← Chapters

အခန်း (၃၃၆-၃၄၀)

Vol. 23 Ch. 336-340

အခန်း (၃၃၆-၃၄၀)

Vol. 23 Ch. 336-340

အခန်း (၃၃၆) သားတစ်​​ယောက်​ပြန်​​ပေးခြင်း။

ချင်​ယွင်​သည် ဝေရှန်း​နောက်မှ လိုက်ပါလာခဲ့​ပြီး ​အင်ပါယာ​နန်း​တော်​၏ နက်​ရှိုင်းသည့် နေရာ​အရပ်ဆီ​ လျှောက်​လာခဲ့ရသည်​။

တကယ်တော့ ချင်ယွင်သည် သံသယတွေ အပြည့်ရှိနေပါသည်။ ဧကရာဇ်မင်းမြတ် ဒါယန်းသည် နန်းတော်မှ ထွက်ခွာကြောင်းသတင်းကို အဘယ်ကြောင့် ကြေငြာ ထားသလဲဆိုသည်ကို သူ နားမလည်နိုင်ခဲ့ပေ။ ဖြစ်နိုင်တာက တစ်ခုခုကို ကြောက်နေတာများလား။

ထို့ပြင် သူသည် အင်ပါယာနန်းတော်မှာ ရှိနေသည်ဆိုကတည်းက နဝမမင်းသားကို သူသတ်ဖြတ်သည့်အခါ သတိပြုမိသင့်သည်။ သို့သော် သူသည် လှုပ်ရှားမူ မပြုလုပ်ခဲ့ပေ။ ထို့အပြင် သူသည် ကိုယ်တိုင်ကိုယ်ကျ လှုပ်ရှားရန်လည်း မလိုအပ်ပေ။ တစ္ဆေပါရမီရှင်သိုင်းဧကရာဇ်ကို စေလွှတ်လိုက်သည်နှင့် ချင်ယွင်ကို သတ်ပစ်နိုင်သေး သည်။

အကယ်၍ သူသည် ချင်ယွင်ကို မသတ်ချင်ဘူးဆိုလျှင်ပင် ဤအရာအားလုံးကို တားဆီးပြီး နဝမမင်းသားကို ကယ်တင်နိုင်ပါသေးသည်။

သို့သော် သူ မလုပ်ခဲ့ပေ။ ယင်းက ချင်ယွင်ကို နားမလည်နိုင်အောင် ဖြစ်သွားရသည်။

ချင်ယွင်သည် ခန်းမများမှတဆင့် ဝေရှန်း၏နောက်သို့လိုက်ပါလာရင်း နောက်ဆုံးတွင် ဧကရာဇ်ဒါယန်း၏ အိပ်ဆောင်အောက်ရှိ မြေအောက် လျှို့ဝှက်ခန်းတစ်ခုသို့ ရောက်ရှိလာခဲ့သည်။

မြေအောက်လျှို့ဝှက်ခန်းသည် အလွန်ကျယ်ဝန်းပြီး ဧရိယာစတုရန်းမီတာ တစ်ထောင် နီးပါးကျယ်ဝန်းသည်။ အတွင်းမှာ အရာအားလုံးကို တန်ဆာ ဆင်ထားသည်။ ကြမ်းခင်းနှင့် နံရံအုတ်များအားလုံးကို အဖြူရောင် စကျင်ကျောက်ဖြင့် ပြုလုပ်ထား သည်။ နံရံများပေါ်တွင် တောက်ပနေသော ပုလဲလုံးတစ်ရာနီးပါး မြှပ်နှံထားပြီး မြေအောက်နန်းတော်တစ်ခုလုံးကို နေ့ခင်းဘက်ကဲ့သို့ တောက်ပစေသည်။

မြေအောက်နန်းတော်၏ရှေ့တွင် ကြီးမားသော စက်ဝိုင်းပုံစံ ရေခဲကုတင်ကြီး တစ်ခုရှိသည်။ ရေခဲကုတင်ကြီးသည် ကြောက်မက်ဖွယ်ကောင်းသည့် အအေးဓာတ်ကို ထုတ်လွှတ်နေပြီး မြေအောက်နန်းတော်တစ်ခုလုံး၏ အပူချိန်ကို ကြောက်မက်ဖွယ် အဆင့်သို့ ကျဆင်းသွားစေသည်။

"နှစ်တစ်ထောင် သက်တမ်းရှိတဲ့ ရေခဲကျောက်စိမ်းကုတင်လား?" ချင်ယွင် အံ့သြသွား သည်။ ဤရေခဲကုတင် အဝိုင်းကြီးသည် အနှစ်တစ်ထောင်သက်တမ်းရှိ ရေခဲ ကျောက်စိမ်းမှ ထွင်းထုထားသည်ကို သူချက်ချင်း သိလိုက်သည်။

နှစ်တစ်ထောင် သက်တမ်းရှိသော ရေခဲကျောက်စိမ်းသည် ပြိုင်ဘက်ကင်း ရတနာ မဟုတ်သော်လည်း ၎င်းသည် အလွန်ရှားပါးသော ရတနာတစ်ခု ဖြစ်ဆဲဖြစ်သည်။

သာမာန်အားဖြင့်၊ ဤရေခဲကျောက်စိမ်း အမျိုးအစားသည် ကြက်ဥအရွယ်မျှသာ ဖြစ်သည်။ အကယ်၍ လူတစ်ယောက်၏ ခန္ဓာကိုယ်ပေါ်တွင် ဝတ်ဆင်ထားလျှင် နတ်ဆိုးစိတ်ဝိညာဉ်များကို မောင်းထုတ်နိုင်ပြီး အသက်ကို ရှည်စေနိုင်သည်။ ကျင့်ကြံမှု အခြေခံကိုလည်း အရှိန်မြှင့်ပေးနိုင်သည်။ ဒဏ်ရာများမှ ပြန်လည် ကောင်းမွန်ဖို့ ကုသရာတွင် အရမ်းအထောက်အကူ ဖြစ်သည်။ ထို့ကြောင့် ၎င်းသည် သာမန် သေမျိုးဖြစ်စေ ကျင့်ကြံသူဖြစ်စေ မခွဲခြားဘဲ ဤထောင်စုနှစ် ရေခဲ ကျောက်စိမ်းသည် အလွန်ကောင်းမွန်သော ရတနာတစ်ခုဖြစ်သည်။

ချင်ယွင်သည် အင်မော်တယ်ကမ္ဘာတွင် အနှစ်တစ်ထောင် သက်တမ်းရှိ ရေခဲကျောက်စိမ်းကို အကြိမ်များစွာ မြင်တွေ့ခဲ့ရသော်လည်း ချင်ယွင်သည် နှစ်တစ်ထောင် သက်တမ်းရှိ ရေခဲကျောက်စိမ်းများကို အိပ်ရာအဖြစ် အသုံးပြုထား သည်ကို ယခုအကြိမ်သည် ပထမဆုံးအကြိမ် မြင်တွေ့ရခြင်း ဖြစ်သည်။

နှစ်တစ်ထောင် သက်တမ်းရှိသော ရေခဲကျောက်စိမ်းများ ဖြစ်တည်လာရန် အလွန်ခက်ခဲသည်။ သာမန်ကျောက်စိမ်းတုံးများသည် နှစ်ထောင်ပေါင်းများစွာ သက်တမ်းရှိသော ရေခဲကျောက်စိမ်းအဖြစ်သို့ မပြောင်းလဲမီ မြောက်ဘက် ဝင်ရိုးစွန်းဒေသ အလွန်မင်းအေးစက်သည့် နယ်မြေများရှိ မြေအောက်များတွင် နှစ်ပေါင်းထောင်ချီကြာအောင် ထားဖို့လိုအပ်သည်။ တော်ဝင်ရန်အင်ပါယာသည် အိပ်ယာပြုလုပ်ရန်အတွက် အနှစ်တစ်ထောင်သက်တမ်းရှိ ရေခဲကျောက်စိမ်းတုံး ကြီးကို ရှာတွေ့ခဲ့သည်မှာ ကံကောင်းလွန်းလှသည်။ ထိုကံကောင်းခြင်းအပြင်၊ ဤအင်ပါယာ၏ အခြေခံအုတ်မြစ်သည် အလွန်ပင် နက်ရှိုင်းလှပါသည်။

နှစ်တစ်ထောင်သက်တမ်းရှိသော ရေခဲကျောက်စိမ်းတုံးကြီးသည် အလွန် အဖိုးတန် သော်လည်း ချင်ယွင်သည် ၎င်းကို စိတ်မဝင်စားပေ။ ဤအခိုက်အတန့်တွင် သူ၏အကြည့်များ နှစ်တစ်ထောင်သက်တမ်းရှိ ရေခဲကျောက်စိမ်းကုတင်ပေါ်တွင် တင်ပျဉ်ခွေထိုင်နေသော အသက်လတ်ပိုင်းအရွယ် အမျိုးသားဆီကို ရောက်သွားခဲ့ သည်။

ထိုလူသည် အလွန်မင်း ဂုဏ်သိက္ခာကြီးမားပြီး မြင့်မြတ်သည့်် အငွေ့အသက်များ ပိုင်ဆိုင်ထားသူ ဖြစ်သည်။ သူ၏မျက်နှာက အေးစက်ပြီး ပြတ်သားကာ ဒေါသမထွက်ဘဲ လွှမ်းမိုးကြီးစိုးနိုင်စွမ်းရှိသည့် အရိပ်အယောင်တွေ ထွက်ပေါ်နေသည်။ သူသည် ရွှေနဂါး၀တ်စုံကို ၀တ်ထားသည်။ ထိုရွှေနဂါးဝတ်ရုံပေါ်ရှိ နဂါးကြီးသည် ၎င်း၏ သွားများနှင့် ခြေသည်းများကို ဖွင့်လှစ်ထားကာ မောက်မာပြီး အစွမ်းထက်သည့် နဂါးတစ်ကောင်၏ ခမ်းနားထည်ဝါမူကို ထင်ရှားစေသည်။

မှန်ပေသည်၊ ချင်ယွင်သည် ယခင်က သူ့ကို မြင်ဖူးပြီး ဖြစ်သည်။ ထို့ကြောင့် သူသည် တစ်ချက်ကြည့်ရုံဖြင့်ပင် သူ့ကို မှတ်မိပါသည်။ ထိုလူသည် တော်ဝင်ရန်အင်ပါယာ၏ အင်ပါယာနန်းတော်အတွင်းမှ တိုင်းပြည်ကို ဦးဆောင်နေသည့် ဧကရာဇ်မင်းမြတ် ဖြစ်ပေသည်။

သို့သော် ချင်ယွင်သည် ဧကရာဇ်မင်းမြတ်ဒါယန်း၏ အငွေ့အသက်သည် သူ့ကို ပထမဆုံးအကြိမ် သူမြင်တွေ့ခဲ့သည့် အချိန်ကလောက် မပြင်းထန်ကြောင်း တွေ့ရှိလိုက်ရသည်။ ယင်းအစား၊ အားနည်းသည့် အသွင်အပြင်ကို ပေါ်လွင်စေသည်။ သူသည် ဒဏ်ရာအပြင်းအထန် ရထားသည်မှာ သိသာလှသည်။

ယခုအချိန်တွင် သူသည် သူ၏ဒဏ်ရာကို ကုသရန်အတွက် ကျင့်ကြံခြင်းနည်းစနစ်ကို အသုံးပြုနေပုံရသည်။ အနက်ရောင် စွမ်းအင်လှိုင်းလုံးများသည် ဧကရာဇ်မင်းမြတ် ဒါယန်း၏ ခန္ဓာကိုယ်မှ အဆက်မပြတ်ထွက်ပေါ်နေကာ အနက်ရောင် အခိုးငွေ့များ အဖြစ်သို့ ပြောင်းလဲသွားသည်။

ဤမြင်ကွင်းကို သူမြင်လိုက်ရလျှင် အားလုံးကို နားလည်သွားခဲ့သည်။

ဧကရာဇ်မင်းမြတ်ဒါယန်းသည် ဒဏ်ရာအပြင်းအထန် ရထားပုံပေါ်သည်။ တိုင်းပြည်၏ နှလုံးသားကို မတုန်လှုပ်စေဖို့အတွက် သူက တာအိုအငွေ့အရည် ဖွဲ့ခြင်းနယ်ပယ်ကို ဖြတ်ကျော်ရန်အတွက် ချီ(စွမ်းအင်)ကို ရှာဖွေရန် ထွက်ခွာသွားကြောင်း ကြေညာထားခဲ့သည်။

ဒါပေမဲ့ ဧကရာဇ်မင်းမြတ်ဒါယန်းကို ဘယ်သူက ဒဏ်ရာရအောင် လုပ်ခဲ့တာလဲ။

ဧကရာဇ်မင်းမြတ်ဒါယန်းသည် သိုင်းဧကရာဇ်နယ်ပယ်၏ နဝမဆင့် ကောင်းကင်အလွှာ အထွတ်အထိပ်တွင် ရှိနေကြောင်းကို သိရှိထားရမည်။ ထျန်းယွန်တိုက်ကြီး တစ်ခုလုံးတွင် တာအိုအငွေ့အရည်ဖွဲ့ခြင်းနယ်ပယ် ကျွမ်းကျင်သူများ ထွက်ပေါ် မလာမချင်း သူသည် ပြိုင်ဘက်ကင်းဟု ဆိုနိုင်သည်။

ဧကရာဇ်မင်းမြတ်ဒါယန်းထံမှ ထွက်ပေါ်လာသော အနက်ရောင် အငွေ့အသက်များကို မြင်လျှင် ချင်ယွင်သည် 'ကောင်းကင်ဘုံနတ်ဆိုးအဖွဲ့'၏ အဖွဲ့ဝင်နှစ်ယောက် အကြောင်းကို မနေနိုင်ဘဲ တွေးမိသွားခဲ့သည်။

ဤအခိုက်အတန့်တွင် နှစ်တစ်ထောင်သက်တမ်းရှိရေခဲကျောက်စိမ်း ကုတင်ပေါ်တွင် တင်ပျဉ်ခွေထိုင်နေသော ဧကရာဇ်ဒါယန်းသည် မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။ သူ့မျက်လုံးများက ချင်ယွင်ကို စိုက်ကြည့်နေကာ အေးစက်သည့် အအေးဓာတ်ကို ပေါ်လွင်စေသည်။

"မင်းက ချင်ယွင်ပေါ့ ၊ မင်းက ငါ့ရဲ့ နဝမမြောက်သားတော်ကို သတ်လိုက်သူပေါ့။" ဧကရာဇ်ဒါယန်းက အေးစက်စွာ ပြောသည်။

"မှန်ပါတယ်၊ ကျွန်တော်ပါပဲ!" ချင်ယွင်က နှိမ့်ချခြင်းလည်းမရှိသလို မောက်မာခြင်း လည်း မရှိသည့် လေသံဖြင့် ပြန်ဖြေသည်။ သို့ပေမယ့် သူ၏အကြည့်က အနှိုင်းမဲ့ အေးစက်ပြီး မောက်မာသည်။

သို့သော် ချင်ယွင်၏ စိတ်ထဲမှာတော သတိကြီးစွာထားနေပြီး ဧကရာဇ်မင်းမြတ် ဒါယန်း၏ နောက်ထပ်လှုပ်ရှားမှုကို စောင့်မျှော်နေပါသည်။

ယခုအချိန်တွင် ဧကရာဇ်ဒါယန်းသည် သတ်ဖြတ်လိုသည့် ရည်ရွယ်ချက်ကို မပြသဘဲ မေးခွန်းထုတ်နေပါသည်။ သို့သော်၊ သူ၏ခန္ဓာကိုယ်တွင် သတ်ဖြတ်လိုသည့် ရည်ရွယ်ချက် ရှိလာသည်နှင့် ချင်ယွင်သည် ရှေးဟောင်းတာအိုဆရာသခင်၏ စိတ်ဝိညာဉ်စွမ်းအားကို ချက်ချင်းအသုံးပြုကာ ဤနေရာမှ ထွက်ပြေးနိုင်ရန် 'ကိုယ်ပျောက်နည်းပညာ' ကို ချက်ချင်း ထုတ်ဖော်လိုက်မည် ဖြစ်သည်။

"ဟမ့်၊ မင်းသားတစ်ပါးကို နာကျင်အောင် နှိပ်စက်တာကပင် ကြီးမားတဲ့ ပြစ်မှုကြီးတစ်ခု ဖြစ်နေပြီ။ ငါ မင်းကို သတ်ပစ်မှာ မကြောက်ဘူးလား" ဧကရာဇ်မင်းမြတ်ဒါယန်းက အေးစက်စွာ ဟစ်အော်လိုက်သည်။ ချင်ယွင်၏လေသံနှင့် ပတ်သက်ပြီး သူ အနည်းငယ် မကျေမနပ် ဖြစ်နေသည်မှာ ထင်ရှားသည်။

"မင်းသားတစ်ပါးကလည်း ပြစ်မူကျူးလွန်ရင်တော့ သာမန် ပြည်သူပြည်သားများနှင့် အတူတူပါပဲ ။ သူက ကျွန်တော့်မယားကို မကောင်းမှု ပြုလိုစိတ်နဲ့ ပြန်ပေးဆွဲခဲ့ပြီး မိစ္ဆာလမ်းစဉ် ကျင့်ကြံခြင်းနည်းစနစ်ကို အသုံးပြုကာ သက်ရှိအားလုံးကို နာကျင်စေခဲ့တယ်။ သူက အချိန်အတော်ကြာကတည်းက သေသင့်နေပါပြီ။ ကျွန်တော်ကို သူ့ကိုသတ်လိုက်တာက ကောင်းကင်ဘုံကိုယ်စား အပြစ်ပေးလိုက်တယ် လို့တောင် မှတ်ယူနိုင်ပါတယ်။ !" ချင်ယွင်က မောက်မာစွာ ပြောသည်။ သူ၏ မျက်လုံးတွေကိုလည်း နည်းနည်းလေးမှ ရှောင်ဖယ်သွားခြင်း မရှိဘဲ၊ ဧကရာဇ်မင်းမြတ် ဒါယန်းကို လွှမ်းမိုးကြီးစိုးနိုင်စွမ်းရှိသော အငွေ့အသက်ဖြင့် ကြည့်ရှုလေ၏။

ဧကရာဇ်မင်းမြတ်ဒါယန်း၏ မျက်လုံးများသည် အလွန်အေးစက်နေခဲ့သည်။ သူသည် ဧကရာဇ်တစ်ပါး ဖြစ်လာသည်မှာ ဆယ်စုနှစ်များစွာ ကြာခဲ့ပါပြီ။ သူ့ကို ယခုလို စကားမျိုး မည်သူမှ မပြောရဲကြပါဘူး။ ယခု သူ၏ရှေ့မှာရှိနေသည့် ဤလူငယ်က သူ၏သားကို သတ်ပစ်ရုံတင်မကဘဲ သူ့ကိုပါ ပြန်ပြောရဲသည်။ တခဏအတွင်းမှာ သူ ဤအနေထားကို လက်မခံနိုင်ဖြစ်နေသည်။

ထိုမြင်ကွင်းကို မြင်ရလျှင် ချင်ယွင်ကို တိတ်တဆိတ်ခေါ်လာခဲ့သည့် ဝေရှန်းက အံ့သြသည့် အမူအရာ ပေါ်လာပါသည်။ ရှင်းရှင်းပြောရရင်၊ ချင်ယွင်သည် ဧကရာဇ်မင်းမြတ်ကို ယခုလိုပုံစံမျိုးဖြင့် စကားပြောဝံ့လိမ့်မည်ဟု သူ မမျှော်လင့် ထားခဲ့သည်မှာ ထင်ရှားပါသည်။

သူ၏ရှေ့မှာ ပေါက်ကွဲတော့မည့် ယမ်းမှုန့်ရနံ့ကို ကြည့်လိုက်ရလျှင် ဝေရှန်းက ခါးခါးသီးသီး ပြုံးလိုက်ပြီး အဆုံးတွင် သူကိုယ်တိုင် ထွက်လာဖို့ကလွဲပြီး ရွေးချယ်စရာ မရှိတော့ချေ။

"ဧကရာဇ်မင်းမြတ်၊ ချင်ယွင်က ဒီအချိန်မှာ ကျွန်တော်တို့ကို ကူညီဖို့ ဒီကို ရောက်လာ တာပါ။ နဝမမင်းသားကိစ္စ ရှေ့မဆက်တော့ဘူးလို့ မင်းမြတ်က ကျွန်တော့်ကို ကတိမပေးဘူးလား" ဝေရှန်းက မတ်တပ်ထရပ်ပြီး ပြောလိုက်သည်။

ဧကရာဇ်မင်းမြတ်ဒါယန်းသည် ဝေရှန်း၏ စကားကိုကြားသောအခါ၊ သူ၏ အမူအရာသည် ဤတစ်ကြိမ်တွင် ပို၍တည်ငြိမ်လာသည်။ သို့သော် သူ၏ အမူအရာက အေးစက်နေဆဲ ဖြစ်သည်။ ဖြစ်ပေါ်နေသည့် ဤနန်းတော်အတွင်း အကြပ်အတည်း ကြောင့်သာ မဟုတ်ရင်………..။

အကယ်၍ နဝမအဆင့် ကောင်းကင်အလွှာ အထိတ်အထိပ် သိုင်းမြို့စားအဆင့် ကျွမ်းကျင်သူ တစ်ဦးက သူ့ကို ယခုလိုစကားမျိုး ပြောရဲမည်ဆိုလျှင် သူသည် ထိုလူကို သေသည်အထိ ပါးရိုက်ပြီး ဖြစ်လိမ့်မည်။

ချင်ယွင်သည် ဧကရာဇ်မင်းမြတ်ဒါယန်း၏ အမူအရာ ပျော့ပျောင်းလာသည်ကို မြင်လိုက်ရပြီး သူ၏မျက်လုံးများတွင်လည်း အေးစက်မူများ မရှိတော့ပေ။ သို့သော် သူ့ကို အကူအညီတောင်းခံမည့် ဝေရှန်း၏ စကားများနှင့်ပတ်သက်ပြီး သူ အလွန် သိချင်နေမိသည်။

တိုင်းပြည်တစ်ခု၏ ဂုဏ်သိက္ခာကြီးမားသည့် ဧကရာဇ်မင်းမြတ်တစ်ပါးက သူ့ဆီမှ အမှန်တကယ် အကူအညီတောင်းခံချင်နေခဲ့သည်.။ သူသည် မည်ကဲ့သို့ ပြဿနာမျိုးနှင့် ရင်ဆိုင် ကြုံတွေ့နေရသနည်း။

ဧကရာဇ်မင်းမြတ်ဒါယန်း၏ အမူအရာက ပျော့ပျောင်းသွားသော်လည်း ချင်ယွင်ကို အလွန်မကျေမနပ် ဖြစ်နေသေးသည်။ ယခု သူသည် ချင်ယွင်ကို အကူအညီ တောင်းခံမည့်စကား ပြောရမှာဖြစ်သည့်အတွက် သဘာဝအတိုင်းပင် ရှက်ရွံ့ နေမိသည်။

ဝေရှန်းသည် ချင်ယွင်ကို ဧကရာဇ်ဒါယန်းအား ချစ်ကြည်ရင်းနှီးရေး အမူအယာ ပြစေလို အလား ချင်ယွင်ကို မျက်တောင် ခတ်ပြလိုက်သည်။ နောက်ဆုံးတော့ သူသည် တိုင်းပြည်တစ်ခု၏ ဧကရာဇ်မင်းမြတ်ဖြစ်တာကြောင့် သူ့ဘက်က တဆင့်လျှော့ ပေးရလိမ့်မည်။

ချင်ယွင်သည်လည်း သူ၏ကိုယ်ပိုင် အတွေးများ ရှိပေသည်။ ယခုအချိန်တွင် သူသည် ဧကရာဇ်မင်းမြတ်ဒါယန်းနှင့် လွဲလျော်သွားလို စိတ်မရှိပေ။

နောက်ဆုံးမှာတော့ ဧကရာဇ်မင်းမြတ်ဒါယန်း၏ သူ၏လက်ထဲမှာ သူလိုချင်သည့် စိတ်ဝိညာဉ်ပြန်သွင်းခြင်းမြက်ကို ဆုပ်ကိုင်ထားသည်။ အကယ်၍ သူသည် ဧကရာဇ်မင်းမြတ်ဒါယန်းနှင့် အမှန်တကယ် ဆန့်ကျင်ဘက် ပဋိပက္ခဖြစ်ခဲ့မည် ဆိုလျှင်၊ စိတ်ဝိညာဉ်ပြန်သွင်းခြင်းမြက်ကို ရရှိရန် သူ့အတွက် မဖြစ်နိုင်သလောက်ပင်။

ကျန်းရွှန်ချင်းကို ကယ်တင်ဖို့အတွက်ဆိုလျှင် သူသေရန်ပင် ဆန္ဒရှိသည်။ ယခုမူ၊ သူသည် ဧကရာဇ်မင်းမြတ်ဒါယန်းအား ချစ်ခင်ရင်းနှီးမူ ပြသရုံမျှသာ ဖြစ်သည်။ သေချာသည်မှာ ၊ သူ့အတွက် ထိုကဲ့သို့လုပ်ဖို့က မဖြစ်နိုင်တာ မဟုတ်ပါဘူး။

ထို့ကြောင့် ချင်ယွင်က ချက်ချင်းပင် ပြောလိုက်သည် "ဧကရာဇ်မင်းမြတ်၊ ဧကရာဇ်မင်းမြတ်ရဲ့ သားတော်တစ်ယောက်ကို ကျွန်တော် သတ်ခဲ့ပါတယ်၊ ဒါပေမယ့် ဧကရာဇ်မင်းမြတ်ရဲ့ သားတော်တစ်ယောက်ကို ကျွန်တော် ပြန်ပေးနိုင်ပါတယ်"

"သားတော်တစ်ယောက်ကို ပြန်ပေးမှာလား" ချင်ယွင်၏ ပထမဝါကျပါ စကားလုံးများကို ကြားသောအခါ ဧကရာဇ်ဒါယန်း၏ ဒေါသတွေက မြင့်တက် လာသော်ခဲ့လည်း ချင်ယွင်၏ ဒုတိယဝါကျပါစကားက သူ့ကို မှင်တက်သွားစေခဲ့ပြီး အံ့အားသင့်စွာ မေးလိုက်သည်။

ဧကရာဇ်မင်းမြတ်ဒါယန်း၏ တုံ့ပြန်မှုကိုမြင်လျှင် ဆဋ္ဌမမင်းသားလေးကို ကယ်တင်မူနှင့် ပတ်သက်ပြီး ဧကရာဇ်မင်းမြတ် ဒါယန်းကိုယ်တိုင် မသိသေးဘူး ဆိုသည်ကို ချင်ယွင်သိလိုက်ရပြီ။ ထို့ကြောင့် သူက ဆက်ပြောသည် "ဆဋ္ဌမမင်းသားလေးက သေခါနီးဆဲဆဲ အခြေအနေမှာ ရောက်နေတယ်။ ကျွန်တော်က ဆဋ္ဌမမင်းသားလေးရဲ့ရောဂါကို ကုသပေးနိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော့်မှာ အခြေအနေ တစ်ခုတော့ရှိတယ်... "

"ငါကိုယ်တော် မင်းကို ဘာမဆို ကတိပေးတယ်!" ဧကရာဇ်ဒါယန်းသည် ကပျာကယာ ထလာပြီး၊ သူ၏မျက်လုံးတွေက အလင်းရောင်တွေနှင့်အတူ လင်းလက် တောက်ပ နေခဲ့သည်.။

ဧကရာဇ်မင်းမြတ်ဒါယန်း၏ တုံ့ပြန်မှုကြောင့် ချင်ယွင်သည်ပင် အံ့ဩမှင်သက် သွားခဲ့သည်။ အကယ်၍ ဧကရာဇ်မင်းမြတ်ဒါယန်းသည် ဆဋ္ဌမမင်းသားအပေါ် တုန်နေအောင် မချစ်ဘူးဆိုလျှင် ယခုလိုအနေထားမျိုးထိ သူသည် ဖြစ်နေလိမ့်မည် မဟုတ်ပေ။

ထိုအကြောင်းကို တွေးကြည့်ရင်း ချင်ယွင်သည် နဝမမင်းသားအတွက် စိတ်မကောင်းပင် ဖြစ်မိသွားသည်။ နဝမမင်းသားသည်လည်း သူ၏သားတော်တစ်ပါး ဖြစ်ပါသည်။ ကွာခြားချက်က အဘယ့်ကြောင့် ဤမျှလောက် ကြီးမားနေရသနည်း။

အခန်း (၃၃၇) တရားမျှတခြင်းဓား။

"အခြေအနေတွေက ဘာတွေလဲ၊ ပြောပြပါဦး။ တတ်နိုင်သမျှ မင်းပြောသမျှကို ငါကိုယ်တော် သဘောတူပေးမယ်။ မင်း မတရာလွန်လို့တော့ မရဘူးနော်။" ဧကရာဇ်မင်းမြတ်ဒါယန်းက ကမန်းကတန်း ပြောလိုက်သည်။ ချင်ယွင်ကို ကြည့်သည့် သူ၏အကြည့်များကပင် ယခင်လို အေးစက်ပြီး မောက်မာခြင်းမျိုး မရှိတော့ပေ။ ယခုတော့ သူသည် ခွေးမတစ်ကောင်ကို မြင်နေရသည့် လိင်စပ်ယှက်သည့် ကာလကိုရောက်နေသည့် ခွေးအထီးတစ်ကောင်နှင့်ပင် တူနေလေသည်။

ချင်ယွင်သည်လည်း ရှိုက်ကြီးတငင် ပြုံးလိုက်မိသည်။ ဧကရာဇ်မင်းမြတ် ဒါယန်းသည် ဆဋ္ဌမမင်းသားအတွက် ဤကဲ့သို့ စိတ်ကူးယဉ်ဆန်မှုမျိုး ရှိနေလိမ့်မည်ဟု အမှန်တကယ် မထင်ထားခဲ့ပေ။ ရန်ရူ(ဆဋ္ဌမမင်းသား)သည် ကယ်တင်ခံရမည့် အကြောင်း ကြားသိရသည်နှင့် သူ၏စိတ်တည်ငြိမ်မှုများပင် ပျောက်ဆုံးသွားခဲ့ရသည်။

သို့သော် ဆဋ္ဌမမင်းသားနှင့် မင်းသမီး(၁၃)တို့ကို ကာကွယ်ရန် သိုင်းဧကရာဇ် လေးပါးထဲမှ နှစ်ဦးကို မည်ကဲ့သို့စေလွှတ်ထားသည်ကို တွေးသောအခါ ချင်ယွင် စိတ်သက်သာရာ ရသွားခဲ့သည်။

"ကျွန်တော်က စိတ်ဝိညာဉ်ပြန်သွင်းခြင်းမြက်ကို လိုချင်ပါတယ်။" ချင်ယွင်က ပြတ်ပြတ်သားသား ပြောလိုက်သည်။

"စိတ်ဝိညာဉ်ပြန်သွင်းခြင်းမြက်လား?" ဧကရာဇ်ဒါယန်းသည် မှင်သက်သွားပြီး ချင်ယွင်ကို အံ့အားသင့်စွာ ကြည့်လိုက်သည်။

ဧကရာဇ်မင်းမြတ်ဒါယန်း၏ အမူအရာကိုမြင်လျှင် ချင်ယွင် နှလုံးတချက် ခုန်သွားသည်။ စိတ်ဝိညာဉ်ပြန်သွင်းခြင်းမြက်နှင့် ပတ်သက်ပြီး တစ်ခုခု မှားယွင်းနေ လို့များလား...။ သို့သော် ဧကရာဇ်မင်းမြတ်ဒါယန်း၏ နောက်ထပ် စကားများက ချင်ယွင်ကို ဒေါသတကြီး ကျိန်ဆဲချင်စိတ်ပင် ဖြစ်ပေါ်စေခဲ့သည်။

"ဒီလောက်တောင် ရိုးရှင်းတာလား?" ဧကရာဇ်မင်းမြတ်ဒါယန်းက မေးလိုက်သည်။

ဧကရာဇ်မင်းမြတ်ဒါယန်း၏ ထင်မြင်ယူဆချက်အရ ချင်ယွင်သည် သေချာပေါက် တန်ဖိုးကြီးမားသည့် အရာမျိုး ပြောပါလိမ့်မည်။ အကယ်၍ အစွမ်းထက်သည့် သိုင်းပညာရပ်မျိုးကို မလိုချင်ဘူးဆိုလျှင်ပင် ပြိုင်ဘက်ကင်း ရတနာအချို့ကိုတော့ သူ လိုချင်နေပါဦးမည်။ သို့သော် ချင်ယွင်သည် အမှန်တကယ်ပင် သူ့ထံမှ ဆေးပင်တစ်ပင်ကိုသာ တောင်းယူခဲ့သည်။

စိတ်ဝိညာဉ်ပြန်သွင်းခြင်းမြက်သည် အနှိုင်းမဲ့ အဖိုးတန်သော်လည်း ဧကရာဇ် မင်းမြတ် ဒါယန်းအတွက်တော့ အသုံးမဝင်ပေ။

သူကိုယ်တိုင်ကလည်း စိတ်ဝိညာဉ်ပြန်သွင်းခြင်းမြက်ကို မတော်တဆ ရရှိခဲ့ခြင်း ဖြစ်သည်။ ၎င်းမြက်သည် လူသူဆိတ်သုဉ်းသည့် လွင်ပြင်ကျယ်ကြီးတွင် ပေါက်ရောက်ပြီး အင်မော်တယ်အလင်းရောင်များ စီးဆင်းနေသည်။ ဧကရာဇ်မင်းမြတ် ဒါယန်းသည် ၎င်းအလင်းအရောင်များကို မြင်လိုက်ရသောကြောင့် သူသည် ကောင်းကင်ဘုံနှင့် ကံကြမ္မာကိုပင် ပြောင်းလဲနိုင်သော ရတနာတစ်ခုဟု ထင်မြင်မိသည်။ ထို့ကြောင့် ၎င်းမြက်ကို ရယူရန်အတွက် သက်စွန့်စံဖျား ကြိုးစားခဲ့ရသည်။

သို့ရာတွင်၊ ဆေးကလန်မှလူများက ၎င်းမြက်ကို အကဲဖြတ်ပြီးနောက်၊ ဤသည်မှာ အလွန်အဆိပ်ပြင်းသည့် အဆိပ်ရှိဆေးပင် ဖြစ်သည်ဟု ဆိုကြသည်။ ဒါကြောင့် ဧကရာဇ်မင်းမြတ်ဒါယန်းသည် ၎င်းအပင်ကို ဘဏ္ဍာတိုက်မှာ ထားခဲ့ပြီး ၎င်းဆေးပင်အကြောင်းကို ထပ်မမေးတော့ပေ။ ယခု ချင်ယွင်သည် သူ့ထံမှ ဤအဆိပ်ရှိသော ဆေးပင်ကို အမှန်တကယ် တောင်းလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။

သူသည် ရန်ရူ၏အသက်သည် မည်သည့်ပြိုင်ဘက်ကင်း ရတနာများထက်မဆို ပိုအဖိုးတန်သည်ဟု ကြာမြင့်စွာကတည်းက မှတ်ယူထားသောကြောင့် ချင်ယွင်က အသုံးမဝင်သော ဤအဆိပ်အပင်တစ်ပင်ကို တောင်းသောအခါတွင် အနည်းငယ် အံ့သြသွားမိသည် ။

ဧကရာဇ်မင်းမြတ်ဒါယန်း၏ ထိတ်လန့်သော အမူအရာကြောင့် ချင်ယွင်၏ စိတ်သည်ပင် ကမောက်ကမ ဖြစ်သွားခဲ့ရသည်။ သို့သော် ဧကရာဇ်မင်းမြတ် ဒါယန်း၏ စကားကို ကြားသောအခါ စိတ်ဝိညာဉ်ပြန်သွင်းခြင်းမြက်သည် ထိုနေရာတွင် ရှိနေကြောင်း သူသိလိုက်ရပြီး သူ၏စိတ်နှလုံးသည်လည်း ချက်ချင်းပင် ပိုကောင်းလာသည်။

ချင်ယွင်သည်လည်း စိတ်ဝိညာဉ်ပြန်သွင်းခြင်း မြက်အကြောင်းကို သေချာစွာ နားလည် ထားပါသည်။ ယခုအချိန်တွင် စိတ်ဝိညာဉ်ပြန်သွင်းခြင်းမြက်သည် စိတ်ဝိညာဉ် ပြန်သွင်းခြင်းဆေးကို သန့်စင်ရန်အတွက် အဓိကပါဝင်ပစ္စည်း ဖြစ်နေပါသည်။

သို့သော်လည်း သန့်ရှင်းသော စိတ်ဝိညာဉ်ပြန်သွင်းခြင်းမြက်သည် အလွန် အဆိပ်ပြင်း သည်။ သိုင်းဧကရာဇ်အဆင့် ကျွမ်းကျင်သူများပင် ဤဆေးပင်မျိုး စားသုံးမိသည်နှင့် ချက်ခြင်း သေဆုံးသွားနိုင်သော်လည်း တာအိုအငွေ့အရည်ဖွဲ့ခြင်း နယ်ပယ်ပညာရှင် များအတွက်မူ အသုံးမတော့ဝင်ပေ။

ဧကရာဇ်မင်းမြတ်ဒါယန်း၏ သိုင်းဧကရာဇ်နယ်ပယ် အထွတ်အထိပ် ကျင့်ကြံမူ အခြေခံဖြင့်ဆိုလျှင် သူသည် သိုင်းဧကရာဇ်အဆင့် ကျွမ်းကျင်သူများကိုသတ်ရန် အတွက် အဆိပ်ကိုအသုံးပြုရန် မလိုအပ်တော့ပေ။ ဤ စိတ်ဝိညာဉ်ပြန်သွင်းခြင်း မြက်သည် တာအိုအငွေ့အရည်ဖွဲ့ခြင်း နယ်ပယ်ကျွမ်းကျင်သူများကိုလည်း မသတ်ဖြတ်နိုင်သည့်အတွက် စိတ်ဝိညာဉ်ပြန်သွင်းခြင်းမြက်က သူ့အတွက် ကြက်နံရိုး တစ်ချောင်းထက် ဘာမှ မပိုပေ။ လျစ်လျူရှုထားခြင်းက သူ့အတွက် ပုံမှန်ပင်ဖြစ်သည်။

ချင်ယွင်သည် စိတ်ဝိညာဉ်ပြန်သွင်းခြင်း မြက်ပင်ကို လိုအပ်နေသည့်ကြောင်းကို ဧကရာဇ်မင်းမြတ် ဒါယန်မြင်သောအခါ ချင်ယွင်က သူ၏စကားပြန်ရုတ်သိမ်း သွားရမှာကို ကြောက်ရွံ့နေသည့်အလား သူ၏မျက်နှာမှာလည်း စိတ်လှုပ်ရှား နေသည့် အမူအရာပေါ်လာသည်။ စိတ်ဝိညာဉ်ပြန်သွင်းခြင်းမြက်ကို အမြန်ထုတ် ပေးလိုက်ဖို့ ဝေရှန်းကို အမိန့်ပေးလိုက်သည်။

ဟုတ်ပါသည်၊ ခဏအတွင်းမှာပင် ဝေရှန်းသည် စိတ်ဝိညာဉ်ပြန်သွင်းခြင်းမြက် ပါရှိတဲ့ ကျောက်စိမ်းသေတ္တာကို ပြန်ယူလာခဲ့ပါသည်။

ချင်ယွင်သည် စိတ်ဝိညာဉ်ပြန်သွင်းခြင်းမြက်ကို မြင်သောအခါ စိတ်လှုပ်ရှားသော အမူအရာ ပေါ်လာသည်။ သူသည် စိတ်ဝိညာဉ်ပြန်သွင်းခြင်းဆေးက သန့်စင်ရန် အတွက် ပါဝင်ပစ္စည်းသုံးမျိုးထဲမှ တစ်မျိုးကို စုဆောင်းနိုင်ခဲ့ပြီ ဖြစ်သည်။ အခြားပါဝင်ပစ္စည်းများကို စုဆောင်းပြီးသည်နှင့် ကျန်းရွှန်ချင်းကို ကယ်တင် နိုင်လိမ့်မည်။

ဧကရာဇ်မင်းမြတ်ဒါယန်းသည် ဆဋ္ဌမမင်းသားကို ချင်ယွင်က ကယ်တင်နိုင်မည် ဟု ယုံကြည်ပုံ မပေါ်ပေ။ သူသည် ဝေရှန်းကို ဆဋ္ဌမမင်းသားကို တုန်းယန် နန်းတော်မှ ခေါ်ဆောင်ရန် အလျင်အမြန် အမိန့်ပေးလိုက်ပြီး သူ၏မျက်စိရှေ့မှာပင် ချင်ယွင်ကို ကယ်တင်ခွင့်ပြုခဲ့သည်။

ချင်ယွင်မှာ ကိုယ်ပွားများရှိနေခြင်းနှင့် ပတ်သက်ပြီး လျှို့ဝှက်ချက်မဟုတ်တော့သည့် အတွက်ကြောင့် သူသည် မည်သည့်အရာကိုမျှ မဖုံးကွယ်တော့ဘဲ လျှပ်စီးစွမ်းရည်ကိုယ်ပွားကို ဆင့်ခေါ်လိုက်သည်။ သူသည် ဆဋ္ဌမမင်းသား၏ ခန္ဓာကိုယ်မှ လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားကို ထုတ်ယူရန်အတွက် သူ၏ အစွမ်းထက်သော စိတ်ဝိညာဉ်စွမ်းအားကို အသုံးပြုခဲ့သည်။

ချင်ယွင်သည် ဆဋ္ဌမမင်းသား၏ ခန္ဓာကိုယ်မှ လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားကို ထုတ်ယူလိုက်ပြီးနောက် ဆဋ္ဌမမင်းသား၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ပြန်လည် မွေးဖွားလာပုံရသည်။ သူ၏မျက်နှာသည်ပင် နီရဲလာသည်။ ထို့အပြင် ချင်ယွင်သည် သူ့အား ပြန်လည်ပြီး ထူထူထောင်ထောင် ဖြစ်လာစေရန်အတွက် သူ၏အသက် စွမ်းအားကို အထူးအသုံးပြုပေးခဲ့သည်။ သူသည် အသက်ပြန်ရှင်လာသည့် ကျားတစ်ကောင်ဟု မပြောနိုင်သေးသော်လည်း၊ အနည်းဆုံး သာမန်သေမျိုး တစ်ယောက်နှင့် မတူတော့ပေ။

ဤအရာက ဆဋ္ဌမမင်းသားနှင့် တော်ဝင်ရန် ဧကရာဇ်မင်းမြတ်ကို အလွန် ပျော်ရွှင်စေ ခဲ့သည်။ ချင်ယွင်ကိုကြည့်နေသည့် သူတို့အကြည့်တွေက ကျေးဇူးတင်မူများဖြင့် ပြည့်နှက်နေသည်.။

ချင်ယွင် နဝမမင်းသားကို သတ်ခဲ့သည့်ကိစ္စနှင့် ပတ်သက်ပြီး ဧကရာဇ်မင်းမြတ် ဒါယန်းသည် ထိုအကြောင်းကို မေ့နေပုံရသည်။

သို့သော် အဋ္ဌမမင်းသားနှင့် နဝမမင်းသားတို့သည် အကြောင်းပြချက် အချို့ကြောင့် ဧကရာဇ်မင်းမြတ်၏ မျက်နှာသာမပေးခြင်းမခံရဟု ယူဆနိုင်သည်။ တစ်ယောက်က တုံးအမိုက်မဲပြီး နောက်တစ်ယောက်ကတော့ ထူးဆန်းပြီး လျှို့ဝှက်နက်နဲသည်။

ဆဋ္ဌမမင်းသားသည် ပုံမှန်ပြန်ဖြစ်လာပြီး ဧကရာဇ်မင်းမြတ်ဒါယန်း၏ နှလုံးသားထဲတွင် ဆယ်နှစ်ကြာ ချည်နှောင်ထားခဲ့သော အထုံးများလည်း ပြေလျော့သွားခဲ့သည်။ သူက ချင်ယွင်ကို အရင်ကလို မောက်မာသည့် အကြည့်မျိုးဖြင့် မကြည့်တော့ပေ။ ချင်ယွင်ကို ကျေးဇူးတင်သည့် အရိပ်အယောင်မျိုးဖြင့် ကြည့်နေမည့်အစား သူက ချင်ယွင်ဟု ခေါ်ရာမှ ညီငယ်ချင်ဟုပင် တိုက်ရိုက် ပြောင်းခေါ်လိုက်သည်။

ဤအရာအားလုံးကို ဘေးမှ တိတ်တဆိတ်ကြည့်နေသည့် ဝေရှန်းမြင်လျှင် သူ၏မျက်နှာက ပြုံးရွှင်နေသည်။ ချင်ယွင်နှင့် ဧကရာဇ်မင်းမြတ်ဒါယန်းတို့၏ ဆက်ဆံရေးက သူတို့ပိုရင်းနီးလေ သူတို့အတွက် အကောင်းဆုံးဖြစ်လေ ဖြစ်သည်.။

ဆဋ္ဌမမင်းသားသည် သူ၏ ရောဂါပျောက်ကင်းပြီးသွားနောက် သူသည် ပြန်လည် ထွက်ခွာသွားပြီး ဧကရာဇ်ဒါယန်းသည်လည်း သူ၏ ယခင်စိတ်လှုပ်ရှားမှုမှ ပြန်လည် သက်သာလာခဲ့သည်။

ဧကရာဇ်မင်းမြတ်ဒါယန်းက သူ့ကို အကူအညီတောင်းတော့မည်ဆိုသည်ကို ချင်ယွင် သိလိုက်သည်။ အမှန်တကယ်တော့ ချင်ယွင်သည် နိုင်ငံတစ်ခု၏ ဧကရာဇ် မင်းမြတ်တစ်ပါး သူ့ဆီမှ တောင်းခံချင်သည့် အကူအညီကို သိချင်လွန်းလှပါသည်။ သူကူညီနိုင်၊ မကူညီနိုင် ယင်းက သူ၏စိတ်ခံစားချက်ပေါ် မူတည်နေသည်။

"ညီငယ်ချင်၊ မင်း ကောင်းကင်ဘုံနတ်ဆိုးအဖွဲ့အကြောင်း ကြားဖူးသင့်တယ် ထင်တာပဲ!" ဧကရာဇ်မင်းမြတ်ဒါယန်းက လေးနက်သော လေသံဖြင့် ပြောလိုက် သည်။

ချင်ယွင်က ခေါင်းညိတ်ပြလိုက်သည်။ သူ၏နှလုံးသားထဲတွင် အံ့အားသင့်သည့် အရိပ်အယောင်လေးမျှပင် မရှိချေ။ ဤအရာအားလုံးသည် သူမှန်းဆထားသည့် အတိုင်းပင်ဖြစ်သည်။ အကူအညီက ကောင်းကင်ဘုံနတ်ဆိုးအဖွဲ့နှင့် ပတ်သက်နေ သည်။ ထို့အပြင် ချင်ယွင်၏ ခန့်မှန်းချက် မှန်ကန်ပါက ဧကရာဇ် မင်းမြတ်ဒါယန်း၏ ဒဏ်ရာများသည် ကောင်းကင်ဘုံနတ်ဆိုးအဖွဲ့နှင့်လည်း သက်ဆိုင်နေပါလိမ့်မည်။

ချင်ယွင်၏တွေးနေသည့် အကြောင်းအရာကို ဧကရာဇ်မင်းမြတ်ဒါယန်းက မြင်နိုင်ပုံရပြီး ဆက်ပြောသည် "မင်း ခန့်မှန်းတာ မှန်ပါတယ်။ ငါ့ခန္ဓာကိုယ်က ဒဏ်ရာတွေ ကောင်းကင်ဘုံနတ်ဆိုးအဖွဲ့ရဲ့ ခေါင်းဆောင် ဧကရာဇ်မင်းမြတ် ထျန်းရှကြောင့် ရရှိခဲ့တာပဲ။"

"ဧကရာဇ်မင်းမြတ်ထျန်းရှလား?" ချင်ယွင်က မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

ဤလူအကြောင်း သူပထမဆုံး ကြားဖူးခြင်းဖြစ်သည်။ ထို့အပြင် ဤလူသည် ဧကရာဇ်မင်းမြတ် ဒါယန်းကို အမှန်တကယ် ဒဏ်ရာရစေနိုင်ခဲ့သည်။ ထိုလူသည် လည်း အနည်းဆုံး သိုင်ဧကရာဇ်နယ်ပယ်၏ နဝမအဆင့် ကောင်းကင်အလွှာ အထွတ်အထိပ်တွင် ရှိနေရလိမ့်မည်။

ဧကရာဇ်မင်းမြတ်ဒါယန်းက ခေါင်းညိတ်ပြလိုက်သည်။ သူက ဆက်ပြောသည် "ထျန်းရှဟာ ငါတို့တော်ဝင်ရန်အင်ပါယာရဲ့ အကြီးမားဆုံး ရန်သူကြီးပဲ၊ လွန်ခဲ့တဲ့ အနှစ်သုံးဆယ်က ဧကရာဇ်မင်းမြတ်ထျန်းရှဟာ ငါတို့တော်ဝင်ရန်အင်ပါယာကို စစ်ပွဲကြီးတစ်ကြိမ် ဆင်နွဲခဲ့ဖူးတယ်၊ သူက ဒီကမ္ဘာကြီးအတွက် ယှဉ်ပြိုင် ချင်ပေမယ့် ငါ့အဖေက နောက်ဆုံးမှာ တာအိုအငွေ့အရည်ဖွဲ့ခြင်းနယ်ပယ်ထဲသို့ ဝင်ရောက်သွား လိမ့်မယ်လို့ သူ မျှော်လင့်မထားခဲ့ဘူး။ နောက်ဆုံးမှာတော့ ကောင်းကင်ဘုံနတ်ဆိုး အဖွဲ့က ရှုံးနိမ့်သွားခဲ့တယ်။ ငါ့အဖေ့ကြောင့် ဧကရာဇ် မင်းမြတ်ထျန်းရှလည်း ဒဏ်ရာ အပြင်းအထန် ရသွားခဲ့တယ်။ ကံမကောင်းစွာပဲ အဲဒီစစ်ပွဲကြီးမှာ သူ လွတ်မြောက် သွားခဲ့သည်။ အခု ဧကရာဇ်မင်းမြတ်ထျန်းရှ ပြန်လာလိမ့်မယ်လို့ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ဘူး။”

ဧကရာဇ်မင်းမြတ်ဒါယန်းက အဓိကကျသည့်နေရာမှာ ရပ်တန့်သွားသော်လည်း ချင်ယွင်ကတော့ အရာအားလုံးကို နားလည်သွားခဲ့ပါပြီ။

" ဧကရာဇ်မင်းမြတ်ပြောလိုတာက ကောင်းကင်ဘုံနတ်ဆိုးအဖွဲ့ကို တိုက်ခိုက်ရာမှာ ကျွန်တော်ကိုလည်း ဧကရာဇ်မင်းမြတ်တို့နဲ့အတူ ပါဝင်တိုက်ခိုက်ပြီး အင်ပါယာရဲ့ တော်ဝင်မိသားစုကို ကာကွယ်ပေးစေချင်တာလား။" ချင်ယွင်က မေးလိုက်သည်။

"မှန်ပါတယ်၊ ငါတို့က မင်းကို ကောင်းကင်ဘုံနတ်ဆိုးအဖွဲ့ကို ခုခံကာကွယ်ရာမှာ ကူညီပေးစေချင်တာပါ။ ဒါ့အပြင် ဒါက အင်ပါယာရဲ့တော်ဝင်မိသားစုကို ခုခံ ကာကွယ်ပေးရုံတင် မဟုတ်ဘဲ တော်ဝင်ရန်အင်ပါယာတစ်ခုလုံးရဲ့ မျိုးဆက်သက် လူသားမျိုးနွယ်စုကို ခုခံကာကွယ်ပေးဖို့လည်း ဖြစ်ပါတယ်။ တကယ်လို့ ဧကရာဇ်မင်းမြတ်ထျန်းရှသာ ဒီကမ္ဘာကြီးကို သိမ်းပိုက်လိုက်မယ်ဆိုရင် ထျန်းယွန် တိုက်ကြီးတစ်ခုလုံး ကြောက်မက်ဖွယ်ကောင်းတဲ့ ဘေးကျပ်နံကျပ်ထဲ ကျရောက်သွား မှာ သေချာပါတယ်။" ဧကရာဇ်မင်းမြတ် ဒါယန်းက ရိုးသားစွာ ပြောလိုက်သည်။

'ဆင်းရဲဒုက္ခ' ဟူသော စကားကို ကြားသောအခါ ချင်ယွင်၏ ခန္ဓာကိုယ်သည် အနည်းငယ် တုန်ယင်သွားသည်။ ယင်းက ချင်နင်းမြို့နှင့် ဘိုင်ယွန်မြို့တော် စီရင်စုအတွင်းရှိ မြို့ပေါင်းများစွာမှာ ဖြစ်ပျက်ခဲ့သည့် မြင်ကွင်းများကို အမှတ်ရစေသည်။ ပြင်းထန်သော အေးစက်မှုတစ်ခုက သူ၏နှလုံးသားထဲသို့ ချက်ချင်း ဝင်လာခဲ့သည်။

"ကောင်းပြီလေ၊ ကျွန်တော် ကတိပေးပါတယ်။" ချင်ယွင် ရုတ်တရက် ခေါင်းညိတ်လိုက် သည်။

ချင်ယွင်သည် ဤကမ္ဘာကြီး တရားမျှတမှု ပြန်လည်ရရှိရန်အတွက် ကျင့်ကြံ နေခဲ့ခြင်း မဟုတ်ပါလော။ တော်ဝင်ရန်အင်ပါယာ၏ ပြည်သူပြည်သားတွေ ကူကယ်ရာမဲ့ ဖြစ်ပြီး ဒုက္ခရောက်နေချိန်မှာ သူက ကြည့်နေရမှာလား။ ထိုအရာမျိုး သူ မလုပ်နိုင်ပါဘူး၊ ထို့ကြောင့် ဧကရာဇ်မင်းမြတ်ဒါယန်းက သူ့ကို ဒီတိုက်ပွဲမှာ အကူအညီ မတောင်းခဲ့ဖူးဆိုလျှင်ပင် နောက်ဆုံးမှာတော့ သူ ဝင်ပါဖြစ်ဦးမှာပါ။

ချင်ယွင်က ခေါင်းညိတ်ပြသည်ကို မြင်ရလျှင် ဧကရာဇ်မင်းမြတ်ဒါယန်း၏ မျက်နှာက ချက်ချင်းပင် ကျေနပ်အားရသည့် အမူအယာ ပေါ်လာသည်။ သို့သော် သူ၏ ဘေးတွင်ရပ်နေသော ဝေရှန်းသည် ဤရလာဒ်ကို ကြာမြင့်စွာကတည်းက သိရှိထားပုံရပြီး ယင်းကိုလည်း သူ၏အမူအယာက တရားဝင် ထောက်ခံပြသနေသည်။

အမှန်တကယ်တော့ ဤအရာက မထူးဆန်းပါဘူး။ သူကိုယ်တိုင်က ချင်ယွင်၏ လုပ်ရပ်အားလုံးကို သိရှိထားပြီးဖြစ်ကာ ချင်ယွင် မည်ကဲ့သို့လူစားမျိုး ဖြစ်သည်ကို လည်း သိရှိထားသည်လေ။

သူသည် ဖြောင့်မတ်မှန်ကန်သည့်လူတစ်ယောက် မဟုတ်သော်လည်း အနည်းဆုံးတော့ သူ၏နှလုံးသားထဲတွင် ဖြောင့်မတ်သောဓားတစ်ချောင်း ရှိနေပါသေးသည်။

အခန်း (၃၃၈) မိုးကြိုးနတ်ဘုရားလေး။

ပြီးနောက် ချင်ယွင်သည် ဧကရာဇ်မင်းမြတ်ဒါယန်း၊ တစ္ဆေပါရမီရှင် သိုင်းဧကရာဇ်တို့နှင့် အတူ ကောင်းကင်ဘုံနတ်ဆိုးအဖွဲ့အင်အားစုအကြောင်းကို ဆွေးနွေးခဲ့ကြသည်။

တစ္ဆေပါရမီရှင်သိုင်းဧကရာဇ်သည် ကောင်းကင်ဘုံနတ်ဆိုးအဖွဲ့၏ ဧကရာဇ် မင်းမြတ်ထျန်းရှသည် အင်ပါယာမြို့တော်သို့ ဝင်ရောက်လာခဲ့ပြီး ဂျီကလန်တွင် နေထိုင်နေသည်ကို သိပြီးဖြစ်သော်လည်း သူ၏လက်အောက်တွင် သိုင်းဧကရာဇ် အဆင့်ကျွမ်းကျင်သူ မည်မျှရှိသည်ကိုမူ သူ မသိရှိရသေးပေ။

နောက်ဆုံးတွင် ချင်ယွင်သည် စေတနာရှင်အဖြစ် ဝင်ရောက်ပြောဆိုပြီး စုံစမ်းရန် အတွက် ဂျီကလန်သို့သွားလိုကြောင်း ပြောလိုက်သည်။ နောက်ဆုံးတော့ သူ့မှာ ရှေးဟောင်းတာအို ဆရာသခင်၏ ' ကိုယ်ပျောက်နည်းပညာ 'ရပ် ရှိနေသည်။ ဧကရာဇ်မင်းမြတ်ဒါယန်းတောင်မှ သူ၏ဖြစ်တည်မှုကို ဖော်ထုတ်လို့ မရနိုင်ပါဘူး။

သို့သော် သူသည် စုံစမ်းစစ်ဆေးရန်အတွက်သာ သွားရောက်နိုင်ပြီး သဘာဝ အတိုင်း မည်သည့် ပြဿနာမှ ဖြစ်လို့မရပေ။

ချင်ယွင်က စုံစမ်းစစ်ဆေးရန် ဆန္ဒရှိကြောင်း ဧကရာဇ်မင်းမြတ်ဒါယန်း ကြားသော အခါတွင် သူသည် အလွန်ပျော်ရွှင်သွားသည်။ နောက်ဆုံးတွင်၊ သူသည် ချင်ယွင်ကို အသက်ကယ်ပစ္စည်းအဖြစ် အင်မော်တယ်အဆင့် မိုးကြိုးနတ်ဘုရားလေးကိုပင် ပေးခဲ့သည်။

ချင်ယွင်သည် မိုးကြိုးနတ်ဘုရားလေးကို ပထမဆုံး မြင်မြင်ချင်းမှာပင် သူ သဘောကျသွားသည်။

ဤမိုးကြိုးနတ်ဘုရားလေးသည် ရှေးကျသော ပုံသဏ္ဍာန်ရှိသည်။ မည်သည့် ပစ္စည်းဖြင့် ပြုလုပ်ထားသည်ကို မသိရသေးသော်လည်း ခိုင်ခံ့မှုနှင့် ခိုင်မာမှုအရ ပြီးပြည့်စုံသည့်ပစ္စည်းဖြစ်သည်။ ၎င်းသည် သူ၏ နဂါးကြေးခွံအနက်ရောင် ချပ်ဝတ်နှင့် လိုက်ဖက်ညီလှပြီး ကြောက်မက်ဖွယ်ကောင်းသည့် မိုးကြိုးအငွေ့အသက် နှင့် ပျက်စီးခြင်း၏ အငွေ့အသက်တို့ကို ထုတ်လွှတ်သည်။

လေးကြိုးက မည်သည့်ပစ္စည်းဖြင့် ပြုလုပ်ထားမှန်း သူအတိအကျ မသိသော်လည်း အကြည့်တချက်ဖြင့်ပင် ချင်ယွင် သတိထားမိသည်။

၎င်းလေးကြိုးကို လျှပ်စီးစွမ်းရည်ရှိသည့် အနက်ရောင်နဂါးကြီး၏ နဂါးအရွတ် များမှ သန့်စင်ထားသည်ဟု ယူဆရသည်။ ထို့အပြင် နဂါးအရွတ်များမှ ထုတ်လွှတ်သော နဂါးတစ်ကောင်၏ ခမ်းနားထည်ဝါသည့် အငွေ့အသက်ကို ကြည့်ရင်း၊ ချင်ယွင်သည် ဤအရွတ်ပိုင်ရှင်နဂါးသည် သူ၏ယခင်ဘဝက နက်နဲသိမ်မွေ့ခြင်း အင်မော်တယ် နယ်ပယ်သို့ ရောက်ရှိသွားပြီဖြစ်ကြောင်း မှန်းဆနိုင်သည်။

နက်နဲသိမ်မွေ့ခြင်း အင်မော်တယ်နယ်အဆင့်ရှိ အစစ်အမှန်နဂါးတစ်ကောင်ကို ၎င်း၏ နဂါးအရွတ်များကို ဆွဲထုတ်ပြီး လေးကြိုးအဖြစ် ပြုလုပ်ထားခြင်းလား။

ဤအရာသည် ချင်ယွင်အတွက် အမှန်တကယ် မယုံနိုင်စရာပင် ဖြစ်သည်။ ဤလေးနှင့်မြှားသည် မည်ကဲ့သို့သော စွမ်းအားမျိုး ပိုင်ဆိုထားသနည်း။ သူသည် တကယ်ပင် မယုံကြည်နိုင်အောင် ဖြစ်ရသည်။

ဟုတ်ပါသည်၊ ချင်ယွင်ကို ပိုပြီးတုန်လှုပ်စေခဲ့သည့်အရာက သူသည် လေးကို ခွန်အား အပြည့်ဖြင့် ဆွဲတင်ခဲ့သော်လည်း လခြမ်းကွေး တစ်ဝက်လောက်သာ ဆွဲတင်နိုင်ခဲ့ခြင်း ဖြစ်သည်။ ချင်ယွင်သည် သူ၏ရုပ်ခန္ဓာကိုယ်ခွန်အားဖြင့် ပထမအဆင့် ကောင်းကင်အလွှာ အထွတ်အထိပ် သိုင်းဧကရာဇ်တစ်ပါးကိုပင် တိုက်ခိုက် နိုင်သည်ကို သိထားရလိမ့်မည်။ သို့သော်လည်း သူသည် ဤမျှကြောက်မက်ဖွယ် ကောင်းသည့် ခွန်အားဖြင့်ပင် လေးကိုအပြည့်အဝ ဆွဲမတင်နိုင်ခဲ့ပေ။

ချင်ယွင်သည် သူ၏ပေါက်ကွဲလျှပ်စီး ဆဋ္ဌမအဆင့်သို့ ရောက်ရှိမှသာ မိုးကြိုး နတ်ဘုရားလေးကို အပြည့်အဝ ဆွဲတင်ရုံမျှသာဟုရှိလိမ့်မည်ဟု သူ ခန့်မှန်းထားသည်။

သို့သော် သူသည် လေးကို တစ်ဝက်မျှဆွဲတင်နိုင်လျှင်ပင် မြေပြိုကျသည့်သံအလား အားကောင်းနေပါသေးသည်။

လေးနှင့်မြှားမပါဘဲ ချင်ယွင်သည် လေးညှို့ကိုသာ ဆွဲတင်လိုက်သော်လည်း သာမန် မျက်စိဖြင့်မမြင်နိုင်သော လေမြှားတစ်စင်း ပစ်လွှတ်သွားသည်ကို တွေ့လိုက်ရသည်။ ၎င်းသည် မာကျောသော အဖြူရောင် စကျင်ကျောက်နံရံသို့ တိုက်ရိုက် ထိမှန်သွားခဲ့ပြီး သုံးမီတာနီးပါး နက်ရှိုင်းသည့် အပေါက်ကြီးတစ်ခု ဖြစ်ပေါ်ခဲ့သည်။ ထို့အပြင် နံရံတစ်ခုလုံးသည် အမှန်တကယ်ပင် မည်းမှောင် သွားခဲ့သည်။

ချင်ယွင်သည် စကားပင် မပြောနိုင်တော့။ ၎င်းသည် မည်သည့်မြှားမှ မပါဘဲ လေးကြိုးကို ဆွဲတင်ပစ်ခြင်း၏ စွမ်းအားမျှသာဖြစ်ပြီး ၎င်းသည် လခြမ်းကွေး တစ်ဝက်မျှသာ ဆွဲတင်ခြင်း၏ စွမ်းအားလည်းဖြစ်သည်။ လပြည့်ဝန်း အပြည့်အဝထိ ဆွဲတင်နိုင်ပြီး လျှပ်စီးလှံကို မြှားတစ်စင်းအဖြစ် အသုံးပြုမည်ဆိုပါက မည်သည့် စွမ်းအားမျိုး ထွက်ပေါ်လာမည်နည်း။ (လခြမ်းကွေး လပြည့်ဝန်းဟူသည် လေးကို တဝက်လောက်ဆွဲနိုင်လျှင်၊ လခြမ်းကွေး၊ အပြည့်အဝဆွဲတင်နိုင်လျှင် လပြည့်ဝန်းဟု ဆိုလိုပါသည်)။

ချင်ယွင်သည် အကယ်၍ သူသာမြှားကို အသုံးပြုလိုက်မည်ဆိုလျှင် ပဉ္စမအဆင့် ကောင်းကင်အလွှာ သိုင်းဧကရာဇ်တစ်ပါးကိုသတ်ဖြတ်ရန် သို့မဟုတ် မီတာ တစ်ရာ အကွာအဝေးတွင်းရှိ ဆဋ္ဌမအဆင့် ကောင်းကင်အလွှာ သိုင်းဧကရာဇ် တစ်ပါးကိုပင် သတ်ပစ်နိုင်မည်ဟုပင် ခံစားရသည်။

ယင်းကြောင့် ချင်ယွင်သည် မြှားတစ်စင်းကိုဆွဲတင်ကာ အစွမ်းကုန် ပစ်ခတ်လို သော်လည်း ကံမကောင်းစွာပင် ယခုအချိန်မှာ ချုပ်တည်း ထားရသည်။

အကယ်င သူသည် မြှားတစ်စင်းကို အစွမ်းရှိသမျှဖြင့် ပစ်ခတ်လိုက်မည်ဆိုလျှင် အင်ပါယာနန်းတော်တစ်ခုလုံး၏ ထက်ဝက်ခန့် ပျက်စီးသွားမည်ကိုပင် သူကြောက်မိ သည်။

ချင်ယွင်ကလည်း ဤလေး၏နာမည်ကို အရမ်းသဘောကျနေသည်။ မိုးကြိုးနတ်ဘုရား လေးသည် အနှိုင်းမဲ့ လွှမ်းမိုးကြီးစိုးနိုင်စွမ်းရှိနေ၏။

ဧကရာဇ်မင်းမြတ်ဒါယန်း နှင့် တစ္ဆေပါရမီရှင်သိုင်းဧကရာဇ်တို့သည် ချင်ယွင်က မိုးကြိုးနတ်ဘုရားလေးကို လခြမ်းကွေး အနေထားအထိ ဆွဲတင်နိုင်ခဲ့သည်ကို တွေ့လိုက်ရ သည့်အခါ တုန်လှုပ်သွားကြသည်။

ဧကရာဇ်မင်းမြတ်ဒါယန်းတောင်မှ မိုးကြိုးနတ်ဘုရားလေးကို လခြမ်းကွေး အနေထားအထိသာ ဆွဲတင်နိုင်ခဲ့သော်လည်း ချင်ယွင်သည်လည်း အမှန်တကယ် လုပ်နိုင်ခဲ့သည်။ ဤအရာက သူ၏ခွန်အားသည် သာမန်ထက် ထူးကဲကြောင်း ပြသရန် လုံလောက်နေပါသည်။

မိုးကြိုးနတ်ဘုရားလေးကို ရရှိပြီးနောက် ချင်ယွင်သည် ဧကရာဇ်မင်းမြတ် ဒါယန်း၏ အိပ်ယာခန်းမမှ ထွက်ခွာသွားခဲ့သည်။

ဧကရာဇ်မင်းမြတ်ဒါယန်း၏ ခန့်မှန်းချက်အရ ဧကရာဇ်မင်းမြတ် ထျန်းရှသည် ဧကရာဇ်မင်းမြတ်ဒါယန်း၏ မွေးနေ့ဖြစ်သည့် နောက်သုံးရက် အကြာတွင် တိုက်ခိုက်မည်ဟု ဆိုသည်။ ထိုအချိန်တွင် သူသည် ပြင်းထန်သော တိုက်ပွဲကို ရင်ဆိုင်ရပေလိမ့်မည်။

ဤသုံးရက်အတွင်း၊ ဧကရာဇ်မင်းမြတ် ဒါယန်းသည်လည်း သူ၏ဒဏ်ရာများ ပြန်လည် ကောင်းမွန်လာစေရန် သူ၏ခွန်အားကို အကုန်အစင် အသုံးပြုနေရသည်။ ယင်းနှင့် ပတ်သက်ပြီး သူ လုံးဝမအံ့သြနိုင်တော့ပေ။

ချင်ယွင်သည် ဧကရာဇ်မင်းမြတ် ဒါယန်း၏အိပ်ယာခန်းမမှ ထွက်သွားပြီးနောက် မြို့တော်အတွင်းရှိ ဂျီကလန်ထံသို့ တိုက်ရိုက်မသွားတော့ပေ။ ယခုအချိန်သည် နေ့ခင်းဘက် ဖြစ်နေပြီ။ ထို့ကြောင့် ညဘက်တွင် လုံခြုံဘေးကင်းရန်အတွက် ပိုကောင်းသည်ဟု သူခံစားရသည်။

သေချာသည်မှာ ၊ သူ့ဆီမှာ နောက်ထပ်အရေးကြီးသည့် အကြောင်းပြချက် တစ်ခု ရှိနေပါသေးသည်။ ချင်ယွင်သည် ဆဋ္ဌမမင်းသားထံမှ စွမ်းအင်ကို ထုတ်ယူ ပြီးနောက်၊ သူ၏ရင်ဘတ်ပေါ်ရှိ အစိမ်းရောင်ကြာပန်းစည်းတံဆိပ်သည် ဤလျှို့ဝှက် ဆန်းကြယ် သော စွမ်းအားကို အမှန်တကယ် ခံစား‌မိနေကြောင်း သူတွေ့ရှိခဲ့ရသည်။

ဤအရာက ချင်ယွင်ကို အလွန်အံ့အားသင့်စေခဲ့သည်။ အစိမ်းရောင်ကြာပန်း စည်းတံဆိပ်သည် အလွန်ကောင်းမွန်သည့် အရသာများကို အမြဲတမ်း မြည်းစမ်း လေ့ရှိခဲ့သည်။ အထူးသဖြင့် အဖိုးတန်သည့် ပစ္စည်းများဖြစ်သည်။ ထိုသို့ မဟုတ်လျှင် အစိမ်းရောင် ကြာပန်းစည်းတံဆိပ်က လုံးဝ မတုံ့ပြန်ခဲ့ပါဘူး။ အစိမ်းရောင်ကြာပန်း စည်းတံဆိပ်မှ ချင်ယွင်အတွက် ကျွန်တံဆိပ်ခတ်ပေးခဲ့သော ဆိတ်သုဉ်းခြင်းသားရဲ များမှ အစပြုပြီး၊ ၎င်းသည် နတ်ဘုရားသားရဲ၏ သွေးမျိုးဆက်ပိုင်ဆိုင်သည့် ဆိတ်သုဉ်းခြင်းသားရဲများ မဟုတ်ပါက၊ အစိမ်းရောင် ကြာပန်းစည်းတံဆိပ်သည် လုံးဝ တုံ့ပြန်မည် မဟုတ်ကြောင်းကို သူ တွေ့ရှိထားပြီး ဖြစ်သည်။

ယခုဆိုလျှင် အစိမ်းရောင်ကြာပန်းစည်းတံဆိပ်သည် ဆဋ္ဌမမင်းသား၏ ခန္ဓာကိုယ် အတွင်းမှ လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားကို အမှန်တကယ် စိတ်ဝင်စားနေပါသည်။ ဤလျှို့ဝှက်ဆန်းကြယ်သော စွမ်းအားက သူ့အား မည်သည့်အကျိုးကျေးဇူးများ ပေးဆောင်လာမည်ကို ချင်ယွင် အလွန်သိချင်လာမိသည်။

အကယ်၍ ဧကရာဇ်မင်းမြတ်ဒါယန်း နှင့် တစ္ဆေပါရမီရှင်သိုင်းဧကရာဇ်တို့ ရှိနေခြင်း ကြောင့်သာ၊ မဟုတ်ပါက ချင်ယွင်သည် ထိုလျှို့ဝှက်ဆန်းကြယ်သော စွမ်းအားကို အစိမ်းရောင် ကြာပန်းစည်းတံဆိပ်ထဲသို့ ထည့်သွင်းရန် ယခင်ကပင် ကြိုးစားခဲ့ ပေလိမ့်မည်။

ချင်ယွင်သည် ကောင်းကင်ဘုံကိုးအလွှာ ကြယ်စင်စုပုံကြမ်းသို့ ဝင်ရောက်ခြင်းက ပို၍ အန္တရာယ်ကင်းမည်ဟု ထင်မိသည်။ ထို့ကြောင့် သူသည် အင်ပါယာဥယျာဉ်၏ အောက်ခြေသို့ တည့်တည့်သွားခဲ့ပြီးမှ ကောင်းကင်ဘုံကိုးအလွှာကြယ်စင်စု ပုံကြမ်းသို့ ဝင်ရောက်ခဲ့သည်။

ချင်ယွင်သည် ကောင်းကင်ဘုံကိုးအလွှာ ကြယ်စင်စုပုံကြမ်း၏ အလယ်ဗဟိုရှိ ပင်မခန်းမသို့ မသွားခဲ့ပေ။ ရန်စီချီသည် ထိုနေရာမှာ ကျင့်ကြံနေခဲ့သည်.။ ထို့ကြောင့် ချင်ယွင်သည် သူမကို အနှောင့်ယှက်မပေးချင်တော့။ ယင်းအစား သူက နေရာလွတ် တစ်ခုကို ရှာပြီး တင်ပျဉ်ခွေထိုင်လိုက်သည်။ ဤတစ်ကြိမ်တွင် သူသည် လျှို့ဝှက်ဆန်း ကြယ်သော စွမ်းအားကို အစိမ်းရောင်ကြာပန်းစည်း တံဆိပ်နှင့် ထိတွေ့ခွင့်ပေးလိုက် သည်။

ချင်ယွင်သည် လျှို့ဝှက်ဆန်းကြယ်သော စွမ်းအင်ပါရှိသည့် လက်သီးဆုပ်အရွယ် အလုံးလေးကို သူ၏ရင်ဘတ်ပေါ်ရှိ အစိမ်းရောင်ကြာပန်းစည်းတံဆိပ်ဆီသို့ ဆွဲယူ လိုက်သည်။

ဤလျှို့ဝှက်ဆန်းကြယ်သော စွမ်းအားသည် ဆဋ္ဌမမင်းသား၏ခန္ဓာကိုယ်ထဲသို့ စတင် ဝင်ရောက်စ အချိန်တွင် ဆံပင်မွှေးအရွယ်မျှသာ ရှိသည်။ ဆယ်နှစ်ကြာအောင် ဆဋ္ဌမမင်းသား၏ အသက်စွမ်းအားနှင့် အနှစ်သာရတို့ကို စုပ်ယူပြီးနောက်၊ ၎င်းသည် လက်သီးဆုပ်အရွယ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ၎င်းသည် သူ၏ကိုယ်ခန္ဓာအတွင်းမှာ သူ၏ကိုယ်ခန္ဓာ၏ အစိတ်အပိုင်းတစ်ခုအဖြစ် အသွင်ယူထားသောကြောင့် သိုင်းဧကရာဇ်တစ်ပါးပင်လျှင် ၎င်းကို သိရှိနိုင်မည် မဟုတ်ပေ။ တာအိုအငွေ့အရည် ဖွဲ့ခြင်း နယ်ပယ်မှ ကျွမ်းကျင်သူများကသာ အနည်းငယ် ကွာခြားချက်ကို ရှာဖွေတွေ့ရှိ နိုင်မည် ဖြစ်သည်။

လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားသည် ချင်ယွင်၏ ရင်ဘတ်ပေါ်ရှိ အစိမ်းရောင် ကြာပန်းစည်းတံဆိပ်အနီးသို့ ရောက်ရှိသွားချိန်တွင် အစိမ်းရောင်ကြာပန်း စည်းတံဆိပ် သည် လင်းလက်တောက်ပသော အလင်းရောင်တစ်ခု ထွက်ပေါ်လာသည်။

ထို့နောက် အစိမ်းရောင်ကြာပန်းစည်းတံဆိပ်မှ ကြောက်မက်ဖွယ် စုပ်ယူမှု စွမ်းအား တစ်ခု ထွက်ပေါ်လာပြီး လျှို့ဝှက်ဆန်းကြယ်သော စွမ်းအင်ကို အစိမ်းရောင် ကြာပန်းစည်းတံဆိပ်က ချက်ချင်း မျိုချလိုက်သည်။

ချင်ယွင်သည် အနည်းငယ်မျှ အံ့အားသင့်ခြင်းမရှိတော့ဘဲ နောက်ပြောင်းလဲမှုကို တိတ်တဆိတ် စောင့်မျှော်နေခဲ့သည်။

တခဏလေးအတွင်းမှာပင် ချင်ယွင်၏ရင်ဘတ်မှ ထူးဆန်းသော စွမ်းအင်တစ်ခု ထုတ်လွှတ်လာပြီး ချင်ယွင်၏ ခြေလက်နှင့် အရိုးများဆီသို့ စီးဆင်းသွားသည်။

ချင်ယွင်၏ခန္ဓာကိုယ်ရှိ ဆဲလ်များသည် ဤစွမ်းအားနှင့် ထိတွေ့မိသည်နှင့် တပြိုင်နက် ၎င်းတို့သည် ရူးသွပ်သွားပြီး ၎င်းကို ပါးစပ်အကြီးကြီးဖြင့် စုပ်ယူမျိုချလိုက်သည်။

ချင်ယွင်၏ ခန္ဓာကိုယ်သည် အဆက်မပြတ် စီးဆင်းနေသော စွမ်းအင်ကို အရူးအမူး စုပ်ယူနေပါသည်။

စုပ်ယူမှု လုပ်ငန်းစဉ်အတွင်း ၊ ယခုအချိန်တွင် သူ၏ခန္ဓာကိုယ်သည် တဖြည်းဖြည်း သန်မာလာသည်ကို တွေ့လိုက်ရသဖြင့် ချင်ယွင် အံ့အား သင့်သွားခဲ့သည်။ သူ့ခန္ဓာကိုယ်က တဖြည်းဖြည်း တက်ကြွမှုတွေနှင့် ပြည့်ဝ လာခဲ့သည်။ သူ၏မူလက မိုးပြာရွှေရောင် အသားအရည်သည်လည်း ကျောက်စိမ်း ရုပ်လေးကဲ့သို့ တဖြည်းဖြည်း တောက်ပလာပြီး ကြည်လင်လာသည်။

သူ၏ခန္ဓာကိုယ်ရှိ ဝိညာဉ်စွမ်းအင်ရေကန်သည်လည်း တဖြည်းဖြည်းကြီးမား လာပြီး ဆယ်ဆတိုးလာခဲ့သည်။ ရေကန်အတွင်းမှ ဝိညာဉ်စွမ်းအင်များသည် ရေလွှမ်း မိုးခြင်း ကဲ့သို့ တဟုန်ထိုး တိုးမြင့်လာခဲ့သည်။ ဝိညာဉ်စွမ်းအင်ရေကန်၏ အထက်တွင် မြူခိုးများဖုံးလွှမ်းနေပြီး ကမ္ဘာမြေပေါ်ရှိ သုခဘုံတစ်ခုကဲ့သို့ အင်မော်တယ် စွမ်းအင်များဖြင့် ပျံဝဲတက်နေလေသည်။

"ဒါက သိုင်းဧကရာဇ် တစ်ပိုင်းနယ်ပယ်လား။ ငါ ဘာလို့ သိုင်းဧကရာဇ်တစ်ပိုင်း နယ်ပယ်ထဲကို ဝင်ရောက်သွားရတာလဲ" ချင်ယွင်သည် သူ့ခန္ဓာကိုယ်၏ အပြောင်း အလဲများကို တအံ့တသြကြည့်နေရင်း သူ့မျက်နှာမှာ ယှဉ်ပြလို့မရသည့် ထိတ်လန့် တုန်လှုပ်သွားသည့် အမူအရာ ပေါ်လာသည်။

သိုင်းဧကရာဇ်တစ်ပိုင်း ကျွမ်းကျင်သူများသည် မိစ္ဆာလမ်းစဉ်ကျင့်ကြံသူများတွင်သာ ထင်ရှားဖြစ်လေ့ရှိသည်။ မိစ္ဆာလမ်းစဉ်ကျင့်ကြံသူများသည် သူတို့၏ စိတ်ဝိညာဉ် စွမ်းအားကို သန်မာအားကောင်းစေရန် အထူးနည်းလမ်းများကို အသုံးပြုခဲ့ကြပြီး သိမ်မွေ့နက်နက်ခြင်းနယ်ပယ်သို့ မရောက်ရှိတော့ဘဲ သိုင်းဧကရာဇ် နယ်ပယ်သို့ တိုက်ရိုက်ဖြတ်ကျော်နိုင်ခဲ့ကြသည်။ ထိုကြားထဲမှာ အသွင်ကူးပြောင်းရေး ကာလတစ်ခု ရှိခဲ့ပြီး ၎င်းမှာလည်း သိုင်းဧကရာဇ်တစ်ပိုင်း နယ်ပယ် ဖြစ်လေသည်။

ယခုမူ ချင်ယွင်သည် သိုင်းဧကရာဇ်တစ်ပိုင်းနယ်ပယ်သို့ ဝင်ရောက်လာခဲ့ပြီး ယင်းကြောင့် ချင်ယွင်သည် အလွန်အံ့သြသွားခဲ့ရသည်။

သို့သော်လည်း ချင်ယွင်သည် သူ၏စွမ်းအားများ အထူးသဖြင့် သူ၏ ရုပ်ခန္ဓာခွန်အားများ အများအပြား တိုးလာကြောင်း သေချာသည်။

ယခုအချိန်တွင် ဓားဆန္ဒကို အသုံးမပြုဘူးဆိုလျှင်ပင် ချင်ယွင်သည် ယုချန်းကို သူ၏ ရုပ်ခန္ဓာကိုယ်သက်သက်နှင့် တိုက်ခိုက်နိုင်ပါသေးသည်။ အကယ်၍ သူသည် ဒေါသပေါက်ကွဲသည့် အခြေအနေထဲသို့ ၀င်ရောက်ခဲ့ပါက သူ့ကို ချက်ချင်းပင် သတ်ပစ်နိုင်လိမ့်မည်။

အခန်း (၃၃၉) ညအချိန်ဂျီကလန်ထဲ စုံစမ်းခြင်း။

မကြာမီ အမှောင်ထုက ကျရောက်လာခဲ့သည်။ ဆောင်းဦးနှောင်းပိုင်း ဖြစ်သောကြောင့် ကောင်းကင်ယံတွင် ကြယ်များသည် တိမ်မည်းများဖြင့် ဖုံးလွှမ်းနေပြီဖြစ်ပြီး လသည် ထက်ဝက်ခန့်သာ ထင်ရှားထွက်ပေါ်နေပါသည်။

တစ်ဖက်တွင် ချင်ယွင်သည် အမှောင်ထုညထဲတွင် တစ္ဆေသရဲတစ်ကောင်ကဲ့သို့ ဂျီစံအိမ်ဆီသို့ ပြေးသွားလေသည်။

မဟာနတ်ဆိုးနတ်ဘုရားသုံးပါးသည် အင်ပါယာမြို့တော်သို့ ရောက်ရှိလာ ကတည်းက ဂျီစံအိမ်သည် အလွန်တိတ်ဆိတ်သွားခဲ့သည်။ အစေခံအမျိုးသားများ ဖြစ်စေ အစေခံ အမျိုးသမီးများ ဖြစ်စေ မည်သူမျှ စကားမပြောရဲကြသည့်အတွက် ချင်ယွင်သည် ဂျီစံအိမ်ကို ရောက်သည့်အခါ ဂျီစံအိမ်တစ်ခုလုံး တိတ်ဆိတ်နေခဲ့သည်။

ချင်ယွင်သည် စူးစမ်းရှာဖွေရန်အတွက် သူ၏စိတ်ဝိညာဉ်စွမ်းအားကို ထုတ်လွှတ် လိုက်ပြီး ဤဂျီစံအိမ်တွင် အမှန်တကယ် သိုင်းဧကရာဇ်အဆင့် ကျွမ်းကျင်သူ ခုနစ်ယောက်ရှိကြောင်း တွေ့ရှိလိုက်ရသည်။

၎င်းတို့ထဲမှ သုံးဦးမှာ ဒုတိယအဆင့် ကောင်းကင်အလွှာ သိုင်းဧကရာဇ်အဆင့် ကျွမ်းကျင်သူများ ဖြစ်ကြပြီး၊ တတိယအဆင့် ကောင်းကင်အလွှာ အထွတ်အထိပ် သိုင်းဧကရာဇ်အဆင့် ကျွမ်းကျင်သူတစ်ယောက်၊ ဆဋ္ဌမအဆင့် ကောင်းကင်အလွှာ အထွတ်အထိပ် သိုင်းဧကရာဇ်အဆင့် ကျွမ်းကျင်သူတစ်ယောက်၊ သတ္တမအဆင့် ကောင်းကင်အလွှာ အထွတ်အထိပ် သိုင်းဧကရာဇ်အဆင့် ကျွမ်းကျင်သူ တစ်ယောက် နှင့် ကြောက်စရာအကောင်းဆုံး နဝမအဆင့် ကောင်းကင်အလွှာ အထွက်အထိပ် သိုင်းဧကရာဇ်အဆင့် ကျွမ်းကျင်သူတစ်ယောက်တို့ ဖြစ်ကြလေသည်။

ချင်ယွင်သည် အနှိုင်းမဲ့ ထိတ်လန့်သွားမိသည်။ ဤသေးငယ်သော ဂျီစံအိမ်သည် သိုင်းဧကရာဇ်အဆင့် ကျွမ်းကျင်သူများစွာကို အမှန်တကယ် ဖုံးကွယ်ထားလိမ့်မည်ဟု သူ မထင်ထားမိခဲ့ပေ။

သိုင်းဧကရာဇ်ခုနစ်ပါးထဲတွင် သုံးပါး၏အငွေ့အသက်များသည် ချင်ယွင်ကို အလွန် ရင်းနှီးစေခဲ့သည်။ သူသည် သူတို့ကို အမြန်မှတ်မိသွားသည်။

ဤလူသုံးယောက်မှာ ဂျီကလန်၏မျိုးနွယ်စု ခေါင်းဆောင်ဖြစ်သည့် ဂျီယန်၊ မြို့တော်မြောက်ပိုင်း အပြင်ဘက် အရပ်မှောင်ရိပ်ထဲတွင် ပုန်းအောင်းနေသည့် အနက်ရောင်ဝတ်ရုံဝတ်လူနှင့် ဒန်ထျန်းချန်၏ အလောင်းကို သိမ်းပိုက်ထားသည့် သိုင်းဧကရာဇ် လျူထျန်းတို့ ဖြစ်သည်။ သို့သော် ချင်ယွင်ကို အံ့အားသင့်စေသည်မှာ သိုင်းဧကရာဇ်လျူထျန်းသည် သိုင်းဧကရာဇ်နယ်ပယ်၏ ဆဋ္ဌမအဆင့် ကောင်းကင် အလွှာ အထွတ်အထိပ်သို့ အမှန်တကယ် ရောက်ရှိသွားခြင်းပင် ဖြစ်သည်။

သတ္တမအဆင့် ကောင်းကင်အလွှာ အထွတ်အထိပ် အငွေ့အသက်ရှိသည့် သိုင်းဧကရာဇ် အဆင့် ကျွမ်းကျင်သူနှင့် ပတ်သက်ပြီး ချင်ယွင်သည် ဝေရှန်း ပြောခဲ့သည့် သိုင်းဧကရာဇ်ကျန်းထျန် ဖြစ်သင့်သည်ဟု မှန်းဆလိုက်သည်။

သေချာသည်မှာ၊ အစွမ်းထက်ဆုံး နဝမအဆင့် ကောင်းကင်အလွှာ အထွတ်အထိပ် အငွေ့အသက်ရှိသည့် သိုင်းဧကရာဇ်အဆင့် ကျွမ်းကျင်သူနှင့် ပတ်သက်၍မူ ချင်ယွင်သည်ပင် ခန့်မှန်းစရာမလိုတော့။ ထိုလူသည် သေချာပေါက် ဧကရာဇ်မင်းမြတ် ထျန်းရှ ဖြစ်ပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ချင်ယွင်၏ သိမြင်နားလည်မူအရ ထိုလူ၏ အငွေ့အသက်သည် တွင်းနက်တစ်ခုလို ဖြစ်နေပြီး ကြောက်စရာ ကောင်းသည် မကောင်းဆိုးဝါး အငွေ့အသက်များနှင့် အမှောင်ထုအငွေ့အသက်များ ထွက်ပေါ်နေ သည်.။

သိုင်းဧကရာဇ်ခုနစ်ပါးတွင်၊ ငါးပါးတို့သည် ၎င်းတို့၏ ကိုယ်ရေးအချက်လက်များကို ဖော်ထုတ်နိုင်ခဲ့ပြီ ဖြစ်သော်လည်း ဒုတိယအဆင့် ကောင်းကင်အလွှာ သိုင်းဧကရာဇ် အဆင့် ကျွမ်းကျင်သူနှစ်ဦး၏ ကိုယ်ရေးအချက်လက်ကမူ ချင်ယွင်ကို ပဟေဠိ ဖြစ်စေခဲ့သည်။

ဤလူနှစ်ယောက်၏ အငွေ့အသက်များသည် အနည်းငယ် ရင်းနှီးသလိုရှိ သော်လည်း အလွန်မင်း ရင်းနှီးမူမရှိသလိုလည်း ချင်ယွင် ခံစားမိသည်။

ထို့ကြောင့် ချင်ယွင်သည် ဤလူနှစ်ဦး၏ ဇစ်မြစ်ကို ကြည့်ရူနိုင်ရန်အတွက် ထိုနေရာသို့ ကိုယ်တိုင်သွားကြည့်ရန် စီစဉ်လိုက်သည်။ ထို့အပြင် သူသည် ဂျီစံအိမ်သို့ ရောက်လာပြီ ဆိုမှတော့ အချည်းနှီး အဖြစ်မခံနိုင်ပေ။ အကျိုးအမြတ် အနည်းငယ်တော့ စုဆောင်းရ လိမ့်မည်။

ချင်ယွင်က ရယ်မောပြီးနောက် အမှောင်ထုထဲသို့ ပျောက်ကွယ်သွားသည်။

ထိုအချိန်တွင် ဂျီယွမ်နှင့် ဂျီဖန်းတို့သည် ဂျီစံအိမ်၏ အနောက်ဘက်ခြမ်းရှိ အိမ်တစ်လုံး တွင် ထိုင်နေကြသည်။

သို့သော် သူတို့၏ ရုပ်အသွင်အပြင်မှာ မူလအနေထားနှင့် လုံးဝ ပြောင်းလဲသွားခဲ့သည်။ ယခုအချိန်တွင် သူတို့၏ နဂိုက ချောမောသော မျက်နှာများသည် အနည်းငယ် ဖောင်းကားကာ ရောင်ရမ်းလာပြီး သူတို့၏ အရေပြားသည်လည်း နေရာများစွာတွင် နီမြန်းနေပါသည်။ သူတို့ခန္ဓာကိုယ်တောင်မှ အနံ့အသက်ဆိုးတွေ ထွက်ပေါ်နေသည်။

သူတို့နှစ်ယောက်အနားမှာ အဋ္ဌမမင်းသား ရန်ဟန် ရှိနေသည်။ ထိုအချိန်မှာ သူထိုင်နေသည့်ပုံစံက အလွန်အမင်း စိတ်မသက်မသာ ဖြစ်နေပုံရသည်။ သူသည် ရံဖန်ရံခါ မျက်မှောင်ကြုတ်လိုက်သည်။ အကယ်၍ ဧကရာဇ်မင်းမြတ်ထျန်းရှ၏ ဆင့်ခေါ်ထားမူကြောင့်သာ မဟုတ်ရင် သူသည် ဤနေရာမှာ တခဏလေးတောင် နေမှာ မဟုတ်ပါဘူး။

"ဟမ့် ၊ ရန်ဟန် ၊ တကယ်လို့ မင်းအနေနဲ့ အနံ့တွေဆိုးလို့ ခံစားရရင် ထွက်သွားလိုက်ပါ။ ဧကရာဇ်မင်းမြတ် ပေးထားတဲ့ ကိစ္စတွေကို ငါတို့ ကိုင်တွယ်လိုက်မယ်။ မင်းလုပ် ရမှာက ငါတို့ကို နန်းတော်ထဲကို ခေါ်သွားပေးဖို့ပဲ။ " ဂျီယွမ်က ရိုင်းစိုင်းစွာ ပြောလိုက်သည်။

ယခုအချိန်တွင် သူသည် အင်အားကြီးမားသည့် စွမ်းအားကို ရရှိထားသော်လည်း အလွန် စိတ်မချမ်းမသာဖြစ်ရသည်။ သူ၏ နဂိုက ချောမောသော ရုပ်အသွင်အပြင်သည် ယခုအခါ အလွန်ရုပ်ဆိုးသွားပြီ ဖြစ်သည်။

အရင်တုန်းက သူ့ကို တုန်နေအောင်ချစ်ကြသည့် မိန်းမတွေကတောင် တစ္ဆေသရဲမြင် သလိုမျိုး အော်ဟစ်ထွက်ပြေးကြသည်။ နောက်ဆုံးမှာတော့ သူသည်အားလုံးကို ဒေါသတကြီးဖြစ်ပြီး သတ်ပစ်လိုက်သည်။

" ဂျီယွမ်ပြောတာ မှန်တယ်။ တကယ်တော့ မင်းရဲ့အသုံးဝင်နေမှုကြောင့်သာ၊ မဟုတ်ရင် နဝမအဆင့် ကောင်းကင်အလွှာ သိုင်းမြို့စားအဆင့်ကျွမ်းကျင်သူ တစ်ဦးရဲ့ စွမ်းအားက မလုံလောက်တော့ဘူး။ မင်းရဲ့မင်းသားတစ်ပါးဆိုတဲ့ ကိုယ်ရေးအချက်အလက်ကည်း မကြာခင်မှာပဲ ပျောက်ကွယ်သွားလိမ့်မယ်။" ဂျီဖန်းက အေးစက်စွာ ပြောလိုက်သည်။

ယခု သူ၏ပုံစံအခြေအနေအရ သူ၏စိတ်ထဲမှာလည်း ပိုမကောင်းလှပေ။ ကံကောင်း ထောက်မစွာပင်၊ သူတို့နှစ်ယောက်စလုံးသည် ယခုအခါတွင် သူတို့၏စိတ်ပျက် လက်ပျက်ဖြစ်နေသော စိတ်နှလုံးကို နှစ်သိမ့်ပေးစရာအဖြစ် အစွမ်းထက်သည့် ခွန်အားကို ပိုင်ဆိုင်ထားကြသည်။

ယခု သူသည် အဆင့်တန်းမြင့်မားပြီး တန်ခိုးကြီးလှသည့် အဋ္ဌမမင်းသားကို မြင်လိုက်ရ သဖြင့် သူနှင့် ချိန်ခွင်လျှာညှိရန် သဘာဝအတိုင်း ရှာတွေ့ခဲ့ရသည်။

အဋ္ဌမမင်းသား ရန်ဟင်၏နှလုံးသားသည် နာကျည်းမှုများနှင့် ပြည့်နှက်နေသည်။ အရင်တုန်းကတော့ ဤလူနှစ်ယောက်သည် သူ၏ရှေ့မှာ မရိုသေမလေးစားသည့် အရိပ်အယောင်မျိုး တစ်ခါမှ မပြရဲခဲ့ကြသော်လည်း သူတို့သည် ယခုချိန်မှာ အမှန်တကယ်ပင် သူ့ကိုအရှက်ခွဲရန် ရဲရဲတင်းတင်း တင်းတင်းကျပ်ကျပ် လုပ်ဆောင် လာခဲ့သည်။ သူ၏မောက်မာသည့် နှလုံးသားက ဒေါသများဖြင့် ပြည့်နှက်နေခဲ့ပါပြီ။

သို့သော်လည်း၊ ရန်ဟန်သည် သူ၏ရှေ့မှာရှိနေသည့် လူနှစ်ယောက်စလုံးသည် သူ့ကို သေသည်အထိ အလွယ်တကူ ချေမွပစ်လို့ရသည့် ဒုတိယအဆင့် ကောင်းကင်အလွှာ သိုင်းဧကရာဇ်အဆင့် ကျွမ်းကျင်သူများ ဖြစ်နေသောကြောင့် မကျေနပ်မှု အရိပ်အယောင်ကို နည်းနည်းလေးမှ ထုတ်ဖော်ပြဝံ့ခြင်း မရှိပေ။

ရန်ဟန်က သူတို့ကို ရန်မစဝံ့ပေ။ ဒေါသအမျက် လွှမ်းမိုးမူအောက်တွင် အရာအားလုံးကို မခွဲခြားနိုင်တော့ဘဲ သူ့ကို သတ်ပစ်လိုက်မည်ကို သူ လေးလေး နက်နက် ကြောက်ရွံ့နေခဲ့သည်။

သူသည် ဧကရာဇ်မင်းမြတ်ထျန်းရှအတွက် အသုံးပြုဝင်မူ အချို့ရှိသော်လည်း၊ ဤအကျိုးသက်ရောက်မှုသည် မရှိလျှင်လည်း ဖြစ်သည့် အသုံးဝင်မူဟုသာ ဆိုနိုင်ပါ သည်။ အကယ်၍ ဂျီယွမ်နှင့်ဂျီဖန်းတို့က သူ့ကို အမှန်တကယ် သတ်ပစ် ချင်သည် ဆိုလျှင် ဧကရာဇ်မင်းမြတ်ထျန်းရှကလည်း ဘာမှ မပြောလောက်ပေ။

ဤအရာက သူ၏နှလုံးသားထဲမှာ အဆိုးဆုံးအရာဟု ခံစားရသည်။ သူသည် သူ၏စွမ်းအား တိုးတက်စေဖို့အတွက် သူ၏ရုပ်ရည်အသွင်အပြင်ကို စတေးလိုစိတ် မရှိခဲ့ပေ။ အကယ်၍ သူသာ ဂျီညီအစ်ကိုတွေလို ဖြစ်လာခဲ့မည်ဆိုလျှင် သူ့ကိုယ်သူပင် သေသည်အထိ ရိုက်နှက်ပစ်လိုစိတ် ရှိကောင်းရှိလာနိုင်သည်။

ထို့ကြောင့် ရန်ဟန်သည် ညီအစ်ကိုနှစ်ယောက်၏ဒေါသကို တိတ်တဆိတ် ခံနိုင်ရည်ရှိအောင်သာ ကြိုးစားနေရတော့သည်။

ချင်ယွင်သည် ပြတင်းပေါက် အပြင်ဘက်တွင် ရပ်နေရင်း အခန်းတွင်းရှိ အရာအားလုံးကို မြင်လိုက်ရသောအခါတွင် သူ အံ့သြသွားသည်။

ဤဒုတိယအဆင့် ကောင်းကင်အလွှာ သိုင်းဧကရာဇ်အဆင့် ကျွမ်းကျင်သူများ၏ အငွေ့အသက်များသည် ရင်းနှီးသည်ဟု သူခံစားမိသည်မှာ အံ့သြစရာ မဟုတ်ပေ။ သူတို့နှစ်ယောက်သည် ဂျီယွမ်နှင့် ဂျီဖန်းတို့ ဖြစ်နေခဲ့တယ်။ သူတို့သည် ဒုတိယ အဆင့် ကောင်းကင်အလွှာ သိုင်းဧကရာဇ်အဆင့်သို့ ရောက်ရှိနေလိမ်မည်ဟု သူ မမျှော် လင့်ခဲ့ပေ။

သို့သော် ဂျီယွမ်နှင့်ဂျီဖန်းတို့သည် ယခုလိုပုံစံမျိုး ဖြစ်လာသည်ကိုမြင်လျှင် ချင်ယွင်၏ မျက်ခုံးများသည် ချက်ချင်းပင် တွန့်သွားသည်။

သူတို့၏ ကျင့်ကြံမူအခြေခံ တိုးမြင့်လာဖို့အတွက် ပေးဆပ်ရမည့် တန်ဖိုးတွေ ရှိရပါ လိမ့်မည်။ ထို့အပြင်၊ ချင်ယွင်သည် ဤတန်ဖိုးသည် အပေါ်ယံမြင်ရလောက် မရိုးရှင်းကြောင်းကိုလည်း တွေးထားမိပြီး ဖြစ်သည်။ ဂျီညီအစ်ကိုများ၏ ရန်လိုစိတ်သည် ယခုအချိန်တွင် အလွန်ပြင်းထန်လွန်းနေသည်။ သူတို့သည် ဤဘဝတစ်သက်တာ ကာလအတွင်း သူတို့၏ ကျင့်ကြံမူအခြေခံသည် တစ်လက်မမျှ ရှေးဆက်မတက်နိုင်ဖို့ အလားအလာရှိနေသည်။

ဂျီညီအစ်ကိုသည် သူတို့၏ လက်ရှိစွမ်းအားလေးအတွက် သူ၏ရုပ်အသွင်အပြင်ကို တစ္ဆေသရဲလို ဖြစ်လာစေပြီး သူတို့တစ်ဘဝလုံး တစ်လက်မမျှ တိုးတက်လာရန် မျှော်လင့်ချက်လည်း မရှိတော့ပေ။ ချင်ယွင်သည် ဤလဲလှယ်ပေးဆပ်ခဲ့ရမူကြောင့် ဂျီညီအစ်ကိုအတွက် ပြင်းထန်သော ဝမ်းနည်းမှုကို မခံစားရဘဲ မနေနိုင်ပေ။

"ဟမ့်၊ ဧကရာဇ်မင်းမြတ်က ချင်ယွင်ကို ဖမ်းဖို့ ငါတို့ကို ပြောခဲ့တယ်။ ဒါပေမဲ့ ဧကရာဇ်မင်းမြတ်က သူ့ကို တကယ်ကို အသက်ရှင်လျက် ဖမ်းခိုင်းခဲ့တယ်။ အခု ငါ ဒီကောင့် အကြောင့် တွေးမိတာနဲ့ ငါ ဒီကောင်ကို အစိတ်ပိုင်းတစ်သောင်းလောက် စုတ်ဖြဲပစ်ချင်မိတယ်"

သူ့ဘေးက စားပွဲပေါ်ကို လက်ဖဝါးဖြင့် ရိုက်ချလိုက်ရင်း ဂျီယွမ်၏မျက်လုံးထဲမှာ ရက်စက်ကြမ်းကြတ်သည့် အရိပ်အယောင်များ ပေါ်လာသည်။ ယှဉ်ပြလို့မရအောင် မာကြောလှသည့် ကျောက်စားပွဲကြီးသည် ချက်ချင်းပင် ဖုန်မှုန့်အဖြစ်သို့ ပြောင်းသွားပြီး မြေပြင်ပေါ်သို့ ပြိုလဲကျသွားသည်။

"ငါလည်းပဲ သူ့ကို သတ်ပစ်ချင်နေတာ။ ငါ့ကို စွမ်းအားရရှိချင်လာအောင် တွန်းအားပေးခဲ့တဲ့ ဒီကောင်ချင်ယွင်ကြောင့်သာ မဟုတ်ဘူးဆိုရင် ငါက ဒီလိုပုံစံမျိုး ဖြစ်လာမှာ မဟုတ်ဘူး။" ဂျီဖန်းကလည်း သူ၏သွားတွေကို တင်းတင်းကြိတ်လိုက်ပြီး သူ၏ မျက်လုံးတွေထဲမှာ သတ်ဖြတ်ချင်စိတ်တွေ ပြည့်နှက်နေပြီး သူ၏ခန္ဓာကိုယ်မှ လည်း သတ်ချင်စိတ်များ တဟုန်ထိုး တလှိမ့်လှိမ့် မြင့်တက်လာနေသည်။

သို့သော်လည်း ဤစကားများကို ချင်ယွင်က ကြားပြီးသွားပြီဆိုသည်ကို သူတို့ မသိခဲ့ကြပေ။

ချင်ယွင်သည် ပြင်းထန်သော သတ်ဖြတ်ချင်စိတ်များ တဟုန်ထိုး မြင့်တက်နေသည့် ဂျီကလန်၏ တပည့်နှစ်ယောက်ကို ကြည့်လိုက်ရင်း သူ၏နှုတ်ခမ်းထောင့်တွင် အေးစက်သော အပြုံးတစ်ခု ပေါ်လာသည်။

ဒုတိယအဆင့် ကောင်းကင်အလွှာ သိုင်းဧကရာဇ်အဆင့်လေးက သူ့ကို သတ်ပစ် ချင်နေကြသည်။ ယင်းက သူ့ကို အလွန်အထင်သေးရာ မရောက်ပေဘူးလား ? ပြီးတော့ သူတို့က သူ့ကို အရှင်လတ်လတ် ဖမ်းချင်သေး၏။ ဂျီ ညီအစ်ကိုများ၏ စွမ်းအားများ တိုးလာပြီးနောက် သူတို့၏ ယုံကြည်မှုသည်လည်း တုနှိုင်းမရအောင်ပင် တိုးလာပုံ ရသည်။

ထိုကိစ္စကြောင့် ချင်ယွင်သည် သူတို့နှင့် ကစားရန် စိတ်ထဲမထားတော့ပေ။

"မင်းတို့က ငါ့ကို ရှာနေတာလား?" ချင်ယွင်သည် ရှေးဟောင်းတာအို ဆရာသခင်၏ စိတ်ဝိညာဉ်စွမ်းအားကို ဖယ်ရှားလိုက်ပြီးနောက် သူ၏ မူလက ကွယ်ဝှက်ထားသော ခန္ဓာကိုယ်ကို ထုတ်ဖော်လိုက်သည်။ သူသည် အခန်းထဲသို့ ဝင်သွားရင်း သူ၏ပါးစပ်ထောင့်က အေးစက်သော အပြုံးများဖြင့် ပြည့်နေသည်။

"အဲဒါ မင်းပဲ။"

"ချင်ယွင်လား!"

ဂျီညီအစ်ကိုများသည် မျက်လုံးမျက်ဆန်ပြူးကာ ချင်ယွင်ကို အံ့အားသင့်စွာ ကြည့်နေ ကြသည်။

အဋ္ဌမမင်းသားသည်လည်း ချင်ယွင်ကို မြင်သောအခါ အလွန်အံ့အားသင့်သည့် အမူအရာ ပေါ်လာခဲ့သည်။ ရှင်းရှင်းပြောရလျှင် သူသည် ချင်ယွင် ဤနေရာတွင် ရုတ်တရက် ပေါ်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့သည်မှာ ထင်ရှားပါသည်။

"ချင်ယွင်၊ မင်းတကယ် လာဝံ့တယ်ပေါ့။ မင်းရောက်ပြီဆိုမှတော့ ဒီနေ့ ထွက်သွားဖို့ မစဉ်းစားနဲ့တော့" ဂျီယွမ်၏ ပါးစပ်ထောင့်သည် တွန့်ကွေးသွားခဲ့သည်။ သူသည် ချင်ယွင်ခွဲခဲ့သည့် အရှက်တရားများကို သူ့ထံ ပြန်ပေးလိုသည်မှာ ထင်ရှားသည်။

ဂျီဖန်းသည် ဘေးတွင်ရပ်နေကာ သူ၏မျက်လုံးများတွင် ကစားလိုသည့် အပြုံးတစ်ခု ပေါ်လာသည်။

အခန်း (၃၄၀) ဂျီညီအစ်ကိုကိုသတ်ဖြတ်ခြင်း။

ဂျီဖန်းသည် မြို့တော်မြောက်ပိုင်းအပြင်ဘက်တွင် ချင်ယွင်နှင့် နောက်ဆုံးအကြိမ် တိုက်ခိုက်ပြီးကတည်းက သူ၏နှလုံးသားတွင် အထုံးဖွဲ့တစ်ခု ရှိလာခဲ့သည်။ ထိုနေ့တွင် ချင်ယွင်၏ စွမ်းဆောင်မှုသည် သူ့အပေါ် ကြီးမားသော သက်ရောက်မှုရှိခဲ့သည်။

တုလုံကျွန်းမှာ ရှိနေစဉ်အခါတုန်းက ချင်ယွင်၏ စွမ်းအားက သူ့ထက်ပင် နိမ့်ကျခဲ့သည်။ သူသည် သူ၏အသက်ကို ကာကွယ်ဖို့အတွက် သူနှင့် ယှဉ်ပြိုင် တိုက်ခိုက် နိုင်သေးသည်။ သို့သော်လည်း မြို့တော်မြောက်ပိုင်းအပြင်ဘက် တိုက်ပွဲတွင် ချင်ယွင်သည် ဓားတစ်ချက်တည်းဖြင့် ပထမအဆင့် ကောင်းကင်အလွှာ အထွတ်အထိပ် သိုင်းဧကရာဇ်တစ်ပါးကိုပင် သတ်ဖြတ်နိုင်ခဲ့သည်။ ဤအရာက သူသည် သူ့ကို ကျော်တက်သွားခဲ့ပြီး နောက်မှာ ရက်ရက်စက်စက် ချန်ထားခဲ့သကဲ့သို့ ခံစားရစေသည်။

သူ့ကိုယ်သူ ပါရမီရှင်တစ်ယောက်အဖြစ် အမြဲတမ်း မှတ်ယူခဲ့သည်။ သူသည် သူ့ကို ကျော်တက်ခံခဲ့ရသည့်အတွက် မည်သို့ သည်းခံနိုင်မည်နည်း။ ထို့ကြောင့် သူသည် စွမ်းအားရရှိရန်အတွက် ကောင်းကင်ဘုံနတ်ဆိုး ဧကရာဇ်မင်းမြတ်၏ တစ္ဆေနတ်ဘုရား ဆေးကို သောက်သုံးခဲ့သည်။ (ကောင်းကင်ဘုံ နတ်ဆိုးဧကရာဇ် မင်းမြတ် - ဟူသည် ဧကရာဇ်မင်း မြတ်ထျန်းရှကို မြန်မာပြန်ထားခြင်း ဖြစ်သည်)။

သူ၏အမြင်အရ၊ ဤအရာအားလုံး၏ နောက်ကွယ်က တရားခံမှာ ချင်ယွင် ဖြစ်သည်။ အကယ်၍ ချင်ယွင်အတွက်ကြောင့်သာ မဟုတ်ခဲ့လျှင် သူသည် မည်ကဲ့သို့ တစ္ဆေသရဲလို လူတစ်ယောက် ဖြစ်လာနိုင်မည်နည်း။

ထို့ကြောင့် သူသည် ချင်ယွင်ကို မုန်းတီးပြီး အပိုင်းပိုင်း ခွဲခြမ်းပစ်ရန် ဆန္ဒရှိခဲ့သည်။

ယခုပင် ချင်ယွင်သည် သူ၏ရှေ့မှောက်တွင် သူ့အလိုလို ပေါ်လာခဲ့ပြီး သူ၏သတ်ပစ်လို စိတ်ကလည်း ချက်ချင်းပင် ပေါက်ကွဲသွားခဲ့သည်။

"ချင်ယွင် ၊ ကောင်းကင်ဘုံကို သွားနိုင်တဲ့လမ်းရှိပါလျှက်နဲ့ မင်းက မသွားခဲ့ဘူး။ မင်းက ငရဲလမ်းကိုပဲ သွားချင်ခဲ့တယ်။ မင်းကိုယ်တိုင် ငါတို့ ဂျီစံအိမ်ကို ရောက်လာပြီဆိုမှတော့ မင်း ဒီနေ့ အသက်မရှင်နိုင်တော့ဘူး။"ဂျီဖန်း၏ နှုတ်ခမ်းထောင့်စွန်းများသည် ရက်စက်သော အပြုံးတစ်ခုအဖြစ် တွန့်ကွေးသွားခဲ့ပြီး အနက်ရောင် အန္တရာယ် အငွေ့အသက်များက သူ၏ခန္ဓာကိုယ်တစ်ဝိုက်မှာ တဝဲလည်လည် ရစ်ပတ်နေသည်။

ချင်ယွင်သည် သတ်ဖြတ်လိုသည့်ဆန္ဒများ ပြည့်နှက်နေသော ဂျီညီအစ်ကိုကို ကြည့်လိုက်ရင်း သူ၏မျက်နှာပေါ်တွင် သရော်လှောင်ပြောင်ဟန် ပေါ်လာသည်။ "မင်းတို့က ငါ့ကို ဒီနေရာမှာ ထားချင်​တယ်လို့ပြောရအောင် မင်းတို့ကိုယ် မင်းတို့ အထင်​ကြီးလွန်းရာ မရောက်ပေဘူးလား​!" ဟု ပြောလိုက်သည်။

ဂျီညီအစ်ကိုသည် ထိုစကားကို ကြားရသည့်အခါ၊ သူတို့၏ ပြင်းထန်သော ဒေါသသည် ချက်ချင်းပင် ပေါက်ကွဲထွက်သွားခဲ့သည်။

"မင်းက သေခြင်းတရားကို တောင်းခံနေတာဘဲ!"

ဂျီယွမ်က ကျယ်လောင်စွာ အော်လိုက်သည်။ အနက်ရောင် အန္တရာယ်များသည့် စွမ်းအင်သည် တခဏအတွင်း တဟုန်ထိုး မြင့်တက်လာခဲ့ပြီး ဒုတိယအဆင့် ကောင်းကင်အလွှာ သိုင်းဧကရာဇ်တစ်ပါး၏ အငွေ့အသက်များက ချက်ချင်း ထွက်ပေါ်လာကာ ချင်ယွင်ဆီသို့ ပြေးဝင်သွားခဲ့သည်။

သူသည် သူ၏လက်သီးများကို တင်းတင်းကြပ်ကြပ် ဆုပ်လိုက်ပြီး အနက်ရောင် အန္တရာယ် အငွေ့အသက်များက သူ၏ပတ်ဝန်းကျင်တွင် ရစ်ပတ်နေရာ ချင်ယွင် ဆီသို့ တဟုန်ထိုး ပြေးဝင်သွားခဲ့သည်။ ကြောက်မက်ဖွယ်ကောင်းသည် အနက်ရောင် အန္တရာယ်အငွေ့အသက်များသည် ချင်ယွင်ကို အစိတ်စိတ်အမြွှာမြွှာ ဖြိုခွဲပစ်မည့် ဧရာမနတ်ဆိုးကြီးနှင့် တူသည်။

ချင်ယွင်သည် ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းသည့် ဂျီယွမ်ကိုကြည့်ကာ မလှုပ်မယှက် ရပ်နေသည်။ သူစိတ်အခြေအနေသည် သူ၏ရှေ့မှာ တောင်ကြီး တစ်ခုပြိုကျလျှင်ပင် တုန်လှုပ်ခြောက်ခြားခြင်း မရှိသည့် အမူအယာမျိုး ဖြစ်ျမသည်။

"ဟား၊ ဟား၊ မင်း ကြောက်သွားပြီ မဟုတ်လား ။ ဒီနေ့ ငါဂျီယွမ် ဘယ်လောက် အစွမ်းထက်တယ်ဆိုတာ မင်းကို ပြောပြပေးမယ် " ဂျီယွမ်သည် ကျယ်လောင်စွာ ရယ်မောလိုက်သည်။ ချင်ယွင်သည် သူထုတ်လွှတ်လိုက်သော စွမ်းအားကြောင့် ကြောက်ရွံ့သွားသည်ဟု သူထင်နေပြီး သူ၏မျက်နှာသည် ယှဉ်ပြလို့မရအောင် ရူးသွပ် နေသည့် အမူအရာ ပေါ်လာသည်။ ချင်ယွင်ကို ကြည့်သည့် သူ၏အကြည့်များမှာလည်း လှောင်ပြောင်သရော်ဟန်ဖြင့် ပြည့်နှက်နေသည်။

ထိုနေ့တုန်းက ၊ တုလုံကျွန်းမှာ ချင်ယွင်ကို နောက်မှလိုက်ပြီး ဖမ်းဆီးသည့်အခါ ချင်ယွင်သည် အမှန်တကယ် သူ့ကို လျစ်လျူရှုထားရန် ရွေးချယ်ခဲ့သည်။ ဤအရာက သူ၏မောက်မာသော နှလုံးသားကို အလွန်စိတ်မချမ်းမြေ့ဖွယ် ဖြစ်စေခဲ့သည်။ ထိုအချိန်မှစ၍ သူသည် သူ၏နှလုံးသားထဲတွင် ရက်စက်ကြမ်းကြုတ်မူက ဝင်ရောက် လာခဲ့သည်။ သူသည် ချင်ယွင်ကို သူ၏ခြေရင်းအောက်မှာ အပြင်းအထန်နင်းချေပြီး စွမ်းအားအရာမှာ သူဂျီယွမ်ကို နည်းနည်းလေးမှ ကျော်တက်လို့မရကြောင်း အသိပေးလိုခဲ့သည်။

ယခု ချင်ယွင်သည် သူ၏အငွေ့အသက်ကြောင့် ခြိမ်းခြောက်ခံနေရသည်ကို မြင်လိုက်ရ သောအခါ သူ၏နှလုံးသားသည် သဘာဝအတိုင်း ရွှင်မြူးသွားလေသည်။ ယခုအချိန် တွင် သူ၏စိတ်နှလုံးထဲမှာ နာကျင်စွာပေးဆပ်ရသည့် စိတ်ပျက်အားငယ်သည့် အမူအယာများ ပျောက်ကွယ်သွားခဲ့သည်။

သူ၏လက်သီးသည် ချင်ယွင်၏ရင်ဘတ်ဆီသို့ တိုက်ရိုက်ထိုးချလိုက်ပြီး တဟုန်ထိုး မြင့်တက်လာနေသည့် အန္တရာယ်အငွေ့အသက်များကလည်း ချင်ယွင်ကို ဝါးမျို ချတော့ မည့် ဟိန်းဟောက်နေသော ဧရာမသားရဲကြီးတစ်ကောင်နှင့် တူသည်။

ထိုအချိန်တွင် ဂျီယွမ်သည် သူ၏လက်သီးချက်ကြောင့် မြေပြင်ပေါ်တွင် လဲလျောင်း နေသော ချင်ယွင်ကိုပင် တွေ့လိုက်ရဟန်ပင် ရှိနေပြီ။ ယင်းကြောင့် သူသည်အနှိုင်းမဲ့ အရူးအမူးဖြစ်သည့် အနေအထားသို့ ရောက်ရှိသွားခဲ့ပြီး ကောင်းကင်ယံကိုမော့ အော်ဟစ်ပစ်ချင်စိတ်ပင် ဖြစ်ပေါ်လာနေပြီ။

"အရေးမပါတဲ့ စွမ်းအားလေးနဲ့များ!"

သို့သော်လည်း ချင်ယွင်က လှောင်ပြောင်လိုက်ကာ လျှပ်စီးလက်သလို သူ၏ လက်ဖဝါးကို ဆန့်ထုတ်လိုက်ပြီး ဂျီယွမ်၏ မျက်နှာကို ပြင်းပြင်းထန်ထန် ရိုက်ချလိုက်သည်။

ဂျီယွမ်သည် ရှေးဟောင်းသားရဲကြီးတစ်ကောင်၏ အပြင်းအထန် ရိုက်နှက်ခြင်းကို ခံလိုက်ရသကဲ့သို့ ခံစားရသည်။ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားက သူ၏ မျက်နှာကို ချက်ခြင်းပင် ပုံပျက်ပန်းပျက် ဖြစ်သွားစေသည်။ သူ၏ မေးစေ့ရှိ အရိုးများ သည် ချက်ခြင်း ကွဲအက်သွားကာ ခေါင်းလည်း မူးဝေလာသည်။ သူသည် ထိန်းမနိုင် သိမ်းမရဖြစ်ကာ နောက်ပြန် လွင့်ထွက်တော့မည် ဖြစ်ပြီး သူ၏ သွားများသည်လည်း သွေးစက်များနှင့်အတူ လေထဲတွင် လွင့်ပျံနေသည်။

"ဒုတိယအဆင့် ကောင်းကင်အလွှာ သိုင်းဧကရာဇ်တစ်ပါးကို ပါးတစ်ချက်ရိုက်ရုံနဲ့ နောက်ကို လွင့်ထွက်သွားစေတာလား?"

ဘေးနားရှိ အဋ္ဌမမင်းသားသည် ချက်ချင်းပင် မျက်လုံးများ ပြူးကျယ်သွားကာ အနှိုင်းမဲ့ ထိတ်လန့်တုန်လှုပ်သွားသည့် အမူအရာတစ်ခု ပေါ်လာသည်။ သူသည် စကားမပြော နိုင်လောက်အောင်ပင် အကြောက်တရားက သူ၏နှလုံးသား၏ နက်ရှိုင်းသော နေရာအထိ ပျံ့နှံ့သွားခဲ့ပြီး သူ၏ ဆင်ခြင်တုံတရားရှိသေးသည့် အသိဉာဏ်က သူ့ကို အမြန် ထွက်ပြေးဖို့ ပြောနေခဲ့သည်။ သို့သော် သူ၏ခန္ဓာကိုယ်သည် ထိတ်လန့် တုန်လှုပ်ပြီး အကြောက်လွန်မူကြောင့် နွမ်းနယ်နေပြီး လုံးဝ မလှုပ်ရှားနိုင်သည်ကို သူ တွေ့ရှိခဲ့ရသည်။

ဂျီဖန်းသည်လည်း ချင်ယွင်က သူ၏ပစ်မှတ်ကို တည်ငြိမ်သည့် အမူအရာဖြင့် ကြည့်နေ သည်ကို မြင်လျှင် အံ့အားသင့်သည့် အမူအယာ ပေါ်လာသည်။

ဂျီယွမ်သည် တံတိုင်းများစွာကို ချိုးဖြတ်ပြီး ဆက်တိုက် ဖြတ်ကျော်သွားခဲ့သည်။ သူ တည်ငြိမ်သွားသည့်အချိန်မှာ အပျက်အစီးတွေထဲ ပြုတ်ကျသွားသည်။ သူ၏ပါးစပ်မှ သွေးများ အဆက်မပြတ် စီးကျလာသည်။ သူသည် ဒဏ်ရာ ပြင်းထန်စွာ ရသွားခဲ့ပြီး သူ၏မျက်လုံးများတွင် မယုံကြည်နိုင်မှုနှင့် ဒေါသများလည်း ပြည့်နှက် နေခဲ့သည်။

"ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ?"

ဂျီယွမ်သည် သိုင်းဧကရာဇ်နယ်ပယ်၏ ဒုတိယအဆင့် ကောင်းကင်အလွှာသို့ ဖြတ်ကျော်ဝင်သွားခဲ့သည့် သူ့ကိုယ်သူပင် မယုံကြည်နိုင်တော့ပေ။ မှန်ပေသည်၊ သူသည် ချင်ယွင်ကို အလွယ်တကူ ရှုံးနိမ့်သွားခဲ့ပြီး ပါးတစ်ချက်ရိုက်လိုက်ရုံဖြင့် လွင့်ထွက် သွားခဲ့ရသည်။

သူသည် ဤမျှမြင့်မားသောတန်ဖိုး ပေးဆပ်ခဲ့ရသော်လည်း သူပြန်ရခဲ့သော ရလာဒ်မှာ ထိုသို့သော ရလာဒ်မျိုး ဖြစ်နေသည်။ ဤအရာကို သူ ဘယ်လိုလုပ် ကျေကျေနပ်နပ် လက်ခံနိုင်မည်နည်း။

ချင်ယွင်၏ ပါးရိုက်ချက်သည် သူ၏မျက်နှာပေါ်မှာသာမက သူ၏နှလုံးသားကိုပါ ပြင်းထန်စွာ ရိုက်နှက်သွားခဲ့ပြီး သူ ပြန်လည်တည်ဆောက်ထားခဲ့သော ယုံကြည်မှုကို ပါ ခွဲဖျက်ဆီးပစ်ခဲ့သည်။

" ချင်ယွင် မင်းကို ငါသတ်မယ် !"

ဂျီယွမ်က အရူးအမူး အော်လိုက်သည်။ သူ၏ခန္ဓာကိုယ်ပေါ်ရှိ အနက်ရောင် အန္တရာယ် အငွေ့အသက်များသည် ဧရာမမြွေနက်ကြီးအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး အရူးအမူး ပစ်လွှတ်သွားခဲ့သည်။ သူ၏တစ်ကိုယ်လုံးသည် ပြိုင်ဘက်ကင်း နတ်ဆိုးနတ်ဘုရား တစ်ပါးအဖြစ်သို့ ပြောင်းလဲသွားပုံရသည်။ သူ၏ဆံပင်တွေက သူ၏နောက်ကျောမှာ ကခုန်နေပြီး သူ၏မျက်လုံးတွေက မည်းမှောင်သွားခဲ့သည်။ သူ၏အသားအရည်က ပိုပြီးဖောင်းကားလာကာ သူ၏အငွေ့အသက်ကလည်း ချက်ချင်းကြီး တိုးလာခဲ့သည်။

ပြင်းထန်သော သတ်ဖြတ်လိုသည့်ဆန္ဒက ဂျီစံအိမ်အထက် ကောင်းကင်ယံသို့ ပစ်လွှတ်သွားကာ အရပ်ရပ်သို့ ပျံ့နှံ့သွားခဲ့သည်။

ဤအခိုက်အတန့်တွင် သူ၏စိတ်နှလုံးသားထဲတွင် မလိုလားမူနှင့်အတူ အမျက်ဒေါသ များသာ ရှိနေတော့သည်။

ဝှီး!

ဂျီယွမ်သည် အနက်ရောင်အလင်းတန်းတစ်ခု အဖြစ်သို့ ပြောင်းလဲသွားပြီး သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော အနက်ရောင် အန္တရာယ်အငွေ့အသက်သည် ယခုအချိန်တွင် သူ၏လက်ဖဝါးပေါ်တွင် စုရုံးလာပြီး ချင်ယွင်၏ မျက်နှာဆီသို့ ပစ်လွှတ် လိုက်လေသည်။

ထိုအချိန်တွင် သူသည် အသိစိတ်ပျောက်ပြီး ချင်ယွင်ကို အသက်ရှင်လျှက် ဖမ်းဆီးရန် ဧကရာဇ်မင်းမြတ်ထျန်းရှ၏ အမိန့်ကိုပင် မေ့သွားခဲ့သည်။ ယခုအချိန် သူ၏စိတ်ထဲမှာ အတွေးတစ်ခုပဲ ရှိတော့သည်။ ယင်းက ချင်ယွင်ကို သတ်ပစ်ဖို့ပင်။

ချင်ယွင်သည် သနားစဖွယ်ဂျီယွမ်၏ အမူအယာကိုကြည့်ရင်း သူ၏မျက်လုံးများတွင် စက်ဆုပ်ရွံရှာသည့် အရိပ်အယောင်များ ထွက်ပေါ်လာသည်။

စွမ်းအားအတွက် ကိုယ့်ရုပ်အသွင်အပြင်ကို စွန့်လွှတ်ခြင်းသည် အပြစ်တစ်ခု ဖြစ်ပြီး သူ၏ စိတ်နှလုံးကိုပင် ပုပ်သိုးသွားစေခဲ့သည်။

မြူနှင်းချောက်နက်ဓားက သူ၏လက်ထဲတွင်ပေါ်လာပြီး ချင်ယွင်၏ မျက်လုံးများတွင် သတ်ဖြတ်လိုသည့် အရိပ်အယောင် ပေါ်လာသည်။

ဓားဆန္ဒက တခဏအတွင်းမှာ ပေါက်ကွဲထွက်လာခဲ့သည်။ ဓားအလင်းသည် တဖျပ်ဖျပ် လင်းလက်တောက်ပနေသည့် ကြယ်မြစ်များကဲ့သို့ လေထဲတွင် လင်းလက် တောက်ပသွားခဲ့သည်။ ချင်ယွင်၏ ပုံရိပ်သည်လည်း ဂျီယွမ်၏ ခန္ဓာကိုယ် အနားကို ပွတ်ကပ်ကာ ဖြတ်ကျော်သွားခဲ့သည် ။

ဘန်း!

ခန္ဓာကိုယ်တစ်ခု မြေပြင်ပေါ်သို့ ပြုတ်ကျသည့်အသံ ထွက်ပေါ်လာပြီး ဂျီယွမ်၏ ခန္ဓာကိုယ်တစ်ခုလုံးလည်း သူ၏ခါးနှင့် ပြတ်တောက်သွားခဲ့လေသည်။ သူ၏ ခန္ဓာကိုယ်သည် နှစ်ပိုင်းပြတ်သွားပြီး မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။

ထိုအခိုက်တန့်မှာ သူသည် လုံးဝ မသေသေးပါဘူး။ သူ၏မျက်လုံးများက ပြူးကျယ်နေကာ နောက်ဆုံးရလာဒ်က အဘယ်ကြောင့် ယခုလို ဖြစ်လာရသည်ကို သူ နားမလည်နိုင် ဖြစ်နေသည့်အလား ထိတ်လန့်တုန်လှုပ်နေသည့် အမူအယာ ဖြစ်ပေါ်နေခဲ့သည်။

တိတ်ဆိတ်သွားခဲ့သည်။ ကွင်းပြင်တစ်ခုလုံး လုံးဝ တိတ်ဆိတ်သွားခဲ့ပါသည်။

အဋ္ဌမမင်းသားသည် သူ၏နှလုံးခုန်သံကို ရှင်းရှင်းလင်းလင်းပင် ကြားနေရသည်။ သူသည် ချင်ယွင်ကိုပင် မကြည့်ဝံ့ပေ။ ပြိုင်ဘက်ကင်း သတ်ဖြတ်ခြင်းနတ်ဘုရား ချင်ယွင်သည် သူ့အပေါ် မျက်စိကျလာမည်ကို အလွန်ကြောက်ရွံ့နေသည်.။

"ညီလေး!"

ဂျီဖန်း၏ မျက်လုံးများသည် ချက်ချင်း ပေါက်ကွဲသွားပြီး ကြီးမားပြင်းထန်လှသည့် ဒေါသပမဏက နဖူးအထိပင် တိုးဝင်လာခဲ့သည်။ ချင်ယွင်ကိုကြည့်ရင်း သူ့အမူအရာက ဖော်ပြလို့မရနိုင်အောင်ပင် ဒေါသပေါက်ကွဲထွက်နေသည်။

ဤနေရာ၌ ရုန်းရင်းဆန်ခတ်ဖြစ်မှုသည် ဂျီစံအိမ်ရှိ အခြားသော သိုင်းဧကရာဇ် အဆင့် ကျွမ်းကျင်သူများ၏ အာရုံစိုက်မှုကို ဆွဲဆောင်သွားပြီ ဖြစ်ကြောင်း ချင်ယွင် သိသည်။ ထိုအချိန်တွင် အငွေ့အသက်သုံးခုသည် သူ့ဆီသို့ ပြေးလာနေပြီ ဖြစ်သည်။

ထို့ကြောင့် ချင်ယွင်သည် ဤတိုက်ပွဲကို တတ်နိုင်သမျှ အမြန်ဆုံး ဖြေရှင်းရမှာဖြစ်ပြီး ဂျီညီနောင်များကို သတ်ပစ်ခဲ့ရမည်။

"ငါ မင်းကို တိုက်မယ်!" ချင်ယွင်ဆီသို့ တဟုန်ထိုး ပစ်ဝင်သွားရင်း ဂျီဖန်း၏ ခန္ဓာကိုယ်မှ သတ်ဖြတ်ချင်းချီက ပျံ့နှံ့လာခဲ့သည်။

ချင်ယွင်၏ မျက်လုံးများမှ အေးစက်သော သတ်ဖြတ်လိုသည့်ဆန္ဒက ချက်ခြင်း ထွက်ပေါ်လာသည်။ သူ၏ပုံရိပ်က ပုံရိပ်ယောင်အမျှင်တန်းတစ်ခုအဖြစ် ပြောင်းလဲ သွားခဲ့ပြီး ဂျီဖန်းကို ဖျတ်ခနဲ ဖြတ်ကျော်သွားခဲ့သည်။

ဂျီဖန်း မတုံ့ပြန်ခင်မှာ သူ၏တစ်ကိုယ်လုံး အေးစက်သွားခဲ့ပြီး သူ၏မျက်နှာပေါ်က အမျက်ဒေါသတွေလည်း ချက်ချင်း အေးခဲသွားသည်။

"ဒါ... ဘယ်လိုလုပ်..."

ဂျီဖန်းသည် တစ်ခုခု ပြောချင်နေပုံရသော်လည်း သူ၏ပါးစပ်က သူ၏ထိန်းချုပ်မှု ဆုံးရှုံးသွားခဲ့ပြီဆိုသည်ကို တွေ့လိုက်ရသည်။

သေးငယ်သော သွေးအစက်လေးသည် သူ၏မျက်ခုံးထိပ်ကြားမှ ဝမ်းဗိုက်အထိ တဖြည်းဖြည်း ပျံ့နှံ့သွားခဲ့သည်။ သူ၏ခန္ဓာကိုယ်သည် နှစ်ခြမ်းကွဲသွားပြီး မြေပြင်ပေါ်သို့ လဲကျသွားသည်။ သူသည် ချက်ချင်း သေဆုံးသွားခဲ့သည်။

အဋ္ဌမမင်းသားသည် ဤမြင်ကွင်းကို မြင်သောအခါ သူသည် သေခြင်းတရားကြောင့် အသက်ရူရမွန်းကြပ်လာသည့်အလား စကားပင် မပြောနိုင်တော့ပေ။

ချင်ယွင်သည် သူ့နံဘေးမှ ထိတ်လန့်ခြောက်ခြားနေသော အဋ္ဌမမင်းသားကို တစ်ချက် ကြည့်လိုက်သည်။ သူ၏ပုံရိပ်က အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲ သွားခဲ့ပြီး အဋ္ဌမမင်းသားကို မြေပြင်ပေါ် သတိလစ်သွားသည်အထိ ကန်ပစ်လိုက်သည်။ ထို့နောက် သူသည် အဋ္ဌမမင်းသားကို ကောင်းကင်ဘုံကိုးအလွှာ ကြယ်စင်စုပုံကြမ်းထဲသို့ ပစ်ချလိုက်ပြီး ကမန်းကတန်း ထွက်ခွာသွားခဲ့သည်။

"ဟမ့်၊ တစ်စုံတစ်ယောက်ကို သတ်ဖြတ်ပြီးမှ မင်းက ဒီအတိုင်း ထားခဲ့ချင်တာလား။"

သို့သော် ချင်ယွင်သည် ခြံဝင်းထဲသို့ ရောက်ရှိရုံပဲရှိသေး ကောင်းကင်ယံမှ ကျယ်လောင်သော ဟိန်းဟောက်သံတစ်ခု ထွက်ပေါ်လာသည်။ ချင်ယွင်၏ရှေ့မှာ အခိုးအငွေ့တိမ်တိုက်တွေ စိမ့်ဝင်လာခဲ့ပြီးနောက် ချင်ယွင်၏ သွားရာလမ်းကို ပိတ်ဆို့ထားသည့် အနက်ရောင်ဝတ်စုံဝတ် လူတစ်ယောက် ဖြစ်သွားသည်။

All Chapters