← Chapters

အခန်း (၂၇၁-၂၇၅)

Vol. 19 Ch. 271-275

အခန်း (၂၇၁-၂၇၅)

Vol. 19 Ch. 271-275

အခန်း (၂၇၁) လက်အောက်ခံရှောင်ကျင်း။

ချင်ယွင်သည် အဝေးမှာလှိမ့်နေသော ရွှေမျက်လုံးမျောက်ဝံကြီးကို ကြည့်လိုက်သည်။ သူသည် မျောက်ဝံကြီးကို အသက်ရှူရန်ပင် အခွင့်အရေး မပေးတော့ပေ။

သူ၏တစ်ကိုယ်လုံးသည် အနက်ရောင်အလင်းတန်းများအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး ရေနက်ပိုင်း ရွှေမျက်လုံးမျောက်ဝံကြီးဆီသို့ နောက်တကြိမ် အရူးအမူးပြေးဝင်သွားခဲ့ ပြန်သည်။

လျှပ်စီးစွမ်းရည်ကိုယ်ပွားသည် ပေါက်ကွဲလျှပ်စီး၏ ဒေါသပေါက်ကွဲသည့် အခြေအနေသို့ ပထမဆုံ အကြိမ် ဝင်ရောက်ခြင်း ဖြစ်သော်လည်း၊ အချိန်ကန့်သတ်ချက် တစ်ခုရှိနေဆဲ ဖြစ်သည်။ ထို့ကြောင့် ချင်ယွင်သည် အတတ်နိုင်ဆုံး အချိန်တိုအတွင်း ဤမျောက်ဝံကြီးနှင့် ရင်ဆိုင်ရတော့သည်။

လျှပ်စီးစွမ်းရည်ကိုယ်ပွားသည် ပေါက်ကွဲလျှပ်စီးအခြေအနေသို့ ဝင်ရောက်ခဲ့သည်။ နဂါးကြေးခွံအနက်ရောင်ချပ်ဝတ်၏ထပ်တိုးအားဖြည့်မှုနှင့်အတူ၊ ၎င်း၏စွမ်းအားသည် အဋ္ဌမအဆင့် ကောင်းကင်အလွှာ အထွတ်အထိပ် သိုင်းမြို့စားအဆင့်နှင့် နှိုင်းယှဉ်နိုင်သည်။ ရုတ်​တရက်​ ပြင်းထန်​စွာ ​ပေါက်​ထွက်​သွားသည်​မှာ ပို၍ပင်​ ​ကြောက်​စရာ​ကောင်းသည်​။

"ဘုန်း!"

နောက်ထပ် မိုးခြိမ်းသံတချက်က တဟုန်ထိုး ပဲ့တင်ထပ်လာပြန်သည်။

ချင်ယွင်သည် ကြီးမားသော ရွှေမျက်လုံးမျောက်ဝံကြီး၏ ရင်ဘတ်ကို တိုက်ရိုက် ထိုးနှက်ကာ ပင်လယ်အောက် မြေပြင်သည်ပင် ပြင်းထန်စွာ လှုပ်ယမ်းသွားခဲ့သည်။

ပင်လယ်အောက်ရှိမြေပြင်သည် ချက်ခြင်း ကွဲအက်သွားပြီး အက်ကြောင်းများသည် နေရာအရပ်ရပ်သို့ လျင်မြန်စွာ ပျံ့နှံ့သွားသည်။

ရွှေမျက်လုံးမျောက်ဝံကြီး၏ ဦးခေါင်းသည် မူးဝေသွားသည်။ သူ့ရှေ့မှာ ရှိသည့် လူသားသည် အဘယ့်ကြောင့် ရုတ်တရက် ဤမျှလောက် အစွမ်းထက် လာရသည်ကို သူနားမလည်ပါဘူး။ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားသည် သူ၏ ရင်ဘတ်ပေါ်သို့ ကျရောက်လာပြီး တစ်ကိုယ်လုံး ပြင်းထန်စွာ နာကျင်ပြီး ထုံကျင် သွားစေသည်။ သူ့မှာ ခံနိုင်ရည် နည်းနည်းလေးတောင် မရှိတော့ပါဘူး။

ဒါက ဒုတိယအဆင့် ကောင်းကင်အလွှာ အထွတ်အထိပ် သိုင်းမြို့စားအဆင့် ခွန်အားပဲလား။

ဒီကောင်က ကျားကိုစားဖို့အတွက် ဝက်တစ်ကောင်လို ဟန်ဆောင်နေတာလား။

"ဘုန်း!"

ချင်ယွင်သည် နောက်ထပ် ရွှေမျက်လုံးမျောက်ဝံကြီးကို တွန်းထုတ်လိုက်သည်။ ရွှေမျက်လုံးမျောက်ဝံကြီး၏ ရင်ဘတ်သည် တခဏချင်း နစ်ဝင်သွားခဲ့ပြီး သူ၏ ပါးစပ်ထောင့်မှ သွေးစသွေးနများ ထွက်လာသည်။

ထို့အပြင် သွေးသည် အမှန်တကယ် ရွှေရောင်ဖြစ်နေသည်။

ရေနက်ပိုင်း ရွှေမျက်လုံးမျောက်ဝံကြီး၏ပါးစပ်မှ ငိုကြွေးသံများ ဆက်တိုက် ထွက်ပေါ်လာသည်။ ချင်ယွင်၏ လက်သီးချက်ကြောင့် သူသည် မခံမရပ်နိုင်ဖြစ်နေပြီ ဖြစ်သည်။

ချင်ယွင်၏ အနက်ရောင်မျက်လုံးများသည် သနားခြင်းအရိပ်အယောင်အနည်းမျှမရှိဘဲ အေးစက်နေဆဲဖြစ်သည်။ အနက်ရောင် ခြိမ်းခြောက်နိုင်သည့်အန္တရာယ်အငွေ့အသက် အရူးအမူး မြင့်တက်နေသေးသည်။

သို့သော် လျှပ်စီးစွမ်းရည်ကိုယ်ပွားချင်ယွင်သည် ပင်လယ်ရေနက်ပိုင်း ရွှေမျက်လုံး မျောက်ဝံကြီး၏ ဦးခေါင်းကို ထိုးနှက်ခါနီး မျောက်ဝံကြီး၏အသက်ကို လုံးလုံးလျားလျား အဆုံးသတ်တော့မည့်အချိန်တွင် ချင်ယွင်၏ အစစ်အမှန် ခန္ဓာကိုယ်သည် သူ့ဘေးတွင် ရုတ်တရက် ပေါ်လာသည်။

အစိမ်းရောင်ကြာပန်းစည်းတံဆိပ်သည် အနှိုင်းမဲ့ တောက်ပသော အလင်းရောင်ကို ထုတ်လွှတ်သည်။ ရူးသွပ်သော စုတ်ယူမှုစွမ်းအားသည် ချင်ယွင်၏ရင်ဘတ်မှ တိုက်ရိုက် ထွက်ပေါ်လာပြီး ရေနက်ပိုင်း ရွှေမျက်လုံးမျောက်ဝံကြီး၏ ခန္ဓာကိုယ်တစ်ခုလုံးကို ချက်ချင်း ဖုံးလွှမ်းသွားသည်။ နောက်ဆုံးတွင်၊ ၎င်းသည် ရေနက်ပိုင်းရွှေမျက်လုံး မျောက်ဝံကြီးအား အစိမ်းရောင်ကြာပန်းစည်းတံဆိပ်၏ လေဟာနယ်နေရာထဲသို့ စုပ်ယူသွားခဲ့သည်။

"ဘာတွေဖြစ်နေတာလဲ?" လျှပ်စီးစွမ်းရည်ကိုယ်ပွားသည် အံသြသွားသည်။ ဆုပ်ထားသည့် လက်သီးတွေကို ဘယ်နေ ရိုက်ရမှန်း မသိတော့ပါဘူး။

ချင်ယွင်က ကူကယ်ရာမဲ့စွာ ခေါင်းယမ်းလိုက်သည်။ ကောင်းကင်ဘုံ ကိုးအလွှာ ကြယ်စင်စုပုံကြမ်းတွင် သူသည် လေစွမ်းရည် သဘောတရားများကို ယခုလေးတင် နားလည်ဆင်ခြင်နေသော်လည်း သူ၏ရင်ဘတ်ပေါ်ရှိ အစိမ်းရောင်ကြာပန်း စည်းတံဆိပ်သည် ရုတ်တရက် တောက်ပလာသည်။ ထို့နောက် သူသည် ပြင်ပလောကတွင် ပေါ်လာပြီး အောက်ပါ မြင်ကွင်းမျိုး ဖြစ်ပေါ်လာရခြင်း ဖြစ်သည်။

"ဟင်း ၊ ဒီအစိမ်းရောင်ကြာပန်းစည်းတံဆိပ်က ရှားပါးသားရဲတွေကို ကျေးကျွန်တွေ အဖြစ် စုဆောင်းရတာကို သဘောကျပုံရတယ်။ ဒီမျောက်ဝံကြီးကလည်း ထူးထူးခြားခြား ဖြစ်ရမယ်” ချင်ယွင်သည် ကူရာမဲ့ဟန်ဖြင့် သက်ပြင်းချပြီး ပြောလိုက်မိသည်။

မျှော်လင့်ထားသည့်အတိုင်း ရွှေမျက်လုံးမျောက်ဝံကြီးသည် အစိမ်းရောင် ကြာပန်း စည်းတံဆိပ်၏ လေဟာနယ်ထဲသို့ စုပ်ယူလိုက်သောအခါ ချင်ယွင်၏ စိတ်ထဲတွင် စိတ်ဝိညာဉ်စာချုပ်တစ်ခု ပေါ်လာသည်။

ထို့နောက် ချင်ယွင်၏ စိတ်ထဲတွင် ငိုသံကြီး ထွက်ပေါ်လာလေသည်။

"ဝူး..ဝူး.နာတယ်...နာတယ်…….။

ချင်ယွင်၏ မျက်လုံးမျက်ဆံများ ပြူးကျယ်သွားကာ တအံ့တသြ ရေရွတ်လိုက်မိပါ သည်။ “ကလေးလေး တစ်ယောက်လား”။

“သခင်…၊ သခင်ကြီးက ငါ့ကို အရမ်းနာကျင်အောင် ရိုက်တာပဲ”။

ဝူး… ဝူး…ဝူး”

ရွှေမျက်လုံးမျောက်ဝံကြီး၏အသံသည် ချင်ယွင်၏ စိတ်ထဲတွင် တစ်ဖန် ထွက်ပေါ်လာ သည်။

ချင်ယွင်၏ မျက်လုံးများသည် ချက်ချင်းပင် ဝင်းလက်လာသည်။ သူ၏အသံက ကလေးငယ် ​တစ်​​ယောက်​လို ဖြစ်​​နေသည်​။ ရေနက်ပိုင်း ရွှေမျက်လုံးမျောက်ဝံကြီးကို ကြည့်လိုက်ရင်း ချင်ယွင်သည် ခွန်အားဆုံးရှုံးသွားသလို ခံစားလိုက်ရသည်။

မီတာတစ်ရာမြင့်မားသော ဤမျောက်ဝံကြီးသည် ကလေးငယ်အရွယ်သာ ရှိသေးသည် ဟု မည်သူက ထင်ထားမည်နည်း။ ချင်ယွင်သည် ရွှေမျက်လုံးမျောက်ဝံကြီးကို အရွယ်ရောက်ပြီး မျောက်ဝံအမျိုးအစား ဧရာမသားရဲကြီး တစ်ကောင်ဟု အမြဲထင်နေခဲ့သည် မဟုတ်ပါလား။

သို့သော်လည်း ဤမျောက်ဝံကြီးသည် မည်မျှထူးခြားသည်ကို ပြသခဲ့သည်။ ယခုအချိန်တွင် ၎င်းသည် နို့စို့အရွယ်တွင် ရှိနေဆဲဖြစ်ပြီး အဋ္ဌမအဆင့် ကောင်းကင်အလွှာ အထွတ်အထိပ် သိုင်းမြို့စားနယ်ပယ်နှင့် နှိုင်းယှဉ်နိုင်သည်။ အကယ်၍ သူအရွယ်ရောက်လာလျှင် မည်မျှ အစွမ်းထက်လိုက်မည်နည်း။

နတ်ဆိုးသားရဲလား? အင်မော်တယ်သားရဲပင် ဖြစ်နိုင်သည်။

အင်မော်တယ်သားရဲအဆင့်အထိ ရင့်ကျက်နိုင်စွမ်းရှိသည့် ဤဆိတ်သုဉ်းခြင်း သားရဲသည် အလွန်ထူးခြားနေရပါမည်။ သူ၏သွေးမျိုးဆက်က ရှောင်ဘိုင်ထက်​ အားနည်းခြင်း မရှိလောက်ပေ။

"မင်းနာမည်ဘယ်လိုခေါ်လဲ?" ချင်ယွင်သည် တဖက်ဘက်မှာ အားနည်းသွားသည့် လျှပ်စီးစွမ်းရည်ကိုယ်ပွားကို ကောင်းကင်ဘုံကိုးအလွှာ ကြယ်စင်စုပုံကြမ်းတွင် သိမ်းဆည်းလိုက်ပြီးနောက်၊ သူသည် အစိမ်းရောင်ကြာပန်းစည်းတံဆိပ် လေဟာနယ် အတွင်းရှိ ရေနက်ပိုင်းရွှေမျက်လုံးမျောက်ဝံကြီးနှင့် ဆက်သွယ်နေရင်း ဝမ်ယွီမြို့၏ ဦးတည်ရာအရပ်ဆီသို့ အလျင်အမြန် ဆက်လက်သွားဖို့ပြင်ဆင်လိုက်သည်။

"ကျွန်တော်နာမည် ဘယ်လိုခေါ်လဲ မသိသေးဘူး။ ကျွန်တော်က ဒီမှာမွေးတာလေ။ ကျွန်တော်က ဒီမှာနေတာ သုံးနှစ်ရှိပြီ၊ ဒါပေမယ့် ကျွန်တော်နာမည်က ရေနက်ပိုင်း ရွှေမျက်လုံး မျောက်ဝံကြီးလို့ စိတ်ထဲမှာပြောနေတဲ့ အသံတစ်ခုရှိတယ်။" ရွှေမျက်လုံး မျောက်ဝံကြီးငိုတာ ရပ်သွားတယ်။

"ပင်လယ်ရေနက်ပိုင်း ရွှေမျက်လုံးမျောက်ဝံကြီးလား?" တော်ဝင်ချင် အင်မော်တယ် မင်းဆက်၏သားရဲများဖြစ်စဉ်မှတ်တမ်းတွင် ဤအမည်ကို အမှန်တကယ် မှတ်တမ်း တင်ထားခြင်း မရှိသည့်အတွက် ချင်ယွင် အံ့သြမိသည်။

ရွှေရောင်သူငယ်အိမ်များပါရှိသော ဤမျောက်ဝံနှင့်တူသည့် သားရဲအနည်းငယ် ရှိသော်လည်း နက်ရှိုင်းသောပင်လယ်ထဲတွင် နေထိုင်ကြသောအကောင်များမှာ အလွန် ရှားပါးသည်။

သို့သော်၊ ရွှေမျက်လုံးမျောက်ဝံကြီး၏မျက်လုံးများသည် ရွှေလှံနှစ်ချောင်းကို ပစ်လွှတ် လိုက်ခြင်းဖြစ်ကြောင်း ချင်ယွင် သတိရသောအခါတွင် သူ၏စိတ်ထဲတွင် ကြောက်ရွံ့မှု အရိပ်အယောင်ကို မခံစားရဘဲမနိုင်ပေ။ အကယ်၍ ၎င်းသည် နဂါးကြေးခွံ အနက်ရောင်ချပ်ဝတ်ကြောင့်သာမဟုတ်ပါက၊ ရွှေလှံနှစ်ချောင်းသည် သူ၏ရင်ဘတ်ကို ထိုးဖောက်ဝင်ရောက်ခဲ့ပြီး သူ၏လျှပ်စီးစွမ်းရည်ကိုယ်ပွားကို သေဆုံးစေလိမ့်မည်။

"မင်းမျက်လုံးထဲက ပစ်လိုက်တဲ့ ရွှေလှံက ဘာလဲ။" ချင်ယွင်က အမြန်ပြေးလွှာရင်း မေးလိုက်သည်။

"ကျွန်တော်လည်း မသိဘူးလေ။ ဒီသိုင်းကွက်က မွေးကတည်းက ကျွန်တော့်စိတ်ထဲမှာ ပေါ်လာတာကိုပဲ သိတယ်။ ဒါပေမယ့် တစ်နေ့ကိုတစ်ကြိမ်ပဲ သုံးနိုင်တယ်။ ဒါက ကျွန်တော့်ရဲ့ အသက်ကယ်စွမ်းရည်လို့ ယူဆနိုင်ပါတယ်။" ရေနက်ပိုင်း ရွှေမျက်လုံး မျောက်ဝံကြီး၏ နူးညံ့သောအသံသည် ဆက်လက် တည်ရှိနေ၏။

ချင်ယွင်သည် ခေါင်းညိတ်လိုက်သည်။ ရေနက်ပိုင်းရွှေမျက်လုံးမျောက်ဝံကြီးသည် ယခင်ကတစ်ကြိမ်သာ အသုံးပြုခဲ့ပြီး နောက်ထပ် အသုံးမပြုတော့ခြင်းမှာ အံ့သြစရာ မဟုတ်ပေ။ ထိုအချိန်တွင် ချင်ယွင်သည် ဤကဲ့သို့ ကြောက်မက်ဖွယ် ကောင်းသော သိုင်းကွက်ကို ထပ်မံအသုံးပြုမည်ကို အမှန်တကယ်ပင် ကြောက်လန့်နေခဲ့သည်။

ရုတ်တရက် ချင်ယွင်၏ သူငယ်အိမ်များ ကျုံ့သွားကြသည်။

"မွေးကတည်းက ဒီသိုင်းကွက်က ငါ့စိတ်ထဲမှာ ပေါ်လာတယ်။"

ဤစကားသည် ချင်ယွင်၏စိတ်ထဲမှာ ပေါ်လာသည်။ မွေးကတည်းက သင်ယူခဲ့ရသည့် စွမ်းရည်တွေဆိုတာက အမွေခံဆက်ဆံထားတာ မဟုတ်ဘူးလား။

ရှောင်ဘိုင်ကဲ့သို့ဖြစ်သည်၊ သူ၏ ကောင်းကင်နှင့်မြေကြီးကိုဝါးမျိုနိုင်သည့် စွမ်းရည် သည် ကောင်းကင်မျိုစပါးအုံးမြွေ၏ မွေးရာပါအမွေကိုဆက်ခံသည့် စွမ်းရည်တစ်ခု ဖြစ်ပြီး မနှိုင်းယှဉ်နိုင်အောင် အစွမ်းထက်သည့် စွမ်းအားကို ပိုင်ဆိုင်ထားသည်။ သူ၏ရှေ့မှာရှိနေသည့် ရေနက်ပိုင်း ရွှေမျက်လုံး မျောက်ဝံကြီးသည်လည်း ဤမွေးရာပါ အမွေခံစွမ်းရည်ကို ပိုင်ဆိုင်ထားမည်ဟု သူမထင်ထားခဲ့ပေ။ ဆိုလိုသည်မှာ သူ၏ ခန္ဓာကိုယ်သည် ရှေးဟောင်းနတ်ဘုရား သားရဲ၏သွေးမျိုဆက်ကို နိုးကြားစေ သည်ဟုသာ ဆိုလိုနိုင်သည်။

သတ္တုစွမ်းရည် ပိုင်ဆိုင်သည့် ရှေးဟောင်းနတ်ဘုရား သားရဲများသည်လည်း မျောက်ဝံများ ဖြစ်ကြသည်။

ချင်ယွင်၏စိတ်ထဲမှာ ရုတ်တရက် နာမည်တစ်ခု ထွက်ပေါ်လာပြီး သူ့ကို မူးဝေသွားစေသည်။" အင်မော်တယ် စိန်မျောက်ဝံ!"

ဒဏ္ဍာရီလာ အင်မော်တယ် စိန်မျောက်ဝံသည် ချက်ချင်းဆိုသလို ပေတစ်ထောင်အထိ ကြီးမားနိုင်သလို သေးငယ်အောင်လည်း လုပ်နိုင်ကြသည်။ သူတို့သည် ကောင်းကင်နှင့် မြေကြီးကြား၌ မြင့်မားသော နတ်ဘုရားတောင်တန်းကြီးများကဲ့သို့ ရပ်တည်ကြလျက် သူတို့သေးငယ်လိုက်မည်ဆိုလျှင် ပန်းပွင့်များတွင် တွယ်ကပ်နေသော အင်းဆက် သို့မဟုတ် ပုရွက်ဆိတ်နှင့်ပင် တူသည်။

အင်မော်တယ်စိန်မျောက်ဝံ၏ အစွမ်းထက်ဆုံးအရာမှာ ၎င်း၏ မသေနိုင်သော အရာဖြစ်သည်။ သူ၏အမွေးများကို ချိုးဖျက်နိုင်သည့်အရာက ကမ္ဘာပေါ်မှာ မရှိလုနီးပါး ဖြစ်သလို သူ၏ခန္ဓာကိုယ်ကလည်း အင်မော်တယ်အဆင့်ပစ္စည်းများထက်ပင် ပိုမာကြောသည်။

ဤအကြောင်းကို စဉ်းစားလိုက်မိလျှင် ချင်ယွင်သည် အေးစက်သည့်လေကို မရှုရှိုက်ဘဲ မနေနိုင်တော့ပေ။ အကယ်၍ ဤကောင်လေးသည် အင်မော်တယ်စိန်မျောက်ဝံ၏ ဒဏ္ဍာရီဆန်ဆန် သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားပါက ၎င်းသည် အမှန်တကယ် အစွမ်းထက်မည်ဖြစ်သည်။

"နောင်အခါမှာ ငါ မင်းကို ရှောင်ကျင်းလို့ ခေါ်လိုက်မယ်!" ချင်ယွင်က ရွှေမျက်လုံး မျောက်ဝံကြီးထံ အသံပို့လွှတ်လိုက်သည်။

" ရှောင်ကျင်းလား? နာမည်ကောင်းပဲ၊ ကျွန်တော်ကြိုက်တယ်!" ပင်လယ်ရေနက်ပိုင်း ရွှေမျက်လုံးမျောက်ဝံကြီးသည် ချက်ချင်းပင် စိတ်လှုပ်ရှားစွာ အော်ပြောလိုက်သည်။ သူ၏ ပျော်ရွှင်နေသော အမူအရာသည် သူ၏ ယခင်ကရိုင်းစိုင်းသော အသွင်အပြင်နှင့် လုံးဝ တခြားဆီဖြစ်နေသည်။

ချင်ယွင်၏ မျက်လုံးများတွင် အပြုံးတစ်ခု တောက်ပလာသည်။

အဖြူလေး၊ အနီလေး၊ အနက်လေး၊ စိန်လေးနှင့်အတူ ယခုအခါ ရွှေလေးကိုပါ ထည့်ရတော့မည်။ သူတို့ငါးယောက်သည် အနာဂတ်မှာ သူ့အတွက် ကြီးမားသည့် အကူအညီ ဖြစ်လာနိုင်ပါလိမ့်မည်။ ယင်းကြောင့် ချင်ယွင်သည် သူတို့၏ ကြီးထွားမှုကို အလွန်မျှော်လင့်နေခဲ့သည်။

အခန်း (၂၇၂) ကြေကွဲဖွယ်ရာ ဇူချန်းချင်။

နောက်ထပ်နှစ်ရက်ကြာပြီးနောက်၊ ချင်ယွင်သည် နောက်ဆုံးတွင် ဝမ်ယွီမြို့သို့ ရောက်ရှိခဲ့သည်။

ဝမ်ယွီမြို့သို့ရောက်သောအခါတွင် သိုင်းမြို့စားဘိုင်ယွန် နှင့် ရန်စီချီတို့သည် ထွက်သွားပြီး ဤနေရာတွင် မရပ်နားခဲ့ကြောင်း သူသိလိုက်ရသည်။ ထိုမှသာချင်ယွင်ကို သက်ပြင်းချနိုင်စေခဲ့သည်။

ရန်စီချီသည် ဝမ်ယွီမြို့မှ ထွက်ခွာသွားသရွေ့၊ ရန်စီချီသည် သိုင်းမြို့စားချင်းယွန်နှင့် ဘေဟိုင်သိုင်းမြို့စားတို့ ပြန်မရောက်လာခင်အထိ အန္တရာယ်ရှိလိမ့်မည် မဟုတ်ပေ။

သိုင်းမြို့စားချင်းယွန် နှင့် ဘေဟိုင်သိုင်းမြို့စားတို့သည် သူတို့၏ကျင့်ကြံမူ အရှိန်အဟုန်ဖြင့်ဆို ခရီးမနှောင့်နှေးပါက ဝမ်ယွီ မြို့သို့ ပြန်ရောက်ရန် အနည်းဆုံး ခုနစ်ရက် လိုအပ်မည်ဟု ချင်ယွင်က ခန့်မှန်းထားခဲ့သည်။

အခု လေးရက်ကြာခဲ့ပြီ။ တစ်နည်းဆိုရသော် နောက်သုံးရက်အကြာတွင် သိုင်းမြို့စား ချင်းယွန် နှင့် ဘေဟိုင်သိုင်းမြို့စားတို့သည် ဝမ်ယွီ မြို့သို့ ဆိုက်ရောက်မည် ဖြစ်သည်။

"သိုင်းမြို့စားချင်းယွန်၊ ဘေဟိုင်သိုင်းမြို့စား၊ ခင်ဗျားတို့ ပြန်မလာခင် ကျုပ် ခင်ဗျားတို့ အတွက် လက်ဆောင်ကြီးတစ်ခု ပြင်ဆင်ထားပေးမယ်" ချင်ယွင်သည် ဆိပ်ကမ်းတွင်ရပ်ကာ အဆုံးမရှိသောပင်လယ်ကြီးကို ကြည့်ကာ သူ၏ပါးစပ်ထောင့်က လှောင်ရယ် ရယ်လိုက်သည်။

ညဉ့်မိုးချုပ်လာသည်နှင့်အမျှ လရောင်သည် ရေခဲရေကဲ့သို့ အေးစက်နေပြီး ဝမ်ယွီ မြို့တော်တွင် တဝှီးဝှီးမြည်ကာ အော်ဟစ်တိုက်ခတ်နေသော ပင်လယ်လေညင်းက လူတို့၏ ကိုယ်ခန္ဓာကို ရေခဲကဲ့သို့အရိုးထိထိုးဖောက်ကာ ဝင်ရောက်လာသည်။

ယခုအချိန်တွင် လမ်းပေါ်တွင် လူအနည်းငယ်သာ ရှိသေးသည်။ ချင်ယွင်သည် ဇိမ်ခံအိမ်ကြီး တစ်ခုဆီသို့ တစ်လှမ်းချင်း လမ်းလျှောက်လာခဲ့သည်။

ဤစံအိမ်အိမ်ကြီးကို ဘေဟိုင်သိုင်းမြို့စားမှ ဝယ်ယူခဲ့သည်။ သူ၏ရည်ရွယ်ချက်မှာ ဒဏ်ရာရထားသူ သူ၏ဒုတိယသားဇူချန်းချင်ကို ကုသရန်ဖြစ်သည်။

စံအိမ်အဝင်ဝတွင် သိုင်းသခင်အဆင့် အစောင့်နှစ်ယောက်ရှိသည်။ သို့သော် ဤအစောင့်များသည် ချင်ယွင်အတွက် ရိုးရိုးရှင်းရှင်း အလှဆင်ထားခြင်းသာ ဖြစ်သည်။

ချင်ယွင်သည် တစ္ဆေသရဲအရိပ်ကဲ့သို့ တိုက်ရိုက်ပြောင်းလဲပြီး အဝင်တံခါးကို ဖြတ်သွားခဲ့သည်။ အစောင့်နှစ်ယောက်က ချင်ယွင်၏အရိပ်ကိုတောင် မမြင်လိုက်ကြ ပါဘူး။ ချမ်းအေးသောညဉ့်အချိန်ဝယ် တိုက်ခတ်လာသော လေပြင်းဟုသာ ထင်မြင် ကြသည်။

ချင်ယွင်သည် ခြံဝင်းထဲသို့ ရောက်ရှိလာပြီး ဇူချန်းချင်၏ နေအိမ်ကို အမြန်ရှာ တွေ့လိုက်သည်။ အ​နောက်​ဘက်​မှာ အခန်းတစ်​ခန်းရှိသည်။ အခန်းထဲမှာ ယခင်က တွေ့ဆုံဖူးသည့် အသိမိတ်ဆွေတစ်ယောက်လည်း ရှိသည်။ ထိုလူသည် ယခင်က ချင်ယွင်နှင့် တိုက်ခိုက်ခဲ့ဖူးသော သံချပ်ကာဝတ်ထားသည့် လူဖြစ်သည်။

ချင်ယွင်သည် သရဲတစ္ဆေတစ်ကောင်အသွင်ဖြင့် အခန်းပြတင်းပေါက်အနားတွင် ပေါ်လာသည်။

ပြတင်းပေါက်ရှိ အက်ကွဲကြောင်းများမှတဆင့် အခန်းတွင်းရှိ အရာအားလုံးကို မြင်နိုင်ပြီး သူတို့စကားပြောဆိုမှုကိုလည်း ရှင်းရှင်းလင်းလင်း ကြားနိုင်သည်။

ဇူချန်းချင်သည် ကိုယ်လုံးတီး အစေခံအမျိုးသမီးငယ်ကို ဘေးသို့ တွန်းတင်လိုက်ပြီး အနီရောင်၀တ်စုံကို ဝတ်ကာ ကုတင်ပေါ်မှ ထွက်လာခဲ့သည်။ ဤအခင်းအကျင်းအရ နွေဦးရနံ့တစ်ခု ထွက်ပေါ်လာသည်မှာ ထင်ရှားသည်။

ချင်ယွင် အံ့သြသွားသည်။ ဘေဟိုင်သိုင်းမြို့စားသည် အမှန်တကယ်ပင် အရင်း အမြစ်များ ပေါကြွယ်ဝလွန်းသည်။ ယခင်က ဇူချန်းချင်၏ ခြေထောက်များ ကျိုးသွားခဲ့သော်လည်း ဇူချန်းချင်သည် သိပ်မကြာသေးခင်မှာပင် မြေပြင်ပေါ်တွင် လမ်းလျှောက်နိုင်မည်ဟု သူ မထင်ထားခဲ့ပေ။

ထို့အပြင်၊ သူ၏ သုံးစားမရဖြစ်သွားသည့် ဒန်တန်လည်း ပျောက်ကင်းသွားပုံရသည်။ ချင်ယွင်သည် ဇူချန်းချင်၏ဒန်တန်အတွင်းမှာ ဝိညာဉ်စွမ်းအင်၏ အရိပ်အယောင်ကိုပင် ခံစားလိုက်ရသည်။ သူသည် သိုင်းပညာရှင်နယ်ပယ်၏ ပထမအဆင့် ကောင်းကင် အလွှာ ကျင့်ကြံမူအဆင့်တွင်သာ ရှိနေသေးသော်လည်း၊ သူသည် နောက်တစ်ကြိမ် ပြန်လည်ကျင့်ကြံနိုင်သည်ဟု အနည်းဆုံး ပြောနိုင်သည်။

"ဒါပေမယ့် ဒီဝိညာဉ်ဆေးတွေက တကယ်ကို အဖိုးတန်လိမ့်မယ်။ ဘေဟိုင် သိုင်းမြို့စားတောင် အတော်လေး အားစိုက်ထုတ်ရလိမ့်မယ်။ ဒါက ဘေဟိုင်သိုင်းမြို့စား က သူ့သားကို ဘယ်လောက်ချစ်တယ်ဆိုတာ ပြသဖို့ လုံလောက်ပါပြီး။" ချင်ယွင်က သရော်ဟန်ဖြင့် ရယ်မောလိုက်သည်။

သိုင်းမြို့စားချင်းယွန် နှင့် ဘေဟိုင်သိုင်းမြို့စားတို့သည် ရန်စီချီနှင့် ကျန်းရွှင်ရှင်းတို့ကို စိတ်မသက်မသာဖြစ်စေမည့် ညှင်းပန်းနှိပ်စက်မူ များပြုလုပ်ရန် ရည်ရွယ်ထားကြသည် မဟုတ်ပါလော။

ယခုအကြိမ် ချင်ယွင် ခရီးစဉ်၏ရည်ရွယ်ချက်မှာ ဇူချန်းချင်ကို ညှဉ်းပန်းနှိပ်စက် ရန်ဖြစ်ပြီး ဘေဟိုင်သိုင်းမြို့စားသည် သူချစ်ရသူ၏ ညှဉ်းပန်းနှိပ်စက်ခံရသည့် ဝေဒနာကို ခံစားနိုင်စေရန် ဖြစ်သည်။

မူလက ဇူချန်းချင်၏ခြေထောက်များသည် အနာကျက်လုနီးပါးလောက်ဟုသာ သူထင်ခဲ့သည်။ ယခုတစ်ကြိမ်မှာ သူ့ကိုသတ်ပစ်ဖို့ မရည်ရွယ်ထားပါဘူး။ သူသည် ဘေဟိုင်သိုင်းမြို့စား၏ မလိုလားအပ်သော အကြံအစည်များကို အပြစ်ပေးရန်အတွက် ဇူချန်းချင်၏ ခြေထောက်များကို တစ်ဖန်ချိုးပစ်ချင်ခဲ့သည်။ သို့သော် ဇူချန်းချင်သည် ဤမျှ မြန်မြန်ပြန်ကောင်း လာမည်ဟု သူ မမျှော်လင့်ခဲ့ပေ။ သူ့ဒန်တန်တောင် ပြန်ကောင်းသွားခဲ့ပြီ။

"မင်း တစ်ခုခု ယူလာပြန်ပြီလား" ဇူချန်းချင်သည် ကုတင်အောက်တွင် တလေးတစား ရပ်နေသော အနက်ရောင်သံချပ်ကာဝတ်လူကို ကြည့်ရင်း အေးစက်စွာ မေးလိုက်သည်။

"ဒုတိယသခင်လေးထံ အစီရင်ခံတင်ပြပါတယ်။ ပစ္စည်းတွေကို ယူလာပါပြီ။" အနက်ရောင်သံချပ်ကာဝတ်အမျိုးသားက ပြန်ဖြေသည်။ တစ်ချိန်တည်းမှာပင် သူ့ရင်ခွင်ထဲမှ ကျောက်စိမ်းပုလင်းကို ထုတ်ပြီး ဇူချန်းချင်ကို ပေးလိုက်သည်။

ဇူချန်းချင်သည် ကျောက်စိမ်းပုလင်းကိုယူကာ စိတ်လှုပ်ရှားနေသည့် အမူအရာကို ချက်ချင်း ထုတ်ဖော်လိုက်သည်။ သူက ပုလင်းအဖုံးကို အမြန်ဖွင့်လိုက်ပြီး ဆေးရနံ့တွေက တစ်ခန်းလုံးကို ချက်ခြင်း လွှမ်းခြုံသွားတာကြောင့် လူတွေကို စိတ်လက်အေးချမ်းကာ ပျော်ရွှင်စေသည်။

ချင်ယွင်သည် ဤဆေးရနံ့ကို အနံ့ခံလိုက်ပြီး သူ၏မျက်နှာသည် ချက်ချင်းပင် အံ့အားသင့်သော အမူအရာ ပေါ်လာသည်။

"ကြက်သွေးရောင်ဝိညာဉ်ဆေး ဟုတ်တယ်၊ ဟုတ်ပါတယ်။ ဒီဆေးရနံ့က ကြက်သွေး ရောင်ဝိညာဉ်ဆေး သေချာပါတယ်။" ချင်ယွင် အံ့သြသွားသည်။

ကြက်သွေးရောင်ဝိညာဉ်ဆေးသည် အလွန်အဖိုးတန်သော ရတနာဆေးပြားဖြစ်သည်။ ၎င်းတွင် အလွန်အားကောင်းသည့် ဝိညာဉ်စွမ်းအင်များ ပါ၀င်ရုံသာမက ဒဏ်ရာများကို ကုသရာမှာလည်း အထွက်အမြတ်ထား ရသည့်ဆေးဖြစ်သည်။ အထူးသဖြင့် ဒန်တန် ပျက်စီးနေသော လူများအတွက် ယခင်ကျင့်ကြံမှုအခြေခံ ပြန်လည် ကောင်းမွန် လာစေရန် ကူညီပေးနိုင်ပါသည်။ ဤဆေးမျိုးသည် အလွန်ထိရောက်သည်။

"ဟား၊ ဟား၊ ဒီကြက်သွေးရောင်ဝိညာဉ်ဆေးနဲ့ဆို ငါ သိုင်းမြို့စားနယ်ပယ်ကို ပြန်ရောက်သွားနိုင်တယ်" ဇူချန်းချင်သည် ကြက်သွေးရောင်ဝိညာဉ်ဆေး ကျောက်စိမ်း ပုလင်းကို ကိုင်ထားရင်း ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။ သူ၏မျက်နှာပေါ်ရှိ စိတ်လှုပ်ရှားမှုသည် မည်သည့်အရာနှင့်မျှ နှိုင်းယှဉ်လို့မရပေ။

" သခင်သိုင်းမြို့စားက ဒီကြက်သွေးရောင်ဝိညာဉ်ဆေးက အရမ်းကိုထိရောက်တယ်လို့ ပြောခဲ့ပါတယ်။ သခင်လေး၊ သခင်လေး ဒီဆေးကို သောက်တဲ့အခါ သတိထားရမယ်နော်။" အနက်ရောင်သံချပ်ကာဝတ်အမျိုးသားက သတိပေးသည်။

ဇူချန်းချင်က ခေါင်းညိတ်လိုက်ပြီး ကြက်သွေးရောင်ဝိညာဉ်ဆေးကို ဖယ်ထားလိုက် သည်။ သူက အနက်ရောင်သံချပ်ကာဝတ်အမျိုးသားကို ကြည့်လိုက်ပြီး ပြောလိုက်သည် "ထျန်းယု၊ ဒီတစ်ခါ ခင်ဗျားအတွက် ခက်ခဲသွားခဲ့ရပြီ။အဖေ့ဆီက သတင်းရပြီလား။ ဘယ်တော့ ပြန်လာမှာလဲ"

" သခင်သိုင်းမြို့စားက စိတ်ဝိညာဉ်အဆောင်တခုနဲ့ သတင်းပို့လိုက်ပါတယ်။ သူတို့ သုံးရက်အတွင်း ဝမ်ယွီ မြို့ကို ပြန်ရောက်လာလိမ့်မယ်တဲ့။" အနက်ရောင် သံချပ်ကာဝတ်အမျိုးသားက ပြန်ဖြေသည်။

ဇူချန်းချင်က ခေါင်းညိတ်လိုက်သည်။ ဒီသုံးရက်က ကြက်သွေးရောင်ဝိညာဉ်ဆေးကို သောက်သုံးရန် သူ့အတွက် အချိန်လုံလောက်ပါသည်။ ထိုအချိန်တွင် သူသည် သိုင်းမြို့စားအဆင့်ကျွမ်းကျင်သူပြန်ဖြစ်နေလိမ့်မည်။ ထိုကဲ့လိုနည်းမျိုးဖြင့် သူသည် သူ၏အဖေရှေ့မှာ ခေါင်းပြန်ထောင်နိုင်တော့မည်။

"သခင်သိုင်းမြို့စားက ချင်ယွင်ကို ဧရာမနဂါးကြီး မျိုချလိုက်ပြီဆိုတဲ့ သတင်းကိုလည်း ပေးပို့ထားပါတယ်။" အနက်ရောင်သံချပ်ကာဝတ်အမျိုးသားက ထပ်ပြောလိုက်သည်။

ဇူချန်းချင်၏ မျက်လုံးများ ချက်ချင်း တောက်ပလာသည်။ ထို့နောက် သူက မျက်လုံးများကို မှေးကျဉ်းလိုက်ပြီး အရူးအမူးရယ်မောကာ "ဟား၊ဟား၊ ဟား၊ ချင်ယွင်၊ ချင်ယွင်၊ ငါ မင်းကို အရင်တုန်းက ဒီလောက် မာနကြီးအောင် လုပ်ပေးခဲ့မိတယ်။ နောက်ဆုံးမှာတော့ မင်းက ဆိတ်သုဉ်းခြင်း သားရဲရဲ့ဝမ်းစာဖြစ်လာမယ်ဖို့ ငါ မမျှော်လင့်ထားဘူး။"

ရယ်မောသံများက တစ်ခန်းလုံး ပဲ့တင်ထပ်သွားကာ ရူးသွပ်သည့်ရယ်မောသံများက လူအများကို သူတို့၏ နှလုံးသားထဲမှပင် အေးစိမ့်သွားစေခဲ့သည်။

ဇူချန်းချင် အတော်မသတ်နိုင်အောင်ပင် ရယ်မောလုမတတ် ဖြစ်သွားခဲ့ရသည်။ သူအမုန်းဆုံးအရာက ချင်ယွင်ဖြစ်သည်။

ချင်ယွင်သည် သူ၏ခြေထောက်များကို ချိုးပစ်ရုံသာမကဘဲ သူ၏ ကျင့်ကြံမူ အခြေခံကို လည်း ပျက်ပြားစေခဲ့ပြီး ဤကာလအတွင်းသူသည် များစွာ ဒုက္ခရောက်ခဲ့ရသည်။ မကြာသေးမီက ဤမကျေနပ်ချက်သည် သူ၏နှလုံးသားထဲတွင် စွဲထင်နေခဲ့ပြီး သူ့ကို ရူးသွပ်သွားစေခဲ့သည်။ သူသည် ချင်ယွင်ကို အစိတ်အပိုင်း တစ်သောင်းဖြစ်သည် အထိပင် ခွဲခြမ်းပစ်မည်ဟု ကျိန်ဆိုခဲ့သည်။

ရုတ်တရက် ဇူချန်းချင်သည် တစ်စုံတစ်ခုကို သတိရသွားပုံရသည်။ သူ၏မျက်နှာမှာ ယုတ်မာသည့်အပြုံးတစ်ခု ပေါ်လာပြီး ပြောလိုက်သည် "ငါတို့ သူ့ကို လွယ်လွယ်နဲ့ အလွှတ်ပေးလိုက်လို့ မရဘူး။ ချင်ယွင်၊ သူ့မှာ ချောမောလှပတဲ့ မိန်းမ နှစ်ယောက်ရှိတယ် မဟုတ်လား၊ ငါက သူမတို့ကို ဖမ်းပြီး နေ့စဉ်နေ့တိုင်း နင်းချေပစ်ချင်တယ်။ ချင်ယွင်ဟာ ငရဲမှာတောင် အေးအေးချမ်းချမ်းမနေနိုင်စေရဘူး။ ငါ သူ့မိန်းမတွေကို ခွေးတစ်ကောင်လိုမျိုး ငါတို့ရှေ့မှာ အိပ်စေချင်တယ်…”

ဇူချန်းချင်၏ အမူအရာသည် အလွန်ရက်စက်ကြမ်းကြုတ်လွန်းလှသည်။ ထျန်းယုဟုခေါ်သော အနက်ရောင်သံချပ်ကာဝတ်အမျိုးသားသည်ပင် အံ့အားသင့်သွား သည်။

သို့သော် ဤအခိုက်အတန့်တွင် လူတိုင်း၏နားထဲတွင် အေးစက်သောအသံတစ်ခု ထွက်ပေါ်လာသည်။ အခန်းတစ်ခုလုံးသည် မြေအောက်ကမ္ဘာ ငရဲပြည်ထဲသို့ ရောက်သွားသလို ခံစားလိုက်ရသည်။

"မင်းက ဘယ်သူကို ခွေးတစ်ကောင်လို အမြဲအိပ်စေချင်တာလဲ"

ချင်ယွင်၏ရုပ်အသွင်အပြင်သည် ဇူချန်းချင်၏ရှေ့တွင် လေပြင်းတိုက်သလို ချက်ချင်း ပေါ်လာသည်။ အဆုံးမဲ့ သတ်ဖြတ်လိုသည့်ဆန္ဒသည် သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာ သည်။ သူ၏ရှည်လျားသော အနက်ရောင်ဆံပင်များက ရိုင်းစိုင်းစွာ ကခုန်နေသည်။ ဇူချန်းချင်၏ ထိတ်လန့်တုန်လှုပ်သော အကြည့်အောက်တွင်၊ ထိုအားကောင်းသော လက်တစ်ဖက်သည် သူ့လည်ပင်းကို တင်းတင်း ကြပ်ကြပ်ဆုပ်ကိုင်ကာ ကြက်ကလေး တစ်ကောင်ကဲ့သို့ လေထဲသို့ မြှောက်တင်လိုက်လေသည်။

ဇူချန်းချင်သည် သူ၏ရှေ့တွင် ရင်းနှီးသော မျက်နှာကို မြင်လိုက်သောအခါ သူ၏ မျက်နှာတစ်ခုလုံး မီးခိုးရောင် ဖြစ်သွားသည်။ ကြောက်ရွံ့ခြင်းအပြင် သူ၏ မျက်လုံးများ တွင်ပင် ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေသည်။

"မင်း... မင်းမဟုတ်ဘူး..." ဇူချန်းချင်က စကားထစ်သည်။

"မင်းက ငါသေသွားပြီလို့ မင်းထင်တာမဟုတ်လား။ အဲ့ဒါကြောင့် မင်းက ဒီလောက် မာနကြီးဖို့ သတ္တိတွေရှိလာတာမဟုတ်လား" ချင်ယွင်သည် ရက်စက်သော အပြုံးကို ထုတ်ဖော်ပြီး ဇူချန်းချင်၏နားအနားကပ်ကာ တိုးတိုးလေး ပြောလိုက်သည်။

ဇူချန်းချင်သည် သူ့နှလုံးသားတစ်ခုလုံး ခုန်ထွက်တော့မည်ဟု ခံစားလိုက်ရသည်။ ချင်ယွင်၏ စကားကိုကြားရလျှင် သူ၏တစ်ကိုယ်လုံးသည် ကြောက်ရွံ့ တုန်လှုပ် သွားခဲ့ရသည်။

အခန်း (၂၇၃) ဇူချန်းချင်ကိုဖျက်ဆီးပစ်ခြင်း။

"ငါ့ဒုတိယသခင်လေးကို လွှတ်လိုက်စမ်း။

ထိုမှသာ ထျန်းယုသည် ထိတ်လန့်တကြား တုံ့ပြန်ပြီး ကျယ်လောင်စွာ အော်လိုက်သည်။ ထို့နောက် သူသည် ချင်ယွင်ဆီသို့ ပြေးသွားလိုက်သည်။

စောစောလေးက ချင်ယွင်၏ရုပ်အသွင်အပြင်သည် အလွန်မြန်လွန်းသည်။ သူ့မှာ တုံ့ပြန်ဖို့တောင် အချိန်မရှိလိုက်ပါဘူး။ သူ့နောက်မှ တိုက်ခတ်လာသည့် လေအေးတစ်ချက်ကိုသာ သူ ခံစားလိုက်ရသည်။ ထို့နောက် ချင်ယွင်သည် သူတို့ရှေ့တွင် ပေါ်လာပြီး ဒုတိယသခင်လေးကို ဖမ်းဆုပ်ကိုင်ပြီး ဖြစ်နေသည်။

ချင်ယွင်သည် အပြေးအလွှားပြေးဝင်လာနေသော ထျန်းယုကို ကြည့်လိုက်ရင်း အေးစက်သောအပြုံးတစ်ခု ချက်ချင်းပေါ်လာသည်။

ဤထျန်းယု စတုတ္ထအဆင့် ကောင်းကင်အလွှာ အထွတ်အထိပ် သိုင်းမြို့စားအဆင့်၏ ကျင့်ကြံခြင်း အခြေခံရှိသူဖြစ်ပြီး ထိုနေ့ သူတည်းခိုခန်းမှာ ရှိနေ သည့်အချိန်တုန်းက သူကိုယ်တိုင်က နဝမအဆင့် ကောင်းကင်အလွှာ အထွတ်အထိပ် သိုင်းဂိုဏ်းချုပ် အဆင့်တွင်သာ ရှိခဲ့ပြီး သူ့ကို ပေါက်ကွဲလျှပ်စီးစွမ်းရည် သဘောတရားကို အသုံးပြုရန် ပင် တွန်းအားပေးလုနီးပါး ဖြစ်ခဲ့ရသည်။

ယခုအချိန်ပြန်တွေ့တော့ သူ့မှာ ခံစားချက်တစ်ခုသာ ရှိတော့သည်။ စတုတ္ထအဆင့် ကောင်းကင်အလွှာ အထွတ်အထိပ် သိုင်းမြို့စားအဆင့် ကျွမ်းကျင်သူတစ်ဦးသည် အလွန် အားနည်းလွန်း၏။

"ဟမ့်!"

ချင်ယွင်က အေးစက်စွာ နှာခေါင်းတချက်ရှုံ့လိုက်ပြီး ဇူချန်းချင်ကို ဘေးသို့ ပစ်ချလိုက်လေသည်။ သူ၏ရုပ်အသွင်အပြင်က အနက်ရောင်အရိပ်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး ထျန်းယု၏ရှေ့တွင် တိုက်ရိုက်ပေါ်လာသည်။

"အယ်!"

ထျန်းယုသည် တအံ့တသြ အော်ဟစ်လိုက်မိသည်။ သေချာသည်မှာ၊ သူသည် ချင်ယွင်ကို ဤမျှမြန်လိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။

"သခင်ကို သစ္စာစောင့်သိကောင်းပေမဲ့ ခင်ဗျားကိုယ်တိုင်က ခွဲခြားဆက်ဆံခံနေရတယ်။ ခင်ဗျား ရိုက်နှက်ခံရသင့်တယ်!"

ချင်ယွင်၏အသံသည် ထျန်းယု၏ နှလုံးသားကို ချက်ချင်း အေးခဲသွားပြီး ပြင်းထန်သော လက်သီးတစ်ချက်က ထျန်းယု၏ ရင်ဘတ်ကို တိုက်ရိုက် ထိမှန်သွားသည်။

ထျန်းယု၏ အနက်ရောင်သံချပ်ကာဝတ်စုံသည် ချက်ခြင်းပေါက်ကွဲ သွားပြီး ကြောက်မက်ဖွယ်ကောင်းသော အင်အားတစ်ခုက သူ၏ရင်ဘတ်ကို ချက်ချင်း လွှမ်းမိုးသွားသည်။ ခြံဝင်းနံရံကို ဝင်တိုက်ရိုက်ချိုးလိုက်သော ကျောက်တုံးကဲ့သို့ သူသည် တံခါးကို ဝင်တိုက်ရိုက်ချိုးလိုက်ပြီး သူ၏မျက်နှာပေါ်တွင် အနှိုင်းမဲ့ နာကျင်သော အမူအရာတစ်ခု ချက်ခြင်းပေါ်လာသည်။

ထျန်းယုသည် သူ၏သွေးများကို အန်ထုတ်လိုက်ပြီး မျက်လုံးများတွင် ထိတ်လန့် တုန်လှုပ်မူများဖြင့်ပြည့်နေကာ မြေပြင်ပေါ်တွင် မလှုပ်မယှက်ဖြစ်နေကာ လှုပ်ရှားနိုင်စွမ်း မရှိတော့ပေ။

လက်သီးတစ်ချက်တည်း။ တစ်ချိန်တုန်းက သူနှင့်တန်းတူ ယှဉ်ပြိုင် တိုက်ခိုက်ခဲ့ဖူးသော ဤလူငယ်လေးသည် တစ်လမပြည့်ခင်မှာပင်သူ့ကို လက်သီးတစ်ချက်သာ အသုံးပြုခဲ့ သည်။ သူသည် ပြန်ထနိုင်စွမ်း မရှိတော့ပေ။ ယင်းက မည်မျှ ကြောက်စရာ ကောင်းသည့် တိုးတက်မှုမျိုးနည်း။

ချင်ယွင်သည် ထျန်းယုကို လှည့်ပင်မကြည့်တော့ဘဲ ဇူချန်းချင်ကို လှည့်ကြည့် လိုက်သည်။

ဇူချန်းချင်သည် ချင်ယွင် လှည့်ကြည့်လာသည်ကို မြင်လိုက်ရသောအခါ အလွန်ထိတ်လန့်သွားပြီး ကုတင်ဘေးသို့ ပြိုလဲကျသွားသည်။

သူ၏မျက်နှာက ဖြူဖျော့နေပြီး နှုတ်ခမ်းတွေက တစ်ချိန်လုံး တုန်နေသည်။

ကုတင်ပေါ်ရှိ ကိုယ်လုံးတီး အစေခံအမျိုးသမီးသည်လည်း သူမမျက်နှာက သွေးအရောင်ပျက်သွားသည့်အထိပင် ထိတ်လန့်သွားသည်။ သူမသည် သူမ၏ခေါင်းကို စောင်ဖြင့်အုပ်ပြီး စောင်နှင့်အတူ သူမတစ်ကိုယ်လုံးက တုန်နေသည်။

ချင်ယွင်သည် ဇူချန်းချင်ကို အေးစက်စွာကြည့်ကာ သူ့ဆီသို့ တစ်လှမ်းချင်း လျှောက်သွားသည်။ သူနင်းလျှောက်လာသည့် ခြေလှမ်းတိုင်းက ဇူချန်းချင်၏ နှလုံးသားကို တက်နင်းသွားပုံရပြီး သူ၏နှလုံးသားထဲတွင် ကြောက်ရွံ့မှုကို နက်နက်ရှိုင်းရှိုင်း ထင်စေသည်။

ဇူချန်းချင်သည် သူ့ကို လက်စားချေရန် ခွင့်ပြုနိုင်သော်လည်း ကျန်းရွှန်ရှင်းနှင့် ရန်စီချီတို့ကို ထိခိုက်ခွင့်မပြုနိုင်သည်မှာ သေချာပါသည်။ ဒါက သူ၏ ပြောင်းပြန် ကြေးခွံတွေ ဖြစ်ပေသည်။

နဂါးများသည် ပြောင်းပြန်အကြေးခွံများရှိပြီး ၎င်းတို့ကို ထိတွေ့သူမှန်သမျှ သေဆုံးသွားကြရသည်။

စောစောလေးက ဇူချန်းချင်၏စကားများသည် ချင်ယွင်၏ ပြောင်းပြန်အကြေးခွံများကို လုံးလုံးလျားလျား ထိခိုက်စေခဲ့သည်။ အကယ်၍ ဒီနေ့ ဇူချန်းချင် မသေခဲ့ဘူး ဆိုလျှင်တောင် သူ့အရေပြားအလွှာကို ခွာပစ်ရဦးမည်။

"စိတ်မပူပါနဲ့ကွာ၊ ငါမင်းကိုမသတ်ပါဘူး!" ချင်ယွင်က တဟားဟား ရယ်မောလိုက်သည်။

ဇူချန်းချင်၏ မျက်နှာအမူအယာသည် ချက်ချင်းပင် အံ့ဩသည့်အမူအရာ ပေါ်လာပြီး သူက သံသယဖြစ်ဟန်ဖြင့် မေးလိုက်သည် "တကယ်လား?"

ချင်ယွင်က ခေါင်းညိတ်ပြလိုက်သည်။

ဇူချန်းချင်၏ မျက်နှာသည် ချက်ချင်းပင် ရွှင်လန်းသော အမူအရာ ပေါ်လာသည်။ သူသည် မြေပြင်ပေါ်မှ အားတက်သရော မတ်တတ်မိရပ်တော့မည်။

ရုတ်တရက် ဖျစ်၊ ဖျစ်! အခန်းထဲတွင် စူးစူးရှရှ အသံတစ်သံ ထွက်ပေါ်လာသည်။

ထို့နောက် ဝက်သတ်ခံရသလိုမျိုး အော်သံ ထွက်ပေါ်လာသည်။

ချင်ယွင်သည် ဇူချန်းချင်၏ ဘယ်ခြေထောက်ဒူးကို ခြေတစ်ချောင်းဖြင့် တက်နင်းလိုက်သည်။ ဒူးခေါင်းတစ်ခုလုံး ချက်ခြင်းကွဲအက်သွားကာ ပေါင်တစ်ခုလုံးက ပုံစံပျက်ယွင်းသွားခဲ့သည်။

ပြင်းထန်သော နာကျင်မှုက ဇူချန်းချင်၏နဖူးပေါ်အရေပြားထိတဟုန်ထိုး ပြေးတက်လာခဲ့ပြီး သူ့ခေါင်းတစ်ခုလုံး ပေါက်ကွဲလုနီးပါး ခံစားရလေသည်။

သို့သော် ယင်းက အဆုံးသတ်မဟုတ်သေး။ ချင်ယွင်သည် အခြားခြေထောက်တဖက်ကို လှမ်းလိုက်ပြီး ဇူချန်းချင်၏ အခြားပေါင်ကို သုံးစားမရအောင် လုပ်ပစ်လိုက်သည်။

သနားစရာ ဇူချန်းချင်သည် ယခင်ကချင်ယွင်ကြောင့် ကျိုးသွားခဲ့ပြီးယခုမှ အသစ်ပြန်ပေါက်လာသော ခြေထောက်အရိုးသည် ထပ်မံကျိုးသွားခဲ့ရလေသည်။

"ငါ မင်းကို မသတ်ဘူးလို့ ပြောခဲ့တယ်၊ ဒါပေမယ့် မင်းကို လွှတ်ပေးမယ်လို့ ငါမပြောခဲ့ဘူး" ချင်ယွင်၏ အေးစက်သော ရယ်သံက ဇူချန်းချင်၏နားထဲသို့ ရေခဲတောင်ကြီး မြေပေါ်ပြိုလဲကျသွားသကဲ့သို့ သူ၏နားထဲ ပြိုဆင်းကျလာခဲ့သည်။ ယင်းရယ်မောသံတွင် ချင်ယွင်၏ အေးစက်မူနှင့်အတူ အမျက်ဒေါသနှစ်မျိုးစလုံးကို ခံစားရစေသည်။ သို့သော် သူသည် သူ၏မျက်နှာပေါ်တွင် ဒေါသအနည်းငယ်ကိုမျှ ထုတ်မပြဝံ့ပေ။

"ဘိုင်ဟေသိုင်းမြို့စားက မင်းရဲ့ဒန်တန်ကိုကုသဖို့ တော်တော်လေးပေးဆပ်ခဲ့ရမှာပဲ!" ချင်ယွင်က ဆက်ပြောသည် ။

ချင်ယွင်က သူ့ဒန်တန်အကြောင်း ပြောလာသည်ကို ကြားလျှင် ဇူချန်းချင်၏မျက်နှာက ပြာယာခတ်သွားသည်။ သူက ချင်ယွင်ကိုကြည့်ပြီး သူ၏ခေါင်းကို အလောတကြီး ဝှေ့ယမ်းလိုက်ပြီး ပြောလိုက်သည်"မဟုတ်ဘူး... မလုပ်ပါနဲ့..."

သို့သော် ချင်ယွင်က ဇူချန်းချင်၏ဝမ်းဗိုက်ကို ဇူချန်းချင်၏ဆန္ဒအတိုင်း မည်သို့ ဖြစ်ခွင့်ပေးနိုင်မည်နည်း။ စွမ်းအားကြီးသော ဝိညာဉ်ချီသည် သူ၏လက်ဖဝါးမှ ချက်ချင်း ထွက်လာပြီး ဇူချန်းချင်၏ ဒန်တန်ကို တိုက်ရိုက် ဖျက်ဆီးပစ်လိုက်သည်။

ဇူချန်းချင်၏မျက်လုံးများ ပြူးကျယ်သွားပြီး ဇူချန်းချင်၏ နှလုံးသားထဲသို့ ကြံမိကြံရာ ထင်ရာစိုင်းလိုသည့် ခံစားချက်များ ပျံ့နှံ့တိုးဝင်လာသည်။

သူ့ဒန်တန်၏ ကွဲအက်သွားမှုကြောင့် ဇူချန်းချင်၏ တစ်ကိုယ်လုံးသည် အလွန်အမင်း ရူးသွပ်သွားစေသည်။

" ချင်ယွင် ၊ ငါမင်းကိုသတ်မယ်။ မင်းမိန်းမနှစ်ယောက်ကိုလည်း ငါ့ကျွန်တွေနဲ့ ငါ့ကစားစရာတွေဖြစ်အောင် ငါလုပ်ပြမယ်" ဇူချန်းချင်သည် အရူးအမူး အော်ဟစ်လိုက် သည်။ ထိုအချိန်တွင် သူသည် နေရာတိုင်း၌ ခွေးရူးတစ်ကောင်ကဲ့သို့ ဟောင်နေလေ သည်။

ချင်ယွင်၏ မျက်လုံးများသည် ချက်ချင်းပင် အေးစက်သွားသည်။ ဇူချန်းချင်၏ စကားလုံးများသည် သူ့စိတ်ထဲတွင်ရှိသည့် ဒေါသများကို ပိုမိုပြင်းထန်လာခဲ့စေသည်။

"ဟမ့်၊ ဒါဆိုလည်း မင်းဒီတစ်သက်မှာ မိန်းမတစ်ယောက်ကို ဘယ်တော့မှ ထိလို့မရအောင် ငါသေချာလုပ်ခဲ့မယ်!"

ချင်ယွင်သည် သူ၏လက်ထဲတွင် အနက်ရောင်လျှပ်စီး လင်းလက်လာစဉ် အေးစက်စွာ ပြောလိုက်သည်။ သူ၏လက်ထဲမှာ အနက်ရောင်လျှပ်စီးလှံငယ်တစ်လက် ထွက်ပေါ်လာသည်။

ဝှီး!

လျှပ်စီးကလှံသည် ဇူချန်းချင်၏ပေါင်ကြားကို ချက်ချင်း ထိုးဖောက်သွားခဲ့သည်။

"ဘုန်း!"

လျှပ်စီးလှံတစ်ခုလုံး ချက်ချင်း ပေါက်ကွဲသွားသည်။

ဇူချန်းချင်သည် ကြောက်မက်ဖွယ်ကောင်းသော အော်ဟစ်သံကို ထုတ်အော်လိုက်ပြီး မြေပြင်ပေါ်တွင် လဲလျောင်းနေကာ သူ၏ပေါင်ကြားကို ဖုံးအုပ်ထားရင်း အဆက်မပြတ် အောက်ဟစ်ကာ တုန်ယမ်းနေလေသည်။

ချင်ယွင်သည် သူ၏မျက်နှာပေါ်တွင် အနည်းငယ်မျှ သနားခြင်း မရှိပေ။ ဇူချန်းချင်ရှိနေသည့် မြေပြင်ကို ကြည့်လိုက်ရင်း သူ၏မျက်နှာပေါ်ရှိ ဒေါသများ တဖြည်းဖြည်း ငြိမ်သက်သွားသည်။

ဇူချန်းချင်၏ခြေထောက်များနှင့် ဒန်တန်တို့ကို နောက်တကြိမ် ပြန်လည် ကုသနိုင်သော်လည်း သူ၏အောက်ပိုင်းကတော့ လုံးဝ သုံးစားမရဖြစ်သွားခဲ့သည်။ လျှပ်စီးလှံ၏ပျက်စီးခြင်းစွမ်းအားသည် လုံးဝပျက်သုဉ်းခြင်းဖြစ်သည်၊ ထို့ကြောင့် ဝိညာဉ်ဆေးများသည် မည်မျှကောင်းမွန်သည်ဖြစ်စေ သူ၏အောက်ပိုင်းခန္ဓာကိုယ်ကို ကုသရန်မှာ မဖြစ်နိုင်တော့ပေ။

သွေးအသားနှင့်အရိုးများပါရှိသော ဒဏ္ဍာရီလာအဆင့်မြင့် အင်မောတယ်အဆင့် ဆေးများမရှိပါက ဇူချန်းချင်သည် သူ၏ဘဝတစ်သက်တာလုံးတွင် နပုံပဏ္ဍုက် ဖြစ်သွားတော့မည် ဖြစ်သည်။

"ဟမ့်၊ ဘိုင်ဟေသိုင်းမြို့စား၊ ခင်ဗျား ဒီမြင်ကွင်းကို ပြန်မြင်ရတဲ့အခါ ခင်ဗျား ဘယ်လိုခံစားရမလဲဆိုတာ ကျုပ်သိချင်တယ်။" ချင်ယွင်က လှောင်ပြောင်ပြီး သူ၏လက်ကို စုပ်ယူရန်အတွက် ဖွင့်လိုက်သည် ။ ဇူချန်းချင် ဆုပ်ကိုင်ထားသော ကြက်သွေးရောင်ဝိညာဉ်ဆေးပါသော ကျောက်စိမ်းပုလင်းသည် ချင်ယွင်၏ လက်ထဲသို့ ရောက်ရှိလာသည် ။

ထို့နောက် ချင်ယွင်သည် နောက်ပြန်ပင်လှည့်မကြည့်ဘဲ ထွက်သွားလေသည်။

ခြံဝင်းနားကို ဖြတ်သွားစဉ် ထျန်းယုသည် မြေပြင်ပေါ်တွင် လဲလျောင်းနေဆဲဖြစ်သည်။ ဇူချန်းချင်ကို ဖျက်ဆီးနေသည့်ချင်ယွင်၏ မြင်ကွင်းကို သူမြင်လိုက်ရပြီး သူ၏ စိတ်ထဲတွင် ဒေါသများ ပြည့်နှက်နေသည်။

ဤအခိုက်အတန့်တွင် ရက်စက်ကြမ်းကြုတ်မှုနှင့် အကြင်နာတရားကင်းမဲ့မူ နည်းလမ်း အမျိုးမျိုးတို့ကို အမြဲလုပ်ဆောင်ခဲ့သည့်ချင်ယွင်ကို မြင်လိုက်ရသဖြင့် သူသည် ကြောက်ရွံ့မှုအရိပ်အယောင်ကို မခံစားရဘဲ မနိုင်တော့ပေ။

ရက်စက်မှု၊ အကြင်နာကင်းမဲ့မှု၊ လျစ်လျူရှုတတ်မှုနှင့် သူ၏ရန်သူများကို အလျှော့မပေးဘဲ ဆက်ဆံမှုသည် သူ့အပေါ် ချင်ယွင်ထားခဲ့သည့်အနက်ရှိုင်းဆုံးသော အထင်ကြီးစရာများ ဖြစ်သည်။

ချင်ယွင်သည် မြေပြင်ပေါ်တွင် လဲလျောင်းနေသော ထျန်းယုကို ငုံ့ကြည့်လိုက်ပြီး နားမလည်နိုင်သော နောင်တတရားနှင့်အတူ ဝမ်းနည်းမှု အရိပ်အယောင်များ သူ့မျက်လုံးများထဲတွင် ပေါ်လာသည်။

စောစောလေးက သူဇူချန်းချင်ကို နှိပ်စက်နေစဉ် ထျန်းယုသည် ထပ်ခါထပ်ခါ မတ်တပ်ရပ်ဖို့ ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ သို့သော် သူသည် လက်မလျှော့ခဲ့ပေ။ သူသည် ချင်ယွင်ကို တားဆီးရန် အတွက် အထပ်ထပ်အခါခါ မတ်တပ်ရပ်ရန် ကြိုးစားဆဲဖြစ်သည်။ ကံမကောင်းစွာပင်၊ သူ၏ဒဏ်ရာက အရမ်းပြင်းထန်သည့်အတွက် မြေပြင်ပေါ်မှာပဲ လှဲနေနိုင်ခဲ့သည်။

ထို့ကြောင့် ဤထျန်းယုသည် မှားယွင်းသောသခင်နောက်သို့ လိုက်နေသည်ဟု ချင်ယွင် ခံစားလာရသည်။ ထိုလူ၏စိတ်ထဲမှာ အသိဉာဏ်ကင်းမဲ့ပြီး ခေါင်းမာသည့် ဦးနှောက်ပဲ ရှိနေခဲ့သည်။

ချင်ယွင်သည်လည်း သူလိုလူတစ်ယောက်နှင့် ကြုံခဲ့ဖူးသည်။ ထိုအချိန်တုန်းက၊ အင်မော်တယ်ဧကရာဇ်ချင်းဟန်၏ ချင်ယွင်ကို ဖျက်ဆီးရခြင်းမှ တားဆီးရန်အတွက်၊ ထိုလူသည် အင်မော်တယ်ဧကရာဇ်ချင်းဟန်၏ တိုက်ခိုက်ခြင်းကို အတင်းအကြပ် ခုခံခဲ့ပြီး အဆုံးသတ်တွင် သေဆုံးသွားခဲ့ရသည်။

ယခု ထျန်းယု၏ သစ္စာစောင့်သိမူရှိသော ကာကွယ်သူတစ်ဦး၏အသွင်အပြင်ကို မြင်လိုက်ရသောအခါ၊ ချင်ယွင်သည် သူ၏ကိုယ်ရံတော်အဖြစ် ဆယ်နှစ်ကြာအောင် အလုပ်လုပ်ခဲ့သော ချင်အဖွဲ့အစည်းအတွင်းမှ ထိုအပေါင်းအဖော်ကို မတွေးတောဘဲ မနေနိုင်ပေ။

နာမည်တွင် "သစ္စာစောင့်သိခြင်း" ဟူသော စကားလုံးပါသည့် လူလတ်ပိုင်းအရွယ် ထိုအမျိုးသားတစ်ဦးသည် "သစ္စာစောင့်သိမှု" ဟူသော စကားလုံးဖြင့်ပင် သေဆုံးသွားခဲ့ရသည်။

"ဒီနေ့ ငါ မင်းကို မသတ်တော့ဘူး!"

ချင်ယွင်က ထိုစကားတစ်ခွန်းကို ထုတ်ပြောလိုက်ပြီး ထျန်းယုပေါ်ကို တိုက်ရိုက်ကျော် တက်သွားပြီးနောက် ထျန်းယု၏ မြင်ကွင်းထဲမှ ပျောက်ကွယ်သွားခဲ့သည်။

အခန်း (၂၇၄) ကြက်သွေးရောင်ဝိညာဉ်ဆေးလုံးကို သောက်သုံးခြင်း။

ချင်ယွင်ခြံဝင်းထဲမှ ထွက်လာပြီးနောက် သူသည် သိုင်းမြို့စားချင်းယွန်၏ လက်အောက်ငယ်သားများ စုဝေးရာနေရာသို့ ဦးတည်သွားခဲ့သည်။

သို့သော် သိုင်းမြို့စားချင်းယွန်သည် အမှန်တကယ်အထီးကျန် ဆန်သူတစ်ယောက် ဖြစ်နေခြင်းက သနားစရာပင်။ ဝမ်ယွီမြို့မှာ သူနှင့်နီးစပ်သူ တစ်ယောက်မှ မရှိပါဘူး။ သိုင်းမြို့စားချင်းယွန်အတွက်တော့ သူ့လူတစ်စုကို သတ်ပစ်လိုက်ခြင်းက သူ့ဒေါသကို နှိုးဆွရာမှာ အကျိုးသက်ရောက်မှု မရှိပါဘူး။

ကူရာမဲ့ဖြစ်ပြီး၊ ချင်ယွင်သည်လည်း ရွေးစရာလမ်းမရှိတော့ဘဲ သူတည်းခိုရာအိမ်သို့ ပြန်သွားခဲ့သည်။

သူသည် အိပ်ယာကုတင်ပေါ်တွင် တင်ပျဉ်ခွေထိုင်ကာ ဇူချန်းချင်ထံမှ သူလုယူလာခဲ့သော ကြက်သွေးရောင်ဝိညာဉ်ဆေးကို ထုတ်ယူလိုက်သည်။

ကျောက်စိမ်းပုလင်းကို ဖွင့်လိုက်သည်နှင့် တစ်ခန်းလုံး မွှေးကြိုင်သော ဆေးရနံ့တစ်ခု လွှမ်းခြုံသွားသည်။

ချင်ယွင်၏ မျက်လုံးများက ရွှင်လန်းမှုကို ထင်ရှားစေသည်။ ယခုအချိန်တွင်၊ သူသည် သိုင်းမြို့စားနယ်ပယ်၏ ဒုတိယအဆင့် ကောင်းကင်အလွှာ အထွတ်အထိပ်တွင် ရှိနေသည်။ သူသည် တတိယအဆင့် ကောင်းကင်အလွှာ သိုင်းမြို့စားနယ်ပယ်နှင့် ခြေတစ်လှမ်းသာ ဝေးကွာနေသော်လည်း၊ ရက်အနည်းငယ်အတွင်း အဆင့်ဖြတ် ကျော်ရန် သူ့အတွက် အလွန်ခက်ခဲပေလိမ့်မည် ။

သို့သော်၊ ဤကြက်သွေးရောင်ဝိညာဉ်ဆေးသည် အချိန်မှန် ရောက်ရှိလာခြင်း ဖြစ်သည်။ ချင်ယွင် သည်ဤ ကြက်သွေးရောင်ဝိညာဉ်ဆေးကို သောက်သုံးပြီးသည်နှင့်၊ သူသည် သိုင်းမြို့စားနယ်ပယ်၏ တတိယအဆင့် ကောင်းကင်အလွှာ အထွတ်အထိပ်သို့ အောင်မြင်စွာ ဖြတ်ကျော်နိုင်ကာ စတုတ္ထအဆင့် ကောင်းကင်အလွှာ သိုင်းမြို့စား နယ်ပယ်သို့ပင် ဖြတ်ကျော်နိုင်မည်ဖြစ်သည်။

ချင်ယွင်၏အစစ်အမှန်ခန္ဓာကိုယ် အဆင့်ချိုးဖြတ်လိုက်သည်နှင့်၊ သူ၏ လျှပ်စီးစွမ်းရည် ကိုယ်ပွားနှင့် သစ်သားစွမ်းရည်ကိုယ်ပွားသည်လည်း အဆင့်ချိုးဖြတ်သွားမည် ဖြစ်သည် ။ ထိုအချိန်တွင်၊ ချင်ယွင်၏ တိုက်ခိုက်ရေး အင်အားသည် တစ်ဖန် တိုးလာပြန်လိမ့်မည်။

ဤနည်းဖြင့်၊ ချင်ယွင်သည် သိုင်းမြို့စားကြီးနှစ်ဦးနှင့် နောက်သုံးရက်အကြာတွင် ထိပ်တိုက်တိုက်ပွဲ ဖြစ်နိုင်ချေရှိပြီး တိုက်ခိုက်နိုင်လိမ့်မည်။

"သိုင်းမြို့စားချင်းယွန် ၊ ဘေဟိုင်သိုင်းမြို့စား၊ ခင်ဗျားတို့ ခဏစောင့်ဦး။ အကြောက်တရားဆိုတာဘာလဲ ခင်ဗျားတို့ နားလည်အောင် ကျုပ်ပြောပြပေးမယ်။" ချင်ယွင်က အေးစက်စွာ ကျိန်းဝါးလိုက်ပြီး တုန့်ဆိုင်းခြင်းမရှိ သူ၏လက်ထဲရှိ ကြက်သွေးရောင်ဝိညာဉ်ဆေးကို တိုက်ရိုက်ပါးစပ်ထဲထည့်ကာ မျိုချလိုက်သည်။

ကြက်သွေးရောင်ဝိညာဉ်ဆေးလုံးသည် သူ့လည်ချောင်းထဲသို့ ဝင်လာသည်နှင့် တပြိုင်နက် ပူလောင်သည့်အငွေ့အသက်တစ်ခုက ထွက်ပေါ်လာခဲ့ပြီး ချင်ယွင်၏ ဒန်တန်ဆီသို့ အကန့်အသတ်မဲ့ စွမ်းအားတစ်ခုအဖြစ် တိုးဝင်သွားခဲ့သည်။

ချင်ယွင်သည် ဤအကန့်အသတ်မရှိသော စွမ်းအားကိုစုပ်ယူရန်အတွက် ရှေးဟောင်းခေတ် အစိမ်းရောင်ကြာပန်းပညာရပ်ကိုချက်ချင်းဖြန့်ကျက်လိုက်သည်။

ကြက်သွေးရောင်ဝိညာဉ်ဆေးသည် အကန့်အသတ်မဲ့ စွမ်းအားကို အဆက်မပြတ် ထုတ်လွှတ်လျက်ရှိသည်။ ချင်ယွင်သည် ဝေလငါးကြီးတစ်ကောင် ဝါးမျိုချလိုက်သကဲ့သို့ ဤစွမ်းအားများကို အရူးအမူးစုပ်ယူကာ ဝိညာဉ်စွမ်းအင်အဖြစ်သို့ ပြောင်းလဲ ပစ်လိုက်သည်။

သူ၏ ဒန်တန်အတွင်းရှိ ကြာပန်းရေကန်သည် တစ်ဖန်ကျယ်ပြန့်လာပြီး အရွယ်အစားမှာ နှစ်ဆနီးပါး ကျယ်ပြန့်လာခဲ့သည်။ ကြာပန်းနှင့် ကြာပန်း အရွက် တို့သည်လည်း တစ်ဖန် ညှိုးနွမ်းသွားကာ သူ၏ဝိညာဉ်စွမ်းအင်ရေကန်တွင် အာဟာရအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

ဝှီး… ဝှီး......!

လေပြည်လေညှင်းသည် ရေကန်၏မျက်နှာပြင်ကို ဖြတ်၍ တိုက်ခတ်လာပြီး ရေကန်၏ မျက်နှာပြင်တစ်ခုလုံးသည် ချက်ချင်းပင် နှစ်ဆတိုးလာသည်။

သိုင်းမြို့စားနယ်ပယ်၏တတိယအဆင့် ကောင်းကင်အလွှာ အတားဆီး သည်လည်း ဤအခိုက်အတန့်တွင် ကျိုးကြောင်းဆီလျော်စွာ ကွဲအက်သွားခဲ့သည်။ သို့သော်လည်း ဝိညာဉ်စွမ်းအင်များသည် ရပ်တန့်သွားခြင်းမရှိသေးဘဲ ချင်ယွင်၏ ဒန်တန် အတွင်းရေကန်ဆီသို့ ဆက်လက် အရှိန်အဟုန်ပြင်းစွာဖြင့် ဝင်ရောက် လာနေသည်။

မူလက ဘာမှမရှိတော့သည့် ဝိညာဉ်စွမ်းအင်ရေကန်သည် သာမန်မျက်စိဖြင့် မြင်ရလောက်သည့်အရှိန်အဟုန်ဖြင့် အမှန်တကယ်ပင် အစိမ်းရောင်ကြာပန်းများ ပြန်လည်ပေါက်ဖွားလာခဲ့ကြသည်။ ကြာပန်းများ တစ်ပွင့်ပြီးတစ်ပွင့် ပွင့်လန်းလာကြပြီး မွှေးရနံ့က ရေကန်တစ်ခုလုံး ချက်ချင်း စိမ့်ဝင်သွားခဲ့သည်။

ထိုအချိန်တွင် ချင်ယွင်သည် ကုတင်ပေါ်တွင် တင်ပျဉ်ခွေထိုင်ကာ သူ၏ခန္ဓာကိုယ်ပေါ်မှ ကြာပန်းအမွှေးရနံ့များ ဖြာထွက်နေပြီး မကြာမီ အခန်းတစ်ခုလုံးကို လွှမ်းခြုံထားသည်။

ဝှီး..... ဝှီး.....!

ချင်ယွင်၏ ခန္ဓာကိုယ်မှ စူးစူးရှရှ အသံတစ်သံ ထွက်ပေါ်လာသည်။ ဤအခိုက်အတန့်တွင်၊ သူ၏ဝိညာဉ်စွမ်းအင် ကျင့်ကြံမှုသည် တတိယအဆင့် ကောင်းကင်အလွှာ သိုင်းမြို့စားနယ်ပယ်၏ အထွတ်အထိပ်သို့ ရောက်ရှိလာခဲ့ပြီး၊ သူသည် သိုင်းမြို့စားနယ်ပယ်၏ စတုတ္ထအဆင့် ကောင်းကင်အလွှာသို့ ဖြတ်ကျော်ဝင် ရောက်ရန် ခြေတစ်လှမ်းသာ ဝေးသည်။

သို့သော်၊ သူ၏ခန္ဓာကိုယ်ထဲတွင် ကြက်သွေးရောင်ဝိညာဉ်ဆေးစွမ်းအင် အများအပြား မကျန်တော့ဘဲ ကျန်ဝိညာဉ်စွမ်းအင်များက သူ့ကို စတုတ္ထအဆင့် ကောင်းကင်အလွှာ သိုင်းမြို့စားနယ်ပယ်သို့ ဖြတ်ကျော်ဝင်ရောက်ရန် မလုံလောက်တော့ပေ။

"ဟင်း ၊ ငါဒီအဆင့်အထိပဲ ရောက်နိုင်ပုံရတယ်။" ချင်ယွင်က မထိန်းနိုင်ဘဲ ငြီးတွားသက်ပြင်းချလိုက်သည်။ ကြက်သွေးရောင်ဝိညာဉ်ဆေးတွင် နောက်ဆုံးသော စွမ်းအားကို စုပ်ယူပြီးနောက်၊ ကျင့်ကြံခြင်းကို ရပ်တန့်ရန် သူ ပြင်ဆင်လိုက်သည်။

သို့သော် မူမမှန်သည့် အဖြစ်အပျက်တစ်ခု ထပ်မံဖြစ်ပေါ်ခဲ့သည်။ ချင်ယွင်၏ ခန္ဓာကိုယ်တွင် ကျန်ရှိနေခဲ့သော မီးနဂါး၏နောက်ဆုံး သွေးမျိုးဆက်စွမ်းအင် အနည်းငယ်သည် ယခုအခိုက်အတန့်တွင် အမှန်တကယ်ပင် ထွက်ပေါ်လာခဲ့သည်။ ကြောက်စရာကောင်းသော စွမ်းအားသည် ချင်ယွင်၏ ဒန်တန်ဆီသို့ ချက်ချင်း တိုးဝင်လာသည်။

ချင်ယွင်၏မျက်နှာသည် ချက်ချင်းပင် ပျော်ရွှင်သည့်အရိပ်အယောင် ထွက်ပေါ်လာ သည်။ သူသည် ဤစွမ်းအားကို စုပ်ယူရန်နှင့် ပြောင်းလဲရန်အတွက် ရှေးဟောင်းခေတ် အစိမ်းရောင်ကြာပန်းပညာရပ်ကို အလျင်အမြန် ဆက်လက် ဖြန့်ကျက်ကာ လှည့်ပတ်လိုက်သည်။

အကန့်အသတ်မရှိသော သွေးမျိုးဆက်စွမ်းအားသည် ချင်ယွင်၏ ခန္ဓာကိုယ် တစ်ခုလုံးကို အဆက်မပြတ် စီးဆင်းနေလေသည်။

ရှေးဟောင်းခေတ်အစိမ်းရောင်ကြာပန်းရုပ်ခန္ဓာကိုယ်ကြောင့် ဖြစ်ပေါ်လာခဲ့သည့် ချင်ယွင်၏ မျက်ခုံးကြားမှ အမှတ်အသားသည်လည်း ထိုအချိန်တွင် ဖျတ်ခနဲ လင်းလက်ကာ ပျောက်ကွယ်သွားခဲ့ပါပြီ။ ထိုအခိုက်တန့်တွင် သူ၏ခန္ဓာကိုယ်က ပိုပိုပြီးသန်မာ လာပါသည်။ သူ၏ခန္ဓာကိုယ်ရှိ ကြွက်သားများသည် ကြောက်မက်ဖွယ် စွမ်းအားများဖြင့် ပြည့်နှက်နေပုံရပြီး သူ့အရိုးများ၏အနက်ရှိုင်းဆုံးနေရာတွင် စိမ်းပြာရောင်အလင်းက လင်းလက်တောက်ပနေသည်။

ချင်ယွင်၏ခန္ဓာကိုယ် တစ်ခုလုံးကို ခပ်ဖျော့ဖျော့ရောင်စုံ အလင်းများ ဖုံးလွှမ်းနေပုံရသည်။

အဘယ်ကြောင့်ဆိုသော် ရှေးဟောင်းခေတ်အစိမ်းရောင်ကြာပန်း ရုပ်ခန္ဓာကိုယ်သည် အဆက်မပြတ်ကြီးထွားပြီး အားကောင်းလာသောကြောင့် ဖြစ်သည်။

"ဘုန်း!"

နောက်ဆုံးသွေးမျိုးဆက်စွမ်းအားကို စုပ်ယူပြီးနောက်၊ ချင်ယွင်သည် နောက်ဆုံးတွင် သိုင်းမြို့စားနယ်ပယ်၏ စတုတ္ထအဆင့်သို့ ကောင်းကင်အလွှာသို့ ရောက်ရှိသွားခဲ့သည်။

စတုတ္ထအဆင့် ကောင်းကင်အလွှာ သိုင်းမြို့စားအဆင့် ကျွမ်းကျင်သူတဦး၏ ဖိအားသည် တစ်ခန်းလုံး ပြည့်နှက်သွားပြန်သည်။

ချင်ယွင်၏မျက်နှာသည် ပျော်ရွှင်သည့်အရိပ်အယောင်များ ပေါ်လွင်နေသည်။

ဝှီး............ !

သူ၏ပုံရိပ်သည် အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး ပြတင်းပေါက်မှ ဖြတ်သန်းသွားသည်။ သူသည် အမိုးတံစက်မြိတ်ပေါ်တွင် ရပ်နေ၏။ ပင်လယ် လေပြေလေညင်းက အဆက်မပြတ်တိုက်ခတ်လာပြီး သူ၏ဆံပင်နက်တွေက သူ၏ နောက်ကျောမှာ အမြင့်ဆုံးစိတ်ဓာတ်ပြင်းပြမူနှင့်အတူ ကခုန်နေသည်။

"ဒါက စတုတ္ထအဆင့် ကောင်းကင်အလွှာ သိုင်းမြို့စားနယ်ပယ်လား။ ငါအရင်ကထက် အများကြီး ပိုသန်မာတယ်လို့ ခံစားလာရတယ်။" ချင်ယွင်က ဝမ်းသာအားရဖြစ်ပြီး အံ့သြသွားသည်။

ဤအခိုက်အတန့်တွင် သူ၏ခန္ဓာကိုယ်အတွင်း အပြောင်းအလဲများကို ခံစားရပြီး နယ်ပယ်နှစ်ခုကို အဆက်မပြတ် ဖြတ်ကျော်လာခဲ့သည်။ ယင်းက သူ့ခန္ဓာကိုယ်တွင် အကန့်အသတ်မရှိသော စွမ်းအားများ ပိုင်ဆိုင်ထားကြောင်း ခံစားရစေသည်။

ရှေးဟောင်းခေတ်အစိမ်းရောင်ကြာပန်းပညာရပ်၏ စွမ်းအားကြောင့်၊ သူ၏ခန္ဓာကိုယ်ရှိ ဝိညာဉ်ချီသည် သာမန် သတ္တမအဆင့် ကောင်းကင်အလွှာ သိုင်းမြို့စားအဆင့် ကျွမ်းကျင်တဦးထက် ကြီးကျယ်ခမ်းနားမှုမှာ လုံးဝ မနိမ့်ကျပေ။ တစ်နည်းဆိုရသော်၊ သူသည် သူ၏ဝိညာဉ်စွမ်းအင်ကျင့်ကြံ မူသက်သက်ဖြင့် သတ္တမအဆင့် ကောင်းကင်အလွှာ သိုင်းမြို့စားနယ်ပယ် ကျွမ်းကျင်သူတဦးကို တိုက်ခိုက်နိုင်သည်။

သေချာတာက၊ ချင်ယွင်ကိုစိတ်အလှုပ်ရှားစေဆုံးအရာက သူ၏ရုပ်ခန္ဓာကြံ့ခိုင်မှု တိုးတက်လာခြင်း ဖြစ်သည်။ သူ၏ရုပ်ခန္ဓာခွန်အားသည် သာမန် နဝမအဆင့် ကောင်းကင်အလွှာ သိုင်းမြို့စားနယ်ပယ် ကျွမ်းကျင်သူထက် အားမနည်းဟု သူခံစားမိသည်။ သူသည် ပေါက်ကွဲလျှပ်စီးစွမ်းရည် သဘောတရား၏ ဒေါသပေါက်ကွဲသည့် အခြေအနေကို အသုံးပြုပြီးသည်နှင့် သူသည် နဝမအဆင့် ကောင်းကင်အလွှာ သိုင်းမြို့စားနယ်ပယ်၏ အထွတ်အထိပ်ခွန်အားနှင့်ပင် နှိုင်းယှဉ်နိုင်သည်။

"ဟား....၊ ဟား......၊ ဘေဟိုင်သိုင်းမြို့စား၊ သိုင်းမြို့စားချင်းယွန်တို့၊ ခင်ဗျားတို့ကို ကျုပ်စောင့်နေမယ်။ သုံးရက်အတွင်း ခင်ဗျားတို့ကို ဝမ်ယွီမြို့အထက် ကောင်းကင်ယံမှာ ကျုပ်ကိုယ်တိုင် တိုက်ခိုက်မယ်။ ခင်ဗျားတို့ ကျုပ်ကို အနိုင်ကျင့်ဖို့ အလှည့်မကျသေးဘူးဆိုတာ ခင်ဗျားတို့ကို ကျုပ်ချင်ယွင်ကိုယ်တိုင် ပြောပြမယ်." ချင်ယွင်က သူ့လက်သီးတွေကို တင်းတင်းကြပ်ကြပ် ဆုပ်ထားပြီး သူ့မျက်လုံးတွေက တိုက်ခိုက်လိုစိတ်များ ပြည့်နှက်နေသည်။

"ဒီအကြံကို စွန့်လွှတ်လိုက်ဖို့ ငါအကြံပေးတယ်။"

သို့သော် ထိုအချိန်တွင် ချင်ယွင်၏နားထဲတွင် စွဲမက်ဖွယ်ကောင်းသော အသံတစ်ခု ရုတ်တရက်ထွက်ပေါ်လာသည်။

ချင်ယွင်သည် ချက်ခြင်းပင် ထိတ်လန့်သွားသည်။ ရုတ်တရက် သူ့ခေါင်းကို လှည့်ကြည့်လိုက်တော့ အစိမ်းရောင် ၀တ်စုံဝတ်ထားသည့်အမျိုးသမီးတစ်ယောက်က သူမမျက်နှာပေါ်မှာ အပြုံးတစ်ခုနှင့်အတူ သူ့ကို ကြည့်နေသည်ကို သူ တွေ့လိုက်ရသည်။

ချင်ယွင်က သူ၏နောက်မှာရောက်လာသည့် အမျိုးသမီးကို လှည့်ကြည့်လိုက်လျှင် သူ့မျက်နှာက ချက်ချင်းဆိုသလို အံ့အားသင့်သွားပုံပေါ်သည်။ ဤအမျိုးသမီးကို သူ အရင်က မြင်ဖူးတယ်။ သိုင်းမြို့စားကြီးလေးပါးထဲတွင် တစ်ပါးအပါဝင်ဖြစ်ပြီး တစ်ဦးတည်းသောအမျိုးသမီးသိုင်းမြို့စား ပိရှစ်သိုင်းမြို့စား မှလွဲ၍ အခြားသူ မဟုတ်ပေ။

ပိရှစ်သိုင်းမြို့စား၏ရုပ်အသွင်အပြင်သည် အလွန်လှပသည်။ သူမသည် တစ်ချိန်က တန်အင်ပါယာ၏ အလှပိုင်ရှင်တစ်ဦး ဖြစ်ခဲ့သည်။ ယခု သူမသည် အသက်သုံးဆယ် ရှိသော်ငြားလည်း သူမ၏ ပြုပြင်ထိန်းသိမ်းမှု ကောင်းမွန်သောကြောင့် အသက်နှစ်ဆယ်ကျော်ထက် များစွာပိုကြီးပုံ မပေါ်ပေ။ ထို့အပြင်၊ သူမ၏ ခန္ဓာကိုယ်ပေါ်တွင် ယခင်မိန်းမပျိုလေးအရွယ်တုန်းက မပိုင်ဆိုင်ခဲ့ဖူးသော ရင့်ကျက်မှု အရိပ်အယောင်များ ရှိသည်။

"ဘာ့ကြောင့်လဲ?" ချင်ယွင်သည် သူ့ရှေ့မှာရှိနေသည့် သက်လတ်ပိုင်း အရွယ်အမျိုးသမီးကို အံ့အားသင့်စွာ ကြည့်နေသော်လည်း သူမသည် ပန်းတစ်ပွင့်ကဲ့သို့ လှပနေဆဲဖြစ်သည်။

ပိရှစ်သိုင်းမြို့စားက ပြုံးလိုက်ပြီး နှစ်ပေါင်းများစွာကြာတာတောင် တစ်စတစ်စ ဆုတ်ယုတ်လျော့ပါးသွားခြင်း မရှိသေးသည့် သူမ၏စွင့်ကားဖွဲ့ထွားပြီး ချောမောလှပသော ကိုယ်ခန္ဓာကို တွန့်လိမ်လိုက်သည်။

သူမသည် ဆွဲဆောင်မှုရှိသော ကိုယ်ဟန်အနေအထားအတိုင်း ပြင်ဆင်ကာချင်ယွင်အား ချစ်စရာကောင်းစွာ ပြုံးပြပြီး ပြောသည် " သိုင်းမြို့စားကြီး လေးပါးကို ဘာကြောင့် သိုင်းမြို့စားကြီးလေးပါးလို့ ခေါ်ရတာလဲ မင်း သိလား?"

ချင်ယွင်သည် တံတွေးမမျိုချဘဲ မနေနိုင်ဖြစ်သွားရသည်။ ထို့နောက် သူက ခေါင်းယမ်းပြလိုက်သည်။

ပိရှစ်သိုင်းမြို့စားကဲ့သို့ ရင့်ကျက်သောအလှတရား၊ သူမ၏ ဆွဲဆောင်မူဒဏ်ကို ခံနိုင်ရည်ရှိသော ယောက်ျားအများပြား ရှိကောင်းမှရှိလိမ့်မည်။

ပိရှစ်သိုင်းမြို့စားသည် ချင်ယွင်ဆီသို့ တစ်လှမ်းချင်း လျှောက်လာခဲ့သည်။ အစိမ်းရောင်ဝတ်ရုံသည် ပင်လယ်လေညင်းတိုက်ခတ်မူကြောင့် သူမ၏ခန္ဓာကိုယ်ကို တင်းတင်းကြပ်ကြပ်ကပ်သွားခဲ့ပြီး သူမ၏ဆွဲဆောင်မှုရှိသော ရုပ်အသွင်အပြင်ကို အထွက်အထိပ်ထိ ရောက်သွားစေသည်။

ဆွဲဆောင်မှုရှိပြီး စွဲမက်ဖွယ်ကောင်းသော မျက်နှာလေးက ချင်ယွင်၏မျက်နှာအနား တိုးကပ်လာကာ ယစ်မူးဖွယ်အပြုံးကို ထုတ်ဖော်ထားပြီး ပြောသည် " ဘာကြောင့် လဲဆိုတော့၊ သိုင်းမြို့စားကြီးလေးပါးထဲက တစ်ပါးစီတိုင်းဟာ သဘောတရားကို နားလည်ခြင်းနယ်ပယ်ရဲ့ နဝမအဆင့်အထိ ရောက်နေကြတဲ့ ကျွမ်းကျင်သူတွေ ဖြစ်နေကြလို့ပဲ" ။

" သဘောတရားကိုနားလည်ခြင်းနယ်ပယ်ရဲ့ နဝမအဆင့်အထိ ရောက်နေကြပြီလား။" ချင်ယွင်၏ မျက်နှာပေါ်တွင် အံ့အားသင့်သည့် အမူအယာများပေါ်လာသလို ချင်ယွင်၏နှလုံးသည်ပင် တစ်ချက် ခုန်သွားရသည်။

အခန်း (၂၇၅) ပိရှစ်သိုင်းမြို့စား။ (ကျောက်စိမ်းရေသိုင်းမြို့စား)။

သိုင်းမြို့စားအဆင့် ကျွမ်းကျင်သူတစ်ဦးသည် သိုင်းဧကရာဇ်နယ်ပယ်ကို ဖြတ်ကျော်လိုပါက ၎င်းတို့ကြားတွင် အတားအဆီးတစ်ခု ရှိနေပြီး ထိုအတားအဆီးသည်လည်း ဉာဏ်အလင်းရရှိရန်နှင့်သက်ဆိုင်ကာ သိမ်မွေ့နက်နဲ နယ်ပယ်ကို ဖြတ်ကျော်ရမည် ဖြစ်ပါသည်။

အကယ်၍ တစ်စုံတစ်ယောက်သည် သိမ်မွေ့နက်နဲနယ်ပယ်နှလုံးသားကို မသိပ်သည်း နိုင်ခဲ့ပါက၊ ထိုသူသည် သိုင်းဧကရာဇ်ထံနယ်ပယ်သို့ ဖြတ်ကျော် ဝင်ရောက်နိုင်လိမ့်မည် မဟုတ်ပေ၊ ထို့ကြောင့် သိမ်မွေ့နက်နဲနယ်ပယ်နှလုံးသားကို သိုင်းဧကရာဇ်နှလုံးသားဟု အခြားအမည်ပြောင်တစ်ခုဖြင့် ခေါ်လေ့ရှိကြသည်။

အချို့သောလူများသည် သိုင်းဧကရာဇ်နယ်ပယ်သို့ မဖြတ်ကျော်နိုင်ကြဘဲ သူတို့၏ တစ်ဘဝလုံး ကုန်ဆုံးသွားကြသည်။ ထိုသူတို့သည် ဤအတားအဆီးတွင် ပိတ်မိနေကြပြီး ယင်းက သိုင်းမြို့စားအဆင့်ကျွမ်းကျင် သူများစွာရှိသော်လည်း သိုင်းဧကရာဇ်အဆင့်ကျွမ်းကျင်သူ အလွန် နည်းပါးရခြင်း၏ အကြောင်းအရင်းလည်း ဖြစ်ပေသည်။

"သိုင်းမြို့စားကြီးလေးပါးက သိုင်းမြို့စားနယ်ပယ်ကျွမ်းကျင်သူများကို လက်တစ်ဖက် တည်းဖြင့် ခုခံကာကွယ်နိုင်ရခြင်းရဲ့အကြောင်းအရင်းမှာ သူတို့ဟာ သိုင်းမြို့စား နယ်ပယ်ရဲ့ နဝမအဆင့် ကောင်းကင်အလွှာ အထွတ်အထိပ်မှာ ရှိနေခြင်း သက်သက်ကြောင့် မဟုတ်ဘူး။ သူတို့ရဲ့သဘောတရားအပေါ် ထိုးထွင်းသိမြင်မူ ဉာဏ်အလင်းကလည်း နဝမအဆင့်သို့ ရောက်ရှိနေတာကြောင့် ဖြစ်တယ်။ သူတို့ဟာ သိမ်မွေ့နက်နဲနယ်ပယ်ကို ဖြတ်ကျော်ပြီး သိမ်မွေ့နက်နဲနယ်ပယ်နှလုံးသားကို သိပ်သည်းနိုင်ဖို့ ခြေတစ်လှမ်းသာ ဝေးကွာတော့တယ် ။" ပိရှစ်သိုင်းမြို့စားသည် စွဲမက်ဖွယ်ကောင်းစွာ ပြောနေခဲ့သည်။

ချင်ယွင်သည် ရုတ်တရက် ခေါင်းညိတ်လိုက်သည်။ သိုင်းမြို့စားကြီးလေးပါးသည် သိုင်းမြို့စားအဆင့်ကျွမ်းကျင်သူများစွာထဲမှာ သူတို့ဘာသာသူတို့ ထူးထူးခြားခြား ရပ်တည်နိုင်ခဲ့ကြသည်မှာ အံ့သြစရာမရှိတော့ပါဘူး။ ယခုတော့ ဤအရာသည် အကြောင်းအကျိုး စီလျော်မူမရှိဘူးဟု ထင်စရာမလိုတော့ပေ။

"ကြည့်ရတာ ငါသိုင်းမြို့စားကြီးလေးပါးကို လျှော့တွက်ထားမိပုံပဲ။" ချင်ယွင်က သူ့နှလုံးသားထဲမှာ ရေရွတ်လိုက်သည်။

မူလက သူသည် ကျင့်ကြံမူအခြေခံနှင့် သူ၏ရုပ်ခန္ဓာကိုယ်ကြံ့ခိုင်မှုတို့ တိုးမြင့်လာ ခြင်းဖြင့် သူသည် သိုင်းမြို့စားကြီးလေးပါးကို တိုက်ခိုက်နိုင်မည်ဟု ထင်ခဲ့သော်လည်း ယခုအခါတွင် သူသည် ထိုသို့လုပ်ဆောင်ရန် ဝေးကွာ နေသေးပုံရသည်။

သူ၏ရုပ်ခန္ဓာကိုယ်ခွန်အားသည် နဝမအဆင့် ကောင်းကင်အလွှာ အထွတ်အထိပ် သိုင်းမြို့စားအဆင့်ကျွမ်းကျင်သူတဦးနှင့် နှိုင်းယှဉ်နိုင်သော်လည်း သိုင်းမြို့စားကြီး လေးပါးသည် သူတို့၏ သဘောတရားကိုထိုးထွင်းသိမြင်မှုဉာဏ်အလင်းတွင် အလွန်မြင့်မားလွန်းနေပြီး ၎င်းတို့၏ စွမ်းအားသည် သာမန် နဝမအဆင့် ကောင်းကင်အလွှာ သိုင်းမြို့စားအဆင့်ကျွမ်းကျင်သူများထက် အဆပေါင်းများစွာ ကြီးမားလွန်းနေသည်။

ဥပမာအားဖြင့်၊ သိုင်းမြို့စားဘိုင်ယွန်၏ သဘောတရားကို နားလည်နိုင်စွမ်းသည် လေစွမ်းရည်ဖြစ်သင့်ပြီး ၎င်းလေစွမ်းရည်သည်လည်း လေထုဖြတ်တောက်ခြင်း စွမ်းရည် ဖြစ်ပုံရသည်။

လေထုဖြတ်တောက်ခြင်းစွမ်းရည်သည် နဝမအဆင့်သို့ ရောက်ရှိသွားခဲ့ပြီး ၎င်းသဘော တရားစွမ်းရည်ကို သိုင်းပညာရပ်နှင့် ပေါင်းစပ်လိုက်သောအခါ ထွက်ပေါ်လာသည့် စွမ်းအားသည် သာမန်နဝမအဆင့် ကောင်းကင်အလွှာ သိုင်းမြို့စားအဆင့် ကျွမ်းကျင်သူတဦး ခံနိုင်ရည်ရှိသောအရာ မဟုတ်သည်မှာ သေချာပါသည်။

ယခုအချိန်တွင်၊ ချင်ယွင်၏ လေစွမ်းရည်သဘောတရားသည် စတုတ္ထအဆင့်သို့ ရောက်ရှိသွားခဲ့ပြီး မိုးကြိုးလျှပ်စီးစွမ်းရည်သည် တတိယအဆင့်သို့ ရောက်ရှိသွားပြီး ဖြစ်သည်။ သစ်သားစွမ်းရည်ဆိုလျှင် အမြင့်ဆုံးအဆင့်သို့ ရောက်ရှိခဲ့ပြီး ဆဋ္ဌမအဆင့် သို့ပင် ရောက်ရှိခဲ့သည်။ သို့သော် သစ်သားစွမ်းရည်သဘောတရားဖြစ်သည့် အသက်သဘောတရားသည်သည် တိုက်ခိုက်ရာတွင် လုံးဝမကောင်းပေ။

ထို့ကြောင့် ချင်ယွင်၏ လက်ရှိအင်အားဖြင့် သူသည် သိုင်းမြို့စားဘိုင်ယွန်ကို တိုက်ခိုက်ရမည်ဆိုလျှင် အနိုင်ရရန် အခွင့်အရေးမရှိပေ။

ဘေဟိုင်သိုင်းမြို့စား၊ သိုင်းမြို့စားချင်းယွန်၊ သိုင်းမြို့စားဘိုင်ယွန်နှင့် ပိရှစ်သိုင်းမြို့စားတို့ကို သိုင်းမြို့စားကြီးလေးပါး ဟုခေါ်သည်။ သူတို့သည် သူတို့ အချင်းချင်းအကြား ကွဲပြားခြားနားမူများစွာ မရှိသင့်ပေ။ အကယ်၍ ချင်ယွင်သာ သူတို့နှင့် တွေ့မည်ဆိုလျှင် သေသွားကောင်း သေသွားနိုင်သည်။

ယင်းကြောင့် ချင်ယွင်သည် ဘေဟိုင်သိုင်းမြို့စားနှင့် သိုင်းမြို့စားချင်းယွန်တို့ကို နောက်သုံးရက်အကြာ ဆိပ်ကမ်းမှာ သတ်ပစ်ရန်စိတ်ကူးကို ချက်ချင်း ပယ်ချလိုက် ရသည်။

"သခင်မရဲ့သတိပေးမူအတွက် ကျေးဇူးတင်ပါတယ်၊ သခင်မ ပိရှစ်သိုင်းမြို့စား၊။ ချင်ယွင်သည် ပိရှစ်သိုင်းမြို့စားအား ကျေးဇူးတင်စကား ပြောကြားလိုက်ရသော်လည်း ပိရှစ်သိုင်းမြို့စားသည် သူနှင့် အလွန်နီးကပ်နေခြင်းကြောင့် သူ့အား စိတ်မသက်မသာ ဖြစ်စေခဲ့သည်။

ပိရှစ်သိုင်းမြို့စား၏ ချစ်စရာကောင်းသော မျက်လုံးများသည် ချင်ယွင်၏ အကြည့် တခဏအတွင်း ရှောင်တိမ်းသွားသည်အထိ စိုက်ကြည့်ပြီးနောက် သူမအကြည့်ကို ရုတ်သိမ်းကာ ပြုံးပြီးပြောလိုက်သည် "ဒါဆို မင်း ငါ့ကို ဘာလို့ မမေးတာလဲ။ မင်းဆီလာပြီး မင်းကို ဘာကြောင့် သတိပေးရလဲဆိုတဲ့ အကြောင်းအရင်းကိုပေါ့"

ချင်ယွင် ရုတ်တရက် မှင်သေသေ ဖြစ်သွားရသည်။ သူသည် သူ့ကိုယ်သူ တွေးလိုက်မိသည် "ဟုတ်ပေသားပဲ၊ ပိရှစ်သိုင်းမြို့စားက သူနဲ့ဘာမှ မဆိုင်ပေ။ ဒီအချိန်မှာ သူ့ကို ဘာလို့ သတိလာပေးရတာလဲ။ သူ့ရှေ့မှာရှိနေတဲ့ ချစ်စရာကောင်းပြီး ဆွဲဆောင်မှုရှိတဲ့ မိန်းမတစ်ယောက်ကို တွေ့လိုက်ရတာကြောင့် သူဟာ တကယ်ကို စိတ်ရှုပ်ထွေးသွားခဲ့ရပြီး သူ၏ဦးနှောက်ကလည်း တကယ်ကို လေးလံထိုင်းမှိုင်း လာတယ်။"

ပိရှစ်သိုင်းမြို့စားက ပြုံးလိုက်သည်။ သူ၏ ဆောင်းဦးရေလိုရွှန်းလဲ့သည့် မျက်လုံးတစ်စုံက လူအများ၏ နှလုံးသားကို ဖြတ်၍ မြင်နိုင်ပုံရသည်။ ချင်ယွင်၏ အတွေးများသည် သူမထိန်းချုပ်မှုအောက်တွင် ရှိနေပုံရသည်။

"တကယ်တော့၊ နေ့ခင်းဘက် မင်းကုန်းမြေပေါ်ဆင်းသက်လာပြီးကတည်းက မင်းကို ငါတွေ့လိုက်ရတယ်။ မင်းကိုတွေ့တော့ ငါ အရမ်းအံ့သြသွားခဲ့ရတယ်။ သိုင်းမြို့စားကြီး နှစ်ပါးလက်ကနေ ထွက်ပြေးလွတ်မြောက်ရုံတင်မကဘဲ သိုင်းမြို့စားကြီးနှစ်ပါးထက် ဝမ်ယွီမြို့ကို သုံးရက်နီးပါးစောပြီး ပြန်ရောက်လာခဲ့တယ်။ ။ ဒါက ရိုးရိုးရှင်းရှင်း တွေးလို့မရတော့ဘူး။ အဲဒါကြောင့် မင်းကုန်းမြေပေါ် ဆင်းသက်လာကတည်းက ငါက မင်းနောက်ကို လိုက်လာခဲ့တာ။" ပိရှစ်သိုင်းမြို့စားကပြောသည်။

ချင်ယွင်၏နှလုံးသားသည် တုန်လှုပ်ခြောက်ခြားသွားကာ သူ့နောက်ကျောသည် အနှိုင်းမဲ့အေးစိမ့်သွားသည်။ ကြောက်ရွံ့မှုတစ်ခုက သူ၏နှလုံးသားထဲသို့ တိုးဝင်လာခဲ့ သည်။

ပိရှစ်သိုင်းမြို့စားသည် နေ့လယ်ခင်းအချိန်ကတည်းက သူ့နောက်သို့ လိုက်လာခဲ့ သော်လည်း သူသည် လုံးဝ သတိမထားမိခဲ့ပေ။ ထို့နောက်၊ ညဘက်တွင် ဇူချန်းချင် ရှိနေသည့် ခြံဝင်းထဲသို့ သူတဟုန်ထိုးပြေးဝင်သွားသည်ကို ပိရှစ်သိုင်းမြို့စားသည် ရှင်းရှင်းလင်းလင်း မြင်ခဲ့လိမ့်သည် ။

သေချာပါသည်၊ ပိရှစ်သိုင်းမြို့စား၏နောက်ထပ်စကားတွေက ချင်ယွင်၏ ထင်မြင် ယူဆချက်ကို အတည်ပြုခဲ့ပါသည်။

"မူလကတော့ မင်းကုန်းမြေပေါ်ဆင်းသက်လာပြီးနောက် မင်းပထမဆုံးလုပ်မှာက ဝမ်ယွီမြို့ကနေ ထွက်ပြေးသွားခြင်းလို့ ငါထင်ထားခဲ့တာ။ ဒါပေမယ့် မင်းက ထွက်မသွားရုံတင်မကဘဲ ဘေဟိုင်သိုင်းမြို့စားရဲ့သားကိုပါ သုံးစားမရဖြစ်အောင် လုပ်ခဲ့တယ်၊ နောက်ဆုံး၊ မင်းကတကယ်ပဲ သိုင်းမြို့စားကြီးနှစ်ပါးကို သုံးရက်အတွင်း သတ်ပစ်ချင်နေခဲ့တယ်။ ဒီအကြံအစည်းကြောင့် ငါတောင် အံ့သြသွားရတယ်။" ပိရှစ်သိုင်းမြို့စားက ဆက်ပြီးရယ်မောလိုက်သည်။

ချင်ယွင်၏ မျက်နှာသည် ရှက်ကိုးရှက်ကန်းဖြစ်သည့် အမူအယာဖြင့် ပြည့်နှက်နေသည်။ ယခင်က သိုင်းမြို့စားချင်းယွန်နှင့်ဘေဟိုင် သိုင်းမြို့စားတို့ကို သူသတ်ပစ်ချင်ခဲ့ သော်လည်း ယခုအခါတွင် သူသည် ထိုကဲ့သို့ မလုပ်နိုင်တော့ဘဲ ဖြစ်နေပုံရသည်။

"မင်း ဒီလိုပဲ စွန့်လွှတ်လိုက်တော့မှာလား။" ပိရှစ်သိုင်းမြို့စား ရုတ်တရက် မေးလိုက်သည်။

ချင်ယွင်သည် အနည်းငယ် ထိတ်လန့်သွားပြီး ပိရှစ်သိုင်းမြို့စား၏ ဆိုလိုရင်းအဓိပ္ပါယ်ကို သူနားမလည်ပေ။

ပိရှစ်သိုင်းမြို့စားက ရှင်းပြသည် " သိုင်းမြို့စားကြီးနှစ်ပါးဆိုရင်တော့ မသတ်နိုင်ဘူးပေါ့၊ ဒါပေမယ့် သူတို့နှစ်ယောက်ထဲက တစ်ယောက်ကို သတ်မယ်ဆိုရင်တော့ ငါတို့ အတူတူပူပေါင်းရင် လုပ်နိုင်မှာပါ။

"ခင်ဗျားနဲ့ကျွန်တော် အလုပ်အတူတူ လုပ်ရမလား?" ချင်ယွင်က မျက်လုံးများကို ပြူးကျယ်အောင်ဖွင့်ပြီး သူ၏စိတ်ထဲတွင် အံ့သြမှုအပြည့်ဖြင့် မေးလိုက်သည်။

ယခင်က ပိရှစ်သိုင်းမြို့စား၏ သတိပေးခံရပြီးနောက် ပိရှစ်သိုင်းမြို့စားသည်

အဘယ်ကြောင့် သူ့ဆီရောက်လာသည်ကို မှန်းဆနေခဲ့သည်။ ယခုမူ သူမသည် သိုင်းမြို့စားချင်းယွန်နှင့် ဘေဟိုင်သိုင်းမြို့စားတို့ကို ရင်ဆိုင်ရန်အတွက် သူနှင့် လက်တွဲလိုကြောင်း အမှန်တကယ်ပြောလာခဲ့သည်။

ဤရလာဒ်က ချင်ယွင်ကို အံ့အားသင့်စေခဲ့သေးသည်။

"မင်း အံ့သြနေစရာ မလိုပါဘူး။ မင်းဆီ ငါလာရတဲ့ အကြောင်းရင်းက သူတို့ နှစ်ယောက်ကို အတူတူ ရင်ဆိုင်ဖို့ပဲ။ အဲဒီအချိန်တုန်းက ငါ့အစ်မဟာ သူတို့ နှစ်ယောက်ကြောင့် သေသွားခဲ့ရတဲ့အတွက် သူတို့ကို သေချာပေါက် လက်စားချေဖို့ ငါကျိန်ဆိုထားတယ်" ပိရှစ်သိုင်းမြို့စား၏ မျက်နှာသည် ရက်စက်ကြမ်းကြုတ်သည့် အရိပ်အယောင်များ ထွက်ပေါ်လာသည်။

"ပိရှစ်သိုင်းမြို့စားရဲ့ အစ်မကြီးလား ? သိုင်းမြို့စားချင်းယွန်နဲ့ ဘေဟိုင် သိုင်းမြို့စားကြောင့် သေဆုံးသွားခဲ့ရတာလား ၊ ဒါဆို ပိရှစ်သိုင်းမြို့စားက လက်စားချေလိုသည့် စိတ်ကို အမြဲ သည်းခံနေခဲ့တာပေါ့ ၊ ဒီနေ့မှာတော့ သူမက သူ့ဆီလာခဲ့ပြီး လက်စားချေဖို့အတွက် လက်တွဲခဲ့တာလား။?" ချင်ယွင်သည် သူ၏စိတ်ထဲတွင် ဤအချက်အလက်များကို အစွမ်းကုန်ကြိုးစားပြီး ချေဖျက်နေခဲ့သည်။

ယင်းက သူ့အား အလွန်အဓိပ္ပာယ်မဲ့သော ခံစားချက်ကိုပေးသလို ယုတ္တိရှိပြီး ကျိုးကြောင်းဆီလျော်နေပြန်သောကြောင့် အဓိပ္ပာယ်မရှိသည့် အရာမျိုးလည်း မဟုတ်နိုင်ပြန်ပေ။

"ဒါဆို ကျွန်တော်တို့က ဘယ်တစ်ယောက်ကို အရင်ဖြေရှင်းမှာလဲ" ချင်ယွင်က အဖြေပေးရန် အလျင်လိုနေခြင်းမရှိဘဲ ဆက်မေးလိုက်သည်။

ခဏလောက်စဉ်းစားပြီးနောက် ပိရှစ်သိုင်းမြို့စားက ပြောသည်" ဘေဟိုင်သိုင်းမြို့စားနဲ့ အရင်ဖြေရှင်းလိုက်ရအောင်။ သိုင်းမြို့စားချင်းယွန်က လိမ္မာပါးနပ်လွန်းတယ်။ အတားအဆီး အနှောင့်အယှက်မှန်သမျှကို သူချက်ခြင်းတွေ့သွားတာနဲ့ ထွက်ပြေးသွား လိမ့်မယ်။ ဘေဟိုင်သိုင်းမြို့စားကတော့ တော်တော်လေး ဉာဏ်နည်းပြီး တုံးအတယ်.။ သူ့ကို ချောင်းမြောင်းတိုက်ခိုက်နိုင်တယ်။ သူ့ခြံထဲမှာ သူပြန်လာတာကို စောင့်ပြီးမှ သူ့ကိုသတ်ဖို့ အတူတူလုပ်ကြရအောင်"

ချင်ယွင်ခေါင်းညိတ်လိုက်သည်။ နဝမအဆင့် ကောင်းကင်အလွှာ အထွတ်အထိပ် သိုင်းမြို့စားအဆင့် ကျွမ်းကျင်သူတဦး၏ ပေါက်ကွဲစွမ်းအားနှင့်အတူ ပိရှစ် သိုင်းမြို့စား ၏ အကူအညီဖြင့်ဆိုပါက ဘေဟိုင်သိုင်းမြို့စားကို သတ်ပစ်နိုင်သည်မှာ အမှန်ပင် ဖြစ်သည်။

"ဒါပေမယ့် ငါတို့ လှုပ်ရှားပြီးတာနဲ့ ရုန်းရင်းဆန်ခတ်ဖြစ်မှာ သေချာတယ်။ သိုင်းမြို့စား ချင်းယွန်က ဝင်စွက်ဖက်လာရင် ဘယ်လိုလုပ်မလဲ။" ချင်ယွင်က သူ့စိတ်ထဲက သံသယတွေကို ပြောလိုက်သည် ။

ပိရှစ်သိုင်းမြို့စားသည် ဤပြဿနာကို အချိန်ကြာမြင့်စွာကတည်းက မျှော်မှန်းထား ပုံရပြီး ယုံကြည်မူအပြည့်ဖြင့် ပြောသည် "စိတ်မပူပါနဲ့၊ သိုင်းမြို့စားချင်းယွန်ဆိုတာက ငါ ကောင်းကောင်းနားလည်ထားတဲ့သူ တစ်ယောက်ပါ။ သူက ကောက်ကျစ်စဉ်းလဲပြီး အကျိုးအမြတ်ကို သိပ်ကြည့်တဲ့ လူစားမျိုးဖြစ်တယ်။ သူက ဘေဟိုင်သိုင်းမြို့စားနဲ့ နည်းနည်းလေးမှ ပတ်သက်မူမရှိဘူး။ ဒါကြောင့် သူ့ကို ကူညီဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ အဲဒီအချိန်မှာ သူဟာ ဝမ်ယွီ မြို့ကနေ အမြန်ဆုံးထွက်ခွာသွားမှာ သေချာပါတယ်။"

ချင်ယွင်က ခေါင်းညိတ်ပြလိုက်ပြီး လေးလေးနက်နက် တွေးလိုက်မိသည်။ ပိရှစ်သိုင်းမြို့စား သူမနှလုံးသားထဲမှာ ပြောချင်သည့်အရာတွေကို အဖြေရှာဖို့ အစွမ်းကုန် ကြိုးစားနေသည်။

နောက်ဆုံးတွင် ချင်ယွင်သည် ပိရှစ်သိုင်းမြို့စား၏မျက်လုံးများကိုကြည့်ရင်း အပြုသဘောဆောင်သောအဖြေကို ပေးခဲ့သည်။ "ကောင်းပြီ၊ သုံးရက်အကြာမှာ၊ ဘေဟိုင်သိုင်းမြို့စားကိုသတ်ဖို့အတွက် ကျွန်တော်တို့ အတူတကွ လုပ်ဆောင်ကြတာ ပေါ့"

ပိရှစ်သိုင်းမြို့စား၏ ချစ်စရာကောင်းပြီး စွဲမက်ဖွယ်ကောင်းသော မျက်နှာသည် ချက်ချင်းပင် အပြုံးတစ်ခုပေါ်လာသည်။ ၎င်းက ငွေရောင်လမင်း၏ အလင်းရောင် အောက်မှာ ပိုလို့တောင် ဆွဲဆောင်မှုရှိနေသည်။

တစ်ဖက်တွင်၊ ချင်ယွင်သည် သူ၏မျက်နှာပေါ်တွင် အေးစက်သောအပြုံးဖြင့် အဝေးမှာရှိနေသည့် ပင်လယ်ရေမျက်နှာပြင်ကို ကြည့်နေမိသည်။

"ဘေဟိုင်သိုင်းမြို့စား၊ ခင်ဗျား သုံးရက်အတွင်း သေလိမ့်မယ်!"

အေးစက်သည့် သတ်ဖြတ်လိုသောဆန္ဒက အေးစိမ့်နေသောလေထုထဲတွင် ပျံ့နှံ့သွားခဲ့သည်။

All Chapters