← Chapters

အခန်း (၃၂၁-၃၂၅)

Vol. 22 Ch. 321-325

အခန်း (၃၂၁-၃၂၅)

Vol. 22 Ch. 321-325

အခန်း (၃၂၁) တစ်စုံတစ်ခုလုပ်ဆောင်ရန်အဆင်သင့်ဖြစ်နေကြခြင်း။

မင်းသမီး(၁၃) သည် သူမထွက်သွားပြီး အချိန်အတော်ကြာမှ ပြန်ရောက်လာခဲ့သည်။ သူမနှင့်အတူ ပြန်ပါလာသည့် သတင်းမှာလည်း စိတ်ပျက်စရာပင် ဖြစ်သည်။

မင်းသမီး(၁၃)သည် ဧကရာဇ်မင်းမြတ်ဒါယန်းကိုပင် မတွေ့ခဲ့ရပေ။ သူမသည် ဧကရာဇ်မင်းမြတ်၏ အိပ်ခန်းအပြင်ဘက်တွင် အချိန်အတော်ကြာအောင် စောင့်နေခဲ့ သော်လည်း နောက်ဆုံးတွင် ဧကရာဇ်မင်းမြတ်က အရေးတကြီး လုပ်စရာရှိနေသည်ဟုသာ ကြားသိခဲ့ရသည်။

ဧကရာဇ်မင်းမြတ် မည်သည့်အချိန် ပြန်လာမည်ဆိုသည်ကို သေချာမသိခဲ့သည့် အပြင် ဧကရာဇ်မင်းမြတ် မွေးနေ့မတိုင်ခင်မှာ သေချာပေါက် ပြန်လာမည်ဆိုသည်လောက်သာ သိခဲ့ရသည်။

မင်းသမီး(၁၃)သည် ကူရာမဲ့ဖြစ်ပြီး စိတ်ပျက်လက်ပျက်ဖြင့် ထွက်သွားရန်မှတပါး ရွေးချယ်စရာ မရှိခဲ့ပေ။

ချင်ယွင်သည်လည်း စိတ်ဝိညာဉ်ပြန်သွင်းခြင်းမြက်ကို မရရှိခဲ့သည့်အတွက် စိတ်ပျက် သွားခဲ့သည်။

မူလက ချင်ယွင်သည် ရန်စီချီကို တွေ့ဆုံရန် သိုင်းမြို့စားဘိုင်ယွန်နေထိုင်သည့် လီဟယ်နန်းတော်သို့ သွားရန် ရည်ရွယ်ထားခဲ့သည်။ ဆဋ္ဌမမင်းသားကို မကုသပြီးမချင်း မင်းသမီး(၁၃)က သူ့ကို မည်သည့်နေရာကိုမျှ သွားခွင့်မပြုဘဲ ထားလိမ့်ဟု သူ မမျှော်လင့်ခဲ့ပေ။

ချင်ယွင်သည် အနည်းငယ် ဒေါသထွက်သွားသော်လည်း သူလည်း ဘာမှမတတ်နိုင်ပေ။ ဆံပင်ဖြူအဘွားကြီးနှင့် သိုင်းဧကရာဇ်ဘိုင်ဟောက်တို့၏ ပုံစံကလည်း ချင်ယွင်ကို ထွက်သွား စေချင်ပုံမပေါ်ပေ။

နောက်ဆုံးတွင် ဆဋ္ဌမမင်းသား အလှည့်ရောက်လာသည်။ သူက “ဒီနေ့ အချိန် နောက်ကျနေပြီမို့ ချင်ယွင်ကို တုန်းယန်နန်းတော်မှာ တစ်ညလောက် အရင်နေခိုင်းပြီး နောက်နေ့မှ လီဟယ်နန်းတော်ဆီသွားရန်” ပြောလိုက်သည်။

ချင်ယွင်လည်း ကူရာမဲ့ဖြစ်ကာ သဘောတူ လက်ခံရုံမှလွဲပြီး မနက်ဖြန်ရောက်မှ လီဟယ်နန်းတော်သို့ သွားရန်မှတပါး အခြားရွေးစရာ လမ်းမရှိတော့ပေ။

တစ်ချိန်တည်းမှာပင် နဝမမင်းသား၏ နွေဦးရနံ့များ သင်းပျံ့မွှေးကြိုင်နေသည့် နန်းတော် ထဲတွင် တိုးညှင်းသည့် အော်ဟစ်ညီးညူသံများ အဆက်မပြတ် ထွက်ပေါ်နေသော်လည်း အဆုံးတွင် နှိုင်းမဲ့ ဝမ်းနည်းကြေကွဲဖွယ် အော်ဟစ်သံများအဖြစ်သို့ ပြောင်းလဲ သွားလေခဲ့သည်။

နာရီဝက်ခန့်ကြာသောအခါ နဝမမင်းသားသည် ပိုးထည်ဝတ်စုံကိုဝတ်ကာ အိပ်ခန်းထဲမှ ထွက်လာခဲ့သည်။ သူ့နောက်တွင် သူမ၏တက်ကြွမှုအားလုံး ပျောက်ဆုံးနေသည့် အဝတ်မဲ့ အမျိုးသမီးတစ်ဦး ရှိနေသည်။

သိုင်းမြို့စားချင်းယွန်သည် ပင်မခန်းမအပြင်ဘက်တွင် မတ်တပ်ရပ်ကာ စောင့်ကြပ်ပြီး သူ၏မျက်နှာပေါ်တွင် အပြုံးနှင့်အတူ နဝမမင်းသားကို ကြည့်လိုက်သည်။

"နဝမမင်းသားလေး ဘယ်လို ခံစားရပါသလဲ။ ဒီဧကရာဇ်ကျောင်းတော်ရဲ့ မျိုးဆက်သစ် ကောင်းကင်ဘုံ ပါရမီရှင်လေးက တော်တော်အရသာရှိတယ် မဟုတ်လား" သိုင်းမြို့စားချင်းယွန်က ပြုံးလိုက်သည်။

နဝမမင်းသားသည် ထိုစကားကိုကြားသောအခါ စိတ်ကျေနပ်သည့် အပြုံးကို ထုတ်ဖော်လာသည်။ ထို့နောက် သူက အလိုလောဘကြီးသည့် အပြုံးကို ထုတ်ဖော်ရင်း ပြောလိုက်သည် "ဟုတ်တယ်၊ ဒါပေမယ့် ကံမကောင်းစွာပဲ၊ သူမခန္ဓာကိုယ်ထဲမှာရှိတဲ့ ယင်ချီက ငါ့ကို သိုင်းမြို့စားနယ်ပယ်ရဲ့ နဝမအဆင့် ကောင်းကင်အလွှာကို ဖြတ်ကျော်နိုင်အောင် လုံလုံ လောက်လောက် မရှိခဲ့ဘူး။ အခု ထိပ်တန်းအဆင့် အိုးဖြစ်တဲ့ ရန်စီချီကို အရေးအပေါ်ရရှိဖို့ မျှော်လင့်ရတာပဲ"

သိုင်းမြို့စားချင်းယွန်က ထိုစကားကိုကြားလျှင် သူက ပြုံးလိုက်ပြီးနောက် တိတ်ဆိတ် ငြိမ်သက်သွားသည်။

" ရန်စီချီကရော အခြေအနေ ဘယ်လိုရှိလဲ " နဝမမင်းသားက မေးသည်။

"အဲဒီသိုင်းမြို့စားဘိုင်ယွန်က ရန်စီချီကို အမြဲကာကွယ်ပေးနေတယ်။ အခု ငါလှုပ်ရှားဖို့ အခွင့်အရေး နည်းနည်းမှ မရှိသေးဘူး။ နောက်ပြီး ဒီကိစ္စက တခြားသူတွေကိုလည်း အထိတ်တလန့် ဖြစ်စေပြီး သတိပေးသလိုဖြစ်သွားလိမ့်မယ်၊ ဒါကြောင့် မဆင်မခြင် မလုပ်ဝံ့သေးဘူး။" သိုင်းမြို့စားချင်းယွန်က ပြန်ဖြေသည်။

နဝမမင်းသားက မျက်မှောင်ကြုတ်ပြီး အေးစက်စွာ ပြောလိုက်သည် "ဟမ့် ၊ ငါတို့က ဒီရန်စီချီကို သုံးရက်အတွင်း အမြန်ဖမ်းမိရမယ်။ မဟုတ်ရင် သုံးရက်အတွင်းမှာ ငါကိုယ်တိုင် လှုပ်ရှားရမယ် "

"စိတ်မပူပါနဲ့၊ နဝမမင်းသားလေး။ သုံးရက်တောင် မလိုပါဘူး။ မနက်ဖြန်မနက်မှာ ရန်စီချီကို မင်းသားဆီ အမြန်ပို့နိုင်မှာပါ" သိုင်းမြို့စားချင်းယွန်က ရက်စက်ယုတ်မာစွာ ပြုံးလိုက်သည်။

"နေ့ခင်းဘက်အချိန်ကြီး တိုက်ခိုက်မှာလား?" နဝမမင်းသားက မျက်မှောင်ကြုတ်ကာ မေးသည်။

"နဝမမင်းသားလေးက မသိသေးပါဘူး၊ မနက်ဖြန်ဟာ သိုင်းမြို့စားဘိုင်ယွန်ရဲ့ အမေ ဆုံးပါးတဲ့ နှစ်ပတ်လည်နေ့ပဲ " "သူက မနက်စောစောမှာ ဘိုးဘေးခန်းမကို အမွှေးတိုင် ထွန်းပြီး ပူဇော်ဖို့ သွားလိမ့်မယ်။ အဲဒီအချိန်ကျရင် ရန်စီချီနဲ့ သူ့ရဲ့ ကိုယ်ရံတော် အစောင့်အကြပ်တို့ပဲ ကျန်နေလိမ့်မယ်။ ကိုယ်ရံတော်ရဲ့ ကြံ့ခိုင်မှုက မဆိုးပေမယ့် သူက ကျွန်တော့် ပြိုင်ဘက်မဟုတ်ပါဘူး။ အဲဒီအချိန်ရောက်ရင် ကျွန်တော်က ရန်စီချီကို မင်းသားဆီ အလွယ်တကူ ခေါ်ဆောင်လာနိုင်မှာ သေချာပါတယ်။ သိုင်းမြို့စားဘိုင်ယွန် ဘိုးဘေးခန်းမကနေ ပြန်ရောက်တာနဲ့ မင်းသားကလည်း ပျော်ပါးခြင်းကိစ္စ ပြီးဆုံးသွားလောက်ပါပြီ။" သိုင်းမြို့စားချင်းယွန်က သစ္စာမဲ့သော အပြုံးဖြင့် ပြောလိုက်သည်။

ထိုစကားကိုကြားရလျှင် နဝမမင်းသား၏ မျက်နှာသည် ချက်ချင်းပင် ဆိုးရွားသော အပြုံးတစ်ခု ထွက်ပေါ်လာသည်။ သူက ပြောလိုက်သည် "အခြေအနေက ဒီလိုဆိုမှတော့ ယန်ဂျွန်က ဦးရီးတော်ချင်ယွန်းကိုပဲ အားကိုးရတော့မယ်။ ငါ သိုင်းမြို့စားနယ်ပယ်ရဲ့ နဝမအဆင့် ကောင်းကင်အလွှာ အထွတ်အထိပ်ကို ဖြတ်ကျော်သွားတဲ့အခါ ငါ့ခမည်းတော်ကို အိမ်ရှေ့စံမင်းသားအဖြစ် ငါသေချာပေါက် တောင်းဆိုရလိမ့်မယ်။ ငါ အိမ်ရှေ့စံမင်းသား ဖြစ်လာတာနဲ့ အနာဂတ်မှာ ဦးရီးတော်ချင်းယွန်ကို ဆိုးဆိုးဝါးဝါး ဆက်ဆံမှာမဟုတ်တာ သေချာပါတယ် ။"

"ကျေးဇူးတင်ပါတယ်၊ မင်းသားလေး။ ဒါဆိုလည်း မင်းသားရဲ့ဆန္ဒတွေ အမြန်ဆုံး ပြည့်စုံပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်" သိုင်းမြို့စားချင်းယွန်က လေးစားချင် ဟန်ဆောင်ပြီး ပြောလိုက်သည်။

"ဟား၊ ဟား၊ ကောင်းပြီ" နဝမမင်းသားသည် ဟက်ဟက်ပက်ပက် ရယ်မောကာ သူ၏ မျက်နှာပေါ် ဂုဏ်ယူဝင့်ကြွားမှုအပြည့် ဖြစ်နေသည်။

ရန်ဟယ်နန်းတော်အတွင်းမှာ၊ အဋ္ဌမမင်းသားသည် သူ၏စာရေးခုံမှာ မတ်တပ်ရပ်ရင်း စာရေးနေလေသည်။ သူ၏ဘေးတွင် တကိုယ်လုံး သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသော အနက်ရောင်ဝတ်ရုံဝတ် လူတစ်ယောက် ရှိနေသည်။

“ယန်ဂျွန်ရဲ့ အခြေအနေကရော ဘယ်လိုနေလဲ” စာရေးစားပွဲပေါ်မှာ စုတ်ချက်ကို ရေးဆွဲရင်း ရုတ်တရက် လှမ်းမေးလိုက်သည်။

“နဝမမင်းသားကတော့ အကျင့်ပျက်လမ်းစဉ်ထဲ လုံးလုံးလျားလျား ကျရောက် သွားပါပြီ။ သူက ယင်ယန်ပြောင်းလဲခြင်း နှစ်မွှာကျင့်စဉ်ကို အဋ္ဌမအဆင့် ကောင်းကင်အလွှာ အထွတ်အထိပ်အထိ အရူးအမူး ကျင့်ကြံခဲ့တယ်။ အခု သူက နေရာတိုင်းမှာ မီးပြင်းအိုတွေကို ရှာနေရတယ်။ မကြာသေးခင်ကမှ သူက ရန်စီချီနှင့် ပတ်သက်ပြီး စိတ်ထဲ ဆုံးဖြတ်ထားပုံရတယ်။" အနက်ရောင်၀တ်ရုံအတွင်းမှ ဆော့ကစားလိုပြီး အေးစက်သော အပြုံးကို သယ်ဆောင်ထားသည့် နက်မှောင်သော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

အဋ္ဌမမင်းသားသည် ထိုစကားကို ကြားလိုက်ရသောအခါတွင် မထိန်းနိုင်ဘဲ နတ်ဆိုး ဆန်ဆန် ပြုံးလိုက်လေသည်။ “ဒီလိုဆိုမှတော့ သူ့ကို ဆက်ပြီးတော့ ကျင့်ကြံခွင့် ပြုလိုက်ပါဦး။ ငါတောင် ဆယ်နှစ်လောက် ကျင့်ကြံခဲ့ပေမယ့် သူ့လို အလွန်ရူးသွပ်စွာနဲ့ မကျင့်ကြံရဲဘူး။ သူက တစ်လခွဲအတွင်းမှာ အိုးတစ်ရာနီးပါး အသုံးပြုခဲ့တယ်။ သူ့ကို ချိုမြိန်မှုတွေကို အရင်ဆုံး ပေးမြည်းစမ်း လိုက်ရအောင်။ ခဏကြာပြီးနောက်၊ သူ့ခန္ဓာကိုယ်ထဲက ဝိညာဉ်ချီတွေဟာ ပေါက်ကွဲသွားလိမ့်မယ်။ ဒီနည်းပညာရပ်က သူထင်ထားသလောက် မရိုးရှင်းဘူးဆိုတာ သူ သိသွားပါလိမ့်မယ်။"

"ဟား၊ ဟား၊ အဋ္ဌမမင်းသားလေးဟာ တကယ်ကို ထက်မြက်ပါတယ်။ မင်းသားက ဒီယင်ယန်ပြောင်းလဲခြင်း နှစ်မွှာကျင့်စဉ်ကို နဝမမင်းသားထံ ပေးပို့ဖို့အတွက် သိုင်းမြို့စားချင်းယွန်ကို အသုံးချရန် အမှန်တကယ် တွေးနိုင်ခဲ့တာပဲ။ ဒါပေမယ့် ဒီနည်းပညာရပ်က တစ်လမှာ အိုးဆယ်လုံးသာ စုပ်ယူနိုင်ရုံတယ်။ မဟုတ်ရင် ရူးသွားလိမ့်မယ်လို့ မပြောခဲ့ပါဘူး။” အနက်ရောင်ဝတ်ထားသည့်လူက ထပ်ပြော လိုက်သည်။

အဋ္ဌမမင်းသားက မထီမဲ့မြင်ဟန်ဖြင့် ပြုံးပြီး ပြောလိုက်သည် "ဒါပေမဲ့ ရန်စီချီက အရမ်း စိတ်ဝင်စားစရာ ကောင်းလွန်းတယ်။ သူမက ဒဏ္ဍာရီလာ ရှန်းတန်ယင် အအေးခန္ဓာကိုယ် ပိုင်ရှင်ဖြစ်နေမယ်လို့ မမျှော်လင့်ထားခဲ့ဘူး။ ဒီလိုအရသာရှိတဲ့ အစားအသောက်တွေက ယန်ဂျွန်အတွက်နဲ့ကုန်ဆုံးသွားရမှာ ဘယ်လောက်တောင် စျေးပေါလိုက်မလဲ ။

“ဒါဆို အဋ္ဌမမင်းသားလေးက ဘာကိုဆိုလိုတာလဲ။ အနက်ရောင်ဝတ်ထားသည့်လူက မေးလိုက်သည်။

အဋ္ဌမမင်းသားက တခဏကြာအောင် စဉ်းစားပြီးနောက် ယုတ်မာစွာ ပြုံးလိုက်ပြီး နောက်ဆုံးတွင် ပြောလိုက်သည် "ငါတို့အနေနဲ့ ဘာမှလုပ်စရာ မလိုပါဘူး။ ငါတို့က ချင်ယွင်ရဲ့ နားထဲရောက်အောင် ဒီသတင်းကို ပို့ပေးလိုက်ဖို့ပဲလိုတာ။ ချင်ယွင်ရဲ့ စရိုက်အရ သူက အနောက်ပိုင်းမူလနန်းတော်မှာ သေချာပေါက် ပြဿနာရှာလိမ့်မယ်။ "

"ဟား၊ ဟား၊ အဋ္ဌမမင်းသားလေး ဒါက တကယ့်ကို ထက်မြက်တဲ့ အစီအစဉ်တစ်ခုပဲ။ နဝမမင်းသားလေးတော့ ခေါင်းကိုက်နေမှာ သေချာပါတယ်။ အချိန်တန်ရင် ပြဿနာတက်နေတဲ့ ရေထဲမှာ ငါးဖမ်းသလိုမျိုး ဘယ်သူကမှ သတိမထားမိဘဲ ရန်စီချီကို သွားဖမ်းရမယ်။ ဒီရန်စီချီက အဋ္ဌမမင်းသားလေးအတွက် ဖြစ်လာလိမ့်မယ်။ အနက်ရောင် ဝတ်ထားသည့်လူက ပြောသည်။

အဋ္ဌမမင်းသား၏ နှုတ်ခမ်းတစ်စုံသည် ကောက်ကျစ်စဉ်းလဲသော အပြုံးတစ်ခုအဖြစ် တွန့်ကွေးသွားခဲ့သည်။

"ဆဋ္ဌမမင်းသား အခြေအနေကရော" အဋ္ဌမမင်းသားက ရုတ်တရက် မေးလိုက်သည်။

ထိုစကားကြားလျှင် အနက်ရောင်ဝတ်ထားသည့် လူက ပြောလိုက်သည် “အဋ္ဌမ မင်းသားလေး၊ စိတ်မပူပါနဲ့၊ ဧကရာဇ်မင်းမြတ်ဒါယန်းတောင်မှ ကျွန်တော်ရဲ့ လူသားဆေးလုံး သန့်စင်ခြင်းပညာရပ်ကို မချိုးဖျက်နိုင်ပါဘူး။ နဝမအဆင့် ကောင်းကင်အလွှာ အထွက်အထိပ် သိုင်းမြို့စားအဆင့် တစ်ယောက်က ဘယ်လိုလုပ် ချိုးဖျက်နိုင်မှာလဲ။ အခု ဆဋ္ဌမမင်းသားရဲ့ အသက်ဓာတ်နဲ့ အနှစ်သာရတွေက ကုန်ဆုံးလုနီးပါး ဖြစ်နေပြီ၊ အများဆုံး တစ်လအတွင်းမှာ သူက လူသားဆေးလုံး ဖြစ်လာလိမ့်မည်၊ ဆယ်နှစ်ကြာအောင် သန့်စင်ထားတဲ့ လူသားဆေးလုံးဆိုတော့ အလွန်အရသာရှိမှာပါ”။

"ဟား၊ ဟား၊ ကောင်းပြီ၊ ဆဋ္ဌမမင်းသားနဲ့ နဝမမင်းသားတို့ကို ငါတို့ချေမှုန်း လိုက်တာနဲ့ ဒီတော်ဝင်ရန်အင်ပါယာကြီးက ငါ့ရန်ဟန်ရဲ့ ပိုင်နက်ဖြစ်လာ လိမ့်မယ်။ ခမည်းတော်က သူဟာ မကြာခင်ကမှာပဲ တာအိုအငွေ့အရည်ဖွဲ့ခြင်းနယ်ပယ်ကို ဖြတ်ကျော်နိုင်လိမ့်မယ်လို့ ခန့်မှန်းထားတယ်။ သူအဆင့် ဖြတ်ကျော်ပြီးသွားတဲ့အခါ ရာဇပလ္လင်ကို စွန့်လွှတ်ပြီး ကောင်းကင်နဂါးတိုက်ကြီးဆီ ဦးတည်သွားတော့မယ်။ အဲဒီအချိန်ရောက်ရင် တော်ဝင်ရန်အင်ပါယာရဲ့ ရာဇပလ္လင်ဟာ သေချာပေါက် ငါ့အတွက် ဖြစ်သွားပြီ” အဋ္ဌမမင်းသားက ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။

အနက်ရောင်ဝတ်ထားသည့်လူသည်လည်း ရက်စက်ယုတ်မာသည့် အသံဖြင့် ရယ်မောလိုက်သည်။ သူ၏အသံက တစ္ဆေငိုသံနဲ့ ဝံပုလွေအူသံထက်ပင် ပိုပြီး စိတ်မသက်မသာ ဖြစ်ရသည်။

ထိုအခိုက်အတန့်တွင် အဋ္ဌမမင်းသားသည် သူ၏နောက်ဆုံးစုတ်ချက်ကို ဝှေ့ယမ်းပြီးနောက် သူ၏စားပွဲပေါ်ရှိ ကောက်ရိုးစက္ကူပေါ်တွင် စကားလုံးကြီး လေးလုံးပေါ်လာသည်။

ထိုစကားလုံးများသည် ကြံ့ခိုင်သန်မာပြီး အစွမ်းထက်သော်လည်း ၎င်းတို့သည် ရက်စက်ယုတ်မာပြီး မိစ္ဆာအငွေ့အသက်တွေကို ထုတ်လွှတ်နေကာ စကားလုံးများပါ အကြောင်းအရာများက ပို၍ပင် မိစ္ဆာဆန်ပြီး အံ့သြထိတ်လန့်ဖွယ် ကောင်းသည်။

စာရွက်ပေါ်တွင် စာလုံးရှစ်လုံး ရေးထားသည်- ၎င်းတို့မှာ " ကောင်းကင်ဘုံနတ်ဆိုးအဖွဲ့, ကောင်းကင်နဲ့ မြေသခင်ပြန်လာပြီ” ဟူ၏။

အခန်း (၃၂၂) အနောက်ပိုင်းမူလနန်းတော်တွင် ရုန်းရင်းဆန်ခတ်ဖြစ်ပွားခြင်း။

ချင်ယွင်သည် တုန်းယန်နန်းတော်တွင်နေထိုင်ရန် သဘောတူခဲ့ရသော်လည်း သူ၏ စိတ်ထဲတွင် အနည်းငယ် မသက်မသာ ခံစားနေရဆဲ ဖြစ်သည်။

သေချာသည်မှာ ချင်ယွင်သည် နံနက်စောစောတွင် နန်းတော်ရှိအိမ်အကူတစ်ဦးထံမှ စာတစ်စောင် ရရှိခဲ့သည်။ ရန်စီချီသည် အန္တရာယ်ရှိနေသည်ဟု စာက ဆိုသည်။

ထိုစာကိုဖတ်ပြီးနောက် ချင်ယွင်သည် ချက်ချင်းပင် လေးလေးနက်နက် မျက်မှောင် ကြုတ်လိုက်သည်။ သူသည် စာပို့သည့်အိမ်အကူကို မေးလိုက်ပေမယ့် ဘာမှ မသိပါဘူး။ စာကို မည်သူက ပို့ခိုင်းမှန်းတောင် သူမ မသိပါဘူး။

ချင်ယွင်က သူမကို လွှတ်ပေးဖို့ကလွဲလို့ ရွေးချယ်စရာ မရှိတော့ပါဘူး။ သို့သော်လည်း စာကို မည်သူက ပေးပို့သည်ဖြစ်စေ မည်သည့်ပူးပေါင်းကြံစည်မှုများ ပါဝင်နေသည်ဖြစ်စေ ဤကိစ္စတွင် ရန်စီချီ ပါဝင်နေသမျှ ချင်ယွင်သည် သူမအား အလေးအနက်ထားကာ ဆက်ဆံရမည် ဖြစ်ပါသည်။

နောက်ဆုံးတွင် ချင်ယွင်သည် ကျန်းရွှန်ရှင်းကို ခေတ္တဆုံးရှုံးခဲ့ပြီးနောက် ရန်စီချီကို နောက်ထပ် ထိခိုက်နစ်နာစေမည့်အရာမျိုးကို သူ လုံးဝ ခွင့်မပြုနိုင်တော့ပါဘူး။

ထို့ကြောင့် ချင်ယွင်သည် ဆဋ္ဌမမင်းသားကိုပင် နှုတ်ဆက်ခြင်းမပြုဘဲ ရန်စီကျိရှိနေသည့် လီဟယ်နန်းတော်ဆီသို့ တိုက်ရိုက်သွားခဲ့သည်။

ချင်ယွင် တုန်းယန်နန်းတော်မှ ထွက်သွားသည်နှင့် တပြိုင်နက် သိုင်းဧကရာဇ် ဘိုင်ဟောက်သည် ဤကိစ္စကို ချက်ခြင်း သတိပြုမိပြီး ဆဋ္ဌမမင်းသားထံသို့ သတင်းပို့ လိုက်သည်။

ဆဋ္ဌမမင်းသားက ချင်ယွင်နန်းတော်အတွင်းမှ မထွက်ခွာသွားသရွေ့ သူ့ကို လွှတ်ပေးထား လိုက်ဟု ပြောကာ ပြုံးရင်း ခေါင်းခါပြလိုက်သည်။ သို့သော် သူသည် ချင်ယွင်၏ လှည့်ပတ်သွားလာမှုက နန်းတော်တစ်ခုလုံးတွင် ရုတ်ရုတ် သဲသဲအခြေအနေမျိုး ဖြစ်ပေါ်စေလိမ့်မည် သူ မသိခဲ့ပေ။

ချင်ယွင်သည် လီဟယ်နန်းတော်သို့ ရောက်သောအခါ လီဟယ်နန်းတော်တစ်ခုလုံး ရှုပ်ပွနေသည်။ နန်းတော်အစေအခံများနှင့် မိန်းမစိုးများအားလုံး မြေပြင်ပေါ်တွင် ကြေကွဲဝမ်းနည်းဖွယ်ရာ သေဆုံးနေခဲ့ကြပြီး ချင်ယွင်လည်း ဆိုးရွားသည့် ကြိုတင် သတိပေးချက်တစ်ခု ဖြစ်ပေါ်လာစေခဲ့သည်။

ထိုအခိုက်အတန့်တွင် ချင်ယွင်သည် အဝေးမှ မြေပြင်ပေါ်တွင် လဲလျောင်းနေသော အကျွမ်းတဝင်ရှိသော ရုပ်ခန္ဓာကိုယ်ကို ရုတ်တရက် မြင်လိုက်ရသည်။ ဤလူမှာ သိုင်းမြို့စားဘိုင်ယွန်၏ သက်တော်စောင့် ရှရီ ဖြစ်သည်။

ယခုအချိန်တွင် ရှရီသည် သေလုမျောပါး ဖြစ်နေသည်။ သူ၏ရင်ဘတ်သည် ဓားဖြင့် ထိုးဖောက်ခံထားရကာ နောက်ဆုံးထွက်သက် တစ်ချက်သာ ကျန်တော့သည်။

ချင်ယွင်သည် သူ၏ဒဏ်ရာများကို ပြန်လည်ကုသရန်အတွက် ရှရီ၏ခန္ဓာကိုယ်ထဲသို့ အသက်စွမ်းအားကို အမြန်သွန်းလောင်း ထည့်ပေးလိုက်သည်။

အလွန်လျင်မြန်စွာဖြင့် ရှရ်၏နှလုံးသည် အသက်စွမ်းအား၏ ပေါင်းစပ်မှုအောက်တွင် ပြန်လည် ကောင်းမွန်လာသည်။ ရှရီသည်လည်း ပြန်လည် လန်းဆန်းသွားသည်။

"မြန်မြန်...မြန်မြန် သခင်မလေးရန်ကို ကယ်ပါ" ရှရီက မျက်လုံးဖွင့်လာပြီး ချင်ယွင်ကို အမြန်ပြောလိုက်သည်။

ထိုစကားကိုကြားရလျှင် ချင်ယွင်၏နှလုံးက တင်းကြပ်သွားခဲ့သည်။ ရန်စီချီသည် အမှန်တကယ်ပင် မတော်တဆမှု တစ်ခုခုဖြစ်ခဲ့ပုံရသည်" ထို့ကြောင့်သူက အလောတကြီး မေးလိုက်သည် “စီချီ ဘယ်မှာလဲ ? "။

"သူမကို သိုင်းမြို့စားချင်းယွန်က ဖမ်းသွားခဲ့တယ်။ အခု သူမကို အနောက်ပိုင်းမူလ နန်းတော်ရှိရာအရပ်ဆီ ဦးတည်ခေါ်သွားနေပုံရတယ်။" ရှရီက ပြန်ပြောသည် ။

"အနောက်ပိုင်းမူလနန်းတော်လား ? နဝမမင်းသားလား !" ချင်ယွင်၏ မျက်လုံးများသည် ပြင်းထန်သော သတ်ဖြတ်လိုစိတ်များ ချက်ချင်း ထွက်ပေါ်လာသည်။ တဟုန်ထိုး ထွက်ပေါ်လာသည့် သတ်ဖြတ်လိုစိတ်က သူ၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာပြီး အစွမ်းထက်သည့် အငွေ့အသက်က ဧကရာဇ်နန်းတော်၏ ကြီးမားသော ဧရိယာကိုပင် ချက်ချင်း လွှမ်းခြုံသွားခဲ့သည်။

"နဝမမင်းသား၊ မင်း စီချီရဲ့ ဆံပင်ဖျားကို ထိဝံ့ရင်တောင် ဒီနေ့ မင်းကို ငါသတ်ပစ်မယ်!" ချင်ယွင်၏ ဒေါသတကြီး ဟိန်းဟောက်သံက ကောင်းကင်ယံတွင် ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့သည်။

ပတ်ဝန်းကျင် အနီးအနားရှိလူတိုင်း အံ့သြ ထိတ်လန့်သွားကြသည်။

"နဝမမင်းသားကို သတ်ချင်တယ်လို့ ဘယ်သူက သတ္တိရှိရှိ ပြောရဲတာလဲ၊ နောက်ပြီး အဲဒီလူက ဧကရာဇ်နန်းတော်ထဲမှာ ရှိနေသေးတယ်။ "

နန်းတော်အစေအပါးများနှင့် မိန်းမစိုးများအားလုံးသည် အနှိုင်းမဲ့ ထိတ်လန့်တုန်လှုပ်သော အမူအရာများ ဖြစ်ပေါ်နေကြပြီး ဤသူသည် သေခြင်းတရားကို တောင်းခံနေသလားဟုပင် သူတို့စိတ်ထဲတွင် မှန်းဆ ကြည့်နေကြသည်။

ဘေးမှာရှိနေသည့် ရှရီသည်လည်း ချင်ယွင်ကို စိုက်ကြည့်နေသည်။ ချင်ယွင်သည် ဤမျှအထိ ဒေါသထွက်ပြီး ဧကရာဇ်နန်းတော်အတွင်းမှာရှိနေသည့် နဝမမင်းသားကို ပွင့်ပွင့်လင်းလင်း ရန်စဝံ့လိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။

အရေးကြီးဆုံးက ချင်ယွင်၏အငွေ့အသက်သည် အဘယ့်ကြောင့် ဤမျှလောက် အစွမ်းထက်နေရသနည်း။

နဝမအဆင့် ကောင်းကင်အလွှာ သိုင်းမြို့စားနယ်ပယ်လား။

ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။

သူသည် လွန်ခဲ့သည့် တစ်လခန့်ကမှ သိုင်းဂိုဏ်းချုပ်နယ်ပယ်၏ နဝမအဆင့် ကောင်းကင် အလွှာ အထွတ်အထိပ်မှ သိုင်းမြို့စားနယ်ပယ်၏ ပထမအဆင့် ကောင်းကင်အလွှာသို့ ဖြတ်ကျော်သွားခဲ့သည် မဟုတ်ပါလော။

ယခု အဘယ့်ကြောင့် သူသည် သိုင်းမြို့စားနယ်ပယ်၏ နဝမအဆင့် ကောင်းကင်အလွှာသို့ လျင်မြန်စွာ ဖြတ်ကျော်သွားခဲ့ရသနည်း။ ဤအရှိန်အဟုန်မျိုးက မည်ကဲ့သို့ အရှိန်အဟုန် မျိုးပေနည်း။

သူ၏မျက်လုံးများဖြင့် ကိုယ်တိုင်မမြင်ခဲ့ရလျှင် ရှရီသည် သူ၏မျက်လုံးတွေကို ယုံကြည်ရဲမည် မဟုတ်ပေ။

သို့သော် ချင်ယွင်သည် ထိတ်လန့်တုန်လှုပ်သွားသော ရှရီကို လျစ်လျူရှုထားသည်။ ဤအခိုက်အတန့်တွင် သူသည် ဒေါသထွက်နေသော ခြင်္သေ့နှင့်တူသည်။ သူ၏ မျက်လုံးများသည် ကြက်သွေးရောင်သန်းလာပြီး အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲကာ အနောက်ပိုင်းမူလနန်းတော်ဆီသို့ ဦးတည်သွားတော့သည်။

တော်ဝင်နန်းတော်အတွင်းမှာ ပျံသန်းသွားလာခြင်းမပြုရန် တားမြစ်ထားသည်။ ထို့ကြောင့် ချင်ယွင်သည် အနောက်ပိုင်းမူလနန်းတော်သို့ သတ်ဖြတ်လိုသည့်ဆန္ဒဖြင့် ပျံသန်းသွား သော အခါတွင် နန်းတော်အတွင်းရှိ မိန်းမစိုးများနှင့် နန်းတော်အစောင့်များသည် မျက်လုံးများ ပြူးကျယ်သွားကြပြီး အလွန်တုန်လှုပ်ခြောက်ခြားသည့် အမူအရာများ ဖြစ်ပေါ်နေကြသည်။

အနောက်ပိုင်းမူလနန်းတော်အတွင်းတွင် နဝမမင်းသားသည် သိုင်းမြို့စားချင်းယွန်က အမှန်တကယ်ပင် ရန်စီချီကို ခေါ်ဆောင်လာသည်ကို မြင်ရသောအခါ ဝမ်းသာပီတိအပြုံး မပြုံးဘဲမနေနိုင်တော့။ ရန်စီချီ၏ လက်ရာမြောက်သည့် ပန်းပုရုပ်ပမာ လှပသော မျက်နှာနှင့် တင့်တယ်သောခန္ဓာကိုယ်ကို ကြည့်လိုက်ရင်း နဝမမင်းသား၏ မျက်လုံးများ တွင် ဖော်ပြလို့မရသည့် ညစ်ညမ်းသော အမူအရာများ ချက်ချင်းပင် ပေါက်ထွက် လာခဲ့သည်။

သို့သော် ထိုကဲ့သို့လှပပြီး သက်ဝင်လှုပ်ရှားနေသော အမျိုးသမီးကို ချင်ယွင်က အမှန်တကယ် ပိုင်ဆိုင်ထားကြောင်း တွေးမိလိုက်သောအခါတွင် ချင်ယွင်ကို အစိတ်စိတ်အမွှာမွှာ ဆုတ်ဖြဲပစ်ချင်စိတ်ကို ခံစားလိုက်ရသည်။

"တံခါးအပြင်ဘက်မှာစောင့်နေပါ။ ငါ့ခွင့်ပြုချက်မရှိဘဲ ဘယ်သူမှ ၀င်ခွင့်မရှိဘူး ။" နဝမမင်းသားသည် သတိလစ်မေ့မြောနေသော ရန်စီချီကို သိုင်းမြို့စားချင်းယွန်ထံမှ ယူဆောင်ကာ ညွှန်ကြားလိုက်သည်။

"ဟုတ်ကဲ့ပါ၊ နဝမမင်းသားလေး၊ မင်းသားကို ဘယ်သူ့ကိုမှ မနှောင့်ယှက်စေရပါဘူး။ သေချာပေါက် ပျော်ပျော်ကြီး ခံစားလိုက်စမ်းပါ!" သိုင်းမြို့စားချင်းယွန်က ပြုံးပြီး ပြောလိုက်သည် ။

"ဟား....။ ဟား......။ နဝမမင်းသားသည် ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပြီး ရန်စီချီကို ပွေ့ချီကာ အိပ်ခန်းထဲသို့ လျှောက်သွားခဲ့သည်။

သိုင်းမြို့စားချင်းယွန်သည် တံခါးအပြင်ဘက်တွင် ရက်စက်သော အပြုံးနှင့်အတူ ရပ်နေသည်။

သို့သော် သူ၏အပြုံးကို ရုတ်သိမ်းလိုက်ရုံရှိသေး ကောင်းကင်ယံမှ အလင်းတန်းတစ်ခုက ဆင်းသက်လာခဲ့ပြီး သတ်ဖြတ်နတ်ဘုရားကဲ့သို့ ခန်းမအပြင်ဘက်ရှိ စကျင်ကျောက် ကြမ်းပြင်ပေါ် ကျရောက်လာသည်။

စကျင်ကျောက် ကြမ်းပြင်သည် ပေါက်ကွဲပြီး မြေကြီးတစ်ခုလုံး ပြိုကျသွားပုံရကာ ချက်ခြင်းပင် တွင်းနက်ကြီးတစ်ခုအဖြစ် နစ်ဝင်သွားခဲ့သည် ။

" ချင်ယွင်လား…. ?"

ရုတ်တရက် သူ့ကိုနှုတ်ဆက်လာသည့် ဤလူငယ်ကိုမြင်လျှင် သိုင်းမြို့စား ချင်းယွန်၏ မျက်နှာက မည်းမှောင်သွားသည်။

" ရန်စီချီကို ပြန်​လွှဲပေးလိုက်​ပါ၊ ဒီလိုမှ မဟုတ်ရင် ကျုပ်က​ သနားကရုဏာ ကင်းမဲ့စွာနဲ့ သတ်ပစ်ရလိမ့်​မယ် ​!"

ချင်ယွင်သည် တွင်းနက်ကြီးထဲမှ တစ်လှမ်းပြီးတစ်လှမ်း လျှောက်လှမ်းလာကာ သူ၏ မျက်လုံးများကလည်း နီရဲနေပြီး သိုင်းမြို့စားချင်းယွန်ကို ကြည့်သည့် သူ၏အကြည့်များက ပြင်းထန်သော သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေသည်။

"ဟား.....၊ ဟား....၊ မင်းက ရန်စီချီကို ရှာနေတာ မဟုတ်ဘူးလား။ သူမက အထဲမှာရှိနေပါတယ်၊ ​​ဒါပေမယ့် မကြာခင်မှာပဲ သူမက နဝမမင်းသားလေးရဲ့ ကစားစရာ ဖြစ်လာတော့မှာ ။"

သိုင်းမြို့စားချင်းယွန်သည် ချင်ယွင် ဒေါသအရမ်းထွက်နေသည်ကို မြင်လျှင် ချက်ချင်း ဆိုသလို ရယ်မောလိုက်သည်။ သူသည် သူ့နောက်က အိပ်ခန်းကို လက်ညှိုးထိုးပြရင်း ပြောနေကာ သူ၏ရင်ထဲမှာ ဖိနှိပ်ထားလို့မရအောင်ပင် လန်းဆန်းသွားသည်ဟု ခံစားလိုက် ရသည်။

ထိုစကားကိုကြားရလျှင် ချင်ယွင်၏မျက်လုံးထောင့်နှစ်ခုက ပွင့်ထွက်လုနီးပါး ဖြစ်လာခဲ့ပြီး သတ်ဖြတ်ချင်စိတ်တွေက အရှိန်အဟုန်ဖြင့် သူ၏ဦးနှောက်ထဲအထိ ချက်ခြင်း ရောက်သွားခဲ့သည်။

"ကျုပ် ခင်ဗျားကို သတ်ချင်တယ်!" ချင်ယွင်၏ သွားများကြားမှ စကားလုံးအနည်းငယ် ခုန်ထွက်လာခဲ့ပြီး သူ၏မျက်လုံးများက အနှိုင်းမဲ့ နီမြန်းလာခဲ့ကာ သူသည် သိုင်းမြို့စားချင်းယွန်ဆီသို့ တဟုန်ထိုး ပစ်ဝင်သွားတော့သည်။

"ဟမ့်၊ ငါက အခု မင်းကို မသတ်နိုင်သေးပေမယ့် မင်းကို တားဖို့အတွက်ကတော့ လွယ်ကူ နေတုန်းပါပဲ။ ငါ မင်းကို အနိုင်ယူပြီးတဲ့ချိန်မှာ နဝမမင်းသားလေးကလည်း စိတ်ကျေနပ်ပြီး ဖြစ်သွားလောက်ပြီ။ ဟား.....၊ ဟား..... !" သိုင်းမြို့စားချင်းယွန်က ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပြီး သူ၏မျက်နှာပေါ်ရှိ အပြုံးသည် အနှိုင်းမဲ့ ရက်စက်ကြမ်းကြုတ် လွန်းလှသည်။

"ဟုတ်လား...... ?" ချင်ယွင်သည် သိုင်းမြို့စားချင်းယွန် ရှေ့တွင် ချက်ခြင်းပေါ်လာပြီး အနှစ်တစ်ထောင် သိမ်မွေ့နက်နဲရေခဲတုံးကဲ့သို့ အေးစက်သောအသံသည် သူ၏နားထဲတွင် ချက်ချင်း ထွက်ပေါ်လာသည်။

"ဘယ်လို...ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ" သိုင်းမြို့စားချင်းယွန်၏ မျက်လုံးများသည် ချက်ချင်းပင် ပြူးကျယ်သွားသည်။ မီတာတစ်ရာကျော်အဝေးမှာရှိနေသည့် ချင်ယွင်သည် မျက်စိတစ်မှိတ်အတွင်း သူ၏ရှေ့သို့ အမှန်တကယ် ရောက်လာသည်။ ထို့အပြင် ချင်ယွင် မည်ကဲ့သို့ လုပ်ဆောင်ခဲ့သည်ကိုပင် သူ ရှင်းရှင်းလင်းလင်း မမြင်နိုင်ခဲ့ပေ။

သို့သော်လည်း နောက်အခိုက်အတန့်တွင် သိုင်းမြို့စားချင်းယွန်သည် သူ၏ရင်ဘတ်မှ ခုခံနိုင်စွမ်း မရှိသည့် စွမ်းအားတစ်ခုကို ခံစားလိုက်ရသည်။

အဆုံးမဲ့ဒေါသများ ပြည့်နှက်နေသော ချင်ယွင်၏ လက်သီးသည် သိုင်းမြို့စားချင်းယွန်၏ ရင်ဘတ်ထဲသို့ တိုက်ရိုက် ထိုးဖောက် ဝင်ရောက်သွားသည်။

သိုင်းမြို့စားချင်းယွန်သည် ချက်ချင်းပင် နောက်ပြန်လွင့်ထွက်ကာ အိပ်ဆောင်တံခါးကို ရိုက်ချိုး ပစ်လိုက်သည်။ သူသည် အိပ်ဆောင်၏နံရံကို ပြင်းပြင်းထန်ထန် ရိုက်ခတ်မိသွားပြီး နဝမမင်းသား၏ အိပ်ဆောင်သည် ပြင်းထန်စွာ တုန်လှုပ်သွားခဲ့သည်။ သူ၏တစ်ကိုယ်လုံး နံရံမှာ နစ်မြုပ်သွားသည်။

"ထွက်သွားစမ်းကွာ ၊ ငါမင်းသားရဲ့ ကောင်းမွန်တဲ့ စိတ်ခံစားချက်ကို မဖျက်ဆီးစမ်းနဲ့!" နဝမမင်းသားသည် သူ၏အဝတ်စားကို ချွတ်ပြီး သေနတ်ကိုထမ်းကာ စီးတော် မြင်းပေါ် တက်ခါနီးတွင် ကျယ်လောင်သောအသံကြောင့် ရုတ်တရက် စိတ်ခံစားချက် ပျက်စီးသွားခဲ့ပြီး ဒေါသတကြီး အော်ငေါက်လိုက်သည်။

ချင်ယွင်သည် တံခါးအပြင်ဘက်မှ ဝင်လာခဲ့ပြီး တစ်ချက်ကြည့်လိုက်ရုံဖြင့် ကုတင်ပေါ်တွင် သတိလစ်နေသော ရန်စီချီကို တွေ့လိုက်ရသည်။ ထို့နောက် သူမ၏အဝတ်အစားများကို ပခုံးပေါ်အထိဆွဲချထားပြီး ပခုံးထက်ဝက်ကျော် ပေါ်လွင်နေသည်ကို သူမြင်လိုက်ရသည်။

ချင်ယွင်သည် ချက်ခြင်းပင် သူ၏စိတ်တွေ လွတ်သွားပုံရသည်။ နဝမမင်းသားကို ကြည့်လိုက်ရင်း သူ၏စိတ်ထဲမှာ အသံတစ်ခုသာ ပဲ့တင်ထပ်နေတော့သည်။

"သတ်.... !"

အခန်း (၃၂၃) နဝမမင်းသားကိုသတ်ဖြတ်ခြင်း။

"မင်းပဲလား။"

နဝမမင်းသားသည်လည်း ချင်ယွင် ရောက်လာသည်ကို သတိထားမိသည်။

သူသည် နံရံဘေးမှာ လဲလျောင်းနေပြီး သတိလစ်နေသည့် သိုင်းမြို့စားချင်းယွန်ကို အံ့သြတကြီး မျက်နှာထားဖြင့် ကြည့်လိုက်သည်။

သို့သော်လည်း နောက်တစက္ကန့်အကြာတွင် ချင်ယွင်သည် သူ့ဆီသို့ အရူးအမူး ပြေးလာသောကြောင့် သူ လုံးဝ အံ့အားသင့်သွားသည်။

“မင်း မလုပ်နိုင်ဘူး …”

နဝမမင်းသားသည် သူ၏စကားမဆုံးခင်မှာပင် ချင်ယွင်က သူ၏ရှေ့ကို ရောက်ရှိလာခဲ့ပြီး သူ၏ နီမြန်းသော မျက်လုံးတစ်စုံက သူ့ကို စိုက်ကြည့်နေသည်။

နဝမမင်းသားသည် ရေခဲတိုက်ခန်းထဲသို့ ပြုတ်ကျသွားသလို ခံစားလိုက်ရသည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံး အေးခဲသွားသည် ။ ထိုအချိန်တွင် သေမင်းက သူ၏လည်ချောင်းကို ဆုပ်ကိုင်ထားသလိုဖြစ်နေပြီး သူသည် စကားလုံးဝမပြောနိုင်ဘဲ ဖြစ်နေသည်။

"မင်း သူမကို မထိခဲ့သင့်ဘူး!" ချင်ယွင်သည် သူ၏သွားများကြားမှ စကားလုံးငါးလုံးကို ဖြည်းညှင်းစွာ ညှစ်ထုတ်လိုက်ပြီး သူ၏အသံက ပြင်းထန်သော သတ်ဖြတ်ချင်စိတ်များ ပြည့်နှက်နေသည်။

ထိုအချိန်တွင် နဝမမင်းသားသည် ကြောက်ရွံ့ထိတ်လန့်မှုကို ခံစားလိုက်ရသည်။ သူသည် သေဆုံးရမည်ကို ကြောက်ရွံ့နေသည်။

ချင်ယွင်သည် မလှုပ်မယှက်ဖြစ်နေသော်လည်း၊ ပြင်းထန်သည့်အငွေ့အသက်နှင့် အဆုံးမဲ့ သတ်ဖြတ်လိုသည့် ဆန္ဒက ချင်ယွင်၏ ခန္ဓာကိုယ်မှ ထုတ်လွှတ်နေကာ သူ့ကို အချိန်မရွေး ငြိမ်းသတ်နိုင်သည့် မုန်တိုင်းထဲမှ ဖယောင်းတိုင်တစ်တိုင်ကဲ့သို့ ခံစားရစေသည်။

"မင်း ငါ့ကို သတ်လို့မရဘူး။ မင်းငါ့ကိုသတ်ရင် မင်းလည်း သေလိမ့်မယ်!" ယခုအချိန်တွင် နဝမမင်းသားသည် အမှန်တကယ်ပင် တိုက်ခိုက်ရန် သတ္တိမရှိတော့ပေ။ သူသည် ချင်ယွင်ကို သနားကြင်နာပေးရန် ဆောလျင်စွာ တောင်းပန်လိုက်သည်။

သို့သော်လည်း ချင်ယွင်၏ မျက်လုံးများက လုံးဝမလှုပ်ရှားပေး။ သတ်ပစ်ချင်စိတ်က သူ့စိတ်ထဲမှာ အမြဲရှိနေသည်။

နဝမမင်းသားကို သတ်ပစ်ခြင်းသည် ကြီးစွာသော ကပ်ဘေးဒုက္ခကို ဖြစ်ပေါ်စေမည်ကို သူသိသော်လည်း နဝမမင်းသားသည် သူ၏ပြောင်းပြန်ကြေးခွံကို စော်ကားနေပြီ ဖြစ်သည်။ ထို့ကြောင့် နဝမမင်းသား အသက်ရှင်လွတ်မြောက်သွားမည်ကို သူ လုံးဝ သည်းမခံနိုင်ပေ။

"အား!"

ချင်ယွင်၏ မျက်လုံးများတွင် ပြင်းထန်သော သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသည်ကို မြင်လိုက်ရသောအခါ နဝမမင်းသားသည် သူ၏နှလုံးသားထဲတွင် ရက်စက် ကြမ်းကြုတ် သည့် စိတ်ခံစားချက်များ ဖြစ်ပေါ်လာခဲ့သည်။

အလင်းဝင်ပေါက်ကိုးခုအစစ်အမှန် နဂါးပညာရပ်သည် ၎င်း၏ကန့်သတ်ရောက်သည်အထိ ပျံ့နှံ့သွားခဲ့သည်။ ခရမ်းရောင် အစစ်အမှန်နဂါးချီခြောက်ခုက သူ့ခန္ဓာကိုယ်မှ ချက်ချင်း ထွက်လာပြီး သူ၏လက်မောင်းဆီသို့ ရောက်ရှိလာခဲ့သည်။

တခဏအတွင်းမှာပင် သူ၏အငွေ့အသက်သည် ပြင်းထန်လာခဲ့ပြီး ကြောက်မက် ဖွယ်ကောင်းသည့် နဂါးတစ်ကောင်၏စွမ်းအားကို သယ်ဆောင်ထားသော လက်သီးက ချင်ယွင်၏ မျက်နှာဆီကို ဝင်ရောက်လာခဲ့သည်။

ချင်ယွင်ပေးသော ဖိအားသည် ကြီးမားလွန်းသောကြောင့် သူသည် ချင်ယွင်ကို တစ်ချက်တည်းဖြင့် သတ်ပစ်ချင်သည်။

ချင်ယွင်သည် နဝမမင်းသား၏ ပြင်းထန်သော ထိုးနှက်ချက်အား မြင်လိုက်ရသောအခါတွင် သူ၏စိတ်ထဲတွ င်အခြေတည်နေသည့် သတ်ဖြတ်ချင်စိတ်များက ပေါက်ကွဲသွားလေသည်။

ချင်ယွင်သည် လက်တစ်ဖက်ကို ဆန့်ထုတ်ရင်း နဝမမင်းသားက သူ့အား ထိုးထားသည့် လက်သီးကို တင်းတင်းကြပ်ကြပ် ဖမ်းဆုပ်ထားကာ မျက်လုံးများကလည်း အေးစက်သွားသည်။ နဝမမင်းသား၏ လက်သီးပေါ်တွင် ရစ်ဝဲတည်ရှိနေသော အစစ်အမှန် နဂါးချီခြောက်ခုကိုလည်း ချင်ယွင်က ချက်ချင်းပင် ချေမှုန်းပစ်လိုက်သည်။

"ဘာလဲ?" နဝမမင်းသားက အံ့သြသွားသည်။

ယခုအချိန်တွင် ချင်ယွင်သည် မနိုင်ယှဉ်နိုင်လောက်အောင် အစွမ်းထက်သည်ဟု သူခံစားမိ သော်လည်း၊ သူအသုံးပြုထားသော အလင်းဝင်ပေါက်ခြောက်ခု အစစ်အမှန် နဂါးချီ ခြောက်ခု၏ အစွမ်းသည် နဝမအဆင့် ကောင်းကင်အလွှာ အထွတ်အထိပ် သိုင်းမြို့စား အဆင့် ကျွမ်းကျင်သူတစ်ဦးနှင့် နှိုင်းယှဉ်နိုင်သည်။ နဝမအဆင့် ကောင်းကင်အလွှာ အထွတ်အထိပ် သိုင်းမြို့စားကျွမ်းကျင်သူတစ်ဦးသည်ပင် ထိုလက်သီးထိုးချက်ကို ရှောင်ရှားရပေလိမ့်မည်။

သို့သော် ချင်ယွင်သည် နဝမမင်းသား၏ လက်သီးကို အမှန်တကယ် ဖမ်းဆုပ်ကိုင် ထားသည့် အပြင် အစစ်အမှန်နဂါးချီခြောက်ခုကို လွယ်လွယ်ကူကူဖြင့်ပင် လက်သီးဖြင့် ချေဖျက်ပစ်လိုက်သည်။ ဤသည်မှာ နဝမအဆင့် ကောင်းကင်အလွှာ အထွတ်အထိပ် သိုင်းမြို့စားကျွမ်းကျင်သူတစ်ဦး လုပ်နိုင်သောအရာ မဟုတ်သည်မှာ သေချာပါသည်။ ဖြစ်နိုင်တာက

သူ၏ခွန်အားသည် သိုင်းဧကရာဇ်နယ်ပယ်သို့ ရောက်ရှိနေပြီများလား။

"ဖျစ်…. !"

ထို့နောက် သူမည်သည်အရာကိုမျှ ဆက်မတွေးနိုင်ခင်မှာ ချင်ယွင်ကိုင်ထားသည့် လက်မောင်းသည် ပြင်းထန်သော နာကျင်မှုကို ချက်ချင်း ခံစားလိုက်ရသည်။

ချင်ယွင်၏ အခြားလက်သီးချက်က နဝမမင်းသား၏ အဆစ်ပေါ်သို့ ကျရောက်သွားသည်။ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကြောင့် နဝမမင်းသား၏ လက်မောင်း တစ်ခုလုံးသည် ပုံပျက်ပန်းပျက် ဖြစ်သွားခဲ့သည်။ အဖြူရောင် တောက်တောက်အရိုးက သူ၏ အသားအထဲမှ တိုက်ရိုက်ထိုးထွက်လာကာ သွေးများက တတောက်တောက် စီးကျနေသည်။

နဝမမင်းသားသည် ဝက်အော်သံနှင့်တူသော အော်သံကို ထုတ်အော်လိုက်သော်လည်း ချင်ယွင်၏ အမူအရာကတော့ အနှိုင်းမဲ့ အေးစက်နေလေသည်။

"မင်းလက်က စီချီကိုထိရဲမှတော့ ငါလက်မောင်းတစ်ခုလုံးကို သုံးစားမရဖြစ်အောင် လုပ်လိမ့်မယ်။"

ချင်ယွင်၏ မျက်လုံးများသည် အနှိုင်းမဲ့ နီမြန်းနေသေးသည်၊ သူ၏ခန္ဓာကိုယ်ပေါ်ရှိ သတ်ဖြတ်ချင်စိတ်က ရစ်ပတ်နေဆဲ ဖြစ်သည်၊ သူ၏ အနက်ရောင် ဆံပင်များသည် လေမတိုက်ဘဲ လူးလွင့်နေသည်။

ထိုချောမောသော မျက်နှာသည် နဝမမင်းသား၏ မျက်လုံးများတွင် ငရဲပြည်က ငရဲဘုရင်ထက် ပို၍ ကြောက်စရာကောင်းသည်။

နဝမမင်းသားသည် အလွန်ကြောက်လန့်နေပြီဖြစ်သည်။ သူ၏ လက်မောင်းမှ ထွက်လာ သော နာကျင်မှုသည် သူ့မျက်နှာကို ယှဉ်ပြလို့မရနိုင်လောက်အောင် ဖြူဖျော့သွားစေသည်။ ကြောက်စရာအကောင်းဆုံးအရာမှာ ချင်ယွင်၏ခန္ဓာကိုယ်ပေါ်ရှိ သတ်ဖြတ်လိုသည့် အငွေ့အသက်များကြောင့် သူ၏နှလုံးသားထဲတွင် သေခြင်းတရားအတွက် တောင်းပန်ရန်ပင် အတွေးဝင်လာစေခဲ့သည်။

"ဖျစ်…. !"

အရိုးကျိုးသွားသည့်အသံ နောက်ထပ်တစ်ချက် ထွက်ပေါ်လာပြန်သည်။

နဝမမင်းသား၏ ဘယ်ဘက်ခြေထောက်သည် ချက်ချင်းပင် ကျိုးသွားကာ သူ၏ခန္ဓာကိုယ် တစ်ခုလုံး ဒူးထောက်လျက် လဲကျသွားသည်။

အော်ဟစ်သံများက အနောက်ပိုင်းမူလ နန်းတော်တစ်ခုလုံး ပဲ့တင်ထပ်သွားသည်။ ကီလိုမီတာ တစ်ဆယ်အကွာအဝေးမှ လူများသည်ပင် ဤအော်သံကို ကြားရသည့်အခါ သူတို့၏ အရိုးများထဲမှာပင် ထိတ်လန့် တုန်လှုပ်သွားကြသည်။

အနောက်ပိုင်းမူလနန်းတော်တွင် ဖြစ်ပျက်နေသည်ကို အားလုံး ခန့်မှန်းနေကြသည်။ ချင်ယွင်၏ ဟိန်းဟောက်သံကို ကြားလိုက်ရသော လူအချို့သည် မယုံကြည်နိုင်စွာ ထုတ်ဖော် ပြောဆိုနေကြသည်။

"ဆယ်ကျော်သက် ကောင်လေးတစ်ယောက်က နဝမမင်းသားကို သတ်ဖို့ဆိုတာ တကယ်ရော ဖြစ်နိုင်ပါ့မလား၊ နဝမမင်းသားဆီမှ ဒီလိုအသံမျိုးထွက်တာ ဖြစ်ရော ဖြစ်နိုင်လို့လား"

မိန်းမစိုးတွေထဲက တစ်ယောက်က မျက်လုံးကို ပြးကျယ်စွာဖွင့်ပြီး ကြောက်ရွံ့ တုန်လှုပ်နေသည့် လေသံဖြင့် ပြောလိုက်သည်။

အခြားမိန်းမစိုးများနှင့် နန်းတော်အစေခံများသည် တစ်ယောက်ကို တစ်ယောက် ကြည့်နေကြသည်။

နန်းတော်အတွင်း ကင်းလှည့်နေကြသည့် အစောင့်များအနေဖြင့် ဖြစ်ပျက်နေသည့် အရာများကို ကြည့်ရှုရန် အနောက်ပိုင်းမူလနန်းတော်သို့ အပြေးအလွှား သွားရောက် ချင်သော်လည်း ကြောက်မက်ဖွယ်အော်သံကြောင့် သူတို့၏ခြေထောက်များ အားနည်းသွားခဲ့သည်။

သေချာသည်မှာ နန်းတော်ထဲတွင် ကျွမ်းကျင်သူတချို့လည်း ရှိနေခဲ့ကြသည်။ ၎င်းတို့ထဲတွင် လူလတ်ပိုင်းအရွယ် သိုင်းဧကရာဇ်အဆင့် အမျိုးသားတစ်ဦးလည်း ရှိနေသည်။ သူသည် နဝမမင်းသား၏ အော်ဟစ်သံကို ကြားသောအခါ အနောက်ပိုင်း မူလနန်းတော်ဆီသို့ အလျင်အမြန် ပြေးသွားခဲ့သည်။

ယခုအချိန်မှာ အနောက်ပိုင်းမူလနန်းတော်တွင် ချင်ယွင်သည် နဝမမင်းသားကို လူသားတစ်ဦးကဲ့သို့ ညှဉ်းပန်းနှိပ်စက်နေပါသည်။

ရုတ်​တရက်​ပင်​ သူသည်​ အစွမ်းထက်သည့် အငွေ့အသက်တစ်ခုက အရှိန်အဟုန်​ပြင်းပြင်းဖြင့် တဟုန်ထိုး ချဉ်းကပ်​လာသည်​ကို ခံစားလိုက်​ရသည်​။ နန်းတော်ထဲရှိ ကျွမ်းကျင်သူများ သတိထားမိသွားပြီ ဖြစ်ကြောင်း သူသိလိုက်ပြီ။ ထိုကြောင့် သူသည် နဝမမင်းသား၏ ဦးခေါင်းကို လက်ဖဝါးဖြင့် ရိုက်ရန် တွန့်ဆုတ်ခြင်း ရှိမတော့ပေ။

နဝမမင်းသားသည် အော်ဟစ်မတုံ့ပြန်နိုင်ခင်မှာပင် သူ၏ခေါင်းက ဖရဲသီးလို ပေါက်ကွဲ သွားလေသည်။

သိုင်းမြို့စားချင်းယွန်သည် မေ့မြောနေရာမှ နိုးလာသည်။ ထိုမြင်ကွင်းကို မြင်လိုက်ရလျှင် သူ၏နှလုံးက တဆတ်ဆတ် တုန်ယင်လာသည်။ သူသည် ထွက်ပြေးလွတ်မြောက်ရန် အတွက် သူ၏ဝိညာဉ်စွမ်းအင်များကို လှည့်ပတ်ပြီးရုံ ရှိသေးသည်။

"ထွက်ပြေးချင်နေသေးတာလား" ချင်ယွင်က အေးစက်စွာ ရယ်မောပြီး သူ၏လက်ထဲမှာ အနက်ရောင် လျှပ်စီးလင်းလက်နေသည့် လှံတစ်ချောင်းပေါ်လာပြီး ချက်ခြင်း ပစ်လွှတ် လိုက်သည်။

လျှပ်စီးလှံတွင် မူလကတည်းက မြန်နှုန်းမြင့်လျှပ်စီး သဘောတရားများ ပါ၀င်နေခဲ့ပြီး ချင်ယွင်၏ ကြောက်မက်ဖွယ် စွမ်းအားအောက်တွင် ၎င်း၏ အမြန်နှုန်းသည် အလွန်မင်း လျှင်မြန်စွာ ပစ်ခတ်နိုင်ခဲ့သည်။

သိုင်းမြို့စားချင်းယွန်သည် တုံ့ပြန်ရန် အချိန်ပင်မရှိပေ။ လျှပ်စီးလှံသည် သူ၏ မျက်ခုံးကြားကို ထိုးဖောက်ကာ နံရံတွင် သံမှိုဖြင်စွဲရိုက်ထားသကဲ့သို့ကပ်နေလေသည်။ မြို့စားကြီးတစ်ပါးသည် ချက်ခြင်းပင် သေဆုံးသွားခဲ့သည်။

ယခုအချိန်တွင်၊ ချင်ယွင်သည် သိုင်းမြို့စားနယ်ပယ်၏ နဝမအဆင့် ကောင်းကင်အလွှာ အထွတ်အထိပ် တွင်ရှိနေသည့် နဝမမင်းသားကို အလွယ်တကူ သတ်ဖြတ်နိုင်ခဲ့သလို နဝမအဆင့် ကောင်းကင်အလွှာ အထွတ်အထိပ်မှာရှိနေသည့် သိုင်းမြို့စားကြီး တစ်ပါးကို လည်း အလွယ်တကူ သတ်ဖြတ်နိုင်ခဲ့သည်။

သိုင်းမြို့စားချင်းယွန် နှင့် နဝမမင်းသားတို့သည် သေဆုံးသွားသည့် အချိန်ထိချင်ယွင် အလွန်လျင်မြန်စွာ ကြီးထွားလာလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။ ထို့အပြင်၊ သူသည် အလွန်အတင့်ရဲလွန်းပြီး အင်ပါယာနန်းတော်၌ပင် ဤကဲ့သို့ မြင့်မားသည့် အဆင့်တန်းရှိသော ပုဂ္ဂိုလ်များကို သတ်ပစ်ရန်ပင်အထိပင် သတ္တိရှိခဲ့သည်။

ချင်ယွင်သည် သိုင်းမြို့စားချင်းယွန် နှင့် နဝမမင်းသားတို့ကို သတ်ဖြတ်ပြီးနောက် သူ၏မျက်လုံးထဲတွင် ဖြစ်ပေါ်နေသည့် သတ်ဖြတ်လိုစိတ်များ တဖြည်းဖြည်း မှေးမှိန် သွားခဲ့သည်။ ကုတင်ပေါ်ရှိ ရန်စီချီကို ကြည့်လိုက်ရင်း ချင်ယွင်၏ မျက်လုံးများသည် နူးညံ့သိမ်မွေ့မှု အရိပ်အယောင်များ ပေါ်လာလေသည်။

ကံကောင်းစွာထောက်မစွာဖြင့် သူ အချိန်မီရောက်လာခဲ့သည်။ အကယ်၍ သူသာ အချိန်ခဏလေး နောက်ကျသွားပါက ရန်စီချီသည် နဝမမင်းသား၏ သတ်ဖြတ်ခြင်းကို ခံရမည် ဖြစ်သည်။ ထိုအချိန်ရောက်လျှင် နဝမမင်းသားကို သတ်လိုက်ရုံဖြင့် ချင်ယွင်၏ နှလုံးသားထဲက မုန်းတီးမှုတွေကို ဖယ်ရှားမပစ်နိုင်ဟုပင် ခန့်မှန်းလို့ရသည်။

သို့သော် ယခုအချိန်သည် သူအနားယူရန် အချိန်အခါ မဟုတ်သေးပေ။ အကြောင်းမှာ ချင်ယွင်၏ စိတ်ဝိညာဉ်စွမ်းအားသည် အနောက်ပိုင်းမူလ နန်းတော်ထက်မှာ သိုင်းဧကရာဇ် အဆင့် ကျွမ်းကျင်ပညာရှင်တစ်ဦး ရှိနေပြီဟု ချင်ယွင်၏စိတ်ဝိညာဉ်စွမ်းအားက ခံစားမိပြီး ဖြစ်နေသည်။

ဟုတ်ပါသည်၊ ထိုအချိန်မှာပင် ဒေါသတကြီးအော်သံက ကောင်းကင်ယံမှ ထွက်ပေါ်လာ ခဲ့ပြီး သိုင်းဧကရာဇ်တစ်ပါး၏ ပြင်းထန်သောစွမ်းအားက ချင်ယွင်အပေါ်ကို အရူးအမူး ဖိအားပေးလာသည်။

"ဘယ်လောက်တောင် အတင့်ရဲလိုက်တဲ့ အရူးတစ်ယောက်က တော်ဝင်မိသားစုရဲ့ မင်းသားတစ်ပါးကို သတ်ပစ်ဖို့အထိ သတ္တိကောင်းနေရတာလဲ။ မင်းက ဒီလို ကြီးကျယ်ခမ်းနားတဲ့ ရာဇ၀တ်မှုတစ်ခုကို ကျူးလွန်ခဲ့တယ်။ သေလိုက်တော့ !"

ဒေါသတကြီးဟောက်သံသည် အနှိုင်းမဲ့ ပြင်းထန်သောဖိအားကို သယ်ဆောင်လာခဲ့ပြီး အင်ပါယာနန်းတော်တစ်ခုလုံး ကျယ်လောင်စွာ ထွက်ပေါ်လာသည်။

ထို့နောက် ချင်ယွင်သည် သူရှိနေသည့်ဤခန်းမကြီးပေါ်တွင် ကြောက်မက် ဖွယ်ကောင်း သော အငွေ့အသက်များ ကျဆင်းသွားသည်ကို ခံစားလိုက်ရသည်။ ခန်းမတစ်ခုလုံး ချက်ခြင်း ပြိုကျပြီး ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်သည် ကြီးမားသော လက်ဖဝါးကြီးတစ်ခုကဲ့သို့ ချင်ယွင်ကို မြေပြင်ပေါ် ရိုက်သတ်လိုသော ရည်ရွယ်ချက်နှင့် အတူ ထွက်ပေါ်လာခဲ့သည်။

ချင်ယွင်သည် အနည်းငယ်မျှ တုံ့ဆိုင်းမနေဘဲ ရန်စီချီကို ကောင်းကင်ဘုံ ကိုးအလွှာ ကြယ်စင်စုပုံကြမ်းထဲသို့ တိုက်ရိုက် ထည့်သွင်းလိုက်သည်။

ထို့နောက် သူ၏ခန္ဓာကိုယ်မှ အစိမ်းရွှေရောင် အလင်းတန်းများ ထွက်လာပြီး ဆုံးဖြတ်ချက် ပြတ်သားစွာဖြင့် လက်သီးတချက် ထိုးလိုက်သည်။ လက်သီးချက်သည် မမြင်နိုင်သည့် ဧရာမ လက်ဖဝါးကြီးနှင့် ပြင်းထန်စွာ ထိပ်တိုက်ဆုံမိသည် ။

အခန်း (၃၂၄) အင်ပါယာနန်းတော်ကို တုန်လှုပ်စေခြင်း။

"ဘုန်း!"

တခဏအတွင်းမှာပင် ခန်းမကြီးတစ်ခုလုံးသည် အပျက်အစီးတွေ ဖြစ်သွားခဲ့ပြီး မြေပြင် တစ်ခုလုံးလည်း တွင်းနက်ကြီးအဖြစ် ပြိုကျသွားခဲ့သည်။

ထိုအခိုက်တန့်တွင် တော်ဝင်နန်းတော်တစ်ခုလုံးသည် တုန်လှုပ်သွားခဲ့သည်။ နန်းတွင်း အစေခံများနှင့် မိန်းမစိုးများသည် သူတို့၏အသိဉာဉ်များ လွတ်သွားဟန်ရပြီး ထိတ်လန့် တုန်လှုပ်နေကြသည်။ သူတို့အားလုံးသည် လေထဲတွင် ရှိနေသည့် အနက်ရောင် သံချပ်ကာဝတ် အသက်လတ်ပိုင်းအရွယ်အမျိုးသားကို ကြည့်ရင်း သူတို့၏ မျက်နှာများပေါ် တွင် အနှိုင်းမဲ့ ရိုသေလေးစားသည့်ဟန်များ ရှိနေကြပါသည်။

တုန်းယန် (အရှေ့ပိုင်းနေ) နန်းတော်အတွင်း သိုင်းဧကရာဇ်ဘိုင်ဟောက် နှင့် ဆံပင်ဖြူ အဘွားအိုတို့သည် တစ်ချိန်တည်းတွင် နန်းတော်အနောက်ဘက်သို့ လှမ်းမျှော်ကြည့်ရင်း အံ့ဩခြင်းများဖြင့် ပြည့်နှက်နေကြ၏။

ဆဋ္ဌမမင်းသား၊ မင်းသမီး(၁၃)နှင့် ပိရှစ်သိုင်းမြို့စားတို့သည် မူလက အတူတူ စကား ပြောနေကြသော်လည်း ဤကျယ်လောင်သောအသံကြောင့် ရုတ်တရက် တုန်လှုပ် သွားကြသည်။

"ဘာဖြစ်တာလဲ?" ဆဋ္ဌမမင်းသားက သူ၏နောက်ကွယ်မှာရှိနေသည့် သိုင်းဧကရာဇ် ဘိုင်ဟောက်ကို အလျင်စလိုမေးလိုက်၏။

"ဒီလှုပ်ရှားမှုက ယုချန်းကြောင့် ဖြစ်ပေါ်လာပါ။" သိုင်းဧကရာဇ်ဘိုင်ဟောက်က စိတ်လှုပ်ရှားမူ အငွေ့အသက်ပါသည့် လေသံဖြင့် ပြောလိုက်သည်။

"ယုချန်းလား၊ သူက ဘာလို့ ရုတ်တရက် ထွက်ပေါ်လာပြီး ဘယ်သူနဲ့ ရင်ဆိုင် တိုက်ခိုက်နေရတာလဲ" ဆဋ္ဌမမင်းသားက ကမန်းကတန်း မေးသည်။

ပိရှစ်သိုင်းမြို့စားသည် ‘ယုချန်း’ ဟူသော အမည်ကို ကြားလိုက်သောအခါ သူမ၏ မျက်လုံးများ ချက်ချင်းပင် ပြူးကျယ်သွားသည်။

သူမသည် ဤနာမည်ကို သူမ၏ဘဝတစ်သက်တာလုံး သဘာဝအတိုင်း ကြားဖူး သော်လည်း လူကိုတော့ တခါမှ မမြင်ဖူးပေ။

သူသည် အင်ပါယာမိသားစုရှိ သိုင်းဧကရာဇ်လေးပါးထဲမှ တစ်ဦးဖြစ်ပြီး အင်ပါယာမြို့တော် မြို့စောင့်တပ်များ၏ တပ်မှူးဖြစ်သည်။ သူသည် အင်ပါယာမြို့တော်၏ အင်ပါယာ တပ်ဖွဲ့ဝင်တစ်သိန်းကို ဦးဆောင်သူဖြစ်သည်။ သူ၏စွမ်းအားသည် သိုင်းဧကရာဇ် နယ်ပယ်၏ ဒုတိယအဆင့် ကောင်းကင်အလွှာသို့ ရောက်ရှိနေပြီ ဖြစ်သည်။

သို့သော် ဤလူသည် တစ်ခါမျှ ထွက်ပေါ်မလာခဲ့ပေ။ သူသည် အင်ပါယာနန်းတော်၏ အရိပ်များတွင် ပုန်းအောင်းနေပြီး အင်ပါယာမြို့တော်၏ လုံခြုံရေးကို စောင့်ကြပ်နေခဲ့ သည်။ အင်ပါယာမြို့တော်တွင် ကြီးကြီးမားမား အကျပ်အတည်းမျိုး မရှိခဲ့လျှင် သူသည် ထွက်ပြီး လှုပ်ရှားလိမ့်မည် မဟုတ်ပေ။

ယခု ယုချန်းက ရုတ်တရက် လှုပ်ရှားလိုက်သည်ဆိုတော့ အင်ပါယာနန်းတော်ထဲမှာ ကြီးမားသည့် သေရေးရှင်ရေး အကြပ်အတည်းကြီးတစ်ခု ဖြစ်နေလို့များလား။

"အသံက အနောက်မူလနန်းတော်ဘက်ကနေ ထွက်ပေါ်လာတာပဲ။ အဲဒါ နဝမမင်းသားရဲ့ နန်းတော်ပဲ မဟုတ်လား။ နဝမမင်းသားလေး တစ်ခုခု ဖြစ်သွားလို့လား။ ပိရှစ်သိုင်းမြို့စားက မေးလိုက်လေသည်။

သိုင်းဧကရာဇ်ဘိုင်ဟောက်က ခေါင်းညိတ်ပြီး ပြောသည် " နဝမမင်းသားလေး အသတ်ခံလိုက်ရတာ!"

ပိရှစ်သိုင်းမြို့စား နှင့် ဆဋ္ဌမမင်းသားအပါအဝင် မင်းသမီး(၁၃)တို့သည် ချက်ချင်းပင် မျက်လုံးပြူး သွားကြသည်။

နဝမမင်းသားလေး အသတ်ခံလိုက်တာလား။ နောက်ပြီး နန်းတော်ကြီးထဲမှာ ။ ဘယ်သူက ဒီလောက် အတင့်ရဲရတာလဲ။

တုန်းယန်နန်းတော်နှင့် လီဟယ်(အနောက်ပိုင်းမူလ) နန်းတော်တို့သည် ဝေးကွာလွန်းသော ကြောင့် ချင်ယွင်၏ ယခင်အော်ဟစ်ကြိမ်းမောင်းသံများကို သူတို့ မကြားခဲ့ကြပေ။ ယခု သူတို့သည် နဝမမင်းသား ရုတ်တရက် အသတ်ခံရကြောင်း ကြားသိရသောအခါ မည်သို့ မတုန်လှုပ်ဘဲ ရှိမည်နည်း။

"ဘယ်သူ လုပ်တာလဲ၊ ကောင်းကင်ဘုံနတ်ဆိုးအဖွဲ့ကများ ဖြစ်နိုင်မလား" ဆဋ္ဌမမင်းသား ရန်ရှုက မေးသည်။

ပိရှစ်သိုင်းမြို့စား နှင့် မင်းသမီး(၁၃) တို့သည် အဖြူရောင်ဝတ် သိုင်းဧကရာဇ်ဘိုင်ဟောက် နှင့် ဆံပင်ဖြူ အဘွားအိုတို့ကို မျက်လုံးမျက်ဆံပြူးကာ စိုက်ကြည့်နေကြသည်။

သိုင်းဧကရာဇ်ဘိုင်ဟောက် နှင့် ဆံပင်ဖြူအဘွားအိုတို့သည် တစ်ယောက်ကိုတစ်ယောက် ကူကယ်ရာမဲ့ဖြစ်ကာ ကြည့်နေကြ၏။ နောက်ဆုံးတွင် သူတို့က ပြောလိုက်သည် "အဲဒါ ချင်ယွင်ပဲ!"

" ချင်ယွင်လား… ?" မင်းသမီး(၁၃) နှင့် ပိရှစ်သိုင်းမြို့စားတို့သည် တစ်ချိန်တည်းတွင် အော်ပြောလိုက်ကြသည်။

ဆဋ္ဌမမင်းသားသည်လည်း ကြောင်တက်တက် အမူအယာ ဖြစ်နေသည်။ ချင်ယွင်သည် ယခုနံနက်ပိုင်းက ထွက်ခွာသွားပြီး တစ်နာရီပင် မပြည့်သော်လည်း အမှန်တကယ်ပင် ဤမျှ ကြီးမားသော ရုန်းရင်းဆန်ခတ်မူကြီးကို ဖြစ်ပေါ်စေခဲ့သည်။

ဧကရာဇ်မင်းသားတစ်ပါးကို သတ်ဖြတ်ခြင်းသည် ရာဇ၀တ်မှုကြီးတစ်ခု ဖြစ်လေသည်။

ဤကိစ္စကို ဧကရာဇ်မင်းမြတ်ဒါယန်းဆီသို့ တင်ပြစရာပင် မလိုချေ။ ယုချန်းသည် ဤကိစ္စကို အရေးယူပိုင်ခွင့် ရှိလေသည်။ လက်ရှိ ချင်ယွင်သည် သေချာပေါက် သေဆုံးရတော့မည်ဟု ဆိုလိုသည် မဟုတ်ပါလား။

သို့သော် တစ်ဖက်မှ မင်းသမီး(၁၃) ရုတ်တရက် အော်ပြောလိုက်သည် "မဟုတ်ဘူး၊ သူတို့ကို ချင်ယွင်ကိုသတ်ဖို့ လုံး ဝခွင့်မပြုနိုင်ဘူး။ ချင်ယွင် သေဆုံးသွားတာနဲ့ ငါ့အစ်ကိုကြီးရဲ့ ရောဂါကို ဘယ်လိုလုပ်မလဲ။ အဘွားဝမ်၊ ချင်ယွင်ကယ်တင်ဖို့ အဘွားဝမ်ကို ကျွန်မ အမိန့်ပေးတယ်။ တကယ်လို့ အဘွားဝမ်ရဲ့ ကျန်တဲ့ ဘဝ တစ်လျှောက်လုံး သူ့နောက်က လိုက်နေရမယ်ဆိုရင်တောင် ကျွန်မ အမိန့်တိုင်းလုပ်ရုံပဲ။ ခမည်းတော် ပြန်မလာမချင်း ချင်ယွင်အသက်ရှင်နေဖို့ အဘွားဝမ် သေချာအောင် လုပ်ရမယ်"

မင်းသမီး(၁၃) ၏ ပြတ်သားမှုနှင့် ဆုံးဖြတ်ချက်သည် လူတိုင်းကို အံ့အားသင့်စေခဲ့သည်။ ဆံပင်ဖြူအဘွားအိုနှင့် သိုင်းဧကရာဇ်ဘိုင်ဟောက်တို့ပင် ထိုစကားကြောင့် အံ့ဩသွား ကြသည်။

ဆဋ္ဌမမင်းသားလေး၏ မျက်လုံးများတွင်လည်း အတွေးနက် နေလေသည်။ ယခုအချိန်တွင် ချင်ယွင်သည် သူ၏တစ်ခုတည်းသော မျှော်လင့်ချက်ဖြစ်သည်။ ထုံးစံအတိုင်း ဤအခွင့်အရေးကို လွယ်လွယ်နှင့် သူ လက်လွတ်မခံနိုင်ပေ။ မူလကတည်းက ချင်ယွင်ကို ကယ်တင်ရန် စဉ်းစားနေသေးသော်လည်း သူ့ညီမ၏ စကားကြောင့် လုံးလုံး အတည်ဖြစ် သွားခဲ့သည်။

"အဘိုးကျိ၊ အဘိုးကျိလည်းသွားလိုက်ပါ။ ချင်ယွင်ကို အသက်ရှင်လျက် ပြန်ခေါ်လာနိုင်ဖို့ အဘိုးကျိ သေချာအောင်လုပ်ရမယ်။" ဆဋ္ဌမမင်းသားကလည်း ပြောလိုက်သည်။

"ဟုတ်ကဲ့ပါ!" သိုင်းဧကရာဇ်ဘိုင်ဟောက် နှင့် ဆံပင်ဖြူအဘွားကြီးတို့သည် တစ်ချိန်တည်း တွင် အဖြေပေးလိုက်ကြသည်။ ထို့နောက် သူတို့နှစ်ဦးသည် အလင်းတန်းများအဖြစ်သို့ ပြောင်းလဲကာ အနောက်ပိုင်းမူလနန်းတော်ဆီသို့ ဦးတည်သွားကြလေသည်။

ပိရှစ်သိုင်းမြို့စားသည် စိတ်အေးသက်သာသွားခြင်းမရှိဘဲ သူမ၏လက်သီးများကို တင်းတင်းကြပ်ကြပ် ဆုပ်ထားသည်။

အဘိုးကြီးကျိ၊ အဘွားဝမ်နှင့်ဆိုလျှင် ချင်ယွင်သည် သဘာဝအတိုင်း အန္တရာယ် မဖြစ်နိုင် သော်လည်း အဘိုးကြီးကျိ၊ အဘွားဝမ်တို့ ရောက်ရှိသွားသည့်တိုင်အောင် ချင်ယွင်က တောင့်ခံနိုင်ခြင်း မရှိဘဲ ယုချန်း၏ သတ်ဖြတ်ခြင်းခံရမည်ကို သူမ ကြောက်နေမိသည်။

ယုချန်းအတွက်မူ ၊ ဧကရာဇ်မင်းမြတ် ဒါယန်းကိုယ်တိုင်က သူ့ကို အင်ပါယာစစ်တပ်၏ တပ်မှူးအဖြစ် ခန့်အပ်ထားသည်ကို သိထားရလိမ့်မည်။ သူ၏ခွန်အားသည် သိုင်းဧကရာဇ် နယ်ပယ်သို့ ဝင်ရောက်ခါစဖြစ်သည့် ဒန်ထျန်းချန်နှင့် နှိုင်းယှဉ်ပြလို့ မရပေ။ သူသည် သိုင်းဧကရာဇ်နယ်ပယ်၏ ဒုတိယအဆင့် ကောင်းကင်အလွှာသို့ လွန်ခဲ့သည့် ဆယ်နှစ်နီးပါး အချိန်ကတည်းက ဝင်ရောက်နေခဲ့ပြီး ဖြစ်သည်။

ဤဆယ်နှစ်အတွင်းမှာ သူသည် သိုင်းဧကရာဇ်နယ်ပယ်၏ တတိယအဆင့် ကောင်းကင် အလွှာသို့ မကျော်ဖြတ်နိုင်ခဲ့လျှင်ပင်၊ သူသည် ဒုတိယအဆင့် ကောင်းကင်အလွှာ အထွတ်အထိပ်သို့ ရောက်နေပြီ ဖြစ်သည်။

တစ်ချိန်တည်းမှာပင် အဋ္ဌမမင်းသားနေထိုင်ရာ နန်းတော်မှာလည်း ဆူညံသံများဖြင့် စည်ကားနေသည်။

သို့သော် ထိုဆူညံသံများမှာ အဋ္ဌမမင်းသား၏ ရယ်မောသံများသာ ဖြစ်သည်။

"ဟား၊ ဟား၊ ကောင်းကင်ဘုံက ငါ့ကို တကယ် ကူညီပေးနေခဲ့တယ်။ ဒီချင်ယွင်က နဝမမင်းသားကို တကယ်ကို သတ်ပစ်လိုက်တာပဲ။ သူက နဝမမင်းသားကို အများဆုံး ဒဏ်ရာရစေရုံလောက်လို့ မူလက ငါထင်ထားခဲ့တာ။ ပြီးတော့ ချင်ယွင်က နဝမမင်းသားကို သတ်ပစ်ဖို့အတွက် တိတ်တဆိတ် စိတ်ထဲမှာပဲ ဘောင်ခတ်ထားလိမ့်မယ်ပေါ့။ ဒီချင်ယွင်က အင်ပါယာနန်းတော်မှာ မင်းသားတစ်ပါးကို တိုက်ရိုက် သတ်ပစ်လိုက်သည်အထိ အတင့်ရဲ့လိမ့်မယ်လို့ ငါမမျှော်လင့်ခဲ့ဘူး" အဋ္ဌမမင်းသားက ဟက်ဟက်ပက်ပက် ရယ်လိုက်သည်။

သူ၏ ဘေးမှာရပ်နေသည့် အနက်ရောင်ဝတ်ရုံဝတ်လူကလည်း ရယ်မောလိုက်သည် ။

"ဒါပေမယ့် ယုချန်းရောက်လာတဲ့အတွက်၊ ကျွန်တော် ကိုယ်ထင်မပြနိုင်တော့ဘူး။ မဟုတ်ရင် မင်းသားအတွက် ရန်စီချီကို ပြန်ခေါ်လာဖို့ ကျွန်တော် သေချာပေါက် ကူညီပေးမှာ" အနက်ရောင်ဝတ်ရုံဝတ်လူက ပြောလိုက်သည်။

အဋ္ဌမမြောက်မင်းသားက သူ၏လက်ကို ဝှေ့ယမ်းပြပြီး အလေးမထားဟန်ဖြင့် ပြောသည် “ ကိစ္စမရှိပါဘူး၊ မိန်းမတစ်ယောက်က ထီးနန်းထက်စာရင် ဘာမှအရေးမပါပါဘူး။ အခု နဝမမင်းသားက သေဆုံးသွားခဲ့ပြီ။ ဆဋ္ဌမမင်းသားကလည်း သေတော့မယ်။ တချိန်တည်းမှာပဲ ခမည်းတော်မှာ သားတစ်ယောက်ပဲ ကျန်တော့မယ်။ သူက ငါ့ကို ထီးနန်းလွှဲမပေးဘဲ နေဦးမလား ငါမြင်ချင်မိတယ်”။

"ခါး. ခါး!" အနက်ရောင်ဝတ်ရုံဝတ်လူသည်လည်း ရက်စက်ယုတ်မာသည့် အသံဖြင့် အသံထွက်အောင် ရယ်မောလိုက်ပြီး ပြောသည် "အဋ္ဌမမင်းသားက ကျွန်တော်တို့ ကောင်းကင်ဘုံနတ်ဆိုးအဖွဲ့ရဲ့ ပံ့ပိုးကူညီမှု ရရှိထားတယ်လေ။ အနှေးနဲ့အမြန်ဆိုသလို ဒီတော်ဝင်ရန်ကမ္ဘာကြီးက မင်းသားရဲ့အပိုင်ဖြစ်လာပါလိမ့်မယ်။ ဟား…..။ ဟား…… !"

"ဟမ့်၊ ချင်ယွင်ကို ယုချန်းက သတ်ပြီးပြီထင်တယ်!" အဋ္ဌမမင်းသားသည် အထင်သေးဟန်ဖြင့် ပြောလိုက်သည်။

"သေချာတာပေါ့။ သူဘယ်လောက်ပဲ အစွမ်းထက်နေပါစေ နဝမအဆင့် ကောင်းကင်အလွှာ သိုင်းမြို့စားအဆင့် ကျွမ်းကျင်သူတစ်ဦးကို ဒုတိယအဆင့် ကောင်းကင်အလွှာ သိုင်းဧကရာဇ်တစ်ပါးက ဘယ်လိုလုပ် အနိုင်မယူနိုင်ဘဲရှိမလဲ၊ အဲ့ဒါကြောင့် သူသေသွားပြီဆိုတာ သေချာပါတယ်။" အနက်ရောင် ဝတ်ရုံဝတ်ထားသူကလည်း ရယ်မောလိုက်သည်။

အဋ္ဌမမင်းသားသည် သူ၏မျက်လုံးများကို မှေးကျဉ်းထားပြီး ဖော်မပြနိုင်သည့် မောက်မာမူ များဖြင့် ပြည့်နေသည်။

သူသည် အစောပိုင်းကတည်းက ချင်ယွင်ထံ စာတစ်စောင်ပေးပို့ရန်အတွက် သူ၏ လူများကို သဘာဝအတိုင်း စေလွှတ်ခဲ့သူ ဖြစ်သည်။ စာပို့ခိုင်းရခြင်း၏ ရည်ရွယ်ချက် မှာ မြစ်ကမ်းတစ်လျှောက် လှေကိုတွန်းပို့ပြီးနောက် ဓားငှါးပြီး လူသတ်ရန်အတွက် ဖြစ်သည်။ ဤအရာအားလုံးသည် သူ၏အကြံအစည်အတိုင်း ပြီးပြည့်စုံစွာ ဖြစ်ပေါ်လာခဲ့သည်။

ယခုအချိန်တွင် အနောက်မူလနန်းတော်သည် အပျက်အစီးများအဖြစ်သို့ ပြောင်းလဲနေပြီ ဖြစ်သည်။ ချင်ယွင်သည်လည်း တွင်းထဲတွင် လဲလျောင်းနေပြီး သူ့တစ်ကိုယ်လုံးရှိ အရိုးများလည်း ဖရိုဖရဲ ပြန့်ကျဲနေပုံရသည်။ သူသည် ပြင်းထန်သည့်နာကျင်မူကို ခံစားနေရ သည်။

"ငါ့လခွမ်း၊ ဒီဒုတိယအဆင့် ကောင်းကင်အလွှာ သိုင်းဧကရာဇ်တစ်ပါးရဲ့ လက်ဖဝါးရိုက်က အရမ်းသန်မာလွန်းနေပါလား?"

ချင်ယွင်သည် တွင်းနက်ကြီးထဲမှ ဖြည်းညှင်းစွာ ထလာသည်။ သူ၏အဝတ်အစားတွေက စုတ်ပြတ်သပ်နေပြီး အလွန်စိတ်မကောင်းစရာမြင်ကွင်းမျိုး ဖြစ်နေသည်။

ယခုလေးတင် သူသည် ဤဒုတိယအဆင့် ကောင်းကင်အလွှာ သိုင်းဧကရာဇ်တစ်ပါး၏ လက်ဖဝါးကို အတင်းအကျပ် ခံယူရန်အတွက် သူ၏ခွန်အားအားလုံးကို အသုံးပြုခဲ့ရသည်။ သူသည် မြေပြင်ပေါ်ကို အရှင်လတ်လတ် ရိုက်နှက်မခံရမီ သုံးစက္ကန့်မျှသာ တောင့်ခံနိုင်ခဲ့သည်။ သူသည် သေဆုံးသွားခြင်းမရှိသော်လည်း သူ၏ခန္ဓာကိုယ်ကတော့ ရစရာမရှိအောင် ကျိုးကြေမှုတွေ အများကြီးရှိနေဆဲ ဖြစ်သည်။

ကောင်းကင်ယံတွင်ရှိနေသည့် ယုချန်းသည် တွင်းနက်ကြီးထဲမှ ဖြည်းညှင်းစွာ တက်လာသော ချင်ယွင်ကို ကြည့်လိုက်ရင်း သူ၏ စူးရှသော မျက်ခုံးများက အနည်းငယ် တွန့်သွားသည်။

"ဟမ့် ၊ မင်းက ငါ့ရဲ့လက်ဖဝါးရိုက်ချက်ကနေ တကယ်ကို လွတ်မြောက်ခဲ့တာပဲ။ ကြည့်ရတာ မင်းက သာမန်ထက် ထူးကဲပုံရတယ်။ ဒါပေမယ့် စောစောက ငါ့လက်ဖဝါး တိုက်ခိုက်မူမှာ ငါခွန်အားရဲ့ သုံးဆယ်ရာခိုင်နှုန်းလောက်ကိုပဲ အသုံးပြုထားခဲ့တာ။ ငါ နောက်တကြိမ် မထိန်းထားတော့ဘူး။ သေလိုက်တော့။"

ယုချန်းသည် အေးစက်စွာ ဟစ်အော်လိုက်ပြီး သူ၏ရုပ်အသွင်အပြင်သည် လေထဲတွင် လင်းလက်တောက်ပသွားကာ ချင်ယွင်၏ ရှေ့သို့ ချက်ချင်း ရောက်လာခဲ့သည်။

ဒေါသပေါက်ကွဲသည့်အခြေအနေသို့ဝင်ရောက်ရန် ပြင်ဆင်နေချိန်တွင် ချင်ယွင်၏ သူငယ်အိမ်များသည် ချက်ချင်းပင် ထိတ်လန့်သည့်အရိပ်ယောင် ထွက်ပေါ်လာသည်။

သို့သော် သူတုံ့ပြန်မှု မပြုနိုင်မီတွင်၊ ယုချန်း၏လက်ဖဝါးက ချင်ယွင်၏ရင်ဘတ်ပေါ်တွင် တံဆိပ်ရိုက်ပြီး ဖြစ်နေသည်။

ထိုအချိန်တွင် ချင်ယွင်သည် ကောင်းကင်နှင့်မြေကြီး ပြောင်းပြန်ဖြစ်သွားသလို ခံစားလိုက်ရသည်။ အရာအားလုံးသည် ချက်ချင်း မှုန်ဝါးလာပြီး ရှေ့သို့ လျင်မြန်စွာ ရွေ့လျားသွားသည်။ ချင်ယွင်၏ ရင်ဘတ်သို့ တိုးဝင်လာသည့် ဧရာမစွမ်းအားသည် ချင်ယွင်၏ခန္ဓာကိုယ် ချက်ခြင်း ကြေမွသွားသလို ခံစားရစေသည်။

ချင်ယွင်သည် ဧရာမကျောက်တုံးကြီးတစ်ခု အလားဖြစ်နေသည့် နန်းတော်ဆယ်ခုကို ဖောက်ထွင်း ဝင်ရောက်ပြီးနောက်မှသာ သူ့ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ်စွမ်းအားကို ဖယ်ရှားနိုင်ခဲ့သည်။

သွေးတွေက ချက်ခြင်း ထွက်လာသည်။ သူ၏တစ်ကိုယ်လုံးသည် ခွေးသေတစ်ကောင်လို မြေပြင်ပေါ်မှာ လှဲလျောင်းနေရပြီး မလှုပ်မရှားနိုင် ဖြစ်နေပြီ။ သူ၏ ကိုယ်အတွင်းအင်္ဂါများ အစိတ်စိတ် မြွှာမြွှာကွဲအက်သွားကာ ဒဏ်ရာများမှာလည်း အလွန်ကြောက်စရာ ကောင်းလှသည်။

အခန်း (၃၂၅) သိုင်းဧကရာဇ်ဘိုင်ဟောက်၏စွမ်းအား။

ချင်ယွင်သည် အပျက်အစီးများထဲသို့ ပြုတ်ကျပြီး သတိလစ်လုနီးပါး ဖြစ်သွားခဲ့ရသည်။

သံချပ်ကာဝတ် အသက်လတ်ပိုင်းအရွယ် အမျိုးသားသည် အလွန်သန်မာလွန်းပြီး သူ၏ လှုပ်ရှားမှုများသည် ပြင်းထန်သော စွမ်းအားများဖြင့် ပြည့်နှက်နေသည်။

ချင်ယွင်၏ ခန္ဓာကိုယ်သည် ပြိုင်ဘက်၏ လက်ဖဝါးရိုက်ချက်အား ခံနိုင်ရည်မရှိခဲ့ပေ။

"ယီ၊ မင်းက တကယ် အသက်ရှင်နေသေးတာလား။ မင်းခန္ဓာကိုယ်က တော်တော် သန်မာနေပုံရတယ်။" သံချပ်ကာဝတ် အသက်လတ်ပိုင်းအရွယ် အမျိုးသားသည် လေထဲမှဖြည်းညှင်းစွာ လျှောက်လာသည်။ သူ့အရှိန်ဟုန်က နှေးကွေးနေပေမယ့် ခြေတစ်လှမ်းကို မီတာရာပေါင်းများစွာဝေးကွာအထိ ရောက်နိုင်သည်။ ထို့ကြောင့် ချင်ယွင်နှင့် မီတာရာပေါင်းများစွာ ဝေးကွာနေသော်လည်း သူသည် ခြေလှမ်းသုံးလှမ်းဖြင့် ချင်ယွင်ရှေ့သို့ ရောက်လာခဲ့သည်။

"ပြောစမ်းပါဦး။ မင်းက ဘယ်သူလဲ၊ နဝမမင်းသားကို ဘာလို့ သတ်ဝံ့တာလဲ။" သံချပ်ကာဝတ် အသက်လတ်ပိုင်းအရွယ် အမျိုးသားသည် ချင်ယွင်ကို တိုက်ရိုက် သတ်ဖြတ်ရန် လက်လျှော့လိုက်ပုံရသည်။ ယင်းအစား သူက ချင်ယွင်ကို မေးခွန်းထုတ် လိုက်သည်။

ချင်ယွင်က သရော်ဟန်ဖြင့် ရယ်မောလိုက်သည်။ နဝမမင်းသားကို ဘာကြောင့် သူ သတ်ဝံ့တာလဲ။ နဝမမင်းသားကိုသတ်ဖို့ ဘယ်က သတ္တိတွေရနေတာလဲ။

အကယ်၍ အင်မော်တယ် ဧကရာဇ်တစ်ပါးဖြစ်ရင်တောင် သူ့ကိုစော်ကားသည့်လူမှန်သမျှ သေရလိမ့်မည်။

ယုချန်းက ချင်ယွင်၏ သရော်ဟန်ဖြင့် ရယ်နေသည်ကိုမြင်လျှင် အံ့သြသည့် အပြုံးတစ်ခု ပေါ်လာသည်။ သို့သော်၊ ချင်ယွင်၏ပါးစပ်အမူအယာမှတဆင့် မည်သည့်အရာကိုမျှ ရှာမတွေ့နိုင်ကြောင်း သေချာသွားသောကြောင့် သူသည် ချင်ယွင်ကို ချက်ချင်း သတ်ပစ်ရန် ကြံရွယ်လိုက်ပြန်သည်။

ဧကရာဇ်မင်းမြတ်သည် အင်ပါယာမြို့တော်ကို စောင့်ကြပ်ရန် သူ့ကို အမိန့်ပေး ထားသည်။ အင်ပါယာမြို့တော်မှာ ပြဿနာရှာဝံ့သည့် မည်သူ့ကိုမဆို ချက်ချင်းသတ်ဖြတ်နိုင်သလို နောက်မှ သတ်ဖြတ်ပိုင်ခွင့်လည်းရှိသည်။ အကယ်၍ ချင်ယွင်လို မင်းသားတစ်ပါးကို သတ်လိုက်သည့် မည်သူမဆို သေဆုံးရမည်မှာ သေချာပါသည် ။

ယုချန်း၏ မျက်လုံးများသည် ရေကဲ့သို့ ငြိမ်သက်နေပြီး အနည်းငယ်မျှ အပြောင်း အလဲ မရှိပေ။ သူ၏လက်ဖဝါးမှ ခပ်ဖျော့ဖျော့လျှပ်စီးအလင်းတန်းများက တဟုန်ထိုး ပျံ့နှံ့လာခဲ့ပြီး ကြောက်မက်ဖွယ်ရာ စွမ်းအင်အတက်အကျများက ချက်ချင်း ပျံ့နှံ့သွားခဲ့သည်။ ထို့နောက်၊ ယုချန်း၏လက်သည် ချင်ယွင်၏မျက်နှာဆီသို့ ရိုက်ချလိုက်ပြီး ဤအနှောက်အယှက်ကောင်ကို အပြီးတိုင် အဆုံးသတ်ပစ်ချင်ပုံရသည်။

ချင်ယွင်၏ မျက်လုံးများက ချက်ချင်းကျဉ်းမြောင်းသွားပြီး ကောင်းကင်ဘုံ ကိုးအလွှာ ကြယ်စင်စုပုံကြမ်းမှ လျှပ်စီးစွမ်းရည်ကိုယ်ပွားကလည်း အဆင်သင့် ဖြစ်နေပြီ ဖြစ်သည်။

ဤသိုင်းဧကရာဇ် သူ့ဆီချဉ်းကပ်လာသည်နှင့်အမျှ၊ သူ၏ဉက္ကာပျံတိုက်ပွဲဝင်ဆေဘာဖြင့် သူ၏ခေါင်းကို တစ်ချက်တည်းခုတ်ပိုင်းကာ သတ်ပစ်ရန် ကြိုးစားရလိမ့်မည်။

"ဘုန်း!"

သို့သော်လည်း ယုချန်းသည် ချင်ယွင်၏ရှေ့သို့ ရောက်ရှိလာခါနီးတွင် ချင်ယွင်ရှေ့တွင် အဖြူရောင် ပုံရိပ်တစ်ခုပေါ်လာပြီး ယုချန်း၏ လက်ဖဝါးနှင့် ထိပ်တိုက်ရင်ဆိုင်မိသွားသည်။

ယုချန်းသည် ချက်ချင်း နောက်ပြန်ဆုတ်သွားရပြီး မီတာတစ်ရာနီးပါး ပြန်ဆုတ် သွားရသည်။ သူသည် သိုင်းဧကရာဇ် ဘိုင်ဟောက်ကို ထိတ်လန့်စွာ ကြည့်နေသည်။

သိုင်းဧကရာဇ်ဘိုင်ဟောက်၏ ရုပ်အသွင်အပြင်သည် တောင်တစ်တောင်ကဲ့သို့ မားမားမတ်မတ် ရှိနေပါသည်။

"အကြီးအကဲကျိ၊ ခင်ဗျား ဘာလုပ်နေတာလဲ" ယုချန်းက သိုင်းဧကရာဇ် ဘိုင်ဟောက်ကို ကြည့်ကာ ပြောလိုက်သည်။

"မင်း သူ့ကို သတ်လို့မရနိုင်ဘူး!" သိုင်းဧကရာဇ်ဘိုင်ဟောက်၏ အသံက ငြင်းဆန်၍ မရနိုင်သော လွှမ်းမိုးကြီးစိုးနိုင်သည့် အသွင်ဆောင်နေသည်။

ယုချန်းက မျက်မှောင်ကြုတ်ကာ ပြောသည်။ "ဖြစ်နိုင်တာက ဒီလူငယ်က ဆဋ္ဌမမင်းသားရဲ့ လူလား ။ နဝမမင်းသားကို သတ်ချင်နေတဲ့လူက ဆဋ္ဌမမင်းသားပဲလား။”

"မင်းက ဘယ်သူလို့ ထင်လဲ။ ဒါပေမယ့် ဒီလူငယ်၊ မင်း သူ့ကို အခု သတ်လို့မရဘူး။ အရာအားလုံးကို ဧကရာဇ်မင်းမြတ်ကပဲ ဆုံးဖြတ်ပေးလိမ့်မယ်" သိုင်းဧကရာဇ် ဘိုင်ဟောက်က ပြောလိုက်သည်။

"အကြီးအကဲကျိ၊ ဧကရာဇ်မင်းမြတ်က အင်ပါယာမြို့တော်ရဲ့ လုံခြုံရေးကို ကျုပ်ကို တာဝန်ယူခွင့် ပေးထားတယ်။ အခု နဝမမင်းသားက အသတ်ခံရတယ်။ ကျုပ်က လူသတ်သမားကို လွှတ်ပေးလိုက်မယ်ဆို ဒါက မသင့်တော်ဘူးလို့ ခင်ဗျား မထင်ဘူးလား။ တကယ်လို့ အကြီးအကဲကျိက သူ့ကို မသတ်စေချင်ဘူးဆိုရင် ခင်ဗျားအနေနဲ့ ကျုပ်ယုံကြည်လောက်တဲ့ အကြောင်းပြချက် ပေးရမယ်!"

ယုချန်းက သိုင်းဧကရာဇ် ဘိုင်ဟောက်ကိုကြည့်ရင်း သူ၏မျက်လုံးအစွန်းတွေက အေးစက် သွားကာ "အကြီးအကဲကျိ ၊ ဧကရာဇ်မင်းမြတ်က ကျုပ်ကို အင်ပါယာမြို့တော်ကို ဦးစီးခွင့် ပေးထားတာနော်" ဟု အေးစက်စွာ ပြောလိုက်သည်။

သိုင်းဧကရာဇ်ဘိုင်ဟောက်၏ အမူအယာမှာလည်း လေးနက်နေသည်။ ဤသည်မှာ မူလကတည်းက အလွန်ခက်ခဲသော ကိစ္စဖြစ်သည်။ ချင်ယွင်သည် နဝမမင်းသားကို သတ်ခဲ့ပြီး ယုချန်းအနေဖြင့်လည်း သူ့ကိုသတ်ချင်သည်မှာ သဘာဝကျသည်။ သို့သော်လည်း ဆဋ္ဌမမင်းသားလေး၏ အသက်ကိုထောက်ပြီး ထိုသို့ပြုရန်မှတပါး သူ့မှာလည်း ရွေးချယ်စရာမရှိပေ။

ဆဋ္ဌမမင်းသားကို ကုသခြင်းကိစ္စနှင့် ပတ်သက်၍ လူအများပြားကို သိခွင့်ပြုရန်မှာလည်း ယာယီအားဖြ င့်မဖြစ်နိုင်ပေ။ အကယ်၍ ထိုမှော်ဆရာသာ သိရှိသွားပါက၊ သူသည် ဤကာလအတွင်း ဆဋ္ဌမမင်းသားအား ဆိုးရွားသော တစ်စုံတစ်ရာကို ပြုမိကောင်း ပြုမိပေလိမ့်မည်။

"ငါ့မှာ မင်း ယုံကြည်ရလောက်အောင် ပြောဆိုဖို့ ဘာအကြောင်းပြချက်မှ မရှိဘူး။ ဒါပေမယ့် ဒီချင်ယွင်က သေလို့မဖြစ်သေးဘူး။ အရာအားလုံးကို ဧကရာဇ်မင်းမြတ် ပြန်လာပြီး ဆုံးဖြတ်ချက်ချပြီးတဲ့အထိ စောင့်ကြရအောင်။" သိုင်းဧကရာဇ်ဘိုင်ဟောက်က ပြောလိုက်သည်။

တခဏကြအောင် စဉ်းစားပြီးနောက် ယုချန်းက ပြောလာပြန်သည် "အခြေအနေက ဒီလိုဆိုတော့ ဆုံးဖြတ်ချက်မချခင် ဧကရာဇ်မင်းမြတ် ပြန်လာမယ့်အချိန်အထိ စောင့်မယ်။ ဒါပေမယ့် ဒီလူငယ်ကို ဂရုစိုက်ဖို့ ခင်ဗျား သူ့ကို ကျုပ်နဲ့ထားခဲ့ရမယ်"

"မဟုတ်ဘူး!" သိုင်းဧကရာဇ်ဘိုင်ဟောက်က ပြတ်ပြတ်သားသား ငြင်းဆိုလိုက်သည်။ ယုချန်းရဲ့ စောင့်ရှောက်မှုမှာ ချင်ယွင်ကိုထားခဲ့မည်ဆိုလျှင် မတော်တဆမှု တစ်ခုခု ဖြစ်လာနိုင်ပါသည်။ ဤကိစ္စသည် ဆဋ္ဌမမင်းသား၏ အသက်နှင့်သက်ဆိုင်နေသောကြောင့် ပေါ့ပေါ့ဆဆ လုပ်လို့မရပေ။

"ဒါဆိုလည်း ကျုပ် ခင်ဗျားကို ပြစ်မှားမိပြီ!" ယုချန်း၏ အမူအရာသည် ချက်ချင်း ကျုံ့ဝင်သွားပြီး ပြင်းထန်သော တိုက်ခိုက်လိုသည့် ဆန္ဒက သူ၏မျက်လုံးများထဲတွင် ထွက်ပေါ်လာသည်။ သူသည် သိုင်းဧကရာဇ်ဘိုင်ဟောက်ဆီသို့ လျင်မြန်စွာ ပြေးသွားခဲ့ပြီး သူ၏ လက်ဖဝါးသည်လည်း ကြောက်မက်ဖွယ်ကောင်းသော ခရမ်းရောင်လျှပ်စီး စွမ်းအားများဖြင့် ဖုံးလွှမ်းသွားခဲ့သည်။

ခရမ်းရောင်လျှပ်စီး၏ စွမ်းအားအနေထားအရ သာမန်နဝမအဆင့် ကောင်းကင်အလွှာ သိုင်းမြို့စား အဆင့်ကျွမ်းကျင်သူတစ်ဦးသည်ပင် ၎င်းကိုထိလိုက်လျှင်ပင် ပြင်းထန်စွာ ဒဏ်ရာရသွားမည် ဖြစ်သည်။ သူသည် ဒုတိယအဆင့် ကောင်းကင်အလွှာ အထွတ်အထိပ် သိုင်းဧကရာဇ်တစ်ပါး၏ စွမ်းအားကို ယခုအခိုက်အတန့်တွင် သံသယကင်းစွာ ထုတ်ဖော်ထားသည်။

"ဟမ့် ၊ မင်းက ငါ့ပြိုင်ဘက်မဟုတ်ဘူး!" သိုင်းဧကရာဇ်ဘိုင်ဟောက်၏ ခန္ဓာကိုယ်သည် တောင်တစ်ကောင်ကဲ့သို့ မလှုပ်မယှက် တည်ရှိနေသည်။ သူ၏အငွေ့အသက်များက တခဏချင်း ပေါက်ကွဲသွားသည်။ သူ၏ဝတ်ရုံက တဖျပ်ဖျပ်နှင့် လှုပ်ခတ်နေကာ သူ၏ ကျယ်ဝန်းသည့် ဝတ်စုံလက်မောင်းထဲမှ လက်ဖဝါးတစ်ဖက်ကို ချက်ချင်းထုတ်ပြီး ယုချန်းနှင့် ထိပ်တိုက်ရင်ဆိုင်လိုက်သည်။

"ဘုန်း!"

ယုချန်းသည် ချက်ချင်းပင် နောက်ပြန်ဆုတ်သွားကာ နန်းတော်ဒါဇင်ခန့်ကို ဆက်တိုက် ထိုးဖောက်သွားခဲ့ပြီး နောက်ဆုံးတွင် ဧကရာဇ်ဥယျာဉ်ရှိ ရေကန်ထဲသို့ ကျသွားသည်။ ယခုမြင်ကွင်းက အစောပိုင်းလေးက ချင်ယွင်နောက်ပြန်လွင့်သွားသည့် မြင်ကွင်းထက်ပင် ပိုဝမ်းနည်းစရာ ကောင်းသည်။

သို့သော် ယုချန်းအတွက်မူ၊ သူသည် သိုင်းဧကရာဇ်နယ်ပယ်၏ ဒုတိယအဆင့် ကောင်းကင်အလွှာ အထွတ်အထိပ် ဖြစ်နေဆဲ ဖြစ်သည်။ သူသည် သိုင်းဧကရာဇ် ဘိုင်ဟောက်ထံမှ လက်ဖဝါးရိုက်ချက်ကို ပြင်းပြင်းထန်ထန် ခံလိုက်ရသော်လည်း သူ၏ ပါးစပ်ထောင့်မှ သွေးစများသာ ထွက်လာသည်။ သူသည် ဒဏ်ရာ ပြင်းပြင်းထန်ထန် မရရှိခဲ့ပေ။

"ရပ်လိုက်ပါ။ မင်းက ငါ့အတွက် ပြိုင်ဘက်မဟုတ်ဘူး၊ ပြီးတော့ ဒီလိုမျိုး တိုက်ခိုက် နေစရာလည်း အကြောင်းမရှိဘူး။" သိုင်းဧကရာဇ်ဘိုင်ဟောက်က အေးစက်စွာ ပြောလိုက်ပြီး သူ၏မျက်လုံးများတွင် ယုချန်းအား လေးစားသည့် အမူအယာဖြင့် ကြည့်နေသည်။

သိုင်းဧကရာဇ်ဘိုင်ဟောက်၏ အမြင်တွင် ဧကရာဇ်မင်းမြတ်၏ အမိန့်တော်အတွက် တိုက်ခိုက်ခြင်းသည် သစ္စာစောင့်သိသည်ဟု ယူဆနိုင်သော်လည်း ယုချန်းသည် သူ့အား အနိုင်ယူနိုင်မည် မဟုတ်ကြောင်း သူသိသည်။

အကြီးအကဲကျိ၏ စကားကိုကြားသော်လည်း ယုချန်းသည် နောက်ပြန်ဆုတ်ရန် နည်းနည်းလေးမှ မစဉ်းစားပေ။ သူသည် သိုင်းဧကရာဇ်ဘိုင်ဟောက်ဆီ ဆက်လက် ပြေးဝင်သွားခဲ့သည်။

သို့သော်လည်း ထိုအချိန်တွင် ဆံပင်ဖြူအဘွားကြီးသည် သိုင်းဧကရာဇ် ဘိုင်ဟောက်၏ ရှေ့တွင် ရုတ်တရက် ပေါ်လာသည်။

ယုချန်းကမူ သူ၏သူငယ်အိမ်တွေကို ကျုံ့ပြီး ချက်ချင်း ရပ်လိုက်လေသည်။

"မင်းရဲ့လက်ကျန် ဘဝအတွက် မင်း ထွက်သွားနိုင်ပြီ။ မင်း ဒီလူကို သတ်လို့မရဘူး" ဆံပင်ဖြူ အဘွားကြီးက ပြောသည်။

ယုချန်းသည် သိသိသာသာပင် အံ့ဩမင်သက်သွားခဲ့ပြီး သူ၏မျက်နှာပေါ်မှာ တုန်လှုပ် ချောက်ချားမှု အရိပ်အမြွက် ပေါ်လာသည်။

"ဒါက မင်းသမီး(၁၃)ရဲ့ အမိန့်ပဲ၊ ဒီကိစ္စနဲ့ ပတ်သက်ပြီး သူမလည်း ဘာမှ မပြောနိုင်သေး ဘူး။ ဖြစ်လာသမျှအရာအားလုံးအတွက် သူမက တာဝန်ယူလိမ့်မယ်" ဆံပင်ဖြူ အဘွားကြီးက ထပ်ပြောသည်။

ယုချန်းသည် တုံ့ဆိုင်းနေပြီး တိတ်ဆိတ်နေ၏။

"မင်း ငါ့ကို မယုံဘူးလား။ မင်းက ငါ့ကို မင်းသမီး(၁၃)ကို ဖိတ်ခေါ်ပြီး မင်းဆီကို သူမကိုယ်တိုင် လာပြောပြစေချင်တာလား" ဆံပင်ဖြူ အဘွားကြီးက အေးစက်စွာ အော်ပြော လိုက်သည်။

ထိုစကားကိုကြားလျှင် ယုချန်း၏ မျက်နှာက ချက်ချင်းပြောင်းသွားသည်။ "မဟုတ်ဘူး၊ မဟုတ်ပါဘူး၊ အဘွားဝမ်ပြောတာကို ဘယ်လိုလုပ် ကျွန်တော် မယုံဘဲနေမလဲ။ မင်းသမီး(၁၃)က အမိန့်ပေးလိုက်ပြီဆိုမှတော့ ယုချန်းက နာခံသင့်ပါတယ်။"

ထိုသို့ပြောပြီးနောက် ယုချန်းဟုခေါ်သည့် အသက်လတ်ပိုင်းအရွယ် အမျိုးသားသည် နောက်ပြန် ဆုတ်သွားခဲ့သည်။

ဘေးသို့လဲကျသွားသော ချင်ယွင်သည်လည်း အံ့အားသင့်နေသည့်ဟန်ဖြင့် ကြည့်နေမိ သည်။ သူက ဆံပင်ဖြူအဘွားကြီးနှင့် သိုင်းဧကရာဇ်ဘိုင်ဟောက်ကို ခါးသီးသော အပြုံးဖြင့် ကြည့်လိုက်သည်။

ဤသိုင်းဧကရာဇ်နှစ်ပါးသည် အဘယ်ကြောင့် သူ့ကို ကာကွယ်ရသနည်းဆိုသည်ကို သူ သိပါသည်။ ထုံးစံအတိုင်း ဆဋ္ဌမမင်းသားကြောင့်သာ ဖြစ်ပေသည်။

ပိရှစ်သိုင်းမြို့စား၏ အကြံပြုချက်က သူ့ကို အများကြီး ကူညီပေးပြီး သူ၏အသက်ကို တစ်ဖန်ပြန်လည် ကယ်တင်နိုင်လိမ့်မည်ဟု သူ မည်သို့ ထင်ထားလိမ့်မည်နည်း။

"ကောင်စုတ်လေး၊ မင်း ထွက်သွားလို့ ရသေးလား" သိုင်းဧကရာဇ်ဘိုင်ဟောက်သည် ချင်ယွင်ကို ကယ်တင်နိုင်ခဲ့သော်လည်း ချင်ယွင်သည် အလွန်ပြဿနာရှာခဲ့သည့်အတွက် မပျော်နိုင်သေးပါ။

ချင်ယွင်က ရှိုက်ကြီးတငင် ပြုံးကာ ခေါင်းညိတ်သည်။ လျှပ်စီးစွမ်းရည်ကိုယ်ပွားသည် ကောင်းကင်ဘုံကိုးအလွှာကြယ်စင်စုပုံကြမ်းထဲမှ ထွက်လာခဲ့ပြီး သူ၏ အစစ်အမှန် ခန္ဓာကိုယ်ကို ကောင်းကင်ဘုံကိုးအလွှာကြယ်စင်စုပုံကြမ်းထဲသို့ ပြန်ထည့်လိုက်သည်။

သိုင်းဧကရာဇ်ဘိုင်ဟောက်နှင့် ဆံပင်ဖြူ အဘွားအိုတို့သည် ဤမြင်ကွင်းကို မြင်လိုက်ရသည့် အခါ ချက်ချင်းပင် ထိတ်လန့်သွားကြသည်။ ကြည့်ရသည်မှာ စောစောက သူတို့ အစောကြီး ဝင်မတိုက်ခိုက်ခဲ့ဘူးဆိုရင်တောင် ဒီချင်ယွင်ဆိုသည့် ကောင်စုတ်လေး က သေချင်မှ သေလိမ့်ဦးမည်။

ယခုဆိုလျှင် ချင်ယွင်သည် ဆဋ္ဌမမင်းသား၏ရောဂါကို ကုသပေးနိုင်ကြောင်း သူတို့က ပို၍ပင် ယုံကြည်လာကြသည်။

All Chapters