← Chapters

အခန်း (၂၆၁-၂၆၅)

Vol. 18 Ch. 261-265

အခန်း (၂၆၁-၂၆၅)

Vol. 18 Ch. 261-265

အခန်း (၂၆၁) ဦးခေါင်းနှစ်လုံးပါ အဖြူရောင်ရေနဂါးကြီး။

လျှပ်စီးစွမ်းရည်သဘောတရားသည် အတူတကွ ပေါင်းစည်းပြီးနောက် နဂါးကြေးခွံ အနက်ရောင်ချပ်ဝတ်ကို ဖွဲ့စည်းနိုင်ခဲ့သည်။ ဤအရာသည် သေချာပေါက် သူ မမျှော်လင့်ထားသည့် အံ့သြစရာဖြစ်ရပ် ဖြစ်သည်။

သို့သော်လည်း ချင်ယွင်သည် သူ၏အစစ်အမှန်ခန္ဓာကိုယ်တွင် ဤနဂါးကြေးခွံ အနက်ရောင်ချပ်ဝတ်ကို အသုံးမပြုနိုင်သည်ကို တွေ့ရှိလိုက်ရသည့်အတွက် အံ့အားသင့်သွားခဲ့သည်။

ဤအရာက သူ့ကို ပြောစရာစကားမဲ့သွားစေသည်။

ဘာကြောင့်လဲ?

ချင်ယွင်ကိုယ်တိုင်လည်း နားမလည်နိုင်တော့။

“ယုတ္တိဗေဒအရပြောရမယ်ဆိုရင် ငါက ငါ့ကိုယ်ပွားရဲ့စွမ်းအားကို ငှားရမ်းအသုံးပြု နိုင်သင့်တယ်။ ဒါပေမယ့် ဒီနဂါးကြေးခွံအနက်ရောင်ချပ်ဝတ်ကတော့ အလုပ်မဖြစ်ဘူး”။

အဆုံးတွင် ချင်ယွင်သည် လျှပ်စီးစွမ်းရည်ကိုယ်ပွားထဲသို့ ထိုးဖောက် ဝင်ရောက် သွားခဲ့သော အနက်ရောင်နဂါးလေးအတွက် လျှပ်စီးစွမ်းရည်ဖြစ်သည်ဆိုသော အကြောင်းပြချက်မှတပါး တခြားရွေးချယ်စရာမရှိခဲ့ပေ။

၎င်းအနက်ရောင်နဂါးလေးကိုကြည့်ခြင်းအားဖြင့် ၎င်းသည် လျှပ်စီးစွမ်းရည်ကိုယ်ပွား ၏ စွမ်းအားနှင့်မသက်ဆိုင်ဘဲ၊ လျှပ်စီးစွမ်းရည်ကိုယ်ပွား၏ ကိုယ်ခန္ဓာတွင် သီးခြား လွတ်လပ်စွာ တွယ်ကပ်နေသည့် ထူးခြားသောသက်ရှိပုံစံတစ်ခု ဖြစ်နိုင်သည်။

လျှပ်စီးစွမ်းရည်သဘောတရားများကို ပေါင်းစပ်ပြီးနောက် ဖန်တီးဖြစ်ပေါ်လာသည့် ဤအနက်ရောင်နဂါးငယ်လေးသည် ဉာဏ်ရည်ဉာဏ်သွေးနှင့် ပြည့်စုံသည့် သက်ရှိတစ်ခု ဖြစ်ပုံရသည်ဟု ယခုလေးတင် သူအမြဲတမ်း ခံစားခဲ့ရသည်။ သို့သော် ထိုကဲ့သို့ အပြောင်းအလဲ ဖြစ်ပေါ်လာရခြင်း၏အကြောင်းအရင်းကို သူ တစ်ခါမှ နားမလည်ခဲ့ပေ။

၎င်းသည် အနက်ရောင် ဖရိုဖရဲလျှပ်စီးနှင့် ဆက်စပ်နေသည်ဟု ဆိုနိုင်သည်။

သူ၏အစစ်အမှန်ခန္ဓာကိုယ်သည် ၎င်းကိုအသုံးမပြုနိုင်သောကြောင့် ချင်ယွင်သည် ၎င်းနှင့် ပတ်သက်ပြီးစိတ်ပူစရာမလိုတော့ပေ။ အနည်းဆုံးတော့၊ သူ၏ လျှပ်စီးစွမ်းရည် ကိုယ်ပွားသည် ဤလွှမ်းမိုးကြီးစိုးနိုင်သည့် ချပ်ဝတ်ကို အချိန်မရွေး ဆင့်ခေါ်ဆို နိုင်သည်။

ချင်ယွင်သည် မိုးလျှပ်စီးစွမ်းရည်ကိုယ်ပွားကို ကောင်းကင်ဘုံကိုးလွှာ ကြယ်စင်စု ပုံကြမ်းသို့ ပြန်ပို့လိုက်ပြီး ရှေးဟောင်းအင်မော်တယ်ဓားကိုလည်း ဖယ်ရှားလိုက်သည်။ ထိုမှသာ ချန်မင်ရှီသည် ပဟေဠိဆန်သောအမူအရာဖြင့် သူ့ကိုကြည့်နေကြောင်း သူတွေ့ရှိခဲ့သည်။

"စောစောက နဂါးကြေးခွံအနက်ရောင်ချပ်ဝတ်က ဘာဖြစ်သွားတာလဲ။ အဲဒီအငွေ့အသက်က နည်းနည်း ကြောက်စရာကောင်းတယ်လို့ ငါ ဘာလို့ ခံစားရတာလဲ။" ချန်မင်ရှီက သံသယစိတ်ဖြင့် မေးလိုက်သည်။

ချင်ယွင်သည် မျက်ခုံးပင့်လိုက်ပြီး မျက်နှာဖုံးကာကို ၀တ်ထားဆဲဖြစ်သော ချန်မင်ရှီကို ကြည့်ရင်း တမင်တကာ ကျီစယ်လိုဟန်ဖြင့် ပြောလိုက်သည် "မင်းရဲ့မျက်နှာဖုံးကို ချွတ်လိုက်ပါ။ ငါတချက်လောက် ကြည့်ပါရစေ။ ပြီးရင် ငါပြောပြမယ်လေ"

မမျှော်လင့်ဘဲ ချန်မင်ရှီက အေးစက်စွာ နှာခေါင်းရှုံ့ပြီး ဘာမှ မပြောဘဲ ထွက်သွားခဲ့ သည်။

ချင်ယွင်က ချက်ချင်းပင် ရှက်ရွံ့သွားသော်လည်း ချန်မင်ရှီက မည်သည်ပုံစံသူရှိလဲ၊ သူမကရော ဘာကြောင့် မျက်နှာကိုဖုံးအုပ်ထားရလိုသည်ကိုတော့ သူ အမှတကယ် သိချင်နေခဲ့ပါသည်။

"အရမ်းရုပ်ဆိုးလို့ များလား။"

သို့သော်လည်း သူမ၏ခန္ဓာကိုယ်အသွင်အပြင်ဘဲဖြစ်ဖြစ် သို့မဟုတ် သူမ၏ စိတ်နေစိတ်ထားဘဲ ဖြစ်ဖြစ်၊ ဤအရာအားလုံးသည် ထိပ်တန်းအဆင့်တွေကြားမှာပင် ထိပ်တန်းအဆင့် ဖြစ်လောက်သည်။

သူမ၏ရုပ်ရည်အသွင်အပြင်အကြောင်းပြောရမည်ဆိုလျှင် သူမ၏ သွယ်လျသောခါး၊ အစိမ်းရောင်၀တ်စုံသည်ပင် ဖုံးကွယ်ထားနိုင်စွမ်း မရှိသည့် သူမ၏ သွယ်လျသော အဖြူရောင် ကျောက်စိမ်းခြေထောက်တစ်စုံ။

သူမ၏အေးစက်ပြီး မာနကြီးသော စိတ်နေစိတ်ထားနှင့်အတူ သူမသည် မရေမတွက်နိုင်သော ယောက်ျားများအတွက် လုံးဝ စွဲဆောင်မှုရှိသည်။ ဤသည်ကို အဋ္ဌမမင်းသားမှ မြင်နိုင်သည်။

ထိုမိန်းမမျိုးသည် မည်ကဲ့သို့ ရုပ်ဆိုးသော မိန်းမဖြစ်နိုင်သနည်း။

ချန်မင်ရှီသည် လှပသည်ဖြစ်စေ၊ ရုပ်ဆိုးသည်ဖြစ်စေ ချင်ယွင်သည် ဤကိစ္စရပ်အပေါ် အလွန်အကျွံ စိတ်မ၀င်စားတော့ပေ။

သူ့မှာ ရန်စီချီ နှင့် ကျန်းရွှန်ရှင်းတို့ ရှိပြီးသားဖြစ်သည်။ သူ၏အစ်မ လျူရန်ယွင်ကိုပါ ထပ်ပေါင်းထည့်လိုက်မည်ဆိုလျှင် သူ၏ပတ်ဝန်းကျင်မှာ မိန်းမတွေ နည်းပါးခြင်း မရှိတော့။ ထို့ကြောင့် ချင်ယွင်သည် ချန်မင်ရှီနှင့် ပတ်သက်၍ အထူးတလည် တွေးတောစရာ မရှိပါ။

သို့သော်လည်း သူ့ကို နောက်ကျောပေးထားသော ချန်မင်ရှီသည် သူမ၏ တည်ငြိမ်နေသော မျက်လုံးများတွင် စိတ်ရှုပ်ထွေးသော အမူအရာ ရှိနေသည်ကို သူ သတိမထားမိပေ။ သူ၏ရှေ့မှာရှိနေသော သူမ၏ သွယ်လျသော လက်ချောင်းများ သည်လည်း အနည်းငယ် တုန်ယင်နေလေသည်။

ထို့နောက် သူတို့နှစ်ဦးသည် ခုနစ်ရောင်ခြယ်အေးခဲတိမ်တိုက်ပန်းပွင့်ရှိရာအရပ်ဆီသို့ ဦးတည်သွားကြသည်။

ခုနစ်ရောင်ခြယ်အေးခဲတိမ်တိုက်ပန်းပွင့်များ ပေါက်ရောက်ရာ နေရာသည် ခန်းမကျယ်ကြီးတစ်ခုတွင် ဖြစ်သည်။

ဤနန်းတော်ကြီးသည် အခြားနန်းတော်များနှင့်မတူဘဲ အခြားနန်းတော်များထက် သုံးဆပိုကြီးသည်။

ခန်းမအလယ်တွင် ရေကူးကန်တစ်ခုရှိပြီး ဤရေကန်ထဲတွင် ပေါက်နေသည်မှာ ခုနစ်ရောင်ခြယ်အေးခဲတိမ်တိုက်ပန်းပွင့် ဖြစ်သည်။

သို့သော် ရေကန်ဘေးနားတွင် မီတာငါးရာနီးပါးရှည်သော ခေါင်းနှစ်လုံးပါ အဖြူရောင်ရေနဂါးကြီးသည် တွားသွားနေသည်။ သူ၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော ကြောက်မက်ဖွယ် အငွေ့အသက်သည် အမှန်တကယ်ပင် ကြောက်မက်ဖွယ် ကောင်းသည်။

ချင်ယွင်နှင့် ချန်မင်ရှီ ခန်းမအ၀င်ဝသို့ ရောက်သောအခါ ရေကန်ထဲတွင် မွေးဖွားလာ နေသော ခုနစ်ရောင်ခြယ်အေးခဲတိမ်တိုက်ပန်းပွင့်ကို တစ်ချက်ကြည့်လိုက်သည်။

ခုနစ်ရောင်ခြယ် အေးခဲတိမ်တိုက်ပန်းပွင့်သည် လက်ဖဝါး အရွယ်အစားသာရှိပြီး အရောင် ခုနစ်ရောင်ရှိသည်။ ၎င်းသည် အပြည့်အဝ မကြီးထွားမဖွံ့ဖြိုး သေးသော်လည်း ရောင်စုံခုနစ်ရောင်ခြယ် အလင်းရောင်သည် ၎င်းပတ်ပတ်လည်တွင် ပျံ့နှံ့နေသည်။

ခုနစ်ရောင်ခြယ်အေးခဲတိမ်တိုက်ပန်းပွင့်များသည် မကြာမီ ပွင့်တော့မည်မှာ သေချာပါ သည်။

"အဲဒါက တကယ်ကို ခုနစ်ရောင်ခြယ်အေးခဲတိမ်တိုက်ပန်းပဲ" ချင်ယွင်၏မျက်နှာသည် ချက်ချင်းပင် ပျော်ရွှင်မှုကို ပေါ်လွင်စေသည်။

ဤခုနစ်ရောင်ခြယ်အေးခဲတိမ်တိုက်ပန်းပွင့်ဖြင့်ဆိုလျှင် ရန်စီစီဆိုသည့် ဤမိန်းကလေး ကို ကယ်တင်နိုင်မည် ဖြစ်သည်။

"အောင်း!"

ထိုအချိန်တွင် ချင်ယွင်၏နားထဲမှာ ကျယ်လောင်သောဟောက်သံတစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီး ပြင်းထန်သောလေပြင်းများက သူ၏မျက်နှာပေါ်သို့ ချက်ချင်း ဝင်ရောက်လာသည်။

ခန်းမ၏ နက်ရှိုင်းရာအရပ်သို့ ကြည့်လိုက်သောအခါ ချင်ယွင်၏ မျက်နှာသည် သိသိသာသာ ပြောင်းလဲသွားသည်။

ကြီးမားသော ခန္ဓာကိုယ်ကြီးသည် ခန်းမ၏ နက်ရှိုင်းသောအရပ်မှ ထွက်ပေါ်လာသည်။ ဤခန္ဓာကိုယ်ကြီးသည် မီတာငါးရာနီးပါး ရှည်လျားပြီး ခန်းမတစ်ခုလုံး၏ သုံးပုံတစ်ပုံ နီးပါးရှိကာ မီတာငါးဆယ် နီးပါးမြင့်သည်။

၎င်း၏ကြီးမားသောခန္ဓာကိုယ်ကြီးသည် ချင်ယွင်ရှေ့တွင် ရှည်လျားပြီး သေးငယ်သော တောင်တန်းတစ်ခုကဲ့သို့ပင်။

"ဒါက ဦးခေါင်းနှစ်လုံးပါအဖြူရောင်ရေနဂါးလား။" ချင်ယွင်က အံ့သြဟန်ဖြင့် သူ့ကိုယ်သူ ရေရွတ်လိုက်သည်။

ဦးခေါင်းနှစ်လုံးပါအဖြူရောင်ရေနဂါးမှ ထုတ်လွှတ်သော ကြောက်စရာကောင်းသော အငွေ့အသက်ကို သူ ခံစားနိုင်သည်။ နဂါးတစ်ကောင်၏ ခံ့ညားသော အငွေ့အသက်နှင့် ရောနှောနေသော ထိုအငွေ့အသက်သည် သူ၏ ဦးရေပြားကို ထုံသွားစေသည်။

ချင်ယွင်သည် သူ၏ရှေ့မြင်ကွင်းထဲတွင် အရွယ်အစားက ကြီးမားကျယ်ပြန့်လာပြီး ၎င်း၏ခန္ဓာကိုယ် တစ်ခုလုံးသည် နှင်းဖြူရောင်ဖြစ်ကာ အကြေးခွံများက ဖုံးလွှမ်းနေပြီး ၎င်း၏ ဝမ်းဗိုက်တွင် ခြေသည်း လေးချောင်း ပါရှိသည်ကို တွေ့ရှိခဲ့ရသည်။ ၎င်း၏ ကြီးမားသော ခြေသည်းများသည် မြေပြင်ပေါ်သို့ ဆုပ်ကိုင်ထားပြီး မြေပြင်ပေါ်ရှိ ကျောက်ပြားပေါ်တွင် နက်ရှိုင်းသော ခြေသည်းရာများ ကျန်ရစ်ခဲ့သည်။

၎င်း၏လည်ပင်းသည် မြွေတစ်ကောင်၏ဦးခေါင်းနှင့် အလွန်ဆင်တူကာ ဧရာမ ခေါင်းနှစ်လုံးအဖြစ် ကွဲထွက်သွားခဲ့သည်။ တစ်ခုတည်းသော ခြားနားချက်မှာ ၎င်း၏ နဖူးတွင် ဦးချိုတစ်စုံ ပေါက်နေသော်လည်း ၎င်းနေရာသည် အနည်းငယ် ဖောင်းကားနေကာ အပြည့်အဝ မကြီးထွားသေးကြောင်း ထင်ရှားသည်။

ဤအခိုက်အတန့်တွင် ကြောက်မက်ဖွယ်ကောင်းသော ခေါင်းနှစ်လုံးပါ ဧရာမသတ္တဝါ ကြီးသည် ချင်ယွင်နှင့် ချန်မင်ရှီတို့အား ၎င်း၏မျက်လုံးလေးလုံးဖြင့် စိုက်ကြည့်နေသည်။ ပါးစပ်ကိုဖွင့်ကာ ဟိန်းဟောက်လိုက်ရာ ကြောက်မက်ဖွယ်ကောင်းသောအသံသည် နဂါးကြီး၏ ပါးစပ်နှစ်ခုမှ ချက်ခြင်းထွက်လာသည်။

ချင်ယွင်သည် သူ၏နားအနားသို့ကပ်ကာ တောင်တန်းကြီးတစ်ခု ပြိုကျသလိုမျိုး ခံစားလိုက်ရပြီး သူ၏ခေါင်းပင် မူးဝေသွားကာ သူ၏နားထဲတွင် ရုတ်ရုတ်သဲသဲ ခံစားလိုက်ရသည်။

"အရမ်း အစွမ်းထက်လွန်းတယ်။ ဒီကောင်ကြီးက အရမ်းကြောက်ဖို့ကောင်းတာပဲ၊ သူ့ကို ဘယ်လိုတိုက်ရပါ့မလဲ" ချင်ယွင်သည် အသက်ပြင်းပြင်းရှူပြီး ပြောလိုက်သည်။

သူ၏ရှေ့မှာရှိသည့် သားရဲသည် အလွန်ကြောက်စရာကောင်းသည်။ တချက်လောက် ငေးကြည့်ရုံမျှဖြင့် လူတစ်ယောက်၏ နှလုံးသားအောက်ခြေအထိ အေးစိမ့်စေမည့် လှုံ့ဆော်မှုတစ်ခုမျိုးရှိနေပြီး သူ၏ ဟိန်းဟောက်သံသည် ပို၍ပင် နားကန်းသွားစေ နိုင်သည်။

တစ်ဖက်တွင်လည်း ချန်မင်ရှီက တင်းတင်းကျပ်ကျပ် မျက်မှောင်ကြုတ်ထားသည်။ သူမသည် ဤကြောက်မက်ဖွယ်ကောင်းသော အကောင်ကြီးကိုကြည့်ကာ သူမ၏ လက်ထဲတွင် အင်မော်တယ် ဓားတစ်ချောင်းပေါ်လာသည်ကို တွေ့လိုက်ရသည်။

"အောင်း!"

ဦးခေါင်းနှစ်လုံးပါအဖြူရောင်ရေနဂါးလားသည် ဒေါသတကြီး ဟိန်းဟောက်ကာ ချက်ချင်း ဆိုသလိုပင် ၎င်း၏ကြီးမားသောကိုယ်ခန္ဓာသည် ချင်ယွင်နှင့် ချန်မင်ရှီတို့ဆီသို့ ချက်ချင်း ပြေးလာခဲ့သည်။

ရုတ်တရက် မြေပြင်တစ်ခုလုံး ပြင်းထန်စွာ တုန်လှုပ်သွားပြီး ကြောက်မက်ဖွယ် ကောင်းသော အငွေ့အသက်များက ချင်ယွင်နှင့် ချန်မင်ရှီဆီသို့ ထိုးဖောက် ဝင်ရောက်လာသည်။

"သွားမယ်၊ တိုက်ခိုက်ကြစို့။"

ချင်ယွင်က ဒေါသတကြီး အော်ဟစ်လိုက်သည်။ နဂါးတုံ့ပြန်သော သွေးမျိုးဆက် အတောင်ပံများသည် ချက်ခြင်းပြန့်ကားသွားပြီး နဂါး၏သွေးမျိုးဆက်စွမ်းအင်သည် သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို ရုတ်ခြည်းပျံ့နှံ့သွားကာ ဦးခေါင်းနှစ်လုံးပါ အဖြူရောင် ရေနဂါးလား၏ ဦးခေါင်းများထဲမှတစ်ခုဆီသို့ ပေါက်ကွဲထွက်သွားသည်။

"ဘုန်း!"

ချင်ယွင်၏ လက်သီးချက်သည် ဦးခေါင်းနှစ်လုံးပါအဖြူရောင်ရေနဂါးလား၏ နဖူးတစ်ဖက်ကို ရုတ်တရက် ထိမှန်သော်လည်း ၎င်းသည် သံနံရံကို ထိမှန်သွားသကဲ့သို့ ဖြစ်နေသည်။ တုံ့ပြန်မှုလုံးဝမရှိခဲ့ပေ။ နဖူးပေါ်ရှိ အဖြူရောင်အကြေးခွံများသည်ပင် ကွဲအက်သွားခြင်း မရှိပေ။

"ဘယ်လောက်တောင် မာကြောလိုက်တဲ့ ခုခံနိုင်စွမ်းလဲ!" ချင်ယွင်က ထိတ်လန့်စွာ ပြောသည်။

ဦးခေါင်းနှစ်လုံးပါအဖြူရောင်ရေနဂါးကြီး၏ မျက်လုံးများတွင် အထင်အမြင်သေးမှု အရိပ်အယောင်များ ထွက်ပေါ်လာသည်။ ပုရွက်ဆိတ်လူသားသည် အမှန်တကယ်ပင် သူ၏ ခုခံကာကွယ်မှုကို ဖြတ်ကျော်လိုခဲ့သည်။ ဤအရာသည် အမှန်တကယ်ပင် ကယောင်ကတမ်း ဖြစ်နေခြင်းဖြစ်သည်။

သို့သော်လည်း ဤလူသားသည် သန့်စင်သည့် နဂါးသွေးချီကို ပိုင်ဆိုင်ထားပုံရသည်။ အကယ်၍ သူ့ကိုသာဝါမျိုချမိပါက သူသည် အဆင့်ငါးသို့ ချက်ခြင်းဝင်ရောက်နိုင်မည် ဖြစ်သည်။ ယင်းက သူ့အား ပြင်းပြသည့်လောဘအာရုံကို ချက်ချင်း ဖြစ်ပေါ်စေခဲ့သည်။

နဂါးကြီးသည် ပါးစပ်ကိုဖွင့်ပြီး ချင်ယွင်ကို ကိုက်တော့မည်။

ချင်ယွင်သည် ချက်ခြင်း ထိတ်လန့်သွားသည်။ သူသည် နောက်သို့ ကမန်းကတန်း ဆုတ်လိုက်သည်။

သို့သော်လည်း ဦးခေါင်းနှစ်လုံးပါအဖြူရောင်ရေနဂါးကြီး၏အရှိန်သည် မြန်လွန်းသဖြင့် ၎င်း၏ကြီးမားသောဦးခေါင်းကြီးသည် လျှပ်စီးကဲ့သို့ ချင်ယွဆီ ပြေးသွားလေသည်။

"မကောင်းတော့ဘူး!"

သူ၏လက်ထဲတွင် အင်မော်တယ်ဓားတစ်လက်ပေါ်လာပြီး ချင်ယွင်သည် ချက်ချင်းပင် ထိတ်လန့်သွားကာ ဓားကို အသည်းအသန် ခုတ်ထုတ်လိုက်သည်။

ဓားအလင်းတန်းသည် ကောင်းကင်ယံကိုဖြတ်၍ လပြည့်ဝန်းတစ်ခုအဖြစ်သို့ ပြောင်းလဲ သွားပြီး ဦးခေါင်းနှစ်လုံးပါအဖြူရောင်ရေနဂါးကြီးကိုထိမှန်သွားသည်။ သို့သော် ၎င်း၏ အကြေးခွံပေါ်တွင် အမာရွတ်လေး တစ်ခုမျှပင် မကျန်ရစ်ခဲ့ပေ။

"ဘာလဲဟ!"

ချင်ယွင် အံ့သြသွားသည်။

သို့သော် ဦးခေါင်းနှစ်လုံးပါအဖြူရောင်ရေနဂါးကြီး၏ သွေးစွန်းနေသော ပါးစပ်သည် ချင်ယွင်ရှေ့သို့ ရောက်ရှိနေပြီဖြစ်ပြီး သူ့ကို မျိုချတော့မည် ဖြစ်သည်။

"ဒင်း ဒင်း ဒင်း!"

ထိုအချိန်မှာပင်ခေါင်းလောင်းသံက ဆက်တိုက်မြည်လာသည်။

ဦးခေါင်းနှစ်လုံးပါအဖြူရောင်ရေနဂါးကြီးသည် ၎င်း၏ကြီးမားလှသော ခန္ဓာကိုယ် ကြီးကို နောက်သို့ဆုတ်သွားချိန်တွင် ဝမ်းနည်းဖွယ် အော်ဟစ်သံက ချက်ချင်း ထွက်ပေါ် လာသည်။

အခန်း (၂၆၂) ဦးခေါင်းနှစ်လုံးပါအဖြူရောင်ရေနဂါးကြီးနှင့်မဟာတိုက်ပွဲကြီး။

ချန်မင်ရှီ၏ခေါင်းလောင်းသံကြောင့် ဦးခေါင်းနှစ်လုံးပါ အဖြူရောင်ရေနဂါးကြီးကို ဆုတ်ခွာခိုင်းစေနိုင်ခဲ့ပြီး ချင်ယွင်သည်လည်း သဘာဝအတိုင်း လွတ်မြောက်သွားခဲ့ သည်။

ချင်ယွင်သည် ကြောက်ရွံ့ထိတ်လန့်စွာဖြင့် ချန်မင်ရှီဘက်သို့ ဆုတ်ခွာသွားသည်။ အကယ်၍ ချန်မင်ရှီ၏ အစောပိုင်း တိုက်ခိုက်မှုကြောင့်သာ၊ မဟုတ်ပါက သူသည် ဦးခေါင်းနှစ်လုံးပါအဖြူရောင် ရေနဂါးကြီး၏ မျိုချခြင်းကို ခံခဲ့ရပေလိမ့်မည်။

ထို့အပြင် ချန်မင်ရှီ၏ ခေါင်းလောင်းသည် အမှန်တကယ်ပင် ချင်ယွင်ကို အံ့အားသင့် စေသည့် ဦးခေါင်းနှစ်လုံးပါအဖြူရောင်ရေနဂါးကြီးကိုပင် တွန်းအားပေးနိုင်ခဲ့သည်။

သို့သော်၊ ချင်ယွင်သည် ချန်မင်ရှီကိုကြည့်သောအခါတွင် သူမ၏အသက်ရှူသံမှာ အနည်းငယ် တိုသွားသည်ကို သတိပြုမိပြီး သူမ၏အသက်ရှူသံတွင် အားနည်းသည့် အရိပ်အယောင်များပင် ရှိနေသည်ကို သတိထားမိသွားသည်။ ထင်ရှားသည်မှာ ယခုတိုက်ခိုက်မှုသည် ပေးဆပ်ရခြင်းမရှိဘဲ တိုက်ခိုက်နိုင်မည် မဟုတ်ပေ။

သူမပုံစံကို ကြည့်ခြင်းအားဖြင့် သူမသည် စိတ်ဝိညာဉ်စွမ်းအားကို ကြီးကြီးမားမား သုံးစွဲထားရမည် ဖြစ်သည်။ ထို့ကြောင့် သူမသည် အလွန်အားနည်းလာခဲ့သည်။ စောစောလေးက ခေါင်းလောင်းသံသည် မျက်စိဖြင့် မမြင်ရသည့် အရာဖြစ်သည်။ သိသာထင်ရှားစွာ၊ ၎င်းသည် စိတ်ဝိညာဉ်တိုက်ခိုက်မှု ဖြစ်သင့်သည်။

သေမျိုးကျင့်ကြံသူများအတွက် စိတ်ဝိညာဉ်တိုက်ခိုက်မှုများသည် အလွန်ရှားပါးလှပါ သည်။ အကြောင်းမှာ သူတို့၏ကျင့်ကြံမူအဆင့်တွင် စိတ်ဝိညာဉ်များ မပါဝင်သေးသော ကြောင့် ဖြစ်ပါသည်။

တာအိုအငွေ့အရည်ဖွဲ့ခြင်းနယ်ပယ်ကိုရောက်ပြီးမှသာ စိတ်ဝိညာဉ်စွမ်းအား၏ အရေးပါမှုသည် တဖြည်းဖြည်း ပေါ်လာမည် ဖြစ်ပါသည်။ ထို့ကြောင့်၊ ဆိတ်သုဉ်းခြင်း သားရဲများဖြစ်စေ လူသားများဖြစ်စေ ၎င်းတို့သည် တာအိုအငွေ့အရည်ဖွဲ့ခြင်းနယ်ပယ် သို့မဟုတ် နတ်ဆိုးသားရဲနယ်ပယ်သို့ မရောက်ရှိသေးပါက ၎င်းတို့၏စိတ်ဝိညာဉ် များသည် အလွန်နုနယ်သိမ်မွေ့ လွန်းသည်။

သိုင်းမြို့စားအဆင့်ကျင့်ကြံသူ ချန်မင်ရှီသည် စိတ်ဝိညာဉ်များကို မည်သို့မည်ပုံ တိုက်ခိုက်ရမည်ကို အမှန်တကယ် သိထားသည်။ ဤသည်မှာပင် အလွန်ရှားပါးနေပြီ ဖြစ်သည်။

"ခေါင်းလောင်းကို မသုံးနဲ့တော့၊ ဒါက မင်းရဲ့ စိတ်ဝိညာဉ်အရင်းအမြစ်ကို ပျက်စီးစေလိမ့်မယ်။" ချင်ယွင်က ချန်မင်ရှီကို လေးလေးနက်နက် ပြောလိုက်သည် ။

ချန်မင်ရှီ၏ တိုက်ခိုက်မှုသည် အတိုင်းအတာတစ်ခုအထိ သူမ၏ စိတ်ဝိညာဉ်စွမ်းအား ကုန်ဆုံးသွားခဲ့ပြီဖြစ်သည်။ အကယ်၍ သူမသည် ၎င်းကို ထပ်မံအသုံးပြုပါက၊ ၎င်းသည် သူမ၏ စိတ်ဝိညာဉ်အရင်းမြစ်ကို ဆိုးရွားစွာ ပျက်စီးစေနိုင်သည်။

ချန်မင်ရှီသည် ချင်ယွင်ကို စိုက်ကြည့်ကာ ဘာမှမပြောဘဲ ခေါင်းလောင်းကို ရုတ်သိမ်းလိုက်သည်။

ချင်ယွင်သည် ချန်မင်ရှီက ခေါင်းလောင်းကို ရုတ်သိမ်းလိုက်သည်ကို မြင်သောအခါ၊ သူသည် အဝေးမှ ကျယ်ဝန်းသောနေရာကို လှည့်ကြည့်လိုက်သည်။

ဦးခေါင်းနှစ်လုံးပါ အဖြူရောင်ရေနဂါးကြီး၏ ဉာဏ်ရည်ဉာဏ်သွေးသည် သာမန် လူသားများထက် မနိမ့်ကြလှပေ။ ချန်မင်ရှီက ခေါင်းလောင်းကို ဖယ်ရှား လိုက်သည်ကို မြင်ရလျှင် သူ၏မျက်လုံးထဲမှာ ကြောက်ရွံ့မှု အရိပ်အယောင်တွေ ပျောက်ကွယ်သွားပြီး ဒေါသနှင့်အထင်အမြင်သေးမူများ အစားထိုးဝင်ရောက်လာသည်။

ချင်ယွင်၏ လက်ရှိစွမ်းအားသည် သိုင်းမြို့စားနယ်ပယ်၏ သတ္တမအဆင့် ကောင်းကင် အလွှာ အထွတ်အထိပ်တွင်သာ ရှိသေးသည်။ အပေါ်ယံ အမြင်အရဆို၊ သူ၏ ကျင့်ကြံမှု အဆင့်သည် သိုင်းမြို့စားနယ်ပယ်၏ ဒုတိယအဆင့် ကောင်းကင်အလွှာ အထွတ်အထိပ် တွင်သာ ရှိနေ၏။ ထို့ကြောင့်၊ ဦးခေါင်းနှစ်လုံးအဖြူရောင် ရေနဂါးကြီး၏အမြင်တွင်၊ သူသည် အချိန်မရွေးသတ်ပစ်နိုင်သည့် ပုရွက်ဆိတ်တစ်ကောင်မျှသာဖြစ်သည်။

ချင်ယွင်သည် ဦးခေါင်းနှစ်လုံးပါ အဖြူရောင်ရေနဂါးကြီး၏ မျက်လုံးများတွင် ကဲ့ရဲ့ရှုတ်ချမှုကို သဘာဝအတိုင်း မြင်လိုက်ရပြီး ယင်းက သူ၏နှလုံးသားကို ဒေါသများနှင့်အတူ တုန်လှုပ်သွားစေခဲ့သည်။

ရိုးရိုးသားသား ပြောရလျှင် ချင်ယွင်သည် ခုနစ်ရောင်ခြယ်အေးခဲ တိမ်တိုက်ပန်းပွင့်ကို စောင့်စားနေသည့် ရန်စီစီကို ကယ်တင်ရန်အတွက်ကြောင့်သာ မဟုတ်လျှင်၊ သိုင်းမြို့စားနယ်ပယ်၏ နဝမအဆင့် ကောင်းကင်အလွှာ အထွတ်အထိပ်အထက် ခွန်အားရှိသည့် ဤဦးခေါင်းနှစ်လုံးပါ အဖြူရောင်ရေနဂါးကြီးကို တိုက်ခိုက်ရန် ရွေးချယ်ခဲ့မည် မဟုတ်ပေ။

ယခုမူကား၊ ဦးခေါင်းနှစ်လုံးပါ အဖြူရောင်ရေနဂါးကြီး၏ သူ့အပေါ် အထင်အမြင် သေးသည့်အကြည့်များက သူ့ကို လုံးလုံးလျားလျား ဒေါသထွက်စေခဲ့သည်။

"မင်းက ပြဿနာကောင်သာသာပါပဲ၊ ဒီနေ့ မင်းကို ငါသတ်ပစ်မယ်။ မင်းလိုကောင်က လူတွေကို နောင်ဒီလိုကြည့်ရဲဦးမလား ငါမြင်မိတယ်"

ချင်ယွင်က အေးစက်စွာ အော်ဟစ်လိုက်ပြီး သူ၏လက်ထဲရှိ ဓားကို မြူနှင်းချောက်နက် ဓားဖြင့် အစားထိုးလိုက်သည်။ စူးရှထက်မြက်သော ဓားအလင်းတန်းပေါ်တွင် အေးစက်သော အလင်းရောင်တစ်ခုက လင်းလက်လာသည်။

"အောင်း!"

ဦးခေါင်းနှစ်လုံးပါ အဖြူရောင်ရေနဂါးကြီးသည် ဤလူသားပုရွက်ဆိတ်လေးတစ်ဦး၏ ဒေါသကြောင့် ဒေါသတကြီး ဟိန်းဟောက်နေသကဲ့သို့ပင်။

သူ၏ကြီးမားလှသော ခန္ဓာကိုယ်သည် ချင်ယွင်ဆီသို့ ပစ်လွှတ်ဝင်ရောက်လိုက်ပြီး သူ၏ ချွန်ထက်သောလက်သည်းများက တောင်တစ်ခုကဲ့သို့ပင် သူ့ဆီသို့ ထိုးဖောက် ဝင်ရောက်သွားသည်။ သူ၏အရှိန်သည် အလွန်လျင်မြန်ပြီး ထိုကြောက်မက်ဖွယ် ကောင်းသော အငွေ့အသက်သည် ချင်ယွင်ကို လက်ဖဝါးဖြင့် ကြိတ်ချေထားသော အသားပြားဖြစ်သည်အထိ ရိုက်ခွဲပစ်တော့မည့်ဟန်ပင်။

ချင်ယွင်၏အမူအရာသည် ပြောင်းသွားသည်။ သူ၏နောက်မှ နဂါးအတောင်ပံများနှင့် လျှပ်စီးများသည် တချိန်တည်းတွင် လှုပ်ရှားလာပြီး ဦးခေါင်းနှစ်လုံးပါ အဖြူရောင် ရေနဂါးကြီး၏ ဧရာမလက်သည်းကို ရှောင်ရန် အကွေ့ဝိုက်တစ်ခုအဖြစ် ပြောင်းလဲသွား သည်။

ဦးခေါင်းနှစ်လုံးပါ အဖြူရောင်ရေနဂါးကြီး၏ ခြေသည်းသည် မြေပြင်ပေါ်သို့ တိုက်ရိုက် ကျရောက်သွားပြီး မြေပြင်တစ်ခုလုံး ချက်ချင်းပေါက်ကွဲသွားကာ နက်ရှိုင်းသော တွင်းကြီးတစ်ခု ကျန်ခဲ့သည်။

ချင်ယွင်၏ မျက်လုံးများတွင် အေးစက်သော အလင်းရောင်တစ်ခု ထွက်ပေါ်လာသည်။ ဝိညာဉ်ချီသည် မြူနှင်းချောက်နက်ဓားထဲသို့ ချက်ချင်းပင် သွန်းလောင်းသွားသည်။ ချက်ခြင်းပင် မြူနှင်းချောက်နက်ဓားသည် တုန်ခါသွားသည်။ တစ်ချိန်တည်းမှာပင် ဓားဆန္ဒက ပေါက်ကွဲထွက်ပေါ်လာသည်။ ရှေးကျပြီး စွမ်းအားကြီးမားသောဆန္ဒက ပျံ့နှံ့ထွက်ပေါ်လာသည်။

သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် အလင်းတန်းများအဖြစ်သို့ ပြောင်းလဲသွားပြီး ဦးခေါင်းနှစ်လုံးပါ အဖြူရောင်ရေနဂါးကြီး၏ ခြေထောက်ပေါ်ရှိ အကြေးခွံများပေါ် တိုက်ရိုက် ခုတ်ပိုင်းလိုက်သည်။

"ဖတ်!"

မြူနှင်းချောက်နက်ဓားသည် အဖြူအကြေးခွံများကို ဖြတ်၍ ချက်ချင်း လှီးဖြတ်လိုက်ရာ အဖြူရောင်အကြေးခွံများ ချက်ချင်းကွဲအက်သွားပြီး နီမြန်းသော သွေးထွက်သံယို ဒဏ်ရာကြီးတစ်ခုကို ပေါ်လွင်စေသည်။

"အောင်း!"

ဦးခေါင်းနှစ်လုံးပါအဖြူရောင်ရေနဂါးကြီးသည် နာကျင်မှုဝေဒနာကို ခံစားလိုက်ရပြီး ကောင်းကင်ယံကို တုန်လှုပ်စေသော ဟောက်သံတစ်ခု ထွက်လာသည်။ သွေးနီရောင် သမ်းနေသည့် ပါးစပ်ကြီးကို ဖွင့်လိုက်ပြီး ချင်ယွင်ဆီသို့ အရူးအမူး ကိုက်လိုက်သည်။

ချင်ယွင်သည် သူ့ဆီသို့ ပစ်လွှတ်ဝင်ရောက်လာသော ဧရာမဦးခေါင်းကြီးကို ကြည့်ကာ သူ၏ မျက်လုံးထဲတွင် အေးစက်သော အလင်းရောင်တစ်ခု ထွက်ပေါ်လာသည်။

အနက်ရောင်ပုံရိပ်တစ်ခုက သူ၏ခန္ဓာကိုယ်ထဲက ချက်ချင်းဆိုသလို ပြေးထွက်လာခဲ့ပြီး ဦးခေါင်းနှစ်လုံးပါ အဖြူရောင်ရေနဂါးကြီး၏ဦးခေါင်းကို တိုက်ရိုက် တိုက်ခိုက်လိုက် သည်။

အနက်ရောင်ချပ်ဝတ်တန်ဆာကို ၀တ်ဆင်ထားသည့် လျှပ်စီးစွမ်းရည်ကိုယ်ပွားသည် ဦးခေါင်းနှစ်လုံးပါ အဖြူရောင်ရေနဂါးကြီး၏ နဖူးပေါ်တွင် တိုက်ရိုက်ပေါ်လာသည်။ တောင်တစ်လုံးကဲ့သို့ လက်သီးသည် ဦးခေါင်းနှစ်လုံးပါ အဖြူရောင်ရေနဂါးကြီး၏ နဖူးပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားသည်။

"ဘုန်း!"

ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ သူ၏နဖူးပေါ်ရှိ အဖြူရောင် အကြေးခွံများ ချက်ချင်း ပေါက်ကွဲသွားပြီး သွေးများ ချက်ချင်း စီးကျလာသည်။

"ဟမ့်၊ မင်းက ဘယ်လိုလုပ် သတ္တိရှိနေရတာလဲ၊ မင်းလိုသားရဲတစ်ကောင်က အရမ်းမောက်မာနေတာလား။" လျှပ်စီးစွမ်းရည်ကိုယ်ပွားသည် အေးစက်စွာ အော်ပြောလိုက်ပြီး နောက်တစ်ကြိမ် ထပ်မံထိုးတော့မည် ဖြစ်သည်။

သို့သော် ထိုအချိန်တွင် လျှပ်စီးစွမ်းရည်ကိုယ်ပွားသည် သူ၏နားထဲတွင် ကျယ်လောင်သော ဟိန်းဟောက်သံကိုကြားရပြီး သူသည် အလွန်ထိတ်လန့် တုန်လှုပ်သွားသဖြင့် လှည့်ကြည့်လိုက်သည်။

သို့သော်၊ ထိုအချိန်တွင် ဦးခေါင်းနှစ်လုံးပါ အဖြူရောင်ရေနဂါးကြီး၏ အခြားဦးခေါင်း တစ်ခုသည် တွင်းနက်ကြီးတစ်ခုကဲ့သို့ သူ့ဘေးတွင် ပေါ်လာပြီး သူ၏အမူအရာ သိသိသာသာ ပြောင်းလဲသွားစေခဲ့သည်။

သူက အနက်ရောင်လျှပ်စီးကြောင်းအဖြစ်သို့ လျင်မြန်စွာပြောင်းလဲပြီး ဘေးဘက်သို့ ရှောင်တိမ်းချင်ခဲ့သော်လည်း မတုံ့ပြန်နိုင်ခဲ့ပေ။

ဧရာမဦးခေါင်းနှစ်လုံးပါအဖြူရောင်ရေနဂါးကြီး၏အမြီးသည် သူ၏ရင်ဘတ်ပေါ်သို့ အားမာန်ပါပါဖြင့် ထိုးဆင်းလာခဲ့သည်။

သူ၏ကိုယ်ပေါ်ရှိ နဂါးကြေးခွံအနက်ရောင်ချပ်ဝတ် ချက်ချင်း ကွဲအက်သွားသည်။ သူ၏တစ်ကိုယ်လုံး ပြိုကျသွားပုံရပြီး အဝေးက နံရံကို ရိုက်ချိုးလိုက်ကာ ကြီးမားသော အပေါက်ကြီးတစ်ခု ဖန်တီးဖြစ်ပေါ်ပြီး အနောက်သို့ လွင့်ပျံသွားခဲ့သည်။

အခြားတဖက်တွင်မူ ချင်ယွင်သည်လည်း ချမ်းသာရာမရခဲ့ပေ။ ဦးခေါင်းနှစ်လုံး ပါအဖြူရောင်ရေနဂါးကြီးသည် ကြောက်မက်ဖွယ်ဟောက်သံကို ထုတ်လွှတ်လိုက်ပြီး ယင်းအသံက ချင်ယွင်၏ဦးခေါင်းကို မူးဝေစေသည်။ ထို့နောက် ကြောက်မက်ဖွယ် ကောင်းသော ခြေသည်းကြီးတစ်ချောင်းသည် ချင်ယွင်၏ကိုယ်ကို တိုက်ရိုက်ထိမှန်ကာ ကြမ်းပြင်ပေါ်တွင် ပြင်းပြင်းထန်ထန် ပစ်ရိုက်ကျသွားသည်။

ချင်ယွင်သည် လဲကျသွားပြီး ခန်းမတစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားသည် ။

မာကျောသောကြမ်းပြင်သည် အပိုင်းပိုင်းကွဲသွားကာ တစ်မီတာနက်သော တွင်းနက်ကြီးတစ်ခု မြေပြင်ပေါ်တွင် ပြိုကျကျန်ရစ်ခဲ့သည်။

ချင်ယွင်သည် အပျက်အစီးများကြား ကြမ်းပြင်ပေါ်တွင် လဲလျောင်းနေပြီး သူ၏ တစ်ကိုယ်လုံးမှာ အရိုးများ ကွဲထွက်လုနီး ဖြစ်နေသလို ခံစားလိုက်ရကာ သွေးများ တဟုန်ထိုး ထွက်ကျလာသည်။

"လခွမ်း ၊ ဒီဦးခေါင်းနှစ်လုံးပါအဖြူရောင်ရေနဂါးကြီးရဲ့ခွန်အားက ကြောက်စရာ ကောင်းလွန်းတယ်။ သူတို့ရဲ့ အရှိန်အဟုန်ကလည်း ကြောက်စရာကောင်းတယ်။"

ချင်ယွင်သည် သူ၏စိတ်ထဲမှာ ကျိန်ဆဲရုံမှတပါး ဘာမှမတတ်နိုင်တော့။ သူ၏လက်ထဲမှာ မြူနှင်းချောက်နက်ဓားကို ကိုင်ထားရင်တောင် ဦးခေါင်းနှစ်လုံးပါ အဖြူရောင်ရေနဂါးကြီး အကြေးခွံတွေကို ဖြတ်ကျော်နိုင်ပေမယ့် ဦးခေါင်းနှစ်လုံးပါ အဖြူရောင်ရေနဂါးကြီးအရှိန်အဟုန်ကလည်း ကြောက်စရာ ကောင်းလွန်းနေသည်။ သူသည်လည်း ဦးခေါင်းနှစ်လုံးပါ အဖြူရောင်ရေနဂါးကြီးနီးနီး နာကျင်စရာတန်ဖိုးကို ပေးဆပ်ရလိမ့်မည်။

"ဘုန်း!"

ချင်ယွင်စောစောက ချန်ထားပေးခဲ့သည့်ဒဏ်ရာများကြောင့် ဦးခေါင်းနှစ်လုံးပါ အဖြူရောင်ရေနဂါးကြီးသည် ဒေါသပုံထသည့် အခြေအနေသို့ ကျရောက်သွားပုံရသည်။ ၎င်း၏ကြီးမားသောခန္ဓာကိုယ်သည် အလွန်လျင်မြန်စွာ ရွေ့လျားနေသော တောင်ကြီး တစ်ခုနှင့်တူပြီး တောင်များနှင့်နှိုင်းယှဉ်နိုင်သော ကြီးမားသော ခြေသည်းများသည် ချင်ယွင်ဆီသို့ တစ်ဖန်ပြန်၍ ရိုက်ချလာပြန်သည်။

ချင်ယွင်၏ မျက်နှာသည် ထိတ်လန့်တုန်လှုပ်သွားသည်။ သူသည် ရှောင်တိမ်း ရန်အတွက် သူ၏ခန္ဓာကိုယ်ကို အမြန်အသုံးပြုချင်သည်။ သို့သော် သူ၏ခန္ဓာကိုယ်ပေါ်ရှိ နာကျင်ကိုက်ခဲမူက တစ်ကိုယ်လုံးကို ထုံကျင်လာစေသည်။

ဦးခေါင်းနှစ်လုံးပါအဖြူရောင်ရေနဂါးကြီး၏ ကြီးမားသော ခြေသည်းများသည် ချင်ယွင်၏ ခန္ဓာကိုယ်ကို ထိမှန်တော့မည်ကို မြင်လိုက်ရလျှင် ချင်ယွင်သည် အကယ်၍ သူမသေလျှင်ပင် သုံးစားမရသည့် ဒုက္ခိတတစ်ဦးဖြစ်သွားလိမ့်မည်ဟု ခန့်မှန်းထား သည်။

သို့သော်လည်း ထိုအချိန်တွင် မိုးပြာရောင်ဓားကို ကိုင်ဆောင်ထားသည့် ပုံရိပ်တစ်ခုသည် ချင်ယွင်၏ အထက်တွင် ပေါ်လာသည်။ သူမလက်ထဲတွင်ရှိသော ဓားသည် ကြောက်ဖွယ်ကောင်းသော ဓားအလင်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး ဦးခေါင်းနှစ်လုံးပါ အဖြူရောင်ရေနဂါးကြီး၏ ခြေသည်းကြီးများနှင့် ထိပ်တိုက် ဆုံမိသွားသည်။

"ဘုန်း!"

ဦးခေါင်းနှစ်လုံးပါအဖြူရောင်ရေနဂါးကြီးသည် နာကျင်မူကို ခံစားရပြီးနောက် သနားစဖွယ် အော်သံကို ထုတ်ဖော်လိုက်သည်။

သို့သော် ဧရာမခြေသည်းကြီးသည် ၎င်း၏ကျဆင်းလာမူကို ရပ်တန့် သွားခြင်း မရှိသေးဘဲ ချန်မင်ရှီဆီသို့ တစ်ဖန်ပြန်ပြီး ပစ်ဝင်သွားခဲ့သည်။

"မဟုတ်ဘူး!"

ကမန်းကတန်း အော်လိုက်ပြီးသည်နှင့် ချင်ယွင်၏ အမူအရာမှာ သိသိသာသာ ပြောင်းလဲသွားသည်။

သို့သော် နောက်ကျနေပြီဖြစ်သည်။ ချန်မင်ရှီသည် သူမ၏ဓားကို အလျားလိုက်ကာပြီး ဤကြောက်စရာကောင်းသော ခြေသည်းကြီးကို ပိတ်ဆို့တားဆီးလိုက်သည်။

သို့သော်လည်း ဧရာမခြေသည်း၏ ကြောက်စရာကောင်းသော စွမ်းအားသည် လွင့်ပျံလာနေဆဲ ဖြစ်သည်။ ၎င်းစွမ်းအားသည် တောင်နံရံကို ပြင်းပြင်းထန်ထန် ရိုက်ခတ်ပြီး ကြီးမားသော တွင်းပေါက်တစ်ခု ဖြစ်ပေါ်ခဲ့သည်။ ချန်မင်ရှီသည်လည်း သူမပါးစပ်မှ သွေးများ ဖျန်းခနဲ ထွက်လာပြီး သူမ၏ အငွေ့အသက်သည် ချက်ခြင်း အားပျော့သွားသည်။

ထိုမြင်ကွင်းကိုမြင်လိုက်ရလျှင် ချင်ယွင်သည် သူ၏ရင်ထဲမှာ တစစီကြွေမွ အက်ကွဲစ ပြုလာသလို ခံစားလိုက်ရပြီး ဒေါသလှိုင်းလုံးကြီးများ ထွက်ပေါ်လာသည်။

"မင်းဒီနေ့သေရမယ်!"

ချင်ယွင်သည် အရူးအမူးအော်ဟစ်လိုက်ပြီး သူ၏တစ်ကိုယ်လုံးသည် ဒေါသဖြင့် ပေါက်ကွဲသွားသည်။ သူ၏ အနက်ရောင်ဆံပင်များသည် ဒေါသကြီးနေသည့် ခြင်္သေ့တစ်ကောင်ကဲ့သို့ သူ၏နောက်ကျောတွင် အရူးအမူး ခုန်နေသည်။

ထိုအချိန်တွင် သူ၏ရင်ဘတ်ပေါ်ရှိ အစိမ်းရောင်ကြာပန်းအမှတ်အသားသည် လင်းထိန် နေသော အလင်းရောင်ကို အမှန်တကယ် ထုတ်လွှတ်လိုက်သည် ။

ကြောက်မက်ဖွယ်ကောင်းသော စုပ်ယူမှုစွမ်းအားတစ်ခု ချက်ချင်းရောက်လာသည်။ လျှပ်စီးစွမ်းရည်ကိုယ်ပွားနှင့် ချင်ယွင်၏မူလခန္ဓာကိုယ်ကို လျင်မြန်စွာ စုပ်ယူသွားပြီး ခန္ဓာကိုယ်နှစ်ခုသည် တစ်ဖန် ပြန်လည် ပေါင်းစပ်သွားခဲ့သည်။

အလွန်ကြီးမားပြီး ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်တစ်ခုသည် ချက်ချင်း ပေါက်ကွဲသွားသည်။ နဂါးကြေးခွံအနက်ရောင်ချပ်ဝတ်ကို ၀တ်ဆင်ထားသော ပြိင်ဘက်ကင်း နတ်ဆိုးနတ်ဘုရားတစ်ပါးသည် အနက်ရောင်လျှပ်စီးကြောင်းများကြား လေဟာနယ်ထဲမှ ခြေတစ်လှမ်းပြီး တစ်လှမ်း ဖြတ်သန်းလျှောက်လာသည့် အတိုင်းပင်။ သူ၏ခြေလှမ်းတိုင်းသည် လေဟာနယ်တစ်ခုလုံးကို ပြင်းထန်စွာ တုန်လှုပ်သွားစေ သည်။

အခန်း (၂၆၃) နဂါးသွေးဖြင့်ဆေးခြယ်ခြင်း။

“ဒါဖြစ်နိုင်မလား…”

တွင်းထဲတွင် လဲလျောင်းနေသော ချန်မင်ရှီသည် အံ့သြစွာဟန်ဖြင့် မျက်လုံးပြူးသွားသည်။ မြစ်ရေပြင်နှင့်တောင်တန်းများ၏ လှပသောကမ္ဘာငယ်လေး အတွင်းမှာ သူမအား တိုက်ခိုက်နေသည့် ချင်ယွင်၏ မြင်ကွင်းသည် သူမစိတ်ထဲတွင် ချက်ခြင်း ပျံ့နှံ့ဝင်ရောက်လာခဲ့သည်။

ချင်ယွင်သည် သူ၏ကိုယ်ပွားနှင့် ပေါင်းစပ်ပြီး အဆုံးသတ်တွင် သူမနှင့် တိုက်ခိုက်ခဲ့ကြောင်း သူမ သတိရမိသည်။ ယခုလည်း သူသည် သူ၏ကိုယ်ပွားနှင့် ထပ်မံ ပေါင်းစပ်လိမ့်မည်ဟု သူမ မမျှော်လင့်ထားပေ။ သို့သော် ယခုတစ်ကြိမ်တွင် သူ၏ အငွေ့အသက်သည် ယခင်အကြိမ်များထက် အဆပေါင်း ဒါဇင်နှင့်ချီ၍ အားကောင်း နေပုံရသည်။

ထိုအချိန်တွင် ချင်ယွင်သည် လေထဲတွင် ရပ်နေသည်။ အနက်ရောင်လျှပ်စီးသည် သူ၏ခန္ဓာကိုယ်တစ်ကိုယ်လုံးကို ဖုံးလွှမ်းထားသည်။ သူ၏ခန္ဓာကိုယ်ပေါ်ရှိ နဂါးကြေးခွံ အနက်ရောင်ချပ်ဝတ်သည် အနက်ရောင်လျှပ်စီးများ လင်းလက်ပြီး လင်းလက် တောက်ပြောင်နေသည်။ သူ၏ ကြောက်မက် ဖွယ်ကောင်းသော အဖျက်စွမ်းအား အငွေ့အသက်သည် နတ်ဆိုးနတ်ဘုရားတစ်ပါးနှင့် တူသည်။

အေးစက်သောအကြည့်များသည် လူတစ်ဦး၏နှလုံးသားထဲတွင် ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်သွားစေသည်။

သူသည် လေထဲတွင်ရပ်နေပြီး ဦးခေါင်းနှစ်လုံးပါအဖြူရောင် ရေနဂါးကြီးကို အင်းဆက်ငယ်လေးကို ငုံ့ကြည့်နေသလိုမျိုး အထင်သေးဟန်ဖြင့် ငုံ့ကြည့်နေသည်။

ဦးခေါင်းနှစ်လုံးပါအဖြူရောင်ရေနဂါးကြီးသည် ချင်ယွင်၏ ခန္ဓာကိုယ်ပေါ်တွင် အပြောင်းအလဲများကို သဘာဝအတိုင်း ခံစားလိုက်ရသည်။ ၎င်း၏မျက်လုံး လေးလုံးသည် လေထဲတွင်ရှိသည့်ချင်ယွင်ကို စူးစိုက်ကြည့်နေပြီး နီမြန်းသော မျက်လုံးများက ပြင်းထန်သော ဒေါသအလင်းရောင်ကို ပေါ်လွင်စေသည်။

"အောင်း!"

ဦးခေါင်းနှစ်လုံးပါအဖြူရောင်ရေနဂါးကြီး၏ ကြီးမားသော ဦးခေါင်းနှစ်လုံးမှ ရူးသွပ်စွာ ဟောက်သံက ထွက်ပေါ်လာသည်။ ကြောက်မက်ဖွယ်ရာ ဟိန်းဟောက်သံက ခန်းမတစ်ခုလုံးကို ပဲ့တင်ထပ်ကာ အဝေးကို ပျံ့လွင့်သွားခဲ့သည်။

လေထဲတွင်ရပ်နေသောချင်ယွင်သည် ဦးခေါင်းနှစ်လုံးပါအဖြူရောင် ရေနဂါးကြီး၏ ဟိန်းဟောက်သံကြောင့် သူ့ခန္ဓာကိုယ်ပေါ်သို့ လေလှိုင်းများ ရိုတ်ခတ်သွားသည်။ သူ၏ရုပ်အသွင်အပြင်က မလှုပ်မယှက်ဖြစ်ပြီး သူ၏မျက်လုံးတွေက အရိုးအထိ အေးစက်နေ ဆဲပင်။

"ငါပြောတဲ့အတိုင်း မင်း ဒီနေ့ သေချာပေါက် သေရမယ်!"

ချင်ယွင်၏အသံသည် မြေအောက်ငရဲကမ္ဘာမှ နတ်ဆိုးတစ်ပါး၏ အသံကဲ့သို့ ခန်းမတစ်ခုလုံး ပဲ့တင်ထပ်နေသည်။

အနက်ရောင်ပုံရိပ်သည် ဦးခေါင်းနှစ်လုံးပါ အဖြူရောင်ရေနဂါးကြီး၏ ဦးခေါင်း ထက်တွင် ချက်ချင်းပေါ်လာသည်။

ဦးခေါင်းနှစ်လုံးပါအဖြူရောင်ရေနဂါးကြီး၏ သူငယ်အိမ်များသည် ချက်ချင်းပင် ကျုံ့သွားခဲ့ပြီး ချင်ယွင်ဆီသို့ ကိုက်တော့မည်ဟန်ဖြင့် သူ၏ပါးစပ်ကြီးကို အလျင်အမြန် ဖွင့်လိုက်သည်။

ချင်ယွင်က လှောင်ပြောင်လိုက်ပြီး လက်သီးတွေကို တင်းတင်းကြပ်ကြပ် ဆုပ်ထား လိုက်သည်။ ထို့နောက် ဦးခေါင်းနှစ်လုံးပါအဖြူရောင်ရေနဂါးကြီး၏ ဦးခေါင်းများကို တိုက်ရိုက် ထိုးနှက်လိုက်သည်။

"ဘုန်း!"

ကြောက်မက်ဖွယ်ကောင်းသော တရစပ်တိုက်ခိုက်မှုသည် တောင်တစ်လုံး ပြိုကျသွား သလိုပင်။ ဦးခေါင်းနှစ်လုံးပါအဖြူရောင်ရေနဂါးကြီးသည် သူ၏နဖူးမှ ခုခံနိုင်စွမ်း မရှိသော ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအားတစ်ခုကိုသာ ခံစားလိုက်ရသည်။ သူ၏နဖူးတစ်ခုလုံး ချက်ခြင်းပေါက်သွားပြီး အသားစနှင့်သွေးသားများ ပေါက်ကွဲ ထွက်သွားသည်။ သူ၏ကြီးမားသောဦးခေါင်းကြီးသည် မြေပြင်ဆီသို့ ထိန်းမနိုင်သိမ်းမရ ဖြစ်ကာ ပြိုဆင်းကျသွားသည်။

"ဘယ်လို...ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ" ချန်မင်ရှီသည် မယုံကြည်နိုင်ဟန်ဖြင့် သူမ၏မျက်လုံးများပင် ပြူးကျယ်သွားသည်။

သိုင်းမြို့စားနယ်ပယ်၏ နဝမအဆင့် ကောင်းကင်အလွှာ အထွတ်အထိပ် တွင်ရှိနေသည့် ဦးခေါင်းနှစ်လုံးပါအဖြူရောင်ရေနဂါးကြီးသည် ထိုကဲ့သို့ပင် မြေပြင်ပေါ်သို့ ဖြိုချခံခဲ့ရသည်။

ဦးခေါင်းနှစ်လုံးပါအဖြူရောင်ရေနဂါးကြီးသည်လည်း ကြီးစွာသော အရှက်ကွဲမှုကို ခံစားလိုက်ရပုံပေါ်သည်။ မူလကတည်းက နီမြန်းသော သူ၏မျက်လုံးများသည် သွေးများဖြင့် ပြည့်နေပုံရပြီး ကောင်းကင်ယံကို တုန်လှုပ်စေသော ဟိန်းဟောက်သံ တစ်ချက်ကို ထုတ်ဖော်ဟိန်းဟောက် လိုက်သည်။ သူ၏ကြီးမားသော ခန္ဓာကိုယ် ကြီးသည် အရူးအမူး ခုန်တက်သွားကာ ကြီးမားလှသော ခြေသည်းကြီးများ ချင်ယွင်ဆီသို့ တောင်များကဲ့သို့ ရိုက်ချလာသည်။

"နောက်တကြိမ် ဒီအကွက်ပဲလား!" ချင်ယွင်က ရယ်မောလိုက်ပြီး လေထဲတွင် မလှုပ်မယှက် ရပ်နေလိုက်သည်။ ဧရာမ ခြေသည်းကြီးကို ကြည့်လိုက်ရင်း သူ၏ အဟုန်က မြင့်မားသည့်တောင်ထွတ်တစ်ခုလိုပါပင်။ သူသည် သူ၏ လက်သီးကို မြှောက်ပြီး ကျယ်လောင်စွာမာန်သွင်းကာ ထိုးချလိုက်သည်။

"ဘုန်း!"

ခန်းမတစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားကာ တောင်ပေါ်မှကျောက်ခဲအချို့ပင် လိမ့်ကျလာသည်။

ဦးခေါင်းနှစ်လုံးပါအဖြူရောင်ရေနဂါးကြီး၏ ခြေသည်းကြီးများသည် ချင်ယွင်၏ လက်သီးချက်ဖြင့် အမှန်တကယ်ပင် အတင်းတွန်းထုတ်ခံ လိုက်ရပြီး ချင်ယွင်သည် ခဏမျှသာ ရပ်တန့်သွားသည်။

"အောင်း!"

ဦးခေါင်းနှစ်လုံးပါအဖြူရောင်ရေနဂါးကြီးသည် ရူးသွပ်သော ဟိန်းဟောက်သံကို ထုတ်ဖော် ဟိန်းဟောက်သည်။ သူသည် ဤအဖြစ်ပျက်ကို လက်သင့်မခံချင်ပုံပင်။ သူ့ရှေ့မှာရှိသည့် ဤလူသားသည် အဘယ့်ကြောင့် ဤမျှလောက်တောင် သန်မာနေရတာလဲ။ အမှန်တကယ်ပင် သူ့ကို ထိပ်တိုက်ရင်ဆိုင်နိုင်ခဲ့ပြီး သူ့ထက်ပင် သာလွန်နေပုံရသည်။

ယခုအချိန်မှာ သူ၏မျက်လုံးထဲတွင် ဒေါသတွေပဲ ရှိနေသည်။ ဤလူသားကို ဆုတ်ဖြဲပြီး သူ၏အသားနဲ့ အရိုးများအားလုံးကို မျိုချချင်ခဲ့သည်။

နဂါးအမြီးကြီးသည် လေဟာနယ်ကိုဖြတ်သွားကာ ကြီးမားသောကြာပွတ်အဖြစ်သို့ ပြောင်းလဲသွားပြီး ချင်ယွင်ဆီသို့ ရူးသွပ်ဖွယ်ရာ ပေါက်ကွဲသံများနှင့်အတူ ထွက်ပေါ်လာပြီး လေထဲတွင် ပေါက်ကွဲသံများ ဆက်တိုက်ထွက်ပေါ်လာသည်။

ချင်ယွင်၏ ပါးစပ်ထောင့်သည် ဆိုးသွမ်းသော အပြုံးတစ်ခုအဖြစ် တွန့်ကွေးသွားခဲ့သည်။ သူ့ခန္ဓာကိုယ်ပေါ်ရှိ နဂါးကြေးခွံအနက်ရောင်ချပ်ဝတ်သည် အနက်ရောင်လျှပ်စီးများ ဟုန်းခနဲပေါက်ကွဲကာ ဖုံးလွှမ်းသွားခဲ့ပြီး သူ၏ခန္ဓာကိုယ်အတွင်းရှိ စွမ်းအင်များသည် သူ့လက်မောင်းပေါ်သို့ ချက်ချင်းဆိုသလို တလှိမ့်လှိမ့်ပျံ့နှံ့တက်လာခဲ့သည်။

"ဘုန်း!"

ကြီးမားသော နဂါးအမြီးကြီးသည် ချင်ယွင်၏ရင်ဘတ်ပေါ်သို့ တိုက်ရိုက်ကျ ရောက်သွားခဲ့သော်လည်း ချင်ယွင်က ၎င်းအမြီးကြီးကို ပွေ့ဖက်ထားလိုက်သည်။

ချင်ယွင်၏ခန္ဓာကိုယ်သည် ဤမျှကြောက်မက်ဖွယ်ကောင်းသော အင်အားအောက်တွင် မီတာဆယ်နှင့်ချီ ဆုတ်ခွာသွားခဲ့ရသော်လည်း ချင်ယွင်သည် ပြင်းပြင်းထန်ထန် ခုခံထားဆဲ ဖြစ်သည်။

"ဘာလဲ၊ သူက ရေနဂါးအဖြူကြီးရဲ့အမြီးကို အမှန်တကယ် တွန်းလှန်နိုင်ခဲ့တာလား။" ချန်မင်ရှီက သူမ၏ပါးစပ်ကို ကျယ်ကျယ်မဖွင့်ဘဲ မနေနိုင်တော့ပေ။ ယခုအချိန်တွင် သူမ၏မျက်နှာဖုံးအကာကို ချွတ်လိုက်မည်ဆိုလျှင် သူမ၏မျက်နှာက အလွန်အံ့ဩ နေပါလိမ့်မည်။

"ဟမ့်၊ မင်းက ငါ့ကို အဝေးထိရောက်အောင် ရိုက်နှက်နိုင်ဦးမည်လို့ ထင်နေသေးတာလား" ချင်ယွင်သည် လှောင်ပြောင်ပြီး ကြီးမားသော နဂါးအမြီးကြီးကို ဆုပ်ကိုင်ထားလိုက်သည်။ သူ၏လက်ငါးချောင်းက နဂါးအမြီးကြီးရှိ အဖြူရောင် အကြေးခွံများပေါ်တွင် တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားသည်။ ထို့နောက်တွင်၊ သူ၏လက်များဆီသို့ ချက်ချင်းဆိုသလို ခွန်အားကို ဖြည့်တင်းပေးလိုက်ပြီး ကောင်းကင်ယံမှ ဆင်းသက်လာသော နတ်ဘုရားတပါးအလား ဦးခေါင်းနှစ်လုံးပါ အဖြူရောင် ရေနဂါးကြီး၏ ကြီးမားသောခန္ဓာကိုယ်ကြီးကို တိုက်ရိုက် မြှောက်ပင့်ပြီး မထားလိုက်သည်.။

ထိုနောက်တွင် လူတိုင်းကို ထိတ်လန့်စေလောက်သည့် မြင်ကွင်းတစ်ခု ထွက်ပေါ် လာခဲ့သည်။ ချင်ယွင်သည် ဦးခေါင်းနှစ်လုံးပါအဖြူရောင်ရေနဂါးကြီး၏ အမြီးကို ဖမ်းကိုင်လိုက်ပြီး ဧရာမကြာပွတ်ကြီးကို ဝှေ့ယမ်းလိုက်သကဲ့သို့ ခန်းမနံရံဆီသို့ ရိုက်ချိုး လိုက်သည်။

"ဘုန်း!"

ခန်းမကြီးတစ်ခုလုံးသည် မိုးကြိုးအချက်ပေါင်း တစ်သိန်းခန့် ပစ်လွှတ် လိုက်သည့်အလား ပြင်းပြင်းထန်ထန်တုန်လှုပ်သွားကာ အပျက်အစီးများ ပြိုကျလာ ချိန်တွင် ပြင်းထန်သော အသံတစ်ခု ထွက်ပေါ်လာသည်။

ဦးခေါင်းနှစ်လုံးပါအဖြူရောင်ရေနဂါးကြီး၏ ကြီးမားလှသော ခန္ဓာကိုယ်သည် တောင်နံရံပေါ်သို့ တိုက်ရိုက်ထိမှန်သွားခဲ့ပြီး ကြောက်မက်ဖွယ်ရာ အော်ဟစ်သံများ ထွက်လာသည်။

ချင်ယွင်ကရပ်တန့်ခြင်း မရှိဘဲ ဦးခေါင်းနှစ်လုံးပါ အဖြူရောင်ရေနဂါးကြီး၏ ခန္ဓာကိုယ်ကြီးကို နောက်တစ်ကြိမ် ဝှေ့ယမ်းကာ မြေပြင်ဆီသို့ အရူးအမူး ထုရိုက်ပစ် လိုက်ပြန်သည်။

မီတာငါးရာကျော်ရှည်သော ဧရာမတွင်းနက်ကြီးသည် မြေပြင်ပေါ်တွင် ရုတ်တရက် ပေါ်လာသည်။

"အောင်း!"

ဦးခေါင်းနှစ်လုံးပါ အဖြူရောင်ရေနဂါးကြီး၏အော်သံသည် မြေအောက်နန်းတော် တစ်ခုလုံး ပဲ့တင်ထပ်သွားသည်။

ချင်ယွင်သည် အေးစက်စွာ ဟစ်ကြွေးလိုက်ပြီး သူ၏ပုံရိပ်သည် အလင်းတန်းတစ်ခု အဖြစ်သို့ ပြောင်းလဲသွားပြီး ဦးခေါင်းနှစ်လုံးပါ အဖြူရောင်ရေနဂါးကြီး၏ နောက်ကျောတွင် တိုက်ရိုက် ပေါ်လာသည်။

"မင်းက သူမကို နာကျင်အောင်လုပ်ဖို့ သတ္တိရှိနေမှတော့ ဒီနေ့ မင်းရဲ့ အရေခွံတွေကိုခွာပြီး မင်းရဲ့အရွတ်တွေကို ငါ ဆွဲထုတ်ပစ်မယ်။" ချင်ယွင်က ဒေါသတကြီး ပြောလိုက်ပြီး လေပြင်းက သူ၏နောက်မှာ ကခုန်နေသည်။

ချက်ချင်းဆိုသလိုပင် သူ၏လက်ဖဝါးကို နဂါးကြေးခွံအနက်ရောင်ချပ်ဝတ် အလွှာတွေနှင့် ဖုံးအုပ်ထားပြီး အနက်ရောင်လျှပ်စီးကြောင်းက လျင်မြန်စွာ လှည့်ပတ်သွားကာ ထက်ရှသည့် လျှပ်စီးလက်ဖဝါးဓားတစ်လက် ဖြစ်ပေါ်လာသည်။

"ဖတ်!"

လက်ဖဝါးဓါးသည် လေထဲသို့ လျင်မြန်စွာ ဖြတ်သန်းသွားကာ ဦးခေါင်းနှစ်လုံးပါ အဖြူရောင်ရေနဂါးကြီး၏ အဖြူရောင် အကြေးခွံများမှတဆင့် အသွေးအသားထဲသို့ ထိုးဖောက်ဝင်ရောက်သွားသည်။

"အောင်း!"

ဦးခေါင်းနှစ်လုံးပါအဖြူရောင်ရေနဂါးကြီး၏ အော်သံက မြင့်တက်လာခဲ့ပြီး အော်ဟစ်သံက တစ်ခုပြီးတစ်ခု ထွက်ပေါ်လာနေသည်။

မြင်ကွင်းသည် အမှန်တကယ်ပင် တစ်ဖက်သတ် နှိပ်စက်ခံခဲ့ရသည့် မြင်ကွင်းမျိုး ဖြစ်သည်။ သို့သော် နှိပ်စက်ခံရသူက ချင်ယွင်မဟုတ်၊ ဦးခေါင်းနှစ်လုံးပါ အဖြူရောင်ရေနဂါးကြီးဖြစ်သည်။

"အဆုံးသတ်ဖို့အချိန်တန်ပြီ!"

ချင်ယွင်က အေးစက်စွာ အော်ပြောလိုက်သည်။ သူ၏လက်ထဲတွင် အနက်ရောင် လျှပ်စီးကြောင်းများ ထွက်ပေါ်လာသည်။ ဆယ်မီတာကျော် ရှည်လျားသော အနက်ရောင် လျှပ်စီးလှံကြီးသည် သူ၏လက်ထဲတွင် ချက်ခြင်းကျစ်လစ် သိပ်သည်း သွားသည်။ မိုးခြိမ်းသံနှင့်အတူ ဦးခေါင်းနှစ်လုံးပါ အဖြူရောင်ရေနဂါးကြီး၏ နောက်ကျောရှိ ဒဏ်ရာပေါ်ကို ပြင်းထန်စွာ ဓားထိုးလိုက်လေသည်။

ဒေါင်!

လျှပ်စီးလှံကြီးသည် ဦးခေါင်းနှစ်လုံးပါအဖြူရောင်ရေနဂါးကြီး၏ နှလုံးကို ချက်ခြင်း ထိုးဖောက်ကာ မြေပြင်ပေါ်တွင် တိုက်ရိုက် စွဲကပ်အောင် ရိုက်နှက်လိုက်လေသည်။

"အိုး…….!"

ဦးခေါင်းနှစ်လုံးပါအဖြူရောင်ရေနဂါးကြီးသည် ပြင်းပြင်ထန်ထန် တုန်ခါလှုပ်ယမ်း သော်လည်း မည်မျှပင် ရုန်းကန်နေပါစေ ၎င်း၏ကိုယ်ပေါ်ရှိ လျှပ်စီးလှံကို မဖယ်ရှားနိုင်ဘဲ အလွန်သနားစရာ ကောင်းသော ဟောက်ဟစ်သံကိုသာ အော်ဟစ် မြည်တမ်း နေရလေသည်။

ချင်ယွင်သည် ဘေးဘက်သို့ ဆုတ်ခွာသွားပြီး တွန့်လိမ်လှုပ်ယမ်းနေသော ဦးခေါင်းနှစ်လုံးပါအဖြူရောင်ရေနဂါးကြီးကို ကြည့်လိုက်သည်။ သူ၏မျက်လုံးများသည် နှင်းခဲကဲ့သို့ အေးစက်နေသေးသည်။

ဟိုအတိတ်တုန်းက သူ အစစ်အမှန်နဂါးနက်လေးကို သတ်လိုက်သည့်အခါ အစစ်အမှ န်နဂါးနက်လေးသည် သူ၏ခြေဖဝါးအောက်မှာ အော်ဟစ်နေခဲ့သည်။ ထိုအချိန်တုန်းက မြင်ကွင်းသည် ယခုခေတ်မြင်ကွင်းနှင့် အလွန်ဆင်တူသည်။

သူသည် နဂါးခေါင်းကို ဓားတစ်ချက်ဖြင့် ခုတ်ပိုင်းလိုက်ပြီး သူ၏ခန္ဓာကိုယ်မှာ အစစ်အမှန် နဂါးသွေးများ စွန်းထင်းသွားတော့သည်။

"ဘန်း!"

ကောင်းကင်တုန်ခါလောက်သည့် ပေါက်ကွဲသံတစ်ချက် ထွက်ပေါ်လာသည်။

လျှပ်စီးကြောင်းမှ ပြင်းထန်သော စွမ်းအင်သည် ချက်ချင်းဆိုသလို လွင့်ပျံလာခဲ့ကာ နောက်ဆုံးတွင် ပေါက်ကွဲသွားကာ ဦးခေါင်းနှစ်လုံးပါ အဖြူရောင်ရေနဂါးကြီးအား နှစ်ပိုင်းအဖြစ် ပြင်းပြင်းထန်ထန် ခွဲပိုင်းလိုက်ပြီး မသေဘဲမနေနိုင်တော့ဘဲ သေဆုံးသွား ရလေသည်။

ဘေးတွင်ရပ်နေသော ချန်မင်ရှီသည် ထိတ်လန့်နေပြီဖြစ်သည်။ မောက်မာဝင့်ကြွားပြီး တည်ကြည်ခန့်ငြားသည့် ရုပ်အသွင်အပြင်ကို ကြည့်ရင်း သူမ၏နှလုံးသားသည် လှိုင်းလုံးကြီးတစ်ခု လှုပ်ခတ်သွားလေသည် ။

သူမသည် ချင်ယွင်ကို အစောပိုင်း ခေါ်လာခဲ့တုန်းက သူသည် ဤရေနဂါးကြီးကို ကိုင်တွယ်ဖြေရှင်းနိုင်လိမ့်မည်ဟု သူမ ထင်မှတ်မထားခဲ့ပေ။ သို့သော် ချင်ယွင်သည် ပြီးမြောက်အောင်မြင်ရုံတင်မကဘဲ ယခုလိုပုံစံဖြင့်ပင် အနိုင်ယူနိုင်ခဲ့သေးသည်။

"သူက ဘယ်လိုလူလဲ" သူမ၏ နှလုံးသားထဲတွင်ရှိသည့် အတွေးသံသယများသည် သူမ၏ နှလုံးသားတစ်ခုလုံးကို သိမ်းပိုက်သွားခဲ့ပြီး ချင်ယွင်၏နောက်ကျောကို ကြည့်နေသည့် သူမ၏ အကြည့်များသည် ပို၍ပင် ရှုပ်ထွေးလာခဲ့သည်။

သို့သော်လည်း ယခုအချိန်တွင် ချင်ယွင်၏ ခန္ဓာကိုယ်သည် ရုတ်တရက် တုန်ခါသွားကာ သူ၏ခန္ဓာကိုယ်သည် နှစ်ခြမ်းကွဲသွားပြီး သူ၏အစစ်အမှန် ကိုယ်ခန္ဓာနှင့် လျှပ်စီးစွမ်းရည်ကိုယ်လုံးတို့က ကွဲကွာသွားကာ မြေပေါ်သို့ လဲကျသွားလေ၏။

ပြင်းထန်စွာ အားနည်းသွားသည့် ခံစားချက်က သူ၏တစ်ကိုယ်လုံး ပျံ့နှံ့သွားသည်။

အခန်း (၂၆၄) နဂါးသတ်ကျွန်း။

"ချင်ယွင်!"

ချန်မင်ရှီသည် ပုံရိပ်တစ်ခုအဖြစ်သို့ အလျင်အမြန် ပြောင်းလဲသွားခဲ့ပြီး ချင်ယွင်၏ အနားတွင် ပေါ်လာကာ စိုးရိမ်စွာဖြင့် မေးမြန်းလိုက်သည်။

ချင်ယွင်သည် ခက်ခက်ခဲခဲ ပြုံးလိုက်သည်။ ယခုအချိန်မှာ သူ့လက်ကို မြှောက်ဖို့တောင် ခွန်အားမရှိသလို စကားပြောဖို့‌တောင် ခက်ခဲနေသေးသည်။

ကိုယ်ပွား နှင့် ပေါင်းစပ်ခြင်းသည် လူတစ်ဦး၏ခွန်အားကို တခဏအတွင်း သိသိသာသာ တိုးလာစေမည်ဖြစ်သော်လည်း၊ ၎င်းသည် ကာလကြာရှည်စွာ အားနည်းသည့် အခြေအနေထဲ ဝင်ရောက်သွားမည် ဖြစ်သည်။

နောက်ဆုံးအကြိမ်တုန်းကလည်း ယခုလိုမျိုးပင်ဖြစ်သည်၊ ယခုတစ်ကြိမ်က နောက်ဆုံး အကြိမ်ထက်တောင် ပိုပြင်းထန်ပုံရသည်။

ကံကောင်းထောက်မစွာပင်၊ ချင်ယွင်တွင် သူ၏လှုပ်ရှားမှုများကို ထိန်းသိမ်းထား နိုင်သည့် သစ်သားစွမ်းရည်ကိုယ်ပွားရှိသေးသည်။ မဟုတ်ရင် သူအနေဖြင့် အမှန်တကယ် ဘာလုပ်လို့ဘာကိုင်ရမှန်း သိမှာမဟုတ်ပါဘူး။

တစ်ချိန်လုံး မြေကြီးပေါ်မှာ လဲလျောင်းနေလို့မရဘူး မဟုတ်ပါလား။

သစ်သားစွမ်းရည်ကိုယ်ပွားသည် ကောင်းကင်ဘုံကိုအလွှာ ကြယ်စင်စုပုံကြမ်းထဲမှ ထွက်လာခဲ့ပြီး သူ၏ အစစ်အမှန်ကိုယ်ခန္ဓာနှင့် လျှပ်စီးစွမ်းရည်ကိုယ်ပွားကို ကောင်းကင်ဘုံကိုအလွှာ ကြယ်စင်စုပုံကြမ်းထဲသို့ ပစ်ထည့်လိုက်သည်။

ဘေးနားမှာရပ်နေသည့် ချန်မင်ရှီက ထိတ်လန့်တကြားအမူအယာဖြင့် ချင်ယွင်ကို ကြည့်လိုက်ပြီး "မင်းမှာ ကိုယ်ပွားတွေ ဘယ်လောက်ရှိလဲ" ဟု အံ့သြစွာ မေးလိုက်ပါသည်။

သစ်သားစွမ်းရည်ကိုယ်ပွားဖြစ်သည့် ချင်ယွင်က ပြုံးပြီး ပခုံးတွန့်ကာ ပြောလိုက်သည် "စုစုပေါင်းမှ နှစ်ယောက်ပဲ ရှိတာပါ"

ချန်မင်ရှီကဲ့သို့ အမြဲတည်တည်ငြိမ်ငြိမ် နေတတ်သောသူသည်ပင် သူ၏မျက်လုံးများကို မှိတ်ထား၍ မရတော့ဘဲ ပြူးကျယ်နေလေသည်။ စုစုပေါင်းမှ နှစ်ယောက်တည်း ရှိတာပါတဲ့လား။ ဒီစကားတွေပြောမိတဲ့အခါ အရိုက်ခံရမှာကို သူ ဘာကြောင့် မကြောက်ရတာလဲ။

ချင်ယွင်သည် ကူကယ်ရာမဲ့စွာ ခံစားလိုက်ရပြီး အဝေးမှာရှိနေသည့်ခန်းမထဲက ရေကန်ကို လှည့်ကြည့်လိုက်သည်။

ရေကန်အတွင်းတွင် မတည်မငြိမ်ဖြစ်ကာ ကြီးထွားလာနေသော ခုနစ်ရောင်ခြယ် အေးခဲတိမ်တိုက်ပန်းပွင့်ကိုမြင်မှ သူ့ကို သက်ပြင်းချနိုင်စေသည်။

ဤယခုချိန်တွင်၊ ခုနစ်ရောင်ခြယ်အေးခဲတိမ်တိုက်ပန်းသည် ပွင့်တော့မည်ဖြစ်သည်။ ရောင်စုံ ခုနစ်ရောင်ခြယ် အလင်းတန်းများက ဖုံးလွှမ်းနေကာ ပိုမိုသိပ်သည်းလာပြီး မွှေးကြိုင်သော ရနံ့တစ်ခုက လွင့်ပျံလာသည်။

"ဘုန်း!"

ရှင်းရှင်းလင်းလင်း ပေါက်အသံတစ်ခု ထွက်ပေါ်လာသည်နှင့်အမျှ ခုနစ်ရောင်ခြယ် အေးခဲတိမ်တိုက်ပန်းကလေးသည် တဖြည်းဖြည်း ပြန့်ကျဲလာသည်။ ရောင်စုံ အလင်းတန်းများသည် အလွန်လှပသော ခုနှစ်ရောင်ခြယ်လိပ်ပြာများကဲ့သို့ တဖြည်းဖြည်း မြင့်တက်လာသည်။ အဆုံးတွင်၊ ၎င်းတို့သည် ပန်းပွင့်၏အထက်တွင် ခုနစ်ရောင်ရှိသော တိမ်တိုက်ငယ်အဖြစ်သို့ ပြောင်းလဲသွားပြီး ခုနစ်ရောင်ခြယ်ရနံ့များ ကြွယ်ဝစွာ ထွက်ပေါ်လာသည်။

ချင်ယွင်၏ မျက်နှာသည် ချက်ချင်းပင် ရွှင်မြူးသွားသည်။ သူသည် အနည်းငယ်မျှ တုံ့ဆိုင်းမနေဘဲ၊ ခုနစ်ရောင်ခြယ်အေးခဲတိမ်တိုက်ပန်းပွင့်ကို တိုက်ရိုက် ဆွတ်ခူးသည်။

ခုနစ်ရောင်ခြယ်အေးခဲတိမ်တိုက်ပန်းပွင့်သည် တစ်နာရီခန့်သာ ပွင့်သည်။ ဤတစ်နာရီ ကြာပြီးနောက်၊ ခုနစ်ရောင်ခြယ် အေးခဲတိမ်တိုက်ပန်းပွင့်သည် ညှိုးနွမ်းသွားလိမ့်မည်။ ထို့ကြောင့် ခုနစ်ရောင်ခြယ်အေးခဲတိမ်တိုက်ပန်းပွင့်ကို ဆွတ်ခူးလိုပါက ဤတစ်နာရီ အတွင်း ပြုလုပ်ရပါမည်။

ချင်ယွင်သည် အလင်းတန်းများအဖြစ် ပြောင်းလဲကာ ရေကန်ဘေးတွင် ပေါ်လာသည်။ သူသည် ခုနစ်ရောင်ခြယ်အေးခဲတိမ်တိုက်ပန်းပွင့်ကို ဂရုတစိုက်ဆွတ်ခူးလိုက်ပြီးနောက် ၎င်းသည် ရှေးယခင်ကတည်းက ပြင်ဆင်ထားခဲ့သော ကျောက်စိမ်းသေတ္တာထဲ ထည့်လိုက်သည်။

ကျောက်စိမ်းပစ္စည်းများသည် ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ ရတနာများကို ထိန်းသိမ်းစောင့်ရှောက်ရန် အကောင်းဆုံးပစ္စည်းကိရိယာများဖြစ်သည်။ ထို့ကြောင့် လူအများစုသည် ထိုကျောက်စိမ်းသေတ္တာများကို တစ်လုံး သို့မဟုတ် နှစ်လုံး လောက်တော့ သူတို့နှင့်အတူ သယ်ဆောင်ထားတတ်ကြသည်။ ရတနာတွေ ကြုံတွေ့လာသည့်အခါ အလွယ်တကူ ထိန်းသိမ်းစောင့်ရှောက်နိုင်ရန် ဖြစ်သည်။

သို့သော် ဤကျောက်စိမ်းသေတ္တာကို ချင်ယွင်က ပြင်ဆင်ထားခြင်း မဟုတ်ပေ။ သူသည် ဇူဇီဝမ်ကိုသတ်ပြီးနောက် သူ၏ သိုလှောင်အိတ်ထဲမှ ဤကျောက်စိမ်းသေတ္တာကို ရယူခဲ့ခြင်းဖြစ်သည်။ ယခင်က လိုရမယ်ရသဘောဖြင့် သိမ်းဆည်းထားခြင်း ဖြစ်သော်လည်း ယခုအချိန်တွင် အမှန်တကယ်အသုံးပြုနိုင်မည်ဟု သူ မျှော်လင့် မထားပေ။

ချင်ယွင်သည် ခုနစ်ရောင်ခြယ်အေး ခဲတိမ်တိုက်ပန်းပွင့်ထည့်ထားသည့် ကျောက်စိမ်း သေတ္တာကို သူ၏ သိုလှောင်အိတ်ထဲသို့ ထည့်လိုက်ပြီး ချန်မင်ရှီနှင့် စကားပြောရန် လှည့်ကြည့်လိုက်သည်။

ထိုစဉ် သူ၏ခြေဖဝါးအောက်ရှိ မြေပြင်သည် ပြင်းထန်စွာ လှုပ်ခါလာပြီး မြေပြင်တစ်ခုလုံး ပြင်းပြင်းထန်ထန် တုန်လှုပ်လာခဲ့သည်။

"နောက်ထပ်ငလျင်လား" ချင်ယွင်သည် ချက်ချင်းပင် ထိတ်လန့်သွားသည်။ ဤသည်မှာ တတိယအကြိမ်ဖြစ်သည်။

သို့သော်လည်း ယခုအကြိမ် ငလျင်သည် ယခင်နှစ်ကြိမ်ထက် ပိုမိုပြင်းထန်ပုံရသည်။ ပတ်ပတ်လည်ရှိတောင်နံရံများတွင် အက်ကြောင်းများပင် ပေါ်လာပြီး အက်ကြောင်း များက ဆက်လက် ကျယ်ပြန့်လာသည်။ ခန်းမခေါင်မိုးပေါ်မှ အပျက်အစီးများ အဆက်မပြတ် ကျဆင်းလာသည်။

"မကောင်းတော့ဘူး ဒီမြေအောက်နန်းတော်ကြီး ပြိုကျတော့မယ်" ချင်ယွင်က အော်ပြောလိုက်သည်။

ချန်မင်ရှီသည်လည်း ဤအချက်ကို သဘောပေါက်ပုံရပြီး အလောတကြီး ပြောလိုက်သည် "မြန်မြန် ထွက်သွားရအောင်။ အတိုဆုံးဖြတ်လမ်းကို ငါသိတယ်"

ထို့ကြောင့် ချင်ယွင်သည် ချန်မင်ရှီ၏နောက်သို့ ပြေးလိုက်သွားပြီး အနီးဆုံး ထွက်ပေါက်ဆီသို့ အရူးအမူးပြေးသွားခဲ့သည်။

ပတ်ပတ်လည်နံရံများ ဆက်လက်ပြိုကျလာကာ အနီးနားရှိခန်းမအတွင်း အမြန်မြှုပ်နှံသွားခဲ့သည်။ ခန်းမတစ်ခုလုံးလည်း ရှုပ်ပွနေသည်။

ချင်ယွင်နှင့် ချန်မင်ရှီ ထွက်ပေါက်မှ ထွက်လာသောအခါ မီတာရာပေါင်းများစွာ ချက်ခြင်း နစ်မြုပ်သွားသကဲ့သို့ မြေကြီးတစ်ခုလုံး ပြိုကျသွားသည်။

"အတိအကျဘာဖြစ်နေတာလဲ ၊ ဘာကြောင့် ငလျင်လှုပ်ရတာလဲ" ချင်ယွင်က စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။

ပြိုကျနေသော မြေအောက်နန်းတော်ကြီးအား ကြည့်ရင်း သူ၏ရင်ထဲတွင် သံသယများဖြင့် ပြည့်နှက်နေသည်။

ချန်မင်ရှီသည် သူမခေါင်းကို ခါယမ်းလိုက်သည့်အပြင် သူမ၏မျက်ခုံးသည်အနည်းငယ် တွန့်သွားသည်။ သိသာထင်ရှားစွာပင် သူမသည်လည်း ဖြစ်ပျက်ခဲ့သောအရာကို နားလည်ပုံမရချေ။

မြေအောက်နန်းတော်သည် ချက်ချင်းပြိုကျပြီး တုလုံကျွန်းရှိ မြေပြင်သည် မီတာရာပေါင်းများစွာ နစ်မြုပ်သွားခဲ့သည်။ သို့သော်လည်း ငလျင်သည် ဆက်လက် လှုပ်ခတ်နေဆဲဖြစ်သည်။ တုလုံ ကျွန်းတစ်ခုလုံးသည် ဧရာမလက်ကြီးဖြင့် ဆွဲဖြဲ လိုက်သကဲ့သို့ တဖြည်းဖြည်း အက်ကွဲသွားလေတော့သည်။ ကျွန်းပေါ်ရှိ ဆိတ်သုဉ်းခြင်း နဂါးသားရဲများသည် ထိတ်လန့်ကာ ဦးတည်ရာအရပ်ရပ်သို့ ပြေးလွှားနေကြသည်။

"အယ်။ ဒီထူးဆန်းတဲ့ဆွဲငင်အား ငါတို့အပေါ်မှာ ဘာလို့ သက်ရောက်မူ မရှိတော့တာလဲ။ ကြီးကျယ်ခမ်းနားတဲ့အစီအရင်ဝင်္ကပါကြီး ကျိုးပျက်သွားလို့များလား" ချင်ယွင်က အံ့သြစွာ ပြောသည်။

ယခုလေးတင်မှ ချက်ချင်းကြီး မြေကြီးက ပြိုကျသွားခဲ့သည်။ မြေကြီးပြိုကျသည့် အကွာအဝေးသည်လည်း မီတာရာဂဏန်းအထိ ချက်ချင်းတိုးလာခဲ့သည်။ သို့သော် သူတို့သည် လေထဲတွင် လွင့်မျောနေဆဲဖြစ်သည်။ သူတို့ပတ်ဝန်းကျင်ရှိ ဆွဲငင်အားက အများကြီး ပြောင်းလဲမသွားခဲပေ။ ဆိုလိုတာက တုလုံကျွန်းကို ဖုံးအုပ်ထားသည့် ထူးဆန်းသော အစီအရင်ဝင်္ကပါကြီးသည် ပျောက်ကွယ်သွားပုံပြီး အရာအားလုံး ပုံမှန်ပြန် ဖြစ်သွားသည်။

ကြီးမားသောအစီအရင်ဝင်္ကပါကြီး ပျောက်ကွယ်သွားပြီးနောက်တုလုံကျွန်းသည် ပြင်းထန်စွာ တုန်ခါဆဲနေဖြစ်ပြီး၊ မြေကြီးတစ်ခုလုံး အက်ကွဲသွားကာ ပတ်ဝန်းကျင် ပင်လယ်ရေက တုလုံကျွန်းကို တဖြည်းဖြည်း နစ်မြုပ်စပြုလာသည်။

ငလျင်သည် ဆက်လက်လှုပ်နေသဖြင့် မြေပြင်တစ်ခုလုံး တုန်လှုပ်သွားသည်။

"အောင်း!"

ထိုအချိန်တွင် တုလုံကျွန်းအောက်မှ ကျယ်လောင်သော ဟိန်းဟောက်သံတစ်ခု ထွက်ပေါ်လာသည်။ ယခင်အကြိမ်တုန်းကလိုပဲ၊ နဂါးဟောက်သံ ဖြစ်သည်။

ချင်ယွင်သည် ရုတ်တရက် သူ့စိတ်တွေ တုန်လှုပ်သွားသလို ခံစားလိုက်ရပြီး သူ၏သူငယ်အိမ်များက ချက်ချင်း ကျယ်ပြန့်သွားသည်။

"ဒါက တကယ့် အစစ်အမှန်နဂါးတစ်ကောင်ရဲ့ ဟိန်းဟောက်သံပဲ။" ချင်ယွင်က ထိတ်လန့်စွာပြောသည်။

ဖြစ်နိုင်တာက ဤအစစ်အမှန်နဂါးသည် တုလုံကျွန်းရှိမြေအောက်မှာ ဖိနှိပ်ခံထားရတာ များလား။ ဒီအခိုက်အတန့်မှာ သူက အစီအရင်ဝင်္ကပါကို ချိုးဖြတ်ပြီး ထွက်လာတော့ မှာလား။

ဤအတိုင်းသာဆိုလျှင် တုလုံကျွန်းနှင့်ခံတပ်ကျွန်းတွေပေါ်ကလူများ သေဆုံးကြရ လိမ့်မည်၊ တော်ဝင်ရန်အင်ပါယာကြီးတစ်ခုလုံးတောင် ပျက်သုဉ်းသွားရလိမ့်မည်။

ဒဏ္ဍာရီလာ အစစ်အမှန်နဂါး။

နဂါးငယ်လေး​တွေ​တောင်မှ​ အစစ်အ​မှန်​ အင်မော်တယ်အဆင့် ကျွမ်းကျင်သူများ​ဖြစ်​ကြ​သည်။ အကယ်၍ သူတို့သာ သေမျိုးကမ္ဘာတွင် ထွက်ပေါ်လာပါက၊ ၎င်းတို့သည် ပြိင်ဘက်ကင်းဖြစ်သွားလိမ့်မည် မဟုတ်ပေလော။

ချင်ယွင် တွေးပင်မတွေးရဲတော့။

တစ်ဖက်မှာတော့ ချန်မင်ရှီက မျက်မှောင်ကြုတ်နေပြီး စကားတခွန်းမှမပြောဘဲ ရေနစ်မြုပ်နေသည့် တုလုံကျွန်းကို ငုံ့ကြည့်နေသည်။

ဝှီး! ဝှီး!

ချင်ယွင်နှင့် ချန်မင်ရှီတို့၏ပတ်ဝန်းကျင်မှာ အခြားပုံရိပ်နှစ်ခု ထွက်ပေါ်လာစဉ် အသံအနည်းငယ် ထွက်ပေါ်လာသည်။

ချင်ယွင်သည် ထိုလူများကို တစ်ချက်ကြည့်လိုက်ပြီး သူတို့သည် နဝမမင်းသားနှင့် အစောပိုင်းက ဒဏ်ရာရခဲ့သော ဧကရာဇ်ကျောင်းတော်မှ အမျိုးသမီးငယ်ဖြစ်ကြောင်း တွေ့ရှိခဲ့သည်။

နဝမမင်းသားသည်လည်း ဆိုးရွားသည့်ရည်ရွယ်ချက်များဖြင့် ပြည့်နှက်နေသော သူ၏မျက်လုံးများဖြင့် ချင်ယွင်ကို ကြည့်လိုက်သည်။

သို့သော် သူ မတိုက်ခိုက်ခဲ့ပေ။ ယင်းအစား၊ သူသည် လေးနက်သောအမူအရာဖြင့် တရွေ့ရွေ့နစ်မြုပ်နေသော တုလုံကျွန်းကို ငုံ့ကြည့်နေသည်။

"ဝူး!

ဤအခိုက်တွင် လေထဲတွင် လွင့်ထွက်နေသော လေတိုးသံအချို့ ထွက်ပေါ်လာသည်။ အဋ္ဌမမင်းသားနှင့် ကျိထျန်းချန်တို့သည်လည်းယခုအချိန်တွင် ရောက်ရှိလာသည်။

ထို့နောက်တွင်၊ ချင်ယွင်နှင့် အခြားလူများရှေ့တွင် ပုံရိပ်များပေါ်လာသည်နှင့်အမျှ လေဟာနယ်အတွင်း အသံအနည်းငယ်ထွက်လာသည်။ ပိရှစ်သိုင်းမြို့စားနှင့် ဖန်းကလန်မှ တပည့်နှစ်ဦးတို့သည် တုလုံကျွန်းသို့ ဝင်ရောက်လာပြီးကတည်းက တစ်ကြိမ်တစ်ခါမျှ တိုက်ခိုက်ခဲ့ရပုံမပေါ်ပေ။

တုလုံကျွန်းအထက်တွင် ပုံရိပ်ဆယ့်လေးခုသည် လျင်မြန်စွာ စုရုံးလာသည်။ သူတို့အားလုံးသည် တုလုံကျွန်းကို တအံ့တသြဖြင့် ငုံ့ကြည့်နေကြသည်။

တုလုံကျွန်းသို့ လူနှစ်ဆယ်ကျော် ဝင်ရောက်ခဲ့သော်လည်း ဆယ့်လေးဦးသာ ကျန်ရှိတော့သည်။ ကျန်ခြောက်ယောက်စလုံးသည် ချင်ယွင်၏လက်၌ သေဆုံးသွား ကြသည်။

ဤအခိုက်အတန့်တွင် လူဆယ့်လေးယောက်စုခြင်းသည် ချင်ယွင်အတွက် ကောင်းမွန်သော အရာမဟုတ်ပေ။

တုလုံကျွန်းကြီး ရုတ်တရက် နစ်မြုပ်ပြီး အစစ်အမှန်နဂါး၏ဟိန်းဟောက်သံကြောင့် သူတို့၏အာရုံစူးစိုက်မှုကို အမှန်တကယ်ဆွဲဆောင်ခံနေရခြင်းကြောင့်သာ၊ ထိုသို့ မဟုတ်ပါက သူတို့သည် ချင်ယွင်ကို ဝိုင်းပြီးသတ်ပစ်ခဲ့သည်မှာ ကြာလှပါပြီ။

"ဝူး!

အဝေးတနေရာတွင် လေဟာနယ်ထိုးဖောက်လာသည့် အသံများ ဆက်တိုက် ထွက်ပေါ်လာသည်။ သိုင်းဧကရာဇ် ဘိုင်ဟောက် ဦးဆောင်သော အလင်းတန်း များသည် သူ့တိုဆီသို့ ရောက်လာကြသည်။

ဤနေရာတွင် ဖြစ်ပျက်ခဲ့သမျှသည် သူတို့ကို ထိတ်လန့်စေခဲ့သည်မှာ ထင်ရှားသည်။ သူတို့သည် အပြေးအလွှား ရောက်လာကြခြင်းဖြစ်သည်။ သေချာသည်မှာ၊ ချင်ယွင်သည် သူ့ကို သတ်ဖြတ်လိုသည့်ဆန္ဒဖြင့် စိုက်ကြည့်နေသည့် လူနှစ်ယောက်ကိုလည်း တွေ့လိုက်ရသည်။

ဤလူနှစ်ဦးသည် သိုင်းမြို့စားချင်းယွန် နှင့် ဘေဟိုင်သိုင်းမြို့စားတို့မှလွဲ၍ အခြားသူများ မဟုတ်ကြပေ။

အခန်း (၂၆၅) အစစ်အမှန်နဂါးမွေးဖွားခြင်း။

ပုံရိပ်တစ်ဒါဇင်ခန့်သည် လူတိုင်းရှေ့တွင် ပေါ်လာသည်။

သိုင်းဧကရာဇ်ဘိုင်ဟောက် နှင့်အတူ သိုင်းမြို့စားချင်းယွန် ၊ သိုင်းမြို့စားဘိုင်ယွန်နှင့် အခြားသူများက နောက်မှ လိုက်ပါလာကြသည်။ သေချာသည်က၊ ရန်စီချီသည်လည်း သိုင်းမြို့စားဘိုင်ယွန်၏ဘေးမှာ ရပ်နေသည်။

သူမသည် အစိမ်းရောင်၀တ်စုံဝတ်ထားသည့် ချင်ယွင်ကို တစ်ချက်ကြည့်လိုက်သည်။ ချင်ယွင်က လုံခြုံဘေးကင်းပြီး အသံထွက်နိုင်သည်ကို မြင်လိုက်ရတော့ သူမ၏ မျက်နှာက ချက်ချင်းပင် တောက်ပသည့်အပြုံးတစ်ခု ထွက်ပေါ်လာသည်။

သိုင်းဧကရာဇ် ဘိုင်ဟောက်၏ရှေ့မှောက်တွင် မဟုတ်ပါက ရန်စီချီသည် ချင်ယွင်၏ ရင်ခွင်လက်မောင်းများထဲသို့ ထိုးဖောက်ဝင်ရောက်နေပြီ ဖြစ်သည်။

သိုင်းဧကရာဇ် ဘိုင်ဟောက်သည် လူအုပ်စု၏ဝေးရှေ့တွင် ရပ်နေကာ သူ၏ ကြီးကျယ်ခမ်းနားသော အငွေ့အသက်သည် လူအများ၏ နှလုံးသားကို ထိတ်လန့်စေခဲ့သည်။

သူသည် လုံးလုံးလျားလျား နစ်မြုပ်နေသော တုလုံကျွန်းကို ငုံ့ကြည့်လိုက်ပြီး အနည်းငယ် မျက်မှောင်ကြုတ်ကာ မေးလိုက်သည် "ဘာတွေဖြစ်နေတာလဲ" ။

အသံက အကျယ်ကြီးမဟုတ်သော်လည်း လူတိုင်း၏နားထဲကို ရှင်းရှင်းလင်းလင်း ဝင်ရောက်သွားခဲ့သည်။ ထိုစူးရှသောအကြည့်သည် ချင်ယွင်နှင့်အခြားလူများကို မေးခွန်းထုတ်သည့် အရိပ်အယောင်ဖြင့် ကြည့်နေသည်။

"" အကြီးအကဲယု၊ တုလုံကျွန်းမှာ အပြောင်းအလဲတစ်ခု ရှိပုံရတယ်။ မြေအောက်ထဲမှာ အစွမ်းထက်တဲ့ဆိတ်သုဉ်းခြင်းသားရဲတစ်ကောင်ကိုဖိနှိပ်ထားပုံရတယ်။အဲဒီသားရဲကမြေပြင်ကိုချိုးဖောက်ပြီး ထွက်လာတော့မယ်ထင်တယ်။ ကျွန်တော်တို့တုလုံကျွန်းကို ဝင်ပြီးကတည်းက ငလျင်လှုပ်တယ်။ ဒါက တတိယအကြိမ်ပဲ။" အဋ္ဌမမင်းသားက မတ်တပ်ရပ်ပြီး ပြန်ဖြေသည်။

"အိုး?" သိုင်းဧကရာဇ် ဘိုင်ဟောက်သည် နစ်မြုပ်သွားသော တုလုံကျွန်းကို မီးရှူးမီတိုင်တစ်ခုကဲ့သို့ ငုံ့ကြည့်နေရင်း အံ့အားသင့်စွာ ရေရွတ်လိုက်သည်။

"အောင်း!"

ဤအခိုက်အတန့်တွင် ကြောက်မက်ဖွယ်ကောင်းသော အစစ်အမှန်နဂါး ဟိန်းဟောက် သံက မြေအောက်ထပ်မှ နောက်တကြိမ် ထွက်ပေါ်လာသည်။ ဟိန်းဟောက်သံက ကောင်းကင်တစ်ခုလုံးကို တုန်လှုပ်စေခဲ့သည်။

လူတိုင်း၏ အမူအရာများ ပြောင်းလဲသွားကြသည်။ သိုင်းဧကရာဇ်ဘိုင်ဟောက် ပင်လျှင် မယုံကြည်နိုင်သော အမူအရာတစ်ခုကို ဖော်ပြနေခဲ့သည်။

ဤဟိန်းဟောက်သံက အရမ်းပြင်းထန်လွန်းသည်။ ကြောက်မက်ဖွယ်ရာ နဂါးကြီး၏ စွမ်းအားသည် ဟိန်းဟောက်သံကြားတွင် ရောထွေးပါဝင်နေသည်ကို သူပင် ခံစားနိုင်သည်။ တုလုံကျွန်းအောက်တွင် ဖိနှိပ်ချုပ်နှောင်ခံထားရသည့်သားရဲသည် ရိုးရှင်းသည့် သာမန်ဆိတ်သုဉ်းခြင်းသားရဲတစ်ကောင် မျှမဟုတ်သည်မှာ သေချာ ပါသည်။ ၎င်းသည် အလွန်အစွမ်းထက်သော နတ်ဆိုးသားရဲတစ်ကောင် ဖြစ်ကြောင်း သူသည် သေချာပေါက် ခံစားနိုင်သည်။

သိုင်းမြို့စားချင်းယွန်နှင့် အခြားသူများ၏ အမူအရာများလည်း ပြောင်းလဲသွားကြကာ ထိတ်လန့်သော အမူအရာများကို ထုတ်ဖော်လာကြသည်။

ယခုလေးတင် ဤဟိန်းဟောက်သံ ထွက်ပေါ်လာသည်နှင့် သူတို့အားလုံးသည် သူတို့၏နှလုံးသားများ တုန်လှုပ်သွားသလို ခံစားလိုက်ရပြီး သူတို့ နှလုံးသား အောက်ခြေမှ ထွက်ပေါ်လာသော အကြောက်တရားသည် သူတို့၏နှလုံးသားများကို ဖုံးလွှမ်းသွားခဲ့သည်။

"ဘုန်း!"

တုလုံကျွန်း၏ ကမ္ဘာမြေကြီးတစ်ခုလုံး ကွဲအက်သွားသကဲ့သို့ အောက်မှာရှိသည့် တုလုံကျွန်းသည် ကျယ်လောင်သော ဆူညံသံများ ထပ်မံထွက်ပေါ်လာပြန်သည်။

သိုင်းဧကရာဇ်ဘိုင်ဟောက်၏အမူအယာသည် ချက်ချင်းပင် ပြောင်းလဲသွားခဲ့ပြီး အလန့်တကြား အော်ပြောလိုက်သည် "မကောင်းပါဘူး၊ အောက်ကအရာကြီးက ထွက်ပေါ်လာတော့မယ်။"

ချင်ယွင်၏အမူအရာသည်လည်း သိသိသာသာ ပြောင်းလဲသွားသည်။ နဂါးဟိန်းဟောက်သံကို ယခုလေးတင်မှ ရှင်းရှင်းလင်းလင်း သူကြားလိုက်ရသည်။ အစစ်အမှန် နဂါး၏ဟိန်းဟောက်သံဆိုတာ သေချာပါသည်။ ထို့အပြင်၊ ထိုအစစ်နဂါးသည် စည်းတံဆိပ်တစ်မျိုးမျိုးမှ လွတ်မြောက်နေပြီး မကြာမီ ထွက်ခွာလာတော့မည်ဟု ထင်ရသည်။

"မြန်မြန် ထွက်သွားလိုက်ကြပါ။ အောက်ကအရာကြီးက ငါတို့ တိုက်ခိုက်နိုင်တဲ့အရာ မဟုတ်ဘူးဆိုတာ သေချာပါတယ်။ အားလုံးပဲ အမာခံခံတပ်ကျွန်းကို အရင် ပြန်ဆုတ်ကြပါ။" သိုင်းဧကရာဇ်ဘိုင်ဟောက်က အမိန့်ပေးလိုက်သည်။ ထို့နောက် သိုင်းဧကရာဇ်ဘိုင်ဟောက်သည် အမာခံခံတပ်ကျွန်းဆီသို့ ပျံသန်းသွားသည်။

သိုင်းမြို့စားများသည်လည်း သဘာဝအတိုင်း နောက်မှ အနီးကပ်လိုက်သွားကြသည်။

သိုင်းမြို့စားချင်းယွန်နှင့် ဘေဟိုင်သိုင်းမြို့စားတို့သည် ချင်ယွင်ကို ပြင်းပြင်းထန်ထန် စိုက်ကြည့်ကာ အမာခံကျွန်းဆီသို့ ပြေးသွားကြသည်။

သူတို့သည် ချင်ယွင်ကို အမှန်တကယ်သတ်ချင်သော်လည်း သိုင်းဧကရာဇ် ဘိုင်ဟောက်က အမာခံခံတပ်ကျွန်းမှ မထွက်ခွာမီတွင် ကိုယ်ရေးကိုယ်တာတိုက်ပွဲများ လုံးဝမတိုက်ခိုက်ကြရန် ပြောထားခဲ့သည်။

သူတို့သည် သိုင်းဧကရာဇ်ဘိုင်ဟောက်၏စကားကို နားမထောင်ဘဲမနေဝံ့ကြပေ။ သူတို့သည် တုလုံကျွန်းမှ ချင်ယွင်ထွက်ခွာရန် စောင့်ဆိုင်းပြီးမှ သူ့ကိုသတ်ပစ်ရန်သာ တတ်နိုင်တော့သည်။

ချင်ယွင်လည်း ဒါကို သဘာဝကျကျ သိပါသည်။ သူသည် အမာခံခံတပ်ကျွန်းမှ တစ်ရက်မထွက်ခွာသရွေ့ သူ၏အသက်အန္တရာယ်က တစ်ရက် ကျရောက်လာမည် မဟုတ်ပေ။ သို့သော်လည်း သူသည် အမာခံခံတပ်ကျွန်းမှ ထွက်ခွာသွားသောအခါတွင် အင်အားစုအများအပြား၏ လိုက်လံရှာဖွေခြင်းကို ရင်ဆိုင်ရပေလိမ့်မည်။

ဟုတ်ပါသည်၊ ယခုအချိန်က ဤအကြောင်းကို စဉ်းစားရမည့်အချိန်မဟုတ်ပါဘူး။ ချင်ယွင်ကို စိတ်ပူစေသည့်အရာက အကယ်၍ တုလုံကျွန်းအောက်က အစစ်အမှန်နဂါးသည် စည်းတံဆိပ်ကို အမှန်တကယ် ချိုးဖျက်လိုက်မည်ဆိုလျှင် အမာခံခံတပ်ကျွန်းတစ်ခုလုံး ပျက်စီးသွားမှာကိုပါ။ ယင်းက သိုင်းဧကရာဇ် ဘိုင်ဟောက် ရှိနေရင်တောင် အသုံးမဝင်ပါဘူး။

သို့သော် ယခုအချိန်တွင် ပြည်မကြီးသို့ပြန်ရန် မဖြစ်နိုင်တော့ပေ။ ရေမိုင်ပေါင်း တစ်သိန်းရှိသည့်ပင်လယ်ပြင်ကို ပျံသန်းသွားဖို့က မဖြစ်နိုင်ပါဘူး။ ထို့အပြင် သူထွက်သွားပြီးသည်နှင့် အင်အားစုအများအပြား၏ လိုက်လံရှာဖွေဖမ်းဆီးခြင်းကို ရင်ဆိုင်ရမည်ဖြစ်သည်။ ထို့ကြောင့်၊ ချင်ယွင်အတွက် ရွေးချယ်စရာတစ်လမ်းတည်းသာ ကျန်တော့သည်၊ ၎င်းမှာ သိုင်းဧကရာဇ်ဘိုင်ဟောက်အခြားသူများနှင့်အတူ အမာခံခံတပ်ကျွန်းသို့ ပြန်သွားရန် ဖြစ်သည်။

ချင်ယွင်သည်လည်း ကူရာမဲ့စွာဖြစ်ပြီး အမာခံခံတပ်ကျွန်းသို့ အတူတကွမထွက်သွားမီ ရန်စီချီနှင့် အခြားသူများနှင့် ပြန်လည်ပေါင်းစည်းရန်မှလွဲပြီး အခြားရွေးချယ်စရာ မရှိတော့ပေ။

သိုင်းမြို့စားဘိုင်ယွန်သည် သဘာဝအတိုင်း အလွန်ပင် စေ့စပ်သေချာသည်။ ဤအရာအားလုံးကို သူ့မျက်လုံးထဲတွင် မြင်ပြီးသားဖြစ်နေပြီ။ ချင်ယွင်ကို မြင်သောအခါ သူက ခါးသီးသော အပြုံးဖြင့် ခေါင်းယမ်းကာ ပြောလိုက်သည် "ကြည့်ရတာ မင်းရဲ့ ပြဿနာတွေက ပိုကြီးလာပုံရတယ်!"

ချင်ယွင်လည်း ရှိုက်ကြီးတငင်ပြုံးကာ ဘာမှပြန်မပြောတော့ပေ။ သူသည် ရန်စီချီအား အမာခံကျွန်းဆီသို့ ခေါ်ဆောင်သွားသည်။

ချင်ယွင်နှင့် အခြားသူများသည် အမာခံကျွန်းပေါ်သို့ တက်လှမ်းလာစဉ်မှာအဝေးမှ တုလုံကျွန်းသည် ကောင်းကင်ယံတွင် မီးတောက်မီးလျှံများ လျှံထွက်နေသည့် မီးတောင်တစ်ခုကဲ့သို့ ရုတ်တရက် ပေါက်ကွဲသွားသည်။

အမာခံခံတပ်ကျွန်းပေါ်ရှိ လူတိုင်းသည် ဤမြင်ကွင်းကို မျက်လုံးများဖွင့်ကာ စိုက်ကြည့်နေကြသည်။ ထိုအချိန်မှာ သူတို့ခြေထောက်အောက်က မြေပြင်က ပြင်းထန်စွာ တုန်လှုပ်သွားသည်။

"အောင်း!"

နောက်ထပ် မြေကြီးကွဲအက်လောက်သည့် ဟိန်းဟောက်သံက ကျယ်လောင်စွာ ထွက်ပေါ်လာပြန်သည်။ ဤတစ်ကြိမ်တွင် ယခင်အကြိမ်တွေထက် ပိုရှင်းလင်းသည်။ ကြောက်မက်ဖွယ်ကောင်းသော ဟိန်းဟောက်သံသည် အနှိုင်းမဲ့ ကြောက်မက်ဖွယ် ကောင်းသော ဖိအားကို သယ်ဆောင်လာကာ လူများကို စိတ်နှလုံးအောက်ခြေမှ ကြောက်ရွံ့ထိတ်လန့်သွားစေသည်။

ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်များ တဖြည်းဖြည်း ပျံ့နှံ့လာသည်။

"အတိအကျ ဘာဖြစ်တာလဲ?"

" ထွက်ပေါ်လာချင်နေတဲ့အရာက အတိအကျ ဘာလဲ၊ အဲဒါကဘယ်လောက်ထိ ကြောက်စရာကောင်းလဲ"

"အဲဒါက အစွမ်းထက်တဲ့ သက်ရှိနဂါးတစ်ကောင်ထင်တယ်။ ဒီကျွန်းအောက်မှာ ကြောက်စရာကောင်းတဲ့ နဂါးနတ်ဆိုးသားရဲတစ်ကောင်ကို ချုပ်နှောင်ထားတာ ဖြစ်နိုင်ပါ့မလား"

အမာခံတပ်ကျွန်းပေါ်ရှိ တကိုယ်တော်ကျင့်ကြံသူများ အားလုံးသည် သူတို့၏ မျက်နှာအမူအယာများ ပြောင်းလဲသွားသည်အထိ ထိတ်လန့်သွားကြပြီး အဆက်မပြတ် ဆွေးနွေးနေကြကာ သူတို့၏ စကားများတွင် ကြောက်ရွံ့မှုများနှင့် ပြည့်နှက်နေသည်။

သိုင်းဧကရာဇ်ဘိုင်ဟောက်သည် အမာခံခံတပ်ကျွန်းထက် ကောင်းကင်တွင် ရပ်နေ၏။ ဤမြင်ကွင်းကို မြင်လိုက်ရလျှင် သူ၏ အသက်အရွယ်ကြီးရင့်သည့် မျက်နှာသည်လည်း ထိတ်လန့်တကြား ဖြစ်သွားပါသည်။ ဤဟိန်းဟောက်သံကြောင့် သူ ကြောက်လန့် နေမှန်း သိသာလှသည်။

ရုတ်​တရက်​ ​လေပြင်းများတိုက်ခတ်လာ​ပြီး တိမ်​​တိုက်တွေက ကောင်းကင်ယံ​မှာ လွင့်မျော​လာသည်​။ အနက်ရောင် တိမ်တိုက်များက ကောင်းကင်ပြင်ကို လွှမ်းခြုံကာ ကီလိုမီတာ ရာပေါင်းများစွာ ကျယ်ဝန်းသည်။ နေသာသည့်နေ့တစ်ခုလုံး ချက်ခြင်းပင် အမှောင်ထဲ နစ်မြုပ်သွားခဲသည်။ ကြောက်မက်ဖွယ်ကောင်းသော ဖိအားတစ်ခုက ပင်လယ်တစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့ပြီး လူတိုင်း အသက်ရှူမဝနိုင်အောင် ဖြစ်ခဲ့ရသည်။

အားနည်းသောလူအချို့သည် ဤကြောက်မက်ဖွယ်ကောင်းသောဖိအားကြောင့်ပင် တုန်လှုပ်ခြောက်ခြားသွားကာ ပါးစပ်မှသွေးများ ထွက်ကျလာသည်။

"ဒါက ... ကောင်းကင်ကပ်ဘေးဒုက္ခ၊ ဒဏ္ဍာရီလာ ဒြဗ်စင်ကိုးခုကောင်းကင် ကပ်ဘေးဒုက္ခများ ဖြစ်နိုင်မလား?" တစ်စုံတစ်ယောက်က သတိပေးသည့် လေသံဖြင့် အော်ပြောလိုက်သည်။

ထိုလူ၏တအံ့တဩရေရွတ်သံကြောင့် ကျွန်းတစ်ခုလုံး အုတ်အုတ် ကျက်ကျက် ဖြစ်သွားသည်။ ကောင်းကင်ယံမှာ မည်းမှောင်နေသည့် တိမ်တိုက်ကြီးကို ကြည့်ရင်း အားလုံးက ထိတ်လန့်တုန်လှုပ်သွားကြသည်။

ချင်ယွင် နောက်ဆုံးတော့ ဖြစ်ပျက်ခဲ့သည်များကို သဘောပေါက်သွားသည်။ သူ၏ထင်မြင်ယူဆချက်တွေအားလုံးက မှန်ကန်ပါသည်။ တုလုံကျွန်းအောက်ရှိ အစစ်အမှန်နဂါးသည် ကြောက်မက်ဖွယ် ကောင်းသည်။ သို့သော်၊ အစစ်အမှန် နဂါးသည် စည်းတံဆိပ်ခတ်ထားခံရပြီး ၎င်း၏ အငွေ့အသက်အားလုံးကို ဖုံးကွယ် ထားသောကြောင့် ကောင်းကင်တာအိုက ၎င်း၏တည်ရှိမူကို မတွေ့နိုင်ခဲ့ပေ။

ယခုတော့ အစစ်အမှန်နဂါးသည် စည်းတံဆိပ်ကို ချိုးဖျက်လိုက်သဖြင့် ၎င်း၏ အငွေ့အသက်သည် သဘာဝအတိုင်း ပေါက်ကြားလာခဲ့သည်။ အစစ်အမှန် အင်မော်တယ် သို့မဟုတ် ထိုအထက်ရှိ ကျင့်ကြံအဆင့်ရှိသူ ကျွမ်းကျင်သူတစ်ဦးသည် သေမျိုးကမ္ဘာတစ်ခုလုံး၏အစီအစဉ်ကို ဖျက်ဆီးပစ်နိုင်သည်။ ထို့ကြောင့် ကောင်းကင်တာအိုသည် ထိုတည်ရှိမူကို ဖျက်ဆီးလိုသောစိတ်ဖြင့် လျှပ်စီးကပ်ဘေး

ဒုက္ခသည် ဆင်းသက်လာခဲ့သည်။

အကယ်၍ ထိုအစစ်အမှန်နဂါးသည် ဤကောင်းကင်ကပ်ဘေးဒုက္ခမှ လွတ်မြောက်သွား ခဲ့ပါက၊ ဤအစစ်အမှန်နဂါးသည် အင်မော်တယ်ကမ္ဘာသို့ တိုက်ရိုက် တက်သွားမည် ဖြစ်သည်။

ယင်းကြောင့် ချင်ယွင်သည် ချက်ချင်း သက်ပြင်းချနိုင်ခဲ့သည်။

အကယ်၍ ဤအစစ်အမှန်နဂါးသည် ဤသေမျိုးကမ္ဘာတွင် အမှန်တကယ် တည်ရှိနေပါက ဤတိုက်ကြီးတစ်ခုလုံး ပျက်စီးသွားမည်ဖြစ်သည်။ မည်သူကရော သူ၏ပြိုင်ဘက် ဖြစ်နိုင်တော့မည်နည်း။

"အောင်း!"

အစစ်အမှန်နဂါး၏ ကောင်းကင်ယံ တုန်ခါသည်အထိ ဟိန်းဟောက်မူနှင့်အတူ နောက်ဆုံးတွင် ကြီးမားသော မီးတောက်မီးလျှံကြီးတစ်ခုသည် တုလုံကျွန်းအောက်မှ ကောင်းကင်သို့ ပစ်လွှင့်လာကာ မိုးခြိမ်းသံများ ပြည့်နှက်နေသော တိမ်တိုက်များထဲသို့ ပစ်ဝင်သွားခဲ့သည်။

အနီရောင်တောက်ပသည့်ပုံရိပ်တစ်ခုသည် မီးတောက်မီးလျှံတိုင်ကြီး အလား လျင်မြန်စွာ ပျံသန်းသွားခဲ့ပြီး ကြောက်မက်ဖွယ်ကောင်းသော ဖိအားတစ်ခုက ပင်လယ်ပြင်တစ်ခုလုံးကို ချက်ခြင်း ပြည့်လျှံသွားသည်။

ယခုအချိန်တွင် ပင်လယ်ကြမ်းပြင်ပေါ်တွင် တွားသွားနေကြသည့် ပင်လယ်ရေမိုင် တစ်သိန်း အတွင်းရှိ ဆိတ်သုဉ်းခြင်းသားရဲများနှင့် နတ်ဆိုးသားရဲများအားလုံးသည် ပြင်းထန်စွာ တုန်ယင်နေကြသည်။

အမာခံခံတပ်ကျွန်းပေါ်ရှိ တကိုယ်တော်ကျင့်ကြံသူများသည် အလွန်ထိတ်လန့်သည့် အမူအရာများကို ထုတ်ဖော်ကြသည်။ သူတို့၏ ဒူးတွေဟာ တဖြည်းဖြည်း ညွှတ်ကိုင်းပျော့ခွေလာပြီး သူတို့သည် ဒူးထောက်ချင်စိတ်ကို မထိန်းနိုင်တော့ပေ။

ချင်ယွင်သည် ဤကြောက်မက်ဖွယ် ဖိအားကိုခံနိုင်ရည်ရှိရန် အစွမ်းကုန် ကြိုးစားခဲ့ရ သည်။ သူသည် သွားများကို တင်းတင်းကြိတ်ကာ ဆက်တိုက် တောင့်ခံနေလေသည်။ သူသည် တုန်လှုပ်ချောက်ချားသော အမူအရာဖြင့် အဝေးမှ အနီရောင်တောက်တောက် နဂါးကြီးကို လှမ်းကြည့်လိုက်သည်။ သူသည် သူ့ကိုယ်သူ တိုးတိုးရေရွတ်လိုက်သည် "အစစ်အမှန်အင်မော်တယ်အဆင့်၊ သေချာပေါက် အစစ်အမှန်အင်မော်တယ်အဆင့်ပဲ၊ ဒါ့အပြင်၊ သူသည် မီးနဂါးမျိုးနွယ်စုရဲ့ အစစ်အမှန် နဂါးတစ်ကောင်ဖြစ်နေတယ်!"

All Chapters