အခန်း (၃၇၁-၃၇၅)
Vol. 25 Ch. 371-375
အခန်း (၃၇၁) ပျော်ရွှင်နေသည့်ရန်စီစီ
သူတို့လေးကောင်သည် ဦးချိုနဂါးကြံ့ကြီးကို ခဏအတွင်း သိသိသာသာ ဝါးမျိုကုန်ဆုံး သွားခဲ့သည်။
ဟုတ်ပါသည်။ အများစုကတော့ ရှောင်ဘိုင်နှင့် ရှောင်ကျင်းတို့၏ အစာအိမ်ထဲ ရောက်ရှိသွားခဲ့တာ အမှန်ပါ။ ရှောင်ဟေး နှင့် ရှောင်ဟောင်တို့သည် တခဏအကြာ စားသောက်ပြီးနောက် ဘေးချင်းကပ်ထိုင်လိုက်ကြသည် ။
အမှန်တကယ်တော့ ဦးချိုနဂါးကြံ့ကြီးသည် ကြီးမားသော်လည်း ကောင်းကင်နှင့် မြေကြီးကို ဝါးမျိုနိုင်သည့် ရှောင်ဘိုင်၏စွမ်းရည်နှင့်ဆို သူတစ်ကောင်တည်းဖြင့်ပင် တစ်ချက်တည်း ကိုက်စားဖို့က ပြဿနာ မဟုတ်ပါဘူး။
အဖြူလေးနှင့် ရွှေလေးတို့သည် အဆင့်လေးသို့ ဖြတ်ကျော်သွားခဲ့ပြီးဖြစ်ကာ အနက်လေးနှင့် အနီလေးတို့က အဆင့်သုံး၏ အထွတ်အထိပ်သို့ ရောက်ရှိ ထားကြ သည်။ မကြာခင်မှာ သူတို့သည့် အဆင့်လေးကို ဖြတ်ကျော်နိုင်တော့မည်။
ချင်ယွင်သည် ဆိတ်သုဉ်းခြင်းသားရဲလေးကောင်၏ တစ်ဆင့်ပြီးတစ်ဆင့် ကြီးထွားလာ သည်ကို စောင့်ကြည့်နေရင်း သူ၏နှလုံးသားထဲမှာ ကျေနပ်အားရမှုကို ခံစားလိုက်ရ သည်။
ဤကောင်လေးယောက်ကောင်သည် အနာဂတ်တွင် ထူးထူးခြားခြား ဖြစ်လာရန် သူရည်မှန်းထားသည်။ ထိုအထဲမှာ ရှောင်ဘိုင်သည် ကောင်းကင်မျိုစပါးအုံးမြွေ၏ သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားပြီး ကောင်းကင်နှင့် မြေကြီးကိုပင် ဝါးမြိုနိုင်ပါသည်။ သူသည် အနှိုင်းမဲ့ အစွမ်းထက်ပါလိမ့်မည်။
ရွှေလေးသည် အင်မော်တယ်စိန်မျောက်ဝံ၏ သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားသည်။ ထို့အပြင် သူသည် အကြီးအသေးပြောင်းလဲနိုင်သလို သေမျိုးအဖြစ်မှ အင်မော်တယ် အင်မော်တယ် ဖြစ်လာလိမ့်မည်။ အနီလေးသည် ရှေးဟောင်းရက်စက် ကြမ်းကြုတ်သည့် နတ်ဘုရားသားရဲဇူယန်၏ စွမ်းအားကို ပိုင်ဆိုင်ထားသည်။ သူ၏ တတိယမျက်လုံးသည် ပွင့်နေပြီဖြစ်သော်လည်း အပြည့်အဝ မနိုးထသေးပေ။ နိုးထပြီးသည်နှင့် သူသည် ကောင်းကင်နှင့်မြေကြီးကို ဖျက်ဆီးနိုင်သည့် စွမ်းအားကို ပိုင်ဆိုင်နိုင်လိမ့်မည်။
အနက်လေးနှင့်ပတ်သက်ပြီး ချင်ယွင်သည် သူပိုင်ဆိုင်သည့် နတ်ဘုရားသားရဲ သွေးမျိုးဆက်ကို မမြင်နိုင်သော်လည်း ချင်ယွင်ကတော့ သာမန်ထက် ထူးထူး ခြားခြား ဖြစ်ရမည်ဆိုသည်ကို သူ သိသည်။
သူ၏ ကြီးထွားနှုန်းကို ကြည့်ရုံဖြင့် ဗာမီလီယံမီးငှက် (ဇူယန်)သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားသူ ရှောင်ဟောင်အောက်တွင်ရှိမနေပါ။ ထို့အပြင်၊ ရှောင်ဟေး၏ ခန္ဓာကိုယ် သည် ဖရိုဖရဲလျှပ်စီးနှင့် ဆင်တူသော စွမ်းအားတစ်ခု ပိုင်ဆိုင်ထားသည်ဟု ချင်ယွင်ခံစားရနိုင်သည်။ ထို့ကြောင့် သူ၏ခန္ဓာကိုယ်သည် အလွန်အစွမ်းထက်သည်။
ချင်ယွင်သည် အတောင်ပံများပါရှိသည့် ဆိတ်သုဉ်းခြင်းသားလူဝံသည် မည်မျှအထိ ကြီးထွားနိုင်မလဲဆိုသည်ကို အမှန်တကယ် စောင့်မျှော်နေမိပါသည်။
"အစ်ကိုကြီး၊ ဒီအကောင်ကြီးလေးကောင်က အစ်ကိုကြီးရဲ့ အိမ်မွေးတိရစ္ဆာန် တွေလား"။
ချင်ယွင် မေ့လုနီးပါးဖြစ်နေသော ရန်စီစီက ချင်ယွင်၏အနားသို့ ရောက်နေပြီ ဖြစ်သည်။ သူမသည် ချင်ယွင်၏ အဝတ်အစားထောင့်စွန်းကို ဆွဲကိုင်လိုက်ပြီး ပြောသည်။ ရှောင်ဘိုင်နှင့်တခြားသူတွေကို ကြည့်လိုက်ရင်း သူမ၏ မျက်လုံးတွေက ကြောက်ရွံ့မှု အရိပ်အယောင်တွေ ပေါ်လွင်နေသည်။
ချင်ယွင်က ပြုံးပြီး ရန်စီစီ၏ ခေါင်းလေးကို ထိလိုက်သည်။ သူက ခေါင်းညိတ်ပြပြီး ပြောသည် "စိတ်မပူပါနဲ့ ၊ သူတို့အားလုံး မင်းလို ကလေးတွေပါပဲ။ နောက်ပြီး သူတို့က အရမ်းနာခံပြီး မင်းကို ဒုက္ခမပေးပါဘူး"
ရန်စီစီသည် ချင်ယွင်၏ စကားကို ကြားသောအခါ သူမ၏ မျက်လုံးအရွဲကြီးများက တောက်ပလာပြီး ခေါင်းညိတ်လိုက်သည်။ ပြီးနောက် သူမက ပြောလိုက်သည် “အစ်ကိုကြီး၊ မြန်မြန်၊ ဦးလေးကို ကယ်ပေးဦးလေ” ။
ထိုမှသာ ချင်ယွင်သည် အဝေးက တွင်းနက်ကြီးထဲမှာ လဲလျောင်းနေသော လင်းကျန်းယွန်ဆီကို ခေါင်းလှည့် ကြည့်လိုက်မိသည်။ ယခုအချိန်တွင် လင်းကျန်းယွန် သည် တွင်းနက်ကြီးထဲတွင် လဲလျောင်းနေပြီး သူ၏ခန္ဓာကိုယ်မှာ သွေးများဖြင့် ပြည့်နေသည်။
ဦးချိုနဂါးကြံ့ကြီးနှင့်တိုက်ပွဲတွင် သူသည် ဦးချိုနဂါးကြံ့ကြီး၏ ဦးချိုကြောင့် ဒဏ်ရာများ ရရှိခဲ့ပြီး သူ့နှလုံးကို တုန်သွားစေသည်။ သူသည် အစောပိုင်းလေးက သူ့ကိုယ်သူ အားကိုးရန် ရုန်းကန်နေခဲ့သော်လည်း ယခုအချိန်မှာတော့ သေခါနီး နီးဖြစ်နေပြီး မြေပြင်ပေါ် လဲကျနေပြီ။
ချင်ယွင်သည် တုန့်ဆိုင်းခြင်းမရှိဘဲ အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး လင်းကျန်းယွန်၏ အနားတွင် ပေါ်လာသည်။ ထို့နောက် သူသည် လင်းကျန်းယွန်၏ ခန္ဓာကိုယ်ထဲ အသက်စွမ်းအားကို ထည့်သွင်းပေးလိုက်သည်။
အမွှေးတိုင်တစ်ချောင်းထွန်းညှိချိန်လောက်ကြာပြီးနောက် ချင်ယွင်သည် သူ၏ မျက်လုံးကို ဖွင့်လိုက်သည်။ လင်းကျန်းယွန်၏ ဒဏ်ရာများသည်လည်း အသက်စွမ်းအားဖြင့် ကုသမှုခံယူပြီးနောက်တွင် လုံးဝပြန်လည်ကောင်းမွန် လာခဲ့သည်။
လင်းကျန်းယွန်လည်း အံ့သြသွားသည်။ ဤချင်ယွင်သည် သူ့ကို အလွန် ထိတ်လန့် စေခဲ့သည်။ သူ၏ဒဏ်ရာများ မည်မျှ ပြင်းထန်သည်ကို သူကိုယ်တိုင်သာ သိထားသည်။ အချိန်တိုလေးအတွင်းမှာပင် ချင်ယွင်က ပြန်လည်ကောင်းမွန်အောင် ကုသနိုင်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။ ဤသတင်းသာ ပျံ့နှံ့သွားရင်တော့ ကမ္ဘာကြီးတစ်ခုလုံးကို ထိတ်လန့် တုန်လှုပ်သွားမှာ သေချာပါသည်။
"မင်းက သိုင်းဧကရာဇ်နယ်ပယ် ဖြတ်ကျော်သွားပြီးလား?" လင်းကျန်းယွန်က မေးသည်။
"ဟုတ်တယ်၊ ကျွန်တော် သိုင်းဧကရာဇ်နယ်ပယ်ရဲ့ ပထမအဆင့် ကောင်းကင်အလွှာကို ရောက်သွားပြီ။" ချင်ယွင်က သဘာဝကျကျ ပြန်ဖြေလိုက်သည်။
လင်းကျန်းယွန်သည် ပြောစရာစကားမဲ့သွားရသည်။ ချင်ယွင်သည် ဦးချိုနဂါး ကြံ့ကြီးကို လက်ဗလာဖြင့် မှောက်လိုမှောက်လှန်လိုလှန် အလိုရှိသလို လုပ်ဆောင်ခဲ့သည်ကို မြင်ပြီးနောက် ချင်ယွင်သည် သိုင်းဧကရာဇ်နယ်ပယ်သို့ ဖြတ်ကျော်သွားပြီဖြစ်ကြောင်း ယခင်ကတည်းက သူ ခန့်မှန်းထားခဲ့သည်။သူသည် သိုင်းဧကရာဇ်နယ်ပယ်သို့ အမှန်တကယ် ဖြတ်ကျော်သွားလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။
ချင်ယွင်ကို သူနောက်ဆုံးတွေ့ခဲ့သည့်အချိန်ကို သတိရလိုက်မိသည်၊ ထိုအချိန်တုန်းက ချင်ယွင်သည် နဝမအဆင့် ကောင်းကင်အလွှာ အထွတ်အထိပ် သိုင်းဂိုဏ်းအဆင့် ကျွမ်းကျင်သူ တစ်ဦးမျှသာ ဖြစ်သည်။ လအနည်းငယ်အတွင်းမှာ ချင်ယွင်သည် သိုင်းဧကရာဇ်နယ်ပယ်သို့ အမှန်တကယ် ချိုးဖျက်ဝင်ရောက်ခဲ့သည်။ သူသ်ည ထိုစကားကို ကြားလိုက်ရလျှင် အံ့သြမှင်သက်သွားရသည်။
"ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်တဲ့ ပါရမီရှင်လဲ။ တကယ့်ကို ကြောက်စရာလွန်းတဲ့ ပါရမီရှင်ပဲ!" လင်းကျန်းယွန်လည်း မနေနိုင်ဘဲ သက်ပြင်းချမိ သည်။
လင်းကျန်းယွန်၏ အမူအရာကိုမြင်လျှင် ချင်ယွင်သည် မပြုံးဘဲမနေနိုင်။ သူသည် ကူရာမဲ့ဖြစ်ပြီး ခေါင်းယမ်းလိုက်မိသည်။ သူသည် တခြားဘာမှ မပြောတော့ပေ။
ထို့နောက် လင်းကျန်းယွန် နှင့် အခြားလူများက ရွာ၏တဲအိမ်လေးတစ်လုံးဆီသို့ ခေါ်ဆောင်သွားကြသည်။ ရွာအတွင်းရှိအိမ်အများစုမှာ ဦးချိုနဂါးကြံ့ကြီးကြောင့် ဖျက်ဆီးခံခဲ့ရသည်။ ကံကောင်းထောက်မစွာ၊ လင်းကျန်းယွန် နှင့် အခြားတဲအိမ် အများစုသည် အလွန်ဝေးလံသော နေရာတွင်တည်ရှိနေခဲ့သည်။ ထို့ကြောင့် ၎င်းတို့ အသက်ရှင် ရပ်တည်နိုင်ခဲ့သည်။
အိမ်သို့ရောက်ပြီးနောက် ရန်စီစီသည် ချင်ယွင်ကို အခန်းတစ်ခုအတွင်းသို့ ဆွဲခေါ်သွား သည်။ ဤကောင်မလေးသည် တစ်နေရာရာမှ မြွေပါပေါက်လေး တစ်ကောင်ကို ရရှိသည့်အလား သူမ၏ မျက်လုံးများက ခရမ်းရောင်တောက်နေပြီး အလွန် ချစ်စရာကောင်းနေသည်။
ထို့နောက် ချင်ယွင်သည် ခုနစ်ရောင်ခြယ် အေးခဲတိမ်တိုက်ပန်းပွင့်ကို ထုတ်ယူပြီး ထိုကောင်မလေးအား ယူခွင့်ပေးလိုက်သည်။
သေချာသည်မှာ။ ခုနစ်ရောင်ခြယ် အေးခဲတိမ်တိုက်ပန်းပွင့်သည် ရန်စီစီ၏ ခန္ဓာကိုယ် ထဲကို ဝင်ရောက်သွားသည်နှင့် ရန်စီစီ၏ နဂိုက အားနည်းနေသည့် တက်ကြွ ဖျတ်လတ် မူက ချက်ချင်း ပေါက်ကွယ်သွားပြီး သူမ၏ခန္ဓာကိုယ်က မွှေးရနံ့တွေ သင်းပျံ့လာသည်။
ထိုမြင်ကွင်းကို မြင်လိုက်ရလျှင် လင်းကျန်းယွန်၏ မျက်နှာက ကြည်နူးမှုတွေ ပြည့်နှက် နေခဲ့သည်။ ချင်ယွင်က ရန်စီစီသည် အင်မော်တယ်စိတ်ဝိညာဉ် ခန္ဓာပိုင်ရှင် ဖြစ်ကြောင်း သူ့ကို မပြောခဲ့သော်လည်း၊ သူသည် ရန်စီစီနှင့် အမြဲနေထိုင်ခဲ့သူဖြစ်သည်၊ ထို့ကြောင့် သူသည် ရန်စီစီ၏ ခန္ဓာကိုယ်ပြောင်းလဲ ခြင်းကို မည်သို့ နားမလည်ဘဲနေမည်နည်း။
ဤရွာငယ်လေးတွင် သူနေထိုင်ရခြင်း၏ အကြောင်းရင်းမှာ ရန်စီစီ၏ဘဝ ဆက်လက် ရှင်သန်ရန်အတွက် ဝိညာဉ်ဆေးပင်များရှာဖွေရန် တိုင်ဟန်တောင်တန်းထဲသို့ မကြာခဏ ဝင်ရောက်ရန် ဖြစ်သည်။ သို့သော်၊ ဤလွန်ခဲ့သော လအနည်းငယ် အတွင်းမှာ၊ သူသည် ကောင်းကင်ဘုံကိုအံတုနိုင်သည့် လျှို့ဝှက်ဆန်း ကြယ်သော ဝိညာဉ်ဆေးပင်များကို လုံးဝမတွေ့ရှိခဲ့ရပေ။
နောက်ဆုံးတွင် ရန်စီစီသည် သူမ၏ လက်ကျန်အချိန်များကို တိတ်တဆိတ် ကုန်ဆုံး နိုင်စေရန်အတွက်သာ သူ မျှော်လင့်ခဲ့ပြီး လက်လျော့လိုက်သည်။
သို့သော် ယခု ချင်ယွင်ပေါ်လာခဲ့ပြီး ရန်စီစီသည် သူမ၏ကံကြမ္မာ အချိုးအကွေ့ တစ်ခုကို ရရှိခဲ့သည်။ ရန်စီစီ၏ အသွင်အပြင်ကို ကြည့်ပြီး သူမ၏ ခန္ဓာကိုယ်ပေါ်ရှိ ရောဂါသည် သိသိသာသာ ပြေလည်သွားခဲ့သည်။
ရန်စီစီသည်လည်း သူမ၏ခန္ဓာကိုယ်အတွင်း ပြောင်းလဲမှုများကို ခံစားလိုက်ရသည်။ သူမ၏ ခန္ဓာကိုယ်သည် အလွန်ပေါ့ပါးပြီး လန်းဆန်းတက်ကြွနေသည်ဟု သူမ ခံစားမိသည်။ အရင်ကထက် အများကြီး ပိုကောင်းလာပါသည်။ ချင်ယွင်ပေးခဲ့သော ပန်းသည် သာမန်မဟုတ်ကြောင်း သူမသိသည်။
"အခု ကျင့်ကြံလို့ရပြီ။" ရန်စီစီ၏ ကျန်းမာရေး ကောင်းမွန်လာသည်ကို မြင်သောအခါ ချင်ယွင် ပျော်ရွှင်စွာ ပြုံးလိုက်သည်။
"တကယ်လား ဒါဆို အခု ညီမလေး ကျင့်ကြံနိုင်ပြီလား" ရန်စီစီသည် ချင်ယွင်၏ လက်ကို ဝမ်းသာအားရ ဆုပ်ကိုင်လိုက်ပြီး ပြောလိုက်သည်။ သူမ၏ အားနည်းသော ခန္ဓာကိုယ်ကြောင့်၊ သူမ၏ ဝိညာဉ်စွမ်းအင်လမ်းကြောင်းသည် ဝိညာဉ်စွမ်းအင်များကို တောင့်မခံနိုင်ခဲ့ပေ။ ကျင့်ကြံလိုက်သည်နှင့်၊ သူမ၏ ဝိညာဉ်စွမ်းအင် လမ်းကြောင်းသည် သူမ၏ ခန္ဓာကိုယ်အနှံ့ နာကျင်ကိုက်ခဲလာမည် ဖြစ်သည်။
သို့သော်လည်း သူမသည် ကျင့်ကြံရန် အလွန်စိတ်အားထက်သန်ခဲ့သည်။ အရင်တုန်းက သူမကို အကာအကွယ်ပေးသည့်လူတွေ တစ်ယောက်ပြီး တစ်ယောက် သေဆုံးသွား သည်ကို ကြည့်ပြီး သူမနှလုံးသားက အရမ်း နာကျင်နေခဲ့ရသည်။ အသုံးမဝင်သည့် အတွက် ကိုယ့်ကိုယ်ကိုယ်လည်း မုန်းမိသည်။ ယခုဆိုလျှင် ချင်ယွင်က သူမကို ကျင့်ကြံနိုင်သည်ဟု အမှန်တကယ်ပြောခဲ့သည်။ ဤအရာက သူမကို မည်သို့ ပျော်ရွင်အောင် မလုပ်နိုင်ဘဲနေမည်နည်း။
"ဒါက ညီမလေးအတွက် သင့်တော်တဲ့ ကျင့်ကြံခြင်းနည်းစနစ်ပဲ!" ချင်ယွင်က ရန်စီစီ အတွက် အရင်ကတည်းက ပြင်ဆင်ထားသည့် အင်မော်တယ်အဆင့် ကျင့်ကြံခြင်း ပညာရပ်တစ်ခုကို ပေးလိုက်သည်။
ဤ အင်မော်တယ်အဆင့် ကျင့်ကြံခြင်းပညာရပ်သည် ရန်စီစီအတွက် ချင်ယွင် အထူး ပြင်ဆင်ထားတာဖြစ်ပြီး အင်မော်တယ် စိတ်ဝိညာဉ်ခန္ဓာကိုယ်ပိုင်ရှင်များ အတွက် အလွန် သင့်လျော်ပါသည်။
ရန်စီစီ၏ အင်မော်တယ်စိတ်ဝိညာဉ်ခန္ဓာကိုယ်၏ အားနည်းချက်များကို ယခု ဖြေရှင်းပြီး သွားပြီ ဖြစ်သည်။ သူမကျင့်ကြံလိုက်သည်နှင့် သူမ၏ ကြီးထွားမှု အမြန်နှုန်းသည် အလွန်လျင်မြန်မည် ဖြစ်သည်။ သူမသည် သူ့ထက်ပင် နိမ့်ကျမည် မဟုတ်ပေ။
ရန်စီစီသည် ချင်ယွင်ထံမှ ကျင့်ကြံခြင်း ပညာရပ်ကိုယူလိုက်ပြီး သူမ၏ချစ်စဖွယ် မျက်လုံးကြီးများတွင် အလင်းရောင်များဖြင့် တောက်ပနေကာ ကြိုးစားပြီး ကျင့်ကြံရန် အတွက် အခန်းထဲသို့ ခုန်ဆင်းသွားတော့သည်။
ချင်ယွင်သည် ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ သူ့နှလုံးသားသည် ရွှင်လန်းမှု အပြည့် ဖြစ်နေသည်။ မူလက ရန်စီစီအား အင်ပါယာမြို့တော်နှင့် ပတ်သက်သည့် သတင်းကို ပြောပြရန် တုံ့ဆိုင်းနေသေးသည်။ ရန်စီစီ၏ အသွင်အပြင်ကို ယခုမြင်လိုက်ရသောအခါ ချင်ယွင်သည် ထိုအကြောင်းကို ဘာမှ မပြောလိုတော့ပေ။
ရန်စီစီ၏ စိတ်သည် ရိုးရှင်းလွန်းသည်။ အင်ပါယာမြို့တော်ရှိ ဘဝသည် သူမအတွက် မသင့်တော်ပေ။ သူမမှာ ဇိမ်ခံအဝတ်အစား သို့မဟုတ် ပိုးထည်များ မရှိသည်လည်း ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့သော် သူမသည် ပျော်ရွှင်သော မြွေပါတစ်ကောင် ဖြစ်မည်ဆိုလျှင်ပင် သူမပိုင်ဆိုင်သော တောထဲတွင် လွတ်လပ်စွာ နေထိုင်နိုင်မည် ဖြစ်သည်။
လင်းကျန်းယွန်သည် ချင်ယွင်အား အရေးကြီးပြောစရာ စကားတစ်ခွန်း ရှိနေသကဲ့သို့ ချင်ယွမ်အား လေးနက်သောအမူအရာဖြင့် အပြင်သို့ ရုတ်တရက် ခေါ်လိုက်သည်။
လင်းကျန်းယွန်၏ လေးနက်သောအမူအရာကိုကြည့်ရင်း၊ ချင်ယွင်၏နှလုံးသားသည် မထိန်းနိုင်ဘဲ လေးနက်လာခဲ့သည်။
အခန်း (၃၇၂) တိုင်ဟန်တောင်တန်းများ။
ရွာအပြင်ဘက် တောင်ကုန်းလေးပေါ်တွင် လင်းကျန်းယွန်နှင့် ချင်ယွင်တို့သည် တိုင်ဟန်တောင်တန်းကို မျက်နှာချင်းဆိုင်ကာ တောင်ထိပ်တွင် ရပ်နေကြသည်။
"ဦးလေးလင်း၊ ဦးလေး ကျွန်တော့်ကို ပြောစရာရှိလို့ ခေါ်လာတာလား" ချင်ယွင်က အရင်ဆုံး မေးလိုက်သည် ။
ချင်ယွင်သည် ရန်စီစီ၏ အစ်ကိုဖြစ်ပြီး လင်းကျန်းယွန်သည်လည်း ရန်စီစီ၏ ဦးလေး ဖြစ်သည်။ ထို့ကြောင့် ဝါစဉ်အရ ချင်ယွင်သည် သူ့အား ဦးလေးဟုခေါ်ဆိုသည်မှာ သဘာဝကျပါသည်။
“တချို့ကိစ္စတွေတော့ ရှိတယ်၊ ဒါပေမယ့် အဲဒါက ငါ့ရဲ့ ဖြစ်ပျက်လာနိုင်သည့် အရာကို ကြိုတင်မှန်းဆချက်ဖြစ်လို့ မှန်လားမှားလားတော့ မသိဘူး။ ဒါပေမဲ့ တကယ်လို့ ဒီကိစ္စသာ အမှန်ဖြစ်လာမယ်ဆိုရင် ကျောက်စိမ်းရေစီရင်စုက ပြည်သူတွေရော၊ အင်ပါယာတစ်ခုလုံးတောင် ဒုက္ခရောက်သွားလိမ့်မယ်” လင်းကျန်းယွန်က မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
"အိုး.. ဒီလောက်ကို ပြင်းထန်တာလား?" ချင်ယွင်က အံ့သြစွာမေးလိုက်သည်။
လင်းကျန်းယွန်က ခေါင်းညိတ်ပြသည်။
ချင်ယွင်က မျက်မှောင်ကြုတ်ပြီး မေးသည် "ဒါက ဘာလဲ"
လင်းကျန်းယွန်က ပြန်ဖြေသည် "သားရဲဒီရေလှိုင်း!"
"သားရဲဒီရေလှိုင်းလား?" ချင်ယွင်က မျက်လုံးမျက်ဆံပြူးကာ မေးလိုက်သည်။
သားရဲဒီရေလှိုင်း၏ အဓိပ္ပါယ်ကို သူသိသည်မှာ သေချာပါသည်။ ယင်းကို သားရဲ ဒီရေလှိုင်းဟု ခေါ်တွင်ရခြင်း၏ အကြောင်းအရင်းမှာ ဆိတ်သုဉ်းခြင်း သားရဲများဖြင့် ဖွဲ့စည်းထားသော စစ်တပ်ကြီးသည် ဒီရေလှိုင်းကြီးကဲ့သို့ တဟုန်ထိုး ပျံ့နှံ့မြင့်တက်လာ သောကြောင့် ဖြစ်ပါသည်။
သားရဲဒီရေလှိုင်းသည် များသောအားဖြင့် တောတောင်တန်းဒေသများတွင် ဖြစ်ပွားလေ့ ရှိသော်လည်း ယင်းသို့ ဖြစ်ခဲပါသည်။ နှစ်တစ်ရာ တစ်ကြိမ်တောင်မှ ဖြစ်ခဲပါသည်။ သို့သော်လည်း သားရဲဒီရေလှိုင်း မြင့်တက်လာသည်နှင့် အရပ်သားများ ထိခိုက် သေဆုံးမှုမှာ အလွန်ပြင်းထန်ပါသည်။
တိုင်ယွန်တောင်တန်းများတွင် လွန်ခဲ့သောနှစ်ပေါင်း သုံးရာခန့်က သားရဲဒီရေလှိုင်း တက်သည့် နောက်ဆုံးအကြိမ် ဖြစ်ခဲ့ဖူးသည်။
သားရဲဒီရေလှိုင်း ဖြစ်ပေါ်ပြီးနောက်၊ ဆိတ်သုဉ်းခြင်းသားရဲ စစ်တပ်ကြောင့် မြို့ပေါင်းဒါဇင်များစွာ လုံးဝဖျက်ဆီးခံခဲ့ရသည်။ မြို့သူမြို့သားများသည် ဆိတ်သုဉ်းခြင်း သားရဲများ၏ နင်းချေမိခြင်း သို့မဟုတ် ဝါမျိုစားသုံးခြင်းခံရသည်။ နောက်ပိုင်းတွင် အနားယူပြီး တံခါးပိတ်ကျင့်ကြံနေသည့် ပြိုင်ဘက်ကင်း ကျွမ်းကျင်သူတစ်ဦးက ဆိတ်သုဉ်းခြင်း သားရဲများ၏ ခေါင်းဆောင်ကို သတ်ဖြတ်ရန်လုပ်ဆောင်ခဲ့ရသည်။ ဤအချိန်ရောက်မှ သားရဲဒီရေလှိုင်းကြီးလည်း ငြိမ်သက်သွားခဲ့ရသည်။
သားရဲဒီရေလှိုင်းများ ရှားရှားပါးပါး ပေါ်ထွက်ရသည့် အကြောင်းရင်းမှာ ဆိတ်သုဉ်းခြင်း သားရဲအဖွဲ့အစည်းသည် အတော်လေး ပြန့်ကျဲနေသောကြောင့် ဖြစ်သည်။
ဆိတ်သုဉ်းခြင်းသားရဲများတွင် စည်းလုံးညီညွတ်စွာစုစည်းနိုင်သည့် ခေါင်းဆောင် မရှိခဲ့ပေ။ ဒုတိယအချက်မှာ ဆိတ်သုဉ်းခြင်းသားရဲများနှင့် လူသားများသည် မြစ်ကို ကျူးကျော်ခြင်းမရှိဘဲ ရေထဲသို့သာ အမြဲဝင်ခဲ့ကြသည်။ အမျက်ဒေါသထွက်ခြင်း မရှိသလို သို့မဟုတ် နယ်မြေကျူးကျော်ခြင်း မပြုခဲ့ကြပေ။ ဆိတ်သုဉ်းခြင်းသားရဲများ သည် လူသားနယ်မြေတွင် လူသားများကို တိုက်ခိုက်ရန် အစပြုမည် မဟုတ်ပေ။
ယခုမူ လင်းကျန်းယွန်သည် သားရဲဒီရေလှိုင်းဖြစ်လိမ့်မည်ဟု အမှန်တကယ် ပြောခဲ့သည်။ ယင်းက ချင်ယွင်ကို အဆုံးမရှိ အံ့အားသင့်စေခဲ့သည်။
'"ဒါက ငါမှန်းဆချက် သက်သက်ပါပဲ။ ငါလည်း ဒီလိုမျိုး မဖြစ်စေချင်ဘူး။ တိုင်ဟန် တောင်တန်းတွေမှာ မကြာသေးခင်ကမှ နည်းနည်း ဂနာမငြိမ် ဖြစ်နေပုံရသည်။ အဲဒီဆိတ်သုဉ်းခြင်းသားရဲတွေက လူသားနယ်မြေကို တိုက်ခိုက်ဖို့ အမြဲလိုလို အစပြု လုပ်ဆောင်လာကြပြီး၊ သူတို့ရဲ့ တိုက်ခိုက်မှု အကြိမ်ရေကလည်း တိုးလာနေသေးသည်။ နက်ရှိုင်းတဲ့နေရာအရပ်ကနေ ဘယ်တော့မှ မစွန့်ခွာနိုင်တဲ့ အင်အားကြီး ဆိတ်သုဉ်းခြင်း သားရဲတွေဟာ မကြာသေးမီက အစွန်အဖျားနေရာတွေမှာ လှုပ်ရှားလာခဲ့ကြတယ်။ ဒီနေ့ ယူနီကွန်းဦးချိုးနဂါးကြံ့ကြီးက အဲဒီထဲက ဥပမာတစ်ခုပဲ။” လင်းကျန်းယွန်က ပြောသည်။
ချင်ယွင်၏ မျက်ခုံးများက တင်းကျပ်စွာ ကြုတ်သွားခဲ့သည်။ လင်းကျန်းယွန်၏ စကားအရဆို တိုင်ဟန်တောင်တန်းရှိ ဆိတ်သုဉ်းခြင်းသားရဲများသည် သိပ်မကြာခင် ကမှ ပုံမှန်မဟုတ်လာသလိုပင်။ သူတို့ပုံမှန်မဟုတ်သည့်အခါ နတ်ဆိုးတွေ ဖြစ်ကြသည်။ ဤအရာနှင့် ပတ်သက်ပြီး မည်သည့်အမှားအယွင်းမှ မရှိခဲ့ပေ။ သို့ရာတွင်၊ ဤအရာကို အသုံးပြု၍ သားရဲဒီရေလှိုင်းဖြစ်ပေါ်မည်ဟု ဆုံးဖြတ်မည်ဆိုပါက၊ ၎င်းသည် သူတို့ထင်သလို မဖြစ်နိုင်ပေ။
သေချာသည်မှာ။ “ပြဿနာမဖြစ်ခင် ကြိုတင်ကာကွယ်ပါ” ဟူသောစကားက အမှားအယွင်း မရှိပေ။ သားရဲဒီရေလှိုင်း ဖြစ်ပေါ်မလာခြင်းသည် ကောင်းပါသည်။ သားရဲဒီရေလှိုင်း ပြန်ကျပြီးသည်နှင့် တိုင်ဟန်တောင်တန်း၏ အနီးတစ်ဝိုက်မှာရှိသည့် မြို့တွေအားလုံးဟာ တခဏအတွင်း ဘာမှမရှိခဲ့ဘူးသည့်အလား ဖြစ်သွားနိုင်ပါသည်။
'"ဦးလေးလင်း၊ ဒီလိုဆိုရင် ဘယ်လိုလဲ၊ ဦးလေးက ပိရှစ်သိုင်းမြို့စားရဲ့စံအိမ်ကို သွားပြီး ဒီအကြောင်းကို ပြောပြလိုက်ပါ။ သားရဲဒီရေလှိုင်းအတွက် ကြိုတင် ပြင်ဆင်ထားဖို့ ပြောလိုက်ပါ။ တိုင်ဟန်တောင်တန်းရဲ့ နက်ရှိုင်းတဲ့အရပ်ကို ကျွန်တော် အရင်သွား ကြည့်လိုက်မယ်။ တကယ်လို့ သားရဲဒီရေလှိုင်းသာ အမှန်တကယ် ဖြစ်ပေါ်လာ မယ်ဆိုရင် တိုင်ဟန်တောင်တန်းမှာ သားရဲဘုရင်တစ်ပါး မွေးဖွားလာတာ ဖြစ်ရမယ်။" ချင်ယွင်က တခဏကြာ တိတ်ဆိတ်ပြီးနောက် ပြောလိုက်သည်။
"တိုင်ဟန်တောင်တန်းကို မင်းတစ်ယောက်တည်း ဝင်ရတာ အန္တရာယ် မများဘူးလား?" လင်းကျန်းယွန်က မေးသည်။
"စိတ်မပူပါနဲ့ ဦးလေးလင်း။ ကျွန်တော်ရဲ့ကျင့်ကြံမှုအခြေခံက သိုင်းဧကရာဇ်နယ်ပယ်ရဲ့ ပထမအဆင့် ကောင်းကင်အလွှာမှာသာ ရှိပေမယ့်၊ ကျွန်တော်ရဲ့အစွမ်းက အပေါ်ယံ မြင်ရသလောက် မရိုးရှင်းပါဘူး။ သိုင်းဧကရာဇ်နယ်ပယ်ရဲ့ အထွတ်အထိပ် ကျွမ်းကျင် ပညာရှင်မျိုး မဟုတ်ရင် ကျွန်တော့်ကို ဘယ်သူမှ ဘာမှ မလုပ်နိုင်ပါဘူး။ ဒါ့အပြင် ကျွန်တော်က စုံစမ်းရုံသက်သက်သွားမှာပါ။ အရင်စပြီး တိုက်ခိုက်မှာ မဟုတ်ပါဘူး။" ချင်ယွင်က အပြုံးနှင့်အတူ ပြောလိုက်သည်။ လင်းကျန်းယွန်က သူ့အတွက် စိတ်ပူနေမှန်း သူသိသည်။
"ကောင်းပြီလေ။ မင်း သွားရာလမ်းခရီးမှာ သတိထားပါ။" လင်းကျန်းယွန်က ချင်ယွင်၏ ပခုံးကို ပုတ်ပြီး ပြောလိုက်သည်။
ချင်ယွင်လည်း ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူသည် မနီးမဝေးတွင် ရှိနေသည့် ရှောင်ဘိုင် နှင့် ရှောင်ကျင်းတို့ကို အစိမ်းရောင်ကြာပန်းစည်းတံဆိပ်ထဲသို့ ထည့်သွင်း ကာ တိုင်ဟန်တောင်တန်း၏ တောနက်ရာအရပ်ဆီသို့ ဦးတည်သွားခဲ့သည်။
အမှန်တကယ်တော့ ချင်ယွင်က ဤကိစ္စအတွက် စိတ်ပူစရာမလိုပါဘူး။ သူက ရန်စီစီနှင့် တခြားသူတွေကို လုံးလုံးလျားလျား ခေါ်သွားနိုင်ပါသည်။ ကမ္ဘာပေါ်ရှိ အရာအားလုံးသည် ကံကြမ္မာကိုယ်စီ ရှိကြသော်လည်း ချင်ယွင်သည် ထိုအရပ်သားများ ရေပူထဲကျရောက်ရမည့် အရေးကိုတော့ သည်းမခံနိုင်သေးပါဘူး။
နောက်တစ်ချက်မှာ ဤနေရာသည့် ပိရှစ်သိုင်းမြို့စား၏နယ်မြေ ဖြစ်သည်။ အကယ်၍ သားရဲဒီရေလှိုင်းသာဖြစ်ပေါ်လာခဲ့ပါက ပိရှစ်သိုင်းမြို့စားကဲ့သို့ သိုင်းမြို့စားအဆင့် ကျွမ်းကျင်သူတစ်ဦးသည် သဘာဝအတိုင်း ဆိတ်ကွယ်ရာမှာ ပုန်းနေလိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် ယင်းက ပိရှစ်သိုင်းမြို့စားအတွက်ဖြစ်သည် ဆိုပင်လျှင် သူသည် လှုပ်ရှားရန်အတွက် ရွေးချယ်ထားဆဲ ဖြစ်သည်။
ချင်ယွင်သည် တိုင်ဟန်တောင်တန်းများဆီသို့ တဖြည်းဖြည်း ဝင်ရောက် ပျောက်ကွယ် သွားသည်ကို လင်းကျန်းယွန်က ကြည့်နေရင်း သူ့စိတ်ထဲတွင် သက်ပြင်းချလိုက်သည်။
ချင်ယွင်ကို သူပထမဆုံးတွေ့သည့် အချိန်တုန်းက ချင်ယွင်၏ခွန်အားသည် သူ့ထက်ပင် နိမ့်ကျနေပါသေးသည်။ ယခုဆိုလျှင် ချင်ယွင်သည် သူ လက်လှမ်း မမီနိုင်သည့် အဆင့်သို့ တိုးတက်လာခဲ့သည်။ ဤကြောက်မက်ဖွယ် ကောင်းသော ကျင့်ကြံမူအရှိန်အဟုန်သည် အမှန်တကယ်ပင် တုနှိုင်းလို့ မရသည့်အရာဖြစ်သည်။ လင်းကျန်းယွန်သည် သက်ပြင်းအနည်းငယ် ချလိုက်ပြီးနောက် ထိုအကြောင်းကို သိပ်ပြီး မတွေးတော့ပေ။ သူသည် ရန်စီစီကို အိမ်မှခေါ်ဆောင်ရင်း ပိရှစ်မြို့တော်သို့ ခေါ်သွားရန်ပြင်ဆင်လိုက်သည်။
လင်းကျန်းယွန်သည် မူလက အင်ပါယာ၏ တော်ဝင်စစ်သူကြီးတစ်ဦး ဖြစ်သည်။ သူသည် အငြိမ်းစားယူခဲ့ပြီးသော်လည်း၊ သူ၏နှလုံးသားထဲတွင် အမြဲတစေ ပြည်သူလူထု၏ အဖွဲ့ဝင်တစ်ဦးအဖြစ် ခံယူထားဆဲဖြစ်သည်။ သူသည် ချင်ယွင်ဆီမှ အကူအညီကို ရနိုင်မည်ဟု မျှော်လင့်ပြီး ချင်ယွင်ကို ယခုအကြောင်းကို ပြောပြခြင်း ဖြစ်သည်။
ရွာငယ်လေးမှ ထွက်ခွာပြီးနောက် ချင်ယွင်သည် တိုင်ဟန်တောင်တန်းများ၏ တောနက်ရာ အရပ်ဆီသို့ ပြေးသွားခဲ့သည်။
လမ်းတစ်လျှောက်တွင် အဆင့်လေး ဆိတ်သုဉ်းခြင်း သားရဲများအပါအဝင် ဆိတ်သုဉ်းခြင်းသားရဲများစွာကိုလည်း တွေ့ခဲ့ရပြီး ယင်းက ချင်ယွင်ကို အလွန်အံ့အား သင့်စေခဲ့သည်။
လက်ရှိတွင် သူသည် တိုင်ဟန်တောင်တန်းများ၏အပြင်ဘက်မှာသာ ရှိနေပါသေး သည်။ ယုတ္တိဗေဒအရပြောရလျှင် ဤနေရာတွင်ရှိသည့် ဆိတ်သုဉ်းခြင်းသားရဲများသည် အဆင့်သုံး ထက်မပိုသင့်ပေ။ သို့ရာတွင်၊ တောင်တန်းကြီး၏ အစွန်အဖျား၌ပင် အဆင့်သုံး ဆိတ်သုဉ်းခြင်းသားရဲများ ရှိနေရုံသာမက အဆင့်လေး ဆိတ်သုဉ်းခြင်း သားရဲများလည်း ရှိနေသေး၏။ ထို့အပြင်၊ သူတို့သည် လှည့်ပတ်သွားလာနေခြင်း ဟုတ်ပုံမပေါ်။ ယင်းအစား ၎င်းတို့သည် စစ်တပ်၏ ကင်းထောက်များကဲ့သို့ ရည်ရွယ်ချက် ရှိရှိ စုံစမ်း စစ်ဆေးမှုအချို့ကို လုပ်ဆောင်နေကြခြင်း ဖြစ်သည်။
"ဦးလေး လင်းကျန်းယွန်ပြောသလိုပဲ သားရဲဘုရင်က တိုင်ဟန်တောင်တန်းတွေမှာ မွေးဖွားခဲ့ပြီး သားရဲဒီရေလှိုင်းက ရောက်ရှိလာတော့မှာလား။" ချင်ယွင်သည် လမ်းတစ်လျှောက်လုံး သားရဲများကို ပုန်းရှောင်ရင်း ထိုမေးခွန်းများကို သူ၏စိတ်ထဲ တွင် တွေးနေမိသည်။
"ချီး……!"
သို့သော်လည်း ယခုအချိန်တွင် ချင်ယွင်၏ နားထဲတွင် စူးချကျယ်လောင်သော အော်ဟစ်သံက ရုတ်တရက် ထွက်ပေါ်လာပြီး ချင်ယွင်၏နှလုံးသားတွင် ပြင်းထန်သော ဘေးကျပ်နံကျပ်ခံစားချက်တစ်ခု ထွက်ပေါ်လာသည်။
ချင်ယွင်သည် အလောတကြီး ခေါင်းမော့ကြည့်လိုက်လျှင် လျင်မြန်စွာ ချဉ်းကပ်လာ သော ကြီးမားသည့် ရွှေရောင်အလင်းတန်းကြီးကို မြင်ရုံရသည်။
"ရွှေတောင်ပံဂဠုန်ငှက်လား?"
ချင်ယွင်၏ မျက်လုံးများ ပြူးကျယ်သွားကာ သူ့ဆီသို့ ပြေးဝင်လာနေသော ရွှေရောင်အလင်းတန်းကို ကြည့်လိုက်ရင်း သူ၏မျက်နှာမှာ တုနှိုင်းမရသည့် အံ့အားသင့်သည့် အမူအရာ ပေါ်လာသည်။
ယင်းကို ရွှေရောင်အလင်းတန်းဟု လုံးဝခေါ်လို့မရပေ။ အလွန်ကြီးမားသည့် ရွှေတောင်ပံဂဠုန်ငှက်ကြီး ဖြစ်နေသည်။ ၎င်း၏ အမွေးအတောင်များသည် သတ္တုဖြင့် ပြုလုပ်ထားသကဲ့သို့ လုံးဝရွှေရောင်ဖြစ်နေသည်။ ၎င်း၏အတောင်များသည် အမှန်တကယ်အားဖြင့် ပေတစ်ရာရှည်လျားပြီး မိုးကောင်းကင်နှင့် နေမင်းကြီးကိုပင် ဖုံးအုပ်လုနီးပါး ဖြစ်နေသည်။
ထိုအခိုက်တွင် ရွှေတောင်ပံဂဠုန်ငှက်ကြီးသည် ချင်ယွင်ဆီသို့ ပြေးလာသည်။ သူ၏အရှိန်အဟုန်က လျှပ်စီးလက်သလို မြန်ဆန်လွန်းလှသည်။
ပေရာပေါင်းများစွာ အကွာအဝေးကို မျက်စိတစ်မှိတ်အတွင်း ဖြတ်ကျော်လာခဲ့ပြီး ချင်ယွင်၏ရှေ့သို့ ချက်ခြင်း ရောက်လာခဲ့သည်။
ကြီးမားပြီး တုနှိုင်းမရအောင် ထက်ရှသည့် သံမဏိခြေသည်းများက ချင်ယွင်၏ ရင်ဘတ်ဆီကို တိုက်ရိုက် ကုတ်ဆွဲလိုက်ပါသည်။
"မကောင်းတော့ဘူး!"
ချင်ယွင်သည် အံ့အားသင့်သွားပြီး အမြန်ရှောင် ထွက်သွားရသည်။
သို့သော်လည်း သူ၏ ရင်ဘတ်တွင် ရွှေတောင်ပံဂဠုန်ငှက်ကြီး၏ သံမဏိ ခြေသည်း များက ကုတ်ခြစ်ခံလိုက်ရဆဲဖြစ်ပြီး သူ၏ရင်ဘတ်တွင် နက်ရှိုင်းသည့် သွေးစွန်း ဒဏ်ရာကို ဖြစ်ပေါ်လွင်စေခဲ့သည်။
"ဘာလဲဟ?"
ချင်ယွင်က သူ၏ရင်ဘတ်ပေါ်မှ ဒဏ်ရာတွေကိုကြည့်ပြီး အလွန်အံ့သြသည့် အမူအရာ ပေါ်လာပါသည်။
သူ၏ခန္ဓာကိုယ်သည် အင်မော်တယ်အဆင့်ပစ္စည်းတစ်ခုနှင့်ပင် နှိုင်းယှဉ် နိုင်နေပြီ ဖြစ်သော်လည်း၊ ယခုအချိန်တွင် ရွှေတောင်ပံဂဠုန်ငှက်ကြီး၏ သံမဏိခြေသည်း များကြောင့် အမှန်တကယ် ဒဏ်ရာရသွားခဲ့သည်။ ၎င်း၏ သံမဏိခြေသည်းများသည် မည်မျှ မာကြောပြီး ထက်ရှလိုက်သနည်း။
အခန်း (၃၇၃) ရွှေတောင်ပံဂဠုန်ငှက်။
"ချီး……..!"
ရွှေတောင်ပံဂဠုန်ငှက်ကြီးသည် ၎င်း၏အတောင်ပံများကိုခတ်ကာ လေထဲတွင် ပျံဝဲနေရင်း သူ၏ကြီးမားသော မျက်လုံးအစုံက ချင်ယွင်ကို စိုက်ကြည့်နေပြီး နောက်ထပ် ကျယ်လောင်သော အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။
ချင်ယွင်လည်း ကောင်းကင်ယံ၌ မတ်တတ်ရပ်နေကာ သူ၏မျက်လုံးများတွင် ကြောက်ရွံ့သည့်အရိပ်အယောင်များထွက်ပေါ်နေပြီး သူ၏ရှေ့တွင် ရုတ်တရက် ပေါ်လာသော ရွှေတောင်ပံဂဠုန်ငှက်ကြီးကို ကြည့်လိုက်သည်။
သူ့ရင်ဘတ်တွင် အရိုးပေါ်သည်အထိနက်ရှိုင်းသည့် သွေးထွက်ဒဏ်ရာတစ်ခု ရှိနေသည်။ ၎င်းဒဏ်ရာသည် ရွှေတောင်ပံဂဠုန်ငှက်ကြီး၏ ချွန်ထက်သော သံမဏိ ခြေသည်းများမှ ယခုလေးတင် ချန်ထားရစ်ခဲ့ခြင်းဖြစ်သည်။ ၎င်းဒဏ်ရာသည် အလွန် နာကျင်ရသည်။ ကံကောင်းထောက်မစွာပင်၊ ၎င်းဒဏ်ရာကို အသက်စွမ်းအား ဖြည့်သွင်းခြင်းဖြင့် ဒဏ်ရာက အလျင်အမြန် ပျောက်ကင်းသွားခဲ့သည်။
"ရွှေတောင်ပံဂဠုန်ငှက်ကြီးလား?"
ချင်ယွင်သည် သူ၏စိတ်ထဲမှာ ရွှေတောင်ပံဂဠုန်ငှက်ကြီးနှင့် ပတ်သက်သည့် အချက်အလက်ကို ရှာဖွေနေခဲ့သည်။
သားရဲများနှင့်ပတ်သက်ပြီး မှတ်တမ်းတင်ထားသည့် ကျမ်းစာအရ ရွှေတောင်ပံ ဂဠုန်ငှက်ကြီးသည် ရှေးဟောင်းနတ်ဘုရားသားရဲ ခွန်ပန်မှဆင်းသက်လာသူဖြစ်ပြီး ၎င်း၏ခန္ဓာကိုယ်တွင် ခွန်ပန်၏ သွေးမျိုးဆက်များပါရှိသည်။
ဟုတ်ပါသည်။ ရွှေတောင်ပံဂဠုန်ငှက်များကိုလည်း အနက်ရောင်လျှပ်စီး ရွှေတောင်ပံ ဂဠုန်ငှက်ဘုရင်၊ လျှပ်စီးတိမ်တိုက် ရွှေတောင်ပံဂဠုန်ငှက်ဘုရင်နှင့် သာမန်ရွှေတောင်ပံ ဂဠုန်ငှက်ဟူ၍ သုံးမျိုးခွဲထားပါသည်။
အနက်ရောင်လျှပ်စီး ရွှေတောင်ပံဂဠုန်ငှက်ဘုရင်သည် ရွှေတောင်ပံဂဠုန်ငှက် မျိုးစိတ် သုံးမျိုးတွင် အစွမ်းထက်ဆုံး ဖြစ်သည်။ ၎င်းသည် ခွန်ပန်၏သွေးမျိုးဆက်ကို အများဆုံး ပိုင်ဆိုင်ထားသည့် ရွှေတောင်ပံဂဠုန်ငှက်ဘုရင်ဖြစ်သည်။ သူတို့၏ ကောင်းကင်ဘုံ ဘုရားများသည်လည်း လျှပ်စီး၏ အချစ်တော်ကလေးများပင် ဖြစ်ကြပါသည်။ သူတို့သည် အစစ်အမှန် အင်မော်တယ်ကျွမ်းကျင်သူတစ်ဦး၏ စွမ်းအားများဖြင့် မွေးဖွားလာကြသည်။ သူတို့ အရွယ်ရောက်ပြီးသောအခါ ကောင်းကင်ဘုံသို့ပင် တိုက်ရိုက် ရောက်ရှိသွားကြသည်။ သူတို့၏ခန္ဓာကိုယ်က ပေပေါင်း ထောင်ချီအထိ ရှိနိုင်သည်။ ၎င်းတို့သည် အစစ်အမှန်နဂါးများနှင့်ပင် နှိုင်းယှဉ်နိုင်သည်။
လျှပ်စီးတိမ်တိုက် ရွှေတောင်ပံဂဠုန်ငှက်ဘုရင်ကတော့ အတော်လေး အားနည်း ပါသည်။ သူတို့သည် နတ်ဆိုးသားရဲနယ်ပယ်တွင် ရှိကြပြီး သူတို့အရွယ်ရောက်လာ သောအခါတွင် အစစ်အမှန် အင်မော်တယ်နယ်ပယ်သို့ ရောက်ရှိနိုင်ကြသည်။
သာမာန်ရွှေတောင်ပံ ဂဠုန်ငှက်ကြီးအတွက်မူ သူ၏ခွန်ပန်သွေးမျိုးဆက်သည် အလွန့်လွန် နည်းပါးပြီး သူတို့မွေးဖွားစအရွယ်မှာ အဆင့်နှစ် ဆိတ်သုဉ်ခြင်းသားရဲ နယ်ပယ်တွင်သာ ရှိကြသည်။ သူတို့အရွယ်ရောက်ချိန်မှာဆို အဆင့်ငါးအထိသာ ရောက်နိုင်ကြသည်။
အင်မော်တယ်ကမ္ဘာရှိ ဂဠုန်ငှက်မျိုးနွယ်စုတွင်၊ ရွှေတောင်ပံဂဠုန်ငှက်ကြီးသည် အနိမ့်ဆုံး အဆင့်တည်ရှိမူ ဖြစ်ပြီး ၎င်း၏အဆင့်အတန်းသည် အလွန်နိမ့်ကျသည်။
ချင်ယွင်က သူ့ရှေ့မှာရှိနေသည့်ရွှေတောင်ပံဂဠုန်ငှက်ကြီးကို ငေးကြည့်နေသည်။ သူသည် သာမန် ရွှေတောင်ပံဂဠုန်ငှက်ကြီးဖြစ်သည်မှာ ထင်ရှားပြီး သူ၏ အစွမ်းသည် အဋ္ဌမအဆင့် ကောင်းကင်အလွှာ သိုင်းဧကရာဇ်တစ်ပါး၏ အထွတ်အထိပ်နှင့် ယှဉ်နိုင်သည်။
သို့သော်၊ ချင်ယွင် မထင်မှတ်ထားသည့်အရာမှာ ရွှေတောင်ပံဂဠုန်ငှက်ကြီးသည် ဂဠုန်ငှက် မျိုးနွယ်များကြားတွင် အဆင့်အတန်း နိမ့်ကျသော်လည်း သေမျိုးကမ္ဘာတွင် အုပ်စိုးသူအရှင်သခင်အဆင့် ကျွမ်းကျင်သူတစ်ဦးဟု ဆိုနိုင်သည်။ တိုင်ဟန်တောင်တန်း အပြင်ဘက်မှာ ရုတ်တရက် မည်ကဲ့သို့ပေါ်လာရသနည်း။
တိုင်ဟန်တောင်တန်းတွေမှာရှိတဲ့ သားရဲဘုရင်အသစ် ဖြစ်နေမလား။
ချင်ယွင်သည် မျက်မှောင်ကြုတ်နေသော်လည်း သူ့ရှေ့မှာရှိနေသည့် ဤကောင်ကြီးကို မည်သို့ရင်ဆိုင်ရမလဲဆိုသည်ဆိကု စဉ်းစားနေမိသည်။ ယခုလေးတင် တိုက်ခိုက်မှုကို သုံးသပ်ကြည့်လျှင် ရွှေတောင်ပံဂဠုန်ငှက်ကြီး၏ ခြေသည်းများသည် ချင်ယွင်၏ အရေပြားကို ဖမ်းကုပ်နိုင်စွမ်း ရှိလွန်းလှသည်။
တစ်နည်းဆိုရသော် ချင်ယွင်၏ အစွမ်းထက်သော ခုခံမှုသည် ရွှေတောင်ပံ ဂဠုန်ငှက်ကြီး၏ ရှေ့တွင် စက္ကူကဲ့သို့ဖြစ်နေပြီး ထိုးကုတ်ချက်တစ်ချက်မျှကိုပင် မခံနိုင်ပေ။
"ချီး……!"
ရွှေတောင်ပံဂဠုန်ငှက်ကြီးသည် အော်ဟစ်လာပြန်ပြီး သူ၏ကြီးမားသော အတောင်ပံများကို ပြင်းထန်စွာ ခတ်လိုက်သွားသည်။ သူ၏ကြီးမားသော ခန္ဓာကိုယ်ကြီးသည် ရွှေရောင်အလင်းတန်းအဖြစ်သို့ တစ်ဖန်ပြောင်းသွားပြီး ချင်ယွင်ဆီသို့ ဦးတည်သွားခဲ့သည်။
အတောင်ပံများ ခတ်လိုက်သည်နှင့် ကြီးမားသော လေပြင်းများ ဖြစ်ပေါ်လာသည်။ အောက်ဘက်ရှိ ကျောက်တုံးများအားလုံး ကွဲကြေသွားကာ သစ်ပင်များလည်း ကျိုးပြတ်လွင့်စင်သွားခဲ့ပြီး အချို့မှာ အမြစ်ပြတ်မှပင် ကျွတ်ထွက်သွားကြသည်။
ချင်ယွင်သည် အနည်းငယ် မျက်မှောင်ကြုတ်ပြီး လေးနက်သော အမူအရာကို ထုတ်ဖော်လိုက်သည်။ သူ့လက်ထဲတွင် ကြယ်နက်ဓားတစ်လက် ပေါ်လာသည်။ မိုးပြာရောင်ဝိညာဉ်ချီသည် ဓားကိုချက်ချင်းလွှမ်းခြုံသွားကာ ရွှေတောင်ပံ ဂဠုန်ငှက်ကြီး၏ သံမဏိခြေသည်းနှင့် ထိပ်တိုက်ရင်ဆိုင်မိသွားသည်။
ချွင်!
သံမဏိကောင်းအချင်းချင်း ထိပ်တိုက်ခုတ်ပိုင်းမိသည့် အသံတစ်ခု ထွက်ပေါ်လာသည်။
ဓားသည် ရွှေတောင်ပံဂဠုန်ငှက်ကြီး၏ သံမဏ်ခြေသည်းပေါ်သို့ ဘေးတိုက် လျှောကျသွားကာ တောက်ပသော မီးရူးမီးပွားများပင် လင်းလက်သွားသည်။ သို့သော် ရွှေတောင်ပံဂဠုန်ငှက်ကြီး၏ အကြေးခွံများကို မချိုးဖျက်နိုင်ခဲ့ဘဲ သူ၏ သံမဏိခြေသည်းပေါ်တွင် အဖြူရောင် အမှတ်အသားတစ်ခုသာ ကျန်ရစ်ခဲ့သည်။
"ဘယ်လောက်တောင် မာကြောလိုက်လဲ” ချင်ယွင်သည် မထိန်းနိုင်ဘဲ အသံထွက်ပင် ပြောမိသည်။
သို့သော် ယခုအချိန်တွင် ရွှေတောင်ပံဂဠုန်ငှက်ကြီးသည် ဒေါသထွက်နေပုံရသည်။ သူသည် အလွန်ကြီးမားသော အတောင်ပံများကို ချင်ယွင်ဆီသို့ တိုက်ရိုက် ခတ်လိုက်သည်။
ချင်ယွင် ရှောင်ပင်မရှောင်ရသေးခင်မှာ ရွှေတောင်ပံဂဠုန်ငှက်ကြီး၏ အတောင်ပံ ရိုတ်ခတ်မူကြောင့် အဝေးကို လွင့်ထွက်သွားခဲ့ရသည်။
ကြီးမားလှသော အတောင်ပံများသည် ချင်ယွင်၏ ရင်ဘတ်ကို သံမဏိကဲ့သို့ တိုက်မိပြီး ချင်ယွင်၏ ရင်ဘတ်တွင် ပြင်းထန်သော နာကျင်မှုကို ဖြစ်ပေါ်စေခဲ့သည်။ သူသည် သူ၏ တစ်ကိုယ်လုံး ထိန်းမနိုင်သိမ်းမရဖြစ်ကာ နောက်ပြန်ဆုတ်သွားခဲ့ရသည်။
"ကြောက်စရာကောင်းလိုက်တဲ့ ခွန်အားပါလား။ ရွှေတောင်ပံဂဠုန်ငှက်ကြီးက အထွတ်အထိပ် အဆင့်ငါး ဆိတ်သုဉ်းခြင်းသားရဲအဖြစ်ဖို့ ထိုက်တန်ပါတယ်။ သူ့ရဲ့ အမြန်နှုန်း၊ ခုခံမှု၊ စွမ်းအား အားလုံးက ပုံမှန်မဟုတ်ဘူးလို့ ပြောလို့ရပါတယ်။" ချင်ယွင်သည် သူ့ကိုယ်သူ တွေးလိုက်မိ၏။
ချင်ယွင်၏ခန္ဓာကိုယ်သည် နောက်သို့ အဆက်မပြတ် လွင့်ပျံသွားကာ မရေမတွက် နိုင်သော သစ်ပင်များပေါ်သို့ ကျိုးပြတ်သွားခဲ့ပြီး မြေပြင်ပေါ်တွင် ရှည်လျားသော စွပ်ကြောင်းတစ်ခု ကျန်ရစ်ခဲ့ပြီး ဒဏ်ရာ ပြင်းထန်စွာ ခံစားခဲ့ရသည်။
"ချီး……….!"
နောက်ထပ် ကောင်းကင်ယံကိုပင် ထိုးဖောက်နိုင်သည့်အော်သံ ထွက်ပေါ်လာပြန် သည်။
ရွှေတောင်ပံဂဠုန်ငှက်ကြီး၏ စူးရှသော မျက်လုံးများက အေးစက်သော အလင်းရောင်ကို ထုတ်လွှတ်နေသည်။ သူသည် လေထဲမှာ ဝဲပျံနေသည်။ ၎င်း၏ တောင်ပံ အစွန်းအပိုင်းသည် ထက်ရှသောဓားကဲ့သို့ မြေပြင်ကိုဖြတ်လိုက်ပြီး တိုဟူးကဲ့သို့ မြေပြင်ကို ဖြတ်တောက်ကာ ရှည်လျားနက်ရှိုင်းသော လျှိုမြောင်တစ်ခု နောက်တွင် ကျန်ရစ်ခဲ့သည်။ သူသည် ချင်ယွင်ဆီသို့ ထက်ရှသောအစွန်းတစ်ခုဖြင့် ဖြတ်သန်းသွားသည်။
ချင်ယွင်၏ မျက်နှာသည် သိသိသာသာ ပြောင်းလဲသွားသည်။ ရွှေတောင်ပံ ဂဠုန်ငှက်ကြီး၏ တောင်ပံများသည် ဤမျှပုံမှန်မဟုတ်ဟု သူလည်း မထင်ထားခဲ့ပေ။ အတောင်ပံတစ်ခုစီသည် အေးစက်စက်အလင်းရောင်ကို ထုတ်လွှတ်ပြီး ချွန်ထက်သော ဓားသွားများနှင့်တူသည်။
ချွင်!
ချင်ယွင်သည် ချက်ချင်းပင် သူ၏ဓားဖြင့် ပိတ်ဆို့တားဆီးလိုက်ရသည်။
ချွန်ထက်သော အတောင်များသည် ချင်ယွင်၏ ကြယ်နက်ဓားနှင့် တိုက်မိပြီး ခေါင်းလောင်းသံကဲ့သို့ မြည်သံထွက်လာသည်။
သူသည် ချီယွင်ကို ရိုတ်ထုတ်လိုက်သည်။ လူရောဓားပါ ပေတစ်ထောင်နီးပါး အကွာအဝေးအထိ လွင့်ထွက်သွားသည်။
"ချီး…!"
ရွှေတောင်ပံဂဠုန်ငှက်ကြီးက သူ့ရှေ့မှာရှိနေသည့်ဤလူက သူ့၏တိုက်ခိုက်မှုကို အမှန်တကယ် တားဆီးလိုက်သည်ကို တွေ့လိုက်ရသည့်အခါ ချက်ခြင်းဒေါသဖြစ်ပြီး မောက်မာစွာ အော်ဟစ်လိုက်ပြန်သည်။
ဧရာမအတောင်ပံကြီးများကိုခတ်ကာ ချင်ယွင်ဆီသို့ ပျံတက်သွားခဲ့သည်။ ချင်ယွင်ကို မြေပြင်ပေါ်မှာ လုံးလုံး ရိုက်သတ်ပစ်ချင်နေပုံရသည်။
"တော်လောက်ပြီ!"
ချင်ယွင်လည်း အနည်းငယ် ဒေါသထွက်သွားသည်။ ရွှေတောင်ပံဂဠုန်ငှက်ကြီး၏ ထပ်ခါတလဲလဲ ထိုးနှက်ချက်ကြောင့် သူ၏နှလုံးသားကို အလွန်မပျော်မရွှင် ဖြစ်စေခဲ့ သည်။ ချက်ချင်းဆိုသလိုပဲ၊ အနက်ရောင်လျှပ်စီးများက သူ၏ခန္ဓာကိုယ် တစ်ခုလုံးကို လွှမ်းခြုံသွားပြီး ဒေါသပေါက်ကွဲသည့် အခြေအနေကို တိုက်ရိုက် ရောက်သွားခဲ့သည်။
သူ့နောက်မှ နဂါးအတောင်များလည်း ဖြန့်ထွက်လာကာ ရွှေတောင်ပံဂဠုန်ငှက်ကြီး၏ တိုက်ခိုက်မှုကို ရှောင်တိမ်းရန် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားသည်။
ရွှေတောင်ပံဂဠုန်ငှက်ကြီး၏အတောင်ပံများသည် မြေပြင်ပေါ်သို့ ကျရောက်လာပြီး မြေပြင်သည် ချက်ချင်းပေါက်ကွဲသွားသည်။ ဧရာမ တွင်းနက်ကြီးတစ်ခု ပေါ်လာသည်။ ၎င်းရိုတ်ချက်သည် ချင်ယွင်၏ ခန္ဓာကိုယ်ပေါ်သို့ ထိုးနှက်မိလိုက်မည် ဆိုလျှင် မည်မျှ ပြင်းထန်မည်ကို တွေးကြည့်နိုင်သည်။
"ဟမ့်၊ မင်းက အမြဲတမ်း တိုက်ခိုက်ခဲ့နေခဲ့တယ်။ အခု ငါ့အလှည့်ပဲ။"
အနက်ရောင်လျှပ်စီးကြောင်းသည် ချင်ယွင်၏ခန္ဓာကိုယ်ပေါ်မှာ လင်းလက်လာပြီး သူ၏တစ်ကိုယ်လုံး လေထဲတွင် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားကာ ရွှေတောင်ပံဂဠုန်ငှက်ကြီး၏ နောက်ကျောပေါ်တွင် ပေါ်လာသည်။ သူသည် ရွှေတောင်ပံဂဠုန်ငှက်ကြီး၏ နောက်ကျောတောင်ပံများကို တိုက်ရိုက် ထိုးနှက်လိုက် သည်။
"ဘုန်း!"
ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။
အနက်ရောင်လျှပ်စီးကြောင်းများပါရှိသော လက်သီးသည် ရွှေတောင်ပံ ဂဠုန်ငှက်ကြီး ၏ သံမဏိအတောင်ပံများထဲသို့ ထိုးကျသွားသည်။
ရွှေတောင်ပံဂဠုန်ငှက်ကြီး၏ အတောင်များသည် ချက်ခြင်းပင် ပေါက်ကွဲသွားပြီး ရွှေတောင်ပံဂဠုန်ငှက်ကြီးသည် ချိုင့်ဝှမ်းတစ်လျှောက်တွင် ပဲ့တင်ထပ်သည်အထိ အော်ဟစ် မြည်တမ်းသွားခဲ့ရသည်။
"ဟမ့်! နောက်တကြိမ်ကွာ!"
ရွှေတောင်ပံဂဠုန်ငှက်ကြီး၏နောက်ကျောကို လက်သီးဖြင့် နောက်တကြိမ် ထိုးလိုက်ရင်း ချင်ယွင်က ဒေါသတကြီး ဟောက်လိုက်သည်။
"ချီး………”
ရွှေတောင်ပံဂဠုန်ငှက်ကြီးသည် မူလကတည်းက မောက်မာသူဖြစ်သည်။ ယခုတော့ လူသားတစ်ဦး၏ ဒဏ်ရာဒဏ်ချက်ကြောင့် သူ့စိတ်ထဲတွင် အလွန်ဒေါသဖြစ်ခဲ့ရသည်။ သူကချက်ချင်း ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး ချင်ယွင်၏ လက်သီးချက်ကို ရှောင်တိမ်းရန် သူ့ခန္ဓာကိုယ်ကို လေထဲတွင် လျင်မြန်စွာ လှည့်ပတ်သွားသည်။ တစ်ချိန်တည်းမှာပင်၊ အနှိုင်းမဲ့ ချွန်ထက်သော တောင်ပံအစွန်းသည် ချင်ယွင်၏ ခါးဆီသို့ တိုက်ရိုက် ဖြတ်သွားသည်။
"ဟမ့်!"
ချင်ယွင်က အေးစက်စွာ ဟစ်အော်လိုက်သည်။ အနက်ရောင်လျှပ်စီးကြောင်းသည် သူ၏ လက်သီးများပေါ်တွင် လင်းလက်နေပြီး သူ့ခန္ဓာကိုယ်သည်က ရှောင်တိမ်းခြင်း မရှိခဲ့ပေ။ သူသည် ရွှေတောင်ပံဂဠုန်ငှက်ကြီး၏ အတောင်ပံများနှင့် ထိပ်တိုက် ရင်ဆိုင်လိုက်သည်။
"ဘုန်း!"
ချင်ယွင်၏ လျှပ်စီးလက်သီးသည် ရွှေတောင်ပံဂဠုန်ငှက်ကြီး၏ ရွှေတောင်ပံများနှင့် ထိပ်တိုက်ဆုံမိသွားသည်။
ကြောက်မက်ဖွယ်ကောင်းသောလှိုင်းလုံးကြီးသည် လေထုထဲတွင် ဖြစ်ပေါ်လာသည်။ ကီလိုမီတာ တစ်ရာပတ်လည်ရှိ သစ်ပင်များအားလုံး ချက်ခြင်း ဖြတ်တောက်ပြီး ပျံဝဲသွားကြသည်။
ချင်ယွင်သည် ဤကြီးမားလှသော စွမ်းအားအောက်တွင် ပေတစ်ထောင် အနောက်သို့ လွင့်ပျံသွားခဲ့သည်။
ဟုတ်ပါသည်။ ရွှေတောင်ပံဂဠုန်ငှက်ကြီးကလည်း ပိုကောင်းသည်ဟု မခံစားရပေ။ သူ့ခန္ဓာကိုယ်ကလည်း ပေရာနှင့်ချီပြီး နောက်ပြန်ဆုတ်သွားသည်။
လူတစ်ယောက်နှင့် ငှက်တစ်ကောင်တို့သည် လက်ရေတူနီးပါး ဖြစ်နေကြသည်။
အခန်း (၃၇၄) ရွှေတောင်ပံဂဠုန်ငှက်ကြီးကို မြှားဖြင့်ပတ်ခတ်ခြင်း။
ချင်ယွင် နှင့် ရွှေတောင်ပံဂဠုန်ငှက်ကြီးတို့၏ တိုက်ခိုက်မှုကြောင့် တောင်တန်းကြီး တစ်ခုလုံးနီးပါး ပျက်စီးလုနီးနီး ဖြစ်ခဲ့ရသည်။
ရွှေတောင်ပံ ဂဠုန်ငှက်ကြီး၏ ဧရာမခန္ဓာကိုယ်ကြီးသည် တောင်ထိပ်ပေါ်သို့ ပစ်ကျသွား ကာ တောင်ထိပ်ပင် တိုက်ရိုက် ကွဲထွက်သွားသည်။ ကြီးမားသော ကျောက်တုံးကြီးများ သည် လှိမ့်ဆင်းသွားပြီး မြေပြင်ပေါ်သို့ လှိမ့်ဆင်းသွားသည့် လမ်းတစ်လျှောက် တွန်းတိုက်မြည်သံများ ထွက်ပေါ်လာသည်။
ချင်ယွင်သည်လည်း အပျက်အစီးများကြားမှ ထလာသည်။ ယခုလေးတင် ရွှေတောင်ပံ ဂဠုန်ငှက်ကြီးနှင့် တိုက်ခိုက်မှုသည် သရေကျခဲ့သော်လည်း သူ၏ခန္ဓာကိုယ်ထဲရှိ အရိုးတွေအားလုံးနီးပါး ကျိုးသွားခဲ့ရသည်။ သူသည် ဒေါသပေါက်ကွဲသည့် အခြေအနေ တွင် ရှိနေကြောင်းကို သိထားရမည်။ ထို့တိုင် သူသည် ဤရွှေတောင်ပံဂဠုန်ငှက်ကြီးကို သရေသာ တိုက်ခိုက်နိုင်ခဲ့သည်။ ထို့အပြင်၊ ဤတိုက်ခိုက်မှုသည် ရွှေတောင်ပံ ဂဠုန်ငှက်ကြီးအတွက် ကြီးကြီးမားမား ထိခိုက်ဒဏ်ရာ တစ်ခုမျှ မကျန်ရစ်ခဲ့ပုံရသည်။
ချင်ယွင်၏ မျက်လုံးများသည် လေးနက်သည့်အရိပ်အယောင်များဖြင့် တောက်ပလာ သည်။ ဤရွှေတောင်ပံဂဠုန်ငှက်ကြီးသည် အမှန်တကယ် သန်မာလွန်းလှသည်။
အရှိန်အဟုန်၊ ခွန်အား၊ ခုခံကာကွယ်မူ မည်သည့်ရူထောင့်ကဖြစ်စေ၊ အားလုံးဟာ ကြောက်စရာကောင်းသည့်အဆင့်ကို ရောက်ရှိနေပြီး အားလုံးက ချင်ယွင်ထက် သာလွန်နေသည်။ ချင်ယွင်အနေဖြင့် သူ့ကို အနိုင်ယူချင်သည်ဆိုလျှင် ကိုယ်ပွား သုံးခု ပေါင်းစပ်ထားလျှင်ပင် မဖြစ်နိုင်ပါဘူး။
ထို့အပြင်၊ ဒေါသပေါက်ကွဲသည့် အခြေအနေ ပြီးဆုံးသွားသည်နှင့်၊ ချင်ယွင်သည် အလွန်အားနည်းသည့် အခြေအနေသို့ ရောက်ရှိသွားမည် ဖြစ်သည်။ ထိုအချိန်တွင် သူ့ကို ရွှေတောင်ပံဂဠုန်ငှက်ကြီးက အလိုအလျောက် သတ်သွားနိုင်သည်။
"ပြေး! ငါတို့ ပြေးရမယ်!"
ချင်ယွင်သည် ခြေသလုံးအပြေးသမား မဟုတ်သော်လည်း သူကိုယ်တိုင်က အနိုင် မတိုက်ခိုက်နိုင်ဘူးဆိုလျှင် သဘာဝအတိုင်း ပြေးရမည် ဖြစ်ပါသည်။
"ချီး…………!"
သို့သော် ရွှေတောင်ပံဂဠုန်ငှက်ကြီးသည် ချင်ယွင်အား ထွက်ပြေးလွတ်မြောက်ရန် အနည်းငယ်မျှ လွတ်လမ်း မပေးခဲ့ပေ။ ရွှေတောင်ပံဂဠုန်ငှက်ကြီးသည် ဒေါသတကြီး အော်ဟစ်ကာ ၎င်း၏ကြီးမားသောခန္ဓာကိုယ်ကြီးက ကောင်းကင်ပေါ်သို့ ချက်ချင်း ထိုးတက်သွားပြီး ချင်ယွင်ဆီသို့ တစ်ဖန် ခုန်ဆင်းသွားသည်။
ထိုမြင်ကွင်းကိုမြင်ရလျှင် ချင်ယွင်သည် သူထွက်ပြေးဖို့ မျှော်လင့်ချက်မရှိဘူး ဆိုသည်ကို ချက်ချင်းသိလိုက်၏။
သူသည် ချက်ချင်းပင် မိုးကြိုးနတ်ဘုရားလေးအား ထုတ်ယူလိုက်ပြီး တခဏအတွင်းမှာ၊ သူ၏လက်၌ လျှပ်စီးမြှားတစ်စင်းက သိပ်သည်းလာခဲ့ပြီး မြှားကိုပစ်လွှတ်မည့်ဟန်ဖြင့် ကွေးညွှတ်သွားသည်။
မိုးကြိုးနတ်ဘုရားလေးအား လပြည့်ဝန်းအနေထား အကွေ့တစ်ခုအထိ ဆွဲတင်လိုက် သည်။ လျှပ်စီးမြှားသည် ကြောက်မက်ဖွယ်ကောင်းသော အနက်ရောင်လျှပ်စီးများဖြင့် ဝန်းရံထားပြီး ပြင်းထန်သော ဖျက်ဆီးခြင်း၏ အနှိုင်းမဲ့ အငွေ့အသက်ကို ထုတ်လွှတ်နေ သည်။
ဝှီး!
ချင်ယွင်သည် သူ၏ မြှားဆုပ်ကိုင်ထားသည့် လက်ကို ဖြေလျော့လိုက်ပြီး မြှားရှည် သည် ချက်ချင်းပင် ကြိုးမှထွက်သွားကာ လေထဲတွင်ရှိနေသည့် ရွှေတောင်ပံ ဂဠုန်ငှက်ကြီးဆီသို့ ပျံသန်းသွားသည်။
တခဏအတွင်းမှာပင် ကောင်းကင်ယံကို ပျံ့နှံ့သွားခဲ့ပြီး လေဟာနယ်တစ်ခုလုံး တုန်လှုပ်သွားခဲ့သည်။
ရွှေတောင်ပံဂဠုန်ငှက်ကြီးသည် လျှပ်စီးမြှားကို မြင်သည့်အခါ၊ သူ၏မျက်လုံးထဲတွင် အထင်အမြင်သေးမှု အရိပ်အယောင်များ ပေါ်လာသည်။ သူသည် အတောင်ပံများကို ဝှေ့ယမ်းခတ်လိုက်ပြီး လျှပ်စီးမြှားကို တိုက်ရိုက် ချေမွပစ်ချင်သည်။
"ဘုန်း!"
ရှည်လျားသောလျှပ်စီးမြှားသည် ရွှေတောင်ပံဂဠုန်ငှက်ကြီး၏ အတောင်ပံများကို ထိမှန်သွားကာ ထိတ်လန့်တုန်လှုပ်ဖွယ် ပေါက်ကွဲသံကို ဖြစ်ပေါ်စေသည်။
အနက်ရောင်လျှပ်စီးမိုးကြိုးမုန်တိုင်းက တဟုန်ထိုး ပေါက်ကွဲထွက်သွားပြီး ရွှေတောင်ပံ ဂဠုန်ငှက်ကြီး၏ အတောင်တစ်ဝက်ကျော်ကို ချက်ချင်း နစ်မြုပ်သွားခဲ့သည်။
ရွှေတောင်ပံ ဂဠုန်ငှက်ကြီး၏ ကြေကွဲဖွယ်အော်သံ ထွက်လာသည်။ သူ၏ မူလခန္ဓာကိုယ်သည် ချက်ချင်း ရပ်တန့်သွားသည်။ ကြောက်စရာကောင်းသော လျှပ်စီးမိုးကြိုးမုန်တိုင်းသည် ချက်ချင်းပင် သူ၏တောင်ပံများကို အနက်ရောင် အဖြစ်သို့ ပြောင်းလဲပစ်လိုက်သည်။ ရွှေရောင်အမွေးများ တော်တော်များများ ပြုတ်ကျသွားပြီး သွေးစသွေးနများကိုပင် မြင်နိုင်သည်။
ရွှေတောင်ပံဂဠုန်ငှက်ကြီး၏ မထီမဲ့မြင်ပြုမှုကြောင့် လျှပ်စီးမြှားက ၎င်းအား ဒဏ်ရာ အပြင်းအထန် ရရှိစေခဲ့သည်မှာ ထင်ရှားသည်။
ချင်ယွင်သည် ဤမြင်ကွင်းကို အဝေးမှကြည့်နေရင်း လေးနှင့်မြှားကို ချက်ချင်း ကွေးလိုက်ပြန်သည်။
“ကိုယ့်ပြိုင်ဘက်ရဲ့ ဒဏ်ရာရနေမှုကို အခွင့်ကောင်းယူပြီး ပြိုင်ဘက်ရဲ့အသက်ကို ငါ အရယူတယ်။ ဒါက ငါချင်ယွင်ရဲ့ တသမတ်တည်း ချမှတ်ထားတဲ့ စည်းမျဉ်းပဲ။ ပေါ့လျော့မှုနဲ့ အထင် အမြင်သေးတွေက လူတွေကို မြန်မြန် သေစေတတ်တယ်”။
ဝှီး ! ဝှီး ! ဝှီး !
မြှားသုံးစင်းသည် အနက်ရောင်ဥက္ကာပျံသုံးစင်းကဲ့သို့ ကောင်းကင်ယံကို ပစ်လွင့်သွားခဲ့ပြီး ရွှေတောင်ပံဂဠုန်ငှက်ကြီး၏ ခန္ဓာကိုယ်ကို လျင်မြန်စွာ ထိမှန်သွားခဲ့သည်။
"ဘန်ုး!"
ချိုင့်ဝှမ်းတစ်လျှောက်တွင် ပြင်းထန်သော ပေါက်ကွဲသံကြီးသုံးခု ပဲ့တင်ထပ် ထွက်ပေါ်လာခဲ့သည်။
ရွှေတောင်ပံဂဠုန်ငှက်ကြီးသည် သနားစရာကောင်းသော အော်ဟစ်သံများကို ဆက်တိုက် ထုတ်ဖော်နေပြီး သူ၏ အောဟစ်သံသည် ချိုင့်ဝှမ်းတစ်ခုလုံးကို ပဲ့တင်ထပ်သွားသည်။
အဝေးမှာရှိနေသည့် ဆိတ်သုဉ်းခြင်းသားရဲများသည် ဤအော်ဟစ်သံကို ကြားရသည့် အခါ ကြောက်ရွံ့ထိတ်လန့်သွားကြသဖြင့် လုံးဝမလှုပ်ဝံ့ဘဲ မြေပြင်ပေါ်တွင် တွားသွား ဝပ်နေကြသည်။
နဂိုက ချောမောခန့်ငြားလှပသော ရွှေတောင်ပံများသည် ယခုအခါ အနက်ရောင် တောက်တောက်ဖြစ်နေပြီး အနက်ရောင် မီးတောက်များ ထွက်လာကာ အတောင်ပံမှ သွေးစိမ်းများ စီးကျလာသည်။
ရွှေတောင်ပံဂဠုန်ငှက်ကြီးသည် မြေပြင်ပေါ်သို့ လဲကျသွားပြီး ၎င်း၏ခန္ဓာကိုယ်ပေါ်ရှိ ပြင်းထန်သော နာကျင်မှုကြောင့် ပျံသန်းရန် ခက်ခဲနေလေသည်။
ချင်ယွင်သည် ဤမြင်ကွင်းကိုမြင်သည့်အခါ ချက်ချင်း ပြုံးပြလိုက်သည်။ သူသည် လေးနှင့်မြှားကို ကွေးလိုက်ပြန်သည်။ ယခုတစ်ကြိမ်တွင် သူသည် ရွှေတောင်ပံ ဂဠုန်ငှက်ကြီး၏ ဦးခေါင်းကို ရည်ရွယ်ပြီး ရွှေတောင်ပံဂဠုန်ငှက်ကြီးကို အပြီးအပိုင် သုတ်သင်ပစ်ချင်သည်။
"အောင်း!"
သို့သော် ဤအခိုက်အတန့်တွင် တိုင်ဟန်တောင်တန်းများအနက်မှ ကျယ်လောင်ပြီး ကြောက်မက်ဖွယ်ကောင်းသော ဟိန်းဟောက်သံတစ်ခု ထွက်ပေါ်လာသည်။ ဟိန်းဟောက်သံသည် တောင်တန်းတစ်ခုလုံးနီးပါး ပဲ့တင်ထပ်သွားပြီး ဆိတ်သုဉ်းခြင်း သားရဲများအားလုံး မြေပြင်ပေါ်တွင် ဒူးထောက်သွားစေသည်။
ချင်ယွင်သည် ရုတ်တရက် ဟိန်းဟောက်သံကြောင့် တုန်လှုပ်သွားသည်။ သူ၏ မျက်လုံးများသည် အနှိုင်းမဲ့ ထိတ်လန့်တုန်လှုပ်သွားသည့် အမူအရာတစ်ခု ထွက်ပေါ် လာပြီး သူ၏ခေါင်းသည်လည်း မှိန်းမောဝေတွေသည့် အခြေအနေထဲ ကျရောက်သွား ခဲ့သည်။
"ချီး……… !"
ရွှေတောင်ပံဂဠုန်ငှက်ကြီးသည်လည်း ကျယ်လောင်စွာ အော်ဟစ်ပြီး အလင်းတန်း တစ်ခုအဖြစ် ပြောင်းလဲကာ တောင်တန်းများ၏ နက်ရှိုင်းရာအရပ်ဆီသို့ ဦးတည် ပျံသန်းသွားခဲ့သည်။
ချင်ယွင် သတိပြန်ရလာသောအခါတွင်၊ ရွှေတောင်ပံဂဠုန်ငှက်ကြီးသည် ချင်ယွင်၏ အကွာအဝေးအတွင်းမှ ထွက်ခွာသွားခဲ့ပြီ ဖြစ်သည်။
"စောစောလေးက ဟိန်းဟောက်သံက ..."
ချင်ယွင် အံ့သြသွားသည်။
ယခုလေးတင် ထိုဟိန်းဟောက်သံက ပြင်းထန်လွန်းသည်။ အမှန်တကယ်လည်း သူ့ကိုယ်သူ မှိန်းမောတွေဝေမူထဲ ချက်ချင်း ကျရောက်သွားစေခဲ့သည်။ ထို့အပြင် ၎င်းဟိန်းဟောက်သံသည် မိုင်ထောင်ပေါင်းများစွာ အကွာအဝေးမှ ထွက်လာပုံရသည်။
"တကယ်လို့ ငါခန့်မှန်းသာ မမှားရင် ဒီဟိန်းဟောက်ပိုင်ရှင်က တိုင်ဟန် တောင်တန်းမှာ ဒီတစ်ကြိမ် ထွက်ပေါ်လာတဲ့ သားရဲဘုရင် ဖြစ်သင့်တယ်။ ပြီးတော့ ရွှေတောင်ပံ ဂဠုန်ငှက်ကြီးက အဲဒီသားရဲဘုရင်ရဲ့ အမိန့်ကို လိုက်နာနေရတာ ထင်ရှားပါတယ်။" ချင်ယွင်သည် သူ၏နှလုံးသားထဲတွင် မှန်းဆလိုက်ရင်း တုန်လှုပ်ခြောက်ခြားမူက နှလုံးသားထဲတွင် ပြည့်နှက်နေသည်။
၎င်းဟိန်းဟောက်သံကြောင့် မည်သို့သော ဆိတ်သုဉ်းခြင်း သားရဲအမျိုးအစား ဖြစ်သည်ကို သူမသိသေးသော်လည်း ဤဆိတ်ညံသောသားရဲသည် အလွန် အစွမ်းထက် သည်ဟု သူပြောနိုင်သည်။ နတ်ဆိုးသားရဲအဆင့်အထိ ချိုးဖျက်ပြီးသား ဖြစ်ကောင်း ဖြစ်နိုင်ပါသည်။ အကယ်၍ အဆင့်မချိုးဖြတ်ရသေးဘူး ဆိုလျှင်ပင် အဆင့်ချိုးဖြတ် ကျော်ဖို့ သိပ်ဝေးတော့မှာ မဟုတ်ပါဘူး။
ထို့အပြင်၊ ၎င်းသည် ရွှေတောင်ပံ ဂဠုန်ငှက်ကြီးကဲ့သို့သော မောက်မာသော ဆိတ်သုဉ်းခြင်းသားရဲတစ်ကောင်ကိုပင် ခိုင်းစေနိုင်သည်။ ဆိုလိုသည်မှာ ဤဆိတ်သုဉ်း ခြင်းသားရဲသည် နတ်ဘုရားသားရဲ၏ သွေးမျိုးဆက်ကိုလည်း ပိုင်ဆိုင်ရမည်ဖြစ်ပြီး ၎င်းသည် အလွန်အစွမ်းထက်သော နတ်ဘုရားသားရဲ၏ သွေးမျိုးဆက် ဖြစ်ကောင်း ဖြစ်နိုင်သည်ဟု ဆိုလိုနိုင်သည်။ ထိုသို့မဟုတ်ပါက မောက်မာသော ဤရွှေတောင်ပံ ဂဠုန်ငှက်ကြီးသည် လက်အောက်ခံရန် လုံးဝ မဖြစ်နိုင်ပေ။
"ဆရာကြီး ၊ ဒီတောင်တန်းရဲ့ နက်ရှိုင်းတဲ့အရပ်ဆီ မသွားနဲ့။ ဒီဟိန်းဟောက်သံပိုင်ရှင်က အရမ်းအန္တရာယ်များတယ်။"
သို့သော်လည်း ထိုအချိန်တွင် ရှောင်ဘိုင်၏ အသံသည် ချင်ယွင်၏ နားထဲတွင် ရုတ်တရက် ထွက်ပေါ်လာသည်။
ချင်ယွင်သည် အနည်းငယ် ထိတ်လန့်သွားသည်။ ယခုအချိန်မှာ ရှောင်ဘိုင် ပြောလာလိမ့် မည်ဟု သူ မျှော်လင့်မထားပါဘူး။ သာမာန်အားဖြင့် ရှောင်ဘိုင်သည် အိပ်ပျော်နေလေ့ပြီး ချင်ယွင်၏ အရေးကိစ္စများကို ဂရုမစိုက်ပေ။ သို့သော်လည်း ယခု တစ်ကြိမ်မှာတော့ သူက အကြံပေးလာခဲ့သည်။ ဤဟိန်းဟောက်သံကို ထုတ်လွှတ်သော ဆိတ်သုဉ်းခြင်းသားရဲသည် အမှန်တကယ်ပင် ကြောက်မက်ဖွယ် ကောင်းသည်ကို တွေ့မြင်နိုင်သည်။
"စိတ်မပူပါနဲ့၊ ငါဒီထက်ပိုပြီး နက်ရှိုင်းတဲ့ အရပ်ဆီ မသွားပါဘူး။ အခု သွားချင်နေရင်တောင် ငါ သွားလို့မရပါဘူး" ချင်ယွင်က စိတ်ပိုင်းဆိုင်ရာ ဆက်သွယ်မူ ပေးပို့လိုက်သည်။
မှန်ပါသည်။ ယခုအချိန်တွင် ချင်ယွင်သည် သူ၏ ဒေါသပေါက်ကွဲခြင်းအခြေအနေမှ ထွက်ခွာသွားပြီးဖြစ်ကာ သူ၏ ခန္ဓာကိုယ်သည် အလွန်အားနည်းသော အခြေအနေသို့ ရောက်ရှိသွားခဲ့သည်။
ချင်ယွင်သည် သူ၏ခန္ဓာကိုယ်ကို ပြန်လည်ကုစားရန်အတွက် ကောင်းကင်ဘုံ ကိုးအလွှာကြယ်စင်စုပုံကြမ်းထဲသို့ ဝင်ရောက်ကာ လျှပ်စီးစွမ်းရည်ကိုယ်ပွားကို ထွက်ပေါ်လာခိုင်းရုံသာ တတ်နိုင်ပါသည်။
မှန်ပါသည်။ တိုင်ဟန်တောင်တန်းများ၏ နက်ရှိုင်းသည့်အရပ်ထိ ချင်ယွင် မသွားရဲ တော့ပါဘူး။
ပထမအချက်အနေဖြင့်၊ တိုင်ဟန်တောင်တန်း၏ နက်ရှိုင်းသည့်အရပ်မှာ တုနှိုင်းမရ အောင်ပင် ကြောက်မက်ဖွယ်ကောင်းသည့် သားရဲဘုရင်ရှိသည် ဆိုသည့်အချက်ကို အသာထား။ ဤရွှေတောင်ပံဂဠုန်ငှက်ကြီးကပင် ချင်ယွင်အား သူ၏ခွန်အား အားလုံး ကုန်ဆုံးအောင် ပေးဆောင်စေခဲ့ပြီး ဖြစ်ပါသည်။
ယခုအချိန်သွားခြင်းက သေခြင်းတရားကို သွားတောင်းခံခြင်းနှင့် အတူတူနီးပါး ဖြစ်သည်။ ထို့အပြင် ချင်ယွင်လိုချင်သော အချက်အလက်များသည် အခြေခံအားဖြင့် သူ၏လက်ထဲသို့ ရောက်ရှိလာခဲ့ပြီ။ ကြောက်စရာကောင်းသော သားရဲဘုရင်သည် တိုင်ဟန်တောင်တန်း၌ အမှန်တကယ် မွေးဖွားလာခဲ့ခြင်း ဖြစ်သည်။
ဤအချက်အလက်ကို သူရရှိထားပြီးဖြစ်သောကြောင့်၊ ချင်ယွင် ယခုလုပ်ဆောင်ရမည့် အရာအားလုံးမှာ ပိရှစ်သိုင်းမြို့စား၏အိမ်သို့ အမြန်ပြန်သွားပြီး သားရဲဒီရေလှိုင်း အတွက် ကြိုတင်ပြင်ဆင်နိုင်ရန် ဤအချက်အလက်များကို အကြောင်းကြားပေးရန် ဖြစ်သည်။
ထို့ကြောင့် ချင်ယွင်သည် အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး ပိရှစ်သိုင်းမြို့စား စံအိမ်ဆီသို့ ဦးတည်သွားခဲ့သည်။
ချင်ယွင်သည် မူလကတည်းက ထျန်းယွန်တိုက်ကြီးမှ ကောင်းကင်နဂါးတိုက်ကြီးသို့ တိုက်ရိုက် မထွက်ခွာမီတွင် ပိရှစ်သိုင်းမြို့စားနှင့်တွေ့ဆုံပြီး သူမအား နှုတ်ဆက်ရန် စီစဉ်ထားသည်။ ဒါပေမယ့် ယခု သူသည် ခဏတာအတွင်း ထွက်ခွာမသွားနိုင်မည်ကို စိုးရိမ်မိသည်။
သူသည် ပိရှစ်သိုင်းမြို့စား ဤသားရဲဒီရေလှိုင်းကို ရင်ဆိုင်ရာတွင် သူမနောက်ကွယ်မှ နေပြီး ကူညီပေးရမည်။ ယခုတစ်ကြိမ် တိုင်ဟန်တောင်များမှာ ထွက်ပေါ်လာသော ဤသတ္တဝါသည် လုံးဝ ကြောက်စရာကောင်းကြောင်း သူ ခံစားနိုင်သည်။ အင်ပါယာထဲရှိ တစ်ဦးတစ်ယောက်တောင်မှ တားနိုင်မည် မဟုတ်လောက်ပါဘူး။
အခန်း (၃၇၅) တန်ပြန်တိုက်ခိုက်ရန် ဆေးနွေးကြခြင်း။
ကျောက်စိမ်းရေမြို့တော်အတွင်း၊ ပိရှစ်သိုင်းမြို့စား၏ သိုင်းစံအိမ်ကြီးတွင် ပိရှစ် သိုင်းမြို့စားသည် ချင်ယွင်၏ စကားကြားသောအခါ တုန်လှုပ်သွားသည်။
"တိုင်ဟန်တောင်တန်းတွေမှာ သားရဲဘုရင်ကို တကယ်မွေးခဲ့တာလား။" ပိရှစ် သိုင်းမြို့စား၏ အလွန်လှပသိမ်မွေ့သည့် မျက်နှာသည် မယုံနိုင်စွာဖြင့် မေးလိုက်ရင်း အံ့သြသွားသည့် အမူအရာ ပေါ်လာသည်။
"တိုင်ဟန်တောင်တန်းတွေရဲ့ နက်ရှိုင်းတဲ့နေရာမှာ အင်မတန် အစွမ်းထက်တဲ့ နတ်ဆိုးသားရဲ တစ်ကောင် တကယ်ရှိနေတယ်။ ကျွန်တော် ခန့်မှန်းတာ မမှားရင်၊ သူက အခု တိုင်ဟန်တောင်တန်းတွေရဲ့ သားရဲဘုရင် ဖြစ်သင့်တယ်။" ချင်ယွင်က ခေါင်းညိတ်ပြီး ပြန်ဖြေသည်။
၎င်း၏ ယခင်ဟိန်းဟောက်သံနှင့် ရှောင်ဘိုင်၏ စကားများကြောင့် ချင်ယွင်သည် အလွန်အစွမ်းထက်သော ဆိတ်သုဉ်းခြင်းသားရဲတစ်ကောင်သည် တိုင်ဟန် တောင်တန်း များ၏ နက်ရှိုင်းသောနေရာ၌ မွေးဖွားလာပြီဖြစ်ကြောင်း သေချာ သလောက်ဖြစ်နေပြီး ယခုတစ်ကြိမ်တွင် တိုင်ဟန်တောင်တန်းများ၏ ရုတ်ရုတ်သဲသဲ ဖြစ်မူအခြေအနေသည် ၎င်းကြောင့် ဖြစ်ရမည် ။
ပိရှစ်သိုင်းမြို့စားသည် ချက်ချင်း တိတ်ဆိတ်သွားသည်။ တိုင်ဟန်တောင်တန်း များတွင် သားရဲဘုရင်ထွက်ပေါ်လာခြင်းသည် သေးငယ်သောကိစ္စ မဟုတ်သည်မှာ သေချာပါ သည်။ ယခုဆိုလျှင် တိုင်ဟန်တောင်တန်းများတွင် ဆိတ်သုဉ်းခြင်း သားရဲများ တုန်လှုပ်စ ပြုလာပါပြီ။
မကြာသေးမီက သူမသည် တိုင်ဟန်တောင်တန်းများအနီးအနားရှိ မြို့များစွာကို တိုက်ခိုက်ခံခဲ့ရကြောင်း နေရာအနှံ့မှ သတင်းများ ရရှိလာခဲ့ပါသည်။ အစပိုင်းမှာတော့ ၎င်းကိစ္စသည် လှုပ်လှုပ်ရှားရှားဖြစ်နေကြသည့် ဆိတ်သုဉ်းခြင်း သားရဲတွေကြောင့်လို့ ထင်ခဲ့သော်လည်း လင်းကျန်းယွန်၏ စကားကိုကြားပြီးနောက် သူမသည် အာရုံ စိုက်ရပါတော့သည်။
ထို့ကြောင့် သူမသည် တိုင်ဟန်တောင်တန်းများ တစ်ဝိုက်တွင် ဆိတ်သုဉ်းခြင်း သားရဲအများအပြား စုဝေးလာနေသည်ကို စုံစမ်းရန် လူများကို စေလွှတ်ခဲ့သည်။ ထိုအချိန်တွင် သူမသည် ဤကိစ္စ၏ လေးနက်မှုကိုလည်း သဘောပေါက်လာခဲ့သည်။ သားရဲဒီရေလှိုင်း ဖြစ်ပေါ်လာနိုင်ဖွယ် ရှိနိုင်သည်။
ယခု သူမသည် ချင်ယွင်ထံမှ သားရဲဘုရင်အကြောင်း ကြားသိရသဖြင့် ထိုအခြေအနေ၏ ရှစ်ဆယ်ရာခိုင်နှုန်းသည် သားရဲဒီရေလှိုင်းဖြစ်လာမည်ကို သူမ သေချာပေါက် သိလိုက် သည်။
သို့သော်လည်း သူမသည် သေးငယ်သည့် သိုင်းမြို့စားလေးတစ်ဦးသာ ဖြစ်သည်၊ ထို့ကြောင့် စီရင်စုတစ်ခုအား တာဝန်ယူရသည်မှာ ကောင်းမွန်နေပါသည်။
သို့သော် အကယ်၍ သူမသည် ဤသားရဲဒီရေလှိုင်းစစ်တပ်ကို ကိုင်တွယ်ရမည် ဆိုပါက၊ သူတို့သည် သူမအား အလွန်အမင်း အထင်ကြီးနေခြင်းသာ ဖြစ်ပါလိမ့်မည်။
သာမန် သိုင်းဧကရာဇ်နယ်ပယ်၏ နဝမအဆင့် ကောင်းကင်အလွှာ အထွတ်အထိပ် ထက်ကျော်လွန်နေသည်ဟု ချင်ယွင်ပြောသော သားရဲဘုရင်ကို အသာထား။ သူမသည် တိုင်ဟန်တောင်တန်းများတွင် အစွမ်းထက်သော အဆင့်ငါး ဆိတ်သုဉ်းခြင်း သားရဲများကိုပင် ကိုင်တွယ်ဖြေရှင်းရန် မစွမ်းဆောင်နိုင်ပေ။
တစ်ဖက်မှာလည်း လင်းကျန်းယွန်သည် အလွန်လေးနက်သည့် အမူအရာ ရှိနေသည်။ ဤကိစ္စမှာ သူပါဝင်နိုင်ရန် နည်းလမ်းမရှိပါဘူး။ သူကိုယ်တိုင်လည်း ပိရှစ်သိုင်းမြို့စား နှင့် အတူတူပင်။ သူသည် နဝမအဆင့် ကောင်းကင်အလွှာ သိုင်းမြို့စားနယ်ပယ်တွင် သာ ရှိသေးသည်။ အချို့သော အဆင့်လေး ဆိတ်သုဉ်းခြင်းသားရဲများနှင့် ရင်ဆိုင်ရာတွင် ပြဿနာမရှိသော်လည်း အဆင့်ငါး ဆိတ်သုဉ်းခြင်းသားရဲများနှင့် ရင်ဆိုင်ခြင်းသည် ကိုယ့်ကိုယ်ကို သတ်သေခြင်းသာ ဖြစ်ပေသည်။
သိုင်းဧကရာဇ်အဆင့် ကျွမ်းကျင်သူများသာ ဤကိစ္စကို အရေးတယူ ဆောင်ရွက်နိုင်ပြီး သိုင်းဧကရာဇ်အဆင့်ကျွမ်းကျင်သူများ ပို၍များပြားလေ ပိုကောင်းလေဖြစ်သည်။
"မဟုတ်ဘူး၊ ဒီကိစ္စကို အင်ပါယာကို သတင်းပို့ရမယ်။" ပိရှစ်သိုင်းမြို့စားက ခဏတာ ငြိမ်သက်သွားပြီးနောက် အင်ပါယာကို သတင်းဖြန့်ရန် တစ်ယောက်ယောက်ကို ချက်ချင်း စေလွှတ်လိုက်ပါသည်။
ချင်ယွင်လည်း အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ သူသည် အင်ပါယာမြို့တော်မှ ယခုမှ ရောက်ရှိလာသောကြောင့် တော်ဝင်မိသားစု၏ အခြေအနေကို ရှင်းရှင်းလင်းလင်း သိရှိထားသည်။
ယခုအချိန်တွင် တော်ဝင်မိသားစုသည် ကြီးမားသောတိုက်ပွဲကြီးကို ကြုံတွေ့ခဲ့ရပြီး ဆုံးရှုံးမှုများစွာ ခံစားခဲ့ရသည်။ စေလွှတ်နိုင်သည့် သိုင်းဧကရာဇ်အဆင့် ကျွမ်းကျင်သူ တွေ အများကြီး မရှိပါဘူး။
ပထမအချက်မှာ ဧကရာဇ်မင်းမြတ်ဒါယန်းသည် အင်ပါယာနန်းတော်မှ မထွက်ခွာ နိုင်ပေ။ ထျန်းရှက လွတ်မြောက်သွားသော်လည်း ပြန်မလာတော့ဟု အာမမခံနိုင်ပေ။ ထို့ကြောင့် ဧကရာဇ်မင်းမြတ်ဒါယန်းသည် အင်ပါယာမြို့တော်ကို စောင့်ကြပ်ထိန်းသိမ်း ရမည်။
ဤနည်းဖြင့် အင်ပါယာမြို့တော်သည် ဆိတ်သုဉ်းခြင်းသားရဲများကိုရင်ဆိုင်ရန်အတွက် စေလွှတ်နိုင်မည့် သိုင်းဧကရာဇ်အဆင့် ကျွမ်းကျင်သူများမှာ တစ္ဆေပါရမီရှင် သိုင်းဧကရာဇ်၊ သိုင်းဧကရာဇ်ဘိုင်ဟောက် နှင့် သိုင်းဧကရာဇ်မြို့စောင့်တပ်မှူး ယုချန်းတို့သာ ဖြစ်သည်။ ဆံပင်ဖြူအဘွားကြီးသည် သဘာဝအတိုင်း ဆဋ္ဌမမင်းသားနှင့် မင်းသမီး(၁၃)ကို ကာကွယ်စောင့်ရှောက်ရမည်ဖြစ်သောကြောင့် သူမသည် ထွက်လာ နိုင်မည် မဟုတ်ပေ။
ဆေးကလန်သည်လည်း သိုင်းဧကရာဇ်တစ်ပါးကို စေလွှတ်မည့်အခြေအနေ ဖြစ်နိုင်ခြေ ရှိသဖြင့် သိုင်းဧကရာဇ်လေးပါးသာ ရှိသေးသည်။
သို့သော်လည်း ပိရှစ်သိုင်းမြို့စား ရရှိထားသော အချက်အလက်များအရ သိုင်းဧကရာဇ် အဆင့်ကို ကျော်လွန်လုနီးပါးဖြစ်နေသော သားရဲဘုရင်တစ်ဆူကို မဆိုထားနှင့်။ တိုင်ဟန်တောင်တန်းများ၌ အဆင့်ငါးဆိတ်သုဉ်းခြင်းသားရဲ ရှစ်ကောင်ထက်မနည်း ရှိနေသည်မှာ သေချာသည်၊
"မလုံလောက်သေးဘူး၊ လုံးဝကို မလုံလောက်သေးဘူး။ နောက်ထပ် သိုင်းဧကရာဇ် အဆင့် ကျွမ်းကျင်သူတွေကို ရှာဖွေဖို့လိုအပ်သေးတယ်၊ ပြီးတော့ အစွမ်းထက်တဲ့ သိုင်းဧကရာဇ် တစ်ပါးလည်း လိုအပ်တယ်။" ချင်ယွင်က ပြောသည်။
ဤကိစ္စက အလွန်လေးနက်လွန်းပါသည်။ သူသည် သန်မာသော်လည်း ဆယ်ယောက် ကိုတော့ မတိုက်နိုင်ပေ။ သားရဲဘုရင်၏ အာဏာစက်အောက်ရှိ ရွှေတောင်ပံ ဂဠုန်ငှက်ကြီးသည်ပင် သူ၏စွမ်းရည်အားလုံးကို အသုံးပြုရန် တွန်းအားပေးခဲ့သည်။ သားရဲဘုရင်၏ အာဏာစက်အောက်ရှိ ရွှေတောင်ပံဂဠုန်ငှက်ကြီးကဲ့သို့ အဆင့်ငါး ဆိတ်သုဉ်းခြင်းသားရဲများ မည်မျှရှိမည်ဟု သူ အာမမခံနိုင်ပါ။
ပိရှစ်သိုင်းမြို့စားနှင့် လင်းကျန်းယွန်တို့သည် ချင်ယွင်၏ စကားကို ကြားသောအခါတွင် သူတို့၏မျက်ခုံးများ တွန့်သွားပြီး စစ်ကူအဖြစ် အသုံးပြုနိုင်သည့် အခြားသော ကျွမ်းကျင်သူများ ရှိမရှိ တွေးတောစဉ်းစားလာကြသည်။
ရုတ်တရက် ပိရှစ်သိုင်းမြို့စားသည် တစ်ခုခုကို တွေးနေပုံရသည်။ သူမမျက်လုံးတွေက တောက်ပလာပြီး "ငါ တစ်ယောက်ယောက်ကိုတော့ တွေးကြည့်မိတယ်။ သူက အရမ်း အစွမ်းထက်တယ်။ တကယ်လို့ ငါတို့သာ သူ့ကို ဖိတ်ခေါ်နိုင်မယ်ဆိုရင် အကူအညီ အများကြီး ရလိမ့်မယ်"ဟု ပြောလာလေသည်။
"ဘယ်သူလဲ?" ချင်ယွင် က မေးသည်။
" ဝါးတောင်တန်းစံအိမ်ပညာရှင်!" ပိရှစ်သိုင်းမြို့စားက ပြန်ဖြေသည်။
"ဝါးတောင်တန်းစံအိမ်ပညာရှင်လား? သိုင်းမြို့စားဆိုလိုတာက ဝါးတောင်တန်းရဲ့ အရှေ့ဘက်ခြမ်းမှာ နေထိုင်ပြီး ဝါးတောင်တန်းသိုင်းဧကရာဇ်လို့ လူသိများတဲ့ ဝါးတောင်တန်းစံအိမ်ပညာရှင်ကို ဆိုလိုတာလား။" လင်းကျန်းယွန် အံ့အားသင့်စွာ မေးလိုက်သည်။
ချင်ယွင်သည်လည်း အံ့အားသင့်သွားသည့် အရိပ်အယောင် ပြသလာသည်။ ဤ ဝါးတောင်တန်းစံအိမ် ပညာရှင်ဟုခေါ်ဆိုသူကို သူ တစ်ခါမှ မကြားဖူးပါ။
ဟုတ်ပါသည်။ ချင်ယွင်သည် ယင်းအကြောင်းကို မကြားမိသည်မှာ သာမာန်သာ ဖြစ်ပါသည်။ တော်ဝင်ရန်အင်ပါယာတွင် သိုင်းဧကရာဇ်အဆင့် ကျွမ်းကျင်သူများသည် အလွန်ရှားပါးသော်လည်း တော်ဝင်မိသားစုနှင့် အချို့အင်အားစုများတွင် အကန့် အသတ်မရှိပေ။ ထိုကျွမ်းကျင်သူများထဲမှာ တချို့သည် တကိုယ်တော် ကျင့်ကြံသူများ ဖြစ်ကြသည်။ သူတို့သည် အစွမ်းထက်ကြသော်လည်း ကျော်ကြားမှုနှင့် ကံကြမ္မာကို လျစ်လျူရှုထားကြသည်။ သူတို့သည် ကမ္ဘာကြီးကို ဂရုမစိုက်ဘဲ အထီးကျန်စွာ နေထိုင်လိုကြသည်။ ထင်ရှားသည်မှာ ဤဝါးတောင်တန်းမှာနေထိုင်သည့် ကျွမ်းကျင် ပညာရှင်ကို ဤသိုင်းဧကရာဇ်အဆင့် ကြီးမြတ်သည့် တကိုယ်တော်ကျင့်ကြံသူဟု ခေါ်ဆိုသင့်သည်။
"မှန်ပါတယ်၊ သူပဲလေ။ ဒီဝါးတောင်တန်းပညာရှင်က ဝါးတောင်ရဲ့အရှေ့ဘက်ခြမ်းမှာ ဆိတ်ကွယ်ရာနေရာမှာ နေထိုင်တယ်။ ကမ္ဘာကြီးအကြောင်း ဘာမှ မသိပေမယ့် သူရဲ့အစွမ်းက အရမ်းကို အစွမ်းထက်တယ်။ ကောလဟာလတွေအရဆို သူ့ရဲ့စွမ်းအားကလည်း နဝမအဆင့် ကောင်းကင်အလွှာ သိုင်းဧကရာဇ်နယ်ပယ်ကို ရောက်နေပြီတဲ့။" ပိရှစ်သိုင်းမြို့စားက ပြောသည်။
"နဝမအဆင့် ကောင်းကင်အလွှာ သိုင်းဧကရာဇ်တစ်ပါးလား ?" ချင်ယွင်က အံ့သြစွာ မေးလိုက်သည်။ သိုင်းဧကရာဇ်တစ်ပါးဖြစ်ရန်အတွက်ပင် ကျင့်ကြံရန် အလွန်ခက်ခဲ လှသည်။ သူ၏အမြင်အရဆို ပထမအဆင့် ကောင်းကင်အလွှာကို တက်လှမ်းရန် အတွက်ပင် အလွန်ခက်ခဲနေပါပြီ။ ဤဝါးတောင်တန်းစံအိမ် ပညာရှင်သည် နဝမအဆင့် ကောင်းကင်အလွှာ သိုင်းဧကရာဇ်နယ်ပယ်သို့ ရောက်ရှိနေသည့်အတွက် ထူးထူး ခြားခြား ဖြစ်ကြောင်း သိသာထင်ရှားပါသည်။
"ဒါတင်မကဘူး၊ သူ့မှာ ညီအကိုနှစ်ယောက်လည်း ရှိသေးတယ်။ သူတို့ နှစ်ယောက်လုံး ကလည်း သိုင်းဧကရာဇ်အဆင့်တွေချည်းပဲ။ တစ်ယောက်က သတ္တမအဆင့် ကောင်းကင်အလွှာ သိုင်းဧကရာဇ်အဆင့်နဲ့ နောက်တစ်ယောက်က ဆဋ္ဌမအဆင့် ကောင်းကင်အလွှာ သိုင်းဧကရာဇ်အဆင့်လို့ ပြောကြတယ်။ သူတို့ရဲ့ စွမ်းအားတွေ ကလည်း ထူးထူးခြားခြားပါပဲ။" ပိရှစ်သိုင်းမြို့စားက ဆက်လက် ပြောပြသည်။
ချင်ယွင် အံ့သြသွားသည်။ ထိုပညာရှင်၏ အင်အားသည် တော်ဝင်မိသားစုနှင့် ယှဉ်နိုင် လုနီးပါးပင် ဖြစ်နေသည်။ တော်ဝင်မိသားစုတွေတောင် သူ့ကို ကြောက်ကြရလိမ့်မည်။
"ဒါပေမယ့် ဝါးတောင်တန်းစံအိမ် ပညာရှင်ရဲ့ စိတ်နေသဘောထားက အရမ်း ထူးဆန်းတယ်။ သူက ကမ္ဘာပေါ်မှာရှိတဲ့ သက်ရှိသတ္တဝါအားလုံးကို သူ့နှလုံးသားထဲမှာ တစ်ယောက်မှ ထည့်ထားတာ မဟုတ်ဘူး၊ သားရဲဒီရေလှိုင်းကို တွန်းလှန်ဖို့အတွက် သူ့ကို ဆွဲဆောင်စည်းရုံးဖို့ဆိုတာက နည်းနည်းတော့ ခက်လိမ့်မယ်။ ဟုတ်တယ်မလား" လင်းကျန်းယွန်က သူ့သံသယတွေကို ထုတ်ဖော် ပြောလိုက်ပါသည်။
ပိရှစ်သိုင်းမြို့စားက ထိုစကားကိုကြားလျှင် သူမလည်း မျက်မှောင်ကြုတ်ပြီး ပြတ်ပြတ် သားသား ပြောလိုက်သည်။
ချင်ယွင်သည် ရုတ်တရက် အလွန်သိချင်လာမိသည်။ သူက ပိရှစ်သိုင်းမြို့စားအား "ဒီလိုဆိုရင်ရော ဘယ်လိုလဲ၊ ဦးလေးလင်းနဲ့ ကျွန်တော်က ဝါးတောင်တန်းစံအိမ် ပညာရှင်ကို ကြည့်ဖို့ အရှေ့ဘက်မှာရှိတဲ့ ဝါးတောင်တန်းတောင်ကို သွားလိုက်မယ်။ ခင်ဗျားက ကျောက်စိမ်းရေစီရင်စုမှာ နေခဲ့ပြီး အခြေအနေအားလုံးကို ခြုံငုံကြည့်ပြီး ဦးဆောင်လိုက်ပေါ့။ တိုင်ဟန်တောင်တန်းနဲ့အနီးမှာရှိတဲ့ မြို့သူမြို့သားတွေကို ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးဖို့ တစ်စုံတစ်ယောက်ကို အမိန့်ပေးစေခိုင်းလိုက်ပါ” ဟု ပြောလိုက်သည်။
ပိရှစ်သိုင်းမြို့စားသည် ချင်ယွင်ကို တစ်ချက်ကြည့်လိုက်ပြီး ခေါင်းညိတ်လိုက်သည်။
ချင်ယွင်သည် သူမထက် အသက်များစွာငယ်သော်လည်း ခွန်အားနှင့် ကိစ္စရပ်များကို ကိုင်တွယ်နိုင်မှုအပိုင်းတွင် သူသည် သူမထက် အားနည်းသူမဟုတ်ပေ။ ထို့အပြင် ချင်ယွင်သည် အထက်တန်းစားအလွှာမှ မွေးဖွားလာသကဲ့သို့ ထူးခြားသော စိတ်ထား ရှိသည်။ ထို့ကြောင့် သွယ်ဝိုက်သောနည်းဖြင့် သူပြောခဲ့သောစကားများသည် လူအများကို ကြည်ညိုလေးစားမှု ဖြစ်ပေါ်စေသည်။
ပိရှစ်သိုင်းမြို့စားသည် တိတ်တဆိတ် အတွေးနက်နေသည့် ချင်ယွင်ကို ကြည့်လိုက် သည်။ သူမ၏ နှလုံးသားထဲတွင် ထူးဆန်းသော ခံစားချက်တစ်ခု ပေါ်လာသည်။ ချင်ယွင်ကို စူးစိုက်ကြည့်ရူရင်း စိတ်ရှုပ်ထွေးလာသည်။ နောက်ဆုံးလမ်းခွဲစဉ်က ပြောခဲ့ကြသည့် အချို့စကားလုံးများသည် ရယ်မောစရာ ဟာသများဖြစ်သော်လည်း ထက်ဝက်ကတော့ ရိုးသားကြသည်။
သို့သော်လည်း ချင်ယွင်သည် စိတ်ရှုပ်ထွေးနေသည့် အမူအရာ တဟုန်ထိုး ပျံ့နှံ့လာနေပြီ ဖြစ်သော ပိရှစ်သိုင်းမြို့စား၏ မျက်လုံးများကို ဂရုမစိုက်မိပေ။ ယင်းအစား၊ သူသည် အစီအရင်နှလုံးသားကို သိပ်သည်းရန် အချိန်တန်ပြီဟု သူ တွေးတောနေသလားပင်။
သူသည် အစီအရင်အူတိုင်ကို စုဆောင်းနိုင်သရွေ့ သားရဲဒီရေလှိုင်းကို ကိုင်တွယ်ရာမှာ အခွင့်အလမ်းများလည်း တိုးမြင့်လာမည် ဖြစ်သည်။
စာစဉ် (၂၅) ပြီးပါပြီ။
ဘာသာပြန်သူ နေဇင်။