← Chapters

Successfully condensing sword intent

Vol. 69 Ch. 995

Successfully condensing sword intent

Vol. 69 Ch. 995

ထိုအချိန်တွင် အားလုံးမှာလည်း လောထျန်းအား အံ့ဩတုန်လှုပ်စွာ ကြည့်နေကြပါသည်။

သူ့ရဲ့ အကာအကွယ် အအရောင်အဝါက အဲ့လောက်တောင် အစွမ်းထက်တာလား ။ ဒီလူ လူအစစ်မှ ဟုတ်သေးရဲ့လား

ဟုတ်ပကွာ ၊ အဲ့လောက်ကြောက်စရာကောင်းတဲ့ ခန္ဓာကိုယ်အစွမ်းမျိုးကို ငါဘအရင်က တစ်ခါမှကို မမြင်ဖူးဘူး

အားလုံး သူတို့ထင်ရာကို ပြောလိုက်ကြသည်။

မိုရှန့်သည်ပင် မျက်နှာထား ပြောင်းနေပါတော့၏။

ဒီလူက အဲ့လောက်တောင် အစွမ်းထက်တာလား ။ ငါ့ရဲ့ အရှုပ်အထွေးခန္ဓာကိုယ်ကို ဘယ်သူမှ ဂရုမစိုက်နိုင်ကြတာ မဆန်းတော့ပါဘူးကွာ

မိုရှန့် တုန်လှုပ်စွာ တွေးမိလိုက်သည်။

သူတို့ရှေ့တွင် ရပ်နေသည့် လောထျန်းမှာ အမှန်တကယ် ဘီလူးတစ်ကောင်ပါပင် ။

ကြည့်လိုက်ကြဦးဟေ့

ထိုစဉ် တစ်ယောက်က အော်ပြောလာပါသည်။

မိုရှန့် အသိဝင်လာပြီး ထိုလူ ညွှန်ပြသည့်ဘက် လှမ်းကြည့်လိုက်၏။

ထိုစ‌ဉ်တွင် လောထျန်းမှာ အရှုပ်အထွေးဓားရေကန်ထဲရှိ မှုန်ဝါးဝါး အရိပ်တစ်ခုရှေ့သို့ ရောက်နေလေပြီ။

ဒီဟာက လူအသွင်ပြောင်းထားတဲ့ ဓားစိတ်ဆန္ဒလား

မိုရှန့် အသံတုန်တုန်ဖြင့် မေးလိုက်သည်။

လူအသွင်ပြောင်းထားတဲ့ ဓားစိတ်ဆန္ဒ ဟုတ်လား

လူတစ်ယောက်က သူ့ကိုကြည့်ပြီး နားမလည်နိုင်စွာ မေးပါသည်။

မိုရှန့် ပြန်ပြောပါ၏။

ငါ့ရဲ့ သဘာဝဓားသန္ဓေလောင်းက အဲ့ အရှုပ်အထွေးဓားစိတ်ဆန္ဒတွေနဲ့ တစ်နည်းနည်း ဆက်နွယ်နေတဲ့ပုံမို့ ငါ အဲ့ ဓားစိတ်ဆန္ဒတွေရဲ့ မတူတဲ့အစွမ်းတွေကို အာရုံခံနိုင်တယ်

ဥပမာပြောရရင် အပြင်ဘက် အစွန်ဆုံးနားလေးမှာရှိနေတဲ့ ဓားစိတ်ဆန္ဒတွေက အားအနည်းဆုံး ဖြစ်ပြီးတော့ အထဲကို တိုးသွားတာနဲ့အမျှ ဓားစိတ်ဆန္ဒတွေလဲ ပိုပိုပြီး အစွမ်းထက်လာကြတယ်

ဒါပေမယ့် ချွင်းချက်တချို့လဲ ရှိတယ်။ အဲ့ဒါကတော့ ဒီ လူအသွင်ပြောင်း ဓားစိတ်ဆန္ဒတွေပဲ ။ ဒီ ဓားစိတ်ဆန္ဒတွေကို ငါ့စိတ်ထဲမှာ အရမ်းကြောက်စရာကောင်းသလို ခံစားရတယ်ကွ။ တကယ်လို့ ဒီ လူအသွင်ပြောင်း ဓားစိတ်ဆန္ဒတစ်ခုကသာ ငါ့ကို သခင်အဖြစ် အသိအမှတ် ပြုလာမယ်ဆိုရင် ငါ လက်ခံနိုင်မယ်တောင် မထင်ဘူး

သူ့စကားကြောင့် အားလုံး အံ့အားသင့်သွားကြပါသည်။

လူအသွင်ပြောင်း ဓားစိတ်ဆန္ဒမှာ အခြားသော ဓားစိတ်ဆန္ဒများနှင့် မတူဘဲ ထူးခြားကြောင်း သူတို့ ခန့်မှန်းမိပြီးသားဖြစ်သည့်တိုင် ယခုလောက် အစွမ်းထက်နေမည်ဟုမူ ထင်မထားခဲ့ပါချ။

ထိုစဉ်တွင် လူအသွင်ပြောင်း ဓားစိတ်ဆန္ဒတစ်ခုက လောထျန်းနောက်သို့ တိတ်တဆိတ် ရောက်သွားခဲ့လေပြီ။

ထို့နောက်တွင် ၎င်းက ဓားကိုလကတစ်ဖက်ဖြင့် မြှောက်၍ လောထျန်းအား တိုက်ခိုက်ရန် ရွယ်လိုက်၏။

လောပန်းနှင့် ကျန်သူများ အလန့်တကြား အော်လိုက်ကြသည်။

အကိုထျန်း ၊ သတိထား

သို့သော် သူတို့အော်သံက နောက်ကျသွားခဲ့ပုံပင် ..

ဝုန်း

လူအသွင်ပြောင်း ဓားစိတ်ဆန္ဒ လှုပ်ရှားလိုက်သည်နှင့် တစ်ပြိုင်နက် ကောင်းကင်ဘုံနှင့် မြေကြီးကိုပင် ပျက်စီးစေနိုင်လောက်သည့် အစွမ်တစ်ခုက လောထျန်းထံ တိုးဝင်သွားပါသည်။

လောထျန်းကမူ ထိုအခြင်းအရာကို လုံးဝ သတိထားမိပုံမရဘဲ ဓားအရိပ်အား ကျောပေး၍သာ ရပ်နေပါ၏။

အားလုံး သူ့ကိုကြည့်ပြီး အသက်မရှုရဲ ဖြစ်နေကြစဉ်တွင် ..

လူအသွင်ပြောင်း ဓားအရိပ်မှ ထုတ်လွှတ်လိုက်သည့် ဓားစိတ်ဆန္ဒက လောထျန်းပေါ် ကျသွားခဲ့သည်။

ချွှင် ..

နားစူးဖွယ် မြည်သံကျယ်တစ်ခု ထွက်လာ၏။

သို့သော် လောထျန်း၏ အကာအကွယ် အရောင်အဝါက အကောင်းတိုင်း ရှိနေဆဲပါပင် ။

ဘယ်လိုဖြစ်ပြီး

ထိုမြင်ကွင်းကြောင့် အားလုံး မှင်သက်မိကုန်ကြသည်။

ခုနကက တိုက်ကွက်က မသေမျိုးဘုရင်တစ်ယောက်ရဲ့ သိုင်းကွက်နဲ့တောင် ယှဉ်လို့ရတယ် မဟုတ်လား

ပြီး‌တော့ ရိုးရိုး မသေမျိုးဘုရင်အဆင့်တောင် မဟုတ်ဘူးကွ။ ဆယ်ဘွဲ့ရမသေမျိုးဘုရင် အဆင့် မရှိရင်တောင် အနည်းဆုံးတော့ မသေမျိုးဘုရင်ကြီး လီချန်းလုံလောက် အဆင့်မျိုးရှိတယ်

ဒီလောက် ကြောက်စရာကောင်းတဲ့ တိုက်ကွက်ကတောင် သူ့ရဲ့ အကာအကွယ် အရောင်အဝါကို ဘာမှ မလုပ်နိုင်ခဲ့ဘူးလား

သူ နောက်ကို တစ်ချက်လေးတောင် လှည့်မကြည့်တာ မထူဆန်းတော့ပါဘူးကွာ ။ ငါတို့မြင်လိုက်ရတဲ့ ကမ္ဘာဖျက် တိုက်ကွက်က သူ့အတွက် ဘာမှဟုတ်မနေခဲ့ဘူး

အားလုံးက ထိုသို့ တအံ့တဩ ကြည့်နေကြစဉ်မှာပင် လောထျန်းတစ်ယောက် အရှုပ်အထွေးဓားရေကန် အလယ်ပိုင်းသို့ ဆက်တိုးသွားခဲ့သည်။

လက်ရှိတွင် သူ့ထံသို့ တိုးဝင်လာကြသော ဓားစိတ်ဆန္ဒများ များစွာပင် ရှိနေပြီး ၎င်းထဲမှ အများစုမှာ လူအသွင်ပြောင်းထားသည့် ဓားစိတ်ဆန္ဒများ ဖြစ်ကြပါသည်။

ထို ‌ဓားစိတ်ဆန္ဒများမှာ လောထျန်းဆီသို့ ဆက်တိုက် တိုးဝင်သွားကြသည့်တိုင် လောထျန်း၏ အကာအကွယ် အရောင်အဝါအား နည်းနည်းလေးပင် မဖျက်ဆီးနိုင်ကြပါ။

ဟင် .. ကြည့်လိုက်ဦးဟေ့

ထိုစဉ် လူတစ်ယောက်က တစ်စုံတစ်ခုကို မြင်သွားကာ ရုတ်တရက် ထအော်လိုက်သည်။

ကျန်လူအုပ်မှာလည်း သူ့အော်သံကြောင့် လှည့်ကြည့်လိုက်ကြပြီးနောက် မျက်နှာထားများ ပြောင်းကုန်ကြ၏။

ထိုစဉ်တွင် အရှုပ်အထွေးဓားရေကန် အလယ်၌ ကျန် ဓားစိတ်ဆန္ဒများနှင့် သိသိသာသာပင် ကွဲပြားလှသော လူအသွင်ပြောင်း ဓားစိတ်ဆန္ဒ သုံးခု ရေအောက်ထဲမှ တဖြည်းဖြည်း ထွက်လာနေပါသည်။

၎င်း ဓားစိတ်ဆန္ဒသုံးခုမှ ကျန် လူအသွင်ပြောင်း ဓားစိတ်ဆန္ဒများထက် အရပ်ပိုရှည်သလို ပို၍လည်း ထင်ထင်ရှားရှား ရှိပါ၏။

ထို့အပြင် ၎င်းတို့၏ မျက်လုံးများမှ ကျောချမ်းဖွယ် အလင်းတန်းတစ်ခု ထွက်နေသည်ကိုလည်း လူအုပ်ကြီး မြင်လိုက်ရသည်။

ဘာ .. ဘာတွေဖြစ်နေတာလဲ

တစ်ယောက်က တုန်လှုပ်စွာမေးသည်။

ရှေးဟောင်းသမိုင်းစာအုပ်တွေထဲမှာ ဒီလိုအဖြစ်မျိုး မှတ်တမ်းတင်ထားတာ မရှိဘူးကွ

လူတစ်ယောက်က မိုရှန့်ဘက် ချက်ချင်းလှည့်ကြည့်လိုက်သည်။

သခင်ကြီးမိုရှန့် ၊ ဒီ ဓားစိတ်ဆန္ဒသုံးခက ဘာတွေလဲဗျ

အနားမှ အခြားတစ်ယောက် မေးပါ၏။

ကျန်လူများအားလုံးလည်း သူ့ဘက် လှည့်ကြည့်လိုက်ကြသည်။

မိုရှန့်၏ သဘာဝဓားသန္ဓေလောင်းဖြင့် ထို ‌ဓားစိတ်ဆန္ဒများ၏ အစွမ်းကို အာရုံခံနိုင်သည် မဟုတ်ပါလား။

မိုရှန့်က ဘာစကားမှ မဆိုဘဲ မျက်လုံးမှိတ်၍သာ သူ့ သဘာဝဓားသန္ဓေလောင်း အစွမ်းကိုသုံး၍ ထိုဓားစိတ်ဆန္ဒသုံးခုအား အာရုံခံကြည့်လိုက်သည်။

သို့သော် ထိုသို့ လုပ်လိုက်ပြီးမကြာခင်မှာပင် ..

အွတ်

မိုရှန့်တစ်ယောက် သွေးအန်ကာ နောက်သို့ ယိုင်သွား၏။

ဟင် .. သခင်ကြီးမိုရှန့် ၊ ဘာဖြစ်လို့လဲ

ဘေးနားမှ တစ်ယောက်က အလန့်တကြား မေးလိုက်သည်။

မိုရှန့်က သွေးဆုတ်ဖြူရော်နေသည့် မျက်နှာဖြင့် တုန်လှုပ်စွာ ပြန်ပြော၏။

အဲ့ ဓားစိတ်ဆန္ဒသုံးခုက ပုံမှန်မဟုတ်ဘူး။ သူတို့ရဲ့အစွမ်းက ဆယ်ဘွဲ့ရ မသေမျိုးဘုရင်ထက်တောင် သာနေသေးတယ်

ဘယ်လို ၊ ဆယ်ဘွဲ့ရ မသေမျိုးဘုရင်ထက် သာတယ်

အနီးနားပတ်ဝန်းကျင်တစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ကြသည်။

လက်ရှိ ကမ္ဘာကြီးတွင် မသေမျိုး‌ဧကရာဇ် တစ်ယောက်မှ မရှိသလို မသေမျိုးဧကရာဇ်အဆင့်နီးပါး ကျင့်ကြံသူ မပေါ်လာသည်မှာလည်း နှစ်ပေါင်းများစွာ ကြာသွားခဲ့လေပြီ။

သို့ဖြစ်ရာ လက်ရှိတွင် ဆယ်ဘွဲ့ရ မသေမျိုးဘုရင်များကသာ ကျင့်ကြံခြင်းလောက၏ ထိပ်ဆုံးတွင် ရှိနေသူများ ဖြစ်ပါ၏။

လက်ရှိ ကျယ်ပြောလှသော ချင်းယွမ်ဒေသတွင်လည်း ဆယ်ဘွဲ့ရ မသေမျိုးဘုရင်ဟူ၍ ဒါလောင်မသေမျိုးဘုရင် တစ်ယောက်တည်းသာ ရှိပါသည်။

သို့သော် ယခု ဤအရှုပ်အ‌ထွေးဓားရေကန်ထဲမှ ဓားစိတ်ဆန္ဒသုံးခု၏ အစွမ်းက ဆယ်ဘွဲ့ရ မသေမျိုးဘုရင်ထက်ပင် သာနေသတဲ့လား ...

ဤသတင်းသာ အပြင်ရောက်သွားပါက ကမ္ဘာတစ်ခုလုံးကို ကိုင်လှုပ်နိုင်မည်လား မသိပေ။

သခင်လေးလောထျန်းကို ရှေ့ဆက်မတိုးဖို့ သတိပေးလိုက်ရင် ကောင်းမလား

တစ်ယောက်က လေသံတိုးတိုးဖြင့် မေးပါသည်။

ထိုစဉ် အရှုပ်အထွေးဓားရေကန်ထဲ ရှိနေသည့် လောထျန်းမှာလည်း ရုတ်တရက် တစ်စုံတစ်ခုကို အာရုံခံမိသွားဟန် တူပါ၏။

ဟင် .. ဒီသုံးခုက တော်တော်လေး အစွမ်းထက်ကြတာပဲ

လောထျန်း ထို ဓားစိတ်ဆန္ဒသုံးခုကိုကြည့်ကာ တီးတိုးရေရွတ်လိုက်သည်။

ထို့နောက် ချက်ချင်းဆိုသလိုပင် သူ ထို ဓားစိတ်ဆန္ဒသုံးခုဆီသို့ သွားလိုက်ပါ၏။

သူ့နောက်တွင်လည်း ရာပေါင်းများစွာသော ဓားစိတ်ဆန္ဒများက လိုက်လံ တိုက်ခိုက်နေကြဆဲပင် ။

တစ်ချိန်တည်းမှာပင် တဖက်မှ ဓားစိတ်ဆန္ဒသုံးခုမှာလည်း လောထျန်းချဉ်းကပ်လာသည်ကို အာရုံခံမိသည့်အလား ၎င်းတို့၏ မျက်လုံးများမှ ထွက်နေသည့် အလင်းတန်းက ပိုပိုစူးရှလာပါသည်။

ချွှင်

၎င်းဓားစိတ်ဆန္ဒ သုံးခုထဲမှ တစ်ခုဆိုလျှင် လောထျန်းအား ရှေ့ဆက်မတိုးစေချင်ပုံဖြင့် ကြောက်မက်ဖွယ် ဖိအားတစ်ခု ထုတ်လွှတ်လာ၏။

သို့သော် လာထျန်းမှာ ကြောက်ရွံ့ပုံမရဘဲ မျက်လုံးများ အရောင်လက်သွားပါသည်။

အိုး .. ဒီဟာက သာမာန် ဓားစိတ်ဆန္ဒတွေနဲ့ တကယ်ကွဲတာပဲ

လောထျန်း ပြောပြီးသည်နှင့် လှစ်ခနဲ လှုပ်ရှားသွားကာ ဓားစိတ်ဆန္ဒသုံးခု၏ အလယ်တည့်တည့်သို့ ရောက်သွားသည်။

လာလေ ၊ ငါ့ကို တိုက်ခိုက်ကြ

သူ ရယ်ရင်းလည်း ပြောလိုက်သေး၏။

ဝုန်း .. ဝုန်း .. ဝုန်း

ဓားစိတ်ဆန္ဒသုံးခုကလည်း တစ်ပြိုင်နက်တည်းနီးပါး ပေါက်ကွဲလာကြပါသည်။

အရှုပ်အထွေး နတ်ဘုရားအလင်းတန်း သုံးခုလည်း ကောင်းကင်ယံသို့ ထိုးတက်သွား၏။

အစွမ်းထက်လိုက်တဲ့ အရောင်အဝါပါလား

တကယ်ကြီး အဲ့လောက်တောင် အစွမ်းထက်တာလား

ခပ်လှမ်းလှမ်းမှ လူအုပ်မှာကား ထိုမြင်ကွင်းကို ကြည့်နေရင်းဖြင့်ပင် ကြောက်မက်ဖွယ်ဖိအားကို ခံစားလိုက်ကြရ၏။

အချို့လူများဆိုလျှင် တုန်လှုပ်လွန်း၍ သတိပင် မေ့ကုန်ကြသည်။

ထိုတခဏ၌ သူတို့ရင်ထဲလည်း လေးလံသွားကြ၏။

ဘေးသို့ထွက်လာသည့် အားကပင် ဤမျှလောက် အစွမ်းထက်သည်ဆိုပါက ဓားစိတ်ဆန္ဒများ၏ အလယ်လယ်တည့်တည့်တွင် ရှိနေသော လောထျန်းတစ်ယောက် မည်သို့သောအစွမ်းမျိုးနှင့် ရင်ဆိုင်နေရမည်ကို သူတို့ တွေးပင် မတွေးဝံ့ပါ။

ထိုစဉ်

ချွှင်

ဓားအရိပ်သုံးခုက လောထျန်းအား တစ်ပြိုင်နက်တည်းလို တိုက်ခိုက်လိုက်ကြသည်။

ဝုန်း

ထိုတိုက်ခိုက်မှုမှ ထွက်လာသော ကြောက်မက်ဖွယ် ဖိအားကြီးကြောင့် အရှုပ်အထွေးဓားရေကန်ထဲရှိ ရေများ လေထဲလွင့်စင်သွားပြီး ဘေးနားတွင် ရှိနေသော အားနည်းသည့် ဓားစိတ်ဆန္ဒများ နောက်ရောက်ကုန်ကြ၏။

အရှုပ်အထွေး နတ်ဘုရားအလင်းတန်းများလည်း တလက်လက်တောက်နေသဖြင့် အဝေးမှ ကြည့်နေသူများအဖို့ လောထျန်းတစ်ယောက် ဘာဖြစ်နေသည်ကို မမြင်ရတော့ပါချေ။

အကိုထျန်း

သခင်လေး

သခင်လေးလောထျန်း

ထျန်းယွမ်ကမ္ဘာသားများ ၎င်းကိုကြည့်ပြီး အထိတ်တလန့် ဖြစ်ကုန်ကြပါ၏။

ဓားစိတ်ဆန္ဒသုံးခုမှ ထွက်လာသည့်အစွမ်းမှာ ကြောက်မက်ဖွယ် ကောင်းလွန်းနေသည် မဟုတ်ပါလား။

ထိုသို့ အားလုံး ရုတ်ရုတ်သဲသဲဖြစ်နေကြစဉ်မှာပင် ..

ချွှင်

ဓားစိတ်ဆန္ဒများ၏ တိုက်ခိုက်မှုများအလယ်မှ ဓားစိတ်ဆန္ဒ အသစ်တစ်ခု ရုတ်တရက် ပေါ်လာပါသည်။

ဟင် .. ဒါ ဘယ်လို ဓားစိတ်ဆန္ဒမျိုးပါလိမ့်

အားလုံး မိုရှန့်ဘက် လှည့်ကြည့်လိုက်ကြ၏။

မိုရှန့်တစ်ယောက်မှာလည်း အူကြောင်ကြောင်ဖြစ်လျက် ..

အစောပိုင်းက ထို ဓားစိတ်ဆန္ဒအသစ်ရှိနေသည်ကို သူ လုံးဝ အာရုံမခံမိခဲ့ပါချေ။

ထိုစဉ်မှာပင် ဓားစိတ်ဆန္ဒ သုံးခု၏ တိုက်ခိုက်မှုများ လွင့်ပါးပျောက်ကွယ်သွားကာ လောထျန်း ပြန်ပေါ်လာပါသည်။

လောထျန်းသည် နေရာတွင်သာ တည်တည်ငြိမ်ငြိမ် ရပ်နေဆဲဖြစ်ကာ ဘာမှ ထိခိုက်ထာစပုံ မရပါ။

ယခင်နှင့် မတူတော့သည့် တစ်ခုတည်းသောအချက်မှာ သူ့လက်ထဲမှ အရှုပ်အထွေး ဓားစိတ်ဆန္ဒတစ်ခု ထွက်နေခြင်းသာ ...

ဒါ .. သခင်လေးလောထျန်းက အရှုပ်အထွေး ဓားစိတ်ဆန္ဒကို အောင်အောင်မြင်မြင် စုစည်းလိုက်နိုင်ပြီလား

လူတစ်ယောက်၏ တအံ့တဩအော်သံ ထွက်လာသည်။

All Chapters