← Chapters

အခန်း (၂၂၆-၂၃၀)

Vol. 16 Ch. 226-230

အခန်း (၂၂၆-၂၃၀)

Vol. 16 Ch. 226-230

အခန်း(၂၂၆)ပထမအဆင့်ကောင်းကင်အလွှာသိုင်းမြို့စားအဆင့်ကျွမ်းကျင်သူ။

ချင်ယွင်သည် သတိမေ့မြောနေရာမှ နိုးလာသောအခါ သင်္ဘောပေါ်ရှိ အခန်း တစ်ခုတွင် လဲလျောင်းနေသည်ကို သူ့ကိုယ်သူ တွေ့ရှိလိုက်ရပါသည်။

သူ မူးမေ့လဲမသွားမီ မြင်ကွင်းများသည် ချင်ယွင်၏ စိတ်ထဲတွင် ပေါ်လာခဲ့ပြီး သူ၏ နှလုံးသားထဲတွင် ကြောက်ရွံ့မှု အရိပ်အယောင်ကို မခံစားရဘဲ မနေနိုင်တော့ပေ။

အမှန်တကယ်လည်း၊ အစောပိုင်းလေးက ခြောက်ကြိမ်မြောက် လျှပ်စီးကပ်ဘေးဒုက္ခ သည် ကြောက်စရာကောင်းလွန်းပြီး စိတ်ဝိညာဉ် တိုက်ခိုက်မှု တစ်ခုပါ ဝင်နေခဲ့သည်။ ထိုအချိန်တွင် သူ၏စိတ်ဝိညာဉ်သည် ပြင်းထန်စွာ တိုက်ခိုက်ခံလိုက်ရပြီး သူ၏ စိတ် ဝိညာဉ် တစ်ခုလုံးနီးပါးသည် အနက်ရောင်လျှပ်စီးကြောင်းများကြောင့် ပျက်စီးသွားခဲ့ရ သည်။

ကောင်းကင်ဘုံကိုးလွှာ ကြယ်စင်စုပုံကြမ်းထဲရှိ လျှပ်စီးစွမ်းရည်ကိုယ်ပွားနှင့် သစ်သား စွမ်းရည်ကိုယ်ပွားတို့၏ စိတ်ဝိညာဉ်များသည်ပင် တိုက်ခိုက်ခံရပြီး သတိလစ်မေ့မြော သွားသည့်အတွက် ချင်ယွင်သည် အစောပိုင်းလေးက သေဆုံးသွားလုနီးပါး ဖြစ်နေပြီ ဖြစ်သည်။

ရန်စီချီသည် တစ်ဖက်မှာ မျက်ရည်လူသားတစ်ယောက် ဖြစ်အောင်ပင် ငိုနေပြီဖြစ် သည်။ ချင်ယွင်သတိရလာသည်ကို သူမမြင်သောအခါ ချက်ချင်းပင် မျက်ရည်ကျတာ ရပ်သွားပြီး ရယ်ပြသည်။ သူမက ချင်ယွင်ကို တင်းတင်းကြပ်ကြပ် ဖက်ထားသည်။

ချင်ယွင်က ပြုံးပြီး နောက်ပြောင်ပြောလိုက်သည် "မင်းရဲ့ ကျင့်ကြံမူအဆင့် မြင့်မားလာ လေ အငိုလွယ်လာလေများလား၊ မင်းရဲ့ယောင်္ကျားက သေဖို့ ဒီလောက်လွယ်မှာတဲ့ လား၊ မင်း ယုံချင်ယုံ မယုံချင်နေ၊ ဒီနေ့ည မင်းကို ငါ စားပြဦးမယ်"

ရန်စီချီ၏ မျက်နှာသည် ချက်ချင်းပင် နီရဲသွားသည်။ သူမက ချင်ယွင်ကို တစ်ချက် ကြည့်လိုက်ပြီး ရှက်ရွံ့သည့်လေသံဖြင့် ပြောလိုက်သည် "ဒီမှာ တခြားတစ်ယောက် ရှိနေသေးတယ်မလား?"

ချင်ယွင်သည်လည်း အနည်းငယ် ကြက်သေသေ ဖြစ်သွားရသည်။ သူသည် ထထိုင်လိုက် ပြီးနောက် ဘေးမှာ တင်ပျဉ်ခွေထိုင်နေသည့် ချန်မင်ရှီကို တွေ့လိုက်ရသည်။ သူက ချက်ချင်းဆိုသလို ကိုးယိုးကားယား မျက်နှာအမူအရာကို ထုတ်ပြပြီး ပြောလိုက်သည် "တောင်းပန်ပါတယ်၊ မင်း ဒီမှာရှိနေတာကို ငါ မသိလိုက်ဘူး"

မမျှော်လင့်ဘဲ ချန်မင်ရှီသည် ချင်ယွင်ကို တချက်ကြည့်ပြီးနောက် လျစ်လျူရှုလိုက် သည်။ သူမ၏ ကျင့်ကြံမူကို ဆက်လက် ကျင့်ကြံနေခဲ့သည်။

"ဒီတစ်​ခါ​တော့ အစ်မချန် ကို​ကျေးဇူးတင်​ရမယ်​။ အစ်မချန်က နင့်ရဲ့ စိတ်​ဝိညာဉ်ကို တည်​ငြိမ်​​အောင်​ ကူညီ​ပေးခဲ့တာလေ​။" ရန်စီချီက ချင်ယွင်ကို ပြောလိုက်သည်။

ချင်ယွင်သည် အနည်းငယ် ထိတ်လန့်သွားသည်။ ယခုအချိန်တွင် ချန်မင်ရှီသည် အလွန် အားနည်းနေသည်ကို သူ သတိထားမိ လိုက်သည်။ သေချာသည်မှာ သူမသည် စွမ်းအား များစွာကိုသုံးစွဲခဲ့ရသည်။

"ကျေးဇူးတင်ပါသည်!" ချင်ယွင်က ကျေးဇူးတင်စကား ဆိုလိုက်ပါသည်။

ချင်ယွင်သည် ချန်မင်ရှီနှင့် ပတ်သက်၍ ဖော်မပြနိုင်သော ခံစားချက်ရှိသည်။ သူမသည် လျှို့ဝှက်ဆန်းကြယ်ပြီး သူမ၏ စိတ်နေစိတ်ထားက အနည်းငယ် ထူးဆန်းနေပုံရသော ကြောင့် ဖြစ်နိုင်သည်။ ချင်ယွင်က သူမသည် လူအများအပေါ် အေးစက်ပြီး ဒေါသကြီး သည်ဟု အမြဲခံစားရသောကြောင့် သူမနှင့် ခပ်ဝေးဝေးတွင် အမြဲနေခဲ့သည်။

ယခုအချိန်တွင် ချန်မင်ရှီသည် သူ့အား ကယ်တင်ရန်အတွက် စွမ်းအားများစွာကို အလဟဿ ဖြုန်းတီးခဲ့သောကြောင့် စိတ်လှုပ်ရှားမှု တစွန်းတစက သူ၏နှလုံးသားထဲ သို့တိုးဝင်လာခဲ့သည်။

"မင်း ငါ့ကို ကျေးဇူးတင်နေဖို့ မလိုဘူး။ ငါ့အကူအညီမရှိရင်တောင် မင်းရဲ့စိတ်ဝိညာဉ် က သူ့ဘာသာသူ ပြန်ကောင်းလာမှာပဲ။" ချန်မင်ရှီက အေးစက်နေပုံရသည့်လေသံဖြင့် ပြောလိုက်သည်။

ချင်ယွင်သည် တခြားဘာမှ ထပ်မပြောတော့။ သူသည် ချန်မင်ရှီ၏ ကြင်နာမှုကို သူ၏ နှလုံးသားထဲတွင် မှတ်မိနေပြီ ဖြစ်သည်။ အနာဂတ်မှာ သူ၏အသက်ကို ကယ်တင်ခဲ့သည့်အတွက် ဤကျေးဇူးကို သူသည် သေချာပေါက် ပြန်ဆပ်မှာပါ။

ဒါပေမယ့် ချန်မင်ရှီ ပြောသည်မှာလည်း အမှန်ဖြစ်ပါသည်။ သူမ မကူညီလျှင်ပင် သူ၏ စိတ်ဝိညာဉ်သည် တဖြည်းဖြည်း ပြန်လည်ကောင်းမွန်လာမည် ဖြစ်ပါသည်။ ဤအခိုက်အတန့်တွင် သူ၏ ရင်ဘတ်ပေါ်ရှိ အစိမ်းရောင်ကြာပန်း စည်းတံဆိပ်သည် သူ၏ စိတ်ဝိညာဉ်ကို အာဟာရဖြည့်တင်းရန်အတွက် ထူးဆန်းသော စွမ်းအားကို အဆက်မပြတ် ထုတ်လွှတ် ပေးနေပါသည်။

ချင်ယွင်သည် အခန်းတွင်းမှ ဖြည်းညှင်းစွာ ထွက်သွားပြီး ချန်မင်ရှီသည် သူမ၏စိတ်ဝိညာဉ်ကို ပြန်လည်ကုစားရန်အတွက် အခန်းထဲတွင် ကျန်ရစ်ခဲ့သည်။

ချင်ယွင်သည် တစ်နေကုန် သတိလစ်နေခဲ့သည်။ ပင်လယ်ပြင်မှ ထွက်လာသည်မှာ နှစ်ရက်နီးပါးရှိပြီ။ ယခုအချိန်တွင် ပင်လယ်ရေမိုင် တစ်သိန်းအကွာအဝေး၏ ထက်ဝက် နီးပါးကို ခရီးနှင်ခဲ့ပြီး ဖြစ်သည်။ နောက်နှစ်ရက်ခန့်တွင် ချင်ယွင်နှင့် အခြားလူများသည် အမာခံ ခံတပ်ကျွန်းသို့ ချောမွေ့စွာ ရောက်ရှိနိုင်မည် ဖြစ်သည်။

ယခုအချိန်တွင် သိုင်းမြို့စားဘိုင်ယွန်သည် သင်္ဘောကုန်းပတ်ပေါ်တွင် ရပ်နေပြီး အနက်ရောင် ချပ်ဝတ်တန်ဝတ်ထားသည့် လူလတ်ပိုင်းအရွယ် အမျိုးသားနှင့် စကား ပြောနေပါသည်။ ချင်ယွင် ထိခိုက်ဒဏ်ရာမရှိဘဲ ထွက်လာသည်ကို မြင်လိုက်ရလျှင် နှစ်ယောက်လုံးစလုံးသည် အပြုံးတွေ ပေါ်လာသည်။

သူတို့နှင့် စကားအနည်းငယ် ပြောပြီးနောက် ချင်ယွင်သည် အနက်ရောင် ချပ်ဝတ်တန်ဆာဝတ် အသက်လတ်ပိုင်းအရွယ်လူကို လှည့်ကြည့်ကာ ပြောလိုက်သည် "စီနီယာ ရှ၊ ကျွန်တော် စီနီယာနဲ့ လက်ရည်စမ်းကြည့်ချင်တယ်။ စီနီယာ ဆန္ဒရှိလားလို့ ကျွန်တော်သိချင်တယ်။"

ဤကာလအတွင်း အနက်ရောင် ချပ်ဝတ်တန်ဆာဝတ် အသက်လတ်ပိုင်းအရွယ်လူ သည် သိုင်းမြို့စားဘိုင်ယွန်၏ ယုံကြည် စိတ်ချရသည့် လူယုံဖြစ်သော ရှရီဟုခေါ် ကြောင်း အဆက်အသွယ်ဖြစ်သည့်အချိန်အတွင်း ချင်ယွင်သည် သိရှိခဲ့သည်။ ချင်ယွင် သည် သူ့ထက် ဆယ်နှစ်ကျော် ငယ်သောကြောင့် သူ့ကို စီနီယာရှဟု အမြဲ ခေါ်ခဲ့သည်။

ချင်ယွင်က သူနှင့်အတူ လက်ရည်စမ်းချင်သည်ဟုကို အမှန်တကယ် ကြားလိုက်ရသည့် အခါတွင် ရှရီသည် သူ၏မျက်နှာပေါ်တွင် အံ့သြသည့်အမူအရာ ပေါ်လာသည်။

သူသည် သိုင်းမြို့စားနယ်ပယ်၏ သတ္တမအဆင့် အထွတ်အထိပ် ကောင်းကင်အလွှာ တွင် ရှိနေသည်။ ချင်ယွင်သည် အခုမှ သိုင်းမြို့စား နယ်ပယ်၏ ပထမအဆင့် ကောင်း ကင်အလွှာသို့ ဖြတ်ကျော် ဝင်ရောက်ခဲ့သော်လည်း အမှန်တကယ်ပင် သူနှင့်တိုက်ရိုက် လေ့ကျင့်ရန် သတ္တိရှိခဲ့သည်။ သို့သော် ချင်ယွင်အကြောင်း တွေးကြည့်သောအခါ၊ ဤ ကောင်လေးသည် ဒြဗ်စင်ခြောက်ပါး ကောင်းကင်ကပ်ဘေးဒုက္ခကြီးမှ လွတ်မြောက် လာခဲ့သည့် မွန်းစတားတစ်ကောင်ဖြစ်ပြီး၊ သူ၏နှလုံးသားတွင် တိုက်ခိုက်လိုသည့်ဆန္ဒ အရိပ်အယောင်က တဟုန်ထိုး မြင့်တက်လာခဲ့သည်။

ရှရီက သိုင်းမြို့စားဘိုင်ယွန်ကို လှည့်ကြည့်လိုက်ပြီး သူ့သဘောတူချက်ကို တောင်းခံ နေလိုက်ပုံပင်။

သိုင်းမြို့စားဘိုင်ယွန်က ကျယ်လောင်စွာ ရယ်မောရင်း "ကောင်းပြီ ရှရီ သူ့ကို တိုက် လိုက် ပါ။ ချင်ယွင်ဟာ သိုင်းမြို့စား နယ်ပယ်ကို ဖြတ်ကျော်ပြီးနောက် ဘယ်လောက် တောင် သန်မာလာလဲဆိုတာ ငါမြင်ချင်တယ်။ ဒါပေမယ့် ရှရီ၊ မင်း အကောင်းဆုံး တိုက်ခိုက်ရမယ်။ မဟုတ်လို့၊ ရှုံးသွားရင် ရှက်စရာကြီး။"

သိုင်းမြို့စားဘိုင်ယွန်၏ စကားကိုကြားလျှင် ရှရီက ဂုဏ်ယူဝင့်ကြွားစွာဖြင့် ရယ်မောပြီး ပြောသည် "ကျွန်တော်ရှရီက လွယ်လွယ်နဲ့ ဘယ်လိုလုပ် ရှုံးနိုင်ပါ့မလဲ"

ထိုသို့ပြောပြီးနောက် ရှရီသည် ရွှေရောင်အလင်းတန်းတစ်ခု အဖြစ်သို့ ပြောင်းလဲသွား ပြီး အဝေးရှိပင်လယ်ရေမျက်နှာ ပြင်ပေါ်တွင် ပေါ်လာသည်။ သူက ချင်ယွင်ကို ကျယ် လောင်စွာ ရယ်မောပြီး ပြောလိုက်သည် "ချင်ယွင်၊ မင်းဆင်းလာပြီး တိုက်ခိုက်ပါ။ အရင်က မင်းကို လျှပ်စီးကပ်ဘေးဒုက္ခထဲမှာ ငါတွေ့ရကတည်းက ငါ့လက်တွေယား နေတာ။ မင်းအဆင့်ချိုးဖြတ်ပြီးနောက် မင်းဘယ်လောက် သန်မာလာလဲဆိုတာ ကြည့်ရအောင်။ မင်းမှာ ငါနဲ့လက်ရည်စမ်းဖို့ ယုံကြည်ရောရှိတယ်မဟုတ်လား။"

ချင်ယွင်က ညင်သာစွာ ပြုံးလိုက်သည်။ တိုက်ခိုက်လိုသည့်ဆန္ဒက သူ၏မျက်လုံး များထဲတွင် တဟုန်ထိုး မြင့်တက်လာသည်။ သူသည် သူ၏ခြေဖဝါးကို ကုန်းပတ်ပေါ် ကို အသာအယာပုတ်လိုက်ပြီး ပင်လယ်ရေမျက်နှာပြင်ဆီသို့ ပျံသန်းသွားခဲ့သည်။ ရှရီသည် သူ့ကို ရင်ဆိုင်ရန် လေထဲကို ပျံတက်သွားခဲ့သည်။

သူတို့နှစ်ဦးကြားရှိ လေထုထဲတွင် တိုက်ပွဲဆန္ဒက အဆက်မပြတ် ထိပ်တိုက်ဆုံမိသွား ပြီး ကျားနှင့် နဂါးတို့၏ ဟိန်းဟောက်သံများ ထွက်ပေါ်လာသည်။

သိုင်းမြို့စားဘိုင်ယွင်သည် သင်္ဘော၏လေးကိုင်းပေါ်တွင် ရပ်ကာ သူတို့နှစ်ဦးကို တိတ် တဆိတ်ကြည့်နေသည်။ သူ၏မျက်လုံးများသည် အပြုံးများဖြင့် ပြည့်နှက် နေသည်။

"ချင်ယွင်၊ မင်းအဆင့်ချိုးဖြတ်ပြီးနောက် မင်းရဲ့ခွန်အားက ဘယ်လောက်တိုးတက် နေပြီလဲဆိုတာ ငါကြည့်ပါရစေဦး။"သိုင်းမြို့စားဘိုင်ယွန်က သူ့ကိုယ်သူ ရေရွတ်လိုက် သည်။

ရန်စီချီ နှင့်ချန်မင်ရှီတို့သည် ယခုအခိုက်အတန့်တွင် အခန်းတွင်းမှ ပေါ်လာကြသည်။ ထင်ရှားသည်မှာ သူတို့သည် သတင်းများကို ကြားသိရပြီး အလွန် အံ့သြဖွယ်ကောင်းသော ပွဲတစ်ပွဲကို လက်လွတ်မခံချင်ခဲ့ကြသည်မှာ ထင်ရှားသည်။

"စီနီယာ ၊ ကျွန်တော် စီနီယာကို ပြစ်မှားမိပြီ!"ချင်ယွင်က ပေါ့ပေါ့ပါးပါး အော်ပြော လိုက်သည်။ ထို့နောက် ခြေဖဝါးအောက်ရှိ ပင်လယ်ရေမျက်နှာပြင်ပေါ် ခြေချလိုက် သည်။ သူ၏တစ်ကိုယ်လုံးသည် လျှပ်စီးလက်သလို လွင့်ပျံထွက်သွားသည်။ ထွက်ပေါ်လာသည့် အရှိန်အဟုန်ကြောင့် သူ၏ ခြေဖဝါးအောက်ရှိ ပင်လယ်ရေ မျက်နှာပြင်ပေါ်မှာ ရှည်လျားသည့်လှိုင်းလုံးကြီးတစ်ခု တိုက်ရိုက် ဖြစ်ပေါ်လာစေသည်။

"မဆိုးပါဘူး၊ အဲဒါက ဘယ်လောက်တောင် သန်မာနေလဲ ငါမသိဘူး။"

ရှရီက ရယ်မောပြီး ပင်လယ်ပြင်ပေါ် ခြေချလိုက်သည်။ ၎င်းက သူသည် မှန်တစ်ချပ် ပေါ်ကို နင်းနေသလိုပင်။ သူသည် လှိုင်းလုံးများ လုံးဝမဖြစ်ပေါ်စေခဲ့ပေ။ သူ၏ ရုပ် အသွင်အပြင်သည် ရွှေရောင်အလင်းတန်းအဖြစ်သို့ ပြောင်းလဲသွားပြီး ချင်ယွင်နှင့် တိုက်ရိုက် ထိပ်တိုက်ရင်ဆိုင် မိသွားသည်။

"ဘုန်း!"

သူတို့၏လက်သီးများက ထိပ်တိုက်ရင်ဆိုင်မိပြီး ကောင်းကင်တုန်လှုပ်သည့် အသံ တစ်ခုထွက်လာသည်။

လက်သီးနှစ်ဖက်စလုံးသည် လျှပ်စီးလက်သကဲ့သို့ လျင်မြန်ပြီး လက်သီးနှစ်ခုက အဆက်မပြတ် တိုက်ခိုက်နေကာ ပတ်ဝန်းကျင်လေထုသည် ပေါက်ကွဲသံများ ပေါက်ကွဲ ထွက်လာသည်။

"ဘုန်း!"

ချင်ယွင်သည် ရှရီ၏ ချပ်ဝတ်တန်ဆာကို လက်သီးဖြင့် ထိုးလိုက်ရာ ချပ်ဝတ်တန်ဆာ ပေါ်တွင် အပေါက်ကြီးတစ်ခု ပေါက်သွားခဲ့သည်။

ရှရီသည် ချင်ယွင်၏ ဝမ်းဗိုက်ထဲသို့ ဒူးဖြင့် တိုက်လိုက်သည် ။

သူတို့နှစ်ဦးသည် ပင်လယ်ရေမျက်နှာပြင်အထက် မီတာတစ်ထောင်နီးပါး အကွာအဝေး သို့ လွင့်ပျံသွားကြပြီးနောက် ချက်ခြင်းပင် ပြန်လည် ပြေးဝင်လာကြ ပြန်ပြီ။

“ဟား………..၊ ဟား......။ ရှင်းရှင်းပြောရရင် လာပြန်ပြီကွ !"

ရှရီက ကျယ်လောင်စွာ ရယ်မောလိုက်ပြီး သူ၏ပုံရိပ်က နောက်တကြိမ် ပစ်ဝင်လာပြန် သည်။ သူ၏ခန္ဓာကိုယ်ပေါ်ရှိ ရွှေရောင်အလင်းတန်းများသည် တဟုန်းဟုန်း တောက် နေပြီး သူ့တစ်ကိုယ်လုံး ရွှေရောင်အလင်းတန်းများဖြင့် လွှမ်းခြုံ ထားပုံရသည်။

ချင်ယွင်၏ မျက်လုံးများသည်လည်း တိုက်ခိုက်လိုသည့်ဆန္ဒဖြင့် ဖျတ်ခနဲ တောက်သွား သည်။ အနက်ရောင်လျှပ်စီးကြောင်းသည် သူ၏လက်သီးများကို ဖုံးလွှမ်းသွားကာ ပေါက်ကွဲထွက်လာခဲ့သည်။

"ဘုန်း!"

သူတို့နှစ်ယောက်သည် နောက်တကြိမ် ထပ်ပြီးတိုက်ကြသည့်အချိန်တွင် ပင်လယ်ပြင် တစ်ခုလုံးသည် ချက်ချင်း ပေါက်ကွဲ သွားကြသည်။ အဆုံးမရှိသော ပင်လယ်ရေလှိုင်း များအသွင် ဖြစ်ပေါ်လာခဲ့ပြီး အရပ်မျက်နှာအားလုံးသို့ ပျံ့နှံ့လှည့်ပတ်ကာ ဖြစ်ပေါ် လာပြီး လူတိုင်းသည် အလွန်စိတ်လှုပ်ရှားကာ သူတို့၏သွေးများသည်ပင် တဟုန်ထိုး လှိမ့်တက်လာကြသည်။

ရန်စီချီ နှင့် သင်္ဘောပေါ်ရှိ အခြားလူများအားလုံး ထိတ်လန့်သွားကြသည်။ ချင်ယွင် သည် သိုင်းမြို့စားနယ်ပင်၏ သတ္တမအဆင့် အထွတ်အထိပ် ကောင်းကင်အလွှာတွင် ရှိနေသည့် ရှရီကို အမှန်တကယ် ရင်ဆိုင် တိုက်ခိုက်နိုင်ခဲ့သည်။

သို့သော် သိုင်းမြို့စားဘိုင်ယွန်က တဟားဟားရယ်မောပြီး ပြောလိုက်သည် "ဒီတိုက်ပွဲ ကပြီးသွားပါပြီ"

ရန်စီချီသည် အနည်းငယ် အံ့အားသင့်သွားခဲ့သည်။ ဘာကြောင့်လဲဆိုသည်ကို သူမ နားမလည်ပေ။

ရုတ်တရက်၊ ရှရီက ကျယ်လောင်စွာ ရယ်မောလိုက်ပြီး ပြောသည်"မဆိုးပါဘူး၊ မဆိုး ပါဘူး၊ သူက ငါ့စွမ်းအားရဲ့သုံးဆယ်ရာခိုင်နှုန်းအထိ သရေကျအောင် ယှဉ်ပြိုင်နိုင်ခဲ့ တယ်။ သူက သိုင်းမြို့စားနယ်ပယ်ရဲ့ဆဋ္ဌမအဆင့် ကောင်းကင်အလွှာ စွမ်းအားကို ပိုင်ဆိုင်ထားတယ်။ ဆိုတော့ ဒီတိုက်ပွဲကို ဒီအတိုင်းပဲ အဆုံးသတ်လိုက်ရအောင်။

ထိုစကားပြောပြီးသည်နှင့် ရှရီ၏ ခန္ဓာကိုယ်သည် ရွှေရောင်အလင်းတန်းများထွန်းလင်း တောက်လာပြီး သူ၏ရုပ်အသွင်ပြင်သည် ချက်ချင်း သုံးဆတိုးလာသည်။ သူသည် ရှေးဟောင်းကန္တာရကြီးမှ ထွက်ပေါ်လာသော စိန်သားရဲတကောင်နှင့် တူနေသည်။

ပင်လယ်ရေမျက်နှာပြင်တစ်ခုလုံးသည် တောင်များနှင့် ပင်လယ်များကဲ့သို့ ပေရာနှင့် ချီသော လှိုင်းလုံးများ လှုပ်ခတ်လာသည်ကို ချက်ချင်းခံစားရသည်။ ကြီးမားလှသည့် ရွှေရောင်လက်သီးကြီးသည် ကြီးမားသောလှိုင်းလုံးများမှတဆင့် ချင်ယွင်ဆီသို့ တိုက် ရိုက်ပြေးဝင်လာခဲ့သည် ။

ချင်ယွင်၏ နှုတ်ခမ်းတစ်စုံသည် ဝင့်ကြွားဟန်ဖြင့် တွန့်ကွေးသွားပြီးပြုံးကာ ပြောလိုက် သည် "ဒါက အဆုံးသတ်ဟုတ်ပုံ မပေါ်သေးပါဘူး" ထို့နောက် ၊သူ၏မျက်ခုံးကြားရှိ အစိမ်းရောင်ကြာပန်းအမှတ်အသားသည် တောက်ပသော အလင်းတန်းတခုကို ထုတ်လွှတ် လိုက်သည်။

ချင်ယွင်၏ ခန္ဓာကိုယ်ပေါ်တွင် သုံးရောင်ခြယ်ပုံစံများ ချက်ချင်းပေါ်လာသည်။ အနီရောင်၊ အနက်ရောင် နှင့် အစိမ်းရောင်အရောင်များသည် အချင်းချင်း ရောနှော ပေါင်းစပ်ထားသည်။

ချင်ယွင်၏ အငွေ့အသက်သည် ချက်ခြင်း တိုးလာသည်။ ထို့နောက် သူသည် ရှရီ၏ ကြီးမားသော ရွှေလက်သီးကြီးနှင့် ပြိင်ဘက်ကင်း စစ်နတ်ဘုရားတပါကဲ့သို့ ထိပ်တိုက် ရင်ဆိုင်လိုက်သည်။

အခန်း (၂၂၇) အုပ်စိုးရှင်လှံသခင်။

"ဘုန်း!"

ချင်ယွင် နှင့် ရှရီ၏ ဧရာမရွှေရောင်လက်သီးကြီးတို့သည် ထိပ်တိုက်တွေ့ဆုံးပြီး ပြင်းထန်သော ပေါက်ကွဲသံကို ထုတ်လွှတ်လိုက်ကြသည်။ သူတို့နှစ်ယောက်စလုံး လွင့်ထွက်သွားကြသည်။

သူတို့ပတ်ဝန်းကျင်မှာ ကြီးမားတဲ့ လှိုင်းလုံးကြီးများက ကောင်းကင်ယံတိုင် လွှမ်းခြုံထားပြီး မိုးရေစက်များအဖြစ် ပေါက်ကွဲသွားကြသည်။

"အယ်?" သိုင်းမြို့စားဘိုင်ယွန်သည် အနည်းငယ် ထိတ်လန့်သွားသည်။ ချင်ယွင်သည် ရှရီ၏တိုက်ခိုက်မှုကို အမှန်တကယ်ခံယူနိုင်လိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။

ပင်လယ်ပြင်ပေါ်တွင် တိုက်ပွဲဝင်နေသော ချင်ယွင်ကို ကြည့်လိုက်စဉ် ရန်စီချီ၏ မျက်လုံးများသည် တောက်ပစွာ လင်းလက်တောက်ပနေပြီး သူမ၏ နှလုံးသားထဲတွင် ဂုဏ်ယူဝင့်ကြွားသည့် အရိပ်အယောင်များ ထွက်ပေါ်လာသည်။

ဤလူသည် သူ၏ ကျင့်ကြံမူအဆင့်တစ်ခုတည်းကို အခြေခံ၍ သတ္တမအဆင့် အထွတ်အထိပ် ကောင်းကင်အလွှာ သိုင်းမြို့စားအဆင့် ကျွမ်းကျင်သူတဦးကို အချိန်ဆွဲ တိုက်ခိုက်နိုင်သည့် သူမ၏ အမျိုးသား ဖြစ်နေပါသည်။

ဘေးတစ်ဖက်တစ်ဖက်တွင်မူ ချန်မင်ရှီ၏ မျက်လုံးများသည် စိတ်ရှုပ်ထွေးသည့် အရိပ်အယောင်များဖြင့် ပြည့်နှက်နေသည်။

အလွန်လှပသည့် မြစ်များနှင့် တောင်တန်းများကမ္ဘာငယ်လေးတွင် ရှိစဉ်တုန်း ကတည်း က ချင်ယွင်သည် သိုင်းဂိုဏ်းချုပ်နယ်ပယ်၏ ဆဋ္ဌမအဆင့် ကောင်းကင် အလွှာတွင်သာ ရှိခဲ့ပြီး သူမနှင့်အတူ လက်တွဲ တိုက်ခိုက်နိုင်ခဲ့သည်။

ယခု သူသည် တစ်လမပြည့်ခင်မှာပင် သိုင်းမြို့စားနယ်ပယ်၏ ပထမအဆင့် ကောင်းကင်အလွှာသို့ ဝင်ရောက်လာခဲ့ပြီ။ ထိုကြောင့်၊ ယခုအချိန်တွင် သူမသည် သူ၏ ပြိုင်ဘက်ဖြစ်နိုင်ဦးမည်လော။

ယင်းကြောင့် ချန်မင်ရှီ၏ မာနကြီးသော နှလုံးသားသည် အနည်းငယ် ထိုးနှက် ခံလိုက်ရသည်။ သူမနှင့် အသက်တူရွယ်တူများထဲတွင် မည်သူမျှ သူမကို မကျော်လွန် နိုင်ဟု သူမသည် အခိုင်အမာ ယုံကြည်ခဲ့ဖူးသည်။

ယခုမူ သူမရှေ့မှ လူငယ်သည် ဤအရာအားလုံးကို ချေမွပျက်ဆီးစေခဲ့ပြီ။

ထိုအချိန်တွင် ချင်ယွင်နှင့်ရှရီတို့သည် တစ်ဖက်နှင့်တစ်ဖက် မတ်တပ်ရပ်နေကြဆဲ ဖြစ်သည်။ သို့သော်လည်း ယခုအချိန်တွင် ရှရီသည် သူ၏မူလအသွင်အပြင်သို့ ပြန်လည်ရောက်ရှိနေပြီဖြစ်ပြီး ချင်ယွင်ကို အံ့သြသွားသည့်ဟန်ဖြင့် ကြည့်နေသည်။

"မင်းရဲ့စွမ်းအားက ဒီအဆင့်အထိ တိုးလာမယ်လို့ ငါတကယ် မမျှော်လင့်ထားဘူး။ မင်းရဲ့လက်ရှိအင်အားက သိုင်းမြို့စား နယ်ပယ်ရဲ့ ဆဋ္ဌမအဆင့်အထွတ်အထိပ်ထက် ကောင်းကင်အလွှာထက် အားမနည်းမှာကို ငါကြောက်မိတယ်။” ရှရီက ပြုံးပြီး ပြောလိုက်ပါသည်။

"စီနီယာ၊ စီနီယာက ကျွန်တော်ကို ချီးကျူးနေတာပါ။ ကျွန်တော်က စီနီယာကို အထူးနည်းလမ်းတချို့နဲ့ တိုက်နိုင်ခဲ့တာပါ။ နောက်ပြီး စီနီယာသုံးနေတဲ့ ခွန်အားက စီနီယာရဲ့အစစ်အမှန်ခွန်အားရဲ့ ထက်ဝက်မက နည်းတယ်မဟုတ်လား" ချင်ယွင် ရှိုက်ကြီးတငင်ပြုံးလိုက်သည်။

ရှရီသည် အမှန်တကယ်ကို အစွမ်းထက်သည်။ ချင်ယွင်သည် သူ၏ စွမ်းအားများ အားလုံးကို အကုန်သုံးပြီးသွားပါပြီ။ သို့သော်လည်း ရှရီသည် သူ့စွမ်းအား၏ တစ်ဝက်ကိုပင် အသုံးမချခဲ့ကြောင်း သူ ခန့်မှန်းမိသည်။

အကယ်၍ ရှရီသည် သူ၏စွမ်းအားအားလုံးကို အသုံးပြုခဲ့မည်ဆိုလျှင် ချင်ယွင်သည် ချက်ခြင်း ရှုံးနိမ့်ပြီး လုံး၀ တုံ့ပြန်တိုက်ခိုက်နိုင်ခြင်း မရှိမှာပင် စိုးရိမ်ရသည်။

သို့သော်၊ ချင်ယွင်သည် ပေါက်ကွဲလျှပ်စီးစွမ်းရည် သဘောတရား၏ ဒုတိယအဆင့် ဒေါသပေါက်ကွဲသည့် အခြေနေကို အသုံးပြုခဲ့မည်ဆိုလျှင် ရလာဒ်သည် ပြောရ ခက်ပေလိမ့်မည်။ ရလာဒ်ကို ငါးဆယ်/ငါးဆယ် ရာခိုင်းနှုန်းအထိ ခန့်မှန်းလို့သည်။

"ဟား.......။ ဟား.........။ မင်းက မကစားချင်တော့ဘူးလား။ မင်းက ငါ့ရဲ့စိတ်ဝင်စားမူကို နှိုးဆွလိုက်ပြီး မဟုတ်လား။" ရှရီ ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။

ချင်ယွင်က ခါးသီးစွာ ပြုံးလိုက်မိသည်။ သူသည် ရှရီကို စိန်ခေါ်မိတာ မှားယွင်းသည့် ရွေးချယ်မှုတစ်ခုဟုပင် ရုတ်တရက် ခံစားလိုက်ရပါသည်။

ဤလူသည် တိုက်ခိုက်ခြင်း၌ အမှန်ရူးသွပ်သူဆိုသည်မှာ သေချာပါသည်။ အကယ်၍ ဆက်လက် တိုက်ပွဲဝင်ပါကလည်း သူသည် နှိပ်စက်ညှဉ်းပန်းခံသလိုသာ ဖြစ်ပေမည်။

"တကယ်တော့၊ ငါတကယ်တကယ် ကျွမ်းကျင်တာက လက်သီးနဲ့ အနီးကပ် တိုက်ခိုက် တာ မဟုတ်ဘူး။ လှံသိုင်းပညာရပ်ပဲ ။" ရှရီက သူ၏လက်ထဲတွင် ရွှေလှံတစ်ချောင်းကို ဆုပ်ကိုင်ရင်း တိုးတိုးလေး ရယ်လိုက်သည်။

ဤလှံကို ထွက်ပေါ်လာသည်နှင့် တပြိုင်နက် ကြီးစိုးသော အငွေ့အသက်တစ်ခု ထွက်ပေါ်လာသည်။

ချင်ယွင် သည် ဤမြင်ကွင်းကိုမြင်သောအခါတွင် အံ့အားသင့်သည့် အရိပ်အယောင်များ ထွက်ပေါ်လာသည်။

"ဘယ်လောက်ထိ ကြောက်စရာကောင်းလိုက်တဲ့ ကြီးစိုးလွှမ်းမိုးခြင်း ဆန္ဒလဲ။ ရှရီက ဘယ်လောက်တောင် အစွမ်းထက်နေပြီလဲ" ချင်ယွင်က ထိတ်လန့်စွာပြောသည်။

သူသည် ရှရီ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော ကြောက်မက် ဖွယ်ကောင်းပြီး လွှမ်းမိုးကြီးစိုးနိုင်သော အရိပ်အယောင်ကို ခံစားနိုင်သည်။ သူသည် ထိုအချိန်တုန်းက ရှေးဟောင်းအစစ်အမှန် နဂါးတစ်ကောင်ကို ရင်ဆိုင်ခဲ့စဉ်က ကဲ့သို့ပင် ရက်စက် ကြမ်းကြုတ်ပြီး လွှမ်းမိုးချုပ်ကိုင်နိုင်စွမ်းရှိသည့် အငွေ့အသက်များကို အမှန်တကယ် ခံစားလိုက်ရသည်။

"ဟား ဟား၊ မင်းကြောက်သွားတာလား။ ငါ့ဆီကနေ ဒီလှံချက်ကို ခံယူနိုင်မယ်ဆိုရင် ငါ မင်းကို သွားခွင့်ပေးလိုက်မည်။" ရှရီက ဟက်ဟက်ပက်ပက် ရယ်သည်။

သူ၏လက်ထဲက လှံသည် ကြောက်စရာကောင်းသည့် စွမ်းအင်အတက်အကျလှိုင်း များဖြင့် တလှိမ့်လှိမ့်တက်နေသည်။ သူ၏ခြေထောက်အောက်ရှိ ပင်လယ်ရေပြင်သည် ကြီးမားသော ရေဝဲဂယက်ကြီးတစ်ခု စတင်ဖြစ်ပေါ်လာသည်။ ဤအခိုက်အတန့်တွင် အဆုံးမဲ့စွမ်းအားသည် သူ့လက်ထဲတွင်ရှိသော လှံဆီသို့ ရောက်သွားပုံရသည်။

ဝှီး!

လွှမ်းမိုးကြီးစိုးနိုင်သော အငွေ့အသက်သည် အနှိုင်းမဲ့ ကြောက်မက် ဖွယ်ကောင်းလှ သည်။

လူတစ်ဦးနှင့် လှံတစ်ချောင်းတို့သည် ကောင်းကင်ယံမှ ကျဆင်းလာသော ဧရာမကျောက်တုံးကြီးများနှင့် တူနေပြီး ပင်လယ်ရေ မျက်နှာပြင်ပေါ်၌ လေဆင်နှာမောင်းတခု အသွင်ဖြစ်ပေါ်လာကာ လှိုင်းလုံးကြီးများကို တစ်လှိုင်းပြီး တစ်လှိုင်း သယ်ဆောင်လာရင်း ချင်ယွင်ဆီသို့ ပြေးဝင်လာခဲ့သည်။

"ဒီအယုတ်တမာအဘိုးကြီးက၊ ငါ့အသက်နဲ့ရင်းပြီး တိုက်ခိုက်ခိုင်းနေတာပဲ!"

ချင်ယွင်က ဒေါသတကြီး ကျိန်ဆဲလိုက်ပြီး သူ၏လက်ထဲမှာ ဓားရှည်တစ်ချောင်း ပေါ်လာသည်။ ဓားဆန္ဒအားလုံးသည် ရူးသွပ်စွာ တလှိမ့်လှိမ့် ထွက်ပေါ်လာခဲ့ပြီး သူသည် နောက်ဆုတ်ခြင်းမရှိဘဲ ဓားဖြင့် ထိုးလိုက်၏။

ဓားချီသည် တစ်ကမ္ဘာလုံးသို့ ပျံ့နှံ့သွားခဲ့ပြီး ဓားဆန္ဒသည် သက်တံ့မှတစ်ဆင့် ထိုးဖောက်ဝင်ရောက်သွားခဲ့သည်။

ဘန်း!

လှံဖျားသည် ဓားဖျားနှင့် ထိပ်တိုက်ဆုံမိပြီး ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်လှိုင်းလုံးများက ရေလှိုင်းလုံးများကဲ့သို့ ထွက်လာသည်။

ချင်ယွင်သည် သူ၏လက်ထဲရှိ ကြယ်နက်ဓားမှတဆင့် ကြောက်မက်ဖွယ်စွမ်းအားကို ချက်ချင်း ခံစားလိုက်ရပြီး သူ၏လက်ဖဝါးများ ထုံကျင်လာသည်။

ကြယ်နက်ဓားသည် သူ၏လက်မှ လွင့်ထွက်သွားခဲ့ပြီး ရှရီ၏ လွှမ်းမိုးကြီးစိုးမှုနှင့် ထက်ရှသော လှံအလင်းတို့သည် ချင်ယွင်ဆီသို့ တခဏချင်း ပစ်ဝင်လာခဲ့ကာ ချင်ယွင်၏ မျက်ခုံးမွှေးများကြား နေရာကိုသာ ဦးတည်လာနေသည်။

ချင်ယွင်သည် ချက်ချင်း ထိတ်လန့်သွားပြီး သူ၏နဖူးမှာ အေးစက်သည့် ချွေးစေးများ ထွက်လာသည်။

ရှရီ၏လက်ထဲရှိလှံသည် သူ၏မျက်ခုံးကြားကနေရာကို ထိုးဖောက် ဝင်ရောက်တော့ မည်ကို ကြည့်ရင်း ချင်ယွင်၏ ခန္ဓာကိုယ်သည် မလှုပ်ရှားနိုင်တော့ပေ။ ဤသည်မှာ အင်အားကြီးမားသော ဖိနှိပ်ချုပ်ချယ်မှုဖြစ်ပြီး လှံ၏ဒဏ္ဍာရီလာစွမ်းအားလည်း ဖြစ်သည်။

ထိုအခိုက်တွင်၊ ရှရီသည် ချွန်ထက်သောလှံအလင်းသည် ချင်ယွင်၏နဖူးမှ တစ်လက်မ မျှသာ ကွာဝေးတော့သည့်အခိုက် ရုတ်တရက် ရပ်တန့်လိုက်သည်။

"ဟား ဟား ၊ ဘယ်လိုလဲ၊ ငါ့လက်စွမ်းက မဆိုးဘူး မဟုတ်လား" ရှရီက အူလှိုက်သည်းလှိုက် ရယ်မောပြီး အရှင်သခင်အုပ်စိုးလှံကို ဖယ်ရှားပစ်လိုက်သည်။

ချင်ယွင် ၏နဖူးသည် အေးစက်သော ချွေးများဖြင့် ဖုံးလွှမ်းနေပြီး သူ၏ နှလုံးသားသည် ထိတ်လန့် တုန်လှုပ်သွားလေသည်။ ရှရီကို စိန်ခေါ်ခြင်းသည် မှားယွင်းသော ရွေးချယ်မှု ဖြစ်သည်ကို သူ နောက်ဆုံး သိလိုက်ရသည်။

သူ၏ ခွန်အားသည် သိုင်းမြို့စားနယ်ပယ်၏ ပထမအဆင့် ကောင်းကင်အလွှာသို့ ဖြတ်ကျော်သွားခဲ့ပြီး သာမန် ဆဋ္ဌမအဆင့် ကောင်းကင်အလွှာ သိုင်းမြို့စားအဆင့် ကျွမ်းကျင်သူတဦးနှင့် ယှဉ်နိုင်သော်လည်း၊ ရှရီနှင့်ဆိုပါက နည်းနည်းနောနော ကွာခြားခြင်းမျိုး မဟုတ်တော့ပေ။

ဤရှရီသည် သန်မာလွန်း၏။ သူသည် သာမန် သတ္တမအဆင့် ကောင်းကင်အလွှာ အထွတ်အထိပ် သိုင်းမြို့စားအဆင့် ကျွမ်းကျင်သူတဦးထက် အဆမတန် အားကောင်း သည်ဟု ခန့်မှန်းရသည်။

ရှရီ နှင့် ချင်ယွင်တို့သည် လှေပေါ်သို့ပြန်ရောက်သောအခါ၊ သိုင်းမြို့စားဘိုင်ယွန်သည် ချင်ယွင်၏ စိတ်ပျက်လက်ပျက် အမူအယာကို မြင်လိုက်ရသည်။ သူသည် သူ့ကိုယ်သူ မရယ်မောဘဲ မနေနိုင်တော့ပေ။ ထို့နောက် သူက နှစ်သိမ့်ပေးလိုက်သည် "ကိုယ့်ကိုကိုယ်လည်း အပြစ်တင်မနေပါနဲ့ ။ ရှရီက ငါ့ရဲ့ အသန်မာဆုံး လူတွေထဲက တစ်ယောက်ပဲ။ သူ့ရဲ့ လှံသိုင်းပညာရပ်က အင်ပါယာ တစ်ခွင်မှာတောင် ကျော်ကြားတယ်။ သူက သံချပ်ကာဝတ် အုပ်စိုးရှင်လှံဘွဲ့ကို ပိုင်ဆိုင်ထားတယ်။ မင်းအနေနဲ့ သူ့ကိုရှုံးနိမ့်တာက ပုံမှန်ပါပဲလေ"

ချင်ယွင်လည်း ခေါင်းညိတ်လိုက်သည်။ အစောပိုင်းက သူသည် ရှရီ၏ လှံသိုင်းပညာ၏ ကြောက်ရွံ့ထိတ်လန့်ဖွယ်ကို ကိုယ်တိုင် ကြုံတွေ့ခဲ့ဖူးသည်။ အထူးသဖြင့် ရှရီသည် ချင်ယွင်၏မျက်ခုံးကြား နေရာကို လှံဖြင့် ထိုးလိုက်သောအခါ၊ ချင်ယွင်သည် ရှရီ၏လှံမှ လွှမ်းမိုးကြီးစိုးနိုင်ခြင်း စွမ်းအား၏ အရိပ်အယောင်ကို ခံစားလိုက်ရသည်။ အရိပ်အယောင် တစွန်းတစမျှသာ ဖြစ်သော်လည်း သူနှင့်ပတ်သက်သည့် ထိတ်လန့် တုန်လှုပ်ဖွယ်အကြောင်းကို ထပ်မံကြားရပြီးနောက် ယင်းက လုံလောက်ပါပြီ.။

နယ်မြေ(ဒိုမိန်း)တစ်ခု၏ စွမ်းအားသည် ကြောက်စရာကောင်းသော စွမ်းအားတစ်ခု ဖြစ်သည်။ နယ်မြေတစ်ခုအတွင်းမှာ၊ နယ်မြေကိုထုတ်ဖော်ထားသည့် ပိုင်ရှင်သည် ပြိုင်ဘက်ကင်း ဖြစ်သည်။ (ဒိုမိန်း-ကို နယ်မြေဟုပင် ပြန်ဆိုလိုက်ပါမည်။)

ချင်ယွင်သည် အရင်က နယ်မြေတစ်ခု၏ စွမ်းအားကို တစ်ခါမျှ နားမလည်ခဲ့ဖူးဘဲ ဓားသိုင်းပညာရပ်ကို ဓားဆန္ဒအဆင့်အထိသာ နားလည်ခဲ့ပါသည်။

ချင်ယွင်သည် နယ်မြေကို နားလည်သဘောပေါက်သည့် အစစ်အမှန် အင်မော်တယ် တစ်ဦးကို တစ်ကြိမ်တွေ့ဖူးသည်။ ဤအစွမ်းထက်သော နယ်မြေကို အားကိုးပြီး ထိုအင်မော်တယ်သည် သူနှင့် အဆင့်တူ ရန်သူဆယ်ယောက်ကို တိုက်ရိုက် သတ်ပစ်လိုက်သည်။ သူ၏ ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်ရေး စွမ်းရည်မှာ အမှန်တကယ်ပင် ကြောက်မက်ဖွယ်ကောင်းသည်။

ထို့ကြောင့် ရှရီသည် သူ၏လှံသိုင်းပညာကို နယ်မြေစွမ်းအား၏ လမ်းကြောင်းနှင့် ထိတွေ့နိုင်ခဲ့ခြင်းမှာ မယုံနိုင်စရာကောင်းလောက်အောင်ပင် ဖြစ်နေပြီ ဖြစ်သည်။

"သူနားလည်ထားတဲ့ ဒီလှံစွမ်းအားထဲမှာ နယ်မြေစွမ်းအင် ပါဝင်နေမှန်းတောင် သူ သိချင်မှ သိလိမ့်မယ်" ချင်ယွင်သည် စိတ်ထဲတွင် ပြောလိုက်သည် ။

ယခုတော့ ထိုရှရီသည် မောက်မာလွန်းလှသည် မဟုတ်ကြောင်း သူနားလည် လာခဲ့သည်။

မဟာကမ္ဘာကြီး တစ်ထောင်တွင် ပါရမီရှင် အမျိုးမျိုး ရှိခဲ့ပါသည်။

ဒြဗ်စင်စွမ်းရည်များ၏ ပေါင်းစပ်ခြင်းသဘောတရားကို နားလည်ထားသူ ချင်ဘာတန် ပဲဖြစ်ဖြစ်၊ နယ်မြေတစ်ခု၏စွမ်းအား တစွန်းတစကို အကြောင်းတိုက်ဆိုင်ပြီး မတော်တဆ နားလည်သွားခဲ့တဲ့ အုပ်စိုးရှင်လှံသခင် ရှရီပဲဖြစ်ဖြစ်၊ အကယ်၍ သူတို့ မသေသေးသမျှ သူတို့၏အနာဂတ် အောင်မြင်မှုများက နိမ့်ကျမှာ မဟုတ်ပါဘူး။ အကယ်၍ သူတို့သည် သူတို့၏ ကျင့်ကြံခြင်းနယ်ပယ်များတွင် အတားဆီး ကန့်သတ်ဖြစ်ပြီး ရှေ့ဆက် အဆင့်မချိုးဖြတ်နိုင်ဘူးဆိုလျှင်ပင် ၊ သူတို့သည် တူညီသော နယ်ပယ်တွင် ပြိုင်ဘက်ကင်းပုဂ္ဂိုလ်များ ဖြစ်လာကြလိမ့်မည်။

ဤအချက်ကို နားလည်ပြီးနောက် ချင်ယွင်သည် ယခုအချိန်တွင် သူ၏ ရှုံးနိမ့်မှုအတွက် နောင်တရစရာ မရှိတော့ပေ။ ယင်းအစား သူသည် ပြင်းထန်သည့် တိုက်ပွဲဝင်လို စိတ်များ တစ်ဖန်ပြန်လည် မြင့်တက်လာခဲ့သည်။

သိုင်းမြို့စားဘိုင်ယွန်သည် ချင်ယွင်၏ တိုက်ခိုက်လိုစိတ်များ ပြန်လည်မြင့် တက်လာ သည်ကို မြင်ရလျှင် သူ၏မျက်လုံးများတွင် အပြုံးရိပ်တစွန်းတစ ပေါ်လာသည်။

ရှရီ၏ အစွမ်းပြမှုသည် ဤကဲ့သို့လုပ်ဆောင်ရန် လျှို့ဝှက်စွာဖြင့် အတိအကျ သူ ညွှန်ကြားထားခြင်းဖြစ်သည်။ သူ၏ ရည်ရွယ်ချက်မှာ အခြားထူးထူး ခြားခြား ဘာမှမရှိပေ။ ချင်ယွင်သည် ရှုုံ့နိမ့်သွားပြီးနောက် သူသည် သူ၏ မာန်မာနကြီးထွားမူများ လွန်ကဲမလာစေရန်ဖြစ်သည်။

သိုင်းမြို့စားဘိုင်ယွန်၏ နည်းလမ်းသည် အလွန်အောင်မြင်ခဲ့သည်မှာ ထင်ရှားသည်။ သူသည် ချင်ယွင်၏ ထက်မြက်မှုကို အမှန်တယ် ထိန်းထားနိုင်သည့်အပြင် သူ၏ တိုက်ခိုက်လိုသည့် စိတ်ဆန္ဒကိုလည်း ရရှိစေခဲ့သည်။

သို့သော် ချင်ယွင်သည် သူ၏စိတ်ထဲတွင် လျှို့ဝှက်စွာ ဆုံးဖြတ်ချက်ချထားခဲ့ကြောင်း ကိုတော့သူမသိခဲ့ပေ။

တုလုံးကျွန်းမှ ပြန်ထွက်လာပြီးနောက် သူသည် ရှရီကို နောက်တစ်ကြိမ် တိုက်ခိုက်မည် ဖြစ်ပြီး သူ့ကို တစ်ကြိမ်ထက်မက ပြင်းပြင်းထန်ထန် နှိပ်စက်ပြမည် ဖြစ်သည်။

အကယ်၍ ချင်ယွင် တွေးနေသည့်အရာကို ရှရီ သိခဲ့ပါက၊ ယနေ့ ရက်စက်စွာ ပြုမူခဲ့သည့်အတွက် သူ နောင်တရနေလိမ့်မည် ။

အခန်း(၂၂၈)အမာခံခံတပ်စခန်းသို့ရောက်ရှိခြင်း။

နောက်နှစ်ရက်အကြာတွင် ချင်ယွင်နှင့် အခြားသူများသည် အတော်လေး ငြိမ်သက် သွားကြသည်။

ခရီးအလယ်တွင် ကြုံတွေ့ခဲ့ရသော အဆင့်လေး ဆိတ်သုဉ်းခြင်း သားရဲအားလုံးသည် ရှရီ၏လှံအောက်တွင် စိတ်ဝိညာဉ်များအဖြစ်သို့ ပြောင်းလဲသွားခဲ့ရသည်။

သိုင်းမြို့စားဘိုင်ယွန်၏တစ်ခုတည်းသောလှုပ်ရှားမှုမှာ နဝမအဆင့်ကောင်းကင်အလွှာ သိုင်းမြို့စားအဆင့် ကျွမ်းကျင်သူတဦးနှင့် ယှဉ်နိုင်သော ပင်လယ်နက်ထဲရှိ အဖြူရောင် ရေနဂါးကိုကိုင်တွယ်ရန်ဖြစ်သည်။

ထိုအချိန်တွင် သိုင်းမြို့စားဘိုင်ယွန်သည် တစ်ချက်မျှသာ လှုပ်ရှားခဲ့ပြီး သူ၏ ဝတ်စုံလက်မောင်းကို ဝှေ့ယမ်းကာ အလွန်အစွမ်းထက်သော လေဓားကြီးတစ်လက်ကို ထုတ်ဖော်လိုက်သည်။ နဝမအဆင့် ကောင်းကင်အလွှာ သိုင်းမြို့စား ကျွမ်းကျင်သူ တစ်ဦးနှင့် ယှဉ်နိုင်သော ပင်လယ်နက်ထဲရှိ အဖြူရောင် ရေနဂါးကြီးသည် နှစ်ခြမ်းကွဲ သွားခဲ့သည်။

နောက်ဆုံးတွင်၊ ဤဆိတ်သုဉ်းခြင်းသားရဲအလောင်းများ အားလုံးသည် ရှောင်ဘိုင်၏ ဗိုက်ထဲသို့ ဝင်ရောက်သွားကြသည်။ ဤအရာက ရှောင်ဘိုင်၏ခွန်အားကို တိုးမြင့်လာ စေသည်။ အထူးသဖြင့် ပင်လယ်နက်ထဲရှိ အဖြူရေနဂါးကြီးကို မျိုချပြီးနောက် ရှောင်ဘိုင်၏ ခွန်အားသည် သာမန် သတ္တမအဆင့် ကောင်းကင်အလွှာ သိုင်းမြို့စားအဆင့် ကျွမ်းကျင်သူဦး၏ ခွန်အားအထိ တိုက်ရိုက်တိုးမြင့်လာခဲ့သည်။

သိုင်းမြို့စားဘိုင်ယွန်က ဤအရာကိုမြင်လျှင် သူ၏ရင်ထဲမှာ ထိတ်လန့်သွားခဲ့သည်။

"တကယ်ကို မွန်းစကားတဦးရဲ့ အိမ်မွေးတိရစ္ဆာန်ဖြစ်ဖို့ ထိုက်တန်တာပဲ။ တကယ်ကို ပုံမှန်မဟုတ်ဘူးပဲ" ဒါက ချင်ယွင် နဲ့ ရှောင်ဘိုင်တို့အပေါ် ရှရီရဲ့ အကဲဖြတ်ချက်ပါ။

ရှောင်ဘိုင် ၏ ကြီးထွားနှုန်းသည် ချင်ယွင်ထက် နှေးကွေးခြင်းမရှိသည့်အပြင် ချင်ယွင် ထက်ပင်ပိုမြန်သည်။

အဆင့်လေး ဆိတ်သုဉ်းခြင်းသားရဲ အနည်းငယ်ကို မျိုချပြီးနောက်၊ သူ၏အင်အားသည် စတုတ္ထအဆင့် ကောင်းကင်အလွှာ သိုင်းမြို့စားအဆင့်မှ သတ္တမအဆင့် ကောင်းကင်အလွှာ သိုင်းမြို့စားအဆင့်သို့ အမှန်တကယ် တိုးလာခဲ့သည်။ ဤကြောက်မက်ဖွယ်အရှိန်အဟုန်သည် လူများကို သေလောက်အောင် ကြောက်လန့် စေခဲ့သည်။

သိုင်းမြို့စားဘိုင်ယွန်သည် သူ၏ရန်သူဖြစ်လာမည့်အစား ချင်ယွင်ကို ကြိုးဖြင့် ချည်နှောင်ရန် ရွေးချယ်ခဲ့ခြင်းအတွက် ပို၍ပို၍ပင် ဝမ်းသာသွားသည်။

ထိုကဲ့သို့သော သဘာဝကိုကျော်လွန်နေသည့် ပေါင်းစပ်အင်အားစုမျိုးကို ရင်ဆိုင် ကြုံတွေ့နေရပြီး သူတို့၏ ကြီးထွားမှုနှုန်းကလည်း ကြောက်စရာ ကောင်းလွန်းသည်။ အကယ်၍ သူတို့ ကြီးထွားရန် အခွင့်အလမ်း ဆက်လက်ထားပေးမည်ဆိုလျှင်၊ သူတို့၏ ကြီးထွားမှုနှုန်းက သူတို့ရန်သူအတွက် အိပ်မက်ဆိုးတစ်ခုဖြစ်လာလိမ့်မည်။

သေချာသည်မှာ, ရှောင်ဘိုင်၏ ခွန်အားများ တိုးလာခဲ့သလို ချင်ယွင်ဟာလည်း ယခု နှစ်ရက်အတွင်းမှာ ဘာမှမလုပ်ဘဲ မနေခဲ့ပါဘူး။ သူသည် လေစွမ်းရည် သဘော တရားကို နားလည် ဆင်ခြင်နေခဲ့ပါသည်။

လျှပ်စီးစွမ်းရည်သဘောရားကို လျှပ်စီးစွမ်းရည်ကိုယ်ပွားမှ နားလည်ဆင်ခြင်နေပြီး သစ်သားစွမ်းရည်သဘောတရားကို သစ်သားစွမ်းရည် ကိုယ်ပွားမှ နားလည် ဆင်ခြင် ထားသည်။

လေစွမ်းရည်သဘောတရားသာလျှင် ချင်ယွင်သည် နားလည်သဘောပေါက်ရန် လိုအပ်သည်။

ဤကာလအတွင်း ချင်ယွင်သည် လှည့်ပတ်ပြေးလွှားရင်း အလုပ်များနေခဲ့ပြီး လေစွမ်းရည်သဘောတရားကို နားလည်ဆင်ခြင်ရန်အတွက် လျစ်လျူရှုထားခဲ့ရသည်။

နှစ်ရက်ကြာ နားလည်ဆင်ခြင်ပြီးနောက် ချင်ယွင်သည် လေစွမ်းရည်သဘောတရားကို ထိုးထွင်းသိမြင်လာခဲ့သည်။ လေထုဖြတ်တောက်ခြင်း သဘောတရားနှင့် လေဝိညာဉ် နှစ်မျိုးစလုံးသည် တတိယအဆင့်သို့ ဖြတ်ကျော်သွားမည့် လက္ခဏာများ ပြသလာခဲ့ သည်။

ရန်စီချီ နှင့် ချန်မင်ရှီတို့သည် ရည်ရွယ်ချက်ရှိရှိဖြင့် ကျင့်ကြံခြင်း မပြုခဲ့ကြပေ။ သူမတို့သည် မည်သည့်အချိန်ကတည်းက မှန်းမသိ ညီအစ်မကောင်းများပင် ဖြစ်လာခဲ့ ကြသည်။ မကြာခဏ အတူထိုင်ပြီး စကားစမြည် ပြောကြသည်။ သေချာသည်မှာ အများစုကတော့ ချင်နင်းမြို့မှာရှိခဲ့စဉ်က ချင်ယွင်၏ လုပ်ရပ်များအကြောင်းကို ရန်စီချီက ပြောပြနေခဲ့ခြင်း ဖြစ်ပါသည်။

ဤစကားများကိုကြားရလျှင် ချန်မင်ရှီသည် အံ့သြသည့်အမူအရာကို ထုတ်ပြပြီး ချင်ယွင်နှင့် ပတ်သက်ပြီး ပို၍ပင် သိချင်လာခဲ့မိသည်။

နှစ်ရက်တာသည် လျင်မြန်စွာ ကုန်လွန်သွားသည့်အခါ ချင်ယွင်နှင့် အခြားသူများသည် ခရီးရှည်ကြီးတခုနှင်ပြီးနောက် နောက်ဆုံးတွင် အမာခံခံတပ်ကျွန်းသို့ ရောက်ရှိ လာခဲ့ကြသည်။

ချင်ယွင်သည် သင်္ဘော၏ လေးကိုင်းပေါ်ဘက်တွင် ရပ်ကာ မြို့ငယ်လေးအဖြစ် ပြောင်းလဲထားသော အမာခံခံတပ်စခန်းရှိသည့် ကျွန်းလေးကို ကြည့်လိုက်သည်။ သူ၏ မျက်လုံးများတွင် လေးနက်မှု အရိပ်အယောင်များ ပေါ်လာသည်။

သူသည် အနာဂတ်တွင် ဘေဟိုင်သိုင်းမြို့စားနှင့် သိုင်းမြို့စားချင်းယွန် တို့ကို ရင်ဆိုင်နိုင်ရ ဖွယ်ရှိသည်ကို သူသိသည်။

သိုင်းမြို့စားချင်းယွန်သည် သူ၏အိမ်တော်ထိန်း အသတ်ခံရခြင်း၏ အကြောင်း အရင်းကို သိသွားပြီလား ဆိုသည်ကို ချင်ယွင် မသိပေ။

သို့သော်၊ ဘေဟိုင်သိုင်းမြို့စားသည် သေချာပေါက် သူ့ကို ရှာဖွေ နေပေလိမ့်မည်။ ဝမ်ယွီမြို့မှာတုန်းက သူသည် သူ့ဒုတိယသား၏ ကျင့်ကြံမူအဆင့်နှင့် ခြေထောက်များကို သုံးစားမရဖြစ်အောင် လုပ်ပစ်ခဲ့သည်။ ဘေဟိုင်သိုင်းမြို့စားချင်း၏ စိတ်နေသဘောထားအရ၊ သူသည် သူ့ကို လွယ်လွယ်ကူကူ လွှတ်ထားမည် မဟုတ်ပေ။

ချင်ယွင်သည် သိပ်အများကြီး မစဉ်းစားတော့ပေ။ သူတို့အားလုံး ဤနေရာတွင် ရှိနေသောကြောင့် ဘေဟိုင်သိုင်းမြို့စားက သူ့ကိုလာရှာမည်ဆိုလျှင်ပင် ချင်ယွင်က သူ့ကို မကြောက်ပေ။ သူသည် ဤနေရာတွင် သိုင်းမြို့စားဘိုင်ယွန်နှင့် အတူရှိပြီး သိုင်းမြို့စားဘိုင်ယွန်သည် ငြိမ်သက်စွာ ထိုင်နေမည် မဟုတ်သည်မှာ သေချာသည်။

ထို့အပြင်၊ အကယ်၍ သူသည် ထိုအချိန်တွင် ၎င်းတို့ကို အနိုင်မယူ နိုင်ခဲ့လျှင်ပင် သူသည် တုလုံကျွန်းသို့ ထွက်ပြေးလွတ်မြောက်နိုင်မည် ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ဘေဟိုင်သိုင်းမြို့စားသည် တုလုံးကျွန်းထဲသို့ ဝင်ရောက်ရဲမည် မဟုတ်ပေ။

တုလုံး ကျွန်းအကြောင်းပြောရင်း ချင်ယွင်သည် အနောက်မြောက်ဘက်အရပ်သို့ လှမ်းကြည့်လိုက်သည်။ ခံတပ်ကျွန်းထက် ဆယ်ဆပိုကြီးပြီး ခံတပ်ကျွန်းမှ ဆယ်မိုင်ခန့်အကွာတွင် ကြီးမားသော ကျွန်းကြီးတစ်ကျွန်း ရှိနေသည်။

ကျွန်းတစ်ကျွန်းလုံးကို အစွမ်းထက်သည့် အစီအရင်ဝင်္ကပါတခုဖြင့် ဖုံးအုပ်ထားသည်။ ချင်ယွင်သည် အကြည့်တချက်ဖြင့်ပင် ဤအစီအရင်ဝင်္ကပါသည် အစစ်အမှန် အင်မော်တယ်အဆင့် ကျွမ်းကျင်သူများကိုပင် သတ်ဖြတ်နိုင်သည့် ကြောက်မက်ဖွယ် အစွမ်းကို ပိုင်ဆိုင်ထားသော ဒဏ္ဍာရီလာအဆင့်ကိုး အစီအရင်ဝင်္ကပါတခုဖြစ်ကြောင်း သူပြောနိုင်ပါသည်။

ဤကဲ့သို့ ကြီးမားပြီး အစွမ်းထက်သော အစီအရင်ဝင်္ကပါတခုကို တည်ဆောက်ရန် အတွက် အစီအရင်မှော်ပညာရှင်သည် အနည်းဆုံး အဆင့်တစ်ဆယ် အစီအရင်ဝင်္ကပါ အစီအရင်မှော်ပညာရှင်တစ်ဦး ဖြစ်ရလိမ့်သည်။ တစ်နည်းဆိုရသော် အစီအရင်ဝင်္ကပါ ကို တည်ဆောက်သူသည် အနည်းဆုံး နက်နဲသိမ်မွှေ့ခြင်းနယ်ပယ်ရှိ အင်မော်တယ် တစ်ဦး၏ အစွမ်းမျိုး ရှိရလိမ့်သည်။

ဤသေမျိုးကမ္ဘာတွင် အဘယ်ကြောင့် သိမ်မွေ့နက်နဲခြင်းနယ်ပယ်၏ အင်မော်တယ် အဆင့် ကျွမ်းကျင်သူတစ်ဦးကို ပိုင်ဆိုင်ထားရသည်ကို ချင်ယွင် နားမလည်နိုင်ပေ။

အင်မော်တယ်ကမ္ဘာနှင့် သေမျိုးကမ္ဘာကို လေဟာနယ်တံတိုင်းကြီး အကာရံများဖြင့် ပိုင်းခြားထားသည်။ အင်မော်တယ် ဧကရာဇ်တစ်ပါး၏ ခွန်အားကို မပိုင်ဆိုင်ထား ဘူးဆိုလျှင် လေဟာနယ်တံတိုင်းအတားအဆီးကို ဖွင့်ဖို့ရန် မဖြစ်နိုင်ပေ။

ထို့အပြင် တုလုံကျွန်းအောက်တွင် ကြီးမားသော အင်မော်တယ်သင်္ချိုင်းမြေတစ်ခု ရှိကြောင်း သိုင်းမြို့စားဘိုင်ယွန်က ပြောကြားခဲ့ဖူးသည်။ ဤအင်မော်တယ် သင်္ချိုင်းမြေ သည် အင်မော်တယ်ဧကရာဇ်တစ်ပါး၏ သင်္ချိုင်းမြေ ဖြစ်နိုင်ပါသလား။

“ဒါကဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။

အင်မော်တယ်ဧကရာဇ်တစ်ပါးသည် လွယ်လွယ်ကူကူဖြင့် မည်ကဲ့သို့ သေဆုံးနိုင်မည် နည်း၊ ၎င်းသည် အဘယ်ကြောင့် ဤသေမျိုုး ကမ္ဘာသို့ ရောက်လာရသနည်း။

သူ၏စိတ်ထဲတွင် သံသယများ ဆက်တိုက်ဝင်လာနေသည်။ ချင်ယွင်သည် အလွန်အမင်း မစဉ်းစားရန် ဆုံးဖြတ်လိုက်ရသည်။ တုလုံကျွန်းကို သူဝင်လိုက်သည်နှင့် မည်သည့်အရာများ ဖြစ်ပျက်ခဲ့လဲဆိုသည်ကို သူ သိသွားလိမ့်မည်။

ချင်ယွင်၊ သိုင်းမြို့စားဘိုင်ယွန် နှင့် အခြားသူများသည် ကမ်းစပ်တွင် ရပ်လိုက်ပြီး ကမ်းစပ်မှတဆင့် လမ်းလျှောက်သွားကြသည်။

ထိုအချိန်တွင် အမာခံခံတပ်ကျွန်းတစ်ဝိုက်တွင် သင်္ဘောကြီးများ ရပ်နားထားကြသည်။ တပ်ဖွဲ့ဝင်အများစုသည် ဤနေရာသို့ ရောက်ရှိနေပြီ ဖြစ်ရမည်။

ချင်ယွင် နှင့် အခြားသူများသည် အမာခံခံတပ်မြို့ငယ်လေးဆီသို့ လျှောက်သွား ကြသည်။

အင်ပါယာသည် အခြားသော အင်အားစုများ သို့မဟုတ် တကိုယ်တော် ကျင့်ကြံသူ များကို ဝင်ရောက်ခြင်းမပြုရန် တားမြစ်ထားခြင်း မရှိသောကြောင့် ဤမြို့ငယ်လေး သည် အလွန်အသက်ဝင်သည်။

လမ်းဘေးနှစ်ဘက်တွင် ဈေးဆိုင်များ ခင်းကျင်းထားပြီး ဝိညာဉ်ဆေးမျိုးစုံ၊ ကျင့်ကြံခြင်းနည်း ပညာရပ်များနှင့် လက်နက်များ ရောင်းချနေသူများပင် ရှိနေကြ သည်။

ချင်ယွင်သည် တချက် အကဲခတ်ကြည့်လိုက်သည်။ ဤပစ္စည်းများ အများစုသည် ရှေးဟောင်းပစ္စည်းများဖြစ်ကြသော်လည်း အစစ်အမှန် ရတနာများက အနည်းငယ်သာ ရှိကြပြီး သူ၏မျက်လုံးထဲသို့ ဝင်ရောက်နိုင်သည့် ပစ္စည်းများက နည်းပါးသည်။

“တကယ်လို့ မင်း ရတနာပစ္စည်းတချို့ကို ဝယ်ချင်တယ်ဆိုရင် ဒီမြို့ငယ်လေးရဲ့ အလယ်ဗဟိုမှာရှိတဲ့ တိုင်ယွန်ကုန်သည်ကြီးများ အသင်းဆီ သွားလိုက်ပါ။ အတွင်းမှာရှိတဲ့ ပစ္စည်းတွေက အတော်လေးပြည့်စုံပြီး အားလုံးကလည်း အဖိုးတန်ရတနာတွေပဲ။” သိုင်းမြို့စားဘိုင်ယွန်က ဤပစ္စည်းရောင်းသူများကို သူအာရုံစိုက်နေသည်ကို တွေ့သောအခါ ချင်ယွင်အား ကြင်နာစွာ သတိပေးလိုက်သည်။

"ဒီမှာ တိုင်ယွန်ကုန်သည်ကြီးများအသင်းလည်း ရှိတာလား?" ချင်ယွင်က အံ့သြစွာမေးလိုက်သည်။

သိုင်းမြို့စားဘိုင်ယွန်က ပြုံးပြီးပြောသည် " တိုင်ယွန်ကုန်သည်ကြီးများ အသင်းဟာ သြဇာကြီးမားပြီး အင်ပါယာရဲ့ မြို့ကြီးတွေမှာ ပျံ့နှံ့နေတယ်။ ကျင့်ကြံသူတွေ မကြာခဏ လာရောက်လေ့ရှိတဲ့ နေရာတစ်ခုအနေနဲ့ တိုင်ယွန်ကုန်သည်ကြီးများ အသင်း ဒီနေရာမှာ မရှိဘူးဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။

ချင်ယွင်သည်လည်း အနည်းငယ် မျက်မှောင် ကြုတ်လိုက်မိပါသည်။

မိုးကြိုးဝိညာဉ်မြို့မှာတုန်းက သူသည် ဂျီယွမ်ဟုအမည်ရသည့် အကောင်တကောင်ကို ပြစ်မှားခဲ့ဖူးသည်။ ဤလူသည် တိုင်ယွန် ကုန်သည်ကြီးများအသင်း၏ အထက်တန်းစား တစ်ဦးဖြစ်သင့်ပြီး သူသည် တိုင်ယွန်ကုန်သည်ကြီးများအသင်းဥက္ကဌ၏ သားပင် ဖြစ်ပုံရသည်။

"တိုင်ယွန်ကုန်သည်ကြီးများအသင်း ရဲ့ဥက္ကဌက ဂျီမျိုးရိုး အမည်ရှိသူလား။" ချင်ယွင်က မေးသည်။

သိုင်းမြို့စားဘိုင်ယွန်သည် အနည်းငယ် အံ့အားသင့်သွားပြီး "မှန်ပါတယ်၊ တိုင်ယွန်ကုန်သည်ကြီးများအသင်း ဥက္ကဌက ဂျီလို့မျိုးရိုး နာမည်ပေးထားသူပဲ။ သူ့နာမည်က ဂျီချွန်ရှန်ပဲ။ တစ်ချိန်တည်းမှာပဲ သူက အင်ပါယာမြို့တော်မှာရှိတဲ့ မျိုးနွယ်စုကြီးသုံးခုထဲ တစ်ခုအပါအဝင်ဖြစ်တဲ့ ဂျီကလန်ရဲ့ ခေါင်းဆောင်လည်း ဖြစ်တယ်။”

ချင်ယွင်၏ မျက်လုံးများသည် အံ့အားသင့်စွာဖြင့် တောက်ပလာသည်။

တိုင်ယွန်ကုန်သည်ကြီးများအသင်းသည် အင်ပါယာမြို့တော်ရှိ မျိုးနွယ်စုကြီး သုံးခုအနက်မှ တစ်ခုဖြစ်သည့် ဂျီကလန်မှ ပိုင်ဆိုင်ကြောင်း သူတွေ့ရှိရသည်။ ဂျီယွမ်သည်လည်း ဂျီကလန်၏ အဖွဲ့ဝင်ဖြစ်သင့်သည်ဟု ထင်ရသည်။ သူ ဒီတခေါက် တုလုံကျွန်းကို ရောက်လာခဲ့ခြင်း ရှိမရှိ သူလည်း မသိခဲ့ပေ။

အကယ်၍ သူရောက်လာခဲ့မည်ဆိုလျှင် ချင်ယွင်သည် ယခုတစ်ကြိမ်တွင် အခြားရန်သူ တစ်ဦး ရှိလာရလိမ့်မည်။

ယခု ချင်ယွင်တွင် ရန်သူ အနည်းငယ် ရှိပြီးဖြစ်နေပါသည်။

ဘေဟိုင်သိုင်းမြို့စားစံအိမ်၊ ဂျီကလန် နှင့် လင်းကလန် ၊ ချင်းယွန်သိုင်းမြို့စား စံအိမ်နှင့် အင်ပါယာမြို့တော်ရဲ့ မဟာမျိုးနွယ်စုကြီး သုံးခု။

မဟာအင်အားစုကြီး စုစုပေါင်း လေးခုရှိပြီး ဤအင်အားစုကြီးလေးခုစလုံးသည် ထိပ်ထန်းစွမ်းအားများကို ပိုင်ဆိုင်ထားကြသည်။ အကယ်၍ သာမန်လူ တစ်ယောက်သည် သူတို့ကို စော်ကားမိလျှင် ခေါင်းကိုက်ဖို့ လုံလောက်ပါသည်။

အကယ်၍ တစ်စုံတစ်ယောက်သည် ချင်ယွင်ကဲ့သို့ အင်အားစုကြီးလေးခုကို တစ်ပြိုင်နက်တည်း ရန်စလိုက်မည်ဆိုလျှင်၊ သူတို့သည် သူတို့၏ သင်္ချိုင်းများတွင် အချိန်အတော်ကြာကတည်းက မြက်ပင်များပင် ပေါက်နေလောက်ပါပြီ။ (သေတာကြာပြီဆိုလိုဟန်)

"တုလုံကျွန်းကိုသွားမယ့် ဒီခရီးစဉ်က ပြောပြလို့မရနိုင်အောင် ခေါင်းကိုက်စေမယ့်ပုံပဲ။" ချင်ယွင်သည် မထိန်းနိုင်ဘဲ သက်ပြင်းချလိုက်မိသော်လည်း သူ၏မျက်လုံးများတွင် ကြောက်ရွံ့မှု အရိပ်အယောင် အနည်းငယ်မျှ မရှိပေ။

“သူ့ကို သတ်ချင်တယ်ဆိုရင်တော့ အင်အားစုကြီးလေးခုဖြစ်တော့ရော ဘာဖြစ်လဲ။”

အခန်း(၂၂၉)အင်အားစုကြီးဆယ်ခု။

အင်အားစုကြီးဆယ်ခုကို ယခုလို စုစည်းခြင်းသည် အင်ပါယာအတွက် အလွန်သာယာသော အချိန်ဖြစ်လာသည်။ အင်အားစုကြီးဆယ်ခု၏ ပါရမီရှင်များ မည်သို့မည်ပုံရှိသည်ကို လူတိုင်းက စိတ်အားထက်သန်စွာ ကြည့်နေကြသည်။

ဤအင်အားစုကြီးဆယ်ခုမှာ သိုင်းမြို့စားကြီးလေးပါး၊ မျိုးနွယ်စုကြီးသုံးခု၊ ထိပ်တန်းဂိုဏ်းကြီး နှစ်ခုနှင့် သာလွန်ထူးကဲသည့် အစွမ်းကို ပိုင်ဆိုင်ထားသော အင်ပါယာမိသားစုတို့ ဖြစ်ကြပါသည်။

သိုင်းမြို့စားကြီးလေးပါးမှာ သိုင်းမြို့စားချင်းယွန်၊ သိုင်းမြို့စားဘိုင်ယွန်၊ ဘေဟိုင်သိုင်းမြို့စားနှင့်၊ ပိရှစ်သိုင်းမြို့စားတို့ ဖြစ်ပါသည်။

သိုင်းမြို့စားကြီးလေးပါးသည် သိုင်းမြို့စားနယ်ပယ်၏ နဝမအဆင့် အထွတ်အထိပ်တွင် ရှိကြပြီး သူတို့၏ အားသာချက်များမှာလည်း တန်းတူနီးပါး ဖြစ်ကြပါသည်။

သိုင်းမြို့စားချင်းယွန်နှင့် သိုင်းမြို့စားဘိုင်ယွန်တို့ကို အထူးအထွေ ပြောစရာပင် မလိုတော့ပေ။ ဘေဟိုင်သိုင်းမြို့စားသည် ဖက်တီးကြီးတစ်ဦး ဖြစ်သည်ဟု ဆိုကြပါ သည်။ သူသည် မြေကြီးစွမ်းရည်အမျိုးစား သဘောတရားကို နားလည်ထားပါ သည်။ ဤလူသည် သေချာပေါက် ရန်စလို့ကောင်းသူ တစါဦးမဟုတ်ပေ၊ ထို့ပြင် သူ၏ ခွန်အားကိုလည်း လျှော့တွက်၍ မရပေ။

ပိရှစ်သိုင်းမြို့စားနှင့် ပတ်သက်၍မူ ချင်ယွင်သည် သူမအကြောင်း လုံးဝ သိရှိနားလည်ထားခြင်း မရှိပေ။ သူမသည် အမျိုးသမီးတဦး ဖြစ်ကြောင်းသာ သူသိထားပါသည်။ ချင်ယွင်၏ အမြင်အရဆို သိုင်းမြို့စားတစ်ဦး ဖြစ်လာနိုင်သည့် အမျိုးသမီးတစ်ဦးသည် နူးညံ့သည့် နှလုံးသားနှင့် ကြင်နာတတ်သူတစ်ဦး မဟုတ်သည်မှာ သေချာပါသည်။ (ဤလေးဦးသည် သိုင်းမြို့စားအဆင့် ကျွမ်းကျင်ပညာရှင်များဖြစ်သောကြောင့် “သိုင်းမြို့စားကြီး”ဟုခေါ်ခြင်းမဟုတ်ပါ။ သူတို့သည် စီရင်စုတစ်ခုစီကို အုပ်ချုပ်ရသောကြောင့် သိုင်းမြို့စားမြို့စားကို သိုင်းမြို့စားဟု ပြန်ဆိုထားခြင်း ဖြစ်ပါသည်။)

ထိပ်တန်းဂိုဏ်းနှစ်ခုမှာ ဓားငယ်လေးဂိုဏ်းနှင့် ဧကရာဇ်ကျောင်းတော်တို့ ဖြစ်သည်။

ဤဂိုဏ်းအမည်များနှင့်ပတ်သက်လျှင် ချင်ယွင်၏ နားလည်မှုမှာ အကန့်သတ်ရှိသည်။ အင်မော်တယ်ကမ္ဘာမှာပင် ဓားငယ်လေးဂိုဏ်းတစ်ခုရှိကြောင်း ချင်ယွင်သိထားသည်။ သူ၏ရှေ့မှာရှိသည့် ဤဓားငယ်လေးဂိုဏ်းနှင့် ပတ်သက်ဆက်နွယ်ခြင်း ရှိမရှိ သူမသိပေ။

ချင်ယွင်သည် မဟာမျိုးနွယ်စုကြီးသုံးခုနှင့် ပတ်သက်၍ သိုင်းမြို့စား ဘိုင်ယွန်ကို အထူးတလည် မေးမြန်းခဲ့ပြီး ၎င်းတို့မှာ လင်းကလန်၊ ဂျီကလန်နှင့် ဖန်းကလန်တို့ ဖြစ်ကြောင်း သူ သိရှိထားပါသည်။

လင်းမျိုးနွယ်စု၏ ခေါင်းဆောင်မှာ အင်ပါယာ၏ မဟာစစ်သူကြီး လင်းထျန်ဘ ဖြစ်ပါသည်။ လင်းကလန်သည် မဟာမျိုးနွယ်စုကြီး (၃)စုထဲမှတစ်ခု ဖြစ်လာနိုင်ရခြင်း ၏ အကြောင်းရင်းမှာ လင်းထျန်ဘသည် တပ်ဖွဲ့ဝင်စစ်သည် တစ်သိန်းနှင့် ကျင့်ကြံသူတပ်ဖွဲ့ဝင် တစ်သောင်းကို သူ၏လက်ထဲတွင် ဆုပ်ကိုင်ဆောင်ထားနိုင်သော ကြောင့်ဖြစ်ပြီး သူ၏ သြဇာအာဏာသည် သိုင်းမြို့စားကြီးလေးပါးထက် အားမနည်း ပေ။

ဂျီကလန်သည် တိုင်ယွန်ကုန်သည်ကြီးများအသင်းကို ပိုင်ဆိုင်ပြီး ၎င်းတို့၏ ဩဇာအာဏာသည် အင်ပါယာတစ်ခွင် ပျံ့နှံ့နေသောကြောင့် ၎င်းတို့၏ သြဇာအာဏာ ကိုလည်းလျှော့တွက်၍ မရပေ။

ဖန်းကလန်နှင့်ပတ်သက်၍မူ ချင်ယွင်သည် သိပ်အများကြီး မသိပေ။ ဤမျိုးနွယ်စုသည် နှစ်ပေါင်းတစ်ထောင်တိုင်တိုင် လက်ဆင့်ကမ်း ဆင်းသက်လာခဲ့ကြောင်းသာ သူသိ ထားသည်။

၎င်းမျိုးနွယ်စုသည် နောက်ဆုံးမင်းဆက်ကတည်းက တည်ရှိခဲ့သော ရှေးဟောင်း မျိုးနွယ်စုကြီးတစ်ခု ဖြစ်သည်။

နောက်ဆုံးတခုဖြစ်သည့် အင်ပါယာမိသားစုကိုတော့ အထူးပြောစရာ မလိုပေ။ ၎င်း၏ တန်ခိုးအာဏာသည် ထင်ပေါ်ကျော်ကြားဆုံး ဖြစ်ပါသည်။ အင်ပါယာ၏ လျှို့ဝှက် စွမ်းအားများကို မပြောနှင့်ဦး၊ ဧကရာဇ်မင်းမြတ်ဒါယန်း၏ နဝမအဆင့် ကောင်းကင်အလွှာ အထွတ်အထိပ် ဧကရာဇ်အဆင့် ကျင့်ကြံမူစွမ်းအားကပင် တစ်ဖက် အင်အားစုများကို ခြိမ်းခြောက်ရန် လုံလောက်နေပါသည်။

ယခုတစ်ကြိမ်တွင် အင်အားစုကြီးဆယ်ခုကို စုစည်းပြီး မြို့အလယ်ရှိ ကောင်းကင်နန်းတော်တွင် နေရာချထားသည်။ ၎င်းသည် အင်ပါယာ တော်ဝင်မိသားစု ၏ တော်ဝင်အဆောက်အအုံတခုဖြစ်ပြီး အလွန်ကြီးမားသော ဧရိယာကို လွှမ်းခြုံကာ မြို့၏ သုံးပုံတစ်ပုံနီးပါးကိုပင် သိမ်းပိုက်ထားပါသည်။

သိုင်းမြို့စားဘိုင်ယွန်၏ဦးဆောင်မှုအောက်တွင် ချင်ယွင်နှင့် အခြားလူများသည် ကောင်းကင်နန်း၏ အဓိကခန်းမဆောင်ဆီသို့ လျှောက်သွားကြသည်။

ကောင်းကင်နန်းတော်သည် အမှန်တကယ်ပင် တော်ဝင်အဆောက် အဦးတစ်ခု ဖြစ်ထိုက်ပါသည်။ အဝင်တံခါးကြီးများ တစ်ခုပြီးတစ်ခု ရှိနေပြီး၊ ဥယျာဉ်ပန်းခြံ များကလည်း တစ်ခုပြီးတစ်ခုရှိနေကာ၊ အထဲမှာ လူလုပ်ရေကန်အတုတစ်ခုပင်ရှိသည်။ ပင်လယ်ထဲက ကျွန်းပေါ်မှာ ရေကန်အတုတူးရန် မည်မျှလောက် ကုန်ကြလိုက် မည်နည်း။

ချင်ယွင်သည် အင်ပါယာတော်ဝင်မိသားစု၏ ငွေကြေးနှင့် ပစ္စည်းအရင်းအမြစ်များကို လေးစားရန်မှတပါး ရွေးချယ်စရာ မရှိပေ။ သေမျိုးကမ္ဘာရှိ အင်ပါယာနန်းတော်သည် အင်မော်တယ် ကမ္ဘာရှိ အင်မော်တယ်နန်းတော်နှင့် ကွဲပြားသည်။ ဤနေရာတွင် ပန်းပင်များ၊ မြက်ပင်များ၊ အုတ်ကြွပ်များနှင့် ကြွေပြားများကို လူများက ကိုယ်တိုင်ကိုယ်ကျ နေရာချထားခြင်း ဖြစ်သည်။

သူတို့သည် တကယ့်ကို သာမန်ထက် ထူးခြားသူ ဖြစ်ကြပါသည်။

ကောင်းကင်နန်းတော်ထဲကို ဝင်လိုက်သည်နှင့် ပိုလို့တောင် ဇိမ်ခံပစ္စည်းများ ရှိနေသည်။ နန်းတော်၏အမြင့်မှာ မီတာနှစ်ဆယ်နီးပါးရှိသည်။ နန်းတော်တစ်ခုလုံးသည် အလွန်ကျယ်ဝန်းပြီး လူရာနှင့် ချီနေနိုင်လောက်အောင်ပင် ကျယ်ဝန်းသည်။

ယခုအချိန်တွင် ခန်းမထဲတွင် လူအနည်းငယ်ရှိနေပြီဖြစ်ပြီး အများစုမှာ ပါရမီရှင် တပည့်များ ဖြစ်ကြပါသည်။ သူတို့သည် တစ်ယောက်နှင့်တစ်ယောက် ခံစားချက်များကို ဖလှယ်နေကြသည်။

ဝိုင်တစ်ခွက်ကို ကိုယ်စီသောက်ပြီး အတူတကွစုရုံးနေခဲ့ကြသည့် အလွန် အစွမ်းထက်သော မျိုးဆက်ဟောင်း ပုဂ္ဂိုလ်အချို့လည်း ရှိနေကြပါသည်။

"ဟမ့်………., သိုင်းမြို့စားဘိုင်ယွန်၊ မင်း တကယ် လာဝံ့တယ်ပေါ့!"

သို့သော် ထိုအချိန်တွင် ခန်းမအတွင်းမှ ကျယ်လောင်သော အော်သံတစ်ခု ထွက်ပေါ်လာသည်။ ဆူဖြိုးသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် သူ၏စားပွဲကို ရိုက်လိုက်ပြီး သူ၏ရှေ့ရှိ နံ့သာဖြူစားပွဲသည် ချက်ချင်းပင် အမှုန့် ဖြစ်သွားခဲ့သည်။ ထိုလူသည် တံခါးထဲဝင်လာသည် သိုင်းမြို့စားဘိုင်ယွန်ကို လှမ်းအော်လိုက်သည်။

ကွင်းတစ်ခုလုံး ချက်ခြင်း ငြိမ်ကျသွားပါသည်။ လူငါးဦး ပါဝင်သည့် ချင်ယွင်တို့အဖွဲ့ အထဲသို့ ဝင်လာကြသည်ကို လူတိုင်းက ကြည့်လိုက်ကြပါသည်။

ချင်ယွင်သည် မျက်မှောင်ကြုတ်လိုက်မိသည်။ တစ်ချက်ကြည့် လိုက်ရုံဖြင့် ဤလူသည် ဘေဟိုင်သိုင်းမြို့စားဖြစ်မည်ဟု သူသည် ချက်ချင်း ခန့်မှန်းမိသည်။

"ဘာလို့ မလာနိုင်ရမှာလဲ" သိုင်းမြို့စားဘိုင်ယွန်က အေးစက်စွာ ဟစ်အော်လိုက်ပြီး သူ၏အငွေ့အသက်ကလည်း သိုင်းမြို့စားဘေဟိုင်ထက် မနိမ့်ကျပေ။

"ဟမ့်၊ မင်းလူတွေက ငါ့သားကို ဒဏ်ရာရအောင် တကယ်ကို လုပ်ခဲ့ရဲတယ်။ မင်း သူ့ကို ဒီနေ့ မအပ်ဘူးဆိုရင် ကောင်းကင်နန်းတော်ကနေ ဒီနေ့ မင်း ထွက်သွားနိုင်မှာ မဟုတ်ဘူး။" ဘေဟိုင်သိုင်းမြို့စားက ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး သိုင်းမြို့စားနယ်ပယ်၏ နဝမအဆင့် ကောင်းကင်အလွှာ အထွက်အထိပ် အမြင့်ဆုံး ဖိအားတစ်ခုက ချက်ချင်းဆိုသလို ထွက်ပေါ်လာခဲ့သည်။

သိုင်းမြို့စားဘိုင်ယွန်က လုံးဝ ကြောက်ရွံ့ခြင်းမရှိသေးပါဘူး။ သူသည် ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်နှင့်၊ သိုင်းမြို့စားနယ်ပယ်၏ နဝမအဆင့် ကောင်းကင်အလွှာ အထွက်အထိပ်ရှိ အငွေ့အသက်က ပေါက်ကွဲထွက်လာခဲ့ပြီး ဘေဟိုင်သိုင်းမြို့စား၏ အငွေ့အသက်အားလုံးကို တားဆီးပိတ်ဆို့ထားသည်။ သူက အေးစက်စွာ အော်ပြောလိုက်သည် "မင်းရဲ့သားက အရင်မောက်မာပြီး ကြီးစိုးလွန်းနေတယ်ဆိုတာ ထင်ရှားပါတယ်၊ ငါတည်တည်ငြိမ်ငြိမ်နဲ့ ပြီးဆုံးဖို့ ရည်ရွယ်ပြီး ကြိုးစားပေမယ့် မင်းရဲ့သားက ငါ့လူရဲ့ ကျင့်ကြံခြင်းအခြေခံကို ဖျက်ဆီးပစ်ချင်တဲ့အထိ အလွန်ရန်လိုနေခဲ့တယ်။ နောက်ဆုံးတော့ မင်းသားရဲ့ ခွန်အားက နိမ့်ကျလွန်းတယ်။ သူက ငါ့လူရဲ့ မသန်မစွမ်းဖြစ်အောင် လုပ်တာကို အရင်ခံလိုက်ရတယ်။ ယခု မင်းက လာပြီး စောဒကတက်နေသေးတယ်”

ကွင်းပြင်ကြီးတခုလုံး၏ လေထုသည် ချက်ချင်းပင် တင်းမာ လာခဲ့သည်။ အားလုံးက သူတို့နှစ်ယောက်ကို အံ့သြစွာ ကြည့်နေကြသည်။ သိုင်းမြို့စားနှစ်ယောက် စတင်တွေ့ဆုံသည်နှင့် တိုက်ပွဲစတင်ဖြစ်မည်ဟု မမျှော်လင့်ထားခဲ့ကြပေ။ သို့သော် သိုင်းမြို့စား နှစ်ယောက်ကြားက စကားဝိုင်းကို နားထောင်ပြီးနောက်၊ သူတို့သည် ဤကမ္ဘာပေါ်တွင် ဖြစ်ပျက်နေသည့်အရာများကို နောက်ဆုံးတွင် နားလည်သွား ကြပါသည်။

ယခုအချိန်တွင် ဘေဟိုင်သိုင်းမြို့စားက ဘာမှ မပြောတော့ပေ။ ယင်းအစား၊ သူက ချင်ယွင်ဆီကို လှည့်ကြည့်ပြီး ပြောလိုက်သည်"ဟဲ့ ကောင်စုတ်လေး၊ မင်းက ငါ့သားရဲ့ ကျင့်ကြံမူအခြေခံနဲ့ ခြေထောက်တွေကို သုံးစားမရ အောင်လုပ်ခဲ့တယ်။ တကယ်လို မင်းရဲ့ ကျင့်ကြံမူအခြေခံနဲ့ မင်းရဲ့ခြေထောက်တွေ မင်းကိုယ်တိုင် သုံးစားမရအောင် လုပ်မယ်ဆိုရင် ငါက မင်းရဲ့အသက်ကို ချမ်းသား ပေးလိုက်မယ်"

တခဏအတွင်းမှာပင် လူတိုင်းသည် ချင်ယွင်ကို အံ့အားသင့်သည့်အမူယာ၊ ပျော်စေပြက်စေ သဘောပါသည့် မျက်လုံးများဖြင့် ကြည့်လိုက်ကြသည်။

ထိုအချိန်တွင် လူအုပ်ထဲမှ လူငယ်တစ်ဦးလည်း ချင်ယွင်ကို သတိထားမိသွားသည်။ သူ၏မျက်လုံးထဲတွင် သတ်ဖြတ်လိုသ်ည့် အရိပ်အယောင်များ ချက်ချင်း ပေါ်လာသည်။ ထိုအချိန်တုန်းကဤလူသည် မိုးကြိုးဝိညာဉ်မြို့တွင် လဲရှောင်တင်း၏ အတင်းအကြပ် တွန်းအားပေးခြင်းခံရသော ဂျီယွမ်မှလွဲ၍ အခြားသူ မဟုတ်ပေ။

"မဖြစ်နိုင်ဘူး၊ ခင်ဗျားရဲ့သားက မောက်မာပြီး ကြီးစိုးလွန်းတယ်၊ သူက သေဖို့တောင် ထိုက်တန်တယ်။" ချင်ယွင်က အေးစက်စွာ ပြန်ဖြေသည်။

ဤကိစ္စနှင့် ပတ်သက်၍ ချင်ယွင်သည် သူဘက်က လုံးဝ အမှားမရှိဟု ခံစားမိသည်။ ဇူချန်းချင်သည် သူ၏ ကျင့်ကြံမူအခြေခံကို ထိခိုက်စေလိုသောကြောင့် ဖြစ်သည်။ သူသည် သူ၏ပြိုင်ဘက်ကို ဆက်ဆံရာမှာ သူ့နည်းသူ့ဟန် အတိုင်းသာ ပြုမူဆက်ဆံခဲ့သည်။ အကယ်၍ ဇူချန်းချင်အနေဖြင့် အပြစ်တင်ချင်သည် ဆိုလျှင် သူ၏ အားနည်းသော ခွန်အားကိုသာ အပြစ်တင်ရပါလိမ့်မည်။

ချင်ယွင်၏ အဖြေကိုကြားလျှင် ကွင်းပြင်ထဲရှိလူတိုင်း အံ့သြသွားကြသည်။ သူတို့က ချင်ယွင်ကို ဤမျှလောက် မောက်မောက်မာမာဖြင့် တုန့်ပြန်လိမ့်မည်ဟု ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ကြပေ။

"မင်းက သေခြင်းတရားကို တောင်းဆိုနေတာဘဲ!"

ဘေဟိုင်သိုင်းမြို့စားသည် ချင်ယွင်၏ စကားကိုကြားသောအခါ သူ၏ တစ်ကိုယ်လုံးသည် ဒေါသကြောင့် တုန်ခါသွားပြီး သူ၏မျက်နှာပေါ်ရှိ အသားစိုင်းများ သည် ပို၍ပင် တုန်လှုပ်သွားသည်။

ထို့နောက် သူ၏ကြီးမားသောခန္ဓာကိုယ်ကြီးသည် ချင်ယွင်ဆီသို့ ပြေးဝင်သွားခဲ့သည်။

"ဟမ့်, ဇူထျန်းယု, မင်းက တကယ်ပဲ ငါမရှိတော့ဘူးလို့ ထင်နေတာလား?" သိုင်းမြို့စားဘိုင်ယွန်သည် အေးစက်စွာ အော်ဟစ်လိုက်ပြီး ချင်ယွင်၏ လမ်းကြောင်းရှေ့မှာ ပိတ်ဆို့ရန် တိုက်ရိုက် ထွက်လာခဲ့သည်။ သူသည် လက်ဖဝါးကို တိုက်ရိုက် ထုတ်ပြီး ဘေဟိုင်သိုင်းမြို့စား၏လက်ဖဝါးနှင့် ထိပ်တိုက်ရင်ဆိုင် လိုက်သည်။

"ဘုန်း!"

ဝိညာဉ်ချီသည် တုန်ခါရိုတ်ခတ်သွားခဲ့ပြီး ခန်းမတစ်ခုလုံး ကျယ်လောင်စွာ ပဲ့တင်ထပ်သွားသည်။

သိုင်းမြို့စားဘိုင်ယွန်နှင့် ဘေဟိုင်သိုင်းမြို့စားတို့သည် ခြေလှမ်းအနည်းငယ် နောက်ပြန် ဆုတ်သွားကြသည်။

"ဘိုင်ယွန်ယန်၊ မင်းက သေချင်နေတာပဲ!" ဘေဟိုင်သိုင်းမြို့စားက ဟိန်းဟောက်လိုက်ပြီး သိုင်းမြို့စားဘိုင်ယွန်ဆံကို ထပ်မံပြီး ပစ်ဝင်သွားတော့မည်။

"ရပ်လိုက်စမ်း!"

ထိုအချိန်တွင် ခန်းမအတွင်းမှ ဒေါသတကြီးအော်သံ ထွက်ပေါ်လာသည်။

အဖြူရောင်ဝတ်ထားသော အဖိုးအိုတစ်ဦးသည် သိုင်းမြို့စားဘိုင်ယွန်နှင့် ဘေဟိုင် သိုင်းမြို့စားတို့ကြားတွင် ပေါ်လာသည်။ သူသည် သူ၏ဝတ်စုံလက်မောင်းကို ဝှေ့ယမ်း လိုက်ပြီး နှစ်ယောက်စလုံးသည် ပါးစပ်ထဲမှသွေးများအန်ကာ လွင့်ပျံထွက် သွားပြီး လူချင်း ကွဲသွားကြသည်။

ချင်ယွင်၏ အမူအရာသည် ပြင်းပြင်းထန်ထန် ပြောင်းလဲသွားခဲ့သည် ။

"သိုင်းဧကရာဇ်အဆင့် ကျွမ်းကျင်သူတစ်ယောက်။ သိုင်းဧကရာဇ်နယ်ပယ်ရဲ့ တတိယအဆင့် ကောင်းကင်အလွှာ သိုင်းဧကရာဇ် ကျွမ်းကျင်သူတစ်ဦး" ချင်ယွင်သည် ကွင်းပြင်ကြီးတွင် ရုတ်တရက်ပေါ်လာသော အဖြူရောင်ဝတ်အဖိုးအိုကို ကြည့်ရင်း ထိတ်လန့်သွားသည်။ သူ၏မျက်နှာမှာလည်း ထိတ်လန့်မူများဖြင့် ပြည့်နှက်နေသည်။

"ဟမ့်၊ မင်းတို့က ငါ့တော်ဝင်မိသားစုရဲ့ နယ်မြေထဲမှာ ရိုင်းရိုင်းစိုင်းစိုင်း ပြုမူဖို့ ကြံနေကြတာလား" အဖြူရောင်ဝတ် အဘိုးအိုက အေးစက်စွာ အော်ဟစ်လိုက်သည်။ သူ၏အသံသည် လူတိုင်း၏နားထဲမှာ ပေါက်ကွဲနေသလိုပင်၊ သူ၏နှလုံးသား အောက်ခြေမှ ကြောက်ရွံ့မှုများ တိုးလာခဲ့သည်။

အခန်း(၂၃၀)နဂါးသတ်ကျွန်းသို့ထွက်ခွာခြင်း။

ဤသိုင်းဧကရာဇ် ဘိုင်ဟောက်၏ ထွက်ပေါ်လာမူက နတ်ဘုရား အပ်တစ်ချောင်း ကဲ့သို့ဖြစ်ပြီး ဖရိုဖရဲမြင်ကွင်းကို ချက်ချင်း ငြိမ်သက်သွားစေခဲ့သည်။

လူတိုင်း၏အကြည့်များသည် သိုင်းဧကရာဇ်အဖိုးအို ဘိုင်ဟောက်ကို စူးစူးစိုက်စိုက် ကြည့်နေကြပါသည်၊

အဖြူရောင်ဝတ်စုံဝတ် အဘိုးကြီးသည် လွင့်ထွက်သွားသော သိုင်းမြို့စားကြီး နှစ်ပါးကိုပင် လှည့်ပင်မကြည့်ဘဲ ခန်းမအလယ်ရှိ ပင်မထိုင်ခုံဆီသို့ လျှောက်သွားခဲ့ သည်။

"မင်းတို့ အချင်းချင်းရဲ့ ကိုယ်ရေးကိုယ်တာ ရန်ငြိုးကိစ္စတွေကို ငါ ဂရုမစိုက်ဘူး။ ဒါပေမယ့် အဲဒါတွေကို ဒီနေရာကို သယ်မလာကြနဲ့။ တုလုံးကျွန်းကိစ္စ ပြီးဆုံးတာနဲ့ မင်းတို့ ဘာလုပ်လုပ် ငါဂရုမစိုက်ဘူး" အဖြူရောင်ဝတ်စုံဝတ် အဘိုးအို၏ စကားလုံးများသည် လူတိုင်း၏နားထဲတွင် ထွက်ပေါ်လာပြီး သူ၏လေသံမှာ ငြင်းပယ်လို့မရသည့် လွှမ်းမိုးနိုင်စွမ်းများ ပါဝင်နေသည်။

သိုင်းမြို့စားဘိုင်ယွန် နှင့် ဘေဟိုင်သိုင်းမြို့စားတို့သည် မြေပြင်မှ ထလာကြပါ သည်။ သူတို့၏ ခန္ဓာကိုယ်များသည် ပြင်းထန်သော နာကျင်မှုများဖြင့် ပြည့်နှက် နေသည်။

သူတို့နှစ်ဦးသည် သက်ဆိုင်ရာနေရာအသီးသီးသို့ မပြန်မီ တစ်ယောက်ကိုတစ်ယောက် စူးစူးဝါးဝါးကြည့်နေကြသည်။

မုန်တိုင်းက ချက်ခြင်းငြိမ်သွားသည်။ ချင်ယွင်၏ နှလုံးသားသည်လည်း တုန်လှုပ်သွား သည်။ သိုင်းဧကရာဇ်အဆင့်တစ်ဦး၏ တိုက်ခိုက်မှုက တကယ့်ကို ကွဲပြားခြားနား လွန်းပါသည်။

သိုင်းမြို့စားကြီးနှစ်ပါးကို ယခုလိုပုံစံမျိုးဖြင့် ပေါ့ပေါ့ပါးပါး ဖိနှိပ်နိုင်ခဲ့သည်။

ချင်ယွင်သည် သိုင်းမြို့စားဘိုင်ယွန်ကို ကျေးဇူးတင်စွာဖြင့် ကြည့်ကာ မေးလိုက်သည် " အရှင်သိုင်းမြို့စား၊အဆင်ပြေရဲ့လား?"

သိုင်းမြို့စားဘိုင်ယွန်က ချင်ယွင်ကို လက်ဝှေ့ယမ်းပြီး ပြောသည် "စိတ်မပူပါနဲ့ ငါအဆင်ပြေပါတယ်။"

ထိုသို့ပြောပြီးနောက် သူ၏မျက်နှာတွင် လျှို့ဝှက်ဆန်းကြယ်သော အပြုံးတစ်ခု ပေါ်လာသည်။

ဤမြင်ကွင်းကို မြင်လိုက်ရလျှင် ချင်ယွင်သည် ဤအရာအားလုံးသည် သိုင်းမြို့စား ဘိုင်ယွန်၏ မျှော်လင့်ထားသည့်အတွင်း၌သာ ဖြစ်ကြောင်း ချက်ယွင် နားလည်သွားခဲ့ သည်။ ယခုလေးတင်၊ သူသည် ဘေဟိုင်သိုင်းမြို့စားကို တမင်တကာ ရန်စပြီး သူ့ကို ကြီးကြီးမားမား စွမ်းအားထုတ်လာအောင် ဖိအားပေးခဲ့သည်။

ဤနည်းဖြင့် အင်ပါယာ၏ တော်ဝင်မိသားစုမှ ကျွမ်းကျင်သူများက သူ့ကို ဖိနှိပ်ရန် သေချာပေါက် လှုပ်ရှားရပေလိမ့်မည်။

ဤနည်းအားဖြင့် ၎င်းသည် သိုင်းမြို့စားဘိုင်ယွန်၏ အကျိုးစီးပွားအတွက်လည်း ဖြစ်လာလိမ့်မည်။

အမှန်တကယ်မှာလည်း ချင်ယွင်သည် ဤခန်းမထဲတွင် ရန်သူတစ်ဦးတည်းသာ ရှိသည် မဟုတ်ပေ။ အကယ်၍ သိုင်းမြို့စားဘိုင်ယွန်သည် တိုက်ခိုက်နိုင်သည်ဆိုလျှင်ပင် သူသည် အင်အားစုများစွာကို တစ်ချိန်တည်း ကိုင်တွယ်ဖြေရှင်းနိုင်မှာ မဟုတ်ပါဘူး။ ထိုအချိန်ရောက်လျှင် သိုင်းမြို့စားဘိုင်ယွန်သည် ချင်ယွင်ကို ကာကွယ်ပေး နိုင်တော့မည် မဟုတ်ပေ။

သို့သော်လည်း အင်ပါယာ၏ကျွမ်းကျင်သူများက တိုက်ခိုက်လိုက်သည်နှင့် ရလာဒ်မှာ ကွဲပြားသွားမည် ဖြစ်ပါသည်။ ချင်ယွင်နှင့် ရင်ဆိုင်ရန် မူလက စီစဉ်ထားသူများသည် ဒေါသတကြီးမပြုဝံ့ကြတော့ပေ။

ချင်ယွင်သည် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်ရာ လင်းမိသားစုနှင့် ဂျီမိသားစုနှစ်ခုမှ လူများက သူ့ကို စားဝါးမတတ် စိုက်ကြည့်နေကြသည်ကို တွေ့လိုက်ရသည်။ သို့သော်လည်း သိုင်းဧကရာဇ် ဘိုင်ဟောက်၏ စွမ်းအားကြောင့် ၎င်းတို့သည် နောက်ထပ် လှုပ်ရှားမှုများကို မပြုလုပ်ဝံ့ကြတော့ပေ။

"ဒါပေမယ့် မင်းကို ဒီနေရာမှာပဲ ငါကာကွယ်ပေးနိုင်မယ်။ မင်းတုလုံကျွန်းထဲကို ဝင်လိုက်တာနဲ့ ဒီအင်အားစုတွေရဲ့ ထူးချွန်ထက်မြက်တဲ့ ပါရမီရှင်တွေက မင်းကို သတ်ဖို့ နည်းလမ်းကို သေချာပေါက် ရှာတွေ့ကြလိမ့်မယ်။ အဲဒီအချိန်မှာ မင်းအနေနဲ့ ကိုယ့်ကိုကိုယ်ပဲ အားကိုးရလိမ့်မယ်။” သိုင်းမြို့စားဘိုင်ယွန်က ပြောသည်။

ချင်ယွင်သည် ခေါင်းညိတ်လိုက်သည်။ သိုင်းမြို့စားဘိုင်ယွန်သည် သူ့အတွက် လုပ်ဆောင်ပေးသည်က လုံလောက်နေပြီ ဖြစ်ပါသည်။ သူ့ကို ကာကွယ်ဖို့အတွက်၊ သူသည် အများကြီး ကြိုးစားအားထုတ်ခဲ့ရသည်ဟု ပြောလို့ရနေပါပြီ။

ဤနည်းဖြင့် သိုင်းမြို့စားဘိုင်ယွန်သည် သူ့အပေါ် မည်သည့် ရည်ရွယ်ချက်ဖြင့် လွှမ်းမိုးအနိုင်ယူရန် ကြိုးစားခဲ့သည်ဖြစ်စေ၊ ချင်ယွင်သည် သူ့အား အကြိမ်ကြိမ် ကူညီခဲ့သည့် ကျေးဇူးကို ပြန်လည် ပေးဆပ်ရပါလိမ့်မည်။

ထိုအချိန်တွင် လင်းမျိုးနွယ်စုဘက်မှ လူငယ်နှစ်ဦးသည် ချင်ယွင်ကို ကြည့်ကာ အချင်းချင်း တီးတိုး စကားပြောဆို နေကြပါသည်။

"သူက တတိယညီလေးကို သတ်ခဲ့တဲ့ ချင်ယွင်ဆိုတာလား" အသက် ဆယ့်ကိုးနှစ်ခန့်ရှိ ချောမောခန့်ညားသော လူငယ်လေးက ပြောသည်။

"သူ ဖြစ်သင့်တယ်။ ဒါပေမယ့် အဲဒီအချိန်တုန်းက ပြန်ရလာတဲ့ သတင်းအချက် အလက်တွေ အရဆို၊ ချင်ယွင်က သိုင်းဂိုဏ်းချုပ်နယ်ပယ်ရဲ့ ဆဋ္ဌမအဆင့် ကောင်းကင်အလွှာမှာ ရှိနေတယ်လို့ ပြောကြတယ်။ အခုသူက သိုင်းမြို့စားနယ်ပယ်ရဲ့ ပထမအဆင့် ကောင်းကင်အလွှာကို ရောက်ရှိနေလိမ့်မယ်လို့ ငါမမျှော်လင့်ထား ခဲ့ဘူး။"ထိုလူငယ်နှင့် ရုပ်ချင်းဆင်တူပြီး ချောမောခန့်ညားသည့် လူငယ်ထက် တစ်နှစ်ငယ်သော အခြားလူငယ်တစ်ဦးက အံ့အားသင့်စွာ မေးလိုက် ပါသည်။

“ဟမ့်၊ သိုင်းမြို့စားနယ်ပယ်ရဲ့ ပထမအဆင့် ကောင်းကင်အလွှာကို ဖြတ်ကျော်သွားတယ်ဆိုရင်ရော ဘာဖြစ်လဲ၊ သူက ပုရွက်ဆိတ်လေးပဲ မဟုတ်လား။ (တုလုံကျွန်းကို ဝင်ရောက်မဲ့လူတွေထဲမှာ မည်သူကရော သိုင်းမြို့စားနယ်ပယ်ရဲ့ တတိယအဆင့် ကောင်းကင်အလွှာကို မရောက်သေးတဲ့လူ ရှိလို့လဲ။ သူကတော့ သိုင်းမြို့စားနယ်ပယ်ရဲ့ ပထမအဆင့် ကောင်းကင်အလွှာပဲ ရှိသေးတာလေ။ ငါသာဆို သူ့ကို ပုရွက်ဆိတ်ကို ကြိတ်ချေသလိုမျိုး အသေသတ်ပစ်လို့ ရတယ်" အသက် ၁၉ နှစ်အရွယ်လူငယ်က အေးစက်စွာ အော်ပြောလိုက်သည်။

အသက် (၁၈) နှစ်အရွယ် လူငယ်သည်လည်း အထင်သေးဟန်ဖြင့် ချင်ယွင်ကိုကြည့်ကာ ပြောလိုက်သည် "မင်းတုလုံကျွန်းကို ဝင်လိုက်တာနဲ့ မင်းသေလိမ့်မယ်" ။

တစ်ချိန်တည်းမှာပင် ဂျီကလန်မှ လူငယ်နှစ်ဦးသည်လည်း အကဲဖြတ် သုံးသပ်ရင်း အချင်းချင်း စကားစမြည် ပြောဆိုနေကြပါသည်။

"သူက မင်းပြောခဲ့ဖူးတဲ့ ချင်ယွင်ဆိုတာလား" အနီရောင်ဝတ် လူငယ်တစ်ဦးက ဂျီယွမ်၏ပခုံးကို ပုတ်ကာ ပြောလိုက်ပါသည်။

"ဟုတ်တယ်၊ သူက ငါ့ကို မိုးကြိုးဝိညာဉ်မြို့ကနေ ထွက်သွားရအောင် ဖိအားပေးခဲ့တာ။" ဂျီယွမ်က ချင်ယွင်ကို သတ်ဖြတ်လိုစိတ် အပြည့်ဖြင့် သူ့အား စိုက်ကြည့်လိုက်သည်။

"သူ့ရဲ့ခွန်အားက ပျမ်းမျှသာမန်ပါပဲ။ သူက သိုင်းမြို့စားနယ်ပယ်ရဲ့ ပထမအဆင့် ကောင်းကင်အလွှာ ကျင့်ကြံမူပဲ ရှိသေးတယ်။" အနီရောင်ဝတ်လူငယ်က ပြောသည်။

"သူ့ကို လျှော့မတွက်လိုက်နဲ့၊ အဲဒီတုန်းကဆို သူက စတုတ္ထအဆင့် ကောင်းကင်အလွှာ သိုင်းဂိုဏ်းချုပ်အဆင့်ပဲရှိသေးပေမယ့် သူ့မှာ ပထမအဆင့် ကောင်းကင်အလွှာ သိုင်းမြို့စားအဆင့် ကျွမ်းကျင်သူတစ်ဦးရဲ့ ခွန်အားကို ပိုင်ဆိုင်ထားပြီးသား။" ဂျီယွမ်က သတိပေးလိုက်သည်။

"အိုး?" အနီရောင်ဝတ်လူငယ်က အံ့သြသည့်အမူအရာ ပေါ်လာသည်။ထို့နောက် သူက ပျော်စေပျက်စေ အပြုံးတခုကို ထုတ်ဖော်ပြီး ပြောလိုက်သည် "စိတ်ဝင်စားဖို့ ကောင်းတယ်။ ဒီကောင်မှာ ရန်သူအနည်းငယ် ရှိပုံရတယ်။ နောက်ပိုင်း တုလုံကျွန်းကို ဝင်တဲ့အခါ သူပျော်စရာတွေ တွေ့ကောင်းတွေ့လိမ့်မယ်"

သို့သော်လည်း ဂျီယွမ်က အေးစက်စွာ ပြောလိုက်သည် "ငါတို့ တုလုံကျွန်း ထဲကိုရောက်ရင် သူ့ကို သေချာပေါက် သတ်ပစ်ရမယ်"

သိုင်းမြို့စားချင်းယွန်သည် ဤအရာအားလုံးကို တိတ်တဆိတ်ကြည့်ရင်း ထိုနေရာတွင် ထိုင်နေပါသည်။

ယမန်နေ့ကပဲ သူ၏ အိမ်တော်ထိန်းဟာ နဝမအဆင့် ကောင်းကင်အလွှာ သိုင်းဂိုဏ်းချုပ်အဆင့် ကျွမ်းကျင်သူတစ်ဦး၏ သတ်ဖြတ်မူကို ခံလိုက်ရကြောင်း သူသတင်းရရှိခဲ့သည်။

ထိုသတင်းကိုကြားရသောအခါ သိုင်းမြို့စားချင်းယွန်သည် မယုံသေးပေ။ နောက်ပိုင်း တွင် စုံစမ်းစစ်ဆေးရန် လူများကို စေလွှတ်ခဲ့သည်။ နောက်ဆုံး နိဂုံးချုပ်ချက်အရ သူ၏အိမ်တော်ထိန်းကို သတ်ခဲ့သည့်လူငယ်ဟာ အမှန်တကယ်ပဲ နဝမအဆင့် ကောင်းကင်အလွှာ သိုင်းဂိုဏ်းချုပ်အဆင့်မှာ ပဲရှိနေသေးတာ ဖြစ်သည်။ ထို့အပြင် ထိုလူငယ်သည် သိုင်းမြို့စားဘိုင်ယွန်၏ လူဖြစ်နေသည်။ သူ၏နာမည်က ချင်ယွင်ဖြစ်ပြီး ထိုလူငယ်သည် ပျောက်ဆုံးသွားသော သူ့သမီး၏ မောင်ငယ်လေးနှင့် တစ်ယောက်တည်းဖြစ်နေသည်။

ဤသတင်းအချက်အလက်ကို သူရလိုက်သည့်အခါ သိုင်းမြို့စားချင်းယွန်သည် ထိတ်လန့်သွားခဲ့သည်။

ချင်ယွင်၏တည်ရှိမှုကို သူသိခဲ့သော်လည်း ထိုအချိန်တုန်းက လျူရန်ယွင်ကို ပြန်လည်ခေါ်ဆောင်လာသူ အစောင့်က ချင်ယွင်သည် သတ္တမအဆင့် ကောင်းကင်အလွှာ သိုင်းပညာရှင်လေးတစ်ဦးသာ ဖြစ်သည်ဟု ဆိုသောကြောင့် သိုင်းမြို့စားချင်းယွန်က သူ့ကို မျက်လုံးထဲတွင် ထည့်မထားခဲ့ပေ။

သို့သော်လည်း လအနည်းငယ်အတွင်းမှာ၊ သိုင်းပညာရှင်နယ်ပယ်၏ သတ္တမအဆင့် ကောင်းကင်အလွှာ ကျင့်ကြံသူလေးသည် သိုင်းမြို့စားနယ်ပယ် ပထမအဆင့် ကောင်းကင်အလွှာထိ ကြီးထွားလာနေပြီ ဖြစ်သည်။ ထို့အပြင်၊ သူသည် ဆဋ္ဌမအဆင့် ကောင်းကင်အလွှာ အထွတ်အထိပ် သိုင်းမြို့စားအဆင့် ကျွမ်းကျင်သူတစ်ဦးကိုပင် သတ်ပစ်ခဲ့သည်။ သတ်ဖြတ်ချိန်၌ သူသည် နဝမအဆင့် ကောင်းကင်အလွှာ အထွတ်အထိပ် သိုင်းဂိုဏ်းချုပ်နယ်ပယ်တွင်သာ ရှိသေးသည်။ ဤသတင်း အချက်အလက်ကို ရရှိသည့်လူတိုင်း အံ့သြသွား ကြပါလိမ့်မည်။

ချင်ယွင်၏ ကြီးထွားမှု အရှိန်အဟုန်ကြောင့် သူ့ကို ကြောက်ရွံ့မှု အရိပ်အယောင် ခံစားရစေသည်။ ထို့ကြောင့် သူသည် သူ၏ဘေးနားရှိ လူငယ်နှစ်ဦးအား အလောတကြီး မှာကြားလိုက်သည် " မင်းတို့ တုလုံကျွန်းထဲ ဝင်ရောက်တဲ့အခါ ဒီချင်ယွင်ဆိုတဲ့ အကောင်ကို ရန်မစမိစေနဲ့။ ဒါကို နဝမမင်းသားဆီ လွှဲပေးလိုက်ဖို့ပဲ လိုတယ်။ မှတ်ထားပါ။ ချင်ယွင်နဲ့ ထိပ်တိုက်မတွေ့မိပါစေနှင့်။

လူငယ်နှစ်ဦးသည် အံ့အားသင့်စွာ အကြည့်ချင်းဖလှယ်ပြီး သိုင်းမြို့စား ချင်းယွန်၏ လက်ထဲမှ စာရွက်ကို ယူဆောင် လိုက်ကြပါသည်။

သိုင်းမြို့စားချင်းယွန်သည် ခေါင်းညိတ်သည်။ ဤနည်းဖြင့် သူသည် ချင်ယွင်နှင့် ထိပ်တိုက်မတွေ့သရွေ့၊ နောင်အနာဂတ်တွင် ချင်ယွင်က လက်စားချေမည်ဆိုလျှင်ပင်၊ ချင်ယွင်သည် သူ့ကို စာရင်းထဲ ထည့်တွက်လိမ့်မည် မဟုတ်တော့ပေ။

သို့သော် သူ၏ဘေးနားရှိ လူငယ်နှစ်ဦးသည် ချင်ယွင်ကို အထင်အမြင် သေးစွာဖြင့် ကြည့်နေသည်ကိုတော့ သူ သတိမထားမိလိုက်ပေ။

အချိန်က အမှန်တကယ် ကျရောက်လာခဲ့ပြီ။

ပင်မထိုင်ခုံမှာထိုင်နေတဲ့ သိုင်းဧကရာဇ် ဘိုင်ဟောက်သည် ရုတ်တရက် သူ၏ မျက်လုံးဖွင့်လိုက်ပြီး ပြောသည် "အချိန်ကျပြီ။ သွားကြရအောင်!"

ထိုသို့ပြောပြီးနောက် ခန်းမထဲမှ ထွက်ခွာကာ တုလုံးကျွန်းဆီသို့ ဦးတည်ပျံ သန်းသွားခဲ့သည်။

သိုင်းဧကရာဇ် ဘိုင်ဟောက်သည် ပျံသန်းထွက်သွား ပြီးနောက် တခြားအင်အားစုများသည်လည်း ပျံသန်း ထွက်ခွာသွားကြပါသည်။

သိပ်မကြာခင်မှာ သိုင်းမြို့စား၏နံဘေးကလူများသာ ခန်းမထဲမှာ ကျန်နေခဲ့သည်။

"သွားရအောင်!" သိုင်းမြို့စားဘိုင်ဘွန်က ပြောသည်။

ထိုသို့ပြောပြီးနောက် ချင်ယွင်တို့ကို ဦးဆောင်ကာ ထွက်ခွာသွားခဲ့သည်။ ချင်ယွင်သည် ဘေးက ရန်စီချီနှင့် အကြည့်ချင်းဖလှယ်ပြီးနောက် သူသည် သူမကို ဆွဲခေါ်လိုက်သည်.။

ချန်မင်ရှီသည် အစမှအဆုံးအထိ အေးစက်သောအမူအရာဖြင့် စကားမပြောဘဲ ချင်ယွင်တို့နောက်ကိုလိုက်ပါသွားခဲ့သည်။

ကျွန်းပေါ်တွင် ခမ်းနားသော မြင်ကွင်းတစ်ခု ပေါ်လာသည်။

သိုင်းဧကရာဇ် ဘိုင်ဟောက်သည် လေထဲသို့ ပျံတက်သွားပြီး နောက်တွင် သိုင်းမြို့စားအဆင့် ကျွမ်းကျင်ပညာရှင်များအဖွဲ့ အများအပြားကလည်း လေထဲတွင် အလင်းတန်းများအဖြစ် ပြောင်းလဲသွားကြသည်။

အောက်မှာရှိနေကြသည့် တကိုယ်တော်ကျင့်ကြံသူများသည်လည်း စိတ်လှုပ်ရှားမှုနှင့် အတူ မနာလိုသည့်အမူအရာများကို ထုတ်ဖော်ပြသနေကြသည်။

All Chapters