← Chapters

အခန်း (၃၄၆-၃၅၀)

Vol. 24 Ch. 346-350

အခန်း (၃၄၆-၃၅၀)

Vol. 24 Ch. 346-350

အခန်း (၃၄၆) ဒါဆို အဲဒါက မင်းကြောင့်ပေါ့။

ကောင်းကင်ကပ်ဘေးဒုက္ခသည် မူလကတည်းက ကောင်းကင်တာအိုမှ ကိုယ့်ကိုကိုယ် ကာကွယ်သည့် လှုပ်ရှားမူဖြစ်ပြီး မတည်ရှိသင့်သော သို့မဟုတ် မဖြစ်သင့်သည့် ဆိုးယုတ်သော အရာအားလုံးကို ဖျက်ဆီးပစ် သောကြောင့် ကောင်းကင်ကပ်ဘေးဒုက္ခ ကို "ကောင်းကင်ဘုံ၏အပြစ်ပေးခြင်း" ဟုလည်းခေါ်ကြသည်။

ဥပမာအားဖြင့်၊ ကျင့်ကြံသူတစ်ဦးသည် အင်မော်တယ်အသွင်ကူးပြောင်းခြင်း နယ်ပယ် မှ အစစ်အမှန် အင်မော်တယ်နယ်ပယ်သို့ ဖြတ်ကျော်သွားပါက၊ သေမျိုးကမ္ဘာ၏ ကောင်းကင်တာအိုနိယာမများသည် သေမျိုးကမ္ဘာ၏ သဘာဝချိန်ခွင်လျှာကို ချိုးဖျက် နေပြီဖြစ်သော ထိုလူ၏စွမ်းအားကို အာရုံခံမိသည်။ ထို့ကြောင့် ကောင်းကင်ကပ်ဘေး ဒုက္ခသည် ထိုလူ၏အပေါ်၌ ဆင်းသက်လာမည် ဖြစ်ပါသည်။

ကျင့်ကြံသူများသည် ကောင်းကင်ကပ်ဘေးဒုက္ခကို ဖြတ်ကျော်ပြီး အင်မော်တယ် ကမ္ဘာသို့ တက်လှမ်းသွားမည် သို့မဟုတ် ကောင်းကင်ကပ်ဘေးဒုက္ခအောက်တွင် သူတို့၏ စိတ်ဝိညာဉ်များ ဖရိုဖရဲပြန့်ကျဲကာ အဆုံးသတ်သွားရမည် ဖြစ်ပါသည်။

ကောင်းကင်ဘုံကို အံတုနိုင်သော ရတနာများ သို့မဟုတ် ချင်ယွင်ကဲ့သို့သော မွန်းစတား ဆန်သူများ၊ နတ်ဘုရားသားရဲ သွေးမျိုးဆက်ပိုင်ဆိုင်ထားပြီး အဆင့်တစ်ခု ဖြတ်ကျော် သွားသည့်အခါတိုင်း ကောင်းကင်ဘုံ၏လျှို့ဝှက်ချက်များကို အသက်သွင်းပေးနိုင်သည့် ရှောင်ဘိုင်တို့လို ကောင်းကင်ဘုံကို အံတုနိုင်သော သတ္တဝါအချို့လည်း ရှိကြပါသေး သည်။ ကောင်းကင်တာအိုသည် ထိုကဲ့သို့သော ပုဂ္ဂိုလ်များ၏ ခြိမ်းခြောက်မှုကို ခံမိစားသောအခါ၊ ကောင်းကင်တာအိုအပေါ် ခြိမ်းခြောက်မှု ပိုကြီးမားလေ၊ ကောင်းကင် ကပ်ဘေး ဒုက္ခသည်လည်း ပို၍ ကြီးမားလာလေ ဖြစ်သည်။

ဟုတ်ပါသည်။ ထို့အပြင်၊ ကောင်းကင်ကပ်ဘေးဒုက္ခကို ဆွဲဆောင်နိုင်မည့် အခြား အမျိုးအစားတစ်ခုလည်း ရှိပါသေးသည်၊ ထိုအမျိုးစားမှာ နက်ရှိုင်းသည့် ကံကြမ္မာ အနှောင်အဖွဲ့ အတားအဆီးများနှင့် ကြီးမားသည့်အပြစ်ကို လွန်ကျူးထားသူများ ဖြစ်ကြသည်။

ယခုအခါ ချင်ယွင်သည် သိုင်းဧကရာဇ်နယ်ပယ်သို့ ချိုးဖြတ်ဝင်ရောက်ခဲ့ပြီး ကောင်းကင်ဘုံ၏ လျှို့ဝှက်ချက်များကို အသက်သွင်းလိုက်သည်။ ထို့ကြောင့် ကောင်းကင်ဘုံ၏ လျှို့ဝှက်ချက်များသည် ချင်ယွင်နှင့်ပတ်သက်သည့် ကျမ်းစာများကို သဘာဝအတိုင်း စူးစမ်းလေ့လာပြီး ချင်ယွင်၏ ခြိမ်းခြောက်မှုသည် ကောင်းကင် ကပ်ဘေးဒုက္ခကို သက်ရောက်စေသည်အထိ ကြီးမားသည်ကို ရှာဖွေတွေ့ရှိသွားခြင်း ဖြစ်သည်။

သိုင်းဧကရာဇ်လျူထျန်းသည် ချင်ယွင်နှင့် မီတာနှစ်ရာအောက်သာ ကွာဝေးပါသည်။ သူ၏ခန္ဓာကိုယ်ပေါ်ရှိ သိပ်သည်းနေသည့် ကံကြမ္မာအငွေ့အသက်များကို ကောင်းကင် တာအိုမှ သဘာဝအတိုင်း စုံစမ်းသိရှိနိုင်ပါသည်။ ထို့ကြောင့် ကောင်းကင်တာအိုသည် ကောင်းကင်ကပ်ဘေးဒုက္ခ ဆင်းသက်လာသောအခါ ၎င်းသည် သိုင်းဧကရာဇ် လျူထျန်းအတွက်ပါ သယ်ဆောင်လာခဲ့ခြင်း ဖြစ်ပါသည်။

တစ်နည်းဆိုရသော် ၎င်းသည် ချင်ယွင်တစ်ယောက်တည်း၏ ကောင်းကင်ကပ်ဘေး ဒုက္ခမဟုတ်တော့ဘဲ ချင်ယွင်နှင့် သိုင်းဧကရာဇ်လျူထျန်းတို့၏ ကောင်းကင် ကပ်ဘေးဒုက္ခ ဖြစ်လာပါသည်။

ကောင်းကင်ကပ်ဘေးဒုက္ခ၏ တန်ခိုးစွမ်းအားနှင့် ပတ်သက်၍ ကောင်းကင်တာအိုသည် ဤအချက်တွင် အလွန် တရားမျှတပါသည်။ ချင်ယွင်နှင့် သိုင်းဧကရာဇ် လျူထျန်း တို့အား ဆက်ဆံရာတွင် တူညီပါသည်။ အကြီးမားဆုံး ခြိမ်းခြောက်မှုကို ဖြစ်ပေါ်စေ သူက မည်သူပင်ဖြစ်ပါစေ သိုင်းဧကရာဇ် လျူထျန်းအပေါ်မှာလည်း တူညီသော အဆင့်ရှိ ကောင်းကင်ကပ်ဘေးဒုက္ခက ဆင်းသက်လာမည် ဖြစ်သည်။

သိုင်းဧကရာဇ်လျူထျန်းသည် ချင်ယွင်နှင့် နှိုင်းယှဉ်လျှင် ကြီးမားသည့် ပြစ်မူကြီးများကို ကျူးလွန်သူ ဖြစ်သော်လည်း ကောင်းကင်တာအိုကို ခြိမ်းခြောက်မှုသည် ချင်ယွင်ထက် များစွာနိမ့်ကျပါသည်။ ထို့ကြောင့်၊ ဆင်းသက်လာသော ကောင်းကင်ကပ်ဘေးဒုက္ခ၏ စံနှုန်းသည် ချင်ယွင်၏ ကောင်းကင်ကပ်ဘေးဒုက္ခအပေါ် လုံးဝ အခြေခံပါလိမ့်မည်။

သိုင်းဧကရာဇ်လျူထျန်းသည် ကောင်းကင်ယံနှင့် အနီးအနား ကီလိုမီတာ တစ်ရာနီးပါး ဧရိယာကိုပါ လွှမ်းခြုံထားပြီး ကောင်းကင်ယံမှာ တဟုန်ထိုး လှိမ့်တက်နေသည့် ဧရာမကပ်ဘေးဒုက္ခ တိမ်တိုက်ကြီးကို ကြည့်လိုက်သည်။ ကြောက်မက်ဖွယ်ကောင်း သော ဖိအားသည် ကြီးမားသော တောင်ကြီးတစ်ခု ကဲ့သို့ပင် လူတိုင်းကို ဖိနှိပ်ကာ အသက်ရှူရခက်သည့်အထိ မွန်းကြပ်စေသည်။

အထူးသဖြင့် သိုင်းဧကရာဇ်လျူထျန်း ဖြစ်သည်။ သူသည် ကောင်းကင်တာအိုက သူ့အပေါ်ကို ပစ်မှတ်ထားကာ ပိတ်ဆို့ထားပြီး ကြောက်စရာကောင်းသည့် ဖိအားက သူ့အပေါ်ကို ပြိုဆင်းကျလာသည်ကို သူခံစားနိုင်သည်။ သူ၏ခြေထောက်တွေတောင် အားနည်းသွားသလို သူ ခံစားရသည်။

"ကိုး... ဒြဗ်စင်ကိုးပါး ကောင်းကင်ကပ်ဘေးဒုက္ခလား" သိုင်းဧကရာဇ်လျူထျန်း၏ အမူအရာသည် ဝက်အသည်းထက်ပင် ကြည့်ရဆိုးလှ၏။ အမှန်တကယ်ပင် သူသည် အလွန်ထိတ်လန့်သွားခဲ့သည်။ သူသည် ကောင်းကင်ကပ်ဘေးဒုက္ခကို အမှန်တကယ် ဖြစ်ပေါ်စေလိမ့်မည်ဟု ဘယ်တုန်းကမှ မတွေးထားခဲ့ပေ။ ယခု ၎င်းသည် ဒဏ္ဍာရီ ဆန်သော ဒြဗ်စင်ကိုးပါး ကောင်းကင်ကပ်ဘေးဒုက္ခပင် ဖြစ်နေသေးသည်။

"တကယ်ကို ဒြဗ်စင်ကိုးပါး ကောင်းကင်ကပ်ဘေးဒုက္ခပါလား" ချင်ယွင်လည်း ရှိုက်ကြီးတငင် ပြုံးလိုက်မိသည်။ ကပ်ဘေးဒုက္ခကို ဖြတ်ကျော်သောအခါ ဖြစ်ပေါ်လာ သော ကောင်းကင်ကပ်ဘေးဒုက္ခသည် သေးငယ်မည် မဟုတ်ကြောင်းကို သူ ခန့်မှန်းထားပြီး ဖြစ်သည်။ သူသည် ဒြဗ်စင်ကိုးပါးကောင်းကင်ကပ်ဘေးဒုက္ခကို အမှန်တကယ် ဖြစ်ပေါ်စေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

သူ၏ဘေးမှာ ကြောက်ရွံ့ထိတ်လန့်နေသည့် သိုင်းဧကရာဇ်လျူထျန်းကို တွေ့လိုက် ရလျှင် ချင်ယွင်၏မျက်နှာက စိတ်သက်သာရာရသွားပုံ ပေါ်လာသည်။ ဤတစ်ကြိမ်တွင် တစ်စုံတစ်ဦးသည် နောက်ဆုံးတွင် သူနှင့်အတူ မိုးကြိုး ပစ်ခံရတော့မည်။

သို့သော်၊ ချင်ယွင်သည် ဧကရာဇ်မင်းမြတ်ထျန်းရှ တော်ဝင်ရန်အင်ပါယာနန်းတော်ကို သိမ်းပိုက်သော အခါတွင် သူသည် သိုင်းဧကရာဇ်နယ်မြေသို့ ဖြတ်ကျော်ရန် မူလက စီစဉ်ထားထားသည့် အစီအစဉ်ပျက်ဆီးသွားခြင်းက နှမြောစရာပင်။ ထိုအချိန်ရောက် လျှင် ကောင်းကင်တာအိုသည် ဧကရာဇ်မင်းမြတ်ထျန်းရှနှင့် သူ၏ပတ်ဝန်းကျင်ရှိ အခြားသူများကို သဘာဝအတိုင်း ရှာဖွေတွေ့ရှိလိမ့်မည်။

ချင်ယွင်၏ ထင်မြင်ယူဆချက်အရဆို ဧကရာဇ်မင်းမြတ်ထျန်းရှနှင့် အခြား လူများ အပေါ်ရှိနေသည့် သိပ်သည်းနေသော ကံကြမ္မာအငွေ့အသက်များသည် တိမ်မြုပ်နေ လိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် ချင်ယွင်၏ ကနဦးအတွေးမှာ သူ ကောင်းကင် ကပ်ဘေးဒုက္ခကို ဖြတ်သန်းရာမှာ ကောင်းကင်ဘုံနတ်ဆိုးအဖွဲ့ တစ်ခုလုံးကို အတူတကွ ဆွဲခေါ်သွားရန် ဖြစ်ပါသည်။ သို့သော်၊ ဤစည်းချက်သည် သိုင်းဧကရာဇ်လျူထျန်း၏ နှောင့်ယှက်မူကြောင့် ပျက်ဆီးခဲ့ရပြီး သူတစ်ယောက်တည်းကိုသာ ကောင်းကင် ကပ်ဘေးဒုက္ခကို ဖြတ်သန်းရာမှာ ဆွဲခေါ်သွားနိုင်တော့မည်။

သနားစရာကောင်းသော သိုင်းဧကရာဇ်လျူထျန်းသည် ယခုတစ်ကြိမ်တွင် ချင်ယွင်၏ လှည့်စားခြင်းကို ခံခဲ့ရသည်။

ချင်ယွင်သည် သိုင်းဧကရာဇ်လျူထျန်း၏ ကြောင်တက်တက် ဖြစ်နေသည်ကို အခွင့်ကောင်းယူပြီး ဆေးကလန်၏ မျိုးဆက်သုံးဆက်နှင့် အိမ်စေမလေးကို လျှပ်စီးဘေးဒုက္ခများ ဆင်းသက်လာချိန်တွင် သူတို့ ပါဝင်ပတ်သက်ခြင်းမှ ကာကွယ်ရန် နိုင်အတွက် ကောင်းကင်ဘုံကိုးအလွှာကြယ်စင်စုပုံကြမ်းထဲသို့ ပစ်ချလိုက်သည်။ ကောင်းကင်ယံတွင် ကောင်းကင်ကပ်ဘေးဒုက္ခတိမ်တိုက်များ စုစည်းနေပြီး ကြောက်မက်ဖွယ်ကောင်းသော ဖိအားများက ပိုမိုပြင်းထန်လာသည်။

ထိုအချိန်တွင် တော်ဝင်မြို့တော်ကြီး တစ်ခုလုံး ပွက်လောရိုက် ဆူညံလာသည်။ ကောင်းကင်ယံမှာရှိနေသည့် ကပ်ဘေးဒုက္ခတိမ်တိုက်တွေကို ကြည့်နေရင်း လူတိုင်း သည် မှင်သက်သွားကြပြီး သူတို့၏မျက်လုံးတွေမှာ တုနှိုင်းမရသည့် တုန်လှုပ် ခြောက်ခြားသည့် အမူအယာ ပေါ်လာကြသည်။

ကောင်းကင်ယံတွင်ရှိနေသည့် ကပ်ဘေးဒုက္ခတိမ်တိုက်သည် အင်ပါယာမြို့တော်၏ ထက်ဝက်နီးပါးကို ဖုံးလွှမ်းသွားပြီး ကြောက်မက်ဖွယ်ကောင်းသောဖိအားကလည်း အင်ပါယာမြို့တော်တစ်ခုလုံးကို လွှမ်းခြုံထားသည်။

ဤအခိုက်အတန့်တွင် တော်ဝင်မြို့တော်ရှိ ကျွမ်းကျင်သူများအားလုံးသည် ထိတ်လန့် တုန်လှုပ်သွားပြီး ကောင်းကင်ယံတွင်ရှိနေသည့် ကြောက်မက်ဖွယ်ကောင်းသော ကပ်ဘေးဒုက္ခ တိမ်တိုက်ကို ကြည့်လိုက်ကြသည်။

"ဒြဗ်စင်ကိုးပါးကောင်းကင်ကပ်ဘေးဒုက္ခလား၊ မြို့တော်မှာ ဘာလို့ ဒြဗ်စင်ကိုးပါး ကောင်းကင်ကပ်ဘေးဒုက္ခက ဖြစ်ပေါ်ရတာလဲ"။

အင်ပါယာနန်းတော်၏ နက်ရှိုင်းသောနေရာမှာရှိနေသည့် ဧကရာဇ်မင်းမြတ် ဒါယန်းသည် ကောင်းကင်ကပ်ဘေးဒုက္ခ၏ အငွေ့အသက်ကို ခံစားလိုက်ရသည်နှင့် အိပ်ဆောင်၏ လျှို့ဝှက်ခန်းထဲမှ ချက်ချင်း ထွက်လာခဲ့သည်။ သူသည် ကောင်းကင်ယံ၌ ကြီးမားလှသော ကောင်းကင်ကပ်ဘေးဒုက္ခကို ကြည့်ကာ အလွန် တုန်လှုပ်ခြောက်ခြား သည့် အမူအရာ ပေါ်လာသည်။

တစ္ဆေပါရမီရှင်သိုင်းဧကရာဇ်၏ ရုပ်အသွင်အပြင်သည်လည်း ဧကရာဇ်မင်းမြတ် အနားတွင် ပေါ်လာပြီး အလားတူ ကြောက်ရွံ့ထိတ်လန့်သည့် အမူအရာဖြင့် ကောင်းကင်ယံတွင်ရှိနေသည့် ကြီးမားလှသော ကပ်ဘေးဒုက္ခတိမ်တိုက်ကို ကြည့်နေလေသည်။

"ဘာတွေဖြစ်နေတာလဲ?" ဧကရာဇ်မင်းမြတ်က မေးသည်။

တစ္ဆေပါရမီရှင်သိုင်းဧကရာဇ်က ခေါင်းယမ်းလိုက်ပြီး တုန့်ပြန်ပြောလိုက်သည် "ကပ်ဘေးဒုက္ခတိမ်တိုက်ရဲ့ အလယ်ဗဟိုက ဆေးကလန်တည်ရှိတဲ့ အရပ်က ထွက်လာ ပုံရတယ်။ ဒီမနက် အပြင်ဘက်ကလာတဲ့ သတင်းအရ ဆေးကလန်မှာ လူပေါင်း ရာနဲ့ချီပြီး ကျွမ်းကျင်သူတစ်ယောက်ရဲ့ သတ်ဖြတ်ခြင်းကို ခံလိုက်ရတယ်။ ဒီလက်အောက်ငယ်သားက ဝင်ရောက်စုံစမ်းပြီးနောက် အဲဒီလူဟာ ဧကရာဇ်မင်းမြတ် ထျန်းရှရဲ့လက်အောက်ခံဖြစ်တဲ့ သိုင်းဧကရာဇ် လျူထျန်းဆိုတာကို တွေ့ရှိခဲ့ရတယ်၊ ဒါပေမယ့် ဒီကောင်းကင်ကပ်ဘေးဒုက္ခ… ဒါကိုတော့ ဒီလက်အောက်ငယ်သားလည်း မသိခဲ့ပါဘူး။”

ဧကရာဇ်မင်းမြတ်ဒါယန်းလည်း နှုတ်ဆိတ်သွားသည်။ သူသည် တစ္ဆေပါရမီရှင် သိုင်းဧကရာဇ်ကို အပြစ်မတင်ဘဲ ကောင်းကင်ယံတွင် ရှိနေသည့် ကြီးမားလှသော ကောင်းကင်ကပ်ဘေးဒုက္ခ တိမ်တိုက်ကို ကွက်ခနဲ စိုက်ကြည့်နေသည်။

အင်ပါယာမြို့တော်သည် အလွန်တုန်လှုပ်ချောက်ချားသည့် ကာလတွင် ဖြစ်နေပြီး ဖြစ်ပြီး ဤထူးဆန်းသော ဖြစ်ရပ်သည် ကောင်းလား ဆိုးလား သူလည်း မသိနိုင်ပေ။

"မှန်ပါတယ်၊ ကျွန်တော့် လက်အောက်ငယ်သားတွေရဲ့ အစီရင်ခံစာအရဆို၊ ချင်ယွင်ကို လည်း ဆေးကလန်ကိုသွားတာ တွေ့လိုက်သလိုပါပဲ။ ဒီရုန်းရင်း ဆန်ခတ်ဖြစ်မူက ချင်ယွင်ကြောင့် ဖြစ်လာတာများ ဖြစ်နေမလား" တစ္ဆေပါရမီရှင် သိုင်းဧကရာဇ်က ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားပြီး မေးခွန်းထုတ်လိုက်သည်။

" ချင်ယွင်လား?" ဧကရာဇ်မင်းမြတ်ဒါယန်း၏ သူငယ်အိမ်များသည် ကျုံ့သွားကြသည်။ ဒဏ္ဍာရီလာ ဒြဗ်စင်ကိုးပါးကောင်းကင်ကပ်ဘေး ဒုက္ခကို ချင်ယွင်က အစပျိုးခဲ့သူ ဆိုသည်မှာ ဖြစ်ရောဖြစ်နိုင်ပါမည်လား?။

သို့သော် ဧကရာဇ်မင်းမြတ်ဒါယန်းသည် ဤအကြံအစည်ကို အမြန်ပယ်ချခဲ့သည်။ သူက ခေါင်းယမ်းလိုက်ပြီး ပြောသည် “မဖြစ်နိုင်ဘူး။ နဝမအဆင့် ကောင်းကင်အလွှာ အထွက်အထိပ် သိုင်းမြို့စားအဆင့်တစ်ယောက်ဟာ ဘယ်လောက်ပဲ ကြီးကျယ် ခမ်းနားပါစေ၊ ဒြဗ်စင်ကိုးပါး ကောင်းကင်ကပ်ဘေးဒုက္ခကို စတင်ဖို့ သူ့အတွက် လုံးဝမဖြစ်နိုင်ပါဘူး"

ဧကရာဇ်မင်းမြတ်ဒါယန်း၏ စကားကိုကြားတော့ တစ္ဆေပါရမီရှင် သိုင်းဧကရာဇ်သည် လည်း ခေါင်းညိတ်ကာ သူ့မှာရှိနေသည့် ဤစိတ်ကူးသည် အနည်းငယ် အဓိပ္ပါယ်မဲ့ သည်ဟု ခံစားလိုက်ရသည်။

တကယ်တော့ ဤဒြဗ်စင်ကိုးပါး ကောင်းကင်ကပ်ဘေးဒုက္ခကို ချင်ယွင်က ဖန်တီး ဖြစ်ပေါ်စေခဲ့သည်ကို သူတို့ မည်သို့ သိနိုင်မည်နည်း။ ထို့အပြင် ချင်ယွင်သည် အခြားတစ်ယောက်ကိုပါ သူနှင့်အတူ ဆွဲခေါ်ထားသေးသည်။

ဂျီကလန်၏ စံအိမ်တွင်၊ ဧကရာဇ်မင်းမြတ်ထျန်းရှသည်လည်း ကောင်းကင်ယံတွင် ဖြစ်ပေါ်နေသော ကြောက်မက်ဖွယ်ကောင်းသည့် ကပ်ဘေးဒုက္ခတိမ်တိုက်များကို ကြည့်နေခဲ့ပြီး သူ၏မျက်ခုံးများသည် နက်နက်ရှိုင်းရှိုင်း တွန်သွားခဲ့သည်။

ကောင်းကင်ကပ်ဘေးဒုက္ခသည် သူတို့၏အကြီးမားဆုံးရန်သူ ဖြစ်ပါသည်။ ထို့ကြောင့် ကပ်ဘေးဒုက္ခတိမ်တိုက်မှ ထွက်ပေါ်သော ကောင်းကင်ဘုံတန်ခိုးအစွမ်းက သူ့ကို အလွန်စိတ်မသက်မသာ ဖြစ်စေသည်။ ထိုအခိုက်တန့်တွင် ကောင်းကင်ယံမှ ဧရာမ မျက်လုံးကြီး တစ်စုံက သူ့ကို စိုက်ကြည့်နေသကဲ့သို့ ခံစားရသည်။ ယင်းက သူ့ကို အလွန်ကြောက်လန့်သွားစေပြီး သူ၏ကိုယ်ပေါ်ရှိ အငွေ့အသက်အားလုံးကို အလျင် အမြန် ထိန်းချုပ်ထားလိုက်ရသည်။

တစ်ချိန်တည်းမှာပင် သူလည်း အနည်းငယ် စိတ်ပူသွားသည်။ သဘက်ခါသည် တော်ဝင်ရန်အင်ပါယာမြို့တော်ကို တိုက်ခိုက်သည့်နေ့ ဖြစ်သည်။ သူသည် ယခုလို နေ့ရက်မျိုး ပြန်လည်ရောက်ရှိရန်အတွက် အနှစ်သုံးဆယ်ကျော် သည်းခံခဲ့ရပြီး နည်းနည်းပါးပါး ချွတ်ချော်မူမျိုးကိုပင် သူ သည်းမခံနိုင်ပါဘူး။

သို့သော်၊ ဤထူးဆန်းသော ကပ်ဘေးဒုက္ခတိမ်တိုက်၏ ရုတ်တရက် ထွက်ပေါ်လာမူက သူ့ကို အလွန်ဆိုးရွားသော ကြိုတင်သတိပေးချက် တစ်ခုပေးခဲ့သည်။

"မင်းက ဒီကမ္ဘာမြေကြီးပေါ် ဘယ်သူများလဲ။" ဧကရာဇ်မင်းမြတ်ထျန်းရှသည် ကောင်းကင်ယံတွင် ရှိနေသည့် ဒြဗ်စင်ကိုးပါး ကောင်းကင်ကပ်ဘေးဒုက္ခကို စိုက်ကြည့်ရင်း သူ၏မျက်လုံးတွေက စိတ်ရှုပ်ထွေးမူ၊ ဒေါသထွက်မူတို့နှင့် ပြည့်နှက်နေ သည်။

အမှန်တကယ်ဆို၊ ဆေးကလန်အပေါ် သိုင်းဧကရာဇ်လျူထျန်း၏ သွေးချောင်းစီး သတ်ဖြတ်မှုကြောင့်သာ၊ ထိုသို့မဟုတ်ပါက ဤကြောက်စရာကောင်းသည့် ဒြဗ်စင် ကိုးပါးကောင်းကင်ကပ်ဘေးဒုက္ခသည် သူ့အပေါ်ကို ဆင်းသက်လာလိမ့်မည်ဆိုသည်ကို သူ မသိခဲ့ပါဘူး။

ဆေးကလန်၏ စံအိမ်ထဲတွင်၊ သိုင်းဧကရာဇ်လျူထျန်းသည် နောက်ဆုံးတွင် သူ၏ အတွေးများကို ရှင်းထုတ်လိုက်ပြီး ဤကြောက်မက်ဖွယ်ကောင်းသော ဒြဗ်စင်ကိုးပါး ကောင်းကင်ကပ်ဘေးဒုက္ခသည် အဘယ်ကြောင့် သူ့အပေါ်သို့ ရုတ်တရက် ဆင်းသက် လာသည်ကို နားလည်သွားသည်။ ဒါတွေအားလုံးက သူ၏ရှေ့မှာရှိနေသည့် ဤမျိုးမစစ် ကောင်ကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်သည်။

သိုင်းဧကရာဇ်လျူထျန်းသည် ချင်ယွင်ကို အရှင်လတ်လတ် ဝါးမျိုရန်ပင် ဆန္ဒရှိနေပြီး သွားတွေကြားမှ ညှစ်ထွက်လာသည့်လေသံဖြင့် စကားလေးခွန်းကို ပြောလိုက်သည်။ “ဒါဆို အဲဒါက မင်းကြောင့် ဖြစ်ပေါ်လာတာပေါ့။

အခန်း (၃၄၇) မိုးကြိုးပစ်ခံရခြင်း၏ပျော်ရွှင်မှု။

"ဒါဆို အဲဒါက မင်းကြောင့်ဖြစ်ပေါ်လာတာပေါ့!"

ဤစကားလုံးလေးလုံးတွင် သိုင်းဧကရာဇ်လျူထျန်း၏ ဒေါသနှင့်အတူ အံ့အားသင့်ခြင်း အားလုံးနီးပါး ပါဝင်နေပါသည်။

"မှန်ပါတယ်၊ အဲဒါက ကျုပ်ကြောင့်ပါပဲ။ ခင်ဗျား ပျင်းနေတာ မဟုတ်ဘူးလား။ လျှပ်စီးကပ်ဘေးဒုက္ခကို ခံယူပြီး အတူတူကစားဖို့ ထွက်လာလိုက်ပါ။ ခင်ဗျားကို ကျုပ်နဲ့ အတူတူ မိုးကြိုးလျှပ်စီးပစ်ခံရတဲ့ ပျော်ရွှင်မှုကို ကျုပ် ခွင့်ပြုပေးပါ့မယ်။" ချင်ယွင် သူ၏ ပေါ့ပေါ့ပါးပါး ဟန်ပန်ကို တစ်ဖန် ပြန်လည်အသုံးပြုပြီး သိုင်းဧကရာဇ်လျူထျန်းအား ပြောဆိုလိုက်သည်။

သိုင်းဧကရာဇ်လျူထျန်းသည် ဒေါသအမျက် ထွက်လုနီးပါးဖြစ်ပြီး သူ၏နှာခေါင်းထဲမှ အနက်ရောင်အခိုးငွေ့နှစ်စင်းပင် ထွက်လာသည်။

ပျင်းနေရင် ထွက်လာပြီး လျှပ်စီးကပ်ဘေးဒုက္ခတွေနှင့်အတူ ကစားရတာလား?။ မင်းရဲ့ လျှပ်စီးကပ်ဘေးဒုက္ခတွေနဲ့ လွတ်လွတ်လပ်လပ် ကစားရမှာလား?။ ဒါ့အပြင် မင်းက ဒြဗ်စင်တစ်ပါး ကောင်းကင်ကပ်ဘေးဒုက္ခကို ဖြစ်ပေါ်စေခဲ့ရင် ကောင်းပါသေးတယ်။ ကိုယ့်ကိုကိုယ် သတ်သေဖို့အတွက် ဒြဗ်စင်ကိုးပါး ကောင်းကင်ကပ်ဘေးဒုက္ခကို ဘာကြောင့် ဖန်တီးခဲ့ရတာလဲ။

မိုးကြိုးပစ်ခံရတာ ဝမ်းသာစရာလား?။ သေတဲ့အထိ မိုးကြိုးပစ်ခံရလို့ ဝမ်းသာရမှာ လား?။

"ငါ မင်းကို သတ်မယ်!" သိုင်းဧကရာဇ်လျူထျန်းသည် အရူးအမူး အော်ဟစ်ပြီး သူ၏ထိန်းမနိုင်သိမ်းမရ ဒေါသပုန်ထမူသည် ကျန်း (ပေ)သုံးဆယ်အထိ တိုးလာခဲ့လေ သည်။

ထို့နောက် သတ်ဖြတ်လိုသောဆန္ဒသည် လှိုင်းလူးလှိမ့်ထနေသော မြစ်တစ်စင်းကဲ့သို့ သူ၏တစ်ကိုယ်လုံးမှ ထွက်ပေါ်လာပြီး ချင်ယွင်ဆီသို့ တဟုန်ထိုး ပြေးဝင် တိုက်ခိုက်တော့မည်။

"ခဏစောင့်ဦး!"

သိုင်းဧကရာဇ်လျူထျန်းသည် လှုပ်ရှားတော့မည်ကို ချင်ယွင်က မြင်လျှင် အလျင်အမြန် တားဆီးလိုက်သည်။

သိုင်းဧကရာဇ်လျူထျန်းသည် ချင်ယွင်၏ စကားကြောင့် အံ့ဩမှင်သက်သွားခဲ့ပြီး သူသည်လည်း တစ်ခဏမျှ ရပ်တန့်သွားသည်။

သိုင်းဧကရာဇ်လျူထျန်းသည် သူ၏စကားကြောင့် အမှန်တကယ် မှင်သေသေ ဖြစ်သွားသည်ကို ချင်ယွင် မြင်လိုက်ရ၏။ ယခုအချိန်တွင် သိုင်းဧကရာဇ်လျူထျန်းသည် မိန့်မောတွေဝေနေပြီ ဖြစ်သည်။ သူက အတင်းအကြပ် ပြုံးပြပြီး အမြီးကြီးသည့် ဝံပုလွေတစ်ကောင်လို ဟန်ဆောင်လိုက်သည်။ "ခင်ဗျား ရှင်းရှင်းလင်းလင်း တွေးထား ရမယ်။ ကောင်းကင်ယံမှာရှိနေတဲ့ ကပ်ဘေးဒုက္ခတိမ်တိုက်က ကျုပ်တို့နှစ်ယောက် အတွက်ပဲ။ အခု ခင်ဗျားက ကျုပ်ကို သတ်လိုက်တာနဲ့ ကောင်းကင်ယံမှာ ရှိနေတဲ့ ကပ်ဘေးဒုက္ခတိမ်တိုက်က ခင်ဗျားအပေါ်ကို ကျရောက်လာလိမ့်မယ်။ ခင်ဗျားအနေနဲ့ ဒြဗ်စင်ကိုးပါးကောင်းကင်ကပ်ဘေးဒုက္ခနှစ်ခုကို ခံနိုင်ရည်ရှိမယ်လို့ထင်လား။"

ချင်ယွင်၏ စကားကိုကြားတော့ သိုင်းဧကရာဇ်လျူထျန်းသည် ချက်ချင်းပင် လေးလေးနက်နက် မျက်မှောင်ကြုတ်လိုက်သည်။ သူသည် သတ်ဖြတ်လိုသော ဆန္ဒကို ရုတ်သိမ်းလိုက်ပြီး ချင်ယွင်ကို ပြင်းပြင်းထန်ထန် စိုက်ကြည့်နေသည်။ သူသည် ချင်ယွင်ကို တိုက်ခိုက်ရန် သတ္တိမရှိတော့ပေ။

ချင်ယွင်သည် သူ၏စိတ်နှလုံးထဲတွင် ရယ်မောလုနီးပါး ဖြစ်သွားသည်။ သိုင်းဧကရာဇ် လျူထျန်းသည် ဒြဗ်စင်ကိုးပါး ကောင်းကင်ကပ်ဘေးဒုက္ခကြောင့် ကြောက်လန့်တကြား ဖြစ်ကာ တုံးအသွားခဲ့ပြီး ချင်ယွင်၏ အဓိပ္ပါယ်မရှိသည့် စကားတွေကို အမှန်တကယ် ယုံကြည်နေပုံရသည်။

ကောင်းကင်ကပ်ဘေးဒုက္ခကတော့ တုံးအမိုက်မဲနေမှာ မဟုတ်ပါဘူး၊ ဟုတ်တယ် မဟုတ်လား။ အကယ်၍ တစ်စုံတစ်ယောက်သည် ကောင်းကင်ကပ်ဘေးဒုက္ခကြောင့် သေလွန်သွားပါက၊ ကောင်းကင်ဘုံ၏လျှို့ဝှက်ချက်များက ကောင်းကင်ကပ်ဘေးဒုက္ခ ပစ်မှတ်၏ အငွေ့အသက်ကို အာရုံမခံစားနိုင်တော့သည့်အတွက် ၎င်းကောင်းကင် ကပ်ဘေးဒုက္ခသည် အလိုအလျောက် ကွယ်ပျောက်သွားမည် ဖြစ်ပါသည်။ ချင်ယွင် ပြောသည့်အတိုင်း အခြားလူတစ်ယောက်ထံ မည်သို့ လွှဲပြောင်းသွားနိုင်မည်နည်း။

လူတစ်ယောက်သည် ကပ်ဘေးဒုက္ခကို ဖြတ်ကျော်သောအခါ၊ ထိုကပ်ဘေးဒုက္ခ ဖြတ်ကျော်သူသည် လမ်းတစ်ဝက်တွင် မိုးကြိုးလျှပ်စီးပစ်ခံရ၍ သေဆုံးသွားပါက ကောင်းကင်ကပ်ဘေးဒုက္ခသည် ဆင်းသက်လာပြီး ထိုလူ၏အလောင်းကို ဆက်လက် ဖောက်ထွင်း ဝင်ရောက်လာဦးမည်လော။

သူတို့ကိုယ်ပိုင်ဦးနှောက်ကို အသုံးပြုနေသမျှ၊ ဤအချက်ကို သူတို့ နားလည်နိုင်မည် ဖြစ်သည်။

ဟုတ်ပါသည်၊ ယင်းက သိုင်းဧကရာဇ်လျူထျန်း၏ အပြစ်ချည်းလည်း မဟုတ်ခဲ့ပါဘူး။ မိုးကြိုးလျပ်စီး အပစ်ခံခဲ့ရဖူးသူ ချင်ယွင်ကိုသာ အပြစ်တင်နိုင်ပါတော့သည်။

သိုင်းဧကရာဇ်လျူထျန်းသည် ယခုအကြိမ်တွင် ပထမဆုံးအကြိမ်အဖြစ် မိုးကြိုးလျှပ်စီး ထိမှန်ခြင်းလည်းဖြစ်ပါသည်။ ဤဖြစ်စဉ်အတွင်းမှာရှိနေသည့် ပုံမှန်မဟုတ်သော အပြောင်းအလဲ အကွေ့အကောက်တွေကို သူ မည်သို့ သိနိုင်မည်နည်း။ သိုင်းဧကရာဇ် လျူထျန်းသည် ချင်ယွင်၏စကားကြောင့် ကြောက်ရွံ့ထိတ်လန့်သွားပြီးနောက်၊ သူသည် ကောင်းကင်ယံ၌ရှိနေသည့် ကပ်ဘေးဒုက္ခတိမ်တိုက်ကို စိတ်နှလုံးထဲတွင် အလွန်အမင်း ကြောက်လန့်စွာဖြင့် ကြည့်နေလေသည်။

ချင်ယွင်သည် အမှားလုပ်မိပြီး အပြစ်ပေးခံရတော့မည့် ကလေးတစ်ယောက်၏ ထိတ်လန့်သော အမူအယာကဲ့သို့ဖြစ်နေသော သိုင်းဧကရာဇ်လျူထျန်းကို မြင်လိုက်ရ သည့်အခါတွင် မရယ်မောဘဲ မနေနိုင်တော့။

ဤသည်မှာ ချင်ယွင်အတွက် ကောင်းကင်ကပ်ဘေးဒုက္ခသည် အလွန်ပျော်စရာကောင်း ပြီးရင်း ပျော်စရာကောင်းလာသည်ဟု ခံစားမိသည်မှာ ပထမဆုံးအကြိမ် ဖြစ်သည်။ သူသည် အနာဂတ်တွင် ကပ်ဘေးဒုက္ခများကို ဖြတ်ကျော်ရာမှာ တစ်စုံတစ်ဦးကို ရှာဖွေရဦးမည်လား။

သေချာသည်မှာ၊ အလွန်မင်း ပျော်ရွှင်နေမှုနှင့် အလွန်မင်း ဝမ်းနည်းခြင်းနေသည် ကြောင်းကျိုးဆီလျှော်မူ မရှိသည်တော့ မဟုတ်ပေ။ အကယ်၍ တစ်ယောက်က ပျော်ရွှင်နေသည်ဆိုလျှင် တစ်ယောက်ကတော့ ကြေကွဲဝမ်းနည်းစရာတွေ လွယ်လွယ် ကူကူနှင့် ဖြစ်ပေါ်လာပါလိမ့်မည်။

ဤတစ်ကြိမ်တွင် ချင်ယွင်သည် ဤအရာကို လေးလေးနက်နက် ခံစားခဲ့ရသည်။

"ဘုန်း!"

ကြီးမားလှသော ခရမ်းရောင်လျှပ်စီးတိုင်နှစ်တိုင်သည် ကောင်းကင်ယံမှ ဆင်းသက်လာ ခဲ့ပြီး ချင်ယွင်နှင့် သိုင်းဧကရာဇ်လျူထျန်းတို့ထံ ပြင်းထန်စွာ ဆင်းသက်လာသည်။

ထိုကြောက်စရာကောင်းသော လျှပ်စီးတိုင်လုံးသည် ရေပုံးထက်ဝက်နီးပါး အထူရှိသည်။ မူလက ပထမဆုံးလျှပ်စီးကပ်ဘေးဒုက္ခသည် အလွန်အားကောင်းမည် မဟုတ်ဟု သူ ထင်ခဲ့သည်။ ခန္ဓာကိုယ်သက်သက်ဖြင့် တွန်းလှန်ခုခံရန် ပြင်ဆင်ထားသော ချင်ယွင်သည် ဤလျှပ်စီးကြောင့် မြေပြင်ပေါ်သို့ ပြင်းထန်စွာ လဲကျသွားခဲ့သည်။ သူ၏တစ်ကိုယ်လုံးသည် ချက်ချင်း မည်းမှောင်သွားပြီး ဆံပင်တွေဆီမှ အနက်ရောင် အခိုးအငွေ့တွေ ထွက်ပေါ်လာသည်။

"လခွမ်းကွာ၊ နတ်ဘုရားတွေ”

ချင်ယွင်သည် မြေပြင်ပေါ်မှ ခုန်တက်လာပြီး မနေနိုင်ဘဲ ကျယ်လောင်စွာ ကျိန်ဆဲ ပစ်လိုက်သည်။

အရင်တုန်းက ပထမဆုံး လျှပ်စီးကပ်ဘေးဒုက္ခတိုင်းသည် အစွမ်းမထက်သေးသည့် အတွက် ချင်ယွင်၏ စိတ်ထဲတွင် ထိုအတွေးတစ်စုံပင် ဖန်တီးမိသား ဖြစ်နေပါပြီ။ လျှပ်စီးကပ်ဘေးဒုက္ခအားလုံးသည် ပထမဆုံးအကြိမ်မှာ အစွမ်းထက်မည် မဟုတ်ဟု သူ မှားယွင်းစွာ ထင်ထားခဲ့ပြီး ယခုတစ်ကြိမ်တွင်လည်း သူသည် သာမန် ဆင်ခြင်တုံတရားဖြင့် သူ၏ဝှက်ဖဲချပ်များကို မကစားခဲ့ပေ။

ချင်ယွင်၏ ကိုယ်ခန္ဓာသည် သန်မာလွန်းသည့် အတွက်ကြောင့်သာ မဟုတ်ပါက၊ ဤပထမဆုံး လျှပ်စီးကပ်ဘေးဒုက္ခကပင် သူ့အား ပြင်းထန်စွာ ဒဏ်ရာရစေမည် ဖြစ်ပေသည်။ ထို့တိုင် ချင်ယွင်သည် ဝမ်းနည်းစရာ အခြေအနေမှာ ကျန်ရစ်ခဲ့ပါသေး သည်။

သေချာသည်မှာ၊ ဘေးနားမှာရှိသည့် သိုင်းဧကရာဇ်လျူထျန်းက သူ့ထက် ပိုဆိုးလု နီးပါးပင်။ ကောင်းကင်လျှပ်စီးကပ်ဘေးတွင် အစွမ်းထက်သည့် ကောင်းကင်ဘုံ၏ တန်ခိုးစွမ်းအားများပါ၀င်ပြီး သူ၏ မကောင်းဆိုးဝါးနတ်ဆိုးချီအပေါ် မွေးရာပါ တားမြစ် သက်ရောက်မှုရှိသည်။ ယင်းကြောင့်လည်း လျှပ်စီးတိုင်လုံး ကျဆင်းလာခြင်း ဖြစ်သည်။

သိုင်းဧကရာဇ်လျူထျန်းသည် အကာကွယ် ခံစစ်ဒိုင်းအလွှာသုံးလွှာကို အသုံးပြုခဲ့ သော်လည်း ၎င်းတို့အားလုံးသည် စက္ကူဖြင့် ပြုလုပ်ထားပုံရသည်။ ၎င်းတို့အားလုံးသည် မည့်သည့်အကျိုးသက်ရောက်မှုမှ မရှိခဲ့ပါဘူး။ သူ၏တစ်ကိုယ်လုံးသည် ချက်ချင်း လွင့်ပျံသွားသည်။ သူ၏ရင်ဘတ်သည် မည်းနက်နေပြီး ပါးစပ်ထောင့်မှ သွေးများ ထွက်ကျနေသည်။ သူ၏ဒဏ်ရာက မသက်သာဘူးဆိုသည်မှာ သိသာလှသည်။

ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ချင်ယွင်၏နှလုံးသားသည် ဟန်ချက်ညီသော မျှခြေတစ်ခုကို ချက်ချင်းရရှိခဲ့ပြီး ဤဆိုးရွားလှသော လျှပ်စီးကပ်ဘေးဒုက္ခကို အလေးအနက်ထားစ ပြုလာသည်။

"ဘုန်း!"

လျှပ်စီးတိုင်လုံးနှစ်ခု ဆင်းသက်လာသည်။ သို့သော် ယခုတစ်ကြိမ်တွင် လျှပ်စီးတိုင်လုံး များသည် ပထမအကြိမ်လောက် မကြီးမားပေ။ ၎င်းတို့သည် လက်မောင်းလောက် အထူရုံမျှသာ။

ချင်ယွင်သည် ဤလျှပ်စီးတိုင်လုံးများကို သူ၏ခန္ဓာကိုယ် သက်သက်နှင့်ပင် အလွယ်တကူ ရင်ဆိုင်နိုင်ခဲ့သည်။ သူ့အတွက်၊ ဤလျှပ်စီးတိုင်များသည် ကလိထိုးသကဲ့သို့ ယားယံရုံလောက်သာဖြစ်ပြီး သူ့ကို အနည်းငယ်မျှ မထိခိုက်စေ နိုင်ပေ။

သိုင်းဧကရာဇ်လျူထျန်းသည်လည်း သူ့ကိုယ်သူ လွယ်ကူစွာ သဘာဝကျကျ ကာကွယ်ထားခဲ့သည်။ မူလက ပထမလျှပ်စီးကပ်ဘေးဒုက္ခ၏ စွမ်းအားကို သူ မြင်လိုက်ရသောအခါ သူ၏မျက်နှာသည် မှုန်မှိုင်းသွားခဲ့သည်။ နောက်လာမည့် လျှပ်စီးကပ်ဘေးဒုက္ခသည် ပထမအကြိမ်ထက် ပိုအားကောင်းမည်ဟု သူထင်ထားခဲ့ သည်။ ဒုတိယအကြိမ် လျှပ်စီးကပ်ဘေးဒုက္ခက စွမ်းအားနည်း သွားသည်ကို မြင်လိုက်ရ လျှင် သူ၏မျက်နှာအမူအယာက ယခုတစ်ကြိမ်မှာ တော်တော်လေး သက်သောင့် သက်သာ ဖြစ်သွားသည်။

"ဘုန်း!"

"ဘုန်း!"

"ဘုန်း!"

တတိယ၊ စတုတ္ထ၊ နှင့် ပဉ္စမ လျှပ်စီးကပ်ဘေးဒုက္ခများသည်လည်း အလွန် အစွမ်းထက် ခြင်း မရှိသောကြောင့် ချင်ယွင်က ၎င်းတို့အားလုံးကို သူ့ခန္ဓာကိုယ် သက်သက်ဖြင့် ခုခံရင်ဆိုင်ခဲ့သည်။

သိုင်းဧကရာဇ်လျူထျန်းသည်လည်း လျှပ်စီးကပ်ဘေးဒုက္ခကို တွန်းလှန်ရန် သူ၏ ကိုယ်ပိုင်ခုခံကာကွယ်မှုကို သဘာဝအတိုင်း အသုံးပြုထားခဲ့သည်။

ကောင်းကင်ဒုက္ခသည် တဖြည်းဖြည်း ကျဆင်းလာသည်နှင့်အမျှ သိုင်းဧကရာဇ် လျူထျန်း၏ မျက်နှာသည်လည်း တောက်ပလာသည်။ မထင်မှတ်ထားတဲ့ ပထမဆုံး လျှပ်စီးကပ်ဘေးဒုက္ခကလွဲလို့ နောက်ထပ် လျှပ်စီးကပ်ဘေးဒုက္ခ အနည်းငယ်က အလွန်အားနည်းသွားသည်။

သိုင်းဧကရာဇ်လျူထျန်းသည် ဒြဗ်စင်ကိုးပါး ကောင်းကင်ကပ်ဘေးဒုက္ခသည် လူတွေကြောက်လန့်အောင် ဖြဲခြောက်သည့် ဖြီးလုံးလှန့်လုံးပင် ဖြစ်နိုင်သည်ဟု အထင်ရောက်သွားခဲ့သည်။ နဝမမြောက် လျှပ်စီးကပ်ဘေးဒုက္ခမှာဆို စွမ်းအားတွေ အများကြီးရှိမှာ မဟုတ်ဘူးတော့ပါဘူး၊ ထို့ကြောင့် သူသည် သူ၏ယခင်မာနကို ချက်ချင်း ပြန်ရလာခဲ့သည်။

သို့သော် ချင်ယွင်၏ အမူအရာမှာ ပို၍ပင် လေးနက်လာသည်။ သူ၏ လျှပ်စီး ကပ်ဘေးဒုက္ခစွမ်းအားသည် ထိုမျှ မရိုးရှင်းကြောင်း သူသိသည်။ အရှေ့မှာ ကျဆင်းလာ သည့် လျှပ်စီးကပ်ဘေးဒုက္ခ၏ စွမ်းအားက သေးငယ်အားနည်း လေလေ၊ လျှပ်စီး ကပ်ဘေးဒုက္ခက ၎င်း၏စွမ်းအားကို ပိုမိုစုဆောင်းလာလေ ဖြစ်သည်။ လျှပ်စီးကပ်ဘေး ဒုက္ခက ပိုမိုအားကောင်းလေလေ၊ လျှပ်စီးကပ်ဘေးဒုက္ခ၏ စွမ်းအားကလည်း ပို၍ ကြီးလာလေ ဖြစ်သည်။

လူတစ်ယောက်၏ မျက်နှာက ပျော်ရွှင်မြူးတူးနေပြီး၊ အခြားတစ်ယောက်၏ မျက်နှာကတော့ စိုးရိမ်ပူပန်မူတွေနှင့် ပြည့်နှက်နေသည်။

ကပ်ဘေးဒုက္ခကို ဖြတ်ကျော်သူနှစ်ဦး၏ စိတ်ခံစားမှုများသည် အမြဲတစေ ထူးထူးခြားခြား ဆန့်ကျင်နေခဲ့ပြီး သူတို့ထဲမှ တစ်ဦးကတော့ အမြဲတမ်း ရယ်မောနေခဲ့ သည်။

သို့သော် နောက်တစ်စက္ကန့်အကြာတွင်တော့ သူတို့နှစ်ဦးစလုံး လုံးဝ မရယ်မောနိုင် ကြတော့ပေ။

"ဘုန်း!"

မိုးခြိမ်းသံကြီး ကြားလာရပြီး ကောင်းကင်ကြီးက တခဏချင်း အက်ကွဲ သွားသလို ပင်။

ချင်ယွင်က ကောင်းကင်ယံက ကျဆင်းလာတသည့် လျှပ်စီးကြောင်းကို ကြည့်ပြီး ကျယ်လောင်စွာ ကျိန်ဆဲလိုက်သည် "မင်းက မင်းရဲ့အဖေကို သတ်ဖို့ ကြိုးစားနေ တာလား။"

သိုင်းဧကရာဇ်လျူထျန်း၏ မျက်နှာသည် ချက်ချင်းပင် ပြာနှမ်းသွားသည်။ သူ၏ မျက်နှာပေါ်ရှိ အပြုံးသည် တခဏချင်း အေးခဲသွားပြီး နောက်စက္ကန့်တွင် သူ ငိုလုမတတ် ဖြစ်သွားသည်။

ကောင်းကင်ကြီးသည် လက်ကြီးတစ်ဖက်ဖြင့် ခွဲခြမ်းခံထားရပုံပေါ်ပြီး ကြောက်မက် ဖွယ်ကောင်းသော လျှပ်စီးကြောင်းသည် ပင်လယ်ရေများကို သွန်းလောင်းသလိုပင်။ ၎င်းသည် ဆေးကလန် ရင်ပြင်ပေါ်သို့ ချက်ချင်း ဆင်းသက်လာကာ ချက်ခြင်းပင် ရေနစ်မျောလုနီးပါး ဖြစ်သွားခဲ့ရသည်။

ချင်ယွင်သည် ခုခံကာကွယ်ရန်အတွက် ရှေးဟောင်းခေတ် အစိမ်းရောင်ကြာပန်း ပညာရပ်ကို လျင်မြန်စွာ ဖြန့်ကျက်လိုက်ပြီး ဝိညာဉ်စွမ်းအင်ဒိုင်း အလွှာဆယ်လွှာကို သိပ်သည်းလိုက်သည်။ သူ၏ခန္ဓာကိုယ်သည်လည်း ဖရိုဖရဲ အစိမ်းရောင်ကြာပန်း ရုပ်ခန္ဓာကိုယ်ကို အသက်သွင်းလိုက်ပြီး မိုးပြာရွှေရောင် အလင်းတန်းများ ထုတ်လွှတ် ပေးလာသည်။

သို့သော်၊ အကာကွယ်အလင်းအလွှာဒိုင်းသည် လျှပ်စီးဒီရေလှိုင်း၏ သက်ရောက်မှု ကိုသာ ပိတ်ဆို့တားဆီးနိုင်လိုက်ပြီး ချက်ချင်းပင် ဘာမှ မရှိသည်၏ဖြစ်သို့ ပြောင်းလဲ သွားသည်။ လျှပ်စီးကြောင်းသည် ချင်ယွင်၏ ခန္ဓာကိုယ်ကို ရိုက်ခတ်သွားပြီး သူ၏ တစ်ကိုယ်လုံး ထုံကျင်ကာ နာကျင်မှုကို ခံစားရစေသည်။

သိုင်းဧကရာဇ်လျူထျန်းအကြောင်းကို စကားလုံးဖြင့် ပြောရမည်ဆိုလျှင် 'စိတ်မချမ်း မြေ့စရာ အခြေအနေ'ဟုပင် ပြောရမည် ဖြစ်သည်။ ကြောက်မက်ဖွယ်ရာ လျှပ်စီး ဒီရေလှိုင်းသည် သူ့ကို တိုက်ရိုက်နစ်မြုပ်သွားစေခဲ့ပြီး သူ၏ခန္ဓာကိုယ်တွင် နက်ရှိုင်း သည့် ဒဏ်ရာများ ချန်ထားရစ်ခဲ့ကာ နှလုံးကွဲမတတ်အော်ဟစ်သံ ထွက်ပေါ် လာခဲ့လေ သည်။

အခန်း (၃၄၈) လျှပ်စီးနဂါးငယ်လေး။

ချင်ယွင်သည် လျှပ်စီးလှိုင်းလုံးများကြား နစ်မြုပ်သွားခဲ့ပြီး သူ၏ တစ်ကိုယ်လုံးလည်း စကားလုံးဖြင့်ဖော်ပြလို့မရအောင်ပင် နာကျင် ကိုက်ခဲနေခဲ့သည်။ ထိုကြောက်မက်ဖွယ် လျှပ်စီးကြောင်းကို သူ ခံနိုင်ရည်မရှိသလောက်ပင်။

ချင်ယွင်၏ အတွင်းအင်္ဂါအစိတ်အပိုင်းများ အားကောင်းပြီးသန်မာ လာသောကြောင့်သာ ၊ ထိုသို့မဟုတ်ပါက၊ သူ၏ အတွင်းအင်္ဂါများသည် ဤလျှပ်စီးကြောင်းကြောင့် အပိုင်းပိုင်း ပေါက်ကွဲသွားပေလိမ့်မည်။

လျှပ်စီးလှိုင်းများ ပျောက်ကွယ်သွားပြီးနောက် ချင်ယွင်သည် သူ၏သွားများကို တင်းတင်းကြိတ်ကာ နောက်ဆုံးတွင် ခံနိုင်ရည်ရှိအောင် ကြုးစားလိုက်သည်။ သူ့ဒဏ်ရာတွေကို ကုစားရန်အတွက် သူ၏အသက်စွမ်းအားကို အလောတကြီး စုစည်းလိုက်ပြီး သူ၏ခန္ဓာကိုယ်က ချက်ချင်း ပြန်ကောင်းလာခဲ့သည်။

သို့သော်လည်း သိုင်းဧကရာဇ်လျူထျန်းသည် ကံမကောင်းခဲ့ပေ။ သူ၏ တစ်ကိုယ်လုံး လျှပ်စီးကြောင်းကြောင့် လွင့်ထွက်သွားခဲ့ပြီး တစ်ကိုယ်လုံး ဒဏ်ရာအများပြားဖြင့် ဖုံးလွှမ်းသွားခဲ့သည်။ ဒဏ်ရာများက ထူထပ်စွာ ပြည့်နှက်နေခဲ့သည်။ သူ၏ပုံစံကို ကြည့်ပြီး ဦးရေပြား ထုံကျင်နေသလို ခံစားရသည်။

သူ၏ဒွါရအပေါက်ခုနစ်ပေါက်မှ သွေးတွေက ပို၍ပင် ယိုစီးကျနေပြီး သူသည် မတ်တပ်ပင် မရပ်နိုင်တော့ချေ။ သူသည် မူးဝေနေပုံရပြီး သူတို့မျက်လုံးတွေက သူ့ကိုယ်သူ "မင်းက ဘယ်သူလဲ"ဟု မေးခွန်းထုတ်နေသယောင်ပင်။ သူ့မျက်နှာပေါ်တွင် မိန်းမောဝေတွေနေသည့် အမူအရာတစ်ခု ရှိနေသည်။

သူ၏ လက်ရှိအခြေအနေမှ သူသည် နောက်ဆုံးအခြေအနေကို ရောက်လုနီး နေပြီဟု ချင်ယွင် ပြောနိုင်ပါသည်။ အများစုဆုံး သူသည် နောက်ထပ် လျှပ်စီးကပ်ဘေး ဒုက္ခနှစ်ခုကိုသာ ခံနိုင်ရည်ရှိတော့မည်။ ထို့ကြောင့် သူသည် သိုင်းဧကရာဇ်လျူထျန်းကို ဂရုမစိုက်တော့ဘဲ နောက်ထပ် လက်ကျန် လျှပ်စီးကပ်ဘေးဒုက္ခသုံးခုကို ကြိုဆိုရန် အာရုံစိုက်နေလေသည်။

အဘယ်ကြောင့်ဆိုသော် ချင်ယွင်သည် နောက်လာမည့် လျှပ်စီးကပ်ဘေး ဒုက္ခသုံးခု သည် အလွန်အမင်း အစွမ်းထက်မည်ဟု ခံစားနိုင်ပြီး ၎င်းတို့ကို ခံနိုင်ရည်မရှိနိုင်ဟုပင် ခံစားရသောကြောင့် ဖြစ်သည်။

"ဘုန်း!"

ထိုအခိုက်တန့်တွင် ကောင်းကင်ယံမှ လျှပ်စီးဒီရေလှိုင်းလုံးကြီးသည် တလှိမ့်လှိမ့် တက်လာသည့် ဒီရေလှိုင်းလုံးကြီးကဲ့သို့ သွန်းလောင်းလာခဲ့သည်။ ယခုတစ်ကြိမ် တွင် လျှပ်စီးမှ ထုတ်လွှတ်သော စွမ်းအားသည် ယခင်ကထက် ပိုမို၍ ကြောက်မက် ဖွယ်ကောင်းသည်။

ချင်ယွင်သည် လျစ်လျူမရှုဝံ့ဘဲ မြူနှင်းချောက်နက်ဓားကို ချက်ချင်း ထုတ်လိုက်သည်။

အတွေးများက ချည်မျှင်များအသွင်ဖွဲ့စည်းသွားကာ ဓားဆန္ဒက အဆုံးမဲ့ အတွေးများနှင့် အတူ ရောယှက်နေလေသည်။ မရေမတွက်နိုင်သော မိုးပြာရောင်ဓားအလင်းများသည် ပါးလွှာသောချည်မျှင်များအဖြစ်သို့ ပြောင်းလဲသွားပြီး ချင်ယွင်၏အနီးတစ်ဝိုက်မှာ ထူထပ်စွာထုပ်ထိုး ရစ်ပတ်လာခဲ့ပြီး လျှပ်စီးဒီရေလှိုင်းကို ပိတ်ဆို့ထားလိုက်သည်။

လျှပ်စီးဒီရေလှိုင်း ဒီရေများသည် သေးငယ်သည့် လျှပ်စီးမြွေငယ်လေးများ ကဲ့သို့ပင် မိုးပြာရောင် ဓားအမျှင်တန်းများအတွင်းသို့ အရူးအမူးဝင်ဆောင့်ပြီး ဆေးစံအိမ်ရင်ပြင် တစ်ခုလုံးတွင် ပဲ့တင်ထပ်နေသည့်အသံများ ထွက်ပေါ်နေသည်။

ဆေးစံအိမ်ရင်ပြင်တစ်ခုလုံး လျှပ်စီးကြောင်းများ၏ ရိုက်ခတ်မှုအောက်တွင် မည်းနက် နေပြီ ဖြစ်သည်။ ပတ်ဝန်းကျင်ရှိ နေအိမ်တွေလည်း ပြိုကျသွားကြသည်မှာ ကြာမြင့်လှ ပြီ။ မူလက ခမ်းနားထည်ဝါသည့် ဆေးစံအိမ်သည်လည်း ယခုအခါ အပျက်အစီး နယ်မြေအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

လျှပ်စီးဒီရေလှိုင်းများသည် တစ်ဖန် ပျောက်ကွယ်သွားခဲ့ပြီး ချင်ယွင်သည်လည်း လုံးဝကို မောပန်းသွားခဲ့သည်။ ချင်ယွင်သည် သူ၏ဝိညာဉ်စွမ်းအင် ပြန်လည်ရရှိရန် ရှေးဟောင်းခေတ် အစိမ်းရောင်ကြာပန်းပညာရပ်ကို လျင်မြန်စွာ ဖြန့်ကျက် လိုက်ရ သည်။

တစ်ဖက်တွင် သိုင်းဧကရာဇ်လျူထျန်းသည် လုံးဝ မတ်တပ်မရပ်နိုင် ဖြစ်နေခဲ့ပြီ။ သူသည် ခွေးသေတစ်ကောင်ကဲ့သို့ မြေပြင်ပေါ်မှာ လဲလျောင်းနေခဲ့ရသည်။ သူ၏ တစ်ကိုယ်လုံး မည်းနက်နေပြီး မီးခိုးနံ့တောင် ရနိုင်သည်။ သူ၏အသားတွေကလည်း မီးလောင်ကျွမ်းထားသလိုပင်။

အရေးအကြီးဆုံးအချက်က သိုင်းဧကရာဇ်လျူထျန်းသည် လုံးဝ ကြက်သေသေ ဖြစ်နေခဲ့ပြီ။ သူ၏အကြည့်တွေက အသက်ကင်းမဲ့ကာ မျက်လုံးတွေက မှိုင်တွေ ဝေဝါးနေပြီ။ သူ၏ လက်ရှိအခြေအနေအရ၊ သူသည် နောက်တစ်ကြိမ် လျှပ်စီး ကပ်ဘေးဒုက္ခကြီးတွင် သေဆုံးသွားနိုင်ဖွယ် ရှိသည်။

ချင်ယွင်မှာလည်း သူ့ကို ဂရုစိုက်ဖို့ အချိန်မရှိပါဘူး။ မည်သို့ပင်ဆိုစေ မိစ္ဆာလမ်းစဉ် ကျင့်ကြံသူ တစ်ယောက်အနေဖြင့် ယခုလိုလျှပ်စီးကပ်ဘေး ဒုက္ခကြီးမှလွတ်မြောက်ဖို့ ဆိုသည်မှာ မဖြစ်နိုင်သလောက်ပင်။ လျှပ်စီးကပ်ဘေးဒုက္ခသည် မိစ္ဆာလမ်းစဉ် ကျင့်ကြံသူအားလုံး၏ သဘာဝရန်သူဖြစ်ခြင်းကြောင့် အရာအားလုံးသည် ချင်ယွင်၏ မျှော်လင့်ချက်အတွင်း ရှိနေခဲ့သည်။

ချင်ယွင်သည် ပတ်ဝန်းကျင်ရှိ ဝိညာဉ်ချီကို အရူးအမူး စုပ်ယူလိုက်သည်။ တဟုန်းဟုန်း ဖြင့် မြင့်တက်လာနေသည့် ဝိညာဉ်ချီသည် သူ၏ခန္ဓာကိုယ်ထဲသို့ အရူးအမူး တိုးဝင် လာနေသည်။ သူသည် နောက်ထပ် လျှပ်စီးကပ်ဘေးဒုက္ခနှစ်ခုကို ရင်ဆိုင်ရန်အတွက် သူ၏အထွတ်အထိပ်အခြေအနေသို့ အမြန် ပြန်လည်ရောက်ရှိ ချင်နေခဲ့သည်။

ချင်ယွင်၏ ခန့်မှန်းချက် မှန်ကန်ပါက ရှစ်ကြိမ်မြောက် လျှပ်စီးကပ်ဘေး ဒုက္ခသည် လျှပ်စီးဒီရေလှိုင်း အဖြစ် ဆက်လက်တည်ရှိနေမည် ဖြစ်သော်လည်း ကိုးခုမြောက် လျှပ်စီးကပ်ဘေးဒုက္ခကတော့ လျှပ်စီးဒီရေလှိုင်းအဖြစ် ဆက်လက် တည်ရှိတော့မည် မဟုတ်ပေ။ ပိုလို့တောင် ကြောက်စရာကောင်းသည့် အရာတစ်ခုခု ဖြစ်လာနိုင်ဖွယ် ရှိပါသည်။

"ဘုန်း!"

ဤအခိုက်အတန့်တွင် ရှစ်ခုမြောက် လျှပ်စီးကပ်ဘေးဒုက္ခသည် နောက်ဆုံးတွင် ဆင်းသက်လာသည်။

သို့သော် ၎င်းသည် လျှပ်စီးဒီရေလှိုင်းဖြစ်လိမ့်မည်ဟု ချင်ယွင်တွေးထားသည်နှင့် မတူပေ။ ယင်းအစား၊ ၎င်းသည် အချင်းမီတာ နှစ်ဆယ်နီးပါးရှိသည့် ဧရာမ အနက်ရောင် လျှပ်စီးဘောလုံးကြီး နှစ်လုံးဖြစ်သည်။

"လခွမ်းပေါ့ကွာ ! ဒီလောက်ကြီးတဲ့ လျှပ်စီးအလုံးကြီးလား။ ပြီးတော့ သောက်ရမ်း မည်းနက်နေသေးတယ်၊ မင်းက လူတစ်ယောက်ကို မသေသေအောင် သတ်ပစ်တော့မှာ လား။" ချင်ယွင်က ကျိန်ဆဲလိုက်သည်။

သို့သော် အနက်ရောင်လျှပ်စီးလုံးကြီးသည် အလွန်လျင်မြန်စွာ ဆင်းသက် လာပါ သည်။ ချင်ယွင်သည် တစ်ချက်သာ ခုတ်ပိုင်းနိုင်ခဲ့ပြီး အနက်ရောင် လျှပ်စီးလုံးကြီးက ချက်ချင်း ကျဆင်းလာခဲ့ခြင်းဖြစ်သည်။

ချင်ယွင်၏ဓားသည် အနက်ရောင်လျှပ်စီးလုံးကြီးကို ထိမှန်သွားသော်လည်း ၎င်းသည် လျှပ်စီးလုံးကြီးအပေါ်မှာ တုန်ခါမူတစ်ခုသာ ဖြစ်ပေါ်စေခဲ့ပြီး သဲလွန်စမရှိဘဲ ပျောက်ကွယ်သွားခဲ့သည်။

"ဘုန်း!"

ကောင်းကင်တုန်ခါသည့် ပေါက်ကွဲသံကြီးတစ်ခု ထွက်ပေါ်လာသည်။

ဆေးစံအိမ်ရင်ပြင်တစ်ခုလုံးသည် ကြီးမားသော တွင်းနက်တစ်ခုအဖြစ်သို့ ချက်ချင်း ပေါက်ကွဲသွားခဲ့သည်။ သိုင်းဧကရာဇ်လျူထျန်းသည် ကောင်းကင်ယံသို့ တိုက်ရိုက် မြောက်တက်သွားကာ သူ၏ခန္ဓာကိုယ်သည် အပိုင်းပိုင်း ပေါက်ကွဲပြီး လေထဲတွင် ပြန့်ကျဲသွားကာ ဤကမ္ဘာမြေကြီးမှ လုံးဝ ပျောက်ကွယ်သွားခဲ့သည်။

ချင်ယွင်သည်လည်း ပိုကောင်းလာခြင်း မရှိပေ။ ကြောက်မက်ဖွယ်ရာ လျှပ်စီး အလုံးကြီးသည် သူ၏ခန္ဓာကိုယ်ကို ထိမှန်ပြီး အရှေ့တည့်တည့်မှ တစ်စုံ တစ်ယောက်၏ အပြင်းအထန် ရိုက်နှက်မူကို ခံလိုက်ရသလို ခံစားရသည်။ ထို့နောက်တွင် ပြင်းထန်သော အနက်ရောင်လျှပ်စီးကြောင်းသည် သူ့အား ရစ်ပတ်ထားသည်။

ချင်ယွင်သည် အနက်ရောင်လျှပ်စီးကြောင်းများ၏ လွှမ်းခြုံရစ်ပတ်ထားသည့် အခိုက် ချင်ယွင်သည် သူ၏ခန္ဓာကိုယ်သည် ပြာများအဖြစ်သို့ ပြောင်းလဲသွားပြီး ဤကမ္ဘာမြေကြီးထဲသို့ လွင့်စင်သွားတော့မည်ဟုပင် ခံစားလိုက်ရသည်။ ဤကြောက် မက်ဖွယ်ကောင်းသော အဖျက်စွမ်းအားက သူ့ကို လုံးဝနီးပါး ဖျက်ဆီးပစ် နေသည်။

သို့သော် ထိုအခိုက်အတန့်တွင် ထူးဆန်းသော မြင်ကွင်းတစ်ခု ဖြစ်ပေါလာသည်။ ချင်ယွင်၏ ခန္ဓာကိုယ်မှ အနက်ရောင် လျှပ်စီးနဂါးငယ်လေးတစ်ကောင် ထွက်ပေါ် လာသည်။ လျှပ်စီးနဂါးလေးသည် ကြီးမားသော အနက်ရောင်လျှပ်စီးအလုံးကြီးကို မြင်လိုက်ရသောအခါ အရသာရှိသော အစားအစာအချို့ကို မြင်လိုက်ရသကဲ့သို့ စိတ်လှုပ်ရှားနေသည့် နဂါးတစ်ကောင်၏ ဟိန်းဟောက်သံပင် ထွက်ပေါ်လာသည်။

ထို့နောက် အနက်ရောင်လျှပ်စီးနဂါးငယ်လေးသည် သူ၏ပါးစပ်ကိုဖွင့်ကာ ပေါက်ကွဲတော့မည့် အနက်ရောင်လျှပ်စီးစွမ်းအင်ကို စုပ်ယူလိုက်သည်။

၎င်းကို မျိုချပြီးနောက်၊ အနက်ရောင်လျှပ်စီးနဂါးလေးသည် လေချဉ်တစ်ချက် တက်သွားပြီး အလွန်စိတ်ဝိညာဉ်ဆန်သည့် အသွင်အပြင်ဖြင့် ချင်ယွင်ကို မျက်တောင် ခတ်ပြလိုက်သည်။

ချင်ယွင် အံသြသွားသည်။ ဘာတွေဖြစ်ပျက်နေလဲဆိုသည်ကို သူ နားမလည် တော့။

ချင်ယွင်သည် ဤအနက်ရောင်လျှပ်စီးနဂါးငယ်လေးကို သဘာဝအတိုင်း မှတ်မိသည်။ ၎င်းသည် သူသည် လျှပ်စီးစွမ်းရည် သဘောတရားသုံးမျိုးလုံးကို ပေါင်းစပ်ဖန်တီးရာမှ ဖြစ်ပေါ်လာသည့် နဂါးငယ်လေး ဖြစ်သည်။ ၎င်းသည် နဂါးကြေးခွံ အနက်ရောင် ချပ်ဝတ်အဖြစ် ပြောင်းလဲနိုင်သည်။

ထိုအချိန်ကတည်းက ချင်ယွင်သည် ဤနဂါးငယ်လေးသည် ဉာဏ်ရည်ဉာဏ်သွေး ရှိပုံရသည်ဟု အမြဲခံစားခဲ့ရသည်။ သူ၏အစစ်အမှန်ခန္ဓာကိုယ်ရှင် ချင်ယွင်က သူ့ကို မစည်းရုံးနိုင်ခဲ့ပေ။ နောက်ပိုင်းတွင် သူသည် နဂါးကြေးခွံအနက်ရောင်ချပ်ဝတ်အဖြစ်သို့ ပြောင်းလဲသွားသောအခါ ချင်ယွင်က သူ့ကို ဂရုမစိုက်တော့ပေ။ သို့သော် လျှပ်စီးကပ်ဘေးဒုက္ခအတွင်း ထိုလျှပ်စီးနဂါးငယ်လေးသည် သူကိုယ်တိုင် ပြေးထွက် လာပြီး လျှပ်စီးအလုံးကြီးတစ်ခုလုံးကို မျိုချပစ်လိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။

ချင်ယွင်သည် သေသေချာချာ နားမလည်နိုင်တော့။ ကပ်ဘေးဒုက္ခကိုဖြတ်ကျော် ပြီးနောက်ဤအနက်ရောင်လျှပ်စီးနဂါးငယ်လေး၏ မူလအစကို ရှေးဟောင်းတာအို ဆရာသခင်အား မေးမြန်းရန် လိုအပ်သည်ဟု သူ ခံစားမိလာသည်။

အနက်ရောင် လျှပ်စီးနဂါးငယ်လေးသည် ထိုကဲ့သို့ လျှပ်စီးအလုံးကြီးကို စုပ်ယူပြီး နောက်၊ ၎င်း၏ခန္ဓာကိုယ်သည် စက်ဝိုင်းပုံစံ ပေါက်သွားပုံရသော်လည်း သုံးလက်မမှ ငါးလက်မအထိသာ ကြီးထွားလာခဲ့သည်။

သို့သော်၊ ချင်ယွင် ထပ်မံအံ့သြသွားရသည်မှာ ဤလျှပ်စီးနဂါးငယ်လေးသည် လျှပ်စီးလက်နေသော အနက်ရောင်အလုံးကြီးကို မျိုချလိုက်ပုံရပြီးနောက် ထွက်ခွာရန် ရည်ရွယ်ချက် အနည်းငယ်မျှ မရှိခြင်းပင် ဖြစ်သည်။ ယင်းအစား၊ သူသည် သူ၏ မျက်လုံးများတွင် လောဘကြီးသော အကြည့်ဖြင့် ကောင်းကင်ယံရှိ ကပ်ဘေးဒုက္ခ တိမ်တိုက်ကြီးကို ကြည့်လိုက်သေးသည်။

"မင်းက ဆက်ပြီး မစားတော့ဘူး မဟုတ်လား" ချင်ယွင်သည် ဤမြင်ကွင်းကို မြင်သောအခါ မနေနိုင်ဘဲ အံ့သြစွာ မေးလိုက်သည် ။

အနက်ရောင် လျှပ်စီးနဂါးငယ်လေးသည် ချင်ယွင်၏ စကားကို နားလည်ပုံရသည်။ သူက ရယ်နေသကဲ့သို့ သူ၏ပါးစပ်ကို ဖောင်းပွအောင်လုပ်ရင်း ချင်ယွင်ကို အမှန်တကယ် လှည့်ကြည့်လိုက်သည်။

ချင်ယွင်သည် ရုတ်တရက် မူးဝေသွားရသည်။ ရှေ့မှာရှိနေသည့် ဤအသေးအမွှား အရာလေး၏ ပုံစံအရ သူ့မှာ ဉာဏ်ရည်ဥာဏ်သွေး တကယ်ရှိနေပုံရသည်။ ဒါပေမယ့် အဲဒါက အတိအကျ ဘာလဲ။”

သို့သော်လည်း ချင်ယွင်က ဤလျှပ်စီးနဂါးငယ်လေးသည် ဤအနက်ရောင် ဖရိုဖရဲလျှပ်စီးနှင့် အလွန်ဆက်စပ်နေသည်ဟု ခံစားမိပါသေးသည်။

"ဘုန်း!"

ဤအခိုက်အတန့်တွင် ကိုးကြိမ်မြောက် လျှပ်စီးကြောင်းဒုက္ခသည် နောက်ဆုံးတွင် ကျဆင်းလာခဲ့သည်။

ဤလျှပ်စီးသည် ဓားအမျိုးအစား လျှပ်စီးဖြစ်သည်။ ခင်ဗျား နားထဲကြားရတာ မှန်ကန်ပါသည်။ ယင်းက အမှန်တကယ်ကို ဓားအမျိုးအစား လျှပ်စီးကြောင်း ဖြစ်ပါသည်။

အနက်ရောင် သုံးပေရှည်သော လျှပ်စီးဓားတစ်စင်းသည် လေထဲတွင် အလင်းတန်း တစ်ခုကို လျင်မြန်စွာ ဆွဲငင်ပြီး ချင်ယွင်ရှေ့သို့ ချက်ချင်း ရောက်ရှိလာခဲ့သည်။

ဤအခိုက်အတန့်တွင် ချင်ယွင်သည် သေခြင်းတရားနှင့် နီးကပ်လာသည်ကို လေးလေးနက်နက် ခံစားလိုက်ရသည်။ အနက်ရောင်လျှပ်စီးဓားအတွင်း ပါရှိသော ကြောက်မက်ဖွယ်ကောင်းသည့် အဖျက်စွမ်းအားကို သူခံစားနိုင်သည်။ ချင်ယွင်ကို ဤဓားဖြင့် ထိုးမိသရွေ့ ချင်ယွင်သည် တခဏချင်း ပျက်သုဉ်းသွားမည်ဖြစ်သည်။ အသံထွက်နိုင်ဖို့ပင် လုံးဝမဖြစ်နိုင်ပါဘူး။

သို့သော်လည်း ထိုအချိန်တွင် ဘေးဘက်အနားရှိ လျှပ်စီးနဂါးငယ်လေးသည် လှုပ်ရှားသွားပုံရသည်။ မူလကတည်းက သေးငယ်သည့် နဂါးခေါင်းလေးသည် ပါးစပ်ကို အကျယ်ကြီးဖွင့်ကာ အနက်ရောင်လျှပ်စီးဓားကို အတင်းအကြပ် မျိုချလိုက်သည်။

ထိုအခိုက်တန့်မှာပင် ချင်ယွင်လည်း အသက်ရှင်လွတ်မြောက်သွားခဲ့သည်။

အခန်း (၃၄၉) သိုင်းဧကရာဇ်နယ်ပယ်။

လျှပ်စီးနဂါးငယ်လေးသည် အနက်ရောင်လျှပ်စီးဓားကို မျိုချလိုက်ပြီးသည် နှင့်အမျှ ကောင်းကင်ယံတွင်ရှိနေသည့် ကပ်ဘေးဒုက္ခ တိမ်တိုက်များလည်း တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။

ချင်ယွင်ကတော့ မှင်တက်တွေဝေနေခဲ့သည်။ ဤအရာအားလုံးသည် သူ၏ စိတ်ကူး နိုင်စွမ်းကို ကျော်လွန်သွားခဲ့ပြီ။

ထိုအချိန်တုန်း သူသည် အစစ်အမှန် အင်မော်တယ်နယ်ပယ်ထဲသို့ ဝင်ရောက်ဖူးပြီး ဒြဗ်စင်ကိုးပါး ကောင်းကင်ကပ်ဘေးဒုက္ခကို ရင်ဆိုင် ဖြတ်ကျော်လာသောအခါတွင် အနက်ရောင် လျှပ်စီးကြောင်းကို တစ်ခါမျှ မကြုံတွေ့ခဲ့ဖူးပေ။ ယခုမူ သူသည် သိုင်းဧကရာဇ်နယ်ပယ်သို့သာ ဖြတ်ကျော်ဝင်ရောက်ခြင်း ဖြစ်သည်။ ဤသည်မှာ အနက်ရောင် လျှပ်စီးဧရာမအလုံးကြီးနှင့် အနက်ရောင် လျှပ်စီးဓားရှည်တစ်လက်တို့ကို ကြုံတွေ့ခဲ့ရသည်။

ဤထူးဆန်းသော အနက်ရောင်လျှပ်စီးနဂါးငယ်လေး၏ ထွက်ပေါ်လာကြောင့်သာ။ မဟုတ်ပါက၊ ချင်ယွင်သည် နောက်ဆုံးလျှပ်စီးကပ်ဘေးဒုက္ခနှစ်ခုကို ခံနိုင်ရည်ရှိမည် မဟုတ်ပေ။

အနက်ရောင် လျှပ်စီးအလုံးကြီး၏ စွမ်းအားသည်ပင် ကြောက်စရာကောင်း လွန်းသည်။ ချင်ယွင်သည် အမှန်တကယ် ခုခံနိုင်စွမ်းမရှိခဲ့ပေ။ အနက်ရောင် လျှပ်စီးဓားနှင့် ပတ်သက်ပြီးတော့ကား ပြောစရာပင် မလိုတော့ပေ။ ချင်ယွင် ကိုယ်တိုင် ပင် ဓားပုံသဏ္ဍာန် လျှပ်စီးကပ်ဘေးဒုက္ခအကြောင်းကို တစ်ခါမျှ မကြားဖူးပေ။

ချင်ယွင်သည် ဤသိုင်းဧကရာဇ်နယ်ပယ်၏ လျှပ်စီးကပ်ဘေးဒုက္ခကိုပင် မတွေးဝံ့ရဲပေ။ တာအိုအငွေ့အရည်ဖွဲ့ခြင်းနယ်ပယ်သို့ သူဖြတ်ကျော်ပါက မည်သည့် လျှပ်စီးကပ်ဘေး ဒုက္ခမျိုးတွေ ဖြစ်ပေါ်လာနိုင်မည်နည်း။ လျှပ်စီးဓား ကပ်ဘေးဒုက္ခမျိုးတွေလား? လူသားတစ်ယောက်ပုံစံပင် ထွက်ပေါ်လာနိုင်ပါသည်။

သေချာသည်မှာ၊ ဤထူးဆန်းသည့် အနက်ရောင် လျှပ်စီးနဂါးလေးလည်း ရှိနေပါသေး သည်။ ယင်းကရော မည်ကဲ့သို့ ဖြစ်တည်မှုမျိုးပါလဲ။

ထိုအချိန်တွင် အနက်ရောင်လျှပ်စီးနဂါးလေးသည် အနက်ရောင်လျှပ်စီးဓားကို မျိုချလိုက်ရုံပင် ရှိသေးသည်။ သူသည် ၎င်းကို အချိန်အတော်ကြာအောင် မချေဖျက်နိုင် ဖြစ်နေပုံရသည်။ သူသည် လေထဲတွင် အကြိမ်အနည်းငယ် လူးလိမ့်ပြီးနောက်၊ ချင်ယွင်၏ခန္ဓာကိုယ်ထဲသို့ တိုက်ရိုက်ပစ်ဝင်လာပြီး ပျောက်ကွယ်သွားခဲ့သည်။ ချင်ယွင် သည် မည်မျှပင် ခက်ခက်ခဲခဲ ရှာဖွေပါစေ သူသည် ရှာမတွေ့ခဲ့ပေ။

ကူရာမဲ့ဖြစ်ပြီးနောက် ချင်ယွင်သည် စွန့်လွှတ်ရန်မှလွဲပြီး ရွေးချယ်စရာ မရှိတော့ ပေ။

သို့သော်လည်း ယခုအချိန်တွင်၊ ချင်ယွင်သည် လျှပ်စီးကပ်ဘေးဒုက္ခ ပြီးဆုံးသည်နှင့် ဧကရာဇ်မင်းမြတ်ထျန်းရှသည် စုံစမ်းရန်အတွက် လာရောက်ဖွယ်ရှိကြောင်း သတိထားမိသွားသည်။ ထို့ကြောင့် ယခုအချိန်တွင် ချင်ယွင်သည် ဤနေရာမှ အမြန်ဆုံး ထွက်ခွာသွားရမည်ဖြစ်သည် ယခင်က လျှပ်စီးကပ်ဘေးဒုက္ခနှင့်အတူရှိနေသောကြောင့် သူ မလာရောက်ဝံ့ခဲ့သော်လည်း ယခုတော့ လာရောက်ရနန် ဖြစ်နိုင်ချေရှိသည်။

ထို့ကြောင့် ချင်ယွင်သည် ရှေးဟောင်းတာအိုဆရာသခင်၏ စိတ်ဝိညာဉ်စွမ်းအားကို ချက်ချင်း အသုံးပြုပြီး သူ၏ 'ကိုယ်ပျောက်နည်းပညာ' ကို ထုတ်ဖော်ကာ ဤနေရာမှ အမြန် ထွက်ပြေးလာခဲ့သည်။

ချင်ယွင် ထွက်ခွာသွားပြီး သိပ်မကြာခင်မှာပဲ အနက်ရောင်ပုံရိပ်တစ်ခုသည် ဆေးကလန်၏ ရင်ပြင်အထက်မှာ ပေါ်လာပါသည်။

မီးလောင်ကျွမ်းနေသော ဆေးစံအိမ်ကြီးကို ကြည့်ပြီး သူသည် မျက်မှောင် ကြုတ်လိုက် သည်။ ဤနေရာတွင် မည်သူမျှ မရှိတော့။ ကြီးကြီးမားမား မီးလောင် ကျွမ်းထားသည့် တွင်းကြီးတစ်ခုသာ ရှိတော့သည်။

ရုတ်​တရက်​ သူ၏အကြည့်​က အလွန်​ရုပ်​ပျက်​ဆင်းပျက်​​နေသည့် အလောင်း တစ်လောင်းပေါ်သို့ ​ကျရောက်သွားခဲ့သည်​။ ထိုအလောင်းသည် အလောင်းဆို တာထက် မီးလောင်ကျွမ်းထားသော အသားအပိုင်းအစတစ်ခုနှင့် ပိုတူသည်ဟု ဆိုရမည်။

သို့သော် ဧကရာဇ်မင်းမြတ်ထျန်းရှသည် ထိုအလောင်းသည် သိုင်းဧကရာဇ် လျူထျန်း၏အလောင်း ဖြစ်ကြောင်း မှတ်မိဆဲ ဖြစ်သည်။ အကြောင်းမှာ ယင်းအလောင်းမှ ထွက်လာသော ယင်နတ်ဆိုးချီက လုံးလုံးမပျောက်သေး သောကြောင့် ဖြစ်သည်။

ဧကရာဇ်မင်းမြတ်ထျန်းရှ၏ မျက်ခုံးများသည် ပို၍နက်ရှိုင်းစွာပင် တွန့်လာခဲ့သည်။ နောက်ဆုံးတွင် သူသည် တိတ်တိတ်ဆိတ်ဆိတ် ထွက်ခွာမသွားခင်အထိ ဆေးစံအိမ်ရင်ပြင်၏ ကောင်းကင်ယံအထက်တွင် အချိန်အတော်ကြာ ရပ်နေခဲ့သည်။

ထိုအချိန်တွင် ဆေးကလန်မှ ထွက်ခွာသွားခဲ့သော ချင်ယွင်သည် အင်ပါယာ နန်းတော် အတွင်းရှိ အင်ပါယာဥယျာဉ်၏ ရေကန်အောက်ခြေထဲသို့ တစ်ဖန် ထိုးဆင်းသွားခဲ့သည်။

ချင်ယွင်သည် ရေကန်အောက်ခြေတွင် တင်ပျဉ်ခွေထိုင်ကာ၊ ဤအဆင့်ချိုးဖြတ်မှု ကြောင့် ဖြစ်ပေါ်လာသော အပြောင်းအလဲများကို ဂရုတစိုက် ခံစားလိုက်ရန်အတွက် မျက်လုံးများကို တင်းကြပ်စွာ မှိတ်ထားလိုက်သည်။

သိုင်းဧကရာဇ်နယ်ပယ်သို့ ဖြတ်ကျော်နိုင်ခြင်းသည် သူ့အား အပြောင်းအလဲများစွာ ဖြစ်ပေါ်စေခဲ့သည်။

ပထမအချက်မှာ သူ၏ဒန်တန်အတွင်း အပြောင်းအလဲ ဖြစ်သည်။ မူလက ဝိညာဉ်စွမ်းအင် ရေကန်တစ်ခုသာသာ ဖြစ်ခဲ့သောဒန်တန်သည် ယခုအခါ ဝိညာဉ်စွမ်းအင် ပင်လယ်အဖြစ် လုံးဝပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။

အဆုံးမရှိသော ဝိညာဉ်စွမ်းအင်များ ပါဝင်နေသည့် အကန့်သတ်မဲ့ ဝိညာဉ်စွမ်းအင် သမုဒ္ဒရာသည် သိုင်းမြို့စားနယ်ပယ်၏ နဝမအဆင့် ကောင်းကင်အလွှာ အထွက်အထိပ် ထက် အဆတစ်ရာနီးပါးရှိသည်။

သေချာသည်မှာ၊ အကြီးမားဆုံး ပြောင်းလဲမှုကတော့ ချင်ယွင်၏ ရုပ်ခန္ဓာကိုယ် ကြံ့ခိုင်မှုပဲ ဖြစ်သည်။ ဤအဆင့်ချိုးဖြတ်မှု ပြီးဆုံးပြီးနောက်၊ ချင်ယွင်၏ရုပ်ခန္ဓာကိုယ် သည် အင်မော်တယ်အဆင့် ပစ္စည်းတစ်ခုသို့ လုံးလုံးလျားလျား ရောက်ရှိသွားခဲ့ပြီ။ သူ၏အသားအရည်က ဖြူစင်ပြီး ချောမွတ်လာသည်။ သူ၏ နဂိုကတည်းက ချောမောသော မျက်နှာသည် ပို၍ပင် ချောမောလာသည်။ အကြည့်တစ်ချက်ဖြင့် ချောမောလှပသော ကောင်လေးတစ်ယောက်မှန်း သိသာသည်။

သူ့မျက်နှာက ချောမောလှပသည့် ကောင်လေးတစ်ယောက်လို ဖြစ်နေသော်လည်း သူ၏ပုံစံက သူ့ကို မည်သူ့မှ အထင်အမြင် မသေးဝံ့ပေ။

စုတ်ပြဲနေသော အဝတ်များ၏နောက်ကွယ်တွင် ပြီးပြည့်စုံလုနီးပါးဖြစ်သော ခန္ဓာကိုယ်တစ်ခု ရှိသည်။ ကြွက်သားများ၏ အကွေးအကောက် အားလုံးက သူ့နေရာနှင့်သူ အချိုးစားကျစွာ ရေးဆွဲထားသလိုပင်။ ကြွက်သားများ၏ ချိုးစားကျနမူကို ပုံကြီးချဲ့ကားထားခြင်း မဟုတ်သည့်အပြင် ၎င်းကြွက်သားများတွင် အလွန်မင်း လှပသည့်ခံစားချက်နှင့်အတူ အဆုံးမဲ့ စွမ်းအားများပါ၀င် နေပုံရသည်။

ချင်းယွင်သည် လက်သီးတစ်ချက်ဖြင့် တောင်တစ်လုံးကိုပင် လုံးလုံးလျားလျား ပေါက်ကွဲသွားစေနိုင်သည်ဟု ခံစားလိုက်ရသည်။ ဒေါသပေါက်ကွဲသည့် အခြေအနေကို အသုံးမပြုဘဲနှင့်ပင် မိုးကြိုးနတ်ဘုရားလေးကို လပြည့်ဝန်း အနေထားအထိ ဆွဲထုတ်နိုင်မည်ဟု သူခန့်မှန်းထားသည်။

ချင်ယွင်သည် ရေကန်အောက်ခြေတွင် ထိုင်ကာ လက်သီးဖြင့် ထိုးလိုက်သည်။

"ဘုန်း!"

ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ရေကန်အောက်ခြေတစ်ခုလုံး ပေါက်ကွဲသွား ပုံရသည်။ မီတာရာနှင့်ချီမြင့်မားသော လှိုင်းလုံးကြီးသည် ရေကန်အထက်သို့ ချက်ချင်း ထိုးတက်သွားခဲ့ပြီး ဖြတ်သွားဖြတ်လာ အိမ်ဖော်များနှင့် မိန်းမစိုးများကို သွားရည်တများ များကျသည်အထိ ကြောက်ရွံ့နေကြသည်။

ချင်ယွင်သည် ကျယ်လောင်စွာ ရယ်မောလိုက်ပြီး သူ၏ ခွန်အားကို အလွန် ကျေနပ်နေမိသည်။

သိုင်းဧကရာဇ်နယ်ပယ်သည် အမှန်တကယ်ပင် ကွဲပြားခြားနားပါသည်။ ပထမအဆင့် ကောင်းကင်အလွှာ သိုင်းဧကရာဇ်တစ်ပါးသာ ဖြစ်ခဲ့သော်လည်း ယခုအချိန်တွင် ချင်ယွင်သည် လျှပ်စီးကပ်ဘေးဒုက္ခအသားစီး မရှိခဲ့ဖူးဆိုလျှင်ပင် သိုင်းဧကရာဇ် လျူထျန်းနှင့် လက်ရည်တူ တိုက်ခိုက်နိုင်မည် ဖြစ်သည်။

အကယ်၍ သူသည် ဒေါသပေါက်ကွဲသည့် အခြေအနေကိုအသုံးပြုပါက၊ နေရာမှာပင် ပွဲချင်းပြီး သိုင်းဧကရာဇ်လျူထျန်းကို သတ်ပစ်ခြင်းသည် ပေါ့ပေါ့ပါးပါး ကိစ္စတစ်ခု ဖြစ်လာလိမ့်မည်။

ဤနည်းဖြင့် သဘက်ခါတိုက်ပွဲတွင် ချင်ယွင်၏ ယုံကြည်မှုသည် အနည်းငယ် တိုးလာခဲ့သည်။

သို့သော် ချင်ယွင်သည် သူ၏ ကောင်းကင်ကပ်ဘေးဒုက္ခသည် မြို့တော်အပေါ် မည်မျှ အကျိုးသက်ရောက်မူ ရှိခဲ့သည်ကို မသိခဲ့ပေ။

အင်ပါယာအိပ်ဆောင်ခန်းမ၏ မြေအောက်လျှို့ဝှက်ခန်းထဲတွင် တစ္ဆေပါရမီရှင် သိုင်းဧကရာဇ်သည် ဧကရာဇ်မင်းမြတ်ဒါယန်းနှင့်အတူ ရှိနေခဲ့သည်။

"ဘာ၊ သိုင်းဧကရာဇ်လျူထျန်း သေဆုံးသွားပြီလို့ မင်း ပြောလိုက်တာလား။" ဧကရာဇ် မင်းမြတ်ဒါယန်းက မေးလိုက်သည်။

"မှန်ပါတယ်၊ သူဟာ လျှပ်စီးကပ်ဘေးဒုက္ခကြောင့် အစိပ်စိပ်မွှာမွှာ ဖြစ်ပြီး သေဆုံး သွားရတယ်။" တစ္ဆေပါရမီရှင် သိုင်းဧကရာဇ်က ပြောလိုက်သည်။

"ဟား၊ ဟား၊ အဲဒါက အရမ်းကောင်းတယ်။ ဒီနည်းနဲ့ ငါတို့ အနိုင်ရဖို့ အခွင့်အလမ်းက ပိုတောင်များလာလိမ့်မယ်။" ဧကရာဇ်မင်းမြတ်ဒါယန်းက ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။ သူ့အတွက် ဒီသတင်းကြားရတာ အရမ်းပျော်နေသည်မှာ ထင်ရှားပါသည်။

"ဟုတ်သားပဲ၊ ဒါပေမယ့် ဒီသိုင်းဧကရာဇ်လျူထျန်းက ဘာကြောင့် လျှပ်စီးကပ်ဘေး ဒုက္ခကို ရုတ်တရက် ဆင့်ခေါ်ခဲ့ရတာလဲ၊ ဒါ့အပြင်၊ အဲဒီလျှပ်စီးကပ်ဘေးဒုက္ခရဲ့ စွမ်းအားက အနည်းငယ် ကြောက်စရာ ကောင်းနေပုံရပါတယ်။" တစ္ဆေပါရမီရှင် သိုင်းဧကရာဇ်က စိတ်ရှုပ် ထွေးစွာဖြင့် မေးလိုက်သည်။

"ဒါဟာ ကြောက်စရာကောင်းရုံ သက်သက် မဟုတ်ပါဘူး၊ ငါကြားဖူးသမျှ လျှပ်စီးကပ်ဘေးဒုက္ခတွေထဲမှာ ဆိုးဆိုးရွားရွား ကြောက်စရာကောင်းဆုံးပဲ။ အထူးသဖြင့် နောက်ဆုံး လျှပ်စီးကပ်ဘေးဒုက္ခပဲ။ တကယ်တော့ အဲဒါက အနက်ရောင် လျှပ်စီးဓားတစ်လက်ပဲ၊ အဲဒီက ထွက်ပေါ်လာတဲ့ ကြောက်စရာ ကောင်းတဲ့ အငွေ့အသက်က မိုင်ပေါင်းများစွာ အဝေးမှာရှိနေတဲ့ ငါ့ဦးရေပြားကို တောင် ထုံကျင် သွားစေတယ်။" ဧကရာဇ်မင်းမြတ်ဒါယန်းသည် မထိန်းနိုင်ဘဲ သက်ပြင်း ချလိုက်သည်။

ယခင်က သူသည် လျှပ်စီးကပ်ဘေးဒုက္ခအားလုံးကို အဝေးမှ မြင်တွေ့ခဲ့ရပြီး ကြောက်မက်ဖွယ်ကောင်းသော ထိုလျှပ်စီးကပ်ဘေးဒုက္ခသည် သူ့နှလုံးသားကို ရင်တုန်စေခဲ့သည်။

ဒြဗ်စင်ကိုးပါး ကောင်းကင်ကပ်ဘေးဒုက္ခကို သူအရင်က တစ်ခါမှမမြင်ဖူးခဲ့ပေ။ ထိုကြောက်မက်ဖွယ်ကောင်းသည့်လျှပ်စီးကပ်ဘေးဒုက္ခ၏အစွမ်းကို တွေးမိလိုက်ရုံဖြင့် သူ့နောက်ကျောကို အေးခဲသွားစေသည်။

တစ္ဆေပါရမီရှင် သိုင်းဧကရာဇ်လည်း စိတ်နှလုံးထဲမှာ သက်ပြင်းချလိုက်သည်။ မည်သူက ကပ်ဘေးဒုက္ခကို ဖြတ်ကျော်နေမှန်း သူမသိခဲ့ပေ။ သူလည်း ကပ်ဘေး ဒုက္ခဖြစ်ပွားရာ နေရာကွင်းပြင်ဆီကို ရောက်သွားခဲ့သည်။ ကပ်ဘေးဒုက္ခကို ဖြတ်ကျော်သွားသည့် လူနှစ်ယောက်၏ ခြေရာသဲလွန်စတွေ သိသာထင်ရှားစွာ ရှိနေသည်ကို သူတွေ့ရှိခဲ့ရသည်။ ဆိုလိုသည်မှာ သိုင်းဧကရာဇ်လျူထျန်းအပြင် ကောင်းကင်ကပ်ဘေးဒုက္ခကို ရင်ဆိုင်ခဲ့သည့်လူ နောက်တစ်ယောက် ရှိသေးသည်။ ထို့အပြင် အခင်းဖြစ်ပွားရာနေရာ၌ လူသေအလောင်း အပိုင်းအစများပင် မရှိခဲ့ပေ။ ထို့ကြောင့် တစ္ဆေပါရမီရှင်သိုင်းဧကရာဇ်က ထိုလူသည် ကပ်ဘေးဒုက္ခကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့သည်ဟု ခန့်မှန်းလိုက်သည်။

ယခုလို ကြောက်စရာကောင်းသည့် လျှပ်စီးကပ်ဘေးဒုက္ခမှ လွတ်မြောက်သွား ခဲ့သည့် ထိုလူသည် မည်မျှပင် သန်မာလိုက်မည်နည်း။

ဝေရှန်းသည် စိတ်ကူးမယဉ်ဝံ့ချေ။ ဤလျှပ်စီးကပ်ဘေးဒုက္ခသည် ချင်ယွင်နှင့် အလွန်ဆက်စပ်မူ ရှိနေနိုင်သည်ဟု ယောင်ဝါးဝါးထင်မိသော်လည်း ယင်းက ဖြစ်နိုင်ချေ မရှိသည့် အဓိပ္ပါယ်မဲ့သော အတွေးဟူသည့်စိတ်က အမှန်တကယ် ပေါ်လာပြန်သည်။

ချင်ယွင်သည် ဆေးကလန်သို့သွားကြောင်း ကင်းထောက်များက ရှင်းလင်းစွာ သတင်းပို့ခဲ့ သော်လည်း သူသည် ဆေးစံအိမ်သို့သွားပြီးနောက်၊ ထိုနေရာတွင် အလောင်းမြို့တော်ကြီး ဖြစ်သွားသည့်တိုင် ချင်ယွင်၏ အရိပ်အယောင်ကို လုံးဝ မတွေ့ရှိခဲ့ရပေ။

ဝေရှန်းသည် ဧကရာဇ်မင်းမြတ်ဒါယန်းအား ဤအဓိပ္ပါယ်မဲ့သည့် အတွေးများ အကြောင်းကို မတင်ပြတော့ပေ။

သို့သော်လည်း ချင်ယွင် ကိုယ်တိုင်က တုန်းယန်နန်းတော်သို့ နောက်တစ်ကြိမ် ပြန်ရောက်ရှိလာခဲ့သည်။

အမှောင်ညဉ့်က ကျရောက်လာခဲ့သည်.။

ချင်ယွင်၏ပုံရိပ်သည် ညဉ့်အမှောင်ထုအတွင်း လျင်မြန်စွာ ရွေ့လျားသွားသည်။ သူသည် သိုင်းဧကရာဇ်ဘိုင်ဟောက်နှင့် အခြားသူများကို သတိပေးရန် မရည်ရွယ်သောကြောင့် ပင်မတံခါးဆီကို တိုက်ရိုက်မသွားတော့ဘဲ ပိရှစ်သိုင်းမြို့စား နေထိုင်သည့်အခန်းဆီသို့ တိုက်ရိုက် ဦးတည်သွားခဲ့သည်။

ယခုတစ်ကြိမ်၊ ချင်ယွင်၏ ရည်ရွယ်ချက်မှာ ပိရှစ်သိုင်းမြို့စားကို တွေ့ရန်ဖြစ်သည်။ အကြောင်းကား သဘက်ခါတိုက်ပွဲများ ဖြစ်ပွားသည်နှင့် ပိရှစ်သိုင်းမြို့စား၏ ခွန်အားသည် စတေးခံ သက်သက်သာဖြစ်ကြောင်း သူသိသောကြောင့် ဖြစ်သည်။

ပိရှစ်သိုင်းမြို့စား နှင့် သိုင်းမြိုစားဘိုင်ယွန်တို့နှစ်ဦးစလုံးသည် ချင်ယွင်အပေါ် ကျေးဇူးများသူ ဖြစ်ကြသောကြောင့် ချင်ယွင်သည် သူ့တို့ကို လျစ်လျူရှုပြီး ကူကယ်ရာမဲ့ ကြည့်နေရသည့် အဖြစ်မျိုးကို မလိုလားပေ။ ထို့ကြောင့် သူသည် ပိရှစ်သိုင်းမြိုစားကို တွေ့ဆုံပြီးနောက် သိုင်းမြိုစားဘိုင်ယွန်ကို ရှာဖွေရန် စီစဉ်ထားသည်။

သို့သော် ချင်ယွင်သည် ပိရှစ်သိုင်းမြို့စား၏ အခန်းတံခါးကို တွန်းဖွင့်လိုက်သည့် အခါတွင် သွေးချောင်းဆိုးစေလောက်သည့် မြင်ကွင်းတစ်ခုကို သူ တွေ့လိုက်ရသည်။

ပိရှစ်သိုင်းမြို့စားသည် အမှန်တကယ် ရေချိုးပြီးဖြစ်နေပါသည်။ ထိုအချိန်တွင် သူမ၏ ပြည့်ဖြိုးစွင့်ကားနေသည့် လှပသော ရုပ်အသွင်အပြင်သည် ချင်ယွင်၏ ရှေ့တွင် ပေါ်လာလေသည်။

အခန်း (၃၅၀) စစ်ပွဲအတွက်ပြင်ဆင်မှုများ။

"အား!"

ပိရှစ်သိုင်းမြို့စားသည် မူလက သူမခန္ဓာကိုယ်ကို ရေသုတ်နေခဲ့သော်လည်း တံခါးကို ရုတ်တရက် တွန်းဖွင့်လိုက်သောအခါ သူမသည် ချက်ချင်းပင် တုန်လှုပ်သွားခဲ့သည်။

သူမသည် ဘေးနားရှိ၀တ်စုံကို အမြန်ဆွဲယူလိုက်ပြီး မြန်ဆန်သည့်အဟုန်ဖြင့် ခန်းဆီးအကာ နောက်ကွယ်တွင် ပုန်းကွယ်လိုက်သည်။

သို့သော် ချင်ယွင် အံ့အားသင့်သွားသည်။ ပိရှစ်သိုင်းမြို့စား၏ လှုပ်ရှားမှုများသည် အလွန်လျင်မြန်သော်လည်း သူ၏လက်ရှိ မျက်လုံးအမြင်အာရုံကလည်း လုံးဝ ချို့တဲ့ခြင်း မရှိပေ။ သူသည် အရာအားလုံးကို သူ၏မျက်လုံးထဲမှာ မြင်လိုက်ရသည်။

ချင်ယွင်သည် သူ၏သွေးများ ဆူပွက်လာသည်နှင့်အမျှ မနေနိုင်ဘဲ ပါးစပ်အပြည့် တံတွေးမျိုချလိုက်ရသည်။ ဤပိရှစ်သိုင်းမြို့စား၏ ရုပ်ရည်အသွင်အပြင်သည် အမှန်တကယ်ပင် အလွန်မင်း လှပနေပါသည်။

ပိရှစ်သိုင်းမြို့စား၏ ရုပ်ရည်အသွင်အပြင်သည် ကျန်းရွှန်ရှင်းနှင့် ရန်စီချီ၏ ပိန်ပိန်ပါးပါး အသွင်အပြင်နှင့် ကွဲပြားပါသည်။ သူမ၏ ရုပ်ရည်အသွင်အပြင်သည် ပို၍ ပြည့်ဖြိုးသော် လည်း သူမတွင် အဆီပို တစွန်းတစပင် မရှိချေ။ သူမ၏ ကောက်ကြောင်းများနှင့် ဖြူစင်သောအသားအရေသည် သိုးဆီနှင့် အဖြူရောင် ကျောက်စိမ်းများကဲ့သို့ပင် ဖြစ်နေသည်။

" ချင်ယွင် နင် သေချင်နေတာလား။"

ပိရှစ်သိုင်းမြို့စားသည် အ၀တ်စား ဝတ်ဆင်ထားပြီး ဖြစ်သည်။ ချင်ယွင်ကို ဒေါသတကြီး ကြည့်နေသည့် သူမပုံစံက အလွန်ချစ်စရာကောင်းနေပြီး သူမ မျက်နှာကလည်း နီမြန်းလာသည်။

ချင်ယွင်သည် အဝတ်အစားဝတ်ဆင်ထားသည့် ပိရှစ်သိုင်းမြို့စားကို ကြည့်လိုက် သော်လည်း သူမ၏ဗလာကျင်းသော အသွင်အပြင်သည် သူ၏စိတ်ထဲတွင် ပေါ်လာဆဲ ဖြစ်သည်။ သူ၏နှာခေါင်းမှ သွေးများပင် ယိုစီးကျလာသည်။

" ချင်ယွင်၊ သေနာကောင်၊ ငရဲကိုသွားလိုက်တော့!"

ပိရှစ်သိုင်းမြို့စားသည် ချင်ယွင်၏ ဖောက်ပြန်သော အကြည့်ကို မြင်သောအခါ သူမသည် ချက်ချင်း ဒေါသထွက်သွားသည်။ သူမလက်ထဲတွင် အပြာရောင် ရေခဲဓားတစ်ချောင်း ပေါ်လာပြီး ချင်ယွင်ဆီသို့ ဦးတည်ပြေးဝင်သွားလေသည်။

သူမသည် အသက်သုံးဆယ်ကျော်နေပြီ ဖြစ်သော်လည်း ကျောက်စိမ်းကဲ့သို့သော သူမ၏ ခန္ဓာကိုယ်ကို အမြဲထိန်းသိမ်း စောင့်ရှောက်နေခဲ့သည်။ သူမခန္ဓာကိုယ်ကို အရင်က မည်သူမှ မမြင်ခဲ့ဖူးသလို ထိလည်းမထိခဲ့ဖူးပေ။ အခုတော့ သူမ၏ ခန္ဓာကိုယ် ကို ချင်ယွင်က လုံးဝ မြင်တွေ့သွားခဲ့ရပါပြီ။ ပို၍ပင် မုန်းစရာကောင်းတာက ဒီအယုတ်တမာကောင်က အမှန်တကယ်ပင် နှာခေါင်းသွေးယိုနေသေးသည်.။

ဝှီး!

အပြာရောင်ရေခဲဓားကို ထွက်ပေါ်လာသည်နှင့် ဓားအလင်းသည် ချင်ယွင်ဆီသို့ တိုက်ရိုက် ဖြတ်သန်းသွားသည်။

ချင်ယွင်သည် ချက်ချင်းပင် သူ့အသိအာရုံမှ ပြန်ကောင်းလာသည်။ သူ့ဆီသို့ စူးစူးရှရှ ထိုးဖောက်ဝင်ရောက်လာသည့် စူးရှသော ဓားအလင်းကို ကြည့်ရင်း ပိရှစ်သိုင်းမြို့စား သည် အမှန်တကယ် ဒေါသထွက်နေမှန်း သူသိလိုက်သည်။

ယခုမူ၊ သူ၏ခွန်အားသည် ပိရှစ်သိုင်းမြို့စားထက် များစွာသာလွန်ခဲ့ပြီး သူ၏ ခန္ဓာကိုယ် သည် ကြောက်မက်ဖွယ်အဆင့်သို့ပင် တိုးလာခဲ့သည်။ ထို့ကြောင့် ချင်ယွင်သည် ထိုမူလနေရာတွင် မလှုပ်မယှက် ရပ်နေကာ ပိရှစ်သိုင်းမြို့စား၏ ဓားကို ထိုးနှက်ရန် ခွင့်ပြုလိုက်သည်။

ချင်ယွင်သည် မရှောင်မတိမ်းရပ်နေသည်ကို ပိရှစ်သိုင်းမြို့စားမြင်သောအခါ သူမသည် ချက်ချင်း ထိတ်လန့်သွားသည်။ သေချာသည်မှာ၊ သူမသည် ချင်ယွင်ကို သတ်ဖြတ်ချင်၍ မဟုတ်ပေ။ သူမ၏ဒေါသကို ဖြေဖျောက်ချင်၍ဖြစ်သည်။ ထို့အပြင် သူမသည် ချင်ယွင်၏ စွမ်းအားကို သိသောကြောင့်၊ သူမသည် ချင်ယွင်ကို ရဲရဲဝံ့ဝံ့ တိုက်ခိုက်ခဲ့ခြင်းလည်း ဖြစ်သည်။

ယခုမူ ချင်ယွင်သည် အမှန်တကယ်ပင် ရှောင်တိမ်းခြင်း မပြုခဲ့ပေ။ ယင်းက သူမကို ကြောက်ရွံ့ ထိတ်လန့်စေသည်။ သို့သော်လည်း ဓားအလင်းသည် ထိုးဖောက် ဝင်ရောက်နေပြီဖြစ်ပြီး ပြန်လည်ရုပ်သိမ်းရန် အချိန်မရှိတော့ချေ။

"မြန်မြန်ရှောင်လိုက်!" ပိရှစ်သိုင်းမြို့စားက ထိတ်လန့်စွာ အော်ဟစ်လိုက် သော်လည်း ချင်ယွင်က မကြားသကဲ့သို့ရပ်နေကာ ဓားအလင်းကို သူ့အပေါ်သို့ ကျရောက်စေခဲ့ သည်။

ပိရှစ်သိုင်းမြို့စားသည် ချင်ယွင် ရူးနေပြီဟု ခံစားမိသည်။ သူမ၏ခွန်အားကို အကုန်အစင် အသုံးမချခဲ့သော်လည်း ဤဓားချက်သည် ထူးထူးခြားခြား ထက်ရှလွန်း လှသည်။ ဓားအလင်းကို သူမခန္ဓာကိုယ်ပေါ်သို့ ကျရောက်ခွင့်ပြုပါက၊ သူမသည်ပင် နှစ်ပိုင်းကွဲသွားမည် ဖြစ်သည်။

"ဘုန်း!"

ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာသည်။

ပိရှစ်သိုင်းမြို့စားသည် သူမမျက်လုံးတွေကို မှိတ်ထားပြီး ချင်ယွင်၏ သနားစရာကောင်း သည့် အခြေအနေကို မကြည့်ဝံ့ခဲ့ချေ။ သူမ၏ မျက်နှာသည် အလွန်ဖြူဖျော့နေ၏။

ဓားအလင်းသည် ချင်ယွင်၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားသော်လည်း ၎င်းသည် အနှိုင်းမဲ့မာကြောသည့် ကျောက်တုံးတစ်ခုနှင့် တိုက်မိသွားသကဲ့သို့ပင်။ ဓားအလင်း သည် တခဏအတွင်းမှာပင် အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားပြီး လေထဲတွင် လွင့်ပျံသွားသည်။ ချင်ယွင်၏အရေပြားပေါ်တွင် အမာရွတ်တစ်ခုမျှပင် မကျန်ခဲ့ပေ။

ပိရှစ်သိုင်းမြို့စားသည် ဤမြင်ကွင်းကို သူမ၏ လက်ချောင်းများကြားမှ ခိုးကြည့်ရင်း မြင်လိုက်ရသောအခါ အံ့အားသင့်သွားသည်။

"မင်း" ပိရှစ်သိုင်းမြို့စား၏ မျက်လုံးများ ပြူးကျယ်သွားကာ သူမသည် စကားမပြော နိုင်လုနီးပါး ဖြစ်နေသည်။

ချင်ယွင်က ပြုံးလိုက်သည်။ မူလကတည်းက သူသည် သူ၏ခန္ဓာကိုယ်သည် မည်မျှ သန်မာလာသည်ကို စမ်းသပ်ရုံသက်သက်သာ ဆန္ဒရှိခဲ့သည်။ သူ၏ခန္ဓာကိုယ်သည် ဤမျှလောက် သန်မာလာလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။

ပိရှစ်သိုင်းမြို့စား၏ ဓားချက်သည် လုံးဝ ထက်ရှခြင်း မရှိသော်လည်း သာမန် နဝမအဆင့် ကောင်းကင်အလွှာ သိုင်းမြို့စားအဆင့် ကျွမ်းကျင်သူတစ်ဦးသည် ၎င်းဓားချက်ကို ခံနိုင်ရည်ရှိလိမ့်မည် မဟုတ်သော်လည်း ချင်ယွင်၏ ခန္ဓာကိုယ် ပေါ်တွင် အမာရွတ်တစ်ခုမျှပင် မကျန်ရစ်ခဲ့ပေ။

"မင်းက လူလား၊ မွန်းစတားလား" ပိရှစ်သိုင်းမြို့စားသည် အချိန်အတော်ကြာ မှင်သက် အံ့ဩသွားခဲ့ပြီး သူမ၏စိတ်နှလုံးအတွင်းမှ တုန်လှုပ်ချောက်ချားမှုကို ဖိနှိပ်လိုက်ကာ နောက်ဆုံး မေးလိုက်သည်။

ချင်ယွင်က ခါးသီးသော အပြုံးနှင့်အတူ ခေါင်းယမ်းပြလိုက်ပြီး တုန့်ပြန် ပြောလိုက်သည် "ငါ့ရဲ့ကျင့်ကြံမှု အခြေခံက သိုင်းဧကရာဇ်နယ်ပယ်ကို ဖြတ်ကျော်သွားခဲ့ပါပြီ၊ ဒါကြောင့် ငါ့ခန္ဓာကိုယ်ကလည်း အများကြီး တိုးတက်လာတယ်" ။

ထိုစကားပြောပြီးချိန်မှာတော့ ပိရှစ်သိုင်းမြို့စားသည် ပြောမပြတတ်အောင်ပင် ချက်ခြင်း ထိတ်လန့်သွားတော့သည်။

သိုင်းဧကရာဇ်နယ်ပယ်ကို ဖြတ်ကျော်သွားပြီလား? ။

သူမသည် ချင်ယွင်ကို အမာခံခံတပ်ကျွန်းတွင် ပထမဆုံးတွေ့သောအခါ၊ သူသည် သိုင်းမြို့စားနယ်ပယ်၏ ပထမအဆင့် ကောင်းကင်အလွှာမှာပင် မရှိသေးပေ။ ယခု နှစ်လမပြည့်မီတွင်၊ သူသည် သိုင်းဧကရာဇ်နယ်ပယ်သို့ အမှန်တကယ် ဖြတ်ကျော် ရောက်ရှိသွားခဲ့ပြီလား။

ဒါက အမှန်တကယ်ကို အံ့သြစရာကိစ္စ ဖြစ်သည်။ ပိရှစ်သိုင်းမြို့စားကိုယ်တိုင်ပင် သိုင်းမြို့စားနယ်ပယ်၏ နဝမအဆင့် ကောင်းကင်အလွှာ အထွတ်အထိပ်တွင် ရှစ်နှစ်ကြာရှိနေခဲ့သည်။

ထို့အပြင်၊ အကယ်၍ တစ်စုံတစ်ယောက်သည် သိုင်းဧကရာဇ်နယ်ပယ်၏ ပထမအဆင့် ကောင်းကင်အလွှာမှာ ရှိနေလျှင်ပင် သူမ၏ဓားချက်ကို ထိခိုက်မှုမရှိဘဲခုခံရန် အတွက် သူတို့၏ခန္ဓာကိုယ်ကို အသုံးပြုပြီး မည်သူမျှ မတ်တပ်ရပ်ပြီး မနေဝံ့ကြပေ ။

ယင်းကြောင့် ပိရှစ်သိုင်းမြို့စားသည် ချင်ယွင်ကို စူးစူးစိုက်စိုက်ကြည့်ရင်း လုံးဝ ထူးဆန်းနေခဲ့သည်။ နောက်ဆုံးတွင် သူမနှုတ်ခမ်းမှ စကားလုံးနှစ်လုံးကို ညှစ်ထုတ်ပြီး ပြောလိုက်သည် "မွန်းစတား!"ပဲ။

ချင်ယွင်လည်း ရှိုက်ကြီးတငင် ပြုံးလိုက်သည် ။ ပိရှစ်သိုင်းမြို့စားသည် ဤအကြောင်းကို သိပြီးနောက် သေချာပေါက် ထိတ်လန့်သွားမည်ကို သူသိသည်။

ချင်ယွင်သည် ဤကိစ္စနှင့် ပက်သက်ပြီး စကားပြောလိုခြင်းမရှိတော့ပေ။ ထို့အပြင်၊ သူသည် ပိရှစ်သိုင်းမြို့စား၏ ခန္ဓာကိုယ်ကိုသာ ကြည့်ရှုနေသည်။ ပိရှစ်သိုင်းမြို့စားကို ရင်ဆိုင်ရင်း သူ၏နှလုံးသားထဲတွင် အရင်ကတည်းက တိုက်တွန်းလှုံ့ဆော်မူတစ်ခု ရှိနေပါသေးသည်။

ထို့ကြောင့် ချင်ယွင်က ပိရှစ်သိုင်းမြို့စားအား သူလာလည်ရခြင်း၏ ရည်ရွယ်ချက်ကို ပြောပြလိုက်သည်။ သူသည် ဧကရာဇ်မင်းမြတ်ထျန်းရှက ဧကရာဇ်နန်းတော်အား တိုက်ခိုက်တော့မည့် အကြောင်း ပိရှစ်သိုင်းမြို့စားအား ပြောပြသည်။ သူမသည် အမြန်ဆုံး ထွက်ခွာရန် သို့မဟုတ် ကောင်းကင်ဘုံ ကိုးအလွှာ ကြယ်စင်စုပုံကြမ်းသို့ အမြန်ဆုံးဝင်ရောက်ရန် သူမျှော်လင့်ထားသည့် အကြောင်းကိုလည်း ပြောပြလိုက် သည်။

ပိရှစ်သိုင်းမြို့စားလည်း ထိတ်လန့်သွားသည်။ ယခု သိုင်းမြို့စားချင်းယွန်သည် သေဆုံးသွားပြီ ဖြစ်ပြီး အင်ပါယာမြို့တော်သို့လာရခြင်း၏ သူမ၏ရည်ရွယ်ချက်သည် အောင်မြင်သွားခဲ့ပြီ ဖြစ်သည်။ ထို့အပြင်၊ သူမ၏စွမ်းအားသည် အင်ပါယာမြို့တော်တွင် အသုံးမဝင်ကြောင်း သူမသိသောကြောင့် သူမသည် ထွက်ခွာသွားရန်သာ ရွေးချယ်ခဲ့ သည်။

ချင်ယွင်သည် ပိရှစ်သိုင်းမြို့စား၏ ရွေးချယ်မှုကို သဘာဝအတိုင်း လေးစားပြီး သူမအား မြို့တော်အပြင်ဘက်လမ်းအထိ ခေါ်ဆောင်ပေးခဲ့သည်။

ပိရှစ်သိုင်းမြို့စား ထွက်သွားသည့်အခါ၊ ချင်ယွင်၏ နဂိုကအေးဆေး တည်ငြိမ်သွားသော သွေးပူများ တစ်ဖန်ပြန်တက်လာလုနီးပါးဖြစ်သည့် မေးခွန်းတစ်ခုကို ချင်ယွင်အား မေးမြန်းသွားခဲ့သေးသည်။

"ဘယ်လိုလဲ၊ ငါ့ခန္ဓာကိုယ်က ကြည့်ကောင်းရဲ့လား၊ ရန်စီချီနဲ့ယှဉ်ရင် ဘယ်လိုလဲ။"ဟူ၏။ ပိရှစ်သိုင်းမြို့စား၏ နူးညံ့သိမ်မွေ့သည့် အသံသည် ချင်ယွင်၏ နားထဲတွင် ထွက်ပေါ်လာသည်။

ထိုစကားကို ကြားရလျှင် ချင်ယွင်၏ ခန္ဓာကိုယ်က ချက်ချင်း တုံ့ပြန်လာသည်။ သူသည် ပိရှစ်သိုင်းမြို့စားကို တောထဲတစ်နေရာသို့ ဆွဲခေါ်ကာ အမှန်တကယ် လှုပ်ရှားပစ်လိုက်ချင်သော်လည်း နောက်ဆုံးတွင် ၎င်းဆန္ဒကို ခံနိုင်ရည်ရှိရန် တောင့်ခံလိုက်ရသည်။

ပိရှစ်သိုင်းမြို့စားသည် ချင်ယွင်၏ ရှက်ရွံ့နေသည့် အသွင်အပြင်ကို မြင်ပြီးနောက် သူမသည် ချက်ချင်းပင် ကျယ်လောင်စွာ ရယ်မောပြီး အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ အဝေးကို ပျံသန်းသွားတော့သည်။ ချင်ယွင်သည် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်ချိန် သူ၏မျက်လုံးထဲတွင် စိတ်ပျက်သွားသည့် အရိပ်အယောင် တစ်ခု ပေါ်လာသည်။

အမှန်တကယ်တော့ ချင်ယွင်နှင့် ပိရှစ်သိုင်းမြို့စားတို့သည် အချိန်အတော်ကြာ အတူရှိခဲ့ကြပြီး နှလုံးသားထဲမှာ ခံစားချက်တစ်ချို့ ရှိခဲ့ကြပါသည်။ ထို့အပြင် သူတို့ရရှိရန် မလိုအပ်သည့် ခံစားချက်များလည်း ရှိခဲ့ဖူးပါသည်။ တစ်ယောက်နှင့် တစ်ယောက် အချင်းချင်း လွှမ်းမိုးမြုပ်နှံထားမည့်အစား တွေ့ဆုံကြုံကွဲ လေလွင့် ခရီးသွားများပမာ မေ့ပျောက်သွားခြင်းက ပိုကောင်းပါသည်။

ထို့နောက် ချင်ယွင်သည် သိုင်းမြို့စားဘိုင်ယွန်နှင့်ရှရီတို့နေရာဆီ သွားရောက်ခဲ့သည်။ ရန်စီချီ အဆင်ပြေကြောင်း သိုင်းမြို့စားဘိုင်ယွန် သိလိုက်သောအခါတွင် သူသည် သက်ပြင်းတစ်ချက် ချလိုက်သည်။

ထို့နောက် ချင်ယွင်က သိုင်းမြို့စားဘိုင်ယွန်နှင့် ရှရီတို့ကို တတ်နိုင်သမျှ အမြန်ဆုံး ထွက်ခွာနိုင်စေရန် မျှော်လင့်ပြီး အင်ပါယာမြို့တော်၌ ဖြစ်ပျက်မည့်အရာများကို ပြောပြလိုက်သည်။

သိုင်းမြို့စားဘိုင်ယွန်နှင့် ရှရီတို့သည်လည်း ထွက်ခွာရန် ရွေးချယ်ထားကြောင်း ပြသသည့်အနေဖြင့် ခေါင်းညိတ်ပြကသည်။ ဤကိစ္စမှာ သူတို့ပါဝင်နိုင်သည့် အရာမဟုတ်ပေ။

ထို့ကြောင့် ချင်ယွင်သည် စူးစမ်းလေ့လာပြီးနောက် သူတို့ကို အင်ပါယာမြို့တော်မှ စေလွှတ်လိုက်သည်။ ထို့နောက်မှသာ ချင်ယွင်လည်း စိတ်သက်သာရာရပြီး သက်ပြင်းချလိုက်နိုင်သည်။

ယခု သူနှင့် သက်ဆိုင်သူများ အားလုံး ထွက်ခွာသွားကြပြီးဖြစ်ရာ ချင်ယွင်သည် မည်သည့်ငဲ့ကွက်စရာမှမရှိတော့ဘဲ တိုက်ခိုက်နိုင်မည် ဖြစ်သည်။

တိုက်ပွဲမဖြစ်မီ တစ်ရက်သာကျန်တော့ပြီး ချင်ယွင်သည် တိုက်ပွဲကို ကြိုဆိုရန် ပြင်ဆင်ရင်း လုံးဝငြိမ်သက်သွားခဲ့သည်။

သို့သော်၊ ချင်ယွင်သည် ပိရှစ်သိုင်းမြို့စားနှင့် အခြားသူများကို အဝေးသို့ပို့ရန် အလုပ်များ နေချိန်တွင် တော်ဝင်မြို့တော်ရှိ ဂျီကလန်သည် အစွမ်းထက်သည့် နတ်ဆိုးတစ်ယောက် ကို ဆွဲဆောင်နိုင်ခဲ့သည်။

ထိပ်ပြောင်ပြောင် အမျိုးသားတစ်ဦးသည် ဧကရာဇ်မင်းမြတ်ထျန်းရှရှေ့မှာ ပေါ်လာပြီး သူ့ရှေ့တွင် ဒူးထောက်လိုက်သည်။ သူ့ခန္ဓာကိုယ်မှ သိုင်းဧကရာဇ် နယ်ပယ်၏ အဋ္ဌမအဆင့် ကောင်းကင်အလွှာ အထွတ်အထိပ်တွင်ရှိနေသည့် အငွေ့အသက်များက ထိတ်လန့်တုန်လှုပ်စရာကောင်းစွာ ထုတ်လွှတ်နေလေသည်။

"ဟား ၊ ဟား၊ ဟန်ထျန်း၊ နောက်ဆုံးတော့ မင်းဒီကို ရောက်လာပြီပေါ့။ မင်းနဲ့အတူတူဆို ဧကရာဇ်မင်းမြတ်ဒါယန်းက ဒီအချိန်မှာ လုံးဝ ပျက်ဆီးသွားရ လိမ့်မယ်။" ဧကရာဇ်မင်းမြတ်ထျန်းရှက အောက်ဘက်ရှိ သက်လတ်ပိုင်းအရွယ် အရွယ်အမျိုးသားကို ကြည့်ပြီး ဝမ်းသာအားရ ရယ်မောလိုက်သည်။ သူ၏မျက်လုံးများ ထဲတွင် ပျော်ရွှင်နေသည့် အရိပ်အယောင်များ ပြည့်နှက်နေသည်။

All Chapters