အခန်း (၂၅၆-၂၆၀)
Vol. 18 Ch. 256-260
အခန်း (၂၅၆) အလင်းဝင်ပေါက်ကိုးခု အစစ်အမှန်နဂါးပညာရပ်။
ကွင်းပြင်ပေါ်ရှိ လေထုသည် နောက်တကြိမ်တစ်ဖန် မဆုတ်သာ မတိုးသာသည့် အခြေအနေတစ်ခုသို့ ရောက်ရှိသွားကာ သတ်ဖြတ်လိုသည့်ဆန္ဒနှစ်ခုသည် မြင့်တက် လာဆဲ ဖြစ်သည်။
ချင်ယွင်နှင့် နဝမမင်းသားတို့ကြား ကြီးမားသော တိုက်ပွဲသည် ရှောင်လွှဲ၍မရပေ။
အဋ္ဌမမင်းသားသည် သူ၏မျက်နှာပေါ်တွင် အေးစက်သောအပြုံးဖြင့် ရပ်နေ၏။
ချင်ယွင်၏ ရိုင်းစိုင်းမှုက သူ့ကို လုံးဝ ဒေါသထွက်စေခဲ့သည်။
သူက ဘယ်သူလဲ?။
တော်ဝင်ရန်အင်ပါယာ၏ ဂုဏ်သိက္ခာကြီးမားသည့် အဋ္ဌမမင်းသားဖြစ်ကာ အလွန် မြင့်မြတ်သူ ဖြစ်ပါသည်။ သူသည် ချင်ယွင်ကို နှိမ့်ချစွာ ဖိတ်ကြားခဲ့သော်လည်း ချင်ယွင်က သူ့ကို မညှာတာကင်းမဲ့စွာ ငြင်းပယ်ခဲ့သည်။ ဤအရာက သူ့ကို မျက်နှာပျက်စေသည်။ သူ၏ရန်သူဟောင်းရှေ့မှာဆို ပြောစရာပင်မလိုတော့။
"ဟမ့်၊ မောက်မာပြီး အသိဉာဏ်ကင်းမဲ့တဲ့အကောင်ပဲ။ နဝမမင်းသားက ငါ့ရန်သူဟောင်း ဆိုပေမယ့် သူ့အစွမ်းကို လျှော့တွက်လို့ မရဘူး။ မင်းလို မိုက်မဲတဲ့ ရွာသားတစ်ဦးက သူ့စွမ်းအားကို ဘယ်လိုလုပ် ခန့်မှန်းနိုင်မှာလဲ။ အဋ္ဌမမင်းသားသည် သူ၏စိတ်ထဲတွင် အေးစက်စွာ ကျိန်းမောင်းနေပြီး သူ၏နှလုံးသားထဲမှာလည်း ခံပြင်းဒေါသနှင့်အတူ စိတ်မကောင်းမူ ပြည့်နှက်နေလေသည်။
ထိုကဲ့သို့ မောက်မာမှုနှင့် အသိဉာဏ်ကင်းမူတို့ကြောင့် အရည်အချင်းကောင်းများ ပိုင်ဆိုင်ထားသူတစ်ယောက် ဖျက်ဆီးခံရတော့မည်။
နဝမမင်းသား၏ နောက်ကွယ်တွင် ရပ်နေသော ထိုအမျိုးသမီးငယ်အတွက်မူ သူမ၏ မျက်လုံး များက မောက်မာမူရှိဆဲ ဖြစ်သည်။ သူမ၏အဖော် ဝူကျင်းသေဆုံးသွားသည် ဆိုလျှင်ပင် သူမကို သိပ်ပြီး မထိခိုက်ခဲ့ပါဘူး။
နဝမမင်းသား၏ နောက်ကျောကို ကြည့်နေရင်း သူမ၏ မျက်နှာအမူအရာပေါ်တွင် ပြောင်းလဲသွားသည့် တစ်ခုတည်းသောအရာမှာ သူမ၏မျက်လုံးများတွင် နှက်သက် သဘောကျခြင်းများ ရှိနေခြင်းပင် ဖြစ်သည်။
သူမသည် နဝမမင်းသားကို မြတ်နိုးသူဖြစ်ကြောင်း ထင်ရှားသည်။ သူမသည် နဝမမင်းသား၏ မိန်းမဖြစ်လိုသော အမျိုးသမီးတစ်ဦး ဖြစ်နိုင်သည်။
ချင်ယွင်သည် ထိုကဲ့သို့သော မိန်းမမျိုးကို အကြိမ်များစွာ မြင်ဖူးသည်။ ထိုကဲ့သို့သော အမျိုးသမီးများသည် နဝမမင်းသား၏ မြင့်မားပြီး တန်ခိုးကြီးသော အဆင့်အတန်းနှင့် ခွန်အားကိုသာ သူမတို့အနေဖြင့် လေးစားသဘောကျကြသော်လည်း နောက်ဆုံးတွင် သူမတို့သည် အခြားတစ်ဖက်လူ၏ ကစားစရာအရုပ်သာသာ ဖြစ်လာမည် ဖြစ်သည်။
ချင်ယွင်က ထိုအကြောင်းကို ဂရုစိုက်ရန်ပင် အလွန် ပျင်းနေခဲ့သည်။ ဤအခိုက် အတန့်တွင် သူသည် နဝမမင်းသားကို တိုက်ခိုက်ရန် စိတ်နှလုံးအကြွင်းမဲ့ဖြင့် ပြင်ဆင်နေပြီး သူ၏လက်ထဲတွင်ရှိသော အင်မော်တယ်ဓားသည် ပုစဉ်းရင်ကွဲ တစ်ကောင်ကို အော်ဟစ်လိုက်သည်။
ဓားဝိညာဉ်မပါသော အင်မော်တယ်ဓားသည် ၎င်း၏ပိုင်ရှင်ကို အသိအမှတ်ပြုရန် မလိုအပ်ပေ။ ထို့ကြောင့် ဇူဇီဝမ်ကိုသတ်ပြီးနောက် ချင်ယွင်သည် ဇူဇီဝမ်၏ အင်မော်တယ်ဓားကို တိုက်ရိုက် အသုံးပြုနိုင်သည်။
ထိုအချိန်တွင် သူ၏လက်ထဲမှ အင်မော်တယ်ဓားသည် ချင်ယွင်ကို အနည်းငယ် မှင်တက်မိစေသည့် ခံစားချက်မျိုးပေးသည်။ သူသည် ဝိညာဉ်စွမ်းအင်များ ပြည့်နှက်နေသည့်ခေတ်ကို ပြန်ရောက်သွားသလိုပင်။ စကားလုံးများဖြင့် ပြောပြလို့ မရနိုင်သည့် လွှမ်းမိုးနိုင်စွမ်းရှိသော အငွေ့အသက်များက စမ်းရေလို ရုတ်တရက် ပန်းထွက်လာခဲ့သည်။
"မင်းဘယ်လောက်ပဲ အစွမ်းထက်နေပါစေ မင်းကို ဓားတစ်ကွက်တည်းနဲ့ ငါ သတ်ပစ်မယ်။"
မင်းရဲ့အငွေ့အသက်က ဘယ်လောက်ပဲ လွှမ်းမိုးနိုင်စွမ်း ကြီးမားနေပါစေ ငါကိုယ်တိုင်ကလည်း ကမ္ဘာကြီးကို အုပ်စိုးမယ့်သူဘဲ။"
ထိုအချိန်တွင် ချင်ယွင်သည် သူ၏အထွတ်အထိပ်သို့ ပြန်ရောက် သွားပုံရသည်။ သူ၏ အငွေ့အသက်သည် မမြင်နိုင်စွာပင် အငွေ့အဖြစ်မှ ပြန်ခဲသွားစေသည်။ သူ၏ နှလုံးသားထဲတွင် ကမ္ဘာပေါ်ရှိ ရန်သူအားလုံး၏ မလွှမ်းမိုးနိုင်သည့် ကြီးစိုးချုပ်ကိုင်မှု အငွေ့အသက်များအားလုံးသည် ဤအခိုက်အတန့်တွင် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသို့ စိမ့်ဝင်သွားပုံရသည်။
ထိုအချိန်တွင် ချင်ယွင်သည် သူ၏လက်ထဲတွင် အင်မော်တယ်ဓားတစ်ချောင်းကို ကိုင်ဆောင်ကာ လေထဲတွင် ရပ်နေသည်။ သူသည် နဝမမြောက်မင်းသားကို ကမ္ဘာကြီးကို အပေါ်စီးမှ ငုံ့ကြည့်နေသော နိုင်ငံဦးသျှောင်ဘုရင်ကြီးသည် အင်းဆက်ပိုးကောင်များကို ငုံ့ကြည့်နေသည့်အလား ငုံ့ကြည့်နေသည်။
နဝမမင်းသား မခံမရပ်နိုင် ဖြစ်ရဆုံးသောအရာမှာ ဤအကြည့်မျိုး ဖြစ်သည်။ သူ၏ထင်မြင်ချက်အရ ယခုလိုအကြည့်မျိုးက သူ၏ခမည်းတော်ဆီမှာဘဲ ထွက်ပေါ်လာသင့်သည်။
မြို့ငယ်လေးမှ ထွက်ပေါ်လာသည့် လူငယ်တစ်ယောက်က တကယ်ကို ဘယ်လိုမှ သည်းမခံနိုင်သည့် အကြည့်မျိုးတွေဖြင့် ကြည့်နေခဲ့သည်။
ဘန်း!
သတ္တမအဆင့် အထွတ်အထိပ်သို့ ကောင်းကင်အလွှာ သိုင်းမြို့စားအဆင့် ကျင့်ကြံခြင်းမှ ထွက်ပေါ်လာသည့် အငွေ့အသက်ကြောင့် သူ၏အကြည့်များက အေးစက်သွားသည်။ နဝမမင်းသား၏ပုံရိပ်သည် ခရမ်းရောင်ရောင်ခြည်အဖြစ်သို့ ပြောင်းလဲသွားပြီး ချင်ယွင်၏ရှေ့တွင် ချက်ချင်းပေါ်လာသည်။
"အရမ်းမြန်လွန်းတယ်။ ချင်ယွင်သည် ရုတ်တရက် ထိတ်လန့်သွာသည်။ သူသည် နဝမမင်းသား၏ အမြန်နှုူန်းသည် အလွန်မြန်ဆန်နေလိမ့်မည်ဟု သူ မျော်လင့်မထား ခဲ့ပေ။
“ဟမ့်၊ နဝမမင်းသားသည် အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး ခရမ်းရောင်ချီ အမျှင်တန်းနှစ်ခုကို ထုတ်ဖော်လိုက်ကာ ခရမ်းရောင်နဂါးပုံသဏ္ဍာန် အစစ်အမှန်ချီသည် ချက်ချင်းပင် သူ၏လက်သီးများကို ရစ်ပတ်လာပြီး ချင်ယွင်ဆီသို့ ပစ်ခတ်လိုက် လေသည်။
ချင်ယွင်သည် သူ၏မျက်လုံးများကို မှေးကျဉ်းလိုက်ပြီး ချက်ချင်း ဓားဖြင့် ပိတ်ဆို့ တားဆီး လိုက်သည်။
နဝမမင်းသား၏ လက်သီးသည် ရှေးဟောင်းဓားကို ထိမှန်သွားသည်။
ချွင်!
ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်အတက်အကျလှိုင်းတစ်ခုက ချက်ချင်း ချေဖျက်သွားခဲ့ပြီး ချင်ယွင်၏ ရှေးဓားပေါ်တွင် ကြောက်မက်ဖွယ် စွမ်းအားတစ်ခုက ချက်ချင်း ပေါက်ကွဲသွားသည်။
ချင်ယွင်က မတတ်နိုင်တော့ဘဲ နောက်ဆုတ်သွားရပြီး သူ၏နောက်ရှိနံရံတွင် ပင့်ကူမျှင်ကဲ့သို့ အက်ကွဲကြောင်းများ ကျန်ရစ်ခဲ့သည်။
“သူ့ရဲ့ခွန်အားကလည်း အံ့မခန်းပဲ။ ချင်ယွင်သည် လေထဲတွင် ဂုဏ်ယူ ဝင့်ကြွားစွာရပ်နေသည့် နဝမမင်းသားကို ကြည့်လိုက်သည်။ သူ၏ ခန္ဓာကိုယ်ပတ်ပတ်လည်မှာ ခရမ်းရောင်နဂါးပုံစံဝိညာဉ်စွမ်းအင်စီးကြောင်း များက ဝန်းရံနေပြီး လေထုထဲတွင် နဂါးတစ်ကောင်၏ ခံ့ညားထည်ဝါသော အငွေ့အသက် တစ်ခုက ကြောက်မက်ဖွယ်စွမ်းအင်အတက်အကျနှင့်အတူ ထုတ်လွှတ်နေသည်။
"ဒါက အင်ပါယာမိသားစုရဲ့ ခန္ဓာကိုယ်ကျင့်ကြံခြင်း နည်းစနစ်တစ်ခုဖြစ်တဲ့ အလင်းဝင်ပေါက်ကိုးခု အစစ်အမှန်နဂါးပညာရပ်မဟုတ်လား။ ဒါက တကယ့်ကို သာမန်ထက် ထူးခြားတာပဲ။ အဝေးမှာရှိနေသည့် ကျိထျန်းချန်က အံ့သြစွာ မေးလိုက်သည်။
အလင်းဝင်ပေါက်ကိုးခု အစစ်အမှန်နဂါးပညာရပ်သည် အင်ပါယာမိသားစု၏ တစ်မူထူးခြားသော ကိုယ်ခန္ဓာကျင့်ကြံခြင်းနည်းစနစ်တစ်ခု ဖြစ်သည်။ ၎င်းသည် ဧကရာဇ်အဆင့်၏ အလယ်အလတ်တန်းစား ပညာရပ်တခုနှင့် နှိုင်းယှဉ်နိုင်သည်။ ကြီးမြတ်သောအောင်မြင်မှုနယ်ပယ်သို့ လူတစ်ဦးရောက်ရှိသွားသည်နှင့်တစ်ပြိုင်နက် ၎င်းတို့၏ ခန္ဓာကိုယ်များသည် တောင်များကိုလှုပ်ခတ်စေနိုင်သော နဂါးကိုးကောင်ဖြင့် ဝန်းရံထားမည် ဖြစ်သည်။
ယခုအခါ နဝမမင်းသားသည် အစစ်အမှန်နဂါးချီ အမျှင်တန်းတစ်ခုတည်းကိုသာ အသုံးပြုခဲ့ပြီး ထိုကဲ့သို့သော စွမ်းအားကို ပိုင်ဆိုင်ထားသည်။ ထို့ကြောင့် အင်ပါယာ မိသားစု၏ အခြေခံအုတ်မြစ်သည် အမှန်တကယ်ပင် ထူးထူးခြားခြား ဖြစ်နေပုံရသည်။
သို့သော် ချင်ယွင်သည် သူ၏မျက်လုံးများတွင် ကြောက်ရွံ့မှု အနည်းငယ်မျှ မရှိပေ။ သူသည် သူ၏လက်ထဲမှ အင်မော်တယ်ဓားကို ပြန်ရုတ်သိမ်းလိုက်သည်။
ပြင်းထန်သည့်လေပြင်းများက သူ၏ပတ်ဝန်းကျင်မှာ လှည့်ပတ်လာသလိုမျိုး ပြင်းထန်သည့် ပေါက်ကွဲစွမ်းအင်အားက စတင်ထွက်ပေါ်လာသည်။
"မင်းက အနီးကပ်တိုက်ပွဲကို သဘောကျတယ်ဆိုမှတော့ ငါက မင်းနဲ့အတူ လိုက်ပါပေး မယ်"
ချင်ယွင်က ကျယ်လောင်စွာအော်လိုက်ပြီး သူ၏တစ်ကိုယ်လုံးလည်း ပေါက်ကွဲ ထွက်လာသည်။
နဝမမြောက်မင်းသားသည် အစမှအဆုံး အေးစက်သောအကြည့်ကို ထိန်းထားသည်။ ချင်ယွင်ဝင်ရောက်လာတာကို သူမြင်လိုက်သည့်အခါ သူ၏မျက်လုံးများတွင် သရော်မှု အရိပ်အယောင် ပေါ်လာသည်။
"ဘုန်း!"
သူတို့နှစ်ယောက်၏ လက်သီးချက်များသည် အချင်းချင်း ထိပ်တိုက်ဆုံမိကာ ကောင်းကင်ယံတွင် ပေါက်ကွဲသံများ ထွက်ပေါ်လာသည်။ နှစ်ယောက်သား လေထဲတွင် ခြေလှမ်းသုံးလှမ်း နောက်ပြန်ဆုတ်လိုက်ရသည်။
လူတိုင်း တုန်လှုပ်သွားကြသည်။ ချင်ယွင်သည် အလင်းဝင်ပေါက်ကိုးခု အစစ်အမှန် နဂါးပညာရပ်ကို ပိုင်ဆိုင်ထားသည့် နဝမမင်းသားကို ရင်ဆိုင်ရဲလိမ့်မည်ဟု သူတို့ မထင်မှတ်ထားခဲ့ပေ။ ထို့အပြင် သူသည် အားနည်းချက် မရှိသလောက်ပင်။
ဘုန်း။ ဘုန်း. ။ ဘန်။
ထို့နောက် လူတိုင်း၏နားထဲမှာ မိုးခြိမ်းသံလို ပေါက်ကွဲသံများက ခန်းမထဲမှာ ပဲ့တင်ထပ် လာခဲ့သည်။
ဤမြင်ကွင်းကိုမြင်ရလျှင် လူတိုင်း အံသြသွားကြသည်။ သူတို့၏ ရုပ်ခန္ဓာကိုယ် နှစ်ခုကြားက တိုက်ပွဲသည် အမှန်တကယ်ကို ကြောက်စရာ ကောင်းလွန်းသည်။
"ဘုမ်း!"
ချင်ယွင်နှင့် နဝမမင်းသားတို့သည် တံတိုင်းတစ်ခုကို ဆန့်ကျင်ဘက်ပြုလျှက် ခုခံ တိုက်ခိုက်နေခဲ့ကြသည်။
အစစ်အမှန်နဂါး၏ချီနှင့်ပြည့်နေသော နဝမမင်းသား၏လက်သီးသည် ချင်ယွင်ဆီသို့ ဦးတည်သွားခဲ့သည်။ ချင်ယွင်က ရှောင်တိမ်းလိုက်လျှင် သူ၏ဘေးမှ တောင်နံရံကို ရိုက်ချိုးလိုက်သည်။ တောင်နံရံတံတိုင်းကြီးလုံး ရုတ်တရက် ပေါက်ကွဲသွားပြီး တွင်းနက်ကြီးတစ်ခု ကျန်ရစ်ခဲ့သည်။
ချင်ယွင်သည်လည်း အကျော်ခံလိုက်စိတ်မရှိပေ။ ကျယ်လောင်သော မာန်သွင်းသံနှင့် အတူ သူ၏ ခြေထောက်ကြာပွတ်တစ်ချောင်းသည် နဝမမင်းသား၏ ဦးခေါင်းဆီသို့ လွင့်ပျံသွားခဲ့သည်။ ကံမကောင်းစွာပင်၊ သူ၏ကန်ချက်သည်လည်း လွဲချော်ခဲ့သည်။ ခန်းမကြီးတစ်ခုလုံးသည် တုန်ခါသွားသည့်အထိ ကျောက်နံရံကြီးကို တိုက်ရိုက် ထိမှန်သွားခဲ့သည်။
သူတို့နှစ်ဦးကြားတိုက်ပွဲသည် နေ့ခင်းဘက် အခြေအနေသို့ပင်ရောက်ရှိလာခဲ့သည်။
များမကြာမီပင် တောင်နံရံတစ်ခုလုံးသည် အစိမ်းရောင် တွင်းနက်ပေါက်ကြီးများဖြင့် ပြည့်နှက်လာခဲ့သည်။
"ဟမ့် !"
ရုတ်တရက် နဝမမင်းသားက အေးစက်သော နှာချေရှုံ့လိုက်သည်။ သူ၏ကိုယ်ပေါ်ရှိ အစစ်အမှန်နဂါးချီသည် ရုတ်တရက် ပေါက်ကွဲသွားပြီး နောက်ထပ် အစစ်အမှန်နဂါးချီတစ်ခုက သူ၏ခန္ဓာကိုယ်မှ အမှန်တကယ် ထွက်ပေါ်လာကာ သူ၏ အငွေ့အသက်သည်လည်း ချက်ခြင်း ပေါက်ကွဲထွက်သွားသည်။
ချင်ယွင်၏ ရင်ဘတ်ပေါ်သို့ လက်သီးတစ်ချက် ကျရောက်သွားသည်။ ချင်ယွင်၏ ရင်ဘတ်တစ်ခုလုံးသည် ချက်ချင်းပင် ပြင်းထန်စွာ ထိုးနှက်ခံလိုက်ရပြီး နောက်ပြန် လွင့်ထွက်သွားကာ တောင်နံရံ၏ ကြီးမားသော အစိတ်အပိုင်းကြီး တစ်ခုကိုပင် ရိုက်ချိုးပစ်လိုက်သည်။
ချင်ယွင်သည် တွင်းနက်ကြီးထဲတွင် လဲလျောင်းနေရပြီး သူ၏ပါးစပ်ထောင့်မှ သွေးများကို သုတ်လိုက်သည်။ သူ၏မျက်လုံးထဲတွင် ကြောက်ရွံ့မှုမရှိရုံသာမက တိုက်ပွဲဝင်ချင်စိတ်က ပို၍ပင် ပြင်းထန်လာသည်။
"မင်းက အစစ်အမှန်နဂါးချီရဲ့ အလင်းဝင်ပေါက်နှစ်ခုကို သုံးလိုက်တာလား။ မင်း ဘယ်နှစ်ဆင့်အထိ ပိုသုံးနိုင်ဦးမလဲဆိုတာ ငါကြည့်ချင်ပါသေးတယ်။” ချင်ယွင်က အေးစက်စွာ ပြောလိုက်သည်။ သူ၏ခန္ဓာကိုယ်မှ အစွမ်းထက်သော နဂါးတစ်ကောင်၏ ခမ်းနားထည်ဝါသောအငွေ့အသက်သည် ပေါက်ကွဲထွက်လာခဲ့ပြီး နဂါးသွေးမျိုးဆက်၏ စွမ်းအားသည်လည်း ထွက်ပေါ်လာခဲ့သည်။ အနီရောင်နဂါးချီသည်လည်း ချင်ယွင်၏ ပတ်ပတ်လည်မှာ ရစ်ဝဲလာလေသည်။
" ချင်ယွင်ကလည်း အလင်းဝင်ပေါက်ကိုးခု အစစ်အမှန် နဂါးပညာရပ်ကို သိနေတာများ ဖြစ်နိုင်မလား။"
ကွင်းပြင်ထဲရှိလူတိုင်း အံ့သြသွားကြသည်။ ချင်ယွင်၏ ခန္ဓာကိုယ်မှာ ရစ်ပတ်ထားသည့် သွေးနီရောင် နဂါးချီကို ကြည့်နေကြရင်း သူတို့၏ မျက်လုံးများတွင် ထိတ်လန့်မူများနှင့် ပြည့်နှက်နေသည်။
အဝေးမှာရှိသည့် နဝမမင်းသားသည်လည်း အံ့သြသည့် အမူအရာဖြင့် ရှိနေပြီး သူ့အကြည့်များက အေးစက်လွန်းနေသည်။
"မဖြစ်နိုင်ဘူး၊ အဲဒါက အလင်းဝင်ပေါက်ကိုးခု အစစ်အမှန် နဂါးပညာရပ်မဟုတ်ဘူး၊ သူက တခြားနည်းလမ်းတစ်ခုခုကို အသုံးပြုဖူးတာ ဖြစ်ရမယ်” အဋ္ဌမမင်းသားက အဖြစ်အပျက်အားလုံးကို ကြည့်ရူနေရင်း ရုတ်တရက် ပြောလိုက်သည်။
အားလုံးကလည်း ချင်ယွင်ကို ချက်ချင်း ကြည့်လိုက်ကြသည်။
ချင်ယွင်သည် လေထဲတွင် ရပ်နေပြီး၊ သွေးနီရောင်နေသော နဂါးစွမ်းအားက သူ၏ ခန္ဓာကိုယ်တစ်ဝိုက်တွင် ရှိနေသည်။ ၎င်းသည် နဝမမင်းသား၏ ခရမ်းရောင် နဂါးစွမ်းအင်နှင့် အလွန်ဆင်တူပြီး ကြောက်မက်ဖွယ်ကောင်းသော ခံစားချက်ကို ပေးစွမ်းသည်။
အခန်း (၂၅၇) ခြေရာများပြည့်နေသောမျက်နှာ။
ချင်ယွင်သည် သဘာဝအတိုင်း အလင်းဝင်ပေါက်ကိုးခု အစစ်အမှန်နဂါးပညာရပ်ကို အသုံးမပြုနိုင်ပါ။ သူ၏ခန္ဓာကိုယ်တစ်ဝိုက်တွင် ရစ်ပတ်ထားသော သွေးနီရောင် နဂါးစွမ်းအင်သည် ကြက်သွေးရောင် ဒိုင်နိုဆောရက်ကြီး၏ သွေးအနှစ်သာရနှင့် နဂါးတုံ့ပြန်သွေးမျိုးဆက်၏ သွေးအနှစ်သာရတို့ ပေါင်းစပ်ပြီးနောက် ဖြစ်ပေါ်လာသော နဂါးသွေး စွမ်းအင်မျှသာဖြစ်သည်။ (နဂါးသွေးဆေးလုံးမှာပါဝင်နေသည့် နဂါးတုန့်ပြန် သွေးမျိုးဆက်သွေးအနှစ်သာရကိုရည်ညွှန်းသည်)။
အချိန်ကြာလာသည်နှင့်အမျှ ချင်ယွင်၏ခန္ဓာကိုယ်ထဲတွင် ဖုံးကွယ်နေသော နဂါးသွေးမျိုးဆက်စွမ်းအင်သည် အဆက်မပြတ် တူးဖော်နေခဲ့သည်။ ချင်ယွင်၏ ခန္ဓာကိုယ်ပေါ်ရှိ နဂါးသွေးမျိုးဆက်သည် ပို၍ပင် ထူထပ်လာခဲ့သည်။
ယခုဆိုလျှင် ချင်ယွင်သည် နဂါးသွေးမျိုးဆက်၏ ထက်ဝက်ကျော်ကို ပေါင်းစပ်ပြီး ဖြစ်သည်။
ဤအခိုက်အတန့်တွင်၊ သူ၏ခန္ဓာကိုယ်မှ ထွက်လာသော နဂါးအငွေ့အသက်သည် သဘာဝအားဖြင့် နဂါးသွေးမျိုးဆက်မှ ထုတ်လွှတ်သော အစစ်အမှန် နဂါး၏ အငွေ့အသက်လည်း ဖြစ်ပါသည်။ တကယ်တကယ်မှာလည်း ၎င်းအငွေ့အသက်သည် နဝမမင်းသား သူ၏ခန္ဓာကိုယ်ထဲရှိ ဝိညာဉ်စွမ်းအင်မှ ပေါင်းစပ်ထားသည့် အစစ်အမှန် နဂါးချီနှင့် နှိုင်းယှဥ်နိုင်သည်။
နဝမမင်းသား၏အမူအရာမှာ အလွန်အမင်း သုန်မှုန်မည်းမှောင်နေ၏။ ချင်ယွင်၏ ခန္ဓာကိုယ်မှ ထုတ်လွှတ်နေသောနဂါးစွမ်းအားသည် သူ့အထက်တွင် အမှန်တကယ် ရှိနေသည်ကို မြင်လိုက်ရသဖြင့် သူ၏မျက်နှာသည် ပြာနှမ်းသွားသည်။ သူသည် အလင်းဝင်ပေါက်ကိုးခု အစစ်အမှန်နဂါးပညာရပ်ကို အထွတ်အထိပ်အထိ ဖြန့်ချီတော့မည်။
ခရမ်းရောင် အစစ်အမှန်နဂါး လေးကောင်သည် သူ၏ခန္ဓာကိုယ်မှ ချက်ခြင်း ထွက်ပေါ် လာပြီး သူ၏ခန္ဓာကိုယ်ကို ရစ်ပတ်ထားသည်။ သူ၏ အငွေ့အသက်သည်လည်း ချက်ချင်း ပြန်လည်မြင့်တက်လာသည်။
နဝမမင်းသားသည် အလင်းဝင်ပေါက်လေးခုစလုံးကို သုံးနိုင်နေပြီ ဖြစ်သည်။ ယခုအခါတွင် သူ၏ ရုပ်ခန္ဓာကိုယ်ကြံ့ခိုင်မှုမှာ ကြောက်မက်ဖွယ်အဆင့်သို့ တိုးမြင့် လာခဲ့သည်။ သူသည် လေထဲသို့ ခြေတစ်လှမ်း လှမ်းလိုက်ပြီး သူ၏ခြေဖဝါးအောက်ရှိ လေဟာနယ်ပင် တုန်ခါလာသည်။
ချင်ယွင်သည် အဆက်မပြတ်တိုးမြင့်လာနေသော နဝမမင်းသားကို ကြည့်ကာ ရူးသွပ်သော တိုက်ပွဲဝင်လိုစိတ် ပေါ်လာသည်။
မီးနဂါးသည် သွေးဆာလောင်နေပြီး ရန်လိုသည့်သားရဲ ဖြစ်နေသည်။ ဤအခိုက် အတန့်တွင် ချင်ယွင်သည် တိုက်ပွဲကို တောင့်တနေသကဲ့သို့ သူ၏ခန္ဓာကိုယ်တွင်းရှိ သွေးများ ပွက်ပွက်ဆူလာသည်ကို ခံစားနိုင်သည်။
"လာစမ်း ၊ မင်း ဘယ်လောက် သန်မာလဲဆိုတာ ကြည့်ရအောင် "
သွေးနီရောင်နဂါးချီသည် သူ၏ပတ်ဝန်းကျင်တွင် တဝဲလည်လည် ရစ်ပတ်ပြီးရှိနေစဉ် ချင်ယွင်၏လက်များသည် တုန်ယင်နေပြီး၊ သူသည် နဂါးသွေးဖြင့် နှစ်ခြင်းခံထားသော စစ်နတ်ဘုရားတပါးကဲ့သို့ပင် ဖြစ်နေသည်။
ဝှီး!
နဝမမင်းသားသည် စကားလုံးများဖြင့် အချိန်မဖြုန်းတီးခဲ့ပေ။ သူသည် ပြင်းပြင်းထန်ထန် ပစ်ဝင်လာခဲ့သည်။ သူ၏ညာလက်မောင်းရှိ ခရမ်းရောင် အစစ်အမှန်နဂါးချီသည် ချက်ချင်း ဟိန်းဟောက်သွားပြီး တောင်ပြိုကျသကဲ့သို့ ချင်ယွင်ဆီသို့ ကြောက်မက်ဖွယ်ကောင်းသော လက်သီးတစ်ချက် ထိုးဖောက် ဝင်ရောက် လာခဲ့သည်။
ချင်ယွင်၏ မျက်လုံးများလည်း တောက်ပလာပြီး လေထုတစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားသည် ။
"ဘန်း!"
ကြောက်မက်ဖွယ်ကောင်းသည့် ထိပ်တိုက်တွေ့ဆုံမှုက ခန်းမတစ်ခုလုံးကို ချက်ချင်း တုန်လှုပ်သွားစေခဲ့သည်။ ကျယ်လောင်သောအသံများသည် ကောင်းကင်ဘုံကိုးပါးမှ မိုးခြိမ်းသံကဲ့သို့ ပဲ့တင်ထပ်နေသည်။ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်လှိုင်း ရိုက်ခတ်မှုကြောင့် ခန်းမကြီးသည် ပြင်းထန်စွာ တုန်ခါသွားခဲ့သည်။
ချင်ယွင်နှင့် နဝမမင်းသား နှစ်ယောက်စလုံးသည် သူတို့နောက်မှ နံရံကို အပြင်းအထန် ထိုးဖောက်သွားခဲ့ပြီး ကြီးမားသော အပေါက်ကြီးနှစ်ပေါက်ကို ဖန်တီးခဲ့ကြသည်။
"ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်တဲ့ ရုပ်ခန္ဓာကိုယ် ထိပ်တိုက် တွေ့ဆုံမူလဲ။"
ဤမြင်ကွင်းကိုမြင်လိုက်ရလျှင် အဝေးတစ်နေရာမှာ ပုန်းနေသည့် လင်းဟန်သည် ချက်ချင်း ဖြူဖပ်ဖြူရော် ဖြစ်သွားသည်။ သူသည်အင်မော်တယ် သံချပ်ကာဝတ်စုံကို ၀တ်ဆင်ထားသည့်အတွက် တိုက်ခိုက်မှုအားလုံးကို လျစ်လျူရှုထားခဲ့သည်။
သို့သော် ချင်ယွင်နှင့် နဝမမင်းသားတို့သည် ကြောက်မက်ဖွယ်ကောင်းသော ရုပ်ခန္ဓာ ခွန်အားများဖြင့် ပေါက်ကွဲထွက်သည်ကို မြင်လိုက်ရသဖြင့် သူ၏ရင်တွင်း အကြောက်တရားများ မထိန်းနိုင်ဘဲ ပေါက်ကွဲထွက်လာခဲ့သည်။
အင်မော်တယ်သံချပ်ကာဝတ်စုံကိုသာ ဝတ်မထားပါက ချင်ယွင်၏ လက်သီးသည် သူ၏ တစ်ကိုယ်လုံးကို ကွဲကြေသွားလိမ့်မည်ကို သူသည် ခက်ခက်ခဲခဲ ယုံကြည်လိုက်ရသည်။
အဝေးမှ ကျိထျန်းချန်သည်လည်း တုန်လှုပ်ခြောက်ခြားဖွယ်ရာ အမူအရာတစ်ခု ထွက်ပေါ်နေသည်။ ဤကာလအတွင်း သူသည် ချင်ယွင်နှင့် အတူနေခဲ့သည်။ ချင်ယွင်၏ဓားသိုင်းပညာသည် အလွန်အစွမ်းထက်သည်ကို သူသိသော်လည်း ချင်ယွင်၏ရုပ် ခန္ဓာကိုယ်သည် အမှန်တကယ်ပင် ကြောက်မက်ဖွယ်ကောင်းနေမှန်း သူမသိခဲ့ပေ။
သူသည် အင်ပါယာ၏ အကြီးမြတ်ဆုံးသော ကိုယ်ခန္ဓာသန့်စင်မှု နည်းပညာရပ်ကို ပိုင်ဆိုင်ထားသည့် နဝမမင်းသားနှင့် အမှန်တကယ် လက်ရည်တူတိုက်ခိုက်နိုင်ခဲ့သည်။ ဒါက ဘယ်လိုအောင်မြင်မူမျိုးပါလဲ။
ချင်ယွင်နှင့် နဝမမင်းသားတို့သည် အဆက်မပြတ် ထိပ်တိုက်ဆုံမိနေ ကြကာ လျင်မြန် သည့် ပုံရိပ်ယောင်အသွင်အပြင်အဖြစ်သို့ ပြောင်းလဲသွားကြသည်။ အနီရောင် ပုံရိပ်တစ်ခုနှင့် ခရမ်းရောင်ပုံရိပ်တစ်ခုသည် လေထဲတွင် ထိပ်တိုက်တွေ့ဆုံနေပြီး ထိပ်တိုက်တွေ့ဆုံမိတိုင်း ခန်းမထဲတွင် တုန်ခါသံများ ထွက်ပေါ်လာသည်။
"ဘယ်လောက်တောင် မြန်ဆန်လိုက်လဲ၊ ဘယ်လောက်တောင် ကြောက်စရာ ကောင်းလိုက်တဲ့ ခွန်အားလဲ" ဤအရာသည် ရောက်ရှိနေသူ လူတိုင်း၏ ခံစားချက် ဖြစ်သည်။ ဤအတိုင်းသာ ဆက်လက်တိုက်ခိုက်နေပါက ခန်းမကြီးတစ်ခုလုံးပင် ပြိုကျသွားနိုင်သည်ဟု သူတို့ ခံစားလာရသည်။
"ဘုန်း!"
ထိုအချိန်တွင် ကွင်းအတွင်းတိုက်ပွဲမြင်ကွင်းက ပြောင်းလဲလာသည်။
"မင်းရဲ့ ခန္ဓာကိုယ်က ဒီလောက်ပဲ သန်မာနေတာလား။ အဲဒါက ငါ့ကို တကယ်စိတ်ပျက်စေတယ်။"
ချင်ယွင်သည် ရုတ်တရက် လှောင်ပြောင်ကာ နဝမမင်းသား၏ တိုက်ခိုက်မှုကြားရှိ လေဟာနယ်ကို လှမ်းကုပ်ကာ နဝမမင်းသား၏ ရင်ဘတ်ကို လက်သီးဖြင့် ထိုးလိုက်သည်။
နဝမမင်းသားသည် ချက်ချင်းပင် ထိတ်လန့်သွားသော်လည်း သူ၏ ရင်ဘတ်မှ ကြီးမားသော စွမ်းအားက သူကို နောက်သို့ လွင့်ပျံထွက်သွားစေခဲ့ပြီး သူ၏ နောက်မှ နံရံဆီကို ဝင်ရောက်သွားသည်။
တဖက်သားအခြေအနေပျက်ယွင်းနေချိန်မှာ တဖက်သားကို သတ်ဖြတ်ဖို့အမြဲတမ်း အခွင့်ကောင်းယူတတ်သည့် ချင်ယွင်သည် နဝမမင်းသားကို အသက်ရှုရန်ပင် အခွင့်အရေး နည်းနည်းမှ မပေးခဲ့ပါဘူး။ သူသည် နဝမမင်းသား နံရံကိုထိမှန်သည့်အထိ စောင့်မနေတော့ဘဲ သူ့နောက်ကို အရှိန်အဟုန်အပြည့်ဖြင့် လိုက်ပါလာခဲ့ပြီး နဝမမင်းသား၏ ဦးခေါင်းထက်မှာ ပေါ်လာသည်။
"မင်းက သေချင်နေတာဘဲ!" နဝမမင်းသား ဒေါသထွက်ခါနီးတွင် ချင်ယွင်၏ နှုတ်ခမ်းများသည် အေးစက်သော အပြုံးတစ်ခုအဖြစ် တွန့်ကွေးသွားသည်ကို တွေ့လိုက်ရသည်။ ထို့နောက် ချင်ယွင်၏ ညာဖက်ခြေထောက် မြင့်တင်လိုက်သည်ကို သူမြင်လိုက်ရသည်။
နဝမမင်းသားသည် ချင်ယွင်၏ ဖိနပ်တစ်ဖက်က သူ၏မျက်လုံးရှေ့တွင် ချက်ချင်းကြီး ကြီးမားကျယ်ပြန့်လာသည်ကို မြင်ပြီးနောက် သူ၏မျက်နှာပေါ်တွင် တင်းတင်း ကြပ်ကြပ် ရိုက်နှက်လာသည်ကိုသာ မြင်လိုက်ရပြီး တုံ့ပြန်ရန် အချိန်ပင်မရှိပေ။
ကြောက်မက်ဖွယ်ရာ အင်အားတစ်ခုက သူ့မျက်နှာတစ်ခုလုံးကို ချက်ချင်း လွှမ်းခြုံသွားသည်။ နဝမမင်းသားသည် သူ၏မျက်နှာပေါ်တွင် စူးရှသောနာကျင်မှုကို ခံစားလိုက်ရသည် ။ ထို့နောက် သူသည် မြေပြင်ပေါ်သို့ အပြင်းအထန် ပစ်ရိုက် ကျသွားကာ မြေပြင်ပေါ်တွင် တွင်းပေါက်ကြီးတစ်ခု ဖန်တီးခဲ့သည်။
ဤခန်းမကြီး၏ကြမ်းပြင်ဟာ သာမန်ပစ္စည်းမဟုတ်မှန်း သိထားရမည်။ အနှိုင်းမဲ့ မာကြောသည်။ သာမန် ပထမအဆင့် ကောင်းကင်အလွှာ သိုင်းမြို့စားအဆင့် ကျွမ်းကျင်သူသည်ပင် လက်သီးတစ်ချက်ဖြင့် ချိုးဖျက်နိုင်မည် မဟုတ်ပေ။
ယခု နဝမမင်းသားသည် ချင်ယွင်၏ နင်းခြေမူကြောင့် သူသည် မြေပြင်ပေါ်မှာ အပေါက်ကြီးတစ်ခုဖြစ်သည်အထိ အပြင်းအထန် ရိုက်နှက်ခံလိုက်ရသည်။ ဤစွမ်းအားသည် မည်မျှကြောက်စရာ ကောင်းသည်ကို တွေးကြည့်နိုင်သည်။
လူတိုင်း အံသြသွားကြသည်။ စောစောလေးက တိုက်ခိုက်မှုကြောင့် လူတိုင်း တုန်လှုပ်သွား ကြသည်။ တစ်ချိန်တည်းမှာပင်၊ သူတို့သည်သူတို့စိတ်ထဲမှာ တိုးတိုးရေရွတ်လိုက်ကြသည် "ဒီချင်ယွင်သူခိုးကောင်က အားနည်းပြီး ချည့်နဲ့နေတာ မဟုတ်ဘူးလား၊ ဘာလို့ သူ့ကို မရိုက်နိုင်ရတာလဲ၊ သူက နဝမမင်းသားရဲ့ မျက်နှာပေါ်ကိုတက်နင်းဖို့ သူ့ခြေဖဝါးတွေကိုတောင် အသုံးပြုလိုက်သေးတယ်။ ဒါက ဗလိုင်းကြီး သက်သက်မဲ့ အရှက်ခွဲတာ မဟုတ်ဘူးလား?"
နဝမမင်းသားသည် သူ၏မျက်နှာပေါ်တွင် ခြေရာကြီးဖြင့် တွင်းထဲမှ တက်လာခဲ့သည်။
သူ၏အဝတ်အစားတွေက ကျိုးကြေနေပြီး သူ၏ဆံပင်များက ဖရိုဖရဲ ပြန့်ကျဲနေသည်။ သူ့တစ်ကိုယ်လုံးသည် ခြင်္သေ့အရူးလိုတစ်ကောင်ကဲ့သို့ ဒေါသတွေထွက်နေသည်။ ကောင်းကင်ယံမှာ ရပ်နေသည့်ချင်ယွင်ကို ကြည့်ရင်း သူ၏မျက်လုံးများက နီရဲနေသည်။
သူသည် ကောင်းကင်ယံကိုပင် လှုပ်ခါစေသော ကြိမ်းမောင်းသံဖြင့် ပြောလိုက်သည် "ချင်ယွင်၊ ငါ မင်းကို အပိုင်းပိုင်း ဆုတ်ဖြဲပစ်လိုက်ချင်တယ်!"
သူပြောပြီးသည်နှင့် နဝမမင်းသား၏ ခန္ဓာကိုယ်ပေါ်တွင် ပြင်းထန်သော အငွေ့အသက်တစ်ခုက ရူးသွပ်စွာ ထွက်ပေါ်လာပြီး ကြောက်မက်ဖွယ်ကောင်းသော ခရမ်းရောင် အစစ်အမှန်နဂါးချီသည် အရူးအမူး ပေါက်ကွဲထွက်လာသည်။
သူ၏ခြေဖဝါးအောက်က မြေပြင်ပေါ်ရှိ အပျက်အစီးများအားလုံး လွင့်ပျံလာပြီး သူ၏ပတ်ပတ်လည်တွင် လျင်မြန်စွာ ပတ်ချာလည်နေသည်။
နဝမမင်းသား၏ ပြင်းထန်သောဖိအားကို ပတ်ဝန်းကျင်ရှိလူတိုင်း ခံစားခဲ့ရသည်။
"သူက အလင်းဝင်ပေါက်ကိုးခု အစစ်အမှန်နဂါးပညာရပ်ကို အပြင်းအထန် တွန်းအား ပေးပြီး အသုံးပြုဖို့ ကြိုးစားနေတယ်။ ဒါပေမယ့် နဝမမင်းသားက ဒီအကန့်သတ်ထိ ရောက်အောင် အမှန်တကယ် တွန်းအားပေးခံခဲ့ရတာလား " အဋ္ဌမမင်းသားက မနေနိုင်ဘဲ အံ့သြခြင်းကြီးစွာဖြင့် မေးခွန်းထုတ်လိုက်သည်။
အကယ်၍ အလင်းဝင်ပေါက်ကိုးခု အစစ်အမှန်နဂါးပညာရပ်ကို အတင်းအကြပ် ထုတ်ဖော်လိုက်ပါက၊ ၎င်းပညာရပ်သည် သူ့ခန္ဓာကိုယ်၏ ကန့်သတ်ချက်များကို ကျော်လွန်သွားပါက သူ၏ခန္ဓာကိုယ်ကို ပျက်စီးစေမည်ဖြစ်သည်။ ဤနည်းအားဖြင့် ကာလကြာရှည်စွာ အားနည်းခြင်းသို့ ရောက်ရှိသွားလိမ့်မည်။
မူလကတည်းက အလင်းဝင်ပေါက်လေးခု အစစ်အမှန်နဂါးချီသည် နဝမမင်းသား၏ ကန့်သတ်ချက်ဖြစ်နေပြီဖြစ်သော်လည်း၊ သူသည် ချင်ယွင်ကို လုံးဝဒေါသထွက်ခဲ့ပြီး လက်ရှိတွင် အလင်းဝင်ပေါက်ကိုးခု အစစ်အမှန်နဂါးချီ နည်းပညာရပ်ကို အပြင်းအထန် ထုတ်ဖော် နေပါသည်။
"အောင်း!"
နဝမမင်းသား၏ ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ်ကောင်းသော နဂါးဟောက်သံ ထွက်ပေါ်လာသည်။ နဝမမင်းသားလေး၏ ခန္ဓာကိုယ်ပေါ်ရှိ ခရမ်းရောင်စွမ်းအင်သည် လောင်ကျွမ်းနေသော ခရမ်းရောင်မီးတောက်မီးလျှံကဲ့သို့ တောက်လောင်နေသည်။ အစစ်အမှန် နဂါးခြောက်ကောင်ချီသည် သူ၏ခန္ဓာကိုယ်ကို အနှိုင်းမဲ့ ကြောက်မက်ဖွယ် ကောင်းသော အငွေ့အသက်များဖြင့် ဝန်းရံထားသည်။
"အလင်းအပေါက်ခြောက်ခု အစစ်အမှန်နဂါး၊ ဒီနဝမမင်းသားက အမှန်တကယ်ကို အလင်းခြောက်ပေါက်ခု အစစ်အမှန်နဂါးချီကို အသုံးပြုနေတာပဲ။ ဒါက အဋ္ဌမအဆင့် ကောင်းကင်အလွှာ သိုင်းမြို့စားအဆင့် ကျွမ်းကျင်သူတစ်ဦးရဲ့ စွမ်းအားနဲ့ နှိုင်းယှဉ်နိုင် တယ်။" အဋ္ဌမမင်းသားက မျက်လုံးများကို ပြူးကျယ်စွာဖွင့်ရင်း ပြောလိုက်သည်။
ကျိထျန်းချန် နှင့် ဘေးနားရှိ အမျိုးသမီးငယ်၏ အမူအရာများလည်း ပြောင်းလဲသွား သည်။
သိုင်းမြို့စားနယ်ပယ်မှာ အဆင့်ရှေ့ကိုပိုရောက်လေ၊ သူတို့၏ခွန်အားကလည်း မြင့်မားလေ ဖြစ်သည်။ ဤကာလအတွင်း ခွန်အားကွာခြားမှုသည် အလွန်ကြီးမား ပါသည်။ သတ္တမအဆင့် ကောင်းကင်အလွှာ အထွတ်အထိပ် သိုင်းမြို့စားအဆင့် ကျွမ်းကျင်သူနှင့် အဋ္ဌမအဆင့် ကောင်းကင်အလွှာ သိုင်းမြို့စားအဆင့်ကျွမ်းကျင်သူတို့ အကြား ကွာခြားချက်မှာ အဆုံးနှင့်အစအကွာအဝေးတစ်ခုမျှသာ ဖြစ်သော်လည်း ၎င်းတို့ကြားက ကွာခြားချက်မှာ အမှန်တကယ်ပင် ကြီးမားပါသည်။
နဝမမင်းသားလေး၏ ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာသည့် အဋ္ဌမအဆင့် ကောင်းကင်အလွှာ သိုင်းမြို့စားအဆင့်ကျွမ်းကျင်သူ၏အငွေ့အသက်ကို မြင်လိုက်ရ လျှင် သူတို့အားလုံး ရင်တုန်သွားသလို ခံစားလိုက်ရသည်။
" အဋ္ဌမအဆင့် ကောင်းကင်အလွှာ သိုင်းမြို့စားအဆင့်ကျွမ်းကျင်သူလား ?"
ချင်ယွင်သည် လေးနက်သောအမူအရာဖြင့် လေထဲတွင်ရပ်နေ၏။ နဝမမင်းသားထံမှ ထွက်ပေါ်လာသော အငွေ့အသက်သည် သေခြင်းတရား၏ ခြိမ်းခြောက်မှုကို ခံစားရစေသည်။
"ချင်ယွင်သေပေတော့!"
နဝမမင်းသားလေး၏ ပါးစပ်မှ အရူးအမူး ဟစ်အော်သံများသည် မရေမတွက်နိုင်သော မိုးခြိမ်းသံများကဲ့သို့ ခန်းမတစ်ခုလုံးတွင် ကျယ်လောင်စွာ ထွက်ပေါ်လာသည်။
ထို့နောက် နဝမမြောက်မင်းသား၏ပုံရိပ်သည် နေရာမှချက်ချင်း ပျောက်ကွယ်သွားပြီး နောက်အခိုက်အတန့်တွင် ချင်ယွင်၏နောက်တွင် ပေါ်လာခဲ့သည်။
ချင်ယွင်သည် ရုတ်တရက် လှည့်ကြည့်လိုက်သည်။ သူ မတုံ့ပြန်မီတွင် နဝမမင်းသားသည် ချင်ယွင်၏မျက်နှာကို အပြင်းအထန် ထိုးနှက်နေပြီ ဖြစ်သည်။
အခန်း (၂၅၈) ကောင်းကင်ပေါ်ကဓားလမင်း။
"မြန်တယ်၊ တကယ်မြန်လွန်းတယ်။"
ထိုအချိန်တွင် ချင်ယွင်သည် တုံ့ပြန်ခွင့်ပင် မရှိလိုက်ချေ။ နဝမမင်းသားက သူ့နောက်မှာ မည်ကဲ့သို့ပေါ်လာမှန်း သူမသိပေ။
"ဒါက အဋ္ဌမအဆင့် ကောင်းကင်အလွှာ သိုင်းမြို့စားအဆင့် ကျွမ်းကျင်သူတစ်ဦးရဲ့ အစွမ်းပဲလား။ အရမ်းသန်မာလွန်းတယ်။" ချင်ယွင်သည် သွေးတစ်လုတ်ကို ထွေးထုတ်လိုက်ပြီး လေထဲတွင်ရပ်နေသော ခြိမ်းချောက်နိုင်စွမ်းအန္တရာယ် အငွေ့အသက်များ မြင့်တက်လာနေသည့် နဝမမင်းသားကို ကြည့်လိုက်သည်။ သူသည် ရောင်ရမ်းနေသော သူ၏ပါးပြင်များကို ပွတ်သပ်ကာ သူ၏ တိုက်ခိုက်လိုစိတ်က အနည်းငယ်မျှ လျော့ကျမသွားခဲ့ပေ။
ဝှီး!
နဝမမင်းသား နောက်တကြိမ် ပျောက်ကွယ်သွားပြန်သည်။ ချင်ယွင်၏ သူငယ်အိမ်များသည် ကျဉ်းမြောင်းလာပြီး သူ၏ စိတ်ဝိညာဉ်စွမ်းအားကို ချက်ခြင်း ထုတ်လွှတ်လိုက်သည်။
သူ၏ဘယ်ဘက်ခြမ်းမှ လေထုသည် အနည်းငယ် ရွေ့လျားလာသည်။ ချင်ယွင်သည် လုံးဝတွန့်ဆုတ်ခြင်းမရှိဘဲ ဘယ်ဘက်ခြမ်းကို တိုက်ရိုက် ထိုးလိုက်သည်။
သို့သော် ချင်ယွင်သည် သူ၏လက်သီးကို လက်ဖဝါးတဖက်က တင်းတင်းကျပ်ကျပ် ဆုပ်ထားသည်ကို တွေ့ရှိလိုက်ရသည့်အတွက် တုန်လှုပ်သွားသည်။ တစ်ချိန်တည်း မှာပင် ချင်ယွင်၏ နားထဲတွင် အရိုးထိပင်အေးစိမ့်သွားစေသည့် အသံတစ်ခု ထွက်ပေါ်လာသည်။
"ဒီမင်းသားရဲ့ရှေ့မှာ မင်းက ပုရွက်ဆိတ်သာသာပဲ"
ထိုစကားပြောပြီးသည်နှင့် သူ့လက်မောင်းကွဲသံ ထွက်ပေါ်လာသည်။
ချင်ယွင်၏နဖူးမှ ချွေးများ တခဏချင်း စီးကျလာပြီး ပြင်းထန်သော ဝေဒနာသည် သူ့ဦးနှောက်ကိုပင် လွှမ်းခြုံသွားသည်။
"ဘုန်း!"
သူ၏ရင်ဘတ်သည် ကန်သွင်းခံလိုက်ပြီး၊ ချင်ယွင်၏ တစ်ကိုယ်လုံးသည် လွင့်ပျံတက်သွားကာ နံရံပေါ်သို့ အပြင်းအထန် တိုက်ရိုက်ထိမှန်သွားသည်။
ချင်ယွင်သည် ပါးစပ်မှ သွေးများ ထွက်လာပြီး ရင်ဘတ်တွင် စူးရှသော နာကျင်မှုကို ခံစားလိုက်ရသည်။ သူ၏သန်မာတဲ့ ခန္ဓာကိုယ်ကြောင့်သာ မဟုတ်ပါက ဤကန်ချက်ကြောင့် သူသေတဲ့အထိ ကန်ထုတ်ခံရလိမ့်မည်။
ဤမြင်ကွင်းကိုမြင်လျှင် ကျိထျန်းချန်က ခေါင်းခါယမ်းပြီး သက်ပြင်း မချဘဲ မနေနိုင်တော့။ ဒီတိုက်ပွဲရဲ့ ရလဒ်က ရှင်းနေပါပြီ။
ချင်ယွင်သည် အလွန်သန်မာသော်လည်း၊ အလင်းပေါက်ခြောက်ခု အစစ်အမှန်နဂါးချီကို အသုံးပြုနေသော နဝမမင်းသားနှင့် မယှဉ်နိုင်ပါ။
မာနကြီးသော အမျိုးသမီးငယ်၏ မျက်နှာပေါ်တွင် အေးစက်သော အပြုံးတစ်ခု ပေါ်လာသည်။ နဝမမြောက်မင်းသားကို စူးစူးစိုက်စိုက် ကြည့်နေသော သူမ၏ အကြည့်သည် လေးနက်သည့် မြတ်နိုးမှုအရိပ်အယောင်ကို သယ်ဆောင်လာသည်။
အပျော်ဆုံးလူသားကတော့ လင်းဟန်ပင်။ ချင်ယွင် နှိပ်စက်ခံနေရသည်ကို သူမြင်လိုက်သည့်အခါ သူ၏ပါးစပ်ထောင့်က ရက်စက်သောအပြုံးတစ်ခု ပေါ်လာသည်။ သူက ချင်ယွင်ကို လုံးဝသေစေချင်သည်။
ချင်ယွင်သည် ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်များ ဖြာထွက်နေသော နဝမမင်းသားကို လှမ်းကြည့်ရင်း သူ့ဆီသို့ တလှမ်းချင်း လျှောက်သွားလိုက်သည်။ သူ၏ မျက်လုံးထဲတွင် ဒေါသမရှိရုံသာမက သူ၏မျက်လုံးများတွင် တောက်လောင်နေသော တိုက်ခိုက်လိုစိတ် အရိပ်အယောင်များပင် ရှိနေသည်။
"သူက တကယ်ကြီးကို နှိပ်စက်ခံခဲ့ရတာလား?" ချင်ယွင်၏ပါးစပ်သည် ကိုယ့်ကိုယ်ကို သရော်ဟန်ဖြင့် တွန့်ကွေးသွားသည် ။
ဒါက အနီးကပ်တိုက်ပွဲမှာ သူတကယ်ကို အကြီးအကျယ် ရှုံးနိမ့်ရသည့် ပထမဆုံးအကြိမ် ဖြစ်သည်။
သေချာတာက၊ ဤအရာသည် ချင်ယွင်အတွက် ပေါက်ကွဲလျှပ်စီးစွမ်းရည် သဘောတရားကို အသုံးမပြုခဲ့သည့် ရလာဒ်ပဲ ဖြစ်သည်။ အကယ်၍ သူသည် ၎င်းစွမ်းရည်ကို အသုံးပြုခဲ့မည်ဆိုလျှင် နဝမမင်းသားနှင့် လက်ရည်တူ တိုက်ခိုက် နိုင်မည်ဖြစ်သော်လည်း ချင်ယွင်သည် ယခုအချိန်တွင် ထိုသို့ပြုလုပ်ရန် မရည်ရွယ်ပါ။
သူ၏အသက်စွမ်းအင်သည် သူ၏ ညာလက်မောင်းထဲသို့ လျင်မြန်စွာ စိမ့်ဝင်လာ ပြီးနောက် သူ၏ မူလကပျက်စီးနေသော လက်မောင်းကို နဂိုအခြေအနေသို့ ပြန်လည်ရောက်ရှိစေခဲ့သည်။
"အဋ္ဌမအဆင့် ကောင်းကင်အလွှာ သိုင်းမြို့စားအဆင့်က တကယ်ကို အားကောင်းလွန်းတယ်၊ ဒါပေမယ့် မင်းငါ့ကို ဒီနည်းနဲ့ အနိုင်ယူချင်ရင် ဒီလောက်မလွယ်ကူမှာကို ငါကြောက်မိတယ်။" ချင်ယွင်၏ နှုတ်ခမ်းများသည် ဆိုးသွမ်းသော အပြုံးတစ်ခုအဖြစ် တွန့်ကွေးသွားခဲ့ပြီး ရှေးဟောင်း အင်မော်တယ် ဓားတစ်ချောင်းက သူ၏လက်ထဲတွင် ပေါ်လာသည်။
နဝမမင်းသားသည် ချင်ယွင်ဆီသို့ ခြေလှမ်းတစ်လှမ်းချင်း လျှောက်လာခဲ့သည်။ ချင်ယွင်သည် သူ၏ အင်မော်တယ်ဓားကို ထုတ်ယူလိုက်သည်ကို မြင်လိုက်ရသည်နှင့် သူ့မျက်နှာပေါ်တွင် အထင်အမြင်သေးသည့် လှောင်ပြောင်မှုတစ်ခု ပေါ်လာသည်။
"ငါ့ရဲ့အစစ်အမှန်နဂါးကိုယ်ထည်အကာကွယ်က ဓားချီထောင်ပေါင်းများစွာကို ဖြိုခွဲနိုင်တယ်။ ဒီနေ့ မင်းတို့လို ပုရွက်ဆိတ်တွေက ဒီမင်းသားလေးရဲ့ဂုဏ်သိက္ခာကို တကယ်ကျူးကျော်နိုင်မလားဆိုတာ မင်းတို့ကိုသိခွင့်ပေးမယ်။"
နဝမမင်းသားသည် အနှိုင်းမဲ့ မာနကြီးသူဖြစ်သည်။ သူ၏အသံသည် ပုလဲတစ်လုံးကို ထွေးထုတ်လိုက်သည့် အစစ်အမှန်နဂါးနှင့်တူပြီး သူ၏ကြီးစိုးလွှမ်းမိုးနိုင်သော အငွေ့အသက်က ဤအခိုက်အတန့်တွင် ထင်ရှားစွာ ပေါ်လွင်နေသည်။
သူ၏မျက်လုံးထဲတွင် အေးစက်သည့် အလင်းရောင်က ရုတ်တရက် ပေါက်ကွဲသွားခဲ့ပြီး သူ၏အရှိန်အဟုန်က တခဏချင်း ပေါက်ကွဲထွက်လာခဲ့သည်။ သူသည် မြောက်ကြွမြောက်ကြွဖြစ်နေသော ဤပုရွက်ဆိတ်လေးကို လုံးဝသတ်ပစ်ချင်သည်။
ချင်ယွင်၏ မျက်လုံးများသည် အပြုံးအရိပ်များဖြင့် ပြည့်နှက်နေပြီး သူ၏စိတ်နှလုံးသည် အလွန်ငြိမ်သက်နေ၏။ ခြံရှေ့မှာထိုင်ပြီး ပန်းများ ပွင့်လန်းနေပုံနှင့် ကြွေကျနေသည်တို့ကို ကြည့်ရူနေပြီး မိုးကုပ်စက်ဝိုင်းပေါ်က တိမ်တိုက်တွေကို ပြုံးပြနေသည့် စိတ်ခံစားချက်အခြေအနေက သူ့ခန္ဓာကိုယ်မှ ပျံ့ထွက်လာခဲ့သည်။
သူ၏လက်ထဲရှိ ရိုးရှင်းသည့် ရှေးဟောင်းအင်မော်တယ်ဓားက တုန်ခါနေသည့်အသံကို ထုတ်လွှတ်လိုက်သည်။ အကန့်အသတ်မဲ့ ဓားဆန္ဒသည် ဒီရေလှိုင်းကဲ့သို့ ပျံ့လွင့်ထွက်နေပြီး မမြင်နိုင်သော ဓားချီသည် သူ့ပတ်ဝန်းကျင်တွင် တဝဲလည်လည် ရှိနေသည်။
ချင်ယွင်၏ အသွင်အပြင်ကို လူတိုင်း ခံစားနိုင်သည်။ သူ၏မျက်လုံးများသည် ငြိမ်သက်နေသော ရေကန်တစ်ခုလို တည်ငြိမ်နေသော်လည်း သူ၏ခန္ဓာကိုယ်မှ သတ်ဖြတ်ချင်စိတ်က တစ်ဟုန်ထိုးလှိုင်းထန်ထွက်နေသော ပင်လယ်နှင့်တူသည်။
ဆန့်ကျင်ဘက် စိတ်နေစိတ်ထားနှစ်ခုသည် ရောထွေးနေသဖြင့် လူများကို သူတို့၏စိတ်နှလုံးအောက်ခြေမှ ကြောက်ရွံ့မှုကို ပေးစွမ်းသည်။
ထိုအချိန်တွင် ချင်ယွင်သည် ကောင်းကင်နှင့်မြေကြီးကြားတွင် ထောင်မတ်နေသည့် ဓားအိမ်မှထုတ်ထားသော ဓားတစ်ချောင်းကဲ့သို့ ထက်ရှသောခံစားမှုကို ပေးစွမ်းနိုင်သည်.။
သူ၏နောက်ကွယ်မှ နံရံတံတိုင်းသည် မမြင်ရသည့်ဓားချီဖြင့် ခုတ်ပိုင်းခံရမူကြောင့် ပွင့်ထွက်သွားခဲ့ပြီး နက်ရှိုင်းသည့် လျှိုမြောင်များကို ချန်ထားရစ်ခဲ့သည်မှာ ကြာခဲ့ပါပြီ။ ကျိုးပဲ့သွားသော ကျောက်တုံးများသည် အမှုန့်များအဖြစ်သို့ပြောင်းလဲပြီး ပြိုကျသွားသည်။
" လန်ဖုန်ဓားသိုင်းပညာရပ်ရဲ့ ပထမဆုံး သိုင်းကွက်၊ ဓားလမင်းက ကောင်းကင်ယံမှာ ရှိနေတယ်!"
ချင်ယွင်၏ပါးစပ်မှ ပြတ်ပြတ်သားသား အော်ဟစ်သံနှင့်အတူ သူ၏လက်ထဲမှ အင်မော်တယ်ဓားသည် ခုတ်ပိုင်းသွားသည် ။
ဧရာမ ဓားအလင်းတန်းကြီးတစ်ခုသည် ခန်းမထဲမှ ချက်ချင်း ထွက်လာသည်။ ဓားအလင်းသည် လေထဲတွင် လျင်မြန်စွာ လှည့်ပတ်နေသည့် ဆယ်မီတာရှည်သော လခြမ်းကွေးအသွင်သို့ ပြောင်းလဲသွားခဲ့သည်။
ဓားအလင်းတန်းမှ ကြောက်မက်ဖွယ်ကောင်းသော လေထုဖြတ်တောက်ခြင်း စွမ်းအားသည် ကြီးမားသော အက်ကွဲကြောင်းကြီးတစ်ခု အဖြစ် ခုတ်ပိုင်းပြီး မြေပြင်ပေါ်တွင် ချက်ချင်း ပွင့်ထွက်သွားသည်။
ဧရာမလေဓားကြီး၏ ခုတ်ပိုင်းမူအောက်မှာ အက်ကွဲကြောင်းလေးများအဖြစ် ကွဲထွက်သွားခဲ့သောကြောင့် လေဟာနယ်သည်ပင် လှုပ်ခါစ ပြုလာသည်။
ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်သည် နဝမမင်းသားဆီသို့ ချက်ချင်း ပျံ့နှံ့သွားသည်။
"ဒါက ဘယ်လိုဓားသိုင်းပညာရပ်လဲ၊ ဘယ်လောက်တောင် ကြောက်စရာကောင်း လိုက်လဲ"
နဝမမင်းသားသည် ချက်ချင်းပင် ထိတ်လန့်သွားသည်။ ဆယ်မီတာရှည်သည့် လခြမ်းကွေးဓားအလင်းတန်းကို ကြည့်လိုက်ရင်း သူ၏မျက်နှာက ပြင်းထန်သည့် ကြောက်တရားက ဖြစ်ပေါ်လာခဲ့သည်။
ခရမ်းရောင် အစစ်အမှန်နဂါးခြောက်သည် တခဏချင်း ပေါက်ထွက်သွားပြီး သူ၏ ညာလက်ဆီသို့ ဖြည်းဖြည်းချင်း စိမ့်ဝင်လာကာ သူ့ဆီတိုးဝင်လာနေသည့် ဧရာမ လေဓားအလင်းတန်းဆီသို့ ဦးတည် တိုက်ခိုက်လိုက်သည်။
အစစ်အမှန်နဂါးချီသည် ဓားအလင်းနှင့် ထိပ်တိုက်ဆုံမိသည့်အခိုက်၊ ချက်ချင်းပင် ကွဲအက်မသွားမီ သုံးစက္ကန့်မျှသာ ကြာသည်။
"ဒါက ဘယ်လို ဖြစ်နိုင်မှာလဲ?"
နဝမမင်းသားသည် အနှိုင်းမဲ့ ထိတ်လန့်သွားသည်။ သူ၏အစစ်အမှန်နဂါးချီ အမျှင်တန်းခြောက်သွယ်သည် အမှန်တကယ်ပင် အလွယ်တကူ ကျိုးပျက် သွားခဲ့သည်လား။
သို့သော် ဤအခိုက်အတန့်တွင် ကြီးမားလှသော လေဓားကြီးသည်လည်း နဝမမင်းသား၏ ရင်ဘတ်ထဲသို့ ထိုးကျသွားသည်။ နဝမမင်းသားသည် သွေးတစ်လုတ် ထွေးထုတ်လိုက်ရပြီး လွင့်ထွက်သွားခဲ့သည်။ သူသည် သူ၏နောက်မှ နံရံကို တိုက်ရိုက် ဝင်တိုက်မိပြီး သူ၏အငွေ့အသက်သည်လည်း ချက်ချင်း ညှိုးနွမ်းသွားခဲ့သည်။
ကွင်းပြင်ထဲရှိလူတိုင်း အံသြမှင်သက်သွားကြသည်။ အဆုံးတွင် နဝမမင်းသားသည် ရှုံးနိမ့်မည်ဟု သူတို့ မမျှော်လင့်ထားပေ။ မူလက ချင်ယွင်ကို နဝမမင်းသားက တိုက်ရိုက်သတ်ပစ်မည်ဟု ထင်ခဲ့ကြသော်လည်း ယင်းအရာအားလုံးသည် သူတို့၏ မျှော်လင့်ချက်ထက် ကျော်လွန်သွားခဲ့သည်။
ထို့အပြင် စောစောလေးက ချင်ယွင်၏ ဓားသိုင်းကွက်သည် အလွန် ကြောက်စရာ ကောင်းသည်။ ဘေးနားမှာရပ်နေတာတောင် ဓားမှ ထွက်လာသည့် ကြောက်မက်ဖွယ် ဖြတ်တောက်မှုစွမ်းအားက အရာအားလုံးကို ဖြတ်တောက်သွားသကဲ့သို့ သူတို့ ခံစားလိုက်ရသည်။
ဤဓားသိုင်းကွက်ကို ထုတ်ဖော်ပြီးနောက်၊ ချင်ယွင်၏ ခန္ဓာကိုယ်ရှိ ဝိညာဉ်စွမ်းအင် များသည်လည်း ချက်ချင်း ကင်းစင်သွားခဲ့သည်။ သိပ်အများကြီးမကျန်တော့ပေ။ အငွေ့အသက်အားနည်းသွားသည့် နဝမမင်းသားကိုကြည့်ရင်း သူ၏မျက်လုံးများတွင် သတ်ဖြတ်လိုစိတ်များဖြင့် တောက်ပနေခဲ့သည်။
သူ၏ပုံရိပ်က ပေါက်ကွဲထွက်လာခဲ့ပြီး သူ၏လက်ထဲရှိ အင်မော်တယ်ဓားက နဝမမင်းသား၏ နဖူးဆီကို တည့်တည့် ထိုးချိန်လာသည်။
နဝမမင်းသားလေး၏ အမူအရာမှာ မတ်တပ်ရပ်ရန် ရုန်းကန်ကြိုးစားနေရင်း သိသိသာသာ ပြောင်းလဲသွားသည်။ ထို့ပြင် ချင်ယွင်၏ ဓားသိုင်းကွက်တိုက်ခိုက်က ရောက်ရှိလာမူနှင့်အတူ သူ့တွင် အပိုခွန်အားမရှိတော့ပေ။
"ထွက်သွားစမ်း!"
ထိုအချိန်တွင် ကြည်လင်အေးမြသော အသံတစ်ခု ထွက်ပေါ်လာသည်။
ခန်းမတစ်ခုလုံးသည် ချက်ချင်းပင် ကြီးမားသော ရေခဲသေတ္တာကြီးအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး ချင်ယွင်၏ ခန္ဓာကိုယ်တစ်ခုလုံးကို အေးခဲသွားစေခဲ့သည်။
ဓားသည် နဝမမင်းသား၏ နဖူးနှင့် သုံးလက်မသာသာ အကွာဝေးတွင် ပြင်းထန်စွာ ရပ်တန့် သွားသည်။
ရေခဲချီစီးကြောင်းက ဓားမှတဆင့် လျင်မြန်စွာ ပျံ့ထွက်လာပြီး ချင်ယွင်၏ ခန္ဓာကိုယ်ဆီသို့ ရေခဲချီများ လွင့်ပျံသွားသည်။
ချင်ယွင်၏ အမူအရာသည် ပြောင်းသွားပြီး သူ၏နှလုံးသည် အေးခဲသွားသည်။ သူသည် ထိုနေရာမှာတွင် ရပ်မနေရဲတော့ပေ။ သူသည် မီတာတစ်ရာအကွာထိ အထပ်ထပ် ဆုတ်ခွာသွားခဲ့သည်။ ထိုအချိန်တွင် ချင်ယွင်သည် ရုတ်တရက် တိုက်ခိုက်လာသော အမျိုးသမီးငယ်ကို ရပ်တန့်လိုက်ပြီး ကြည့်လိုက်သည်။
"အနှစ်တစ်ထောင် သိမ်မွေ့နက်နဲ ရေခဲပုလဲ"
ချင်ယွင်၏ မျက်လုံးများတွင် ကြောက်ရွံ့မှု အရိပ်အယောင်များ ထွက်ပေါ်လာသည်။
"တကယ်လို့ မင်း သူ့ကို နာကျင်အောင်လုပ်ဖို့ သတ္တိရှိတယ်ဆိုရင် ဒီနေ့က မင်းရဲ့သေနေ့ဖြစ်မှာ သေချာတယ်" အမျိုးသမီးငယ်သည် တောက်ပပြီး ထွင်းဖောက်မြင်နိုင်သည့် ရေခဲပုလဲကို လက်ထဲတွင် ကိုင်ဆောင်ရင်း သူမ၏ မျက်လုံးများတွင် ချင်ယွင်အား သတ်ဖြတ်လိုသည့်ဆန္ဒအပြည့်ဖြင့် ကြည့်လိုက်သည်။
ချင်ယွင်သည် သူ၏လက်ထဲတွင် အင်မော်တယ်ဓားကို ကိုင်ထားပြီး မှိုင်းညို့သော အမူအရာဖြင့် ထိုအမျိုးသမီးငယ်ကို ကြည့်လိုက်သည်။
"ဒင်း၊ ဒင်း၊ဒင်း!"
ထိုအချိန်တွင် ခေါင်းလောင်းသံများ ဆက်တိုက်မြည်လာသည်။
လှပသောပုံရိပ်တစ်ခုသည် ခန်းမအပြင်ဘက်မှ လျှောက်လှမ်းလာကာ ခြေလှမ်း သုံးလှမ်းဖြင့် ချင်ယွင်ရှေ့သို့ ရောက်လာသည်။
သူမ၏ အသွင်အပြင်က လူတိုင်း၏အာရုံကို ချက်ချင်း ဖမ်းစားနိုင်ခဲ့ပါသည်။
အခန်း (၂၅၉) လျှို့ဝှက်ဆန်းကြယ်သောခေါင်းလောင်း။
သူ့ရှေ့တွင် ရုတ်တရက်ပေါ်လာသော မျက်နှာဖုံးတပ်ထားသည့် အမျိုးသမီးကို ကြည့်လိုက်ရင်း ချင်ယွင်သည် အံ့အားသင့်သည့်အမူအရာတစ်ခုကို ထုတ်ဖော်လိုက် သည်။
ချန်မင်ရှီ ဤနေရာသို့ ရုတ်တရက် ရောက်လာသည်ကို ချင်ယွင်က သိပ်မအံ့သြသော် လည်း စောစောလေးက ချန်မင်ရှီပြောခဲ့သည့်စကားတွေ သူ့ကို အံ့အားသင့်စေခဲ့သည်။
သူနှင့် ချန်မင်ရှီတို့သည် တစ်ဖွဲ့တည်းဖြစ်ကြသော်လည်း ဆက်ဆံရေးမှာ မကောင်းလှ ပေ။
ချန်မင်ရှီသည် နောက်ဆုံးအကြိမ် သူ လျှပ်စီးကပ်ဘေးဒုက္ခကြောင့် မေ့လဲသွားသော အခါ သူ့ကိုကယ်တင်ခဲ့သည့်အတွက် ချင်ယွင် အံ့သြသွားခဲ့ရသည်။ ယခုဆိုလျှင်လည်း ချန်မင်ရှီသည် သူ့အတွက် အမှန်တကယ် မားမားမတ်မတ် ရပ်တည်နေပြီး သူမ၏ လေသံမှာ ဒေါသအရိပ်အယောင်များပင် ရောထွေးနေပုံရသည်။
'"သူမ ငါ့ကို ဆက်ဆံနေပုံက၊ ဖြစ်နိုင်တာက " ချင်ယွင်သည် သူ၏စိတ်ထဲတွင် သံသယမ၀င်ဘဲ မနေနိုင်တော့ပေ။
"အများကြီး တွေးမနေနဲ့၊ ငါက မင်းကို ဘာမှမဖြစ်စေရဘူးလို့ စီချီကို ကတိပေးခဲ့တယ်" ချန်မင်ရှီက ချင်ယွင်၏ အတွေးများကို ရိပ်စားမိသည့်ဟန်ဖြင့် အေးစက်စက်လေသံဖြင့် ကြားဖြတ်ပြောလိုက်သည်။
ချင်ယွင်သည် ချက်ချင်း အရှက်ရသွားသည်။ သူ၏အတွေးများကို တခြားသူက မြင်နေရသည်။ ထို့အပြင်၊ ဤအတွေးသည် ချင်ယွင်ကို အက်ကွဲကြောင်းတစ်ခုကို ရှာပြီး ပြေးဝင်ပုန်းအောင်ချင်စိတ် ဖြစ်သည်အထိပင် အလွန် အရှက်ရသွားစေခဲ့သည်။
ချန်မင်ရှီ၏ ထွက်ပေါ်လာမူက ယခင်မြင်ကွင်းကို ချက်ချင်း ပြောင်းလဲသွားစေခဲ့သည်။
မူလက အမျိုးသားနှစ်ဦးကြားက တိုက်ပွဲဖြစ်ခဲ့သော်လည်း ယခုအခါ အမျိုးသမီး နှစ်ဦးကြားက တိုက်ပွဲအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
အဋ္ဌမမင်းသားသည် ချန်မင်ရှီ ကိုမြင်လိုက်သည့်အခိုက်တွင် သူ၏မျက်လုံးများ ချက်ချင်း ဝင်းလက်လာသည်။ သို့သော် ချန်မင်ရှီ၏ စကားကြောင့် သူ၏အမူအရာ ချက်ချင်း မည်းမှောင်သွားခဲ့သည်။ ချင်ယွင်ကို တစ်ချက်ကြည့်လိုက်ရင်း သူ၏ အကြည့်တွေက သတ်ဖြတ်ချင်စိတ်များ ပြည့်နှက်နေပြန်သည်။
လေထုသည် ရုတ်တရက် ထူးဆန်းလာသည်။
ဧကရာဇ်ကျောင်းတော်မှ အမျိုးသမီးငယ်သည် ရုတ်တရက် ပေါ်လာသော ချန်မင်ရှီကို ကြည့်ပြီးနောက် ချန်မင်ရှီ၏လက်ထဲမှ ခေါင်းလောင်းကို ကြည့်ကာ သူမ၏ မျက်လုံးများတွင် ပြင်းထန်သော ကြောက်ရွံ့မှုကို ထုတ်ဖော်လိုက်သည်။
"ချင်ယွင် ဒီနေ့ မင်းလုပ်ခဲ့တာတွေအတွက် တန်ရာတန်ကြေး ပြန်လည်ပေးဆပ်ရမယ်။" အမျိုးသမီးငယ်သည် အေးစက်စွာ ပြောလိုက်ပြီး ထွက်မသွားခင် သတိလစ်နေသော နဝမမင်းသားကို ချီမသွားသည်.။
အမျိုးသမီးငယ်သည် ခန်းမထဲမှ ထွက်သွားသည်နှင့် တပြိုင်နက် သူမပါးစပ်ထောင့်မှ သွေးများယို စီးကျလာသည်။
"ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်တဲ့ ခေါင်းလောင်းလဲ။ ခေါင်းလောင်းသံကို နားထောင်မိရုံနဲ့ ငါ့စိတ်ဝိညာဉ်ကို နာကျင်စေခဲ့တယ်။"
အမျိုးသမီးငယ်၏ မျက်လုံးများတွင် ထိတ်လန့်တကြားဖြစ်သည့် အရိပ်အယောင် ပေါ်လာသည်။ ထို့နောက် သူမသည် ရက်စက်ကြမ်းကြုတ်သည့် အမူအယာအဖြစ်သို့ ပြောင်းလဲသွားပြီး နဝမမင်းသားနှင့်အတူ ထွက်ခွာသွားခဲ့သည်။
ဤမြင်ကွင်းကို ခန်းမထဲရှိ မည်သူမျှ မတွေ့ခဲ့ကြပေ။ အကယ်၍ သူတို့သာ မြင်တွေ့ ကြမည်ဆိုလျှင် သေချာပေါက် အံ့သြမိကြလိမ့်မည် ။
ယခုအချိန်တွင် ခန်းမထဲတွင် အဋ္ဌမမင်းသား၊ ကျိထျန်းချန် ၊ လင်းဟန်၊ ချင်ယွင်နှင့် ချန်မင်ရှီတို့သာ ကျန်ရှိတော့သည် ။
ကျိထျန်းချန်သည် ပြဇာတ်တစ်ခုအား ကြည့်နေသည့်ပုံ ပေါ်နေသေးပြီး လင်းဟန်သည် အကယ်၍ သူသေဆုံးရမည်ဆိုလျှင်ပင် တိုက်ခိုက်ခြင်း မပြုတော့ရန် သဘောထား ပြီးသား ဖြစ်သည်။ ထို့ကြောင့် အဋ္ဌမမင်းသား မင်းသားတစ်ပါးသာ ကျန်တော့သည်။
ချင်ယွင်သည် အဋ္ဌမမင်းသားကို ကြည့်လိုက်သည်။ သတ်ဖြတ်လိုသည့်ဆန္ဒကို သူ၏ မျက်လုံးထောင့်မှာ တွေ့မြင်လိုက်ရသဖြင့် ချင်ယွင်သည် မျက်မှောင်ကြုတ်လိုက်မိ သည်။
ဤအဋ္ဌမမင်းသားသည်လည်း လွယ်ကူသူတစ်ယောက် မဟုတ်ပေ။ သူ၏ ကျင့်ကြံမှု အဆင့်သည် သိုင်းမြို့စားနယ်ပယ်၏ သတ္တမအဆင့် ကောင်းကင်အလွှာတွင်သာရှိနေ သော်လည်း၊ ချင်ယွင်သည် သူ၏ခြိမ်းခြောက်မှုက နဝမမင်းသားထက် ပို၍ပင် မြင့်မားနေပုံရသည်ဟု ခံစားမိသည်။
ယခုအချိန်တွင် သူ၏ရုပ်ခန္ဓာခွန်အားနှင့် ဝိညာဉ်စွမ်းအားများသည် အားနည်းနေပြီး အဋ္ဌမမင်းသားကို တိုက်ရန် ခွန်အားမရှိပေ။ အကယ်၍ သူ၏ကိုယ်ပွားကို အသုံးပြုမည် ဆိုလျှင်ပင် အဋ္ဌမမင်းသားကို အနိုင်ယူနိုင်မှာ မဟုတ်ပါဘူး။ ယင်းကြောင့် ချင်ယွင်သည် ချက်ချင်းပင် ခေါင်းကိုက်လာသည်။
သို့သော်လည်း ယခုအချိန်တွင် ချန်မင်ရှီသည် အဋ္ဌမမင်းသားဘက်ကို လှည့်ကြည့်ကာ သူမ၏လက်ထဲတွင်ရှိသော ခေါင်းလောင်းကို ဖွင့်ပြလိုက်သည်။
အဋ္ဌမမင်းသားသည် ခေါင်းလောင်းကိုမြင်သောအခါ သူ၏အမူအရာသည် ချက်ချင်း ပြောင်းလဲသွားသည်။ သူ၏မျက်လုံးများတွင် ကြောက်ရွံ့မှု အရိပ်အယောင် ပေါ်လာ သည်။ ထို့နောက် သူသည် အေးစက်စွာ နှာခေါင်းရှုံ့ပြီး ထွက်ခွာသွားခဲ့သည်။
အဋ္ဌမမင်းသားလေး ထွက်သွားသည်ကိုမြင်ရလျှင် လင်းဟန်ကလည်း မနေရဲတော့ ပါဘူး။ သူသည် အဋ္ဌမမင်းသားနောက်သို့ လိုက်ပါသွားလေ၏။
ရုတ်တရက် လူနှစ်ယောက်ထွက်ခွာသွားခဲ့ပြီး ခန်းမထဲမှာ လူသုံးယောက်သာ ကျန်ခဲ့သည်။
ချင်ယွင်သည် ချန်မင်ရှီ၏ လက်ထဲမှ ခေါင်းလောင်းကို အံ့သြစွာ ကြည့်လိုက်သည်။ အဋ္ဌမမင်းသား၏ အမူအရာကို ယခုလေးပင် သူမြင်လိုက်ရသည်။ အဋ္ဌမမင်းသားသည် ခေါင်းလောင်းသံကြောင့် ထိတ်လန့်သွားသည်မှာ ထင်ရှားသည်။
ထိုမှသာလျှင် အဋ္ဌမမင်းသားသည် တုလုံကျွန်းသို့ ဝင်ရောက်လာစဉ် ချန်မင်ရှီနောက်သို့ လိုက်သွားခဲ့ပုံရသည်ကို ချင်ယွင် သတိရမိသည်။
ထိုအချိန်တွင် သူသည် အမဲလိုက်ခံနေရပြီး ချင်ယွင်သည် သူမကို စိတ်ပူနေခဲ့သည်။ ထို့နောက်တွင် ချင်ယွင်သည် သူမနှင့်အဋ္ဌမမင်းသားတို့ကြားတွင် ဖြစ်ပျက်ခဲ့သမျှကို သဘာဝအတိုင်း မသိနိုင်ပေ။
သို့သော်လည်း ချန်မင်ရှီသည် အဋ္ဌမမင်းသားနှင့် ရန်ဆိုင်ရန် ဤခေါင်းလောင်းကို အသုံးပြုခဲ့ပြီး သူ့ကို ဒုက္ခရောက်စေခဲ့ကြောင်း ချင်ယွင် သေချာပြောနိုင်သည်။ ထိုသို့ မဟုတ်လျှင် ဒီနေ့ ထိုခေါင်းလောင်းကို တွေ့သည့်အခိုက်မှာ အဋ္ဌမမင်းသား အတွက် ကြောက်လန့်တကြား ထွက်ပြေးဖို့ မဖြစ်နိုင်ပေ။
"ဒါက ဘယ်လိုခေါင်းလောင်းမျိုးလဲ" ချင်ယွင်သည် သူ၏နှလုံးသားထဲသို့ ပဟေဠိ ဆန်သော အရိပ်အယောင်များ ဝင်လာသည်။
ဤခေါင်းလောင်းသည် အလွန်သာမန်ဆန်သော ခေါင်းလောင်းဖြစ်သည်ဟု သူခံစားမိ သည်။ ၎င်းသည် ထူးခြားသော အင်မော်တယ်အဆင့်ပစ္စည်းလည်း မဟုတ်ပေ။ အဋ္ဌမမင်းသားကို ကြောက်ရွံ့မှုဖော်ပြရန် မည်သည့်အရာက ဖြစ်စေနိုင်သနည်း။
ချန်မင်ရှီသည် ချင်ယွင်အား ရှင်းပြရန် အနည်းငယ်မျှ ရည်ရွယ်ချက်မရှိပေ။ သူမက ချင်ယွင်အား ပြောလိုက်သည် "ကောင်းကင်ဘုံကိုအံတုနိုင်ပြီး ကံကြမ္မာကို ပြောင်းလဲစေမယ့် ရတနာတစ်ခုကို ရှာချင်တယ်လို့ မင်းပြောခဲ့တယ် မဟုတ်ဘူးလား။"
ချင်ယွင်က ခေါင်းညိတ်လိုက်ပြီး သူ၏မျက်လုံးတွေက တောက်ပလာသည်။ သူ၏ရည်ရွယ်ချက်က ကောင်းကင်ဘုံကို အန်တုနိုင်ပြီး ကံကြမ္မာကိုပြောင်းလဲ စေမည့် ရတနာကိုတွေ့ရှိပါက သူအား အသိပေးနိုင်မည်ဟု မျှော်လင့်ကြောင်း ချန်မင်ရှီကို အမှန်ပင် ပြောခဲ့သည်။
ယခုအချိန်တွင် ချန်မင်ရှီက ချင်ယွင်အား ဤကိစ္စကို ပြောပြလာသည်။ ချင်ယွင် ချန်မင်ရှီ၏ ဆိုလိုရင်းကို ချက်ခြင်း နားလည်သည်။ သူသည် ချက်ချင်း မေးလိုက်သည် “ကောင်းကင်ဘုံကိုအန်တုနိုင်ပြီး ကံကြမ္မာကိုပြောင်းလဲ စေမယ့်ရတနာတစ်ခုကို မင်း ရှာတွေ့ပြီလား” ။
ချန်မင်ရှီက ပြန်မဖြေပေ။ သူမက ကျိထျန်းချန် ကို အေးစက်စွာ ကြည့်နေသည်။
ကျိထျန်းချန်သည် ချန်မင်ရှီ၏သဘောကို နားလည်သွားပြီး သူက အားတောင့် အားနာဟန်ဖြင့် ပြုံးကာ ပြောလိုက်သည် "ငါ့ရဲ့ဂိုဏ်းအဖော်ကို လိုက်ရှာရဦးမယ်။ ငါ အရင်ထွက်သွားပါ့မယ်"
ချင်ယွင်၏အဖြေကိုပင် မစောင့်တော့ဘဲ ကျိထျန်းချန်သည် ပင်မခန်းမမှ ထွက်သွားခဲ့ သည်။
အမှန်တကယ်တော့ ချင်ယွင်သည် ကျိထျန်းချန်နှင့် ပတ်သက်ပြီး အတွေးများစွာ မရှိပေ။ သူတို့နှစ်ယောက်ကြားက ခင်မင်ရင်းနှီးမှုက ရိုးရိုးရှင်းရှင်း ဆုံတွေ့ခဲ့သည့် စကားဝိုင်းတစ်ခုမျှသာ ဖြစ်သည်။ ကျိထျန်းချန်သည် သူ့ကို မကူညီသည်မှာလည်း သဘာဝကျပါသည်။ အကယ်၍ သူကူညီမှသာ ထူးဆန်းနေလိမ့်မည်။ နောက်ဆုံးတော့ သူတို့နှစ်ယောက်၏ ခင်မင်ရင်းနှီးမှုက ထိုကဲ့သို့အဆင့်မျိုးထိ မရောက်ရှိသေးပါဘူး။
ကျိထျန်းချန် ထွက်သွားသည်ကိုမြင်လျှင် ချန်မင်ရှီက ပြောသည် "ခုနစ်ရောင်ခြယ် အေးခဲတိမ်တိုက်ပန်းပွင့်ကို ငါတွေ့တယ်။ ဒါပေမယ့် မပွင့်သေးဘူး။ ပွင့်လုနီးနီး ဖြစ်နေပြီ။ ဒီနှစ်ရက်လောက်အတွင်း ပွင့်လိမ့်မယ်ထင်တယ်။"
"တကယ်ကို အဲဒါက ခုနစ်ရောင်ခြယ်အေးခဲတိမ်တိုက်ပန်းပွင့်?" ချင်ယွင်သည် အနည်းငယ် ထိတ်လန့်သွားသည်။
ခုနစ်ရောင်ခြယ်အေးခဲတိမ်တိုက်ပန်းပွင့်သည် စုစုပေါင်းမှ ခုနစ်ပွင့်သာ ပွင့်သော်လည်း များသောအားဖြင့် အလွန်အေးပြီး စိုစွတ်သော နေရာများတွင် ပေါက်ပွားကြသည်။ ဤသည်မှာ ကောင်းကင်ဘုံကို အံတုနိုင်သော နတ်ဆေးဖြစ်သည်။ ပန်းပွင့်တစ်ပွင့်ကို စားသုံးပါက သေမျိုးများသည်ပင် ၎င်းတို့၏ သက်တမ်းကို အနှစ်တစ်ရာ တိုးမြင့် စေသည်ဟု ဆိုကြသည်။
ရန်စီစီသည် ဤပန်းပွင့်ကို စားသုံးလိုက်လျှင် သူမသည် အခြားသေမျိုးများကဲ့သို့ အနှစ်ခုနှစ်ရာတိုင် အသက်မရှင်နိုင်သော်လည်း အနှစ်တစ်ရာကျော် အသက်ရှင်ရန်မှာ ပြဿနာ မဟုတ်ပေ။ ထို့အပြင် ဤပန်းပွင့်ကို စားသုံးပြီးသည်နှင့် သူမသည် ကျင့်ကြံနိုင်မည် ဖြစ်သည်။ သူမသည် အနှစ်တစ်ရာအတွင်း အစစ်အမှန် အင်မော်တယ် နယ်ပယ်သို့ ဖြတ်ကျော်နိုင်သည်နှင့်၊ အင်မော်တယ် စိတ်ဝိညာဉ်ခန္ဓာကြောင့် ရရှိလာသော ဘေးထွက်ဆိုးကျိုးများလည်း လုံးဝ ပျောက်ကွယ်သွားမည် ဖြစ်ပါသည်။
အလားတူပင် ဤခုနစ်ရောင်ခြယ်အေးခဲ တိမ်တိုက်ပန်းပွင့်များသည် ကျင့်ကြံသူများ အတွက်လည်း အလွန်အသုံးဝင်ပါသည်။ ၎င်းပန်းပွင့်များသည် ဝိညာဉ်အရင်းအမြစ် များဟုလည်း လူသိများကြပြီး သူတို့၏စွမ်းရည်များကို တိုးပွားစေနိုင်သည်။
ပုံမှန်အားဖြင့်၊ အင်မော်တယ်ကမ္ဘာတွင်သာ ဤကဲ့သို့သော ခုနစ်ရောင်ခြယ် အေးခဲ တိမ်တိုက်ပန်းပွင့်များ ရှိကြပါသည်။ ဤတုလုံကျွန်းမှာ ခုနစ်ရောင်ခြယ်အေးခဲ တိမ်တိုက်ပန်းပွင့်တွေ အမှန်တကယ် ရှိနေလိမ့်မည်ဟု သူ မျှော်လင့်မထားခဲ့ပေ။
"အဲဒီခုနစ်ရောင်ခြယ်အေးခဲတိမ်တိုက်ပန်းပွင့်တွေက ဘယ်မှာလဲ" ချင်ယွင်က စိတ်လှုပ်ရှားစွာ မေးလိုက်သည်။ ရန်စီစီကို ကယ်တင်နိုင်ပြီဟုတွေးရင်း ချင်ယွင်၏ မျက်နှာသည် ပျော်ရွှင်မှု အရိပ်အယောင်ကို မဖော်ပြဘဲပင် မနေနိုင်တော့။
"သိပ်လည်း အပျော်စောမနေနဲ့ဦး။ ခုနစ်ရောင်ခြယ်အေးခဲတိမ်တိုက်ပန်းပွင့်ကို ဦးခေါင်းနှစ်လုံးပ ါအဖြူရောင်ရေနဂါးတစ်ကောင်က စောင့်ကြပ်နေကြတယ်” ချန်မင်ရှီက ပြောလိုက်သည်။
"ဦးခေါင်းနှစ်လုံးပါ အဖြူရောင်ရေနဂါးလား?"
ချင်ယွင်သည် ချက်ချင်းပင် ထိတ်လန့်သွားသည်။ ဤရေနဂါးများကို နဂါးမျိုးနွယ်စု၏ အောက်ခြေအဆင့်ဟု သတ်မှတ်ကြသော်လည်း ၎င်းတို့၏ အဆင့်အတန်းသည် ဒိုင်နိုဆောများထက် ပိုမိုမြင့်မားသည်။
သာမာန်အားဖြင့် အရွယ်ရောက်ပြီးသော ရေနဂါးဖြူများသည် သိုင်းဧကရာဇ်အဆင့် ကျွမ်းကျင်သူများနှင့် နှိုင်းယှဉ်နိုင်သည့် အဆင့်ငါးသားရဲတစ်ကောင်၏ ခွန်အားရှိကြ သည်။
အကယ်၍ ဦးခေါင်းနှစ်လုံးပါ အဖြူရောင်ရေနဂါးသည် အဆင့်ငါး ရေနဂါးဖြစ်နေခဲ့ပါက၊ ခုနစ်ရောင်ခြယ်အေးခဲတိမ်တိုက်ပန်းပွင့်ကို လုယူခြင်းမပြုနိုင်ဘဲ ၎င်း၏ဗိုက်ကို ဖြည့်တင်းမည့် အစာအာဟာရ ဖြစ်သွားနိုင်သည်။
"ဒါပေမယ့်လည်း၊ အဲဒီရေနဂါးအဖြူက အရွယ်ရောက်ပြီးသူ မဟုတ်သေးဘူး။ သူ့ရဲ့ ခွန်အားက အဆင့်လေး၊ ဆိုလိုတာက သိုင်းမြို့စားနယ်ပယ်ရဲ့နဝမအဆင့် ကောင်းကင်အလွှာ အထွတ်အထိပ် ပတ်လည်လောက်သာ ရှိသင့်တယ်။” ချန်မင်ရှီက ဆက်ပြောသည်။
ချန်မင်ရှီ၏ စကားကိုကြားလျှင် ချင်ယွင်သည် စိတ်သက်သာရာရဟန်ဖြင့် သက်ပြင်း တစ်ချက် ချလိုက်သည်။
အခန်း (၂၆၀) နဂါးကြေးခွံအနက်ရောင်ချပ်ဝတ်။
ချင်ယွင်သည် အေးခဲတိမ်တိုက်ခုနစ်ရောင်ခြယ်ပန်းပွင့်ရှိရာသို့ ချက်ချင်းမသွားခဲ့ပေ။ ယင်းအစား၊ သူသည် သူ၏ခန္ဓာကိုယ်ရှိ ဝိညာဉ်စွမ်းအင်များကို ပြန်လည်ရယူရန် ရှေးဟောင်းခေတ် အစိမ်းရောင်ကြာပန်း ပညာရပ်ကို ဖြန့်ကျက်လိုက်သည်။
ဤတစ်ကြိမ်တွင် သူသည် ဧကရာဇ်အဆင့် အဆင့်နိမ့်တန်းစား ဓားသိုင်းပညာရပ် ဖြစ်သည့် လန်ဖုန်ဓားသိုင်းပညာ၏ ပထမသိုင်းကွက်ကို အတင်းအကျပ် တွန်းအားပေးကာ ထုတ်ဖော်ခဲ့ပြီး သူ၏ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်စွမ်းအင်အားလုံးကို စုပ်ယူလုနီးပါး ဖြစ်သွားခဲ့ရသည်။
သို့သော် ဤသိုင်းကွက်၏ စွမ်းအားသည် သာမန်မဟုတ်ခဲ့ပေ။ သူ၏စတုတ္ထအဆင့် လေစွမ်းရည်သဘောတရား နှင့် ဓားဆန္ဒတို့၏ကောင်းချီး ပေးမူများဖြင့် ဤသိုင်းကွက်သည် အဋ္ဌမအဆင့် ကောင်းကင်အလွှာ သိုင်းမြို့စားနယ်ပယ် ကျွမ်းကျင်သူကိုပင် ခြိမ်းခြောက်ရန် လုံလောက်ပါသည်။
ဟုတ်ပါသည်၊ ဤသည်မှာ ခြိမ်းခြောက်မှုတစ်ခုသာ ဖြစ်ခဲ့ပါသည်။ အစစ်အမှန် အဋ္ဌမအဆင့် ကောင်းကင်အလွှာ သိုင်းမြို့စားနယ်ပယ်ကျွမ်းကျင်သူ မည်သူမဆို သူတို့၏ကိုယ်ပိုင် ရှင်သန်မှုအတွက် နည်းလမ်းမရှိဘဲ နေမည်တဲ့လား။
အချိန်တွေက တဖြည်း ဖြည်းကုန်ဆုံးလာပြီး ချင်ယွင်၏ ခန္ဓာကိုယ်ထဲရှိ ဝိညာဉ်စွမ်းအင်များ သည်လည်း တဖြည်းဖြည်း ပြန်လည်ကောင်းမွန်လာသည်။
အလွန်လျင်မြန်စွာပင်၊ ချင်ယွင်၏ ဝိညာဉ်စွမ်းအင်သည် သူ၏ အထွတ်အထိပ် အခြေအနေသို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။ သူသည် သိုင်းမြို့စားနယ်ပယ်၏ ဒုတိယအဆင့် ကောင်းကင်အလွှာ အထွတ်အထိပ်သို့ပင် ရောက်ရှိသွားခဲ့သည်။ သူသည် တတိယအဆင့် ကောင်းကင်အလွှာ သိုင်းမြို့စားနယ်ပယ်သို့ဝင်ရောက်ရန် ခြေတစ်လှမ်းသာ ဝေးသည်။
သို့သော် ချင်ယွင်သည် နိုးထလာခြင်းမရှိသေးပေ။ ယင်းအစား သူသည် ပင်မခန်းမ၏ ကြမ်းပြင်ပေါ်တွင် တင်ပျဉ်ခွေထိုင်ကာ မလှုပ်မယှက် ဖြစ်နေသည်။
ချန်မင်ရှီသည် အလွန်အံ့သြသွားပြီး ချင်ယွင် ဘာလုပ်နေလဲဆိုသည်ကို သူမ နားမလည်ပေ။
တစ်ချိန်တည်းမှာပင် ချင်ယွင်သည် ချန်မင်ရှီမမြင်နိုင်သည့် ကောင်းကင်ဘုံကိုးအလွှာ ကြယ်စင်စုပုံကြမ်းထဲရှိ လျှပ်စီးများလက်နေသည့် လျှပ်စီးရေကန်၏ လျှပ်စီးကြောင်း လေဟာနယ်ထဲမှာ တင်ပျဉ်ခွေထိုင်နေပါသည်။
သူ၏အကြည့်များက သူ၏လက်များကြားတွင် အဆက်မပြတ် ကူးခတ် သွားလာနေသော အနက်ရောင် လျှပ်စီးမြွေငယ်လေးသုံးကောင်ကို စူးစူးစိုက်စိုက် ကြည့်နေပြီး သူ၏စိတ်ကလည်း အမြင့်ဆုံး အရှိန်အဟုန်ဖြင့် လှည့်ပတ်နေသည်။
ဤအနက်ရောင်လျှပ်စီးမြွေငယ်လေးသုံးကောင်သည် မြွေအစစ်များ မဟုတ်ကြပေ။ ၎င်းတို့သည် လျှပ်စီးစွမ်းရည်သဘောတရား၏ တတိယအဆင့်ကို အသုံးပြု၍ အနက်ရောင်၀တ်ရုံဝတ်ကိုယ်ပွားမှ သိပ်သည်းထားသည့် လျှပ်စီးမြွေငယ်လေး သုံးကောင် ဖြစ်ပါသည်။
တစ်နည်းဆိုရသော် သူ၏ရှေ့ရှိ အနက်ရောင်လျှပ်စီးမြွေငယ်လေး သုံးကောင်သည် ပေါက်ကွဲလျှပ်စီးသဘောတရား၏ တတိယအဆင့်၊ မြန်နှုန်းမြင့်လျှပ်စီးသဘောတရား ၏ တတိယအဆင့်နှင့် လျှပ်စီးဖျက်ဆီးခြင်း သဘောတရား၏ တတိယအဆင့်တို့ကို ကိုယ်စားပြုပါသည်။
အထူးသဖြင့် ပေါက်ကွဲလျှပ်စီးမြွေငယ်လေးသည် ချင်ယွင်၏ လက်ဖဝါးလှုပ်ရှားမူ နောက်သို့ လိုက်ပါလာနေခဲ့သည်။ ၎င်းသည် အထူးသဖြင့် စိတ်ဆိုးနေကြပြီး ချင်ယွင်၏ လက်ဖဝါး ချုပ်နှောင်မှုမှ လွတ်မြောက်လိုသည့်အလား သူ၏ အပေါင်းအဖော်ကို သူ၏ခန္ဓာကိုယ်ဖြင့် အဆက်မပြတ် ဝင်ဆောင့်နေသည်။
မြန်နှုန်းမြင့်လျှပ်စီးမြွေငယ်လေးသည် အနက်ရောင်ဝတ်ရုံဝတ် ချင်ယွင်၏ လက်နှစ် ဖက်ကြားတွင် အလွန်လျင်မြန်စွာ ရွေ့လျားနေ၏။
လျှပ်စီးဖျက်ဆီးခြင်းမြွေငယ်လေးအတွက်မူ အနက်ရောင်ဝတ်ရုံဝတ် ချင်ယွင်၏ လက်ဖဝါးထဲတွင် ငြိမ်သက်နေခဲ့သည်။ ၎င်းသည် တည်ငြိမ်နေသော အုပ်စိုးရှင်တစ်ပါး ကဲ့သို့ တိတ်ဆိတ်နေခဲ့ပြီး ၎င်း၏ခန္ဓာကိုယ်တစ်ခုလုံးသည် ကြောက်မက်ဖွယ် ကောင်းသော အဖျက်စွမ်းအင်အငွေ့အသက်များ ထုတ်လွှတ်နေသည်။
သေချာသည်မှာ၊ ချင်ယွင်သည် လျှပ်စီးစွမ်းရည်သဘောတရားများကို နောက်တစ်ကြိမ် ထပ်ပြီး ပေါင်းစပ်ရန် စီစဉ်နေခဲ့ခြင်း ဖြစ်ပါသည်။
သူနောက်ဆုံးအကြိမ် ပေါင်းစပ်လိုက်သောအခါတွင် အလွန်အစွမ်းထက်သည့် မိုးကြိုးလှံကို ဖန်တီးနိုင်ခဲ့ပါသည်။
ယခုတစ်ကြိမ်မှာရော ဤပေါင်းစပ်မှုအပြီးတွင် သူသည် မည်ကဲ့သို့ သိုင်းကွက်မျိုး ဖန်တီးနိုင်မည်နည်း ဆိုသည်ကို သူ မသိသေးပါဘူး။ သူသည် ထိုထွက်ပေါ်လာမည့် သိုင်းကွက်ကို စောင့်မျှော်နေခဲ့မိပါသည်။
အနက်ရောင်၀တ်ဆင်ထားသော ချင်ယွင်သည် တုံ့ဆိုင်းနေခြင်းမရှိဘဲ လျှပ်စီးမြွေငယ် လေး ၃ကောင်ကို နေရာဒေသတစ်ခုသို့ စုစည်းရန် ထိန်းချုပ်လိုက်သည်။
အနက်ရောင်လျှပ်စီးမြွေငယ်လေးသုံးကောင်သည် တွန့်ဆုတ်သည့် အမူအယာကို ပြသကြပါသည်။ ပေါက်ကွဲလျှပ်စီးမြွေငယ်လေးသည် ချင်ယွင်၏ လက်ဖဝါးကို အဆက်မပြတ် ဝင်ဆောင့်နေပြီး ပို၍ပင် စိတ်တိုလာသည်။ မြန်နှုန်းမြင့် လျှပ်စီး မြွေငယ်လေးသည် ပေါင်းစပ်ခြင်း၏ ကံကြမ္မာမှ လွတ်မြောက်လိုသောဆန္ဒဖြင့် အလွန်လျင်မြန်စွာ ကူးခတ်နေလေသည်။
ယခင်က တိတ်ဆိတ်ငြိမ်သက်နေသော လျှပ်စီးဖျက်ဆီးခြင်း မြွေငယ်လေးသည်ပင် တွန့်ဆုတ်မှုကိုပြသလာခဲ့ပြီး အဆက်မပြတ် ကူးခတ်ရုန်းကပ်လာသည်။
"ပေါင်းစည်းစမ်း။"
အနက်ရောင်ဝတ်ရုံဝတ်ချင်ယွင်၏ မျက်လုံးများသည် အေးစက်သွားကာ သူ၏ လက်နှစ်ဖက်က တစ်ဖက်နှင့်တဖက်ကို အပြင်းအထန် ဖိထားသည်။
မြွေငယ်လေးသုံးကောင်သည် ရုန်းကန်လှုပ်ရှားဖို့နေရာက တဖြည်းဖြည်း ကျဉ်းမြောင်း လာခဲ့သည်။ နောက်ဆုံးတွင် သူတို့အား အတင်းအကြပ် ညှစ်ထုတ်ကာ အချင်းချင်း ပေါင်းစည်းလိုက်ကြသည်။
မြွေငယ်လေးသုံးကောင် ပေါင်းစည်းပြီးနောက်၊ ကြောက်မက်ဖွယ်ကောင်းပြီး ရင်တုန် ပန်းတုန်ဖြစ်စေသည့် စွမ်းအင်အတက်အကျလှိုင်းတစ်ခုက ချင်ယွင်၏လက်ဖဝါးမှ ချက်ချင်း ထွက်ပေါ်လာသည်။
အနက်ရောင်၀တ်ရုံဝတ်ချင်ယွ်၏ လက်ဖဝါးမှ အနက်ရောင် နဂါးလေးတစ်ကောင်သည် ပြင်းထန်သော အဖျက်စွမ်းအားကို ထုတ်လွှတ်သည်။
"အယ်၊ ဘာလို့ အနက်ရောင်နဂါးသေးသေးလေး ဖြစ်လာရတာလဲ" ချင်ယွင် အံ့ဩသွားသည်။
သူ၏စိတ်ကူးစိတ်သန်းအရ၊ နောက်ဆုံး လျှပ်စီးစွမ်းရည်သုံးခုကို ပေါင်းစပ်ပြီးနောက် ကြောက်မက်ဖွယ်ကောင်းသော လျှပ်စီးအလင်း အလုံးတစ်ခုအဖြစ် ပေါင်းစပ်သွား သင့်သည်။ ယခုမူ ဘာဖြစ်လို့ အနက်ရောင် နဂါးသေးသေးလေး ဖြစ်သွားရသနည်း။
ရုတ်တရက် ချင်ယွင်သည် တစ်ခုခုမှားယွင်းနေပြီဆိုသည်ကို သိလိုက်ရသည်။
အနက်ရောင်နဂါးလေးသည် အလွန်ထူးခြားလှသည်။ သူ၏တစ်ကိုယ်လုံးသည် အနက်ရောင်ဖြစ်သော်လည်း သူ၏ခန္ဓာကိုယ်ပေါ်ရှိ အကြေးခွံများသည် တကယ့် အစစ် အမှန်များကဲ့သို့ တစ်စတစ်စ ကြည်လင်နေသည်။
ထိုအချိန်မှာပင် ပေါင်းစပ်ထားသည့် အနက်ရောင်နဂါးလေးသည် ရုတ်တရက် မျက်လုံးပွင့်လာသည်။ ခရမ်းရောင် သူငယ်အိမ်များက လူတိုင်းရှေ့မှာ ထွက်ပေါ် လာသည်။ သူသည် ချင်ယွင်ကို လူသားဆန်စွာ ကြည့်နေသည်၊ သူ၏မျက်လုံးများသည် အသိစိတ်ရှိသကဲ့သို့ ဝိညာဉ်ချီများဖြင့် တောက်ပနေသည်။
"အသက်ရှင်နေတာလား?"
အနက်ရောင်ဝတ်ရုံဝတ် ချင်ယွင်သည် ချက်ချင်းပင် ထိတ်လန့်သွားသည်။ အဘယ်ကြောင့် ဤသို့သော အသွင်ကူးပြောင်းမှုမျိုး ဖြစ်ပွားရသည်ကို သူနားမလည်ပါ။
လျှပ်စီးစွမ်းရည်များကို ပေါင်းစပ်သည့် အခြေအနေ ပြီးဆုံးပြီးနောက် အဘယ်ကြောင့် အနက်ရောင်နဂါးလေးတစ်ကောင်အဖြစ် ပေါင်းစည်းသွားရသနည်း။
"အယ်။ တစ်ခုခုတော့ မှားနေပြီ။ အဲဒါက အစစ်လည်း ဟုတ်ပုံမရဘူး။ ဒါက လျှပ်စီးဝိညာဉ်ပဲ ဖြစ်နိုင်သလား" ချင်ယွင်သည် အံ့အားသင့်စွာ ခန့်မှန်းလိုက်သည်။
ချင်ယွင်သည် သူ၏ရှေ့ရှိ အနက်ရောင်နဂါးလေးသည် အလွန်ထူးဆန်းပြီး လျှို့ဝှက် ဆန်းကြယ်နေသည်ဟု ခံစားလိုက်ရသည်။
"အောင်း!"
ထိုအချိန်မှာပင် အနက်ရောင်နဂါးလေးဆီမှ ရုတ်တရက် နဂါးဟိန်းဟောက်သံ ထွက်လာသည်။ သူသည် ချင်ယွင်၏လက်ဖဝါးမှ သက်တောင့်သက်သာ လွတ်မြောက် သွားပြီး ချင်ယွင်ကို အကြိမ်အနည်းငယ် လှည့်ပတ်နေခဲ့သည်။ နောက်ဆုံးတွင် သူသည် အနက်ရောင်ဝတ်ရုံ ချင်ယွင်၏ ရင်ဘတ်ထဲသို့ ထိုးဖောက် ဝင်ရောက်သွားခဲ့သည်။
အနက်ရောင်ဝတ်ရုံဝတ်ချင်ယွင်သည် သူ့တစ်ကိုယ်လုံး တုန်လှုပ်သွားပြီး သူ ၏အဝတ်အစားများ စုတ်ပြတ်သွားသလို ခံစားလိုက်ရသည်။
ချင်ယွင်၏ ခန္ဓာကိုယ်ပေါ်တွင် အနက်ရောင်အကြေးခွံများ ပေါ်လာသည်။ အဆုံးတွင် ချင်ယွင်၏ ခန္ဓာကိုယ်တစ်ခုလုံးကို နဂါးကြေးခွံအနက်ရောင် ချပ်ဝတ်အလွှာဖြင့် ဖုံးအုပ်သွားသည်။
အနက်ရောင်လျှပ်စီးကြောင်းသည် ချပ်ဝတ်အလွှာ၏မျက်နှာပြင်ပေါ်တွင် လင်းလက် သွားသည်။ ယင်းကြောင့် မူလကတည်းက ချောမောပြီး ကြံ့ခိုင်သန်မာသော ချင်ယွင် သည် ထူးထူးခြားခြား လွှမ်းမိုးနိုင်စွမ်းရှိလာခဲ့သည်။ ချပ်ဝတ်အလွှာမှ ထုတ်လွှတ်သော အဖျက်စွမ်းအားအငွေ့အသက်သည် လူတစ်ယောက်၏နှလုံးသားကို အေးခဲစေခဲ့သည်။
"ဘာတွေဖြစ်နေတာလဲ?" ချင်ယွင် အံသြသွားသည်။
လျှပ်စီးစွမ်းရည်သဘောတရားများကို ပေါင်းစပ်ပြီးနောက် နောက်ဆုံးတွင် အနက်ရောင်နဂါးလေးတစ်ကောင်အဖြစ် မည်သို့မည်ပုံ သိပ်သည်း သွားခဲ့ရသနည်း ဆိုသည်ကိုပင် သူ နားမလည်နိုင်သေးပေ။ အခု နောက်ပိုင်းတွင်၊ ဤအနက်ရောင် နဂါးလေးသည် အနက်ရောင်နဂါးကြေးခွံချပ်အဖြစ်သို့ ပြောင်းလဲသွားပြန်ပြီလား။
ချင်ယွင်က ဤအကြောင်းကို တွေးတောနေသော်လည်း သူနားမလည်နိုင်ခဲ။ အဆုံးတွင်၊ သူသည် ဖရိုဖရဲလျှပ်စီး၏ အကြောင်းရင်းကြောင့် ဖြစ်နိုင်သည်ဟု အသိအမှတ်ပြုရန်မှတပါး ရွေးချယ်စရာမရှိတော့ပေ။
နောက်ဆုံးအကြိမ် လျှပ်စီးစွမ်းရည်သဘောတရားကို ပေါင်းစပ်ရန် ကြိုးစားခဲ့တုန်းက သူသည် သာမန်လျှပ်စီးကြောင်းများကိုသာ အသုံးပြုခဲ့သည်။
သို့သော်၊ ယခုတစ်ကြိမ်တွင်၊ ချင်ယွင်သည် အနက်ရောင်ဝတ်ရုံဝတ်ချင်ယွင်၏ ခန္ဓာကိုယ်အတွင်း၌ သိမ်းဆည်းထားသည့် ဖရိုဖရဲလျှပ်စီးကို အသုံးပြုခဲ့ခြင်း ဖြစ်သည်။
သို့သော်၊ ဤပေါင်းစပ်မှုသည် နဂါးကြေးခွံချပ်ဝတ်အဖြစ် ပေါင်းစပ်သွားပြီး မမျှော်လင့် ထားသည့် အပြောင်းအလဲတစ်ခု ဖြစ်လာလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။
မည်သို့ပင်ဆိုစေကာမူ ဤနဂါးကြေးခွံချပ်ဝတ်သည် ထူးခြားစွာ အစွမ်းထက်သည်ဟု ချင်ယွင် ခံစားနိုင်သည်။ သူ့ဆီမှ ထွက်ပေါ်လာသည့် အဖျက်စွမ်းအင်အငွေ့အသက် များက လူတစ်ယောက်၏ နှလုံးသားကို တုန်လှုပ်စေသည်။
"ကဲ ဒါဆိုလည်း ဒီချပ်ဝတ်က ဘယ်လောက်တောင် အစွမ်းထက်လဲဆိုတာ ကြည့်ရအောင်" ချင်ယွင်က ရယ်မောလိုက်သည်။
ခန်းမအတွင်းတွင် ချင်ယွင်ကို တိတ်တဆိတ် စောင့်ကြည့်နေသော ချန်မင်ရှီသည် ချင်ယွင်၏မျက်လုံးများ ရုတ်တရက်ပွင့်လာပြီး ရန်သူကြီးတစ်ယောက်နှင့် ရင်ဆိုင်ရ သကဲ့သို့ သူ၏လက်ထဲတွင် စိမ်းပြာရောင် ဓားတစ်ချောင်း ပေါ်လာသည်ကို တွေ့လိုက်ရသည်။
ထို့နောက် ချန်မင်ရှီသည် အနက်ရောင်အကြေးခွံဝတ်ထားသော အမျိုးသားတစ်ဦးသည် လေဟာနယ်ထဲမှ ထွက်လာသည်ကို တွေ့လိုက်ရသည်။ သူ၏ခန္ဓာကိုယ်ပေါ်ရှိ အနက်ရောင်အကြေးခွံများသည် ပြင်းထန်သော အဖျက်စွမ်းအားကို ထုတ်လွှတ်သည်။ သူလှမ်းလိုက်သည့် ခြေလှမ်းတိုင်းက လေဟာနယ်ကိုပင် တုန်လှုပ်သွားစေသည်။
ချန်မင်ရှီ၏ မျက်လုံးများသည် နှိုင်းယှဉ်ပြလို့မရသည့် အံ့အားသင့်ဖွယ် အမူအရာတစ်ခုကို ထုတ်ဖော်လာသည်။ သူမသည် ဤချပ်ဝတ် တန်ဆာဝတ်ထားသည့် လူသားကို လှပသောမြစ်များနှင့် တောင်တန်းများကမ္ဘာငယ်လေးတွင် ချင်ယွင် အသုံးပြုခဲ့သော သူ၏ လျှပ်စီးစွမ်းရည်ကိုယ်ပွားအဖြစ် မှတ်မိနေခဲ့သည်။
သို့သော်၊ ဤအခိုက်အတန့်တွင် နဂါးကြေးခွံအနက်ရောင်ချပ်ဝတ် ကိုဝတ်ဆင်ထား သည့် လျှပ်စီးစွမ်းရည်ကိုယ်ပွားသည် ထူးထူးခြားခြား လွှမ်းမိုးကြီးစိုးနိုင်စွမ်းရှိနေခဲ့ သည်။
ချွင်!
ချင်ယွင်၏ မူလခန္ဓာကိုယ်သည် ရွေ့လျားသွားခဲ့ပြီး နောက်ကွယ်မှာ ပုံရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားသည်။ သူသည် လျှပ်စီးစွမ်းရည်ကိုယ်ပွားအနားတွင် တိုက်ရိုက် ပေါ်လာခဲ့ပြီး သူ၏နဂါးကြေးခွံအနက်ရောင်ချပ်ဝတ်ကို ဓားဖြင့်ထိုးလိုက်သည်။
သို့သော်လည်း နဂါးကြေးခွံအနက်ရောင်ချပ်ဝတ်သည် လုံးဝတုံ့ပြန်ခြင်း မရှိခဲ့ပေ။ ဓား၏ ချွန်ထက်သောထိပ်ဖျားသည် နဂါးကြေးခွံ အနက်ရောင် ချပ်ဝတ်ပေါ်တွင် မှိန်ဖျော့ဖျော့အမှတ်အသားတစ်ခုကိုသာ ချန်ထားရစ်ခဲ့ပြီးနောက် အလိုအလျောက် ပျောက်ကွယ်သွားခဲ့သည်။
"ဒါ" ချန်မင်ရှီ မှင်သက်အံသြသွားရသည်။
ဤမြင်ကွင်းကို မြင်လိုက်ရလျှင် ချင်ယွင်၏အစစ်အမှန် မူလခန္ဓာကိုယ်သည် ပျော်ရွှင်ကျေနပ်သည့် အမူအရာ ပေါ်လာသည်။
အမှန်တကယ်တော့ ဤချပ်ဝတ်သည် အင်မော်တယ်ပစ္စည်းတစ်ခုနှင့် နှိုင်းယှဉ်နိုင်သည့် ချပ်ဝတ်ဖြစ်ပြီး သူ့ကိုယ်သူ အလိုအလျောက် ကုစားနိုင်သည့် စွမ်းရည်လည်း ပါရှိနေသည်။
"သွား!"
ချင်ယွင်က ကျယ်လောင်စွာ အော်လိုက်သည်။ အနက်ရောင်ဝတ်ရုံဝတ်ကိုယ်ပွားသည် အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး တောင်နံရံရှေ့တွင် ချက်ချင်း ပေါ်လာသည်။ လက်သီးချက် ပစ်ထိုးလိုက်ပြီး ခန်းမကြီးတစ်ခုလုံး ချက်ချင်းပင် ပြင်းထန်စွာ တုန်ခါသွားသည်။
အနက်ရောင်ဝတ်ရုံဝတ် ချင်ယွင်၏ လက်မောင်းတစ်ဘက်လုံးသည် တောင်နံရံထဲသို့ နစ်မြုပ်သွားပြီး ပတ်ဝန်းကျင်ရှိ ကျောက်ဆောင်များတွင် မရေမတွက်နိုင်သော အက်ကြောင်းများ ပေါ်လာသည်။
"သန်မာလွန်းတယ်!" ချင်ယွင်သည် မျက်လုံးများကို ပြူးကျယ်စွာဖွင့်ပြီး ပြောလိုက် သည်။
"ဒါက သေချာပေါက် ဝှက်ဖဲတစ်ခုပဲ။" ချင်ယွင်၏ မျက်နှာပေါ်တွင် စိတ်အားတက် ကြွမူက ပေါက်ကွက်ထွက်လာခဲ့သည်။ ဤနဂါးကြေးခွံ အနက်ရောင်ချပ်ဝတ်၏ အကူအညီဖြင့်၊ သူ၏ခွန်အားသည် အဋ္ဌမအဆင့် အထွတ်အထိပ် ကောင်းကင်အလွှာ သိုင်းမြို့စားကျွမ်းကျင်သူနှင့် ယှဉ်နိုင်လုနီးပါးဖြစ်နေပြီ။