အခန်း (၂၉၆-၃၀၀)
Vol. 20 Ch. 296-300
အခန်း (၂၉၆) မင်းသမီးထိုက်ပင်(မင်းသမီးဆယ့်သုံး)
"အယ်၊ ဧကရာဇ်မင်းမြတ်ရဲ့ အလေးအမြတ်ထားအပ်တဲ့ သက်တော် ခြောက်ဆယ်ပြည့် မွေးနေ့ကို ဒီရက်နှစ်ဆယ်အတွင်း ကျင်းပမယ်ဆိုတာကို မင်း ကြားမိလား။"
"ဟုတ်တယ်။ ငါကြားမိတယ်။ အဲဒီအချိန်ဟာ တစ်တိုင်းပြည်လုံးအတွက် ကြီးပွား ချမ်းသာပြီး သာယာဝပြောတဲ့ အချိန်ဖြစ်တယ်။ သိုင်းမြို့စားကြီးလေးပါးနဲ့ အင်အားစုအမျိုးမျိုးက ပုဂ္ဂိုလ်တွေကလည်း သူတို့ရဲ့ကိုးကွယ်လေးစားမူနဲ့အတူ ဧကရာဇ်မင်းမြတ် သက်တော်ရှည်ကြောင်း ဆုမွန်ကောင်း တောင်းပေးဖို့ အင်ပါယာ မြို့တော်ကို သွားကြမယ်လို့ ခန့်မှန်းထားကြတယ်။ အဲဒီအချိန်ရောက်ရင် အင်ပါယာ မြို့တော်က အလွန်လှုပ်ရှားသက်ဝင်လာလိမ့် မယ်။"
"မင်းတို့တွေက တကယ်မသိသေးဘူးပဲ။ မင်းတို့က သိုင်းမြို့စားကြီးလေးပါးလို့ အခုထိ ပြောနေတုန်းလား? အခုက သိုင်းမြို့စားကြီးသုံးပါးဖြစ်သွားပြီဆိုတာကို မင်းတို့ မသိကြ သေးဘူးလား။"
"ဘာအခြေအနေတွေများ ထူးလာလို့လဲ?"
"မင်းတို့ မသိကြဘူးလား? လွန်ခဲ့တဲ့သုံးရက်လောက်က ဘေဟိုင်စီရင်စုရဲ့ ဘေဟိုင် သိုင်းမြို့စားဟာ ဝမ်ယွီမြို့မှာ အသတ်ခံရတယ်ဆိုတဲ့ သတင်းထွက်လာခဲ့တယ်။ သူက လူအားလုံးရဲ့ရှေ့မှာ အသတ်ခံခဲ့ရတာတဲ့။ သူ့ကို သတ်တဲ့လူက အသက် ဆယ့်ခြောက်နှစ်လောက်ပဲရှိသေးတယ်လို့ ပြောကြတယ်။ သူ့နာမည်က ချင်ယွင် ဖြစ်ပုံရတယ်။"
"ဘာ၊ ဆယ့်ခြောက်နှစ်အရွယ်ကောင်လေး ဟုတ်လား၊ မင်းလာ လိမ်နေတာလား။ ဆယ့်ခြောက်နှစ်အရွယ်ကောင်လေးက သိုင်းမြို့စားကြီးတပါးကို ဘယ်လိုလုပ် သတ်နိုင်မှာလဲ။"
"ရှစ်၊ ယုံချင်ယုံ မယုံချင်နေကွာ၊ လျူဆန်လျန်ကွ၊ သတင်းနဲ့ပတ်သက်ရင် ငါ့သတင်းတွေက ဘယ်အချိန်က လွဲမှားခဲ့ဖူးလဲ။"
"ဒါတော့မှန်ပါတယ်ကွာ၊ ဒါပေမယ့် အသက်ဆယ့်ခြောက်နှစ်အရွယ် ကောင်လေးက သိုင်းမြို့စားကြီးတပါးကို သတ်နိုင်တယ်ဆိုတာကြီးက မယုံနိုင်စရာပဲလေ။"
"မှန်တယ်။ ငါ့အသက်ဆယ့်ခြောက်နှစ်တုန်းကဆို သိုင်းမြို့စား မပြောနဲ့၊ ဝက်တစ်ကောင်ကိုတောင် မသတ်ခဲ့ဘူးဖူး၊ "။
ဘိုင်ယွန်စီရင်စု၏နယ်နိမိတ်ထဲရှိ အနောက်ပိုင်းဥယျာဉ်မြို့သည် မြို့ငယ်လေးတစ်မြို့ ဖြစ်သည်။
ထိုအချိန်တွင် ချင်ယွင် နှင့် ပိရှစ်သိုင်းမြို့စားတို့သည် စားသောက်ဆိုင်တစ်ခု၏ ဒုတိယထပ်ရှိ ပြတင်းပေါက်အနီးတွင် ငြိမ်သက်စွာထိုင်နေကြသည်။ စောစောလေးက စကားစမြည်ပြောဆိုနေကြခြင်းသည် ချင်ယွင်၏အနီးနားစားပွဲဝိုင်းရှိ လူသုံးယောက် ထံမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။
သူတို့၏အသံများသည် အလွန်ကျယ်လောင်သောကြောင့် ချင်ယွင်နှင့် အခြားသူများ သည် နားမထောင်ချင်မှပင် ခက်နေသေးသည်။
ဒါပေမယ့် ထိုလူသုံးယောက်သည် မြန်မြန်ဆန်ဆန်ပဲ စားသောက်လို့ပြီးသွားကြသည်။
ပိရှစ်သိုင်းမြို့စားက သူတို့သုံးယောက် ထွက်သွားသည်ကို မြင်လျှင် သူမက ပြုံးပြီး ပြောသည် "မင်း အခု ဒီလောက် နာမည်ကြီးလိမ့်မယ်လို့ ငါ မမျှော်လင့်ထားဘူး။ လွန်ခဲ့တဲ့ နှစ်ရက်လောက်က မင်းနာမည်ကို အနည်းဆုံး ဆယ်ခါထက်မနည်း ကြားမိမှာကိုတောင် ငါ ကြောက်မိတယ်။"
ချင်ယွင်က ရှိုက်ကြီးတငင် ပြုံးလိုက်မိသည်။ သူသည် သိုင်းမြို့စားဘိုင်ယွန်၏ သိုင်းစံအိမ်မှ ထွက်လာပြီးနောက် ဘိုင်ယွန်စီရင်စုနယ်၏ နယ်စပ်သို့ ရောက်ရှိနေ သည်မှာ နှစ်ရက်ရှိပြီ ဖြစ်သည်။
မိုးပြာမြူနှင်းငှက်ကြီး ထွက်ခွာသွားသည်နှင့်အမျှ ချင်ယွင်နှင့် ပိရှစ်သိုင်းမြို့စားတို့သည် ကိုယ့်ဘာသာကိုယ် ပျံသန်းရန်သာ ရွေးချယ်နိုင်ခဲ့သည်။
ပိရှစ်သိုင်းမြို့စားသည် ပျံသန်းရန်အတွက် ဝိညာဉ်စွမ်းအင် ကုန်ခမ်းသည့် အခါတိုင်း ချင်ယွင် နှင့် ပိရှစ်သိုင်းမြို့စားတို့သည် မြို့အချို့ကို ကြုံတွေ့ရသည့်အခါ စားသောက်ရန် ရပ်နားကြသည်။
သူတို့ရပ်နားပြီးစားသောက်သည့်အကြိမ်တိုင်း ချင်ယွင်က ဘေဟိုင်သိုင်းမြို့စား ဇူထျန်းယုကို သတ်လိုက်တယ်ဆိုသည့် ကောလာဟလပြောဆိုနေကြသည်ကိုသာ ကြားနေရပါသည်။
မြို့စားကြီးတပါး အသတ်ခံရမှုသည် တစ်နိုင်ငံလုံးကို တုန်လှုပ်သွားစေသည့် ဖြစ်ရပ်ကြီး တစ်ခုဖြစ်သည်။ ဧကရာဇ်ဒါယန်း၏ အသက်ခြောက်ဆယ်ပြည့် မွေးနေ့ပွဲထက် မနိမ့်ကျပေ။ ထို့ကြောင့် ချင်ယွင်၏ လုပ်ရပ်များသည် ခေါင်းအစ ခြေဖျားအဆုံး ပျံ့နှံ့သွားခဲ့သည်။ မကြာခင် ဒါယန်းအင်ပါယာကြီး တစ်ခုလုံးပင် ပြန့်နှံ့သွားတော့မည်။
ချင်ယွင်က ဒါကိစ္စကို လုံးဝ ဂရုမစိုက်ပေ။ နောက်ဆုံးမှာတော့ ဘေဟိုင်သိုင်းမြို့စားကို သတ်ခြင်းသည် သူ့အတွက် သာမညကိစ္စဖြစ်သော်လည်း ပိရှစ်သိုင်းမြို့စားသည် ယခုလို မတော်တဆကြားရသည့်အခါတိုင်း အမြဲလိုလို လှောင်ပြောင်လေ့ရှိသည်။
"ကောင်းပြီ၊ ဒီတစ်ခါ ဧကရာဇ်ဒါယန်းရဲ့ အသက်ခြောက်ဆယ်ပြည့်မွေးနေ့ ဖြစ်တယ်။ ခင်ဗျားလည်း ဖိတ်စာရထားတယ်မဟုတ်လား" ချင်ယွင်က အကြောင်းအရာပြောင်းပြီး မေးလိုက်သည်။
ပိရှစ်သိုင်းမြို့စားက ခေါင်းညိတ်ပြီး ပြောသည် "အင်း၊ ငါ့စံအိမ်က လူတွေကတော့ ငါ့ဆီကို စိတ်ဝိညာဉ်အဆောင်နဲ့ သတင်းအချက် အလက်တွေကို ပို့ထားပြီးပြီ။ ငါက ဧကရာဇ်မင်းမြတ်ဆီက ဖိတ်ခေါ်စာကို တကယ်ရခဲ့တယ်"
"ဒါဆိုရင် သိုင်းမြို့စားချင်းယွန်ကိုလည်း သေချာပေါက် ဖိတ်ကြားလိမ့်မယ်။ အဲဒီအချိန်မှာ သူက ဧကရာဇ်မြို့တော်မှာ သေချာပေါက် ပေါ်လာလိမ့်မယ်။" ချင်ယွင်က ပြောသည်။
ချင်ယွင်သည် သိုင်းမြို့စားချင်းယွန်အကြောင်း ပြောစကားကိုကြားသည့်အခါ ပိရှစ်သိုင်းမြို့စား၏ မျက်လုံးများသည် သတ်ဖြတ်လိုသည့်ဆန္ဒဖြင့် တောက်ပလာသည်။ ချင်ယွင်နောက်သို့ သူမလိုက်ရခြင်း၏ အကြောင်းရင်းမှာ သိုင်းမြို့စားချင်းယွန်ကို သတ်ပစ်ရန် ဖြစ်သည်။ ယခုတစ်ကြိမ် မြို့တော်မှာ ပဋိပက္ခတွေ ရှိကောင်း ရှိလာလိမ့်မည်။
"ဧကရာဇ်ဒါယန်းရဲ့နှာခေါင်းအောက်မှာ သိုင်းမြို့စားကြီးတပါးကိုသတ်ဖြတ်ဖို့က ခက်ခဲ ပုံရတယ်။ ဒါ့အပြင် သိုင်းမြို့စားချင်းယွန်ကိုယ်တိုင်က နဝမမင်းသားနဲ့ တွဲနေမှာ သေချာ တယ်။ အဲဒီအချိန်မှာ သူ့ကို ထိဖို့ဆိုတာ မဖြစ်နိုင်သလောက်ပဲ။ နောက်ပြီး ဒါဟာ ဧကရာဇ်ဒါယန်းရဲ့ မွေးနေ့ပွဲလည်း ဖြစ်နေတယ်။ သူ့ရဲ့နဂါးမုတ်ဆိတ်ကိုထိဖို့ သူတို့ အသက်စွန့်ပြီး ဘယ်သူမှ စွန့်စားရဲသူ မရှိမှာ ငါစိုးရိမ်မိတယ်။ ” ချင်ယွင်က သတိပေးလိုဟန်ဖြင့်ပြောသည်။ ပိရှစ်သိုင်းမြို့စားသည် သိုင်းမြို့စားချင်းယွန်ကို တွေ့ပြီးနောက် အရာအားလုံးကိုစွန့်လွှတ်စွန့်စားပြီး ပြုမူသွားမည်ကို သူ အမှန်တကယ် ကြောက်နေခဲ့သည် ။
"စိတ်မပူစမ်းပါနဲ့၊ ငါက အနှစ်နှစ်ဆယ်လောက်တောင် သည်းခံနိုင်ခဲ့တာပဲ။ ငါက ဒီလောက် အဆင်အခြင်မဲ့ပြီး ပြုမူမှာ မဟုတ်ပါဘူး။" ပိရှစ်သိုင်းမြို့စားက ချင်ယွင်၏ စကားလုံးများ နောက်ကွယ်တွင်ပါဝင်နေသည့် အဓိပ္ပါယ်ကို သဘာဝကျကျ သိပြီး ချက်ချင်း ပြန်ဖြေသည်။
ချင်ယွင် ခေါင်းညိတ်လိုက်သည်။
ဝှီး!
ထိုအခိုက်တွင်၊ ဓားအလင်းသည် ချင်ယွင်ဆီသို့ စူးစူးစိုက်စိုက် တိုးဝင်လာ၏။
ချင်ယွင်သည် အလောတကြီး လှည့်ကြည့်လိုက်ပြီး လျှပ်စီးကဲ့သို့ မြန်ဆန်ပြီး ထက်ရှသော ဓားကို ဖမ်းဆုပ်လိုက်သည်။ ဓားသည် သူ့နှာခေါင်းထိပ်နှင့် တစ်လက်မမျှ အကွာဝေးတွင် ရပ်တန့်ပြီး ဝင်မလာနိုင်တော့ပေ။
"ဖျစ်!"
ချင်ယွင်သည် သူ့လက်ချောင်းထိပ်ဖျားကို အနည်းငယ် အားစိုက်ထုတ်လိုက်သည်နှင့် ဓားသည် ချက်ချင်းပင် ကျိုးကြေသွားခဲ့သည်။ တိုက်ခိုက်လာသူသည်လည်း ဓားမှ တဆင့် ရိုက်ခတ်သွားသည့် ကြီးမားသော စွမ်းအားကြောင့် လွင့်ပျံသွားကာ နံရံကို ဝင်ရောက် တိုက်မိသွားခဲ့သည်။
"အာယို...... အရမ်းနာတယ်..."
နူးညံ့သောအော်သံက ချင်ယွင်၏နားထဲသို့ တိုးဝင်လာသည်။ ထိုမှသာလျှင် ချင်ယွင်သည် သူ့ကို ဓားဖြင့်ထိုးခဲ့သူမှာ အမှန်တကယ်ပင် အမျိုးသမီးငယ် တစ်ဦးဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း သိမြင်လာရသည်။
ထိုအမျိုးသမီးသည် အသက်ဆယ့်လေးနှစ် ဝန်းကျင်ခန့်ရှိပုံရသည်။ သူမ၏ မျက်နှာသည် အလွန်လှပပြီး သူမ၏ အသွင်အပြင်သည် သေးသေးသွယ်သွယ်ဖြင့် သွယ်လျလှ၏။ သို့သော် သူမ၏ ရင်ဘတ်သည် ညီညာပြန့်ပြူးနေသည်။ ညီညာ ပြန့်ပြူးနေသည့် မြက်ခင်းပြင်ဟု ဆိုနိုင်သည်။
သို့သော် သူမ၏ ကျင့်ကြံမှုအဆင့်မှာ မဆိုးလှပေ။ အသက်ဆယ့်လေးနှစ်တွင် နဝမအဆင့် ကောင်းကင်အလွှာ သိုင်းဂိုဏ်းချုပ်အဆင့် အထွက်အထိပ်စွမ်းအားသည် မဆိုးဘူးဟု ယူဆလို့ရသည်။ ဟုတ်ပါသည်၊ ချင်ယွင်၏ရှေ့မှာတော့ ဒါက ဘာမှ မဟုတ်ပါဘူး။
"မင်း ငါ့ကိုဘာလို့ချောင်းမြောင်းတိုက်ခိုက်ရတာလဲ" ချင်ယွင်က ထိုအမျိုးသမီးငယ်ကို ကြည့်ကာ မေးလိုက်သည်။
ထိုအမျိုးသမီးငယ်သည် နာကျင်မှုကို တောင့်ခံပြီး မြေပြင်မှ ထလာသည်။ သူမက ချင်ယွင်ကို အော်ငေါက်ကာ ပြောသည်"နင် ဒီမင်းသမီးလေးကိုသတ်ဖို့ ဘာလို့ ကြိုးစားရတာလဲ!"
"မင်းသမီးလား?" ချင်ယွင် မျက်မှောင်ကြုတ်ကာ အနည်းငယ် သောင်းကျန်းပြီး ရမ်းကားနေပုံရသည့် သူ့ရှေ့မှအမျိုးသမီးငယ်ကို ကြည့်ကာ မေးလိုက်သည်။
"ဟမ့်၊ မှန်တာပေါ့။ ငါက တော်ဝင်ရန်အင်ပါယာရဲ့ ဆယ့်သုံးယောက်မြောက် မင်းသမီးလေးပဲ။ နင် ဘာလို့ မကြောက်ရတာလဲ။ နင် ဘာလို့ ဒီမင်းသမီးကို နှုတ်ဆက်တယ်ပါတယ်ဆိုပြီး ဒူးထောက်ကာ ငါ့ကို အရိုအသေမပေးရတာလဲ။ " အမျိုးသမီးငယ်က ချက်ချင်း ရင်ကော့ခေါင်းမော့ပြီး ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက် သည်။
ချင်ယွင်က ပိရှစ်သိုင်းမြို့စားဆီခေါင်းလှည့်ကာ ကြည့်လိုက်လျှင် ပိရှစ်သိုင်းမြို့စားက ပြောပြသည် "ဧကရာဇ်ဒါယန်းမှာ တကယ်ပဲ အသက်ဆယ့်လေးနှစ်ရှိပြီဖြစ်တဲ့ မင်းသမီးလေး(၁၃)ဆိုတာ ရှိတယ်။ သူမက တုန်နေအောင် အချစ်ခံရတယ်။ သူမရဲ့ပင်ကိုယ်စရိုက်ကအနည်းငယ် ရမ်းကားကာသောင်းကျန်းတတ်ပြီး တစ်ဇွတ်ထိုး လုပ်တတ်တယ်လို့ ငါကြားဖူးတယ်။"
ပိရှစ်သိုင်းမြို့စား စကားကိုကြားရလျှင် ချင်ယွင်သည် မိန်းကလေးငယ်၏ ဇိမ်ခံအဝတ်အစားများကို တစ်ချက်ကြည့်လိုက်သည်။ အမျိုးသမီးငယ်၏ ပင်ကိုယ် စရိုက်ကို တွေးတောရင်း ထိုကောင်မလေး၏ ကိုယ်ရေးအချက်အလက်ကိုလည်း သံသယ မ၀င်တော့ပေ။ "မင်းက မင်းသမီးလေး ဖြစ်နေရင်တောင် မင်း ငါ့ကို ဘာလို့ ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ရတာလဲ"
ချင်ယွင်၏ မေးခွန်းကိုကြားသောအခါ ထိုကောင်မလေးသည် ချက်ချင်းပင် နှုတ်ခမ်းကို တွန့်ကာ အေးစက်စွာအော်လိုက်သည် "နင်က ဘေဟိုင် သိုင်းမြို့စားကို သတ်ခဲ့တဲ့အကြောင်း ကြွားလုံးထုတ်ပြီး အင်ပါယာမြို့တော်ကိုသွားကာ သိုင်းမြို့စားချင်းယွန်ကို သတ်ပစ်မယ့်အကြောင်း စောစောလေးက ပြောနေကြတာ မဟုတ်ပါလား။ ငါက နင့်မှာ သိုင်းမြို့စားချင်းယွန်ကိုသတ်ဖို့ တကယ် အရည်အချင်းရှိနေလား ဒါမှမဟုတ် ကြွားလုံးထုတ်နေသလားဆိုတာ ကြည့်ချင်ရုံ သက်သက်ပဲ"
ချင်ယွင် နှင့် ပိရှစ်သိုင်းမြို့စားတို့သည် ထိုစကားကြားသောအခါ နှစ်ယောက်စလုံး ရယ်မောမိကြသည်။
အခုလေးတင်၊ သူတို့သည် ဤစားသောက်ဆိုင်မှာ မည်သည့် ခြိမ်းခြောက်မှု မရှိဘူးဆိုသည်ကို တွေ့လိုက်ရသည့်အတွက် သူတို့သည် စကားပြောသည့်အခါ ရှောင်ရှားခြင်းမျိုး မရှိခဲ့ပါဘူး။
ထိုမင်းသမီးလေးက သူတို့ကြွားလုံးထုတ်နေသလားဆိုတာကို စမ်းသပ်ဖို့အတွက် သူ့ကို ဓားနဲ့ အမှန်တကယ်သတ်ပစ်လိမ့်မည်ဟု မည်သူက ထင်ထားမှာလဲ။ သူမသည် အမှန်တကယ်ပင် တဇွတ်ထိုး နိုင်ပြီး ထင်ရှာစိုင်းတတ်သည့် သခင်တစ်ဦးဖြစ်ချေသည်။
"မင်းသမီး၊ ငါတို့ရဲ့ ကြွားလုံးထုတ်မူအတွက် ဒီဓားချက်ကို ခံယူလိုက်ပါ့မယ်။ ငါတို့ အရင်ထွက်သွားလိုက်မယ်။" ချင်ယွင်သည် သူ့ရှေ့တွင်ရှိနေသည့် ဤမိန်းကလေးနှင့် ဆက်ပြီး တွယ်ကပ်မနေချင်တော့ပေ။ သူမသည် မင်းသမီးအစစ် ဟုတ်ဖြစ်စေ မဟုတ်သည်ဖြစ်စေ သူမကို ဆက်ပြီး ဖက်တွယ်နေပါက ချင်ယွင်အတွက် အကျိုးရှိမည် မဟုတ်ပေ။
ထိုသို့ပြောပြီးနောက် ချင်ယွင်နှင့် ပိရှစ်သိုင်းမြို့စားတို့သည် အောက်ထပ်သို့ အတူတကွ ဆင်းသွားကြသည်။
ချင်ယွင်ထွက်သွားတော့မည်ကို မြင်လိုက်ရသဖြင့် ကောင်မလေးသည် ချက်ချင်း လက်မခံချင်တော့ပေ။ သူမက သူ့နောက်ကို အလျင်အမြန်
လိုက်လာပြီး အော်ပြောသည် "ဟေး မင်းတို့က ဘာဖြစ်လို့ ဒီလိုမျိုး ဖြစ်သွားရတာလဲ၊ နင် ဒီမင်းသမီးရဲ့ ဓားကိုချိုးပြီး ပိုက်ဆံအလျော် မပေးရသေးဘူးလေ!"
သို့သော်လည်း သူမသည် စားသောက်ဆိုင်မှ အမြန်ထွက်သွားပြီး ပတ်ဝန်းကျင်ကို ကြည့်ရူစစ်ဆေးလိုက်သည့်အခါတွင် ချင်ယွင်နှင့် အခြားတစ်ယောက်၏ ပုံရိပ်များရှိ မနေသည်ကို သူမ တွေ့ရှိခဲ့သည်။
ကောင်မလေးက ဒေါသတကြီး ခြေစောင့်ပြီး အေးစက်စွာ ကျိန်းမောင်း လိုက်သည် "ဟမ့်၊ နင်တို့ အင်ပါယာမြို့တော်ကို သွားမှာမဟုတ်ဘူးလား၊ ငါ အင်ပါယာမြို့တော်ကို အရင်သွားပြီး နင်တို့ကို စောင့်နေမယ်။ အဲဒီအချိန်ရောက်ရင် မာနကြီးတဲ့ နင်တို့လို အကောင်အမျိုးကို ခမည်းတော်နဲ့ ဂရုတစိုက် ကိုယ်တွယ်ခိုင်းရမယ်"။
ထို့နောက်၊ မိန်းကလေးသည် လက်ထဲမှာကျိုးနေတဲ့ဓားကို မြေပြင်ပေါ်သို့ အပြင်းအထန် ပစ်ပေါက်လိုက်ပြီး အင်္ကျီလက်မောင်းကို ဝှေ့ယမ်းကာ ထွက်ခွာ သွားတော့သည်။
အခန်း (၂၉၇) အံ့ဖွယ်ပန်းပွင့်ဆေးနှင့်အံ့ဖွယ်တောင်ထွတ်။
တော်ဝင်ရန်အင်ပါယာမြို့တော်သည် အင်ပါယာတစ်ခုလုံးအတွက် ဂါရဝပြု သွားရောက်ရန် နေရာဖြစ်သည့် တော်ဝင်ရန်အင်ပါယာ၏ အင်ပါယာမြို့တော်ဟု အမှန်ပင် ခေါ်ဆိုထိုက်ပေသည်။
စည်းစိမ်ဥစ္စာကြွယ်ဝမူ အဆင့်တန်းအရသော်လည်း ကြီးကျယ်ခမ်းနားမူ အရသော် လည်းကောင်း အင်ပါယာမြို့တော်သည် ဘိုင်ယွန်မြို့တော်ထက် အလွန်မြင့်မားသည့် အထက်မှာရှိနေပြီး ကဲ့ရဲ့အပြစ်ပြောဆိုစရာမလိုသည့် ခမ်းနားထည်ဝါမူကို ပိုင်ဆိုင် ထားသည်။
တစ်မြို့လုံးသည် တွားသွားနေသည့် နဂါးတစ်ကောင်ရှိနေသကဲ့သို့ အကန့်အသတ်မဲ့ ဘုန်းတန်ခိုးအာနုဘော်ကို ထုတ်လွှတ်လျက်ရှိသည်။
ချင်ယွင်သည် တော်ဝင်ရန်အင်ပါယာမြို့တော်သို့ ပထမဆုံးအကြိမ် ရောက်ရှိလာခြင်း လည်းဖြစ်သည်။ ဘိုင်ယွန်မြို့တော်ထက် ဆယ်ဆပိုကြီးသည့် မျှော်စင်မြင့်မြင့်ကြီးကို ကြည့်လိုက်ပြီး သူလည်း ထိတ်လန့်သွားသည်။
ဤမြို့တော်ကြီးသည် သူ့အား တော်ဝင်ချင်အင်ပါယာ၏ တော်ဝင်မြို့တော်သို့ ပြန်ရောက်သွားသည့် ခံစားချက်မျိုး အနည်းငယ် ပေးစွမ်းသည်။ ထိုခံစားချက်သည် အနည်းငယ်မျှသာဖြစ်သော်လည်း၊ ယင်းသည် တော်ဝင်ရန်အင်ပါယာ၏ အင်ပါယာ မြို့တော်ရှိ ဧကရာဇ်တစ်ပါး၏အငွေ့အသက်သည် သာလွန်ထူးခြားကြောင်း ပြသရန် လုံလောက်နေပါပြီ။
ချင်ယွင် နှင့် ပိရှစ်သိုင်းမြို့စားတို့သည် မြို့ထဲသို့ ဝင်ရောက်လာကြသည်။ ကျယ်ပြန့်သောလမ်းမသည် မြင်းဆယ်ကောင်စီးရန်ပင် လုံလောက်သည်။ လမ်းဘေး နှစ်ဘက်လုံးရှိ ဈေးဆိုင်များသည်လည်း လှုပ်ရှားသက်ဝင်နေကြကာ စည်ကား သိုက်မြိုက်လျက် ရှိသည်။ ဈေးဆိုင်အမျိုးအစားပေါင်းများစွာ ရှိနေသည်။
ချင်ယွင်သည် တချက်ဝှေ့ယမ်းကာ ကြည့်ရူလိုက်ပြီး ဤလူအားလုံးနီးပါးသည် သိုင်းပညာရှင်များ ဖြစ်ကြသည်ကို တွေ့ရှိလိုက်ရသည်။ လမ်းမတွေပေါ်မှာ ကစားနေကြသည့် ကလေးတွေတောင်မှ သူတို့၏ခန္ဓာကိုယ်ထဲမှာ ဝိညာဉ်စွမ်းအင် စီးဆင်းနေသည့် အရိပ်အယောင်များ ရှိနေသည်။ ဤနေရာတွင် သာမာန်သေမျိုးများကို တွေ့မြင်ရခဲ၏။
ယင်းကြောင့် ချင်ယွင်သည် အင်ပါယာမြို့တော်သည် တော်ဝင်မြို့တော်အဖြစ် အမှန်တကယ် ကျော်ကြားထိုက်သည်ဟု ချင်ယွင်သည် မခံစားမိဘဲ မနေနိုင်တော့ပေ။
"တည်းခိုစရာနေရာ အရင်ရှာရအောင်။ ငါ့လူတွေက နောက်သုံးရက်လောက်ကြာတဲ့ အထိ ရောက်လာမှာမဟုတ်သေးဘူး။ ဖိတ်စာမရှိရင် မင်းကို အင်ပါယာနန်းတော်ထဲကို ခေါ်သွားလို့မရဘူး" ပိရှစ်သိုင်းမြို့စားက ပြောသည်။
ချင်ယွင်က ခေါင်းညိတ်ပြလိုက်သည်။ ဤအချက်ကို သူ ကောင်းကောင်း နားလည်ထားသည်။
အင်ပါယာ၏ တော်ဝင်မိသားစုတွင် ကိုယ်ပိုင်စည်းမျဉ်းများ ရှိသည်။ အရပ်လေးဘက် လေးမျက်နှာမှာ နေထိုင်ကြသည့် သိုင်းမြို့စားကြီးလေးပါးပင်လျှင် ဧကရာဇ်ဒါယန်း၏ ဆင့်ခေါ်စာ သို့မဟုတ် ဖိတ်ကြားချက်တံဆိပ်ပြားမပါဘဲ နန်းတော်ထဲသို့ မ၀င်နိုင်ပေ။
အပေးအယူလုပ်ပြီးဝင်တာမျိုး သို့မဟုတ် ခိုးဝင်ခြင်းမျိုးကမှ ပိုပြီး ကောင်းပါသေးသည်။
အင်ပါယာနန်းတော်သည် မည်သည့်နေရာ၌ပင်ဖြစ်စေ အင်ပါယာမြို့တော်၏ နှလုံးသားဖြစ်သည့် အတွက် ကျွမ်းကျင်သူများဖြင့် ပြည့်နှက်နေပြီး သိုင်းဧကရာဇ်အဆင့် ကျွမ်းကျင်သူများပါရှိသည်ဟု ဆိုနိုင်သည်။
အကယ်၍ တစ်စုံတစ်ယောက်မှာ ကောင်းကင်ကိုခိုးယူပြီး နေ့နှင့်ညကို ပြောင်းလဲနိုင်သည့် စွမ်းရည်မျိုးမရှိဘူးဆိုလျှင် သို့မဟုတ် တာအိုအငွေ့ အရည်ဖွဲ့ခြင်း နယ်ပယ်ကို မရောက်နိုင်သေးဘူးဆိုရင် ဝင်သွားသည်နှင့် ထိုလူ သေရလိမ့်မည်။
ယခုအချိန်ဆို သိုင်းမြို့စားဘိုင်ယွန်သည် ရန်စီချီကို နန်းတော်ထဲသို့ ခေါ်ဆောင် သွားလိမ့်မည်။ ချင်ယွင်သည် သူ့အားဖိတ်စာကတ်ပေးပို့ပြီး နန်းတော်ထဲသို့ ခေါ်ဆောင် နိုင်မည့် သိုင်းမြို့စားဘိုင်ယွန်၏ သိုင်းစံအိမ်မှ လူများကို အားကိုးရုံမှတပါး တခြား ရွေးချယ်စရာမရှိပေ။ ထိုအချိန်ရောက်မှသာ သူသည် ရန်စီချီကို သွားရှာနိုင်လိမ့်မည်။
ယခုညနေစောင်းနေပြီမို့ အပြင်မှာနေထိုင်ရန် တည်းခိုခန်းတစ်ခုကိုသာ ရှာနိုင်တော့၏။
လိုင်ယွန်တည်းခိုးခန်းသည် တော်ဝင်ရန်အင်ပါယာမြို့တော်တွင် အကြီးဆုံး တည်းခိုခန်း ဖြစ်သည်။ ချင်ယွင်နှင့် ပိရှစ်သိုင်းမြို့စားတို့သည် အခန်းနှစ်ခန်းကို မှာကြားခဲ့ပြီးနောက် ဟင်းလျာအနည်းငယ်ကို မှာယူကာ ဧည့်ခန်း၏ထောင့် တစ်နေရာတွင် ထိုင်ရင် အစားအသောက်များ ရောက်ရှိလာသည်ကို စောင့်ဆိုင်းနေခဲ့ ကြသည်။
သို့သော် သူတို့ထိုင်ပြီး သိပ်မကြာခင်မှာ ဇိမ်ခံပိုးထည်၀တ်စုံဝတ်ထားသည့် လူငယ် တစ်ယောက်သည် ဝင်ရောက်လာခဲ့သည်။ သူသည် ဧည့်ခန်းမကို တချက်လှည့်ပတ် ကြည့်ရူပြီးနောက် ပိရှစ်သိုင်းမြို့စား၏ခန္ဓာကိုယ်ပေါ် အရောက်တွင် ခဏလောက် ရပ်သွားခဲ့၏။ သူ၏မျက်လုံးတွေက တောက်ပလာခဲ့ပြီး သူက စားပွဲထိုးကို "စားပွဲထိုး၊ အရသာကောင်းတဲ့ ပန်းပွင့်ဝိုင်တစ်အိုးပေးပါ၊ မင်းတို့ဆိုင်မှာရှိသမျှ အကောင်းဆုံး ဟင်းလျာတွေကိုလည်း ချပေးစမ်း" ဟု အော်ပြောလိုက်သည်။
"ကောင်းပါပြီ သခင်လေး။ အခုပဲ သွားလုပ်လိုက်ပါ့မယ်။ ခဏထိုင်စောင့်ပါဦး" စားပွဲထိုးက ဆောလျင်စွာ နှုတ်ဆက်ပြီး နောက်ဖေးခန်းသို့ ပြေးသွားခဲ့သည်။
စားပွဲထိုးထွက်သွားသည်နှင့် တပြိုင်နက် ထိုလူငယ်သည် ပတ်ပတ်လည်ကို လှည့်ကြည့်လိုက်ပြန်ပြီး ပိရှစ်သိုင်းမြို့စားဘေးအနားရှိ အခြားစားပွဲဆီသို့ လျှောက်သွား သည်။
ချင်ယွင်သည် ဤလူငယ်ကို ရှေးရှေးကတည်းက သတိထားမိခဲ့သည်။ ဤလူငယ်က အသက်နှစ်ဆယ့်လေးနှစ်ဝန်းကျင်လောက်ရှိမည်။ သူ၏ပုံစံက အလွန်ချောမောပြီး သူ၏အဝတ်အစားတွေက တန်ဖိုးကြီးမားသည်ဟု ပြောလို့ရသည်။ သူသည် ကြီးမားသော အင်အားကြီးတစ်ခုမှ ရှိုးဂိုက်ထုတ်လွန်းသည့် လူ့ပေါ်ကြော့ သခင်လေး တစ်ဦးကဲ့သို့ ဖြစ်နေသည် ။
သို့သော် သူ၏ ကျင့်ကြံမှုအခြေခံမှာ အလွန်ညံ့ဖျင်းပုံရသည်။ အလွန် နှံချာလွန်းသည်ဟု ပင် ဖော်ပြနိုင်တော့သည်။ သိုင်းသခင်နယ်ပယ်၏နဝမအဆင့် ကောင်းကင်အလွှာ အထွက်အထိပ်ရှိ ကျင့်ကြံမူအခြေခံသည် လမ်းများပေါ်တွင် အများတွေ့မြင်နိုင်သည်ဟု ဆိုနိုင်သည်။
ထိုလူငယ်၏နောက်တွင် အသက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးရှိနေသည်။ ပုံစံကြည့်ရသလောက်၊ ထိုလူသည် ဤသခင်လေး၏ ကိုယ်ရံတော် ဖြစ်သင့်သည်။ သူ၏ အမူအရာက အေးစက်၏၊ သူ၏မျက်လုံးတွေက စူးရှပြီး သူ၏ကျင့်ကြံမူအခြေခံက သဘာဝအတိုင်း ထူးထူးခြားခြားပင်ဖြစ်သည်။ သူသည် သိုင်းမြို့စားနယ်ပယ်၏ သတ္တမအဆင့် ကောင်းကင်အလွှာ အထွက်အထိပ်တွင် ရှိနေပါသည်။
နဝမအဆင့် ကောင်းကင်အလွှာ အထွက်အထိပ်ရှိ သိုင်းသခင်တစ်ဦးက သိုင်းမြို့စားနယ်ပယ်၏ သတ္တမအဆင့် ကောင်းကင်အလွှာ အထွက် အထိပ်မှာရှိသည့် ကျွမ်းကျင်သူတစ်ဦးကို သူ၏ ကိုယ်ရံတော်အဖြစ် ပိုင်ဆိုင်ထားသည်။ ဤရှိုးဂိုက်ထုတ်လွန်းသည့် လူ့ပေါ်ကြော့လူငယ်၏ ကိုယ်ရေးအချက်အလက်သည် အလွန် စိတ်ဝင်စားစရာကောင်းပုံရသည်။
ပတ်ဝန်းကျင်မှလူအများ၏အကြည့်တွေအရ သူတို့ပုံတွေက ကြောက်စိတ် တွေနှင့် ပြည့်နှက်နေသည်မှာ သိသာလှပါသည်။ ယင်းကြောင့် ချင်ယွင်သည် သူ့ရှေ့ရှိ ဤလူငယ်သည် အင်ပါယာမြို့တော်ကြီး၏ မဟာမျိုးနွယ်စုကြီး (၃)စုမှ ဆင်းသက်လာသူလား၊ သို့မဟုတ် အင်ပါယာမိသားစုမှ ဆင်းသက်လာသူလားဟု ပို၍ပင် သံသယဖြစ်လာစေသည်။
ချင်ယွင်က ထိုသခင်လေးနှင့် အသက်လတ်ပိုင်းအရွယ် ကိုယ်ရံတော်တို့ကို ကြည့်ရူ စစ်ဆေးနေစဉ် အသက်လတ်ပိုင်းအရွယ် ကိုယ်ရံတော်ကလည်း ချင်ယွင် နှင့် ပိရှစ်သိုင်းမြို့စားတို့ကို ကြည့်ရူစစ်ဆေးနေခဲ့သည်။ သို့သော် သူ၏အကြည့်က ပိရှစ်သိုင်းမြို့စားအပေါ်မှာ ပို၍အာစုံစိုက်နေသည်။
ချင်ယွင်၏ ကျင့်ကြံမူအဆင့်သည် သိုင်းမြို့စားနယ်ပယ်၏ စတုတ္ထအဆင့် ကောင်းကင်အလွှာ အထွက်အထိပ်တွင်သာ ရှိသောကြောင့် သူ့သခင်လေးအတွက် ခြိမ်းခြောက်မှု မဟုတ်ကြောင်း အကြည့်တစ်ချက်ဖြင့် သူ ပြောပြနိုင်သည်။
သို့သော်လည်း အမျိုးသမီး၏ ကျင့်ကြံမှုအဆင့်ကို သူ မမြင်နိုင်ပေ။ ယင်းက သူ့ကို မျက်မှောင်ကြုတ်သွားစေသည်။ သူက သူ့သခင်လေး၏ အဝတ်အစားကို ဆွဲလိုက်ရင်း နားအနားကပ်ကာ "သခင်လေး၊ အဲဒီအမျိုးသမီးရဲ့ကျင့်ကြံမူအဆင့်က အရမ်းမြင့်မား တယ်။ သူမက ကျွန်တော့်အထက်မှာ ရှိရမယ်" ဟု တိုးတိုးလေး ပြောလိုက်သည်။
သခင်လေးဆိုသူသည် အမှန်တကယ်ပင် မှင်သက်သွားခဲ့ပြီး မျက်နှာအမူအယာအရ အံ့အားသင့်သွားသည်မှာ ထင်ရှားလှသည်။ သို့သော်လည်း သူသည် လက်လျော့ရန် ရည်ရွယ်ချက်ရှိဟန်မတူဘဲ ချင်ယွင်၏ စားပွဲဆီသို့ ဆက်လက် လျှောက်လှမ်း သွားသည်။
သို့သော်၊ ချင်ယွင် မထင်မှတ်ထားသည့်အရာမှာ ဤရှိုးဂိုက်ထုတ်လွန်းသည့် လူငယ်သည် ပိရှစ်သိုင်းမြို့စားနှင့် စကားမပြောဘဲနေခြင်း ဖြစ်သည်။ ယင်းအစား သူက ချင်ယွင်ဆီသို့ အရင်ချဉ်းကပ်ပြီး ယဉ်ကျေးသိမ်မွေ့စွာ ပြောလိုက်သည် "ညီငယ်လေး၊ မင်းနဲ့ငါက မိတ်ဆွေဖြစ်လာဖို့ ကံကြမ္မာက သတ်မှတ်ပေးထားတာကို ငါမြင်နေရ တယ်ကွ။ ငါ မင်းနဲ့အတူ ဒီမှာထိုင်ပြီး အတူသောက်လို့ရမလားလို့ ငါသိချင်မိတယ်"
ထိုစကားကိုကြားရလျှင် ချင်ယွင်သည် ချက်ချင်းပင် ကြက်သေသေဖြစ်သွားရပြီး ဟားတိုက်ရယ်ပစ်လိုက်ချင်သော်လည်း ချက်ခြင်း မျိုသိပ်လိုက်သည်။
သူနှင့်အတူရင်းနှီးဖို့ ကံကြမ္မာက သတ်မှတ်ထားတာလား? သူသည် ပိရှစ် သိုင်းမြို့စားကို တွေ့ဆုံခွင့်ရရန် ရည်မှန်းထားခြင်း ဖြစ်သည်။ ဤလူက တကယ်ကို ထူးထူးဆန်းဆန်းတွေ ဖြစ်ချင်နေခဲ့သည်။ ပိရှစ်သိုင်းမြို့စားနှင့် နီးစပ်ခွင့်ရရန်အတွက် သူသည် ထိုကဲ့သို့သော ဝေ့လည်ကြောင်ပတ်အကွက်ကိုပင် အမှန်တကယ် အသုံးပြုခဲ့သည်။
သို့သော်၊ ယင်းက သူ၏မျက်လုံးများတွင် 'ကလေး လစ်လိုက်တော့' ဟု အမြဲတမ်း မောက်မောက်မာမာ ပြောပြီး ရှိုးဂိုက်ထုတ်လွန်းသည့် အခြားလူငယ်များထက် ပို၍ နှစ်သက်ကျေနပ်စရာကောင်းသည်ဟု ချင်ယွင်ကို ခံစားရစေသည်။
ချင်ယွင်သည် ပိရှစ်သိုင်းမြို့စားကို တစ်ချက်ကြည့်လိုက်ပြီး သူမ၏မျက်လုံးများက အေးစက်နေပြီး မျက်မှောင်အနည်းငယ် ကြုတ်နေသည်ကို တွေ့လိုက်ရသည်။ သိသာစွာပင်၊ သူမသည် စိတ်မရှည်ပုံရသည်။
သို့သော် ပိရှစ်သိုင်းမြို့စား၏ လက်ရှိရုပ်သွင်အပြင်ကို မြင်လိုက်ရသောအခါ ချင်ယွင်၏ နှလုံးသားသည် ရုတ်တရတ် ရယ်ချင်စိတ်များ ပြည့်နှက်လာခဲ့သည်။ သူက အရှက်မဲ့စွာဖြင့် ထိုလူငယ်လေးကို အလျင်စလို ပြောလိုက်သည် "ဒီကအစ်ကိုကြီး၊ တိုက်ဆိုင်လိုက်တာဗျာ၊ ကျွန်တော်လည်း ဒီလိုကြမ္မာမျိုးရှိတယ်လို့ ခံစားရတယ်။ လာ၊ လာ၊ မြန်မြန်ထိုင်၊ အတူတူ သောက်ကြရအောင်"
ပိရှစ်သိုင်းမြို့စားသည် ချင်ယွင်၏ စကားကိုကြားသောအခါ၊ သူမသည် ချက်ချင်း မျက်ခုံးပင့်ကာ ချင်ယွင်ကို ပြင်းပြင်းထန်ထန် စူးစိုက်ကြည့်သည်။
"ခင်ဗျား အရင်တုန်းက ကျုပ်ကို လှောင်ပြောင်ကျီစယ်ခဲ့တာလေ။ ဒါပေမယ့် အခု ခင်ဗျား ကျုပ်ကို ဘာလုပ်နိုင်လဲဆိုတဲ့အမေးရဲ့အဖြေကို ကျုပ်ကြားချင်မိတယ်”ဟု ပြောချင်သည့်အလား ချင်ယွင်က ချက်ချင်းပင် သူမကို အကြည့်တချက် ပြန်ပေးလိုက်သည်။
ပိရှစ်သိုင်းမြို့စားသည် အလွန်ဒေါသထွက်ကာ သွားများပင် ယားကျိကျိ ဖြစ်နေသည်။
ထိုလူငယ်သည် ချင်ယွင်ကသဘောတူသည်ကိုမြင်သောအခါ၊ သူသည် ချင်ယွင် နှင့် ပိရှစ်သိုင်းမြို့စားတို့၏ ဘေးတွင် ပျော်ရွှင်စွာထိုင်ပြီး ချင်ယွင်နှင့် အရင်ဆုံး စကားစမြည် ပြောလာသည်။
သူသည် ချင်ယွင်အား ယခုမှတွေ့ဖူးသည့်အတိုင်း ချင်ယွင်ကို မည်သို့ မည်ပုံ ထင်မြင်ကြောင်းကို ချင်ယွင်အား မြှောက်ပင့်ပြောဆိုပြီး သူ၏ပုံစံမှာလည်း အခုချက်ချင်းပင် သူနှင့်သွေးသောက်ညီအစ်ကိုများအဖြစ် အမှန်တကယ် ဦးညွှတ်တော့ မည့်ပုံပေါ်သည်။
ချင်ယွင်သည် သူ၏စိတ်ထဲတွင် ရယ်ချင်စိတ်ကို မျိုသိပ်ထားပြီး ခံနိုင်ရည်ရှိအောင် တောင့်ခံကာ သူ၏တစ်ဆိတ်ကို တစ်အိတ်လုပ်ပြီး ချဲ့ကားပြောဆိုတတ်သည့် သရုပ်ဆောင်မှု စွမ်းရည်ကို အပြည့်အဝအသုံး ပြုကာ ထိုလူငယ်ကို လည်လည် မြှောက်ပင့် ပြောဆိုလိုက်သည်။
တစ်ဖက်မှာရှိနေသည့် ပိရှစ်သိုင်းမြို့စားသည် ပို၍ပို၍ပင် ဒေါသ ထွက်လာသည်။ အထူးသဖြင့် ချင်ယွင်၏ အလွန်မင်း ပြုံးဖြီးနေသည့် မျက်နှာကြီးကြောင့် သူမ၏ ဒေါသကို အထွက်အထိပ်ထိပင် ရောက်စေခဲ့သည်။
ချင်ယွင်နှင့်အတူ စကားစမြည်ပြောမူ ကုန်လုနီးပါးဖြစ်သွားသောအခါ ထိုလူငယ်သည် နောက်ဆုံးတွင် သူ၏ ရည်ရွယ်ချက်အမှန်ကို စတင်ထုတ်ပြတော့သည်။ သူက ပိရှစ်သိုင်းမြို့စားကို လက်ညှိုးထိုးပြပြီး ချင်ယွင်ကို မေးသည် "ညီလေးချင်၊ ဒီအလှပိုင်ရှင်လေးကရော ဘယ်သူပါလဲ?"
ဤသခင်လေးသည် နောက်ဆုံးတွင် ငါးစာ၏အကြောင်း ပြောလာသည့်အခါ ချင်ယွင်သည် ချက်ချင်းပင် ခါးသီးသောအပြုံးကို ထုတ်ဖော်လိုက်သည်။ သို့သော် သူသည် ၎င်းအပြုံးကို လျင်မြန်စွာ ဖုံးကွယ်ထားကာ ထိုစကားလုံးနှင့် အလွန် ရင်းနှီးအသားကျနေသောလေသံဖြင့် ပြောလိုက်သည် "သူမက ကျွန်တော့အမေပါ!"
သူ၏လှုပ်ရှားနေသောစိတ်ကို ဖုံးကွယ်ရန်အတွက် မူလကတည်းက လက်ဖက်ရည် တခွက်ကို ကြိုသောက်ထားသော ရှိုးဂိုက်ထုတ်လွန်းသည့် ထိုလူငယ်သည် ချက်ချင်းဆိုသလို မျက်လုံးတွေကို ကျယ်ကျယ်ဖွင့်လိုက်ပြီး သောက်ထားသည့် လက်ဖက်ရည်တစ်ခွက်ကို ထွေးထုတ်လိုက်ရလေသည်.။
အနီးနားရှိ ပိရှစ်သိုင်းမြို့စားသည် ချက်ချင်းပင် မျက်လုံးများ ပြူးကျယ်လာပြီး ချင်ယွင်ကို ဝါးစားလုနီးပါးပင်ဖြစ်နေသည်။
အခန်း (၂၉၈) ကောင်းကင်ဆေးစံအိမ်။
"ချင်ယွင်၊ ယုံချင်ယုံ မယုံချင်နေ ငါ မင်းကို သတ်တော့မယ်!" ပိရှစ်သိုင်းမြို့စား၏ မျက်လုံးများသည် သတ်ဖြတ်လိုသည့်ဆန္ဒများ ပြည့်နှက်နေပြီး သူမလက်ထဲတွင် ရှိသော တူချောင်းများကပင် အနှိုင်းမဲ့ ထက်မြက်သော ဓားအငွေ့အသက်ကို ထုတ်လွှတ်နေသည်။
ချင်ယွင်သည် သဘာဝအတိုင်း မကြောက်သော်လည်း ဒန်ချီဖန်း၏ နောက်တွင် တိတ်တဆိတ် ရပ်နေသော သက်လတ်ပိုင်းအရွယ် လူသည် ကြောက်ရွံ့သော အမူအရာဖြင့် ချက်ချင်းထုတ်ဖော်ပြသလိုက်ပြီး သူ၏သခင်လေးကို ကာကွယ်ရန် အစွမ်းကုန် ကြိုးစားလိုက်သည်။
အနီးနားမှာရှိနေသည့်ဒန်ချီဖန်သည်လည်း အံသြသွားခဲ့သည်။ ပိရှစ်သိုင်းမြို့စား၏ လက်ထဲတွင်ရှိနေသည့် တူချောင်းများမှ ထုတ်လွှတ်နေသော ဓားချီသည် သူ၏ဦးရေပြားကို ထုံကျင်စေသည်။
ရုတ်တရက် ပိရှစ်သိုင်းမြို့စားသည် တစ်ခုခုကို တွေးမိလိုက်ပုံရသည်။ သူမ၏ ခန္ဓာကိုယ်ပေါ်မှထွက်ပေါ်နေသော သတ်ဖြတ်ချင်စိတ်သည် ဒေါသပုန်ထနေရာမှ ချစ်စရာကောင်းသည့် အပြုံးတစ်ခုအဖြစ်သို့ ချက်ချင်းပြောင်းလဲသွားသည်။ သူမက ချင်ယွင်၏ အရိုးတွေအားလုံးထုံကျင်ပြီး ပြိုလဲကျလုနီးပါးဖြစ်စေသော ကြာအသံဖြင့် ပြောလိုက်သည် "ယောင်္ကျား ကျွန်မက သိပ်ကို အသက်ကြီးသွားပြီလား၊ ဘာလို့ အခုပြောပြီး အနိုင်ကျင့်ရတာလဲ၊ မနေ့ညကပဲ ကျွန်မက ငယ်ရွယ်သူတွေ ထက်သာတယ်လို့ အိပ်ယာထဲမှာ ချီးမွမ်းသေးတယ်”။
ထိုစကားကိုကြားပြီးနောက် ချင်ယွင်၏တစ်ကိုယ်လုံးသည် စိုးရိမ်ထိတ်လန့်စရာ အခြေအနေသို့ ကျရောက်သွားခဲ့သည်။ သူသည် အသက်ပြင်းရှည်ကြီး တချက်ချ ပြီးနောက် ဒန်ချီဖန်းကို လှည့်ကြည့်လိုက်သည်။ ဒန်ချီဖန်းသည် သူ့ကို ဒေါသတကြီး အမူအယာဖြင့် စိုက်ကြည့်နေသည်ကို သူတွေ့လိုက်ရသည်။
"အစ်ကိုဒန်၊ ငါ့ရှင်းပြချက်ကို မင်း နားထောင်ပါဦး" ချင်ယွင်က ကမန်းကတန်း ရှင်းပြလိုက်သည်။
ဒန်ချီဖန်းသည် ချင်ယွင်၏ ရှင်းပြချက်ကို နားမထောင်ချင်ပေ။ ချင်ယွင်က သူနှင့် ကစားနေသည်ဟု ထင်သွားခဲ့ပြီး သူ၏နောက်မှာရှိနေသည့် သက်လတ်ပိုင်း အရွယ်လူကို ချက်ချင်း အမိန့်ပေးလိုက်တော့သည် " ချန်ယွန် ၊ တက်လိုက်ပါ"
"ဟုတ်ကဲ့ပါ သခင်လေး!" သက်လတ်ပိုင်းအရွယ်လူက ချက်ချင်းပြန်ဖြေပြီး ချင်ယွင်ကို တိုက်ခိုက်လေသည်။
ချင်ယွင်သည် တခဏတာ ကူကယ်ရာမဲ့ဖြစ်သွားပြီး ချန်ယွန်ဟုခေါ်သော ထိုလူ၏ တိုက်ခိုက်မှုကို အမြန်တုံ့ပြန်လိုက်ရသည်။ တစ်ချိန်တည်းမှာပင်၊ သူသည် ပိရှစ် သိုင်းမြို့စားကို ကြည့်လိုက်ရာ သူ၏ကံဆိုးမိုးမှောင်ကျမှုကြောင့် နှစ်ထောင်းအားရ ဖြစ်ကာ ရယ်မောနေသည်ကို တွေ့လိုက်ရသည်။
ယင်းက ကြက်သားဟင်းကို ခိုးယူပြီးမှ ထမင်းနှင့်မစားလိုက်ရသည့်အလား ချင်ယွင်ကို ချက်ချင်းပင် စိတ်ပျက်လက်ပျက် ဖြစ်သွားစေသည်။
သေချာသည်မှာ၊ သတ္တမအဆင့် ကောင်းကင်အလွှာ အထွတ်အထိပ် သိုင်းမြို့စားအဆင့် ကျွမ်းကျင်သူတစ်ဦးသည် လက်ရှိချင်ယွင်အတွက် ဘာမှမဟုတ်တာကြောင့် ချင်ယွင်က လက်သီးတစ်ချက်ပဲသုံးပြီး ချန်ယွန်ကို မြေပြင်ပေါ်သို့ ပစ်တင်လိုက်လေသည်။
ချန်ယွန်သည် သူ့ကို သတ်ဖြတ်လိုသည့်ဆန္ဒမရှိဟု ခံစားမိသောကြောင့် ချင်ယွင်သည် သူ၏လက်စကို တမင်ထိန်းချုပ်ထားခဲ့ပြီး၊ သူ၏လှုပ်ရှားနိုင်စွမ်းကို ခေတ္တယာယီ ဆုံးရှုံးသွားစေရန်သာ လက်သီးဖြင့် ထိုးခဲ့သည်။
ဒန်ချီဖန်းသည် ချန်ယွန်၏ လက်သီးကိုမြင်သောအခါ၊ သူ၏မျက်လုံးများသည် နွားတစ်ကောင်ထက်ပင် ပိုကျယ်လာခဲ့သည်။ ချန်ယွန်မည်ကဲ့သို့ စွမ်းအားမျိုး ပိုင်ဆိုင်ထားလဲဆိုသည်ကို သူသိသည်။ သတ္တမအဆင့် ကောင်းကင်အလွှာ အထွတ်အထိပ် သိုင်းမြို့စားအဆင့်ကျွမ်းကျင်သူတစ်ဦး၏ စွမ်းအားကို အင်ပါယာ တစ်ခုလုံးတွင် အစွမ်းထက်ဆုံးထဲမှ တစ်ခုဟု သတ်မှတ်နိုင်သည်။
ထိုကဲ့သို့ ပေါ့ပေါ့ပါးပါးလက်သီးတချက်က သူ့ကို မြေပြင်ပေါ်သို့ လွင့်ထွက်သွားစေ နိုင်ခဲ့သည်။ သူ၏နောက်ကွယ်မှ အချို့လူအိုကြီးများပင် ထိုကဲ့သို့ မလုပ်နိုင်ကြပေ။
သို့သော် သူ့ရှေ့တွင်ရှိသော ဤလူငယ်သည် အသက်ဆယ့်ခြောက်နှစ် သို့မဟုတ် ဆယ့်ခုနစ်နှစ်ခန့်သာ ရှိသေးသည်။ သူ မည်သို့ မတုန်လှုပ်ဘဲ နေနိုင်နိုင်မည်နည်း။
ရုတ်တရက် သူသည် တစ်ခုခုကို သတိရသွားပုံရပြီး သူ၏ပါးစပ်ကို ချက်ချင်း ဖွင့်လိုက်သည်။
"မင်းက ဘေဟိုင်သိုင်းမြို့စားကို သတ်ဖို့ မြို့ထဲမှာရှိတဲ့ ဓားအားလုံးကို ငှားရမ်းခဲ့တဲ့ ချင်ယွင်လား။" ဒန်ချီဖန်းက မယုံကြည်နိုင်စွာဖြင့် မေးလိုက်သည်။
"ဟုတ်တယ်!" ချင်ယွင်က ခေါင်းညိတ်လိုက်သည်။
"ဒါဆို ခင်ဗျားကရော ပိရှစ်သိုင်းမြို့စားလား?" ဒန်ချီဖန်းက ပိရှစ်သိုင်းမြို့စားကို လှည့်ကြည့်ပြီး ပြောလိုက်သည်။
ပိရှစ်သိုင်းမြို့စားက ဒန်ချီဖန်းကို တစ်ချက်ကြည့်လိုက်ပြီး ဘာမှပြန်မပြောပေ။ သို့သော်လည်း သူမ၏လုပ်ရပ်အရ ထိုတိတ်ဆိတ် နေခြင်းသည် ဝန်ခံမူဟု ယူဆလို့ရ သည်။
ဒန်ချီဖန်းသည် တစ်ချက်မျှလှုပ်ရုံဖြင့် ချန်ယွန်အဘယ်ကြောင့် လဲကျ သွားခဲ့ရလဲဆို သည်ကို သူနားမလည်မီ သူသည် ခဏတာအတွင်း ချောက်နက်ကြီးထဲ ထိုးကျသွားသလို ခံစားလိုက်ရသည်။
ဒန်ချီဖန်းသည် တခဏမျှကြာအောင် မှင်သက်နေခဲ့သည်။ သူက ချင်ယွင်ကို ကြည့်ပြီးနောက် ပိရှစ်သိုင်းမြို့စားကို ကြည့်လိုက်သည်။ ထို့နောက် သူက မျက်နှာပေါ်တွင် မလိုလာသည့်အရိပ်အယောင် တစွန်းတစဖြင့် ချင်ယွင်အား "အစ်ကိုချင်က တကယ်ကို ကမ္ဘာကြီးကို ထိတ်လန့်တုန်လှုပ်စေခဲတဲ့ ပါရမီရှင် တစ်ယောက်ပဲ။ ငါဒန်ချီဖန်းက မင်းကို လေးစားပါတယ်။ မင်းက ပိရှစ်သိုင်းမြို့စားလို တမူထူးခြားတဲ့ အလှပိုင်ရှင်တစ်ယောက်ကိုတောင် ဖမ်းစားနိုင်မှာလိမ့်မယ်လို့ ငါ မမျှော်လင့်ထားဘူး။ မင်းက ငါတို့မျိုးဆက်အတွက်တော့ တကယ့်ကို စံပြတစ်ယောက် ပါပဲ။ စောစောက မင်းကို စော်ကားခဲ့တဲ့အတွက် ငါ့ကို ခွင့်လွှတ်ပါ"ဟု ပြောလိုက်သည်။
ထိုစကားများကိုကြားရလျှင် ချင်ယွင်၏ဦးခေါင်းက ချက်ချင်းကြီး ကြီးလာခဲ့သည်။ ဒန်ချီဖန်းသည်ပိရှစ်သိုင်းမြို့စားနှင့် သူ၏ဆက်ဆံရေးကို အမှန်တကယ် နားလည်မှု လွဲနေပုံရသည်။ သို့သော်၊ ပိရှစ်သိုင်းမြို့စားသည် သူမကိုယ်သူမ ကာကွယ် ပြောဆိုရန်အတွက် နည်းနည်းလေးမျှ စိတ်ဝင်စားပုံမပေါ်ပေ။ အမှန်တကယ်ဆို သူမသည် သူမ၏မျက်နှာပေါ်တွင် ကောက်ကျစ်သော အပြုံးတခုကို ဖော်ပြနေသည်။
ထိုမြင်ကွင်းကို မြင်လိုက်ရလျှင် ချင်ယွင်သည် သူ့စိတ်ထဲမှာ သေချင်သလို ခံစားလိုက်ရ သည်။ ဤမိန်းမကို နောက်တကြိမ် မည်သည့်အခါမှ ရန်စတော့ဟု သူ တွေးလိုက်သည်။ နောင်အနှစ်သုံးရာမှ နှစ်ငါးရာကြာအထိ ကျင့်ကြံလျှင်ပင် သူမကို အနိုင်ယူနိုင်စွမ်း ရှိကောင်းမှရှိလိမ့်မည်။ (ကောက်ကျစ်မူအရာမှာဆိုလိုဟန်တူ)။
"စကားမစပ်၊ အစ်ကိုဒန်၊ မင်းက ကောင်းကင်ဆေးစံအိမ်က လာတာလို့ ပြောလိုက် သလားလို့။ မင်းတို့စံအိမ်က ဆေးရောင်းတာလား။" ဒန်ချီဖန်းက သူကောင်းကင်ဆေးစံ အိမ်မှလာသည်ဟု ပြောမိသည်ကို ချင်ယွင်က ရုတ်တရက် သတိရမိသည်။
သို့သော် ချင်ယွင်က ထိုစကားများကို ပြောပြီးချိန်တွင် စားသောက်ဆိုင်အတွင်းရှိ လူများက ချင်ယွင်ကို အရူးတစ်ယောက်လို ကြည့်နေဟန်တူသည်။ ပိရှစ်သိုင်းမြို့စားပင်လျှင် သူ့ကို အထင်သေးသည့်ပုံစံဖြင့် ကြည့်နေသည်။
ဒန်ချီဖန်းက နှိမ့်ချစွာပြုံးပြီး တုန့်ပြန်လိုက်သည်"ငါ့မိသားစုအိမ်မှာ ဆေးတွေ အများကြီးရှိ မယ်ထင်တာပဲ"
ဘေးတွင်ရပ်နေသော ပိရှစ်သိုင်းမြို့စားသည် ဆက်၍ နားမခံနိုင်ဖြစ်လာပုံရသည်။ သူမက ကြားဖြတ်ပြောလိုက်တော့သည် "ကောင်းကင်ဆေးစံအိမ်က တော်ဝင်ရန် အင်ပါယာမှာ အကြီးဆုံး ဆေးကလန်ကြီးတစ်ခုပဲ။ သူတို့ရဲ့ ဆေးဆိုင်တွေက တော်ဝင် ရန်အင်ပါယာ တစ်ခုလုံးကို ပျံ့နှံ့နေရုံသာမက အင်ပါယာမိသားစုအတွက်ပါ အထူး ပံ့ပိုးပေးထားတယ်။ ကောင်းကင်ဆေးစံအိမ်ရဲ့ သြဇာလွှမ်းမိုးမှုက တိုင်ယွန်ကုန်သည် ကြီးများ အသင်းအောက်မှာ လုံးဝမရှိဘူးလို့ ပြောလို့ရတယ်။ ချမ်းသာကြွယ်ဝမှုအရဆို ကောင်းကင်ဆေးစံအိမ်က တိုင်ယွန်ကုန်သည်ကြီးများ အသင်းအထက်မှာတောင် ရှိတယ်။ ဒီလိုနေရာမျိုးကို ဆေးလုံးရောင်းတဲ့နေရာတစ်ခုအဖြစ်သာ ဖော်ပြလို့ ရနိုင်မှာတဲ့လား။
ထိုစကားကိုကြားလျှင် ချင်ယွင်သည် ကြီးမားသည့်အရှက်တကွဲဖြစ်မူကို ခံစားရသည်။ စားသောက်ဆိုင်ရှိလူတိုင်းက သူ့ကို လူတုံးလူအ တစ်ယောက်လို အဘယ့်ကြောင့် ကြည့်နေကြသလဲဆိုသည်ကို နောက်ဆုံးတော့ သူနားလည်သွားခဲ့သည်။
သို့သော် ချင်ယွင်က ဤကိစ္စကို ဂရုမစိုက်ပါ။ သူက ဒန်ချီဖန်းကို အမြန်ဆွဲပြီး "မင်းတို့ ကောင်းကင်ဆေးစံအိမ်မှာ စိတ်ဝိညာဉ်ပြန်သွင်းခြင်း ဆေးလုံးများမရှိဘူးလား" ဟု မေးလိုက်သည်။
" စိတ်ဝိညာဉ်ပြန်သွင်းခြင်းဆေးလုံးလား ? ငါ အဲဒါကို တစ်ခါမှ မကြားဖူးဘူး။" ဒန်ချီဖန်းက အံ့သြဟန်ဖြင့် ပြန်မေးလိုက်သည်။
သူသည် ကျင့်ကြံခြင်းလမ်းစဉ်မှာ ပါရမီမပါသော်လည်း ဆေးလုံးသန့်စင်ခြင်း လမ်းစဉ် မှာတော့ အလွန်ပါရမီပါသူ ဖြစ်သည်။ ထိုကြောင့်ပင် သူသည် အသက်နှစ်ဆယ့်လေး နှစ်ရှိပြီဖြစ်ကာ သိုင်းသခင်နယ်ပယ်၏ နဝမအဆင့် ကောင်းကင်အလွှာ အထွက်အထိပ် ကျင့်ကြံခြင်း အဆင့်သာရှိသော်လည်း သူ၏မျိုးနွယ်စုက သူ့ကို အလွန် တန်ဖိုးထား နေရသည့် အကြောင်းရင်းဖြစ်သည်။
ဆေးလုံးများသန့်စင်ခြင်းသည် အလိုရှိသလို သန့်စင်လို့ရသည့် အရာမဟုတ်ပေ။ ပါရမီ အရည်အချင်းပေါ်လည်း မူတည်သည်။ ဤစွမ်းရည် ပါရမီမျိုးသည် ကျင့်ကြံခြင်း၊ ဝိညာဏ်အရင်းအမြစ်များနှင့် မသက်ဆိုင်ပေ။ ယင်းက သတိထားဆင်ခြင်ရပြီး ဆေးဖက်ဝင် ပစ္စည်းများကို ထိန်းချုပ်နိုင်စွမ်း မြင့်မားမူရှိရသည်။
ဒန်ချီဖန်းသည် ဤနယ်ပယ်တွင် အလွန်ကျွမ်းကျင်စွာ လုပ်နိုင်ခဲ့သည်။ ကလန်ထဲရှိ၊ မျိုးဆက်ဟောင်း မှော်ဆေးပညာရှင်များသည်ပင် ဤနယ်ပယ်မှာ ဒန်ချီဖန်း၏ အံ့မခန်း စွမ်းရည်ကို အံ့အားသင့်ကြရသည်။ ထို့အပြင်၊ ဒန်ချီဖန်းသည် မျိုးနွယ်စုခေါင်းဆောင်၏ သားဖြစ်သောကြောင့် မျိုးနွယ်စုတွင် သူ၏အဆင့်အတန်းသည် အလွန်မြင့်မားသည်။
မဟုတ်ရင်၊ မျိုးနွယ်စုက သတ္တမအဆင့် ကောင်းကင်အလွှာ အထွက်အထိပ် သိုင်းမြို့စား အဆင့်ကျွမ်းကျင်သူတဦးကို သူ့ရဲ့ကိုယ်ရံတော်အဖြစ် ဘာကြောင့် စေလွှတ်ထားမှာလဲ။
ထို့အပြင် သူသည် ဆေးလုံးများနှင့် ထိတွေ့ခဲ့သည်မှာ အနှစ် ၂၀ နီးပါးရှိခဲ့ပြီး မရေမတွက်နိုင်သော ဆေးစာအုပ်အများအပြားကိုလည်း အလွတ်ကျက်မှတ်ထားခဲ့ သည်။ သို့သော် သူသည် စိတ်ဝိညာဉ်ပြန်သွင်းခြင်းဆေးလုံးကို တစ်ခါမျှ မကြားဖူးပေ။ ထို့ကြောင့် ချင်ယွင်က ဤအမည်ကို ပြောသောအခါတွင် သူသည် အလွန်ရင်းနှီးခြင်း မရှိဟု ခံစားခဲ့ရသည်။
ဆေးလုံးများကို အမျိုးအစားနှစ်မျိုးခွဲထားပြီး၊ သိမ်မွေ့နက်နဲဆေးနှင့် အင်မော်တယ် ဆေးတို့ ဖြစ်သည်။ ၎င်းတို့တခုချင်းဆီကို အဆင့်ကိုးဆင့် ခွဲခြားထားသည်။
သာမာန်အားဖြင့် တော်ဝင်ရန်အင်ပါယာတွင် ပျံ့နှံ့နေသော သိမ်မွေ့နက်နဲဆေးများ အားလုံးသည် အဆင့်ခြောက် သို့မဟုတ် ထို့ထက်အဆင့်နိမ့်ကျသည်။ အဆင့်ခုနှစ် သို့မဟုတ် အဆင့်ရှစ်သို့ ရောက်ရှိနေသည့်ဆေးများသည် အလွန်အဖိုးတန်သော ရတနာတစ်ခုဖြစ်သည်။ အဆင့်ကိုးသိမ်မွေ့နက်နဲဆေးသည် စျေးကွက်မရှိသည့် ပြိုင်ဘက်ကင်းရတနာတစ်ခုဟု ဆိုနိုင်သည်။
အင်မော်တယ်ဆေးများနှင့် ပတ်သက်၍ ၎င်းတို့အားလုံးသည် ဒဏ္ဍာရီလာ ပစ္စည်းများ ဖြစ်ကြသည်။ တော်ဝင်ရန်အင်ပါယာ၏ တော်ဝင်မိသားစုတစ်ခု လုံးတောင်မှ တစ်လုံးတစ်လေ မပိုင်ဆိုင်နိုင်ကြပေ။
ထိုအချိန်တုန်းက ချင်ယွင် သောက်သုံးခဲ့သော နဂါးသွေးဆေးသည် အဆင့်ရှစ် သိမ်မွေ့နက်နဲဆေး တစ်လုံးသာဖြစ်သည်။ သာမာန်နဂါးသွေးဆေးများသည် အဆင့်ခုနစ်သာရှိသည်။ နဂါးသွေးဆေးလုံးကို နဂါးတုန့်ပြန်သွေးမျိုးဆက်မှ ပြုလုပ်ထားသောကြောင့် ၎င်း၏ အရည်အသွေးသည် အဆင့်ရှစ်အထိ ရောက်ရှိသွားခဲ့ခြင်း ဖြစ်သည်။
ချင်ယွင်လိုချင်သော စိတ်ဝိညာဉ်ပြန်သွင်းခြင်းဆေးလုံးနှင့် ပတ်သက်၍မူ၎င်းသည် သဘာဝအတိုင်း ဒဏ္ဍာရီလာ အင်မော်တယ်ဆေး ဖြစ်သည်။ ဒန်ချီဖန်းက ထိုဆေးကို မကြားဖူးသည်မှာ ပုံမှန်ပင်ဖြစ်သည်။
"ဒါဆို မင်းတို့မျိုးနွယ်စုကလူကြီးတွေကရောင် အဲဒီဆေးလုံးအကြောင်း ကြားဖူးမလား" ချင်ယွင်က ဆက်မေးသည်။
ထျန်းယွန်တိုက်ကြီးတွင် စိတ်ဝိညာဉ်ပြန်သွင်းခြင်းဆေးလုံးကို ရှာတွေ့ရန် မျှော်လင့်ချက် မရှိဟု သူသိသော်လည်း ချင်ယွင်က ၎င်းကို စမ်းကြည့်ချင်သေးသည်။ မျှော်လင့်ချက် တစွန်းတစဘဲ ရှိသည်ဆိုလျှင်ပင် ချင်ယွင်က လက်မလျှော့ချင်ပေ။ နောက်ဆုံးတော့ ကျန်းရွှန်ရှင်း၏ နှလုံးခုန်နှုန်းက အမြန်ဆုံး ပြန်ကောင်းလာနိုင်မလား ဆိုသည်မှာလည်း စိုးရိမ်စရာပင်။
"ငါ့အဘိုးက ဆေးလုံးတွေအပေါ်မှာ နှစ်ပေါင်းတစ်ရာကျော်ကြာအောင် လေ့လာကုန် ဆုံးခဲ့ပြီး မရေမတွက်နိုင်အောင်များပြားတဲ့ ရှေးဟောင်း ဆေးကျမ်းစာလိပ်တွေကို ဖတ်ရှုခဲ့တယ်။ မင်းပြောနေတဲ့ စိတ်ဝိညာဉ် ပြန်သွင်းခြင်းဆေးလုံးကို သူ သိကောင်းသိလိမ့်မယ် ထင်တယ။" ဒန်ချီဖန်းက ပြောသည်။
ချင်ယွင်၏မျက်လုံးများတွင် မျော်လင့်ချက် အရိပ်အယောင်များ ချက်ချင်း တောက်ပ လာခဲ့ပြီး "ဒါဆို မင်းအဘိုးကိုတွေ့ဖို့ ငါ့ကို ခေါ်သွားလို့ရမလား" ဟု အလျင်စလို မေးလိုက်သည်။
ဒန်ချီဖန်းသည် ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် နောက်ဆုံးတွင် ခေါင်းညိတ်ပြ လိုက်သည်။
ချင်ယွင်၏မျက်နှာသည် ချက်ချင်းပင် ပျော်ရွှင်မှုသည့်အမူအယာ ပေါ်လွင်လာသည်။
အခန်း (၂၉၉) မောက်မာသည့်ဒန်ဟိုင်။
ထို့နောက်၊ ဒန်ချီဖန်းသည် ချင်ယွင် နှင့် ပိရှစ်သိုင်းမြို့စားတို့ကို သူ၏မျိုးနွယ်စုဆီသို့ ဦးဆောင်ခေါ်သွားခဲ့သည်။
လမ်းတစ်လျှောက်တွင် ဒန်ချီဖန်းသည် ချင်ယွင် နှင့် ပိရှစ်သိုင်းမြို့စားတို့အား အင်ပါယာမြို့တော်ရှိ ဆေးကလန်နှင့် ကောင်းကင်ဆေးစံအိမ်အကြောင်းကို ပြောပြလာခဲ့သည်။ ယင်းကြောင့် ချင်ယွင်သည် ဆေးကလန်အပေါ် တိကျသေချာသော နားလည်မှုကို ရရှိစေခဲ့သည်။
မူလကတည်းက အင်ပါယာမြို့တော်ရှိ ဆေးကလန်၏ သြဇာလွှမ်းမိုးမူသည် အင်ပါယာ မြို့တော်ရှိ မဟာမျိုးနွယ်စုကြီးသုံးခုထက် မနိမ့်ကျပေ။ သို့ရာတွင်၊ ဆေးကလန်သည် နိမ့်ကျသောပုံစံဖြင့် အမြဲပြုမူနေခဲ့ပြီး ကမ္ဘာနှင့်ကြီးနှင့်လည်း ယှဉ်ပြိုင်ခြင်းမရှိခဲ့ပေ၊ ထို့ကြောင့် သူတို့သည် အင်ပါယာမြို့တော်ရှိ ထိပ်တန်းအင်အားစုတစ်ခုအဖြစ် အဆင့်သတ်မှတ်ခြင်း မခံခဲ့ရပေ။
သို့မဟုတ်ပါက အင်ပါယာမြို့တော်တွင် မဟာမျိုးနွယ်စုကြီး သုံးခုမဟုတ်ဘဲ မဟာမျိုးနွယ်စုကြီး လေးခုဖြစ်လာပေလိမ့်မည်။
ဒန်ချီဖန်း၏ အဆိုအရ၊ သူတို့မျိုးနွယ်စုသည် နှိမ့်ချနေရခြင်း၏ အကြောင်းရင်း တစ်ရပ်မှာ သူတို့၏ ဘိုးဘေးများက သွန်သင်လမ်းညွန်ချက်များ ချမှတ်ထား သောကြောင့် ဖြစ်သည်။ ထိုသွန်သင်လမ်းညွှန်ချက်များကို ချိုးဖောက်သည့် မည်သူမဆို ပြင်းပြင်းထန်ထန် အပြစ်ပေးခံရမှာဖြစ်သည်။ ထို့အပြင် ထိုသူတို့အား ဆေးကလန်မှ နှင်ထုတ်ပစ်မည်ဖြစ်သည်။
ဆေးကလန်မှလူများသည် ဆေးလုံးသန့်စင်ရာတွင် ထက်မြက်သည့် စွမ်းရည်ပါရမီ ရှိကြသော်လည်း ကျင့်ကြံမူစွမ်းရည်မှာ ကျေနပ်ဖွယ်ရာမရှိပေ။
ထို့ကြောင့် ဆေးကလန်၏ဘိုးဘေးများသည် ကောင်းကင်ဆေးစံအိမ်ကို ဖန်တီးခဲ့သည်။ ကောင်းကင်ဆေးစံအိမ်သည် ပါရမီရှင်များနှင့် ကျွမ်းကျင်သူများကို စုဆောင်းထားပြီး ဆေးကလန်သည် အဆိုပါပါရမီရှင်များနှင့် ကျွမ်းကျင်ပညာရှင်များ အလျင်အမြန် ကျင့်ကြံနိုင်ရန်အတွက် ဆေးလုံးများကို သန့်စင်ပေးသည်။
အကျိုးကျေးဇူးအနေဖြင့်၊ ထိုကျွမ်းကျင်ပညာရှင်တွေက ဆေးကလန်၏လူတွေကို ကာကွယ်ပေးရ၏။ ဤသည်မှာ သူတို့နှစ်ဦးသည် နှစ်ဦးနှစ်ဖက် အကျိုးပြုသည်ဟု ဆိုနိုင်သည်။
ဆေးကလန်၏ နှိမ့်ကျသောပုံစံဖြင့်ယှဉ်တွဲလျက် ဆေးကလန်သည် နှစ်ပေါင်း ငါးရာနီးပါး တည်တံ့ခဲ့သည်။ ယခု ဆေးကလန်သည် အင်ပါယာမိသားစုအား ဆေးလုံး များ ထောက်ပံ့ပေးအပ်ခဲ့ပြီး အင်ပါယာမိသားစုမှ ကာကွယ်ပေး ထားသောကြောင့် ဆေးကလန်ကို မည်သူမျှ မထိဝံ့သကဲ့သို့ ဖြစ်နေပါသည်။
ဆေးကလန်သည် အင်ပါယာမြို့တော်၏ မြောက်ဘက်ပိုင်းတွင် တည်ရှိသည်။ ဆေးကလန်သည် အလွန်ချမ်းသာသောကြောင့် ဆေးကလန်၏စံအိမ်ကြီးသည် အလွန်ကြီးမားလှသည်။ အင်ပါယာနန်းတော်၏ ထက်ဝက်နီးပါး အရွယ်အစားရှိသည်။ ယင်းသည် အင်ပါယာမြို့တော်တစ်ခုလုံးအတွက် ကောင်းမွန်သော ဇာတ်လမ်းတစ်ခုဟု ယူဆနိုင်သည်။
ချင်ယွင်သည် ဒန်ချီဖန်းနောက်မှ ဆေးစံအိမ်သို့ လိုက်သွားခဲ့သည်။ ဒန်ချီဖန်းကြောင့် သူ၏ခရီးစဉ်က အတားအဆီး မရှိသလောက်ပင်။ နာရီဝက်နီးပါး လမ်းလျှောက်ပြီး နောက် သူတို့သည် နောက်ဆုံးတွင် ခုနစ်ထပ်မျှော်စင်ရှေ့သို့ ရောက်ရှိလာသည်။
မျှော်စင်သည် ဆဋ္ဌဂံပုံစံဖြစ်သည်။ ထောင့်ခြောက်ထောင့်အားလုံးမှာ တံစက်မြိတ်နှင့် ချောက်ကမ်းပါးများကဲ့သို့ အမိုးခုံးများ ရှိကြသည်။ ပုံစံကိုတချက်ကြည့်ရုံဖြင့် ထူးထူးခြားခြား ကြီးကျယ် ခမ်းနားလွန်းသည်။ မျှော်စင်သို့ မရောက်ခင်မှာပင် ချင်ယွင်သည် ပြင်းထန်သော ဆေးရနံ့ကို စတင်ခံစားရသည်။ ထုတ်လွှတ်လာသော ဆေးရနံ့က ရာနှင့်ချီသော ဆေးဖက်ဝင် ပစ္စည်းများဖြင့် ရောစပ်ထားသည့် ထူးဆန်းသောရနံ့ ဖြစ်သည်။
"ဒါက ငါတို့ ဆေးကလန်ရဲ့ ဆေးမျှော်စင်ပေါ့။ ငါ့အဘိုးက ဒီမျှော်စင်ရဲ့ထိပ်မှာရှိတယ်။ သွားရအောင်၊ ငါမင်းကို ခေါ်သွားပေးမယ်။" ဒန်ချီဖန်းက ချင်ယွင်နှင့် ပိရှစ်သိုင်းမြို့စား တို့အား ပြောလိုက်သည်။
ချန်ယွန်ကတော့ ချင်ယွင်၏လက်သီးချက်ကြောင့် ဒဏ်ရာပြင်းထန်သည့်အတွက် ဒန်ချီဖန်းက သူ့ကို အနားယူဖို့ ပြန်လွှတ်လိုက်ပါသည်။
ဆေးစံအိမ်သို့ ပြန်ရောက်ပြီဖြစ်သောကြောင့် ဒန်ချီဖန်းသည် အကာအကွယ် မလိုအပ်တော့ပေ။ နောက်ဆုံးတော့၊ ဆေးစံအိမ်မှာ မည်သူမှ အမှားမလုပ်ရဲကြပါဘူး။
ချင်ယွင်က ခေါင်းညိတ်ပြလိုက်ပြီး ဒန်ချီဖန်းနှင့်အတူမျှော်စင်ထဲသို့ လိုက်ပါသွားခဲ့ သည်။
"ခဏနေဦး!"
သို့သော် ထိုအချိန်တွင် သဘောမကျစရာကောင်းသည့် အသံတစ်ခု ထွက်ပေါ်လာ သည်။
ချင်ယွင်နှင့် အခြားလူများသည် ချက်ချင်းပင် ခေါင်းပြန်လှည့်လိုက်ပြီး ရောက်လာသော လူကို ကြည့်ကြသည်။ ဒန်ချီဖန်းသည် ထိုလူကိုမြင်သည့်အခါ သူ့အမူအရာက ပို၍ပင် မည်းမှောင်သွားသည်။
ခပ်လှမ်းလှမ်းတွင် သူနှင့်အသက်တူရွယ်တူ ချောမောသည့်လူငယ်တစ်ယောက် ဖြတ်လျှောက်လာသည်။ သူသည် အဖြူရောင်တိမ်တိုက် ၀တ်စုံကို ၀တ်ဆင်ထားပြီး ၎င်းအဖြူတိမ်တိုက်ဝတ်စုံပေါ်တွင် ဆေးလုံးပုံစံများကို ချည်ဖြင့်ထိုးထားသည်။ သူ၏ချောမောသော မျက်နှာအပြင်နှင့် သူ၏ကိုယ်ဟန်အမူအယာက သာမန်ထက် ထူးခြားသည်။ သို့သော် သူ့မျက်နှာတွင် အထင်အမြင်သေးမှုနှင့် လှောင်ပြောင်မှု အရိပ်အယောင်များ ရှိနေသည်။
" ဒန်ဟိုင် မင်းဘာလိုချင်လို့လဲ" ဒန်ချီဖန်းက အေးစက်စွာ မေးသည်။ သူသည် ထိုလူနှင့် ပနံမသင့်လှသည်မှာ ထင်ရှားသည်။ သူ့မျက်နှာတွင် ယဉ်ကျေးသိမ်မွေ့မှု အနည်းငယ်မျှ မရှိပေ။
ဒန်ဟိုင်အမည်ရှိ လူငယ်သည် လမ်းလျှောက်သွားကာ ချင်ယွင်ကို တိုက်ရိုက် လျစ်လျူရှုထားသည်။
ပိရှစ်သိုင်းမြို့စား၏လှပသောမျက်နှာနှင့် ပြီးပြည့်စုံသည့်ထိပ်တန်းကိုယ်ထည်ကို တချက်စိုက်ကြည့်ပြီးနောက် ဒန်ချီဖန်းဆီကိုပြန်လှည့်ကာ ကျေနပ်သည့်အမူအယာဖြင့် ပြောသည် " ဒန်ချီဖန်း ၊ ဒီဆေးမျှော်စင်က ငါတို့ ဆေးကလန်ရဲ့ တားမြစ်နယ်မြေဆိုတာ မင်းမသိဘူးလား။ မျိုးနွယ်စုအကြီးအကဲတွေရဲ့ ခွင့်ပြုချက်မရှိဘဲ အပြင်ကလူတွေကို ဝင်ခွင့်မပြုဘူးမဟုတ်လား?"
"ဟမ့်၊ ငါ့အဘိုးက ဆေးမျှော်စင်ကို စိတ်တိုင်းကျ ဝင်ထွက်နိုင်တယ်လို့ အမြဲ ပြောထားတယ်။ နောက်ပြီး မျိုးနွယ်စုစည်းမျဉ်းတွေမှာ အပြင်ကလူတွေကို ဆေးမျှော်စင်ထဲကို ခေါ်မလာသွားရဘူးလို့ ပြောမထားဘူး။" ဒန်ချီဖန်းက အေးစက်စွာ အော်ပြောလိုက်သည်။
ဒန်ဟိုင်က လှောင်ပြောင်ပြီး ဆက်ပြောသည် " မျိုးနွယ်စုထဲမှာ ဒီလိုစည်းကမ်းမျိုး မရှိဘူးဆိုပေမယ့် ဆေးမျှော်စင်ကို ငါတို့ မျိုးနွယ်ကလူတွေပဲ အမြဲသုံးခွင့်ရတယ်။ ကောင်းကင်ဆေးစံအိမ်က လူတွေတောင်မှ ဆေးမျှော်စင်ကို တစ်ခါမှ မဝင်ဖူးဘူး။ ဒါက လူတိုင်းက အသိအမှတ်ပြုရတဲ့ အမှန်တရားဖြစ်လာခဲ့တယ်။ ပြင်ပကလူတွေကို ဆေးမျှော်စင်ထဲကို သီးသန့်ခေါ်လာချင်တယ်ဆိုရင်တော့ မျိုးနွယ်စုစည်းမျဉ်းတွေကို ဆန့်ကျင်နေတာ ထင်ရှားပါတယ်။"
"မင်း... မင်း ငါ့ကို တမင် ရန်စနေတာမဟုတ်လား။" ဒန်ချီဖန်းက ဒေါသတကြီး ပြောသည်။
"စိတ်ဆိုးသွားတာလား၊ ငါက မင်းကို ဂိုဏ်းစည်းမျဥ်းတွေကို လိုက်နာဖို့ တိုက်တွန်းနေတာပါ။" ဒန်ဟိုင်၏နှုတ်ခမ်းထောင့်များသည် ဒန်ချီဖန်း ရှုံးနိမ့်သွား သည်ကို မြင်ရချိန်မှာ အလွန်ပျော်ရွှင်နေသကဲ့သို့ ပြုံးလိုက်မိသည်။
ဒန်ချီဖန်းက ဒေါသတကြီးဖြစ်ကာ အံတင်းတင်းကြိတ်လိုက်သည်။
ချင်ယွင်သည် ဘေးမှ အေးစက်စွာ ကြည့်နေခဲ့သည်။ ဒန်ချီဖန်းနှင့်ဒီဒန်ဟိုင် တို့၏ စကားဝိုင်းကို ယခုလေးတင် ကြားပြီးနောက် ဒန်ချီဖန်းနှင့်ဒန်ဟိုင်တို့၏ ဆက်ဆံရေးကို နားလည်သွားခဲ့ပါပြီ။
ထင်ရှားသည်မှာ ဤဒန်ဟိုင်သည် ဆေးကလန်၏ တပည့်တစ်ဦးလည်းဖြစ်သည်။ သို့သော်၊ သူသည် ဒန်ချီဖန်းနှင့် ကောင်းမွန်သည့်ဆက်ဆံရေး ရှိမနေခဲ့ပေ၊ သို့မဟုတ် ပြိုင်ဘက်ဆက်ဆံရေးတစ်ခုအဖြစ်ပင် ပြောသင့်သည်။ ထို့ကြောင့် သူတို့နှစ်ဦး တွေ့ဆုံတိုင်း ရန်ဖြစ်ခဲ့ကြသည်။ ဒန်ချီဖန်းက သူ့ကိုယ်ပိုင်သဘောနှင့် ပိရှစ် သိုင်းမြို့စားကို ဆေးမျှော်စင်ထဲကို ခေါ်ဆောင်လာသည့်ကိစ္စက ဒန်ဟိုင်အတွက် ရန်စရန် အကြောင်းပြချက် ရသွားခဲ့သည်။
သို့သော်၊ ချင်ယွင် အံ့သြသွားသည်မှာ ဤဒန်ဟိုင်သည် ဆဋ္ဌမအဆင့် ကောင်းကင်အလွှာ သိုင်းမြို့စားကျင့်ကြံမူအဆင့်ကို အမှန်တကယ် ကျင့်ကြံထား နိုင်ခြင်းပင် ဖြစ်သည်။ ထိုကဲ့သို့သော အရည်အချင်းများသည် အချို့သော အင်အားကြီးနိုင်ငံများတွင် အသေးစားပါရမီရှင်ဟု ယူဆနိုင်သည်။ ဆေးကလန်မှ လူအားလုံးသည် အသုံးမဝင်သည့် ကျင့်ကြံသူများမဟုတ်ဟု ထင်ရသည်။
"အစ်ကို၊ အစ်ကိုရဲ့မျိုးနွယ်စုအကြီးအကဲကို ကိစ္စတခုနဲ့ ကျွန်တော် တွေ့ချင်လေးရှိလို့ပါ။ အစ်ကို ကျွန်တော်ကို ကူညီပေးနိုင်မလား" ချင်ယွင်က ပြုံးပြုံးလေး ပြောလိုက်သည် ။ နောက်ဆုံးတွင်၊ ဤသည်မှာ ဆေးကလန်၏ နယ်မြေဖြစ်သည်။ ငြိမ်းငြိမ်းချမ်းချမ်းဖြင့် ဖြေရှင်းနိုင်ပြီး ငြိမ်းငြိမ်းချမ်းချမ်းဖြင့် ပြေလည်သွားမည်ဆိုလျှင် အကောင်းဆုံး ဖြစ်သည်။
သို့သော် ချင်ယွင်၏စကားများ ပြောပြီးသည်နှင့် ဒန်ဟိုင်၏ အမူအရာ ပြောင်းလဲ သွားသည်။ သူက ချင်ယွင်ကိုကြည့်ပြီး "မင်းက ဘယ်သူလဲ၊ ဒီမှာစကားပြောဖို့ ဘယ်တုန်းက မင်း အလှည့်ရောက်သွားတာလဲ" ဟု မထီမဲ့မြင်ပြုကာ အော်ပြော လိုက်သည်။
ဒန်ဟိုင်က ကြမ်းကြမ်းတမ်းတမ်း ပြောလာသောအခါ ချင်ယွင်၏ မျက်နှာပေါ်မှ အပြုံးသည် တင်းမာသွားသည်။
ဒန်ဟိုင်သည် ချင်ယွင်အပေါ် ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံနေသည်ကို ဒန်ချီဖန်းက မြင်သောအခါတွင် သူ၏စိတ်ထဲတွင် ဒေါသများ ပေါက်ကွဲသွားလေသည်။ ချင်ယွင်ကို သူကိုယ်တိုင်ခေါ်ဆောင်လာခဲ့တာဖြစ်ပြီး သူ့ကို ဒန်ချီဖန်း၏ဧည့်သည်အဖြစ် မည်သို့ သတ်မှတ်နိုင်မှာလဲ။
ဒန်ဟိုင်သည် ဤမျှလောက် မိုက်ရိုင်းလိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။
"ဒန်ဟိုင်၊ မင်းလွန်မလာနဲ့နော်။ မဟုတ်ရင် နောက်ပိုင်း အဘိုးကြီးရဲ့ ရှေ့မှောက်မှာ မင်းဘယ်လို အဆုံးသတ်မလဲဆိုတာ မြင်ရလိမ့်မယ်။" ဒန်ချီဖန်းက ရေခဲတမျှ အေးစက်သည့် အမူအရာဖြင့်ပြောလိုက်ပြီး သူ၏မျက်လုံးများတွင် ပြင်းထန်သော ဒေါသများဖြင့် ပြည့်နေသည်။
ဒန်ဟိုင်သည် ဒန်ချီဖန်း၏ ဒေါသအကြည့်ကို လုံးလုံးလျားလျား လျစ်လျူရှုပြီး အထင်သေးဟန်ဖြင့် ပြုံးလိုက်သည်။ သူက ပိရှစ်သိုင်းမြို့စား ဘက်ကိုလှည့်ပြီး ပြုံးကာ ပြောလိုက်သည် "ဒီအလှလေး၊ မင်းက ငါတို့ မျိုးနွယ်စုလူကြီးကို တွေ့ချင်တာလား? တကယ်လို့ ငါနဲ့လိုက်ခဲ့ဆိုရင် ခေါင်းဆောင်နဲ့ဆက်သွယ်ဖို့ ငါ ကူညီပေးနိုင်ပါတယ်"
ပိရှစ်သိုင်းမြို့စားသည် ဘေးတစ်ဖက်မှနေပြီး ပြဇာတ်ကို ကြည့်နေခဲ့သည်။ သူမသည် ချင်ယွင်နှင့်အတူ ဤနေရာသို့ လိုက်ပါလာခဲ့ခြင်းဖြစ်သည်။
ဒန်ဟိုင်က သူမကို အမှန်တကယ် မေးမြန်းလာပြီး ဒန်ဟိုင်၏ ဖောက်ပြန်သည့် အကြည့်တွေကိုမြင်ပြီး သူဘာတွေတွေးနေလဲဆိုသည်ကို သူမ ချက်ချင်းပင် သိလိုက်သည်။
ထို့ကြောင့် သူမက ချစ်စရာကောင်းသောအသွင်အပြင်ကို ချက်ချင်းပန်ဆင်ကာ ချင်ယွင်၏ လက်မောင်းကို ပွေ့ဖက်လိုက်သည်။ ထို့နောက်သူမက အလွန်နူးညံ့ကြင်နာသည့် လေသံဖြင့် ပြောသည် " ကျွန်မက ဒီနေရာကို ကျွန်မခင်ပွန်းနဲ့ အတူ လာတာပါ။ သူက မင်းတို့မျိုးနွယ်စု အကြီးအကဲကို တွေ့ချင်နေတာပါ။ ဒီကမောင်ငယ်လေးက ကျွန်မတို့ကို ဝင်ခွင့်ပေးနိုင်မလားလို့ တွေးမိပါတယ်ကွယ်"
ဒန်ဟိုင်ဟုအမည်ရသည့် ထိုလူငယ်သည် ပိရှစ်သိုင်းမြို့စား၏ နူးညံ့သိမ်မွေ့သည့် အသံကို ကြားလိုက်သည်နှင့် သူ၏ခန္ဓာကိုယ်ထဲက အရိုးတွေအားလုံး ချက်ခြင်း အားနည်းသွားသလို ခံစားလိုက်ရသည်။ သို့သော် ပိရှစ်သိုင်းမြို့စား ပြောထွက်လာသည့် 'ခင်ပွန်း' ဟူသော စကားလုံးသည် သူ၏နှလုံးသားထဲသို့ ပြင်းထန်စွာ ထိုးထွင်းလိုက် သော အပ်တစ်ချောင်းနှင့် တူပြီး သူ၏နှလုံးသားထဲတွင် ဒေါသများ တခဏချင်း ဆူပွက်သွားစေခဲ့သည်။
သူ၏ရှေ့တွင်ရှိသော ဤအမျိုးသမီးသည် ရုပ်ရည်၊ အသွင်အပြင်နှင့် စိတ်နေ စိတ်ထားတို့သည် ထိပ်တန်းအဆင့် အလှပိုင်ရှင်တစ်ယောက် ဖြစ်သည်။ သူမက ဒီကောင်လေးကို ဘယ်လိုလုပ် လွယ်လွယ်နဲ့ လျှော့ပေးနိုင်ရတာလဲ”။
"မဟုတ်ဘူး၊ ဒါက သူဒန်ဟိုင်လိုချင်တဲ့အရာကို လုယူရမှာ ဖြစ်တယ်။ ဒါကြောင့် သူ့ရှေ့မှာရှိနေတဲ့ ဒီမျိုးမစစ်ကောင် သေရလိမ့်မယ်။"
ဒန်ဟိုင်၏ မျက်လုံးများတွင် သတ်ဖြတ်လိုသည့် အရိပ်အယောင် ပေါ်လာသည်။ သူက ချက်ချင်းပဲ “မရဘူး… ဒါပေမယ့်…”
“ဘာ ဒါပေမယ့်လည်း” ပိရှစ်သိုင်းမြို့စားက ဆက်မေးသည်။
“မင်းယောက်ျားက ငါ့ကို သုံးကြိမ်တိုင်တိုင် ဂါရဝပြုပြီး မင်းကလည်း မင်းယောင်္ကျားကို ထားခဲ့ပြီး ငါ့မိန်းမအဖြစ် သဘောတူရမယ်၊ ဒီလိုမှမဟုတ်ရင် မင်းတို့ဟာ ဒီနေ့ ဒီနေရာကနေ အသက်ရှင်လျက် ထွက်မသွားနိုင်တော့ဘူး" ဒန်ဟိုင်က မောက်မာစွာ ပြောသည်။
ပိရှစ်သိုင်းမြို့စားသည် ထိုစကားကိုကြားသောအခါ၊ သူမ၏နီမြန်းသော နှုတ်ခမ်းထောင့်များတွင် ကျီစားလိုသည့် အပြုံးတစ်ခုပေါ်လာသည်။
အခန်း (၃၀၀) ဒန်ဟိုင်ကိုရိုက်နှက်ခြင်း။
ချင်ယွင်သည် ပိရှစ်သိုင်းမြို့စား၏ လူယုံသတ်မူကို လုံးဝခံလိုက်ရသည်။ ဤအရာသည် သူမ၏ စည်းချက်ချက်ကျကျ သရုပ်ဆောင်နိုင်စွမ်း ဖြစ်သည်။
သို့သော် ချင်ယွင်သည် ဒန်ဟိုင်၏ မောက်မာသည့်လေသံကြောင့် စိတ်မသက်မသာ ဖြစ်နေခဲ့သည်။
ဒူးထောက်ပြီး သုံးကြိမ်အရိုအသေပေးဖို့ သူ့ကိုပြောနေသည်။ မဟုတ်ရင် သူ အသက်ရှင်နိုင်မှာ မဟုတ်တော့ဘူးတဲ့။
ဘေဟိုင်သိုင်းမြို့စားသည်ပင် ယခင်က သူ့အား ထိုသို့သော စကားမျိုးကို မပြောဆို ဝံ့ခဲ့ပေ။ ဆဋ္ဌမအဆင့် ကောင်းကင်အလွှာ သိုင်းမြို့စားအဆင့် ကျွမ်းကျင်သူလေး တစ်ဦးက အမှန်တကယ် မာနကြီးရန် သတ္တိရှိခဲ့သည်။
"ဒန်ဟိုင်ရဲ့အဖေကလည်း ငါ့ဦးလေး ဒန်ထျန်းချန်ပဲ။ သူကတော့ ကောင်းကင် ဆေးစံအိမ်ရဲ့ ခေါင်းဆောင်တစ်ယောက်ပါ။ ကောင်းကင်ဆေးစံအိမ်တစ်ခုလုံးက ကျွမ်းကျင်သူတွေအားလုံးကို တာဝန်ယူထားပြီး သူ့လက်အောက်ငယ်သားတွေက တိမ်တွေလိုပေါ်များကာ အစွမ်းထက်လွန်းပါတယ်။"
ဒန်ချီဖန်းသည် ချင်ယွင်၏နားအနားတွင် တိုးတိုးလေးပြောလိုက်သည်။ ဆိုလိုသည်မှာ ချင်ယွင်သည် ဤဒန်ဟိုင်ကို ရန်မစသင့်ပေ၊ သို့မဟုတ်ပါက သူသည် ပြဿနာများစွာကို ဆွဲဆောင်နိုင်လိမ့်မည် ဖြစ်သည်။
ချင်ယွင်က အေးစက်စွာပြုံးပြီး စိတ်ထဲမှ ပြောလိုက်သည် "ဒါဆို သူက ကောင်းကင်ဆေးစံအိမ်သခင်ရဲ့သားပေါ့။ သူက အရမ်းမာနကြီးတာ မဆန်းပါဘူး။ ဆေးကလန်ဘိုးဘေးတွေရဲ့ သွန်သင်ချက်တွေက သိပ်ပြီး အရာမရောက်တော့ဘူးနဲ့ တူတယ်"
အမှန်တကယ်မှာလည်း၊ ချင်ယွင်ထင်သည့်အတိုင်းပင် ဖြစ်သည်။ ဆေးကလန်သည် ဤအဆင့်အထိ ဖွံ့ဖြိုးလာခဲ့ပြီးနောက် ဆေးလုံးသန့်စင် ရောင်းချရုံသက်သက်ဖြင့် မကျေနပ်နိုင်သူများလည်း ရှိနေပြီ ဖြစ်သည်။
ဥပမာအနေဖြင့်၊ ဒန်ထျန်းချန်နှင့် သူ၏သားတို့သည် ကောင်းကင်ဆေးစံအိမ်ကို ထိန်းချုပ်နိုင်ပြီးနောက် သူတို့၏ ရည်မှန်းချက်များလည်း ကြီးထွားလာခဲ့သည်။ ထိုဘိုးဘေးများ၏ သွန်သင်ချက်များနှင့် ပတ်သက်၍ သူတို့၏ပေါင်းစည်းမူ အင်အားသည် အလွန်အားနည်းလာခဲ့သည်။
အကယ်၍ ဒန်ချီဖန်း၏ဖခင် ဆေးကလန်၏မျိုးနွယ်စုခေါင်းဆောင်နှင့် ဆေးမျှော်စင်ရှိ မျိုးနွယ်အကြီးအကဲများကို ကြောက်ရွံ့နေခြင်းကြောင့်သာ၊ မဟုတ်ပါက ဒန်ထျန်းချန် သည် သူ၏ကြီးမားသော ရည်မှန်းချက်များကို ဖိနှိပ်မထားတော့ဘဲ သူ၏အင်အားကို စတင်ချဲ့ထွင်လာမည် ဖြစ်သည်။
ဒန်ဟိုင်သည် သဘာဝအတိုင်း သူ့အဖေ၏ လွှမ်းမိုးမူကိုခံခဲ့ရပြီး ရည်မှန်းချက်ကြီးမားသူ ဖြစ်လာခဲ့သည်။ ထို့ကြောင့် သူသည် ဒန်ချီဖန်းကို နေရာတိုင်းမှာ ပစ်မှတ်ထားခဲ့သည်။ သူသည် ဒန်ချီဖန်းကို ဖိနှိပ်ပြီး တစ်နေ့တွင် ဆေးကလန်တစ်ခုလုံးကို သူနှင့် အစားထိုးမည်ဟု တွေးထားခဲ့သည်။
ဤတစ်ကြိမ်တွင်၊ ပိရှစ်သိုင်းမြို့စား၏ ရုပ်အသွင်အပြင်သည် ဒန်ဟိုင်၏ နှလုံးသားထဲတွင် အနိုင်ယူလိုသောဆန္ဒကို အပြည့်အဝနှိုးဆွပေးခဲ့သည်။ ထို့ကြောင့် သူသည် သူ၏ရည်မှန်းချက်ကို တိုက်ရိုက်ထုတ်ဖော်ပြီး ချင်ယွင်ကို တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
သို့သော် သူမှားသွားခဲ့သည်။ သူသည် ချင်ယွင်ကို မည်သည့်အခါမျှ မနှောင့်ယှက်ခဲ့ သင့်ပေ။
ချင်ယွင်၏မျက်နှာသည် ဒေါသများဖြင့် ပြည့်နှက်နေပြီ ဖြစ်သည်။ အထူးသဖြင့် ဒန်ဟိုင်၏ မျက်လုံးများတွင် ဗလိုင်းကြီး သတ်ဖြတ်လိုသည့်ဆန္ဒကို သူခံစားရသောအခါ၊ သူ၏ နှုတ်ခမ်းထောင့်ရှိ အပြုံးသည် အလွန်အေးစက်လာခဲ့သည်။
ချင်ယွင် ဒေါသထွက်နေပြီဆိုသည်ကို ဒန်ဟိုင်မြင်လိုက်သည့်အခါ သူ၏ရည်မှန်းချက် ပန်းတိုင်ရောက်ပြီလို့ ချက်ခြင်းတွေးမိပြီး ဝမ်းသာမှု အရိပ်အယောင်တွေ ထွက်ပေါ်လာ ခဲ့သည်။
မှန်ပေသည်။ ချင်ယွန်းကို အရိုအသေသုံးကြိမ် ပေးခိုင်းခြင်းသည် သူ့အတွက် အတုအယောင်မျှသာ ဖြစ်သည်။ သူက ချင်ယွင်ကို ဒေါသထွက်စေချင်ခဲ့သည်မှာ အမှန်ပင် ဖြစ်သည်။ သူ၏ ရည်ရွယ်ချက်မှာ ချင်ယွင်ကို လှုပ်ရှားလာစေရန် တွန်းအားပေးပြီး ချင်ယွင်ကို တရားမျှတစွာ သတ်ဖြတ်နိုင်ရန် ဖြစ်သည်။ ထိုအချိန်ရောက်လျှင် သူသည် သူ၏အထက်တန်းစား ဇနီးလှလေးကို လုယူနိုင်လိမ့် ဖြစ်သည်။
ဤအမျိုးသမီး၏ ကျင့်ကြံမူအဆင့်နှင့် ပတ်သက်ပြီးတော့ သူမမြင်နိုင်ပေမယ့် သူ၏ အမြင်အရဆို သိပ်အများပြီး မမြင့်မားသင့်ပေ။ အများဆုံး သူမသည် အဋ္ဌမအဆင့် ကောင်းကင်အလွှာ သိုင်းမြို့စားနယ်ပယ်တွင်သာရှိနိုင်ပြီး သိုင်းမြို့စားနယ်ပယ်၏ နဝမအဆင့် ကောင်းကင်အလွှာဆိုလျှင်ပင် သူ့အတွက် ပြဿနာရှိမည် မဟုတ်ပေ။
ထိုအချိန်တွင်၊ ကောင်းကင်ဆေးစံအိမ်မှ ကျွမ်းကျင်သူများ ထွက်လာပြီး သူမ၏ ကျင့်ကြံမှု အခြေခံကို သုံးစားမရအောင်လုပ်နိုင်သရွေ့ သူမအား အိပ်ရာပေါ်မှာ နင်းချေနိုင်လိမ့်မည်။
ဒန်ဟိုင်သည် မီးပုံထဲသို့ လောင်စာဆီချက်ချင်းထည့်သည်အနေဖြင့် "ကောင်လေး၊ ဒီကို မြန်မြန်လာစမ်း။ ငါ့ကိုသုံးကြိမ်လောက် အရိုအသေပြီး မင်းမိန်းမကို နာခံအောင် ဆုံးမပြီးနောက် ငါ့လက်ထဲအပ်လိုက်တော့" ဟုပြောလိုက်သည်။
ဤဒန်ဟိုင်က ချင်ယွင်ကို ရယ်မောလုနီးပါး ဖြစ်စေခဲ့သည်။ သူက သူ၏ဘေးနားက တရားခံကို စိုက်ကြည့်ကာ "နတ်ဆိုးမ"ဟုပင် ကျိန်ဆဲလိုက်မိသည်။
ပိရှစ်သိုင်းမြို့စားသည် သူမ၏ရည်မှန်းချက်ပန်းတိုင် အောင်မြင်ကြောင်း မြင်သောအခါ၊ သူမသည် ဘေးအနားတွင် အေးအေးဆေးဆေး ရပ်ကာ ကစားပွဲကို ကြည့်ရှုရန် စောင့်ဆိုင်းနေခဲ့သည်။ ထိုအချိန်တွင် ချင်ယွင်သည် သူမကို စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။ ချင်ယွင် ၏စကားကို ကြားပြီးနောက်၊ သူမက ချက်ချင်းပင် ဆွဲဆောင်မူရှိစွာ ပြုံးပြပြီး ပြောလိုက်သည် "ချီးမွမ်းမှုအတွက် ကျေးဇူးတင်ပါတယ်!"။
ချင်ယွင်သည် ရှုံးနိမ့်မှုကို ဝန်ခံရန်မှတပါး ရွေးချယ်စရာမရှိတော့ပေ။
ဒန်ဟိုင်သည် သူ၏စကားများကိုလျစ်လျူရှုပြီး ချင်ယွင်သည် ထိပ်တန်းအဆင့် အလှပိုင်ရှင်မလေးနှင့် အမှန်တကယ် ပရောပရည်လုပ်နေသည်ကို မြင်ရသော အခါ သူ့ဒေါသကို ပေါက်ကွဲထွက်စေခဲ့သည်။
"မျိုးမစစ်ကောင် ၊ မင်းက သေခြင်းတရားကိုတောင်းခံနေတာပဲ!" ဒန်ဟိုင်က ဒေါသတကြီးအော်လိုက်ပြီး ချင်ယွင်ဆီကို ပြေးသွားသည်။
ဒန်ဟိုင်ဒေါသထွက်နေသည်ကို ချင်ယွင်မြင်လိုက်ရသည့်အခါ သူ၏မျက်နှာပေါ် အေးစက်သည့် အပြုံးတစ်ခု ပေါ်လာသည်။
သူပထမဆုံး မလှုပ်ရှားသမျှကာလပတ်လုံး ဆေးကလန်ကလူတွေက ဤကိစ္စနှင့် ပတ်သက်ပြီး ပြဿနာရှာမည်ဆိုလျှင်ပင် သူက ရှင်းပြနိုင်ပါသေးသည်။
ဝှီး!
ဒန်ဟိုင်၏ပုံရိပ်သည် ချင်ယွင်ရှေ့တွင် လေပြင်းတိုက်ခတ်သလို ပေါ်လာသည်။ ဝိညာဉ်ချီပါဝင်သည့် လက်သီးက ချင်ယွင်၏ ရင်ဘတ်ဆီသို့ တိုက်ရိုက် တိုးဝင်သွားသည်။
"သေလိုက်စမ်း။ စတုတ္ထအဆင့် ကောင်းကင်အလွှာ သိုင်းမြို့စားအဆင့်လေးက ငါ့ရှေ့မှာ မောက်မာရဲဖို့ သတ္တိတွေရှိနေတယ်ပေါ့!"
ဒန်ဟိုင်၏ပါးစပ်ထောင့်မှာ ပြင်းထန်သည့် လှောင်ရယ်ဟန်က ထွက်ပေါ် လာသည်။ သူဆီမှလက်သီးသည် ပြင်းထန်သည့် ဝိညာဉ်ချီအတက်အကျ စွမ်းအင်လှိုင်းတွေကို ထုတ်လွှတ်နေပြီး ချင်ယွင်၏ရင်ဘတ်ဆီကို ဥက္ကာပျံလို တိုးဝင်သွားခဲ့သည်။
ချင်ယွင်သည် ထိုနေရာတွင် ရပ်နေပြီး သူ့မျက်လုံးများသည် ရယ်မောလိုသည့် အရိပ်အယောင်များဖြင့် ပြည့်နေသည်။
အခု သူ့ကို ဆဋ္ဌမအဆင့် ကောင်းကင်အလွှာ သိုင်းမြို့စားအဆင့်တစ်ဦးက တိုက်ခိုက်လာသည်လား။
ယင်းက ကြက်သတ်ရသလို လွယ်ကူလွန်းပါသည်။
"ဘုန်း!"
သူက ဒန်ဟိုင်၏ရင်ဘတ်ကို လျှပ်စီးလက်သကဲ့သို့ လက်သီးတချက်ဖြင့် ပစ်ထိုး လိုက်သည်။
သနားစရာကောင်းသော ဒန်ဟိုင်သည် ချင်ယွင်၏ခန္ဓာကိုယ်ကို မထိမိခင်မှာ ချင်ယွင်သည် လက်သီးတချက် ထုတ်ဖော်လိုက်ပြီးဖြစ်ကာ ဒန်ဟိုင်၏လက်သီးကို ပြန်ဆုတ် သွားစေခဲ့သည်။
ထိုအချိန်တွင် ဒန်ဟိုင်သည် ချင်ယွင် မည်ကဲ့သို့ ထိုးလိုက်သည်ကိုပင် မမြင်ခဲ့ရပေ။ တောင်ကျချောင်းကဲ့သို့ သူ့ရင်ဘတ်ဆီ ပေါက်ကွဲသွန်းလောင်းလာသည့်စွမ်းအားကို ခံစားလိုက်ရပြီး နောက်ပြန်လွင့်ထွက်သွားခဲ့သည် ။
"ဒါ... ဘာဖြစ်နေတာလဲ?" ဒန်ဟိုင်သည် မရပ်တန့်နိုင်မီ မီတာရာပေါင်းများစွာ အကွာအဝေးအထိ နောက်ဆုတ်လိုက်ရသည်။ သူသည် ရင်ဘတ်မှ နာကျင်ကိုက်ခဲမှု ကြောင့် ရှုံ့မဲ့သွားကာ ချင်ယွင်ကို စူးစိုက်ကြည့်လိုက်ပြီး ပြင်းထန်သော သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်လာနေသည်။
ချင်ယွင်သည် ထိုနေရာမှာပင် ရပ်လိုက်ပြီး ရယ်မောလိုက်သည်။ ထိုလက်သီးချက်ထဲမှာ သူ၏ခွန်အားကို တစ်ရာခိုင်နှုန်းတောင်မှ အသုံးမချခဲ့ပါဘူး။ ဒီလိုမှမဟုတ်ရင် ဒန်ဟိုင်သည် ယခုချိန်တွင် မီတာရာနှင့် နောက်ဆုတ်သွားရုံဖြင့် အဆုံးသတ်မှာ မဟုတ်ပါဘူး။ အကယ်၍ သူ့ခွန်အားရှိသမျှကိုသာ အသုံးချလိုက်မည်ဆိုလျှင်၊ သူသည် ဒန်ဟိုင်၏ရင်ဘတ်ကို တခဏအတွင်း ထိုးဖောက်သွားနိုင်ပေလိမ့်မည်။
သေချာသည်မှာ၊ ချင်ယွင်သည် ဒန်ဟိုင်းကို ကြောက်သောကြောင့် သူ၏ခွန်အားကို ထိန်းချုပ်ထားခြင်း မဟုတ်ခဲ့ပေ။ ယင်းအစား၊ ဤဒန်ဟိုင်ကို လက်သီးတစ်ချက်ဖြင့် သတ်ခြင်းသည် သူ့အတွက် လွယ်ကူလွန်းသည်ဟု ခံစားမိသောကြောင့်ဖြစ်သည်။ သူ့ကို သင်ခန်းစာတစ်ခု သင်ပေးရလိမ့်မည်။
"အား၊ ငါ မင်းကို သတ်မယ်!"
ဒန်ဟိုင်သည် ချက်ချင်းပင် ဒေါသထွက်သွားသည်။ သူသည် မြေပြင်မှထကာ ချင်ယွင်ဆီသို့ အရူးအမူး ပြေးဝင်လိုက်သည်။ ဆဋ္ဌမအဆင့် ကောင်းကင်အလွှာ သိုင်းမြို့စားအဆင့်တစ်ဦး၏ ခွန်အားများ ထွက်ပေါ်လာပြီး သူ့ခန္ဓာကိုယ်ရှိ ဝိညာဉ်စွမ်းအင်များ အားလုံးသည် ချင်ယွင်ကို ပြင်းထန်စွာ ထိုးနှက်လိုသော သူ့လက်သီးများဆီသို့ စုစည်းရောက်ရှိသွားခဲ့သည်။
သို့သော်လည်း ချင်ယွင်၏မျက်လုံးထဲမှာတော့ သူ၏ တိုက်ခိုက်မှုသည် အလွန် အားနည်းနေဆဲ ဖြစ်သည်။ သူ၏လက်သီးတွေက ချင်ယွင်၏ခန္ဓာကိုယ်ဆီ တိုးဝင်သွားခဲ့သော်လည်း ချင်ယွင်က လှုပ်ရှားခြင်းပင် မရှိဘဲ ဖမ်းဆုပ်ထားပြီး ဖြစ်သည်။
"အယ်!" ဒန်ဟိုင် အံ့သြသွားသည်။ ချင်ယွင်သည် သူ့လက်သီးကို အလွယ်တကူ ခံယူသည်ကို မြင်လိုက်ရသောအခါတွင် မယုံကြည်နိုင်သော အမူအရာတစ်ခု ချက်ချင်း ပေါ်လာသည်။
သိုင်းမြို့စားနယ်ပယ်၏ စတုတ္ထအဆင့် ကောင်းကင်အလွှာ အထွတ်အထိပ်မှာ သိသာထင်ရှားစွာရှိနေသည့် သူ၏ရှေ့မှာရှိနေသော ဤကောင်စုတ်သည် သူ၏ တိုက်ခိုက်မှုကို မည်ကဲ့သို့ အလွယ်တကူ တားဆီးနိုင်ရလဲဆိုသည်ကို သူ မသိနိုင်တော့ပေ။
"မင်းရော အရိုအသေပေးရတာ မကြိုက်ဘူးလား"
ချင်ယွင်က လှောင်ပြောင်ပြီး ဒန်ဟိုင်၏လက်သီးကို တိုက်ရိုက် ဖမ်းဆုပ်ကိုင် လိုက်ပါသည်။ သူ၏လက်မောင်းမှ ချက်ချင်းဆိုသလို ခွန်အားတွေ ထွက်ပေါ်လာသည်။
ချက်ချင်းဆိုလိုပင် ဒန်ဟိုင်၏ နဂိုက ချောမောသောမျက်နှာသည် မြေပြင်ပေါ်သို့ ပြင်းထန်စွာ ရိုက်ခတ်သွားပြီး သူ့မျက်နှာသည် ချက်ချင်းပင် အစိမ်းရောင်သမ်းကာ ဖူးရောင်လာသည်။
ထိုအချိန်တွင် ဒန်ဟိုင်၏ မျက်လုံးများသည် ကြောက်ရွံ့မှုများ ပြည့်နှက်နေပြီ ဖြစ်သည်။ သူသည် ချင်ယွင်ကို ကြည့်လိုက်ပြီး သူ့တစ်ကိုယ်လုံး တုန်တုန်ယင်ယင် ဖြစ်နေပြီး စကားမပြောနိုင်လောက်အောင်ပင် ကြောက်လန့်သွားသည်။
" အထွတ်အထိပ် စတုတ္ထအဆင့် ကောင်းကင်အလွှာ သိုင်းမြို့စားအဆင့် ကျွမ်းကျင်သူ တစ်ဦးရဲ့ အစွမ်းက ဘယ်လိုဖြစ်ပြီး သောက်ရမ်းအစွမ်းထက်နေရတာလဲ။ အဲဒါက နဝမအဆင့် ကောင်ကင်အလွှာ အထွတ်အထိပ် သိုင်းမြို့စားတစ်ဦးရဲ့ အစွမ်းဆိုတာ ထင်ရှားပါတယ်။ ဒါပေမယ့် သူ့အတွက် နောင်တရရန် အချိန်နှောင်းသွားခဲ့ပါပြီ။
အနီးနားရှိ ဒန်ချီဖန်းသည်လည်း ထိတ်လန့်သွားသည်။ ချင်ယွင်သည် ကြောက်မက်ဖွယ် ကောင်းသူဖြစ်သည်ကို သူသိသော်လည်း ထိုမျှလောက် ကြောက်စရာကောင်းသူ ဖြစ်လိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။ သူသည် ဒန်ဟိုင်ကို ခွေးသေတစ်ကောင်လို နှစ်ကြိမ်သုံးကြိမ်ရိုက်နှက်ကာ သူ့ဒေါသကို သက်သာစေသည်။
"မင်း တခြားလူရဲ့မိန်းမတွေကို လုယက်ချင်သေးလား" ချင်ယွင်က အေးစက်သော အပြုံးဖြင့် ဆက်မေးသည်။ ဒန်ဟိုင်သည် ချင်ယွင်၏ အမေးကိုကြားသောအခါ သူ၏မျက်လုံးများ ချက်ချင်းပြူးကျယ်သွားသည်။ ရောင်ရမ်းနေသော သူ့မျက်နှာသည် မျက်ရည်များဖြင့် ဖုံးလွှမ်းသွားပြီး ခေါင်းကို အကြိမ်ကြိမ်အခါခါ ခါယမ်းနေလေသည်။
ချင်ယွင်က လှောင်ရယ်လိုက်ပြီး ဒန်ဟိုင်ရဲ့ ပေါင်ခြံခွကိုကန်ရန် သူ၏ခြေထောက်ကို တိုက်ရိုက် မြှောက်တင်လိုက်သည်။
"မင်းလုပ်ရဲလား။. ရပ်လိုက်စမ်း!" ကျယ်လောင်သော အော်ဟစ်သံက အဝေးမှ ထွက်ပေါ်လာပြီး လူတစ်ဦး ပြေးဝင်လာသည်။ ချင်ယွင်သည် ဘာမှမကြားဟန်ပြုကာ တိုက်ရိုက် နင်းချလိုက်သည်။
ချက်ခြင်းပဲ ကြောက်စရာကောင်းသည့် အော်ဟစ်သံ ထွက်ပေါ်လာခဲ့သည်။
စာစဉ် (၂၀)ပြီးပါပြီ။
ဘာသာပြန်သူ နေဇင်။