← Chapters

တိုက်ပွဲတစ်ခုဖြင့် ကျော်ကြားလာခြင်း

Vol. 9 Ch. 87

တိုက်ပွဲတစ်ခုဖြင့် ကျော်ကြားလာခြင်း

Vol. 9 Ch. 87

ရွှယ်ကျင်းသည် မူလအားဖြည့်နယ်ပယ် စတုတ္ထအဆင့်သို့ရောက်နေပြီဖြစ်သည်။ လီချင်းချိုး ခုနှစ်စဉ် တောင်ထွတ်မဟာမိတ်အဖွဲ့သို့ သွားရောက်ခဲ့စဉ်က မူလအားဖြည့်နယ်ပယ် တတိယအဆင့်တွင်သာ ရှိသေးသည်။

ဤသည်မှာ လီချင်းချိုးက ရွှယ်ကျင်းကို စမ်းသပ်လိုက်ခြင်းလည်း ဖြစ်သည်။ ရွှယ်ကျင်းက ရည်မှန်းချက်ကြီးပြီး ကျန်းကျောက်ရှား၏ တပည့်အဖြစ်သာ ရပ်တန့်မနေလိုကြောင်း သူ သိမြင်မိသည်။

လီချင်းချိုးက အလွန် အာဏာရှင်ဆန်လွန်းသည်ဟု အားလုံး ခံစားရသော်လည်း မည်သူမျှ မငြင်းဆန်နိုင်ကြပေ။ အဘယ်ကြောင့်ဆိုသော် ချင်းရှောင်ဂိုဏ်းသား တစ်ဦးဦးသာ ချင်းရှောင်တောင်ခြေ၌ သေဆုံးခဲ့လျှင် အတွင်းရော အပြင်ပါ ကိုင်တွယ်ဖြေရှင်းရန် ခက်ခဲလိမ့်မည်ဟု သူတို့ တွေးမိသောကြောင့် ဖြစ်သည်။

"ဂိုဏ်းချုပ်... ဂိုဏ်းချုပ် စိတ်မရှိရင် ကျွန်မ သတင်းတချို့ လွှင့်လိုက်မယ်... ကိုးပါးအကြွင်းမဲ့ဂိုဏ်းလို့ပဲ ပြောလိုက်မယ်..."

"တကယ်လို့ ဂိုဏ်းချုပ်တစ်ယောက်က အကြောင်းပြချက် မရှိဘဲ လုပ်ကြံသူလွှတ်ပြီး ရှင့်ကို သတ်ခိုင်းတယ် ဆိုရင် သက်သေမရှိရင်တောင် ကျန်းဟူက လူအများစု စိတ်ဝင်စားကြလိမ့်မယ်... သတင်းအချက်အလက် ပိုရလေလေ သိုင်းလောကသားတွေက ချင်းရှောင်ဂိုဏ်းရဲ့ လုပ်ရပ်အပေါ် ခုခံမှု နည်းလေလေဖြစ်ပြီး ကြောက်ရွံ့မှုပဲ ဖြစ်လာလိမ့်မယ်..."

ကျူးယန် စကားပြောလိုက်သောအခါ သူမ၏ စကားများက ရှိနေသူ အားလုံးကို လေးစားမှု အသစ်ဖြင့် ကြည့်သွားစေသည်။

အမှန်တကယ်တော့ နာမည်ကျော် ပညာရှင်တစ်ယောက် ဒုတိယခန်းမသခင် ဖြစ်လာသည့်အပေါ် လူအများအပြားက သဘောမတူခဲ့ကြဘဲ ထိုပညာရှင်က သိပ်ပြီး အစွမ်းထက်လှသည် မဟုတ်သလို ခံစားခဲ့ကြရသည်။ သို့သော် ယနေ့ည အစည်းအဝေးတွင် ကျူးယန်က ချင်းရှောင်ဂိုဏ်းအတွက် တက်ကြွစွာ ဆောင်ရွက်ပေးခဲ့ပြီး သူမ၏ အကြံပြုချက်များမှာလည်း အမှန်တကယ် ကောင်းမွန်လှသည်။ထို့ကြောင့် လူများက သူမကို နှလုံးသားထဲမှ စတင် လက်ခံလာကြတော့သည်။

"ခန်းမသခင်ကျူးသာ ကူညီပေးမယ် ဆိုရင်တော့ အကောင်းဆုံးပဲပေါ့..."

လီချင်းချိုးက အာဏာရှင်ဆန်သော်လည်း မတုံးအပေ။ တစ်စုံတစ်ယောက်က ရေပွက်အောင် ကူညီမွှေပေးခြင်းသည် ချင်းရှောင်ဂိုဏ်းအတွက် အကျိုးယုတ်စေမည် မဟုတ်ချေ။

ဒါက သူ လိုချင်သော ချင်းရှောင်ဂိုဏ်း ပုံစံပင် ဖြစ်သည်။ သူက ယေဘုယျ လမ်းကြောင်းကိုသာ ဆုံးဖြတ်ပေးရန် လိုသည်။ မည်သို့ လုပ်ဆောင်ရမည် ဆိုသည်ကိုမူ သူ့လက်အောက်ငယ်သားများက တာဝန်ခွဲဝေယူပြီး တစ်ယောက်ချင်းစီက မိမိတာဝန်ကို ထမ်းဆောင်ကြလိမ့်မည်။ ရန်သူနှင့် ရင်ဆိုင်ရသည့်တိုင် ခေါင်းချင်းဆိုင် တိုက်ခိုက်ရုံလောက် ရိုးရှင်းနေ၍ မဖြစ်ပေ။

ထို့နောက်တွင် လီချင်းချိုးက အခြားကိစ္စရပ်များကို ဆွေးနွေးခဲ့ပြီး သဘောတူညီမှု ရရှိသည်နှင့် အခြားသူများကို ပြန်လွှတ်လိုက်သည်။

ချင်းရှောင်တောင်ပေါ်သို့ ပြန်ရောက်လာသောအခါ ပိုင်နင်းအာတယောက် အရာအားလုံးကို စိတ်ဝင်တစား ဖြစ်နေရှာသည်။ ဝိညာဉ်ကျောက်တွင်းသို့ ပြောင်းရွှေ့ခံရပြီးကတည်းက တောင်ပေါ်သို့ ပြန်မရောက်ဖြစ်သည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

သူသည် ဂိုဏ်းချုပ်၏ စီစဉ်မှုအပေါ် မကျေနပ်ချက် မရှိသည့်အပြင် ကျေးဇူးပင် တင်ရှိနေမိသည်။ အဘယ်ကြောင့်ဆိုသော် လူတိုင်း ဝိညာဉ်ကျောက်တွင်းသို့ သွားခွင့် မရနိုင်သောကြောင့် ဖြစ်သည်။ သူသည် ဝိညာဉ်ကျောက်တွင်း၌ အချိန်အကြာဆုံး တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ ဝိညာဉ်ကျောက်တွင်းကို သူနှင့်အတူ စောင့်ကြပ်ခဲ့သော အခြားတပည့်များ အလှည့်ကျ ပြောင်းလဲသွားသော်လည်း သူတစ်ယောက်တည်းသာ မပြောင်းလဲဘဲ ကျန်ရစ်ခဲ့သည်။

အခြားတပည့်များကလည်း ဤအချက်ကို သတိပြုမိကြပြီး ဂိုဏ်းချုပ်က ပိုင်နင်းအာကို အလေးထားသည်ဟု တိတ်တဆိတ် ခန့်မှန်းပြောဆိုနေကြသည်။

ပိုင်နင်းအာက ယခုအခါ မူလအားဖြည့်နယ်ပယ် တတိယအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ဤတိုးတက်မှုက သူ့ကို ယုံကြည်မှု အပြည့်အဝ ရှိစေပြီး လွန်ခဲ့သော နှစ်နှစ်ကနှင့် လုံးဝ မတူကွဲပြားသော လူတစ်ယောက် ဖြစ်လာစေသည်။

ဒီနေ့ မနက်အစောပိုင်းတွင် တပည့်တစ်ဦးက သတင်းလာပို့ပြီး ဂိုဏ်းချုပ်က သူ့ကို လင်းရှောင်နန်းဆောင်သို့ ဆင့်ခေါ်ထားကြောင်း ပြောလာသည်။ သူ ဝမ်းသာသလို စိုးရိမ်ထိတ်လန့်မိပြီး ဂိုဏ်းချုပ် သူ့ကို ဘာကြောင့် တွေ့ချင်ရသလဲ ဆိုသည်ကို မသိနိုင် ဖြစ်နေသည်။

တောင်ပေါ်သို့ တက်လာစဉ် ကျူးယန်နှင့် ဆုရှီးလင်တို့၏ ဧည့်ဂေဟာရှေ့မှ ဖြတ်သွားမိသောအခါ ခဏမျှ တုံ့ဆိုင်းပြီးနောက် တံခါးသွားခေါက်လိုက်ရာ တံခါးဖွင့်ပေးလာသူကို သူ မမှတ်မိချေ။

"စီနီယာကျူးယန် ရှိပါသလား..." ဟု ပိုင်နင်းအာက ဦးညွှတ်၍ မေးလိုက်သည်။

တံခါးဖွင့်ပေးသူမှာ အစေခံမိန်းကလေး တစ်ဦး ဖြစ်ပြီး သူမက မျက်လုံးအဝိုင်းသားဖြင့် ကြည့်၍ …

"နာမည်ကျော် ပညာရှင်ကို ပြောတာလား..."

"ဟုတ်ပါတယ်..."

"သူက ထျန်းကုန်းခန်းမရဲ့ ဒုတိယခန်းမသခင် ဖြစ်သွားပြီမို့... အပေါ်ထပ်ကို ပြောင်းသွားပြီ... ရှင် မသိဘူးလား..."

"သြော်... ကျွန်တော် တောင်ပေါ် မရောက်ဖြစ်တာ တစ်နှစ်လောက် ရှိပြီဆိုတော့ တကယ်ပဲ မသိခဲ့ပါဘူး... နှောင့်ယှက်မိတဲ့အတွက် တောင်းပန်ပါတယ်..."

ထိုစကားကို ကြားသောအခါ ပိုင်နင်းအာ အလျင်အမြန် နှုတ်ဆက်ထွက်ခွာလာခဲ့သည်။

ကျူးယန် ချင်းရှောင်ဂိုဏ်းသို့ ဝင်ရောက်လာကြောင်း ကြားသိရသဖြင့် သူ ပို၍ပင် ပျော်ရွှင်သွားသည်။ အတိတ်တုန်းက ဆုရှီးလင် သူ့ကို မကြာခဏ လမ်းညွှန်ပြသပေးခဲ့သဖြင့် သူမကို ဆရာတစ်ဦးအဖြစ် လေးစားနေခဲ့သည်မှာ ကြာပြီ ဖြစ်သည်။ ဆုရှီးလင်းသည်လည်း ကျူးယန်၏ နောက်သို့လိုက်၍ ချင်းရှောင်ဂိုဏ်းသို့ ဝင်ရောက်လာမည်မှာ သေချာသဖြင့် ယခုမှစ၍ ဆုရှီးလင်သည်လည်း အမှန်တကယ်ပင် လူရင်း ဖြစ်လာတော့မည်။

လင်းရှောင်နန်းဆောင်သို့ ရောက်သောအခါ ဝိညာဉ်ကျောက်တွင်းသို့ ရောက်ဖူးကြသော အခြားတပည့်များကို တွေ့လိုက်ရသည်။

အလယ်တည့်တည့်တွင် ရပ်နေသူမှာ ရွှယ်ကျင်း ဖြစ်သည်။ အသက် ၂၀ အရွယ်တွင် သူသည် အထွတ်အထိပ်သို့ ရောက်နေပြီး ယခုအခါ ဂိုဏ်းတစ်ခုလုံးတွင် ကျော်ကြားသော ပါရမီရှင် ဖြစ်နေပြီဖြစ်သည်။ တပည့်များထဲတွင် ရွှီနင်းပြီးလျှင် ရွှယ်ကျင်းကို နံပါတ်တစ်ဟု ပြောနိုင်ပြီး အခြားတပည့်များက သူ့အနားတွင် ဝိုင်းရံနေကြသည်။

ရွှယ်ကျင်းက ပိုင်နင်းအာကို တစ်ချက်ကြည့်၍ ခေါင်းအနည်းငယ် ညိတ်ပြလိုက်ရာ ပိုင်နင်းအာမှာ မြှောက်ပင့်ခံရသလို ခံစားလိုက်ရသည်။

ရွှယ်ကျင်းက ပိုင်နင်းအာကို နှုတ်ဆက်လိုက်ခြင်းမှာ ဂိုဏ်းချုပ်က အလေးပေးသောကြောင့် မဟုတ်ဘဲ ပိုင်နင်းအာ မူလအားဖြည့်နယ်ပယ် တတိယအဆင့်သို့ ရောက်ရှိနေကြောင်း သူ မြင်တွေ့လိုက်ရသောကြောင့် ဖြစ်သည်။ ထိုကဲ့သို့သော စွမ်းရည်မျိုးမှာ ဂိုဏ်းတစ်ခုလုံးတွင် ထိပ်တန်းအဆင့်ဖြစ်ပြီး သူ့ဘက်က လေးစားမှု ပေးထိုက်ပေသည်။

"ဂိုဏ်းချုပ်က ငါတို့ကို ဘာကိစ္စ ရှိလို့ ခေါ်တာပါလိမ့်..."

"ငါကြားတာတော့ ဂိုဏ်းချုပ်က ငါတို့ကို တာဝန်တစ်ခု ပေးမလို့တဲ့..."

"ပေါက်ကရ မပြောစမ်းနဲ့... ဂိုဏ်းချုပ်က ဘာကိစ္စနဲ့ ငါတို့ကို ညစာဖိတ်ကျွေးမှာလဲ..."

"ဂိုဏ်းချုပ် ကိုယ်တိုင်ပေးတဲ့ တာဝန်ဆိုရင်တော့ သာမန် မဖြစ်နိုင်ဘူး... ငါတော့ မျှော်လင့်နေပြီ..."

"စီနီယာအစ်ကိုရွှယ် ပါမှတော့ ငါတို့ သေချာပေါက် အောင်မြင်မှာပါ..."

တပည့်များ ဆွေးနွေးနေကြစဉ်မှာပင် ယွမ်ချီက လီချင်းချိုး၏ အခန်းထဲမှ ထွက်လာပြီး လူအရေအတွက်ကို ရေတွက်လိုက်သည်။ ထို့နောက် လီချင်းချိုး၏ အခန်းဘက်သို့ လှမ်းအော်လိုက်လေသည်။

"ဂိုဏ်းချုပ်... အားလုံး ရောက်နေပါပြီ..."

ထိုစကားကို ကြားလိုက်ရသောအခါ ဂိုဏ်းတွင်းတပည့် ၁၂ ဦးလုံး ချက်ချင်း တောင့်တင်းသွားကြသည်။

ဂိုဏ်းချုပ် အခန်းထဲမှာ ရှိနေတာလား...

ဂိုဏ်းချုပ် ကြားသွားမည်ကို စိုးရိမ်သဖြင့် သူတို့ နောက်ထပ် စကားမပြောရဲကြတော့ပေ။

မကြာမီ လီချင်းချိုး အိမ်ထဲမှ ထွက်လာပြီး သူတို့ရှေ့တွင် ရပ်လိုက်ကာ တစ်ချက် ဝေ့ကြည့်ပြီးနောက် ကိုးပါးအကြွင်းမဲ့ဂိုဏ်း၏ လုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းမှုအကြောင်းကို တိုက်ရိုက် ပြောပြလိုက်သည်။

ထိုစကားကို ကြားသောအခါ တပည့်များအားလုံး ဒေါသထွက်သွားကြသည်။

"မင်းတို့ကို ကိုးပါးအကြွင်းမဲ့ဂိုဏ်းဆီ သွားပြီး သူတို့ဂိုဏ်းချုပ်ကို သတ်ဖို့ အမိန့်ပေးတယ်... သူတို့ဂိုဏ်းကို ဖျက်ဆီးပစ်... လုံးဝ မျိုးဖြုတ်ပစ်စရာ မလိုပေမဲ့ သူတို့ဂိုဏ်း ပျက်စီးသွားအောင်တော့ လုပ်ရမယ်... နှစ်မကုန်ခင် အပြီးလုပ်ကြ... ဒီစစ်ဆင်ရေးကို ရွှယ်ကျင်းက အပြည့်အဝ တာဝန်ယူရမယ်... ကျန်တဲ့သူတွေ သူ့အမိန့်ကို နာခံကြ... မင်းတို့ ပြန်လာရင် အင်မတန်ကောင်းမွန်တဲ့ ဆုလာဘ်တွေ ပေးမယ်..."

လီချင်းချိုးက တည်ကြည်လေးနက်စွာ ပြောလိုက်ရာ တပည့်များအားလုံးက အမိန့်ကို ချက်ချင်း လက်ခံလိုက်ကြသည်။

ရွှယ်ကျင်း အလွန် စိတ်လှုပ်ရှားနေချေပြီ။ နောက်ဆုံးတော့ သူ့အတွက် အခွင့်အရေး ရလေပြီ….

အကယ်၍ သူသာ ဤတာဝန်ကို ကောင်းမွန်စွာ ထမ်းဆောင်နိုင်ခဲ့ပါက သာမန်တပည့်တစ်ဦးထက် ပိုသွားပေလိမ့်မည်။

လီချင်းချိုးက သူတို့ကို သွားရောက် ပြင်ဆင်နိုင်ကြောင်း လက်ပြလိုက်သည်။ထိုအခါ ဂိုဏ်းတွင်းတပည့် ၁၂ ဦးက ချက်ချင်း ဦးညွှတ်၍ တောင်တံခါးဝသို့ အတူတကွ လျှောက်သွားကြလေသည်။

ဤတပည့် ၁၂ ဦးစလုံး အနည်းဆုံး မူလအားဖြည့်နယ်ပယ် ဒုတိယအဆင့်တွင် ရှိကြပြီး ချင်းရှောင်ဂိုဏ်း၏ ထိပ်သီးများ ဖြစ်ကြသည်။ နတ်ဆိုးဂိုဏ်းမှ ကျွမ်းကျင်သူနှင့် တွေ့ဆုံရလျှင်ပင် သူတို့တွင် ထွက်ပြေးနိုင်စွမ်း ရှိသည်။

လီချင်းချိုး သူတို့အပေါ် မျှော်လင့်ချက် ကြီးကြီးမားမား ထားရှိသည်။ မူလအားဖြည့်နယ်ပယ် ဒုတိယအဆင့်သို့ ရောက်ရန် မလွယ်ကူဘဲ သူတို့ထဲမှ အများစုမှာ လွန်ခဲ့သော ခြောက်လအတွင်းမှသာ ဒုတိယအဆင့်သို့ ရောက်ရှိခဲ့ကြခြင်း ဖြစ်သည်။

သူတို့ ထွက်ခွာသွားပြီးနောက် ဂိုဏ်းအတွင်း၌ မူလအားဖြည့်နယ်ပယ် ဒုတိယအဆင့်ရှိသော တပည့်အရေအတွက် အလွန် ရှားပါးသွားသည်။

သေချာသည်မှာ လီချင်းချိုးက ဂိုဏ်းအကြီးအကဲများ၏ ကျင့်ကြံခြင်းအဆင့်များကို ထည့်သွင်းစဉ်းစားခြင်း မရှိပေ။

လီချင်းချိုး ခြံဝင်းထဲတွင် ခဏကြာ ရပ်နေပြီးနောက် လမ်းလျှောက်ထွက်လာခဲ့ပြီး လီရန်ကို သွားရောက် သင်ကြားပေးရန် ရည်ရွယ်ထားသည်။

လီရန်၏ ပါရမီနှင့်ဆိုလျှင် ကျင့်စဉ်ကို သင်ပေးလိုက်ရုံဖြင့် လုံလောက်သော်လည်း လီချင်းချိုးက သူ့ပုံရိပ်ကို ခိုင်မာစေရန် နောက်ထပ် အထောက်အထားတစ်ခု ဖန်တီးချင်သေးသည်။

နောင်တစ်ချိန်တွင် ဂိုဏ်းချုပ် သဘောကျသော အလားအလာရှိသည့် ပါရမီရှင်တစ်ဦး ဖြစ်လာမည့် လီရန်ကို သူ ကိုယ်တိုင် လမ်းညွှန်ပြသပေးရမည်။ လီရန်၏ အောင်မြင်မှု မြင့်မားလေလေ လီချင်းချိုး၏ ဂုဏ်သတင်း ပိုကြီးမားလေလေ ဖြစ်လာလိမ့်မည်။

ဂိုဏ်းချုပ်ကို လုပ်ကြံရန် ကြိုးပမ်းမှု သတင်း ချင်းရှောင်ဂိုဏ်းအတွင်း ရုတ်တရက် ပျံ့နှံ့သွားပြီး မကြာမီ တုန်းလင်းစီရင်စုမှ ကိုးပါးအကြွင်းမဲ့ဂိုဏ်း၏ လက်ချက်ဖြစ်ကြောင်း ကောလဟာလများ ထွက်ပေါ်လာခဲ့သည်။ ဤအရာက တပည့်များကို ဒေါသထွက်စေပြီး ဂိုဏ်းနှစ်ခု မည်သို့ ရန်ဘက်ဖြစ်သွားကြောင်းနှင့် ချင်းရှောင်ဂိုဏ်းက မည်သို့ တုံ့ပြန်မည်ကို သိချင်စိတ် ပြင်းပြစေသည်။

ကောလဟာလများ ပျံ့နှံ့သွားပြီးနောက် ကျီဖှာခန်းမ၌ တပည့်အရေအတွက်မှာ ၂၅ ဦးအထိ တိုးလာသည်။ နေ့စဉ် တောင်ခြေတွင် တပည့် ၅ ဦး စောင့်ကြပ်ပြီး တောင်ပေါ်တွင် တပည့် ၁၀ ဦး ကင်းလှည့်နေကြသည်။

ဤအပြုအမူက ဂိုဏ်းချုပ် လုပ်ကြံခံရသည်ဟူသော ကောလဟာလများကို အတည်ပြုနေပေသည်။

လူတိုင်းက လီချင်းချိုး၏ သဘောထား မည်သို့ရှိမည်ကို စောင့်ကြည့်နေကြသည်။ သို့သော် မည်သည့် ကြေညာချက်မှ ထုတ်ပြန်ခြင်း မရှိသလို ရွှမ်းရှင်းခန်းမ၌ အစည်းအဝေး ခေါ်ယူခြင်းလည်း မရှိပေ။

ဆောင်းဦးရာသီ ကုန်ဆုံးခါနီးအချိန်တွင် လီချင်းချိုး နှုတ်ဆိတ်နေသဖြင့် ထိုကိစ္စကို တပည့်များ တဖြည်းဖြည်း မေ့လျော့လာကြသည်။

ဤနေ့တွင် ဖုန်းသိုက်ဆီက စာတစောင်ရောက်လာပြီး စာလာပို့သူမှာ မာယု အမည်ရှိသော သိုင်းသမားပင် ဖြစ်သည်။

လီချင်းချိုးက သူ့ကို တွေ့ဆုံပြီးနောက် စာကို ဖွင့်ဖတ်လိုက်သည်။

ဖုန်းသိုက် ကျန်းယန်မြို့တော်တွင် အဆင်ပြေနေသည်။ ကျာယီ၏ အကူအညီအပြင် ကျေးဇူးရှင်တစ်ဦးနှင့် တွေ့ဆုံခဲ့ပြီး တရားဝင် အရာရှိတစ်ဦး ဖြစ်လာခဲ့ပြီဖြစ်သည့်။

မကြာသေးမီက မြို့တော်တွင် မငြိမ်မသက်မှုများ ဖြစ်ပေါ်နေသည်။ အိမ်ရှေ့စံမင်းသားနှင့် ဧကရာဇ်တို့ အာဏာလုနေကြပြီး နန်းတွင်းမှ ပဋိပက္ခများ မြို့တော်တစ်ခုလုံးသို့ ပျံ့နှံ့နေသည်ဟု ဆိုသည်။ အရာရှိများ ထုတ်ပယ်ခံရပြီး နေ့စဉ် အရာရှိသစ်များ ရာထူးတက်နေကြသည်။

ဖုန်းသိုက်၏ စာသားများတွင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေသည်။ သူက အိမ်ရှေ့စံမင်းသားအပေါ် မျှော်လင့်ချက်ကြီးစွာ ထားရှိပြီး တာ့လီမင်းဆက် ပိုမို ကောင်းမွန်လာစေရန် မင်းသား နန်းတက်လာဖို့ မျှော်လင့်နေသည်။

စာဖတ်ပြီးနောက် လီချင်းချိုးက ခေါင်းမော့၍ မာယုကို ကြည့်ကာ မေးလိုက်သည်။

"ဘာလို့ မင်းပဲ စာလာပို့နေရတာလဲ..."

"ကျွန်တော့်သခင်က တခြားလူကို မယုံလို့ပါ..."

"မြို့တော် ရောက်နေတုန်း ကုကျိုးစီရင်စုအကြောင်း ဘာကြားခဲ့သေးလဲ..."

"အရင်က တစ်ခါမှ မကြားဖူးပေမဲ့ လမ်းခရီးမှာတော့ သိခဲ့ရပါတယ်..."

ဤကိစ္စကို ပြောသောအခါ မာယု၏ မျက်နှာထားက အလွန် သဘာဝမကျ ဖြစ်သွားသည်။ ကုကျိုးစီရင်စုကို နတ်ဆိုးဂိုဏ်းက သိမ်းပိုက်ထားကြောင်းနှင့် လူပေါင်းများစွာ သေဆုံးခဲ့ကြောင်း ကြားသိလိုက်ရသောအခါ သူ ထိတ်လန့်သွားသည်။ ထိုကဲ့သို့သော ကြောက်မက်ဖွယ် ဖြစ်ရပ်ကို ကျန်းယန်မြို့တော်တွင် လုံးဝ ထည့်သွင်းပြောဆိုခြင်း မရှိခဲ့ပေ။

သို့သော် သူသည် သဘာဝအားဖြင့် ဂရုမစိုက်တတ်သူ ဖြစ်သည်။ လီချင်းချိုးက မပြောလျှင် သူကလည်း မေးရန် အစီအစဉ် မရှိပေ။ သူ ဝင်ပါ၍မရသော၊ ဆွေးနွေး၍ပင် မရသော ကိစ္စများ ဖြစ်ကြောင်း သူ သိသည်။

လီချင်းချိုးက ခေါင်းအနည်းငယ် ညိတ်ပြပြီး…

"ညဘက် အထဲမှာ နားမလား..."

"မလိုပါဘူး... ဂိုဏ်းချုပ်လီမှာ ကျွန်တော့်သခင်အတွက် ပေးစရာစာ ရှိပါသလား..."

"မရှိဘူး..."

"ဒါဆို ကျွန်တော့်ကို သွားခွင့်ပြုပါဦး..."

မာယုက လက်ကာပြ၍ နှုတ်ဆက်ကာ ပြတ်ပြတ်သားသား လှည့်ထွက်သွားသည်မှာ တုံ့ဆိုင်းနေခြင်း အလျဉ်းမရှိခဲ့ပေ။

လီချင်းချိုး မာယုကို အတော်လေး သဘောကျနေမိသည်။ ဖုန်းသိုက်၏ လူရွေးချယ်ပုံက မဆိုးလှချေ။

ထို့နောက် ချက်ချင်းပင် မတ်တတ်ရပ်လိုက်ပြီး ကျင့်ကြံရန်အတွက် မြေအောက် ဝိညာဉ်ရေကန်သို့ သွားရန် ပြင်ဆင်လိုက်သည်။

ဧကရာဇ်က အိမ်ရှေ့စံမင်းသားနှင့် တိုက်ခိုက်နေကြောင်း သိလိုက်ရသောအခါ သူ ပို၍ စိတ်သက်သာရာ ရသွားသည်။ သူနှင့် ဧကရာဇ်တို့ မကြာမီ တိုက်ပွဲဖြစ်ရမည်ကို သိထားသော်လည်း နောက်ကျလေ ကောင်းလေ ဖြစ်သည်။

မကြာသေးမီက မူလအားဖြည့်နယ်ပယ် အဋ္ဌမအဆင့်သို့ ချိုးဖျက်ဝင်ရောက်ရန် ပြင်ဆင်နေသော်လည်း နယ်ပယ်မြင့်လေ ချိုးဖျက်ရန် ခက်ခဲလေ ဖြစ်သည်။ ကောင်းကင်လျှပ်စီး ဝိညာဉ်အရင်းမြစ် ပိုင်ဆိုင်သော သူပင်လျှင် ခက်ခဲနေပါက အခြားသူများဆိုလျှင် ပြောစရာပင် မလိုတော့ပေ။

မသေမျိုးလမ်းစဉ် ကျင့်ကြံခြင်းအတွက် အချိန်များစွာ လိုအပ်သည်မှာ သေချာသည်။ မသေမျိုး ဖြစ်လာဖို့ဆိုသည်မှာ နှစ်ထောင်ချီကြာသော အိပ်မက်တစ်ခု ဖြစ်နေသည်မှာ အံ့သြစရာ မဟုတ်တော့ချေ။

ဆောင်းရာသီ နှင်းများ ကောင်းကင်မှ ကျဆင်းလာချိန်တွင် သတင်းတစ်ခု ချင်းရှောင်ဂိုဏ်းထဲသို့ ရောက်လာပြီး ဂိုဏ်းတစ်ခုလုံးကို တုန်လှုပ်သွားစေသည်။

ဓားပျံတစ်ဆယ့်သုံးလက် အဖွဲ့ခေါင်းဆောင် ရွှယ်ကျင်းက ချင်းရှောင်ဂိုဏ်းမှ ဂိုဏ်းတွင်းတပည့် ၁၁ ဦးကို ဦးဆောင်၍ ကိုးပါးအကြွင်းမဲ့ဂိုဏ်းကို ဝင်ရောက်စီးနင်းကာ သတ်ဖြတ်ခဲ့သည်။ သူတို့က ဂိုဏ်းချုပ်ကို သတ်ဖြတ်ပြီး ထွက်ပြေးသွားသော ကိုးပါးအကြွင်းမဲ့ဂိုဏ်းသားများကိုလည်း လိုက်လံ သတ်ဖြတ်ခဲ့ကြသည်။ သူတို့သည် ယနေ့တိုင် ကိုးပါးအကြွင်းမဲ့ဂိုဏ်း အတွင်း၌ ဆက်လက် ကျန်ရှိနေပြီး ထွက်ခွာရန် ငြင်းဆန်နေကြသည်။

ဘုရားဖူးများ ယူဆောင်လာသော ဤသတင်းများက ချင်းရှောင်ဂိုဏ်းသားများကို အလွန် စိတ်လှုပ်ရှားသွားစေသည်။

အစပိုင်းတွင် ဂိုဏ်းချုပ်က သည်းခံနေခဲ့သဖြင့် သူတို့ စိတ်အနှောင့်အယှက် ဖြစ်ခဲ့ရသော်လည်း တိတ်တဆိတ် ဆွေးနွေးကြပြီးနောက် ကိုးပါးအကြွင်းမဲ့ဂိုဏ်းက ငြင်းဆန်နိုင်သဖြင့် ဤကိစ္စကို ကိုင်တွယ်ရန် ခက်ခဲကြောင်း သူတို့ နားလည်ခဲ့ကြသည်။

ဂိုဏ်းချုပ် ဒီအတိုင်း နှုတ်ဆိတ်နေတော့မည်ဟု လူတိုင်း ထင်မှတ်နေချိန်တွင်မျှော်လင့်မထားသော သတင်း ရောက်ရှိလာခြင်း ဖြစ်သည်။

ရွှယ်ကျင်း၏ နာမည်ဂုဏ်သတင်းသည်လည်း ခဏတာမျှ ချင်းရှောင်တောင်ပေါ်တွင် ရေပန်းစားသွားခဲ့သည်။

ရွှယ်ကျင်း တစ်ညတည်းဖြင့် ကျော်ကြားလာခဲ့သည်။ ဘုရားဖူးတစ်ဦး၏ အဆိုအရ တုန်းလင်းစီရင်စု သိုင်းလောက တစ်ခုလုံးတွင် သူ့အကြောင်း ပြောဆိုနေကြပြီး ကိုးပါးအကြွင်းမဲ့ဂိုဏ်းကို ကယ်တင်ရန် လှုပ်ရှားမှုတစ်ခုပင် ပေါ်ပေါက်နေပြီဟု ဆိုသည်။ တုန်းလင်းစီရင်စု သိုင်းလောကသားများက ချင်းရှောင်ဂိုဏ်းဘက်က တုန်းလင်းစီရင်စု သိုင်းလောက တစ်ခုလုံးကို ရန်စနေသည်ဟု ယုံကြည်နေကြသည်။

ရွှယ်ကျင်းသာမက ပိုင်နင်းအာနှင့် အခြား ဂိုဏ်းတွင်းတပည့်များသည်လည်း ရွှယ်ကျင်းလောက် မတောက်ပသော်လည်း ကျော်ကြားလာကြသည်။

ဤတိုက်ပွဲကြောင့် ချင်းရှောင်ဂိုဏ်းက ကုကျိုးစီရင်စုမှ အမှန်တကယ် ဖောက်ထွက်နိုင်ခဲ့ပြီ ဖြစ်သည်။

တုန်းလင်းစီရင်စု သိုင်းလောက၏ ဒေါသနှင့် မတူဘဲ ကုကျိုးစီရင်စု သိုင်းလောကသားများကတော့ စိတ်လှုပ်ရှားနေကြပြီး ကိုးပါးအကြွင်းမဲ့ဂိုဏ်းက ချင်းရှောင်ဂိုဏ်းချုပ်ကို လုပ်ကြံရန် လူလွှတ်ခဲ့သည်ဟူသော ကောလဟာလများကို ကြားသိရပြီးနောက် အချို့က ချင်းရှောင်ဂိုဏ်း၏ ဂိုဏ်းတွင်းတပည့် ၁၂ ဦးကိုပင် ထောက်ပံ့ပေးချင်နေကြသည်။

ကျန်းယွီချွန်းက လီချင်းချိုးထံ ရောက်လာပြီး …

"ဂိုဏ်းချုပ်... သူတို့ကို ကူညီဖို့ လူလွှတ်သင့်လား... အခြေအနေတွေက လက်လွတ်စပယ် ဖြစ်နေပြီ... တခြားဂိုဏ်းတွေ ပါဝင်ပတ်သက်လာမှာကို စိုးရိမ်တယ်..."

"မလိုပါဘူး... ရွှယ်ကျင်း ကိုင်တွယ်ဖြေရှင်းပါလိမ့်မယ်... ဒါ့အပြင် နံပါတ်ခြောက်ဂျူနီယာညီလေးလည်း လွန်ခဲ့တဲ့ရက်ပိုင်းက တုန်းလင်းစီရင်စုမှာ တာဝန်တစ်ခု ယူထားသေးတယ်..."

All Chapters