← Chapters

အခန်း (၂၄၆-၂၅၀)

Vol. 17 Ch. 246-250

အခန်း (၂၄၆-၂၅၀)

Vol. 17 Ch. 246-250

အခန်း (၂၄၆) ကြောက်မက်ဖွယ်ကောင်းသောဓားသစ်တော။

ကျိထျန်းချန်သည် ချင်ယွင်ကို အခန်းမနှစ်ခုသုံးခုကို ဖြတ်ကျော်ခေါ်ဆောင်ပြီးနောက်၊ ချင်ယွင်သည် သူပြောသည့် ဓားသစ်တောကို နောက်ဆုံးတွင် တွေ့လိုက်ရသည်။

ဤသည်မှာ အလွန်ကျယ်ဝန်းသော မြေအောက်နန်းတော် တစ်ခုဖြစ်သည်။ နန်းတော်၏ ခေါင်မိုးသည် ဆယ်မီတာနီးပါးမြင့်ပြီး ထိုလက်သီးဆုပ်အရွယ်ရှိ တောက်ပသောပုလဲများကို မြုပ်နှံထားသောကြောင့် နန်းတော်ကို နေ့ခင်းဘက်ကဲ့သို့ လင်းထိန်စေသည်။

ချင်ယွင်၏ရှေ့မှာ ဓားတွေထူထပ်စွာရှိနေသည့် တောအုပ်ကြီးတစ်ခုရှိသည်။ ဓားရှည်ရှည်များကို မြေပြင်ပေါ်တွင် ထိုးစိုက်ထားကာ ထူထပ်သိပ်သည်းသည့် အဖြူရောင်အလင်းတန်းများ ထွက်ပေါ်နေသည်။ ဓားတစ်ချောင်းချင်းစီသည် မတူကွဲပြားပြီး ထူးဆန်းသောပုံစံများရှိသည်။

ချင်ယွင်သည် သူ၏နှလုံးသားထဲမှာ သက်ပြင်းချလိုက်သည်။ ဤသည်မှာ အမှန်ပင် ဓားသစ်တောဖြစ်သည်။ မြေပြင်ပေါ်တွင် ဓားတစ်သိန်းထက်မနည်း ထိုးစိုက်ထားဖွယ် ရှိသည်။ ထို့အပြင် ဓားတစ်ချောင်းချင်းစီသည် ပြင်းထန်ပြီး ကြောက်စရာကောင်းသော ဓားချီများကို ထုတ်လွှတ်နေကြသည်။ တစ်ချိန်တည်းမှာပင် မြေကြီးပေါ်ကို ဖြတ်လျှောက်သွားစဉ်လိုမျိုး အဆက်မပြတ် တုန်လှုပ်နေပုံရသည်။

ချင်ယွင်၏ခြေရင်းမှ ဦးတည်သွားလျှင် ဓားသစ်တောထဲတွင် ဓားစင်မြင့်ဆီသို့ ဦးတည်နေသော ကျဉ်းမြောင်းသည့် လမ်းကြောင်းလေးတစ်ခုလည်းရှိနေသည်။

ချင်ယွင်သည် တချက်ကြည့်လိုက်လျှင် ဤလမ်းကျဉ်းလေး၏အရှည်က သိပ်မရှည်ဘူး ဆိုသည်ကို တွေ့လိုက်ရသည်။ အရှည်က မီတာတစ်ထောင်တိတိသာ ရှိသည်။

ဤမီတာတစ်ထောင်ကို ဖြတ်ကျော်နိုင်သမျှ ကာလပတ်လုံး ထိုဓားစင်မြင့်ပေါ်သို့ ရောက်နိုင်လိမ့်မည်။

သို့သော် ဤမီတာတစ်ထောင်ခရီးကို ဖြတ်လျှောက်ရန် လွယ်ကူပုံမပေါ်ပေ။ ချင်ယွင်သည် ဤလမ်းကြောင်းအတွင်း မှာရှိနေသည့် ပြင်းထန်သော သတ်ဖြတ်လိုသည့် ဆန္ဒကို ခံစားနိုင်သည်။

"ဘယ်လောက်တောင် ကြီးမားလိုက်တဲ့ လှုပ်ရှားမူကြီးလဲ!" ချင်ယွင်သည် သူ၏ စိတ်ထဲမှာ အော်ပြောလိုက်သည်။ အခြားလူများသည် ၎င်းနောက်ကွယ်တွင်ရှိသည့် လျှို့ဝှက်ချက်ကို မမြင်နိုင်သော်လည်း အစီအရင်ဝင်္ကပါကို နားလည်ထားသော ချင်ယွင်ကတော့ သိရှိလိုက်သည်။

ဤသည်မှာ ဓား ၁၀၈,၀၀၀ ပါဝင်သော ဧရာမဓားအစီအရင် ဝင်္ကပါပုံစံကြီးတစ်ခု ဖြစ်သည်။ ဤအစီအရင်ပေါ်တွင် သတ်ဖြတ်လိုသည့်ဆန္ဒ ကြီးကြီးမားမား ပါဝင်နေခဲ့သည်။

သူသည် ထိုလမ်းကြားအပေါ် ခြေချလိုက်သည်နှင့် ကြီးမား လှသည့် ဓားအစီအရင်ပုံစံသည် အသက်ဝင်လာမည်ဖြစ်ပြီး ထိုအချိန်ရောက်လျှင် သူသည် သေလုမျောပါး အခြေအနေနှင့် ရင်ဆိုင်ရလိမ့်မည်။

မြေပြင်ကိုမထိဘဲ ပျံသန်းသွားမည်ဆိုလျှင် ပိုလို့တောင် မဖြစ်နိုင်ပါဘူး။ လေထုထဲတွင် ကန့်သတ်ချက်များဖြင့် ပြည့်နှက်နေပါသည်။ ၎င်းကန့်သတ်ချက်များကို အသက်သွင်း

လိုက်သည်နှင့် ဓား ၁၀၈,၀၀၀ သည် ဆန်ခါပေါက်ဖြစ်သည်အထိ ချက်ခြင်း ထိုးဖောက်သွားမည် ဖြစ်သည်။

ချင်ယွင်သည် အနည်းငယ် အသက်ရှုပြန်ရူရင်း အဝေးမှာရှိသည့် ဓားစင်မြင့်ကို ကြည့်လိုက်သည်။

ဓားကွင်းပြင်ကြီးပေါ်တွင်၊ နှလုံးသားကို တုန်လှုပ်သွားစေသည့် ကြောက်မက်ဖွယ် ကောင်းသော စွမ်းအင်အတက်အကျကို ထုတ်လွှတ်နေသည့် ကျောက်စာချပ် တစ်ချပ်ရှိသည်။ အကယ်၍ ချင်ယွင်၏ ခန့်မှန်းချက် မှန်ကန်ပါက၊ ၎င်းသည် အနည်းဆုံး အင်မော်တယ်အဆင့် လျှို့ဝှက်ဓားပညာရပ်တစ်ခု ဖြစ်သင့်သည်။

ချင်ယွင်သည် အင်မော်တယ်အဆင့်ရှိ ဓားသိုင်းပညာရပ်ကို စိတ်မဝင်စားပေ။ သူ၏စိတ်ထဲမှာ အင်မော်တယ်အဆင့် ဓားသိုင်းပညာရပ်များ အများအပြားရှိနေခဲ့ပြီး သူ၏လက်ရှိခွန်အားက ၎င်းဓားသိုင်းပညာရပ်များကို ထုတ်ဖော်အသုံးပြုရန် မလုံလောက်သေးပေ။

သို့သော်လည်း နောက်တစက္ကန့်အကြာတွင် ချင်ယွင်၏ မျက်လုံးများ လုံးဝ တောက်ပလာခဲ့သည်။ ကျောက်စာချပ်၏ နောက်တွင် လက်မအရွယ်မျှသာရှိသည့် ဓားပုံစံရှိ အလင်းလုံးတစ်ခုသည် လွင့်ပျံနေသည်။

"ဓားသန္ဓေသားလား၊ ဒါဆို ဒီမှာ ဓားသန္ဓေသား ရှိနေတာပေါ့!" ချင်ယွင်၏ မျက်နှာသည် တုနှိုင်းမရသော ထိတ်လန့်တုန်လှုပ်သည့် အမူအရာ ပေါ်လာသည်။

ဓားသန္ဓေသားဟုခေါ်သော သန္ဓေသားသည် ဓားဝိညာဉ်ကို မွေးဖွားပေးသော သန္ဓေသား ဖြစ်ပါသည်။ ထိုဓားသန္ဓေသားကို ဓားနှင့်ပေါင်းစပ်ပြီးနောက် သွေးဖြင့် အချိန်ကြာ မြင့်စွာ ကျွေးနေသမျှ ကာလပတ်လုံး ၎င်းသည် အစွမ်းထက်သည့် ဓားဝိညာဉ်တစ်ခု မွေးဖွားလာပါလိမ့်မည်။

အင်မော်တယ်အဆင့်ဓားများသည် နှစ်မျိုးနှစ်စား ရှိပါသည်။ တစ်ခုမှာ ဓားဝိညာဉ်မပါသော အင်မော်တယ်ဓားများဖြစ်ကြပြီး နောက်တစ်ခုမှာ ဓားဝိညာဉ် ပါသော အင်မော်တယ်ဓားများ ဖြစ်ကြပါသည်။ ဇူဇီဝမ်နှင့် ချန်မင်ရှီ၏ လက်ထဲတွင်ရှိသည့် အင်မော်တယ်ဓားများသည် ဓားဝိညာဉ်မရှိသည့် အင်မော်တယ် ဓားများ ဖြစ်ကြသည်။

အမှန်တကယ်တော့ ဤအရာသည် အလွန်ပုံမှန် ဖြစ်ပါသည်။ အဘယ့်ကြောင့်ဆိုသော် ဓားဝိညာဉ်ရှိသည့် အင်မော်တယ်ဓားများသည် အင်မော်တယ်ကမ္ဘာမှာပင် အလွန်ရှားပါးသောကြောင့် ဖြစ်ပါသည်။ ထိုအချိန်တုန်းက ချင်ယွင်၏ဓားသည်လည်း ဓားဝိညာဉ်ရှိပါသည်။ နောက်ပိုင်းတွင် ထိုအဖြစ်အပျက်ကြောင့် ဓားဝိညာဉ် ပျက်စီးသွားကာ အင်မော်တယ်ဓားသည်လည်း ကျိုးပဲ့ပျက်ဆီးသွားခဲ့ပြီး ၎င်းတို့သည် မတည်ရှိနိုင်တော့ပေ။

ဓားဝိညာဉ်တစ်ခုပိုင်ဆိုင်ရန်၊ ဓားသန္ဓေသားကို ပိုင်ဆိုင်ရမည် ဖြစ်သည်။ သို့သော်၊ ဓားသန္ဓေသားဖွဲ့စည်းခြင်းသည် အလွန်ခက်ခဲသည်။ အစွမ်းထက်သော ဓားကျင့်ကြံသူ တစ်ဦးသည်ပင် ဓားသန္ဓေသားအဖြစ် ပေါင်းစပ်သိပ်သည်းရန်အတွက် အနှစ် တစ်ထောင် ကြိုးစားအားထုတ်ရလိမ့်မည်။

ဓားသန္ဓေသားလေး မွေးဖွားရန်အတွက် နှစ်ထောင်ပေါင်းများစွာ ကြိုးစားအားထုတ်ခဲ့ ရခြင်း ဖြစ်သည်။

ထို့ကြောင့်၊ ဤဓားသန္ဓေသားသည် များသောအားဖြင့် အလွန်အဖိုးတန်သော ပစ္စည်း တစ်ခုဖြစ်ပြီး ၎င်း၏တန်ဖိုးသည် အင်မော်တယ်အဆင့်ရှိ ဓားသိုင်းပညာ ရပ်များထက် များစွာသာလွန်နေပါသည်။

ဓားဝိဉာဉ်ပါသော အင်မော်တယ်ဓားနှင့် သာမန်အင်မော်တယ်ဓားများအကြား ကွာခြားချက်က အဘယ်နည်း။

၎င်းတို့အကြားမှ ကွာခြားချက်သည် ကြီးမားလွန်းသည်။ သာမာန်အင်မော်တယ် ဓားများသည် အမှန်တကယ်တော့ သက်မဲ့လက်နက်များသာ ဖြစ်ကြပြီး ဓားဝိညာဉ်များကိုပိုင်ဆိုင်သည့် အင်မော်တယ်ဓားများသည်သာ သက်ရှိလက်နက်များ ဖြစ်ပါသည်။

အတွေးတစ်ချက်ဖြင့် ပျံသန်းနိုင်သောဓားများသည် ကီလိုမီတာ တစ်သောင်း အကွာအဝေးရှိ ရန်သူ၏ဦးခေါင်းကိုပင် ဖြတ်တောက်ပစ်နိုင်သည်။ ခြားနားချက်မှာ ထင်ရှားလှသည်။

ထို့ကြောင့် ချင်ယွင်သည် ဓားသန္ဓေသားကို မြင်လိုက်သည့်အခိုက်တွင် သူ၏ နှလုံးသားထဲမှာ ပြင်းထန်သော စိတ်လှုပ်ရှားမှုတစ်ခု တိုးဝင်လာခဲ့သည်။ ဓားဝိညာဉ်ပါသော အင်မော်တယ်ဓားသည် ဓားသမားတိုင်း၏ အိပ်မက်ဖြစ်သည်။

"ဘယ်လိုလဲ? မင်းသွေးဆောင်ခံနေရပြီးလား" ကျိထျန်းချန်က ချင်ယွင်၏ မျက်လုံးများထဲမှ အလင်းရောင်တောက်ပသွားသည်ကို မြင်လိုက်သည့်အခါ အပြုံးနှင့်အတူ ပြောလိုက်သည်။

ကျိထျန်းချန်၏ စကားကိုကြားလိုက်ရလျှင် ချင်ယွင်သည် သူ၏စိတ်ထဲမှ စိတ်လှုပ်ရှားမှုကို မျိုသိပ်လိုက်ရသည်။ သူက ကျိထျန်းချန်ကို ကြည့်ကာ မေးလိုက်သည် "ဒီဓားအစီအရင်က သိပ်မရိုးရှင်းဘူး။ မင်းအရင်က စမ်းကြည့်တာ ဘယ်လောက် အကွာဝေးထိ ရောက်သွားပြီလဲ"

"မီတာသုံးရာ!" ကျိထျန်းချန်က ခါးသီးသော အပြုံးဖြင့် ပြန်ပြောသည်။

"မီတာသုံးရာလား၊ ဒီဓားဝင်္ကပါက ဒီလောက်တောင်အစွမ်းထက်သလား" ချင်ယွင်က အံ့သြစွာ မေးလိုက်သည်။

"မင်း စမ်းသပ်ကြိုးစားကြည့်ရင် သိမှာပဲလေ" ကျိထျန်းချန်က ပြုံးလိုက်ပြီး ပြောသည်။

ချင်ယွင်က ခေါင်းညိတ်လိုက်သည်။ ဤဓားအစီအရင်ဝင်္ကပါ မည်မျှ အစွမ်းထက် ကြောင်း သိရှိနိုင်ရန်အတွက် ၎င်းအား တချက်ကြိုးစားလုပ်ဆောင် ကြည့်ရန် သူပြင်ဆင်ထားသည်။

ထို့ကြောင့် ချင်ယွင်သည် လမ်းကျဉ်းလေးဆီသို့ လျှောက်သွားပြီး သူ၏လက်ထဲတွင် ကြယ်နက်ဓားက ပေါ်လာသည်။ သူသည်အသက်ပြင်းပြင်းရှူရင်း လမ်းကြားဆီသို့ လျှောက်သွားခဲ့သည်။

ဘန်း!

ချင်ယွင်သည် လမ်းကျဉ်းလျှောက်လမ်းပေါ် ခြေလှမ်းလိုက်သည့်အခါတွင် ပြင်းထန်သော ဓားဆန္ဒက သူ့ဆီသို့ အရှိန်ပြင်းပြင်းဖြင့် ဝင်လာသည်ကို ချက်ခြင်း ခံစားလိုက်ရပြီး လေပြင်းများက တိုက်ခတ်သွားကာ သူ၏ ၀တ်စုံများပင် တဆတ်ဆတ် တုန်ခါသွားသည်။

ထိုအခိုက်တန့်တွင် ၊သူသည် ဓားတာအိုအဆင့် ကျွမ်းကျင်ပညာရှင်တဦးနှင့် ရင်ဆိုင်နေပုံရသည်။

အနီးနားဓားသစ်တောအတွင်းမှ ဓားရှည်များသည်လည်း ထိုအချိန်တွင် စတင် တုန်ခါလာကြပြီး ကျယ်လောင်သော အသံများ ထွက်ပေါ်လျက်ရှိသည်။

ချင်ယွင်သည် အသက်ပြင်းပြင်းရှူလိုက်ပြီး နောက်ထပ်ခြေတစ်လှမ်းကို လှမ်းကြည့် လိုက်သည်။

ဘန်း!

ဓားသစ်တောအတွင်း မြေပြင်၌ထိုးစိုက်ထားသော ဓားရှည်တစ်ချောင်းသည် ရုတ်တရက် မြေပြင်မှ ထိုးဖောက်ပျံသန်းလာသည်။ ၎င်းသည် လေထဲတွင် တစ်ကြိမ် လှည့်ပတ်ပြီးနောက် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ ချင်ယွင်ဆီသို့ ပျံသန်း သွားခဲ့သည်။ ထက်ရှသော ဓားချီတစ်ခုသည် ထိုဓားမှထုတ်လွှတ်လိုက်သည်နှင့် ဓားချီသည် အရိုးများဆီသို့ပင် အလွန်အမင်း ထိုးဖောက် ဝင်ရောက်သွားသည်။

ချင်ယွင်၏လက်ထဲရှိ ကြယ်နက်ဓားသည် ချက်ချင်း ဝှေ့ယမ်းသွားပြီး ထိုဓားကို ခုတ်ပစ်လိုက်သည်။

ချွင်!

ဓားနှစ်ချောင်း ထိပ်တိုက်ဆုံမိပြီး စူးစူးရှရှအသံ ထွက်လာသည်။

ချင်ယွင်ကြောင့် ထိုဓားသည် လွင့်ပျံသွားခဲ့ပြီး အဝေးမှ နံရံကို ထိုးစိုက်သွားသည်။

သို့သော် ချင်ယွင်၏ မျက်လုံးများတွင် အံ့အားသင့်သည့်အမူအယာများ ထွက်ပေါ်လာသည်။ သူ၏ပါးစပ်ထဲတွင် ထုံကျင်နေသလို ခံစားလိုက်ရသည်။ ဓားရှည်ကိုင်ထားသော သူ၏လက်သည် အနည်းငယ် တုန်လှုပ်သွားသည်။

"ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်တဲ့ ဓားသိုင်းကွက်လဲ။ ဒါက ပထမခြေတစ်လှမ်းပဲရှိသေးပြီး၊ မီတာဝက်လောက်ပဲ ဝေးသေးတယ်။" ချင်ယွင် အံ့သြသွားသည်။

ဤဓားအစီအရင်ဝင်္ကပါသည် အလွန်အစွမ်းထက်မည်ဟု မူလကတည်းက သူထင်ထားပြီးဖြစ်သော်လည်း ထိုဓားသည် ဤမျှအစွမ်းထက်လိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။

ဘန်း!

ထို့နောက် ချင်ယွင်သည် ခြေလှမ်းနှစ်လှမ်း ဆက်တိုက်လှမ်းပြီး နှစ်မီတာ အကွာအဝေးကို တိုက်ရိုက်ဖြတ်ကျော်သွားခဲ့သည်။

"ဝှီး…. ဝှီး…. ဝှီ…။

ဓားငါးချောင်းသည် မြေပြင်ပေါ်မှ တိုက်ခိုက်မြင့်တက်လာခဲ့ပြီး လေထဲတွင် ထိုးဖောက်မည့်ပုံစံဖြင့် ချင်ယွင်ဆီသို့ ပျံသန်းလာကြသည်။ ဓားတစ်ချောင်းဆီမှ သူ့နောက်ကျောကိုပင် အေးစက်သွားစေသည့် ပြင်းထန်သော ဓားဆန္ဒကို ထုတ်လွှတ်နေသည်။ ထက်ရှသောဓားချီသည် ချင်ယွင်၏ မျက်နှာဆီကို တည့်တည့် ထိုးဖောက်လာခဲ့သည်။

ချင်ယွင်၏မျက်လုံးများတွင် ရက်စက်ကြမ်းကြုတ်သည့် အရိပ်အမြွက် ထွက်ပေါ်လာပြီး ချီအနှစ်သာရဖြတ်တောက်ခြင်း ဓားသိုင်းပညာရပ်ကို ချက်ချင်း အကောင်အထည်ဖော် လိုက်သည်။

ထိုဓားသိုင်းပညာရပ် ထွက်ပေါ်လာသည်နှင့် တပြိုင်နက် ဓားအလင်းသည် လေထဲသို့ ချက်ချင်း လင်းလက်သွားသည်။

ထက်ရှသော ဖြတ်တောက်လိုသည့်ဆန္ဒသည် ဓားငါးချောင်းနှင့် ထိပ်တိုက်ရင်ဆိုင်မိပြီး ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။

ဓားရှည်ငါးချောင်းသည် ပြန်ကန်ခုန်ထွက်ကာ အရပ်မျက်နှာ အသီးသီးသို့ လွင့်ပျံသွားခဲ့သည်။

ချင်ယွင်သည် ရှေ့ဆက်တိုးရန် မရွေးချယ်တော့ဘဲ ယင်းအစားလမ်းကြောင်းထဲမှ ထွက်ခွာသွားခဲ့သည်။

သူသည် ဤဓားအစီအရင်ဝင်္ကပါ မည်မျှအားကောင်းသည်ကို စမ်းသပ်ရန် ယခုပင် တိုက်ခိုက်ခဲ့သော်လည်း သူထင်ထားသည်ထက် ပိုမိုအားကောင်းနေလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။

ထို့အပြင် ချင်ယွင်သည်လည်း ထိတ်လန့်သွားခဲ့သည်။ ဤကျိထျန်းချန်သည် မီတာသုံးရာအထိ လျှောက်လှမ်းနိုင်ခဲ့သည်။ သူ၏ ခွန်အားသည် အလွန်ထူးခြားသည်ဟု မြင်နိုင်သည်။

"ဘယ်လိုလဲ၊ ရင်ဆိုင်ရတာ မလွယ်ကူဘူးမလား!" ကျိထျန်းချန်က ပြုံးပြီး မေးသည်။

ချင်ယွင်က ခေါင်းညိတ်ပြလိုက်သည်။ ဤဓားဝင်္ကပါသည် အမှန်တကယ့်လည်း မရိုးရှင်းပါဘူး။

"တကယ်တော့ ငါတို့သာ အတူတူလက်တွဲလုပ်ရင် ငါတို့ ဖြတ်ကျော်နိုင်ရမယ်" ကျိထျန်းချန်က ဆက်ပြောသည် ။

ချင်ယွင်က ရုတ်တရက် မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်"ငါတို့ဆန္ဒအတိုင်း ဖြစ်မလာမှာကို ငါကြောက်မိတယ်"

သေချာသည်မှာ၊၊ ချင်ယွင်ပြောပြီးသည်နှင့် ပုံရိပ်နှစ်ခုသည် လျှောက်ဝင်လာကြပြီး သူတို့သည် ဓားကွင်းပြင်ရှိရာဘက်ကို လှမ်းကြည့်လိုက်ရင်း သူတို့၏မျက်လုံးများက တောက်လောင် သွားကြသည်။

အခန်း (၂၄၇) သေခြင်းတရားကိုရှာဖွေနေကြခြင်း။

"သိုင်းမြို့စားချင်းယွန်ရဲ့တပည့်နှစ်ယောက်လား?" ချင်ယွင်က မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

ရုတ်တရက်ပေါ်လာသည့် ဤလူနှစ်ယောက်ကတော့ ထိုအချိန်တုန်းက သိုင်းမြို့စားချင်းယွန်ဦးဆောင် ခေါ်လာခဲ့သည့် တပည့်နှစ်ယောက် ဖြစ်သည်။

ချင်ယွင်က သူတို့နှစ်ယောက်ကို လေးလေးနက်နက် စွဲမှတ်ထားခြင်း မရှိပါဘူး။ သူတို့နှစ်ယောက်က သူ့ကို အထင်အမြင်သေးသည်ဟန်ဖြင့် ရှုံ့ချနေကြသည်ကို သူ သတိပြန်ရမိသည်။

ထိုအချိန်တုန်းက ချင်ယွင်သည် ဤနှစ်ကောင်ကို ဂရုမစိုက်ခဲ့ပေ။ သူကြောက်သည်မှာ သိုင်းမြို့စားချင်းယွန်ဖြစ်ပြီး ဤအပေါင်းအဖော်နှစ်ယောက် မဟုတ်ပေ။

သူတို့နှစ်ယောက်စလုံး၏ပုံစံများက လူငယ်လေးများလိုပင်ဖြစ်သည်။ သူတို့သည် အသက်ဆယ့်ရှစ်နှစ်ခန့်ရှိကြပြီး သာမန်ကြည့်ကောင်းသူများ ဖြစ်ကြသည်။ သူတို့ နှစ်ယောက်အထဲမှ တစ်ယောက်သည် သိုင်းမြို့စားနယ်ပယ်၏ ပဉ္စမအဆင့် ကောင်းကင်အလွှာ အထွတ်အထိပ်တွင် ရှိပြီး ကျန်တစ်ယောက်မှာ သိုင်းမြို့စား နယ်ပယ်၏ ဆဌမအဆင့် ကောင်းကင်အလွှာတွင် ဖြစ်သည်။

ထိုကဲ့သို့သော ကျင့်ကြံမှုအဆင့်သည် ယခုလိုပါရမီရှင် တပည့်များအကြားတွင် အဆင့်မြင့်မားခြင်းမရှိသလို ချင်ယွင်အတွက် ခြိမ်းခြောက်မှုလည်း မဟုတ်ပေ။

ချင်ယွင်သည် အဆင့်ချိုးဖြတ်ခြင်း မရှိခင်ကတည်းက သိုင်းမြို့စားနယ်ပယ်၏ ဆဌမအဆင့် ကောင်းကင် အလွှာတွင်ရှိသည့် ဇူဇီဝမ်ကိုပင် ပြင်းပြင်းထန်ထန် ဒဏ်ရာရစေနိုင်ခဲ့သည်။

ယခု သူသည် အဆင့်ချိုးဖြတ်သွားပြီးနောက် ဤလူနှစ်ယောက်သည် သူ၏ပြိုင်ဘက် မဖြစ်နိုင်တော့ပေ။

သို့သော် ထိုလူနှစ်ယောက်ကို ကြည့်ရသည်မှာ ထိုကဲ့သို့ တွေးထင်ထားပုံမပေါ်ပေ။

သူတို့နှစ်ယောက်သည် နန်းတော်ထဲသို့ ဝင်ရောက်လာသည့်အခါတွင် ချင်ယွင်နှင့် ကျိထျန်းချန်တို့ကို သဘာဝအတိုင်း တွေ့ရှိခဲ့ကြသည်။ ကျိထျန်းချန်ကိုကြည့်သည့် သူတို့၏ အကြည့်များက ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေသော်လည်း ချင်ယွင်ကို ကြည့်သည့် သူတို့၏အကြည့်များကတော့ မထီမဲ့မြင်ပြုမှု အထင်အမြင်သေးမူများဖြင့် ပြည့်နှက်နေသည်။

"ကြည့်ရတာ ဒီလူနှစ်ယောက်ကလည်း မင်းကို သဘောမကျဘူး ထင်တယ်?" ကျိထျန်ချန် ချင်ယွင်၏နားအနားကပ်ကာ တိုးတိုးလေး ပြောလိုက်သည်။

ချင်ယွင်က ပုခုံးတွန့်ပြီး တဟားဟားရယ်ရင်း ပြောလိုက်သည် "မျက်လုံးက မြင့်ပြီး လက်ကြတော့ နိမ့်ကျတဲ့ လူနှစ်ယောက်သာသာပါပဲ။ ဂရုစိုက်စရာမလိုပါဘူး။ ဒါပေမယ့် ပြဿနာအချို့တော့ ရှိပုံရတယ်။"

သေချာသည်မှာ၊၊ ချင်ယွင်ပြောပြီးသည်နှင့် မြို့စားတိမ်တိုက် စီရင်စုသိုင်းမြို့စား၏ တပည့်နှစ်ယောက်သည် ဖြတ်လျှောက်လာကြသည်။

အရပ်ရှည်ရှည်လူငယ်က ကျိထျန်းချန်ကို လှည့်ကြည့်ကာ ပြုံးပြီး ပြောလိုက်သည် "ဒီကအစ်ကိုက အစိမ်းရောင်၀တ် ဓားသူတော်စင်လေးလို နာမည်ကြီးနေတဲ့ အဖြူရောင်ကျောက်စိမ်း ဓားအင်မော်တယ်လေးလို့ လူသိများတဲ့ ဓားငယ်လေးဂိုဏ်းရဲ့ စီနီယာအလုပ်သင်အစ်ကို ကျိထျန်းချန်ဖြစ်ရမယ်။ မင်္ဂလာပါ၊ ငါတို့က သိုင်းမြို့စား ချင်းယွန်ရဲ့တပည့်တွေဖြစ်ကြတယ်။ ကျွန်တော့်နာမည်က ချူဖန်း ဖြစ်ပြီး သူကတော့ ကျွန်တော့်ရဲ့ဂျူနီယာ အလုပ်သင်ညီလေး ချန်ချင်း ဖြစ်ပါတယ်။"

"မင်္ဂလာပါ စီနီယာ အစ်ကိုကြီး ကျိ" ချန်ချင်းက သူ၏လက်နှစ်ဖက်ကို အလျင်အမြန် ဆုပ်ကိုင်လိုက်ပြီး လေးစားသည့် အမူအရာဖြင့် ပြောလိုက်သည်။

ချင်ယွင်ကတော့ သူတို့နှစ်ယောက်စလုံးကို လုံးလုံး လျစ်လျူရှုထားပြီး သူတို့ကို လှည့်ကြည့်ဖို့တောင် စိတ်မ၀င်စားပါဘူး။

ကျိထျန်းချန်က ခေါင်းညိတ်ပြလိုက်ပြီး သူ၏မျက်နှာက အပြုံးမပျက်ပေ။

ချင်ယွင်သည် ဤလူနှစ်ယောက်နှင့် ငြင်းခုံပြောဆိုရန်ပင် ပျင်းရိလွန်းလှသည်။ ဤလူ နှစ်ယောက်သည် သူ့ကို ရန်မစသရွေ့ ချင်ယွင်က သူတို့ကို ဂရုစိုက်ရန်ပင် သဘာဝအတိုင်း ပျင်းရိနေသည်။

"မင်းတို့နှစ်ယောက် ရုတ်တရက် ရောက်လာတယ်ဆိုမှတော့ ငါတို့လေးယောက်က ဒီဓားဝင်္ကပါအစီအရင်ကိုတိုက်ခိုက်ဖို့ ဘာလို့မပူးပေါင်းကြတာလဲ။ ဒီလိုနည်းနဲ့ ငါတို့အောင်မြင်ဖို့ အခွင့်အလမ်းက ပိုကြီးလာလိမ့်မယ်။ ရတနာတွေအတွက်တော့ငါတို့ ဒီဓားဝင်္ကပါအစီအရင်ကို ကျော်ဖြတ်သွားပြီမှ ငါတို့ ခွဲယူကြမယ်ဆိုရင်ရော ဘယ်လိုလဲ။ " ကျိထျန်းချန်က ပြုံးပြီးပြောသည် ။

ကျိထျန်းချန်ကပြောပြီးနောက် အခြားတစ်ဖက်မှ ချူဖန်းက ပြောလိုက်သည် "စီနီယာ အစ်ကိုကျိ၊ ဓားစင်မြင့်ပေါ်မှာ ရတနာက နှစ်မျိုးပဲရှိတာလေ။ တစ်ခုက ဓားသိုင်းပညာရပ်နဲ့ နောက်တစ်ခုကတော့ ဓားသန္ဓေသား အမြုတေပဲ။၊ ကျွန်တော်တို့ သုံးယောက်က ဒီအစီအရင်ကို ဖြတ်ကျော်ဖို့အတွက် အတူတူပူပေါင်း အလုပ်လုပ်လို့ ရတာပဲလေ ။ ဒီဓားသိုင်းပညာရပ်နဲ့ ဓားသန္ဓေသားအမြုတေက မူလကတည်းက အစ်ကိုကျိပိုင်တာပဲ။ အချိန်ရောက်ရင် အစ်ကိုကျိလုပ်ရမှာက ဓားသိုင်းပညာမိတ္တူ တစ်ခုကို ကျွန်တော်တို့ကို ပေးလိုက်ရုံပဲ။ တစ်ချို့လူတွေနဲ့ ပတ်သတ်လို့တော့ ဒီအကြောင်းကို မေ့ထားလိုက်ကြစို့။ သူ့ရဲ့ခွန်အားက အားနည်းလွန်းတယ်။ သူ ဒီမှာရှိနေလည်း အသုံးမကျဘူး။ နောက်ဆုံးမှာတော့ သူ နောက်မှာ ပြန်ထိုင်ပြီး ကြည့်ခွင့်ရတာကပင် သူ့ကိုယ်သူ ပျော်ရွှင်ကျေနပ်စရာ ကောင်းနေပါပြီ"။

ထိုသို့ပြောပြီးနောက် ချူဖန်းသည် ချင်ယွင်ကို တမင်တကာ ရည်ရွယ်၍လား သို့မဟုတ် မရည်ရွယ်ဘဲလားတော့မသိ စိုက်ကြည့်လိုက်လေသည်။

တစ်ဖက်မှာတော့ ချန်ချင်းက ချင်ယွင်ကို လှမ်းကြည့်ရင်း အေးစက်စွာ အော်ပြော လိုက်သည် "ဟမ့်၊ ဒုတိယအဆင့် ကောင်းကင်အလွှာ သိုင်းမြို့စားအဆင့်လေးက ဘာသုံးလို့ရမှာလဲ၊ အချိန်တန်လို့ ဒီဓားအစီအရင်ကို ချိုးဖျက်တဲ့အခါ သူက ကျွန်တော်တို့ကို ဒုက္ခတွင်းထဲဆွဲတောင်ခေါ်လိမ့်မယ်ထင်တယ်။ ကျွန်တော်ကတော့ သူ တတ်နိုင်သမျှ မြန်မြန် ထွက်သွားကာ ပိုကောင်းတယ်လို့ ထင်တယ်။"

ချင်ယွင်၏နှလုံးသာသည် ချက်ချင်းပင် ဒေါသနှင့်အတူ တဟူးဟူး အုံကြွလာသည်။ သူသည် မူလက ဤလူနှစ်ကောင်ကို ဒေါသမထွက်ချင်သော်လည်း ဤလူနှစ်ကောင် သည် အမှန်တကယ်ပင် သူ့ကို ပစ်မှတ်ထားနေသည်။

သို့သော်လည်း ချင်ယွင်ပေါက်ကွဲခါနီးတွင် ကျိထျန်းချန်က ရုတ်တရက် အေးစက်စွာ ပြောလိုက်သည် " ညီအစ်ကိုချင်ကို ငါက ဖိတ်ထားတာ။ မင်း သူ့အပေါ် ဒီလောက် ရိုင်းစိုင်းဖို့ ခွင့်မပြုနိုင်ဘူး။ တကယ်လို့ မင်းတို့အနေနဲ့ ဒီအမွေကို လိုချင်သေးတယ်ဆိုရင် ငါတို့နဲ့အတူ လိုက်ခဲ့လိုက်ပါ။ ချိုးဖြတ်ပြီးတာနဲ့ မင်းတို့ကို ဓားသိုင်းပညာရပ်မိတ္တူကို ငါပေးမယ်။ တကယ်လို့ မင်းတို့က မလိုချင်ဘူးရင်ဆိုတော့ ကျေးဇူးပြုပြီး ထွက်သွားလိုက်ပါ"။

ချူဖန်းနှင့် ချန်ချင်းတို့ နှစ်ယောက်လုံး အံ့အားသင့်သွားကြသည်။ ကျိထျန်းချန်က ရုတ်တရက်​ စိတ်​ဆိုးသွားလိမ့်​မယ်​လို့ သူတို့ မ​မျှော်​လင့်ထားကြပေ။​ ထို့ကြောင့် သူတို့က အဆောလျင်စွာ တောင်းပန်ပြီး "ကျွန်တော်တို့ အတူတူ အလုပ်လုပ်ဖို့ ဆန္ဒရှိပါတယ်။ စီနီယာ အစ်ကိုကျိ၊ စိတ်မဆိုးပါနဲ့"။

ကျိထျန်းချန်က ခေါင်းညိတ်ပြီး တခြားဘာမှ မပြောတော့ပေ။ သူသည် ဓားအစီအရင်ဝင်္ကပါ၏ ဦးတည်ရာအရပ်ဆီကို လှည့်ကြည့်လိုက်သည်။

ချူဖန်း နှင့် ချန်ချင်းတို့သည် စိတ်မဆိုးရဲတော့ပေ။ သူတို့သည် ချက်ချင်းပင် သက်ပြင်းချလိုက်မိသော်လည်း ချင်ယွင်ကို စိုက်ကြည့်ရန်တော့ မမေ့သေးပေ။

ချင်ယွင်သည် ဤအဖော်နှစ်ယောက်ကို အာရုံစိုက်ရန်ပင် အလွန်ပျင်းရိသည်။ ကျိထျန်းချန်က ပြောပြီးပြီမို့ သူအနေဖြင့်တခြားဘာမှ ပြောလို့မကောင်းတော့ပေ။

သို့သော် သူစဉ်းစားနေသည်မှာ ဓားသန္ဓေသားအမြုတေ တစ်ခုသာသည်။ အကယ်၍ ကျိထျန်းချန်က အစီအရင်ကို ချိုးဖြတ်ပြီးနောက် တံတားဖြိုဖျက်ရန် ရည်ရွယ်ချက် မရှိဘူးဆိုလျှင် ဒီဓားသန္ဓေသားအမြုတေကို မည်သူပိုင်ဆိုင်ရမည်နည်း။

ချင်ယွင်က ဤမေးခွန်းကို တွေးနေတုန်းမှာပင် ကျိထျန်းချန်က ဦးဆောင်ပြီး ဓားအစီအရင်လမ်းကြောင်းကို ဖြတ်ကျော်သွားနေပြီ။

ဓားအစင်း ၁၀၈,၀၀၀ စင်းလုံးသည် ဓားအစီအရင်ကို ချက်ချင်း အသက်သွင်းလာခဲ့သည်။

ဓားရှည်တစ်စင်းသည် ကျိထျန်းချန်ဆီသို့ ပျံသန်းသွားသည်။

ကျိထျန်းချန်၏ ခန္ဓာကိုယ်သည် တောင်ကဲ့သို့ မလှုပ်မယှက် ဖြစ်နေသည်။ ကျိထျန်းချန်၏ ဝတ်လုံသည် ညင်သာစွာ လှုပ်ရှားသွားပြီး မည်သည့်လက်နက်မှကို အသုံးပြုခြင်းမရှိပေ။ ယင်းအစား သူသည် ထိုဓားဆီကိုညွှန်လိုက်ပြီး သုံးပေရှည်သည့် ဓားချီကို ပစ်လွှတ်လိုက်သည်။ ထို့နောက် ဓားဓားချင်း ထိပ်တိုက် ဆုံသွားသည်။

ထိုဓားသည် ချက်ခြင်း လွင့်ပျံသွားခဲ့သည်။

"ရှေ့ကလမ်းကို ငါရှင်းလိုက်မယ်။ ငါ့နောက်ကလိုက်ခဲ့ကြ" ကျိထျန်းချန်က လူအုပ်ကို လှည့်ကြည့်ပြီး ပြောသည် ။

"ကောင်းပြီ!" ချူဖန်းက ကျယ်လောင်စွာအော်လိုက်ပြီး ချက်ခြင်း နောက်မှ လိုက်သွားကာ ထို့နောက် ချန်ချင်းက နောက်ကလိုက်သွားသည်။

ချင်ယွင်သည် သဘာဝအတိုင်း အောက်ခြေအဆင့်မှာ ရှိနေသည်။ သိသာ ထင်ရှားသည်မှာ၊ သူသည် စွမ်းအားအနည်းဆုံးဖြစ်သည်ဟု သူတို့ခံစားမိသောကြောင့် သူ့ကို ရှေ့တွင်ရပ်တည်ခိုင်းရန်မှာ အသုံးမဝင်ပေ။ သူသည် ပြဿနာအတွင်းသို့ပင် ကျရောက်သွားနိုင်သည်။

ချင်ယွင် သည် သက်တောင့်သက်သာရှိသည့်အတွက် ပျော်ရွှင်နေပါသည်။ ဤဓားဝင်္ကပါသည် သေချာပေါက် မရိုးရှင်းပါဘူး။ ပို၍ရှေ့ရောက်လာလေ ၊ အားကောင်းလာလေပါပဲ။ ထိုအချိန်ရောက်လျှင် သူတို့သည် သေချာပေါက် ခုခံနိုင်စွမ်း ရှိမည်မဟုတ်တော့။

ထို့ကြောင့် ချင်ယွင်သည် သူတို့သုံးယောက်နောက်မှ လိုက်ကာ အဝေးကဓားစင်မြင့်ဆီသို့ ဦးတည်သွားခဲ့သည်။

"ချွင်! ချွင်!"

ဓားတစ်ဒါဇင်ကျော်သည် အရပ်မျက်နှာအသီးသီးမှ သူတို့ဆီသို့ ထိုးဖောက် ဝင်ရောက်လာသည်။ အစပိုင်းမှာ ဓားများသည် ရှေ့မှသာ ထိုးဖောက် ဝင်ရောက်လာခဲ့ကြသော်လည်း နောက်ပိုင်းမှာတော့ အရပ်မျက်နှာအသီးသီးမှ ပျံသန်းလာကြသည်။ ထို့အပြင် ဤပျံသန်းလာသောဓားများ၏ စွမ်းအားသည်လည်း အားကောင်းပြီးရင်း အားကောင်းလာသည်။

မီတာတစ်ရာသို့ရောက်သောအခါတွင် ဓားပေါင်းတစ်ရာထက်မနည်းသော ဓားရှည်များ ပျံထွက်လာကြသည်။ ကျိထျန်းချန်သည် ပင်လျှင် သူ၏ကိုယ်ပိုင်ဓားကို အသုံးပြုရန်မှလွဲ၍ ရွေးချယ်စရာမရှိတော့ဘဲ ထိုဓားဝင်္ကပါကို ခုခံရန်စတင်ခဲ့ရသည်။

နောက်အဆုံးတွင်ရပ်နေလျက်၊ ချင်ယွင်သည် သဘာဝအတိုင်း ဖိအားအနည်းဆုံးနှင့် ရင်ဆိုင်ခဲ့ရသောကြောင့် သူသည် အလွန် စိတ်အေးလက်အေးဖြစ်ခဲ့ရသည်။

ဘန်း!

ချင်ယွင်နှင့် တခြားလူများသည် ဓားဝင်္ကပါ၏ ပုံမှန်အကွာအဝေးကို ရောက်ရှိလာကြပြီးနောက် သူတို့၏ခြေဖဝါးအောက်က မြေပြင်သည် တုန်ခါစ ပြုလာသည်။ ဓားအလက်တစ်ထောင်လက်သည် ချက်ချင်းပင် လေထဲသို့ ပျံတက် သွားခဲ့ပြီး ချင်ယွင်နှင့် အခြားသူများ၏ ဦးခေါင်းများကို ဖုံးအုပ်ထားသည့် လွင့်မျေေနေသော ဓားမိုးများအဖြစ် ထွက်ပေါ်လာသည်။

ဝှီး!

ဓားမိုးများသည် ကောင်းကင်ယံမှ ကျဆင်းလာခဲ့ပြီး ဓားတစ်ချောင်းဆီမှ ထက်ရှသည့် ဓားချီများကို ထုတ်လွှတ်လိုက်ကြသည်။

ချင်ယွင်နှင့် တခြားလူများသည် သူတို့၏ဦးရေပြားတွေ ထုံသွားသလို ခံစားလိုက်ရ သည်။

“မြေနိုးကွာ၊ ဒါက အကွာအဝေးရဲ့ ထက်ဝက်ပဲ ရှိသေးတယ်။ ဓားအစင်း တစ်ထောင်လား၊ ငါတို့အဆုံးကို ရောက်တဲ့အခါ အနည်းဆုံး ဓားအစင်းတစ်သောင်းများ ဖြစ်သွားမလား။" ချူဖန်းသည် ကြောက်မက်ဖွယ်ကောင်းသော ဓားမိုးရွာသွန်းခြင်းကို အပြင်းအထန် ခုခံရင်း ဒေါသတကြီး ကြိမ်းမောင်းကျိန်ဆဲလိုက်သည်။

ချန်ချင်းသည် ပို၍ပင် ခုခံနိုင်စွမ်းမရှိတော့ပေ။ သူသည် ဓားအလင်းများ၏ တိုက်ခိုက်မူ ကိုခံရပြီး သူ၏ဝမ်းဗိုက်ကို ဓားဖြင့်ထိုးစိုက်ခံရကာ သနားစရာကောင်းသည့် အော်သံပင် ထွက်လာခဲ့သည်။

ဝှီး!

နောက်ထပ် ဒုတိယဓားမိုးရေလှိုင်းများက လွှမ်းခြုံလာပြန်သည်။ ယခုတစ်ကြိမ်သည် ယခင်အကြိမ်ကထက်တောင်မှ ပို၍ပင် သူတို့ဆီ ပျံသန်းလာခဲ့ကြသည်။

ချန်ချင်း၏ အမူအရာမှာ သိသိသာသာ ပြောင်းလဲသွားသည်။ ယခုအချိန်တွင် သူ၏ ဝမ်းဗိုက်သည် ဒဏ်ရာရနေပြီဖြစ်ပြီး သူ၏လှုပ်ရှားမှုများ နှေးကွေးသွားသောအခါတွင် ဤတိုက်ခိုက်မှုလှိုင်းလုံးကို တွန်းလှန်ရန်မှာ သူ့အတွက် အလွန်ခက်ခဲသည်။ ထို့ကြောင့်၊ သူသည် သူ၏ဘေးနားရှိ ချင်ယွင်ကိုကြည့်ကာ သူ၏မျက်လုံးများတွင် ရက်စက်မှု အရိပ်အယောင်များ ပေါ်လာသည်။

"မျိုးမစစ်ကောင် ၊ မင်းရဲ့အပိုင်းကို ကစားဖို့ အချိန်ရောက်ပြီ"

အခန်း (၂၄၈) တရားမ၀င်ကလေး။

သူ၏ရှေ့မှာ ရွာသွန်းလာနေသော ဓားမိုးများကို ကြည့်နေရာမှ ရုတ်တရက် သူ၏နောက်မှာ ထွက်ပေါ်လာသော ချန်ချင်းကို လှည့်ကြည့်လိုက်ရင်း ချင်ယွင်၏ နှလုံးသားထဲတွင် ပြင်းထန်သော ဒေါသစိတ်များ ချက်ချင်း ထွက်ပေါ်လာသည်။

ချန်ချင်းသည် ဓားမိုးများကို ခုခံရန် စွမ်းအားမရှိပေ။ အကယ်၍ သူသည် ချင်ယွင်ကို ခုခံတွန်းလှန်ပေးရန် တောင်းဆိုခဲ့မည်ဆိုလျှင် ချင်ယွင်က သေချာပေါက် လှုပ်ရှားပေး လိမ့်မည်။ သို့သော် သူ၏စိတ်က အမှန်တကယ် ရက်စက်လိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။ သူသည် ချင်ယွင်ကို လူသားအကာအကွယ်ဒိုင်းအဖြစ် ရွေးချယ်ခဲ့သည်။ ယင်းက ချင်ယွင်ကို သေတွင်းထဲသို့ တွန်းပို့လိုက်ခြင်း ဖြစ်သည်။

အစောပိုင်းက သူသည် ဓားမိုးများကို ခုခံတွန်းလှန်ရန်သာ အာရုံစိုက်နေသောကြောင့် ချန်ချင်းကို အာရုံမစိုက်မိခဲ့ပေ။ ထို့အပြင် သူတို့နှစ်ဦးသည် အလွန် နီးနီးကပ်ကပ် ရှိနေကြသည်။ ယခုအချိန်တွင် ချန်ချင်းသည် ချင်ယွင်၏လည်ပင်းကို တင်းတင်း ကြပ်ကြပ် ဆုပ်ကိုင်ထားသဖြင့် လှုပ်ရှားရန် အလွန်ခက်ခဲစေသည်။

ရွာသွန်းခါနီး ဓားမိုးများကိုကြည့်ရင်း ချင်ယွင်သည် ချန်ချင်း၏ ထိန်းချုပ်မှုမှ လွတ်မြောက်အောင် ရုန်းထွက်ရန်မှတပါး ရွေးချယ်စရာ လမ်းမရှိတော့ပေ။ ထိုသို့မဟုတ်လျှင် ချင်ယွင်သည် ဓားမိုးကြောင့် ဆန်ခါပေါက်ကဲ့သို့ ထိုးဖောက်ခံရပြီး သေဆုံးသွားလိမ့်မည်။

"မင်းက သေချင်နေတာဘဲ!"

ပြင်းပြင်းထန်ထန် အော်ဟစ်လိုက်ရင်း ချင်ယွင်၏ မျက်လုံးများတွင် ပြင်းထန်သော သတ်ဖြတ်လိုစိတ်များ ပေါ်လာသည်။ ပြင်းထန်သော မိုးခြိမ်းသံသည် သူ၏ခန္ဓာကိုယ်မှ ချက်ချင်း ထွက်ပေါ်လာသည်။ သူသည် သူ၏လက်ကို တိုက်ရိုက်ဆန့်ထုတ်လိုက်ပြီး ချန်ချင်း၏လက်မောင်းကို ဆုပ်ကိုင်လိုက်ကာ သူ၏ ဒန်တန်ရှိရာဘက်သို့ ပြင်းပြင်း ထန်ထန် ရိုက်ချလိုက်သည်။

"ဖျစ်!"

အရိုးများထဲမှ ကွဲအက်သွားသည့် စူးရှသောအသံတစ်ခု ထွက်ပေါ်လာသည်။

ဘယ်လောက်တောင် ရယ်စရာကောင်းလိုက်လဲ!

ချင်ယွင်၏ လက်ရှိ ရုပ်ခန္ဓာကိုယ်ကြံ့ခိုင်မူသည် သတ္တမအဆင့် ကောင်းကင်အလွှာ သိုင်းမြို့စားအဆင့် ကျွမ်းကျင်သူနှင့် ယှဉ်နိုင်သည်၊ ထို့ကြောင့် ပဉ္စမအဆင့် ကောင်းကင်အလွှာ သိုင်းမြို့စားအဆင့် ကျွမ်းကျင်သူတစ်ဦးသည် သူ့အား မည်သို့ တားဆီးနိုင်မည်နည်း။

"အား!"

ချန်ချင်းသည် ချက်ချင်းပင် ကြေကွဲဖွယ်ရာ အော်ဟစ်လိုက်သည်။

ချင်ယွင်က လှောင်ပြောင်ပြီး သူ၏လည်ပင်းမှာ ချန်ချင်းတင်ထားသည့် အခြား လက်တစ်ဖက်ကို တိုက်ရိုက် ဖယ်ရှားလိုက်သည်။ လက်ကိုဖြည်းညှင်းစွာ လှိမ်ချိုး လိုက်ခြင်းဖြင့် ချန်ချင်း၏ လက်တစ်ဘက်လုံးသည် ချက်ချင်း လိမ်ကောက်သွားပြီး ဝက်အော်သံနှင့်တူသော အော်သံ ထွက်ပေါ်လာသည်။

"မင်းက တခြားသူတွေကို ဒိုင်းအဖြစ် အသုံးပြုရတာ မကြိုက်ဘူးလား။ ဒီနေ့တော့ လူသားဒိုင်းဖြစ်ရခြင်းရဲ့ အရသာကို မင်းကို ပေးမြည်းစမ်း ခိုင်းကြည့်မယ်။" ချင်ယွင်က ချန်ချင်း၏ နားအနားကပ်ကာ အေးစက်စွာ ရယ်မောလိုက်သည်။

ချန်ချင်း၏ သူငယ်အိမ်များသည် ချက်ချင်းပင် ပြူးကျယ်သွားခဲ့ပြီး “ဟင့်အင်း… မလုပ်နဲ့…မလုပ်နဲ့” ဟု အလျင်စလို အော်ပြောလိုက်သည်။

သို့သော်လည်း၊ အချိန်နှောင်းနေပြီဖြစ်သည်။ ချင်ယွင်သည် ချန်ချင်း၏လက်များကို တိုက်ရိုက်ဆွဲကိုင်လိုက်ပြီး သူ၏ရှေ့တွင် တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထား လိုက်သည်။

"ဝှီး ...ဝှီး ဝှီး "

ကောင်းကင်ယံအပြည့်ဖြစ်နေသောဓားများသည် သိပ်သည်းလာခဲ့ပြီး ဓားမျိုးများ အဖြစ်သို့ ပြောင်းလဲသွားကာ ချန်ချင်း၏ ခန္ဓာကိုယ်အနှံ့အပြားကို ထိုးဖောက်သွား လေသည်။

တခဏအတွင်းမှာပင် ချန်ချင်း၏ ခန္ဓာကိုယ်တခုလုံးသည် ဓားရှည်တစ်ရာနီးပါးဖြင့် ဖုံးလွှမ်းနေပြီ။ တခဏအတွင်းမှာပင် သူသည် ဖြူကောင်တစ်ကောင်ဖြစ်လာခဲ့သည်။

သူသေသွားခဲ့ပြီ။ သူသည် မသေဘဲ မသေနိုင်တော့။

အနီးအနားရှိ ချူဖန်းသည် ချန်ချင်းဘက်မှ မြင်ကွင်းကို ချက်ချင်း တွေ့ရှိခဲ့ရသည်။ ချန်ချင်းသည် ချင်ယွင်၏သတ်ဖြတ်မူကို ခံလိုက်ရသည်ကို မြင်သောအခါ သူက ချက်ချင်းပင် အော်ဟစ်လိုက်သည် "ချင်ယွင်၊ မင်းက သေချင်နေတာပဲ၊ ငါ့ဂျူနီယာညီလေးရဲ့ အသက်ကို ပြန်ပေးစမ်း!"

ထိုစကားကို ပြောပြီးနောက် သူ၏လက်ထဲက ဓားဖြင့် ချင်ယွင်ဆီသို့ ထိုးစိုက် လိုက်လေသည်။ဓားအလင်းသည် ကြောက်မက်ဖွယ်ကောင်းသော ဝိညာဉ်စွမ်းအား အတက်အကျများကို ထုတ်လွှတ်နေသည်။

ချင်ယွင်၏ မျက်လုံးများသည် သတ်ရန် ရည်ရွယ်ချက်များဖြင့် ပြည့်နှက်နေသည်။ ချန်ချင်း၏ လုပ်ရပ်များက သူ့ကို လုံးဝ ဒေါသထွက်စေခဲ့သည်။ ထို့ကြောင့် သူသည် ချန်ချင်းကို တိုက်ရိုက် သတ်ဖြတ်ခဲ့သည်။ ထိုအချိန်တွင် ချူဖန်းသည် သူ့ဆီသို့ ထပ်မံ ရောက်ရှိလာသည်ကို သူမြင်လိုက်ရသည်။

သူ၏စိတ်ထဲတွင် ဒေါသများ မပြေပျောက်ခဲ့သည့်အပြင် အမှန်တကယ် ပို၍ပင် တိုးလာခဲ့သည်။ သူ၏မျက်လုံးများသည် တောက်ပလာပြီး သူ၏ခန္ဓာကိုယ်မှ ပြင်းထန်သော စွမ်းအင်တစ်ခုက ချက်ချင်း ထွက်ပေါ်လာကာ သူ၏ခန္ဓာကိုယ်ပေါ်ရှိ ၀တ်စုံများသည် သူ၏စိတ်လှုပ်ရှားမူနှင့်အတူ တဖျတ်ဖျတ်ခတ်နေသည်။

ချင်ယွင်သည် သူ့ဆီသို့ အရှိန်အဟုန်ဖြင့် ထိုးစိုက်လာနေသောဓားကို ကြည့်ရင်း အေးစက်စွာ ဟစ်အော်လိုက်သည်။ သူသည် သူ၏လက်ကို လျှပ်စီးလက်သကဲ့သို့ ဆန့်ထုတ်လိုက်ပြီး ဓားကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်သည်။

ဓားရှည်သည် ချင်ယွင်၏ပါးပြင်နှင့် သုံးလက်မအကွာတွင် ရပ်တန့်သွားခဲ့ပြီး သူ့ဆီတိုးဝင်လာရန် လုံးဝ ခက်ခဲသွားခဲ့သည် ။

ချူဖန်းသည် အလွန်တုန်လှုပ်သွားခဲ့သည်။ ချင်ယွင်သည် သူ၏ဓားကို လက်နှစ်ချောင်းဖြင့် ချုပ်ကိုင်ထားလိမ့်မည်ဟု သူ မျှော်လင့်မထားခဲ့ပေ။ သူသည် အမြန်ပြန်ဆွဲ ထုတ်ချင်မိသည်။ သို့သော် သူသည် သူ၏ဓားကိုမည်ကဲ့သို့ အသုံးပြု စေကာမူ သူ၏လက်ထဲတွင်ရှိသောဓားသည် ချင်ယွင်မှ သံမှိုဖြင့် ရိုက်နှက်ထားသည့်အလား ပြန်ဆွဲထုတ်လို့မရသည်ကို သူတွေ့ရှိခဲ့သည်။ သူသည် သူ၏ဓားကို အမှန်တကယ် လုံးဝ မလှုပ်ရှားနိုင်တော့။

"ဟမ့်၊ သတ္တုအပိုင်းအစလေးကများ။" ချင်ယွင်က အေးစက်စွာ အော်ပြောလိုက်သည်။ သိမ်မွေ့နက်နဲ သံမဏိဖြင့်ပြုလုပ်ထားသော ဤဓားသည် ယခုအချိန်တွင် သူ၏လက်ထဲတွင် စက္ကူနှင့်တူသည်။

ချင်ယွင်သည် အနည်းငယ် အားစိုက်ထုတ်လိုက်သည်။

"ဖျစ်!"

ဓားသည် ချက်ချင်း အစိတ်စိတ်မွှာမွှာ ကျိုးပဲသွားခဲ့သည်။

ချူဖန်း၏ မျက်လုံးများသည် တခဏအတွင်းပင် ပြူးကျယ်သွားပြီး မယုံကြည်နိုင်သည့် အရိပ်အယောင်များ ထွက်ပေါ်လာသည်။

သိမ်မွေ့နက်နဲသံမဏိဓားကို တိုက်ရိုက်ချိုးဖျက်ရန် လက်နှစ်ချောင်းကို အသုံးပြုခဲ့ သည်။ ထိုလူသည် သောက်ရမ်းသန်မာသည့် လူသားတစ်ဦး ဖြစ်နေဆဲ ပင်လား။ ၎င်းသည် လူယောင်ဆောင်ထားသည့် ဆိတ်သုဉ်းခြင်း သားရဲတစ်ကောင် ဖြစ်ရမည်။

ချူဖန်း၏ မျက်နှာသည် ထိတ်လန့်သော အမူအရာ ချက်ခြင်း ထွက်ပေါ်လာသည်။ ထိုအခိုက်အတန့်တွင် သူ၏နှလုံးသားထဲတွင် နောင်တရမှု အရိပ်အယောင်များ ရုတ်တရက် ထွက်ပေါ်လာသည်။ ချင်ယွင်ကို ရန်စမိသည်ကို သူနောင်တရမိသည်။

ချင်ယွင်သည် မဟာမျိုးနွယ်စုကြီး သုံးခု၏ ထူးချွန်ထက်မြက်သူ ပါရမီရှင်များ၏ လိုက်လံဖမ်းဆီးမူအောက်တွင် အဘယ်ကြောင့် အသက်ရှင်နေရသေးသနည်းဟူသော မေးခွန်းကို ဖြေရှင်းပြီးသား ဖြစ်သွားခဲ့သည်။

သို့သော် ယခုအချိန်တွင် ချူဖန်းသည် သူ့ကို အလွန်ထိတ်လန့်စေသည့် မြင်ကွင်းတစ်ခုကို တွေ့လိုက်ရသည်။

ချင်ယွင်သည် ကျိုးသွားသော ဓားထိပ်ဖျားကို လက်နှစ်ဘက်ဖြင့် ဆုပ်ကိုင်လိုက်သည်။ ချူဖန်း၏နှလုံးသားကို အေးခဲသွားစေသည့် ထက်ရှသောဓားကျိုးသည် ထွက်လာသည်။ ကြောက်မက်ဖွယ်ကောင်းသော ဓားကျိုးသည် ထက်ရှသောဓားကဲ့သို့ သူ၏နှလုံးဆီသို့ ထည့်ထည့်ကြီး ထိုးဖောက်ဝင်ရောက်လာကာ သူ၏ကျောပြင်ကို အေးစက်စက် ချွေးများဖြင့် စိုရွှဲသွားစေခဲ့သည်။

"မလုပ်နဲ့...မသတ်ပါနဲ့" ချူဖန်းသည် သူ၏ခြေဖဝါးအောက်ခြေ ပျော့ခွေသွားသည်ကို ခံစားလိုက်ရပြီး လမ်းကြောင်းပေါ်သို့ ပြိုလဲကျသွားသည်။ ချင်ယွင်ကိုကြည့်သည့် သူ၏အကြည့်များသည် နတ်ဆိုးတစ်ကောင်ကို ကြည့်နေသကဲ့သို့ ကြောက်လန့်နေ သည်။

ကျိထျန်းချန်သည် ဤအရာအားလုံးကို အစမှအဆုံးအထိ အဝေးမှပင် တိတ်တဆိတ် ကြည့်နေသည်။ သူသည် ရှေ့မဆက်နိုင်သောကြောင့် ကြီးကျယ်ခမ်းနားသော ဓားအစီအရင်ကြီးသည် ယခုအချိန်တွင် အသက်မဝင်လာသေးပါ။

ချင်ယွင်သည် ထိတ်လန့်နေသော ချူဖန်းကို သူ၏မျက်နှာပေါ်တွင် ကျီစားလိုသည့် အပြုံးဖြင့် ကြည့်နေသည်။ သူ၏လက်ထဲက ဓားကျိုးထိပ်ဖျားသည် ချူဖန်း၏ရှေ့မှာ အဆက်မပြတ် လှုပ်ယမ်းနေသည်။

ချူဖန်း၏အမူအရာသည် ဝက်၏အသည်းကဲ့သို့ ရုပ်ဆိုးလာပြီး သူ၏ခြေထောက်များ အဆက်မပြတ် တုန်ခါလာသည်။

ချင်ယွင်သည် ပြောစရာစကားပင် မဲ့သွားရသည်။ ဤချူဖန်းသည် ဤမျှပင် ထိတ်လန့်ကြောက်ရွံ့ သွားနိုင်ပါသလား။

သူသည် သူ၏ရှေ့တွင် ဓားကျိုးထိပ်ဖျားကို အကြိမ်အနည်းငယ်မျှသာ ဝှေ့ယမ်းပြခဲ့ပြီး ချူဖန်းသည် အကြောက်ကြီး အကြောက်လွန်သွားခဲ့သည်။ ဤမြင်ကွင်းက သူသည် သူ့အဖွား၏အိမ်တော်ကို အရှက်တွင်းထဲ ပစ်ချရာရောက်ပြီး အကယ်၍ ဤသတင်းသာ ပျံ့နှံ့သွားခဲ့မည်ဆိုလျှင် သိုင်းမြို့စားချင်းယွင်ပင်လျှင် သူ့ကို အထင်သေးပြီး ရှုံ့ချပေ လိမ့်မည်။

ချင်ယွင်သည် အလွန်ထိတ်လန့်သွားသော ချူဖန်းကို မြင်လိုက်ရသောအခါတွင် သူသည် အံ့ဩမှင်သက်လုနီးပါးဖြစ်သွားကာ သူ၏စိတ်ထဲတွင် ချက်ချင်းပင် မှုန်ဝေဝါးသွားသလို ခံစားလိုက်ရသည်။

"ဖယ်စမ်းကွာ!

ချင်ယွင်က အေးစက်စွာ အော်ဟစ်လိုက်ပြီး ချူဖန်းကို နောက်ကြောင်းပြန်လှည့်ရန် တိုက်ရိုက်ပြောလိုက်သည်။

"ကျေးဇူးတင်ပါတယ်!"

ချူဖန်းသည် အဆောတလျင်စွာ ခေါင်းညိတ်ကာ ကျေးဇူးတင်စကားဆိုသည်။ သူပြောပြီးသည်နှင့် သူသည် လမ်းကြားမှ ပြန်လှည့်ထွက်သွားတော့မည်။

ချင်ယွင်သည် အထင်သေးဟန်ဖြင့် ပြုံးလိုက်သည်။ ဤလူသည်မည်မျှပင် ထက်မြက်နေပါစေ၊ ယခုလိုရဲစွမ်းသတ္တိမျိုးဖြင့် ဤလူသည် အနာဂတ်တွင် ကြီးကျယ် ခမ်းနားသည့် ပန်းချီကားတစ်ချပ် ဖြစ်လာမှာ မဟုတ်ပါဘူး။

သို့သော် ချူဖန်းသည် ဓားအစီအရင်ထဲမှ လုံးဝထွက်သွားသောအခါ သူက ရုတ်တရက် ခေါင်းပြန်လှည့်လာပြီး ကျယ်လောင်စွာ ရယ်မောကာ "ဟား၊ ဟား၊ ချင်ယွင်၊ ငါမင်းကို မသတ်နိုင်ရင်တောင် နဝမမြောက်မင်းသားက မင်းကို လွှတ်ထားမှာ မဟုတ်ဘူး။ မင်းက သူနဲ့စေ့စပ်ထားတဲ့ အမျိုးသမီးကို ငမ်းငမ်းတက် လိုချင်နေတယ်ဆိုတာကို သူသိသွားပြီ။ မင်း သေဖို့ စောင့်နေပေတော့!"

ပြင်းထန်သောသတ်ဖြတ်လိုသည့်ဆန္ဒတစ်ခုက သူ၏မျက်လုံးများထဲသို့ တိုးဝင်လာရင်း ချင်ယွင်၏ မျက်လုံးများသည် ချက်ချင်းပင် ကျဉ်းမြောင်းသွားခဲ့သည်။ သူက အေးစက်စွာ ပြောလိုက်သည် "ဒါဆိုလည်း မင်းကို ငါ အရင်သေစေမယ်ကွာ!"

ထိုစကားကိုပြောပြီးနောက် ချင်ယွင်သည် သူ၏လက်ချောင်းများကို ပွတ်ဆွဲလိုက်ပြီး သူ၏လက်ထဲတွင်ရှိနေသော ဓားကျိုးထိပ်ဖျားသည် အရှိန်အဟုန်ပြင်းပြင်းဖြင့် ပျံထွက် သွားလေသည်။

ည၏အမှောင်ထုကို ဖြတ်ကျော်သွားသည့် အလင်းတန်းတစ်ခုနှင့်တူသည်။

တခဏအတွင်းမှာပဲ၊ ထိုဓားကျိုးထိပ်ဖျားသည် ချူဖန်း၏ကြားမှ လေဟာနယ်ကို ထိုးဖောက်သွားသည်။

ချူဖန်းသည် ​​နောက်ပြန်လွင့်ပျံသွားခဲ့ပြီး သူ၏နောက်မှ နံရံမှာ ခိုင်ခံ့စွာ သံမှိုဖြင့် ဆွဲရိုက်ခံရသလိုဖြစ်သွားခဲ့သည်။ သူ၏မျက်လုံးများက ပြူးကျယ်သွားပြီး သူသည် မသေဘဲ မနေနိုင်တော့ပေ။

အမာခံခံတပ်ကျွန်းတွင်၊ သိုင်းမြို့စားချင်းယွန်၏လက်ထဲမှ အသက်သလင်းကျောက် နှစ်ခုသည် တစ်ခုပြီးတစ်ခု ကြေကွဲသွားကာ သူ၏ရှေ့တွင် နောက်ဆုံးမြင်ကွင်းတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ ထိုမြင်ကွင်းထဲမှာ ချင်ယွင်၏ရုပ်အသွင်အပြင်က ထွက်ပေါ်လာ သည်။

သိုင်းမြို့စားချင်းယွန်သည် လေဟာနယ်ထဲမှ ချင်ယွင်၏ ရုပ်အသွင်အပြင်ကို ကြည့်လိုက်ရင်း သူ၏မျက်လုံးများမှ ပြင်းထန်သော သတ်ဖြတ်လိုစိတ်များ ထွက်ပေါ်လာသည်။ သူဆုပ်ထားသည့် လက်သီးတွေများပင် အဆက်မပြတ် တုန်ယင်နေခဲ့သည်။

"ချင်ယွင်၊ ငါမင်းကို သေစေချင်တယ်!"

သိုင်းမြို့စားချင်းယွန်သည် ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး အမာခံ ခံတပ်ကျွန်း တစ်ခုလုံး ချက်ချင်းပင် ပဲ့တင်ထပ်သွားသည်။

သိုင်းမြို့စားချင်းယွန်၏တပည့်နှစ်ယောက်ကို သတ်သည့်ကိစ္စမှာ ချူဖန်း၏ အသက်သလင်းကျောက်က မှတ်တမ်းတင်ထားခဲ့ပြီး နောက်ကြောင်း ပြန်ဖော်ပေးခဲ့ သည်ကို ချင်ယွင်က မသိပါဘူး။

အမှန်တကယ်တော့ ချူဖန်း၏အသက်သလင်းကျောက်ကို မိုးပြာတိမ်တိုက်စီရင်စု၏ သိုင်းမြို့စားသည် ထူးခြားသည့် အစီအရင်များဖြင့် ဖန်တီးထားခဲ့သည်ဆိုတာကို သူ မသိခဲ့ပါဘူး။

ထို့အပြင် ချူဖန်း၏အဆင့်အတန်းသည် မိုးပြာတိမ်တိုက်စီရင်စု သိုင်းမြို့စား၏ တပည့်တစ်ဦး အဖြစ်သာမက မိုးပြာတိမ်တိုက် စီရင်စုသိုင်းမြို့စား၏ တရားမဝင် ကလေးတစ်ဦးလည်း ဖြစ်ပါသည်။

အခန်း (၂၄၉) ၁၀၈,၀၀၀ သောဓားများ။

ကျိထျန်းချန်သည် ချူဖန်းနှင့်ချန်ချင်းတို့ သေဆုံးမှုအတွက် အစမှအဆုံးအထိ အေးစက်သော သဘောထားကိုသာ ထားရှိခဲ့ပြီး၊ ဤအရာအားလုံးသည် သူ့မျှော်လင့်ချက်အတိုင်း ဖြစ်နေသည့် အလားပင်။

ချင်ယွင်သည် ကျိထျန်းချန်၏ စိတ်နေသဘောထားကို မသိသော်လည်း ကျိထျန်းချန်သည် အပေါ်ယံကြည့်ရသလောက် မရိုးရှင်းကြောင်း သူသိသည်။

"ဆက်ရအောင်!" ကျိထျန်းချန်က ပြုံးပြီး ချင်ယွင်ကို ပြောသည် ။

ချင်ယွင်က ခေါင်းညိတ်ပြလိုက်သည်။ မည်သို့ပင်ဖြစ်စေ ကျိထျန်းချန်က သူ၏အစွယ်တွေကို မဖော်ပြသသေးရွေ့ သူက တိုက်ရိုက် တိုက်ခိုက်နိုင်မှာ မဟုတ်ပါ ဘူး။ သူသည် ဆက်လက်ပြီး ပူးပေါင်းဆောင်ရွက်နေရုံသာ ရှိသည်။ ထို့ပြင် သူတို့သည် ဤဓားဝင်္ကပါ၏ စွမ်းအားကိုလည်း တွေ့မြင်ခဲ့ကြပြီးဖြစ်သည်။ လူတစ်​​ယောက်​တည်းဖြင့် ဖြတ်​​ကျော်​နိုင်​ခြင်း မရှိသည်မှာ ​သေချာပါသည်​။

"ငါက ရှေ့ကို တာဝန်ယူတယ်၊ မင်းက နောက်ကို တာဝန်ယူ။ အတူတူ ရှေ့ဆက်ကြရအောင်။" ကျိထျန်းချန်ပြောလိုက်ရင်း သူ၏လက်ထဲရှိ မွန်းဝှိုက် ဓားရှည်က ရောင်စုံအလင်းတန်များဖြင့် စီးဆင်းနေသည်။ (မြန်မာလို ပြန်ဆိုလျှင် သိပ်မကောင်းသည့်အတွက်“မွန်းဝှိုက်”ဟုတိုက်ရိုက်ပြန်ဆိုသည်)

ထိုစကားကို ပြောပြီးနောက် သူသည် ရှေ့သို့ ဆက်လျှောက်လာသည်။

ချင်ယွင်သည် သူ၏လက်ထဲတွင် ကြယ်နက်ဓားကိုကိုင်ကာ သူ့နောက်သို့ လိုက်သွားခဲ့သည်။

ဤဓားဝင်္ကပါသည် အလွန်ထူးခြားသည်။ တစ်ဆင့်ပြီးတစ်ဆင့် လျှောက်လှမ်းရမည်။ အလွန်လျှင်မြန်စွာ ရွေ့လျားလို့မရပေ။ အလွန်လျင်မြန်စွာ ရွေ့လျားလိုက်သည်နှင့် ဓားဝင်္ကပါက ပိုအားကောင်းလာပါလိမ့်မည်။

ဘန်း!

မြေကြီးသည်တုန်ခါသွားပြီး ထောင်ပေါင်းများစွာသောဓားများသည် မြေပြင်မှ ချက်ချင်း ပျံသန်းလာသည်။

သို့သော် ယခုတစ်ကြိမ်သည် ယခင်တုန်းကလို ချင်ယွင်နှင့် အခြားလူများဆီသို့ ပစ်ဝင်လာသော ဓားမိုးသက်သက်မျှသာ မဟုတ်တော့ပေ။ ယင်းအစား၊ ကြာပန်းဆယ်နှစ်ပွင့်သည် ပွင့်လန်းနေသောကြာပန်းများအဖြစ်သို့ ပြောင်းလဲ ဖြစ်ပေါ်လာပြီးနောက် လျှင်မြန်စွာ လှည့်ပတ်သွားသည်။

ချင်ယွင် နှင့် ကျိထျန်းချန်ဆီသို့ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်အတက်အကျ တစ်ခုဖြင့် ရောက်ရှိလာသည်။

ချင်ယွင် နှင့် ကျိထျန်းချန်တို့သည် သူတို့၏ ဦးခေါင်းထက်တွင် လွင့်မျောနေသော ရာနှင့်ချီသည့် ဓားရှည်ကြာပန်းများကို မျက်နှာပေါ်တွင် အံ့သြတကြီးအမူအယာဖြင့် ကြည့်နေကြသည် ။

ဤဓားရှည်များသည် ကြာပန်းဓားပုံစံဖြစ်လာလိမ့်မည်ဟု သူတို့ မမျှော်လင့်ထားခဲ့ ကြပေ။

ဝှီး!

ကြာပန်းပုံစံဓားတစ်ချောင်း လျင်မြန်စွာ ကျဆင်းလာခဲ့ပြီး ချင်ယွင်ဆီသို့ အရူးအမူး ပစ်ဝင်လိုက်သည် ။

စူးရှသောဓားအလင်းတန်းပေါ်ရှိ ထက်ရှသောလှိုင်းဂယက်များက သူ၏နောက်ကျောကို အေးစိမ့်သွားစေသည် ။

နည်းနည်းလေးမှ တုန့်ဆိုင်းခြင်းမရှိ၊ ချင်ယွင်သည် သူ၏ ဓားသိုင်းပညာကို ချက်ချင်း အသုံးပြုဖို့ ရွေးချယ်လိုက်သည်။

ကြာပန်းဓားဝင်္ကပါနှင့် ထိပ်တိုက်ဆုံမိပြီး ကြာပန်းဓားဝင်္ကပါသည် ကွဲအက်သွား သလိုမျိုး ကောင်းကင်ယံတွင် လှုပ်ခါယမ်းနေကာ ပေါက်ကွဲသံများကို ထုတ်လွှတ် လိုက်သည်။

ကျိထျန်းချန်သည်လည်း စိတ်မရှည်တော့ပေ။ သူ့၏လက်ထဲတွင်ရှိသော မွန်းဝှိုက် ဓားရှည်သည် လခြမ်းကွေးပုံစံအဖြစ်သို့ ပြောင်းလဲသွားပြီး ကြာပန်းဓား ဝင်္ကပါငယ် ဖြိုခွဲပစ်လိုက်သည်။

ထို့နောက် သူတို့သည် ထိုနည်းအတိုင်း ဆက်လက်လုပ်ဆောင်နေခဲ့ပြီး လေထဲတွင် ကြာပန်းဓားဝင်္ကပါငယ်များကို ဖြိုခွဲလိုက်ကြသည်။

ကြာပန်းဓားဝင်္ကပါငယ် ရာပေါင်းများစွာကို လုံး၀ ဖြိုခွဲလိုက်သောအခါ၊ သူတို့၏ ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်စွမ်းအင် ထက်ဝက်ကျော်ကိုလည်း ဆုံးရှုံးသွားခဲ့ရသည်။

"ဒါက နည်းလမ်းမဟုတ်သေးဘူး။ မကြာခင်မှာဘဲ၊ ငါတို့ရဲ့ ခန္ဓာကိုယ်ထဲက ဝိညာဉ်စွမ်းအင်တွေ ကုန်ဆုံးသွားလိမ့်မယ်။" ကျိထျန်းချန်က လေးနက်စွာ ပြောသည်။

ချင်ယွင်သည်လည်း ဤပြဿနာကို သတိပြုမိခဲ့သည်။ ယခု သူတို့သည် ဤလမ်းကြားမှ မီတာ ရှစ်ရာသာ ကွာဝေးအထိသာရောက်သေးပြီး နောက်ဆုံး မီတာ ၂၀၀ သည် အလွန်ခက်ခဲ ပေလိမ့်မည်။

ဘန်း!

ဤအခိုက်အတန့်တွင် မြေပြင်တစ်ခုလုံး ပြင်းထန်စွာ တုန်လှုပ်သွား ပြန်သည်။

ချင်ယွင်နှင့် အခြားလူများ၏ ခန္ဓာကိုယ်များပင် ပြင်းထန်စွာ တုန်ခါနေခဲ့သည်။

မရေမတွက်နိုင်သော ဓားရှည်များသည် မြေပြင်မှ ချက်ချင်းပင် ပျံသန်းထလာကြသည်။

"ဓားတစ်သောင်း...ဓားတစ်သောင်းလား!"

ချင်ယွင်၏ ဦးရေပြားသည်ပင် ရုတ်တရက် ထုံကျင်သွားခဲ့ပြီး ကျိထျန်းချန်သည်လည်း အဝေးမှနေ၍ ခါးသီးသော အပြုံးကို ထုတ်ဖော်လိုက်သည်။

ဓားတစ်သောင်းသည် လေထဲတွင် တဖြည်းဖြည်း စုစည်းလာခဲ့ပြီး နောက်ဆုံးတွင် အလွန်ကြီးမားသော ဓားကြီးတစ်လက် ဖြစ်လာသည်။

ထိုဧရာမဓားကြီးပေါ်လာသည်နှင့် ကြောက်စရာကောင်းသော စွမ်းအားသည် ကျိထျန်းချန် နှင့် ချင်ယွင်တို့ဆီ ချက်ခြင်း ဝင်ရောက် လွှမ်းမိုးသွားခဲ့သည်။

ကျိထျန်းချန် နှင့် ချင်ယွင်တို့သည် ကြီးမားသော လေပြင်းတစ်ချက်ကို ခံစားလိုက်ရပြီး ခြေတစ်လှမ်း နောက်ဆုတ်သွားကြသည်။

ဝှီး!

ဧရာမဓားကြီးထံမှ ပြင်းထန်သော အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။ ၎င်းအသံသည် ဓားတစ်သောင်း၏ ပဲ့တင်ထပ်သံကဲ့သို့ပင် လူတို့၏ စိတ်နှလုံး အောက်ခြေနက်နက်မှ ရူးသွပ်ခြင်းကို ခံစားရစေသည်။

"ဘုန်း!"

ဧရာမဓားကြီးသည် တောင်ကြီးတစ်ခုပေါ်မှ ဆင်းသက်လာသည့်အလား ဖိချလိုက်သည်။

"အတူတူတိုက်ခိုက်ကြရအောင်!" ကျိထျန်းချန်က သူ၏ဘေးမှာရှိသည့် ချင်ယွင်ကို ပြောလိုက်သည် ။

ချင်ယွင်က ခေါင်းညိတ်ပြလိုက်ပြီး သူ၏မျက်လုံးများက ပြင်းထန်သည့် တိုက်ပွဲစိတ် ဆန္ဒများကို ထုတ်လွှတ်နေသည်။

ဓားအမှတ်အသားကျောက်နံရံရှေ့မှာ သူနားလည်ခဲ့သော ဓားဆန္ဒသည်လည်း ယခုအခိုက် အတန့်တွင် ထွက်ပေါ်လာသည်။ ချင်ယွင်၏ ခန္ဓာကိုယ်မှ အေးစက်ပြီး မောက်မာသည့်အငွေ့အသက်များ ထွက်ပေါ်လာသည်။ သူ၏လက်ထဲတွင်ရှိသော ကြယ်နက်ဓားသည် ရေလှိုင်းများဖြင့် ဝန်းရံထားပုံရပြီး သူ၏နှလုံးသားကို ရင်တုန်စေသည့် အငွေ့အသက်က ယခုအချိန်တွင် ပတ်ပတ်လည်မှာ ပျံ့နှံ့လာခဲ့သည်။

ကျိထျန်းချန်၏လက်ထဲရှိဓားသည်လည်း ခမ်းနားထည်ဝါသည့် လေးထောင့်အကွက် တစ်ခုကို ထုတ်လွှတ်လိုက်သည်။ သူ၏ လရောင်လိုဖြူစင်သည့် ဝတ်ရုံက သူ၏ ခန္ဓာကိုယ်မှာ ကပ်နေသည်။ သူ၏လက်ထဲက မွန်းဝှိုက်ဓားရှည်သည် ညဉ့်ကောင်းကင်ယံမှာ ပြည့်ဝန်းနေသည့်လပြည့်ညကဲ့သို့ အေးစိမ့်နေသည့် အငွေ့အသက်ကို ထုတ်လွှတ်နေသည်။

"ဝှီး!

ချင်ယွင် နှင့် ကျိထျန်းချန်တို့သည် တစ်ချိန်တည်းတွင် ခုတ်ပိုင်းလိုက်ကြသည်။

ဓားအလင်းတန်းနှစ်ခုသည် လေထဲတွင် ရောယှက်ကာ ဧရာမဓားနှင့် ထိပ်တိုက်ဆုံမိ သွားသည်။

ဓားအလင်းတန်းနှစ်ခုသည် ကောင်းကင်ကြီး တုန်ခါသွားစေလောက် သည့် ပေါက်ကွဲသံကြီးတစ်ခုကို ဖြစ်ပေါ်စေပြီး မြေအောက် နန်းတော်တစ်ခုလုံးကိုပင် ငလျင်လှုပ်သွားသလိုမျိုး ပေါက်ကွဲ တုန်ခါသွားစေခဲ့သည်။

ကောင်းကင်ယံ၌ရှိနေသည့် ဓားတစ်သောင်းသည် ကွဲကြေသွားသည် သို့မဟုတ် ကြယ်များကဲ့သို့ ဘေးတဖက်သို့ ကြွေကျသွားခဲ့သည် ။

ဧရာမဓားကြီးသည် ကွဲကြေသွားခဲ့ပြီး ချင်ယွင်နှင့် ကျိထျန်းချန်တို့သည့် ဝမ်းသာအားရသည့် အမူအယာကို ထုတ်ဖော်ပြလာကြသည်။

ဤအခိုက်အတန့်တွင် သူတို့သည် ဆက်လက်ပြီး ရှေ့တိုးလာနေခဲ့သည်။ သူတို့သည် ဓားစင်မြင့်ကွင်းပြင်နှင့် ဆယ်မီတာအကွာတွင် ရှိနေစဉ် ဓားကွင်းပြင်တစ်ခုလုံးရှိ ဓားအစီအရင်များအားလုံး တုန်ခါလာကြသည်။

"မဟုတ်ဘူး၊ ဓားအစင်း ၁၀၈၀၀၀လုံးလား၊ ငါတို့အသက်ကို စွန့်စားရတော့မှာလား။" ချင်ယွင်သည် ကျိန်ဆဲရုံမှလွဲပြီး ဘာမှမတတ်နိုင်။

သူ၏အနားရှိ ကျိထျန်ချန်သည်လည်း ထိတ်လန့်တုန်လှုပ်သောအမူအရာ ထွက်ပေါ်လာ သည်။ ချင်ယွင်သည် ကျိထျန်းချနန် တုန်လှုပ်ချောက်ချားသော အမူအရာ ထုတ်ဖော်ပြသသည်ကို ပထမဆုံးအကြိမ် တွေ့ဖူးခြင်းပင် ဖြစ်သည်။

ဤအခိုက်အတန့်တွင်၊ ဓားသစ်တောတစ်ခုလုံးရှိ ဓားများအားလုံးသည် လွင့်မျောနေပြီး ကောင်းကင်ယံတစ်ခုလုံးသည် ဓားအလင်းတန်းများ၊ ဓားအော်သံများဖြင့် ပြည့်နှက်နေပါသည်။

ဓားအစင်းပေါင်း ၁၀၈,၀၀၀ သည် လေထဲတွင် လျင်မြန်စွာ လှည့်ပတ်ကာ နောက်ဆုံးတွင် ကြီးမားသော ဓားမုန်တိုင်းကြီး အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

ပတ်ဝန်းကျင်ရှိတောင်နံရံများသည် ဤဓားမုန်တိုင်းကြီးနှင့် နည်းနည်းလေး ထိတွေ့ လိုက်သည်နှင့်တပြိုင်နက် ၎င်းတို့သည် ဖှုန်မှုန့်များအဖြစ်သို့ ချက်ချင်း ပြောင်းလဲ သွားမည် ဖြစ်သည်။

မီတာတစ်ရာအကွာအဝေးမှပင်လျှင် ချင်ယွင်သည် သူ၏မျက်နှာပေါ်တွင် ဓားသွားကဲ့သို့ ထက်ရှသော လေလှိုင်းရိုတ်ခတ်နေသည်ကို ခံစားနိုင်ပြီး ယခုအခိုက် အတန့်တွင် သူ၏ကိုယ်ပေါ်ရှိအဝတ်အစားများသည် အစိတ်စိတ် စုတ်ပြဲသွားခဲ့သည်။

သိပ်မကြာခင်မှာ သူ၏ခန္ဓာကိုယ်ပေါ်ရှိ အဝတ်အစားများသည် သူ၏ခန္ဓာကိုယ်ကို ထွင်းဖောက်မြင်နိုင်နေပြီး သူ၏ဘေးမှာ ရပ်နေသည့် ကျိထျန်းချန်သည်လည်း အလားတူပင်ဖြစ်သည်။

ချင်ယွင်သည် ရှိုက်ကြီးတငင် မပြုံးဘဲမနေနိုင်တော့။ မိုးကြိုးဝိညာဉ်တောင်၏ ကမ္ဘာငယ်လေးထဲမှာတုန်းက သူ၏အဝတ်အစားများ အစိတ်စိတ်အမြွှာမြွှာ ကြေမွပျက်ဆီးသွားစဉ် သူ၏ဘေးမှာ အမျိုးသမီး တစ်ယောက်ရှိနေတုန်းဖြစ်သည်။ ယခု သူ၏ဘေးမှာ လူတစ်ယောက် ရပ်နေပြန်သည်။

သူတို့နှစ်ဦးသည် အချင်းချင်း ရိုးသားကြလျှင်ပင် ချင်ယွင်အတွက်တော့ ထိုစိတ်ကူးယဉ်စရာ မြင်ကွင်းက အမှန်တကယ် လှပလွန်းခဲ့သည်။

ကျိထျန်းချန်သည် ဤမြင်ကွင်းကို မြင်လိုက်ရလျှင် သူ၏မျက်နှာမှာလည်း ရှက်ရွံ့မှုအပြည့် ဖြစ်နေသည်။ ဝိညာဉ်ချီအလင်းအလွှာ တစ်ခုက သူ၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာပြီး ဓားမိုးမုန်တိုင်းကြောင့် ဖြစ်ပေါ်လာသော ဓားမိုးရေစက်များကို ပိတ်ဆို့ လိုက်သည်။

ချင်ယွင်သည်လည်း ချက်ချင်း လိုက်ပါသွားခဲ့သည်။ ဤနည်းအားဖြင့် အရွယ်ရောက်ပြီး သူ နှစ်ဦးသည် တစ်ဦးနှင့်တစ်ဦး ကိုယ်လုံးတီးဖြစ်နေပြီး နှစ်ယောက်သား မျက်နှာချင်း မဆိုင်ရဲတော့။

သို့သော်လည်း နောက်အခိုက်အတန့်တွင် ချင်ယွင်သည် လုံးဝ ပြောစရာစကားမရှိ ဖြစ်သွားရသည်။

ကောင်းကင်ယံမှ ဓားမိုးမုန်တိုင်းက သူတို့ဆီ ပြေးဝင်လာနေပြီ။ သူ၏ပတ်ဝန်းကျင်ရှိ ကျောက်တုံးများအားလုံးသည် ဓားမိုးမုန်တိုင်းကြောင့် ပျက်သုဉ်းသွားကာ ပတ်ဝန်းကျင် နေရာများပင် ကွဲအက်သွားသည့် အရိပ်အယောင်များ ပြသနေသည်။

ချင်ယွင်သည် သူ၏နှလုံးခုန်သံပျောက်ကွယ်သွားသည်ဟုသာ ခံစားလိုက်ရပြီး ဤကြောက်မက်ဖွယ် ကောင်းသော ဓားမိုးမုန်တိုင်းကို တွန်းလှန်ရန် သူ၏ခွန်အားရှိသမျှကို အသုံးပြုလိုက်ကာ သူ၏မျက်လုံးများသည် ပြတ်သားသည့် ဆုံးဖြတ်ချက်တစ်ခုအဖြစ် တောက်ပလာခဲ့သည်။

ကျိထျန်းချန်သည် ရုတ်တရက် ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်သည်။ သူ၏လက်ထဲရှိ မွန်းဝှိုက်ဓားရှည်နေရာတွင် အစိမ်းရင့်ရောင် ရှေးဟောင်းဓားရှည်တစ်လက်ဖြင့် အမှန်တကယ် အစားထိုးသွားခဲ့သည်။ ဓားထွက်ပေါ်လာသည့်အခိုက် လေဟာနယ် တစ်ခုလုံး တုန်ခါသွားခဲ့သည်။

ဓားမိုးမုန်တိုင်းထဲမှ ဓားတစ်သိန်းရှစ်သောင်းသည် ဆင့်ခေါ်သံတစ်မျိုးကို ကြားလိုက်ပုံ ရပြီး ဓားမိုးမုန်တိုင်းအတွင်းမှ ထွက်ပြေးလွတ်မြောက်တော့ မည့်ဟန်ဖြင့် ပြင်းထန်စွာ လှုပ်ခါစပြုလာသည်။

ဤအခိုက်အတန့်တွင်၊ ကျိထျန်းချန်သည် အင်မော်တယ်ဓားအဖြစ်သို့ ပြောင်းလဲသွားပုံရပြီး၊ ထာဝရဓားဆန္ဒတစ်ခုသည် သူ၏ခန္ဓာကိုယ်မှ ပျံ့နှံ့လာကာ သူ၏မျက်လုံးများထဲတွင် တဟုန်ထိုး ထွက်ပေါ်လာသည်။

"ဓားဝိညာဉ်ပါတဲ့ အင်မော်တယ်အဆင့်ဓားလား" ချင်ယွင်သည် သူ၏မျက်လုံးများကို ပြူးကျယ်စွာဖွင့်ပြီး ပြောလိုက်သည်။ ကျိထျန်းချန်၏ လက်ထဲမှဓားသည် ဓားဝိညာဉ်ကိုပိုင်ဆိုင်ထားသည့် အင်မော်တယ်ဓားတစ်လက် ဖြစ်နေသည်။

"ဓားတစ်ချောင်း အဆုံးသတ်ခြင်း!" ကျိထျန်းချန်၏ ပါးစပ်မှ တိုးညှင်းသော အော်သံ ထွက်ပေါ်လာသည်။ သူ၏လက်ထဲမှ ဓားသည် သာမန်ထင်ရတဲ့ ဓားအလင်းတစ်ခုကို ဆွဲထုတ်လိုက်သော်လည်း သူ၏နှလုံးသားကို ရင်တုန်ပန်းတုန်ဖြစ်သွားစေခဲ့သည်။

အခန်း (၂၅၀) လေစွမ်းရည်ဓားသန္ဓေသား။

ကျိထျန်းချန်သည် သူ၏ဓားဖြင့်ခုတ်ပိုင်းလိုက်ပြီးနောက်၊ သူ၏တစ်ကိုယ်လုံးသည် မြေပြင်ပေါ်သို့ ပြိုလဲကျသွားသည်။

အစောပိုင်းလေးက ထိုဓားကို ထုတ်ဖော်လိုက်သောအခါတွင် သူသည် သူ၏ ဝိညာဉ်စွမ်းအင်အားလုံး လုံး၀ ဆုံးရှုံးသွားခဲ့သည်မှာ ထင်ရှားပါသည်။

သို့သော် ကျိထျန်းချန်သည် ဓားဝိညာဉ်ပါသည့် အင်မော်တယ်ဓားကို ပိုင်ဆိုင်နိုင်သည့် အတွက် ချင်ယွင်သည် အလွန်အံ့သြသွားသည်။

"အရမ်းထူးဆန်းတယ်နေတယ်လား ။ ဓားဝိညာဉ်ပါတဲ့ အင်မော်တယ်ဓားကို ငါ ပိုင်ဆိုင်ထားတာနဲ့ ပတ်သတ်လို့။" ကျိထျန်းချန်က စိတ်မသက်သာစွာ ပြုံးလိုက်သည်။

ချင်ယွင်က ခေါင်းညိတ်ပြလိုက်သော်လည်း ပြောလိုက်သည် "ဒါက မင်းရဲ့ လျှို့ဝှက်ချက်ပါ၊ ငါ မမေးတော့ပါဘူး"

ကျိထျန်းချန်သည် အနည်းငယ် အံ့သြသွားသည့် အမူအရာကို ထုတ်ပြလိုက်သည်။ ထို့နောက် သူ၏မျက်နှာတွင် အပြုံးတစ်ခုပေါ်လာသည်။ ထိုနောက် သူက ပြောလိုက်သည် "မင်း ငါ့ကို အရမ်းသတိထားနေတယ်ဆိုာ ငါလည်းသိထားပြီးသားပါ။ တကယ်တော့ ငါ မင်းကိုပြောမယ်ဆိုရင်လည်း ဒါက အဆင်ပြေပါတယ်။ အဲဒီဓားကို ရှေးဟောင်းနယ်မြေတစ်ခုထဲက ငါရှာတွေ့ခဲ့တာ၊ ပထမတော့ ဒီဓားကို သာမန်အင်မော်တယ်ဓားတစ်လက်လို့ ငါ ထင်ခဲ့တယ်။ ဒါပေမယ့် နောက်ပိုင်းကျမှ ဒီဓားက ဓားဝိညာဉ်ပါတဲ့ အင်မော်တယ်ဓားတစ်လက်ဖြစ်ကြောင်း ငါ တွေ့ရှိခဲ့ရတယ်။ ငါ အရမ်း စိတ်လှုပ်ရှားသွားခဲ့ရတယ်။ ဓားရဲ့ပိုင်ရှင်ကို အသိအမှတ်ပြုဖို့ သွေးတစ်စက် ကို ချက်ချင်းချပေးခဲ့ပေမယ့် နောက်ပိုင်းကျမှာ ဒီဓားက နတ်ဆိုးဓားတစ်လက် ဖြစ်ကြောင်း ငါ သိလိုက်ရတယ်။"

ကျိထျန်းချန်က ဝမ်းနည်းစွာ ပြုံးပြရင်း သူစကားပြောသည်။ သူ၏လက်ထဲရှိ အစိမ်းရင့်ရောင် ရှေးဟောင်းဓားကို ကြည့်လိုက်ရင်း သူ၏မျက်လုံးများက စိတ်ရှုပ်ထွေးမှုများဖြင့် ပြည့်နှက်နေသည်။

ချင်ယွင်သည်လည်း မှင်သေသေဖြစ်သွားခဲ့ရပြီး အံ့အားတသင့်ဖြစ်ကာ မေးလိုက်သည် "နတ်ဆိုးဓားလား?"

"မှန်ပါတယ်။ ဒါက နတ်ဆိုးဓားတစ်လက်ပဲ၊ ငါ ဒီဓားကို အသုံးပြုတဲ့အချိန်တိုင်း ဓားက ငါ့အသက်ကို ဝါးမြိုသွားလိမ့်မယ်" ကျိထျန်းချန်က အေးစက်သော မျက်လုံးများဖြင့် ပြောလိုက်သည်။

ချင်ယွင် မျက်မှောင်ကြုတ်လိုက်သည်။ အသက်ကို ဝါးမျိုနိုင်တဲ့ ဓားဝိညာဉ်တစ်ခုလား?

ချင်ယွင်သည် ကျိထျန်းချန်ကို ဂရုတစိုက်ကြည့်လိုက်လျှင် သူ၏မျက်လုံးထောင့်တွင် အရေတွန့်သည့် အရိပ်အယောင်များ ရှိနေပြီး ၎င်းက သူ့ကို အံ့သြသွားစေသည် ။

ချင်ယွင်၏အမြင်တွင်၊ ထိုဓားဝိညာဉ်အမျိုးအစားကို သန့်စင်သော လူများ အမှန်တကယ် ရှိသော်လည်း ၎င်းမှာ ရှေးခေတ်အချိန်တုန်းက နတ်ဆိုးများသာ လုပ်ဆောင်ကြသည့်အရာ ဖြစ်သည်။ ဤဓားဝိညာဉ် အမျိုးအစားသည် ရန်သူများ၏ အသက်ကိုသာမက ဓားပိုင်ရှင်များ၏ အသက်ကိုပါ ဝါးမျိုသွားသောကြောင့် တစ်နည်းအားဖြင့် ဤဓားဝိညာဉ်များကို သန့်စင်ခြင်းသည် အခြားသူများကို ထိခိုက် နစ်နာစေသည့်အပြင် မိမိအတွက်လည်း ကောင်းကျိုးမရှိပေ။

သို့သော်၊ ဤကဲ့သို့သော သန့်စင်ရေးနည်းပညာရပ်မျိုးသည် နတ်ဆိုးမျိုးနွယ်စု ဖျက်ဆီးခံရပြီးကတည်းက ပေါ်ထွန်းလာခဲ့ခြင်း မရှိတော့ပေ။ ယခု ဤကျိထျန်းချန်သည် မည်သို့ ရရှိပိုင်ဆိုင်နိုင်မည်နည်း။

"တကယ်တော့ ငါ မင်းကိုပြောပြရတဲ့ အကြောင်းရင်းက ဓားဝိညာဉ်ရှိတဲ့ ဒီဓားကို ငါအသုံးပြုတဲ့အချိန်တုန်းက မင်းမျက်လုံးထဲမှာ လောဘအရိပ်အယောင်တွေ မတွေ့ခဲ့ရလို့ပဲ၊ ဒီလိုမှမဟုတ်ရင် စောစောလေးက ငါ ဒီဓားကို ခုတ်ပိုင်းပြီးတဲ့နောက် ဒုတိယဓားချက်က မင်းအတွက်ဖြစ်သွားလိမ့်မယ်" ကျိထျန်းချန်က လေးနက်စွာ ပြောသည်။

ချင်ယွင်က ကူကယ်ရာမဲ့စွာ ပြုံးလိုက်သည်။ သူ့မှာ အလိုလောဘဆန္ဒ မည်ကဲ့သို့ မရှိဘဲ နေမည်နည်း။ အဘယ်ကြောင့်ဆိုသော် ထိုအချိန်တုန်းက သူသည် တုန်လှုပ် ချောက်ချားမှုကိုသာ အာရုံစိုက်နေပြီး အခြားမည်သည့်အရာကိုမျှ မစဉ်းစားမိ သောကြောင့် ဖြစ်သည်။ အကယ်၍ သူသည် ဓားဝိညာဉ်ပါသည့် အင်မော်တယ်ဓားကို အမှန်တကယ် မပိုင်ဆိုင်ချင်ဘူးဆိုပါက၊ သူသည် ဓားသန္ဓေသားတစ်ခုအတွက် ဤဓားဝင်္ကပါထဲကို ဝင်ရောက်ဖို့ ကျိထျန်းချန်နှင့် အဘယ်ကြောင့် သဘောတူရ မည်နည်း။

ကျိထျန်းချန် အတွက်ကတော့၊ ကျိထျန်းချန်သည် ထိုနောက်ဆုံး အခိုက်အတန့်မှာ ဓားဝိညာဉ်ပါသည့် အင်မော်တယ်ဓားကို အသုံးပြုခဲ့ပြီးနောက် သူ၏ခန္ဓာကိုယ်မှာ ရှိသည့် ဝိညာဉ်စွမ်းအင်အားလုံး ဝါးမြိုခံလိုက်ရသည်ကို သူနောက်ဆုံး နားလည်သွားခဲ့သည်။ သူ့မှာမြစ်ကိုဖြတ်ပြီး တံတားကို ဖြိုဖျက်ရန် ရည်ရွယ်ချက်မရှိဟု သူ မြင်နိုင်သည်။ သူသည် ယခင်က အရာအားလုံးကို နားလည်မှုလွဲနေခဲ့သည်။

ကျိထျန်းချန်ဟာ မြစ်ကိုဖြတ်ပြီး တံတားကိုဖြိုဖျက်မည့် သူတစ်ယောက် မဟုတ်တာကြောင့် ချင်ယွင်သည် ကျိထျန်းချန်၏ လက်ထဲမှာရှိသည့် အရာများနှင့် ပတ်သက်၍လည်း အကြံအစည် တစ်စုံတစ်ရာမရှိသည်မှာ သဘာဝအတိုင်းဖြစ်သည်။

ဤသည်မှာ ချင်ယွင်၏ နိယာမဖြစ်သည်။

"မင်းက နောက်ဆုံး ဓားဝင်္ကပါကို ချိုးဖျက်လိုက်တဲ့အတွက် ဓားဝိညာဉ်က မင်းပိုင်တယ်!" ချင်ယွင်က ပြောလိုက်သည်။

သူသည် ဓားဝိညာဉ်ကို အမှန်တကယ် လိုချင်သော်လည်း ၎င်းကို ရယူရန် မလိုအပ်တော့ပေ။

"မဟုတ်ဘူး ၊ အဲဒီဓားဝိညာဉ်ကို မင်းပိုင်တယ်။ ငါက ဓားသိုင်းပညာရပ်အတွက် မူလကတည်းက ဒီမှာရှိနေခဲ့တါ။" ကျိထျန်းချန်က ရုတ်တရက် ပြောလိုက်သည်။

ချင်ယွင်သည် အနည်းငယ် ထိတ်လန့်သွားသော်လည်း ထိုအကြောင်းကို စဉ်းစားပြီးနောက် ကျိထျန်းချန်သည် ဓားဝိညာဉ်ပါသည့် အင်မော်တယ် ဓားတစ်လက်ကို အမှန်တကယ် ပိုင်ဆိုင်ထားခဲ့သည်။ ဤဓားဝိညာဉ်သည် သူ၏အသက်ကို ဝါးမျိုနိုင်သော ဓားဝိညာဉ်ဖြစ်သော်ငြားလည်း ဤဓားသန္ဓေသားသည် သူ့အတွက် များစွာ အသုံးမဝင်တော့ပေ။

"ကောင်းပြီလေ၊ အဲဒီဓားသိုင်းပညာရပ်က မင်းပိုင်တယ်၊ ဓားသန္ဓေသားအမြုတေက ငါပိုင်တယ်။" ချင်ယွင်သည် မျှော်လင့်ထားသည့်အတိုင်း ချစ်ခင်ကြင်နာသူ မဟုတ်ပေ။ ကျိထျန်းချန်က ပြောပြီးပြီမို့ သူ့အနေဖြင့် သဘာဝအတိုင်း ပြန်ပေးတော့မည် မဟုတ်ပေ။

ယခုအချိန်မှာ ဓား တစ်သိန်းရှစ်ထောင် မရှိတော့သည့်အတွက် ထိုဓားဝင်္ကပါသည် သဘာဝအတိုင်း ကျိုးပျက်သွားခဲ့ပါပြီ။

အမှန်တကယ်တော့ ချင်ယွင်သည် သူ၏ရင်ထဲမှာ အနည်းငယ် ဝမ်းနည်းနေသေးသည်။ ဤဓားတစ်သိန်းရှစ်ထောင်သည် သေမျိုးအဆင့် ဓားများဖြစ်သော်လည်း၊ ၎င်းတို့သည် သေမျိုးအဆင့် ဓားများကြားတွင် ရတနာများဖြစ်သည်။

ယခုလိုရတနာများစွာကို တပြိုင်နက်တည်း စုဆောင်းနိုင်ခြင်းသည် အလွန်ရှားပါးသော အရာဟု ယူဆထားပြီး ဖြစ်သည်။

အကယ်၍ ဤဓားတစ်သိန်းရှစ်ထောင်ကို ချင်ယွင်ရရှိခဲ့မည်ဆိုလျှင်၊ အနာဂတ်တွင် သူ၏ အစီအရင်ကျင့်ကြံမူအဆင့် ပြန်လည်ကောင်းမွန်လာပါက ချင်ယွင်သည် ၎င်းတို့အား ဓားအစီအရင်ဝင်္ကပါများ တည်ဆောက်ရန်အတွက် အသုံးပြုနိုင်မည် ဖြစ်သည်။ ထိုအချိန်တွင် သူ၏စွမ်းအားသည် ထူးထူးခြားခြား ဖြစ်လာလိမ့်မည်။

ကံမကောင်းစွာပဲ၊ ဤဓားအားလုံးကို လေဟာနယ်အက်ကြောင်း များက ဝါးမျိုသွားခဲ့ပြီး ၎င်းတို့ကို ပြန်ရှာရန် မဖြစ်နိုင်တော့ပေ။

ချင်ယွင်သည် ဓားစင်မြင်ဆီသို့ ဖြည်းညှင်းစွာ လျှောက်လာသည်။

ဤဓားစင်မြင့်နှင့် ပတ်သက်ပြီး ဘာမှ ထူးထူးခြားခြား မရှိပါဘူး။ ကျောက်စာချပ်တစ်ချပ်နှင့် လွင့်မျောနေသော ဓားသန္ဓေသားအမြုတေတစ်ခုမျှသာ ရှိသည်။

ချင်ယွင်သည် ကျောက်စာချပ်ပါ အကြောင်းအရာများကို မကြည့်ဘဲ လွင့်မျောနေသော ဓားသန္ဓေသားအမြုတေဆီသို့ တိုက်ရိုက်သွားခဲ့သည်။

သူသည် ဓားသိုင်းပညာရပ်ကို ကျိထျန်းချန်အတွက် ထားခဲ့ရန် သဘောတူ ထားသောကြောင့် ချင်ယွင်သည် ၎င်းကျောက်စာချပ်ကို နောက်တစ်ကြိမ် မကြည့်တော့ပေ။ ထို့အပြင် သူသည် ဤဓားကျမ်းစာများကိုလည်း ဂရုမစိုက်ပေ။

ကျိထျန်းချန်သည်လည်း သူ၏ ဝိညာဉ်စွမ်းအင်အချို့ကို ပြန်လည်ရရှိခဲ့သည်။ သူသည် ကျောက်စာချပ်ရှိသည့်ဆီသို့ လျှောက်သွားကာ ကျောက်စာချပ်ပါ အကြောင်းအရာများကို မြင်သောအခါ သူ၏မျက်လုံးများက တောက်ပလာသည်။

"ဒါက တကယ်ကို အင်မော်တယ်အဆင့်ဓားသိုင်းပညာတစ်ခုပဲ၊ ဒါ့အပြင် အင်မော်တယ်အဆင့် အဆင့်မြင့်တန်းစား ဓားသိုင်းပညာရပ်တစ်ခုလည်း ဖြစ်တယ်။ မင်း မကြည့်ချင်ဘူးဆိုတာ သေချာရဲ့လား။"ကျိထျန်းချန်က ချင်ယွင်ကို ပြုံးပြီး ပြောသည် ။

ချင်ယွင် ခေါင်းခါပြလိုက်သည်။ ၎င်းသည် အင်မော်တယ်အဆင့် အဆင့်မြင့်တန်းစား ဓားသိုင်းပညာရပ်တစ်ခု ဖြစ်သည့်အတွက် အလွန်အံ့အားသင့်ခဲ့ရသော်လည်း သူမကြည့်ဘူးဆိုလျှင် ကြည့်တော့မည်မဟုတ်ဟု ဆိုလိုပါသည်။

ဤအခိုက်အတန့်တွင် သူ၏အကြည့်များက သူ၏ရှေ့ရှိ ဓားသန္ဓေသားအမြုတေကို လုံးလုံးလျားလျား စူးစိုက်ကြည့်နေသည်။

ဓားသန္ဓေသားအမြုတေသည် သုံးလက်မမျှသာ ရှည်လျားပြီး ဓားပုံစံရှိသည်။ ၎င်း၏ကိုယ်ထည်တစ်ခုလုံးသည် စိမ်းရောင်အသွင် ပြောင်းလဲသွားကာ ၎င်း၏ ပတ်ဝန်းကျင်မှ စိမ်းပြာရောင်ဖျော့ဖျော့သည် စတင်ထွက်ပေါ်လာသည်။

"လေစွမ်းရည်ဓားသန္ဓေသားပါလား!" ချင်ယွင်က အပြုံးနှင့်အတူ ပြောလိုက်သည် ။

ဓားသန္ဓေသားအမြုတေသည် လေစွမ်းရည်ပိုင်ဆိုင်သော ဓားသန္ဓေသား ဖြစ်နေသည်။ ဤနည်းဖြင့် ၎င်းသည် ဓား၏စွမ်းအားကို တိုးစေနိုင်သည်။ တိုက်ဆိုင်စွာပင်၊ ချင်ယွင်သည်လည်း လေစွမ်းရည်ဓားသိုင်းပညာရပ်ကိုများ လေ့ကျင့်ထားသည်။ ဤဓားသန္ဓေသားအမြုတေကို သူ့အတွက် ပြုလုပ်ထားသည်ဟုပင် ဆိုနိုင်သည်။

ချင်ယွင်သည် သေးငယ်သော ဓားသန္ဓေသားအမြုတေကို ထိမိလိုက်သလို ခံစားလိုက်ရသည်။

သို့သော် ဤဓားသန္ဓေသားအမြုတေ သေးသေးလေးသည် အသက်ရှင်နေပုံရပြီး ချင်ယွင်၏လက်ကို အမှန်တကယ် ရှောင်သွားခဲ့သည်။

ချင်ယွင်က အံ့သြသွားပြီး ပြောလိုက်သည် "ဘယ်လို စိတ်ဝိညာဉ် ဓားသန္ဓေအမြုတေ တစ်ခုပါလိမ့်၊ ကြည့်ရတာ ဒါက အချိန်အတော်ကြာနေပြီ ထင်တယ်"

ချင်ယွင်သည် နည်းနည်းလေးမှ တုန့်ဆိုင်းမနေတော့ဘဲ၊ သူ၏လေဝိညာဉ်ကို ချက်ချင်းပြသပြီး ထိုဝိညာဉ်ကောင် သေးသေးလေးကို ဖမ်းလိုက်သည်။

ထို့နောက် ၎င်းကို ကောင်းကင်ဘုံကိုးအလွှာ ကြယ်စင်စုပုံကြမ်းထဲရှိ လေဟာနယ်ထဲသို့ ပစ်ချလိုက်သည်။ သူသည် သူ၏ဓားရှည်တွင် လေစွမ်းရည်ပါဝင်သည့် ဓားသန္ဓေသားအမြုတေကို တိုက်ရိုက်ပေါင်းစပ်ခြင်း မပြုသေးဘဲ တုလုံကျွန်းကိုပင် ဆက်လက် လှည့်လည်ကြည့်ရူရန် ရွေးချယ်ခဲ့သည်။

နောက်ဆုံးမှာတော့၊ ဓားသန္ဓေသားအမြုတေနှင့် ပေါင်းစပ်ခြင်းသည် အချိန်တိုအတွင်း ပြီးမြောက်နိုင်သောအရာ မဟုတ်ပေ။ ထို့အပြင်၊ ချင်ယွင်သည် လေစွမ်းရည်ပါရှိသည့် ဤဓားသန္ဓေသားအမြုတေကို မည်သည့်ဓားဖြင့် ပေါင်းစပ်ရမည်ဟု အတိအကျ မဆုံးဖြတ်ရသေးပေ။

ချင်ယွင်၏ အတွေးအမြင်အရ အကောင်းဆုံးရွေးချယ်မှုမှာ သဘာဝအတိုင်း မြူနှင်းချောက်နက်ဓား ဖြစ်သည်။

သို့သော်လည်း မြူနှင်းချောက်နက်ဓားထဲတွင် သူ၏ရှေးဟောင်းတာအိုဆရာ သခင်သည် လောလောဆယ်တွင် နေထိုင်ပါသည်။

သူသည် ထိုဓားကို ဓားဝိညာဉ်နှင့် ပေါင်းစည်းရန် ရိုးရှင်းစွာဖြင့် မဖြစ်နိုင်ပေ။ ထို့အပြင်၊ ကြယ်နက်ဓားသည်လည်း လေစွမ်းရည်အတွက် မသင့်လျော်ပေ။ ယင်းကြောင့် ချင်ယွင်သည် သူ၏စိတ်ထဲတွင် အနည်းငယ် သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်ခဲ့ပြီး အရင်ဆုံး တုလုံကျွန်းမှ ထွက်ခွာသည်အထိ စောင့်ဆိုင်းပြီးမှ ပေါင်းစည်းရန် ဆုံးဖြတ်ခဲ့သည်။

ချင်ယွင်သည် ဓားသန္ဓေသားအမြုတေကို စုဆောင်းပြီးနောက် လှည့်ကြည့်လိုက်ရာ ကျောက်စာချပ်ပေါ်ရှိ ဓားသိုင်းကျမ်းကို အလွတ်ကျက်မှတ်ပြီး ဓားသိုင်းကျမ်းစာ၏ အညွှန်းအတိုင်း ဝိညာဉ်စွမ်းအင်လမ်းကြောင်းကို တိတ်တဆိတ် ဖြန့်ကျက်ရန် ကြိုးစားနေသော ကျိထျန်းချန်ကို တွေ့လိုက်ရသည်။

ချင်ယွင်က သူ့ကို မနှောင့်ယှက်တော့ပေ။ ယင်းအစား၊ သူသည် ဓားကွင်းပြင်ထဲမှာ လမ်းလျှောက်လိုက်သည်။

အဆုံးတွင် ချင်ယွင်၏ အကြည့်သည် ဓားကွင်းပြင်၏ဗဟိုသို့ ရောက်ရှိသွားခဲ့သည်။ ကျောက်တံခါးပေါ်မှာ ချင်ယွင် မြင်ခဲ့သည့် ပုံစံအတိုင်းပဲ ဤနေရာမှာလည်း အတိအကျ တူညီသည့် ပုံစံတစ်ခုရှိနေသည်။

နဂါးကိုးကောင်သည် ဂါရဝပြုပြီး အရှေ့အရပ်ကို ကိုးကွယ်သည်။

ဒီနဂါးကိုးကောင်က အတိအကျ ဘာကို ကိုးကွယ်တာလဲ။

လူသားကိုလား? ဒါမှမဟုတ် ရှေးဟောင်းနတ်နဂါးကိုလား။

All Chapters