← Chapters

အခန်း (၃၃၁-၃၃၅)

Vol. 23 Ch. 331-335

အခန်း (၃၃၁-၃၃၅)

Vol. 23 Ch. 331-335

အခန်း (၃၃၁) အင်အားစုအားလုံးရောက်လာကြခြင်း။

ကောင်းကင်ယံမှာ မိုးခြိမ်းသံတွေနှင့်အတူ လျှပ်စီးတွေပြည့်နှက်နေသည့် တိမ်တိုက် တွေက စွမ်းအားတွေ စုဆောင်းနေသလိုပင်။

ရှောင်ဘိုင် နှင့် ရှောင်ကျင်းတို့သည် ဆယ်ကီလိုမီတာ အကွာအဝေး ခြားကာ ရှိနေကြသည်။ သို့မှသာ သူတို့အချင်းချင်း အနှောင့်အယှက် မဖြစ်ဘဲ ဖြစ်ကြလိမ့်မည်။ အကယ်၍ သူတို့နှစ်ယောက်သာ အတူတူယှဉ်တွဲ မတ်တပ်ရပ်နေပြီး မိုးကြိုး လျှပ်စီးသံတွေ ပြည့်နှက်နေသည့် တိမ်တိုက်ကြီးတွေ လုံးလုံးလျားလျား အဆင့်ဆင့် ထပ်သွားမည်ဆိုလျှင် ၎င်းသည် အလွန်အမင်း ကြောက်စရာကောင်းလာလိမ့်မည်။

"သူတို့နှစ်​​ယောက်​လုံးက ​ ဒြဗ်စင်ခြောက်ပါး ကောင်းကင်ကပ်ဘေးဒုက္ခကို ရင်ဆိုင်ရ မှာပဲ။" ချင်ယွင်သည် အဝေးတွင် ပုန်းနေပြီး ကောင်းကင်ယံမှ ကပ်ဘေးဒုက္ခ တိမ်တိုက်နှစ်ခုကို လှမ်းကြည့်ရင်း သူ့ကိုယ်သူ တိုးတိုးလေးပင် ရေရွတ်လိုက်သည်။

ချင်ယွင်သည် ရှောင်ဘိုင် နှင့် ရှောင်ကျင်းတို့သည် ဤလျှပ်စီးကပ်ဘေးဒုက္ခကို ကျော်ဖြတ်နိုင်ပါ့မလားဟု စိုးရိမ်ခြင်း မရှိပေ။ ၊ အကြောင်းမှာ သူတို့၏ နည်းစနစ်များနှင့် အရည်အချင်းများဖြင့်ဆို ဤကပ်ဘေးဒုက္ခကို ကျော်ဖြတ်ရန် မခက်ခဲပေ။

ယခုအချိန်တွင် ချင်ယွင် အမှန်တကယ် စိုးရိမ်နေသည့်အရာမှာ ရှောင်ဘိုင်နှင့် ရှောင်ကျင်းတို့ကြောင့် ဖြစ်ပေါ်လာသော ရုတ်ရုတ်သဲသဲ အခြေအနေများကြောင့် အင်ပါယာမြို့တော်တစ်ခုလုံး၏ ကျွမ်းကျင်ပညာရှင်များကို ခေါ်ဆောင်လာခြင်း ဖြစ်သည်။ ထိုအချိန်ရောက်လျှင် တော်တော်ဒုက္ခများလိမ့်မည်။

လင်းကလန်၊ ဖန်းကလန် နှင့် ဂျီကလန်တို့ကို အင်ပါယာမြို့တော်ရှိ မဟာမျိုးနွယ်စုကြီး သုံးခုဟု ခေါ်နိုင်သည်။ ချင်ယွင်သည် ထိုမျိုးနွယ်စုများတွင် သိုင်းဧကရာဇ်အဆင့် ကျွမ်းကျင်သူများ မရှိဟု မယုံကြည်ခဲ့ပေ။

ဆေးကလန်မှာပင် သိုင်းဧကရာဇ်အဆင့် ကျွမ်းကျင်သူများ သုံးဦးရှိသောကြောင့် ထိုမဟာမျိုးနွယ်စုကြီးသုံးခုမှာ သိုင်းဧကရာဇ်အဆင့် ကျွမ်းကျင်သူများ သေချာပေါက် ရှိသည်ဟု ခန့်မှန်းဖို့က မခက်ခဲပါဘူး.။

အဆင့်လေး အထွတ်အထိပ် နတ်ဘုရားသားရဲသွေးမျိုးဆက် ပိုင်ဆိုင်သည့် ဆိတ်သုဉ်းခြင်း သားရဲသည် သူတို့၏မျက်လုံးထဲတွင် အကြီးအမြတ်အဆင့် ရတနာ တစ်ခုနှင့် ညီမျှသည်။ သူတို့သည် ဤဆိတ်သုဉ်းခြင်းသားရဲ နှစ်ကောင်ထဲမှ တစ်ကောင်ကို ထိန်းချုပ်ပြီး လက်အောက်ခံဖြစ်အောင် လုပ်နိုင်သည်နှင့် သူတို့အား သိုင်းဧကရာဇ်အဆင့် ကျွမ်းကျင်သူတစ်ဦးကို ပေးအပ်ခြင်းနှင့် ညီမျှမည် ဖြစ်သည်။

သိုင်းဧကရာဇ်အဆင့် ကျွမ်းကျင်သူတစ်ဦး ထပ်တိုးလာခြင်းသည် အဖွဲ့ခွဲတစ်ခုအတွက် အလွန်အရေးကြီးပါသည်။

ဥပမာအားဖြင့်၊ မဟာမျိုးနွယ်စုကြီးသုံးခုအနက်မှ တစ်ခုသည် သိုင်းဧကရာဇ်အဆင့် ကျွမ်းကျင်သူ တစ်ဦးကို ပိုင်ဆိုင်သွားသည်နှင့် သူတို့သည် အခြားမဟာမျိုးနွယ်စုကြီး နှစ်ခုကို ကျော်လွန်နိုင်မည် ဖြစ်ပါသည်။

ထို့အပြင် ဤနေရာတွင် အဆင့်လေး အထွတ်အထိပ် ဆိတ်သုဉ်းခြင်း သားရဲက နှစ်ကောင်ရှိနေသည်။ တစ်နည်းဆိုရသော် ၎င်းတို့သည် သိုင်းဧကရာဇ်နှစ်ပါးနှင့် ညီမျှသည်။ ယင်းက သူတို့ကို မည်ကဲ့သို့ မဆွဲဆောင်ဘဲ နေမည်နည်း။

ဟုတ်ပါသည်၊ ထိုအချိန်မှာပင် ချင်ယွင်က သူ့ဆီတဟုန်ထိုး ပျံသန်းကာ ပြေးလာကြသည့် အငွေ့အသက် ဆယ်ခုထက်မနည်းကို ခံစားလိုက်ရသည်။ ၎င်းတို့ခုနစ်ဦးသည် သိုင်းဧကရာဇ်အဆင့် ကျွမ်းကျင်သူများ ဖြစ်ကြသည်။

သိုင်းဧကရာဇ်ခုနစ်ပါး ရောက်ရှိလာချိန်မှာ ထိုသိုင်းဧကရာဇ်ခုနစ်ပါးကို တစ်ပြိုင်နက် တိုက်ခိုက်ရမည်ဟု စိတ်ကူးမိသည့်အခါ ချင်ယွင်၏ ဦးရေပြားသည်ပင် ထုံကျင်လာသည်။

ကံကောင်းထောက်မစွာပင်၊ သိုင်းဧကရာဇ်ခုနစ်ပါးတွင် သုံးဦးသည် ချင်ယွင်နှင့် ရင်းနှီးသည်။ ချင်ယွင်၏ ခန့်မှန်းချက်သာမမှားပါက၊ ၎င်းတို့မှာ ဒန်ထျန်းယု၊ ဆေးအကြီးအကဲ နှင့် သိုင်းဧကရာဇ်ဘိုင်ဟောက်တို့ ဖြစ်ပေလိမ့်မည်။

ဤနေရာမှာ ထိုလူသုံးယောက်ရှိနေသဖြင့် ချင်ယွင်သည် ပို၍သက်တောင့် သက်သာ ရှိလာသည်။ ဒန်ထျန်းယု၊ ဆေးအကြီးအကဲတို့က သူ့ကို တိုက်ခိုက်မှာ မဟုတ်သလို သိုင်းဧကရာဇ်ဘိုင်ဟောက်ကလည်း ဆဋ္ဌမမင်းသားကြောင့် လုပ်ရှားဖို့ဆိုတာ မဖြစ်နိုင်တော့ပါဘူး။ ထို့ကြောင့် ချင်ယွင်သည် နောက်ဆုံးတွင် အခြားသော သိုင်းဧကရာဇ်အဆင့် ကျွမ်းကျင်သူလေးဦးနှင့်သာ ရင်ဆိုင်ရလိမ့်မည်။

သေချာသည်မှာ၊ ချင်ယွင်သည် သူ့မျက်နှာကို အစကတည်းက ထုတ်ဖော်ပြဖို့ အစီအစဉ် မရှိခဲ့ပါဘူး။ ယခု ရှောင်ဘိုင် နှင့် ရှောင်ကျင်းတို့သည် ကပ်ဘေးဒုက္ခကို ဖြတ်ကျော် နေကြပြီဖြစ်ကာ ထိုသူများသည် လုံးဝမလှုပ်ရဲကြပေ။ သူတို့ လိုချင်သည်မှာ ရှောင်ဘိုင်နှင့် ရှောင်ကျင်းတို့ကို ထိန်းချုပ်ပြီး လက်အောက်ခံ ကျွန်ပြုဖို့ဖြစ်သည်။ ထို့ကြောင့် သူတို့၏အသက်ကို ထိခိုက်စေမှာ မဟုတ်ပေ။

ရှောင်ဘိုင် နှင့် ရှောင်ကျင်းတို့သည် ကပ်ဘေးဒုက္ခကို လုံးလုံးလျားလျား ကျော်ဖြတ်ပြီး လုံးဝအားနည်းသော အခြေအနေသို့ မရောက်ရှိမချင်း ချင်ယွင်သည် ထိုလူများ လှုပ်ရှားမှုမလုပ်နိုင်ဟု မှန်းဆထားသည်။

ထို့ကြောင့် ချင်ယွင်သည် စိတ်တည်တည် ငြိမ်ငြိမ်ထားနိုင်ရန်အတွက် ရှောင်ဘိုင်နှင့် ရှောင်ကျင်းတို့ထံသို့ စိတ်ပိုင်းဆိုင်ရာ ဆက်သွယ်မူအသံများ အမြန် ပေးပို့လိုက်သည်။ သူတို့ကပ်ဘေးဒုက္ခကို ဖြတ်ကျော်ပြီးသည့်အခါ သူတို့၏ဒဏ်ရာတွေကို ချက်ချင်း ကုသပေးမည်။ တခြားဘာမှ စိတ်ပူစရာ မလိုပေ။ အားလုံးကို သူ၏တာဝန်ထားဖို့ ပြောလိုက်ရသည်။

ရှောင်ကျင်း နှင့် ရှောင်ဘိုင်တို့သည် ချင်ယွင်ကို သဘာဝအတိုင်း ယုံကြည်ခဲ့ကြ သောကြောင့် ကပ်ဘေးဒုက္ခကို ဖြတ်ကျော်ရာမှာဘဲ စိတ်နှလုံးကို အကြွင်းမဲ့ ပြင်ဆင် လိုက်ကြသည်။

မျှော်လင့်ထားသည့်အတိုင်းပင်၊ ထိုအငွေ့အသက်ဒါဇင်ကျော်သည် ရှောင်ဘိုင်နှင့် ရှောင်ကျင်းတို့၏ ကပ်ဘေးဒုက္ခတိမ်တိုက်များ အပြင်ဘက်တွင် ရပ်သွားကြပြီး ရှောင်ဘိုင်နှင့်ရှောင်ကျင်းတို့ ကပ်ဘေးဒုက္ခကို ဖြတ်ကျော်နေသည်ကို အဝေးမှပင် ရပ်ကြည့်နေခဲ့ကြသည်။

ချင်ယွင်သည် ရှေးဟောင်းတာအိုဆရာသခင်၏ အစွမ်းထက်သည့် စိတ်ဝိညာဉ် စွမ်းအားကို အသုံးပြုပြီး အရိပ်ထဲတွင် ပုန်းအောင်းနေခဲ့သည်။ သူသည် လှုပ်ရှားရန်အတွက် အလျင်လိုခြင်း မရှိပေ။ အကယ်၍ သူ၏ ခန့်မှန်းချက်မမှားလျှင် ဤလူများသည် အချင်းချင်း သေသည်အထိ အရင်တိုက်ခိုက်ကြလိမ့်မည်။ သို့မှသာ အရှုပ်ထုတ်များကို ရှင်းပစ်နိုင်မည် ဖြစ်သည်။

ချင်ယွင်သည် ဤသိုင်းဧကရာဇ်အဆင့် ကျွမ်းကျင်သူများကို တစ်ဦးချင်းစီ ကြည့်လိုက်သည်။ ဤမဟာမျိုးနွယ်စုကြီးသုံးခုသည် အမှန်တကယ်ပင် ထူးထူးခြားခြားဖြစ်ကြောင်း တွေ့ရှိခဲ့ရသည်။

လင်းကလန်ဘက်မှာတော့ မုတ်ဆိတ်ဖြူ အဘိုးကြီးတစ်ယောက် ရှိနေပါသည်။ သူ၏စွမ်းအားသည် သိုင်းဧကရာဇ်နယ်ပယ်၏ ပထမအဆင့် ကောင်းကင်အလွှာ အထွတ်အထိပ်တွင်ရှိပြီး သူ၏ဘေးတွင် သိုင်းမြို့စားနယ်ပယ်၏ နဝမဆင့် ကောင်းကင်အလွှာ အထွတ်အထိပ်တွင်ရှိနေသည့် လူတစ်ဦးရှိသည်။

သေချာသည်မှာ၊ ချင်ယွင် ရင်းနှီးခဲ့ဖူးသည့် သူတစ်ယောက်လည်း ရှိနေခဲ့ပြီး ထိုလူကတော့ လင်းဟန် ဖြစ်ပါသည် ယခုအချိန်တွင် လင်းဟန်သည် အဋ္ဌမအဆင့် ကောင်းကင်အလွှာ သိုင်းမြို့စားနယ်ပယ်၏ အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ဤကာလအတွင်း သူ၏ကျင့်ကြံမူအခြေခံ တိုးလာစေရန်အတွက် သူ့မိသားစု၏ အရင်းအမြစ်အများပြားကို အသုံးပြုခဲ့ပုံရသည်။

ချင်ယွင်သည် ဖန်းကလန်နှင့်လည်း အလွန်ရင်းနှီးပြီးသား ဖြစ်နေသည်။ ဖန်းကလန် ဘက်မှာ သိုင်းဧကရာဇ်နယ်ပယ်၏ ပထမအဆင့် ကောင်းကင်အလွှာ အထွက်အထိပ် အသက်လတ်ပိုင်းအရွယ် လူတစ်ဦးသာ ရှိခဲ့သည်။ အကယ်၍ ချင်ယွင်၏ ခန့်မှန်းချက်သာ မှန်ကန်ပါက၊ ထိုလူသည် ဖန်းကလန်၏ ကလန်ခေါင်းဆောင် ဖြစ်သင့်သည်။

အခြားသော မဟာမျိုးနွယ်စုကြီးနှစ်ခုနှင့် နှိုင်းယှဉ်ပါက ဂျီကလန်သည် အတော်လေး အားကောင်းပါသည်။ အမှန်တကယ်ပင် ခေါင်းဆောင်က ဆံပင်နီရဲနေသည့် အသက်လတ်ပိုင်းအရွယ် လူတစ်ယောက်ဖြစ်သည်။ ဤလူ၏ကျင့်ကြံမှုအခြေခံသည် သိုင်းဧကရာဇ်နယ်ပယ်၏ ဒုတိယအဆင့်ကောင်းကင်အလွှာသို့ ရောက်ရှိနေပြီ ဖြစ်သည်။

ဆံပင်နီအမျိုးသား၏ နောက်တွင် ဆယ်ကျော်သက်အရွယ် လူနှစ်ယောက် ရပ်နေသည်။ ထုံးစံအတိုင်း၊ သူတို့သည် ဂျီယွမ်နှင့် သဘာဝအတိုင်း တုလုံကျွန်းသို့ စေလွှတ်ခံရသည့် အနီရောင်ဝတ်စုံဝတ် ဆယ်ကျော်သက် လူငယ်တစ်ယောက် ဖြစ်သည်။ ချင်ယွင်သည် နောက်ပိုင်းမှ ထိုလူငယ်အကြောင်းကို မေးမြန်းကြည့်ခဲ့သည်။ အနီရောင်ဝတ်ထားသည့် ထိုဆယ်ကျော်သက်လူငယ်ကို ဂျီဖန်းဟု ခေါ်သည်။

ဂျီယွမ်၏ ကျင့်ကြံမူအခြေခံမှာ မြင့်မားခြင်းမရှိဘဲ ဆဋ္ဌမအဆင့် ကောင်းကင်အလွှာ သိုင်းမြို့စားနယ်ပယ်၏ အထွတ်အထိပ်တွင်သာရှိသည်။ သို့သော်လည်း ထိုဂျီဖန်းသည် နဝမအဆင့် ကောင်းကင်အလွှာ သိုင်းမြို့စားနယ်ပယ်၏ အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်သည်။ သူ့၏သဘောတရားအပေါ်ထိုးထွင်းသိမြင်ဉာဏ်အမြင်က မည်သည့်အဆင့်ကို ရောက်ရှိနေပြီလဲ ဆိုသည်ကိုတော့ မသိရသေးပါဘူး။

မဟာမျိုးနွယ်စုကြီးသုံးခု၏သိုင်းဧကရာဇ်သုံးပါးအပြြင် ချင်ယွင်ကို ခြိမ်းခြောက်မှု အရှိဆုံးမှာ အရိပ်ထဲတွင် ပုန်းအောင်းနေသည့် အနက်ရောင်ဝတ်စုံဝတ်ထားသည့် လူဖြစ်သည်။

တခြားသူတွေက သူ၏တည်ရှိနေမှုကို သတိထားမိပုံမပေါ်ပေ။ သူ၏အစွမ်းက သိုင်းဧကရာဇ်ဘိုင်ဟောက်နှင့် အတူတူပင်ဖြစ်သည်။ သူသည် သိုင်းဧကရာဇ် နယ်ပယ်၏ တတိယအဆင့် ကောင်းကင်အလွှာတွင် ရှိသည်။ ထို့အပြင်၊ ချင်ယွင်သည် သူ၏ခန္ဓာကိုယ်မှ တချိန်တုန်းကတွေ့ခဲ့ဖူးသည့် သိုင်းဧကရာဇ်လျူထျန်းနှင့် တောင်ပံနက် (ဟေးယု)တို့နှင့် အလွန်နီးစပ်သည့် မကောင်းသောအငွေ့အသက်များကို ခံစားနိုင်သည်။

ဤအနက်ရောင်ဝတ်စုံဝတ်လူသည် ကောင်ကင်ဘုံနတ်ဆိုးအဖွဲ့၏ အဖွဲ့ဝင်တစ်ဦး ဖြစ်ကြောင်း ချင်ယွင် မှန်းဆလိုက်သည်။

သို့သော် ချင်ယွင်ကို အံ့အားသင့်စေသည့်အရာမှာ ကောင်းကင်ဘုံ နတ်ဆိုး အဖွဲ့ဝင်များ သည် အင်ပါယာမြို့တော်ထဲမှာ ရောနှောဝင်ရောက်နေခဲ့ကြသော်လည်း အင်ပါယာ မြို့တော်မှ ကျွမ်းကျင်သူများသည် ၎င်းကို လုံးဝ သတိမထားမိခဲ့ခြင်း ဖြစ်သည်။ အင်ပါယာမြို့တော်သည် သူထင်သလောက် မရိုးရှင်းဟု ထင်ရသည်။

ဘုန်း…..

ဤအခိုက်အတန့်တွင် ပထမဆုံးသော လျှပ်စီးကပ်ဘေးဒုက္ခသည် ကောင်းကင်ယံမှ ဆင်းသက်လာသည်။

လျှပ်စီးကြောင်းနှစ်ခုက ရှောင်ဘိုင် နှင့် ရှောင်ကျင်းတို့ကို အသီးသီး ရိုက်ခတ် သွားသည်။

ရှောင်ဘိုင်နှင့် ရှောင်ကျင်းတို့သည် ကပ်ဘေးဒုက္ခတွေကို ကျော်လွှားရန်နှင့် ထိုမိုးကြိုး လျှပ်စီးကြောင်းများ ရင်ဆိုင်ရန်အတွက် ထိုသူတို့၏ ခွန်အားကို အပြည့်အဝ အသုံးပြုခဲ့ ကြသည်။ ချင်ယွင်သည် ရှောင်ဘိုင် နှင့် ရှောင်ကျင်းတို့ကို မည်သူတစ်ဦးတစ်ယောက်မှ ခိုးဝင်တိုက်ခိုက်ခြင်း မပြုနိုင်ရန်အတွက် မြူနှင်းချောက်နက်ဓားကို တင်းတင်း ကြပ်ကြပ် ဆုပ်ကိုင်ထားသည်။

နောက်ဆုံးတွင်၊ ချင်ယွင်သည် ထိုအင်အားစုများသည် ရှောင်ဘိုင် နှင့် ရှောင်ကျင်းတို့ကို အခြားအင်အားစုများ ရယူသွားခြင်းမှ ကာကွယ်ရန်အတွက် ရှောင်ဘိုင်နှင့် ရှောင်ကျင်းတို့ကို သတ်ပစ်ခြင်း ရှိမရှိ အာမမခံနိုင်ပေ။

ဘုန်း…

ရှောင်ဘိုင် နှင့် ရှောင်ကျင်းတို့သည် လွယ်လင့်တကူ ခုခံနိုင်ပြီးနောက် နောက်ထပ် လျှပ်စီးကြောင်းတစ်ခု ဆင်းသက်လာခဲ့သည်။

"လျှပ်စီးကပ်ဘေးဒုက္ခကို ဖြတ်ကျော်ပြီးတာနဲ့ ဒီဆိတ်သုဉ်းခြင်းသားရဲ နှစ်ကောင် အတွက် လှုပ်ရှားဖို့ စောင့်နေလိုက်ပါ။ ဖန်းကလန်နဲ့ ဆေးကလန် ရဲ့ သိုင်းဧကရာဇ်တွေနဲ့ ထိန်းချုပ်နိုင်ဖို့ ဂျိကလန်နဲ့ ငါလက်တွဲရမယ်။ မင်းက ဆိတ်သုဉ်းခြင်း သားရဲနှစ်ကောင်ထဲက တစ်ကောင်မှာ ဒီအဆောင်ကို ထိုးထည့်ရလိမ့် မယ်။" လင်းကလန်မှ မုတ်ဆိတ်ဖြူအဘိုးကြီးက သူ့ဘေးနားရှိ နဝမအဆင့် ကောင်းကင်အလွှာ သိုင်းမြို့စားနယ်ပယ်၏ အထွတ်အထိပ်သို့ ရောက်ရှိနေသော လူအား သူ၏လက်ထဲမှ အဆောင်ကို ပေးအပ်လိုက်သည်။

နဝမအဆင့် ကောင်းကင်အလွှာ သိုင်းမြို့စားနယ်ပယ်၏ အထွတ်အထိပ်သို့ ရောက်ရှိနေသော ထိုလူသည် ခေါင်းညိတ်ပြရင်း အဆောင်ကို လက်ခံလိုက်ပြီး " တော်ဝင်မိသားစုရဲ့ အကြီးအကဲကျိကိုရော ဘယ်လိုလုပ်မလဲ။" ဟု မေးလိုက်သည်။

"စိတ်မပူပါနဲ့၊ သူက အခြေအနေကို စောင့်ကြည့်ဖို့ပဲ ဒီမှာရှိနေတာ။ သူ လှုပ်ရှားမှာ မဟုတ်ဘူး။" လင်းကလန်မှ မုတ်ဆိတ်ဖြူအဘိုးကြီးက ပြောသည်။

နဝမအဆင့် ကောင်းကင်အလွှာ သိုင်းမြို့စားနယ်ပယ်၏ အထွတ်အထိပ်သို့ ရောက်ရှိနေသော ထိုလူသည် ခေါင်းညိတ်လိုက်ပြလိုက်သည်။

တစ်ချိန်တည်းမှာပင် ဂျိကလန်ဘက်တွင်လည်း အလားတူအခင်းအကျင်းတစ်ခု ဖြစ်ပျက်နေခဲ့ပြီး အဆောင်ကိုလက်ခံရရှိသူမှာ သဘာဝအတိုင်း ဂျိဖန်း ဖြစ်သည်။

“ဘုန်း…..” ဘုန်း…….”

ကပ်ဘေးဒုက္ခလျှပ်စီးများသည် တစ်ခုပြီးတစ်ခု ကျဆင်းလာကာ ရှောင်ဘိုင်နှင့် ရှောင်ကျင်းတို့သည် ကြောက်မက်ဖွယ်ကောင်းသော လျှပ်စီးကြောင်းများကို ဆက်တိုက်ဆိုသလို ခုခံရင်ဆိုင်နေကြသည်။

ပထမလျှပ်စီးကြောင်းလေးခုကို၊ ရှောင်ဘိုင် နှင့် ရှောင်ကျင်းတို့သည် အလွယ်တကူ ဖြတ်သွားကြသည်။

သို့သော် ပဉ္စမနှင့် ဆဋ္ဌမမြောက် ကပ်ဘေးဒုက္ခလျှပ်စီးများ၏ ကြီးမားသော စွမ်းအားကြောင့် ရှောင်ဘိုင်နှင့် ရှောင်ကျင်း နှစ်ကောင်စလုံးသည် ဒဏ်ရာပြင်းထန်စွာ ရသွားခဲ့ကြသည်။

ထိုမြင်ကွင်းကို မြင်ရလျှင် မဟာမျိုးနွယ်စုကြီးသုံးခုရှိ ကျွမ်းကျင်သူတွေများ၏ မျက်လုံးတွေက တောက်ပလာခဲ့သည်။

“တိုက်……….”

လင်းကလန်မှ မုတ်ဆိတ်ဖြူအဘိုးအိုက အမိန့်ပေးလိုက်သည်နှင့်အမျှ အင်အားစု အသီးသီး၏ ကျွမ်းကျင်ပညာရှင်များသည်လည်း စတင်လှုပ်ရှားလာကြသည်။

အခန်း (၃၃၂) သိုင်းဧကရာဇ်တစ်ပါးကို ဓားတချက်ဖြင့် သတ်ဖြတ်ခြင်း။

လင်းကလန် သိုင်းဧကရာဇ်၏ အမိန့်ကို ထွက်ပေါ်လာပြီးနောက် အမျိုးမျိုးသော အင်အားစုများသည် ချက်ချင်း လှုပ်ရှားသွားကြသည်။

ဖန်းကလန်၏မျိုးနွယ်စုခေါင်းဆောင်သည် ရှောင်ဘိုင်ဆီသို့ သဘာဝအတိုင်း ပြေးသွား သော်လည်း လင်းကလန်မှ မုတ်ဆိတ်ဖြူအဖိုးကြီး၏ ရုတ်တရက် ထွက်ပေါ်လာ မူကြောင့် သူသည် လမ်းတစ်ဝက်တွင် ရပ်သွားခဲ့ရသည်။

" လင်းကျင်းထျန် ၊ မင်း ဘာသဘောလဲ " ဖန်းကလန်၏ မျိုးနွယ်စုခေါင်းဆောင်က ချက်ချင်း ဒေါသတကြီး အော်ဟစ်လိုက်သည်။

"ထုံးစံအတိုင်းပေါ့ ၊ မင်းကို ငါ တားရမယ်လေ။" လင်းကလန်၏ မုတ်ဆိတ်ဖြူ သိုင်းဧကရာဇ်က ပြုံးလိုက်သည်။

"ဟမ့်၊ ငါ့ကို တားဆီးနေတဲ့အတွက် ဆေးကလန် နဲ့ ဂျီကလန်တို့က မင်းတို့အပေါ် အခွင့်ကောင်းယူသွားမှာ မဟုတ်ဘူးလား" ဖန်းကလန်၏ မျိုးနွယ်စုခေါင်းဆောင်က အေးစက်စွာ အော်ပြောလိုက်သည်။

"စိတ်မပူပါနဲ့၊ ငါ ဒီကိုရောက်မလာခင်ကတည်းက ဂျီကလန်နဲ့ လျှို့ဝှက် တိုင်ပင်ပြီးသွား ပြီ။ ဒီဆိတ်သုဉ်းခြင်းသားရဲတွေကို ငါတို့က တစ်ယောက် တစ်ကောင် ယူလိုက်ရုံပါပဲ။" လင်းကျင်းထျန်က ရယ်မောလိုက်သည်။

"မင်းက စက်ဆုပ်စရာပဲ" ဖန်းကလန်၏မျိုးနွယ်စုခေါင်းဆောင်က ဒေါသတကြီး အော်ဟစ်လိုက်ပါသည်။

လင်းကျင်းထျန်က လှောင်ပြောင်ပြောဆိုပြီးနောက် ဖန်းကလန်၏ မျိုးနွယ်စု ခေါင်းဆောင်နှင့် တိုက်ရိုက် တိုက်ခိုက်တော့သည်။

တစ်ချိန်တည်းမှာပင်၊ ဂျီမျိုးနွယ်စုမှ ဆံပင်နီအမျိုးသားသည် ဒန်ထျန်းယုနှင့် ဆေးအကြီးအကဲတို့နှင့် အတတူ ရောယှက်တိုက်ခိုက်နေကြသည်။ ဆံပင်နီ အမျိုးသား သည် ဒုတိယအဆင့် ကောင်းကင်အလွှာ သိုင်းဧကရာဇ် နယ်ပယ်၏ စွမ်းအားကို အားကိုးပြီး နှစ်ယောက်တစ်ယောက် တိုက်ခိုက်နိုင်သည်။

သိုင်းဧကရာဇ်ဘိုင်ဟောက်နှင့် ပတ်သက်ပြီးတော့ သူက လုံးဝ လှုပ်ရှားခြင်း မရှိခဲ့ပါဘူး။ သူသည် ဘေးနားမှာ တိတ်တဆိတ် ရပ်နေပြီး အရာအားလုံးကို ကြည့်ရူနေသည်။

ချင်ယွင် သည် ဤမြင်ကွင်းကို မြင်သောအခါ အေးစက်သော အပြုံးတစ်ခု သူ၏ပါးစပ်ထောင့်တွင် ပေါ်လာသည်။

ဤနည်းဖြင့် သူသည် ပိုပြီး စိတ်အေးလက်အေး ဖြစ်သွားသည်။

ရုတ်တရက် ချင်ယွင်သည် ရှောင်ဘိုင်ဆီသို့ အပြေးအလွှားသွားနေသည့် ပုံရိပ်တစ်ခုကို တွေ့လိုက်ရသည်။ ရှောင်ဘိုင်ကို ထိန်းချုပ်ရန်အတွက် ဤဖရိုဖရဲအခြေအနေကို အခွင့်ကောင်းယူလိုသည်မှာ ထင်ရှားသည်။

ဤလူသည် လင်းကျင်းထျန် အနားတွင်ရပ်နေခဲ့သော နဝမအဆင့် ကောင်းကင်အလွှာ သိုင်းမြို့စားအဆင့် ကျွမ်းကျင်သူမှလွဲပြီး အခြားသူ မဟုတ်ပါ။

"ဟမ့်၊ လင်းမိသားစုက အဖြူလေးကို ထိန်းချုပ်ဖို့ ဒီအခွင့်အရေးကို အခွင့်ကောင်း ယူချင်တယ်ပေါ့။ မင်းတို့က အလကား စိတ်ကူးယဉ်နေကြတာပဲ"

ချင်ယွင်သည် ရယ်မောကာ အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး

နဝမအဆင့် ကောင်းကင်အလွှာ သိုင်းမြို့စားအဆင့်ကျွမ်းကျင်သူ ဦးတည်သွား လိုက်သည်။

"အား............."

ဓားအလင်းက ချက်ချင်းပင် ကောင်းကင်ယံကို ထိုးဖောက်ဝင်ရောက်သွားသည်။

နဝမအဆင့် ကောင်းကင်အလွှာ အထွတ်အထိပ်သိုင်းမြို့စားအဆင့်ကျွမ်းကျင်သူသည် အော်ဟစ်ပြီး မြေပြင်ပေါ်သို့ လဲကျသွားခဲ့သည်။

ဤအော်သံကြောင့် လူတိုင်း အံ့အားသင့်သွားကြသည်။ သူတို့အားလုံး မြေပြင်ပေါ်သို့ လဲကျသွားသော အလောင်းကိုကြည့်ကာ အံ့အားသင့်သည့် အရိပ်အယောင်များ ပေါ်လာကြသည်။

"ဘာတွေ ဖြစ်နေတာလဲ?" သိုင်းဧကရာဇ်အဆင့်ကျွမ်းကျင်သူများ အားလုံး တိုက်ပွဲကို ရပ်လိုက်ကြပြီး ပြုတ်ကျနေသော အလောင်းကို ကြည့်ကာ အံ့သြစွာ မေးလိုက်ကြ သည်။

"တစ်စုံတစ်ယောက်ပဲ။ ပုံရိပ်တစ်ပုံက စောစောလေးက ဖြတ်သွားခဲ့တယ်။" အဝေးမှာ ရပ်နေသည့် လင်းဟန်က လှမ်းအော်လိုက်သည်။

အစောပိုင်းလေးက အလင်းတန်းတစ်ခုကို သူမြင်လိုက်ရသည်။ နောက်တော့ သူ့မျိုးနွယ်စုဦးလေး၏ ခေါင်းက ပျောက်သွားပြီး ထိုပုံရိပ်သည်လည်း ထူးထူးခြားခြား ပျောက်သွားခဲ့သည်။

သိုင်းဧကရာဇ်အဆင့် ကျွမ်းကျင်သူတို့သည် လင်းဟန်၏စကားကိုကြားသောအခါ၊ နေရာတိုင်းကို ချက်ချင်းရှာဖွေခဲ့ကြသော်လည်း ပတ်ဝန်းကျင်တွင် မည်သည့်ပုံရိပ်မှ မရှိပေ။

ချင်ယွင်သည် အမှောင်ထဲတွင် ပုန်းနေပြီး သူ၏စိတ်ထဲမှ လှောင်ရယ်နေမိသည်။

သူသည် နည်းနည်းလေးမှ တုန့်ဆိုင်းခြင်းမရှိဘဲ ဂျီဖန်းဆီကို တဟုန်ထိုး ပြေးဝင်သွားပြန်သည်။

ထိုအချိန်တွင်၊ ဂျီဖန်းသည် လင်းကလန်၏ ကျွမ်းကျင်ပညာရှင် အသတ်ခံခဲ့ရသော ကြောင့် ရပ်တန့်ကာ အနီးပတ်ဝန်းကျင်ကို စူးစိုက်ကြည့်နေသည်။

ရုတ်တရက် ထက်ရှသော ဓားအလင်းသည် သူ့လည်ပင်းဆီသို့ ဖြတ်သွားခဲ့သည် ။ ၎င်းဓားအလင်း အလွန်မြန်ဆန်သည်၊ မြန်ဆန်လွန်းသဖြင့် သူသည် လုံးဝ မတုံ့ပြန်နိုင်ခဲ့ပေ။

ချွင်!

သို့သော်လည်း ဓားသည် ဂျီဖန်း၏ လည်ပင်းပေါ်သို့ ကျရောက်ခါနီးတွင် ကြက်သွေးရောင် အင်မော်တယ်အဆင့် ချပ်ဝတ်တန်ဆာတစ်ခုသည် ဂျီဖန်း၏ ခန္ဓာကိုယ်ပေါ်တွင် ပေါ်လာသည်။ ပေါ်လာပြီးသည်နှင့် လည်ပင်းကို လုံးလုံးလျားလျား ဖုံးအုပ်သွားခဲ့သည်။

ချင်ယွင်၏လက်ထဲမှ မြူနှင်းချောက်နက်ဓားသည် သူ၏ ချပ်ဝတ်တန်ဆာကို ထိုးဖြတ်သွားခဲ့သော်လည်း အရေးကြီးသည့် သေကွင်းသေကွက်နေရာများကို ရှောင်တိမ်းနိုင်ရန်အတွက် ဂျီဖန်းကို တုံ့ပြန်ဖို့ အချိန်ရသွားစေခဲ့သည်။ သူ၏လည်ပင်း မှာ သွေးထွက်သံယို ဒဏ်ရာတစ်ခုသာ ကျန်ရစ်ခဲ့ပြီး သူ၏ဦးခေါင်းကို တော့ မဖြတ်နိုင်ခဲ့ပါဘူး။

"မင်းပဲ ၊ မင်းက ချင်ယွင်ပဲ !" ဂျီဖန်းက ​အော်ပြော​လိုက်​ပြီး သူ၏အသံမှာအံ့အားသင့်​မှုအပြည့်​နှင့်ပင်။

ဂျီဖန်းသည် သူ ဒီနေရာမှာ ချင်ယွင်ကို အမှန်တကယ် တွေ့ရလိမ့်မည်ဟု တစ်ခါမှ စိတ်မကူးမိခဲ့ပေ။ ယခုလေးတင် သူသည် ချင်ယွင်၏ သတ်ဖြတ်ခံရလုနီးပါး ဖြစ်သွားခဲ့ရသည်။

အရေးအကြီးဆုံးအချက် သူသည် အင်မော်တယ်ချပ်ဝတ်တန်ဆာကို အသုံးပြုထား သော်လည်း ချင်ယွင်က သူ့ကို ဒဏ်ရာရအောင် လုပ်နိုင်ပါသေးသည်။

ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။

ချင်ယွင်လည်း အနည်းငယ် အံ့သြသွားသည်။ သူ့ကို အနှေးနှင့်အမြန် ရှာဖွေတွေ့ရှိလိမ့် မည်ဟု သူသိထားသော်လည်း ဂျီဖန်းမှာ သူ့ကို ကာကွယ်ပေးထားသည့် အင်မော်တယ် ချပ်ဝတ်တန်ဆာရှိနေလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပါဘူး။

ဂျီဖန်း၏ ကျယ်လောင်သော အော်ဟစ်သံကို ကြားလိုက်ပြီးနောက် လူတိုင်းက ချင်ယွင်ဆီသို့ ချက်ချင်း ကြည့်လိုက်ကြသည်။ ချင်ယွင်ကို တွေ့လိုက်သောအခါ အားလုံး အံ့ဩသွားကြသည်။

ဒန်ထျန်းယုနှင့် ဆေးအကြီးအကဲတို့သည် အကြည့်ချင်းဖလှယ်ကြပြီး သူတို့၏ မျက်လုံးများသည် အံ့အားသင့်မှုများဖြင့် ပြည့်နှက်နေသည်။ ချင်ယွင်က အင်ပါယာနန်းတော်ထဲကို မဝင်ဘူးခဲ့လား။ ဘာလို့ သူက ဒီကို ရောက်နေရတာလဲ။

အံ့သြတုန်လှုပ်စရာအကောင်းဆုံးလူက အကြီးအကဲကျိဖြစ်ပြီး သူသည် အရှေ့ပိုင်းနေ (တုန်းယန်)နန်းတော်ကို အမြဲစောင့်ကြပ်နေပါသည်။ ချင်ယွင်သည် အရှေ့ပိုင်းနေ နန်းတော်မှ မထွက်သေးကြောင်း သူ လုံး၀သေချာပါသည်။ ထိုသို့ဖြစ်လျှင် သူက အဘယ့်ကြောင့် ဤနေရာမှာ ရုတ်တရက် ပေါ်လာရသနည်း။

ဒီကောင်က သူမသိဘဲ ထွက်ပြေးသွားတာများ ဖြစ်နိုင်သလား။

သိုင်းဧကရာဇ်အဆင့်ကျွမ်းကျင်ပညာရှင်များ သူ့ကို ရှာဖွေတွေ့ရှိသည်ကိုမြင်လျှင် ချင်ယွင်လည်း သဘာဝအတိုင်း ဖုံးကွယ်ထားစရာ မလိုတော့သည့်အတွက် သူသည် ချက်ချင်းပဲ ထွက်ပေါ်လာကာ လက်ညိုးထိုးပြီး ပြောလိုက်လေသည်" ဒီဆိတ်သုဉ်းခြင်း သားရဲနှစ်ကောင်က ကျွန်တော့် အိမ်မွေးတိရစ္ဆာန်တွေပါ၊ အခု သူတို့ဟာ ကပ်ဘေးဒုက္ခကို ဖြတ်ကျော်ချင်တာကြောင့် ထွက်လာခဲ့ကြတာ ဖြစ်တယ်။ အခု သူတို့က ကျွန်တော်ကို သူတို့ရဲ့သခင်အဖြစ် အသိအမှတ်ပြုပြီးသားဆိုမှတော့ ခင်ဗျားတို့က ဘာလို့ ပြန်မသွားကြသေးတာလဲ။"

ထိုစကားပြောပြီးသည်နှင့် ပရိသတ်အားလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။

ဤဆိတ်သုဉ်းခြင်း သားရဲနှစ်ကောင်ကို သူတို့၏ရှေ့မှောက်မှာရှိနေသည့် ဤလူငယ် လေးက ပိုင်ဆိုင်ထားသည်တဲ့လား။

မဟာမျိုးနွယ်စုကြီး သုံးခုစလုံးက ချင်ယွင်အကြောင်းကို သိကြထားသည်။ အမှန်တကယ်တော့၊ တုလုံကျွန်းမှာတုန်းက ကြီးမားသည့် ရုန်းရင်းဆန်ခတ် ဖြစ်မှုတွေ နှင့် ဘေဟိုင်သိုင်းမြို့စားကို သတ်ဖြတ်ခြင်းစသည့် အလုပ်မျိုးကို လူတိုင်း မလုပ်နိုင် ကြပါဘူး။ ထို့ကြောင့် ချင်ယွင်၏ အချက်အလက်များကို မဟာမျိုးနွယ်စုကြီးသုံးခု၏ စားပွဲပေါ်တွင် တင်ထားပြီးဖြစ်သည်။

ချင်ယွင်၏ စကားကိုကြားလျှင် သူတို့သည် လေးလေးနက်နက် တွေးလိုက်မိသည်။

အမှောင်ထဲတွင်ရှိနေသည့် အနက်ရောင်ဝတ်ရုံဝတ် သိုင်းဧကရာဇ်လည်း ထိတ်လန့် သွားသည်။ ချင်ယွင်ကိုကြည့်ရင်း သူ၏မျက်လုံးများတွင် သတ်ဖြတ်လိုသည့် ဆန္ဒ အရိပ်အယောင် ပေါ်လာသည်။

"ဟမ့်၊ ဒါဆို ဒီဆိတ်သုဉ်းခြင်း သားရဲနှစ်ကောင်ကို မင်းပိုင်တယ်ဆိုရင်ရော ဘာဖြစ်လဲ၊ မင်းက သခင်ဖြစ်တယ်ဆိုရင်ရော ဘာလုပ်ရမှာလဲ၊ မင်းက နဝမအဆင့် ကောင်းကင်အလွှာ သိုင်းမြို့စားအဆင့် အထွတ်အထိပ်မှာရှိနေတဲ့ ပုရွက်ဆိတ် တစ်ကောင် သာသာပဲလေ။ မင်းက ကိုယ့်ကိုကိုယ် ကာကွယ်နိုင်မယ်လို့ ထင်နေတာလား။ တကယ်လို့ မင်းကို သတ်လိုက်မယ်ဆိုရင် ဒီဆိတ်သုဉ်းခြင်း သားရဲနှစ်ကောင်က ပိုင်ရှင်မဲ့ ဖြစ်မသွားဘူးလား၊ ဒါ့အပြင် မင်းက ငါ့ လင်းကလန်ရဲ့ ပါရမီရှင်တွေအများကြီးကို သတ်ပစ်ခဲ့တယ်။ ဒီနေ့ မင်းကို သတ်ပစ်ရမယ်။ လင်းကျင်းထျန်က အထင်သေးဟန်ဖြင့် အေးစက်စွာ ပြောလိုက်သည်။

သူ၏မျက်လုံးများတွင် သတ်ဖြတ်ချင်စိတ်များ ပြည့်နှက်နေ၏။ ထို့နောက် သူ၏ ရုပ်အသွင်အပြင်သည် အလင်းတန်းများအဖြစ်သို့ ပြောင်းလဲသွားကာ

ချင်ယွင်ဆီသို့ တဟုန်ထိုး ပြေးဝင်သွားခဲ့သည်။

ချင်ယွင်က အထင်သေးဟန်ဖြင့် ရယ်မောလိုက်ပြီး အေးဆေးတည်ငြိမ်သည့် အမူအရာဖြင့် ပြေးဝင်လာနေသည့် လင်းကျင်းထျန်ကို ကြည့်လိုက်သည်။

အကယ်၍ သူသည် ဓားဆန္ဒမှာ အဆင့်မချိုးဖြတ်နိုင်ခင်ကဆိုလျှင် သိုင်းဧကရာဇ် နယ်ပယ်၏ ပထမအဆင့် ကောင်းကင်အလွှာ အထွတ်အထိပ် ကျွမ်းကျင်ပညာရှင် တစ်ဦးနှင့် ရင်ဆိုင်ရပါက၊ သူကြောက်ရွံ့နေပေလိမ့်မည်၊ သို့သော် ယခု ကြောက်သင့်သောသူမှာ လင်းကျင်းထျန် ဖြစ်သင့်သည်။

"သေလိုက်တော့!"

လင်းကျင်းထျန်သည် ချင်ယွင်၏ရှေ့မှာ တိုက်ရိုက်ပေါ်လာသည်။ သူ၏လက်ဖဝါးကို အေးစက်သော အလင်းရောင်ဖြင့် ဖုံးအုပ်ထားပြီး ချင်ယွင်၏ခေါင်းကို တိုက်ရိုက် ထိုးဖောက်လိုဟန်ဖြင့် သူ၏လက်များကို ခြေသည်းများအသွင် ပြောင်းလိုက်သည်။

"ဟမ့်၊ ခင်ဗျားကသာ သေထိုက်တဲ့လူပဲ!"

ချင်ယွင်က ရယ်မောလိုက်ပြီး ထိုအခိုက်တန့်တွင် သူ၏လက်ထဲရှိ မြူနှင်းချောက်နက် ဓားက လှုပ်သွားသည်။

လွမ်းမောတောင့်တခြင်း အမျှင်တန်းတစ်ခုကို ဖန်တီးပြီး တခဏအတွင်း ပစ်ချလိုက်သည်။

ဓားအလင်းသည် ပြင်းထန်လုနီးပါး ဖြစ်နေပြီ။

လူတိုင်းသည် လေထဲတွင် တဖျပ်ဖျပ်ခတ်ကာ ပျောက်ကွယ်သွားသည့် စိမ်းပြာရောင် အမျှင်တန်းတစ်ခုကိုသာ မြင်နိုင်ကြသည်။

လင်းကျင်းထျန်သည် သူ၏လည်ပင်းကိုလက်ဖြင့်အုပ်ကာ မျက်လုံးမျက်ဆန်ပြူးပြီး အလွန်ထိတ်လန့်တုန်လှုပ်နေသည့် အမူအယာ ထွက်ပေါ်လာသည်။

သို့သော် သူ၏လည်ပင်းမှ သွေးစိမ်းများ ထွက်ကျလာသည်။ နောက်ဆုံးတွင် သူ၏ ဦးခေါင်းတစ်ခုလုံး မြေပြင်ပေါ် ပြုတ်ကျသွားပြီး လှိမ့်သွားသည်။

"ဘာလဲဟ?"

ကောင်းကင်ယံမှာရှိနေသည့် သိုင်းဧကရာဇ်ဘိုင်ဟောက်အပါအဝင် လူတိုင်းသည် အလွန်တုန်လှုပ်သော အမူအရာများ ဖြစ်ပေါ်နေကြသည်။

ပထမအဆင့် ကောင်းကင်အလွှာ အထွတ်အထိပ် သိုင်းဧကရာဇ်တစ်ပါးသည် ဓားတချက်တည်းဖြင့် အမှန်တကယ် သေဆုံးခဲ့ခြင်း ဖြစ်သည်။

ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ထို့အပြင် တိုက်ခိုက်ခဲ့သည့်လူက သိုင်းမြို့စား နယ်ပယ်၏ နဝမအဆင့် ကောင်းကင်အလွှာ အထွက်အထိပ်မှာရှိနေသည့် လူငယ်တစ်ဦး ဖြစ်နေသည်။

သိုင်းဧကရာဇ်အဆင့် ကျွမ်းကျင်သူအားလုံး အချင်းချင်း ထိတ်လန့်စွာ ကြည့်နေကြ သည်။

ဘေးတွင်ရပ်နေသော ဂျီဖန်းလည်း အံ့ဩမင်သက်သွားသည်။ မူလကတော့ နောက်ဆုံး အကြိမ် တုလုံကျွန်းမှာတုန်းက သူတို့သည် ချင်ယွင်ကို ပူးပေါင်း ကြံစည်ခဲ့ကြ သော်လည်း မျက်နှာပျက်ခဲ့ရပြီး ယခုတစ်ကြိမ်တွင် မျက်နှာပြန်ရနိုင်မည်ဟု သူထင်ထားခဲ့သော်လည်း ယခုမူ ချင်ယွင်သည် ကြောက်မက်ဖွယ်ကောင်းသည့် အဆင့်အထိ ကြီးထွားလာနေသည်ကို သူတွေ့ရှိလိုက်ရသည်။

သေချာသည်မှာ, ထိတ်လန့်တုန်လှုပ်ဆုံးလူကတော့ လင်းဟန် ဖြစ်ပါသည်။ ထိုအချိန်တွင် သူသည် ချင်ယွင်ကို ကြည့်ရင်း တစ္ဆေတစ်ကောင်ကို မြင်တွေ့ ရသည်နှင့် တူနေသည်။ သူ၏နှလုံးသားထဲမှာ အကြောက်တရားတွေသာ စွဲကျန်ထင်ရစ် နေခဲ့သည်။

အခန်း (၃၃၃) အကျပ်အတည်းကြီး ကျရောက်လာခြင်း။

လင်းဟန်သည် ချင်ယွင်ကြောင့် အမှန်တကယ် အရူးအမူး ကြောက်ရွံ့သွားခဲ့သည်။

တုလုံကျွန်းမှာကတည်းက ချင်ယွင်က သူ့ကို အိပ်မက်ဆိုးတစ်ခုလို အနှောင့်ယှက် ဖြစ်လာခဲ့သည်။

ယခုအချိန်တွင် အစွမ်းထက်ဆုံးဖြစ်သည့် မျိုးနွယ်စု၏ အကြီးအကဲသည် ချင်ယွင်၏ ဓားချက်ဖြင့် ခေါင်းပြတ်သွားသည်ကို မြင်လိုက်ရသောအခါတွင် သူ၏နှလုံးသား အောက်ခြေမှ ကြောက်ရွံ့မှုများ လျင်မြန်စွာ ထွက်ပေါ်လာလေသည်။

“ဒီချင်ယွင်က နတ်ဆိုး.........နတ်ဆိုး....... တစ်ကောင်ပဲ" သူသည် ကြောက်လန့်တကြား အော်ဟစ်ပြီး အဝေးကို ပြေးထွက်သွားတော့သည်။

မည်သူမှ သူ့ကို မတားသလို မည်သူမှလည်း ဂရုမစိုက်ပေ။

ဤတိုက်ပွဲအပြီးတွင် သိုင်းဧကရာဇ်အဆင့် ကျွမ်းကျင်သူ မရှိတော့သည့် လင်းမျိုးနွယ်စုကြီးသည် မဟာမျိုးနွယ်စုကြီးသုံးခု၏ ယဇ်ပလ္လင်များအထက်မှ ပြုတ်ကျ သွားနိုင်ဖွယ်ရှိသည်။

"လူတိုင်း၊ ကျွန်တော်ရဲ့ ဆိတ်သုဉ်းခြင်းသားရဲနှစ်ကောင်ကို ဘယ်သူခိုးချင်သေးလဲ" ချင်ယွင်သည် သူ၏လက်ထဲတွင် မြူနှင်းချောက်နက် ဓားပျော့ကို ကိုင်ထားပြီး လေးနက်ခြင်းမရှိသလို ဘာမှမထူးခြားသည့် လေသံမျိုးဖြင့် ပြောလိုက်သော်လည်း အလွန်အမင်း ခြိမ်းခြောက်နိုင်သည့် သဘောမျိုးပါဝင်နေသည်။

တခဏကြာအောင် စဉ်းစားပြီးနောက်၊ ဖန်းကလန်၏ မျိုးနွယ်စုခေါင်းဆောင်က ကျယ်လောင်စွာ ရယ်မောလိုက်ပြီး ပြောလိုက်လေသည် "မင်းက တကယ့်ကို ပါရမီရှင် လူငယ်တစ်ယောက်ပါ။ မင်းရဲ့ အထွတ်အထိပ် ကျင့်ကြံမူနဲ့အတူ၊ မင်းက ပထမအဆင့် ကောင်းကင်အလွှာ အထွတ်အထိပ်ရောက်နေတဲ့ သိုင်းဧကရာဇ်တစ်ပါးကိုတောင် ဓားတစ်ချက်တည်းနဲ့ သတ်ပစ်နိုင်တယ်။ တကယ်လို့ ဒီသတင်းသာ အပြင်ကိုပျံ့သွားရင် ဒီကမ္ဘာကြီးတစ်ခုလုံး တုန်လှုပ်ခြောက်ခြားသွားတောင် ငါ ကြောက်မိတယ်"

ချင်ယွင်က မထူးဆန်းသလို ပြုံးလိုက်သည်။ ဒီလိုနာမည်အတုယောင် ကျော်ကြားမူတွေ ကို သူက လုံးဝ ဂရုမစိုက်ပါဘူး။

သူ၏နှလုံးသားထဲမှာ သူအလေးထားဆုံးအရာက သူအချစ်ဆုံးလူတွေကို ကာကွယ်ဖို့ဘဲ ဖြစ်သည်။

"ဒီဆိတ်သုဉ်းခြင်းသားရဲနှစ်ကောင်က ညီငယ်ချင်နဲ့ သက်ဆိုင်နေမှတော့ ငါတို့မိသားစုက သဘာဝအတိုင်း ထပ်ပြီး တိုက်ခိုက်မှာ မဟုတ်ပါဘူး။ ငါဖန်းယွန်ရှန်က ညီငယ်ချင်ကို နှုတ်ဆက်ခဲ့ပါတယ်။ ညီငယ်ချင်က ငါတို့အိမ်ကို အချိန်ရရင် ဧည့်သည်အဖြစ် လာလည်ပါဦး။ ငါက ညီငယ်ချင်ကို ကျိန်းသေပေါက် ကြိုဆိုမှာပါ" ဖန်းယွန်ရှန်သည် သူ၏ လက်နှစ်ဖက်ကိုယှက်ကာ နှုတ်ဆက်ပြီးနောက် အလင်းတန်း တစ်ခုအဖြစ်သို့ ပြောင်းလဲပြီး ထွက်ခွာသွားတော့သည်။

ချင်ယွင်သည် ဖန်းကလန်ကို အမြဲတမ်း ကောင်းမွန်သည့် အမြင်ရှိသည်။ ယခင်က သူနှင့် ပဋိပက္ခများစွာလည်း မရှိခဲ့သဖြင့် ဖန်းယွန်ရှန်၏ ထွက်ခွာသွားခြင်းကို ချင်ယွင်က သဘာဝအတိုင်း ကန့်ကွက်ခြင်း မရှိပေ။

ယခုအချိန်တွင် ဂျီကလန်၊ ဆေးကလန် နှင့် သိုင်းဧကရာဇ်ဘိုင်ဟောက်ခေါ် အကြီးအကဲ ကျိတို့သာ ကျန်တော့သည်။ ဟုတ်ပါသည် အမှောင်ရိပ်ထဲမှာ ပုန်းအောင်းနေသည့် အနက်ရောင်ဝတ်လူတစ်ယောက်လည်း ရှိပါသေးသည်။

ဆေးအကြီးအကဲရော သိုင်းဧကရာဇ်ဘိုင်ဟောက်ရော လှုပ်ရှားမှာ မဟုတ်သလို အနက်ရောင်ဝတ်ရုံဝတ် လူသည်လည်း သူ၏မျက်နှာကို ထုတ်ဖော်ပြသဖို့ ရည်ရွယ်ချက်မရှိပေ။ ထို့ကြောင့် စင်မြင့်ပေါ်မှာ ဂျီကလန်တစ်ယောက်သာ ကျန်ပါတော့သည်။

ချင်ယွင်သည် ဂျီကလန် ဦးတည်ရာဆီသို့ လှည့်ကြည့်လိုက်သည်။ ဆံပင်နီ အမျိုးသားသည် ချင်ယွင်ကို စူးရှသောအကြည့်ဖြင့် ကြည့်လိုက်သည်၊ သူ၏ အကြည့်သည် သတ်ဖြတ်လိုသည့် အရိပ်အယောင်ကို သယ်ဆောင်လာသည်။

ဂျီယွမ် နှင့် ဂျီဖန်းတို့သည် ဆံပင်နီအမျိုးသား၏ နောက်တွင် ရပ်နေကာ ချင်ယွင်ကို ကြည့်ရင်း သူတို့မျက်လုံးက မနာလိုမှုနှင့်အတူ အေးစက်မှုများ ပြည့်နှက်နေသည်။

ချင်ယွင်သည် ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ စိတ်ထဲတွင် လှောင်ရယ် သွားမိ သည်။ ဂျီကလန်သည် အရှုံးမပေးသေးဘဲ ရှောင်ဘိုင်နှင့်ရှောင်ကျင်းတို့ကို သူ့ထံမှ အဝေးကို ခေါ်ဆောင်သွားချင်သေးပုံရသည်။ ထိုသို့ဖြစ်ခြင်းကြောင့် လင်းကလန်၏ ခြေရာအတိုင်း ဂျီကလန်ကို လိုက်ခိုင်းလိုက်မည်ဆိုလျှင်လည်း သူစိတ်ထဲထားစရာ မလိုတော့ပေ။

ထိုအချိန်တုန်းက ဂျီယွမ်သည် မိုးကြိုးဝိညာဉ်ဂိုဏ်းမှာ ကျန်းရွှန်ရှင်းကို ဖမ်းရန် သူ၏ လူများစေလွှတ်ခဲ့ပြီး သူသည် ချင်ယွင်၏ ပြောင်းပြန်ကြေးခွံကို စော်ကားခဲ့ပြီး ဖြစ်သည်။ မိုးကြိုးဝိညာဉ်ဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင်က သူ့ကို တားမြစ်ခြင်း ကြောင့်သာ၊ မဟုတ်လျှင် ချင်ယွင်သည် ဤဂျီယွမ်ကို သတ်ပစ်မည်မှာ သေချာပါသည်။

နောက်ပိုင်းတွင် တုလုံကျွန်းမှာတုန်းက ဂျီယွမ်သည် ဂျီဖန်းနှင့်အတူ သူ၏နောက်ကို လိုက်လာခဲ့ပြီး ဂျီဖန်းဆိုလျှင် ချင်ယွင်ကို သတ်လုနီးပါး တိုက်ခိုက်ခဲ့သည်။

ဤအရာအားလုံးနှင့်အတူ ဂျီကလန်အပေါ် ချင်ယွင်၏ အမုန်းအာဃာတတွေက ရစ်ပတ်နေခဲ့သည်မှာ ကြာခဲ့ပါပြီ.။

"ကောင်စုတ်လေး၊ ဒီဆိတ်သုဉ်းခြင်းသားရဲနှစ်ကောင်ကို လွှဲပြောင်းပေးဖို့ မင်းကို ငါအကြံပေးတယ်။ မဟုတ်ရင် မင်း စိတ်ဆင်းရဲစွာနဲ့ သေဆုံးရလိမ့်မယ်" ဆံပင်နီ အမျိုးသားက ချင်ယွင်ကိုကြည့်ကာ ဒေါသတကြီး ပြောသည်။

"ဟမ့်၊ ပေါက်တက်ကရ စကားတွေကို ရပ်လိုက်တော့။ တကယ်လို့ ခင်ဗျား လှုပ်ရှားချင်တယ်ဆိုရင် လုပ်လိုက်ပါ။ ဒီဆိတ်သုဉ်းခြင်းသားရဲနှစ်ကောင်ကို ကျုပ်က လက်လွှတ်ပေးမှာ မဟုတ်ဘူး။" ဟု ချင်ယွင်က ပြောလိုက်လေသည်။ သတ်ဖြတ်လို သည့် အရိပ်အယောင်က သူ၏မျက်လုံးထဲသို့ တိုးဝင်လာခဲ့သည်။ ဤဂျီကလန်၏ လူများသည် အမှန်တကယ်ပင် နိုင်လိုမင်းထက်ပြုမူလွန်းသည်။

"မင်းက သေချင်နေတာဘဲ" ဆံပင်နီအမျိုးသားသည် ချက်ချင်းပင် ဒေါသထွက်သွားလေ သည်။ ချင်ယွင်၏လေသံက သူ့ကို အလွန်စိတ်မချမ်းမသာ ဖြစ်စေသည်မှာ ထင်ရှားသည်။ သူ့ကို ယခုလိုစကားမျိုး မည်သူမှ မပြောရဲကြပေ။

"ခင်ဗျားကမှ သေခြင်းတရားကို တောင်းခံနေတဲ့ ကောင်ပဲ၊ မဟုတ်ဘူးလား" ချင်ယွင်က ကြောက်ရွံ့ခြင်းမရှိဘဲ ပြန်ပြောလိုက်သည်။

ဆံပင်နီအမျိုးသားသည် ချက်ချင်းပင် ဒေါသတကြီးဖြစ်သွားကာ သူ၏လက်များသည် တောက်လောင်နေသော မီးတောက်များဖြင့် အမှန်တကယ် လောင်ကျွမ်းသွားသည်။

"တော်လောက်ပြီ......"

ဤအခိုက်အတန့်တွင် အဝေးမှာ မလှုပ်မယှက် ရပ်နေသည့် အကြီးအကဲကျိသည် နောက်ဆုံးတွင် မနေနိုင်ဘဲ စကားပြောလာရသည်။

"ဂျီယန်၊ လူစုခွဲလိုက်ရအောင်။ မင်း ဒီချင်ယွင်ကို လုံးဝ သတ်လို့မရဘူး။ သူက ဆဋ္ဌမမင်းသားလေးရဲ့ ဧည့်သည်တော်ပဲ" အကြီးအကဲကျိက ပြောလိုက်သည်။

ချင်ယွင်က သေချာပေါက် သေလို့မရနိုင်ပေ. ဆဋ္ဌမမင်းသား၏အသက်သည် ချင်ယွင်၏ ကယ်တင်မူကို စောင့်မျှော်နေရဆဲ ဖြစ်သည်။

ဤနည်းဖြင့် ဆက်လက်တိုက်ခိုက်ရန် မလိုအပ်တော့ပေ။

ဂျီကလန်မှ ဆံပင်နီအမျိုးသားသည် အကြီးအကဲကျိ၏ စကားကိုကြားသောအခါ၊ သူ၏လက်ထဲမှ မီးတောက်များကို နည်းနည်းလေးမှ စိတ်မပါသည့်ဟန်ဖြင့် ရုတ်သိမ်းလိုက်ပြီး ချင်ယွင်ကို အေးစက်စွာ ကြည့်နေလေသည်။

"မင်း နောက်တကြိမ် ငါနဲ့မတွေ့စေနဲ့။ ဒါမှမဟုတ် ငါ့ဂျီကလန်ကို စော်ကားခြင်းရဲ့ အကျိုးဆက်တွေကို မင်းသိအောင် ပြရလိမ့်မယ်" ဂျီယန်က အေးစက်စွာ အော်ဟစ်လိုက်ပြီး ဂျီယွမ်နှင့် ဂျီဖန်းတို့နှင့်အတူ ထွက်ခွာသွားတော့သည်။

ထွက်သွားသောအခါ ဂျီယွမ်နှင့် ဂျီဖန်းနှစ်ယောက်စလုံးသည် ချင်ယွင်ကို အပြင်းအထန် စိုက်ကြည့်သွားကြသည်။ ရှင်းနေသည်မှာ၊ သူတို့သည် ချင်ယွင်ကို သူတို့၏ နှလုံးသားထဲတွင် သတ်ပစ်ချင်နေခဲ့ကြသည်။

ချင်ယွင်က သရော်ဟန်ဖြင့် ရယ်မောမိသည်။ သူ၏ လက်ရှိအင်အားဖြင့်၊ အကယ်၍ ဂျီကလန်သည် မောက်မာပြီး သူ့အတွက် ဒုက္ခပေးမည်ဆိုပါက၊ သူသည် ၎င်းတို့ကလန် တစ်ခုလုံးကို ဖျက်ဆီးပစ်ရမည်ဆိုလျှင် စိတ်ထဲ ထားမည်မဟုတ်ပေ။

ဂျီကလန်မှ ဆံပင်နီအမျိုးသား ထွက်ခွာသွားပြီးနောက် အနက်ရောင်၀တ်စုံဝတ် လူသည်လည်း တိတ်တဆိတ် ထွက်ခွာသွားတော့သည်။ သိုင်းဧကရာဇ်ဘိုင်ဟောက်၏ ရှေ့မှောက်တွင် သူသည် လှုပ်ရှားရန် အခွင့်အရေးမရှိသည်မှာ ထင်ရှားပါသည်။

သို့သော် အနက်ရောင်ဝတ်ရုံဝတ်လူ၏ ထွက်ပေါ်လာမူကြောင့် ချင်ယွင်သည် အလွန် စိတ်မသက်မသာ ဖြစ်ခဲ့ရသည်။ အင်ပါယာမြို့တော်မှာ ကြီးကြီးမားမား တစ်ခုခု ဖြစ်ပျက်တော့မည်ဟု သူအမြဲတမ်း ခံစားခဲ့နေရသည်။

မဟာမျိုးနွယ်စုကြီးသုံးခုသည် တစ်ခုပြီးတစ်ခု ထွက်ခွာသွားပြီးနောက် ကွင်းပြင်ထဲတွင် ဆေးကလန်တစ်ခုသာ ကျန်တော့သည်။

ဆေးကလန်သည် ချင်ယွင်ကို တိုက်ခိုက်ရန် သဘာဝအတိုင်း မဖြစ်နိုင်ပေ။ ဒန်ထျန်းယု နှင့် အခြားသူများသည် သူတို့မပြန်မီ ချင်ယွင်နှင့် စကားအနည်းငယ် ပြောသွားကြ သည်။

ချင်ယွင်ကတော့ သိုင်းဧကရာဇ်ဘိုင်ဟောက်၏သဘာဝအတိုင်း တော်ဝင်နန်းတော်ကို ပြန်သွားခဲ့ရသည်။ သေချာသည်မှာ ချင်ယွင်သည် ရှောင်ဘိုင်နှင့် ရှောင်ကျင်းတို့ကို သူနှင့်အတူ ယူခဲ့လည်း မမေ့သွားခဲ့ပါဘူး။

ယခု ရှောင်ဘိုင်နှင့်ရှောင်ကျင်းတို့သည် အဆင့်ငါးသို့ တရားဝင် ဖြတ်ကျော်သွားကြပြီ ဖြစ်ပြီး သူတို့၏အင်အားသည် သာမန်ဒုတိယ အဆင့် ကောင်းကင်အလွှာ သိုင်းဧကရာဇ် တစ်ပါးနှင့်ပင် ယှဉ်နိုင်သောကြောင့် ချင်ယွင်တွင် နောက်ထပ် သိုင်းဧကရာဇ်နှစ်ပါး ရှိသည်ဟု ဆိုလိုခြင်းဖြစ်သည်။

ဒုတိယအဆင့် ကောင်းကင်အလွှာ အထွက်အထိပ် သိုင်းဧကရာဇ်တစ်ပါးထက် အားမနည်းသော ချင်ယွင်၏ ကိုယ်ပိုင်အင်အားနှင့်ဆိုလျှင် ချင်ယွင်၏ လက်ရှိ အင်အားသည် တော်ဝင်မိသားစုမှ လွဲ၍ အင်ပါယာအတွင်းရှိ မည်သည့်အဖွဲ့ခွဲကိုမဆို သုတ်သင်ပစ်နိုင်လောက်အောင် လုံလောက်သည်ဟု ဆိုနိုင်သည်။

သို့သော် ချင်ယွင်သည် အနည်းငယ် စိတ်မသက်မသာ ဖြစ်နေဆဲပင်။ အနက်ရောင် ဝတ်စုံဝတ်လူ၏ ထွက်ပေါ်လာမူကြောင့် မြို့တော်အတွင်းသို့ ကောင်းကင်ဘုံနတ်ဆိုး အဖွဲ့မှ စိမ့်ဝင်နေပြီဟု ချင်ယွင်က သံသယဖြစ်ခဲ့သည်။ ယခုတစ်ကြိမ်၊ ဧကရာဇ်မင်းမြတ် ဒါယန်း၏မွေးနေ့သည် ကောင်းကင်ဘုံ နတ်ဆိုးအဖွဲ့အတွက် ပွဲကြီးပွဲကောင်းတစ်ခု ဖြစ်လာဖွယ်ရှိသည်။

တကယ်တော့ သူ့အထင်က မှန်ပါသည်။ ဧကရာဇ်မင်းမြတ်ဒါယန်း၏ မွေးနေ့ နီးကပ်လာသည်နှင့် အမျှ မြို့တော်တစ်ခုလုံးသည် ပို၍ပို၍ အသက်ဝင် လှုပ်ရှားလာသည်။ ဧကရာဇ်မင်းမြတ်နှင့်အတူ မွေးနေ့ပွဲမှာပါဝင်ဆင်နွှဲရန်အတွက် အင်အားစုအမျိုးမျိုးမှ အနှောင်ဖွဲ့ကင်းသည့် ကျင့်ကြံသူများသည်လည်း အင်ပါယာ မြို့တော်သို့ အပြေးအလွှား ရောက်လာကြသည်။

လူအုပ်ကြီးသည် အင်ပါယာမြို့တော်သို့ ဝင်ခါနီးတွင် ထူးဆန်းသော အသွင်အပြင်ရှိသည့် လူသုံးယောက်သည်လည်း စစ်တပ်နောက်မှ လိုက်ပါလာခဲ့ပြီး တော်ဝင်မြို့တော် အင်ပါယာမြို့တော်ဆီသို့ ဖြည်းညှင်းစွာ လျှောက်လာခဲ့ကြသည်။

သူတို့သုံးယောက်စလုံးသည် အနက်ရောင်၀တ်စုံများ ၀တ်ထားကြသည်။ သို့သော်လည်း သူတို့သည် လွတ်လပ်ပေါ့ပါးသည့် အသွင်အပြင်မရှိဘဲ ဦးထုပ်များကို လည်း စောင်းမထားပေ။ ထိုသို့ဆိုလျှင်ပင် ပတ်ဝန်းကျင်ရှိလူများသည် သူတို့နှင့် ဝေးဝေးခွာသွားရန် ရွေးချယ်ကြသည်။ အကြောင်းမှာ သူတို့၏ခန္ဓာကိုယ်သည် ဆိုးရွားသော အေးစက်မှုနှင့် မိစ္ဆာဆန်သည့် အငွေ့သက်များဖြင့် ပြည့်နှက်နေ သောကြောင့်ဖြစ်သည်။

အကယ်၍ ချင်ယွင်သာ ဤနေမှာရှိနေခဲ့မည်ဆိုလျှင် သူသည် ထိုလူသုံးယောက်ထဲမှ တစ်ယောက်ကို သေချာပေါက် မှတ်မိပါလိမ့်မည်။ ထိုလူ၏မျက်နှာက သူ အရမ်းရင်းနှီးခဲ့သည့် မျက်နှာဖြစ်သည်။ ထိုလူသည် ထိုနေ့တုန်းက ကောင်းကင်ဆေးစံအိမ်တွင် ဒန်ထျန်းချန်၏ အလောင်းကို သိမ်းပိုက်သွားခဲ့သော သိုင်းဧကရာဇ် လျူထျန်းမှလွဲ၍ အခြားသူမဟုတ်ပေ။

ယခုအချိန်တွင် သူ၏ကျင့်ကြံမှုအခြေခံသည် ဆဋ္ဌမအဆင့် ကောင်းကင်အလွှာ အထွက်အထိပ် သိုင်းဧကရာဇ်တစ်ပါးအဖြစ်သို့ ပြန်လည်ရောက်ရှိနေပြီ ဖြစ်သည်။ သို့သော်လည်း သူသည် ထိုလူသုံးယောက်၏နောက်တွင်သာ ရပ်နေရသည်။ အထူးသဖြင့် အနက်ရောင်ဝတ်စုံဝတ် ဦးဆောင်သူအား လှမ်းကြည့်လိုက်သောအခါတွင် သူ၏မျက်လုံးများသည် ရိုသေလေးစားမှု ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေလေသည်။

အနက်ရောင်ဝတ်စုံဝတ် လူသုံးယောက်သည် မြို့ထဲသို့ လျှောက်သွားကြသည်။ မြို့အစောင့်အကြပ်များသည် စုံစမ်းစစ်ဆေးရန်ပင် ရှေ့မတိုးဝံ့ကြပေ။ ဤလူ သုံးယောက်၏ အငွေ့အသက်များသည် အလွန် ကြောက်မက်ဖွယ် ကောင်းလွန်း သောကြောင့် ဖြစ်သည်။

အထူးသဖြင့် ဦးဆောင်သူဖြစ်သည်။ အကြည့်တစ်ချက်ဖြင့်ပင် မြို့စောင့်တပ်သား များသည် မလှုပ်ရှားနိုင်ဘဲ သူတို့၏စိတ်များသည်ပင် မှင်တက်တွေဝေပြီး ကြက်သေသေ ဖြစ်သွားကြသည်။ မြို့စောင့်တပ်သားများ အသိပြန်လည်လာသည်နှင့် သူတို့သုံးယောက်စလုံး သူတို့၏အမြင်အာရုံမှ ပျောက်ကွယ်သွားကြပြီ ဖြစ်သည်။

အင်ပါယာမြို့တော်အတွင်းမှာ၊ ဦးဆောင်လာသည့် အသက်လတ်ပိုင်းအရွယ် အမျိုးသားသည် လူစည်ကားသည့် လမ်းမတွေပေါ်မှာ ရပ်လိုက်သည်။

သူ့မျက်နှာမှာ မှုန်ကုပ်ကုပ် အပြုံးတစ်ခုပေါ်လာပြီး “တော်ဝင်ရန် အင်ပါယာ မြို့တော်ကြီးဟာ တကယ်ကို ခမ်းနားကြီးကျယ် လွန်းလှပါတယ်”ဟု တိုးတိုးလေး ပြောလိုက်သည်။ ဒါ့အပြင် ဒီနေရာမှာရှိတဲ့အရာအားလုံး မကြာခင် ငါတို့ပိုင်တော့မယ်။ အဋ္ဌမမင်းသားကို ငါ့ကိုအမြန်လာတွေ့ဖို့ သတင်းစကား ပို့လိုက်ပါ။ ’’

အခန်း (၃၃၄) ကောင်းကင်နတ်ဆိုးဧကရာဇ်။ (ထျန်းရှ)

အင်ပါယာမြို့တော်အတွင်းရှိ ဂျီကလန်၏ စံအိမ်အတွင်းမှာ.....။

ဂျီကလန်အဖွဲ့ဝင်များသည် မြေပြင်ပေါ်တွင် ဒူးထောက်လျက် ကြောက်ရွံ့ ထိတ်လန့်စွာဖြင့် ခေါင်းငုံ့နေကြသည်။

၎င်းတို့အထဲတွင် ဆံပင်နီအမျိုးသားလည်းပါဝင်ပြီး ဂျီကလန်၏ အကြီးအကဲများနှင့် အတူ ဂျီယွမ်နှင့် ဂျီဖန်းတို့လည်း ပါဝင်ကြသည်။

ဤမြင်ကွင်းကို မြင်ရသည့်မည်သူမဆို သေချာပေါက် ထိတ်လန့် အံ့ဩ သွားကြလိမ့်မည်။ ဂျီကလန်၏ မျိုးနွယ်စုခေါင်းဆောင်ကို မြေပြင်ပေါ်မှာ ဒူးထောက်ရ အောင် အတိအကျ မည်သူကရော လုပ်နိုင်မှာလဲ။

ဂျီကလန် ပင်မခန်းမ၏ ပင်မထိုင်ပေါ်ခုံတွင် အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည့် နတ်ဆိုးတစ်ဦးထိုင်နေသည်။ သူ၏ခန္ဓာကိုယ်သည် အနှိုင်းမဲ့ ကြောက်မက်ဖွယ်ကောင်း သည့် အမှောင်ထုအငွေ့အသက်များကို ထုတ်လွှတ်နေပြီး လူတိုင်းကို ကြောက်ရွံ့ ထိတ်လန့်စေခဲ့သည်။

အနက်ရောင်ဝတ်စုံဝတ်လူ၏ဘေး ဘယ်ညာတစ်ဖက်တစ်ချက်မှာ အမျိုးသား နှစ်ယောက် ထိုင်နေပြီး တစ်ယောက်က သိုင်းဧကရာဇ် လျူထျန်း ဖြစ်သည်။

ဂျီယန်သည် မြေပြင်ပေါ်တွင် ဒူးထောက်လိုက်ပြီး ကြောက်ရွံ့ထိတ်လန့်စွာ ပြောသည် " ဂျီယန်နဲ့ ကျန်တဲ့ဂျီကလန်အဖွဲ့ဝင်တို့က ဧကရာဇ်မင်းမြတ်ထျန်းရှ၊ သိုင်းဧကရာဇ် လျူထျန်းနှင့် သိုင်းဧကရာဇ် ကျန်းထျန်တို့ကို ဂါရဝပြုပါတယ်။”

ဤနတ်ဘုရားသုံးပါးသည် သူ၏ဂျီကလန်အထံသို့ ရုတ်တရက် ဆင်းသက် လာလိမ့်မည်ဟု သူ ဘယ်တုန်းကမှ မထင်ထားခဲ့ပေ။

ဤနတ်ဘုရားသုံးပါးကို သူနောက်ဆုံးမြင်ရသည်မှာ လွန်ခဲ့သော အနှစ်နှစ်ဆယ်က ဖြစ်သည်။ ထိုအချိန်တွင် သူသည် သေးငယ်သည့် သိုင်းဂိုဏ်းချုပ်အဆင့် ကျွမ်းကျင်သူလေး တစ်ဦးသာ ဖြစ်သေးသည်။

ထိုအချိန်တုန်း သူသည် သူ့အဖေနောက်မှ လိုက်ပါသွားရင်း ဧကရာဇ်မင်းမြတ် ထျန်းရှကို တစ်ချက်လေးသာ ကြည့်ဖူးသည်။ သို့သော် ဧကရာဇ်မင်းမြတ်ထျန်းရှ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော အမှောင်အငွေ့အသက်သည် သူ မည်သည့်အခါမှ မမေ့နိုင်ခဲ့ပေ။ ကြောက်ရွံ့တုန်လှုပ်ခြင်းသည် သူ့နှလုံးသား အောက်ခြေ၏ နက်ရှိုင်းဆုံးနေရာ ဆင်းသက်လာခြင်း ဖြစ်သည်။

ယခုအချိန်တွင် သူသည် သိုင်းဧကရာဇ်နယ်ပယ်သို့ တက်လှမ်းနေပြီဖြစ်သော်လည်း ဧကရာဇ်မင်းမြတ် ထျန်းရှကို ထပ်မံမြင်တွေ့လိုက်ရသည်နှင့် ဤကြောက်ရွံ့မှုက ရှိနေဆဲဖြစ်ပြီး အနည်းငယ်မျှ လျော့နည်းသွားခြင်း မရှိပေ။ ယင်းအကြောက်တရားက သူ့နှလုံးသားကို ထာဝရ တံဆိပ်တစ်ခု ခတ်နှိပ်ထားသလိုပင် ဖြစ်သည်။

"ဟမ့်၊ မင်းနာမည်က ဂျီယန်လား? အဲဒီအချိန်တုန်းက မင်းအဖေက ငါ့ရဲ့ လက်အောက်ခံပဲ။ နောက်ပိုင်း သူ့ကို အင်ပါယာမြို့တော်မှာ ပုန်းအောင်း ထားခိုင်းခဲ့ တယ်။ သူက အလုပ်ကောင်းကောင်း လုပ်နိုင်ခဲ့လိမ့်မယ်လို့ ငါမမျှော်လင့်ထားဘူး။ သူက တကယ်ကို မဟာမျိုးနွယ်စုကြီး သုံးခုထဲက တစ်ခုဖြစ်လာခဲ့တာပဲ။ ဒါပေမယ့် သူဟာ အင်ပါယာမြို့တော်မှာနေပေမယ့် သူက ကောင်းကင်ဘုံနတ်ဆိုး အဖွဲ့ဝင် တစ်ဦးဖြစ်ကြောင်းကိုတော့ မေ့မသွားခဲ့ဘူး ဟုတ်တယ် မဟုတ်လား။” ဧကရာဇ်မင်းမြတ် ထျန်းရှသည် ဂျီယန်ကိုကြည့်ကာ ပြောလိုက်သည်။ သူ့အသံက တုန်ခါနေပြီး လူတစ်ယောက်၏ နှလုံးကို အေးစိမ့်သွားစေနိုင်သည်။

အထူးသဖြင့် နောက်ဆုံးစာကြောင်း ဖြစ်သည်။ ထိုစကားတွေကို ပြောလိုက်သည့် အခိုက် သူ၏လေသံမှာ ကြောက်မက်ဖွယ်ကောင်းသည့် သတ်ဖြတ်လိုသည့်ဆန္ဒများ ပါဝင်နေခဲ့ပြီး ဂျီကလန်ရှိလူတိုင်း၏ နှလုံးသားကို ချက်ချင်း အေးစိမ့် သွားစေခဲ့သည်။ သူတို့မျက်မှောင်တစ်ချက် ကြုတ်ဝံ့သည်နှင့် သေခြင်းတရားက တခဏအတွင်း သူတို့ ထံကျရောက်မည်ကို သူတို့ကြောက်ကြသည်။

"မဟုတ်ပါဘူး၊ ကျွန်တော်အဖေက ကျွန်တော့်ကို သူ မသေခင်မှာ အကုန် ပြောပြထားပါတယ်။ ကျွန်တော် အင်ပါယာမြို့တော်မှာနေထိုင်ပြီး ဧကရာဇ်မင်းမြတ်ရဲ့ အစီအစဉ်တွေကို စောင့်နေဖို့ ပြောပြခဲ့ပါတယ်" ဂျီယန်က ကမန်းကတန်းပြောလိုက်ပြီး သူ့နဖူးမှ ချွေးအေးတွေ စီးကျနေလေသည်။

"ကောင်းတယ်၊ တကယ်လို့ မင်း ငါ့ကိုသစ္စာဖောက်မယ်ဆိုရင် မင်းကို သနားစရာ သေခြင်းမျိုးနဲ့ သေခွင့်ပြုရမယ်" ဧကရာဇ်မင်းမြတ် ထျန်းရှ၏ နှုတ်ခမ်းထောင့် စွန်းများသည် ရက်စက်သော အပြုံးတစ်ခုအဖြစ်သို့ တွန့်ကွေးသွားခဲ့ပြီး၊ ယင်းက ဂျီယန်၏ဆံပင်များကို အဆုံးထိ ထောင်သွားစေသည်။

"ဒီတစ်ကြိမ် ဧကရာဇ်မင်းမြတ် ကိုယ်တိုင် အင်ပါယာမြို့တော်ကိုလာပြီး ပေးတဲ့အမိန့်ကို ကျွန်တော် သိခွင့်ရှိမလား” ဂျီယန်က ဂရုတစိုက် မေးလိုက်သည်။

ဧကရာဇ်မင်းမြတ်ထျန်းရှက ပြုံးပြီး နောက်ဆုံး ပြောသည်"တော်ဝင်ရန် အင်ပါယာက ထျန်းယွန်တိုက်ကြီးကို အုပ်စိုးနေခဲ့တာ အချိန်အတော်ကြာပြီ။ အခု အပြောင်းလဲ တစ်ခုလုပ်ဖို့ အချိန်တန်ပြီ"

ဂျီယန်၏ ခန္ဓာကိုယ် တုန်လှုပ်သွားသည်။ သူမည်မျှပင် တုံးအပြီးမိုက်မဲနေပါစေ၊ ဤစကားက မည်သည့်အဓိပ္ပာယ်ကို ဆိုလိုသည်ကို သူပြောပြနိုင်ပါသည်။ ဧကရာဇ်မင်း မြတ်ထျန်းရှသည် တော်ဝင်ရန်အင်ပါယာတစ်ခုလုံးကို အစားထိုးချင်နေပါသလား။

ဤအရာသည် ကြီးမားသည့် ဖြစ်ရပ်ကြီးတစ်ခုဖြစ်သည်။ အကယ်၍ သူတို့ မအောင်မြင်ပါက သူသာမက ဂျီကလန်တစ်ခုလုံးလည်း ပျက်သုဉ်းသွားမည် ဖြစ်သည်။

"ဘာလဲ? မင်းက ကြောက်နေတာလား" ဧကရာဇ်မင်းမြတ်ထျန်းရှက လှောင်ပြောင်ရယ်ရင်း ဂျီယန်ကို မေးလိုက်လေသည်။

ဂျီယန်က အလျင်အမြန် ခေါင်းယမ်းလိုက်ပြီး ပြောသည် " မဟုတ်ပါဘူး။ ဒီလက်အောက်ငယ်သားက အင်ပါယာနန်းတော်က အစောင့်အကြပ် ထူထပ် သိပ်သည်းလွန်းနေမှာကို စိုးရိမ်နေတာပဲ၊ တော်ဝင်မြို့တော်ကို သိမ်းပိုက်ဖို့ဆိုတာ လွယ်မှာမဟုတ်ပါဘူး၊ နောက်ပြီး ဧကရာဇ်မင်းမြတ်ဒါယန်းရဲ့ အမိန့်အောက်မှာ သိုင်းဧကရာဇ်လေးပါး ရှိနေပါတယ်။ ကျွန်တော် ကြောက်တာက…”

“ဟမ့်၊ ထွက်ပေါ်မလာသေးတဲ့ တစ္ဆေပါရမီရှင် သိုင်းဧကရာဇ်မှလွဲပြီး တခြားသိုင်းဧကရာဇ်သုံးပါးကို စကားထဲတောင် ထည့်ပြောစရာ မလိုဘူး။ သိုင်းဧကရာဇ်ဘိုင်ဟောက်တောင်မှ သိုင်းဧကရာဇ်နယ်ပယ်ရဲ့ တတိယ ကောင်းကင်အလွှာမှာပဲ ရှိသေးတယ်။ သူတို့အားလုံးကို လက်တစ်ဖက် တည်းနဲ့တောင် ငါချေမွှပစ်လို့ရတယ်” သိုင်းဧကရာဇ်လျူထျန်းက လှောင်ပြောင်ပြောလိုက်သည်။

ဂျီယန်သည် သိုင်းဧကရာဇ်လျူထျန်းကို ရိုသေလေးစားစွာဖြင့် ကြည့်ရင်း ချက်ချင်းပင် တုန်လှုပ်သွားသည်။

"ဧကရာဇ်မင်းမြတ်ဒါယန်းကိုကော ဘယ်လိုလုပ်မလဲ။ သူနဲ့ရင်ဆိုင်ဖို့က မလွယ်ဘူး" ဂျီယန်က ပြောလိုက်လေသည်။

"ဟား၊ ဟား၊ ဧကရာဇ်ဒါယန်းကိုလား၊ မင်းကို အမှန်အတိုင်းပြောရမယ်ဆိုရင် ငါ ဧကရာဇ်ဒါယန်ကို လွန်ခဲ့တဲ့တစ်လလောက်က တွေ့ခဲ့တယ်။ ငါ သူနဲ့ တိုက်ခိုက်ပြီးနောက် ငါ့ကြောင့် သူဒဏ်ရာအပြင်းအထန် ရသွားခဲ့တယ်။ အဲဒီကာလအတွင်းမှာ သူက အပြင်ထွက်သွားတယ်လို ပြောထားခဲ့တယ်။ ငါ ခန့်မှန်းတာမှန်ရင် သူက ငါ့ကြောင့်ရတဲ့ဒဏ်ရာတွေကို ကုသဖို့အတွက် အင်ပါယာ နန်းတော်ရဲ့ တစ်နေရာရာမှာ ပုန်းနေတယ်ထင်တာပဲ။ ဟား... ဟား....။ ဧကရာဇ်မင်းမြတ်ထျန်းရှက ကျယ်လောင်စွာ ရယ်မောလိုက်လေသည်။

ဂျီယန်၏ မျက်လုံးများသည် မယုံကြည်နိုင်မူနှင့်အတူ ပြူးကျယ်သွားသည်။

ကြည့်ရသည်မှာ ဧကရာဇ်မင်းမြတ်ဒါယန်းသည် အလုပ်ကိစ္စကြောင့် အပြင်ထွက်သွား တာ ဟုတ်ပုံမပေါ်ပေ။ ဧကရာဇ်မင်းမြတ်ထျန်းရှကြောင့် ဒဏ်ရာရသွားခဲ့ပြီး သူ၏ ဒဏ်ရာများကို ကုသရန်အတွက် ပုန်းရှောင်နေတာ ဖြစ်လိမ့်မည်။

ဘေးတဖက်မှာ ဒူးထောက်နေသည့် ဂျီယွမ်နှင့် ဂျီဖန်းတို့သည် ထိုစကားကိုကြားရလျှင် သူတို့သည် မထိန်းနိုင်ဘဲ ပင့်သက်ရှည်ကြီး ရှိုက်မိကြသည်။

"အခုထိ ကြောက်နေသေးလား" ဧကရာဇ်မင်းမြတ် ထျန်းရှက ရယ်မောလိုက်သည်။

ဂျီယန်၏ မျက်လုံးများသည် ပြင်းထန်သော အလင်းရောင်များဖြင့် တောက်ပလာသည်။ ဧကရာဇ်မင်းမြတ်ဒါယန်းသည် ဧကရာဇ်မင်းမြတ် ထျန်းရှကို ရှုံးနိမ့်ပြီးကတည်းက သူ့တွင် စိုးရိမ်စရာမရှိတော့ပေ။

ဤနည်းအားဖြင့် ဧကရာဇ်မင်းမြတ်ထျန်းရှသည် ဧကရာဇ်မင်းမြတ်ဒါယန်းကို ဖြုတ်ချနိုင်မှာ ဖြစ်ပြီး သူတို့ဂျီကလန်သည်လည်း သဘာဝအတိုင်း လိုက်လျောညီထွေ လိုက်ပါတိုးတက်လာမည် ဖြစ်သည်။

"ဒီလက်အောက်ငယ်သားက သေချာပေါက် ပူးပေါင်းပါ့မယ်။ ဧကရာဇ်မင်းမြတ် ထျန်းရှကို တော်ဝင်ရန်အင်ပါယာကို ဖြိုခွင်းရာမှာ ကူညီပေးပါ့မယ်"ဂျီယန်က ချက်ချင်း ဒူးထောက်လိုက်ပြီး ပြောလိုက်သည်။

'"ဟား ဟား ဟား၊ ဒီလိုဆိုမှတော့ မင်းကို နှုတ်ခွန်းဆက်လက်ဆောင်တစ်ခု ငါပေးမယ်။ ငါ့မှာ တစ္ဆေနတ်ဘုရား ဆေးနှစ်လုံးရှိတယ်။ ဒီဆေးကို မင်းတို့ သောက်လိုက်တာနဲ့ မင်းတို့က သိုင်းဧကရာဇ်နယ်ပယ်ရဲ့ ဒုတိယအဆင့်ကောင်းကင်အလွှာကို ရောက်နိုင် လိမ့်မယ်။ မင်းယုံကြည်ရတဲ့ လူနှစ်ယောက်ကို ရှာပြီး ဒီဆေးကို သောက်သုံးခွင့် ပေးလိုက်ပါ။ ဒါပေမယ့် ဒီဆေးကို သောက်သုံးတဲ့ သူတွေကတော့ သိုင်းမြို့စားအဆင့်မှာ ရှိနေရမှာ ဖြစ်ပြီး တန်ဖိုးအနည်းငယ်တော့ ပေးဆပ်ရလိမ့်မယ်”။ ဧကရာဇ် မင်းမြတ်ထျန်းရှက စဉ်းလဲသည့် အပြုံးဖြင့် ပြောလိုက်သည်။

ဂျီယန်၏မျက်နှာသည် ချက်ချင်းပင် အံ့အားသင့်သောအမူအရာ ပေါ်လာသည်။ သူ ဘာမှပြန်မပြောရသေးခင်မှာပဲ ဂျီယွမ်နှင့် ဂျီဖန်းတို့သည် သူ၏နောက်မှာ အကြည့်ချင်း ဖလှယ်လိုက်ကြပြီး ကမန်းကတန်း ထရပ်ကာ ပြောလိုက်လေသည် " ဧကရာဇ်မင်းမြတ် ထန်ရှခင်ဗျာ၊ ကျွန်တော်တို့နှစ်ယောက်က ဒီဆေးကိုသောက်ဖို့ ဆန္ဒပါရှိတယ်။"

ဧကရာဇ်မင်းမြတ်ထန်းရှသည် အံ့အားသင့်သောအမူအရာကို ထုတ်ဖော်လိုက်သည်။

ဘေးတဖက်မှာရှိနေသည့် သိုင်းဧကရာဇ်လျူထျန်းနှင့် သိုင်းဧကရာဇ်ကျန်းထျန် တို့လည်း ကျီစယ်လိုသည့် အပြုံးဖြင့် ပြုံးပြကြသည်။

ဂျီယွမ်နှင့် ဂျီဖန်းတို့သည်လည်း စိတ်လှုပ်ရှားနေသည့် အမူအရာများကို ဖော်ပြနေကြသည်။ သိုင်းဧကရာဇ်နယ်ပယ်၏ ဒုတိယအဆင့် ကောင်းကင် အလွှာဆိုသည့် သွေးဆောင်မှုက သူတို့အတွက် ကြီးမားလွန်းသည်။ ထို့ကြောင့် သူတို့သည် ဧကရာဇ်မင်းမြတ်ထျန်းရှ သူ၏နောက်ဆုံးဝါကျမှာ ပြောခဲ့သည့် ပေးဆပ်ရမည့် တန်ဖိုးဆိုသည်စကားကို လုံးလုံး လျစ်လျူရှုမိခဲ့ကြသည်။

"ကောင်းပြီလေ၊ ဒါဆိုလည်း မင်းတို့ရဲ့ဆန္ဒကို ငါဖြည့်ဆည်းပေးရမှာပေါ့။ မင်းတို့ ပါးစပ်တွေကို ဖွင့်လိုက်ပါ" ဧကရာဇ်မင်းမြတ်ထျန်းရှက ပြောသည်။

ဂျီယွမ်နှင့် ဂျီဖန်းတို့သည် ထိုစကားကိုကြားသောအခါ သူတို့၏ပါးစပ်များကို အမြန်ဖွင့် လိုက်ကြပြီး စိတ်လှုပ်ရှားနေသည့် အမူအယာများကလည်း ချက်ချင်း

ပေါ်လာကြသည်။

ဧကရာဇ်မင်းမြတ်ထျန်းရှသည် သူ၏လက်ချောင်းများကို ဆတ်ခနဲ လှုပ်လိုက်ပြီး အလင်းတန်းနှစ်ခုက ပျံတက်သွားကာ ဂျီယွမ်နှင့် ဂျီဖန်းတို့၏ပါးစပ်ထဲသို့ အသီးသီး ဝင်ရောက်သွားကြသည်။

ဂျီယွမ်နှင့် ဂျီဖန်းတို့၏ ခန္ဓာကိုယ်များသည် ကြောက်မက်ဖွယ်ကောင်းသော ယင်နတ်ဆိုးချီနှင့်အတူ ချက်ချင်းဆိုသလို တရှိန်ထိုး မြင့်တက်လာသည်။

သူတို့နှစ်ဦးသည် ချက်ချင်းပင် ရူးသွပ်စွာအော်ဟစ်နေကြပြီး သူတို့၏မျက်နှာများသည် အလွန်နာကျင်သည့် အမူအရာများကို ပေါ်လွင်စေသည်။ အန္တရာယ်များသည့် အနက်ရောင် စွမ်းအင်များကလည်း သူတို့ကို ရစ်ပတ်ထားသည်။

"ယွမ်အာ၊ ဖန်းအာ!" ဂျီယန်သည် ဂျီယွမ်နှင့် ဂျီဖန်းတို့၏ နာကျင်နေသည့် အမူအရာကို မြင်သောအခါ ကမန်းကတန်း အော်လိုက်သည်။

"စိတ်မပူပါနဲ့ သူတို့အဆင်ပြေပါတယ်။ မတကာ သူတို့ရုပ်လေးဆိုးသွားရုံပါ။ သူတို့အသက် အန္တရာယ်ရှိမှာ မဟုတ်ပါဘူး။" ဧကရာဇ်မင်းမြတ်ထျန်းရှက ဆိုသည်။

ကောင်းကင်ဘုံနတ်ဆိုးဧကရာဇ်၏ စကားကိုကြားသောအခါ ဂျီယန်သည် တဖြည်းဖြည်း ငြိမ်သက်သွားသော်လည်း ဂျီယွမ်နှင့် ဂျီဖန်းတို့အား ကြည့်နေသည့် သူ၏ အမူအရာများက စိုးရိမ်မှုဖြင့် ပြည့်နှက်နေဆဲ ဖြစ်သည်။

ထိုအချိန်တွင် ဂျီယွမ်နှင့် ဂျီဖန်းတို့သည် အနက်ရောင်အခိုးအငွေ့များ ဖုံးလွှမ်းနေပြီး အနက်ရောင်အခိုးအငွေ့များက ၎င်းတို့၏ ပါးစပ်နှင့် နှာခေါင်းများဆီမှ အရူးအမူး ထွက်လာကြသည်။

ထိုအချိန်တွင်၊ ဂျီယွမ်နှင့် ဂျီဖန်း၏ မျက်လုံးများသည် တဖြည်းဖြည်း ညိုမဲလာခဲ့သည်။ သူတို့ရဲ့ အရေပြားပေါ်မှသွေးကြောများသည်လည်း တဖြည်းဖြည်း ပေါက်ကွဲထွက်လာ သည်။ သူတို့၏ မူလ သန့်စင်သည့် အသားအရေသည် နီမြန်းလာပြီး သူတို့၏ ရုပ်အသွင်အပြင်က အနှိုင်းမဲ့ ကြောက်စရာကောင်းလာသည်။ ထို့အပြင် သူတို့၏ အငွေ့အသက်ကလည်း အဆက်မပြတ် မြင့်တက်နေပြီး ၎င်းတို့၏ စွမ်းအားသည်လည်း အဆက်မပြတ် တိုးလာနေသည်။

ပတ်ဝန်းကျင်ရှိလူများသည် အံ့ဩမင်သက်နေကြပြီး အံ့အားသင့်နေကြသည်။

ဂျီယန်သည် အနှိုင်းမဲ့ရုပ်ဆိုးလွန်းသည့် သူ၏သားနှစ်ယောက်ကို ကြည့်ကာ သူ၏ မျက်လုံးတွင် စိတ်ရှုပ်ထွေးသည့် အမူအရာ ပေါ်လာသည်။

အခန်း (၃၃၅) တစ္ဆေပါရမီရှင်သိုင်းဧကရာဇ်။

ဂျီယွမ်နှင့် ဂျီဖန်းတို့သည် သူတို့၏ ကျင့်ကြံမှုအခြေခံကို တိုးမြှင့်ရန်အတွက် တစ္ဆေနတ်ဘုရားဆေးကို အရူးအမူး အသုံးပြုနေသည့်အချိန်တွင် ချင်ယွင်သည် အင်ပါယာဥယျာဉ်ထဲရှိ ရေကန်ပေါ်တွင် တင်ပျဉ်ခွေထိုင်ကာ လေ၏သဘောတရားကို နားလည်ဆင်ခြင်နေသည်။

သိုင်းဧကရာဇ်ဘိုင်ဟောက်သည် ချင်ယွင်ကို စောင့်ကြည့်နေလို့မရမှန်း သိလာပြီး ကတည်းက ချင်ယွင်အပေါ် ဂရုတစိုက် စောင့်ကြည့်မူများ ပျောက်ကွယ်သွားခဲ့ပြီး၊ အမှန်တကယ်ပင် ချင်ယွင်ကို လွတ်လွတ်လပ်လပ် လွှတ်ထားလိုက်တော့သည်။

သေချာသည်မှာ၊ ချင်ယွင်ကလည်း စိတ်ဝိညာဉ်ပြန်သွင်းခြင်းမြက်ကို မရသေးခင် ထွက်သွားရန်မှာ မဖြစ်နိုင်ပါဘူး။

အင်ပါယာဥယျာဉ်၏ အလယ်ရှိရေကန်သည် အလွန်ကြီးမားပြီး လူအများဖြင့် တူးဖော်ထားခြင်း ဖြစ်သည်။ သို့သော် ယင်းသည် သဘာဝအတိုင်း ဖြစ်တည်နေသည့် ရေကန်များထက် နိမ့်ကျခြင်းမရှိပေ။ ၎င်းသည် သဘာဝအတိုင်း ဖြစ်တည်လာသည့် ရေကန်များထက် သုံးပုံတစ်ပုံပင် ကြီးမားသည်။

အရုဏ်တက်ချိန်ရောက်သည်နှင့် ရေကန်တစ်ခုလုံး မြူခိုးများ လွှမ်းခြုံနေသည်။

ချင်ယွင်သည် မျက်လုံးများကို တင်းတင်းမှိတ်ထားပြီး သူ၏ခန္ဓာကိုယ်ပေါ်မှ တိုက်ခတ်လာသော လေပြေလေညှင်းကို ဂရုတစိုက် လိုက်ခံစားကာ လေစွမ်းရည်၏ လျှို့ဝှက်ဆန်းကြယ်သော အရာများကို နားလည်ရန် အတတ်နိုင်ဆုံး ကြိုးစားနေသည်။

ယခုအချိန်တွင်၊ ချင်ယွင်၏ လေစွမ်းရည်သဘော တရားသုံးမျိုးကို နားလည်မူတွင် လေထုဖြတ်တောက်ခြင်းသဘောတရား နှင့် လေဝိညာဏ်သဘောတရားတို့ကို နားလည်သဘောပေါက်မှုသည် ဆဋ္ဌမအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ သူသည် လေကိုအသွင်ပြောင်းခြင်းသဘောတရားမှာသာ အားနည်းနေခြင်း ဖြစ်သည်။

ယခုအချိန်တွင် ချင်ယွင်သည် လေထဲမှ အပြောင်းအလဲများကို နားလည် ဆင်ခြင်နေခဲ့ပြီး လေကိုအသွင်ပြောင်းခြင်း သဘောတရား၏ ဆဋ္ဌမအဆင့်သို့ အမြန်ဆုံး ဖြတ်ကျော်နိုင်ရန် မျှော်လင့်နေသည်။

ဝှီး!

ဤအခိုက်အတန့်တွင် လေတိုက်ခတ်မှုကြောင့် ဖြစ်ပေါ်လာသော လေပြေလေညှင်း သည် ချင်ယွင်ကို သတိပေးသလို ဖြစ်သွားသည်။

ချင်ယွင်သည် ရုတ်တရက် မျက်လုံးဖွင့်လိုက်သည်နှင့် မီတာနှစ်ဆယ်သာဝေးကွာသည့် ရေကန်မျက်နှာပြင်ပေါ်တွင် မတ်ရပ်နေသော လူငယ်တစ်ဦးကို တွေ့လိုက်ရသည်။

ထိုလူငယ်သည် ချောမောသည့်မျက်နှာ၊ တောက်ပသည့် မျက်လုံးတွေနှင့်အတူ အရပ်မြင့်မားသည်။ သူသည် အဖြူရောင်ဝတ်စုံ၀တ်ဆင်ထားပြီး အလွန်ချောမောပြီး အနှောင်အဖွဲ့ကင်းလှသည်။

သေချာသည်မှာ၊ ချင်ယွင်ကို ထိတ်လန့်စေသည့်အရာကတော့ ထိုလူငယ်၏ကျင့်ကြံမူ အခြေခံသည် သိုင်းဧကရာဇ်နယ်ပယ်၏ သတ္တမအဆင့် ကောင်းကင်အလွှာ အထွတ်အထိပ်ကို ရောက်ရှိနေခြင်း ဖြစ်သည်။

သတ္တမအဆင့် ကောင်းကင်အလွှာ အထွတ်အထိပ် သိုင်းဧကရာဇ်တစ်ပါးလား?

ထိုလူငယ်၏ ရုပ်အသွင်အပြင်ကို ကြည့်လျှင် အသက်နှစ်ဆယ်ကျော်သာရှိသေးပြီး သူသည် သိုင်းဧကရာဇ်နယ်ပယ်၏ သတ္တမအဆင့် ကောင်းကင်အလွှာ အထွတ်အထိပ်ကို ရောက်ရှိနေကာ သိုင်းဧကရာဇ် ဘိုင်ဟောက်ကိုပင် ကျော်လွန်သွားခဲ့ သည်။

"သူက ဘယ်သူလဲ၊ သူက ဧကရာဇ်မင်းမြတ်ရဲ့ တော်ဝင်မိသားစုထဲက ကျွမ်းကျင်သူများ ဖြစ်နိုင်မလား"

ချင်ယွင်က သူ့စိတ်ထဲမှာ အော်ပြောလိုက်မိသည်။ သူ့နှလုံးသားက သတိထားသည့် အမူအယာ အပြည့်ရှိနေသည်. ထိုသို့သောကျွမ်းကျင်သူတစ်ဦး၏ရှေ့တွင် သူသည် ပြန်လည်တိုက်ခိုက်ရန်ပင် ခွန်အားမရှိပေ။ သို့သော်လည်း သူ့မှာ ရှေးဟောင်းတာအို ဆရာသခင်၏ ကောင်းကင်ဘုံကို အံတုနိုင်သော နည်းလမ်းများရှိသည်။

တခြားတဖက်က နည်းနည်းလေး လှုပ်ရှားလာသည်နှင့် သူ၏ရှေးဟောင်း တာအိုဆရာသခင်ကို 'ကိုယ်ပျောက်နည်းပညာ' ကို အသုံးပြုပေးဖို့ ချက်ချင်း တောင်းဆိုရလိမ့်မည်။

သို့သော်လည်း အခြားတဖက်က သတ်ဖြတ်လိုသည့် ရည်ရွယ်ချက်ရှိပုံ မပေါ်ပေ။ သူ၏မျက်နှာက အပြုံးမပျက်ဘဲ သူ့နောက်ကျောမှာ လက်နှစ်ဖက်ယှက်ကာ မလှုပ်မယှက် ရပ်နေသည်။ သူက တစ်စုံတစ်ခုကို ကြည့်နေသလိုမျိုး ချင်ယွင်ကို ကြည့်နေလေသည်။

တခြားတဖက်က လှုပ်ရှားမူမရှိသလို စကားလည်းမပြောပေ။ ထို့ကြောင့် ချင်ယွင်လည်း သဘာဝအားဖြင့် သူ့ကိုယ်သူ ရပ်တန့်လိုက်သည်။ သူတို့နှစ်ဦးသည် ရှေ့မတိုးနောက်မဆုတ်သာ အခြေအနေမျိုးတွင် နစ်မြုပ်နေခဲ့သည်။ နောက်ဆုံးတွင် အဖြူရောင်ဝတ်လူငယ်သည် သည်းမခံနိုင်တော့ပုံရသည်။ သူက ဦးဆောင်ပြီး စကား စပြောသည် " မင်းကို ငါသိပါတယ်။ မင်းနာမည်က ချင်ယွင်မဟုတ်လား " ။

အခြားတဖက်လူက သူ့နာမည်ခေါ်သံ ကြားလိုက်ရသည့်အခါ ချင်ယွင်သည် အံ့သြသွားခြင်း မရှိပေ။ တစ်ဖက်လူက သူ့ကိုရှာနေသည်ဆိုမှတော့ သဘာဝအတိုင်း ကြိုတင် ပြင်ဆင်လာခဲ့လိမ့်မည်။

"မင်းကိုလည်း ငါသိတယ်ထင်တယ်။ မင်းက ဧကရာဇ်မင်းမြတ်လက်အောက်မှာ ရှိတဲ့ သိုင်းဧကရာဇ် လေးပါးထဲက နောက်ဆုံး သိုင်းဧကရာဇ်ဖြစ်ရမယ်။" ချင်ယွင် က ပြောသည်။

အင်ပါယာမြို့တော်သို့ လာရာလမ်းခရီးတွင် ပိရှစ်သိုင်းမြို့စားသည် သိုင်းဧကရာဇ် လေးပါးအကြောင်း ချင်ယွင်ကို ပြောပြခဲ့ဖူးသည်။

၎င်းတို့အထဲတွင် ဆံပင်ဖြူအဘွားကြီးသည် အားအနည်းဆုံး ဖြစ်သည်။ ထို့ကြောင့် သူမသည် မင်းသမီး (၁၃)၏ ဘေးကင်းလုံခြုံမှုအတွက် သူမကို ကာကွယ်ရန် တစ်နှစ်ပတ်လုံး မင်းသမီး(၁၃)နောက်ကို လိုက်ပါနေခဲ့ရသည်။

နောက်တစ်ယောက်ကတော့ သိုင်းဧကရာဇ်နယ်ပယ်၏ ဒုတိယအဆင့် ကောင်းကင်အလွှာ အထွတ်အထိပ်မှာ ရှိနေသည့် ယုချန်း ဖြစ်သည်။ သူသည် အင်ပါယာစစ်တပ် တပ်မှူးအဖြစ်ဖြင့် အင်ပါယာမြို့တော်တစ်ခုလုံး၏ လုံခြုံရေးကို စောင့်ကြပ်နေခဲ့ရသည်။

ဒုတိယအသန်မာဆုံးလူက သိုင်းဧကရာဇ်ဘိုင်ဟောက်ခေါ် အကြီးအကဲကျိ ဖြစ်သည်။ သူသည် တတိယအဆင့် ကောင်းကင်အလွှာ သိုင်းဧကရာဇ်တစ်ပါး ဖြစ်သည်။ မူလက သူသည် ဤကမ္ဘာကြီးကို စုံစမ်းစစ်ဆေးရာမှာ ကူညီခဲ့ပြီး သတင်းအချက်လက်နှင့် ထောက်လှမ်းရေးဌာနအားလုံးကို တာဝန်ယူခဲ့သည်။ နောက်ပိုင်း လူအသစ် တစ်ယောက် ထင်ပေါ်ကျော်ကြားလာသည့်အခါ သတင်းအချက်လက်နှင့် ထောက်လှမ်း ရေး ဌာနတစ်ခုလုံးကို သူ့ဆီ လွှဲပြောင်းပေးခဲ့တယ်။ သူသည် ဆဋ္ဌမမင်းသား၏ဘေးမှာ အနီးကပ် စောင့်ကြပ်နေရသည်။ သိုင်းဧကရာဇ်လေးပါး အနက်မှ နံပါတ်တစ် ဤတက်လက်စ ပါရမီရှင်ကိုတော့ တစ္ဆေပါရမီရှင်သိုင်းဧကရာဇ်ဟု အမည်ပြောင် ခေါ်ကြသည်။

တစ္ဆေပါရမီရှင်သိုင်းဧကရာဇ်သည် အလွန်လျှို့ဝှက်ဆန်းကြယ်သည်။ သူသည် အသက်နှစ်ဆယ်အရွယ် သိုင်းဧကရာဇ်နယ်ပယ်သို့ ဖြတ်ကျော်ဝင်ရောက်လာသည့် အချိန်တွင် ကမ္ဘာကြီးတစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့သည်။ အင်ပါယာ သမိုင်းတစ်လျှောက် ထူးချွန်အပြောင်မြောက်ဆုံး ပါရမီရှင်ဟု ဆိုနိုင်လောက်သည်။

အသက်နှစ်ဆယ့်နှစ်နှစ်တွင် သူသည် သိုင်းဧကရာဇ်နယ်ပယ်၏ ဒုတိယအဆင့် ကောင်းကင်အလွှာ အထွတ်အထိပ်တွင်ရှိနေသည့် သိုင်းဧကရာဇ်ဘိုင်ဟောက်ခေါ် အကြီးအကဲကျိကိုပင် အနိုင်ယူခဲ့သည်။ ထိုအချိန်တွင် အကြီးအကဲကျိသည် လျစ်လျူရူပြီး သူ့ရာထူးကို စွန့်လွှတ်ရန် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

ထိုအချိန်မှစပြီး ခြောက်နှစ်အကြာတွင် တစ္ဆေပါရမီရှင်သိုင်းဧကရာဇ်ဟုခေါ်သော ဤလူသည် ကမ္ဘာကြီး၏အမြင်မှ ပျောက်ကွယ်သွားခဲ့သည်။ သူ၏ကျင့်ကြံမှုကို မည်သူမျှ မသိခဲ့သလို သူ၏စွမ်းအား အတိုင်းအတာကိုလည်း မည်သူမှ မသိတော့ပေ။

သို့သော် သူ၏ အံ့ဩစရာကောင်းသော အရည်အချင်းနှင့် ခမ်းနားထည်ဝါသည့် ပါရမီအရ သူ၏ကျင့်ကြံမှုအခြေခံသည် နိမ့်ကျလိမ့်သည် မဟုတ်ပေ၊ အနည်းဆုံး သိုင်းဧကရာဇ်နယ်ပယ်၏ ပဉ္စမအဆင့် ကောင်းကင်အလွှာ အထွတ်အထိပ်သို့ ရောက်နေလောက်ပြီဟု ကမ္ဘာကြီးက ခန့်မှန်းထားကြသည်။

သို့သော် ယခုအခါတွင်၊ ချင်ယွင်သည် ဤတစ္ဆေပါရမီရှင်သိုင်းဧကရာဇ်ကို ကမ္ဘာက လျှော့တွက်ထားပုံရကြောင်း တွေ့ရှိခဲ့ရသည်။ သူသည် အသက်နှစ်ဆယ်တွင် သိုင်းဧကရာဇ်နယ်ပယ်သို့ တက်လှမ်းနိုင်ခဲ့ပြီး အသက်နှစ်ဆယ်နှစ်တွင် သိုင်းဧကရာဇ် နယ်ပယ်၏ ဒုတိယအဆင့် ကောင်းကင်အလွှာ အထွတ်အထိပ်သို့ ရောက်ရှိခဲ့သည်။ ယခု ခြောက်နှစ်တာကာလအတွင်း ဤ တစ္ဆေပါရမီရှင်သိုင်းဧကရာဇ်သည် နောက်ထပ် နယ်ပယ်ငါးခုကိုပင် ဖြတ်ကျော်သွားခဲ့သည်။

သိုင်းဧကရာဇ်နယ်ပယ်သို့ ရောက်ပြီးနောက်၊ ရှေ့သို့ ခြေတစ်လှမ်းတိုးရန်ပင် အလွန် ခက်ခဲပေလိမ့်မည်။ အဆင့်တိုင်းမှာ တစ်ဆို့သွားတတ်သည်။ အဆင့်တစ်ခု ဖြတ်ကျော်ရန်အတွက် သာမန်လူတစ်ဦးသည် အနည်းဆုံး နှစ်ပေါင်းများစွာ စုဆောင်းထားရန် လိုအပ်သည်။

သို့သော် သူ၏ရှေ့မှာရှိနေသည့် ဤတစ္ဆေပါရမီရှင်သိုင်းဧကရာဇ်သည် ကြောက်မက် ဖွယ်ကောင်းသည့် ကျင့်ကြံမှုအရှိန်အဟုန်ကို ထိန်းသိမ်းထားဆဲ ဖြစ်သည်။ သူသည် 'တစ္ဆေပါရမီရှင်' ဆိုသည့် ဘွဲ့နှင့် ထိုက်တန်သည်ဟု ဆိုနိုင်သည်။

ဝတ်စုံဖြူဝတ်လူငယ်သည် ချင်ယွင်၏ စကားကိုကြားသောအခါ သူ၏မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာသည်။ "ငါ့နာမည်အရင်းက ဝေရှန်းပါ ။ ငါက ဧကရာဇ်မင်းမြတ် လက်အောက်မှာရှိတဲ့ ဧကရာဇ်လေးပါးထဲက တစ်ယောက်ပဲ။ ငါက ကမ္ဘာပေါ်မှာရှိတဲ့ သတင်းအချက်လက်နှင့် ထောက်လှမ်းရေးလုပ်ငန်းအားလုံးကို တာဝန်ယူထားပါတယ်။ ပါရမီရှင်သိုင်းဧကရာဇ်ဆိုတဲ့ အခေါ်ဝေါ်ကတော့ စိတ်ရှုပ်စရာပါပဲ။ နောက်ပြီး ငါ့ကိုယ်ငါ မင်းရှေ့မှာ ပါရမီရှင်လို့လည်း မခေါ်ဝံ့ပါဘူး။"

"ငါ့ကိုလား၊ ဘာဖြစ်လို့လဲ?" ချင်ယွင်က အံ့သြစွာမေးလိုက်သည်။

ဝေရှန်းက ပြုံးပြီးပြောသည် "ငါက ကမ္ဘာပေါ်မှာရှိတဲ့ သတင်းအချက်လက်နှင့် ထောက်လှမ်းရေး ဌာနတစ်ခုလုံးကို တာဝန်ယူနေတယ်ဆိုတာ မမေ့ပါနဲ့။ မင်း ဘေဟိုင်သိုင်းမြို့စားကို သတ်ပြီးတဲ့နောက် မင်းအကြောင်းကို ငါ စုံစမ်းပြီးသွားပြီ။ မင်းက ဆယ်နှစ်မပြည့်ခင်မှာ မင်းရဲ့နောက်ခံ မင်းရဲ့သမိုင်းကြောင်းနဲ့ ပတ်သတ်တဲ့ အရိပ်အယောင်တွေ ဘာမှမရှိခဲ့ဘူး။ မင်းအသက်ဆယ်နှစ်ကနေ ဆယ့်ခြောက်နှစ်အထိ တုံးအနေခဲ့ပြီး မင်းရဲ့အစ်မ လျူရန်ယွင်က မင်းအသက်ဆယ့်ခြောက်နှစ်ရောက်တဲ့အထိ ကျွေးမွေးစောင့်ရှောက်ထားခဲ့တယ်။ မင်းအစ်မှ အရှက်တခွဲ ဖြစ်ရတော့မယ့်အချိန်မှာ မင်းက ရုတ်တရက် နိုးထလာခဲ့ပြီး ဝမ်ဒါဟူကို သတ်ပစ်လိုက်တယ်။ နောက်ပိုင်း မင်းရဲ့ကျင့်ကြံမူအဆင့်ကလည်း ကောင်းကင်ဘုံကို ပျံတက်သွားတဲ့အလား တဟုန်တိုး မြင့်တက်လာခဲ့တယ်…”

ချင်ယွင်သည် မယုံကြည်နိုင်မှု အရိပ်အယောင်ကိုဖော်ပြရင်း သူ၏မျက်လုံးများက ပြူးကျယ်သွားသည်။ ဝေရှန်းသည် ပြီးခဲ့သောနှစ်အတွင်း သူလုပ်ခဲ့သမျှအားလုံးနီးပါးကို ပြောပြနိုင်ခဲ့သည်။ မိုးကြိုးဝိညာဉ်ဂိုဏ်းတွင် ထိုတပည့်ကို အနိုင်ယူခဲ့သည့် အချိန်တုန်းက အဖြစ်အပျက်မျိုးကိုပင် သူ့ကိုယ်ပိုင်မျက်လုံးဖြင့် မြင်တွေ့ရသကဲ့သို့ ရှင်းရှင်းလင်းလင်း ပြောပြနိုင်သည်။ ဤအရာက ချင်ယွင်ကို ချက်ချင်းပင် တစ်ခုခုကို နားလည်သွားသလိုခံစားလိုက်ရပြီး သူ၏မျက်လုံးတွေက မနေနိုင်တော့ဘဲ ရန်လိုမှု အရိပ်အယောင် ထင်ဟပ်လာလေသည်။

'"တစ်နှစ်ကျော်ကျော် အချိန်လေးအတွင်းမှာ သာမန်သေမျိုးဘဝကနေ သိုင်းမြို့စား နယ်ပယ်ရဲ့နဝမအဆင့် ကောင်းကင်အလွှာ အထွတ်အထိပ်အထိ ရောက်ရှိခဲ့ပြီး ပထမအဆင့် ကောင်းကင်အလွှာ အထွက်အထိပ်ရှိ သိုင်းဧကရာဇ်တစ်ပါးကို သတ်ပစ်နိုင်ခဲ့တယ်၊ တကယ်လို့ ဒီသတင်းက ပျံ့နှံ့သွားခဲ့ရင် ကမ္ဘာကြီးကို တုန်လှုပ် သွားစေလိမ့်မယ်။ မင်းရှေ့မှာ ငါက ငါ့ကိုယ်ငါ ပါရမီရှင်လို့ ခေါ်ရဦးမှာလား" တစ္ဆေပါရမီရှင် သိုင်းဧကရာဇ်က ပြုံးပြီး ပြောသည် ။ သူ၏လေသံက အေးဆေး တည်ငြိမ်ပြီး ဟာသတစ်ခုကိုပြောနေသည့် အရိပ်မြွက်မျိုးပင် ပါဝင်နေသည်။ မိတ်ဆွေဟောင်း တစ်ယောက်ကို တမင်တကာ ကျီစားနေသလိုပင်။ သူ၏စကားတွင် မနာလိုငြူစူခြင်း အနည်းငယ်မျှ မရှိခဲ့ပေ။

ချင်ယွင်သည် ရှက်ရွံ့သွားသလို ခံစားလိုက်ရသည်။ သူက ဤကိစ္စကို ဆက်ပြီး မရှုပ်ချင်တော့သည့်အတွက် "အစ်ကိုဝေ၊ ဒီတခေါက် ငါနဲ့စကားပြောရုံသက်သက် ဒီကို ရောက်လာတာလား။"

"ဘယ်ဟုတ်ပါ့မလဲ" ဝေရှန်းက ချင်ယွင်၏ အစ်ကိုဝေဟူသော အသံကြောင့် အနည်းငယ် အံ့သြသွားသလို ပြုံးကာ ပြောလိုက်သည်။

"ဒါဆို ဘာကိစ္စအတွက်လဲ?" ချင်ယွင်က ရိုးရိုးသားသား ပြောသည်။

"ဧကရာဇ်မင်းမြတ်က မင်းကိုတွေ့ချင်နေတယ်" ချင်ယွင်သည် ဝေရှန်း၏ ရည်ရွယ်ချက် တွေကို မှန်းဆနေချိန်မှာ ဝေရှန်းက ချင်ယွင်ထိတ်လန့်စေမည့် အရာတစ်ခုကို ပြောလိုက်ပါသည်။

"ဧကရာဇ်မင်းမြတ်က အပြင်ကို ထွက်သွားတာ မဟုတ်ဘူးလား။" ချင်ယွင်သည် ချက်ချင်း မျက်မှောင်ကြုတ်လိုက်မိသည်။ သူသည် ဧကရာဇ်မင်းမြတ်၏ သားတော် နဝမမင်းသားကို သတ်ပစ်ခဲ့သည်။ ဧကရာဇ်မင်းမြတ်သည် ဤနေရာ၌ သူ့ကို လက်စားချေရန် ဖြစ်နိုင်ပါသလား။

ဝေရှန်းက ချင်ယွင်၏ ရည်ရွယ်ချက်တွေကို မြင်နိုင်ပုံရပြီး အပြုံးနှင့်အတူ ပြောသည်" ဒီကိစ္စနဲ့ပတ်သက်ပြီး မင်း စိတ်ပူစရာ မလိုပါဘူး။ ဒီကိစ္စက နဝမမင်းသားနဲ့ မပတ်သက်ပါဘူး။ ဧကရာဇ်မင်းမြတ်က ဒီကိစ္စကို သိပေမယ့် ဒေါသ မထွက်ပါဘူး။ တခြားအကြောင်းအရာ တစ်ခုခုကြောင့် မင်းကိုတွေ့ချင်နေတာပါ။"

"အခြားအရာလား ?" ချင်ယွင် သံသယလေသံဖြင့် မေးမိသည်။

“ဟိုရောက်ရင် မင်းသိမှာပါ” ဝေရှန်းက ပြုံးရင်း ပြောလိုက်သည်။

ချင်ယွင်က ခေါင်းညိတ်ပြပြီး ခဏလောက် စဉ်းစားလိုက်ပါသည်။

ဧကရာဇ်မင်းမြတ်က သူ့ကို အပြစ်ပေးချင်တာဘဲ ဖြစ်ဖြစ်၊ တခြားအကြောင်းအရာ ကြောင့်ဘဲဖြစ်ဖြစ် ရှေးဟောင်းတာအိုဆရာသခင်၏ ကိုယ်ပျောက်နည်းပညာ ရှိနေသရွေ့ ရှေးဟောင်းတာအိုဆရာသခင်ကို ရွေးချယ်စရာမရှိလျှင် အကူအညီတောင်း နိုင်ပါသည်။

ချင်ယွင် ခေါင်းညိတ်လိုက်သည်ကို မြင်လိုက်ရလျှင် ဝေရှန်း၏ အပြုံးက ပို၍ပင် တောက်ပလာခဲ့သည်။

All Chapters