အခန်း (၂၈၆-၂၉၀)
Vol. 20 Ch. 286-290
အခန်း (၂၈၆) ချင်ယွင်စင်မြင့်ပေါ်သို့တက်လှမ်းလာခြင်း။
"ဟမ့်၊ မင်းက ငါ့ရှေ့မှာ သေချင်နေသေးလား အိပ်မက်မက်နေလိုက်စမ်း!"
လီချင်းက ရယ်မောလိုက်ပြီး သူ့အရှိန်အဟုန်က တဟုန်ထိုး မြင့်တက်လာပြန်သည်။ အဆုံးမဲ့ သတ်ဖြတ်လိုသည့်ဆန္ဒများ ပြည့်နှက်နေသော သူ၏လက်ဖဝါးက ကျန်းရွှန်ရှင်း၏ မျက်ခုံးမွှေးကြားရှိ နေရာဆီသို့ ရိုက်မိလုနီးပါးဖြစ်တော့မည်။
သို့သော် ဤအခိုက်အတန့်တွင် ကောင်းကင်ယံမှ ရေခဲပမာအေးစက်သည့် အသံက ရုတ်တရက် ထွက်ပေါ်လာသည်။ အသံသည် ကောင်းကင်ဘုံကိုးခုမှ ထိတ်လန့် တုန်လှုပ်ဖွယ် မိုးခြိမ်းသံအလား လူတိုင်း၏နားထဲတွင် ပေါက်ကွဲသွားခဲ့သည်။
"ဒီနေ့ ၊ ခင်ဗျား သူမရဲ့မျက်နှာပေါ်က အမွှေးတစ်မျှင်ကိုထိရဲရင်တောင်ခင်ဗျားကို သင်္ချိုင်းမြေမှာမြုပ်နှံစရာမလိုဘဲ ကျုပ်သေအောင်သတ်ပေးမယ်!"
အေးစက်စက်အသံသည် လီချင်း၏နှလုံးကို ချက်ချင်းပင် အေးစက်သောလေကဲ့သို့ ရိုတ်ခတ်သွားပြီး သူ့ခြေဖဝါးအောက်ခြေမှ ကောင်းကင်ယံအထိ အေးခဲသွားသလို ခံစားလိုက်ရသည်။
ထို့နောက် ပုံရိပ်တစ်ခုသည် ဥက္ကာပျံကဲ့သို့ လီချင်း၏ရှေ့မှာ ဆင်းသက်လာပြီး မြေပြင်သည် ချက်ချင်း ကွဲအက်သွားသည်။
အနက်ရောင် လျှပ်စီးများနှင့်အတူ အန္တရာယ်အငွေ့အသက်များ ပြည့်နေသော လက်သီး တစ်ချက်သည် လီချင်းကို မညှာမတာဘဲ ပြေးဝင်လာခဲ့သည်။ ကြောက်မက်ဖွယ် ကောင်းသော လက်သီးလေတိုးသံသည် ရှေးဟောင်းနတ်ဘုရား၏ ဟိန်းဟောက်သံ ကဲ့သို့ လူတစ်ယောက်၏စိတ်နှလုံးကို တုန်လှုပ်စေ၏။
လီချင်းသည် သူ၏ရှေ့တွင် ရုတ်တရက် ပေါ်လာသော လူငယ်၏ရုပ်အသွင်အပြင်နှင့် ပြင်းထန်သော လက်သီးကို ကြည့်လိုက်သည်။ ချက်ချင်းပင် သူ၏မျက်နှာမှာ ထိတ်လန့် တကြား ဖြစ်သည့်အမူအယာ ပေါ်လာသည်။ သူသည် သူ၏လက်ဖဝါးကို အားအင် အပြည့်ဖြည့်သွင်းကာ အလျင်အမြန် ရိုက်ထုတ်လိုက်ပြီး လူငယ်၏လက်သီးနှင့် ထိပ်တိုက် ရင်ဆိုင်လိုက်သည်။
"ဘုန်း!"
ဆည်ကျိုးသွားသည့် ရေလွှမ်းမိုးမှုတစ်ခုကဲ့သို့ လူငယ်၏လက်သီးမှ ကြောက်မက်ဖွယ် ကောင်းသော အင်အားသည် လီချင်၏လက်ဖဝါးဆီသို့ ချက်ခြင်းထိမှန်သွားသည်။
လီချင်းသည် သူ၏လက်တစ်ခုလုံး ပေါက်ကွဲသွားသည်ကို ခံစားလိုက်ရသည်။ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ခုအောက်တွင် သူသည် ထိန်းမနိုင် သိမ်းမရဖြစ်ကာ နောက်ပြန်ဆုတ်သွားရပြီး မြေပြင်ပေါ်တွင် မီတာတစ်ထောင် ရှည်သော စွပ်ကြောင်းရာကြီးတစ်ခုကို ချန်ထားခဲ့လေသည်။
သို့သော် လူငယ်သည် ထိုနေရာတွင် မလှုပ်မယှက် ရပ်နေသော စစ်နတ်ဘုရားနှင့် တူသည်။
ဤရုတ်တရက် မြင်ကွင်းသည် ရောက်ရှိနေသူအားလုံးကို ထိတ်လန့်သွားစေခဲ့လေ သည်။ ဤလူငယ်သည် ကောင်းကင်ဘုံမှဆင်းသက်လာသော နတ်ဘုရားတစ်ပါးကဲ့သို့ စင်မြင့်ပေါ်တွင် ပေါ်လာခဲ့သည်ကို မြင်လိုက်ရလျှင် သူတို့အားလုံး ထိတ်လန့်သွား ကြသည်။ သူတို့၏ နှလုံးသားထဲတွင် ဖော်မပြနိုင်သော အံ့သြသည့်အကြည့်များ ရှိနေကြသည်။
"ဒါက စီနီယာအစ်ကိုလင်း၊ မဟုတ်ဘူး၊ စီနီယာအစ်ကိုချင်... စီနီယာအစ်ကိုချင် ပြန်လာပြီ!"
ချင်ယွင်သည် လင်းယွင်ဖြစ်၏။ လင်းယွင်သည်လည်း ချင်ယွင်ဖြစ်သည် ဟူသော အချက်သည် ဘိုင်ယွန်စီရင်စုတွင် ယှဉ်ပြိုင်ပြီးနောက် မိုးကြိုးဝိညာဉ် ဂိုဏ်းတစ်ခုလုံး ပျံ့နှံ့သွားခဲ့ပြီးဖြစ်သည်။ ချင်ယွင်၏ရုပ်အသွင်အပြင်အမှန်ကို တပည့်အချို့က မြင်ဖူးသောကြောင့် သူ့ကိုမြင်သည်နှင့် ချက်ချင်းပင် မှတ်မိကြသည်။
သူတို့ အော်ဟစ်ပြောဆိုလိုက်သည်နှင့်၊ မိုးကြိုးဝိညာဉ်းဂိုဏ်းမှတပည့်များသည် အံ့အားသင့်သည့် အမူအရာများကို ထုတ်ဖော်ပြသလာကြသည်။ ချင်ယွင်ကိုကြည့်သည့် သူတို့အကြည့်တွေက ပူလောင်မူတွေနှင့်ပြည့်နှက်နေသည်။
ချင်ရွှန်းရွှန်းသည် ချင်ယွင်၏ရုပ်အသွင်အပြင်ကိုမြင်သောအခါတွင်အံ့သြမူနှင့်အတူ အံ့သြမှုအရိပ်အယောင်များက သူမ၏မျက်လုံးများမှ ထွက်ပေါ်လာသည်။ သို့သော်လည်း ဤအံ့အားသင့်မှုကို သူမသည် ကျွမ်းကျင်စွာ ဖုံးကွယ်ထားခဲ့သည်။
မြေပြင်ပေါ်တွင် လဲလျောင်းနေသော ဘိုင်ချီဟန်သည် အားကိုးရာမဲ့ဖြစ်ကာ ခါးသီးသော အပြုံးကို ထုတ်ဖော်လိုက်သည်။ သူက ချင်ယွင်၏ နောက်ကျောကို ကြည့်ပြီး ချင်ယွင်၏လက်ချက်ဖြင့် လွင့်ထွက်သွားသည့် လီချင်းကို ကြည့်လိုက်သည်။ သူက ကူကယ်ရာမဲ့ဖြစ်ကာ ပြုံးပြီး ပြောလိုက်သည် “ဒီကောင်က တကယ့်ကို မွန်းစတားတစ်ကောင်ပဲ။ ဒီလိုအရေးကြီးတဲ့အခိုက်အတန့် ပေါ်လာတိုင်း သူက ထင်ပေါ် ကျော်ကြားမူအားလုံးကို ခိုးယူသွားတယ်”။
လဲ့ရှောင်တင်း နှင့် တော်ဝင်အကြီးအကဲတို့သည်လည်း အံ့အားသင့်သည့် အမူအရာများ ထုတ်ဖော်ပြလာကြသည်။ အထူးသဖြင့် ချင်ယွင်၏ လက်သီးချက်က လီချင်းကို အဝေးသို့ ဆုတ်ခွာသွားစေသည်ကို သူတို့တွေ့လိုက်ရသည့် အခါတွင် သူတို့၏ မျက်လုံးများတွင် မျှော်လင့်ချက် အရိပ်အယောင်များ ပေါ်လာသည်။
သို့သော်လည်း အဝေးမှာရှိနေသည့် လျှို့ဝှက်ဆန်းကြယ်သော အနက်ရောင် ဝတ်စုံဝတ် အမျိုးသားအကြောင်း တွေးကြည့်သောအခါတွင် သူတို့၏မျက်လုံးများတွင် ထွက်ပေါ် လာသည့် မျှော်လင့်ချက် အရိပ်အယောင်များလည်း ပျောက်ကွယ်သွားရသည်။
ချင်ယွင်သည် ထိုအနက်ရောင်ဝတ်စုံဝတ်အမျိုးသားကို ကိုင်တွယ်ဖြေရှင်းနိုင်မည်ဟု သူတို့ မထင်ခဲ့ကြပေ။ ထိုလူသည် သိုင်းဧကရာဇ်အဆင့်၏ စွမ်းအားနှင့် အလွန် နီးကပ်နေသည်ဟု ခန့်မှန်းရ၏။
လီချင်းကို လက်သီးတချက်ဖြင့် လွင့်ပျံသွားစေလိုက်ပြီးနောက်၊ ချင်ယွင်သည် သူ၏ ပတ်ဝန်းကျင်ရှိ အမျိုးမျိုးသော အကြည့်များကို လျစ်လျူရှုကာ ကျန်းရွှန်ရှင်းဆီကို လှည့်ကြည့်လိုက်သည်။
ကျန်းရွှန်ရှင်းသည် အချိန်အတော်ကြာအောင် တရှုံ့ရှုံ့ဖြင့် ငိုကြွေးနေသော်လည်း ဤငိုကြွေးမှုသည် ဝမ်းနည်းခြင်းမဟုတ်ဘဲ ရုတ်တရတ် ဖြစ်ပေါ်လာသည့်အံ့သြမှုနှင့် ပျော်ရွှင်မှုတို့ကြောင့် ဖြစ်သည်။
မူလကတည်းကချောမောလှပသောမျက်နှာသည် ပန်းတစ်ပွင့် ချက်ခြင်း ပွင့်သွား သကဲ့သို့ လှပပြီး လှုပ်ရှားသက်ဝင်နေခဲ့သည်။ တောက်ပသော မျက်လုံးတစ်စုံသည် ချင်ယွင်ကိုသာ စူးစူးစိုက်စိုက်ကြည့်နေပြီး မျက်လုံးများတွင် တောက်ပသော အလင်းရောင်ကိုယ်စီ ထွက်ပေါ်လာသည်။
ချင်ယွင်သည် သူမဘက်သို့ လျှောက်လှမ်းသွားပြီး မျက်လုံးထောင့်မှ မျက်ရည်စများကို သုတ်ပေးလိုက်သည်။ သူ့နှလုံးသားက နာကျင်မူများပြည့်နှက်နေပြီး ပြောလိုက်သည် “ငါ နည်းနည်းလေး နောက်ကျသွားတယ်။ ငါတောင်းပန်ပါတယ်”။
ဤစကားကိုကြားရလျှင် ကျန်းရွှန်ရှင်း၏ မှားယွင်းနေသော အတွေးများသည် ရေကာတာကျိုးသွားသည့် မြစ်တစ်စင်းကဲ့သို့ အဆုံးမရှိ စီးဆင်းသွားသည်။ သူမက ချင်ယွင်ကို တင်းတင်းကျပ်ကျပ် ပွေ့ဖက်လိုက်ပြီး သူမတစ်ကိုယ်လုံးကို သူ့ရင်ခွင်ထဲသို့ ပစ်ဝင်လိုက်သည်။ သူမနှလုံးသားက ပျော်ရွှင်မှုတွေနှင့် ပြည့်နေသည်။
"သိပ်နောက်မကျသေးပါဘူး၊ ငါ နင့်ကိုတွေ့နိုင်ပြီးမှတော့ ငါသေမယ်ဆိုလည်း သေပျော်ပါပြီ" ကျန်းရွှန်ရှင်းက ချင်ယွင်၏ ရင်ခွင်ထဲတွင် ငိုရှိုက်သံဖြင့် ပြောလိုက်သည်။
ချင်ယွင်က ပြုံးပြီး ကျန်းရွှန်ရှင်း၏ ခေါင်းကို ပွတ်သပ်ကာ ပြောလိုက်သည် “ ငါ ဒီမှာရှိနေမှတော့ မင်းကို ငါက သေခွင့်ပြုမှာတဲ့လား”။
ထိုစကားကိုကြားလျှင် ကျန်းရွှန်ရှင်းက ချက်ချင်းပြုံးလိုက်ပြီး သူမ၏လှပသည့် မျက်လုံးတွေက ပိုလို့တောင် သက်ဝင် လှပလာခဲ့သည်။
"ဖတ်၊ ဖတ်၊ ဖတ်!"
လက်ခုပ်သံများ ဆက်တိုက်ထွက်ပေါ်လာသည်။
အားလုံးက အသံ၏ဦးတည်ရာဆီကို လှည့်ကြည့်နေကြသည်။
လီချင်းသည် အပျက်အစီးပုံပေါ်မှ တွားသွားထလာကာ သူ၏မျက်နှာပေါ်မှာ ရက်စက်ကြမ်းကြုတ်သည့် အပြုံးဖြင့် ပြောသည် "သိပ်ကိုကြည်နူးစရာကောင်းတဲ့ မြင်ကွင်းတစ်ခုပဲ။ သေခါနီးမှာ မန်ဒရင်းဘဲလေးစုံတွဲတစ်တွဲ ဖြစ်လာဖို့ ကံကြမ္မာက သတ်မှတ်ပေးခဲ့တယ်။ တကယ်ကို ကြည်နူးစရာပါပဲ!"
At Chinese weddings, it’s common to see motifs of Mandarin ducks on various decorations. In Chinese culture, Mandarin ducks are believed to be extremely faithful to their partner, and are symbols of love, devotion, affection and fidelity. (မန်ဒရင်းဘဲလေးစုံတွဲလို့ တင်စားရခြင်းအကြောင်းကို ဗဟုသုတသိရအောင်လို့ တင်ပေးလိုက်ပါသည်)။
ချင်ယွင်က ကျန်းရွှန်ရှင်းကို သူ့ရင်ခွင်ထဲမှ လွှတ်လိုက်ပြီး သူမကို အရင်ဆုံးဘေးမှာ ရပ်နေရန် အချက်ပြလိုက်သည်။ ထို့နောက် သူသည် မျက်နှာပေါ်တွင် အထင်မြင်သေး ဟန်ဖြင့် မထီမဲ့မြင်ပြုမူနေသော လီချင်းဘက်ကိုလှည့်ပြီး ကြည့်လိုက်သည်။
“မင်းက ငါ့ကို အနိုင်ယူဖို့ အရမ်းကို ယုံကြည်မူရှိနေတာလား” လီချင်းက ချင်ယွင်ကို တစ်ချက်ကြည့်လိုက်ပြီး ယုံကြည်ချက်ရှိသော အပြုံးကို ထုတ်ဖော်လိုက်သည်။ ထို့နောက် သူကပြောလိုက်သည် “မင်းရဲ့အကြောင်းတွေကို ငါကြားဖူးထားတယ်။ မင်းက ဘိုင်ယွန်စီရင်စုပြိုင်ပွဲမှာ ပထမဆုရရှိခဲ့တယ်။ မင်းရဲ့ရုပ်ပိုင်းဆိုင်ရာခွန်အားက အရမ်းကို သန်မာပြီး မင်းရဲ့ကျင့်ကြံမှုအရှိန်အဟုန်ကလည်း အရမ်းမြန်တယ်။ မင်းက တကယ်ကို မွန်းစတားအဆင့်မှာရှိတဲ့ ပါရမီရှင်တစ်ယောက်ပဲ။ ဒါပေမယ့်….။
"ဒါပေမယ့် ဘာဖြစ်လဲ?" ချင်ယွင်က အပြုံးနှင့်အတူ မေးလိုက်သည်။
"ဟမ့်၊ မင်းရဲ့လက်ရှိကျင့်ကြံမှုအဆင့်က သိုင်းမြို့စားနယ်ပယ်ရဲ့စတုတ္တအဆင့် ကောင်းကင်အလွှာ အထွတ်အထိပ်မှာပဲရှိသေးတယ်။ ဒီတော့ မင်းရုပ်ခန္ဓာကိုယ်က သန်မာနေတယ်ဆိုရင်တောင် ဘာလုပ်ရမှာလဲ၊ ငါ မင်းအနားမကပ်ပဲ မင်းကိုသတ်ဖို့ နည်းလမ်းတစ်သောင်းလောက်ရှိတယ်" လီချင်းက သူ၏မျက်လုံးများကို မှေးကျဉ်း လိုက်ပြီး အေးစက်စွာ အော်ပြောလိုက်သည်။ ချင်ယွင်၏ သူ့အပေါ် သဘောထားသည့် ပုံစံက သူ့ကို အလွန်အမင်း စိတ်မချမ်းမသာ ဖြစ်စေခဲ့သည်။
" လီချင်း ၊ သတိထား။ ဒီကလေးက အရမ်းထူးဆန်းတယ်။ သူ့ရဲ့ စိတ်ဝိညာဉ်စွမ်းအားက ငါ့ထက်တောင် အစွမ်းထက်တယ်။" လျှို့ဝှက်ဆန်းကြယ်သော အနက်ရောင်ဝတ်ရုံဝတ် အမျိုးသားဆီမှ စူးရှသောအသံတစ်ခု ထွက်ပေါ်လာသည်။
လီချင်းသည် ရုတ်တရက် ထိတ်လန့်သွားပြီး ချင်ယွင်ကိုကြည့်သည့် သူ၏ အကြည့်များ တွင်လည်း ထိတ်လန့်သွားသည်။
စိတ်ဝိညာဉ်စွမ်းအားက သခင်တောင်ပံနက် အထက်မှာရှိနေတာလား။
ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။
သခင်တောင်ပံနက်သည် မြို့ပေါင်းများစွာကို ဝါးမြိုခဲ့သည်။ သန်းပေါင်းများစွာသော လူများ၏ စိတ်ဝိညာဉ်များကို ဝါးမြိုပြီးနောက် သူ၏စိတ်ဝိညာဉ်စွမ်းအားသည် ကြောက်မက်ဖွယ်ကောင်းအောင်ပင် မြင့်မားသည့်အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ဤကောင်လေး၏ စိတ်ဝိညာဉ်စွမ်းအားက သခင်တောင်ပံနက်၏အထက်မှာ ရှိနေသည် ဆိုသည်ကို သူ မည်ကဲ့သို့ ယုံကြည်နိုင်မည်နည်း။
အကယ်၍ သခင်တောင်ပံနက်ကိုယ်တိုင်သာ မပြောခဲ့ဘူးဆိုပါက တဖက်လူက သူ့ကို လိမ်နေသည်ဟုပင် သူထင်နေလိမ့်မည်။
ဘေးတွင်ရပ်နေသော ချင်ယွင်သည် သဘာဝအတိုင်း အံ့အားသင့်သွားသည်။ သူသည် အနက်ရောင်ဝတ်စုံဝတ် လျှို့ဝှက်ဆန်းကြယ်သော အမျိုးသားကို လှည့်ကြည့်ကာ သူ၏မျက်လုံးများတွင် ကြောက်ရွံ့မှု အရိပ်အယောင်များ ရှိလာခဲ့သည်။
သိုင်းဧကရာဇ်တစ်ပိုင်းအဆင့်လား။
သိုင်းဧကရာဇ်အဆင့်နှင့် အလွန်နီးကပ်နေသည့် ကျွမ်းကျင်သူတဦးသည် ပုံမှန် အတိုင်း ဆို ထွက်ပေါ်လာမည် မဟုတ်ပေ။ သို့သော်၊ အကယ်၍ ဤလူသည် အထူး နည်းလမ်း အချို့ကို အသုံးပြုပြီး၊ အခြားသူများ၏စိတ်ဝိညာဉ်များကို ဝါးမြိုခြင်းဖြင့် ဤအဆင့်သို့ ရောက်ရှိသွားသည် ဖြစ်လိမ့်မည်။
သူသည် တစ်ဆို့နေသော နယ်ပယ်တစ်ခုသို့ ရောက်သောအခါ၊ စိတ်ဝိညာဉ်များကို လုံလောက်အောင် ဝါးမျိုပြီးနောက် သိမ်မွေ့နက်နဲနယ်ပယ် နှလုံးသားကို သိပ်သည်းခြင်း မပြုဘဲပင် သိုင်းဧကရာဇ်နယ်ပယ်သို့ ဖြတ်ကျော်သွားနိုင်မည် ဖြစ်သည်။ ဤသည်မှာ ရှေးခေတ်မိစ္ဆာလမ်းစဉ်ကျင့်ကြံသူများ၏ အထူးကျင့်ကြံခြင်း နည်းစနစ်တစ်ခုဖြစ်သည်။ အင်မော်တယ်ကမ္ဘာမှာပင် ထိုကျင့်ကြံခြင်းနည်းစနစ်မျိုး ပျောက်ကွယ်သွားခဲ့သည်မှာ ကြာခဲ့ပါပြီ၊ ဒါပေမယ့် အခု အမှန်တကယ် ထွက်ပေါ် လာပြန်ပါပြီ။
အံ့သြစရာမဟုတ်တော့ပေ။ သူ၏ရှေ့မဤလူသည် ဤမိစ္ဆာလမ်းစဉ်ကျင့်ကြံခြင်း နည်းစနစ်ကို ကျင့်ကြံထားကာ လူသန်းပေါင်းများစွာ၏အသက်ဖြင့် သိုင်းဧကရာဇ် တစ်ပါးဖြစ်လာရန် သူ၏လမ်းကြောင်းအတွက် အခြေခံအုတ်မြစ် ချနေခြင်း ဖြစ်လေသည်။
"ဒီလူငယ်ကို ငါ ကိုယ်တိုင်ကိုယ်ကျ လှုပ်ရှားလိုက်မယ်။ မင်းက တခြားသူတွေနဲ့ ရင်ဆိုင်လိုက်ပါ။ ဒီလူငယ်ရဲ့စိတ်ဝိညာဉ်ကို ငါ ဝါးမျိုနိုင်တာနဲ့ သိုင်းဧကရာဇ်နယ်ပယ်ကို ရောက်ရှိနိုင်မယ်လို့ ငါခံစားနေရတယ်။ သိုင်းဧကရာဇ်နယ်ပယ်ရဲ့ ဒုတိယအဆင့် ကောင်းကင်အလွှာကိုတောင် တက်လှမ်းနိုင်လိမ့်မယ်။ ။"
အနက်ရောင်ဝတ်စုံဝတ်အမျိုးသား၏ စူးရှရှအက်ကွဲသည့် အသံထဲတွင် အဆုံးမဲ့ လောဘများဖြင့် ပြည့်နှက်နေလေသည်။
"ဟုတ်ကဲ့ပါ သခင်တောင်ပံနက်!" လီချင်းက အမြန်ပြန်ဖြေလိုက်ပြီး ချင်ယွင်ဘက်ကို လှည့်ကြည့်လိုက်သည်။ သူ့မျက်လုံးများတွင် သရော် လှောင်ပြောင်ဟန်များ ပြည့်နှက် နေလေသည်။ သခင်တောင်ပံနက်ကိုယ်တိုင် ဒီကောင်စုတ်လေးကို တိုက်ခိုက်ဖို့ ပြောပြီဆိုမှတော့ သေချာပေါက် သေလူတစ်ယောက်ဖြစ်သည်ဟု ပြောလိုက်သလိုပင်။
ချင်ယွင်က ဘာမှမထူးခြားဟန်ဖြင့် တခစ်ခစ်ရယ်ပြီး ကောင်းကင်ယံကို လက်ခုပ်တီးပြ လိုက်ကာ ပြောသည် “အရူးမကြီး.. ကျုပ် လီချင်းကို ခင်ဗျားအတွက် ထားခဲ့လိုက်မယ်!"
အားလုံးက ကောင်းကင်ယံကို အံ့သြခြင်းကြီးစွာဖြင့် မော့ကြည့်လိုက်ကြသည်။ ကောင်းကင်ယံတွင် အလင်းတန်းတစ်ခုပေါ်လာပြီး ချင်ယွင်၏ရှေ့သို့ ချက်ချင်း ဆင်းသက်လာသည်။ သူမက ချင်ယွင်ကို အေးစက်စွာကြည့်ပြီး အော်ပြောလိုက်သည် “ငါ့ကို အရူးမကြီးလို့ ထပ်မခေါ်စမ်းနဲ့!"
မိုးကြိုးဝိညာဉ်ဂိုဏ်းမှ တပည့်များသည် သူတို့၏မျက်နှာပေါ်တွင် အံ့အားသင့်သော အမူအရာများပေါ်လာကြပြီး ရုတ်တရက် ထွက်ပေါ်လာသော ဤမျှလှပသော အမျိုးသမီးကို ကြည့်ကြသည်။
သို့သော်၊ မိုးကြိုးဝိညာဉ်ဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင်နှင့် တော်ဝင် အကြီးအကဲ ရှင်းယွန်တို့၏ မျက်လုံးများသည် ချက်ချင်းပင် လင်းလက်သွားကြပြီး သူတို့သည် တညီတညာ ပြောလိုက်ကြသည် " ကျောက်စိမ်းရေစက်သိုင်းမြို့စား!"
အခန်း (၂၈၇) လျှို့ဝှက်ဆန်းကြယ်သောအနက်ရောင်ဝတ်စုံဝတ်အမျိုးသား။
" ပိရှစ်သိုင်းမြို့စားလား?"
မိုးကြိုးဝိညာဉ်ဂိုဏ်းမှ တပည့်များသည် ထိုစကားကိုကြားသောအခါ သူတို့၏ မျက်နှာများသည် ထိတ်လန့်တုန်လှုပ်သွားကြသည်။
"သိုင်းမြိုးစားကြီးလေးပါးထဲ တစ်ပါးအပါဝင်ဖြစ်တဲ့ ပိရှစ်သိုင်းမြို့စားလား, သူမ အကြောင်းကို သူတို့ မည်သို့ မကြားဖူးဘဲနေမည်နည်း။
သိုင်းမြို့စားဘိုင်ယွန်၏ စွမ်းအားသည် ဘိုင်ယွန်စီရင်စုတစ်ခုလုံးတွင် လူသိများသည်။ အကယ်၍ ပိရှစ်သိုင်းမြို့စားသည် သိုင်းမြို့စားဘိုင်ယွန်ကဲ့သို့ ထင်ရှားကျော်ကြားသည့် မြို့စားကြီးတစ်ပါးဖြစ်လာပါက၊ သူမ၏ စွမ်းအားသည် အလွန်သန်မာနေမည်မှာ သေချာပါသည်။ ယင်းကြောင့် မိုးကြိုးဝိညာဉ်ဂိုဏ်းမှ တပည့်များသည် ပျော်ရွှင်သည့် အမူအယာကို ထုတ်ဖော်ပြသလာကြသည်။
မူလက သူတို့သည် အလွန်စိတ်ပျက်လက်ပျက် ဖြစ်နေပြီ။ ချင်ယွင်၏ ထွက်ပေါ်လာ မူသည် သူတို့အား မျှော်လင့်ချက်မီးတောက်များ ယူဆောင်လာခဲ့ သော်လည်း အရုဏ်တက်မည့်မျှော်လင့်ချက်မျိုးကို မတွေ့ရသေးပေ။ ယခု ပိရှစ်သိုင်းမြို့စားသည် တစ်ဖန်ပြန်ပေါ်လာပြန်ပြီး သူတို့ရှေ့မှာ အမှန်အရုဏ်တက်လာနေပြီဟု ခံစားလိုက်ရ သည်။
ဒါပေမယ့် စောစောလေး ချင်ယွင်၏ 'အရူးမ'ဟူသည့်စကား သူတို့ကို အံ့အား သင့်စေခဲ့ပါသည်။ ဤစီနီယာအစ်ကို ချင်ယွင်သည် အမှန်တကယ်ပင် ရဲတန်းလွန်း သည်။ သူက သိုင်းမြို့စားကြီးလေးပါးထဲ တစ်ပါးအပါဝင် ဖြစ်သည့် ပိရှစ်သိုင်းမြို့စားကို အရူးမဟုခေါ်ရဲ၏။ ဤသတ္တိသည် သာမန်သတ္တိမျိုး မဟုတ်ပေ။
အမှန်တကယ်တော့ ချင်ယွင်သည် ပိရှစ်သိုင်းမြို့စားကို အရူးမဟု ခေါ်ဆိုဝံ့ရုံသာမက သိုင်းမြို့စားကြီးလေးပါးထဲက တစ်ပါးအပါဝင်ဖြစ်သည့် ဇူထျန်းယုကို သတ်ပစ်ခဲ့ သည်ကို သူတို့ မသိခဲ့ကြပါဘူး။ အကယ်၍ ထိုအကြောင်းကိုသာ သူတို့သိသွားခဲ့လျှင် မည်သို့ခံ စားရမည်နည်းဆိုသည်ကို မသိနိုင်တော့ပေ။
ပိရှစ်သိုင်းမြို့စားထွက်ပေါ်လာသည်ကိုမြင်သောအခါ လီချင်း၏မျက်နှာသည် ဖြူဖျော့ သွားခဲ့သည်။ ပိရှစ်သိုင်းမြို့စား၏အင်အားသည် သူ့ထက် မြင့်မားသည်။ ယင်းက သူ့ကို ဆိုးရွားသည့် ကြိုတင်သတိပေးချက်တစ်ခု ပေးနေခဲ့သည်။
"ဟမ့်၊ မင်းက ဘာကိုကြောက်နေတာလဲ။ မင်းက တခဏကြာအောင် တောင့်ခံ ထားနိုင်ဖို့ပဲလိုတယ်။ အဲဒီချင်ယွင်ဆိုတဲ့ကောင်လေးရဲ့ စိတ်ဝိညာဉ်ကို ငါ ဝါးမျို လိုက်တာနဲ့ ငါက သိုင်းဧကရာဇ်နယ်ပယ်ကို အောင်အောင်မြင်မြင် ဖြတ်ကျော် နိုင်တော့မှာ။ အဲဒီအချိန်ရောင်ရင် ပိရှစ်သိုင်းမြို့စား ရောက်လာတော့ရော ဘာဖြစ်လဲ? (ပိရှစ်သိုင်းမြို့စား) မကလို့ သိုင်းမြို့စားကြီးလေးပါးလုံး ရောက်လာခဲ့ရင် တောင် သူတို့ကို ထာဝရ လျစ်လျူရူထားနိုင်သေးတယ်" အနက်ရောင်ဝတ်ရုံဝတ် လျှို့ဝှက် ဆန်းကြယ်သော အမျိုးသားသည် ကြောက်ရွံ့မှုအရိပ်အယောင်ပြသနေသော လီချင်းကို အေးစက်စွာ အော်ပြောလိုက်သည်။
ထိုစကားကိုကြားလျှင် လီချင်း၏မျက်နှာပေါ်က ကြောက်ရွံ့မှုများ ချက်ချင်း ပျောက်သွားသည်။ သူသည် ပိရှစ်သိုင်းမြို့စားကို ပြန်ကြည့်လိုက်ပြီး သူ့မျက်နှာပေါ် မည်သည့်ကြောက်ရွံ့မှုမှ မရှိတော့ပေ။ ယင်းအစား၊ သူ၏အကြည့်များသည် ပိရှစ် သိုင်းမြို့စား၏ ဖွံ့ဖြိုးစွင့်ကားသည့်ရုပ်အသွင်အပြင်ကို ညစ်ညမ်းသည့်အကြည့်များ ပြည့်နှက်နေသည့် မျက်လုံးများဖြင့် စုချည်ဆန်ချည် လှန်လှောကြည့်ရူလိုက်သည်။
ချင်ယွင်သည် ဤမြင်ကွင်းကိုမြင်သောအခါ သူသည် မထိန်းနိုင်ဘဲ ပြုံးလိုက်မိ၏။ သူက ပိရှစ်သိုင်းမြို့စားအား ပြောလိုက်သည်"အရူးမ၊ ဒီလီချင်းက ခင်ဗျားကို စိတ်ဝင်စားနေ ပုံရတယ်။ ဆိုတော့ သူ့ကို ခင်ဗျားအတွက် ထားခဲ့လိုက်မယ်။ ပြီးတော့ တစ်ခုမှတ်ထားဦး။ နောက်ဆုံးမှ ၊ တကယ်လို့ သူ အသက်ရှင်နေမယ်ဆိုရင် ကျွန်တော်အတွက် အသုံးတည့်လိမ့်မယ်"
ပိရှစ်သိုင်းမြို့စားသည် ချင်ယွင်ကို စိုက်ကြည့်နေသည်။ ရှင်းရှင်းပြောရရင်၊ ချင်ယွင်က သူမကို အရူးမဟု ခေါ်သည်ကို အလွန်စက်ဆုပ်နေခဲ့သည်မှာ ထင်ရှားပါသည်။ သို့သော်လည်း ယခုအချိန်တွင်တော့ လီချင်း၏ အောက်တန်းကျသော အကြည့်ကို သူမက ပို၍ပင် ရွံရှာသွားခဲ့သည်။
"ဟမ့်၊ မင်းအတွက် သူ့ကို အသက်ရှင်လျှက် ထားမထားက ငါ့စိတ်ခံစားချက်ပေါ်မှာပဲ မူတည်တယ်!" ပိရှစ်သိုင်းမြို့စားသည် သူမလက်ထဲတွင် အေးစိမ့်နေသော အပြာရောင် ရေခဲဓားတစ်လက်ပေါ်လာပြီး အေးစက်စွာ နှာခေါင်းရှုံ့ကာ လီချင်းဆီသို့ အပြေးအလွှား ဝင်ရောက်သွားခဲ့သည်။
လီချင်းသည် ပိရှစ်သိုင်းမြို့စားဆီ တဟုန်ထိုးအပြေးအလွှား ဝင်ရောက်လာသည်ကို မြင်သောအခါ သူ့မျက်နှာသည် လေးနက်သည့် အမူအရာ ပေါ်လာသည်။ သူ၏ လက်ထဲတွင် သွေးရောင်လှံတစ်ချောင်း ပေါ်လာပြီး ကမန်းကတန်း တုံ့ပြန်လိုက်သည်။
ချင်ယွင်သည် လီချင်းကို လုံးဝဖိနှိပ်ထားသည့် ပိရှစ်သိုင်းမြို့စားကို တစ်ချက် ကြည့်လိုက်ပြီး သူ၏မျက်နှာတွင် အပြုံးတစ်ခု တောက်ပလာသည်။
ပိရှစ်သိုင်းမြို့စား၏ အစွမ်းသည် လီချင်းထက်သာလွန်နေပြီး ပိရှစ်သိုင်းမြို့စား၏ ဓားသိုင်းသည် သက်သတ်လွတ်ရှောင်ကြဉ်မည်မဟုတ်ပေ။ လီချင်းသည် သူ့အသက်ကို ကယ်တင်ရန်အတွက် အထူးနည်းလမ်းမရှိခဲ့လျှင် ဤတိုက်ပွဲတွင် သည်းထိတ်ရင်ဖိုစရာ ကောင်းမည် မဟုတ်တော့။
ချင်ယွင်သည် ပိရှစ်သိုင်းမြို့စားနှင့် လီချင်းတို့ကြား တိုက်ပွဲကို ဂရုမစိုက်တော့ဘဲ သူ၏ရှေ့တွင်ရှိနေသည့် လျှို့ဝှက်ဆန်းကြယ်သော အနက်ရောင်ဝတ်ရုံဝတ် အမျိုးသားကို ကြည့်လိုက်သည်။
ဤလျှို့ဝှက်ဆန်းကြယ်သော အနက်ရောင်ဝတ်ရုံဝတ်အမျိုးသားက သူ့ကို ထူးဆန်း သော ခံစားချက်ကို ပေးစွမ်းသည်။ သူ၏တစ်ကိုယ်လုံးကို အနက်ရောင်ဝတ်ရုံဖြင့် ဖုံးအုပ်ထားသည်။ အနက်ရောင်ဦးထုပ်အောက်မှာတောင် မည်းမှောင်နေတာကြောင့် သူ၏ မျက်နှာကို ရှင်းရှင်းလင်းလင်း မမြင်ရပေ။
အရေးအကြီးဆုံးမှာ၊ ဤလျှို့ဝှက်ဆန်းကြယ်သော အနက်ရောင်ဝတ်ရုံ ဝတ်အမျိုးသား ၏စွမ်းအားသည် သိုင်းဧကရာဇ်တစ်ပိုင်းအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ဤအရာက လွယ်လွယ်ကူကူ ကိုင်တွယ်လို့ရသည့် ကိစ္စမဟုတ်ပါဘူး။
သိုင်းဧကရာဇ်နယ်ပယ်၏ ပထမအဆင့် ကောင်းကင်အလွှာ နှင့် သိုင်းမြို့စား နယ်ပယ် ၏ နဝမအဆင့် ကောင်းကင်အလွှာ အထွက်အထိပ်တို့ အကြား အဆင့်အတန်း တစ်ခုသာ ကွာဟသော်လည်း ဤကွာဟချက်ကို ချောက်နက် ကြီးတစ်ခုအလား ကြီးမားသည့် ကွာဟမူအဖြစ်သာ ဖော်ပြနိုင်ပေသည်။
သိုင်းမြို့စားနယ်ပယ်မှ သိုင်းဧကရာဇ်နယ်ပယ်သို့ တက်လှမ်းရန်အတွက် အရေးကြီးသည့် အခိုက်တန့်ကာလတွင်ရှိနေကြသော မရေမတွက်နိုင်သော သိုင်းမြို့စားအဆင့် ကျွမ်းကျင်သူများသည် သူတို့၏ ဘဝတစ်သက်တာတစ်ခုလုံး ဖြတ်သန်းခဲ့ကြပါသော်လည်း သိုင်းဧကရာဇ်အဆင့်ကို ဖြတ်ကျော်နိုင်ခြင်း မရှိခဲ့ကြပေ။
သူ၏ရှေ့တွင်ရှိနေသည့် လျှို့ဝှက်ဆန်းကြယ်သော အနက်ရောင် ဝတ်စုံဝတ်အမျိုးသား သည်ပင် လူသန်းပေါင်းများစွာ၏ စိတ်ဝိညာဉ်များကို ဝါးမြိုပြီးခဲ့သော်လည်း သူသည် သိုင်းဧကရာဇ်တစ်ပိုင်းအဆင့်သို့သာ ရောက်ရှိသွားခဲ့သည်။ သိုင်းဧကရာဇ်နယ်ပယ်သို့ ဖြတ်ကျော်ရန် မည်မျှခက်ခဲသည်ကို တွေးကြည့်နိုင်ပါသည်။
လျှို့ဝှက်ဆန်းကြယ်သော အနက်ရောင်ဝတ်စုံဝတ် အမျိုးသားသည် ချင်ယွင်ကို လှည့်ကြည့်လိုက်သည်။ အနက်ရောင်ဦးထုပ်အောက်မှာ တွင်းနက်တစ်ခုရှိနေသည်ဟု ချင်ယွင်သည် သူ့ကိုကြည့်နေသည့် အနက်ရောင်ဝတ်ရုံအမျိုးသားထံမှ ခံစားနေရဆဲ ဖြစ်သည်။
"အံ့ဩစရာပဲ၊ အံ့ဩစရာပဲ၊ တကယ့်ကို အံ့ဩစရာပဲ။ သိုင်းမြို့စားအဆင့် ကျွမ်းကျင်သူ တစ်ယောက်မှာ ဘယ်လိုဖြစ်ပြီး ဒီလိုအစွမ်းထက်တဲ့ စိတ်ဝိညာဉ်ရှိနိုင်မှာလဲ။ မင်းရဲ့ စိတ်ဝိညာဉ်က အဲဒီသိုင်းဧကရာဇ်တွေရဲ့ စိတ်ဝိညာဉ်တွေနဲ့တောင်မှ မိုင်ပေါင်း တစ်သိန်းရှစ်ထောင်လောက် ကွာခြားသေးတယ်။" လျှို့ဝှက်ဆန်းကြယ်သော အနက်ရောင်ဝတ်စုံဝတ်အမျိုးသား၏ စူးရှအက်ကွဲသည့်အသံက ထွက်ပေါ်လာခဲ့ပြီး သူ့လေသံမှာ ပြင်းထန်သော စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေပုံရသည်။
ချင်ယွင်သည် သူ၏နှလုံးသားထဲတွင် လှောင်ရယ်နေရုံမှတပါး ဘာမှ မတတ်နိုင်ခဲ့ပေ။ အခုဆို သူ၏စိတ်ဝိညာဉ်က သိုင်းဧကရာဇ်တစ်ပါး၏ စိတ်ဝိညာဉ်နှင့် နှိုင်းယှဥ် ခံလိုက်ရ၏။ ဤအရာသည် ရယ်စရာဟာသတစ်ခု ဖြစ်နေသည် မဟုတ်ပါလော။
သူ၏စိတ်ဝိညာဉ်သည် အစစ်အမှန် အင်မော်တယ်နယ်ပယ်သို့ အမှန်တကယ် ချိုးဖြတ် ဝင်ရောက်ခဲ့သော စိတ်ဝိညာဉ်ဖြစ်သည်။ ထုံးစံအတိုင်း၊ သူ၏စိတ်ဝိညာဉ်သည် အလွန်အစွမ်းထက်သည်။ သူ၏ကိုယ်ပွားတွေအတွက် သူ၏စိတ်ဝိညာဉ်ကို ခွဲထုတ်ခဲ့ခြင်းကြောင့်သာ၊ မဟုတ်ပါက ချင်ယွင်၏စိတ်ဝိညာဉ်စွမ်းအားသည် ယခုအချိန်ဆို ပို၍ပင် အားကောင်းနေလိမ့်မည်။
"ခင်ဗျားက ကောင်းကင်နတ်ဆိုးအဖွဲ့ကလား။" ချင်ယွင်က မေးသည်။
ယခင်က သူသည် ဤနေရာသို့လာသည့်လမ်းမှာကတည်းက သူ၏ စိတ်ဝိညာဉ် စွမ်းအားဖြင့် ကောင်းကင်မိုးကြိုးရင်ပြင်ကို ကြည့်ရှုစစ်ဆေးခဲ့ပြီးဖြစ်ကာ လီချင်း၏ စကားများသည် သူ၏နားထဲသို့ သဘာဝအတိုင်း ဝင်ရောက်လာခဲ့သည်။
ယခုအချိန်မှာတော့ သူက အရင်မေးလိုက်သည်။ အဘယ့်ကြောင့်ဆိုသော် သူသည် လျှို့ဝှက်ဆန်းကြယ်သည့် အနက်ရောင်ဝတ်စုံဝတ် အမျိုးသား၏ ကိုယ်ရေးအချက် အလက်မှန်ကို တကယ်သိချင်လို့ ဖြစ်သည် ။
ဒုတိယအချက်မှာ အချိန်ဆွဲလို၍ ဖြစ်သည်။ ချင်ယွင်၏လက်ရှိအင်အားဖြင့် အမြင့်ဆုံး နဝမအဆင့် ကောင်းကင်အလွှာ အထွက်အထိပ် သိုင်းမြို့စားအဆင့် ကျွမ်းကျင်သူ တစ်ဦးကို ကိုင်တွယ်ဖြေရှင်းရန် ဖြစ်နိုင်သော်လည်း သိုင်းဧကရာဇ်တစ်ပိုင်းအဆင့်နှင့် ယှဉ်ပါက ရလဒ်တစ်ခုသာ ထွက်ပေါ်လာလိမ့်သည်-။ ထိုရလာဒ်ကတော့ အရှုံးပင် ဖြစ်သည်။
ယခု လီချင်းကို ပိရှစ်သိုင်းမြို့စားက အနိုင်မယူနိုင်မချင်း သူဆက်ပြီး အချိန်ဆွဲထား နိုင်သမျှ၊ ဒါမှမဟုတ် ကျိုးယုက တော်ဝင်အကြီးအကဲ သုံးယောက်ကို ဆင့်ခေါ်နိုင်သမျှ၊ လူတိုင်းက ထိုလျှို့ဝှက်ဆန်းကြယ်သည့် အနက်ရောင်ဝတ်စုံဝတ်အမျိုးသားကို ဝိုင်းရံ တိုက်ခိုက်ပြီး အနိုင်ယူဖို့ အခွင့်အလမ်း ပိုရှိလာလိမ့်မည်။
သို့သော်လည်း လျှို့ဝှက်ဆန်းကြယ်သည့် အနက်ရောင်ဝတ်စုံဝတ် အမျိုးသားသည် လူအတစ်ယောက် မဟုတ်ပေ။ ချင်ယွင်၏ ရည်ရွယ်ချက်များကို မြင်သောအခါ အနက်ရောင်ဝတ်စုံအောက်တွင် 'အောင်နိုင်သူကဲ့သို့ ရယ်မောလိုက်လေသည်။
လျှို့ဝှက်ဆန်းကြယ်သော အနက်ရောင်ဝတ်စုံဝတ်အမျိုးသားသည် ပါးလွှာသည့် လေထုထဲသို့ အမှန်တကယ် ပျောက်ကွယ်သွားသည်ကို တွေ့ရှိရသောကြောင့် ချင်ယွင်၏ အမူအရာမှာ ရုတ်တရက် ပြောင်းလဲသွားသည်။
ထို့နောက် မှောင်မှိုက်သည့်လေပြင်းက တိုက်ခတ်လာပြီး အနက်ရောင်ပုံရိပ်တစ်ခုသည် ချင်ယွင်၏လမ်းကို ပိတ်ဆို့လိုက်လေသည်။
ချင်ယွင်၏ အမူအရာမှာ သိသိသာသာ ပြောင်းလဲသွားသည်။
ဘယ်လောက်တောင်မှ ကြောက်စရာကောင်းလိုက်တဲ့ အရှိန်အဟုန် အမျိုးအစားလဲ။ တစ်ဖက်လူသည် သူ့ရှေ့မှာရှိနေပါလျှက်နဲ့ ရှင်းရှင်းလင်းလင်း မမြင်နိုင်တော့ဘူး။
ချင်ယွင်သည် သူ့ခန္ဓာကိုယ်ရှိ ဝိညာဉ်စွမ်းအင်အားလုံးကို လျင်မြန်စွာ စုဆောင်းပြီး သူ၏ခွန်အားအားလုံးကို လက်သီးတွင် စုဆောင်းကာ အနက်ရောင်ဝတ်စုံဝတ် အမျိုးသားဆီသို့ ဦးတည်ထိုးလိုက်သည်။
သို့သော် ယခုအခိုက်တွင်၊ လျှို့ဝှက်ဆန်းကြယ်သော အနက်ရောင်ဝတ်စုံဝတ် အမျိုးသား၏ အနက်ရောင်ဝတ်ရုံအောက်မှ အဖြူရောင်လက်တစ်ဖက်သည် ဆန့်ထုတ် ထွက်လာခဲ့ပြီး ချင်ယွင်၏ရင်ဘတ်ကို လျှပ်စီးကြောင်းကဲ့သို့ ရိုက်ချလိုက်သည်။
ချင်ယွင်သည် သူ၏ရင်ဘတ်သည် သံတူကြီးဖြင့် ပြင်းပြင်းထန်ထန် ရိုက်ခွဲ ခံလိုက်ရ သကဲ့သို့ ချက်ချင်းပင် ခံစားလိုက်ရပြီး မခံမရပ်နိုင်သော အင်အားတစ်ခုက တောင်ကြီး ပြိုကျလာသကဲ့သို့ သူ၏ရင်ဘတ်ပေါ် ဆင်းသက်လာခဲ့သည်။
ချင်ယွင်၏တစ်ကိုယ်လုံးသည် အဝေးဆီသို့ ပြင်းပြန်ထန်ထန် လွင့်ထွက်သွားခဲ့သည်။ သူ၏ နောက်မှာရှိနေသည့် မြင့်မားသည့်စင်မြင့်ကို ဆောင့်မှန်သွားသည်။ သူသည် မရပ်တန့်မီအချိန်အထိ နှစ်မီတာမြင့်သော စင်မြင့်ကြီးထဲသို့ နစ်မြုပ်သွားခဲ့ရသည်။ အပျက်အစီးများ ဆက်တိုက် လိမ့်ဆင်းလာပြီး သူ့ကိုယ်ပေါ်သို့ ထိုးကျသွားသည်။
ချင်ယွင်သည် မထိန်းနိုင်တော့ဘဲ သွေးချောင်းဆိုးပြီး ပါးစပ်မှသွေးများ အန်ထုတ် လိုက်ရသည်။ သူသည် လျှို့ဝှက်ဆန်းကြယ်သည့် အနက်ရောင်ဝတ်စုံဝတ် အမျိုးသား ကို ပြန်ကြည့်လိုက်ရင်း သူ၏မျက်လုံးများတွင် ဖော်ပြလို့မရသည့် ထိတ်လန့် တုန်လှုပ် သည့် အမူအရာတစ်ခု ပေါ်လာသည်။
ဒါက ဘယ်လိုစွမ်းအားမျိုးလဲ။
ဤသည်မှာ အဆင့်တစ်ခုရှိသည့် တိုက်ပွဲတစ်ပွဲ မဟုတ်ဘူးလား? ထိုလူသည် သိုင်းဧကရာဇ်တစ်ပိုင်းအဆင့် ဖြစ်သည်။ အကယ်၍ ထိုလူသာ အစစ်အမှန် သိုင်းဧကရာဇ် တစ်ယောက်ဖြစ်နေမည်ဆိုလျှင် ထိုလက်ဖဝါးက သူ့ကို အစိတ်အမွှာမွှာ ဖြစ်သွားသည်အထိ ရိုက်နှက်ခံရမှာ မဟုတ်လား။
သို့သော်လည်း ယခုအချိန်တွင် လျှို့ဝှက်ဆန်းကြယ်သော အနက်ရောင်ဝတ်စုံဝတ် အမျိုးသားသည် ချင်ယွင်ကို အသက်ရှုရန်အတွက် အခွင့်အရေးပေးရန် ကြံရွယ်ထားပုံ မပေါ်ပေ။ သူသည် ချင်ယွင် ဦးတည်ရာဆီသို့ ပြေးဝင်သွားပြန်သည်။ သူ့ပုံသဏ္ဍာန်သည် လေဟာနယ်ထဲတွင် အဆက်မပြတ်ခုန်နေသကဲ့သို့ဖြစ်နေပြီး အလွန်ထူးဆန်းနေသည်။ တစ်စက္ကန့်၊ နှစ်စက္ကန့်အတွင်းမှာ သူသည် မီတာတစ်ရာအကွာတွင် ပေါ်လာသည်။
ထိုမြင်ကွင်းကိုမြင်လိုက်ရလျှင် ချင်ယွင်၏မျက်နှာက အံ့အားသင့်ဟန် ချက်ချင်း ဆိုသလို ထွက်ပေါ်လာသည်။ သူက အော်ပြောလိုက်သည် "ရှောင်ကျင်း၊ တိုက်ခိုက် တော့!"
ချင်ယွင်၏ ကျယ်လောင်သော ဟောက်သံကြောင့် ရွှေမျက်လုံးမျောက်ဝံကြီးသည် ချင်ယွင်၏ရှေ့တွင် ပေါ်လာသည်။ ရွှေရောင်အလင်းတန်းနှစ်စင်းက ပင်လယ်ရေ နက်ပိုင်း ရွှေ ရွှေမျက်လုံးမျောက်ဝံကြီး၏ မျက်လုံးများမှ ထွက်ပေါ်လာခဲ့ပြီး လေထဲတွင် ရွှေလှံနှစ်ချောင်းအဖြစ် ဆန့်ထုတ်ကာ လျှို့ဝှက်ဆန်းကြယ်သော အနက်ရောင် ဝတ်စုံဝတ်အမျိုးသားဆီသို့ လျင်မြန်စွာ ပစ်လွှတ်လိုက်လေသည်။
အခန်း (၂၈၈) လေးယောက်တစ်ယောက်။
ရွှေရောင်အလင်းတန်းနှစ်ခုသည် ကောင်းကင်ယံကို ဖြတ်၍ချက်ချင်း ထိုးဖောက် ဝင်ရောက်သွား၏။ အလွန်သေးငယ်ကျဉ်းမြောင်းသည့် ကြိုးနှစ်ချောင်းကို လေထဲတွင် ဆွဲထုတ်လိုက်သကဲ့သို့ဖြစ်ပြီး လေဟာနယ်တစ်ခုလုံးပင် တုန်ခါသွားပုံရသည်။
လူအားလုံးက ဥက္ကာပျံကဲ့သို့ လင်းလက်နေသည့် ရွှေရောင်အလင်းတန်းများကို ကြည့်လိုက်ကြသည်။ သူတို့၏ မျက်နှာများသည်တုန်လှုပ်ခြောက်ခြားမှုများဖြင့် ပြည့်နှက်နေသည်။ ရွှေရောင်အလင်းတန်းနှစ်ခုက သူတို့ကို ကြောက်စရာကောင်းသည့် ခံစားချက်များ ပေးစွမ်းသည်။ ရွှေရောင်အလင်းတန်းများမှ ထွက်ပေါ်လာသော ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအင်အတက်အကျများသည် ဤရွှေရောင် အလင်းတန်းသည် ကမ္ဘာပေါ်ရှိအရာအားလုံးကို ထိုးဖောက်ဝင်ရောက်ရန် လုံလောက်ပြီ ဟု ခံစားရစေသည်။
"အယ်!"
မူလကတည်းကရှေ့သို့ပြေးဝင်လာခဲ့သည့် လျှို့ဝှက်ဆန်းကြယ်သော အနက်ရောင် ဝတ်စုံဝတ်အမျိုးသားလည်း အံ့သြသည့် အရိပ်အယောင်တွေ ရှိနေပါသည်။ သူသည် သူ၏ခြေလှမ်းများကို ရပ်တန့်လိုက်သည်။ အနက်ရောင်ဝတ်စုံဝတ်အမျိုးသားထံမှ အဖြူရောင်လက်နှစ်ချောင်း ဆန့်တန်းထွက်ပေါ်လာပြီး ကြောက်မက်ဖွယ်ကောင်း သော အနက်ရောင် အငွေ့အသက်များက သူ၏လက်ထံမှ ချက်ချင်း ထွက်ပေါ်လာ သည်။
ဘန်း!
ရွှေရောင်အလင်းတန်းနှစ်စင်းသည် ဥက္ကာပျံများကြွေကျသွားသည့်အလား အနက်ရောင် ဝတ်ရုံဝတ်အမျိုးသား၏ လက်ဖဝါးနှင့် အရှိန်ဟုန်ပြင်းထန်စွာ ဝင်တိုက်သွားခဲ့သည်။
လျှို့ဝှက်ဆန်းကြယ်သော အနက်ရောင်ဝတ်စုံဝတ်အမျိုးသား၏ ခန္ဓာကိုယ်သည် ရုတ်တရက် တုန်ခါသွားကာ သူ၏တစ်ကိုယ်လုံးသည် နောက်သို့ လျင်မြန်စွာ ရွေ့လျားသွားခဲ့သည်။
ချွန်ထက်သောရွှေလှံနှစ်ချောင်းသည် သူ့လက်ဖဝါးရှေ့ သုံးလက်မ အကွာတွင် လျင်မြန်စွာ လှည့်ပတ်ထိုးဖောက်နေသော်လည်း ၎င်းသည်တစ်လက်မမျှ မတိုးနိုင်တော့ ပေ။ လှံနှင့်လက်ဖဝါးစွမ်းအင်လှိုင်းအကြား ပွတ်တိုက်မှုကြောင့် လှပခမ်းနားသော အလင်းရောင်တစ်ခု ဖြစ်ပေါ်လာသည်။
“ဘာလဲဟ?" ဤမြင်ကွင်းကို မြင်သောအခါ ချင်ယွင်၏ မျက်လုံးများ ပြူးကျယ် သွားသည်။
ချင်ယွင်သည် ရှောင်ကျင်း၏ မွေးရာပါနတ်ဘုရားစွမ်းရည်ကို ကိုယ်တိုင်ကိုယ်ကျ တွေ့ကြုံခံစားဖူး၏။ ထိုကြောက်မက်ဖွယ်ကောင်းသော အရှိန်အဟုန်၊ ကြောက်မက် ဖွယ်ကောင်းသော အကျိုးသက်ရောက်မှုသည် သာမန် နဝမအဆင့် ကောင်းကင်အလွှာ သိုင်းမြို့စားအဆင့်ကျွမ်းကျင်သူသည်ပင် ခုခံနိုင်သည့်အရာ မဟုတ်ပေ။
ယခု ရှောင်ကျင်းသည် နောက်ထပ် အဆင့်ချိုးဖြတ်မှုတစ်ခုကို ပြုလုပ်နိုင်ခဲ့သဖြင့် သူ၏ ခွန်အားသည် နဝမအဆင့် ကောင်းကင်အလွှာ သိုင်းမြို့စားအဆင့်သို့ ရောက်ရှိသွားခဲ့ပြီး သူ၏ မွေးရာပါနတ်ဘုရားစွမ်းရည်၏စွမ်းအားသည်လည်း အလွန်တိုးတက်လာခဲ့သည်။ သို့သော်လည်း လျှို့ဝှက်ဆန်းကြယ်သည့် အနက်ရောင်ဝတ်စုံဝတ်အမျိုးသားသည် ၎င်းကို အလွယ်တကူ တားဆီးနိုင်လိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။
ချင်ယွင်သည် သူ၏မျက်လုံးများကိုပင် မယုံကြည်နိုင် ဖြစ်ရ၏။ သိုင်းဧကရာဇ်တစ်ပါး သည် အလွန်အစွမ်းထက်ကြောင်း သူသိသော်လည်း၊ ထိုသို့သော သိုင်းဧကရာဇ်တစ်ပါး ကို သူ ယခင်က တစ်ခါမျှ မကြုံဖူးသေးပေ.။ ထိုကြောင့် ပြိုင်ဘက်၏ အစစ်အမှန် စွမ်းအားကို သူ တိတိကျကျ မဆုံးဖြတ်နိုင်ပေ။
ယခုမူ၊ လျှို့ဝှက်ဆန်းကြယ်သော အနက်ရောင်ဝတ်စုံဝတ်အမျိုးသားသည် သိုင်းဧကရာဇ်တစ်ပိုင်းအဆင့်မျှသာ ဖြစ်သော်လည်း ထိုလူသည် ချင်ယွင် အကျပ် အတည်းကို ပြင်းထန်စွာ ခံစားရစေသည်အထိ သိုင်းဧကရာဇ်အဆင့်နှင့် အကန့်အသတ် မရှိတော့လောက်အောင်ပင် အလွန်နီးကပ်နေပုံရ၏။
"သောက်အရေးမပါတာ!"
လျှို့ဝှက်ဆန်းကြယ်သော အနက်ရောင်ဝတ်စုံဝတ်အမျိုးသားက ကျယ်လောင်စွာ အော်ပြောလိုက်သည်။ သူသည် ညာခြေဖြင့် မြေပြင်ပေါ် ဆောင့်နင်းလိုက်လေ၏။ သူ၏ ခြေဖျားက ကြမ်းပြင်အောက်အထိ ချက်ခြင်း နစ်မြုပ်သွားပြီး နောက်ပြန် ဆုတ်သွားသည့် သူ၏ခန္ဓာကိုယ်သည်လည်း ချက်ချင်း ရပ်တန့်သွားခဲ့သည်။
ထိုအခိုက်တွင် ကြောက်မက်ဖွယ် စွမ်းအားများပါရှိသော ရွှေလှံနှစ်ချောင်းသည် ၎င်းတို့၏စွမ်းအားအားလုံး ဖြတ်တောက်ခံရကာ မြေပြင်ပေါ်သို့ ပြုတ်ကျပြီး 'တရွှင်ရွှင်' မြည်အသံများ ထွက်လာသည်။
ပတ်ဝန်းကျင်မှာရှိနေသည့် မိုးကြိုးဝိညာဉ်ဂိုဏ်းတပည့်များနှင့် အခြားသူများသည် တုန်လှုပ်ချောက်ချားသွားကြသည်။ ရွှေလှံတစ်ချောင်းက သူတို့ကိုသတ်ရန်ပင် လုံလောက်သည်။ သို့တိုင် လျှို့ဝှက်ဆန်းကြယ်သော အနက်ရောင်ဝတ်စုံဝတ် အမျိုးသားသည် ၎င်းကို အလွယ်တကူ တားဆီး ပိတ်ဆို့ထားသည်။ယင်းကြောင့် သူတို့သည် ချင်ယွင်အတွက် စိုးရိမ်စိတ် စတင်ဝင်လာရုံသာ တတ်နိုင်တော့သည်။
ချင်ယွင်သည် မြေတွင်းနက်မှထလာကာ လျှို့ဝှက်ဆန်းကြယ်သည့် အနက်ရောင် ဝတ်စုံဝတ်အမျိုးသားကို ကြောက်ရွံ့သော မျက်လုံးများဖြင့် ကြည့်လိုက်သည်။
"ဒီတစ်ခါတော့ ငါ့အင်အားတွေ အကုန်သုံးရလိမ့်မယ်ထင်တယ်" ချင်ယွင်က သူ့ကိုယ်သူ တွေးနေသည်။
ထိုသို့ပြောပြီးနောက် ချင်ယွင်၏အနားတွင် ကြီးမားသောအသွင်သဏ္ဍာန်ကြီးတစ်ခု ပေါ်လာသည်။
ရှောင်ဘိုင်၏ မီတာရာပေါင်းများစွာ ရှည်လျားသော ခန္ဓာကိုယ်ကြီးသည် ချင်ယွင်၏ အနားတွင် ပေါ်လာသည်။ သူ၏ခန္ဓာကိုယ်သည် နဝမအဆင့် ကောင်းကင်အလွှာ သိုင်းမြို့စားအဆင့်ကျွမ်းကျင်သူ၏ အငွေ့အသက်များကို ထုတ်လွှတ်နေသည်။ သူ၏ နီမြန်းသော မျက်လုံးတစ်စုံသည် အဝေးမှ ထူးဆန်းသော အနက်ရောင် ဝတ်စုံဝတ် အမျိုးသားအား စိုက်ကြည့်နေသည်။
ရှောင်ကျင်းသည်လည်း အနက်ရောင်ဝတ်စုံဝတ်အမျိုးသားကို လိုချင်စိတ် ပြင်းပြသည့် အမူယာဖြင့် စိုက်ကြည့်လိုက်ရင်း ထိတ်လန့်တကြား ဖြစ်လောက်သည့် အော်သံက လည်း ကောင်းကင်မိုးကြိုးရင်ပြင်တစ်ခုလုံး တုန်လှုပ်သွားစေသည်။
အဆင့်လေး ဧရာမသတ္တဝါကြီး နှစ်ကောင်သည် ချင်ယွင်အနားတွင် လက်ဝဲဘက်တွင် တစ်ကောင်နှင့် လက်ယာဘက်တွင်တစ်ကောင် အနေထားဖြင့်ရပ်နေပြီး ဧရာမ အစောင့်အကြပ် သားရဲကြီးနှစ်ကောင်ကဲ့သို့ သူ့ကို စောင့်ကြပ်ထားသည်။
မိုးကြိုးဝိညာဉ်ဂိုဏ်း၏တပည့်များသည် ထိတ်လန့်တုန်လှုပ်သွားကြသည်။ သူတို့သည် အင်မော်တယ်တပါးကို ကြည့်နေကြသည့်အလား ချင်ယွင်ကို ကြည့်နေကြ၏။ အကြောင်းအရင်းမရှိဘဲ၊ ကြောက်စရာကောင်းသည့်အဆင့်လေး ဆိတ်သုဉ်းခြင်း သားရဲနှစ်ကောင်သည် ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
သို့သော် သူတို့ကို ထိတ်လန့်တုန်လှုပ်သွားစေသည်မှာ မလှုပ်မယှက် ရပ်နေသော ချင်ယွင်သည် ရုတ်တရက် နှစ်ခြမ်းကွဲသွားသည်။ ထို့အပြင်၊ သူတို့၏ အဝတ်အစားများသည် အဖြူ အမည်းဖြစ်ပြီး အရေးအကြီးဆုံးမှာ သူတို့နှစ်ဦးသည် တထေရာတည်း တူနေခြင်း ဖြစ်သည်။
ယင်းက သူတို့ကို မူးဝေသွားသလို ခံစားရစေသည်။ သူတို့ကရော အဘယ့်ကြောင့် ရုတ်တရက် လူနှစ်ယောက် ဖြစ်သွားရတာလဲ။
တော်ဝင်အကြီးအကဲရှင်းယွန်က အံ့သြခြင်း မရှိတော့ပေ။ သူသည် ချင်ယွင် သူ၏ ကိုယ်ပွားကို အသုံးပြုခဲ့သည်ကို မြင်ဖူးခဲ့သည်။ သို့သော် နောက်စက္ကန့်အကြာတွင် သူလည်း အံ့အားသင့်သွားရသည်။
အဖြူရောင်ဝတ်စုံ၀တ်ဆင်ထားသည့် ချင်ယွင်၏နောက်တွင် ကြီးမားလှသော အနီရောင်မီးလျှံတောင်ပံကြီးတစ်စုံကို ဖြန့်ကြက်ထားသည်။ ၎င်းသည် အလွန် တောက်ပနေပြီး ချင်ယွင်၏ကိုယ်ခန္ဓာမှ အနက်ရောင်အကြေးခွံများ ထွက်ပေါ်လာ ပြန်သည်။ နောက်ဆုံးတွင် ၎င်းတို့သည် အလွန်အေးစက်သည့် နဂါးကြေးခွံ အနက်ရောင်ချပ်ဝတ်အဖြစ်သို့ ရောက်ရှိလာကြသည်။
"ငါ့လခွမ်းပေါ့ကွ ၊ မင်းက အပြတ်အသတ်အမိုက်စားဖြစ်ပြီး အာရုံဖမ်းစား ခံချင်နေတာ လားကွာ ။" မိုးကြိုးဝိညာဉ်ဂိုဏ်း၏တပည့်အချို့က ချင်ယွင်ကို ကြည့်ရင်း တုန်လှုပ် ခြောက်ခြားသွားကြကာ သူတို့၏မျက်လုံးများတွင် အဆုံးမဲ့ လေးစားသဘောကျ မှုများဖြင့် ပြည့်နေရင်း အံ့အားတသင့် ရေရွတ် ပြောဆိုကြသည်။
နဂါးကြေးခွံအနက်ရောင်ချပ်ဝတ်၊ ကြီးမားသောနဂါးတောင်ပံများ၊ ကိုယ်ပွားနှစ်ခုနှင့် အလွန်ကြောက်မက်ဖွယ်ကောင်းသော အဆင့်လေး ဧရာမသတ္တဝါကြီးနှစ်ကောင်။ သူတို့၏အစွမ်းကို ထုတ်မပြောဘဲ၊ ဤအငွေ့အသက်တစ်ခုတည်းကပင် လူများစွာကို သေသည်အထိ ကြောက်လန့်သွားစေနိုင်သည်။
ချဲ့ကားခြင်းမရှိဘဲ ပြောရမည်ဆိုလျှင် ချင်ယွင်၏ လက်ရှိလူစာရင်းသည် မိုးကြိုးဝိညာဉ် ဂိုဏ်းတစ်ခုလုံးကိုပင် ဖျက်ဆီးပစ်ရန် လုံလောက်ပါသည်။
အဝေးမှာရှိနေသည့်မိုးကြိုးဝိညာဉ်ဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင် လဲ့ရှောင်တင်းသည် ဤမြင်ကွင်းကို မြင်လိုက်ရလျှင် ထိတ်လန့်သွားသည်။ တစ်ဖက်တွင်၊ တော်ဝင်အကြီး အကဲ ရှင်းယွန်၏ မျက်လုံးများသည် တောက်လောင်သော အလင်းရောင်များ ထွက်ပေါ်နေပြီး သူ၏နှလုံးသားသည် ချင်ယွင်အတွက် မျှော်လင့်ချက်များ ပြည့်နှက်နေ၏။
ဤမြင်ကွင်းကို မြင်လိုက်ရလျှင် ဘိုင်ချီဟန်က အလွန်အံ့သြသွားသော်လည်း ယဉ်ပါးနေပုံရသည်။ သူက အမှန်တရားကို ပြောလိုက်သည် "အင်း, ချင်ယွင်, ချင်ယွင်, မင်းက တကယ်ကို အဓိကဇာတ်ကောင်ရဲ့ဘဝကို ပိုင်ဆိုထားတာပဲ!"
ကိုယ်ပွားနှစ်ခုနှင့် ဆိတ်သုဉ်ခြင်းသားရဲနှစ်ကောင်၏ အငွေ့အသက်သည် ကောင်းကင်ယံတိုင် ပျံတက်သွားခဲ့ပြီး ကောင်းကင်မိုးကြိုးရင်ပြင်တစ်ခုလုံးကို ချက်ချင်း လွှမ်းခြုံသွား၏။ (ကိုယ်ပွားနှစ်ခုဟုဆိုသော်လည်း သစ်သားစွမ်းရည် ကိုယ်ပွားကို ထုတ်ဖော်အသုံးပြုခြင်းမရှိပေ။ အစစ်မှန်ခန္ဓာကိုယ်နှင့် လျှပ်စီးစွမ်းရည် ကိုယ်ပွားကို ဆိုလိုခြင်း ဖြစ်ပါသည်။)
"အင်း? စိတ်ဝင်စားဖို့ကောင်းတယ်။ တကယ်ကို ကိုယ်ပွားတစ်ခုရှိနေတာပဲ။ ဒါ့ပြင် စိတ်ဝိညာဉ်စွမ်းအားကလည်း အရမ်းအားကောင်းလွန်းနေသေးတယ်!" လျှို့ဝှက် ဆန်းကြယ်သော အနက်ရောင်ဝတ်စုံဝတ်အမျိုးသားသည် ဤစကားတစ်ခွန်းကို ထုတ်ဖော်ပြောလိုက်ပြီး သူ၏အသံမှာ အံ့သြမှုနှင့်အတူ စိတ်လှုပ်ရှားမှုတို့ ရောထွေး နေသည်။
ချင်ယွင်သည် လျှို့ဝှက်ဆန်းကြယ်သည့် အနက်ရောင်ဝတ်စုံဝတ် အမျိုးသားကို အေးစက်သော အမူအရာဖြင့် ကြည့်နေဆဲဖြစ်ပြီး၊ သူ၏မျက်လုံးများတွင် အဆုံးမရှိ တိုက်ပွဲဝင်လိုစိတ်များ ပြည့်နှက်နေသည်။
သူချင်ယွင်သည် မည်သည့်ရန်သူကိုမှ အမှန်တကယ် မကြောက်ရွံ့ခဲ့ပေ။ အကယ်၍ ရန်သူက သန်မာသည်ဆိုလျှင်တောင် တန်ပြန်တိုက်ခိုက်လိုသည့် နှလုံးသား ရှိနေဆဲ ဖြစ်သည်။
သူ၏ရှေ့တွင်ရှိနေသည့် လျှို့ဝှက်ဆန်းကြယ်သော အနက်ရောင်ဝတ်စုံဝတ် အမျိုးသား အပေါ်မှာလည်း အလားတူပင်။ သူ၏ခွန်အားသည် ချင်ယွင်ကို အန္တရာယ် ဖြစ်စေသည်ဟု ခံစားမိသော်လည်း၊ သူသည် အမှန်တကယ်ပင် ကြောက်လန့်ခြင်း မရှိပေ။
"ဟမ့်၊ အကယ်လို့ လေးယောက် တစ်ယောက် တိုက်ခိုက်မယ်ဆိုရင် ခင်ဗျားကို အနိုင်မယူနိုင်ဘူးဆိုတာ ကျုပ်မယုံဘူး!" "တိုက်!" ချင်ယွင် အော်ပြောလိုက်သည်။
သူ၏ဘေးနားရှိ ဧရာမသားရဲကြီးနှစ်ကောင်က တစ်ချိန်တည်းမှာပင် ဟိန်းဟောက် လိုက်သည်နှင့် သူတို့၏ဟိန်းဟောက်သံများက ကောင်းကင်ယံတိုင် ချက်ချင်း ပျံ့တက်သွားခဲ့သည်။
ထိုနောက်တွင် ချင်ယွင်၏လျှပ်စီးစွမ်းရည်ကိုယ်ပွား၊ အစစ်အမှန်ခန္ဓာကိုယ် နှစ်ယောက်နှင့် ဧရာမသားရဲကြီးနှစ်ကောင်သည် လျှို့ဝှက်ဆန်းကြယ်သော အနက်ရောင် ဝတ်စုံဝတ်အမျိုးသားဆီသို့ ချက်ခြင်းပင် ပြေးဝင်သွားကြသည်။
အနက်ရောင်ဝတ်စုံဝတ်အမျိုးသားသည် အလွန်တည်ငြိမ်လှသည်။ သူသည် ထိုမူလနေရာမှာပင် ရပ်နေဆဲဖြစ်ပြီး သူ့ဆီဦးတည်လာနေသည့် ပုံရိပ်လေးခုကို ကြည့်လိုက်၏။ သူသည် နောက်ထပ် ရက်စက်ကြမ်းကြုတ်သည့် ရယ်မောသံဖြင့် ရယ်မောလိုက်သည်။
ချင်ယွင်၏ မျက်လုံးများသည် အေးစက်သော အလင်းရောင်ဖြင့် လင်းလက်သွားသည်။ သူ၏နောက်က နဂါးအတောင်ပံတွေကို တဖျပ်ဖျပ်ခတ်ပြီး အနက်ရောင်ဝတ်စုံဝတ် အမျိုးသားရှေ့မှာ အရင်ဆုံးပေါ်လာသည်။ အနက်ရောင်လျှပ်စီးကြောင်းတစ်လွှာသည် သူ၏လက်သီးများကို ဖုံးလွှမ်းကာ အနက်ရောင်ဝတ်ရုံလူဆီသို့ တိုက်ရိုက် တိုးဝင်သွားသည်။
လျှို့ဝှက်ဆန်းကြယ်သော အနက်ရောင်ဝတ်စုံဝတ်အမျိုးသားသည် အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး လျှပ်စီးလက်သလို ပေါ်လာသည်။ သူသည် ချင်ယွင်၏ နဂါးတောင်ပံများကို ဖမ်းချုပ်ကိုင်ကာ သဲအိတ်များကဲ့သို့ လွင့်ပစ်ချ လိုက်သည်။
"မင်းမှာ အကူတွေ ဘယ်လောက်ပဲများများ အသုံးမကျဘူး!"
လျှို့ဝှက်ဆန်းကြယ်သော အနက်ရောင်ဝတ်စုံဝတ်အမျိုးသား၏ အသံသည် မြေပြင် ပေါ်သို့ ပြုတ်ကျသွားသော ရေခဲတုံးတစ်တုံးကဲ့သို့ အေးစက်စွာ ထွက်ပေါ် လာသည်။ ထို့နောက် ကြောက်စရာကောင်းသော မြင်ကွင်းတစ်ခု ပေါ်လာသည်။
လျှို့ဝှက်ဆန်းကြယ်သော အနက်ရောင်ဝတ်စုံဝတ်အမျိုးသားသည် ရှောင်ကျင်း၏ ရှေ့မှာ ပေါ်လာပြီး လက်ဖဝါးရိုက်ချက်ဖြင့် သူ့ကို လွင့်ထွက်သွားစေ လိုက်သည်။ တစ်ချိန်တည်းမှာပင် အနက်ရောင်ဝတ်စုံဝတ်အမျိုးသားသည် ကိုယ်ပွားအပိုတစ်ခု ရှိနေသည့် အလား ရှောင်ဘိုင်၏ရှေ့မှာ ပေါ်လာပြန်သည်။ ရှောင်ဘိုင်သည်လည်း လက်ဖဝါးတချက်ဖြင့် လူးလှိမ့်သွားခဲ့ရ၏။
လျှပ်စီးစွမ်းရည်ကိုယ်ပွားသည် ပို၍ပင် သနားစရာကောင်းသည်။ လျှို့ဝှက် ဆန်းကြယ်သော အနက်ရောင်ဝတ်စုံဝတ် အမျိုးသားသည် သူ၏ရင်ဘတ်ကို တိုက်ရိုက် ထိုးလိုက်ခြင်း ဖြစ်သည်။ သူ၏ရင်ဘတ်ပေါ်ရှိ နဂါးကြေးခွံအနက်ရောင်ချပ်ဝတ်သည် ချက်ချင်းပေါက်ကွဲသွားသည်။
သူ၏တစ်ကိုယ်လုံး ပြင်းထန်စွာ လွင့်ထွက်သွားခဲ့သည်။ သူသည် ကောင်းကင်မိုးကြိုး ရင်ပြင်မှပင် လွင့်ထွက်သွားခဲ့ကာ ဆန့်ကျင်ဘက်အရပ်ရှိ တောင်ထိပ်ကို ထိမှန်ပြီး ကြီးမားသော အပေါက်ကြီးတစ်ခု ဖန်တီးဖြစ်ပေါ်စေသည်။
"ဒါ" မိုးကြိုးဝိညာဉ်ဂိုဏ်းမှ တပည့်များသည် အေးစက်သောလေကို ရှုရှိုက်ရင်း အံ့သြ တုန်လှုပ်သွားကြကာ စကားမပြောနိုင်ကြတော့ပေ။
အခန်း (၂၈၉) ကောင်းကင်ဘုံအောက် အကြီးမြတ်ဆုံးတန်ခိုးရှင်။
ရင်ပြင်ရှိလူတိုင်း အံ့အားသင့်သွားကြသည်။
ချင်ယွင်၏ ကြောက်မက်ဖွယ်ကောင်းသော လူစာရင်းသည် ဤလျှို့ဝှက် ဆန်းကြယ်သော အနက်ရောင်ဝတ်စုံဝတ် အမျိုးသား၏ရှေ့တွင် တစ်ချက် ထိုးနှက်မူကို ပင် မခံနိုင်ခဲ့။ သူကို့ မည်သို့ တိုက်ခိုက်နိုင်တော့မည်နည်း။
စိတ်ပျက်အားငယ်သည့်ခံစားချက်က သူတို့နှလုံးသားကို ချက်ချင်း လွှမ်းခြုံသွားခဲ့သည်။
ချင်ယွင်သည် တွင်းနက်ကြီးအဝမှ မတ်တပ်ထရပ်လိုက်ပြီး သူ၏တစ်ကိုယ်လုံး ကြေကွဲလုမတတ် ဖြစ်သွားသည်။
ချင်ယွင်သည် လွင့်ထွက်သွာသော ရှောင်ကျင်းနှင့်ရှောင်ဘိုတို့ကို တစ်ချက် ကြည့်လိုက် သည်။ သူတို့လည်း ဒဏ်ရာအပြင်းအထန်ရသွားတဲ့အတွက် သူတို့လည်း မတိုက်နိုင်တော့ပါဘူး။
ထို့ကြောင့် ချင်ယွင်သည် သူတို့ကို အစိမ်းရောင်ကြာပန်းစည်းတံဆိပ် လေဟာနယ်ထဲမှာ တိုက်ရိုက် ပြန်သိမ်းဆည်းလိုက်ရသည်။ ထိုနောက်မှသာ သူက ပြန်လှည့်ပြီး မျက်နှာအပေါ်အလွန်လေးနက်သော အမူအရာဖြင့် အဝေးမှာရှိနေသည့် လျှို့ဝှက်ဆန်းကြယ်သော အနက်ရောင်ဝတ်စုံဝတ် အမျိုးသားကို လှမ်းကြည့် လိုက်သည်။
သူ၏ရှေ့မှာရှိနေသည့် အနက်ရောင်ဝတ်စုံဝတ်အမျိုးသားသည် အစွမ်းထက်လွန်း၏။ သူသည် အလွန်အစွမ်းထက်သော နဝမအဆင့် ကောင်းကင်အလွှာ အထွက်အထိပ် သိုင်းမြို့စားအဆင့်ကျွမ်းကျင်သူအားလုံးကို ချေမှုန်းနိုင်ခဲ့သည်။ ထို့ကြောင့်၊ သူ့အနိုင်ရရန်အတွက် အရေအတွက်များကို အားကိုးခြင်းသည်ထင်သလောက် မရိုးရှင်းတော့ပေ။
"ငါတို့ ဘာလုပ်သင့်လဲ ငါတို့ ဘာလုပ်ရမလဲ?" ချင်ယွင်၏ ဦးခေါင်းသည် လျင်မြန်စွာ လည်ပတ်တွေးတောနေသော်လည်း သူ့ရှေ့မှာရှိနေသည့် ဤလျှို့ဝှက်ဆန်းကြယ်သော အနက်ရောင်ဝတ်စုံဝတ်အမျိုးသားကို မည်ကဲ့သို့ ကိုင်တွယ်ရမလဲဆိုသည်ကို မည်သို့မျှ တွေးမရအောင် ဖြစ်နေသည်။
လျှပ်စီးစွမ်းရည်ကိုယ်ပွားသည် အဝေးမှပျံသန်းလာပြီး အစစ်အမှန် မူလခန္ဓာကိုယ် အနားသို့ ဆင်းသက်လာခဲ့သည်။ သူ့ရင်ဘတ်ရှိ နဂါးကြေးခွံအနက်ရောင်ချပ်ဝတ်သည် ပြန်လည်ကောင်းမွန်လာသော်လည်း ရင်ဘတ်တွင် နာကျင်မှုက ရှင်းလင်နေသေး သည်။
"လှည့်ကွက်တွေ ဘာတွေ မရှိတော့ဘူးလား၊ ဒါဆို ကစားပွဲကပြီးသွားပြီ!"
အနက်ရောင်ဝတ်စုံဝတ် အမျိုးသားအထံမှ အက်ရှရှအသံသည် အနက်ရောင်ဦး ထုတ်အောက်မှ အလောတကြီး အသံထွက်လာသည်။ ထို့နောက် သူ၏ တစ်ကိုယ်လုံးသည် အနက်ရောင်လေပြင်းအဖြစ်သို့ ပြောင်းလဲသွားပြီး မျက်စိ တစ်မှိတ် အတွင်းမှာပင် ချင်ယွင်နှင့် လျှပ်စီးစွမ်းရည်ကိုယ်ပွား၏ ကိုယ်ပွားရှေ့တွင် ပေါ်လာသည်။
ချင်ယွင်နှင့် လျှပ်စီးစွမ်းရည်ကိုယ်ပွားတို့သည် မျက်လုံးပြူးပြီး လျင်မြန်စွာ နောက်ဆုတ် ခွာသွားကြသည်။
သို့သော်၊ အနက်ရောင်ဝတ်စုံဝတ်အမျိုးသားသည် ချင်ယွင်လွတ်မြောက်ရန် မည်သို့ အခွင့်အရေး ပေးနိုင်မည်နည်း။ သူသည် အနက်ရောင်ဝတ်ရုံအောက်မှ အဖြူရောင် လက်နှစ်ဖက်ကို ဆန့်ထုတ်ကာ လက်တစ်ဖက်စီတွင် ချင်ယွင်၏ အစစ်အမှန် ခန္ဓာကိုယ်နှင့် လျှပ်စီးစွမ်းရည်ကိုယ်ပွားတို့၏ လည်ပင်းကို ဖမ်းဆုပ်ကာ လေထဲသို့ လွှင့်ပစ်လိုက်သည်။
ချင်ယွင်၏အစစ်အမှန်ခန္ဓာကိုယ်နှင့် လျှပ်စီးစွမ်းရည်ကိုယ်ပွားတို့သည် သူတို့၏ ခွန်အားများအားလုံးကို စုပ်ယူလိုက်သလို ခံစားလိုက်ရသည်။ သူတို့သည် သူတို့၏ခွန်အားများကို လုံးဝအသုံးမချနိုင်တော့ပေ။ သူတို့ခန္ဓာကိုယ်ထဲမှ ဝိညာဉ်ချီကိုတောင် နည်းနည်းလေးမှ စုစည်းလို့မရဘဲ အေးခဲသွားပုံရသည်။
"ဘာဖြစ်နေတာလဲ?" ချင်ယွင် အံ့သြသွားသည်။
"ဟဲ ဟဲ ဟဲ၊ ရုန်းကန်မနေပါနဲ့တော့၊ မင်းတို့ ငါ့လက်ထဲကနေ လွတ်မြောက် နိုင်မှာ မဟုတ်ဘူး။ ဒါက ငါတို့မိစ္ဆာလမ်းစဉ်ကျင့်ကြံသူတွေရဲ့ လျှို့ဝှက်ချက်ပဲ။ သားကောင်က ဘယ်လောက်ပဲ အစွမ်းထက်ပါစေ အဲဒီသားကောင်ကို ငါဖမ်းဆုပ်နိုင်တာနဲ့ လွတ်မြောက်နိုင်မှာ မဟုတ်တော့ဘူး။ ဒီတော့ ငါ့လက်အောက်ငယ်သားအဖြစ် နာခံပြီး ငါ့ရဲ့အစေခံပဲလုပ်လိုက်ပါတော့!" လျှို့ဝှက်ဆန်းကြယ်သော အနက်ရောင်ဝတ်စုံဝတ် အမျိုးသားက ရယ်မောလိုက်သည်။
ချင်ယွင်သည် လျှို့ဝှက်ဆန်းကြယ်သော အနက်ရောင်ဝတ်စုံဝတ်အမျိုးသား၏ ချုပ်နှောင်မှုမှ လွတ်မြောက်ရန် အရူးအမူးကြိုးစားရင်း သူ၏သွားများကို တင်းတင်း ကြိတ်လိုက်သည်။ သို့သော်လည်း သူသည် သူ့ခန္ဓာကိုယ်ပေါ်တွင် ခွန်အား အနည်းငယ်မျှ မထုတ်နိုင်ခဲ့ပေ။ လျှို့ဝှက်ဆန်းကြယ်သော အနက်ရောင်ဝတ်စုံဝတ် အမျိုးသား၏ လက်ဖဝါးသည် ကြီးမားသော ပလာယာကြီးတစ်လက်နှင့်တူသည်၊ ချင်ယွင်ကို တင်းတင်းကျပ်ကျပ် ချုပ်နှောင်ထားသည်။
"ဘယ်လောက်တောင် အစွမ်းထက်တဲ့ စိတ်ဝိညာဉ်ကြီးလဲ။ မင်းကိုသာ ငါစားလိုက်ရင် မင်းသိုင်းဧကရာဇ်နယ်ပယ်ကို ဖြတ်ကျော်သွားလိမ့်မယ်။ အဲဒီအချိန်ရောက်ရင် ဘိုင်ယွန် စီရင်စုတစ်ခုလုံးဟာ ငါ့ရဲ့ နယ်မြေဖြစ်လိမ့်မယ်။" လျှို့ဝှက်ဆန်းကြယ်သော အနက်ရောင်ဝတ်စုံဝတ်အမျိုးသားသည် အရူးအမူး ရယ်မောလိုက်သည်။ သူပြောပြီး သည်နှင့် သူသည် ချင်ယွင်၏ အစစ်အမှန်ခန္ဓာကိုယ်ကို သူ့ရှေ့သို့ ဆွဲထုတ်လိုက်သည်။ အနက်ရောင် ဝတ်စုံဝတ်အမျိုးသား၏ အနက်ရောင်၀တ်ရုံအောက်မှ အစိမ်းရောင် အလင်းတန်းနှစ်ခုက တောက်ပလာပြီး ၎င်းတို့ထံမှ အားပြင်းသော စုပ်ယူမှု စွမ်းအားတစ်ခု ထွက်ပေါ်လာသည်။
ချင်ယွင်သည် သူ၏စိတ်ဝိညာဉ်ကို မမြင်နိုင်သောလက်ကြီးတဖက်ဖြင့် ဆွဲထုတ် လိုက်သလို ခံစားလိုက်ရသည်။ သူသည် နီဝမ်နန်းတော်မှ အပြေးအလွှား ထွက်လာသည့် အရိပ်အယောင်များပင် ပြလာသည်။
"ဟမ့်၊ ကျုပ်ရဲ့စိတ်ဝိညာဉ်ကိုစားချင်တယ်ပေါ့၊ မင်းအိပ်မက်မက်နေလိုက်ဦး!" ချင်ယွင်က အေးစက်စွာ ဟစ်အော်လိုက်သည်။
ဓားအလင်းသည် သူ၏ဝမ်းဗိုက်မှတဆင့် ချက်ချင်း ထိုးဖောက်ထွက်သွားပြီး ထက်ရှသောဓားသည် အနက်ရောင်ဝတ်စုံဝတ် အမျိုးသား၏နှလုံးဆီသို့သာ ပစ်ဝင် သွားလေသည်။
အနက်ရောင်ဝတ်စုံဝတ်အမျိုးသား၏ တုံ့ပြန်မှုကလည်း အရမ်းကို မြန်ဆန်လွန်းသည်။ သူသည် ချင်ယွင်ကို အမြန်လွှတ်လိုက်ပြီး နောက်ဆုတ်လိုက်သည်။
သို့သော်၊ ချင်ယွင်သည် သူ၏အနီးတွင် ရှိနေပြီဖြစ်သောကြောင့် လျှို့ဝှက် ဆန်းကြယ် သော အနက်ရောင်ဝတ်စုံဝတ်အမျိုးသားသည် မည်မျှပင် လျင်မြန်စွာတုံ့ပြန်ခဲ့သည် ဖြစ်စေ ပြင်ဆင်မှုတစ်စုံတစ်ရာမျှ မရှိထားသည့်အတွက် ချင်ယွင်၏ ချွန်ထက်သော ဓားအလင်းက သူ့အား ထိုးမိသွားဆဲဖြစ်သည်။ အနက်ရောင်ဝတ်စုံဝတ်အမျိုးသား၏ ဝမ်းဗိုက်သည် ဟက်တက်ကွဲသွားပြီး ရှည်လျားသော ဒဏ်ရာကြီးအဖြစ်သို့ ပြောင်းလဲသွားကာ သွေးများ စီးကျလာခဲ့သည်။
သစ်သားစွမ်းရည်ကိုယ်ပွားသည် လက်ထဲတွင် ရှေးဟောင်းမိုးပြာရောင် အင်မော်တယ် ဓားကိုကိုင်ထားရင်း ချင်ယွင် အနားတွင် ပေါ်လာသည်။ စောစောလေးက ဓားဖြင့် ထိုးလိုက်သည်လူသည် သစ်သားစွမ်းရည်ကိုယ်ပွား ဖြစ်သည်။ မူလက သူသည် အနက်ရောင်ဝတ်စုံဝတ် အမျိုးသားကို တချက်တည်းဖြင့် သေသည်အထိ ထိုးသတ်ပစ်ချင်ခဲ့သော်လည်း လွတ်မြောက်သွားလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။
မိုးကြိုးဝိညာဉ်ဂိုဏ်း၏ တပည့်များသည် ကွင်းပြင်ပေါ်တွင် အခြားချင်ယွင် တစ်ယောက်ထပ်ပေါ်လာသည်ကို မြင်လိုက်ရပြီးနောက် သူတို့၏ မျက်နှာများသည် အံ့ဩခြင်းများဖြင့် ပြည့်နှက်နေလေသည်။
"ချင်ယွင်မှာ ကိုယ်ပွား ဘယ်နှစ်ယောက်တောင် ရှိနေလဲ" လဲ့ရှောင်တင်းသည် မနေနိုင်တော့ဘဲ တော်ဝင်အကြီးအကဲရှင်းယွန်ကို မေးလိုက်ရတော့သည်။
ရှင်းယွန်က သူမသိနားမလည်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။ ချင်ယွင် ကိုယ်ပွားကို အသုံးပြုသည်ကို ယခင်က သူမြင်ခဲ့ဖူးသော်လည်း အခြားကိုယ်ပွားတစ်ခု ရှိမည်ဟု သူ မမျှော်လင့်ခဲ့ပေ။ ချင်ယွင်သည် သူတို့ထင်ထားသည်ထက် ပိုမိုနက်ရှိုင်းစွာ ဖုံးကွယ်ထားပုံရသည်။
လျှို့ဝှက်ဆန်းကြယ်သော အနက်ရောင်ဝတ်စုံဝတ်အမျိုးသားသည် သူ၏ဝမ်းဗိုက်မှ သွေးများ စီးကျနေသည်ကို လျစ်လျူရှုခဲ့သည်။ ယင်းအစား သူက ခေါင်းကိုမော့ပြီး တူညီသည့် ချင်ယွင် သုံးယောက်ကို အဝေးက ကြည့်လိုက်တယ်။ ဒေါသထွက်မည့် အစား သူက ပြုံးပြီးပြောသည် "ကောင်းလိုက်တာ ကောင်းလိုက်တာ၊ နောက်တစ်ခု ရှိနေသေးတယ်။ ဒီနေ့ ငါ ကံကောင်းနေပုံရတယ်။ မူလက ဒီလိုစိတ်ဝိညာဉ်မျိုးတစ်ခု တွေ့ရတာ ကံကောင်းမူကြီးတစ်ခုလို့ ငါထင်ခဲ့ပေမယ့် သုံးယောက်ကြီး တွေ့ရလိမ့်မယ်လို့ မမျှော်လင့်ထားဘူး။ သူတို့ကို ချက်ချင်းကြီး တွေ့လိုက်ရတာ၊ ဒါက ငါဟေးယုကို ကောင်းကင်ဘုံက ကောင်းချီးပေးနေတာပဲ...ဟား..ဟား....."။ (သခင်တောင်ပံနက်နှင့် ဟေးယုသည် အတူတူပင် ဖြစ်ပါသည်။)
ချင်ယွင်သည် ထူးဆန်းစွာ ရယ်မောနေသော အနက်ရောင်ဝတ်စုံဝတ်အမျိုးသားကို ကြည့်ကာ သူ၏ မျက်ခုံးများ ချက်ချင်း တွန့်သွား၏။
"အခု ငါ ဝှက်ဖဲတွေ အကုန်သုံးပြီးပြီ၊ ဒီ လျှို့ဝှက်ဆန်းကြယ်တဲ့ အနက်ရောင်ဝတ်စုံဝတ် အမျိုးသားနဲ့ မယှဉ်သေးဘူး။ ငါ ဘာလုပ်ရမလဲ။" ချင်ယွင်က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ ကိုယ်ပွားနှစ်ခုရှိလျှင်ပင် အနက်ရောင်ဝတ်စုံဝတ်အမျိုးသားကို အနိုင်ယူရန် မဖြစ်နိုင်သေးပါ။
ဤအခိုက်အတန့်တွင် သူ့ရင်ဘတ်ပေါ်ရှိ အစိမ်းရောင်ကြာပန်းစည်းတံဆိပ်သည် သူ၏ခေါ်သံကို ကြားလိုက်ပုံရပြီး အနှိုင်းမဲ့ လင်းလက်တောက်ပသော အလင်းတန်း တစ်ခု ထွက်ပေါ်လာသည်။
ချင်ယွင်၏ မျက်နှာသည် ချက်ချင်းပင် အံ့အားသင့်သော အမူအရာ ပေါ်လာသည်။ အစိမ်းရောင်ကြာပန်းစည်းတံဆိပ်က သူ့ကိုယ်ပွားနှင့် ပေါင်းစပ်သွားတော့မှာလား။
ချင်ယွင် အံ့သြသွားသည်နှင့်အမျှ ကြီးမားသော စုတ်ယူမှု အင်အားကြီးသည် ချက်ချင်း ရောက်လာပြီး သူ့ဘေးနားရှိ လျှပ်စီးစွမ်းရည်ကိုယ်ပွားနှင့် လျှပ်စီးစွမ်းရည်ကိုယ်ပွားကို တိုက်ရိုက်ပတ်ကာ ချင်းယွမ်၏ မူလခန္ဓာကိုယ်ထဲသို့ ချက်ခြင်း စုပ်ယူလိုက်သည်။
"အယ်?"
လျှို့ဝှက်ဆန်းကြယ်သော အနက်ရောင်ဝတ်စုံဝတ်အမျိုးသားသည် ချင်ယွင်၏ ထူးဆန်းသော ဖြစ်စဉ်ကြောင့် ထိတ်လန့်သွားခဲ့သည်။ အဝေးမှာရပ်ပြီး တိုက်ခိုက်ဖို့ အလျင်စလို မလုပ်ဘူး။
မိုးကြိုးဝိညာဉ်ဂိုဏ်း၏ဘက်တွင်၊ တော်ဝင်အကြီးအကဲ၏ မျက်နှာတစ်ခုတည်းသာ ယှဉ်၍ မရနိုင်လောက်အောင် အံ့သြဖွယ်ကောင်းသော အမူအရာ ပေါ်လာသည်။
ချင်ယွင်၏ ခန္ဓာကိုယ်နှင့် ကိုယ်ပွားအစစ်ကို ပေါင်းစပ်ထားသည်ကို သူမြင်ဖူးသည်။ မြစ်များနှင့်တောင်တန်းများ၏ကမ္ဘာငယ်လေးတွင်၊ ချင်ယွင်သည် လျှပ်စီးစွမ်းရည် ကိုယ်ပွားနှင့် ပေါင်းစပ်ကာ ကြောက်မက်ဖွယ်အစွမ်းသတ္တိဖြင့် ပေါက်ကွဲခဲ့ဖူးသည်။ သူ ချန်မင်ရှီကို တိုက်ခိုက်သည့် ထိုတိုက်ပွဲသည် လူတိုင်းကို ထိတ်လန့်စေခဲ့သည်။
ယခုကိုယ်ပွားနှစ်ခုသည် တစ်ခုနှင့်တစ်ခု ပေါင်းစည်းလိုက်သည်နှင့် မည်သည့် ခွန်အားဖြင့် ပေါက်ကွဲထွက်လာမည်နည်း။ တော်ဝင်အကြီးအကဲ၏ နှလုံးသားသည် မျှော်လင့်ချက်များဖြင့် ပြည့်နေခဲ့သည်။
ဤအရာအားလုံးကို ထိတ်လန့်တကြား ကြည့်ရှုနေသော ကျန်းရွှန်ရှင်းသည် သူမ၏ လက်သီးများကို တင်းတင်းကြပ်ကြပ် ဆုပ်ထားပြီး သူ၏လက်ဖဝါးများသည် ချွေးများဖြင့် ဖုံးလွှမ်းသွားသည်။
ထိုအချိန်တွင် ချင်ယွင်၏ ခန္ဓာကိုယ်သည် ထူထဲသော ရောင်စုံအလင်းတန်းများဖြင့် ဖုံးလွှမ်းနေပုံရပြီး ဖြစ်ပျက်နေသည်များကို မမြင်နိုင်လောက်အောင် ပြိုးပြိုးပြက်ပြက် ဖြစ်နေသည်။
ရောင်စုံအလင်းတန်းများ တဖြည်းဖြည်း ရပ်တန့်သွားပြီး ချင်ယွင်၏ ရုပ်အသွင်သည် တဖြည်းဖြည်း ပေါ်လာသည်။ သို့သော် လူတိုင်းကို ထိတ်လန့်စေခဲ့သည်။
ချင်ယွင်သည် နဂါးကြေးခွံအနက်ရောင်ချပ်ဝတ်ကို ၀တ်ဆင်ထားပြီး သူ၏နောက်မှ နဂါးအတောင်ပံများသည် လုံးဝ အနက်ရောင်သို့ ပြောင်းလဲသွားသည်။ သူ၏နဂိုက ကြည်လင်ပြတ်သားသော မျက်နှာ၏ကောက်ကြောင်းများသည် ပို၍ ကြည်လင် ပြတ်သားလာခဲ့ပြီး သူ့တစ်ကိုယ်လုံးမှ အနှိုင်းမဲ့ ခမ်းနားထည်ဝါပြီး ဂုဏ်သိက္ခာရှိသော အငွေ့အသက်ကို ထုတ်လွှတ် လိုက်သည်။ ထိုခံစားချက်သည် ကမ္ဘာကြီးကိုပိုင်စိုးရသည့် ကြီးမြတ်သော အုပ်စိုးရှင်တပါးလိုပင်။
သူ၏မျက်လုံးတွေကို ဖြည်းညှင်းစွာ ဖွင့်လိုက်လျှင် ကြောက်စရာကောင်းသည့် စွမ်းအင်အတက်အကျများက ချက်ချင်း လွင့်ပျံ့သွားခဲ့သည်။ ကောင်းကင် မိုးကြိုး တောင်ထိပ်တစ်ခုလုံး တုန်လှုပ်သွားပုံရပြီး ပြင်းထန်သော အငွေ့အသက်သည် လူတိုင်းကို ဖိနှိပ်လာကာ အသက်ရှူမဝနိုင်အောင် ဖြစ်ခဲ့ရသည်။
အရေးကြီးဆုံးကတော့ သူ၏မျက်လုံးတွေက ကျောက်စိမ်းအရောင်ဖြစ်နေခြင်း ဖြစ်သည်။
"စိတ်ဝင်စားဖို့ကောင်းတယ်၊ ကိုယ်ပွားတွေနဲ့ တကယ်ကို ပေါင်းစပ်နိုင်တာလား !"
လျှို့ဝှက်ဆန်းကြယ်သော အနက်ရောင်ဝတ်စုံဝတ်အမျိုးသားသည် အသွင်အပြင်နှင့် အငွေ့အသက်ပါ ပြောင်းလဲသွားသော ချင်ယွင်ကို ကြည့်လိုက်ရင်း သူ၏လေသံမှာ အံ့အားသင့်မှု အပြည့်ပင်ဖြစ်နေသည်။
ချင်ယွင်သည် လျှို့ဝှက်ဆန်းကြယ်သော အနက်ရောင်ဝတ်စုံဝတ်အမျိုးသားကို ကြည့်လိုက်သည်။ သူ၏မျက်လုံးများက အနှိုင်းမဲ့ အေးစက်နေသည်။ စကားလုံးများနှင့် လုပ်ဆောင်မှုတိုင်းက မငြင်းဆန်နိုင်သည့်ဖိအားကို ထုတ်လွှတ်သည်။ ဤအခိုက် အတန့်တွင် သူသည် ဒေါသမထွက်ပါဘဲ ခွန်အားကြီးပြီး အလွန်မောက်မာသည့် အင်မော်တယ်တစ်ပါးနှင့် တူသည်။ လူတိုင်းက သူ့ကို ဒူးထောက်လိုသည့် အရိပ်အယောင်ကို မခံစားရဘဲ မနေနိုင်ကြ။
ချင်ယွင်သည် ဖြည်းဖြည်းချင်း ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။ ကောင်းကင်မိုးကြိုး ရင်ပြင်၏ကြမ်းပြင်သည် ကြောက်မက်ဖွယ်ကောင်းသည့် ဖိအားကို ချက်ချင်း ခံလိုက်ရ သကဲ့သို့ သူ့ခြေထောက်အောက်က ကြမ်းပြင်သည် ချက်ချင်း အက်ကွဲသွားပြီး ပတ်ဝန်းကျင်အထိပါ ပင့်ကူအိမ်ကဲ့သို့ လျင်မြန်စွာ ပြန့်ကျဲသွားသည်။
ယခုအချိန်တွင် ချင်ယွင်သည် မခံမရပ်နိုင်ဖြစ်နေပြီဖြစ်သည်။ ကြီးကျယ်ခမ်းနားသည့် အငွေ့အသက်တစ်ခုက ကောင်းကင်ဘုံကို အန်တုသည့်ဓားတစ်ချောင်းသည် ကောင်းကင်ယံကို ချက်ချင်း ပျံတက်သွားသကဲ့သို့ ကောင်းကင်ယံအထိ ချက်ချင်း ထိုးတက်သွားခဲ့သည်။ ထိုအချိန်တွင် ချင်ယွင်သည် ကမ္ဘာကြီးကို အုပ်စိုးသော တန်ခိုးရှင် တစ်ဦး နှင့်တူသည်။
"စောစောက ဖြစ်ပျက်ခဲ့သမျှအရာအားလုံးအတွက် ကျုပ်က ခင်ဗျားဆီ အားလုံးပြန် ပေးမယ်!" ချင်ယွင်၏ အေးစက်သောအသံသည် မိုးခြိမ်းသံကဲ့သို့ လူတိုင်း၏နားထဲတွင် ပေါက်ကွဲသွားသည်။
အခန်း (၂၉၀) ပေါင်းစပ်ခြင်း၏စွမ်းအား။
"ဟမ့်၊ ကိုယ်ပွားပေါင်းစပ်စွမ်းအားလေးနဲ့ ငါ့ရှေ့မှာလာပြီး လာမာန်တက်နေတယ်။ အရာအားလုံးက ပုံရိပ်ယောင်သာသာပါပဲ။"
လျှို့ဝှက်ဆန်းကြယ်သည့်အနက်ရောင်ဝတ်စုံဝတ်အမျိုးသားသည် ဒေါသဖြစ်နေခဲ့ပြီး အေးစက်စွာ အော်ပြောလိုက်သည်။ သူသည် အနက်ရောင်တစ္ဆေသရဲပုံရိပ်ကဲ့သို့ ချင်ယွင်ဆီသို့ ပြေးဝင်သွားသည် ။
ချင်ယွင်၏ ကျောက်စိမ်းရောင်မျက်လုံးများသည် အေးစက်သည့် အကြည့်ဖြင့် လျှို့ဝှက်ဆန်းကြယ်သည့်အနက်ရောင်ဝတ်စုံဝတ်အမျိုးသားကို ကြည့်လိုက်သည်။
ယခုတစ်ကြိမ်မှာတော့ လျှို့ဝှက်ဆန်းကြယ်သည့် အနက်ရောင်ဝတ်စုံဝတ် အမျိုးသား လှုပ်ရှားမှုတိုင်းကို သူ့မျက်လုံးရှေ့မှာ ရှင်းရှင်းလင်းလင်း မြင်လိုက်ရတော့သည်။
ဘန်း!
အဖြူရောင်လက်ဖဝါးတစ်ဖက်သည် ကြောက်မက်ဖွယ်ကောင်းသော ယင်နတ်ဆိုးချီနှင့် အတူ လေထဲတွင် လျှပ်စီးလက်သကဲ့သို့ ချင်ယွင်၏လည်ပင်းဆီသို့ ပျံသန်းသွားသည်။ ၎င်း၏ အရှိန်သည် အလွန်ထူးဆန်းသည်။
အမြဲတမ်းအေးစက်ကာ တင်းမာနေသော ချင်ယွင်၏မျက်နှာသည် ရုတ်တရက် ကွေးညွတ်သွားသည်။ သူ့ညာလက်ကို နဂါးကြေးခွံအနက်ရောင်ချပ်ဝတ်နှင့် ဖုံးအုပ်ထားပြီး လျှို့ဝှက်ဆန်းကြယ်သည့် အနက်ရောင်ဝတ်စုံဝတ် အမျိုးသား၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်သည်။
မူလက ချင်ယွင်၏လည်ပင်းနှင့် သုံးလက်မခန့်သာကွာဝေးတော့သည့် လက်ဖဝါးသည် တင်းကျပ်စွာ တားဆီးခံလိုက်ရသလိုမျိုး နောက်ထပ်တစ်လက်မမျှ မရွေ့တော့ပေ။
"ဘာလဲဟ?" လျှို့ဝှက်ဆန်းကြယ်သည့်အနက်ရောင်ဝတ်စုံဝတ်အမျိုးသားသည် ရုတ်တရက် သူ၏လက်ကောက်ဝတ်ကို ဆုပ်ကိုင်ခံလိုက်ရပြီး အံ့အားသင့်သော အမူအရာ ထုတ်ဖော်လာသည်။
သို့သော်လည်း နောက်အခိုက်အတန့်တွင် ပြင်းထန်သော စူးရှသည့်ဝေဒနာတစ်ခုက သူ့ကို စကားမပြောနိုင်အောင် ဖြစ်သွားစေ၏။
ချင်ယွင်သည် အနက်ရောင်ဝတ်ထားသူ၏ လက်ကောက်ဝတ်ကို သူ၏ညာလက်ဖြင့် ဆုပ်ကိုင်လိုက်ပြီးတ ညာဘက်သို့ နောက်ပြန်ဆွဲလိုက်သည်။ တစ်ချိန်တည်းမှာပင် သူ၏ခါးသည် လျှပ်စီးလက်သလို လှုပ်ရှားသွားသည်။ သူသည် ခုန်တက်လိုက်ပြီး လျှို့ဝှက်ဆန်းကြယ်သည့် အနက်ရောင်ဝတ်စုံဝတ်အမျိုးသား၏ ဝမ်းဗိုက်ထဲကို ဒူးဖြင့် တိုက်လိုက်သည်။
"ဘုန်း!"
အသံက မိုးခြိမ်းသံကဲ့သို့ ခပ်အုပ်အုပ် ပေါက်ကွဲသံ ထွက်ပေါ်လာသည်။ လျှို့ဝှက်ဆန်းကြယ်သည့် အနက်ရောင်ဝတ်စုံဝတ် အမျိုးသားသည် ချက်ချင်း ကွေးညွှတ်ပြီး ပုဇွန်တုပ်ကွေးအဖြစ် ပြောင်းလဲသွားရသည်။ သူသည် သွေးတပွက် အန်ထုတ်လိုက်ရပြီး ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ခုက သူ၏ တစ်ကိုယ်လုံးကို ချက်ချင်းပျံ့နှံ့သွား၏။
"ဒါက အစပဲရှိသေးတယ်!" ချင်ယွင်က ရယ်မောလိုက်ပြီး လျှို့ဝှက်ဆန်းကြယ်သည့် အနက်ရောင်ဝတ်စုံဝတ် အမျိုးသား၏ ညာဘက်လက်ကောက်ဝတ်ကို ဆက်လက် ဆုပ်ကိုင်လိုက်သည်။ သူသည် တောင်ကြီးကို အတင်းဆွဲထုတ်လိုက်သကဲ့သို့ အနက်ရောင်ဝတ်အမျိုးသားကို ဆွဲထုတ်ကာ လေထဲတွင် လေရဟတ်ကဲ့သို့ လှည့်ပတ် ဝှေးယမ်းပြီး မြေပြင်ပေါ်သို့ တိုက်ရိုက် ပစ်ရိုက်ချလိုက်သည်။
"ဘုန်း!"
လျှို့ဝှက်ဆန်းကြယ်သည့် အနက်ရောင်ဝတ်စုံဝတ်အမျိုးသားသည် ကောင်းကင်မိုးကြိုး ရင်ပြင်၏ မြေပြင်ပေါ်သို့ အပြင်းအထန် ရိုက်ချိုးခံလိုက်ရသည်။
ကြမ်းပြင်သည် ချက်ချင်းပေါက်ကွဲသွားပြီး ကြီးမားသောတွင်းနက်ကြီးတစ်ခု ဖန်တီးဖြစ်ပေါ်လာသည်။ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင် အတက်အကျလှိုင်း များသည် ဒီရေလှိုင်းကဲ့သို့ အကွာအဝေးတစ်ခုအထိ ဆက်လက်ပျံ့နှံ့သွားသည်။ ဖြတ်သန်းသွားသည့်နေရာတိုင်း ကြမ်းပြင်သည် တစ်လက်မချင်း ကွဲအက်သွားခဲ့သည်။
“ဒါ…”
မိုးကြိုးဝိညာဉ်ဂိုဏ်းမှတပည့်များသည် ဤမြင်ကွင်းကိုမြင်လိုက်သောအခါ အားလုံး တုန်လှုပ်သွားကြသည်။ ပင့်သက်ရှိုက်သံများ ကျယ်လောင်စွာထွက်ပေါ်လာခဲ့ပြီး အချို့ဆို ချင်ယွင်၏ တိုက်ခိုက်မှုကြောင့် သူတို့ကိုယ်တိုင် နာကျင်သွားသည့်အလား အသီးသီး ပြုံးဖြဲဖြဲကြီး လုပ်နေကြသည်။
လဲ့ရှောင်တင်း နှင့် ရှင်းယွန်တို့လည်း အံသြသွားကြသည်။ နှစ်ယောက်သား အကြည့်ချင်း ဖလှယ်ကြပြီး သူတို့နှစ်ယောက်စလုံး၏ မျက်လုံးများတွင် မယုံနိုင်ကြည်နိုင်သည့် အမူအရာတစ်ခုကို မြင်လိုက်ရသည်။
"တော်လောက်ပြီ!"
လျှို့ဝှက်ဆန်းကြယ်သည့် အနက်ရောင်ဝတ်စုံဝတ် အမျိုးသားသည် အလွန်ဒေါသပုန် ထသွားခဲ့သည်။ မိစ္ဆာနတ်ဘုရားတပါး ထွက်ပေါ်လာသကဲ့သို့ အနက်ရောင် အန္တရာယ်အငွေ့အသက်များသည် သူ၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည်။ ၎င်းအငွေ့ အသက်များက ချင်ယွင်ကို ရိုက်ခတ်သွားပြီး သူသည် ခြေလှမ်းအနည်းငယ် နောက်ပြန် ဆုတ်သွားရသည်။
လျှို့ဝှက်ဆန်းကြယ်သည့်အနက်ရောင်ဝတ်စုံဝတ်အမျိုးသားသည် တွင်းနက်ကြီးထဲမှ ဖြည်းညှင်းစွာ တက်လာသည်။ တဟုန်းဟုန်း တောက်လောင်နေသော အနက်ရောင် မီးလျှံကဲ့သို့ သူ့ပတ်ဝန်းကျင်တွင် မည်းမှောင်နေသော အနက်ရောင်အငွေ့အသက်များ ဝဲပျံနေသည်။
"မင်း ငါ့ကို ဒေါသထွက်အောင် အောင်အောင်မြင်မြင်နဲ့ လုပ်နိုင်ခဲ့ပြီ!" လျှို့ဝှက်ဆန်းကြယ်သည့် အနက်ရောင်ဝတ်စုံဝတ်အမျိုးသားသည် သူ၏ဦးခေါင်းကို ဖုံးအုပ်ထားသည့် ဦးထုပ်ကို ဖြည်းညှင်းစွာ ဖယ်ရှားပြီး သူ၏မျက်နှာအစစ်အမှန်ကို ထုတ်ဖော်လိုက်သည်။
အလွန်မင်းပိန်ချောက်နေပြီး ဖုတ်ကောင်လိုမျက်နှာက လူတိုင်း၏ရှေ့တွင် ထွက်ပေါ်လာခဲ့သည်။ သူ၏ အနက်ရောင်ဆံပင်များက သူ၏နောက်ကျောတွင် ပြန့်ကျဲနေပြီး၊ သူ၏ မျက်လုံးနက်များက အစိမ်းပုပ်ရောင် အလင်းတန်းများ လင်းလက်သွားကာ လူတိုင်းကို ထိတ်လန့်သွားစေသည်။
"မင်း ဦးထုပ်ဆောင်းထားတာ မဆန်းပါဘူး။ မင်းရဲ့ဒီလိုပုံစံမျိုးကို လမ်းမှာတွေ့ရင် လူတွေက သေတဲ့အထိ ကြောက်လန့်သွားလိမ့်မည်။” မိုးကြိုးဝိညာဉ်ဂိုဏ်း၏ ရဲရင့်သော တပည့်တစ်ဦးက အရွှန်းဖောက်သည်။
သို့သော် ဤဟာသသည် ရယ်စရာမဟုတ်ပေ။ အခြားမိုးကြိုးဝိညာဉ်ဂိုဏ်းမှ တပည့်များသည် ထိုလူ၏ မျက်နှာကို ကြည့်ရုံဖြင့်ပင် သူတို့ကျောရိုးများ အေးစက်သွားသည်ကို ခံစားလိုက်ရသည်။
ထိုအခိုက်တွင် ချင်ယွင်သည်လည်း အနက်ရောင်ဝတ်စုံဝတ်အမျိုးသားကို လေးနက်သော အမူအရာဖြင့် ကြည့်နေသည်။ သို့သော်လည်း ထိုလူ၏ရုပ်အသွင် အပြင်ကြောင့် မဟုတ်ပေ။ ထိုလူ၏ခန္ဓာကိုယ်မှ မြင့်တက်လာသော အနက်ရောင် အန္တရာယ် အငွေ့အသက်များသည် လျင်မြန်စွာ တိုးလာနေပြီး သူ့ကို အနည်းငယ် စိတ်မသက်မသာ ဖြစ်စေသောကြောင့် ဖြစ်သည်။
ဝှီး..........။ ဝှီး........။
ဤအခိုက်အတန့်တွင် အဝေးမှ စူးစူးရှရှ အသံအချို့ထွက်ပေါ်လာသည်။
ကျိုးယုသည် တော်ဝင်အကြီးအကဲသုံးဦးကို ဖိတ်ခေါ်ပြီး ထွက်လာကြပုံ ပေါ်သည်။ ၎င်းတို့အထဲတွင် တတိယတော်ဝင်အကြီးအကဲဖြစ်သည့် ရှီကန်ဟိုင်၏အဖိုး ရှီဂျီ၏ ဖခင်ကိုလည်း ချင်ယွင် မြင်တွေ့လိုက်ရသည်။ သူ၏ဘေးမှာ သူ့ထက်အသက်ကြီးသည့် အဘိုးကြီးနှစ်ယောက်ရှိသည်။ တစ်ယောက်က အနည်းငယ် ဝဖိုင့်ပြီး ကျန်တစ်ယောက် က အင်မော်တယ်တပါး၏ ခံစားချက်မျိုးရှိ၏။ (အင်မော်တယ်တပါးဟူရာ၌ အသွင်အပြင်ဟန်ပင်ကို ဆိုလိုခြင်းဖြစ်သည်)
တတိယတော်ဝင်အကြီးအကဲက ချင်ယွင်ကို တစ်ချက်ကြည့်လိုက်သည်။ သူ၏မျက်လုံးများက ချက်ခြင်း ကျဉ်းမြောင်းလာပြီး သတ်ဖြတ်ချင်စိတ်များ ပေါ်လာသည်။
ချင်ယွင်အကြောင်း ကောလာဟလများကို သူကြားသိခဲ့ရသောကြောင့် ချင်ယွင်သည် သူ၏မြေးနှစ်ယောက်နှင့် သားတစ်ယောက်အား သတ်ဖြတ်သူ ဖြစ်ကြောင်း သဘာဝကျကျ သူ သိထားသည်။
သို့သော်လည်း ကွင်းပြင်အခြေအနေသည် ပုံမှန်ဟုတ်ပုံ မပေါ်ကြောင်း သူ သဘောပေါက်သောကြောင့် ချက်ချင်းလက်ငင်း မလုပ်ဆောင်ခဲ့ပေ။
တော်ဝင်တတိယအကြီးအကဲက ချင်ယွင်ကို ကြည့်နေစဉ်၊ အခြားအကြီးအကဲ နှစ်ဦးသည် ကောင်းကင်မိုးကြိုးရင်ပြင်တစ်ခုလုံးကို ကြည့်ရူလိုက်သည်။
အဝေးမှာ လီချင်းနှင့်တိုက်ခိုက်နေသည့် ပိရှစ်သိုင်းမြို့စားကို တွေ့လိုက်သည့်အခါ သူတို့သည် သိသိသာသာ အံ့သြသွားကြသည်။ သို့သော် မကြာမီမှာပင် သူတို့သည် ဖြစ်ပျက်နေသည်များကို နားလည်သွားခဲ့ကြသည်။ ထို့ကြောင့် သူတို့အကြည့်များသည် ချင်ယွင်နှင့် တိုက်ခိုက် နေသော လျှို့ဝှက်ဆန်းကြယ်သည့် အနက်ရောင်ဝတ်စုံဝတ် အမျိုးသားဆီ ကျရောက်သွားကြ၏။
"ဟမ့်၊ မင်းက ငါ့မိုးကြိုးဝိညာဉ်ဂိုဏ်းရဲ့တပည့်တွေကို ဘယ်လိုလုပ် သတ်ဝံ့တာလဲ။ ဒီနေ့ မင်းကို ငါ ဖျက်ဆီးပစ်မယ်"။
အနည်းငယ်ဝဖိုင့်သည့် တော်ဝင်အကြီးအကဲသည် စိတ်မရှည်ပုံရ၏။ ဤလျှို့ဝှက်ဆန်းကြယ်သည့် အနက်ရောင်ဝတ်စုံဝတ်အမျိုးသားသည် ကျူးကျော်သူ ဖြစ်ကြောင်း ဤနေရာသို့သွားရာလမ်းတွင် ကျိုးယုထံမှ ကြားသိရသောကြောင့် အနက်ရောင်ဝတ်စုံဝတ် အမျိုးသားကို မြင်သောအခါ အနက်ရောင်ဝတ်အမျိုးသားအား ချက်ခြင်း တိုက်ခိုက်ရန် တွန့်ဆုတ်နေခြင်းမရှိတော့။
"မလာနဲ့!"
ချင်ယွင်က ကမန်းကတန်း သတိပေးလိုက်သော်လည်း အရမ်းနောက်ကျနေပြီ!
အနက်ရောင်၀တ်စုံဝတ်အမျိုးသားသည် ကောင်းကင်ယံသို့ ပျံတက်လာသော ခပ်ဝဝ အဘိုးအိုအား ဘေးတိုက်အနေထားဖြင့် တချက်စောင့်ငဲ့ ကြည့်လိုက်သည်။ သူ၏ နောက်ကွယ်မှအနက်ရောင် အန္တရာယ်အငွေ့အသက်များက ချက်ချင်း မြင့်တက်လာပြီး ခပ်ဝဝ အဘိုးအို၏လည်ပင်းကို ဖမ်းချုပ်ထားသည့် အနက်ရောင်လက်သည်းကြီးအဖြစ် ပြောင်းလဲ သွားခဲ့သည်။
"ဒုတိယတော်ဝင်အကြီးအကဲ" မိုးကြိုးဝိညာဉ်ဂိုဏ်း ဂိုဏ်းခေါင်းဆောင်နှင့် အခြားလူများက ကမန်းကတန်း အော်လိုက်ကြသည်။
"ဟမ့်၊ ပုရွက်ဆိတ်လေးတွေကများ" လျှို့ဝှက်ဆန်းကြယ်သည့် အနက်ရောင် ဝတ်စုံဝတ်အမျိုးသားသည် အေးစက်စွာ ဟစ်အော်လိုက်ပြီးနောက် လူတိုင်းသည် ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းကို မြင်တွေ့လိုက်ရလေသည်။
အနက်ရောင် အန္တရာယ်အငွေ့အသက်များသည် ဒုတိယတော်ဝင်အကြီးအကဲကို တဖြည်းဖြည်း ဝါးမြိုသွားသည်။ ဤဖြစ်စဉ်တွင် ဒုတိယတော်ဝင်အကြီးအကဲ၏ ခန္ဓာကိုယ်သည် ပကတိမျက်စိဖြင့် မြင်နိုင်သော အရှိန်အဟုန်ဖြင့် ပေါက်ကွယ်သွား ခဲ့သည်။ အလွန် သနားစရာကောင်းသော အော်ဟစ်မြည်တမ်းကို ထုတ်အော်နေပြီး နောက်ဆုံးတွင် ဖြူဖွေးသော အရိုးအဖြစ်သို့ ပြောင်းလဲသွားသည်။
နဝမအဆင့် ကောင်းကင်အလွှာ သိုင်းမြို့စားအဆင့်ကျွမ်းကျင်သူဖြစ်သည့် ဒုတိယတော်ဝင်အကြီးအကဲတစ်ဦးသည် အလွန်လွယ်ကူစွာ သေဆုံးသွားခဲ့ရသည်။
မိုးကြိုးဝိညာဉ်ဂိုဏ်းမှ တပည့်များအားလုံးသည် ပါးစပ်ကြီးတွေကို ကျယ်လောင်စွာ ဟထားပြီး စကားမပြောနိုင် ဖြစ်နေကြသည်။ သူတို့ ကျောပြင်မှ အေးစက်သည့် ချွေးစေးများထွက်လာပြီး နဖူးပေါ်က ချွေးစက်လေးများကိုပင် ခံစားလိုက်ရသည်။
နဝမအဆင့် ကောင်းကင်အလွှာ သိုင်းမြို့စားအဆင့်ကျွမ်းကျင်သူသည် ထိုကဲ့သို့ အသတ်ခံခဲ့ရသည်။
"ဒုတိယအစ်ကို!"
ကောင်းကင်ယံ၌ အင်မော်တယ်တစ်ဦးနှင့်တူသော အဖိုးအိုသည် အထိတ်တလန့် ဖြစ်ပြီး အော်ဟစ်လိုက်သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူနှင့် နှစ်ပေါင်းတစ်ရာ ကြာအောင် ပေါင်းဖက်လာခဲ့သော သူ၏အဖော်သည် အရိုးစုအဖြစ်သို့ ပြောင်းလဲ သွားသည်ကို မြင်လိုက်ရသည်။ ဤအရာက သူ့ကို ကြေကွဲဝမ်းနည်းစေသည် ။
ဤမြင်ကွင်းကိုမြင်သောအခါ တတိယတော်ဝင်အကြီးအကဲ၏ သူငယ်အိမ်များသည် လျော့ပါးသွားကာ သူ၏မျက်နှာတွင် ကြောက်ရွံ့မှုအသွင်အပြင်ကို ပေါ်လွင်စေသည်။
သူသည် သိုင်းမြို့စားနယ်ပယ်၏ စတုတ္ထအဆင့် ကောင်းကင်အလွှာတွင်သာ ရှိသေးသည်။ ဒုတိယတော်ဝင်အကြီးအကဲနှင့် နှိုင်းယှဉ်လျှင် ပထမတော်ဝင် အကြီးအကဲသည်ပင် အလွန်နိမ့်ကျသည်။ ယခုတော့ ဒုတိယတော်ဝင်အကြီးအကဲသည် အလွယ်တကူ အသတ်ခံရတာကို မြင်လိုက်ရလျှင် သူသည် တိုက်ခိုက်ဖို့သတ္တိတောင် မရှိတော့ပေ။
"ခင်ဗျားတို့ နောက်ဆုတ်လိုက်ပါ။" ကျွန်တော်တာဝန်ထားလိုက်”ချင်ယွင်က ကောင်းကင်ယံမှာရှိနေသည့် အကြီးအကဲကို ပြောလိုက်သည်။
တော်ဝင်အကြီးအကဲက တစ်ခုခုပြောချင်သည့်အလား ပါးစပ်ကိုဖွင့်လိုက်သော်လည်း ချင်ယွင်က သူ့ကို ဂရုမစိုက်တော့ပေ။ ယင်းအစား အနက်ရောင်ဝတ်စုံဝတ် အမျိုးသားကို ကြည့်လိုက်ပြီး သူ့ဆီ ပြေးသွားခဲ့သည်။
သူ၏အစစ်အမှန်ခန္ဓာကိုယ်နှင့် သူ၏ကိုယ်ပွားများကြားတွင် ပေါင်းစပ်ခြင်းသည် အချိန်ကန့်သတ်ချက် ရှိ၏။ သူ့အတွက် အချိန်သိပ်မကျန်တော့ပေ။ သူသည် ဤတိုက်ပွဲကို တတ်နိုင်သမျှ အမြန်ဆုံး ဖြေရှင်းရမည်။ မဟုတ်ရင် ဒီမှာရှိနေသည့် လူအားလုံး သေဆုံးကြလိမ့်မည်။
နဝမအဆင့် ကောင်းကင်အလွှာ အထွက်အထိပ်ရှိ သိုင်းမြို့စားအဆင့် တော်ဝင်အကြီးအကဲအတွက်တော့ သူ တိုက်ပွဲတွင် ပါဝင်သည်ဖြစ်စေ မပါဝင်သည် ဖြစ်စေ တိုက်ပွဲအခြေအနေအပေါ် သက်ရောက်မှုမရှိပေ။ ယခုအချိန်တွင် ချင်ယွင်က သူ့အား အနှောက်အယှက် မဖြစ်စေရန်သာ မျှော်လင့်ထားသည်။
ချင်ယွင်သည် ချက်ချင်းပင် အနက်ရောင်ဝတ်စုံဝတ်အမျိုးသား၏ရှေ့တွင် ပေါ်လာပြီး အနက်ရောင်၀တ်စုံအမျိုးသားကို လက်သီးဖြင့် ထိုးလိုက်သည်။
အနက်ရောင်ဝတ်စုံဝတ်အမျိုးသား၏နောက်ကွယ်မှ အနက်ရောင် အန္တရာယ် အငွေ့အသက်များသည် တဟုန်ထိုး လှိမ့်တက်လာခဲ့ပြီး ကြီးမားသည့် လက်သီးကြီး တစ်ခုအဖြစ် သိပ်သည်သွားကာ ချင်ယွင်၏ လက်သီးချက်နှင့် ထိပ်တိုက် ဆုံမိသွားခဲ့သည်။