အခန်း (၃၅၁-၃၅၅)
Vol. 24 Ch. 351-355
အခန်း (၃၅၁) စစ်ပွဲကြီးစတင်ခြင်း။
နောက်တစ်နေ့တွင် အင်ပါယာမြို့တော်၌ ကြီးကြီးမားမား မည့်သည့်အဖြစ်ပျက်မျိုးမှ မဖြစ်ပေါ်ခဲ့ချေ။ အရာအားလုံးသည် အလွန်ငြိမ်သက်နေပုံရသော်လည်း မြို့တော်သည် ပို၍အသက်ဝင်လှုပ်ရှားလာပါသည်။ မုန်တိုင်းမတိုက်ခင် ငြိမ်သက်ခြင်းမျိုးလည်း ဖြစ်နိုင်ပါသည်။
ဧကရာဇ်မင်းမြတ်ဒါယန်း၏ ဒဏ်ရာများသည်လည်း လုံးဝပြန်လည် ကောင်းမွန်လာ ခဲ့ပြီး လူတိုင်း၏ မြင်ကွင်းထဲ ပြန်လည်ထွက်ပေါ်လာခဲ့ကာ သူပြန်ရောက်လာပြီ ဖြစ်ကြောင်း ကြေငြာခဲ့သည်။
သေချာသည်မှာ၊ ဧကရာဇ်မင်းမြတ်ဒါယန်းသည် ဘေးကင်းစေရန်အတွက် ဆံပင်ဖြူ အဘွားအိုနှင့် ယုချန်းတို့ကို ဆဋ္ဌမမင်းသားနှင့် မင်းသမီး(၁၃)တို့ကို အဝေးသို့ တိတ်တဆိတ် ခေါ်ဆောင်ရန် စေလွှတ်လိုက်ပြီး သိုင်းဧကရာဇ်ဘိုင်ဟောက်ကိုသာ ချန်ထားခဲ့သည်။
ဆံပင်ဖြူ အဘွားကြီးနှင့်ယုချန်းတို့သည် အတော်လေး အားနည်းသည့်အတွက် ယခုတိုက်ပွဲမှာ သူတို့အနေဖြင့် ဘယ်လိုမှ ပါဝင်နိုင်ကြမှာ မဟုတ်ပါဘူး။ သူတို့အနေဖြင့် နန်းတော်မှာနေမည့်အစား စောစောထွက်သွားခြင်းက ပိုကောင်းပါသည်။
ယခုအချိန်တွင် ဧကရာဇ်မင်းမြတ်ဒါယန်းနှင့် ချင်ယွင်အပါဝင် သိုင်းဧကရာဇ် လေးပါးသာ ရှိပါတော့သည်။ ဧကရာဇ်မင်းမြတ်ထျန်းရှတို့ဘက်မှာ ချင်ယွင်နှင့် တခြားသူတွေ သိထားသည့်အတိုင်းဆို ဧကရာဇ်မင်းမြတ်ထျန်းရှနှင့် သိုင်းဧကရာဇ် ကျန်းထျန်တို့ပဲ ကျန်ပါတော့သည်။ သို့သော် ဧကရာဇ်မင်းမြတ်ထျန်းရှသည် လှုပ်ရှားမှု တစ်ခုခု ကျန်ရှိနေခြင်း ရှိမရှိ ချင်ယွင်နှင့် အခြားသူများ မသိခဲ့ကြပေ။
သို့သော် ချင်ယွင်သည် ဧကရာဇ်မင်းမြတ်ဒါယန်း၏ ပြောစကားအရ ဧကရာဇ်မင်းမြတ် ထျန်းရှ၏ လက်အောက်မှာ စုစုပေါင်း သိုင်းဧကရာဇ်သုံးပါး ရှိကြောင်း ကြားဖူးထားပါ သည်။ ၎င်းတို့အနက် သိုင်းဧကရာဇ် ဟန်ထျန်းသည် အစွမ်းထက်ဆုံး ဖြစ်သည်။ အကယ်၍ သိုင်းဧကရာဇ်ဟန်ထျန်းသာ ဤတိုက်ပွဲတွင် ပါဝင်လာခဲ့မည်ဆိုလျှင် တော်ဝင်ရန်အင်ပါယာအတွက် အနိုင်ရရန် အခွင့်အလမ်း အလွန့်လွန် နည်းပါးပါသည်။
ချင်ယွင်သည် ဤအားကိုးရာမဲ့ဖြစ်ခြင်းအတွက် ပြန်လည်ဖာထေးရုံသာ တတ်နိုင်ပါ သည်။ သူသည် တိုက်ပွဲတွင်ပါဝင်ရန် ရွေးချယ်ရခြင်း၏ အကြောင်းရင်းမှာ ဤကမ္ဘာကြီး၏ လူသားများ အကျိုးအတွက်ကြောင့်သာ ဖြစ်ပါသည်။ သူသည် ထျန်းရှကို သေသည်အထိ တိုက်ခိုက်ရန် ခိုင်ခိုင်မာမာ သန္နိဋ္ဌာန်ချ ထားသည်။
သူသည် အကောင်းဆုံးသာ လုပ်ဆောင်ချင်သည်။ နောက်ဆုံးရလာဒ်ကတော့ အရာအားလုံးသည် ကောင်းကင်ဘုံ၏ ကံကြမ္မာအပေါ် မူတည်ပါသည်။
မကြာခင်မှာ ဧကရာဇ်မင်းမြတ်ဒါယန်း၏ မွေးနေ့သည် ရောက်ရှိလာခဲ့ပါပြီ။ ထိုနေ့တွင် အခမ်းအနား ကျင်းပသည့်အနေဖြင့် အိမ်တိုင်းတွင် မီးပုံးများ၊ ရောင်စုံမီးများ ဖြင့် အလှဆင်ထားကြသည်။
အင်ပါယာမြို့တော်သည် ဆူညံသံများဖြင့် ပို၍သက်ဝင်စည်ကားနေပြီး တစ်မြို့လုံးရှိ ပြည်သူပြည်သားများ၏ မျက်နှာများသည် ရွှင်လန်းသော အပြုံးများဖြင့် ဝေဝေဆာဆာ ပြည့်နှက် လန်းဆန်းနေကြသည်။
မွန်းတည့်ခါနီးလေပြီ။ ယုတ္တိကျကျပြောရလျှင် တော်ဝင်ရန်အင်ပါယာ နန်းတော်သည် အရပ်ရပ်မှ ဧည့်သည်များကို ကြိုဆိုရန်အတွက် ကြီးကျယ် ခမ်းနားသည့် ပွဲတော်ကြီးကို ကျင်းပသင့်ပါသည်။ သို့သော်လည်း လက်ရှိ အင်ပါယာနန်းတော်သည် အေးတိ အေးစက် ဖြစ်နေပြီး ပျော်ရွှင်နေသည့် အရိပ်အယောင် နည်းနည်းလေးမျှ မရှိပေ။
တော်ဝင်နန်းတော်၏ အလယ်ဗဟိုရှိ ခမ်းနားကြီးကျယ်သော ခန်းမကြီးတွင် လူလေးဦးသာ စုဝေးထိုင်နေကြသည်။
ဧကရာဇ်မင်းမြတ်ဒါယန်းသည် လေးနက်သော အမူအရာဖြင့် နဂါးပလ္လင်ပေါ်တွင် ထိုင်နေသည်။
ကျန်ရှိနေသည့်လူ သုံးယောက်သည်လည်း တစ်ခုခုကို စောင့်နေသလိုမျိုး တိတ်ဆိတ် ငြိမ်သက်စွာဖြင့် ထိုင်နေကြသည်။ ထိုလူသုံးယောက်မှာ တစ္ဆေပါရမီရှင်သိုင်းဧကရာဇ်၊ သိုင်းဧကရာဇ်ဘိုင်ဟောက်နှင့် ချင်ယွင်တို့ ဖြစ်သည်။
"ဧကရာဇ်မင်းမြတ်၊ သိုင်းဧကရာဇ်လျူထျန်းက သေဆုံးသွားတဲ့အတွက် ဧကရာဇ် မင်းမြတ်ထျန်းရှက လက်လျော့သွားနိုင်မလား" သိုင်းဧကရာဇ် ဘိုင်ဟောက်က မေးမြန်းလိုက်ပါသည်။
ဧကရာဇ်မင်းမြတ်ဒါယန်းက ဘာမှ ပြန်မပြောပေ။ ယင်းအစား သူက တစ္ဆေပါရမီရှင် သိုင်းဧကရာဇ်ကို လှည့်ကြည့်လိုက်သည်။
တစ္ဆေပါရမီရှင်သိုင်းဧကရာဇ်သည် သူ၏မသိနားမလည်မှုကို ဖော်ပြသည့်အနေဖြင့် ခေါင်းယမ်း ပြလိုက်သည်။
ဧကရာဇ်မင်းမြတ်ထျန်းရှ၏ ကျင့်ကြံမူအခြေခံသည် သူ့ထက် များစွာ မြင့်မားသည်။ သူသည် ဂျီစံအိမ်သို့ စုံစမ်းရန် အမှန်တကယ် မသွားနိုင်ပေ။ ထို့ကြောင့် ဂျီစံအိမ်၏ အခြေအနေနှင့်ပတ်သက်ပြီး သူလည်း မည်သည့်အရာကိုမျှ မသိခဲ့ပါချေ။ ဧကရာဇ် မင်းမြတ်ထျန်းရှနှင့် ပတ်သက်သော အချက်အလက်များသည် ချင်ယွင် ပေးပို့ခဲ့သည့် အချက်အလက်များသာ ဖြစ်သည်။
"သူတို့ လာနေပြီ!"
သို့သော် ထိုအချိန်တွင် မျက်လုံးမှိတ်ထားသော ချင်ယွင်သည် ရုတ်တရက် မျက်လုံးဖွင့်ကာ ခန်းမအပြင်ဘက် ကောင်းကင်ကို မော့ကြည့်လိုက်သည်။
သေချာသည်မှာ၊ ချင်ယွင်ပြောပြီးသည်နှင့် တော်ဝင်ရန်အင်ပါယာနန်းတော် တစ်ခုလုံး နှင့် အင်ပါယာမြို့တော်တစ်ခုလုံးကိုပင် ပဲ့တင်ထပ်သွားသည့် အော်ဟစ်သံက ထွက်ပေါ်လာသည် "တော်ဝင်ရန်ဧကရာဇ်၊ ထွက်လာပြီး အသေခံစမ်း!"
ကျယ်လောင်သော အော်ပြောသံသည် နန်းတော်ခန်းမအထက်တွင် ပျံ့နှံ့သွားခဲ့ပြီး ခန်းမတစ်ခုလုံး တုန်လှုပ်သွားစေသည်။
အင်ပါယာမြို့တော်ရှိ လူတိုင်း ဤအော်ဟစ်သံကြောင့် ထိတ်လန့်သွားကြပါသည်။ သူတို့အားလုံးသည် နန်းတော်အထက် ကောင်းကင်ယံကို မော်ကြည့်လိုက်ကြပြီး တွေးတောနေကြသည် "ဒီလူက ဘယ်သူလဲဟ၊ သူက ဧကရာဇ်မင်းမြတ်ဒါယန်းကို တော်ဝင်ရန်အင်ပါယာနန်းတော်မှာတောင် ပွင့်ပွင့်လင်းလင်း ရန်စဝံ့တယ်။ သူက သေခြင်းတရားကို တောင်းခံနေတာများ ဖြစ်နိုင်မလား"
ဧကရာဇ်မင်းမြတ်ဒါယန်း၏ စွမ်းအားသည် လူတိုင်း၏နှလုံးသားထဲတွင် နက်ရှိုင်းစွာ အမြစ်တွယ်နေခဲ့ပြီး ဖြစ်သည်။ ဤအော်ဟစ်သံတွင်ပါသည့် အငွေ့အသက်သည် သူတို့ကို စိတ်နှလုံးထဲမှာပင် ကြောက်ရွံ့စေသော်လည်း သူတို့၏မျက်လုံးများတွင် ဧကရာဇ်မင်းမြတ်ဒါယန်းကို ရန်စခြင်းသည် သေမင်းဆီသွားရန် လမ်းတစ်ခုသာ ရှိတော့သည်။
အင်ပါယာနန်းတော်၏ ပင်မခန်းမဆောင်တွင် ဧကရာဇ်မင်းမြတ်ဒါယန်းသည် ဤအော်ဟစ်သံကို ကြားပြီးနောက် ခန်းမထဲမှ ပြေးထွက်လာခဲ့သည်။
ချင်ယွင်နှင့် အခြားသူများသည်လည်း သဘာဝအတိုင်း နောက်မှ အနီးကပ် လိုက်လာကြသည်။
ထိုအချိန်တွင် လူသုံးယောက်သည် ကောင်းကင်ယံမှာ ရပ်နေကြသည်။ သူတို့အားလုံး သည် အနက်ရောင်၀တ်စုံကို ၀တ်ဆင်ထားကြပြီး သူတို့၏ ခန္ဓာကိုယ် တစ်ခုလုံးသည် ပြင်းထန်သော သတ်ဖြတ်လိုသည့် အငွေ့အသက်များ ထွက်ပေါ်နေကြသည်။
ချင်ယွင်၏ အကြည့်များသည် သူတို့ သုံးယောက်ကို ဖြတ်ကျော်သွားပြီးနောက် ဦးဆောင်သူနေရာမှ နတ်ဆိုးဆန်ဆန် ဆွဲညှို့နိုင်စွမ်းရှိသည့်လူကို ချက်ချင်း ကြည့်လိုက် လေသည်။ ဤအခိုက်အတန့်တွင် ထိုလူ၏ခန္ဓာကိုယ်ပေါ်ရှိ အငွေ့အသက်သည် ကြောက်မက်ဖွယ်ကောင်းလှပြီး အမှောင်ထု၏ အငွေ့အသက်သည် အိပ်ပျော်နေသည့် အမှောင်သားရဲတစ်ကောင်နှင့်ပင် တူနေပါသည်။
အစောပိုင်းလေးက အော်ဟစ်သံသည် ထိုလူ၏ပါးစပ်မှ ထွက်ပေါ်လာသည်။ အကယ်၍ ချင်ယွင်၏ ခန့်မှန်းချက်သာ မှန်ပါက၊ သူသည် ဧကရာဇ်မင်းမြတ် ဒါယန်းကို ဒဏ်ရာရစေခဲ့သည့် ဧကရာဇ်မင်းမြတ်ထျန်းရှ ဖြစ်လိမ့်မည်။
ဟုတ်ပါသည်၊ ဧကရာဇ်မင်းမြတ်ထျန်းရှအပြင် သူ၏နောက်မှာရှိနေသည့် လူနှစ်ယောက်ကလည်း ချင်ယွင်၏ အာရုံကို ဆွဲဆောင်သွားခဲ့ပါသည်။
ဧကရာဇ်မင်းမြတ် ထျန်းရှ၏နောက် ညာဘက်ခြင်းတွင် ကြံ့ခိုင်သန်မာသည့် အသက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးရှိသည်။ သူသည် နှစ်မီတာနီးပါး အရပ်ရှည် ပြီး သူ၏ကျင့်ကြံမူအခြေခံသည် သိုင်းဧကရာဇ်နယ်ပယ်၏ သတ္တမအဆင့် ကောင်းကင် အလွှာ အထွတ်အထိပ်တွင် ရှိနေသည်။ ယခင် ညဘက်အချိန်တုန်းက ချင်ယွင်သည် ဂျီစံအိမ်သို့ သွားရောက်လည်ပတ်သည့်အခါတွင် ထိုလူ၏ အငွေ့အသက်ကိုလည်း သူ ခံစားရလေသည်။ သူသည် ဧကရာဇ်မင်းမြတ်ထျန်းရှ၏ အမိန့်ပေးမူအောက်ရှိ သိုင်းဧကရာဇ်သုံးပါးထဲမှ တစ်ပါးဖြစ်သည့် သိုင်းဧကရာဇ် ကျန်းထျန် ဖြစ်သင့်သည်။
သို့သော် ချင်ယွင်ကို မျက်မှောင်ကြုတ်သွားစေသည့်အရာမှာ ဧကရာဇ်မင်းမြတ် ထျန်းရှ နောက် ဘယ်ဘက်တွင်ရပ်နေသည့် လူဖြစ်သည်။ သူသည် ၁.၈ မီတာခန့် အရပ်မြင့်ပြီး သိုင်းဧကရာဇ်ကျန်းထျန်လောက် ကြံ့ခိုင်မူမရှိချေ။ သို့သော် သူ၏ခန္ဓာကိုယ်မှ ထုတ်လွှတ်နေသော အငွေ့အသက်သည် သိုင်းဧကရာဇ်ကျန်းထျန်ထက်ပင် ပို၍ ကြောက်စရာကောင်းသည်။ သူသည် သိုင်းဧကရာဇ်နယ်ပယ်၏ အဋ္ဌမအဆင့် ကောင်းကင်အလွှာ အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ နဝမအဆင့် ကောင်းကင်အလွှာ နှင့် ခြေတစ်လှမ်းသာ ဝေးတော့သည်။
ချင်ယွင်သည် ဤလူက ဧကရာဇ်မင်းမြတ်ဒါယန်းပြောခဲ့ဖူးသည့် သိုင်းဧကရာဇ် ဟန်ထျန်း ဖြစ်သင့်သည်ဟု သူ၏စိတ်ထဲမှာ မှန်းဆလိုက်သည်။ ထိုလူ၏ ကျင့်ကြံမူ အခြေခံက ဤမျှမြင့်မားနေလိမ့်မည်ဟု သူ မျော်လင့်မထားခဲ့ချေ။
ဧကရာဇ်မင်းမြတ် ဒါယန်းသည်လည်း သိုင်းဧကရာဇ်ဟန်ထျန်း ရှိနေကြောင်းကို သတိပြုမိပြီး သူ၏မျက်ခုံးများက တင်းကြပ်စွာ တွန့်သွားခဲ့သည်။
နဝမအဆင့် ကောင်းကင်အလွှာ အထွတ်အထိပ် သိုင်းဧကရာဇ်တစ်ပါး ၊ အဋ္ဌမအဆင့် ကောင်းကင်အလွှာ အထွတ်အထိပ် သိုင်းဧကရာဇ်တစ်ပါး နှင့် သတ္တမအဆင့် ကောင်းကင်အလွှာ အထွတ်အထိပ် သိုင်းဧကရာဇ်တစ်ပါး။ ကောင်းကင်ဘုံနတ်ဆိုး အဖွဲ့သည် လူသုံးဦးသာရှိသော်လည်း သူတို့၏ စွမ်းအားသည် ဧကရာဇ်မင်းမြတ် ဒါယန်းတို့ဘက်ထက် များစွာပို၍ အစွမ်းထက်ပါသည်။
"ဟား ၊ ဟား၊ ရန်ကျန်းထျန်၊ မင်းရဲ့တော်ဝင်ရန်အင်ပါယာရဲ့ အရှိန်အဟုန်က ပျက်ဆီးသွားခဲ့ပုံရတယ်။ မင်းတို့လေးယောက်ပဲဆိုရင်တော့ ငါတို့ကို လုံးဝ တားနိုင်မှာ မဟုတ်ဘူး"
ဧကရာဇ်မင်းမြတ်ထျန်းရှသည် ဧကရာဇ်ဒါယန်းနှင့် အခြားလူများကို လှည့်ပတ် ကြည့်ရှုပြီးနောက်၊ အထူးသဖြင့် ချင်ယွင်နှင့် သိုင်းဧကရာဇ် ဘိုင်ဟောက်တို့ကို မြင်သောအခါတွင် သူသည် ချက်ချင်းပင် အထင်မြင်သေးသည့် အပြုံးတစ်ခုကို ထုတ်ဖော်လိုက်ပြီး ကျယ်လောင်စွာ ရယ်မောလိုက်သည်။
"ဟမ့်၊ ဒီနေ့ မင်းနဲ့အတူတူ ငါသေရမယ်ဆိုရင်တောင် ဒီကမ္ဘာကြီးကို မင်းတို့အတွက် ထားခဲ့မှာ မဟုတ်ဘူး" ဧကရာဇ်မင်းမြတ်ဒါယန်းက အေးစက်စွာ အော်ပြောလိုက်ပြီး သူ၏မျက်လုံးများတွင် ဒေါသများဖြင့် ပြည့်နှက်နေသည်။
"အိုး? အတူတူသေရမှာလား၊ မင်း ငါ့ကို နောက်ဆုံးအကြိမ် ရှုံးသွားပြီ မဟုတ် ဘူးလား။ ဒီတစ်ခါ မင်းကို နောက်ထပ်အခွင့်အရေး ပေးမယ်ထင်လား" ဧကရာဇ်မင်းမြတ် ထျန်းရှက လှောင်ရယ်လိုက်ပြီး သူ၏နတ်ဆိုဆန်ပြီး ညှို့ငင်နိုင်သည့်မျက်နှာက ပို၍ပင် နတ်ဆိုးဆန်လာသည်။
"ဟမ့်၊ ပေါက်တက်ကရစကားတွေ ရပ်လိုက်တော့။ တကယ်လို့ မင်းတိုက်ခိုက်ချင်တယ် ဆိုရင် လာတိုက်လှည့်ပါ။ ငါရန်ကျန်းထျန်က တော်ဝင်ရန်အင်ပါယာကို သေတဲ့အထိ ကာကွယ်ဖို့ ကျိန်ဆိုထားတယ်။" ဧကရာဇ်မင်းမြတ်ဒါယန်း၏ အကြည့်များသည် ခိုင်မာပြီး သူ၏သူရဲကောင်း ဆန်သည့် စိတ်ဝိညာဉ်က ဧကရာဇ်မင်းမြတ်ထျန်းရှကို သေသည်အထိ တိုက်ခိုက်လိုစိတ်ဖြင့် ကောင်းကင်အထိ ပျံတက်သွားခဲ့သည်။
"ကောင်းပြီ၊ မင်းက သေချင်နေပြီဆိုမှတော့၊ ငါက မင်းကို ခွင့်ပြုပေးပါ့မယ်!" ဧကရာဇ်မင်းမြတ်ထျန်းရှသည် ဒေါသထွက်သွားသည်မှာ သေချာပါသည်။ ကြောက်မက်ဖွယ်ကောင်းသော အမှောင်အငွေ့အသက်တစ်ခုသည် လောင်ကျွမ်းနေ သည့် နက်မှောင်သော မီးတောက်မီးလျှံကဲ့သို့ သူ၏ခန္ဓာကိုယ်ပေါ်တွင် ပေါ်လာသည်။ ထို့နောက် သူက ခေါင်းကိုလှည့်ကာ သူ၏နောက်မှ လူနှစ်ယောက်ကို အမိန့်ပေးလိုက်သည် "မင်းတို့ နှစ်ယောက်က ကျန်တဲ့ သုံးယောက်ကို သတ်ပစ်လိုက်၊ မြန်မြန်လုပ်ဖို့လည်း သတိရပါ"
"ဟုတ်ကဲ့ပါ ဧကရာဇ်!" ကျန်းထျန် နှင့် ဟန်ထျန်းတို့သည် ချက်ချင်း ဒူးထောက်ကာ အမိန့်ကို လက်ခံလိုက်သည်။
ဝှီး!
ဧကရာဇ်မင်းမြတ်ထျန်းရှသည် မသွားမီ ခဏတာ ညွှန်ကြားခဲ့ပြီးနောက် အနက်ရောင် အရိပ်အဖြစ်သို့ ပြောင်းလဲကာ ဧကရာဇ်ဒါယန်းဆီသို့ ပြေးဝင်သွားတော့သည်။
တစ်ချိန်တည်းမှာပင် ဧကရာဇ်မင်းမြတ်ဒါယန်းလည်း ပြေးထွက်လာခဲ့သည်။ အစစ်အမှန် နဂါးကိုးကောင်၏ အငွေ့အသက်များသည် သူ၏ခန္ဓာကိုယ်တစ်ဝိုက်တွင် တဝဲလည်လည်ရစ်ပတ်နေခဲ့ပြီး ဤအခိုက်အတန့်တွင် သူ၏ကြောက်မက်ဖွယ် ကောင်းသည့် ဘုန်းတန်ခိုးအာဏာနှင့် လွှမ်းမိုးအုပ်စိုးမှုတို့ကို လုံးလုံးလျားလျား ပေါ်လွင်စေသည်။ ယင်းက ဧကရာဇ်မင်းမြတ်ထျန်းရှ၏ ဆိုးရွားရက်စက်သည့် လွန်ကျူးမှုနှင့် တိုက်ရိုက်ဆက်စပ်နေပါသည်။
"ဘုန်း!"
သူတို့နှစ်ဦးကြား တိုက်ပွဲစတင်သည်နှင့် ကောင်းကင်နှင့်မြေကြီးပြိုကျသကဲ့သို့ အင်ပါယာနန်းတော်တစ်ခုလုံး တုန်လှုပ်သွားစေသည်။
"အသေးအမွား သိုင်းဧကရာဇ်လေး၊ မင်းက ငါ့သားကောင်ပဲ!" သိုင်းဧကရာဇ် ဟန်ထျန်းကလည်း ကျယ်လောင်စွာအော်ပြောပြီး တစ္ဆေပါရမီရှင်သိုင်းဧကရာဇ်ဆီကို ပြေးဝင်သွားခဲ့သည်.။
ဝေရှန်း၏ မျက်လုံးများတွင် အေးစက်သည့်အရိပ်အယောင်က ချက်ချင်းဆိုသလို ထွက်ပေါ်လာသည်။
သိုင်းဧကရာဇ်ကျန်းထျန်အတွက်မူ သူက ချင်ယွင်နှင့် သိုင်းဧကရာဇ် ဘိုင်ဟောက်တို့ကို သွေးဆာနေသည့် အပြုံးဖြင့် ကြည့်လိုက်တယ်။ သူသည် သူတို့နှစ်ဦးကို သူအမဲလိုက်ရ မည့် သားကောင်အဖြစ် ဆက်ဆံခဲ့သည်မှာ ထင်ရှားပါသည်။
တော်ဝင်တိုက်ပွဲကြီးတစ်ခုက စတင်ဖြစ်ပွားခဲ့ပါပြီ။
အခန်း (၃၅၂) သိုင်းဧကရာဇ်ကျန်းထျန်နှင့်တိုက်ခိုက်ခြင်း။
ဝှီး!
အလင်းတန်းတစ်ခု လင်းလက်လာပြီး ကြီးမားသောတုတ်ခိုင်သည့် ခန္ဓာကိုယ်ကြီး တစ်ခုသည် သိုင်းဧကရာဇ်ဘိုင်ဟောက်ရှေ့တွင် ပေါ်လာခဲ့သည်။
သိုင်းဧကရာဇ်ဘိုင်ဟောက်သည် ချက်ချင်းပင် တုန်လှုပ်ခြောက်ခြားသည့် အမူအရာ ပေါ်လာခဲ့ပြီး အလျင်အမြန် နောက်ပြန်ဆုတ်ခွာချင်ခဲ့သည်။ သို့သော်လည်း ထိုလူ၏ အရှိန်အဟုန်က အလွန်မြန်ဆန်လွန်းသည်။ သိုင်းဧကရာဇ်ဘိုင်ဟောက်၏ တုံ့ပြန်မှု သည် အခြားတဖက်၏ လှုပ်ရှားမှုများကို အမှီလိုက်နိုင်ခြင်း မရှိခဲ့ပေ။
"ထွက်သွားစမ်း ၊ အဘိုးကြီး!"
မျှော်စင်ကဲ့သို့ ကြံ့ခိုင်မြင့်မားသည့် အမျိုးသားသည် မထီမဲ့မြင်ပြုသည့် အမူအရာကို ထုတ်ဖော်လိုက်ရင်း သိုင်းဧကရာဇ်ဘိုင်ဟောက်ကို ရင်ဘတ်တွင် ထိုးနှက်လိုက်သည်။
သိုင်းဧကရာဇ်ဘိုင်ဟောက်၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ချက်ချင်းပင် ဧရာ မကျောက်တုံးကြီးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည့်အလား အောက်မှာရှိနေသည့် ခန်းမဆောင်ကို ဖောက်ထွက်ကာ မြေကြီးပေါ်၌ တွင်းနက်ကြီးတစ်ခု ဖန်တီးဖြစ်ပေါ်စေ ခဲ့သည်။ သူ၏ ပါးစပ်မှ သွေးများစီးကျလာပြီး သူ၏အငွေ့အသက်များသည်လည်း ကျဆင်းသွားသည်။ သူသည် မတ်တပ်ရပ်နိုင်စွမ်းပင်မရှိတော့ဘဲ အပျက်အစီးတွေကြား ထဲ လဲကျနေသည်။
တတိယအဆင့် ကောင်းကင်အလွှာ သိုင်းဧကရာဇ်တစ်ပါးသည် လက်တုံ့ပြန်ရန် အစွမ်းအစ မရှိသည့်အထိ အရိုက်နှက်ခံခဲ့ရသည်။
ချင်ယွင်သည် ဒဏ်ရာအပြင်းအထန်ရနေသော သိုင်းဧကရာဇ်ဘိုင်ဟောက်ကို ငုံ့ကြည့် ပြီးနောက် မျှော်စင်ကဲ့သို့ကြံ့ခိုင်မြင့်မားသည့်လူကို လှည့်ကြည့်လိုက်သည့် အခိုက် သူ၏ မျက်ခုံးများသည် ချက်ချင်း တွန့်သွားခဲ့သည်။ သူ၏မျက်လုံးထဲတွင် ဒေါသပေါက်ကွဲ ထွက်လာသည့် အရိပ်အယောင်များ ပေါ်လာသည်။
"ဒီအဘိုးကြီးနဲ့ယှဉ်ရင် ငါက မင်းကို ပိုပြီးစိတ်ဝင်စားတယ်ကွ။ တကယ်လို့ ငါ့ခန့်မှန်းချက်သာ မှန်ခဲ့ရင် မင်းက လျူထျန်းကို သတ်ပစ်လိုက်သူ မဟုတ်လား" သိုင်းဧကရာဇ်ကျန်းထျန်သည် ချင်ယွင်ကို ကြည့်လိုက်ပြီး သူ၏နှုတ်ခမ်းထူထူ တစ်စုံက တွန့်ကွေးသွားပြီး ကျီစယ်လို့သည့်အပြုံးက ပေါ်လာသည်။
ချင်ယွင်သည် သိုင်းဧကရာဇ်ကျန်းထျန်၏ စကားကို ပြန်မဖြေပေ။ ယင်းအစား သူက အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ သိုင်းဧကရာဇ်ကျန်းထျန်သည် အရပ်ရှည်ပြီး တုံးအပြီးမိုက်မဲပုံပေါက်သော်လည်း သူ၏စိတ်သည် အလွန်အပြောင်း အလဲမြန်သည်။ ခွန်အားနှင့် ဦးနှောက်ရှိသူများသည် ရင်ဆိုင်ရအခက်ဆုံးလူများ ဖြစ်သည်။ သူ၏ စိတ်ထဲတွင် သိုင်းဧကရာဇ်ကျန်းထျန်ကို မနေနိုင်ဘဲ မော့ကြည့်လိုက် မိသည်။
"ဟား... ၊ဟား.....၊ မင်းက ဘာမှပြန်မပြောလို့ ငါ မသိဘူးများ ထင်နေတာလား" လျူထျန်းက မင်းကို ဆွဲဆောင်ဖို့အတွက် ဆေးကလန်ကို အသုံးချချင်တယ်လို့ သူ ထွက်သွားတုန်းက ပြောသွားခဲ့တယ်။ ဒါပေမယ့် ဘာအကြောင်းပြချက်မရှိဘဲ ကောင်းကင်ကပ်ဘေးဒုက္ခရဲ့ သတ်ဖြတ်ခြင်းကို ခံခဲ့ရတယ်။ အဲဒါ မင်းကြောင့် မဟုတ်ဘူးလား။ "သိုင်းဧကရာဇ်ကျန်းထျန်က ချင်ယွင်ကို ကြည့်ပြီး အထင်သေးစွာ ပြောလိုက်သည်။
"မှန်ပါတယ်၊ အဲဒါ ကျုပ်ကြောင့်ပဲ။ အဲဒီတော့ ဘာဖြစ်လဲ" ချင်ယွင်က “သိုင်းဧကရာဇ် လျူထျန်း ထိုကဲ့သို့ သေဆုံးသွားရခြင်းသည် ငါနဲ့ဘာဆိုင်သလဲဟု ပြောနေသည့် အလား” နှုတ်ခမ်းကို တွန့်ကွေးပြီး ပြောလိုက်သည်။
သိုင်းဧကရာဇ်ကျန်းထျန်သည် ချင်ယွင်၏စကားကို ကြားလိုက်ရသည့်အခါ သူ၏ မျက်လုံးတွေက ချက်ချင်းပင် မှေးကျဉ်းသွားခဲ့ပြီး၊ ပြင်းထန်သည့် သတ်ဖြတ်လို ဆန္ဒက သူ၏နက်ရှိုင်းလှသည့်မျက်လုံးတွေထဲ ထွက်ပေါ်လာခဲ့သည်။
သူနှင့်လျူထျန်းတို့သည် ဧကရာဇ်မင်းမြတ်ထျန်းရှ လက်အောက်တွင် နှစ်ပေါင်းများစွာ အတူတကွ လက်တွဲလုပ်ဆောင်ခဲ့ကြပြီး၊ သူတို့သည် အသက်စွန့်ရလောက်သည့် အန္တရာယ်များကိုလည်း အကြိမ်ပေါင်းများစွာ အတူရင်ဆိုင် ကျော်ဖြတ်ခဲ့ကြသည်။ ယခု လျူထျန်းသည် အသတ်ခံလိုက်ရပြီး သူဘယ်လိုလုပ် မခံစားရဘဲနေမည်နည်း။ သူ၏နက်ရှိုင်းလှသည့်မျက်ဝန်းတွေထဲ ဒေါသအရိပ်အယောင်က စီးဝင်လာခဲ့သည်။
ချင်ယွင်၏ မျက်လုံးများက ဘာမှမထူးခြားသည့်အလား လက်သီးတွေကို တင်းတင်း ကြပ်ကြပ် ဆုပ်ထားသည့် သိုင်းဧကရာဇ်ကျန်းထျန်ကို ကြည့်နေသည်။ သူ၏ခန္ဓာကိုယ် တစ်ခုလုံးရှိစွမ်းအင်များသည် သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို ပျံ့နှံ့စီးဆင်းသွားသည့် အလား ရင်ဆိုင်တိုက်ခိုက်ရန် အဆင်သင့်ပြင်ဆင်ကာ စုစည်းနေခဲ့သည်။
“ဒီလိုဆိုမှတော့ မျိုးမစစ်ကောင်လေး၊ သွားသေလိုက်တော့!" သိုင်းဧကရာဇ် ကျန်းထျန်က အေးစက်စွာအော်လိုက်ပြီး ချင်ယွင်ဆီကို အလင်းတန်းတစ်ခု ပြောင်းလဲ ကာ ပစ်ဝင်လိုက်သည်။
သိုင်းဧကရာဇ်ကျန်းထျန်၏ အရှိန်အဟုနန်သည် အလွန်မြန်သည်။ သူသည် မီတာ တစ်ရာအကွာအဝေးရှိ ချင်ယွင်၏ရှေ့တွင် ချက်ချင်း ပေါ်လာသည်။ ထိုကြီးမားသော လက်သီးကြီးသည် ပြင်းထန်သည့် စွမ်းအားကို သယ်ဆောင်လာပြီး ချင်ယွင်ဆီသို့ တိုးဝင်သွားခဲ့သည်။
သူ၏လက်သီးသည် နဂါးတစ်ကောင်ကဲ့သို့ ရက်စက်ကြမ်းကြုတ်ပြီး ကျားတစ်ကောင် ကဲ့သို့ ဟိန်းဟောက်ကာ ချင်ယွင်၏ ခန္ဓာကိုယ်ကို ထိုးဖောက်ဝင်ရောက်သွားသည်။
"အယ်? နောက်ဆက်တွဲ ပုံရိပ်ယောင်တွေလား?" သိုင်းဧကရာဇ်ကျန်းထျန်သည် အနည်းငယ် ထိတ်လန့်သွားသည်။ သူ၏လက်သီးက ဘာမှမရှိသည့်နေရာကို ထိုးမိသွား လိမ့်မည်ဟု သူလည်း မျှော်လင့်မထားခဲ့ပါဘူး။
ဝှီး!
သိုင်းဧကရာဇ်ကျန်းထျန်ခေါင်းနောက်ဘက်မှ ပြင်းထန်သည့် လေပြင်းရိုက်ခတ်သံ ထွက်ပေါ်လာသည်။
"ဟမ့်၊ စိတ်ဝင်စားစရာပဲ!"
သိုင်းဧကရာဇ်ကျန်းထျန်က လှောင်ပြောင်လိုက်သည်။ သူသည် နည်းနည်းလေးမှ တုန့်ဆိုင်းမနေဘဲ သူ့နောက်ဘက်ကို လက်သီးတစ်ချက် ပစ်သွင်းလိုက်သည်။
"ဘုန်း!"
လက်သီးနှစ်ခုက ထိပ်တိုက်ဆုံမိပြီး လှိုင်းလုံးများကဲ့သို့ ပြင်းထန်သော အငွေ့အသက် များ ထွက်ပေါ်လာသည်။
ချင်ယွင်သည် သူ၏လက်သီးမှတဆင့် ကြောက်မက်ဖွယ် စွမ်းအားများ ထွက်ပေါ်လာ သည်ကို ချက်ချင်း ခံစားလိုက်ရပြီး သူ၏လက်များ ထုံကျင်သွားကာ ပေရာပေါင်းများ စွာအကွာထိ ဆုတ်ခွာသွားခဲ့သည်။
သိုင်းဧကရာဇ်ကျန်းထျန်သည်လည်း ပေတစ်ရာအထိ ဆက်တိုက်ဆိုသလို ဆုတ်ခွာ သွားခဲ့ရသည်။ သူ၏အနက်ရောင်ဝတ်ရုံက လှုပ်လှုပ်ရွရွဖြစ်သွားပြီး မရပ်ခင်မှာ သူ၏ခြေဖဝါးအောက်မှ လေလှိုင်းတွေ ထွက်ပေါ်လာသည်။
"အယ်၊ မင်းက ငါ့ဆီကလက်သီးချက်ကို အတင်းအကြပ် ခုခံနိုင်ခဲ့ပြီး ငါ့ကို ပေတစ်ရာ အကွာထိတောင် နောက်ပြန်ဆုတ်ခိုင်းခဲ့တယ်" သိုင်းဧကရာဇ် ကျန်းထျန်သည် ချင်ယွင်ကို လေးနက်သောအမူအရာဖြင့် ကြည့်နေစဉ် အံ့အားသင့်သောအမူအရာ ပေါ်လာသည်။
ချင်ယွင်၏ မျက်ခုံးများသည်လည်း တွန့်သွားသည်။ သူ၏ခန္ဓာကိုယ်သည် ကြောက်မက်ဖွယ်ကောင်းသည့်အဆင့်အထိ သန်မာနေပြီဖြစ်သည်။ သူ့ပြိုင်ဘက်၏ စွမ်းအားသည် သူ့ထက် အများကြီး ပိုမြင့်နေသည့်အပြင် သူ့ပြိုင်ဘက်၏ ခန္ဓာကိုယ်က လည်း ပျော့ညံ့ခြင်းမရှိဘူးဟု ခံစားရသည်။
"ဟမ့်၊ မင်း ငါ့ဆီကနေ လက်သီးချက် ဘယ်လောက်များများကို ခံယူနိုင်မလဲ ငါကြည့်ချင်သေးတယ်!" သိုင်းဧကရာဇ်ကျန်းထျန်သည် ဒေါသထွက်နေပုံရသည်။
သူ၏ခန္ဓာကိုယ်ပေါ်ရှိ အနက်ရောင်ဝတ်စုံသည် ပေါက်ကွဲသွားပြီး သူ့ခန္ဓာကိုယ် အပေါ်ပိုင်းမှ မနှိုင်းယှဉ်နိုင်လောက်အောင်သန်မာသည့် ကြွက်သားများ ထွက်ပေါ်လာ သည်။ သူသည် ခြေလှမ်းတစ်ချက် လှမ်းလိုက်ရုံဖြင့် သူ၏ အရှိန်အဟုန်သည် တောင်များနှင့် ပင်လယ်များကဲ့သို့ ချက်ချင်းပင် ခုန်တက်သွားစေနိုင်ပြီး လူယောင်ဆောင်ထားသည့် ရက်စက်ကြမ်းကြုတ်သော သားရဲတစ်ကောင်ကဲ့သို့ ချင်ယွင်ဆီသို့ ဦးတည်သွားလေသည်။
ချင်ယွင်သည် ရက်စက်ကြမ်းကြုတ်လာသည့် သိုင်းဧကရာဇ်ကျန်းထျန်ကို ကြည့်ရင်း သူ၏လက်သီးများမှ အနက်ရောင်လျှပ်စီးကြောင်းများ ထွက်ပေါ် လာခဲ့သည်။
လျှပ်စီးများမှ အဆုံးမရှိ ပေါက်ကွဲထွက်လာသည့် အငွေ့အသက်သည် တဟုန်ထိုး ပျံ့နှံ့သွားခဲ့ပြီး သူ၏အငွေ့အသက်သည်လည်း သိုင်းဧကရာဇ် ကျန်းထျန်ထက် အားနည်းခြင်း မရှိတော့ပေ။
"ဘုန်း!"
နောက်ထပ် ပြင်းထန်သည့် ထိပ်တိုက်တွေ့ဆုံမှုတစ်ခု ထွက်ပေါ်လာသည်။
ကောင်းကင်နှင့်မြေကြီးသည် ကျယ်လောင်စွာ ထစ်ချုန်းမြည်ဟီးသွားပုံရပြီး ပုံရိပ်နှစ်ခု သည် တစ်ချိန်တည်းဆိုသလို နောက်ပြန်ဆုတ်သွားခဲ့သည်။
"ဟမ့်၊ နောက်တကြိမ် လာပြန်ပြီကွ!"
သိုင်းဧကရာဇ်ကျန်းထျန်က ဒါကို လက်မခံချင်ပေ။ သူသည် ပထမအဆင့် ကောင်းကင်အလွှာ သိုင်းဧကရာဇ်လေးတစ်ပါးနှင့် လက်ရည်တူ ယှဉ်ပြိုင် နေရခြင်းမှာ သူ့အတွက် ရှက်စရာပင်။
"ဘုန်း!"
ချင်ယွင်နှင့် သိုင်းဧကရာဇ်ကျန်းထျန်တို့သည် လေထဲတွင် အဆက်မပြတ် အော်ဟစ် မာန်သွင်းပြီး တိုက်ခိုက်နေကြသည်။ သူတို့နှစ်ဦးသည် အချင်းချင်း ထိပ်တိုက် တွေ့ဆုံနေကြပြီး လက်သီးများကလည်း တောင်ကျရေများနှင့် ဆူနာမီလှိုင်းများကဲ့သို့ အော်ဟစ်မြည်သံများ ထွက်ပေါ်နေပါသည်။
တခဏကြာသည်အထိ သူတို့နှစ်ယောက်သည် အမှန်တကယ်ပင် လက်ရည်တူ တိုက်ခိုက်နေကြသည်။
အပျက်အစီးများကြားထဲတွင် လဲလျောင်းနေသည့် သိုင်းဧကရာဇ် ဘိုင်ဟောက်သည် ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ယှဉ်ပြလို့မရသည့် အံ့အားသင့်သွားသည့် အမူအရာကို ထုတ်ဖော်နေမိသည်။
ဟိုတချိန် ချင်ယွင်သည် တုလုံကျွန်းတွင် ရှိစဉ်တုန်းက သူသည် သေးငယ်သည့် သိုင်းမြို့စားအဆင့် ကျွမ်းကျင်သူမျှသာ ဖြစ်သည်။ သူသည် သူ့ကို အလွယ်တကူ ချေမွပြီး အသေသတ်ပစ်နိုင်သည်။
နှစ်လမပြည့်မီတွင်၊ သူသည် သိုင်းဧကရာဇ်နယ်ပယ်သို့ အမှန်တကယ် ဖြတ်ကျော် သွားခဲ့ပြီး သတ္တမအဆင့် ကောင်းကင်အလွှာ အထွတ်အထိပ် ဖြစ်နေသည့် သိုင်းဧကရာဇ်တစ်ပါးနှင့်ပင် ယှဉ်ပြိုင်တိုက်ခိုက်နေနိုင်ပြီ။ သူ၏ကိုယ်ပိုင်မျက်စိဖြင့်သာ မမြင်ခဲ့ရရင် အနှစ်တစ်ရာကျော် နေထိုင်ခဲ့သည့် သိုင်းဧကရာဇ်ဘိုင်ဟောက်သည် ယခုလိုမျိုး ပါရမီရှင်တစ်ယောက်ရှိနေသည်ကို ဘယ်တော့မှ ယုံကြည်မှာ မဟုတ်ပါဘူး။
"မွန်းစတားပဲ၊ သေချာပေါက် မွန်းစတားတစ်ကောင်ပဲ!" သိုင်းဧကရာဇ် ဘိုင်ဟောက်၏ နှလုံးသားထဲတွင် ခံစားချက်များ ပြည့်နှက်နေသော်လည်း တစ်ချိန်တည်းမှာပင် သူ့မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှု အရိပ်အယောင် ပေါ်လာသည်။
ယခုအချိန်တွင် ဧကရာဇ်မင်းမြတ်ဒါယန်းနှင့် ဧကရာဇ်မင်းမြတ်ထျန်းရှတို့သည် တစ်ယောက်နှင့်တစ်ယောက် ခွဲခြားလို့မရအောင်ပင် တိုက်ပွဲဝင်နေကြသည်။ အချိန်တို အတွင်း အနိုင်အရှုံးကို မဆုံးဖြတ်နိုင်ဟု ခန့်မှန်းလို့ရသည်။ သိုင်းဧကရာဇ် ဟန်ထျန်း သည် တစ္ဆေပါရမီရှင်သိုင်းဧကရာဇ်ကို ဖိနှိပ်ထားနိုင်သော်လည်း တစ္ဆေပါရမီရှင်သိုင်း ဧကရာဇ်က ခံနိုင်ရည်ရှိနေဆဲ ဖြစ်သည်။
မူလက သိုင်းဧကရာဇ်ကျန်းထျန်သည် တိုက်ပွဲကို တတ်နိုင်သမျှ မြန်မြန် အဆုံးသတ်သွားမည်ဟု သူထင်ခဲ့သော်လည်း ချင်ယွင်သည် အလွန်အမင်း ပြင်းထန်သည့် အနီးကပ် တိုက်ခိုက်ရေးစွမ်းအားဖြင့် အမှန်တကယ် ပေါက်ကွဲပြီး သိုင်းဧကရာဇ်ကျန်းထျန်ကို သရေတိုက်ခိုက်နိုင်လိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။
"ဘုန်း!"
နောက်ထပ် ပြင်းထန်သော ထိပ်တိုက်တွေ့ဆုံမှုတစ်ခု ဖြစ်ပွားခဲ့သည်။ သိုင်းဧကရာဇ် ကျန်းထျန် နှင့် ချင်ယွင် နှစ်ဦးစလုံးသည် လူချင်းကွဲသွားကာ ကြောက်မက်ဖွယ် ကောင်းသည့် နောက်ဆက်တွဲတုန်ခါမူများက သူတို့အောက်မှာရှိနေသည့် နန်းတော် တစ်ခုကို အပိုင်းပိုင်း ပြိုကွဲသွားစေခဲ့သည်။
ချင်ယွင်နှင့် သိုင်းဧကရာဇ်ကျန်းထျန်တို့သည် အဝေးမှပင် တစ်ယောက်ကို တစ်ယောက် ကြည့်နေကြကာ သူတို့မျက်လုံးများတွင် ပြင်းထန်သော တိုက်ခိုက်လိုစိတ်များ ပြည့်နှက်နေသည်။
"ငါ မင်းကို လျှော့တွက်ခဲ့မိတာ ဝန်ခံပါတယ်။ ဒါပေမယ့် မင်းငါ့ကို ဒီလိုနည်းနဲ့ အနိုင်ယူနိုင်တယ်လို့ထင်ရင် ဒါက ရယ်စရာကောင်းလွန်းတယ်။ ဒီနေ့ ငါ လျူကျန်းထျန် က ဘယ်လောက် အစွမ်းထက်တယ်ဆိုတာ မင်းကို ပြောပြမယ်"
သိုင်းဧကရာဇ်ကျန်းထျန်သည် အေးစက်သည့် နှာခေါင်းရှုံ့သံ တစ်ချက်ကို ထုတ်ဖော်လိုက်သည်။ မူလကြေးဝါရောင်ရှိသည့် သူ၏အသားအရည်သည် အမှန်တကယ်ပင် အနီရောင်သင်္ကေတပုံစံများကို ထုတ်လွှတ်လာသည်။ ထိုသင်္ကေတ ပုံစံများသည် ပိုမိုရှင်းလင်းလာပြီး နီမြန်းသော အလင်းတန်းများကို ထုတ်လွှတ်ပေး သည်။ ယင်းက သံမဏိကို မီးအပူပေးလိုက်သလိုပင်။ နီရဲပြီး တောက်ပနေခဲ့သည်။
အနီရောင်သင်္ကေတပုံစံများဖြင့် သူ၏ခန္ဓာကိုယ်ပေါ်ရှိ အငွေ့အသက်သည် ပိုမို အားကောင်းလာခဲ့သည်။ သူ၏ခန္ဓာကိုယ်ပေါ်တွင် ရိုင်းစိုင်းသည့်အငွေ့အသက်တစ်ခု တဟုန်ထိုး မြင့်တက်လာခဲ့သည်။
ချင်ယွင်သည် သိုင်းဧကရာဇ်ကျန်းထျန်၏ ခန္ဓာကိုယ်ပေါ်ရှိ နီမြန်းသော သင်္ကေတပုံစံ များကို ကြည့်ပြီး အံ့အားသင့်သော အမူအရာ ပေါ်လာသည်။ ၎င်းသည် "ချုံးချီ" သင်္ကေတပုံစံဖြစ်သည်ကို သူရှင်းရှင်းလင်းလင်း မြင်နိုင်သည်။ ("ချုံးချီ" ဟူသည် တရုတ်ရိုးရာ ဒဏ္ဍာရီနှင့် ဒဏ္ဍာရီများမှ ဆင်းသက်လာသော ရက်စက်ကြမ်းကြုတ်သည့် သတ္တဝါ ဖြစ်ပါသည်)။
ဤအခိုက်အတန့်တွင်၊ ချုံးချီ၏ခန္ဓာကိုယ်မှ အထူးသဖြင့် သူ၏မျက်လုံးတစ်စုံမှ သွေးနီရောင်အလင်းတန်းများကို ထုတ်လွှတ်လိုက်သည်။ သူတို့သည် သိုင်းဧကရာဇ် ကျန်းထျန်ခန္ဓာကိုယ်မှ အချိန်မရွေး ခုန်ထွက်နိုင်သည့်အလား အသက်ရှင်နေပုံရပြီး ချင်ယွင်ကို စိုက်ကြည့်နေသည်။
ဤအခိုက်အတန့်တွင်၊ သိုင်းဧကရာဇ်ကျန်းထျန်သည် နီမြန်းသောမီးတောက် မီးလျှံများ ဖြင့် ရေချိုးနေပုံရပြီး သူ၏ခန္ဓာကိုယ်သည် အလွန်ဆိုးရွားသော အငွေ့အသက်ကို ထုတ်လွှတ်လိုက်သည်။ ချင်ယွင်ကို ကြည့်နေသည့် သူ၏အကြည့်များက ပြင်းထန်သော သတ်လိုစိတ်များဖြင့် ပြည့်နှက်နေသည်။
အခန်း (၃၅၃) ချုံးချီသတ္တဝါ၏အစွမ်း။
ချုံးချီသည် ရှေးဟောင်းနတ်ဘုရားသားရဲများထဲမှ တစ်ကောင်ဖြစ်သည်။ သို့သော် ချုံးချီသားရဲသည် သဘာဝအားဖြင့် နတ်ဆိုးသားရဲဖြစ်သည်။ ထို့ကြောင့် သူ့ကို ရက်စက်ကြမ်းကြုတ်သည့် ရှေးဟောင်းသားရဲအဖြစ် ယေဘုယျအားဖြင့် မှတ်ယူကြ သည်။
ယခု ချင်ယွင်သည် သိုင်းဧကရာဇ်ကျန်းထျန်က ချုံးချီသင်္ကေတပုံစံများ ပိုင်ဆိုင်ထား သည်ကို တွေ့လိုက်ရသောအခါ၊ ချင်ယွင်သည် မည်သို့မျှ မအံ့သြဘဲ မနေနိုင်တော့ပေ။
အကယ်၍ ချင်ယွင်၏ခန့်မှန်းချက်သာ မှန်ကန်ပါက၊ သိုင်းဧကရာဇ်ကျန်းထျန်သည် ချုံးချီသားရဲသွေးမျိုးဆက်ပိုင်ဆိုင်သည့် ဆိတ်သုဉ်းခြင်းသားရဲသွေးအနှစ်သာရကို သူ၏ ခန္ဓာကိုယ်အတွင်းမှာ ထွင်းထုပြီး သူ၏ရုပ်ခန္ဓာကိုယ် ကြံ့ခိုင်သန်မာရန်အတွက် ထူးဆန်းသည့် မိစ္ဆာလမ်းစဉ် ကျင့်ကြံခြင်းနည်းပညာရပ် တစ်မျိုးမျိုးကို အသုံးပြု ကျင့်ကြံထားခြင်း ဖြစ်ရပေလိမ့်မည်။
"ဟား၊ ဟား၊ ချင်ယွင်၊ ဒီနေ့ ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်သန်မာမူမှာ အစစ်အမှန် ပြိုင်ဘက်ကင်းဆိုတဲ့အရာကို ငါမင်းကို မြင်တွေ့ခွင့်ပေးမယ်။"
သိုင်းဧကရာဇ်ကျန်းထျန်သည် ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။ သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော အနီရောင် မီးတောက်မီးလျှံများသည် ကောင်းကင် တုန်ခါသည့်ဟိန်းဟောက်သံကို ထုတ်လွှတ်နေရင်း သူ၏နောက်တွင် ထူးဆန်းသော အသွင်အပြင်တစ်ခုအဖြစ် ပေါင်းစပ်သိပ်သည်းသွားပုံရသည်။
ဝှီး!
သိုင်းဧကရာဇ်ကျန်းထျန်သည် ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်ပြီး အနီရောင် လျှပ်စီးကြောင်းကဲ့သို့ လင်းလက်သွားကာ ချင်ယွင်၏ ရှေ့သို့ ရောက်ရှိလာသည်။
"ဘာလဲဟ? မြန်လိုက်တာ!" ချင်ယွင်၏ မျက်နှာသည် ချက်ချင်းပင် တုန်လှုပ်ခြောက် ခြားသည့် အမူအရာ ပေါ်လာသည်။
သို့သော် သိုင်းဧကရာဇ်ကျန်းထျန်သည် ချင်ယွင်အား တုံ့ပြန်ရန် အချိန် မပေးခဲ့ပါ။ သူက အေးစက်သော အပြုံးကို ထုတ်ပြပြီး ချင်ယွင်၏ ဘယ်ဘက်မျက်နှာကို လက်သီးဖြင့် တိုက်ရိုက် ထိုးသည်။
ချင်ယွင်၏ မူလက ချောမောသောမျက်နှာသည် ချက်ချင်း ပုံပျက်သွားသည်။ လည်ပင်း တစ်ခုလုံး ရွေ့စောင်းသွားကာ အောက်ဘက်နန်းတော်ပေါ်သို့ ချက်ချင်း ပစ်ကျသွားခဲ့ပြီး နန်းတော်တစ်ခုလုံး ချက်ချင်းပြိုကျသွားသည်။
ဝှီး!
သိုင်းဧကရာဇ်ကျန်းထျန်သည် ရပ်တန့်ရန် ရည်ရွယ်ချက်မရှိပေ။ သူ၏တစ်ကိုယ်လုံး ချက်ချင်း အောက်သို့ ပစ်ကျသွားပြီး။ သူ၏ကြီးမားတုတ်ခိုင်သော ခန္ဓာကိုယ်သည် သိပ်သည်းသည့် အနီရောင်မီးတောက်မီးလျှံများကို သယ်ဆောင်လာရင်း မြေပြင် ပေါ်သို့ ကျရောက်နေသော ဥက္ကာပျံကဲ့သို့ အောက်ဘက်ရှိ အပျက်အစီး များကြားထဲသို့ တိုက်ရိုက် ထိုးကျသွားသည်။
"ဘုန်း!"
မြေအောက်ငလျင်ကြောင့်ဖြစ်ပေါ်လာသည့် ဆူနာမီလှိုင်းလုံးများကဲ့သို့ မြေကြီးသည် ချက်ချင်းပေါက်ကွဲကာ ပြန့်ကျဲသွားခဲ့သည်။ ဆယ်ကီလိုမီတာ အကွာအဝေးအတွင်းရှိ နန်းတော်ဗိမာန်များသည် ပြိုကျပျက်ဆီးသွားခဲ့ပြီး အပျက်အစီးပုံကြီးများအဖြစ်သို့ ပြောင်းလဲသွားသည်။
သို့သော်လည်း သိုင်းဧကရာဇ်ကျန်းထျန်သည် သူ၏တိုက်ခိုက်မှုက ချင်ယွင်ကို မထိမှန် ကြောင်း သိလိုက်ရသည့်အတွက် မျက်မှောင်ကြုတ်မိသည်။ အပျက်အစီးများထဲတွင် လဲလျောင်းနေသော ချင်ယွင်သည် အကြောင်းပြချက် မရှိဘဲ ပျောက်ကွယ်သွားခဲ့သည်။
ရုတ်တရက် သိုင်းဧကရာဇ်ကျန်းထျန်သည် ပြင်းထန်သော အန္တရာယ်ကို ခံစားလိုက်ရ သည်။ ရုတ်တရက် သူသည် ကောင်းကင်ယံကို မော့ကြည့်လိုက်သည်။
ချင်ယွင်သည် သူ၏အထက် မီတာတစ်ရာကျော်အကွာလေထဲ့တွင် ရပ်နေပြီး သူ့လက်ထဲတွင် အနက်ရောင်လေးတစ်စင်းကို ကိုင်ထားသည်။ သူသည် လေးနှင့်မြှား ကို တပ်ဆင်ထားပြီး သူ့ကို ချိန်ရွယ်ထားသည်။
ရှည်လျားသော အနက်ရောင်လျှပ်စီးမြှားသည် လေထုထဲတွင် ပြင်းထန်သော ဖျက်ဆီးခြင်း စွမ်းအင် အတက်အကျများဖြင့် ပြည့်နှက်နေသည်။
ဝှီး!
အနက်ရောင်မြှားသည် လေးညှို့ကြိုးကို ချန်ရစ်ထားခဲ့ကာ ကြည်လင် ပြတ်သားသည့် တုန်ခါအသံကို ထွက်ပေါ်လာစေသည်။
လျှပ်စီးလင်းလက်နေသောမြှားသည် လေထဲသို့ မြန်နှုန်းဖြင့် အရှိန်အဟုန်ဖြင့် ပျံတက် သွားခဲ့သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ကြောက်မက်ဖွယ်ရာ လျှပ်စီးဖျက်ဆီးခြင်း စွမ်းအင်အတက်အကျလှိုင်းများပါဝင်နေသည့် လျှပ်စီးမြှားသည် အောက်မှာရှိနေသည့် သိုင်းဧကရာဇ်ကျန်းထျန်ဆီသို့ တဟုန်ထိုး ပြေးဝင်သွားသည်။
သိုင်းဧကရာဇ်ကျန်းထျန်သည် မြှားအတွင်းမှာပါဝင်နေသည့် အစွမ်းထက်သော စွမ်းအားကို သတိပြုမိလိုက်သည်။ အကယ်၍ သူသည် ဤမြှားဖြင့် ထိမှန်မိပါက၊ သူမသေလျှင်ပင် ပြင်းထန်စွာ ဒဏ်ရာရသွားပေလိမ့်မည်။
ထို့ကြောင့် သိုင်းဧကရာဇ်ကျန်းထျန်သည် သူ့ခန္ဓာကိုယ်တစ်ခုလုံးမှ စွမ်းအင်အငွေ့ အသက်များ ချက်ခြင်း ထုတ်ဖော်လိုက်ပြီး အနီရောင် မီးတောက်မီးလျှံများကလည်း သူ့လက်ဖဝါးကို ချက်ချင်း ဖုံးလွှမ်းသွားသည်။
အနက်ရောင်လျှပ်စီးမြှားသည် အနီရောင်မီးတောက်မီးလျှံများဖြင့် ရစ်ပတ်ထားသည့် သိုင်းဧကရာဇ်ကျန်းထျန်၏ လက်ဖဝါးထဲကို ပြင်းထန်စွာ ထိမှန်ပြီး ရိုက်ခတ်သွား သည်။
"ဝှီး!
သိုင်းဧကရာဇ်ကျန်းထျန်၏ ခန္ဓာကိုယ်သည် ချက်ခြင်းပင် လွင့်ပျံသွားသည်။ သူ၏ ခြေထောက်များသည် မြေပြင်ပေါ်တွင် ပေတစ်ထောင်ရှည်လျားသည့် အလွန်ကြီးမား သော စွပ်ကြောင်းကြီးကို ရေးဆွဲသွားသည်။ သူတိုးဝင် ဖြတ်သန်းသွားသော အိမ်များ သည် သူ၏ကိုယ်ခန္ဓာကြောင့် အပျက်အစီးအားအဖြစ် အပိုင်းပိုင်း ပျက်ဆီးသွား ခဲ့သော်လည်း ရှည်လျားသောလျှပ်စီးမြှားသည် သိုင်းဧကရာဇ် ကျန်းထျန်၏ လက်ဖဝါး ကို မထိုးဖောက်နိုင်ခဲ့ပေ။
"ဘုန်း!"
လျှပ်စီးမြှားသည် ပေါက်ကွဲသွားပြီး အနက်ရောင် မိုးကြိုးမုန်တိုင်းကြီး ဖြစ်ပေါ်လာကာ သိုင်းဧကရာဇ်ကျန်းထျန်ကို လွှမ်းခြုံသွားခဲ့သည်။
ချင်ယွင်သည် ကောင်းကင်ယံမှာ ရပ်နေပြီး မျက်လုံးများက အေးစက်နေသည်။
ဤမြှားသည် သိုင်းဧကရာဇ်ကျန်းထျန်ကို ဒုက္ခများစွာ ရောက်စေကြောင်း သူသိသော်လည်း သိုင်းဧကရာဇ်ကျန်းထျန်ကို သတ်ဖြတ်ရန်အတွက် လုံလောက်ခြင်း မရှိသည်မှာ သေချာပါသည်။
"ဘုန်း!"
ဟုတ်ပါသည်၊ ထိုအချိန်မှာဘဲ ခပ်အုပ်အုပ်အသံတစ်ခု ထွက်ပေါ်လာပါသည်။ ယင်းအသံသည် တစုံတစ်ယောက် မြေပြင်ပေါ်ကို တက်နင်းလိုက်ခြင်းမှ ထွက်ပေါ်လာသည့် တုန်ခါသံများဖြစ်သည်။
ထို့နောက်တွင် နီမြန်းသောအလင်းတန်းတစ်ခုသည် အခိုးအငွေ့များကြားမှ ထိုးဖောက် ဝင်ရောက်ကာ ချင်ယွင်ရှေ့တွင် ချက်ချင်းပေါ်လာသည်။
ချင်ယွင်သည် သူ့ကိုယ်သူ ခုခံမကွာကွယ်နိုင်ခင်မှာ သူ့ရင်ဘတ်ကို ပြင်းထန်သည့် လက်သီးချက်က ထိုးမိသွားခဲ့ပြီ။
သူ့တစ်ကိုယ်လုံးသည် အထိန်းအကွပ်မဲ့စွာ ကောင်းကင်ယံဆီ လွင့်ပျံသွားခဲ့သည်။ သူ၏ရင်ဘတ်သို့ တိုးဝင်လာသည့် ကြီးမားလှသောတွန်းအားသည် ပေါက်ကွဲ သွားသကဲ့သို့ သူ၏ရင်ဘတ်သည် နာကျင်မူကို ခံစားလိုက်ရသည်။
"အယ်?"
သိုင်းဧကရာဇ်ကျန်းထျန်သည် သူ့နောက်သို့ အမှန်တကယ် လိုက်ပါ လာနေသော ကြောင့် ချင်ယွင်၏ မျက်လုံးများ ရုတ်တရက် ပြူးကျယ် သွားရသည်။ ထိုအချိန်တွင် သိုင်းဧကရာဇ်ကျန်းထျန်သည် အလွန်လျင်မြန်သော အရှိန်အဟုန်ဖြင့် ပျံသန်းလာ နေခဲ့သည်။
ချင်ယွင်သည် သိုင်းဧကရာဇ်ကျန်းထျန်၏ မျက်နှာကို ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။ ထိုအချိန်တွင် သူ၏မျက်နှာပေါ်မှာ ခြစ်ရာ နှစ်ခု သို့မဟုတ် သုံးခုခန့် ရှိနေပြီး ပါးစပ်ထောင့်တွင် သွေးစသွေးနများ ရှိနေသည်။ သို့သော်၊ ဤအနီရောင် အန္တရာယ် အငွေ့အသက်သည် သူ့ခန္ဓာကိုယ်မှာ ပို၍ပြည့်လာလေ၊ သူသည်လည်း ပို၍ပြင်းထန် လာလေ ဖြစ်သည်။
"ကောင်လေး၊ ဒီနေ့ ငါ မင်းကို ဆင်းရဲခြင်းရဲ့အစစ်အမှန်အရသာက ဘာလဲဆိုတာ ငါပြောပြပေးမယ်။" သိုင်းဧကရာဇ်ကျန်းထျန်မျက်လုံးများမှ သွေးစွန်းနေသည့် အလင်းတန်းများ ထွက်ပေါ်လာသည်။
သံမဏိနှင့်တူသော လက်သီးကြီးသည် ချင်ယွင်၏ ရင်ဘတ်ပေါ်တွင် တိုက်ရိုက် ရိုက်နှိပ်လာပြီး ချင်ယွင်၏ခန္ဓာကိုယ်သည် လေးညှိမှပစ်လွှတ်သော မြှားတစ်စင်း ကဲ့သို့ ကောင်းကင်ပေါ်သို့ ပျံတက်သွားစေသည်။
ချင်ယွင်၏ပုံရိပ်သည် ကောင်းကင်ယံထက် မီတာတစ်သောင်းအကွာသို့ တိုက်ရိုက် လွင့်ထွက်သွားခဲ့သည်။ သူ၏ခန္ဓာကိုယ်က လေထုကို လျင်မြန်စွာ ဆန့်ကျင် ပွတ်တိုက်နေပြီး မီးပန်းမီးပွင့်များပင် အမှန်တကယ် ထွက်ပေါ်နေသည်။
"ဟမ့်၊ မပြီးသေးဘူးကွ!"
သိုင်းဧကရာဇ်ကျန်းထျန်၏ပုံရိပ်သည် ချင်ယွင်၏ အထက်တွင် တစ်ဖန် ပေါ်လာပြန် သည်။ သူသည် လက်သီးများကို တင်းတင်းကြပ်ကြပ် ဆုပ်ကာ ချင်ယွင်၏ နောက်ကျောကို အပြင်းအထန် တရစပ်ထိုးနှက်တိုက်ခိုက်လေသည်။
ချင်ယွင်၏ ခန္ဓာကိုယ်သည် ပြင်းထန်စွာ နာကျင်နေပြီး ခေါင်းပင် မူးဝေနေပါသည်။ သူသည် မီတာတစ်သောင်းအမြင့်မှ မြေပြင်ပေါ်သို့ တည့်တည့်ပြုတ်ကျသွားသည်။
သိုင်းဧကရာဇ်ကျန်းထျန်၏ပြင်းထန်သောတိုက်ခိုက်မှုအောက်တွင်၊ ချင်ယွင်သည် လက်တုံ့ပြန်ရန် အခွင့်အရေး အနည်းငယ်မျှပင် မရှိခဲ့ပေ။
ဒေါင်!
ချင်ယွင်သည် မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပစ်ရိုက်ကျသွားသည်။ မြေကြီးပေါ်တွင် တွင်းနက်ကြီး တစ်ခုကို ဖန်တီးဖြစ်ပေါ်လာခဲ့ပြီး ဖုန်မှုန့်များသည် မီးခိုးများကဲ့သို့ ချက်ချင်းလွင့်စင်သွားကာ ကောင်းကင်ယံတစ်ခုလုံးကို ဖုံးအုပ်သွားသည်။
သိုင်းဧကရာဇ်ကျန်းထျန်၏ မျှော်စင်နှင့်တူသောရုပ်အသွင်အပြင်သည် ချင်ယွင် ပြုတ်ကျခဲ့သည့် ဧရာမတွင်းနက်ကြီးနှင့် မီတာတစ်ရာကျော်တွင် ပေါ်လာပြီး သူ၏မျက်လုံးများတွင် အဆုံးမရှိသည့် သရောလှောင်ပြောင်မှုနှင့်အတူ အထင်အမြင် သေးမှုများ ပြည့်နှက်နေသည်။
"ပထမအဆင့် ကောင်းကင်အလွှာ သိုင်းဧကရာဇ်လေးတစ်ယောက်က ချုံးချီသားရဲနှင့် ပတ်သက်တဲ့ ပညာရပ်ကို အသုံးပြုခွင့်ရသည့်အတွက် မင်းက ငါ့ထက် ပိုပြီး ဂုဏ်ယူစရာ ကောင်းပါတယ်။ ဒါပေမယ့် စောစောက တိုက်ခိုက်မှုက မင်းကိုသတ်ပစ်ဖို့ လုံလောက် သင့်ပြီ!" သိုင်းဧကရာဇ်ကျန်းထျန်သည် အောက်ဘက်ရှိ တွင်းနက်ကြီးကြီးကို ငုံ့ကြည့်ရင်း မထီမဲ့မြင်ပြုကာ ပြောလိုက်သည်။
ထိုစကားကို ပြောပြီးနောက် နီမြန်းသော မီးတောက်မီးလျံများကို သူ၏ခန္ဓာကိုယ်ထဲသို့ ပြန်လည်ရုတ်သိမ်းပြီး လှည့်ထွက်ရန် ပြင်ဆင်တော့မည်။
သို့သော် ယခုအခိုက်အတန့်တွင် အခိုးအငွေ့များကြားမှ အနက်ရောင်လျှပ်စီးများ လင်းလက်လာခဲ့ပြီး ဖုန်မှုန့်အားလုံးကို တိုက်ရိုက်လွင့်စင်သွားစေသည်။ ချင်ယွင်၏ ရုပ်အသွင်အပြင်သည် တွင်းနက်ကြီးထဲမှ ဖြည်းဖြည်းချင်း တက်လာသည်။
"အယ်..တကယ်ကို မသေသေးဘူးလား!" သိုင်းဧကရာဇ်ကျန်းထျန်သည် အံ့အားသင့်စွာ အော်ဟစ်လိုက်သည်။ ချင်ယွင်သည် ဖြည်းညှင်းစွာ မတ်တတ်ရပ်လာသည်ကို မြင်လိုက်ရသည်နှင့် သူ၏မျက်လုံးများတွင် အံ့သြမှုအရိပ်အယောင်များ ထွက်ပေါ်လာ သည်။
ချင်ယွင်ခေါင်းကို ဖြည်းညှင်းစွာ မော့လိုက်သည်။ သူ၏ခန္ဓာကိုယ်ပေါ်ရှိ အနက်ရောင် လျှပ်စီးကြောင်းသည် ဒီရေလှိုင်းကဲ့သို့ တဟုန်းဟုန်း တိုးမြင့်လာနေပြီး ချင်ယွင်နှင့် သူ၏အရေပြားကို လုံးဝဖုံးအုပ်ကာ ချင်ယွင်၏ ခန္ဓာကိုယ်ထဲသို့ အရေပြားလမ်း ကြောင်းများအတိုင်း တောက်လျှောက် စီးဝင်နေလေသည်။
ချင်ယွင်၏ ခန္ဓာကိုယ်သည်လည်း ချက်ချင်းပင် ပြောင်းလဲသွားသည်။ အနက်ရောင် လျှပ်စီးသင်္ကေတများက သူ့အရေပြားပေါ်တွင် ပေါ်လာသည်။ သူ့သူငယ်အိမ် နှစ်ခုလုံးလည်း နက်ရွှေရောင်ပြောင်းသွားကြသည်။ သူ၏နောက်ကျောတွင် ကြီးမားလှ သော နဂါးအတောင်ပံများ ဖြန့်ကျက်လာပြီး နိုင်းယှဉ်လို့မရအောင်ပင် နက်မှောင်နေ သည်။
အဆုံးမဲ့ ပြင်းထန်သောအငွေ့အသက်သည် ကောင်းကင်ယံသို့ တခဏအတွင်း ထိုးဖောက်သွားသည်။
"ဒီတိုက်ခိုက်မှုအသေးစားနဲ့ ခင်ဗျားက ကျုပ်ကို အနိုင်ယူနိုင်မယ်လို့ တကယ်ထင်နေတာလား"
ထိုအချိန်တွင် ချင်ယွင်၏ အသံသည်လည်း ထွက်ပေါ်လာသည်။ ထိုအသံသည် ကြမ်းရှပြီး ခက်ထန်ကာ အဆုံးမရှိသည့် ကြီးစိုးလွှမ်းမိုးနိုင်မူတို့ ပါဝင်နေသည်။ သူ့ခန္ဓာကိုယ်မှ ထုတ်လွှတ်သော အငွေ့အသက်သည် အနှိုင်းမဲ့ အစွမ်းထက် လှသည်၊ ၎င်းသည် သိုင်းဧကရာဇ်ကျန်းထျန်ထက် အားမနည်းတော့ဘဲ သိုင်းဧကရာဇ် ကျန်းထျန် ထက်ပင် အနည်းငယ် ပိုအားကောင်းနေသယောင်ရှိသည်။
ထိုအချိန်တွင် ချင်ယွင်သည်ငရဲမှ လမ်းလျှောက်ထွက်လာသော နတ်ဆိုးနတ်ဘုရား တစ်ပါးကဲ့သို့ပင်။ သူသည် ခေါင်းကိုမော့လိုက်ပြီး ကောင်းကင်ယံမှာ အနီရောင် မီးတောက်မီးလျှံတွေ ရစ်ပတ်ထားသည့် သိုင်းဧကရာဇ်ကျန်းထျန်ကို ကြည့်လိုက် ပေမယ့် သူ့မျက်လုံးတွေက ဂရုမစိုက်မူ အထင်အမြင်သေးမူ အရိပ်အယောင်တွေ ရှိနေသည်။
ယင်းသည် ပေါက်ကွဲလျှပ်စီးသဘောတရား၏ ဆဋ္ဌမအဆင့်ဖြစ်ပြီး ဒေါသ ပေါက်ကွဲ သည့် အခြေအနေတွင် ရှိနေသည်။ ထိုအချိန်တွင် ချင်ယွင်သည် သူ၏ခန္ဓာကိုယ်ထဲတွင် အစစ်အမှန်နဂါးတစ်ကောင်ပါ၀င်ကြောင်းပင် ခံစားလိုက်ရသည်။ အဆုံးမရှိသော စွမ်းအားက သူ့ကို ကောင်းကင်ယံသို့ မော့ပြီး ဟိန်းဟောက်ပစ်ချင်စိတ်ကိုပင် ဖြစ်ပေါ်လာစေသည်။
အခန်း (၃၅၄) သိုင်းဧကရာဇ်ကျန်းထျန်ကိုသတ်ဖြတ်ခြင်း။
သိုင်းဧကရာဇ်ကျန်းထျန်သည် ချင်ယွင်၏ ရုပ်အသွင်အပြင်ကို ကြည့်ရင်း သူ၏ အမူအယာက သိသိသာသာ ပြောင်းလဲသွားခဲ့ပါသည်။ သူ၏မျက်လုံးတွေက ကြောက်ရွံ့မှုတွေနှင့် ပြည့်နေသည်။ သူ၏နဖူးပေါ်မှာရှိနေသည့် အရေးအကြောင်း တွေက လျှိုမြောင်တွေအလား နက်ရှိုင်းနေ၏။ ယခုလေးတင် ချင်ယွင်ထံမှ ထုတ်လွှတ်နေသည့် ကြောက်မက်ဖွယ် ပေါက်ကွဲခြင်း အငွေ့အသက်ကို သူခံစားနိုင် သည်။
အပျက်အစီးများကြားထဲတွင် ထိုင်နေသော သိုင်းဧကရာဇ်ဘိုင်ဟောက်သည် မျက်လုံးများကို ပြူးကျယ်စွာဖွင့်ကာ အနက်ရောင်ဝတ်ချင်ယွင်ကို မယုံကြည်နိုင်စွာ ကြည့်နေလေသည်။
ယခုလေးတင် သိုင်းဧကရာဇ်ကျန်းထျန်သည် ချင်ယွင်ကို အမြင့်မီတာတစ်သိန်း အထက်မှ ထိုးနှက်လိုက်သည်ကို သူမြင်လိုက်သောအခါ သိုင်းဧကရာဇ်ဘိုင်ဟောက် သည် ချင်ယွင်သေပြီဟု ထင်ထားခဲ့သည်။ သို့သော် ချင်ယွင်သည် မသေရုံသာမက၊ ဤအခိုက်အတန့်တွင် ဤကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်ကို အမှန်တကယ် ထုတ်လွှတ်နိုင်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။
ဤအရာက သိုင်းဧကရာဇ်ဘိုင်ဟောက်၏ မျက်လုံးများကို မျှော်လင့်ချက် အရိပ်အယောင်ဖြင့် ဝင်းလက်တောက်ပလာစေသည်။
ချင်ယွင်၏ အနက်ရောင်နှင့် ရွှေရောင်သူငယ်အိမ်များသည် သိုင်းဧကရာဇ် ကျန်းထျန်ကို စိုက်ကြည့်နေဆဲပင်။ ရုတ်တရက် အေးစက်သည့် အလင်းရောင်သည် သူ၏ နက်ရွှေရောင် သူငယ်အိမ်များမှ ဖြတ်သန်းသွားသည်။ ထို့နောက် ချင်ယွင်၏ ရုပ်အသွင်အပြင်သည်လည်း တွင်းနက်ကြီးထဲမှ ပျောက်ကွယ်သွားသည်။
"အယ်?"
သိုင်းဧကရာဇ်ကျန်းထျန်သည် ချက်ခြင်း ထိတ်လန့်သွားပြီး ချင်ယွင်၏ ပုံရိပ်ကို အမြန် ရှာဖွေလိုက်သည်။
"ခင်ဗျားက ခင်ဗျားရဲ့ အရှိန်အဟုန်အမြန်နှုန်းကို သိပ်ကို ယုံကြည်နေတာ မဟုတ်ဘူး လား"
ချင်ယွင်၏ပုံရိပ်သည် သိုင်းဧကရာဇ်ကျန်းထျန်၏ နောက်တွင် တစ္ဆေသရဲကဲ့သို့ ပေါ်လာသည်။ သူ၏အသံသည် ငရဲမှာရှိနေသည့် သေမင်း၏ အသံကဲ့သို့ သိုင်းဧကရာဇ် ကျန်းထျန်ဆီ ဝင်ရောက်လာခဲ့သည်။
သိုင်းဧကရာဇ် ကျန်းထျန်သည် ရုတ်တရက် လှည့်ကြည့်လိုက်လျှင် ချင်ယွင်က သူ့ကို အေးစက်စွာ ကြည့်နေသည်ကို တွေ့လိုက်ရသည်။
"ငရဲကိုသွားလိုက်တော့!"
သိုင်းဧကရာဇ်ကျန်းထျန်သည် ချက်ချင်း ဟိန်းဟောက်ပြီး သူ၏နောက်ကွယ်မှ အနီရောင်မီးတောက်မီးလျှံများက တဖန် ထွက်ပေါ်လာပြန်သည်။ ကြောက်စရာ ကောင်းသော စွမ်းအားများပါရှိသည့် လက်သီးက ချင်ယွင်ဆီသို့ တိုက်ရိုက် ထိုးနှက် သွားသည်။
သို့သော်၊ သူ၏လက်သီးသည် ချင်ယွင်၏ခန္ဓာကိုယ်ကို ထိုးဖောက်ဝင်ရောက်ဆဲ ဖြစ်သော်လည်း ခန္ဓာကိုယ်ကို ထိမှန်သွားသည့် အရိပ်ယောင်မျိုး ရှိမနေခဲ့ပေ။
"ဟမ့်၊ ခင်ဗျားရဲ့အမြန်နှုန်းက အရမ်းမြန်တာပဲနော်!"
ချင်ယွင်၏ ပုံရိပ်သည် သိုင်းဧကရာဇ်ကျန်းထျန်၏ နောက်ကွယ်ကျောဘက်မှာ တစ္ဆေသရဲကဲ့သို့ ထွက်ပေါ်လာပြန်ပြီး သူ၏အသံမှာ အနည်းငယ် တိုးသော်လည်း လွှမ်းမိုးနိုင်စွမ်းရှိနေဆဲ ဖြစ်သည်။
သိုင်းဧကရာဇ်ကျန်းထျန်သည် သူ ကစားခံနေရသလို ခံစားလိုက်ရသည်။ ချင်ယွင်သည် သူ၏နောက်တွင် အကြိမ်ကြိမ်အဖန်ဖန် ပေါ်လာသော်လည်း မတိုက်ခိုက် ခဲ့ပေ။ ယင်းက အနီးကပ်တိုက်ပွဲတွေမှာ အမြဲဂုဏ်ယူခဲ့ရသော သိုင်းဧကရာဇ် ကျန်းထျန်သည် သူ့ကို ကိုယ်လုံးတီးအရှက်ခွဲနေသည်ဟု ခံစားရစေသည်။
"ငါ မင်းကို သေစေချင်တယ်!"
သိုင်းဧကရာဇ်ကျန်းထျန်သည် အရူးအမူး အော်လိုက်သည်။ သူ၏နောက်မှ နီမြန်းသော မီးတောက်မီးလျှံများက မြင့်တက်လာခဲ့ပြီး ချင်ယွင်ဆီသို့ တဟုန်ထိုး ပြေးဝင် သွားခဲ့သည်။
ချင်ယွင်၏ နောက်ကျောမှ နဂါးအတောင်များသည့် တဖျပ်ဖျပ်ခတ်လာပြီး သူသည် အနက်ရောင်လျှပ်စီးကြောင်းတစ်ခုအဖြစ် ပြောင်းလဲသွားပါသည်။ သူသည် သိုင်းဧကရာဇ် ကျန်းထျန်ရှေ့မှာ ချက်ချင်း ပေါ်လာသည်။ အနက်ရောင် လျှပ်စီးများ လွှမ်းခြုံထားသည့် လက်သီးသည် သိုင်းဧကရာဇ်ကျန်းထျန်၏ ဝမ်းဗိုက်ပေါ်သို့ အပြင်းအထန် ရိုက်နှိပ်လိုက်သည်။
"အယ်...!"
သိုင်းဧကရာဇ်ကျန်းထျန်သည် သူ၏ဝမ်းဗိုက်ဆီ တိုးဝင်လာသည့် ကြောက်မက်ဖွယ် ကောင်းသောစွမ်းအားကို ခံစားလိုက်ရသည်။ သူ့ဝမ်းဗိုက်ရှိ ကြွက်သားများသည် နာကျင်ကိုက်ခဲနေ၏။ သူသည် ပုဇွန်တစ်ကောင်လို ကွေးညွှတ်သွားပြီး သွေးတစ် လုတ်ကို ထွေးထုတ်လိုက်ရသည်။ သူသည် လျှင်မြန်စွာ နောက်ကို လွင့်ပျံသွားသည်။
ချင်ယွင်၏ အကြည့်များက အေးစက်နေဆဲ ဖြစ်ပြီး ဘာမှမထူးခြားသည့် အလားပင်။ သိုင်းဧကရာဇ်ကျန်းထျန် ယခင်က သူလုပ်ခဲ့သည့်အရာတိုင်း ပြန်လည်ပေးဆပ်ရမည်။ သူ့နောက်ကျောမှ နဂါးအတောင်များသည် ဆက်လက် တဖျပ်ဖျပ်ခတ်နေကာ သူ့ပုံရိပ်ကလည်း အနက်ရောင်လျှပ်စီးကြောင်းအဖြစ် ဆက်လက်ပြောင်းလဲပြီး လိုက်ပါသွားခဲ့သည်။ သူသည် သိုင်းဧကရာဇ်ကျန်းထျန်ကို မျက်နှာချင်းဆိုင် အနေထားဖြင့် ကြည့်လိုက်သည်။
"ခင်ဗျားရဲ့ ချုံးချီစွမ်းအားက သိပ်ကိုအားကောင်းတယ်လို့ မထင်ခဲ့ဘူးလား?" ချင်ယွင်၏ အေးစက်သော သရော်လှောင်ပြောင်မှုသည် သိုင်းဧကရာဇ် ကျန်းထျန်၏ နားထဲတွင် ဆက်လက် ထွက်ပေါ်လာသည်။
သိုင်းဧကရာဇ်ကျန်းထျန်သည် ရူးသွပ်သွားစေရန်အထိပင် တွန်းအားပေးနေခဲ့သည်။ သူ၏မျက်လုံးများက ကြက်သွေးရောင်ပြောင်းသွားပြီး သူ၏ခန္ဓာကိုယ်ပေါ်ရှိ ထူးဆန်း သော မီးတောက်မီးလျှံများသည် ပြန်လည်မြင့်တက်လာသည်။ တခဏအတွင်းမှာပင် သူသည် တန်ပြန်တိုက်စစ်ဆင်ချင်သည့်အလား သူ၏အငွေ့အသက်တွေကလည်း တဟုန်ထိုး ပြန့်နှံ့လာခဲ့သည်။
သို့သော်လည်း ချင်ယွင်က သူ့ကို အခွင့်အရေးနည်းနည်းမှ မပေးခဲ့ပါဘူး။ ဒူးတိုက်ချက် တစ်ခုက သူ၏ရင်ဘတ်ပေါ် တိုက်ရိုက်တိုးဝင်လာခဲ့ပြီး လေထဲသို့ လွင့်ပျံသွားစေ ခဲ့သည်။
မူလက သိုင်းဧကရာဇ်ကျန်းထျန်၏ ခန္ဓာကိုယ်ကို ဖုံးလွှမ်းခဲ့သော ကြက်သွေးရောင် မီးတောက်မီးလျှံများသည် ချက်ချင်းပင် ပျောက်ကွယ်သွားပြီး သူ၏ရင်ဘတ်ရှိ ချုံးချီသင်္ကေတ တက်တူးသည်လည်း ပျောက်ကွယ်သွားခဲ့သည်။
သိုင်းဧကရာဇ်ကျန်းထျန်၏ ခန္ဓာကိုယ်သည် ကောင်းကင်ယံမှာ အထိန်းအကွပ်မဲ့စွာ လွင့်ပျံသွားခဲ့သည်။ ချင်ယွင်၏ တိုက်ခိုက်မှုကြောင့် သူ၏တစ်ကိုယ်လုံး ထုံကျင်သွား ကာ တုံ့ပြန်နိုင်ခြင်း လုံးဝ မရှိခဲ့ပေ။
ထို့ကြောင့် သိုင်းဧကရာဇ်ကျန်းထျန်၏ ခန္ဓာကိုယ်သည် အမြင့်မီတာ တစ်သောင်းအထိ တိုက်ရိုက် လွင့်ပျံခဲ့သည်။ ချင်ယွင်သည် မီတာတစ်သောင်း အမြင့်တွင် ရပ်နေပြီး သူ့ကို စောင့်နေသည်။ သိုင်းဧကရာဇ်ကျန်းထျန် သူ့အပေါ် စောစောက လုပ်ခဲ့သည့် အရာအားလုံးကို သူ့ဆီ ပြန်ပေးချင်နေသည်။
"ဘုန်း!"
ချင်ယွင်သည် သူ၏လက်သီးများကို တင်းကြပ်စွာ ဆုပ်ထားပြီး သိုင်းဧကရာဇ် ကျန်းထျန်၏ နောက်ကျောကို တိုက်ရိုက် ထိုးချလိုက်သည်။
"ဖျစ်!" အက်ကွဲအသံတစ်ချက် ထွက်ပေါ်လာသည်.။
သိုင်းဧကရာဇ်ကျန်းထျန်၏ ကျောရိုးကျိုးသွားပြီး လျင်မြန်စွာ လဲကျသွားခဲ့သည်။
ထိုမြင်ကွင်းကိုမြင်ပြီး ချင်ယွင်သည် သူ့နောက်ကို ဆက်မလိုက်တော့။ ယင်းအစား၊ သူသည် မိုးကြိုးနတ်ဘုရားလေးကို ထပ်မံထုတ်ယူလိုက်သည်။
ဤတစ်ကြိမ်တွင် ချင်ယွင်သည် မိုးကြိုးနတ်ဘုရားလေးကို ဟန်ပန်အပြည့်ဖြင့် ကွေးသွားသည်အထိ ဆွဲတင်လိုက်သည်။
ဝှီး!
အဆုံးမရှိပြင်းထန်သော လျှပ်စီးမြှားသည် ကောင်းကင်မှဆင်းသက်လာခဲ့ပြီး သိုင်းဧကရာဇ်ကျန်းထျန်၏နောက်သို့ လိုက်ပါသွားခဲ့သည်။
"အား!"
သနားစရာကောင်းသော အော်ဟစ်သံနှင့်အတူ၊ လျှပ်စီးမြှားသည် သိုင်းဧကရာဇ် ကျန်းထျန်၏ ရင်ဘတ်ကို နောက်ကျောမှတဆင့် ထိုးဖောက်ဝင်ရောက်ကာ သူ့ကို မြေပြင်ပေါ်စွဲကပ်နေအောင် ရိုက်နှက်သလိုဖြစ်သွားခဲ့သည်။
"ဘုန်း!"
ကောင်းကင်တုန်ခါလောက်သည့် ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။
ကြီးမားသော တွင်းနက်ကြီးတစ်ခုသည် မြေပြင်ပေါ်တွင် ပေါ်လာခဲ့ပြီး ကြီးမားသော မှိုပွင့်တိမ်တိုက်ကြီးက လေထဲထဲတွင် မြင့်တက်လာခဲ့သည်။
သိုင်းဧကရာဇ်ကျန်းထျန်သည် အခင်းဖြစ်သည့် နေရာတွင်ပင် တိုက်ရိုက် သေဆုံးသွား ခဲ့ပြီး သူ၏အလောင်းသည် အစိပ်စိပ်အမွာမွှာ ပေါက်ကွဲကာ မြို့တော်လေထုထဲတွင် လုံးဝ ပျံ့လွင့်သွားခဲ့သည်။
ချင်ယွင်သည် သူ၏လက်ထဲတွင် ကြီးမားသော လေးတစ်ချောင်းကို ကိုင်ဆောင်ရင်း ကောင်းကင်ထက်တွင် ရပ်နေသည်။ သူ၏မျက်လုံးများက အေးစက်နေပြီး ပြိုင်ဘက်ကင်း နတ်ဆိုးနတ်ဘုရားတစ်ပါးလို ဖြစ်နေသည်။
အနီးအနားဝန်းကျင်မှာရှိနေသည့် သိုင်းဧကရာဇ်ဘိုင်ဟောက်သည် အံသြသွားရပြီ။ ယခုလေးတင် ချင်ယွင်၏ ဆက်တိုက်ဆိုသလို တိုက်ခိုက်မှုများက သူ့ကို အံသြသွား စေသည်။ ယခင်က တုနှိုင်းမရလောက်အောင် အစွမ်းထက်ခဲ့သည့် သိုင်းဧကရာဇ် ကျန်းထျန်သည် ချင်ယွင်၏ရှေ့မှာ လက်တုံ့ပြန်ဖို့ပင် ခွန်အားမရှိခဲ့ပါဘူး။
ပထမအဆင့် ကောင်းကင်အလွှာ သိုင်းဧကရာဇ်တစ်ပါးနှင့် သတ္တမအဆင့် ကောင်းကင်အလွှာ အထွက်အထိပ်ရှိ သိုင်းဧကရာဇ်အကြား တိုက်ပွဲ၏ နောက်ဆုံး အနိုင်အရှုံးသည် သိုင်းဧကရာဇ်ဘိုင်ဟောက်၏ နားလည်မှုကို လုံးဝကျော်လွန် သွားခဲ့သည်။
ချင်ယွင်၏ တိုက်ပွဲအတွင်း လှုပ်ရှားမှုများက တိုက်ပွဲဝင်နေသော အခြားလေးယောက် ကိုလည်း လုံးဝ သတိထားမိစေခဲ့သည်။
သူတို့အားလုံးသည် လက်ရှိတိုက်ပွဲကို ရပ်လိုက်ကြပြီး ချင်ယွင်ဆီသို့ လှမ်းကြည့် လိုက်သည်။ သိုင်းဧကရာဇ် ကျန်းထျန်သည် ချင်ယွင်၏ သတ်ဖြတ်ခြင်းခံရသည်ကို အမှန်တကယ် တွေ့လိုက်ရသည့်အခါတွင် သူတို့၏ မျက်နှာများသည် အံ့ဩခြင်းများ ဖြင့် ပြည့်နှက်နေသည်။
ဧကရာဇ်မင်းမြတ် ထျန်းရှသည် ဤမြင်ကွင်းကို မြင်သောအခါ သူ၏မျက်နှာသည် ချက်ချင်းပင် နိုင်းယှဉ်ပြလို့မရသည့် ဒေါသအမူအရာ ပေါ်လာသည်။
မူလက သိုင်းဧကရာဇ်ကျန်းထျန်သည် ထိုပုရွက်ဆိတ်နှစ်ကောင်ကို လျင်မြန်စွာ ကိုင်တွယ်ဖြေရှင်းနိုင်မည်ဟု သူထင်ခဲ့သော်လည်း နောက်ဆုံးတွင် ဤပုရွက်ဆိတ်သည် သိုင်းဧကရာဇ် ကျန်းထျန်ကိုသတ်ဖြတ်နိုင်သည့်အထိ အလွန်ပြင်းထန်သော တိုက်ပွဲ စွမ်းအားတစ်ခုဖြင့် ပေါက်ကွဲထွက်လာလိမ့်မည်ဟု သူမထင်ထားခဲ့ပေ။
ယခုမှသာလျှင် သူသည် ကြီးမားသော အမှားတစ်ခုကို ကျူးလွန်မိကြောင်း အမှန်တကယ် သိရှိနားလည်ခဲ့ပြီ။ ယင်းမှာ ချင်ယွင်ဟုခေါ်သော ဤလူငယ်ကို သူသည် လုံးဝ လျှော့တွက်မိလိုက်ခြင်းပင် ဖြစ်သည်။
ပထမအဆင့် ကောင်းကင်အလွှာ သိုင်းဧကရာဇ်တစ်ပါးသည် သတ္တမအဆင့် ကောင်းကင်အလွှာ အထွက်အထိပ်တွင်ရှိနေသည့် သိုင်းဧကရာဇ်တစ်ပါးကို အမှန်တကယ် သတ်ပစ်နိုင်သည်။ အကယ်၍ ထိုလူသည် ဒုတိယအဆင့် ကောင်းကင်အလွှာ ဧကရာဇ်အဆင့်မှ တိုးတက်လာခဲ့ပြီး တတိယအဆင့် ကောင်းကင်အလွှာ သိုင်းဧကရာဇ်အဆင့်သို့ ရောက်ရှိသွားပါက ထိုလူသည် သူ့ကိုလည်း သတ်ဖြတ်လာနိုင်သည် မဟုတ်ပါလား။
"ဘာပဲဖြစ်ဖြစ် ဒီချင်ယွင် သေရမယ်!" ဧကရာဇ်မင်းမြတ် ထျန်းရှသည် မျက်မှောင် ကြုတ်ကာ သူ၏မျက်လုံးများတွင် ပြင်းထန်သော သတ်ဖြတ်လိုစိတ် ပေါ်လာသည်။ ချင်ယွင်၏ ခြိမ်းခြောက်မှုကို သူလည်း ခံစားနိုင်သည်။
ဧကရာဇ်မင်းမြတ်ထျန်းရှသည် ဒေါသအမျက်ထွက်နေချိန်မှာ ဧကရာဇ်မင်းမြတ် ဒါယန်းကတော့ စိတ်လှုပ်ရှားနေချိန် ဖြစ်သည်။ ချင်ယွင်၏ ပေါက်ကွဲထွက် လာသည့် စွမ်းအားကြောင့် သူကိုယ်တိုင်ပင် ထိတ်လန့်သွားသော်လည်း ချင်ယွင်သည် သူ၏ ဘက်တွင် ရှိနေသူ ဖြစ်သည်။ ချင်ယွင် ပို၍သန်မာလေ၊ သူ့အတွက် ပို၍ အကျိုးများလေ ဖြစ်သည်။
"ဟား၊ ဟား၊ ထျန်းရှ၊ မင်းဘေးမှာ လူနှစ်ယောက်ပဲ ကျန်တော့တယ်။ ချင်ယွင်က သူ့ရဲ့ခွန်အား ပြန်ကောင်းလာချိန်ကို စောင့်ပြီး ဟန်ထျန်းကို သတ်ဖို့အတွက် ဝေရှန်းကို ကူညီပေးနိုင်တယ်။ မင်း ငါတို့အားလုံးကို ဘယ်လိုအနိုင်ယူမလဲဆိုတာ ငါ ကြည့်ချင် မိတယ်" ဧကရာဇ်မင်းမြတ် ဒါယန်းက ကျယ်လောင်စွာ ရယ်မောလိုက်သည်။
ဧကရာဇ်မင်းမြတ်ဒါယန်း၏ စကားကို ကြားသောအခါ ဧကရာဇ်မင်းမြတ် ထျန်းရှသည် ဒေါသများနှင့်အတူ သူ၏မျက်လုံးများက တောက်လောင်သွားသည်။
တစ္ဆေပါရမီရှင်သိုင်းဧကရာဇ်နှင့် သိုင်းဧကရာဇ်ဟန်ထျန်းတို့သည်လည်း ချင်ယွင်ကို အံ့အားသင့်စွာ ကြည့်နေကြသည်။
တစ္ဆေပါရမီရှင်သိုင်းဧကရာဇ်သည် ဝမ်းသာအားရဖြစ်နေပြီး သိုင်းဧကရာဇ် ထာဝရ ကောင်းကင် (သိုင်းဧကရာဇ်ဟန်ထျန်း)၏ မျက်လုံးများက သတ်ဖြတ်လိုသည့် ဆန္ဒများ ဖြင့် ပြည့်နှက်နေပါသည်။ ဘာပဲဖြစ်ဖြစ် ဤချင်ယွင် သေရလိမ့်မည်။
သို့သော်လည်း ယခုအချိန်တွင် ချင်ယွင်သည် ပတ်ဝန်းကျင်ရှိလူများ၏ အတွေးများကို ဂရုမစိုက်နိုင်တော့ပေ။
သူသည် မြေပြင်ပေါ်ရှိ အပျက်အစီးများကြားတွင် တင်ပျဉ်ခွေထိုင်နေ၏။ သူ၏ ခန္ဓာကိုယ်သည် အလွန်အားနည်းသော အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်ပြီး သူ၏ ခန္ဓာကိုယ်ကို ပြန်လည်ကုစားနိုင်ရန်အတွက် သူ၏ အသက်စွမ်းအားကို စဉ်ဆက်မပြတ် အသုံးပြုနေရပါသည်။
သူ့ဘက်မှ ဖြစ်ပေါ်လာသော ရုန်းရင်းဆန်ခတ်ဖြစ်မှုသည် ဧကရာဇ်မင်းမြတ် ထျန်းရှနှင့် သိုင်းဧကရာဇ်ဟန်ထျန်းတို့၏ အာရုံစိုက်မှုကို သေချာပေါက် ဆွဲဆောင်နိုင်မည်ဟု သူသိသည်။ ထိုအချိန်တွင်၊ သူသည် ထိလူများ၏သတ်ပစ်လိုသည့် ရည်ရွယ်ချက်ကို သေချာပေါက် ဆွဲဆောင်နိုင်မည်ဖြစ်သည်။ ထို့ကြောင့် သူ၏ခွန်အားကို တတ်နိုင်သမျှ အမြန်ဆုံး ပြန်လည်ရရှိရန် လိုအပ်သည်။
အခန်း (၃၅၅) တိုက်ပွဲကြီးဆက်လက်ဖြစ်ပွားခြင်း
အသက်စွမ်းအားသည် သူ၏ခန္ဓာကိုယ်တစ်ခုလုံးအနှံ့ စီးဆင်းသွားခဲ့ပြီး ချင်ယွင်၏ နာကျင်နေသော ကြွက်သားများနှင့် သူ၏ အလွန်အမင်း နာကျင်နေသော ခန္ဓာကိုယ်ကို အဆက်မပြတ် ပြန်လည်ကုစားပြီး သက်သာလာစေသည်။
ပေါက်ကွဲလျှပ်စီးသဘောတရား၏ ဒေါသပေါက်ကွဲသည့် အခြေအနေသည် လူတစ်ဦး၏ ခန္ဓာကိုယ်ကို အရူးအမူး အားကောင်းစေနိုင်သော်လည်း နောက်ပိုင်း ဘေးထွက်ဆိုး ကျိုးများမှာ အလွန်ကြီးမားပါသည်။
ချင်ယွင်၏ အသက်စွမ်းအားသည် ပြန်လည်ကုစားနိုင်စွမ်းမှာ အလွန်အားကောင်း သော်လည်း၊ သူသည် ခဏတာအတွင်း တိုက်ခိုက်နိုင်စွမ်း မရှိသေးပေ။
ကောင်းကင်ယံမှာ တိုက်ပွဲတွေက ဆက်လက်ဖြစ်ပွားနေပါသည်။ ဧကရာဇ်မင်းမြတ် ဒါယန်းနှင့် ဧကရာဇ်မင်းမြတ်ထျန်းရှတို့သည် အလွန်ပြင်းထန်သည့် အနေထားအထိ တိုက်ပွဲဝင်နေပြီ ဖြစ်သည်။
ဧကရာဇ်မင်းမြတ်ထျန်းရှ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော အနက်ရောင်ချီသည် ဧရာမ နဂါးနက်ကြီးနှင့်တူနေပြီး ဧကရာဇ်မင်းမြတ်ဒါယန်းဆီသို့ အဆက်မပြတ် ပျံ့နှံ့ဝင်ရောက်နေသည်။ ၎င်း၏ စွမ်းအားသည် အံ့ဩစရာဖြစ်ပြီး အနက်ရောင် အန္တရာယ်အငွေ့အသက်နဂါးကြီး ဖြတ်သွားသည့် နေရာတိုင်းတွင် အပျက်အစီး အစုအပုံများ ကျန်ရစ်ခဲ့သည်။
ဧကရာဇ်မင်းမြတ် ဒါယန်းသည်လည်း အကျောခံလိုစိတ် မရှိခဲ့ပေ။ ခရမ်းရောင် အစစ်အမှန် နဂါးချီကိုးကောင်က သူ၏ခန္ဓာကိုယ်ကို ကျယ်ကျယ်ပြန့်ပြန့် ဖွင့်ပိတ် အနေထားဖြင့် ကာကွယ်ပေးထားသည်။ သူ၏ တောင်များကိုပင် လှုပ်ခါနိုင်သည့် လက်သီးများကလည်း ဧကရာဇ်မင်းမြတ်ထျန်းရှကို ဆက်တိုက်ဆိုသလို တန်ပြန် တိုက်ခိုက်နိုင်သည်။
သူတို့နှစ်ဦးကြားက တိုက်ပွဲသည် အရိပ်သဖွယ် လျင်မြန်စွာရွေ့လျားနေပြီး အလွန် ပြိုင်ဘက်ညီနေကာ ရလာဒ်ကို အချိန်အတိုင်းအတာတစ်ခုအတွင်း ဆုံးဖြတ်ဖို့က မဖြစ်နိုင်ပါဘူး။
ဧကရာဇ်မင်းမြတ် ထျန်းရှနှင့် ဧကရာဇ်မင်းမြတ်ဒါယန်းတို့သည် နဝမအဆင့် ကောင်းကင်အလွှာ အထွက်အထိပ် သိုင်းဧကရာဇ်အဆင့် ကျွမ်းကျင်များ ဖြစ်ကြသော ကြောင့် သူတို့၏ အားသာချက်ကိုယ်စီမှာလည်း သဘာဝအားဖြင့် များစွာကွာခြားခြင်း မရှိပေ။ ဤအဆင့်တိုက်ပွဲမျိုးကို သူတို့၏ ခွန်အားဖြင့် လုံးလုံးလျားလျား ဖိနှိပ် ထားနိုင်ခြင်းမျိုး မရှိခဲ့ပါက၊ သူတို့ပြိုင်ဘက်၏ အားနည်းချက် ထွက်ပေါ်လာရန်သာ စောင့်ဆိုင်းနိုင်တော့သည်။ ထိုသို့မဟုတ်လျှင် သူတို့သည် သုံးရက်သုံးညလောက် တိုက်ခိုက်နေလျှင်ပင် အနိုင်အရှုံးကွဲပြားမည် မဟုတ်ပေ။
သို့သော် တစ္ဆေပါရမီရှင်သိုင်းဧကရာဇ်၏ ဘက်တွင်မူ အနည်းငယ် အန္တရာယ်ရှိ နေသည်။ သူသည် တိုက်ပွဲကို အကောင်းဆုံး ကြိုးစား တိုက်ခိုက်နေသော်လည်း အချိန်အကြာကြီး ထိန်းမထားနိုင်မှာ စိုးရသည်။ တစ္ဆေပါရမီရှင်သိုင်းဧကရာဇ်၏ အရည်အချင်းသည် သာမန်ထက် ထူးခြားကောင်းမွန်သော်လည်း၊ သူသည် သိုင်းဧကရာဇ် ဟန်ထျန်းထက် နိမ့်ကျနေဆဲ ဖြစ်သည်။ သူ ယခုလောက်ကြာအောင် ခုခံနိုင်ခြင်းကပင် သူ့အတွက် တော်တော်လေး ကောင်းမွန်နေပါပြီ။
တစ္ဆေပါရမီရှင်သိုင်းဧကရာဇ်နှင့် သိုင်းဧကရာဇ်ဟန်ထျန်းတို့ နှစ်ဦးစလုံးသည် ဓားများ ကို အသုံးပြုခဲ့ကြသော်လည်း သိုင်းဧကရာဇ်ဟန်ထျန်း၏ ဓားသိုင်းပညာ ရပ်များသည် တစ္ဆေပါရမီရှင်သိုင်းဧကရာဇ်၏ ဓားသိုင်းပညာရပ်များထက်များစွာ ထက်မြက်သည်။ သူ၏ ဓားတစ်ချက် ခုတ်ပိုင်းလိုက်ခြင်းက ကမ္ဘာမြေကြီး တုန်ခါစေကာ ဓားအလင်းကျ ရောက်ရာ နေရာရှိ နန်းဆောင်များနှင့် စံအိမ်များ အားလုံးကို ဖြတ်တောက်ပြီး ကြီးမားနက်ရှိုင်းသည့် ဓားအမှတ်အသားများကို ဖြစ်ပေါ်စေသည်။
တစ္ဆေပါရမီရှင်သိုင်းဧကရာဇ်သည် သိုင်းဧကရာဇ်ဟန်ထျန်း၏ဓားချီကြောင့် နောက်ကို အကြိမ်ကြိမ် ပြန်ဆုတ်ပြီး ခုခံနေရသည်။ သူသည် တဖက်လူ၏ ဓားချီကြောင့် တိုက်ရိုက် ထိခိုက်ဒဏ်ရာ မရရှိခဲ့သော်လည်း ဓားချီ၏ ကြောက်မက်ဖွယ်ကောင်းသော ရိုတ်ခတ်မူက တစ္ဆေပါရမီရှင်သိုင်းဧကရာဇ်၏ ရင်ဘတ်ကို လှုပ်ခါသွားဆဲ ဖြစ်ပြီး သူ၏ပါးစပ်ထောင့်မှ သွေးများ စီးကျလာသည်။
ဝှီး!
သိုင်းဧကရာဇ်ဟန်ထျန်း၏ ပုံရိပ်သည် လေထဲသို့ ပျံတက်သွားခဲ့ပြီး သူ၏ လက်ထဲတွင် ရှိနေသောဓားသည် ထောင်ပေါင်းများစွာသော ဓားအရိပ်များအဖြစ်သို့ ပြောင်းလဲ သွားကာ တစ္ဆေပါရမီရှင်သိုင်းဧကရာဇ်ဆီသို့ ခုတ်ပိုင်းလိုက်လေသည်။
ကြောက်မက်ဖွယ်ကောင်းသော ဓားအလင်းတွင် ပြင်းထန်သည့် စွမ်းအင် အတက်အကျ လှိုင်းများ ပါဝင်နေသည်။ အကြည့်တစ်ချက်ဖြင့်ပင် ရင်တထိတ်ထိတ် ဖြစ်သွားစေ သည်။
တစ္ဆေပါရမီရှင် သိုင်းဧကရာဇ်သည်လည်း ချက်ချင်းပင် ထိတ်လန့်သွားသည်။ သူသည် သူ့ဓားကို အလျင်အမြန်အသုံးပြုပြီး သူ့ကိုယ်သူ ခုခံကာကွယ်လိုက်သည်။ ထို့နောက် သူ၏ဓားအလင်းက သိုင်းဧကရာဇ်ဟန်ထျန်း၏ဓားကို ထိလိုက်သည့် အခိုက်တွင် ခုခံနိုင်စွမ်းမရှိသည့် စွမ်းအားတစ်ခုက သူ့ဆီသို့ တိုးဝင်လာသည်ကို ခံစားလိုက်ရသည်။
"အလွန်သန်မာလွန်းတယ်!"
တစ္ဆေပါရမီရှင်သိုင်းဧကရာဇ်က အံ့အားသင့်စွာ အော်ပြောလိုက်သည်။ သူ၏ခန္ဓာကိုယ် တစ်ကိုယ်လုံးသည် ချက်ချင်း ပစ်လွင့်သွားခဲ့ပြီး သူ၏ခန္ဓာကိုယ်က နန်းတော်ဆယ်ခုကို ဆက်တိုက် တိုးဝင်သွားခဲ့သည်။
"ဟမ့်၊ ငါ့ရှေ့မှာ မင်းရဲ့ဓားကို အသုံးပြုရဲတယ်ပေါ့! မင်းက သေခြင်းတရားကို တောင်းခံနေတာပဲ"
သိုင်းဧကရာဇ်ဟန်ထျန်းသည် လေထဲတွင် ရပ်နေကာ သူ၏ ပါးစပ်အစွန်းများက အထင်အမြင်သေးကာ လှောင်ပြောင်နေဟန်ရှိသည်။ သူ၏လက်ထဲမှ ဓားအလင်းက တစ်ဖန် ပျံ့နှံ့လာပြန်ပြီး သူ၏လက်ထဲရှိဓားဆီမှ ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအင်အတက်အကျလှိုင်းတစ်ခု ပျံ့နှံ့သွားသည်။ ဤဓားသည် ကောင်းကင်နှင့် မြေကြီးအပေါ် သက်ရောက်မူ ရှိသွားသကဲ့သို့ လေထုနှင့် တိမ်တိုက်များကပါ လှုပ်ခတ်သွားခဲ့ပြီး အရှိန်အဟုန်က လွှမ်းမိုးနိုင်စွမ်းရှိနေသည်။
"သေလိုက်တော့၊ ဓားတစ်ချောင်းနဲ့ လီတစ်သောင်းကိုတိုက်ခိုက်ခြင်း!"
သိုင်းဧကရာဇ်ဟန်ထျန်းက ကျယ်လောင်စွာ အော်လိုက်သည်။ သူ့လက်ထဲမှ ဓားကို ခုတ်ပိုင်းလိုက်သည်နှင့် အနက်ရောင်ဓားအလင်းက ချက်ချင်းပင် ဓားမှ ထွက်ခွာသွားသည်။ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်အတက်အကျ များသည် အောက်ဘက်ရှိ မြေပြင်အားလုံးကို လွင့်ပျံသွားစေသည်။ ၎င်းသည် ရေခဲမြစ်ကိုဖြတ်၍ မြေပြင်ပေါ်၌ ကြီးမားသောအက်ကွဲကြောင်းကြီးတစ်ခု ချန်ထားရစ်ခဲ့သည့်အလား တစ္ဆေပါရမီရှင် သိုင်းဧကရာဇ်ပြုတ်ကျသည့် ဦးတည်ရာဆီသို့ လျင်မြန်စွာ ဦးတည် သွားတော့သည်.။
တစ္ဆေပါရမီရှင် သိုင်းဧကရာဇ်သည် ထိတ်လန့်တုန်လှုပ်သွားပြီး အလျင်အမြန် ရှောင်ထွက်သွားသည်။ သို့သော်လည်း ဓားအလင်းသည် သူ၏ခန္ဓာကိုယ်အနှံ့ ပျံ့လွင့်သွားသောအခါ သူ၏အရေပြားက ပေါက်ပြဲသွားပြီး ရင်ဘတ်တွင် ဒဏ်ရာ နက်ကြီးတစ်ခု ပေါ်လာသည်။ သူ၏တစ်ကိုယ်လုံး နီရဲနေသော သွေးများဖြင့် စွန်းထင်း သွားခဲ့သည်.။ သူသည် အပျက်အစီးများကြားတွင် လဲကျသွားပြီး မတ်တပ် ရပ်ဖို့ ကြိုးစားခဲ့သော်လည်း ပြန်မထနိုင်တော့ပါဘူး။
"ဟား ၊ ဟား၊ ငရဲကိုသွားရမယ့် သိုင်းဧကရာဇ်က ဘယ်သူလဲ၊ မင်းက တစ်ချက်လေး တိုက်ခိုက်တာကိုတောင် ခံနိုင်ရည်မရှိဘူးပဲ။" သိုင်းဧကရာဇ် ဟန်ထျန်းသည် အပျက်အစီးများထဲတွင် လဲလျောင်းနေသော တစ္ဆေပါရမီရှင် သိုင်းဧကရာဇ်ကို ကြည့်ရင်း ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။
တစ္ဆေပါရမီရှင် သိုင်းဧကရာဇ်သည် သူ၏သွားများကို တင်းတင်းကြိတ်ကာ သူ၏ စိတ်နှလုံးထဲတွင် အဆုံးမဲ့ မကျေမချမ်းမူကို ခံစားရသည်။ သို့သော် သူ၏ခန္ဓာကိုယ် ပေါ်ရှိ ဒဏ်ရာများသည် ပြင်းထန်လွန်းပြီး အနည်းငယ် လှုပ်ရှားလိုက်သည်နှင့် သူ၏တစ်ကိုယ်လုံး ကြေကွဲသွားသလို ခံစားလိုက်ရသည်။
"ဟမ့်၊ ငါ့ထက် တစ်ဆင့်မြင့်နေတဲ့ မင်းရဲ့ ကျင့်ကြံမှုအဆင့်ကြောင့်ပေါ။ မဟုတ်ရင် ဘယ်သူနိုင်မယ်၊ ဘယ်သူရှုံးမယ်ဆိုတာ မသေချာပါဘူး။" တစ္ဆေပါရမီရှင် သိုင်းဧကရာဇ် က သူ၏သွားတွေကို တင်းတင်းကြိတ်ပြီး ပြောလိုက်သည်။
"ဟား၊ ဟား၊ ဒီစကားက ဘယ်လောက် ရယ်စရာကောင်းလိုက်လဲ။ ဒီကမ္ဘာကြီးက သန်မာတဲ့ သူတွေကိုသာ လေးစားကြတယ်။ အားနည်းတဲ့ လူကတော့ အားနည်းမှာပဲ။ ပြီးတော့ သူတို့က အမဲလိုက်ခံရမယ့် သားကောင်တွေ သက်သက်ပဲ။ ထင်မြင်ယူဆချက် တွေ အများကြီးက ဘာလုပ်နိုင်မှာလဲ" သိုင်းဧကရာဇ်ဟန်ထျန်းက ကျယ်လောင်စွာ ရယ်မောလိုက်ပြီး သူ၏မျက်လုံးထဲမှာ အထင်အမြင်သေးမှုတွေက ပို၍ပင် ပြင်းထန် လာခဲ့သည်.။
တစ္ဆေပါရမီရှင် သိုင်းဧကရာဇ်၏ မျက်လုံးများသည် မလိုလားမူနှင့်အတူ တဖျပ်ဖျပ်ခတ်လာသည်။ သို့သော်လည်း သိုင်းဧကရာဇ် ဟန်ထျန်းပြောသည့် စကားများက မှန်ကန်ကြောင်း သူသိပါသည်။ စွမ်းအားနည်းသည့် လူကတော့ အားနည်းမှာ အမှန်ပါဘဲ။ ထင်မြင်ယူဆချက်သဘောတရားဆိုတာ မရှိပါဘူး။
"ဟန်ထျန်း၊ အဲဒီချင်ယွင်ကို အရင်သတ်လိုက်စမ်း!"
ထိုအချိန်တွင် ကောင်းကင်ယံမ ကျယ်လောင်သော အော်သံတစ်ခု ထွက်ပေါ်လာသည်။
"ဟုတ်ကဲ့ပါ။ ဧကရာဇ်မင်းမြတ်!"
သိုင်းဧကရာဇ်ဟန်ထျန်းက ချက်ချင်း ပြန်ဖြေလိုက်သည်။ ထို့နောက် သူသည် သူ၏ဒဏ်ရာတွေကို ကုစားရင်း ဘေးမှာထိုင်နေသည့် ချင်ယွင်ဆီကို လှည့်ကြည့် လိုက်သည်။ သူ၏နှုတ်ခမ်းတွေက ရက်စက်သည့် အပြုံးနှင့်အတူ တွန့်ကွေးသွားသည်။
ချင်ယွင်သည် ဧကရာဇ်မင်းမြတ်ထျန်းရှ၏ အော်ပြောသံကို သဘာဝအတိုင်း ကြားရပြီး မျက်လုံးဖွင့်လိုက်သည်။ သူ၏မျက်လုံးများသည် လေးနက်သော အမူအရာများဖြင့် ပြည့်နှက်နေသည်။
ယခုအခါတွင် သူ၏ဒဏ်ရာသည် တစ်ဝက်မျှသာ ပျောက်ကင်းသေးပြီး သိုင်းဧကရာဇ် ဟန်ထျန်းကို တိုက်ခိုက်ရန်မှာ မဖြစ်နိုင်သလောက်ပင်။
"ကောင်စုတ်၊ မင်းရဲ့ ခွန်အားက တော်တော်ကောင်းတယ်။ ပထမအဆင့် ကောင်းကင်အလွှာ သိုင်းဧကရာဇ်အဆင့် ကျင့်ကြံမူအခြေခံနဲ့ မင်းက သိုင်းဧကရာဇ် ကျန်းထျန်ကို သတ်နိုင်ခဲ့တာကို ငါတကယ် အံ့သြမိတယ်။" သိုင်းဧကရာဇ် ဟန်ထျန်းသည် ချင်ယွင်ကိုကြည့်ကာ ပြောလိုက်သည်။
"ကျုပ်ကတော့ လုံးဝ မအံ့သြပါဘူး။ ခင်ဗျား အခုလေးတင် မပြောခဲ့ဘူးလား။ အားနည်းတဲ့ သူတွေကတော့ အားနည်းမှာပဲ၊ သူတို့ဟာ အမဲလိုက်ခံရပြီး သတ်ဖြတ်ခံ ရမယ်" ချင်ယွင်က သရော်ဟန်ဖြင့် ပြောလိုက်သည်။
"ဟမ့်၊ ကောင်လေး၊ မင်းက သိပ်တော်သိပ်တတ်နေတယ်ပေါ့လေ။ မင်းက ငါ့စကားကို တောင် ပြန်လည်ချေပဖို့ အသုံးခဲ့တယ်ပေါ့။" သိုင်းဧကရာဇ် ဟန်ထျန်းက အထင်သေးဟန်ဖြင့် ပြောသည်။ ချင်ယွင်၏ မာန်မာန ထောင်လွှားမှုကြောင့် သူသည် ရှင်းရှင်းလင်းလင်း ဒေါသထွက်သွားပြီး သူ့မျက်လုံးများထဲတွင် သတ်ဖြတ်လိုသည့် အရိပ်အယောင်များ နက်နက်ရှိုင်းရှိုင်း စီးဆင်းလာသည်။
ချင်ယွင်က ရယ်မောလိုက်သည်။ ယခု လောလောဆယ်မှာ သူသည် တတ်နိုင်သ လောက် အချိန်ဆွဲထားချင်သည်။ အချိန်ကြာကြာပိုရလေ သူ့ဒဏ်ရာတွေက ပိုကောင်းလေ ဖြစ်သည်။ ဤနည်းဖြင့် သူသည် သိုင်းဧကရာဇ်ဟန်ထျန်းကို အနိုင်ယူရန် အခွင့်အလမ်း ပိုများလာမည်။
"ဟမ့်၊ ကောင်လေး၊ မင်းဘာတွေ တွေးနေလဲဆိုတာ ငါမသိဘူးလို့ မထင်နဲ့။ မင်းက တမင်တကာ အချိန်ဆွဲနေတာ မဟုတ်လား။ ကံဆိုးစွာပဲ ငါက မင်းကို အောင်မြင် အောင် ခွင့်မပြုနိုင်ဘူးကွ" သိုင်းဧကရာဇ်ဟန်ထျန်းသည် အေးစက်စွာ ရယ်မောရင်း သူ၏လက်ထဲရှိ ဓားအလင်းက တဖန်ပြန်ပြီး ပျံ့နှံ့လာပြန်သည်။
စူးရှသော အနက်ရောင် ဓားအလင်းတန်းသည် ချင်ယွင်ဆီသို့ ချက်ချင်း ဖြတ်သန်း သွားပြီး ဓားအလင်း၏ ထက်ရှမှုကြောင့် သူ၏ ဦးရေပြားကိုပင် ထုံသွားစေသည်။
သို့သော်၊ ဓားအလင်းသည် ချင်ယွင်၏ ကိုယ်ခန္ဓာကို ထိမှန်ခါနီးတွင်၊ ချင်ယွင်၏ ခန္ဓာကိုယ်မှ အနက်ရောင်ဆေဘာအလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ဓားအလင်းနှင့် ထိပ်တိုက် ရင်ဆိုင်မိသွားသည်။
နဂါးကြေးခွံ အနက်ရောင်ချပ်ဝတ်ကို ဝတ်ဆင်ထားသည့် လျှပ်စီးစွမ်းရည် ကိုယ်ပွား တစ်ခုသည် ချင်ယွင်၏ ခန္ဓာကိုယ်ပေါ်တွင် ပေါ်လာသည်။ သူ၏အကြည့်တွေက စူးရှတောက်ပပြီး အနက်ရောင် ဉက္ကာပျံတိုက်ပွဲဝင်ဆေဘာကို ကိုင်ထားသည်။ အနက်ရောင် လျှပ်စီးများက ဉက္ကာပျံတိုက်ပွဲဝင်ဆေဘာ ဝန်းကျင်မှာ စီးမျောနေသည်။
"အယ်? ကိုယ်ပွားလား?"
သိုင်းဧကရာဇ်ဟန်ထျန်းသည် ချင်ယွင်၏ ခန္ဓာကိုယ်ပေါ်မှာ ရုတ်တရက် ပေါ်ထွက်လာ သော နဂါးကြေးခွံ အနက်ရောင်ချပ်ဝတ်ကို ဝတ်ဆင်ထားသည့် လူငယ်ကို ကြည့်လိုက် ရင်း သူ၏မျက်လုံးများက အလွန်အံ့အားသင့်နေသည့် အမူအရာ ပေါ်လာသည်။ ဤအခိုက်အတန့်တွင်၊ နဂါးကြေးခွံ အနက်ရောင် ချပ်ဝတ်ကို ဝတ်ဆင်ထားသည့် ဤလူငယ်သည် ချင်ယွင်နှင့် တစ်ထပ်တည်း ဖြစ်နေပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် ပြင်းထန်ပြီး လွှမ်းမိုးနိုင်စွမ်းရှိသည့် အငွေ့အသက်ကို ထုတ်လွှတ်နေသည်။
"ဟမ့်၊ အရမ်းအံ့သြသွားပြီလား" လျှပ်စီးစွမ်းရည် ကိုယ်ပွားက ရယ်မောလိုက်သည်။ အနက်ရောင်လျှပ်စီးများက သူ့လက်ထဲတွင် တဖျပ်ဖျပ်ဖျပ် ခတ်နေပြီး အနက်ရောင် ချပ်ဝတ်တန်ဆာမှ ထုတ်လွှတ်သော အနက်ရောင်အလင်းက ယခင်ကထက် ပိုမို သိပ်သည်းလာသည်။ ထုတ်လွှတ်လိုက်သည့် အငွေ့အသက်က ပို၍ပင် လွှမ်းမိုးကြီးစိုး နိုင်စွမ်းရှိနေသည်။
"ဟမ့်၊ မင်းမှာ ကိုယ်ပွားရှိနေရင်တောင် ငါက ဂရုမစိုက်ဘူးကွ။ ငါဟန်ထျန်းက မင်းကို သတ်ပစ်နိုင်တုန်းပဲ။"
သိုင်းဧကရာဇ်ဟန်ထျန်းက အေးစက်စွာ အော်ပြောလိုက်သည်။ လျှပ်စီး စွမ်းရည် ကိုယ်ပွား ရှိနေသည်ကို မြင်လိုက်ရသဖြင့် ပြင်းထန်သော သတ်ဖြတ်လိုသည့် အရိပ်အယောင်က ပေါ်လာသည်။ ချင်ယွင်သည် ပို၍ မွန်းစတားဆန်ဆန် လုပ်ပြ လေလေ၊ ထာဝရကောင်းကင်သိုင်းဧကရာဇ် (သိုင်းဧကရာဇ်ဟန်ထျန်း)၏ နှလုံးသားထဲ တွင် သတ်ဖြတ်လိုသည့်ဆန္ဒက ပို၍ပြင်းထန်လေလေ ဖြစ်သည်။
"မင်း ဒီနေ့ သေရမယ်!"
သိုင်းဧကရာဇ် ဟန်ထျန်း၏ မျက်လုံးများတွင် သတ်ဖြတ်လိုသည့် ဆန္ဒက လုံးလုံး လျားလျား ပေါက်ကွဲသွားခဲ့ပြီး လျှပ်စီးစွမ်းရည် ကိုယ်ပွားဖြစ်သော ချင်ယွင်ဆီသို့ အနက်ရောင် အလင်းတစ်ခုအဖြစ် ပြောင်းလဲကာ ပြေးဝင်သွားခဲ့ပြီး ဓားဖြင့် ခုတ်ပိုင်း လိုက်တော့သည်။ သူက ချင်ယွင်ကို သူ့ဓားအောက်မှာ လုံးလုံး သေသွား စေချင်နေသည်.။