အခန်း (၂၇၆-၂၈၀)
Vol. 19 Ch. 276-280
အခန်း (၂၇၆) ဇူထျန်းယု၏ဒေါသ။
သုံးရက်ဆိုသည့်အချိန်သည် အလွန်လျင်မြန်စွာ ကုန်ဆုံးသွားခဲ့ပါသည်။ ချင်ယွင်သည် လွန်ခဲ့သည့်သုံးရက်အတွင်းမှာ တည်းခိုခန်း၏ကုတင်ပေါ်တွင် တင်ပျဉ်ခွေထိုင်နေခဲ့ သည်။ သူသည် အေးဆေးတည်ငြိမ်ပြီး မလှုပ်မယှက်ဖြစ်နေသော ဘုန်းကြီးအိုကြီး တစ်ပါးနှင့်ပင် တူနေလေသည်။
ပျော်ရွှင်မြူးထူးနေသော ပျံလွှာငှက်တစ်ကောင်လို လေပြေလေညှင်းသည် သူ၏ ပတ်ဝန်းကျင်တွင် တဝဲလည်လည် လှည့်ပတ်နေလေသည်။
ရုတ်တရက် ပြတင်းပေါက်မှ လေပြင်းတချက် တိုက်ခတ်လာပြီးချင်ယွင်၏ရှေ့မှာ ပုရိပ်တစ်ခု ပေါ်လာသည်။
ချင်ယွင်သည် သူ့မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်နှင့် ပျံလွှားငှက် တစ်ကောင်လို လှည့်ပတ်တိုက်ခတ်နေသည့် လေပြေလေနုအေးသည် လေအမျှင်တန်းများ အဖြစ်ပြောင်းလဲသွားပြီး လေထဲသို့ လွင့်စင်သွားခဲ့သည်။
"ကြည့်ရတာ လွန်ခဲ့တဲ့ သုံးရက်အတွင်း မင်းက နောက်ထပ် အဆင့်ချိုးဖြတ်မူတွေ ရရှိလာခဲ့ပုံပဲ၊ မင်းက လူလား မွန်းစတားလားဆိုတာ ငါတကယ် သံသယဖြစ်မိတယ်။" တစ်စုံတစ်ယောက်က အံ့သြသည့်အမူအရာဖြင့် ပြောလိုက်သည်။
ချင်ယွင်သည် သူ့ရှေ့တွင် ရုတ်တရက် ပေါ်လာသော အလှပိုင်ရှင်ကို ကြည့်ရင်း ကူရာမဲ့ဖြစ်ကာ ပြုံးပြလိုက်ရသည်။ သူက တုန့်ပြန်ပြောလိုက်သည် "ဒါက ကျွန်တော့် အတွက် ကြီးမားတဲ့ အောင်မြင်မှုကြီး မဟုတ်ပါဘူး။ လေစွမ်းရည်သဘောတရားမှာ နည်းနည်းပါးပါး တိုးတက်လာရုံပါပဲ"။
ဤသုံးရက်အတွင်း၊ ချင်ယွင်သည် လေစွမ်းရည်သဘောတရားကို နားလည်ခဲ့ပြီး၊ သူသည် အနည်းငယ်မျှ တိုးတက်မူရရှိခဲ့သည်။
မနေ့ညကမှ သူနားလည်ထားခဲ့သည့် လေဝိညာဉ်နှင့် လေကိုအသွင်ပြောင်းခြင်း သဘောတရား နှစ်ခုလုံးမှာ သူသည် သဘောတရားကို နားလည်ခြင်းနယ်ပယ်၏ စတုတ္ထအဆင့်ကို ဖြတ်ကျော်သွားခဲ့သည်။
ဤနည်းဖြင့် သူသည် လေစွမ်းရည်သဘောတရားသုံးမျိုးစလုံးမှာ သဘောတရားကို နားလည်ခြင်းနယ်ပယ်၏ စတုတ္ထအဆင့်သို့ ရောက်ရှိလာခဲ့သည်။ ထို့ကြောင့်၊ သူသည် လေစွမ်းရည်များကို တစ်ဖန်ပြန်လည်ပေါင်းစပ်ကာ ပို၍ပင်အားကောင်းသည့် သတ်ဖြတ်ခြင်း သိုင်းကွက်တစ်ခုကိုပင် ဖန်တီးနေခဲ့သည်။
သို့သော်လည်း ပိရှစ်သိုင်းမြို့စား၏ ရုတ်တရက် ရောက်ရှိလာမူက သူ့ကို ရပ်တန့် သွားစေခဲ့သည်။
"ဘေဟိုင်သိုင်းမြို့စားနဲ့ သိုင်းမြို့စားချင်းယွန်တို့ ပြန်ရောက်ပြီလား?" ချင်ယွင်က မေးသည်။
ပိရှစ်သိုင်းမြို့စားက ခေါင်းညိတ်ပြီး ပြောသည် "စောစောလေးကမှသူတို့ ဆိပ်ကမ်းမှာ ပေါ်လာခဲ့တယ်။ အခု သူတို့ သက်ဆိုင်ရာ နေအိမ်တွေကို ပြန်သွားကြပြီ"
"ကောင်းပြီ၊ ဒါဆို ဘေဟိုင်သိုင်းမြို့စားရဲ့နေအိမ်ကို တိုက်ရိုက်သွားကြရအောင်။" ချင်ယွင်က ပြောသည်။
ပိရှစ်သိုင်းမြို့စား၏ နှုတ်ခမ်းထောင့်က အေးစက်သော အပြုံးတစ်ခုအဖြစ် တွန့်ကွေးသွားသည်။
ထို့နောက် ချင်ယွင်နှင့် ပိရှစ်သိုင်းမြို့စားတို့သည် ဘေဟိုင်သိုင်းမြို့စား၏နေအိမ်ဆီသို့ ဦးတည်သွားခဲ့သည်။
ဤအခိုက်အတန့်တွင် ဘေဟိုင်သိုင်းမြို့စားဝယ်ထားသော အိမ်ကြီးတွင် ရက်စက်ကြမ်းကြုတ်သော မြင်ကွင်းတစ်ခု ဖြစ်ပျက်နေသည်။
ဇူထျန်းယုသည် ဒေါသနှင့်အတူ ရူးသွပ်သွားချေပြီ။ သူအိမ်သို့ပြန်ရောက်သောအခါ ခွေးသေတစ်ကောင်လို အိပ်ရာပေါ်တွင် လဲလျောင်းနေသော သားဖြစ်သူကို တွေ့လိုက်ရသဖြင့် ထိတ်လန့်သွားသည်။
သူထွက်ခွာသွားစဉ်မှာ အစွမ်းထက်သည့် ကုသဆေးအမျိုးမျိုးကို ရရှိနိုင်ရန်အတွက် ငွေကြေးအမြောက်အမြားသုံးစွဲခဲ့ကြောင်း ထင်ရှားသည်။ ယုတ္တိဗေဒအရပြောရမည် ဆိုလျှင် ဇူချန်းချင်သည် သူ၏ ကျင့်ကြံမှုအခြေခံကို ပြန်လည်မရရှိခဲ့လျှင်ပင် အနည်းဆုံး သူသည် အသက်ရှင်လျက် သန်စွမ်းနေသင့်သည်။
ယခုမူ ဇူချန်းချင်၏ ခြေထောက်များ ကျိုးသွားရုံသာမကဘဲ သူ၏ဒန်တန်သည်လည်း အစိတ်စိတ်မွှာမွှာ ကျိုးပဲ့ပျက်ဆီးနေခဲ့သည်။ ဟုတ်ပါသည်, ဇူထျန်းယုကို အံ့အားသင့်ဆုံးအရာက သူ့သားဟာ ယခုအချိန်အထိ ဖြစ်နေရခြင်း၏အကြောင်းကိုပါ။
ယခုအချိန်မှာ ဇူချန်းချင်ဟာ အသက်ရှင်လျှက်သေနေသည့် လူသေတစ်ယောက်ကဲ့သို့ ထုံထိုင်းနေပြီး ကုတင်ပေါ်တွင် လဲလျောင်းနေကာ သူ၏မျက်လုံးတွေကလည်း အလွန် အသက်မဲ့နေလေသည်။
တဖက်မှာတော့၊ ထျန်းယုသည် ထိုနေ့ညက ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များကို ဇူထျန်းယုအား အမြန်ပြောပြနေသည်။
ထိုစကားများကိုကြားရလျှင် ဇူထျန်းယု ဒေါသထွက်သွားသည်။ သူ၏ တစ်ကိုယ်လုံးသည် ဒေါသထွက်နေသည့် တောဝက်တစ်ကောင်လို ဒေါသ ပုန်ထနေသည်။ သူ့ခန္ဓာကိုယ်ပေါ်ရှိ အဆီများသည် ဒေါသကြောင့် တဆတ်ဆတ် တုန်ခါနေလေသည်။
" ချင်ယွင် ၊ ငါ မင်းကို မသတ်ရရင် ငါဇူထျန်းယုက လူမဟုတ်ဘူးလို့ ကတိပြုတယ်။” ဇူထျန်းယု၏ ဒေါသသည် ခြံဝင်းအတွင်း၌ မုန်တိုင်းတစ်ခုကဲ့သို့ ကျယ်လောင်စွာ ထွက်ပေါ်လာကာ ခြံတွင်းရှိ သစ်တော်သီးပင်များကိုပင် အရူးအမူး တုန်လှုပ်သွားစေ၏။
"ဘုန်း!"
ဇူထျန်းယုသည် ထျန်းယုကို ကောင်းကင်ဘုံကိုပင် ဖုံးလွှမ်းမိုးနိုင်သည့် သူ၏လက်ဖဝါးဖြင့် တိုက်ရိုက် ရိုက်ချလိုက်သည်။
ထျန်းယု၏ ဦးခေါင်းခွံသည် ချက်ချင်းပေါက်ကွဲသွားပြီး သူ၏နဖူးမှ သွေးများ စီးကျလာသည်။
အနှစ်နှစ်ဆယ်ကြာအောင် နောက်မှလိုက်ပါခဲ့သော ဤသခင်အား ကြည့်လိုက်ရင်း သူ၏မျက်လုံးများသည် မယုံကြည်နိုင်မူနှင့်အတူ ပြူးကျယ်သွားခဲ့သည်။ ထျန်းယု၏ မျက်လုံးများတွင် ပဟေဠိဆန်သော အမူအရာကိုသာ မြင်နိုင်လေသည်။
"အမှိုက်၊ မင်းရဲ့အကာအကွယ်ပေးမူက အသုံးမကြခဲ့ဘူး။ မင်းကို ဒီမှာဆက်ထားလို့ ဘာအကျိုးရှိမှာလဲ" ဇူထျန်းယုသည် အေးစက်စွာ အော်ပြောလိုက်ပြီး သူ၏ ဝတ်စုံလက်မောင်းကို ဝှေ့ယမ်းလိုက်ကာ ချက်ခြင်းပင် ထျန်းယုကို လွင့်ထွက် သွားစေလိုက်သည်။
ထျန်းယုသည် ခြံဝင်းအတွင်း ပြုတ်ကျသွားကာ မြေပြင်ပေါ်တွင် လဲလျောင်းနေပြီး မလှုပ်ရှားနိုင်တော့ပေ။ သူ၏ မျက်နှာပေါ်တွင် ညှိုးငယ်သော အပြုံးဖြင့် လဲလျောင်းနေ လေသည်။
ထျန်းယုသည် ဘေဟိုင်စီရင်စုရှိ ဇူကလန်အတွက် နှစ်ပေါင်းများစွာ သူ၏ ရှင်ခြင်းနှင့် သေခြင်းတရားတို့ကိုပင် စွန့်လွှတ်ထားပြီး သူမည်မျှ သစ္စာစောင့်သိခဲ့ကြောင်းကို ပြန်တွေးကြည့်မိသည်။ ထိုသို့သစ္စာစောင့်သိခြင်းသည် ထိုအချိန်တုန်းက သူ့အမေကို သင်္ဂြိုဟ်ပေးခဲ့သော ဇူထျန်းယု၏ကြင်နာမှုကို ပြန်လည်ပေးဆပ်ရန်အတွက်သာ ဖြစ်သည်။
လွန်ခဲ့သော အနှစ်နှစ်ဆယ်က သူသည် ထိုအချိန်တုန်းက ဇူထျန်းယု၏ကြင်နာမှုကို ပြန်လည်ပေးဆပ်ခဲ့ပြီးဖြစ်သော်လည်း သူသည် ဇူကလန်အတွက် အမြဲတမ်း အကောင်းဆုံး ဖြစ်အောင် ကြိုးစားထမ်းဆောင်ပေးခဲ့သည်။ သို့သော်လည်း အဆုံးတွင် သူသည် ဤကဲ့သို့အဆုံးသတ်မျိုးဖြင့် အဆုံးသတ်ရလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။
အကယ်၍ အနီးကပ်ကိုယ်ရံတော်တစ်ယောက်သည် သဘောကျခြင်းမခံရတော့ပါက သေဒဏ်စီရင်ခံရမည်လား။
လွန်ခဲ့သော အနှစ်နှစ်ဆယ်က ဇူကလန်အတွက် သူလုပ်ခဲ့သမျှကို ပြန်တွေးကြည့်လျှင် သူလုပ်ခဲ့ရသမျှအားလုံးနီးပါးသည် သူ့နှလုံးသားနှင့် ဆန့်ကျင်ဘက် ဖြစ်နေသည်။ သူ၏လက်များသည် အပြစ်ကင်းစင်သော သွေးများဖြင့် စွန်းထင်းနေခဲ့ပြီးဖြစ်ကာ သူသည် အရာအားလုံးနှင့် ထိုက်တန်သည်ဟု ယခု ထင်မိသည်။
ရုတ်တရက် ထိုညက ချင်ယွင်ပြောခဲ့သည့်စကားများကို သူသတိရသွားသည်။
"ခင်ဗျားဟာ မိုက်မဲတဲ့ သစ္စာစောင့်သိသူ တစ်ယောက်ပဲ။ ခင်ဗျားဘဝမှာ အကြီးမားဆုံးအမှားက မှားယွင်းတဲ့သခင်နောက်ကို လိုက်ခဲ့တာပဲ"
ဤစကားများသည် ထျန်းယု၏စိတ်ထဲတွင် အဆက်မပြတ်သတိရနေပြီး ထျန်းယု၏ ပါးစပ်ထောင့်ရှိ သနားစရာကောင်းသော အပြုံးက ပို၍ပင် သနားစရာ ကောင်းလာသည်။
ဤအခိုက်အတန့်တွင် သူသည် ရင်းနှီးပြီး ဘာမှမထူးခြားသည့်ပုံရိပ်တစ်ခုကို ရုတ်တရက် မြင်လိုက်ရသဖြင့် အံ့အားသင့်သွားသလို ခံစားလိုက်ရသည်။
မှန်ပါသည်၊ သူ့ရှေ့မှာ ပေါ်လာတဲ့သူကတော့ အဲဒီညက သူ့ကို အဲဒီ့စကားတွေကို ပြောပြခဲ့သူ… ချင်ယွင်ပါ။
"သွားကြရအောင်!" ချင်ယွင်က ထျန်းယုကို လေးနက်စွာ ပြောလိုက်သည်။
ထျန်းယုသည် မသေဆုံးမီနောက်ဆုံးအပြုံးဖြစ် တောက်ပစွာ ပြုံးလိုက်သည်။
ဇူထျန်းယုသည် ခြံဝင်းထဲတွင် ထွက်ပေါ်လာသော ချင်ယွင်ကို သဘာဝအတိုင်း သတိထားမိသည်။ အဆီအသားများဖြင့် ဖျစ်ညှစ်ထားပြီး မူလကတည်းက ကျဉ်းမြောင်းနေသော သူ၏မျက်လုံးငယ်များသည် ယခုအခါ မျဉ်းတစ်ကြောင်းတည်း ဖြစ်သည့်အထိပင် ကျဉ်းသွားခဲ့သည်။
အဆုံးမဲ့ သတ်ဖြတ်လိုသည့်ဆန္ဒသည် သူ၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည်။ သူ၏တစ်ကိုယ်လုံးသည် ဒေါသကြီးသော ဗုဒ္ဓလူသတ်သမားနှင့်တူသည်။
"ချင်ယွင်၊ မင်းတကယ်လာဝံ့တယ်ပေါ့!"
ဇူထျန်းယုက ဒေါသတကြီး အော်လိုက်သည်။ သူ၏ကြီးမားသောခန္ဓာကိုယ်ကြီးသည် ချင်ယွင်နှင့် မျက်နှာချင်းဆိုင်ရပ်နေသည့် အနေထားဖြင့် ခြံဝင်းအတွင်း တိုက်ရိုက် ပေါ်လာသည်။
ချင်ယွင်သည် ထျန်းယု၏အလောင်းကို သူ၏သိုလှောင်အိတ်ထဲသို့ထည့်ကာ သင်္ဂြိုဟ်ဖို့ နေရာရှာပေးရန်အတွင် ပြင်ဆင်ထားလိုက်သည်။
ထျန်းယုသည် မကောင်းမှုပြုသူကို ကူညီပေးပြီး မကောင်းမှုများစွာကို ပြုလုပ်ခဲ့သော်လည်း ချင်ယွင်သည် သူနှင့်ပတ်သက်ပြီး နားမလည်နိုင်သည့် အကောင်းမြင်မူတစ်ခု ရှိနေဆဲဖြစ်သည်။ အတိတ်တုန်းက သူ၏ချင်ဂိုဏ်းကြောင့် ဖြစ်ကောင်း ဖြစ်နိုင်သည်။
ဤအရာအားလုံးကို ပြုလုပ်ပြီးနောက် ချင်ယွင်သည် ဒေါသထွက်နေသော ဘေဟိုင်သိုင်းမြို့စားကို ခေါင်းမော့ကာကြည့်လိုက်ပြီး သူ့ပါးစပ်ထောင့်တွင် အေးစက်သော အပြုံးတစ်ခု ပေါ်လာသည်။
"ကျုပ် ခင်ဗျားရဲ့သားလေးကို သုံးစားမရဖြစ်အောင်လုပ်ခဲ့လို့ ခင်ဗျား စိတ်ဆိုးနေ တာလား။ ခင်ဗျားနဲ့ သိုင်းမြို့စားချင်းယွန်တို့ ရန်စီချီနဲ့ ကျန်းရွှန်ရှင်းတို့ကို ဒုက္ခပေးရန် ဆွေးနွေးတဲ့အချိန်တုန်းက ကျုပ်ဘယ်လိုခံစားရမလဲ ခင်ဗျား စဉ်းစားဖူးလား။" ချင်ယွင်က အေးစက်စွာမေးလိုက်သည်။ သူ၏ပါးစပ်ထောင့်ရှိ အပြုံးသည် လူများကို သူတို့နှလုံးသားအောက်ခြေမှ အေးစိမ့်သွားစေနိုင်သည်။
ဇူထျန်းယု၏ မျက်လုံးများသည် အနည်းငယ် ကျဉ်းမြောင်းနေသေးပြီး သူ၏ သတ်ဖြတ်လိုသောဆန္ဒများ တိုးလာနေသည်။ သူက အေးစက်စွာ အော်ပြောလိုက်သည် "ဒါဆို မင်း အဲဒီမှာ ရှိနေတာပေါ့။ သိုင်းမြို့စားချင်းယွန်နဲ့ ငါက မင်းကို လျှော့တွက် ထားပုံရတယ်။ မင်းကို အဲဒီနဂါးကြီးက ဝါးမျိုသွားခဲ့တာ မဟုတ်ဘူးပေါ့။"
ချင်ယွင်က သူ့နှလုံးသားထဲမှာ ရယ်မောနေမိသည်။ သူက နဂါးကြီးရဲ့ဝါးမျိုမူကို ခံရတာလား။
ဒါက ဘယ်လိုလုပ်ဖြစ်နိုင်သလဲ။ သူက ဝါးမျိုချခြင်း မခံရရုံသာမက ထိုနဂါးကြီးနှင့်ပင် ဆက်ဆံမူတစ်ခုပြုလုပ်ခဲ့ရသေးသည်။ ဇူထျန်းယုက ဒါကို ဘယ်လို စိတ်ကူးကြည့် နိုင်မှာလဲ။
"ဒါပေမယ့် မင်းကို နဂါးကြီးက ဝါးမျိုမသွားခဲ့ဘူးဆိုရင်တောင် မင်းက ဒီနေ့ သေရဦးမှာပဲ။ ငါ မင်းကို ထပ်ပြီး လွတ်မြောက်ခွင့်မပေးတော့ဘူး။" ဇူထျန်းယု၏ မူလကျဉ်းမြောင်းသော မျက်လုံးများသည် ချက်ချင်းပင် ပြူးကျယ်သွားသည်။ နဝမအဆင့် ကောင်းကင်အလွှာ အထွတ်အထိပ် သိုင်းမြို့စားအဆင့်အစွမ်းနှင့် ရောနှောနေသည့် အဆုံးမဲ့သတ်ဖြတ်လိုသည့်ဆန္ဒက ချင်ယွင်ဆီသို့ တိုးဝင်လာခဲ့သည်။ ချင်ယွင်၏ခန္ဓာကိုယ်ပေါ်ရှိ ၀တ်ရုံများသည်ပင် တဖျပ်ဖျပ် လွင့်ပျံနေသည် ။
သို့သော် ချင်ယွင်သည် တောင်ကြီးတစ်ခုကဲ့သို့ မလှုပ်မယှက် ဖြစ်နေသည်။ သူ၏ ပါးစပ်ထောင့်က ဆိုးသွမ်းသည့်အပြုံးတစ်ခုနှင့်အတူ အံ့အားသင့်နေသည့် ဇူထျန်းယုကို ကြည့်ကာပြောလိုက်သည် "စိတ်မပူပါနဲ့ ကျုပ်ထွက်မပြေးပါဘူး။ ဒါပေမယ့် တိုက်ပွဲ မစခင်မှာ ခင်ဗျားကိုတွေ့ချင်နေတဲ့ ခင်ဗျားရဲ့ မိတ်ဆွေဟောင်းကြီး တစ်ယောက်ရှိပုံရတယ်။ မင်းလည်း တွေ့ချင်မှာပါ။"
ထိုအချိန်တွင် ပိရှစ်သိုင်းမြို့စားသည် ခြံဝင်းအပြင်ဘက်မှ ဖြည်းဖြည်းချင်း လျှောက်လှမ်းကာ ဝင်လာသည်။
ဇူထျန်းယုသည် ပိရှစ်သိုင်းမြို့စားကိုမြင်သောအခါတွင် သူ၏သူငယ်အိမ်များသည် အံ့အားသင့်သောအမူအရာဖြင့် ချက်ချင်း ပြေလျှော့သွားကြသည်။
" ဇူထျန်းယု ၊ ငါ့အစ်မအတွက် အဲဒီအကြွေးကို ပြန်ဆပ်ရမယ့်အချိန်ရောက်ပြီ!" ပိရှစ်သိုင်းမြို့စား၏ စကားလုံးများသည် ဆောင်းဦးပင်လယ်လေညင်းကဲ့သို့ အေးစက်နေပြီး သူ့နှလုံးသားကို အေးစိမ့်သွားစေသည်။
ထိုစကားကိုကြားလျှင် ဇူထျန်းယု၏ ဆူဖြိုးသည့်လက်က မထိန်းနိုင်ဘဲ အနည်းငယ် တုန်လှုပ်သွားခဲ့သည်။
အခန်း (၂၇၇) သူ့အစ်မ၏နောက်ခံသမိုင်းအကြောင်း။
ဇူထျန်းယု၏ သိမ်မွေ့သော လှုပ်ရှားမှုများသည် သဘာဝအတိုင်း ချင်ယွင်၏ စူးရှသော မျက်လုံးများမှ မလွတ်မြောက်နိုင်ခဲ့ပေ။ ဘေဟိုင်သိုင်းမြို့စားနှင့် ပိရှစ်သိုင်းမြို့စား၏ ညီအစ်မတို့ကြားတွင် ဖြစ်ပျက်ခဲ့သည်များကို သူ အလွန် သိချင်နေပါသည်။
"မင်းရဲ့အစ်မလား။ မင်းရဲ့အစ်မဆိုတာ ဘာလဲ" ဇူထျန်းယုက ပိရှစ်သိုင်းမြို့စား၏ မျက်လုံးတွေကို တည့်တည့်မကြည့်ဝံ့သလို ရှောင်တိမ်းရင်း ပြောလိုက်သည်။
"ဟမ့်၊ ဇူထျန်းယု ၊ ရှန်ပိရှစ်ဆိုတဲ့ နာမည်ကို မြန်မြန် မေ့သွားပြီလား" ပိရှစ်သိုင်းမြို့စားက အေးစက်စွာပြောသည်။ သူမသည် ဇူထျန်းယုကို စိုက်ကြည့်နေစဉ် သူမ၏ မျက်လုံး များသည် အေးစက်သောအလင်းရောင်များဖြင့် ပြည့်နှက်နေ၏။
ဇူထျန်းယု၏ မျက်လုံးများသည် သိသိသာသာ တုန်လှုပ်သွားခဲ့သည်။ သူ၏အမူအရာက မည်းမှောင်သွားခဲ့ပြီး ပိရှစ်သိုင်းမြို့စား၏စကားများကို သူ ပြန်မဖြေခဲ့ပေ။
သို့သော် ချင်ယွင်တစ်ယောက် စိတ်ရှုပ်သွားရသည်။
ရှန်ပိရှစ်လား?
ဤသည်မှာ ပိရှစ်သိုင်းမြို့စား၏ ကိုယ်ပိုင်နာမည်မဟုတ်ဘူးလား။
ဘာကြောင့် တခြားလူတစ်ယောက်လို အသံထွက်ပြီး ပြောနေရတာလဲ။
ထို့အပြင် ထိုရှန်ပိရှစ်သည် ပိရှစ်သိုင်းမြို့စား၏အစ်မနှင့် မည်သို့ ပတ်သက်နေပါသ နည်း။
ပိရှစ်သိုင်းမြို့စားသည် ဇူထျန်းယုကို မေးခွန်းထုတ်သော မျက်လုံးများဖြင့် စိုက်ကြည့်နေ သည်။ သူမက ရှင်းလင်းပြတ်သားပြီး အေးစက်သည့်လေသံဖြင့် ဆက်ပြောလိုက်သည် "အဲဒီတုန်းက မင်းနဲ့ သိုင်းမြို့စားချင်းယွန်တို့ဟာ ဧကရာဇ်ကျောင်းတော်မှာ ငါ့အစ်မ ရှန်ပိရှစ်နဲ့အတူ ကျင့်ကြံနေခဲ့ကြတယ်။ မင်းတို့သုံးယောက်ဟာ ခင်မင်ရင်းနှီးဆုံး သူငယ်ချင်းတွေ ဖြစ်ခဲ့ကြတယ်။ သူမက မင်းတို့နဲ့အတူတူ ဒီလိုပုံစံမျိုးနဲ့ ဒီတစ်ဘဝလုံး ဆက်ဆံနိုင်မယ်လို့တောင် ထင်နေခဲ့တာ။ ဒါပေမယ့် သူမ မှားယွင်းခဲ့တယ်၊ သူမမျက်လုံး ကန်းနေလို့သာ မင်းတို့လိုမစင်လိုစက်ဆုပ်ဖွယ်ကောင်းတဲ့ သူငယ်ချင်း နှစ်ယောက်ကို မှားယွင်း တွေ့ခဲ့ရတာပဲ"
ပိရှစ်သိုင်းမြို့စားက နောက်ဆုံးစာကြောင်းကို ပြောလိုက်ချိန်မှာ သူမ၏ အသံသည် ရေခဲတုန်းကဲ့သို့ အလွန်အေးစက်နေခဲ့သည်။ ချင်ယွင်သည် သူမ၏မျက်လုံးထဲမှာ မျက်ရည်စများကိုပင် မြင်နေရသည်။
"တော်လောက်ပြီ!" ဇူထျန်းယု၏အမူအရာမှာ မှုန်ကုပ်ကုပ် ဖြစ်နေသေးပြီး အော်ပြော လိုက်သည်။ ပိရှစ်သိုင်းမြို့စား၏ စကားများသည် သူ့အနာဟောင်းကို ထိမှန်သွားပုံရ သည်။
ပိရှစ်သိုင်းမြို့စားက လှောင်ပြောင်ပြီး မျက်နှာမည်းမှောင်နေသည့် ဇူထျန်းယုကို ကြည့်လိုက်သည်။ "အခုတော့ ဒီအကြောင်းတွေကို မကြားချင်တော့ဘူးပေါ့။ ငါ့အစ်မကို အပြင်ကို ကန်ထုတ်ပြီးမှ အတင်းပြန်ခေါ်လာတဲ့အကြောင်းတွေကို မကြားချင်တော့ဘူး ပေါ့"
ထိုစကားများပြောပြီးသည်နှင့် ချင်ယွင်သည် ချက်ချင်းပင် အံ့အားသင့်သွားခဲ့သည်။
သူတို့ကြားထဲမှာ ယခုလိုနက်ရှိုင်းသည့် ဇာတ်လမ်းမျိုး ရှိနေလိမ့်မည်ဟု သူ မမျှော်လင့် ထားခဲ့ပေ။
"အဲဒီတုန်းက မင်းအစ်မကို တကယ်သဘောကျပြီး ငါ သူမကို လက်ထပ်ချင်ခဲ့တယ်။ ကံမကောင်းစွာပဲ၊ သူမ သဘောမတူခဲ့ဘူး။ အဲဒါကြောင့် ငါဒီလိုမိုက်မဲတဲ့လုပ်ရပ်ကို လုပ်ခဲ့ရတာ။ နောက်ပြီး မင်းအစ်မကို ငါ မသတ်ခဲ့ဘူး" ဟု ဇူထျန်းယုက ပြောသည်။
"ဟုတ်ပါတယ်၊ မင်းက သူမကို သတ်ခဲ့တာ မဟုတ်ပါဘူး၊ သူမကိုသတ်ခဲ့တဲ့ လူယုတ်မာက ရန်ချင်းယွန်ပဲ" ပိရှစ်သိုင်းမြို့စားက လှောင်ပြောင်ပြီး ဆက်ပြောသည် "ဒါပေမယ့် ဒီကိစ္စကြောင့်သာ မဟုတ်ရင် ငါ့အစ်မက ရန်ချင်းယွန် ဒီလောက် စိတ်ပျက်စရာကောင်းတဲ့ အခြေအနေမျိုးမှာ သူနဲ့အတူရှိနေဖို့အတွက် ဘယ်လိုလုပ် လှည့်စားခံရမှာလဲ။ သူမဟာ စိတ်လွတ်ပြီး ကိုယ့်ကိုယ်ကိုတောင် သတ်သေသွား နိုင်တယ်။"
ပိရှစ်သိုင်းမြို့စား၏ စကားများသည် ဇူထျန်းယု၏ နှလုံးသားကို ရှည်လျားသော ဆူးချွန်များကဲ့သို့ပင် တိုက်ခိုက်ထိမှန်သွားခဲ့သည်။
"သနားစရာကောင်းလိုက်တဲ့ ငါ့အစ်မ။ ရန်ချင်းယွန်က သူမကို အိမ်က နှင်ထုတ်လိုက်တုန်းက ကိုယ်ဝန်ကြီးနဲ့ ရှိနေတုန်းပဲ၊ နောက်ဆုံးတော့ သမီးလေး မွေးပြီးတဲ့နောက်မှာ နာမကျန်းဖြစ်ပြီး သေဆုံးသွားခဲ့တယ်လို့ ကြားရတယ်။" ပိရှစ်သိုင်းမြို့စားသည် သူမ၏ ခေါင်းကို မော့ကာ သက်ပြင်းချရင်း မျက်ရည်များက သူမပါးပြင်ပေါ်သို့ စီးကျလာသည်။
ဇူထျန်းယုသည် စကားတစ်ခွန်းမှ မပြောဘဲ ထိုနေရာတွင် ရပ်နေပြီး သူ၏ မျက်နှာအမူအယာကလည်း လွန်စွာမှ မှုန်ကုပ်သွားလေသည်။
အနီးနားရှိ ချင်ယွင်သည် အံ့အားသင့်သွားသည်။ သူတို့ကြားထဲမှာ ယခုလို ကြေကွဲဖွယ် ဇာတ်လမ်းမျိုး ရှိလိမ့်မယ်လို့ သူ မမျှော်လင့်ထားပါဘူး။ အကယ်၍ သူ၏ မျက်လုံးမှိတ်ထားမည်ဆိုရင်လျှင် အစ်မကြီးပိရှစ်၏ ကြေကွဲဖွယ် အတွေ့အကြုံကို သူ စိတ်ကူးကြည့်နိုင်သည်။
ရုတ်တရက် ချင်ယွင်၏ စိတ်ထဲတွင် အလင်းတန်းတစ်ခု လင်းလက်လာခဲ့သည်။
ချင်ယွင်သည် မျက်လုံးများ ပြူးကျယ်သွားခဲ့ပြီး မယုံနိုင်စဖွယ် အတွေးတစ်ခုက သူ၏ စိတ်ထဲ ပျံ့နှံ့ဝင်လာခဲ့သည်။
ချင်ယွင်က ပိရှစ်သိုင်းမြို့စားဘက်ကို အမြန်လှည့်ပြီး မေးလိုက်သည် "မင်းရဲ့အစ်မကို ရန်ချင်းယွန်က အိမ်ကနှင်ထုတ်လိုက်တာ ဘယ်နှစ်နှစ်လောက်ရှိပြီလဲ?"
ပိရှစ်သိုင်းမြို့စား အံ့အားသင့်သွားသည်မှာ ထင်ရှားသည်။ ရှင်းရှင်းပြောရရင်၊ ချင်ယွင်က ရုတ်တရက် မေးခွန်းတစ်ခုမေးဖို့ မေးလာလိမ့်မည်ဟု သူမ မမျှော်လင့် ထားပေ။ သို့သော်လည်း သူမက တုန့်ပြန်လိုက်ပါသေးသည်"လွန်ခဲ့တဲ့ နှစ်ဆယ့် တစ်နှစ်ကပဲ!"
ချင်ယွင်၏ မျက်လုံးများသည် ချက်ချင်းပင် ကျယ်လာပြီး မယုံနိုင်စရာ ခံစားချက် တစ်ခုက သူ၏နှလုံးသားထဲသို့ တိုးဝင်လာခဲ့သည်။
သူ၏အစ်မက အသက်နှစ်ဆယ် မဟုတ်ဘူးလား?
ထိုအခြေအနေမျိုးတွင်၊ သူ၏အစ်မလျူရန်ယွင်၏မိခင်သည် ပိရှစ်သိုင်းမြို့စား၏ညီမ ရှန်ပိရှစ်ဖြစ်သည်ဟု မဆိုလိုပါ။
ဤအရာကြောင့် ချင်ယွင်သည် အနည်းငယ် မူးဝေသွားသလို ခံစားလိုက်ရပြီး သူ၏ ပါးစပ်ထောင့်တွင် ခါးသီးသည့်အပြုံးက ထွက်ပေါ်လာသည်။ ထို့နောက် သူ၏ အကြည့်က ဇူထျန်းယုဆီသို့ တစ်ဖန်ကျရောက်သွားပြီး သတ်ဖြတ်လိုသည့် ဆန္ဒများဖြင့် ပြည့်နှက်နေပြန်သည်။
ပိရှစ်သိုင်းမြို့စားသည် ချင်ယွင်၏ ထူးဆန်းသောအမူအရာကို နက်နဲစွာ မစူးစမ်းမိခဲ့ပေ။ ယင်းအစား သူမက ဇူထျန်းယုကို ဆက်ပြောလိုက်သည် "ငါ့ရဲ့ မူရင်းနာမည်က ရှန်ချန်းဇူပါ၊ ဒါပေမယ့် လွန်ခဲ့တဲ့နှစ်ဆယ်ကျော်က ငါအစ်မ ဆုံးပါးသွားပြီးတဲ့နောက် ငါ့နာမည်ကိုလည်း ရှန်ပိရှစ်ဆိုတဲ့ နာမည်ကို ပြောင်းလိုက်တယ်။ သိုင်းမြို့စားကြီး တစ်ပါး ဖြစ်လာပြီးနောက်မှာ ကိုယ့်ကိုယ်ကိုတောင် ပိရှစ်သိုင်းမြို့စားအဖြစ် မှတ်ယူထားခဲ့တယ်။ ရည်ရွယ်ချက်က ငါ့အစ်မရဲ့အမုန်းတရားတွေကို မမေ့ဖို့အတွက် ကိုယ့်ကိုယ်ကို သတိပေးဖို့ဖြစ်တယ်။ တစ်ချိန်တည်းမှာပဲ ဒီနာမည်က မင်းတို့တိရစ္ဆာန် နှစ်ကောင် အမှတ်ရစေဖို့ဖြစ်ပြီး မင်းတို့တိရစ္ဆာန်နှစ်ကောင်ကို စိတ်မသက်မသာ ခံစားရစေဖို့ပဲ။"
ပိရှစ်သိုင်းမြို့စား၏ စကားများသည် သတ်ဖြတ်လိုသည့်ဆန္ဒများဖြင့် ပြည့်နေသည်။ သူမ၏လက်ထဲတွင် အပြာရောင်ရေခဲဓားတစ်ချောင်းသည် ပေါ်လာပြီး ဓားအလင်းက အေးစက်သည့် အလင်းရောင်ဖြင့် တဖျပ်ဖျပ် လင်းလက်သွားသည်။
ချင်ယွင်လည်း အံ့သြသွားသည်။ ဒါဆို ဇာတ်လမ်းက ဒီအတိုင်း ဖြစ်ပျက်ခဲ့သည်ပေါ့။ ပိရှစ်သိုင်းမြို့စားက သူမကိုယ်သူမ ရှန်ပိရှစ်လို့ခေါ်တာ အံ့သြစရာမရှိပါဘူး။ ဒါကို သူမက အစ်မဖြစ်သူကို အမှတ်ရစေလိုတဲ့ ရည်ရွယ်ချက်နဲ့ခေါ်တာပေါ့။
ထက်ရှသော ဓားတစ်လက်ကို ကိုင်ဆောင်ထားသည့် ပိရှစ်သိုင်းမြို့စားအား ချင်ယွင်သည် မနေနိုင်ဘဲ တချက်ကြည့်လိုက်မိ၏။ သူ၏နှလုံးသားထဲတွင် ဖော်မပြနိုင်သော ခံစားချက်တစ်ခု ရှိနေသည်။
လက်ရှိ ပိရှစ်သိုင်းမြို့စားသည် လွန်ခဲ့သောနှစ်ညက ချင်ယွင်မြင်ခဲ့သော စွဲမက်ဖွယ် ကောင်းသည့် ပိရှစ်သိုင်းမြို့စားနှင့် လုံးဝကွဲပြားပါသည်။ ဤအခိုက်အတန့်တွင် ပိရှစ်သိုင်းမြို့စားသည် လွန်ခဲ့သည့်အနှစ်နှစ်ဆယ်ကြာက အမုန်းတရားများကို အောင့်အီးသည်းခံကာ လက်စားချေတော့မည်လူတစ်ယောက်နှင့် ပိုတူသည်။
"ဟား ဟား ဟား ဟား၊ တကယ်ကို ရယ်စရာကောင်းလိုက်တာ။ ဟိုတုန်းက မင်းအစ်မကို ငါ အတင်းအကြပ် ပိုင်ဆိုင်ဖို့ ကြိုးစားခဲ့တယ်။ အဲတော့ ဘာဖြစ်လဲ၊ မင်းအစ်မအတွက် လက်စားချေချင်တာလား။ မင်းနဲ့သူ နှစ်ယောက်တည်းနဲ့" ဇူထျန်းယုသည် ကျယ်လောင်စွာ ရယ်မောလိုက်ပြီး သူ့မျက်နှာပေါ်တွင် ရူးသွပ်မှု အရိပ်အယောင် ပေါ်လာသည်။ သူက ချင်ယွင်နှင့် ပိရှစ်သိုင်းမြို့စားတို့ကိုကြည့်နေစဉ် သူ၏ မျက်လုံးများတွင် အထင်အမြင်သေးမှုများနှင့် ပြည့်နှက်နေ၏။
"ဟမ့်၊ ငါမင်းတို့ကို ပြောပါရစေ၊ ငါဇူထျန်းယုဟာ သိုင်းမြို့စားကြီးတစ်ပါးဖြစ်လာခဲ့တာ ဆယ်နှစ်ကျော်ပြီ။ လွန်ခဲ့တဲ့နှစ်အနည်းငယ်က သိုင်းမြို့စားကြီး တစ်ပါးတောင် ဖြစ်မလာသေးတဲ့ မင်းလိုအမျိုးသမီးတစ်ယောက်က ငါနဲ့ ဘယ်လိုလုပ် နှိုင်းယှဉ်နိုင်မှာ လဲ၊ သူကရော စတုတ္ထအဆင့် ကောင်းကင်အလွှာ သိုင်းမြို့စားအဆင့်လေးပဲလေ။ သူက သူ့ထက်ပိုမြင့်တဲ့အဆင့်တွေကို စိန်ခေါ်နိုင်တယ်ဆိုရင်ရော ဘာလုပ်ရမှာလဲ၊ ငါ သူ့ကို တစ်ချက်တည်းနဲ့တောင် သတ်ပစ်နိုင်တယ်" ဇူထျန်းယုက လှောင်ပြောင်လိုက်ပြီး မောက်မာသည့် အငွေ့အသက်တွေက ကမ္ဘာကြီးကို ငုံ့ကြည့်နေသည့်အလား သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာခဲ့သည်။
ချင်ယွင်၏ ပါးစပ်ထောင့်တွင်လည်း အထင်သေးသည့် အရိပ်အယောင် ထွက်ပေါ်လာ သည်။ သူ၏မျက်လုံးထဲမှာ သတ်ပစ်ချင်စိတ်တွေ ပေါ်လာသည်။ အကယ်၍ ဇူထျန်းယု သည် သူ၏ပြောင်းပြန်ကြေးခွံများကို ပြစ်မှားလိုသောကြောင့် သတ်ဖြတ်ရမည်ဆိုလျှင် ယခု သူ၏နှလုံးသားထဲမှ ဘိုင်ဟေသိုင်းမြို့စားကို သတ်ဖြတ်လိုသည့် ဆန္ဒက ပိုလို့တောင် ပြင်းထန်လာခဲ့၏။
တခြား မည်သည့်အတွက်ကြောင့်မှ မဟုတ်ပါဘူး။ သို့သော် မရေမတွက်နိုင်သည့် အေးစက်သော အကြည့်များကို ခံယူရင်း သနားစရာကောင်းပြီး နှိပ်စက်ခံခဲ့ရသည့် သူ၏အစ်မအတွက်ကြောင့် ဖြစ်ပါသည်။ ထို့အပြင် သူ့ဘဝကို နေ့စဉ်နေ့တိုင်း အပြုံးမပျက် ခြောက်နှစ်ကြာ ပြုစုစောင့်ရှောက်ပေးခဲ့သော သူ၏ အစ်မအတွက် ကြောင့်သာ ဖြစ်သည်။
ဇူထျန်းယုသည် ထိုအချိန်က သူ၏လုပ်ရပ်အတွက် နာကျင်သောတန်ဖိုးကို ပေးဆပ်ပြီး လွန်ခဲ့သည့် နှစ်နှစ်ဆယ်ကျော်က သူ့အစ်မခံစားခဲ့ရသော ဝေဒနာများကို သူ့ကို ပြန်ခံစားစေချင်သည်.။
"ကျုပ်ကို ချက်ခြင်း သတ်ပစ်မယ် ဟုတ်လား။ ခင်ဗျား ကျုပ်ကို ဘယ်လို ချက်ချင်း သတ်နိုင်မလဲဆိုတာ ကျုပ်ကြည့်ချင်မိတယ်" ချင်ယွင်သည် အေးစက်စွာ အော်ဟစ်လိုက်ပြီး ဇူထျန်းယုဆီသို့ အပြေးအလွှား ပြေးဝင်သွားရင်း သူ့ပုံရိပ်က အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။
ချင်ယွင်က အမြန်ပြေးလာသည်ကို ဇူထျန်းယုက စောင့်ကြည့်နေပြီး မထီမဲ့မြင်ပြုသော လှောင်ပြောင်မှုတစ်ခု သူ၏မျက်လုံးများတွင် ထွက်ပေါ်လာသည်။
"မင်းက ငါ့သားကိုသတ်ပြီး ငါ့ဒုတိယသားကိုလည်း ဒုက္ခိတဖြစ်အောင်လုပ်ခဲ့တယ် ။ ဒီနေ့ မင်းကို အသက်ရှင်ရတာ ဘယ်လိုမျိုးခံစားရလဲဆိုတာကို ငါပြောပြမယ်" ဇူထျန်းယုက ကျယ်လောင်စွာ အော်လိုက်ပြီး သူ၏ကြီးမားလှသည့် ခန္ဓာကိုယ်ကြီးက ချက်ချင်း ခုန်တက်လာသည်။
"ဘုန်း!"
ချင်ယွင်နှင့် ဇူထျန်းယုတို့၏ လက်သီးများသည် အချင်းချင်း ပြင်းထန်စွာ တွေ့ဆုံသွားခဲ့သည်။ ခြံဝင်းတစ်ခုလုံး ပေါက်ကွဲသံကြီးကြောင့် ပဲ့တင်ထပ်သွားခဲ့သည်။
ချင်ယွင်သည် လက်သီးချက်ကို ခံနိုင်ရည်ရှိခဲ့ပြီး ပါဝင်သည့် အင်အားမဖယ်ရှားနိုင်မီ ခြေခုနစ်လှမ်းနီးပါး နောက်ပြန် ဆုတ်သွားခဲ့ရသည်။
ဇူထျန်းယုသည်လည်း အလွန်တုန်လှုပ်သွားခဲ့သည်။ သူ၏မျက်နှာပေါ်တွင် မယုံကြည် နိုင်သည့် အရိပ်အယောင်ဖြင့် နောက်သို့ ခြေလေးလှမ်းဆုတ်လိုက်ရသည်။
သူ၏ရှေ့မှာရှိနေသည့် ဤကလေးက သူ၏လက်သီးတွေကို ခံနိုင်ရည်ရှိပြီး သူ့ကို ခြေလေးလှမ်းနောက်ဆုတ်ရသည်အထိ တွန်းအားပေးခဲတာလား။
ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။
ချင်ယွင်၏ ပါးစပ်ထောင့်မှ အေးစက်သော အပြုံးတစ်ခု ထွက်ပေါ်လာသည်။ အကယ်၍ သူ၏ခန္ဓာကိုယ်သည် ယခုအချိန်တွင် ပေါက်ကွဲလျှပ်စီးစွမ်းရည်၏ ဒေါသပေါက်ကွဲသည့် အခြေအနေသို့ မ၀င်ရောက်ခဲ့ဘူးဆိုလျှင်ပင်၊ သူသည် သိုင်းမြို့စားနယ်ပယ်၏ နဝမအဆင့် ကောင်းကင်အလွှာ အထွတ်အထိပ်နှင့် တစွန်းတစသာ ဝေးနေပါလိမ့်မည်။
ထိုသို့ဆိုလျှင် အကယ်၍ သူသည် ပေါက်ကွဲလျှပ်စီးစွမ်းရည် ဒေါသပေါက်ကွဲသည့် အခြေအနေသို့ ဝင်ရောက်လိုက်မည်ဆိုလျှင်ရော မည်သို့ ဖြစ်လာမည်နည်း။.
အနက်ရောင် လျှပ်စီးလှိုင်းလုံးကြီးတစ်ခုက ချက်ချင်း ထွက်ပေါ်လာပြီး ခြံဝင်း တစ်ဝက်ကျော်ကို လွှမ်းခြုံသွားသည်။ ခြံဝင်းတစ်ခုလုံးသည် ချက်ချင်းပင် ပြင်းထန်သော အငွေ့အသက်များဖြင့် ပြည့်နှက်နေသည်။
အခန်း (၂၇၈) မြေစွမ်းအင်အတက်အကျလှိုင်းများ။
အနက်ရောင် လျှပ်စီးကြောင်းများသည် ချင်ယွင်၏ခန္ဓာကိုယ်တစ်ဝိုက်တွင် တဟုန်ထိုး ပျံ့နှံ့လာနေသော လှိုင်းလုံးကြီးကဲ့သို့ ရစ်ပတ်နေလေသည်။ အနက်ရောင် လျှပ်စီးကြောင်းသည် လျှပ်စီးမြွေများအဖြစ်သို့ ပြောင်းလဲသွားပြီး ချင်ယွင်၏ ခန္ဓာကိုယ် ထဲသို့ ထိုးဖောက်ဝင်ရောက်သွားကြသည်။
ထိုအချိန်တွင် ချင်ယွင်၏ခန္ဓာကိုယ်ပေါ်ရှိ အငွေ့အသက်သည် ဒေါသ ပေါက်ကွဲသည့် အခြေအနေစတင်လာခဲ့ပြီး သူ၏မျက်လုံးများ တဖြည်းဖြည်း နက်မှောင်လာကာ ရှည်လျားသော အနက်ရောင် ဆံပင်များသည်လည်း အများအပြား ကြီးထွားလာ ကြသည်။
ချင်ယွင်၏ခြေဖဝါးအောက်မှ အငွေ့အသက်များသည် လှိုင်းလုံးများကဲ့သို့ တဟုန်ထိုး မြင့်တက်လာခဲ့ပြီး သူ့ပတ်ဝန်းကျင်ရှိ ဖုန်မှုန့်များနှင့် သစ်ရွက်ခြောက်များသည် ပတ်ပတ်လည်သို့ လွင့်ပျံသွားခဲ့သည်။
ပိရှစ်သိုင်းမြို့စားသည် သူမမျက်နှာပေါ်တွင် အံ့အားသင့်သည့်အမူအယာ ထွက်ပေါ်နေ သည်။ ဤအခိုက်အတန့်တွင် ချင်ယွင်၏အငွေ့အသက်သည် သူမတို့ထက် နိမ့်ကျခြင်းမရှိတော့ဘဲ သူမတို့ထက်ပင် ကျော်လွန်သည့် အရိပ်အယောင် ရှိနေသည်။
ဇူထျန်းယုသည်လည်း သူ၏မျက်နှာတွင် အံ့သြသည့် အမူအရာရှိသော်လည်း ထိုအံ့သြမှုကို သူ၏အထင်အမြင်သေးမူဖြင့် ချက်ချင်း အစားထိုးလိုက်၏။
"ဟမ့်၊ ဒါက ရုပ်ခန္ဓာကိုယ်ကို အားကောင်းစေမယ့် မိုးကြိုးလျှပ်စီးလေးပဲ မဟုတ်ဘူး လား။ မင်းခန္ဓာကိုယ်က ဘယ်လောက်ပဲ ကြံ့ခိုင်နေပါစေ၊ ဘာအသုံးကျမှာလဲ" ဇူထျန်းယုက ရယ်မောလိုက်သည်။
သို့သော်လည်း နောက်တစက္ကန့်တွင် ချင်ယွင်၏ပုံရိပ်သည် သူ၏ရှေ့သို့ ရောက်နေပြီ ဖြစ်သည်ကို တွေ့ရှိလိုက်ရသောကြောင့် သူ၏အပြုံးသည် လုံးဝ အေးစက်သွားသည်။
"ဘယ်လို..." ဇူထျန်းယုက "ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"ဟု
စကားပြောတော့မည့်အခိုက်မှာ ……
စကားလုံးနှစ်လုံးကို ထွက်ပေါ်မလာခင် ချင်ယွင်၏ လက်သီးချက်က ဇူထျန်းယု၏ ဗိုက်ကို တိုက်ရိုက်ထိမှန်သွားခဲ့သည်။
တောင်!
ဇူထျန်းယု၏ ဝမ်းဗိုက်ရှိအဆီများမှ ခပ်အုပ်အုပ်အသံတချက် ထွက်လာသည်။ မူလကဖောင်းကားနေသောဝမ်းဗိုက်သည် ချက်ချင်းပင် ပုံပျက်စပြုလာပြီး အဆီတွေကို ချက်ခြင်း ညှစ်ချလိုက်သည်။
ထိုအချိန်တွင် ဆီနှင့်ရေများ၏ ကြမ်းတမ်းစွာဖြင့် တဖျပ်ဖျပ်လှုပ်ခတ်သံကို ကြားလိုက်ရသည်။ ဇူထျန်းယု၏ခန္ဓာကိုယ် တစ်ခုလုံး လွင့်ပျံသွားခဲ့သည်။ သူ၏ ကြီးမားလှသော ခန္ဓာကိုယ်သည် သူ့နောက်ရှိအိမ်နံရံသို့ ဝင်တိုးကာလူသားပုံစံ အရာကြီးတစ်ခု ကျန်ရစ်ခဲ့သည်။
ချင်ယွင်က အေးစက်စက်ရယ်လိုက်ပြီး သူ့နောက်ကို လိုက်သွားပြန်သည်။
"ဘုန်း!"
ပြင်းထန်သောပေါက်ကွဲသံနှင့်အတူ ချင်ယွင်သည် ဇူထျန်းယု၏ ခန္ဓာကိုယ်ကို လက်သီးဖြင့် အပြင်းအထန် ထိုးဖောက်ပစ်လိုက်သည်။
ယခုအချိန်တွင် ချင်ယွင်သည် ဒေါသပေါက်ကွဲသည့် အခြေအနေတွင် ရှိနေသည်။ သူသည် အဆုံးမဲ့ အနက်ရောင် အန္တရာယ်အငွေ့အသက်များဖြင့် ပြည့်နှက်နေသော နတ်ဘုရားတပါးနှင့် တူသည်။ သူ၏ခွန်အားနှင့် အရှိန်အဟုန်သည် ကြောက်မက်ဖွယ် အဆင့်အထိ တိုးလာခဲ့သည်။ အကယ်၍ ချင်ယွင်က နဝမအဆင့် ကောင်းကင်အလွှာ အထွက်အထိပ် သိုင်းမြို့စားအဆင့်ကျွမ်းကျင်သူတဦးကို ပြန်လည်တိုက်ခိုက်ဖို့ အခွင့်အရေးပေးခဲ့ရင်တောင် ထိုကျွမ်းကျင်သူသည် ပြန်လည်တိုက်ခိုက်ဖို့ အခွင့်အလမ်း နည်းနည်းလေးမှ ရှိမှာမဟုတ်ပါဘူး။
"ဘုန်း!"
ချင်ယွင်သည် ဇူထျန်းယုထက်လေထဲတွင် ပေါ်လာပြီး သူ၏ခြေဖဝါးကို ဇူထျန်းယု၏ နောက်ကျောသို့ တိုက်ရိုက်စောင့်နင်းလိုက်ကာ ဇူထျန်းယုသည် ကောင်းကင်ယံမှ ပြုတ်ကျသွားခဲ့ပြီး ခြံဝင်းအတွင်းမြေပြင်၌ အပေါက်တစ်ခု ဖန်တီးဖြစ်ပေါ်ခဲ့သည်။
ဤအတောအတွင်း မလှုပ်မရှားသေးသော ပိရှစ်သိုင်းမြို့စားသည် အံသြမှင်သက် သွားခဲ့ရသည်။ ချင်ယွင်သည် အလွန်သန်မာပြီး သာမန်နဝမအဆင့် ကောင်းကင်အလွှာ အထွက်အထိပ် သိုင်းမြို့စားအဆင့်ကျွမ်းကျင်သူနှင့် ယှဉ်နိုင်သည်ကို သူမ သိသော် လည်း၊ ချင်ယွင်သည် ဇူထျန်းယုကို ဤကဲ့သို့ အနိုင်ကျင့်နေသည်ကို တွေ့လိုက်ရလျှင် သူမသည် အလွန်တရာ တုန်လှုပ်နေဆဲဖြစ်သည်။
ဇူထျန်းယုသည် မြေတွင်းနက်ကြီးထဲမှထကာ ကောင်းကင်ယံတွင် နတ်ဆိုး နတ်ဘုရား တပါးကဲ့သို့ လေထဲတွင် ရပ်နေသော ချင်ယွင်ကို ကြည့်လိုက်သည်။ သူ၏ မျက်လုံးများ ကျဉ်းမြောင်းသွားကာ သွေးစွန်းထင်းနေသော ပါးစပ်ထောင့်ကို သုတ်လိုက်သည်။ သူက ပြောလိုက်သည် "မင်းမှာ သိုင်းကွက်နှစ်ခု ရှိနေလိမ့်မယ်လို့ ငါ မမျှော်လင့်ထားခဲ့ဘူး။ ဒါပေမယ့် ဒီခွန်အားနည်းနည်းလေးကို သုံးပြီး ငါ့အနိုင်ယူချင်တယ်ဆိုရင်တော့ မင်းကို စိတ်ပျက်စေမိပြီ။"
ဇူထျန်းယု၏ ပါးစပ်ထောင့်မှ မထီမဲ့မြင်ပြုသည့် လှောင်ပြောင်သံ ထွက်ပေါ်လာသည်။ ထို့နောက် ဇူထျန်းယု၏လက်ထဲတွင် ပုဆိန်ကြီး တစ်လက်ပေါ်လာသည်။ ပုဆိန်ကြီးသည် အဝါဖျော့ဖျော့ဖြစ်ပြီး၊ အဆုံးမရှိသော အဝါရောင် မြေကြီး၏ စွမ်းရည် အငွေ့အသက်များက သူ၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည်။
အဝါရောင်သဲလှိုင်းအလွှာများကဲ့သို့ ဇူထျန်းယုပတ်ပတ်လည်တွင် လှုးလှိမ့်နေသည့် မြေစွမ်းရည်များက ရစ်ပတ်ထားလေသည်။ ထိုအခိုက် သူ၏လက်ထဲမှ ပုဆိန်ကြီးသည် တုနှိုင်းမရသည့် ထူထပ်သိပ်သည်းသော အငွေ့အသက်ကို ထုတ်လွှတ်လိုက်သည်။ ချင်ယွင်ရှေ့မှာ ဧရာမတောင်ကြီးတစ်ခု ထောင်မတ်နေသလို ခံစားရသည်။
ချင်ယွင် အနည်းငယ် အံ့သြသွားသည်။ ဒါက မြေကြီးစွမ်းရည်အတက်အကျရဲ့ သဘောတရားများလား။
"ဘုန်း!"
ဇူထျန်းယုသည် မြေပြင်ပေါ်ကို ဆောင့်နင်းလိုက်ပြီး မြေပြင်တစ်ခုလုံးသည် ရေလှိုင်းကဲ့များသို့ အကွာအဝေးအထိ ချက်ချင်း လွင့်ပျံသွားသည်။ သူ့တစ်ကိုယ်လုံး ကောင်းကင်ယံသို့ ချက်ချင်းမြင့်တက်သွားခဲ့ပြီး ချင်ယွင်ဆီသို့ ဦးတည်သွားသည်။
ချင်ယွင်၏ မျက်လုံးများသည် စူးရှလာပြီး သူ့နောက်ကျောမှ နဂါးအတောင်ပံများက ချက်ချင်း ပြန့်ကျဲသွားသည်။
"ဟမ့်၊ ငါ့ပုဆိန်ကို ခံယူလိုက်စမ်း!"
ဇူထျန်းယုက ကျယ်လောင်စွာ အော်လိုက်ပြီး သူ၏လက်ထဲက ပုဆိန်ကြီးကို ပြင်းပြင်းထန်ထန် ခုတ်လှဲလိုက်သည်။ တဟုန်းဟုန်းတောက်လောင်နေသော မြေကြီး စွမ်းရည်အငွေ့အသက်သည် ဒီရေလှိုင်းများနှင့်တူသည်၊ ချက်ချင်းပင် တစ်လွှာပြီး တစ်လွှာထပ်ကာ ချင်ယွင်ဆီသို့ ဖြတ်သန်းသွားသည်။
ချင်ယွင်၏ မျက်လုံးများတွင် အနက်ရောင်လျှပ်စီးကြောင်းများ တောက်ပလာသည်။ လျှပ်စီးကြောင်းသည် ချက်ချင်းပင် သူ၏လက်သီးများကို ရစ်ပတ်ကာ တိုက်ရိုက် ထိုးထွက်လာသည်။
"ဘုန်း!"
ချင်ယွင်သည် အဝါရောင်ဒီရေလှိုင်းထဲသို့ ထိုးကျသွားသလို ခုခံရန် ခက်ခဲသော ကြောက်မက်ဖွယ် စွမ်းအားကို ချက်ချင်း ခံစားလိုက်ရသည်။ ထို့အပြင်၊ အဝါရောင် ဒီရေလှိုင်းသည် တစ်လွှာပြီးတစ်လွှာ ထပ်နေပြီး ၎င်း၏ ကြံ့ခိုင်မှုသည်လည်း အလွှာတစ်ခုထက် နောက်အလွှာတစ်ခုက ပိုမိုအားကောင်းလာနေ၏။
ချင်ယွင်သည် ရှုံးနိမ့်သွားခဲ့ရပြီး သူ့တစ်ကိုယ်လုံးသည် နောက်သို့လွင့်စင်သွားကာ မြေပြင်တွင် အပေါက်တစ်ခုကျန်ခဲ့သည်။
"ဟမ့်၊ ပိုးစုန်းကြူးတစ်ကောင်ရဲ့ အလင်းလေးက နေနဲ့လကြားမှာရှိတဲ့ ဘုန်းအသရေကို ယှဉ်ပြိုင်ဆိုင်ရဲတယ်ပေါ့။ ဒီနေ့တော့ အစစ်အမှန်နဝမအဆင့် ကောင်းကင်အလွှာ အထွက်အထိပ် သိုင်းမြို့စားအဆင့်ကျွမ်းကျင်သူတဦးကဘာလဲဆိုတာ မင်းကို ငါပြောပြ ပေးမယ်။"
ဇူထျန်းယုက အေးစက်စွာ အော်ဟစ်လိုက်သည်။ သူ၏ကြီးမားသောပုံရိပ်ကြီးသည် ချင်ယွင်ဆီသို့ ချက်ချင်း ဆင်းသက်လာခဲ့သည်။ သူ၏ကြီးမားလှသော ရုပ်အသွင်ကြီး သည် တောင်ကြီးတစ်ခုကဲ့သို့ အောက်သို့ ကျဆင်းသွားသည်။ ကြောက်စရာ အကောင်းဆုံးကတော့ သူ၏လက်ထဲက ပုဆိန်ကြီးဖြစ်သည်။ ၎င်းပုဆိန်ကြီးသည် ချက်ချင်းဆိုသလို အကြိမ်ပေါင်း ဆယ်ချီ ပေါက်ကွဲသွားပုံရသည်။ ၎င်းသည် လေထုထဲတွင် ဧရာမမြေပုဆိန်ကြီးအဖြစ် ပေါင်းစပ်ကာ ချင်ယွင်ဆီသို့ တိုက်ရိုက် ခုတ်ပိုင်းကျရောက်သွားသည်။
ချင်ယွင်၏ အမူအရာမှာ သိသိသာသာ ပြောင်းလဲသွားသည်။ ဤပုဆိန်ကြီးတွင် ပါရှိသော စွမ်းအင်အတက်အကျများသည် အလွန်ကြောက်စရာကောင်းသည်။ အကယ်၍ ဤပုဆိန်ကြီးသာ သူ့ကို ထိမှန်သွားမည်ဆိုလျှင် ချင်ယွင်၏ ခန္ဓာကိုယ်သည် တခဏချင်း တဝက်ကွဲသွားလိမ့်မည်။
ချင်ယွင်သည် ချက်ချင်းဆိုသလိုပင် သူ၏လေ၏လျင်မြန်ဖျတ်လတ်မူကို (လေဝိညာဉ်) ထုတ်ဖော်လိုက်ပြီး၊ သူ၏တစ်ကိုယ်လုံးသည် လျင်မြန်လက်သွက်သော ပျံလွှားငှက် တစ်ကောင်ကဲ့သို့ဖြစ်လာပြီး ဇူထျန်းယု၏ ပုဆိန်ကြီးကို ရှောင်တိမ်းလိုက်သည်။
"ဘုန်း!"
ကျယ်လောင်သော ပေါက်ကွဲသံတစ်ခုသာ ကျန်ရစ်ခဲ့သည်။
ဇူထျန်းယု၏ ပုဆိန်ကြီးသည် မြေပြင်ပေါ်သို့ ကျရောက်သွားခဲ့ပြီး ပေရာပေါင်းများစွာ ရှည်လျားသော အပေါက်ကြီးသည် မြေပြင်ပေါ်တွင် ချက်ချင်း စုတ်ပြဲသွားသည်။ တွင်းနက်ကြီးသည် ကြောက်မက်ဖွယ်ကောင်းလှပြီး အနက်ပေတစ်ရာအထိပင် ရောက်ရှိသွားခဲ့သည်။
ချင်ယွင်သည် အချိန်မီ ရှောင်ထွက်သွားသော်လည်း ပုဆိန်ကြီး၏ ကြီးမားသော ရိုက်ခတ်မှုကြောင့် လွင့်ပျံသွားရဆဲဖြစ်သည်။
"သန်မာလွန်းတယ်!"
ချင်ယွင်သည် သူ့နှလုံးသားထဲမှာ အော်ပြောလိုက်သည်။ ဤအခိုက်အတန့်တွင်၊ ဤ သဘောတရားစွမ်းရည် နဝမအဆင့်သည် မည်မျှထိတ်လန့်စရာကောင်းသည်ကို သူ မြင်လိုက်ရ၏။
"ဒီတစ်ခါက အစပဲရှိသေးတယ်!" ဇူထျန်းယုသည် ပုဆိန်ကြီးကို မြေပြင်ပေါ်သို့ ပြင်းထန်စွာ ဆောင့်ချလိုက်ရင်း ရယ်မောလိုက်သည်။
မြေပြင်တစ်ခုလုံးသည် လှိုင်းလုံးကြီးတစ်ခု ထွက်ပေါ်လာသလို ခံစားလိုက်ရသည်။ မြေဆီလွှာမှ ဖြစ်ပေါ်လာသော လှိုင်းလုံးကြီးသည် ကျန်းတစ်ရာအမြင့်သို့ ချက်ချင်း ရောက်ရှိသွားခဲ့ပြီး ချင်ယွင်ဆီသို့ တိုက်ရိုက် ခုန်ဆင်းသွားသည်။
ချင်ယွင်၏မျက်လုံးများသည် ချက်ချင်းပင် အံ့အားသင့်သွားခဲ့သည်။ ဤကြောက်မက် ဖွယ်ကောင်းသော မြေကြီးဒီရေလှိုင်းလုံးကြီးတွင် အလွန်အစွမ်းထက်သည့် မြေကြီးစွမ်းရည်အတက်အကျများပါဝင်နေသည်။ အကယ်၍ ချင်ယွင်သာ ထိုမြေကြီး ဒီရေလှိုင်းလုံးထဲတွင်နစ်မြုပ်သွားမည်ဆိုလျှင် ထိုလှိုင်းလုံးထဲမှ ရုန်းထွက်ရန် သူ့အတွက် အလွန်ခက်ခဲပေလိမ့်မည်။ ထိုအချိန်တွင် သူသည် အမှန်တကယ် အရှင်လတ်လတ် မြှုပ်နှံခံရတော့မည် ဖြစ်သည်။
ဝှီး!
ထိုအခိုက်တွင် ချင်ယွင်၏နှာခေါင်းထဲသို့ သင်းပျံ့သည့် မွှေးရနံ့က ရုတ်တရက် တိုးဝင်လာခဲ့သည်။ ပိရှစ်သိုင်းမြို့စားသည် သဘောတရားစွမ်းရည်များ လွှမ်းခြုံလာနေ သည့် ချင်ယွင်၏ရှေ့မှာ ရပ်လိုက်ပြီး ပေတစ်ရာကျော်မြင့်သော မြေကြီး ဒီရေလှိုင်းလုံးကို မော့ကြည့်လိုက်သည်။ အပြာရောင်ရေခဲဓားသည် ချက်ချင်းပင် အေးစိမ့်သည့် အပြာရောင်အလင်းဖြင့် ဖုံးလွှမ်းသွားသည်။
ဝှီး!
အေးစိမ့်သည့်အပြာရောင်ဓားအလင်းသည် ချက်ချင်းပင် ကောင်းကင်ယံကို ဖြတ်ပျံသွားကာ မြေကြီးဒီရေလှိုင်းလုံးနှင့် ထိပ်တိုက်ဆုံမိသွားသည်။ ထို့နောက် မြေကြီးဒီရေလှိုင်းလုံးသည် ချက်ချင်းပင် နှစ်ခြမ်းကွဲကာ ပြိုကျသွားသည်။
ပိရှစ်သိုင်းမြို့စားထံမှ ကြောက်မက်ဖွယ်ကောင်းသည့် ဓားအလင်းတန်းသည် မြေကြီး ဒီရေလှိုင်းကို အလွယ်တကူ ချေဖျက်နိုင်ခဲ့သည်။
ဇူထျန်းယုသည် အလျင်စလို မလှုပ်ရှားတော့ပေ။ ယင်းအစား သူက ပိရှစ်သိုင်းမြို့စားကို အုံ့မှိုင်းသည့် မျက်နှာအမူအရာဖြင့်ကြည့်ပြီး ပြောလိုက်သည် "မင်း တကယ်ပဲ ငါ့ရန်သူ ဖြစ်ချင်တာလား?"
ပိရှစ်သိုင်းမြို့စားသည် ဓားကိုကိုင်ကာ လှောင်ပြောင်သည်။ ဤစကားက သူမ ကြားဖူး သမျှထဲမှာ အရယ်ရဆုံး ပျက်လုံးတစ်ခုဖြစ်ပုံရသည်။ သူမ၏ ဓားသည် ဇူထျန်းယု အတွက် ဤအခိုက်အတန့်ရောက်ရန် အနှစ်နှစ်ဆယ်ကြာအောင် စောင့်စားခဲ့ရသည်။
"ဒီနေ့၊ ငါရှန်ချန်းဇူ ကျိန်ဆိုတယ်။ တကယ်လို့ မင်းဇူထျန်းယုကို ငါ မသတ်နိုင်ခဲ့ဘူး ဆိုရင်၊ ငါ ထာဝရ ပြန်လည်ဝင်စားခြင်း ကျရှုံးပါစေ။ ပိရှစ်သိုင်းမြို့စားက သူမဓားကို ကိုင်ထားရင်း အော်ပြောလိုက်ပြီး သူမအသံက မြေပြင်ပေါ်သို့ မိုးကြိုးပစ်လိုက်သည့် အလား ကျယ်လောင်လွန်း၏။
"ကောင်းတယ်၊ ကောင်းတယ်၊ ကောင်းတယ်၊ ဒီနေ့ မင်းငါ့ကို ဘယ်လိုသတ်မလဲဆိုတာ ငါကြည့်ချင်မိတယ်" ဇူထျန်းယုက သုံးကြိမ်လောက် အော်ပြောလိုက်သည်။ ပြင်းထန်သော မြေကြီးစွမ်းရည်အတက်အကျကထူထဲသော ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသကဲ့သို့ သူ၏တစ်ကိုယ်လုံးကို ချက်ချင်း ဖုံးလွှမ်းသွားသည်။
အဆုံးမဲ့သတ်ဖြတ်လိုသည့်ဆန္ဒက သူ၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည်။
အခန်း (၂၇၉) ဓားကမ္ဘာ။
ဤနေရာ၌ ကြီးမားသော ရုန်းရင်းဆန်ခတ်ဖြစ်မှုကြီးသည် အနီးနားပတ်ဝန်းကျင်ရှိ လူများ၏ရုန်းရင်းဆန်ခတ်ဖြစ်မှုကို လျင်မြန်စွာ ဖြစ်ပေါ် စေခဲ့သည်။ ထိုဒေသခံ များသည် ၎င်းတို့၏နေအိမ်များမှ တစ်ယောက်ပြီး တစ်ယောက် ထွက်လာကြပြီး ရှားပါးသည့် ကောင်းကင်ယံပင်တုန်ခါလောက်သည့် ဤတိုက်ပွဲကြီးကို ကြည့်ရှုကြ သည်။
ဘေဟိုင်သိုင်းမြို့စား ဇူထျန်းယုနှင့် ပိရှစ်သိုင်းမြို့စား ရှန်ချန်းဇူတို့သည် လေထဲတွင် တစ်ယောက်နှင့် တစ်ယောက်ဆန့်ကျင်ဘက် အရပ်မှာ ရပ်နေကြသည်။
တစ်ယောက်က ဧရာမပုဆိန်ကြီးတစ်လက်ကို ကိုင်ထားပြီး အဝါရောင်သဲတွေက သူ့ပတ်ဝန်းကျင်မှာ ရစ်ဝဲနေကာ သူ၏အငွေ့အသက်ကလည်း ထူထပ်သိပ်သည်း နေသည်။
တစ်ယောက်က အပြာရောင်ရေခဲဓားကို ကိုင်ထားသည်၊ ဓားအလင်းက အရိုးထဲစူးရှ သည်အထိ အေးစက်နေသည်။
ဝမ်ယွီမြို့ခံများသည် မြို့စားကြီးနှစ်ပါးကို သူတို့မျက်လုံးများတွင် အံ့အားသင့်သည့် အမူအယာများဖြင့် ကြည့်နေကြသည်။
ဘေဟိုင်သိုင်းမြို့စားဖြစ် သို့မဟုတ် ပိရှစ်သိုင်းမြို့စား ဖြစ်စေ၊ သူတို့ အားလုံးသည် မြင့်မြတ်သောတည်ရှိမှုများဖြစ်သည်။ နဝမအဆင့် ကောင်းကင်အလွှာ အထွက်အထိပ် သိုင်းမြို့စားအဆင့်ကျွမ်းကျင်သူများကြားကတိုက်ပွဲကို သူတို့ မည်ကဲ့သို့ စိတ်ကူးကြည့် နိုင်မည်နည်း။
သိုင်းမြို့စားနှစ်ယောက်ထံမှ ထုတ်လွှတ်လိုက်သည့်အငွေ့အသက်များကို ကြည့်ရင်း သူတို့ နှလုံးသားအောက်ခြေမှ ကြောက်ရွံ့မှုကို ခံစားလိုက်ရသည်။
"ဇူထျန်းယု၊ ဒီနေ့ ငါ့အစ်မကို ဂုဏ်ပြုဖို့အတွက် မင်းရဲ့သွေးကို ငါသုံးရလိမ့်မယ်။" ပိရှစ်သိုင်းမြို့စားက ညင်သာစွာ အော်လိုက်ပြီး သူမ၏ချစ်စရာကောင်းသည့် ပုံရိပ်က ချက်ချင်း လှုပ်ရှားသွားသည်။
သူမ၏တစ်ကိုယ်လုံးသည် ပုံရိပ်ယောင်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး ဇူထျန်းယု၏ ရှေ့တွင် တိုက်ရိုက်ပေါ်လာသည်။ သူမလက်ထဲရှိ အပြာရောင်ရေခဲဓားသည် ဇူထျန်းယု ဆီသို့ တိုက်ရိုက် ခုတ်ပိုင်းလာစဉ် ပြင်းထန်ပြီး အေးခဲသည့် ရေခဲသဘာဝစွမ်းအားက လေထဲတွင် လှပသော ပုံရိပ်များ ထွက်ပေါ်လာသည်။
ဇူထျန်းယု၏ ထူထပ်သိပ်သည်းသော အငွေ့အသက်သည် မြစ်တစ်စင်းလို လွင့်ပျံ့လာခဲ့ပြီး သူ၏ပုဆိန်ကြီးသည် ပိရှစ်သိုင်းမြို့စား၏ ပြင်းထန်သော ဓားကို ပိတ်ဆို့ တားဆီးလိုက်သည်။
ချွင်!
ဓားသည် ပုဆိန်၏ထိပ်ဖျားနှင့် ထိတွေ့သွားကာ ကျယ်လောင်သော အသံက ထွက်ပေါ်လာသည်။
လှပသော အပြာရောင်ရေခဲဓားချီသည် ထွင်းဖောက်မြင်ရသော ကာကီရောင်ဒိုင်းနှင့် ထိပ်တိုက်ဆုံမိသွားပုံရသည်။ ထက်ရှသော ဓားချီသည် ပေါက်ကွဲထွက်ကာ အရပ်ရပ်သို့ ပျံ့နှံ့သွားသည်။ ဓားချီကျဆင်းသွာသည့်မည်သည့်နေရာမဆို ကြီးမားသော အပေါက်ကြီးများ ကျန်ရစ်ခဲ့သည်။
ဧရာမပုဆိန်ကြီးပေါ်တွင် ဖြစ်ပေါ်လာသည့် ကာကီအဝါရောင် ထွင်းဖောက်မြင်ရသော ဒိုင်းသည်လည်း ရေလှိုင်းများကဲ့သို့ လှိုင်းထန်သွားလေသည်။
ပိရှစ်သိုင်းမြို့စား၏လှပသောမျက်လုံးများတွင် အေးစက်သောအလင်းရောင်တစ်ခု လင်းလက်လာသည်။ သူမလက်ထဲမှ အပြာရောင်ရေခဲဓားသည် အဆက်မပြတ် နောက်တကြိမ် ပြောင်းလဲသွားပြီး ပုံရိပ်ယောင်များအဖြစ်သို့ အထပ်ထပ် ပြောင်းလဲ သွားခဲ့သည်။ ဓားတစ်ချောင်းသည် ဇူထျန်းယု၏ အရေးကြီးသော သေကွင်းသေကွက် နေရာဆီသို့ ခုတ်ပိုင်းလာခဲ့သည်။ ကြောက်မက်ဖွယ်ကောင်းသော ဓားစွမ်းအင်လှိုင်း လုံးသည် ဒီရေလှိုင်းများကဲ့သို့ တဟုန်ထိုးလှိမ့်တက်ကာ တစ်ခုပြီးတစ်ခု ကျော်တက် သွားခဲ့သည်။
ဇူထျန်းယုသည်လည်း အလွန်ကြောက်စရာကောင်းသည်။ သူ၏ ဆူဖြိုးသော ခန္ဓာကိုယ်သည် စဉ်းလဲသော ယုန်တစ်ကောင်ကဲ့သို့ သွက်လက်သည်။ သူ၏လက်ထဲရှိ ပုဆိန်ကြီးကို ဖွင့်ပိတ်လုပ်ပြီး ခုတ်ပိုင်းလိုက်သည်။ ပုဆိန်ချက်တိုင်းသည် မြေပျိုကျ သည့်အလား ဆင်းသက်လာခဲ့သည်။ တရွေ့ရွေ့လှိမ်းဆင်းလာသည့် မြေကြီး စွမ်းရည်အတက်အကျများသည် လမ်းကြောင်းတိုင်းတွင် တရွေ့ရွေ့နှင့် တဟုန်ထိုး ရွေ့လျားလာနေသည်။
ဤကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်အတက်အကျကြောင့် သူတို့ ခြေထောက်အောက်ရှိအိမ်များ တုန်ခါပြီး ပြိုကျသွားသည်။ မူလမြေပြင်နေရာသည် ကြီးမားသော တွင်းပေါက်အနက်ကြီးများ တစ်ခုပြီးတစ်ခု ဖြစ်ပေါ်လာသည်။
မြို့သူမြို့သားများသည် တုန်လှုပ်ခြောက်ခြားကာ သူတို့နှလုံးသားများသည် နာကျင်ပြီးရင်း အဆုံးမရှိ နာကျင်လာကြရသည်။ ဤအတိုင်းသာ ဆက်လက် တိုက်ခိုက်နေမည်ဆိုလျှင် ဝမ်ယွီ မြို့တစ်ခုလုံး ပျက်ဆီးမှာ မဟုတ်ဘူးလား။
ချင်ယွင်သည် ခြံဝင်းထဲတွင် တင်ပျဉ်ခွေထိုင်နေသည်။ ယခုအချိန်တွင် သူ၏ဒေါသပေါက်ကွဲသည့်အခြေအနေသည် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ အနှိုင်းမဲ့ အားနည်းသော ခံစားချက်တစ်ခုက သူ့နှလုံးသားထဲသို့ တိုးဝင်လာသည်။ သူသည် ခြံဝင်းထဲတွင် တင်ပျဉ်ခွေထိုင်ကာ ကောင်းကင်ယံမှ တိုက်ပွဲကိုကြည့်ရင်း သူ၏ဝိညာဉ်စွမ်းအင်နှင့် သက်လုံကို ပြန်လည်ရရှိစေသည်။ သူ၏နှလုံးသားသည် အံ့ဩခြင်းများဖြင့် ပြည့်နှက်နေသည်။
သာမန်နေထိုင်သူများသည် မည်သည့်လျှို့ဝှက်ဆန်းကြယ်မှုကိုမျှ မမြင်နိုင်သော်လည်း ချင်ယွင်သည် ပိရှစ်သိုင်းမြို့စား နှင့် ဇူထျန်းယုတို့အကြား တိုက်ပွဲသည် မည်မျှ ထိတ်လန့်စရာကောင်းသည်ကို ခံစားနိုင်သည်။
၎င်းသည် ပိရှစ်သိုင်းမြို့စား၏ဓား သို့မဟုတ် ဘိုင်ဟေသိုင်းမြို့စား၏ ပုဆိန်ကြီး ဖြစ်နေပါစေ၊ ၎င်းတို့အားလုံးတွင် အစွမ်းထက်သည့် သဘောတရားစွမ်းအားများ ပါဝင်နေသည်။
ဘိုင်ဟေသိုင်းမြို့စားသည် မြေကြီးစွမ်းရည်အတက်အကျလှိုင်း သဘောတရား၏ နဝမအဆင့်သို့ ရောက်ရှိနေပြီဖြစ်ပြီး ပုဆိန်တစ်ချက်စီ၏ စွမ်းအားသည် ဒီရေလှိုင်းများ ကဲ့သို့၊ အလွှာတစ်ခုပြီးတစ်ခု ထပ်ကာထပ်ကာ ရောက်ရှိလာကာ ဒီရေလှိုင်းတစ်ခု အနောက်တွင် နောက်ထပ်ဒီရေလှိုင်းတစ်ခုစီ ဖြစ်ပေါ်လာသည်။
အကယ်၍ သူသာ သူ၏စွမ်းအားအားလုံးကို အသုံးပြုလိုက်မည်ဆိုပါက၊ မီတာတစ်ရာမြင့်သော တောင်ကုန်းတစ်ခုကိုပင် ပိုင်းဖြတ်ရန် လုံလောက်ပေလိမ့်မည်၊ ယင်းက အလွန်ကြောက်စရာ ကောင်းပေလိမ့်မည်။
အလားတူပင် ပိရှစ်သိုင်းမြို့စားအသုံးပြုသည့် သဘောတရားစွမ်းရည်မှာလည်း ရေစွမ်းအင်အတက်အကျဖြစ်သည်။ ဓားစွမ်းအင်တွင် အဆုံးမဲ့ ရေလှိုင်းများ ပါဝင်နေသည်။ ဓားစွမ်းအင်သည် ဒီရေလှိုင်းကဲ့သို့ တဟုန်ထိုး လှိမ့်တက်လာခဲ့သည်။ တစ်ခါတစ်ရံ တလိပ်လိပ်တက်လာသည့် မြစ်ရေပြင်ကဲ့သို့ တစ်ခါတစ်ရံ ဒီရေအဖြစ် ပြောင်းလဲရန် ကြိုးစားနေကြသည့် တုန်လှုပ်ချောက်ချားဖွယ် လှိုင်းလုံးကြီးများကဲ့သို့ ဖြစ်ပေါ်နေလေသည်။
ဓားချက်တိုင်းသည် အကန့်အသတ်မဲ့ သတ်ဖြတ်လိုသည့်ဆန္ဒများ ပါရှိပြီး ဓားချက် တစ်ချက်ချင်းစီက မြစ်များနှင့်ပင်လယ်များကိုပင် ပိုင်းဖြတ်သွားနိုင်သည်။
ချွင်!
နောက်ထပ် ပြင်းထန်သော ထိပ်တိုက်တွေ့ဆုံမှုတစ်ခု ဖြစ်ပျက်လာခဲ့သည်။ မြေကြီးအဝါရောင် ဝိညာဉ်စွမ်းအင်သည် အေးစက်သည့် အပြာရောင် ဝိညာဉ်စွမ်းအင် နှင့် ထိပ်တိုက်ဆုံမိပြီး ပေါက်ကွဲသွားသည်။ ကြောက်စရာကောင်းသည့် ဝိညာဉ်စွမ်းအင် လှိုင်းလုံးကြီးက သူတို့နှစ်ယောက်ကို မီတာဆယ်ဂဏန်းအကွာအထိ တိုက်ရိုက်တွန်းပို့ လိုက်သည်။
ထိုအခိုက်တန့်မှာ သူတို့နှစ်ယောက်သည် အမှန်တကယ် လက်ရည်တူ တိုက်ခိုက်နေ ကြသည်။
"အရမ်းသန်မာတယ်၊ သိုင်းမြို့စားကြီးလေးပါးလို့ ခေါ်ထိုက်ပါတယ်!" ချင်ယွင် အံ့သြသွားသည်။
ထိုအခိုက်တန့်တွင် ပိရှစ်သိုင်းမြို့စားက သူ့အား ပြောခဲ့သည့် အကြောင်းအရာများကို သူ ခံစားလိုက်ရပါသည်။ သိုင်းမြို့စားကြီးလေးပါးသည် လက်တစ်ဖက်တည်းဖြင့်ပင် ခုခံကာကွယ်နိုင်စွမ်းရှိကြပြီး သူတို့၏အင်အားကို လျှော့တွက်၍မရပေ။ ယခုတော့ ဤစကားများသည် လုံးဝမှားယွင်းခြင်းမရှိသလို ချဲ့ကားပြောဆိုခြင်း မဟုတ်ဟုလည်း ထင်ရသည်။
ချင်ယွင်သည် ဒေါသပေါက်ကွဲသည့် အခြေအနေသို့ ဝင်ရောက်သွားလျှင်ပင် ပိရှစ်သိုင်းမြို့စား၏ဓား သို့မဟုတ် ဘိုင်ဟေသိုင်းမြို့စား၏ ပုဆိန်ကြီးကို သူ ခံနိုင်ရည်ရှိမည် မဟုတ်ပေ။
"ဘုန်း!"
ဓားအလင်းတန်းတစ်ခုက ကောင်းကင်ယံမှာ ချက်ချင်း ပျံ့လွင့်သွားပြီး ဘိုင်ဟေသိုင်းမြို့စား၏ ခြံဝင်းကို နှစ်ခြမ်းခွဲကာ တိုက်ရိုက် ပိုင်းဖြတ်သွားသည်။ အိမ်ကြီးတွေလည်း နှစ်ခြမ်းခွဲပြီး ပြိုကျသွားသည်။
ချင်ယွင်ထိုင်နေရာနှင့် မနီးမဝေးတွင် ဓားချီ၏ ကြီးမားသောအက်ကွဲကြောင်းကြီး ပေါ်လာသည်။
ချင်ယွင်သည် မီတာများစွာနက်သော ဓားသွားအမှတ်အသားကြီးကို ကြည့်လိုက်ရင်း သူ၏နှလုံးသားထဲတွင် ကြောက်ရွံ့မှုများ ရစ်ဝဲနေလေသည်။
အကယ်၍ ဤဓားသည် သူ့ခန္ဓာကိုယ်ပေါ်သို့ ယခုပင် ကျရောက်သွားခဲ့ပါက၊ သူသည် တိုက်ရိုက် နှစ်ခြမ်းကွဲသွားပေလိမ့်မည်။
ယခုအချိန်တွင် ဘိုင်ဟေသိုင်းမြို့စားနှင့် ပိရှစ်သိုင်းမြို့စားတို့သည် တိုက်ပွဲတွင် ရောယှက်တိုက်ခိုက်နေကြဆဲဖြစ်သည်။ ဓားတစ်လက်နှင့် ပုဆိန်တစ်ချောင်းတို့သည် လေထဲတွင် အဆက်မပြတ် ထိတွေ့နေနေသည်။ ပြန့်ကျဲထွက်လာနေသော ဓားစွမ်းအင်နှင့် ပုဆိန်စွမ်းအင်တို့သည် မြေပြင်ရှိ အဆောက်အအုံများကို အဆက်မပြတ် ဖျက်ဆီးပစ်နေကြပြီး အဝေးမှကြည့်နေသူများသည် ၎င်းတို့ထံ မချဉ်းကပ်ဝံ့ကြပေ။ သူတို့သည် ထိခိုက်ခံရမည်ကို နက်နက်ရှိုင်းရှိုင်း ကြောက်ရွံ့နေကြပြီး အပြစ်ကင်းပါလျှက် ကြေကွဲဖွယ်သေဆုံးမှုဖြင့် အဆုံးသတ် သွားနိုင်သည်။
ထိုအချိန်တွင် ချင်ယွင်သည် အတွေးထဲတွင် ပျောက်ကွယ်သွားခဲ့သည်။ သူသည် မြေပြင်ပေါ်ရှိ ဓားချီကြောင့် ဖြစ်ပေါ်လာအေသာတွင်းနက်ကြီးကို ကြည့်ကာ အံသြသွားသည်။
လေပြည်လေညှင်း တိုက်ခတ်ခြင်း၏ အသံကဲ့သို့ သူ၏တစ်ကိုယ်လုံးတွင် ဓားချီအမျှင်တန်းများ၏ ပဲ့တင်သံများ ထွက်ပေါ်လာသည်။
ချင်ယွင်သည် မျက်လုံးများကို ဖြည်းညှင်းစွာမှိတ်လိုက်ပြီး ထူးဆန်းသော အခြေအနေ တစ်ရပ်သို့ ရောက်ရှိသွားခဲ့သည်။
ယခုလေးတင် သူသည် မြေပြင်ပေါ်မှ ဓားအမှတ်အသားအရာတွေကို ကြည့်လိုက်ပြီး သူ၏နှလုံးသားက တစ်ခုခုကို ရုတ်တရက် ရိပ်စားမိသွားပုံရသည်။
ယခုအချိန်တွင် သူ့နှလုံးသားသည် မှန်တစ်ချပ်လိုပင်ဖြစ်နေပြီး သူ၏စိတ်ကလည်း တည်ကြည် ငြိမ်သက်နေလေသည်။
အချိန်တွေက အေးခဲသွားပုံရသည်။ သူ၏ပတ်ဝန်းကျင်ရှိ အရာအားလုံးသည် အလွန် နှေးကွေးလာခဲ့ပြီး ဤအရာများအားလုံးသည် ယခုအချိန်တွင် ဓားများအဖြစ်သို့ ပြောင်းလဲသွားပုံရသည်။
ကြွေကျနေသော အရွက်များသည်လည်း ဓားများဖြစ်လာကြသလို ကြေကွဲသွားသော ကျောက်တုံးများလည်း ဓားများဖြစ်လာကြသည်။ သစ်ရွက်များပေါ်ရှိ ရေစက်များနှင့် ပတ်ဝန်းကျင်ရှိ ဖုန်မှုန့်များပင်လျှင် သေးငယ်သော ဓားများအဖြစ်သို့ ပြောင်းလဲသွားပုံရ သည်။
တခဏအတွင်းမှာပင် သူသည် ဓားပင်လယ်ကြီးထဲသို့ ရောက်ရှိသွားနေသလို ခံစားလိုက်ရသည်။
အတွေးတစ်ချက်ဖြင့် ၎င်းဓားများအားလုံးသည် တုန်ခါသွားတော့သည်။ တုန်ခါမူ အကြိမ်နှုန်းကလည်း အတူတူပင်ဖြစ်ပြီး၊ အလွန်အံ့ဩစရာ ကောင်းလွန်းပါသည်။
ပကတိမျက်စိဖြင့် မမြင်နိုင်သောဓားဆန္ဒသည် ချင်ယွင်တစ်ဝိုက်တွင် တရွေ့ရွေ့ ရွေ့လျားလာပြီး သူ၏ပတ်ဝန်းကျင်တွင် တဖြည်းဖြည်း စုရုံးလာခဲ့သည်။ နောက်ဆုံးတွင်၊ ၎င်းဓားဆန္ဒသည် ချင်ယွင် အနီးတစ်ဝိုက်တွင် အဆက်မပြတ် လှည့်ပတ်ကာ သန့်စင်သည့် အငွေ့အသက်တစ်မျိုးကို ထုတ်လွှတ်သည်။
"ကျွန်ုပ်ပိုင်ဆိုင်သည့် အရာအားလုံးကို ကျွန်ုပ်၏ဓားအဖြစ် အသုံးပြုပြီး ကမ္ဘာပေါ်ရှိ အရာအားလုံးကို ကျွန်ုပ်သတ်ဖြတ်နိုင်၏"
ချင်ယွင်က တိုးတိုးလေး ရေရွတ်ရင်း သူ၏မျက်လုံးတွေကို တင်းတင်း ကြပ်ကြပ် မှိတ်ထားဆဲဖြစ်ပြီး လျှို့ဝှက်ဆန်းကြယ်မှုတွေထဲမှာ နှစ်မြုပ်နေဆဲပင် ဖြစ်သည်။
သို့သော် သူ့ပတ်ဝန်းကျင်ရှိ ဖုန်မှုန့်များ၊ သစ်ရွက်များနှင့် ရေစက်များသည် သူ၏ရှေ့တွင် လွင့်မျောနေပြီး ကြောက်မက်ဖွယ်ကောင်းသော ဓားဆန္ဒတစ်ခုကို ထုတ်လွှတ်လိုက် သည်ကို သူ သတိမထားမိလိုက်ပေ။
သူ၏ခါးမှာ ချည်နှောင်ထားသည့် မြူနှင်းချောက်နက်ဓားသည် အရုပ်တစ်ရုပ်ကို မြင်လိုက်ရသည့် ကလေးငယ်လေးတစ်ယောက်ကဲ့သို့ စိတ်လှုပ်ရှားနေပုံရပြီး တချွင်ချွင် မြည်ဟီးဟာ ဓားအော်သံများ ထွက်ပေါ်လာနေသည်။
"အယ်? သူ့နှလုံးသားက မှန်တစ်ချပ်လို ကြည်လင်နေတဲ့အချိန်မှာ ဓားဆန္ဒရဲ့ အဓိကအချက်ကို တကယ်နားလည်နိုင်ခဲ့တာပဲ။ ငါငိုက်မြည်းအိပ်မောကျနေတဲ့ အချိန်တွေမှာ အရာတွေ အများကြီး တွေ့ကြုံခဲ့ရပုံပဲ!" ရှေးဟောင်းတာအိုဆရာသခင်၏ အံ့သြဟန်အသံက ဓားမှ ထွက်ပေါ်လာသည်။
"ဒီလိုဆိုမှတော့ ငါ နောက်ထပ်ကံကောင်းမှုတစ်ခုကို မင်းဆီ ပို့ပေးလိုက်ပါ့မယ်။" ရှေးဟောင်းတာအိုဆရာသခင်၏အသံက ဆက်လက် ထွက်ပေါ်လာသည်။
ထို့နောက် မြူနှင်းချောက်နက်ဓားသည် ချင်ယွင်၏ခါးမှ ပျံထွက်လာပြီး သူ၏ရှေ့တွင် လွင့်ပျံလာခဲ့သည်။ ရုတ်တရက် ဓားမှ လျှို့ဝှက်ဆန်းကြယ်သော အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ဓားထိပ်ဖျားက ချင်ယွင်၏နဖူးကို တိုက်ရိုက်ထိကပ်သွားသည်။
ဘန်း!
ထိုအချိန်တွင် တော်ဝင်တာအို၏ရိုက်ခတ်အသံက ထွက်ပေါ်လာခဲ့ပြီး ကောင်းကင်နှင့် မြေကြီးသည်ပင် တုန်ခါသွားခဲ့သည်။
အခန်း (၂၈၀) ဧရာမဓားကြီးရေ မင်းကို နောက်တကြိမ် ပြန်တွေ့ရပြီ။
တော်ဝင်တာအို၏ တချွင်ချွင်ဖြင့် ရိုက်ခတ်လာသည့်အသံက ချင်ယွင်၏စိတ်ထဲတွင် တစ်ကမ္ဘာလုံး အော်ဟစ်နေသည့် အလားပင်ဖြစ်နေ၏။
ဘုန်း!
ချင်ယွင်သည် သူ့ကိုနေရာမပြောင်းလဲစေခင် သူ့ခေါင်းထဲတွင် တုန်လှုပ် ချောက်ချားသွားသလို ခံစားလိုက်ရသည်။
ခြံဝင်းကြီးသည် ပျောက်ကွယ်သွား၏၊ ဘေးရှိသစ်ပင်များလည်း ပျောက်ကွယ်သွားကာ သူ၏ခြေရင်းအောက်ရှိ မြေကြီးသည်ပင် ပျောက်ကွယ်သွားခဲ့သည်။
ဤအခိုက်အတန့်တွင် သူသည် အဆုံးမဲ့အမှောင်ထုကြီးဝန်းရံထားသည့် လေဟာနယ်ထဲတွင် ရှိနေပုံရသည်။ အကွာအဝေးတနေရာတွင် တောက်ပ လင်းလက်နေသော ကြယ်များဟု ထင်ရသည့် အလင်းအစက်အချို့ ရှိနေသည်။
သူ၏ခြေဖဝါးအောက်တွင် အနှိုင်းမဲ့ချောမွတ်သော ငွေရောင်မှန်တစ်ချပ်ရှိသည်။ မှန်ကြီးသည် အလွန်ကြီးလွန်းသဖြင့် အဆုံးသတ်ကို မမြင်ရပေ။ ချင်ယွင်သည် တုန်လှုပ်သွားရ၏။
သူက ဝမ်ယွီမြို့ရဲ့ ခြံဝင်းတစ်ခုထဲမှာ မဟုတ်ဘူးလား။
သူဘာလို့ ဒီနေရာကို ရုတ်တရက် ရောက်လာရတာလဲ၊ ဒီနေရာက ဘယ်နေရာမှားလဲ။
သံသယစိတ်တွေ ဝင်လာခဲ့ပေမယ့် သူ့မေးခွန်းကိုတော့ ဘယ်သူမှ မဖြေနိုင်ခဲ့ပါဘူး။
ရုတ်တရက် ချင်ယွင်၏ မျက်လုံးများ ပြူးကျယ်သွားကာ အနှိုင်းမဲ့ ထိတ်လန့်တုန် လှုပ်သွားသည့် အမူအရာတစ်ခုကို ထုတ်ဖော်လိုက်သည်။
ထိုသို့ဖြစ်ရခြင်း၏အကြောင်းရင်းမှာ သူ့ခြေဖဝါးအောက်ရှိ ကြီးမားသောမှန်ကြီးသည် မှန်တစ်ချပ်မဟုတ်ကြောင်းကို သူတွေ့ရှိသောကြောင့်ဖြစ်သည်။ ယင်းအစား၊ ၎င်းသည် ကြီးမားသော ဓားကြီးတစ်လက်၏ဓားကိုယ်ထည်ဖြစ်ပြီး ဂလက်ဆီတစ်ခွင်ကို ဖြန့်ကျက်ရန်လုံလောက်သော ရှည်လျားသော ဓားကိုယ်ထည်ကြီးဖြစ်နေပြီး အနည်းဆုံး ဂြိုလ်တစ်ခုကဲ့သို့ ကျယ်ဝန်း၏။
ချင်ယွင်သည် မတတ်နိုင်ဘဲ တံတွေး မျိုချလိုက်ရသည်။
ဤဓားကြီးကို သူ အရင်က မြင်ဖူးခဲ့သည်။ မရဏသဲကန္တာရထဲမှာ (ဂိုဘီသဲကန္တာရထဲမှာ) သူ ဓားဆန္ဒကို နားလည်ဆင်ခြင်နေသည့်အချိန် လေဟာနယ်ထဲမှ သူ မတော်တဆ လွတ်ထွက်သွားခဲ့ပြီး အဝေးကို လှမ်းကြည့်လိုက်သည့်အချိန်က ဖြစ်သည်။
ထိုအချိန်တွင်၊ ဓားကြီးသည် သူ့အား ကြီးမားသော၊ ထိတ်လန့်တုန်လှုပ် စရာကောင်း သော၊ ရှေးဟောင်းအငွေ့အသက်ခံစားမှုကို ပေးစွမ်းသည်။ ယခုဆိုလျှင် သူသည် ဤဓား၏ဓားကိုယ်ထည်ပေါ်တွင် တိုက်ရိုက် ရပ်တည်နေနိုင်လိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။
ထိုအချိန်တွင် ချင်ယွင်သည် မှန်ကဲ့သို့ ချောမွေ့နေသော ဓားကိုယ်ထည်ပေါ်တွင် ခြေလှမ်းလိုက်သည်။ ၎င်းသည် သတ္တုဖြင့်ပြုလုပ်ထားသော ဂြိုလ်ကမ္ဘာပေါ်တွင် ရှိနေသကဲ့သို့ ခံစားရစေသည်။ ဓားသည် အလွန်ကြီးမားသောကြောင့် နယ်နိမိတ်ကို အကန့်အသတ်ကိုပင် မမြင်နိုင်ချေ။
ချင်ယွင်သည် ဓားကိုပုတ်ရန် ကြိုးစားလိုက်သော်လည်း အသံမထွက်ပေ။
၎င်းဓားကြီးသည် သူအားလက်ခံရန် ဆန္ဒရှိပုံမပေါ်ချေ။ သူသည် ဓားသွားကို လက်သီးဖြင့် ထိုးကြည့်သော်လည်း အသံမထွက်သေးပေ။ သို့သော် ဓားမှ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတုန့်ပြန်မူကြောင့် လွင့်ထွက်သွားကာ မြေပြင်ပေါ်သို့ ပြုတ်လဲကျလုနီးပါးပင် ဖြစ်ခဲ့ရသည်။
"သေစမ်း၊ ဒီဓားကြီးက အရမ်းကြောက်ဖို့ကောင်းလွန်းတယ်။ ခွန်အားအပြည့်နဲ့ ငါ့လက်သီးတစ်ချက်ကတောင် မလှုပ်ရှားနိုင်လိုက်ဘူး၊ ဒါ့အပြင် အဲဒီဓားကြီးက စွမ်းအားကြောင့် ငါ့မှာလွင့်ထွက်သွားခဲ့ရတယ်။" ချင်ယွင်သည် ကျိန်ဆဲရုံသာ တတ်နိုင်ခဲ့သည်။
သို့သော် ထိုအခိုက်တန့်တွင် ချင်ယွင်၏နားထဲသို့ ရှေးဟောင်းတာအိုဆရာသခင်၏ အသံက ထွက်ပေါ်လာသည်။
"ဟဲ့ကောင်စုတ်လေး၊ မင်း ဘာလို့ ဒီဓားကြီးကိုခံစားကြည့်ဖို့ အလျင်စလို မလုပ်ရတာလဲ။ မင်းအတွက် ဒီအခွင့်အရေးကို ဖန်တီးရတာ ငါ့အတွက် လွယ်တယ်လို့များ မင်းထင်နေလား" ရှေးဟောင်းတာအိုဆရာသခင်က ယခုအချိန်တွင် ဒေါသထွက်နေဆဲ ဖြစ်သည်။
ချင်ယွင်သည် နှုတ်ခမ်းများ မတွန့်ကွေးဘဲ မနေနိုင်တော့။ သူဘာကြောင့် ဒီနေရာကို ရောက်လာရလဲဆိုတာကို နောက်ဆုံးတော့ သူနားလည်သွားပြီး။ အရာအားလုံးက သူ့ရှေးဟောင်းတာအိုဆရာသခင်ကြောင့် ဖြစ်ပေါ်လာရခြင်း ဖြစ်ပေသည်။
ဒါပေမယ့် ရှေးဟောင်းတာအိုပြောသည်မှာ မှန်ပေသည်။ ယခုအချိန်မှာ အရေးကြီး ဆုံးက ဒီဓားကြီးကို ခံစားနိုင်ရန် သူအစွမ်းကုန် ကြိုးစားဖို့ဖြစ်သည်။ နောက်ဆုံး အကြိမ်တုန်းက သူသည် အဝေးမှ လှမ်းကြည့်ရုံဖြင့် သူ၏ဓားဆန္ဒသည် ကြီးကြီးမားမား တိုးတက်လာခဲ့သည်။ ယခု သူသည် ဤဓားကြီးကို အနီးကပ် ထိတွေ့ခံစားနိုင်သဖြင့် မည်သို့သော ရိတ်သိမ်းမူများရရှိလာမည်ကို သူ မသိသေးပေ။
ဤအကြောင်းကိုတွေးပြီးနောက် ချင်ယွင်က တင်ပျဉ်ခွေထိုင်ပြီး သူ၏အောက်က ဧရာမဓားကြီးကိုနားလည်ဖို့ သူ့နှလုံးသားကို အသုံးပြုလိုက်သည်။
ချင်ယွင်သည် မျက်လုံးများကိုမှိတ်ထားလိုက်ပြီး အနှစ်သာရကို အာရုံစူးစိုက်နေချိန်တွင် သူ့စိတ်နှလုံးသည် တဖြည်းဖြည်း ငြိမ်သက်သွားခဲ့သည်။
သူ၏စိတ်ကို ဧရာမဓားက ဆွဲထုတ်သွားပုံရပြီး ဧရာမဓားကြီး၏ကိုယ်ထည်ထဲသို့ ပေါင်းစပ်သွားပုံရသည်။ ဤအခိုက်အတန့်တွင် ချင်ယွင်သည် ဤဓားကြီးအဖြစ်သို့ ပြောင်းလဲသွားပုံရပြီး လေဟာနယ်တွင် ငြိမ်သက်စွာ ရပ်နေသည်။
အချိန်တွေက တဖြည်းဖြည်း ကုန်ဆုံးလာခဲ့သည်။ ဆယ်နှစ်၊ အနှစ်တရာ၊ အနှစ်တစ်ထောင်၊ အနှစ်တစ်သောင်း။ အချိန်များသည် မရပ်မနား စီးဆင်းနေပုံရပြီး ချင်ယွင်သည်လည်း လေဟာနယ်ထဲတွင် မလှုပ်မယှက် လဲလျောင်းနေပုံရသည်။
အချိန်တွေကြာလာသည်နှင့်အမျှ ချင်ယွင်သည် ပို၍ပို၍ ခံစားလာရသည်။
သူ၏ရှေ့မှဓားကြီးသည် သူယခင်ကမြင်ထားသလောက်ဆို မလှုပ်မယှက် ဖြစ်နေပုံပေါ် သည်ဟု သူတဖြည်းဖြည်း ခံစားခဲ့ဖူးသည်။ ယင်းအစား ယခုအချိန်အတွင် ထိုဧရာမ ဓားကြီးသည် အလွန်သိမ်မွေ့သော လှုပ်ရှားမူ အကြိမ်နှုန်းဖြင့် တုန်ခါနေခဲ့သည်။
သို့သော် ဤဓားကြီးသည် ကြီးမားလွန်းပြီး ၎င်း၏ တုန်ခါမှုအကြိမ်ရေသည် အလွန် သိမ်မွေ့သောကြောင့် ၎င်းကို သာမန်မျက်စိဖြင့် မမြင်နိုင်ပေ။
ယခုချင်ယွင်နှင့် ဓားကြီးတို့ ပေါင်းစည်းသွားသောအခါတွင် သူသည် ဧရာမဓားကြီး အနည်းငယ် တုန်ခါသွားသည်ကို ခံစားလိုက်ရခြင်းဖြစ်သည်။
ဧရာမဓားကြီး၏တုန်ခါမှုတွင် တုနှိုင်းမရသည့်ထူးခြားသော စွမ်းအားတစ်ခု ပါဝင်နေပုံရသည်။ ဧရာမဓားကြီးသည် ဆက်လက်တုန်ခါလာသည်နှင့်အမျှ ချင်ယွင်၏ခန္ဓာကိုယ်မှ ထုတ်လွှတ်သော ဓားဆန္ဒသည်လည်း ပို၍ပို၍ပင် သိပ်သည်း လာကာ သူ့ကိုယ်ပေါ်ရှိ ဓားချီသည် ပို၍ထူပြီး ကြီးကျယ်ခမ်းနားလာခဲ့သည်။
အပြင်ဘက်ကမ္ဘာတွင် ချင်ယွင်သည် မျက်လုံးများကိုမှိတ်ထားပြီး ခြံဝင်းထဲတွင် တင်ပျဉ်ခွေ ထိုင်နေသေးသည်။ သူ့ပတ်ဝန်းကျင်မှာ ဘာမှမပြောင်းလဲခဲ့ပေ။
သို့သော် အကယ်၍ တစ်စုံတစ်ယောက်သည် သေချာကြည့်မည်ဆိုလျှင် ချင်ယွင်တည်ရှိသောနေရာသည် မမြင်နိုင်သော ဓားချီဖြင့် ထူထပ်စွာ ပြည့်ကျပ်နေပြီး သူ့ပတ်ပတ်လည်မှာ လှည့်လည်နေသည်ကို သေချာပေါက် တွေ့ရှိပါလိမ့်မည်။
အကယ်၍ သစ်ရွက်တစ်ရွက် လွင့်ပျံလာပြီး ချင်ယွင်နှင့် မနီးမကပ်နိုင်မီ ချင်ယွင်၏ ဦးခေါင်းထက်မှာပင် အစိတ်စိတ်မွှာမွှာ ပျက်ဆီးသွားပါလိမ့်မည်။
ချွင်!
မြင့်မားသော ကောင်းကင်ယံအထက်တွင် ပိရှစ်သိုင်းမြို့စားနှင့်ဇူထျန်းယု တို့သည် တစ်ယောက်နှင့်တစ်ယောက် တိုက်ခိုက်နေဆဲဖြစ်ပြီး သူတို့၏ ဓားချက်များနှင့် ပုဆိန်ခုတ်ချက်များတွင် အနှိုင်းမဲ့ခမ်းနားထည်ဝါပြီး ပတ်ဝန်းကျင်လေထုသည် အဆက်မပြတ် ပြင်းထန်စွာ တုန်ခါနေသည်။
ဝမ်ယွီမြို့ခံများက ခေါင်းမော့ကာ ကြည့်ရူနေကြသည်။ သူတို့အထံမှ ထုတ်လွှတ်လိုက် သည့် ကြောက်စရာကောင်းသောအငွေ့အသက်က အသက်ရှုမဝအောင် ဖြစ်စေသည်။ ဓားချီစီးကြောင်းများ ကျဆင်းလာသည်နှင့်အမျှ အဆောက်အဦများ တစ်ခုပြီးတစ်ခု ပျက်စီးသွားခဲ့သည်။
"ဟမ့်, ရှန်ချန်းဇူ ၊ တကယ်လို့ မင်းမှာ ဒီလောက်စွမ်းအားလေးပဲရှိတယ်ဆိုရင်တော့ ဒီတိုက်ပွဲက ပြီးသွားလိမ့်မယ်။" ဇူထျန်းယုက ကျယ်လောင်စွာ အော်ပြောလိုက်သည်။ ရုတ်တရက် သူ့လက်ထဲရှိ ပုဆိန်ကြီးဆီမှ ကြောက်စရာကောင်းသည် မြေကြီး စွမ်းရည်အတက်အကျက လွင့်ထွက်လာခဲ့သည်။ တလိပ်လိပ် လှိမ့်တက်နေသော မြေကြီးသည် ဒီရေလှိုင်းများကဲ့သို့ မြေပြင်မှကြွတက်လာကာ သူ့ဆီသို့ စုရုံးလာခဲ့သည်။
ရွှံ့နွံများမှ ဖြစ်ပေါ်လာသော လေဆင်နှာမောင်းများသည် ဇူထျန်းယုဆီသို့ ရှည်လျား သော မြွေများကဲ့သို့ စီးဆင်းသွားသည်။ နောက်ဆုံးတွင် ၎င်းတို့သည် သူ၏ ဦးခေါင်းအထက်တွင် အချင်းမီတာတစ်ရာခန့်ရှိသော သဲကျောက်လုံးကြီးတစ်ခု အဖြစ် သို့ ပေါင်းထည့် သိပ်သည်းသွားကြသည်။
ဇူထျန်းယုသည် လက်တစ်ဖက်၌ ဧရာမသဲကျောက်အလုံးကြီးကို ကိုင်ထားပြီး ကျန်တစ်ဖက်တွင် ပုဆိန်ကြီးကိုကိုင်ထားကာ သူက ပိရှစ်သိုင်းမြို့စားကိုကြည့်ပြီး ပြောလိုက်သည်"ဒါက မြေကြီးစွမ်းအင်အတက်အကျ နဝမအဆင့်ကို နားလည်ပြီး နောက် ငါဖန်တီးထားတဲ့ သိုင်းကွက်တစ်ခုပဲ။ ဒီသိုင်းကွက်ကို မြေကမ္ဘာပြိုကျခြင်း တိုက်ကွက်လိုခေါ်တယ်။ ဒီသိုင်းကွက်ကို ငါ့ဆီကနေ အရင်ခံယူ ကြည့်လိုက်။"
ထို့သို့ပြောပြီးသည်နှင့် ဇူထျန်းယုသည် ကြီးမားသောသဲကျောက်အလုံးကြီးကို အကန့်အသတ်မဲ့ တန်ခိုးစွမ်းအားကိုပိုင်ဆိုင်ထားသော ကောင်းကင်နတ်ဘုရားကဲ့သို့ ပိရှစ်သိုင်းမြို့စားဆီသို့ ဦးတည်တိုက်ခိုက်လိုက်သည်။
ဧရာမစက်လုံးကြီးသည် ကြီးမားလွန်းလှပြီး ပျံထွက်သွားသည့်အရှိန်ကလည်း ကြောက်မက်ဖွယ် ကောင်းလှသည်။
ပိရှစ်သိုင်းမြို့စား၏လက်ထဲရှိ အပြာရောင်ရေခဲဓားအလင်းက တဟုန်ထိုး ပျံ့နှံ့ထွက်ပေါ်လာခဲ့ပြီး သူမ၏တစ်ကိုယ်လုံးမှာရှိသည် ဝိညာဉ်ချီက အရူးအမူး လှိမ့်ထွက်လာခဲ့သည်။ သူမ၏ခန္ဓာကိုယ်ပေါ်ရှိဓားချီသည်လည်း ချက်ခြင်းပင် အထွတ်အထိပ်သို့ ရောက်သည်အထိ ပေါက်ကွဲသွားသည်။ သူမလက်ထဲကဓားဟာ ရေလှိုင်းများနှင့်အတူ လှိုင်းထန်နေပုံရပြီး အဆက်မပြတ် တုန်ခါမြည်ဟီးနေသည်။
သူမထုတ်လွှတ်လိုက်သည့် အငွေ့အသက်ကလည်း လူတစ်ယောက်၏နှလုံးကို ခုန်စေသည်။
ဝှီး!
အပြာရောင်ရေခဲဓားသည် ချက်ချင်းပင် ခုတ်ပိုင်းလိုက်ပြီး လေထဲတွင် မီတာတစ်ရာ ရှည်လျားသော ဓားအလင်းတန်းကြီးတစ်ခု ဖြစ်ပေါ်လာကာ ဧရာမစက်လုံးကြီးဆီကို တိုက်ရိုက် ဟက်တက်ခွဲလိုက်သည်။
ဓားအလင်းသည် ကောင်းကင်ယံကို ဖြတ်တောက်ပြီး ဧရာမအလုံးကြီးနှင့် လျင်မြန်စွာ ထိပ်တိုက်ဆုံမိသွားသည်။
"ဘုန်း!"
ကောင်းကင်ယံမှ ပေါက်ကွဲသံသည် ဝမ်ယွီမြို့တစ်ခုလုံးကို တုန်လှုပ်စေခဲ့သည်။
မြင့်တက်လာသော မီးခိုးများက ဝမ်ယွီမြို့၏ ကောင်းကင်ယံတစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့သည်။
ဤအခိုက်အတန့်တွင် ပိရှစ်သိုင်းမြို့စား၏ သူငယ်အိမ်များသည် ရုတ်တရက် ကျယ်ပြန့်လာကာ မီးခိုးလုံးငွေ့များကြားမှ သူမဆီသို့ အရှိန်ဟုန်ပြင်းထန်စွာ ရိုက်ခတ်လာသော စက်လုံးကြီးကို မြင်လိုက်ရသည်။
"ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ နဝမအဆင့် ရေစွမ်းအင်အတက်အကျပါဝင်တဲ့ ငါ့ဓားဟာ ဒီမြေကြီးစက်လုံးကို ဘယ်လိုမှ ခွဲမပစ်နိုင်ခဲ့ဘူးလား။" ပိရှစ်သိုင်းမြို့စား အံ့အားသင့်သွားသည်။
သို့သော်လည်း ယခုအချိန်တွင် ဧရာမစက်လုံးကြီးသည် တိုက်ခိုက်လာနေပြီဖြစ်ပြီး ပိရှစ်သိုင်းမြို့စားသည် ရှောင်တိမ်းရန်အချိန်မရှိတော့ပေ။ ဧရာမသဲကျောက် အလုံးကြီးကို ဓားကိုအလျားလိုက်အသုံးပြုပြီး ခုခံကာကွယ်ရုံသာ တတ်နိုင်တော့သည်.။
သို့သော် ဧရာမအလုံးကြီးမှထွက်ပေါ်လာသော စွမ်းအားသည် ကြောက်မက်ဖွယ် ကောင်းလှသည်။ ပိရှစ်သိုင်းမြို့စားကို သုံးစက္ကန့်ထက် မနည်းအတွင်းမှာပင် နောက်ကိုလွင့်ပျံသွားစေခဲ့သည်။ သူမသည် ချောင်းဆိုးလိုက်သည်နှင့် ပါးစပ်အပြည့် သွေးတပွက်အန်ထုတ်လိုက်ရပြီး မိုးပြာရောင်ပုံရိပ်လေးတစ်ခု လေထဲ၌ လှပသော လမ်းကြောင်းတစ်ခုကို ဆွဲငင်သွားသည့်အလား လွင့်ပျံသွားလေသည်။
"ဟား၊ ဟား ၊ မင်းက နဝမအဆင့်ကို ရောက်သွားတယ်ဆိုရင်ရော ဘာဖြစ်လဲ။ ငါ့ရဲ့ မြေကြီးစွမ်းအင်အတက်အကျ သဘောတရားက သိမ်မွေ့နက်နဲနယ်ပယ်ထဲ ခြေတစ်လှမ်း ဝင်ရောက်နေပြီဆိုတာ မင်းမသိခဲ့ဘူး မဟုတ်လား။" ဇူထျန်းယုသည် ကျယ်လောင်စွာ ရယ်မောရင်း သူ၏ဆူဖြိုးသော ခန္ဓာကိုယ်သည် လေထဲတွင် တုန်ခါသွားသည်။
"သေလိုက်တော့၊ ပိရှစ်သိုင်းမြို့စားရေ၊ မင်းက ငါ့ကို လက်စားချေချင်တာ မဟုတ်လား။ မင်းရဲ့ နောက်ဘဝတွေရောက်မှပဲ ဆက်ပြီး လက်စားချေလိုက်တော့!" ဇူထျန်းယု၏ နှုတ်ခမ်းထောင့်များသည် ရက်စက်သော အပြုံးတစ်ခုအဖြစ် တွန့်ကွေးသွားသည်။ ထို့နောက် သူ၏ကြီးမားသောရုပ်အသွင်အပြင်သည် ပိရှစ်သိုင်းမြို့စားဆီသို့ ပြေးသွားခဲ့သည်။
သူ့လက်ထဲမှ ပုဆိန်ကြီးသည် တုနှိုင်းမရသည့် ထူထပ်သော အငွေ့အသက်ကို ထုတ်လွှတ်လိုက်သည်။ မြေကြီးအဝါရောင်အငွေ့အသက်သည် ပုဆိန်အရိုးပေါ်တွင် ကူးခတ်နေလေသည်၊ ထူထပ်သောအငွေ့အသက်သည် ဝမ်ယွီမြို့၏ ကျယ်ဝန်းသော ဧရိယာအတွင်းမှာ ထူထပ်နေလေသည်။