← Chapters

အခန်း (၂၁၆-၂၂၀)

Vol. 15 Ch. 216-220

အခန်း (၂၁၆-၂၂၀)

Vol. 15 Ch. 216-220

အခန်း(၂၁၆)သူတကယ်မသေသေးပါဘူးလား။

နောက်ဆုံးမှာတော့ ချင်ယွင်သည် အနီရောင်ဝတ်လူလတ်ပိုင်းအရွယ် အမျိုးသားနှင့် ကျင့်ကြံခြင်းအဆင့်မှာ နောက်ကျကျန်ရစ်ဆဲဖြစ်သည်။ သူ မည်မျှပင် မြန်ဆန်နေပါစေ သူနှင့်အနီရောင်ဝတ် လူလတ်ပိုင်းအရွယ် အမျိုးသားတို့ကြားမှာ ကွာဟချက်က ရှိနေဆဲဖြစ်သည်။

သူတို့ နှစ်ယောက်ကြားက အကွာအဝေးက ပို၍ တိုတောင်းလာသည်။

သူ့ကို ဖမ်းမိတော့မည်ကို မြင်လိုက်ရလျှင် ချင်ယွင်သည်လည်း အလွန်အမင်း စိုးရိမ်သွားသည်။

နောက်ဆုံးအကြိမ်တွင် သူသည် ရှေးဟောင်းတာအိုဆရာ၏ အကူအညီကို ရရှိထားသောကြောင့် အနီရောင်၀တ်လူလတ်ပိုင်းအရွယ် အမျိုးသားကို ဖယ်ထုတ်နိုင်ခဲ့သည်။ ယခုတော့ ရှေးဟောင်းတာအိုဆရာသည် နက်ရှိုင်းစွာ ငိုက်မျဉ်းသွားခဲ့ပြီဖြစ်သဖြင့် ချင်ယွင်သည် ကိုယ့်ကိုယ်ကိုသာ အားကိုးနိုင်တော့သည်။

"ဟမ့်၊မင်းကမလွတ်နိုင်ပါဘူး။"

အနီရောင်ဝတ် လူလတ်ပိုင်းအရွယ်အမျိုးသား၏ ခန္ဓာကိုယ်ပေါ်ရှိ နီမြန်းသော မီးတောက်မီးလျံများသည် ပေါက်ကွဲသွားပြီး သူ၏အရှိန်အဟုန်သည် တစ်ဖန် မြင့်တက်လာခဲ့သည်။ သူသည် ချင်ယွင်ကို ရုတ်တရက် ကျော်ဖြတ်ပြီး သူ့ကို ဖြတ်တားလိုက်သည်။

ချင်ယွင် နှင့် အနီရောင်ဝတ် လူလတ်ပိုင်းအရွယ် အမျိုးသားတို့သည် လေထဲတွင် မျက်နှာဆိုင်ပြီး ဆန့်ကျင်ဘက် အနေထားဖြင့် ရပ်နေကြသည်။ သူတို့၏ မျက်လုံးများသည် သတ်ဖြတ်လိုသည့် ဆန္ဒများဖြင့် ပြည့်နှက်နေခဲ့ပြီး ကြီးကျယ်သော တိုက်ပွဲကြီး တခုကို ရှောင်လွှဲ၍ မရတော့ပေ။

ယခုအချိန်တွင်၊ ချင်ယွင်၏ အစစ်အမှန်ခန္ဓာကိုယ်၏ စွမ်းအားသည် သိုင်းမြို့စားနယ်ပယ်၏ ဒုတိယအဆင့် ကောင်းကင်အလွှာနှင့် ညီမျှသည်။ ပေါက်ကွဲလျှပ်စီးစွမ်းရည် ဒုတိယအဆင့်၏ ဒေါသပေါက်ကွဲသည့်အခြေအနေကို အသုံးပြုပြီးနောက်၊ သူသည် စတုတ္ထအဆင့် ကောင်းကင်အလွှာ သိုင်းမြို့စားအဆင့် ကျွမ်းကျင်သူတဦးကို တိုက်ခိုက်နိုင်သည်။ သို့သော် ပေါက်ကွဲလျှပ်စီးစွမ်းရည် ဒုတိယအဆင့်၏ ဒေါသပေါက်ကွဲသည့် အခြေအနေသည် အမွှေးတိုင် တစ်ချောင်း ထွန်းပြီးသည့် အချိန်လောက်သာ ထိန်းသိမ်းထားနိုင်သည်။ အမွှေးတိုင် တစ်ချောင်းထွန်းပြီးချိန် ကုန်ဆုံးသောအခါ ချင်ယွင်သည် သူ၏ တိုက်ခိုက်ရေး စွမ်းအားကို လုံးဝဆုံးရှုံးသွားရမှာဖြစ်ပြီး အခြားသူများ၏ သနားကြင်နာမူကို တောင်းခံရုံ သာ တတ်နိုင်တော့မည်။

လျှပ်စီးစွမ်းရည်ကိုယ်ပွားသည် မိုးကြိုးဝိညာဉ် မျိုးနွယ်စု၏ ရုပ်ခန္ဓာကိုယ် ဖြစ်သည်။ ဖရိုဖရဲလျှပ်စီးဖြင့် နှစ်ပေါင်းတစ်သိန်းကြာ ထိန်းသိမ်းထားပြီးနောက် ၎င်း၏ ရုပ်ခန္ဓာကိုယ်ကြံ့ခိုင်မှုသည် သာမန် ဒုတိယအဆင့် ကောင်းကင်အလွှာ သိုင်းမြို့စားကျွမ်းကျင်သူတစ်ဦးနှင့် ညီမျှသည်။ အကယ်၍ သူသည် ဖရိုဖရဲလျှပ်စီးကို ပေါင်းစပ် အသုံးပြုပါက သာမန် စတုတ္တအဆင့် ကောင်းကင်အလွှာ သိုင်းမြို့စားအဆင့် ကျွမ်းကျင်သူ တစ်ဦးကိုသာ အချိန်ဆွဲ တိုက်ခိုက်နိုင်မည် ဖြစ်သည်။

သစ်သားစွမ်းရည်ကိုယ်ပွားမှာမူ တိုက်ခိုက်ရေးတွင်ပင် မကျွမ်းကျင်သေးပေ။ အကယ်၍ သူသည် အစစ်အမှန် အသက်သစ်ပင်ခန္ဓာကိုယ် အဖြစ်သို့ မပြောင်းလဲပါက၊ သူသည် ပထမအဆင့် ကောင်းကင်အလွှာ သိုင်းမြို့စားအဆင့် ကျွမ်းကျင်သူတစ်ဦးကိုသာ တိုက်ခိုက်နိုင်မည် ဖြစ်ပါသည်။ အကယ်၍ သူသည် အစစ်အမှန် အသက်သစ်ပင် ခန္ဓာကိုယ်အဖြစ်သို့ ပြောင်းလဲခဲ့မည်ဆိုလျှင်ပင် သာမန် စတုတ္တအဆင့် ကောင်းကင်အလွှာ သိုင်းမြို့စားအဆင့် ကျွမ်းကျင်သူ တစ်ဦးကိုသာ ကိုင်တွယ်နိုင်ပါလိမ့်မည်။ ဆဋ္ဌမအဆင့် ကောင်းကင်အလွှာ သိုင်းမြို့စားအဆင့် ကျွမ်းကျင်သူ တစ်ဦးကို ကိုင်တွယ်ရန်မှာ သူ့အတွက် မဖြစ်နိုင်ပေ။

ထို့ကြောင့်၊ သူ၏ကိုယ်ပွားနှစ်ခုအပါဝင် ချင်ယွင်၏ အစစ်အမှန် ခန္ဓာကိုယ်သည် ဤဆဋ္ဌမအဆင့် ကောင်းကင်အလွှာ သိုင်းမြို့စားအဆင့် ကျွမ်းကျင်သူတစ်ဦးကို ရင်ဆိုင်ရန် မဖြစ်နိုင်သေးပေ။

နောက်ဆုံးမှာတော့၊ ဤအရာသည် တစ်အပေါင်းတစ် ညီမျှခြင်းသုံး ဖြစ်လာသည့် အရာမျိုး မဟုတ်ပေ။ တစ်စုံတစ်ယောက်၏ ကျင့်ကြံမူအဆင့်သည် နောက်ပိုင်း ရောက်လာလေ နယ်ပယ်တူများ အကြား ခြားနားချက်က ပိုသိသာလာလေ ဖြစ်ပါသည်။

ပဉ္စမအဆင့် ကောင်းကင်အလွှာ သိုင်းမြို့စား ကျွမ်းကျင်သူဦးသည် စတုတ္ထအဆင့် ကောင်းကင်အလွှာ သိုင်းမြို့စား ကျွမ်းကျင်သူ ငါးဦးကိုခုခံရန် လုံလောက်ပြီး၊ ဤဆဋ္ဌမအဆင့် ကောင်းကင်အလွှာ သိုင်းမြို့စားအဆင့် ကျွမ်းကျင်သူ တစ်ဦးသည် ပဉ္စမအဆင့် ကောင်းကင်အလွှာ သိုင်းမြို့စားအဆင့် ကျွမ်းကျင်သူ ရှစ်ဦးကို ခုခံရန် လုံလောက်ပါသည်။

ထို့ကြောင့် ချင်ယွင်၏အစစ်အမှန်ခန္ဓာကိုယ်နှင့် ကိုယ်ပွားနှစ်ခုကို ပေါင်းလိုက်မည်ဆို လျှင်ပင် သူ၏ရှေ့မှာရှိနေသည့် အနီရောင်ဝတ်လူလတ်ပိုင်းအရွယ် အမျိုးသားနှင့် မယှဉ်နိုင်သေးပေ။

ချင်ယွင်သည် အကယ်၍ ဆဋ္ဌမအဆင့် ကောင်းကင်အလွှာ သိုင်းမြို့စား ကျွမ်းကျင်သူဦးနှင့် ထပ်မံ ပူးပေါင်းနိုင်ခြင်း မရှိခဲ့လျှင်၊ သူသည် သူ၏ ခန္ဓာကိုယ် သုံးခုစလုံးကို ပေါင်းစပ်လိုက်မည်ဆိုလျှင် ဤဆဋ္ဌမအဆင့် ကောင်းကင်အလွှာ သိုင်းမြို့စားအဆင့် ကျွမ်းကျင်သူကို တိုက်ခိုက်ရန် အခွင့်အရေးရနိုင်သည်။

သို့သော် ချင်ယွင်သည် ၎င်းကိုယ်ပွားများနှင့် မည်သို့ ပေါင်းစပ်ရမည်ကို မသိရသေး ပေ။ နောက်ဆုံးအကြိမ်တုန်းက၊ အစိမ်းရောင်ကြာပန်းစည်းတံဆိပ်သည် သူ့ဘာသာသူ အသက်သွင်းခဲ့သည်။ ဤတစ်ကြိမ်တွင် ၎င်းကို မည်ကဲ့သို့ စတင် အသုံးပြုနိုင်မည်ကို သူမည်သို့ သိမည်နည်း။ ထို့ကြောင့် ဤအရာအပေါ် သူ၏ မျှော်လင့်ချက်ကို လုံးလုံး မထားရှိနိုင်ခဲ့ပေ။

သူသည် အခြား နည်းလမ်းများကိုသာ ရှာဖွေနိုင်ပါသည်။

"ကောင်လေး၊ မင်း နောက်တစ်ခါ ထပ်ပြီး အကြံဉာဏ်တွေ ထုတ်နေပြန်ပြီလား။ စိတ်မပူပါနဲ့။ ဒီတစ်ခါတော့ ငါ မင်းကို လွတ်မြောက်ဖို့ ခွင့်မပြုတော့ဘူး။ ငါခန့်မှန်းတာ မမှားရင် မင်းရဲ့ဓားမှာ ကျွမ်းကျင်သူတစ်ဦး ချန်ထားခဲ့တဲ့ စွမ်းအားက နောက်ဆုံး လက်ကျန် စွမ်းအားပဲ ဖြစ်ရမယ်။ အဲဒါက တစ်ကြိမ်ပဲ အသုံးပြုလို့ ရလိမ့်မယ်။ မင်းက အသုံးပြုပြီးပြီဆိုတော့ အဲဒီစွမ်းအားက ရှိတော့မှာ မဟုတ်ဘူး။ မင်း ငါ့ကို တိုက်ခိုက်ဖို့ ဘာတွေ သုံးပြုဦးမလဲ၊ ငါကြည့်ချင်မိတယ်" အနီရောင်ဝတ် လူလတ်ပိုင်းအရွယ် အမျိုးသားသည် ကျယ်လောင်စွာ ရယ်မောလိုက်သည်။

ချင်ယွင်၏ မျက်လုံးများသည် လင်းလက်တောက်ပလာပြီး နောက်ဆုံးတွင် အနီရောင်၀တ် အမျိုးသားသည် ချက်ခြင်း မတိုက်ခိုက်ရခြင်း၏ အကြောင်းရင်းကို သူ နားလည်သွားခဲ့သည်။

ရှေးဟောင်းတာအိုဆရာသခင်၏ ဓားတိုက်ခိုက်မူကို သူ ကြောက်နေ ပုံရသည်။ အစောပိုင်းက ထိုစကားများသည် လှောင်ပြောင်နေသော်လည်း၊ အမှန်တကယ်တော့ ထိုစကားများသည် ချင်ယွင်ကို စမ်းသပ်နေခြင်း ဖြစ်ကြောင်း ရှင်းလင်းသိသာလှသည်။ သေချာသည်မှာ၊ ချင်ယွင်သည် ထိုကြောက်မက်ဖွယ် ကောင်းသော ဓားတိုက်ခိုက်မူကို ထပ်မံ၍ အသက်သွင်းနိုင်မည်ကို သူ ကြောက်နေပုံရသည်။

ထို့ကြောင့် ချင်ယွင်သည် မြူနှင်းချောက်နက် ဓားပျော့ကို ခါးကြားမှ ချက်ချင်း ဆွဲထုတ်လိုက်ပြီး မောက်မာသော အကြည့်ဖြင့် ပြောလိုက်သည် "ဒီဓားကို ကျုပ် တစ်ကြိမ်ပဲ အသုံးပြုနိုင်တာ ခင်ဗျား သေချာရဲ့လား"

ချင်ယွင်၏ မောက်မာကြီးသော ကိုယ်ဟန်အမူအရာနှင့် မျက်နှာအမူအရာတို့ကို မြင်လိုက်ရသောအခါတွင် အနီရောင်ဝတ်လူလတ်ပိုင်းအရွယ် အမျိုးသားသည် ချက်ချင်း မျက်မှောင်ကြုတ်ကာ တိုက်ခိုက်မှုကို စတင်တော့မည့် သူ၏ လက်သီးများကို တဖြည်းဖြည်း လျှော့ကျလိုက်ပါသည်။

ရှေးဟောင်းတာအိုဆရာသခင်၏ ဓားချက်သည် အလွန်အစွမ်းထက်သည်။ အကယ်၍ သူသည် ဝေးဝေးသို့ အချိန်မီ မရှောင်တိမ်းခဲ့ပါက၊ သူသည် ထိုဓားချက်ဖြင့် ထိုးဖောက်ခံရရ၍ သေသွားပေလိမ့်မည်။ ထို့အတွက်ကြောင့် သူသည် ထိုဓားတိုက်ကွက်နှင့် ပတ်သက်၍ ကြောက်ရွံ့မှုများ ရှိနေသေးသည်။

ချင်ယွင်က မြူနှင်းချောက်နက်ဓားကို ဆွဲထုတ်လိုက်သောအခါတွင် သူ၏ မျက်လုံးများတွင် ကြောက်ရွံ့မှု အရိပ်အယောင် ပေါ်လာသည်။

လူလတ်ပိုင်းအရွယ် အမျိုးသားသည် ကြောက်ရွံ့ထိတ်လန့်သွားသည်ကို မြင်လိုက်ရသဖြင့် ချင်ယွင်သည် ချက်ချင်းပင် ဝမ်းသာသွားသည်။

သို့သော်လည်း သူ့ကို နောက်တကြိမ် ခြောက်လှန့်နိုင်ဖို့က အဝေးကြီး လိုနေသေးသည်။ ယခုလို ပုံစံမျိုး သူ ပိုပြီး လုပ်ရလိမ့်မည်။

ထို့ကြောင့် ချင်ယွင်သည် သူ၏ဓားဆန္ဒကို ချက်ချင်းအသုံးပြုလိုက်သည်။

ရှေးဟောင်းဧရာမဓားဆန္ဒသည် ချင်ယွင်၏ခန္ဓာကိုယ်မှ ဧရာမဓားကြီးတစ်လက်ကဲ့သို့ ကောင်းကင်သို့ တည့်မတ်စွာ ပစ်လွှင့်သွားသည်။ ညဉ့်ကောင်းကင်ယံ တစ်ခုလုံး ရုတ်ခြည်း တုန်လှုပ်သွားပုံရပြီး တိမ်မည်းများက စတင်ဖုံးလွှမ်းကာ လှိမ့်တက်လာသည်။ အစွမ်းထက်သည့် ရှေးဟောင်းဓားဆန္ဒသည် ကောင်းကင်ယံတွင် ဧရာမဓားရှည်ကြီး တစ်ချောင်းက တွဲလောင်းကျနေကာ အချိန်မရွေး ပြုတ်ကျတော့ မည်သကဲ့သို့ ကောင်းကင်ယံတွင် စုစည်းသွားခဲ့သည်။

အနီရောင်ဝတ် လူလတ်ပိုင်းအရွယ် အမျိုးသားသည် ဤမြင်ကွင်းကို မြင်သောအခါတွင် သူ၏အမူအရာမှာ သိသိသာသာ ပြောင်းလဲသွားခဲ့ပြီး အရာအားလုံးကို သေသေချာချာ မစဉ်းစားတော့ဘဲ အဝေးသို့ အလျင်အမြန် ပြေးသွားခဲ့သည်။

ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ချင်ယွင်သည် သူ၏စိတ်ထဲ၌ မရယ်မောဘဲ မနေနိုင်တော့ပေ။

သူသည် မြူနှင်းချောက်နက်ဓားကို ရုတ်သိမ်းလိုက်ပြီး စကားတစ်ခွန်းမှ မပြောဘဲ ချက်ချင်းလှည့်ထွက်ပြေးသွားခဲ့သည်။

ချင်ယွင်၏ လက်ရှိဓားဆန္ဒသည် အလွန်ပြင်းထန်သော်လည်း၊ ဆဌမအဆင့် ကောင်းကင်အလွှာ သိုင်းမြို့စားအဆင့် ကျွမ်းကျင်သူကို သတ်ဖြတ်နိုင်သည့်အဆင့်သို့ မရောက်သေးပေ။ ထို့ကြောင့် ချင်ယွင်၏ လုပ်ရပ်များသည် အနီရောင်ဝတ် လူလတ်ပိုင်းအရွယ် အမျိုးသားကို ခြောက်လန့်ရုံမျှသာ ဖြစ်သည်။

အနီရောင်ဝတ် လူလတ်ပိုင်းအရွယ် အမျိုးသားသည် မီတာထောင်ပေါင်းများစွာ အကွာအဝေးအထိ ဆက်တိုက် ထွက်ပြေး လွတ်မြောက်ခဲ့သော်လည်း သူ၏နောက်မှ ဓားက ဆင်းသက်လာခြင်း မရှိကြောင်း တွေ့ရှိလိုက်သည်။ သူသည် ချက်ချင်းပင် ခေါင်းကို ပြန်လှည့်ပြီး နောက်ကို ကြည့်လိုက်ပါသည်။

ဤနေရာတွင် ချင်ယွင်၏ အရိပ်အယောင်ပင် မတွေ့တော့သဖြင့် သူသည် အလှည့်စားခံရပြီ ဖြစ်ကြောင်း ချက်ချင်း သိလိုက်ရသည်။

"ဟမ့်၊ မင်းက ငါ့ကိုလိမ်ညာဖို့တောင် သတ္တိတွေရှိနေပါလား။ ငါ့လက်ထဲကနေ လွတ်မြောက်နိုင်မလားဆိုတာ ငါကြည့်ချင်မိတယ် "အနီရောင်ဝတ် လူလတ်ပိုင်းအရွယ်အမျိုးသား၏ မျက်လုံးများသည် ဒေါသစိတ်နှင့်အတူ တောက်ပလာကာ သူ၏လက်သီးများကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်သည်။

ထို့နောက် နီမြန်းသောမီးတောက်တစ်ခု အဖြစ်သို့ ပြောင်းလဲသွားပြီး မည်းမှောင်နေသော ညကောင်းကင်ယံတွင် လှပသောလမ်းကြောင်း တစ်ခုကို ဖန်တီးဆွဲရစ်ခဲ့ကာ ချင်ယွင်ထွက်ပြေးသည့်လမ်းကြောင်းဆီသို့ လျင်မြန်စွာ ဦးတည်သွားလေသည်။

အစောပိုင်းလေးက ချင်ယွင်၏ ရဲစွမ်းသတ္တိသည် အမှန်တကယ်ပင် သူ့အား အချိန်အတော်ကြာအောင် ဆွဲပေးနိုင်ခဲ့သည်။ ထိုအချိန်လေး အတွင်း သူသည် အနီရောင်ဝတ် လူလတ်ပိုင်းအရွယ် အမျိုးသားကို မီတာ တစ်သောင်းအကွာအထိ တိုက်ရိုက် ဖြတ်ထားနိုင်ရန် ဤအချိန်ကို အသုံးပြုခဲ့သည်။

သို့သော် သူတို့သည် မီတာတစ်သောင်းအကွာတွင်ရှိနေပင်လျှင် အနီရောင်ဝတ် လူလတ်ပိုင်းအရွယ် အမျိုးသား၏ ဖမ်းမိခြင်းကို ခံရနိုင်ချေရှိမည်ကို ချင်ယွင် သိသည်။

ထိုအချိန်ရောက်လျှင် ဟန်ဆောင်၍ ဖြီးလုံးလှန့်လုံးထုတ်ခြင်းသည် အသုံး မဝင်တော့ပေ။ ထိုအချိန်ရောက်လျှင် သူသည် သေခြင်းတရားကို နှုတ်ဆက်ရ ပေလိမ့်မည်။

"ငါ ဘာလုပ်သင့်လဲ?" ချင်ယွင်သည် အဝေးသို့ ပြေးလာသည်နှင့် အမျှ သူ၏ ဦးနှောက်ကို လှည့်ပတ်တွေးတောရင်း နည်းလမ်း ရှာနေမိသည်။

ဆဋ္ဌမအဆင့် ကောင်းကင်အလွှာ သိုင်းမြို့စားအဆင့် ကျွမ်းကျင်သူတဦး၏ နောက်ကလိုက်ခံရခြင်းသည် အံ့ဖွယ်ဖြစ်ရပ် တစ်ခုခု မဖြစ်ပေါ်ပါက သေလုနီးပါး ဖြစ်ရလိမ့်မည်။

သို့သော် အံ့ဖွယ်အဖြစ်ပျက်မျိုးတော့ မဖြစ်ခဲ့ပါ။ ချင်ယွင်သည် အနီရောင်ဝတ် လူလတ်ပိုင်းအရွယ် အမျိုးသား၏ လိုက်လံဖမ်းဆီးမူက သူ့ကို မှီသွားခဲ့ပြီ ဖြစ်သည်။

"ဟမ်ံ၊ ဒီတစ်ခါရော မင်းမှာ ဘာလှည့်ကွက်တွေ ရှိသေးလဲ ငါကြည့်မယ်။"

အနီရောင်ဝတ် လူလတ်ပိုင်းအရွယ် အမျိုးသားသည် အေးစက်စွာ အော်ဟစ်လိုက်ပြီး သူ၏ပုံရိပ် လျင်မြန်စွာ ထွက်ပေါ်လာသည်။ သူသည် နည်းနည်းလေးမှ တုန့်ဆိုင်းခြင်းမရှိတော့ဘဲ သူ၏လက်ဖဝါးကို တိုက်ရိုက် ရိုက်ချလိုက်သည်။

ကြီးမားပြီးနီမြန်းနေသည့် မီးတောက်လက်ဝါးကြီးသည် လေထုထဲသို့ ဝှေ့ယမ်းလွင့်စင် သွားပြီးနောက် ကမ္ဘာမြေကြီးကို ထက်ခြမ်းခွဲကာ ကောင်းကင်ကို ဖုံးအုပ်ထားသည့် စွမ်းအားဖြင့် ချင်ယွင်၏ နောက်ကျောကို ရိုက်ချလိုက်သည်။

"ဘုန်း!"

ချင်ယွင်သည် ချက်ချင်း တုံ့ဆိုင်းသွားခဲ့ပြီး ဥက္ကာပျံကဲ့သို့ မြေပြင်ပေါ်သို့ လဲကျသွားကာ ကြီးမားသော လက်ငါးချောင်း အမှတ်အသားကြီး မြေပြင်ပေါ်တွင် ကျန်ရစ်ခဲ့သည်။

ချင်ယွင်သည် တွင်းနက်ထဲတွင် လဲလျောင်းနေရပြီး သူ၏ပါးစပ်မှသွေးများ ထွက်ကျနေသည်။

သူ၏ခန္ဓာကိုယ်အတွင်းရှိ ချီစွမ်းအင်လမ်းကြောင်းများနှင့် ရိုးတွင်းခြင်ဆီများသည် လောင်ကျွမ်းနေသော မီးတောက်များကဲ့သို့ ပူလောင်နေပြီး သူ၏ တစ်ကိုယ်လုံးသည် အေးစက်နေသော ချွေးများဖြင့် ရွှဲစိုနေလေသည်။

"ဘယ်လောက်တောင် ကြောက်စရာကောင်းတဲ့ လက်ဝါးရိုက်ချက်လဲ။ တကယ်တော့ ဆဌမအဆင့် ကောင်းကင်အလွှာ သိုင်းမြို့စားအဆင့် ကျွမ်းကျင်သူတဦးတောင် အဲဒါကို လွယ်လွယ်နဲ့ ခုခံနိုင်မှာမဟုတ်ဘူး။" ချင်ယွင် အံ့သြသွားသည်။

အစောပိုင်းလေးက ဤလက်ဖဝါးရိုက်ချက်ကြောင့် သူသည် ဒဏ်ရာအများအပြား ရသွားခဲ့ပြီ။ အကယ်၍ ထိုလူသာ နောက်ထပ် လက်ဖဝါးနှစ်ချက် ထပ်ပြီးအသုံးပြုလိုက်မည်ဆိုလျှင် ချင်ယွင်၏ ခန္ဓာကိုယ်သည် ခံနိုင်ရည်ရှိမှာ မဟုတ်တော့ပါဘူး.။

"ဟင်၊ သူတကယ် မသေသေး ဘူးလား!" အနီရောင်ဝတ် လူလတ်ပိုင်းအရွယ် အမျိုးသားသည် အေးစက်စွာ ဟစ်အော် လိုက်သည်။

ယရင်ကထက် ပိုကြောက်စရာကောင်းသည့် လက်ဖဝါးရိုက်ချက်က ထွက်ပေါ်လာ ပြန်သည်။ လက်ဖဝါးတစ်ခုလုံးသည် ပေသုံးရာရှည်လျားပြီး ညဉ့်ကောင်းကင်ယံ တစ်ခုလုံးကို လွှမ်းခြုံထားသည်။ လက်ဖဝါးပေါ်ရှိ နီမြန်းသော မီးတောက်များသည် ပို၍ပင် ကြောက်စရာ ကောင်းလောက်အောင် ပူလောင်လာခဲ့သည်။ ကြောက်မက် ဖွယ်ကောင်းသော အပူချိန်သည် အဝေးမှနေ၍ပင် အရေပြားကို ပူလောင်စေပါသည်။

"မကောင်းတော့ဘူး!"

ချင်ယွင်သည် အံ့သြသွားခဲ့သည်။ ယခုအချိန်မှာ သူသည် ရှောင်တိမ်းဖို့ရန် အချိန် မရှိတော့ပေ။ သူ၏ နောက်ကျောမှ နဂါးအတောင်ပံများကို အလျင်အမြန်ဖြန့်လိုက်ပြီး သူ၏ ခန္ဓာကိုယ်ကို ဝိုင်းရံ ရစ်ပတ်ထားလိုက်ရသည်။

အခန်း(၂၁၇)နဂါးများ၏တုံ့ပြန်နိုင်စွမ်း။

"ဘုန်း!"

​ကောင်းကင်​ကြီး တခုလုံး တုန်ခါ​သွားသည့်အသံ​က ကျယ်လောင်စွာ ထွက်ပေါ်လာသည်။

မြေပြင်တစ်ခုလုံးပြိုကျသွားခဲ့သည်။

ဤနေရာသည် လူသူဆိတ်သုဉ်းသော လွင်ပြင်ကြီးတစ်ခု ဖြစ်ပါသည်။ အနီရောင်ဝတ် လူလတ်ပိုင်းအရွယ် အမျိုးသားသည် ဖုန်မှုန့်များ လွင့်ပျံသွားစေသည်အထိ တွင်းနက် ကြီးတစ်ခုကိုဖန်တီးခဲ့သည်။

"မင်းသေသွားပြီလားကွ?" အနီရောင်ဝတ် လူလတ်ပိုင်းအရွယ် အမျိုးသားသည် ကောင်းကင်ယံအမြင့်တွင် မတ်တပ်ရပ်ကာ ဖုန်မှုန့်များဖြင့် ပြည့်နေသော တွင်းနက်ကြီးကို ငုံ့ကြည့်နေသည်။ သူ၏မျက်လုံးများက ရေခဲကဲ့သို့ အေးစက်နေသည်။

အေးစက်သောလေသည် တိုက်ခတ်လာသည်နှင့်အမျှ ဖုန်မှုန့်များသည် တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့ပြီး သူ၏ရှေ့တွင် တွင်းကြီးတစ်ခုက တဖြည်းဖြည်း ပေါ်လာ သည်။ တွင်းနက်ကြီးသည်မည်းနက်နေသည်။

သို့သော်လည်း အနီရောင်ဝတ်လူလတ်ပိုင်းအရွယ် အမျိုးသားသည် နက်ရှိုင်းသော တွင်းနက်ထဲကြီထဲရှိ ချင်ယွင်ကို လှမ်းကြည့်သောအခါ သူသည် အံ့သြသည့် အမူအရာ ကိုထုတ်ဖော်လာသည်။

ထိုအချိန်တွင် ချင်ယွင်သည် ဧရာမနဂါးအတောင်ပံကြီးတစ်စုံဖြင့် သူ၏ခန္ဓာကိုယ်ကို တင်းတင်းကြပ်ကြပ် ရစ်ပတ်ထားသဖြင့် သူသည် လုံးဝ အနာတရ ဖြစ်ပုံမပေါ်ပေ။

ထိုမျှတင်မကသေးဘဲ၊ ထိုအချိန်တွင် နဂါးတောင်ပံများသည် ကြီးမားသည့် ဆင့်ကဲပြောင်းလဲမှုများကို ကြုံတွေ့နေပုံရသည်။ နဂါးတောင်ပံတစ်ခုလုံးသည် ကြက်သွေးရောင်တောက်နေသော မီးတောက်များဖြင့် လင်းထိန်နေသည်။

တောင်ပံအပေါ်ရှိ မီးလျှံပုံစံများသည် နက်ရှိုင်းသည့်မြေအောက်ရှိ ချော်ရည်များကဲ့သို့ တောက်ပသော အလင်းရောင်ကို ထုတ်လွှတ်နေပြီး၊ကြက်သွေးရောင်အရည်များကဲ့သို့ စီးဆင်းနေသည်။

ယခုအချိန်တွင် ချင်ယွင်၏အငွေ့အသက်သည် ကြီးမားသော အပြောင်းအလဲများ ဖြစ်ပေါ်နေသည်။ ကြီးမားလှသော ရှေးဟောင်း နဂါးကြီးနိုးထလာသကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော နဂါးတစ်ကောင်၏ ခုခံနိုင်သည့်စွမ်းအား အငွေ့အသက်သည် တဖြည်းဖြည်း မြင့်တက်လာခဲ့ပြီး လူအများ၏ စိတ်နှလုံး တုန်လှုပ်ချောက်ချားသွားစေသည်။

"ဘာဖြစ်နေတာလဲ၊ ဘာတွေဖြစ်နေတာလဲ" အနီရောင်ဝတ် လူလတ်ပိုင်းအရွယ် အမျိုးသားသည် သူ့ကိုယ်သူ ရေရွတ် လိုက်သည်။ မီးလျှံနဂါးအတောင်ပံများဖြင့် ရစ်ပတ်ထားဆဲဖြစ်သော ချင်ယွင်၏ခန္ဓာကိုယ်ကို ကြည့်လိုက်ရင်း သူ၏ မျက်နှာမှာ အံ့အားသင့်သည့် အသွင်ကို ပေါ်လွင်စေသည်။

"ဟမ့်၊ မင်းက လူဖြစ်ဖြစ် သားရဲဖြစ်ဖြစ် ငါ ဂရုမစိုက်ဘူးကွ။ ဒီနေ့ မင်း သေကိုသေရမယ်။ ငါ့သားရဲ့ အသက်ကို ပေးဆပ်ရမယ်!" အနီရောင်ဝတ် လူလတ်ပိုင်းအရွယ် အမျိုးသား၏ မျက်နှာသည် ဒေါသအရိပ်အယောင်များ ဖုံးလွှမ်းသွားသည်။ သူက အေးစက်စွာ အော်ဟစ်လိုက်ပြီး လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်သည်။ အချင်း ဆယ်မီတာရှိ ကြီးမားသော မီးလုံးကြီးတစ်ခုသည် သူ့ရှေ့တွင်ပေါ်လာသည်။

မီးလုံးကြီးပေါ်လာသည်နှင့် အနီးပတ်ဝန်းကျင်ရှိ အပူချိန်များသည် ချက်ချင်းပင် မြင့်တက်လာခဲ့ပြီး ပတ်ဝန်းကျင်ရှိလေထုသည်ပင် မီးလောင်ကျွမ်းမှုကြောင့် တွန့်လိမ်သွားခဲ့သည်။

"ငရဲကိုသွားလိုက်တော့!"

အနီရောင်ဝတ် လူလတ်ပိုင်းအရွယ် အမျိုးသားသည် ကျယ်လောင်စွာ အော်ငေါက်ပြီး သူ၏လက်ထဲက မီးလုံးကြီးကို ချင်ယွင်ဆီသို့ ဦးတည်ပြီး

ပစ်လွှတ်လိုက်သည်။

တခဏအတွင်းမှာပင်၊ ညဉ့်ကောင်းကင်ယံတစ်ခုလုံး လင်းထိန်သွားသလိုပင်။ ကြီးမားသည့် မီးလုံးကြီးသည် လောင်ကျွမ်းနေသော အသေးစားနေလုံးလေးကဲ့သို့ မြေပြင်ပေါ်ကို တိုက်ရိုက်ပေါက်ခွဲ လိုက်သည်။

သို့သော်လည်း ထိုအချိန်တွင် ချင်ယွင်၏ခန္ဓာကိုယ်ကို ဖုံးအုပ်ထားသည့် နဂါးအတောင်ပံများသည် ရုတ်တရက် ပြန့်ကားလာခဲ့လေသည်။

ထိုအခိုက်တွင် ချင်ယွင်၏ ရုပ်အသွင်အပြင်သည်လည်း ပေါ်လာသည်။ သူ၏ ခေါင်းပေါ်ရှိ ဆံပင်များသည် ကြက်သွေး ရောင်သမ်းနေကာ သူ၏ မျက်လုံးများသည်လည်း မီးလုံးနှစ်လုံး လောင်ကျွမ်းနေသကဲ့သို့ နီမြန်းနေလေသည်။

ရှေးဟောင်းခေတ် အစိမ်းရောင်ကြာပန်းရုပ်ခန္ဓာကိုယ်ကြောင့် ဖန်တီးဖြစ်ပေါ်ထားသည့် သူ၏ မျက်ခုံးကြားရှိ ကြာပန်းအမှတ်အသားသည် ထွက်ပေါ်လာရုံသာမက သိသာထင်ရှားသည့် ပြောင်းလဲမှုတခုကိုလည်း ကြုံတွေ့ခဲ့ရသည်။ ၎င်းအမှတ်သား ခရမ်းရွှေရောင်အောက်မှာ အနီရောင်နက်နက်အရောင်တခုက အမှန်တကယ် ထွက်ပေါ်လာခဲ့သည်။။

ထိုအချိန်အတွင် ကြီးမားသော နဂါးအငွေ့အသက်တခုက ထွက်ပေါ်လာပြီး ပတ်ဝန်း ကျင်ကိုတုန်ခါသွားစေသည်။

ချင်ယွင်သည် သူ၏ပါးစပ်ကိုဖွင့်ကာ ဟိန်းဟောက်လိုက်သည်။ နဂါးဟိန်းဟောက် သံသည် ချက်ချင်းပင် ကမ္ဘာမြေပြင်အနှံ့အထိ ပဲ့တင်ထပ်သွားခဲ့သည်။

မူလက ကောင်းကင်ယံမှ ဆင်းသက်လာသော ဧရာမမီးလုံးကြီးသည် နဂါးဟိန်းဟောက်သံ အောက်တွင် ဆင်းသက်လာမှု ရပ်တန့်သွားခဲ့ပြီး လေထုထဲတွင် တဖြည်းဖြည်း လွင့်ပျယ်သွားခဲ့သည်။

"ဘာလဲဟ?" အနီရောင်ဝတ် လူလတ်ပိုင်းအရွယ် အမျိုးသားသည် အံ့သြသွားသည်။

ငါ့မီးလုံးကြီးက ဒီဟိန်းဟောက်သံကြောင့် လွယ်လွယ်နဲ့ ကြေကွဲသွားတာကို ငါမယုံနိုင်ဘူး။"

ဝှီး!

ထိုအချိန်မှာပဲ အနီရောင်ဝတ်လူလတ်ပိုင်းအရွယ်အမျိုးသားသည် သူ၏နားနောက်မှ လေပြင်းတိုက်လာသည်ကို ခံစားလိုက်ရသည်။ သူသည် ရုတ်တရက် လှည့်ကြည့်လိုက်လျှင် ချင်ယွင်က သူ၏နောက်မှာ ပေါ်လာနေပြီးဖြစ်သည်ကို တွေ့လိုက်ရသည်။ နီရဲသော မျက်လုံးတစ်စုံက သူ့ကို စိုက်ကြည့်နေသည်။

သူသည် ရှေးသားရဲတစ်ကောင်၏ ပစ်မှတ်ထားမူကို ခံလိုက်ရသကဲ့သို့ ချက်ချင်းခံစားရသည်။

"ဘုန်း!"

နည်းနည်းလေးမျှ အရိပ်အယောင်မရှိဘဲ၊ ချင်ယွင်၏လက်သီးသည် အနီရောင်ဝတ် လူလတ်ပိုင်းအရွယ် အမျိုးသား၏ ရင်ဘတ်ကို တိုက်ရိုက်ထိမှန်သွားခဲ့သည်။

အနီရောင်ဝတ် လူလတ်ပိုင်းအရွယ် အမျိုးသားသည် ပါးစပ်မှ သွေးများ အန်ထွက်လာပြီး တုန်လှုပ်ခြောက်ခြားမူက သူ၏မျက်လုံးများတွင် ပြည့်နှက်နေသည်။

"အယ်... ဘယ်လောက်တောင် ကြောက်စရာကောင်း လိုက်တဲ့ စွမ်းအား လဲ။" အနီရောင်ဝတ် လူလတ်ပိုင်းအရွယ် အမျိုးသားသည် အံ့သြသွားသည်။

ချင်ယွင်၏ လက်သီးချက်က တောင်ပြိုကျလာသလိုပါပင်။ သူ၏ရင်ဘတ်ကို လက်သီးဖြင့်ထိုးခံရမူက သူ၏ခန္ဓာကိုယ်တစ်ခုလုံး ဝိညာဉ်ထွက်သွားသလို ခံစားလိုက်ရသည်။ သူ၏ခေါင်းပင် မူးဝေသွားခဲ့သည်။

သို့သော် ဤအရာသည် အဆုံးမဟုတ်သေးပေ။ ချင်ယွင်သည် ဒေါသတကြီး ဟစ်အော်လိုက်ပြီး အနီရောင်ဝတ် လူလတ်ပိုင်းအရွယ် အမျိုးသားဆီကို ပြေးလာရင်း သူ၏တစ်ကိုယ်လုံးက အလင်းတန်းများ အဖြစ် ပြောင်းလဲသွားခဲ့သည်။

အနီရောင်ဝတ် လူလတ်ပိုင်းအရွယ် အမျိုးသား၏ မျက်လုံးများသည် သွေးရောင် ဖုံးလွှမ်းသွားကာ သူ၏တစ်ကိုယ်လုံးကို ချက်ချင်းပင် နီမြန်းသော မီးတောက်အလွှာ များဖြင့် ဖုံးလွှမ်းသွားခဲ့သည်။ တစ်ချိန်တည်းမှာပင် နီမြန်းသော မီးတောက်မီးလျှံများနှင့် ပေါင်းစပ်ထားသည့် ဧရာမသားရဲကြီးသည် အနီရောင်ဝတ် လူလတ်ပိုင်း အမျိုးသား၏ ရှေ့တွင်ပေါ်လာသည်။

ကြက်သွေးရောင်မီးလျှံသားရဲကြီးက ဒေါသတကြီး ဟိန်းဟောက်သည်။ ဟိန်းဟောက်သံက ကောင်းကင်ယံကို တုန်ခါစေပြီး ၎င်း၏ကြီးမားလှပြီး နီမြန်းသည့် မီးလျှံခြေသည်းများက ချင်ယွင်ဆီသို့ တိုက်ရိုက် ရိုက်ချ လိုက်သည်။

ချင်ယွင်သည်လည်း ဒေါသတကြီးဟိန်းဟောက်လိုက်ပြီး သူ၏နောက်ကျောမှ နဂါးအတောင်ပံများ၏ မီးတောက်မီးလျံများက ချက်ချင်းပေါက်ကွဲသွားကာ သူ၏တစ်ကိုယ်လုံးဆီမှ အလင်းတန်းများ တစ်ဖန်ပြန်ထွက်လာသည်။

"ဘုန်း!"

ချင်ယွင်၏ ခန္ဓာကိုယ်သည် မီးလျှံသားရဲကြီး၏ ကြီးမားသော ခြေသည်းနှင့် ထိပ်တိုက်ဆုံမိသွားသည်။ အမှန်တကယ်မှာလည်း သူ၏ဧရာမ ခြေသည်းကြီးသည် ထိုးဖောက်ခံလိုက်ရပြီး သူ၏ ခန္ဓာကိုယ်ဆီကိုပါ တိုက်ရိုက် ထိုးဖောက်လာပြီးနောက် အပိုင်းပိုင်း ကွဲအက်ပြီး မိုးကုပ်စက်ဝိုင်းထဲကို လွင့်ပျယ်သွားခဲ့သည်။

"ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ၊ သူက ရုတ်တရက် ဘယ်လိုလုပ် အရမ်းသန်မာ လာရတာလဲ" အနီရောင်ဝတ် လူလတ်ပိုင်းအရွယ်က အမျိုးသားသည် အံ့သြသွား သည်။ အမှန်တကယ်ဆို သူသည် ထွက်သွားလိုသည့် အရိပ်အယောင်များပင် ရှိလာနေသည်။

သို့သော် သူ မထွက်သွားခင် ချင်ယွင်၏ရုပ်အသွင်အပြင်သည် သူ၏ရှေ့တွင် ပေါ်လာခဲ့ပြီးဖြစ်သည်။ သူသည် ထိုအမျိုးသား၏လည်ပင်းကို ဖမ်းဆုပ်ကိုင်လိုက်ပြီး ခန္ဓာကိုယ်ကိုမြှောက်လိုက်သည်။

အနီရောင်ဝတ် လူလတ်ပိုင်းအရွယ် အမျိုးသားသည် အလွန်ထိတ်လန့် သွားခဲ့သည်။ သူ၏ခန္ဓာကိုယ်ထဲရှိ ဝိညာဉ်ချီကို မစုစည်းနိုင်တော့ဘူးဆိုသည်ကို သူ တွေ့ရှိလိုက်ရသည်။ ထိုအချိန်တွင် ချင်ယွင်သည် သူ့ကို ကြောက်မက်ဖွယ်ကောင်းသည့် ဧရာမသားရဲကြီး တစ်ကောင်လို လောဘကြီးစွာ စိုက်ကြည့်နေသည်။

"ဝေါင်း!"

ချင်ယွင်သည် ပါးစပ်ကိုဖွင့်ကာ ဟိန်းဟောက်လိုက်သည်။ ကြောက်မက်ဖွယ် ကောင်းသည့် နဂါးဟိန်းဟောက်သံက အနီရောင်ဝတ် လူလတ်ပိုင်းအရွယ် အမျိုးသားဆီတိုးဝင်သွားခဲ့သည်။

အနီရောင်ဝတ် လူလတ်ပိုင်းအရွယ် အမျိုးသားသည် ခေါင်းမူးဝေပြီး သူ၏ခြေလက်များ ထုံကျင်သွားကာ ကြီးမားသော ရိုက်ခတ်မှုကြောင့် ၎င်း၏ ပါးစပ်တစ်ခုလုံး သွေးထွက်စေခဲ့သည်။

"မင်းက လူလား မွန်စတားတစ်ကောင်လား" အနီရောင်ဝတ် လူလတ်ပိုင်းအရွယ် အမျိုးသားသည် သူစိတ်ထဲတွင် ကြောက်ရွံ့မှုကို မခံစားရဘဲ မနေတော့ပေ။

သို့သော် ချင်ယွင်သည် သူ၏မေးခွန်းကို မဖြေဘဲ အနီရောင်ဝတ် လူလတ်ပိုင်းအရွယ် အမျိုးသား၏ ဝမ်းဗိုက်ကို တိုက်ရိုက် ထိုးချလိုက်သည်။

အနီရောင်ဝတ် လူလတ်ပိုင်းအရွယ် အမျိုးသား၏ဝမ်းဗိုက်သည် ချက်ချင်း ထိုးဖောက်ဝင်ရောက်သွားခဲ့ပြီး အပေါက်ကြီးတစ်ခုကျန်ခဲ့သည်။ ထိုအပေါက်ကြီးမှ သွေးများကစီးကျလာသည်။

အနီရောင်ဝတ် လူလတ်ပိုင်းအရွယ် အမျိုးသားသည် အလွန်မင်း နာကျင်နေပြီ။ သူသည် ချင်ယွင်၏ မျက်လုံးများကို ကြည့်ရန်ပင် သတ္တိမရှိတော့ပေ။ ယခုလောလောဆယ် သူသေချင်တာပဲသိသည်။

ချင်ယွင်သည် ထပ်မံဟိန်းဟောက်ပြီး သူ၏နောက်ကျောမှ နဂါးအတောင်ပံများသည် ချွန်ထက်သော မီးလျှံဓားတစ်လက် အဖြစ်သို့ ပြောင်းလဲသွားကာ အနီရောင်ဝတ် လူလတ်ပိုင်းအရွယ် အမျိုးသား၏ခါးကို ဖြတ်တောက်ပစ်လိုက်သည်။

အနီရောင်ဝတ် လူလတ်ပိုင်းအရွယ် အမျိုးသားသည် မြေပြင်ပေါ်သို့ လဲကျကာ သေလုမျောပါးဖြစ်နေသည်။

ဂုဏ်သိက္ခာကြီးမားသည့် ဆဋ္ဌမအဆင့် ကောင်းကင်အလွှာ သိုင်းမြို့စားအဆင့် ကျွမ်းကျင်သူ တစ်ဦးဖြစ်သည့် သူသည် ဤမျှ ရက်စက်စွာဖြင့် သတ်ဖြတ်ခံရမည်ကို သူ မည်သည့်အခါ်မျှစိတ်မကူးမိခဲ့ပေ။

ဟုတ်ပါသည်၊ ထိုအချိန်တွင် ချင်ယွင်သည် တစ်ခုခုမှားယွင်းနေပြီ ဆိုသည်ကို သူ သတိပြုမိသွားပုံပင်။

အဘယ့်ကြောင့်ဆိုသော် ယခုအချိန်​မှာ ချင်​ယွင်​သည် လုံးဝ သတိမရှိ​တော့ပါ ဘူး။ သူသည် သတ်ဖြတ်ရမည်ကိုသာ သိသည့် ရက်စက်ကြမ်းကြုတ်သော သားရဲတစ်ကောင်သာသာဖြစ်နေပါပြီ။

"ဟားဟား၊ မင်းငါ့ကို သတ်လိုက်ရင်တောင် မင်းက သားရဲတစ်ကောင် ဖြစ်နေတုန်းပဲ။" အနီရောင်ဝတ် လူလတ်ပိုင်းအရွယ် အမျိုးသားသည် ဟက်ဟက် ပက်ပက်ရယ်မောလိုက်ပြီး သူ၏မျက်လုံးများတွင် စိတ်ပိုင်းဖြတ်မှုနှင့်အတူ ပျော်ရွှင်မှု များပြည့်နေလေသည်။

"မင်းက တကယ်ကို အများကြီး ​​တွေး​လွန်းနေတာပဲ​!"

ချင်ယွင်၏ ပြတ်သားသော စကားသံသည် အနီရောင်ဝတ် လူလတ်ပိုင်းအရွယ် အမျိုးသား၏ နားထဲသို့ ရုတ်တရက် ဝင်ရောက်လာသည်။

အနီရောင်ဝတ် လူလတ်ပိုင်းအရွယ် အမျိုးသားသည် ချက်ချင်းပင် ကြည့်လိုက်ကာ ချင်ယွင်၏ မျက်လုံးများသည် မူလအသွင်အပြင်သို့ ပြန်ရောက်သွားသည်ကို တွေ့လိုက်ရသည်။ သူသည် အလွန် ကြည်လင်နေပြီး သူ၏ခေါင်းပေါ်ရှိ အနီရောင်ဆံပင်များသည်ပင် မူလအသွင်အပြင်သို့ ပြောင်းလဲသွားခဲ့သည်။

“မဟုတ်ဘူး…”

အနီရောင်ဝတ် လူလတ်ပိုင်းအရွယ် အမျိုးသားသည် အလွန်အမင်း မကျေမနပ်ဖြစ်သည့် အသံဖြင့် ပြောလိုက်သည်။

သို့သော် ချင်ယွင်၏ ပါးစပ်ထောင့်တွင် အေးစက်သော အပြုံးများဖြင့် ပြည့်နေသည်။ သူသည် လူလတ်ပိုင်း အမျိုးသား၏ ရင်ဘတ်ထဲကို သူ၏လက်သီးဖြင့် တိုက်ရိုက် ထိုးလိုက်ပြီး သူ၏နှလုံးသားကို ကြေကွဲသွားစေခဲ့သည်။

ဤအရာအားလုံး ပြုလုပ်ပြီးနောက် ချင်ယွင်သည် သူ၏မျက်နှာတွင် အပြုံးမပျက် ပေါ်လာသည်။ ထို့နောက် သူသည် ခေါင်းမူးဝေပြီး မြေပြင်ပေါ်သို့လဲကျကာ လဲကျသွား ခဲ့သည်။

အနက်ရောင်ဝတ် ချင်ယွင်သည် ကောင်းကင်ဘုံကိုးလွှာ ကြယ်စင်စုပုံကြမ်းထဲမှ ထွက်လာခဲ့သည်။ သူသည် သတိလစ်နေသော ချင်ယွင်ကို တစ်ချက်ကြည့်လိုက်ပြီး သက်ပြင်းအနည်းငယ်ချလိုက်သည်။

အမှန်တကယ်တော့ သူသည် အစောပိုင်းလေးက လုံးဝ သတိလစ်သွားခဲ့သည်။ အကယ်၍ သူသည် သူ့ကို လုံးဝနိုးကြားစေခဲ့သော အစိမ်းရောင်ကြာပန်း အမှတ်သား၏ ရုတ်တရက် အသက်ဝင်လာခြင်းကြောင့်သာ၊ မဟုတ်ပါက၊ ချင်ယွင်၏ အစစ်အမှန် ခန္ဓာကိုယ်ကို သူ၏ခန္ဓာကိုယ်အတွင်းရှိ မီးလျှံနဂါးသွေးမျိုးဆက်မှ လုံး၀ ဝါးမြိုသွား မည်ဖြစ်ပြီး သူသည် မည်သည့်အရာကိုမျှမသိဘဲ သတ်ဖြတ်ရန်သာသိသည့် လူသားဆန်ပြီး ရက်စက်ကြမ်းကြုတ်သော သားရဲတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားမည် ဖြစ်သည်။

"မီးလျှံနဂါး၊ နဂါးမျိုးနွယ်စု၏ သတ်ဖြတ်သူ။"

အခန်း(၂၁၈)နဂါးသတ်ကျွန်းသို့။

ချင်ယွင်အတွက် အနီရောင်ဝတ် လူလတ်ပိုင်းအရွယ် အမျိုးသားကို သတ်ဖြတ်ခြင်းသည် အံ့ဖွယ်ကောင်းလှသည်။

သူသည် နဂါးသွေးဆေးပြားကို စားသုံးပြီးနောက် သူ၏ခန္ဓာကိုယ်ထဲတွင် သွေးမျိုးဆက်စွမ်းအင် အများအပြား ကျန်ရှိနေလိမ့်မည်ဟု သူ မျှော်လင့်မထားခဲ့ပေ။

အနီရောင်ဝတ် လူလတ်ပိုင်းအရွယ် အမျိုးသားကို တိုက်ခိုက်နေချိန်တွင် နဂါးများမှတုံ့ပြန်သည့် သွေးမျိုးဆက်စွမ်းအားသည် ရုတ်တရက် ပေါက်ကွဲသွား ခဲ့သည်။ ထို့အပြင်၊ သွေးမျိုးဆက် စွမ်းအားသည် ပြင်းထန်လွန်းပြီး သတ်ဖြတ်လိုစိတ်သည် ပြင်းထန်လွန်းသောကြောင့် ချင်ယွင်သည်ပင် သတ်ဖြတ်ခြင်းထဲတွင် သူ၏စိတ်က တိုက်ရိုက် ပျောက်ဆုံးသွားခဲ့ရသည်။

အကယ်၍ အစိမ်းရောင်ကြာပန်း စည်းတံဆိပ်မှ ထုတ်လွှတ်သော စွမ်းအားကြောင့်သာ၊ မဟုတ်ပါက ချင်ယွင်သည် သတ်ဖြတ်ရုံကိုသာ သိသည့် လူသားဆန်သော သားရဲအဖြစ်သို့ လုံးဝ ပြောင်းလဲ သွားပေလိမ့်မည်။

သို့သော် မီးနဂါး၏ သွေးမျိုးဆက် စွမ်းအားသည် လွန်စွာ အစွမ်းထက်ကြောင်း သူ ဝန်ခံရမည်။ အစောပိုင်းလေးက ပေါက်ကွဲပြီးနောက်တွင်၊ ချင်ယွင်၏ သွေးမျိုးဆက် လမ်းကြောင်းထဲသို့ သွေးမျိုးဆက်စွမ်းအင် တစ်စိတ်တစ်ပိုင်းကို ပေါင်းစပ်သွားပြီး

သူ၏ခန္ဓာကိုယ်ကို အနည်းငယ် သန်မာစေခဲ့သည်။

ယခုအချိန်တွင်၊ ချင်ယွင်၏ ရုပ်ခန္ဓာကိုယ်ခွန်အားသည် သာမန် တတိယအဆင့် ကောင်းကင်အလွှာ အထွတ်အထိပ် သိုင်းမြို့စားအဆင့် ကျွမ်းကျင်သူများနှင့် ယှဉ်ပြိုင်ရန်လုံလောက်ပါသည်။

သေချာသည်မှာ၊ ချင်ယွင်၏ ခန္ဓာကိုယ်ထဲတွင် တူးဖော်ရန် စောင့်ဆိုင်းနေသည့် သူ၏သွေးမျိုးဆက်စွမ်းအား အစိတ်အပိုင်းများ အများအပြား ရှိနေပါသေးသည်။

ဤအရာသည် ချင်ယွင်အတွက် ကောင်းမွန်သည့် အရာတစ်ခု ဖြစ်သည့်အပြင် အချိန်ကိုက် ဗုံးတစ်ခုလည်း ဖြစ်ပါသည်။

သူသည် သွေးမျိုးဆက်စွမ်းအားကို လုံး၀ မစုပ်ယူနိုင်သေးသရွေ့ ချင်ယွင်သည် ဝါးမျိုခံရနိုင်ချေရှိပေလိမ့်မည်။ သူသည် နောက်တစ်ကြိမ် သတ်ဖြတ်ခြင်း၏ ရက်စက်သော သားရဲတစ်ကောင် ဖြစ်လာနိုင်ပြီး အစိမ်းရောင်ကြာပန်း စည်းတံဆိပ်သည် နောက်တစ်ကြိမ် သူ့ကို ကယ်တင်နိုင်မလားဆိုတာ သူ မသိနိုင်ပေ။

ဤအခိုက်အတန့်တွင် ချင်ယွင်သည် လုံးဝ သတိမေ့မြောနေရာမှ သတိပြန်ရလာခဲ့ပြီ။ အနက်ရောင်ဝတ် ကိုယ်ပွားသည်လည်း ကောင်းကင်ဘုံးကိုးလွှာ ကြယ်စင်စု ပုံကြမ်းထဲသို့ ပြန်လည်ဝင်ရောက်ပြီး မိုးကြိုးလျှပ်စီးသဘောတရားကို ဆက်လက် ဆင်ခြင်နေခဲ့သည်။

ယခု သူ၏အစ်မကို ကောင်းကင်ဘုံဂိုဏ်းမှ အဝေးကို ခေါ်ဆောင်သွားခဲ့ပြီး ရန်စီစီသည်လည်း လင်ကျန်းယွန်နှင့်အတူ ထွက်ခွာသွားသောကြောင့် ချင်ယွင်သည် မိုးပြာတိမ်တိုက် စီရင်စုတွင် ဆက်နေရန် အကြောင်းမရှိတော့ပေ။

ချင်ယွင်သည် ဒဏ္ဍာရီလာ အင်မော်တယ်ကမ္ဘာငယ်လေးသို့ သွားချင်ခဲ့သော်လည်း အင်မော်တယ် ကမ္ဘာငယ်လေး၏ ဝင်ပေါက်သည် မည်သည့်နေရာတွင် ရှိနေမှန်း သူမသိပေ။

အဖြူရောင်ဝတ်အမျိုးသား၏ အဆိုအရ ကောင်းကင်ဘုံဂိုဏ်းမှ တပည့်က သူ၏အစ်မကို အဝေးကိုခေါ်ရသည့် အကြောင်းရင်းမှာ သူမကို တပည့်အဖြစ် ခေါ်ဆောင်လိုခြင်းကြောင့် ဖြစ်သည်။ သူသည် သူမကို နာကျင်စေလိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် သူ၏အစ်မသည် ယခုအချိန်အထိ အန္တရာယ်မဖြစ်သင့်သေးပေ။

ထို့ကြောင့်၊ ချင်ယွင်သည် သူ၏အစီအစဥ်ကို မချမှတ်ခင် သိုင်းမြို့စားဘိုင်ယွန်ကို မေးမြန်းရန်စီစဉ်ထားခဲ့သည်။

ယခုဆို ချင်ယွင်သည် ဘိုင်ယွန်မြို့တော်မှ ထွက်ခွာလာခဲ့ပြီးနောက် အချိန် ဆယ့်နှစ်ရက်ခန့်ကုန်ဆုံးသွားခဲ့သည်။

သိုင်းမြို့စားဘိုင်ယွန်သည် ဆယ်ရက်အတွင်း သူ၏တပ်ဖွဲ့များကို ဦးဆောင်ကာ တုလုံကျွန်းသို့ ကိုယ်တိုင်ပို့ဆောင်မည်ဟု ပြောခဲ့ဖူးသည်။ သူတို့သည် နှစ်ရက်လောက် ထွက်ခွာရလိမ့်မည်။

ထို့ကြောင့် ချင်ယွင်သည် သိုင်းမြို့စားဘိုင်ယွင်နှင့် အခြားသူများကို အမီလိုက်နိုင်ရန်အတွက် တုလုံးကျွန်းသို့ တိုက်ရိုက်သွားရန် စီစဉ်လိုက်သည်။

ထို့အပြင် ချင်ယွင်သည် လင်းဖန်ကို သတ်ဖြတ်ခဲ့သည့်အတွက် လင်းဖန်၏နေရာကို ရန်စီချီအားပေးအပ်လိမ့်မည်။

ချင်ယွင်သည် ရန်စီချီတုလုံကျွန်းသို့ ဝင်ရောက်ရမည်ကို စိုးရိမ်သောကြောင့် သူသည် ရန်စီချီ၏ နေရာကို အမြန်သွားပြီး အစားထိုးရလိမ့်မည်။

သေချာသည်မှာ၊ ချင်ယွင်အစိုးရိမ်ဆုံးအရာက ယခုတခေါက်၊ တုလုံးကျွန်းကို အင်ပါယာတစ်ခုလုံးရှိ စွမ်းအားတူညီသည့် အဖွဲ့အစည်းအားလုံးက ပိုင်ဆိုင် ထားကြသည်။ ထိုအချိန်တွင် အင်ပါယာတခုလုံးရှိ အစွမ်းထက်သည့် အင်အားစုအားလုံးသည်

ပါရမီတပည့်များကို တုလုံးကျွန်းသို့ စေလွှတ်ကြမည်ဖြစ်သည်။ ထိုအချိန်တွင် အင်ပါယာမြို့တော်ရှိ လင်းမျိုးနွယ်စုသည်လည်း ထူးချွန်သူများကို စေလွှတ်မည်မှာ သေချာပါသည်။

သူတို့သည် တုလုံကျွန်းသို့ သိုင်းမြို့စားဘိုင်ယွန်၏ အကာအကွယ်မပါဘဲ ဝင်ရောက်ရသောအခါတွင် သူတို့သည် အမှန်တကယ် အန္တရာယ်ရှိမည်ဖြစ်သည်။

ထို့အပြင်၊ တုလုံးကျွန်းတွင် ဧရာမအင်မော်တယ် မြေအောက်ဂူသင်္ချိုင်းတစ်ခုလည်း ရှိနေပုံရသောကြောင့် ကောင်းကင်ဘုံကိုပင် အန်တုနိုင်သည့် ကံကြမ္မာကို ပြောင်းလဲနိုင်သော ရတနာများအတွင်း၌ ရှိနေနိုင်ဖွယ်ရှိသည်။

ချင်ယွင်သည်လည်း ရန်စီစီအတွက် ဤကဲ့သို့သော ရတနာများကိုရှာဖွေရန် သွားရလိမ့်မည်။ နောက်ဆုံးတွင် သူသည် သူ၏ညီမလေး ဖြစ်လာသည့် ရန်စီစီကို အရမ်းကိုသဘောကျပြီး သူသည် သူမကို ယခုလိုပုံစံမျိုးဖြင့် မသေဆုံးစေချင်ပေ။

ထို့ကြောင့် မည်သည့်ရူထောင့်ကဖြစ်စေ ချင်ယွင်သည် တုလုံကျွန်းသို့ သွားရမည်မှာ သေချာပါသည်။

သေချာသည်မှာ၊ ချင်ယွင်သည် တုလုံကျွန်းသို့ သွားရောက်ခဲလျှင် သိုင်းမြို့စား ချင်းယွန်နှင့် တွေ့နိုင်ခြေအရမ်းကို များပြားသည်။

အနီရောင်၀တ် လူလတ်ပိုင်းအရွယ် အမျိုးသား၏ သတင်းကို သိုင်းမြို့စားချင်းယွန်မှ သိနိုင်ဖွယ်ရှိသည်။ နောက်ဆုံးမှာတော့ ထိုအချိန်တုန်းက ချင်ရွှန်းရွှန်းသည်ပင် ​​သူမ၏ကိုယ်ပိုင် အသက်သလင်းကျောက်တုံးကို ပိုင်ဆိုင်ထားနိုင်ခဲ့သည်။ ထို့ကြောင့် ဤလူများမှာလည်း ထိုကဲ့သို့ အသက်သလင်းကျောက်တုံးမျိုး ရှိနေပါလိမ့်မည်။

သိုင်းမြို့စားချင်းယွန်သည် ဤကိစ္စနှင့် ပတ်သက်ပြီး သိရှိလိုက်သည်နှင့် တစ်ပြိုင်နက် စုံစမ်းစစ်ဆေးရန် တစ်စုံတစ်ဦးကို စေလွှတ်လိုက်မည်ဖြစ်ပြီး ရလာဒ်ကို ချင်ယွင်၏ ခေါင်းပေါ်တွင် အလွယ်တကူ ရှာတွေ့ရှိနိုင်မည် ဖြစ်သည်။

ထို့ကြောင့် တုလုံကျွန်းခရီးစဉ်တွင် ချင်ယွင်သည် မိုးပြာတိမ်တိုက်စီရင်စု၏ သိုင်းမြို့စား ချင်းယွန်နှင့်ရင်ဆိုင်ရဖွယ်ရှိသည်။

သူသည် တော်ဝင်ရန်အင်ပါယာ၏ နဝမမြောက်မင်းသားနှင့် မဟာမိတ်ဖွဲ့ထားပြီး ချင်ယွင်သည် ၎င်းတို့နှင့် ရင်ဆိုင်ရပါကပို၍ပင် ဒုက္ခများမည်ဟု ဆိုနိုင်သည်။

ထိုအတွေးများကို ရှင်းထုတ်ပြီးနောက် ချင်ယွင်သည် သူ၏နေရာတွင် မနေတော့ဘဲ တုလုံကျွန်းဆီသို့ဦးတည်သွားခဲ့သည်။

ချင်ယွင်သည် သိုင်းမြို့စားဘိုင်ယွန်ထံမှ တုလုံကျွန်းသည် ဘေဟိုင်စီရင်စု အပြင်ဘက်ရှိ ကျွန်းတစ်ကျွန်းဖြစ်ကြောင်း သူ ကြားဖူးသည်။ ဘေဟိုင်စီရင်စုမှ ရေမိုင် တစ်သိန်းခန့် အကွာတွင်ရှိသည်။ သိုင်းဧကရာဇ်အဆင့် ကျွမ်းကျင်သူများပင် ထိုနေရာဆီကို မပျံသန်းနိုင်သည့်အတွက် လှေစီးသွားခဲ့ရသည်။

ပင်လယ်ပြင်သည် ကြောက်မက်ဖွယ်ကောင်းသော ရေအောက် ဆိတ်သုဉ်းခြင်း သားရဲများဖြင့် ပြည့်နှက်နေပြီး ၎င်းတို့၏ အရေအတွက်မှာ အလွန်ကြီးမား သည်။ အန္တရာယ်များသည် ဆိတ်သုဉ်းခြင်းရှေးဟောင်း သစ်တောနှင့် တိုင်ယွန် တောင်တန်းတို့ထက်ကျော်လွန်နေပါသည်။

ပုံမှန်အားဖြင့် လူသားများသည် ပင်လယ်ပြင်ထဲကို နက်ရှိုင်းသည့်အရပ်သို့ မသွားရဲကြပေ။ ရေမိုင် တစ်သိန်းပင်လယ်ပြင်ဧရိယာသည် ပင်လယ် ဧရိယာ၏ အတိမ်းအစောင်း မခံသည့် အန္တရာယ်နေရာအမှတ်အဖြစ် သတ်မှတ်ပြီး ဖြစ်သည်။ ထိုအမှတ်ကို ကျော်လွန်ပြီးသည်နှင့် ဒဏ္ဍာရီလာ ကြောက်မက်ဖွယ်ကောင်းသော နတ်ဆိုးသားရဲများ တွေ့ရလိမ့်မည်။ သိုင်းဧကရာဇ်အဆင့် ကျွမ်းကျင်သူများပင် ဝင်သွား လျှင်သေဆုံးရလိမ့်မည်။

ချင်ယွင် ယခုလုပ်ရမည့်အရာက ဘေဟိုင်စီရင်စုကိုသွားပြီး သိုင်းမြို့စားဘိုင်ယွန်နှင့် တခြားလူများ ပင်လယ်ပြင်ထဲမထွက်ခင် သူတို့နှင့် အမီလိုက်နိုင်အောင် ကြိုးစားရန်ဖြစ်သည်။ ထိုကဲ့သို့ မဟုတ်လျှင်၊ အကယ်၍ ချင်ယွင် တစ်ယောက်တည်းသာ ပင်လယ်ပြင်သို့ထွက်ပါက သူ ဒုက္ခရောက်ရလိမ့်မည်။

ချင်ယွင်သည် နဂါးတောင်ပံများကို ချက်ချင်းအသုံးပြုပြီး ဘေဟိုင်စီရင်စုဆီသို့ ပျံသန်းပြေးသွားခဲ့သည်။

ချင်းယွန်(မိုးပြာတိမ်တိုက်)စီရင်စုသည် ဘေဟိုင်စီရင်စုနှင့် ပို၍နီးကပ်သည်။ ထို့အပြင် ချင်ယွင်သည် မရပ်မနား ခရီးထွက်ခဲ့သည်။ ထို့ကြောင့် ငါးရက်မြောက်နေ့တွင် ချင်ယွင်သည် နောက်ဆုံးတွင် ဘေဟိုင်စီရင်စုသို့ ရောက်ရှိလာခဲ့ပြီး ဘေဟိုင် စီရင်စုရှိ ဝမ်ယွီကမ်းရိုးတန်း မြို့သို့ ရောက်ရှိလာခဲ့သည်။

ဝမ်ယွီမြို့အပြင်ဘက်သို့ရောက်သောအခါ၊ ချင်ယွင်သည် ကျွမ်းကျင်ပညာရှင် အမြောက်အများ ဝမ်ယွီမြို့ဆီသို့ ပြေးလာနေသည်ကို သတိပြုမိသည်။ ထို့အပြင်၊ ၎င်းတို့အားလုံးသည် အနည်းဆုံး သိုင်းဂိုဏ်းချုပ်နယ်ပယ်၏ ဆဋ္ဌမအဆင့် ကောင်းကင်အလွှာတွင်သာ ရှိကြပြီး သိုင်းမြို့စားအဆင့် ကျွမ်းကျင်သူများစွာပင် ရှိသည်။ သိုင်းဂိုဏ်းချုပ်နယ်ပယ်၏ နဝမအဆင့် ကောင်းကင်အလွှာတွင်ရှိသည့် ချင်ယွင်သည် အတွင်းပိုင်းကိုမကြည့်ဘဲ ရိုးရိုးရှင်းရှင်း ဆုံးဖြတ်လျှင် အလယ်လတ်နှင့် အောက်အဆင့် အနားတွင်သာ အဆင့်သတ်မှတ်နိုင်သည်။

ချင်ယွင်သည် ချက်ချင်းပင် စိတ်သက်သာရာရပြီး သက်ပြင်း ချနိုင်ခဲ့သည်။ သိုင်းမြို့စား ဘိုင်ယွန်နှင့် တခြားလူများသည် ပင်လယ်ပြင်သို့ မထွက်ရသေးပေ။ ထို့ကြောင့် ချင်ယွင်သည် မြို့ဘက်ကို တိုက်ရိုက် လျှောက်သွားခဲ့သည်။

မြို့ထဲသို့ဝင်ပြီးနောက်၊ ချင်ယွင်သည် မြို့အထဲမှာ လူများ ပိုမိုများပြားသည်ကို တွေ့ရှိခဲ့ရပြီး ကျွမ်းကျင်သူများကို နေရာတိုင်းတွင် မြင်တွေ့နိုင်သည်။

တည်းခိုခန်းတိုင်း လူများဖြင့်ပြည့်နေသောကြောင့် တည်းခိုဖို့ နေရာရှာရန်ပင် မလွယ်ကူပေ။

ချင်ယွင်သည် တည်းခိုခန်းတခုရှာမတွေ့ခင်အထိတည်းခိုခန်း များစွာကို ဖြတ်သန်းရှာဖွေရန် အချိန်သုံးနာရီနီးပါးကြာခဲ့သည်။ ထို့အပြင် ဤတည်းခိုခန်းတွင် အခန်းတစ်ခန်းသာကျန်တော့သည်။

"ဆိုင်ရှင်၊ ငါ့ကို အခန်းပေးပါ" ချင်ယွင်က အလုပ်များနေသည့် ဆိုင်ရှင်ကို ပြောလိုက်သည်။

ဆိုင်ရှင်က ခပ်မြန်မြန် ပြုံးပြပြီး ပြောသည် "သခင်လေး၊ လူက များလွန်းတာကြောင့် တည်းခိုခန်းမအတွက်အရင်ရှင်းပေးရလိမ့်မယ်"

ချင်ယွင်က ခေါင်းညိတ်လိုက်သည်။ သူသည်သူ၏ သိုလှောင်အိတ်ထဲမှာ ငွေထုတ်ယူ ခါနီးတွင် အဖြူရောင် ပိုးထည်ဝတ်စုံဝတ်ထားသည့် လူငယ်တစ်ဦးသည် ကောင်တာပေါ်တွင် ငွေဒင်္ဂါးတပြားကို ပစ်တင်လိုက်သည်။ ထိုနောက် သူက ပြောလိုက်သည်။ "ငါဒီအခန်းကိုလိုချင်တယ်!"

ဆိုင်ရှင်သည် ငွေဒင်္ဂါးကိုမြင်သောအခါ သူ၏မျက်လုံးများက ချက်ချင်း လင်းလက် လာသည်။ သူက ကမန်းကတန်း ခေါင်းညိတ်ပြပြီး ပြောလိုက်သည်"ကောင်းပြီ ငါ မင်းကိုအခန်းလိုက်ပို့ပေးမယ်"။

ချင်ယွင်က မျက်မှောင်ကြုတ်ပြီး ငွေဒင်္ဂါးပြားကိုသာ ဖမ်းဖို့လုပ်နေသည့် ဆိုင်ရှင်ရ၏ လက်ကို အမြန်ဖိပြီး ပြောလိုက်သည် "ဆိုင်ရှင်၊ ဒီအခန်းကိုလိုချင်တယ်လို့ ငါအရင်ပြောခဲ့တာလေ"။

ဆိုင်ရှင်သည် ရှက်ရွံ့သည့်အမူအရာ ပေါ်လာပြီး အဖြူရောင်ပိုးထည် ဝတ်ထားသည့် အမျိုးသားကိုလှည့်ကြည့်လိုက်သည်။

အဖြူရောင်ဝတ်အမျိုးသား၏ မျက်လုံးများသည် အေးစက်ပြီး မောက်မာသည်။ သူက ချင်ယွင်ကို လှည့်ကြည့်လိုက်ပြီး အေးစက်စွာ ပြောလိုက်သည် "ထွက်သွားစမ်း!"

သူပြောပြီးသည်နှင့် သူသည် မထိန်းနိုင်ဘဲ ချင်ယွင်ကို သူ၏လက်ဖဝါးဖြင့် ရိုက်ချလိုက်သည်။

ချင်ယွင်၏အမူအရာသည် ချက်ချင်းပင် ဒေါသထွက်လာသည်။ ဤအကောင်သည် တကယ်ကို မောက်မာလွန်းသည်။ သူ၏အခန်းကို လုယက်ရုံတင်မကဘဲ သူ့ကိုပါ တိုက်ရိုက်တိုက်ခိုက်သည်။

သူသည် အမှန်တကယ်ပင် မောက်မာလွန်းသည်။

ချင်ယွင်က အေးစက်စွာ ဟစ်အော်လိုက်ပြီး အလားတူ လက်ဖဝါးတချက်ကို ရိုက်ထုတ်လိုက်သည်။

သူတို့နှစ်ယောက်သည် နောက်သို့ ခြေလှမ်း အနည်းငယ် ဆုတ်လိုက်ရပြီး မျက်နှာချင်းဆိုင်လိုက်ကာ သူတို့၏မျက်လုံးတွင် သတ်ချင်စိတ်များက မြင့်တက်လာကြှသည်။

အခန်း(၂၁၉)ဘေဟိုင်မြို့ဇူကလန်။

"မျိုးမစစ်ကောင်၊၊ မင်းက သေချင်နေတာလား။ အဖြူရောင်ဝတ်လူက ချင်ယွင်ကို မောက်မာစွာကြည့်သည်။

သူ၏ရှေ့မှာရှိသည့် ဤကောင်လေးသည် ဤမျှလောက် ရဲတင်းလိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။ အမှန်တကယ်ပင် သူ့ကို ပွင့်ပွင့်လင်းလင်း ရန်စရဲနေသည်။

"ဒီဧည့်ခန်းက နဂိုကတည်းက ငါ့ရဲ့အခန်းပဲ။ မင်းက အရင်ဆုံး လုယူချင်နေ တာလေ" ချင်ယွင်ကအေးစက်စွာပြောသည်။

သူ၏ရှေ့မှာရှိနေသည့် ဤလူငယ်သည် သိုင်းမြို့စားနယ်ပယ်၏ ပထမအဆင့် ကောင်းကင်အလွှာမှာသာ ရှိနေသေးပြီး သူ၏ မျက်လုံးထဲမှာ ဤအဆင့်သည် မလုံလောက်သေးပေ။ သူ ဤနေရာကို ပထမဆုံး ရောက်ရောက်ချင်းမှာ ပြဿနာမဖြစ်ချင်ဘူးဆိုလျှင်ပင် ချင်ယွင်က သူ့ကို လက်ဖဝါးတိုက်ကွက်တခုဖြင့် လွင့်ပျံခိုင်းခဲ့ပြီးဖြစ်သည်။

ချင်ယွင်၏ စကားကိုကြားရလျှင် အဖြူရောင်ဝတ်လူငယ်သည် ပြုံးပြီး မထီမဲ့မြင်ပြုသော အမူအရာဖြင့် ပြောလိုက်သည် "ငါ ဇူချန်းချင်လိုချင်တာ မှန်သမျှ ဘယ်တော့မှ မရနိုင်ဘူးဆိုတာ မရှိခဲ့ဘူး"

ဤစကားကိုပြောပြီးသည်နှင့် တည်းခိုခန်းထဲရှိ လူတိုင်း၏ အမူအရာများက ချက်ချင်း ပြောင်းသွားကြသည်။ အဖြူရောင်ပိုးထည်ဝတ် လူငယ်ကိုကြည့်ပြီး သူတို့၏ အကြည့်များတွင် ရိုသေလေးစားမူ ကြောက်ရွံ့မှုများဖြင့် ပြည့်နေပြန်သည်။

ဆိုင်ရှင်၏ မျက်နှာသည် ထိတ်လန့်ခြောက်ခြားသွားသည်။ သူက အလေးတကြီး ပြောလိုက်သည် “ကျွန်တော်မှာ ထိုက်တောင်ကြီးကိုတောင် မမှတ်မိနိုင်တဲ့ မျက်လုံးတွေ ရှိနေပါတယ်။ သခင်လေးဇူ လာမယ်ဆိုတာ ကျွန်တော် မသိလိုက်ခဲ့ဘူး။ သခင်လေးကို လစ်လျူရှုထားမိရင် ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ သခင်လေး။ ကောင်လေးတို့၊ ဒီသခင်လေးအတွက် နောက်ဆုံး ဧည့်ခန်းကောင်းကို ချက်ချင်း

ပြင်ဆင်လိုက်ပါ။ဖ”။

ဆိုင်ရှင်၏စကားကြားရလျှင် ဇူချန်းချင်၏မျက်နှာက မောက်မာသည့်အမူအရာတစ်ခု ချက်ချင်းပေါ်လာသည်။ ချင်ယွင်ကို စိုက်ကြည့်နေသော သူ၏ အကြည့်များသည်လည်း ကိုယ်လုံးတီးနှင့် လူကိုကြည့်နေသည့်အလား လှောင်ပြောင်နေသည်။

ချင်ယွင်သည် မျက်မှောင်ကြုတ်လိုက်သည်။ သူက ဆိုင်ရှင်ဘက်ကို လှည့်ပြီး ပြောလိုက်သည် "ဆိုင်ရှင်၊ စီးပွားရေးကို ဒီလိုမျိုးလုပ်တာ မသင့်တော်ဘူးလို့ ငါ ထင်ပါတယ်။ ငါက အရင်လာတာလေ။ ပိုက်ဆံမတတ်နိုင်တာလဲ မဟုတ်ဘူး။"

မမျှော်လင့်ဘဲ ဆိုင်ရှင်သည် ချင်ယွင်၏ စကားကိုကြားလိုက်သည့်အခါ သူ၏မျက်နှာပေါ်တွင် တောင်းပန်သည့်အမူအရာမရှိခဲ့ဘဲ ယင်းအစား အေးစက်စွာ ပြောလိုက်သည် “ငါ ဒီနေရာမှာ ဆိုင်ရှင်ပါ၊ ဒီမှာ နောက်ဆုံး စကားအကုန် ပြောလိုက်မယ်၊ ဒါက မင်းနဲ့မဆိုင်ဘူး။ မင်းဒီမှာ သခင်လေးဇူကို ဘယ်လိုလုပ် ရန်စနိုင်ရတာလဲ ။ ကောင်လေး၊ ငါ မင်းကို စောစောစီးစီး ထွက်သွားဖို့ အကြံပေးချင်တယ်။ မဟုတ်ရင် မင်းဘာလို့ အရိုက်ခံရမှန်းမသိ ဖြစ်သွားလိမ့်မယ်.။ "

"ဟုတ်တယ်။ သခင်လေးဇူဆိုတာက ဘယ်သူလဲ၊ မင်းက သခင်လေးဇူဆီကနေ အခန်းကိုလုယူဖို့သတ္တိရှိနေတာလား။"?။

"ဘေဟိုင်စီရင်စုတစ်ခုလုံးက သခင်လေးဇူရဲ့မိသားစုက ပိုင်ဆိုင်တယ်။ ဒီကောင်စုတ် လေးက ဝက်ဝံနဲ့ကျားသစ်ရဲ့ နှလုံးကိုစားထားလို့ တကယ်သတ္တိ ကောင်းနေတာထင်တယ။ သူက သခင်လေးဇူဆီက အရာတွေကို လုယူဝံ့ခဲ့တယ်။ သူက 'သေခြင်း' ဆိုတဲ့ စကားလုံးကို ဘယ်လိုရေးရမှန်း မသိလောက်ပါဘူး။”။

တစ်ဖက်မှကြည့်နေကြသူများသည်လည်း ဆွေးနွေးနေကြသည်။ ချင်ယွင်ကို ကြည့်သည့် သူတို့၏အကြည့်များက လူတုံးလူအ တစ်ယောက်ကို ကြည့်နေသလိုမျိုး လှောင်ပြောင် သရော်မူနှင့်အတူ သနားစိတ်အပြည့်ဖြင့် ဖြစ်နေသည်။

ဤစကားကိုကြားရလျှင် ချင်ယွင်သည် နောက်ဆုံးတော့ ဤသခင်လေးဇူသည် မည်သူလဲဆိုသည်ကို နားလည်သွားခဲ့သည်။ ဤဇူချန်းချင်သည် ဘေဟိုင်စီရင်စု ဘေဟိုင်သိုင်းမြို့စားဇူထျန်းယု၏သားဖြစ်သည်။

"သူအရမ်းမာနကြီးတာမဆန်းပါဘူး။

ချင်ယွင် မျက်မှောင်ကြုတ်လိုက်သည်။ သူသည် သိုင်းမြို့စားချင်းယွန်ကို စော်ကားပြီး နေပြီ။ အခန်းတစ်ခုအတွက်ဖြင့် ဘေဟိုင်သိုင်းမြို့စားကို စော်ကားရန် မလိုအပ်ပေ။ သူသည် ထိုလူများကို ကြောက်ရွံ့သောကြောင့်မဟုတ်၊ ပြဿနာများကို ကြောက်ရွံ့သောကြောင့်ဖြစ်သည်။

ရန်သူတွေ အရမ်းများလွန်းနေလျှင် သူ ခေါင်းကိုက် ရလိမ့်မည်။

ထို့ကြောင့် ချင်ယွင်သည် ဤအခန်းကို ဇူချန်းချင်အား လက်လျော့ပေးလိုက်ရန် အသင့်ဖြစ်နေသည်။

သို့သော် တစ်ခါတစ်ရံတွင် အသင်က ပြဿနာကို ပိုကြောက်လေ၊ ပြဿနာက သင့်ဆီပိုရောက်လာလေဖြစ်နေတတ်သည်။

ချင်ယွင်သည်ထွက်သွားခါနီးမှာ။

ဇူချန်းချင်က ရှေ့ခြေတစ်လှမ်းတိုးပြီး အထင်သေးစွာ ပြောလိုက်သည် "မင်းကို သွားလို့ ငါမပြောရသေးဘူး မဟုတ်ဘူးလား?"

ချင်ယွင်၏ ခြေလှမ်းများ ချက်ချင်းရပ်သွားသည်။ သူက ဇူချန်းချင်ကို လှည့်ကြည့်လိုက်လျှင် သရော်လှောင်ပြောင် အမူအရာဖြင့် သူ့ကို ကြည့်နေသည်ကို တွေ့လိုက်ရသည်။ ဒေါသအရိပ်အယောင်က သူ၏မျက်လုံးထဲတွင် လင်းလက်သွားပြီး သူက အေးစက်စွာ ပြောလိုက်သည်“ငါ မင်းကို အခန်းပေးပြီးပြီလေ၊ မင်း နောက်ထပ် ဘာလိုချင်သေးလို့လဲ” ။

"ဒါက အရမ်းရိုးရှင်းပါတယ်။ မင်းရဲ့ ကျင့်ကြံမူကို ဖျက်ဆီးပြီး ငါ့ကို သုံးကြိမ်တိတတိ ဂါရဝပြုပြီးတာနဲ့ ငါ မင်းကို ချမ်းသာပေးမယ်။" ဇူချန်းချင်က ရယ်မောလိုက်ပြီး သူ၏မျက်လုံးတွေမှာ အထင်အမြင်သေးမှုများဖြင့် ပြည့်နှက်နေသည်။

ချင်ယွင်သည် ချက်ချင်းပင် ဒေါသထွက်ကာ နောက်ပြန်လှန်ရသည်အထိ ဟက်ဟက် ပက်ပက်ရယ်လိုက်သည်။

သူ၏ကျင့်ကြံမူကို ကိုယ်တိုင်ဖျက်ဆီးပြီး သုံး​ကြိမ်​တိုင်​တိုင် ဂါရဝပြုရမှာလား။

ဒါကဖြစ်ကောဖြစ်နိုင်ပါ့မလား။

မူလကတော့ သူသည် အရာအားလုံးကို ငြိမ်းချမ်းစွာ ဖြေရှင်းလိုသော်လည်း လူများသည် အနိုင်ကျင့်ပြီး မြင်းအဖြစ် တက်စီးလိုကြသည်။

ယခု ချင်ယွင်သည် ဤနိယာမကို နောက်ဆုံးတွင် နားလည်သွားခဲ့သည်။ တခါတရံမှာ အလျော့ပေးလို့မရသည့်အရာများ ရှိတတ်ကြသည်။

"ငါက မလုပ်ဘူးဆိုရင်ကော ဘာဖြစ်မလဲ!" ချင်ယွင်၏ ပါးစပ်ထောင့်တွင် လှောင်ပြောင် ဟန်တစ်ခုထွက်ပေါ်လာသည်။

ဇူချန်းချင်သည် ချင်ယွင်က အမှန်တကယ် ဆန့်ကျင်ရဲသော သတ္တိရှိလိမ့်မည်ဟု မမျှော်လင့်ထားသည့်အပြင် ထိုကဲ့သို့သော အထင်မြင်သေးသည့် အပြုံးမျိုးကိုပင် ထုတ်ဖော်ပြသခဲ့သည်။ ချက်ခြင်းပင် ပေါက်ကွဲထွက်လာသည့်ဒေါသက သူ၏နှလုံးသား ထဲသို့တိုးဝင်လာခဲ့သည်။

"ဒါဆိုလည်းသွားသေလိုက်ကွာ!"

သိုင်းမြို့စားနယ်ပယ် ပထမအဆင့် ကောင်းကင်အလွှာ၏ ကျင့်ကြံမူစွမ်းအားက ချက်ချင်းပင် ပေါက်ကွဲလာပြီး ချင်ယွင်ဆီသို့ ပစ်လွှတ်လိုက်သည်။

ချင်ယွင်သည် သူ့ကို ပစ်လွှတ်တော့မည့် ဇူချန်းချင်ကိုကြည့်ပြီး အေးစက်စွာ နှာခေါင်းရှုံလိုက်သည်။ သူသည် ချက်ချင်းပင် သူ၏ခြေဖဝါးအောက်သို့ ခွန်အားကို ပို့လွှတ်လိုက်သည်.။

သူ၏တစ်ကိုယ်လုံးသည် ချက်ချင်းပင် ပျောက်ကွယ်သွားပြီး ဇူချန်းချင်၏ရှေ့မှာ ပြန်ပေါ်လာသည်။

ဇူချန်းချင်၏ အမူအရာသည် သိသိသာသာ ပြောင်းလဲသွားသည်။

သူ၏လက်ဖဝါးနှင့် ချင်ယွင်ကို ထိလုနီးပါးအချိန်မှာ ချင်ယွင်က သူ၏ဝမ်းဗိုက်ကို တိုက်ရိုက်ထိုးချလိုက်သည်။

"မင်းရဲ့ လှုပ်ရှားမှုတွေက အရမ်းနှေးလွန်းတယ်။" ချင်ယွင်၏ အေးစက်စက် အသံက ဇူချန်းချင်၏ နားထဲတွင် ထွက်ပေါ်လာသည်။

ဇူချန်းချင်၏မျက်နှာသည် ထိတ်လန့်တုန်လှုပ်ခြင်းအမူယာမှ နာကျင်မူခံစားရခြင်းသို့ ချက်ချင်းပြောင်းသွားသည်။ ချင်ယွင်၏ လက်သီးချက်သည် ကြောက်စရာကောင်း လွန်းသည် ။ သူ၏ဝမ်းဗိုက်ကို ထိလိုက်သည်နှင့် သူ၏တစ်ကိုယ်လုံးသည် လှုပ်ရှားဖို့ ခွန်အားတောင် ချက်ချင်း ဆုံးရှုံးသွားခဲ့ရသည်။ ဧရာမ သံတူကြီးဖြင့် ရိုက်နှက်ခံလိုက်ရ သလိုပင်။ သူသည် နောက်ကို လွင့်ပျံတော့မည်အချိန်တွင် ချင်ယွင်က သူ၏လည်ပင်းကို ဖမ်းဆွဲကာမြှောက်ကိုင်လိုက်သည်။

"မင်းရဲ့ ကျင့်ကြံမူအဆင့်ကို ပျက်​စီး​အောင်​လုပ်​လိုက်မယ်ဆိုရင်ရော မင်း သဘော​တူမလား?" ချင်ယွင်ကရယ်မောလိုက်သည်။

ဇူချန်းချင်၏ အမူအရာသည် သိသိသာသာ ပြောင်းလဲသွားပြီး သူသည် အလောတကြီး အော်ပြောလိုက်သည် "မဟုတ်ဘူး... မင်း ဒါကို မလုပ်နိုင်ဘူး!"

သို့သော် ချင်ယွင်သည် သူ၏စကားကို မည်ကဲ့သို့နားထောင်နိုင်မည်နည်း။ သူ၏လက်ဖဝါးမှ ဝိညာဉ်စွမ်းအင်များသည် ချက်ချင်းဆိုသလို ပျံ့နှံ့ထွက်ပေါ်လာပြီး သူ၏လက်ဖဝါးကို ဖုံးလွှမ်းသွားသည်။ ထို့နောက် ချင်ယွင်သည် ဇူချန်းချင်၏ ဒန်တန်ကို သူ၏ လက်ဖဝါးဖြင့် တိုက်ရိုက် ထိလိုက်သည်။

"မဟုတ်ဘူး" ဇူချန်းချင်၏ မျက်နှာသည် ချက်ချင်းပင် ဖြူဖျော့သွားခဲ့သည်။ ထိုအချိန်တွင်၊ ချင်ယွင်သည် သူ၏ဒန်တန်ကို လုံးဝဖျက်ဆီးလိုက်ပြီး သူ၏ သိုင်းမြို့စားနယ်ပယ် ပထမအဆင့် ကောင်းကင်အလွှာ ကျင့်ကြံမူအဆင့်သည် ပြာအဖြစ်သို့ပြောင်းလဲသွားခဲ့သည်။

ချင်ယွင်၏ မျက်လုံးများသည် သနားခြင်း အနည်းငယ်ကိုမျှ မပြခဲ့ပေ။ သူတိုက်ခိုက်ရန် ရွေးချယ်လိုက်သည့်အခိုက်တွင် ချင်ယွင်သည် ဤကိစ္စရပ်ကို ရပ်တန့်၍ မရနိုင်ကြောင်း သိလိုက်သည်။ ဇူချန်းချင်ကို ပြန်လွှတ်ပေးပြီး ကလဲ့စားချေရန်အတွက် တစ်စုံတစ်ယောက်ကို သွားရှာခိုင်းမည့်အစား၊ နောင်အနာဂတ်မှာ ပြဿနာများ ပိုများလာမှာကို တွေးတောမနေတော့ဘဲ သူကိုယ်တိုင်က သူ့ကို သုံးစားမရအောင် တိုက်ရိုက် လုပ်ပေးလိုက်သည်။

ဇူချန်းချင်သည် သူ၏စိတ်ဓာတ်ကို ဆုံးရှုံးခဲ့ရသည်။ သူ၏ ဆယ့်ရှစ်နှစ်ကြာ ကျင့်ကြံမူအဆင့်သည် ချင်ယွင်၏ လက်ဖဝါးတစ်ဖက်တည်းဖြင့် လုံးဝ ပျက်စီးသွားခဲ့ရသည်။ ဤအရာက သူ၏နှလုံးသားထဲတွင် ကြီးမားသောရန်လိုမှုကို ဖြစ်ပေါ်စေခဲ့သည်။

"ငါ့အဖေက မင်းကို ခွင့်မလွှတ်ဘူးကွ" ဇူချန်းချင်သည် အံကြိတ်ကာ ပြောလိုက် သည်။ သူ၏မျက်လုံးများက သွေးနီရောင်သမ်းနေပြီး သူ၏ရုပ်အသွင်အပြင်က အလွန် ရက်စက်ကြမ်းကြုတ်နေသည်။

ဘေးပတ်ဝန်းကျင်မှ ကြည့်ရှုသူများသည် အံ့သြသွားကြသည်။ ချင်ယွင်သည် ဤမျှ ရက်စက်ကြမ်းကြုတ်ပြီး ဘေဟိုင်သိုင်းမြို့စား၏ သားကို သုံးစားမရဖြစ်အောင် လုပ်ဆောင် လိမ့်မည်ဟု သူတို့ မမျှော်လင့်ထားခဲ့ကြပေ။ ဘေဟိုင် သိုင်းမြို့စားက လက်စားချေမှာကို သူ မကြောက်ခဲ့ဘူးလား။

သို့သော် နောက်မြင်ကွင်းသည် အလွန်ကြောက်စရာကောင်းပြီး သူတို့ကို စကားလုံးဝ မပြောနိုင်အောင် ဖြစ်သွားရစေသည်။

"မင်းက အခြားလူတွေကို ဒူးထောက်ခိုင်းရတာ မကြိုက်ဘူးလား။ အခု မင်းကို ငါ့အတွက် ဒူးထောက်ခိုင်းလိုက်မယ်။" ချင်ယွင်က အေးစက်စွာ အော်ဟစ် လိုက်သည်။ သူသည် ဇူချန်းချင်၏ လက်မောင်းကို ဖမ်းဆုပ်ကိုင်လိုက်ပြီး ချက်ချင်းပင် အားထည့်လိုက်သည်။ သူသည် ကြက်တစ်ကောင်ကို လှုပ်ခါလိုက်သလိုမျိုး ဇူချန်းချင်ကို မြေပြင်ပေါ်သို့ တိုက်ရိုက် တွန်းချလိုက်သည်။

ဇူချန်းချင်၏ ခြေထောက်များသည် မြေပြင်ပေါ်တွင် ချက်ခြင်း ဒူးထောက်ကျသွားပြီး ကြမ်းပြင်တစ်ခုလုံး ကွဲအက်သွားကာ နက်ရှိုင်းသော တွင်းနက်ကြီးနှစ်ခု၏ နောက်ကွယ် တွင်ထင်ကျန်ရစ်ခဲ့သည်။

"အား!"

ဇူချန်းချင်သည် သနားစရာကောင်းသော အော်ဟစ်သံကို အော်ဟစ်လိုက် သည်။ သူ၏ခြေထောက်ရှိ အရိုးများသည် လုံးလုံးကွဲအက်သွားကာ အဖြူရောင်အရိုး များသည် သူ၏အသားကို တိုက်ရိုက်ထိုးဖောက်ကာ ပေါ်လာသည်။ ဤမြင်ကွင်းက သွေးထွက်သံယိုမြင်ကွင်းဖြစ်သည်။

ပတ်ဝန်းကျင်ရှိ ပရိသတ်များသည် အေးစက်သောလေကို ရှုရှိုက်လိုက်ကြပြီး ချင်ယွင်ကို ကြည့်သည့် အကြည့်များက အလွန် ထိတ်လန့်နေကြသည်။

"ငါ ခုနကလေးက ဒူးပဲ ထောက်ခိုင်းရသေးတယ်။ ဂါရဝသုံးကြိမ် မပြုခိုင်းရ သေးဘူး!" ချင်ယွင်ကရယ်မောလိုက်သည်။

ဇူချန်းချင်၏ မျက်နှာသည် သေဆုံးတော့မည့်အလား ဖြူဖပ်ဖြူဖျော့ ဖြစ်နေပြီ ဖြစ်သည်။ ကြီးမားလှသည် ဆင်းရဲဝေဒနာသည် သူ့အား စကားမပြော နိုင်အောင်ဖြစ်စေပြီး အသနားခံသည့်စိတ်များ ပြည့်နှက်နေရင်း ချင်ယွင်ကို ငေးကြည့်နေသည်။

"ဟမ့်၊ သူများ သနားအောင် ဘယ်လိုလုပ်ရမလဲဆိုတာ မင်းသိသားပဲ။ ဒီနေ့ မင်းရဲ့ ခွန်အားထက် ငါ့ရဲ့ ခွန်အားက မြင့်မားနေသာ။ မဟုတ်ရင် ဒီနေရာမှာ ဒူးထောက်နေတဲ့သူက ငါပဲ ဖြစ်နေမှာ စိုးမိတယ်" ချင်ယွင်က အထင်သေးစွာ ပြေလိုက်သည်။

ထိုစကားကို ပြောပြီးနောက် ဇူချန်းချင်၏ ခေါင်းကိုဖိကာ မြေပြင်ပေါ်သို့ နှိပ်ချတော့မည်။

"မင်းလုပ်ရဲလား.ရပ်လိုက်စမ်း!"

ထိုအချိန်တွင် ဆိုင်အပြင်ဘက်မှ ထိတ်လန့်တကြား ဟိန်းဟောက်သံတစ်ခု ထွက်ပေါ်လာပြီး ပုံရိပ်တခုက ချင်ယွင်ဆီသို့ ပျံသန်းလာနေသည်။

ချင်ယွင်၏အမူအရာက ပြောင်းလဲသွားသည်။ သူသည် သူ၏ လက်ဖဝါးကို တိုက်ရိုက် ရိုက်ထုတ်ပြီး ထိုလူနှင့် ထိပ်တိုက် ရင်ဆိုင်လိုက်သည်။

"ဘုန်း!"

ချင်ယွင်သည် မီတာများစွာ အကွာအထိ လွင့်ထွက်သွားသော်လည်း ထိုလူသည် နောက်သို့ ခြေလှမ်းသုံးလှမ်းသာ ဆုတ်သွားခဲ့ရသည်။

"စတုတ္ထအဆင့် အထွတ်အထိပ် ကောင်းကင်အလွှာ သိုင်းမြို့စား ကျွမ်းကျင်သူ တစ်ဦးလား !" ချင်ယွင်၏ မျက်လုံးများတွင် အံ့အားသင့်သည့် အရိပ်အယောင်များ ထွက်ပေါ်လာသည်။ သူသည် ရုတ်တရက် ပေါ်လာသော ဤအသက်လတ် ပိုင်းအရွယ်လူကို ကြည့်လိုက်ရင်း သူ၏မျက်နှာမှာ လေးနက်သည့် အရိပ်အယောင်များ ပေါ်လာသည်။

အခန်း(၂၂၀)သိုင်းမြို့စားဘိုင်ယွန်နှင့်ပြန်လည်တွေ့ဆုံခြင်း

"ဒုတိယသခင်လေး!"

အသက်လတ်ပိုင်းအရွယ်လူ ထွက်လာသည်နှင့် သူသည် ဇူချန်းချင်အနားသို့ ပြေးသွားခဲ့သည်။

ထိုအချိန်တွင်၊ ဇူချန်းချင်၏ကျင့်ကြံမူအဆင့်မှာ သုံးစားမရဖြစ်သွားခဲ့ပြီး၊ သူ၏ ခြေထောက်များက ချိနဲ့နေကာ သူ၏တစ်ကိုယ်လုံးသည် သေလုမျောပါး ဖြစ်နေသည်။ အသက်လတ်ပိုင်းအရွယ် လူခေါ်သံကိုကြားရလျှင် သူသည် သူ၏ မျက်ခွံများကို လေးလံဖြည်းညှင်းစွာ အားတင်းကာဖွင့်ရင်း ထိုစကားများကို ခက်ခက်ခဲခဲ ပြောလိုက်ရသည်။

“သတ်…သတ်…”

“ဟုတ်ကဲ့ပါ၊ ဒုတိယသခင်လေး! အသက်လတ်ပိုင်းအရွယ်လူသည် ချက်ချင်းပင် ပြန်ဖြေပြီး ချင်ယွင်ကို ကြည့်ရန် သူ၏ခေါင်းကို မော့လိုက်သည်။

ချင်ယွင်သည် ရုတ်တရက်ပေါ်လာသော အသက်လတ်ပိုင်းအရွယ်လူကို ကြည့်ကာ အံ့အားသင့်သော အမူအရာတစ်ခုကို ထုတ်ဖော် လိုက်မိသည်။

ဤလူသည် အသက်သုံးဆယ်ဝန်းကျင်ရှိပြီ။ သူ၏မျက်နှာက အေးစက်ပြီး ပြတ်သားသည်။ သူသည် အနက်ရောင် ချပ်ဝတ်တန်ဆာကို ၀တ်ထားသည်။ သူသည် ကိုယ်ပိုင်သက်တော်စောင့် တစ်ဦးဖြစ်ကြောင်း ထင်ရှားသည်။ သူ၏ ကျင့်ကြံမူ အဆင့်သည် သိုင်းမြို့စားနယ်ပင်၏ စတုတ္တအဆင့် ကောင်းကင်အလွှာ အထွတ်အထိပ် သို့ ရောက်ရှိနေခဲ့ပြီး သူ၏ ခွန်အားမှာ ထူးထူးခြားခြား ဖြစ်သည်။

သို့သော်၊ ချင်ယွင်အံ့အားသင့်ဆုံး အရာမှာ ဤလူသည် မိုးကြိုးရုပ်ခန္ဓာကိုယ်ထည် ကျင့်ကြံသူလည်း ဖြစ်သည်။ ဤလူကို တိုက်ခိုက်လိုက်သည့် အချိန်မှာ ဤလူ၏ လက်ဖဝါးမှာပါသည့် လျှပ်စီးဆန္ဒကို သူ ခံစားလိုက်ရသည်။

"ကောင်လေး၊ ငါ့သခင်လေးနဲ့ မင်း ဘယ်လိုရန်ငြိုးရန်စတွေ ရှိမှန်း ငါမသိဘူး။ ဒါပေမယ့် မင်းက သခင်လေးရဲ့ကျင့်ကြံမူအဆင့်ကို ဖျက်ဆီးခဲ့တဲ့အတွက် ဒီနေ့ ဒီနေရာမှာ မင်း အသက်မရှင်နိုင်တော့ဘူး" အသက်လတ်ပိုင်းအရွယ်လူသည် သူ၏အသံမှာ အေးစက်စက် သတ်ဖြတ်လိုသည့် ဆန္ဒနှင့်အတူ ငြင်းလို့မရသည့် အာဏာရှင် ဆန်ဆန် အငွေ့အသက်များ သယ်ဆောင်လာသည်ဟု ဆိုနိုင်သည်။

"ဟမ့်၊ ဘယ်လောက်တောင်မှ နိုင်လိုမင်းထက်ဆန်ပြီး လွှမ်မိုးနိုင်စွမ်း ရှိလိုက်လဲ။" ချင်ယွင်က အေးစက်စွာ ရယ်မော လိုက်သည်။

ဤကမ္ဘာကြီးသည် အမှန်တကယ်ပင် အမှန်တရားကို တောင်းဆိုလို့ မရဘဲ အားနည်းသူများ၏ ဘဝကို ခိုင်ခိုင်မာမာ လွှမ်းမိုးနိုင်သည့် နေရာတခု ဖြစ်သည်။

သူချင်ယွင်သည် ဤအချက်ကို အသုံးမပြုတော့ပေ။ ထို့ကြောင့်လည်း သူသည် တရားမျှတမှုကို ထိန်းသိမ်းရန်အတွက် သတ်ဖြတ်ခြင်းလမ်းစဉ်ကို အသုံးပြုရန် ရွေးချယ်ခဲ့သည်။

"နာခံပြီး အရှုံးပေးလိုက်ပါ။ မင်းက အရမ်းသန်မာပေမဲ့ မင်းက ငါ့အတွက် ပြိုင်ဘက် တစ်ယောက်မဟုတ်ဘူး။" အသက်လတ်ပိုင်း အရွယ်လူက သူ၏မျက်လုံးထဲတွင် မည်သည့် ခံစားချက်မှမရှိဘဲ အေးစက်စွာ ပြောလိုက်သည်။

ချင်ယွင်က သရော်ဟန်ဖြင့် ရယ်မောလိုက်သည်။ တိုက်တောင် မတိုက်ခိုက်ရသေးဘဲ သူသည် မည်သို့ လက်နက်ချနိုင်မည်နည်း။ အရင်က သူသည် ဆဌမအဆင့် ကောင်းကင်အလွှာ သိုင်းမြို့စားအဆင့် ကျွမ်းကျင်သူတစ်ဦးကိုပင် သတ်ဖြတ်ခဲ့ဖူးသည်၊ ထို့ကြောင့် စတုတ္တအဆင့် ကောင်းကင်အလွှာ အထွက်အထိပ် သိုင်းမြို့စားလေးအဆင့် ကျွမ်းကျင်သူတစ်ယောက်ကို အဘယ့်ကြောင့် ကြောက်ရွံ့နေရမည်နည်း။

"ကျုပ်က ခင်ဗျား ပြိုင်ဘက် ဟုတ်မဟုတ် ခင်ဗျား တိုက်ခိုက်ကြည့်ရင် သိပါလိမ့်မယ်" ချင်ယွင်က အေးစက်စွာ ဟစ်အော်လိုက်သည်။

သူပြောပြီးသည်နှင့် တပြိုင်နက် သူ၏ခန္ဓာကိုယ်တွင်းရှိ စွမ်းအင်များ အားလုံး ထွက်ပေါ်လာပြီး နဂါးစွမ်းအားနှင့် ရောနှောနေသည့် ရက်စက်ကြမ်းကြုတ်ပြီး လွှမ်းမိုးနိုင်စွမ်းရှိသော အငွေ့အသက်များက ပတ်ဝန်းကျင်ကို လွှမ်းခြုံသွားခဲ့သည်။

"မျိုးမစစ်ကောင်လေး!” အသက်လတ်ပိုင်းအရွယ်လူက အေးစက်စွာ ဟစ်အော်လိုက် သည်။ လျှပ်စီးကြောင်းတစ်ခုသည် သူ၏ခန္ဓာကိုယ်ပေါ်တွင် လင်းလက်သွားကာ ခရမ်းရောင်လျှပ်စီးကြောင်းအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး ချင်ယွင်ဆီသို့ အရှိန်အဟုန်ဖြင့် ပျံသန်းသွားသည်။ တခဏ အတွင်းမှာပင် သူသည် မီတာဒါဇင်ပေါင်း များစွာကို ကျော်ဖြတ်ပြီး ချင်ယွင်ရှေ့သို့ ရောက်လာခဲ့သည်။

"ဘယ်လောက်တောင်မြန်လိုက်လဲ!"

ချင်ယွင်သည် အနည်းငယ် ထိတ်လန့်သွားသည်။ အနက်ရောင် လျှပ်စီးများသည်လည်း သူ၏ခြေဖဝါးအောက်တွင် လင်းလက်လာသည်။ လျှပ်စီးများသည် လျင်မြန်စွာ ပျံ့နှံ့သွားသည်။

"ဘုန်း!"

ချင်ယွင်၏ လက်သီးချက်သည် အနက်ရောင် ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားသော အသက်လတ်ပိုင်း အရွယ်လူနှင့် ထိပ်တိုက် တွေ့ဆုံမိသွားသည်။

ပြင်းထန်သည့် မိုးကြိုးမုန်တိုင်းတစ်ခုက ပေါက်ကွဲ ထွက်ပေါ်လာခဲ့သည်။

တည်းခိုခန်း အဆောက်အအုံတစ်ခုလုံး ချက်ချင်း ဝှေ့ယမ်းတုန်ခါသွားပြီး တံခါးများနှင့် ပြတင်းပေါက်များ အားလုံး ပျက်စီးသွားခဲ့ရသည်။

ဆိုင်ရှင်သည် ဤမြင်ကွင်းကိုမြင်ရလျှင် ချက်ချင်း မျက်ရည်ကျသွားခဲ့သည်။ သူသည် မြေပြင်ပေါ်တွင် ဒူးထောက်ကာ သူ၏နှလုံးက သွေးစိမ်းရှင်ရှင် ထွက်ကျနေပြီ.။

ချင်ယွင်နှင့် အခြားသူများသည် ဤလောဘကြီးသော ဆိုင်ရှင်ကို မည်သို့ ဂရုစိုက် နိုင်မည်နည်း။ ထိုအချိန်တွင် သူသည် အနက်ရောင် ချပ်ဝတ်တန်ဆာဝတ်လူကို အပြင်း အထန်တိုက်ခိုက်နေလေသည်။

"ဘုန်း!"

ချင်ယွင်သည် သူ၏ရင်ဘတ်ကို အနက်ရောင်ချပ်ဝတ်တန်ဆာဝတ်လူ၏ လက်သီးဖြင့် ထိုးခံလိုက်ရပြီး သူ၏တစ်ကိုယ်လုံးသည် တည်းခိုခန်းအတွင်းမှ လွင့်ထွက်သွားကာ သူနှင့်ဆန့်ကျင်ဘက်ရှိ ဆိုင်တစ်ဆိုင်သို့ ဝင်တိုက်သွားခဲ့သည်။

ဝှီး!

အနက်ရောင် ချပ်ဝတ်တန်ဆာဝတ်လူသည် သတ်ဖြတ်ခြင်းနတ်ဘုရားကဲ့သို့ သူ့ဆီသို့ တစ်ဖန်ပစ်ဝင်လာပြန်သည်။

ချင်ယွင်၏ မျက်လုံးများတွင် အေးစက်သော အလင်းရောင်တစ်ခု လင်းလက်လာခဲ့ပြီး သူ၏နောက်ကျောမှ နဂါးအတောင်ပံများသည် ချက်ချင်းပင် ဆန့်ထွက်ကာ လေထဲသို့ ပျံတက်သွားသည်။

"ဘယ်​ကို​ထွက်ပြေးသွားမလို့လဲ!" အနက်ရောင် ချပ်ဝတ်တန်ဆာဝတ်လူသည် ကျယ်လောင်သော အော်ဟစ်သံနှင့်အတူ ထွက်လာခဲ့ပြီး လေဟာနယ်ထဲသို့ ဖြတ်သန်းကာ သူ့နောက်မှ လိုက်လာခဲ့သည်။

ချင်ယွင်သည် အမြင့်တစ်နေရာသို့ ပျံသန်းကာ ရပ်လိုက်သည်။ သူ့၏ရုပ်အသွင် အပြင်သည် အလင်းတန်းတစ်ခု အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီးနောက် အနက်ရောင် ချပ်ဝတ်တန်ဆာဝတ် လူဆီသို့ ဦးတည်သွားသည်။

မြေပြင်ပေါ်တွင် လူများလွန်းပြီး ရှုပ်ပွနေသဖြင့် ချင်ယွင်သည် အပြစ်မဲ့သူများကို မထိခိုက်စေချင်ပေ။

"ဘုန်း!"

ပြင်းထန်သည့် မိုးခြိမ်းသံက ချက်ချင်း ပေါက်ကွဲထွက်လာသည်။

ချင်ယွင်နှင့် အနက်ရောင် ချပ်ဝတ်တန်ဆာဝတ်လူတို့သည် လေထဲတွင် ကြီးမားသော လျှပ်စီးလုံးကြီးနှစ်ခုအသွင် ဖြစ်ပေါ်စေခဲ့သည်။ တစ်ခုက အနက်ရောင်ဖြစ်ပြီး နောက်တစ်ခုက ခရမ်းရောင်ဖြစ်သည်။ သူတို့သည် လေထုထဲမှာ ကြီးမားတဲ့ မိုးကြိုးလျှပ်စီး မုန်တိုင်းတစ်ခု အမှန်တကယ် ဖြစ်ပေါ်လာစေခဲ့သည်။

အောက်မှလူအားလုံးသည် ချင်ယွင်နှင့် အနက်ရောင် ချပ်ဝတ်တန်ဆာဝတ်လူကို ထိတ်လန့်တကြားကြည့်နေကြသည်။

ချင်ယွင်နှင့် အနက်ရောင် ချပ်ဝတ်တန်ဆာဝတ်လူကြောင့် ဖြစ်ပေါ်လာသော မငြိမ်မသက်ဖြစ်မှုများသည် ဝမ်ယွီမြို့၏ ထက်ဝက်ကျော်ကို သတိပေးပြီးသား ဖြစ်သွားခဲ့သည်။

ကျွမ်းကျင်သူများသည် ချင်ယွင်နှင့်အနက်ရောင် ချပ်ဝတ်တန်ဆာဝတ်လူကို စတင်ကြည့်ရှုခဲ့သည်။

အထူးသဖြင့် ချင်ယွင်သည် သိုင်းဂိုဏ်းချုပ်နယ်ပယ်၏ နဝမအဆင့် ကောင်းကင်အလွှာ ကျင့်ကြံမူအဆင့်ရှိသည်ကို မြင်သောအခါ ဖြစ်သည်။ သူ့တွင်ကြီးမားသော အတောင်ပံကြီးများကို ပိုင်ဆိုင်ထားရုံသာမက စတုတ္တအဆင့် ကောင်းကင်အလွှာ အထွတ်အထိပ် သိုင်းမြို့စားအဆင့် ကွမ်းကျင်သူတဦးလည်း တိုက်ခိုက်နိုင်ခဲ့ သည်။ ဤအရာက ရိုးရိုးရှင်းရှင်း တွေးကြည့်လို့ မရသည့်အရာ ဖြစ်သည်။

ချင်ယွင် မည်သည့်ဂိုဏ်းက လာလဲဆိုသည်ကို အားလုံးက ခန့်မှန်းနေကြသည်။

သို့သော်လည်း ချင်ယွင်၏ ခွန်အားသည် အနက်ရောင်ချပ်ဝတ်တန်ဆာဝတ်လူထက် နိမ့်ကျပြီး သူသည် အနက်ရောင်ချပ်ဝတ်တန်ဆာဝတ်လူ၏ ဖိနှိပ်မူကို လျင်မြန်စွာ ခံနေရသည်။

သူ၏ရင်ဘတ်ကို လက်သီးချက် ထိမှန်ပြီးနောက် သူသည် ကောင်းကင်မှ ပြုတ်ကျလု နီးပါးဖြစ်ခဲ့ရသည်။

"ဒီအတိုင်း ဆက်သွားလို့မရတော့ဘူး။ ငါ ပေါက်ကွဲလျှပ်စီးရဲ့ ဒေါသပေါက်ကွဲတဲ့ အခြေနေကို အသုံးပြုရမယ့်ပုံရပဲ။" ချင်ယွင်သည် သူ့ကိုယ်သူ တွေးနေမိသည်။

အမှန်တကယ်တော့ သူသည် ဤသိုင်းကွက်ကို နောက်ဆုံးနည်းလမ်း အဖြစ် မဟုတ်သေးလျှင် မသုံးချင်ပါဘူး။ ထိုသိုင်းကွက်ကို အသုံးပြုပြီးနောက် သူသည် သူ၏ ရှေ့မှာရှိသည် အနက်ရောင် ချပ်ဝတ်တန်ဆာဝတ်လူကို အနိုင်ယူနိုင်မည် ဖြစ်သော်လည်း သူ၏ခန္ဓာကိုယ်အစစ်အမှန်သည် အလွန် အားနည်းသွားလိမ့်မည်။ ကျွမ်းကျင်ပညာရှင်များ တိမ်များကဲ့သို့ များပြားနေသော ဤဝမ်ယွီမြို့တွင်၊ ၎င်းသည် အလွန် စွန့်စားရသည့် လှုပ်ရှားမှုဖြစ်သည်မှာ သေချာပါသည်။

သို့သော် သူသည် ပေါက်ကွဲလျှပ်စီးကို အသုံးမပြုပါက လျှပ်စီးစွမ်းရည်ကိုယ်ပွားကို အသုံးပြုရမည်ဖြစ်သည်။ ကျွမ်းကျင်သူများစွာက သူ့ကို စိုက်ကြည့်နေကြသည်။ ထို့ကြောင့် ချင်ယွင်သည် နောင်အရေးကြီးသည့် အကျပ်အတည်းကာလ ရောက်သည့်အချိန်တွင် သူ၏အသက်ကို ကယ်တင်ရန်အတွက် ဤလျှပ်စီးစွမ်း ရည်ကိုယ်ပွား အသုံးပြုလိုသောကြောင့် သူ၏ကိုယ်ပွားကို အမြန်ထုတ်ပြလိုခြင်းမရှိပေ။

သို့သော် ဤအနက်ရောင် ချပ်ဝတ်တန်ဆာဝတ်လူသည် သန်မာ လွန်းလှသည်။ အကယ်၍ ချင်ယွင်သည် ဤအနက်ရောင် ချပ်ဝတ်တန်ဆာဝတ်လူကို တတ်နိုင်သမျှ အမြန်ဆုံးမဖြေရှင်းနိုင်ပါက အချိန်ပိုကြာလာသည်နှင့်အမျှ ဘေဟိုင်းသိုင်းမြို့စားသည် နောက်ထပ် လူများကို စေလွှတ်မည်မှာ သေချာပါ သည်။ ထိုအချိန်တွင် ချင်ယွင်သည် ထွက်သွားချင်သော်လည်း ထွက်သွားနိုင်တော့မည် မဟုတ်ပေ။

"မျိုးမစစ်ကောင်၊ မင်းလက်လျှော့လိုက်သင့်တယ်!" အနက်ရောင် ချပ်ဝတ်တန်ဆာဝတ် လူသည် အေးစက်စွာ အော်ဟစ်လိုက်ပြီး ချင်ယွင်ဆီကို ထပ်မံပစ်ဝင်လာရန် ကြံရွယ်နေသည်။

ချင်ယွင်၏ မျက်လုံးများသည် ဒေါသမီးလျှံများ လျှံတက်လာခဲ့ပြီး သူက အေးစက်စွာ ပြောလိုက်သည် "ခင်ဗျားက ကစားချင်တယ်ဆိုမှတော့ အဆုံးထိ ခင်ဗျားနဲ့ ကစားပေးမယ်"

ထိုစကားကို ပြောပြီးနောက်၊ ချင်ယွင်၏ ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ်ကောင်းသော အနက်ရောင် လျှပ်စီးကြောင်းများ ထွက်ပေါ်လာပြီး သူ၏ အငွေ့အသက် တစ်ခုလုံးသည် တဖြည်းဖြည်း ထိန်းမနိုင်သိမ်းမရ ဖြစ်လာခဲ့သည်။

"ရပ်လိုက်!"

ထိုအချိန်တွင် ကောင်းကင်ယံမှ ထိတ်လန့်တုန်လှုပ်ကောင်းသော အော်သံတစ်ခုက မိုးခြိမ်းသံကဲ့သို့ပွင့်ထွက်လာခဲ့သည်။

ထို့နောက် ချင်ယွင်နှင့် အနက်ရောင်ချပ်ဝတ်တန်ဆာဝတ်လူကြားတွင် ရုပ်အသွင်အပြင် တစ်ခု ပေါ်လာသည်။ သူသည် သူ၏ဝတ်စုံလက်မောင်းကို ဝှေ့ယမ်းပြီး တွန်းထုတ်လိုက်သည်။

ချင်ယွင်သည် ထိုလူကို အံ့အားသင့်စွာ ကြည့်လိုက်သည်။ ဤလူသည် သူရှာနေသည့် သိုင်းမြို့စားဘိုင်ယွန်မှလွဲပြီး တခြားသူမဟုတ်ပေ။

သိုင်းမြို့စားဘိုင်ယွန်က ချင်ယွင်ကို ပြုံးပြလိုက်သည်။ သူက အနက်ရောင် ချပ်ဝတ်တန်ဆာဝတ် လူကို လှည့်ကြည့်ပြီး အေးစက်စွာ ပြောလိုက်သည် "မင်းထွက်သွားလို့ရပြီ။ သူက ငါသိုင်းမြို့စားဘိုင်ယွန်ရဲ့ သိုင်းစံအိမ်ကလူပဲ။ ဒီနေ့ သူ့ကို ဘယ်သူမှထိလို့မရစေရဘူး။"

အနက်ရောင် ချပ်ဝတ်တန်ဆာဝတ်လူသည် ချင်ယွင်ကို ထိတ်လန့်စွာ ကြည့်နေသည်။ သူ၏မျက်နှာက ခဏအတွင်း ပြောင်းလဲသွားပြီးနောက် ပြောလိုက်သည် "သခင်သိုင်းမြို့စားဘိုင်ယွန်က ဒီကောင်လေးကို တကယ် ကာကွယ်ပေးချင်နေတာလား။ သူက ကျွန်တော်တို့ ဒုတိယသခင်လေးကို ဒုက္ခိတဖြစ်အောင် လုပ်ပြီးသွားပြီ။ ကျွန်တော့် သခင်က သေချာပေါက် သူ့ကို အလွတ်ပေးမှာ မဟုတ်ဘူး" ။

သိုင်းမြို့စားဘိုင်ယွန်၏အမူအရာက ချက်ချင်းအေးစက်သွားသလို သူက အော်ငေါက် လိုက်သည် "ငါမင်းကို အရင်ပြောပြီးပါပြီ။ သူက ငါသိုင်းမြို့စား ဘိုင်ယွန်ရဲ့ သိုင်းစံအိမ်က အဖွဲ့ဝင်တစ်ယောက်ပါလို့။ ဒီနေ့ ငါဒီမှာ ရှိနေမှတော့ သူ့မျက်နှာပေါ်က အမွှေးတစ်ချောင်းကိုတောင် ဘယ်သူမှမထိစေရဘူး။ ဒီကိစ္စနဲ့ပတ်သတ်ပြီး သိုင်းမြို့စားဘေဟိုင် လာရှာချင်တယ်ဆိုရင်လည်း ၊ ငါ့ကိုလာရှာပါစေ!"

သိုင်းမြို့စားဘိုင်ယွန်၏ အသံသည် ကျယ်လောင်ခြင်း မရှိသော်လည်း လူတိုင်း၏ နားထဲတွင်ပဲ့တင်ထပ်နေသည်။

ဤအဖြစ်ပျက်ကို ကြည့်ရှုနေကြသူများကြားသောအခါ တစ်စုံတစ်ခုကို နားလည်သွားပုံရသည်။

ဤအတိုင်းဆိုလျှင် ဒီကောင်လေး၏ နောက်ခံသည်လည်း တကယ်ကို ထူးထူးခြားခြားပင်ဖြစ်သည်။ သိုင်းမြို့စားဘိုင်ယွန်သည် သူ့ကို ကာကွယ်ပေးရန် အတွက် ကိုယ်တိုင်ကိုယ်ကျ ကူညီပေးခဲ့ပြီး သိုင်းမြို့စားဘေဟိုင်ကိုတောင် ပွင့်ပွင့်လင်းလင်း ဆန့်ကျင်ခဲ့သည် မဟုတ်ပါလား။

ချင်ယွင်သည်လည်း အံ့သြသွားသည်။ သိုင်းမြို့စားဘိုင်ယွန်သည် သူ့အတွက် သိုင်းမြို့စားဘေဟိုင်ကို တိုက်ခိုက်ရန်ပင် ဆန္ဒရှိမည်ဟုသူ မမျှော်လင့်ထား ခဲ့ပေ။ ယင်းက နောက်ထပ် မျက်နှာသာပေးမူကြီးတခု ဖြစ်ကောင်းဖြစ်နိုင်ပါသည်။

သိုင်းမြို့စားဘိုင်ယွန်က ယခုလို ပြောသည်ကို အနက်ရောင် ချပ်ဝတ်တန်ဆာဝတ်လူ မြင်လိုက်ရလျှင် သူသည် ဘာမှ မပြောဘဲ ချက်ချင်း ရပ်လိုက်သည်။ သူသည် ချင်ယွင်ကို တချက်ကြည့်ပြီးနောက် တည်းခိုခန်းသို့ ပြန်သွားကာ ဇူချန်းချင်ကိုခေါ်ပြီး ထွက်ခွာသွားခဲ့သည်။

All Chapters