အခန်း (၁၈၁-၁၈၅)
Vol. 13 Ch. 181-185
အခန်း (၁၈၁) အစစ်အမှန်ကိုယ်ခန္ဓာကိုထုတ်ပြခြင်း။
ချင်ယွင်သည် တိုက်ခိုက်လိုစိတ်များဖြင့် ပြည့်နှက်နေသော ချန်မင်ရှီကို ကြည့်ကာ အကူအညီမဲ့သွားသလို ခံစားရသည်။
သူ၏ရှေ့မှာရှိနေသော ဤအမျိုးသမီးသည် ပထမအဆင့် ကောင်းကင်အလွှာ သိုင်းမြို့စားနယ်ပယ်သို့ ရောက်ရှိနေရုံသာမက သူမ၏လက်ထဲတွင် အင်မော်တယ် အဆင့် ဓားတစ်လက်လည်း ရှိနေသည်။ သူမ အသုံးမပြုရသေးသော ဓားဆန္ဒအပြင်၊ သူမ၏ ခွန်အားသည် ပုံမှန်မဟုတ်ဟု ဆိုနိုင်သည်။
သို့သော် သူသည် သိုင်းဂိုဏ်းချုပ်နယ်ပယ်၏ ပဉ္စမအဆင့် ကောင်းကင်အလွှာ အထွတ်အထိပ်တွင်သာ ရှိသေးသည်။ သူသည် သိုင်းမြို့စားတစ်ပိုင်းအဆင့် ကျွမ်းကျင်သူကို အနိုင်ယူနိုင်ခဲ့ရခြင်း၏ အကြောင်းအရင်းမှာ သူ၏ အစွမ်းထက်သော ရုပ်ခန္ဓာကိုယ်နှင့် အဆုံးမရှိသော နည်းလမ်းများကြောင့် ဖြစ်သည်။
သို့သော် ချန်မင်ရှီနှင့်ရင်ဆိုင်ရသောအခါ၊ ချင်ယွင်သည် သူ၏ အနက်ရောင်ဝတ်ရုံ၀တ် ကိုယ်ပွားကို အသုံးမပြုပါက အနိုင်ရရန်အခွင့်အရေး မရှိပေ။ သို့သော် ကျွမ်းကျင်သူ အများပြားသည် ဤကမ္ဘာငယ်လေးကို အနီးကပ် စောင့်ကြည့်နေပြီ ဖြစ်သည်။
ချင်ယွင်နှင့် တခြားလူများလုပ်သမျှသည် သိုင်းမြို့စားဘိုင်ယွန်နှင့် အပြင်ဘက်ရှိ အကြီးအကဲများ၏ အာရုံစိုက်မှုအောက်တွင် ရှိနေကြသည်။ တစ်နည်းဆိုရသော် ချင်ယွင်သည် သူ၏အနက်ရောင်ဝတ်ရုံ၀တ်ကိုယ်ပွားကို အသုံးပြုလိုက်သည်နှင့် သူ့ကိုယ်ပွား၏ လျှို့ဝှက်ချက်များကို ဖော်ထုတ်ခံရနိုင်မည်ဖြစ်သည်။ ဤအရာသည် ချင်ယွင် မမြင်ချင်သည့်အရာဖြစ်သည်။
သို့သော် တိုက်ခိုက်ခြင်းမရှိဘဲ နောက်ဆုတ်လိုက်ရမည်ဆိုလျှင်လည်း ချင်ယွင်သည် ယင်းသို့လုပ်ဆောင်ရန် အလွန်အမင်း ဆန္ဒမရှိပေ။
"ဟားဟား၊ ကောင်လေး၊ မင်းရဲ့ပြိုင်ဘက်ကို တွေ့နေရပြီလား။"
ချင်ယွင်သည် အကျပ်ရိုက်နေသကဲ့သို့ ဖြစ်နေစဉ် ရှေးဟောင်းတာအို၏အသံသည် ချင်ယွင်၏စိတ်ထဲတွင် ထွက်ပေါ်လာသည်။
ချင်ယွင်သည် စိတ်ဓာတ်ကျသွားသည်။ ဤအချိန်ကြီးကျမှ ရှေးဟောင်းတာအို ဆရာသခင်က အဘယ့်ကြောင့် ထွက်လာရသနည်း။ ကောင်းမွန်သည့် အဖြေတစ်ခု ရှိနေလို့များလား။ သို့သော် သူမမေးမီ ရှေးဟောင်းတာအိုဆရာသခင်၏ ကျယ်လောင် စွာ ကျိန်ဆဲသံကို အရင်ကြားလိုက်ရသည်။
"မင်းဟာလေ သုံးစားမရတဲ့ ကောင်စုတ်လေးပဲ။ မင်းမှာ တိုက်ခိုက်ဖို့ ခွန်အားရှိမှတော့ ဘာလို့ ဝှက်ထားမှာလဲ။ မင်းရဲ့ကိုယ်ပွားကို ရှာတွေ့သွားတယ်ဆိုရင်ရော ဘာဖြစ်လဲ ကွာ၊ မင်းရဲ့ ဝှက်ဖဲတွေအားလုံးကို မင်းသုံးလိုက်ရတယ်ဆိုရင်ရော ဘာဖြစ်လဲ။ မင်းရဲ့ ကျင့်ကြံခြင်းလမ်းစဉ်ဟာ ကြောက်ရွံ့ခြင်း ကင်းသင့်တယ်။ တကယ်လို့ မင်းသာ အလွန်စိုးရိမ်ကြောင့်ကြနေမယ်ဆိုရင် တော်၀င်တာအိုကို မင်း ဘယ်လိုလုပ် အောင်မြင်နိုင်ပါ့မလဲ။ မင်းက အရမ်းကြောက်နေတာလား?" ရှေးဟောင်းတာအို ဆရာသခင် ကျိန်ဆဲလိုက်သည်။
ချင်ယွင်သည် ရှေးဟောင်းတာအိုဆရာသခင်၏ ရုတ်တရက် ပြစ်တင်ရှုတ်ချခြင်းကို ခံခဲ့ရပြီး သင်္ခန်းစာပို့ချနေစဉ် စကားပင် မပြောနိုင်ပေ။
သို့သော် သူ၏စိတ်ထဲတွင်လည်း တွေးတောနေမိတော့သည်။
"ဆရာသခင်ပြောတာ မှန်တယ်၊ ငါ့ရဲ့ကိုယ်ပွားကို ဖော်ထုတ်လိုက်ရင်ရော ဘာဖြစ်သွား မှာလဲ။ ငါ့ရဲ့ကိုယ်ရေးအချက်အလက်အစစ်အမှန်ကို ငါ ထုတ်ဖော်ပြလိုက်ရင်ရော ဘာဖြစ်လဲ။ လင်းဖန်က ငါ့ကို ရှာတွေ့သွားမှာ စိုးရိမ်နေတာလား။ ငါက သူ့ကို ဘာလို့ ကြောက်နေရမှာလဲ? သူ့ရဲ့နောက်ကွယ်က သိုင်းမြို့စားဘိုင်ယွန်က ကျိုးကြောင်း ဆီလျော်မူကင်းမဲ့ပြီး အကြောင်းပြချက်မရှိဘဲ ငါ့ကိုသတ်မယ်ဆိုရင်ရော ဘာဖြစ်လဲ။ ငါက အင်မော်တယ်ဧကရာဇ်တစ်ပါးရဲ့ သားတော်တစ်ယောက်ပဲလေ။ အရင်တုန်းက ဆို ငါက အစစ်အမှန် အင်အင်မော်တယ်နယ်ပယ်ကိုတောင် ရောက်ခဲ့တယ်။ နဝမအဆင့် အထွတ်အထိပ် ကောင်းကင်အလွှာ သိုင်းမြို့စားအဆင့် ကျွမ်းကျင်သူတဦးကို ဘယ်တုန်းစပြီး ကြောက်ရွံ့သွားရတာလဲ။"
ချင်ယွင်သည် သူ့ကိုယ်သူ ရေရွတ်လိုက်သည်။ အချိန်ကြာလာသည်နှင့်အမျှ တစ်ချိန်လုံး ချုပ်တည်းထားသော မောက်မာမှုများက ချင်ယွင်ဆီသို့ တဖြည်းဖြည်း ပြန်ရောက်လာသည်။ ချင်ယွင်၏ပိုင်ဆိုင်ခဲ့ဖူးသည့် တစ်ခုတည်းသောဖိအားက ချက်ချင်းပဲ မြေပြင်တစ်ခုလုံးကို လွှမ်းခြုံသွားခဲ့သည်။
ချင်ယွင်၏နောက်မှာရှိနေသော၊ ကျိုးယု၊ ဘိုင်ချီဟန်နှင့်တခြားသူများ၏ ခန္ဓာကိုယ်များ သည် ချင်ယွင်ကို ထိတ်လန့်တကြားကြည့်ရင်း တုန်တုန်ယင်ယင် ဖြစ်နေကြသည်။
ချင်ယွင်၏ စိတ်နေစိတ်ထား ပြောင်းလဲသွားမှုကို သူတို့ ခံစားနိုင်သည်။ ယင်းက ဖော်ပြလို့ မရနိုင်သော်လည်း သူတို့ကို ဦးညွတ်ပြီးဂါရဝပြုစေလိုသည့် ခံစားမူမျိုးကို ဖြစ်ပေါ်စေပြီး ပြင်းထန်သော ဖိနှိပ်ချုပ်ချယ်နိုင်စွမ်းရှိသည့် ခံစားမှုတစ်ခု ဖြစ်သည်။ ဤပြင်းထန်သောဖိနှိပ်ချုပ်ချယ်ခံစားချက်သည် သူတို့၏ကိုယ်ခန္ဓာမှ မဟုတ်ဘဲ သူတို့၏ စိတ်နှလုံးသားမှ ဆင်းသက်လာခြင်းဖြစ်သည်။
"မင်း နောက်ဆုံးတော့ လှုပ်ရှားဖို့ ဆန္ဒရှိပြီလား" ချန်မင်ရှီက ပြောသည်။ သူမ၏ မျက်နှာကို ဖုံးအုပ်ထားသော်လည်း ချင်ယွင်သည် သူမ၏ စကားများမှ ပြုံးရယ်ဟန်ကို ကြားနေရသည်။
"မင်းသိပြီးသားလား?" ချင်ယွင်သည် အနည်းငယ် အံ့သြသွားသည်။
"ငါ့မှာ အရာအားလုံးကို ထိုးဖောက်နိုင်တဲ့ ရတနာတစ်ခုရှိတယ်။" ချန်မင်ရှီက အမှန်အတိုင်းဖြေသည်။
ချင်ယွင်သည် ရုတ်တရက် သိလိုက်ပြီး ကျယ်ကျယ်လောင်လောင် ရယ်လိုက်သည် "ဒီလိုဆိုမှတော့ ငါလည်း ဘာမှ ဖုံးကွယ်စရာ မလိုတော့ဘူးပေါ့။ ကောင်းကောင်း တိုက်ခိုက်ကြရအောင်"
ထိုသို့ပြောပြီးနောက် ချင်ယွင်သည် ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်ပြီး သူ၏ရုပ်ရည်နှင့် အသွင်အပြင်က ပြောင်းလဲလာသည်။ သူ၏ မွေးရာပါ မောက်မာမှုသည် ချက်ချင်းပင် ပို၍ သိပ်သည်းပြင်းထန်လာသည်။
ဤအခိုက်အတန့်တွင် ချင်ယွင်သည် သူ၏မူလအသွင်အပြင်နှင့် စိတ်နေသဘောထားသို့ ပြန်လည်ရောက်ရှိသွားကာ အင်မော်တယ်ဧကရာဇ်တစ်ပါး၏ သားတော် ချင်ယွင်အစစ် ဖြစ်လာသည်။
ဤမြင်ကွင်းကိုမြင်ရလျှင် ကျိုးယုနှင့် ဘိုင်ချီဟန် နှစ်ယောက်လုံးသည် ထိတ်လန့်သွား
သည်။ လင်းယွင်သည် အမှန်တကယ် ချင်ယွင်ဖြစ်လိမ့်မည်ဟု သူတို့ မထင်ခဲ့ပေ။
ဘေးမှာရပ်နေသည့် ရန်စီချီသည် ထိတ်လန့်သွားပြီး သူမ၏မျက်လုံးများသည် ချက်ချင်းနီရဲလာသည့်။
ဤအခိုက်အတန့်တွင် သူမရှေ့မှ ဤလူငယ်လေးသည် အဘယ်ကြောင့် ချစ်ခြင်းမေတ္တာနှင့် အပြစ်ရှိသည့်ခံစားချက်များ ရောပြွမ်းနေသည့် အကြည့်များဖြင့် ကြည့်နေခဲ့သည်ကို သူမ နားလည်လာခဲ့သည်။
ကြည့်ရသည်မှာ ဤလူငယ်သည် သူမတစ်ချိန်လုံး လွမ်းဆွတ်နေသည့်တစ်ယောက် ဖြစ်ပုံရသည်။ ဤလူငယ်သည် သူမခန္ဓာကိုယ်ကို ကြည့်ဖူးသူ၊ သူမပျော်ရွှင်စေရန် အသားကင်အသားကို အသုံးပြုခဲ့ဖူးသူ၊ သူမမိခင်၏ရောဂါကို ကုသပေးခဲ့သူဖြစ်ပြီး၊ သေချာသည်မှာ ဤလူငယ်သည် သူမအပျိုစင်ဘဝကိုပထမဆုံးအကြိမ်အဖြစ် ယူဆောင်သွားခဲ့သော မုန်းတီးစရာကောင်းသည့် အကောင်ဖြစ်သည်။
ထိုနေ့တုန်းက ချင်ယွင်သည် သူမ၏အပျိုစင်ဘ၀ကို ပထမဆုံးအကြိမ်အဖြစ် သိမ်းပိုက်သွားသောကြောင့် ရန်စီချီ၏နှလုံးတွင် ထိတ်လန့်သွားခဲ့ပြီး သူမသည် နှုတ်မဆက်ဘဲ ထွက်ခွာသွားခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း သူမထွက်သွားသည့်အခိုက်အတန့်ကို သူမ နောင်တရခဲ့သည်။
သူမသည် ချင်ယွင်၏အကြောင်းကို နေ့ရောညပါ စတင်တွေးတောကာ အတူရှိခဲ့ဖူးသော အပိုင်းအစများကို သတိရလာသည်။ ပြန်ဆုံတွေ့ကြမည့် မြင်ကွင်းမျိုးကို အကြိမ်ပေါင်း မရေမတွက်နိုင်အောင် သူမတွေးပြီးတိုင်း သူမသည် မျက်ရည်များဝဲကာ ပြုံးပျော်ရင်းအိပ်ပျော်သွားတတ်သည်။
ယခု သူမရှေ့တွင် ချင်ယွင်ပေါ်လာသည်ကို သူမမြင်လိုက်ရလျှင်၊ သူ၏ ချောမောသောမျက်နှာသည် ယခင်အတိုင်းပင်ဖြစ်ပြီး ရင်းနှီးပြီး ပြတ်သားနေဆဲပင်။ သူမ သူ့အပေါ်လွမ်းဆွတ်မူကို မထိန်းနိုင်ဘဲ မျက်ရည်များကျလာသည်။
သေချာသည်မှာ၊ စိတ်လှုပ်ရှားနေသူက ရန်စီချီတစ်ယောက်တည်းတင် မဟုတ်ပါဘူး။ ချင်ယင်သည် သူ၏ကိုယ်ခန္ဓာအစစ်အမှန်ကို ထုတ်ဖော်ပြသလိုက်သည့်အခိုက်မှာ မိုးကြိုး၀ိညာဥ်ဂိုဏ်း၏ တော်ဝင်အကြီးအကဲ ရှင်းယွန်သည်လည်း စိတ်လှုပ်ရှားစွာဖြင့် ထိုင်ခုံပေါ်မှာ ထခုန်လိုက်ပြီး "ငါ မင်းကို ပြောဖူးပါတယ်။ မင်းကို ဘာလို့ ဒီလောက်ရင်းနှီးနေရလဲဆိုတာကို? မင်းတို့နှစ်ယောက်က အတူတူပဲကို! ဟား။ “
သူ၏အနီးနားရှိ အခြားဂိုဏ်းများ၏ အကြီးအကဲများသည် မိုးကြိုး၀ိညာဥ်ဂိုဏ်း၏ တော်ဝင်အကြီးအကဲအား ထူးဆန်းသော မျက်လုံးများဖြင့် ကြည့်နေကြသည်။ သူသည် အဘယ့်ကြောင့် အရမ်းစိတ်လှုပ်ရှားနေရလဲဆိုသည်ကို သူတို့နားမလည်ကြပါဘူး။ ဤလင်းယွင်၏အသွင်အပြင်သည် ထူးခြားမှုတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခြင်းကြောင့်များ ဖြစ်နိုင်ပါသလား။ သိုင်းမြို့စားဘိုင်ယွန်သည်ပင်လျှင် ရှင်းယွန်ကို သံသယဖြစ်ဖွယ် ကြည့်ဟန်ဖြင့် ကြည့်လိုက်သည်။
ရှင်းယွန်သည် အခြားသူများ၏ အံ့အားသင့်နေသော အကြည့်များကို မည်သို့ ဂရုစိုက်နိုင်မည်နည်း။ ဤအချိန်မှာ သူသည် စိတ်လှုပ်ရှားလွန်းနေပြီး စကားပင် မပြောနိုင်တော့ပေ။
သူသည် ချင်ယွင်အတွက် အမြဲတမ်း မျှော်လင့်ချက် ကြီးကြီးမားမား ရှိခဲ့သည်။ သိုင်းဂိုဏ်ချုပ်နယ်ပယ်ဖြင့် ဒြပ်စင်သုံးပါး ကောင်းကင်ကပ်ဘေးဒုက္ခကို ဖြတ်ကျော်နိုင်
သူသည် ကြောက်မက်ဖွယ်ကောင်းသော မွန်းစတားတစ်ကောင် ဖြစ်ကြောင်း အမြဲလိုလို သူခံစားမိသည်။ တစ်ချိန်တည်းမှာပင် လင်းယွင် ၏ စွမ်းဆောင်မှုက သူ့ကို အလွန်ကျေနပ်စေခဲ့သည်။ ယခုတော့ သူတို့နှစ်ဦးသည် အမှန်တကယ်ပင် တစ်ဦးတည်းဖြစ်နေကြောင်း သူသိလိုက်ရမှတော့ သူသည် မည်ကဲ့သို့ စိတ်မလှုပ်ရှား ဘဲ နေနိုင်မည်နည်း။
ပျော်ရွှင်နေသူအချို့ရှိကြသလို မနာလိုသူအချို့လည်းရှိခဲ့ကြသည်။လင်းထျန်ဂိုဏ်းမှ တော်ဝင် အကြီးအကဲ ဆန်ယုယွမ်သည် ချက်ချင်းပင် သူ၏ မျက်လုံးများကို မှေးကျဉ်း လိုက်သည်။ သူသည် ထိုနေ့တုန်းက တိုင်ယွန်တောင်တန်းတွင် သူ၏လက်ထဲမှ အသက်သစ်သီးကို လုယူခဲ့သော ချင်ယွင်ကို အမှတ်ရမိသွားသည်။ ယင်းက သူ၏ မျက်လုံးများထဲတွင် သတ်ပစ်လိုသည့်ဆန္ဒကို ဖြစ်ပေါ်စေခဲ့သည်။
ဟုတ်ပါသည်၊ လင်းဖန်ကတော့ အဆိုးဆုံးဖြစ်သည်။ လင်းယွင်သာ် ချင်ယွင်အဖြစ်သို့ ပြောင်းလဲသွားသည်ကို မြင်လိုက်သည့်အခိုက်တွင်၊ သူသည် သွေးများကိုပင် ပါးစပ်ထဲမှထွေးထုတ်လိုက်ရကာ ပြင်းထန်သော သတ်ဖြတ်လိုသည့်စိတ်ဆန္ဒတစ်ခုက သူ၏နှလုံးသားထဲသို့ တိုးဝင်လာခဲ့သည်။
တိုင်ယွန်တောင်တန်းမှာတုန်းက လင်းယွင်အဖြစ်ဖြင့် သူ့ကို တစ်ကြိမ် အရှက်ခွဲခဲ့ပြီး နောက်ဆုံးအကြိမ် ဘိုင်ယွန်မြို့တော်အပြင်က တောအုပ်ထဲမှာ ချင်ယွင်အဖြစ်ဖြင့် သူ့ကို ထပ်ပြီး အရှက်ခွဲခဲ့သည်။ ဤအရှက်တရားနှစ်ခုသည် လင်းဖန်၏ အတွင်းနတ်ဆိုးများအဖြစ်သာ ဖြစ်လာခဲ့သော်လည်း ယခုအခါတွင် လင်းယွင်သည် ချင်ယွင်ဖြစ်ကြောင်း အမှန်တကယ်သိရှိလာသောအခါ သူသည် လုံးဝကစားခံရ သကဲ့သို့ ခံစားလာရသည်။
ပို၍ပင်မုန်းတီစရာကောင်းသည်မှာ ဤကောင်က ရန်စီချီကို လုယူသွားပုံရသည်။ ကောင်းကင်ယံရှိ လှပသော မြင်ကွင်းများမှတဆင့် ရန်စီချီ ငိုကြွေးသံကို ရှင်းရှင်း လင်းလင်း မြင်နိုင်သည်။ ယင်းက သူ့ကို ယခင်ကထက် ပို၍ပင် ဒေါသထွက်စေသည်။
"ချင်ယွင် ၊ ငါ့ကိုစောင့်နေပါ။ ငါလင်းဖန်က ဒီအတွက် လက်စားမချေရရင် ငါ လူမဟုတ်ဘူးလို့ ကတိပေးတယ်။" လင်းဖန်သည် အံတင်းတင်းကြိတ်ကာ နောက်ပြန် မလှည့်ဘဲ ထွက်သွားခဲ့သည် ။
ချင်ယွင်သည် သူ၏ကိုယ်ခန္ဓာအစစ်အမှန်ကို ထုတ်ဖော်ပြသခြင်းသည် လူအချို့၏ နှလုံးသားတွင် ကြီးမားသောလှိုင်းဂယက်ရိုက် ခတ်မူကို ဖြစ်ပေါ်စေမည်ကို သိသော်လည်း ယခုအချိန်တွင် စိတ်ပြေလျော့မှုကို ခံစားလိုက်ရသောကြောင့် သူ ဂရုမစိုက်တော့ပေ။
"မင်းရဲ့ရုပ်ရည်အသွင်ကို ပြန်လည်ပြောင်းလိုက်တော့ရော ဘာလုပ်ရမှာလဲ၊ မင်းရဲ့အစစ် အမှန်ခွန်အားကို ပြပါ" ချန်မင်ရှီက ခပ်တည်တည်ဖြင့် ပြောလိုက်သည် ။
"ကောင်းပြီ!" ချင်ယွင်က ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။ အတွေးတစ်ချက်ဖြင့် သူနှင့် ထပ်တူကျသော်လည်း အနက်ရောင်ဝတ်ရုံ ၀တ်ထားသည့်ချင်ယွင်သည် သူ၏ ဘေးတွင် ပေါ်လာသည်။
အနက်ရောင်ဝတ်ရုံ၀တ်ချင်ယွင် ပေါ်လာသည်နှင့် တပြိုင်နက် စင်မြင့်ပေါ်ရှိ ပရိသတ်များအားလုံးသည် မျက်လုံးများ ပြူးကျယ်သွားကာ အံ့အားသင့်သော အမူအရာများကို ထုတ်ဖော်ခဲ့ကြသည်။
ဒါက ပုံရိပ်ယောင်တခုများ ဖြစ်မလား။
ဘာကြောင့် ရုတ်တရက် လူနှစ်ယောက် ဖြစ်သွားရတာလဲ။
တော်ဝင် အကြီးအကဲများသည်လည်း အံ့အားသင့်သည့် အမူအရာများကို ထုတ်ဖော်ခဲ့ကြသည်။ သိုင်းမြို့စားဘိုင်ယွန်၏ မျက်လုံးများသည်ပင် နားမလည် နိုင်သော အရိပ်အယောင်များဖြင့် တောက်ပနေသည်။
ချန်မင်ရှီသည် အနက်ရောင်၀တ်ရုံ၀တ် ချင်ယွင် ရုတ်တရက် ပေါ်လာသည်ကို တွေ့လိုက်ရသောအခါ သူမ၏ မျက်လုံးများသည် အံ့သြသွားသည် ။ သူမက ပြောလိုက်သည် "စိတ်ဝင် စားဖို့ကောင်းတယ်။"
ချင်ယွင်သည် သူ၏နောက်ကျောတွင် လက်နှစ်ဖက်ပစ်ကာ ရပ်နေသည်။ သူ၏၀တ်ရုံများသည် တစ်ယောက်အဖြူ တစ်ယောက်ကအမည်းဖြစ်ပြီး သူတို့၏ နှုတ်ခမ်းထောင့်စွန်းများမှာလည်း အပြုံးများဖြင့် ပြည့်နှက်နေသည်။ သူ၏ပုံစံ တော်တော်လေး လျှို့ဝှက်ဆန်းကြယ်နေပုံရသည်။
အခန်း (၁၈၂) လူဝင်စားအင်မော်တယ်။
"မင်းရဲ့ကိုယ်ပွားနဲ့ပတ်သက်ပြီး ဘယ်လောက်အစွမ်းထက်လဲဆိုတာ ငါကြည့်ပါရစေ။ "ချန်မင်ရှီသည် တိုးညှင်းစွာ အော်လိုက်ပြီး သူမလက်ထဲရှိ ကောင်းကင်ဓားက အစိမ်းရောင်အလင်းလွှာဖြင့် ချက်ချင်း ဖုံးလွှမ်းသွားခဲ့သည်။ ထို့နောက် ချောမောလှပသော သူမခန္ဓာကိုယ်သည် ချက်ချင်းပင် အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး တဟုန်ထိုး ပြေးထွက်သွားသည်။
အနက်ရောင်ဝတ်ရုံ၀တ် ချင်ယွင်သည် လက်သီးများကို တင်းတင်းကြပ်ကြပ် ဆုပ်ထားသည်။ သူ၏လက်ထဲရှိ လေထုသည် ချက်ချင်း ကြေမွပြီး ပေါက်ကွဲသွားကာ ကျယ်လောင်သည့် ပေါက်ကွဲသံကို ဖြစ်ပေါ်စေသည်။ ထို့နောက် လေးညှို့မှ ထွက်သွားသော မြှားတစ်စင်းကဲ့သို့ ပစ်လွှတ်လိုက်လေသည်။
ထို့နောက်တွင် အနက်ရောင်ဝတ်ရုံချင်ယွင်သည် လက်ဗလာဖြင့် အင်မော်တယ်ဓားကို
ကိုင်ဆောင်ထားသည့် ချန်မင်ရှီနှင့် တိုက်ခိုက်နေသည်ကို လူတိုင်းတွေ့လိုက်ရသည်။
အနက်ရောင်ဝတ်ရုံ၀တ်ချင်ယွင်၏ ခန္ဓာကိုယ်သည် ပြိုင်ဘက်ကင်းဖြစ်သော်လည်း အင်မော်တယ်ဓားကိုတော့ ထိပ်တိုက် ရင်မဆိုင်ဝံ့သေးပေ။
တိုက်ခိုက်ရင်းမှတဆင့် ချင်ယွင်သည် ချန်မင်ရှီ၏ ကျင့်ကြံမှုအဆင့်သည် သိုင်းမြို့စား နယ်ပယ် ပထမအဆင့် ကောင်းကင်အလွှာအထွက်အထိပ်သို့ ရောက်ရှိနေကြောင်း အကြမ်းဖျင်း နားလည်ခဲ့သည်။ ထို့အပြင်၊ သူမ၏လက်ထဲတွင်ရှိသော အင်မော်တယ်
ဓားသည် ဒုတိယအဆင့် ကောင်းကင်အလွှာ သိုင်းမြို့စားအဆင့် ကျွမ်းကျင်သူအချို့နှင့် ယှဉ်ပြိုင်နိုင်သည်။ ထို့ကြောင့် အနက်ရောင်ဝတ်ရုံ၀တ် ချင်ယွင်နှင့် သူမတို့သည် ခွဲခြားလို့မရသည့် ချိတ်ဆက်မူအချို့ရှိ နေကြသည်။ (အင်မော်တယ်ကမ္ဘာမှ ရောက်လာတာခြင်း ဆက်စပ်မူကိုဆိုလိုဟန်)
ချင်ယွင်၏ လက်သီးချက်သည် အစစ်အမှန်နဂါး ဟိန်းသံကဲ့သို့ တဟူးဟူးတိုက်ခိုက်နေ သည်။ သူသည် ချန်မင်ရှီ၏ဓားကို လက်သီးဖြင့်ထိုးလိုက်ပြီး သူမကို လွင့်ပျံသွားစေကာ
ပတ်ဝန်းကျင်နေရာတခုလုံးသည်ပင် တုန်ခါသွားသည်။
လေထဲတွင်ရှိနေသည့် ချန်မင်ရှီသည် သူမ၏ ဓားဖြင့် တိုက်ရိုက်ခုတ်ပိုင်းလိုက်သည်။ ကြီးမားလှသောဓားအလင်းတန်းကြီးသည် ချင်ယွင်ဆီသို့ ပျံသန်းလာစဉ် ကောင်းကင်ယံကို ဖြတ်သွားပုံရသည်။ ချင်ယွင်၏ခြေထောက်အောက်တွင် အနက်ရောင်လျှပ်စီးကြောင်များ လင်းလက်သွားပြီး ဘေးဘက်သို့ အလျင်အမြန် ရှောင်ထွက်သွားသည်။
ဓားအလင်းတန်းသည် တခဏအတွင်း ကျဆင်းလာခဲ့ပြီး မြေပြင်တစ်ခုလုံးကို နှစ်ခြမ်းခွဲကာ အရှည်ပေတစ်ရာနှင့် ပေသုံးဆယ်အနက်ရှိသော ကြောက်မက်ဖွယ် အက်ကွဲကြောင်းတစ်ခု ကျန်ရစ်ခဲ့သည်။
ကျိုးယု၊ ရန်စီချီ နှင့် အခြားသူများသည် ဤမြင်ကွင်းကိုမြင်သောအခါ ရင်မောသွား ကြသည်။
ဤသည်မှာ ပေါ့ပေါ့ပါးပါး ဓားခုန်ပိုင်းခြင်း တခုမျှသာဖြစ်သော်လည်း ထိုမျှလောက်သော စွမ်းအားကို အမှန်တကယ် ပိုင်ဆိုင်ထားသည်။ ပန်းတစ်ရာဂိုဏ်း တွင် ဤမျှထိတ်လန့်စရာကောင်းသော ပါရမီရှင်တစ်ဦး ရုတ်တရက် မည်သို့ ရှိလာနိုင်သနည်း။
အပြင်ဘက်ရှိ အဆင့်မြင့်စင်မြင့်ပေါ်တွင် ပန်းတစ်ရာဂိုဏ်း အကြီးအကဲ ရှီကျင်းရီသည် ဗိမာန်တော်အတွင်း မတ်မတ်ထိုင်နေသော ဗုဒ္ဓရုပ်ပွားတော်နှင့်တူသည်။ သူမ၏မျက်နှာက အပြုံးမပျက်ပေ။ အသက်လေးဆယ်အရွယ် သူမ၏မျက်နှာသည် ဖြူစင်လှပနေသေးသည်။
"အကြီးအကဲ ရှီ၊ ဂုဏ်ယူပါတယ်။ မင်းဂိုဏ်းက တကယ်ပဲ ဉာဏ်ရည်ထက်မြက်တဲ့ ပါရမီရှင်တစ်ဦးကို မွေးထုတ်ပေးခဲ့တယ်။ အင်မော်တယ်အဆင့်ဓားကို လက်ထဲမှာ ကိုင်ထားတဲ့ မင်းရဲ့ပန်းတစ်ရာဂိုဏ်းက ဒီတစ်ကြိမ် ချန်ပီယံဖြစ်မှာကို ငါကြောက်မိ တယ်။" လင်းထျန်ဂိုဏ်းမှ တော်ဝင် အကြီးအကဲ ဆန်ယုယွမ်သည် ပန်းတရာဂိုဏ်း၏ တော်ဝင်အကြီးအကဲကို ပြုံးပြလိုက်သည်။
ရှီကျင်းရီ၏ မျက်နှာသည် ချက်ချင်းပင် ပျော်ရွှင်သည့်အမူရာကို ထုတ်ဖော်လိုက်ပြီး ဂုဏ်ယူဝမ်းမြောက်စွာဖြင့် ပြန်ပြောလိုက်သည် "ချန်မင်ရှီက ငါတို့ပန်းတစ်ရာဂိုဏ်းရဲ့ အနှစ်တစ်ထောင် မှာ တစ်ကြိမ်သာထွက်ပေါ်လာတဲ့ ထူးချွန်သူ ပါရမီရှင် ဖြစ်တယ်။ သူမမွေးဖွားလာတဲ့အချိန်တုန်းက ဆယ်မိုင်အကွာအဝေးအတွင်းမှာရှိတဲ့ ပန်းပေါင်း တရာ ပွင့်ခဲ့တယ်။ ယင်းက သူမကို အင်မော်တယ်တစ်ဦး၏ အမှတ်အသားလို့ ခေါ်နိုင်သည်။ နောက်ပိုင်းတွင် ငါတို့ရဲ့ဂိုဏ်းခေါင်းဆောင်က သူမကို ရှာဖွေတွေ့ရှိခဲ့ပြီး သူမဟာ အင်မော်တယ်တစ်ဦး၏ ဒဏ္ဍာရီဆန်ဆန် လူပြန်ဝင်စားခြင်းတဦးဖြစ်တယ်လို့ ခံစားခဲ့ရသည်။ "ဒါကြောင့် သူမကို ဂိုဏ်းဆီ ခေါ်လာခဲ့တယ်။ သူမရဲ့ ကျင့်ကြံမူအဆင့်က မိုင်ထောင် ပေါင်းများစွာအထိ တိုးမြင့်လာလိမ့်မယ်လို့ ငါ တောင် မမျှော်လင့်ထားခဲ့ဘူး။ သူမ အသက်ဆယ့်နှစ်နှစ်မှာ သူမဟာ ဓားကို ကောင်း ကောင်း နားလည်နိုင်ပြီး ကောင်းကင်ဘုံကို ရောက်နိုင်ခဲ့တယ်။ သူမဟာ အင်မော်တယ် တစ်ဦးရဲ့မျက်နှာသာပေးမူခံရတာ ဖြစ်ကောင်းဖြစ်နိုင်တယ်။ ဒါကြောင့်လည်း သူမကို အင်မော်တယ်အဆင့်ဓားနှင့် ကောင်းကင်ခေါင်းလောင်းကို ပေးခဲ့တာပဲ။"
ထိုစကားကို အနီးနားရှိ အကြီးအကဲများကြားသောအခါ သူတို့အားလုံးသည် အလွန်အံ့အား သင့်သွားကြသည်။
အင်မော်တယ် လူဝင်စားခြင်းလား?
အင်မော်တယ်အဆင့်ဓားနှင့် ကောင်းကင်ခေါင်းလောင်းကို အပ်နှင်းထားတာလား။
ဤအရာသည် သေမျိုးကမ္ဘာတစ်ခုလုံးတွင်ပင် အလွန်ရှားပါးသော အရာဖြစ်သည်။
ထိုသို့သော ပါရမီရှင်တဦး ပေါ်ထွန်းလာခဲ့သည် မှာ လွန်ခဲ့သောနှစ်ပေါင်း တစ်သိန်းက ဖြစ်သည်။ နောက်ပိုင်းတွင် ဤပါရမီသည် ပို၍ပင် ထူးချွန်လာခဲ့သည်။ ဤပါရမီရှင်သည် အင်မော်တယ်ကမ္ဘာသို့ တက်လှမ်းရန် အနှစ် ၂၀ သာ အချိန်ယူ ခဲ့ရသည်ဟု ဆိုသည်။ လူတိုင်းက သူ့ကို အင်မော်တယ်လူဝင်စား ဖြစ်သည်ဟု ပြောကြကြသည်။
ပန်းတစ်ရာဂိုဏ်းသည် ထိုကဲ့သို့ ပါရမီရှင်မျိုးကို မွေးထုတ်ပေးနိုင်လိမ့်မည်ဟု သူတို့ မမျှော်လင့်ထားကြပေ။ ဤသည်မှာ အမှန်တကယ် မှန်းဆလို့မရသည့် အရာဖြစ်သည်။
ချန်မင်ရှီ၏အသက်ကို ခန့်မှန်းကြည့်မည်ဆိုလျှင် သူမသည် အသက် ၁၆ နှစ် သို့မဟုတ် ၁၇ နှစ်ဝန်းကျင်သာ ရှိသင့်သည်။ သူမသည် သိုင်းမြို့စားနယ်ပယ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ သူမ၏ အနာဂတ်အလားအလာများသည် အကန့်အသတ်မရှိ ဖြစ်နေသည်။
"ဟား ဟား၊ ဒီလိုနည်းနဲ့ မင်းရဲ့ ပန်းတစ်ရာဂိုဏ်းဟာ ဒီအချိန်မှာ တကယ်ပဲ ချန်ပီယံဖြစ်လာလိမ့်မယ်။ လင်းထျန်ဂိုဏ်းမှ တော်ဝင် အကြီးအကဲ ဆန်ယုယွမ်က ပြုံးလိုက်ပြီး မိုးကြိုး၀ိညာဥ်ဂိုဏ်း၏ တော်ဝင်အကြီးအကဲ ရှင်းယွန်ကို တစ်ချက် ကြည့်လိုက်သည်။
အကြီးအကဲရှင်းယွန်သည် သရော်ဟန်ဖြင့် ရယ်မောလိုက်သည်။ ဤလူအိုကြီး ဆန်ယုယွမ်သည် သူ့ကို ရည်ရွယ်ချက်ရှိရှိဖြင့် ရန်စနေမှန်း သူသိသည်၊ ထို့ကြောင့် သူက တည်ငြိမ်စွာ ပြန်ပြောလိုက်သည် "ငါ့ မိုးကြိုး၀ိညာဥ်ဂိုဏ်းက ဒီတိုက်ပွဲကို ရှုံးနိမ့်ခဲ့ရင်တောင် ငါက ဒုတိယဖြစ်နေတုန်းပဲလေ။ မင်းရဲ့ လင်းထျန်ဂိုဏ်းကို ဘယ်အဆင့်မှာ ရေတွက်ရမှာလဲ"
"မင်း!" လင်းထျန်ဂိုဏ်း၏ တော်ဝင် အကြီး အကဲသည် ချက်ချင်းပင် ရူးသွပ်သွားကာ သူ၏ ဆိတ်ဖြူများသည် ဒေါသကြောင့် တွန့်လိမ်လုနီးပါး ဖြစ်သွားသည်။ သူသည် အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး စကားမပြောတော့ပေ။
ရှင်းယွန်သည် ကောင်းကင်ယံရှိ မြင်ကွင်းအပေါ် အခိုင်အမာ ဆက်လက် ရပ်တည်ခဲ့သည်။ သူ၏စိတ်ထဲတွင် ချင်ယွင်အပေါ် ယုံကြည်မှုအပြည့်ရှိသည်။ ချင်ယွင်သည် အင်မော်တယ်တဦး၏ လူပြန်ဝင်စားတဦး မဟုတ်ခဲ့လျှင်ပင် သူသည် အင်မော်တယ်လူဝင်စားတဦးထက် နိမ့်ကျမည်မဟုတ်ကြောင်း သူယုံကြည်ထားသည်။
အကြီးအကဲများ အချင်းချင်း စကားပြောနေကြစဉ်၊ ချင်ယွင်၏ တိုက်ပွဲသည်လည်း နေ့ခင်းဘက်တွင် ကျရောက်လာခဲ့သည်။
ချန်မင်ရှီ၏ အရှိန်ဟုန်က တစ်ဖန် တိုးမြင့်လာခဲ့ပြီး သူမလက်ထဲရှိဓယးသည်လည်း ပို၍ပင်မြန်ဆန်လာသည်။ အနက်ရောင်၀တ်စုံဝတ်ထားသည့် ချင်ယွင်သည်ပင်လျှင် အနည်းငယ် ပင်ပန်းမူကို ခံစားလာရသည် ။
"ချွတ်!"
အနက်ရောင်ဝတ်ရုံ၀တ် ချင်ယွင်၏ ရင်ဘတ်ကို ဓားအလင်းတန်းတစ်ခုက ဖြတ်တောက်သွားကာ ရင်ဘတ်တွင် ဒဏ်ရာနက်နက်တစ်ခု ကျန်ရစ်ခဲ့သည်။ သူ၏အရေပြားသည် ဆုတ်ပြဲသွားခဲ့ပြီး သွေးများစိုရွှဲနေသည်။
"မင်းမှာရှိတာ ဒါအကုန်ပဲလား။ ဒီလိုဆိုရင်တော့ ဒီတိုက်ပွဲက ဘာအဓိပ္ပါယ်မှမရှိမှာ ငါကြောက်တယ်။" ချန်မင်ရှီသည် အေးစက်စက်ပြောလိုက်ပြီး သူမ၏လေသံတွင် စိတ်ပျက်လက်ပျက်ဖြစ်မူနှင့် ပြည့်နှက်နေသည်။
အနက်ရောင်ဝတ်ရုံ၀တ်ချင်ယွင်သည် ဖြည်း ညှင်းစွာ မတ်တပ်ထရပ်လိုက်ပြီး သူ၏ ရင်ဘတ်ပေါ်ရှိ ဒဏ်ရာသည် သာမန်မျက်စိဖြင့် မြင်သာသောနှုန်းဖြင့် သက်သာ လာသည်။
အနက်ရောင်လျှပ်စီးကြောင်းများသည် တဖြည်းဖြည်း ပျံ့နှံ့သွားခဲ့ပြီး ပြင်းထန်သော ဒေါသအငွေ့အသက်များက ကွင်းတစ်ခုလုံးကို ချက်ချင်း လွှမ်းခြုံသွားခဲ့သည်။
"ပေါက်ကွဲလျှပ်စီးရဲ့ ပထမအဆင့်။" အနက်ရောင်ဝတ်ရုံ၀တ် ချင်ယွင်သည် ပေါက်ကွဲလျှပ်စီးကို ချက်ချင်းထုတ်ဖော်လိုက်သည်။
နဂိုက တောက်ပြောင်လင်းလက်နေသော သူ၏ မျက်လုံးများသည် ချက်ချင်းပင် မည်းမှောင်သွား၏။ ချင်ယွင်၏ ကြွက်သားများသည် နဂါးဦးချိုကဲ့သို့ ဖောင်းပွလာပြီး ချက်ချင်းပင် ကြီးထွားလာသည်။
မူလကတည်းက ချင်ယွင်၏ ခန္ဓာကိုယ်သည် အလွန်မင်းကြောက်စရာကောင်းနေပြီ ဖြစ်သော် လည်း ယခု ပေါက်ကွဲလျှပ်စီး၏ ပြင်းထန်သောကောင်းချီးပေးမူနှင့်အတူ သူသည် ကြောက်မက်ဖွယ်ကောင်းသော အခြေအနေသို့ပင် ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
"ဘုန်း!"
အနက်ရောင်ဝတ်ရုံ၀တ် ချင်ယွင်သည် မြေပြင်ပေါ်သို့ ခြေတချက်ဆောင့်နင်းလိုက်ကာ သူ၏ ခြေထောက်အောက်ရှိမြေပြင်သည် တောင်တစ်လုံးကဲ့သို့ ချက်ချင်း ကွဲအက်သွား သည်။
အနက်ရောင် ၀တ်ဆင်ထားသော ချင်ယွင်၏ ခန္ဓာကိုယ် တစ်ခုလုံးသည် ချန်မင်ရှီဆီသို့ ဥက္ကာခဲတခုကဲ့သို့ ပစ်၀င်သွားခဲ့သည်။
ချန်မင်ရှီ၏ နှုတ်ခမ်းထောင့်သည် ပြုံးနေဟန်ဖြင့် တွန့်ကွေးသွားသည်။ သူမလက်ထဲရှိ ကောင်းကင်ဓားသည် ဓားပန်းတစ်ပွင့်ကို ဆွဲထုတ်လိုက်သည်။ ပွင့်ချပ်ပန်းပွင့်ဖတ်များ လွင့်ပျံလာသဖြင့် ကောင်းကင်ယံတွင် ချက်ချင်းပင် ပန်းမိုးရွာနေပုံရသည်။ ပွင့်ချပ်ပွင့်ဖတ်များသည် ကောင်းကင်နှင့် မြေကြီးကို ဖုံးလွှမ်းထားသည်။ ပွင့်ချပ်တစ်ခုစီတွင် ပြင်းထန်သော သတ်ဖြတ်လိုစိတ်များပါရှိသည်။
သူမ၏ဓားကို တချက်ဝှေ့ယမ်းမူနှင့်အတူ ပွင့်ချပ်ပွင့်ဖတ်များသည် ဓားမိုးများအဖြစ်သို့
ပြောင်းလဲသွားခဲ့ပြီး အနက်ရောင်ဝတ်ရုံ၀တ် ချင်ယွင်ဆီသို့ ပျံသန်းသွားခဲ့သည်။
ပွင့်ချပ်ပွင့်ဖတ်များသည် ဓားတစ်လက်အသွင်ဖြစ်လာခဲ့ပြီး ဓားစွမ်းအင်သည်လည်း ရက်စက်ပြင်းထန်လှသည်။ ဘိုင်ချီဟန်နှင့် တခြားလူများသည် ဤမြင်ကွင်းကို မြင်လိုက်ရသည့်အခါ သူတို့၏အမူအရာများသည် အလွန်ပြောင်းလဲသွားကြသည်။ ဤပန်းပွင့်များပေါ်တွင်ပါရှိသည့် သတ်ဖြတ်လိုသည့်ဆန္ဒများ မည်မျှ ပြင်းထန်သည်ကို သူတို့ ခံစားနိုင်သည် ။ ဤနေရာတွင် ပွင့်ချပ်ထောင်ပေါင်းများစွာကို မပြောနှင့်ဦး၊ ပွင့်ချပ်တစ်ချပ်သည်ပင် သာမန်ပဉ္စမအဆင့် ကောင်းကင်အလွှာ သိုင်းဂိုဏ်းချုပ် အဆင့် ကျွမ်းကျင်သူတဦးကို သတ်ပစ်နိုင်သည်။
ပွင့်ချပ်များအားလုံးသည် မိုးရေများကဲ့သို့ လေထဲတွင် တဖျပ်ဖျပ်တောက်ပနေသည့် အနက်ရောင်ဝတ်ရုံ၀တ် ချင်ယွင်၏ ခန္ဓာကိုယ်ကို ထိမှန်သွားကြသည်။
အနက်ရောင်ဝတ်ရုံ၀တ် ချင်ယွင်သည် ချက်ချင်းဆိုသလိုပင် သူ၏ခန္ဓာကိုယ်သည် ပြင်းပြင်းထန်ထန် ထိခိုက်ခံစားလိုက်ရသည်။ ပွင့်ချပ်များအားလုံးသည် ချွန်ထက်သော ဓားရှည်များကဲ့သို့ သူ၏ခန္ဓာကိုယ်ထဲသို့ ထိုးဖောက်ဝင်ရောက်လာကာ သူ၏ တိုက်ခိုက်မှုအားလုံးကို အချည်းနှီးအဖြစ်သို့ နက်နက်ရှိုင်းရှိုင်း ပြောင်းလဲသွားစေခဲ့ပြီး သူ၏တစ်ကိုယ်လုံးသည် မြေပြင်ပေါ်သို့ နောက်ပြန်ပြုတ်ကျသွားခဲ့သည်။
"ငါအရင်ကပြောဖူးပါတယ်၊ မင်းမှာဒါပဲရှိတယ်ဆိုရင်၊ ထပ်ပြီး တိုက်ခိုက်နေစရာ မလိုတော့ဘူး" ချန်မင်ရှီသည် အေးစက်စွာ ဟစ်အော်လိုက်ပြီး သူမ၏ အကြည့်များက ပို၍ အေးစက်လာသည်။
"မင်းပုံစံက အရမ်းစိတ်ပျက်နေပုံပဲ!" တစ်ဖက်မှ တိုက်ပွဲကို တိတ်တဆိတ်ကြည့် နေသော ချင်ယွင်သည် ရုတ်တရက် ရယ်မောလိုက်သည်။
သူ၏လက်ထဲတွင် ဓားရှည်တစ်ချောင်း ပေါ်လာသည်။ ချက်ချင်းဆိုသလိုပင် စူးရှထက်မြက်သည့် ဓားဆန္ဒတခုက ပေါက်ကွဲထွက်ပေါ်လာသည်။ သန်မာသော ဓားဆန္ဒသည် ကောင်းကင်နှင့်မြေကြီးတစ်ခုလုံးကို ပျံ့နှံ့သွားစေခဲ့သည်။ ရုတ်တရက် လေပြင်းများတိုက်ခတ်လာပြီး တိမ်တိုက်များက ကောင်းကင်ယံမှာ လွင့်မျော လာနေသည်။
ချန်မင်ရှီသည် သူမလက်ထဲတွင်ရှိသော အင်မော်တယ်ဓားကို ကိုင်ထားပြီး လေထဲတွင် ရပ်နေသည်။ လေပြင်းများသည် သူမ၏ ၀တ်စုံကို တဖျတ်ဖျတ်ရိုက်ခတ်နေပြီး သူမ၏ ကျက်သရေရှိလှသော ခန္ဓာကိုယ်သည် လေထုထဲတွင် ပြိုးပြိုးပြက်ပြက် လွင့်မျောနေသည်။
နောက်ဆုံးတော့ သူမမျက်လုံးထဲမှာ အပြုံးတစ်ခုပေါ်လာတယ်။ သူမသည် ချင်ယွင်ကိုကြည့်ကာ "မင်းက ဓားဆန္ဒကို တကယ်နားလည်ထားတာပဲ။ ဒါဆိုလည်း မင်းရဲ့ ဓားဆန္ဒက အစွမ်းထက်သလား ငါ့ရဲ့ ဓားဆန္ဒကပဲ အစွမ်းထက်သလား ကြည့်ရအောင်"။
ထိုသို့ပြောပြီးနောက် ချန်မင်ရှီ၏ဝတ်စုံသည် ရုတ်တရက် တုန်ခါသွားပြီးနောက် ကြောက်မက်ဖွယ်ကောင်းသော ဓားဆန္ဒသည် ချက်ချင်းပင် တစ်ကမ္ဘာလုံးကို လွှမ်းခြုံသွားခဲ့သည်။ သူမ၏နောက်တွင် ပန်းပွင့်၊ ပွင့်ချပ်ပွင့်ဖပ်များ၊ သစ်ပင်များ အားလုံး အပေါ်ကိုပျံတက်သွားကြသည်။
ဘိုင်ချီဟန် နှင့် အခြားသူများသည် အံသြသွားကြသည်။ အဝေးမှပင်သူတို့၏ ဦးရေပြားများ ထုံကျင်သွားသည်ဟု ခံစားရသည်။ သူတို့သည် ဧရာမ ဓားရှည်ကြီးနှစ်ချောင်းသည် လေထဲတွင် ရပ်တန့်သွားသည်ကို မြင်လိုက်ရသလိုပင်။ ၎င်းဓားရှည်ကြီးများသည် အချိန်မရွေး ဆင်းသက်လာပြီး ကောင်းကင်နှင့် မြေကြီးကို ဖျက်ဆီးပစ်နိုင်သည်။
အခန်း (၁၈၃) ဓားဆန္ဒနှစ်ခု ထိပ်တိုက်တွေ့ဆုံမူ
ဘိုင်ချီဟန်နှင့် အခြားသူများသည်သာ ထိတ်လန့်တုန်လှုပ်နေရုံသာမက အပြင်မှ ပရိသတ်များသည်ပင် ထိတ်လန့်တုန်လှုပ်သွားကြသည်။ ဤဓားဆန္ဒသည် မည်မျှ ကြောက်စရာကောင်းသည်ကို သူတို့သည် မခံစားနိုင်သော်လည်း သူတို့နှစ်ဦး၏ ထုတ်လွှတ်နေသော အငွေ့အသက်ကို မြင်ရုံမျှဖြင့် သူတို့သည် ထိတ်လန့်သွားရသည်။
စင်မြင့်ပေါ်ရှိ အကြီးအကဲများ၏ မျက်နှာများသည် ပုံမှန်ထက် လေးနက်နေကြပြီးအထူးသဖြင့် ဓားရှည်များကို အသုံးပြုသည့်အကြီးအကဲများ ဖြစ်ကြသည်။ သူတို့သည် ဆယ်စုနှစ်ပေါင်းများစွာ နေထိုင်ခဲ့ကြပြီး ဆယ်စုနှစ် ပေါင်းများစွာကြာအောင် လေ့ကျင့်ခဲ့ကြသော်လည်း ဓားဆန္ဒကို သူတို့ နားမလည်ကြ သေးပေ။
သူတို့ရှေ့မှာ ဤအရုပ်လေးနှစ်ယောက်က ဤမျှလောက် ကြောက်စရာကောင်းသည့် ဓားဆန္ဒ ကို ထုတ်လွှတ်နိုင်မည်ဟု သူတို့ မမျှော်လင့်ထားကြပေ။ သူတို့မျက်စိဖြင့် သူတို့ကိုယ်တိုင်သာ မမြင်ကြဘူးဆိုလျှင် မည်သူမျှ ယုံကြည်ရဲကြမည် မဟုတ်ပေ။။
ချင်ယွင်နှင့် ချန်မင်ရှီတို့ကိုကြည့်ရင်း အဖိုးတန်ရတနာတစ်ခု ရရှိသွားသကဲ့သို့ သိုင်းမြို့စားဘိုင်ယွန်၏ မျက်လုံးများတွင် အလင်းရောင်တစ်ခု လင်းလက်လာခဲ့သည်။
ကမ္ဘာငယ်လေးထဲရှိ လေထုနှင့် တိမ်တိုက်များသည် ပြောင်းလဲသွားခဲ့သည်။ မူလက ကောင်းကင်ပြာပြာသည် ယခုအခါ တိမ်ညိုများဖြင့် ဖုံးလွှမ်းသွားကာ လေထုနှင့် တိမ်တိုက်များသည်လည်း မျောလွင့်လာသည်။
ကြီးမားလှသော ဓားဆန္ဒနှစ်ခုသည် တစ်ခုနှင့်တစ်ခု တိုက်ခိုက်နေကြပြီး လေထဲတွင် မမြင်နိုင်သော ဓားတံတိုင်းတစ်ခုကို ဖြစ်ပေါ်လာစေသည်။ ဓားတံတိုင်းပေါ်ရှိ ကျောက်တုံးများသည် ပြာများအဖြစ်သို့ ပြောင်းလဲသွားသည်။
ချင်ယွင်၏လက်ထဲရှိ မြူနှင်းချောက်နက်ဓားသည် လျင်မြန်စွာ တုန်ခါသွားပြီး ချက်ချင်းဆိုသလို တဝှီးဝှီးမြည်သံထွက်လာသည်။ ချင်ယွင်၏ မျက်လုံးများရှိ ပြင်းထန်သော ဓားဆန္ဒသည်လည်း လင်းလက်သွားခဲ့သည်။
ထိုအချိန်တုန်း သူသည် အစစ်အမှန်နဂါးကိုသတ်ရန်အတွက် လေဟာနယ်ဓားသိုင်း၏ တတိယမြောက် ဓားသိုင်းဟန်ကို အသုံးပြုရင်း ဓားတချက်တည်းဖြင့်သာ တိုက်ခိုက် ခဲ့သည်။ ... ဓားသည် လေဟာနယ်ကို ထိုးဖောက်သွားခဲ့သည်။
နှစ်များစွာကြာပြီးနောက် ချင်ယွင်သည် ထိုဓားသိုင်းကွက်ကို ပြန်လည်အသုံးပြုရန် အဆင်သင့်ဖြစ်နေပြီ ဖြစ်သည်။ ချင်ယွင်၏ တစ်ကိုယ်လုံးကို ရင်းနှီးခဲ့ဖူးသော အတိတ်က ခံစားချက်တစ်ခုက ချက်ချင်း စီးဆင်းသွားခဲ့သည်။
ချင်ယွင်သည် သူ၏လက်ထဲတွင် ဓားရှည်ကို ကိုင်ထားပြီး ဆံပင်များက သူ၏နောက်မှာ ကခုန်နေသည်။ လေထဲတွင်ရှိနေသည့် ချန်မင်ရှီနှင့် ဆန့်ကျင်ဘက် အရပ်တွင် သူ၏ခန္ဓာကိုယ်တစ်ခုလုံး တဖြည်းဖြည်း လွင့်ပျံလာသည်။
"ဘာဖြစ်နေတာလဲ၊ သူ့ရဲ့ကျင့်ကြံဖို့မှုက သိုင်းမြို့စားနယ်ပယ်ကို မရောက်သေး ဘူဆိုတာ ရှင်းရှင်းလင်းလင်း သေချာပါတယ်။ သူက ဘယ်လိုလုပ် ပျံသန်းနိုင်ရတာလဲ" ကမ္ဘာငယ်လေး အပြင်ဘက်ရှိ ပရိသတ်များသည် အထိတ်တလန့် အော်ပြောလိုက် ကြသည်။
သိုင်းမြို့စားဘိုင်ယွန်၏ မျက်နှာသည်လည်း အံ့အားသင့်သည့်အရိပ်အယောင်များ ပေါ်ထွက်ပြီး သူသညါ ရုတ်တရက် သဘောပေါက်သွားသည်။
"ဒါဆို ဒီအတိုင်းပေါ့။။ သူက ကောင်းကင်သို့ပျံသန်းရာမှာ ထောက်ပံ့ပေးဖို့အတွက် သူရဲ့အဆုံးမရှိတဲ့ ဓားဆန္ဒကို အမှန်တကယ်အသုံး ပြုခဲ့တယ်။ ဒီကောင်က သူ့ရဲ့ဓားဆန္ဒကို ဒီအတိုင်းအတာအထိ တကယ်ကို သုံးနိုင်ခဲ့တာပဲ။" သိုင်းမြို့စားဘိုင်ယွန်သည် အံ့သြစွာ မေးခွန်းထုတ်လိုက်မိသည်။
ကျိုးယုနှင့် အခြားသူများသည်လည်း မှင်တက်သွားကြသည်။ ရန်စီချီသည် ချင်ယွင်၏ အဆုံးမဲ့နည်းလမ်းများကြောင့် ထိတ်လန့်နေခဲ့ပြီဖြစ် သည်။ ဤတွေ့ဆုံမှုမတိုင်ခင်မှာ သူမ၏ ကျင့်ကြံမှုအဆင့်သည် သိုင်းမြို့စားတစ်ပိုင်းနယ်ပယ်ကို ဖြတ်ကျော်သွားခဲ့ပြီး နောက်တစ်ကြိမ် ချင်ယွင်နှင့်ပြန်တွေ့သောအခါတွင် သူမသည် စွမ်းအားအရာသည် ချင်ယွင်အား ဖြတ်ကျော်သွားမှာ သေချာသည်ဟု သူမတွေးထားခဲ့၏။ သို့သော်လည်း အမှန်တကယ်တွေ့ဆုံချိန်မှာ ဤကဲ့သို့ ဖြစ်နေ့လိမ့်မည်ဟု သူမ မမျှော်လင့်ခဲ့ပေ။ သူမရှေ့မှာရှိသည့်ဤလူဟာ မွန်းစတားများကြားထဲမှာမှ တကယ့်မွန်းစတား တစ်ကောင် ဖြစ်နေတုန်းပင်။
သူ၏ကျင့်ကြံမှုအဆင့်သည် သိုင်းဂိုဏ်းချုပ်နယ်ပယ်၏ ပဉ္စမအဆင့် ကောင်းကင် အလွှာ အထွတ်အထိပ် အလွန်တိုးမြင့်လာခဲ့သည်။ သူသည် လက်ထဲမှာ အင်မော်တယ်အဆင့်ဓားကို ကိုင်ထားသည့်အပြင် ဓားဆန္ဒကိုပါ နားလည်ထားသည့် ပထမအဆင့် ကောင်းကင်အလွှာ အထွက်အထိပ် သိုင်းမြို့စားအဆင့်ကျွမ်းကျင်သူ တစ်ဦးကို ထိပ်တိုက်ရင်ဆိုင်နိုင်သည်ဟု ပြောလျှင် ဤစကားကို မည်သူက ယုံကြည်မည်နည်း။
ချင်ယွင်၏မျက်လုံးများတွင် အာရုံထွေပြားခြင်း အလျင်းမရှိ။ ထိုအချိန်တွင် သူ၏ မျက်လုံးထဲတွင် ဓားတစ်ချောင်းသာ ရှိသည်။
သူ၏လက်ထဲရှိ မြူနှင်းချောက်နက်ဓားကို ညင်သာစွာ မြှောက်လိုက်ပြီးနောက် ကြောက်စရာကောင်းသည့် ဓားဆန္ဒက ထိုအချိန်မှာ ထပ်ခါထပ်ခါ တိုးမြင့် လာနေသည်။
တုနှိုင်းမရသည့် ကြောက်စရာကောင်းသော ရှေးဟောင်းနဂါးတစ်ကောင်သည် ကောင်းကင်ယံတစ်ခုလုံးကို လွှမ်းခြုံထားပုံရပြီး ကောင်းကင်ကို ဖြတ်သွားတော့မည့် ဟန်ဖြင့် အဆက်မပြတ် ဟိန်းဟောက်နေပုံပင်။
ထို့နောက် ချင်ယွင်သည် အလွန်စိတ်လက်ပေါ့ပါးပြီး မည်သည့်အရာကိုမျှ ဂရုမစိုက်ဟန်ဖြင့် သူ၏ဓားကို ခုတ်ချလိုက်သည်။
သို့သော်လည်း ပတ်ဝန်းကျင်ရှိကောင်းကင်နှင့်ကမ္ဘာမြေကြီးသည် ချက်ချင်းပင် အေးခဲသွားပုံရသည်။ ကမ္ဘာငယ်လေးကိုမြင်လိုက်ရသည့်အခါ လူတိုင်းသည် နှေးကွေးသွားပုံရသည်။ တစ်ကမ္ဘာလုံးရှိ တစ်ခုတည်းသောအရာမှာ အလွန်အမင်း အစွမ်းထက်သော ဓားအလင်းသာ ဖြစ်သည်။
"စိတ်ဝင်စားစရာပဲ၊ ငါ့ဓားကို ခံယူလိုက်စမ်း!" ချန်မင်ရှီသည် သူမ၏ လက်ချောင်းများကို ဆုပ်ကိုင်လိုက်ပြီးနောက် သူမလက်ထဲတွင်ရှိသော အင်မော်တယ်ဓားသည် ချက်ချင်း လင်းလက်တောက်ပလာခဲ့ပြီး ကောင်းကင်ပေါ်သို့
ပျံသန်းသွားခဲ့သည်။ ၎င်းအလင်းသည် သူမ၏ ဦးခေါင်းအထက်တွင် တိုက်ရိုက် ရောက်ရှိလာခဲ့ပြီး နှစ်ပိုင်းကွဲသွားကာ ထို့နောက် လေးပိုင်းကွဲမှစ၍ ရာနှင့်ချီသော ဓားဆန္ဒများအဖြစ်သို့ လျင်မြန်စွာ ပြောင်းလဲသွားခဲ့သည်။
"သွား!"
ချန်မင်ရှီက တိုးညှင်းစွာ အော်လိုက်သည်။
ရာနှင့်ချီသော ဓားဆန္ဒများအဖြစ်သို့ ပြောင်းလဲသွားခဲ့သော အင်မော်တယ်ဓားသည် ချင်ယွင်၏ဓားအလင်းဆီသို့ ဓားမိုးရွာသကဲ့သို့ ချက်ချင်းပစ်လွှတ်လိုက်သည်။
ဘန်း!
ဓားအလင်းသည် လေထဲတွင် ရာနှင့်ချီသော ဓားအရိပ်များနှင့် ထိပ်တိုက်ဆုံမိကာ
ကျယ်လောင်သော အသံကို ထုတ်လွှတ်ပေးသည်။
ကီလိုမီတာတစ်ရာအကွာအဝေးရှိ သစ်ပင်များအားလုံး ပြိုလဲကျပြီး သူတို့ခြေဖဝါး အောက်ရှိ မြေပြင်သည် ချက်ချင်းနစ်မြုပ်၀င်သွားခဲ့သည်။
ကျိုးယု နှင့် ဘိုင်ချီဟန်တို့သည် ထိပ်တိုက်ဆုံမိနေသော ဓားအလင်းတန်းများကို ကြည့်လိုက်ရင်း နောက်ဆုံးတွင် ထိုလူနှစ်ယောက်သည် မည်မျှ ကြောက်စရာ ကောင်းသည်ကို နားလည်သွားကြသည်။
"ဒါက ပုံမှန်မဟုတ်ဘူး!" ဘိုင်ချီဟန်သည် တိုက်ရိုက်ပင် ကျိန်ဆဲလိုက်မိသည်။
မူလက သူအမွေဆက်ခံထားခဲ့သော ဓားသိုင်းပညာသည် ချင်ယွင်ကို တိုက်ခိုက်နိုင်သည့် စွမ်းအားရှိမည်ဟု သူထင်ခဲ့သော်လည်း ယခုတွင် ၎င်းတို့နှစ်ဦး အသုံးပြုသော ဓားဆန္ဒများကို မြင်လိုက်ရသဖြင့် သူသည် တိုက်ခိုက်ရန် ရည်ရွယ်ချက် မရှိတော့ပေ။
"ဘုန်း!"
နောက်ဆုံးတွင် ဓားအလင်းတန်းများသည် ဆုပ်ကိုင်ထားရာမှ ပေါက်ကွဲ ထွက်လာ သည်။ ကြောက်စရာကောင်းသော စွမ်းအင်လှိုင်းလုံးကြီးသည် ရေလှိုင်းကဲ့သို့ ပျံ့နှံ့သွားခဲ့သည်။
ရန်စီချီနှင့် အခြားသူများသည် လုံလောက်အောင် သန်မာမူ မရှိသဖြင့် မြေပြင်ပေါ်သို့ တိုက်ရိုက် လဲကျသွားခဲ့သည်။
ချင်ယွင်သည် သူ၏ ရင်ဘတ်ပေါ်သို့ သက်ရောက်လာသည့် ပြင်းထန်သော ရိုက်ခတ်မှု ကြောင့် နောက်ပြန်လွင့်သွားကာ မြေပြင်ပေါ်သို့ ပြတ်ကျသွားခဲ့သည်။
ထိုအချိန်တွင် သူသည် မလှုပ်နိုင်တော့ပေ။ စောစောလေးက၊ သူသည် ဤဓားကို အပြင်းအထန်သုံးပြုခဲ့သည့်အတွက် သူ၏ခန္ဓာကိုယ်ရှိ ဝိညာဉ်စွမ်းအင်အားလုံးကို စုပ်ယူပြီးသွားပြီ ဖြစ်သည်။
လေထဲတွင် ခြေလှမ်းတစ်ဒါဇင်မျှသာ နောက် ဆုတ်ခွာသွားခဲ့သော ချန်မင်ရှီကို ကြည့်ရင်း သူသည် ရှိုက်ကြီးတငင် ပြုံးကာ သူ၏နှလုံးသားထဲတွင် ကူကယ်ရာမဲ့ အရိပ်အယောင်များ ထွက်ပေါ်လာသည်။
ဤအမျိုးသမီးသည် သန်မာလွန်းသည်။
ချန်မင်ရှီသည် မြေကျင်းနက်ကြီးထဲတွင် လေဖြတ်သလိုမလှုပ်ရှားနိုင်ဖြစ်နေသည့်
ချင်ယွင်ကို မြင်သောအခါတွင် သူမ၏ မျက်နှာပေါ်တွင် စိတ်ပျက်လက်ပျက်ဖြစ်သည့် အရိပ်အယောင်များ ထွက်ပေါ်လာပြန်သည်။
"ကြည့်ရတာ ငါ အစိုးရိမ်လွန်နေပုံရတယ်။ သူ့ရဲ့ကျင့်ကြံမူ တိုးတက်လာတဲ့အထိ ငါစောင့်သင့်တယ်။" ချန်မင်ရှီသည် သက်ပြင်းအနည်းငယ် ချလိုက်သည်။
သို့သော် ထိုအချိန်တွင် အလင်းတန်းတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။
မူလက တွင်းနက်ကြီးထဲမှာ လဲလျောင်းနေသည့် ချင်ယွင်သည် အပေါ်ကို ပျံတက်သွားခဲ့သည်။ တစ်ချိန်တည်းမှာပင်၊ ချင်ယွင်အပြင်၊ အနက်ရောင်ဝတ်ရုံ၀တ် ချင်ယွင်လည်း ရှိသေးသည်။
ချင်ယွင်သည်လည်း အလွန်အံ့သြသွားသည်။ မူလက ဤတိုက်ပွဲသည် ဤနေရာတွင် ပြီးဆုံးသွားပြီဟု သူထင်ခဲ့သော်လည်း ယခုအချိန်တွင် သူ၏ရင်ဘတ်ပေါ်ရှိ အစိမ်းရောင်ကြာပန်းစည်းတံဆိပ်သည် အမှန်တကယ် ဖုံးကွယ်နေခြင်းမရှိတော့ဘဲ ကူညီရန်အတွက် ဗြောင်ထွက်ပေါ်လာလိမ့်မည်ဟု သူမမျှော်လင့်ခဲ့ပေ။
ယင်နောက်မှာတော့ ကြောက်စရာကောင်းသည့် စုတ်ယူခြင်းစွမ်းအားတစ်ခု ရောက်လာခဲ့ပြီး ချင်ယွင်၏အစစ်အမှန်ခန္ဓာကိုယ်နှင့် အနက်ရောင်ဝတ်ရုံ၀တ် ချင်ယွင်တို့သည် တိုက်မိသွားကြသည်။
ဘန်း။!
ကောင်းကင်နှင့်မြေကြီးကြားတွင် ကျယ်လောင် သောအသံတစ်ခုထွက်ပေါ်လာသည်။
ဝတ်ရုံဖြူဝတ်ချင်ယွင်နှင့် ဝတ်ရုံနက်၀တ်ချင်ယွင်တို့ တိုက်မိသွားကြသည်။
သို့သော်လည်း သူတို့သည် နှစ်ဖက်ထိပ်တိုက်ရင်တိုက်ခိုက်သည့် မြင်ကွင်းမျိုးတော့ မရှိခဲ့ပေ။ ယင်အစား အနက်ရောင်ဝတ်ရုံ၀တ်ချင်ယွင်သည် အမှန်တကယ်ပင် ချင်ယွင်၏ အစစ်အမှန်ခန္ဓာကိုယ်ထဲသို့ တိုက်ရိုက်ဝင်ရောက်ကာ ပေါင်းစပ်သွား ခဲ့သည်။
ထိုနောက်တွင်၊ ချင်ယွင်၏ ခန္ဓာကိုယ်မှ တုနှိုင်းမရလောက်အောင် ပြင်းထန်သော အငွေ့ အသက်တစ်ခု ထွက်ပေါ်လာပြီး သူ၏ပတ်ဝန်း ကျင်တစ်ခုလုံးသို့ ချက်ချင်း ပျံ့နှံ့သွားခဲ့သည်။
လူတိုင်းသည် လေထဲတွင် မတ်မတ်ရပ်နေသော ဝတ်ရုံဖြူဝတ်ချင်ယွင်နှင့် သူ၏ ဝတ်ရုံဖြူများသည် တဖျပ်ဖျပ်ခတ်နေသည်ကို မြင်နိုင်သည်။ သူ၏ နဂိုက ချောမောသော မျက်နှာသည် ပို၍ပင် ပြတ်သားလာခဲ့ပြီး သူ၏ မျက်ခုံးနှစ်ခုကြားရှိ ခရမ်းရွှေရောင်ကြာပန်းအမှတ်အသားသည် တောက်ပစွာ လင်းလက်လာခဲ့သည်။ သူ၏ပုံစံက အလွန်အမင်း နတ်ဆိုးဆန်နေသည်။
"ဘာတွေဖြစ်နေတာလဲ?"
ပတ်ဝန်းကျင်ရှိလူတိုင်းသည် တုန်လှုပ်ခြောက်ခြားသွားကာ ဖြစ်ပျက်ခဲ့သည်များကို နားမလည်နိုင်ကြတော့ပေ။
ယခုအချိန်တွင် ချင်ယွင်တဦးသာ ဖြစ်ပျက်ခဲ့သည်ကို သိသည်။ စောစောလေးက သူ၏ အစိမ်းရောင်ကြာပန်းစည်းတံဆိပ်ကို အသက်သွင်းလိုက်သောအခါတွင် သူသည် အနက်ရောင်ဝတ်ရုံ၀တ်ချင်ယွင်နှင့် အမှန်တကယ် ပေါင်းစပ်သွားခဲ့သည်။
သူပေါင်းစပ်လိုက်သည့်အခိုက်တွင်၊ ချင်ယွင်သည် သူ၏ခွန်အားများပါ ချက်ခြင်း တိုးလာကြောင်း တွေ့ရှိခဲ့ရပြီး သူ၏မူလကတည်းကသန်မာသော ခန္ဓာကိုယ်သည် ဖော်မပြနိုင်အောင် ကြောက်မက်ဖွယ်အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
သူ၏ လှုပ်ရှားမှုများသည် အနှိုင်းမဲ့ ကြောက်မက်ဖွယ် စွမ်းအားကို ထုတ်လွှတ်သည်။
ပို၍ကြောက်စရာကောင်းသည်မှာ ယခုအချိန်တွင် သူသည် လေထဲတွင် အမှန်တကယ် လျှောက်လှမ်းနိုင်ခဲ့ပြီး သူ၏ ရုပ်ခန္ဓာကြံ့ခိုင်မှုဖြင့်သာ ဤအဆင့်သို့ ရောက်ရှိသွားခဲ့ခြင်း ဖြစ်သည်။ ဤအရာက ချင်ယွင်အတွက် အမှန်တကယ် တွေးလို့မရသည့်အရာ ဖြစ်သည်။
"ဒါဆို ရုပ်ခန္ဓာကိုယ်ကလည်း ကြောက်စရာကောင်းတဲ့အဆင့်ကို ရောက်နိုင် တယ်ပေါ့။" ချင်ယွင်က အံ့သြစွာမေးခွန်းထုတ်လိုက်မိသည်။
ဤအခိုက်အတန့်တွင် သူလှမ်းလိုက်သော ခြေလှမ်းတိုင်းသည် သူ့အား အပေါ်သို့ မြှောက်တင်ပေးရန်အတွက် သူ၏ခန္ဓာကိုယ်မှ ပြင်းထန်သော စွမ်းအင်တစ်ခု ထုတ် လွှတ်မည်ဖြစ်သည်။ ယင်းက သူတစ်ခါမှ မခံစားဖူးသော ပေါက်ကွဲထွက်နိုင်သည့် စွမ်းအားတစ်ခု ဖြစ်သည်။
ချန်မင်ရှီသည် ရုတ်တရက် ပြောင်းလဲသွားပုံရသော ချင်ယွင်ကို မြင်သောအခါတွင် သူမ၏ မျက်လုံးများ မှေးကျဥ်းသွားပြန်သည်။
ယခုအချိန်တွင် ချင်ယွင်၏ စွမ်းအားသည် သူမထက် နိမ့်ကျသည်မဟုတ်ကြောင်း သူမခံစားနိုင်သည်။ ထို့အပြင် ဤစွမ်းအားသည် ဝိညာဉ်စွမ်းအင်နှင့် ကွဲပြားပြီး သူ၏ ရုပ်ခန္ဓာကိုယ်မှ ဆင်းသက်လာခြင်း ဖြစ်သည်။
"သိုင်းမြို့စားနယ်ပယ်ကို ဖြတ်ကျော်သွားတဲ့ ရုပ်ခန္ဓာခွန်အားလား၊ စိတ်ဝင်စားစရာပဲ၊ စိတ်ဝင်စားစရာကောင်းတယ် ။"
ချန်မင်ရှီသည် ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပြီး သူမ၏ မျက်လုံးများတွင် ပြင်းထန်သော တိုက်ခိုက်လိုစိတ်ဖြင့် တစ်ဖန် ထွက်ပေါ်လာသည်။
အခန်း (၁၈၄) ပြိုင်ပွဲအဆုံးသတ်
ချင်ယွင်သည် သူ၏ခန္ဓာကိုယ်သည် ယခင်ကထက် ပိုမိုသန်မာလာသည်ဟု ခံစားမိသည်။ သူ၏ခန္ဓာကိုယ်ရှိ ကြွက်သားများသည် ပေါက်ကွဲထွက်နိုင်သော စွမ်းအားများ ပါဝင်နေပုံရသည်။
"ဟား……၊ ဟား၊ ပြန်တိုက်ခိုက်ကြရအောင်။"
ချင်ယွင်သည် ကျယ်လောင်စွာရယ်မောလိုက်သည်။ သူ၏ခန္ဓာကိုယ်သည် ချက်ချင်းပင် တဟုန်ထိုး ပြေးဝင်သွားခဲ့သည်။ ခြေတစ်လှမ်းပြီးတစ်လှမ်ပြေးဝင်သွားခဲ့ပြီးနောက် သူသည် မြေပြင်ပေါ်သို့ ခြေချခြင်းမရှိတော့။ ထိုအစား သူသည် လေထုထဲသို့ ခြေလှမ်းသွားခဲ့သည်။ သူ၏ခြေဖဝါးအောက်ရှိ လေထုသည် ရေပွက်ကဲ့သို့ တွန့်လိမ်သွားကာ လှိုင်းလုံးများ ဖြစ်ပေါ် လာသည်။ ၎င်းလှိုင်းလုံးများ ပြိုကွဲကျသည့် အချိန်တိုင်း၊ လူတိုင်း၏နှလုံးသားကို ရိုက်ခတ်နေသော ခေါင်းလောင်းသံကဲ့သို့ တစီစီ မြည်သံများ ထွက်ပေါ်လာ၏။
ချင်ယွင်သည် ရှေ့ရှိပေတစ်ရာနှင့်အကွာအဝေးကို ခြေသုံးလှမ်းသာ လှမ်းခဲ့သည်။ သူ့အရှိန်ဟုန်က ထပ်ခါထပ်ခါ တိုးလာသလို သူ၏ အငွေ့အသက်သည်လည်း ထပ်ခါထပ်ခါ တိုးလာခဲ့သည်။တခဏတွင်းမှာပင် သူသည် ချန်မင်ရှီ၏ ရှေ့သို့ ရောက်လာခဲ့သည်။ သူ၏လက်သီးသည် မိုးခြိမ်းသံကဲ့သို့ ပေါက်ကွဲထွက်သွားပြီး ချန်မင်ရှီ၏ ဝမ်းဗိုက်ဆီသို့ တိုးဝင်သွားသည်။
ချန်မင်ရှီ၏အမူအရာသည် ပြောင်းလဲသွားကာ သူမသည် တုန်လှုပ်သွားပြီး ရေရွတ်သည် "မြန်လိုက်တာ၊ ဘယ်လောက်တောင် ပြင်းထန်လိုက်တဲ့ အငွေ့အသက်လဲ"။
သို့သော်လည်း သူမသည် အရည်အချင်းမပြည့်မီသောလူမဟုတ်ပေ။ သူမလက်ထဲရှိ ဓားအလင်းကသည် တဖျပ်ဖျပ်ဖျပ်ခတ်သွားပြီး လှပသည့်အလင်းတန်းက သက်တန့်ရှည်ကြီး တခုကဲ့သို့ ချင်ယွင်အပေါ်ကို ဖြတ်သန်းသွားခဲ့သည်။
ချင်ယွင်သည် နှာခေါင်းတစ်ချက် ရှုံ့လိုက်သည်။ သူသည် ထိုဓားချက်ကို ရှောင်တိမ်းခြင်းမရှိဘဲ ချန်မင်ရှီ၏ ဝမ်းဗိုက်ကို တိုက်ရိုက် ထိုးလိုက်လေသည်။
ထိတ်လန့်စရာကောင်းသည့် အင်အားတစ်ခုက တောင်ကြီးတစ်ခုကဲ့သို့ ချက်ခြင်း ပြိုကျလာခဲ့ပြီး ချန်မင်ရှီခန္ဓာကိုယ်ပေါ်ကို တိုက်ရိုက် စိမ့်ဝင်သွားခဲ့သည်။
ချန်မင်ရှီသည် ဥက္ကာပျံကဲ့သို့ မြေပြင်ပေါ် လွင့်ထွက်ကျသွားသည်။
ဤအခိုက်အတန့်တွင် ချင်ယွင်၏ ခန္ဓာကိုယ်ကို အလင်းတန်းများက ရိုက်ခတ်လာကာ အခိုးအငွေ့များ ထွက်လာသည်။ ချင်ယွင်၏ခန္ဓာ ကိုယ်ပေါ်တွင် ခပ်တိမ်တိမ် ဒဏ်ရာတစ်ခုသာကျန်ရစ်ခဲ့ပြီး ထိုဒဏ်ရာသည်လည်း နောက်တစ်စက္ကန့်တွင် လျင်မြန်စွာပျောက်ကင်းသွားခဲ့သည်။
"ဘာလဲဟ?"
အားလုံးက ထိတ်လန့်တုန်လှုပ်သွားကြသည်။
သူသည် အင်မော်တယ်ဓား၏အလင်းတန်းကို အပြင်းအထန် ခုခံခဲ့သော်လည်း ဒဏ်ရာအနည်းငယ်သာ ကျန်ရစ်ခဲ့သည်။ သူ၏ခန္ဓာကိုယ်သည် လူသားတစ်ဦး၏ ခန္ဓာကိုယ်ရော ဟုတ်ပါသေးရဲ့လား။
ချန်မင်ရှီသည်လည်း အနှိုင်းမဲ့ ထိတ်လန့်သွားသည်။ ချင်ယွင်၏ ခန္ဓာကိုယ်သည် ဤမျှလောက် သန်မာလာမည်ဟု သူမ မမျှော်လင့်ခဲ့ပေ။
ရုတ်တရက် လေထဲတွင် ချင်ယွင်သည် ပေါက်ကွဲထွက်လာသည်ကို သူမမြင်လိုက်ရ ပြန်သည်။ သိပ်သည်းသော အစိမ်းရောင်အလင်းတန်းအလွှာတခုသည် သူမ၏ မျက်လုံးများထဲသို့ ချက်ချင်းပင် ဝင်လာသည်။
ကြီးမားသောပန်းပွင့်ကြီးတစ်ပွင့်သည် သူမ၏ ခြေရင်းအောက်ရှိမြေပြင်ပေါ်တွင် လျင်မြန်စွာ ပေါ်လာပြီး သူမပတ်ပတ်လည်ကို ရစ်ပတ်သွားသည်။
ချင်ယွင်၏ လက်သီးချက်များသည် ဥက္ကာပျံကဲ့သို့ ကျသွားခဲ့ပြီး ကြီးမားသော ပန်းပွင့်ချပ်များကို ထိမှန်သွားခဲ့သည်။
ပန်းတစ်ပွင့်လုံးသည် ပြင်းထန်စွာ တုန်လှုပ်သွားပြီး ပွင့်ချပ်ပွင့်ဖတ်များမှ ရေကဲ့သို့ လှိုင်းများထလာသည်။ ပွင့်ချပ်ပွင့်ဖတ်များသည် ချက်ခြင်းပြိုကျသွားပြီး ပတ်ဝန်းကျင်မှ လေပြင်းများ တိုက်ခတ်လာသည်။
"အင်း၊ တကယ်ကို မဖြိုခွဲနိုင်ဘူးပဲ" ချင်ယွင် သည် အနည်းငယ် ထိတ်လန့်သွားသည်။ သူသည် သူ၏အခြားလက်တစ်ဖက်ကို ကျစ်ကျစ်ပါအောင် ဆုပ်ထားပြီး အနက်ရောင် လျှပ်စီးများက သူ၏လက်သီးကို ချက်ချင်း ဖုံးလွှမ်းသွားသည်။
လက်သီးတစ်ချက်ဖြင့် မြေကြီးပြိုကျပြီး တောင်များလည်း ပြိုလဲသွားနိုင်သည်။
မူလက ပြင်းထန်စွာ တုန်ခါနေသော ပန်းပွင့်ကြီးသည် ချက်ချင်းပင် အလင်းတန်းများ အဖြစ်သို့ ပြောင်းလဲကာ ကွဲအက်သွားခဲ့သည်။
သို့သော်လည်း ချန်မင်ရှီသည် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားပြီးဖြစ်ပြီး သူမ၏ လက်ထဲရှိ အင်မော်တယ်အဆင့်ဓားသည် တောက်ပစွာ လင်းလက်သွားခဲ့သည်။ ဓားခုတ်ပိုင်းသံနှင့်အတူ ဧရာမဓားအရိပ်သဏ္ဍာန်ကြီးသည် ချင်ယွင်ဆီသို့ ထိုးဖောက်ဝင်ရောက်လာသည်။
ချင်ယွင်၏အမူအရာသည် အေးစက်သွားသည်။ သူ၏လက်ထဲရှိ အနက်ရောင်လျှပ်စီး
ကြောင်းသည် ချက်ချင်းဆိုသလို ပေါက်ကွဲသွားပြန်သည်။ သူသည် သူ၏လက်နှစ်ဖက်
ဖြင့် ဧရာမဓားရိပ်ကြီး၏ထိပ်ဖျားကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်သည်ပြီး သူ၏ ခါးရှိခွန်အားကို ချက်ခြင်းပင် တိုးမြှင့်လိုက်သည် ။ မြေပြင်ပေါ်တွင် ဆယ်မီတာကျော် ဒရွတ်တိုက်ဆွဲသွားပြီးနောက် သူသည် ဧရာမဓားရိပ်ကြီးကို အတင်းအကြပ် ပိတ်ဆို့တားဆီးနိုင်လိုက်သည်။
"တားဆီးလိုက်တာလား...တားဆီးလိုက်တယ်ပေ့ါ!"
ဘိုင်ယွန်ကျောင်းတော်မှ တပည့်များသည် ၎င်းတို့၏တံတွေးများကို တယောက်ပြီး တယောက် မျိုချလိုက်ပြီး တစ်စုံတစ်ယောက်၏ ရိုက်နှက်ခြင်းကို ခံလိုက်ရသကဲ့သို့ ၎င်းတို့၏ နှလုံးသားများ ခံစားလာရသည်။
ချင်ယွင်သည် ကျယ်လောင်စွာ မာန်သွင်းလိုက်ပြီး သူ၏လက်နှစ်ဘက်စလုံးက ချက်ချင်းဆိုသလိုပင် သန်မာသည့်ဓားအရိပ်သဏ္ဍာန်ကြီးကို တိုက်ရိုက်ချိုးဖျက် ပစ်လိုက်သည်။
ဧရာမဓားအရိပ်သဏ္ဍာန်ကြီးသည် ကြယ်အလင်းတန်းများအဖြစ်သို့ ပြောင်းလဲသွားကာ မြေပြင်ပေါ်သို့ ကျဆင်းသွားခဲ့သည်။ ယင်းက ကွင်းပြင်ရှိလေထုကို တင်းမာမှုတစ်ခု အဖြစ်သို့ ချက်ချင်း နစ်မြုပ်သွားစေသည်။
"ဒါက ပိုပိုပြီး စိတ်ဝင်စားဖို့ ကောင်းလာတယ်။" ချန်မင်ရှီသည် ရယ်မောလိုက်သည်။
သူမ၏ ကျက်သရေရှိသော ခန္ဓာကိုယ်သည် လေထုထဲသို့ ခြေတစ်လှမ်း လှမ်းဝင် လိုက်သည်နှင့် သူမ၏ ကြာပန်းခြေလှမ်းများသည် ဖြည်းညှင်းစွာ ထွက်ပေါ်လာသည် ။
"မူလကတော့ ငါ ဒီသိုင်းကွက်ကို အသုံးမပြုရဘူးလို့ ထင်ထားခဲ့တယ်။ အခု ငါ ဒါကို သုံးရမယ်ထင်တယ်။ မင်း ငါ့ဆီကနေ ဒီသိုင်းကွက် ကို ခံယူနိုင်တာနဲ့ ဒီပွဲကို ငါရှုံးလိမ့်မယ်။"
ချန်မင်ရှီသည် သူမပါးစပ်ကိုဖွင့်ပြီး သူမ၏ ၀တ်စုံလက်မောင်းကို ဝှေ့ယမ်းလိုက်သည်။
ဓားဆယ့်ရှစ်ချောင်းသည် သူမရှေ့မှာ လွင့်ပျံလာသည်။
"ဓား၀င်္ကပါတခုလား ?" ချင်ယွင်သည် မျက်မှောင်ကြုတ်လိုက်သည်။ ချန်မင်ရှီသည် ဓားအစီအရင်တခုကို အမှန်တကယ် အသုံးပြုလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။
ဓားတဆယ့်ရှစ်လက်သည် ကောင်းကင်ယံသို့ ပျံတက်သွားသည်။ ချန်မင်ရှီ၏ လက်ထဲရှိ အင်မော်တယ်ဓားသည် ပင်မဓားအဖြစ် ပေါင်းစပ်သွားခဲ့ပြီး လေထဲတွင် ပေတစ်ရာရှည်လျားသည့် ဓားရှည်ကြီးကို ပုံဖော်ထားသည်။ အဆုံးမရှိသော ဓားတစ်ချောင်းသည် ကမ္ဘာမြေကြီးတစ်ခုလုံးကို ချက်ချင်း လွှမ်းခြုံသွားသည်။
ကျိုးယုနှင့် အခြားသူများသည် ဤမြင်ကွင်းကိုမြင်သောအခါတွင် သူတို့၏ အမူအရာများသည် အလွန်ပြောင်းလဲသွားကြသည်။ ဒါက ဘယ်လိုတိုက်ပွဲမျိုးလဲ။
ချင်ယွင်၏ မျက်လုံးများသည်လည်း အလွန်ပြင်းထန်လာသည်။ ကြီးမားသော ဓားကြီးသည် သူ့အား ပြင်းထန်သော ခြိမ်းခြောက်မှုအသွင်ကို ပေးသည်။ ဤဓားကြီး ပြုတ်ကျလာသည်နှင့် နေရာတစ်ခုလုံး ပြိုကွဲသွားလိမ့်မည်ဟုပင် သူ ခံစားနိုင်ခဲ့သည်။
"သွား!"
သို့သော် ယခုအချိန်တွင် ချန်မင်ရှီသည် တိုးညှင်းစွာ အော်လိုက်သည်။
လေထဲတွင် လွင့်မျောနေသော ဓားကြီးသည် မိုးခြိမ်းသံနှင့်အတူ ချင်ယွင်ဆီသို့ ကျဆင်းသွားသည် ။
ကြောက်မက်ဖွယ်ကောင်းသော ဓားရှည်ကြီးသည် လေထဲတွင် ပွတ်တိုက်သွားခဲ့ပြီး ဓားဖျားတွင် ကြီးမားသော မီးတောက်တစ်ခု ဖြစ်ပေါ်လာသည်။ ၎င်းသည် အနှိုင်းမဲ့ ကြည့်ကောင်းလှသည်။ ထို့အပြင် ဤဓား၀င်္ကပါ အောက်တွင် ရှောင်တိမ်းရန် နေရာမရှိပေ။ ချီစွမ်းအင်အားလုံးသည် ချင်ယွင်ပေါ်သို့ တင်းတင်းကျပ်ကျပ် ပိတ်ဆို့ထားသည်။
လူတိုင်း၏နှလုံးသားများကို ဆွဲထုတ်ပစ်လိုက်သည်။ ဤဓားကြီး၏ထိုးနှက်မူ တစ်ချက်ကြောင့် တတိယအဆင့် ကောင်းကင်အလွှာ သိုင်းမြို့စားအဆင့် ကျွမ်းကျင်သူပင်လျှင် မြေကြီးပေါ်တွင် ထုရိုက်ခံရပေလိမ့်မည်။
ချင်ယွင်၏ မျက်လုံးများသည် ဒေါသများဖြင့် တောက်ပလာပြီး ခေါင်းကိုမော့ကာ ဟိန်းဟောက်လိုက်သည်။
" ရွေ့လျားနဂါးဓား၀င်္ကပါ!"
ဧရာမလေဓားနဂါးကြီးသည် ချက်ခြင်းထွက်လာသည်။ ၎င်း၏ကြီးမားသော ခန္ဓာကိုယ်ကြီးသည် ပုံမှန်ထက် ဆယ်ဆပိုကြီးသည်။ အကန့်အသတ်မရှိသော ဓားဆန္ဒသည် ကန်ရေပြင်ပေါ်ကျလာသော ရေတစ်စက်ကြောင့် ရေလှိုင်းလုံးများ ပျံ့နှံ့သွားကဲ့သို့ ချက်ချင်းပျံ့နှံ့သွားသည်။
လေဓားသွားနဂါးကြီးသည် ဟောက်သံထွက်လာပြီး ဧရာမဓားကြီးကို ထိပ်တိုက် တွေ့ဆုံရန် ကောင်းကင်ယံသို့ ပျံတက်သွားခဲ့သည်။
လေဓားသွားနဂါးကြီးသည် ဧရာမဓားကြီးနှင့် တိုက်မိပြီး ချက်ခြင်းပေါက်ကွဲသွားသည်။
ချင်ယွင် နှင့် ချန်မင်ရှီ နှစ်ယောက်စလုံးသည် လွင့်ပျံသွားခဲ့ကြပြီး ဓားတစ်ဆယ့်ရှစ်စင်း သည် အလင်းတန်းများအဖြစ်သို့ ပြောင်းလဲသွားကာ ၎င်းတို့ပတ်ဝန်းကျင်တွင် ပြန့်ကျဲနေသည်။
ချန်မင်ရှီ၏ ပါးစပ်ထဲမှ သွေးများစီးထွက်လာသည်။ ဓား၀င်္ကပါပျက်စီးသွားခြင်းသည် သူမအတွက် ကြီးမားသော တုံ့ပြန်သက်ရောက်မှုတစ်ခုကို ဖြစ်ပေါ်စေသည်။
သို့သော် ချင်ယွင်သည်လည်း အထူးကောင်းမွန်မနေခဲ့ပေ။ ထိုအချိန်တွင် သူ၏ကိုယ်ခန္ဓာအစစ်နှင့် အနက်ရောဝတ်ရုံ၀တ်ကိုယ်ပွားသည် ကွဲကွာသွားခဲ့ပြီး နှစ်ယောက်စလုံးသည် မြေပြင်ပေါ်သို့ ပြိုလဲကျသွားသည်။
"ပြီးသွားပြီလား?" ကျိုးယု နှင့် အခြားလူများသည် ကြောက်ရွံ့ထိတ်လန့်စွာဖြင့် ပြောလိုက်ကြသည်။
သို့သော်လည်း ဤအခိုက်အတန့်တွင် လေဟာ နယ်တစ်ခုလုံးသည် ချက်ချင်းပင် တုန်လှုပ် ပေါက်ကွဲသွားပြီး ပေါက်ကွဲမှု၏ အလယ်ဗဟိုတွင် ကြီးမားသော အပေါက်တစ်ခု ဖြစ်လာသည်။
"မကောင်းပါဘူး၊ မြစ်များနှင့်တောင်တန်းများကမ္ဘာရဲ့ရုပ်ပုံလွှာ လေဟာနယ်ထဲမှာ အပေါက်တစ်ခုရှိလာတယ်။" ဘိုင်ချီဟန်နှင့် တခြားလူများ၏အမူအရာများ ချက်ချင်း ပြောင်းလဲသွားသည်။
သို့သော် ၎င်းတို့ မတုံ့ပြန်နိုင်မီတွင် ချင်ယွင်နှင့် ချန်မင်ရှီအပါအဝင် သူတို့အားလုံးကို စုပ်ယူသည့် စွမ်းအားသည် ကြောက်မက်ဖွယ်ကောင်းသော ထိုအပေါက်ကြီးမှ ထွက်ပေါ်လာသည်။
ထို့နောက် ချင်ယွင်နှင့် အခြားသူများသည် ဘိုင်ယွန်ကျောင်းတော်၏ ရင်ပြင်ပေါ်သို့ ပြကျသွားသည်။
မြစ်များနှင့်တောင်တန်းများ၏ကမ္ဘာငယ်လေး ပြိုပျက်သွားလျှင် ချင်ယွင်နှင့် တခြားသူများသည်လည်း သဘာဝအတိုင်း အပြင်ထွက်လာကြသည်။
ချင်ယွင် နှင့် အခြားသူများ အပြင်ထွက်လာသည်နှင့် ကွင်းပြင်ထဲမှ လက်ခုပ်သံများ ထွက်ပေါ်လာသည်။
သူတို့သည် ချင်ယွင် နှင့် ချန်မင်ရှီတို့ကြားတိုက်ပွဲကို ယခုလေးတင်တွေ့မြင်ခဲ့ရပြီး ချင်ယွင်နှင့် ချန်မင်ရှီတို့ကို လွန်စွာ သဘောကျနေပြီ ဖြစ်သည်။ သူတို့မြင်ဖူးသမျှ စိတ်လှုပ်ရှားစရာအကောင်းဆုံး ပြိုင်ပွဲတစ်ခုဖြစ်ခဲ့ပြီး၊ ယခင်ဂိုဏ်းပေါင်းစုံ ပြိုင်ပွဲများထက် ပို၍ပင်စိတ်လှုပ်ရှားစရာ ကောင်းကြောင်း သူတို့ သေချာပေါက် သိသည်။
သိုင်းမြို့စားဘိုင်ယွန်သည်ပင် ပင်မထိုင်ခုံမှ ဖြည်းညှင်းစွာထရပ်လိုက်ပြီး စင်မြင့်အောက်ရှိ ချန်မင်ရှီနှင့်ချင်ယွင်တို့ကို လှမ်းကြည့်ကာ ပြောလိုက်သည် "လှပသောကမ္ဘာငယ်လေးရဲ့ နေရာလွတ်ပျက်ဆီးသွားတာကြောင့် ဒီပြိုင်ပွဲဟာ စောစောစီးစီး ပြီးဆုံးသွားခဲ့ရတယ်။ ကျေးဇူးပြုပြီး ဂိုဏ်းပေါင်းစုံရဲ့တံဆိပ်ပြားတွေကို ရေတွက်ကြည့်ရအောင်။ "
လူတိုင်းသည် စိုးထိတ်လာကြသည်။ ချန်ပီယံ မည်သူဖြစ်မလဲဆိုသည်ကို သူတို့ အလွန်သိချင်နေကြသည်။ သို့သော် သူတို့၏အမြင်တွင်၊ ဤချန်ပီယံဆုသည် ပန်းတရာဂိုဏ်း သို့မဟုတ် မိုးကြိုး၀ိညာဥ်ဂိုဏ်းနှင့် သက်ဆိုင်သည်။
မျှော်လင့်ထားသည့်အတိုင်း အကြီးအကဲများ၏ စာရင်းရေတွက်မူအရ ထိပ်ဆုံး သုံးဂိုဏ်းမှာ ဘိုင်ယွန်ကျောင်းတော်၊ ပန်းတစ်ရာဂိုဏ်းနှင့် မိုးကြိုး၀ိညာဥ်ဂိုဏ်းတို့ ဖြစ်သည်။
နောက်ဆုံးတွင် ချန်ပီယံဆုကို မိုးကြိုး၀ိညာဥ်ဂိုဏ်းက သဘာဝအတိုင်း ပိုင်ဆိုင်သွားခဲ့ သည်။
ဘိုင်ယွန်ကျောင်းတော်သည် အဘယ့်ကြောင့် အဆင့်ထဲ၀င်သည့်အထဲတွင် ပါ၀င်နိုင်ခဲ့ သနည်းဟူမူ၊ အကြောင်းမှာ ချင်ယွင်သည် ရန်စီချီထံဆီမှ သူယူထားခဲ့သည့် တံဆိပ်ပြားလေးခုကို ပြန်ပေးလိုက်သည့်အတွက် ဘိုင်ယွန်ကျောင်းတော်သည် တတိယနေရာသို့ တက်နိုင်ခဲ့ခြင်း ဖြစ်သည်။
ကံတရားကြောင့် တိုက်ခိုက်ခြင်းမခံရဘဲလွတ်မြောက်ခဲ့ကြသည့် တပည့်တချို့လည်း ရှိခဲ့ပါသည်။ ထိုသူများ၏လက်ထဲတွင် တံဆိပ်ပြားနှစ်ခု သို့မဟုတ် သုံးခုသာရှိသောကြောင့် လုံးဝ အသုံးမဝင်ခဲ့ပေ။
"ဒါဆို ဒီတစ်ကြိမ် ဂိုဏ်းပေါင်းဆုံပြိုင်ပွဲမှာ တတိယနေရာက ဘိုင်ယွန်ကျောင်းတော် ဖြစ်ပြီး၊ ဒုတိယနေရာကတော့ ပန်းတရာဂိုဏ်းဖြစ်ကာ၊ ချန်ပီယံကတော့ မိုးကြိုး၀ိညာဥ်ဂိုဏ်းဖြစ်တယ်ဆိုတာကို ကြေညာပါရစေ" သိုင်းမြို့စားဘိုင်ယွန်က ကြေညာပေးလိုက်၏။
စင်မြင့်ပေါ်မှာ ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။ တစ်ချို့လူများသည် ပျော်ရွှင်နေကြ ပြီး တစ်ချို့လူများကတော့ စိုးရိမ်နေကြသည်။ သေချာသည်မှာ၊ မျက်နှာအကြီး အကျယ်ပျက်နေသူကတော့ လင်းထျန်ဂိုဏ်း၏ အကြီးအကဲဖြစ်သည်။
ဤအချိန်တွင် ကြီးကျယ်ခမ်းနားသည့် ဂိုဏ်းပေါင်းဆုံပြိုင်ပွဲက ပြီးဆုံးသွားခဲ့ပါပြီ။
အခန်း (၁၈၅) သိမ်မွေ့နူးညံ့သည့်ထိတွေ့မူ
ဂိုဏ်းပေါင်းဆုံပြိုင်ပွဲ ပြီးဆုံးသွားသည်နှင့်အမျှ ဘိုင်ယွန်ကျောင်းတော်၏ တပည့်များသည်လည်း တဖြည်းဖြည်းနှင့် လူစုခွဲသွားကြသည်။
ဘိုင်ယွန်ကျောင်းတော်သည် ဤပြိုင်ပွဲတွင် တတိယဆုသာ ရရှိခဲ့သော်လည်း ဘိုင်ယွန်ကျောင်းတော်၏တပည့်များသည် လုံးဝ မကျေမနပ် မဖြစ်ခဲ့ကြပေ။ ချင်ယွင်နှင့် ချန်မင်ရှီတို့၏ စွမ်းအားကို သူတို့မြင်ပြီးနောက်မှာတော့ သူတို့သည် ဤပြိုင်ပွဲကို အနိုင်ရသင့်ပါသည်။ သူတို့ ဘိုင်ယွန်ကျောင်းတော်၏ အရှုံးက မတရားမူ မဟုတ်ခဲ့ပေ။
သေချာသည်မှာ၊ ဂိုဏ်းဂဏအစွဲကြီးပြီး ဂိုဏ်း၏အရှုံးကို ကာကွယ်ပြောဆိုကြသူ အချို့ရှိကြသော်လည်း အလွန်နည်းပါးပါသည်။ ၎င်းတို့သည် အလွန် ဒေါသထွက် နေကြသည်။
သို့သော် ချင်ယွင်နှင့် အခြားသူများသည် လုံးဝ ဂရုမစိုက်ဘဲ ထိုလူများကို မျက်ကွယ် ပြုထားခဲ့သည်။
"မင်းရဲ့စွမ်းအားက တကယ်မဆိုးပါဘူး။ ချန်ပီယံဆုရလို့ ဂုဏ်ယူပါတယ်။" ချန်မင်ရှီ
သည် ချင်ယွင်ဆီသို့ လျှောက်လာရင်း ပြောလိုက်သည်။
ချင်ယွင် ခါးသီးစွာ ပြုံးလိုက်မိသည်။ စောစောက နောက်ဆုံးတိုက်ပွဲတွင်၊ သူသည် သူ၏ တိုက်ခိုက်ရေးစွမ်းအားကို ဆုံးရှုံးနေပြီ ဖြစ်သော်လည်း ချန်မင်ရှီသည် တိုက်ခိုက်ရန် ခွန်အားရှိနေသေးသည်။ ထို့ကြောင့် အနိုင်ရသူသည် ချန်မင်ရှီ ဖြစ်သင့် သည်။
ချန်မင်ရှီက ချင်ယွင်၏အတွေးများကို မြင်နိုင်ပုံရပြီး ပြောသည် "မင်း ငါ့ရဲ့ သိုင်းကွက်ကို ခုခံနိုင်ရင် ငါက အရှုံးကိုဝန်ခံမယ်လို့ ကြိုပြောထားပြီးသားပဲ။ အဆုံးမှာတော့ ကမ္ဘာငယ်လေး မပြိုကွဲခဲ့ရင်တောင် မင်းကို တံဆိပ်ပြားတွေပေးပြီး ချန်ပီယံဖြစ်ခွင့် ပေးမှာပါ။"
ထိုစကားကိုပြောပြီးနောက် ချန်မင်ရှီသည် ခေါင်းပင်ပြန်မလှည့်ကြည့်ဘဲ ချင်ယွင်ကို လှပသော နောက်ကျောပေးကာ ထားရစ်ခဲ့လေသည်။
ချင်ယွင်သည် ထွက်ခွာသွားသော ချန်မင်ရှီ၏ နောက်ကျောကို ကြည့်လိုက်သည်။ သူ၏ နှလုံးသားထဲတွင် ရှုပ်ထွေးနေသည်။ သူသည် ထိုတိုက်ပွဲတွင် ကြီးစွာသော ထိုးနှက်ချက်တခုကိုလည်း ခံစားခဲ့ရသည်။ ချန်မင်ရှီ၏စွမ်းအားသည် အစွမ်းထက် လွန်းသည်။
အကယ်၍ အစိမ်းရောင်ကြာပန်းစည်းတံဆိပ်သည် ၎င်း၏စွမ်းအားကို အသုံးချပြီး အနက်ရောင်၀တ်ကိုယ်ပွားနှင့် ပေါင်းစပ်ရန် ခွင့်ပြုပေးခြင်း မရှိခဲ့ပါက၊ ချန်မင်ရှီသည် အဆုံးတွင် သူ့ကို သတ်ဖြတ်နိုင်မည်ဖြစ်ပြီး နောက်ဆုံးချန်ပီယံဆုကိုလည်း ပန်းတစ်ရာ ဂိုဏ်းက ပိုင်ဆိုင်ခွင့်ရမှာ သေချာပါသည်။
အစမှအဆုံးအထိ၊ ချင်ယွင်သည် ချန်မင်ရှီ၏ မူလဇာစ်မြစ်သည် အလွန်လျှို့ဝှက် ဆန်းကြယ်သည်ဟု ခံစားခဲ့ရသည်။ သူမသည် သူနှင့် အသက်ရွယ်တူသော်လည်း ဓားဆန္ဒကို ပိုင်ဆိုင်ထားနိုင်သည်။ ထို့အပြင် သူမ၏ကျင့်ကြံအခြေခံသည် သာမန် ပါရမီရှင်တစ်ဦးထက် များစွာသာလွန်ပါသည်။ ထို့အပြင် သူမ၏လက်ထဲတွင် အင်မော်တယ်အဆင့် ဓားတစ်လက်လည်း ရှိနေသည်။
သူမသည် သူမနှင့်သက်တူရွယ်တူများကြားတွင် မယုံကြည်နိုင်ဖွယ်ကောင်းသော တည်ရှိမှုတစ်ခု ဖြစ်နေပြီဟု ဆိုနိုင်ပါသည်။
"သူမက ကြည့်ကောင်းလို့လား?"
ချင်ယွင်သည် ချန်မင်ရှီကို မှင်တက်တွေဝေစွာ စိုက်ကြည့်နေစဉ် ရန်စီချီ၏ ရှင်းလင်းပီသသော အသံက သူ၏နားထဲတွင် ထွက်ပေါ်လာသည်။
ချင်ယွင်သည် ချက်ချင်းပင် သတိပြန်၀င်လာပြီး "ကြည့်မကောင်းဘူး ၊ ကြည့်လို့ မကောင်းပါဘူး၊ ငါ့ရဲ့စီချီလေးလောက် ဘယ်လိုလုပ် ကြည့်ကောင်းပါ့မလဲ"
"ဘယ်သူက နင့်ရဲ့မိသားစု၀င် ဖြစ်လို့လဲ!" ရန်စီချီသည် အေးစက်စွာ အော်ပြော လိုက်ပြီး ခေါင်းကို လှည့်ကာ သူမ၏ မျက်နှာပေါ်တွင် ရှက်ရွံ့မှု အရိပ်အမြွက် ပြနေသည်။
ချင်ယွင်သည် ယခင်ချစ်ခဲ့ဖူးစဥ်ကလို အပြစ်ကင်းစင်သည့် ဆယ်ကျော်သက်အရွယ် မဟုတ်တော့ပေ။ ထို့ကြောင့် ရန်စီချီသည် ရှက်ရွံ့နေကြောင်း သဘာဝကျကျ သိလိုက်သည်။
ထို့ကြောင့်၊ လူဆိုးကောင်ချင်ယွင်သည် ရန်စီချီ၏ ခေါင်းပြန်အလှည့်ဟာကွက်ကို အခွင့် ကောင်းယူကာ ရန်စီချီ၏ပန်းနုရောင်သမ်းနေသည့် အဖြူရောင်ကျောက်စိမ်း ကဲ့သို့သော ပါးပြင်ကို ချက်ချင်းဆိုသလို နမ်းလိုက်သည်။
"လူဆိုး!"
ရန်စီချီသည် ခြုံခိုတိုက်ခိုက်ခံလိုက်ရပြီး သူမ၏မျက်နှာသည် နီမြန်းလာပြီး သူမသည် နောက်ပြန်လှည့်ကြည့်ကာ ချင်ယွင်၏ ရင်ဘတ်ကို တဒုန်းဒုန်းဖြင့် ပြင်းပြင်းထန်ထန် ထုနှက်လိုက်သည်။
"အိုက်!"
ချင်ယွင်သည် ဝက်၏ဗိုက်ကဲ့သို့ ရုပ်ဆိုးသော အမူအရာကိုထုတ်ဖော်ရင်း သနားစရာကောင်းသော အော်ဟစ်သံကို ချက်ချင်း ထုတ်လိုက်သည်။
သေချာသည်မှာ ၊ ဒါက အတုမဟုတ်ပါဘူး။ ချင်ယွင် နှင့် အနက်ရောင်ကိုယ်ပွားတို့ ခွဲထုတ်လိုက်သည့်အခိုက်တွင်၊ ချင်ယွင်သည် သူ၏ခွန်အားအားလုံးကို ဆုံးရှုံးသွားရုံ သာမက သူ၏ခန္ဓာကိုယ်ရှိ ကြွက်သားများနှင့် အရိုးများအားလုံးသည်လည်း သူ၏ နှလုံးထဲသို့ ထိုးဖောက်ဝင်ရောက်သွားသလို ခံစားလိုက်ရသည်။
အနက်ရောင်ဝတ်ရုံ၀တ်ကိုယ်ပွားသည်လည်း အလားတူပင်ဖြစ်သည်။ ထို့ကြောင့် ချင်ယွင်သည် ယခင်ကထက် နှစ်ဆပို၍ နာကျင်မှုကို ခံစားခဲ့ရသည်။
ချင်ယွင် သည် အနက်ရောင်ဝတ်ရုံ၀တ်ကိုယ်ပွားကို သူ၏ခန္ဓာကိုယ်ထဲသို့ ပြန်ထည့်ကာ ဒဏ်ရာများကို ကုသရန်မှတပါး ရွေးချယ်စရာမရှိပေ။
တစ်ချိန်တည်းမှာပင်၊ ထိုကိုယ်ပွားသည် သူ၏ ဒဏ်ရာများမှ ပြန်လည်ကောင်းမွန်လာ စေရန် ရှေးဟောင်းခေတ်အစိမ်းရောင်ကြာပန်းပညာရပ်ကို တိတ်တဆိတ် စတင်ဖြန့် ချီလိုက်သည်။ သို့ပေမယ့် ယခုတစ်ကြိမ်မှာတော့ သူ၏ဒဏ်ရာများသည် ပြင်းထန်လွန်း သည်။ ချင်ယွင်၏ လက်ရှိခွန်အားသည် ပုံမှန်လမ်းလျှောက်ခြင်းကိုသာ ထိန်းသိမ်းထား နိုင်ပြီး အပိုခွန်အား လုံးဝမရှိပေ။
ယခုအချိန်တွင် ရန်စီချီ၏ ပြင်းထန်သော လက်သီးဖြင့် ထိလိုက်သောအခါ သူ၏ တကိုယ်လုံး ပြိုလဲကျသွားပြီး ထိုခံစားချက် သည် သူ၏တစ်ကိုယ်လုံး ကွဲကြေသွားသလိုပင် မသက်မသာ ဖြစ်စေသည်။
ချင်ယွင်သည် ဟန်ဆောင်နေပုံမပေါ်သည်ကို မြင်လိုက်ရသဖြင့် ရန်စီချီသည် ချက်ချင်း ပင် စိုးရိမ်သောအမူအရာကို ထုတ်ဖော်လိုက်သည်။ သူမသည် သူ့ကိုကူညီပေးရန် ချင်ယွင်အနားသို့ ပြေးသွားပြီး “နင့် ဒဏ်ရာက တော်တော် ပြင်းထန်လား” ဟု မေးလိုက်သည်။
ချင်ယွင်သည် ရန်စီချီ၏ ထိတ်လန့်သောအမူအရာကို မြင်သောအခါ နွေးထွေးမှု အရိပ်အယောင်သည် သူ၏နှလုံးသားထဲသို့ တိုးဝင်လာသည်။
မည်သည့်အရာကိုဖြစ်စေ အရှုံးပေးရန်အမြဲ တမ်းငြင်းဆန်ခဲ့သောသူသည် သဘာဝအတိုင်း သူမအား လုယက်အနိုင်ကျင့်ရန် အခွင့်အရေးကောင်းကို လက်မလွှတ် နိုင်ခဲ့ပေ။ သူသည် ရန်စီချီအား ညွှန်ကြားဟန်ဖြင့် သူ၏ကျောကိုပုတ်ပြကာ သူ၏ခြေထောက်ကို ထိပြရင်း ထိုမိန်းကလေးကို အလွန်အလုပ်ရှုပ်စေခဲ့သည်။
ပို၍ပင် မုန်းစရာကောင်းသည်မှာ ဤကောင်သည် ရန်စီချီအပေါ်လှည့်စားကာ အလွန် မရိုးသားသည့် လှုပ်ရှားမူကို ပြုမူခဲ့သည်။ ယင်းက အလွန်အောက်တန်းကျသည်ဟု ဆိုနိုင်သည်။
ဘေးမှာရပ်နေသည့် ဘိုင်ချီဟန်နှင့် ကျိုးယုတို့သည်ပင် ကြည့်မရတော့ပေ။ ဘိုင်ချီဟန်ဆို အော်၍ပင် ပြောလိုက်သည် "ကောင်းကင်ဘုံကြီးရေ၊ ဒီမွန်းစတားကောင်ကို အဝေးကို ခေါ်ထုတ်သွားပါတော့!"
ထို့နောက်ပိုင်းတွင် ချင်ယွင်သည် သူ၏ ချင်းဖန်အိမ်ရာကို မသွားတော့ပေ။ ယင်းအစား သူသည် ရန်စီချီ၏နေအိမ်သို့ လိုက်သွားခဲ့သည်။
ရန်စီချီသည် ကျောင်းတော်၏ အမာခံပင်မ တပည့်တစ်ဦး ဖြစ်သောကြောင့် ပင်မတပည့်များအားလုံးသည် ခြံဝင်းတစ်ခု ကိုယ်စီရှိကြပြီး ချင်ယွင်သည် သူမနေရာသို့ သွားသောအခါ မည်သူမှ စိတ်အနှောင့်အယှက် မပေးနိုင်တော့ပေ။
ဟုတ်ပါသည်၊ သွားရာလမ်းတလျှောက်မှာ တပည့်များသည် ချင်ယွင်ကို သူမအိမ်ဆီ ခေါ်ဆောင်လာသည်ကိုမြင်လျင် ၎င်းတို့သည် ရန်စီချီကို တစ္ဆေသရဲမြင်ရသလိုမျိုး ကြည့်ကြသည်။
ယခင်က လင်းဖန်သည် ဤအုပ်စိုးရှင်မလေး ရန်စီချီအား အတင်းအကြပ်ဖိအားပေး ဦးညွှတ်ခါနီးတွင် ရန်စီချီသည် မိမိကိုယ်ကို သတ်သေရန် အဆင်သင့်ဖြစ်နေပြီဟုပင် ဆိုခဲ့သည်။ ယခုမူ ရန်စီချီသည် ထိုအမျိုးသားအား သူမ၏ နေအိမ်သို့ ခေါ်ဆောင် လာရန် စတင်လုပ်ဆောင်နေပြီဖြစ်သည်။ ဤကြီးမားသော ကွာဟချက်သည် မူလက ရန်စီချီအပေါ် အတွေးအချို့ရှိသူများအား ရင်ဘတ်စည်တီးကာ ခြေဆောင့် နင်းချင်စိတ် ပေါက်စေသည်။ သူတို့သည် နံရံတခုကိုရှာပြီး တိုက်ရိုက်ပစ်ဆောင့်ကာ သတ်သေဖို့ပင် ဆန္ဒရှိကြသည်။
အမှန်တကယ်တော့ ဤလူများသည် အတွေးလွန်နေကြခြင်း ဖြစ်သည်။ ချင်ယွင်သည် သူ၏ဒဏ်ရာများကို ကုသရန် ဆိတ်ငြိမ်သောနေရာကို ရှာလိုသည်။ ချင်းဖန် အိမ်ရာသည် လူအများပြားဖြင့် ရောထွေးလွန်းသောကြောင့် ဝင်ရောက်စွက်ဖက်ရန် လွယ်ကူသည်။ ထို့ကြောင့် ရန်စီချီသည် သူမ၏နေအိမ်သို့သွားရန် အကြံပြုခဲ့ခြင်း ဖြစ်သည်။
ချင်ယွင်သည် ရန်စီချီ၏အခန်းအတွင်းသို့ လျှောက်လာခဲ့သည်။ ရန်စီချီ၏အခန်းသည် သန့်ရှင်းသပ်ရပ်နေပြီး မွှေးရနံ့သင်းသင်းလေး ရှိနေသည်ကို တွေ့လိုက်ရသည်။
အခန်းတွင်းလေထုသည် အလွန်သိမ်မွေ့သည်။
သို့သော် ချင်ယွင်သည် သူ၏နှလုံးသားထဲတွင် အလွန်တရာ သနားစရာ ကောင်းသည်ဟု ခံစားရသည်။ ယခုလို အခွင့်ကောင်းမျိုးမှာ အလုပ်လုပ်ရန်အတွက်ပင် သူ့မှာ အင်အားမရှိခဲ့ပေ။ သူသည် သူ၏စိတ်နှလုံးထဲတွင် ရှုပ်ယှက်ခတ်နေသော အတွေးများကို ဖယ်ထုတ်ကာ ဖူတိုင်ပေါ်တွင် တင်ပျဉ်ခွေထိုင်ပြီး သူ၏ဒဏ်ရာများ ပြန်လည်ကောင်းမွန်လာစေရန် ဂရုတစိုက်ကျင့်ကြံလိုက်သည်။ (ဖူတိုင်ဟူသည် ထိုင်စရာအခင်းတစ်မျိုးဖြစ်သည်။)
ရန်စီချီသည် ဘေးတွင်ထိုင်ကာ သူမရှေ့ရှိလူကို တိတ်တဆိတ်ကြည့်ရင်း မေးစေ့ကို လက်ဖြင့်ထောက်ထားသည်။
သူမသည် သူ့ကို မတွေ့ရသည်မှာ သုံးလကျော်မျှသာဖြစ်သော်လည်း သုံးနှစ်တောင် ကြာခဲ့ပြီဟုပင် ခံစားရသည်။
ချင်ယွင်၏ ကြည်လင်ပြတ်သားသော မျက်နှာကို ဘေးတဖက်မှ ကြည့်ပြီး သူမသည် သူမ၏ နှလုံးခုန်သံကို မရပ်မနား ခံစားလိုက်ရသည်။
အချိန်များ တဖြည်းဖြည်း ကုန်ဆုံးသွားသည် နှင့်အမျှ ချင်ယွင်၏ဒဏ်ရာများသည် တဖြည်း ဖြည်း သက်သာလာခဲ့သည်။
ချင်ယွင်သည် မျက်လုံးဖွင့်ကြည့်လိုက်လျှင် ထိုကောင်မလေးသည် သူ့အပေါ် စူးစူးရဲရဲ ကြည့်နေတုန်းဖြစ်သည်ကို တွေ့လိုက်ရသည်။
သူသည် ထိုကောင်မလေး၏ နီရဲတွက်နေသည့်နှုတ်ခမ်းလေးပေါ်မှာ သူ၏နှုတ်ခမ်းကို တင်ထားရင်း သူ၏မျက်နှာတွင် ဆိုးသွမ်းသည့်အပြုံးတစ်ခု ပေါ်လာသည်။
နူးညံ့သော နှုတ်ခမ်းနှစ်စုံသည် ဖိကပ်ထိမိလိုက်သည်နှင့် ယန်စီချီ၏ တစ်ကိုယ်လုံးသည် ဓာတ်လိုက်ခံရသကဲ့သို့ တောင့်တင်းလာသည်။
တစ်ဖက်တွင်မူ ချင်ယွင်သည် ရန်စီချီကို အရူးအမူးနမ်းလိုက်သည်နှင့် တစ်လက်မပြီး တစ်လက်မ ပို၍ပို၍ တိုးလာသည်။
ရန်စီချီ၏ ဦးခေါင်းသည် လွတ်ထွက်သွားခဲ့ရပြီး နှစ်လိုဖွယ်ကောင်းသည့် ညှို့ဓာတ်အငွေ့ အသက်က သူမ၏နှလုံးသားထဲသို့ တိုးဝင်လာခဲ့သည်။
ချင်ယွင် သည် ရန်စီချီ၏ခါးနှင့်ပေါင်ကို ပွေ့ဖက်လိုက်ပြီး သူမကိုကောက်မကာ ရန်စီချီ၏ အိပ်ရာဆီသို့ လျှောက်သွားခဲ့သည်။
ထို့နောက်တွင်၊ စိတ်ကူးယဉ်ရူးသွပ်ဖွယ် မြင်ကွင်းတစ်ခုရှိလာခဲ့ပြီး ချင်ယွင်သည်
ရန်စီချီကို ထပ်မံပိုင်ဆိုင်နိုင်ခဲ့သည်။
ချင်ယွင်သည် ရန်စီချီကို လွှတ်မပေးခင်အထိ သူတို့နှစ်ဦးသည် အချိန်အတော်ကြာ အတူနေခဲ့သည်။
ရန်စီချီ၏ရုပ်ရည်အသွင်ပြင်သည် ကျန်းရွန်ရှင်းထက် အနည်းငယ်ပို၍ ဆွဲဆောင်မှု အလွန်ရှိသည်ဟု ဆိုရပေမည်၊ သို့သော် သူမသည်အနည်းငယ် ဆူဖြိုးသည်။
ချင်ယွင်သည် ရန်စီချီ၏ သေးသွယ်သော လက်ကလေးများကို ဆော့ကစာရင်း ရန်စီချီ၏ စိတ်လှုပ်ရှားနေသော မျက်နှာကို ကြည့်ပြီး ပြောလိုက်သည် "အနာဂတ်မှာ မင်းဟာ ငါ့အပိုင် ဖြစ်လိမ့်မယ်" ဟု တိုးတိုးလေး ပြောလိုက်သည်။
ရန်စီချီသည် ရှက်ရွံသွားပြီး နောက်ဆုံးတွင် သူမသည် ညင်သာစွာ ခေါင်းညိတ် လိုက်သည်။ သူမ၏နှလုံးသားထဲသို့ ပျော်ရွှင်မှုတစ်ခု တိုးဝင်လာသည်။
သူမ၏ နှလုံးသားထဲတွင် သူမသည် ချင်နင်းမြို့မှာကတည်းက သူ၏လူများထဲမှ တစ်ဦးဖြစ်နေပြီဖြစ်သည်။