← Chapters

အခန်း (၂၀၁-၂၀၅)

Vol. 14 Ch. 201-205

အခန်း (၂၀၁-၂၀၅)

Vol. 14 Ch. 201-205

အခန်း (၂၀၁) လျှို့ဝှက်ဆန်းကြယ်သောကန္တာရခရီးသည်တစု။

မရဏ(ဂိုဘီ)သဲကန္တာရသည် ကျယ်ပြောလှသောကြောင့် ပုံမှန်အတိုင်း ဖြတ်ကျော်မည်ဆိုလျှင် ခြောက်ရက်နီးပါး ကြာမည်ဖြစ်သည်။

ယခုဆိုလျှင် ချင်ယွင်သည် နှစ်ရက်သာသာ လမ်းလျှောက်လာရုံသာ ရှိသေးပြီး ခရီးအကွာအဝေး၏ တစ်ဝက်မတိုင်မီခင်မှာပင် အဆင့်လေး ဆိတ်သုဉ်းခြင်း သားရဲလေးကောင်နှင့် ကြုံတွေ့ခဲ့ရပြီး ဖြစ်သည်။ သေချာသည်မှာ၊ ယင်းက ချင်ယွင်သည် ၎င်းတို့ကို တမင်တကာ ရှောင်တိမ်းသွားခဲ့ခြင်း မရှိခြင်းကြောင့်လည်း ဖြစ်ပါသည်။

ဤသဲကန္တာရတွင် မကြာခဏ ခရီးထွက်ကြသော ကြေးစားအုပ်စုများ၏ အဖွဲ့ဝင်များသည် မည်သည့်နေရာတွင် မည်သည့်မျိုးစိတ် ဆိတ်သုဉ်းခြင်းသားရဲများ မကြာခဏ ရောက်ရှိလာတတ်သည့် နေရာဒေသဖြစ်သည်ကို သိရှိထားကြသည်။ ထို့ကြောင့် သူတို့သည် ဤသဲကန္တာရကို ဖြတ်ကျော်သည့်အခါတိုင်း၊ သူတို့သည် အဆင့်လေး ဆိတ်သုဉ်းခြင်းသားရဲများ၏ နယ်မြေများကို ဖြတ်ကျော်ရန်အတွက် ၎င်းသားရဲများ၏နယ်မြေများကို ရှောင်ကွင်းနိုင်သည့် နောက်ထပ် ဖြတ်လမ်း အနည်းငယ်ကို ရွေးချယ်ကြသည်။ ဤနည်းအားဖြင့် အဆင့်လေး ဆိတ်သုဉ်းခြင်း သားရဲနှင့် တွေ့ကြုံရန် အခွင့်အလမ်း အလွန်နည်းပါးသွားမည် ဖြစ်သည်။

သို့သော်လည်း ချင်ယွင်ကတော့ မတူပေ။ သူသည် ကြောက်ရွံ့မှုနည်းနည်းမှ မရှိခဲ့ဘဲ အတိုဆုံးလမ်းကြောင်းကိုသာ ရွေးချယ်ခဲ့သည်။

ယင်းသည် အဆင့်လေး ဆိတ်သုဉ်းခြင်းသားရဲများ၏ အိပ်မက်ဆိုး ဖြစ်လာခဲ့သည်။ ချင်ယွင်နှင့် ရှောင်ဘိုင်တို့၏ အရူးအမူး သတ်ဖြတ်မှုအောက်တွင် ၎င်းသားရဲများသည် သူတို့နှစ်ဦးလုံး၏ ဗိုက်ထဲသို့ ရောက်သွားကြရ၏။

ထိုအဆင့်သုံးနှင့် အဆင့်နှစ် ဆိတ်သုဉ်းခြင်းသားရဲများအတွက်မူ ချင်ယွင်သည် လှုပ်ရှားရန်ပင် အလွန်ပျင်းရိသည့်အတွက် ရှောင်ဘိုင်၏ တိုက်ရိုက်၀ါမျိုချခြင်းကို ခံခဲ့ရသည်။

သို့သော် လွန်ခဲ့သောနှစ်ရက်အတွင်း ချင်ယွင်သည် ပြဿနာတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ သည်။ သူ၏အစာစားချင်စိတ်သည် အရင်ကထက် ပို၍ ကြီးမားလာပုံရသည်။

ချင်ယွင်သည် ကောင်းကင်မျိုစပါးအုံးမြွေ၏ သွေးမျိုးဆက်ကို ပိုင်ဆိုင်သည့် ရှောင်ဘိုင်နှင့် မယှဉ်နိုင်သေးသော်လည်း သူသည် မီတာသုံးရာရှည်လျားသော ကြက်သွေးရောင်မီးလျှံ ခေါင်းနှစ်လုံးမြွေ၏ သုံးပုံတစ်ပုံကို မျိုချပြီးနောက်မှသာ သူ၏ ၀မ်းဗိုက်က ပြည့်လုနီးပါးရှိလာခဲ့သည်။

ဤသို့ဖြစ်ရခြင်းသည် နဂါးသွေးဆေးလုံးကို သောက်သုံးပြီးနောက် မီးနဂါး၏ သွေးမျိုး ဆက်ကို ပိုင်ဆိုင်ထားခြင်းနှင့် ပတ်သတ်၍ တစ်ခုခုဖြစ်နိုင်သည်ဟု ချင်ယွင် မှန်းဆခဲ့သည်။

သေချာသည်မှာ၊ ဤပြောင်းလဲမှုသည် ချင်ယွင်အတွက် မကောင်းသည့်အရာမဟုတ်ဘဲ ကောင်းသည့်အချက်ပင်ဖြစ်သည်။

ဆိတ်သုဉ်းခြင်းသားရဲကောင်များ၏ခန္ဓာကိုယ်များ သန်မာရခြင်း၏ အကြောင်းအရင်း မှာ သူတို့သည် သူတို့၏အစာထဲမှ သွေးစွမ်းအင်များကို စုပ်ယူနိုင်ခြင်းကြောင့် ဖြစ်သည်။

သူစားမျိုနိုင်လေ၊ သူ၏အသားနှင့်အသွေးတို့မှ သွေးစွမ်းအင်များကို ပို၍ စုပ်ယူနိုင်လေ ဖြစ်သည်။ ယင်းက သူ၏ခန္ဓာကိုယ်ကြီးထွားမှုအတွက် အလွန်အထောက်အကူ ဖြစ်စေသည်။ သေချာသည်မှာ၊ ချင်ယွင်သည် အရူးအမူး စားမျိုချလိုက်သည်နှင့် သူ၏ခန္ဓာကိုယ်တွင်းရှိ သွေးအနှစ်သာရသည် အလွန်သိပ်သည်းလာနေမှန်း သူ ခံစားနိုင်သည်။

ဤအချက်ကို ရှာဖွေတွေ့ရှိပြီးနောက် ချင်ယွင်နှင့် ရှောင်ဘိုင်တို့သည် အရူးလိုဖြစ်လာ ကြပြီး၊ အထူးသဖြင့် ချင်ယွင်နှင့်ရှောင်ဘိုင်ကို ၎င်းတို့၏ အကောင်းဆုံး စံပြအစားအစာ အဖြစ် သတ်မှတ်ကြသည့် ဧရာမသားရဲအကောင်ကြီးများကို အစာအဖြစ် အရူးအမူး သတ်ဖြတ်ခဲ့ကြသည်။

သို့သော် ကောင်းမွန်သောအချိန်များသည် ကြာရှည်မခံတတ်ပေ။ သုံးရက်မြောက်သော

နေ့တွင် ချင်ယွင်သည် ၎င်းတို့ အမှန်တကယ် လမ်းပျောက်သွားကြောင်းကို စိတ်ပျက်

အားငယ်စွာ တွေ့ရှိခဲ့ရသည်။

အစောပိုင်းတုန်းက သူနှင့် ရှောင်ဘိုင်တို့သည် အဆင့်လေး ဆိတ်သုဉ်းခြင်းသားရဲ… ‌မြေကမ္ဘာကြက်သွေးရောင်မျက်လုံးဖွတ်ကို လိုက်ရှာခဲ့ကြသည်။ ဤဆိတ်သုဥ်းခြင်း သားရဲ၏အသားသည် အလွန်အရသာရှိသော်လည်း ၎င်း၏အမြန်နှုန်းမှာ အလွန် မြန်သောကြောင့် ချင်ယွင်နှင့် ရှောင်ဘိုင်သည် ၎င်းနောက်သို့ အချိန်အတော် ကြာအောင် လိုက်ခဲ့ရသည်။

သို့သော်လည်း ချင်ယွင်နှင့် ရှောင်ဘိုင်သည် ၎င်းကို အချိန်အတော်ကြာအောင် စိတ်တိုင်းကျ စားသုံးပြီးနောက် သူတို့သည် ယခင်သတ်မှတ်ထားသော လမ်းကြောင်းမှ လုံးဝလွဲချော်သွားခဲ့ပြီး လမ်းပျောက်နေကြောင်း တွေ့ရှိခဲ့ရသည်။

ဤသဲကန္တာရကို မရဏသဲကန္တာရဟုခေါ်ရခြင်း၏ အကြောင်းအရင်းမှာ သဲကန္တာရ ထဲတွင်အဆင့်လေး ဆိတ်သုဉ်းသားရဲများ အများအပြားရှိနေခြင်းကြောင့် မဟုတ်ပေ။

အခြားအရေးကြီးသော အကြောင်းအရင်းတစ်ခုမှာ ၎င်းသည် ကျယ်ပြောလှသော နယ်မြေကြီးဖြစ်ခြင်းကြောင့်ဖြစ်သည်။ သဲကန္တာရသည် ပုန်းအောင်းကွယ်၀ှက် လို့ရသည့်နေရာတစ်ခုမှမရှိဘဲ၊ လူတစ်ဦးသည် ၎င်းသဲကန္တာရထဲသို့ ဝင်ရောက်လာ သည့်အခါ အလွယ်တကူ ပျောက်ဆုံးသွားနိုင်သည်။ ကျင့်ကြံသူများသည်ပင် ခြွင်းချက် မရှိပေ။

မရဏသဲကန္တာရတွင် လမ်းပျောက်ခြင်းသည် ကြောက်မက်ဖွယ်ကောင်းသည်မှာ သံသယရှိစရာပင်မလိုချေ။

ချင်ယွင်သည် ကြီးမားကျယ်ပြန့်လှသော အဝါရောင် သဲပြင်ကြီးကို ကြည့်ကာ မျက်ရည်မဝဲဘဲ ငိုနေသကဲ့သို့ ခံစားလိုက်ရသည်။

သူတို့၏အစာလောဘကြောင့် သူတို့၏ခရီးစဥ်ကို အမှန်တကယ် နှောင့်နှေးစေလိမ့်မည်ဟု သူတို့ မမျှော်လင့်ခဲ့ကြပေ။

ဤသဲကန္တာရထဲမှ ထွက်သွားလို့မရမှာကို သူ မကြောက်ပါဘူး၊ အဓိကက ဤနေရာ၌ အချိန်အများကြီး ဖြုန်းတီးမိသွားမည်ကို သူကြောက်ပါသည်။

သူသည် ယခုတစ်ကြိမ်တွင် သူ၏အစ်မ လျူရန်ယွင်ကိုတွေ့ရန် မိုးပြာတိမ်တိုက် မြို့တော်ကို သွားနေခြင်းဖြစ်သည်။

သူ၏အစ်မကို ခေါ်ဆောင်သွားကတည်းက သူမနှင့်ပတ်သက်သည့် သတင်းတစ်စုံ တစ်ရာ မရရှိခဲ့သဖြင့် ချင်ယွင်သည် အလွန်စိတ်မသက်မသာ ဖြစ်ခဲ့ရသည်။

သူပို၍ နှောင့်‌နှောင့်ကြန့်ကြာလေ ချင်ယွင်သည် ပို၍စိုးရိမ်ရလေ ဖြစ်သည်။ ထို့ကြောင့် ချင်ယွင်သည် တုလုံကျွန်းသို့သွားရန်အတွက် သိုင်းမြို့စားဘိုင်ယွန်၏ ဖိတ်ကြားချက်ကိုပင် ငြင်းဆိုခဲ့ခြင်းဖြစ်သည်။ သူသည် မိုးပြာတိမ်တိုက်မြို့သို့ အပြေးအလွှားသွားရန်သာ စိတ်အားထက်သန်နေခဲ့သည်။

မရဏသဲကန္တာရတွင် လမ်းပျောက်နေသဖြင့် ခြောက်ရက်ခရီးသည် ဆယ်ရက် သို့မဟုတ် ရက်နှစ်ဆယ်ပင် ကြာသွားနိုင်သည်။ ယင်းက ချင်ယွင်ကို ရူးသွပ်သွားသလို ခံစားလိုက်ရသည်။

သို့သော် မိုးကောင်းကင်သည် ချင်ယွင်ကို စောင့်ရှောက်နေပုံရသည်။ ချင်ယွင်သည် နဂါးအတောင်ပံများကို အသုံးပြုပြီး လမ်းကြောင်းတစ်ခုသို့ လျင်မြန်စွာ ပျံသန်းတော့မည့်အချိန်တွင် သဲကန္တာရခရီးသွားအုပ်စုတခုသည် အဝေးမှ သူ့ဆီသို့ အပြေးအလွှား ရောက်ရှိလာသည်ကို သူတွေ့ရှိခဲ့ရသည်။

ချင်ယွင်၏ မျက်နှာသည် ချက်ချင်းပင် ရွှင်လန်းသော အမူအရာ ပေါ်လာသည်။ နည်းနည်းလေးမှ တုန့်ဆိုင်နေခြင်းမရှိဘဲ ချင်ယွင်သည် ရှောင်ဘိုင်ကို အစိမ်းရောင်ကြာပန်း စည်းတံဆိပ်အတွင်းရှိ နေရာအလွတ်ထဲကို ထည့်ပြီး အမြန် ပြေးသွားခဲ့သည်။

သဲကန္တာရခရီးသွားများ အားလုံးသည် မြေပုံများ ကိုင်ဆောင်ထားသောကြောင့် ၎င်းတို့နောက်မှ လိုက်ပါသွားပါက လမ်းကြောင်းကိုအမြန် ရှာဖွေနိုင်မည်ဖြစ်သည်။

ချင်ယွင်၏ အသွင်အပြင်သည် သဲကန္တာရခရီးသွားအုပ်စု၏ အာရုံကို ချက်ချင်း ဆွဲဆောင်သွားခဲ့သည်။

ချင်ယွင်သည် သဲကန္တာရခရီးသွားအုပ်စုနှင့် မီတာတစ်ရာမျှသာ ဝေးကွာတော့သည့် အချိန်တွင် ၀တ်ရုံရှည်ကို၀တ်ဆင်ထားသော အစောင့်တစ်ဦးသည် သဲကန္တာရခရီးသွား အုပ်စု၏ရှေ့မှ လျှောက်လှမ်းလာကာ "ရပ်လိုက်ပါ၊ မင်းက ဘယ်သူလဲ" ဟု ရုတ်တရက် ဒေါသတကြီး အော်လိုက်သည်။

သူ၏နောက်မှာရှိသည့် အစောင့်များသည် သူတို့၏ဆေဘာများကို ဆွဲထုတ်ကာ ချင်ယွင်ကို သတိဖြင့် စောင့်ကြည့်နေကြသည်။

ချင်ယွင်သည် အနည်းငယ် မျက်မှောင်ကြုတ်လိုက်ပြီး သဲကန္တာရခရီးသွားအုပ်စုကို ဂရုတစိုက်ကြည့်သည်။ ဤခရီးသွားအုပ်စုသည် အနည်းငယ်ထူးဆန်းသည်ကို သူချက်ချင်းသတိပြုမိသည်။

ဤသဲကန္တာရခရီးသွားအုပ်စုတွင် စုစုပေါင်း လူဆယ့်ရှစ်ယောက်ပါရှိသည်။ သူတို့ထဲမှ ဆယ့်ခြောက်ယောက်သည် သူတို့လက်ထဲတွင် ဆေဘာများကို အသီးသီးကို ကိုင်ထားကြသည်။ ၎င်းတို့ထဲတွင် အစွမ်းထက်ဆုံးလူမှာ အစောပိုင်းက လူလတ်ပိုင်းအရွယ် အမျိုးသားဖြစ်သည်။ သူသည် သိုင်းဂိုဏ်းချုပ်နယ်ပယ်၏ အဋ္ဌမအဆင့် ကောင်းကင်အလွှာတွင်ရှိပြီး ကျန်ဆယ့်ငါးယောက်စလုံးသည် သိုင်းဂိုဏ်းချုပ်နယ်ပယ်၏ ပဉ္စမ၊ ဆဌမအဆင့်နှင့် သတ္တမ‌ အဆင့် ကောင်းကင်အလွှာ တွင် အသီးသီးရှိကြသည်။

သူတို့သည် ယူနီဖောင်းချပ်ဝတ်တန်ဆာများကို မ၀တ်ထားကြသည့်အတွက် ဤလူများ သည် ဂျီထန်းချန်တို့ကဲ့သို့ ကြေးစားစစ်သည်တော်များ မဟုတ် လေ့ကျင့်ပျိုးထောင် ပေးထားသည့် ကျင့်ကြံသူများသာ ဖြစ်ကြောင်း အကြည့်တစ်ချက်ဖြင့် ချင်ယွင် ပြောပြနိုင်သည်။

အဘယ်ကြောင့်ဆိုသော် သူတို့၏မျက်လုံးများထဲမှ စူးရှသောအကြည့်များနှင့် လက်ထဲတွင်ရှိသော ဆေဘာများကို အကဲဖြတ်ကြည့်ခြင်းဖြင့် ထိုလူများထဲတွင် တစ်ဦးတစ်ယောက်ကမျှ ကြေးစားစစ်သည်တော်များကဲ့သို့ ရှုပ်ပွပြီး လျော့တိလျော့ရဲ ဖြစ်‌နေပုံ မပေါ်သောကြောင့် ဖြစ်သည်။

သူတို့၏သတိထားမူသည် အလွန်မြင့်မားခဲ့သည်။ တစ်ခုခုမှားယွင်းနေပြီဆိုသည်ကို သိလိုက်သည်နှင့် သူတို့၏ ဆေဘာများကို ချက်ချင်း ဆွဲထုတ်လိုက်ကြသည်။ တမင် တကာ မရည်ရွယ်ဘဲ ရပ်တန့်နေပုံ အနေအထားသည်ပင် အလွန်မွန်မြတ်လှသည်။

သူတို့ကာကွယ်ရမည့် မြင်းစီးသူနှစ်ဦးကို ကာကွယ်ရန်အတွက် သူတို့သည် တြိဂံပုံစံ အနေထားဖြင့် ခိုင်မြဲစွာရပ်နေပုံရသည်။

ဦးချိုနှစ်ချောင်းရှိသော ကုလားအုတ်မြင်းများ သည် ဤကမ္ဘာ၏ သဲကန္တာရထဲတွင် ခရီးသွားခြင်းကိုဆိုလိုသည့် အမှတ်သားတစ်ခုဖြစ်သည် ။ ကုလားအုတ်မြင်းများသည် လေနှင့်သဲတို့ကို ခံနိုင်ရည်ရှိသည့်အပြင် ရေကိုလည်း သိုလှောင်ထားနိုင်သည်။ သာမာန်သဲကန္တာရခရီးသွားအုပ်စုများသည်ပင် သဲကန္တာရတွင် လမ်းလျှောက်ရန် အတွက် ဤဦးချိုနှစ်ချောင်းမြင်းကို အသုံးပြုကြသည်။

ထိုအချိန်တွင် မိန်းမပျိုလေးတစ်ဦးနှင့် ဆံပင်ဖြူအဘိုးကြီး တစ်ဦးသည် ချိုနှစ်ချောင်းရှိသော ကုလားအုတ်မြင်းကို စီးနင်းလျက် ရှိသည်။

မိန်းမပျိုလေးသည် သူမ၏မျက်နှာကို မျက်နှာကာအ၀တ်စားတခုဖြင့် တင်းတင်း ကျပ်ကျပ် စည်းနှောင်ထားပြီး သူမ၏ မျက်လုံးများကိုသာ ဖော်ထားသည်။ သို့သော် သူမသည် အသက်မကြီးသေးဘဲ အသက်ဆယ့်ခုနစ်နှစ် သို့မဟုတ် ဆယ့်ရှစ်နှစ်ခန့်သာ ရှိပုံရသည်။ ထိုအချိန်တွင် သူမသည် ချင်ယွင်ကို စူးစူးစိုက်စိုက် ကြည့်နေသည်။

သို့သော် ချင်ယွင် အံ့သြသွားရသည်မှာ ဤမိန်းမပျိုလေးသည် ဝိညာဉ်စွမ်းအင်မရှိသည့် အပြင် သာမန်သေမျိုးတစ်ယောက် ဖြစ်နေခြင်းဖြစ်သည် ။

ဤမရဏသဲကန္တာရတွင် ပေါ်လာသော သတ္တဝါများသည် အမှန်တကယ် ရှားပါးလှသည်။ သာမာန်အားဖြင့်၊ ထိုခရီးသွားကုန်သည်များပင်လျှင် အနည်းဆုံး သိုင်းသခင်အဆင့် ကျင့်ကြံမှုအဆင့်တစ်ခု ရှိပေလိမ့်မည်။ မဟုတ်လျှင် ဤမရဏသဲကန္တာရထဲကို မည်သူကရော အသက်စွန့်သွားလာဝံ့မှာလဲ။

အဘိုးအိုသည် ဆံပင်များ ဖြူနေပြီဆိုသော်လည်း စိတ်ဓာတ်ပြင်းထန်နေဆဲဖြစ် သည်။ အထူးသဖြင့် တောက်ပလွန်းသည့် သူ၏မျက်လုံးတစ်စုံဖြစ်သည်။ ထိုအခိုက် အတန့်တွင် အဖိုးအိုသည် စူးရှသော မျက်လုံးတစ်စုံဖြင့် ချင်ယွင်ကို စိုက်ကြည့်နေသည်။

ချင်ယွင်သည် ဤအဘိုးအို၏ ကျင့်ကြံမှုအဆင့်ကိုသည် အဖွဲ့ထဲတွင် အမြင့်ဆုံး ဖြစ်ကြောင်း ခံစားနိုင်ပြီး၊ သူသည် သိုင်းမြို့စားနယ်ပယ်၏ ပထမအဆင့် ကောင်းကင်အလွှာသို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။

နည်းနည်းလေးမှ တုန့်ဆိုင်းခြင်းမရှိဘဲ၊ ချင်ယွင်သည် သူ၏ကျင့်ကြံမှုအဆင့်ကို သိုင်းဂိုဏ်းချုပ်နယ်ပယ်၏ ပထမအဆင့် ကောင်းကင်အလွှာအထိ ဖုံးကွယ်ရန် နတ်ဘုရားအသွင်ပြောင်းခြင်းပညာရပ်ကို တိုက်ရိုက် အသုံးပြုလိုက်သည်။ ဤလုပ်ငန်းစဉ်သည် တခဏအတွင်း ပြီးမြောက်ခဲ့သည်။

ချင်ယွင်၏ စိတ်ဝိညာဉ်စွမ်းအားသည် အလွန်အားကောင်းသောကြောင့် ထိုလူများ သည် ချင်ယွင်၏ ကျင့်ကြံမှုအဆင့်ကို မစုံစမ်းနိုင်မီ၊ ချင်ယွင်သည် သူ၏ ကျင့်ကြံမှု အဆင့်ကို အောင်မြင်စွာ ဖုံးကွယ်ထားနိုင်ခဲ့သည်။

သေချာသည်မှာ၊ သိုင်းမြို့စားအဆင့်အဘိုးကြီးသည် ချင်ယွင်၏ ကျင့်ကြံမှုအဆင့်ကို မြင်သောအခါ၊ နဂိုက အနည်းငယ် မျက်မှောင် ကြုတ်သော သူ၏မျက်ခုံးများသည် အနည်း ငယ် ဖြေလျော့သွားခဲ့ပြီး အစောင့်များ၏ မျက်နှာများတွင် အထင်အမြင်သေးမှု အရိပ် အယောင်များ ပေါ်လွင်နေသည်။

သူတို့၏ အမူအရာများ ပြောင်းလဲသွားသည်ကို မြင်လိုက်ရသဖြင့် ချင်ယွင်၏ နှုတ်ခမ်း

တစုံသည် မှန်းဆ၍မရသော အပြုံးတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။ သူလိုချင်သည်မှာလည်း ယခုလို အကျိုးသက်ရောက်မှုမျိုး ဖြစ်သည်။

ဤလူများသည် အလွန်သတိရှိကြသည်၊။ သေချာသည်မှာ ဆံပင်ဖြူအဘိုးကြီးသည် ခြွင်းချက်မရှိ ဤမိန်းမပျိုလေးကို ကာကွယ်ရန် ဖြစ်သည်။

သူ၏ချိုနှစ်ချောင်းပါသော ကုလားအုတ်မြင်းသည် မိန်းမပျိုလေး၏ ဦးချိုနှစ်ချောင်း ပါရှိသည့် ကုလားအုတ်မြင်းထက် အမြဲတမ်း မြန်ဆန်သည်မှာ ထင်ရှားသည်။

သူတို့နောက်မှာ စုပုံနေသည့်ပစ္စည်းများက ဟန်ပြသက်သက်ပဲ ဆိုသည်မှာ သိသာလှသည်။

ထို့ကြောင့် ချင်ယွင်၏ ကျင့်ကြံမှုအဆင့် ပို၍ နိမ့်ကျလေ သူ့ကိုလက်ခံရန် ပို၍ လွယ်ကူလေ ဖြစ်သည်။

အခန်း (၂၀၂) မိန်းမပျိုလေးတစ်ယောက်။

"ခင်ဗျားတို့အားလုံးက မိုးပြာတိမ်တိုက်စီရင်စုကို ဦးတည်သွားနေတာလား။ ခင်ဗျားတို့ ကျွန်တော်ကို ခေါ်သွားပေးနိုင်မလားလို့ ကျွန်တော် သိချင်ပါတယ်။ ကျွန်တော် လမ်းမှား သွားလို့ပါ။" ချင်ယွင်က သနားဟန်ဆောင်ပြီး ပြောလိုက်သည်။

"ဖယ်စမ်း! မမျှော်လင့်ဘဲ၊ ချင်ယွင်၏စကားဆုံးသည်နှင့် ဦးဆောင်လာသည့် အဋ္ဌမအဆင့် ကောင်းကင်အလွှာ သိုင်းဂိုဏ်းချုပ်အဆင့် ကျွမ်းကျင်သူ လူလတ်ပိုင်း အရွယ် အစောင့်က ကျယ်လောင်စွာဖြင့် ပြစ်တင် ပြောဆိုလိုက်သည်။

ချင်ယွင်သည် မျက်မှောင် ကြုတ်လိုက်မိသည်။ သူသည် သူ၏ ကျင့်ကြံမှုအဆင့်ကို အလွန်အမင်း ဖိနှိပ်ထားပြီးဖြစ်သော်လည်း တဖက်လူသည် နိုးကြားသတိထားမှု မြင့်မားနေလိမ့်ဦးမည်ဟု သူ မမျှော်လင့်ခဲ့ပေ။ အမှန်တကယ်ပင် ထိုလူသည် သူ့ကို လုံးဝ လက်မခံခဲ့ပေ။

"လူတိုင်းပဲ၊ ကျွန်တော်မှာ မကောင်းတဲ့ ရည်ရွယ်ချက် မရှိပါဘူး။ ခင်ဗျားတို့ နောက်ကလိုက်ပြီး ဒီသဲကန္တာရထဲကကနေ ထွက်သွားချင်ရုံပါ။ ပြီးတာနဲ့ အလိုအလျောက် ထွက်သွားမှာပါ" ချင်ယွင်က ဆက်ပြောလိုက်သည် ။

သို့သော်လည်း အစောင့်သည် အေးစက်စွာ မျက်မှောင်ကြုတ်လိုက်ပြီး အေးစက်သည့် လေသံဖြင့် အော်ပြောလိုက်သည် "တကယ်လို့ မင်း မထွက်သွားဘူးဆိုရင် မယဉ်ကျေးတဲ့ မင်းကိုယ်မင်းပဲ အပြစ်တင်လိုက်တော့"

ထိုသို့ပြောပြီးနောက် သူ၏လက်ထဲမှ ဆေဘာထုတ်ကာ ချင်ယွင်ကို ထိုးချိန် လိုက်သည်။

ချင်ယွင်၏ မျက်နှာသည် ချက်ချင်းပင် ဒေါသအရိပ်အယောင် ပေါ်လာသည်။ ဤကောင်များသည် တကယ်ကို သနားစရာကောင်းလွန်းသည်။ သူ့ကို မကူညီချင်ရင်လည်း သူ အဆင်ပြေပါသည်။ ယခု သူတို့က သူ့ကို မောင်းထုတ်ရန် အတွက် ဆေဘာတစ်ချောင်းကို အမှန်တကယ် အသုံးပြုခဲ့သည်။ ချင်ယွင် အမုန်းဆုံးအရာက သူ့ကို ဓားနှင့်ထိုးချိန်သည့် လူများဖြစ်သည်။

သို့သော်လည်း ချင်ယွင်သည် ဒေါသတကြီး ပေါက်ကွဲထွက်ခါနီးတွင် ချင်ယွင်ကို စူးစမ်းသော မျက်လုံးများဖြင့် ကြည့်နေသော မိန်းမပျိုလေးက ရုတ်တရက် ပြောလိုက်သည်။ "ဦးလေးဟန်၊ သူ့ကို ဦးလေးဟန်နဲ့အတူ ခေါ်လာခဲ့လိုက်ပါ။ တကယ်လို့ ဒီသဲကန္တာရထဲမှာ သူ့ကိုတစ်ယောက်တည်း ထားခဲ့မယ်ဆိုရင် သူ သေသွားလိမ့်မယ်လေ"

နွေဦးလေညင်း တိုက်ခတ်လာသလိုမျိုး အမျိုးသမီးငယ်၏ အသံသည် နူးညံ့သိမ်မွေ့ပြီး ကြည်လင်သန့်ရှင်းသည်။ ကြားရသည်မှာ အင်မတန် ကြည်နူးစရာ ကောင်းလှသည်။

သို့သော်လည်း မိန်းမပျိုလေး စကားစမြည်ပြောသည့်အခိုက်တွင် အစောင့်နှင့် ဆံပင်ဖြူအဘိုးကြီးနှစ်ဦးစလုံးသည်လည်း အံ့အားသင့်သွားကြသည်။

အဘိုးအိုက "သခင်မလေး၊ ဒီလူရဲ့ နောက်ခံအကြောင်းအရင်းကို မသိရသေးဘူး။ သခင်မလေး ဘေးကင်းဖို့အတွက် အကောင်းဆုံးက..."

သို့သော် မိန်းမပျိုလေးက ကြားဖြတ်ဝင်ပြောလိုက်သည့် အချိန်တွင် ဆံပင်ဖြူ အဘိုးအိုသည် စကားတဝက်တပျက်ဖြင့် ရပ်တန့်လိုက်ရသည် "အဘိုးချန် သူ့ရဲ့ကျင့်ကြံမှုအဆင့်ကရော ဘယ်လိုရှိလဲ၊ "

ဆံပင်ဖြူအဘိုးအိုက "သူ့ရဲ့ ကျင့်ကြံမှုအဆင့်က ပျမ်းမျှပါပဲ။ သူက သိုင်းဂိုဏ်းချုပ် နယ်ပယ်ရဲ့ ပထမအဆင့် ကောင်းကင်အလွှာမှာပဲ ရှိတယ်။ ဒီမှာရှိတဲ့ အစောင့်တွေအားလုံးက သူ့ထက် ပိုမြင့်ကြတယ်" အနည်းငယ် စိုးရိမ်ဟန်ဖြင့် ပြန်ဖြေသည်။

"အဲဒါဆို စိတ်ပူစရာလိုသေးလို့လား။ အဘိုးချန်လို ကျွမ်းကျင်ပညာရှင် တစ်ယောက် ဒီမှာရှိနေမှတော့ ဘယ်လူပြက်က အဖိုးရဲ့ပြိုင်ဖက် ဖြစ်နိုင်မှာလဲ " မိန်းမပျိုလေးက နူးညံ့စွာ ပြုံးပြသည်။

အဘိုးချန်ဟုခေါ်သော ဆံပင်ဖြူအဘိုးကြီးသည်လည်း ပြုံးလိုက်သည်။ မိန်းမပျိုလေး၏ ချီးကျူးစကားကြောင့် သူသည် အလွန် ပျော်ရွှင်နေပုံရသည်။ အဆုံးတွင် သူသည် ကူကယ်ရာမဲ့စွာဖြင့် ခေါင်းညိတ်လိုက်ရပြီး "ကောင်းပြီလေ၊ သူ့ကို လိုက်ခွင့်ပြုလိုက်မယ်၊ ဒါပေမယ့် သူ တစ်ခုခုလုပ်တာနဲ့ ငါ ချက်ချင်း သတ်ပစ်မယ်"

မိန်းမပျိုလေးသည် ချက်ချင်းပင် ခေါင်းညိတ်လိုက်ပြီး ဆံပင်ဖြူအဘိုးအို၏ လက်မောင်းကို နွဲ့ဆိုးစိုးသော ကလေးငယ် တဦးကဲ့သို့ ပွေ့ဖက်လိုက်သည်။

ဆံပင်ဖြူအဘိုးကြီးသည် မိန်းမပျိုလေး၏ ဦးခေါင်းကို ချစ်ခင်ကြင်နာစွာ နမ်းလိုက်သည်။ ထို့နောက် လူလတ်ပိုင်းအရွယ်အစောင့်ကို ပြောလိုက်သည် “ဟန်ဖေး၊ သူ့ကို ခေါ်လာလိုက်ပါ။"

"ဟုတ်ကဲ့ပါ!" လူလတ်ပိုင်းအရွယ်အစောင့်သည် ကမန်းကတန်း သဘောတူ လိုက်သည်။ ထို့နောက် သူက ချင်ယွင်ဘက်သို့ လှည့်ကာ "ကောင်လေး၊ ငါ့တို့ရဲ့ သခင်မလေးက ကြင်နာတတ်ပြီး မင်းကို လိုက်ပါခွင့်ပေးဖို့ ဆန္ဒရှိနေတယ်။ ဒါပေမဲ့ မင်းအနေနဲ့ ရိုးသားပါ။ မင်း ငါတို့ကို ဒုက္ခပေးရင် ငါတို့က မင်းကို ချက်ချင်း သတ်ပစ်မယ်"ဟု ပြောသည်။

ချင်ယွင်သည်လည်း အနည်းငယ် ထိတ်လန့်သွားသည်။ ဤမိန်းမပျိုလေးနှင့် ဆံပင်ဖြူ အဘိုးကြီးကြားက စကားစမြည်ကို ယခုလေးတင် သူ ကြားလိုက်ရသည်။

သေချာသည်မှာ၊ သူမှန်းဆထားသည့်အတိုင်းပင် ဖြစ်သည်။ ကျင့်ကြံမှုမရှိသည့် သာမန် မိန်းမပျိုလေးသည် ဤတစ်ကြိမ်တွင် ထိုအစောင့်အကြပ်များ၏ အဓိက ပစ်မှတ်ဖြစ်သည်။

မရဏသဲကန္တာရကို ကျော်ဖြတ်ရန်အတွက် မိုင်ထောင်ချီ ခရီးနှင်ခဲ့ရပြီး ကျင့်ကြံမှု မရှိသည့် ဤမိန်းမပျိုလေးတစ်ဦးကို လိုက်လံစောင့်ကြပ်ပေးရ၏။ ဤမိန်းမပျိုလေး၏ ကိုယ်ရေးအချက်အလက် အတိအကျက ဘာလဲ။ ?

ထိုအချိန်တွင် ချင်ယွင်သည် သိချင်စိတ် အလွန်ပြင်းပြနေခဲ့သည်။ သို့သော် ဤမိန်းမပျိုလေး၏ နှလုံးသားသည် အမှန်တကယ် ကြင်နာတတ်ပါသည်။ အထူးသဖြင့် 'သူ့ကို ဒီကန္တာရထဲမှာ တစ်ယောက်တည်းထားခဲ့ရင် သူသေလိမ့်မယ်' ဟု ပြောသည့်အခိုက် ချင်ယွင်သည် သူမ၏ လေသံထဲမှ ဝမ်းနည်းမှုကို ရှင်းရှင်းလင်းလင်း ခံစားရပါသည်။

အားနည်းသူများသည် သန်မာသောလူများ၏ သားကောင်ဖြစ်ပြီး သန်မာသော လူများကိုသာ လေးစားသည့် ဤကမ္ဘာကြီးတွင် ထိုကဲ့သို့ စိတ်ထားဖြူစင်သော မိန်းမပျိုလေးကို တွေ့ရခဲပါသည်။ ယင်းက ချင်ယွင်သည် သူမကို အထင်ကြီးသွားစေသည့် အချက်ဖြစ်သည်။

"ကျေးဇူးတင်ပါတယ် သခင်မလေး။ အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။" ချင်ယွင်က ကျေးဇူးတင်စကား ဆိုလိုက်သည်။

မိန်းမပျိုလေးသည် ချင်ယွင်ကိုကြည့်ကာ ခေါင်းညိတ်ပြလိုက်သည်။

"ကောင်လေး၊ နောက်ဆုံးကို ထွက်သွားစမ်း။ မင်းကိုယ်တိုင်က သေချင်‌နေတာလား ဒါမှမဟုတ် မင်းက အရူးတစ်ယောက်လားဆိုတာ ငါ တကယ် မသိတော့ဘူး။ မင်းကိုယ်တိုင်က ဒီမရဏသဲကန္တာရထဲကို တကယ်လာဝံ့တယ်။ မင်း ဒီကို ရောက်လာနိုင်ခဲ့တာ ကံကောင်းလို့ပဲ။" လူလတ်ပိုင်းအရွယ်အမျိုးသားက ချင်ယွင်ကို မထီမဲ့မြင်ဖြင့် ပြုံးပြကာ ပြောသည်။

သူ၏အသံတွင် တခုခုကို ဝှေ့ဝိုက်ရှောင်တိမ်းလိုခြင်း အရိပ်အမြွက် အနည်းငယ်မျှပင် မရှိဘဲ သူ့ရှေ့တွင်ရှိသည့် ချင်ယွင်ကို တိုက်ရိုက်လှောင်ပြောင်လိုက်သည်။

သူ၏နောက်ကွယ်မှာရှိသည့် အစောင့်အကြပ်များ အားလုံးသည်လည်း မထီမဲ့မြင် ပြုသော အပြုံးများကို ထုတ်ဖော်ပြသကြပြီး ချင်ယွင်ကိုကြည့်သည့် သူတို့၏ အကြည့်များက ငတုံးငအ တစ်ယောက်ကို ကြည့်နေသလိုမျိုး ဖြစ်နေသည်။

ထုံးစံအတိုင်း ချင်ယွင်သည် ဤအဖွဲ့၀င်တစ်အုပ်နှင့် ငြင်းခုံနေရန် မလိုအပ်ပေ။

"နူးညံ့သောလက်တစ်စုံကိုခံယူ၍ သိမ်မွေ့သောပါးစပ်ဖြင့် စားပါတဲ့။"

ယခု သူသည် တစ်စုံတစ်ယောက်ကို တောင်းဆိုနေရမှတော့ စကားလုံးအနည်းငယ်ဖြင့် လှောင်ပြောင်ခံရရင်ရော ဘာဖြစ်သွားမှာလဲ။

ထို့အပြင် ချင်ယွင်၏ လက်ရှိ တည်ငြိမ်သော စိတ်နေသဘောထားဖြင့် လှောင်ပြောင်မှု အနည်းငယ်ကို ခံရပြီးနောက် ဒေါသထွက်ပါက၊ သူသည် အင်မော်တယ်ဖြစ်မည့် လမ်းစဉ်ကို အောင်မြင်အောင် မည်သို့ ကျင့်ကြံနိုင်တော့မည်နည်း။

ထို့ကြောင့် ချင်ယွင်သည် အစောင့်အကြပ်အဖွဲ့ကို ဖြတ်ကျော်လာခဲ့ပြီး အဖွဲ့၏ နောက်ဆုံးဘက်သို့ ရောက်ရှိလာသည်။

အဖွဲ့၏နောက်ဆုံးဘက်တွင် ဦးချိုပါကုလားအုတ် မြင်းဆယ်ကောင်ပါရှိပြီး တစ်ကောင် ချင်းစီတွင် သေတ္တာကြီးနှစ်လုံးစီကို သယ်ဆောင်ထားကြသည်။ အထဲတွင် ပစ္စည်းကောင်း အများပြား ရှိပုံရသည်။

သို့သော် ဤအစောင့်အဖွဲ့သည် ဤကုန်ပစ္စည်းများကို လုံးဝဂရုမစိုက်ဘဲ ၎င်းတို့ကို စောင့်ကြည့်ရန် မည်သူ့ကိုမျှ စေလွှတ်မထားကြောင်းကို မြင်လိုက်ရသဖြင့်၊ နောက်ဆုံးတွင် ချင်ယွင်သည် ဤသေတ္တာများတွင် အဖိုးတန်ရတနာများ မရှိနိုင်ဟု ခန့်မှန်းလိုက်သည်။

ထို့ကြောင့် ချင်ယွင်သည် ကုလားအုတ်မြင်းတစ်ကောင်ပေါ်မှ ‌‌ သေတ္တာများကို ဘေးသို့ တိုက်ရိုက် လှိမ့်ချလိုက်ပြီးနောက်ာ ကုလားအုတ်မြင်းပေါ်တက်ကာ မှောက်လျက် လဲလျောင်းပြီး အနားယူလိုက်သည်။

အစောင့်တပ်သားများသည် မြင်းပေါ်၌ အေးအေးဆေးဆေး လှဲလျောင်းနေသော ချင်ယွင်ကို မြင်သောအခါတွင် သူတို့၏ မျက်နှာများသည် ချက်ချင်းပင် ဒေါသများ ထွက်လာကြသည်။ အစောင့်များထဲမှ တစ်ယောက်သည် ပို၍ပင် မယုံကြည်နိုင်အောင် ဖြစ်သွားရပြီး အေးစက်စက်လေးသံဖြင့် ပြောလိုက်သည် "ဟင့်၊ ငါတို့က ခြေနှစ်ချောင်းအားကိုးပြီး လမ်းလျှောက်နေရတယ်။ ဒီကောင်ကတော့ ကောင်းလိုက်တာ၊ သူက မြင်းရဲ့ ကျောပေါ် တိုက်ရိုက်တက်ကာ လှဲပြီး အိပ်နေလေရဲ့"။

ထိုစကားကိုပြောပြီးနောက် ချင်ယွင်ကို မြင်းပေါ်မှ ဆွဲချရန် အဆင်သင့်ဖြစ်နေပြီ ဖြစ်သည်။

သို့ပေမယ့် လူလတ်ပိုင်းအရွယ် အမျိုးသားက အေးစက်စွာ အော်ပြောလိုက်သည် “သူ့ကို လျစ်လျူရှုလိုက်ပါ၊ ငါတို့ကို ဒုက္ခမပေးသရွေ့ သခင်မလေးကို ကာကွယ်ဖို့က ငါတို့ရဲ့ တာဝန်ပဲ။

ခေါင်းဆောင်၏စကားကြားရလျင် ထိုလူသည် နည်းနည်းလေးမှ မလိုလားသော်လည်း အမိန့်ကို နာခံလိုက်ရပြီး ချင်ယွင်ကို ဒုက္ခမပေးတော့ဘဲ ဆက်လျှောက်ခဲ့ရသည်။

လူလတ်ပိုင်းအရွယ် အမျိုးသားသည် မြင်းကျောပေါ်၌ အေးအေးဆေးဆေး လှဲလျောင်းနေသော ချင်ယွင်ကို ကြည့်လိုက်ပြီး သူ၏ မျက်လုံးများတွင် အေးစက်မှုအရိပ်အယောင်များ ထွက်ပေါ်လာသည်။

တစ်ချိန်တည်းမှာပင် မိန်းမပျိုလေးသည်လည်း ချင်ယွင်၏ အနိုင်မခံအရှုံးမပေးသော လုပ်ရပ်များကို မြင်လိုက်ရသည်။ သူမ၏မျက်နှာဖုံးအောက် မျက်နှာပေါ်တွင် တောက်ပသော အပြုံးတစ်ခု ပေါ်လာသည်။ သူမ၏မျက်ခုံးများသည် လခြမ်းကွေးပုံသဏ္ဍာန်အဖြစ် ကွေးညွတ်သွားရင်း သူမက ပြုံးပြီး ပြောလိုက်သည့် "ဒီလူက အရမ်းစိတ်ဝင်စားဖို့ကောင်းတယ်။ သူက တကယ်ကို ရိုင်းစိုင်းတဲ့ လူတစ်ယောက်ပဲ"

သူမ၏ဘေးအနားရှိ အဘိုးအိုက အေးစက်စွာ နှာခေါင်းရှုံ့ကာ ပြောလိုက်သည် "ဟမ့်၊ အဲဒါက ကောင်းကင်နဲ့မြေကြီးကို မသိသေးတဲ့ ကောင်လေးတစ်ယောက်ပါပဲ၊ ဒီလိုလူမျိုးက အနှေးနဲ့အမြန် သေရလိမ့်မယ်။ သခင်မလေး၊ သခင်မလေးက သနားကြင်နာ တတ်လွန်းတယ်။

သခင်မလေးက သူ့ကို တခါလောက်ပဲ ကယ်တင်နိုင်လိမ့်မယ်၊ ဒါပေမယ့် နောက်တစ်ကြိမ်မှာ ဒီလိုလူမျိုးက အချည်းနှီး သေသွားရလိမ့်မယ်။"

သို့သော်လည်း မိန်းမပျိုလေးသည် ပြုံးပြီး ပြောသည် " ကျွန်မက သူ့ကို တစ်ကြိမ်ပဲ ကယ်တင်နိုင်တာ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဒီကောင်က တော်တော်လေးကို စိတ်ဝင်စားဖို့ ကောင်းတယ်လို့ ကျွန်မ ထင်တယ်"

ဆံပင်ဖြူအဘိုးကြီးသည် ခေါင်းကို ခိုကိုးရာမဲ့စွာ ခါယမ်းလိုက်မိသည်။ ဝမ်းနည်းမှု အရိပ်အယောင်တစ်ခုက သူ၏မျက်နှာပေါ်တွင်ပေါ်လာရင်း စိတ်ထဲတွင် သက်ပြင်း ချကာ ပြောလိုက်သည်" သခင်မလေးက ကရုဏာတရား အားကြီးလွန်းလှပါတယ်။ ဝမ်းနည်းစရာ ကောင်းတာက၊ လူကောင်းတွေက အသက်မရှည်ကြဘူး!"

မိန်းမပျိုလေးသည် ဆံပင်ဖြူအဘိုးအို၏ မျက်နှာပေါ်တွင် ဝမ်းနည်းပူဆွေးနေသည့် အမူအယာကို တွေ့လိုက်ရသည်။ ဆံပင်ဖြူအဘိုးကြီး တွေးနေသည့်အရာကို သူမ သိသည်။ သူမက ပြုံးပြီး နှစ်သိမ့်ကာ ပြောလိုက်သည် "အဘိုးချန် ၊ အမေက ပြောဖူးတယ်။ လူတိုင်းမှာ ကိုယ့်ကံကြမ္မာကိုယ် ကိုယ်စီရှိကြပါတယ်။ အရာအားလုံးက ကောင်းကင်ဘုံက လာကြတာပါ။ ကျွန်မက ကံကောင်းတဲ့ လူတဦးနဲ့တွေ့မယ်လို့ ဗေဒင်ဆရာတစ်ယောက်က တစ်ခါတုန်းက ဟောဖူးတယ်။ အဲဒီလူက ကျွန်မဘဝကို ပြောင်းလဲပေးနိုင်တယ်။ ကျွန်မ ကံကြမ္မာကို ယုံကြည်ပါတယ်။ ဒါကြောင့် အဘိုးချန်က ကျွန်မနဲ့ ပတ်သက်ပြီးတော့ စိတ်ပူစရာ မလိုဘူး"

ဆံပင်ဖြူအဘိုးကြီးသည် ကြင်နာစွာ ပြုံးပြပြီး မိန်းမပျိုလေး၏ ခေါင်းကို ညင်သာစွာ ပွတ်သပ်လိုက်ကာ ဘာမှ မပြောတော့ပေ။

"ဗေဒင်ဆရာလား။ ငါစောင့်နေတာ ဆယ်နှစ်ရှိပြီ။ သခင်မလေးမှာ ဘယ်နှစ်နှစ် ကျန်သေးလို့လဲ " ဆံပင်ဖြူ အဘိုးကြီးသည် သူ၏စိတ်ထဲတွင် သက်ပြင်းချလိုက်ရင်း ရေရွတ်မိသည်။

ထိုအချိန်တွင် ချင်ယွင်သည် နောက်ဘက်ကျဆုံးမြင်းပေါ်တွင် လဲလျောင်းနေပြီး မျက်လုံးများကို တင်းတင်းမှိတ်ထားသည်။ သူ၏ပုံစံက အိပ်ပျော်နေပုံပေါ်သည်။၊ သို့သော် ယခုအချိန်တွင် သူသည် ထိုလျှို့ဝှက်ဆန်းကြယ်သော ဓားဆန္ဒထဲတွင် သူ၏ စိတ်နှလုံးကို အကြွင်းမဲ့ နှစ်မြှုပ်ထားနေလေပြီ။

အခန်း (၂၀၃)လူသတ်သမားဆီပြေးသွားခြင်း။

ဓားဆန္ဒဆိုသည်မှာ ဓားကိုလှုပ်ရှားခြင်းဖြင့် ဓားနှင့်ပတ်သက်ပြီး လူတစ်ဦး၏ နားလည်

သဘောပေါက်မှု ဖြစ်သည်။

ဓားဆန္ဒနှင့် အတူပေါင်းစမ်ထားသည့် မည်သည့်ဓားချက်မဆို၊ ဓားကိုရိုးရှင်းစွာ ခုတ်ပိုင်းလိုက်မည်လျှင်ပင်၊ ဓားချက်တိုင်းတွင် အဆုံးမရှိသော စွမ်းအားကို ပိုင်ဆိုင်နိုင်မည် ဖြစ်သည်။

ချင်ယွင်သည် သေမျိုးကမ္ဘာသို့ သဘာ၀အတိုင်း ကန်ထုတ်ခံရပြီးကတည်းက၊ သူသည် ဓားဆန္ဒနှင့်ပတ်သက်ပြီး တစ်ကြိမ်တစ်ခါမျှ အဆင့်မချိုးဖြတ်နိုင်ခဲ့ပေ။

ယခုတော့ လူသူဆိတ်သုဥ်းနေသော ဤသဲကန္တာရတွင် ဓားဆန္ဒ၏ သိမ်မွေ့ လေးနက်သော နားလည်သဘောပေါက်ခြင်းနယ်ပယ်ထဲသို့ မတော်တဆ ထပ်မံ ဝင်ရောက်လာလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။

ယခုအချိန်တွင် ချင်ယွင်သည် အလွန်လျှို့ဝှက်ဆန်းကြယ်သော အခြေအနေသို့ ရောက်ရှိနေပါသည်။ ဤအခိုက်အတန့်တွင် သူသည် အဆုံးမဲ့ကြယ်များ ၀န်းရံနေသည့် ကောင်းကင်၌ ရှိနေပုံရပါသည်။ ပတ်ဝန်းကျင်ရှိ ကြယ်များသည် ထာဝရ ကြယ်ရောင်လွှမ်းနေသော ကောင်းကင်ယံတွင် ငြိမ်သက်စွာ ရပ်နေသော ကျောက်တုံးများကဲ့သို့ပင်။

ချင်ယွင်သည် လေဟာနယ်ထဲတွင် တင်ပျဉ်ခွေထိုင်နေသည်။ သူ၏ရှေ့တွင် ကြီးမားလှသော ရှေးဟောင်းဓားကြီး တစ်ချောင်းရှိနေသည်။

ဓားကြီးသည် ကြယ်ကွင်းပြင်တစ်ခုလုံးကို ဖြန့်ကြက်ထားသည်။ ဓားကြီးသည် ရှေးဟောင်းခေတ်ကတည်းက ထိုနေရာ၌ တိတ်တဆိတ် ရပ်နေသကဲ့သို့ အနှိုင်းမဲ့ ကြီးမားလှသည်။ ဓားကြီးသည် ထာဝရအငွေ့အသက်များကို ထုတ်လွှတ်သည်။

ချင်ယွင်သည် အနှိုင်းမဲ့ ထိတ်လန့်သွားသည်။ ဤရှေးဟောင်းဓားကြီး၏ရှေ့တွင် သူသည် ခြေရာခံလို့မရသည့် ပုရွက်တစ်ကောင်ဆိတ်နှင့် တူသည်။

ရှေးဟောင်းဓားကြီးမှ ထုတ်လွှတ်သော ဓားဆန္ဒသည် ချင်ယွင်ကို သူသည် အဆုံးမဲ့ပင်လယ်ထဲတွင် ရောက်ရှိနေကြောင်း ခံစားချက်ကို ပေးစွမ်းပြီး ၎င်းပင်လယ်ပြင်ပေါ်တွင် ရွက်လွှင့်နေသော လှေတစ်စင်းလည်း ဖြစ်သည်။ လှိုင်းလုံးများက သူ့ကို အလွယ်တကူ ရိုက်ခတ်ပြီး ဤပင်လယ်ထဲတွင် နစ်မြုပ်သွားနိုင်သည်။

"ဒါက ဒဏ္ဍာရီလာ ထာဝရဓားရဲ့ဆန္ဒများ ဖြစ်နေမလား?" ချင်ယွင် အံ့သြသွားသည်။

သို့သော် သူ၏မျက်လုံးများသည် လျင်မြန်စွာ တောက်ပလာသည်။ ဤအရာသည် အလွန်ရှားပါးတဲ့ အခွင့်အရေးတစ်ခုလည်း ဖြစ်သည်။ ယခုအချိန်တွင် သူလုပ်ရမည့်အရာမှာ သူ၏ရှေ့မှ ဧရာမဓားကြီး၏ ဓားဆန္ဒကို အပြင်းအထန် စုပ်ယူရန်သာ ဖြစ်သည်။ ဤအရာသည် သမုဒ္ဒရာထဲက ရေတစ်စက်ဆိုလျှင်တောင် သူ၏ဓားဆန္ဒကို တဟုန်ထိုးခုန်တက်ပြီး အကန့်အသတ်ရောက်အောင် ပို့ဆောင် ပေးနိုင်သည်အထိ လုံလောက်သည်။

ချင်ယွင်သည် အနည်းငယ်မျှ တုံ့ဆိုင်း‌နေခြင်းမရှိ၊ ရှေးဟောင်းဓားကြီးမှ ထုတ်လွှတ်သော ဓားဆန္ဒကို ဂရုတစိုက် ခံစားနေပြီး ၎င်းကို သူ၏ ကိုယ်ပိုင် အသုံးပြုနိုင်သည်၏အဖြစ်သို့ ဖြည်းညှင်းစွာ ပြောင်းလဲလိုက်သည်။

သို့သော်၊ ချင်ယွင်သည် ရှေးဟောင်းဓားဆန္ဒကို အရူးအမူး စုပ်ယူနေချိန်တွင် သူလိုက်ပါလာသည့် သဲကန္တာရခရီးသည် အုပ်စုသည် အလွန်ခက်ခဲသော ပြဿနာ တရပ်ကို ကြုံတွေ့ခဲ့ရသည်။

လုပ်ကြံသတ်ဖြတ်သူ တစ်ဒါဇင်ခန့်သည် ရုတ်တရက် သဲ‌မြေထဲမှ ပြေးထွက်လာပြီး အစောင့် ၁၆ ယောက်ဆီကို တဟုန်ထိုး ပြေးဝင်သွားကြသည်။

အစောင့်လေးယောက်သည် မတုံ့ပြန်နိုင်ခင်မှာ မြေပြင်ပေါ်မှ ရုတ်တရက် ပေါ်လာသည့် လုပ်ကြံသတ်ဖြတ်သူများ၏ ဓားချက်ဖြင့် နှလုံးထိုးဖောက်ခံရပြီး သေဆုံးသွားကြသည်။

အစောင့်ခြောက်ဦးသည် မသေသော်လည်း ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြသည်။

အနက်ရောင်ဝတ်ထားသည့် လုပ်ကြံသတ်ဖြတ်သူများထဲမှ ခေါင်းဆောင် တစ်ယောက် သည် မိန်းမပျိုလေးဆီသို့ တည့်တည့်ရောက်လာပြီး သူ၏လက်ထဲမှ ဓားမြှောင်သည် လင်းလက် တောက်ပသွားသည်။

မိန်းမပျိုလေး၏အမူအရာသည် ချက်ချင်းပြောင်းလဲသွားပြီး သူမ၏မျက်လုံးများတွင် ထိတ်လန့်သည့်အမူအယာ ပေါ်လွင်နေသည်။

"ဟမ့်၊ မင်းက သေခြင်းတရားကို တောင်းခံနေတာပဲ!"

ဆံပင်ဖြူ အဘိုးကြီးသည် အေးစက်စွာ အော်ဟစ်လိုက်ပြီး မိန်းမပျိုလေး၏ရှေ့မှ လမ်းကြောင်းကို တားဆီပိတ်ဆို့လိုက်သည်။ သူသည် အနက်ရောင်ဝတ် လုပ်ကြံသတ်ဖြတ်သူကို လက်ဖဝါးဓားဖြင့် ခုတ်ပိုင်းလိုက်သည်။

အနက်ရောင်ဝတ် လုပ်ကြံသတ်ဖြတ်သူသည် ဆံပင်ဖြူ အဘိုးအိုသည် ဤမျှလောက် အစွမ်းထက်မည်ဟု မထင်ခဲ့ပေ။ သူ သတိမထားမိခင်မှာပင် အဖိုးအို၏လက်ဖဝါးသည် သူ၏ရင်ဘတ်ကို ထိမှန်ပြီး သူ၏ခန္ဓာကိုယ်သည် ပေါက်ကွဲသွားခဲ့သည်။

သို့သော် ဤအခိုက်အတန့်တွင် သူတို့ခြေထောက်အောက်ရှိ သဲများ လွင့်စင်သွား ပြီးနောက် ဓားအလင်းတစ်ခုက လျင်မြန်စွာ ထွက်ပေါ်လာပြီး မိန်းမပျိုလေး စီးနင်းလာသည့် ဦးချိုနှစ်ချောင်းပါ ကုလားအုတ်မြင်း၏ ခြေထောက်များကို တိုက်ရိုက် ဖြတ်တောက်ပစ်လိုက်သည်။

မိန်းမပျိုလေးသည် ထိတ်လန့်သွားပြီး ဘေးသို့ လဲကျသွားသည်။

သဲမြေပြင်ထဲမှ ခုန်ထွက်လာသော လုပ်ကြံသတ်ဖြတ်သူသည် မိန်းမပျိုလေးဆီသို့ နောက်တစ်ကြိမ် ဓားဖြင့်ထိုးလိုက်သည်။

ဆံပင်ဖြူ အဘိုးကြီးသည် ယင်းကိုမြင်လိုက်လျှင် သူ၏အမူအရာသည် ချက်ချင်း ပြောင်းလဲသွားသည်။ သူ၏လက်ထဲတွင် ဓားရှည်တစ်ချောင်း ပေါ်လာပြီး လုပ်ကြံသတ်ဖြတ်သူဆီသို့ ဦးတည်သွားသည်။

သို့သော်လည်း အနက်ရောင်ဝတ်လုပ်ကြံသတ်ဖြတ်သူသည် သက်သတ်လွတ်သမား ဖြစ်ပုံမပေါ်ပေ။ သူသည် ချက်ချင်းပင် နောက်ပြန် လှည့်ကြည့်လိုက်ပြီး ဆံပင်ဖြူ အဘိုးအိုကို ခုတ်ချလိုက်သည်။

ဆံပင်ဖြူ အဘိုးကြီးသည် အေးစက်စွာ ဟစ်အော်ကာ ဓားနှင့် ခုတ်လိုက်သည် ။

ဓားအလင်းသည် ကြယ်ရောင်များကဲ့သို့ တောက်ပနေသည်။

ထက်ရှသော ဓားနှစ်ချောင်းသည် လျင်မြန်စွာ ထိပ်တိုက်ဆုံမိသွားသည်။

"ပထမအဆင့် ကောင်းကင်အလွှာ သိုင်းမြို့စားအဆင့် ကျွမ်းကျင်သူလား"

ဆံပင်ဖြူ အဘိုးကြီးသည် ချက်ချင်းပင် ထိတ်လန့်သွားသည်။ သူသည် မိန်းမပျိုလေးဘက်သို့ ဆုတ်ခွာသွားခဲ့ပြီး အနက်ရောင်ဝတ်စုံနှင့် အနက်ရောင် မျက်နှာဖုံး၀တ်ထားသည့် လုပ်ကြံသတ်ဖြတ်သူကို ကြည့်လိုက်သည်။

အနက်ရောင်ဝတ် လုပ်ကြံသတ်ဖြတ်သူသည် လှောင်ပြောင်ပြီးနောက် ပြောလိုက်သည် "ဘာတွေ အံ့သြနေတာလဲ၊ ခင်ဗျားအနေနဲ့ ဘာများအံ့သြစရာ ကောင်းနေလို့လဲ" ။

အနက်ရောင်၀တ် လုပ်ကြံသတ်ဖြတ်သူ စကားဆုံးသည်နှင့် တပြိုင်နက် ဆံပင်ဖြူ အဖိုးအိုသည် သူ၏နောက်တွင် အေးစက်သည့်ခံစားမူကို ခံစားလိုက်ရသည်။

သူသည် ကမန်းကတန်း ပြန်လှည့်ကြည့်လိုက်လျှင် သူ၏မျက်လုံးများရှေ့တွင် ဓားအလင်းတန်းက လျင်မြန်စွာ ကျယ်ပြန့်လာသည်ကို မြင်လိုက်ရသည် ။

အနည်းငယ်မျှ တုံ့ဆိုင်းခြင်းမရှိဘဲ ဆံပင်ဖြူအဘိုးကြီးသည် မိန်းမပျိုလေးကို ဘေးသို့တွန်းထုတ်ကာ သူမထံလာသည့်ဓားလမ်း ကြောင်းကို တားဆီးပိတ်ဆို့ရန် သူ၏ဓားဖြင့် တိုက်ရိုက် ခုတ်ပိုင်းလိုက်သည်။

ချွင်!

ဓားရှည်နှစ်ချောင်းသည် ထိပ်တိုက်တွေ့ဆုံမိပြီး စူးရှသော ဓားအလန်းတန်းတခု ထုတ်လွှတ်လိုက်သည်။

ပတ်ဝန်းကျင်ရှိ သဲများနှင့် ကျောက်တုံးများ ပေါက်ကွဲသွားကြသည်။

"ပထမအဆင့် ကောင်းကင်အလွှာ သိုင်းမြို့စားအဆင့် ကျွမ်းကျင်သူ နောက်တယောက်လား" ဆံပင်ဖြူ အဘိုးကြီး၏ အမူအရာမှာ သိသိသာသာ ပြောင်းလဲ သွားသည်။

ထိုအခိုက်အတန့်တွင် အဖြူရောင်ဝတ်စုံနှင့် အဖြူရောင် မျက်နှာဖုံးစွပ်ထားသည့်ကို အမျိုးသားတစ်ဦးသည် သူ၏ရှေ့တွင် ပေါ်လာသည်။

သို့သော်လည်း ယခုအခိုက်အတန့်တွင် သူ၏ နောက်မှ အနက်ရောင်ဝတ် လုပ်ကြံသတ်ဖြတ်သူသည် တဟုန်ထိုး ပြေးလာပြန်သည်။

ဆံပင်ဖြူအဘိုးအိုသည် ဟိန်းဟောက်လိုက်ရင်း သူ၏မျက်နှာက မဲမှောင်နေပြီး အဖြူရောင်ဝတ် လုပ်ကြံသတ်ဖြတ်သူ၏ဓားကို အဝေးသို့ တွန်းထုတ်လိုက်သည်။ သို့သော် သူ၏နောက်ကွယ်မှ အနက်ရောင်ဝတ် လုပ်ကြံသတ်ဖြတ်သူ၏ ထူးဆန်းသောဓားကို သူ ရှောင်တိမ်းနိုင်းခြင်း မရှိခဲ့ပေ။ သူ၏ဝမ်းဗိုက်ကို ဓားတိုက ထိုးဖောက်သွားပြီး သွေးများ ထွက်ကျလာသည်။

"အဘိုးချန်!"

မိန်းမပျိုလေးသည် ချက်ချင်းအော်ပြီး ဆံပင်ဖြူ အဘိုးကြီးဆီ ပြေးသွားသည်။

ဤအခိုက်အတန့်တွင် အနက်ရောင်၀တ် လုပ်ကြံသတ်ဖြတ်သူနှင့် အဖြူရောင်ဝတ် လုပ်ကြံသတ်ဖြတ်သူတို့သည် အရှိန်အဟုန်ဖြင့် တိုက်ခိုက်ခြင်း မရှိတော့ပေ။ ယင်းအစား သူတို့သည် ဆံပင်ဖြူအဘိုးကြီးနှင့် မိန်းမပျိုလေးကို ရယ်ရွှင်ဖွယ် အမူအရာဖြင့် ကြည့်နေကြသည်။

တစ်ချိန်တည်းမှာပဲ, မိန်းမပျိုလေး၏ဘက်မှ အစောင့်အကြပ်များသည် ကြီးကြီးမားမား ဆုံးရှုံးမှုကို ခံစားခဲ့ရ၏။

အစောင့်အကြပ်များသည် မူလက ၁၆ ယောက်ရှိခဲ့သော်လည်း ယခု ခြောက်ယောက်သာ ကျန်တော့သည်။ ဆံပင်ဖြူ အဘိုးကြီးသည် ဒဏ်ရာရသွား သည်ကိုမြင်ရလျှင် အားလုံးသည် ပြေးလာကြပြီး နောက်မှာရှိနေသည့် မိန်းမပျိုလေးကို အကာအကွယ်ပေးကြသည်။ လုပ်ကြံသတ်ဖြတ်သူများသည်လည်း သူတို့ကို ပြန်လည် ဝိုင်းရံရန် အခွင့်အရေးယူလိုက်ကြသည်။

"မင်းက ကောင်းကင်နတ်ဆိုးအဖွဲ့က အဖြူအမဲနတ်ဆိုးညီနောင် နှစ်ယောက်မလား။" ဆံပင်ဖြူ အဖိုးအိုက သူ၏ဒဏ်ရာကို ဖုံးအုပ်ပြီး အံ့သြစွာ ပြောလိုက်သည်။

အဖြူအမည်း ၀တ်စုံများဖြင့် လုပ်ကြံသတ်ဖြတ်နှစ်ယောက်သည် ဟက်ဟက် ပက်ပက် ရယ်မောလိုက်ကြပြီး တညီတညွတ်တည်း ပြောလိုက်ကြသည် “မှန်ပါတယ်၊ ငါတို့က ဒဏ္ဍာရီလာ အဖြူအမည်းညီနောင် နှစ်ဖော်ပဲ”

ကျန်သည့်အစောင့်အကြပ်များသည် တုန်တုန်ယင်ယင် ဖြစ်သွားကြပြီး မျက်နှာများ အပေါ်တွင် တုန်လှုပ်သွားကြသည်။ ကောင်းကင်နတ်ဆိုးအဖွဲ့သည် တော်၀င်ရန် အင်ပါယာတွင် အလွန်ကျော်ကြားသော လုပ်ကြံသတ်ဖြတ်ခြင်း အဖွဲ့အစည်းတစ်ခု ဖြစ်သည်။ ဤအဖွဲ့အစည်းသည် အလွန်အစွမ်းထက်ပြီး လျှို့ဝှက်ဆန်းကြယ်သည်။ သူတို့ ဌာနချုပ်သည် မည်သည့်နေရာတွင် ရှိနေမှန်း မည်သူမျှ မသိကြပေ။

အဖြူအမဲညီနောင်နှစ်ဖော်အတွက်မူ၊ သူတို့သည် ကောင်းကင်နတ်ဆိုးအဖွဲ့၏ လူသိများသော လုပ်ကြံသတ်ဖြတ်သူများ ဖြစ်ကြသည်။

သူတို့နှစ်ယောက်သည် အတူတူလှုပ်ရှားရသည်ကို သဘောကျကြသည်။ တစ်ယောက်က အနက်ရောင်အဝတ်အစားနှင့် အနက်ရောင်မျက်နှာဖုံးကို ၀တ်ထားပြီး နောက်တစ်ယောက်ကတော့ ဆန့်ကျင်ဘက် အဖြူရောင်အဝတ်အစားနှင့် အဖြူရောင် မျက်နှာဖုံးကို ဝတ်ဆင်ကြသည်။

သူတို့နှစ်ယောက်သည် နတ်ဆိုးများဖြစ်ကြပြီး သူတို့လက်ချက်ဖြင့် သေဆုံးသွား ခဲ့ကြသည့်လူ တစ်ထောင်မရှိဘူးဆိုလျှင်ပင် ကိုးရာတော့ ရှိလိမ့်မည်။

သူတို့နှစ်ယောက်၏ တိုက်ခိုက်မူကို ခံရသည့်အခါ တစ်ဦးတစ်ယောက်မှ အသက်ရှင် ကျန်ရစ်မှာ မဟုတ်ဘူးဟု ဆိုလိုသည်။

"အဋ္ဌမမင်းသားဟာ တကယ့်ကို ရက်စက်ကြမ်းကြုတ်ပြီး ရက်စက်ကြမ်းကြုတ် လွန်းလှပါတယ်။ သူက သူ့ညီမလေးကို အလွှတ်ပေးဖို့ တကယ်ကို ငြင်းဆန်ခဲ့ပြီး အခုလို ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်မျိုးကိုတောင် လုပ်ခဲ့တယ်" ဆံပင်ဖြူ အဘိုးကြီးသည် သွားများကို တင်းတင်းကြိတ်ကာ သူ၏မျက်လုံးများသည် ဒေါသစိတ်ဖြင့် ပြည့်နှက်နေသည်။

"ငါ မင်းတို့ကို တိုက်မယ်!"

အစောင့်တစ်ယောက်သည် ကျယ်ကျယ်လောင်လောင် အော်လိုက်ပြီး အဖြူအမည်း ညီနောင် နှစ်ဖော်ထံ ပြေးဝင်သွားသည်။

အဖြူရောင်ဝတ်စုံ၀တ် လုပ်ကြံသတ်ဖြတ်သူ၏ မျက်နှာဖုံးအောက်မှ အေးစက်သော ရယ်မောသံ ထွက်ပေါ်လာသည်။ သူ၏လက်ထဲရှိ ဓားတိုသည် ဓားအလင်းတချက် လင်းလက်ကာ လေထုထဲကို ဆွဲပိုင်းလိုက်သည်။

ထိုအစောင့်သည် အဖြူအမည်းနတ်ဆိုးနှစ်ဖော်ရှေ့ မရောက်ခင်မှာ သူ၏ခန္ဓာကိုယ် သည် နှစ်ပိုင်းကွဲသွားပြီး မြေပြင်ပေါ်လဲကျကာ သေဆုံးသွားခဲ့သည်။

"ဟမ့်၊ ကိုယ့်ခွန်အားကို ဘယ်လိုတိုင်းတာရမှန်းတောင် မသိတဲ့ကောင်ကများ။ မင်းတို့ ဒီနေ့သေရလိမ့်မယ်!" ၀တ်စုံဖြူ၀တ် လုပ်ကြံသတ်ဖြတ်သူက လှောင်ပြောင်ပြောသည်။

ထိုစကားကိုပြောပြီးနောက် အဖြူအမဲနတ်ဆိုးနှစ်ဖော်သည် မိန်းမပျိုလေးနှင့် အခြားအစောင့် အကြပ်များဆီသို့ တစ်လှမ်းချင်း တက်လှမ်းသွားကြသည်။

သက်လတ်ပိုင်းအရွယ် ကိုယ်ရံတော်နှင့် အခြားသူများ၏ မျက်နှာများပေါ်မှာတွင် ကြောက်ရွံ့မှုများနှင့် ပြည့်နှက်နေပြီး စိတ်ပိုင်းဖြတ်ထားမှု အရိပ်အယောင်များက သူတို့၏မျက်လုံးများတွင် လင်းလက်တောက်ပလာခဲ့သည်။

"ငါတို့ ဒီနေ့သေသွားရင်တောင် သခင်မလေးကို ကာကွယ်ပေးရမှာပဲ"

ဆံပင်ဖြူအဘိုးကြီး၏ မျက်လုံးများသည် ဆုံးဖြတ်ချက်ပြတ်သားမှုများ ပြည့်နှက်နေ သည်။ သူ၏ဝမ်းဗိုက်မှ ပြင်းထန်သည့်နာကျင်မှုကို ခံနိုင်ရည်ရှိအောင်တောင့်ခံပြီး မတ်တပ်ထရပ်ကာ သူ၏ရှေ့တွင်ရှိသည့် လုပ်ကြံသတ်ဖြတ်သူများကို တိုက်ခိုက်ရန် အဆင်သင့်ပြင်ထားသည်။

မိန်းမပျိုလေး၏ မျက်နှာသည် ထိတ်လန့်ကြောက်ရွံ့သော သမင်မလေးတစ်ကောင် ကဲ့သို့ ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေသည်။

"ဟမ့်၊ မင်းတို့အားလုံး ဒီနေ့သေရလိမ့်မယ်!" အဖြူအမည်းနတ်ဆိုးနှစ်ဖော်သည် တစ်ချိန်တည်းတွင် အေးစက်စွာ ဟစ်အော်လိုက်ကြသည်။

ထို့နောက် လူလတ်ပိုင်းအရွယ် အစောင့်အကြပ်နှင့် အခြားအစောင့်အကြပ်များဆီသို့ တဟုန်းထိုး ပြေးဝင်သွားကြ၏။

သို့သော် ထိုအခိုက်တန့်တွင်၊ ကြောက်မဲဖွယ်ကောင်းလှသည့် ဓားဆန္ဒာတစ်ခုသည် ကောင်းကင်ယံသို့ပျံတက်ပြီး ပတ်ဝန်းကျင်တစ်ခုလုံးကို ချက်ချင်းပင် ပျံ့နှံသွား၏

ထိုအချိန်တွင် လူတိုင်း၏လက်ထဲတွင်ရှိနေကြသသော ဓားများသည် တုန်ခါ လာကြသည်။

အနက်ရောင်ဓားတစ်ချောင်းသည် ကောင်းကင်ယံကို အလွန်လျင်မြန်စွာ ထိုးဖောက် ဖြတ်သန်းလာပြီး ကောင်းကင်ယံမှ ဆင်းသက်လာကာ အနက်ရောင်ဝတ် လုပ်ကြံ သတ်ဖြတ်သူတစ်ဦးကို မြေပြင်ပေါ်တွင် သံမှိုဖြင့် ရိုက်နှက်ထားသကဲ့သို့ ထိုးဖောက် စိုက်ဝင်သွားသည်ကို လူတိုင်းမြင်လိုက်ရသည်။

တစ်ချိန်တည်းမှာပင် ငရဲမှထွက်လာသကဲ့သို့ အေးစက်စက်အသံတစ်ခု ထွက်ပေါ်လာသည်။

"မင်းတို့အားလုံး ဒီနေ့ တစ်ယောက်မှ အသက်မရှင်ရဘူး။"

အားလုံးသည် အသံထွက်ပေါ်လာရာအရပ်ကို ခေါင်းကို ချက်ချင်း လှည့်ကြည့် လိုက်သည်။

ဆယ်ကျော်သက်လူငယ်တစ်ဦးသည် သူ၏ဦးချိုကုလားအုတ်မြင်းပေါ်မှ ဖြည်းညှင်းစွာ ထထိုင်လိုက်ပြီး အဖြူအမည်းနတ်ဆိုးနှစ်ဖော်နှင့် အခြားလုပ်ကြံသတ်ဖြတ်သူများကို အေးစက်သောအကြည့်ဖြင့် ကြည့်နေသည်။ သူ၏မျက်လုံးများသည် ရှေးဟောင်းဓား၏

အနှိုင်းမဲ့ ကြောက်မက်ဖွယ်ကောင်းသော အသွင်အပြင်ကို ဖော်ထုတ်ပြသနေခဲ့သည်။

တစ်ချက်ကြည့်လိုက်ရုံဖြင့်ပင် သူတို့၏ နှလုံးသားကို တုန်လှုပ်စေခဲ့သည်။

အခန်း (၂၀၄) သွေးစွန်းသောကြယ်များ

"အဲဒါ သူပဲ!"

ဆံပင်ဖြူအဘိုးကြီးနှင့် သက်လတ်ပိုင်းအရွယ် အစောင့်အကြပ်သည် လမ်းတစ်ဝက် တွင် တွေ့ခဲ့ဖူးသော လူငယ်ကို အံ့အားသင့်စွာ ကြည့်နေကြသည်။

သူတို့သည် ဤအကောင်ကို မေ့လုနီးပါးပင် ဖြစ်နေပြီ။ မူလတုန်းကတော့ ဤကောင်သည် ဟိုးအရင်ကတည်းက ထွက်ပြေးသွားခဲ့သည်မှာ ဖြစ်နိုင်ချေများ သည်ဟု သူတို့ထင်ခဲ့ကြသည်။ သို့သော် ယခု ထိုသူသည် အိပ်ယာမှနိုးလာပုံရပြီး ဤနေရာတွင် ရှိနေလိမ့်မည်ဟု သူတို့ မမျှော်လင့်ထားခဲ့ကြပေ။

ကြောက်မက်ဖွယ်ကောင်းသော ဓားဆန္ဒကို စစဦးဆုံး ခံစားမိသောအခါတွင် ပြိုင်ဘက်ကမ်း ကျွမ်းကျင်ပညာရှင်တစ်ဦးနှင့် တွေ့ရပြီး ပျော်ရွှင်ရတော့မည်ဟု သူတို့ ထင်ခဲ့ကြသော်လည်း အမှန်တကယ်တွင် ဤကောင်လေးဖြစ်ကြောင်း တွေ့ရှိရသော အခါတွင် သူတို့၏ မျက်နှာများသည် ချက်ချင်းပင် စိတ်ပျက်လက်ပျက် အမူအရာများ ပေါ်လာကြသည်။

ပထမအဆင့် ကောင်းကင်အလွှာ သိုင်းဂိုဏ်းချုပ်အဆင့် ကျွမ်းကျင်သူတစ်ဦးက ဘာများလုပ်နိုင်မှာလဲ။ ဤအဖြူအမဲနတ်ဆိုးညီနောင်သည် သိုင်းမြို့စားနယ်ပယ် ပထမအဆင့် ကောင်းကင်အလွှာတွင် ရှိနေကြသည်။

အဖြူအမဲနတ်ဆိုးညီနောင် နှစ်ဖော်အနေဖြင့် သူ့ကို ချေမွှပစ်ဖို့က ပုရွက်ဆိတ်ကို နင်းခြေသတ်သကဲ့သို့ လွယ်ကူလွန်းသည်။

"မြန်မြန်ထွက်သွားစမ်း၊ ဒီကိစ္စက နင်နဲ့ဘာမှမဆိုင်ဘူး။" မိန်းမပျိုလေးက ရုတ်တရက် အော်လိုက်သည်။

သူမသည် အလွန်ကြောက်လန့်နေသော်လည်း အကြောင်းပြချက်မရှိဘဲ သူမရှေ့မှာ ရှိနေသည့် ဤလူသည် ပါ၀င်ပတ်သက် ငြိစွန်းသွားမည်ကို မတွေ့မြင်လိုပေ။

ချင်ယွင်၏နှလုံးသည် ချက်ချင်းပင် လှုပ်ရှားသွားသည်။ ဤမိန်းမပျိုလေး၏ နှလုံးသားသည် အမှန်တကယ်ပင် သာမာန် ကြင်နာမှုမျိုး မဟုတ်ပေ။ ယခုလို အချိန်မျိုးမှာပင် သူမသည် အမှန်တကယ် သူ့အတွက် တွေးပေးချင်နေသေးသည်။

"ထွက်ပြေးမှာလား၊ သူ လွတ်မြောက်နိုင်မယ်လို့ရော ထင်လား" အမဲနတ်ဆိုးက အေးစက်စွာ ရယ်မောလိုက်သည်။ ပထမအဆင့် ကောင်းကင်အလွှာ သိုင်းဂိုဏ်းချုပ် အဆင့်လေးတစ်ယောက်က သူတို့ရှေ့မှာ မာနထောင်လွှားဝံ့သည်။ ဒါက သေခြင်းတရားကို တောင်းခံနေတာ မဟုတ်ဘူးလား။ ထို့နောက် သူ၏ဘေးနားရှိ အနက်ရောင်ဝတ် လုပ်ကြံသတ်ဖြတ်သူကို ချက်ချင်း အမိန့်ပေးလိုက်သည် “သွား၊ အဲဒီကောင်ရဲ့ဦးခေါင်းကို ဖြတ်ပစ်လိုက်” ။

"ဟုတ်ကဲ့ပါ!" အနက်ရောင်ဝတ် လုပ်ကြံသတ်ဖြတ်သူသည် ချက်ချင်း ပြန်ဖြေပြီးနောက် ချင်ယွင်ဆီသို့ ပြေးသွားခဲ့သည်။

ချင်ယွင်သည် သူ၏မျက်လုံးများတွင် သတ်ဖြတ်လိုသည့်ဆန္ဒအဖြင့် သူ့ဆီ ပြေးလာနေသော လုပ်ကြံသတ်ဖြတ်သူကို ကြည့်နေသည်။

သူ၏လက်ချောင်းများကို ဓားတစ်ချောင်းကဲ့သို့ ဖန်တီးလိုက်ပြီး ဓားချီအမျှင်တန်း တစ်ခုက သူ၏လက်ချောင်းထိပ်များမှ ချက်ခြင်း ပန်းထွက်လာသည်။

ချင်ယွင်သည် ချက်ချင်းပင် အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး သူ့ဆီပြေးလာသော လုပ်ကြံသတ်ဖြတ်သူကို ပွတ်ကာသီကာ ဖြတ်ကျော်လိုက်သည်။

ဓားအလင်းသည် ညအခါ၌ ဥက္ကာပျံကဲ့သို့ လင်းလက်သွားသည်။

ထို့နောက် လုပ်ကြံသတ်ဖြတ်သူ၏ လည်ပင်းမှာ သွေးထွက်သံယို ဒဏ်ရာတစ်ခု ပေါ်လာပြီး တဖြည်းဖြည်း ကျယ်ပြန့်လာသည်။ နောက်ဆုံးတွင် ထိုလူ၏ ဦးခေါင်းတစ်ခုလုံး မြေပြင်ပေါ်သို့ ပြုတ်ကျသွားကာ တိုင်လုံးတခုကဲ့သို့ သွေးများလည်း ပန်းထွက်သွားသည်။

ချင်ယွင်သည် သူ၏နောက်ကွယ်မှာ ပြိုလဲကျကျန်ခဲ့သည့် အလောင်းကို လှည့်ပင်မကြည့်ပေ။ ထိုအချိန်တွင်၊ သူသည် အဖြူအမဲနတ်ဆိုးညီနောင်ဆီသို့ တစ်လှမ်းချင်း လျှောက်လှမ်းလာနေပြီး သူ၏မျက်လုံးများတွင် သတ်ဖျက်လိုသည့် အရိပ်အရောင်များ ထွက်ပေါ်နေ၏။

မူလက သူသည် ဤကိစ္စကို ဝင်မစွက်ဖက်ချင်သော်လည်း မိန်းမပျိုလေးသည် သူ့ကို ကူညီပေးခဲ့သည့်အတွက်ကြောင့် သူသည် ဆိတ်ကွယ်ရာမှာ တိတ်တဆိတ် ထိုင်ကြည့်နေရုံဖြင့် အဆုံးမတတ်နိုင်တာ သဘာဝပါပဲ။ ထိုလူများသည် မိန်းမပျိုလေးကို သတ်ချင်နေသည်ဆိုမှတော့ သူသည် ဘာမှမလုပ်ဘဲ ထိုင်နေလို့ မရတော့ပေ။

ဒီအခြေအနေထိ ရောက်လာမှတော့ ဒီကောင်တွေအားလုံး သေရမယ်။

"သူက အဲဒီလုပ်ကြံသတ်ဖြတ်သူကို တစ်ချက်တည်းနဲ့ သတ်လိုက်တာ ငါတောင် မယုံနိုင်ဘူး!" လူလတ်ပိုင်းအရွယ် အစောင့်အကြပ်သည် တုန်လှုပ်သွားပြီး သူ၏ မျက်လုံးများတွင် မယုံကြည်နိုင်မူများဖြင့် ပြည့်နေသည်။

အစောပိုင်းလေးက သူ့ဆီပြေးဝင်သွားသော လုပ်ကြံသတ်ဖြတ်သူသည် သတ္တမအဆင့် ကောင်းကင်အလွှာ သိုင်းဂိုဏ်းချုပ်အဆင့် ကျွမ်းကျင်သူတစ်ဦးဖြစ်ပြီး သိုင်းဂိုဏ်းချုပ် နယ်ပယ်၏ ပထမအဆင့် ကောင်းကင်အလွှာ ဖြစ်သည့်သူက ထိုလုပ်ကြံ သတ်ဖြတ်သူကို ချက်ခြင်းသတ်ပစ်နိုင်လိမ့်မည်ဟု မည်သူကရော ထင်ထားမည်နည်း။

ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။

ဘေးနားရှိ ဆံပင်ဖြူအဘိုးကြီးသည်ပင် အံ့သြသည့်အမူအရာ ပေါ်လာသည်။

အဖြူအမည်းနတ်ဆိုးညီနောင်နှစ်ဖော်သည် သူတို့၏ မျက်လုံးများကို မှေးကျဉ်းထား ကြသည်။ အဖြူရောင်၀တ်နတ်ဆိုးက သူတို့ဆီ တစ်လှမ်းချင်း လျှောက်လှမ်း လာနေသော ချင်ယွင်ကို ကြည့်ပြီး "မျိုးမစစ်ကောင်၊ မင်းက သိုင်းဂိုဏ်းချုပ် နယ်ပယ်ရဲ့ ပထမအဆင့် ကောင်းကင်အလွှာ ကျင့်ကြံသူတစ်ဦး မဟုတ်ဘူး မလား "

ချင်ယွင်က ပြုံးပြီးပြန်ပြောသည် "ခင်ဗျားပြောတာ မှန်ပါတယ်၊ အဟီး၊ ငါက ငါ့ရဲ့ ကျင့်ကြံမှု အဆင့်ကို ဖုံးကွယ်ထားခဲ့တာ"

ထိုသို့ပြောပြီးနောက် ချင်ယွင်သည် နတ်ဘုရားအသွင်ပြောင်းခြင်းပညာရပ်ကို တိုက်ရိုက် အသုံးပြုလိုက်ပြီး သူ၏ မူလကျင့်ကြံမှုအဆင့်ကို ထုတ်ဖော်လိုက်သည်။

သိုင်းဂိုဏ်းချုပ်နယ်ပယ်၏ နဝမအဆင့် အထွတ်အထိပ် ကောင်းကင်အလွှာ အငွေ့ အသက်သည် ပတ်ဝန်းကျင်တစ်ခုလုံး ချက်ချင်း ပြည့်သွားသည်။

"ဒါဆို မင်းက သိုင်းဂိုဏ်းချုပ်နယ်ပယ်ရဲ့ နဝမအဆင့် ကောင်းကင်အလွှာ အထွတ်အထိပ် ကျွမ်းကျင်သူ တစ်ဦးပေါ့။ သတ္တမအဆင့် ကောင်းကင်အလွှာ သိုင်းဂိုဏ်းချုပ်အဆင့် ကျွမ်းကျင်သူတစ်ဦးကို ချက်ချင်း သတ်ပစ်နိုင်ခဲ့တာ အံ့ဩစရာ မရှိပါဘူး။ ဒါပေမယ့် ငါတို့နှစ်ယောက်က သိုင်းမြို့စားအဆင့် ကျွမ်းကျင်သူတွေဆိုတာ မင်း မေ့သွားပုံရတယ် ဟုတ်တယ် မဟုတ်လား။ မင်းက အရမ်းသန်မာနေမှတော့ သေရမှာ မကြောက်ဘူးလား။ အဖြူရောင်ဝတ်နတ်ဆိုးကလှောင်ရယ်လိုက်လိုက်ပြီး သူ၏ပါးစပ်ထောင့်မှ ပြင်းထန်သည့် လှောင်ပြောင်ဟန်ကို ထုတ်ဖော်ထား၏။

ချင်ယွင်၏ ပါးစပ်ထောင့်တွင်သည်လည်း ရယ်မောဟန် ထွက်ပေါ်လာသည်။

သူတို့က သိုင်းမြို့စားအဆင့် ကျွမ်းကျင်သူတွေဆိုရင်ကော ဘာဖြစ်လဲ။

သူသတ်ခဲ့တဲ့ သိုင်းမြို့စားအဆင့်ကျွမ်းကျင်သူက လူအနည်းစုပဲ ရှိသေးတာလား?

အဖြူရောင်ဝတ်နတ်ဆိုး၏ မျက်လုံးများသည် ချက်ချင်း မှေးကျဉ်းသွားသည်။ သူ့ကို ယခုလို လှောင်ပြောင်ဟန်ဖြင့် ကြည့်သည့်လူများကို သူအမုန်းဆုံး ဖြစ်သည်။ သူ့ကို ယခုလိုကြည့်သည့်လူတိုင်း အဆုံးသတ်မှာ သေဆုံးသွားခဲ့ရသည်။ ယခုတော့ သူ၏ မျက်စိရှေ့မှာပင် နဝမအဆင့် အထွတ်အထိပ် ကောင်းကင်အလွှာ သိုင်းဂိုဏ်းချုပ်အဆင့် ကျွမ်းကျင်သူတစ်ဦးက သူ့ကို ယခုလိုအကြည့်မျိုးဖြင့် ကြည့်ရန် သတ္တိရှိနေ၏။ ထိုသူသည် အမှန်တကယ်ပင် သေခြင်းတရားကို တောင်းခံနေခြင်း ဖြစ်သည်။

"ငရဲကိုသွားလိုက်တော့!"

အဖြူရောင်၀တ်နတ်ဆိုးသည် ဒေါသတကြီးအော်ဟစ်ပြီး ချင်ယွင်ဆီကို အရှိအဟုန် ပြင်းပြင်းဖြင့် ပြေး၀င်သွားသည်။

ချင်ယွင်သည် အေးစက်စွာ အော်ဟစ်လိုက်ပြီး သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။ သဲထဲသို့ ထိုးစိုက်နေသောဓားသည် ချင်ယွင်၏လက်ထဲသို့ လျင်မြန်စွာ ပြေးဝင်လာသည်။

ချင်ယွင်သည် ပုံရိပ်ယောင်များအဖြစ် ဆက်တိုက်ပြောင်းလဲပြီးနောက် အဖြူရောင် ဝတ်နတ်ဆိုးကို ဖြတ်ကျော်သွားခဲ့သည်။

အရာအားလုံးသည် တခဏအတွင်း ပြီးဆီးသွားခဲ့သည်။ အနက်ရောင်ဓားအလင်းသည် အဆိပ်ပြင်းသည့် မြွေနက်ကဲ့သို့ အဖြူရောင်ဝတ်နတ်ဆိုး၏ လည်ပင်းကို ဖြတ်သွားခဲ့သည်။

အဖြူရောင်ဝတ်နတ်ဆိုး၏ မျက်လုံးများသည် မယုံကြည်နိုင်မူများဖြင့် ပြည့်နှက်နေ သည်။ သူသေရမည်ဆိုလျှင်ပင် နဝမအဆင့် ကောင်းကင်အလွှာ အထွတ်အထိပ် သိုင်းဂိုဏ်းချုပ်အဆင့် ကျွမ်းကျင်သူတစ်ဦး၏လက်ထဲတွင် အမှန်တကယ် သေဆုံးရလိမ့်မည်ဟု သူ ဘယ်သောအခါမှ မထင်ထားမိခဲ့ပေ။

ဘေးနားရှိအစောင့် အကြပ်များသည်လည်း အံ့ဩသွားကြသည်။ ဆံပင်ဖြူအဘိုးကြီး သည်ပင် လွန်စွာ ထိတ်လန့်တုန်လှုပ်သွားသည့် အမူအရာကို ထုတ်ပြနေသည်။

နဝမအဆင့် ကောင်းကင်အလွှာ အထွတ်အထိပ် သိုင်းဂိုဏ်းချုပ်အဆင့် ကျွမ်းကျင်သူ

တစ်ဦးက ပထမအဆင့် ကောင်းကင်အလွှာ သိုင်းမြို့စားအဆင့် ကျွမ်းကျင်သူကို ချက်ချင်း သတ်ပစ်လိုက်သည်လား။

ယင်းက ကောင်းကင်ဘုံကိုပင် အံတုလွန်းနေသည်။

ထိုအခိုက်တွင် ဆံပင်ဖြူအဘိုးအိုသည် သူပြောခဲ့ဖူးသော "ဒီကောင် ဘယ်သွားသွား အချည်းနှီး သေရုံပဲရှိလိမ့်မယ်" ဟူသော စကားများကို သတိရပြီး "သူ၏ မျက်နှာသည် ချက်ချင်းပင် ပူစပ်ပူလောင်ဖြစ်လာသည်။

ဘေးနားရှိ မိန်းမပျိုလေးသည် သူမ၏ မျက်နှာဖုံးအုပ်အောက်တွင် အလွန်အံ့သြသည့် အမူအရာကို ထုတ်ဖော်နေခဲ့သည်။ ဤလူငယ်သည် အမှန်တကယ် အစွမ်းထက်လိမ့် မည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။ သူ၏စွမ်းအားက သူမ၏အဖိုးချန်ထက်ပင် သာပုံရသည်။

ဤလူငယ်၏ပုံစံအရ သူသည် သူမနှင့် အသက်တူလောက် ဖြစ်လိမ့်မည်။

သူမသည် မကျင့်ကြံခဲ့သော်ငြားလည်း သူမ၏ ပတ်၀န်းကျင်မှာ ကျင့်ကြံသူများ ဝိုင်းဝိုင်းလည်နေသည်။ ထုံးစံအတိုင်း၊ ဤအရာက မည်သည့်အရာကို ဆိုလိုမှန်း သူမ သိသည်။

၎င်းသည် ပါရမီရှင်တစ်ဦးအဖြစ်သာ ဖော်ပြနိုင်သည့်အရာ မဟုတ်တော့ဘဲ လူတို့ မကြာခဏပြောလေ့ရှိသော မွန်းစတာတစ်ကောင် ဖြစ်လေသည်။

"ခွေးကောင်၊ ငါ မင်းကို တိုက်မယ်!" အနက်ရောင်ဝတ်နတ်ဆိုး၏ မျက်လုံးများမှ တဆင့် ပြင်းထန်သော မီးတောက်မီးလျှံများ တောက်လောင်လာသည်။

အဖြူရောင်ဝတ်နတ်ဆိုးသည် သူ၏အစ်ကို ဖြစ်သည်။ သူတို့နှစ်ယောက်သည် ငယ်စဉ် ကလေးဘဝကတည်းက တစ်ယောက်နှင့်တစ်ယောက် မခွဲနိုင်ခဲ့ကြပေ။ ယခုတော့ အဖြူရောင်နတ်ဆိုးသည် သူ၏ရှေ့မှ လူငယ်လေး၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရပြီးနောက် သူ မည်ကဲ့သို့ ဒေါသမထွက်နိုင်ဘဲ နေမည်နည်း။

ထို့ကြောင့် သူသည် ချက်ချင်းထွက်လာပြီး သူ၏လက်ထဲမှ ဓားတိုဖြင့် ချင်ယွင်၏ လည်ပင်းဆီသို့ ဝှေ့ယမ်းလိုက်သည်။

သူသည် အဖြူရောင်နတ်ဆိုးအတွက် လက်စားချေရန် ချင်ယွင်၏အလောင်းကို အစိတ်ပိုင်း တစ်သောင်းအဖြစ် ဖြိုခွဲပစ်ချင်သည်။

သို့သော် ချင်ယွင်သည် သူ၏မျက်လုံးများတွင် အနည်းငယ်မျှ သနားစိတ်မဖြစ်မိပေ။ ဤကောင်တွေရဲ့လက်ထဲမှာ မရေမတွက်နိုင်တဲ့ အသက်တွေ မဆုံးရှုံးခဲ့ရဘူးလား။ ကျိတ်ပြီးရယ်မောခြင်းနှင့်အတူ၊ သူ၏လက်ထဲတွင်ရှိသော ကြယ်နက်ဓားသည် ရှေးဟောင်းဓားဆန္ဒ အရိပ်အယောင်ကို ချက်ချင်း ထုတ်လွှတ်လိုက်သည်။

ထို့နောက် လူတိုင်းသည် အလွန်ရိုးစင်းသော ဓားတစ်ချောင်းကို တွေ့လိုက်ရသည်။ သို့သော် ချက်ခြင်းတွင်၊ ချင်ယွင်ဆီသို့ မာန်ဟုန်ပြင်းပြင်းဖြင့် ပြေးလာနေသော အနက်ရောင်နတ်ဆိုးသည် သူ၏မျက်ခုံးကြားရှိနေရာတည့်တည့်မှကွဲထွက်သွားခဲ့ပြီး သွေးအိုင်ထဲသို့ ကျသွားသည်။ သူသည် မသေဘဲမနေနိုင်တော့ပေ။

"ဟင့်!"

လူတိုင်းသည် အေးစက်သောလေကို ရှုရှိုက်လိုက်ကြသည်။

ချင်ယွင်၏ကျောပြင်ကို တစ်ချက်ကြည့်လိုက်လျှင် သူသည် ချက်ချင်းပင် မယှဉ်သာနိုင် လောက်အောင် အရပ်မားမြင့်နေသလို ခံစားရသည်။ ယခင်အစတုန်းလို သူ၏ မျက်လုံးများထဲတွင် လှောင်ပြောင်မူအရိပ်ယောင်များ မရှိတော့။ ထိုအချိန်တွင် သူသည် ထိတ်လန့်တုန်လှုပ်ပြီး ကြောက်စရာကောင်းသူအဖြစ် ရှိနေသည်။

အနက်ရောင်ဝတ်ထားသည့် လုပ်ကြံသတ်ဖြတ်သူများသည် တစ္ဆေသရဲတစ္ဆေကို မြင်သည့်အလား ကြောက်လန့်တကြား ထွက်ပြေးသွားကြသည်။

ချင်ယွင်က အေးစက်စွာ ဟစ်အော်လိုက်သည်။

သူ၏လက်ထဲရှိ အနက်ရောင်ဓားကို ပစ်လွှင့်လိုက်ပြီး အနက်ရောင်အလင်းတန်းတစ်ခု အဖြစ် ရောင်းလဲသွားသည်။

ယင်းနောက်မှာတော့ အော်ဟစ်သံများ ဆက်တိုက်ထွက်ပေါ်လာပြီး ဒါဇင် သို့မဟုတ် ထို့ထက်ပိုများသော အနက်ရောင်ဝတ် လုပ်ကြံသတ်ဖြတ်သူများအားလုံး ပွဲချင်းပြီး သေဆုံးသွားခဲ့ရသည်။

ဆံပင်ဖြူ အဘိုးကြီး၏ မျက်လုံးများသည် အံ့သြမှုများနှင့် ပြည့်နှက်နေပြီး သူ၏ မျက်နှာပေါ်တွင် ပျော်ရွှင်မှု အရိပ်အယောင် ပေါ်လာသည်။ သူသည် ချင်ယွင်ကို ကျေးဇူးတင်သည့် အကြည့်များဖြင့် ကြည့်လိုက်သည်။

မည်သို့ပင်ဆိုစေကာမူ သူတို့သခင်မလေး၏ အသက်ကို ကယ်တင်နိုင်ခဲ့သည်။

သို့သော်လည်း ထိုအချိန်တွင် ချင်ယွင်သည် ၎င်းတို့အား လျစ်လျူရှုထားပြီး ဘာမှမရှိသည့် ကောင်းကင်ယံကို လှည့်ကြည့်ရန် ခေါင်းကို ပြန်လှည့်လိုက်သည်။ ထို့နောက် သူက အလျင်အမြန် အော်ပြောလိုက်သည်။

"ခင်ဗျား ဒီကိုရောက်လာမှတော့ ဘာလို့ ကိုယ့်ကိုကိုယ် ကိုယ်ထင်မပြရတာလဲ" ချင်ယွင်၏ ဟစ်အော်သံသည် ကြောက်မက်ဖွယ်ကောင်းသော ဓားဆန္ဒဖြင့် ရောထွေးနေကာ ကမ္ဘာကြီးတခုလုံးကို တုန်လှုပ်သွားစေခဲ့သည်။

"ဟား၊ ဟား၊ ဒီမစ်ရှင်ကို ငါကိုယ်တိုင်လုပ်ဖို့ မလိုအပ်ဘူးလို့ အစတုန်းက ထင်ထားခဲ့တယ်။ ဒါပေမယ့် ဒီအဖွဲ့မှာ ပုန်းအောင်းနေတဲ့ မင်းလို ပညာရှင်တစ်ယောက် ရှိလိမ့်မယ်လို့ ငါ မမျှော်လင့်ထားဘူး။ စိတ်ဝင်စားဖို့ ကောင်းတယ်။"

ကောင်းကင်ယံမှ ရယ်မောသံတစ်ခု ထွက်ပေါ်လာသည်။

ထို့နောက် ပုံရိပ်တစ်ခုသည် ဓားရှည်တစ်‌ချောင်းကဲ့သို့ လျင်မြန်စွာ ဖြတ်သန်းလာကာ ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ဆင်းသက်လာသည်။

သဲမြေပြင်ကြီးတစ်ခုလုံးကို နက်ရှိုင်းသောတွင်းနက်ကြီးတခုအဖြစ်သို့ တွန်းထိုးဖြိုခွဲပစ် လိုက်သည်။ ချောမောခန့်ညားသော လူငယ်တစ်ဦးသည် လေထဲမှ ဖြည်းညှင်း စွာ ထွက်ပေါ်လာပြီး ချင်ယွင်ကို ကျီစားလိုသည့် အမူအရာဖြင့် ကြည့်လိုက် သည်။

အခန်း (၂၀၅)အစိမ်းရောင်ဝတ်ဓားသူတော်စင်လေး။

"သူက … ကောင်းကင်နတ်ဆိုးအဖွဲ့ရဲ့ အစိမ်းရောင်ဝတ် ဓားသူတော်စင်လေး… လန်ရှန်းယွန် မဟုတ်လား !" ဆံပင်ဖြူ အဘိုးကြီးသည် အံ့သြစွာပြောလိုက်သည်။

"အစိမ်းရောင်ဝတ် ဓားသူတော်စင်လေးတဲ့လား?" ချင်ယွင်သည် တဟားဟားရယ်ပြီး ထပ်ခါတလဲလဲ ရေရွတ်ပြောမိသည်။

ဓားသူတော်စင်လေးတဲ့လား?

ဒါဆို သူက ဓားနဲ့ပတ်သက်ပြီး ကျွမ်းကျင်သူပေါ့။

ချင်ယွင်သည် တွင်းနက်ကြီးထဲမှ လျှောက်ထွက်လာသော လူငယ်ကို ကြည့်လိုက်ရာ အမှန်တကယ်ပင် ထိုလူငယ်သည် အစိမ်းရောင်၀တ်စုံ ဝတ်ထားသည်ကို တွေ့လိုက်ရ သည်။ ထိုလူ၏ခါးသည် ကောင်းကင်ယံကို တည့်တည့် ထိုးညွှန်ပြနေသည့် ထက်ရှသော ဓားတစင်းကဲ့သို့ ဖြောင့်တန်းနေပြီး သူ၏ခန္ဓာကိုယ်မှပင် စူးရှသော အငွေ့အသက်များ ထွက်ပေါ်လာနေသည်။

"သေချာတာပေါ့၊ သူက ဓားတွေကိုအသုံးပြုရာမှာ ကျွမ်းကျင်သူပဲ။ သူက ဓားဆန္ဒကို ကောင်းကောင်းနားလည်ထားတဲ့ အပေါင်း‌ဖော်တစ်ဦးလို့ ထင်ရတယ်။ နောက်ပြီး၊ သူ့ရဲ့ကျင့်ကြံမှုအဆင့်က တကယ်ပဲ သိုင်းမြို့စားနယ်ပယ်ရဲ့ တတိယအဆင့် ကောင်းကင်အလွှာကို ရောက်ရှိနေပြီ။ သူ့အစွမ်းကို လျှော့တွက်လို့ မရဘူး။” ချင်ယွင်၏ မျက်လုံးများတွင် အံ့အားသင့်သော အမူအရာ ပေါ်လာသည်။

ထိုအချိန်တွင် လူငယ်သည် ချင်ယွင်ကို သူ၏မျက်နှာပေါ်တွင် ကျီစယ်လိုသော အပြုံးဖြင့် ကြည့်နေသည်။

ချင်ယွင်သည် ဓားဆန္ဒကို အမှန်တကယ် အသုံးချနိုင်သည်ကို သူသည် အရင်ကတည်းက တွေ့ရှိခဲ့ပြီးဖြစ်ကာ၊ ထိုဓားဆန္ဒသည် အလွန်ရှေးကျပြီး သိမ်မွေ့ နက်နဲလွန်းလှသဖြင့် သူ၏ နှလုံးသားထဲတွင် လေးစားသည့် ခံစားချက်ကိုပင် ဖြစ်ပေါ်စေပြီး မလေးစားပဲ မနေနိုင်ခဲ့ပေ။

ဤအရာက သူ့ကို အလွန်တုန်လှုပ်သွားစေခဲ့သည်။ သူ့ကို ဓားသူတော်စင်လေးဟု တင်စားခေါ်ဝေါ်ရခြင်း၏ အကြောင်းရင်းမှာလည်း သူသည် ဓားကို အလွန်စွဲလမ်း လွန်းရုံသာမက ဓားတာအိုအပေါ် နားလည်သဘောပေါက်နိုင်စွမ်းမှာ အခြား သာမန်လူများနှင့် နှိုင်းယှဉ်လို့ရသည့်လူမျိုး မဟုတ်သောကြောင့် ဖြစ်ပါသည်။ မျိုးဆက်ဟောင်း ကျွမ်းကျင်သူများသည်ပင်လျှင် သူ၏ရှေ့ မှောက်တွင် သူ့ပြိုင်ဘက် မဟုတ်ပေ။

သို့ပေမယ့် ယခုအချိန်မှာ လူငယ်တစ်ယောက်သည် ဓားဆန္ဒကို အသုံးချနိုင်သည်ကို သူတွေ့ရှိခဲ့ရသည်။ ထို့အပြင်၊ ထိုလူငယ်၏ ဓားအပေါ် နားလည်နိုင်စွမ်းသည် သူ့ထက်ပင် သာလွန်နေပုံရသည်။ ယင်းက သူ့ကို ချက်ချင်း တိုက်ခိုက်ရန် တွန်းအား ဖြစ်စေသည်။

သို့သော် ဤလူငယ်၏ ကျင့်ကြံမှုအဆင့်သည် အလွန်နိမ့်ကျပုံရသည်။ သူ၏ ဓားဆန္ဒသည် မည်မျှပင် သန်မာအစွမ်းထက်နေပါစေ၊ အကြွင်းမဲ့ခွန်အား၏ရှေ့တွင်၊ သူ၏သိုင်းကွက်အားလုံးသည် အချည်းနှီး‌ပြောစရာ အဖြစ်သာ ကျန်ရစ်ရလိမ့်မည်။

"အရင်က မင်းကို တိုက်ခိုက်ချင်ပေမယ့် အခု မလိုအပ်တော့ပါဘူး" အစိမ်းရောင်ဝတ် ဓားသူတော်စင်လေး လန်ရှန်းယွန်သည် သူ၏အသံတွင် နောင်တရဟန်‌ ရောစွတ်ပြီး အထင်သေးဟန် အပြည့်ဖြင့် ဆိုလိုက်သည်။

"အိုး? ဘာဖြစ်လို့လဲ?" ချင်ယွင်က ရယ်မောရင်း မေးလိုက်သည်။

အစိမ်းရောင်ဝတ်ထားသည့် ဓားသူတော်စင်လေးက "မင်းရဲ့ ကျင့်ကြံမှုအဆင့်က နိမ့်ကျလွန်းအားကြီးတယ်။ မင်းရဲ့ဓားဆန္ဒက အရမ်းသန်မာပေမယ့် ငါ့ရှေ့မှာတော့ မင်းဟာ ညှဉ်းပန်းနှိပ်စက်ပြီး သတ်ဖြတ်ခံရရုံပဲရှိလိမ့်မယ်!"

"မင်းက ငါ့ကို ညှဉ်းပမ်းနှိပ်စက်ပြီး သတ်ပစ်နိုင်မယ်လို့ မင်း တကယ်ယုံကြည်လား" ချင်ယွင်သည် ရယ်မောလိုက်ပြီး သူ၏မျက်လုံးထောင့်၌ အေးစက်စက် အရိပ်အယောင်တစ်ခု ပေါ်လာသည်။

သူ၏ဘဝတွင် သူအမုန်းဆုံးအရာမှာ မောက်မာထောင်လွှားသူများ ဖြစ်သည်။ အစိမ်းရောင်ဝတ် ဓားသူတော်စင်လေးဆိုသူသည် အလွန်သန်မာသော်လည်း သူ၏ အပြောအဆို အမူအရာသည် ချင်ယွင်ကို အလွန်စိတ်မချမ်းသာစေခဲ့ပေ။

သူ၏ပုံစံက မထီမဲ့မြင်ပြုသည့်ပုံစံ မောက်မာလေသံဖြင့် ဖြစ်သည်။

"ဟမ့်၊ စောစောလေးက အဖြူအမည်းနတ်ဆိုး နှစ်ကောင်ကို မင်းအနေနဲ့ ချက်ချင်း သတ်ပစ်နိုင်ခဲ့တဲ့အတွက်ကြောင့် မင်းက ငါ့ကို တိုက်ဖို့ အရည်အချင်းပြည့်မီတယ်လို့ မထင်လိုက်နဲ့။ မင်းကို အမှန်အတိုင်း ပြောရမယ်ဆိုရင် ငါက လက်တစ်ဖက်တည်း နဲ့တောင် အဲဒီအဖြူအမဲနတ်ဆိုးနှစ်ကောင်လို အမှိုက်ဆယ်ယောက်ကို ချေမှုန်းပစ်နိုင် တယ်" လန်ရှန်းယွန်၏ မျက်နှာမှာလည်း ဒေါသများဖြင့် ပြည့်နှက်နေသည်။

သူ အစိမ်းရောင်၀တ် ဓားသူတော်စင်လေးဟူ‌သော အမည်ကို ရခြင်းသည် ဓားတာအိုနှင့် ပတ်သက်လျှင် တော်၀င်ရန်အင်ပါယာတွင် ထင်ရှားကျော်ကြားသော ဓားပါရမီရှင်တစ်ယောက် ဖြစ်သောကြောင့် ဖြစ်သည်။

သူ၏စွမ်းအားဖြင့် သာမန် ပဉ္စမအဆင့် ကောင်းကင်အလွှာ သိုင်းမြို့စားအဆင့် ကျွမ်းကျင်သူတစ်ဦးသည်ပင် နောက်ဆုတ်ရပေလိမ့်မည်။ သူ၏ရှေ့ရှိ န၀မအဆင့် ကောင်းကင်အလွှာ အထွက်အထိပ် သိုင်းဂိုဏ်းချုပ်အဆင့်လေးတစ်ဦးက တကယ်ပဲ သူ့ကို ယခုလိုပုံစံဖြင့် ရန်စရဲသည်။၊ ယင်းက အမှန်တကယ်ပင် သေခြင်းတရားကို တောင်းခံနေခြင်း ဖြစ်ပေသည်။

" ကောင်စုတ်၊ မင်းသေချင်နေတာလား" လန်ရှန်းယွန်၏ မျက်လုံးများတွင် သတ်ဖြတ်လိုသည့်ဆန္ဒ အရိပ်အယောင်များ ပေါ်လာသည်။

သို့သော် ချင်ယွင်သည် နောက်ထပ်စကားလုံးများဖြင့် အချိန်မဖြုန်းတီးတော့ပေ။ သူ၏လက်ထဲရှိ ကြယ်နက်ဓားသည် အနက်ရောင်အလင်းတန်းတစ်ခုအဖြစ် ချက်ချင်း ဆိုသလို တောက်လောင်လာခဲ့သည်။

ရှေးဟောင်းဓား၏ ဓားဆန္ဒသည် ချက်ချင်းပင် လေထဲထုမှာ ပြည့်နှက်သွားခဲ့ပြီး၊ မရေမတွက်နိုင်သော ဓားရှည်များသည် ကောင်းကင်နှင့် မြေကြီးကြား လေထုထဲတွင် လွင့်မျောနေသကဲ့သို့ပင် ရှိနေသည်။

"သူ လှုပ်ရှားလိုက်ပြီလား" လူလတ်ပိုင်းအရွယ်အမျိုးသားသည် အံ့အားသင့်စွာ ပြောလိုက်သည်။

သူသည် အစိမ်းရောင်၀တ် ဓားသူတော်စင်လေး၏ အကြောင်းကို ယခင်က ကြားဖူးသည်။ ဤလူသည် ကောင်းကင်နတ်ဆိုးအဖွဲ့၌ပင် အစွမ်းထက်သော တည်ရှိမှု တခုဖြစ်ကြောင်း သူကြားဖူးသည်။ သူသည် မရေမတွက်နိုင်သော သိုင်းမြို့စားအဆင့် ကျွမ်းကျင်သူများကို သတ်ရန် ထိပ်တန်းဓားသိုင်းပညာရပ်တခုကို အသုံးပြုခဲ့သည်။ သူ၏ ဤလုပ်ဆောင်ချက်များသည် တော်၀င်ရန်အင်ပါယာတစ်ခုလုံးပင် ပျံ့နှံ့သွားခဲ့ သည်။

သို့သော် ချင်ယွင်၏စွမ်းအားသည် သန်မာသော်လည်း အစိမ်းရောင်ဝတ် ဓားသူတော်စင်လေး လန်ရှန်းယွန်နှင့်နှိုင်းယှဉ်ပါက ကာလတာရှည်ကြာအောင် အခိုင်အမာ သက်သေထူနိုင်ခဲ့သော လန်ရှန်းယွန်ကို အနိုင်ယူရန် အခွင့်အလမ်းမရှိပေ။

နောက်တစ်ခုက ကျင့်ကြံမှုအဆင့် ကွာဟချက်က ကြီးမားလွန်း၏။ သူတို့နှစ်ယောက် ကြားတွင် အဓိကနယ်ပယ်ကြီးတစ်ခုနှင့် နယ်ပယ်လေး သုံးခု၏ ခြားနားချက်ရှိသည်။ ဤအရာကို မည်ကဲ့သို့ တိုက်ခိုက်နိုင်မည်နည်း။

ဘေးနားရှိ ဆံပင်ဖြူအဘိုးကြီးသည်လည်း မျက်မှောင်ကြုတ်ကာ သူ၏မျက်လုံးများတွင် စိုးရိမ်မှုဖြင့် ပြည့်နှက်နေသည်။

သူတို့နှစ်ဦးကြားက ခြားနားချက်ကို မိန်းမပျိုလေးကသာ ဘာမှနားမလည်ခဲ့ဘဲ ချင်ယွင်ကို သူမ၏နှလုံးသားထဲမှ အသဲအသန် အားပေးနေခဲ့သည်။

ဝှီး!

ချင်ယွင်သည် ပုံရိပ်ယောင်များအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး လန်ရှန်းယွန်ရှေ့မှာ ချက်ချင်းပေါ်လာသည်။

သူသည် နည်းနည်းလေးမှ တုံ့ဆိုင်းခြင်းမရှိဘဲ သူ၏လက်ထဲက ဓားဖြင့် ထိုးချလိုက် လိုက်သည်။

အစိမ်းရောင်ဝတ်ထားသော လန်ရှန်းယွန်သည် ရယ်မောလိုက်သည်။ သူသည် ချက်ချင်းပင် သူ၏၀တ်စုံလက်မောင်းကို ဝှေ့ယမ်းလိုက်ပြီး လျှပ်စီးလက်သကဲ့သို့ သူ၏ လက်နှစ်ချောင်းကို ဆန့်ထုတ်ကာ ချင်ယွင်၏ ကြယ်နက်ဓားအပေါ်သို့ တိုက်ရိုက် ထိကပ်လိုက်သည်။

ချင်ယွင်သည်လည်း အနည်းငယ် ထိတ်လန့်သွားသည်။ ဤဓားသူ‌တော်စင်လေးသည် ဤမျှ အစွမ်းထက်လိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။

"မင်းက အားနည်းလွန်းတယ်။ ငါ့ဓားကို ဆွဲထုတ်ဖို့တောင် မင်းမှာ အရည်အချင်း မရှိဘူး"

လန်ရှန်းယွန်သည် အေးစက်စွာအော်ဟစ်ပြီး ချင်ယွင်၏ဓားကို လက်ညှိုးဖြင့် တောက်လိုက်သည်။

ဘန်း!

စူးရှသောဓားအော်သံသည် ထွက်ပေါ်လာသည်။

ချင်ယွင်သည် ဓားမှတဆင့် ချက်ခြင်းထွက်လာသော ကြောက်မက်ဖွယ်ကောင်းသော ဓားဆန္ဒကို ခံစားလိုက်ရပြီး သူ၏ရင်ဘတ်ကို ချက်ခြင်းထိမှန်ကာ ချင်ယွင်သည် ချက်ချင်း နောက်ပြန်ဆုတ်သွားခဲ့ရသည်။

"မင်းက အရမ်းအစွမ်းထက်တယ်၊ မင်း ဒီလောက် မာနကြီးတာ မထူးဆန်းပါဘူး။

သို့သော် ယခုအခိုက်အတန့်တွင် အစိမ်း‌ရောင်၀တ် လန်ရှန်းယွန်သည် ချင်ယွင်ကို အလျင်အမြန် အဆုံးသတ်နိုင်မည်ဟု အမှန်တကယ်ပင် တွေးထားမိသည်။ သူသည် လေထုထဲသို့ ခြေလှမ်းလိုက်ကာ လက်နှစ်ချောင်းကို ဆန့်ထုတ်လိုက်သည်။ သူ၏ တစ်ကိုယ်လုံးသည် ထက်ရှသောဓားတစ်လက်အဖြစ်သို့ ပြောင်းလဲသွားပြီး ချင်ယွင်၏ မျက်ခုံးကြားရှိနေရာကို တည့်တည့် ထိုးညွှန်လိုက်သည်။

ချင်ယွင်၏အမူအရာသည် ချက်ချင်းပင် အနည်းငယ် ပြောင်းလဲသွားသည်။ သူသည် သူ၏ခြေထောက်အောက်ကို ပြင်းပြင်းထန်ထန် ဆောင့်နင်းလိုက်ပြီး ပေါက်ကွဲကာ ပစ်၀င်သွားသည်။

သူ၏လက်ထဲရှိ ကြယ်နက်ဓားသည် ဥက္ကာပျံကဲ့သို့ ဖြတ်သွားကာ လန်ရှန်းယွန်နှင့် တိုက်ရိုက် ထိသွားသည်။

ကြယ်နက်ဓား၏ထိပ်ဖျားသည် လန်ရှန်းယွန်၏လက်ချောင်းများနှင့် ထိပ်တိုက်ဆုံမိပြီး ပြင်းထန်သောဓားစွမ်းအင်နှစ်ခုသည် တစ်ခုနှင့်တစ်ခု တိုက်မိသွားသည်။

ဓားစွမ်းအင်များသည် လေထဲတွင် ဝိညာဉ်စွမ်းအင်၏ အ၀န်းအဝိုင်းများကို ဖန်တီးဖြစ်‌ ပေါ်သည်။

တခဏအတွင်းမှာပင် ပတ်ဝန်းကျင်ရှိ ပြင်းထန်သော လေပြင်းများသည် မြင့်တက်လာခဲ့ပြီး သူတို့နှစ်ယောက်၏ ပတ်ပတ်လည်မှာ ကြီးမားသည့် လေဆင်နှာမောင်းကြီး နှစ်ခု ဖြစ်ပေါ်လာသည်။

"ဟမ့်၊ ဒါပဲလား။" လန်ရှန်းယွန်က အေးစက်စွာ ဟစ်အော်လိုက်သည်။

အခြားလက်တစ်ဖက်သည်လည်း ဓားတစ်ချောင်းကို ညွှန်ပြပြီး ချင်ယွင်ဆီသို့ ခုတ်ပိုင်းလိုက်သည်။

ထက်ရှသော ဓားချီသည် လေဟာနယ်ကို ခုတ်ပိုင်းလိုက်ပြီး လေဟာနယ်ကို ထိုးဖြတ်သွားသကဲ့သို့ လေထုထဲတွင် တုန်ခါမူကိုဖြစ်ပေါ်စေသည်။

ချင်ယွင်သည်လည်း အေးစက်စွာ ဟစ်အော်လိုက်သည်။ သူသည် သူ၏ ဘယ်ဘက်လက်ကို လှစ်ခနဲ လှုပ်ရှားလိုက်ပြီး သူ၏၀ိညာဥ်စွမ်းအင်ကို ဓားတစ်လက် အဖြစ် ပြောင်းလဲကာ လန်ရှန်းယွန်၏ချီဓားနှင့် ထိပ်တိုက်ဆုံမိသွားသည်။

"ဘုန်း!"

ပြင်းထန်သော ချီးဓားနှစ်ချောင်းသည် အချင်းချင်း တိုက်မိကာ ကျယ်လောင်သည့် ပေါက်ကွဲအသံ ထွက်လာသည်။

ချင်ယွင်နှင့် လန်ရှန်းယွန်တို့ နှစ်ယောက်စလုံး အဝေးသို့ တွန်းကန်ကာ လွင့်စင်သွား ကြသည်။

သို့သော်လည်း လန်ရှန်းယွန်သည် သူ၏ ခန္ဓာကိုယ်ကို တည်ငြိမ်အောင် ထိန်းနိုင်လိုက် သည်နှင့် ရုတ်တရက် သူ၏နောက်မှ အန္တရာယ်ရှိသော အငွေ့အသက်တစ်ခု ထွက်ပေါ်လာသည်ကို ခံစားလိုက်ရသည်။

သူသည် နည်းနည်းလေးမှ တုန့်ဆိုင်းခြင်းမရှိဘဲ ပြန်လှည့်ပြီး ဓားအလင်းတချက်ကို ခုတ်ပိုင်းလိုက်သည် ။

သို့သော် ထိုပုံရိပ်သည် လုံးဝဂရုစိုက်ခြင်း မရှိပေ။ သူသည် ဓားအလင်းထဲသို့ သူ၏ လက်သီးကို တိုက်ရိုက်ထိုးလိုက်ပြီး ဓားအလင်းကို အပိုင်းပိုင်း ခွဲပစ်လိုက်သည်။ တစ်ချိန်တည်းမှာပင်၊ ဤလက်သီးသည် လန်ရှန်းယွန်၏ ရင်ဘတ်ပေါ်တွင် တိုက်ရိုက် ရိုက်နှိပ်သွားသည်။

"ဘုန်း!"

လန်ရှန်းယွန်သည် သူ၏ရင်ဘတ်မှ ရေလွှမ်းမိုးသလို လှိမ့်တက်လာသော ကြီးမားသော တွန်းကန်အားကို ခံစားလိုက်ရသည်။ သူသည် ထိန်းမနိုင်သိမ်းမရ ဖြစ်ကာ နောက်ပြန် လွင့်စင်သွားပြီး မြေပြင်ပေါ်တွင် တွင်းကြီးတစ်ခု ဖန်တီးဖြစ်ပေါ်စေသည်။

ဆံပင်ဖြူအဘိုးကြီးနှင့် အခြားလူများသည် ဤအရာအားလုံးကို ထိတ်လန့်စွာ ကြည့်နေကြသည်။

"ဘယ်လို... ဘယ်လိုလုပ် နှစ်ယောက်ရှိနိုင်မှာလဲ!" ဆံပင်ဖြူ အဘိုးကြီး အံ့ဩသွား သည်။ သူသည် အဖြူအမည်းဝတ်ထားသည့် ချင်ယွင်နှစ်ယောက်ကို သံသယစိတ်နှင့် အတူ ထိတ်လန့်သော မျက်လုံးများဖြင့် ကြည့်လိုက်သည်။

အနက်ရောင်၀တ်ချင်ယွင်နှင့် ဝတ်စုံဖြူဝတ် ချင်ယွင်တို့သည် အကြည့်ချင်း ဖလှယ်ကြသည်။ သူတို့နှစ်ယောက်စလုံးသည် နည်းနည်းလေးမှ တုန့်ဆိုင်းခြင်းမရှိဘဲ လန်ရှန်းယွန်ဆီကို အလျင်အမြန် ဦးတည်သွားကြသည်။

လန်ရှန်းယွန်သည် လျှို့ဝှက်ဆုံးရှုံးမှုတစ်ခုဟု ခံစားလိုက်ရပြီး အနှိုင်းမဲ့ ဒေါသမီးလျှံများ သည် သူ၏မျက်လုံးထဲသို့ လျှံတက်လာခဲ့သည်။

သူသည် တစ်ဖက်မှ တဟုန်ထိုးပြေး၀င်လာသော ချင်ယွင်နှစ်ယောက်ကို ကြည့်လိုက်ရင်း သူ၏မျက်လုံးထဲတွင် ပြင်းထန်သော ဓားဆန္ဒတခုက ထွက်ပေါ်လာခဲ့ သည်။

ရုတ်တရက် အနှိုင်းမဲ့ထက်ရှသော ဓားချီက ပေါက်ကွဲထွက်လာခဲ့သည်။

လန်ရှန်းယွန်၏လက်ထဲတွင် သွေးနီရောင်ဓားရှည်တစ်ချောင်း ပေါ်လာသည်။ သူ၏ဆံပင်များသည် သူ၏နောက်ကျောပေါ်မှာ ပြန့်ကျဲနေပြီး၊ ပြင်းထန်သည့် သတ်ဖြတ်လိုသည့်ဆန္ဒက ချင်ယွန်းနှစ်ယောက်လုံးကို ချက်ချင်း ဖုံးလွှမ်းသွားသည်။

"ငါ မင်းတို့ကို သေစေချင်တယ်!" လန်ရှန်းယွန်၏ အငွေ့အသက်သည် ချက်ချင်းပင် မြင့်တက်လာခဲ့ပြီး ပြိုင်ဘက်ကင်း သတ်ဖြတ်ခြင်းနတ် ဘုရားတပါးအသွင် ပေါ်လာသည်။

All Chapters