အခန်း (၁၉၆-၂၀၀)
Vol. 14 Ch. 196-200
အခန်း (၁၉၆) နဂါးအတောင်ပံများ။
ချင်ယွင်သည် သူ၏နောက်ကျောမှ ထွက်ပေါ်လာသော ကြီးမားလှသော နဂါးအတောင်ပံကြီးများကို ကြည့်လိုက်ရင်း သူ၏မျက်နှာသည် တုန်လှုပ်ခြောက်ခြား သည့် အမူအရာတစ်ခု ထွက်ပေါ်လာသည်။
မီးနဂါးသည် နဂါးမျိုးနွယ်စုဝင် တစ်ဦးဖြစ်သည်။ ၎င်း၏ခွန်အားသည် ဒဏ္ဍာရီလာ ရှေးဟောင်းဘိုးဘေးနဂါးအောက်သာ နိမ့်ကျသည်။ အင်မော်တယ်ကမ္ဘာမှာပင် မီးနဂါး သည် အလွန်ရှားပါးသည်။ ဤနဂါးသွေးဆေးလုံးသည် မီးနဂါး၏သွေးအနှစ်သာရမှ အမှန်တကယ် သန့်စင်ထားလိမ့်မည်ဟု သူမထင်ထားခဲ့ပေ။
ယခု ချင်ယွင်သည် နဂါးသွေးဆေးလုံးကို သောက်သုံးပြီးနောက် မီးနဂါး၏ သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားခဲ့ပြီ။ ချင်ယွင် မထင်မှတ်ထားသည့်အရာမှာ သူနိုးထ နိုင်ခဲ့သော မီးနဂါးသွေးမျိုးဆက်စွမ်းရည်မှာ အမှန်တကယ်ပင် မီးနဂါး၏ အတောင်ပံများ ဖြစ်နေသည်။
နဂါးမျိုးနွယ်စုတစ်ခုလုံးမှာပင် မီးနဂါးများသာ အတောင်များရှိကြသည်။ ထို့ကြောင့် နဂါးအတောင်ပံများသည် မီးနဂါးများ၏ အသန်မာဆုံး မွေးရာပါပင်ကိုယ်စွမ်းရည်များ ဖြစ်ကြသည်။
ချင်ယွင်သည် သူ၏နောက်ကျောတွင် ပေါက်လာနေသော ဧရာမအတောင်ပံကြီး တစ်စုံကို ကြည့်လိုက်ရင်း သူ၏မျက်နှာသည် ထိတ်လန့်သွားသည့်ပုံ ပေါ်လာသည်။
နဂါးအတောင်ပံများသည် ကြက်သွေးရောင်ဖြစ်ပြီး အနီရောင်မီးတောက်မီးလျှံများဖြင့် တဖျပ်ဖျပ်တောက်နေသည်။ သူတို့သည် အလွန်လှပကြသည်။
ထိုမျှသာမကဘဲ၊ ဤအတောင်ပံကြီးများသည် အလွန်မာကျောလှပြီး အလွန် အစွမ်းထက်ကာ ကြောက်မက်ဖွယ်ကောင်းသော မီးလျှံစွမ်းအားများ ပါရှိနေကြောင်း ကိုလည်း ချင်ယွင်သည် ခံစားနိုင်သည်။
အတွေးတစ်ချက်ဖြင့် သူ၏နောက်ကျောတွင်ရှိသည့် ကြီးမားသော အတောင်ပံကြီး များကို လုံးလုံးလျားလျား ပြန့်ကျဲလိုက်သည်။ တောင်ပံကြီးများသည် အမှန်တကယ် ပင် ခြောက်မီတာ ရှည်လျားသည်။ တစ်ချိန်တည်းမှာပင် မီးနဂါးပိုင်ဆိုင်သည့် နဂါးတစ်ကောင်၏ ခမ်းနားထည်၀ါသော အငွေ့အသက်များက ချက်ချင်း လွင့်ပျံ့သွားသည်။
ဘေးမှာရပ်နေသည့် ရှောင်ဘိုင်သည်ပင် ချက်ချင်း တုန်လှုပ်သွားသည်။ သူသည် ကြက် သွေးရောင်မျက်လုံးတစ်စုံဖြင့် ချင်ယွင်ကိုကြည့်ကာ အသံပို့လွှတ်လိုက်သည် "သခင်၊ သခင်ရဲ့ခန္ဓာကိုယ်ပေါ်က တုံ့ပြန်လိုက်တဲ့ နဂါးသွေးမျိုးဆက်က အရမ်းသန့်စင်တယ်လို့ ကျွန်တော် ခံစားရတယ်။အဲဒါကသေချာပေါက် နဂါးမျိုးနွယ်စုဘုရင်ရဲ့ သွေးမျိုးဆက် ဖြစ်လိမ့်မယ်" ။
ချင်ယွင်သည် အနည်းငယ် ထိတ်လန့်သွားပြီး သူ၏မျက်နှာတွင် အံ့သြသည့်အမူအရာ ပေါ်လာသည်။
ရှောင်ဘိုင်သည် ဆိတ်သုဉ်းခြင်းသားရဲတစ်ကောင်ဖြစ်ပြီး ကောင်းကင်မျိုစပါးအုံးမြွေ၏ သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားသည်။ သူ၏သွေးမျိုးဆက် စွမ်းအားများအပေါ် အာရုံခံနိုင်စွမ်းသည် လူသားများထက် များစွာသန်မာသည်။ထိုကြောင့် ရှောင်ဘိုင်သည် ချင်ယွင်၏ ခန္ဓာကိုယ်မှ ထွက်လာသော နဂါးတစ်ကောင်၏ ခံ့ညားထယ်ဝါသော အငွေ့အသက်ကို ရှင်းရှင်းလင်းလင်း ခံစားသိမြင်နိုင်လေသည်။
ဘုရင်သွေးမျိုးဆက်လား?
ချင်ယွင်၏ ပါးစပ်ထောင့်များသည် အေးစက်ပြီး မောက်မာသော အကွေးတခုအဖြစ် တွန့်ကွေးသွားခဲ့သည်။
အတွေးတစ်ချက်ဖြင့် သူ၏နောက်ကျောမှ ကြီးမားသော အတောင်ပံကြီးများသည် ရုတ်တရက် လွင့်ပြန့်ကားထွက်သွားခဲ့ပြီး လေပြင်းတစ်ချက်က ချက်ချင်း ရိုက်ခတ်သွား သည်။ ချင်ယွင်၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ကောင်းကင်ယံသို့ ပျံတက်သွားပြီး သူ၏ အမြန်နှုန်းသည် အလွန်လျင်မြန်သွားသည်။
သူ၏နောက်တွင်ရှိသည့် နဂါးတောင်ပံများ သည် ညင်သာစွာ လှုပ်ခတ်လိုက်သည်နှင့်
ချင်ယွင်သည် မီတာတစ်ရာကျော်ကို ချက်ချင်း ဖြတ်ကျော်သွားခဲ့သည်။
"ဟာဟား၊နဂါးတောင်ပံတွေနဲ့ လိုက်လျောညီထွေ ဖြစ်သွားတာနဲ့ ငါ့ရဲ့ပျံသန်းနှုန်းက စတုတ္ထအဆင့် ကောင်းကင်အလွှာ သိုင်းမြို့စားအဆင့် ကျွမ်းကျင်သူများထက် အားမနည်းတော့ဘူး။ တကယ်လို့ ငါသာ သိုင်းမြို့စားနယ်ပယ်ထဲကို ခြေလှမ်းပြီးတာနဲ့ ငါ့ရဲ့အမြန်နှုန်းက ပိုပြီးမြန်ဆန်လာမှာ မဟုတ်ဘူးလား။" ချင်ယွင်သည် ဟက်ဟက် ပက်ပက် ရယ်မောလိုက်ပြီး သူ၏မျက်လုံးများက စိတ်လှုပ်ရှားမူများဖြင့် ဝင်းလက်တောက်ပနေသည်။
အထူးသဖြင့် တစ်ချိန်တုန်းက ပျံသန်းနိုင်စွမ်းရှိခဲ့ဖူးသူ ချင်ယွင်ကဲ့သို့သော လူတစ်ယောက်အတွက် ပျံသန်းခြင်းသည် လူသားတို့၏ အိပ်မက်တစ်ခု ဖြစ်သည်။ ပျံသန်းနိုင်စွမ်း ဆုံးရှုံးသွားသည်နှင့် ခြေထောက်များ ဆုံးရှုံးပြီး လမ်းလျှောက်နိုင်စွမ်း ကင်းမဲ့သွားသည့်အလား အလွန်နာကျင်ခဲ့ရသည်။
အတိတ်တုန်းက သူ၏ခန္ဓာကိုယ်သည် သိုင်းမြို့စားနယ်ပယ်သို့ အချိန်တိုတိုအတွင်း ဝင်ရောက်လာသောအခါ၊ လေထဲတွင် ပျံသန်းနေသည့် ခံစားချက်က သူ့ကို အလွန် လွမ်းဆွတ်စေခဲ့သည်။
နောက်ဆုံးတော့ ယနေ့ သူပြန်လည်ပျံသန်းနိုင်လိမ့်မည်ဟု သူ မျှော်လင့်မထားခဲ့ပေ။
ချင်ယွင်၏ နှလုံးသားသည် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသည်။ သူသည် အတောင်ပံများကို အဆက်မပြတ်ခတ်ပြီး လေထဲမှာ လှုပ်ရှားနေသည်။ တခါတရံ အောက်သို့ထိုးဆင်းပြီး တစ်ခါတစ်ရံ ကောင်းကင်ယံသို့ ထိုးတက်ကာ လေထဲတွင် အနီရောင် အလင်းတန်းများအဖြစ်သို့ ပြောင်းလဲသွားနေခဲ့သည်။
ယခုအချိန်တွင် နဂါးအတောင်ပံများသည် ချင်ယွင်၏ လက်များခြေများကဲ့သို့ပင်။ ချင်ယွင် ၏အတွေးတချက်ဖြင့်ပင် နဂါးတောင်ပံများ သည် ချက်ချင်းတုံ့ပြန်မည် ဖြစ်သည်။
"ဘုန်း!"
ချင်ယွင်သည် ကောင်းကင်ယံမှ တိုက်ရိုက်ဆင်းသက်လိုက်ပြီး သူ၏အောက်ရှိ တောင်ကုန်းတခုပေါ်ကို ခြေဆောင့်ချလိုက်သည်။
မီတာငါးဆယ်နီးပါးမြင့်သော တောင်ကုန်းသည် ချက်ချင်းပြိုဆင်းကာ မြေသားနှင့် ကျောက်တုံးများ ချက်ချင်းပေါက်ကွဲပြီး တောင်တစ်ခုလုံး မြေပြင်ပေါ်သို့ တိုက်ရိုက် ပြိုကျသွားသည်။
ချင်ယွင်၏ခန္ဓာကိုယ်သည် လေထဲတွင် လွင့်မျောနေပြီး ကြီးမားသော အတောင်ပံကြီးများကို ဖြည်းညှင်းစွာ ခတ်နေရင်း စိတ်လှုပ်ရှားနေသော အပြုံးတစ်ခုက သူ၏မျက်နှာပေါ်တွင် ချိတ်ဆွဲထားသည်။
သူသည် ယခုလေးတင် နဂါးအတောင်ပံများကိုခတ်ရင်း ပျံသန်းရသည့်ပျော်ရွှင်မူကို အာရုံ ခံစားနေရသည်။ သူသည် အဆင့်ချိုးဖြတ်ရာမှ ရရှိလာသည့် စွမ်းအားကို ခံစားရန်ပင် မေ့သွားခဲ့သည်။
ယခုလေးတင် သူသည် သူ၏ခွန်အားရှိသမျှကို အသုံးပြုပြီး ကန်ချက်တခုကိုထုတ်ကာ ဆောင့်နင်းလိုက်သော်လည်း ယခုလောက် အစွမ်းထက်နေလိမ့်မည်ဟု မျှော်လင့် မထားခဲ့ပေ။
ချင်ယွင်သည် သူ၏ရုပ်ခန္ဓာကြံ့ခိုင်မှုသည် ကြောက်မက်ဖွယ်အဆင့်သို့ တိုးလာနေပြီဟု ခန့်မှန်းမိသည်။ တစ်ချက်ထိုးလိုက်ရုံဖြင့် သူ၏ခွန်အားသည် ဂျင် တစ်သိန်းထက် မနည်းရှိမည်ဟု ခန့်မှန်းရသည်။
ချင်ယွင်၏ခန္ဓာကိုယ်ပေါ်ရှိ အစိမ်းရောင်ကြာပန်း စည်းတံဆိပ်သည်လည်း ယခင်က ထက် ပိုမိုထူထပ်လာသည်။ ၎င်းသည် အရိပ်ယောင်တစ်ခုမျှသာ ဖြစ်သေးသော်လည်း၊ ၎င်းအရိပ်ယောင်မျှသည်ပင် ချင်ယွင်အတွက် ကြီးမားသော တိုးတက်မှုတစ်ခု ဖြစ်နေပြီ ဖြစ်သည်။
ဒဏ္ဍာရီလာ ဖရိုဖရဲ အစိမ်းရောင်ကြာပန်းရုပ်ခန္ဓာကိုယ်သည် အင်မော်တယ် ဧကရာဇ်များကိုပင် တိုက်ခိုက်ရန်အတွက် အသုံးပြုနိုင်သည်။ ယခုအချိန်တွင် ချင်ယွင်၏ရုပ်ခန္ဓာကိုယ်သည် မွေးကင်းစနို့စို့အရွယ်သာ ရှိသေးပြီး အနာဂတ်တွင် လျှောက်လှမ်းရမည့်လမ်းခရီးမှာ ရှည်လျားသေးသည်။
ချင်ယွင်၏နှလုံးသားသည် မွှေ့ယမ်းတုန်ခါသွားခဲ့သည်။ သူ၏နောက်ရှိ ကြီးမားလှသော နဂါးအတောင်ပံကြီးများသည် ချင်ယွင်၏ နောက်ကျောဆီကို ပြန်ဆုတ်သွားပြီး ပျောက်ကွယ်သွားခဲ့သည်။ ချင်ယွင်သည်လည်း မြေပြင်ပေါ်သို့ ဖြည်းညှင်းစွာ လဲကျသွားသည်။
ဤသည်မှာ နဂါးအတောင်ပံများ၏ မှော်ဆန်သောစွမ်းရည် ဖြစ်သည်။ သူအသုံးမပြုချင်သည့် အခါတွင် တောင်ပံများကို သူ၏ခန္ဓာကိုယ်ထဲသို့ ပြန်ရုပ်ပြီး သိမ်းထားနိုင်သည်။ ဤနည်းဖြင့် ချင်ယွင်သည် နဂါးအတောင်ပံများ၏ မလိုအပ်ဘဲ လူအများ၏ အာရုံစူးစိုက်မှုများ ဆောင်ကြဉ်းလာမည်ကို ရှောင်ရှားနိုင်ပြီး သာမန်လူတစ်ဦးကဲ့သို့ အသက်ရှင်နေနိုင်ဆဲ ဖြစ်သည်။
ယခုအချိန်တွင် ချင်ယွင်၏ကျင့်ကြံမှုအဆင့် ချိုးဖြတ်သွားသောအခါ၊ သူတို့၏ ကြောက် မက်ဖွယ်စွမ်းအားများကို ဖိနှိပ်ထားရသည့် သစ်သားစွမ်းရည်ကိုယ်ပွားနှင့် လျှပ်စီးစွမ်းရည်ကိုယ်ပွားတို့သည်လည်း တစ်ခုပြီးတစ်ခု အဆင့်ချိုးဖြတ်သွားကြ သည်။
ယခု ကိုယ်ပွားနှစ်ယောက်နှင့် ချင်ယွင်၏ အစစ်အမှန်ခန္ဓာကိုယ်သည် နဝမအဆင့် ကောင်းကင်အလွှာ အထွတ်အထိပ် သိုင်းဂိုဏ်းချုပ်နယ်ပယ်သို့ ရောက်နေပြီဖြစ်သော ကြောင့် ချင်ယွင်၏စွမ်းအားသည် နဂါးသွေးဆေးလုံးကို မသောက်ခင်ကနှင့် နှိုင်းယှဉ် လျှင် များစွာတိုးတက်လာသည်ဟု ဆိုနိုင်သည်။
အကယ်၍ ချင်ယွင်သည် သိုင်းမြို့စားနယ်ပယ်သို့ ဖြတ်ကျော်နိုင်ခဲ့ပါက၊ သူ၏ စွမ်းအားသည် အရည်အသွေးအရပါ ခုန်တက်သွားမည် ဖြစ်သည်။
ထိုသို့ဖြစ်ရခြင်း၏အကြောင်းရင်းမှာ သူ၏ အစစ်အမှန်ခန္ဓာကိုယ်သည် အဆင့်ချိုးဖြတ် လိုက်သည်နှင့် အခြားကိုယ်ပွားနှစ်ခုသည်လည်း အဆင့်ချိုးဖြတ်ဝင်ရောက်သွားသော ကြောင့်ဖြစ်သည်။ ထိုအချိန်တွင်၊ ချင်ယွင်သည် ပထမအဆင့် ကောင်းကင်အလွှာ သိုင်းမြို့စားကျွမ်းကျင်သူ သုံးယောက်ပိုင်ဆိုင်သည်နှင့် ညီမျှသည်။ ဤသည်မှာ ဂိုဏ်းတစ်ခုအတွက်ပင် ကြီးမားသော စွမ်းအားတစ်ခု ဖြစ်သည်။
သေချာသည်မှာ၊ ချင်ယွင်၏ လက်ရှိ အစစ်အမှန်ခန္ဓာကိုယ်သည် ပထမအဆင့် ကောင်းကင်အလွှာ သိုင်းမြို့စားအဆင့် ကျွမ်းကျင်သူကို သတ်ဖြတ်နိုင်စွမ်းရှိပြီး သာမန် ဒုတိယအဆင့် ကောင်းကင်အလွှာ သိုင်းမြို့စားအဆင့် ကျွမ်းကျင်သူကိုပင် တွန်းလှန်တိုက်ခိုက်နိုင်သည်။ အကယ်၍ သူသည် အနက်ရောင် ဝတ်ရုံ၀တ် ကိုယ်ပွားနှင့် ပေါင်းစပ်လိုက်ပါက၊ သူသည် စတုတ္ထအဆင့် ကောင်းကင်အလွှာ သိုင်းမြို့စားအဆင့် ကျွမ်းကျင်သူသည်ပင် နောက်ဆုတ်သွားရပေလိမ့်မည်။
သို့သော် ချင်ယွင်သည် အမြဲတစေ ပဟေဠိဖြစ်နေခဲ့သည်။ သူသည် ချန်မင်ရှီနှင့် နောက်ဆုံးအကြိမ် တိုက်ခိုက်တုန်းက အနက်ရောင်ဝတ်ရုံ၀တ်ကိုယ်ပွားနှင့် သူ၏ ပေါင်းစပ်မှုသည် အလွန်အံ့သြစရာ ကောင်းခဲ့သည်။ သူ၏ခွန်အားသည် အလွန် တိုးမြင့်လာခဲ့ပြီး သူ၏ရုပ်ခန္ဓာကိုယ်သည် အမှန်တကယ် လေထဲသို့ ပျံသန်းနိုင်သည့်အထိ ရောက်အောင်ပင် စွမ်းဆောင်နိုင်ခဲ့သည်။
သို့သော် နောက်ပိုင်းတွင် ချင်ယွင်သည် အကြိမ်ပေါင်းများစွာ ကြိုးစားခဲ့သော်လည်း
မအောင်မြင်သဖြင့် ချင်ယွင်သည် အလွန်စိတ်ပျက်သွားခဲ့ရသည်။
အစိမ်းရောင်ကြာပန်း စည်းတံဆိပ်သည် အနက်ရောင်ဝတ်ရုံ၀တ်ကိုယ်ပွားနှင့် ပေါင်းစပ်နိုင်သည့် ၎င်း၏အစွမ်းကို ရုတ်တရက် ပြသလိုက်ခြင်း ဖြစ်ကြောင်း သူသတိရမိသည်။
အစိမ်းရောင်ကြာပန်းစည်းတံဆိပ်သည် ကိုယ်ပွားနှင့် တစ်ဖန်ပြန်လည်ပေါင်းစည်းရန် အတွက်တစ်ခုတည်းသော နည်းလမ်းဖြစ်နိုင်ပါသလား။
ချင်ယွင်သည် ပြောစရာစကား ရှာမရနိုင်ပေ။
သူသည် အစိမ်းရောင်ကြာပန်းစည်းတံဆိပ်ကို ယခုအချိန်အထိ မည်သို့ ဖမ်းဆုပ် ကိုင်ရမည်ကို မသိသေးပေ။ အကြိမ်တိုင်းဆိုသလို၊ အစိမ်းရောင်ကြာပန်း စည်းတံဆိပ် ကိုယ်တိုင်က ၎င်းကို အသက်သွင်းရန် အစပြုခဲ့သည်။ ထို့အပြင် အစိမ်းရောင်ကြာပန်း စည်းတံဆိပ်သည် အနည်းငယ်မျှ ပုံမှန်မဟုတ်ပဲ စတင်အသုံးပြု နိုင်နေပြီဖြစ်သည်။ သူအန္တရာယ်ကြုံတိုင်း၊ သူသည် ၎င်းကို အသက်သွင်းရန် အစပျိုး လုပ်ဆောင်ခဲ့သည်။
ချင်ယွင်သည် သူ၏ခွန်အားသည် အစိမ်းရောင်ကြာပန်းစည်းတံဆိပ်သည်၏ စွမ်းအားကို ဖမ်းဆုပ်ကိုင်ရန် မလုံလောက်သေးကြောင်း မှန်းဆလိုက်သည်။
သူ၏ ကျင့်ကြံမှုသည် အဆင့်တစ်ခုသို့ ရောက်သောအခါ၊ ဤ ရှေးဟောင်းခေတ် ဖရိုဖရဲ ရတနာဖြစ်သည့် အစိမ်းရောင်ကြာပန်းစည်းတံဆိပ်သည်ကို အသက်သွင်းနိုင်မည်ဟု သူ ခန့်မှန်းရသည်။
ချင်ယွင်သည် သူ၏နှလုံးသားထဲမှ အတွေးအာရုံများကို ဖယ်ရှားလိုက်ပြီး အဝေးရှိ အဆုံးမရှိသည့် သဲကန္တာရကြီးကို လှည့်ကြည့်လိုက်သည်။
"အခု ငါ နဂါးသွေးဆေးလုံးကို စားသုံးပြီးနောက် ငါ့ရဲ့စွမ်းအားတွေက အရမ်းတိုးလာခဲ့ တယ်။ ဒီအဆုံးမဲ့ မရဏသဲကန္တာရကို ဖြတ်ကျော်ဖို့ အချိန်တန်ပြီ။" ချင်ယွင်သည် သူ၏ မျက်လုံးများတွင် ပြင်းထန်သည့် တိုက်ခိုက်လိုစိတ်များဖြင့် ပြည့်နှက်နေလျက် ပြောလိုက်သည်။ (ဂိုဘီသဲကန္တာရဟူသည် မရဏသဲကန္တာရဖြစ်ပါသည်။ နောက်ပိုင်း မူရင်ဘာသာပြန်သည့်အတိုင်း ပါသလိုရေးသားသွားပါမည်။)
ဤသဲကန္တာရကို မရဏသဲကန္တာရဟု လူသိများပြီး အဆင့်လေး ဆိတ်သုဉ်းခြင်း သားရဲများ သောင်းကျန်းသည့်နေရာဟု ဟိုးအရင်ကတည်းက သူကြားဖူးသည်။ ယနေ့တွင်၊ ဤမရဏသဲကန္တာရသည် ချင်ယွင်၏ခြေလှမ်းများကို ရပ်တန့်နိုင်မလား။
ဘေးတွင်ရပ်နေသော ရှောင်ဘိုင်သည် အလွန်ဉာဏ်ရည်ထက်မြက်လာသည်။ ချင်ယွင်၏အတွေးများကို သူနားလည်ပုံရသည်။ သူသည်အဝေးရှိ သဲကန္တာရကို လှမ်းကြည့်လိုက်ရင်း သူ၏မျက်လုံးများက လျှပ်စီးများကဲ့သို့ လင်းလက် တောက်ပနေတော့သည်။
ထို့နောက် လူတစ်ဦးနှင့် မြွေတစ်ကောင်သည် သဲကန္တာရ၏ နက်ရှိုင်းရာဆီသို့ လျှောက်သွားခဲ့ကြသည်။
ချင်ယွင်သည် ရှောင်ဘိုင်ကို အစိမ်းရောင်ကြာပန်း စည်းတံဆိပ်ထဲသို့ ပြန်မထည့်ခဲ့ပေ။ ရှောင်ဘိုင်သည် အစိမ်းရောင်ကြာပန်းစည်းတံဆိပ်အတွင်းရှိ နေရာလွတ်ထဲတွင် အချိန်အကြာမြင့်စွာ နေခဲ့ရကြောင့် အပြင်ထွက်ရန်အတွက် လွှတ်ပေးထားဖို့ အချိန် တန်နေပြီဖြစ်သည်။
ရှောင်ဘိုင်သည်လည်း အရမ်းပျော်နေပုံပင်။ သူ၏ကြီးမားလှသော ခန္ဓာကိုယ်ကြီးသည် သဲကန္တာရတစ်လျှောက် လျင်မြန်စွာ ဖြတ်ပြေးသွားကာ သဲမြေပြင်ပေါ်တွင် ကွေးကောက်တွန့်လိမ်နေသည့် မြွေအမှတ်အသားများကို ချန်ထားရစ်ခဲ့လေသည်။
သို့ပေမယ့် သူတို့ထွက်သွားပြီး သိပ်မကြာခင်မှာပင် ကင်းမြီးကောက်ကြီးတစ်ကောင်၏ တားဆီးခြင်းကို ခံလိုက်ရ၏။
"အဆင့်သုံး အထွတ်အထိပ် ဆိတ်သုဉ်းခြင်းသားရဲ ကန္တာရဧကရာဇ် ကင်းမြီး ကောက်ကြီး၊ စိတ်ဝင်စားစရာပဲ!" ချင်ယွင်၏ မျက်လုံးများသည် အပြုံးများနှင့်အတူ တောက်ပလာသည်။
ဘေးမှာရပ်နေသည့် ရှောင်ဘိုင်သည် ကြက်သွေးရောင်မြွေလေးတစ်ကောင်ကို စိတ်လှုပ်ရှားစွာ လွှင့်ပစ်လိုက်သည်။
အခန်း (၁၉၇) တိုက်ပွဲစတင်ခြင်း
အဆင့်သုံး အထွတ်အထိပ် ကန္တာရဧကရာဇ် ကင်းမြီးကောက်ကြီးသည် ရွှေရောင်ကိုယ်ထည်ရှိပြီး ငါးမီတာခန့်ရှည်သည်။ သူ၏အမြီးပါ ထည့်လျှင် ဆယ်မီတာ ရှည်သည်။ ၎င်း၏ ခွန်အားသည် သာမန်သိုင်းမြို့စားတစ်ပိုင်းအဆင့် ကျွမ်းကျင်သူနှင့် နှိုင်းယှဉ်နိုင်သည်။
သူ၏အမြီးချိတ်တွင် အဆိပ်ပါရှိသည်။ သိုင်းဂိုဏ်းချုပ်နယ်ပယ် ကျင့်ကြံသူများပင်လျှင် ၎င်း၏အဆိပ်ကြောင့် အဆိပ်သင့်နိုင်ပြီး ၎င်းတို့သည် ယုံမှားသံသယမရှိ သေဆုံးသွား လိမ့်မည်။ သိုင်းမြို့စားအဆင့်ကျွမ်းကျင်သူ များပင်လျှင် ကြီးမားသော ဆုံးရှုံးမှုကို ခံစားရမည်ဖြစ်သည်။
သေချာသည်မှာ၊ ဤကင်းမြီးကောက်ကြီး၏ အစွမ်းထက်ဆုံးအရာက သူ၏အဆိပ် မဟုတ်ပေ။ သဲကန္တာရကင်းမြီးကောက်အုပ်စုကြီးကို အမိန့်ပေးနိုင်စွမ်း ဖြစ်သည်။
မျှော်လင့်ထားသည့်အတိုင်းပင် ကန္တာရဧကရာဇ် ကင်းမြီးကောက်ကြီးပေါ်လာပြီး သည်နှင့် မကြာမီတွင် သဲကန္တာရကင်းမြီးကောက်အုပ်စုကြီးသည် ၎င်းနောက်ကန္တာရမှ တွားသွား ပေါ်လာခဲ့သည်။
ဤသဲကန္တာရကင်းမြီးကောက်များသည် တစ်မီတာအောက်သာ ရှည်လျားပြီး ၎င်းတို့၏ ခွန်အားသည် သာမန် သိုင်းပညာရှင်နယ်ပယ် ကျင့်ကြံသူများနှင့်သာ တူညီသော်လည်း ၎င်းတို့သည် အရေအတွက်အားဖြင့် သာလွန်သည်။ ကန္တာရဧကရာဇ် ကင်းမြီးကောက် တစ်ကောင်စီသည် သဲကန္တာရကင်းမြီးကောက် တစ်သိန်းထက်မနည်းကို အမိန့်ပေး နိုင်သည်။
သိုင်းမြို့စားအဆင့်ကျွမ်းကျင်သူများ၏ လေထဲတွင် ပျံသန်းနိုင်ခြင်းစွမ်းရည်မျိုး မရှိခဲ့ပါက၊ သိုင်းမြို့စားတစ်ပိုင်းအဆင့် ကျွမ်းကျင်သူများသည်ပင် ဤသဲကန္တာရ ကင်းမြီးကောက်တပ်၏ ဝါးမြိုသွားခြင်းကို ခံရမည်ဖြစ်သည်။ ထို့ကြောင့် သဲကန္တာရ ကင်းမြီးကောက်များသည် ထိုကြေးစားအုပ်စုများအတွက် အိပ်မက်ဆိုးတစ်ခုဖြစ်သည်။
ဤသဲကန္တာရထဲကို ၀င်ရောက်လာပြီးနောက် သူတို့မျက်စိရှေ့မှာ ကြုံတွေ့ခဲ့ရသည့် ပထမဆုံး ဆိတ်သုဉ်းခြင်းသားရဲက ဤမျှခက်ခဲသည့်အကောင် ဖြစ်နေလိမ့်မည်ဟု ချင်ယွင်သည် မျှော်လင့်မထားခဲ့ပေ။
ချင်ယွင်သည် ကန္တာရဧကရာဇ်ကင်းမြီးကောက်၏ နောက်ကွယ်တွင် တစ်သိန်းထက် နည်းသော သဲကန္တာရကင်းမြီးကောက်များ ရှိနေသည်ကို တွေ့လိုက်ရသည်။ ထို့အပြင်၊ သဲကန္တာရကင်းမြီးကောက်များသည် သဲထဲမှ အဆက်မပြတ် ထွက်ပေါ်လာနေပုံ ရသည်။ ချင်ယွင်ပင်လျှင် သူ၏ဦးရေပြား ထုံသွားသလို ခံစားလိုက်ရသည်။
"သခင်၊ ကျွန်တော်တာဝန် ထားလိုက်ပါ!"
ချင်ယွင်သည် ထွက်သွားရန်အတွက် နဂါးတောင်ပံများကို တိုက်ရိုက်အသုံးပြုရမလား
ဒါမှမဟုတ် တိုက်ရိုက်တိုက်ခိုက်ရမလား စဉ်းစားနေချိန်မှာ ရှောင်ဘိုင်၏ အသံက သူ၏စိတ်ထဲတွင် ရုတ်တရက် ထွက်ပေါ်လာသည်။
"မင်း သူတို့နဲ့ ရင်ဆိုင်နိုင်လို့လား?" ချင်ယွင်သည် ရှောင်ဘိုင်ဘက်သို့ လှည့်ပြီး မေးလိုက်သည်။
ရှောင်ဘိုင်သည် လူသားဆန်စွာ ခေါင်းညိတ်ပြလိုက်သည်။
"ကောင်းပြီ ဒါဆိုလည်း မင်းအတွက် ထားခဲ့လိုက်မယ်" ချင်ယွင်က သဘောတူလိုက်သည်။
ရှောင်ဘိုင်၏ မျက်နှာသည် ချက်ချင်းပင် ရွှင်လန်းသော အမူအရာ ပေါ်လာသည်။
ကန္တာရဧကရာဇ် ကင်းမြီးကောက်သည် ချင်ယွင်နှင့် ရှောင်ဘိုင်တို့ကို ရှာဖွေတွေ့ရှိ သွားသည်။ သူ၏မျက်လုံးများသည် ချင်ယွင် နှင့် ရှောင်ဘိုင်တို့ကို လောဘကြီးစွာ ကြည့်နေသည်။ ချင်ယွင်နှင့်ရှောင်ဘိုင်တို့တွင် အစွမ်းထက်သော သွေးမျိုးဆက် စွမ်းအင်များရှိနေသည်ကို သူခံစားနိုင်သည်။ သူတို့ကို ဝါးမျိုချနိုင်ခဲ့လျှင် သူ၏ ခွန်အားသည် သိသိသာသာ တိုးလာမည်မှာ သေချာသည်။
ရလာဒ်အနေဖြင့် သူ့ဆီမှ ထူးဆန်းသည့် တရှီးရှီးမြည်သံထွက်လာ ပြီးနောက် ၎င်းနောက်မှ သဲကန္တာရကင်းမြီးကောက်စစ်တပ်ကို ချင်ယွင် နှင့် ရှောင်ဘိုင်တို့ကို တိုက်ခိုက်ရန် အရူးအမူး အသုံးပြုလိုက်သည်။
ချင်ယွင်၏အမူအရာသည် မပြောင်းအလဲ မရှိပေ။ ရှောင်ဘိုင်ကို သူယုံကြည်ထားသည်။ ရှောင်ဘိုင်က သူ့ကို ရင်ဆိုင်နိုင်သည်ဟု ပြောသည့်အတွက် သူ သေချာပေါက် ရင်ဆိုင် နိုင်လိမ့်မည်။
ရှောင်ဘိုင်သည် ဖြည်းညှင်းစွာ ခုန်ထွက်လာသည်။ သူ၏ကြီးမားလှသော ခန္ဓာကိုယ်ကြီးသည် အမှန်တကယ်အားဖြင့် သုံးဆတိုးလာခဲ့သည်။ ထို့နောက် တွင်းနက်ကြီးကဲ့သို့ဖြစ်သော သူ၏ ပါးစပ်ကြီးကိုဖွင့်ကာ သွေးနီရောင်ပါးစပ်အပြည့် စုပ်ယူလိုက်သည်။ ထို့နောက်၊ ထိတ်လန့်တုန်လှုပ်စရာ မြင်ကွင်းတစ်ခု ဖြစ်ပျက်လာခဲ့သည်။
သဲကန္တာရကင်းမြီးကောက်များ၏ ထူထပ်သောစစ်တပ်သည် ရှောင်ဘိုင်၏ ကြီးမားသောစုပ်ယူမှုအောက်တွင် မြေပြင်မှ ပျံတက်လာခဲ့ပြီး ရှောင်ဘိုင်၏ ပါးစပ်ထဲသို့ လွင့်ပျံတက်လာကာ သူ၏၀ါးမျိုချမူကို ခံလိုက်ရသည်။
"ကောင်းကင်မျိုစပါးအုံးမြွေ၏ မွေးရာပါစွမ်းရည်- ကောင်းကင်နှင့်မြေကြီးကို ဝါးမျိုးခြင်း!"
ချင်ယွင်သည်လည်း ထိတ်လန့်သွားခဲ့၏။ ရှောင်ဘိုင်သည် ကောင်းကင်မျိုစပါးအုံးမြွေ ၏သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားကြောင်း သူသည် အချိန်ကြာရှည်မြင့်စွာ ကတည်းက သိထားခဲ့သော်လည်း ရှောင်ဘိုင်သည် ၎င်းစွမ်းရည်ကို အသုံးပြုသည်ကို မြင်တွေ့လိုက်ရသည့် အတွက် တုန်လှုပ်နေဆဲ ဖြစ်သည်။
အသက်တစ်ရှိုက်အတွင်းမှာပင် ကန္တာရဧကရာဇ် ကင်းမြီးကောက်ကြီး၏ သဲသန္တာရကင်းမြီးကောက်စစ်တပ် ထက်ဝက်ကျော် ဆုံးရှုံးသွားခဲ့ရသည်။
ကန္တာရဧကရာဇ် ကင်းမြီးကောက်ကြီးသည် သူ၏ လက်အောက်ငယ်သားများ ဝါးမျိုချခံရသည်ကိုမြင်သောအခါ ချက်ချင်းပင် ဒေါသဖြစ်သွားခဲ့သည်။ ဟိန်းဟောက်သံနှင့်အတူ သူသည် ရှောင်ဘိုင်ဆီသို့ ပြေးလာခဲ့သည်။
ရှောင်ဘိုင်သည် လုံးဝမကြောက်ရွံ့ဘဲ ကန္တာရဧကရာဇ်ကင်းမြီးကောက်ကြီးဆီသို့ သူ၏ စပါးအုံးမြွေအမြီးကြီးကို တိုက်ရိုက် ရိုက်ချလိုက်သည်။
ကန္တာရဧကရာဇ်ကင်းမြီးကောက်ကြီးသည် အမှန်တကယ်ပင် ကန္တာရ၏ဘုရင် ဖြစ်ထိုက်သူ ဖြစ်သည်။ ၎င်းသည် သဲကန္တာရထဲတွင် လွတ်လပ်စွာ ရွေ့လျားနိုင်ခဲ့ပြီး အဖြူရောင်စပါးအုံးမြွေအမြီးကြာပွတ်ကို အလွယ်တကူ ရှောင်ရှားနိုင်ခဲ့သည်။
ရှောင်ဘိုင်၏စပါးအုံးမြွေအမြီးသည် သဲကန္တာရပြင်ပေါ်သို့ ဆင်းသက်သွားခဲ့ပြီး ကောင်းကင်ယံတစ်ခုလုံး အဝါရောင်သဲများ လွင့်ပျံသွားသည်။
သဲကန္တာရဧကရာဇ် ကင်းမြီးကောက်ကြီးသည် ဤအခွင့်အရေးကို ဖမ်းဆုပ်ပြီး ရှောင်ဘိုင်ဆီသို့ အပြေးအလွှားသွားရန် အခွင့်အရေးကို ရယူလိုက်သည်။ ၎င်း၏အမြီးရှိချိတ်သည် လျှပ်စီးကဲ့သို့ ရှောင်ဘိုင်ဆီသို့ ထိုးဖောက်လာသည်။
ရှောင်ဘိုင်ဆီမှ ဟိန်းဟောက်သံထွက်လာပြီး ချက်ချင်းဆိုသလိုပင် လေပြင်းများတိုက်ခတ်လာကာ ခရမ်းရောင်လျှပ်စီးကြောင်းများက ကောင်းကင်ယံကို လျင်မြန်စွာ ဖြတ်သန်းသွားပြီး ကန္တာရဧကရာဇ် ကင်းမြီးကောက်ကြီးဆီသို့ ကျရောက်လာသည်။
ကန္တာရဧကရာဇ် ကင်းမြီးကောက်ကြီးသည် ၎င်းကိုလျစ်လျူရှုကာ ရှောင်ဘိုင်၏ အကြေးခွံများကို ၎င်း၏အမြီးချိတ်ဖြင့် တိုက်ရိုက်ထိုးဖောက်ပြီး ရှောင်ဘိုင်၏ ခန္ဓာကိုယ်အတွင်းသို့ ထိုးဖောက်ဝင်ရောက်သွားသည်။
တစ်ချိန်တည်းမှာပင်၊ အဖြူလေး၏ ခရမ်းရောင်လျှပ်စီးများသည် ကန္တာရဧကရာဇ် ကင်းမြီးကောက်ကြီးကို ချက်ချင်း ထိမှန်ရိုက်ခတ်သွားပြီး သူ၏ခန္ဓာကိုယ်တွင် အပေါက်ကြီး တစ်ခုကျန်ရစ်ခဲ့ပြီး သူ၏နောက်ကျောကို လောင်ကျွမ်းစေခဲ့သည်။
ရှောင်ဘိုင်၏ ခန္ဓာကိုယ်သည် ကန္တာရဧကရာဇ် ကင်းမြီးကောက်ကြီး၏ အဆိပ်ဖြင့် အဆိပ်သင့်သွားခဲ့ပြီး နာကျင်စွာ အော်ဟစ်လိုက်သည်။ သူ၏ကြီးမားလှသော ခန္ဓာကိုယ်ကြီးသည် တွန့်လိမ်သွားခဲ့သည်။ ကန္တာရဧကရာဇ် ကင်းမြီးကောက်ကြီးဆီမှ အဆိပ်သည် သူ၏ တစ်ကိုယ်လုံးကို အလွန်နာကျင်စေကြောင်း ထင်ရှားသည်။
" ရှောင်ဘိုင်!"
ချင်ယွင်၏ မျက်နှာသည်လည်း စိုးရိမ်သော အမူအရာ ပေါ်လာသည်။ ရှောင်ဘိုင်သည် သူ့နောက်ကို လိုက်နေသည်မှာ ကြာပြီဖြစ်ပြီး ယခုအချိန်တွင် သူတို့သည် တစ်ယောက်နှင့်တစ်ယောက် လေးနက်သည့် ခံစားချက်များ ရှိပြီးသား ဖြစ်သည်။ သူတို့သည် သခင်နှင့်အစေခံများဖြစ်သော်လည်း ချင်ယွင်၏နှလုံးသားတွင် ရှောင်ဘိုင်သည် သူ၏ညီအစ်ကိုလို ဖြစ်နေပြီဖြစ်သည်။
ချင်ယွင်၏ မျက်လုံးများတွင် သတ်ဖြတ်လိုသည့်ဆန္ဒ အရိပ်အမြွက် ထွက်ပေါ်လာ သည်။ အကယ်၍ ရှောင်ဘိုင်သာ တစ်ခုခုဖြစ်ခဲ့လျှင် သူသည် ဤကန္တာရဧကရာဇ် ကင်းပြီးကောက် ကြီးသည်ကို ချမ်းသာခွင့်မပေးမှာ သေချာပါသည်။
သို့သော်၊ ချင်ယွင်သည် ပြင်းထန်စွာ ဒဏ်ရာရနေသော ကန္တာရဧကရာဇ် ကင်းမြီးကောက်ကြီးကို သတ်ခါနီးတွင်ပင် ရှောင်ဘိုင်က ရုတ်တရက် ပြောလိုက် သည်"သခင် ကျွန်တော် အဆင်ပြေပါတယ်။ သူ့ကို ကျွန်တော့် တာဝန်ထားလိုက်ပါ!"
ချင်ယွင်သည် ရုတ်တရက် လှည့်ကြည့်လိုက်လျှင် ရှောင်ဘိုင်သည် လုံခြုံဘေးကင်းပြီး အသံထွက်နိုင်သည်ကို တွေ့လိုက်ရသည်။ သူသည် ချက်ချင်းပင် သက်ပြင်းချလိုက်ပြီး တိုက်ခိုက်ရန် အဆင်သင့်မပြင်ဆင်တော့ဘဲ ဤကန္တာရဧကရာဇ် ကင်းမြီးကောက်ကြီး ကို ရှောင်ဘိုင်အတွက် ထားခဲ့လိုက်သည်။
ရှောင်ဘိုင်သည် ဟိန်းဟောက်လိုက်ပြီး ကြီးမားသော သူ၏ခန္ဓာကိုယ်ကြီးဖြင့် ပစ်၀င်လိုက်သည်။ သူသည် ပါးစပ်ကြီးကို တိုက်ရိုက်ဖွင့်ကာ ကန္တာရဧကရာဇ် ကင်းမြီးကောက်ကြီးကို တစ်ချက်ကိုက်ကာ ဗိုက်ထဲသို့ တိုက်ရိုက်မျိုချလိုက်သည်။
ထိုကဲ့သို့ပင် သနားစရာ ကန္တာရဧကရာဇ်ကင်းမြီးကောက်ကြီးသည် ရှောင်ဘိုင်၏ အာဟာရအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ကျန်ရှိသော သဲကန္တာရကင်းမြီးကောက်များသည် ၎င်းတို့၏ခေါင်းဆောင်ကို မျိုချလိုက်သည်ကို မြင်သောအခါတွင် ၎င်းတို့သည်လည်း ၎င်းတို့၏ ပင်မကျောရိုး များကို ဆုံးရှုံးသွားခဲ့ပြီး အရပ်မျက်နှားအနှံ့ပြားသို့ ထွက်ပြေးသွားကြသည်။
အဖြူလေးသည် သူတို့ကို လျစ်လျူရှုထားလိုက်သည်။ ကန္တာရဧကရာဇ်ကင်းမြီး ကောက်ကြီးကို မျိုချပြီးနောက် သူ၏ခန္ဓာ ကိုယ်သည် ကြီးမားသောပြောင်းလဲမှုများကို စတင်ခံစားခဲ့ရသည်။
သူ၏ခန္ဓာကိုယ်ပေါ်ရှိ အဖြူရောင်အကြေးခွံများသည် တဖြည်းဖြည်း ပြိုကျလာခဲ့ပြီး ပို၍ပင် တောက်ပြောင်နေသည့် အကြေးခွံအသစ်စက်စက်များ ထင်ရှားပေါ်လွင်လာ သည်။
"အရေခွံလဲနေတာလား။ ဒါက အဆင့်ချိုးဖြတ်မှု တစ်ခုလား။" ချင်ယွင်သည် အံ့သြစွာ မေးလိုက်သည်။
အမှန်တကယ်မှာလည်း၊ ချင်ယွင်မှန်းဆထားသည့်အတိုင်း ရှောင်ဘိုင်သည် ကန္တာရ ဧကရာဇ်ကင်းမြီးကောက်ကြီးကို မျိုချလိုက်ပြီးနောက် အဆင့်လေး ဆိတ်သုဉ်းခြင်း သားရဲအဆင့်သို့ ဖြတ်ကျော်လာခဲ့သည်။
"သခင်၊ ကျွန်တော် အဆင့်ချိုးဖြတ်မူတစ်ခု ပြုလုပ်ရတော့မယ်။ ကျွန်တော့်ခန္ဓာကိုယ် ပေါ်ရှိသွေးမျိုးဆက်စွမ်းအားက ခွန်အားကြီးတဲ့ ဆိတ်သုဉ်းခြင်းသားရဲတွေကို ဆွဲဆောင်နိုင်လိမ့်မယ်..." "
ကောင်းပြီ၊ မင်း အဆင့်ချိုးဖြတ်ကျော်ဖို့ပဲ အာရုံစိုက်လိုက်ပါ။ ကျန်တာ ငါ့တာ၀န် ထားလိုက်"
ရှောင်ဘိုင်က တစ်ခုခုထပ်ပြောခါနီးတွင် ချင်ယွင်က သူ့ကို ကြားဖြတ်ဝင်ပြောလိုက်၏။
ရှောင်ဘိုင်သည် ချင်ယွင်၏ ပြတ်သားသောအကြည့်ကို မြင်ပြီးနောက် ခေါင်းညိတ် လိုက်သည်။ သူသည် အခြားဘာမှ မပြောတော့ဘဲ သဲကန္တာရဧကရာဇ် ကင်းမြီးကောက်ကြီး၏ စွမ်းအားကို စုပ်ယူရန် အာရုံစိုက်လိုက်ပြီး အဆင့်လေးသို့ တက်လှမ်းလိုက်သည်။
ချင်ယွင်သည် အဆင့်ဖြတ်ကျော်ရန် အာရုံစိုက်နေသော ရှောင်ဘိုင်ကို ကြည့်ရင်း သူ၏မျက်နှာသည် ကျေနပ်မှု အရိပ်အယောင်များ ပေါ်လာသည်။
သို့သော်လည်း နောက်တစက္ကန့်အကြာတွင် ချင်ယွင်သည် ချက်ချင်းပင် သူ၏ခေါင်းကို လှည့်ကြည့်လိုက်ပြီး ပြင်းထန်သော သတ်ဖြတ်လိုစိတ်ဆန္ဒများက သူ၏ မျက်လုံးများ ထဲတွင် ပေါ်လာသည်။
"မြန်မြန်လာခဲ့စမ်း ။ ဒီနေ့ ရှောင်ဘိုင်နဲ့ ငါချင်ယွင်ကို ဘယ်သူက ထိနိုင်မလဲဆိုတာ ငါတွေ့ချင်မိတယ်"
အဝေးမှ ထွက်ပေါ်လာသော ဆိတ်သုဉ်းခြင်းသားရဲကြီးကို ကြည့်လိုက်ရင်း ချင်ယွင်၏ အသံသည် မိုးခြိမ်းသံကဲ့သို့ ထွက်ပေါ်လာသည်။၊ သူ၏အကြည့်များက အေးစက်လွန်း သဖြင့် လူများကိုပင် တုန်လှုပ်သွားစေနိုင်သည်။
ဧရာမဆိတ်သုဉ်းခြင်းသားရဲကြီးသည် တောင်ငယ်တစ်ခုကဲ့သို့ပင် မြေပြင်ပေါ်တွင် တွားသွားနေသည်။ မီးပုံးနှင့်တူသော သူ၏မျက်လုံးတစ်စုံသည်လည်း အဝေးမှာ အဆင့်ချိုးဖြတ်နေသော ရှောင်ဘိုင်ကို စိုက်ကြည့်နေသည်။ သူ၏ မျက်လုံးများတွင် နှိုင်းယှဥ်၍ပင်မရသော လောဘကြီးသော အမူအရာတစ်ခု ရှိနေသည်။
"အဆင့်လေး ဆိတ်သုဉ်းခြင်းသားရဲ သဲကန္တာရနဂါးဘုရင်လား" " ကြည့်ရတာ နောက်ထပ် ပြင်းထန်တဲ့ တိုက်ပွဲတစ်ခု ဖြစ်လာလိမ့်မယ်ထင်တယ်" ချင်ယွင်သည် သူ့ကိုယ်သူ တွေးနေရင်း သူ၏မျက်လုံးများက ချက်ချင်း ကျဉ်းမြောင်းသွားခဲ့သည်။ "ဒါပေမယ့် ငါ အဆင့်ချိုးဖြတ်ပြီးတဲ့နောက် ငါ့ရဲ့ ခွန်အားကို စမ်းသပ်ဖို့အတွက် မင်းကို အသုံးချရတာပေါ့"
ထို့နောက် ချင်ယွင်၏မျက်နှာပေါ်တွင် မကောင်းဆိုးဝါးဆန်ဆန် ဆွဲဆောင်မူရှိသည့် အပြုံးတစ်ခုက တလိပ်လိပ် တက်လာသည်။
အခန်း (၁၉၈) သဲကန္တာရနဂါး
သဲကန္တာရဘုရင်နဂါးသည် နဂါးသွေးမျိုးဆက်နှင့်အတူ သဲကန္တာရသီးသန့် ဆိတ်သုဉ်းခြင်းသားရဲဖြစ်သည်။ ၎င်းသည် အလွန်အစွမ်းထက်ခြင်း မရှိသော်လည်း ၎င်းသည် နဂါးဟူသောစကားလုံးနှင့် ဆက်နွှယ်နေသေးသောကြောင့် ၎င်း၏ ခွန်အားကိုလည်း လျှော့တွက်၍ မရနိုင်ပေ။
အရွယ်ရောက်ပြီးသော သဲကန္တာရဘုရင်နဂါးသည် အဋ္ဌမအဆင့် ကောင်းကင်အလွှာ သိုင်းမြို့စားအဆင့် ကျွမ်းကျင်သူနှင့် နှိုင်းယှဉ်သင့်သည်။ သို့သော်လည်း သူ၏ရှေ့ရှိ သဲကန္တာရ ဘုရင်နဂါးကြီးသည် အဆင့်လေးသို့သာ ဝင်ရောက်ခဲ့ပြီး အရွယ်မရောက်သေးသည်မှာ ထင်ရှားလှသည်။
သို့သော်ငြားလည်း၊ ၎င်း၏ခွန်အားသည်သိုင်းမြို့စားနယ်ပယ်၏ ဒုတိယအဆင့် ကောင်းကင်အလွှာတွင် ရှိနေသေးသည်။
သဲကန္တာရဘုရင်နဂါးသည် ဖွတ်တစ်ကောင်နှင့် အလွန်ဆင်တူသည်ဟု ပြောလို့ရသလို မတူဟုလည်း ပြောလို့ရသည်။ ၎င်းသည် အဝါရောင်အကြေးခွံများဖြင့် ဖုံးအုပ်ထားပြီး ၎င်း၏နောက်ကျောတွင် ဆူးတန်းများပါရှိကာ သာမန်ဖွတ်တစ်ကောင်ထက် အဆတစ်ရာ ပိုကြီးသည်။
သူ၏ရှေ့ရှိ သဲကန္တာရဘုရင်နဂါးကြီးသည် ငါးမီတာအမြင့်ရှိပြီး ၎င်း၏ခန္ဓာကိုယ်သည် မီတာငါးဆယ်ထက်ပင် ပို၍ရှည်လျားပြီး ကြောက်စရာကောင်းသည်။ ၎င်း၏အမြီးကို ညင်သာစွာ ဝှေ့ယမ်းလိုက်ရုံဖြင့် ကြီးမားသောသဲလှိုင်းလုံးကြီးကို ပစ်လွှင့်ပစ်နိုင်သည်။
ထိုအချိန်တွင် သဲကန္တာရဘုရင်နဂါးကြီးသည် ချင်ယွင်ကို သတိထားမိသွားသည်။ သူ၏ အေးစက်စက် သွေးစွန်းနေသော မျက်လုံးများက ချင်ယွင်ကို စိုက်ကြည့်ကာ လူသားပုံသဏ္ဍာန်လေးအား သရော်လှောင်ပြောင်မှု အရိပ်အယောင်ကို ဖော်ထုတ်ပြသ လိုက်သည်။
ချင်ယွင်သည်လည်း အနည်းငယ် အံ့သြသွားသည်။ အဆင့်လေး ဆိတ်သုဉ်းခြင်း သားရဲများသည် အမှန်တကယ်ကို ထူးခြားပါသည်။ ဤသားရဲကြီး၏ အကြည့်ကိုကြည့်ရုံဖြင့် ဤသားရဲကြီး၏ အသိဉာဏ်သည် လူသားများထက် လုံးဝနိမ့်ကျသည် မဟုတ်ကြောင်း သူသိသည်။
သို့သော် ချင်ယွင်၏မျက်နှာပေါ်တွင် အေးစက်သောအပြုံးတစ်ခု ချက်ချင်း ပေါ်လာသည်။ အင်မော်တယ်ဧကရာဇ်မင်းမြတ်၏ ဂုဏ်သိက္ခာကြီးမားသော သားတော်တပါးသည် သားရဲတစ်ကောင်၏ အထင်သေးလှောင်ပြောင်ခြင်းကို အမှန်တကယ် ခံရလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။ ဤအရာသည် အမှန်တကယ်ပင် ဟာသကြီးတစ်ခု ဖြစ်ရလေပြီ။
"ဟမ့်၊ သဲကန္တာရဘုရင်နဂါး၊ ဒီနေ့ ငါ မင်းကို ရိုက်နှက်ပြီး သဲကန္တာရဘုရင် ကြမ်းပိုးဖြစ်အောင် လုပ်ပစ်မယ် ။" ချင်ယွင်သည် အေးစက်စွာ ဟစ်အော်လိုက်သည်။
သူ၏ခြေဖဝါးအောက်ရှိ သဲနှင့်ကျောက်တုံးများသည် ချက်ချင်း ပွင့်ထွက်သွားခဲ့ပြီး ချင်ယွင်သည်လည်း ပေါက်ကွဲထွက်လာခဲ့သည်။
သဲကန္တာရဘုရင်နဂါးသည် ချင်ယွင်သည် သူဆီသို့ အပြေးအလွှား ပြေးလာသည်ကို မြင်လိုက်ရသောအခါတွင် ကျယ်လောင်စွာ ဟစ်အော်လိုက်ပြီး သူ၏ ခန္ဓာကိုယ်ကြီးသည် လျှပ်စီးကဲ့သို့ တဟုန်ထိုး ပြေးဝင်လာ၏။
ချင်ယွင်သည် သဲကန္တာရဘုရင်နဂါးမင်းကြီးရှေ့သို့ ချက်ချင်း ရောက်လာခဲ့ပြီး သဲကန္တာရ ဘုရင်နဂါးကြီး၏ ဦးခေါင်းကို လက်သီးဖြင့် ထိုးချလိုက်သည်။
သဲကန္တာရဘုရင်နဂါးကြီးသည် ချင်ယွင် ဤကဲ့သို့ ဖြစ်လာမည်ကို ရှေးရှေးကတည်းက မျှော်လင့်ထားပုံရသည်။ သူ၏ကြီးမားသောအမြီးကြီးသည် ယှဉ်ပြ၍မရနိုင်သော ပြင်းထန်သောကြာပွတ်အဖြစ်သို့ ပြောင်းလဲသွားပြီး ချင်ယွင်ဆီသို့ ဦးတည်သွား လေသည်။
ချင်ယွင်သည် အေးစက်စွာ ဟစ်အော်လိုက်ပြီး သူ၏လက်က တိုက်ခိုက်မှုကို စွန့်လွှတ်လိုက်ရကာ ဘေးတဖက်ကို ရှောင်ထွက်သွားရသည်။
သို့သော်လည်း သူသည် နောက်ထပ်တိုက်ခိုက်မှုကို မလုပ်ဆောင်မီ၊ သဲကန္တာရဘုရင် နဂါးကြီးသည် မမျှော်လင့်ဘဲ နောက်ထပ် အမြီးရိုက်ချက်တခုကို သူ့ဆီသို့ စေလွှတ်လိုက်ပြန်သည်။
ချင်ယွင်သည် ကျယ်လောင်စွာ မာန်သွင်းလိုက်ပြီး သူ၏မျက်လုံးများထဲတွင် ဒေါသအရိပ်အယောင်များ ထွက်ပေါ်လာသည်။ အမှန်တကယ်လည်း သူသည် ရှောင်မပြေးတော့ဘဲ သဲကန္တာရဘုရင်ဂါးကြီး၏ ဧရာမနဂါးအမြီးကြီးကို လက်နှစ်ဖက်ဖြင့် တိုက်ရိုက် ပွေ့ဖက်ဆုပ်ထား လိုက်သည်။
ချင်ယွင်သည် သူ၏ရင်ဘတ်မှ ပြင်းထန်သော စွမ်းအားတစ်ခု ထွက်လာသည်ကို ခံစားလိုက်ရသည်။ သူ၏ခန္ဓာကိုယ်သည် တဖျစ်ဖျစ်မြည်သံများပင် ထွက်ပေါ်လာပြီး ဆယ်မီတာကျော်အထိ နောက်ဆုတ်သွားခဲ့ရသည်။
သို့သော်လည်း ချင်ယွင်သည် နဂါးအမြီးကြီးကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားဆဲ ဖြစ်သည်။ ထို့နောက် သူ၏တစ်ကိုယ်လုံးသည် သိမ်မွေ့လေးနက်သောလေးကိုင်းကဲ့သို့ ကွေးညွှတ်သွားကာ သူ၏ခန္ဓာကိုယ်ရှိ ခွန်အားများအားလုံး ချက်ချင်း ထွက်ပေါ်လာသည်။
သဲကန္တာရဘုရင်နဂါး၏ ကြီးမားလှသောခန္ဓာကိုယ်သည် ချင်ယွင်၏ ပြင်းပြင်းထန်ထန် မမြှောက်မူကို ခံလိုက်ရပြီးနောက် မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပစ်ရိုက်ခံလိုက်ရကာ အလွန်မင်းကြီးမားသော သဲနှင့် ကျောက်ဆောင်လှိုင်းလုံးများကို ဖြစ်ပေါ်စေခဲ့သည်။
သဲကန္တာရဘုရင်နဂါးကြီးသည် သည်းထန်စွာ အော်ဟစ်မြည်တမ်းလျက် ရှိသည်။ ချင်ယွင်၏ ရုတ်တရက် မြေပြင်ပေါ်ဆောင့်ပြီး ရိုက်နှက်မှုကြောင့် ဒဏ်ရာအပြင်းထန် ခံစားခဲ့ရသည်မှာ ထင်ရှားသည်။
ချင်ယွင်သည်လည်း ထိုမျှလောက်ဖြင့် ရပ်တန့်မနေခဲ့ပေ။ သူသည် သဲကန္တာရ ဘုရင်နဂါးကို အကြိမ်အနည်းငယ် လွှဲယမ်းကာ ကောင်းကင်ပေါ်သို့ ပစ်ချလိုက်သည်။
ထို့နောက် သဲကန္တာရဘုရင်နဂါးကြီး၏ ခန္ဓာကိုယ်ကြီးသည် ကောင်းကင်သို့ ပျံတက်သွားခဲ့သည်။
ချင်ယွင်သည် ရယ်မောလိုက်သည်။ ထိုနောက် သူ၏နောက်ကျောတွင် နဂါးအတောင်ပံများ ချက်ခြင်းပြန့်ကျဲသွားပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် လေထဲတွင်ရှိနေသော သဲကန္တာရနဂါးကြီးဆီသို့ ပေါက်ကွဲပြေးထွက်သွားသည်။
တခဏချင်းအတွင်းမှာပင် ချင်ယွင်သည် သဲကန္တာရဘုရင်နဂါး၏ အထက် ကောင်းကင်ယံမှာ ပေါ်လာသည်။ သူသည် လေပွေလိုခြေကန်ချက်ဖြင့် ကန္တာရဘုရင် နဂါးကြီး၏ဝမ်းဗိုက်ဆီသို့ အရှိန်ဟုန်ပြင်းထန်စွာ ထိုးဖောက်ဝင်ရောက်သွားသည်။
ကြီးမားလှသော ကန္တာရဘုရင်နဂါးကြီး၏ ခန္ဓာကိုယ်သည် မြေပြင်ပေါ်သို့ လျင်မြန်စွာ ပြုတ်ကျသွားသည်။
ချင်ယွင်သည် သူ၏နောက်ကျောပေါ်ရှိ နဂါးအတောင်ပံများကို တဖျတ်ဖျတ်ခပ်ရင်း လိုက်ပါသွားကာ သဲကန္တာရဘုရင်နဂါးကြီးကို ပြင်းထန်စွာ ထိုးနှက်ရန် ပြင်ဆင်နေသည်။
သို့သော်လည်း ဤအခိုက်အတန့်တွင် သဲကန္တာရဘုရင်နဂါးကြီး၏ မျက်လုံးများမှ တဆင့် ဒေါသအရိပ်အယောင်တစ်ခု ထွက်ပေါ်လာပြီး မနှိုင်းယှဉ်နိုင်လောက်သော ရှည်လျားသောလျှာကြီးကို လျှပ်တပြက်ကဲ့သို့ ပစ်ထုတ်လိုက်သည်။
ချင်ယွင်သည် ရှောင်တိမ်းနိုင်ခြင်းမရှိခဲ့သလို လှုပ်ရှားနိုင်ခြင်းမရှိတော့ဘဲ သူ၏ နီမြန်းသောလျှာကြီးဖြင့် တင်းကျပ်စွာ ဖမ်းဆုပ်ရစ်ပတ်ထားမူကို ခံလိုက်ရသည်။ ထို့နောက်တွင်၊ ချင်ယွင်၏ ခန္ဓာကိုယ်တစ်ခုလုံးကို သဲကန္တာရဘုရင် နဂါးကြီး၏လျှာဖြင့်ရစ်ပစ်ကာ မြေပြင်ပေါ်သို့ ပြင်းထန်စွာ ရိုက်ချလိုက်သည်။
ဤအဖြစ်ပျက်အားလုံးသည် တခဏအတွင်း ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်သည်။ ကြီးမားသော တွင်းနက်ကြီးတစ်ခုသည် သဲကန္တာရအပြင်မှာ ပြိုကျဖြစ်ပေါ်လာခဲ့သည်။ ချင်ယွင်သည် တွင်းနက်ကြီးထဲတွင် လဲလျောင်းနေရပြီး သူ၏တစ်ကိုယ်လုံးသည် နာကျင်ကိုက်ခဲနေသည်။
ဤသဲကန္တာရဘုရင်နဂါးကြီး၏ စွမ်းအားသည် မယှဉ်နိုင်လောက်အောင်ပင် ကြောက်စရာကောင်းလွန်းသည်။ ချင်ယွင်၏ ခန္ဓာကိုယ်သည်ပင် ဒဏ်ရာအပြင်းအထန် ရသွားခဲ့သည်။
ဤအဖြစ်ပျက်မပြီးဆုံးခင်မှာ သဲကန္တာရဘုရင်နဂါးကြီးက ဟိန်းဟောက်သည်။ ၎င်း၏ ကြီးမားသောခန္ဓာကိုယ်သည် ခုန်ထလာပြီး ချင်ယွင်ဆီသို့ ခုန်၀င်သွားခဲ့သည်။ ကျောက်စာတိုင်လုံးကဲ့သို့ကြီးမားသော ၎င်း၏ကြီးမားလှသော ခြေထောက်ကြီးသည် တောင်ပြိုကျသကဲ့သို့ ချင်ယွင်ဆီသို့ လှမ်းတက်သွားသည်။
ချင်ယွင်၏ မျက်လုံးများတွင် ဒေါသများ တဟုန်တိုးမြင့်တက်လာခဲ့သည်။ သူ၏နောက် ကျောရှိ နဂါးအတောင်ပံများသည် ချက်ချင်းပင် လင်းလက်လာခဲ့ပြီး နဂါးကြီး၏ အကန့်အသတ်မဲ့ ခမ်းနားထည်၀ါသော အငွေ့အသက်သည် ချက်ချင်း ထွက်ပေါ်လာသည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် ကောင်းကင်ယံသို့ ပျံတက်သွားခဲ့ပြီး သဲကန္တာရဘုရင်နဂါးကြီး၏ ဝမ်းဗိုက်ထဲသို့ တိုက်ရိုက် တိုး၀င်သွားခဲ့သည်။
"ဘုန်း!"
ချင်ယွင်၏လက်သီးသည် သဲကန္တာရဘုရင်နဂါးကြီး၏ ဝမ်းဗိုက်ပေါ်သို့ ကျရောက် သွားသည်။
သဲကန္တာရဘုရင်နဂါးကြီး၏ ကြီးမားသောခန္ဓာကိုယ်ကြီးသည် နောက်ပြန်ကန်သွားကာ ဘေးဘက်သို့ ပြင်းထန်စွာ လဲကျသွားသည်။
ချင်ယွင်သည် သူ၏အတောင်ပံများကို ခတ်လိုက်ပြီး လေထဲတွင် ပျံဝဲနေ၏။ နီမြန်းသောမီးတောက်မီးလျှံအလွှာသည် သူ၏နဂါး တောင်ပံတစ်ခုလုံးကို ဖုံးလွှမ်းသွား ခဲ့သည်။ သူ၏တစ်ကိုယ်လုံးသည် နတ်ဆိုးနတ်ဘုရားတစ်ပါးကဲ့သို့ အရိုင်းဆန်စွာ ကခုန်နေသည်။
ဝှီး!
ချင်ယွင်၏ခြေဖဝါးအောက်ရှိ လေထုသည် ချက်ချင်းပေါက်ကွဲသွားသည်။ ချင်ယွင်၏ ရုပ်အသွင်အပြင်ပုံသည် အနီရောင်အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး သဲကန္တာရဘုရင်နဂါးကြီးဆီသို့ ပစ်၀င်သွားသည်။
သဲကန္တာရဘုရင်နဂါးကြီးသည် အရူးတစ်ယောက်ကဲ့သို့ ကောင်းကင်ယံသို့မော့ကာ ဟိန်း ဟောက်သည်။ ရုတ်တရက် သူ၏ကျောပြင်မှာ အလင်းရောင်ခြည်တန်းကြီးတခု တောက်ပလာတော့သည်။ ကြီးမားသော အင်အားကြီးတစ်ခုသည် သူ၏နောက်ကျော ပေါ်တွင် စုစည်းရောက်ရှိလာသည်။ သူ၏နောက်ကျောပေါ်ရှိ ဆူးချွန်များသည် မြန်ဆန်သည့် အလင်းစီးကြောင်းတခု အသွင်သို့ ပြောင်းလဲသွားခဲ့ပြီး ချင်ယွင်ဆီသို့ ပစ်လွှတ်လိုက်လေသည်။
ဆူးချွန်ပေါ်လာသည်နှင့် ချက်ချင်းဆိုသလိုပင် ၎င်းသည် ကောင်းကင်ယံကို ထိုးဖောက် ဝင်ရောက်ကာ ပတ်ဝန်းကျင်လေထုကိုပင် ကွဲအက်သွားမည့်ပုံပေါ်သည်။
ချင်ယွင်၏ အမူအရာသည် သိသိသာသာ ပြောင်းလဲသွားခဲ့သည်။ ထက်ရှသည့် ဆူးချွန် သည် အမှန်တကယ်ပင် သေမင်း၏ အရိပ်အယောင်များကို ခံစားရစေကာ သူ့ကို ကြောက်ရွံ့ထိတ်လန့်စေပြီး သူသည် ချက်ချင်းပင် ရှောင်တိမ်းပြေးသွားခဲ့သည်။
သို့သော် ဆူးချွန်သည် အလွန်မြန်သည်။ ချင်ယွင်သည် အချိန်မီ ရှောင်ထွက် သွားသော်လည်း၊ သူ၏ဘယ်ဘက်ပခုံးကို ဆူးချွန်ဖြင့် ထိုးဖောက်ခံလိုက်ရပြီးဖြစ်သည်။
သွေးများသည် လွင့်ထွက်သွားခဲ့ပြီး ချင်ယွင်သည်လည်း မြေပြင်ပေါ်သို့ လဲကျသွားသည်။
သူ၏ ဘယ်ဘက်ပခုံးပေါ်တွင် အပေါက်ကြီးတစ်ခု ပေါ်လာပြီး ပြင်းထန်သော နာကျင်မှုက သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံသွားသည်။
အကယ်၍ သူသာ အချိန်မီ မရှောင်တိမ်းနိုင်ခဲ့ပါလျှင် ဆူးချွန်သည် သူ၏နှလုံးသားကို ထိုးဖောက်သွားလိမ့်မည်။
ဤဆူးချွန်သည် ကြောက်စရာကောင်းလွန်းသည်။ ချင်ယွင်၏လက်ရှိခန္ဓာကိုယ်သည်၊ သိမ်မွေ့နက်နဲသံမဏိဖြင့်ပြုလုပ်ထားသည့်လက်နက်တစ်ခုဖြစ်လျှင်ပင် ချင်ယွင်၏ အရေပြားကို ထိုးဖောက်ဝင်ရောက်နိုင်မည် မဟုတ်သော်လည်း၊ ဤဆူးချွန်သည် ချင်ယွင်၏ခန္ဓာကိုယ်ကို တစ်ခဏချင်း ထိုးဖောက်သွားနိုင်ခဲ့သည်။
ရုတ်တရက် ချင်ယွင်၏ အမူအရာသည် သိသိသာသာ ပြောင်းလဲသွားခဲ့သည်။ ထက်ရှသော ဆူးချွန်သည် ကောင်းကင်ယံကို ထိုးဖောက်ကာ သူ၏ရှေ့သို့ ချက်ချင်း ပြန်ရောက်ရှိလာပြန်သည်။
ချင်ယွင်သည် အံ့သြသွားသည်။ ဤအချိန်၌ သူ့မှာ ရှောင်တိမ်းရန် အချိန်မရှိတော့။ သူ၏လက်ထဲတွင် အနက်ရောင်ဓားရှည်ကြီးတစ်ချောင်း ပေါ်လာသည်။
ဆူးချွန်သည် အနက်ရောင်ဓားရှည်ကြီး၏ ကိုယ်ထည်ကို တိုက်ရိုက်ထိမှန်သွားသည်။ အနက်ရောင်ဓားရှည်ကြီးသည် မူလကတည်းက ဥက္ကာခဲသံမှ သန့်စင်ထားသော ဓားရှည်ကြီးဖြစ်ပြီး ချက်ချင်းပင် ကြောက်မက်ဖွယ်ကောင်းသော စက်ဝိုင်းပြတ် အကွေးတစ်ခု ဖြစ်ပေါ်လာသည်။
ချင်ယွင်၏လက်မှ တုနှိုင်းမရနိုင်သော ကြောက်မက်ဖွယ်ရာ အင်အားတစ်ခုသည် ရေလွှမ်းမိုးမှုတစ်ခုကဲ့သို့ ထွက်ပေါ်လာသည်။
ချွင်!
ဆူးချွန်သည် ကွဲထွက်သွားခဲ့ပြီး ချင်ယွင်သည်လည်း ကြောက်မက်ဖွယ်ကောင်းသော ဤအင်အားကြောင့် လွင့်ပျံသန်းသွားခဲ့ရသည်။
"ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်တဲ့ ဆူးချွန်တွေလဲ၊ အရှိန်အဟုန်နဲ့ အင်အားအရပဲဖြစ်ဖြစ်၊ အဲဒါက ပြိုင်ဘက်ကင်းပြီး ကြောက်စရာကောင်းလွန်တယ်။"
ချင်ယွင်သည် အလွန်ကြောက်စရာကောင်းလှသော ထိုခွန်အားကို အကြွင်းမဲ့ မဖယ်ရှားနိုင်မီ ကျန်းတစ်ရာကျော်ထိ ဆုတ်ခွာသွားခဲ့ရသည်။ သူ၏နှလုံးသားထဲတွင် တုန်လှုပ်ချောက်ချားမှုတစ်ခုကို ခံစားလိုက်ရသည်။
သို့သော် ဤအခိုက်အတန့်တွင် အသံသုံးခုက ထွက်ပေါ်လာပြန်သည်။
ချွန်ထက်သောဆူးချွန် သုံးချောင်းသည် ချင်ယွင်ဆီသို့ ထောင့်အမျိုးမျိုးမှ ပြေးသွားသည်ကို သူမြင်လိုက်ရသည်။
ချင်ယွင်၏အမူအရာသည် ထိတ်လန့်သွားသည်။ သူသည် နည်းနည်းလေးမှ တုန့်ဆိုင်းဝံ့ခြင်းမရှိဘဲ သူ၏နောက်က နဂါးအတောင်ပံများကို တိုက်ရိုက်ဖြန့်ပြီး သူ၏ ခန္ဓာကိုယ်ကို ရစ်ပတ်ထားလိုက်သည်။
ဆူးချွန်သုံးချောင်းသည် နဂါး၏အတောင်ပံများနှင့် ထိပ်တိုက်ဆုံမိသော်လည်း ထိုးဖောက်မဝင်နိုင်ပေ။
ချင်ယွင်သည် ထိန်းချုပ်နိုင်စွမ်း လွတ်သည်အထိ အလွန်ပျော်ရွှင်သွားသော်လည်း နောက်တစက္ကန့်အကြာတွင် သူ၏အတောင်များမှတဆင့် ရိုက်ခတ်လာသော ကြောက်မက်ဖွယ်ကောင်းသည့်စွမ်းအားကြောင့် သူ၏အမူအရာသည် ချက်ချင်းပင် မည်းမှောင်သွားခဲ့ရသည်။ သူသည်လည်းကျောက်တုံးကြီးတစ်ခုကဲ့သို့ နောက်ပြန် လွင့်ထွက်သွားခဲ့ရပြီး မြေပြင်ပေါ်တွင် ဆယ်မီတာနက်သော မီးတောင်ဝတွင်းနက်တခု အဖြစ် ဖန်တီးဖြစ်ပေါ် ကျန်ရစ်ခဲ့သည်။
အခန်း (၁၉၉) လက်သီးချက်ဖြင့် သဲကန္တာရဘုရင်နဂါးကြီး ပေါက်ကွဲသွားခြင်း။
ချင်ယွင်သည် သူ၏တစ်ကိုယ်လုံး ကွဲကြေလုနီးပါး ခံစားခဲ့ရပြီး သူ၏တစ်ကိုယ်လုံး သည် နာကျင်ကိုက်ခဲမှုကို ခံစားခဲ့ရသည်။
နဂါးတောင်ပံများ၏ ခုခံကာကွယ်နိုင်စွမ်းသည် ဤမျှလောက် အလွန် အားကောင်းနေခြင်းကြောင့်သာ။ မဟုတ်ပါက သူသည် ယခုပင်လျှင် သဲကန္တာရ ဘုရင်နဂါးကြီး၏ ဆူးချွန်များကြောင့် ဆန်ခါပေါက်ဖြစ်သည်အထိ ထိုးဖောက်ရိုက်နှက် ခံရပါလိမ့်မည်။
ချင်ယွင်သည် တွင်းနက်ကြီးထဲမှ ထရပ်နိုင်ရန် အတွက် ရုန်းကန်ခဲ့ရသည်။ သူ၏ နောက်ကျောမှ အတောင်ပံများကို တဖျပ်ဖျပ်ခတ်လိုက်သော်လည်း သူ၏ဦးရေပြားကို ထုံကျင်စေသည့် မြင်ကွင်းတခုကို သူမြင်လိုက်ရသည်။
သဲကန္တာရဘုရင်နဂါးကြီးသည် မူလကပစ်လွှတ်လိုက်သောဆူးချွန်များထက် တဖြည်း ဖြည်း ကြီးမားလာခဲ့ပြီး ပစ်လွှတ်လိုက်သော ဆူးချွန်များကို မြင်လိုက်ရသည့်အခါ ချင်ယွင်သည် ကျိန်စာတိုက်ရင်း မနေနိုင်ဘဲ ကျိန်ဆဲလိုက်သည်။ ယခုအချိန်တွင် ယခင်ကထက် ငါးဆခန့်ကြီးထွားလာသည့် အခြေအနေ ဖြစ် သည်။
"လခွမ်းကွာ ၊ ဒီကန္တာရဘုရင်နဂါးကြီးက ဘာလို့ ဒီလောက် ပုံမှန်မဟုတ်ရတာလဲ၊ သူ့ကို ငါ ဘယ်လိုလုပ် တိုက်ခိုက်နိုင်တော့မှာလဲ" ချင်ယွင်သည် ပြောစရာစကားပင်မဲ့ သွားရသည်။
သဲကန္တာရဘုရင်နဂါးကြီး၏ နောက်ကျောပေါ်မှ စူးရှသော စူးချွန်များသည် အလွန် လျင်မြန်ရုံသာမက အလွန်လည်း အစွမ်းထက်သည်။ သာမန် ဒုတိယအဆင့် ကောင်းကင်အလွှာ သိုင်းမြို့စားအဆင့် ကျွမ်းကျင်သူသည်ပင်လျှင် ၎င်းတို့ကို တားဆီးနိုင်မည်မဟုတ်ပေ။ ၎င်းစူးချွန်များ သည် ယခုအချိန်တွင် အမှန်တကယ်ပင် ကြီးထွားနိုင်သေးသည်။ ဤအရာသည် အသက်အန္တရာယ်ကို ခြိမ်းခြောက်နိုင်သည့် အရာတခု မဟုတ်ပါလား။
ဝှီး!
သဲကန္တာရဘုရင်နဂါးကြီး၏ ဟိန်းဟောက်သံနောက်လိုက်ပါရင်း နောက်ထပ် ထက်ရှသော ဆူးချွန်တစ်ချောင်းသည် ထွက်ပေါ်လာခဲ့ပြီး လေထဲတွင် အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားကာ ချင်ယွင်ဆီသို့ လျင်မြန်စွာ ချဉ်းကပ်လာခဲ့သည်။
"ဟမ့်၊ မင်းရဲ့ ဆူးချွန်တွေက အဆမတန်ကြီးထွားလာနိုင်ဦးမလား ငါကြည့်ချင်တယ်" ချင်ယွင်သည် အေးစက်စွာ အော်ဟစ်လိုက်ပြီး သူ၏ လက်ထဲရှိ ကြယ်နက်ဓားသည် တုန်ခါသွားသည်။ ကြောက်မက်ဖွယ်ကောင်းသော ဓားဆန္ဒတခုသည် ကြယ်နက်ဓားကို ချက်ချင်းပင် ဖုံးလွှမ်းသွားသည်။
ချင်ယွင်သည် အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး သဲကန္တာရဘုရင်နဂါး၏ ဆူးချွန်နှင့် ထိပ်တိုက်ရင်ဆိုင်လိုက်သည်။
ဓားထိပ်ဖျားက ဆူးချွန်နှင့် ထိပ်တိုက်ဆုံမိသွားသည်။
ဥက္ကာခဲနှစ်စင်း ထိပ်တိုက်ဆုံမိသကဲ့သို့ လေထုထဲတွင် ဝိညာဉ်စွမ်းအင်လှိုင်းလုံးကြီး နှစ်ခု ဖြစ်ပေါ်လာသည်။
ချွန်!
ချင်ယွင်သည် သူ၏လက်ထဲတွင်ရှိသော ကြယ်နက်ဓားနှင့်အတူ ခုန်ထွက်သွားသည်။ ထက်ရှသောဆူးချွန်သည် ချင်ယွင်ထံ၏ တစ်ချက်ရိုက်လိုက်ရုံဖြင့် လမ်းကြောင်း ပြောင်းသွားပြီး သူ၏ပါးပြင်ကို ဖြတ်သန်းသွားကာ ပါးပြင်ပေါ်တွင် နက်ရှိုင်းသော သွေးစွန်းကွက်များ ကျန်ရစ်ခဲ့သည်။
ချင်ယွင်သည် သူ၏ပါးပြင်ပေါ်ရှိ သွေးစွန်းဒဏ်ရာများကို ထိလိုက်သည်။ သူ၏ မျက်လုံးထဲတွင် ဒေါသက ပို၍ပင် ပြင်းထန်လာသည်။ ဒဏ်ရာများကို ကုသရန်အတွက် သူသည် ဝိညာဉ်စွမ်းအင်ကို အသုံးမပြုခဲ့ပေ။ သဲကန္တာရဘုရင်နဂါးကြီးသည် သူ့ဆီသို့ အချိန်တိုင်း ယူဆောင်လာပေးခဲ့သည့် အရှက်တရားများကို သူ့ကိုယ်သူ ခံစားရစေ ချင်သည်။
သဲကန္တာရဘုရင်နဂါးလည်း ဒေါသထွက်နေပုံရသည်။ သူသည် ခေါင်းကိုမြှောက်ပြီး ဟိန်း ဟောက်လိုက်ပြီး သူ၏ဒေါသကို ပေါက်ကွဲထုတ်ပစ်လိုက်သည်။
သူသည် ဆူးချွန်များစွာဖြင့် ပစ်လွှတ်ခဲ့သော် လည်း သူနှင့်တိုက်ခိုက်နေသည့် ဆန့်ကျင်
ဘက်လူကို ကြီးကြီးမားမားထိခိုက်မှု တစ်စုံတစ်ရာ မဖြစ်စေနိုင်ခဲ့ပေ။ သူ၏ခန္ဓာကိုယ်ပေါ်ရှိ ဆူးချွန်များသည် အဆုံးအစမဲ့ အဆက်မပြတ် ကြီးထွားနိုင် သည်မဟုတ်။ ဤစူးချွန်များသည် တစ်နှစ်လျှင် တစ်ကြိမ်သာ ကြီးထွားနိုင်သည်။
ယခုအခါတွင် သူသည် ယခုနှစ်အတွင်း သူ၏ တိုးတက်ကြီးထွားလာသည့် အခွင့်အလမ်းအားလုံးကို အသုံးပြုခဲ့ပြီး ဖြစ်သည်။ ယခုအချိန်တွင် ဤကဲ့သို့ဆူးချွန် သူ့ဆီမှာလေးချောင်းသာ ကျန်တော့သည်။ ကျန်ရှိသော လက်ကျန် ဆူးချွန်လေးချောင်းသည် တစ်ဖက်လူကို မသတ်နိုင်ပါက သူသည် ထွက်ပြေးသွားရုံသာရှိတော့မည်။
သို့သော်၊ အသွင်ပြောင်းလဲနေသော အဖြူရောင်စပါးအုံးမြွေသည် သူ့အတွက် ဆွဲဆောင်မှု အလွန်အားကောင်းလွန်းသည်။ အဖြူရောင်စပါးအုံးမြွေတွင် အစွမ်းထက်သော ရှေးဟောင်းသွေးမျိုးဆက် တစ်ခုပါရှိသည်ကို သူခံစားနိုင်သည်။ အကယ်၍ သူသည် အဆိုပါ ဖြူရောင်စပါးအုံးမြွေကို မျိုချနိုင်ခဲ့ပါလျှင်၊ သူသည် သူ၏ အရွယ်ရောက်သော ပုံစံအဖြစ်သို့ ချက်ချင်း ရောက်ရှိနိုင်မည် ဖြစ်သည်။
သူ၏ရှေ့မှာရှိသည့် ဤလူသားလည်း ပါ၀င်သည်။ ဤလူသားခန္ဓာ၏ကိုယ်သည် တကယ်ကို အစွမ်းထက်သည့် နဂါးသွေးမျိုးဆက်စွမ်းအားပါ၀င်နေသည်။ သူ၏ သွေးအသားများသည် သူ့ထက်ပင် ပို၍သန့်စင်ပြီး မြင့်မြတ်ပုံပေါက်သည်။
အကယ်၍ သူသည် ၎င်းတို့နှစ်ဦးစလုံးကို ကိုက်စားနိုင်မည်ဆိုလျှင် အဆင့်ငါးသို့ ဖြတ်ကျော်ကာ ဤသဲကန္တာရကြီး၏ အုပ်စိုးရှင်အစစ် ဖြစ်လာနိုင်သည်။
ဤသည်မှာလည်း သူ၏ခန္ဓာကိုယ်ပေါ်မှာရှိသည့် အသက်ကယ်ဆူးချွန်များကို အသုံးပြုရခြင်း၏ အကြောင်းရင်းလည်း ဖြစ်သည်။
သို့သော် သူပစ်လွှတ်လိုက်သည့် ချွန်ထက်သော ဆူးချွန်ခြောက်ချောင်းသည် ထိုလူသား၏ခန္ဓာကိုယ်ကို ပြင်းပြင်းထန်ထန် ထိခိုက်စေခြင်း မရှိခဲ့ပေ။ ယင်းက သူ့ကို တခဏတာကြာအောင် အဆင်ခြင်ကင်းမဲ့ပြီး ကမောက်ကမ လှုပ်ရှားမူမျိုး မလှုပ်ရှားစေဝံ့ ဖြစ်စေခဲ့သည်။
ချင်ယွင်သည် သဲကန္တာရဘုရင်နဂါးကြီး သတိထားလာသည်ကို တွေ့လိုက်ရသည်။
ဤအကောင်ကြီး၏ ခန္ဓာကိုယ်ပေါ်ရှိ ဆူးချွန်များသည် အတောမသတ် မပေါက်နိုင်မှန်း သူသိသည်။ ထို့ကြောင့် ချင်ယွင်သည် သဲကန္တာရဘုရင်နဂါး၏ လက်ကျန် ဆူးချွန်လေးချောင်းလုံး ကုန်ဆုံးသွားသည်နှင့် သဲကန္တာရဘုရင်နဂါးကြီးသည် ထိုအချိန်တွင် သူ့ကို ခြိမ်းခြောက်နိုင်တော့မည် မဟုတ်ပေ။
ဝှီး!
ထိုအချိန်တွင် နောက်ထပ် လေထုအက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။
သို့သော်လည်း ချင်ယွင်သည် ယခုတစ်ကြိမ်တွင် ဆူးချွန်၏ပစ်မှတ်သည် သူမဟုတ်၊ အဆင့်ဖြတ်ကျော်ရန် အာရုံစိုက်နေသော ရှောင်ဘိုင် ဖြစ်သည်ကို တွေ့ရှိလိုက်ရသည်။
ချင်ယွင်သည် ချက်ချင်းပင် ဒေါသထွက်သွားသည်။ သူ၏နောက်ကျောမှ နဂါးအတောင်ပံများသည် နီမြန်းသော မီးတောက်အလွှာများနှင့်အတူ ချက်ချင်း ဆိုသလို လောင်ကျွမ်းသွားကာ ချင်ယွင်၏ ခန္ဓာကိုယ်တစ်ခုလုံးသည်လည်း အလွန်လျင်မြန်သော အရှိန်အဟုန်ဖြင့် ပေါက်ကွဲထွက်လာခဲ့သည်။
သဲကန္တာရဘုရင်နဂါးကြီး၏ဆူးချွန်သည် ရှောင်ဘိုင်၏ ဦးခေါင်းကို ဖောက်ဝင်တော့ မည်ကိုမြင်သောအခါ၊ ချင်ယွင်၏ရုပ်အသွင်ပြင်သည် ရှောင်ဘိုင်၏ရှေ့မှာ ချက်ချင်း ပေါ်လာပြီး သူ၏လက်ထဲရှိဓားဖြင့် ခုတ်ချလိုက်သည်။
ကြယ်နက်ဓားနှင့် သဲကန္တာရဘုရင်နဂါး၏ ဆူးချွန်တို့ ခဏတာကြာအောင် ထိပ်တိုက် ဆုံမိကြသည်။
သဲကန္တာရဘုရင်နဂါး၏ဆူးချွန် ၎င်း၏ လက်ရှိအနေအထားမှ လွဲချော်ထွက်သွားပြီး ချင်ယွင်၏ ညာလက်မောင်းကို တိုက်ရိုက် ထိုးဖောက်သွားသည်။ နောက်ဆုံးတွင် ချင်ယွင်၏နောက်ရှိ မြေပြင်ပေါ်သို့ သွေးများ စီးထွက်လာခဲ့သည်။
ချင်ယွင်၏လက်မောင်းတွင် သွေးထွက်သံယို အပေါက်ကြီးတစ်ခု ကျန်ရစ်ခဲ့သည်။ ထိုအချိန်တွင် သဲကန္တာရဘုရင်နဂါးကြီး၏ ဆူးချွန်များကြောင့် သူ၏ခန္ဓာကိုယ်ပေါ်တွင် အပေါက်နှစ်ပေါက်ပင် ရှိလာခဲ့သည်။ သူ၏ခန္ဓာကိုယ်ပေါ်တွင် သွေးစွန်းနေသည့် ဒဏ်ရာတစ်ခု ပေါ်လာသည်။ ယင်းကြောင့် ချင်ယွင်သည် မကြုံစဖူး ဒေါသကို ခံစားရစေသည်။
"ဒီနေ့၊ ငါချင်ယွင် မင်းကို မသတ်နိုင်ဘူးဆိုရင် ငါ လူမဟုတ်ဘူးလို့ ကတိပေးတယ်။"
ချင်ယွင်သည် ထိုစကားများကို တစ်ခွန်းပြီးတစ်ခွန်း ပြောလိုက်သည်။ သူ၏ အနက်ရောင်ဆံပင်များသည် ဆက်လက်ကခုန်နေပြီး သူ၏ လက်ထဲရှိဓားကို အောက်ကသဲကန္တာရပြင်ထဲသို့ ထိုးစိုက်လိုက်သည်။ ထို့နောက်တွင် ချင်ယွင်၏ ခန္ဓာကိုယ်အနှံ့ ပြင်းထန်သော အနက်ရောင်လျှပ်စီးစွမ်းအင်များ ထွက်ပေါ်လာသည်။
ချင်ယွင်၏ မျက်လုံးများသည် ချက်ချင်းပင် နက်မှောင်သွားသည်။ ချင်ယွင်၏ နောက်ကျောရှိ နီမြန်းသောနဂါးအတောင်ပံများသည်ပင်လျှင် တဖြည်းဖြည်းနှင့် အနက်ရောင်မီးလျှံပုံစံများ ရောစွပ်မူနှင့်အတူ အနီရောင်နှင့် အနက်ရောင်များ စွန်းထင်းလာခဲ့သည်။
ပေါက်ကွဲလျှပ်စီးစွမ်းရည်၏ ဒုတိယအဆင့်ကို သူ၏ခန္ဓာကိုယ်ထဲသို့ ချက်ချင်း ပေါင်းထည့် ထည့်သွင်းပြီး ဒေါသပေါက်ကွဲသည့်အခြေအနေသို့ ဝင်ရောက်လိုက်သည်။
ပြင်းထန်သော သတ်ဖြတ်ခြင်းအငွေ့အသက် သည် ချင်ယွင်ကို ဖုံးလွှမ်းသွားခဲ့ပြီး သူ၏ အငွေ့အသက်သည် အဆပေါင်းများစွာ တိုးလာခဲ့သည်။
" ငါ မင်းကို သေစေချင်တယ်!"
ချင်ယွင်သည် ဒေါသတကြီး ဟိန်းဟောက်ပြီး သူ၏အသံသည် ကမ္ဘာမြေကြီး ပဲ့တင်ထပ်မြည်ဟီးသွားသည်အထိ နက်ရှိုင်းသည်။။
ထို့နောက် သူ၏နောက်ကျောမှ ကြီးမားသော အတောင်ပံများသည် ပေါ့ပေါ့ပါးပါး လွင့်ပျံသွားပြီး ပတ်ဝန်းကျင်လေထုသည် ပေါက်ကွဲသံများ ထွက်လာသည်။
သဲကန္တာရဘုရင်နဂါးကြီးသည် တုန်လှုပ်သွားသည်။ သူ၏ရှေ့ရှိ ဤလူသား၏ အငွေ့အသက် များသည် ရုတ်တရက် အဆပေါင်းများစွာ တိုးမြှင့်လာပြီး အဘယ့်ကြောင့် ဤမျှကြောက်စရာကောင်းလောက်အောင် ဖြစ်လာသည်ကို သူနားမလည်နိုင်ပေ။
သူသည် တုန့်ဆိုင်းခြင်းမရှိဘဲ၊ ချင်ယွင်ဆီသို့ ထက်ရှသောဆူးချွန်တစ်ချောင်းကို ပစ်လွှတ်လိုက်သည်။ သို့သော် ချင်ယွင်သည် ယခင်ကနှင့်မတူတော့ပေ။
ချင်ယွင်သည် သူ့ဆီသို့ ပစ်လွှတ်လိုက်သော ထက်ရှသော ဆူးချွန်ကို ကြည့်ရင်း သရော်ဟန်ဖြင့် ရယ်မောလိုက်သည်။
သူသည် လျှပ်စီးလက်သကဲ့သို့ လက်ကိုဆန့်တန့်ကာ ဆူးချွန်၏ထိပ်ဖျားကို အတင်းအကျပ် ဆွဲကိုင်လိုက်သည်။
သဲကန္တာရဘုရင်နဂါးကြီး၏ မျက်လုံးများ သည် ထိတ်လန့်သောအကြည့်ကို ဖော်ထုတ်လိုက်သည်။ ယခုအချိန်တွင် သူ၏စိတ်ထဲမှာ အတွေးတစ်ခုပဲရှိတော့သည်။ ယင်းက ထွက်ပြေးဖို့ဖြစ်သည်။
ထို့ကြောင့် သူသည် တွန့်ဆုတ်နေခြင်းမရှိဘဲသဲကန္တာရ၏ နက်ရှိုင်းသောအရပ်သို့ အပြေး အလွှားထွက်ပြေးသွားတော့သည်။
"ပြေးချင်လား?"
ချင်ယွင်သည် အေးစက်စွာ ဟစ်အော်လိုက်သည်။
သူ၏လက်ထဲရှိ ဆူးချွန်ကို ပစ်ပေါက်လိုက်သည်။
ဆူးချွန်ထိပ်သည် အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး အလွန်လျင်မြန်သော အရှိန် အဟုန်ဖြင့် ပျံထွက်သွားသည်။ အမှန်တကယ်တော့ ၎င်းဆူးချွန်သည် သဲကန္တာရဘုရင်နဂါး၏ အရှိန်အဟုန်ထက်ပင် ပိုမြန်သည်။
"ဖတ်!"
ဆူးချွန်သည် သဲကန္တာရဘုရင်နဂါးကြီး၏ ခြေထောက်တစ်ဖက်ကို ချက်ချင်း ထိုးဖောက်ဝင်ရောက်သွားကာ ၎င်းသည် သွေးပမာဏများစွာ စီးထွက်လာလေသည်။
သဲကန္တာရဘုရင်နဂါးကြီးကိုအလယ်ဗဟိုပြုပြီး မြေပြင်သည် မတည်မငြိမ်ဖြစ်လာကာ ၎င်း၏ ကြီးမားသော ခန္ဓာကိုယ်ကြီးသည် မြေပြင်ပေါ်သို့ ပြိုလဲကျသွားသည်။
ချင်ယွင်၏ ပါးစပ်ထောင့်သည် အေးစက်သော အပြုံးတစ်ခုအဖြစ် တွန့်ကွေးသွားသည်။ သူ၏နောက်ကျောတွင်ရှိသော နဂါးအတောင်ပံများသည် ပြင်းထန်စွာ ခတ်လိုက်ပြီး လေထဲတွင် မရေမတွက်နိုင်သော ပုံရိပ်ယောင်များကို ချန်ထားရစ်ခဲ့ကာ သဲကန္တာရဘုရင်နဂါးကြီး၏ ဦးခေါင်းထက်တွင် တိုက်ရိုက်ပေါ်လာသည်။
နည်းနည်းလေးမှ တုန့်ဆိုင်းနေခြင်းမရှိဘဲ၊ ချင်ယွင်သည် သဲကန္တာရဘုရင်နဂါးကြီး၏ ခေါင်းကို တိုက်ရိုက်ထိုးချလိုက်သည်။
သဲကန္တာရဘုရင်နဂါးကြီး၏ ဦးခေါင်းသည် ချင်ယွင်၏ လက်သီးချက်ဖြင့် သဲထဲသို့ ထိုး၀င်ကျသွားခဲ့သည်။
"ဘုန်း!"
ချင်ယွင်သည် အစွမ်းကုန် ထိုးနှက်လိုက်ရာ သဲကန္တာရဘုရင် နဂါးကြီး၏ ခေါင်းတစ်ခုလုံး ပေါက်ကွဲသွားသည်။ ၎င်း၏ခြေလက်များ သည် ဖြောင့်ဖြောင့်ကြီး ဆန့်ထွက်လာကာ မသေဘဲ မနေနိုင်တော့ပေ။
အစမှအဆုံးအထိ၊ ချင်ယွင်သည် သဲကန္တာရဘုရင်နဂါးကြီးအား အသက်ရှူရန်ပင် အခွင့် အရေး မပေးခဲ့ပေ။
ချင်ယွင်သည် ဤအရာအားလုံးကို အဆုံးသတ်ပြီးသည့်အခါ သူ၏ခန္ဓာကိုယ်ပေါ်ရှိ အနက်ရောင်လျှပ်စီးကြောင်းများသည် ချက်ချင်းဆိုသလို လွင့်ပျယ်သွားခဲ့ပြီး သူသည် ကောင်းကင်ယံမှ ပြုတ်ကျသွားသည်။
ပေါက်ကွဲလျှပ်စီးစွမ်းရည်၏ ဒုတိယအဆင့်သည် အလွန်အစွမ်းထက်သော်လည်း၊ ၎င်းသည် အချိန်ကန့်သတ်ချက်ရှိပြီး ဘေးထွက်ဆိုးကျိုးများရှိသည်မှာ အလွန် ထင်ရှားလှသည်။
သို့သော်၊ ချင်ယွင်သည် ၎င်းကို ဂရုမစိုက်အားဘဲ သူ၏ခန္ဓာကိုယ်သည် အောက်သို့ ပြုတ်ကျခါနီးအချိန်တွင် အနက်ရောင်ဝတ်ရုံ၀တ်ကိုယ်ပွားသည် ဘေးနားတွင် ပေါ်လာပြီး သူ၏အစစ်အမှန်ခန္ဓာကိုယ်ကို ဖမ်းကာ ကောင်းကင်ဘုံကိုးလွှာ ကြယ်စင်စုပုံကြမ်းထဲသို့ ထည့်လိုက်သည်။
တစ်ချိန်တည်းမှာပင် ရှောင်ဘိုင်ဆီမှ ရုတ်တရက် ဟိန်းဟောက်သံထွက်လာပြီး လွှမ်းမိုးကြီးစိုးနိုင်သည့် အလွန်အစွမ်းထက်သော အငွေ့အသက်တစ်ခုက ချက်ချင်းဆိုသလို ပေါက်ကွဲထွက်သွားသည်။
အနက်ရောင်ဝတ်ရုံ၀တ်ကိုယ်ပွားသည် ဤမြင်ကွင်းကိုမြင်လိုက်သည့်အခါ သူ၏ မျက်နှာသည် ရွှင်လန်းသည့်ပုံစံ ပေါ်လာသည်။
"နောက်ဆုံးတော့ အဆင့်ချိုးဖြတ်သွားပြီလား"
သို့သော် ချင်ယွင်စကားပြောပြီးသည်နှင့် နက်မှောင်သော တိမ်တိုက်များသည် ကောင်းကင်ယံထက်မှ လှိမ့်တက်လာတော့သည်။
အခန်း (၂၀၀) အလကာသက်သက် ကပ်ဘေးဒုက္ခလျှပ်စီး ထိမှန်ခံရခြင်း
တိမ်မည်းများသည် ကောင်းကင်ယံမှ လှိမ့်ဆင်းလာကာ ချင်ယွင်နှင့် ရှောင်ဘိုင်တို့၏ ဦးခေါင်းထက်တွင် ကြောက်မက်ဖွယ်ကောင်းသော ဖိအားများ အဆက်မပြတ် ရောက်ရှိလာသည်။
မှောင်မည်းနေသော တိမ်တိုက်များကြားတွင် မိုးခြိမ်းသံသည် ကြောက်မက်ဖွယ်ရာ စွမ်းအားများ စုစည်းနေသကဲ့သို့ တိုးလာနေသည်။
"ဒြပ်စင်သုံပါးကောင်းကင်ကပ်ဘေးဒုက္ခ။" ချင်ယွင်သည် အံ့သြစွာပြောသည်။
ထိုအချိန်တုန်းက ရှောင်ဘိုင်သည် အဆင့်သုံးသို့ ဖြတ်ကျော်၀င်ရောက်သွားသောအခါ ဒြပ်စင်တစ်ပါး ကောင်းကင်ကပ်ဘေးဒုက္ခကို ဖြတ်ကျော်နိုင်ခဲ့သည်။ ယခု သူသည် အဆင့်လေးသို့ချိုးဖြတ်၀င်ရောက်လိုက်သောကြောင့် အမှန်တကယ်ပင် ဒြပ်စင်သုံးပါး ကောင်းကင်ကပ်ဘေးဒုက္ခကြီး ကျရောက်လာခဲ့သည်။ ထိုအတိုင်းဆိုလျှင် အကယ်၍ သူသည် နောက်တစ်ကြိမ် အဆင့်ငါးကို ချိုးဖြတ်၀င်ရောက်မည်ဆိုလျှင် သူသည် ဒြပ်စင်ခြောက်ပါး ကောင်း ကင် ကပ်ဘေးဒုက္ခကို ဖြတ်ကျော်ရမှာ မဟုတ်ဘူးလား။
ချင်ယွင်သည် တုန်လှုပ်သွားသော်လည်း သူ၏ ကြောက်မက်ဖွယ်ကောင်းသော ကောင်းကင်ကပ်ဘေးဒုက္ခကို တွေးလိုက်သောအခါ ရှောင်ဘိုင်သည် များစွာ ကံကောင်းသည်ဟု ခံစားလိုက်ရသည်။
သူသည် သိုင်းဂိုဏ်းချုပ်နယ်ပယ်သို့ ဖြတ်ကျော်၀င်ရောက်လာသောအခါ ဒြပ်စင်သုံးပါး ကောင်းကင်ကပ်ဘေးဒုက္ခကို ဖြတ်ကျော်ခဲ့သည်။ အကယ်၍ သူသည် သိုင်းမြို့စားနယ် ပယ်ကို ဖြတ်ကျော်၀င်ရောက်သွားသည့်အခါ ကောင်းကင်ကပ်ဘေးဒုက္ခကြီးသည် မည်သည့်အတိုင်းအတာအထိ အစပျိုးဖြစ်ပေါ်လာမည်နည်း။
အစစ်အမှန် အင်မော်တယ်နယ်ပယ်ကို ချိုးဖြတ်၀င်ရောက်တဲ့အချိန်မှာရော။
ချင်ယွင်သည် သူ၏ကောင်းကင် ကပ်ဘေးဒုက္ခသည် မည်မျှထိတ်လန့်စရာကောင်း မည်ကို စိတ်ကူးဖြင့်ပင် မဝံ့ရဲပေ။
ကံကောင်းထောက်မစွာ၊ ကောင်းကင်ကပ် ဘေးဒုက္ခသည် စုစုပေါင်း ဒြပ်စင်ကိုးပါးသာရှိသောကြောင့် နောက်ထပ် ဖြစ်မလာနိုင်တော့ပေ။ ယင်းကလည်း ချင်ယွင်ကို စိတ်သက်သာရာရစေသည်။
အထက်မှာကန့်သတ်ချက်သာ မရှိခဲ့ဘူးဆိုလျှင် ဒြပ်စင်တစ်ရာကောင်းကင်ကပ်ဘေး ဒုက္ခသာ ဖြစ်ပေါ်လာပါက သုံးရက်နှင့်သုံးည ကြာသွားနိုင်မည် မဟုတ်ပါလော။ ထိုကဲသို့ဆိုလျှင် ချင်ယွန်းသည် သေဆုံးရန်ပင် ဖြစ်ကောင်းဖြစ်သွားလိမ့်မသည်။
ယခုအချိန်တွင် ရှောင်ဘိုင်သည် သူ၏အဆင့်ချိုးဖြတ်မူများ ပြီးမြောက်ပြီးနောက် အဆင့် လေးသို့ တက်လှမ်းသွားခဲ့သည်။ ချင်ယွင် သည် သူ၏ခန္ဓာကိုယ်တွင်ရှိသော ပြင်းထန်သောခွန်အားကို ခံစားနိုင်သည်။ ၎င်းသည် တတိယအဆင့် ကောင်းကင်အလွှာ သိုင်းမြို့စားအဆင့် ကျွမ်းကျင်သူနှင့် ယှဉ်နိုင်သည်ဟု ခန့်မှန်းရသည်။
"ရှောင်ဘိုင် မျိုချလိုက်ပါ။"
အနက်ရောင်ဝတ်ရုံ၀တ် ချင်ယွင်သည် ရှောင်ဘိုင်ကို အော်ဟစ်ပြောလိုက်ပြီး သူ၏ဘေးနားက သေသွားသည့် သဲကန္တာရဘုရင်နဂါးကြီးကို ဆုပ်ကိုင်လိုက်ပြီး အပေါ်ကို ပစ်ချလိုက်သည်။
သဲကန္တာရဘုရင်နဂါးကြီးသည် သေဆုံးသွားသော်လည်း သူ၏ခန္ဓာကိုယ်တွင် အလွန်အစွမ်းထက်သည့် သွေးမျိုးဆက်စွမ်းအင်များ ရှိနေပါသေးသည်။
ရှောင်ဘိုင်၏ ခန္ဓာကိုယ်သည် ပြောင်းလဲသွားခြင်းမရှိဘဲ သူ၏ခေါင်းကြီးကသာ ချက်ချင်းကြီး ပိုကျယ်လာပါသည်။ ထို့နောက် တွင်းနက်တစ်ခုလိုဖြစ်လာသည့် သူ၏ပါးစပ်ကိုဖွင့်ကာ အနှိုင်းမဲ့ကြီးမားသော သဲကန္တာရဘုရင်နဂါးကြီးကို သူ၏ ဗိုက်ထဲသို့ မျိုချလိုက်သည်။
အနီးနားက အနက်ရောင်ဝတ်ရုံ၀တ် ချင်ယွင်သည်ပင် ဤမြင်ကွင်းကို မြင်လိုက်ရတော့ ထိတ်လန့်သွားရသည်။
မီတာငါးဆယ် ရှည်လျားသည့် သဲကန္တာရ ဘုရင်နဂါးကြီးကို တစ်ကိုက်တည်းဖြင့် အမှန်တကယ် မျိုချသွားခဲ့တာလား။
ယင်းက အလွန်ကြောက်စရာကောင်းလွန်းသည်။
ထူးဆန်းသည်မှာ ရှောင်ဘိုင်သည် ဤမျှကြီးမားသော သဲကန္တာရဘုရင်နဂါးကြီးကို မျိုချလိုက်ပြီးနောက် သူ၏ခန္ဓာကိုယ်သည် အမှန်တကယ် ဖောင်းကားလာခဲ့သည်။ ယင်းကြောင့် ချင်ယွင်သည် ချက်ချင်း ဆွံ့အသွားခဲ့ရသည်။
သေချာသည်မှာ ၊ ဤကောင်းကင်မျိုစပါးအုံး မြွေကြီးသည် ကောင်းကင်နှင့်မြေကြီးကို ဝါးမျိုနိုင်သည့် အလွန်ကြောက်စရာကောင်းသော ရှေးဟောင်းနတ်ဘုရားသားရဲ တစ်ကောင်မဟုတ်သော်လည်း သူ၏အစာစားချင်စိတ်က လူအပြားများကို တုန်လှုပ်စေခဲ့သည်။
သို့သော် သနားစရာအကောင်းဆုံးမှာ ရှောင်ဘိုင်ကို ကိုက်စားချင်ခဲ့သော သဲကန္တာရဘုရင်နဂါးကြီးသည် နောက်ဆုံးတွင် ရှောင်ဘိုင်၏ ဝမ်းစာအဖြစ်သို့ ပြောင်းလဲသွားခဲ့ရသည်။
ရှောင်ဘိုင်၏ အစာခြေဖျက်နှုန်းသည် အလွန်မြန်ဆန်သည်။ ထိုသဲကန္တာရ ဘုရင်နဂါးကြီးကို မျိုချပြီးနောက်တွင်၊ သူ၏ အငွေ့အသက်သည် တစ်ဖန်ပြန်လည် မြင့်တက်လာခဲ့ပြီး သိုင်းမြို့စားနယ်ပယ် တတိယအဆင့် အထွက်အထိပ် ကောင်းကင်အလွှာနှင့် ယှဉ်နိုင်လုနီးပါးအထိ ရောက်ရှိလာခဲ့သည်။
ဤနည်းအားဖြင့် ရှောင်ဘိုင်သည် ကောင်းကင်ကပ်ဘေးဒုက္ခကို လွတ်မြောက်ရန် အခွင့်အလမ်း ပိုများလာခဲ့သည်။
အချိန်တွေ တဖြည်းဖြည်း ကုန်လွန်လာပြီးနောက် ကောင်းကင်ယံမှာ ကပ်ဘေးဒုက္ခ တိမ်တိုက်များသည် တဖြည်းဖြည်း ဖြစ်ပေါ်လာခဲ့သည်။
သို့သော်လည်း ကောင်းကင်ကပ်ဘေးဒုက္ခတိမ်တိုက်များ ပေါ်ပေါက်လာသည့် အချိန်တွင် ချင်ယွင်သည် အံ့အားသင့်သွားခဲ့ရသည်။
ထိုသို့အံ့သြသွားရခြင်း၏အကြောင်းရင်းမှာ ကောင်းကင်ယံတွင် ကပ်ဘေးဒုက္ခ တိမ်တိုက်သည် တစ်ခုမဟုတ်၊ နှစ်ခုရှိနေသောကြောင့် ဖြစ်သည်။
"ဟဲ့ငါ့လခွမ်း၊ ဘာဖြစ်နေတာလဲဟ" ချင်ယွင်သည် မထိန်းနိုင်ဘဲ ကျယ်လောင်စွာ ကျိန်ဆဲလိုက်မိသည်။ ယခုလိုအချိန်မျိုးမှာ ကပ်ဘေးဒုက္ခကိုဖြတ်ကျော်နေသူ ရှိမရှိ သူသိချင်လာခဲ့ပြီး ပတ်ပတ်လည်ကို လှည့်ပတ်ကြည့်ရူလိုက်မိသည်။
သို့သော်လည်း သူသည် ပတ်ဝန်းကျင်ကို ကြည့်ပတ်ကြည့်ရူလိုက်တော့ သဲကန္တာရထဲမှာ လူပုံစံနှင့်တူသည့်အရာ တစ်ခုမှမရှိသလို ဆိတ်သုဉ်းခြင်းသားရဲ တစ်ကောင်မှလည်း မရှိပါဘူး။
"ဘုန်း!"
လျှပ်စီးကြောင်းနှစ်ခုသည် လေထုထဲတွင် တစ်ပြိုင်နက် လင်းလက်သွားသည်။ တစ်ခုက ရှောင်ဘိုင်ဆီသို့ ဖြတ်သန်းသွားခဲ့ပြီး ကျန်တစ်ခုက အဝေးမှာရပ်နေသည့် အနက်ရောင် ဝတ်ရုံ၀တ် ချင်ယွင်ဆီသို့ ဖြတ်သန်းသွားသည်။
"ငါ့ရဲ့ကောင်းကင်ဘုံကပ်ဘေးဒုက္ခလား?"
ယခုအချိန်တွင် ချင်ယွင်သည် စိတ်ရှုပ်ထွေးနေပြီဖြစ်သည်။ သူသည် ယခုအချိန်တွင် အဆင့်ချိုးဖြတ်တစ်ခုကိုမျှ မပြုလုပ်ရသေးပေ။ ထို့ကြောင့် သူသည် အကြောင်းပြ ချက်မရှိဘဲ ကောင်းကင် ကပ်ဘေးဒုက္ခကို မည်သို့ခံစားနိုင်မည်နည်း။
"မူလကတော့ အဲဒါက မင်းနဲ့မဆိုင်ဘူးပေါ့။ ဒါပေမယ့် ကပ်ဘေးဒုက္ခ ဖြတ်ကျော်နေသူ ဘေးမှာ မင်းကရပ်နေတော့ ကောင်းကင်တာအိုက မင်းရဲ့ဖြစ်တည်မှုနဲ့ ခြိမ်းခြောက်မှု ကို အာရုံခံစားမိသွားတယ်။ ၎င်းက မင်းကိုလည်း ရှင်းလင်းသုတ်သင်ပစ်ချင်နေတာ။ အဲဒါကြောင့်လည်း ကောင်းကင်ဘုံကပ်ဘေးဒုက္ခက ဆင်းသက်လာခဲ့တာပဲ။" ရှေးဟောင်းတာအိုဆရာသခင်၏ အသံက ချင်ယွင်၏ စိတ်ထဲတွင် ထွက်ပေါ်လာသည်။
အနက်ရောင်ဝတ်ရုံ၀တ် ချင်ယွင်၏မျက်လုံးများသည် ဖြူဖျော့သွားသော်လည်း ထိုအခိုက်တန့်တွင်၊ ကောင်းကင်ကပ်ဘေးဒုက္ခက ဆင်းသက်လာပြီး ဖြစ်နေသည်။
အနက်ရောင်၀တ်ရုံဝတ်ဆင်ထားသည့် ချင်ယွင်သည် လျှပ်စီးကြောင်းများ ဆင်းသက်လာသော်လည်း သဘာ၀အားဖြင့် လုံးဝကြောက် လန့်ခြင်းမရှိပေ။ သူသည် ဖရိုဖရဲလျှပ်စီးများ လင်းလက်နေသော လျှပ်စီးပင်လယ်ထဲတွင်ပင် နှစ်ခြင်းခံ သန့်စင်နေခဲ့ပြီးဖြစ်သည့်အတွက် ပြဿနာ လုံးဝမရှိခဲ့ပေ။ယခု ဤအသေးအမွှား လျှပ်စီးကပ်ဘေးဒုက္ခလေးကို တွန်းလှန်ရန်အတွက်မူ စကားထဲပင် ထည့်ပြောစရာ မလိုပေ။
သို့သော် ထိုအချိန်တွင်၊ ရှေးဟောင်းတာအို၏ အသံက ရုတ်တရက် ထွက်ပေါ်လာသည် "ကောင်းကင်ကပ်ဘေးဒုက္ခကို ကျော်လွှားရာမှာ မင်းကိုယ်ပွားကို သုံးလို့မရဘူး။ ကောင်းကင်ကပ်ဘေးဒုက္ခကို မင်းရဲ့ကိုယ်ခန္ဓာအစစ်က တွန်းလှန်ရမှာ။ မဟုတ်ရင် ကောင်းကင်ကပ်ဘေးဒုက္ခက ဘယ်တော့မှ ပျောက်ကွယ်မှာမဟုတ်ဘူး"
"အိုက်!" ချင်ယွင်သည် အံ့သြသွားခဲ့သည်။ ကောင်းကင်တာအိုရဲ့ စည်းမျဉ်းတွေက ဘာ့ကြောင့် ဒီလောက်များနေရတာလဲ။
ကောင်းကင်ဘုံကိုးလွှာ ကြယ်စင်စုပုံကြမ်းထဲတွင် ကုသနေသော ချင်ယွင်၏ မူရင်းခန္ဓာကို ယ်ကို ခေါ်ထုတ်ရန်မှတပါး ရွေးချယ်စရာမရှိတျော့ပ။
မျှော်လင့်ထားသည့်အတိုင်းပင် ချင်ယွင် ပေါ်လာသည်နှင့် တပြိုင်နက် မိုးကြိုးလျှပ်စီးများသည် သူ့ဆီသို့ တည့်တည့် ပစ်သွားခဲ့သည်။
"ဘုန်း!"
ချင်ယွင်၏မူလခန္ဓာကိုယ်သည် လျှပ်စီး ကြောင့် ထုံကျင်သွားခဲ့ရသည်။
ကံကောင်းထောက်မစွာ၊ ချင်ယွင်၏ ခန္ဓာကိုယ်သည် ယခင်ကထက် ပိုမိုသန်မာလာခဲ့ သည်။ ဤလျှပ်စီးကြောင်းသေးသေးလေးက သူ့ကို လုံးဝမထိခိုက်စေ။
ရှောင်ဘိုင်သည်လည်း အလွန်စိတ်အေးလက်အေး ဖြစ်နေသည်။ သူသည် ဤလျှပ်စီးများကို တိုက်ရိုက် မျိုချလိုက်သည်။
"ဘုန်း!"
နောက်ထပ် လျှပ်စီးကြောင်းနှစ်ခုသည် ကျဆင်းလာခဲ့ပြန်ပြီး၊ တစ်ခုက ရှောင်ဘိုင်ဆီ နှင့် နောက်တစ်ခုက ချင်ယွင်ဆီသို့ ဦးတည်သွားခဲ့သည် ။
ချင်ယွင်၏ ခန္ဓာကိုယ်ရှိ ဒဏ်ရာများသည် လုံး၀မပျောက်သေးပေ၊။ မိုးကြိုးလျှပ်စီးနှင့် အတူ သူ၏တစ်ကိုယ်လုံးသည် တုန်ခါသွားပြီး သူ၏ပါးစပ်မှ သွေးများ ထွက်ကျလာသည်။
"မြေနိုးကွာ၊ ဒါက ငါ့ကို သတ်ဖို့ ကြိုးစားနေတာမဟုတ်ဘူးလား။ ဘာအကြောင်းပြ ချက်မှ မရှိဘဲ မိုးကြိုးလျှပ်စီးပစ်ခံရတာတောင် အားကောင်းလွန်းနေတယ်!" ချင်ယွင်သည် ကျိန်ဆဲရုံမှလွဲပြီး ဘာမှမတတ်နိုင်ပေ။ ဤဒုတိယလျှပ်စီးကြောင်းသည် ဒြပ်စင်သုံးပါး ကောင်းကင်ကပ်ဘေးဒုက္ခ၏ တတိယမြောက်လျှပ်စီးကြောင်းနှင့် လုံး၀နီးပါးတူသည်။
သို့သော်လည်း ထိုနေရာတွင် ကောင်းသည့်အရာလည်း ရှိနေပါသေးသည်။ ချင်ယွင်ကို အလွန်ပျော်ရွှင်စေသည့်အရာမှာ လျှပ်စီးကပ်ဘေးကြောင့် သူ၏ခန္ဓာကိုယ်မှ အနက်ရောင်အခိုးငွေ့များ ထွက်ပေါ်လာခြင်းပင် ဖြစ်သည်။
ရှေးဟောင်းတာအိုဆရာသခင်ပြောခဲ့သည့် အတွင်းနှလုံးသားနတ်ဆိုးဖြစ်သင့်သည်ဟု ချင်ယွင် သိလိုက်သည်။
သို့သော်၊ ဤလျှပ်စီးကြောင်း၏ စွမ်းအားသည် သူ၏ကိုယ်တွင်းရှိ နှလုံးသားနတ်ဆိုးကို လုံးလုံးလျားလျား ဖျက်ဆီးပစ်ရန် မလုံလောက်ဟု ထင်ရသည်။
ရှောင်ဘိုင်သည် ဒုတိယမြောက်လျှပ်စီးရင်ဆိုင်ရာတွင် အလွန်စိတ်အေးလက်အေး ပုံစံမျိုးရှိနေပြီး သူသည် ၎င်းတို့အားလုံးကို တစ်ကျိုက်တည်းမျိုချလိုက်သည်။
"ဘုန်း!"
တတိယမြောက်လျှပ်စီးကြောင်းသည် ပြိုဆင်းကျလာသည်။ လျှပ်စီးကြောင်း လူကြီးတစ်ယောက်၏မောင်းလောက် ထူထပ်သည်။ ယင်းအပြင် ခရမ်းရောင် လျှပ်စီးကြောင်းများကြားတွင် အနက်ရောင်သဲလွန်စ တစ်ခုရှိနေသည်။ ဤအရာသည် ဖရိုဖရဲလျှပ်စီးတစ်ခုဖြစ်ကြောင်း ချင်ယွင် သိလိုက်သည်။
ရှောင်ဘိုင်သည်လည်း သတိလက်လွတ်မခံဝံ့ တော့ဘဲ လျှပ်စီးကြောင်းတခုကို ထွေးထုတ်ပြီး ထိပ်တိုက်ရင်ဆိုင်လိုက်သည် ။
တခဏအတွင်းမှာပင် ခရမ်းရောင်လျှပ်စီးကြောင်းသည် တားဆီးပိတ်ဆို့ ခံလိုက်ရသည်။ သို့သော်၊ အနက်ရောင်လျှပ်စီးကြောင်းသည် အဖြူလေး၏ အကြေးခွံများပေါ်တွင် ကျရောက်သွားဆဲဖြစ်ပြီး သူ၏ခန္ဓာကိုယ်ပေါ်တွင် အနက်ရောင် မီးလောင်ကျွမ်းမှုတစ်ခု ကျန်ရစ်နေခဲ့သည်။
ချင်ယွင်ကိုယ်တိုင်အတွက်ကတော့ စိတ်ဆင်းရဲစရာ အခြေအနေမျိုးဖြစ်နေခဲ့သည်။ မူလကတည်းက သူသည် ဒဏ်ရာရရှိထားခဲ့ပြီး ယခုအချိန်တွင် သူသည် မလှုပ်ရှားနိုင်တော့ဘဲ မိုးကြိုးလျှပ်စီးပစ်ခံရခြင်းကြောင့် မြေပြင်ပေါ်တွင် တိုက်ရိုက် လဲကျနေခဲ့သည်
သူသည် သွေးများကို တစိမ့်စိမ့် အန်ထုတ် သည်။ ကံကောင်းထောက်မစွာပင်၊ သူ၏ ခန္ဓာကိုယ်ကို ထိန်းသိမ်းထောက်ပံ့ပေးရန် သစ်သားစွမ်းရည်ကိုယ်ပွား၏ အသက်စွမ်းအင်ကို ပိုင်ဆိုင်ထားသည်။ ထိုကြောင့် ဤဒဏ်ရာများနှင့်ပတ်သက်ပြီး ဘာမှ အလေးနက်ထားစရာ မလိုပေ။ သူသည် အချိန်တိုအတွင်း အနားယူရန်သာ လိုအပ်သည်။
သို့သော် တတိယမြောက်လျှပ်စီးကြောင်းသည် ချင်ယွင်၏ခန္ဓာကိုယ်ကို ထိမှန်သွားသောအခါတွင်၊ သူ၏ခန္ဓာကိုယ်သည် ထူထပ်သော အနက်ရောင် အခိုးအငွေ့များ ထွက်ပေါ်လာသည်။
"ဒီနှလုံးသားနတ်ဆိုးက တကယ်ပဲ အသက်ရှင်နေသေးတယ်။ မင်းအပေါ်ထိမှန်တဲ့ မိုးကြိုးလျှပ်စီးလောက်နဲ့ မလုံလောက် ဘူးထင်တယ်!" ရှေးဟောင်းတာအို၏ မတော်မလျော် စကားသံက ထွက်ပေါ်လာသည်။
ချင်ယွင်သည် အလွန်စိတ်ဓာတ်ကျသွားခဲ့ပြီး သူသည် ပါးစပ်မှ နောက်တကြိမ် သွေးအန်လုမတတ်ပင် ဖြစ်သွားခဲ့ရသည်။ သူသည် ယခုလိုအခြေအနေမျိုး ဖြစ်သည်အထိ လျှပ်စီးကပ်ဘေးဖြင့် လုပ်ကြံခြင်းခံခဲ့ရသော်လည်း သူ၏ကိုယ်တွင်းရှိ နှလုံးသားနတ်ဆိုးများကို မသုတ်သင်နိုင်ခဲ့ပေ။ သူသည် လျှပ်စီးကပ်ဘေးဒုက္ခ မည်မျှလောက်အများပြားကို ရင်ဆိုင်ရဦးမည်နည်း။
ကောင်းကင်ကပ်ဘေးဒုက္ခလျှပ်စီးသည် သာမန်လျှပ်စီးများနှင့် ကွဲပြားသည်။ ကောင်းကင်ကပ်ဘေးဒုက္ခလျှပ်စီးကြောင်းတွင် ပြင်းထန်သည့် အဖျက်သဘောဆောင် သော ဆန္ဒများပါရှိသည်။
ထို့ကြောင့် ချင်ယွင်ဖမ်းဆုပ်ထားနိုင်သော ဖရိုဖရဲလျှပ်စီးကြောင်းသည်ပင် ကောင်းကင် ကပ်ဘေးဒုက္ခမဟုတ်ပါက နှလုံးသားနတ်ဆိုးကို ဖယ်ရှားနိုင်မည်မဟုတ်ပေ။
သူသည် သိုင်းမြို့စားနယ်ပယ်ကို ဖြတ်ကျော် ၀င်ရောက်သည့်အခါ သူကြုံတွေ့ခံစားရ မည့် ကပ်ဘေးဒုက္ခလျှပ်စီးနှင့် သူ၏စွမ်းအားသည် ယခုထက် အဆပေါင်းမည်မျှ ကြီးမားလာမည်ကို တွေးတောရင်း သူသည် သေသည်အထိ ၀င်တိုးရန်ပင် တွန်းအားဖြစ်စေခဲ့သည်။
ကံကောင်းထောက်မစွာပင်၊ ရှောင်ဘိုင်သည် ဤကောင်းကင်ကပ်ဘေးဒုက္ခကို ဘေးရန်ကင်းစွာဖြင့် လွန်မြောက်နိုင်ခဲ့ပြီး အဆင့်လေး ဆိတ်သုဉ်းခြင်းသားရဲအဆင့်သို့ အောင်မြင်စွာဖြတ်ကျော် ၀င်ရောက်နိုင်ခဲ့သည်။