အခန်း (၂၁၁-၂၁၅)
Vol. 15 Ch. 211-215
အခန်း(၂၁၁)မဟာစစ်သူကြီးကျန်းယွန်။
သက်လတ်ပိုင်းအရွယ်အမျိုးသား လုံးဝထွက်သွားခွာသည်ကိုမြင်ရလျှင် ချင်ယွင်သည် သက်ပြင်းချလိုက်မိပါသည်။
သို့သော်၊ ရှေးဟောင်းတာအိုခုတ်ပိုင်းလိုက်သည့် မီတာတစ်ထောင်ခန့် ရှည်လျားသော ဓားအမှတ်အသားကြီး ဖောက်ထွင်းထင်ကျန်ရစ်နေသည်ကို သူမြင်လိုက်ရသောအခါ တွင် သူ၏မျက်နှာတွင် ထိတ်လန့်တုန်လှုပ်သည့် အမူအယာကို ထုတ်ဖော်မပြသဘဲ မနေနိုင်ခဲ့ပေ။
အစောပိုင်းလေးက ဓားခုတ်ပိုင်းမှု၏စွမ်းအားသည် ကောင်းကင်ယံကိုပင် လှုပ်ခါသွားစေခဲ့ပြီး၊ နဝမအဆင့် ကောင်းကင်အလွှာ သိုင်းမြို့စားအဆင့် ကျွမ်းကျင်သူတစ်ဦး၏ ခွန်အားအပြည့် တိုက်ခိုက်မူထက် အားမနည်းပေ။
"ကောင်လေး၊ ဒီဓားချက်ဟာ အရင်ကထက် အဆတစ်ထောင်ထက် အားနည်းပေမယ့် ငါ့ခွန်အားရဲ့ ရှစ်ဆယ်ရာခိုင်နှုန်းကို အသုံးပြုနေရတုန်းပဲ။ ဒီတစ်ခါတော့ ငါ့ရဲ့ စိတ်ဝိညာဉ်စွမ်းအားတွေ အရမ်းကုန်သွားခဲ့ရပြီ။ ငါတော့ အချိန်အတော်ကြာအောင် အိပ်ရလိမ့်မယ်ထင်တယ် " တကယ်လို့ နောက်ပိုင်း မင်းအန္တရာယ်အတွင်းထဲ ကျခဲ့ရင် မင်းအနေနဲ့ ကိုယ့်ကိုကိုယ်ပဲ အားကိုးရလိမ့်မယ်။" ရှေးဟောင်းတာအိုဆရာသခင်၏ အသံက ထွက်ပေါ်လာခဲ့ပြီး သူ၏အသံတွင် အားနည်းသည့် အရိပ်အယောင်များ ရှိနေသည်။
ချင်ယွင်က ခေါင်းကို ညင်သာစွာ ညိတ်ပြသည်။ သူသည် ရှေးဟောင်းတာအို ဆရာ သခင်ကို ကျေးဇူးတင်စိတ်အပြည့်နှင့် ပြောလိုက်သည် "ဆရာကြီး၊ ကျွန်တော်က ဆရာကြီးကို မေးခွန်းတစ်ခု မေးချင်နေခဲ့တာ။ ဆရာကြီးရဲ့ ရုပ်ခန္ဓာကိုယ်ကို ဘယ်လို ပြန်ရနိုင်မလဲ"။
တစ်ခဏကြာမျှ တိတ်ဆိတ်သွားပြီးနောက်၊ ရှေးဟောင်းတာအိုဆရာသခင်က ပြောလိုက်သည် "မင်းက ငါ့ရဲ့ ရုပ်ခန္ဓာကိုယ်ကို ပြန်ရယူချင်တယ်ဆိုရင် ပထမချက် အနေနဲ့ မြူနှင်းချောက်နက်ဓားပေါ်မှာရှိတဲ့ စည်းတံဆိပ်ကို အရင်ဖြုတ်ရမယ်၊ ဒုတိယချက်ကတော့ မင်းမှာ လျိုအင်မော်တယ်အဆင့်ရှိတဲ့ ခန္ဓာကိုယ်တစ်ခုကို ရရှိထားရမယ်။"
"လျိုအင်မော်တယ်အဆင့်လား? ချင်ယွင်သည် မျက်လုံးများကို ပြူးကျယ်စွာ ဖွင့်ပြီး ပြောလိုက်သည်။
အင်မော်တယ်အဆင့်များကို အစစ်အမှန်အင်မော်တယ်၊ သိမ်မွေ့နက်နဲအင်မော်တယ် လျိုအင်မော်တယ်၊ အင်မော်တယ်ဘုရင်နှင့် အင်မော်တယ်ဧကရာဇ်တို့ဆိုပြီး ပိုင်းခြား ထားပါသည်။
ထိုအချိန်တုန်းက ချင်ယွင်သည် သူ၏အထွတ်အထိပ် အချိန်မှာပင် အစစ်အမှန် အင်မော်တယ်နယ်ပယ်၌သာ ရှိခဲ့သည်။ ရှေးဟောင်းတာအိုဆရာခသင်သည် သူ ပြန်လည် မွေးဖွားရန်အတွက် လျိုအင်မော်တယ်အဆင့် ကိုယ်ခန္ဓာတစ်ခုကို အမှန်တကယ် လိုအပ်လိမ့်မည်ဟု သူမထင်ထားခဲ့ပေ။ ယင်းက ချင်ယွင်ကို စိတ်ပျက် လက်ပျက်ခံစားရစေသည်။
ရှေးဟောင်းတာအိုဆရာသခင်နှင့် သူတွေ့ပြီးကတည်းက ရှေးဟောင်းတာအို ဆရာသခင်သည် တစ်ခါတလေ ကြမ်းကြမ်းတမ်းတမ်း ပြောတတ်သော်လည်း သူ့ကိုယ်တော့ အရမ်းကြင်နာတတ် သူဖြစ်သည်။ သူအရင်က ဤကိစ္စကို မမေးရခြင်း၏ အကြောင်းအရင်းမှာလည်း ရှေးဟောင်းတာအိုဆရာသခင်သည် သူ၏ခန္ဓာကိုယ်ကို ပြန်လည်တည်ဆောက်ရာမှာ ကူညီရန်ကိစ္စက လွယ်ကူမှာမဟုတ်မှန်း ချင်ယွင် ခံစားမိခဲ့လို့ဖြစ်ပါသည်။
သို့သော် ယခု သူမေးလိုက်သည့် မေးခွန်း၏အဖြေက သူထင်ထားသည်ထက်ပင် ပို၍ ခက်ခဲနေလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ချေ။
ဤအရာက ချင်ယွင်အား ခွန်အားမဲ့စေပြီး စိတ်ပျက် စေမိသည်။
"ကောင်လေး ဒီလောက်ဆို မင်းအတွက် လုံလောက်ပြီ။ လျိုအင်မော်တယ်ရဲ့ ခန္ဓာကိုယ်တစ်ခုက နည်းနည်းတော့ ခက်တယ်ကွ။ ဒါပေမယ့် မင်း အစစ်အမှန် အင်မော်တယ်နယ်ပယ်ကို ဖြတ်ကျော်နိုင်သရွေ့တော့ အစိမ်းရောင်ကြာပန်း စည်းတံဆိပ်ကို မင်း နားလည်သဘောပေါက်လာနိုင်မှာပဲ။ မင်းငါ့ကို ကူညီဖို့အတွက် အစိမ်းရောင်ကြာပန်းစည်းတံဆိပ်ရဲ့ စွမ်းအားကို အသုံးချနိုင်တယ်။ မြူနှင်းချောက်နက် ဓားပေါ်က စည်းတံဆိပ်ကို ပြန်ဖျက်ဖို့အတွက်ပေါ့။ စည်းတံဆိပ်ကို ပြန်ဖျက်ပြီးတာနဲ့ ငါ့ရဲ့ခွန်အားတစ်ဝက်ကို ငါပြန်ရယူနိုင်မှာပဲ။ ဒါကြောင့် မင်းက ပြင်းပြင်းထန်ထန်နဲ့ ကြိုးကြိုးစားစား လေ့ကျင့်ပြီး အစစ်အမှန် အင်မော်တယ်နယ်ပယ်ကို အမြန်ဆုံး ရောက်ရှိဖို့ပဲ လိုအပ်တယ်ကွ။” ရှေးဟောင်းတာအိုက ဆိုသည်။
ချင်ယွင်က ခေါင်းညိတ်လိုက်ပြီး သူ၏စိတ်ထဲမှာ အခိုင်အမာ ပြောလိုက်ပါသည်
"ဆရာကြီး၊ ကျွန်တော်က စည်းတံဆိပ်ကို တတ်နိုင်သမျှ အမြန်ဆုံး ဖျက်ဆီးပြီး ဆရာရဲ့ရုပ်ခန္ဓာကိုယ်ကိုရအောင် လုပ်ပေးပါ့မယ်"
ချင်ယွင်၏ စိတ်နေစိတ်ထားကို ရှေးဟောင်းတာအိုသည် သူ၏မျက်လုံးထဲမှာ သဘာဝအတိုင်း အမြဲမြင်တွေ့နေရပြီး သူ၏နှလုံးသားသည်လည်း လှုပ်ရှားသွားခဲ့သည်။ သူသည် ထိုအချိန်အတွင် မည်သည့်မှာယွင်းမူကိုမှ မမြင်ရသည့်အတွက် ကျေနပ်သွား ပြီးနောက်အိပ်မောကျသွားတော့သည်။
ချင်ယွင်သည် ဤနေရာတွင် မနေတော့ပေ။ သူသည် လူလတ်ပိုင်းအရွယ်အမျိုးသား ပြန်လာမည်ကိုကြောက်မိသည်။
“အခု ရှေးဟောင်းတာအိုဆရာက အိပ်မောကျသွားပြီဆိုတော့ ငါ သတိထားရမယ်။”
တကယ်တော့ ချင်ယွင်သည် ဤလူလတ်ပိုင်းအရွယ် အမျိုးသား၏ ကိုယ်ရေးအချက် အလက်အမှန်ကို အမြဲ သိချင်နေခဲ့သည်။
သို့သော် ထိုလူသည် သိုင်းမြို့စားချင်းယွန် မဟုတ်ကြောင်း ထင်ရှားသည်။ သိုင်းမြို့စား ချင်းယွန်သည် နဝမအဆင့် အထွတ်အထိပ် ကောင်းကင်အလွှာ တွင်ရှိနေသည့် သိုင်းမြို့စားအဆင့်ကျွမ်းကျင်သူတဦးဖြစ်သည်။ အနီရောင်ဝတ်ထားသည့် ဤလူလတ်ပိုင်း အရွယ် အမျိုးသားသည် သိသာထင်ရှားသည်မှာ ဆဋ္ဌမအဆင့် ကောင်းကင်အလွှာ သိုင်းမြို့စားအဆင့် ကျွမ်းကျင်သူတဦး ဖြစ်သည်။ သူသည် သိုင်းမြို့စားချင်းယွန်၏ လက်အောက်ခံတစ်ဦး ဖြစ်ဖွယ်ရှိသည်။
ကိုမုတ်ဆိတ်မွေးနှင့် ပတ်သက်လျှင် သူသည် လူသေဖြစ်နေပါပြီ။ ထုံးစံအတိုင်း၊ ချင်ယွင်သည် သူမည်သူမည်ဝါဖြစ်ကြောင်း စုံစမ်းရန် မလိုအပ်တော့ပေ။
"ရန်စီစီကို အခုလိုက်ရှာတာ အကောင်းဆုံးပဲ။ အစ်မ လျူရန်ယွင်ကတော့ လက်ရှိ အခြေအနေအရ သူမကို ခဏလောက် မတွေ့နိုင်တော့ဘူး"
ချင်ယွင်သည် သူ့ကိုယ်သူ ကူကယ်ရာမဲ့ ပြောလိုက်သည်။
မူလက လျူရန်ယွင်ကိုရှာဖွေရန် ဤနေရာသို့ ရောက်ရှိလာခဲ့သော်လည်း ထိုသို့သော ပြောင်းလဲမှုမျိုး ဖြစ်လာမည်ဟု သူလည်း မမျှော်လင့်ထားခဲ့ပေ။
သို့သော် သူသည် နောင်တမရခဲ့ပေ။ ရန်စီစီကို သူ၏ညီမအဖြစ် အသိအမှတ်ပြုသော ကြောင့် ချင်ယွင်သည် သူမ၏လုံခြုံရေးအတွက် တာဝန်ယူရမည် ဖြစ်သည်။
ချင်ယွင်သည် ရှောင်ဘိုင်၏ ယေဘုယျ တည်နေရာကို သတိပြုမိပြီး သူနှင့် သိပ်ဝေးပုံ မပေါ်ကြောင်း တွေ့ရှိခဲ့ရသည်။ သူသည် အနောက်တောင်ဘက် အရပ်ရှိ တောင်ငယ်လေး တစ်ခုပေါ်တွင် ရှိနေသည်။
ထို့ကြောင့် ချင်ယွင်သည် ရှောင်ဘိုင်ရှိနေသည့် တောင်ထွတ်သို့ လျင်မြန်စွာ ရောက်ရှိ လာပြီး ရှောင်ဘိုင် နှင့် ရန်စီစီတို့ကို တွေ့ရှိခဲ့ရသည်။ ရန်စီစီသည် ချင်ယွင်ကို မြင်လိုက်သည့်အခိုက်တွင် သူမ ချက်ချင်းပြေးလာပြီး ငိုသည်။
ချင်ယွင်သည် သူမကို စိတ်ရှည်ရှည်နှင့် ဖြေသိမ့်နှစ်သိမ့်ပေးရုံသာ တတ်နိုင်ခဲ့သည်။ အဘိုး ချန်နှင့် အစောင့်အကြပ်များ၏ သေဆုံးမှုသည် သူမအတွက် အတော်လေး စိတ်ထိခိုက်စေခဲ့သည်။
ရန်စီစီကို နှစ်သိမ့်နေချိန်တွင် ချင်ယွင်သည် သူဆက်လုပ်ရမည့်အရာများကို စဉ်းစားနေသည်။
ချင်ယွင် သည် အဋ္ဌမမြောက်မင်းသားနှင့် သိုင်းမြို့စားချင်းယွင်တို့က အဘယ်ကြောင့် ရန်စီစီကို လိုက်လံသတ်ဖြတ်နေခြင်းကြောင်း မသိသေးပေ။အကယ်၍ ရန်စီစီသည် မင်းသားတစ်ပါးဖြစ်ခဲ့လျှင် ဤကိစ္စက အကျိုးအကြောင်း ဆီလျော်၏။ ရန်စီစီကို ထီးနန်းအတွက် ယှဉ်ပြိုင်စရာမလိုအောင် တားဆီးသည်မှာ ဖြစ်ကောင်း ဖြစ်နိုင်သည်။
သို့သော် ရန်စီစီသည် အမျိုးသမီးတစ်ယောက်ဖြစ်သည်မှာ ထင်ရှားပြီး သူမသည် မည်သည့်အရာကိုမျှ မသိနိုင်သော သာမန်လူသားတစ်ဦးဖြစ်သည်။ဘာကြောင့် သူမကို လိုက်လံတိုက်ခိုက်နေရတာလဲ။
ချင်ယွင် ၎င်းကိစ္စကို နားမလည်နိုင်တော့ပေ။ အတွင်းသတင်းအချို့ကို သိရှိနိုင်ရန် မျှော်လင့်ပြီး သိုင်းမြို့စားချင်းယွန်၏ စံအိမ်ထဲသို့ ထပ်မံသွားရောက်ရန် လိုအပ်သည်ဟု သူခံစားခဲ့ရသည်။ တစ်ချိန်တည်းမှာပင်၊ ချင်ယွင်သည် သူ၏အစ်မ လျူရန်ယွင်သည် သိုင်းမြို့စားစံအိမ်ထဲတွင် ရှိ၊ မရှိကိုလည်း ကြည့်ရှုလိုသည်။
သို့သော် ထိုမတိုင်မီတွင် ချင်ယွင်သည် ဤကိစ္စကို စုံစမ်းစစ်ဆေးရန်အတွက် နောက်ဆံ မတင်းရစေရန် ရန်စီစီအား လုံခြုံသောနေရာသို့ စေလွှတ်ထားရမည်။
"စီစီ၊ မင်းမှာ မိုးပြာတိမ်တိုက်စီရင်စုမှာ ဆွေမျိုးမရှိဘူးလား။" ချင်ယွင်သည် ရန်စီစီ ကို ကြည့်ကာမေးလိုက်သည်။
ရန်စီစီသည် မျက်မှောင်ကြုတ်ကာ အကြာကြီးတွေးနေပြီး နောက်ဆုံးတွင် "တစ်ဉီး တော့ ရှိပုံရတယ်။ သူမမှာ မိုးပြာတိမ်တိုက်စီရင်စုမှာ အကိုကြီးတစ်ယောက်ရှိတယ်လို့ အမေပြောတာကို မှတ်မိတယ်။ သူ့ကို စစ်သူကြီးကျန်းယွန်လို့ ခေါ်တယ်နဲ့ တူတယ်။၊ ဒါပေမယ့် ငါ သူ့ကို တစ်ခါမှ မတွေ့ဖူးဘူး။ .
“စစ်သူကြီးကျန်းယွန်လား။ ချင်ယွင်က အနည်းငယ် မျက်မှောင်ကြုတ်ရင်း ဆက်မေး လိုက်သည်။ “သူက ဘယ်မှာနေလဲ မင်းသိလား”။
ရန်စီစီက သူမ၏ မသိနားမလည်မှုကို ဖော်ပြရင်း ခေါင်းယမ်းပြလိုက်သည်။
ချင်ယွင်သည်လည်း အားကိုးရာမဲ့ ဖြစ်နေမိသည်။
စစ်သူကြီးကျန်းယွန် သူ ရှာတွေ့နိုင်ခြင်းရှိမရှိ အသာထား။ အကယ်၍ သူ စစ်သူကြီး ကျန်းယွန်ကို ရှာတွေ့သည်ဆိုလျှင်ပင် သူက ရန်စီစီကို အမှန်တကယ်ကူညီလိုသည့် ဆန္ဒရှိမရှိ ဤပြဿနာက ရှိသေးသည်။
သည်လိုမှမဟုတ်လျှင် ထောင်ချောက်ထဲမှာ နောက်တကြိမ် ပြန်ကစားရမှာ ဖြစ်ပြီး ယင်းက အမှန်တကယ်ကို ခေါင်းကိုက်စရာ ဖြစ်လာလိမ့်မည်။
"ဒီဦးလေးကို တစ်ခါမှ မတွေ့ဖူးပေမယ့် ငါ ငယ်ငယ်ကတည်းက ဒီဦးလေးက အမေ့ အတွက် အကောင်းဆုံးလူလို့ အမေက ပြောဖူးတယ်။ တစ်ခါတုန်းကဆို အမေ့အတွက် အဖေ့ကိုအကာအကွယ်ပေးပြီး တော်ဝင်အင်ပါယာမြို့တော်ကနေ မိုးပြာတိမ်တိုက် စီရင်စုကို ပြောင်းရွှေ့ရာမှာ ကူညီပေးခဲ့တယ်။" ရန်စီစီက ပြန်ပြောပြသည်။
ချင်ယွင်သည် ခေါင်းညိတ်ပြလိုက်သည်။ တစ်နည်းဆိုရသော် ဤစစ်သူကြီး ကျန်းယွန်သည် အနည်းငယ် အားကိုးအားထား ပြုနိုင်ပုံရသည်။
ထို့ကြောင့် ချင်ယွင်သည် ရန်စီစီ ကြိုးစားကြည်နိုင်ရန် စီစဉ်လိုက်သည်။
အကယ်၍ စစ်သူကြီးကျန်းယွန်သည် အမှန်တကယ် မတတ်နိုင်ဘူးဆိုလျှင် ချင်ယွင် သည် သူ၏ညီမကို အင်ပါယာမြို့တော်ကို ကိုယ်တိုင် လိုက်ပို့ပေးရလိမ့်မည်။
ထို့နောက် ချင်ယွင်သည် မိုးပြာတိမ်တိုက်မြို့တော်သို့ ပြန်လာခဲ့ပြီး စစ်သူကြီး ကျန်းယွန်နှင့် ပတ်သက်သော အချက်အလက်များကို မေးမြန်းခဲ့သည်။
မထင်မှတ်ပဲ သူသည် ဤအကြောင်းကို အမြန်သိလိုက်ရသည်။
ဤစစ်သူကြီးကျန်းယွန်သည် အနီးနားရှိ... ကြက်သွေးရောင်သစ်သားမြို့တွင် ရှိသည်။ ထို့ကြောင့် ချင်ယွင်သည် လုံးဝတုန့်ဆိုင်းခြင်းမရှိဘဲ ရန်စီစီ နှင့်အတူ စစ်သူကြီး ကျန်းယွန်၏ စံအိမ်သို့ အမြန် ပြေးသွားခဲ့သည်။
သို့သော် ချင်ယွမ်သည် စစ်သူကြီးကျန်းယွန်၏စံအိမ်သို့ ရောက်သောအခါ၊ စစ်သူကြီး ကျန်းယွန်၏စံအိမ်တံခါးသည် ဖွင့်ထားကြောင်း သူတွေ့ရှိခဲ့သည်။
တံခါးက ရှုပ်ပွနေပြီး မြေပြင်နှင့် နံရံများပေါ်တွင် သွေးများနှင့် စွန်းထင်းနေသည်။ ဤနေရာတွင် သွေးထွက်သံယို တိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့သည်မှာ ထင်ရှားသည်။
ရန်စီစီ နှင့် ချင်ယွင်တို့သည် ခြံဝင်းထဲသို့ ဂရုတစိုက် လျှောက်လှမ်းလာသည်။ သူတို့ သည် စင်္ကြံနှစ်ခုကို ဖြတ်ကျော်ပြီးနောက်၊ ဒုတိယအဆင့် ကောင်းကင်အလွှာ သိုင်းမြို့စားအဆင့် ကျွမ်းကျင်သူလေးဦးသည် အဝေးမှ ဥယျာဉ်တစ်ခုအတွင်းရှိ ရေကန် ပေါ်တွင် အစီအရင်ဝင်္ကပါတစ်ခုတည်ဆောက်ကာ စတုတ္တအဆင့် ကောင်းကင်အလွှာ သိုင်းမြို့စားအဆင့် ကျွမ်းကျင်တစ်ဦးကို ပတ်ပတ်လည်မှဝန်းရံပြီး သတ်ဖြတ်နေ ကြောင့်သူတွေ့ရှိလိုက်ရသည်။
"ဓားသင်္ကေတလေးခုအစီအရင်ဝင်္ကပါလား?" ချင်ယွင်က အံ့သြစွာ မေးခွန်းထုတ် လိုက်မိသည်။
ဒုတိယအဆင့် ကောင်းကင်အလွှာ သိုင်းမြို့စားအဆင့် ကျွမ်းကျင်သူလေးဦးမှ ဖန်တီး ထားသော ဤဓားအစီအရင်ဝင်္ကပါသည် အဆင့်လေးအစီအရင်ဝင်္ကပါတွင်ပင် အလွန် ကျော်ကြားသော ဓားအစီအရင်ဝင်္ကပါတခုဖြစ်သည့်...ဓားသင်္ကေတလေးခု အစီအရင် ဝင်္ကပါတစ်ခုဖြစ်ကြောင်း တစ်ချက်ကြည့် လိုက်ရုံဖြင့် ချင်ယွင်သိသည်။
ဓားသင်္ကေတလေးခုအစီအရင်ဝင်္ကပါတွင် သင်္ကေတလေးခုကို အချင်းချင်း နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရပြီး လူလေးယောက်၏ ခွန်အားကို တစ်ဦးတစ်ယောက်အပေါ် အတွင်သာ ထားနိုင်စေရန် ၎င်းတို့၏ ဝိညာဉ်ချီကို မျှဝေအသုံးပြုကာ ၎င်းတို့အနက်မှ တစ်ဦးက သူ၏စွမ်းအားကို ပြင်းထန်စွာ တိုမြင့်စေခဲ့ပြီး အစွမ်းထက်သည့် ရန်သူကို တိုက်ထုတ်နိုင်စေသည်။
ဒုတိယအဆင့် ကောင်းကင်အလွှာ သိုင်းမြို့စားအဆင့် ကျွမ်းကျင်သူ လေးဦးသည် စတုတ္ထအဆင့် ကောင်းကင်အလွှာ သိုင်းမြို့စားအဆင့် ကျွမ်းကျင်သူတဦးနှင့် ယှဉ်ပြိုင်တိုက်ခိုက်နိုင်ရန် ဤဓားသင်္ကေတ လေးခုအစီအရင်ဝင်္ကပါကို အသုံးပြုခဲ့ သည်မှာ ရှင်းလင်းထင်ရှားပြီး စတုတ္ထအဆင့် ကောင်းကင်အလွှာ သိုင်းမြို့စားအဆင့် ကျွမ်းကျင်သူ၏ အရှိန်အဟုန်ကို ထိန်းထားနိုင်ပုံရသည်။
စတုတ္ထအဆင့် ကောင်းကင်အလွှာ သိုင်းမြို့စားကျွမ်းကျင်သူသူသည် ရေကန်အထက် တွင် လွှင့်မျောပျံသန်းနေသည်။ သူသည် ပတ်ဝန်းကျင်က လူလေးယောက်ကို ကြည့် လိုက်ရင်း သူ၏မျက်လုံးများက စူးရှနေသည်။ သူ၏မျက်လုံးများသည် ပြင်းထန်သော သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေသည်။
သို့သော်လည်း သူသည် ပြင်းထန်စွာ ဒဏ်ရာရရှိထားပြီး သူ၏ပါးစပ်ထောင့်တွင် သွေးစသွေးနများရှိနေသည်။
ချင်ယွင်သည် စတုတ္ထအဆင့် ကောင်းကင်အလွှာ သိုင်းမြို့စားအဆင့်ကျွမ်းကျင်သူ၏ မျက်နှာကို ထင်ထင်ရှားရှား မြင်လိုက်ရသောအခါသူ အံ့အား သင့်သွားသည်။ ဤ စတုတ္ထအဆင့် ကောင်းကင်အလွှာ သိုင်းမြို့စား အဆင့် ကျွမ်းကျင်သူသည် သူ၏ ဘေးတွင်ရှိသည့် ရန်စီစီနှင့် အလွန်တူသည်။
ဒီလူမှ ရန်စီစီရဲ့ဦးလေး လင်းကျန်းယွန် မဟုတ်ရင် မည်သူ ဖြစ်နိုင်မည်နည်း။
အခန်း(၂၁၂)အင်မော်တယ်စိတ်ဝိညာဉ်ခန္ဓာကိုယ်
"မင်းတို့က ဘယ်သူလဲ၊ ငါ့မိသားစုတစ်ခုလုံးကို မင်းတို့ ဘာလို့ သတ်လိုက်ကြတာလဲ"
လင်ကျွန်းယွန်က ဒေါသတကြီး အော်ပြောလိုက်ပြီး သူ၏မျက်လုံးများတွင် သတ်ချင်စိတ်များ ပြည့်နှက်နေပြီး သူ၏လက်ထဲရှိလှံက တုန်ခါနေသည်။
ယနေ့ သူသည် သူ၏လှံသိုင်းပညာရပ်ကို ခြံဝင်းထဲမှာထုံးစံအတိုင်း လေ့ကျင့်နေခဲ့ သည်။ သို့သော် ထိုအချိန်တွင် လူသတ်သမားတစ်စု ပြေးဝင်လာကြသည်။ ဤလူများ သည် သူ့ကို လျစ်လျူရှုပြီး မြင်မြင်သမျှလူများကို သတ်ပစ်လိုက်ကြသည်။
အချိန်တိုလေးအတွင်းမှာပင် စစ်သူကြီးစံအိမ်တွင် လူတစ်ဒါဇင်ကျော် အသတ်ခံခဲ့ရ သည်။
လင်ကျန်းယွန်သည် ချက်ချင်းပင် ဒေါသထွက်သွားသည်။ သူသည် လှံရှည်တစ်ချောင်း ကို ဆွဲကိုင်၍ ဤလူများကို သတ်ဖြတ်လေ၏။
သူသည် အခင်းဖြစ်ပွားရာနေရာရှိ သိုင်းဂိုဏ်းချုပ်အဆင့် ကျွမ်းကျင်သူ လူသတ်သမား နှစ်ဦး၏ ဦးခေါင်းများကို ထိုးဖောက်ပစ်ရန် ၎င်းလှံကို အသုံးပြုခဲ့သည်။
သို့သော်လည်း သူသည် သိုင်းဂိုဏ်းချုပ်အဆင့် ကျွမ်းကျင်သူ တတိယမြောက် လူသတ်သမား၏ နှလုံးသားကို လှံဖြင့်ဆက်လက် ထိုးဖောက်တော့မည့်အချိန်တွင် အနက်ရောင်ဝတ်ရုံဝတ် ဤလူလေးဦးသည် ကောင်းကင်ယံမှ ကျဆင်းလာခဲ့ပြီး လင်ကျန်းယွန်ထံ တဟုန်ထိုး ပြေးဝင်လာခဲ့သည်။
လင်ကျန်းယွန်သည် ဤလူလေးယောက်သည် သိုင်းမြို့စားနယ်ပယ်၏ ဒုတိယအဆင့် ကောင်းကင်အလွှာတွင် ရှိနေသည်ကို မြင်လိုက်ရသည်။ ထုံးစံအတိုင်း သူသည် ကြောက်ရွံ့ပုံမပေါ်ဘဲ ဤလူလေးယောက်ကို တိုက်ရိုက်တိုက်ခိုက်သည်။ သို့သော် သူသည် တိုက်ပွဲအချိန်ကြာလာလေ တစ်စုံတစ်ခု မှားယွင်းနေပြီဟု ခံစားရလေဖြစ် သည်။
ဤဒုတိယအဆင့် ကောင်းကင်အလွှာ သိုင်းမြို့စားအဆင့် ကျွမ်းကျင်သူ လေးယောက် သည် အမှန်တကယ်ပင် သူ့ကို တင်းတင်း ကျပ်ကျပ် ချည်နှောင်ထားနိုင်သည့် ထူးဆန်းသော အစီအရင်ဝင်္ကပါတစ်ခုကို ဖန်တီးထားခဲ့သည်။
ပို၍ထူးဆန်းသည်မှာ သူတို့ထဲမှ တစ်ယောက်ကို သတ်ဖြတ်ရန်အတွက် တိုက်ခိုက်လိုက်သည်နှင့် ထိုလူ၏ကျင့်ကြံမူအဆင့်သည် သိုင်းမြို့စားနယ်ပယ်၏ စတုတ္တအဆင့် အထွတ်အထိပ် ကောင်းကင်အလွှာသို့ တိုက်ရိုက်ရောက်ရှိသွားခဲ့ပြီး ကျန် သုံးယောက်၏ ခွန်အားသည် သိသိသာသာ ကျဆင်းသွားခဲ့ခြင်း ဖြစ်သည်။
ဤအစီအရင်ဝင်္ကပါ၏ လျှို့ဝှက်ဆန်းကြယ်မှုများကို သူသိပြီးသည်နှင့် သူတို့ထဲက တစ်ယောက်ယောက်ကို သတ်နိုင်သမျှ ဤအစီအရင်ဝင်္ကပါကို ချိုးဖျက်နိုင်မည်ဟု သူသိနေသော်လည်း ချိုးဖျက်ဖို့အတွက် မည်သည့်နည်းလမ်းမှ အသုံးမဝင်ဖြစ်နေ သည်။
လင်ကျန်းယွန်သည် ၎င်းတို့လေးယောက်ထဲမှ တစ်ဦးဦးကို တိုက်ခိုက်သည့် အခါတိုင်း ထိုလူ၏ကျင့်ကြံမူအဆင့်သည် စတုတ္တအဆင့် ကောင်းကင်အလွှာ အထွတ်အထိပ် သိုင်းမြို့စားအဆင့်သို့ မြင့်တက်လာမည် ဖြစ်သည်။ အခြားလူတစ်ယောက်ကို တိုက်ခိုက်လိုက်သည်နှင့် ထိုလူလေးယောက်၏ ခွန်အားသည် အခြားလူတစ်ဉီးထံသို့ လျင်မြန်စွာ ကူးပြောင်းသွားခဲ့သည်။
လင်ကျန်းယွန်သည် စတုတ္တအဆင့် အထွတ်အထိပ် ကောင်းကင်အလွှာ သိုင်းမြို့စား အဆင့် ကျွမ်းကျင်သူတစ်ဦးကို အစမှအဆုံးအထိ တိုက်ခိုက်နေရသည်နှင့်ဆင်တူသည်။
ဓားသင်္ကေတလေးခုအစီအရင်ဝင်္ကပါသည် မူလကတည်းက ဤကဲ့သို့ ဖြစ်သည်။ ၎င်းအစီအရင်ဝင်္ကပါ၏ လျှို့ဝှက်ဆန်းကြယ်မှုများကို သိမြင်ဖို့က အရမ်းလွယ်ကူသည်။ သို့သော်လည်း တစ်စုံတစ်ယောက်၏ စွမ်းအားက အင်အား အပြည့်ဖြင့် ချေမှုန်းနိုင်မူ မရှိမချင်း ဖြိုခွဲဖို့က အရမ်းကို ခက်ခဲပါသည်။
သေချာသည်မှာ၊ ဤဓားသင်္ကေတလေးခုအစီအရင်ဝင်္ကပါမှာ အခြားအားနည်းချက် တစ်ခုရှိပါသည်၊ ၎င်းမှာ၊ ဤအစီအရင် ဝင်္ကပါသည် လူတစ်ဦးတည်းနှင့်သာ သက်ဆိုင် နေခြင်းဖြစ်သည်။
ရန်သူနှစ်ယောက်နှင့်ရင်ဆိုင်တိုက်ခိုက်ကြသည့်အခါ၊ တယောက်ကို တားဆီးထားပြီး ကျန်သုံးယောက်ကို သတ်ဖြတ်လိုက်သရွေ့ သူတို့၏ အစီအရင်ဝင်္ကပါကို အလွယ်တကူ ဖြတ်ကျော်နိုင်မည်ဖြစ်သည်။
""ဘာလို့ မင်းကို ငါတို့က သတ်ရတာလဲ၊ ဟုတ်လား။ ငါ မင်းကို အမှန်အတိုင်း ပြောဖို့ မကြောက်ပါဘူး။ ဒါကို သိုင်းမြို့စား ချင်းယွန်ကိုယ်တိုင်က အမိန့်ပေးခဲ့တာပဲ။ အမိန့်ကတော့ ခင်ဗျား လင်ကျန်းယွန်ဟာ မနက်ဖြန် နေမင်းကြီးကို မမြင်ရအောင် သေချာအောင် လုပ်ဖို့ပဲ။ မင်းမိသားစု တစ်ခုလုံးကို သတ်လိုက်တာကတော့ မင်းလင်ကျန်းယွန်က တကိုယ်တည်း သမားဆိုတာ မိုးပြာတိမ်တိုက် စီရင်စုတခုလုံး သိကြတာပဲ။ အဲဒီလူတွေကလည်း ကျွန်တွေပဲလေ။ တကယ်လို့ သူတို့ သေသွား တယ်ဆိုမှတော့ သေသွားတယ်ပေါ့ကွာ " အနက်ရောင်ဝတ် အမျိုးသားလေးယောက်ထဲမှ အမျိုးသားတစ်ဦးက သူ၏ မျက်နှာပေါ်တွင် ရက်စက်သော အပြုံးဖြင့် အေးစက်စွာ အော်ပြောလိုက်သည်။
"သိုင်းမြို့စားချင်းယွန်လား? သူက ဘာလို့ ငါ့ကို သတ်ရတာလဲ။" လင်ကျန်းယွန်၏ မျက်လုံးများသည် ဒေါသများဖြင့် ပြည့်နှက်နေသည်။
သူသည် အမှန်တကယ် တကိုယ်တည်း အထီးကျန်ဆန်စွာ နေခဲ့သော်လည်း ဤခြံဝင်း ထဲက ကျွန်များနှင့် အိမ်ဖော်များအားလုံးသည် သူ့ကို ဆယ်စုနှစ်ကျော်ကြာ အောင် ပြုစုစောင့်ရှောက်ပေးခဲ့ကြသည့် အစေခံဟောင်းများ ဖြစ်ကြသည်။ သူသည် ၎င်းတို့ကို မိသားစုအဖြစ်နှစ်ပေါင်းများစွာ ဆက်ဆံလာခဲ့သော်လည်း ယခုအခါ ထိုလူများသည် ရက်စက်စွာ သတ်ဖြတ်ခံခဲ့ရသည်။ သူ ဘယ်လိုလုပ် ဒေါသမထွက်ဘဲ နေနိုင်ပါ့မလဲ.။
"ခင်ဗျားရဲ့ညီမကောင်းလေးလေ၊ သူမက ဒဏ္ဍာရီဆန်ဆန် အင်မော်တယ် စိတ်ဝိညာဉ် ခန္ဓာကိုယ်ပိုင်ဆိုင်တဲ့ သမီးလေးတစ်ယောက်ကိုမွေးခဲ့ရုံတင်မကဘူး၊ ဒီသတင်းက လည်း ဧကရာဇ်မင်းမြတ်ရဲ့နားတော်ထဲကို တကယ် ရောက်သွားခဲ့တယ်။ ဧကရာဇ် မင်းမြတ်ကိုယ်တိုင်က သူမကို မနာလိုဖြစ်ကာအားကျရပြီး သူမကို ဧကရီမတစ်ပါး ဖြစ်လာအောင် ပြုစုပျိုးထောင်ပေးဖို့ ကြုံးဝါးထားတယ်။ ဒါပေမည့် အခု သူမက သိုင်းမြို့စားချင်းယွန်ရဲ့ သတ်ဖြတ်ခြင်းကို ခံရနိုင်ချေရှိတယ်။ သိုင်းမြို့စား ချင်းယွန်ကလည်း ခင်ဗျား ဧကရာဇ်မင်းမြတ်ကို ရှာဖွေရန် နံရံပေါ်မှ ခုန်ဆင်းသွားမှာကို ကြောက်နေတယ်။ ဒါကြောင့် သူက အရင်ဆုံး လှုပ်ရှားဖို့ ရွေးချယ်ခဲ့တာပဲ”။
လင်ကျန်းယွန်၏ခန္ဓာကိုယ်သည် တုန်တုန်ယင်ယင်ဖြစ်နေပြီး အနှိုင်းမဲ့ပြင်းထန်သော ဒေါသစိတ်များနှင့် မခံမရပ်နိုင်ဖြစ်သည့် စိတ်ခံစားချက်များက သူ၏နှလုံးသားထဲသို့ တိုးဝင်လာခဲ့ပြီး သူ၏မျက်လုံးများ ချက်ချင်း စိုစွတ်လာခဲ့သည်။
သူ၏ဧကရာဇ်မင်းမြတ်သည် မိုးပြာတိမ်တိုက်စီရင်စုသို့ ကြွချီလာခဲ့ပြီး မိုးပြာတိမ်တိုက် စီရင်စုမှခြေတစ်လှမ်းမျှ မထွက်ခွာရန် အမိန့်ပေးခံရပြီးသည့် အချိန်မှစ၍၊ သူ၏ ညီမလေးသည် အင်ပါယာမြို့တော်မှ တွန်းအားပေး ထွက်ခွာခဲ့ရပြီး ဘိုင်ယွန်စီရင်စုရှိ သီလရှင်ကျောင်းငယ်လေးတစ်ခုတွင် သီလရှင်တစ်ပါးဖြစ်လာခဲ့ရသည်ကို သူကြားခဲ့ရ သည်။
ထိုအချိန်တွင် သူသည် အလွန်ဒေါသထွက်ပြီး ဧကရာဇ်မင်းမြတ်အား ရှင်းရှင်း လင်းလင်း မေးမြန်းရန်အတွက် ဧကရာဇ်မင်းမြတ်ထံ သွားရောက်ရန် ပြင်ဆင်ခဲ့သည်။ သိုင်းမြို့စားချင်းယွန်၏ ဇနီး၊ ဆိုလိုသည်မှာ၊ သူ၏ဒုတိယ ညီမဖြစ်သူက သူ့ကို အယုံသွင်းကာ တားမြစ်ခဲ့သည်။
ယင်းနောက်၊ သူကိုယ်တိုင်ကလည်း မိုးပြာတိမ်တိုက်စီရင်မှ ထွက်ခွာရန် တားမြစ်ခံခဲ့ရပြီး သူ၏ညီမငယ်ထံ သွားရောက်လည်ပတ်ခြင်းပင် မပြုနိုင်တော့ပေ။ ထို့ကြောင့် သူ၏ ညီမငယ်ကိုလည်း ထပ်မံ မတွေ့ရတော့ပေ။
ယခုမူ၊ ညီမငယ်၏သမီးသည် သိုင်းမြို့စားချင်းယွန်၏ သတ်ဖြတ်ခြင်းကို အမှန်တကယ် ခံလိုက်ရကြောင်း သူကြားလိုက်ရသည်။ ယင်းကို သူ မည်သို့ လက်ခံနိုင်မည်နည်း။
ချင်ယွင်သည် အဝေးမှ 'အင်မော်တယ်စိတ်ဝိညာဉ်ခန္ဓာကိုယ်' အကြောင်းကို ကြားရသောအခါ၊ သူ၏ဘေးနားရှိ ရန်စီစီကို အံ့ဩစွာ ကြည့်လိုက်မိသည်။
ရန်စီစီ၏ ခန္ဓာကိုယ်ထဲသို့ သူ၏စိတ်ဝိညာဉ်စွမ်းအား အမျှင်တန်းတစ်ခု ထိုးဖောက် ဝင်ရောက်ကြည့်လိုက်သည်။
ကြည့်ရန်မသင့်တော်သော်လည်း ကြည့်ရူလိုက်အချိန်မှာ ချင်ယွင်သည် ချက်ချင်း အံ့အားသင့်သွားရသည်။
အမှန်ပင် ၎င်းသည် ဒဏ္ဍာရီဆန်ဆန် အင်မော်တယ် စိတ်ဝိညာဉ်ခန္ဓာကိုယ်ဖြစ်သည်။
ယင်းက ချင်ယွင်ကို ချက်ချင်း မျက်မှောင်ကြုတ်သွား စေခဲ့ပါသည်။
သာမာန်လူများသည် အင်မော်တယ် စိတ်ဝိညာဉ်ခန္ဓာကိုယ်၏ အဓိပ္ပါယ်ကို မသိနိုင်သော်လည်း ချင်ယွင်ကမူ ၎င်းကို ရှင်းရှင်းလင်းလင်း သိထားသည်။
အင်မော်တယ် စိတ်ဝိညာဉ်ခန္ဓာကိုယ်သည် လူအများ တိုင်းထင်ထားသည့်အတိုင်း မဟုတ်သည်မှာ သေချာပါသည်။ ၎င်းသည် ကောင်းကင်ဘုံကို အံတုနိုင်ပြီး အစွမ်းထက်သော ခန္ဓာကိုယ်ဖြစ်သော်လည်း ၎င်းတွင် ကန့်သတ်ချက် အချို့ရှိနေပါသည်။
အကယ်၍ ဒဏ္ဍာရီလာ စွမ်းရည်မျိုးရှိသည့် ကျင့်ကြံခြင်းပညာရပ်တစ်ခုသာ မရှိခဲ့ပါက၊ ၎င်းခန္ဓာကိုယ် ပိုင်ရှင်များသည် ကျင့်ကြံရန် လုံးဝမဖြစ်နိုင်ပေ။
ထို့အပြင်၊ ထိုစွမ်းရည်မျိုးရှိသည့် ကျင့်ကြံခြင်းပညာရပ်များသည် ဤသေမျိုး ကမ္ဘာကြီး တစ်ခုလုံးတွင်ပင် ရရှိရန်မဖြစ်နိုင်ပေ။ အင်မော်တယ် ကမ္ဘာတွင်ပင် ၎င်းတို့သည် အလွန် ရှားပါးသော ရတနာများ ဖြစ်ကြသည်။
ထိုမျှသာမကဘဲ ဤအင်မော်တယ်စိတ်ဝိညာဉ်ကိုယ်ခန္ဓာသည် အစပိုင်းတွင် အလွန် အားနည်းကြပြီး သူတို့၏သက်တမ်းသည် အလွန်တိုတောင်းလှသည်။
သူတို့သည် ကံကြမ္မာကို ပြောင်းလဲပေးနိုင်ပြီး ကောင်းကင်ဘုံကို အံတုနိုင်သည့် ရတနာ များ မရရှိလျှင် အသက်ဆယ့်ခြောက်နှစ်ကြာအောင် ရှင်သန်နိုင်မည်မဟုတ်ပေ။
ထို့ကြောင့် ရန်စီစီ၏ အင်မော်တယ်စိတ်ဝိညာဉ်ခန္ဓာသည် ဤသေမျိုး ကမ္ဘာတွင် အမှန် တကယ် သုံးစားမရသည့်အရာဖြစ်ပြီး သူမသည် အသက်ရှင်ရန် တစ်နှစ်သာကျန်တော့ သည် ။
ချင်ယွင်သည် မျက်မှောင်ကြုတ်လိုက်သည်။ သူ့မှာထိုကဲ့သို့ ကျင့်ကြံခြင်း ပညာရပ်မျိုး ရှိမနေခဲ့ပေ။ သူသည် အမှန်တကယ်ပင် သူမှတ်မိနေသမျှ အကြောင်းအရာများကို တခုချင်းဖတ်ပြီး ဖြစ်သည်။ သို့သော် အကယ်၍ သူသည် ရန်စီစီကို ကျင့်ကြံခြင်း နည်းပညာရပ်တခု သင်ပေးနိုင်လျှင်ပင် သူမသည် နောက်ထပ်တစ်နှစ်သာ အသက်ရှင် နိုင်တော့သည်။ တစ်နှစ်အတွင်း သူမ၏ကံကြမ္မာကို ပြောင်းလဲပေးနိုင်ပြီး ကောင်းကင် ဘုံကို စိန်ခေါ်နိုင်သည့် ရတနာမရှိလျှင် ရန်စီစီသည် သေဆုံးသွားမှာ အမှန်ပင် ဖြစ်သည်။
ဤအရာသည် ချင်ယွင် မမြင်လိုသော အရာဖြစ်သည်။
ရုတ်တရက် ချင်ယွင်သည် အံ့သြသွားရပြန်သည်။
အလွန်လေးနက်သည့် ပြဿနာတစ်ခုအကြောင်း သူတွေးမိသွားခဲ့သည် ။ သာမာန် လူများသည် အင်မော်တယ် စိတ်ဝိညာဉ်ခန္ဓာကိုယ်၏ အဓိပ္ပါယ်ကို မသိနိုင်သော်လည်း ဧကရာဇ်မင်းမြတ်ဒါယန်းက မသိနိုင်ဘူးဆိုသည်မှာ မဖြစ်နိုင်ပေ။ ထို့အပြင် သူသည် ရန်စီစီကိုမဟာဧကရီတစ်ပါးအဖြစ် ပြုစုပျိုးထောင်ရန်ပင် ကြုံးဝါးထားခဲ့သည်။ ဤသို့ ဆိုလျှင် သူသည် သူမကိုကာကွယ်ရန် တစ်စုံတစ်ဦးကို အဘယ်ကြောင့် မစေလွှတ်ခဲ့ ရသနည်း။
ဧကရာဇ်မင်းမြတ်ဒါယန်းသည် အဋ္ဌမမင်းသားနှင့် အခြားလူများ ရန်စီစီ နောက်သို့ လိုက်စေရန်အတွက် ဤသတင်းကို တမင်တကာ ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်မှာထင်ရှား လှသည်။
သို့သော် ချင်ယွင် ဝေခွဲမရဖြစ်သွားသည်။ ဧကရာဇ်ဒါယန်းသည် သူ၏သမီးတော်ကို ပြန်သတ်ရန်အတွက် သူ၏သားတော်ကို လှုံ့ဆော်ပေးသည့်နည်းစနစ်အဖြစ် ယခုလို ကြီးမားသည့် လှုပ်ရှားမူကြီးကို အဘယ့်ကြောင့် လုပ်ဆောင်ရသနည်း။
ချင်ယွင် နားမလည်နိုင်သော်လည်း ဧကရာဇ်မင်းမြတ်ဒါယန်းတွင် သူ၏စိတ်ကို သိနေ သည့် အဖော်တစ်ဦးရှိနေသည်မှာ သေချာပါသည်။ အကယ်၍ သူသည် သူ၏ မိန်းမကိုသတ်ပြီး သူ၏သမီးကို စွန့်ပစ်ချင်နေသည် ဆိုလျှင် ထိုကဲ့သို့ လုပ်ဆောင်ရန် သူ လုံးဝ တွန့်ဆုတ်နေမှာ မဟုတ်ပါဘူး။
ရန်စီစီသည် အင်ပါယာမြို့တော်သို့ သွားရောက်ကာ သူမ၏ခမည်းတော်နှင့် တွေ့ဆုံနိုင်ခဲ့လျှင်ပင် ရလာဒ်က ပိုကောင်းလာမည် မဟုတ်တော့ပေ။
ချင်ယွင်၏အကြည့်သည် ရန်စီဆီဆီသို့ရောက်သွားပြီး လုံးဝရှုပ်ထွေးသွားပြန်သည်။
ထိုအခိုက် သူသည် ရန်စီစီကို အင်ပါယာမြို့တော်သို့ မသွားစေရန် ဆုံးဖြတ်လိုက်သည်။
သို့သော် ချင်ယွင်သည် သူ၏စိတ်ထဲတွင် တိတ်တဆိတ်ဆုံးဖြတ်နေချိန်တွင် သူ၏ အနားရှိ ရန်စီစီက အထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
"အစ်ကိုကြီး၊ ဦးလေး အန္တရာယ်ရှိနေပြီ!" ရန်စီစီက အော်ပြောလိုက်သည်။
ချင်ယွင်သည် ချက်ချင်းပင် ရေကူးကန်အထက် ကောင်းကင်ယံကို မော့ကြည့် လိုက် သည်။
အနက်ရောင်ဝတ်ရုံဝတ် အမျိုးသားတစ်ဦးသည် လင်ကျန်းယွန်၏ လက်မောင်းကို ဓားတစ်ချောင်းဖြင့် ခုတ်ဖြတ်လိုက်ကာ သွေးများထွက်ကျလာသည်။
လင်ကျန်းယွန်သည် ရေကန်ဆီသို့ လဲကျသွားရင် သနားစဖွယ် အော်ဟစ်လိုက်သည် ။
သို့သော်လည်း အနက်ရောင်ဝတ်အမျိုးသားက လှောင်ပြောင်ပြီး လင်ကျန်းယွန်သို့ ထပ်မံ ပြေးဝင်သွားခဲ့သည်။ သူ၏ လက်ထဲရှိဓားသည် ရေကန်၏ မျက်နှာပြင်ပေါ်မှာရှိနေသည် လင်ကျန်းယွင်ကို သတ်ဖြတ်ချင်သည့် အလား လင်ကျန်းယွင်၏ မျက်ခုံးကြား ဆီကို ထိုးဖောက် ဝင်ရောက်သွားသည်။
ဤမြင်ကွင်းကို မြင်လိုက်ရလျှင် ချင်ယွင်၏မျက်လုံးများသည် ချက်ချင်းပင် အေးစက် သွားသည်။ သူ၏နောက်မှ နဂါးအတောင်ပံများသည် လျင်မြန်စွာပြန့်ကားသွားခဲ့ပြီး အလွန်လျင်မြန်သော အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားကာ အနက်ရောင် အမျိုးသား၏ဦးတည်ရာဆီသို့ ပျံသန်းသွားခဲ့သည်။
အခန်း(၂၁၃)သတ်ဖြတ်ရန်ပူပေါင်းခြင်း။
ချင်ယွင်၏ပုံရိပ်သည် ဥက္ကာပျံကဲ့သို့ အနက်ရောင်ဝတ်အမျိုးသား၏ရှေ့တွင် ပေါ်လာ သည်။ သူ၏လက်ထဲရှိ ကြယ်နက်ဓားသည် ချက်ခြင်း ခုတ်ပိုင်းလာခဲ့ပြီး အနက်ရောင် ဝတ်ထားသည့် အမျိုးသားဆီ ဦးတည်သွားတယ်။
အနက်ရောင်ဝတ်အမျိုးသားသည် ချက်ချင်းပင် ထိတ်လန့်သွားပြီး ချင်ယွင်၏ တိုက် ခိုက်မှုကို တားဆီးရန်အတွက် လင်ကျန်းယွန်၏ နောက်သို့ လိုက်လံတိုက်ခိုက်ခြင်းကို အလျင်အမြန် စွန့်လွှတ်လိုက်ရသည်။
တစ်ဖက်မှာတော့ လင်ကျန်းယွန်သည်လည်း သူ၏အာရုံစူးစိုက်မူများ ပြန်လည်ရရှိရန် အခွင့်အရေးကို ယူလိုက်သည်။ သူသည် ရေကန်၏ မျက်နှာပြင်ပေါ်တွင် ခြေချောင်း များကို အသာယာထိလိုက်ပြီး တကြိမ်ပြီး တကြိမ်နောက်ဆုတ်သွား သည်။ သူသည် ရေကန် ၏ မျက်နှာပြင်မှအဝေးတွင်ရပ်ကာ ချင်ယွင်ကို အံ့အားသင့်စွာဖြင့် ကြည့်နေ လေသည်။
ချင်ယွင်သည် သူ၏နောက်ကျောမှ နဂါးအတောင်ပံများကို ညင်သာစွာ ခတ်လိုက်ပြီး အနက်ရောင် ကြယ်နက်ဓားရှည်ကို သူ၏လက်ထဲတွင် ကိုင်ဆောင်ထားကာ အနက်ရောင်ဝတ် အမျိုးသားကို လေထဲတွင် ရင်ဆိုင်ထားသည်။
"မင်းက ဘယ်သူလဲ?" အနက်ရောင်ဝတ် အမျိုးသားသည် ချင်ယွင်ကို သတ်ဖြတ်လို စိတ်ဖြင့် အေးစက်စွာ ကြည့်နေ၏။
အနက်ရောင်ဝတ် အမျိုးသား၏နောက်တွင် အနက်ရောင်ဝတ်ရုံဝတ် အမျိုးသား သုံးယောက်လည်း ရှိနေသည်။ သူတို့၏ ချင်ယွင်ကိုကြည့်များက အတူတူပင် ဖြစ်သည်။
ချင်ယွင်သည် အနက်ရောင်ဝတ်အမျိုးသား၏ မေးခွန်းကို လျစ်လျူ ရှုလိုက်သည်။ ယင်းအစား သူသည် ဘယ်ဘက်လက်ကျိုးသွားသည့် လင်ကျန်းယွင် ဘက်လှည့်ပြီး ပြောလိုက်သည် "အဆင်ပြေရဲ့လား၊ ခင်ဗျားဆက်ပြီး တိုက်ပွဲဝင်နိုင်မလား" ။
"မင်းဘယ်သူလဲဆိုတာ ငါမသိပေမယ့် မင်းရဲ့စကားတွေက ငါ့အတွက် စိတ်ကျေနပ် စရာပဲ" လင်ကျန်းယွန်က ရိုးရိုးသားသား ပြုံးပြီး ပြောလိုက်သည်။ "ဒါက ငါ့လက်လေး တဖက် ကျိုးသွားရုံပါ။ ငါမသေသေးပါဘူး။ ငါ့လက်ထဲမှာ လှံတစ်ချောင်း ရှိနေသေးသမျှ ငါလင်ကျန်းယွန်က လူတွေကို သတ်နိုင်ပါသေးတယ်။"
ထိုနောက် လင်ကျန်းယွန်သည် သူ၏လက်ကို ဝှေ့ယမ်းလိုက်ပြီး စတုတ္ထအဆင့် ကောင်းကင်အလွှာ သိုင်းမြို့စား ကျွမ်းကျင်သူတဦး၏အငွေ့အသက်က ထပ်မံ ထွက်ပေါ်လာသည်။
သူ၏ ခြေထောက်အောက်ရှိ ရေအိုင်သည် တိုက်ရိုက် ပွင့်ထွက်သွားပြီး ကြီးမားသော အပေါက်ကြီးတစ်ခု ဖြစ်လာသည်။
ချင်ယွင်သည် တိုက်ပွဲဝင်လိုသည့် စိတ်ဓာတ်ကို ဆက်လက် ထိန်းသိမ်းထားဆဲ ဖြစ်သော လင်ကျန်းယွင်ကို မြင်သောအခါ ပြုံးလိုက်သည်။
ဤလင်ကျန်းယွင်သည် စစ်မြေပြင်တွင် တိုက်ခိုက်သတ်ဖြတ်ခဲ့သော စစ်သူကြီး တစ်ဦးဖြစ်ရန် ထိုက်တန်ပါသည်။ သူသည် အစွမ်းထက်သော ရန်သူများကို မကြောက် ရွံ့သည့် ရဲရင့်သောစိတ်ဓာတ်သည် အခြားသူများ နှိုင်းယှဉ်နိုင်သည့်အရာမဟုတ်ပေ။
"ကောင်းပြီလေ၊ ဒါဆိုလည်း ငါတို့ပေါင်းပြီး ဒီလေးယောက်လုံးကို သတ်ဖြတ်လိုက်ရ အောင်" ချင်ယွင်၏ မျက်နှာသည်လည်း ဂုဏ်ယူ ဝင့်ကြွားမူက မြင့်တက်လာခဲ့ပြီး သူ၏ တစ်ကိုယ်လုံးရှိ သွေးများ ပွက်ပွက်ဆူ လာပါသည်။
ထို့နောက် ချင်ယွင်သည် သူ၏လက်ထဲတွင် ဓားတစ်ချောင်းကို ကိုင်ဆောင်ရင်း သူ၏ ရှေ့မှ အနက်ရောင်ဝတ်စုံဝတ်အမျိုးသား လေးယောက်ကို တိုက်ခိုက်ရန် ပြင်ဆင်လိုက် သည်။
"မင်းကို အားကိုးပြီးတော့လား။ မင်းတို့ထဲက တစ်ယောက်က ဒဏ်ရာအပြင်းအထန် ရလို့ လက်ကျိုးသွားပြီ၊ နောက်တစ်ယောက်က သိုင်းဂိုဏ်းချုပ်နယ်ပယ်ရဲ့ နဝမအဆင့် ကောင်းကင်အလွှာမှာပဲရှိသေးတယ်။ သိုင်းမြို့စားတစ်ယောက်တောင် ဒီမှာရှိမနေသေး ဘူး.။
မင်းတို့က ငါတို့လေးယောက်ကို သတ်ချင်နေသေးတယ်ပေါ့။?"အနက်ရောင်ဝတ်စုံဝတ် ဦးဆောင်သူအမျိုးသားက လှောင်ပြောင်ပြီး ချင်ယွင်နှင့် လင်ကျန်းယွန်တို့ကို ကြည့်နေ ချိန်တွင် သူမျက်လုံးများတွင် အထင်မြင်သေးမူများဖြင့် ပြည့်နေသည်။
ချင်ယွင် နှင့် လင်ကျန်းယွင်တို့သည် အကြည့်ချင်းဖလှယ်ကာ ပြုံးလိုက် သည်။ သူတို့သည် အဓိပ္ပါယ်မရှိသည့်စကားများဖြင့် အချိန်ကုန်မခံတော့ဘဲ ဦးဆောင်သူ အနက်ရောင်ဝတ် အမျိုးသားဆီကို ဦးတည်ပြီး ပစ်ဝင်လိုက်ကြသည်။
ချင်ယွင်၏လက်ထဲရှိ ကြယ်နက်ဓား၏ဓားဆန္ဒသည် ပါးလွှာပြီး ရှေးဟောင်းဓားဆန္ဒက ရုတ်တရက် နိုးထလာသည့် ဧရာမနဂါးကြီး တစ်ကောင်အလား အနက်ရောင်ဝတ် အမျိုးသားဆီသို့ခုတ်ပိုင်းလိုက်သည်။
လင်ကျန်းယွန်သည် သူ၏ညာလက်တွင် လှံတစ်ချောင်းကို ကိုင်ထားရင်း ရေကန်ကို ဖြတ်သန်းကာ ပျံသန်းလာသည်။ လှံထိပ်ဖျားသည် ရေကန်မျက်နှာပြင်ပေါ်၌ ကြီးမားသော လှိုင်းလုံးကြီးတစ်ခုကို ဆွဲငင်ကာ အနက်ရောင်ဝတ်ရုံဝတ် အမျိုးသားဆီကို တုနှိုင်းမရတဲ့ လွှမ်းမိုးမှုဖြင့် ပစ်ဝင်လိုက်သည်။
အနက်ရောင်ဝတ်ရုံဝတ်အမျိုးသားသည် အေးစက်စွာ ဟစ်အော်လိုက်ပြီး သူ၏လက်ထဲ တွင်ရှိသော ဓားသည် မရေမတွက်နိုင်သော ပုံရိပ်ယောင်များအဖြစ်သို့ ချက်ချင်း ပြောင်းလဲသွားကာ ခမ်းနားထည်ဝါသော ဓားအလင်းတစ်ခုကို ထုတ်ဖော်တိုက်ခိုက် လိုက်သည်။
ချင်ယွင် နှင့် လင်ကျန်းယွန်နှစ်ယောက်စလုံးကို တစ်ချိန်တည်း လွင့်ပျံသွားစေခဲ့သည်။
ချင်ယွင်၏ နောက်ကျောမှ နဂါးအတောင်ပံများသည် လျင်မြန်စွာ တဖျပ်ဖျပ် ခတ်လာ ပြီး သူ၏ခန္ဓာကိုယ်သည် ရပ်တန့်သွားသည်။ ထို့နောက် သူသည် အနက်ရောင်ဝတ်ရုံဝတ် အမျိုးသားဆီသို့ နောက်တကြိမ် ပြေးသွားပြန်သည်။
မမျှော်လင့်ဘဲ အနက်ရောင်ဝတ်ရုံဝတ်အမျိုးသား၏ အရှိန်သည်လည်း အလွန်ပင် မြန်ဆန်လွန်းလှသည်။ အလင်းတစ်ချက်လင်းလက်မူနှင့် သူသည် ချင်ယွင်၏ရှေ့သို့ ရောက်ရှိလာခဲ့ပြီး ချင်ယွင်အား ဓားဖြင့်တိုက်ရိုက် ခုတ်ချလိုက်သည်။
ချင်ယွင်သည်ဓားကိုအလျားလိုက်ကိုင်ပြီး တားဆီးပိတ်ဆို့လိုက်ပြီး သူတို့နှစ်ယောက်၏ ခြေထောက်အောက်ရှိ ရေကန်သည်ချက်ချင်းဆိုသလို ပေါက်ကွဲသွားကာ ကြီးမားသော လှိုင်းလုံးများကိုဖြစ်ပေါ်စေခဲ့သည်။
ချင်ယွင်သည် ဓားမှထွက်ပေါ်လာသော ကြောက်မက်ဖွယ် စွမ်းအားကို ခံစားလိုက်ရပြီး သူ၏ပါးစပ်သည် ထုံကျင်သွားကာ သူ၏လက်တစ်ခုလုံး တုန်ခါသွားသည် ။
"စတုတ္ထအဆင့် အထွတ်အထိပ် ကောင်းကင်အလွှာ သိုင်းမြို့စား ကျင့်ကြံမူအဆင့်က အမှန်တကယ် လျှော့တွက်၍မရနိုင်တဲ့အရာပဲ!"ချင်ယွင် အံ့သြသွား သည်။ သူ၏ နောက်ကျောရှိ နဂါးအတောင်ပံများသည် တဖန်တောက်ပလာခဲ့ပြီး သူ၏ခန္ဓာကိုယ် သည် စက်ပိုင်းပြတ်တခုအဖြစ်သို့ တဖန်ပြောင်းလဲသွားကာ သူသည် အနက်ရောင် ဝတ်ရုံဝတ် အမျိုးသား၏ အခြားတစ်ဖက်တွင် ပေါ်လာပြန်သည်။
"ဟမ့်၊ နဝမအဆင့် ကောင်းကင်အလွှာ သိုင်းဂိုဏ်းချုပ်အဆင့်လေး တစ်ယောက်က ငါ့ရှေ့ကို ခုန်ဝင်လာရဲတယ်ပေါ့။ ဒါက သေခြင်းတရားကို တောင်းဆိုနေတာ ပဲ!” အနက်ရောင်ဝတ်ရုံဝတ်အမျိုးသားက အေးစက်စွာ ဟစ်အော်ပြောရင်း သူ၏လက်ထဲရှိ ဓားက ချက်ချင်းပင် ချင်ယွင်အပေါ် ဓားမိုးရွာပြီးကျဆင်းလာခဲ့သည်။
ချင်ယွင်သည်လည်း တားဆီးရန် သူ၏ဓားကို ခုတ်ပိုင်းလိုက်သည်။ ထို့နောက် ဓားမိုးရွာ ခြင်းသည် လျင်မြန်ပြီး ပြင်းထန်လာသည်။ ချင်ယွင်သည် ချက်ချင်းပင် ဓားမိုးရွာသွန်း ခြင်း၏ ထိမှန်ခံလိုက်ရသည်။ သူ၏ရင်ဘတ်မှာ အပေါက်တစ်ပေါက်ပေါ်လာပြီး သူလည်း နောက်ပြန် လွင့်ပျံသန်း သွားခဲ့သည်။
"ဟမ့်၊ တစ်ချက်လေး တိုက်ခိုက်တာကိုတောင် ခံနိုင်ရည် မရှိပါလား။" အနက်ရောင် ဝတ်အမျိုးသားက အထင်သေးဟန်ဖြင့် ပြောလိုက်သည်။
တစ်ချိန်တည်းမှာပင် လင်ကျန်းယွန်သည် လက်ထဲတွင် ကြီးမားသောရေနဂါးကြီးကို ကိုင်ဆောင်ထားရင်း အနက်ရောင်ဝတ်အမျိုးသားထံ ပြေးသွားခဲ့သည်။ (ရေနဂါးဟူသည် လှံမှ ဖန်တီးထားသည့် စွမ်းရည် ဖြစ်ဟန်တူ)
အနက်ရောင်ဝတ်ရုံဝတ် အမျိုးသားသည် အေးစက်စွာ နှာခေါင်းရှုံံပြီး သူ၏ လက်ထဲရှိ ဓားကိုဝှေ့ယမ်းကာ ကောင်းကင်ယံရှိ ရေနဂါးကြီးဆီသို့ ချက်ခြင်း ခုတ်ပိုင်းလိုက်သည်။
နောက်ကို လွင့်ပျံသွားခဲ့သည့် ချင်ယွင်သည် ဤမြင်ကွင်းကို မြင်ပြီးလျှင် သူ၏ နှုတ်ခမ်းထောင့်စွန်းမှာ အပြုံးတစ်ခု ပေါ်လာလေသည်။
မြန်နှုန်းမြင့်လျှပ်စီးက ချက်ခြင်း အသက်ဝင်လာခဲ့ပြီး နဂါးအတောင်ပံ များသည်လည်း တဖျပ်ဖျပ် ခတ်လာသည်။ အမြန်နှုန်းတစ်ခုလုံးသည် ကြောက်မက်ဖွယ်ကောင်းသော အတိုင်းအတာတစ်ခုအထိ တဟုန်ထိုး မြင့်တက်သွားခဲ့ပြီး အနက်ရောင် ဝတ်ရုံဝတ် အခြားအမျိုးသားတစ်ဦးဆီသို့ တိုက်ရိုက် ပစ်ဝင်သွားလိုက်သည်။
ထိုအနက်ရောင်ဝတ်အမျိုးသားသည် မူလကတည်းက အစီအရင်ဝင်္ကပါကို ထိန်းသိမ်းနေသူ ဖြစ်သည်။ ချင်ယွင်သည် ပျံသန်းလွင့်ထွက်သွားခဲ့သည်ကို မြင်ဖူးထားပြီးဖြစ်ကာ ချင်ယွင်သည် ဒဏ်ရာအပြင်းထန် ရနေပြီဟုသူ ထင်ထားမိသည်။ ထို့အပြင် ချင်ယွင်သည် သိုင်းဂိုဏ်းချုပ်နယ်ပယ်၏ နဝမအဆင့် ကောင်းကင်အလွှာတွင် ရှိနေသောကြောင့် ချင်ယွင်ကို သူ၏မျက်လုံးထဲတွင် လုံးဝ ထည့်မထားခဲ့ပေ။
ချင်ယွင်သည် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဟုန်ဖြင့် သူ့ဆီသို့ ရုတ်တရက် ပြေးလာသည်ကို မြင်လိုက်ရလျှင် သူသည် ထိတ်လန့်သွားပြီး အစီအရင်ဝင်္ကပါ၏ စွမ်းအားကို အရှိန်အဟုန်ဖြင့် လှုံ့ဆော်ချင်လာသည်။ သို့သော်လည်း အနက်ရောင် ဝတ်အမျိုးသားသည် လင်ကျန်းယွန်၏ ရေနဂါးကြီးကို တားဆီးရန်အတွက် သူ၏ဓား ကို ကိုင်ဆောင်ရင်း ခုတ်ပိုင်းနေချိန်ဖြစ်သည်။ အကယ်၍ သူသည် သူ၏စွမ်းအားကို အသုံးပြုလိုက်မည်ဆိုလျှင် ထိုအနက်ရောင်ဝတ် အမျိုးသားဆီ သူ၏စွမ်းအားကို အချိန်မီ မလွှဲပေးနိုင်တော့ပေ။ ထို့ကြောင့် ချင်ယွင်က သူ့ဆီသို့ ပြေးလာသောအခါတွင် သူသည် ကူကယ်ရာမဲ့စွာဖြင့် စောင့်ကြည့်နေရုံသာ တတ်နိုင်လေသည်။
"ငရဲကိုသွားလိုက်တော့!"
ချင်ယွင်သည် အေးစက်စွာ အော်ဟစ်လိုက်ပြီး သူ၏လက်ထဲရှိ ကြယ်နက်ဓားကထို အနက်ရောင်ဝတ်အမျိုးသား၏ လည်ပင်းကို ညအမှောင်ထဲရှိ သေမင်းနတ်ဘုရား တစ်ပါးကဲ့သို့ ခုတ်ဖြတ် ပစ်လိုက်သည်။
အနက်ရောင်ဝတ်အမျိုးသား၏ ဦးခေါင်းတစ်ခုလုံးသည် ချက်ခြင်းပင် ဖြတ်ခံလိုက်ရပြီး ပျံတက်သွားသည်။ သွေးများစီးကျလာပြီး သူ၏အလောင်းက ရေကန်ထဲကို ထိုးကျ သွားခဲ့သည်။
အစမှအဆုံးအထိ အနက်ရောင်အမျိုးသားသည် သနားစရာကောင်းသည့် အော်ဟစ်သံကိုပင် အော်ဟစ်ရန် အချိန်မရှိခဲ့ပေ။
အနက်ရောင်ဝတ် အမျိုးသား သေဆုံးသွားသည့်အခိုက်တွင် လူလေးဦး၏ ဓားသင်္ကေတလေးခု အစီအရင်ဝင်္ကပါသည် ချက်ခြင်း ပြိုကျသွားသည်။
ကျန်အနက်ရောင်၀တ်အမျိုးသား သုံးယောက်သည် သူတို့၏ မူလကျင့်ကြံမူအဆင့်ကို ချက်ချင်း ပြန်လည် ရရှိသွားကြသည်။ တစ်ချိန်တည်းမှာပင် သူတို့သည် သူတို့၏အဖော် အသတ်ခံလိုက်ရကြောင်း တွေ့ရှိသွားခဲ့သည်။
"တတိယညီလေး!"
အသံသုံးခုက တပြိုင်နက်တည်း ထွက်ပေါ်လာခဲ့သည်။
ဒုတိယအဆင့် ကောင်းကင်အလွှာ သိုင်းမြို့စားအဆင့် ကျွမ်းကျင်သူ သုံးယောက်သည် ချင်ယွင်၏ ဦးတည်ရာအရပ်ကို တပြိင်နက်တည်း ကြည့်လိုက်ကြပြီး သူတို့၏မျက်လုံးများတွင် သတ်ချင်စိတ်များဖြင့် ပြည့်နှက်နေခဲ့သည်။
သို့သော်၊ ချင်ယွင်သည် လျင်မြန်ပြီး ခက်ထန်သော အလင်းတန်းတစ်ခု အဖြစ်သို့ နောက်တကြိမ် ပြောင်းလဲသွားခဲ့ပြန်ပြီး အနက်ရောင်ဝတ် အခြားအမျိုးသားတဦး၏ နောက်တွင်ပေါ်လာပြန်သည်။
အနက်ရောင်ဝတ်အမျိုးသားသည် ချက်ခြင်းပင် ထိတ်လန့်သွားခဲ့ပြီး သူ၏ နောက်သို့ ဓားကိုအမြန်ခုတ်လိုက်သည်။
သို့သော်၊ ချင်ယွင်၏ဓားသည် သူ့ထက် မြန်ဆန်သည်၊ ဓားသည် သူ၏နှလုံးသားကို ချက်ချင်းဆိုသလို ထိုးဖောက်ကာ လုံးဝ အသတ်ခံ လိုက်ရသည်။
"စတုတ္ထညီလေး!"
အဖော်နှစ်ယောက် ချက်ခြင်းသေဆုံးသွားသည့်အတွက် လင်ကျန်းယွန်ကို တိုက်ခိုက် နေသည့် အနက်ရောင်ဝတ်အမျိုးသား၏ မျက်လုံးများသည် နီရဲနေပြီး ချင်ယွင်ဆီသို့ ပြေးဝင်သွားသည်။
သို့သော်လည်း လင်ကျန်းယွန်က အေးစက်စွာ အော်ပြောလိုက်သည် "မင်းလည်း ကိုယ့်ကိုကိုယ်ဂရုစိုက်သင့်တယ်!"
ထို့နောက်တွင်၊ သူ၏လက်ထဲတွင်ရှိသော လှံသည် အနက်ရောင်ဝတ် အမျိုးသား၏ ခါးဆီသို့ ထိုက်တောင်ကြီး၏ဖိအားဖြင့် ရိုက်ချလိုက်လေသည်။
ထိုအမျိုးသားသည် သွေးတပွက်အန်ထုတ်ပြီး ရေကန်မျက်နှာပြင်ပေါ် လဲကျသွားသည်။
လင်ကျန်းယွင်၏ မျက်လုံးများတွင် သတ်ဖြတ်လိုစိတ်များက တဟုန်ထိုး တိုးလာခဲ့ သည်။ သူ၏လက်ထဲတွင်ရှိသော လှံသည် ပင်လယ်ပြင်အထက်သို့ ပျံထွက်လာသည့် ရေနဂါးကြီးအဖြစ်သို့ တစ်ဖန်ပြောင်းသွားပြန်သည်။ ရေကန်၏ မျက်နှာပြင်မှာ လဲကျသွားသည့် ထိုအမျိုးသားဆီ ပျံသန်းသွားခဲ့သည်။
"ဘုန်း!"
ရေကန်၏မျက်နှာပြင်တစ်ခုလုံး ပေါက်ကွဲသွားပြီး မီတာရာနှင့်ချီမြင့်သော လှိုင်းလုံးကြီး တစ်ခု ပေါက်ကွဲသွားသည်။ ဦးဆောင်သူ အနက်ရောင်ဝတ် အမျိုးသား၏ ခန္ဓာကိုယ် တစ်ခုလုံးသည် ချက်ချင်းပေါက်ကွဲသွားခဲ့ပြီးအလောင်းပင် လုံးဝမကျန်ဘဲ သေဆုံးသွား ခဲ့သည်။
သူ၏အပေါင်းအဖော်များ အားလုံးသေဆုံးသွားသည်ကို နောက်ဆုံးကျန်သည့် အနက် ရောင်ဝတ်အမျိုးသားသည် မြင်သောအခါ သူသည် အလျင်အမြန် ထွက်ပြေးရန် ပြင် ဆင်လိုက်သည်။
သို့သော်လည်း ချင်ယွင်၏လက်ထဲတွင် အနက်ရောင်လျှပ်စီးလှံ တစ်စင်း ပေါ်လာပြီး အဝေးကကမ်းစပ်ဆီသို့ တိုက်ရိုက်ပစ်လွှတ်ပြီး မပြန်လမ်းသို့ ပို့လိုက်လေသည်။ နောက်ဆုံးတွင် ထိုအမျိုးသားသည်လည်းပေါက်ကွဲပြီး ပျောက်သွားခဲ့သည်။
တခဏအတောအချိန်အတွင်းမှာ ဒုတိယအဆင့် ကောင်းကင်အလွှာ သိုင်းမြို့စား အဆင့် ကျွမ်းကျင်သူ လေးယောက်စလုံး အသတ်ခံခဲ့ရပြီး တစ်ဦးတစ်ယောက်မှ လွတ်မြောက်ကျန်ရစ်ခြင်း မရှိခဲ့ပေ။
လင်ကျန်းယွင်သည် သူ၏မျက်နှာပေါ်တွင် အလွန်အံ့အားသင့်သော အမူအရာဖြင့် အဝေးမှ ချင်ယွင်ကို ကြည့်လိုက်သည်။
အခန်း(၂၁၄)အစ်မ၏သတင်းစကား
တိုက်ပွဲကြီးသည် ထိုကဲ့သို့ပင် ပြီးဆုံးသွားခဲ့ပါပြီ။
လင်ကျန်းယွန်သည် လက်တစ်ဖက်ဆုံးရှုံးခဲ့သော်လည်း စိတ်ဓာတ်အပြည့်ရှိနေဆဲ ဖြစ် သည်။ သူ၏ လက်ထဲတွင် လှံတစ်ချောင်းကိုကိုင်ထားပြီး ဝင့်ကြွားစွာ မတ်တပ်ရပ် လိုက်သည်။
"မင်းရဲ့အကူအညီအတွက် ကျေးဇူးအများကြီး တင်ပါတယ် ညီငယ်လေး။ ငယ်ငယ် ရွယ်ရွယ်နဲ့ မင်းမှာ ဒီလိုခွန်အားမျိုး ရှိနေလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး" လင်ကျန်းယွန်သည် မချီးကျူးဘဲ မနေနိုင်တော့။
ချင်ယွင်က ပြုံးပြီး သင့်တော်သင့်စကားကို ပြောလိုက်သည် "စစ်သူကြီးလင်က ကျွန် တော်ကို မြှောက်ပင့်နေပါပြီလေ။ စစ်သူကြီးနဲ့ ယှဉ်ရင် ကျွန်တော်လျှောက်ရမယ့် ခရီးကအဝေးကြီးလိုနေပါသေးတယ်။ အကူညီအတွက်လား ဟဲဟဲ၊ ဒါက လုပ်သင့်ပါ တယ်လေ။"
"လုပ်သင့်တာလား?" လင်ကျန်းယွန်က အံ့သြစွာ မေးလိုက်သည်။
ချင်ယွန်ကပြုံးပြီး အဝေးကိုကြည့်ကာ ပြောလိုက်သည် "စီစီ၊ မင်းရဲ့ဦးလေးကို ထွက်လာပြီးတွေ့ဦးလေ"
သေချာသည်မှာ၊ ချင်ယွင်၏ အော်သံအောက်မှာ ရန်စီစီက ဖြည်းညှင်းစွာ ထွက်လာပြီး လေထဲတွင် လှံကိုင်ကာရပ်တန့်နေသည့် လင်ကျန်းယွန်ကိုကြည့်ပြီး မဝံ့မရဲလေသံဖြင့် ရှိုးတိုးရှန့်တန့် ခေါ်လိုက်သည် "ဦးလေး...ဦးလေးလား!"
လင်ကျန်းယွန်သည် ထိုနေရာတွင် အံ့အားသင့်သွားသည်။ ချက်ချင်းပင် သူ၏မျက်လုံး ထောင့်မှ မျက်ရည်များ စီးကျလာသည်။ ထို့နောက် သူသည် စက်ဝိုင်းပြတ်တစ်ခုအဖြစ် ပြောင်းလဲကာ ရန်စီစီ၏ရှေ့တွင် ပေါ်လာသည်။ တစ်ဖက်တည်းသောလက်က ရန်စီစီ ၏လက်မောင်းကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်လိုက်ပြီး "ဒါက...တူတယ်...ဒါက……. တူတယ်။ သိပ်ကိုတူလွန်းတယ်။ မင်းက မင်းအမေနဲ့ ချွတ်စွတ်တူတာပဲ"
လင်ကျန်းယွန်၏ ရုတ်တရက် လုပ်ရပ်ကြောင့် ရန်စီစီသည် အံ့သြသွားသည်။ နဂိုက တည်းက အနည်းငယ် ရှက်ရွံ့နေသူ သူမသည် ကြောက်လန့်တကြား ခြေတစ်လှမ်း ဆုတ်လိုက်သည်။
ထိုအချိန်တွင် ချင်ယွင်သည်လည်း ကမ်းတဖက်သို့ပျံသန်းလာကာ နဂါးတောင်ပံ များကို ရုတ်သိမ်းလိုက်သည်။
"စီစီ၊ မကြောက်နဲ့လေ။ သူက မင်းဦးလေးပဲ။ မင်းကို မထိခိုက်စေပါဘူး။" ချင်ယွင်က ပြုံးရင်းပြောလိုက်သည်။
ချင်ယွင်၏စကားကိုကြားလျှင် ရန်စီစီသည် အလွန်စိတ်သက်သာရာ ရသွားသော်လည်း လင်ကျန်းယွန်၏ မျက်လုံးများကို တိုက်ရိုက် မကြည့်ဝံ့သေးပေ။
လင်ကျန်းယွန်သည်လည်း စိတ်တည်ငြိမ်မှု ပျောက်ဆုံးသွားသည်ကို သူ သတိထားမိ လိုက်သည်။ သူက ရန်စီစီကို အမြန်လွှတ်လိုက်ပြီး "ဒါဆို မင်းနာမည်က ရန်စီစီလား။ ဘယ်လောက်တောင် ကောင်းလိုက်တဲ့ နာမည်လေးလဲ!"
ရန်စီစီက ခေါင်းညိတ်လိုက်သည်။ လင်ကျန်းယွန် ပြုံးနေသည်ကို မြင်ရလျှင် သူမ၏ မျက်နှာကမကြောက်တော့ပေ။
"မင်းအမေ ဘယ်မှာလဲ၊ အခု နေကောင်းလား" လင်ကျန်းယွန်က ကမန်းကတန်း မေး လိုက်သည်။
ရန်စီစီသည် သူမအမေ၏စကားကိုကြားသောအခါ ဝမ်းနည်းသော အမူအရာက ချက်ချင်း ပင် သူမမျက်နှာပေါ်တွင် ပေါ်လာသည်။
သူမက ငိုပြီး ပြောလိုက်သည် “အမေ … အမေ ရောဂါနဲ့ သေသွားတယ်”။
ထိုစကားကို ပြောပြီးနောက် သူမသည် လင်ကျန်းယွန်၏ ရင်ခွင်ထဲသို့ ပြေးဝင်သွား သည်။
လင်ကျန်းယွန်၏ တစ်ဖက်တည်းသော လက်က ရန်စီစီကို တင်းတင်းကျပ်ကျပ် ပွေ့ဖက်လိုက်ပြီး သူမမျက်နှာပေါ်တွင် မျက်ရည်များ စီးကျလာသည်။
နောက်ဆုံးတော့ သွေးက ရေထက် ပိုပျစ်ပါသည်။ ရန်စီစီ နှင့် လင်ကျန်းယွန်တို့ နှစ်ဦး စလုံးသည် တူညီသော သွေးမျိုးဆက်ရှိသောကြောင့် နက်ရှိုင်းသော ဆက်ဆံရေးတစ်ခု ထူထောင်ရန်လွယ်ကူလှပါသည်။
ထိုမြင်ကွင်းကိုမြင်လိုက်ရလျှင် ချင်ယွင်လည်း သူ၏ရင်ထဲမှာ ဝမ်းနည်းကြေကွဲမှုတစ်ခု ခံစားလိုက်ရသည်။ သူသည် လှည့်ပြီး ထွက်လာခဲ့ကာကာ ရေကန်ရှိရာသို့ ရောက်ရှိလာ သည်။
ဤအခိုက်အတန့်တွင်၊ သူ၏ခမည်းတော် အင်မော်တယ်ဧကရာဇ်ချင်ဟန်သည်အဆုံးမဲ့ ချောက်နက်ကြီးထဲသို့ လွှတ်လိုက်သော သူမိခင်အကြောင်းကို သူ တွေးတောနေခဲ့ သည်။
"အမေ၊ အမေ့သား အမေ့ကို လွမ်းလိုက်တာ" ချင်ယွင်သည် ရေကန်၏ တောက်ပနေ သော မျက်နှာပြင်ကို ကြည့်လိုက်သည်၊ အဆုံးမရှိသည့် တောင့်တမူဆန္ဒက သူ၏ နှလုံးသားထဲသို့တိုးဝင်လာခဲ့သည်။
နောက်ဆုံးမှာတော့ သူသည် ကလေးတစ်ယောက်သာ ဖြစ်နေသေးပြီး သူ့အမေ၏ ရင်ခွင်ကိုလွမ်းဆွတ်နေပါလိမ့်မည်။
လျူရန်ယွင်၏ ခြောက်နှစ်ကြာ ဂရုစိုက်မှုက ချင်ယွင်အား နွေးထွေးမှုကို ပေးစွမ်းခဲ့မည် ဆိုလျှင်ပင်၊ ယခုအခိုက်တန့်တွင် ချင်ယွင်၏ စိတ်သည် အလွန်အမင်း ဖရိုဖရဲဖြစ်ပြီး စိတ်ပျက် အားငယ်သွားမှာကိုပင် စိုးရိမ်နေမိသည်။
ရန်စီစီကို ယခုအခိုက်အတန့်မျိုး မြင်လိုက်ရလျှင် သူသည် သူမကို စာနာမိသွားသည်။
"အမေ၊ အမေ့သားကို စောင့်နေပါ။ တစ်နေ့တော့ အဆုံးမဲ့ ချောက်နက်ကြီးထဲကို သား ကိုယ်တိုင်လာပြီး အမေ့ကို ကယ်တင်မယ်" ချင်ယွင်က သူ၏လက်သီးတွေကို တင်းတင်းကြပ်ကြပ် ဆုပ်ထားပြီး သူ၏မျက်လုံးများတွင် ဆုံးဖြတ်ချက် ပြတ်သားမူ များဖြင့်ပြည့်နေသည်.။
နောက်တစ်ခုကတော့ ရန်စီစီနှင့် လင်ကျန်းယွန်တို့၏ ရေရှည်ဆက်ဆံရေးနှင့် စကား ပြောဆိုမှုတို့ ဖြစ်သည်။ ချင်ယွင်သည် သူတို့ကို မနှောင့်ယှက်ခဲ့ပေ။
လင်ကျန်းယွန်သည် ညနေခင်းတွင် ချင်ယွင်ဆီသို့ ပေါ်လာသည်။
"ဖတ်!"
ချင်ယွင် လှည့်မကြည့်မီ လင်ကျန်းယွ်သည် ချင်ယွင်၏ရှေ့မှာ တိုက်ရိုက် ဒူးထောက်ချ လိုက်သည်။
"မင်းကို ကျေးဇူးတင်ပါတယ်၊ စီစီကို လမ်းတစ်လျှောက်လုံး ကာကွယ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်!" လင်ကျန်းယွန်၏ မျက်လုံးများသည် ကျေးဇူးတင်သည့် အရိပ်အယောင်များဖြင့်ပြည့်နှက်နေသည်။
ချင်ယွင် အံ့သြသွားသည်။ ရန်သူနှင့်ရင်ဆိုင်ရအချိန်မှာ အနည်းငယ်မျှ ကြောက်ရွံ့မှုမျိုး မပြဘဲ ဆက်လက်ရပ်တည်ခဲ့သော စစ်သူကြီးတစ်ဦးသည် သူ၏ရှေ့တွင် အမှန်တကယ် ဒူးထောက်လိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။
ထို့နောက် ချင်ယွင်သည် လင်ကျန်းယွန်ကို ကူညီမတ်တပ်ရပ်ပေးရန် အလျင်အမြန် ရှေ့တက်သွားခဲ့ပြီး ပြောလိုက်သည် "ဦးလေးလင် ဘာတွေပြောနေတာလဲ.။ စီစီက ကျွန်တော်ညီမပဲလေ။ သူမကို ကျွန်တော် ကာကွယ်သင့်ပါတယ်"
လင်ကျန်းယွန်သည် ခေါင်းညိတ်လိုက်သည်။ သူက မတ်တပ်ထရပ်ပြီး "စီစီမှာ မင်းလို အစ်ကိုတစ်ယောက်ရှိတာက သူမရဲ့ကံကြမ္မာပါပဲ။ စီစီကလည်း မင်းအကြောင်းတွေ အကုန်ပြောပြတယ်။
မင်းက စီစီကို တကယ်ချစ်တယ်လို့ ငါပြောနိုင်ပါတယ်"
ချင်ယွင်က ခေါင်းညိတ်ပြီး "ဒါဆို ဦးလေးဘာဆက်လုပ်ဖို့ စိတ်ကူးထားလဲ။ စီစီနဲ့ ထွက် သွားမှာလား?"
လင်ကျန်းယွန်က မျက်မှောင်ကြုတ်ပြီး ပြောသည် " ငါ စီစီနဲ့ထွက်သွားပြီး ဘယ်သူမှ ဂရုမစိုက်မိတဲ့ နေရာကို လိုက်ရှာရမယ်။ စီစီက ရိုးသားလွန်းပြီး တော်ဝင်မိသားစုဘဝနဲ့ မသင့်တော်ပါဘူး။ တကယ်လို့ ငါ အင်ပါယာမြို့တော်ကို သွားမယ်ဆိုရင် သူမကို ဒုက္ခ ပေးရာ ရောက်လိမ့်မယ်။ ဒါ့အပြင်၊ ဒီကိစ္စက ဒီလောက် မရိုးရှင်းဘူးလို့ ငါ အမြဲတမ်း ခံစားမိနေတယ်။"
ချင်ယွင်ခေါင်းညိတ်လိုက်သည်။ ဤအရာသည် သူလိုချင်သည်နှင့် အတိအကျ ဖြစ်သည်။ ရန်စီစီကို လင်ကျန်းယွန်ထံ လွှဲပြောင်း ပေးလိုက်နိုင် ခြင်းကြောင့် ချင်ယွင်သည်လည်း စိတ်သက်သာရာ ရစေခဲ့သည်။
အင်မော်တယ်စိတ်ဝိညာဉ်ခန္ဓာကိုယ်နှင့် ပတ်သက်၍ ချင်ယွင်သည် ကောင်းကင်ဘုံကို စိန်ခေါ်နိုင်သည့် ရတနာကို ရှာမတွေ့မချင်း လင်ကျန်းယွန်အား ယခုအချိန်တွင် ပြော ပြရန်မရည်ရွယ်ခဲ့ပေ။
သူ့ကိုပြောပြလျှင်ပင် အသုံးမဝင်ပေ။ ဒါက လူတစ်ယောက်ကို စိတ်ပူစေရုံသာ ဖြစ်ပါ လိမ့်မည်။
ရုတ်တရက် ချင်ယွင်သည် တစ်ခုခုကို သတိရသွားပုံရသည်။ သူက လင်ကျန်းယွန် ဘက်သို့ လှည့်ပြီး " ဦးလေးလင်၊ နဝမမြောက် မင်းသားနဲ့ ကိုယ်လုပ်တော်အဖြစ် ထိမ်းမြားလက်ထပ်မယ့် ရန်ဝူချင်းလို့ခေါ်တဲ့ သိုင်းမြို့စားချင်းယွန်ရဲ့ သမီးလေးအကြောင်း ကြားဖူးသလားလို့ ကျွန်တော် သိချင်မိပါတယ်။"
လင်ကျန်းယွန်သည် အနည်းငယ် မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။ "လွန်ခဲ့တဲ့ လအနည်းငယ်က သိုင်းမြို့စားချင်းယွန်ရဲ့ သိုင်းစံအိမ်တော်က မင်းသမီးလေး တစ်ယောက် ကို ပြန်ခေါ်လာလို့ ငါကြားလိုက်ရတယ်။ဒါကလည်း ငါ့ရဲ့ ဒုတိယညီမက သိုင်းမြို့စားချင်းယွန်ရဲ့ ဇနီးမို့လို့ သူမပြောတာကို ငါကြားမိတာပါ။"
လင်ကျန်းယွန်ကသူ့အစ်မ၏သတင်းကို ကြားသိကြောင်း ချင်ယွင်ကြားလိုက်ရသော အခါ၊ သူ၏မျက်နှာသည် ချက်ချင်းပင် စိတ်လှုပ်ရှားနေသော အမူအရာ ပေါ်လာသည်။ သူက ကမန်းကတန်းမေးလိုက်သည် "ဒါဆို သူမ အခု ဘယ်ရောက်နေလဲ သိလား?သူမ အခြေအနေကရောဘယ်လိုလဲ"
ချင်ယွင်၏ စိတ်လှုပ်ရှားနေသော အမူအရာကိုကြည့်ရင်း လင်ကျန်းယွန်သည် မျက် မှောင်ကြုတ်ကာ ပြောလိုက်သည် "ငါ သူမအကြောင်းနဲ့ပတ်သက်တဲ့ သတင်းတချို့ သိထားတယ်၊ဒါပေမယ့်…"
"ဒါပေမယ့် ဘာဖြစ်လဲ?" ချင်ယွင်က ကမန်းကတန်း မေးလိုက်သည်။
"ဒါပေမယ့် သူမ ပျောက်သွားပုံရတယ်။" လင်ကျန်းယွန်က ပြန်ဖြေသည်။
"ဘာ? သူမ ပျောက်နေတယ်!" ချင်ယွင်သည် မိုးကြိုးပစ်ခံရသလို ခံစားလိုက်ရသည်။ သူက စိတ်လှုပ်ရှားစွာဖြင့် မေးလိုက်သည် "သူမ ဘယ်လိုလုပ်ပျောက်နေတာလဲ၊ သူမဟာ သိုင်းမြို့စားချင်းယွန်ရဲ့သမီးမဟုတ်လား၊ သူမကို သိုင်းမြို့စားချင်းယွန်က ကာကွယ်ပေးထားတာ မဟုတ်ဘူးလား၊ သူမက ဘယ်လိုလုပ်ပြီး လွယ်လွယ်နဲ့ ပျောက် သွားနိုင်မှာလဲ"
လင်ကျန်းယွန်သည် စိတ်လှုပ်ရှားနေသော ချင်ယွင်ကိုကြည့်လိုက်သည်။ သူက ကပျာ ကယာ ပြောလိုက်သည် “စိတ်အေးအေးထားပါ” ငါက အကြမ်းဖျဉ်းလောက်ပဲ သိတယ် ။ သူမကို သိုင်းမြို့စားစံအိမ်သို့ ပြန်ခေါ်လာတဲ့အခါ သူမက ဒဏ်ရာအပြင်း အထန်ရခဲ့ တယ်လို့ ဆိုတယ်။ နောက်ပိုင်းမှာ သိုင်းမြို့စားချင်းယွန်ရဲ့စောင့်ရှောက်မှုအောက်မှာ သူမရဲ့ ခန္ဓာကိုယ်က တဖြည်းဖြည်း ပြန်လည်ကောင်းမွန်လာခဲ့တယ်။ သိုင်းမြို့စား ချင်း ယွန်က သူမနဲ့နဝမမြောက်မင်းသားတို့ကြား မင်္ဂလာပွဲအတွက် စတင်ပြင်ဆင်ခဲ့တယ်။ ဒါပေမယ့် အဲဒီအချိန်မှာပဲ သူမက ရုတ်တရက် ပျောက်ကွယ်သွားခဲ့တယ်။ သူမကို ပြိုင်ဘက်ကင်း ကျွမ်းကျင်သူတစ်ယောက်က အဝေးကို ခေါ်ဆောင်သွားပုံရတယ်။"
"သူမကို ပြိုင်ဘက်ကင်းကျွမ်းကျင်သူတဦးက ခေါ်ဆောင်သွားခဲ့တာလား။" ချင်ယွင် သည် မျက်မှောင်ကြုတ်လိုက်မိသည်။
သိုင်းမြို့စားချင်းယွန်ရှေ့မှာ မည်သည့်ကျင့်ကြံမူအဆင့်မှ မရှိသေးသည့် သက်ရှိသာမန် လူသားတစ်ယောက်ကို ခေါ်ထုတ်နိုင်ဖို့ဆိုလျှင် အနည်းဆုံး သိုင်းဧကရာဇ်အဆင့် လောက်တော့ ရှိကောင်းရှိနိုင်လိမ့်မည်။ သို့ပေမယ့် ထိုကျွမ်းကျင်ပညာရှင်က သူ၏ အစ်မကို အကြောင်းပြချက်မရှိဘဲ မည်ကဲ့သို့ ခေါ်ဆောင်သွားရနသည်း။
ချင်ယွင်သည် ခေါင်းကိုက်သလို ခံစားလာရသည်။
“ကြည့်ရတာ သိုင်းမြို့စားချင်းယွန်ဆီကို သွားကြည့်ရမယ်နဲ့တူတယ်”။ ချင်ယွင်သည် ကောင်းကင်ယံတွင် ပြည့်ပြည့်ဝဝ အလင်းရောင်ပေးနေသည့် လမင်းကို မော့ကြည့် လိုက်ပြီး သူ၏မျက်လုံးများသည် ဆုံးဖြတ်ချက် ပြတ်သားမူနှင့်အတူ လင်းလက်နေ တော့သည်။
အခန်း (၂၁၅) သိုင်းမြို့စားစံအိမ်သို့ ခိုးဝင်ခြင်း။
ထိုညတွင် လင်ကျန်းယွန်သည် ရန်စီစီနှင့်အတူ ထွက်ခွာသွားခဲ့သည်။
ချင်ယွင်က သူတို့နှင့်မလိုက်ဘူးတော့ဘူးဟုကြားလျှင် ထိုကလေးမလေးသည် ငိုကြွေး လေသည်။
နောက်ဆုံးတွင် ချင်ယွင်သည် သူမကို ကျိန်းသေပေါက် လာရောက်လည်ပတ်မည်ဟု ကတိပေးလိုက်ရသည်။ ထိုမှသာဤမိန်းကလေးသည် လက်လျော့ရန် ဆန္ဒရှိသွားခဲ့ သည်။
နောက်ဆုံးတွင် သူမ၏ လက်ဖဝါးပေါ်တွင် အစိမ်းရောင်ကြာပန်း အမှတ်အသားတစ်ခု ထင်ကျန်ရစ်ခဲ့သည်။ ဤအရာကို ချင်ယွင်က ရှေးဟောင်းခေတ် အစိမ်းရောင်ကြာပန်း ပညာရပ်ကို အသုံးပြု၍ ပေါင်းစည်းခဲ့ခြင်းဖြစ်ပြီး လူတစ်ဦး၏ အနီးစပ်ဆုံး တည်နေရာ ကိုသိရှိနိုင်သည်။
ဤနည်းဖြင့်၊ ချင်ယွင်သည် ရတနာကို တွေ့ရှိသည်နှင့် ဤအမှတ်အသားမှ တစ်ဆင့် သူမကို အမြန်ဆုံး ရှာဖွေနိုင်မည် ဖြစ်သည်။
ရန်စီစီကို နှုတ်ဆက်ပြီးနောက် ချင်ယွင်သည် မိုးပြာတိမ်တိုက်မြို့တော်သို့ တစ်ယောက် တည်းခရီးဆက်ခဲ့သည်။
ချင်ယွင်သည် မိုးပြာတိမ်တိုက်မြို့တော်သို့ရောက်သောအခါ မိုးလင်းနေပြီ ဖြစ်သည်။
ချင်ယွင်သည် သိုင်းမြို့စားစံအိမ်ထဲသို့ ချက်ချင်းဝင်ရောက်ရန် မရွေးချယ်ခဲ့ပေ။ သူ သည် ညဘက်တွင် ခိုးဝင်ရန် ရွေးချယ်ထားခဲ့သည်။ ၎င်းသည် ပို၍ ဘေးကင်းလုံခြုံမည် ဖြစ်သည်။
သူ၏အစ်မ ပျောက်ဆုံးရသည့် အကြောင်းရင်းအမှန်ကို စုံစမ်းရန်အတွက် ဤတစ်ကြိမ် တွင် သူသည် သိုင်းမြို့စားစံအိမ်ထဲသို့ ဝင်ရောက်ရလိမ့်မည်။ ထို့ပြင် အကယ်၍ ချင်ယွင်မှာသာ အခြားရွေးချယ်စရာရှိခဲ့လျှင် သူသည် ဤအကွက်ကို ရွှေ့မည်မဟုတ် ပေ။
နောက်ဆုံးမှာတော့၊ သိုင်းမြို့စားချင်းယွန်၏သိုင်းစံအိမ်ထဲတွင် ကျွမ်းကျင်သူများသည် တိမ်တွေလိုပေါများလွန်းလှသည်။ထိုကျွမ်းကျင်သူများသည် ချင်ယွင်ဆန့်ကျင်နိုင်သည့် အရာမဟုတ်ပေ။ ပထမဆုံးအနေဖြင့် သိုင်းမြို့စားနယ်ပယ်၏ နဝမအဆင့် အထွတ် အထိပ် ကောင်းကင်အလွှာ ကျင့်ကြံမှုအဆင့်ကို ပိုင်ဆိုင်ထားတဲ့ သိုင်းမြို့စား ချင်းယွန်ကို မပြောနှင့်ဦး။ ဟိုတခေါက်တုန်းကတွေ့ခဲ့သည့် အနီရောင်ဝတ် လူလတ်ပိုင်းအရွယ် အမျိုးသားနှင့်ပင် ချင်ယွင်တွေ့ခဲ့လျှင် သေဆုံးသွားရလိမ့်မည်။
အချိန်တွေက မြန်ဆန်စွာ ကုန်ဆုံးသွားခဲ့သည်။ ညဉ့်ကတဖြည်းဖြည်း ရောက်ရှိလာခဲ့ သည်။
ချင်ယွင်သည် အနက်ရောင်အဝတ်အစားကို ၀တ်ဆင်ထားပြီး တစ္ဆေသရဲအသွင် ပြောင်းလဲသွားသည့်အလား သိုင်းမြို့စားစံအိမ်ဆီသို့ ပြေးသွားခဲ့သည်။
သိုင်းမြို့စားစံအိမ်သည် သာမန်နေရာလိုမျိုး ဖြစ်မည်မဟုတ်ပေ။ အစောင့်အကြပ် ထူထပ်သည်ဟုဆိုနိုင်သည်။
သိုင်းဂိုဏ်းချုပ်အဆင့် အစောင့်အကြပ်များသည် ကင်းလှည့်နေရုံသာမက၊ ထိုဧရိယာ တဝိုက်ကို စောင့်ကြပ်နေသော သိုင်းမြို့စားအဆင့် ကျွမ်းကျင်သူများလည်း ရှိနေပါသည်။ ရံဖန်ရံခါတွင်၊ သူတို့သည် နယ်မြေတစ်ခုကို စူးစမ်းလေ့လာရန်အတွက် သူတို့၏ စိတ်ဝိညာဉ်စွမ်းအားကို ထုတ်လွှတ် တတ်ကြသည်။
ချင်ယွင်၏စိတ်ဝိညာဉ်စွမ်းအားသည် သူတို့ထက် ပိုအားကောင်းသည်။ ထို့ကြောင့် ချင်ယွင်က သူတို့ကို ရှာဖွေတွေ့ရှိနိုင်ခဲ့သော်လည်း သူတို့သည် ချင်ယွင်ကို ရှာမတွေ့ ခဲ့ကြပေ။
သိုင်းမြို့စားစံအိမ် တစ်ခုလုံးကို စစ်ဆေးပြီးနောက်၊ သိုင်းမြို့စား ချင်းယွန်သည် အိမ်ခန်းထဲတွင် မရှိကြောင်း ချင်ယွင် တွေ့ရှိခဲ့ရသည်။
အနီရောင်ဝတ် လူလတ်ပိုင်းအရွယ် သိုင်းမြို့စားအဆင့် ကျွမ်းကျင်သည် အခန်းထဲမှာ တရားထိုင်ပြီး ကျင့်ကြံနေသည်။ သို့သော် သူ့အခန်း၏ တည်နေရာနှင့် ပရိဘောဂများ ကိုအခြေခံ၍ ချင်ယွင်သည် ဤလူ၏ကိုယ်ရေးအချက်လက်ကို အဖြေထုတ်ကြည့်မိ သည်။
ဤလူသည် သိုင်းမြို့စားစံအိမ်၏ အိမ်တော်ထိန်းတဦး ဖြစ်သင့်သည်။
ချင်ယွင်က ဤလူကို ရန်စရန် မရည်ရွယ်ပါဘူး။ ထိုအချိန်မှာပင် သူသည် ပိုသင့်တော် သည့်ပစ်မှတ်ကိုရှာတွေ့ခဲ့သည်။
ထိုလူသည် ထိုအချိန်တုန်းက သူ၏အစ်မ လျူရန်ယွင်ကို ခေါ်ဆောင်သွားခဲ့သည့် သူ၏ မိတ်ဆွေဟောင်းကြီး အဖြူရောင်ဝတ်ပုဂ္ဂိုလ် ဖြစ်သည်။
ဤလူသည် အစောင့်အကြပ်များ၏ ခေါင်းဆောင်တဦးဖြစ်ပုံရပြီး လက်ရှိကင်းလှည့် ဧရိယာတွင်ကင်းလှည့်နေပါသည်။
အနည်းငယ်မျှ တုန့်ဆိုင်းခြင်းမရှိဘဲ ချင်ယွင်၏ရုပ်အသွင်အပြင်သည် ညဉ့်ကောင်းကင် ယံတွင် အမဲရောင်အလင်းတန်းတစ်ခု အဖြစ်သို့ ပြောင်းလဲသွားကာ အဖြူရောင်ဝတ် လူဆီသို့အမြန်ပြေးသွားခဲ့သည်။
ဝှီး!
အနက်ရောင်အလင်းတန်းတစ်ခု လင်းလက်လာသည်။ ချင်ယွင်သည် ပတ်ဝန်းကျင် အစောင့်များ၏ အာရုံစူးစိုက်ခြင်းမရှိမှုကို အခွင့်ကောင်းယူကာ အဖြူရောင်ဝတ်လူကို အမှောင်ထောင့်တစ်ခုဆီသို့ ဆွဲခေါ်လိုက်သည်။
အဖြူရောင်ဝတ်အမျိုးသားသည် အဖြစ်အပျက်ကို နားမလည်ခင်မှာ အနက်ရောင် အလင်းတန်းတစ်ခု ဖြတ်သွားသလိုသာ ခံစားလိုက်ရပြီး သူ၏မျက်လုံးများ အမှောင်ထုထဲကျသွားကာ အဝေးထောင့်တစ်နေရာတွင် သူပြန်ပေါ်လာသည်။
"အဲဒါမင်းပဲ!" အဖြူရောင်ဝတ် အမျိုးသားသည် အံ့သြစွာပြောသည်။ သူက ချင်ယွင်ကို မယုံကြည်နိုင်စွာ ကြည့်လိုက်သည်။
သူ၏ရှေ့မှာရှိနေသည့် ဤပြန်ပေးဆွဲသည့်လူသည် ထိုအချိန်တုန်းက တော်ဝင် မင်းသမီး၏ မောင်ဖြစ်သည်ဟု သူ သဘာဝကျကျ မှတ်မိသည်။
"မြန်မြန်ပြောစမ်း ငါ့အစ်မ ဘယ်မှာလဲ" ချင်ယွင်က အဖြူရောင်ဝတ်လူကို လည်ပင်းကို ဆွဲကိုင်ကာမေးလိုက်သည်။
အဖြူရောင်ဝတ်အမျိုးသားသည် သူ၏ ခန္ဓာကိုယ်အနှံ့ ပြင်းထန်စွာ လှိမ့်တက်လာသည့် တင်းကျပ်သော စွမ်းအားကို ချက်ချင်း ခံစားလိုက်ရပြီး သူ၏ ခန္ဓာကိုယ်ရှိ ဝိညာဉ်စွမ်းအင် ကိုလုံးဝ အသုံးမချနိုင်တော့ပေ။
သူသည် သူ့ကိုအချိန်မရွေးသတ်ဖြတ်နိုင်သည့် သူ၏ရှေ့က လူငယ်ကို မယုံကြည်နိုင်စွာ ကြည့်လိုက်မိသည်။ ချင်နင်းမြို့မှာတုန်းက ဤလူငယ်လေးသည် သိုင်းပညာရှင်အဆင့် တစ်ဦးမျှသာဖြစ်ပြီး သူ၏ရှေ့တွင် ခံခုနိုင်သည့် စွမ်းရည်မျိုး မရှိခဲ့ပေ။
အချိန်ကုန်လွန်သွားခဲ့သည်မှာ လေးလခန့်သာ ရှိသေးသည်။ သူသည် ဤကောင်လေး ၏ ရှေ့မှောက်တွင် ခုခံနိုင်စွမ်း ကင်းမဲ့သွားရသည်အထိ သူ၏တိုးတက်ကြီးထွားနှုန်းက မြင့်တက်လာခဲ့သည်။ သူ၏ကြီးထွားမှုနှုန်းသည် မည်ကဲ့သို့ ပုံမှန်ဖြစ်နိုင်တော့မည် နည်း။
အကယ်၍ သူ၏မျက်စိဖြင့်သာ ကိုယ်တိုင်မမြင်တွေ့ခဲ့ဖူးလျှင် ဤလူငယ်သည် တချိန် တုန်းက သူ ပုရွက်ဆိတ်တစ်ကောင်ကို ကြိတ်ချေသလိုမျိုး အသေသတ်ပစ်နိုင်သည့် လူငယ်ဟု ပြောလျှင်သူ ယုံမှာမဟုတ်ပါဘူး။ သူသည် ချင်နင်းမြို့၌ သူ့ကိုသတ်ရန်ပင် မထီမဲ့မြင်ပြုခဲ့ပြီး ခေါင်းမာခဲ့သော ကောင်ကလေး ဖြစ်နေသည်။
"မင်း ဘယ်လိုလုပ် သန်မာလာရတာလဲ။" အဖြူရောင်ဝတ် အမျိုးသားက အံ့သြစွာ မေးလိုက်သည်။
ချင်ယွင်၏ မျက်လုံးများက ချက်ချင်းပင် အေးစက်သွားပြီး အေးစက်စွာ မေးလိုက်တယ် "ငါ့အစ်မ ဘယ်မှာလဲ၊ မပြောရင်ငါ မင်းကို သတ်ပစ်မယ်"
ထိုစကားကို ပြောပြီးနောက် ချင်ယွင်၏လက်သည် အနည်းငယ် တွန့်ဆုတ်လိုက်ရာ အဖြူရောင်ဝတ် အမျိုးသားသည် အသက်ရှူ ကျပ်သွားစေသည်။
နဝမအဆင့် အထွတ်အထိပ် ကောင်းကင်အလွှာ သိုင်းဂိုဏ်းချုပ် နယ်ပယ်မှ ကျွမ်းကျင် သူတစ်ဦးကို ချင်ယွင်က လက်တစ်ဖက်ဖြင့် နံရံကို တွန်းကပ်ထားခဲ့ပြီး ထိုလူသည် လက်တုံ့ပြန်ရန်ပင် အစွမ်း မရှိခဲ့ပေ။
“တပ်မှူး… တပ်မှူးမင်းသမီး ၊ သူမ… သူမက လွန်ခဲ့တဲ့နှစ်လအတွင်းမှာ ပျောက်ကွယ် သွားခဲ့တယ်” အဖြူရောင်ဝတ်အမျိုးသားသည် ခက်ခက် ခဲခဲပြောလိုက်ရသည်။ ထို အခိုက်အတန့်တွင် သူ၏မျက်လုံးများမှာ ကြောက်ရွံ့မှု အရိပ်အယောင်များ ပေါ်လာ သည်။
"သူမ ဘယ်လိုပျောက်သွားတာလဲ" ချင်ယွင်က ကမန်းကတန်း မေးလိုက်သည်။
"အဲ့ဒါက တစ်ညမှာပဲ။ သိုင်းမြို့စားစံအိမ်ကို ထိပ်တန်းကျွမ်းကျင်သူ တစ်ယောက် ရောက်ရှိလာခဲ့တယ်။ သူက မင်းသမီးကို ခေါ်သွားခဲ့တယ်။ အဲဒီအချိန်မှာ သခင်သိုင်းမြို့စားက သူ့ကို တားဆီးဖို့ အသင့်ဖြစ်နေခဲ့ပြီ။ ဒါပေမယ့် အဲဒီလူက သူ့ရဲ့ ဝတ်စုံလက်မောင်းကို တချက်ဝှေ့ယမ်းလိုက်တာနဲ့ သခင်သိုင်းမြို့စားဟာ လွင့်ထွက် သွားခဲ့တယ်။" အဖြူရောင်ဝတ် အမျိုးသားသည် သူ၏ လေသံထဲတွင် အံ့အားသင့်မူ များဖြင့် ပြည့်နှက် နေခဲ့သည်။
ချင်ယွင်၏ မျက်ခုံးများသည် ချက်ချင်း တွန့်သွားခဲ့သည်။ နဝမအဆင့် အထွက်အထိပ် ကောင်းကင်အလွှာ သိုင်းမြို့စားတစ်ယောက်ကို ဝတ်စုံလက်မောင်း တချက်ဝှေ့ယမ်းရုံ ဖြင့် လွှင့်ထွက်သွားစေရန်အတွက် ထိုကျွမ်းကျင်သူထံတွင် မည်သို့သော ခွန်အားရှိရ မည်နည်း။
ဧကရာဇ်မင်းမြတ် ဒါယန်းသည်ပင်လျှင် ထိုအရာမျိုး လုပ်နိုင်မှာ မဟုတ်ပါဘူး, ဟုတ်တယ်၊မဟုတ်လား။
ယင်းက အနည်းဆုံး တာအိုအငွေ့အရည်ဖွဲ့ခြင်းနယ်ပယ်ရှိ ကျွမ်းကျင်သူတစ်ယောက် ဖြစ်နိုင်ချေတစ်ခုသာရှိသည်။
ချင်ယွင်၏ မျက်လုံးများတွင် ထိတ်လန့်သည်အမူအယာပေါ်လာသည်။ တာအို အငွေ့ အရည်ဖွဲ့ခြင်းနယ်ပယ်ရှိ ကျွမ်းကျင်သူတစ်ယောက်အကြောင်းကို သူ ဤသေမျိုး ကမ္ဘာသို့ ရောက်လာကတည်းက ဤအကြိမ်သည် ပထမဆုံးအကြိမ်ကြားရသည့် သတင်း ဖြစ်သည်။
သူ၏အစ်မနှင့် အမှန်တကယ်ဆက်စပ်နေလိမ့်မည်ဟု သူမမျှော်လင့်ထားခဲ့ပေ။
ဒါပေမယ့် ဤတာအိုအငွေ့အရည်ဖွဲ့ခြင်း နယ်ပယ် ကျွမ်းကျင်သူက သူ၏အစ်မကို ဘာကြောင့်ခေါ်သွားတာရလဲ။
"ဒီထိပ်တန်းကျွမ်းကျင်သူ မထွက်သွားခင်မှာ စကားတခွန်း ချန်ထားခဲ့တယ်။" အဖြူ ရောင်ဝတ်အမျိုးသားကပြောသည်။
"အဲဒါ ဘာလဲ?" ချင်ယွင်က ကမန်းကတန်း မေးလိုက်သည်။
"ဒီအမျိုးသမီးပြောတာက သူမဟာ ငါတို့ရဲ့ ကောင်းကင်ဘုံဂိုဏ်းနဲ့ ပေါင်းစည်းဖို့ ကံကြမ္မာက သတ်မှတ်ထားတယ်။ သူမ အောင်အောင်မြင်မြင် ကျင့်ကြံပြီးတာနဲ့ သဘာဝအတိုင်း လွတ်မြောက်လာလိမ့်မယ်တဲ့။" အဖြူရောင်ဝတ်အမျိုးသားက ပြော သည်။
ချင်ယွင်၏ အမူအရာ ချက်ချင်း ပြောင်းသွားခဲ့ရသည်။
ကောင်းကင်ဘုံဂိုဏ်းလား?
ဒီသေမျိုးကမ္ဘာမှာ ကောင်းကင်ဘုံဂိုဏ်းက တကယ် ရှိနေတာလား။
ချင်ယွင်၏ မျက်လုံးများတွင် သတ်ဖြတ်လိုစိတ်များပေါ်လာသည်။ ထိုအတိတ်အချိန် တုန်းက သူ့ကို လျှို့ဝှက်ကြံစည်ခဲ့ပြီး သူ၏ကျင့်ကြံမူအဆင့်ကို ဖျက်သိမ်းခံခဲ့ရသည်။ ဤသည်မှာကောင်းကင်ဘုံဂိုဏ်း၏ ပံ့ပိုးကူညီမှု၏ တစ်စိတ်တစ်ပိုင်း ပါဝင်သည်။ သူ၏ အစ်မကို ကောင်းကင်ဘုံဂိုဏ်းက ဖမ်းဆီးသွားလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။
ယင်းကြောင့် ချင်ယွင်၏ နှလုံးသားတွင် ပြင်းထန်သောဒေါသများ ထွက်ပေါ်စေခဲ့သည်။
"မင်းတို့ရဲ့ ကောင်းကင်ဘုံဂိုဏ်းက ဘာဘဲလိုချင်ချင် ပြဿနာမရှိဘူး။ အေး၊ တကယ် လို့ ငါ့အစ်မရဲ့ မျက်နှာပေါ်က အမွှေးတစ်ချောင်းကိုတောင် ထိခိုက်စေမယ်ဆိုရင်မင်းတို့ တစ်ဂိုဏ်းလုံးကို ငါသေချာပေါက်သတ်ပစ်မယ်"
ချင်ယွင်၏ မျက်လုံးများသည် သတ်လိုသည့်ဆန္ဒများဖြင့် ပြည့်နှက်လာနေသည်။
တစ်ဖက်မှ အဖြူရောင်ဝတ်အမျိုးသားသည် ချင်ယွင်၏ ရုတ်တရက် ထွက်ပေါ်လာ သော သတ်ဖြတ်လိုသည့်ဆန္ဒကို မြင်လိုက်ရလျှင် သူ၏မျက်နှာက ချက်ချင်း ဖြူဖပ် ဖြူရော်ဖြစ်သွားသည်။
“ဒီကောင်က ကြောက်စရာကောင်းလွန်းတယ်။ လအနည်းငယ်ကြာလေးမတွေ့ရတော့ တာနဲ့ သူက ဘယ်လိုလုပ် ဒီလောက် ကြောက်စရာကောင်းလာရတာလဲ။
သူ့ရဲ့ သတ်ဖြတ်ချင်သည့်ဆန္ဒက ဒီလောက် သိပ်သည်းတဲ့အဆင့်ထိရောက်ဖို့အတွက် သူ လူပေါင်းဘယ်လောက်များများကို သတ်ဖြတ်ခဲ့ပြီးပြီလဲ.
"မကောင်းတော့ဘူး!"
ရုတ်တရက် ချင်ယွင်၏ အမူအရာ ပြောင်းသွားခဲ့သည်။ စောစောလေးက သူ၏ဒေါသ အပေါ် ထိန်းချုပ်နိုင်စွမ်း ကင်းမဲ့သွားခဲ့ပြီး လူလတ်ပိုင်းအရွယ် အနီရောင်ဝတ် အမျိုး သားကိုသတိပေးသလိုဖြစ်သွားခဲ့ပြီ၊။
"ကောင်းကင်ဘုံကို သွားဖို့လမ်းရှိတယ်ရင်တောင် မင်းသွားလို့မရစေဘူးကွ။ ငရဲဘုံကို သွားဖို့ လမ်းမရှိဘူးဆိုရင်တောင် မင်းကို အတင်းဝင်သွားခိုင်းရမယ်။ ကောင်စုတ်လေး၊ ဒီနေ့ မင်း ဒီကိုရောက်လာမှတော့ အသက်ရှင်ကျန်ရစ်ဖို့ မစဉ်းစားနဲ့!"
မိုးကြိုးပစ်လိုက်သလိုမျိုး သိုင်းမြို့စား စံအိမ်အထက် ကောင်းကင်ယံမှာ အေးစက်စက် နှာချေမှုသံတခုက ပေါက်ကွဲထွက်သွားခဲ့သည်။
အနီရောင်ပုံရိပ်တခုသည် ညအမှောင်ထုကို လျင်မြန်စွာ ဖြတ်သန်းပြီး ချင်ယွင်ဆီသို့ ဒေါသတကြီးပြေးလာခဲ့သည်။
အနည်းငယ်မျှ တုန့်ဆိုင်းခြင်းမရှိဘဲ ချင်ယွင်သည် အဖြူရောင်ဝတ်အမျိုးသားကို သတိ လစ်သွားအောင် တိုက်ခိုက်ရိုတ်ပစ်လိုက်သည်။ ထို့နောက် သူသည် မြန်နှုန်းမြင့် လျှပ်စီးနှင့် နဂါးစွမ်းရည်တို့ကို တစ်ချိန်တည်းမှာ အသက်သွင်းလိုက်ပြီး အလွန်လျင် မြန်သော အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ မိုးပြာတိမ်တိုက်မြို့တော်ဆီသို့ ထွက်ပြေးသွားခဲ့သည်။
"မင်းဘယ်ကို ထွက်ပြေး ချင်နေတာလဲ။ ငါ့သားရဲ့ အသက်ကို ပြန်ပေးစမ်း!"
အနီရောင်ဝတ် လူလတ်ပိုင်းအရွယ်အမျိုးသားသည် ကျယ်လောင်စွာ အော်ဟစ်လိုက် သည်။ နီမြန်းသော မီးလျှံလုံးတခုကို သူ၏တစ်ကိုယ်လုံးတွင် လောင်ကျွမ်းစေပြီး ချင်ယွင်၏ နောက်သို့ အမြန်လိုက်သွားခဲ့သည်။