ဆေးဖော်စပ်ခြင်းမင်းမှုထမ်းမျိုးနွယ်
Vol. 9 Ch. 82
ကောကျီယန်က လီချင်းချိုး၏ နာမည်ကို တပ်ခေါ်လိုက်သည်ကို ကြားသောအခါ ချင်းရှောင်ဂိုဏ်းသားများ ချက်ချင်း ဒေါသထွက်သွားကြသည်။ ကျန်းယွီချွန်းဘေးတွင် ရပ်နေသော လီစစ်ဖုန်းက ရှေ့သို့ တိုးလာရန် ပြင်လိုက်သော်လည်း ကျန်းယွီချွန်းက လက်ကာပြပြီး တားလိုက်ရသည်။
"အဆွေတော်က ဘယ်လိုလုပ် ကျင်းထျန်း သိုင်းလောကကို ကိုယ်စားပြုရဲရတာလဲ..." ဟု ကျန်းယွီချွန်းက မေးလိုက်တော့
ကောကျီယန်က နှာခေါင်းရှုံ့လိုက်ပြီး.. "ငါက ဘာလို့ ကိုယ်စားမပြုနိုင်ရမှာလဲ... ပြီးခဲ့တဲ့ ရှစ်လပိုင်းတုန်းက ကျင်းပတဲ့ ကျုံးထျန်ကျိုးရဲ့ နံပါတ်တစ် သိုင်းပြိုင်ပွဲမှာ ငါ ဗိုလ်စွဲခဲ့တယ်... ပြောစမ်းပါဉီး... ငါက ဘာလို့ ကိုယ်စားမပြုနိုင်ရမှာလဲ..."
သတင်းအချက်အလက် စီးဆင်းမှု နည်းပါးသော ဤကမ္ဘာတွင် ကုကျိုးစီရင်စုမှ လူများက ကျင်းထျန်းမှ အဖြစ်အပျက်များကို ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့သော ကိစ္စကြီးများမှလွဲ၍ သိပ်မသိကြပေ။
ချင်းရှောင်ဂိုဏ်းသားများနှင့် ဘေးမှကြည့်နေသူများက ကျင်းထျန်း သိုင်းလောက၏ ချန်ပီယံမှာ ဘယ်သူဘယ်ဝါမှန်း မသိကြသော်လည်း ပြည်နယ်တစ်ခုလုံး၏ သိုင်းလောက ချန်ပီယံကို အနိုင်ယူနိုင်သည် ဆိုကတည်းက ဤလူသည် သေချာပေါက် သာမာန်လူ မဟုတ်နိုင်ကြောင်း နားလည်လိုက်သည်။
ခဏအတွင်းမှာပင် လူတိုင်း ကောကျီယန်ကို ကြည့်ပြီး အံ့အားသင့်သွားကြသည်။
ကောကျီယန်၏ နောက်တွင် ရပ်နေသော အရာရှိမှာ တိတ်ဆိတ်နေသည်။ ကောကျီယန်က ချင်းရှောင်ဂိုဏ်းချုပ်ကို စိန်ခေါ်ရန် ရည်ရွယ်ထားကြောင်း သူ ကြိုသိနေသည်မှာ ထင်ရှားသည်။
"ခင်ဗျားလိုလူနဲ့ ယှဉ်ဖို့ ကျုပ်တို့ ဂိုဏ်းချုပ် ကိုယ်တိုင်ဆင်းလာစရာ မလိုပါဘူး... ကျင်းထျန်း သိုင်းလောကရဲ့ နံပါတ်တစ် ပညာရှင်ကို အနိုင်ယူနိုင်တာနဲ့ပဲ ခင်ဗျားက ကျင်းထျန်းရဲ့ စစ်မှန်တဲ့ နံပါတ်တစ်လို့ ပြောလို့ရမလား... ကျုပ်ကတော့ ကုကျိုးနယ်ရဲ့ ဒုတိယလို့ပဲ သတ်မှတ်ထားတယ်... ကျင်းထျန်းရဲ့ နံပါတ်တစ်က ကျုပ်လို ကုကျိုးနယ်ရဲ့ နံပါတ်နှစ်ကို နိုင်မနိုင် ကြည့်ကြသေးတာပေါ့..."
နောက်ဘက်မှ ကျယ်လောင်သော အသံတစ်သံ ထွက်ပေါ်လာရာ ဂိုဏ်းသားများ၏ မျက်နှာတွင် အပြုံးများ ပေါ်လာကြသည်။
ကျန်းယွီချွန်း ဘေးသို့ ဖယ်ပေးလိုက်ရာ ကျန်းကျောက်ရှား လမ်းလျှောက် ထွက်လာလေသည်။
ဘုရားဖူးများ အချင်းချင်း တီးတိုး ပြောဆိုနေကြချေပြီ။စီရင်စုမြို့တော် တိုက်ပွဲမတိုင်မီက ကျန်းကျောက်ရှားသည် အပြင်ပန်းအားဖြင့် ချင်းရှောင်ဂိုဏ်း၏ အသန်မာဆုံး ပုဂ္ဂိုလ်ဖြစ်ခဲ့ပြီး ချင်းရှောင်ဂိုဏ်း၏ ဂုဏ်သတင်း မြင့်တက်လာစေရန် အုတ်မြစ်ချပေးခဲ့သူလည်း ဖြစ်သည်။
ကောကျီယန်က ကျန်းကျောက်ရှားကို ကြည့်ပြီး မျက်မှောင်ကြုတ်လိုက်၏။ သူရဲ့ အာရုံခံစားမှုအရ ရှေ့မှလူသည် အန္တရာယ်ရှိကြောင်း သိလိုက်သည်။
ဒီချင်းရှောင်ဂိုဏ်းက တကယ်ကို သာမည မဟုတ်ဘူးပဲ...
ကောကျီယန် စိတ်ထဲတွင် တိတ်တဆိတ် ထိတ်လန့်သွားသည်။ သူသည် လီချင်းချိုး၏ သိုင်းပညာကို လာရောက် စမ်းသပ်ခြင်းသာ ဖြစ်သည်။ အကယ်၍ သူ ယှဉ်မနိုင်လျှင်ပင် ဧကရာဇ်၏ အမိန့်တော်ဖြင့် လာသူဖြစ်သောကြောင့် လီချင်းချိုးက လူအများရှေ့တွင် သူ့ကို သတ်ရဲမည် မဟုတ်ပေ။
သို့သော် ယခု ရုတ်တရက် နောက်တစ်ယောက် ပေါ်လာခြင်းက သူ့ကို အံ့အားသင့်သွားစေသည်။
ကျန်းကျောက်ရှား၏ စကားများက မောက်မာလွန်းသဖြင့် သူ့ရဲ့ ပြိုင်ဆိုင်လိုစိတ်ကို နိုးကြားလာစေသည်။ ထို့ကြောင့် ယခင် အစီအစဉ်များကို ဂရုမစိုက်တော့ဘဲ ဤလူကို အရင်ဆုံး သင်ခန်းစာပေးရန် ဆုံးဖြတ်လိုက်သည်။
ဤလူက သူ့ကို ဒုက္ခပေးနိုင်သည်ဟု ခံစားရသော်လည်း သူ မကြောက်ပေ။
"ကောင်းပြီလေ... ပြိုင်ဖို့ နေရာတစ်နေရာ ရှာကြတာပေါ့..."
ကောကျီယန် လက်ကို မြှောက်လိုက်ပြီး ကျန်းကျောက်ရှားကို စူးစိုက်ကြည့်ကာ ပြောလိုက်သည်။
"ကျုပ်တို့ ချင်းရှောင်ဂိုဏ်းမှာလည်း စည်းမျဉ်းတွေ ရှိတယ်... ယှဉ်ပြိုင်ချင်ရင် သိုင်းစင်မြင့်ကို သွားကြရမယ်... အဲဒီမှာဆိုရင် ကွင်းပြင်ကျယ်သလို လူအများကြီးလည်း ကျုပ်တို့ရဲ့ သိုင်းပညာကို မြင်တွေ့နိုင်လိမ့်မယ်..."
ကျန်းကျောက်ရှားက ခံစားချက်မပါသော မျက်နှာဖြင့် ပြောလိုက်သည်။
"ပြီးခဲ့တဲ့ စီရင်စုမြို့တော် တိုက်ပွဲတုန်းက ကျုပ် သိပ်အားမရလိုက်ဘူး... လူတွေအများကြီး သတ်ခဲ့ပေမဲ့ ဘယ်သူမှ ကျုပ်ရဲ့ ပြိုင်ဘက် မဖြစ်ခဲ့ဘူး..."
ယနေ့တွင် သူသည် ကျင်းထျန်းမှ နံပါတ်တစ်နှင့် ရင်ဆိုင်ရမည်ကို မျှော်လင့်နေမိသည်။ ပြိုင်ဘက်က အစစ်အမှန် ဟုတ်မဟုတ် သေချာမသိရသော်လည်း ထိုသို့ တွေးထားလိုက်သည်။
သူသည် နတ်ဆိုးဧကရာဇ်ကို ရင်ဆိုင်စဉ်က ပြသခဲ့သော စွမ်းရည်များကို ကောကျီယန်အား ပြသရန် ဆုံးဖြတ်လိုက်သည်။ ဤသည်မှာ ချင်းရှောင်ဂိုဏ်း၏ ကြီးမြတ်မှုကို ပြသရန် အကောင်းဆုံး အခွင့်အရေးပင်။
"ကောင်းပြီ..."
ကောကျီယန် ချက်ချင်း သဘောတူလိုက်လေသည်။ ကျန်းကျောက်ရှား၏ အကြည့်က သူ့ကို စိတ်လှုပ်ရှားစေသည်။
သူသည်လည်း ထိုကဲ့သို့ မောက်မာသော ပါရမီရှင်များကို အနိုင်ယူရသည်ကို နှစ်သက်သည်။
လင်းရှောင်ဝင်း အတွင်း၌ လီချင်းချိုးက ကျောက်ကျိန်းနှင့် လေ့ကျင့်နေသည်။ ကျောက်ကျိန်းက ငယ်ရွယ်သော်လည်း သိုင်းပညာ ပါရမီကတော့ တကယ့်ကို ထူးခြားလွန်းလှသည်။ ဂိုဏ်းတစ်ခုလုံးကို ကြည့်လိုက်လျှင် သိုင်းပညာ ပါရမီပိုင်း၌ သူ့ကို ယှဉ်နိုင်သူ မရှိသလောက်ပင်။
ချင်းရှောင်ဂိုဏ်းသို့ ဝင်ရောက်ပြီးနောက် ကျောက်ကျိန်းသည် သိုင်းပညာများစွာကို သင်ယူခဲ့ပြီး တိုက်ပွဲအတွင်း သူ့ရဲ့ လှုပ်ရှားမှုများက အမြဲတစေ ပြောင်းလဲနေတတ်သည်။ သို့သော် လီချင်းချိုးနှင့် ရင်ဆိုင်ရသောအခါ တိုက်ကွက်တိုင်း လွဲချော်နေသဖြင့် စိတ်ပျက်အားလျော့နေရသည်။
လီချင်းချိုးက ပြုံးလိုက်ပြီး….
"ဒါကြောင့် မင်းကို မလောပါနဲ့လို့ ငါပြောတာ... မင်းက ငယ်သေးတယ်... သိုင်းကွက်တွေကို ဘယ်လောက်ပဲ သေသပ်အောင် လေ့ကျင့်လေ့ကျင့်... အမြန်နှုန်းနဲ့ ချီစွမ်းအင် မလုံလောက်ရင် အလကားပဲ..."
ကျောက်ကျိန်းက ပါရမီကို အလွန်အမင်း အားကိုးလွန်းပြီး သိုင်းပညာအသစ်များကို အမြဲမပြတ် လေ့လာကာ ကြွားလုံးထုတ်ရသည်ကို နှစ်သက်ကြောင်း သူ တွေ့ရှိခဲ့သည်။
အဲဒါ မဖြစ်ဘူး...
ကျင့်စဉ်ဆိုသည်မှာ အခြေခံအုတ်မြစ်ဖြစ်ပြီး ပြင်ပသိုင်းကွက်များမှာ တိုက်ခိုက်ရေး နည်းလမ်းများသာ ဖြစ်သည်။
ကျောက်ကျိန်းက စိတ်ပျက်လက်ပျက်ဖြင့် ….
"ဒါပေမဲ့ ကျွန်တော် ပျင်းမနေပါဘူး... နေ့တိုင်း နှစ်နာရီလောက် အတွင်းအားကို မနားတမ်း ကျင့်ကြံပါတယ်..."
"ဒါဆို သုံးလေးနာရီလောက် လုပ်လိုက်... မင်းက ငယ်သေးတယ်... ဆရာက မင်းကို ဘာတာဝန်မှ ပေးမထားဘူးလေ..."
လီချင်းချိုးက ကျောက်ကျိန်း၏ တိုက်ခိုက်မှုများကို ရှောင်တိမ်းရင်း ရယ်မောလိုက်သည်။
ကျောက်ကျိန်း နှုတ်ခမ်းဆူလိုက်သော်လည်း သူ့ရဲ့ လက်များမှာမူ ပိုမိုမြန်ဆန်လာသည်။
ထိုအချိန်တွင် ယွမ်လီ၏ အစ်ကို ယွမ်ချီ ခြံဝင်းထဲသို့ အပြေးဝင်လာပြီး အရေးတကြီး သတင်းပို့လေသည်။
"ဂိုဏ်းချုပ်... ပြဿနာအကြီးကြီး တက်နေပြီ... အကြီးအကဲကျန်းက တစ်ယောက်ယောက်နဲ့ ယှဉ်ပြိုင်နေတာ လူသတ်မိမလို ဖြစ်နေပြီ..."
ထိုစကားကို ကြားသောအခါ ကျောက်ကျိန်း ရပ်တန့်လိုက်ပြီး ယွမ်ချီကို လှည့်ကြည့်လိုက်သည်။
လီချင်းချိုးကတော့ ဂရုမစိုက်သလို ပေါ့ပေါ့ပါးပါးပင် ပြန်ပြောလိုက်သည်။
"ဂိုဏ်းတူအချင်းချင်း သတ်တာ မဟုတ်ရင် ငါ့ကို လာမခေါ်နဲ့..."
သူ မပါဝင်ချင်၍ မဟုတ်ဘဲ သူ ကိုယ်ထင်ပြလို့ မဖြစ်သေးသောကြောင့် ဖြစ်သည်။ သူ မသိချင်ယောင်ဆောင်ပြီး ဘေးဖယ်နေမှသာ ကိစ္စရပ်များအတွက် ကြားခံအချိန် အနည်းငယ် ရရှိနိုင်မည် ဖြစ်သည်။
တတိယဂျူနီယာညီလေးက တကယ်ကို အစွမ်းကုန် ကြိုးစားနေတာပဲ...
လီချင်းချိုး စိတ်ထဲတွင် သက်ပြင်းချလိုက်မိသည်။ ကျန်းကျောက်ရှား လူသတ်မိကောင်း သတ်မိနိုင်သော်လည်း ခိုင်လုံသော အကြောင်းပြချက် တစ်စုံတစ်ရာ ရှိလိမ့်မည်ဟု သူ ယုံကြည်သည်။
ကျန်းကျောက်ရှားက အေးစက်ပြီး မောက်မာသော သဘောသဘာဝ ရှိသော်လည်း တပည့်များကို အနိုင်ကျင့်လေ့ မရှိပေ။ တကယ်တမ်းတွင် သူသည် ရံဖန်ရံခါဆိုသလို တပည့်များကို ကျင့်ကြံခြင်း၌ လမ်းညွှန်မှုများ ပေးလေ့ရှိသည်။ တပည့်များက ကွယ်ရာတွင် သူ့အကြောင်း အကောင်းပြောကြသည်။
ထိုစကားကို ကြားသောအခါ ယွမ်ချီ ခေါင်းကုတ်လိုက်ပြီး ဘာမှထပ်မပြောတော့ဘဲ ခြံဝင်းထဲမှ ပြန်ပြေးထွက်သွားလေသည်။
လီချင်းချိုးက ကျောက်ကျိန်းကို "ကြည့်ချင်ရင် သွားကြည့်လေ..."ဟု ခွင့်ပြုပေးလိုက်သည်။
ကျောက်ကျိန်းသည် အသက်ခြောက်နှစ်ပင် မပြည့်သေးသော ကလေးတစ်ယောက်သာ ဖြစ်သည်။ လူသေသည်ဟု ကြားလိုက်ရသောအခါ စူးစမ်းလိုစိတ်ကို မထိန်းချုပ်နိုင်တော့ပေ။
"သွားပြီနော် ဆရာ..."
ကျောက်ကျိန်းက နောက်ကျသွားပါက ပွဲကောင်းကြည့်ရမည့် အခွင့်အရေး လွတ်သွားမည်ကို စိုးရိမ်သဖြင့် အပြေးထွက်သွားလေသည်။
လီချင်းချိုးကတော့ စားပွဲရှည်ဆီသို့ လျှောက်သွားပြီး ထိုင်လိုက်ကာ တာအိုဇယားကွက်ကို ဖွင့်ကြည့်လိုက်သည်။
အစီအရင်ကျွမ်းကျင်သူ တစ်ယောက်ကို အရေးတကြီး လိုအပ်နေသည်။ အစီအရင်အခြေခံမှတ်တမ်းများမှ ရရှိသော ဆုလာဘ်ဖြင့် ဉာဏ်ပညာကောင်းသော တပည့်များကို ရှာဖွေခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။
သစ္စာရှိသော တပည့်နှစ်ယောက်ကို ရွေးချယ်ပြီး သင်ပေးရန် ကြိုးစားခဲ့သော်လည်း ကံမကောင်းစွာဖြင့် အရာမထင်ခဲ့ချေ။
ကျင့်ကြံခြင်းနယ်ပယ်တွင် အထူးသဖြင့် အစီအရင်အဆင့်၌ ပါရမီရှိခြင်းက အဓိကကျသော အချက်တစ်ချက် ဖြစ်နေဆဲပင်။
ချင်းရှောင်ဂိုဏ်းက ယခုအခါ အခြေကျနေပြီဖြစ်ပြီး စစ်ရေးအင်အားလည်း မနည်းပါးတော့ပေ။ ထို့ကြောင့် အခြားသော ကဏ္ဍများကို ပိုမိုအာရုံစိုက်ရတော့မည်။
အစီအရင်နှင့် ဆေးဖော်စပ်ခြင်း ပညာရပ်များက လက်ရှိတွင် လိုအပ်ချက် အရှိဆုံး အရာများဖြစ်ပြီး ဤနှစ်ခုက ကျင့်ကြံခြင်းဂိုဏ်းများအတွက် အလွန်အရေးကြီးပြီး မရှိမဖြစ် လိုအပ်သည်။
ဤပညာရပ်နှစ်ခု မရှိသောကြောင့် ကွမ်းယွမ်ခန်းမက လက်ရှိတွင် ခန်းမကြီး ၇ ခုအနက် အလုပ်အနည်းဆုံး ဖြစ်နေသည်။ သာမန်လက်နက်များကို ဝယ်ယူ၍ရပြီး တည်ဆောက်ရေးအတွက် လက်သမားများကို ငှားရမ်းနိုင်သည်။ ကျူးယန်ခင်မျာ နေ့စဉ်ရက်ဆက် စောင်းတီးခြင်းနှင့် ပန်းချီဆွဲခြင်းတို့ဖြင့်သာ အချိန်ကုန်နေရသည်။
လီချင်းချိုး တပည့်စာရင်းအားလုံးကို ဖတ်ရှုကြည့်သော်လည်း ကံမကောင်းစွာဖြင့် သူ သဘောကျသော ပါရမီရှင်ကို မတွေ့ရသေးပေ။
ချင်းရှောင်ဂိုဏ်းသား အရေအတွက် တိုးပွားလာသော်လည်း ပါရမီရှင်များမှာ ရှားပါးပြီး ရှာရခက်နေဆဲပင်။ သာမည အရည်အချင်းနှင့် ဉာဏ်ပညာတို့သည်သာ အများစု ဖြစ်နေသည်။
သူ ထိုင်နေပြီး မကြာသေးမီ လီတုန်းယွဲ့ ရောက်လာကာ သူ့ဘေးတွင် ဝင်ထိုင်လိုက်သည်။ သူမက ဌာနလက်အောက်ခံမဟုတ်သော တပည့်များကို အဆင့်သတ်မှတ်ရန် အကြံပြုလေသည်။ အဘယ်ကြောင့်ဆိုသော် ဌာနလက်အောက်ခံ တပည့်အရေအတွက်မှာ အကန့်အသတ်ရှိပြီး ကြိုးစားသော်လည်း အရွေးမခံရသော တပည့်များ ရှိနေနိုင်သဖြင့် ထိုသူများ၏ စိတ်အားထက်သန်မှုကို လျော့ကျစေနိုင်သောကြောင့် ဖြစ်သည်။
"ကြည့်ရတာ အတွင်းစည်းနဲ့ အပြင်စည်း ခွဲခြားတာကို စောစောစီးစီး အကောင်အထည်ဖော်ရမယ့်ပုံပဲ..." ဟု လီချင်းချိုး မှတ်ချက်ချလိုက်သည်။
ဤသို့လုပ်ဆောင်မည်ဆိုပါက အဆင့်သတ်မှတ်ရုံ သက်သက်မဟုတ်ဘဲ တပည့်များကို ပိုမိုမြင့်မားသော အဆင့်များသို့ တက်လှမ်းလိုစိတ် ဖြစ်ပေါ်လာစေရန် သီးခြားခံစားခွင့်များကိုပါ သတ်မှတ်ပေးရန် လိုအပ်သည်။
လီတုန်းယွဲ့က ရယ်မောလိုက်ပြီး….
"စီနီယာအစ်ကို... ရှုပ်တယ်လို့ ထင်နေတာလား... ဒါဆို တပည့်တွေ လက်မခံနဲ့တော့လေ... လူနည်းရင် ပြဿနာနည်းတာပေါ့..."
လီချင်းချိုးက ခေါင်းခါလိုက်ပြီး….
"အာဏာရလာတဲ့အခါ လုပ်သင့်တာ လုပ်ရမှာပဲ... ငါတို့ ရပ်တန့်နေလို့ မဖြစ်ဘူး... အနာဂတ်မှာ ငါတို့ရဲ့ ရန်သူတွေက ပိုပိုပြီး သန်မာလာလိမ့်မယ်... လူ့လောကရဲ့ မြင့်မြတ်လှတဲ့ သူတော်စင်တွေနဲ့တောင် ရင်ဆိုင်ရနိုင်တယ်... ငါတို့ ကိုယ့်ကိုယ်ကိုယ် မဖြည့်တင်းထားရင် သေလမ်းပဲ ရှိလိမ့်မယ်..."
ထိုအခါ လီတုန်းယွဲ့ အပြုံးပျက်သွားပြီး….
"စိတ်မပူပါနဲ့... ဂိုဏ်းမှာ ကုန်ကျစရိတ်တွေ ကာမိဖို့ ငွေအလုံအလောက် ရှိပါတယ်... ဝင်ငွေလမ်းကြောင်းတွေ ပိုရလာအောင်လည်း ကျွန်မ ကြိုးစားနေပါတယ်... ရှီးလျန့်ခန်းမက ရမယ့် ဝင်ငွေက တော်တော်လေး များမယ့်ပုံပဲ... ချင်းရှောင်ဂိုဏ်းကို လာတဲ့သူတွေ အကုန်လုံးက ချမ်းသာတဲ့သူတွေချည်းပဲ... အစိုးရအရာရှိတချို့တောင် ပါသေးတယ်..."
လီချင်းချိုးက ခေါင်းညိတ်လိုက်ပြီး သူတို့နှစ်ဦးသား ကျောင်းကိစ္စများကို တိုးတိုးတိတ်တိတ် ဆွေးနွေးနေကြသည်။
တစ်ချိန်က သူ့နောက် တကောက်ကောက် လိုက်ခဲ့သော ဂျူနီယာညီမလေးက ယခုအခါ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်ကာ အရေးကြီးသော တာဝန်များကို ထမ်းဆောင်နိုင်ပြီ ဖြစ်သဖြင့် သူ ကျေနပ်မိသည်။
ကျင်းဝူအစောင့်တပ်မှ ကောကျီယန်က ကျန်းကျောက်ရှား၏ လက်ချက်ဖြင့် မသေခဲ့သော်လည်း သေလုမြောပါး ဖြစ်သွားခဲ့သည်။ အမိန့်တော် လာရောက်ဖတ်ကြားသော အရာရှိ တောင်အောက်သို့ ဆင်းသွားချိန်တွင် မျက်နှာထား အလွန်တင်းမာနေသည်။ သူသည် မည်သို့သော ကြမ်းတမ်းသည့် စကားမျှ မပြောခဲ့သော်လည်း ကောကျီယန်ကို တောင်အောက်သို့ သယ်သွားရန် သူ့လူများကို အမိန့်ပေးလိုက်သည်။
ဤအဖြစ်အပျက်က ကြည့်ရှုသူများကို ချင်းရှောင်ဂိုဏ်း၏ အင်အားကို ပြသလိုက်ခြင်း ဖြစ်သည်။
အချို့လူများက ချင်းရှောင်ဂိုဏ်းက ကျင်းထျန်း အာဏာရှိသူများကို ပြစ်မှားမိမည် စိုးရိမ်ကြသော်လည်း အချို့ကမူ ဂရုမစိုက်ကြပေ။
ကောကျီယန် ထွက်သွားသည်နှင့် မင်းမှုထမ်းမျိုးနွယ်များစွာက ကျန်းယွီချွန်းထံ ချဉ်းကပ်လာပြီး ဤကိစ္စကို သူတို့ ဖြေရှင်းပေးနိုင်ကြောင်းနှင့် ကျင်းထျန်းသိုင်းလောကနှင့် ဆက်ဆံရေးကို ထိန်းသိမ်းပေးနိုင်ကြောင်း ပြောဆိုကြလေသည်။
နွေဦးရောက်ပြီးနောက်….
ချင်ယဲ့၏ ဖခင် ချင်ကျွယ် တောင်ပေါ်သို့ ရောက်လာသဖြင့် ကျန်းယွီချွန်းက ကိုယ်တိုင်ကိုယ်ကျ လက်ခံတွေ့ဆုံလေသည်။
ကုန့်လင်ခန်းမကို ကြည့်ပြီးနောကိ ချင်ကျွယ်အတော်လေးအံ့အားသင့်နေသည်။
"ပြင်ဆင်ထားတာ တော်တော် ခမ်းနားတာပဲ... တကယ် မိုက်တယ်..."
ကျန်းယွီချွန်းက ထိုင်လိုက်ပြီး လက်ဖက်ရည် ငှဲ့ပေးရင်း ရယ်မောလိုက်သည်။
"ဒါတွေအားလုံးက သူများတွေ လက်ဆောင်ပေးထားတာပါ... ကျွန်တော်ကတော့ ရှေးဆန်တယ်လို့ ထင်ပေမဲ့ အဲဒီ အရာရှိကြီးတွေက အာဏာရှိတဲ့သူတစ်ယောက်က သူ့အာဏာကို ထိန်းသိမ်းဖို့ ယဉ်ကျေးမှု အမွေအနှစ်တချို့ ရှိရမယ်လို့ ပြောကြတာပဲ..."
ချင်ကျွယ် စားပွဲတွင် ထိုင်လိုက်ပြီး သက်ပြင်းချလိုက်မိသည်။
"နှစ်နည်းနည်းပဲ ရှိသေးတယ်... တောင်ပေါ်မှာ တန်းစီနေတဲ့ မင်းမှုထမ်းမျိုးနွယ်တွေနဲ့ ယှဉ်ရင် ငါတို့ ချင်မိသားစုက ဘာမှမဟုတ်တော့ဘူး... စီနီယာယန်သာ မိတ်ဆက်မပေးရင် အခုအချိန်မှာ ခင်ဗျားနဲ့ တွေ့ခွင့်တောင် ရမှာ မဟုတ်ဘူး..."
"အဲဒီလို မပြောပါနဲ့... ခင်ဗျားသားက ကျုပ်တို့ ဂိုဏ်းချုပ်ရဲ့ ဒုတိယတပည့်လေ... ဒါတစ်ခုတည်းနဲ့တင် ခင်ဗျားတို့ ချင်မိသားစုက ကျုပ်တို့ ချင်းရှောင်ဂိုဏ်းနဲ့ ပိုတောင် နီးစပ်ပါသေးတယ်... ချင်းရှောင်ဂိုဏ်း ဖွံ့ဖြိုးလာတာနဲ့အမျှ ခင်ဗျားတို့ ချင်မိသားစုလည်းပိုပြီး သန်မာလာမှာပါ..."
ချင်ကျွယ် ဤစကားကို ကြားသောအခါ ဝမ်းသာသွားပြီး မျက်နှာတွင် အပြုံးများ ပြည့်နှက်သွားသည်။
ချင်ကျွယ်က ကိုယ်နေဟန်ထား ပြင်လိုက်ပြီး အပြုံးကို ထိန်းကာ လေးနက်သော ဟန်ပန်ဖြင့်လာရင်းကိစ္စကို စတင်ပြောဆိုလေသည်။
"လိုရင်းကို ပြန်ပြောရရင်... ဒီတစ်ခေါက် တောင်ပေါ်တက်လာတာ ချင်းရှောင်ဂိုဏ်းကို အရမ်းအရေးကြီးတဲ့ ကိစ္စတစ်ခု ပြောပြမလို့... ခင်ဗျားတို့ သိရင် လက်လွှတ်ခံမှာ မဟုတ်ဘူးလို့ ကျွန်တော် ထင်တယ်..."
"ဘာကိစ္စမို့လို့လဲ..."
"မသေဆေးအကြောင်း သတင်းပဲ..."
"ဘာ... အစ်ကိုချင်... ခင်ဗျားလည်း အဲဒီလို ယုတ္တိမရှိတဲ့ ဒဏ္ဍာရီကို ယုံတာလား..."
မသေဆေးဆိုသော အမည်ကို ကြားလိုက်သည်နှင့် ဧကရာဇ်ကို သတိရသွားသည်။
မသေဆေးကို ရှာဖွေရင်း ဧကရာဇ်က လူဘယ်နှယောက် သတ်ခဲ့ပြီးပြီလဲ...
"မလောပါနဲ့... ကျွန်တော် ပြောတာ ဆုံးအောင် နားထောင်ပါဦး... မသေဆေးဆိုတာ တကယ်မရှိပေမဲ့ ဖော်စပ်နိုင်တဲ့လူတော့ရှိတယ်... လက်ရှိ ဧကရာဇ်ကလည်း မသေဆေးကို လိုက်ရှာနေတယ်ဆိုတဲ့ ကောလာဟလတချို့ ခင်ဗျား ကြားဖူးမှာပါ... ဒါကြောင့် ဒီကိစ္စကို ထုတ်ပြောလို့ မရဘူး... သတင်းပေါက်ကြားသွားတာနဲ့ လက်ရှိ ဧကရာဇ် သေချာပေါက် ရူးသွပ်သွားလိမ့်မယ်..."
"ဘယ်မိစ္ဆာတာအိုဆရာက မသေဆေး ဖော်နိုင်တယ်လို့ ပြောရဲတာလဲ..."
"မိစ္ဆာတာအိုဆရာ မဟုတ်ဘူး... နှစ်ပေါင်းထောင်ချီ သမိုင်းကြောင်းရှိတဲ့ ဆေးဖော်စပ်ခြင်း မင်းမှုထမ်းမျိုးနွယ်ပဲ... သူတို့က ဘုရင်တွေကို သေရွာက ပြန်ခေါ်နိုင်တဲ့၊ ကလေးတွေကို ပြိုင်ဘက်ကင်း သိုင်းပညာရှင် ဖြစ်လာစေတဲ့၊ အိုမင်းခြင်းကိုတောင် ပြောင်းပြန်လှန်နိုင်တဲ့ နတ်ဘုရားဆေးလုံးတွေကို တကယ် ဖော်စပ်ခဲ့ဖူးတယ်... ခေတ်အဆက်ဆက် ဘုရင်တွေက သူတို့ကို အမှုထမ်းဖို့ ဖိတ်ခေါ်ခဲ့ကြတယ်... သူတို့ လက်တုံ့ပြန်မှုတွေ အများကြီး ကြုံခဲ့ရပေမဲ့ သူတို့ရဲ့ နတ်ဘုရားဆေးလုံး ကျေးဇူးကြောင့် အမြဲတမ်း အသက်ရှင် လွတ်မြောက်ခဲ့ကြတယ်..."
"ကျွန်တော်တို့ ချင်မိသားစုက မြစ်တစ်လျှောက်မှာ စီးပွားရေးလုပ်လာတာ နှစ်တွေ အများကြီး ကြာပြီ... လွန်ခဲ့တဲ့ ရက်ပိုင်းက ယန်ဇီမြစ်ကမ်းဘေးမှာ ဒဏ်ရာအပြင်းအထန် ရနေတဲ့ လူတစ်ယောက်ကို ကျွန်တော်တို့ ကယ်ခဲ့တယ်... သူက သူ့အကြောင်း မပြောခင် ကျွန်တော့်အဖေနဲ့ တွေ့ခွင့်တောင်းတယ်... သူက ဆေးဖော်စပ်ခြင်း မင်းမှုထမ်းမျိုးနွယ်ရဲ့ ဆက်ခံသူပဲ... သူ့သမီးကို ကယ်ပေးဖို့ လူလိုနေတယ်... သူ့သမီးသာ လွတ်လာရင် သူနဲ့ သူ့သမီးက တစ်သက်လုံး အမှုထမ်းပြီး တတ်နိုင်သမျှ လုပ်ပေးပါ့မယ်တဲ့..."
ပြောပြီးသောအခါ ချင်ကျွယ် စိတ်သက်သာရာ ရသွားသကဲ့သို့ ခံစားလိုက်ရသည်။