အခန်း (၃၆၁-၃၆၅)
Vol. 25 Ch. 361-365
အခန်း (၃၆၁) ပိရှစ်စီရင်စု (ကျောက်စိမ်းရေစီရင်စု)
(တရုတ်နာမည်ရော မြန်မာနာမည်ပါ အလျင်းသင့်သလို ရေးသားပါမည်)
ဒါချူမြို့တော်အတွင်းမှာ လေတည်းခိုးခန်းတစ်ခု ရှိသည်။ (Wind Inn)
ချင်ယွင်နှင့် ရန်စီချီတို့သည် ဧည့်ခန်းထဲတွင်ထိုင်ပြီး စားသောက်နေကြသည်။ ရန်စီချီ သည် သူမ၏မျက်နှာကရှက်သွေးဖြာနေပြီး အသက်ရူမှား လောက်သည်။ သူမ၏ နဂိုကတည်းက လှပသောမျက်နှာသည် ယခုအချိန် မှာယခင်ကထက် ပို၍ပင် ချစ်စရာကောင်းနေကာ ပတ်ဝန်းကျင်မှ စားသောက်နေကြသူများသည် မြေပြင်ပေါ် လဲကျလုနီးပါး ဖြစ်သွားကြရသည်။
"အရမ်းလှတာပဲ၊ ဒီလောက်လှတဲ့ အမျိုးသမီးတစ်ယောက် ဘယ်လိုလုပ် ရှိနိုင်ရတာလဲ" ပတ်ဝန်းကျင်မှာ စားသောက်နေကြသူများတွင် အချို့ဆို သူတို့စိတ်ထဲက မချီးကျူးဘဲ မနေနိုင် ဖြစ်ကြရသည်။ ရန်စီချီကိုကြည့်သည့် သူတို့အကြည့်တွေက စိတ်အား ထက်သန်မူတွေနှင့် ပြည့်နှက်နေသလောက် ချင်ယွင်ကို ကြည့်သည့် သူတို့အကြည့်တွေ ကတော့ ရန်စီချီနှင့် ဆန့်ကျင်ဘက် ဒေါသတွေနှင့်အတူ ရန်လိုမှုတွေ ပြည့်နှက်နေ သည်။
ထိုအချိန်တွင် ရန်စီချီ၏စိတ်ထဲသည် တွေဝေမိန်းမောနေသေးသည်။ တည်းခိုးခန်း၏ အခန်းတစ်ခုထဲမှာ ချင်ယွင်နှင့်အတူ ကုန်ဆုံးခဲ့သည့် နှစ်နာရီကို သူမတွေးကြည့်နေရင်း စကားမပြောနိုင်လောက်အောင်ပင် ရှက်ရွံ့နေမိသည်။ ဟုတ်ပါသည်၊ သူမ၏ နှလုံးသား က ချိုမြိန်မှုတွေနှင့် ပြည့်နှက်နေပြီး သူမ၏ပါးစပ်ထောင့်စွန်းမှာ မနေနိုင်ဘဲ ချိုမြသည့် အပြုံး တစ်ခုအဖြစ် တွန့်တွေးသွားအောင်ပင် ပြုံးလိုက်မိသည်။
ထိုမြင်ကွင်းကြောင့် စားသောက်နေကြသူတွေဟာ စိတ်လှုပ်ရှားမူနှင့်အတူ ရူးသွပ်လု နီးပါးဖြစ်သွားခဲ့ရပြီး သူတို့နှလုံးသားတွေက ရင်ခုန်သံတွေနှင့်အတူ ပြည့်နှက်နေခဲ့ပါ သည်။
ချင်ယွင်သည် ပတ်ဝန်းကျင်ရှိ လူ့တိရိစ္ဆာန်များကို ကြည့်ပြီး စိတ်ထဲမှာ မရယ်မောဘဲ မနေနိုင်တော့။ လူ့တိရိစ္ဆာန်များ၏ မနာလိုသည့် အကြည့်တွေကို ဂရုမစိုက်သော်လည်း ဤလူ့တိရိစ္ဆာန်တွေက သူ့မိန်းမကို စိုက်ကြည့်နေသည်ကိုတော့ သူ မကြိုက်ပါဘူး။ ထို့ကြောင့် သူက ရန်စီချီကို ချက်ချင်းပင် ပြုံးပြပြီး မေးလိုက်ပါသည်" မိန်းမ၊ ပြည့်ပြီလား။ မင်းဗိုက်ပြည့်ရင် မြန်မြန်သွားရအောင်!"
ချင်ယွင်၏ အမေးကိုကြားရလျှင် ရန်စီချီသည် ချက်ချင်းပင် သတိပြန်ဝင်လာပြီး ပေါ့ပေါ့ပါးပါး ခေါင်းညိတ်ပြကာ ပန်းကန်များနှင့် တူများကို ချလိုက်ကာ မတ်တပ် ထရပ်လိုက်သည်။
ချင်ယွင် ပြုံးလိုက်သည်။ သူက ရန်စီချီ၏ခါးကို သူ့လက်နှစ်ဖက်ဖြင့် တမင်တကာ ပွေ့ဖက်ပြီ ဆုပ်ကိုင်ထားသည်။ ဒေါသမီးလျှံများပေါက်ကွဲတော့မည့် လူတိရစ္ဆာန်များ၏ အကြည့်တွေအောက်မှာ သူက ခေါင်းမော့ရင်ကော့ပြီး စားသောက်ခန်းမထဲမှ ထွက်လာခဲ့လေသည်။
ရန်စီချီသည် သူမ၏ယခင် အတွေးကမ္ဘာထဲမှာပင် နှစ်မြှုပ်နေဆဲပြီး ချင်ယွင်၏ ရည်ရွယ်ချက်များကို လုံးဝ သတိမထားမိပေ။ ချင်ယွင်၏ ပွေ့ဖက်လိုက်ခြင်းကြောင့် သူမ၏မသိစိတ်က ရှက်ရွံ့မှု အရိပ်အယောင် ပေါ်လွင်လာသည်။
ထိုမြင်ကွင်းကိုမြင်လိုက်ရလျှင် လူ့တိရိစ္ဆာန်တွေအားလုံး သေချင်စိတ် ပေါက်သွားသည်။ သူတို့သည် ရင်ဘတ်စည်တီးပြီး ကြမ်းပြင်ကို ခြေဆောင့်ကာ သွေးချောင်းဆိုးလုနီးပါး ဖြစ်နေကြသည်။
ယင်းက အသေးအမွှား ဖြစ်ပျက်လေးတစ်ခုသာ ဖြစ်သည်။ ချင်ယွင်အနေဖြင့်၊ သူ၏ သေးငယ်သည့် ဤဘဝင်ခိုက်ပြီးဝင့်ကြွားနိုင်မူကြောင့် လူ့တိရစ္ဆာန်များ ဒေါသကြောင့် သေဆုံးလုနီးပါး ဖြစ်နေကြသည်ကို သူမြင်ရသောအခါ သူသည် အလွန် ကျေနပ်သွား လေသည်။
သေချာသည်မှာ၊ ဤကိစ္စမှာ ရန်စီချီက သူ့အတွက် မည်မျှ ဂုဏ်ကျက်အသရေ ရှိလဲဆို သည်ကို ချင်ယွင်ကို နားလည်သွားစေခဲ့သည်.။ ထို့ကြောင့် သူသည် သူတို့နှစ်ယောက် ကြားက ဆက်ဆံရေးကို ပိုပြီး မြတ်နိုးတန်ဖိုးထားလာမှာပါ။
ထိုနောက် ချင်ယွင်သည် ရန်စီချီကို အရှေ့အရပ်သို့ ခေါ်ဆောင်သွားခဲ့သည်။
လင်းကျန်းယွန်က ရန်စီစီကို ကျောက်စိမ်းရေစီရင်စု၏ အရှေ့ဘက်ကို ခေါ်ဆောင်သွားသည်ကို သူ သတိရမိသည်။ ထိုအချိန်တုန်းက ချင်ယွင်သည် ရန်စီစီ အပေါ်တွင် အမှတ်အသားတစ်ခု ချန်ထားခဲ့သည်။ ယခု ထိုအမှတ်အသားသည် အရှေ့ဘက်အရပ်မှ လာနေသည်။
ကျောက်စိမ်းရေစီရင်စုသည် ပိရှစ်သိုင်းမြို့စား၏နယ်မြေဖြစ်သည်။ ချင်ယွင်သည် ရန်စီစီအား ခုနစ်ရောင်ခြယ် အေးခဲတိမ်တိုက်ပန်းပွင့်ကို အပ်နှင်းပြီးသည့်နောက် ပိရှစ်သိုင်းမြို့စားထံကို နှုတ်ဆက်ရန် ရည်ရွယ်ထားသည်။ ထို့နောက် သူသည် ရန်စီချီကို ခေါ်ပြီး ထျန်းယွန်တိုက်ကြီးမှ ထွက်ခွာကာ သူ၏အစ်မ လျူရန်ယွင်ကို ရှာဖွေရန် ကောင်းကင်နဂါးတိုက်ကြီးသို့ ထွက်ခွာမည် ဖြစ်သည်။
သူနှင့် ပိရှစ်သိုင်းမြို့စားတို့ကြားက ခံစားချက်နှင့် ပတ်သက်ပြီး ချင်ယွင်က ၎င်းကို လုံးဝ မေ့ပစ်လိုက်ခြင်းက ပိုကောင်းသည်ဟု ခံစားခဲ့ရသည်။ ဤအရာက သူနှင့် ချင်ရွှန်းရွှန်တို့ ကြားက ဆက်ဆံရေးလိုပင်ဖြစ်သည်။ သူတို့ကြားမှာ ကံကြမ္မာမရှိဟုသာ ပြောနိုင်တော့ သည်။
ငါးရက်နီးပါး ပျံသန်းပြီးနောက်၊ ချင်ယွင်နှင့် ရန်စီချီတို့သည် နောက်ဆုံးတွင် ကျောက်စိမ်းရေစီရင်စုသို့ ရောက်ရှိလာခဲ့ကြသည်။
အခြားစီရင်စုသုံးခုနှင့် နှိုင်းယှဉ်ပါက ကျောက်စိမ်းရေစီရင်စုသည် ခေတ်နောက်ကျ ကျန်နေပါသည်။ ထို့အပြင် ဤနေရာတွင် ဓလေ့ထုံးတမ်းများသည် အခြားစီရင်စု သုံးခုနှင့် ကွဲပြားနေပုံရသည်။
ဤနေရာ၌ သာမန်သေမျိုးများ သို့မဟုတ် ကျင့်ကြံသူများပင် ဖြစ်စေကာမူ ၎င်းတို့၏ အသားအရေသည် အနည်းငယ် ညိုပုံရပြီးသူတို့၏ ရုပ်အသွင်အပြင်သည် အခြားစီရင်စု သုံးခုထက် ပို၍မြင့်မားကြသည်။ အမျိုးသမီးများပင်လျှင် ရေဆင်းငါးကြီးများကဲ့သို့ စွင့်ကားဖွင့်ထွားကြသည်။ ပိရှစ်သိုင်းမြို့စားကဲ့သို့ အသားဖြူဖြူ၊ သွယ်လျသည့် ရုပ်ရည် အသွင်အပြင်ရှိသူ အမျိုးသမီးများသည် အလွန်ရှားပါးသည်ဟု ဆိုနိုင်သည်။
အအေးလွန်ကဲသော ရှေးဟောင်းရာသီဥတုကြောင့် ဖြစ်ကောင်းဖြစ်နိုင်ပြီး၊ ဤနေရာမှ လူများသည် အလွန်အဖိုးတန်သည့် သားမွေးများကို ဝတ်ဆင် ရသည်ကို နှစ်သက်ကြ ပုံရပြီး ခန္ဓာကိုယ်ပေါ်တွင် ချိတ်ဆွဲထားသော အလှဆင်ပစ္စည်းများမှာလည်း သားရဲများ ၏ သွားများနှင့် အရိုးများကို ဝင်းပြောင်ချောမွတ်အောင်ပွတ်တိုက်ပြီး ချိတ်ဆွဲထား ကြကာ ပိုးထည်နှင့် ကျောက်စိမ်းအသုံးအဆောင်များကို အထင်မြင်သေးကြသည်။
သေချာသည်မှာ၊ ဤနေမှာရှိနေကြသည့်လူတွေကလည်း ခွန်အားကြီးသူကို အရမ်း လေးစားကြပါသည်။ သာမန်သေမျိုးဖြစ်စေ ကျင့်ကြံသူဖြစ်စေ မည်သူမဆို သူတို့အားလုံးသည် အစွမ်းထက်သူများကို အလွန်လေးစားကြသည်။ ဤနေရာ၌ ခွန်အားသည် ဓားတစ်ချောင်းဖြင့် နေနှင့်လကို ခုတ်ပိုင်းနိုင်သည်၊ ဓားတစ်ချောင်းသည် အလွန်အမင်း အစွမ်းထက်ပြီး တောင်များကိုပင် လှုပ်ခါစေနိုင်သည်ဟု မဆိုလိုပါ။ ထို့ကြောင့် ဤနေရာမှာရှိသည့် လူအများစုသည် ရုပ်ခန္ဓာကိုယ်ကို ကျင့်ကြံသူများ ဖြစ်သည်။
ကျောက်စိမ်းရေစီရင်စုတွင်၊ ဆိတ်သုဉ်းခြင်းရှေးဟောင်းသစ်တောနှင့် တိုင်ယွန် တောင်တန်းကြီးနှင့်ယှဉ်နိုင်သော ဆိုးရွားသော နေရာတစ်ခုရှိပြီး ယင်းမှာ တိုင်ဟန် တောင်တန်း ဖြစ်သည်။
တိုင်ဟန်တောင်တန်းသည် အလွန်အမင်း ကျယ်ပြန့်သော ဧရိယာကို ဖုံးလွှမ်း ထားပြီး အလွန်အမင်း ရှည်လျားသည်။ ဆိတ်သုဉ်းခြင်းသားရဲအရေအတွက် အများအပြားအပါ အဝင် မြို့တော်နှင့် မြို့ငယ်ဒါဇင်ပေါင်းများစွာကို ဖြတ်ကျော် လုနီးပါးဖြစ်သည်။
ထို့အပြင်၊ ဤဆိတ်သုဉ်းခြင်းသားရဲများသည် အလွန်အမင်း မရပ်မနားလှုပ်လှုပ်ရှားရှား ဖြစ်နေကြသည်။ ၎င်းတို့သည် အနီးနားရှိ မြို့များနှင့် ရွာများတွင် နေထိုင်သူများကို မကြာခဏ တိုက်ခိုက်လေ့ရှိပြီး ဒေသခံများ အလွန်အမင်း စိတ်မချမ်းမသာ ဖြစ်ခဲ့ရသည်။
ဤသည်မှာ ကျောက်စိမ်းရေစီရင်စုမှလူများသည် ခွန်အားကို ကိုးကွယ်ရခြင်း အကြောင်းရင်းလည်း ဖြစ်ပါသည်။ ထို့ကြောင့် ကျောက်စိမ်းရေစီရင်စုတွင် လူသားများ နှင့် ဆိတ်သုဉ်းခြင်းသားရဲများသည် နီးကပ်သော ရန်သူများဖြစ်သည်။ လူတိုင်းသည် ဆိတ်သုဉ်းခြင်းသားရဲများကို အမဲလိုက်နိုင်ခြင်းအတွက် ဂုဏ်ယူကြသည်။
လမ်းမတွေပေါ်မှာ လမ်းလျှောက်နေသည့် အပေါ်ပိုင်းဗလာကျင့် ကြွက်သား ပြိုင်းပြိုင်း ထနေသည့် အမျိုးသားတွေကို နေရာတိုင်းမှာ တွေ့နေရပါသည်.။ ထို့အပြင် သူတို့ ထွက်ပေါ်လာသည်နှင့် မိန်းကလေးများ၏ မျက်လုံးများသည် ဝင်းလက်တောက်ပလာ ကြမည် ဖြစ်သည်။ သားရဲ၏လက်သည်းခြေသည်း လက်ချက်ဖြင့် ၎င်းတို့၏ခန္ဓာကိုယ် ပေါ်တွင် အမာရွတ်တစ်ခု ကျန်ခဲ့မည်ဆိုလျှင် ပို၍ပင် လေးစားခံရပြီး ထူးချွန် ပြောင်မြောက်သူ တစ်ယောက်ဖြစ်လာလိမ့်မည်။
သားရဲလက်သည်းခြေသည်းများသည် သူတို့၏ကံကြမ္မာကောင်းမူကို ကိုယ်စားပြုသည်၊ ဆိုလိုသည်မှာ သင်သည် တိုင်ဟန်တောင်တန်းထဲသို့ ဝင်ရောက်ခဲ့ပြီး ယခင်က ဆိတ်သုဉ်းခြင်းသားရဲများနှင့် တိုက်ခိုက်ခဲ့ဖူးသည်ဟု ဆိုလိုရာရောက်ပေသည်။
ရုပ်ရည်ချောမောပြီး တောင့်တင်းသန်မာမှုမရှိသော ချင်ယွင်လို ယောက်ျားလေး တစ်ယောက်အတွက်မူ အကယ်၍ သူသည် အခြားစီရင်စု တစ်ခုခုမှာဆို ရောက်သွားမည်ဆိုလျှင်၊ သူသည် မိန်းမပျိုတစ်စု၏ နှလုံးသားကို သေချာပေါက် ဆွဲဆောင်နိုင်မည် ဖြစ်သည်။ သို့သော် ဤနေရာတွင် သူ့ကိုကြည့်နေသောလူ တစ်ဉီးမျှပင် မရှိခဲ့ပေ။ အချို့အမျိုးသမီးများဆို သူ့ကိုပင် အထင်သေးကြသည်။
ဤအရာက ချင်ယွင်ကို အလွန်အကူအညီမဲ့သည်ဟု ခံစားရစေသည်။ သူသည် ယခုအချိန်တွင် အနည်းဆုံး သိုင်းဧကရာဇ်တစ်ပါးဖြစ်နေခဲ့ပြီး သူ၏ အစွမ်းသည် ဧကရာဇ်မင်းမြတ်ဒါယန်းအောက်သာ နိမ့်ကျပါသည်။ တကယ်တော့ သူသည် လမ်းပေါ်ကတခြားသူများ၏ အထင်သေးရှုံ့ချမူကို ခံနေရသည်။ ယင်းက ရယ်စရာကောင်းသည်ဟု မထင်ဘူးလား။
သေချာသည်မှာ၊ လက်ခုပ်သြဘာနှင့် လေးစားမှုကို ခံယူဖို့အတွက် မိုက်မဲစွာဖြင့် မတ်တပ်ထွက်ရပ်ပြီး သူ၏ခွန်အားကို ပြသဖို့က မဖြစ်နိုင်သည်မှာ အမှန်ပါပဲ။ ယင်းက အမှန်တကယ်ပင် ကြောင်သူတော်တစ်ယောက်ဖြစ်ရာကျလွန်းပါသည်။
ချင်ယွင်သည် အထင်အမြင်သေးခံရသော်လည်း ရန်စီချီသည် အလွန်နာမည် ကြီးသည်။ အမျိုးသမီးတစ်ဦး၏ အားနည်းပြီး လှပသောရုပ်အသွင်အပြင်သည် အမျိုးသားတစ်ဦး၏ ကာကွယ်ပေးလို စိတ်ပြင်းပြမှုကို နှိုးဆွပေးနိုင်ခဲ့သည်။ ဤသည်မှာ ထာဝရအမှန်တရား ဖြစ်သည်။ ထို့ကြောင့်၊ ကျောက်စိမ်းရေစီရင်စုရှိ ရန်စီချီ၏ ထွက်ပေါ်လာမူသည် လူစုလူဝေးကြီး ဖြစ်လာသည်နှင့်တူသည်။ သူမသည် အလွန်အမင်း တောက်ပလွန်း သဖြင့် အမျိုးသားများသည် သူတို့၏ စိတ်နှလုံးထဲမှာ စိတ်လှုပ်ရှားသွားကြရသည်။
သူတို့အတွက်ကတော့ ကောင်လေးတစ်ယောက်သည် ထိပ်တန်းအဆင့် ချောမော လှပနေခြင်းသည် အကြီးကျယ်ဆုံး အပြစ်တစ်ခုဖြစ်သည်။
ထို့ကြောင့် ချင်ယွင် နှင့် ရန်စီချီ တို့သည် တူညီသောလမ်းပေါ်တွင် လမ်းလျှောက်နေ ကြစဉ် ဤနေရာတွင်ရှိနေသည့် ဒေသဓလေ့ထုံးစံများကို တွေ့ကြုံနေရချိန်မှာ ထွားကျိုင်းသန်မာသည့် အမျိုးသားတစ်ဦးသည် ချင်ယွင်ကို တားဆီးလိုက်သည်။ ပထမဆုံး သူပြောသည့်အရာက “မျိုးမစစ်ကောင်လေး၊ မင်းအမျိုးသမီးကို လွှဲပေး မလား၊ ဒါမှမဟုတ် မင်းအသက်ကို ငါ ယူရမလား”ဟူ၏။
ထိုစကားကိုပြောပြီးနောက် ထိုလူသည် ချင်ယွင်ကို သူ၏လက်ထဲတွင်ရှိသော ပုဆိန်ကြီးကိုပင် ဝှေ့ယမ်းကာ ခက်ထန်သည့်အကြည့်ဖြင့် ကြည့်လိုက်သည်။ တစ်ချိန်တည်းမှာပင် ရန်စီချီကိုကြည့်သည့် သူ့အကြည့်များက ဖောက်ပြန်သည့် အမူအရာများဖြင့် ပြည့်နှက်နေသည်။
ချင်ယွင်လည်း ချက်ချင်း မျက်မှောင်ကြုတ်လိုက်သည်။ ဤလူတွေက သူ့ကို အထင်သေးရုံ သက်သက်သာဆို သူ စိတ်ဆိုးမှာ မဟုတ်ဘူး၊ ဒါပေမယ့် သူတို့ဟာ တကယ်ပဲ ရန်စီချီနှင့်ပတ်သက်ပြီး အကြံဆိုးဥာဏ်ဆိုးတွေ ရှိနေခဲ့ကြသည်။
ထို့အပြင်၊ သူ့ရှေ့မှာရှိနေသည့် ဤလူကြီးသည် ကျားတစ်ကောင်လို ကျောရိုးနှင့် ကြွက်သားတောင့်တင်းသော ခန္ဓာကိုယ်ရှိသော်လည်း၊ သူ၏ ကျင့်ကြံမှုအခြေခံသည် နဝမအဆင့် ကောင်းကင်အလွှာ သိုင်းဂိုဏ်းချုပ်အဆင့် တွင်သာ ရှိသေးသည်။ ယခု အကယ်၍ သူ့မှာ လက်တစ်ချောင်းဘဲရှိသည်ဆိုလျှင်ပင် သေတဲ့အထိ ချေမွပစ်နိုင် သည်။
ထွားကြိုင်းသန်မာသည့်လူက အော်ဟစ်လိုက်ရာ ပတ်ဝန်းကျင်မှ လူအများ၏ အာရုံကို ချက်ချင်း ဖမ်းစားနိုင်ခဲ့သည်။ အားလုံးက အသံကြားနောက် လိုက်ကြည့်ကြသည်။ ထွားကြိုင်းသန်မာသည့်လူကို သူတို့မြင်သောအခါ၊ သူတို့၏ မျက်လုံး များသည် ရိုသေမှုလေးစားမူအပြည့်ပင် ရှိနေကြသည်။ သို့သော် ချင်ယွင်ကိုကြည့်ရင်း သူတို့၏ မျက်လုံးများသည် အထင်အမြင်သေးမှုများနှင့် ပြည့်နှက်နေသည်။ သူတို့သည် ချင်ယွင်က သနားကြင်နာပေးဖို့ ဒူးထောက်တောင်းပန်ပြီး သူ၏အမျိုးသမီးများကို ရိုရိုသေသေနှင့် လက်ဆင့်ကမ်းလွှဲပေးမည့်မြင်ကွင်း ကြည့်ရူရန် စောင့်ဆိုင်းနေပုံရ သည်။
အခန်း (၃၆၂) လျှို့ဝှက်ဆန်းကြယ်သည့်လူငယ်။
"ထွက်သွားစမ်း!"
ချင်ယွင်က ချက်ချင်း ဒေါသတကြီး အော်လိုက်လိုက်၏။ သူသည် သေးငယ်သည့် နဝမအဆင့် ကောင်းကင်အလွှာ သိုင်းဂိုဏ်းချုပ်အဆင့်လေးတစ်ဦးအတွက် လှုပ်ရှားရန် ပျင်းရိလွန်းလှသည်။
ထွားကျိုင်းသန်မာသည့် အမျိုးသားသည် ချင်ယွင်က ကြောက်လန့်သွားပြီး သူ၏မိန်းမ အား နာခံမှုရှိရှိဖြင့် ပေးလိမ့်မည်ဟု မူလက ထင်မြင်ထားခဲ့သည်။ ယခုမူ သူ့အား အမှန်တကယ် ဒေါသထွက်အောင်လုပ်ရန် သတ္တိလိမ့်ရှိမည်ဟု သူ မမျှော်လင့်ထားပေ။ သူကျိုးတာရှန်သည် ဤမြို့၌ ထင်ရှားကျော်ကြားသော ပုဂ္ဂိုလ်တစ်ဦးဟု ထင်မှတ်နိုင် ပြီး တစ်စုံတစ်ယောက်က သူ့ကို ထွက်သွားဟုပြောရန် သတ္တိရှိလိမ့်မည် မဟုတ်ဟု သူ ထင်ထားခဲ့သည်။ ထို့ကြောင့် သူ၏နှလုံးသားထဲတွင် ဒေါသအရိပ်အယောင်များ ချက်ချင်း ပျံ့နှံ့လာသည်။
ပတ်ဝန်းကျင်မှ ကြည့်ရှုသူများလည်း သက်ပြင်းချကြပြီး ချင်ယွင်ကို ကြည့်သည့် အကြည့်များက အံ့ဩခြင်းများဖြင့် ပြည့်နှက်နေသည်။
"ဒီကောင်လေးက သေခြင်းတရားကို တောင်းခံနေတာများလား?။ ကျိုးတာရှန်က မျက်တောင်တချက် မခတ်ဘဲ လူသတ်သမားမှန်း မသိဘူးလို့တော့ မပြောနဲ့နော်။ သူက သူ့ကို ဒီလိုမျိုး တကယ်ကြီးကို ပြောရဲတယ်ပေါ့။"
"ဟမ့်၊ ဒီအနေထားကိုကြည့်ရင် သူက ပိရှစ်စီရင်စုက မဖြစ်နိုင်ဘူး၊ မဟုတ်လား? သူ့ရဲ့ ရုပ်ရည်အသွင်အပြင်ကိုလည်း ကြည့်လိုက်ဦး။ ချမ်းသာတဲ့မိသားစုက တောင်တန်းတွေ နဲ့ မြစ်ရေပြင်တွေကို လှည့်ပတ်ကြည့်ရူဖို့ မိန်းမလှလေးတွေကို ခေါ်ဆောင်လာတဲ့ ချမ်းသာတဲ့ လူငယ်တချို့ ဖြစ်နိုင်တယ်။ ဒါပေမယ့် သူက ကျိုးတာရှန်နဲ့ တွေ့လိမ့်မယ် လို့ သူ မမျှော်လင့်ထားလောက်ဘူး။ တကယ်လို့ ဒီတစ်ကြိမ် သူ မသေဘူးဆိုရင်တောင် သူ့အရေခွံကိုတော့ ခွာခံရတော့မှာပဲ”။
"ကျုပ်လည်း ဒီအတိုင်းပဲထင်တယ်၊ ကျိုးတာရှန်ရဲ့ ပင်ကိုယ်စရိုက်က ရက်စက် ကြမ်းကြုတ်တယ်။ တခြားပြည်နယ်ကလာတဲ့ ကောင်မလေးတွေဟာ သူ့ရဲ့ လုယူ ဖျက်ဆီးမူကိုခံရတာ ဘယ်လောက်များမှန်း ငါသိချင်မိတယ်။ ကစားရတာကြာပြီး ငြီးငွေ့သွားတာနဲ့ တောထဲမှာအလောင်းတွေကို စွန့်ပစ်ကြတယ်။ ဟင်…၊ အခုလို အလှပိုင်ရှင်လေးတွေ အခုလိုဘဝမျိုး ရောက်ရတာ သနားစရာပါကွာ။ အခုလည်း ကျိုးတာရှန်က သူမဘဝကို ဖျက်ဆီးပစ်တော့မယ်။”။
"မှန်ပတယ်။ ဘယ်လောက် သနားစရာကောင်းလိုက်လဲ။ ဒီမိန်းမငယ်လေးရဲ့ ရုပ်ရည်အသွင်အပြင်က တကယ်ကို လှပတယ်။ ငါတစ်ညလောက် အိပ်နိုင်ရင် ငါ့ဘဝရဲ့ သက်တန်းဆယ်နှစ်စာကို ဆုံးရှုံးခံမယ်ကွာ"
အနီးရှိ လူတိုင်းက ရန်စီချီကို သနားသည့်မျက်လုံးများဖြင့် ကြည့်နေကြပြီး ပြောဆိုနေကြပါသည်။
"ကောင်စုတ်လေး၊ မင်းမိန်းမကို အပ်လိုက်စမ်း၊ မဟုတ်ရင် ငါ့လက်ထဲက သံမဏိ ပုဆိန်ကို အကြင်နာကင်းမဲ့တယ်ဆိုပြီး အပြစ်မတင်နဲ့။" ထွားကျိုင်းသန်မာသည့် အမျိုးသားက မျက်လုံးများကို မှေးကျဉ်းထားပြီး သူ၏နှလုံးသားထဲမှာတော့ အေးစက်စွာ အော်ပြောနေမိသည် " ကောင်စုတ်လေး၊ မင်းက မင်းမိန်းမကို လွှဲပေးရင် တောင် ငါ မင်းကို လွှတ်မပေးဘူး။ မင်းက တစ်စုံတစ်ယောက်ကို ပြန်ခေါ်လာပြီး လက်စားချေလို့ရအောင် ငါက မင်းကို အိမ်ပြန်ခွင့်ပြုမှာ ဖြစ်နိုင်ပါ့မလား။ ဒါက အကြံဉာဏ်ကောင်းမှ မဟုတ်တာ"။
ချင်ယွင်ကသည် ကျိုးတာရှန်၏ မျက်လုံးများတွင် ပရိယာယ်ကိုမြင်နိုင်ပြီး ကျိုးတာရှန်နှင့် ပတ်သက်ပြီး သူ၏ပတ်ဝန်းကျင်ရှိလူများ၏ ဆွေးနွေးချက်များကို ကြားသောအခါ ချက်ချင်းဆိုသလိုပင် ကျိုးတာရှန်၏အတွေးများကို သိလိုက်သည်။ သူ၏နှလုံးသားထဲတွင် မထိန်းနိုင်ဘဲ သတ်ပစ်လိုသည့်ဆန္ဒကို ခံစားလိုက်ရသည်။
သို့သော်လည်း ချင်ယွင်က မလှုပ်ရှားမီ ရန်စီချီ၏ လှပသော မျက်နှာသည် အေးစက်သွားသည်။ သူမက ရုတ်တရက် ရှေ့သို့ ခြေတစ်လှမ်းတိုးကာ သူမ၏ဓားကို ဆွဲထုတ်လိုက်သည်။ စူးရှထက်မြက်သော ဓားအလင်းတန်းတစ်ခု ချက်ခြင်း ဖြတ်သန်း သွား၏။
ကျိုးတာရှန်သည် ဘာဖြစ်သွားမှန်းတောင် မသိလိုက်ဘဲ ရုတ်တရက် ထွက်ပေါ်လာသည့် ဓားအလင်းတန်းကြောင့် သူ၏တစ်ကိုယ်လုံး နှစ်ခြမ်းကွဲသွားသည်။
ပတ်ဝန်းကျင်မှ လူများသည် ချက်ချင်းပင် မျက်လုံးများပြူးကျယ်ကာ နှစ်ခြမ်းကွဲပြီး သွေးစိမ်းရှင်ရှင် ထွက်နေသော ကျိုးတာရှန်ကို ကြည့်လိုက်ကြသည်။ ထို့နောက် လက်ထဲတွင် ဓားကိုင်ထားသော လှပပြီးအလွန်အမင်း အေးစက်နေသည့် အမျိုးသမီးကို တဖန်ပြန် ကြည့်လိုက်ရင်း သူတို့၏စိတ်နှလုံးထဲတွင် အလွန် တုန်လှုပ်သွားကြသည်။
ကျိုးတာရှန်က မည်သည့်အဆင့် ကျွမ်းကျင်ပညာရှင်မျိုးနည်း?။ သူသည် နဝမ အဆင့် ကောင်းကင်အလွှာ သိုင်းဂိုဏ်းချုပ်နယ်ပယ်၏ အထွတ်ထိပ်မှာ ရှိနေသူ ဖြစ်သည်။ သို့သော် ထိုအမျိုးသမီး၏ရှေ့တွင် သူသည် ပြန်လည်တိုက်ခိုက်ရန် ခွန်အားပင် မရှိခဲ့ပေ။ သူသည် ဓားတချက်ဖြင့် ထက်ပိုင်းခွဲခြမ်းခံရပြီး တုံ့ပြန်နိုင်ခြင်းပင် မရှိခဲ့ပေ။ ထိုအမျိုးသမီးသည် မည်မျှသန်မာသည်ကို တွေးကြည့် နိုင်ပါသည်။
"သိုင်းမြို့စားအဆင့် ကျွမ်းကျင်သူတစ်ယောက်၊ သေချာပေါက် သိုင်းမြို့စားနယ်ပယ် ကျွမ်းကျင်သူတစ်ယောက် ဖြစ်ရမယ်" ရန်စီချီအပေါ် အစောပိုင်းက ရိုင်းစိုင်းသည့် အတွေးများရှိနေကြသည့် အမျိုးသားများအားလုံး ထိတ်လန့်သွားကြလေသည်။ သူတို့၏ နဖူးပေါ်မှ အေးစက်သော ချွေးများ တဖြုတ်ဖြုတ် စီးကျလာနေသည်။
ချင်ယွင်လည်း အနည်းငယ် အံ့အားသင့်သွားသည်။ ရန်စီချီသည် အမှန်တကယ် လှုပ်ရှားလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။
ချင်ယွင်၏ အထင်အမြင်တွင် ရန်စီချီသည် အမြဲတမ်း အလွန်နာခံသူဖြစ်သည်။ သူမ၏ ကျင့်ကြံမှုအခြေခံမှာ နိမ့်ကျခြင်းမရှိဘဲ သိုင်းမြို့စားနယ်ပယ်၏ သတ္တမအဆင့် ကောင်းကင်အလွှာသို့ ရောက်နေပြီဖြစ်သော်လည်း သူမသည် မည်သူနှင့်မှ တိုက်ခိုက်ခြင်း မရှိလောက်ပင်။ ထို့ကြောင့် ချင်ယွင်က ရန်စီချီသည် သွေးစွန်းခြင်းကို မကြိုက်ကြောင်း တဖြည်းဖြည်း တွေးမိလာခဲ့သည်။
ယခုတော့ ရန်စီချီသည် သူမ၏ပြိုင်ဘက်ကို ဒေါသပေါက်ကွဲနေသည့် ဓားဖြင့် တစ်ချက်တည်း ခုတ်ပိုင်းလိုက်သည်ကို မြင်လိုက်ရသဖြင့် သူသည် အံ့အားသင့်၍ မဆုံးနိုင်တော့ပေ။ သေချာသည်မှာ အကယ်၍ ရန်စီချီက မလှုပ်ရှားဘူးဆိုလျှင်ပင် ချင်ယွင်က လှုပ်ရှားမှာဖြစ်သည်မို့ ဤလူကတော့ သေလူဖြစ်နေတုန်းပါပဲ။
ရန်စီချီသည် သွေးအိုင်ထဲတွင် လဲလျောင်းနေသည့် ထွားကျိုင်းသန်မာသည့် ယောက်ျားကို ကြည့်ကာ သူမ၏ မျက်လုံးများက အေးစက်နေဆဲပင်။ သူမသည် ရောက်ရှိနေကြသူအားလုံးကို အံ့အားသင့်စေမည့် တစ်စုံတစ်ရာကို ထုတ်ပြော လိုက်သည် "နင် စောစောလေးက သူ့ကို မလေးမစား မလုပ်သင့်ဘူး"
ထိုစကားကိုကြားလျှင် ချင်ယွင်လည်း အနည်းငယ် မှင်သက်သွားခဲ့သည်။ ရန်စီချီသည် ဤအကြောင်းကြောင့် စိတ်ဆိုးသွားပုံရသည်။ ယင်းက သူ၏နှလုံးသားကို မလှုပ်ရှားဘဲ မနေနိုင် ဖြစ်သွားခဲ့ရသည်။
အနီးနားရှိလူများသည် ထိုစကားကိုကြားသောအခါ သူတို့၏ကျောရိုးများပင် တုန်ယင်သွားသလို ခံစားလိုက်ရသည်။ သူတို့အားလုံးသည် ယခုလေးတင်မှ ချင်ယွင်ကို နံဘေးမှာ ရပ်နေရင်း လှောင်ပြောင်မိကြသည်။ ဒါဆို သူတို့အားလုံး အသတ်ခံရဖို့ အန္တရာယ်ရှိလာမှာ မဟုတ်ဘူးလား။
ဟုတ်ပါသည်၊ ရန်စီချီကလည်း လူတိုင်းကို စိုက်ကြည့်နေသည်။ လူတိုင်းသည် ချက်ခြင်း ထိတ်လန့်သွားကြသည်။ သူတို့သည် လက်ရှိရှိနေသည့်နေရာမှာ မနေဝံ့ဘဲ ကြောက်လန့်တကြား ထွက်ပြေးသွားကြတော့သည်။
ချင်ယွင်သည် ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ မရယ်မောဘဲ မနေနိုင်ပေ။ ဤထွားကျိုးသန်မာသည့် လူကြောင့် မြင့်တက်လာသော ဒေါသများပင် ပြေပျောက် သွားခဲ့ရသည်။ သူက ပြုံးရင်း စနောက်ပြောလိုက်ပါသည် " မိန်းမ၊ မင်း စိတ်ဆိုးနေရင် ဒီလောက်လှမယ်လို့ ငါ မမျှော်လင့်ထားဘူး။ မင်းက အိပ်ယာဝင်တုန်းကထက်တောင် ပိုလှနေပါလား"။
ရန်စီချီ၏ မူလက အေးစက်နေသည့် အမူအရာသည် ချင်ယွင်၏ စကားကို ကြားရလျှင် သူမ၏မျက်နှာပေါ်ရှိ ရေခဲများသည် အရည်ပျော်သွားပြီး ရှက်ရွံ့စွာ ပြုံးကာ ချက်ချင်းပင် "လူဆိုး၊ နင် ငါ့ကို ထပ်ပြီး အနိုင်ကျင့်ပြန်ပြီ" ဟု ပြောလိုက် လေသည်။
ထိုစကားကို ပြောပြီးနောက်၊ သူမသည် သူမ၏ ပန်းရောင်လက်သီးနုနုလေးဖြင့် ချင်ယွင်၏ ရင်ဘတ်ကို အပြင်းအထန် ထုရိုက်လိုက်လေသည်။ ယခုအချိန်မှာ ဤအမျိုးသမီးငယ်၏ အသွင်အပြင်က ယခုလေးတင် ဓားရှည်ကိုင်ပြီး လူတစ်ယောက်ကို ဓားနှင့်ခုတ်ပိုင်းပြီး သတ်ဖြတ်လိုက်သည့် အချိန်ကနှင့် လုံးဝကို ခြားနားနေပါပြီ။
အဝေးကို ထွက်ပြေးသွားကြသော လူတစ်စုသည် ဤမြင်ကွင်းကို ကြည့်ရင်း သွေးအန်ချင်စိတ်ကိုပင် ခံစားခဲ့ရသည်။ မနေနိုင်ဘဲ သူတို့သည် ချင်ယွင်အပေါ်ကြည်ညို လေးစားသည့် အရိပ်အယောင်များပင် ပေါ်လာကြသည်။ ချင်ယွင်သည် မည်မျှပင် သန်မာနေပါစေ၊ သိုင်းမြို့စားအဆင့် အမျိုးသမီးတစ်ဦးကို ယခုလို အခြေအနေမျိုး ဖြစ်အောင် သူ မည်ကဲ့သို့ လေ့ကျင့်ပေးထားပါသနည်း?။
ထို့နောက် ချင်ယွင်သည် ရန်စီချီကိုခေါ်ဆောင်ကာ မြို့ထဲသို့ ဆက်လျှောက်သွား ခဲ့သည်။
သို့သော် မနီးမဝေးရှိ စားသောက်ဆိုင်တစ်ဆိုင်၏ ပြတင်းပေါက်တွင် လူငယ်တစ်ဦး သည် ဖြစ်ပျက်ခဲ့သမျှကို ကြည့်နေသည်ကို သူတို့ သတိမထားမိခဲ့ပေ။
လူငယ်သည် အရပ်မြင့်မားပြီး ထွားကျိုင်းသော်လည်း သူ၏အသားအရေက အလွန် ဖြူဖွေးသည်။ သူ၏ပုံစံက အလွန်မင်း ခန့်ညားပြီး အထူးသဖြင့် သူ၏မျက်လုံးတွေက အလွန်စူးရှသည်။ ခြုံငုံပြောရလျှင် သူသည် ချောမောခန့်ညားလှသည်။ ဤအခိုက် အတန့်တွင် သူသည် ရန်စီချီ၏ ကျောပြင်ကို တောက်လောင်နေသည့် ဆော့ကစားလိုမူ အရိပ်အယောင်ဖြင့် ကြည့်နေလေသည်။
"စိတ်ဝင်စားစရာ ကောင်းလိုက်တာ၊ စိတ်ဝင်စားစရာ ကောင်းလိုက်တာ၊ ငါ ဒီမိန်းမကို ရွေးချယ်ရတော့မယ်" လူငယ်သည် သူ၏ဖန်ခွက်ထဲရှိ ဝိုင်ကို တကျိုက်တည်း မော့သောက်ရင်း ဆိုးသွမ်းစွာ ပြောလိုက်ပါသည်။
လူငယ်လေး၏ ဘေးမှာ အဘိုးအိုတစ်ယောက် ရပ်နေပါသည်။ ဤအဘိုးအိုသည် ရိုးရှင်းည့် မီးခိုးရောင်၀တ်စုံကို ၀တ်ဆင်ထားကာ သူ၏ပင်ကိုယ်စရိုက်ကလည်း ရိုးရှင်းပါ သည်။ အကြည့်တချက်ဖြင့်ဆိုလျှင်၊ သူသည် သာမန်သေမျိုးတစ်ယောက်အတိုင်းပင် ဖြစ်ပါသည်။ သို့သော်၊ သူ၏ခန္ဓာကိုယ်ပေါ်တွင် မမြင်နိုင်သော ဖိအားတစ်ခုရှိနေပြီး သူသည် သာမန်လူဟောင်းမဟုတ်ကြောင်းကို ယခင်လူများကို သိစေခဲ့ပြီး ဖြစ်သည်။
ထိုအခိုက်အတန့်တွင် အဘိုးအိုသည် ရန်စီချီကို မကြည့်ခဲ့ပေ။ ယင်းအစား၊ သူသည် အံ့အားသင့်နေသည့် အကြည့်ဖြင့် ရန်စီချီ၏အနားရှိ ချင်ယွင်ကို စိုက်ကြည့်နေသည်။
"သခင်လေး၊ အဲဒီလူငယ်က နည်းနည်း ထူးခြားပုံရတယ်။ သူ့ရဲ့ ကျင့်ကြံမှုအခြေခံက သိုင်းဧကရာဇ်နယ်ပယ်ရဲ့ ပထမအဆင့် ကောင်းကင်အလွှာကို ရောက်ရှိနေပြီ။" မီးခိုးရောင်ဝတ် အဘိုးအိုသည် ထိုစကားကို မပြောမီ တစ်ခဏမျှ တုံ့ဆိုင်းသွားသည်။
"ဟမ့်၊ ပထမအဆင့် ကောင်းကင်အလွှာ သိုင်းဧကရာဇ်အဆင့်လေးကို။ ငါက ဘာလုပ်ရ မှာလဲ။ ငါ့ရှေ့မှာဆို တစ်ချက်ထိုးရင်တောင် ခံနိုင်ရည်မှာ မဟုတ်ဘူး"။ လူငယ်က အထင်သေးဟန်ဖြင့် ပြောလိုက်ပြီး သူ၏ခန္ဓာကိုယ်မှ မထင်မရှား အငွေ့အသက်များ ထွက်ပေါ်လာသည်။
“ဒါပေမယ့်” မီးခိုးရောင်ဝတ် အဘိုးအိုက တစ်ခုခုပြောချင်သော်လည်း လူငယ်က အတင်းကြားဖြတ်ကာ ပြောလိုက်သည်။
'"အကြီးအကဲတန်၊ ခင်ဗျား ဘာတွေတွေးနေလဲဆိုတာ ကျုပ် သိပါတယ်။ ဒီလူငယ်က ငယ်ငယ်ရွယ်ရွယ်နဲ့ သိုင်းဧကရာဇ်နယ်ပယ်ကို ရောက်နေပြီ။ သူကလည်း အဲဒီတိုက်ကြီးအတွင်းမှာရှိနေတဲ့ အဓိကအင်အားစုကြီးတစ်ခုရဲ့ တပည့်တစ်ဦး ဖြစ်နိုင် တယ်လို့ ခင်ဗျား သံသယရှိနေတာ မဟုတ်လား။ စိတ်မပူစမ်းပါနဲ့၊ ကျုပ်မှတ်ဥာဏ်ထဲ မှာတော့ အဲဒီအင်အားစုကြီးတွေရဲ့ တပည့်တွေထဲမှာ ကျုပ်တို့ရှေ့မှာရှိနေတဲ့ ဒီလူငယ် မျိုး မရှိတာ သေချာပါတယ်။ ဒါ့အပြင် အခု သူက ထျန်းယွန်တိုက်ကြီးမှာ ရှိနေတာလေ။ အခု သူ့ကို သတ်လိုက်မယ်ဆိုရင်ရော ဘယ်သူက သိမှာလဲ? " လူငယ်က အထင်သေးဟန်ဖြင့် ပြောလိုက်သည်။
အကြီးအကဲတန်ဟုခေါ်သော မီးခိုးရောင်ဝတ်အဖိုးအိုသည် ခေါင်းကို တိတ်တဆိတ် ငုံ့ထားရုံသာ တတ်နိုင်သည်။ သူသည် ဘာမှပြန်မပြောတော့ပေမယ့် သူ၏စိတ်က အနည်းငယ် စိုးရိမ်နေသေးသည်။
သို့သော်လည်း၊ ထိုလူငယ်ကတော့ ရန်စီချီ၏ နောက်ကျောကို တချက်ပြန်ကြည့်ရင်း ထွက်ခွာသွားသည်။ တက်မက်ခြင်း အလင်းတန်းတစ်ခုက သူ၏မျက်လုံးများ၏ နက်ရှိုင်းရာအရပ်မှာ စီးဆင်းသွားခဲ့ပြီး ပြောလိုက်သည် “ဒီထျန်းယွန်တိုက်ကြီးကို ရောက်ရှိဖို့က ရှားပါတယ်။ ငါ ဘာမှမပါဘဲ ဘယ်လိုလုပ် ပြန်သွားနိုင်မှာလဲ။ ဒီတစ်ခါတော့ မင်းနဲ့ ပိရှစ်သိုင်းမြို့စားကို သိမ်းသွားရလိမ့်မယ်"။
အခန်း (၃၆၃) ဒန်တန်ကိုဖျက်ဆီးခြင်း။
မူလက ချင်ယွင်သည် သူပစ်မှတ်ထားခံနေရသည်ကို သတိမထားမိသော်လည်း ရှောင်ဟောင်းတာအိုဆရာသခင်မှ သတိပေးပြီးနောက်၊ ချင်ယွင်သည် သူ ပစ်မှတ်ထား ခံရနေပြီဟု သဘောပေါက်လာခဲ့သည်။
ချင်ယွင်သည် စုံစမ်းရန်အတွက် သူ၏စိတ်ဝိညာဉ်စွမ်းအားကို ထုတ်လွှတ်လိုက် သည်နှင့် အနီးအနားစားသောက်ဆိုင်ရှိ လူငယ်နှင့် အဘိုးအိုကို ချက်ချင်း တွေ့ရှိခဲ့ ရသည်။
သို့သော်လည်း မကြည့်မိတာကမှ ကောင်းပါလေဦးမည်။ ချင်ယွင်သည် ချက်ချင်း ဆိုသလို ထိတ်လန့်သွားရပြီး၊ သူက ရန်စီချီကို အလျင်အမြန်ခေါ်က ဘာမှမဖြစ်ခဲ့သလို ဟန်ဆောင်ပြီး ထွက်သွားခဲ့သည်။
စားသောက်ဆိုင်အတွင်းရှိ လူငယ်သည် အစွမ်းထက်လွန်းပြီး သိုင်းဧကရာဇ်နယ်ပယ်၏ သတ္တမအဆင့် ကောင်းကင်အလွှာ အထွတ်အထိပ်သို့ ရောက်နေပြီ ဖြစ်သည်။ သို့သော် လည်း သူသည် ထိုလူငယ်ကို မကြောက်ပေ။ အမှန်တကယ် ကြောက်စရာကောင်းသည် က ထိုလူငယ်လေး၏ နောက်မှာ ရပ်နေသည့် အဘိုးကြီးပင် ဖြစ်လေသည်။
ထိုအဘိုးအို၏ ကျင့်ကြံမှုအခြေခံသည် အမှန်တကယ်ပင် တာအိုအငွေ့အရည်ဖွဲ့ခြင်း နယ်ပယ်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။ သူသည် အစောပိုင်းအဆင့် တာအိုအငွေ့ အရည်ဖွဲ့ခြင်းနယ်ပယ်တွင်သာ ရှိသော်လည်း ချင်ယွင်ကို လက်တဖက်မြှောက်ပြီး သတ်ဖြတ်ရန်အတွက် သူ၏ခွန်အားက လုံလောက်နေပါပြီ။
အဘိုးအိုက လူငယ်နောက်မှာ ရှိနေခဲ့သည်။ သူ၏အဆင့်အတန်းက လူငယ်ထက် နိမ့်ကျနေသည်ဆိုတာ ထင်ရှားပါသည်။ လူငယ်င သူ့ကိုကြည့်လာသည့်အခါ သတ်ဖြတ်လိုသည့် ဆန္ဒကို ရှင်းရှင်းလင်းလင်း ပြသထားသည်။ ထို့ကြောင့် ချင်ယွင်သည် သဘာဝအတိုင်း မနေရဲတော့ပေ။ သူသည် သူ့ကိုယ်သူ ထွက်ပေါ် မပြတော့ဘဲ ရန်စီချီကို မြို့ပြင်သို့ အမြန်ခေါ်ဆောင်သွားခဲ့သည်။
သူတို့မြို့ထဲမှ ထွက်လာသည်နှင့် တပြိုင်နက် ချင်ယွင်သည် ရန်စီချီကို ကောင်းကင်ဘုံ ကိုးအလွှာကြယ်စင်စုပုံကြမ်းထဲသို့ ထည့်လိုက်ပြီး တိုင်ဟန် တောင်တန်းများဆီသို့ အရှိန်အဟုန်အပြည့်ဖြင့် ထွက်ပြေးသွားခဲ့သည်။
ဟုတ်ပါသည်။ ချင်ယွင်၏ ခန့်မှန်းချက်ကလည်း မှန်ကန်ပါသည်။ တခြားတဖက်က လည်း သူ့ကို ပစ်မှတ်ထားပြီး ဖြစ်ပါသည်။
ချင်ယွင်မြို့မှ ထွက်ခွာသွားပြီး သိပ်မကြာခင်မှာပင် လူငယ်နှင့် မီးခိုးရောင်ဝတ် အဘိုးအိုတို့သည် သူ့နောက်သို့ အမြန်လိုက်သွားခဲ့သည်။
ရှေးဟောင်းတာအိုဆရာသခင်၏ စိတ်ဝိညာဉ်စွမ်းအားသည် သိုင်းဧကရာဇ်အဆင့် ကျွမ်းကျင်သူများကို ဖုံးကွယ်ထားနိုင်သော်လည်း တာအိုအငွေ့အရည်ဖွဲ့ခြင်း အဆင့်ရှိ ကျွမ်းကျင်သူများထံမှ ဖုံးကွယ်မထားနိုင်ပေ။ ထို့ကြောင့် ချင်ယွင်၏ပုံရိပ်အား မီးခိုးရောင်ဝတ် အဖိုးအိုက အမြန် ရှာဖွေတွေ့ရှိသွားခဲ့သည်။
"လူငယ်က တိုင်ဟန်တောင်တန်းထဲကို ဝင်သွားပေမယ့် အမျိုးသမီးကတော့ ပျောက်သွားခဲ့တယ် "။ မီးခိုးရောင်ဝတ် အဘိုးအိုက လူငယ်အား ပြောလိုက်ပါသည်။
လူငယ်သည် တိုင်ဟန်တောင်တန်း၏ ဦးတည်ရာသို့ လှမ်းကြည့်လိုက်ရင်း သူ၏ မျက်နှာတွင် အံ့အားသင့်နေသည့်အမူအယာဖြင့် ပြည့်နေသည်။ သူက ပြောလိုက်သည် " လိုက်"။
ထိုသို့ပြောပြီးနောက် သူတို့နှစ်ဦးသည် အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲကာ တိုင်ဟန်တောင်များဆီသို့ လျင်မြန်စွာ ပျံသန်းသွားကြသည်။
ချင်ယွင်၏ နှလုံးသည် သဘာဝအတိုင်း မြက်ပင်တစ်သောင်းနှင့် ရွှံ့ညွှန်များကြား ညှိကပ်နေသည့် မြင်းများကဲ့သို့ ခုန်နေသည်။ သူနှင့်ရန်စီချီတို့သည် ယခင်က မြို့တဝိုက်တွင် လှည့်လည်သွားလာနေကြသည့် ပါရမီရှင်တစ်ယောက်စ နှစ်ယောက်စ ၏ အရိပ်အယောင်မျှကိုသာ တွေ့ခဲ့ရသော်လည်း ယခုမူ ကံမကောင်းစွာဖြင့် တာအို အငွေ့အရည်ဖွဲ့ခြင်းနယ်ပယ် ကျွမ်းကျင်သူတစ်ဦးနှင့်တွေ့ဆုံလိမ့်မည်ဟု သူ မမျှော်လင့် ထားခဲ့ပေ။
ထျန်းယွန်တိုက်ကြီးတွင် တာအိုအငွေ့အရည်ဖွဲ့ခြင်းနယ်ပယ် ကျွမ်းကျင်သူတစ်ဦးနှင့် ပက်ပင်းတိုးပြီး ထိပ်တိုက်တွေ့ဆုံနိုင်မည့် အခွင့်အလမ်းသည် ကောင်းကင်ယံတွင် ဥက္ကာပျံများ ထွက်ပေါ်လာနိုင်ခြေထက်ပင် နည်းပါးကြောင်း သိထားရမည် ဖြစ်သည်။
ချင်ယွင်သည် တိုင်ဟန်တောင်တန်းသို့ လျင်မြန်စွာ ပျံသန်းသွားခဲ့ပြီး တိုင်ဟန် တောင်တန်း၏ နက်ရှိုင်းသည့်အရပ်သို့ လျင်မြန်စွာ ပျံသန်းခဲ့သည်။ သို့သော်လည်း သူ၏ အမြန်နှုန်းသည် သူ၏နောက်မှ လူငယ်နှင့် တာအိုအငွေ့ အရည်ဖွဲ့ခြင်းနယ်ပယ်မှ ကျွမ်းကျင်သူများနှင့် နှိုင်းယှဉ်၍မရပေ။
နောက်ဆုံးတွင်၊ တောင်ထိပ်တစ်ခုအရောက်တွင်၊ လူငယ်နှင့် မီးခိုးရောင်ဝတ် အဘိုးအိုတို့သည် ချင်ယွင်ကို မှီသွားကြသည်။
"လူကြီးမင်းတို့၊ မင်းက ဘာလို့ ကျွန်တော်နောက်ကို လိုက်နေရတာလဲ" သူ့ကို မှီသွားသည်ကို တွေ့လိုက်ရသဖြင့် ချင်ယွင်သည် သူ၏ ဦးရေပြားရောက်သည်အထိ ရဲစွမ်းသတ္တိကို မြှင့်တကာ ပြန်ပြောရန်မှတပါး ရွေးချယ်စရာမရှိတော့ပေ။
လူငယ်သည် ချင်ယွင်ကို တစ်ချက်ကြည့်လိုက်သည်။ ချင်ယွင်သည် တစ်ဦးတည်းသာ ဖြစ်ကြောင်း သူ တွေ့ရှိရသည်။ သူ၏မျက်လုံးများထဲတွင် အံ့အားသင့်မှု အရိပ်အယောင် များ ပေါ်လာသော်လည်း လျင်မြန်စွာဖြင့် ပြန်လည်တည် ငြိမ်သွားခဲ့သည်။ ထို့နောက် သူက "ဒါဆို မင်းကရော ဘာလို့ ထွက်ပြေးတာလဲ”ဟု ရယ်မောရင်း ပြန်မေး လိုက်လေ သည်။
"ခင်ဗျားတို့က ကျွန်တော်နောက်ကို လိုက်နေတာပဲ၊ ကျွန်တော် ပြေးရမှာပေါ့" ချင်ယွင်က ပြုံးပြီး ပြိုင်ဘက်ကို ပြန်လည်တိုက်ခိုက်ဟန်ဖြင့် ပြောသည် ။
လူငယ်သည် စိတ်ရှည်သည်းခံမှု ပျောက်ဆုံးသွားပုံရသည်။ သူ၏မျက်နှာက အေးစက်လာပြီး ပြောလိုက်လေသည်" ဒါနဲ့ မင်းနဲအတူပါလာတဲ့ အမျိုးသမီးကရော ဘယ်ရောက်သွားလဲ? ၊ မင်း သူမကို ဘယ်မှာ ဝှက်ထားလိုက်လဲ"
ချင်ယွင်သည် ထိုစကားကို ကြားသောအခါတွင် သတ်ဖြတ်လိုသည့် အရိပ်အယောင် တစ်ခုက သူ၏မျက်လုံးထဲတွင် ပေါ်လာပါသည်။ အမှန်ပင်၊ သူမှန်းဆထားသည့်အတိုင်း ဖြစ်နေသည်။ ဤလူငယ်သည် ရန်စီချီအတွက် ဤနေရာသို့ ရောက်ရှိလာခြင်း ဖြစ်နေ ပါသည်။
သို့သော် ချင်ယွင်သည် လူငယ်၏နောက်တွင် တိတ်တဆိတ်ရပ်နေသော အဘိုးအိုကို တစ်ချက်ကြည့်လိုက်သည်။ သူသည် ငတုံးငအဟန်ဆောင်ကာ အံ့အားသင့်သွား ဟန်ဖြင့် ပြောလိုက်သည် "ဟင့်အင်း၊ ဘာမိန်းမမှ ရှိမနေပါဘူး၊ ကျွန်တော်က အမြဲတမ်း တစ်ယောက်တည်း နေခဲ့သူပါ" ဟု ပြောရင်းသူ၏ မျက်လုံးထဲတွင် ကြောက်ရွံ့မှု အရိပ်အယောင် ပေါ်လာသည်။
ချင်ယွင်၏ စကားကို လူငယ်က ကြားလိုက်ရသည့်အခါ၊ သူက ချက်ချင်းပင် သူ၏ မျက်လုံးများကို မှေးကျဉ်းလိုက်ပြီး "မင်းက ငါ့ကို မျက်စိကန်းနေတယ်လို့ ထင်နေတာ လားကွ" ဟု ဒေါသတကြီး အော်လိုက်တော့သည်။
"မှန်ပါတယ်။ မင်းက မျက်စိကန်းနေတယ်လို့ ငါ ထင်တယ်!"
ဟုတ်ပါသည်။ ဤစကားကိုတော့ ချင်ယွင်က သူ၏နှလုံးသားထဲမှာ ပြောဆိုလိုက်ခြင်း ဖြစ်ပါသည်။ သူသည် တိုက်ရိုက်ကြီး သွားမပြောရဲပါဘူး။ အကယ်၍ သူသာ ထိုစကားကို တိုက်ရိုက် သွားပြောမည်ဆိုလျှင် သူ၏ရှေ့မှာရှိနေသည့် လူငယ်သည် ထိုနေရာမှာပင် ဒေါသ ပေါက်ကွဲပြီး ရူးသွပ်သွားနိုင်ပါသည်။
ထို့နောက် ချင်ယွင်က အပြစ်ကင်းဟန်ဆောင်ပြီး ပြောလိုက်သည် "ခင်ဗျားက ယခုလေးတင် မြို့ထဲမှာ ကျွန်တော်နဲ့ အတူရှိခဲ့တဲ့ အမျိုးသမီးကို ဆိုလိုတာလား၊ ကျွန်တော်တို့က မြို့တံခါးမှာကတည်းက လမ်းခွဲလိုက်ကြပြီး သူမကလည်း တခြားလမ်းကြောင်းကို ထွက်သွားပြီလေ။ ခင်ဗျား မမြင်လိုက်ဘူးလား?။
ထိုသို့ပြောပြီးနောက် သူမသည် အရှေ့အရပ်သို့ သွားကြောင်း ညွှန်ပြဟန်ဖြင့် ရိုးသားသည့် မျက်နှာအမူအယာကို ထုတ်ဖော်ရင်း သူတို့နှစ်ယောက်ကို အရှေ့ဘက် အရပ်သို့ လျှောက်ရှာနိုင်ရန် လမ်းပြလိုက်လေသည်။
လူငယ်သည် သံသယစိတ်ဖြင့် မီးခိုးရောင်ဝတ် အဘိုးအိုကို လှည့်ကြည့်လိုက်သည်။
မီးခိုးရောင်ဝတ် အဘိုးအိုက ခေါင်းယမ်းပြကာ လူငယ်အား အသံဆက်သွယ်မူတစ်ခု ပေးပို့လိုက်သည် "ဒီလမ်းကြောင်းအနားမှာ ထူးဆန်းစွာ ပျောက်ကွယ်သွားခဲ့တယ်။ သူမ ဘယ်ရောက်သွားမှန်း ကျွန်တော်လည်း မသိဘူး၊ ဘယ်လိုလဲ၊ ဒီလူငယ်ကို အရင်ဆုံး မသတ်ဘဲ ထားလိုက်ရအောင်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့က ကောင်မလေး သွားနိုင်မယ်ထင်တဲ့ ပိရှစ်မြို့တော်ရဲ့ အရှေ့ပိုင်းအရပ်ကို အရင်ဆုံး လျှောက်ရှာကြည့်ရ အောင်။ တကယ်လို့ ကျွန်တော်တို့က ဒီလူငယ်လိမ်နေတာကို ရှာတွေ့ခဲ့မယ်ဆိုရင် နောက်ပိုင်း သူ့ကို သတ်ပစ်နိုင်တယ်လေ။"
ခဏငြိမ်ပြီးနောက် လူငယ်က ခေါင်းညိတ်ပြလိုက်သည်။ ဤသည်မှာ တစ်ခုတည်းသော နည်းလမ်း ဖြစ်သည်။ ချင်ယွင်လိမ်နေသလားဆိုသည်ကို သူတို့လည်း မသိနိုင်ပေ။ ယခုအချိန်မှာ တော့ ဤလူငယ်၏စကားကို တခဏကြာအောင် ယုံပေးရလိမ့်မည်။ အကယ်၍ ထိုအမျိုးသမီးကို သူတို့ ရှာမတွေ့ခဲ့ဘူးဆိုလျှင် ဤလူငယ်က သူ့ကို လိမ်ညာနေသည် သိသာထင်ရှားလိမ့်မည်။ ထိုအချိန်ရောက်မှ သူ့ကိုသတ်လျှင်လည်း အချိန် မနှောင်းသေးပါဘူး။
ထို့အပြင် ဤလူငယ်သည် သိုင်းဧကရာဇ်နယ်ပယ်၏ ပထမအဆင့် ကောင်းကင်အလွှာ တွင်သာ ရှိသေးသည်။ အကြီးအကဲတန် မပြောနှင့်၊ သူကိုယ်တိုင်တောင်မှ သူ့ကို ချက်ခြင်း ပါးရိုက်သတ်လို့ ရပါသည်။
"ကောင်လေး၊ ငါ မင်းကို လောလောဆယ် ယုံကြည်ထားလိုက်မယ်။ ဒါပေမယ့် အဲဒီကောင်မလေးကို ရှာမတွေ့မချင်း မင်း ငါတို့နဲ့ လိုက်ခဲ့ရမယ်။ တကယ်လို့ မင်း ငါ့တို့ကို လိမ်နေတာကို ချက်ချင်းရှာတွေ့တာနဲ့ မင်းကို ငါကိုယ်တိုင် တိုက်ရိုက် သတ်ပစ်မယ်" လူငယ်က အေးစက်စက် နှာခေါင်းရှုံ့ပြီး အော်ပြောလိုက် သည်။
ချင်ယွင်လည်း အနည်းငယ် ထိတ်လန့်သွားသည်။ သူသည် အမှတ်မထင် မျက်မှောင် ကြုတ်လိုက်သည်။ သူသည် စောစောလေးက သေသည်အထိ တိုက်ပွဲဝင်ရန် အဆင်အသင့် ဖြစ်နေပြီဖြစ်သည်။ တစ်ဖက်လူက သူ့ကို မသတ်ဘူးဟု သူ မမျှော်လင့် ထားပေ။ ထို့အပြင် ထိုလူငယ်သည် သူ၏ အဓိပ္ပါယ်မရှိသည့် စကားကို ယုံကြည် သွားခဲ့ သည်။ ဤလူငယ်သည်လည်း ချင်ယွင်ကို သတ်ရမည်ကို ကြောက်နေပုံရသည်။ ထို့ကြောင့် ဤလူငယ်သည် ရန်စီချီကို အမှန်တကယ် ဖမ်းမမိဘူးဆိုလျှင်ပင် ချင်ယွင်ကို သတ်လိမ့်မည် မဟုတ်ပေ။
သို့သော်လည်း ဤလူငယ်သည် ပို၍ပို၍ အကြိတ်အနယ်ဖြစ်လာလေ၊ ချင်ယွင်၏ သတ်ပစ်လိုစိတ်က ပိုပြင်းထန်လာလေ ဖြစ်သည်။
သို့သော်လည်း မီးခိုးရောင်ဝတ်အဘိုးအိုနှင့်အတူရှိနေချိန်မှာ ချင်ယွင်သည် သူ့ကို သတ်ရန် မဖြစ်နိုင်သလောက်ပင်။ ထို့ကြောင့် သူတို့နောက်သို့ လိုက်သွားခြင်းသည် လက်ရှိအချိန်တွင် တစ်ခုတည်းသောရွေးချယ်မှု ဖြစ်သည်။
"မလိုက်လို့ မရဘူးလား။ ကျွန်တော်မှာ တခြားလုပ်စရာလေးတွေ ရှိနေသေးတယ်" ချင်ယွင်က သူတို့နောက်ကိုလိုက်ဖို့ စိတ်ကူးထားပြီးသား ဖြစ်သော်လည်း ထိုရည်ရွယ် ချက်ကို ရှင်းရှင်းလင်းလင်း ဖော်မပြနိုင်ပါဘူး။ အကယ်၍ သူသာ ချက်ချင်းကြီး သဘောတူလိုက်မည်ဆိုလျှင် တစ်ဖက်လူ၏ သံသယကို နှိုးဆွမိပါလိမ့်မယ်၊ ထို့ကြောင့် သူက အလွန်ဝန်လေးနေဟန်ဆောင်ပြီး ပြောလိုက်သည်။
ချင်ယွင်၏အမူအယာကို မြင်လိုက်ရလျှင် လူငယ်၏ နှုတ်ခမ်းစွန်းများက ဆိုးသွမ်းသော အပြုံးဖြင့် တွန့်ကွေးသွားခဲ့ပြီး ပြောလိုက်လေသည် "ဒီကိစ္စက မင်းသဘောအတိုင်း ဖြစ်လာမှာ မဟုတ်ဘူး"။
ထိုစကားကို ပြောပြီးနောက် သူ၏နောက်မှ အဖိုးအိုကို လှမ်းကြည့်လိုက်သည်။ အဘိုးအိုသည် လူငယ်၏ရည်ရွယ်ချက်ကို ချက်ချင်းနားလည်သွားပြီး ချင်ယွင်၏ ရှေ့တွင် အလင်းတန်းတစ်ခုအဖြစ် ပြန်ပေါ်လာသည်။
"ဘုန်း!"
မီးခိုးရောင်ဝတ်အဘိုးအိုသည် ချင်ယွင်၏ဝမ်းဗိုက်ကို ရိုက်ချလိုက်ရာ ချင်ယွင်၏ ခန္ဓာကိုယ် အတွင်းရှိ ဒန်တန်သည် ချက်ချင်း ကွဲအက်သွားကာ သူ၏ပါးစပ်မှ သွေးများ ထွက်လာသည်။
"မင်း" ချင်ယွင်လည်း ချက်ချင်းပင် မျက်လုံးကို ပြူးကျယ်စွာဖွင့်ပြီး အလွန်အံ့သြဟန် ဟန်ဆောင်လိုက်သည်။
အမှန်တကယ်မှာလည်း သူကိုယ်တိုင်က ဒီအတိုင်း မျှော်လင့်ထားပြီး ဖြစ်သည်။ ထို့အပြင် အကယ်၍ သူ၏ဒန်တန် ပျက်စီးသွားခဲ့လျှင်ပင် သူ့မှာ အသက်သစ်ပင် ရှိနေပါသေးသည်။ သူပြန်ကောင်းလာဖို့ အချိန်တစ်မိနစ်နီးပါးလောက်သာကြာလိမ့်မည် ဟု ပြောနိုင်ပါသည်။ အများဆုံး နာကျင်မှုကို တစ်ကြိမ်တောင့်ခံနိုင်ဖို့သာ လိုအပ်သည်။
"ဟား ၊ ဟား၊ မင်းရဲ့အတွေးတွေကို ငါမသိဘူးလို့များ ထင်နေတာလား။ မင်းက ငါတို့ဆီမှ ကတိအရင်တောင်းပြီး လွတ်မြောက်ဖို့ အခွင့်အရေးကို ရှာချင်နေတာ မဟုတ်လား။ အခု မင်းရဲ့ကျင့်ကြံမူ အခြေခံက သုံးစားမရ ဖြစ်သွားပြီဆိုတော့ မင်း လွတ်မြောက်ဖို့အတွက် ဘယ်လိုကြိုးစားဦးမလဲဆိုတာ ငါကြည့်ဦးမယ်" လူငယ်က ကျယ်လောင်စွာ ရယ်မောလိုက်ပြီး ချင်ယွင်ကိုကြည့် အထင်မြင်သေးသည့်အကြည့် ဖြင့် စူးစူးစိုက်စိုက် ကြည့်နေပါသည်။
ချင်ယွင်သည် လူငယ်အား ဒေါသတကြီး စိုက်ကြည့်ကာ သူ၏မျက်လုံးများတွင် မလိုလားသည့် စိတ်ခံစားချက်များဖြင့် ပြည့်နှက်နေပုံရသည်။
"ငါသခင်လေးချီရှေ့မှာ မင်းက လှည့်စားဝံ့တယ်ပေါ့။ မင်းက သေခြင်းတရားကို အမှန်တကယ် တောင်းခံနေတာပဲ။ အကြီးအကဲတန်၊ သူ့ကို ခေါ်လာခဲ့ပါ "။ လူငယ်က သူ၏ ဝတ်စုံလက်မောင်းကို တစ်ချက်ဝှေ့ယမ်းပြီး လှည့်ထွက်သွားလေသည်။
"ဟုတ်ကဲ့ပါ၊ သခင်လေး" မီးခိုးရောင်ဝတ် အဘိုးအိုသည် တုန့်ပြန်လိုက်ပါသည်။ ထို့နောက် သူက ချင်ယွင်၏ ဝတ်စုံနောက်ကျောကော်လံကို ဆွဲကိုင်လိုက်ပြီး သူ၏ သခင်လေးနောက်ကို အမီလိုက်နိုင်ရန် ပျံသန်းသွားလေသည်။
အခန်း (၃၆၄) အမျိုးမျိုးအရှက်ခွဲခြင်း။
အမှန်တကယ်ဆို ချင်ယွင်၏နှလုံးသားသည် အလွန် ခါးသီးနေလေသည်။ သူ အဖမ်းဆီး မခံရခင်မှာ သူ၏ သောက်ကျိုးနည်း ရှေးဟောင်းတာအိုဆရာသခင်ဆီမှာ အကူအညီ တောင်းဖို့လည်း သဘာဝအတိုင်း သူ မမေ့ခဲ့ပါဘူး။
သို့ပေမယ့် ရှေးဟောင်းတာအိုဆရာသခင် သူ့ကိုပေးခဲ့သည့် အဖြေက "သူသည် တာအို အငွေ့အရည်ဖွဲ့ခြင်း နယ်ပယ်အောက်မှာရှိသည့် လူတွေကိုသာ ရင်ဆိုင်နိုင်ပြီး တာအို အငွေ့အရည်ဖွဲ့ခြင်းနယ်ပယ်၏ အထက်မှာရှိသည့် လူတွေနှင့် ရင်ဆိုင်ရသောအခါ ကိုယ့်ကိုယ်ကို ဆုမွန်ကောင်းတောင်းထားပါ"ဆိုသည့် စကားပင် ဖြစ်လေသည်။
ထိုအချိန်တွင် ချင်ယွင်သည် ဒေါသအထွက်လွန်ပြီး မထိန်းနိုင်ဘဲ ပါးစပ်မှပင် သွေးအန်ခဲ့ရသည်။ အကယ်၍ သူ၏နှလုံးသားထဲမှာ ဆရာ့သခင်အပေါ် လေးစားမှု တစွန်းတစ ရှိမနေခဲ့ဘူးဆိုလျှင် သူသည် အမှန်တကယ်ပင် အရာအားလုံးကို လျစ်လျူရူ ပြီး ကျိန်စာတိုက်ပစ်ချင်မိပါသည် " ခင်ဗျားကြီး အင်မော်တယ်ဧကရာဇ်တစ်ပါးမှ ဟုတ် သေးရဲ့လား။ ခင်ဗျားကြီးက တာအိုအငွေ့အရည်ဖွဲ့ခြင်းအဆင့် ကျွမ်းကျင်ပညာရှင် လေးကိုတောင် ရင်မဆိုင်နိုင်ဘူးလား။ ခင်ဗျားကြီးရဲ့ ချစ်တပည့်လေး အဖမ်းခံနေရတဲ့ အခါ လွတ်မြောက်ဖို့အတွက် ကိုယ့်ကံကြမ္မာကို ဆုတောင်းဆိုတဲ့ စကားကို တကယ်ကြီး ပြောဆိုရက်တယ်ပေါ့။ ခင်ဗျား ကိုယ့်ကိုယ်ကို ရှက်ရွံ့သလို မခံစားရဘူး လား"။
ဟုတ်ပါသည်, ချင်ယွင်သည် ဤစကားလုံးတွေကို သူ၏စိတ်ထဲမှာသာ ထိန်းသိမ်း ထားခဲ့နိုင်ပြီး ရှေးဟောင်းတာအိုဆရာသခင်ကို မပြောဝံ့ပါဘူး။ ရှေးဟောင်းတာအို ဆရာသခင်၏ ဒေါသကြောင့် ရှေးဟောင်းတာအို ဆရာသခင်သည် မီးခိုးရောင်ဝတ် အဘိုးအိုကို အရေးယူခြင်း မပြုမီ ချင်ယွင်ကို ဆုတ်ဖြဲပစ်ကောင်း ဆုတ်ဖြဲပစ်နိုင်ပါ သည်။
ထို့အပြင်၊ ရှေးဟောင်းတာအိုဆရာသခင်သည် တာအိုအငွေ့အရည်ဖွဲ့ခြင်းနယ်ပယ် ကျွမ်းကျင်သူများနှင့် အမှန်တကယ် ရင်မဆိုင်နိုင်ကြောင်း ချင်ယွင်လည်း သိထားပါ သည်။ ထို့သို့မဟုတ်ဘဲ၊ သူလှုပ်ရှားလိုက်မည်ဆိုလျှင်၊ သူသည် ကြီးမားသည့် တန်ဖိုးကို ပေးဆပ်ရပါလိမ့်မည်။ အကယ်၍ သူ့မှာ တခြားရွေးချယ်စရာ ရှိနေသေးသည်ဆိုလျှင် သူက လှုပ်ရှားပေးမှာ မဟုတ်ပါဘူး။ အကယ်၍ ချင်ယွင်၏ အသက်သည် စဉ်းလှီး တုံးပေါ်ရောက်နေသည့် အနေထားမျိုးဖြစ်နေပါက၊ သူသည် သေချာပေါက် လှုပ်ရှားပါ လိမ့်မည်။
ထို့ကြောင့် ချင်ယွင်သည် ရှေးဟောင်းတာအိုဆရာသခင်နှင့် ပတ်သက်ပြီး စောဒက အများကြီး မတက်တော့ပေ။ ယင်းအစား သူသည် မီးခိုးရောင်ဝတ် အဖိုးအိုလက်မှ မည်သို့လွတ်မြောက်အောင် ကြံဆောင်ရမလဲဆိုသည်ကို စဉ်းစားနေမိသည်။ မီးခိုးရောင်ဝတ် အဖိုးအိုကို သတ်ဖြတ်ဖို့လား ၊ ဟင်း....၊ မဖြစ်နိုင်ပါဘူး။ ချင်ယွင်သည် ယခု သိုင်းဧကရာဇ်နယ်ပယ်၏ နဝမအဆင့် ကောင်းကင်အလွှာ အထွတ်အထိပ်အထိ မကျော်ဖြတ်နိုင်ဘူးဆိုရင်ပေါ့။
ကျောက်စိမ်းရေစီရင်စု၊ ကြွေကျသောမိုးရေမြို့၊ ကြယ်စင်စုတည်းခိုခန်း။
ရှီရှောက်ယန်းဟုခေါ်သော လူငယ်သည် မီးခိုးရောင်ဝတ် အဘိုးအိုနှင့် ညစာစားနေပါ သည်။ ဤသည်မှာ ချင်ယွင်ကို ဖမ်းခေါ်ပြီးနောက် အရှေ့ဘက်အရပ်မှာ ရှာဖွေနေသည့် တတိယမြောက်မြို့ ဖြစ်ပါသည်။ သို့သော်လည်း ရန်န်စီချီနှင့် ပတ်သက်သည့် သဲလွန်စ တစွန်းတစကိုပင် မတွေ့ရှိရသေးပေ။ ယင်းက သူ့ကို စိတ်အနှောက်အယှက် ဖြစ်စေရုံ သာမက ချင်ယွင်က သူ့ကို လိမ်ညာနေသည်ဟုပင် သံသယရှိလာခဲ့သည်။
ချင်ယွင်သည် စားစရာမရှိသည့် အခြားစားပွဲတစ်ခုတွင် ထိုင်နေရပါသည်။
ရှီရှောက်ယန်းဟုခေါ်သည့် ဤလူငယ်သည် ချင်ယွင်အား တစ်ခုခုစားသုံးနိုင်ရန် ကြင်နာစွာဖြင့် မည်သို့ ပေးမည်နည်း?။
"ဟမ့်, မျိုးမစစ်ကောင်, မင်းက ငါ့ကို လိမ်နေတာလား? အခု မြို့သုံးမြို့ ရှာပြီးသွားပြီ။ ဒီကောင်မလေးကို အခုထိမတွေ့ရတာ ဘာကြောင့်လဲ?။" ရှီရှောက်ယန်းက ရုတ်တရက် အေးစက်စွာ အော်လိုက်ပြီး ချင်ယွင်ကို စိုက်ကြည့်နေသည်။
ချင်ယွင်က ဒေါသထွက်ဟန်ဆောင်ပြီး ပြောလိုက်လေသည် " ဟမ့်၊ ငါက မင်းကို လိမ်နေတယ်လို့ထင်ရင်လည်း လိမ်နေတယ်ကွာ။ ငါ့ကို သတ်လိုက်ပါ၊ ငါ့ကိုသတ်လိုက် စမ်းပါ။ မင်း သူမကို ဘယ်တော့မှ ရှာမတွေ့တော့ဘူး!"
ချင်းယွင်၏ စကားကိုကြားသောအခါ လူငယ်သည် ဒေါသအမျက် ထွက်သွားလေသည်။ သူက ချင်ယွင်ကို စိုက်ကြည့်ရင်း ပြောလိုက်သည် "ငါက မင်းကို မသတ်ဝံ့ဘူးလို့ မင်း တကယ် ထင်နေတာလား။ ငါရှီရှောက်ယန်း လိုချင်တဲ့ လူတစ်ယောက်ကို ရှာမတွေ့ ဘူးလို့ ငါ မယုံဘူး အနည်းဆုံး နည်းနည်း ဒုက္ခများရုံပေါ့။ ကျောက်စိမ်းရေစီရင်စု တစ်ခုလုံးကို ရှာဖွေပြီးနောက် သူမကို ရှာမတွေ့ဘူးလို့ ငါ မယုံဘူး"။
"ကောင်းပြီလေ၊ ဒါဆိုလည်း မင်းသွားရှာပေါ့။ ကျောက်စိမ်းရေစီရင်စု တစ်ခုလုံးကို မင်း သွားရှာရင်တောင် သူမကို ရှာမတွေ့နိုင်ဘူးဆိုသည့် မထီမဲ့မြင်ပြုသည့် အမူအရာဖြင့် ပြောလိုက်လေသည်။
သတ်ဖြတ်လိုသည့် အရိပ်အယောင်က လူငယ်လေး၏ မျက်လုံးများတွင် ထွက်ပေါ် လာသည်။ ရုတ်တရက် သူသည် တခုခုကို တွေးနေပုံရသည်။ "ငါ မင်းနဲ့ အဲဒီကောင်မလေးကို တွေ့လိုက်တဲ့အချိန်မှာ မင်းနှစ်ယောက်က အရမ်းရင်းနှီးပုံရတယ်။ ငါ ခန့်မှန်းသာ မမှားဘူးဆိုရင် သူမက မင်းမိန်းမပဲ၊ ဟုတ်တယ်မလား။"
"အဲတော့ ဘာဖြစ်သလဲ?" ချင်ယွင်က သတိထားသည့် အမူအယာဖြင့် မေးလိုက်လေ သည်။
လူငယ်သည် သူလိုချင်သောအဖြေကို ကြားလိုက်ပုံရသည်။ သူသည် ခွေးခြေထက်မှ ထရပ်ပြီး ချင်ယွင်၏ နံဘေးသို့ လျှောက်သွားကာ ပြောလိုက်သည် " ဒါဆိုရင် အခုပဲ မင်းကိုမသတ်ဖို့ ငါဆုံးဖြတ်လိုက်ပြီ။ အဲဒီကောင်မလေးကို ရှာတွေ့ပြီးတာနဲ့ မင်းရဲ့ ရှေ့မှာပဲ ငါ သူမနဲ့ ကစားကြည့်ချင်တယ်။ အဲဒီအချိန်ရောက်ရင် မင်းက မိန်းမရဲ့ အော်ဟစ်နေဟန်ကို ကြည့်ပြီး မင်းရဲ့အမူအရာက အရမ်းကို ကောင်းနေလိမ့်မယ်။ ဟား...။ ဟား.....။"
လူငယ်လေးက ထိုစကားပြောနေချိန်မှာပင် သူ၏မျက်နှာက ကောက်ကျစ်သည့် အပြုံးတွေနှင့် ပြည့်နေပါသည်။ သူပြောပြီးသည်နှင့် သူသည် ချင်ယွင်၏ ပါးစပ်ကို လက်နှင့်ပင် ပုတ်လိုက်သေးသည်။
"မင်းကို ငါ သတ်မယ်"။
ချင်ယွင်သည် သူ၏သွားများကြားမှ စကားလုံးခြောက်လုံးကို ညှစ်ထုတ် ပြောလိုက် သည်။ သူ၏မျက်လုံးများသည် ဒေါသများဖြင့် ပြည့်နှက်နေသည်။ ဤတစ်ကြိမ်တွင် သူ၏ဒေါသသည် အတုအယောင် မဟုတ်ပေ။ သူ၏နှလုံးသားထဲမှ အမှန်တကယ် ထွက်ပေါ်လာခြင်း ဖြစ်ပေသည်။
သူ၏စိတ်ထဲတွင်၊ ရှီရှောက်ယန်းဟုခေါ်သည့် ဤလူငယ်သည် သေရမည့်စာရင်းတွင် ပါဝင်နေပြီ ဖြစ်သည်။ သူ မသေလို့ မရတော့ပါဘူး.။
"ဟား....၊ ဟား.....။ မင်းက ငါ့ကို သတ်ချင်နေတာလား။ မင်းရဲ့ကျင့်ကြံမူ အခြေခံက သုံးစားမရပဲ အမှိုက်တစ်စ ဖြစ်သွားပြီး မဟုတ်လား"။ လူငယ်က ကျယ်လောင်စွာ ရယ်မောလိုက်ပြီး ချင်ယွင်၏ ပုခုံးကို တိုက်ရိုက် ရိုက်ချလိုက်လေသည်။ ချင်ယွင်သည် ချက်ချင်းပင် ပါးစပ်မှ သွေးများ အန်ထွက်လာသည်။
လူငယ်၏ လက်ဖဝါးတွင် ပြင်းထန်သည့် ဝိညာဉ်ချီများပါ၀င်နေပြီး ချင်ယွင်၏ အတွင်း အင်္ဂါများကို ချက်ချင်းပင် ဒဏ်ရာရသွားစေကာ မြေပြင်ပေါ်သို့ လဲကျသွားပါသည်။
"ဟား....၊ ဟား.......၊ အမှိုက်က အဓိပ္ပာယ်မရှိတဲ့ စကားတွေကို ပြောရဲတယ်နော်။ မင်းမိန်းမနဲ့ တွေ့ရဖို့ ငါ ပိုပြီး မျှော်လင့်နေမိတယ်။ ငါနဲ့ မင်းမိန်းမတို့ ကစားနေတာကို မင်းမြင်လိုက်ရင် မင်းက ဘယ်လိုအမူအယာမျိုး ဖြစ်နေမလဲဆိုတာ ငါ မြင်ချင်မိတယ်" လူငယ်က ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပါသည်။
ချင်ယွင်သည် မြေပြင်ပေါ်တွင် လဲလျောင်းနေပြီး သူ၏သွားများကို ကိုက်လိုက်သည်။ သူ၏စိတ်ထဲတွင် ဒေါသအလွန် ထွက်နေသည်။ သို့သော် သူသည် သည်းခံနေရပါသည်။ သူသည် ရှီရှောက်ယန်းကို သတ်ဖြတ်ပြီးနောက် ဘေးကင်းကင်းနှင့် လွတ်မြောက်နိုင် မည့် အခွင့်အရေးရသည်အထိ စောင့်ရမည်။ မီးခိုးရောင်ဝတ် ဤအဘိုးကြီးသည် ရှီရှောက်ယန်းနောက်ကို အမြဲတမ်း လိုက်နေနိုင်မည်ဟု သူ မယုံပေ။
မီးခိုးရောင်ဝတ် အဘိုးကြီး ထွက်သွားသည်နှင့် ချင်ယွင်က ချက်ချင်းဆိုသလို အစွမ်းကုန်ထုတ်ပြီး ရှီရှောက်ယန်းဆိုသူကို သတ်ပစ်လိုက်မည် ဖြစ်သည်။
အကယ်၍ သူ အသတ်မခံရနိုင်သေးဘူးဆိုလျှင် အနည်းဆုံးတော့ သခင်လေးချီကို သူ တားဆီးစရာ မလိုသေးပေ။ ထို့ကြောင့် သူ့အသက်ကို အခုချက်ချင်း မစွန့်စားနိုင်သေး ပါဘူး။
သူသေဆုံးသွားသည်နှင့် ကောင်းကင်ဘုံကိုးအလွှာ ကြယ်စင်စုပုံကြမ်းသည် ဤလူငယ် ၏ရှေ့တွင် ထွက်ပေါ်လာမည် ဖြစ်သည်။ ထိုအချိန်တွင်၊ ရန်စီချီ၏ အခြေအနေသည် အမှန်တကယ်ပင် အန္တရာယ်ရှိပေလိမ့်မည်။ ထို့ကြောင့် သူ့အတွက်ဖြစ်စေ ရန်စီချီ အတွက် ဖြစ်စေ သူသည် သည်းခံနိုင်ရမည်။
"အို၊ မင်းက တော်တော် ခံနိုင်ရည်ရှိတာပဲကွ။ အကြီးအကဲတန်၊ ကျွန်တော် သူ့ကို ဒီည အကြီးအကဲတန်ဆီမှာ ထားခဲ့လိုက်မယ်။ သူ့ကို စောင့်ကြည့်ပေးပါဦး။ သူ့ကို လုံးဝ ထွက်မပြေးနိုင်ဖို့ သေချာပါစေ"။
သခင်လေးချီဆိုသည့် လူငယ်သည် ချင်ယွင်ကို ကန်ထုတ်လိုက်ပြီး တစ်ချိန်လုံး တိတ်ဆိတ်နေခဲ့သည့် မီးခိုးရောင်ဝတ် အဘိုးအိုအား ပြောလိုက်သည်။
"သခင်လေး၊ စိတ်မပူပါနဲ့။ ကျွန်တော် ဒီမှာရှိနေရင် သူ ထွက်ပြေးနိုင်မှာ မဟုတ်ပါဘူး" မီးခိုးရောင်ဝတ် အဘိုးအိုက အလျင်အမြန် ပြောလိုက်ပါသည်။
လူငယ်သည် ခေါင်းညိတ်ပြကာ ခွေးသေတစ်ကောင်ကဲ့သို့ မြေပြင်ပေါ်တွင် ခွေခွေလေး လဲနေသော ချင်ယွင်ကို ကြည့်လိုက်သည်။ သူက အထင်သေးဟန်ဖြင့် နှာခေါင်းရှုံ့ပြီး ချင်ယွင်ကို လျစ်လျူရှုကာ အပေါ်ထပ်ဆီသို့ လျှောက်သွားတော့သည်။
လူငယ်လေး ထွက်သွားသည်နှင့် တပြိုင်နက် အကြီးအကဲတန်ဟု ခေါ်သော မီးခိုးရောင် ၀တ်အဖိုးအိုသည် ချင်ယွင်ကိုဆွဲကိုင်ကာ သူ၏အခန်းဆီသို့ ဦးတည်သွားခဲ့သည်။ ထို့နောက် သူသည် ချင်ယွင်ကို မြေပြင်ပေါ်ပစ်ချကာ သူ၏အိပ်ယာပေါ်တွင် တင်ပျဉ်ခွေ ထိုင်လိုက်သည်။
ထိုအချိန်တွင် သူက ချင်ယွင်ကို စကားလုံးဝမပြောပါ။ ဟုတ်ပါသည်။ ချင်ယွင်မှာလည်း သူ့ကို ပြောစရာစကား လုံးဝမရှိပါဘူး။
ချင်ယွင်သည် အလွန်နာကျင်ဟန်ဆောင်ပြီး မြေပြင်ပေါ်တွင် လှဲနေလိုက်သည်။ သို့သော် သူ၏ခန္ဓာကိုယ်ရှိ ဒဏ်ရာများသည် အသက်စွမ်းအားဖြင့် ကုစားပေးဖြင့် သက်သာသွားခဲ့ပြီ ဖြစ်သည်။ သေချာသည်မှာ၊ မျက်လုံးနှင့်နားတွေကို ဖုံးကွယ်ထားဖို့ အတွက် ချင်ယွင်ဟာ ပျက်စီးနေသည့် သူဒန်တန်ကို လုံးဝ မပြုပြင်ခဲ့ပါဘူး။ သူသည် ထက်ဝက်ကျော်ကျော်သာ ပြုပြင်ထားခဲ့သည်။
ဤနည်းအားဖြင့် အကြီးအကဲတန်သည် စုံစမ်းစစ်ဆေးသည့်အခါတွင်၊ သူ၏ဒန်တန် သည် ပျက်ဆီးနေသေးပြီး ဖြစ်လိမ့်မည်။ အကယ်၍ ချင်ယွင်သာပြန်လည် ကောင်းမွန် လိုပါက၊ အခြေအနေအရ ချက်ချင်း လုပ်ဆောင်နိုင်မည် ဖြစ်ပါသည်။
ချင်ယွင်သည် မြေပြင်ပေါ်တွင် မလှုပ်မယှက် လှဲလျောင်းနေသော်လည်း မီးခိုးရောင်ဝတ် အဘိုးအိုကို တတ်နိုင်သမျှ ရှောင်ရှားပြီး ရှီရှောက်ယန်းခေါ်သည့် ထိုလူငယ်ကို သတ်ပစ်နိုင်ရန် စဉ်းစားနေခဲ့သည်။
သို့သော် ဤအကြောင်းနှင့် ပတ်သက်ပြီး အသေအချာ စဉ်းစားပြီးနောက် ချင်ယွင်သည် နည်းလမ်းတစ်ခုသာ ရရှိခဲ့သည်။ ယင်းက မှန်ကန်သောအချိန်ကို စောင့်ရန် ဖြစ်သည်။
ယခုအချိန်တွင် သူသည် တာအိုအငွေ့အရည်ဖွဲ့ခြင်းအဆင့် ကျွမ်းကျင်သူတစ်ဦး၏ မျက်လုံးအောက်မှာ ရှိနေသည်။ သူ၏မျက်လုံးတွေအောက်မှာ မည်သည့်လှုပ်ရှားမူမှ လွတ်မြောက်အောင် လုပ်ဆောင်နိုင်မည် မဟုတ်ပေ။ ထိုကြောင့် သူ့အတွက် မည်သည့် လှုပ်ရှားမူမျိုးမှ မဖြစ်နိုင်ပါဘူး။
ထို့ကြောင့် ချင်ယွင်သည် အလွန်အမင်း မစဉ်းစားရန် ဆုံးဖြတ်ပြီး လေစွမ်းရည် သဘောတရားကို နားလည်အောင်ဆင်ခြင်လိုက်သည်။
လျှပ်စီးစွမ်းရည်ကိုယ်ပွားနှင့် သစ်သားစွမ်းရည်တို့သည်လည်း သူတို့သက်ဆိုင်သည့် စွမ်းရည်များကို နားလည်သဘောပေါက်အောင် ကျင့်ကြံနေကြပါသည်။
သို့သော်လည်း ယခုအချိန်တွင် ကောင်းကင်ဘုံကိုးအလွှာကြယ်စင်စုပုံကြမ်းတွင် ရပ်နေ သော ရန်စီချီသည် အလွန်စိုးရိမ်ပူပန်နေပါသည်။ ချင်ယွင်သည် အန္တရာယ်အတွင်း ကျရောက်နေမည်ကို သူမ သိပါသည်၊ ထိုသို့မဟုတ်ပါက သူသည် သူမကို ကောင်းကင် ဘုံကိုးအလွှာကြယ်စင်စုပုံကြမ်းထဲသို့ အလောတကြီး ပစ်ချရန် မဖြစ်နိုင်ကြောင်း သူမ သိသည်။
ယခုမူ သူမသည် ချင်ယွင်ကို လုံးဝ အကူညီမပေးနိုင်ခဲ့သောကြောင့် သူမသည် ဤနေရာ တွင် စိတ်ပူပန်နေရုံသာ တတ်နိုင်ခဲ့သည်။ ဤခံစားချက်က သူမကို အလွန်မပျော်မရွင် ဖြစ်စေသည်။
"ချင်ယွင်၊ နင့်ရဲ့မိန်းမတစ်ယောက်အနေနဲ့ ငါရန်စီချီက ပန်းအိုးတစ်အိုးသာသာ သေချာပေါက် မဖြစ်စေရဘူး။"
ရန်စီချီ၏ မျက်လုံးများတွင် ရက်စက်မှုအရိပ်အမြွက် ထွက်ပေါ်လာသည်။ သူမသည် ကျင့်ကြံရန်အတွက် ချက်ချင်းပင် တင်ပျဉ်ခွေထိုင်လိုက်သည်။ အေးစက်ပြီး မှုန်မှိုင်းနေ သည့် အငွေ့အသက်က ခန်းမတစ်ခုလုံး ချက်ချင်း လွှမ်းခြုံသွားသည်။
အခန်း (၃၆၅) ချီရှောက်ယန်းကိုလှည့်စားခြင်း။
နံနက်စောစောတွင် ချင်ယွင်သည် တိုက်ရိုက်အကန်ခံရပြီး နိုးကြားလာခဲ့သည်။
"ဟမ့်၊ အမှိုက်က အမှိုက်ပဲ၊ ဝက်သေတစ်ကောင်လို အိပ်နေလိုက်တာ။"
ချီရှောက်ယန်းသည် မြေပြင်ပေါ်တွင် လဲလျောင်းနေသောချင်ယွင်၏ ခန္ဓာကိုယ်ကို တိုက်ရိုက် ကန်ထုတ်လိုက်ပြီး ချင်ယွင်ကို တချက်ကြည့်လိုက်သည်။ သူက အထင်သေး ဟန်ဖြင့် အေးစက်စွာ ပြောလိုက်သည်။
ချင်ယွင်က ယခုမှနိုးလာသည်ပုံစံ ဟန်ဆောင်လိုက်သည်။ အိပ်ချင်မူးတူး မျက်လုံးများ ကိုဖွင့်ကာ တံခါးဝတွင်ရပ်နေသော ရှီရှောက်ယန်းအား ကြောင်တက်တက် အမူအယာ ဖြင့် ကြည့်နေလေသည်။
ဟုတ်ပါသည်။ အမှန်တကယ်တော့ သူ အိပ်မပျော်ခဲ့ပါဘူး။ အဓိပ္ပာယ်မရှိ လိုက်တာ။ ယခုအချိန်မှာ သူသည် သူ၏အသက်ကို ရန်သူလက်ထဲမှာ အပ်နှံထားရပြီး သူ၏ ဘေးမှာလည်း အစောပိုင်းအဆင့် တာအိုအငွေ့အရည်ဖွဲ့ခြင်း နယ်ပယ် ကျွမ်းကျင်သူ တစ်ယောက်ရှိနေသည်။ သူက မည်သို့ အိပ်ချင်စိတ် ရှိနေဦးမည်နည်း။
အကယ်၍ သူသာ အမှန်တကယ် အိပ်ပျော်သွားမည်ဆိုလျှင် မည်သို့ အသတ်ခံရမှန်း တောင် သူ သိမှာ မဟုတ်တော့ပါဘူး။
သူသည် တစ်ညလုံး ထိုးထွင်းသိမြင်မူ ဉာဏ်အမြင်ကို နားလည်ဆင်ခြင်ခြင်းဖြင့် ကျင့်ကြံနေခဲ့ပါသည်။ ဟုတ်ပါသည်။ သူသည် သူ၏ပတ်ဝန်းကျင်ကို သတိထားဖို့လည်း မမေ့ခဲ့ပါဘူး။ ချီရှောက်ယန်း ရောက်လာပြီး မကြာခင်မှာ သူက အိပ်ပျော်သွားဟန် ဆောင်လိုက်ခြင်း ဖြစ်ပါသည်။ သူ၏ရည်ရွယ်ချက်က ထုံးစံအတိုင်း သူ့အပေါ် သူတို့၏ သတိထားနေမူများ ပြေလျှောသွားဖို့ ဖြစ်ပါသည်။
"ကောင်လေး၊ မင်း မသေချင်ဘူး မဟုတ်လား။ တကယ်လို့ မင်း မသေချင်သေးဘူးဆို ရင် မင်းအနေနဲ့ လမ်းအမှန်တိုင်း သွားသင့်တယ်။ မင်းမိန်းမကို ဒီနေ့မှ မတွေ့ရင် ငါ မင်းကို သတ်ပစ်တော့မယ်" ရှီရှောက်ယန်းက အေးစက်စွာ ပြောလိုက်သည်။ ထို့နောက် သူ၏အနားရှိနေသည့် အကြီးအကဲတန်ကို ချင်ယွင်ကို အောက်ထပ်သို့ ခေါ်လာရန် ညွှန်ကြားလိုက်သည်။
ချင်ယွင်သည်လည်း ကူကယ်ရာမဲ့စွာဖြင့် သူတို့နောက်သို့ လိုက်ရုံသာတတ်နိုင်တော့ သည်။ သို့သော်လည်း သူသည် ရှေးဟောင်းတာအိုဆရာသခင်နှင့် သူ၏စိတ်နှလုံးထဲ တွင် ဆက်သွယ်နေပါသည်။
"ဆရာကြီး၊ ဘယ်လိုလုပ်ရမလဲ။ အနှေးနဲ့အမြန်ဆိုသလို၊ရှီရှောက်ယန်းက ကျွန်တော့်ကို တိုက်ခိုက်လိမ့်မယ်။ အဲဒီအချိန်မှာ ထိပ်တိုက်ရင်ဆိုင်မှုတွေက မလွဲမသွေ ဖြစ်လာလိမ့် မယ်။" ချင်ယွင်က စိတ်ပိုင်းဆိုင်ရာဆက်သွယ်မူဖြင့် အသံပေးပို့လိုက်သည်။
ချင်ယွင်သည် ရှေးဟောင်းတာအိုဆရာသခင်က ဗဟုသုတကြွယ်ဝပြီး အတွေ့အကြုံ ရင့်ကျက်သူ ဖြစ်သဖြင့် ယခုအချိန်တွင် သူ့ထံမှာ အကူအညီတောင်းရုံသာ တတ်နိုင်ပါ သည်။
"ဒါဆို ငါတို့အနေနဲ့ လက်ဦးမူအရယူပြီး ရှီရှောက်ယန်းကို သုံးစားမရဖြစ်အောင် အရင် လုပ်သင့်တယ်။" ရှေးဟောင်းတာအိုဆရာသခင်၏ အသံက ချင်ယွင်၏ စိတ်ထဲတွင် အေးစက်စွာ ထွက်ပေါ်လာသည်။
"သုံးစားမရ ဖြစ်အောင်လား။ သုံးစားမရဖြစ်အောင် ဘယ်လို လုပ်ရမှာလဲ။ အဲဒီအဘိုးကြီးက ဒီနေရာမှာရှိနေမှတော့ ကျွန်တော် မလှုပ်ရှားခင်မှာ သူက ကျွန်တော်ကို သတ်ပြီးသား ဖြစ်သွားလိမ့်မယ်ထင်တယ်" ချင်ယွင်က သူ၏အသံဖြင့် ဆက်ပြောလိုက်သည်။ သူ၏လေသံက ကူရာမဲ့ဖြစ်သည့်အရိပ်အယောင် တစွန်းတစ ပါဝင်နေသည်။
"အဲဒီရှီရှောက်ယန်းက မင်းမိန်းမကို ရှာနေတာ မဟုတ်ဘူးလား။ သူက သူမကို တွေ့တာနဲ့ သဘာဝအတိုင်း သူပျော်ပါးဖို့ လိုအပ်လိမ့်မယ်။ သေချာတာက၊ အဲဒီကိစ္စကို သူက အကြီးအကဲတန်ရှေ့မှာ မလုပ်နိုင်ဘူး။ မင်းမှာ သူ့ကို သုံးစားမရဖြစ်အောင်လုပ်ဖို့ အခွင့်ရေး မရှိနိုင်ဘူးလား။ ဒီနောက် အဲဒီအဘိုးကြီးကို ခြိမ်းခြောက်ဖို့ ရှီရှောက်ယန်းကို အသုံးချလိုက်ရင် မင်း မလွတ်မြောက်နိုင်ဘူးလား" ရှေးဟောင်းတာအိုဆရာသခင်၏ အသံက နောက်တဖန် ထွက်ပေါ်လာပြီး သူ၏အသံမှာ ဒုက္ခပေးလိုစိတ်များဖြင့် ပြည့်နှက်နေသည်။
"မဟုတ်ဘူး၊ စီချီကို ဒီအန္တရာယ်တောထဲမှာ စွန့်စားဖို့ ကျွန်တော် လုံးဝ ခွင့်မပြုနိုင်ဘူး။ တကယ်လို့ သူမ မအောင်မြင်ဘူးဆိုရင် စီချီက သူ့လက်ထဲ ကျရောက်သွားလိမ့်မယ်။ ဒါကို ကျွန်တော် လုံးဝ ခွင့်မပြုဘူး။" ချင်ယွင်က ပြတ်ပြတ်သားသား ငြင်းဆိုလိုက်သည်။
"မင်းက ငအတစ်ယောက်လား? မင်းကိုယ်တိုင်ရော မလုပ်နိုင်ဘူးလား" ရှေးဟောင်း တာအိုဆရာသခင်က ဒေါသတကြီး ကျိန်ဆဲလိုက်လေသည်။
"ကိုယ်တိုင်လုပ်ရမှာလား၊ ဘာလို့လဲ၊ ဖြစ်နိုင်တာက ချီရှောက်ယန်းက ကျွန်တော်ကို ကမ်းလှမ်းနေတယ်လို့ ဆရာကြီးက ထင်နေတာလား။ သူ့ပုံစံက ယောက်ျားတွေကို စိတ်ဝင်စားပုံမပေါ်ပါဘူး" ချင်ယွင်က အံ့အားသင့်သွားသည်။
ရှေးဟောင်းတာအိုဆရာသခင်သည် ချင်ယွင်ဆီမှ ထွက်ပေါ်လာသည့် ယင်းစကား ကြောင့် တကယ်ကို ရူးသွပ်ချင်စိတ်ပင် ပေါက်သွားခဲ့သည်။ သူက ချက်ချင်းပင် သူ၏စိတ်တွေကို ပေါက်ကွဲလိုက်ပြီး ဒေါသတကြီး ကျိန်ဆဲတော့သည် "မင်းကို ရှီရှောက်ယန်းကို သွေးဆောင်ဖို့ ဘယ်သူက ပြောလို့လဲ။ ငါပြောချင်တာက နတ်ဘုရား အသွင်ပြောင်းပညာရပ်ကိုသုံးပြီးတော့ ရန်စီချီရဲ့ ရုပ်ရည်အသွင်အပြင်တိုင်း ပြောင်းလဲ ပြီး အဲဒီရှီရှောက်ယန်းကို လှည့်စားဖို့ ငါးစာချခိုင်းတာဟ။"
"ဘာလို့ စောစောက မပြောတာလဲ" ချင်ယွင်သည် ခဏတာ စိတ်ဓာတ်ကျ သွားခဲ့လေ သည်။ အရင်ကတော့ ရှေးဟောင်းတာအိုဆရာသခင်က သူ့ကို ဤရှီရှောက်ယန်းကို ယောက်ျားတစ်ယောက်၏ ခန္ဓာကိုယ်ဖြင့် သွေးဆောင်စေလိုသည်ဟု အမှန်တကယ် ထင်သွားခဲ့သည်။
အကယ်၍ ရှီရှောက်ယန်းကို ငါးစာချမယ်ဆိုရင် အရသာက အရမ်းကို လေးနက်နေရ လိမ့်မည်။
သို့သော်လည်း ချင်ယွင်သည် အဆင်မပြေသလို ခံစားလိုက်ရသည်။ နတ်ဘုရား အသွင်ပြောင်းပညာရပ်သည် အကြိမ်ပေါင်း ထောင်နှင့်ချီ၍ ပြောင်းလဲနိုင်ကြောင်း သူသိသော်လည်း၊ သူသည် မည်သည့်အခါမျှ အမျိုးသမီးတစ်ဦးအဖြစ်သို့ မပြောင်းလဲ ခဲ့ဖူးပေ။ သူ၏နှလုံးသားထဲမှာ အမြဲတမ်း တုန်လှုပ်ချောက်ချားနေသလို ခံစားရသည်။
သို့သော်လည်း လက်ရှိ အကျပ်အတည်းကို ဖြေရှင်းရန်အတွက် သူသည် ထိုကဲ့သို့ လုပ်ရန်သာ တတ်နိုင်တော့မည်။
"ဆရာကြီး၊ ဒီတာအိုအငွေ့အရည်ဖွဲ့ခြင်းနယ်ပယ် ကျွမ်းကျင်သူက နတ်ဘုရား အသွင်ပြောင်းပညာရပ်ကို မမြင်နိုင်ဘူးလား။" ချင်ယွင်က မေးသည်။
"စိတ်မပူစမ်းပါနဲ့၊ မင်းရဲ့အစစ်အမှန်ခန္ဓာကိုယ်ကို ပြောင်းလိုက်မယ်ဆိုရင်တော့ အဲဒါကို သူ မြင်နိုင်လိမ့်မယ်၊ ဒါပေမယ့် မင်းကိုယ်ပွားရဲ့ စိတ်ဝိညာဉ်စွမ်းအားက အဲဒီအဘိုးကြီး ထက် သာလွန်တယ်။ သူ အဲဒါကို မြင်အောင်ကြည့်ဖို့ မဖြစ်နိုင်ပါဘူး။" ရှေးဟောင်း တာအိုဆရာသခင်က ယုံကြည်မှု အပြည့်ဖြင့် ပြောလိုက်သည်။
ချင်ယွင်သည် ထိုစကားကိုကြားသောအခါ ချက်ခြင်းပင် အလွန်ဝမ်းသာသွားသည်။
ကောင်းကင်ဘုံကိုးအလွှာကြယ်စင်စုပုံကြမ်းထဲရှိ ခန်းမတစ်ခုအတွင်းတွင် ရန်စီချီသည် သူမ ရှေ့မှာရှိနေသည့် အမျိုးသမီးကို အံ့ဩစွာ ကြည့်နေမိသည်။ သူမ၏ အမူအရာက နှိုင်းယှဉ်ပြလို့ လောက်အောင်ပင် အံ့သြသွားခဲ့သည်။ ချင်ယွင်သည် ဤမျှလောက် အံ့ဖွယ်ကောင်းသည့် အသွင်ပြောင်းခြင်းပညာရပ်ကို အမှန်တကယ် ပိုင်ဆိုင်ထားလိမ့် မည်ဟု သူမ မထင်ခဲ့ပေ။
"အရမ်းအံ့ဩစရာပဲ !" ရန်စီချီက မတတ်နိုင်ဘဲ အံ့သြစွာ မေးလိုက်သည်။
လျှပ်စီးစွမ်းရည် ကိုယ်ပွားဖြစ်သည့် ချင်ယွင်က ပြုံးပြီး ပြောသည် "ဒီနတ်ဘုရား အသွင်ပြောင်းပညာရပ်က အင်မော်တယ်ကမ္ဘာမှာတောင် အံ့သြစရာကောင်းတဲ့ လျှို့ဝှက်ပညာရပ်တစ်ခုပဲ။ မင်း အဲဒီပညာရပ်ကို လေ့လာချင်ရင် ဒီကိစ္စပြီးရင် သင်ပေး မယ်"။
"ကောင်းပြီ!" ရန်စီချီ၏မျက်နှာသည် ချက်ချင်းပင် ရွှင်လန်းသော အမူအရာ ပေါ်လာ သည်။ အမှန်အတိုင်းပြောရလျှင် သူမသည် ဤအံ့ဖွယ် အင်မော်တယ်အဆင့်ပညာ ရပ်ကြောင့် အမှန်တကယ်ပင် ထိတ်လန့်သွားခဲ့ရသည်။
လျှပ်စီးစွမ်းရည် ကိုယ်ပွားချင်ယွင်သည် ရန်စီချီ၏မျက်နှာပေါ်ရှိ တောက်ပသော အပြုံးကို မြင်လိုက်ရလျှင် သူ၏ရင်ထဲတွင် ပျော်ရွင်ကျေနပ်မူကို ခံစားလိုက်ရသည်။ သူ ကာကွယ်ချင်ပေးချင်သည်မှာလည်း ရန်စီချီ၏ ချိုမြိန်သည့် အပြုံးကို ဖြစ်သည်။
"ဒါပေမယ့် နင် သူ့ကို ဒီလိုသွေးဆောင်တာက အန္တရာယ်ရှိမှာ မဟုတ်ဘူးလား" ရန်စီချီ က စိုးရိမ်တကြီး မေးသည်။
"စိတ်မပူပါနဲ့၊ သတ္တမအဆင့် ကောင်းကင်အလွှာ အထွတ်အထိပ် သိုင်းဧကရာဇ် တစ်ပါးက အားကောင်းနေပေမယ့်လည်း သူကိုယ်တိုင်က ကြိုတင်ကာကွယ်မှုမရှိဘူး ဆိုရင် ငါ့ရဲ့ခွန်အားအပြည့်နဲ့ တိုက်ခိုက်မှုကြောင့် သူဒဏ်ရာအပြင်းအထန် ရနိုင်ပါသေး တယ်။" လျှပ်စီးစွမ်းရည်ကိုယ်ပွားဖြစ်သော ချင်ယွင်က ရယ်မောလိုက်သည်။
"ဒါဆို နင် သတိထားရမယ်!" ရန်စီချီက ပြောသည်။
ချင်ယွင်က ခေါင်းညိတ်ပြပြီး စိုးရိမ်မှုအပြည့်ရှိနေသည့် ရန်စီချီကို ကြည့်လိုက်သည်။ သူက ပြုံးပြီး ကျီစယ်လိုက်သည် "မင်းရဲ့ရုပ်ရည်က တကယ်ကို လှပတယ်" ထိုစကား ပြောပြီးသည်နှင့် သူက မရိုးသားည့်အကြည့်ဖြင့် ကြည့်လိုက်သည်။
"မုန်းစရာကြီး!" ရန်စီချီသည် ချင်ယွင်၏ လုပ်ရပ်ကိုမြင်သောအခါတွင် သူမသည် ချက်ချင်းပင် အရှက်ရသွားသည်။
ထို့နောက်၊ ရှေးဟောင်းတာအိုဆရာသခင်၏ ဖုံးကွယ်ပေးမှုအောက်တွင် လျှပ်စီး စွမ်းရည်ကိုယ်ပွားဖြစ်သော ချင်ယွင်သည် သူ၏ မူလခန္ဓာကိုယ်မှ တိတ်တဆိတ် ထွက်ခွာသွားခဲ့ပြီး အပြင်ဘက်ရှိ လူအုပ်ကြားထဲသို့ ပျောက်ကွယ်သွားခဲ့သည်။
ဤသည်မှာ ချင်ယွင်၏ ပထမခြေလှမ်း အစီအစဉ် ဖြစ်သည်။ သူသည် ရန်စီချီကို ဤချီရှောက်ယန်း၏ အိမ်တံခါးဆီကို တိုက်ရိုက်ရောက်လာမည့်အစား ရန်စီချီကို မတော်တဆ တိုက်တိုက်ဆိုင်ဆိုင် တွေ့ဆုံမိသည်ဟု ဤချီရှောက်ယန်းကို လွဲမှားစွာ ထင်မြင်စေလိုသည်။ ထိုသို့မဟုတ်လျှင် ဤ ချီရှောက်ယန်းသည် သံသယဖြစ်မှာ သေချာပါသည်။
လျှပ်စီးစွမ်းရည်ကိုယ်ပွား အကြီးအကဲတန်၏ မျက်လုံးအောက်ကနေ ချင်ယွင်၏ ခန္ဓာကိုယ်ထဲမှ ထွက်ခွာသွားဖို့အတွက်တော့ ရှေးဟောင်းတာအိုဆရာသခင်လည်း စွမ်းနိုင်ပါသေးသည်။
သူသည် ချင်ယွင်၏ ရုပ်အသွင်အပြင်ကို လုံးဝဖုံးကွယ်ပေး၍ မရသော်လည်း တာအိုအငွေ့အရည်ဖွဲ့ခြင်းနယ်ပယ် ကျွမ်းကျင်သူတစ်ဦးသည် သူ့ကိုမမြင်နိုင်အောင် လုပ်ဖို့က မဖြစ်နိုင်သည်တော့ မဟုတ်ပေ။ လျှပ်စီးစွမ်းရည်ကိုယ်ပွားမှ ထွက်ခွာသွား သည့် အချိန်တိုအတွင်းမှာ တာအိုအငွေ့အရည်ဖွဲ့ခြင်း နယ်ပယ်ကျွမ်းကျင်တစ်ဦး သူ့ကို မမြင်တွေ့နိုင်အောင်လုပ်ဖို့က သူ့အတွက် ခက်ခဲလွန်းလှသည် မဟုတ်ပေ။
နောက်တဆင့်ကတော့ ရန်စီချီကိုဖန်တီးပြီးနောက် ချီရှောက်ယန်းနှင့် မတော်တဆ တွေ့ဆုံသည့်အခွင့်ရေး ရရှိစေဖို့ဖြစ်သည်။ ထို့နောက် ချီရှောက်ယန်းကို သုံးစားမရ အောင်လုပ်ဖို့အတွက် ထိုအခွင့်အရေးကို အသုံးချရန် ဖြစ်သည်။
ချီရှောက်ယန်းနှင့် အကြီးအကဲတန်တို့သည် နံနက်စားပြီးသည်နှင့် ချင်ယွင်ကို ဆွဲခေါ် ရင်း မြို့အပြင်ဘက်ဆီသို့ ခေါ်လာခဲ့သည်။
မြို့ထဲမှာတော့ သူတို့က ပျံသန်းဖို့ မရွေးချယ်ခဲ့ကြပါဘူး။ သူတို့၏အသွင်အပြင်ကို ကြည့်ခြင်းအားဖြင့် သူတို့သည် မူလကတည်းက ခရီးထွက်လာခဲ့သူများ ဖြစ်ကြသည်.။ ထို့ကြောင့် မြို့အပြင်ရောက်ရန် အလျင်စလို ဖြစ်ခြင်းလည်း မရှိပါဘူး။
သို့သော်လည်း ချီရှောက်ယန်းနှင့် အခြားသူများသည် မြို့တံခါးမှ ထွက်လာစဉ်တွင် လူတိုင်း၏ အမြင်အာရုံအတွင်းမှာ ရန်စီချီ ထွက်ပေါ်လာသည်ကို မြင်တွေ့လိုက်ရသည်။ သူမသည် လှပပြီး သွားလာလှုပ်ရှားနေသည်။
ချီရှောက်ယန်းသည် ရန်စီချီကို ပထမဆုံး ဖြစ်နိုင်ချေရှိသည့် အခိုက်အတန့်မှာပင် သဘာဝအတိုင်း ရှာဖွေတွေ့ရှိခဲ့ပြီး သူ၏မျက်လုံးများသည် တောက်လောင်နေသည့် အလင်းရောင်များ ပေါက်ကွဲထွက်လာလေသည်။
ချင်ယွင်သည် သူ၏ဘေးနားရှိ အကြီးအကဲတန်ကို တစ်ချက်ကြည့်လိုက်ပြီး ရန်စီချီကို ကြည့်လိုက်သည်။ သူ၏မျက်လုံးများတွင် အမူအရာ အနည်းငယ်မျှ ပြောင်းလဲသွားခြင်း မရှိပေ။ သူသည် ချက်ခြင်းပင် သူ၏စိတ်ထဲတွင် သက်ပြင်းတစ်ချက် ချလိုက်သည်။
ထို့နောက် မူလပြင်ဆင်ထားသည့် ဇာတ်ညွှန်းအတိုင်း "မိန်းမ၊ ပြေး" ဟု အော်လိုက်လေ သည်။
ချင်ယွင်၏ အော်သံကိုကြားလိုက်ပြီးနောက် ရန်စီချီသည် ချင်ယွင်နှင့် အခြားလူများရှိ ရာဆီကို လှည့်ကြည့်လိုက်ရင်း သူမ၏မျက်နှာသည် ချက်ချင်းပင် အံ့အားသင့်သည့် အမူအရာ ပေါ်လာသည်။
"ပြေးချင်နေတာလား။ ငါ မင်းကို လိုက်ရှာနေတာ ကြာလှပြီ။ မင်းကို ဘယ်လိုလုပ် ပြေးခွင့်ပေးပါ့မလဲ" ချီရှောက်ယန်း၏ ပါးစပ်ထောင့်စွန်းသည် ကောက်ကျစ်သော အပြုံးတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ပြီး သူသည် ရန်စီချီ၏လမ်းကြောင်းကို ပိတ်ဆို့ထား သည့် ပုံရိပ်များအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
"နင် ဘာလိုချင်လို့လဲ၊ ငါ့ယောက်ျားကို မြန်မြန်လွှတ်ပေးစမ်း" ရန်စီချီ၏လက်ထဲတွင် ဓားရှည်တစ်ချောင်းပေါ်လာပြီး သူမသည် ချီရှောက်ယန်းကို သတိထားသည့်အနေဖြင့် ကြည့်နေသည်။
ရန်စီချီ၏ အေးစက်သော မျက်နှာကို မြင်လိုက်ရလျှင် ချီရှောက်ယန်းသည် ပို၍ပင် စိတ်လှုပ်ရှားလာသည်။ သူက စိတ်အားထက်သန်စွာ ရယ်မောပြီး ပြောလိုက်ပါသည် "ဟား.....။ ဟား.......။ မင်း သူ့ကိုလွှတ်ပေးစေချင်ရင် ရပါတယ်။ ဒါပေမယ့် မင်းကတော့ ငါ့နဲ့အတူတူ ဆော့ကစားဖိုနေခဲ့ရမယ်။"