← Chapters

အခန်း (၁၉၁-၁၉၅)

Vol. 13 Ch. 191-195

အခန်း (၁၉၁-၁၉၅)

Vol. 13 Ch. 191-195

အခန်း (၁၉၁) လူတစ်ထောင်ကိုသတ်ဖြတ်သူ။

နောက်တစ်နေ့တွင် ချင်ယွင်သည် ရန်စီချီအား နှုတ်ဆက်ကာ ဘိုင်ယွန်မြို့တော်မှ ထွက်ခွာခဲ့သည်။

မြို့တံခါးတွင် ချင်ယွင်သည် သိုင်းမြို့စားဘိုင်ယွန်းပေးခဲ့သော ဆံထိုးကို ရန်စီချီ၏ ခေါင်းပေါ်တွင် ကိုယ်တိုင်ကိုယ်ကျ ထိုးပေးခဲ့သည်။ ထိုမိန်းကလေးသည် ချက်ချင်းပင် ချင်ယွင်၏ ရင်ဘတ်ထဲတွင် သူမ၏ခေါင်းကို နက်နက်ရှိုင်းရှိုင်း တိုး၀င်နစ်မြှုပ်ကာ ချင်ယွင်၏ ရင်ဘတ်ပေါ်ရှိ အဝတ်စားတပိုင်းတစကို မျက်ရည်များ ဖြင့် စိုရွှဲစေခဲ့သည်။

"နေကောင်းအောင်နေပါ ၊ ငါပြန်အလာထိစောင့်ဦး !" ချင်ယွင်သည် ရန်စီချီ၏ ဦးခေါင်းကို သာယာပုတ်ကာ ချစ်ခင်ကြင်နာသော မျက်လုံးများဖြင့်ကြည့်ရင်း ပြုံးပြလိုက်သည်။

ရန်စီချီသည် သူမ၏နှုတ်ခမ်းများကို ညင်သာစွာ ကိုက်လိုက်သည်။၊ သူမ၏ မျက်လုံးများသည် တွန့်ဆုတ်သည့်အမူယာဖြင့် ရွှန်ရွှန်း ဝေနေသော်လည်း အဆုံးတွင် သူမသည် နာခံမှုရှိရှိဖြင့် ခေါင်းညိတ်နေဆဲဖြစ်သည်။

ချင်ယွင်သည် ပြုံးပြပြီးနောက် လှည့်ထွက်လိုက်သည်။

အစမှအဆုံးတိုင် ချင်ယွင်သည် ပြန်လှည့်မကြည့်တောပေ။ သူပြန်လှည့်ကြည့်လိုက် လျှင် ရန်စီချီ၏ နာကျင်သည့်အသွင်အပြင်ကို မြင်ရပြီး သူမကို သူနှင့်အတူ ခေါ်ဆောင် သွားမိမှာကို သူကြောက်သည်။

ချင်ယွင်သည် ရန်စီချီကို ချစ်မြတ်နိုးသည်။ ထိုကြောင့် သူသည် ရန်စီချီကို သူနှင့်အတူ

ခေါ်ဆောင်မနိုင်သွားခဲ့ပေ။ ဤခရီးသည် အန္တရာယ်ရှိသည့်ခရီးတခုအဖြစ် ကံကြမ္မာက သတ်မှတ်ထားပြီးသား ဖြစ်သည်။ အထူးသဖြင့် မိုးပြာတိမ်တိုက်မြို့တော်သို့ ရောက်သည့်အချိန် ဖြစ်သည်။

သူ၏စွမ်းအားသည် အရာအားလုံးကို လျစ်လျူရှုထားရန် မလုံလောက်သေးသည့် အချိန်အခါမျိုးမှာ ချင်ယွင်သည် သူချစ်ရသည့်သူကို သူနှင့်အတူ လှည့်ပတ်သွားလာပြီး အန္တရာယ်တွင်းထဲ မကျရောက်စေလိုပေ။ ကျန်းရွန်ရှင်းနှင့် ပတ်သက်၍လည်း ဤသဘောထားမျိုးပင် ဖြစ်သလို ရန်စီချီနှင့်ပတ်သက်၍လည်း အတူတူပင်ဖြစ်သည်။

ရန်စီချီသည် ထိုနေရာတွင် မလှုပ်မယှက် ရပ်နေကာ သူမ၏ လှပသော ပါးပြင်ပေါ်သို့ မျက်ရည်များ စီးကျလာပြီး ငိုကြွေးနေပြီဖြစ်သည်။

မည်သည့်အချိန်ကတည်းက ရောက်နေမှန်းမသိသော သိုင်းမြို့စားဘိုင်ယွန်သည် သူမနောက် တွင် ပေါ်လာခဲ့သည်။ သူသည် ချင်ယွင်၏ ထွက်ခွာသွားသော ပုံရိပ်ကို တိတ်တဆိတ်ကြည့်ကာ သူ၏စိတ်ထဲတွင် ညင်သာစွာ သက်ပြင်းချလိုက်ပြီး "ချင်ယွင်၊ မင်းငါ့ကို စိတ်မပျက်စေဘူးလို့ ငါမျှော်လင့်တယ်။ နောက်တစ်ကြိမ် မင်းနဲ့ထပ်တွေ့ရင် မင်းဟာ ယခုမင်းကိုမြင်ရတာထက် မတူထူးခြားစွာ တွေ့မြင်ရနိုင်မယ်လို့ ငါမျှော်လင့်တယ်"

ချင်ယွင်သည် ဘိုင်ယွန်မြို့တော်မှ ထွက်ခွာပြီးနောက် မြောက်ဘက်အရပ်သို့ ဦးတည်ထွက်လာခဲ့သည်။

မိုးပြာတိမ်တိုက်သည် မိုးပြာတိမ်တိုက်စီရင်စု ၏ မြို့တော်ဖြစ်သည်။ ၎င်းမြို့တော်သည် မိုးပြာတိမ်တိုက် စီရင်စု၏အလယ်ဗဟိုတွင်တည် ရှိပြီး မိုးပြာတိမ်တိုက်စီရင်စုသည် ဘိုင်ယွန် စီရင်စု၏မြောက်ဘက်အရပ်တွင်တည်ရှိသည်။

ဤစီရင်စုနှစ်ခုကြားတွင် လူသူကင်းမဲ့သည့်သဲကန္တာရတစ်ခုရှိပြီး ဤသဲကန္တာရတွင် အလွန်သန်မာသည့် ဆိတ်သုဉ်းခြင်းသားရဲမျိုးစုံ ရှင်သန်နေထိုင်ကြ၏။

အကယ်၍ တစ်စုံတစ်ယောက်သည် ဂိုဘီသဲကန္တာရထဲကိုဝင်ရန် စွမ်းအားမရှိခဲ့ပါလျှင် ထိုလူသည်သေဆုံးပြီး ဆိတ်သုဉ်းခြင်းသားရဲများ ၏ အစာဖြစ်လာလိမ့်မည်။ ထို့ကြောင့် စီရင်စုနှစ်ခုအကြားသည် ဝေးကွာခြင်း မရှိသော် လည်း အချင်းချင်း အဆက်အသွယ် သိပ်မရှိကြပေ။

သေခြင်းတရားကို မကြောက်ရွံ့သည့် ကုန်သည်အချို့လည်း ရှိကြသည်။ သူတို့သည် ဂိုဘီသဲကန္တာရကိုဖြတ်၍ စီရင်စုနှစ်ခုကြား ခရီးသွားလှည့်လည်ကာ စီရင်စုနှစ်ခုတွင် ရှားပါးသည့်ပစ္စည်းများကို ရောင်း၀ယ်ဖောက်ကားကာ အထူးဖြင့်ရောင်းချပြီး ၎င်းမှ အမြတ်အစွန်းများစွာ ရရှိခဲ့ကြသည်။

ဤအန္တရာယ်ရှိသော ဂိုဘီသဲကန္တာရကို ဖြတ်သန်းသွားလာချင်ကြသော ကုန်သည် များသည် သူတို့ကျွေးမွေးထားသည့် အစောင့်အရှောက်များကိုသာ အားကိုးနေရုံနှင့် မလုံလောက်ပေ။ ထို့ကြောင့် ၎င်းတို့သည် အစောင့်အကြပ်များအဖြစ် လိုက်ပါပို့ဆောင်မည့်တာ၀န်ကို အထူးပြုသည့် အဖွဲ့အစည်းတခုကို ရှာဖွေရန် လိုအပ်သည်။ ထိုဒေသတွင်ဤအဖွဲ့အစည်းကို ကြေးစားအဖွဲ့ဟု ခေါ်သည်။

ကြေးစားအဖွဲ့ဟုခေါ်တွင်သော ဤအုပ်စုများသည် ကျင့်ကြံသူ အုပ်စုများ ဖြစ်ကြသည်။ ၎င်းတို့သည် ကုန်သည်များကို လိုက်ပါစောင့်ကြပ် ပို့ဆောင်ပေးခြင်း လုပ်ငန်းကို လုပ်ကိုင်ကြပြီး ကုန်သည်များထံမှ အစောင့်အကြပ်အဖြစ် အခကြေးငွေများ ကောက်ခံကြသည်။

နှစ်ရက်လုံးလုံး အချိန်ကုန်သွားပြီးနောက်၊ ချင်ယွင်သည် နောက်ဆုံးတွင် ဂိုဘီသဲကန္တာရ အပြင်ဘက်ရှိ အဝါရောင်သဲမြို့ငယ်လေးသို့ ရောက်ရှိလာခဲ့သည်။ ဤနေရာသည် ဂိုဘီသဲကန္တာရကို ဖြတ်သန်းရန် တစ်ခုတည်းသောနေရာဖြစ်သည်။

သဲမုန်တိုင်းနှင့် ခြောက်သွေ့သော ရာသီဥတုကြောင့် ဤမြို့ငယ်လေးသည် လူနေထူထပ်ခြင်း မရှိသော်လည်း မှောင်ခိုသမားများနှင့် ရောင်းဝယ်သူများအတွက် မရှိမဖြစ်လိုအပ်သောကြောင့် ဤမြို့ငယ်လေးသည် ချမ်းသာကြွယ်ဝနေပုံရသည်။

ချင်ယွင်သည် မြို့ငယ်လေးထဲသို့ ဝင်လာသောအခါ၊ ဤနေရာရှိ အဆောက်အဦ အများစုသည် ပေါ့ပေါ့ပါးပါး ဆောက်လုပ်ထားကြပြီး အများစုမှာ ဘန်ဂလိုများ ဖြစ်ကြောင်း တွေ့ရှိခဲ့သည်။ နှစ်ထပ်အဆောက်အအုံများသည် အလွန်နည်းပါးလှ သည်။ သာမာန်သစ်၀ါးများသည် ဤသဲမုန်တိုင်းဒဏ်ကို လုံးဝ မခံနိုင်သည်မှာ ထင်ရှားပါသည်။

တောက်ပပြီး လှပသော ဘိုင်ယွန်မြို့တော်နှင့် နှိုင်းယှဉ်ပါက ဤနေရာသည် ထူးခြားဆန်းပြားသော နေရာတစ်ခုဟု ယူဆနိုင်ပါသည်။

ချင်ယွင်သည် စားသောက်ဆိုင်တစ်ဆိုင်ကိုတွေ့ပြီး ဝိုင်ကောင်းကောင်းနှင့် အစားအသောက်ကောင်းကောင်းစားရန် အသင့်ထိုင်လိုက်သည်။

ဤကာလအတွင်းမှာ သူသည် ဘာမှ မစားနိုင်ခဲ့ပေ။

ကျင့်ကြံသူများသည် ဆယ်ရက်ကြာ ငတ်မွတ်ဆာလောင်မှုကြောင့် မသေနိုင် သော်လည်း အစာစားလိုစိတ်မှာ လူ့သဘာဝအရဖြစ်ပြီး အင်မော်တယ်များသည် ပင်လျှင် ရှောင်လွှဲ၍မရပေ။

ချင်ယွင်သည် ထိုင်နေစဉ်တွင် စားပွဲထိုးတစ်ယောက် ရောက်လာခဲ့ပြီး သူ့ကို နှုတ်ဆက် သည်။ ချင်ယွင်သည် အထူးဟင်းလျာ နှစ်မျိုးကိုမှာကြားပြီးနောက် အနီရောင် သမီးတော်ဝိုင်တစ်ပုလင်းကိုမှာကြားပြီး စားပွဲထိုးကို ပြန်လွှတ်လိုက်သည် ။

အရှိန်ကမြန်လွန်းသည်။၊ ဝိုင်က အရှိန်တက်လာသည်။ ချင်ယွင်သည် ဝိုင်ကို တစိမ့်စိမ့်သောက်နေရင်း သူ၏ဘေးနားရှိစားပွဲ၀ိုင်းမှလူများ၏ ဆွေးနွေးမှုများက ချင်ယွင်ကို စွဲဆောင်သွားသောအခါ သူသည် လန်းဆန်းသွားခဲ့သည်။

'ဟေ့ကောင်တွေ မင်းတို့ကြားပြီးပြီလား' ဒီတစ်ခါ သွေးသစ္စာခံကြေးစားအုပ်စုက အရမ်းသနားစရာကောင်းတယ်။ သူတို့ဟာ ဆယ်မိုင်‌ လောက်တောင်မဝေးသေးတဲ့ သဲကန္တာရထဲကို ဝင်ရောက်ရုံပဲရှိသေးတယ် အဆင့်လေး ဆိတ်သုဉ်းခြင်းသားရဲ တစ်ကောင်ဖြစ်တဲ့… မုန်တိုင်းကျောက်မြေနဂါးနဲ့ ရင်ဆိုင်ကြုံတွေ့ခဲ့ရပြီး အသေအပျောက်လည်း အရမ်းများခဲ့တယ်။ သူတို့လက်ထောက် တပ်မှူးတောင် ဒီကန္တာရထဲမှာ သေသွားတယ်လို့ ပြောကြတယ်။ အမျိုးသားတစ်ဦးက ပြောသည်။

'"မှန်ပါတယ်၊ ဒီအဆင့်လေး ဆိတ်သုဉ်းခြင်းသားရဲက သူတို့ရဲ့ပြိုင်ဘက်ဖြစ်ဖို့ မထိုက်တန်ပါဘူး။ ၎င်းဆိတ်သုဉ်းခြင်းသားရဲက တတိယအဆင့် ကောင်းကင်အလွှာ သိုင်းမြို့စားအဆင့် ကျွမ်းကျင်သူတဦးရဲ့ အစွမ်းရှိတယ်လို့ ပြောလို့ရတယ်။ သွေးသစ္စာခံကြေးစားအုပ်စုရဲ့ အစွမ်းထက်ဆုံး ခေါင်းဆောင် ဂျီထန်းချန်က သိုင်းမြို့စားတစ်ပိုင်းနယ်ပယ်မှာပဲ ရှိသေးတယ် မဟုတ်လား။ ဒီ မုန်တိုင်းကျောက်မြေ နဂါးကို သူ ဘယ်လိုလုပ် တွန်းလှန်နိုင်ပါ့မလဲ။ တကယ်လို့ ဂျီထန်းချန်သာ အဲဒီဆိတ်သုဉ်းခြင်းသားရဲကို အချိန်မီ ကြိုတင်ရှာမတွေ့ခဲ့ဘူးဆိုရင် သူတို့အားလုံး အတွက် သူ့မှာ တာဝန်ရှိတာ ဖြစ်ကောင်းဖြစ်လိမ့်မယ်" အခြားလူတဦးက စိတ်လှုပ်ရှားစွာပြောသည်။

'"အာ့ဆို၊ သူတို့အခြေနေကရော ဘယ်လိုရှိလဲ? ကြေးစားသမားတွေဟာ သူတို့ရဲ့ဓားမှာ‌ပေနေတဲ့သွေးတွေကို လျှာနဲ့လျှက်ပြီး ခေါင်းကို ခါးပတ်နဲ့ ချည်ပတ်ကာ ပိုက်ဆံရှာရတဲ့ အပြင် အချိန်မရွေးလည်း သေသွားနိုင်တယ်။ အခုလိုကိစ္စမျိုး မဖြစ်သင့်ဘူး။ သွေးသစ္စာခံကြေးစားအုပ်စုဟာ အသက်ရှင်လျက် ပြန်လာခဲ့ပြီးနောက် အမှောင်ည ကြေးစားအုပ်စုက ဒီတစ်ကြိမ်မှာ သူတို့ကို လွယ်လွယ်ကူကူနဲ့ အလွတ်ပေးမှာ မဟုတ်တာ သေချာတယ်။" အရင်ဆုံးစကား‌ ပြောသည့်လူက ပြောလိုက်သည်။

ဟင်းပွဲများက အလွန်မြန်ဆန်စွာ ရောက်ရှိလာသည်။ ချင်ယွင်သည် သူ၏ဘေးနားရှိ လူနှစ်ယောက်ကြား စကားပြောသံကို နားထောင်ရင်း စားသောက်နေ၏။

အမှန်တကယ်တော့ သူစိတ်ဝင်စားရသည့် အကြောင်းရင်းက ကြေးစားအုပ်စုဟု ခေါ်သည့် ယခုလိုအဖွဲ့အစည်းမျိုးသည် အလွန်စိတ်ဝင် စားစရာ ကောင်းသည်ဟု သူခံစားမိသောကြောင့် ဖြစ်သည်။ အထူးသဖြင့် ဤသွေးသစ္စာခံကြေးစားအုပ်စုဟု ခေါ်သော ကြေးစားအုပ်စု ဖြစ်သည်။

ကံကြမ္မာအရလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။ သူအိမ်မော်တယ်ကမ္ဘာမှာ ရှိနေစဉ်သုံးက ချင်ယွင်သည် အလုပ်လည်းမရှိ ပျင်းရိငြီးငွေ့လာသည်။ ကျင့်ကြံနေစဉ်အတွင်း သူသည် ပါရမီရှင်အဆင့် ပုဂ္ဂိုလ်အချို့ကို စုဆောင်းပြီး အဖွဲ့ငယ်တစ်ခုကို ထူထောင်ခဲ့သည်။ ဤအဖွဲ့ငယ်၏အမည်မှာလည်း သွေးသစ္စာခံအဖွဲ့ ဖြစ်သည်။

နောက်ပိုင်းတွင် ချင်ယွင်ကို ဤသေမျိုးကမ္ဘာသို့ ပို့လွှတ်ပြီးနောက်၊ ချင်ယွင်သည် သွေးသစ္စာခံအဖွဲ့နှင့် အဆက်အသွယ် ပြတ်သွားခဲ့သည်။ ယခုဆိုလျှင် နှစ်ပေါင်းများစွာ ကြာပြီးနောက် သွေးသစ္စာခံနဂါးအဖွဲ့မှာ သူတို့၏ဦးခေါင်းလည်း ပျောက်ဆုံးသွားခဲ့ ရသည်။ ထို့ကြောင့် ထိုအဖွဲ့သည် ဟိုးရှေးယခင်ကတည်းက ပြိုကွဲသွားမည်ကိုပင် သူစိုးရိမ်မိသည်။

သို့သော်၊ သွေးသစ္စာခံအဖွဲ့သည် ချင်ယွင်၏ ကြိုးစားအားထုတ်မှုအောက်တွင် အားသွန် ခွန်စိုက်ရှိခဲ့ကြသည်။၊ ထို့ကြောင့် ချင်ယွင်သည်လည်း သွေးသစ္စာခံအဖွဲ့အပေါ် အလွန်ပြင်းထန်သော ခံစားချက်ရှိသည်။ ထို့ကြောင့် ဤကြေးစားအုပ်စုကို သွေးသစ္စာခံ ကြေးစားအုပ်စုဟုခေါ်ကြောင်း သူကြားသောအခါ၊ ချင်ယွင်သည် ရင်းနှီးကျွမ်းဝင်မှုက အားကောင်းလာခဲ့သည်။ ယင်းကြောင့် သူ့ကို သွေးသစ္စာခံကြေးစားအုပ်စုသို့ တချက်လောက်သွားကြည့်ရန် တွန်းအားဖြစ်စေခဲ့သည်။

ထမင်းစားပြီးသည်နှင့် ချင်ယွင်သည် စားပွဲထိုးဆီသွားပြီး ငွေရှင်းလိုက်သည်။ ထို့နောက် ပြန်လှည့်လာကာ အချင်းချင်း စကားစမြည်ပြောနေကြသော အဖော်နှစ်ယောက်ဆီသို့ လျှောက်သွားသည်။ သူက ပြုံးပြီးမေးလိုက်သည် "ညီ အစ်ကိုတို့၊ မင်းတို့ပြောနေတဲ့ သွေးသစ္စာခံကြေးစားအုပ်စုဆီကို ဘယ်ကိုသွားရမလဲ သိပါရစေ။"

သူတို့နှစ်ဦးသည် အပြင်းအထန် စကားစမြည်ပြောနေကြစဉ် တစုံတယောက်က ရုတ်တရက် ကြား၀င်နှောင့်ယှက်ခံရသောအခါတွင် သူတို့သည် ချက်ချင်းပင် မျက်မှောင်ကြုတ်ပြီး ချင်ယွင်ကို စူးစိုက်ကြည့်လိုက်သည်။ အဖော်များထဲမှ တစ်ယောက်ဖြစ်သော ထားကြိုင်းသန်မာသည့်လူက ချင်ယွင်၏နူးညံ့သိမ်မွေ့ သောအသားအရည်နှင့် ဆယ်ကျော်သက်တဦးကဲ့သို့ နုပျိုသောအသားအရေကို မြင်ပြီးနောက် စိတ်မရှည်စွာဖြင့် ချက်ချင်းပြောလိုက်သည် "ဘေးဖယ်ထွက်သွားစမ်း၊ ငါမအားဘူး..."

သို့ပေမယ့် သူ၏စကားတစ်ဝက်တစ်ပျက်မှာ သူ၏ဘေးနားကလူ၏ စူးရှသည့် မျက်လုံးတစုံဖြင့် အရိပ်ယောင်ပြ တားဆီးခြင်းကို ခံလိုက်ရသည် ။ ထို့နောက် ထိုသူက ချင်ယွင်ကို လှည့်ကြည့်ကာ ပြုံးလိုက်ပြီး ပြောသည် "ဒီသခင်လေးက ဒီဒေသခံ ဟုတ်ပုံမရဘူး။ ဒီသွေးသစ္စာခံကြေးစားအုပ်စုကို ရှာရတာက အရမ်းကိုလွယ်ပါတယ်။ သခင်လေး တောင်ဘက်သွားသရွေ့ ‌သွေးနီရောင်အထိမ်းအမှတ် သံမဏိပြားတစ်ခု ချိတ်ဆွဲထားတဲ့ ကြီးမားတဲ့ခြံဝန်းကြီးတခုကို တွေ့မြင်ရလိမ့်မယ်။ အဲဒါက သွေးသစ္စာခံကြေးစားအုပ်စုရဲ့ ဌာနချုပ်ပဲ။"

ချင်ယွင်သည် ပြုံးပြကာ ခေါင်းညိတ်ပြလိုက်ပြီး နောက်ပြန်လှည့်ကာ တောင်ဘက်အရပ်သို့ လျှောက်သွားခဲ့သည်။

ချင်ယွင် ထွက်သွားသည်ကို မြင်သောအခါ ထွားကြိုင်းသန်မာသော သူသည် သူ၏ ဘေးနားရှိ အဖော်ကို တစ်ချက်ကြည့်လိုက်ပြီး "မင်း အခုက လူငယ်ကို အရမ်းလေးစားနေပါလား" ဟု အေးစက်စွာ အော်ဟစ်လိုက်သည်။

အဖော်သည် ထွားကြိုင်းသန်မာသောလူကို စိုက်ကြည့်ကာ အော်ငေါက်လိုက်သည် "အခုလေးတင်ပဲ ငါမင်းကို ကယ်တင်လိုက်တာ။ ဒီလူငယ်ကို ရန်စလို့မရဘူး။ ငါ့ရဲ့ လျှို့ဝှက်ပညာရပ်တစ်ခုကနေ လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ပေါ်ရှိ လူသတ်အငွေ့အသက်ကို ခံစားနိုင်တယ်ဆိုတာ မင်းသိရဲ့လား"

ထွားကြိုင်းသန်မာသောလူသည် ခေါင်းညိတ်လိုက်ပြီး မေးလိုက်သည် "ဒီလူငယ်ရဲ့ခန္ဓာကိုယ်ပေါ်ရှိ အန္တရာယ်အငွေ့အသက်က အလွန်ပြင်းထန်နေလို့လား" လို့ မေးတယ်။

ထိုအဖော်သည် ခေါင်းခါယမ်းလိုက်ပြီ အသက် ပြင်းပြင်းတချက်ရှူကာ လေးလံသည့် လေသံဖြင့် စကားလုံးသုံးလုံးကို ပြောလိုက်သည် "လူတစ်ထောင်လောက်ကို သတ်ဖြတ်ဖူးလိမ့်မယ်!"

ထွားကြိုင်းသန်မာသောလူသည် ချက်ချင်းပင် ထိတ်လန့်သွားသည်။ သူသည် ပြန်ထွက်ခွာသွားသော ချင်ယွင်၏နောက်ကျောကို ကြည့်လိုက်ပြီး ချင်ယွင်၏ ကျင့်ကြံမူအဆင့်ကို လုံးဝမမြင်နိုင်ဘူးဆိုသည်ကို သိလိုက်ရသည်။ သူသည် သူ၏နောက်ကျောမှ အေးစက်စက်ချွေးစီးများကျလာပြီး ငရဲကို ဖြတ်ကျော်သွားခဲ့ရသလို ခံစားရလိုက်သည်။

အခန်း (၁၉၂) သွေးသစ္စာခံကြေးစားအုပ်စု

ချင်ယွင်သည် ထိုအဖော်ငတိနှစ်ကောင်အား သူအစွမ်းပြစရာပင် မလိုဘဲ ထိုငနဲနှစ်ကောင်သည် သူတို့၏ခြေထောက်နှင့် ခြေဖ၀ါးများ ပျော့ခွေ အားနည်းသွားသည်အထိ ကြောက်လန့်နေကြပြီဖြစ်ကြောင်း သဘာဝအတိုင်း မသိနိုင်ခဲ့ပေ။

တကယ်တော့ ချင်ယွင်သည် ထိုထွားကြိုင်းသန်မာသူ၏ ရိုင်းစိုင်းမှုကို လုံးဝ ဂရုမစိုက်ခဲ့ပေ။ ထိုထွားကြိုင်းသန်မာသောလူသည် သိုင်းသခင်နယ်ပယ်၏ န၀မအဆင့် ကောင်းကင်အလွှာတွင် သာရှိပြီး ချင်ယွင်သည် ထိုလူမျိုးဆယ်ယောက်ကိုပင် လက်တစ်ဖက်တည်းဖြင့် ညှစ်သတ်ပစ်နိုင်သည်။ သူသည် ထိုသူနှင့် ငြင်းခုံနေရန် မလိုအပ်ပေ။

ထိုသန်မာသူ၏ အဖော်ပြောခဲ့သော ချင်ယွင်သည် လူတစ်ထောင်ကို ခုတ်သတ်ပစ် သည်ဟူသော စကားနှင့်ပတ်သက်၍ ချင်ယွင်သည် လူပေါင်းတစ်ထောင်ကို သတ်ဖြတ်ခဲ့ဖူးသည်ဟု မဆိုလိုပါ။ ယင်းအစား၊ ချင်ယွင်၏ ခန္ဓာကိုယ်ပေါ်ရှိ ခြိမ်းခြောက်နိုင်သော အငွေ့အသက်သည် လူတစ်ထောင်ကို သတ်ခဲ့ဖူးသည့် နတ်ဆိုးတစ်ဦးနှင့် နှိုင်းယှဉ်နိုင်သည်ဟု ဆိုလိုခြင်းဖြစ်သည်။

ချင်ယွင်သည် ကြောက်စရာကောင်းသော အသွင်အပြင်ရှိနေရခြင်း၏ အကြောင်းရင်း က သူ၏အတွင်းနတ်ဆိုးကြောင့်ဆိုတာ အတိအကျပင် ဖြစ်ပါသည်။ ယခုအချိန်တွင် ချင်ယွင်သည် သူအချိန်ရသည့်အခါတိုင်း သူ၏နှလုံးသားအတွင်းရှိ အတွင်းနတ်ဆိုးကို ဖိနှိပ်ရန်အတွက် နှလုံးသားသန့်စင်ခြင်းကျိန်စာကို ရွတ်ဆိုရလေ သည်။

ဤနှလုံးသားသန့်စင်ခြင်းကျိန်စာသည် အမှန်တကယ် ထိရောက်သည်ဟု ဆိုရမည် ဖြစ်သည်။ ချင်ယွင်သည် နေ့စဉ်နေ့တိုင်းအထပ်ထပ်အခါခါ ရွတ်ဆိုပြီးကတည်းက နှလုံးသားနတ်ဆိုးသည် မည်သည့်အခါမျှ ထပ်မံ မတိုက်ခိုက်တော့ပေ။ သေချာသည်မှာ၊ ဤနှလုံးသားသန့်စင်ခြင်းကျိန်စာသည် အတွင်းနတ်ဆိုးကို ကုသနိုင်ခြင်းတော့ မရှိပါဘူး။

ချင်ယွင်ဒေါသထွက်နေသမျှ နှလုံးသားနတ်ဆိုးသည် သူ၏နာကြည်းမှုများကို စုပ်ယူပြီး သူ၏ ကျင့်ကြံမှုအဆင့်ကိုလည်း အားကောင်းစေပါလိမ့်မည်။ ထို့ကြောင့် ချင်ယွင်သည် သူ့ကို ဒေါသထွက်အောင် လုပ်မည့်အရာများကို ရှောင်နေခဲ့သည်။

ချင်ယွင်သည် အမွှေးတိုင်တစ်တိုင်ထွန်းကုန်ဆုံးချိန်နီးပါးဖြင့် တောင်ဘက်အရပ်သို့ လျှောက်လာခဲ့ပြီး နောက်ဆုံးတွင် ထွားကြိုင်းသန်မာသောလူ၏ ဘေးကအဖော် ပြောခဲ့သော သွေးသစ္စာခံကြေးစားအုပ်စုကို တွေ့ရှိခဲ့ရသည်။

သို့သော်လည်း သွေးသစ္စာခံကြေးစားအုပ်စုသည် အခက်အခဲ အနည်းငယ်နှင့် ကြုံတွေ့နေရပုံပေါ်သည်။ ခြံဝင်းနံရံများသည် မြေကြီးပေါ်တွင် တွန်းချခံထားရသည်။ မူလက ချိတ်ဆွဲထားပုံရသည့် ကြီးမားသော သွေးနီရောင် အထိမ်းအမှတ် သံမဏိတံဆိပ်ပြားသည် မြေပြင်ပေါ်သို့ ပြုတ်ကျနေပြီဖြစ်သည်။ ပြင်းထန်သော တိုက်ပွဲကို ဖြတ်သန်းခဲ့ရကြောင်း ထင်ရှားသည်။

ချင်ယွင်သည် မျက်မှောင်ကြုတ်ကာ ခြံဝင်းဆီသို့ လျှောက်သွားလိုက်သည်။

ထိုအချိန်တွင် ခြံဝင်းထဲတွင် လူအနည်းငယ်စုပြီးရှိနေကာ အုပ်စုနှစ်စုကွဲနေကြောင်း ထင်ရှားသည်။ အုပ်စုတစ်စုသည် လူခြောက်ဆယ်နီးပါးရှိပြီး။ ဓားရှည်တစ်ချောင်းဆီကို လက်ထဲတွင် အသီးသီးကိုင်ဆောင်ထားကြကာ ရက်စက်ကြမ်းကြုတ်စွာ ပြုမူကြသည်။ သူတို့သည် အခြားတဖက်ရှိအုပ်စုကို တိုက်ခိုက်နေကြသည်။ သူတို့၏ရင်ဘတ်ပေါ်တွင် အနက်ရောင်လပုံစံတခုရှိသည်။ စားသောက်ဆိုင်တွင် တွေ့ခဲ့ရသည့်လူနှစ်ယောက် စကားပြောနေကြစဉ် ပါ၀င်သော အမှောင်ညကြေးစားအုပ်စု ဖြစ်ပုံရသည်။

တစ်ဖက်အုပ်စုမှာ လူတစ်ဒါဇင်လောက်သာ ရှိသည်။ သူတို့၏ ချပ်ဝတ်တန်ဆာများသည် ကျိုးပဲ့နေကာ သူတို့၏ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာတစ်ခု သို့မဟုတ် နှစ်ခု ဟက်တက်ကွဲရှိနေကြသည်။ သူတို့၏ပါးစပ်ထောင့်မှ သွေးများ စီးကျနေသည်။ ပြင်းထန်သော တိုက်ပွဲကိုရင်ဆိုင် ကြုံတွေ့ခဲ့ကြရသည်မှာ ထင်ရှားသည်။

ဤအခိုက်အတန့်တွင် ကြည့်ရှုသူအများအပြားရှိနေပြီး ချင်ယွင်သည် လူအုပ်ကြီးနှင့် ရောနှောနေသောကြောင့်လူများပြား၏ အာရုံစူးစိုက်မှုကို သဘာဝအတိုင်း ဆွဲဆောင်နိုင်ခဲ့ပေ။

ချင်ယွင်သည် သွေးသစ္စာခံကြေးစားအုပ်စုအဖွဲ့ရှိ တစ်ဒါဇင် သို့မဟုတ် ထို့ထက်အနည်း ငယ်များသောအဖွဲ့ဝင်များကို ဂရုတစိုက် ကြည့်ရူတိုင်းတာလိုက်သည်။ တစ်ဒါဇင် သို့မဟုတ် ထိုထက်အနည်းငယ်များသော အဖွဲ့၀င်များကြားတွင် အမျိုးသမီးတစ်ဦးနှင့် မိန်းကလေးငယ်တစ်ဦးရှိနေသည်ကို တွေ့ရှိလိုက်ရသဖြင့် သူသည် အံ့အားသင့်ခဲ့ရသည်။

ထိုအခိုက်အတန့်တွင် အမျိုးသမီးနှင့် ကလေးမလေးသည် တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားကြပြီး သူမတို့၏မျက်နှာများတွင် ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေသည်။

သူမတို့ရှေ့မှာ ထွားကျိုင်းသည့် သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်ရှိသည်။ ထိုအမျိုးသားသည် ပြတ်သားသော မျက်နှာအမူအရာ၊ စူးရှသော မျက်လုံးများနှင့် လေးလံသော ဓားကြီးတစ်လက် ရှိသည်။ သူ၏ကျင့်ကြံမှုအဆင့်သည် သိုင်းမြို့စား တစ်ပိုင်း နယ်ပယ်သို့ ရောက်ရှိနေခဲ့သည်။

ဤလူသည် သွေးသစ္စာခံကြေးစားအုပ်စု၏ ခေါင်းဆောင် ဂျီထန်းချန်ဖြစ်သင့်သည်ဟု ချင်ယွင် မှန်းဆလိုက်သည်။

သို့သော် ယခုအချိန်တွင် ဂျီထန်းချန်သည် ဒဏ်ရာအပြင်းအထန်ရနေပုံရသည်။ သူ၏ ဘယ်ဘက်လက်မောင်းသည် အရိုးများကျိုးသွားသော်လည်း သူသည် သူ၏သွားများကို တင်းတင်းကြိတ်ကာ လက်သီးများကို တင်းကျပ်စွာဆုပ်ထားသည်။

ဂျီထန်းချန်၏ အနားတွင် လူဆယ့်နှစ်ယောက်ရှိသည်။ လူဆယ့်နှစ်ယောက်တွင် သုံးဦးသည် န၀မအဆင့် ကောင်းကင်အလွှာ သိုင်းဂိုဏ်းချုပ်နယ်ပယ်မှ ကျွမ်းကျင်သူများ ဖြစ်ကြပြီး၊ အဋ္ဌမအဆင့် ကောင်းကင်အလွှာ သိုင်းဂိုဏ်းချုပ် နယ်ပယ်မှ ကျွမ်းကျင်သူခြောက်ဦးနှင့် သတ္တမအဆင့် ကောင်းကင်အလွှာ သိုင်းဂိုဏ်းချုပ်နယ်ပယ်မှ ကျွမ်းကျင်သူ သုံးဦးတို့ဖြစ်ကြသည်။

ထိုကဲ့သို့သော အင်အားစုသည် ကြေးစားအဖွဲ့စည်းကြီး တစ်ခုလုံးတွင်ပင် အင်အားအကြီးဆုံး ဖြစ်သင့်ပြီး အချို့သော ဂိုဏ်းငယ်လေးများနှင့်ပင် နှိုင်းယှဉ် နိုင်သည်။

သို့သော် ထိုလူများသည် သန်မာကြသော် လည်း သူတို့နှင့် ဆန့်ကျင်ဘက်ရှိ အမှောင်ညကြေးစားအုပ်စုသည်လည်း သူတို့ထက် ပိုအားကောင်းနေသည်။

သိုင်းမြို့စားတစ်ပိုင်းကျွမ်းကျင်သူ တစ်ယောက် ၊ န၀မအဆင့် ကောင်းကင်အလွှာ သိုင်းဂိုဏ်းချုပ်နယ်ပယ်မှ ကျွမ်းကျင်သူ လေးယောက်နှင့် အဋ္ဌမအဆင့် ကောင်းကင်အလွှာ သိုင်းဂိုဏ်းချုပ်နယ်ပယ်မှ ကျွမ်းကျင်သူ ကိုးယောက်ရှိပြီး အခြားသော သိုင်းဂိုဏ်းချုပ်ကျွမ်းကျင်သူများကို ဖော်မပြတော့ပေ။

ဤနည်းအားဖြင့် သွေးသစ္စာခံကြေးစားအုပ်စုသည် အမှောင်ည ကြေးစားအုပ်စု၏ တိုက်ခိုက်မှုများကို ခုခံကာကွယ်ရန် မဖြစ်နိုင်ပေ။

"၀မ်ဘင်း၊ မင်းဘာကိစ္စရှိလို့လဲ။ ငါ့ရဲ့ညီအစ်ကိုတွေနဲ့ ဒီသားအမိနှစ်ယောက်ကို လွှတ်ပေးလိုက်ပါ။" ဂျီထန်းချန်က ဒေါသတကြီး အော်ဟစ်ပြောလိုက်သည်။

"ဟမ့်၊ မင်းညီအစ်ကိုတွေကို လွှတ်ပေးရမယ်၊ ဟုတ်လား" အမှောင်ညကြေးစားအုပ်စုမှ သိုင်းမြို့စားတစ်ပိုင်းအဆင့် ကျွမ်းကျင်သူတစ်ဦးသည် ထွက်လာပြီး ရယ်မောလိုက်သည်။

သိုင်းမြို့စားတစ်ပိုင်းအဆင့်ကျွမ်းကျင်သူသည် လူလတ်ပိုင်းအရွယ်လူတစ်ဦးလည်း ဖြစ်သည်။ သို့သော် သူ၏ အရပ်အမောင်းသည် အနည်းငယ် ပုတိုနေပုံရသည်။ သူသည် အရပ်၁.၆ မီတာခန့်သာ ရှိသည်။ သူ၏လက်ပေါ်တွင် သံမဏိလက်သည်း အိတ်တစ်စုံကို ၀တ်ထားပြီး သွေးစွန်းထင်းနေကာ တောက်ပြောင်နေသည်။ သူသည် လူအနည်းငယ်ကို သတ်ခဲ့ကြောင်း ထင်ရှားသည်။

"ဘာလို့ သူတို့ကို လွှတ်ပေးရမှာလဲ၊ ဒီသားအမိကလည်း သေသွားတဲ့ ချောင်ယန်ရဲ့ မယားနဲ့ သမီးဖြစ်ရမယ်။ "ချောင်ယန်က ငါ့သားကို သတ်ပစ်လိုက်တယ်။ သူမတို့ကို လွှတ်ပေးမယ်လို့ မင်းထင်နေတာလား။" ၀မ်ဘင်ဟု အမည် ပေးထားသည့် ထိုလူကက ရက်စက်သည့် အပြုံးဖြင့် ပြောလိုက်သည်။

"ဒါပေမယ့် ချောင်ယန်က သေသွားပြီလေ။ မင်းသားအတွက် ကလဲ့စားလည်းချေပြီးပြီ။ သူ့မိသားစုကို ဘာလို့ အရှက်ရစေချင်ရတာလဲ။ ပြီးတော့ အဲဒီကိစ္စမှာ မင်းရဲ့သားက သူ့မိန်းမကို အရင်မခံနိုင်အောင်ပြောဆို စနောက်ခဲ့တာလေ။ ချောင်ယန်က သူ့ကို သတ်ခဲ့တာ။ ဒါက သူ့အပြစ်ပဲ" ဂျီထန်းချန်က ဒေါသတကြီး ပြောလိုက်သည်။

ဝမ်ဘင်က အေးစက်စွာ နှာခေါင်းရှုံလိုက်ပြီး ဂျီထန်းချန်ကို ကြည့်ကာ ပြောလိုက်သည် "ဟမ့်၊ ဒါက မင်းအပြောပဲ မဟုတ်လား? ချောင်ယန်က ငါ့သားကို သတ်လိုက်တဲ့ အတွက် သူ့ကို ပြန်ပေးဆပ်ခိုင်းရမယ်။ သူသဲကန္တာရထဲမှာ သေသွားလို့ ဒီကိစ္စက ပြီးသွားနိုင်ပြီလို့ မထင်လိုက်နဲ့။ သူက သူ့မိန်းမကို သိပ်မချစ်ဘူးဆိုမှတော့ ၊ နောက်မှ ငါ့ညီအစ်ကိုတွေကို သူမကို ချစ်ပေးဖို့ ငါ တောင်းဆိုလိုက်မယ်။ သူ့သမီးကိုတော့ ဇိကုပ်ဆွဲပြီး တိုက်ရိုက် ရောင်းပစ်မယ်ကွာ”

၀မ်ဘင်သည် ထိုစကားများကို ပြောပြီးသည်နှင့် သူ၏နောက်မှ ညီအစ်ကိုများသည် ချက်ချင်းပင် ရွှင်လန်းသွားကြသည်။ ထို့နောက် ဂျီထန်းချန်၏ နောက်ကွယ်မှ အမျိုးသမီးကို ကြည့်လိုက်ကြပြန်သည်။

ဂျီထန်းချန်၏ နောက်ကွယ်မှ အမျိုးသမီးသည် တုန်လှုပ်သွားသည်။ သူမ၏ နဂိုက ချောမောလှပသော မျက်နှာသည် ကြောက်ရွံ့မှုကြောင့် ချက်ချင်း ဖျော့တော့ သွားသည်။ သူမသည် သမီးဖြစ်သူကို တင်းတင်းကြပ်ကြပ် ဖက်ထားရင်း တုန်လှုပ်နေသည်။

"၀မ်ဘင်၊ မင်းက တိရစ္ဆာန်ကောင်ပဲ!" ဂျီထန်းချန်သည် ချက်ချင်းပင် ဒေါသထွက်သွားသည်။

"အုပ်စုခေါင်းဆောင်၊ သူနဲ့ အဓိပ္ပါယ်မရှိတဲ့ စကားတွေ ပြောမနေ။နဲ့ ငါတို့ သူတို့ကို တိုက်ခိုက်ကြမယ်။ ငါတို့ တိုက်ပွဲမှာ မသေမချင်း ခယ်မရဲ့ လုံခြုံမှုကို ကာကွယ်ဖို့ ကျိန်ဆိုတယ် ။ မဟုတ်ရင် ဒုတပ်မမှူးကြီးကို တွေ့ဖို့ ငါတို့မှာ မျက်နှာရှိတော့မှာ မဟုတ်ဘူး။ ဂိုဏ်းခေါင်းဆောင်။" ဂျီထန်းချန်၏ အနားရှိ န၀မအဆင့် ကောင်းကင်အလွှာ သိုင်းဂိုဏ်းချုပ်နယ်ပယ်မှ လူငယ်တစ်ဦးသည် ဒေါသတကြီး အော်ဟစ်လိုက်သည်။

လူငယ်၏ဟောက်သံနှင့်အတူ သူ၏ဘေးနားရှိ ညီအစ်ကိုများသည်လည်း အားလုံးက တစ်ပြိုင်တည်း ပြောလိုက်ကြသည် " ခယ်မကို ငါတို့သေတဲ့အထိ ကာကွယ်ပေးမယ်!"

ဒါဇင်နဲ့ချီသော လူများ၏အငွေ့အသက်များ သည် ချက်ချင်းပင် မြင့်တက်လာခဲ့ပြီး သူတို့၏မျက်လုံးများတွင် ဆုံးဖြတ်ချက်ပြတ်သားမှုများဖြင့် ပြည့်နေသည်။

၀မ်ဘင်သည် စကားမပြောခင် လှောင်ပြောင်ဟန်ဖြင့် ဂျီထန်းချန်နှင့် တခြားလူများကို ခြုံငုံကြည့်လိုက်သည် "မင်းတို့က ငါ့ကို တားချင်နေတာလား။ ထွက်သွားစမ်း။ မင်းတို့က ငါ့ကို တိုက်ဖို့ အရည်အချင်းရှိသေးလို့ ထင်နေတာလား"

သူပြောပြီးသည်နှင့် သူ၏ခန္ဓာကိုယ်တစ်ခုလုံး သည် ပေါက်ကွဲထွက်လာပြီး သူ၏လက်ရှိ သံမဏိလက်သည်းအိတ်များက အေးစက်သောအလင်းရောင်ဖြင့် လင်းလက်သွားသည်။

"ညီအစ်ကိုတို့၊ ဒီလူယုတ်မာတွေအားလုံးကိုသတ်ပစ်လိုက်ကြ!" ဟုအော်ပြောရင်း ဂျီထန်းချန်၏ မျက်နှာတပြင်လုံး ရဲစွမ်းသတ္တိပြည့်၀ သောအကြည့်များဖြင့် တောက်ပလာသည်။

ထို့နောက် လက်တစ်ဖက်တွင်ရှိသည့် ဓားရှည်ကြီးကိုဆွဲကိုင်ကာ ၀မ်ဘင်ဆီသို့ ပြေးသွားခဲ့သည်။ သူ၏နောက်မှ ညီအစ်ကိုများသည်လည်း မကြောက်မရွံ့ ပြေးထွက်လာကြပြီး အမှောင်ညကြေးစားအုပ်စုကို တိုက်ခိုက်ခဲ့ကြသည်။

သို့သော် သွေးသစ္စာခံကြေးစားအုပ်စုသည် အမှောင်ညကြေးစားအုပ်စုကို မယှဉ်နိုင်ခဲ့ပါ။ အထိုညီအကိုများသည် လွင်းပျံကုန်ပြီး မြေပြင်ပေါ်ပြုတ်ကျကာ ဒဏ်ရာအပြင်းအထန် ရသွားကြသည်။

ဂျီထန်းချန်သည်လည်း ၀မ်ဘင်ဆီမှ သံမဏိလက်သည်းနှင်ါ ဖမ်းဆွဲကုတ်ခြစ်မူကို ခံလိုက်ရသည်။ ချွန်ထက်သောလက်သည်းရာသည် သူ၏ရင်ဘတ်ပေါ်တွင် နက်ရှိုင်းသော သွေးအစွန်းအထင်းသုံးချောင်းရာအဖြစ် ကျန်ရစ်ခဲ့ပြီး ဘေးဘက်သို့ ပြင်းထန်စွာလွင့်ထွက်သွားကာ ကြီးမားသည့် အသားတပိုင်းတစများနှင့် သွေးများစွာ လည်း လွင့်စင်သွားသည်။

သားအမိနှစ်ယောက်သည် တုန်တုန်ယင်ယင်ဖြင့် မျက်ရည်များ စီးကျလာသည်။

၀မ်ဘင်သည် ဂျီထန်းချန်၏ နံဘေးသို့ တလှမ်းချင်း လျှောက်လာပြီး သူ၏ရင်ဘတ်ကို လှမ်းနင်းလိုက်သည်။ သူသည် မြေပြင်ပေါ်တွင် လဲလျောင်းနေသော ဂျီထန်းချန်ကို လှောင်ပြောင်ပြောဆိုလိုက်သည် "မင်းက မင်းအစ်ကိုရဲ့ ဇနီးကို အကာအကွယ်ပေးမှာ မဟုတ်ဘူးလား။ ဒီလိုဆိုမှတော့ ငါက သူမကို မင်းရှေ့မှာ ကစားပြီး မင်းရဲ့အမူအရာတွေ ဘယ်လိုဖြစ်လာမလဲဆိုတာ ကြည့်ဦးမယ်"

သူသည် သားအမိနှစ်ယောက်ကို လှမ်းဆွဲလိုက်စဉ် ၀မ်ဘင်၏ မျက်နှာပေါ်တွင် ရက်စက်ဆိုးသွမ်းသော အပြုံးတစ်ခု ပေါ်လာသည်။

"မဟုတ်ဘူး!" ဂျီထန်းချန်၏ အမူအရာသည် သိသိသာသာ ပြောင်းလဲသွားခဲ့သည်။ သို့သော်လည်း သူသည် မတ်တပ်ရပ်ရန်

ကြိုးစားရုန်းကန်နေစဉ် အမှောင်ညကြေးစားအုပ်စုမှ န၀မအဆင့် အထွတ်အထိပ် ကောင်းကင်အလွှာ သိုင်းဂိုဏ်းချုပ်နယ်ပယ်မှ ကျွမ်းကျင် သူသည်သူ့ကို မြေပြင်ပေါ်သို့ နင်းချလိုက်သည်။ ၀မ်ဘင်သည် အမျိုးသမီးဆီသို့ အလောတကြီး သွားနေသည်ကို သူသည် ကူကယ်ရာဖြစ်ပြီး စောင့်ကြည့်နေရုံသာ တတ်နိုင်ခဲ့သည်။

အမျိုးသမီးသည် အစွမ်းအစမရှိမှန်း သိသာလှသည်။ ၀မ်ဘင်သည် သူမဆီ လာနေသည်ကိုမြင်ရလျှင် သူမသည် အလွန်ထိတ်လန့်သွားခဲ့ပြီး ချက်ချင်းပင် ခြေတစ်လှမ်းဆုတ်ကာ မြေပြင်ပေါ် လဲကျသွားခဲ့သည်။ သူမဘေးနားရှိ ကလေးမလေးသည် ကျယ်လောင်စွာအော်ဟစ်ငိုသည်။

"တော်လောက်ပြီ!"

၀မ်ဘင်သည် ထိုအမျိုးသမီးကို ဖမ်းခါနီးတွင် မိုးခြိမ်းသံကဲ့သို့အသံတစ်ခု ရုတ်တရက်ထွက်ပေါ်လာသည်။

ပုံရိပ်တစ်ခုက လူအုပ်ကြီးကိုဖြတ်ကျော်ပြီး ၀မ်ဘင်၏ ရှေ့တွင် ပေါ်လာသည်။ လက်သီးတစ်ချက်က ၀မ်ဘင်ရင်ဘတ်ပေါ် ကျရောက်လာပြီး သူ့ကို လွင့်ပျံတက်သွားစေသည်။

အခန်း (၁၉၃) သေခြင်းတရားဖြင့် သစ္စာစောင့်ကြည့်မှုအား ကတိပြုခြင်း။

"မိဘမဲ့များနှင့် မုဆိုးမများကို အနိုင်ကျင့်ခြင်းက အဓိပ္ပါယ်မရှိဘူး။" ချင်ယွင်၏ အေးစက်သောအသံသည် လူတိုင်း၏နားထဲတွင် ထွက်ပေါ်လာသည်။

ရုတ်တရက်ပေါ်လာသော လူငယ်ကိုလူတိုင်းသည် အံ့သြစွာကြည့်လိုက်သည်။

ဝမ်ဘင်သည် နောက်ပြန်လွင့်စင်သွားကာ ဘေးသို့ လဲကျသွားသည်။ သူ၏ မျက်နှာသည် အံ့သြသည့်အမူအရာများ ပေါ်လွင်နေသော်လည်း နောက်ပိုင်းတွင် ဒေါသအရိပ်အယောင်များက သူစမျက်နှာပေါ် တဟုန်ထိုးမြင့်တက်လာခဲ့သည်။

မူလကတော့ အခြားပြိုင်ဘက်တဦးသည် ရုတ်တရက် ပေါ်လာပြီး သူ့ကို လက်သီး တချက်ဖြင့် နောက်ပြန်လွင့်စင်သည်အထိ ထိုးလွှတ်လိုက်သည်။ သူသည် ကြောက်မက်ဖွယ်ကောင်းသော ပုံရိပ်ရှိသူအချို့နှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရသည်ဟု ထင်ခဲ့သော်လည်း သူနှင့် ဆန့်ကျင်ဘက်တွင် ဆဋ္ဌမအဆင့် ကောင်းကင်အလွှာ သိုင်းဂိုဏ်းချုပ်နယ်ပယ်ရှိ လူငယ်တစ်ဦး ရပ်နေသည်ကို မြင်လိုက်သောအခါတွင် ပြင်းထန်သောဒေါသလှိုင်းကြီးတစ်ခုက သူ၏နှလုံးသားထဲတွင် ချက်ချင်း ထွက်ပေါ် လာခဲ့သည်။

ထိုအချိန်တွင်၊ ဂျီထန်းချန် နှင့် အခြားသူများသည် ချင်ယွင်၏ ကျင့်ကြံမှုအဆင့်ကို ရှာဖွေတွေ့ရှိခဲ့ကြပြီး ၎င်းတို့၏ မျက်လုံးများတွင် မျှော်လင့်ချက် အလင်းရောင်များ ချက်ချင်း ချုပ်ငြိမ်းသွားခဲ့ရသည်။

မြေပြင်ပေါ်တွင် လဲလျောင်းနေသော ဂျီထန်းချန်က ချင်ယွင်ကို ကြည့်ကာ "ညီလေး၊ မြန်မြန်ထွက်သွားတော့၊ မင်းက သူတို့ရဲ့ ပြိုင်ဘက်မဟုတ်ဘူး" ဟု အော်ပြော လိုက်သည်။

"မှန်တယ် ညီလေး။ မင်းရဲ့အကူအညီအတွက် ကျေးဇူးတင်ပါတယ်၊ ဒါပေမယ့် မင်းဒီမှာ ဝင်မပါနိုင်ဘူး။ ပြေးပါ၊ မင်းရဲ့အသက်ကို အချည်းနှီး မဆုံးရှုံးမခံလိုက်ပါနဲ့။" သွေးသစ္စာခံကြေးစားအုပ်စု၏အဖွဲ့ဝင်တဦးဖြစ်သူ နဝမအဆင့် ကောင်းကင်အလွှာ သိုင်းဂိုဏ်းချုပ်အဆင့် ကျွမ်းကျင်သူသည်လည်း အော်ဟစ်လိုက်ပြီး ချင်ယွင်ကို ကြည့်ရင်း သူ၏အကြည့်များတွင် စိုးရိမ်မှုဖြင့်များဖြင့် ပြည့်နှက်နေသည်။

ချင်ယွင်သည် တိုးတိုးလေး ရယ်လိုက်သည်။ ထုံးစံအတိုင်း ဤလူများသည် သူ့ကို စိတ်ပူနေမှန်း သူသိသည်။ သူ၏အစွမ်းက ရှေ့ထွက်ရပ်တည်ရလောက်သည့်အထိ လုံလောက်အောင် သန်မာမူမရှိဘူးဟု သူတို့ခံစားမိကြသည်။ ထို့ကြောင့် အချည်းနှီး အသက်ဆုံးရှုံးသွားကြနိုင်သည်။

"အစကတော့ ငါက တခြားသူတွေရဲ့ကိစ္စတွေမှာ ဝင်မစွက်ဖက်ချင်ပေမယ့် မင်းတို့ရဲ့ သတ္တိက ငါ့ရင်ကို ထိသွားစေတယ်။ မင်းတို့ဟာ ကွယ်လွန်သွားပြီဖြစ်တဲ့ မင်းတို့ညီအစ်ကိုတွေရဲ့ ဇနီးမယားနဲ့သားသမီးတွေအပေါ်မှာ ကာကွယ်ပေးရင်း တကယ်ကို အသေခံဖို့ ဆန္ဒရှိနေကြတယ်။ ဒါက တကယ့်ကို ရှားပါးတယ်။ ဒီကိစ္စမှာ ဝင်ရောက်စွက်ဖက်ဖို့ကလွဲလို့ ငါ့မှာ ရွေးချယ်စရာမရှိဘူး။” ချင်ယွင်က ပြောသည်။

သူသည် အကြင်နာတရားကြီးမားသူတဦးမဟုတ်ပေ။ သူတပါး ဒုက္ခရောက်နေချိန်မှာ တခြားသူတွေကို ကူညီပေးဖို့ သူ၏ဓားကို ဆွဲထုတ်ပြီး မားမားမတ်မတ် ရပ်တည်ပေးမှာ မဟုတ်ပါဘူး။ သို့သော်၊ ဤလောက၌ တရားမျှတမှုကို ပြန်လည်ရရှိရန်အတွက် သတ်ခြင်းကို အသုံးပြုမည်ဟု တစ်ခါက ပြောခဲ့ဖူးသည်။

သေဆုံးသွားပြီဖြစ်သော ညီအစ်ကိုများ၏ ဇနီးများ နှင့် သားသမီးများ အတွက် ကြောင့်ပင်၊ သွေးသစ္စာခံကြေးစားအုပ်စုမှ ညီအစ်ကိုများသည် ဤကဲ့သို့ လုပ်ဆောင်နိုင်ခြင်းမှာ အမှန်တကယ် ရှားပါးလှသည်။ အကယ်၍ ချင်ယွင်သာ မလှုပ်ဘူးခဲ့ဆိုလျှင် သူသည် သူ့ကိုယ်သူ အရှက်ရနေလိမ့်မည်။

သို့သော်လည်း ချင်ယွင်၏စကားများသည် ဂျီထန်းချန် နှင့် အခြားလူများကို အနည်းငယ်မျှ လှုပ်လှုပ်ရှားရှား ဖြစ်သွားစေခြင်း မရှိခဲ့ပါ။ ဤအခိုက်အတန့်တွင် သူတို့မျက်လုံးများတွင် ချင်ယွင်သည် သွေးများရွှဲနစ်နေသော လူမိုက်တစ်ယောက် ဖြစ်သည်။ ရန်သူနှင့် သူတို့ကြားက ခြားနားချက်ကို မမြင်နိုင်လျှင် အရူးအမူးတစ်ယောက်နှင့် ထူးမခြားနားဖြစ်ကာ အချည်းနှီး သေဆုံးရလိမ့်မည်။ ထို့ကြောင့် သူတို့အားလုံး သက်ပြင်းချပြီး ခေါင်းကို အနည်းငယ် ယမ်းလိုက်ကြသည်။

အနီးနားရှိ ၀မ်ဘင်သည် ကျယ်လောင်စွာ ရယ်မောပြီး ပြောသည် "ဒုက္ခရောက်သူကို ကူညီပေးမယ်။ ဘယ်လောက်တောင်မှကောင်းလိုက်တဲ့လမ်းစဉ်လဲ။ ကောင်လေး၊ မင်းကပညာရှင်ကြီးဆီကနေ ပုံပြင်တွေ အများကြီး နားထောင်ဖူးတယ်ထင်တယ်။ ဟုတ်တယ် မဟုတ်လား? ဒီကြေးစားလောကမှာတော့ မင်းရဲ့ ဖြောင့်မတ်မှုကပဲ မင်းကို ပြန်ပေးဆပ်ရစေလိမ့်မယ်။ မင်းက သေခြင်းဆိုတဲ့ စကားလုံးကို ဘယ်လိုရေးရမှန်းတောင် မသိမှာကို ငါကြောက်မိတယ်။"

ပတ်ဝန်းကျင်မှ ကြည့်ရှုသူများပင်လျှင် ချင်ယွင်ကို လှောင်ပြောင်သောအမူအရာဖြင့် ကြည့်ကာ ကြေးစားလောကထဲ ဝင်ရောက်သူကဲ့သို့ ဆက်ဆံကြသည်။

ချင်ယွင်က အေးစက်စွာ ရယ်မောလိုက်သည်။ သူသည် မည်ကဲ့သို့ပြန်ပြောရမည်ကို သိသည်။ သို့သော်လည်း သူသည် အမြဲတမ်းလှောင်ပြောင်‌သရော်ခံခဲ့သည် ။ ထို့ကြောင့် သူသည် ရိုးရိုးရှင်းရှင်း ဘာမှမပြောခဲ့တော့။ သူသည် သူ၏ခြေထောက်ကို တိုက်ရိုက်ရွှေ့လျားပြီး ပစ်၀င်လိုက်သည်။

ဝမ်ဘင်သည် ချင်ယွင်သူ့ဆီသို့ ပြေးလာသည်ကိုမြင်သောအခါ သူ၏မျက်နှာပေါ်ရှိ လှောင် ပြောင်မှုသည် ပို၍ပင် ပြင်းထန်လာသည်။

"မျိုးမစစ်ကောင်၊ ဒီနေ့ ကြေးစားလောကဟာ ဘယ်လောက်ဆိုးလဲဆိုတာ မင်းကို ငါပြောပြ ပေးမယ်!"

ထို့စကားနှင့်အတူ ဝမ်ဘင်၏ သိုင်းမြို့စားတစ်ပိုင်းအဆင့် စွမ်းအား၏ ခံ့ညားထည်ဝါသော အငွေ့အသက်များက ချက်ချင်း ထွက်ပေါ်လာခဲ့ပြီး သူ၏လက်ရှိ သံမဏိလက်သည်းများက ဆောင်းရာသီတွင် နှင်းများကဲ့သို့ နှင်းဖြူရောင် အလင်းတန်းများကို ထုတ်လွှတ်သည်။

သို့သော်လည်း သူ မလှုပ်မရှားခင်မှာ ချင်ယွင်၏ အရှိန်ဟုန်က ရုတ်တရက် မြင့်တက်လာခဲ့ပြီး သူ၏ရှေ့တွင် ပေါ်လာသည်။ ထို့နောက် လူတိုင်း၏ ထိတ်လန့်သောအကြည့်များအောက်တွင် ချင်ယွင်သည် ဝမ်ဘင်၏ရင်ဘတ်ကို တိုက်ရိုက် ထိုးချလိုက်သည်။

ဝမ်ဘင်၏ မျက်လုံးများသည် ပြူးကျယ်သွားပြီး သူ၏မျက်နှာပေါ်ရှိ အထိတ်တလန့် အမူအရာက ချက်ချင်းပင် နာကျင်မှုအဖြစ်သို့ ပြောင်းလဲသွားသည်။ သူ၏ ရင်ဘတ်မှ ထွက်ပေါ်လာသော ကြီးမားသော တွန်းအားကြောင့် သူ၏ခန္ဓာကိုယ်သည် ပင်လယ်ပြင်တခုလုံးကို မှောက်လှန်သွားသလို ခံစားလိုက်ရသည်။ သူ၏ရင်ဘတ်ပေါ်ရှိ နံရိုးများသည် ချက်ချင်းပင် ပေါက်ကွဲသွားသည်။

ဤအရာမပြီးခင်မှာ ချင်ယွင်သည် လှောင်ရယ်ရယ်ပြီး ဝမ်ဘင်၏လက်ကို ဖမ်းဆွဲကိုင်လိုက်ပြီး အားထည့်ကာ လိမ်ချိုးလိုက်သည်။

ကြွပ်ရွရွကွဲအက်အသံ နှစ်ချက်သည် လူတိုင်း၏နားထဲတွင် ပဲ့တင်ထပ်သွားသည်။

ဝက်တစ်ကောင်နှင့်တူသော အော်သံသည် တစ်မြို့လုံးနီးပါးကြားသည်အထိ ကျယ်လောင်စွာ ထွက်ပေါ်လာသည်။

"မင်းရဲ့လက်သည်းတွေကို မကြိုက်ဖူးမဟုတ်လား။ အခု မင်းလက်မောင်းကို ချိုးပစ်လိုက်ပြီဆိုတော့ မင်းဘယ်လိုအသုံးပြုမလဲဆိုတာ ကြည့်ဦးမယ်။" ချင်ယွင်က အေးစက်စွာ အော်ဟစ်လိုက်ပြီး ဝမ်ဘင်၏ ဒူးတစ်ဖက်ကို ကန်ထုတ်လိုက်သည်။

ဝမ်ဘင်၏ ခြေထောက်များသည် ချက်ချင်းပင် ပြိုလဲကျလာပြီး အရိုးများ ဖောက်ထွက်ကာ အဖြူဖျော့ဖျော့အရောင်ကို ပေါ်လွင်စေသည်။

ထိုအချိန်တွင် ဝမ်ဘင်၏ မျက်နှာသည် အနှိုင်းမဲ့ ဖြူဖျော့နေပြီး သူ၏ခေါင်းသည် အေးစက်သော ချွေးများဖြင့် ဖုံးလွှမ်းနေသည်။ သူ၏ ခန္ဓာကိုယ်ရှိ ပြင်းထန်သည့် နာကျင်မှုက သူ၏ နှလုံးသားကို အရိုးများဖြင့် ထိုးဖောက်နေသကဲ့သို့ပင်။

ပတ်ဝန်းကျင်ရှိ ပရိသတ်များသည်ပင် သူတို့၏ အသိဉာဏ်များ ပျောက်ဆုံးလုနီးပါး ကြောက်လန့်သွားခဲ့ကြပြီး ချင်ယွင်ကိုကြည့်သည့် သူတို့၏အကြည့်များသည် နတ်ဆိုးတစ်ကောင်ကို မြင်နေရသလိုပင် ဖြစ်နေကြ၏။

အမှောင်ညကြေးစားအုပ်စုမှ အဖွဲ့ဝင်များအားလုံးသည် အံ့အားသင့်ခဲ့ကြပြီး ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ ဖြစ်နေကြသည်။

အလားတူပင်၊ ချင်ယွင်ကို အမြန်ထွက်ခွာသွားရန် မူလက အကြံပေးခဲ့သော ဂျီထန်းချန်နှင့်သွေးသစ္စာခံကြေးစားအုပ်စုမှ အခြားအဖွဲ့ဝင်များ အားလုံးသည်လည်း အံ့ဩထိတ်လန့်နေကြသည်။

တစ်ဦးတည်းသော တုန့်ပြန်သူမှာ ငိုနေသော ကလေးမလေး ဖြစ်သည်။ ချင်ယွင်သည် ဝမ်ဘင်ကို မြေပြင်ပေါ်သို့ ‌ကန်ချနေသည်ကို သူမမြင်လိုက်ရသောအခါတွင် သူမမျက်နှာပေါ်တွင် ကြောက်ရွံ့မှုအရိပ်အယောင်မရှိတော့ဘဲ သူမမျက်နှာပေါ်တွင် အပြုံးအရိပ်အယောင်များ ရှိလာနေသည်။

"မလုပ်နဲ့...ငါ့ကိုမသတ်ပါနဲ့!"

ဝမ်ဘင်သည် ပြင်းထန်သော နာကျင်မှုကို ခံနိုင်ရည်ရှိအောင်ကြိုးစားပြီး သနားညှာတာမူပေးရန်အတွက် မြေကြီးပေါ် လှဲချကာ တောင်းပန်လိုက်သည်။

ယခုမူ သူသည် ချင်ယွင်၏ အေးစက်သော မျက်လုံးများကို မြင်လိုက်ရလျှင် ငရဲကြီးကိုးထပ် ချောက်နက်ကြီးထဲသို့ ကျသွားသလိုပင် ခံစားလိုက်ရသည်။ အဆုံးမဲ့ ထိတ်လန့်မှုများက သူ၏တစ်ကိုယ်လုံးကို ချက်ချင်းပြည့်သွားခဲ့သည်။

ချင်ယွင်၏မျက်လုံးများတွင် သတ်ဖြတ်လိုသည့်စိတ်များ တိုးလာသည်နှင့်အမျှ သူ၏ မျက်နှာတွင် သနားကြင်နာသည့်အရိပ် အယောင်ဟူသည် မြူတမျှင်ပင် မျှမရှိတော့။

သူသည် ဝမ်ဘင်၏ဘေးသို့ လျှောက်လှမ်းလာကာ သူ၏ရင်ဘတ်ကို နင်းချလိုက်သည်။ ချက်ချင်းပင်၊ မြေပြင်တစ်ခုလုံးသည် ပြိုကျသွားရင်။

ဝမ်ဘင်၏ ခန္ဓာကိုယ်ကိုသည်လည်း မြေပြင်ပေါ်တွင် အခိုင်အမာ မြှုပ်နှံပြီးသား ဖြစ်သွားပြီး သူ၏အမူအရာသည် ထိတ်လန့်မူများဖြင့် ပြည့်နှက်နေသေးသည်။ သူသည် မသေဘဲ မသေနိုင်တော့ပေ။

လူတိုင်းသည် အေးစက်သောလေကို တစ်ချက်ချင်း ရှုရှိုက်လိုက်ကြသည်။

ဤလူငယ်သည် ကြေးစားလောက၏၊ ခေတ်‌သစ်နောက်ပေါက်လူငယ်တစ်ဦး ဖြစ်လာနိုင်ပါသလား။

လမ်းပေါ်တွင် မတရားမူသိပြီး အနိုင်ကျင့်ခံရသူကို ကူညီရန်အတွက် အရာအားလုံးကို လျစ်လျူရူပြီး ဓားကိုဆွဲထုတ်တဲ့ လူငယ်တစ်ယောက်များလား။

“ဟဲ့ငါ့လခွမ်း၊ သူက မျက်တောင်တစ်ချက်‌တောင် မခတ်ဘဲ လူအများကို သတ်ဖြတ်တတ်တဲ့ နတ်ဆိုးနတ်ဘုရားဖြစ်ကြောင်း ထင်ရှားနေတယ်လေ။”

လူတိုင်း၏ နှလုံးသားများသည် တုန်လှုပ်ခြောက်ခြားသွားကြသည်။

ဂျီထန်းချန် နှင့် အခြားသူများသည်လည်း မှင်တက်သွားကြသည်။

အမှောင်ညကြေးစားအုပ်စုမှ အဖွဲ့ဝင်များသည် သူတို့၏ခေါင်းဆောင် အသတ်ခံရ သည်ကို မြင်သောအခါတွင် သူတို့၏ မျက်နှာများသည် ရှုပ်ထွေးမှုများနှင့် ပြည့်နှက်နေ ကြသည်။ သူတို့သည် တိုက်ပွဲကို ဆက်လက်ဆုပ်ကိုင်ထားကြပြီး ချင်ယွင်ကို ကြည့်နေကြသော်လည်း သူတို့၏လက်များသည် မရပ်မနား တုန်ရင်နေကြသည်။

"သတ်!"

ဤအခိုက်အတန့်တွင် နဝမအဆင့် ကောင်းကင်အလွှာ သိုင်းဂိုဏ်းချုပ်အဆင့် ကျွမ်းကျင်သူတစ်ဦးသည် ရုတ်တရက် ရှေ့သို့ ပြေး၀င်လာခဲ့ပြီး ချင်ယွင်ဆီသို့ ဖြတ်သန်းလာခဲ့သည်။

ချင်ယွင်သည် လှောင်ရယ်လိုက်ပြီး သူ၏ညာလက်က လျှပ်စီးလက်သလို လင်းလက်သွားကာ လက်ဖဝါးဓားအဖြစ် ပြောင်းလဲသွားခဲ့ပြီး နဝမအဆင့် ကောင်းကင်အလွှာ သိုင်းဂိုဏ်းချုပ်အဆင့် ကျွမ်းကျင်သူ၏ရင်ဘတ်ကို တိုက်ရိုက် ထိုးဖောက်သွားသည်။

နဝမအဆင့် ကောင်းကင်အလွှာ သိုင်းဂိုဏ်းချုပ်အဆင့် ကျွမ်းကျင်သူသည် ချက်ချင်းပင် သေဆုံးသွားပြီး မြေပေါ်သို့လဲကျသွားသည်။

လူတိုင်း အံသြသွားကြသည်။

မူလက အလျင်စလို ရှေ့သို့ အပြေးအလွှား သွားလိုသော အမှောင်ညကြေးစားအုပ်စုမှ

အဖွဲ့ဝင်များသည် ၎င်းတို့၏ ခြေလှမ်းများကို နေရာတွင်ပင် ရပ်တန့်လိုက်ကြသည်။

နဝမအဆင့် ကောင်းကင်အလွှာ သိုင်းဂိုဏ်း ချုပ် ကျွမ်းကျင်သူတစ်ဦးကို လက်တစ်ချက် လှုပ်ရုံဖြင့် သတ်ပစ်ခြင်းသည် မည်မျှ အစွမ်း ထက်လိုက်သနည်း။

ချင်ယွင်၏ အေးစက်သောအကြည့်များသည် အမှောင်ညကြေးစားအုပ်စု၏ အဖွဲ့ဝင်များကို ဖြတ်ကျော်သွားကာ သူတို့ကို ကြောက်ရွံ့ပြီး နောက်ပြန် ဆုတ်သွားစေသည်။

"မင်းတို့ မသေချင်ရင် ထွက်သွားကြစမ်း။။"

ချင်ယွင်က အော်ပြောလိုက်သည်။

လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်သလိုပဲ အဖွဲ့ဝင်များသည် သူတို့၏ ဓားရှည်များကို ပစ်ချကာ ခြံအပြင်ဘက်ကို ပြေးထွက်သွားကြသည်။

ကြည့်ရှုသူများသည် အလွန်ကြောက်လန့်သွားကြပြီး မနေဝံ့ဘဲ လူစုခွဲလိုက်ကြသည်။

တခဏချင်းမှာပဲ ချင်ယွင်၊ သွေးသစ္စာခံကြေးစားအုပ်စု အဖွဲ့ဝင်ဆယ့်နှစ်ယောက်နှင့် မုဆိုးမသားအမိနှစ်ဦးတို့သာ ခြံဝင်းတစ်ခုလုံးထဲမှာ ကျန်ရစ်ခဲ့သည်။

ချင်ယွင်သည် ဂျီထန်းချန် နှင့် တခြားသူများကို လှည့်ကြည့်လိုက်လျှင် ဂျီထန်းချန်နှင့် တခြားသူများသည် တန်းစီရပ်နေပြီဆိုသည်ကို သိလိုက်ရသည်။

"ချွပ်!"

တကျိပ်နှစ်ယောက်သော လူအပေါင်းတို့သည် ဒူးထောက်လိုက်ကြပြီး ကျယ်လောင်သော ဆူညံသံက တမြို့လုံး၌ ပဲ့တင်ထပ်နေလေ၏။

"သွေးသစ္စာခံကြေးစားအုပ်စုမှ အကျွန်ုပ်တို့အဖွဲ့ဝင်များအားလုံးက ကျွန်ုပ်တို့ရဲ့ အသက်များကို ကယ်တင်ပေးခဲ့တဲ့ ကျေးဇူးရှင်ကို ကျေးဇူးတင်ပါတယ်။ ကျေးဇူးရှင်ရဲ့ စကားကိုနာခံပြီး ကျေးဇူးရှင်အပေါ် အကျွန်ုပ်တို့ သစ္စာစောင့်သိပါမယ်လို့ ကတိပြု ပါသည်။" သွေးသစ္စာခံကြေးစားအုပ်စုမှ အဖွဲ့ဝင် ၁၂ ဦးသည် တညီတညွတ်တည်း ကြွေးကြော်လိုက်ကြသည်။

အခန်း (၁၉၄) စွမ်းအားကိုမြင့်တင်ပေခြင်း

ဂျီထန်းချန်၏ ရုတ်တရက် ဒူးထောက်မူက ချင်ယွင်ကို ထိတ်လန့်သွားစေသည်။ ဂျီထန်းချန်၏အဖွဲ့သည် ရုတ်တရက် သူတို့ကိုယ်သူတို့သူ့ဆီမှာ အပ်နှံလိမ့်မည်ဟု သူဘယ်တုန်းကမှ မထင်ထားခဲ့ပေ။

"ကျေးဇူးရှင်၊ မင်းက ငါတို့ သွေးသစ္စာခံကြေးစားအုပ်စု အဖွဲ့ဝင်တွေအားလုံးရဲ့ အသက်ကို ကယ်တင်ခဲ့တယ်။ မင်း ဒီနေ့ ပေါ်မလာဘူးဆိုရင် ငါတို့က အရင်ကတည်းက ဝမ်ဘင်ရဲ့ သတ်ဖြတ်မူခံရမှာကို ငါကြောက်မိတယ်။ အဲဒါကြောင့် စောစောလေးက ငါတို့ ဆွေးနွေးခဲ့တယ်။ မင်းက ငါတို့ သွေးသစ္စာခံကြေးစားအုပ်စုရဲ့ ခေါင်းဆောင်ဖြစ်နိုင်မယ်လို့ ငါမျှော်လင့်ပါတယ်။" ဂျီထန်းချန်က သွေးနီရောင် တံဆိပ်ပြားသင်္ကေတတစ်ခုကို ထုတ်ပြီး ချင်ယွင်ကို ပေးလိုက်သည်။

ချင်ယွင်သည် ခေါင်းခါလိုက်သည်။ ဝမ်ဘင်သည် မိဘမဲ့ကလေးများနှင့် မုဆိုးမများကိုပင် အနိုင်ကျင့်လေ့ရှိသူဟု သူမြင်ခဲ့သည့်အတွက် ယင်းကြောင့် သူသည် ဝင်ရောက်လှုပ်ရှားပေးခဲ့သည်။ သူသည် ဂျီထန်းချန်နှင့် တခြားသူများကို လက်အောက်ခံဖြစ်စေမည့် အကြောင်းကို အမှန်တကယ်ကို မစဉ်းစားခဲ့ပါဘူး။ ယခုလိုခေါင်းဆောင်တစ်ဦး ဖြစ်ဖို့ဆိုလျှင် ချင်ယွင်အတွက် ပိုလို့တောင် မဖြစ်နိုင်ပါဘူး။ သူသည် မိုးပြာတိမ်တိုက်မြို့ကို အမြန်ဆုံးသွားချင်တာကြောင့် သူဤ‌နေရာမှာ ကြာကြာ မနေနိုင်ပါဘူး။

ထို့ကြောင့် ချင်ယွင်က "မင်းတို့ထကြပါ။ ငါက ဒီနေရာကို ဖြတ်သွားဖြတ်လာ တစ်ယောက်ဖြစ်နေတာဆိုတော့ ငါ ဒီမှာ ကြာကြာမနေနိုင်တော့ဘူး။ နောက်ပြီး ငါအရမ်းဝေးတဲ့ နေရာတခုကို သွားနေရတော့ ငါ့မှာအချိန်မရှိဘူး" ဒါကြောင့် မင်းတို့ရဲ့ အဖွဲ့ခေါင်းဆောင်လုပ်ဖို့ ငါ့မှာအချိန်မရှိဘူး။"

သွေးသစ္စာခံကြေးစားအုပ်စုမှ အဖွဲ့ဝင်များသည် အံ့အားသင့်သွားကြသည်။ သူတို့သည် စိတ်ပျက်လက်ပျက်နှင့် တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြသည်။

သူတို့အားလုံးသည် ချင်ယွင်၏ စွမ်းအားကို မြင်လိုက်ကြသည်။ သိုင်းမြို့စားတစ်ပိုင်း

အဆင့်ကျွမ်းကျင်သူကိုပင်င် ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်နိုင်သည်။ အရေးကြီးဆုံးက သူသည် အလွန်ငယ်ရွယ်သေးပြီး အနာဂတ်တွင် အလားအလာကောင်းများ ရှိနေပါသည်။

အကယ်၍ သူသာ သွေးသစ္စာခံကြေးစားအုပ်စုကို သူဦးဆောင်နိုင်မည်ဆိုလျှင် သူတို့သည် ကောင်းမွန်သည့်အနာဂတ်ကို ပိုင်ဆိုင်ရမှာ သေချာပါသည်။

‌

ကံမကောင်းစွာပဲ။

ဂျီထန်းချန်၏မျက်လုံးထဲတွင် စိတ်ပျက်လက်ပျက်ဖြစ်သည့် အရိပ်အယောင်များ ပေါ်လာပြီး ပြောလိုက်သည် "ကျေးဇူးရှင်၊ ကျေးဇူးရှင်အနေနဲ့ ကိုယ့်အလုပ်ကိုလည်း ဘာလို့ဆက်လုပ်လို့ မရရမှာလဲ၊ ဒါပေမယ့် ကျေးဇူးရှင်က အဖွဲ့ခေါင်းဆောင် ဖြစ်နေတုန်းပါပဲ၊ ကျွန်တော်က ကျေးဇူးရှင်ကိုယ်စား စီမံခန့်ခွဲဖို့ သွေးသစ္စာခံကြေးစား အုပ်စုမှာ လက်ထောက် အဖွဲ့ခေါင်းဆောင်ရာထူးကို ယူလိုက်မယ်။ ဒါကို ကျေးဇူးရှင် ဘယ်လိုထင်လဲ။"

ချင်ယွင်သည် ချက်ချင်းပင် တုံ့ဆိုင်းသွားခဲ့သည်။ ဤ သွေးသစ္စာခံကြေးစားအုပ်စုသည် အင်မော်တယ်ကမ္ဘာတွင် သူတည်ထောင်ခဲ့သော သွေးသစ္စာခံကြေးစားအုပ်စု၏ တစ်စိတ်တစ်ပိုင်းဖြစ်ဖို့ ကံကြမ္မာက သတ်မှတ်ထားပုံရသည်။ ထို့အပြင်၊ ချင်ယွင်သည် ဤသေမျိုးကမ္ဘာတွင် သူ၏ကိုယ်ပိုင်အင်အားစုတခု ရှိခြင်းသည် သူ့အတွက် အလွန်အဆင်ပြေကြောင်း ရှာဖွေတွေ့ရှိခဲ့ရသည်။

ချင်ယွင် တုံ့ဆိုင်းနေသည်ကိုမြင်ရလျှင် ဂျီထန်းချန်၏ မျက်နှာသည် ဝမ်းသာအားရဖြစ်သည့် အမူအယာ ချက်ခြင်းပေါ်လာသည်။ သူက “ကျေးဇူးရှင်၊ ကျွန်တော်တို့အဖွဲ့ဝင်အားလုံးက သေတဲ့အထိ ကျေးဇူးရှင်နောက်ကို လိုက်ဖို့ ဆန္ဒရှိပါတယ်” ဟု ပြောလိုက်သည်။

"ကျွန်တော်တို့က သေတဲ့အထိ ကျေးဇူးရှင်နောက်ကို လိုက်ပါ့မယ်လို့ ကျွန်တော်တို့ ကတိပြုပါတယ်!" ကျန်ဆယ့်တစ်ယောက်သည် တယောက်ပြီး တယောက် အော်ပြောလိုက်ပြီး သူတို့မျက်နှာများတွင် ဆုံးဖြတ်ချက်ပြတ်သားမှုများ ပြည့်နေသည်။

ချင်ယွင်သည် ဂျီထန်းချန်နှင့် အခြားသူများ ၏ မျက်လုံးများတွင် တဖျပ်ဖျပ် လင်းလက်ပြီး တောက်ပနေသည့် အလင်းတန်းများကို တွေ့ရသောအခါ စိတ်လှုပ်ရှားမှု အရိပ်အယောင်များ က သူ၏နှလုံးသားထဲသို့ တိုးဝင်လာခဲ့သည်။

"ကောင်းပြီလေ၊ ငါကတိပေးတယ်။" ချင်ယွင်က ပြန်ဖြေသည်။

ဂျီထန်းချန်နှင့် တခြားလူများအားလုံးသည် ပျော်ရွှင်သည့် အမူအရာများ ထုတ်ဖော်ပြသကြသည်။

"ဒါပေမယ့် နည်းနည်းတော့ ရှင်းအောင်ပြောထားရမယ်။ ငါက ထွက်သွားမှာ ဖြစ်တာကြောင့် သူက အဖွဲ့ခေါင်းဆောင် ဖြစ်နေတုန်းပါပဲ။ နောက်ကွယ်မှာတော့ ငါက ခေါင်းဆောင်ဖြစ်နိုင်ပါတယ်။" ချင်ယွင်က ဆက်ပြောသည် ။

ဂျီထန်းချန် နှင့် အခြားသူများသာ် အနည်းငယ် အံ့အားသင့်သွားကြသည်။ နဝမအဆင့် ကောင်းကင်အလွှာ သိုင်းဂိုဏ်းချုပ်ကျွမ်းကျင်သူ အဖွဲ့ဝင်တစ်ဦးက "ဒါဆိုလည်း ကျေးဇူးရှင်၊ ကျွန်တော်တို့က ကျေးဇူးရှင်ကို ဘယ်လိုခေါ်ရမှာလဲ" ဟု မေးသည်။

ချင်ယွင်၏မျက်လုံးထဲတွင် ရှုပ်ထွေးသည့် အမူအရာ ပေါ်လာရင်းပြောလိုက်သည် "ငါ့ကို သခင်လေးလို့ပဲ ခေါ်ပါ" ။

အမှန်တကယ်တော့၊ အင်မော်တယ်ကမ္ဘာတွင်၊ သူသည် သွေးသစ္စာခံအဖွဲ့၏ အင်အားကို တည်ဆောက်သောအခါတွင်၊ ထိုနောက်လိုက်များအားလုံးသည် သူ့ကို သခင်လေးဟု ခေါ်ဝေါ်ကြ၏။ အကြောင်းမှာ သူသည် တော်ဝင်ချင် အင်မော်တယ် မင်းဆက်နှင့် အင်မော်တယ်ဧကရာဇ်၏ သားတော်တစ်ပါး ဖြစ်သောကြောင့် ဖြစ်သည်။

ယခု သူသည် ဤနာမည်ကို ထပ်မံပြောလိုက်စဉ် ချင်ယွင်သည် အတိတ်က အဖြစ်အပျက်များကို ပြန်အမှတ်မရဘဲ မနေနိုင်တော့ပေ။ တစ်ချိန်တုန်းက သူ့ကို ဂုဏ်ယူစေခဲ့သော အင်မော်တယ် ဧကရာဇ်ချင်ဟန်ဆိုသည့် သူ၏ဖမည်းတော်သည် သူနှင့်ပတ်သက်သည့် အရာအားလုံးကို ရက်ရက်စက်စက် ဖျက်ဆီးပစ်ခဲ့သည်။

"သခင်လေးလား?"

နဝမအဆင့် ကောင်းကင်အလွှာ သိုင်းဂိုဏ်း ချုပ်ကျွမ်းကျင်သူလူငယ်သည် ဤသခင်လေးဟူသောဘွဲ့အမည်သည် လုံလောက်စွာ မလွှမ်းမိုးနိုင်ဟု မူလက သူခံစားခဲ့ရသည်။ သူသည် ထုတ်ဖော်ပြောခါနီးတွင် ဂျီထန်းချန်က သူ့ကို အကြည့်တစ်ချက်ဖြင့် တားလိုက်သည်။

"သခင်လေး ၊ ဒီနေ့ကစပြီး သခင်လေးက ကျွန်တော်တို့ သွေးသစ္စာခံကြေးစားအုပ်စုရဲ့

တကယ့်သခင်ဖြစ်ပါလိမ့်မယ်။ ကျွန်တော်တို့ သွေးသစ္စာခံကြေးစားအုပ်စုဟာ သခင်လေးရဲ့အမိန့်ကို နာခံကြလိမ့်မယ်။ ကျွန်တော် ဂျီထန်းချန်က ဒီနေရာမှာ သွေးသစ္စာ ကျိန်ဆိုပါတယ်။ တကယ်လို့ ကျွန်တော်တို့အဖွဲ့ထဲက တစ်ယောက် ယောက်က သစ္စာဖောက်ခဲ့ရင် အဲဒီလူကို သနားကြင်နာခြင်းမရှိဘဲ ကျွန်တော်တို့က သတ်ပစ်မယ်။ " ဂျီထန်းချန်က ပြတ်သားစွာကြေညာလိုက်သည်။

"ကျွန်တော်တို့ဟာ သခင်လေးနောက်ကို သေချာပေါက် လိုက်မှာဖြစ်ပြီး သခင်လေးကို ဘယ်တော့မှ သစ္စာမဖောက်ပါဘူး!"

သွေးသစ္စာခံကြေးစားအုပ်စုရှိ အဖွဲ့ဝင်အားလုံးက စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ကြသည်။

သူတို့သည် ဤလူငယ်ကို ပထမဆုံးအကြိမ်တွေ့ဖူးသော်လည်း သူတို့ရှေ့တွင်ရှိသည့် ဤလူငယ်၏ လျှို့ဝှက်ဆန်းကြယ်မူကို ထပ်လောင်းထည့်လိုက်ခြင်းဖြင့် သူတို့၏ သွေးသစ္စာခံကြေးစားအုပ်စုသည် ပိုမိုအားကောင်းလာပြီး မကြုံစဖူးအထွတ်အထိပ်သို့ ရောက်ရှိစေမည်ဟု သူတို့ယုံကြည်ကြသည်။

ချင်ယွင်သည် ခေါင်းညိတ်ပြပြီး ဂျီထန်းချန်နှင့်တခြားသူများကို သူတို့၏ ဒဏ်ရာများကို ကုသရန်အတွက် ပြန်သွားပေးရန် အချက်ပြလိုက်သည်။

နောက်တစ်နေ့တွင် ချင်ယွင်သည် အမြန်ထွက်ခွာရန် မသင့်လျော်တော့ပေ။ ယင်းအစား သူသည် သွေးသစ္စာခံကြေးစားအုပ်စုတွင် ဆက်နေရန် ရွေးချယ်ခဲ့သည်။

အကယ်၍ သူသည် ဆိုင်ရှင်အဖြစ်မှ ထွက်ခွာချင်သည်ဆိုလျှင်ပင် အရာအားလုံးကို လျစ်လျူရှုထားလို့မရပေ။

ညဘက်တွင် ချင်ယွင်သည် ဂျီထန်းချန်နှင့် အခြားသူများသည် သူတို့၏ဒဏ်ရာများမှ

ပြန်လည်ကောင်းမွန်လုနီးပါးဖြစ်သည်ကို တွေ့လိုက်ရသည်။ ထိုကြောင့် သူသည် ဂျီထန်းချန် ကို အကြံတစ်ခုပေးခဲ့သည်။

ယင်းက သူသည် ဂျီထန်းချန်ကို အမှောင်ည ကြေးစားအုပ်စုကို ဝါးမျိးပြီး သူတို့၏ အဖွဲ့ဝင်များကို ကိုယ်အင်အားအဖြစ် ရယူနိုင်ရန်အတွက် ဤအခွင့်အရေးကို ရအောင်ယူရန်ဖြစ်သည်။

အဖွဲ့ဝင်အားလုံးကို သွေးသစ္စာခံကြေးစားအုပ်စုတွင် ပါဝင်ခိုင်းမည်မဟုတ်ပေ။ သွေးသစ္စာခံကြေးစားအုပ်စုတွင် ပါဝင်လိုသူများသည် တင်းကြပ်သောစစ်ဆေးမှုကို ခံယူရမည်ဖြစ်သည်။ ဤစမ်းသပ်မူအတွက် စံချိန်စံညွှန်း သတ်မှတ်ချက်များနှင့် ပတ်သက်ပြီး ဂျီထန်းချန်သည် ဒဏ်ရာမှတစ်ဝက် သက်သာနေပြီဟု ယုံကြည်သောကြောင့် ချင်ယွင်သည် ၎င်းကိစ္စကို ဂျီထန်းချန်ထံ လုံးလုံးလျားလျား လွှဲထားခဲ့သည်။

ထိုညတွင် ချင်ယွင်သည် လူတစ်စုကိုဦးဆောင်ကာ အမှောင်ညကြေးစားအုပ်စု၏ ဌာနချုပ်ရှိရာသို့ ကိုယ်တိုင်ကိုယ်ကျ ခေါ်ဆောင်သွားခဲ့သည်။

အမှောင်ညကြေးစားအုပ်စု၏ဌာနချုပ်သည် ခေါင်းဆောင်တစ်ယောက်မှ မရှိဘဲ ဖြစ်နေပါပြီ။ နေ့ခင်းဘက်တွင် ချင်ယွင်၏ ရက်စက်ကြမ်းကြုတ်သော နည်းလမ်းများ ကိုပါ ပေါင်းထည့်လိုက်ဖြင့် ဤအုပ်စုသည် သူကို ထိတ်လန့်နေပြီဖြစ်သည်။ ထို့ကြောင့် ချင်ယွင်သည် လှုပ်လှုပ်ရှားရှား လုပ်စရာပင် မလိုခဲ့ပေ။

ဂျီထန်းချန်မှ စမ်းသပ်စစ်ဆေးမူများပြုလုပ်ပြီးနောက် လူအယောက်သုံးဆယ်သည် စာမေးပွဲအောင်မြင်ခဲ့သည်။ ရလာဒ်အနေဖြင့် သွေးသစ္စာခံကြေးစားအုပ်စု၏အဖွဲ့သည် လူဆယ့်နှစ်ယောက်မှ လေးဆယ့်နှစ်ယောက် အဖြစ်သို့ တိုက်ရိုက်ပြောင်းလဲလာခဲ့ သည်။

သွေးသစ္စာခံကြေးစားအုပ်စုနှင့်အမှောင်ညကြေးစားအုပ်စုအပြင် ဤမြို့ငယ်လေးတွင် သေးငယ်သည့် ကြေးစားအုပ်စုများလည်း အနည်းငယ်လည်း ရှိသေးသည်။

ချင်ယွင်သည် ဤအခွင့်အရေးကို အရယူပြီး သူတို့အားလုံးကို ဝါးမျိုပြီး အင်အားစုစည်းရန် အကြံပြုလိုက်သည်။

သေချာသည်မှာ၊၊ ချင်ယွင်၏ကျော်ကြားမှုသတင်း ပျံ့နှံ့သွားပြီးနောက်၊ ဂျီထန်းချန်နှင့် တခြားလူများက သူ့တိုကို လာရှာမတွေ့ခင်မှာ အဖွဲ့အသီးသီးရှိ ကြေးစားအုပ်စုများသည် သူတို့ဆီ လာရောက်ပူးပေါင်းကြပါသည်။

ရက်တိုလေးအတွင်းမှာပင် သွေးသစ္စာခံကြေးစားအုပ်စုသည် မြို့ထဲတွင် အကြီးမားဆုံး

နှင့် တခုတည်းသော ကြေးစားအုပ်စုအဖွဲ့ ဖြစ်လာခဲ့ပါသည်။

သိုင်းမြို့စားတစ်ပိုင်းအဆင့်တစ်ယောက်၊ န၀မအဆင့် ကောင်းကင်အလွှာ သိုင်းဂိုဏ်းချုပ်အဆင့် ကျွမ်းကျင်သူ ၁၂ ယောက်နှင့် အဋ္ဌမအဆင့် ကောင်းကင်အလွှာ သိုင်းဂိုဏ်းချုပ်အဆင့် ကျွမ်းကျင်သူ ၂၀ ယောက်နှင့်အတူ သွေးသစ္စာခံကြေးစားအုပ်စု တစ်ခုလုံးသည် အင်အားဆယ်ဆတိုးလာခဲ့သည်။

ထို့နောက် ချင်ယွင်သည် ဂျီထန်းချန်ကို တစ်ယောက်တည်းခေါ်တွေ့ကာ အဆင့်မြင့်အဆင့် အဆင့်မြင့်တန်းစား ကျင့်ကြံခြင်းပညာရပ်တခုနှင့် အဆင့်မြင့် အဆင့်မြင့်တန်းစား ဓားသိုင်းပညာရပ်တို့ကို သင်ကြားပေးခဲ့သည်။

ဂျီထန်းချန်သည် ချင်ယွင်က အဆင့်မြင့်အဆင့် ကျင့်ကြံခြင်းပညာရပ်တခုကို အလွယ်တကူ ဆွဲထုတ်နိုင်သည်ကို တွေ့လိုက်ရသောအခါ သူ၏မျက်လုံးသည် ပြူးကျယ်သွားခဲ့ပြီး ချင်ယွင်သည် ဝမ်ဘင်ကိုသတ်လိုက်သည်ကို မြင်ရသည့်အချိန်က ထက်ပင် ပို၍ ထိတ်လန့်သွားခဲ့သည်။

အဆင့်မြင့် ကျင့်ကြံခြင်းပညာရပ်များသည် ပြီးစလွယ်စွန့်လွှတ်ပစ်ဖို့ နေနေသာသာ၊ သာမန်လူများ ပိုင်ဆိုင်နိုင်သော အရာများမဟုတ်ပေ။

ချင်ယွင်သည် အဆင့်မြင့် ကျင့်ကြံခြင်းပညာရပ်တကို ပေါ့ပေါ့ပါးပါး ထုတ်ယူနိုင်ခဲ့ ခြင်းကြောင့် ယင်းက သူ၏နောက်ခံသည် ထူးထူးခြားခြား ဖြစ်နေကြောင်း ပြသနေသည်။

ယခုတွင်၊ ဂျီထန်းချန်သည် ချင်ယွင်၏ နောက်သို့ လိုက်ရန်ရွေးချယ်မူသည် အလွန်ပညာရှိသော ရွေးချယ်မှုဖြစ်သည်ဟု ပို၍ သေချာလာခဲ့သည်။

ဤအရာအားလုံးကို ပြီးပြည့်စုံအောင်စီစဉ်ပြီးနောက် ချင်ယွင်သည် ထွက်ခွာလာခဲ့ပြီး ဤသဲကန္တာရကို ဖြတ်ကျော်ရန် စီစဉ်သည်။

မူလက ဂျီထန်းချန်သည် သူ့ကိုခေါ်သွားရန် ချင်ယွင်ကို ပြောခဲ့သော်လည်း ချင်ယွင်က ငြင်းဆိုခဲ့ပါသည်။

ယခု သူ့မှာ ကိုယ်ပွားနှစ်ခုရှိပြီး စတုတ္ထအဆင့် ကောင်းကင်အလွှာ သိုင်းမြို့စားအဆင့် ကျွမ်းကျင်သူတဦးကပင် သူ့ကို မသတ်နိုင်တော့ပေ။ ဂျီထန်းချန်နှင့် အခြားအစောင့် အကြပ်များသည် သူ့အတွက် ဘာမှအဓိပ္ပါယ်မရှိပေ။

သွေးသစ္စာခံကြေးစားအုပ်စု၏ မူလအဖွဲ့ဝင်ဆယ့်နှစ်ယောက်သည် ချင်ယွင် ထွက်ခွာသွားသည့်အတွက် အလွန်စိတ်ပျက်သွားကြသည်။

ဟုတ်ပါသည်၊ ချင်ယွင် ထွက်ခွာသွားခြင်းနှင့်ပတ်သတ်ပြီး ဝမ်းအနည်းဆုံးလူကတော့ ထိုအချိန်က သူကယ်တင်ခဲ့သည့် ကလေးမလေးပင် ဖြစ်သည်။

ချင်ယွင်၏ နှစ်ရက်တာကာလအတွင်းမှာ ဤကလေးမလေးသည် ချင်ယွင်နှင့် ဆော့ကစားလာခဲ့ပြီး သူနှင့် တဖြည်းဖြည်း ရင်းနှီးလာခဲ့သည်။

ဤကလေးမလေး၏ နာမည်မှာ ချောင်မုယူ ဖြစ်သည်။ သူမသည် ယခုမှ ရှစ်နှစ်သာရှိသေးပြီး အလွန်ချစ်စရာကောင်းသည်။ ချင်ယွင်သည်လည်း သူမကို အလွန်သဘောကျသည်။

နောက်ပိုင်းတွင် ချင်ယွင်သည် သူမတွင် ဝိညာဉ်အရင်းအမြစ်ရှစ်ခုရှိကြောင်း မတော်တဆ တွေ့ရှိခဲ့ခြင်းကြောင့် ဧကရာဇ်အဆင့် ကျင့်ကြံခြင်းပညာရပ်ကို လျှို့ဝှက်သင်ကြားပေးခဲ့သည်။

မူလက ချင်ယွင်သည် အင်မော်တယ်အဆင့် နည်းပညာရပ်ကို သင်ကြားပေးလို သော်လည်း ‌ရှေးဟောင်းတာအိုဆရာသခင်၏ ကဲ့ရဲ့ရှုံ့ချမူကို ခံရမည်ဟု မျှော်လင့်မခဲ့ထားပေ။ သူမအား အင်မော်တယ်အဆင့် နည်းပညာရပ်တစ်ခု ပေးဆောင်ခြင်းသည် သူမကို ဒုက္ခပေးရုံသက်သက်သာဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။ ထို့ကြောင့် ချင်ယွင်သည် ခြေတစ်လှမ်းဆုတ်ကာ သူမအား ဧကရာဇ်အဆင့် နည်းပညာရပ်ကိုသာ ပေးနိုင်တော့သည်။

ချင်ယွင် ထွက်သွားတော့မည်ကိုမြင်လျှင် ထိုကလေးမလေးသည် မျက်ရည်များ စီးကျကာ ချင်ယွင်၏ဝတ်စုံလက်မောင်းကို ဆွဲထားရင်း ထွက်ခွာ မသွားရန် တားဆီးသည်။

ချင်ယွင်သည် သူမကို ပွေ့ဖက်ကာ နှစ်သိမ့်ပေးစကား ပြောဆိုရုံမှလွဲပြီး ရွေးစရာမရှိတော့ပေ။ "အနာဂတ်မှာ သမီးက ကောင်းကောင်း ကျင့်ကြံရမယ်နော်။ သမီးကြီးလာတဲ့ အချိန်ရောက်ရင် အကိုကြီးက ပြန်လာခဲ့မယ်"

ကလေးမလေးသည် သူမ၏မျက်လုံးရွဲကြီးများကိုပုတ်ခတ်ပုတ်ခတ်လုပ်ရင်း မေးလိုက်သည် "အစ်ကိုကြီး၊ အစ်ကိုကြီးက သမီးကြီးလာရင် ပြန်လာပြီး လက်ထပ်မှာလား" ။

ချင်ယွင်သည် တခဏအကြာ ကူကယ်ရာမဲ့စွာ ခံစားခဲ့ရသော်လည်း သူမအား စိတ်ချမ်းသာစေရန်အတွက် ချင်ယွင်သည် သူမအား တမင်လိမ်ညာကာ "ကောင်းပြီ၊ မင်းကြီးလာရင် အကိုကြီးက ပြန်လာပြီး လက်ထပ်မယ်" ဟုပြောခဲ့ရပါသည်။

ချင်ယွင်၏စကားကိုကြားလျှင် ကလေးမလေးသည် မျက်ရည်ကျသည်အထိ တခစ်ခစ်

ရယ်မောကာ ချင်ယွင်ကို ထွက်သွားခွင့်ပေးလိုက်သည်။

အခန်း (၁၉၅) နဂါးသွေးဆေးကိုသောက်သုံးခြင်း

ချင်ယွင်သည် ချောင်မုယူအား လိမ်ညာပြောဆိုရုံမျှသာ ဖြစ်သော်လည်း သူသည် ချောင်မုယူကို ဆယ်နှစ်ကြာသည်အထိ စောင့်စားနေရအောင် လုပ်ဆောင်မိခဲ့လိမ့် မည်ဟု ချင်ယွင်က မည်သို့သိမည်နည်း။ နောက်ဆုံးတွင်၊ သူသည် သူမအား သေမျိုးကမ္ဘာမှ အင်မော်တယ်ကမ္ဘာအထိပင် လိုက်ပါအောင် လုပ်ဆောင်မိခဲ့သည်။

သေချာသည်မှာ၊ ဤသည်မှာ နောက်ဆုံးစကားများ ဖြစ်ပါသည်။ ယခုအချိန်တွင် ချင်ယွင်သည် ဤလူသူဆိတ်သုဉ်းသော ဂိုဘီသဲကန္တာရကို တစ်ယောက်တည်း ဖြတ်ကျော်ရန်အတွက်လမ်းပေါ်တွင် ခြေချနေပြီ ဖြစ်ပါသည်။

သို့သော် ချင်ယွင်သည် ဂိုဘီသဲကန္တာရသို့ နက်ရှိုင်းစွာ ၀င်ရောက်သွားရန် တိုက်ရိုက် မရွေးချယ်ခဲ့ပေ။ ဂျီထန်းချန်နှင့် တခြားသူများပြောခဲ့သည့် စကားအတိုင်းသာ သူလည်းပြောပြနိုင်ပါသည်။

ဤသဲကန္တာရတွင် အဆင့်လေး ဆိတ်သုဉ်းခြင်းသားရဲ အနည်းငယ်မျှသာရှိပြီး အချို့ဆို နဝမအဆင့် ကောင်းကင်အလွှာ သိုင်းမြို့စားအဆင့် ကျွမ်းကျင်သူတစ်ဦးနှင့်ပင် နှိုင်းယှဉ်နိုင်သည်။ ယင်းကြောင့် ချင်ယွင်သည် သတိထားရန် လိုအပ်လာသည်။

ထို့ကြောင့် ချင်ယွင်သည် ဂိုဘီသဲကန္တာရ၏ နက်ရှိုင်းသောအရပ်သို့ မဝင်မီ နဂါးသွေးဆေးလုံးကို သောက်သုံးရန် ရွေးချယ်ခဲ့ပြီး သူ၏ ကျင့်ကြံခြင်းအဆင့်ကို တိုးမြှင့်ပြီနောက်မှသာ ဂိုဘီသဲကန္တာရ၏ ပိုမိုနက်ရှိုင်းသည့် အရပ်သို့ ၀င်ရောက်မည် ဖြစ်သည်။

ဤနည်းဖြင့် သူသည် အန္တရာယ်များသော အဆင့်လေး ဆိတ်သုဉ်းခြင်းသားရဲများနှင့် ရင်ဆိုင်ကြုံတွေ့ရလျှင်ပင်၊ သူသည် မိမိကိုယ်ကို ကာကွယ်နိုင်ဆဲ ဖြစ်သွားလိမ့်မည်။

ချင်ယွင်သည် ဂိုဘီသဲကန္တာရထဲသို့၀င်၍ နဂါးသွေးဆေးလုံးကို သောက်သုံးရန် ရွေးချယ်ရခြင်း၏ အကြောင်းရင်းမှာ သူသည် ထိုမြို့ငယ်လေးတွင် နဂါးသွေးဆေးလုံးကို မသောက်သုံးလိုခြင်းကြောင့် ဖြစ်ပါသည်။ အကြောင်းရင်းမှာ နဂါးသွေးဆေးလုံးကို စားသုံးခြင်းသည် နဂါးမျိုးနွယ်စု၏ သွေးမျိုးဆက်စွမ်းရည်ကို နိုးကြားလာစေနိုင်ပြီး ထိုအချိန်တွင် မလိုအပ်ဘဲ အာရုံစူးစိုက်မှုများကို ဆွဲဆောင်နိုင်စေမည့် ကြီးမားသော ရုန်းရင်းဆန်ခတ်အရာများ ဖြစ် ပေါ်စေမည်မှာ သေချာပါသည်။

ဤလူသားဆိတ်သုဉ်းသော ဂိုဘီသဲကန္တာရတွင် ကောင်းကင်နှင့်မြေကြီးသည် ကျယ်ပြောလှသည်။ အကယ်၍ ရုန်းရင်းဆန်ခတ်ဖြစ်မူ ကြီးကြီးမားမား ဖြစ်ခဲ့လျှင်ပင် ရှာဖွေတွေ့ရှိနိုင်ရန်ခက်ခဲသည်။

နောက်ဆုံးတွင် ချင်ယွင်သည် ဘာမှသစ်ပင်မှမရှိသည့် မြေလွတ်ဖြစ်နေသော တောင်ကုန်းပေါ်တွင် ဤနဂါးသွေးဆေးလုံးကို သောက်သုံးရန် ရွေးချယ်လိုက်သည်။ ထို့နောက် ရှောင်ဘိုင်ကိုခေါ်ကာ သူ့ကိုကာကွယ်ပေးရန် တောင်းဆိုလိုက်သည်။

အရာအားလုံးကို ပြင်ဆင်အဆုံးသတ်ပြီးနောက် ချင်ယွင်သည် ထိုင်ချလိုက်ပြီး နဂါးသွေးဆေးလုံးကိုသောက်သုံးရန် ပြင်ဆင်လိုက်သည်။

ချင်ယွင်သည် သူ၏ သိုလှောင်အိတ်ထဲမှ နဂါးသွေးဆေးလုံးကို ထုတ်ယူလိုက်သည်။ ဤနဂါးသွေးဆေးလုံးသည် အနှိုင်းမဲ့ နီမြန်းသည့် အနီရောင်တောက်တောက်ဖြစ်ကာ ၎င်း‌ဆေးလုံးပေါ်တွင် သိမ်မွေ့နက်ရှိုင်းသော ပုံစံများစွာရှိသည်။

ဤနဂါးသွေးဆေးလုံးတွင် ပြင်းထန်‌သောလောင်မြိုက်ခြင်းအ‌ငွေ့အသက်များ ပါဝင်နေပုံရသည်ဟု ချင်ယွင်သည် ခံစားလို့ရနိုင်သည်။ ဤဆေးလုံးသည် မီးစွမ်းရည် ပိုင်ဆိုင်သည့် မီးနဂါးတစ်ကောင်၏ သွေးအနှစ်သာရမှ သန့်စင်ထားသော ဆေးလုံးဖြစ်သင့်သည်ဟု ချင်ယွင် မှန်းဆလိုက်သည်။

မီးစွမ်းရည်ပိုင်ဆိုင်သည့် နဂါးများစွာရှိပြီး ၎င်းတို့၏ အစွမ်းများသည်လည်း မတူညီကြပေ။ ဤနဂါးသွေးအနှစ်သာရသည် မည်သည့် မီးနဂါးအမျိုးအစား ဖြစ်သည်ကို သူမသိခဲ့ကြခြင်းပင်။

ချင်ယွင်သည် သိပ်အများကြီး တွေးတောမနေတော့ဘဲ နဂါးသွေးဆေးလုံးကို တိုက်ရိုက်မျိုလိုက်သည် ။

နဂါးသွေးဆေးလုံးသည် သူ၏ပါးစပ်ထဲသို့ ဝင်လာသည်နှင့် တပြိုင်နက် တောက်လောင်နေသော မီးလုံးကြီးအဖြစ်သို့ ပြောင်းလဲသွားပြီး စတင်လောင်ကျွမ်းသွားတော့သည်။

ချင်ယွင်၏မျက်နှာသည် ချက်ချင်း ပြောင်းလဲသွားသည်။ နဂါးသွေးဆေးလုံး၏ ဆေးဘက်ဆိုင်ရာ ဂုဏ်သတ္တိများသည် ဤမျှလောက် အစွမ်းထက်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။ ဆေးလုံးသည် သူ၏ပါးစပ်ထဲသို့ ဝင်ခါနီးအချိန်မှာပင် ကြောက်စရာကောင်းသည့် စွမ်းအင်များကို ထုတ်လွှတ်သည်။ သူသည် ရှေးဟောင်းခေတ် အစိမ်းရောင်ကြာပန်းပညာရပ်ကို အလျင်အမြန် ဖြန့်ကျက်လိုက်ပြီး သူ၏ဝိညာဉ်စွမ်းအင်ကို စုစည်းကာ နဂါးသွေးဆေးလုံး ပတ်ပတ်လည်တွင် ရစ်ပတ်လိုက်ရင်း သူ၏ဒန်တန်ဆီသို့ ဦးတည်ပို့‌ဆောင်လိုက်သည်။

နဂါးသွေးဆေးလုံးသည် ဝိညာဉ်စွမ်းအင်၏ လမ်းညွှန်မှုအောက်တွင် သူ၏ဒန်တန်သို့ ချောမွေ့စွာရောက်ရှိခဲ့သော်လည်း ချင်ယွင်သည် ဤစိုးရိမ်စရာဆေးလုံးကို သန့်စင်ရန်အတွက် သူ၏ကျင့်ကြံခြင်းပညာရပ်ကို ဖြန့်ကြက်တော့မည် ဖြစ်သည်။

ထိုအချိန်တွင် ဤနဂါးသွေးဆေးလုံးသည် အနှိုင်းမဲ့ ကြောက်မက်ဖွယ်ရာ လောင်ကျွမ်းနေသော စွမ်းအားတစ်ခုဖြင့် ရုတ်တရက် ပေါက်ကွဲထွက်လာသည်။ နေရောင်ခြည် ပေါက်ကွဲထွက်သကဲ့သို့၊ ချင်ယွင်၏ ဒန်တန်တစ်ခုလုံး ပျံ့နှံ့သွားခဲ့သည်။ ချင်ယွင်၏ ဒန်တန်တခုလုံးသည် မီးပင်လယ်ကြီးအဖြစ် တိုက်ရိုက်ပြောင်းလဲ သွားခဲ့သည်။

ချင်ယွင်၏ မျက်နှာသည် နာကျင်သောအမူအရာ ချက်ချင်း ပေါ်လာသည်။ သူ၏ပါးစပ်မှ သွေးများလည်း စီးထွက်လာသည်။

ချင်ယွင်သည် ထိတ်လန့်တုန်လှုပ်သွားခဲ့သည်။ သူသည် ဤဆေးလုံး၏ စွမ်းအားကို ပထမဆုံးအကြိမ် စုပ်ယူခြင်း ဖြစ်သည်။ သူ၏ ရှေးဟောင်းခေတ် အစိမ်းရောင် ကြာပန်းပညာရပ်သည် စွမ်းအင်အားလုံးကို သန့်စင်ရာမှာ အံ့ဖွယ်နည်းပညာရပ်တစ်ခု အဖြစ် လူသိများကြောင်း သိရှိထားရမည်။

ယခု သူသည် နဂါးသွေးဆေးလုံးငယ်ကို ဝါးမျိုလိုက်ရုံဖြင့် ဤနဂါးသွေးဆေးလုံးသည် သာမန် နဂါးသွေးဆေးလုံးတစ်ခု မဟုတ်မှန်း သေချာပေါက် သူ သိနိုင်ပေသည်။

ယခုအချိန်တွင် ချင်ယွင်၏ဒန်တန်သည် မီးပင်လယ်အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီဖြစ် သည်။ သူ၏ဒန်တန်အတွင်းရှိ အစိမ်းရောင်ကြာပန်းများအားလုံးကို မီးရှို့သန့်စင် ပစ်လိုက်သည်။ သူ၏ဒန်တန်ပင် တုန်လှုပ်လာသွားခဲ့ရသည်။ ဤအတိုင်းသာ ဆက်သွားနေမည်ဆိုလျှင် ချင်ယွင်၏ ဒန်တန်သည် ပျက်စီးသွားနိုင်သည်။

နဂါးသွေးဆေးလုံးသည် ချင်ယွင်၏ ဒန်တန်အထက်တွင် လွင့်မျှောနေပြီး ဤကြောက်မက်ဖွယ်ကောင်းသော မီးစွမ်းအင်များကို အဆက်မပြတ် ထုတ်လွှတ်နေသည်။

ချင်ယွင်သည် ရှေးဟောင်းခေတ် အစိမ်းရောင်ကြာပန်းပညာရပ်ကို ဖြန့်ကျက်ရန် အတတ်နိုင်ဆုံး ကြိုးစားခဲ့ပြီး ဤကြောက်မက်ဖွယ်ကောင်းသော မီးစွမ်းအင်များကို စုပ်ယူလိုသော်လည်း သူ၏ စုပ်ယူမှုအမြန်နှုန်းသည် နဂါးသွေးဆေးလုံးမှ ထုတ်လွှတ်နေသည့်အရှိန်ကို အမီလိုက်နိုင်ခြင်းမရှိသည်ကို တွေ့ရှိလိုက်ရသဖြင့် သူ အံ့အားသင့်သွားခဲ့ရသည်။

"ဒါက ဘယ်လိုနဂါးသွေးဆေးလုံး အမျိုးအစားပါလိမ့်၊ ဒီလောက် ကြောက်စရာ ကောင်းတဲ့ မီးစွမ်းရည်စွမ်းအားက ဘယ်လိုလုပ် ရှိနိုင်ရတာလဲ" ချင်ယွင်သည် အလွန်တုန်လှုပ်သွားခဲ့သည်။ ယခုအချိန်တွင် သူ၏ဒန်တန်သည် ရိုင်းစိုင်း ကြမ်းကြုတ်သည့် စွမ်းအားများနှင့် ပြည့်နှက်နေပြီ ဖြစ်သည်။ ဤအတိုင်းသာ ဆက်သွားပါက ချင်ယွင်၏ဒန်တန်သည် လုံးဝ ပျက်စီးသွားမည် ဖြစ်သည်။

ချင်ယွင်၏ မျက်နှာပေါ်တွင် သူ၏ဒန်တန်ပျက်ဆီးသွားမည့် အရေးကို အလွန်အမင်း မလိုလားသည့် အမူအရာ ပေါ်လာသည်။ ချင်ယွင်အနေဖြင့်ဆိုလျှင် သူသည် ဆယ်နှစ်သားအရွယ်တွင် အစစ်အမှန် အင်မော်တယ်ဖြစ်သည်အထိ ကျင့်ကြံနိုင်ခဲ့သော အင်မော်တယ် ဧကရာဇ်တပါး၏ ဂုဏ်သိက္ခာရှိသော သားတော်ဖြစ်ခဲ့သည်။ သူသည် ဤနဂါးသွေးဆေးလုံးလေး၏ အနိုင်ယူမူကို မည်သို့ ခံနိုင်မည်နည်း။

ထို့ကြောင့် ချင်ယွင်သည် သူ၏ ဒန်တန်ကို ပြုပြင်ရန်အတွက် အသက်သစ်ပင်၏ အသက်စွမ်းအားများကို အလျင်အမြန် စုဆောင်းလိုက်သည်။

သို့သော် ယခုအချိန်တွင် နဂါးသွေးဆေးလုံးသည် အသေးစားနေတစ်စင်းအဖြစ်သို့ ပြောင်းလဲနေပြီ ဖြစ်သည်။ ၎င်းမှ ထုတ်လွှတ်သော လောင်ကျွမ်းခြင်းစွမ်းအားသည် အရာအားလုံးကို လောင်ကျွမ်းစေသည်။ အဆုံးမရှိသော မီးတောက်များက ပေါက်ကွဲထွက်လာသည်။

ချင်ယွင်သည် သူ၏အသက်စွမ်းအားကို အသုံးပြုခဲ့သော်ငြားလည်း သူ၏ ဒန်တန်သည် ဤနဂါးသွေးဆေးလုံး၏ တောက်လောင်နေသော မီးလျှံဒဏ်ကို မခံနိုင်သေးပေ။

ချင်ယွင်၏ ဒန်တန်အတွင်းရှိ ဝိညာဉ်စွမ်းအင် ထက်ဝက်ကျော်သည် ကြောက်မက်ဖွယ် ကောင်းသော မီးတောက်မီးလျှံများ၏ လောင်ကျွမ်းမူကိုခံခဲ့ရပြီး ဖြစ်ကာ သူ၏ဒန်တန်တွင် အက်ကွဲကြောင်းများပင် ပေါ်လာသည်။ သူ၏ ဒန်တန်သည် ပြိုပျက်လုနီးပါး ဖြစ်လာခဲ့ပြီး ထိုအချိန်ရောက်လျှင် ချင်ယွင်၏ ကျင့်ကြံမူအားလုံးသည် ပြာများအဖြစ်သို့ ပြောင်းလဲသွားပေလိမ့်မည်။

" ငါ ဒါမျိုးမဖြစ်ချင်ဘူး...ဒါကို ငါမလိုလားဘူး..."

ချင်ယွင်က အသဲအသန် အော်ဟစ်လိုက်သည်။

ဤအချိန်တွင် သူ၏မျက်လုံးများသည် နီရဲနေပြီ ။ သူ၏အဝတ်အစားများအားလုံးကို သန့်စင်သည့် မီးလျှံများက လောင်ကျွမ်းသွားသည်။ သူ၏အရေပြားသည် မီးကဲ့သို့ နီမြန်းနေပြီး သူ၏အောက်ရှိ မြေပြင်သည် မည်းနက်နေသည်။

သို့သော်လည်း ထိုအချိန်တွင် ချင်ယွင်၏ ရင်ဘတ်ပေါ်ရှိ အစိမ်းရောင်ကြာပန်း စည်းတံဆိပ်သည် ရုတ်တရက် တောက်ပလာသည်။

အစိမ်းရောင်ကြာပန်း စည်းတံဆိပ်မှ ထူးထူးခြားခြား စွမ်းအင်တစ်ခု ထုတ်လွှတ် လိုက်ပြီး ချင်ယွင်၏ ခန္ဓာကိုယ်တစ်ခုလုံးကို ချက်ခြင်း ဖြတ်သန်းစီးဆင်းသွားကာ နောက်ဆုံးတွင် ချင်ယွင်၏ ဒန်တန်ဆီသို့ ပြေးလွှားသွားခဲ့သည်။

ချင်ယွင်သည် ချက်ချင်းပင် အေးစက်သွားသလို ခံစားလိုက်ရသည်။ အနည်းငယ် ရှုပ်ထွေးနေပြီဖြစ်သော သူ၏ဦးနှောက်သည်ပင် ချက်ချင်း နိုးကြားလာသည်။

"ဒါက ဒီစွမ်းအားပဲလေ။" ချင်ယွင်က အံ့သြစွာပြောသည်။

ထိုအချိန် သူ၏မှတ်ဉာဏ်များနိုးထနိုင်စွမ်း ရှိစဉ်အခါတုန်းက စည်းတံဆိပ်ကိုဖွင့်ရန် ကူညီပေးခဲ့သည်မှာ ဤစွမ်းအား အတိအကျဖြစ်သည်။ ယခု ဤစွမ်းအားသည်သည် တစ်ဖန် ပြန်ပေါ်လာခဲ့ပြီး မည်သည့်အံ့ဩဖွယ်ရာများ ဖြစ်ပေါ်လာမည်ကို သူ မသိနိုင်ပေ။

ချင်ယွင်သည် သူဒန်တန်ကို အမြန်စစ်ဆေးကြည့်လိုက်သည်။

ထူးခြားသော စွမ်းအင်သည် သူ၏ဒန်တန်ထဲတွင် ပေါ်လာသည့်အခိုက်၊ ချင်ယွင်၏ ဒန်တန်ထဲတွင် လောင်ကျွမ်းနေသော မီးတောက်မီးလျှံများကို ငြိမ်းသတ်လိုက်ပုံ ရသည်။ အဆုံးတွင်၊ ထိုစွမ်းအားသည် အသေးစားနေတစ်ခုအဖြစ်သို့ ပြောင်းလဲနေပြီ ဖြစ်သော နဂါးသွေးဆေးလုံးဆီသို့ ပြေးသွားခဲ့သည်။

နဂါးသွေးဆေးလုံးမှ ကြေကွဲဖွယ်ဟိန်းဟောက်သံတစ်ခု ထွက်ပေါ်လာသည်။ ၎င်းအသံသည် အလွန်နာကျင်ခဲ့ပုံရသည်။

ချင်ယွင်သည် ချက်ချင်းပင် အံသြသွားသည်။ ဤဟိန်းဟောက်အသံသည် ဒဏ္ဍာရီလာ နဂါးဟိန်းဟောက်အသံမှလွဲ၍ အခြားမဟုတ်ကြောင်း သူမှတ်မိသည်။

ဟိန်းဟောက်သံနှင့်အတူ နဂါးသွေးဆေးလုံးသည်လည်း ငြိမ်သက်သွားခဲ့သည်။ ဆေးလုံးမှ ထွက်လာသော အငွေ့အသက်သည် ပူပြင်းလောင်ကျွမ်းရာမှ တဖြည်းဖြည်းဖြင့် နွေးထွေးလာခဲ့သည်။

ချင်ယွင်သည် ဤစွမ်းအားကို စုပ်ယူရန် ရှေးဟောင်းခေတ် အစိမ်းရောင် ကြာပန်းပညာရပ်ကို ဆက်လက် ဖြန့်ဝေလိုက်သည်။

အချိန်တွေ တရွေ့ရွေ့ကုန်ဆုံးလာခဲ့ပြီး ချင်ယင်၏ ကျင့်ကြံမှုအဆင့်သည်လည်း အရှိန်အဟုန်ဖြင့် တိုးတက်လာခဲ့သည်။

သတ္တမအဆင့် ကောင်းကင်အလွှာ သိုင်းဂိုဏ်းချုပ်အဆင့်ကျွမ်းကျင်သူ ၊ အဋ္ဌမအဆင့် ကောင်းကင်အလွှာ သိုင်းဂိုဏ်းချုပ်အဆင့် ကျွမ်းကျင်သူ ၊ န၀မအဆင့် ကောင်းကင်အလွှာ သိုင်းဂိုဏ်းချုပ်အဆင့်ကျွမ်းကျင်သူ၊ န၀မအဆင့် ကောင်းကင်အလွှာ အထွတ်အထိပ် သိုင်းဂိုဏ်းချုပ်အဆင့်ကျွမ်းကျင်သူ၊ ချင်ယွင်၏ ကျင့်ကြံမှုအဆင့်သည် သိုင်းဂိုဏ်းချုပ်နယ်ပယ်၏ န၀မအဆင့် အထွတ် အထိပ် ကောင်းကင်အလွှာသို့ ရုတ်ခြည်း မြင့်တက်လာခဲ့ပြီး သူ၏ခန္ဓာကိုယ်အတွင်းရှိ နဂါးသွေးဆေးလုံးသည်လည်း ယခုအခိုက်အတန့်တွင် ပျောက်ကွယ်သွားခဲ့သည်။

ချင်ယွင်၏မျက်နှာသည် ရွှင်လန်းမှုအပြည့်နှင့်ပင် ဖြစ်နေသည်။ ဤနဂါးသွေးဆေးလုံး တွင်ပါရှိသော စွမ်းအားသည် ဤမျှအစွမ်းထက်လိမ့်မည်ဟု သူမမျှော်လင့်ထားခဲ့ပေ။ သူသည် သိုင်းဂိုဏ်းချုပ်နယ်ပယ်၏ ဆဋ္ဌမအဆင့် ကောင်းကင်အလွှာ အထွတ်အထိပ် မှ သိုင်းဂိုဏ်းချုပ်နယ်ပယ်၏ န၀မအဆင့် ကောင်းကင်အလွှာ အထွတ်အထိပ်သို့ အပြင်းအထန် တွန်းအားပေးကာ ဖြတ်ကျော်သွားခဲ့သည်။

ကျင့်ကြံမှုနယ်ပယ် မြင့်မားလာသည်နှင့်အမျှ ဆေးလုံးများဖြင့် ကျင့်ကြံရာမှာ အကျိုး

သက်ရောက်မူက သိသိသာသာ နည်းပါးလာသည်ကို သိရှိထားရမည် ဖြစ်သည်။ ဤနဂါးသွေးဆေးလုံးသည် သိုင်းဂိုဏ်းချုပ်နယ်ပယ်၏ န၀မအဆင့် ကောင်းကင်အလွှာ အထွတ်အထိပ်အထိ ဖြတ်ကျော်နိုင်ရန် ကူညီပေးနိုင်ခဲ့သည်မှာ အတော်ပင် ကောင်းမွန်နေပြီ ဖြစ်သည်။

"ကံမကောင်းစွာပဲ၊ ငါ့မှာ နဂါးပုလဲကို နှိုးထနိုင်ဖို့ အရည်အချင်းမရှိခဲ့ဘူး၊။ ချင်ယွင်သည် အနည်းငယ် သက်ပြင်းချလိုက်သည်။ (နဂါပုလဲဟူသည်မှာ သွေးမျိုးဆက်စွမ်းရည်ကို ဆိုလိုဟန်တူ)။

သို့ပေမယ့် သူပြောပြီးသည်နှင့် သူ၏တစ်ကိုယ်လုံးသည် တုန်လှုပ်သွားပါတော့သည်။

သူ၏တစ်ကိုယ်လုံးသည် လျင်မြန်စွာ နီရဲလာပြီး ပို၍ပို၍ပင် နီမြန်းလာခဲ့သည်။ အရိုးများကို ထိုးဖောက်လိုနာကျင်မူက သူ၏နှလုံးသားထဲမှ ထွက်ပေါ်လာပြီး ချင်ယွင်သည် ခေါင်းကိုမော့ကာ နာကျင်စွာဖြင့် ဟစ်အော်လိုက်လေသည်။

သို့သော် ဤအခိုက်အတန့်တွင် အံ့သြဖွယ်အဖြစ်အပျက်တစ်ခု ဖြစ်ပျက်လာခဲ့သည်။ ချင်ယွင်၏ မူလက ချောမွေ့နေသော နောက်ကျောပြင်သည် တဖြည်းဖြည်း ဖောင်းကြွလာသည်။ နောက်ဆုံးတွင် ကြီးမားသော ကြက်သွေးရောင် နဂါးအတောင်ပံ တစ်စုံသည် ပြင်းပြင်းထန်ထန် ထွက်ပေါ်လာသည်။ နဂါးအတောင်ပံများသည် တဟုန်းဟုန်း တောက်လောင်နေသော မီးတောက်မီးလျှံများဖြင့် ဖုံးလွှမ်းနေပြီး ၎င်းတောင်ပံတို့ကို အနှိုင်းမဲ့ ပြိုးပြိုးပြက်ပြက် လင်းလက်နေစေသည်။

"ဒါဆိုဒါက နဂါးသွေးအနှစ်သာရနဲ့ သန့်စင်ထားတဲ့ ဒဏ္ဍာရီလာ နဂါးသွေးဆေးလုံးပေါ့။ ဒီလိုမျိုးဖြစ်နေတာ မဆန်းပါဘူး။" ‌ရှေးဟောင်းတာအိုဆရာသခင်၏ အံ့အားသင့်သော အသံက တဖန်ထွက်ပေါ်လာပြန်သည်။

စာစဉ် (၁၃)ပြီးပါပြီ။

ဘာသာပြန်သူ နေဇင်။

All Chapters