← Chapters

အခန်း (၂၂၁-၂၂၅)

Vol. 15 Ch. 221-225

အခန်း (၂၂၁-၂၂၅)

Vol. 15 Ch. 221-225

အခန်း(၂၂၁)ကောင်းကင်နဂါးတိုက်ကြီး။

အနက်ရောင် ချပ်ဝတ်တန်ဆာဝတ်လူ ထွက်သွားသည်ကိုမြင်ရလျှင် ချင်ယွင်သည် သက်ပြင်းချလိုက်မိပါသည်။

သိုင်းမြို့စားဘိုင်ယွန်သည် ချင်ယွင်၏နောက်ကျောရှိ နဂါးတောင်ပံများကို အံ့အားသင့်စွာ ကြည့်လိုက်သည်။ ချင်ယွင်သည် နဂါးသွေးဆေးလုံးကို စားသုံးပြီးနောက် ဒဏ္ဍာရီလာ နဂါးသွေးမျိုးဆက်နှင့် ပေါင်းစပ်သွားခြင်းဖြစ်ကြောင်း သူချက်ချင်း မှန်းဆလိုက်သည်။

သို့သော် သူ့အား အံ့အားသင့်ဆုံးအရာမှာ ချင်ယွင်သည် စတုတ္ထအဆင့် ကောင်းကင်အလွှာ အထွက်အထိပ် သိုင်းဂိုဏ်းချုပ်အဆင့် ကျွမ်းကျင်သူအဖြစ်ဖြင့် စတုတ္ထအဆင့် ကောင်းကင်အလွှာ အထွက်အထိပ် သိုင်းမြို့စားအဆင့် ကျွမ်းကျင်သူတစ်ဦးကို အမှန်တကယ် တိုက်ခိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။

တခြားသူများ၏ အမြင်မှာ ဤအရာသည် မဖြစ်နိုင်သော်လည်း ချင်ယွင်ကတော့ လုပ်ဆောင်နိုင်ခဲ့သည်။

သေချာသည်မှာ၊ သိုင်းမြို့စားဘိုင်ယွန်သည် ချင်ယွင်က ဆဋ္ဌမအဆင့် ကောင်းကင် အလွှာ သိုင်းမြို့စားအဆင့် ကျွမ်းကျင်သူတစ်ဦးကို သတ်ဖြတ်ခဲ့သည့် အကြောင်းကို မသိခဲ့ပါဘူး။ အကယ်၍ သူများသိသွားခဲ့လျှင် သူမည်ကဲ့သို့ ခံစားရမည်နည်း။

"သွားရအောင်။ ချန်မင်ရှီနဲ့ စီစီတို့က မင်းကို စောင့်နေကြတယ်။” သိုင်းမြို့စားဘိုင်ယွန်က ပြုံးပြုံးရွှင်ရွှင်ဖြင့် ပြောပြီး အဝေးက တည်းခိုခန်းတစ်ခုဆီ ပြေးသွားခဲ့သည်။

ချင်ယွင်သည်လည်း အနည်းငယ်မျှ တုံ့ဆိုင်းခြင်းမရှိဘဲ လိုက်ပါသွားခဲ့သည်။

ဟုတ်ပါသည်၊ သူတို့သည် တည်းခိုခန်းကောင်းကောင်းတစ်ခုမှာ ရန်စီစီနှင့် ချင်မင်ရှီတို့ကို တွေ့ဆုံခဲ့ရပါသည်။ သူတို့ဘေးမှာ အနက်ရောင် ချပ်ဝတ်တန်ဆာဝတ် အသက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးလည်း ရှိနေပါသည်။

ချင်ယွင်သည် ဤလူကို တစ်ချက်ချင်း မှတ်မိသည်။ သူ့ကို ဆံထိုးလာပေးခဲ့သည့် သိုင်းမြို့စားနယ်ပယ်၏ သတ္တမအဆင့် ကောင်းကင်အလွှာ အထွက်အထိပ်ရှိ အနက်ရောင် ချပ်ဝတ်တန်ဆာဝတ် စစ်သည်တော်တစ်ဦး ဖြစ်သည်။

ချင်ယွင်သည် ဤအနက်ရောင်ချပ်ဝတ်တန်ဆာဝတ် စစ်သည်တော်အား အမြဲ သတိထားနေသော်လည်း ထိုလူကတော့ ရန်လိုသောရည်ရွယ်ချက်ရှိပုံမပေါ်ပေ။ သူက ခင်မင်ရင်းနှီးမှု၏ သင်္ကေတအဖြစ် သူ့ကိုပင် ပြုံးပြလိုက်ပါသည်။

ချင်ယွင်သည် ဤလူသည် သိုင်းမြို့စားဘိုင်ယွန်၏ လူယုံတော်ဖြစ်သင့်သည်ဟု မှန်းဆထားသောကြောင့် သူသည်လည်း တစ်ဖက်သားအား ပြန်ပြီး ခေါင်းညိတ် ပြလိုက်သည်။

ရန်စီစီသည် ချင်ယွင်ကိုမြင်သောအခါ သူမသည် ချက်ချင်း ပြေးလာခဲ့ပြီး လေမိုးရွာနေချိန် သစ်တော်ပွင့်လေးကဲ့သို့ သူမကိုယ်သူမ ချင်ယွင်၏ ရင်ခွင်ထဲသို့ လှဲချလိုက်သည်။

ချင်ယွင်က ပြုံးလိုက်ပြီး ထိုကောင်မလေး၏ခေါင်းကို ထိလိုက်သည်။ သူမကို ခဏတာနှစ်သိမ့်ပြီးနောက်၊ ထိုကောင်မလေးသည် မငိုတော့ဘဲ ချင်ယွင်ကို လွှတ်လိုက်သည်။

ရန်စီစီသည် သိုင်းမြို့စားတစ်ပိုင်းနယ်ပယ်မှ သိုင်းမြို့စားနယ်ပယ်၏ ပထမအဆင့် ကောင်းကင်အလွှာသို့ ချိုးဖြတ် ဝင်ရောက်ပြီးဖြစ်နေသည်ကို တွေ့လိုက်ရသောကြောင့် ချက်ချင်းပင် ချင်ယွင်သည် အမှန်တကယ် အံ့သြသွားခဲ့သည်။

အချိန်ကုန်လွန်ခဲ့သည်မှာ လဝက်လောက်ပဲ ရှိသေးသည်။ ယခင်က ချင်ယွင်သည် ရန်စီစီကိုပြန်တွေ့ရသောအခါ သူမသည် သိုင်းမြို့စားတစ်ပိုင်းနယ်ပယ်ကို ချိုးဖြတ်ခဲ့သည်မှာ အချိန် သိပ်မကြာသေးပေ။ ယခု ဤကောင်မလေးသည် နောက်တကြိမ် အမှန်တကယ် အဆင့်ချိုးဖြတ် သွားခဲ့ပြန်သည်။

သူမသည် ရှန်းတန် ယင်အအေးခန္ဓာကိုယ်ဟုခေါ်ရန် အမှန်တကယ် ထိုက်တန်ပြီး သူမ၏ တိုးတက်မှုနှုန်းက အလွန် မြန်ဆန်သည်။

ချင်ယွင်သည်လည်း လျှောက်လှမ်းလာသည်ကို ချန်မင်ရှီက မြင်လိုက်သည်။ သူမ၏ မျက်နှာသည် ဖုံးအုပ်ထားဆဲဖြစ်ပြီး သူမ၏ရုပ်အသွင်ပြင်အစစ်အမှန်ကို မြင်ရန် ခက်ခဲစေသည်။ သူမ၏ကျင့်ကြံမူအဆင့်ကလည်း မမြင်နိုင်သည့် တိမ်လွှာတစ်ခုလို ဖြစ်နေတုန်းပင်။

"တုလုံကျွန်းကို မလာဘူးလို့ မင်း ပြောထားတယ် မဟုတ်လား။ ဘာလို့ အခုမှ ငါ့တို့နောက်ကို လိုက်လာရတာလဲ " ချင်မင်ရှီက သူမ၏လေသံတွင် အပြစ်တင် ဝေဖန်သည့် အရိပ်အယောင်ကို ပြနေဟန်ဖြင့် အရာအားလုံးကို လျစ်လျူရူကာ ပြောလိုက်သည်။

ချင်ယွင်သည် ခါးသီးစွာ ပြုံးလိုက်မိသည်။ သူသည် ဤနတ်ဆိုးမိန်းမကို ဘယ်အချိန်တုန်းက စော်ကားပြစ်မှားမိမှန်း နားမလည်ပေ။

"ငါ့ကိစ္စက ပြီးသွားခဲ့ပြီ။ ငါတို့က အချိန်အလျင်စလို ဖြစ်နေတာကိုတွေ့တော့ ငါလည်း အလျင်မြန် လာခဲ့ရတယ်။ ငါလည်း တုလုံကျွန်းကို ဝင်လို့ရနိုင်ဦးမလားဆိုတာ သိချင်လို့ပဲ။" ချင်ယွင်က သိုင်းမြို့စားဘိုင်ယွန်ကို လှည့်ကြည့်ရင်း ပြန်ပြောလိုက်သည် ။

သိုင်းမြို့စားဘိုင်ယွန်က ပြုံးပြီး ပြောသည် "သေချာတာက၊ အင်ပါယာက အဖွဲ့ခွဲ တစ်ခုစီကို အနည်းဆုံး ပါရမီရှင်နှစ်ယောက် စေလွှတ်ဖို့ စည်းမျဉ်း ချမှတ်ပေးထား တယ်။ ဒါကြောင့် မင်း၊ ရန်စီစီနဲ့ ချန်မင်ရှီတို့အားလုံး ဝင်လို့ရတယ်။"

"ဘာလို့ ငါတို့က ပါရမီရှင်တပည့်နှစ်ယောက်ထက်ပိုပြီး မပို့တာလဲဆိုရင် တုလုံကျွန်းက အရမ်းအန္တရာယ်ကြီးမာတာကြောင့်ပဲ။ တကယ်လို့ မင်းမှာ စွမ်းအား မလုံလောက်ရင် မင်းသေသွားလိမ့်မယ်။ ဒါကြောင့် အင်အားစု အများဟာ ထိပ်တန်း ပါရမီရှင် နှစ်ယောက်ပဲ စေလွှတ်ကြလိမ့်မယ်။ အများကြီးစေလွှတ်လည်း အသုံးမဝင်ဘူး။”

သိုင်းမြို့စားဘိုင်ယွန်၏ ရှင်းပြချက်ကိုကြားရလျှင် ချင်ယွင်သည် ခေါင်းညိတ် ပြလိုက်သည်။ သိုင်းမြို့စားဘိုင်ယွန် ပြောခဲ့သလိုဆိုရင် လူများများ စေလွှတ်လေ ပိုဆုံးရှုံးလေ ဖြစ်လိမ့်မည်။

တုလုံးကျွန်းသည် နဂါးများ၏ သားစဉ်မြေးဆက် အမြောက်အများ နေထိုင်ကြသော ကြောင့် အလွန်အန္တရာယ် များလှသည်။

လူများများ ဝင်ရောက်လေ အသေအပျောက် များလေ ဖြစ်လိမ့်မည်။

သာမန်ထက်ထူးခြားသော စွမ်းအားကို ပိုင်ဆိုင်ထားသည့် ပါရမီရှင်နှစ်ဦးကို စေလွှတ်ခြင်းက ပိုကောင်းပါသည်။ ဤနည်းအားဖြင့် ပါရမီရှင်များကို လေ့ကျင့်ပေးနိုင်ရုံသာမက သူတို့အဖွဲ့ခွဲများ၏ အင်အားကိုလည်း ထိန်းသိမ်းထား နိုင်မည်ဖြစ်သည်။

"ဒါဆို ကျွန်တော်တို့က တုလုံကျွန်းကို ဘယ်တော့ထွက်မှာလဲ" ချင်ယွင်က မေးသည်။

"မနက်ဖြန်မနက်!" သိုင်းမြို့စားဘိုင်ယွန်က တုန့်ပြန်ဖြေသည် "ငါတို့ရဲ့သင်္ဘောတွေ ပြင်ဆင်ထားဖို့ လိုပတယ်။ ဒီရေမိုင်တစ်သိန်း ပတ်ဝန်းကျင်ပင်လယ်ပြင်မှာ အစွမ်းထက်တဲ့ နတ်ဆိုးသားရဲတွေနဲ့ အဆင့်ငါး ဆိတ်သုဉ်းခြင်းသားရဲတွေမရှိပေမယ့် အဆင့်လေး ဆိတ်သုဉ်းသားရဲတွေက အချိန်မရွေး ပေါ်လာနိုင်တယ်။ ဒါကြောင့် မင်းတို့ကို ငါကိုယ်တိုင် အဲဒီနေရာအထိ လိုက်ပို့ပေးရမယ်"

ချင်ယွင်က ခေါင်းညိတ်ပြီး ဆက်မေးလိုက်သည် "အခြားအဖွဲ့တွေကရော၊ သူတို့ကရော အတူတူမသွားကြဘူးလား?"

သိုင်းမြို့စားဘိုင်ယွန်က ပြုံးပြီး ခေါင်းယမ်းလိုက်သည်။ " အဲဒီတုလုံကျွန်းရဲ့အပြင်ဘက် အနီးနားမှာ ကျွန်းတစ်ကျွန်း ရှိတယ်။ အဲဒီကျွန်းကို အမာခံ ခံတပ်နယ်မြေအဖြစ် ပြန်လည် သိမ်းယူလိုက်ကြပြီ။ နောက်ငါးရက်အကြာမှာ တပ်ဖွဲ့တွေအားလုံးက အဲဒီခံတပ်စခန်းကို ရောက်ရှိပြီး တုလုံကျွန်းကို အတူတကွ ဦးတည်သွားကြမှာ ဖြစ်တယ်။"

ချင်ယွင် ခေါင်းညိတ်လိုက်သည်။ တစ်နည်းဆိုရသော် သူတို့သည် သင်္ဘောပေါ်တက်ပြီး မနက်ဖြန်မနက် ပင်လယ်ကိုဖြတ်ကာ တုလုံကျွန်းသို့ တိုက်ရိုက်သွားခြင်း မဟုတ်ပေ။ ယင်းအစား သူတို့သည် တုလုံကျွန်းအနီးရှိ ခံတပ်ကျွန်းဆီသို့ ဦးတည် သွားကြရမည်ဖြစ်သည်။

ထို့နောက် ချင်ယွင်သည် အင်အားစုအမျိုးမျိုးများနှင့်ပတ်သက်ပြီး နောက်ထပ်မေးခွန်း အချို့ကိုမေးမြန်းစုံစမ်းခဲ့သည်။

အင်ပါယာမြို့တော်ရှိ မြို့စားကြီးလေးယောက်နှင့် မဟာမျိုးနွယ်စုကြီး သုံးခုအပြင်၊ ထိပ်တန်းဂိုဏ်းကြီး နှစ်ဂိုဏ်းဖြစ်သော ဓားငယ်လေးဂိုဏ်းနှင့် ဧကရာဇ် ကျောင်းတော်အပြင် သြဇာအာဏာ အကြီးမားဆုံးဖြစ်သော ဧကရာဇ်မိသားစုလည်း ရှိသေးသည်။

စုစုပေါင်း အင်အားစုကြီး ဆယ်ခုရှိပြီး နဂါးသတ်ကျွန်းသို့ ဝင်ရောက်ရန် ပါရမီရှင် အနည်းဆုံး အယောက်နှစ်ဆယ် ရှိမည်ဟု ဆိုလိုသည်။

ထို့နောက် ချင်ယွင်သည် သိုင်းမြို့စားဘိုင်ယွင်နှင့် ခဏကြာအောင် စကားစမြည်ပြော ပြီးနောက် အင်မော်တယ်ကမ္ဘာငယ်လေးအကြောင်း မေးမြန်းလိုက်သည်။

သိုင်းမြို့စားဘိုင်ယွန်သည်လည်း အလွန်အံ့သြသွားသည်။ ချင်ယွင်သည် အင်မော်တယ် ကမ္ဘာငယ်လေးမှ ဆင်းသက်လာသူဟုသူ သံသယရှိခဲ့သော်လည်း ယခုအခါ မဟုတ်ဘူးဟုထင်ရသည်။

သို့သော်လည်း သိုင်းမြို့စားဘိုင်ယွန်အတွက်မူ၊ ချင်ယွင်သည် အင်မော်တယ် ကမ္ဘာငယ်လေးမှ ဆင်းသက်လာသည် ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ အရေးမကြီးတော့ပေ။ အဘယ်ကြောင့်ဆိုသော် ချင်ယွင်ပြသခဲ့သော အရည်အချင်းနှင့် ခွန်အားများကသူ့ကို မတူထူးခြားသည့် အမြင်တမျိုး ဖြစ်စေခဲ့ပြီးဖြစ်သည်။ သူသည် သိုင်းမြို့စားနယ်ပယ်သို့ ဝင်ရောက်သွားသည်နှင့် သူ၏ခွန်အားသည် သိသိသာသာ တိုးတက်လာမည်ဖြစ်သည်။

ထို့ကြောင့် သူသည် ချင်ယွင်ကို အင်မော်တယ်ကမ္ဘာငယ်လေး အကြောင်းကို သူသိထား သမျှကိုပြောပြသည်။

အင်မော်တယ်ကမ္ဘာငယ်လေးဆိုသည်မှာ ချင်ယွင်တွေးထင်ထားသလို သေးငယ်သည့် ကမ္ဘာလေး မဟုတ်ပေ။ ၎င်းသည် မြောက်ပိုင်းပင်လယ်၏ နောက်၌ရှိသော အခြားတိုက်ကြီးတစ်ခုဖြစ်သည်။

ထိုနေရာတွင် ကျင့်ကြံသူများသည် အလွန်အစွမ်းထက်သောကြောင့်၊ တာအိုအငွေ့အရည်ဖွဲ့ခြင်းနယ်ပယ် သို့မဟုတ် ၎င်းနယ်ပယ်အထက်၌ရှိသော ကျွမ်းကျင် ပညာရှင်များသည် ပင်လယ်ကိုဖြတ်ကျော်ပြီး သူတို့နေထိုင်ရာ ထျန်ယွန်တိုက်ကြီးသို့ ရောက်လာလေ့ရှိကြသည်။ ထို့ကြောင့်၊ ထျန်ယွန်တိုက်ကြီးမှ လူများသည် အခြားတိုက်ကြီးအား အလွန်တန်ခိုးကြီးသည်ဟု ခံစားမိသောကြောင့် ထိုအခြားတိုက်ကြီးကို အင်မော်တယ်ကမ္ဘာငယ်လေးဟု အမည်ပြောင် ပေးထားကြခြင်း ဖြစ်ပါသည်။

တကယ်တော့ ထိုတခြားတိုက်ကြီး၏ အမည်အရင်းက ကောင်းကင်နဂါးတိုက်ကြီး ဖြစ်ပါသည်။ ထျန်းယွန်တိုက်ကြီးကဲ့သို့ပင်၊ ၎င်းသည် သေမျိုးကမ္ဘာများဖြင့် တူညီသော မြေမျက်နှာအသွင်အပြင်ရှိကြသည်။

ဤအချက်ကို နားလည်ပြီးနောက်၊ ချင်ယွင်သည် ဤအင်မော်တယ် ကမ္ဘာငယ်လေးနှင့် ပတ်သတ်ပြီး ပဏာမနားလည်မှု ရရှိသွားပြီဟု ယူဆနိုင်သည်။

သူ၏အစ်မသည် ဤပင်လယ်ပြင်ဧရိယာကြီး၏ နောက်ကွယ်တွင်ရှိနေသည့် ကောင်းကင်နဂါးတိုက်ကြီးတွင် ရှိနေသင့်သည်ဟု ထင်ရသည်။ အကယ်၍ သူသည် သူ၏အစ်မကို ရှာချင်သည်ဆိုလျှင် ဤပင်လယ်ပြင်ကြီးကို ဖြတ်ကျော်ရလိမ့်မည်။

ဤအရာက အလွန်ခက်ခဲသည့်ကိစ္စဖြစ်သည်။ တာအိုအငွေ့အရည်ဖွဲ့ခြင်း နယ်ပယ်၏ စွမ်းအားမရှိလျှင် အောင်မြင်ရန်မှာ မဖြစ်နိုင်သလောက်ပင်။

အဘယ့်ကြောင့်ဆိုသော် ဖြတ်ကျော်သူများသည် ပင်လယ်နက် ဒေသကိုရောက်သည့် အခါ အလွန်ကြောက်စရာကောင်းသည့် စွမ်းအားကို ပိုင်ဆိုင်ထားသော ရေအောက်နတ်ဆိုးသားရဲများနှင့် ရင်ဆိုင်ကြရမည် ဖြစ်သောကြောင့် ဖြစ်သည်။ သူတို့သည် ထိုနတ်ဆိုးသားရဲများနှင့် တွေ့လျှင် သေဆုံးသွားနိုင် သည်။ ထို့ကြောင့် တာအိုအငွေ့ အရည်ဖွဲ့ခြင်းနယ်ပယ်၏ ကျွမ်းကျင်ပညာရှင်များ ဖြစ်မှသာ ပင်လယ်ကိုဖြတ်ကူးရန် အန္တရာယ်မရှိသလောက် ဖြစ်လိမ့်မည်။

ဤအကြောင်းအရာကို နားလည်ပြီးနောက် ချင်ယွင်သည်ထိုကိစ္စကို သိပ်အများကြီး မစဉ်းစားတော့ပေ။

ယခုအချိန်မှာ သူလုပ်စရာရှိသည်က သူ၏အစ်မ လျူရန်ယွင်ကို ရှာဖွေရန်အတွက် ဤပင်လယ်ပြင်ကြီးကိုဖြတ်ပြီး ကောင်းကင်နဂါးတိုက်ကြီးဆီ ဖြတ်ကူးလိုက်နိုင်ရန် သူ၏စွမ်းအားကို ဖြစ်နိုင်သမျှ အမြန်ဆုံး တိုးတက်အောင် လုပ်ရန်ဖြစ်သည်။

ယခုအချိန်တွင် သူ၏အဓိကရည်မှန်းချက်မှာ တုလုံကျွန်းသို့ သွားပြီး သူပိုင်ဆိုင်နိုင်မည့် အခွင့်အလမ်းများကို ရှာဖွေရန်ဖြစ်သည်။ ရန်စီစီအတွက် ကံကြမ္မာကို ပြောင်းလဲနိုင်သည့် ရတနာတစ်ခုကို ရှာဖွေချင်ခဲ့ပြီး ထိုကောင်မလေး၏ အသက်ကိုလည်း သူ ကယ်တင် ချင်သေးသည်။

ဤမေးခွန်းများကို မေးမြန်းစုံစမ်းပြီးနောက် ချင်ယွင်သည် ရန်စီချီ၏အခန်းသို့ ပြန်လာခဲ့သည်။

ရန်စီချီဆိုသည့် ဤမိန်းကလေးငယ်သည်လည်း စိတ်ထဲမှာ ကြိုတင်ပြင်ဆင်ပြီး သန့်စင်ထားခဲ့သည်။ သူမသည် ရေချိုးပြီးနောက် အနွေးဓာတ်ရရန် အဝတ်အစားများလဲကာ ချင်ယွင်အတွက် အိပ်ရာထက်မှာ စောင့်နေလေချေပြီ။

ဤမြင်ကွင်းကိုမြင်လိုက်ရလျှင် ချင်ယွင်၏နှလုံးသည် ချက်ချင်း ခုန်သွားခဲ့ပြီး ယုန်သူငယ်ကို ခုန်အုပ်လိုက်သည့် ဆာလောင်နေသော ကျားတစ်ကောင်လို ရန်စီချီဆီကို ခုန်အုပ်လိုက်တော့သည်။

ထို့နောက် သင်းပျံ့မွှေးကြိုင်သည့် အနှိုင်းမဲ့ စိတ်လှုပ်ရှားဖွယ် မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာတော့သည်။

အခန်း(၂၂၂)ရုတ်တရက်ဖြစ်ပေါ်လာသည့်ဉာဏ်အလင်း။

နောက်နေ့မနက်တွင် သိုင်းမြို့စားဘိုင်ယွန်၏ ဦးဆောင်မှုအောက်တွင် ချင်ယွင်နှင့် အခြားလူများသည် ဆိပ်ကမ်းသို့ ရောက်ရှိလာကြသည်။

ဤသည်မှာ ချင်ယွင်သည် သေမျိုးကမ္ဘာ၏ပင်လယ်ကို ပထမဆုံး မြင်ဖူးခြင်းလည်း ဖြစ်သည်။ ပင်လယ်သည် အင်မော်တယ်ကမ္ဘာရှိ ဒက်နော့ပင်လယ်ကဲ့သို့ ကျယ်ပြောလှသည် မဟုတ်သော်လည်း ၎င်းနှင့်သက်ဆိုင်သည့် ခမ်းနားထည်ဝါပြီး လွှမ်းမိုးမှုရှိသော အငွေ့အသက်ကို ပိုင်ဆိုင်ထားဆဲ ဖြစ်သည်။

အရှည် မီတာငါးဆယ်ရှိ သံချပ်ကာတပ်ဆင်ထားသည့် သင်္ဘောတစ်စင်းသည် ကမ်းကိုမှီကာ ရပ်တန့်နေသည်။ ဤသင်္ဘောကြီးက ချင်ယွင်နှင့် တခြားလူများကို အခြေစိုက် ခံတပ်ကျွန်းသို့ သယ်ဆောင်သွားမည့် သင်္ဘောကြီးဖြစ်သည်။

သင်္ဘောကြီးသည် ကြီးမားလှပြီး လူပေါင်းရာနှင့်ချီပြီးတင်သွား နိုင်သည်။ သင်္ဘောတစ်ခုလုံးကို သံမဏိဖြင့် လုံး၀ အားဖြည့် တပ်ဆင်ထားပြီး သာမန်အဆင့်လေး ဆိတ်သုဉ်းခြင်းသားရဲများ၏ တိုက်ခိုက်မူဒဏ်ကို သုံးကြိမ်တိုင်တိုင် ခံနိုင်ရည်ရှိလောက်အောင် မာကြောလှသည်။

ဧရာမနဂါးကြီး၏ ဦးခေါင်းကို သင်္ဘောကြီးရှေ့ လေးကိုင်းပေါ်တွင် အမှန်တကယ် ချိတ်ဆွဲထားသည်။ နဂါးဦးခေါင်းကြီးသည် အနှိုင်းမဲ့ ပြင်းထန်သော နဂါးသွေး အငွေ့အသက်နှင့် နဂါး၏ ခမ်းနားထည်ဝါသော အငွေ့အသက်များကို ထုတ်လွှတ်ကာ တစ်ဖက်သားရဲများကို ခြိမ်းခြောက်သည်။ သာမန် အဆင်သုံး ဆိတ်သုဉ်းခြင်း သားရဲများပင် သင်္ဘောကြီးဆီကို အလွယ်တကူ ချဉ်းကပ်ဝံ့မည် မဟုတ်တော့ပေ။

သင်္ဘောတစ်ခုလုံးကို သိုင်းမြို့စားဘိုင်ယွန်မှ လုပ်ပိုင်ခွင့် အပြည့်အဝ ရရှိထားပြီး ဖြစ်သည်။ အဓိကရည်ရွယ်ချက်မှာ တုလုံကျွန်းသို့ ဝင်ရောက်မည့် ချင်ယွင်နှင့် အခြားလူများကို ကောင်းကောင်းမွန်မွန်ဖြင့် ကျင့်ကြံနိုင်မည့် ပတ်ဝန်းကျင်တစ်ခု ရရှိစေရန်ဖြစ်သည်။

အင်အာစုကြီးဆယ်ခုအပြင်၊ ယခုတစ်ကြိမ်တွင် ခံတပ်တည်ရှိရာ ကျွန်းသို့ သွားမည့်ခရီစဉ်တွင် အင်အားစုလေးများနှင့် တကိုယ်တော် ကျင့်ကြံသူများသည်လည်း ပါဝင်ကြမည် ဖြစ်သည်။ ထို့ကြောင့် လာမည့် ရက်အနည်းငယ်အတွင်း ပင်လယ်ပြင်သို့ သင်္ဘောအများအပြား ခရီးထွက်ကြတော့မည် ဖြစ်သည်။

ချင်ယွင်နှင့် အခြားသူများသည် ကုန်းပတ်ပေါ်တက်သောအခါ သင်္ဘောသည် သူတို့ထင်ထားသည်ထက် ပိုကျယ်ဝန်းသည်ကို တွေ့လိုက်ရသည်။ သင်္ဘော ပတ်ပတ်လည်ကို အားဖြည့်​​ပေထားသည့် ကျောက်​တုံးကြီး​များလည်းရှိနေ သည်။ အကယ်၍ လှိုင်းလုံးကြီးများ မရှိလျှင် မြေပြန့်ပေါ်တွင် လမ်းလျှောက်သွားနေရသကဲ့သို့ ညီညာကျယ်ပြန့်ပြီး လှိုင်းလေပြင်းထန်မှုကို နည်းနည်းလေးမှ ခံစားရမည် မဟုတ်ပေ။

ဤအခြေအနေမျိုးကို ချင်ယွင်သည် အလွန်ကျေနပ်မိသည်။ ဤနည်းအားဖြင့် သင်္ဘောပေါ်တွင် လိုက်ပါလာသူများ၏ ကျင့်ကြံမူအဆင့်သည် ပို၍ တည်ငြိမ်သွားမည် ဖြစ်သည်။

ထို့ကြောင့် ချင်ယွင်နှင့် အခြားလူများသည် ကီလိုမီတာ တစ်သိန်း အကွာအဝေးရှိ ခံတပ်ကျွန်းဆီသို့ စတင် ထွက်ခွာလာကြပါသည်။

ကောင်းကင်ကြီးသည် ပြာဝေနေပြီး ပင်လယ်ပြင်သည် နက်ပြာရောင်ဖြစ်ကာ သူတို့၏ မြင်ကွင်းရှေ့မှာ အဆုံးအစမရှိသည့် ပင်လယ်ပြင်ကြီး ဖြစ်နေသည်။

ဆိတ်သုဉ်းခြင်းသားရဲများသည် သင်္ဘောကြီး၏ခြေအောက်ရှိ ပင်လယ်ရေပြင် အောက်မှ ရံဖန်ရံခါ ဖြတ်သန်းသွားကြသည်။ ထိုအားနည်းသော ဆိတ်သုဉ်းခြင်း သားရဲများသည် နဂါးဦးခေါင်း၏ အရှိန်အဝါကို ခံစားမိကြပြီး ကြောက်ရွံ့ထိတ်လန့်စွာ ထွက်ပြေးသွားကြသည်။

ကြီးမားလှသော သံချပ်ကာသင်္ဘောကြီးသည် ကြောက်မက်ဖွယ်ကောင်းသော ဆိတ်သုဉ်းခြင်း သားရဲတစ်ကောင်နှင့်တူပြီး လှိုင်းလုံးများကိုဖြတ်ကျော်ကာ အထိန်းအချုပ်ကင်းမဲ့ပြီး ခံတပ်အခြေစိုက်ကျွန်းဆီသို့ ဦးတည်သွားနေသည်။

ရန်စီချီသည် ဤမျှကြီးမားသော ပင်လယ်သမုဒ္ဒရာကြီးကို ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။ သူမ၏ လှပသော မျက်လုံးများသည် တုန်လှုပ် ချောက်ချားမှု များနှင့် ပြည့်နှက်နေသည်။

ချင်ယွင်သည် မနေ့ညက သူမနှင့် ဆွေးနွေးခဲ့ပြီးဖြစ်သည်။ ယခုတစ်ကြိမ် သူမသည် တုလုံကျွန်းသို့ ခရီးသွားမည်ဖြစ်သည်။ သို့ပေမယ့် အကယ်၍ သူမ ဝင်ခဲ့မည်ဆိုလျှင် အန္တရာယ်များလွန်းသည်။ အကယ်၍ သူမ ဝင်ခဲ့မည် ဆိုလျှင်ပင် သူမဝင်ခဲ့ပြီးနောက် ချင်ယွင်သည် သူမ၏ လုံခြုံရေးကို ဂရုစိုက်နိုင်တော့မည် မဟုတ်ပေ။

ရန်စီချီသည်လည်း အလွယ်တကူပင် သဘောတူခဲ့ပါသည်။ သူမသည်သိုင်းမြို့စား ဘိုင်ယွန်ကို ပြောပြပြီးနောက် သိုင်းမြို့စား ဘိုင်ယွန်သည်လည်း သဘောတူကြောင်း ခေါင်းညိတ်ပြခဲ့သည်။

ထို့ကြောင့် တုလုံးကျွန်းသို့သွားမည့်ခရီးစဉ်တွင် သိုင်းမြို့စားဘိုင်ယွန်သည် နေရာများ ကို ချင်ယွင်နှင့် ချန်မင်ရှီတို့အတွက်သာ သီးသန့်ထားလိုက်သည်။ ရန်စီချီ၏ ယခုအကြိမ်ခရီးစဉ်သည် အပျော်သက်သက် လေ့လာရေးခရီးမျှသာ ဖြစ်သည်။

ချန်မင်ရှီသည် သူမအတွက် အရေးမကြီးဟု သူမက ပြောပါသည်။ ထိုအချိန်တွင် သူမသည် သင်္ဘောကုန်းပတ်ပေါ်တွင် မတ်မတ်ရပ်ကာ စကားတစ်ခွန်းမှ မပြောဘဲ အဝေးက ပင်လယ်ပြင်ကြီးကို ငေးကြည့်နေသည်။

ချင်ယွင်၏ နှလုံးသားသည် သူရဲကောင်းဆန်လာပြီး သူ၏သွေးများက ဆူပွက်လာသည်။

အနှိုင်းမဲ့ ကျယ်ပြန့်လှသော အရာများ သို့မဟုတ် သဘာဝ ရူမြင်ကွင်းများနှင့် ရင်ဆိုင်ရသောအခါတွင် လူသားများအတွက် လေးစားမှု သို့မဟုတ် ရည်မှန်းချက် ထားရှိမူများကို အလွယ်တကူ ဆုံးဖြတ်တတ်ကြသည်။

(When faced with incomparably broad things or scenes, it is easy for people to have a trace of reverence or ambition.)

ချင်ယွင်သည် နောက်ပိုင်းတွင် ထင်ရှားကျယ်ပြန့်လာခဲ့သည်။ အနှိုင်းမဲ့ ကြီးမားကျယ် ပြန့်သော ပင်လယ်ပြင်ကြီးကို ကြည့်လိုက်သောအခါတွင် ပြင်းထန်သော သူရဲကောင်းဆန်သည့် ခံစားချက်သည် သူ၏နှလုံးသားထဲသို့ ချက်ချင်း တိုးဝင်လာခဲ့သည်။

အဆုံးအစမရှိ ကျယ်ပြောလှသော ဓားဆန္ဒသည် ကောင်းကင်ယံသို့ တည့်မတ်စွာ ပစ်လွင့်သွားခဲ့သော ဧရာမဓားကြီးတစ်လက်ကဲ့သို့ ချက်ချင်းပင် ပေါက်ကွဲ ထွက်ပေါ်လာခဲ့သည်။

"အယ်!"

ရုတ်တရက် ဓားဆန္ဒကိုထုတ်ဖော်လိုက်သည့် ချင်ယွင်ကို ကြည့်ရင်း လူတိုင်း၏ အမူအရာများသည်ပြောင်းလဲသွားခဲ့သည်။

"တကယ်ကို သူက ဉာဏ်အလင်းတစ်ခု ရသွားခဲ့တာလား!"

သိုင်းမြို့စားဘိုင်ယွန်နှင့် အနက်ရောင် ချပ်ဝတ်တန်ဆာဝတ်လူသည် အခန်းတွင်းမှ ထွက်လာခဲ့သည်။ ထိုမြင်ကွင်းကို မြင်လိုက်ရလျှင် တုန်လှုပ်ခြောက်ခြားသည့် အမူအရာများကို ချက်ချင်း ထုတ်ဖော်ပြသလာသည်။

ပင်လယ်ကိုမျက်နှာမူရင်း တစ်စုံတစ်ယောက်သည် အမှန်တကယ်ပင် ထိုးထွင်းသိမြင်မူဉာဏ်အမြင် ရရှိလာခဲ့သည်။ ဤထိုးထွင်းသိမြင်မူဉာဏ်အမြင်သည် သာမန် လူသားတို့ လက်လှမ်းမမီသော အရာဖြစ်သည်။

သိုင်းမြို့စားဘိုင်ယွန်သည် သင်္ဘောကိုယ်ထည်၏ လှိုင်းထန်မှုကြောင့် ချင်ယွင်၏ ထိုးထွင်းသိမြင်မူဉာဏ်အမြင်ကို အနှောင့်အယှက်ဖြစ်စေမှာ စိုးရိမ်သည့်အတွက် သင်္ဘောကြီးကို ချက်ချင်းရပ်တန့်ရန် အမိန့်ပေးခဲ့သည်။

ဓားဆန္ဒကိုနားလည်ထားသူ ချန်မင်ရှီသည် သဘာဝအတိုင်း တုန်လှုပ်ခြောက်ခြားမူ အရှိဆုံး လူဖြစ်သည်။ ပင်လယ်ပြင်၏ အဆုံးမဲ့ရှုမြင်ခင်းကိုကြည့်နေစဉ် ချင်ယွင်သည် ဓားဆန္ဒကို ရုတ်တရက် ပြသလာလိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။

ထို့အပြင်၊ ချင်ယွင်ဆီမှ ထုတ်လွှတ်နေသော ဓားဆန္ဒမှ ချန်မင်ရှီသည် ထက်ရှပြီး ထာဝရတည်ရှိမူ အရိပ်အယောင်များနှင့် ရောယှက်နေသည့် ကြီးမား ကြီးကျယ်ခမ်းနားသော ဆန္ဒကို ခံစားနိုင်သည်။

ထိုအချိန်တွင် ချင်ယွင်သည် သူ၏ မျက်လုံးများ တင်းတင်းကျပ်ကျပ် မှိတ်ထားပြီး အံ့သြဖွယ်ကောင်းသော နယ်ပယ်တစ်ခုထဲသို့ လုံးလုံးရောက်ကျသွားသည်။

သူသည် အဆုံးမဲ့ပင်လယ်ပြင်ကို ကြည့်နေစဉ် သူ၏ရှေ့တွင် အကန့်အသတ်မဲ့ မြင်ကွင်းတခုကြောင့် သူ ထိတ်လန့်သွားခဲ့ရသည်။ တစ်ချိန်တည်းမှာပင် သူသည် မည်သည့်အကြောင်းပြချက်မှမရှိဘဲ သဲကန္တာရထဲတွင် သူမြင်တွေ့ခဲ့ရသော လေဟာနယ်အတွင်းက ဧရာမဓားရှည်ကြီးကို ပြန်အမှတ်ရမိသည်။

ဧရာမဓားကြီး၏ အရွယ်အစားသည် သူ့ရှေ့ရှိ သမုဒ္ဒရာကြီးထက် အဆပေါင်း မရေမတွက်နိုင်အောင် ကြီးမားပြီး ၎င်းထံမှ ထုတ်လွှတ်သော ကြီးကျယ်ခမ်းနားသော အငွေ့အသက်သည် သူ၏နှလုံးသားကို တုန်လှုပ်စေပါသည်။

၎င်းဓားကြီး၏ရှေ့တွင် ချင်ယွင်သည် လေထဲတွင် လွင့်မျောနေသော ဖုန်မှုန့်အမှုန် အမွှားကဲ့သို့ဖြစ်နေသည်။

ဤအရာကြောင့် ချင်ယွင်သည် အကန့်အသတ်မရှိ ခမ်းနားထည်ဝါသော အငွေ့အသက်ကို ခံစားလိုက်ရပြီး သူ၏နှလုံးသားသည် ၎င်းအငွေ့အသက် တောင့်တခြင်းများဖြင့်ပြည့်နှက်နေသည်။

ဤအခိုက်အတန့်တွင်၊ ကြီးကျယ်ခမ်းနားသောဆန္ဒသည် ကောင်းကင်နှင့် ကမ္ဘာမြေကြီးကို ဖောက်ထွင်းဝင်ရောက်လာသော ဧရာမဓားကြီးတစ်လက်ကဲ့သို့ သူ၏ ခန္ဓာကိုယ်ကို ဖြတ်ကျော် ဝင်ရောက်ကာ ကောင်းကင်ယံသို့ တည့်တည့်မတ်မတ် ပစ်လွင့်သွားခဲ့သည်။

"ဘယ်​လောက်တောင် အကန့်​အသတ်​မဲ့လိုက်တဲ့ ဓားဆန္ဒလဲ!" အနက်ရောင် ချပ်ဝတ်တန်ဆာဝတ် စစ်သည်တော်သည် ဤဓားဆန္ဒ၏ရှေ့တွင် ကြောက်ရွံ့မှု အရိပ်အယောင်ကိုမခံစားရဘဲမနေနိုင်ပေ။

သတ္တမအဆင့် အထွက်အထိပ် ကောင်းကင်အလွှာ သိုင်းမြို့စားအဆင့် ကျွမ်းကျင်သူတဦးသည် သေးငယ်သည့် နဝမအဆင့် ကောင်းကင်အလွှာ သိုင်းဂိုဏ်းချုပ်အဆင့် လူငယ်လေးရှေ့တွင် ခံစားချက်တစ်စုံတစ်ရာကို ထုတ်ဖော်ပြသနေသည်။ ဤအရာက သူ့ကို ရှက်ရွံ့ထိတ်လန့်စေသည်။

သို့သော် ထိုအချိန်တွင် မျက်လုံးများကို တင်းတင်းမှိတ်ထားသည့် ချင်ယွင်သည် လှုပ်ရှားသွားသည်။

သူ၏ခြေဖျားများက သင်္ဘောကုန်းပတ်ကိုထိပြီး ပြေးထွက်သွားသည်။ သူ၏ခြေဖျား များသည် ပင်လယ်ရေမျက်နှာပြင်ပေါ်မှာ ရပ်နေပြီး နစ်မြုပ်သွားခြင်း မရှိခဲ့ပေ။ သူ၏လက်ထဲတွင် အနက်ရောင် ကြယ်နက်ဓားက ပေါ်လာသည်။

အကန့်အသတ်မရှိသောဓားဆန္ဒသည် ယခုအချိန်တွင် ကြယ်နက်ဓားနှင့်လည်း ယှဉ်တွဲကခုန်နေပါသည်။ ကြယ်နက်ဓားသည် ဆက်တိုက်ဆိုသလို တုန်ခါနေပြီး အနှိုင်းမဲ့ ကြီးမားကျယ်ပြန့်သော ဆန္ဒကို ထုတ်လွှတ်နေသည်။

ချင်ယွင်၏ မျက်လုံးများတွင် ဓားအလင်းတစ်ခု လင်းလက် လာသည်။ သူသည် ကြယ်နက်ဓားကို သူ၏လက်ထဲဖြင့် ဖြည်းညှင်းစွာ မြှောက်လိုက်ပြီး မည်သည့် စိတ်ကူးမျှမရှိဘဲ ဖွင့်ထုတ် ပစ်လိုက်သည်။

သို့သော် ထိတ်လန့်ဖွယ်ရာ မြင်ကွင်းတစ်ခု ဖြစ်ပွားခဲ့ရသည်။ ဧရာမလေဟာနယ် ဓားရှည်ကြီးတစ်စင်းသည် လေထုထဲတွင် သိပ်သည်းလာခဲ့ပြီး ပင်လယ်ရေ မျက်နှာပြင်ပေါ်သို့ ပြင်းထန်စွာ ဆင်းသက်လာခဲ့သည်။

ပင်လယ်ပြင်ကြီး တစ်ခုလုံးသည် ချက်ချင်းပေါက်ကွဲသွားသည်။ ပင်လယ်ရေပြင်သည် တိုက်ရိုက်ကွဲထွက်သွားကာ မီတာသုံးရာ နီးပါးရှည်လျားပြီး မီတာတစ်ရာနက်သော ဧရာမလျှိုကြီးတစ်ခုကို ဖော်ထုတ်တွေ့ရှိခဲ့သည်။ လှိုင်းလုံးကြီးများသည် အမြင့်မီတာ တစ်ရာ အထိ ကောင်းကင်ယံသို့ မြင့်တက်လာခဲ့ပြီး ကြီးမားသော ရေတံတိုင်းကြီး နှစ်ခု ကဲ့သို့ဖြစ်ပေါ်လာသည်။

ဤအရာမပြီးဆုံးမီတွင် ချင်ယွင်က နောက်တစ်ကြိ မ်ခုတ်ပိုင်းလိုက်ပြန်သည်။

ဘေးနှစ်ဖက်စလုံးရှိ ကြီးမားသောလှိုင်းလုံးကြီးများသည် ချင်ယွင်၏ဓားဖြင့် တိုက်ရိုက် ဖြတ်တောက်သွားပြီး ကြီးမားသော ကွက်လပ်ကြီးတစ်ခုကို ပေါ်လွင်စေသည်။

ကြီးမားသော လှိုင်းလုံးကြီးတစ်ခုသည် ဥက္ကာပျံကဲ့သို့ ဆင်းသက်လာကာ ပေါက်ကွဲသွားပြီး လှိုင်းလုံးကြီးတစ်ခု မွှေ့ယမ်း လှုပ်ခတ်သွားလေသည်။

တခဏအတွင်းမှာပင် နေရောင်အောက်မှာ ဓားအလင်းနှင့်ရေလှိုင်းများသည် ရောယှက်သွားပြီး လင်းလက်တောက်ပ နေလေသည်။

ထိုအချိန်တွင် ချင်ယွင်သည် သူ၏ဓားကိုကိုင်ကာ ရပ်လိုက်ပြီး ရေသည် သူ၏အနားသို့ ဆင်းသက်လာသည်။ ကောင်းကင်ယံရှိ နေနှင့်လကိုခုတ်ဖြတ်နိုင်သော အင်မော်တယ် ဓားတလက်ကဲ့သို့ သူ၏ကိုယ်ခန္ဓာမှ ပေါက်ကွဲထွက်လာပြီး ကာကွယ်ပေးထားသော ဓားချီများကြောင့် မြင်ရသူအားလုံး ထိတ်လန့်တုန်လှုပ် သွားကြသည်။

သင်္ဘောပေါ်ရှိလူတိုင်း တုန်လှုပ်သွားကြသည်။ အစောပိုင်းလေ၊ ချင်ယွင်၏ဓားကွက်မှာ ဝိညာဉ်စွမ်းအင် အနည်းငယ်မျှ မပါဝင်သည်ကို သူတို့ ခံစားလို့ရနိုင်သည်။ ၎င်းဓားကွက်သည် ဓားဆန္ဒအပေါ် လုံးလုံးမှီခိုပြီး ထုတ်ဖော် အသုံးပြုလိုက်ခြင်း ဖြစ်သည်။ ၎င်း၏ စွမ်းအားသည် ဤမျှကြီးမားလိမ့်မည်ဟု သူတို့ မမျှော်လင့်ထားကြပေ။

ချင်ယွင်၏ မျက်လုံးများသည် တဖြည်းဖြည်း ကြည်လင်လာသည်။ ယခုလေးတင်၊ ဓားနှစ်ချောင်း၏ ခံစားချက်က သူ့စိတ်ထဲတွင် ယခုအချိန်ထိ ပဲ့တင်ထပ်နေသေးပြီး သူ့ကို အလွန် သက်တောင့်သက်သာ ခံစားရစေသည်။

ချင်ယွင်က ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။ သူ၏ ခြေချောင်းများသည် ပင်လယ်ရေ မျက်နှာပြင်ကို ပုတ်လိုက်ပြီး သင်္ဘောကုန်းပတ်ဆီကို ပြန်လာခဲ့သည်။ ပင်လယ်ပြင်၏ ရှုခင်းများကို ကြည့်ရုံဖြင့် ဓားဆန္ဒအရာမှာ အောင်မြင်မူတခု ပြုလုပ်နိုင်လိမ့်မည်ဟု သူ မျှော်လင့်မထားပေ။ ဤအရာသည် တကယ်ကို မမျှော်လင့်ထားသည့် ပျော်ရွှင်မှုတစ်ခု ဖြစ်သည်။

ယခုအချိန်တွင်၊ သူ၏ရှေးဟောင်းဓားဆန္ဒမှာ ထက်ရှမှုအပြင် ခန့်ညားထယ်ဝါမူ အရိပ်အယောင်များ ပါရှိနေသည်။ ဤအရာသည် သေးငယ်သည့် အောင်မြင်မှု တစ်ခုသာဖြစ်သော်လည်း ဤအဆင့်ကို တက်လှမ်းရန် သူ့အတွက် မည်မျှ ခက်ခဲလဲဆိုသည်ကို မသိနိုင်ပါဘူး။

တစ်ချို့လူများဆိုလျှင် သူတို့၏ ဘဝတစ်သက်တာလုံး ကုန်ဆုံးသွားခဲ့ရင်တောင် ဤအဆင့်သို့ ရောက်အောင် မလုပ်နိုင်ကြပါဘူး။

"ဘုန်း!"

သိုင်းမြို့စားဘိုင်ယွန်နှင့် တခြားလူများသည် ချင်ယွင်ကို ဂုဏ်ပြုရန် ပြင်ဆင်နေချိန်မှာပဲ သူတို့ တစ်အုပ်စုလုံး ရုတ်တရက် တုန်ခါသွားကြသည်။

သိုင်းမြို့စားဘိုင်ယွန်၊ ချင်ယွင်နှင့် တခြားလူများသည် မျက်နှာအမူယာ အနည်းငယ် ပြောင်းလဲသွားကြပြီး တညီတညွတ်တည်း အော်ပြောလိုက်ကြသည် "အဆင့်လေးသားရဲ ကြက်သွေးရောင်မျက်လုံး ကျားခေါင်းငါးမန်းကြီး" ။

အခန်း(၂၂၃)ကြက်သွေးရောင်မျက်လုံးကျားခေါင်းငါးမန်းကြီး

ကြက်သွေးရောင်မျက်လုံး ကျားခေါင်းငါးမန်းကြီးသည် အဆင့်လေးပင်လယ်ပြင်မှာ ရှိသည့် ဆိတ်သုဉ်းခြင်းသားရဲ ဖြစ်သည်။ ၎င်းတို့သည် များသောအားဖြင့် ကမ်းလွန် ပင်လယ်ပြင်တွင် နေထိုင်ကြသည်။ ၎င်းတို့သည် ကြီးမားသောခန္ဓာကိုယ်ကြီးနှင့် မျက်လုံးများရှိသည်။

အရွယ်ရောက်ပြီးသူ ကြက်သွေးရောင်မျက်လုံး ကျားခေါင်းငါးမန်းကြီးသည် ဤသင်္ဘောကြီး၏ ငါးပုံတစ်ပုံအရွယ် အစားနှင့်ညီမျှသော မီတာသုံးဆယ်ခန့် ရှည်လျားသည်။

၎င်း၏စွမ်းအားသည် သာမန် စတုတ္တအဆင့် ကောင်းကင်အလွှာ သိုင်းမြို့စားအဆင့် ကျွမ်းကျင်သူတစ်ဦးနှင့် အကြမ်းဖျင်းတူညီပြီး ၎င်းသည် ဤပင်လယ်ပြင်ဧရိယာတွင် အုပ်စိုးသူတစ်ဦး၏ တည်ရှိမှုလည်း ဖြစ်ပါသည်။

ချင်ယွင်သည် သူ၏ဓားဆန္ဒကို ရည်ရွယ်ချက်ရှိရှိအသုံးပြုလိုက်တုန်းက ဤကောင်ကြီးကို သတိပေးလိုက်သလိုဖြစ်သွားသည်မှာ ထင်ရှားလှသည်။

ထိုအချိန်တွင် ၎င်း၏ကြီးမားသောခန္ဓာကိုယ်ကြီးဖြင့် သင်္ဘောကြီးကို ပြင်းထန်စွာ တိုက်ခိုက်ပြီး သင်္ဘောကို ပြင်းထန်စွာ လှုပ်ခတ်သွားစေသည်။

ကံကောင်းထောက်မစွာ၊ ဤသင်္ဘောကြီးသည် တုနှိုင်းမရ လောက်အောင်ပင် ခိုင်ခံ့နေပြီး ကြက်သွေးရောင်မျက်လုံး ကျားခေါင်းငါးမန်းကြီး၏ တိုက်ခိုက်ခံရပြီးနောက် မပျက်မစီးရှိနေဆဲဖြစ်သည်။

အနက်ရောင် ချပ်ဝတ်တန်ဆာဝတ်လူက တိုက်ခိုက်တော့မည့်အခိုက် ချင်ယွင်က ပြောလိုက်သည် "ကျွန်တော် လုပ်လိုက်မယ်!"

ထိုစကားကို ပြောပြီးနောက် သူသည် ပင်လယ်ထဲသို့ တိုက်ရိုက်ခုန်ချသွားခဲ့သည်။

ကျင့်ကြံသူတစ်ဦး၏စွမ်းအားများ တိုးလာသည်နှင့်အမျှ သူတို့အတွက် ခေတ္တခဏ အသက်မရှူဘဲ နေဖို့က ပြဿနာရှိမှာ မဟုတ်ပါဘူး။

ချင်ယွင်နှင့် အခြားသူများ၏ စွမ်းအားဖြင့်ဆို ပင်လယ်အောက်ခြေတွင် တစ်ရက်လောက်နေလျှင်ပင် ပြဿနာ လုံးဝရှိမည်မဟုတ်ပေ။

ချင်ယွင်သည် ပင်လယ်ကြမ်းပြင်သို့ ခုန်ဆင်းပြီးနောက် ကြက်သွေးရောင်မျက်လုံး ကျားခေါင်းငါးမန်းကြီး၏ ပုံသဏ္ဍာန်ကို ရှာဖွေတွေ့ရှိခဲ့သည်။

ကြက်သွေးရောင်မျက်လုံး ကျားခေါင်းငါးမန်းကြီးသည် သင်္ဘောကို ထပ်မံဝင်တိုက်တော့မည့် အချိန်တွင် ချင်ယွင်၏ ခန္ဓာကိုယ်ပေါ်ရှိ အနက်ရောင်လျှပ်စီး ကြောင်းများသည် တဖျပ်ဖျပ်ခတ်လာသည်။ သူသည် မြန်နှုန်းမြှင့်လျှပ်စီးကို အသက်သွင်းလိုက်ခြင်းဖြစ်ပြီး ပင်လယ်အောက်ခြေတွင် အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့ကာ ကြက်သွေးရောင်မျက်လုံး ကျားခေါင်း ငါးမန်းကြီး၏ ခန္ဓာကိုယ်ပေါ်သို့ လက်သီးတစ်ချက် ကျရောက်သွား ခဲ့သည်။

ချင်ယွင်၏ ရေအောက်အမြန်နှုန်းမှာ အလွန်အကန့်အသတ် ရှိသော်လည်း မြန်နှုန်းမြှင့် လျှပ်စီးကြောင့် သူ၏အမြန်နှုန်းမှာ အလွန်မြန်နေပါသေးသည်။

ကြက်သွေးရောင်မျက်လုံး ကျားခေါင်းငါးမန်းကြီး၏ကိုယ်ခန္ဓာသည် အနှိုင်းမဲ့မာကျော လှသည်။ ချင်ယွင်ထံမှ ထိုးနှက်ချက်ခံရပြီးနောက်၊ ၎င်းသည် အမှန်တကယ်ပင် ထိခိုက်မှုမရှိခဲ့ပေ။ သို့သော်လည်း ချင်ယွင်၏ လက်သီးပေါ်တွင် ကြီးမားသောခွန်အားက သူ့ကို နာကျင်ကိုက်ခဲမှုကို ခံစားရစေသည်။

ဟိန်းဟောက်အော်ဟစ်သံနှင့်အတူ ကြက်သွေးရောင်မျက်လုံး ကျားခေါင်းငါးမန်းကြီး သည် ချင်ယွင်ကိုကြည့်ရန် သူ၏ဦးခေါင်းကြီးကို လှည့်လိုက်သည်။ ရန်စလာသည့် ရန်သူကို ရင်ဆိုင်ရင်း မီးပုံးများကဲ့သို့ ကြီးမားသော နီရဲနေသည့်မျက်လုံးတစ်စုံသည် နီမြန်းသော အလင်းတခုကို ထုတ်လွှတ်နေသည်။

ထို့နောက် သူ၏ပါးစပ်ကြီးထဲ မျိုချပစ်ချင်သည့်အလား ချင်ယွင်ဆီသို့ အမြန်ပြေးဝင်လာသည်။

ချင်ယွင်ကရော သူ၏ဆန္ဒအတိုင်း မည်ကဲ့သို့ ဖြစ်ခွင့်ပေးမည်နည်း။

ချင်ယွင်သည် သူ၏လက်ထဲတွင် အနက်ရောင်လျှပ်စီး လင်းလက်နေသည့် လှံတစ်ချောင်းကို သိပ်သည်းလိုက်သည်။

ဤသည်မှာ ဒုတိယအဆင့် လျှပ်စီးစွမ်းရည်သဘောတရား သုံးခုနှင့်ပေါင်းစပ်ထားသော ဖရိုဖရဲလျှပ်စီးမှ ဖန်တီးထားသည့် လျှပ်စီးလှံတစ်လက်ဖြစ်သည်။ ၎င်း၏ စွမ်းအားသည် တတိယအဆင့် ကောင်းကင်အလွှာ အထွက်အထိပ် သိုင်းမြို့စားအဆင့် ကျွမ်းကျင်သူတစ်ဦးကို သတ်ဖြတ်ရန် လုံလောက်အောင် အစွမ်းထက်သည်။

ချင်ယွင်သည် အနက်ရောင်လျှပ်စီးလှံကို အားသွန်ခွန်စိုက် ပစ်ခတ်လိုက်ရာ အနက်ရောင်လျှပ်စီးလှံသည် ပင်လယ်ကြမ်းပြင်ကို လျင်မြန်စွာ ဖြတ်သန်းသွား လေတော့သည်။

၎င်းသည် ကြက်သွေးရောင်မျက်လုံးကျားခေါင်းငါးမန်းကြီး၏ ဧရာမဦးခေါင်းကြီးကို တိုက်ရိုက်ထိမှန်သွားခဲ့သည်။

လျှပ်စီးလှံက ချက်ချင်း ပေါက်ကွဲသွားသည်။

ကြက်သွေးရောင်မျက်လုံးကျားခေါင်းငါးမန်းကြီး၏ ဦးခေါင်းသည် ချက်ချင်းပင် ပွင့်ထွက်သွားပြီး သွေးစွန်းနေသော အသွေးအသားစများ ပေါ်လွင်လာသည်။ ထင်ရှားသည်မှာ ဤအနက်ရောင်လျှပ်စီးလှံသည် ၎င်းအား ဒဏ်ရာပြင်းထန်စွာ ခံစားခဲ့ရစေပြီး သနားစရာကောင်းသော အော်ဟစ်သံက ထွက်ပေါ်လာခဲ့သည်။

ချင်ယွင်လည်း အနည်းငယ် အံ့သြသွားသည်။ ဤလျှပ်စီးလှံ၏ စွမ်းအားသည် တတိယအဆင့် အထွတ်အထိပ် ကောင်းကင်အလွှာ သိုင်းမြို့စားအဆင့် ကျွမ်းကျင်တဦး၏ ခန္ဓာကိုယ်ထည်ကို ဖြတ်တောက် သွားနိုင်သည်။ အမှန်တကယ် မှာတော့ ကြက်သွေးရောင်မျက်လုံး ကျားခေါင်းငါးမန်းကြီး၏ အရေပြားပေါ်တွင် အမာရွတ်တစ်ခုသာ ကျန်ရှိခဲ့ပြီး ကြီးကြီးမားမား ထိခိုက်ဒဏ်ရာ မရရှိခဲ့ပေ။

ဒီကြက်သွေးရောင်မျက်လုံး ကျားခေါင်းငါးမန်းကြီးရဲ့ အရေပြားက ဘယ်လောက် တောင်မှမာကျောလိုက်လဲ။

"အောင်း!"

ကြက်သွေးရောင်မျက်လုံးကျားခေါင်းငါးမန်းကြီးသည် ဒေါသတကြီး ဟိန်းဟောက် အော်ဟစ်ကာ ပင်လယ်ရေပြင်တစ်ခုလုံး တုန်လှုပ် သွားစေသည်။

ထို့နောက် ကြက်သွေးရောင်မျက်လုံးကျားခေါင်းငါးမန်းကြီးသည် ချင်ယွင်ဆီသို့ မယုံကြည်နိုင်လောက်သော အရှိန်အဟုန်ဖြင့် ပြေးလာသည်။

ချင်ယွင်သည် ချက်ခြင်း ထိတ်လန့်သွားသည်။ သူသည် ကမန်းကတန်း ရှောင်တိမ်း လိုက်ချင်သော်လည်း ကြက်သွေးရောင်မျက်လုံးကျားခေါင်း ငါးမန်းကြီး၏အမြီးက သူ့ကိုထိမှန်ပြီး သူ၏တစ်ကိုယ်လုံးသည် ချက်ချင်း နောက်ပြန်၍ လွင့်ပျံသွားခဲ့ရသည်။

သူ၏ရင်ဘတ်သည် ကြေကွဲသွားပုံရပြီး သူသည် အလွန်နာကျင်သွားရသည်။

သိုင်းမြို့စားဘိုင်ယွန်နှင့် ပင်လယ်ရေမျက်နှာပြင်ပေါ်ရှိ အခြားသူများသည် ဤအရာအားလုံးကို တိတ်တဆိတ် စောင့်ကြည့်နေခဲ့သည်။ အထူးသဖြင့် ရန်စီချီသည် ချင်ယွင်ကို ကြက်သွေးရောင်မျက်လုံး ကျားခေါင်းငါးမန်းကြီး၏ အမြီးကြာပွတ်က ရိုက်နှက်လိုက်သည်ကိုမြင်သောအခါ သူမ၏မျက်နှာသည် ချက်ချင်းပင် စိုးရိမ်သောက ရောက်သွားသည်။ ထို့နောက် သူမ ခုန်ဆင်းခါနီးတွင် သိုင်းမြို့စားဘိုင်ယွန်၏ ဖမ်းဆွဲထားခြင်းကိုခံလိုက်ရသည်။

ထိုအချိန်တွင် ချင်ယွင်၏ မျက်နှာသည် နာကျင်မှုများဖြင့် ပြည့်နှက်နေသည်။ ဤ ကြက်သွေးရောင်မျက်လုံးကျားခေါင်း ငါးမန်းကြီး၏ စွမ်းအားသည် မနိုင်းယှဉ်နိုင်လောက်အောင် ကြီးမားသည်ဟု ဆိုရပေမည်။ ကုန်းမြေပေါ်ရှိ သာမန် အဆင့်လေး ဆိတ်သုဉ်းခြင်းသားရဲများကိုပင် ကျော်လွန်သွားခဲ့သည်။

ချင်ယွင်၏ ရုပ်ခန္ဓာကိုယ်ကြံ့ခိုင်မှုနှင့်ပင်၊ သူ၏ခန္ဓာကိုယ်ရှိ အရိုးများသည် ကြာပွတ်တစ်ချက်ဖြင့် အစိတ်စိတ်အမွှာမွှာ ရိုက်ခံရသည့်အလား နာကျင် ကိုက်ခဲနေခဲ့သည်။

"အောင်း!"

ကြက်သွေးရောင်မျက်လုံးကျားခေါင်းငါးမန်းကြီးသည် ဟိန်းဟောက် အော်ဟစ်လိုက် ပြန်ပြီး ချင်ယွင်ဆီကို ထပ်မံ ပြေးဝင်လိုက်သည်။ ဤတစ်ကြိမ်တွင် ငါးမန်းကြီးသည် သူပါးစပ်ကို ကျယ်ကျယ်ဖွင့်ထားကာ ချင်ယွင်ကို သူ၏ဗိုက်ထဲသို့ မျိုချရန် အဆင်သင့်ဖြစ်နေပုံရသည်။

သူ၏ ကြီးမားသော သွားများသည် ဓားအလင်းကဲ့သို့ ဖြူဖွေးနေသည်။

ချင်ယွင်၏ မျက်လုံးများတွင် ဒေါသအရိပ်အယောင် ပေါ်လာသည်။ ထို့နောက် သူ၏လက်ထဲတွင် အနက်ရောင်ဓားရှည်တစ်ချောင်း ထွက်ပေါ်လာခဲ့သည်။

အလွန်ကြီးမားလှသော ဓားဆန္ဒသည် ချက်ခြင်းပင် ပျံ့နှံ့သွားခဲ့ပြီး ပင်လယ်ရေပြင် တစ်ခုလုံး အဝေးကိုတွန်းထုတ်ခံလိုက်ရပုံပေါ်ကာ ချင်ယွင်တစ်ဝိုက်ပတ်ပတ်လည်တွင် နေရာလွတ်တစ်ခုပေါ်လာသည်။

" လေဟာနယ်ဓားသိုင်းရဲ့ပထမဆုံး သိုင်းကွက် ၊ လေဟာနယ်ဓား !"ချင်ယွင်က အော်ပြောလိုက်သည်။

သူ၏လက်ထဲရှိ ဓားအလင်းသည် ညဉ့်အခါ မီးရောင်ကဲ့သို့ လင်းလက်တောက် သွားသည်။

အနက်ရောင် ဓားအလင်းသည် အနှိုင်းမဲ့အကန့်အသတ်မဲ့ ဓားဆန္ဒကို သယ်ဆောင်သွားရင်း ကြက်သွေးရောင်မျက်လုံး ကျားခေါင်းငါးမန်းကြီး၏ မျက်လုံးများဆီသို့ တိုက်ရိုက် တိုက်ခိုက် လိုက်သည်။

ချင်ယွင်၏ဓားဖြင့်တိုက်ခိုက်မှုကြောင့် ကြက်သွေးရောင်မျက်လုံး ကျားခေါင်းငါးမန်းကြီး ၏မျက်လုံးများ ချက်ချင်း ကန်းသွားခဲ့ပြီး အလွန်သနားစရာကောင်းသော အော်မြည်သံကိုထွက်ပေါ်စေခဲ့သည်။

၎င်း၏ကြီးမားလှသော ခန္ဓာကိုယ်သည် ပင်လယ်ရေပြင်ထဲတွင် အဆက်မပြတ် လူးလွန့်လှုပ်ယမ်းနေ၏။

"မင်းဒဏ်ရာရနေတဲ့အချိန်မှာ မင်းအသက်ကို ငါယူမယ်!"

ချင်ယွင်သည် အေးစက်စွာ အော်ဟစ်လိုက်ပြီး အနက်ရောင် လျှပ်စီးကြောင်းအဖြစ် ပြောင်းလဲသွားသည်။ သူ၏ခန္ဓာကိုယ် တစ်ခုလုံးသည် ကြက်သွေးရောင်မျက်လုံး ကျားခေါင်းငါးမန်းကြီး၏ ဦးခေါင်းထက်တွင် ချက်ခြင်းပေါ်လာသည်။ သူ၏ လက်ထဲရှိဓားက ကြက်သွေးရောင်မျက်လုံး ကျားခေါင်းငါးမန်းကြီး၏ နဖူးပေါ်က ဒဏ်ရာကို ချိန်ရွယ်ပြီး ဓားဖြင့် ထိုးလိုက်သည်။

"ဖောက်!"

ဓားရှည်သည် ကျားခေါင်းငါးမန်းကြီး၏ခန္ဓာကိုယ်ထဲသို့ ထိုးဖောက် ဝင်ရောက်သွားကာ ကြက်သွေးရောင်မျက်လုံးကျားခေါင်းငါးမန်းကြီး၏ အော်မြည်သံသည် ပင်လယ်ပြင် တစ်လျှောက် ကျယ်လောင်စွာ ပဲ့တင်ထပ် သွားခဲ့သည်။ ချင်ယွင်ကို ဖယ်ထုတ်အတွက်ရုန်းကန်ရင်း သူ၏ခန္ဓာကိုယ်ကြီးကို အဆက်မပြတ် လှုပ်ခါယမ်း နေလေသည်။

ချင်ယွင်သည် ၎င်း၏ဆန္ဒအတိုင်း မည်သို့လိုက်လျောနိုင်မည်နည်း။ ဝိညာဉ်ချီသည် သူ၏လက်ထဲသို့ တဟုန်ထိုးတိုးဝင်လာခဲ့သည်။ ကြက်သွေးရောင်မျက်လုံး ကျားခေါင်းငါးမန်းကြီး၏ ခေါင်းထဲသို့ ထိုးဖောက်လာသော အနက်ရောင် ဓားရှည်သည် ချက်ချင်းပင် ဓားအလင်းအလွှာဖြင့် ဖုံးလွှမ်းသွားသည်။ ချင်ယွင်သည် အေးစက်စွာ အော်ဟစ်မာန်သွင်းလိုက်ပြီး သူ၏လက်မောင်းက ချက်ချင်း လိမ်သွားကာ အနက်ရောင် ဓားရှည်ကို ချက်ချင်း လှည့်လိုက်သည်။

ကြက်သွေးရောင်မျက်လုံးကျားခေါင်းငါးမန်းကြီး၏ ခန္ဓာကိုယ်သည် အရူးအမူး လှုပ်ယမ်းသွားသည်။ နောက်ဆုံးတွင် ၎င်းသည် မလှုပ်နိုင်တော့ဘဲ လုံးလုံး သေသွားခဲ့သည်။

ချင်ယွင် သက်ပြင်းချလိုက်သည်။ သူသည် သူ၏အနက်ရောင် ကြယ်နက်ဓားကို ဆွဲထုတ်ကာ ကြီးမားသော ကြက်သွေးရောင်မျက်လုံး ကျားခေါင်းငါးမန်းကြီးကို ကြည့်လိုက်သည်။

"ရှောင်ဘိုင်၊ မင်း ငါးရောကြိုက်လား" ချင်ယွင် ရုတ်တရက် တိုးတိုးလေး ရယ်လိုက်သည်။

ရှောင်ဘိုင်၏ကြီးမားသောခန္ဓာကိုယ်ကြီးသည် ချင်ယွင်၏ အနားတွင် ပေါ်လာသည်။ သူသည် နည်းနည်းလေးမှ တုန့်ဆိုင်းမနေဘဲ သူ၏ဦးခေါင်းက ပို၍ကြီးလာပြီး ပါးစပ်ကြီးကိုဖွင့်ကာ ကြက်သွေးရောင် မျက်လုံးကျားခေါင်းငါးမန်းကြီး၏ ဧရာမခန္ဓာကိုယ်ကြီးကို စုပ်ယူလိုက်သည်။ ပြီးနောက် ရှောင်ဘိုင်သည် ၎င်းကို ပါးစပ်ထဲ မျိုချလိုက်သည်။

သနားစရာကောင်းသော ကြက်သွေးရောင်မျက်လုံး ကျားခေါင်းငါးမန်းကြီးသည် အဖြူလေး၏ အစာအိမ်အတွင်း အာဟာရအဖြစ်သို့ ပြောင်းလဲသွားခဲ့ရသည်။

အထူးသဖြင့် ရှောင်ဘိုင်ပေါ်လာပြီး ကြက်သွေးရောင်မျက်လုံး ကျားခေါင်းငါးမန်းကြီးကို တစ်ချက်ကိုက်ပြီး မျိုချသည်ကို မြင်လိုက်ရသည့်အခါ သင်္ဘောပေါ်ရှိ လူတိုင်း အံ့အားသင့်သွားကြသည်။

အထူးသဖြင့် သိုင်းမြို့စားဘိုင်ယွန်ဖြစ်သည်။ သူသည် ဗဟုသုတကြွယ်ဝသူ ဖြစ်ပြီး ရှောင်ဘိုင်သည် သာမန်ဆိတ်သုဉ်းခြင်းသားရဲ မဟုတ်မှန်း သူသိသည်။

ထို့အပြင်၊ ချင်ယွင်သည် အဆင့်လေး ဆိတ်သုဉ်းခြင်းသားရဲတစ်ကောင်ကို သူနှင့်အတူ သယ်ဆောင်နိုင်ခဲ့ပြီး ယင်းက သိုင်းမြို့စားဘိုင်ယွန်ကို အံ့အားသင့်စေခဲ့သည်။

ယခုတော့ ချင်ယွင်ကို သူထွင်းဖောက်မမြင်နိုင်တော့ဘူးသည်ကို သူသိလာရသည်။ ချင်ယွင်နှင့်ပတ်သတ်ပြီး လုံးလုံးလျားလျား သိသွားပြီဟု သူထင်လိုက်တိုင်း၊ ဤလူငယ်သည် ပို၍ပင် အံ့ဖွယ်ကောင်းသည့် အရာတစ်ခုကို အမြဲထုတ်ပြတတ်ပြီး လူများကို အလွန် ထိတ်လန့်သွား စေသည်။

ဘေးတစ်ဖက်တစ်ချက်တွင်၊ ချန်မင်ရှီ၏နှုတ်ခမ်းတစ်စုံက သူမသည် စိတ်ဝင်စားစရာ ကောင်းသော သားကောင်ကို ရှာဖွေတွေ့ရှိထားသကဲ့သို့ အပျော်သဘောဆောင်သည့် အပြုံးတစ်ခုအဖြစ် တွန့်ကွေးသွားခဲ့သည်။ သူမ၏ မျက်လုံးများသည် လင်းလက်ကာ တောက်ပနေသည်။

ဝှီး!

ချင်ယွင်သည် ပင်လယ်ပြင်မှ ပြေးထွက်လာပြီး ကုန်းပတ်ပေါ်တွင် တိုက်ရိုက် ပေါ်လာသည်။ ရှောင်ဘိုင်သည် အစိမ်းရောင်ကြာပန်း လေဟာနယ်နေရာထဲသို့ ပြန်ဆုတ်သွားခဲ့ပြီဖြစ်သည်။

သို့သော် ချင်ယွင်သည် ကုန်းပတ်ပေါ် ပေါ်လာသည်နှင့် အားလုံးကို သူ မနှုတ်ဆက်ခဲ့ပေ။ ယင်းအစား သူသည် တင်ပျဉ်ခွေထိုင်လိုက်ကာ ရှေးဟောင်းခေတ် အစိမ်းရောင် ကြာပန်းပညာရပ်ကို စတင် ဖြန့်ကျက်လိုက်သည်။

ယခုပင်၊ ချင်ယွင်သည် သူ၏ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်စွမ်းအင်များ ကြီးမားကျယ်ပြန်လာသည့် အရိပ်အယောင်များကို ခံစားသိရှိလိုက်ရသည်။ ဆိုလိုသည်မှာ ချင်ယွင်သည် အဆင့်ချိုးဖြတ်မူတစ်ခု ပြုလုပ်တော့မည်ဟု ဆိုလိုသည်။

သူသည် သိုင်းမြို့စားတစ်ပိုင်းနယ်ပယ် ဖြတ်ကျော်သွားမလား။ ဒါမှမဟုတ် သိုင်းမြို့စားတစ်ပိုင်းနယ်ပယ်ကို တိုက်ရိုက်ဖြတ်ကျော်ပြီး သိုင်းမြို့စားနယ်ပယ် ပထမအဆင့် ကောင်းကင်အလွှာကို ဖြတ်ကျော် သွားမလား၊ ဤအရာအားလုံးသည် ချင်ယွင်၏ကံကြမ္မာပေါ်မှာ မူတည်နေပါသည်.။

အခန်း(၂၂၄)သိုင်းမြို့စားနယ်ပယ်သို့ဖြတ်ကျော်ခြင်း

အဆုံးမရှိသော ပင်လယ်ကြီးထဲတွင် သင်္ဘောကြီး တစ်စင်းသည် ပင်လယ်ရေ မျက်နှာပြင်ပေါ်တွင် ကျောက်ချ ရပ်နားထားသည်။

ချင်ယွင်သည် သင်္ဘောကုန်းပတ်ပေါ်တွင် တင်ပျဉ်ခွေထိုင်နေကာ ပင်လယ်လေပြေ လေညှင်းများက သူ၏ပါးပြင်ပေါ် ရိုက်ခတ်နေပြီး သူတစ်ကိုယ်လုံးသည် ငြိမ်သက်နေသော ဘုန်းကြီးတစ်ပါးလိုပင် မလှုပ်မယှက် ငြိမ်သက်နေလေသည်။

ပတ်ဝန်းကျင်ရှိ သိုင်းမြို့စားဘိုင်ယွန်၊ ရန်စီချီနှင့် အခြားသူများသည် ချင်ယွင်ကိုသာ စိုက်ကြည့် နေကြသည်။ သူတို့၏မျက်လုံးများတွင် ချင်ယွင်သည် သူ၏ အဆင့်ချိုးဖြတ်မူအတွက် အရေးကြီးသော အခိုက်အတန့်တွင် ရှိနေသည်ကို သဘာဝအတိုင်း မြင်လိုက်ရသည်။ ထို့ကြောင့် သူတို့သည် သူ့ကို မနှောင့်ယှက်ဘဲ ဤအရာအားလုံးကို တိတ်တဆိတ် စောင့်ကြည့်နေခဲ့သည်။

ရန်စီချီ၏ ထိတ်လန့်နေသော အမူအရာမှလွဲ၍ ကျန်သုံးယောက်စလုံးသည် ချင်ယွင်သည် မည်သည့်နယ်ပယ်ကို ဖြတ်ကျော်သွားမလဲဆိုသည်ကို သိလိုစိတ်ဖြင့် စောင့်ဆိုင်းနေခဲ့ကြသည်။

ချင်ယွင်၏ စွမ်းအားကို သာမန်အမြင်ဖြင့် ကြည့်လို့မရဘူးဆိုသည်ကို သူတို့အားလုံး သိထားကြသည်။ ထို့ကြောင့်၊ အကယ်၍ သူသည် သိုင်းမြို့စားနယ်ပယ်၏ ပထမအဆင့် ကောင်းကင်အလွှာသို့ ဖြတ်ကျော်နိုင်ခဲ့ပါက ချင်ယွင်သည် မည်ကဲ့သို့ စွမ်းအားမျိုး ပိုင်ဆိုင်လာမလဲ ဆိုသည်ကို သူတို့ သိချင်ကြသည်။

ယခုအချိန်တွင် ချင်ယွင်သည် သူ၏အဆင့်ချိုးဖြတ်မူအတွက် အရေးပါသော အခြေအနေသို့ ရောက်ရှိနေပြီဖြစ်သည်။ သူ၏ ဒန်တန်ထဲရှိ ဝိညာဉ်စွမ်းအင် များသည် မြစ်များနှင့် ပင်လယ်များကဲ့သို့ တဟုန်ထိုး မြင့်တက်လာခဲ့သည်။ ရေကန်အပြည့်ဖြစ်နေသော အစိမ်းရောင်ကြာပန်းသည် ဝိညာဉ်စွမ်းအင် အာဟာရအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး ဝိညာဉ်စွမ်းအင် ရေကန်ဆီသို့ ပြန်ရောက် သွားခဲ့သည်။

မူလဝိညာဉ်စွမ်းအင် ရေကန်သည် ယခင်ကထက် စတင်ကျယ်ပြန့်လာခဲ့ပြီး အရပ်မျက်နှာ အသီးသီးဆီသို့ ပျံ့နှံ့လာသည်။

ထိုအချိန်တွင် ချင်ယွင်၏ ဦးခေါင်းထက်တွင် ဝိညာဉ်စွမ်းအင် ဝဲဂယက်တစ်ခု ဖြစ်ပေါ်လာသည်။ ဝိညာဉ်စွမ်းအင်များသည် ချင်ယွင်၏ခန္ဓာကိုယ်ထဲသို့ အဆက်မပြတ် တိုးဝင်လာသည်။

သိုင်းမြို့စားဘိုင်ယွန်နှင့် အခြားသူများသည် ထိတ်လန့်တုန်လှုပ်သော အမူအရာများကို ထုတ်ဖော်ပြသနေကြသည်။ ဝိညာဉ်စွမ်းအင်ဝဲဂယက် တခုကို ဖန်တီးနိုင်သည့် ကျင့်ကြံခြင်းနည်းစနစ်သည် အနိမ့်ဆုံး ဧကရာဇ်အဆင့်တွင် ဖြစ်နိုင်သည်။

ချင်ယွင်သည် မိုးကြိုးဝိညာဉ်ဂိုဏ်းမှ ဆင်းသက်လာသူဖြစ်ပြီး ၊ မိုးကြိုးဝိညာဉ်ဂိုဏ်း အနေဖြင့် ဧကရာဇ်အဆင့် ကျင့်ကြံခြင်း နည်းပညာရပ်တခုကို ပိုင်ဆိုင်ရန် မဖြစ်နိုင်ပေ။ ဆိုလိုသည်မှာ ချင်ယွင်၏ ကျင့်ကြံခြင်းနည်းပညာရပ်သည် မိုးကြိုးဝိညာဉ်ဂိုဏ်းမှ ရရှိခဲ့ခြင်း မဖြစ်နိုင်ပေ။ ရလာဒ်အနေနှင့်၊ ချင်ယွင်၏ကိုယ်ရေး အချက်အလက်သည် သိုင်းမြို့စားဘိုင်ယွန်၏ မျက်လုံးထဲတွင် ပို၍ပင် ဆန်းကြယ်လာသည်။

အင်မော်တယ်အဆင့်ကိုယ်ပွား လျှို့ဝှက်ပညာရပ်တခု၊ သန်မာသောရုပ်ခန္ဓာကိုယ်၊ ပြင်းထန်သည့်ဓားဆန္ဒ ၊ ဧကရာဇ်အဆင့် ကျင့်ကြံခြင်းနည်းပညာရပ်တခုနှင့် သူနှင့်အတူ အဆင့်လေး ဆိတ်သုဉ်းသားရဲကို သယ်ဆောင်နိုင်မှုနှင့်အတူ၊ အခြားမည်သူမဆို ၎င်းတို့ထဲက တခုခုကိုပိုင်ဆိုင်ခဲ့လျှင်ပင် ပါရမီရှင်များကြားတွင်ပင် ပါရမီရှင်တဦးဖြစ်လာလိမ့်မည်။ ယခု လူတစ်ဦးတည်းအတွက် အံ့ဖွယ်ဖွယ်ရာ အမြောက်အမြား ဖြစ်ပျက်နေခဲ့သည်။ ယင်းက မည်မျှ မွန်စတားဆန်လိုက်မည်နည်း။

ချင်ယွင်သည် သိုင်းမြို့စားဘိုင်ယွန် နှင့် အခြားသူများ၏ ထင်မြင်ချက်ကို ဂရုမစိုက်နိုင်ပေ။ သူ၏ ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်စွမ်းအင်များသည် အရူးအမူး ကြီးထွားလာနေသည်။ အဆုံးမဲ့ဝိညာဉ်စွမ်းအင်သည် သူ၏ခြေထောက်များမှ တဆင့် သူ၏ ဒန်တန်သို့ စီးဆင်းသွားခဲ့သည်။ ထိုအချိန်တွင် သူ၏ ဒန်တန်သည် ပေါက်ကွဲသံကဲ့သို့ ကျယ်လောင်သည့် အသံထွက်လာသည်။

ဝိညာဉ်စွမ်းအင်ရေကန်သည် ယခင်ကထက် နှစ်ဆ သို့မဟုတ် သုံးဆတိုးလာခဲ့သည်။

ချင်ယွင်၏အငွေ့အသက်သည်လည်း အရူးအမူး ကြီးထွားလာသည်။ ယခုအချိန်တွင် သူသည် သိုင်းဂိုဏ်းချုပ်နယ်ပယ်၏နဝမအဆင့် အထွတ် အထိပ် ကောင်းကင်အလွှာကို ကျော်ဖြတ်ပြီး သိုင်းမြို့စားတစ်ပိုင်းနယ်ပယ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ထို့အပြင် သူသည် ဆက်လက် ကြီးထွားနေဆဲ ဖြစ်သည်။

အချိန် တရွေ့ရွေ့ ကုန်ဆုံးလာခဲ့ပြီး ချင်ယွင်၏ ခန္ဓာကိုယ်ထဲသို့ ဝိညာဉ်စွမ်းအင်များ အမြောက်အမြား စိမ့်ဝင်နေ ကြသည်။

ချင်ယွင်၏ အငွေ့အသက်သည် သိုင်းမြို့စားတစ်ပိုင်း နယ်ပယ်၏ အထွတ်အထိပ်ကို ဖြတ်ကျော်သွားခဲ့ပြီး သိုင်းမြို့စားနယ်ပယ်၏ ပထမအဆင့် ကောင်းကင်အလွှာသို့ ရောက်ရန် ခြေတစ်လှမ်းသာ လိုတော့သည်။

သူသည် နောက်ထပ် ခြေတစ်လှမ်းလှမ်းလိုက်သရွေ့ ချင်ယွင်သည် သိုင်းမြို့စား အဆင့်သို့ အောင်မြင်စွာ ဖြတ်ကျော်နိုင်မည်ဖြစ်သည်။ သို့သော်လည်း ယခုအချိန်တွင် ချင်ယွင်၏ ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်စွမ်းအင်များသည် အမှန်တကယ် နည်းပါးလာသည့် လက္ခဏာများ စတင်ပြသနေပြီဖြစ်သည်။ သူ၏ ဝိညာဉ်စွမ်းအင်များကို စုပ်ယူလိုက်သော အရှိန်အဟုန်သည် အဆင့်ဖြတ်ကျော်နိုင်သည့် အမြန်နှုန်းအထိ မရောက်နိုင်တော့ဘဲ သူ၏အဆင့်ချိုးဖြတ်မူက ပျက်လုနီးပါး ဖြစ်လာနေပုံရသည်။

ထိုအချိန်တွင် ချင်ယွင်၏ မျက်လုံးများတွင် ရက်စက်ကြမ်း ကြုတ်သည့် အရိပ်အယောင်များ ထွက်ပေါ်လာခဲ့ပြီး မည်သည့်အရာကိုမျှ ဖုံးကွယ်မထားတော့ပေ။

ရှေးဟောင်းခေတ် အစိမ်းရောင်ကြာပန်းပညာရပ်ကို အစွမ်းရှိသမျှ အကုန်အသုံးချလိုက်ပြီး ကြောက်မက်ဖွယ် ကောင်းသည့် စုပ်ယူခြင်းစွမ်းအားတစ်ခုက ချက်ချင်းထွက်ပေါ်လာခဲ့သည်။

ချင်ယွင်၏ ဦးခေါင်းထက်တွင် မူလက စီးဆင်းနေသည့် ဝိညာဉ်စွမ်းအင်ဝဲဂယက်သည် ယခင်ကထက် ဆယ်ဆ တိုးလာသည်။ ကောင်းကင်နှင့်မြေကြီးကြားရှိ ဝိညာဉ်စွမ်းအင် များသည် တာပေါင်ရိုးကျိုးပြီး ရေလွှမ်းသွားသည့်ဆည်မြောင်း တခုကဲ့သို့ ချင်ယွင်ဆီသို့ အရူးအမူး ပြေးဝင်လာနေကြသည်။

သိုင်းမြို့စားဘိုင်ယွန်နှင့် အခြားသူများသည် အချင်း မီတာရာနှင့်ချီရှိသော ကောင်းကင်ပြင်ရှိ ဧရာမ ဝိညာဉ်စွမ်းအင်ဝဲဂယက်ကြီးကို ကြည့်လိုက်ရင်း သူတို့၏ နှလုံးသားများသည် တစ်စုံတစ်ယောက်ဆီ ဆွဲငင်သွားသည်ကို ချက်ချင်း ခံစားလိုက်ရသည်။ ဖော်ပြ၍ပင် မဖြစ်နိုင်သည့် ထိတ်လန့်မှုတစ်ခုက သူတို့၏ နှလုံးသားထဲသို့တိုးဝင်လာသည်။

“ဒါ… ဒီကျင့်ကြံခြင်း နည်းပညာရပ်က ဘယ်အဆင့်လဲ။” အနက်ရောင် ချပ်ဝတ်တန်ဆာဝတ်စစ်သည်တော်က ချင်ယွင်ကို တုနှိုင်းမရသည့် အထိတ်တလန့် အမူအရာဖြင့် ကြည့်ရင်း စကားပင် ထစ်အသွားခဲ့သည်။

"အနည်းဆုံးတော့အင်မော်တယ်အဆင့်။"

သိုင်းမြို့စားဘိုင်ယွန်ကပြောသည်။ အလွန်ရှုပ်ထွေးပြီး ဝေခွဲမရသည့်အမူအရာတစ်ခု သူ၏မျက်လုံးထဲတွင် ပေါ်လာခဲ့သည်။ သူ၏မျက်လုံးထဲတွင် အလိုလောဘနှင့်မနာလိုမူ နှစ်မျိုးလုံးရှိနေသည်။ ထိုနောက် သူသည် တုံ့ဆိုင်းမှုနှင့်အတူ ရုန်းကန်နေရမှု၏ အရိပ်အယောင် တစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ နောက်ဆုံးတွင် သူသည်

ကူကယ်ရာမဲ့ ဖြစ်ကာ သက်ပြင်းရှည်ကြီးချပြီး မှုတ်ထုတ်လိုက်သည်။

ထိုခဏ၌ပင် သူသည် ချင်ယွင်၏ရတနာများကို သိမ်းပိုက်လိုသည့်အတွက် ချင်ယွင်ကို သတ်ပစ်ရန်အထိပင် သူ၏မသိစိတ်က နှိုးဆော်ခံလိုက် ရသည်။ သို့သော် သူပြန်စဉ်းစားလိုက်သောအခါ၊ အကယ်၍ သူသည် ချင်ယွင်ကို လုံးလုံး မသတ်ဖြတ်နိုင်ခဲ့ပါလျှင် သူ့ကို စောင့်ကြိုနေသည့်အရာသည် လုံးဝပျက်စီးခြင်း ဖြစ်သွားပေလိမ့်မည်။ ထို့ကြောင့် သူသည် နောက်ဆုံးတွင် စွန့်လွှတ်ရန် ရွေးချယ်ခဲ့ပြီး သူ့အနေဖြင့် ချင်ယွင်ကို အလေးအနက်ထားရန် ဆုံးဖြတ်ခဲ့သည်။

တစ်ဖက်တွင် ချန်မင်ရှီသည် အလွန်အံ့သြသွားသည့် အမူအရာတစ်ခုကို ထုတ်ဖော်လိုက်သည်။ ရှင်းရှင်းပြောရလျှင်၊ ချင်ယွင်သည် အင်မော်တယ် အဆင့်ရှိသည့် ကျင့်ကြံခြင်းနည်းပညာရပ်တခုကို အမှန်တကယ် ပိုင်ဆိုင်ထားမည်ဟု သူမ မျှော်လင့်မထားခဲ့ပါဘူး။ သို့သော် သူမ၏ မျက်လုံးများတွင် အံ့အားသင့်ရုံမျှသာရှိပြီး မနာလိုဝန်တိုခြင်း အရိပ်အယောင် နည်းနည်းလေးမျှ မရှိခဲ့ပေ။

ရန်စီချီကတော့ ဤအရာကို ဂရုမစိုက်ပါဘူး။ ချင်ယွင် အဆင့်ချိုးဖြတ် နိုင်ခြင်းရှိမရှိ၊ အန္တရာယ်များ ရှိမရှိကိုသာ သူမ ဂရုစိုက်သည်။ သူမသည် အခြားသော အင်မော်တယ်အဆင့်ရှိ ကျင့်ကြံခြင်း နည်းပညာရပ်များကိုလည်း ဂရုမစိုက်ပေ။ သူမ၏ကမ္ဘာမှာ ချင်ယွင်သည် သာမန် ပုံမှန်လူတစ်ယောက်ဆိုလျှင်ပင် သူမသည် သူနှင့်အတူ တစ်သက်လုံး ရှိနေမှာဖြစ်သည်။

ဤသည်မှာ သူမ၏ ချစ်ခြင်းမေတ္တာ၏ အတိမ်အနက် ဖြစ်သည်။

ယခုအချိန်တွင် ချင်ယွင်သည် သူ၏အဆင့်ချိုးဖြတ်မူ၏ အဆိုးရွားဆုံးအချိန်ကို ရောက်ရှိနေပြီဖြစ်သည်။ ဤအခိုက် အတန့်တွင်၊ သူ၏ခန္ဓာကိုယ် အတွင်းရှိ ဝိညာဉ်စွမ်းအားရေကန်သည် ယခင်ကထက် ကိုးဆကျော် ကျိုးပျက်သွားခဲ့ပြီဖြစ်သည်။ ယင်းထက် နှစ်ဆကျော်တိုး၍ ချိုးဖျက်နိုင်ထားသမျှ၊ သူသည် သိုင်းမြို့စားနယ်ပယ်၏ ပထမအဆင့် ကောင်းကင်အလွှာသို့ လုံးဝဝင်ရောက်နိုင်မည် ဖြစ်သည်။

"ဘုန်း!"

ချင်ယွင်၏ ခန္ဓာကိုယ်မှ ကျယ်လောင်သော မိုးခြိမ်းသံတစ်ခု ထွက်ပေါ်လာသည်။

ချင်ယွင်၏ ခန္ဓာကိုယ်အတွင်းရှိ ဒန်တန်ဝိညာဉ်ချီရေကန်သည် ၎င်း၏ ယခင်အရွယ် အစားထက် ဆယ်ဆအထိ လုံးလုံး ချိုးပျက် သွားခဲ့သည်။ အဆုံးမဲ့ဝိညာဉ်ချီသည် ရေကန်တစ်ခုလုံးကို ပြည့်စေကာ ဝိညာဉ်အရည်အဖြစ်သို့ ပြောင်းလဲနေဆဲဖြစ်သည်။

သိုင်းမြို့စားနယ်ပယ် ပထမအဆင့် ကောင်းကင်အလွှာ ကျွမ်းကျင်သူတဦး ပိုင်ဆိုင်နိုင် သည့် အငွေ့အသက်က ချင်ယွင်၏ ခန္ဓာကိုယ်မှ ပျံ့နှံ့ ထွက်ပေါ်လာခဲ့သည်။

"အောင်မြင်သွားပြီလား!"

ရန်စီချီ၏ မျက်လုံးများတွင် ချက်ချင်းပင် ပျော်ရွှင်မှုအရိပ်အယောင် ပေါ်လွင်လာသည်။

သိုင်းမြို့စားဘိုင်ယွန် နှင့် အခြားသူများသည်လည်း ပြုံးလိုက်ကြသည်။

အင်မော်တယ်အဆင့် ကျင့်ကြံခြင်းနည်းပညာရပ်တစ်ခုသည် မျှော်လင့်ထားသည့် အတိုင်း၊ ၎င်းသည် သိုင်းဂိုဏ်းချုပ်နယ်ပယ်၏ နဝမအဆင့် ကောင်းကင်အလွှာမှ အထွက်အထိပ် သိုင်းမြို့စား တစ်ပိုင်းနယ်ပယ်ကို ဖြတ်ကျော်ပြီးနောက် သိုင်းမြို့စားနယ်ပယ်၏ ပထမအဆင့် ကောင်းကင်အလွှာသို့ ဖြတ်ကျော်သွားခဲ့သည်။

သို့သော် သူတို့ မပျော်ရွှင်ခင်မှာ ကောင်းကင်ကြီးသည် ရုတ်တရက်လေပြင်းနှင့်အတူ တိမ်တိုက်များက လွင့်စင်လာသည်။ ယခင်က တောက်ပနေသည့် ကောင်းကင်ကြီးသည် တခဏအတွင်းမှာပင် ကမ္ဘာကြီး ပျက်သွားသကဲ့သို့ လုံးလုံး မည်းမှောင်သွားခဲ့သည်။

အဆုံးမဲ့ အနက်ရောင်လျှပ်စီးကြောင်းများသည် ချင်ယွင်၏ ဦးခေါင်းထိပ်ဆီသို့ တိုးဝင်လာကြပြီး ကြီးမားသော အနက်ရောင် တိမ်တိုက်ကြီးသည် ဆယ်မိုင်ပတ်ပတ်လည်လည် တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။

နှလုံးခုန်ရင်တုန်သည့်ခံစားချက်က စိတ်နှလုံး၏ အောက်ခြေမှ ထွက်ပေါ်လာခဲ့သည်။ သိုင်းမြို့စားဘိုင်ယွန်သည်ပင် ဖော်မပြနိုင်သော ကြောက်ရွံ့မှုကို ခံစားခဲ့ရပြီး သူ၏ ဦးရေပြားသည်ပင်ထုံကျဉ်သွားသည်။

"ဒါ...ဒါက ဘာဖြစ်နေတာလဲ" သိုင်းမြို့စားဘိုင်ယွန်သည် အလွန်တုန်လှုပ်သွားခဲ့သည်။

အနားတွင်ရှိနေသည့် ချန်မင်ရှီသည် နောက်ဆုံးတွင် ထိတ်လန့်တုန်လှုပ်သော အမူအရာကို ထုတ်ဖော်လိုက်သည်။

ချင်ယွင်၏ဦးခေါင်းထက်က မိုးခြိမ်းသံတွေ ပြည့်နေသည့် ကြီးမားလှည့် တိမ်တိုက်ကြီးကို ကြည့်လိုက်ပြီး သူမသည် မထိန်းနိုင်ဘဲ မောဟိုက်လို့လာသည်။ ထို့နောက် သူမသည် သိုင်းမြို့စားဘိုင်ယွန်၏ ခြေသလုံးအရိုးများ အားနည်းသွားစေမည့် စကားလုံးလေးလုံးကို ရေရွတ်လိုက်တော့သည် "ဒြဗ်စင်ခြောက်ပါး ကောင်းကင် ကပ်ဘေးဒုက္ခ!"

သိုင်းမြို့စားဘိုင်ယွန်သည် နောက်ဆုံးတွင် မွန်းစတားဆိုသည်မှာ မည်သည့်အရာကို ဆိုလိုမှန်း နားလည်သွားခဲ့သည်။

“ဒြဗ်စင်ခြောက်ပါးကောင်းကင်ကပ်ဘေးဒုက္ခ ဒီချင်ယွင်က လူလား၊ မွန်းစတားလား?

သိုင်းမြို့စားနယ်ပယ်ကို ဖြတ်ကျော်ပြီးနောက် ကောင်းကင် ကပ်ဘေး ဒုက္ခကိုတောင် ဆွဲဆောင်နိုင်နေခဲ့ပြီ။ ထို့အပြင် ထိုကပ်ဘေးဒုက္ခသည် ဒဏ္ဍာရီဆန်သည့် ဒြဗ်စင်ခြောက်ပါး ကောင်းကင်ကပ်ဘေးဒုက္ခ ဖြစ်နေသည်။

အဆင့်ငါး ဆိတ်သုဉ်းသားရဲများသည် နတ်ဆိုးသားရဲ နယ်ပယ်သို့ ဖြတ်ကျော်သွားသည့် အခါ ဒြဗ်စင်သုံးပါး ကောင်းကင်ကပ်ဘေးဒုက္ခကိုသာ ဖြတ်ကျော်ရသည်။ သိုင်းမြို့စားနယ်ပယ်ကို ဖြတ်ကျော်သည့်တစ်စုံတစ်ယောက်က ဒြဗ်စင်ခြောက်ပါး ကောင်းကင်ကပ်ဘေးဒုက္ခကို အမှန်တကယ် ဆွဲဆောင်နိုင်ခဲ့သည်ဟု ပြောလျှင် မည်သူကယုံကြည်မည်နည်း။

အနက်ရောင် ချပ်ဝတ်တန်ဆာဝတ် စစ်သည်တော်သည် အလွန် ကြောက်လန့်သွားခဲ့ပြီး စကားမပြောနိုင်ပေ။ သူ၏စိတ်ထဲတွင် အတွေးတစ်ခုသာရှိသည်- သူ၏ သခင်သိုင်းမြို့စားသည် အမှန်တကယ် ထက်မြက်သည်။ ဤကောင်လေးသည် အမှန်တကယ် ထူးထူးခြားခြား ဖြစ်နေသည်ကို သူမြင်နိုင်သည်။

အမှန်တကယ်ဆို သူ၏ဘေးမှာရှိနေသည့်သိုင်းမြို့စားဘိုင်ယွန်တောင် ဤကိစ္စနှင့် ပတ်သတ်ပြီး အံ့အားသင့်နေရသည်ကိုတော့ သူမသိခဲ့ပါဘူး။

ရန်စီချီသည် လေထဲတွင် မိုးခြိမ်းသံများနှင့်အတူ ပြည့်နှက်နေသော တိမ်များကို ကြည့်ရင်း သူမ၏ မျက်လုံးများသည် တုနှိုင်းမရသော စိုးရိမ်မှုများ ပြည့်နှက်နေသည်။ ချင်ယွင်၏ အဆင့်ချိုးဖြတ်နိုင်မူသည် ကောင်းကင်ကပ်ဘေးဒုက္ခကို အမှန်တကယ် ဆွဲဆောင်လိမ့်မည်ဟု သူမ မမျှော်လင့်ခဲ့ပေ။ ထို့အပြင်၊ ၎င်းသည် ဒြဗ်စင်ခြောက်ပါး ကောင်းကင်ကပ်ဘေးဒုက္ခကြီးဖြစ်နေသည်။

ဘန်း!

ချင်ယွင်သည် ရုတ်တရက် မျက်လုံး ဖွင့်လိုက်သည်။

သူ၏ခြေထောက်အောက်ရှိ သင်္ဘောက ရုတ်တရက် ပြင်းပြင်းထန်ထန် လှုပ်ခါသွားခဲ့သည်။

ချင်ယွင်၏ရုပ်အသွင်အပြင်သည် လင်းလက်သွားခဲ့ပြီး မီတာတစ်ထောင်အကွာအဝေးရှိ ပင်လယ်ပြင်ပေါ်တွင် ပေါ်လာသည်။ သူသည် လေထဲတွင် စွမ်းအားများကို လျင်မြန်စွာ စုစည်းနေသော လျှပ်စီးကပ်ဘေးဒုက္ခကို ကြည့်ရင်း၊ ခါးသီးစွာ ပြုံးကာ ပြောလိုက်သည် "တကယ်ကို ဒြဗ်စင်ခြောက်ပါး ကောင်းကင်ကပ်ဘေးဒုက္ခ "။

ချင်ယွင်သည် ရောက်ရှိလာမည့် ဤကောင်းကင်ကပ်ဘေးဒုက္ခကြီး ကြိုဆိုရင်း သူ၏နောက်ကျောတွင် လက်နှစ်ဖက်ဖြင့်ယှက်ကာ ပင်လယ်ရေမျက်နှာပြင်ပေါ်တွင် ရပ်နေလိုက်သည်။

အခန်း(၂၂၅)ကြောက်မက်ဖွယ်ကောင်းသည့်လျှပ်စီးကပ်ဘေးဒုက္ခ

ကောင်းကင်ယံ၌ မိုးကြိုးတိမ်တိုက်များ လွင့်မျောနေပြီး ကြီးမားသောဖိအားသည် အလွန်ပြင်းထန်လွန်းသည်။

ချင်ယွင်သည် ပင်လယ်ရေမျက်နှာပြင်ပေါ်တွင် ရပ်နေသည်။

ပင်လယ်လေက သံစုံတီးဝိုင်းတီးခတ်နေသည့်အလား သူ၏ဝတ်ရုံများကို တဖျတ်ဖျတ် လွင့်ထုတ်နေနေသည်။

ဤအခိုက်အတန့်တွင်၊ သူသည် ကောင်းကင်ဘုံကို ဆန့်ကျင်တိုက်ခိုက်နေသည့် ပြိုင်ဘက်ကင်း စစ်နတ်ဘုရား အင်မော်တယ်တပါးနှင့် တူပြီး သူ၏ ဟန်ပန်အမူအယာမှာလည်း ပုံမှန်ထက် ထူးကဲလှသည်။

သင်္ဘောပေါ်ရှိ ရန်စီချီသည် အံ့ဩမင်တက်နေပြီ ဖြစ်သည်။ သူမသည် ရင်းနှီးဖော်ရွှေတတ်သူ မဟုတ်သော်လည်း ယခုအချိန်တွင် ချင်ယွင်ဆီမှ ထုတ်လွှတ်သော အငွေ့အသက်သည် သူမ၏နှလုံးသားထဲမှ အော်ဟစ်ပစ်ချင် စိတ်ကိုပင် ဖြစ်ပေါ်စေခဲ့သည်။သူမသည် ချင်ယွင်၏ ရင်ခွင်ထဲသို့ ချက်ချင်း ခုန်ဝင်ကာ ပြင်းပြင်းထန်ထန် ကျူးကျော်လိုသည့် ဆန္ဒပင်ရှိနေခဲ့သည်။ ဤအရာက သူမ၏ မျက်နှာတွင် ရှက်ရွံ့မှုအရိပ်အယောင်ကို ဖော်ပြရုံမှတစ်ပါး သူမလည်း ဘာမှ မတတ်နိုင်စေခဲ့ပေ။ (တော်တော်လေးခန့်ညားပုံပင်)

တစ်ဖက်မှာတော့ ချန်မင်ရှီ၏ မျက်လုံးများတွင် စိတ်ရှုပ်ထွေးသည့် အမူအရာတစ်ခုကို ထုတ်ဖော်ပြနေသည်။ ဤအခိုက်အတန့်တွင် သူမသည်လည်း ချင်ယွင်၏ ညှို့ငင်ဖမ်းစားခြင်းကို ကောင်းကောင်း မထိန်းနိုင်တော့ပေ။

ကြည်လင်သောနှလုံးသားနှင့် တပ်မက်ခြင်း၏ အကြီးအမြတ်ဆုံး တာအိုကို အမြဲလိုက်စား၍ နေခဲ့သော သူမသည် ကြောက်စိတ်ဖြင့် ချက်ချင်းပင် ခေါင်းလှည့်ကာ သူ့ကို နောက်တစ်ကြိမ် မကြည့်ဝံ့တော့ပေ။

သိုင်းမြို့စားဘိုင်ယွန်နှင့် အနက်ရောင် ချပ်ဝတ်တန်ဆာဝတ်လူတို့ အနေဖြင့် ချင်ယွင်၏ ခန္ဓာကိုယ်မှ ထွက်လာသော အငွေ့အသက်ကြောင့် လွန်စွာ ထိတ်လန့်သွားကြသည်။ ၎င်းသည် အရိုးများအတွင်းမှ ဆင်းသက်လာသော မာနနှင့် မြင့်မြတ်မှုတစ်မျိုးဖြစ်ပြီး ဒေါသမထွက်ဘဲ ဖြစ်ပေါ်လာသည့် ဒဏ္ဍာရီလာ အစစ်အမှန် စွမ်းအားဖြစ်သည်။

သင်္ဘောကိုပဲ့ကိုင်မောင်းနှင်နေကြသော သိုင်းသခင်အဆင့်များနှင့် သိုင်းဂိုဏ်းချုပ် အဆင့် ကျွမ်းကျင်သူများ အားလုံးသည် အနှိုင်းမဲ့ ရိုသေလေးစားမှုကို ထုတ်ဖော်ပြသနေခဲ့ကြသည်။ ချင်ယွင်ကိုကြည့်သည့် သူတို့၏အကြည့်များက အစစ်အမှန် နတ်ဘုရားတပါးကို ကြည့်နေသကဲ့သို့ ဖြစ်နေကြပြီး သူတို့သည် ချင်ယွင်၏အရှေ့မှာ ဒူးထောက်လုနီးပါးပင် ဖြစ်နေကြသည်။

အမှန်တကယ်တော့ ဤအရာအားလုံးသည် ချင်ယွင်၏အစစ်အမှန် အင်မော်တယ် နယ်ပယ်သို့ တက်လှမ်းခဲ့ဖူးခြင်းကြောင့် ဖြစ်သည်။ သူ၏ ကျင့်ကြံမူအဆင့်သည် အားနည်းခဲ့သော်လည်း၊ အစစ်အမှန် အင်မော်တယ်တစ်ပါး ပိုင်ဆိုင်ခဲ့ဖူးသည့် သူ၏ ဒေါသနှင့် မောက်မာမှုတို့သည် သူအရိုးထဲတွင် အမြဲတမ်း ကိန်းအောင်း နစ်မြုပ်နေခဲ့သည်။ ဤအခိုက်တန့်တွင်၊ သူသည် ကောင်းကင်ကပ်ဘေးဒုက္ခ၏ ဖိအားအောက်တွင် အတင်းအကြပ် ထုတ်ဖော်လိုက်သည်။ ထို့ကြောင့်ပင် လူတိုင်းက ထိတ်လန့်သွားကြရခြင်းဖြစ်သည်။

ကောင်းကင်ယံမှာ မိုးခြိမ်းသံများနှင့် ပြည့်နှက်နေသည့် တိမ်မည်းများသည် တလှိုင်းပြီးတလှိုင်း တိုးဝင်လာနေပြီး ကြောက်စရာကောင်းတဲ့ အတိုင်းအတာအထိရောက်အောင် စွမ်းအားများကို စုစည်းနေပုံရသည်။

"ဘုန်း!"

လူတိုင်း သတိမထားမိအချိန်မှာပင်၊ ပထမဆုံးသော လျှပ်စီးကပ်ဘေးဒုက္ခက ဆင်းသက်လာခဲ့သည်။

ဤလျှပ်စီးကြောင်းသည် အလွန်သေးငယ်ပြီး လက်တစ်ချောင်း၏ အထူသာဖြစ်သည်။ ချင်ယွင်ပေါ်သို့ ဆင်းသက်သောအခါ အနည်းငယ်မျှပင် မခံစားရပေ။ သူ့ကို ကလိထိုးနေသလိုပင်။

"အယ် ၊ ဒီကောင်းကင်ကပ်ဘေးဒုက္ခကြီးက သိပ်အားကြီးပုံမပေါ်ဘူးပဲ!" သိုင်းမြို့စားဘိုင်ယွန်က အံ့သြခြင်းကြီးစွာဖြင့် မေးလိုက်သည်။

ရန်စီချီသည်လည်း သက်ပြင်းချလိုက်သည်။ ဒြပ်စင်ခြောက်ပါး ကောင်းကင်ကပ်ဘေး ဒုက္ခကြီးသည် အလွန်အားကောင်းနေပါက၊ ချင်ယွင်သည် အန္တရာယ်ကင်းရှင်စွာဖြင့် ရှင်သန်နေနိုင်မည်မဟုတ်ပေ။

သို့သော် ချန်မင်ရှီသည် မျက်မှောင်ကြုတ်ပြီး ဆိုးရွားသော ကြိုတင်သတိပေး ချက်တစ်ခုက သူမ၏နှလုံးသားထဲသို့ တိုးဝင်လာခဲ့သည်။

"ဘုန်း!"

ဒုတိယအကြိမ် လျှပ်စီးကပ်ဘေးဒုက္ခသည် လေထုထဲမှ တစ်ဖန် တိုးဝင်လာခဲ့ပြီး ချင်ယွင်၏ ခန္ဓာကိုယ်ကို တိုက်ရိုက် ထိမှန်သွားသည်။

ချင်ယွင်သည်လည်း အနည်းငယ်မျှ ထိခိုက်ပျက်စီးခြင်းမရှိပေ။ ဤလျှပ်စီးကပ်ဘေး ဒုက္ခ၏ စွမ်းအားသည် ယခင်အကြိမ်ထက် အနည်းငယ်သာ အားကောင်းပါသည်။

"မဟုတ်သေးပါဘူး၊ ပထမ လျှပ်စီးကြောင်း ဒုက္ခနှစ်ခုက ဘာကြောင့် ဒီလောက် အားနည်းနေရတာလဲ။ နောက်ဆုံးအကြိမ်တုန်း၊ ပထမဆုံး လျှပ်စီးကပ်ဘေး ဒုက္ခကတောင် ယခုဒုတိယလျှပ်စီးကပ်ဘေးဒုက္ခထက် ပိုပြီး ပြင်းထန်သေးတယ်။ ဒီကောင်းကင် ကပ်ဘေးဒုက္ခက ဘာဖြစ်နေတာလဲ" ချင်ယွင်သည် သံသယစိတ်ဖြင့် မေးလိုက်သည်။

"ဘုန်း!"

တတိယ လျှပ်စီးကပ်ဘေးဒုက္ခကြီး ကျဆင်းလာသည့် အခါမှာလည်း လက်တချောင်းလောက်သာ ထူထပ်နေပါသေးသည်။

ချင်ယွင်သည် ဒဏ်ရာအနည်းငယ်မျှ မရရှိဘဲ သူ၏ခန္ဓာကိုယ်ကို တိုက်ရိုက်အသုံးပြုပြီး ခံယူထားခဲ့သည်။

"ကောင်းလိုက်တာ၊ ဒီလျှပ်စီးကပ်ဘေးဒုက္ခက သိပ်ပြီး မပြင်းထန်ဘူးပဲ။ ချင်ယွင်က သေချာပေါက် ကျော်လွှား နိုင်လိမ့်မယ်" ရန်စီချီက ဝမ်းသာအားရ အော်လိုက်သည်။

သိုင်းမြို့စားဘိုင်ယွန်သည်လည်း ပြုံးလိုက်သည်။ သူသည် လျှပ်စီးကပ်ဘေး ဒုက္ခကြောင့် ချင်ယွင်ကို အသတ်ခံရမည်ကို အမှန်တကယ် ကြောက်ရွံ့နေခဲ့သည်။ ထိုကဲ့သို့ဖြစ်ခဲ့လျှင် ချင်ယွင်အတွက် သူသုံးစွဲခဲ့သော ကြိုးပမ်းမှုအားလုံးသည် အချည်းနှီး ဖြစ်သွားလိမ့်မည်။

"မဟုတ်သေးဘူး!" သို့သော်လည်း အားလုံးပျော်နေကြသည့်အခိုက် ချန်မင်ရှီက ရုတ်တရက် ပြန်ပြောလိုက်သည် "အားလုံးလည်း မြင်ကြမှာပဲ။ကောင်းကင်ယံမှာ မိုးခြိမ်းသံတွေ ပြည့်နေတဲ့ တိမ်မည်းတွေရဲ့ စွမ်းအားက လျော့ကျမသွားသေးဘူး။ ချင်ယွင်ရဲ့ ပထမဆုံး လျှပ်စီး ကပ်ဘေးဒုက္ခသုံးခုက သိပ်ပြီးတော့ အားကောင်းတာ မဟုတ်ဘူး။ ဆိုလိုတာက မိုးကြိုးလျှပ်စီးများနဲ့ပြည့်နှက်နေတဲ့ တိမ်တိုက်တွေက စွမ်းအားကို စုဆောင်းနေပြီး နောက်ဆုံး လျှပ်စီးကပ်ဘေးဒုက္ခသုံးခုမှာ ၎င်း၏ စွမ်းအားအားလုံးကို အသုံးပြုလိမ့်မယ်။ တစ်နည်းပြောရရင် ချင်ယွင်ရဲ့နောက်ဆုံး လျှပ်စီးကပ်ဘေးဒုက္ခ သုံးခုက အလွန် ကြောက်စရာ ကောင်းနေလိမ့်မည်။"

ရန်စီချီ နှင့် သိုင်းမြို့စားဘိုင်ယွန်တို့သည် ချန်မင်ရှီ၏ စကားကို ကြားသောအခါ ကောင်းကင်ယံတွင် မိုးကြိုးလျှပ်စီးများ ပြည့်နေသော တိမ်များကို ကြည့်ရန် ခေါင်းကို ချက်ချင်းမော့လိုက်ကြသည်။

မျှော်လင့်ထားသလိုပင်၊ ကောင်းကင်ယံမှာ မိုးကြိုးလျှပ်စီးများဖြင့် ပြည့်နေသည့် တိမ်တိုက်များ၏ ဖိအားက ယခင်ကအတိုင်း နည်းနည်းမှ လျော့မသွားခဲ့ပေ။

တစ်ချိန်တည်းမှာပင် သူတို့၏နှလုံးသားထဲသို့ အလွန်မင်း မလိုလားအပ်သည့် ကြိုတင် သတိပေးချက်တစ်ခုဝင်လာခဲ့သည်။

"ဘုန်း!"

ဤအခိုက်အတန့်တွင် စတုတ္ထမြောက် လျှပ်စီးကပ်ဘေးဒုက္ခသည် ဆင်းသက် လာခဲ့သည်။

အချင်း မီတာဝက်ခန့်ရှိ လျှပ်စီးတိုင်လုံးကြီးတစ်ခု ကျဆင်းသွားသည်။

ချင်ယွင်၏အမူအရာမှာ သိသိသာသာ ပြောင်းလဲသွားသည်။ သူသည် ခံစစ်အတား အဆီးတစ်ခုဖန်တီးရန် သူ၏ဝိညာဉ် စွမ်းအင်ကို အလျင်အမြန် အသုံးပြုလိုက်သည်။

သို့သော်လည်း ကြီးမားလှသောလျှပ်စီးတိုင်လုံး၏ အပြင်းအထန် တိုက်ခိုက်မူ အောက်တွင်၊ သူ၏အကာကွယ်ဝိညာဉ်ဒိုင်းသည် တိုက်ရိုက်မပြိုကွဲခင်အထိ တစ်ခဏမျှ ပြင်းထန်စွာတုန်ခါသွားခဲ့သည်။

ကြီးမားလှသောလျှပ်စီးတိုင်လုံးကြီးသည် ချင်ယွင်၏ရင်ဘတ်ကို အတားအဆီးမရှိဘဲ ထိမှန်သွားခဲ့သည်။

ချင်ယွင်သည် သူ၏ရင်ဘတ်ကို တောင်ငယ်လေးတစ်ခုဖြင့် တိုက်ခိုက် ရိုက်နှက်လိုက်သကဲ့သို့ ခံစားရသည်။ သူသည် ပါးစပ်အပြည့် လတ်ဆတ်သည့် သွေးတပွက် အန်ထုတ်လိုက်ရပြီး သူနေရာတခုလုံး ပင်လယ်ထဲသို့ ပြိုဆင်းကျသွားခဲ့သည်။

"လခွမ်းကွာ ၊ ဒီလျှပ်စီးကပ်ဘေးဒုက္ခက ဘာလုပ်နေတာလဲဟ!" ချင်ယွင်သည် ပင်လယ်ပြင်ထဲမှ တွားသွားထွက်လာပြီး သူ၏ စိတ်ထဲတွင် စိတ်ဆိုးမိသလို ခံစားလိုက်ရသည်။

ပထမဆုံးလျှပ်စီးကပ်ဘေးဒုက္ခသုံးခု၏ စွမ်းအားသည် အလွန်သေးငယ်သော်လည်း ဤစတုတ္ထ လျှပ်စီးကပ်ဘေးဒုက္ခ၏ စွမ်းအားသည် အမှန်တကယ်ပင် အလွန်ကြီးမားပြင်းထန်လွန်းသည်။ လက်ကျန် လျှပ်စီးကပ်ဘေးဒုက္ခနှစ်ခု၏ စွမ်းအားသည် ပို၍ပင် ကြီးမားလာမည်ဟု ဆိုလိုသည်မဟုတ်လော။

ချင်ယွင်သည် ရုတ်တရက် ဤကောက်ကျစ်စဉ်းလဲသည့် ကောင်းကင်ကြီးကို ဆဲဆို ကြိမ်းမောင်းရန်ပင် စိတ်အား ထက်သန်လာသည်။

"ဘုန်း!"

ဤအခိုက်တွင် ပဉ္စမမြောက် လျှပ်စီးကပ်ဘေးဒုက္ခသည် ဆင်းသက်လာသည်။

၎င်းသည် လေထဲတွင် တစ်မီတာမြင့်သည့် မိုးကြိုးတိုင်လုံးကြီးကို တိုက်ရိုက် ဖွဲ့စည်းခဲ့သည်။

ချင်ယွင်သည် ချက်ချင်းပင် ထိတ်လန့်သွားပြီး ဤကြီးမားလှသော မိုးကြိုးတိုင်ကို ရင်ဆိုင်တိုက်ခိုက်ရန် ရွေ့လျားနဂါးဓားဝင်္ကပါကို အလျင်အမြန် အသုံးပြုလိုက်ရသည်။

ဧရာမလေဓားကြီးများဖြင့် ဖွဲ့စည်းထားသည့် နဂါးကြီးတစ်ကောင်သည် ကောင်းကင်ယံသို့ ပျံတက်သွားခဲ့ပြီး ဧရာမလျှပ်စီးတိုင်လုံးကြီးနှင့် ထိပ်တိုက် ရင်ဆိုင် တိုက်မိသွားသည်။

တစ်ကမ္ဘာလုံးသည် အဖြူရောင်အလင်းတန်းများ လင်းလက်သွားခဲ့ပြီး ဝိညာဉ်စွမ်းအင်မုန်တိုင်းသည် ပတ်ဝန်းကျင်ဆီသို့ ပြင်းထန်စွာ ပျံ့နှံ့သွားသည်။

သိုင်းမြို့စားဘိုင်ယွန်နှင့် တခြားလူများသည် ထိုမြင်ကွင်းကို မြင်ရသည့်အခါ သူတို့၏ မျက်နှာများ ဖြူဖပ်ဖြူရော် ဖြစ်သွားသည်။ ဤကြောက်မက်ဖွယ်ကောင်းသော ကောင်းကင်ကပ်ဘေးဒုက္ခသည် အမှန်တကယ်ပင် ပြင်းထန်လှသည်။

"ဖျစ်..ဖျစ်!"

လေဓားနဂါးကြီးသည် ကွဲအက်သွားခဲ့ပြီး လျှပ်စီးတိုင်လုံးကြီးသည် ချင်ယွင်၏ ရင်ဘတ်ကို ဝင်ဆောင့်သွားသည်။

ချင်ယွင်သည် ပင်လယ်ကြမ်းပြင်သို့ ချက်ချင်းပင် ပြိုကျသွားခဲ့ပြီး ပင်လယ်မျက်နှာ ပြင်ပေါ်တွင် ကြီးမားသော လှိုင်းလုံးကြီးတစ်ခု ပေါ်လာသည်။

"ချင်ယွင်" ရန်စီချီသည် သတိပေးဟန်ဖြင့် ချက်ချင်းအော်ဟစ်လိုက်ပြီးအရာအားလုံးကို မခွဲခြားတော့ဘဲ ချင်ယွင်ဆီသို့ အပြေးသွားရန် ပြင်ဆင်လိုက်သည်။

ချန်မင်ရှီက ရန်စီချီကို ဖမ်းကိုင်လိုက်ပြီး "သူ မသေသေးပါဘူး။ နင်အဲဒီကို ရောက်သွားရင် နင်ကြောင့် လျှပ်စီးကပ်ဘေးဒုက္ခရဲ့ စွမ်းအားက နှစ်ဆ မြင့်တက်လာပြီး သူ့ကို ဒုက္ခပေးရာ ရောက်လိမ့်မယ်"

ချင်ယွင်သည် ပင်လယ်အောက် မီတာတစ်ထောင်နီးပါးတွင် တည်ရှိသည်။ သူ၏ရင်ဘတ်မှာ မည်းနက်နေပြီး တစ်ကိုယ်လုံးလည်း ထုံကျင်နေသလို ခံစားရသည်။ သူသည်မလှုပ်နိုင်တော့ပေ။

အနက်ရောင် မြူခိုးများက သူ၏ခန္ဓာကိုယ်မှ အဆက်မပြတ်ထွက်လာနေသည်။ ဤသည်မှာ အတွင်းနှလုံးသားနတ်ဆိုးသည် ကပ်ဘေးဒုက္ခလျှပ်စီးကြောင့် ပျိုကွဲသွားပြီးနောက် ဖြစ်ပေါ်လာသည့် မြူခိုးများပင် ဖြစ်သည်။

"နောက်ထပ် လျှပ်စီးကပ်ဘေးဒုက္ခတစ်ခုရှိသေးတယ်!" ချင်ယွင်က ခါးသီးစွာ ပြောသည်။

ယခုအချိန်တွင် သူသည် ဒဏ်ရာအပြင်းအထန်ရနေပြီ ဖြစ်သောကြောင့် ဤဆဋ္ဌမမြောက် လျှပ်စီးကပ်ဘေးဒုက္ခကို ခံနိုင်ရည်ရှိမရှိ သူမသိပေ။

"ဘုန်း !"

ဤအခိုက်အတန့်တွင် ဆဋ္ဌမမြောက် လျှပ်စီးကပ်ဘေးဒုက္ခသည် ဆင်းသက်လာခဲ့သည်။

လက်မောင်းကဲ့သို့ ထူထဲသော သန့်စင်သည့်အနက်ရောင် လျှပ်စီးကြောင်းသည် လေထုကို လျင်မြန်စွာ ဖြတ်ပျံသွားကာ ပတ်ဝန်းကျင်ကီလိုမီတာ တစ်ရာကျော်အထိ လျှပ်စီးကြောင်းများက ချက်ချင်းပင် လွှမ်းခြုံသွားသည်။

အနက်ရောင်လျှပ်စီးကြောင်းသည် ချက်ချင်းပင် ပင်လယ်ထဲသို့ ပြေးဝင်သွားခဲ့ပြီး ချင်ယွင်ဆီသို့ဦးတည်သွားခဲ့သည်။

ဤမြင်ကွင်းကို မြင်လိုက်ရလျှင် ချင်ယွင်၏ မျက်နှာသည် သိသိသာသာ ပြောင်းလဲသွားခဲ့သည်။ သူသည် အနက်ရောင်လျှပ်စီး ကြောင်းကို ရင်ဆိုင်တိုက်ခိုက်ရန်အတွက် သူ့ကိုယ်တွင်းရှိ အနက်ရောင်လျှပ်စီးများကို စုစည်းလိုက်သည်။ တစ်ချိန်တည်းမှာပင် သူ၏နောက်ကျောမှ နဂါးအတောင်ပံများ ဖြန့်ထွက်လာကာ သူ၏ရှေ့တွင် တားဆီးပိတ်ဆို့ သွားသည်။

ဘန်း!

အနက်ရောင်လျှပ်စီးကြောင်းနှစ်ခု ထိပ်တိုက်ဆုံမိပြီး ချင်ယွင် ပစ်လွှတ်လိုက်သည့် အနက်ရောင် လျှပ်စီးကြောင်းသည် ချက်ချင်း ပြိုကွဲသွားခဲ့သည်။

ကပ်ဘေးဒုက္ခ အနက်ရောင်လျှပ်စီးကြောင်းသည် ချင်ယွင်၏ နဂါးတောင်ပံများကို တိုက်ရိုက်ထိမှန်သွားခဲ့သည်။

ချင်ယွင်သည် ချက်ခြင်းပင် သူ၏ခန္ဓာကိုယ်ထဲမှ သူ၏စိတ်ဝိညာဉ် ခွဲထွက်သွားသလို ခံစားလိုက်ရသည်။ ပြင်းထန်သော နာကျင်မှုသည် သူ၏ခေါင်းအထိ တိုးဝင်လာကာ ခေါင်းကို မူးဝေစေသည်။ ထို့နောက် သူသည် သတိလစ်ကာ မူးလဲသွားသည်။

ရန်စီချီသည် ဤမြင်ကွင်းကို အဝေးမှမြင်လိုက်ရလျှင် သူမသည် အရာရာတိုင်းကို ဂရုမစိုက်တော့ဘဲ ချင်ယွင်၏ရှိရာဆီသို့ အလျင်စလို ပြေးသွားခဲ့သည်။

သိုင်းမြို့စားဘိုင်ယွန်၊ ချန်မင်ရှီနှင့် တခြားလူများသည်လည်း နောက်မှ အနီးကပ်လိုက်လာကြပြီး သူတို့၏ မျက်နှာအမူအယာများက မည်းမှောင်နေသည်။

ချင်ယွင်၏ အသက်ဓာတ်အငွေ့အသက်သည် အလွန်အမင်း အားနည်းသွားသည်ကို သူတို့ ခံစားမိကြသည်။ ၎င်းသည် အချိန်မရွေး ပျောက်ကွယ်သွားမည်သဖွယ် ရှိနေသည်။

စာစဉ်(၁၅) ပြီးပြီ။

ဘာသာပြန်သူ နေဇင်။

All Chapters