← Chapters

အခန်း (၂၃၁-၂၃၅)

Vol. 16 Ch. 231-235

အခန်း (၂၃၁-၂၃၅)

Vol. 16 Ch. 231-235

အခန်း(၂၃၁)မုဆိုးများနှင့်သားကောင်များ။

သိုင်းဧကရာဇ် ဘိုင်ဟောက်၏ ဦးဆောင်မှုအောက်တွင် သိုင်းမြို့စားအဆင့် ကျွမ်းကျင်ပညာရှင်များ အဖွဲ့သည် တုလုံကျွန်းအထက်သို့ လျင်မြန်စွာ ရောက်ရှိလာ သည်။

ချင်ယွင် နှင့် အခြားသူများသည် အောက်မှာရှိသည့် ကျွန်းကိုကြည့်ကာ သူတို့၏ မျက်လုံးများသည် အံအားသင့်မူနှင့်အတူ ဝင်းလက် တောက်ပနေကြသည်။

တုလုံကျွန်းသည် သူတို့တွေးထင်ထားသည်ထက် များစွာကြီးမားပါသည်။ ထို့အပြင် ထူထပ်သော သစ်တောအလွှာများဖြင့် ဖုံးလွှမ်းထားသည်။ အတွင်းမှ နဂါး၏ ဟိန်းဟောက်သံကို အဆက်မပြတ်ကြားနေရသဖြင့် သူတို့၏နှလုံးသားကို တုန်လှုပ်စေ သည်။

'ကောင်းပြီ၊ တုံလုံကျွန်းကို ဝင်ရောက်မယ့် ပါရမီရှင်တွေက မင်းတို့ဝင်ရောက်ပြီးတာနဲ့ မင်းတို့လုပ်ဖို့လိုတဲ့ တခုတည်းသော အရာက ရှင်သန်အောင်ကြိုးစားပြီး ရတနာတွေ တတ်နိုင်သမျှ များများရအောင် ရှာဖို့ပဲ။ မင်းတို့အနေနဲ့ သတိထားရမယ့်အရာတခုက ဒီကျွန်းပေါ်မှာရှိတဲ့ အစီအရင်ဝင်္ကပါထဲ မဝင်ရောက်မိဖို့ပဲ။ မင်းတို့ အပြင်ထွက် မလာခင်အထိ အထဲမှာ ရက်(၃၀)စောင့်ရလိမ့်မယ်။ တစ်နည်းပြောရရင် ရက် (၃၀) အတွင်း မင်းတို့ အပြင်ထွက်လာနိုင်မှာ မဟုတ်ဘူး။" သိုင်းဧကရာဇ် ဘိုင်ဟောက်က ချင်ယွင်နှင့် တခြားသူများကို လှည့်ကြည့်ပြီး ပြောလိုက်သည်။

ပါရမီရှင်များအားလုံးသည် လုံးဝ မအံ့သြကြပါဘူး။ သူတို့သည် ဤအချက် အလက်များအကြောင်း အချိန်အတော်ကြာကတည်းက ကြားဖူးထားပြီးဖြစ်ကာ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားကြသည်။

သိုင်းဧကရာဇ်ဘိုင်ဟောက်ပြောသည်ကို ယခုကြားလိုက်ရသည့်အခါ သဘာဝအတိုင်း မည်သို့မျှ ခံစားရတော့ပေ။

သေချာသည်မှာ ချင်ယွင်ကိုယ်တိုင်လည်း ဤအကြောင်းကို သိထားပြီး ဖြစ်သည့် အတွက် လုံးဝမအံ့သြပါဘူး။ ယခု သူစဉ်းစားနေသည့်အရာမှာ တုလုံကျွန်းသို့ ဝင်ရောက်ပြီးနောက် လင်းကလန် နှင့် ဂျီကလန်တို့ကို သူသည် မည်ကဲ့သို့ ရှောင်တိမ်းရမည်နည်း ဆိုသည့်အကြောင်း ဖြစ်ပါသည်။

"တုလုံကျွန်းကို ရောက်သွားတဲ့အခါ မင်း ငါနဲ့အတူ မလိုက်ခဲ့နဲ့။ သူတို့က ကျွန်းထဲ ဝင်ပြီးတာနဲ့ သေချာပေါက် လှုပ်ရှားကြလိမ့်မယ်။ တကယ်လို့ မင်း ငါနဲ့ အတူရှိနေရင် သူတို့က မင်းကိုလည်း ဒေါသထွက်မှာ သေချာတယ်" ချင်ယွင်က နောက်ပြန်လှည့်ပြီး နှုတ်ဆိတ်နေသည့် ချန်မင်ရှီကို ပြောလိုက်သည်။

ရှန်မင်ရှီက ချင်ယွင်ကို မော့ကြည့်ပြီး အေးစက်စွာ ပြောလိုက်သည် "ငါက သေရမှာ ကြောက်တဲ့လူနဲ့ တူနေလို့လား"

ချင်ယွင်သည် အနည်းငယ် အံ့ဩသွားသည်။ ချန်မင်ရှီက ယခုလိုပြောလိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။ သူက သူမကို အလျင်အမြန် ဖျောင်းဖျပြောဆိုချင်သော်လည်း ချန်မင်ရှီက အေးစက်စွာ နှာခေါင်းရှုံ့လိုက် ပြန်သည်။

"စိတ်မပူစမ်းပါနဲ့ ။ ငါကိုယ့်ငါ ကောင်းကောင်း ဂရုစိုက်တတ်တယ်။ မင်း စိတ်ပူနေစရာ မလိုဘူး"

ချန်မင်ရှီ၏ စကားများက ချင်ယွင်၏ပါးစပ်ဝသို့ ရောက်ရှိနေပြီ ဖြစ်သော သူ၏ စကားလုံးများကို ပြန်လည် မျိုချ လိုက်ရစေသည်။

ချင်ယွင်က ကူကယ်ရာမဲ့ဖြစ်ကာ ခေါင်းယမ်းပြီး တခြားမည်သည့်စကားမှ ပြန်မပြောတော့ပေ။

"အချိန်ပြည့်ပြီ၊ ကဲ၊ ပါရမီရှင်တွေ သွားကြရအောင်!" သိုင်းဧကရာဇ် ဘိုင်ဟောက်က ရုတ်တရက် ကြေညာလိုက်သည်။

ပါရမီရှင်များအားလုံး ခဏတာ ထိတ်လန့်သွားကြပြီး တုလုံကျွန်းဆီသို့ အမြန် ပြေးသွားကြသည်။

"သတိထားပါ!"ရန်စီချီက ချင်ယွင်၏ လက်ကိုဆွဲလိုက်ပြီး သူမ၏ မျက်လုံးများတွင် စိုးရိမ်မှုများ အပြည့်ဖြင့် ပြောလိုက်သည်။

ချင်ယွင်က ပြုံးလိုက်ပြီး နှစ်သိမ့်ပေးရန်အတွက် ရန်စီချီ၏ ခေါင်းကို ကိုင်လိုက်ပြီး "စိတ်မပူပါနဲ့ ငါ အသက်ရှင်လျက် ပြန်ထွက်လာမှာပါ"

ချန်မင်ရှီက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး တုလုံကျွန်းဆီသို့ ဦးတည်သွားရင်း အလင်းရောင်တစ်ခု အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

ချင်ယွင်သည် ကူကယ်ရာဖြင့် ပြုံးလိုက်ရပြီး သိုင်းမြို့စားဘိုင်ယွန်နှင့် ရှရီတို့ကို လက်ပြနှုတ်ဆက်လိုက်သည်။

ထို့နောက် သူသည်လည်း ပြန်လှည့်ပြီး တုလုံကျွန်းဆီသို့ ပျံသန်းသွားခဲ့သည်။

တစ်ချိန်တည်းမှာပင် ချင်ယွင်ရှိသည့် နေရာနှင့် မနီးမဝေးတွင် လင်းကလန်မှ လူငယ် နှစ်ယောက်သည် ချင်ယွင် တုလုံကျွန်းသို့ ပျံသန်းသွားသည်ကို ကြည့်နေကြသည်။ သူတို့၏နှုတ်ခမ်း ထောင့်စွန်းများသည် ရက်စက်သော အပြုံးတစ်ခုအဖြစ် တွန့်ကွေး သွားကြသည်။ သူတို့သည် အကြည့်ချင်း ဖလှယ်ကြပြီးနောက် ချင်ယွင်နောက်သို့ အလျင်အမြန် လိုက်သွားကြသည်။

"အဲဒီ ချင်ယွင်က ဝင်သွားပြီ။ လင်းညီအစ်ကိုတွေက လှုပ်ရှားဖို့ အဆင်သင့် ဖြစ်နေပုံရ တယ်။" ဂျီကလန်၏ အနီရောင်ဝတ်စုံဝတ် လူငယ်သည် တုလုံကျွန်းထဲ ဝင်ရောက်သွားသည့် လင်းကလန်၏ ညီအကိုနှစ်ယောက်ကို ကြည့်ရင်း ရယ်ကာ မောကာ ပြောဆိုလိုက်ပါသည်။

"စိတ်မပူပါနဲ့၊ ဒီချင်ယွင်က လွယ်လွယ်နဲ့ မသေပါဘူး။ ဘာပဲဖြစ်ဖြစ် ငါတို့က အထဲမှာ တစ်လလောက် နေရမှာလေ။ သူနဲ့ ဖြည်းဖြည်းချင်း ကစားဖို့ အချိန်တွေ အများကြီး ရှိပါသေးတယ်" ဂျီယွမ်၏ မျက်လုံးများသည် အေးစက်သော အလင်းရောင်များဖြင့် တောက်ပသွားခဲ့ပြီး သူ၏နှုတ်ခမ်းပေါ်ရှိ အတွန့်ကွေးများက တဖြည်းဖြည်း ပိုကျယ်လာပါသည်။

"သွားကြရအောင်။ ပွဲကောင်းတစ်ခု ရှိကောင်းရှိလိမ့်မယ်။" တုလုံကျွန်းပေါ်သို့ ဆင်းသက်လာစဉ် အနီရောင်ဝတ် လူငယ်က ပြုံးပြီးပြောသည်။

ဂျီယွမ်က ရယ်ပြီး နောက်မှ အနီးကပ် လိုက်သွားသည်။

သိုင်းဧကရာဇ် ဘိုင်ဟောက်၏နောက်တွင် လူငယ်နှစ်ဦး ရပ်နေသည်။

လူငယ်နှစ်ဦးသည် ခရမ်းရွှေဖြူစပါးအုံးအရေခွံ၀တ်စုံနှင့် သူတို့၏ ဆံပင်များတွင် သရဖူများကို ၀တ်ဆင်ထားသည်။ သူတို့က အရပ်မြင့်မားကြပြီး ဂုဏ်သိက္ခာ ကြီးမားပုံ ရသည်။ မှန်ပါသည်၊ ဤလူများသည် အင်ပါယာ၏ အဋ္ဌမမြောက်မင်းသား ရန်ဟန်နှင့် နဝမမြောက်မင်းသား ရန်ကျန်းတို့ ဖြစ်ကြပါသည်။

"နဝမမြောက်ညီတော်၊ မင်းရဲ့ စေ့စပ်ထားသူ ပျောက်နေတယ်လို့ ငါကြားထား တယ်" အဋ္ဌမမြောက်မင်းသား ရန်ဟန်သည် သူ၏ဘေးနားရှိ ရန်ကျန်းကို ကြည့်ရင်း ရယ်မောကာ ပြောလိုက်သည်။

"ငါ့ကိစ္စတွေကို ဂရုစိုက်ရအောင် ဒါက မင်းနဲ့ဘာဆိုင်လို့လဲ” နဝမမြောက် မင်းသား ရန်ကျန်းက အေးစက်စွာ အော်ပြောလိုက်သည်။

ရန်ဟန်သည် သူ၏ညီလေး စိတ်ဆိုးနေသည်ကို မြင်သောအခါ သူ၏မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာသည်။ "ဒီချင်ယွင်က မင်းရဲ့စေ့စပ်ထားသူနဲ့ နက်ရှိုင်းတဲ့ ဆက်ဆံရေး ရှိပုံရတယ်လို့ ဘာကြောင့်ငါကြားမိရတာလဲ။ သူက ဘိုင်ယွန်စီရင်စုကနေ မိုးပြာတိမ်တိုက်စီရင်စုကို တမင်တကာ အမြန်ပြေးလာခဲ့ပြီး သိုင်းမြို့စားစံအိမ်မှာ အကြီးအကျယ် အနှောင့်အယှက် ဖြစ်စေခဲ့တယ် မဟုတ်လား”။

ရန်ကျန်း၏ မျက်လုံးများသည် ဒေါသများဖြင့် တောက်ပလာသည်။ သူ၏ဘေးနားရှိ အဋ္ဌမမြောက်အစ်ကိုကို တစ်ချက်ကြည့်ပြီး အေးစက်စွာ ပြောလိုက်သည် "ဒါက ပုရွက်ဆိတ်ဖြစ်ဖို့တောင် မလုံလောက်ဘူး။ ငါက သူ့ကို ဘာလို့ ဂရုစိုက်ရမှာလဲ။ တခုရှိတာက သူ ဒီနေ့ အသက်ရှင်နိုင်ခြင်း ရှိမရှိဆိုတာပဲ။ တကယ်လို့ သူက မတော်တဆ ရှင်သန်နိုင်နေရင်တောင် ငါသူ့ကို သေတဲ့အထိ နှိပ်စက်နိုင်တုန်းပဲ။ မင်းအနေနဲ့ ဒီလိုလူရွှင်တော်တစ်ယောက်နဲ့ ငါ့ရဲ့ဒေါသကို နှိုးဆော်ပေးဖို့ မလိုဘူး။"

ထိုစကားကို ပြောပြီးနောက် နဝမမြောက်မင်းသား ရန်ကျန်းသည် အေးစက်စွာ နှာခေါင်းရှုံ့ပြီး တုလုံကျွန်းဆီသို့ အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲကာ ပျံသန်း သွားတော့သည်။

အဋ္ဌမမြောက်မင်းသားလေးသည် သူ၏မျက်နှာပေါ်တွင် မထင်မရှား အပြုံးတခုကို ထုတ်ဖော်လိုက်သည်။

များမကြာမီတွင် အင်အားစုအသီးသီး၏ ထူးချွန်သူအားလုံး တုလုံကျွန်းသို့ ဝင်ရောက် လာကြသည်။

သူတို့ကို စေလွှတ်လိုက်ပြီးနောက် သိုင်းမြို့စားအဆင့် ကျွမ်းကျင်သူများ သည်လည်း နောက်လှည့်ပြန်ကာ အမာခံ ခံတပ်ကျွန်းသို့ ပြန်သွားကြသည်။

ဘေဟိုင်သိုင်းမြို့စားသည် သိုင်းမြို့စားဘိုင်ယွန်ကို တစ်ချက် ကြည့်လိုက်ပြီး အေးစက်စွာ နှာခေါင်းရှုတ်ကာ ထွက်ခွာသွားခဲ့သည်။

သိုင်းမြို့စားဘိုင်ယွန်သည် ဘေဟိုင်သိုင်းမြို့စား၏ အကြည့်ကို လုံးဝ ဂရုမစိုက် ပါ။ ဤနေရာတွင် သိုင်းဧကရာဇ် ဘိုင်ဟောက်နှင့် အတူရှိနေမှတော့ ဘေဟိုင် သိုင်းမြို့စားသည် အမှားကျူးလွန်ဝံ့မည် မဟုတ်ပေ။

သိုင်းဧကရာဇ် ဘိုင်ဟောက်က တုလုံကျွန်းကိစ္စ မပြီးခင်မှာ အကယ်၍ မဆင်မခြင် လှုပ်ရှားဝံ့သည်ဆိုလျှင် ထိုသူ့ကို သူကိုယ်တိုင် အပြစ်ပေးမည်ဟု ပြောခဲ့သည်။ ထို့ကြောင့် သိုင်းမြို့စားဘိုင်ယွန် နှင့် အခြားသူများသည် ယခုတစ်လတွင်း လုံးဝ ဘေးကင်းသည်ဟု ဆိုနိုင်သည်။ နောက်ဆုံးတွင်၊ သိုင်းဧကရာဇ် တစ်ပါး၏ ဂုဏ်သိက္ခာကို မည်သူမျှ မနာခံဘဲ မနေဝံ့ကြပေ။

"အမာခံခံတပ်ကျွန်းကို အရင်သွားရအောင်။ ချင်ယွင်ကအဆင်ပြေပါလိမ့်မယ်။ တစ်လအတွင်းမှာ သူပြန်ထွက်လာမှာပါ”သိုင်းမြို့စားဘိုင်ယွန်က လမ်းခွဲရန် တွန့်ဆုတ်တွန့်ဆုတ်ဖြစ်နေဆဲဖြစ်သော ရန်စီချီကို ကြည့်ရင်း ပြောသည်။

ရန်စီချီက ခေါင်းညိတ်ပြလိုက်ပြီး သိုင်းမြို့စားဘိုင်ယွန်နောက်မှ အမာခံ ခံတပ်ကျွန်း ဆီသို့ လိုက်ပါသွားခဲ့သည်။ သို့သော်လည်း သူမသည် အဝေးကို ပျံသန်းသည့် အခါသွားတိုင်း တုလုံကျွန်းကို ပြန်လှည့်ကြည့်မိသည် ။

သိုင်းမြို့စားဘိုင်ယွန်သည် ဤမြင်ကွင်းကို မြင်သောအခါ သူသည် သက်ပြင်းမချဘဲ မနေနိုင်တော့ပေ။ သူသည် သူ့ကိုယ်သူ တိုးတိုးရေရွတ်မိသည် "ချင်ယွင်၊ ချင်ယွင်၊ မင်း တစ်လအတွင်း ထွက်လာမှကို ဖြစ်မယ်။ မဟုတ်ရင် ငါ့တပည့်ကြောင့် ငါ ခေါင်းကိုက်ရ လိမ့်မယ်"

ချင်ယွင်သည် သိုင်းမြို့စားဘိုင်ယွန်၏ စကားများကို သဘာဝအတိုင်း မကြားနိုင်ပေ။ ထိုအချိန်တွင် သူသည် တုလုံကျွန်း၏ အတွင်းပိုင်းဆီသို့ ပြေးသွား လေသည်။

ချင်ယွင်သည် တုလုံကျွန်းသို့ ဝင်ရောက်ခဲ့ပြီး သိပ်မကြာခင်မှာပင်လင်းကလန်၏ ညီအကို နှစ်ယောက်သည် လျင်မြန်စွာ လိုက်လာခဲ့လေသည်။ သူတို့သည် စကားတစ်ခွန်းမှ မပြောဘဲ ချင်ယွင်ကို တိုက်ရိုက် တိုက်ခိုက်ကြသည်။

လင်းညီအစ်ကို နှစ်ဦးစလုံးသည် သိုင်းမြို့စားနယ်ပယ်၏ ပဉ္စမအဆင့် ကောင်းကင်အလွှာတွင် ရှိကြသည်။ ချင်ယွင်သည် သူတို့ကို မကြောက်သော်လည်း တိုက်ခိုက်ရန်အတွက် မဝံ့ရဲခဲ့ပေ။

ထိုသို့ဖြစ်ရခြင်းအကြောင်းရင်းမှာ ဂျီကလန်မှ လူငယ်နှစ်ဦးနှင့် ဘေဟိုင်သိုင်းမြို့စား၏ ဇူကလန်မှ လူငယ်နှစ်ဦးတို့သည်လည်း သူ့ဆီသို့ ဦးတည်လာနေသည်ကို သိရှိသော ကြောင့် ဖြစ်သည်။

အကယ်၍ သူသည် တစ်ချိန်တည်းမှာ အင်အားစုကြီးသုံးခုကို ရင်ဆိုင်ရမည်ဆိုလျှင် ချင်ယွင်သည် ခေါင်းသုံးလုံးနှင့် လက်ခြောက်ဘက် ပိုင်ဆိုင်မည်ဆိုလျှင်ပင် ရင်ဆိုင်ရန် စွမ်းရည်မရှိပေ။ ထို့အပြင် ဂျီကလန်၏ စတုတ္ထအဆင့် ကောင်းကင်အလွှာ သိုင်းမြို့စားအဆင့် လူငယ်တဦးမှလွဲပြီး ကျန်လူတိုင်းသည် ပဉ္စမအဆင့် ကောင်းကင်အလွှာ သိုင်းမြို့စားအဆင့်နှင့် အထက်တွင် ကျင့်ကြံခြင်းအဆင့်ရှိသူများ ဖြစ်သည်။ ဇူကလန်မှ လူငယ်တစ်ဦးနှင့် ဂျီကလန်မှ အနီရောင်ဝတ် လူငယ်တစ်ဦးတို့ ဆိုလျှင် ဆဋ္ဌမအဆင့် ကောင်းကင်အလွှာ သိုင်းမြို့စားအဆင့် ကျင့်ကြံခြင်းစွမ်းအား ရှိသူများ ဖြစ်ကြသည်။

အကယ်၍ သူသည် သူတို့ကြားမှာ ဝိုင်းရံခံလိုက်ရသည်နှင့် တပြိုင်နက် သူ့ကိုစောင့်မျှော်နေသော အရာမှာ သေခြင်းတရားဟု ချင်ယွင် ခန့်မှန်းထားပါသည်။

ထို့ကြောင့် ချင်ယွင်သည် အနည်းငယ်မျှ တုံ့ဆိုင်းခြင်းမရှိဘဲ၊ အလင်းတန်း တစ်ခုအဖြစ်သို့ ပြောင်းလဲကာ တုလုံကျွန်း၏ နက်ရှိုင်းရာအရပ်ဆီသို့ ပျံသန်း သွားခဲ့သည်။

ပါရမီရှင် ခြောက်ဦးသည်လည်း နောက်မှ အနီးကပ်လိုက်လာကြကာ အားလုံးကလည်း ချင်ယွင်နောက်သို့ လိုက်သွားကြသည်။ မြင်ကွင်းက အံ့မခန်းပင်ဖြစ်သည်။

အခြားအဖွဲ့များမှ လူငယ်များသည် ပြပွဲကောင်းကို ကြည့်ရှုနေသကဲ့သို့ အေးစက်စွာ ကြည့်ရှုကြသည်။ ချင်ယွင်အသက်ရှင်သည်ဖြစ်စေ သေသည်ဖြစ်စေ သူတို့ ဂရုမစိုက်ပေ။

မူလက ချန်မင်ရှီသည် ဤလူခြောက်ယောက်ကို တားဆီးပြီး ချင်ယွင်အတွက် အချိန်ဆွဲပေးနိုင်ရန် ရည်ရွယ်ထားသော်လည်း သူမမလှုပ်ရှားမီတွင် သူမအား အဋ္ဌမမြောက်မင်းသား ရန်ဟန်က ပစ်မှတ် ထားသွားခဲ့သည်။

သတ္တမအဆင့် ကောင်းကင်အလွှာ အထွတ်အထိပ် သိုင်းမြို့စားအဆင့်တွင် ရှိနေသည့် အဋ္ဌမမင်းသားကို ရင်ဆိုင်ရသည့်အခါ ချန်မင်ရှီသည် သဘာဝအတိုင်း မနေဝံ့တော့ပေ။ ထို့ကြောင့် သူမသည်လည်း အလင်းတန်းတစ်ခု အဖြစ်သို့ ပြောင်းလဲသွားကာ နေရာတွင်ပင် ပျောက်ကွယ်သွားခဲ့သည်။

အဋ္ဌမမြောက်မင်းသားလေးသည် ချန်မင်ရှီ၏ ပျောက်ကွယ်သွားသော ပုံရိပ်ကိုကြည့်ကာ ရယ်မောရင်း ပြောလိုက်သည် "စိတ်ဝင်စားဖို့ကောင်းတယ်။ ဒီလို စိတ်နေသဘောထားနဲ့ ဒီလိုအလှပမျိုးကို အမှန်တကယ် ပိုင်ဆိုင်ထားတာပဲ။ သူမဟာ အေးစက်ပြီး မာနကြီးတယ်။ ငါ သူမရဲ့ ရုပ်ရည်အသွင်အပြင်ကို ရှင်းရှင်း လင်းလင်းမမြင်ခဲ့ရပေမယ့် သူမက သိပ်ပြီး ရုပ်မဆိုးဘူးလို့ ငါ ထင်တယ်။ ဒါ့ပြင် သူမရဲ့ ကျင့်ကြံမူအဆင့်ကိုလည်း ငါ မမြင်နိုင်ခဲ့ဘူး၊ ဒါပေမယ့် တကယ်လို့ မင်း ထွက်ပြေးသွားရင်တောင် ငါ့လက်ဖဝါးထဲကနေ မင်း လွတ်မြောက်နိုင်မှာ မဟုတ်ပါဘူး။"

ထိုစကားကို ပြောပြီးနောက် အဋ္ဌမမြောက်မင်းသားလေးသည် ချန်မင်ရှီ ပျောက်ကွယ်သွားသည့် လမ်းကြောင်းအတိုင်း လိုက်လာခဲ့သည်။

များမကြာမီတွင်၊ မုဆိုးများနှင့် သားကောင်များကြား လိုက်တမ်းပြေးလွှားမှု နှစ်ခုသည် တုလုံကျွန်းပေါ်တွင် ဖြစ်ပွားခဲ့သည်။

အခန်း(၂၃၂)အင်မော်တယ်အဆင့်တိုက်ပွဲသံချပ်ကာ

တုလုံကျွန်း၏ မြေမျက်နှာသွင်ပြင်သည် ညီညာပြန့်ကားခြင်းမရှိဘဲ မတ်စောက်သော တောင်ကြားလမ်းများဖြစ်ကြသည်။

ပတ်၀န်းကျင်သည် ထူထပ်သော တောအုပ်များဖြင့် ပြည့်နှက်နေပြီး အဝေးမှ ကောင်းကင်နှင့် မြေကြီးကိုပင် လှုပ်ခါစေသည့် နဂါးဟိန်းဟောက်သံများကို အခါအားလျော်စွာကြားနေရသည်။

ချင်ယွင်သည် လေထဲသို့ ခြေလှမ်းလိုက်သည်နှင့် အနောက်တောင်ဘက်အရပ်သို့ လျင်မြန်စွာ ထွက်ပြေးသွားခဲ့သည်။ သူ၏ကိုယ်ပေါ်တွင် အနက်ရောင်လျှပ်စီးများက လင်းလက်နေပြီး သူသည် တောနက်ထဲတွင် လျင်မြန်စွာ ပျံသန်းနေခဲ့သည်။

လင်းကလန်၊ ဂျီကလန် နှင့် ဇူကလန်တို့မှ ပါရမီရှင် ခြောက်ယောက်သည် ချင်ယွင်ကို အဆုံးထိ လိုက်ကြမည့်အလား နောက်မှ လိုက်နေကြသည်။

သူတို့အထဲတွင် မည်သူကမျှ နှေးကွေးခြင်းမရှိပေ။ သူတို့သည် လေထဲတွင် အလင်းတန်းများအဖြစ်သို့ ပြောင်းလဲသွားကြကာ ၎င်းတို့၏ အမြန်နှုန်းသည် ချင်ယွင်ထက်ပင် ပိုမြန်နေပုံရသည်။

ထို့ကြောင့် ချင်ယွင်နှင့် သူတို့ကြား အကွာအဝေးသည် အဆက်မပြတ် နီးကပ်လာနေသည်။

"ဟမ့်၊ ကောင်လေး၊ မင်း မလွတ်မြောက်နိုင်ပါဘူး။ မင်း နာခံမူရှိရှိနဲ့ လက်မြှောက်အရှုံးပေးပြီး အဖမ်းခံသင့်တယ်။ တစ်ချိန်တည်းမှာပဲ မင်းက ငါတို့ ခြောက်ယောက်ရဲ့ လိုက်လံဖမ်းဆီးခြင်းကို ခံနေရတယ်။ မင်းကတော့ အင်ပါယာ တစ်ခုလုံးမှာတောင် တစ်ယောက်တည်းပဲ။”လင်းကလန်မှ အသက်(၁၉)နှစ်အရွယ် ပါရမီရှင်လူငယ်က သူ့နောက်ကို လိုက်လာရင်း လှောင်ပြောင် ပြောဆိုနေသည်။

သူ၏အမည်မှာ လင်းယုဖြစ်ပြီး လင်းမိသားစုခေါင်းဆောင်၏ အကြီးဆုံးသားဖြစ်သည်။

သူလင်းယု၊ လင်းဖန်နှင့် လင်းဟန်တို့သည် ဖအေတူအမေကွဲ ညီအစ်ကို သုံးယောက်ဖြစ်ကြသည်။

သူက အကြီးဆုံးဖြစ်ကာ၊ လင်းဟန်ဒုတိယညီဖြစ်ပြီး လင်းဖန်တတိယမြောက် ညီအငယ်ဆုံးဖြစ်သည်။

သူတို့သည် ဖအေတူအမေကွဲ ညီအစ်ကိုများ ဖြစ်ကြသော်လည်း ဆက်ဆံရေးမှာ အလွန်ကောင်းမွန်သည်။

ထို့ကြောင့် လင်းဖန်သည် ချင်ယွင်၏ သတ်ဖြတ်မူကိုခံရကြောင်း သိလိုက်ရသော အခါတွင် သူတို့သည် အလွန်ဒေါသထွက်ခဲ့ကြသည်။

သူတို့၏ တတိယ ညီငယ်လေးအတွက် လက်စားချေရန် ချင်ယွင်ကို ကိုယ်တိုင်ကိုယ်ကျ သတ်ပစ်မည်ဟု သူတို့ ကျိန်ဆိုခဲ့ကြသည်။

ချင်ယွင်သည် လင်းယု၏ စကားများနှင့်ပတ်သက်ပြီး နားမကြားသူ တစ်ယောက်အလား ထင်မှတ်ရသည်။ သူ၏ ခြေဖဝါးအောက်မှ လေပြည်လေညှင်းသည် တဟုန်ထိုး ရိုက်ခတ်သွားသည်။ သူ၏ အရှိန်အဟုန်သည် ချက်ချင်း ပြန်လည် မြင့်တက်လာခဲ့ပြီး မူလက နီးကပ်လာသည့် သူတို့အကြား အကွာအဝေးက ပြန်လည် ကျယ်ပြန့် သွားခဲ့ပြန်သည်။

"ခေါင်းမာတာလား?" လင်းယုသည် အေးစက်စွာ ဟစ်အော်လိုက်ပြီး ပြင်းထန်သော သတ်ဖြတ်လိုသည့် ဆန္ဒက သူ၏ မျက်လုံးထဲတွင် ပေါ်လာသည်။

ဝိညာဉ်ချီသည် ချက်ချင်းပင် သူ၏ခန္ဓာကိုယ်မှ ထွက်ပေါ် လာသည်။ လင်းယု၏ အရှိန်အဟုန်သည် သူ၏ကန့်သတ်ချက်ကို ကျော်လွန်ပြီး ချက်ခြင်း တိုးလာခဲ့သည်။ သူသည် ချင်ယွင်ဆီသို့ အမြန် ပြေးဝင်သွားခဲ့သည်။

"အိုး၊ မင်းတို့က လှုပ်ရှားဖို့ မစောင့်နိုင်ကြတော့ ဘူးလား"

ဂျီကလန်မှ အနီရောင်ဝတ် လူငယ်သည် လခြမ်းကွေးသဏ္ဍာန် ပြုံးလိုက်သည်။ အပြေးအလွှားပြေးထွက်သွားသော လင်းယုကို ကြည့်ရင်း သူ၏ အရှိန်က မြန်သည်လည်းမဟုတ် နှေးသည်လည်းမဟုတ် ပုံမှန်အတိုင်းဖြစ်သည်။

တကယ်တော့ သူသည် ဟန်ပန်အမူအယာ ပိုလွန်သည့် စွမ်းရည်ကို အမြဲထိန်း သိမ်းထားခဲ့သည်။ သည်လိုမှမဟုတ်ဘဲ၊ အကယ်၍ သူသည် ဆဋ္ဌမအဆင့် ကောင်းကင်အလွှာ သိုင်းမြို့စားအဆင့် ကျွမ်းကျင်သူတစ်ဦး၏ ကျင့်ကြံမူအဆင့်ရှိ သူ၏ခွန်အားကို အပြည့်အဝ အသုံးပြုလိုက်မည်ဆိုလျှင် ပထမအဆင့် ကောင်းကင်အလွှာ သိုင်းမြို့စားအဆင့် ကျွမ်းကျင်သူတစ်ဦးကို မည်ကဲ့သို့ မဖမ်းမိဘဲ နေမည်နည်း။

ချင်ယွင်သည် အင်အားစုကြီးသုံးခုကို တစ်ပြိုင်နက်တည်း စော်ကားရန်သည့် အတွက် သူ့မှာ မည်သို့သော စွမ်းရည်မျိုး ရှိနေသည်ကို သူ သိချင်နေပါသည်။

ဟုတ်ပါသည်၊ သူ၏ညီ ဂျီယွမ်ကတော့ ထို့ကဲသို့ အတွေးမျိုး မရှိပါဘူး။ ဂျီယွမ်သည် ချင်ယွင်ကို အရိုးထိအောင်ပင် မုန်းတီးနေခဲ့သူ ဖြစ်ပါသည်။

ဇူကလန်အနေဖြင့်ဆို၊ ဇူချန်းချင်၏အစ်ကို ဇူဇီဝမ်ဘဲဖြစ်ဖြစ် ဝမ်းကွဲတပည့်ဖြစ်သူ ဇူဖေးဘဲဖြစ်ဖြစ် ဇူချန်းချင်း သုံးစားမရ ဖြစ်သွားသည်ကို ဂရုမစိုက်ပါဘူး။ ချင်ယွန်းကို သတ်ဖြတ်ရန် အမိန့်ပေးထားသော ဘေဟိုင်သိုင်းမြို့စား၏ အမိန့်ကြောင့်သာ မဟုတ်ပါက၊ သူတို့သည် ဤကိစ္စအတွက် ပူပန်နေမည် မဟုတ်ပေ။

မူလက သူတို့သည် တုလုံကျွန်းသို့ရောက်သည်နှင့် ချင်ယွင်ကို သတ်ရန် ပြင်ဆင်ခဲ့ကြသည်။ နောက်ဆုံးတွင်၊ သူတို့သည် ပထမအဆင့် ကောင်းကင်အလွှာ သိုင်းမြို့စားအဆင့် ကျွမ်းကျင်သူတစ်ဦးကို သတ်ဖြတ်ခြင်းသည် သူတို့၏ မျက်လုံးထဲတွင် အသေးဖွဲ့ ကိစ္စလေးတစ်ခုသာ ဖြစ်ပါသည်။

သို့သော်၊ လင်းကလန်နှင့် ဂျီကလန်တို့သည် ချင်ယွင်နောက်သို့ လိုက်နေကြသည်ကို တွေ့လိုက်ရသောအခါတွင် သူတို့သည် လှုပ်ရှားရန်ပင် ပျင်းလွန်းလှသည်။ သူတို့သည် ချင်ယွင်အသတ်ခံရသည်ကို ကိုယ်တိုင်ကိုယ်ကျ မြင်ချင်သောကြောင့်သာ သူ့နောက်မှ လိုက်နေခဲ့ကြခြင်းဖြစ်သည်။ ဒါမှသာ ဘေဟိုင်သိုင်းမြို့စားကို အလုပ်ကိစ္စနှင့် ပတ်သက်ပြီးအကြောင်းပြန်နိုင်မည်ဖြစ်သည်။

နောက်မှလိုက်နေကြသူ လူခြောက်ဦးသည် သူတို့၏ စိတ်ထဲတွင် လျှို့ဝှက် အကြံအစည်များ ကိုယ်စီကိုယ်စီ ရှိနေကြပါသည်။

၎င်းတို့အထဲတွင် ချင်ယွင်ကို အမှန်တကယ် သတ်ဖြတ်ရန် ရည်ရွယ်ချက်ရှိသူများမှာ လင်းကလန်နှင့် ဂျီယွမ်တို့ညီအစ်ကို နှစ်ဦးသာ ဖြစ်သည်။ ကျန်သည့် သုံးယောက်ကတော့ ဤပွဲကို ကြည့်ရူရန် သက်သက်သာ ဖြစ်ကြသည်။

ချင်ယွင်သည် ဤအရာအားလုံးကိုမြင်ပြီး သူ၏စိတ်ထဲတွင် ချက်ချင်း နားလည်သွားခဲ့သည်။

ဤနည်းဖြင့် ချင်ယွင်သည် လွတ်မြောက်ရန် အခွင့်အရေး ရှိနေသေးသည်။ အကယ်၍ သူတို့ခြောက်ယောက်လုံးက သူ့ကိုသတ်ဖို့ ကြိုးကြိုးစားစား လုပ်လိုက်ကြမည်ဆိုလျှင် သူသည် သေခြင်းတရားလမ်း ကြောင်းပေါ်မှာ ကျရောက်ကြောင်း ကျရောက်သွား နိုင်ပါသည်။

"ငရဲကိုသွားလိုက်တော့!"

လင်းယုသည် အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး ချင်ယွင်အနားတွင် ပေါ်လာသည်။ ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်ဖြင့် ချင်ယွင်ဆီသို့ ပြေးလာစဉ် သူ၏လက်သီးကို ချက်ချင်းဆုပ်ကာ ချင်ယွင်ဆီသို့ ပေါက်ကွဲ ပစ်လိုက်သည်။

ချင်ယွင်၏ မျက်လုံးများသည် ဒေါသနှင့်အတူ တောက်ပလာသည်။ သူသည် သူတို့ဖြစ်ချင်သမျှ ပွတ်သပ်ပုံသွင်းနိုင်သည့် ရွှံ့ရုပ်လူသားတစ်ဦး မဟုတ်ပေ။

လူအများက သူ့နောက်ကို လိုက်လာသဖြင့် သူသည် အနှိုင်းမဲ့ ဒေါသထွက်နေပြီ ဖြစ်သည်။ ယခုတော့ လင်းယုက သူ့ကို သတ်ဖြတ်လိုစိတ်ဖြင့် တိုက်ခိုက်လာခဲ့သည်။ သူသည် ရက်စက်ကြမ်းကြုတ်လာခဲ့ပြီး သူ၏စိတ်ထဲတွင် ဒေါသက ချက်ချင်း လောင်ကျွမ်းလာခဲ့သည်။

"ဟမ့်၊ မင်းက သေဖို့ထိုက်တန်တဲ့သူပဲ!" ချင်ယွင်က အေးစက်စွာ ဟစ်အော်လိုက်သည်။ သူ၏ခန္ဓာကိုယ်ထဲရှိ စွမ်းအင်အားလုံးက သူ၏လက်သီးထဲသို့ ချက်ချင်း တိုးဝင်လာခဲ့သည်။ ပေါက်ကွဲစွမ်းအားတစ်ခုက ချက်ခြင်းပင် ပေါက်ကွဲထွက်လာပြီး လင်းယု၏ လက်သီးဆီသို့ တိုက်ရိုက်ထိုးဖောက် ဝင်ရောက်သွားခဲ့သည်။

ချင်ယွင်၏ ရုပ်ခန္ဓာကိုယ်ခွန်းအားသည် သူ နဝမအဆင့် ကောင်းကင်အလွှာ သိုင်းဂိုဏ်းချုပ်နယ်ပယ်တွင် ရှိစဉ်ကတည်းက ဒုတိယအဆင့် ကောင်းကင်အလွှာ သိုင်းမြို့စားအဆင့် ကျွမ်းကျင်သူတစ်ဦးနှင့် ယှဉ်ပြိုင်နိုင်သည်မှာ ကြာပြီ ဖြစ်သည်။ ထို့နောက်တွင်၊ သူသည် မီးနဂါး၏သွေးမျိုးဆက်နှင့် ပေါင်းစပ်သွားခဲ့ပြီး၊ သူ၏ ရုပ်ခန္ဓာခွန်အားသည် တတိယအဆင့် ကောင်းကင်အလွှာ အထွတ်အထိပ် သိုင်းမြို့စားအဆင့် ကျွမ်းကျင်သူတဦးနှင့် ယှဉ်ပြိုင်နိုင်သည်အထိ ပိုမိုသန်မာပြီး အားကောင်းလာခဲ့သည်။

ယခုတွင် သူသည် သိုင်းမြို့စားနယ်ပယ်၏ ပထမအဆင့် ကောင်းကင်အလွှာသို့ ဖြတ်ကျော်သွားခဲ့ပြီး ဖြစ်သည်။ သူ၏ စွမ်းအားများသည် ခုန်ကျော်မြင့်တက် သွားရုံသာမက၊ သူ၏ ရုပ်ခန္ဓာကိုယ်ခွန်အားမှာလည်း ကြောက်မက်ဖွယ် အဆင့်သို့ တိုးမြင့်လာခဲ့ကာ ဆဌမအဆင့် ကောင်းကင်အလွှာ သိုင်းမြို့စားကျွမ်းအဆင့် ကျွမ်းကျင်သူတစ်ဦးကို တိုက်ခိုက်ရန် လုံလောက်နေပြီ ဖြစ်ပါသည်။

ဤလင်းယုသည် သိုင်းမြို့စားနယ်ပယ်၏ ပဥ္စမအဆင့် ကောင်းကင်အလွှာ အထွတ်အထိပ် မျှသာ ဖြစ်သည်။ သူသည် အမှန်တကယ်ပင် ချင်ယွင်ကို အနီးကပ်တိုက်ပွဲတွင် သတ္တိရှိရှိ တိုက်ခိုက်ခဲ့သည်။ ဤလူသည် အမှန်တကယ်ပင် သေခြင်းတရားကို တောင်းခံနေခြင်း ဖြစ်ပေသည်။

သေချာသည်မှာ၊ ချင်ယွင်၏ လက်သီးက လင်းယု၏ လက်သီးဆီသို့ ရောက်သွားပါပြီ။

လင်းယု၏ အမူအရာသည် ကြောက်မက်ဖွယ်ကောင်းသော လက်သီးမှ ထွက်ပေါ်လာသော စွမ်းအားတစ်ခုကြောင့် သိသိသာသာ ပြောင်းလဲသွားခဲ့သည်။

"ဖျစ်!"

လက်မောင်းရိုးတစ်ခုလုံးသည် ချက်ချင်းပင် အပိုင်းပိုင်းကွဲသွားသည်။ စူးရှသော နာကျင်မှုသည် လင်းယု၏ ဦးနှောက်အထိ လွှမ်းခြုံသွားခဲ့ပြီး သူသည် နောက်သို့ လွင့်ပျံသွားခဲ့သည်။

ဤမြင်ကွင်းကိုမြင်ရလျှင် ဇူကလန်မှ လူငယ်နှစ်ယောက်သည် ခဏတာ အံ့အားသင့်သွားကြပြီး အံ့သြသည့်အမူအရာများကို ထွက်ပေါ်လာကြသည်။

ဂျီကလန်၏ အနီရောင်ဝတ်လူငယ်လေးသည် အံ့အားသင့်သည့် အမူအရာတစ်ခုကို ထုတ်ဖော်ပြသလိုက်ရင်း သူ၏နှုတ်ခမ်းပေါ်ရှိ ပျော်စေပျက်စေအပြုံးက ပို၍ပင် ရှင်းလင်းပီပြင်လာသည်။

"ကြည့်ရတာ သူ့အစွမ်းက အပေါ်ယံကြည့်ရသလောက် မရိုးရှင်းဘူး!" အနီရောင်၀တ် လူငယ်သည် သစ်ပင်ပေါ်၌ ရပ်ကာ ပြုံးလိုက်မိသည်။

"ဟမ့်၊ ဒီချင်ယွင်က မလွယ်ဘူးလို့ ငါပြောထားပြီးသားပဲ၊ ဒီလင်းယုက သိပ်ပြီး ဂရုမစိုက်ခဲ့ဘူး" ဂျီယွမ်က အေးစက်စွာ အော်ပြောလိုက်ပြီး ချင်ယွင်ကို ကြည့်သည့် သူ၏အကြည့်များက ပို၍ပင် အေးစက်လာသည်။

အနီရောင်ဝတ်လူငယ်က ပြုံးပြီး ပြောလိုက်သည် "ကြည့်ရတာ နောက်မှာ ကစားစရာ တစ်စုံတစ်ခု ရှိပုံရတယ်" ။

"အကိုကြီး!"

လင်းယုဒဏ်ရာ အပြင်းအထန် ရနေသည်ကို မြင်ရလျှင် နောက်မှ အနီးကပ်လိုက်နေသည့် လင်းဟန်က ချက်ချင်း စိုးရိမ်တကြီး အော်ခေါ်လိုက်သည်။ ထို့နောက် သူသည် ချင်ယွင်ဆီသို့ သတ်ဖြတ်လိုသည့် အငွေ့အသက်များဖြင့် တဟုန်ထိုး ပြေးဝင် သွားခဲ့သည်။

ချင်ယွင်၏ မျက်လုံးများသည် အေးစက်နေပြီး သူ၏နှလုံးသားသည်လည်း သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေ၏။ လင်းဟန်က သူ့ဆီသို့ ပြေးဝင်လာနေကို ကြည့်လိုက်ပြီးနောက် သူ၏ပုံရိပ်သည် လင်းလက်တောက်ပလာခဲ့ပြီး သူရှိနေသည့်နေရာမှ အမှန်တကယ် ပျောက်ကွယ်သွားခဲ့သည် ။

လင်းဟန်၏ အမူအရာက ပြောင်းသွားသည်။ ချင်ယွင် ရုတ်တရက် ပျောက်ကွယ် သွားသည့်အတွက် သူသည် သူ၏ပစ်မှတ်ကို ဆုံးရှုံးသွားခဲ့ပြီး နေရာမှာပင် မှင်သေသေ ဖြစ်သွားခဲ့သည်။

"မင်းနောက်မှာ!"

ချင်ယွင်၏ အေးစက်စက်အသံက လင်းဟန်၏ နားထဲတွင် ထွက်ပေါ်လာခဲ့သည်။ အနက်ရောင်လျှပ်စီးများဖုံးလွှမ်းနေသည့် လက်ဖဝါးတစ်ခုက လင်းဟန်၏နှလုံးသားဆီသို့ တည့်တည့်ထိုးဖောက် ဝင်ရောက်သွားခဲ့သည်။

လင်းဟန်၏ အမူအရာမှာ သိသိသာသာ ပြောင်းလဲသွားသည်။ ချင်ယွင်သည် သူ၏ခန္ဓာကိုယ်အပေါ်တွင် တိတ်တဆိတ် ပေါ်လာမည်ဟု သူ မမျှော်လင့် ထားပေ။ သူ၏ခန္ဓာကိုယ်ကို ချက်ချင်းပဲ မီးလျှံကဲ့သို့နီရဲနေသည့် အနီရောင် သံချပ်ကာ ဝတ်စုံဖြင့်ဖုံးအုပ်ထားတယ်။

ချွင်!

ချင်ယွင်၏ လက်ဖဝါးဆေဘာသည် မီးလျှံကဲ့သို့နီရဲနေသည့် အနီရောင် သံချပ်ကာဝတ်စုံပေါ်တွင် ကျရောက်သွားသည်။ သူ၏လက်ဖဝါးဆေဘာသည် သံချပ်ကာဝတ်စုံကို ထိုးဖောက်ဝင်ရောက်ခြင်း မရှိရုံသာမက အမာရွတ်တစ်ခုမှပင် မကျန်ရစ်ခဲ့ပေ။

"အယ်၊ အင်မော်တယ်အဆင့်ရှိ တိုက်ပွဲသံချပ်ကာဝတ်စုံလား?” ချင်ယွင်၏ မျက်လုံးများသည် ထိတ်လန့်စွာဖြင့် ပြူးကျယ် သွားသည်။

လင်းဟန်သည် သူ၏ခန္ဓာကိုယ်အပေါ်တွင် အင်မော်တယ်အဆင့် သံချပ်ကာဝတ်စုံ တစ်ခု အမှန်တကယ်ရှိနေလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။ ၎င်းသည် အဆင့်နိမ့်အဆင့် အင်မော်တယ်အဆင့်ရှိသော သံချပ်ကာဝတ်စုံမျှသာ ဖြစ်သော်လည်း၊ ချင်ယွင်သည် ထိုးဖောက် ဖြတ်ကျော်နိုင်သည့် အရာမဟုတ်ပေ။

အင်မော်တယ်အဆင့် တိုက်ပွဲသံချပ်ကာသည် အနှိုင်းမဲ့မာကြောရုံသာမက၊ ၎င်းတွင် ကြောက်မက်ဖွယ်ကောင်းသော အစီအရင်တစ်ခုလည်း ရှိခဲ့သည်။ ၎င်းအစီအရင်သည် သူ၏တိုက်ခိုက်မှုများမှ စွမ်းအားအားလုံးကို ဖယ်ရှားနိုင်စွမ်း ရှိသည်။ အကယ်၍ သူဖြတ်ကျော်ချင်သည်ဆိုလျှင် အလယ်အလတ်အဆင့် အင်မော်တယ်အဆင့်ရှိ ဓားတစ်လက်ကို ပိုင်ဆိုင်ရမယ်။ မဟုတ်ရင် သူ့ကို လုံးဝ ထိခိုက်စေနိုင်မှာမဟုတ်ပေ။

သို့သော် ချင်ယွင် နားမလည်သောအရာမှာ၊ အင်မော်တယ်အဆင့် သံချပ်ကာဝတ်စုံသည် ဤသေမျိုးကမ္ဘာတွင် မည်ကဲ့သို့ ပေါ်လာနိုင်မည်နည်း။

ဤချပ်ဝတ်တန်ဆာမျိုးသည် အင်မော်တယ်ကမ္ဘာတွင်ပင် အနှိုင်းမဲ့ တန်ဖိုးကြီးပါသည်။ သေမျိုးကမ္ဘာရှိ ကျင့်ကြံသူများသည် မည်ကဲ့သို့ ရရှိနိုင်မည်နည်း။

"အံ့သြသွားလား? ဒီချပ်ဝတ်တန်ဆာနဲ့ဆို မင်းဘယ်လောက်ပဲ သန်မာနေပါစေ မင်းငါ့ကို နည်းနည်းလေးမှ နာကျင်အောင် လုပ်နိုင်မှာမဟုတ်ဘူး။

ချင်ယွင်၏ မျက်ခုံးမွှေးများသည် ချက်ချင်းတွန့်သွားပြီး လင်းဟန်၏ ခန္ဓာကိုယ်ထဲသို့ သူ၏လက်သီးချက်များ ချက်ချင်း ထိမှန်သွားကာ ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာသည်။

သို့သော် လင်းဟန်က မည်သည့်အရာကိုမျှ မခံစားရပေ။ သူ၏ခန္ဓာကိုယ်ကလည်း တခဏမျှပင် ရပ်တန့်နေခြင်းမရှိပေ။ သူ၏လက်ထဲမှ ဓားသည် ထက်ထက်သော ဓားအလင်းများအဖြစ် ပြောင်းလဲသွားခဲ့ပြီး ချင်ယွင်ရှိသည့်ဘက်ဆီသို့ ဖြတ်သန်းသွားခဲ့သည်။

"မဟုတ်ဘူး၊ ငါ တိုက်လို့မရဘူး။ ဒါက အမှန်တကယ် ငါ သွားရမယ့် လမ်းမဟုတ်ဘူး။" ချင်ယွင်က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ သူသည် လျင်မြန်စွာ ဆုတ်ခွာသွားပြီး အဝေးသို့ ဆက်လက် ပြေးသွားခဲ့သည်။

အခန်း(၂၃၃)ငါးစားချခြင်း

"မင်းတို့နှစ်ယောက် အခုအချိန်အထိ မလှုပ်ရှားသေးဘဲ ဘယ်အချိန်စောင့်နေဦးမှာလဲ"

သို့သော် ချင်ယွင်သည် သူထွက်ပြေးမသွားခင် သူ၏နောက်မှ လင်းဟန်၏ အော်ဟစ်သံကိုကြားလိုက်ရသည်။

ဤစကားကိုကြားရလျှင် ချင်ယွင်၏အမူအရာသည် ချက်ချင်းပြောင်းလဲသွားခဲ့ပြီး ဆိုးရွားသည့် ကြိုတင် သတိပေးချက်တစ်ခုက သူ၏နှလုံးသားထဲသို့ တိုးဝင်လာခဲ့သည်။

သေချာသည်မှာ ၊ ဇူကလန်၏ လူငယ်နှစ်ယောက်သည် ဤစကားကိုကြားပြီးနောက် ချင်ယွင်၏ ရှေ့မှာ တိုက်ရိုက်ပေါ်လာခဲ့ပြီး သူ၏လမ်းကြောင်းကို တားဆီး ပိတ်ဆို့လိုက်ပါသည်။

ဂျီကလန်၏အနီရောင်ဝတ်လူငယ်နှင့် ဂျီယွမ်တို့သည်လည်း သစ်ပင်ပေါ်မှ ခုန်ဆင်းလာခဲ့ပြီး ချင်ယွင်ဆီသို့ ဖြည်းညှင်းစွာ လျှောက်လာခဲ့သည်။

သူတို့ခြောက်ယောက်သည် ချင်ယွင်၏လမ်းကြောင်းကို သုံးဘက်သုံးတန်မှ ဝိုင်းရံကာ လမ်းကြောင်းသုံးသွယ်ဖြင့် လုံး၀ ပိတ်ဆို့လိုက်ကြပါသည်။

"ဒါက အစွမ်းထက်ပါတယ်ဆိုတဲ့ အင်အားစုကြီးသုံးခုလို့ ခေါ်တာလား။ လူခြောက်ယောက်က ပထမအဆင့် ကောင်းကင်အလွှာ သိုင်းမြို့စားအဆင့်လေးဖြစ်တဲ့ ငါ့နောက်ကိုလိုက်ဖို့ တွန်းအားပေးပြီး ပူးပေါင်းနေကြတာလား?" ချင်ယွင်၏ မျက်လုံးများသည် ပြင်းထန်သော သတ်ဖြတ်လိုစိတ်နှင့်အတူ လေးနက်မှုများဖြင့် ပြည့်နှက်နေသည်။ သူသည် လမ်းကြောင်းသုံးသွယ်မှ ဖြည်းညှင်းစွာ လျှောက်လှမ်းလာနေသော လူခြောက်ဦးကို ကြည့်ရင်း သူ၏နောက်မှ အနက်ရောင်ဆံပင်များသည် ရိုင်းစိုင်းစွာ ကခုန်နေသည်။

မူလက လင်းညီအစ်ကိုများနှင့် ရင်ဆိုင်ရန်အတွက် သူသည် ဤအခွင့်အရေးကို အခွင့်ကောင်းယူချင်ခဲ့သည်။ ဤနည်းဖြင့် သူသည် ဇူကလန် နှင့် ဂျီကလန်တို့ကို ရင်ဆိုင်ရသော်လည်း ဖိအားသည် များစွာလျော့နည်းသွားမည် ဖြစ်သည်။

ထိုအချိန်ရောက်လျှင် သူသေသည်အထိ တိုက်ပွဲဝင်ရမည် ဆိုလျှင်ပင် ချင်ယွင်တွင် ကိုယ်ပွားနှစ်ခုနှင့် ရှောင်ဘိုင်တို့ ရှိနေသည်ဖြစ်၍ သူသည် လုံးဝမကြောက်ပေ။

မမျှော်လင့်ဘဲ၊ ဤလင်းဟန်သည် သူ၏ကိုယ်အပေါ်တွင် အင်မော်တယ်အဆင့်ရှိ သံချပ်ကာဝတ်စုံကို အမှန်တကယ် ပိုင်ဆိုင်ထားခဲ့ပြီး သူ၏အစီအစဉ်ကို ရိုက်ချိုးပစ်ခဲ့သည်။

ယခု သူသည် လူခြောက်ယောက်၏ ဝိုင်းရံထားမူကို ခံနေရသောကြောင့် ချင်ယွင်သည် လွတ်မြောက်ရန်မဖြစ်နိုင်ပေ။

"ဟမ့်၊ မင်းက ကိုယ့်ကိုကိုယ် သိပ်အထင်ကြီးရာ မရောက်ဘူးလား။ မင်းကိုလိုက်ရှာဖို့ လူခြောက်ယောက် အတူတူ အလုပ်လုပ်နေတယ်လို့ ထင်နေတာလား။ ငါတို့က ဒီကို လာကြည့်ရုံပဲရှိတယ်၊ ​​ဒါပေမယ့် မင်းက ငါတို့ထင်ထားတာထက် နည်းနည်း ပိုအားကောင်းပုံရတယ်။" ဇူကလန်၏ ဝမ်းကွဲတပည့်ဖြစ်သည့် ဇူဖေးက အထင်အမြင်သေးစွာဖြင့် အေးစက်စွာ အော်ပြောလိုက်သည်။

ချင်ယွင်က အသက်ပြင်းပြင်းရှူပြီး သူ၏နှလုံးသားထဲမှ အမျက်ဒေါသများကို အစွမ်းကုန် ထိန်းထားလိုက်ရသည်။

ယခုအချိန်သည် ဒေါသထွက်ရမည့် အချိန်မဟုတ်ကြောင်း သူသိသည်။ သူသည် အကြွင်းမဲ့တည်ငြိမ်နေရမည်။

"သူ့ကို အဓိပ္ပာယ်မရှိတဲ့စကားတွေ အများကြီး ပြောမနေနဲ့တော့၊ ငါတို့ အတူတူပူးပေါင်းပြီး အရင်ဆုံး သူ့ကို မသန်မစွမ်းဖြစ်အောင် လုပ်လိုက်ကြရအောင်" ဂျီယွမ်သည် ချင်ယွင်ကို ဆော့ကစားလိုဟန်ဖြင့် ကြည့်နေစဉ် သူ၏မျက်လုံးများထဲတွင် သတ်ဖြတ်လိုသည့် ဆန္ဒများကပြည့်နေပြီး အေးစက်စွာ အော်ပြောလိုက်သည်။

ဂျီယွမ်၏စကားကိုကြားရလျှင် ဇူကလန်မှ ဇူဖေးသည် ချက်ချင်းပင် မထီမဲ့မြင်ပြုသော အပြုံးကို ထုတ်ဖော်ပြီး အေးစက်စွာ အော်ပြောလိုက်သည် "ပထမအဆင့် ကောင်းကင်အလွှာ သိုင်းမြို့စားအဆင့်တစ်ယောက်ကို ပူပေါင်းသတ်ဖို့ လိုသေးလို့လား။ မင်းတို့အားလုံးက သူ့ကို အတော်အထင်ကြီး နေကြတာပဲ”။

ချင်ယွင်သည် ချက်ချင်းပင် ဝမ်းသာသွားသည်။ မူလက သူတို့ခြောက်ယောက် အတူတူလာဆိုလျှင် ချင်ယွင်က ကြောက်နေသေးသော်လည်း ဇူဖေးက သူ့ကို အမှန်တကယ် အထင်မြင်သေးနေသည်။ ဤအရာသည် လုံးဝကောင်းမွန်သည့် အခွင့်အရေးတခု ဖြစ်သည်။ ထို့ကြောင့် သူက ချက်ချင်းပင် အေးစက်စွာ နှာခေါင်းရှုံ့ရင်း အော်ပြောလိုက်သည် "ဟမ့်၊ မင်းတို့အားလုံး အတူတူ လာခဲ့လိုက်တာ ကောင်းလိမ့်မယ်။ မဟုတ်ရင် မင်းတို့အားလုံးကို တစ်ယောက်ပြီး တစ်ယောက် သတ်ပစ်မယ်" ။

ထိုစကားကို ချင်ယွင်ပြောပြီးသည်နှင့် ဇူဖေး၏မျက်နှာသည် ချက်ချင်း ဒေါသထွက်သည့်ဟန် ပေါ်လာသည်။ သူက ချင်ယွင်ကိုကြည့်ကာ အထင်သေးသည့်ဟန်ဖြင့် ပြောလိုက်သည် "ကောင်စုတ်လေး၊ မင်းက မောက်မာလွန်းတယ်။ ဒီမောက်မာမှုက ရန်ငြိုးရန်စမရှိဘဲတောင် လူတွေကို သေအောင်လုပ် တတ်တယ်ဆိုတာ မင်း မသိဘူးလား။”

ဇူဖေး ဒေါသထွက်နေသည်ကိုမြင်လျှင် ဒီလူသည် သူ၏ ငါးစာကိုလာဟပ်သွားမှန်း ချင်ယွင်သိလိုက်တယ်။ သူကချက်ချင်းပင် မထီမဲ့မြင်ပြုသည့် အမူအရာဖြင့် ပြောလိုက်သည် “သေခြင်းတရားကို ရှာနေတဲ့လူ မင်းလို့ ငါထင်တယ်၊ ဟုတ်တယ် မဟုတ်လား။”

ဤစကားကိုကြားရလျှင် ဇူဖေးက ချက်ချင်း ဒေါသထွက်သွားပြီး ပဉ္စမအဆင့် ကောင်းကင်အလွှာ သိုင်းမြို့စားအဆင့်တဦး၏ အငွေ့အသက်က ချက်ချင်း ထွက်ပေါ်လာသည်။

"မင်းကသေခြင်းတရားကိုတောင်းဆိုနေတာဘဲ!"

ဇူဖေးသည် ဒေါသတကြီးဖြစ်ပြီး ချင်ယွင်ဆီကို တိုက်ရိုက် ပစ်ဝင်သွားသည်။ သူ၏အရှိန်အဟုန်က အရမ်းမြန်သည်။ ဓားမောက်ရှည်တစ်လက်သည် သူ၏လက်ထဲတွင်ပေါ်လာပြီး ချင်ယွင်၏လည်ပင်းဆီသို့ တိုက်ရိုက်ခုတ်ပိုင်းလိုက်သည်။

ချင်ယွင်သည် အေးစက်စက်လင်းလက်သွားသည့် ဓားအလင်းကို ကြည့်လိုက်သည်။ သူ၏မျက်လုံးများတွင် ကြောက်ရွံ့မှု အရိပ်အယောင် နည်းနည်းလေးမျှ မရှိပေ။ ယင်းအစား ကောက်ကျစ်သည့် အရိပ်အယောင်က သူ၏မျက်လုံးတွင် ဖြတ်သန်းသွားခဲ့သည်။ ငါးတစ်ကောင်သည် ငါးစာကို အောင်မြင်စွာ လာဟပ်နေခဲ့ပြီ။

အနက်ရောင်လျှပ်စီးကြောင်းသည် ချင်ယွင်၏ခန္ဓာကိုယ်မှ လျင်မြန်စွာထွက်ပေါ်ခဲ့ပြီး နောက်ဆုံးတွင် ချင်ယွင်၏လက်ထဲတွင် အနက်ရောင်လျှပ်စီးလှံတစ်ချောင်းအဖြစ်သို့ ပြောင်းလဲသွားသည်။

လျှပ်စီးလှံ ပေါ်လာသည်နှင့် ကြောက်မက်ဖွယ်ကောင်းသော အဖျက်စွမ်းအင် အငွေ့အသက်များက ချက်ချင်း ပျံ့နှံ့သွားသည်။

ဇူဇီဝမ် ၊ အနီရောင်ဝတ်လူငယ် နှင့် ခပ်လှမ်းလှမ်းမှ အခြား လူများ၏ အမူအရာများ ချက်ချင်းပြောင်းလဲသွားကြကာ အံ့ဩခြင်းတို့သည် သူတို့၏မျက်လုံးများထဲတွင် ပေါ်လာသည်။

ဤအခိုက်အတန့်တွင်၊ သူတို့သည် ဤလျှပ်စီးလှံ၏ ကြောက်စရာကောင်းသော ခြိမ်းခြောက်မှုကိုပင်ခံစားနိုင်ကြပါသည်။

ဇူဇီဝမ်က အလျင်စလို အော်လိုက်သည် “ဇူဖေး၊ သတိထားနော်…” စကားကိုကြားလျှင် ဇူဖေး၏ အမူအရာက ချက်ချင်း ပြောင်းလဲသွားသည်။

သို့သော် သူတုံ့ပြန်ခြင်း မပြုနိုင်မီ၊ ချင်ယွင်၏ လက်ထဲတွင်ရှိသည့် အနက်ရောင်လျှပ်စီးကြောင်းလှံသည် သူ၏ရင်ဘတ်ကို ထိုးဖောက်ဝင်ရောက်ခဲ့ပြီး၊ သူ့ဆီသို့ ထိုးဖောက်ဝင်ရောက်ခဲ့သော ဓားမောက်ရှည်ကို ချင်ယွင်က လက်နှစ်ချောင်းဖြင့် တင်းတင်းကျပ်ကျပ် ညှပ်ထားလိုက်သည်။

ဇူဖေး၏ မျက်လုံးများသည် တုန်လှုပ်ချောက်ချားမူ များနှင့်အတူ မယုံကြည်နိုင်မူများဖြင့်ပြည့်နှက်နေပါသည်။

"ငါ မင်းကို ရည်ရွယ်ချက်ရှိရှိ ရန်စပြီး ငါးစာလာဟပ်အောင် သွေးဆောင်ခဲ့တယ်။" ချင်ယွင်က တုန်လှုပ်ခြောက်ခြားနေသော ဇူဖေးကိုကြည့်ရင်း ရယ်မောလိုက်သည်။

"မင်း" ဇူဖေး၏ မျက်နှာသည် ဒေါသစိတ်နှင့် ပြည့်နေသည်။

ချင်ယွင်က မထီမဲ့မြင် ပြုံးလိုက်သည်။ သူကိုသတ်ဖို့ ဤနေရာကို ရောက်လာကြသည်ဆိုလျှင် သူတို့ကိုယ်တိုင်အနေဖြင့် သေဆုံးဖို့လည်း ပြင်ဆင်ထားရလိမ့်သည်။ အကယ်၍ အပြစ်တင်ချင်သည်ဆိုလျှင် ရန်သူ၏ စွမ်းအားကို မမြင်နိုင်ခဲ့အတွက် သူ့ကိုယ်သူပဲ အပြစ်တင်ရလိမ့်မည်။

ထို့နောက် သူသည် အနက်ရောင်လျှပ်စီးလှံကို ပြင်းပြင်း ထန်ထန် ညှစ်လိုက်သည်နှင့် တခဏချင်းပေါက်ကွဲသွားသည်။

နိုင်းယှဉ်ပြလို့မရသည့် ထိတ်လန့်သောအမူအရာတစ်ခုက ဇူဖေး၏မျက်နှာကို ချက်ချင်းဖုံးလွှမ်းသွားသည်။ သူ၏ မျက်လုံးများသည် မှင်နက်များကဲ့သို့ မည်းနက်သွားကာ သူ၏တစ်ကိုယ်လုံးသည် မြေပြင်ပေါ်သို့ မရေမတွက်နိုင်သော အပိုင်းအစများအဖြစ် ပျံ့ကြဲသွားခဲ့လေသည်။

"ဒါ" လူတိုင်း အံ့သြသွားကြသည်။ ထိုကဲ့သို့ ကြောက်စရာကောင်းသည့် သတ်ဖြတ်ခြင်း နည်းလမ်းကို သူတို့ တစ်ခါမှ မတွေ့ဖူးပေ။

"မင်းက ဇူဖေးကို တကယ်သတ်လိုက်တာလား၊ မင်းက သေချင်နေတာ လား။" ဇူဇီဝမ်သည် ဒေါသထွက်သွားသည်။ အပိုင်းအစများ သွေးအိုင်များအဖြစ်သို့ ပြောင်းလဲသွားသော ဇူဖေးကို ကြည့်လိုက်ပြီး ပြင်းထန်သော သတ်ဖြတ်လိုသည့်ဆန္ဒက ချင်ယွင်အပေါ်ဖိနှိပ်လာခဲ့သည်။

ချင်ယွင်က လှောင်ပြောင်ပြီး ပြောလိုက်သည် " မင်း ငါ့ကို သတ်ချင်တယ်ဆိုရင်လည်း ဘာဖြစ်လဲ၊ မင်းတို့က ငါ့နောက်ကို အရင်လိုက်နေကြတာလေ၊ ငါက ငါ့ကိုယ်ငါ ခုခံကာကွယ်ရုံပဲရှိတာ"

သူ၏လက်ထဲတွင် အစိမ်းရောင်ဓားတစ်လက် ပေါ်လာရင်း ဇူဇီဝမ်၏ မျက်လုံးများသည် ချက်ချင်းပင် ကျဉ်းမြောင်းသွားသည်။ ချက်ချင်းပင် စူးရှသောဓားချီက ပေါက်ကွဲထွက်လာပြီး ကြောက်မက်ဖွယ်ဓားချီကြောင့် ပတ်ပတ်လည်ရှိသစ်ပင်များ ဖြတ်တောက်ခံလိုက်ရသည်။

"နောက်ထပ် အင်မော်တယ်အဆင့် ဓားတစ်ချောင်းလား" ချင်ယွင် မျက်မှောင် ကြုတ်လိုက်ပြန်သည်။

ဤလူများအားလုံးသည် အဘယ့်ကြောင့် အင်မော်တယ်အဆင့် ပစ္စည်းများကို ပိုင်ဆိုင်နေရတာလဲ။ ပထမ၊ လင်းမိသားစုမှ လင်းဟန်သည် မီးလျှံကဲ့သို့နီရဲနေသည့် အနီရောင် အင်မော်တယ်သံချပ်ကာဝတ်စုံကို ၀တ်ဆင်ထားခဲ့ပြီး ယခု ဇူဇီဝမ်သည် အင်မော်တယ်အဆင့်ဓားကို ကိုင်ဆောင်ထားသည်။ ဤသေမျိုး ကမ္ဘာတွင် အင်မော်တယ်အဆင့်ပစ္စည်း အရေအတွက်သည် မည်သည့်အချိန်ကတည်းက အလွန်များပြားလာခဲ့ရသနည်း။

အမှန်တကယ်တော့ ချင်ယွင်သည် မျိုးနွယ်စုကြီးများ၏ အရေးပါသည့် တပည့်များတွင် သူတို့အင်အားစုများက လျှို့ဝှက်စွာပေးလိုက်ကြသည့် အသက်ကယ်ပစ္စည်းများရှိသည် ဆိုသည်ကိုသူမသိခဲ့ပါဘူး။

"ကောင်လေး သေပေတော့!" ဇူဇီဝမ်က ကျယ်လောင်စွာ အော်လိုက်သည်။ သူ၏လက်ထဲက အစိမ်းရောင်အင်မော်တယ်အဆင့် ဓားသည် ချက်ချင်းဆိုသလို လှပသည့် မိုးပြာရောင်အလင်း အလွှာများဖြင့် ဖုံးလွှမ်းသွား သည်။ ကြီးမားလှသော ဓားကြီးတစ်ချောင်းသည် ဆူနာမီမုန်တိုင်းကဲ့သို့ ချင်ယွင်ဆီသို့ ပြေးလာခဲ့သည်။

ချင်ယွင်၏မျက်နှာသည် လေးနက်သောအမူအရာ ပေါ်လာပြီးသူ၏လက်ထဲတွင် ကြယ်နက်ဓားပေါ်လာသောသည်။

အဆုံးမရှိသောဓားဆန္ဒသည် ချက်ချင်းဆိုသလို ထွက်ပေါ်လာပြီး ကြယ်နက် ဓားပေါ်တွင်စုရုံးလာခဲ့သည်။

ဓားကို ခုတ်ပိုင်းလိုက်သည်နှင့် ကမ္ဘာမြေကြီးနှင့် တောင်တန်းများ ပြိုကျသကဲ့သို့ ထင်မှတ်ရသည်။

တဟုန်းဟုန်း လှိမ့်တက်လာနေသော ဓားချီသည် ချက်ချင်းဆိုသလို ပွင့်အံထွက်လာကာ ဇူဇီဝမ်၏ ဆူနာမီမုန်းတိုင်းကဲ့သို့ ဓားချီနှင့် ရင်ဆိုင် တိုက်မိသွားသည်။

"ဘုန်း!"

ဓားချီသည် အချင်းချင်း ထိပ်တိုက်ဆုံမိပြီး ကောင်းကင်ယံတွင် တုန်ခါမှုကို ဖြစ်ပေါ်စေသည်။

မြေပင်တစ်ခုလုံးတုန်ခါသွားသည်။

မီတာတစ်ထောင်အကွာ အဝေးရှိသစ်ပင်များသည် ခုတ်ပိုင်း ပြတ်ထွက်သွားကာ ကြီးမားသော ဓားချီမုန်တိုင်းသည် အရပ်ရပ်သို့ ပျံ့နှံ့သွားခဲ့သည်။

ချွင်!

ချင်ယွင်နှင့် ဇူဇီဝမ်တို့သည် အချင်းချင်း ထိပ်တိုက်ဆုံမိကြပြီး သူတို့၏ လက်ထဲတွင်ရှိနေကြသော ဓားသည် အချင်းချင်း ထိပ်တိုက်ဆုံမိသွားသည်နှင့် ခေါင်းလောင်းသံကဲ့သို့ ကျယ်လောင်သောအသံကို ထွက်ပေါ်စေခဲ့သည်။

သူတို့ နှစ်ယောက်သည် လေထဲတွင် ရောထွေးကာ တိုက်ခိုက် နေကြပြီးသူတို့၏ တိုက်ပွဲက အမှန်တကယ် အထွက်အထိပ်ကို ရောက်ရှိနေကြပြီ။

"အယ်? အင်မော်တယ်ဓားကိုင်ထားတဲ့ ဇူဇီဝမ်နဲ့ လက်ရည်တူ တိုက်ခိုက်နိုင်တာလား၊ ချင်ယွင်လို့ခေါ်တဲ့ ဒီလူက ပိုပိုပြီး စိတ်ဝင်စားဖို့ ကောင်းလာပုံရတယ်။" ဂျီကလန်မှ အနီရောင်ဝတ် လူငယ်က ရယ်မောရင်း ပြောလိုက်သည်။

ဂျီယွမ်သည် ကောင်းကင်ယံမှ ချင်ယွင်ကို မနာလိုစိတ်များ ပြည့်နှက်နေသော မျက်လုံးများဖြင့် တိတ်ဆိတ်စွာ ကြည့်နေလေသည်။

"မဟုတ်ဘူး၊ သူသေရမယ်!" ဂျီယွမ်က မကျေမနပ်လေသံဖြင့် ပြောလိုက်သည်။ သူပြောပြီးသည်နှင့် လင်းညီနောင်များဘက်သို့ လှည့်ကာ ပြောလိုက်သည် "ချင်ယွင်ကို အတူတူ သွားသတ်ကြရအောင်"

လင်းညီနောင်က ချက်ချင်း ခေါင်းညိတ်လိုက်ကြသည်။ ချင်ယွင်၏ ပြင်းထန်သော ခြိမ်းခြောက်မှုကို သူတို့လည်း ခံစားလိုက်ရပါသည်။

သို့သော် သူတို့ လေထဲသို့ မပျံနိုင်မီတွင် စပါးအုံးဖြူ မြွေကြီးတစ်ကောင်သည် ကောင်းကင်မှ ဆင်းသက်လာကာ သူ၏အမြီးကြီးသည် လင်းညီအစ်ကိုများဆီကို တိုက်ရိုက်လွင့်ပျံလာခဲ့သည်။

လင်းညီအကိုများ၏ အမူအရာများသည် ပြောင်းလဲသွားကြပြီး နံဘေးကို ရှောင်ထွက်သွားကြသည်။

သို့သော် စပါးအုံးဖြူအမြီးကြီး၏ အရှိန်အဟုန်သည် မြန်ဆန်လွန်းသည်။ သူတို့နှစ်ဦး မရှောင်တိမ်းနိုင်ခင်မှာပင် သူတို့ကို တိုက်ရိုက် လွင့်ပျံသွားစေခဲ့သည်။

လင်းဟန်သည် သူ၏ အင်မော်တယ်အဆင့် သံချပ်ကာဝတ်စုံနှင့် အဆင်ပြေသော်လည်း လင်းယုသည်သနားစရာကောင်းလှသည်။

သူ၏ပါးစပ်မှ သွေးများ ဖျန်းခနဲ ထွက်လာပြီး သူ၏အတွင်း အင်္ဂါအားလုံး ကွဲအက်သွားခဲ့သည်။ သူသည် အသက်တဝက်ရူအချိန်အတွင်း မရပ်တန့်နိုင်ခင်အထိ သစ်ပင်ကြီးဆယ်ပင်ကိုပင် ရိုက်ချိုးပစ်သွားခဲ့သည်။

အခန်း(၂၃၄)လူသားလက်နက်။

အဖြူလေး၏ထွက်ပေါ်လာခြင်းသည် လူတိုင်း၏ မျှော်မှန်းချက်များထက် ကျော်လွန် နေပါသည်၊ အထူးသဖြင့် လင်းညီအစ်ကိုများအတွက် ဖြစ်ပါသည်။

ယခုအချိန်တွင် လင်းယုသည် သေလုမျောပါး ဖြစ်နေပြီ ဖြစ်သည်။ သူသည် ရှောင်ဘိုင်၏ စပါးအုံးမြွေအမြီးကြီး၏ အပြင်းအထန် ရိုက်နှက်ထိမှန်ခံခဲ့ရပြီး သူ၏ အတွင်းအင်္ဂါအားလုံး ကွဲအက်သွားခဲ့သည်။

အကယ်၍ သူသည် ပဉ္စမအဆင့် ကောင်းကင်အလွှာ သိုင်းမြို့စားအဆင့် တစ်ဦး၏ ကျင့်ကြံမူစွမ်းအား ရှိနေခြင်းကြောင့်သာ၊ မဟုတ်ပါက သူသည် အချိန်ကာလ အတန်ကြာကတည်းကပင် သေဆုံးသွားခဲ့ပေလိမ့်မည်။

"အကိုကြီး!"

လင်းဟန်သည် လင်းယု၏ နံဘေးသို့ အမြန်ပြေးသွားခဲ့သည်။ သွေးများဖုံးလွှမ်းနေသော လင်းယုကို ကြည့်လိုက်ရင်း ပြင်းထန်သော သတ်ဖြတ်လိုစိတ်များ ထွက်ပေါ်လာပြီး သူ၏ ဝတ်ရုံများသည်ပင် တဖျတ်ဖျပ်ရိုက်ခတ်သံများ တဟုန်ထိုး ထွက်ပေါ်လာသည်။

ကြက်သွေးရောင်လေစီးကြောင်းများက သူ၏ပတ်ဝန်းကျင်တွင် တဝဲလည်လည် ရစ်ပတ်နေပြီ သူ၏မျက်လုံးများပင်လျှင် နီမြန်းသောသွေးရောင်များဖြင့် လင်းလက် တောက်ပလာသည်။

"အယ်? ဒါက လင်းကလန်ရဲ့ ကောင်းကင်လောင်ကျွမ်းခြင်းဒေါသ သိုင်းပညာရပ် တမျိုးမဟုတ်လား။" ဂျီမျိုးနွယ်စုမှ အနီရောင်ဝတ်လူငယ်က အံ့သြစွာဖြင့် မေးခွန်း ထုတ်လိုက်သည်။

ကောင်းကင်လောင်ကျွမ်းခြင်းဒေါသသည် လင်းကလန်၏ လျှို့ဝှက် သိုင်းပညာရပ် တစ်ခုဖြစ်သည်။ ဒေါသကို ပြင်းပြင်းထန်ထန် တိုက်ခိုက်နိုင်သော စွမ်းအားအဖြစ် စိတ်နှလုံးအတွင်းမှာ အသွင်ပြောင်းနိုင်ပြီး အချိန်တိုအတွင်း ခွန်အားကို မြင့်တင်ပေး နိုင်သည်။

အစောပိုင်းလေးက ရှောင်ဘိုင်သည် လင်းယုကို ပြင်းပြင်းထန်ထန် ဒဏ်ရာရစေခဲ့ သည့်အတွက် ယင်းက လင်းဟန်ကို အလွန်ဒေါသ ထွက်စေခဲ့သည်။

လင်းဟန်သည် ဒေါသထင်ပြင်းသည့်အင်မော်တယ်တစ်ပါးအဖြစ် ပြောင်းလဲသွားခဲ့ပြီး ရှောင်ဘိုင်ဆီသို့ ခြေလှမ်းတစ်လှမ်းချင်း လျှောက်လှမ်းသွားနေသည်။ သူ၏ခန္ဓာကိုယ်မှ ထုတ်လွှတ်သော စူးရှတောက်ပသည့် အငွေ့အသက်သည် လူသားတို့၏ နှလုံးသားကို အေးခဲသွားစေခဲ့သည်။

သူ၏ခန္ဓာကိုယ်တစ်ဝိုက်တွင် ပျံ့လွင့်ရစ်ပတ်နေသော နီမြန်းသော အငွေ့အသက်များ သည် အဆိပ်ပြင်းမြွေတစ်ကောင် လှည့်ပတ်သွားနေသကဲ့သို့ ကြောက်မက်ဖွယ် ကောင်းသည့် ယင်ချီသည် သူ၏ခန္ဓာကိုယ်ပေါ်တွင် ရစ်ပတ် လှုပ်ရှားနေသည်။

"ငါမင်းကိုသေစေချင်တယ်!"

လင်းဟန်သည် ချက်ချင်းပင် ပစ်ဝင်လိုက်ပြီး သူ၏ နီမြန်းသော ခန္ဓာကိုယ်သည် လေထဲတွင် သွေးစွန်းနေသည့် အလင်းရောင်တချက် လင်းလက်သွားခဲ့သည်။

အဖြူလေးသည် တချက်ဟိန်းဟောက်လိုက်ရင်း သူ၏နီမြန်းသော မြွေမျက်လုံး များသည် အေးစက်သော အလင်းရောင်များဖြင့် တောက်ပနေ သည်။ ဧရာမ စပါးအုံးမြွေအမြီးကြီးသည် လေထဲတွင် အလင်းတန်းတစ်ခု အဖြစ်သို့ ပြောင်းလဲသွားပြီး လင်းဟန်ဆီသို့ လျင်မြန်စွာ ခုန်ဆင်းသွားခဲ့သည်။

ပြင်းထန်လှသည့် စပါးအုံးမြွေအမြီးကြီးကို ရင်ဆိုင်ရသော်လည်း ယခုအချိန်တွင် လင်းဟန်သည် လုံးဝ မကြောက်တော့ပေ။ သူသည် ရှောင်ဘိုင်၏ စပါးအုံးမြွေ အမြီးကြီးကို တိုက်ရိုက် ထိုးနှက်လိုက်လေသည်။

"ဘုန်း!"

ကျယ်လောင်သော ပေါက်ကွဲသံ ထွက်ပေါ်လာသည်။ မြေမှုန့်ဖုန်မှုန့်များ လွင့်ပျံသွားကြသည်။

ရှောင်ဘိုင်၏ကြီးမားလှသော ခန္ဓာကိုယ်ကြီးသည် ဘေးသို့ လွင့်စင်ကာ လဲကျသွားခဲ့ပြီး သနားစဖွယ်အော်ဟစ်သံက ထွက်လာသည်။ လင်းဟန်သည် ထိုနေရာတွင်ပင် မလှုပ်မယှက် ရပ်နေခဲ့သည်။

"ရှောင်ဘိုင်!"

ကောင်းကင်ယံ၌ ဇူဇီဝမ်နှင့် တိုက်ခိုက်နေသော ချင်ယွင်သည် ဤမြင်ကွင်းကို မြင်လိုက်ရသောအခါတွင် ထိတ်လန့်သွားသည်။

သူသည် သူ၏စိတ်ထဲမှ စိတ်ပိုင်းဆိုင်ရာဆက်သွယ်မူတခုကို အမြန်ရရှိလိုက်သည်။

"သခင်၊ ကျွန်တော် အဆင်ပြေပါတယ်၊ ဒါပေမယ့်၊ သူ့ရဲ့ ခွန်အားက ချက်ချင်း တိုးလာခဲ့တယ်။ သူက ပဉ္စမအဆင့် ကောင်းကင်အလွှာ သိုင်းမြို့စားအဆင့်ကနေ သတ္တမအဆင့် ကောင်းကင်အလွှာ အထွတ်အထိပ် သိုင်းမြို့စားအဆင့်အထိ တိုက်ရိုက် မြင့်တက်သွားခဲ့တယ်။ သူက ကျွန်တော်အတွက် ပြိုင်ဘက် မဟုတ်တော့ ဘူး" ရှောင်ဘိုင်၏ အသံသည် ချင်ယွင်၏ စိတ်ထဲတွင် အားနည်းနေသည့် အရိပ်အယောင်များပင် ကြားနေရသည်။

ချင်ယွင် မျက်မှောင်ကြုတ်လိုက်သည်။ လင်းဟန်သည် ဤမျှ အစွမ်းထက်လိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။ ဆဌမအဆင့် ကောင်းကင်အလွှာ အထွတ်အထိပ် သိုင်းမြို့စားအဆင့်တွင်ရှိ နေသည့် ရှောင်ဘိုင်သည်ပင်လျှင် သူ့အတွက် ပြိုင်ဘက် မဟုတ်တော့ပေ။

မူလအတိုင်းဆိုလျှင် ရှောင်ဘိုင်၏တိုက်ခိုက်မူသည် လင်းညီအစ်ကို ဖိနှိပ်ထားရန် လုံလောက်သည်ဟု သူတွေးထားခဲ့သည်။

သို့သော် ဤလင်းဟန်သည် လင်းမျိုးနွယ်စု၏ အထူးလေ့ကျင့်ပေးခံရသူ ဖြစ်ပုံပေါ် သည်။ သူ၏ခန္ဓာကိုယ်ကို ကာကွယ်ရန်အတွက် အင်မော်တယ်အဆင့် သံချပ်ကာ ဝတ်စုံကို ပိုင်ဆိုင်ထားရုံသာမက ရှောင်ဘိုင်ကို အမှန်တကယ် ထိန်းချုပ်ထားနိုင်သည့် သိမ်မွေ့နက်နဲသော လျှို့ဝှက်သိုင်းပညာရပ်ကိုပါ ပိုင်ဆိုင်ထား ခဲ့သည်။

ချင်ယွင်သည် မလှုပ်မယှက်ဘဲ ခပ်လှမ်းလှမ်းတွင် ရပ်နေသော ဂျီမျိုးနွယ်စုအဖွဲ့ဝင် နှစ်ယောက်ကို တစ်ချက်ကြည့်လိုက်သည်။

၎င်းတို့အထဲတွင် အနီရောင်ဝတ်လူငယ်သည် ချင်ယွင်ကို နှိုင်းယှဉ်လို့မရသည့် အန္တရာယ်အငွေ့အသက်ကို အမှန်တကယ် ခံစားရစေခဲ့သူဖြစ်သည်။ အပေါ်ယံတွင် ဤလူငယ်သည် သိုင်းမြို့စားနယ်ပယ်၏ ဆဌမအဆင့် ကောင်းကင်အလွှာ ကျွမ်းကျင်သူ တစ်ဦးကဲ့သို့ ဖြစ်နေသော်လည်း၊ သူ၏စွမ်းအားသည် သတ္တမအဆင့် ကောင်းကင်အလွှာ သိုင်းမြို့စားအဆင့် ကျွမ်းကျင်သူတစ်ဦးထက် အားနည်းခြင်းမရှိဟု ချင်ယွင်သည် သေချာပေါက်ပြောနိုင်သည်။

"ငါဘယ်လို တိုက်ရမှာလဲ၊ ငါဒီအတိုင်း ဆက်ပြီး တိုက်ခိုက်နေရင် ငါ မြန်မြန် သေသွားလိမ့်မယ်" ချင်ယွင်၏ စိတ်ထဲတွင် စိုးရိမ်သောက အရိပ်အယောင်တစ်ခု တိုးဝင်လာခဲ့သည်။

"ဟမ့်၊ မင်းက ငါ့နဲ့တိုက်ခိုက်နေတဲ့အချိန်မှာတောင် စိတ်ပျံ့လွင့်နေတုန်းပေါ့။" ဇူဇီဝမ်က အေးစက်စွာ အော်ဟစ်လိုက်ပြီး သူ၏လက်ထဲရှိ ရှိရှင်းသောပုံစံဓားသည် ချက်ချင်းပင် ဓားကိုယ်ထည်ကို ထိုးဖောက်ပြီး ရင်တုန်ပန်းတုန် ဖြစ်လောက်သည့် စွမ်းအင် အတက်အကျလှိုင်းများကို ချက်ချင်း ထုတ်လွှတ် လိုက်ပါသည်။

ချင်ယွင်၏အမူအရာသည် ချက်ချင်းပြောင်းလဲသွားခဲ့ပြီး အလွန်ဆိုးရွားသော ကြိုတင် သတိပေး ချက်တစ်ခုက သူ၏နှလုံးသားထဲသို့ တိုးဝင်လာခဲ့သည်။

ဝှီး!

ဓားအလင်းတန်းတစ်ခုက ကောင်းကင်ယံကို ထိုးဖောက် ဝင်ရောက်ပြီး ချင်ယွင်၏ ရှေ့မှာ ချက်ချင်းပေါ်လာသည်။

ချင်ယွင်ကိုယ်တိုင် မရှောင်တိမ်းနိုင်ခင်မှာပင် သူ၏ရင်ဘတ်ကို ဓားအလင်းက ထိမှန်သွားခဲ့သည်။

"ဘုန်း!"

ဓားအလင်းသည် ချက်ချင်း ပေါက်ကွဲသွားသည်။

ချင်ယွင်၏ ရင်ဘတ်သည် ချက်ချင်း ပွင့်ထွက်သွားပြီး သူ၏ တစ်ကိုယ်လုံးသည် ချက်ခြင်း နောက်ပြန်လွင့်ပျံသွားခဲ့ပြီး မြေကြီးပေါ်သို့ ထိုးကျကာ ကြီးမားသော တွင်းနက်ကြီးတစ်ခု ဖြစ်ပေါ်လာစေသည်။

"ဘာ... ဘာဖြစ်နေတာလဲ?" ချင်ယွင်သည် ကြီးမားသောတွင်းထဲတွင် လဲလျောင်းနေသည်။ သူ၏ရင်ဘတ်မှ နာကျင်မူက သူ၏ဦးရေပြားအထိ ပေါက်ကွဲသွား သလို ခံစားလိုက်ရသည်။

အစောပိုင်းလေးက ဓားအလင်းသည် ထူးဆန်းလွန်း၏။ ၎င်းသည် အမှန်တကယ်ပင် လေဟာနယ်ကိုဖြတ်၍ တိုက်ရိုက် ပျံသန်းလာကာ သူ၏ရှေ့တွင် ပေါ်လာခဲ့ပြီး၊ ထိုစဉ်တုန်းက မိုးကြိုးဝိညာဉ်ဂိုဏ်းတွင် ကျန်းတိုင်အသုံးပြုခဲ့သည့် လေဟာနယ် တွန့်ခေါက်ခြင်း သဘောတရားအတိုင်း ဖြစ်နေပါသည်။

"လေဟာနယ်သဘောတရားကို မင်းက နားလည်ထားတယ်ပေါ့" ချင်ယွင်က အံ့သြစွာ ပြောလိုက်သည်။

ဇူဇီဝမ်သည် အစိမ်းရောင်ဓားကို လက်ထဲတွင် ကိုင်ထားပြီး လေဟာနယ်ထဲတွင် ရပ်နေကာ သူ၏မျက်နှာသည် အေးစက်သော အပြုံးကို ဆောင်ထားသည်။

"မှန်တယ်။ ငါနားလည်ထားတာက လေဟာနယ်စွမ်းရည် သဘောတရားပဲ။ ဆိုတော့ ငါ့အနေနဲ့ မင်းကို သတ်ရတာက လက်ဖဝါးတဖက်နဲ့ ရိုက်သတ်ရသလို လွယ်ကူလွန်းတယ်။ အရင်တိုက်ပွဲက အပျော်သဘော သက်သက်ပဲ။ ငါ့မျက်လုံးထဲမှာ တော့ မင်းဟာ အစကကနေအဆုံးအထိ ပုရွက်ဆိတ် တစ်ကောင်ထက် ဘာမှ မပိုဘူး။ "ဇူဇီဝမ်က အထင်သေးဟန်ဖြင့် လှောင်ပြောင်ပြီး သူ၏ မျက်လုံးထဲတွင် မောက်မာမှု များကို ဖုံးကွယ်မထားခဲ့ပါဘူး။

ယခုမှပင် ချင်ယွင်သည် ဤမျိုးနွယ်စုကြီးများ၏ တပည့်များကို သူ လျှော့တွက်မိ ကြောင်း နားလည်လာခဲ့သည်။ ဤမျိုးနွယ်စုကြီးများ၏ တိုက်ရိုက်သားစဉ် မြေးဆက်များသည် အင်မော်တယ်အဆင့်ပစ္စည်းများကို ပိုင်ဆိုင်ထားရုံသာမက သူတို့သည် ပိုမိုမြင့်မားသောအဆင့်များကို စိန်ခေါ်နိုင်သည့် ကျွမ်းကျင်သူများ ဖြစ်ကြသည်။ သူတို့၏ စွမ်းအားသည် သူတို့၏ အပေါ်ယံ ကျင့်ကြံမူအဆင့်ထက် များစွာ ကျော်လွန်နေခဲ့သည်။

တခါမှ တိုက်ခိုက်ဖူးခြင်း မရှိသေးသော အနီရောင်ဝတ်လူငယ်လည်း အတူတူပင် ဖြစ်နိုင်သည်!။

ချင်ယွင်၏ နှလုံးသားထဲသို့ မလိုလားသည့် အရိပ်အယောင်တစွန်းတစက တိုးဝင် ပျံ့နှံ့လာခဲ့သည်။ သူ၏ ကျင့်ကြံမှုအဆင့်မှာ အလွန်အားနည်းနေသေး သည်။ ထိုသို့မဟုတ်လျှင် သူသည် ထိုမျိုးနွယ်စုကြီးများ၏ တပည့်များကို သေချာပေါက် ရှုံးနိမ့်မှာ မဟုတ်ပေ။ အကယ်၍ သူသည် ထိုသူများနှင့် တူညီသော ကျင့်ကြံမူ အဆင့်ရှိနိုင်ခဲ့သည်လျှင် သူသည် ထိုလူများကို ချေမှုန်းနိုင်မည်မှာ သေချာပါသည်။

"ဘုန်း!"

ထိုအခိုက်အတန့်တွင် အဝေးမှ ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာသည်။

လင်းဟန်သည် သွေးနီရောင်နတ်ဆိုးနတ်ဘုရားအဖြစ်သို့ ပြောင်းလဲသွားကာ အဖြူလေး၏ ကြီးမားသော ခန္ဓာကိုယ်ပေါ်တွင် ရပ်နေကာ မြေပြင်ပေါ်သို့ အတင်း ဖိနင်းထားလေသည် ။

တောင်ကုန်းတစ်ခုကိုပင် ဖြိုခွဲရန် လုံလောက်သည့် သူ၏လက်သီးချက်များကလည်း မုန်တိုင်းကဲ့သို့ အဖြူလေး၏ ကျောပေါ်သို့ တိုက်ရိုက် ကျဆင်းနေသည်။ အဖြူလေးသည် နာကျင်စွာဖြင့် အသည်းအသန် ငိုကြွေးနေလေသည်။

"ရှောင်ဘိုင်!"

ဤမြင်ကွင်းကိုမြင်လိုက်ရလျှင် ချင်ယွင်၏မျက်နှာသည် ချက်ချင်းပင် ဒေါသအမျက် ချောင်းချောင်းထွက်သွားသည်။

ရှောင်ဘိုင်နှင့် သူသည် တစ်ယောက်ကိုတစ်ယောက် အမြဲမှီခိုနေခဲ့ကြ သည်။ ချင်နင်း မြို့ကနေ အခုအချိန်အထိ သူတို့သည် နက်ရှိုင်းသည့်ဆက်ဆံရေးကို တည်ဆောက်ထား ပြီးသား ဖြစ်သည်။ ရှောင်ဘိုင်သည် လင်းဟန်၏ အနိုင်ကျင့်ခြင်း ခံနေရသည်ကို မြင်လိုက်ရသည့်အခါ ချင်ယွင်သည် သူ၏နှလုံးသားထဲတွင် အလွန်အမင်း နာကျင် ပူဆွေးမူကို ခံစားခဲ့ရသည်။ ထို့နောက် ရှောင်ဘိုင်ကို ကယ်တင်ရန်အတွက် လင်းဟန်ဆီသို့ အပြေးအလွှား သွားလိုက်သည်။

"ဟမ့်၊ မျိုးမစစ်ကောင်၊ မင်း ကိုယ့်ကိုကိုယ် ပိုပြီးဂရုစိုက်သင့်တယ်!" ဇူဇီဝမ်က အေးစက်စက် နှာခေါင်းတချက်ရှုံ့လိုက်ပြီး ၎င်း၏အသံက လေထဲတွင် ပေါက်ကွဲ ထွက်သွားသည်။ သူ၏ရုပ်အသွင်အပြင်သည် ကောင်းကင်ယံတွင် ပျောက်ကွယ် သွားခဲ့ပြီး ချင်ယွင်ဆီသို့ ပြေးထွက်သွားခဲ့သည်။

ပြန်ပေါ်လာသည့်အခိုက်တွင်၊ သူသည် ချင်ယွင်ရှေ့သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ပုံစံရိုးရှင်းသည့် ဓားအပေါ်တွင် ဓားအလင်းသည် ထက်ရှပြီး အရိုးတွင်ချဉ်ဆီသို့ပင် ထိုးဖောက် ဝင်ရောက်နိုင်ကာ ချင်ယွင်၏ မျက်ခုံးမွှေးနှစ်ခု ကြားရှိနေရာကို တိုက်ရိုက် တိုးဝင်သွားသည်။

ချင်ယွင်၏မျက်နှာသည် ထိတ်လန့်သွားပြီး နဂါးတောင်ပံများကို အလျင်အမြန် အသုံးပြုလိုက်ရသည်။

ပုံစံရိုးရှင်းသော အင်မော်တယ်အဆင့်ဓားသည် နဂါးအတောင်ပံများထဲသို့ ထိုးကျသွား သည်။ ထက်ရှသော ဓားအလင်းတန်းသည် နဂါးအတောင်ပံများပေါ်တွင် ရှည်လျားနီရဲနေသည့် သွေးနီရောင်သော အမှတ်အသားများကို ဆွဲခြစ်သွားခဲ့သော် လည်း ထိုးဖောက်နိုင်ခြင်း မရှိခဲ့ပေ။

“ဟို့၊ တကယ်ကို အတောင်ပံတွေ ရှိနေတာပဲ၊ တောင်ပံတွေက အရမ်းလည်း မာကြောတယ်။" ဇူဇီဝမ်က တိုးတိုးလေး ပြောသည်။

ချင်ယွင်သည် အေးစက်စွာ နှာခေါင်းရှုံ့ပြီး နဂါးတောင်ပံများကို ချက်ချင်းပင် ခတ်လိုက်ကာ ဇူဇီဝမ်၏ခန္ဓာကိုယ်ကို အပေါ်သို့မပြီး တိုက်ရိုက်လွှင့်ပစ်ကာ လွင့်ပျံသွားစေခဲ့သည်။

တစ်ချိန်တည်းမှာပင်၊ ချင်ယွင်၏ ခန္ဓာကိုယ်သည် ချက်ချင်းဆိုသလို လေထဲတွင် အနီရောင် အလင်းတန်းကြီးတခုကဲ့သို့ ထင်ကျန်ရစ်ခဲ့ကာ လင်းဟန်ရှိသည့် ဦးတည်ရာ အရပ်ဆီသို့ လျင်မြန်စွာ ဖြတ်သန်းသွားခဲ့သည်။

လင်းဟန်သည် ရုတ်တရက် ခေါင်းမော့ကာ လျင်မြန်စွာ ချဉ်းကပ်လာသော ချင်ယွင်ကို ကြည့်လိုက်သည်။ သူက လှောင်ပြောင်ပြီး ပြောလိုက်သည် "အချိန်မီလေးပဲ!"

ထိုသို့ပြောပြီးနောက် သူက ချင်ယွင်ဆီသို့ တိုက်ရိုက် ထိုးလိုက်သည်။

"ရှောင်ဘိုင်ကို အကျင့်တဲ့အတွက်၊ ငါ မင်းကို တန်ရာတန်ကြေး ပြန်ပေးဆပ်ခိုင်းမယ်။"

ချင်ယွင်က ဒေါသတကြီး အော်ဟစ်လိုက်သည်။ အနက်ရောင်လျှပ်စီးကြောင်းသည် သူ၏မျက်လုံးများတွင် လင်းလက်သွားသည်။

သူသည် ဒေါသပေါက်ကွဲသည့် အခြေအနေအတွင်းသို့ ဝင်ရောက်သွားခဲ့ပြီး ထိန်းမနိုင်သိမ်းမရ ဖြစ်လာနေသောလျှပ်စီးများက သူ၏တစ်ကိုယ်လုံးကို ချက်ချင်း လွှမ်းခြုံသွားခဲ့သည်။ သူ၏အမြင်အာရုံသည် ချက်ချင်းပင် မည်းမှောင်သွားသည်။

သူ၏ ခွန်အားအားလုံးကို သူ၏လက်သီးထဲသို့ လောင်းထည့်လိုက်ပြီး ကောင်းကင်နှင့် မြေကြီးကို ပြိုကျစေမည့် အလားအလာဖြင့် လင်းဟန်ဆီသို့ တွန်းပို့ လွှတ်လိုက်သည်။

"ဘုန်း!"

ကောင်းကင်ယံတွင် ပေါက်ကွဲသံက လူတိုင်း၏နားထဲတွင် ထွက်ပေါ်လာ သည်။ မြေပြင်တစ်ခုလုံး တုန်ခါပြီး ပြိုလဲသွားသည်။

လင်းဟန်သည် အံ့သြသွားခဲ့သည်။ သူ၏လက်သီးမှ တုနှိုင်း၍ မရလောက်အောင် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ခုကို ခံစားလိုက်ရပြီး အထိန်းအကွပ်မရှိ သူသည် နောက်ပြန် ဆုတ်သွားလိုက်ရသည်။

"မင်းက လိပ်ခွံဝတ်ထားလို့ မင်းကို ဘာမှ မလုပ်နိုင်ဘူးလို့ မထင်နဲ့၊ ဒီနေ့ ငါချင်ယွင်က မင်းတို့စိတ်တိုင်းကြ အနိုင်ကျင့်လို့ရတဲ့လူ မဟုတ်ဘူးဆိုတာ မင်းတို့ကို ငါပြပေးမယ်"

ချင်ယွင်၏ အသံသည် မြေအောက်ကမ္ဘာငရဲမှ ထွက်ပေါ်လာသော သေမင်း၏သံနှင့်တူပြီး သူ၏တစ်ကိုယ်လုံး ပေါက်ကွဲသွားသည်။

နဂါးတောင်ပံများပေါ်တွင် လင်းလက်နေသော အနက်ရောင် လျှပ်စီးကြောင်းသည် ချက်ချင်းပေါက်ကွဲသွားပြီး ချင်ယွင်၏ ရုပ်အသွင်အပြင်သည် လင်းဟန်၏ရှေ့တွင် လျှပ်စီးလက်သလို ပေါ်လာခဲ့သည်။

လင်းဟန်သည် ချက်ချင်းပင် အံ့သြသွားသည်။ သူသည် သူ့ကိုယ်သူ အလျင်အမြန် ခုခံကာကွယ်လိုဟန်ဖြင့် သူ၏ခန္ဓာကိုယ်ပေါ်ရှိ အနီရောင်စွမ်းအင်များက ချင်ယွင်ဆီသို့ တဟုန်ထိုး တိုးဝင်သွားသည်။

သို့သော်လည်း ဒေါကပေါက်ကွဲသည့် အခြေအနေအတွင်း ကျရောက်နေသည့် ချင်ယွင်၏ရှေ့မှာ ဤအရာအားလုံးသည် အချည်းနှီး ဖြစ်သွားခဲ့ရသည်။

ချင်ယွင်သည် သူ၏လက်သီးများကို အနီရောင်စွမ်းအားထဲသို့ ထိုးသွင်းလိုက်ပြီး အနီရောင်လေထုသည် ချက်ချင်းပင် ပျောက်ကွယ် သွားခဲ့သည်။

တစ်ချိန်တည်းမှာပင် ချင်ယွင်၏ လက်သီးသည် လင်းဟန်၏ အနီရောင် အင်မော်တယ် အဆင့် သံချပ်ကာဝတ်စုံအပေါ်ကို အခိုင်အမာ ကျရောက်သွားသည်။

ချွင်!

စူးစူးဝါးဝါး အသံတစ်ခု ထွက်ပေါ်လာသည်။

"ဒါက အသုံးမဝင်ပါဘူး။ မင်းရဲ့ လက်သီးက ဘယ်လောက်ပဲ ပြင်းထန်ပါစေ ငါ့ရဲ့ အင်မော်တယ်အဆင့်သံချပ်ကာဝတ်စုံကို ဖြတ်ကျော်နိုင်မှာ မဟုတ်ဘူး။" လင်းဟန်က ပြုံးလိုက်သည်။

သို့သော် သူပြောပြီးသည်နှင့် သူ၏အမူအရာမှာ သိသိသာသာ ပြောင်းလဲသွားသည်။

ချင်ယွင်သည် သူ၏ခြေထောက်များကို ဖမ်းဆုပ်ကိုင်လိုက်ပြီး တောင်ကြီးကိုပင် ဆွဲထုတ်လိုက်သည့် စွမ်းအားမျိုးဖြင့် သူသည် မျက်နှာပြောင်တိုက်ကာ ဆုံးဖြတ်ချက် ပြတ်သားစွာဖြင့် မြေပြင်ပေါ် ပစ်ရိုက် ချလိုက်သည်။

လင်းဟန်သည် သူ၏ခန္ဓာကိုယ်ကို ကာကွယ်ထားသည့် အင်မော်တယ်အဆင့် သံချပ်ကာဝတ်စုံရှိသော်လည်း ဤထိုးနှက်မူကိုခံရပြီးနောက် သူသည် မူးဝေနေ သေးသည်။

ဤအခြေအနေ မပြီးဆုံးခင်မှာ ချင်ယွင်သည် သူ၏ခန္ဓာကိုယ်ကို ကြက်တစ်ကောင်လို တိုက်ရိုက်လှည့်ပတ်ဝှေ့ယမ်းလိုက်ပြီး လေထဲမှာရှိနေသည့် ဇူဇီဝမ်ဆီကို ပစ်လွှတ် လိုက်သည်။

အခန်း (၂၃၅) အသက်တစ်ချောင်းအတွက် အသက်တစ်ချောင်းကိုရောင်းဝယ်ခြင်း။

ဇူဇီဝမ်သည် လေထဲတွင်ရပ်ပြီး လင်းဟန်ကိုဝှေ့ယမ်းလှည့်ပတ်ကာ သူ၏ဘက်သို့ လှည့်နေသည်နေသော ချင်ယွင်က ကြည့်နေသည်။ သူ၏မျက်နှာသည်လည်း သိသိသာသာ ပြောင်းလဲသွားသည်။

သူသည် စွမ်းအားရှိသမျှ အလျင်အမြန် ခုတ်ပိုင်းလိုက်ပြီး ထက်ရှပြီး ပုံမှန်မဟုတ်သည့် ဓားချီတစ်ခုကိုပစ်လွှတ်လိုက်သည်။

"ဟမ့်၊ မင်းရဲ့ အင်မော်တယ်အဆင့်ဓားကပဲ အစွမ်းထက်လား။ ဒါမှမဟုတ် ဒီကောင်ရဲ့ အင်မော်တယ်အဆင့် သံချပ်ကာဝတ်စုံက မာကြောသလား ငါကြည့်ချင်မိတယ်" ချင်ယွင်က အေးစက်စွာ ဟစ်အော်လိုက်ပြီး သူ၏လက်ထဲတွင် လင်းဟန်ကို လှည့်ပတ်ဝှေ့ယမ်းပြီး ဓားချီရှိရာဆီသို့ တွန်းပို့လိုက်သည်။

"ဘုန်း!"

ဓားချီသည် လင်းဟန်၏ခန္ဓာကိုယ်ကို ထိမှန်ကာ တိုက်ရိုက်ပေါက်ကွဲသွားသည်။ လင်းဟန်၏ ခန္ဓာကိုယ်ပေါ်ရှိ အင်မော်တယ်အဆင့် သံချပ်ကာဝတ်စုံသည် တိုက်ခိုက်မှုအားလုံးကို ခုခံကာကွယ်ပေးရန်အတွက် အနီရောင်အလင်းတန်းများ အဆက်မပြတ်လင်းလက်နေသည်။

အင်မော်တယ်အဆင့် သံချပ်ကာဝတ်စုံသည် စွပ်ကျယ်အင်္ကျီ အရွယ်အစားသာ ရှိသော်လည်း ၎င်းတွင် ခုခံမှုအစီအရင် ပါရှိသည်။ ထို့ကြောင့် ခန္ဓာကိုယ်၏ အခြား အစိတ်အပိုင်းများကိုလည်း ပျက်စီးခြင်းမှ ချက်ခြင်း ကာကွယ်ပေးနိုင်သည်။ ၎င်းသည် အင်မော်တယ်အဆင့် သံချပ်ကာဝတ်စုံ၏ စစ်မှန်သော စွမ်းအားလည်းဖြစ်သည်။

"ကြည့်ရတာ မင်းရဲ့ အင်မော်တယ်အဆင့်ဓားက ဒီထက်ဘာမှ မပိုဘူးထင်တယ်။ ဒီကောင်ရဲ့ အင်မော်တယ်အဆင့် သံချပ်ကာဝတ်စုံကို တကယ်ကို မဖြတ်နိုင်ဘူးပဲ။" ချင်ယွင်က ရယ်မောလိုက်သည်။

သူ၏ခန္ဓာကိုယ်ပေါ်ရှိ အနက်ရောင်လျှပ်စီးများသည် ဒေါသနှင့်အတူ သတ်ဖြတ်လိုသည့် ဆန္ဒများဖြင့် ပြည့်နှက်နေသည်။ သူသည် လင်းဟန်ကို သူ့လက်ထဲတွင် ကိုင်ထားဆဲသည်။

ဂျီကလန်၏ ညီအကိုနှစ်ယောက်သည် အဝေးကနေ ဤမြင်ကွင်းကိုမြင်ပြီး ထိတ်လန့်သွား ကြသည်။

"စိတ်ဝင်စားဖို့ကောင်းလိုက်တာ။ ဒီချင်ယွင်က လင်းဟန်ကို လက်နက်တစ်ခုအနေနဲ့ သုံးနေခဲ့တာပဲ!" အနီရောင်ဝတ်လူငယ်က ကျယ်လောင်စွာ ရယ်မောလိုက်သည်။

ဇူဇီဝမ်၏ အမူအရာသည် အလွန်ပင် မှိုင်းညို့သွားခဲ့သည်။ သူ၏လက်ထဲရှိ ရှေးဟောင်းအင်မော်တယ်ဓားသည် အေးစက်သည့်အလင်းရောင်ဖြင့် စီးဆင်းနေသည်။ သူသည် ချင်ယွင်က ယခုလိုလှုပ်ရှားမှုမျိုးကို အသုံးပြုလိမ့်မည်ဟု တကယ်ကို မျှော်လင့်မထားခဲ့ပေ။ ဤအရာက တိုက်ခိုက်ရမလား မတိုက်ခိုက်ရဘူးလားဟု သူ့ကို ဝေခွဲမရဖြစ်စေသည်။

ဒေါသထွက်နေသူမှာ ချင်ယွင်၏ တကိုယ်လုံးကို ထိန်းချုပ်ခံရသည့် လင်းဟန်ကိုယ်တိုင် ဖြစ်နေပါသည်။ သူသည် အရင်က ယခုလို အရှက်တကွဲ အဖြစ်မျိုး မကြုံခဲ့ဖူးပါဘူး။ သူသည် လင်းမျိုးနွယ်စုခေါင်းဆောင်၏ ဒုတိယမြောက်သား ဖြစ်ပါသည်။ လင်းမျိုးနွယ်စု၏ တန်ဖိုးထား အခံရဆုံးဖြစ်သော ဒုတိယသခင်လေးသည် ယနေ့တွင် လက်နက်တခုအဖြစ် အသုံးတော်ခံနေရပါသည်။

သူ၏အဆုတ်သည် ဒေါသနှင့်အတူ ပေါက်ကွဲတော့မည်ဟုပင် ခံစားလိုက်ရပြီး ဧရာမဒေါသလှိုင်းလုံးကြီးသည် သူ၏နှလုံးသားထဲတွင် တလှိမ့်လှိမ့်ထိုးတက်လာခဲ့ပြီး ကောင်းကင်လောင်ကျွမ်းခြင်း ဒေါသပညာရပ်ကို ထပ်မံအသုံးပြုရန် ပြင်ဆင်နေသည်။

ချင်ယွင်သည် လင်းဟန်ကို သူဆန္ဒရှိသည့်အတိုင်း ဝှေ့ယမ်းလှည့်ပတ်လိုက်ပြီး ကောင်းကင်ယံမှာရှိနေသည့် ဇူဇီဝမ်ကို အရင်ဆုံးသတ်ဖြတ်ရန် အမှန်တကယ် လှုပ်ရှား လိုက်သည်။

မြန်နှုန်းမြင့်လျှပ်စီးနှင့် နဂါးတောင်ပံများကို ပိုင်ဆိုင်ထားသည့် ချင်ယွင်သည် သူ၏ အမြန်နှုန်းကို အဆုံးအစွန်ထိ ပြင်းထန်စွာ မြှင့်တင်လိုက်သည်။ သူသည် ဇူဇီဝမ်ရှေ့မှာ ချက်ချင်းပေါ်လာသည်။

သူသည် စကားတစ်ခွန်းမှ မပြောဘဲ လင်းဟန်ကို ဇူဇီဝမ်ဆီ ဦးတည်ကာ လှည့်လိုက်သည်။

ဇူဇီဝမ်၏အမူအရာမှာ အနည်းငယ်ပြောင်းလဲသွားပြီး ၎င်းကို တားဆီးရန် သူ၏ လက်ထဲတွင်ရှိသော မိုးပြာရောင် အင်မော်တယ်ဓားကို အလျင်အမြန် အသုံးပြု လိုက်သည်။

ထက်ရှသော အင်မော်တယ်ဓားသည် လင်းဟန်၏ အင်မော်တယ်သံချပ်ကာဝတ်စုံနှင့် ထိပ်တိုက်ဆုံမိသွားပြီး သတ္တုချင်း ရိုက်ခံလှိုင်းလုံးများ ထင်ထင်ရှားရှား ထွက်လာသည်။

မီးတောက်မီးလျှံများက နေရာတိုင်းသို့ ပျံ့လွင့်သွားခဲ့ပါသည်။

လင်းဟန်၏ ခန္ဓာကိုယ်ပေါ်တွင် စုစည်းရောက်ရှိလာသော ဒေါသများက ချက်ချင်း ပြေပျောက်သွားရသည်။

ဒေါသပေါက်ကွဲသည့် အခြေအနေအတွင်းသို့ ရောက်ရှိနေသော ချင်ယွင်သည် အနှိုင်းမဲ့ အားကောင်းနေပြီး လင်းဟန်၏ခွန်အားကို လှုပ်ခါလိုက်သည်မှာ အမှန်တကယ်ပင် ကြောက်စရာကောင်းလှသည်။

ချွင်!

ဇူဇီဝမ်သည် ချက်ချင်းပင် လွင့်ပျံသွားခဲ့ပြီး သူ၏နောက်မှ မြေပြင်ပေါ်သို့ ပြတ်ကျသွားကာ မြေပြင်ပေါ်တွင် ရှည်လျားသည့် စွတ်ကြောင်းအရာကြီး ကျန်ရစ်ခဲ့သည်။

သို့သော် သူသည် ထိုစွမ်းအားကို ဖယ်ရှားလိုက်သည့်အခါတွင် သူ၏ခန္ဓာကိုယ်ကို ရပ်တန့်သွားနိုင်ခဲ့သည်။

ချင်ယွင်သည် သူ၏ရှေ့တွင် အမှန်တကယ် နောက်တကြိမ်ပေါ်လာခဲ့ပြန်ပြီး သူ၏လက်ထဲတွင်ရှိသည့် လင်းဟန်ကို ဇူဇီဝမ်ဆီသို့ တိုးဝင် တိုက်ခိုက်လိုက်ပြန်သည်။

ဘုန်း!

လေဟာနယ်လှိုင်းလုံးကြီးတစ်ခု ထွက်ပေါ်ရောက်ရှိလာပြီး ဇူဇီဝမ်သည်လည်း ပျောက်သွားခဲ့သည်။

ချင်ယွင်၏လက်ထဲတွင်ရှိနေသည့် လင်းဟန်သည် ချက်ချင်းပင် မြေကြီးပေါ်ကို ရိုက်မိသွားသည်။ မြေပြင်သည် ချက်ချင်း အက်ကွဲသွားခဲ့ပြီး ကြီးမားသော အက်ကွဲ ကြောင်းကြီးများကျန်ရစ်ခဲ့သည်။

"ထက်မြက်တယ်၊ ဉာဏ်ကောင်းတယ်။ ဒီလိုတိုက်ပွဲတခုက အလွန်ထူးခြား ကောင်းမွန်တယ်လို့ ပြောလို့ရပါတယ်။" အဝေးမှာရှိနေသည့် ဂျီကလန်၏ အနီရောင်၀တ်စုံဝတ် လူငယ်က လက်ခုပ်တီးပြီး ထပ်ခါတလဲလဲ အော်ဟစ် အားပေးနေခဲ့သည်။

ဂျီယွမ်သည် ဤမြင်ကွင်းကို ခါးသီးသော အပြုံးဖြင့် ကြည့်နေသည်။ သူသည် ယခုအချိန်တွင် လက်နက်အဖြစ် အသုံးပြုခံရသည့် လင်းဟန်သည် သေသွားခြင်း ရှိမရှိဆိုသည့် အတွေးတစ်ခုသာ ရှိတော့သည်။

အမှန်တကယ်မှာလည်း လင်းဟန်၏ တစ်ကိုယ်လုံးသည် ဒေါသကြောင့် တုန်ခါနေသည်။

သို့သော်၊ သူသည် သူ၏ဝိညာဉ်စွမ်းအင်ကို မည်ကဲ့သို့ အသုံးပြုသည်ဖြစ်စေ သူ၏ဒန်တန်သည် ဝိညာဉ်စွမ်းအင် တစွန်းတစကိုပင် စုစည်းနိုင်ခြင်းမရှိဘဲ စည်းတံဆိပ် ခတ်ထားခံရပုံပေါ်သည်။ ယင်းက သူ့ကို စိတ်ဓာတ်ကျပြီး သေချင်စိတ်ပင် ဖြစ်လာသည်။

ဘုန်း!

လေဟာနယ်လှိုင်းရိုက်ခတ်မူက နောက်ထပ်တကြိမ် ထွက်ပေါ်လာပြန်သည်။

ဇူဇီဝမ်၏ရုပ်အသွင်အပြင်သည် ချင်ယွင်၏နောက်တွင် ပေါ်လာပြီး သူ၏လက်ထဲတွင် ရှိသည့် အင်မောင်တယ်ဓားဖြင့် ချင်ယွင်၏ နောက်စေ့သို့ တိုက်ရိုက်ထိုးချလိုက်သည်။

"ဟမ့်၊ အဲဒါ အသုံးမဝင်ဘူး။" ချင်ယွင်က အေးစက်စွာ ဟစ်အော်လိုက်သည်။ ယခုအချိန်မှာ သူသည် ဒေါသပေါက်ကွဲသည့် အခြေအနေကို ရောက်ရှိနေဆဲ ဖြစ်သည်။

သူသည် သူ၏လက်ထဲမှ လင်းဟန်ကို စက်ဝိုင်းပုံစံ တိုက်ရိုက် ဝှေ့ယမ်းလိုက်ပြီး ဇူဇီဝမ်၏ဓားဆီသို့ ပြင်းပြင်းထန်ထန် ရိုက်လိုက်သည်။

ချွင်!

ဇူဇီဝမ်၏ဓားသည် ချက်ချင်းပင် ပြန်ခုန်ထွက်သွားသည်။ သူ၏ အင်မော်တယ်ဓားသည် လင်းဟန်၏ အင်မော်တယ် သံချပ်ကာဝတ်စုံရှေ့တွင် အသုံးမဝင်ပေ။

ချင်ယွင်က လှောင်ပြောင်လိုက်ပြီး လင်းဟန်ကို နောက်တစ်ကြိမ် ဝှေ့ယမ်းကာ ဇူဇီဝမ်ကို ရူးသွပ်စွာ ရိုက်ချလိုက်သည်။

ဇူဇီဝမ်သည် လေဟာနယ်သဘောတရားကို အဆောတလျင် အသုံးပြုပြီး လေဟာနယ် အတွင်း ခုန်ပျံကျော်လွှားရန် ပြင်ဆင်နေသည်။ သို့သော် ယခုတစ်ကြိမ်တွင် ချင်ယွင်သည် သူ၏ရင်ဘတ်ကို ပထမဆုံးကြိမ်အဖြစ် လက်မှန်အောင် ရိုက်နှက် သွားခဲ့သည်။

လင်းဟန်၏ဦးခေါင်းသည် ဇူဇီဝမ်၏ရင်ဘတ်ကို ထိမှန်သွားပြီး ကြောက်မက်ဖွယ် ကောင်းသော စွမ်းအားတစ်ခုက ချက်ချင်း ထွက်ပေါ်လာသည်။

ဇူဇီဝမ်သည်ပါးစပ်ထဲမှသွေးများ အရူးအမူး အန်ထွက်လာသည်။ သူ၏ အတွင်းအင်္ဂါများ သည် ပြင်းထန်စွာ တုန်ခါသွားပြီး သူ၏ခန္ဓာကိုယ်သည် နောက်ပြန် လွင့်ထွက် သွားခဲ့သည်။ သူသည်မြေပြင်ပေါ်တွင် လဲလျောင်းနေပြီး လှုပ်ပင် မလှုပ်နိုင်တော့ပေ။

ချင်ယွင်၏ မျက်လုံးများ အေးစက်သွားသည်။ ဇူဇီဝမ်ကို လိုက်ဖမ်းပြီး နောက်ဆုံး ထိုးနှက်ချက်တခု ပေးနိုင်ရန်အတွက် သူပြင်ဆင်လိုက်သည်။

သို့သော် ထိုအချိန်တွင် သူ၏ခန္ဓာကိုယ်သည် ရုတ်တရက် တုန်ခါသွားသည်။ အနက်ရောင်လျှပ်စီးများသည် ချက်ချင်း ပျောက်ကွယ်သွားပြီး ပြင်းထန်သော ပင်ပန်းနွမ်းနယ်မှုအာရုံက သူ၏တစ်ကိုယ်လုံးကို လွှမ်းခြုံသွားခဲ့သည်။

"ဒေါသပေါက်ကွဲအခြေအနေက အချိန်ကုန်သွားပြီပဲ။" ချင်ယွင်သည် သူ၏ နှလုံးသားထဲတွင် ဆိုးရွားသော ကြိုတင်သတိပေးချက်တစ်ခု ရှိလာနေသည်။

မိုးကြိုးလျှပ်စီး၏ ဒေါသပေါက်ကွဲပြီး ကောင်းချီးပေးခြင်း မရှိပါက၊ ချင်ယွင်သည်လည်း အလွန်အားနည်းလာမည် ဖြစ်သည်။ သူသည် သူ၏လက်ထဲတွင်ရှိသည့် လင်းဟန်ကိုပင် မထိန်းချုပ်နိုင်ခဲ့ပေ။

နည်းနည်းလေးမှ တုန့်ဆိုင်းခြင်းမရှိဘဲ ချင်ယွင်သည် လင်းဟန်ကို ပြင်းပြင်းထန်ထန် တွန်းထုတ်လိုက်ရန်အတွက် သူ၏ခွန်အားအားလုံးကို တိုက်ရိုက် အသုံးပြုလိုက်သည်။

သနားစရာကောင်းသော လင်းဟန်သည် လေထဲတွင် အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး သူ့မျက်စိရှေ့တွင် ပျောက်ကွယ်သွားခဲ့သည်။

ဤအရာအားလုံးပြုလုပ်ပြီးနောက် ချင်ယွင်လည်း မြေပြင်ပေါ် လဲကျသွားခဲ့သည်။

"ကြည့်ရတာ ယခုလေးတင် အသုံးပြုခဲ့တဲ့ ဒေါသပေါက်ကွဲ အခြေအနေက အချိန်ကန့်သတ်ချက် ရှိပုံရသည်။ အချိန်ကုန်သွားတာနဲ့၊ ဘေးထွက်ဆိုးကျိုးများ ပေါ်လာလိမ့်မယ်။"

ဂျီကလန်မှ အနီရောင်ဝတ်လူငယ်က ရယ်မောလိုက်သည်။

သို့သော် အနီရောင်ဝတ်လူငယ်သည် ချင်ယွင်ကို သူ၏နှလုံးသား ထဲတွင် ချီးမွမ်းရန်မှ တပါး ရွေးချယ်စရာမရှိပေ။ သူသည် ကြီးကျယ်ခမ်းနားသော မျိုးနွယ်စုကြီး သုံးခုမှ ထူးချွန်ထက်မြက်သူ ပါရမီရှင်ခြောက်ဦး၏ လိုက်လံဖမ်းဆီးမူကို ခံရခဲ့သည်။ သူသည် ပဉ္စမအဆင့် ကောင်းကင်အလွှာ သိုင်းမြို့စားအဆင့်တဦးကိုပင် သတ်ဖြတ်နိုင်ခဲ့ပြီး ပဉ္စမအဆင့် ကောင်းကင်အလွှာ သိုင်းမြို့စားအဆင့် တစ်ဦးနှင့် ဆဋ္ဌမအဆင့် ကောင်းကင်အလွှာ သိုင်းမြို့စားတဦးတို့ကို ပြင်းထန်စွာ ဒဏ်ရာရစေခဲ့သည်။ ဤအောင်မြင်မှုတစ်ခုတည်းကပင် လူတိုင်းကို ထိတ်လန့် တုန်လှုပ်စေလောက်ပါပြီ.။

သေချာသည်မှာ ဤအရာအားလုံးအတွက် ကြိုတင်ပြင်ဆင်ချက်အနေဖြင့် သူသည် တချက်လေးမှ လှုပ်ရှားခြင်းမရှိခဲ့ပေ။

အကယ်၍ သူလှုပ်ရှားလိုက်မည်ဆိုလျှင် ထွက်ပေါ်လာသည့် ရလာဒ်အားလုံးက မတူကွဲပြား ဖြစ်လာလိမ့်မည်။

"ချင်ယွင်၊ ငါပြောစရာရှိတယ်၊ မင်းက ငါ့ကို မတူကွဲပြားတဲ့ ပုံစံမျိုးကြည့်မိအောင် လုပ်နိုင်ခဲ့တယ်။ ငါ ဒီခရီးစဉ်ကို သိပ်ပျော်သွားပြီ။ ဒါပေမယ့် မင်းကို သတ်ပစ်ချင်နေတုန်းပဲ။

အစကတော့ မင်းကိုသတ်ပစ်ဖို့က အပျော်သက်သက်ပဲ၊ ဒါပေမယ့် အခု မင်းက " ငါ့အတွက် ကြီးမားတဲ့ ခြိမ်းခြောက်မှု တစ်ခုလို့ ခံစားလာရတယ်။ တကယ်လို့ ငါ မင်းကို ကြီးထွားဖို့ အချိန်ပိုပေးလိုက်ရင် ငါ မင်းနဲ့ မယှဉ်နိုင်တော့ဘူး"

ဂျီကလန်၏ အနီရောင်ဝတ်လူငယ်သည် အဝေးမှာရှိနေသည့် ချင်ယွင်ဆီသို့ ခြေလှမ်းတစ်လှမ်းချင်း လှမ်းလျှောက်သွားသည်။ သူလှမ်းလိုက်သည့် ခြေလှမ်း တိုင်းဟာ ချင်ယွင်၏ နှလုံးသားကို တက်နင်းနေသလိုပင်။ ပြင်းထန်သော ဖိအားတစ်ခုက ချင်ယွင်ဆီသို့ ဖိအားပေးတိုးဝင်လာခဲ့ပြီး သူ၏ အနည်းငယ် ပြုံးယောင် သမ်းနေသော မျက်လုံးများတွင် သတ်ပစ်လိုသည့် ဆန္ဒတစွန်းတက စတင် လင်းလက်လာသည်။

ထို့နောက် အနီရောင်ဝတ်လူငယ်သည် မီးလျှံရောင်အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး ပြင်းထန်စွာပေါက်ကွဲကာ ပစ်လွင့်သွားခဲ့သည်။

သူသည် တခဏအတွင်းမှာပင် ချင်ယွင်ရှေ့ကို ရောက်ရှိလာသည်။ ထူထပ် သိပ်သည့်သော မီးတောက်မီးလျှံက သူ၏လက်ဖဝါးကို ဖုံးလွှမ်းသွားခဲ့ပြီး ချင်ယွင်၏ ရင်ဘတ်ဆီသို့ ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအားများဖြင့် ထိုးဖောက် ဝင်ရောက်သွားသည်။

"နောက်ဆုံးတော့ မင်း လှုပ်ရှားလာပြီပေါ့။" ချင်ယွင်သည် သူ၏နှလုံးသားထဲတွင် ရှိုက်ကြီးတငင် ပြုံးလိုက်မိသည်။

ဤအခြေအနေကို သူ မျှော်လင့်ထားပြီးသား ဖြစ်ပါသည်။

အနီရောင်ဝတ်လူငယ်သည် သူ့ကို အကြီးကျယ်ဆုံး ခြိမ်းခြောက်မှု ပေးနိုင်ဆုံးလူ ဖြစ်သည်။ ယခင်က သူ၏ကိုယ်ပွားကို အသုံးမပြုရခြင်း၏ အကြောင်းရင်းမှာ သူသည် ဤအခိုက်အတန့်ကို စောင့်ဆိုင်းရခြင်း ဖြစ်သည်။

"ဖတ်!"

အနက်ရောင်ဝတ်ရုံဝတ်ကိုယ်ပွားသည် အနည်းငယ်မျှ ခုခံမူမရှိဘဲ ချင်ယွင်၏ရှေ့မှာ ချက်ချင်းပေါ်လာသည်။ အနီရောင်ဝတ်လူငယ်၏ လက်ဖဝါးသည် အနက်ရောင် ဝတ်ရုံဝတ်ကိုယ်ပွား၏ ရင်ဘတ်ကို ချက်ချင်း ထိုးဖောက်သွားခဲ့ပြီး အနက်ရောင် ဝတ်ရုံဝတ်ကိုယ်ပွားသည် ချက်ချင်းပင် ပါးစပ်မှသွေးများ ထွက်လာသည်။

တစ်ချိန်တည်းမှာပင် အနက်ရောင်ဝတ်ရုံဝတ်ကိုယ်ပွား၏ နှုတ်ခမ်းထောင့်စွန်းများသည် ရယ်မောဟန်အဖြစ် တွန့်ကွေးသွားခဲ့သည်။ အနက်ရောင်လျှပ်စီးကြောင်းသည် ချက်ချင်းပင် သူ၏လက်ဖဝါးကို ဖုံးလွှမ်းသွားခဲ့ပြီး လက်ဖဝါးဓါး တစ်လက်အဖြစ် ပြောင်းလဲသွားကာ အနီရောင်ဝတ်လူငယ်၏ နှလုံးသားဆီသို့ ဖြတ်သန်းသွားခဲ့သည်.။

အနီရောင်ဝတ်လူငယ်၏ အမူအရာမှာ သိသိသာသာ ပြောင်းလဲ သွားသည်။ သူသည် နောက်ဆုတ်လိုက်ချင်သော်လည်း အနက်ရောင်ဝတ်ရုံဝတ်ချင်ယွင်၏ရင်ဘတ်ကို ထိုးဖောက်ထားသည့်လက်ကို နောက်မှာရှိနေသည့် အစစ်အမှန်ခန္ဓာကိုယ်ပိုင်ရှင် ချင်ယွင်က တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားပြီးသား ဖြစ်ကြောင်း သူတွေ့ရှိခဲ့ရသည်။

"ဖျစ်!"

အနက်ရောင်လျှပ်စီးလက်ဖဝါးဓားသည်လည်း ချက်ချင်းဆိုသလို အနက်ရောင်ဝတ် ချင်ယွင်၏ ရင်ဘတ်ထဲသို့ ထိုးဖောက်သွားခဲ့သည်။

အနီရောင်ဝတ်ထားသည့် လူငယ်သည် သူ၏ရင်ဘတ်မှ ပြင်းထန်သော နာကျင်မှုကို ခံစားလိုက်ရသည်။ သူ၏လက်သီးများက ချင်ယွင်၏ခန္ဓာကိုယ်ပေါ်ကို ကျရောက် သွားခဲ့ပြီး သူတို့နှစ်ယောက်စလုံးကို နောက်ကိုလွင့်ပျံသွားစေခဲ့သည်။

လူတစ်ယောက်ရဲ့ အသက်တစ်ချောင်းအတွက် ကိုယ့်အသက်ကို အရောင်းအဝယ် အဖြစ် အသုံးပြုခြင်းသည် ရက်စက်ကြမ်းကြုတ်သော တိုက်ခိုက်ရေး ပုံစံဖြစ်သည်။

All Chapters