အခန်း (၂၃၆-၂၄၀)
Vol. 16 Ch. 236-240
အခန်း(၂၃၆)ဒိုင်နိုဆောရက်။
အနီရောင်ဝတ်လူငယ်သည် ချင်ယွင်မှာကိုယ်ပွားတစ်ခုရှိနေပြီး သေသည်အထိ တိုက်ခိုက်သည့်နည်းကို ရွေးချယ်လိမ့်မည်ဟု တစ်ခါမျှ ထင်မှတ်မထားခဲ့ပေ။
ထိုအချိန်တွင် အနီရောင်ဝတ်လူငယ်၏ မျက်နှာသည် ဖြူဖပ်ဖြူရော် ဖြစ်နေသည်။ သူ၏ရင်ဘတ်မှ ပြင်းထန်သော နာကျင်မှုများ ထွက်ပေါ်လာနေသည်။ အနက်ရောင်၀တ်ဆင်ထားသော ချင်ယွင်ကြောင့် သူ၏ရင်ဘတ်မှာ အပေါက်တစ်ပေါက် ကျန်ရစ်ခဲ့သည်။
အနက်ရောင်လျှပ်စီးစွမ်းအင်က သူ၏ခန္ဓာကိုယ်ကို လက်လွတ်စပယ် ဖျက်ဆီးပစ်နေပြီး အလွန်နာကျင်မူကို ခံစားရစေသည်။
အကယ်၍ သူသာ အချိန်မီ မတုံ့ပြန်နိုင်ဘဲ အရေးကြီးသည့် အဓိကနေရာများကို ရှောင်တိမ်းနိုင်ခဲ့ခြင်းမရှိပါက၊ သူသည် အနက်ရောင်၀တ်ရုံဝတ် ချင်ယွင်၏ လက်ဖဝါးဓားသည် သူ၏နှလုံးသားကို ထိုးဖောက်ဝင်ရောက်ကာ သေဆုံးသွားပေ လိမ့်မည်။
သို့သော် အနက်ရောင်ဝတ်ရုံဝတ်ချင်ယွင်သည်လည်း ပိုမိုကောင်းမွန်ခြင်းမရှိပေ။ အနီရောင်ဝတ်လူငယ်ကလည်း သူ၏ရင်ဘတ်ကို ထိုးဖောက်သွားခဲ့သည်။ သူ၏လက်ထဲရှိ အနီရောင် မီးတောက်မီးလျှ့များက ချင်ယွင်၏ အင်္ဂါအစိတ် အပိုင်းများကို လောင်ကျွမ်းလုနီးပါးအထိ လောင်ကျွမ်းသွားစေခဲ့သည်။
အကယ်၍ သစ်သားစွမ်းရည်ကိုယ်ပွား၏ အချိန်မီ အသက်စွမ်းအားဖြင့် သွန်းလောင်း ကုသပေးခြင်းကြောင့်သာ၊ ထိုသို့မဟုတ်ပါက ဤလျှပ်စီးစွမ်းရည်ကိုယ်ပွားသည် ပျက်စီးသွားဖွယ်ရှိသည်။
သူ၏ကိုယ်ပွား သေဆုံးသွားသည်နှင့်၊ ချင်ယွင်သည် လျှပ်စီးစွမ်းရည်ကိုယ်ပွားကို ပြန်လည်သိပ်သည်းလိုပါက အခြားမိုးကြိုးခန္ဓာကိုယ် တစ်ခုကို ရှာဖွေရပေလိမ့်မည်။
ချင်ယွင်သည် အနက်ရောင်ဝတ်ရုံဝတ်ကိုယ်ပွားကို သူ၏ခန္ဓာကိုယ်ထဲသို့ ပြန်ထည့်လိုက်ပြီး သူ၏ဒဏ်ရာများ သက်သာပျောက်ကင်းစေရန် ကုသခွင့်ပေး လိုက်သည်။
သူ၏အစစ်အမှန်ခန္ဓာကိုယ်သည် အနီရောင်၀တ်လူငယ်နှင့် ဂျီယွမ်တို့ကို အငမ်းမရ စိုက်ကြည့်နေသေးသည်။
အနီရောင်၀တ်လူငယ်သည် ပြင်းထန်စွာ ဒဏ်ရာရရှိသွားခဲ့ပြီး သူ၏ ကြံ့ခိုင်မှုမှာလည်း အလွန်ကျဆင်းသွားခဲ့သည်။ သို့သော် သူသည် သေလောက်သည့် အဆင့်အထိ မရောက်ရှိသေးပေ။
သူသည် ဆေးလုံးများကို တစ်လုံးပြီးတစ်လုံး သောက်သုံးပြီးနောက် သူ၏ ဒဏ်ရာများသည် အလွန်ကောင်းမွန်လာခဲ့သည်။
ဤမြင်ကွင်းကို မြင်သောအခါ ချင်ယွင် မျက်မှောင်ကြုတ်သွားသည်။
"ဂျီယွမ်၊ သူက အခု အရမ်းအားနည်းနေပြီ။ မင်းရဲ့ ခွန်အားနဲ့ မင်း သူ့ကို သတ်ပစ်နိုင်ပြီး" အနီရောင်၀တ်လူငယ်က သူ၏နောက်မှာရှိနေသည့် ဂျီယွမ်ကို ပြောလိုက်သည်။
ဂျီယွမ်က ခေါင်းညိတ်ပြပြီး ချင်ယွင်ကို အေးစက်စွာ ကြည့်လိုက်သည်။ သူ၏လက်ထဲတွင် အနီရောင်ဓားရှည် တစ်ချောင်းပေါ်လာပြီး ချင်ယွင်ဆီသို့ ပြေးဝင်ခုတ်ပိုင်းရန် အဆင်သင့်ဖြစ်နေသည်။
ချင်ယွင်၏ မူလအစစ်အမှန်ခန္ဓာကိုယ်သည် အလွန်အားနည်းသည်။
သူသည် ဂျီယွမ်နှင့် အမှန်တကယ် မယှဉ်နိုင်သော်လည်း ချင်ယွင်တွင် သစ်သားစွမ်းရည် ကိုယ်ပွားရှိနေဆဲ ဖြစ်သည်။
ချင်ယွင်၏ အဆင့်ချိုးဖြတ်မှုများနှင့်အတူ၊ သစ်သားကိုယ်ပွားသည်လည်း ပထမအဆင့် ကောင်းကင်အလွှာ သိုင်းမြို့စားနယ်ပယ်သို့ ဖြတ်ကျော်သွားခဲ့သည်။ သူ၏ခွန်အားသည် သာမန် တတိယအဆင့် ကောင်းကင်အလွှာ သိုင်းမြို့စားအဆင့် ကျွမ်းကျင်သူတဦးနှင့် ယှဉ်နိုင်လုနီးပါးဖြစ်သည်။ အကယ်၍ သူသည် သူ၏ အသက်သစ်ပင် ပင်မကိုယ်ခန္ဓာအဖြစ် ပြောင်းလဲလိုက်မည်ဆိုပါက သူကို ပဉ္စမအဆင့် ကောင်းကင်အလွှာ သိုင်းမြို့စားအဆင့် ကျွမ်းကျင်သူတစ်ဦးကပင် တိုက်ခိုက်နိုင်မည် မဟုတ်ပေ။
သို့သော် အသက်သစ်ပင်သည် အလွန်အရေးပါသည်။ ချင်ယွင်သည် နောက်ဆုံး အရေးကြီးသော အခိုက်အတန့်သို့ မရောက်မချင်း သူ၏အစစ်အမှန်ပုံစံသို့ အလွယ်တကူ မပြောင်းလဲချင်ပေ။
"ဘုန်း!"
သို့သော်လည်း ချင်ယွင်သည် ဂျီယွမ်ကို တိုက်ခိုက်ရန် သူ၏ သစ်သားစွမ်းရည် ကိုယ်ပွားကို ဆင့်ခေါ်တော့မည့်အခိုက် အဝေးမှမြေကြီးသည် တုန်ခါလာခဲ့ပြီး မြေပြင်တစ်ခုလုံးသည် တုန်ခါသွားခဲ့လေသည်။
ခပ်လှမ်းလှမ်းမှ ကျောက်ဆောင်ကျောက်တုံးများသည် မတ်စောက်သော တောင်ပေါ် လမ်းအတိုင်း လျှောကျလာလေသည်။
"မကောင်းတော့ဘူး၊ အဲဒါက အဆင့်လေး ဆိတ်သုဉ်းခြင်းသားရဲ မြေကမ္ဘာဒိုင်နိုဆောပဲ" ဂျီကလန်၏ အနီရောင်ဝတ်လူငယ်က ကျယ်လောင်စွာ အော်ပြောလိုက်သည်။
ဒိုင်နိုဆောရက်များသည် နဂါးမျိုးနွယ်ဝင် ဒိုင်နိုဆောများထဲမှ တစ်မျိုးဖြစ်သည်။ ၎င်းသည် ဒိုင်နိုဆောမျိုးနွယ်တွင် အစွမ်းထက်သော တည်ရှိမှု တစ်ခုဖြစ်သည်။ အထူးသဖြင့် ၎င်း၏ ခုခံစွမ်းအားသည် အလွန်ပြင်းထန်သည်။ ၎င်း၏အရေပြားသည် သိမ်မွေ့နက်နဲ သံမဏိနှင့် နှိုင်းယှဉ်နိုင်သည်။
ပုံမှန်တိုက်ခိုက်မှုများက ၎င်းကို ထိခိုက်မှုအနည်းငယ်သာ ပေးနိုင်သည်။
အရွယ်ရောက်ပြီးသူ ဒိုင်နိုဆောရက်များ၏ ခွန်အားသည် အဋ္ဌမအဆင့် အထွတ်အထိပ် ကောင်းကင်အလွှာ သိုင်းမြို့စားကျွမ်းကျင်သူတဦးနှင့် နှိုင်းယှဉ်နိုင်သော်လည်း ၎င်းသည် ဒိုင်နိုဆောမျိုးနွယ်စု၏ အုပ်စိုးရှင် ကြက်သွေးရောင် ဒိုင်နိုင်ဆောရက်ထက် အနည်းငယ်သာလွန်သည်။
ချင်ယွင်နှင့် အခြားသူများ၏ လက်ရှိခွန်အားဖြင့် အရွယ်ရောက်ပြီး ဒိုင်နိုင်ဆောရက်တစ်ကောင်ကို ရင်ဆိုင်ရာတွင် သေဆုံးရန် နည်းလမ်းတစ်ခုသာ ရှိပါသည်။
"ပြေး! ဒီ မြေကမ္ဘာဒိုင်နိုဆောရက်က ငါတို့ဆီ လာနေပြီ!" အနီရောင်ဝတ်လူငယ်က ဂျီယွမ်ကို ဖမ်းဆုပ်ပြီး အကြမ်းပတမ်းကိုင်ကာ အဝေးကို ပစ်လွတ်လိုက်လေသည်။
ချင်ယွင်သည်လည်း မြေတုန်ခါမူအသံ၏ ဦးတည်ရာကို ကြည့်လိုက်လျှင် အဝေးမှ သစ်ပင်များသည် တောင်တောင်များနှင့် ပင်လယ်ကြီးများကဲ့သို့ ပြိုလဲကျနေသည်ကို တွေ့လိုက်ရသည်။
အလွန်ကြီးမားသည့်အရာကြီးတကောင်သည် အလွန်လျင်မြန်သော အရှိန်ဖြင့် သူတို့ဆီသို့ ပြေးလာနေသည်။
ချင်ယွင်၏ အမူအရာမှာလည်း သိသိသာသာ ပြောင်းလဲသွားသည်။
နည်းနည်းလေးမှ တုံ့ဆိုင်းနေခြင်းမရှိဘဲ၊ သူသည် နဂါးတောင်ပံများကို တိုက်ရိုက်ဖြန့်ပြီး တခြားဘက်ကို ပြေးသွားခဲ့သည်။
ချင်ယွင်နှင့် အခြားသူများ မူလတည်ရှိခဲ့သည့် နေရာအလွတ်တွင် မြေကမ္ဘာ ဒိုင်နိုဆောရက်တစ်ကောင်သည် လျင်မြန်စွာပေါ်လာသည်။ ၎င်း၏ကြီးမားလှသော ခန္ဓာကိုယ်သည် အမှန်ပင် ကြောက်စရာကောင်းသည်။ ၎င်းသည် ပေ၅၀ နီးပါးရှည်လျားပြီး အမြင့်ပေ ၂၀ ကျော်ရှိသည်။
နက်မှောင်သော အဝါရောင်အရေပြားသည် ပြိုင်ဘက်ကင်း သတ္တုကိုယ်ထည် သဏ္ဍာန်ကို ပေးစွမ်းပြီး နောက်ခြေထောက် နှစ်ချောင်းသည် အလွန်ကြီးမားပြီး ပေါက်ကွဲနိုင်သော စွမ်းအားများ ပါရှိသည်။
ခြေတစ်ချက်ကန်ချက်ဖြင့် ကြီးမားသောခြေရာကြီးသည် သုံးမီတာရှည်လျားပြီး ၎င်း၏ အရွယ်အစားအရ တန်တစ်ရာထက်မနည်းရှိမည်ဟု ခန့်မှန်းရသည်။
ဒိုင်နိုဆောရက်၏ ဦးခေါင်းသည်လည်း ကြီးမားသည်။ နီညိုရောင် မျက်လုံးတစ်စုံသည် မီးပုံးများကဲ့သို့ ကြီးမားလှသည်။ မြေပြင်ပေါ်တွင် သတိလစ်နေသော ဇူဇီဝမ် နှင့် လင်းယုတို့ကို တစ်ချက်ကြည့်လိုက်သည်။
နောက်ဆုံးတွင်၊ ၎င်းသည် ထိုလူများကို အမှန်ပင် လျစ်လျူရှုခဲ့ပြီး ချင်ယွင် ထွက်ခွာသွားသည့် လမ်းကြောင်းအတိုင်း ပြေးသွားတော့သည်။
သူ၏အရှိန်အဟုန်က အရမ်းမြန်ဆန်လွန်းသည်။ ခြေတစ်လှမ်းက မီတာတစ်ရာနီးပါး အကွာအဝေးအထိရောက်သည်.။
ချင်ယွင်သည် မူလက စိတ်သက်သာရာရပြီး သက်ပြင်းတစ်ချက် ချလိုက်ချင် သော်လည်း မွန်းစတားကြီးသည် သူ၏နောက်ကွယ်မှာ အမှန်တကယ် ရောက်ရှိလာသည်ကို မြင်လိုက်ရသောအခါတွင် သူသည် ကျိန်ဆဲချင်စိတ်ကို ချက်ချင်း ခံစားလိုက်ရသည်။
"လခွမ်း၊ ဘာဖြစ်နေတာလဲ?" ချင်ယွင်သည် အရှိန်ပြင်းပြင်းဖြင့် ပြေးလွှာပျံသန်းရင်း ကျိန်ဆဲလိုက်သည်။
ရုတ်တရက် ချင်ယွင်၏ စိတ်ဝိညာဉ်သည် ဖျတ်ခနဲ လင်းလက်သွားခဲ့သည်။ တစ်ချိန်တုန်းက သူသည် နဂါးသွေးဆေးလုံးကို စားမျိုခဲ့ပြီး သူ၏ခန္ဓာကိုယ်တွင် မီးနဂါးသွေးမျိုးဆက်အမြောက်အမြား ပါရှိခဲ့သည်ကို သတိရမိသွားလေသည်။ ဤမြေကမ္ဘာဒိုင်နိုဆောရက်သည် ချင်ယွင်၏ခန္ဓာကိုယ်ပေါ်ရှိ နဂါးသွေးမျိုးဆက်က သိသာထင်ရှားစွာ ဆွဲဆောင်ခံခဲ့သည်။
ချင်ယွင် သောက်သုံးခဲ့သော နဂါးသွေးဆေးလုံးသည် သာမန်နဂါးသွေးဆေးလုံး မဟုတ်သည်မှာ သေချာပါသည်။ ဆေးလုံးထဲရှိ နဂါးသွေးမျိုးဆက်သည် သာမန်နဂါးသွေးမျိုးဆက် မဟုတ်သည်မှာ သေချာပါသည်။ ၎င်းသည် ဒဏ္ဍာရီလာ နဂါးမျိုးနွယ်စု၏ တော်ဝင်သွေးမျိုးဆက် ဖြစ်သင့်သည်။
မီးနဂါးသည် မူလကတည်းက နဂါးမျိုးနွယ်စုများတွင် အစွမ်းထက်ဆုံး မျိုးနွယ်တစ်ခု ဖြစ်ပြီး ၎င်းတို့၏ ဘုရင်အဆင့် သွေးမျိုးဆက်သည် အလွန်မွန်မြတ်ပြီး ဒဏ္ဍာရီလာ ရှေးဟောင်း နတ်နဂါးများနှင့် ယှဉ်လုနီးပါး ဖြစ်သည်။
ဒိုင်နိုဆောများနှင့်ပတ်သက်၍မူ ၎င်းတို့သည် နဂါးများကြားတွင် အလွန်အားနည်းသော မျိုးနွယ်စုတစ်ခု ဖြစ်သည်။ အသန်မာဆုံး အရွယ်ရောက်ပြီးသူ ဒိုင်နိုဆောရက်သည် အဆင့်လေး၏ အထွတ်အထိပ်တွင်သာ ရှိသေးသည်။ ၎င်းတို့သည် ဗီဇပြောင်းလဲခြင်း မရှိခဲ့လျှင် အဆင့်ငါးသို့ ဖြတ်ကျော်ရန်မှာ မဖြစ်နိုင်သလောက်ပင်။
သို့သော်၊ သူတို့သည် ချင်ယွင်ကို မျိုချလိုက်ပြီး သူ၏သွေးမျိုးဆက် စွမ်းအားကို စုပ်ယူလိုက်သည်နှင့်၊ သူတို့၏ ခန္ဓာကိုယ်တွင်းရှိ စွမ်းအားများသည် သန့်စင်သွားမည် ဖြစ်သည်။ ထိုအချိန်တွင် ၎င်းတို့သည် ဗီဇပြောင်းလဲမှုများကို ခံနိုင်ရည်ရှိပြီး ယခင်ဘယ်တုန်းကမှ မရှိခဲ့ဖူးသော ဒိုင်နိုဆောတော်ဝင်မျိုးနွယ်စုတစ်ခု အဖြစ်သို့ပင် ဆင့်ကဲပြောင်းလဲသွားနိုင်မည် ဖြစ်သည်။
ထို့ကြောင့် ချင်ယွင်သည် ဤနေရာတွင် ပြင်းပြစွာ ဆွဲဆောင်မူ အရှိဆုံး ပစ်မှတ်တစ်ခု ဖြစ်လာသည်။ ၎င်းသည် ဆိတ်သုဉ်းခြင်းနဂါးသားရဲဖြစ်နေသမျှ သူ့ကို အနှိုင်းမဲ့ ငမ်းငမ်းတက် လိုချင်နေလိမ့်မည်။
ဤအချက်ကို နားလည်သွားပြီးနောက် ချင်ယွင်သည် မျက်ရည်မဝဲဘဲ ငိုချင်လာမိသည်။
တစ်နည်းဆိုရသော် တုလုံးကျွန်းရှိ ဆိတ်သုဉ်းခြင်းနဂါးသားရဲအပေါင်းတို့သည် သူ့ကို သားကောင်အဖြစ် သတ်မှတ်ပြီး အဆုံးမသတ်မရှိ လိုက်ကြတော့မည် မဟုတ်ပါလား။
ချင်ယွင်သည် ပြိုလဲကျခါနီးမှာပင်၊ မြေကမ္ဘာဒိုင်နိုဆောရပ်သည် သူ့ကို ဖမ်းမိတော့မည် ဖြစ်သည်။
သူ၏ကြီးမားသောခန္ဓာကိုယ်ကြီးသည် ချင်ယွင်နောက်သို့ အနီးကပ်လိုက်လာခဲ့ပြီး ချင်ယွင်ကို တစ်ချက်ကိုက်ပြီး ဝါးမျိုတော့မည့်အတိုင်း သူ၏ကြီးမားလှသော အစွယ်ကြီးကို ထုတ်ဖော်ပြသလာခဲ့သည်။
ချင်ယွင်သည် သူအရွယ်အစား ဒါဇင်ပေါင်းများစွာကို ဝါးမျိုးနိုင်သော ဧရာမ ပါးစပ်ကြီးကို တွေ့လိုက်ရသောအခါ သူသည် စိတ်ကို လျှော့ချရဲခြင်းမရှိပေ။ သူ၏ နောက်ကျောမှ နဂါးအတောင်ပံများသည် လျင်မြန်စွာ ပြန့်ကားထွက်လာပြီး ကြီးမားသော တောင်ထွတ်ကြီးတစ်ခုဆီသို့ တောင်တက်လမ်းတစ်လျှောက် ပျံသန်းပြေးရန် တောင်ပံများ၏ခွန်အားကို အသုံးပြုလိုက်သည်။
အမှန်တကယ်ဆို ချင်ယွင်သည် အပေါ်ကိုအမြင့်ကြီး ပျံသန်းချင်သော်လည်း အစီအရင်ဝင်္ကပါကန့်သတ်ချက်ကြောင့် တုလုံကျွန်းမှာ လုံးဝ အမြင့်ကြီး ပျံသန်းလို့မရ ပေ။ သူသည် မြေပြင်မှ မီတာတစ်ရာ အကွာအဝေးသို့ ရောက်သည်နှင့် တစ်ပြိုင်နက် သူ့ကို ရက်စက်စွာ စုပ်ယူမည့် ပြင်းထန်သော စုပ်ယူမှု စွမ်းအားတစ်ခု ကျရောက်လာ လိမ့်မည်။ ထို့ကြောင့် ချင်ယွင်သည် တောင်တက်လမ်းအတိုင်းသာ လျှောက်လှမ်း နိုင်ခဲ့သည်။
သူ၏ရှေ့ရှိ တောင်ကြီးသည် တုလုံကျွန်း၏ တောင်စဉ် တောင်တန်း အထပ်ထပ် များထဲမှ တစ်ခု ဖြစ်သည်။ တောင်တက်လမ်းတစ်ခုလုံးသည် အလွန်မတ်စောက်ပြီး နေရာတိုင်းတွင် ထူးဆန်းသောကျောက်တုံးများ နေရှိသည်။ ဤတောင်ကြီးသည် အလွန်မတ်စောက်ပုံ ပေါက်နေသည်။
ချင်ယွင်သည် မြေကမ္ဘာဒိုင်နိုဆောရက်ကြီး ရပ်တန့်နိုင်ရန် သို့မဟုတ် သူ့ကို ရှောင်တိမ်းနိုင်ရန်အတွက် နှေးကွေးအောင်လုပ်ဖို့ ဤမတ်စောက်သောတောင်ကြီးကို အသုံးပြုချင်ခဲ့သည်။ သို့ပေမယ့် ချင်ယွင်သည် သူ၏အစီအစဉ် မှားယွင်းနေသည်ကို တွေ့ရှိခဲ့ရသည်။
မြေကမ္ဘာဒိုင်နိုဆောရက်သည် နှေးကွေးသွားခြင်း မရှိရုံသာမက မတ်စောက်သော တောင်တန်းတစ်လျှောက်တွင်လည်း ရိုင်းစိုင်းစွာ ပြေးသွားခဲ့သည်။ သူ၏ ခြေထောက်ပေါ်ရှိ သံမဏိခြေသည်းများသည် သံချိတ်များနှင့်တူပြီး တောင်လမ်း၏ မြေပြင်ပေါ်သို့ တင်းကျပ်စွာ ထိုးစိုက်ဆုပ်ကိုင်ထားသည်။ ခြေလှမ်းတိုင်းတွင် ကြီးမားသော ခြေသည်းအမှတ်အသား ၃ ခုသည် မြေပြင်ပေါ်တွင် ကျန်ရစ်ခဲ့သည်။ ၎င်း၏အရှိန်သည် လျော့ကျသွားမည့်အစား အမှန်တကယ်ပင် တိုးလာသည်။
ထိုမြင်ကွင်းကိုမြင်လိုက်ရလျှင် ချင်ယွင်သည် ချက်ချင်းပင် နောင်တရသွားခဲ့သည်။
သို့သော် ချင်ယွင်သည် တောင်ထိပ်သို့ရောက်သောအခါ သူသည် နောင်တရသည်မှာ အနည်းငယ် စောနေပုံပေါ်ကြောင်း သူသိလိုက်ရသည်။
ကြီးမားသော အစိမ်းရောင် ထဲ့ရက်စ်ဆောတစ်ကောင်သည် တောင်ထိပ်ပေါ်တွင် ထိုင်နေ၏။ ရန်သူက သူ၏နယ်မြေကို ကျူးကျော်လာနေသည်ကို သတိထားမိပုံရသည်။ သူသည် ချင်ယွင်ကိုကြည့်ရန် သူ၏ခေါင်းကြီးကို လှည့်လိုက်ပြီး သူ၏မျက်လုံးများသည် ချက်ချင်းပင် အလိုလောဘနှင့်အတူ လင်းလက်သွားခဲ့သည်။
ချင်ယွင်သည် သူ၏နောက်ကျောတွင် ရေခဲတမျှ အေးစက်မူကို ချက်ခြင်း ခံစားလိုက်ရပြီး သူ၏အဝတ်အစားတစ်ခုလုံး အေးစက်နေသော ချွေးများဖြင့် စိုရွှဲနေသည်။
အခန်း(၂၃၇)ထူးဆန်းသောဆွဲငင်အား။
အစိမ်းရောင် ထဲ့ရက်စ်ဆောများသည် ဒိုင်နိုဆောမျိုးနွယ်ဝင်များ ဖြစ်ကြပြီး ထဲ့ရက်စ်ဆောများသည် ဒိုင်နိုဆောမျိုးနွယ်စုတွင် အတောင်ပံပါရှိသော တစ်ခု တည်းသော ဆိတ်သုဉ်းခြင်းနဂါးသားရဲများ ဖြစ်သည်။
ထဲ့ရက်စ်ဆောအမျိုးအစား နှစ်မျိုးရှိသည်။ တစ်မျိုးက ရွှေရောင်ထဲ့ရက်စ်ဆောများ ဖြစ်ပြီး နောက်တစ်မျိုးကတော့ ယခု သူ၏ရှေ့မှာရှိနေသည့် အစိမ်းရောင် ထဲ့ရက်စ်ဆော ဖြစ်သည်။
ရွှေရောင်ထဲ့ရက်စ်ဆောများသည် အလွန်အစွမ်းထက်သည်။ အရွယ်ရောက်ပြီးသော ရွှေရောင်ထဲ့ရက်စ်ဆောတကောင်သည် ဒိုင်နိုဆောရက်များကို တိုက်ထုတ်နိုင်လုနီးပါး ဖြစ်ကြပြီး ၎င်း၏အစွမ်းသည် နဝမအဆင့် ကောင်းကင်အလွှာ အထွတ်အထိပ် သိုင်းမြို့စားအဆင့် ကျွမ်းကျင်သူတဦးနှင့် ယှဉ်နိုင်လုနီးပါးဖြစ်သည်။
အရွယ်ရောက်ပြီးသော အစိမ်းရောင်ထဲ့ရက်စ်ဆောသည် ရွှေရောင်ထဲ့ရက်စ်ဆောထက် အနည်းငယ် အားနည်းသော်လည်း၊ ၎င်းသည် အဋ္ဌမအဆင့် ကောင်းကင်အလွှာ အထွတ်အထိပ် သိုင်းမြို့စားအဆင့် ကျွမ်းကျင်သူနီးပါး အစွမ်းထက်ဆဲ ဖြစ်သည်။ ချင်ယွင်၏အမြင်တွင် ဤအစိမ်းရောင် ထဲ့ရက်စ်ဆောသည် အရွယ်ရောက်ခါနီး အစိမ်းရောင်ထဲ့ရက်စ်ဆော တစ်ကောင်ဖြစ်ပြီး ၎င်း၏ခွန်အားသည် သာမန် အဋ္ဌမအဆင့် ကောင်းကင်အလွှာ သိုင်းမြို့စားအဆင့် ကျွမ်းကျင်သူတစ်ဦးနှင့် ညီမျှသည်။
ဤအစိမ်းရောင် ထဲ့ရက်စ်ဆောသည် ကြီးကြီးမားမား မဟုတ်သော်လည်း ၎င်း၏ ကိုယ်ခန္ဓာသည် အတော်လေးရှည်သည်၊ အထူးသဖြင့် ပေ ၂၅၀ နီးပါး ရှည်သော ၎င်း၏ အမြီးကြီးဖြစ်သည်။ ၎င်း၏ ခန္ဓာကိုယ်တစ်ခုလုံးကို အစိမ်းရောင်အကြေးခွံများဖြင့် ဖုံးအုပ်ထားသည်။ အလွန်မာကျောပြီး ၎င်းကြေးခွံပေါ်တွင် မထင်မရှား အလင်းတန်းတခု လင်းလက်နေသည်။ ထို့အပြင် ၎င်း၏အတောင်ပံများသည် အလွန်ကြီးမားပြီး ပေ ၄၀ နီးပါးအထိ ရှည်လျားသည်။
ဤအခိုက်တွင်၊ အစိမ်းရောင်ထဲ့ရက်စ်ဆောသည် ချင်ယွင်ကိုမြင်သောအခါ၊ သူ၏ ခန္ဓာကိုယ်အတွင်းရှိ မြင့်မြတ်သောနဂါးသွေးမျိုးဆက်ကို ချက်ချင်းအနံ့ရသွား၏။ ဤသည်မှာ ၎င်းအတွက် ပြင်းထန်သော သွေးဆောင်မှုတစ်ခုနီးပါး ဖြစ်သည်။
အစိမ်းရောင်ထဲ့ရက်စ်ဆောသည် ချက်ချင်းဆိုသလို ဟစ်ကြွေးပြီး ချင်ယွင်ဆီသို့ အမြန်ပြေးသွားကာ သူ့ကို တကျိုက်တည်း ပါးစပ်ထဲသို့ မျိုချပစ်လိုက်ချင်သည်။
ချင်ယွင်၏နှလုံးသားသည် ပြိုလဲသွားသော်လည်း သူ တကယ် သေချင်သည့် အနေထား မျိုးကို မရောက်သေးပေ။
သူသည် လေထဲတွင် လျင်မြန်စွာ ရှောင်တိမ်းရင်း အစိမ်းရောင် ထဲ့ရက်စ်ဆောကြီး၏ ကိုက်ခြင်းကို ရှောင်ရှားလိုက်သည်။
အကြိမ်ပေါင်းများစွာ တိုက်ခိုက်ပြီးနောက်၊ အစိမ်းရောင် ထဲ့ရက်စ်ဆောကြီးသည် ချင်ယွင်မှ အလွယ်တကူ ရှောင်တိမ်းသွားခဲ့သည်ကို မြင်သောအခါ ဒေါသဖြစ်သွား ပုံရသည်။ ၎င်း၏ကြီးမားလှသောအတောင်ပံများသည် ချက်ချင်းဆိုသလို ပြန့်ကား လာခဲ့ပြီး ချင်ယွင်ဆီသို့ ကြီးမားသော လှိုင်းလုံးကြီးတစ်ခုက လွင့်ပျံလာခဲ့သည်။
ချင်ယွင်သည် လှိုင်းလုံးကြီးကို တားဆီးပိတ်ဆို့ရန်အတွက် နဂါးတောင်ပံများကို အရှိန်အဟုန်ဖြင့် တဖျတ်ဖျတ်ခတ် လိုက်သော်လည်း လေပြင်းမုန်တိုင်း၏ အင်အားက ပြင်းထန် လွန်းလှသည်။
ချင်ယွင်သည် လွင့်ထွက်သွားခဲ့ပြီး သုံးစက္ကန့်အတွင်း သူသည် တောင်ထိပ်ပေါ်ရှိ ကျောက်တုံးကြီးတစ်ခုပေါ်သို့ တိုက်ရိုက်ဝင်ဆောင့်ပြီး ဧရာမကျောက်တုံးကြီးသည် အက်ကွဲသွားကာ လက်ဖဝါးအရွယ် ကျောက်တုံးများအဖြစ်သို့ ပြောင်းလဲသွားသည်။
"ဘယ်လောက်တောင် ထူးဆန်းလိုက်တဲ့ လေပြင်းလဲ၊ ဒီအစိမ်းရောင် ထဲ့ရက်စ်ဆောကြီးက ဘာလို့ ဒီလောက်သန်မာနေရတာလဲ?" ချင်ယွင်သည် အံ့အားသင့်သွားပြီး မတ်တပ်ရပ်ရန် ရုန်းကန်ကြိုးစားလိုက်ရသည်။ ယခုလေးတင် လေပြင်းသည် သူ၏အရိုးများကို အပိုင်းပိုင်း ဖြတ်သွားခဲ့သည်။
သို့သော် ချင်ယွင် မတ်တပ်မရပ်နိုင်မီ ကောင်းကင်ယံ၌ အစိမ်းရောင် ထဲ့ရက်စ်ဆောကြီး သည် ချင်ယွင်ဆီသို့ တစ်ဖန်ပြန်၍ ပစ်ဝင်လာခဲ့သည်။ ၎င်း၏အမြန်နှုန်းသည် အလွန်လျင်မြန်ပြီး ၎င်း၏ကြီးမားသောခန္ဓာကိုယ်ကြီးသည် လေထဲတွင် အစိမ်းရောင် အလင်းတန်းတစ်ခုအဖြစ် လင်းလက်သွားသည်။
"အူး…..!"
အစိမ်းရောင် ထဲ့ရက်စ်ဆောကြီးသည် ချင်ယွင်ကို မျိုချခါနီးတွင် အဝါရောင် ကြီးမားသော ရုပ်အသွင်အပြင်ကြီးတစ်ခုသည် လျင်မြန်စွာ ဖြတ်သန်းလာခဲ့ပြီး အစိမ်းရောင် ထဲ့ရက်စ်ဆောကြီး၏ တောင်ပံကြီးကို တိုက်ရိုက် ကိုက်ချလိုက်သည်။
ချင်ယွင်သည် ဤဧရာမအဝါရောင် ရုပ်အသွင်အပြင်ကြီးသည် သူ့နောက်သို့ လိုက်နေသော မြေကမ္ဘာ ဒိုင်နိုဆောရက်ကြီး ဖြစ်သည်ကို မသိလိုက်ခင်မှာ အနည်းငယ် အံ့အားသင့်သွားခဲ့သည်။
ထိုအချိန်တွင်၊ အစိမ်းရောင်ထဲ့ရက်စ်ဆောကြီးသည် ဒိုင်နိုဆောရက်ကြီး၏ အကိုက်ခံ လိုက်ရသည်။ အစိမ်းရောင်ထဲ့ရက်စ်ဆောကြီးသည် သနားစရာကောင်းသော အော်ဟစ်သံကို ထုတ်ဖော်မြည်ဟီးရင်း ဒိုင်နိုင်ဆောရက်၏ ထူထဲသောလည်ပင်းကို ပြန်ကိုက်လိုက်သည်။
တခဏအတွင်းမှာပင် ဧရာမသတ္တဝါကြီးနှစ်ကောင်သည် အချင်းချင်း ကိုက်ဖဲ့ ကြတော့သည်။ မြေကမ္ဘာဒိုနိုဆောရက်ကြီးသည် အစိမ်းရောင်ထဲ့ရက်စ်ဆောကြီး၏ တောင်ပံများမှသွေးကို ဝါးမျိုးချင်သော်လည်း မြေကမ္ဘာဒိုနိုဆောရက်ကြီးသည် မည်သည့် အကျိုးကျေးဇူးမှ ရမသွားခဲ့ပေ။ အစိမ်းရောင်ထဲ့ရက်စ်ဆောကြီး၏ အကိုက်ခံရပြီး လည်ပင်းမှ အသားအတုံးကြီး တစ်တုံးပါသွားရုံ သာမကဘဲ အစိမ်းရောင် ထဲ့ရက်စ်ဆောကြီး၏ ရှေ့ခြေသည်းများကလည်း ၎င်း၏ မျက်လုံးတစ်ဖက်ကို ကွယ်သွားစေခဲ့သည်။
ဘေးတဖက်မှကြည့်နေသော ချင်ယွင်သည် ထိတ်လန့်သွားရသည်။ ဤသည်မှာ ဆိတ်သုဉ်းခြင်းသားရဲများကြားမှ တိုက်ပွဲတစ်ပွဲ ဖြစ်ပါသလား။ မျှော်လင့်ထားသည့် အတိုင်း အလွန်ပြင်းထန်ပြီး အလွန်ရက်စက် ကြမ်းကြုတ်လွန်းကာ တောတွင်း ဥပဒေအတိုင်း အားနည်းသူတို့သည် သန်မာသူတို့၏ ဖမ်းဆီးသတ်ဖြတ် စားသောက်ခြင်းကို ခံကြရသည်။
မဟုတ်သေးပါဘူး၊ ဤအရာသည် ချင်ယွင်အတွက် အရမ်းကောင်းလွန်းသည်။ ဤအခိုက်အတန့်တွင် ချင်ယွင်သည် ၎င်းတို့နှစ်ဦးစလုံး ဒဏ်ရာများရရှိရန်ပင် ဆန္ဒရှိခဲ့သည်။
ချင်ယွင်သည် ပြင်းထန်ပြီး ရက်စက်ကြမ်းကြုတ်သောတိုက်ပွဲကို ကြည့်မနေဝံ့တော့ဘဲ အဝေးသို့ အမြန်ပြေးသွားခဲ့သည်။
နောက်ဆုံးတွင်၊ ဤဆိတ်သုဉ်းခြင်းသားရဲများသည် လူသားများထက် ဉာဏ်ရည် နိမ့်ပါးခြင်း မရှိပေ။ သူတို့သည် ချင်ယွင်ထံမှ အလွန်ကြီးမားသော သွေးဆောင်မှုကို ခံထားခဲ့ရသည့်အတွက် တခဏတာမျှ စိတ်လွတ်သွားကြခြင်း ဖြစ်သည်။ သူတို့နိုးထာလာသည်နှင့် ချင်ယွင်သည် ထိုအချိန်တွင် လုံးဝ ပြဿနာကြီး တက်လိမ့် မည်။
ချင်ယွင် လွတ်မြောက်ပြီး သိပ်မကြာခင်မှာပင် အင်အားကြီးသော ဆိတ်သုဉ်းခြင်း သားရဲနှစ်ကောင်သည်လည်း တုံ့ပြန်လာခဲ့ကြသည်။
သူတို့၏သားကောင်က လွတ်သွားပြီမို့ သူတို့က အဘယ့်ကြောင့် ရန်ဖြစ်နေကြတော့ မည်နည်း။
ထို့ကြောင့် ဧရာမအကောင်ကြီးနှစ်ကောင်သည် ချင်ယွင်နောက်သို့ လိုက်သွားကြပြန် သည်။
သို့သော်၊ ချင်ယွင်သည် သိပ်အဝေးကြီး မပြေးရသေးခင်မှာပင် သူသည် အဆုံးသတ် သေတွင်းထဲသို့ ကျသွားကြောင်း သိလိုက်ရသည်။ သူ၏ရှေ့တည့်တည်းမှာ ချိုင့်ကြီးတစ်ခု ရှိနေလေသည်။
မီတာတစ်ရာထက် ပို၍ပျံသန်းလို့မနိုင်သည့် တုလုံကျွန်းမှာ အကယ်၍ မီတာတစ်ထောင် မြင့်သည့် ဤချောက်ကမ်းပါးကြီးပေါ်မှ ခုန်ချလိုက်မည်ဆိုလျှင် သူမသေခဲ့ဘူးဆိုလျှင်တောင် သေလုမျောပါး အခြေအနေမျိုးထိ သူကျရောက်ကောင်း ကျရောက်သွားနိုင်သည်။
သို့သော် ဧရာမအကောင်ကြီးကြီးနှစ်ကောင်သည် သူ့ဆီသို့ ပြေးလာနေကြသည်။ အကယ်၍ ချင်ယွင်သည် နောက်ပြန်လှည့်ချင်သည်ဆိုလျှင်ပင် မဖြစ်နိုင်တော့ပေ။ ဤနည်းလမ်းက သူသည် ဤအကောင်ကြီးနှစ်ကောင်၏ ဝမ်းစာသာ ဖြစ်သွားပေ လိမ့်မည်။
"လခွမ်း၊ သေမှသာ သေရောကွာ!" ချင်ယွင်သည် ဒေါသတကြီး ကျိန်ဆဲလိုက်ပြီး မဆိုင်းမတွ ချောက်ကမ်းပါးမှ တိုက်ရိုက် ခုန်ချလိုက်ရသည်။
ချင်ယွင်သည် ချောက်ကမ်းပါးမှ ကျဆင်းလာစဉ်တွင်ပင် မနိုင်းယှဉ်နိုင်လောက်အောင် အားကောင်းသော စုပ်ယူမှု စွမ်းအားတစ်ခုက လျင်မြန်စွာ ထွက်ပေါ်လာသည်။ ချင်ယွင်သည် ချက်ခြင်းအောက်သို့ကျသွားခဲ့ပြီး သူ၏အရှိန်အဟုန်က လွတ်လွတ် လပ်လပ် ပြုတ်ကျသွားတာထက် အဆပေါင်းများစွာ ပိုမြန်နေသည်။
ချင်ယွင် အံ့သြသွားသည်။ သူသည် လျင်မြန်စွာ ပြုတ်ကျခြင်းမှ ကာကွယ်ရန်အတွက် သူ၏ ဒန်တန်ထဲရှိ တစ်ခုတည်းသော ဝိညာဉ်ချီကို အလျင်အမြန် စုစည်းလိုက်သည်။ တစ်ချိန်တည်းမှာပင် သူ၏နောက်ကျောမှ နဂါးအတောင်ပံများသည် ပြုတ်ကျခြင်းကို နှေးကွေးစေရန် လျင်မြန်ဖြန့်စွာဖြင့် တဖျတ်ဖျတ်ခတ်နေလေသည်။
သို့သော် သူ၏ ကျဆင်းမှု အရှိန်အဟုန်သည် အမှန်တကယ် မြန်ဆန်လွန်းလှသည်။ ချင်ယွင်သည် လဲကျသွားခဲ့ပြီး တွင်းနက်ကြီး၏ မြေကြီးအပေါ် တိုက်ရိုက် ပစ်ကျသွားကာ ဖုန်မှုန့်များ ထွက်လာသည်။ သူ၏ခန္ဓာကိုယ်ရှိ အရိုးများအားလုံး ကျိုးပဲ့သွားပုံရပြီး အလွန်နာကျင်လှသည်။
ချင်ယွင်၏ ခန္ဓာကိုယ်သည် သန်မာလွန်းသည့်အတွက်ကြောင့်သာ၊ မဟုတ်ပါက၊ သူသည် ပြုတ်ကျသည့်အရှိန်ကြောင့် သုံးရက်ကြာအောင် လှုပ်ရှားနိုင်မည် မဟုတ်တော့ပေ။
"လခွမ်း၊ တုလုံကျွန်းမှာ ဒီနေရာက ဘာနေရာကြီးလဲ၊ မြေဆွဲငင်အားက ဘာလို့ အရမ်း ထူးဆန်းနေရတာလဲ" ချင်ယွင်သည် နောက်ဆုံးတော့ နားလည်သွားသည်။
တုလုံးကျွန်းတစ်ခုလုံး၏ မြေဆွဲငင်အားသည် အလွန်ထူးဆန်းသည်။ မြေပြင်ပေါ်မှာ မတ်တပ်ရပ်နေစဉ်မှာ ပုံမှန်နေရာတွေနှင့် မကွာခြားလှပေ။ သို့သော် ကောင်းကင် ပေါ်သို့ ပျံတက်လာသည်နှင့်အမျှ မြေဆွဲငင်အားသည် ပိုမိုအားကောင်း လာပြီးရင်း အားကောင်းလာခဲ့သည်။ အမြင့်မီတာတစ်ရာရောက်သည့်အခါ မြေဆွဲအားက အလွန်ကြောက်စရာ ကောင်းလာသည်။
တစ်နည်းဆိုရသော် ချင်ယွင်၏ခွန်အားသည် မီတာတစ်ရာရောက်လျှင် ကန့်သတ်ချက် ရှိနေပြီဖြစ်သည်။ သူသည် မီတာတစ်ရာကျော် ပျံသန်းပြီးသည်နှင့် ချင်ယွင်သည် ကောင်းကင်ပေါ်မှ ပြုတ်ကျလာလိမ့်မည်။
အရင်တုန်းကတော့ သူသည် ခပ်နိမ့်နိမ့်အမြင့်မှာ ပျံသန်းခဲ့ကြသည်မို့ ဤခံစားချက်မျိုး သိပ်မရှိခဲ့ပါဘူး။ ယခု သူသည် ချောက်ကမ်းပါးအထက်မှ ခုန်ချသွားသောအခါ၊ ချင်ယွင်သည် ဤဆွဲငင်အား မည်မျှထိ ကြောက်စရာကောင်းကြောင်း နက်နဲစွာ နားလည်လာခဲ့သည်။
"ဝေါင်း!" "ဝေါင်း!"
ကြီးမားလှသော သတ္တဝါကြီးနှစ်ကောင်သည် အပေါ်စီးမှ ထွက်ပေါ်လာသည်။ ဆိတ်သုဉ်းခြင်း သားရဲနှစ်ကောင်သည် ၎င်းတို့၏သားကောင် ပျောက်ဆုံးသွားသည်ကို တွေ့ရှိသောအခါ မလိုလာသည့်ဟန်ဖြင့် ဟိန်းဟောက်နေသည်မှာ ထင်ရှားလှသည်။
ချင်ယွင်က ညင်သာစွာ ပြုံးလိုက်သည်။ ဤအကောင်ကြီးနှစ်ကောင်သည် ခုန်မချရဲမှန်း သူသိသည်။ အကယ်၍ သူတို့ခုန်ချခဲ့လျှင်တောင် ပြုတ်ကျပြီး တစ်ဝက်လောက် အရောက်မှာ သေဆုံးသွားနိုင်သည်။ ထို့ကြောင့် ချင်ယွင်သည် လုံးဝစိတ်ချနိုင်ခဲ့သည်။
"ဝေါင်း!"
ချင်ယွင်သည် အစွမ်းထက်လွန်းသော ဆိတ်သုဉ်းခြင်းသားရဲနှစ်ကောင်ကို ဖယ်ရှားနိုင် သည့်အတွက် ပျော်ရွှင်နေသည့်အခိုက် နဂါးအော်သံများသည် အဝေးမှ ထွက်ပေါ်လာ သည်။
ချင်ယွင်၏အမူအရာသည် ချက်ချင်းပြောင်းသွားခဲ့သည်။ ယခုအချိန်တွင် သူသည် ချိုင့်ဝှမ်း၏အစွန်အဖျားကျဆုံး ထောင့်တွင်ရှိနေခဲ့ပြီး ထူထပ်သော သစ်ပင်များဖြင့် ဝန်းရံထားသောကြောင့် သူသည် ချိုင့်ထဲတွင် ဖြစ်ပျက်နေသည်များကို အတိအကျ မသိနိုင်ခဲ့ပေ။
ထို့ကြောင့် သူသည် ရှေ့သို့ လျင်မြန်စွာ လျှောက်လှမ်းလာခဲ့ပြီး ထူထပ်သော သစ်ပင်အရွက်များကြားထဲမှ ကျဉ်းမြောင်းသော အက်ကွဲကြောင်းတခုကို ဖွင့်ကာ ချိုင့်ထဲသို့ လှမ်းကြည့်လိုက်သည်။
မကြည့်ခဲ့မိလျှင်ကောင်းသော်လည်း ချင်ယွင်သည် ချောင်းကြည့်မိလိုက်လျှင် သူသည် ချက်ချင်း ထိတ်လန့်သွားခဲ့သည်။
ဤချိုင့်ဝှမ်းကြီးသည် အလွန်ကျယ်ပြောပြီး ပထမချက်အနေဖြင့် ထူးဆန်းသော အသီးအရွက်သစ်ပင်မျိုးစုံ ပေါက်နေသော လွင်ပြင်ကြီးတစ်ခုနှင့် တူသည်။
သို့သော် ဤအချက်သည် အဓိကအချက်မဟုတ်ပေ။ အဓိကအချက်မှာ ဤလွင်ပြင်ကြီး တွင် ဆိတ်သုဉ်းခြင်းနဂါးသွေးမျိုးဆက်သားရဲ အကောင်ကြီးအကောင်ငယ်များဖြင့် ပြည့်နေပြီး ၎င်းတို့အားလုံးသည် ၎င်းတို့၏ အရှိန်အဟုန်ကြောင့် လူသိများသော လျှပ်စီးမျောက်များဖြစ်ကြဖြစ်သည်။ (ဤတုလုံကျွန်းရှိဆိတ်သုဉ်းခြင်းသားရဲများသည် နဂါးသွေးမျိုးဆက်ကို ပိုင်ဆိုင်ကြသောကြောင့် အချို့နေရာများတွင် ဆိတ်သုဉ်းခြင်း နဂါးသားရဲဟု ပြန်ဆိုထားခြင်းကိုတွေ့ရှိရသည်။ ကျွန်တော်သည် အလျဉ်းသင့်သလို ဖတ်ကောင်းအောင်ပြန်ဆိုပါမည်)
"ငါ နဂါးသိုက်ထဲကိုများ ကျသွားခဲ့လေသလား" ချင်ယွင်သည် ဤစာကြောင်းကို မရေရွတ်နိုင်ခင် အချိန်အတော်ကြာအောင် အံ့ဩမှင်သက်နေခဲ့မိသည်။
အခန်း(၂၃၈)နဂါးဥခိုးခြင်း။
မိုးကြိုးရတ်ပ်ထာများသည်လည်း ဒိုင်နိုဆောများထဲမှ တစ်ခုအပါအဝင် ဖြစ်ပါသည်။ ၎င်းတို့သည် အဆင့်လေးဆိတ်သုဉ်းခြင်းသားရဲနှင့် သက်ဆိုင်သော်လည်း ၎င်း၏ အရွယ်အစားမှာ မကြီးမားလှပေ။
အရွယ်ရောက်ပြီး ဒိုင်နိုဆောရက်တစ်ကောင်သည် အမြင့်ပေ ၆၀ ရှိပြီး ၎င်း၏ ကိုယ်ထည် အစိတ်အပိုင်းအရှည်မှာ ပေတစ်ရာ ဖြစ်ပါသည်။ ရတ်ပ်ထာများ၏ ပေငါးဆယ်ရှည်လျားသော ကိုယ်ထည်နှင့် နှိုင်းယှဉ်ပါက ၎င်းသည် များစွာ သေးငယ်ပါ သည်။
ရတ်ပ်ထာများ၏ ခန္ဓာကိုယ်သည် ကြီးကြီးမားမားမဟုတ်သော်လည်း သူတို့၏ အရှိန်အဟုန်သည် အလွန်မြန်ဆန်သည်။ အရွယ်ရောက်ပြီး မိုးကြိုးရတ်ပ်ထားများ တွင်လည်း လျှပ်စီးစွမ်းရည် အနည်းငယ် ပါရှိသည်။ သူတို့ပြေးလာသောအခါတွင် ခရမ်းရောင်လျှပ်စီးများသည် သူတို့၏ ခန္ဓာကိုယ်ပေါ်တွင် တဖျပ်ဖျပ်ဖျပ်ခတ်ကာ လင်းလက်နေပြီး၊ သူတို့၏အမြန်နှုန်းမှာ ဒိုင်နိုဆောရက်ထက်ပင် ပိုမြန်သည်။
မိုကြိုးရတ်ပ်ထားများသည် ထိုမျှလောက် အစွမ်းမထက်ကြပေ။ အရွယ်ရောက်ပြီး မိုးကြိုးရတ်ပ်ထာများသည် သာမန်ဒုတိယအဆင့် ကောင်းကင်အလွှာ သိုင်းမြို့စားအဆင့်ကျွမ်းကျင်သူတဦး၏ အစွမ်းသာရှိကြသည်။ သို့သော်လည်း မိုးကြိုး ရတ်ပ်ထာများသည် အထီးကျန်ဆန်ဆန် တစ်ကောင်တည်းနေသော ဆိတ်သုဉ်းခြင်း သားရဲများ မဟုတ်ကြပေ။ ၎င်းတို့သည် အုပ်စုလိုက်နေထိုင်ခြင်းကို နှစ်သက်သော ဒိုင်နိုဆောမျိုးနွယ်စုရှိ ဆိတ်သုဉ်းခြင်းသားရဲ နဂါးမျိုးနွယ်စုအနည်းငယ်ထဲမှ တစ်ခု အပါအဝင်ဖြစ်သည်။
မိုကြိုးရတ်ပ်ထားများသည် တစ်ခုတည်းဆိုလျှင် အစွမ်းထက်မည် မဟုတ်သော်လည်း မိုကြိုးရတ်ပ်ထားအုပ်စု တစ်စုသည် အလွန်အစွမ်းထက်သည်။ တစ်ဒါဇင် သို့မဟုတ် ထိုမျှလောက်သော မိုကြိုးရတ်ပ်ထားများသည် မြေကမ္ဘာဒိုင်နိုင်ဆောရက် တစ်ကောင်ကို ကိုက်သတ်ပစ်ရန် လုံလောက်ပါသည်။ ကြက်သွေးရောင် ဒိုင်နိုဆောရက်သည်ပင်လျှင် ၎င်းတို့ကို အလွယ်တကူ ရန်စဝံ့မည်မဟုတ်ပေ။
ချင်ယွင်၏ စိတ်သည် ဤအချက်အလက်များကြောင့် လျင်မြန်စွာ လင်းလက်သွား သည်။ သူသည် ကျယ်ပြန့်သော ချိုင့်ဝှမ်းကို ဝှေ့ယမ်းကာ လှည့်ပတ်ကြည့်ရူရင်း ငိုချင်သလိုပင် ခံစားလိုက်ရသည်။
အပြင်မှာ မိုကြိုးရတ်ပ်ထားများ စောက်ရမ်းများပြားပြီး အကောင်တစ်ရာ ထက်မနည်း ရှိကောင်းရှိနိုင်မယ် မဟုတ်လား။ အကယ်၍ ၎င်းတို့သည် သူ့ကိုသာ ရှာဖွေတွေ့ရှိသွားမည်ဆိုလျှင် သူသည် အစိပ်စိပ်အမြွှာမြွှာ ဖြစ်သွားနိုင်ပေလိမ့်မည် မဟုတ်ပါလား။
ဤပြဿနာကို သူ မည်သို့ ကစားရမည်နည်း။
ချင်ယွင်သည် အနည်းငယ်မျှ တုန့်ဆိုင်းနေခြင်းမရှိပေ။ သူသည် နတ်ဘုရားအသွင် ပြောင်းပညာရပ်ကို တိုက်ရိုက်အသုံးပြုပြီး ပထမခြေလှမ်းအဖြစ် သူ၏ခန္ဓာကိုယ်မှ အငွေ့အသက်များအားလုံးကို ပယ်ရှား ဖျက်ဆီးပစ်လိုက်သည်။
နတ်ဘုရားအသွင်ပြောင်းပညာရပ်၏ နတ်ဘုရားစွမ်းရည်သည် အမှန်တကယ် ရှားပါးသော နည်းလမ်းတစ်ခု ဖြစ်သည်။ သူ၏ရုပ်ရည်အသွင်အပြင်ကို ပြောင်းလဲ စေနိုင်ပြီး လူတစ်ဦး၏ အသွင်အပြင်ကိုပါ ပြောင်းလဲနိုင်ရုံသာမက သူ၏ အငွေ့အသက်များအားလုံးကိုလည်း ဖုံးကွယ်ထားနိုင်သည်။
သိုင်းဧကရာဇ်အဆင့် ကျွမ်းကျင်သူများပင်လျှင် သူတို့၏ပကတိ မျက်လုံးများကို အသုံးပြုပါက ချင်ယွင်၏တည်ရှိမှုကို ရှာဖွေတွေ့ရှိနိုင်ခြင်းရှိလိမ့်မည် မဟုတ်ပေ။ တစ်နည်းအားဖြင့်ဆိုရသော် သိုင်းဧကရာဇ်အဆင့် ကျွမ်းကျင်သူများသည် သူ့အား ရှာဖွေတွေ့ရှိရန် သူတို့၏ စိတ်ဝိညာဉ်စွမ်းအားကို အသုံးမပြုပါက သူသည် အသက်ရှင်နေသူတစ်ဦးမဟုတ် ကျောက်တုံးတစ်တုံးဟုသာ ထင်မြင်နေမည် ဖြစ်သည်။
ဤသည်မှာ နတ်ဘုရားအသွင်ပြောင်းနည်းပညာရပ်၏ တန်ခိုးဖြစ်သည်။
ယခုအချိန်တွင်၊ ချင်ယွင်၏ လူသားအငွေ့အသက်နှင့် မီးနဂါးမှ ထုတ်လွှတ်သော နဂါးအငွေ့အသက်သည် လုံး၀ ဖုံးကွယ်သွားခဲ့ပြီ ဖြစ်သည်။ ဤနည်းအားဖြင့်၊ ထိုမိုးကြိုး ရတ်ပ်ထာများသည် သူရှိနေရာဤခြုံပုတ်ထဲသို့ မဝင်လာသရွေ့ ချင်ယွင်၏တည်ရှိမှုကို ရှာဖွေတွေ့ရှိမည်မဟုတ်ပေ။
သို့သော် ဤသည်မှာ ရေရှည်စီမံချက်တော့ မဟုတ်ပေ။
ချင်ယွင်သည် ဤနေရာတွင် ပုန်းအောင်းနေသမျှ ကာလပတ်လုံး ဤမိုးကြိုးရတ်ပ်ထာ များသည် အနှေးနှင့်အမြန်ဆိုသလိုပင် သူ့ကို တွေ့ရှိသွားကြလိမ့်မည်။ သို့သော် အကယ်၍ သူ အပြင်ထွက်သွားမည်ဆိုလျှင်လည်း မိုးကြိုးရတ်ပ်ထာတစ်ရာကျော်နှင့် ရင်ဆိုင်ရလိမ့်မည်။ ဤသည်မှာ ချင်ယွင် မမြင်လိုသော အရာဖြစ်သည်။
သူ့နောက်ကို အရူးအမူး လိုက်ဖမ်းနေသည့် မိုးကြိုးရတ်ပ်ထာ အကောင်တစ်ရာကျော် မြင်ကွင်းကို တွေးကြည့်လိုက်သည့်အခါ သူ့ဦးရေပြားပင် ထုံကျင်သွားသည်။
"တကယ်လို့ ရှောင်ဘိုသာ နိုးလာမယ်ဆိုရင်၊ သူရဲ့ ကောင်းကင်မျို စပါးအုံးမြွေရဲ့ စွမ်းရည်နဲ့ဆို သူ့ထက် အားနည်းတဲ့သူများကို ပါးစပ်တစ်ခုတည်းနဲ့တောင် ကိုင်တွယ် ဖြေရှင်းနိုင်မယ်။ ရှစ်ကြိမ် ကိုးကြိမ်လောက် မျိုချလိုက်တာနဲ့ ဒီမိုးကြိုးရတ်ပ်ထာ အားလုံး သူ့ဗိုက်ထဲ ကျရောက်သွားလိမ့်မယ်" ချင်ယွင်သည် သူ၏စိတ်ထဲတွင် တွေးတောရင်း သက်ပြင်းချလိုက်သည်။
ရှောင်ဘိုင်သည် လင်းဟန်ကြောင့် ဒဏ်ရာရခဲ့ပြီး လက်ရှိတွင် အိပ်ပျော်နေပါသည်။
အမှန်တကယ်တော့ ချင်ယွင်၏အတွေးများ မှားနေခြင်း ဖြစ်ပါသည်။ အကယ်၍ ရှောင်ဘိုင် နိုးလာမည်ဆိုလျှင်ပင် ယခုသူတွေးသလိုလုပ်ဖို့က မဖြစ်နိုင်ပါဘူး။ ကောင်းကင်မျိုစပါးအုံးမြွေ၏ဝမ်းဗိုက်က အရမ်းကြီးသော်လည်း ကန့်သတ်ချက်များ ကတော့ ရှိနေတုန်းပါပဲ။
ရှောင်ဘိုင်၏ လက်ရှိ ခွန်အားဖြင့် တစ်ကြိမ်၊ နှစ်ကြိမ် သို့မဟုတ် သုံးကြိမ်လောက် မျိုချပြီးနောက် ဗိုက်ပြည့်သွားမည်ဖြစ်သည်။ ရှစ်ကြိမ် ကိုးကြိမ် တစ်ပြိုင်နက်တည်း မျိုချနိုင်မည်ဟု ချင်ယွင် တွေးထားသလိုမျိုး မဖြစ်နိုင်ပေ။
ထိုအချိန်တွင် သူသည် ချိုင့်ဝှမ်းကြီး၏ အတွင်းဘက်စွန်းတွင် ရှိနေသည်။ အကယ်၍ သူ ထွက်သွားချင်သည်ဆိုလျှင်ပင် ဤမိုးကြိုးရတ်ပ်ထာများကို ကျော်ဖြတ်သွားရလိမ့် မည်။
သို့သော်လည်း အချိန်အတော်ကြာ စဉ်းစားပြီးနောက်၊ ချင်ယွင်သည် ဤမိုးကြိုးရတ်ပ်ထာများ သူ့ကိုမမြင်စေဘဲ ဤချိုင့်ဝှမ်းကြီးမှ လွတ်မြောက်ရန် နည်းလမ်းကို စဉ်းစားမရခဲ့ပေ။
တောင်နံရံကို ဖြတ်ကျော်တက်ရောက်ဖို့ဆိုသည်မှာလည်း မဖြစ်နိုင်သလောက်ပင်။
သူ့ကို စောင့်ကြည့်နေသည့် ဧရာမသတ္တဝါကြီးနှစ်ကောင်ကို မပြောနှင့်ဦး၊ ကြောက်စရာကောင်းသည့် မြေဆွဲငင်အားတစ်ခုတည်းကပင် ချင်ယွင်ကို တုန်လှုပ် သွားစေနိုင်ပါသည်။ သူ တစ်ဝက်လောက် တက်လိုက်သည့်အချိန်မှာပင် ကံဆိုးမိုးမှောင် ကျသွားနိုင်ပြီး တောင်ထိပ်ပေါ် အရောက်တက်ရန်ဆိုသည် မဖြစ်နိုင်သလောက်ပင်။
ကောင်းကင်ယံသည် တဖြည်းဖြည်း မှောင်လာပြီး ချင်ယွင်နှင့် အခြားသူများ တုလုံကျွန်းသို့ ရောက်ရှိလာသည့် ပထမဆုံးညဉ့်သည် ယခုအချိန်တွင် ဆင်းသက် လာခဲ့ပြီ။
ယနေ့ည ကောင်းကင်ယံသည် အလွန်တောက်ပနေပြီး ကြယ်များဖြင့် ပြည့်နှက်နေကာ လမင်းကြီးကပင် မယှဉ်နိုင်လောက်အောင် တောက်ပနေခဲ့သည်။
ယင်းကြောင့် မှောင်မိုက်သော ညအောက်တွင် ထွက်ပြေးလွတ်မြောက်ဟူသည့် သူ၏ အကြံအစည်သည်လည်း လုံးဝ ပျက်ပြားသွားခဲ့ရသည်။ ကူရာမဲ့စွာဖြင့်၊ ချင်ယွင်သည် ချုံပုတ်များကြားတွင် ငြိမ်သက်စွာထိုင်နေကာ ကျင့်ကြံရင်း အချိန်ကို စောင့်ဆိုင်း နေခဲ့သည်။
သို့သော်လည်း ယခုအချိန်တွင် ချင်ယွင်သည် သူနှင့် မီတာတစ်ရာခန့် အကွာရှိ တွင်းကြီး တစ်တွင်းကို ရုတ်တရက် တွေ့ရှိသွားခဲ့သည်။ ထိုနေရာမှ သန့်စင်သော ဝိညာဉ်စွမ်းအင်များ ထုတ်လွှတ်နေသည့် တောက်ပသော ခရမ်းရောင်အရာဝတ္ထု ကိုးခု ရှိနေသည်။
"အယ်? အဲဒါက ရတ်ပထာတွေရဲ့ ဥပဲ" ချင်ယွင်၏ မျက်လုံးများသည် ချက်ချင်းပင် တောက်ပလာသည်။
“ဒီနဂါးဥတွေက အရမ်းကောင်းတဲ့အရာတွေပဲ။ အသန့်စင်ဆုံး နဂါးသွေးအနှစ်သာရတွေ ပါဝင်နေတယ်။”
ထိုနဂါးသွေးအနှစ်သာရကို စုပ်ယူလိုက်သည်နှင့် တစ်ပြိုင်နက် လူတစ်ယောက်၏ ကျင့်ကြံခြင်းအဆင့်ကို တိုးမြင့်လာစေရုံသာမက ရုပ်ခန္ဓာကိုယ် ကြံ့ခိုင်မှုကိုလည်း တိုးတက်စေနိုင်သည်။ တစ်နည်းဆိုရသော် ရတ်ပထာများ၏ဥသည် ဝိညာဉ်စွမ်းအင် ပြည့်ဝသော ဝိညာဉ်ဆေးပြားများထက် မနိမ့်ကျပေ။
သူ၏ရှေ့ရှိ နဂါးဥကိုးလုံးသည် ချင်ယွင်ကို သိုင်းမြို့စားနယ်ပယ်၏ ဒုတိယအဆင့် ကောင်းကင်အလွှာကို ဖြတ်ကျော်ဖို့ ကူညီပေးနိုင်သည်။
ဤအရာက ချင်ယွင်၏ မျက်လုံးများတွင် အလိုလောဘ၏ အရိပ်အယောင် တစွန်းတစကို ဖြစ်ပေါ်စေခဲ့သည်။
"ဒီမိုးကြိုးရတ်ပ်ထာတွေက တခြားနဂါးတွေဆီက နဂါးဥတွေကို ခိုးယူရတာ သဘောကျကြတယ်။ ဒီနေ့တော့ ကောင်းကင်ကြီးကို ဒီအကြောင်း ပြောပြပါတယ်။ နဂါးဥခိုးတဲ့အရသာကို မြည်းစမ်း ကြည့်ချင်လို့ပါ။ ဟီး ဟီး!" ချင်ယွင်သည် အရှက်ကင်းမဲ့စွာဖြင့် သူ့ကိုယ်သူ ဆင်ခြေပေးရန် အကြောင်းပြချက်တခု ရှာလိုက်လေသည်။ (အကြောင်းပြချက်က နဂါးဥခိုးတဲ့အရသာကို ခံစားကြည့်ချင်လို့တဲ့)
ထို့နောက် သူ၏ပုံရိပ်သည် မှိန်ပြပြညဉ့်အမှောင်ထုကို လျင်မြန်စွာ ဖြတ်ကျော်ရင်း အနက်ရောင် မီးလုံးကြီးအဖြစ်သို့ ပြောင်းလဲသွားကာ ဧရာမတွင်းနက်ကြီးဆီသို့ ဦးတည် သွားခဲ့သည်။
ထိုအချိန်တွင် ရတ်ပ်ထာအများအပြားသည် ချိုင့်ဝှမ်းအဝင်ဝတွင် စုဝေးနေကြသည်။ သူတို့သည် ဤချိုင့်ဝှမ်းသည် သူတို့၏နယ်မြေဖြစ်ပြီးနှင့် လုံခြုံသည်ဟု အထင်ရှိသောကြောင့် ဥများကို စောင့်ရှောက်နေခြင်း မရှိကြပေ။
သို့သော် ကောင်းကင်ယံမှ ကျဆင်းလာခဲ့သော လူသားတစ်ဦးသည် သူတို့၏ တွင်းနက်ကြီးများအတွင်း ပုန်းအောင်းနေကာ နဂါးဥများကို ခိုးယူရန် ဓားပြ တစ်ယောက်အဖြစ်သို့ ပြောင်းလဲသွားလိမ့်မည်ဟု သူတို့ မမျှော်လင့်ထားခဲ့ကြပေ။
ချင်ယွင်သည် တွင်းနက်ကြီးရှေ့သို့ ရောက်ရှိပြီးနောက် သူ၏ဦးခေါင်းထက်ပင် ပိုကြီးသော နဂါးဥများကို ကြည့်လိုက်သည်။ နဂါးဥများသည် ခပ်ဖျော့ဖျော့ ခရမ်းရောင် စွမ်းအင်အတက်အကျ လှိုင်းများ ထုတ်လွှတ်နေပြီး သူ၏ မျက်လုံးများတွင် ပျော်ရွှင် ဝမ်းမြောက်သည့် အရိပ်အယောင်များ ထွက်ပေါ်လာသည်။
စကားတစ်ခွန်းမှ မပြောဘဲ ချင်ယွင်သည် သိုလှောင်အိတ်တစ်လုံးကို ထုတ်ကာ နဂါးဥကိုးလုံးကို ကောက်ထည့်လိုက်သည်။
ထို့အပြင် သူသည် မည်သူမျှ သတိမထားမိခင် ခြုံပုတ်များဆီသို့ ပြန်သွားခဲ့သည်။ အစမှအဆုံးအထိ သူတို့၏ နဂါးဥများ ခိုးယူခံရကြောင်း ရတ်ပထာတစ်ကောင်မျှ မသိခဲ့ကြပေ။
ချင်ယွင်သည် နဂါးဥများကို ခိုးယူပြီးနောက် စားသုံးရန်အတွက် တိုက်ရိုက် ဖွင့်ဖောက်ခြင်း မရှိခဲ့ပေ။ နဂါးဥကွဲသွားတဲ့အခါ ထွက်ပေါ်လာသည့်ရနံ့က ရတ်ပ်တာများကို သတိပေးသလိုဖြစ်မှာ စိုးရိမ်သောကြောင့် နဂါးဥကိုးလုံးကို ခိုးယူပြီးနောက် ကောင်းကင်ဘုံကိုးအလွှာ ကြယ်စင်စုပုံကြမ်းထဲသို့ ယူဆောင်လာခဲ့ပြီး စားမျိုချရန် ပြင်ဆင်လိုက်သည်။
ကောင်းကင်ဘုံကိုးအလွှာကြယ်စင်စုပုံကြမ်းသည် ချင်ယွင်၏ခန္ဓာကိုယ်တွင် အမြဲတမ်း တည်ရှိနေသည့် အကြီးမြတ်ဆုံး အင်မော်တယ်အဆင့် ပစ္စည်းတစ်ခု ဖြစ်ပြီး သူ၏ အစစ်အမှန်ခန္ဓာကိုယ်သည် အထဲသို့ဝင်လိုက်သည်နှင့် ကောင်းကင်ဘုံကိုးအလွှာ ကြယ်စင်စုပုံကြမ်းသည် အပြင်အပကမ္ဘာရှိ လေထုထဲတွင် ထုတ်ဖော်ပြသထားသလို ဖြစ်နေဦးမည်။
ထို့ကြောင့် ချင်ယွင်သည် ကောင်းကင်ဘုံကိုးအလွှာကြယ်စင်စုပုံကြမ်းကို အရင်ဆုံး ဖျောက်လိုက်ပြီးနောက် ၎င်းထဲသို့ ဝင်ရောက်ခဲ့ခြင်း ဖြစ်ပါသည်။
ချင်ယွင်သည် ဤအရာအားလုံးကို ပြီးဆုံးပြီးနောက် ကောင်းကင်ဘုံကိုးအလွှာ ကြယ်စင်စုပုံကြမ်းထဲသို့ ယူဆောင်လာသည့် နဂါးဥကိုးလုံးကို ထုတ်ယူလိုက်သည်။
အနည်းငယ်မျှ တုန့်ဆိုင်းခြင်းမရှိဘဲ ချင်ယွင်သည် နဂါးဥထဲက တစ်လုံးကို တိုက်ရိုက် ခွဲလိုက်သည်။ ချက်ခြင်းပင် ခရမ်းရောင်တောက်တောက် အရည်များ ထွက်လာခဲ့ပြီး ခရမ်းရောင်ရောင်စုံ အလင်းတန်းများ ထွက်လာသည်။ သန့်စင်သည့် နဂါးအငွေ့အသက်က ပျံ့နှံ့ ထွက်ပေါ်လာခဲ့သည်။
ချင်ယွင်သည် ပြင်းထန်သိပ်သည်းသည့် နဂါးစွမ်းအင်များ ထုတ်လွှတ်နေသော နဂါးဥကို ကြည့်လိုက်ရင်း သူ၏မျက်လုံးများတွင် အပြုံးအရိပ်တစ်ခု ချက်ချင်းပေါ်လာသည်။ နောက်ဆုံးတော့ သူသည် အလေအလွှင့် တစွန်းတစပင် မကျန်အောင် နဂါးဥထဲရှိ ခရမ်းရောင် အရည်အားလုံးကို သူ၏ဗိုက်ထဲကို လောင်းထည့်လိုက်သည်။
နဂါးဥ၏အဖြူရောင်အလွှာသည် ချင်ယွင်၏ လည်ချောင်းမှတဆင့် ချင်ယွင်၏ ခန္ဓာကိုယ်ထဲသို့ စီးဆင်းသွားသည်။ သူ၏ခန္ဓာကိုယ်မှ နွေးထွေးသော အငွေ့အသက် တစ်ခု ထွက်လာခဲ့ပြီး ချင်ယွင်၏ ခြေလက်အင်္ဂါ အစိတ်အပိုင်းအရိုးများနှင့် ဒန်တန်ဆီသို့ စတင်စီးဆင်းလာသည်။ ယခုအချိန်တွင် သူ၏ရုပ်ခန္ဓာကိုယ်နှင့် ဝိညာဉ်စွမ်းအင်များသည်လည်း စတင် ကြီးထွားလာခဲ့သည်။
ချင်ယွင်သည် ချက်ချင်းပင် ဝမ်းသာသွားကာ ကျန်နဂါးဥရှစ်လုံးကို တိုက်ရိုက် မျိုချ လိုက်သည်။
နဂါးဥကိုးလုံးကို စားမျိုးပြီးသောအခါ၊ ချင်ယွင်၏ ဒန်တန်သည် သိပ်ထည်းသော နဂါးချီများနှင့် ပြည့်နေ၏။ ချင်ယွင်သည် ၎င်းတို့ကို သန့်စင်ရန်အတွက် ရှေးဟောင်းခေတ် အစိမ်းရောင်ကြာပန်းပညာရပ်ကို အလျင်အမြန် ဖြန့်ကျက် လိုက်သည်။
အချိန်တွေက တရွေ့ရွေ့ ကုန်ဆုံးသွားခဲ့သည်။
"ဘုန်း!"
နှစ်နာရီခန့်အကြာတွင် ချင်ယွင်၏ ဒန်တန်ထံမှ ကျယ်လောင်သော မိုးခြိမ်းသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
သူသည် အဆင့်ဖြတ်ကျော်သွားခဲ့ပြီး သိုင်းမြို့စားနယ်ပယ်၏ ဒုတိယအဆင့် ကောင်းကင်အလွှာသို့ ဖြတ်ကျော်သွားခဲ့သည်။
အခန်း(၂၃၉)ရူးသွပ်စွာသတ်ဖြတ်ခြင်း
မိုးကြိုးရတ်ပ်တာဥကိုးလုံးကို စားသုံးပြီးနောက်၊ ချင်ယွင်သည် သိုင်းမြိုစားနယ်ပယ်၏ ဒုတိယအဆင့် ကောင်းကင်အလွှာသို့ အောင်မြင်စွာ ဖြတ်ကျော်သွားခဲ့သည်။ သူ၏ ခန္ဓာကိုယ်လည်း ပိုသန်မာလာခဲ့ပြီး နဂါးချီ၏ အရိပ်အယောင်များက သူ၏ ခန္ဓာကိုယ်ပေါ်မှာ အမှန်တကယ် ထွက်ပေါ်လာခဲ့သည်။
ချင်ယွင်သည် အလွန်ပျော်ရွှင်သွားခဲ့သည်။ သူ၏ခွန်အားတွေ အများကြီး တိုးလာပြန်ပြီ။
ယခုအချိန် ဂျီကလန်မှ အနီရောင်ဝတ်လူငယ်ကို နောက်တစ်ကြိမ်တွေ့သောအခါ၊ သူသည် တိုက်ခိုက်ရန် ခွန်အားရှိလာခဲ့ပြီ။ သူသည် အနက်ရောင်ဝတ်ရုံဝတ် ကိုယ်ပွားနှင့် တိုက်ခိုက်နေစရာ မလိုပေ။
ချင်ယွင်သည် ကောင်းကင်ဘုံကိုးအလွှာ ကြယ်စင်စုပုံကြမ်းထဲမှ ထွက်လာခဲ့ပြီးနောက် ချိုင့်ဝှမ်းကြီးတစ်ခုလုံး ရှုပ်ပွနေကြောင်း တွေ့ရှိခဲ့ရသည်။
အဆိုပါ ရတ်ပ်တာများသည် ၎င်းတို့၏ နဂါးဥများ ပျောက်သွားကြောင်း သိသာ ထင်ရှားစွာ တွေ့ရှိသွားခဲ့ပြီ။ လောလောဆယ်တွင် ၎င်းတို့သည် ချိုင့်ဝှမ်းကြီး တစ်ဝိုက်တွင် ရှာဖွေနေပြီး ချင်ယွင်သည် လွတ်မြောက်နိုင်စွမ်း ရှိကောင်းမှ ရှိလိမ့်မည်။
"ငါ ဘာလုပ်သင့်သလဲ?" ချင်ယွင်သည် စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ မိုးကြိုး ရတ်ပ်တာများသည် ဤချုံပုတ်ထဲသို့ ဝင်လိုက်သည်နှင့် ၎င်းတို့သည် သူ့ကို သေချာပေါက် ရှာဖွေတွေ့ရှိလိမ့်မည်။
ကောင်းကင်ဘုံကိုးလွှာကြယ်စင်စုပုံကြမ်းထဲတွင် ပုန်းနေရန်မှာ ရေရှည် အသုံးမဝင်ပေ။ ဤမိုးကြိုးရတ်ပ်တာများသည် ကောင်းကင်ဘုံကိုးအလွှာ ကြယ်စင်စုပုံကြမ်းကို ရှာဖွေတွေ့ရှိသွားနိုင်ဆဲ ဖြစ်သည်။
ထိုအချိန်ရောက်လျှင် ချင်ယွင်သည် မလွတ်မြောက်နိုင်တော့ပေ။
ဘုန်း!
ထိုအချိန်တွင်၊ မိုးကြိုးရတ်ပ်တာတစ်ကောင်သည် ချင်ယွင်ရှိရာ ချုံပုတ်များဆီသို့ လှမ်းလာခဲ့သည်။
ချင်ယွင်သည် ချက်ခြင်း ထိတ်လန့်သွားသည်။ သူ၏လက်ထဲတွင် မြူနှင်းချောက်နက်ဓား ပေါ်လာသည်။ ထိုရတ်ပ်တာသည် ချုံပုတ်များထံ ချဉ်းကပ် ဝင်လာရန် သတ္တိရှိသရွေ့ သူ၏ဓားကို ချက်ချင်းထုတ်ကာ သူသည် သတ်ပစ်လိုက်မည်။ ထို့နောက် သူသည် အခွင့်အရေးကို အလျင်အမြန် ဆုပ်ကိုင်လိုက်မည်။
မိုးကြိုးရတ်ပ်တာသည်လည်း တစ်လှမ်းပြီးတစ်လှမ်း ချဉ်းကပ်လာနေသည်။
ဆယ်မီတာ၊ ငါးမီတာ၊ သုံးမီတာ။
အေးစက်သည့်အလင်းတချက်က ချင်ယွင်၏ မျက်လုံးများတွင် ထွက်ပေါ်လာသည်။ သူ၏လက်ထဲရှိ မြူနှင်းချောက်နက်ဓားသည် အမှောင်ထဲမှာ အဖြူရောင် အလင်းတန်းတစ်ခုကို ရေးဆွဲလိုက်သည်။
မိုးကြိုးရတ်ပ်တာက မတုံ့ပြန်နိုင်ခင်မှာပင် အေးစက်စက် အလင်းတန်းတစ်ခု လင်းလက်ပြီး တိုက်ရိုက်ကျဆင်းလာသည်ကို ထိုမိုးကြိုးရတ်ပ်တာ မြင်လိုက်ရသည်။ ဦးခေါင်းကြီးတစ်ခုသည် ပြုတ်ကျသွားခဲ့ပြီး ၎င်းသည် လှုပ်ရှားနိုင်ခြင်းမရှိတော့ဘဲ သွေးအိုင်ထဲ လဲကျသွားခဲ့သည်။
နည်းနည်းမှ တုန့်ဆိုင်းခြင်းမရှိဘဲ၊ ချင်ယွင်သည် မိုးကြိုးရတ်ပ်တာကို သူ၏ဓားဖြင့် သတ်လိုက်ပြီး ခပ်ဝေးဝေးရှိ ချိုင့်ဝှမ်းအဝင်ပေါက်ဆီ ပြေးသွားခဲ့သည်။
သေချာပါသည်၊ မိုးကြိုးရတ်ပ်တာ လဲကျသေဆုံးသွားပြီးနောက် သူ့နှင့် မဝေးမှာရှိသည့် မိုးကြိုးရတ်ပ်တာတစ်ယောက်သည် ဤမြင်ကွင်းကို ချက်ချင်း သတိထားမိပြီး ကောင်းကင်ယံကိုမော့ကာ ဟိန်းဟောက်လိုက်သည်။
ချက်ခြင်းပင်၊ မိုးကြိုးရတ်ပ်တာအားလုံးသည် ချင်ယွင်ဘက်ကို လှည့်ကြည့်ကာ သူ့ဆီသို့ ပြေးလာကြသည်။
ချင်ယွင်၏အမူအရာသည် ပြောင်းလဲသွားပြီး မြူနှင်းချောက်နက်ဓားကို သူ၏ လက်ထဲတွင် ဆွဲကိုင်ထားပြီး လေစွမ်းအင်များက ဓားထိပ်တစ်ဝိုက်တွင် တဝဲလည်လည် လှည့်ပတ်နေသည်။
ရာနှင့်ချီသော မိုးကြိုးရတ်ပ်တာများသည် ချင်ယွင်ရှိသည့် ဦးတည်ရာအရပ်သို့ ပြေးသွားကြသည်။ သူတို့၏အရှိန်က အရမ်းကို မြန်ဆန်သည်။ သူတို့အားလုံးသည် ချင်ယွင်ဆီသို့ ရူးသွပ်စွာ သွားချင်နေကြပြီး ချင်ယွင်ဆီကို ခေါင်းမော့ ပြေးလာကြသည်။ သူတို့ထဲက တချို့သည် ကောင်းကင်ယံပေါ်ကို တိုက်ရိုက် ခုန်တက်ကြပြီး၊ သူတို့၏ ထက်ရှသော ရှေ့ခြေသည်းများက ညဉ့်ကောင်းကင်ယံမှာ စူးရှအေးစက်သည့် အလင်းရောင်များဖြင့် လင်းလက်နေသည်။
ချင်ယွင်၏ ခန္ဓာကိုယ်သည် သန့်စင်သော စွမ်းအင်များဖြင့် ရစ်ပတ် လှုပ်ရှားနေသည်။ ပြင်းထန်သော ဓားဆန္ဒက ချက်ချင်းဆိုသလို ထွက်ပေါ်လာသည်။ လေဓားများ တစ်ချောင်းပြီးတစ်ချောင်း လွင့်ထွက်ခုတ်ပိုင်းသွားကာ သူ၏လက်ထဲတွင်ရှိသည့် မြူနှင်း ချောက်နက်ဓားသည် မရေမတွက်နိုင်သော ပုံရိပ်ယောင်များ အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး ပတ်ပတ်လည်ရှိမိုးကြိုးရတ်ပ်တာများဆီသို့ ပြေးဝင်သွား နေကြသည်။
"ဖူး….. !"
လတ်ဆတ်သော သွေးများက အဆက်မပြတ် လွင့်ပျံထွက်နေသည်။ ချင်ယွင်၏ မြူနှင်းချောက်နက်ဓားဖြင့် ထိမှန်ခံရသည့် ထိုမိုးကြိုးရတ်ပ်တာများသည် သွေးနှင့် အသားများအဖြစ် ကျန်ရစ်နေမည်မှာ သေချာပါသည်။
မြူနှင်းချောက်နက်ဓားသည် ထက်မြက်လွန်းသည်၊ ဤရတ်ပ်တာများကို ဖြတ်တောက်ခြင်းသည် တို့ဟူးကို ဖြတ်တောက်လိုက်သကဲ့သို့ပင် ဖြစ်နေသည်။
များမကြာမီပင်၊ ချင်ယွင်သည် မိုးကြိုးရတ်ပ်တာတစ်ဒါဇင်ကျော်ကို သတ်ဖြတ်ခဲ့ပြီး၊ သူ၏ခြေရင်းအောက်တွင် မိုးကြိုးရတ်ပ်တာများ၏ အလောင်းများဖြင့် စုပုံနေပြီ။
သို့သော် ချင်ယွင်သည်လည်း သာလွန်ကောင်းမွန်ခြင်းမရှိပေ။
သူသည် ရတ်ပ်တာလှိုင်းလုံးကြီး လေးခုထက်မနည်း တိုက်ခိုက်ခြင်း ခံခဲ့ရပြီးဖြစ်သည်။ အပြင်းထန်ဆုံး တိုက်ခိုက်ခံရမှု နှစ်ခုမှာ ပုခုံးပေါ်တွင် ရတ်ပ်တာတစ်ကောင် အကိုက်ခံရပြီး အသားတစ်စ ထွက်ကျန်ရစ်ခဲ့သည်။ အခြားဒဏ်ရာတစ်ခုကတော့ ရတ်ပ်တာတစ်ကောင်၏ ချွန်ထက်သော ခြေသည်းများဖြင့် သူ၏နောက်ကျောကို မတော်တဆ လှီးဖြတ်ခံရပြီး အရိုးများပင်မြင်နိုင်သော သွေးထွက်သံယို စင်းကြောင်းသုံးခု ကျန်ရစ်ခဲ့သည်။
ချင်ယွင်၏မျက်လုံးများသည် သတ်ဖြတ်လိုသည့်ဆန္ဒဖြင့် နီရဲနေပြီး သူ၏လက်ထဲက ဓားသည် တုန်တုန်ယင်ယင် ဖြစ်နေသည်။
သူ၏ပတ်ပတ်လည်တွင် လေလှိုင်းများ တဝဲလည်လည်ရစ်ပတ်နေပြီး အဖြူရောင် ဝတ်ရုံများသည် သွေးများဖြင့် စွန်းထင်းနေလေသည်။
ထိုအချိန်တွင် ချင်ယွင်သည် ငရဲမှထွက်သွားသော သေမင်းနတ်ဘုရားတစ်ပါးနှင့် တူသည်။ သူဖြတ်သန်းသွားသည့်နေရာတိုင်း အပျက်အစီးများစွာ ကျန်ရစ်ခဲ့သည်။
"သတ်!"
ချင်ယွင်သည် ကျယ်လောင်စွာ မာန်သွင်းအော်ဟစ်လိုက်ပြီး သူ၏ခန္ဓာကိုယ်က တဟုန်ထိုး ပြေးဝင်လာနေသည့် မိုးကြိုးရတ်ပ်တာတစ်ကောင်ဆီကို ပေါက်ကွဲပစ်ဝင် သွားခဲ့သည်။
ဝိညာဉ်ချီကို သူ၏လက်ထဲရှိ မြူနှင်းချောက်က်ဓားထဲသို့ ချက်ခြင်း သွန်းလောင်းချ လိုက်သည်။ မူလက ပျော့ပျောင်းသော မြူနှင်းချောက်နက်ဓားသည် ချက်ချင်း တည့်မတ်သွားခဲ့ပြီး အေးစက်သော အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားသည်။
မိုးကြိုးရတ်ပ်တာသည် ချင်ယွင်အနီးသို့ မရောက်မီတွင် ချင်ယွင်၏ဓားဖြင့် ထက်ဝက်ခန့် ခုတ်ပိုင်းခံခဲ့ရပြီး ဖြစ်သည်။
သို့သော် ဤအခိုက်အတန့်တွင် အေးစက်နေသော ခြေသည်းတစ်ချောင်းသည် မှိန်ပြပြ ညဉ့်အမှောင်ယံတွင် လင်းလက်လာပြီး ချင်ယွင်၏ ရင်ဘတ်ကို တိုက်ရိုက် ရိုက်ချ လိုက်သည်။
ချင်ယွင်၏ ရင်ဘတ်သည် ချက်ချင်းပင် နက်ရှိုင်းသော သွေးစွန်းရာကြီး ထင်းသွားခဲ့သည်။ သူ၏ရင်ဘတ်ပေါ်ရှိ နံရိုးများသည် ပေါ်ထွက်ကာ လုံးဝ အဖြူရောင် ထင်းနေသည်။
နာကျင်ကိုက်ခဲမှုတစ်ခုက သူ၏နှလုံးသားထဲသို့ တိုးဝင်လာသည်။
ချင်ယွင် ဒဏ်ရာပြင်းပြင်းထန်ထန်ရနေသည်ကို မြင်လိုက်ရလျှင် မိုးကြိုးရတ်ပ်တာများ သည် သူ့ဆီ အရူးအမူး ပြေးလာကြသည်။
ချင်ယွင်သည် ပြင်းထန်သောနာကျင်မှုကို ခံနိုင်ရည်ရှိအောင်ကြိုးစားပြီး သူ၏လက်ထဲရှိ ဓားကို အဆက်မပြတ် ဝှေ့ယမ်းလိုက်သည်။
သို့သော် မိုးကြိုးရတ်ပ်တာ အရေအတွက်မှာ အလွန်များပြားသည်။
ခုချိန်မှာတော့ နှစ်ဖက်စလုံးသည် သတ်ဖြတ်လိုစိတ်များဖြင့် မျက်လုံးများ နီရဲနေလေပြီ။
ထိုအချိန်တွင်၊ ချင်ယွင်၏ခန္ဓာကိုယ်ရှိ ဝိညာဉ်ချီသည် ကုန်ဆုံးလုနီးပါး ဖြစ်လာခဲ့ပြီး၊ သူ၏ဒန်တန်ရှိ ဝိညာဉ်ချီများ ခန်းခြောက်တော့မည်ကို သူမြင်လိုက်ရသည်။
ဝိညာဉ်စွမ်းအင်များ ကုန်ဆုံးသွားသည်နှင့် ပြင်းထန်စွာ ဒဏ်ရာအပြင်းအထန် ရထားသော ချင်ယွင်သည် ရတ်ပ်တာများ၏ စိတ်ဝိညာဉ်များကို ချေမွပစ်ဖျက်ဆီး ပစ်ရာမှာ များစွာ လျော့ကျသွားမည် ဖြစ်သည်။
"ငါဘာလုပ်ရမလဲ၊ အသက်သစ်ပင်ကို သုံးရတော့မှာလား" ချင်ယွင်က စိုးရိမ်တကြီး ပြောလိုက်သည်။
သူ့ကို မျက်စိကျနေဆဲဖြစ်သည့် ရတ်ပ်တာများ၏ သုံးပုံတစ်ပုံအောက်သာ သူ သတ်နိုင်ခဲ့သည်။ အကယ်၍ သူသည် အသက်သစ်ပင်ကို အသုံးမပြုလျှင် ဒီည သူ သည် ဒီနေမှာ သေရလိမ့်မည်။
သို့သော် အကယ်၍ သူသည် ၎င်းကိုအသုံးပြုပါက အသက်သစ်ပင်၏ စွမ်းအားကို သူသိသည်။ ဆယ်ကီလိုမီတာ အကွာအဝေးအတွင်းရှိ၊ သက်ရှိအားလုံး၏ အသက် စွမ်းအားများကို ဝါးမြိုသွားမည် ဖြစ်သည်။ ဤအရာသည် ကောင်းကင်နှင့် မြေကြီးကို ထိခိုက်စေလွန်းပါသည်။
"အောင်း!"
ချင်ယွင်သည် အသက်သစ်ပင်ကို အသုံးပြုခါနီးတွင် ချိုင့်ဝှမ်းဝင်ပေါက်မှ မြေကြီးကွဲအက်သံတစ်ခု ထွက်ပေါ်လာသည်။ ကြီးမားပြီး နီမြန်းသော ဆိတ်သုဉ်းခြင်း သားရဲနဂါးကြီးတစ်ကောင်သည် ချိုင့်ဝှမ်းအဝင်ဝတွင် ပေါ်လာပြီး သွေးစွန်းနေသော မျက်လုံးတစ်စုံက ထိုမိုးကြိုးရတ်ပ်တာကောင်များကို အေးစက်စွာ စိုက်ကြည့်နေသည်။
"အရွယ်ရောက်ပြီး ဒိုင်နိုဆောရက်ကြီးတစ်ကောင်လား?" ချင်ယွင်သည် ချက်ချင်းပင် ထိတ်လန့်သွားခဲ့သည်။
၎င်းသည် ဒိုင်နိုဆောဆိတ်သုဉ်းခြင်းသားရဲမျိုးနွယ်စု၏ ကြီးမြတ်သော အုပ်ချုပ်သူ ကြက်သွေးရောင်ဒိုင်နိုဆောရက်ကြီး ဖြစ်သည်။ ၎င်း၏ခွန်အားသည် နဝမအဆင့် ကောင်းကင်အလွှာ အထွက်အထိပ် သိုင်းမြို့စားအဆင့် ကျွမ်းကျင်သူနှင့် နှိုင်းယှဉ်နိုင်သည်။ ၎င်း၏ခန္ဓာကိုယ်သည် ယခင်က မြေကမ္ဘာဒိုင်နိုဆောရက်ကြီးနှင့် မတူပေ။ ထို့အပြင် ၎င်း၏ခန္ဓာကိုယ် တစ်ခုလုံးသည် သွေးကဲ့သို့ ကြက်သွေးရောင် ဖြစ်နေသောကြောင့် ၎င်းကို ကြက်သွေးရောင်ဒိုင်နိုဆောရက်ကြီးဟု ခေါ်ခြင်းဖြစ်သည်။
ကြက်သွေးရောင် ဒိုင်နိုဆောရက်ကြီးပေါ်လာသည်နှင့် တပြိုင်နက် မိုးကြိုးရတ်ပ်တာ များသည် ချင်ယွင်ကို တိုက်ခိုက်ခြင်းကို ချက်ချင်း ရပ်တန့်လိုက်ကြပြီး ကြက်သွေးရောင် ဒိုင်နိုဆောရက်ကြီး၏ အော်ဟစ်သံကြားရာဆီကို လှည့်ကြည့်လိုက်သည်။
ဤမိုးကြိုးရတ်ပ်တာများကြားတွင် ဤကြက်သွေးရောင် ဒိုင်နိုဆောရက်ကြီး၏ ခြိမ်းခြောက်မှုသည် ပို၍ပင် ကြီးမားပုံရနေသည်။
"အောင်း!"
ကြက်သွေးရောင်ဒိုင်နိုဆောရက်ကြီးသည် ချိုင့်ဝှမ်းအတွင်းရှိ မိုးကြိုးရတ်ပ်တာ အကောင်များကိုကြည့်ရင်း ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။
ယခုအချိန်တွင်၊ ဤကြက်သွေးရောင် ဒိုင်နိုဆောရက်ကြီးသည် ဤမိုးကြိုးရတ်ပ်တာ ကောင်များ၏ အသိအကျွမ်းဟောင်း ဖြစ်သည်။ အရင်က သူတို့အကြားမှာ အတော်လေး တိုက်ပွဲဖြစ်ပုံရသည်။
ဤတစ်ကြိမ်တွင်၊ ဤမိုးကြိုးရတ်ပ်တာအကောင်များ၏ သွေးထွက်သံယို သတ်ဖြတ်ခံရ ခြင်းက ၎င်း၏အာရုံကို ဆွဲဆောင်ခဲ့ပုံရသည်။
ရတ်ပ်တာများသည် ကြီးမားသော ဆုံးရှုံးမှုများကို ခံစားခဲ့ရကြောင်း ကြက်သွေးရောင် ဒိုင်နိုဆောရက်ကြီးသည် မြင်ခဲ့ပြီး ဤအခွင့်အရေးကို အရယူလိုကာ သူ၏ ရန်သူအဟောင်းများကို လုံးဝ ချေမှုန်းပစ်ချင်ပုံရသည်။
မိုးကြိုးရတ်ပ်တာများသည် ဟိန်းဟောက်လိုက်ပြီး ခရမ်းရောင် လျှပ်စီးကြောင်းများ အဖြစ်သို့ လျင်မြန်စွာ ပြောင်းလဲသွားကာ ကြက်သွေးရောင်ဒိုင်နိုဆောရက်ကြီးကို တိုက်ခိုက်ကြသည်။
ကြက်သွေးရောင်ဒိုင်နိုဆောရက်ကြီးသည် ထွက်ပြေးရန် ဆန္ဒမရှိခဲ့ပေ။ သူသည် ဟိန်းဟောက်လိုက်ပြီး မိုးကြိုးရတ်ပ်တာများကို သေလုမတတ် ကြောက်လန့်စေသည့် သူ၏ ပါးစပ်ကြီးကိုဖွင့်ကာ ပြင်းထန်စွာ ပစ်လွှတ်လိုက်သည်။
တစ်ချိန်တည်းမှာပင် အခြားသော ရတ်ပ်တာများသည်လည်း အပြေးအလွှား ပြေးလာကြပြီး ကြက်သွေးရောင်ဒိုင်နိုဆောရက်ကြီးပေါ်သို့ ခုန်တက်ကာ စတင် ကိုက်ခဲပြီး တိုက်ခိုက်လာကြသည်။
ကြက်သွေးရောင်ဒိုင်နိုဆောရက်ကြီးပေါ်လာပြီးနောက် သွေးထွက်သံယို တိုက်ပွဲတစ်ခု ထပ်မံ ဖြစ်ပွားခဲ့သည့်အတွက် ချင်ယွင်သည် ရုတ်တရက် အနားရသွားခဲ့သည်။
အခန်း(၂၄၀)ဒိုင်နိုဆောရက်ကြီးကိုသတ်ဖြတ်ခြင်း။
ကြက်သွေးရောင်ဒိုင်နိုဆောရက်ကြီးနှင့် မိုးကြိုးရတ်ပ်တာများအကြား တိုက်ပွဲသည် သွေးစွန်းတိုက်ပွဲတစ်ခု ဖြစ်နေပါသည်။
ကြက်သွေးရောင် ဒိုင်နိုဆောရက်ကြီးသည် ဒိုင်နိုဆောမျိုးနွယ်၏ အုပ်စိုးသူ ဖြစ်ထိုက်ပါသည်။ တစ်ချက်ကိုက်လိုက်ရုံဖြင့် မိုးကြိုးရတ်ပ်တာ တစ်ကောင်၏ လည်ပင်းကို တိုက်ရိုက် ကိုက်ဖြတ်နိုင်သည်။ သူ၏အမြီးကို တဖျပ်ဖျပ် ခတ်လိုက်ရုံဖြင့် မိုးကြိုးရတ်ပ်တာတစ်ကောင်သည် နောက်တစ်ကြိမ် ပြန်မထနိုင်သည့်အထိ လွင့်ပျံ သွားခဲ့သည်။
သို့သော်လည်း ဤမိုးကြိုးရတ်ပ်တာများသည်လည်း သက်သတ်လွတ် စားသူများ မဟုတ်ကြပေ။ သူတို့သည် ကြက်သွေးရောင်ဒိုင်နိုဆောရက်ကြီး အကြားမှာ လျှပ်စီးလက်သလို ပြေးဝင်သွားပြီး၊ ၎င်းတို့၏ ချွန်ထက်သော သွားများနှင့် ခြေသည်းများကို အသုံးပြုကာ ကြက်သွေးရောင် ဒိုင်နိုဆောရက်ကြီး၏ သွေးနှင့် အသားများကို အဆက်မပြတ် ဆွဲထုတ်နေသည်။
သိပ်မကြာခင်မှာ မိုးကြိုးရတ်ပ်တာများ တစ်ဒါဇင်ကျော် ပြိုလဲကျသွားပြီး ကြက်သွေးရောင် ဒိုင်နိုဆောရက်ကြီး၏ခန္ဓာကိုယ်မှာလည်း ဒဏ်ရာအပြည့် ဖြစ်ကာ သွေးများဖြင့် စိုရွှဲလို့နေသည်။
ချင်ယွင်သည် ခပ်ဝေးဝေးတွင်ရပ်ကာ အားလုံးကို တိတ်တဆိတ် ကြည့်နေခဲ့သည်။ သူက မည်သူ့ဘက်ကိုမှ အကူအညီပေးခြင်း မရှိပေ။
ဤကမ္ဘာကြီးသည် မူလကတည်းက အားနည်းသူများသည် သန်မာသူများ၏ သတ်ဖြတ်စားသောက်မူခံရသည့် နေရာဖြစ်သည်။ ဆိတ်သုဉ်းခြင်းသားရဲများအကြားမှာ သတ်ဖြတ်ခြင်းသည် အစာစားခြင်းအတွက် ဖြစ်သည်။ ဤအရာသည် သူတို့၏ သဘာဝဖြစ်သည်။
ဤအချိန်သည် ထွက်ပြေးလွတ်မြောက်ရန် အကောင်းဆုံးအချိန် ဖြစ်သည်။ မိုးကြိုးရတ်ပ်တာများဖြစ်ဖြစ် သို့မဟုတ် ကြက်သွေးရောင် ဒိုင်နိုဆောရက်ကြီးဘဲ ဖြစ်ဖြစ်၊ သူတို့နှစ်ဖက်စလုံးသည် သူ့ကို ဂရုမစိုက်ကြတော့ပေ။ သို့သော်လည်း ချင်ယွင်သည် ယခုအချိန်မှာ ထွက်ပြေးရန် မရွေးချယ်ခဲ့ပေ။
အားအနည်းဆုံး ဒိုင်နိုဆောမျိုးနွယ်စုဘဲဖြစ်ဖြစ် သို့မဟုတ် အသန်မာဆုံး ရှေးဟောင်း နတ်နဂါးမျိုးနွယ်စုဘဲဖြစ်ဖြစ်၊ “နဂါး”ဟူသော စကားလုံးသည် ၎င်းတို့ထံတွင် စွဲမြဲ တည်ရှိနေသမျှ ကာလပတ်လုံး ၎င်းတို့သည် အဆင့်တူ ဆိတ်သုဉ်းခြင်းသားရဲများထက်
များစွာ အားကောင်းသည်ဟု ဆိုလိုသည်။ ၎င်းတို့သည် အစာကွင်းဆက်၏ထိပ်တွင် ရပ်တည်နေသော မျိုးနွယ်စုများဖြစ်ပြီး နဂါးများသည် ခွန်အားကို ကိုယ်စားပြုသည်။
ဤအချက်ကြောင့် နဂါးမျိုးနွယ်စု၏ အသွေးအသားများသည် အလွန်အဖိုးတန် လာခဲ့သည်။ သူတို့၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ရတနာများဖြစ်သည်။
ဥပမာအားဖြင့်၊ သူ၏ရှေ့ရှိ ကြက်သွေးရောင်ဒိုင်နိုဆောရက်ကြီး၏ အရေပြားကို မာကျောသော သားရေသံချပ်ကာအဖြစ် ပြုလုပ်နိုင်ပြီး ၎င်း၏ခြေသည်းများနှင့် သွားများကို ထက်ရှသည့် လက်နက်များအဖြစ် သန့်စင်နိုင်သည်။ ၎င်း၏အသားကို စားမျိုပြီးနောက် အသားအတွင်းမှာပါရှိသည့် အနှစ်သာရစွမ်းအင်ကို ပြန်လည် သန့်စင်ခြင်းသည် လူတစ်ဦး၏ ရုပ်ခန္ဓာကိုယ်ကို ကြံ့ခိုင်ပြီး အားကောင်းစေနိုင်သည်။
သေချာသည်မှာ၊ အရေးကြီးဆုံးအရာက ၎င်း၏သွေးအနှစ်သာရ ဖြစ်သည်။ ၎င်းကို ကြက်သွေးရောင် ဒိုင်နိုဆောရက်ကြီးဟုခေါ်ရခြင်းမှာ ၎င်း၏ခန္ဓာကိုယ်တွင် ကြီးမားသော အနီရောင်သွေးအနှစ်သာရများ ပါရှိသောကြောင့် ဖြစ်သည်။
အကယ်၍ ဤသွေးအနှစ်သာရကို လူသားများသာ မျိုချလိုက်ပါက၊ ၎င်းသည် လူသားခန္ဓာကိုယ်ကို အလွန် အားကောင်းစေမည် ဖြစ်သည်။
ချင်ယွင်၏ ဖရိုဖရဲအစိမ်းရောင်ကြာပန်းရုပ်ခန္ဓာကိုယ်သည် ကြီးထွားရန်အတွက် စွမ်းအင်ပမာဏ များစွာလိုအပ်ပြီး ကြက်သွေးရောင် ဒိုင်နိုဆောရက်ကြီး၏ ကြက်သွေးရောင်သွေးအနှစ်သာရသည် ချင်ယွင်၏ ဖရိုဖရဲအစိမ်းရောင်ကြာပန်း ရုပ်ခန္ဓာကိုယ်ကို ပိုမိုကြီးထွားစေရန် စွမ်းဆောင်နိုင်သောကြောင့် ယင်းက ချင်ယွင်ကို စိတ်လှုပ်ရှားစေခဲ့သည်။
သူသည် ရတ်ပ်တာများနှင့် ကြက်သွေးရောင်ဒိုင်နိုဆောရက်ကြီးတို့ နှစ်ဖက်စလုံး ဒဏ်ရာများရရှိရန် စောင့်ဆိုင်းနေလိုပြီး ကြက်သွေးရောင် ဒိုင်နိုဆောရက်ကြီးကို သတ်ရန် ဤအခွင့်အရေးကို ရယူလိုခဲ့သည်။
ဤအရာသည် သူ့အတွက် တစ်ခုတည်းသော အခွင့်အရေးဖြစ်သည်။
ချင်ယွင်သည် ဤအခွင့်အရေးကို လွဲချော်သွားသည်နှင့် အဆင့်လေး၏ အထွတ်အထိပ်တွင်ရှိနေသော ကြက်သွေးရောင် ဒိုင်နိုဆောရက်ကြီး၏ ခွန်အားဖြင့် ဆိုပါက မည်သည့်နည်းဖြင့်ဖြစ်စေ သူသည် ကြက်သွေးရောင် ဒိုင်နိုဆောရက်ကြီး၏ ပြိုင်ဘက် မဖြစ်နိုင်တော့ပေ။
စွန့်စား၍ စောင့်ဆိုင်းနေခြင်းသည် အန္တရာယ်များသည်မှာ သေချာပါသည်။ ကြက်သွေးရောင် ဒိုင်နိုဆောရက်ကြီးသည် အဆုံးတွင် အဆိုပါရတ်ပ်တာ အကောင်များ အားလုံးကို သတ်ဖြတ်ပြီးနောက် ပြင်းထန်သော တိုက်ခိုက်ရေး စွမ်းအားများ ကျန်ရှိနေပါက၊ ချင်ယွင်ကို စောင့်ကြိုဆိုနေသည့်အရာမှာ ဆိုးရွားသော ထိုးနှက်ချက်တခု ဖြစ်လာမည် ဖြစ်သည်။
ထို့ကြောင့် ချင်ယွင်သည် လောင်းကစား လုပ်လိုက်ခြင်း ဖြစ်သည်။ အဆုံးသတ်တွင် သူတို့နှစ်ဖက်စလုံးသည် အရှုံးပေါ်ပြီး ဆိုးဆိုးဝါးဝါး ခံစားရကာ သူတို့နှစ်ဖက်ထဲ တစ်ဖက်မှ လုံးဝ အသာစီးမရရန် ဖြစ်သည်။
ချင်ယွင်သည် ကြက်သွေးရောင် ဒိုင်နိုဆောရက်ကြီးနှင့် အခြားသူများကြား တိုက်ပွဲများကို ဂရုတစိုက် စောင့်ကြည့်ခဲ့ပြီး ရှေးဟောင်းခေတ် အစိမ်းရောင်ကြာပန်း ပညာရပ်ကို သူ၏ခန္ဓာကိုယ်တွင်း ဝိညာဉ်စွမ်းအင်များ ပြန်လည်ရရှိရန် အတတ်နိုင်ဆုံး လှည့်ပတ်နေသည်။
အချိန်တွေက တဖြည်းဖြည်း ကုန်လွန်လာခဲ့ပြီး ချိုင့်ဝှမ်းအတွင်း တိုက်ပွဲကြီးသည်လည်း နောက်ဆုံးအဆင့်ကို ရောက်ရှိလာနေပြီ။
သေချာသည်မှာ ၊ ကြက်သွေးရောင်ဒိုင်နိုဆောရက်ကြီးသည် တကယ့်ကို ဒိုင်နိုဆောမျိုးနွယ်၏ အုပ်စိုးရှင်ဖြစ်သည်။ အမှန်တကယ်မှာလည်း ၎င်းသည် မိုးကြိုးရတ်ပ်တာအကောင် ၇၀ကျော်ကို သူ့တစ်ကိုယ်တည်းဖြင့် ကိုက်သတ် ပစ်နိုင်ခဲ့သည်။
ချိုင့်ဝှမ်းတစ်ခုလုံးသည် မိုးကြိုးရတ်ပ်တာအလောင်းများနှင့် ပြည့်နေပြီး မြက်ခင်းပြင်ကြီး တစ်ခုတွင် သွေးများ စွန်းထင်းနေသည်။
သို့သော်၊ ကြက်သွေးရောင်ဒိုင်နိုဆောရက်ကြီးသည်လည်း သိပ်မကောင်းပုံ မပေါ်ချေ။ နောက်ဆုံးလက်ကျန် မိုးကြိုးရတ်ပ်တာအကောင်၏ လည်ပင်းကို ကိုက်သတ် ပြီးနောက်၊ သူ၏ ခန္ဓာကိုယ်သည် သွေးများဖြင့် ဖုံးလွှမ်းနေပြီ ဖြစ်သည်။ ကြီးမားလှသော ခန္ဓာကိုယ်ပေါ်ရှိ အသွေးအသားအငွေ့အသက်များသည် ပျောက်ကွယ် သွားခဲ့ပြီ။ သူ၏ခန္ဓာကိုယ် တစ်ခုလုံးသည် မိုးကြိုးရတ်ပ်တာများမှ ချန်ထားရစ်ခဲ့သော ခြေသည်း အမှတ်အသားများဖြင့် ဖုံးလွှမ်းနေသည်။ သူ၏ခြေထောက်များပင် အားနည်းပြီး နည်းနည်း မျှော့လာတယ်။ ရှင်းပါသည် ၊ သူသည် ခွန်အားအများပြား ကုန်ဆုံးသွားခဲ့ပြီ။
ဤမြင်ကွင်းကိုမြင်ရလျှင် ချင်ယွင်သည် ကျေနပ်သည့်အပြုံးကို ထုတ်ဖော်လိုက်ပါ သည်။ အရာအားလုံးသည် သူမှန်းဆထားသည့် အတိုင်းပင် ဖြစ်သည်။
ကြက်သွေးရောင် ဒိုင်နိုဆောရက်ကြီးသည် အနိုင်ရခဲ့သော်လည်း ဒဏ်ရာအပြင်းအထ န်ရသွားခဲ့သည်။ သို့ပေမယ့် သူ၏ခန္ဓာကိုယ်ထဲရှိ ဝိညာဉ်စွမ်းအင်များကတော့ အထွတ်အထိပ် အနေအထားကို ပြန်လည်ရောက်ရှိသွားပါပြီ။
ထိုအချိန်တွင် ချင်ယွင်နှင့် ကြက်သွေးရောင်ဒိုင်နိုဆောရက်ကြီးတို့သာ ချိုင့်ဝှမ်းထဲတွင် ကျန်တော့သည်။
ကြက်သွေးရောင်ဒိုင်နိုဆောရက်ကြီးသည် ချင်ယွင်၏ ဒေါသအကြည့်ကို ခံစားမိပြီး သွေးနီရဲနေသော မျက်လုံးတစ်စုံဖြင့် သူ့ကို စိုက်ကြည့်နေသည်။
"အောင်း!"
ကြက်သွေးရောင်ဒိုင်နိုဆောရက်ကြီးသည် ပြင်းထန်သော ဟိန်းဟောက်သံကို ထုတ်လွှတ် လိုက်သည်။ သူသည် တုလုံကျွန်း အစွန်အဖျားပိုင်း၏ အုပ်စိုးသူဖြစ်သည်။ ယခုတော့ ပျော့ညံ့သောလူသားတစ်ဦးက ထိုသို့သော ဒေါသအကြည့်ဖြင့် သူ့ကို ကြည့်နေသည်။
သူ၏နှလုံးသားထဲမှ ပင်ကိုယ်မောက်မာမှုများအရ သူ မည်ကဲ့သို့ ဒေါသမထွက်ဘဲ နေမည်နည်း။
'"တကယ်လို့ မင်းအထွတ်အထိပ်အခြေအနေမှာ ရှိနေရင်တော့ ငါ မင်းကို ထိပ်တိုက် မတိုက်ခိုက်ရဲဘူးပေါ့။ ဒါပေမယ့် မင်းက အခု ခွန်အားကုန်ခမ်းနေတဲ့ အကောင်ကြီး တစ်ကောင်ဖြစ်နေပြီလေ၊ ငါ မင်းကိုသတ်ချင်ရင် ငါ့လက်ဖဝါးကို မောက်လှန်လိုက် သလို လွယ်ကူနေလိမ့်မယ်။ မင်းအနေနဲ့ငါ့ရှေ့မှာ လာဟိန်းဟောက်ဖို့ ဘာအခွင့်အရေးများ ရှိလို့လဲ" ချင်ယွင်က အေးစက်စွာ အော်ပြောလိုက်သည်။
အင်မော်တယ်ကမ္ဘာမှာတုန်းက သူသည် အစစ်အမှန် အင်မော်တယ်နယ်ပယ်သို့ ပထမဆုံး ဝင်ရောက်ခဲ့သည့်အချိန်တွင် သူသည် အစစ်အမှန် အင်မော်တယ် စွမ်းအားဖြင့် နဂါးနက်တစ်ကောင်ကို သတ်ပစ်ခဲ့သည်။
ယခု သူသည် ဤကြက်သွေးရောင်ဒိုင်နိုဆောရက်ကြီးကို ထပ်မံရင်ဆိုင်ရသောအခါ၊ ချင်ယွင်သည် စိတ်ဓာတ်ပြည့်ဝသောအချိန်ကို ပြန်ရောက်သွားသကဲ့သို့ ခံစားရသည်။
မြူနှင်းချောက်နက်ဓားပျော့သည် သူ၏လက်ထဲတွင် ပေါ်လာသည်။ မထင်မရှား လေပြေလေညှင်းလေးက သူ၏ခန္ဓာကိုယ်တစ်ဝိုက်မှာ တိုက်ခတ်လာသည်။ အနည်းငယ် ကျိုးကြေသွားသည် အဖြူရောင်ဝတ်စုံသည် လေပြေလေညင်း အောက်တွင် ရွေ့လျားလှုပ်ခတ်သွားပြီး ချင်ယွင်၏ ခန္ဓာကိုယ်မှ လေနှင့် ဖုန်မှုန့်များ ထုတ်လွှင့် သွားသည်။
"အောင်း!"
ကြက်သွေးရောင်ဒိုင်နိုဆောရက်ကြီးသည် ချင်ယွင်၏စကားကို နားမလည်နိုင် သော်လည်း ချင်ယွင်၏ သူ့အပေါ်အထင်အမြင်သေးမှုနှင့် မောက်မာမှုကို ခံစားရနိုင်သည်။ တခဏအတွင်းမှာပင် ဒေါသမှ ပြင်းထန်သောဟိန်းဟောက်သံ အဖြစ်သို့ ပြောင်းလဲသွားပြီး ချိုင့်ဝှမ်းတစ်ခုလုံးကို တုန်ခါသွားစေခဲ့သည်။
ထို့နောက် ကြီးမားသော ခန္ဓာကိုယ်ကြီးသည် ချင်ယွင်ဆီသို့ ပြေးသွားကာ ချင်ယွင်၏ ခြေဖဝါးအောက် မြေပြင်သည် ငလျင်ကဲ့သို့ ပြင်းထန်စွာ တုန်ခါသွားခဲ့သည်။
ချင်ယွင်သည် မြူနှင်းချောက်နက်ဓားကို သူ၏လက်ထဲတွင် ကိုင်ထားရင်း ကြက်သွေးရောင် ဒိုင်နိုဆောရက်ကြီးကိုကြည့်ကာ သူ၏မျက်လုံးများတွင် သတ်ဖြတ်လို သည့်ဆန္ဒများ တဟုန်ထိုး ထွက်ပေါ်လာနေသည်။
သူ၏ပုံရိပ်သည် ချက်ချင်းပင် လွင့်ပျံသွားခဲ့ပြီး အလင်းတန်းများနှင့်အတူ လေထဲသို့ ပျံသန်းသွားသည်။
ကြက်သွေးရောင်ဒိုင်နိုဆောရက်ကြီးသည် ချင်ယွင်ကို တစ်ကိုက်တည်း မျိုချလိုစိတ်ဖြင့် သူ၏ပါးစပ်ကြီးကို အကျယ်ကြီး ဖွင့်လိုက်သည်။
ချင်ယွင်သည် ၎င်း၏အလိုဆန္ဒအတိုင်း မည်သို့ ကိုက်စားခွင့်ပြုနိုင်မည်နည်း။
တလက်လက်တောက်ပနေသော ဓားအလင်းတန်းတစ်ခုသည် လေထဲသို့ လင်းလက်သွားပြီး ကြက်သွေးရောင် ဒိုင်နိုဆောရက်ကြီး၏ ပါးစပ်ထဲသို့ ပစ်လွှတ်လိုက်သည်။
ကြက်သွေးရောင်ဒိုင်နိုဆောရက်ကြီးသည် နာကျင်သော ဟိန်းဟောက်သံကို ထုတ်ဖော် လိုက်ပြီး ၎င်းနောက်မှ ကြီးမားသော နဂါးအမြီးကြီးသည် ချင်ယွင်ဆီသို့ တိုက်ရိုက် ရောက်ရှိလာသည်။
ချင်ယွင်က ရယ်မောလိုက်ပြီး လေထဲတွင် ရပ်လိုက်သည်။
မြူနှင်းချောက်နက်ဓားနှင့် မနီးမဝေးတွင် လေဓားများသည် သူ့လက်ထဲတွင် တဝဲလည်လည် ရစ်ပတ်နေပြီ အစိမ်းရောင်လေဓားများသည် မြူနှင်းချောက်နက်ဓား တစ်ဝိုက်တွင် အဆက်မပြတ် စုဝေးနေလေသည်။
အကန့်သတ်မရှိသော ဓားဆန္ဒတစ်ခုထွက်ပေါ်လာသည်။ အစွမ်းထက်သည့် ဓားဆန္ဒသည် လေဓားများထဲသို့ သွန်းလောင်းသွားခဲ့ပြီး ထိုလေဓားများအားလုံးသည် အနှိုင်းမဲ့ ထက်ရှသည့် အငွေ့အသက်များကို ထုတ်လွှတ်သည်။
"ဟိုအတိတ်တုန်းက ငါ့ရဲ့ဓားနဲ့အတူ နဂါးနက်တစ်ကောင်ကို သတ်ဖြတ်ခဲ့ဖူးတယ်။ ဒီနေ့တော့ ကြက်သွေးရောင် ဒိုင်နိုဆောရက်ကြီးဖြစ်တဲ့ မင်းကို နောက်တကြိမ် ထပ်ခုတ်ပိုင်းရမယ်။" ချင်ယွင်က သူ့လက်ထဲရှိ မြူနှင်းချောက်နက်ဓားကို ခုတ်ပိုင်း လိုက်ရင်း အေးစက်စွာ အော်ပြောလိုက်သည်။
မြူနှင်းချောက်နက်ဓားပေါ်တွင် တဝဲလည်လည်ရစ်ပတ်နေသော မိုးပြာရောင် လေဓားသည် ချက်ချင်းပင် ဧရာမနဂါးကြီးအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး ကြက်သွေးရောင် ဒိုင်နိုဆောရက်ကြီးဆီသို့ ပြေးသွားခဲ့သည်။
ဧရာမလေဓားနဂါးကြီးသည် ချက်ချင်းပင် ဧရာမ ကြက်သွေးရောင် ဒိုင်နိုဆောရက်ကြီး ပတ်ပတ်လည်တွင် ရစ်ပတ်သွားခဲ့ပြီး ထက်ရှသော လေဓားများသည် ၎င်း၏ ခန္ဓာကိုယ်ပေါ်တွင် ချိတ်ဆွဲလာခဲ့သည်။
ကြက်သွေးရောင်ဒိုင်နိုဆောရက်ကြီးသည် ပြင်းထန်သောဒဏ်ရာဒဏ်ချက်များ ချက်ချင်း ဖုံးလွှမ်းသွားကာ ကောင်းကင်ယံကို တုန်ခါစေသည့် အော်သံကို ထုတ်လွှတ်လိုက်သည်။ အကြိမ်အနည်းငယ် ရုန်းကန်ပြီးနောက်၊ ကြီးမားသော ပေါက်ကွဲသံနှင့်အတူ ၎င်း၏ကြီးမားသော ခန္ဓာကိုယ်ကြီးသည် မြေပြင်ပေါ်သို့ ပြုတ်ကျကာ မြေပြင်ပေါ်တွင် တွန့်လိမ်ရင်း လဲလျောင်းသွားတော့သည်။
ပြိုလဲကျနေသော ကြက်သွေးရောင်ဒိုင်နိုဆောရက်ကြီးကို ကြည့်နေစဉ် ချင်ယွင်၏ မျက်လုံးများသည် အေးစက်နေဆဲ ဖြစ်သည်။
ချင်ယွင်သည် သူ၏ဓားဆန္ဒကို နောက်တကြိမ် ထုတ်ဖော်ခုတ်ပိုင်းခဲ့သည်။ ဓားဆန္ဒ သည် လေထဲတွင် အဆက်မပြတ် ဟစ်အော်နေဆဲဖြစ်ပြီး ဓားအလင်းသည် ညဘက်တွင် လင်းလက်နေသော လရောင်ကဲ့သို့ ဖြူစင်နေသည်။
ဓားအလင်းသည် ကြက်သွေးရောင်ဒိုင်နိုဆောရက်ကြီး၏ လည်ပင်းကို ချက်ခြင်း ဖြတ်တောက်လိုက်ကာ သူ၏တကိုယ်လုံးသည် လုံးဝ ငြိမ်သက်သွားခဲ့သည်။
ချင်ယွင်သည်လည်း စိတ်သက်သာရာရကာ သက်ပြင်းတစ်ချက် ချလိုက်သည်။
ဤမိုးကြိုးရတ်ပ်တာများသည် ကြက်သွေးရောင် ဒိုင်နိုဆောရက်ကြီး၏ စွမ်းအား အားလုံးနီးပါးကို ကုန်ဆုံးအောင် တိုက်ခိုက်ခဲ့ခြင်းကြောင့်သာ၊ ထိုသို့မဟုတ်ပါက သူသည် ဤကြက်သွေးရောင် ဒိုင်နိုဆောရက်ကြီးကို အလွယ်တကူ သတ်ဖြတ်နိုင်မည် မဟုတ်ပေ။
သို့သော် ဤနည်းဖြင့် ဤကြက်သွေးရောင်ဒိုင်နိုဆောရက်ကြီး၏ သွေးအနှစ်သာရသည် ချင်ယွင်မှ ပိုင်ဆိုင်သွားမည် ဖြစ်သည်။
သို့သော်လည်း ထိုအချိန်တွင် ချိုင့်ဝှမ်းအဝင်ပေါက်မှ အကျိုးအကြောင်းမဆီလျော်သည့် အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
"အိုး၊ အဲဒါက အရွယ်ရောက်ပြီးဖြစ်တဲ့ ကြက်သွေးရောင်ဒိုင်နိုဆောရက်ကြီးပဲ။ ကောင်စုတ်လေး၊ မင်းရဲ့ ကံတရားက တကယ်ကို ကောင်းမွန်တာပဲ၊ မင်းက အခုလို ပေါချောင်ကောင်း ပစ္စည်းတခုကိုတောင် ရှာတွေ့နိုင်စေခဲ့တယ်"။
ချင်ယွင်သည် ရုတ်တရက် ခေါင်းမော့ပြီး ချိုင့်ဝှမ်းအဝင်ဝသို့ လှမ်းကြည့်လိုက်သည်။ အထူးသဖြင့် ပါးစပ်ထောင့်တွင် မထီမဲ့မြင်ပြုသော အပြုံးဖြင့်အတူ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးငယ်တစ်ဦးသည် သူ့ဆီသို့ တစ်လှမ်းချင်း လျှောက်လာနေသည်ကို သူ မြင်လိုက်ရပါသည်။
စာစဉ်(၁၆)ပြီးပါပြီ။
ဘာသာပြန်သူ နေဇင်။