ယွင်က မေးသည်။

"ကောင်းကင်ကပ်ဘေးဒုက္ခပေါ့!" ‌ရှေးဟောင်းတာအိုက ပြောသည်" ကောင်းကင်ကပ်ဘေးဒုက္ခဆိုတာ မူလကတည်းက ကောင်းကင်ဘုံရဲ့ပြစ် ဒဏ်ခတ်ခြင်း ဖျက်ဆီးပစ်လိုသောဆန္ဒကို သယ်ဆောင်လာတာကြောင့် ကမ္ဘာပေါ်ရှိ မကောင်းမှုအားလုံးကို ချေမှုန်းပစ်နိုင်ခဲ့တယ်။ နှလုံးသားနတ်ဆိုးဆိုတာလည်း မကောင်းဆိုးဝါးများစွာထဲမှ တစ်ခုဖြစ်တယ်။ ဒါကြောင့် ကောင်းကင်ကပ်ဘေး ဒုက္ခအကူညီနဲ့ နှလုံးသားနတ်ဆိုး အလုံးစုံကို ဖယ်ရှားပစ်နိုင်တယ်။

ဒါပေမယ့် ကောင်းကင်ကပ်ဘေးဒုက္ခ တစ်ကြိမ်ဆင်းသက်လာတာနဲ့ အလွန်အမင်း အန္တရာယ်များလှပြီး နှလုံးသားနတ်ဆိုးကလည်း လုံးဝနောက်ပြန်ဆုတ်သွားမှာ ဖြစ်တယ်။ တစ်ချိန်တည်းမှာပဲ မင်းကိုယ်တိုင်ကလည်း အလွန်အမင်း အန္တရာယ်များတဲ့ အခြေအနေ အတွင်းမှာ ရှိနေလိမ့်မယ်။

ချင်ယွင်သည် ခေါင်းညိတ်လိုက်သည်။ သူသည် နယ်ပယ်ကြီးတစ်ခုကို ဖြတ်ကျော်လိုက်တိုင်း၊ သူသည် ကောင်းကင်ကပ်ဘေးဒုက္ခကို ရင်ဆိုင်ရမည်ဖြစ်သည်။ ထို့ကြောင့် သူသည် သိုင်းမြို့စားနယ်ပယ်သို့ ဖြတ်ကျော်ရန်အတွက်သာ သူ့ကိုယ်သူ စောင့်ဆိုင်းနေရတော့မည်။

“ဒါဆို အတွင်းနှလုံးသားနတ်ဆိုးတွေကို ခေတ္တ ဖိနှိပ်ထားနိုင်ဖို့ နည်းလမ်းရှိလား” ချင်ယွင်က ဆက်မေးသည်။

‌ရှေးဟောင်းတာအိုဆရာသခင်က ပြောသည် "မင်းကို နှလုံးသားသန့်စင်ကျိန်စာတစ်ခု ငါပေးမယ်။ မင်း စိတ်ဆိုးဒေါသပေါက်ကွဲသွားခဲ့ရင် ဒီကျိန်စာကို ရွတ်လိုက်ပါ၊ ဒါဆို နှလုံးသားနတ်ဆိုးလည်း ပေါက်ကွဲထွက်လာမှာ မဟုတ်တော့ဘူး"

"ကောင်းပြီ!" ချင်ယွင်သည် သဘောတူပြီးနောက် သူ၏စိတ်ထဲတွင်မန္တန်တစ်ခု ထွက်လာသည်။

ချင်ယွင်သည် သူ့ကိုယ်သူ တိုးတိုးရေရွတ်လိုက်သည်။ အမှန်ပင်၊ အေးစက်သည့် အအေးဓာတ်စွမ်းအင်သည် သူ၏နှလုံးသားထဲသို့ တိုးဝင်လာပြီး သူ၏မူလက အနည်းငယ် စိတ်ဆိုးဒေါသထွက်နေသော နှလုံးသားသည် ချက်ချင်း ငြိမ်သက်သွားသည်။

ထိုအချိန်တွင်၊ ရန်စီချီသည် တစ်ဖက်မှ အံ့အားသင့်နေသော ချင်ယွင်ကို လှမ်းကြည့်ပြီး သူမ၏မျက်နှာပေါ်တွင် စိတ်ရှုပ်ထွေးနေသော အမူအရာ ဖြစ်နေသည်။ သို့သော်လည်း သူမက “အခုလို ကယ်တင်ပေးလို့ ကျေးဇူးတင်ပါတယ်” ဟု ချင်ယွင်ကို ဆက်ပြောလိုက်သည်။

"အဆင်ပြေပါတယ်!" ချင်ယွင်သည် သူ၏ အသိစိတ်ပြန်ဝင်လာပြီး ရန်စီချီ၏ အနည်းငယ်ထိတ်လန့်နေဆဲဖြစ်သော မျက်နှာကို ကြည့်လိုက်သည်။ သူ၏မျက်နှာတွင် အဆင်မပြေသော အပြုံးတစ်ခု ပေါ်လာသော်လည်း စိတ်ထဲတွင် သူ့ကိုယ်သူ ရေရွတ်နေမိသည်။ "စောစောလေးက သူရဲ့ ကြောက်စရာကောင်းတဲ့ သတ်ဖြတ်နည်းတွေကို မြင်ပြီး သူ့ကို ကြောက်နေပုံပဲ။"

ချင်ယွင်၏ အဆင်မပြေသော အမူအရာကို မြင်လိုက်ရလျှင် ရန်စီချီသည် သက်ပြင်းချကာ သူမမျက်နှာပေါ်ရှိ အကြောက်တရားများလည်း ပျောက်ကွယ် သွားခဲ့သည်။

"ဘာလို့ ငါ့ကို ကယ်ခဲ့တာလဲ၊ ငါတို့က အရင်က တစ်ယောက်နဲ့တစ်ယောက် သိကြလား" ရန်စီချီက မေးသည်။

ချင်ယွင်၏ မျက်နှာသည် စိတ်လှုပ်ရှားမှု အရိပ်အယောင် ပေါ်လာသည်။ သူသည် သူက ချင်ယွင်ဖြစ်သည်ဟု ပြောခါနီးတွင် ဘိုင်ချီဟန် နှင့် တခြားလူများသည် အဝေးမှ လာနေသည်ကို တွေ့လိုက်ရသည်။ ထိုကြောင့် သူသည် အစောပိုင်းကပြောတော့မည့် စကားများကို ချက်ချင်း ပြန်ရုတ်သိမ်းလိုက်ပြီး ပြုံးကာ ပြောလိုက်သည် "ယောက်ျားတွေအများကြီးက မိန်းမတစ်ယောက်ကို အနိုင်ကျင့်နေတာ တွေ့လိုက်ရ တယ်။ ငါက အဲဒါကို ကြည့်မနေနိုင်လို့ အရေးယူလိုက်တာပါ"

"တကယ်လား?" ရန်စီချီက သံသယစိတ်ဖြင့် မေးလိုက်သည်။

အစောပိုင်းက သူအလွန်ဒေါသထွက်နေသော အပြုအမူကို သူမသည် ရှင်းရှင်းလင်းလင်း မြင်ခဲ့ရသည်။ ထိုကဲ့သို့အမူအရာမျိုးသည် သူသည် အနိုင်ကျင့်ခံရသည့်လူအပေါ် မည်မျှ ဂရုစိုက်ကြောင်း ထင်ရှားပေါ်လွင်သည်။ မတရားမူအတွက် သူမကိုကူညီပေးသည်ဟူသော ရိုးရှင်းသည့် ကြောင်းပြချက် နည်းလမ်းက ဤကဲ့သို့ ဖြစ်နိုင်မည်လား။

ချင်ယွင်သည် ခေါင်းကို စေ့စေ့ပ်စပ် ညိတ်ပြလိုက်သော်လည်း သူ၏စိတ်ထဲတွင် ကူကယ်ရာမဲ့စွာ ခံစားလိုက်ရသည်။ လောလောဆယ်တွင် သူသည် သူ၏ကိုယ်ရေး အချက်အလက်မှန်ကို ရန်စီချီကို မဖော်ပြနိုင်ခဲ့ပါဘူး။

သို့သော် ဤအခိုက်အတန့်တွင် အလွန်အကျိုးအကြောင်း မဆီသင့်လျော်သည့် အသံတစ်ခု ထွက်ပေါ်လာသည်။

"မင်း သူ့ကို ထာဝစဉ် စောင့်ရှောက်ဖို့ ကြံစည်နေတယ်လို့ ငါ့ကို မပြောဘူးမလား။" ချန်မင်ရှီက အေးစက်စွာ ပြောလိုက်သည်။

"မရဘူးလား?" ချင်ယွင်က မေးသည်။

ဘာပဲဖြစ်ဖြစ်၊ သူသည် ရန်စီချီကို ထိခိုက်နစ်နာစေမည့် မည်သူ့ကိုမဆို သူ ခွင့်မပြုပါဘူး။ ဤကမ္ဘာငယ်လေးတွင် သေခြင်းတရားသည် အစစ်အမှန်သေခြင်းကို မဆိုလိုသော်လည်း ချင်ယွင်သည် သူမအား မည်သည့်ဒုက္ခမှ မကျရောက်စေချင်ပေ။

"သူမက ဘိုင်ယွန်ကျောင်းတော်ကလေ။ လင်းဖန်နဲ့ ရင်ဆိုင်ရတော့မယ်ဆိုတာကို မမေ့ပါနဲ့၊ သူမကို ထိန်းထားရတာ ငါတို့အတွက် အန္တရာယ်ရှိပြီး အကျိုးမရှိဘူး။ မင်းရဲ့ မဟာမိတ်အနေနဲ့ ငါ့မှာ ကန့်ကွက်ပိုင်ခွင့်ရှိတယ်။" ချန်မင်ရှီက အေးစက်စွာ ပြောလိုက်သည်။

ချင်ယွင်၏အမူအရာသည် ချက်ချင်းပင် အေးစက်သွားသည်။ သူစကားပြောခါနီးမှာ ရန်စီချီက ပြောလိုက်သည် "မင်းတို့ လင်းဖန်နဲ့ ရင်ဆိုင်ကြမှာမဟုတ်လား။ ငါ ဝင်မစွက်ဖက်ဘူး။ နောက်ပြီး ငါ မင်းတို့ကို ငါ့ရဲ့ တံဆိပ်ပြားတွေကို ပေးမယ်။ ပြိုင်ပွဲအဆင့်ကို ငါဂရုမစိုက်ဘူး။ဆရာရဲ့တောင်းဆိုချက်ကြောင့်သာ မဟုတ်ရင် ငါက ဝင်မပြိုင်ချင်ဘူး။ ပြိုင်ပွဲပြီးဆုံးတဲ့အထိ တိတ်တဆိတ်ပဲ စောင့်ကြည့်ချင်တယ်။"

ထိုသို့ပြောပြီးနောက် ရန်စီချီသည် သူမလိုအပ်သည့် တံဆိပ်ပြားသုံးခုကို ချင်ယွင်ဆီသို့ ပေးအပ်လိုက်သည်။

ပတ်ဝန်းကျင်မှလူများသည် တုန်လှုပ်သွားပြီး ချန်မင်ရှီသည်ပင် တိတ်ဆိတ်သွားသည်။

ရန်စီချီသည် ပြောစရာရှိသည်ကိုပြောပြီးပြီမို့ သဘာဝအတိုင်း ဘာမှ ပြန်မပြောနိုင်ပေမယ့် သူမအပေါ်ထားရှိသာ် သတိထားမှုများကတော့ ဖြေလျှော့သွားခြင်း မရှိသေးပါဘူး။

ချင်ယွင်သည် ရန်စီချီ၏လက်ထဲရှိ တံဆိပ်ပြားများကိုယူကာ သူမကိုပြုံးပြလိုက်သည်။

ရန်စီချီ၏အမူအရာသည် အေးစက်သွားခဲ့ပြီး ချင်ယွင်၏အပြုံးကို မတုံ့ပြန်ခဲ့ပေ။

ချင်ယွင်ရှက်ရွံ့သွားသော်လည်း သူသည်စဉ်းစားမိလိုက်သည်။ ယခုအချိန်တွင် သူ၏ ကိုယ်ရေးအချက်အလက်သည် 'လင်းယွင်' ဖြစ်သောကြောင့် ရန်စီချီသည် အေးစက်စက် ပြုမူဆက်ဆံသည်မှာ ပုံမှန်ပင်ဖြစ်သည်။

ထို့နောက် ချင်ယွင် နှင့် အခြားသူများသည် လင်းဖန်ကို ဆက်လက်ရှာဖွေခဲ့ကြသည်။

မူလက ရန်စီချီသည် ထွက်ခွာရန် ရည်ရွယ်ခဲ့သော်လည်း ချင်ယွင်က သူ့နောက် လိုက်ရန် အကြိမ်ကြိမ် တောင်းဆိုထားခဲ့သည်။

ရန်စီချီက သဘာဝအတိုင်း ငြင်းဆိုခဲ့သည်။

ချင်ယွင်၏ အကူအညီမဲ့မှုအောက်တွင် သူသည် သူ၏အဆုံးစွန်သော လှုပ်ရှားမှုအဖြစ် သူမ၏ နားအနားကပ်ကာ တိုးတိုးလေးသာ ပြောလိုက်ရသည်။ ထိုစကားက " ချင်ယွင်ရဲ့ နေရာကို သူသိပါတယ် " ဟူ၏။

ရန်စီချီသည် ထိုစကားကိုကြားသောအခါ သူမ၏မျက်လုံးများသာ် ချက်ချင်း လင်းလာပြီး ချင်ယွင်နှင့် အခြားလူများနောက် တစ္ဆေတစ်ကောင်လို လိုက်ပါရန် သဘောတူလိုက်သည်။

ရလာဒ်အနေဖြင့် ချင်ယွင်တို့အဖွဲ့သည် လူလေးယောက်မှ လူငါးယောက်အဖြစ် တိုက်ရိုက်တိုးလာခဲ့၏။

တတိယမြောက်နေ့တွင် ချင်ယွင်နှင့် အခြားသူများသည် လင်းဖန်ကို နောက်ဆုံးတွင် တွေ့ရှိခဲ့သည်။

သို့သော်လည်း ကံမကောင်းစွာပဲ၊ လင်းဖန်သည် ဖန်းမန့် နှင့် အမှန်တကယ်ရှိနေခဲ့ပြီး သူတို့နှစ်ဦး၏ အသွင်အပြင်ကို ကြည့်ခြင်းအားဖြင့်၊ သူတို့နှစ်ဦးသည် ယာယီ မဟာမိတ်ဖွဲ့ခြင်းမျိုးကဲ့သို့သော သဘောတူညီချက်အချို့မျိုး ရှိသင့်ပေသည်။

လင်းဖန်နှင့် ဖန်းမန့်တို့အပြင် ကျိုးယု၏ဝမ်းကွဲညီမဖြစ်သူ ၀မ်ယုယန်လည်း ရှိသေးသည်။

ကျိုးယုသည် ၀မ်ယုယန်ကိုမြင်လိုက်သည်နှင့် သူ၏တစ်ကိုယ်လုံးသည် ဖြူဖျော့သွားသည် ။

၀မ်ယုယန်သည် သူမ၏ဝမ်းကွဲအစ်ကို ကျိုးယုကို အမြဲသဘောကျခဲ့သည်။ ကျိုးယုသည် ၀မ်ယုယန်အပေါ်တွင် ခံစားချက် အနည်းငယ်မျှ မရှိသည့်အတွက် အနည်းငယ် ကြောက်သွားခြင်းဖြစ်သည်။

ဤသည်မှာ ဟွာလူးဟုခေါ်သော ရည်ရွယ်ချက်ရှိရှိဖြင့် အညှာတာကင်းမဲ့စွာ စီးဆင်းနေသော ရေဖြစ်သည်။

ထိုအခိုက် လင်းဖန်သည် 'လင်းယွန်'ကို ကြည့်လိုက်သည်နှင့် သူ၏မျက်လုံးထဲတွင် ပြင်းထန်သည့် သတ်ချင်စိတ်များ ထွက်ပေါ်လာသည်။ ထို့နောက် လင်းယွင်အနားတွင် ရန်စီချီကို မြင်လိုက်ရသောအခါ သူ၏မျက်လုံးများသည် ပို၍ပင် အေးစက်လာခဲ့သည်။

"ရန်စီချီ မင်းက ဘယ်ဘက်ကလဲ။" လင်းဖန်က အေးစက်စွာ ဟစ်အော်လိုက်သည်။

ရန်စီချီသည် လင်းဖန်ကို ရွံရှာသော အရိပ်အမြွက်ဖြင့် ကြည့်လိုက်သည်။ "ငါက ဘိုင်ယွန်ကျောင်းတော်ကပဲ၊ ဒါပေမယ့် ငါ မင်းကို မကူညီချင်ဘူး။ တကယ်လို့ မင်းရိုက်ခံရရင်တောင် ငါ ဝင်မစွက်ဖက်ဘူး။"

"ဟမ့်၊ မင်းကခွေးမပဲ။ မင်းက ဘိုင်ယွန်ကျောင်းတော်ကို သစ္စာဖောက်ချင်နေ တာလား။" လင်းဖန်က အော်လိုက်သည်။

ယန်စီချီ၏ မျက်နှာမှာ ပြာနှမ်းကျသွားသည်။ သူမ ပြန်ပြောခါနီးတွင် 'လင်းယွင်' သည် ဘေးမှ ထွက်လာသည်ကို တွေ့လိုက်ရသည်။

"လင်းဖန်၊ မိန်းမတစ်ယောက်ကို အနိုင်ကျင့်ရဲတဲ့ မင်းရဲ့စွမ်းရည်က ဘယ်လိုမျိုးလဲ။ ဘိုင်ယွန်ကျောင်းတော်ရဲ့ ပါရမီရှင်တစ်ယောက်က မိန်းမတစ်ယောက် မပါတာနဲ့ ငါတို့ကို မယှဉ်နိုင်တော့ဘူးလား" ချင်ယွင်သည် လင်းဖန်ကိုကြည့်ကာ ရယ်မောလိုက်သည်။

"လင်းယွင်၊ မင်းငါ့ကိုအနိုင်ယူခဲ့ပြီး ငါ့ကိုဒီလိုလေသံမျိုးနဲ့ပြောနိုင်လို့ မင်းကိုယ်မင်း ကံကောင်းတယ်လို့ မထင်မှတ်လိုက်နဲ့၊ ဒီနေ့ မင်းဟာ ငါ့ရှေ့မှာ ပုရွက်ဆိတ် တစ်ကောင်လောက်တောင် ခံနိုင်ရည်မရှိတော့ဘူးဆိုတာကို မင်းကို ပြသပေးမယ်။ “ လင်းဖန်၏ သတ်ဖြတ်လိုသည့်ဆန္ဒများက ချက်ခြင်း တိုးမြှင့်လာခဲ့သည်။ သိုင်းမြို့စားအဆင့်ရှိ ဖိအားတစ်ခုက ချက်ချင်းထွက်ပေါ်လာခဲ့ပြီး ကောင်းကင်နှင့် မြေကြီးကို ဖုံးလွှမ်းသွားကာ ချင်ယွင်ဆီသို့ ဦးတည်လာခဲ့၏။

အခန်း (၁၇၉) ဘိုင်ချီဟန်၏ခွန်အား

ဖိနှိပ်နေရသော လင်းဖန်ကို ကြည့်လိုက်ရင်း ချင်ယွင်၏ မျက်နှာပေါ်တွင် အေးစက်သော အရိပ်အယောင်တစ်ခု ပေါ်လာပြီး သူ လှုပ်ရှားတော့မည် ဖြစ်သည်။

ထိုအချိန်တွင် မထင်မှတ်ပဲ ဘိုင်ချီဟန်က ရုတ်တရက် ပြောလိုက်သည် "ငါ အရင် တိုက်ခိုက်ခွင့်ပြုကွာ။ ဟိုအတိတ်တုန်းက ဒီပြိုင်ပွဲမှာ ငါ သူ့ကိုရှုံးဖူးတယ် ။ အခု သူ့ကို ပြန်ပေးဆပ်ရမယ့်အချိန်ရောက်ပြီ"

ချင်ယွင်သည် အံ့သြသွားသည်။ သူစကားပြောခါနီးတွင် ဘိုင်ချီဟန်၏ ယုံကြည်ချက်ရှိသောအကြည့်ကို သူမြင်လိုက်ရသည်။ ချင်ယွင်သည် သူ၏စကားများကို မျိုချလိုက်ပြီး "သတိထားပါ"ဟူသော အမူအရာဖြင့် ခေါင်းညိတ်ပြသည်။

ဘိုင်ချီဟန်သည်လည်း ခေါင်းညိတ်ပြပြီး ခြေတစ်လှမ်းချင်း လှမ်းလိုက်သည် ။

ဘိုင်ချီဟန်သည် အမှန်တကယ် တိုက်ခိုက်ရန် ထွက်လာသည်ကို လင်းဖန်မြင်သည့်အခါ သူသည် ချက်ချင်းပင် အထင်အမြင်သေးသော အကြည့်ဖြင့် ကြည့်ရင်း ပြောလိုက်သည် "ဘိုင်ချီဟန် ၊ မင်းက ဟိုတချိန်တုန်းကတည်းက ငါ့ရဲ့ အရှုံးသမားလေးပဲ။ အခု မင်းရဲ့ကျင့်ကြံမှုအဆင့်ကညငါ့ထက်တောင် နိမ့်ကျသွားခဲ့ပြီ။ အခု ငါက သိုင်းမြို့စားနယ်ပယ်ကို ဖြတ်ကျော်ခဲ့ပြီး မင်းကတော့ သိုင်းမြို့စားတစ်ပိုင်း အဆင့် တစ်ယောက်ပဲ၊ မင်း ငါ့ကို ဘာနဲ့ တိုက်ခိုက်မှာလဲ"

ဘိုင်ချီဟန်သည် သူ၏မျက်နှာပေါ်တွင် ဒေါသအရိပ်ရောင်နည်းနည်းလေးမှမရှိဘဲ ညင်သာစွာ ပြုံးလိုက်တယ်။ "လင်းဖန်၊ မင်းရဲ့အကြီးမားဆုံးအားနည်းချက်က ဘာလဲ မင်းသိလား။ အဲဒါက မင်းဟာ မာနကြီးလွန်းပြီး အရာအားလုံးကို ဂရုမစိုက်ဘူး။ မင်းရဲ့ အရည်အချင်းက အရမ်းမြင့်မားပါတယ်၊ ဒါပေမယ့် ကျင့်ကြံမှုဟာ အရည်အချင်းတစ်ခုတည်းနဲ့တင် လုပ်မဖြစ်ဘူးကွ။။"

"တော်စမ်းပါကွာ ၊သောက်ရေးမပါတဲ့စကားတွေ၊ ငါ့ကို သင်ခန်းစာပို့ချပေးရမယ့် အလှည့်မဟုတ်ဘူး။ ဒီနေ့တော့ စစ်မှန်တဲ့သိုင်းမြို့စားတစ်ဦးနဲ့ သိုင်းမြို့စားပြီးလို့ အမည်ခံထားတဲ့ သိုင်းမြို့စားတစ်ပိုင်းတို့ရဲ့ ကွာခြားချက်ကို မင်းကို ငါပြောပြပေးမယ်။" လင်းဖန်သည် ချက်ချင်းပင် ဒေါသတကြီးနှင့် ပစ်ဝင်လိုက်သည်။

ဘိုင်ချီဟန်သည် ကူရာမဲ့စွာ ခေါင်းကို ခါယမ်းရင်း ရှေ့သို့ အလျင်မြန်ပြေးဝင်ကာ သူ၏ပုံရိပ်က ရိပ်ခနဲ လှုပ်ရှားသွား၏။

"ဘန်း!"

နှစ်ယောက်သား အချင်းချင်း ထိပ်တိုက်ဆုံမိပြီး ကောင်းကင်ကြီးသည် တုန်ခါသွားကာ ကျယ်လောင်သော ဆူညံသံများ ထွက်ပေါ်လာသည်။

လင်းဖန်သည် ချက်ချင်းပင် နောက်ပြန်လွင်းစင်သွားခဲ့ပြီး မီတာရာနှင့်ချီအကွာတွင် ပြုတ်ကျသွားကာ ဘိုင်ချီဟန်၏ ရုပ်အသွင်ပြင်သည် ထိုက်တောင်ကဲ့သို့ တည်ငြိမ်နေသည်။

"ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ!"

အားလုံးသည် တုန်လှုပ်သွားကြပြီး ချင်ယွင်တောင် အံ့သြသွားသည် ။

ဘိုင်ချီဟန်၏ ခန္ဓာကိုယ်သည် သန်မာသည်ဆိုကို သူသိထားပြီးဖြစ်သော်လည်း သူ၏ ကျင့်ကြံမှုအဆင့်သည် သိုင်းမြို့စားတစ်ပိုင်း နယ်ပယ်မှာသာ ရှိပါသေးသည်။

ဤမြင်ကွင်းကို ဘေးမှ တိတ်တဆိတ် စောင့်ကြည့်နေသည့်ဖန်းမန့်သည် အံ့သြသော အမူအရာ ပေါ်လာသည်။ ဘိုင်ချီဟန်အပေါ် သူ၏အကြည့်များက လေးနက်လာသည်။

သေချာပါသည်, အံ့သြဆုံးလူက လင်းဖန်ကိုယ်တိုင်ဖြစ်သည်။ သူသည် ယခုတိုက်ခိုက်မှုတွင် သူ့စွမ်းအား၏ ငါးဆယ်ရာခိုင်နှုန်းကိုသာ အသုံးပြုထားခဲ့ သော်လည်း၊ သူ့စွမ်းအားငါးဆယ်ရာခိုင်နှုန်းသည် သာမန် သိုင်းမြို့စားအဆင့် ကျွမ်းကျင်သူများကို အနိုင်ယူရန် လုံလောက်ပါသည်။ ဘိုင်ချီဟန်သည် ထိုလက်သီးချက်ကို လွယ်လွယ်ကူကူ ပိတ်ဆို့ထားဆီးနိုင်ရုံတင်မကဘဲ၊ သူ့ကိုပါ လွင့်ထွက်ပျံသန်းသွားစေခဲ့သည်။

ဤအရာကို သူ မည်ကဲ့သို့လက်ခံနိုင်မည်နည်း။

သူ၏စွမ်းအားအားလုံးသည် တခဏချင်း ပေါက်ကွဲထွက်လာခဲ့ပြီး လင်းဖန်သည် ချက်ချင်းပင် ကောင်းကင်ထက်သို့ ပျံတက်သွားခဲ့သည်။ သူသည် လေဟာနယ်ကိုဖြတ်နင်းပြီး ဘိုင်ချီဟန်ဆီကို နောက်တစ်ကြိမ် ပစ်ဝင်လာခဲ့သည်။

ဘိုင်ချီဟန်သည် သူ၏မျက်နှာပေါ်တွင် အပြုံးမပျက် ဆက်လက်တည်ရှိနေခဲ့သည်။ သူ၏လက်များသည် လင်းဖန်၏ တိုက်ခိုက်မှုအားလုံးကို အချည်းနှီးအဖြစ်သို့ ပြောင်းလဲသွားစေခဲ့သည်။ ထို့နောက် လင်းဖန်၏ ရင်ဘတ်ကို လက်ဖဝါးဖြင့် ရိုက်လိုက်သည်။

လင်းဖန်၏ ခန္ဓာကိုယ်သည် တုန်ခါသွားသည်။သူ၏ပါးစပ်မှ သွေးများ ထွက်လာပြီး သူသည် နောက်သို့ လွင့်ထွက်သွားခဲ့သည်။

လူတိုင်း အံသြသွားကြသည်။ လင်းဖန်သည် ယခင်တကြိမ်က သူ၏ပြိုင်ဘက်ကို ဂရုမစိုက်ဘဲ လျှော့တွက်မိခဲ့သည်ဆိုလျှင်ပင် ယခုတစ်ကြိမ်မှာတော့ သူသည် သေချာပေါက် အမှန်အကန် တိုက်ခိုက်ခြင်းဖြစ်သည်။

ဘိုင်ချီဟန်သည် သိုင်းမြို့စားတစ်ပိုင်းအဆင့်ဖြင့် သိုင်းမြို့စားကျွမ်းကျင်သူတစ်ဦးကို စိန်ခေါ်ပြီး အနိုင်ယူခဲ့တာလား။

ဘိုင်ယွန်ကျောင်းတော်မှ တပည့်များသည် ဤတိုက်ပွဲကို အာရုံစိုက်နေကြသည်။ မူလက သူတို့၏ စီနီယာအစ်ကို လင်းဖန်သည် ဘိုင်ချီဟန်ကို အလွယ်တကူ သတ်ပစ်မည်ဟု ထင်ခဲ့သော်လည်း ဘိုင်ချီဟန်ကြောင့် နှစ်ကြိမ်တိုင် တိုင် လွင့်ပျံသွားရလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။ ဤကြီးမားသော ခြားနားချက်က သူတို့အား အလွန်အံ့သြသွားစေခဲ့သည်။

သူတို့ရဲ့ စီနီယာအစ်ကိုလင်းဖန်ဟာ ဘိုင်ချီဟန်ထက် တကယ်ကို နိမ့်ကျသွားတာ ဖြစ်နိုင်မလား။

အဆင့်မြင့်စင်မြင့်ပေါ်တွင် ထိုင်နေသော ဘိုင်ယွန်ကျောင်းတော်မှ အကြီးအကဲများ သည် သူတို့၏မျက်နှာပေါ်တွင် အလွန်အမင်း ညို့မှိုင်းသော အမူအရာများ ရှိနေကြသည်။ လင်းဖန်သည် ၎င်းတို့ ထိုသုံးယောက်စလုံးကို ဖြတ်ကျော်နိုင်မည်မှာ သေချာကြောင်း သူ၏အနားရှိ လင်းထျန်းဂိုဏ်းအကြီးအကဲအား ကြွားဝါထားခဲ့သည်။

သို့သော် ဘိုင်ချီဟန်သည် လင်းဖန်ကို မြေပြင်ပေါ်သို့ ခေါက်ချနိုင်လိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။

ယင်းက သူ၏မျက်နှာကို အပြင်းအထန် ပါးဖြတ်ရိုက်လိုက်သလိုဖြစ်ပြီး သူ၏ မျက်နှာကို နီရဲသွားစေကာ တွင်းတူးပြီး ပုန်းအောင်းလိုသည့်စိတ်ကိုပင် ဖြစ်ပေါ်စေ သည်။

မိုးကြိုး၀ိညာဥ်ဂိုဏ်းမှ တော်ဝင်းကြီးကဲ ချင်းယွန်၏ မျက်နှာသည် သဘာဝအတိုင်း နွေဦးပန်းနှင့် ပြည့်နေသည်။ ဘိုင်ချီဟန်၏ခွန်အားသည် သူ့ကို အနှိုင်းမဲ့ အံ့သြစေခဲ့သည်။ ဘိုင်ချီဟန်မှာ ယခုလိုစွမ်းအားမျိုး ရှိလာလိမ့်မည်ဟုဘသူ တကယ်ကို မျှော်လင့်မထားခဲ့ပါဘူး။

သိုင်းမြို့စားဘိုင်ယွန်သည် စင်မြင့်အလယ်ရှိ ပင်မထိုင်ခုံပေါ်တွင် မတ်မတ်ထိုင်နေဆဲ ဖြစ်ပြီး သူ၏မျက်နှာမှာ မည်သည့်အပြောင်းအလဲ အရိပ်အယောင်မပြပေ။

သူ၏တပည့် ရှုံးသွားသော်လည်း သူသည် လုံးဝ လှုပ်လှုပ်ရှားရှားတုံ့ပြန်မူမျိုး မပြခဲ့ပေ။ ယင်းကြောင့် သူ၏နောက်မှ အကြီးအကဲများသည်

သိုင်းမြို့စားဘိုင်ယွန်၏ ကြောက်မက်ဖွယ်ကောင်းသော စိတ်နေသဘောထားကို လေးစား သဘောကျစေခဲ့သည်။

လင်းဖန်သည် ဤအခိုက်အတန့်တွင် ဖြူဖျော့နေ၏။ သူ့ကို ဘိုင်ချီဟန်က နှစ်ကြိမ်တိုင်တိုင် လွင့်ပျံသွားစေခဲ့ပြီး ရင်းက သူ့ကို လုံးဝအရှက်ရစေခဲ့သည်။ ဤအခိုက်အတန့်တွင် သူသည် ဘိုင်ချီဟန်၏ခန္ဓာကိုယ်ကို အစိတ်စိတ် အမြွှာမြွှာ သောင်းနှင့်ချီပြီး ခွဲဆုတ်ပစ်နိုင်ရန် ပင် ဆန္ဒရှိခဲ့သည်။

"ဟမ့်, လင်းဖန်, ဒါ မင်းမှာရှိတာ ကုန်ဘဲလား။ မင်းက သိုင်းမြို့စားတစ်ပိုင်း လေးကိုတောင် အနိုင်မယူနိုင်ပါလား?" ဖန်းမန့်က ရယ်မောလိုက်သည်။

လင်းဖန်၏နှလုံးသားထဲသို့ အပ်တစ်ချောင်း ဖြင့် ပြင်းထန်စွာ ထိုးဖောက်လိုက်သကဲ့သို့

လှောင်ပြောင်သံများက လင်းဖန်၏နားထဲသို့ ဝင်လာခဲ့သည်။

မူလကတည်းက မာနကြီးသူ လင်းဖန်သည် ချင်ယွင်ကို နှစ်ကြိမ်တိုင်တိုင် ရှုံးနိမ့်ခဲ့ပြီးနောက် သူ၏ဂုဏ်သိက္ခာကို အပြင်းအထန် နင်းခြေခံလိုက်ရကြောင်း ခံစားလာရသည်။ ယခုတော့ နောက်ထပ် ဘိုင်ချီဟန်တစ်ယောက် ရှိလာပြန်ပြီ။ ဤအရာကို သူ မည်သို့လက်ခံနိုင်မည်နည်း။

"ဘိုင်ချီဟန်၊ ငါဘမင်းကိုသေစေချင်တယ်!"

လင်းဖန်သည် မြေပြင်မှ ဖြည်းညှင်းစွာ မတ်တတ်ထလာရင်း အော်ဟစ်လိုက်သည်။ သူ၏ဆံပင်များက ရှုပ်ပွနေပြီး လေနှင့်အတူ ကခုန်နေသည်။ ပြင်းထန်သော မုန်တိုင်းတခုသည် ရုတ်တရက် တိုက်ခတ်လာပြီး သူ၏ဘေးတွင် ပြင်းထန်သော လေဆင်နှာမောင်းတစ်ခု ဖြစ်ပေါ်လာသည်။

ပတ်ဝန်းကျင်ရှိ သဲများ၊ ကျောက်ဆောင်များ၊ သစ်ပင်များ၏ အကိုင်းအခက်အရွက်များနှင့် အသီးများသည် ချက်ချင်းပင် အပိုင်းပိုင်းကွဲသွားသည်။ အနှိုင်းမဲ့ ကြောက်မက်ဖွယ်ကောင်းသော မုန်တိုင်းတစ်ခုသည် ပတ်ဝန်းကျင်ကို ဖြတ်ကျော်ဝင်ရောက်လာခဲ့ပြီး ကောင်းကင်ယံတစ်ခုလုံးတွင် တိမ်မည်းများ လိပ်တက်လာခဲ့သည်။

လင်းဖန်သည် တဖြည်းဖြည်း လေထုလွင့်ပျံလာပြီး သူ၏လက်ထဲတွင် ဓားရှည်တစ်ချောင်း ပေါ်လာသည်။

သူ၏ဘေးမှာ ရှိနေသည့် ဟာရီကိန်းမုန်တိုင်းများသည် ချက်ချင်းပင် ပေါက်ကွဲသွားခဲ့ပြီး နေရာအရပ်ရပ် အသီးသီးသို့ ပြန့်နှံ့ သွားခဲ့သည်။

ပတ်ဝန်းကျင်ရှိ သစ်ပင်များသည် လေတိုက်ခတ်နေသည်နှင့်အမျှ ပြိုလဲ အက်ကွဲကုန်သည်။

"ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်တဲ့ လေထုဖြတ်တောက်ခြင်း သဘောတရားလဲ။ အနည်းဆုံး လေစွမ်းရည်သဘောတရားရဲ့ စတုတ္ထအဆင့်မှာ ရှိလိမ့်မယ်။"ချင်ယွင်က အံ့သြစွာပြောသည်။

ပတ်ဝန်းကျင်ရှိ ကျိုးယု နှင့် ရန်စီချီ တို့သည် ဤကြောက်မက်ဖွယ်ကောင်းသော လေဓား၏ တိုက်ခိုက်မှုကို တားဆီးရန်အတွက် ၎င်းတို့၏ ဝိညာဉ်စွမ်းအင်ဒိုင်းများကို စတင်အသုံးပြုခဲ့ကြသည်။

သို့သော် ဘိုင်ချီဟန်သည် တောင်ကြီးတစ်ခုကဲ့သို့ မလှုပ်မယှက် ဖြစ်နေသည်။ သူ၏ သွယ်လျသော ခန္ဓာကိုယ်သည် ရှေ့သို့ ခြေတစ်လှမ်းတိုးကာ သူ၏ အငွေ့အသက်များ သည် ချက်ချင်း မြင့်တက်လာခဲ့သည်။

ဟာရီကိန်းမုန်တိုင်းတခုသည် ပတ်ဝန်းကျင်တွင် စတင်အရှိန်ပြင်းလာပြီး၊ ၎င်းသည်

လင်းဖန်၏မုန်တိုင်းထက် အားနည်းနိုင်ဖွယ်မရှိပေ။

ဟာရီကိန်းမုန်တိုင်းနှစ်ခုသည် အချင်းချင်းတိုက်ခတ်နေပြီး ရှေးသားရဲများ၏ ဟိန်းဟောက်သံနှင့်တူသည့် အူသံသဲ့သဲ့ ထွက်ပေါ်လာသည်။

ပတ်ဝန်းကျင်ကမ္ဘာသည် ချက်ချင်း မှိန်ဖျော့သွားသည်။ မီတာတစ်ထောင် အကွာအဝေးရှိ သစ်ပင်များအားလုံးသည် ကျိုးကျသွားခဲ့ပြီး လက်သီးအရွယ် ကျောက်တုံးများအားလုံးသည်လည်း အမှုန့်ဖြစ်သွားကြသည်။

"တခါတုန်းက ငါဟာ ဖုံးကွယ်နေတဲ့ရှေးဟောင်းအမွေဆက်ခံတဲ့နေရာတခုကို ရောက်သွားခဲ့ပြီး အဲဒီအထဲကနေ ဓားသိုင်းပညာတစ်ခု ရရှိခဲ့တယ်။ ငါ အဲဒီဓားသိုင်းပညာရပ်ကို အသုံးမပြုရသေးဘူး။ ဒီနေ့တော့ ငါ့ရဲ့ဓားသိုင်းပညာရပ် ဘယ်လောက် အစွမ်းထက်လဲဆိုတာကို မင်းကို မြည်းစမ်းကြည့်ခွင့်ပြုမယ်။" ဘိုင်ချီဟန်၏ အဖြူရောင်၀တ်စုံသည် ပြင်းထန်သော လေတိုးအသံနှင့်အတူ တဖျပ်ဖျပ်လှုပ်ခတ်နေပြီး သူ၏ လက်ထဲတွင် ဓားရှည်တစ်လက် ပေါ်လာသည်။ လေထဲတွင် လွင့်မျောနေသောလင်းဖန်ကို ကြည့်ရင်း သူ၏မျက်လုံးများမှ ပြင်းထန်သော တိုက်ပွဲဆန္ဒတခု ထွက်ပေါ်လာသည်။

"ဟမ့်၊ မင်းရဲ့ဓားပညာကပဲ အစွမ်းထက်တာလား ဒါမှမဟုတ် ငါ့ရဲ့ဓားပညာကပဲ အစွမ်း ထက်သလားဆိုတာ ငါကြည့်ချင်မိတယ်" လင်းဖန်က အေးစက်စွာ ဟစ်အော်လိုက်သည်။ သူ၏လက်ထဲရှိ ဓားသည် ချက်ချင်းပင် အစိမ်းရောင် အလင်းတန်းတခုကို ထုတ်လွတ်လိုက်သည်။ ထို့နောက် လေထဲတွင် အနှိုင်းမဲ့ ကြီးမားသော လေဓါးကြီးတစ်ခု ဖြစ်ပေါ်လာပြီး ဘိုင်ချီဟန်ဆီသို့ ခုတ်ပိုင်းလိုက်သည်။ တချိန်တည်းမှာပဲ၊ လေဟာနယ်တစ်ခုလုံးသည် ကွဲအက်သွားပုံရပြီး အဆုံးမဲ့လေထု သည်လည်း ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။

ချင်ယွင်နှင့် အခြားသူများသည် သူတို့ဆီသို့ ပြင်းထန်သော ဖိအားတစ်ခု တိုးဝင် လာသည်ကိုသာ ခံစားလိုက်ရပြီး ကြီးမားသော လေဓားကြီးကတော့ညလေထုထဲမှ ပြိုကျဆင်းလာသည်။

ထိုအချိန်တွင် ဘိုင်ချီဟန်သည်လည်း လှုပ်ရှားသွားသည်။ သူ၏လက်ထဲရှိ ဓားသည်လည်း အစိမ်းရောင်အလင်းတန်းတခုကို ထုတ်လွတ်နေသည်။ သို့သော် ဓားကိုခုတ်ပိုင်းလိုက်သောအခါ ပတ်ဝန်းကျင်ရှိ လေပြင်းများသည် ချက်ချင်းပင် ဖိသိပ်သွားခဲ့ပြီး နောက်ဆုံးတွင် ဧရာမနဂါးကြီးအဖြစ်သို့ အသွင်ပြောင်းသွားလေသည်။

ဧရာမနဂါးကြီးသည် ကောင်းကင်သို့ ခုန်တက်ကာ ကြီးမားသော လေဓါးသွားဆီသို့ ဦးတည်သွားခဲ့သည်။

အခန်း (၁၈၀) တကွက်တည်းဖြင့် ချက်ချင်း သတ်ဖြတ်ခြင်း။

ဘန်း။

ဧရာမနဂါးကြီးသည် လေလှိုင်းဓားများနှင့် တိုက်မိပြီး လေထုထဲတွင် တခဏချင်း ပေါက်ကွဲသွားခဲ့သည်။

ဆယ်မိုင်ပတ်လည် ဧရိယာတစ်ခုလုံးကို ကြီးမားသော မုန်တိုင်းကြီးတခုက ရိုက်ခတ် သွားခဲ့ပြီး ချက်ခြင်း ပေါက်ကွဲသွားသည်။

ဘိုင်ချီဟန်၏ ခန္ဓာကိုယ်သည် သူ၏ခန္ဓာကိုယ်ကို တည်ငြိမ်အောင် မထိန်းနိုင်ခင် အချိန်ထိ မီတာဒါဇင်များစွာအကွာတိုင် လွင့်ပျံထွက်သွားခဲ့ပြီး သူ၏ခန္ဓာကိုယ်ပေါ်မှာ သွေးစွန်းဒဏ်ရာများစွာ ကျန်ရစ်ခဲ့သည်။

သို့သော်လည်း လင်းဖန်၏အဖြစ်က ပို၍ပင်သနားစရာကောင်းသည်။ ကြောက်မက်ဖွယ်ရာ ပေါက်ကွဲမူက သူ့ကို တိုက်ရိုက် လွမ်းခြုံရိုက် ခတ်သွားခဲ့သည်။ သူ၏အဝတ်အစားများသည် ပေါက်ပြဲကုန်ပြီး သူ၏ခန္ဓာကိုယ်ကို လေဓားများဖြင့် ဖုံးလွှမ်းသွားခဲ့သည်။ သူ၏ ခန္ဓာ ကိုယ်ပေါ်ရှိ အရိုးများစွာသည် ကွဲအက်သွားပြီးသူသည် ကောင်းကင်ယံမှ ပြိုတ်ကျသွားသည် ။ သူသည် မလှုပ်နိုင်ဘဲ မြေကြီးပေါ်သို့ လဲကျသွားခဲ့သည်။

ဤတိုက်ပွဲအပြီးမှာ မည်သို့ပင်ကြည့်ကြည့် ညီသူအနိုင်ရသွားသည်ကို တွေ့နိုင်သည်။ နောက်ဆုံး အနိုင်ရသူကတော့ ဘိုင်ချီဟန်ဘဲဖြစ်ပါသည်။

"ဟမ့်၊ အသုံးမကျတဲ့ အမှိုက်ပဲ"

ဤအရာအားလုံးကို ဘေးမှနေကြည့်နေသော ဖန်းမန့်သည် လင်းဖန်၏ ရင်ဘတ်ကို လက်သီးတချက်ဖြင့် တိုက်ရိုက်ထိုးဖောက်လိုက်ပြီး လှပသည့် အစစ်အမှန် ကမ္ဘာကြီး ဆီသို့ လင်းဖန်ကိုတိုက်ရိုက် ပြန်ပို့လိုက်သည်။

ကျိုးယု၏ညီအစ်မဝမ်းကွဲ ၀မ်ယုယန်သည် သူမကိုထောက်ခံပေးမည့် လင်းဖန်မပါဘဲ ဖန်းမန့်အနားတွင် မရပ်ဝံ့သည့်အတွက် ကျိုးယု ဆီသို့ ပြေးသွားခဲ့သည်။

သို့သော် သူမ ဝေးဝေးမသွားမီတွင် သူမသည်သူမ၏ဘေးနားမှ ဖန်းမန့်၏ အေးစက်စွာ နှာခေါင်းရှုံ့သံကို ကြားလိုက်ရသည်။ ထို့နောက် တုတ်ရှည်တစ်ချောင်းက သူမ၏ ခေါင်းနောက်ဘက်သို့ (နောက်စေ့) ထိုးကျသွားသည်။ ထို့နောက် သူမ၏ မျက်လုံးများသည် မှေးမှိန်သွားခဲ့ပြီး သူမသည် မြေပြင်ပေါ်သို့ လဲကျကာ ပွဲချင်းပြီး သေဆုံးသွားခဲ့သည်။

န၀မအဆင့် ကောင်းကင်အလွှာ သိုင်းဂိုဏ်း ချုပ်အဆင့်ရှိ သနားစရာကောင်းသော ၀မ်ယုယန်သည် ဖန်းမန့်၏ရှေ့တွင် ထိုးနှက်ချက်တစ်ချက်ကိုပင် ခုခံနိုင်ပုံမပေါ်ပေ။

ဤမြင်ကွင်းကို မြင်လိုက်ရလျှင် ကျိုးယု၏ မျက်နှာသည် အလွန်အမင်း ညိုမဲသွားခဲ့သည်။ သူသည် ၀မ်ယုယန်ကို မကြိုက်သော်လည်း သူမသည် သူ၏ ဝမ်းကွဲညီမဖြစ်နေသေးသည်။ ထို့ကြောင့် ဖန်းမန့်သည် ထိုနေရာတွင်ပင် သူမကို လုပ်ကြံသတ်ဖြတ်လိုက်ခြင်းက သူ့အား အလွန်စိတ်မချမ်းသာစေခဲ့ပေ။

သို့သော်လည်း ကျိုးယုသည် မိုက်မဲသောလူမဟုတ်ပေ။ သူသည် ဖန်းမန့်၏ ပြိုင်ဘက်မဖြစ်နိုင်ဘူးဆိုသည်ကို သူသိသည်။ အကယ်၍ သူ‌ ရှေ့တက်သွားမည်ဆိုလျှင် သူသာ သေသွားလိမ့်မည်၊ ထို့ကြောင့် သူသည် သူ၏ အသက်ရှု‌လေကိုသာ ဖြည်းညှင်းစွာ ရူရှိုက်လိုက်ရသည်။

"မင်းတို့ တစ်ယောက်ပြီးတစ်ယောက် လာချင်လား။ ဒါမှမဟုတ် အတူတူလာချင် သလား"

ဖန်းမန့်သည် သူ၏တုတ်ကို မြေပြင်‌ပေါ်သို့တချက်ဆောင့်လိုက်ပြီးမြေပြင်တစ်ခုလုံး တုန်လှုပ်သွားခဲ့သည်။ သူ၏စူးရှသော မျက်လုံးတစ်စုံသည် ချင်ယွင်နှင့် အခြားလူများကို ဖြတ်ကြည့်လိုက်သည်။

"ငါ သွားလိုက်မယ်!" ချန်မင်ရှီသည် လူအုပ်ထဲမှ ထွက်လာရင်း သူမ၏ပြတ်သားသော အသံကထွက်ပေါ်လာသည်။

ချင်ယွင်သည် အလွန်အံ့သြသွားသည်။ "ချန်မင်ရှီက ဖန်းမန့်ကို တိုက်ခိုက်ဖို့ ထွက်လာရင် သူတို့မိုးကြိုး၀ိညာဥ်ဂိုဏ်းက နောက်ဆုံး အကျိုးကျေးဇူးတွေ ရသွားမှာကို သူမမကြောက်ဘူးလား။"

ဘိုင်ချီဟန်သည် ဒဏ်ရာရသွားခဲ့သော်လည်း မစိုးရိမ်ရပေ ။ တခဏလောက် အနားယူပြီးလျှင် သူပြန်တိုက်နိုင်မှာ သေချာသည်။ ချန်မင်ရှီသည် သူမ၏ ကိုယ်ပိုင်စွမ်းအားကို သူမကိုယ်တိုင် နားလည်ထားရမည်။

နောက်ဆုံးတွင် ချန်မင်ရှီသည် ဖန်းမန့်ကို အနိုင်ယူနိုင်ခဲ့လျှင်ပင် သူမသည် ချင်ယွင်နှင့်ဘိုင်ချီဟန်တို့ကို မည်ကဲ့သို့အနိုင်ယူနိုင်မည်နည်း။

ချင်ယွင်သည် ချန်မင်ရှီ၏ တွေးတောနေပုံကို နားမလည်သော်လည်း ချန်မင်ရှီကို တားဆီးရလောက်သည်အထိ ကြင်နာမှု မပြခဲ့ပေ။

ချန်မင်ရှီ ထွက်လာသည်ကိုမြင်လျှင် ဖန်းမန့်သည် ချန်မင်ရှီ၏ ကျင့်ကြားမှုအဆင့်ကို မမြင်နိုင်မှန်း သိလိုက်ရတဲ့အတွက် အံ့အားသင့်သွားပုံပေါ်သည်။

"မင်းရဲ့ ခွန်အားကို အပြည့်အ၀သုံးပြုပါ၊ မဟုတ်ရင် မင်းအနေနဲ့ သိုင်းတကွက် လှုပ်ရှားဖို့ အခွင့်အလမ်းတောင် ရှိလာမှာ မဟုတ်ဘူး။" ချန်မင်ရှီက ရိုးရိုးသားသား ပြောလိုက်သည် ။

ဤစကားများပြောသောအခါ လူတိုင်း အံ့ဩသွားကြသည်။

သိုင်းတကွက်လှုပ်ရှားဖို့ အခွင့်အရေးတောင် မရှိဘူးလား?

ဤအမျိုးသမီးသည် အမှန်တကယ်ကို သန်မာသည့်လူ ဖြစ်နေမလား။

ဖန်းမန့်သည် သူ၏မျက်ခုံးများကို တင်းတင်းကြပ်ကြပ် တွန့်ရှုံ့ထားသည်။ သူသည် မောက်မာမူကိုသာသိပုံရသော လင်းဖန်ကဲ့သို့ဦးနှောက်မဲ့ပြီး မိုက်မဲသူမဟုတ်ပေ။ တစ်ဖက် သားက မောက်မာစွာ ပြောဆိုဝံ့သည့်အတွက်၊ သူမသည် အလွန်အစွမ်းထက်သော နည်းလမ်းများကို ပိုင်ဆိုင်ထားရလိမ့်မည်။ ထိုကြောင့် သူသည် သတိထားခြင်းက ပိုကောင်းလိမ့်မည်။

"ကောင်းပြီလေ၊ မင်းမှာ ဒီလိုပြောနိုင်တဲ့ အင်အားမျိုး တကယ်ရှိလား ဒါမှမဟုတ် ကြွားလုံးထုတ်နေတာလား ငါကြည့်ချင်တယ်"

ဖန်းမန့်သည် ကျယ်လောင်စွာ မာန်သွင်းလိုက်သည် ။ သူ၏ခြေဖဝါးအောက်ရှိ မြေကြီးကို တစ်ချက်စောင့်နင်းလိုက်ပြီး မြေကြီးတစ်ခုလုံး သည် ချက်ချင်းပင် လူးလှိမ့်မြင့်တက်သွားသည်။ မြေဆီလွှာချောင်းများသည် လှိုင်းလုံးကြီးများကဲ့သို့ မြေပြင်မှ ထွက်ပေါ်လာသည်။ နောက်ဆုံးတွင် ဖန်းမန့်၏နောက်တွင် ပေတစ်ရာမြင့်သော ဧရာမကျောက်ရုပ်ထုတစ်ခုရှိသည်။

ကျောက်တုံးလူသား ထွက်ပေါ်လာသည်နှင့် တပြိုင်နက် ကြောက်မက်ဖွယ် ကောင်းသော အငွေ့အသက်သည် ကမ္ဘာတစ်ခုလုံးကို လွှမ်းခြုံသွားသည်။

ပေတစ်ရာမြင့်သော ကျောက်တုံးလူသားကြီးသည် ဖန်းမန့်၏နောက်တွင် ရပ်နေပြီး ဖန်းမန့်ကဲ့သို့ပင် သူ့လက်ထဲတွင်လည်း ကျောက်တုံးတုတ်ကြီးတစ်ချောင်းကို ကိုင်ထားသည်။

ချင်ယွင်နှင့် အခြားသူများသည် တောင်တစ်‌ တောင်ကဲ့သို့ ရှည်လျားကြီးမားသော ကျောက်တုံးလူကြီးအား ကြည့်လိုက်သောအခါ ထိတ်လန့်သွားကြသည်။

ဤအရာသည် ဖန်းမန့်၏ အဆုံးစွန်သော လှုပ်ရှားမှုတစ်ခုလား။

ဤအခိုက်အတန့်တွင်၊ ကျောက်တုံးလူကြီးမှ ထုတ်လွှတ်သော ပြင်းထန်သော အငွေ့အသက်သည် ပထမအဆင့် ကောင်းကင်အလွှာ သိုင်းမြို့စားအဆင့် ကျွမ်းကျင်သူတဦးထက် ပို၍ကြောက်စရာကောင်းသည် ။

ချန်မင်ရှီသည် အရပ်မြင့်မြင့် ကျောက်တုံးလူကြီးအား သူမ၏ မျက်လုံးများတွင် အနည်းငယ်မျှ ပြောင်းလဲသွားခြင်းမရှိဘဲ ကြည့်လိုက်သည်။

"ဒါက မြေကြီးစွမ်းရည်သဘောတရားရဲ့ ပဉ္စမအဆင့်ကို နားလည်ပြီးနောက် ငါဖန်တီးခဲ့ဖူးသမျှထဲမှာ အစွမ်းထက်ဆုံး သိုင်းကွက်တစ်ခုပဲ၊ အဲဒါကို မင်းခံယူနိုင်မလား ငါကြည့်ချင်မိတယ်။" ဖန်းမန့်က ဒေါသတကြီး ပြောလိုက်သည်။

ထိုစကားပြောပြီးနောက် သူ၏နောက်ရှိ ကျောက်တုံးလူကြီးသည် ကောင်းကင်ယံသို့

ခုန်တက်သွားခဲ့သည်။ သူ၏လက်ထဲရှိ ဧရာမကျောက်တုံးလူကြီးသည် တောင်ပြိုကျသလိုမျိုး ချန်မင်ရှီဆီကို တိုက်ရိုက် ထိုးဆင်းလာခဲ့သည်။

ချင်ယွင်နှင့် အခြားသူများ၏မျက်နှာများ သည် သိသိသာသာ ပြောင်းလဲသွားကြပြီး ချင်ယွင်သည် ရန်စီကျီနှင့်အခြားလူများကို ဘေးသို့ အလောတကြီး ဆွဲခေါ်လိုက်ရ၏။

ဧရာမကျောက်တုံးလူကြီးသည် ချက်ချင်းပင်ခုန်ဆင်းလာခဲ့ပြီး မြေပြင်ပေါ်တွင် အက်ကွဲကြီးတစ်ခုပေါ်လာသည်။ ဖုန်မှုန့်များသည် ထိတ်လန့်တုန်လှုပ်ဖွယ် လှိုင်းလုံးများကဲ့သို့ လွင့်ပျံသွားခဲ့ပြီး တဆက်တည်းရှိ သစ်ပင်များအားလုံးသည် ပြာများအဖြစ်သို့ ပြောင်းလဲသွားသည်။

ချန်မင်ရှီသည် ဤဖျက်ဆီးမှုစွမ်းအားရိုက်ခတ်မူဒဏ်ကို လွယ်လွယ်ကူကူ ရှောင်တိမ်းလိုက်ပြီး သူမသည် ပုံရိပ်ယောင်အဆင့်အဆင့်အဖြစ်သို့ ပြောင်းလဲသွားကာ ကျောက်တုံးလူကြီးပေါ်သို့ လျင်မြန်စွာ ပျံတက်သွားသည်။

ကျောက်တုံးလူကြီးသည် အော်ဟစ်ပြီး ချန်မင်ရှီကို ဖမ်းဆုပ်ဖို့ သူ၏လက်များကို ဆန့်ထုတ်လိုက်သည်။

သို့သော် ချန်မင်ရှီ၏ ရုပ်အသွင်ပြင်သည် အလွန်လျင်မြန်လှသည်။ သူမသည် ကျောက်တုံးလူကြီး၏ လက်ကြီးကို လွယ်လွယ်ကူကူ ရှောင်ထွက်သွားပြီး ကျောက်တုံးလူကြီး၏ ဦးခေါင်းဘေးတွင် အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။

" ကောင်းကင်မှာ ပျံသန်းနိုင်တာလား၊ ဒါဆို သူမကလည်း သိုင်းမြို့စားအဆင့် ကျွမ်းကျင်သူပေါ့ ။" ကျိုးယုသည် အံ့သြသွားသည်။

ချင်ယွင်သည်လည်း သူ၏စိတ်ထဲတွင် အံ့သြသွားသည်။ သူမသည် သိုင်းမြို့စားနယ်ပယ် ကျွမ်းကျင်သူတစ်ဦး ဖြစ်မည်ဟု သူခန့်မှန်းထားပြီး ဖြစ်သော်လည်း၊ ၎င်းကို သူ၏မျက်လုံးများဖြင့် ကိုယ်တိုင်မြင်လိုက်ရအချိန်လည်း အံ့အားသင့်နေဆဲ ဖြစ်သည်။

"ဘုန်း!"

ချန်မင်ရှီ၏ ရုတ်တရက် လေထဲသို့ ပျံသန်းသွားခြင်းကြောင့် လူတိုင်း ထိတ်လန့်သွာကြစဉ် ချန်မင်ရှီသည် ကျောက်တုံးလူကြီး၏ ဦးခေါင်းကို သူမ၏ လက်ဖဝါးဖြင့် တိုက်ရိုက် ရိုက်လိုက်သည်။

ထို့နောက် ထိတ်လန့်ဖွယ်ရာ မြင်ကွင်းတစ်ခု ဖြစ်ပွားခဲ့သည်။ ဧရာမကျောက်တုံး လူကြီး၏ ဦးခေါင်းသည် ချက်ချင်းပေါက်ကွဲသွားပြီး ပြာမှုန်ဖြစ်သွားသည်။

"ဘယ်လောက်တောင် ပြင်းထန်လိုက်တဲ့ လက်ဖဝါးရိုက်ချက်လဲ။" ချင်ယွင်သည် မျက်လုံးများကို မှေးကျဉ်းလိုက်သည်။

ဤ ချန်မင်ရှီ၏ စွမ်းအားသည် ကြောက်စရာကောင်းသည်ဟု ဆိုနိုင်သည်။ ဤကျောက်တုံးလူကြီး၏ ခန္ဓာကိုယ်ပေါ်ရှိ ကျောက်တုံးများသည် ရိုးရိုးရှင်းရှင်း စုပုံခြင်းမဟုတ်ဘဲ ဤကမ္ဘာမြေကြီး၏ မာကြောခြင်းစွမ်းရည် သဘောတရား၏ လျှို့ဝှက်ဆန်းကြယ်မှုများမှ ဖြစ်ပေါ်လာကြောင်းကို သိရှိထားရမည်ဖြစ်သည်။

နဝမအဆင့် ကောင်းကင်အလွှာ သိုင်းဂိုဏ်း ချုပ်ကျွမ်းကျင်သူတဦးသည် စွမ်းအားအပြည့်ဖြင့် တိုက်ခိုက်မည်ဆိုလျှင်ပင် ဦးခေါင်းခွံတစ်ခုလုံးကို လက်ဖဝါး တစ်ဖက်တည်းဖြင့် ဖြိုခွဲလိုက်ခြင်းကို မပြောနှင့် ကျောက်တုံးလူကြီး၏ခန္ဓာ ကိုယ်ပေါ်တွင် အပေါက်လေးတခုကိုတောင် ဖန်တီးနိုင်လိမ့်မည်မဟုတ်လေ။ ချန်မင်ရှီ၏ လက်ဖဝါးရိုက်ချက်သည် မည်မျှအထိ ကြောက်စရာကောင်းလဲဆိုသည်မှာ သိသာထင်ရှားလှသည်။

"ဟမ့်၊ ငါ့ကျောက်တုံးလူကြီးရဲ့ ဦးခေါင်းကို ဖြိုခွဲနိုင်ရုံနဲ့ အသုံးဝင်မယ်ထင်လား" ဖန်းမန့်က အေးစက်စွာ ဟစ်အော်လိုက်သည်။

ဦးခေါင်းမရှိသော ဧရာမကျောက်တုံးလူကြီးသည် အမှန်တကယ်ပင် တစ်ဖန် လှုပ်ရှားလာပြီး သူ၏ကြီးမားလှသော လက်ဖဝါးကို ဆန့်ထုတ်ကာ ချန်မင်ရှီဆီသို့ ရိုက်ချလိုက်သည်။

ဤမြင်ကွင်းကိုမြင်ရလျှင် ချန်မင်ရှီသည် အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။ သူမ၏လက်ထဲတွင် ဓားရှည်တစ်ချောင်း ပေါ်လာပြီး လေထုထဲကို ဟက်တက်ခွဲ လိုက်သည်။

ဓားအလင်းသည် ချက်ချင်းပင် ကောင်းကင်ကို ထိုးဖောက်ဝင်ရောက်လာသည်။

ကျောက်တုံးလူကြီး၏ လက်မောင်းသည် ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ကွဲကြေသွားကာ ဖြတ်တောက်မှုများသည်လည်း အလွန်သပ်ရပ်သည်။

"ဘာလဲ?" ထိုမြင်ကွင်းကို ပရိသတ်များက မြင်လိုက်သောအခါတွင် သူတို့၏ မေးရိုးများ ပြုတ်ကျလုနီးပါး တုန်လှုပ်သွားကြသည်။

ချန်မင်ရှီ၏လက်ထဲရှိ ဧရာမဓားကြီးကို စိုက်ကြည့်ရင်း ချင်ယွင်သည်လည်း အံ့သြသွားတယ်။

"ဒါက သေချာပေါက် အင်မော်တယ်အဆင့်ဓားပဲ!" ချင်ယွင် အံ့သြသွားသည်။

ထို့နောက် ချန်မင်ရှီသည် ဓားချက်ပေါင်းများစွာကို ချက်ချင်း ခုတ်ထစ်လိုက်သည်။ ကျောက်တုံးလူကြီး၏ ကြီးမားလှသော ခန္ဓာကိုယ်သည် ယခုအချိန်တွင် မရေမတွက်နိုင်သော အပိုင်း အစများအဖြစ်သို့ ပြောင်းလဲသွားသည်။ ထို့နောက် ပြိုကျပြီး မြေပြင်ပေါ်သို့ လဲကျသွားသည်။

ဖန်းမန့်သည် အနှိုင်းမဲ့ ထိတ်လန့်သွားသည်။ သူသိပ်သည်းထားသော ကျောက်တုံးလူကြီးကို ကြည့်လိုက်ရင်း တုန်လှုပ်ခြောက်ခြားပြီး စကားပင် မပြောနိုင်တော့ပေ။

သို့သော် ဤအခိုက်အတန့်တွင် အလင်းတန်းတစ်ခုက ဖြတ်ကျော်သွားခဲ့သည်။

သူ၏နောက်ကွယ်မှာ ရုတ်တရက် မယုံနိုင်စရာ ကောင်းလောက်အောင် ပေါ်လာသည့် ချန်မင်ရှီ ကို လှည့်ကြည့်လိုက်လျင် ဖန်းမန့်၏ သူငယ်အိမ်များသည် ချက်ချင်းပင် ထိတ်လန့်သွားခဲ့ရသည်။

ဖန်းမန့်သည် မြေပြင်ပေါ်သို့ လဲကျသွားပြီး လူတိုင်း၏အကြည့်အောက်မှ ပျောက်ကွယ်သွားသောအခါတွင် သူ၏စကားပင် မဆုံးသေးပေ။

“ကောင်း … အလွန် မြန်မြန်… မြန်မြန်…”

တစ်ဖက်မှ ကျိုးယု၊ ရန်စီချီ နှင့် အခြားသူများသည် အံသြသွားကြသည်။

သိုင်းမြို့စားအဆင့်ကျွမ်းကျင်သူတစ်ဦးကို ချက်ခြင်းသတ်ဖြတ်ဖို့ သိုင်းကွက်တစ်ကွက် တည်း၊ ဒါက ဘယ်လို စွမ်းအားမျိုးလဲ။

ချင်ယွင်သည်ပင် ဤမြင်ကွင်းကိုမြင်သောအခါ စကားမပြောနိုင်တော့။

ချန်မင်ရှီသည် အစကတည်းက သူ့ကိုလိမ်ညာခဲ့သည်ကို သူသိလိုက်ရသည်။ ဖန်းမန့်ကိုပင် ချက်ချင်းသတ်ဖြတ်နိုင်သည့် သူမ၏စွမ်းအားဖြင့် မဟာမိတ်အဖွဲ့တွင် ပါဝင်ရန် မည်သို့လိုအပ်နိုင်မည်နည်း။

ထိုအချိန်တွင် ချန်မင်ရှီသည် ဖန်းမန့်ဆီမှ ပြုတ်ကျကျန်ခဲ့သော တံဆိပ်ပြားများကို ကြည့်ပင်မကြည့်ခဲ့ပေ။ ယင်းအစား သူမက ချင်ယွင်ဘက်သို့လှည့်ပြီး ပြောလိုက်သည် "အခု ငါတို့ တိုက်ခိုက်ရမယ့် အလှည့်ပဲ။

သူမ၏အသံသည် တိုက်ခိုက်လိုသည့် စိတ်ဆန္ဒများဖြင့် ပြည့်နှက်နေလေသည်။

စာစဉ် (၁၂) ပြီးပါပြီ။

ဘာသာပြန်သူ နေဇင်။

All Chapters