The Wrath of the Celestial child
Vol. 69 Ch. 1001
လောဟွေ့က ချက်ချင်းပြန်ဖြေ၏။
ဒီလိုပါ သခင်လေး ၊ အကိုလောရုံ သတင်းပို့လာတာတော့ သူ အခွင့်ကောင်းတစ်ခုနဲ့ တွေ့နေလို့ပါတဲ့။ ဒီကို သိပ်မကြာခင် ရောက်မယ်ပြောပါတယ်
လောထျန်း ဘာမှပြန်မပြောဘဲ ခေါင်းသာ ညိတ်ပြလိုက်သည်။
ဤ အရှုပ်အထွေးနတ်ဘုရားမြို့တော်ထဲ၌ အခွင့်ကောင်းများ ပေါများလှပေရာ လောရုံတစ်ယောက် ထိုသို့အခွင့်ကောင်းမျိုးနှင့် ကြုံရခြင်းက သဘာဝကျပါသည်။
ထို့အပြင် လောရုံသည်လည်း အရှုပ်အထွေးခန္ဓာကိုယ်ပိုင်ရှင် တစ်ယောက်ဖြစ်ရာ ဤနေရာရှိ အခွင့်ကောင်းများက သူ့အတွက် အလွန်ကောင်းပါ၏။
လုံယီရွှယ်ရော
ထို့နောက်တွင် လောထျန်း ကောင်းကင်ဘုံနဂါးလေးကို တွေးမိကာ ဆက်မေးလိုက်သည်။
သူ အရှုပ်အထွေးနတ်ဘုရားမြို့တော်ထဲသို့ ဝင်လာစဉ်တည်းက ထိုကောင်မလေးနှင့် မတွေ့ရသေးပါချေ။
လောထျန်း ထိုအတွေးဖြင့် အသံလွှင့်အဆောင်ကျောက်ပြားကို ထုတ်ကာ လုံယီရွှယ်ထံသို့ သတင်းပို့လိုက်သည်။
ဝီ
မကြာခင်မှာပင် တဖက်မှ လုံယီရွှယ်၏အသံ ထွက်လာပါ၏။
အကိုထျန်း ၊ တစ်ခုခုတော့ လွဲနေပြီ။ ဒီမှာ သားရဲကြီးတစ်ကောင် ရှိနေတယ်
သူမ၏ အသံထဲ၌ ကြောက်ရွံ့မှု အငွေ့အသက်အချို့လည်း ပါနေပါသည်။
ဟင် .. ဘယ်လိုသားရဲလဲ ။ မင်း အခုဘယ်မှာလဲ
လောထျန်း ချက်ချင်း မျက်မှောင်ကြုံ့သွားသည်။
ကျွန်မ ... သစ်ပင်တစ်ပင်အောက်မှာ ။ ဒီမှာ သားရဲကြီးရှိနေတယ် .. မြန်မြန်လာခဲ့ပါ
လုံယီရွှယ်က ထိတ်လန့်စွာ ဆို၏။
လောထျန်း မျက်လုံးပြူးသွားကာ မြန်မြန်မေးလိုက်သည်။
ဘယ်နားလဲဆိုတာ အတိအကျပြော
ဤ အရှုပ်အထွေးနတ်ဘုရားမြို့တော်ထဲ၌ သစ်ပင်များ ပေါများလှပေရာ သစ်ပင်တစ်ပင်အောက်တွင်ရှိသည်ဟု ပြောရုံဖြင့် သူ မည်သို့ရှာရပါမည်နည်း။
သို့သော် ထိုစဉ်တွင် လုံယီရွှယ်၏အသံအစား ယွဲ့လီ၏အသံသာ ထွက်လာပါ၏။
သခင်လေးလောထျန်း ၊ ကျွန်မတို့ အရှုပ်အထွေး စိတ်ဝိဉာဉ်သင်္ချိုင်းမှာပါ
အရှုပ်အထွေး စိတ်ဝိဉာဉ်သင်္ချိုင်း ဟုတ်လား ..
သူ့နောက်နားလေးတွေ ရှိနေသော စိတ်ဝိဉာဉ်သင်္ချိုင်းတောင်ကြား သခင်ကြီးဘက်သို့ လောထျန်း ချက်ချင်းလှည့်ကြည့်လိုက်သည်။
စိတ်ဝိဉာဉ်သင်္ချိုင်းတောင်ကြား သခင်ကြီးက မြန်မြန်ပြန်ပြော၏။
ကျုပ် အဲ့နေရာကိုသိတယ်။ အဲ့နေရာက ဒီ အရှုပ်အထွေးနတ်ဘုရားမြို့တော်ထဲမှာ အင်မတန်ကို အန္တရာယ်များတယ်လို့ သတ်မှတ်ထားတဲ့ နေရာတစ်ခုပဲ
လောထျန်း ခေါင်းညိတ်ကာ ယွဲ့လီအား ပြန်ပြောလိုက်သည်။
ဘယ်မှမသွားဘဲ အဲ့မှာပဲ နေကြနော်။ကျုပ် အခု လာရှာလှည့်မယ်
ယွဲ့လီက စိုးရိမ်ဟန်ဖြင့် သတိပေးရှာပါသည်။
သခင်လေး ၊ ကျေးဇူးပြုပြီး သတိတော့ထားပါနော်။ ကောင်းကင်ဘုံသားတော်လဲ ဒီမှာရှိနေတယ်
ကောင်းကင်ဘုံသားတော်လား ..
ထိုအမည်ကို ကြားသည်နှင့် လောထျန်း၏ မျက်လုံးများထဲ အေးစက်စက်အလင်းတန်းတစ်ခု ဖျတ်ခနဲလက်သွားသည်။
သူ ထိုကောင်အား သတ်ရန် အခွင့်ကောင်းရှာနေခဲ့သည်မှာ ကြာလှလေပြီ။
သို့သော် ထိုကောင်က အရှုပ်အထွေးဓားရေကန်ဘေးသို့ ရောက်မလာခဲ့ပါ ။
ယခုတွင်မူ မမျှော်လင့်ဘဲ အရှုပ်အထွေး စိတ်ဝိဉာဉ်သင်္ချိုင်းသို့ ရောက်နေသတဲ့ ..
ကောင်းပြီ ၊ ကျုပ် အခုလာခဲ့မယ်
လောထျန်း ပြန်ပြောလိုက်သည့် အသံမှာလည်း ရေခဲတမျှ အေးစက်လျက် ...
ခဏနေပါဦး သခင်လေးလောထျန်း ..
ယွဲ့လီက စိုးရိမ်တကြီး ထပ်ပြောလာပြန်၏။
ဘာဖြစ်လို့လဲ
လောထျန်း မေးလိုက်သည်။
ကောင်းကင်ဘုံသားတော်က ဟိုတစ်ခါတွေ့တုန်းကလို လုံးဝ မဟုတ်တော့ဘူးရှင့်။ သူ့ဆီမှာ အရမ်းကြောက်စရာကောင်းတဲ့ နတ်ဘုရားလက်နက်တစ်ခု ရှိနေတယ် ။ ဒီတော့ သခင်လေး သူ့ကို ထိပ်တိုက်ရင်ဆိုင်လို့ မဖြစ်ဘူး
ယွဲ့လီ ပြောနေရင်း ပိုပို၍ စိုးရိမ်လာဟန် တူပါသည်။
သို့သော် လောထျန်း ဘာမေးခွန်းမှ ပြန်မမေးနိုင်ခင်မှာပင် ..
ဝုန်း
သူ့လက်ထဲမှ အသံလွှင့် အဆောင်ကျောက်ပြားက ရုတ်တရက် ပေါက်ကွဲထွက်သွားပါသည်။
ဟင် .. ဒါက ..
အစိတ်စိတ်အမွှာမွှာ ဖြစ်သွားသော အသံလွှင့် အဆောင်ကျောက်ပြားကို ကြည့်ရင်း လောထျန်း မျက်လုံးပြူးသွား၏။
သူ ထိုအဖြစ်မျိုးနှင့် ကြုံရသည်မှာ ယခုက ပထမဆုံးပါပင် ။
၎င်းကိုမြင်သော စိတ်ဝိဉာဉ်သင်္ချိုင်းတောင်ကြား သခင်ကြီးက ရှင်းပြရှာသည်။
အဲ့ဒါ ဒီဘက်ကဖြစ်တဲ့ ပြဿနာမဟုတ်ဘူးဗျ ။ ကြည့်ရတာ အသံလွှင့်အဆောင် တဖက်က ကောင်းကင်ဘုံလျှို့ဝှက်ချက်ကို ထုတ်ပြောမိလိုက်လို့ အသံလွှင့်အဆောင်က မခံနိုင်တော့ပဲ ပေါက်ကွဲသွားတာနဲ့တူတယ်
အဲ့ဒါ ဟို ကောင်းကင်ဘုံသားတော် ဆိုတဲ့ကောင်ကြောင့်ပဲဖြစ်မှာ
လောထျန်း၏ မျက်လုံးထဲ လူသတ်အရိပ်အငွေ့တို့ တလက်လက်တောက်သွားသည်။
အရှုပ်အထွေး စိတ်ဝိဉာဉ်သင်္ချိုင်းက ဘယ်မှာရှိတာလဲ ။ ကျုပ်ကို လမ်းပြပေး
လောထျန်းပြောကာ စိတ်ဝိဉာဉ်သင်္ချိုင်းတောင်ကြား သခင်ကြီးအား ဂုတ်မှလှမ်းကိုင်လိုက်သည်။
စိတ်ဝိဉာဉ်သင်္ချိုင်းတောင်ကြား သခင်ကြီးမှာ ကြောက်လွန်း၍ တစ်ကိုယ်လုံးတုန်သွားပြီး လဲကျတော့မလိုပင် ဖြစ်သွားရှာ၏။
သခင်ကြီး .. ကျေးဇူးပြုပြီးတော့ အသာလုပ်ပါဗျာ ။ ကျုပ် ခုပဲ လမ်းပြပေးပါ့မယ်
သူ ကြောက်ရွံ့စွာ ဆိုလိုက်သည်။
မကြောက်၍လည်း ရပါမည်လား ။
လောထျန်း တစ်ချက်ကိုင်လိုက်ရုံဖြင့် သူ့ စိတ်ဝိဉာဉ် ပျောက်ဆုံးသွားတော့မလို ဖြစ်ခဲ့ရပါ၏။
ထို့နောက်တွင် အရှုပ်အထွေး စိတ်ဝိဉာဉ်သင်္ချိုင်း ရှိသည့်ဘက်သို့ သူ ချက်ချင်း ညွှန်ပြလိုက်သည်။
သို့သော် လောထျန်းက သူ့အား လွတ်မပေးဘဲ လက်တစ်ဖက်ဖြင့် ဂုတ်ကို ကိုင်ထားရင်း လောပန်းတို့လူအုပ်ဘက် လှည့်၍ ပြောပါသည်။
မင်းတို့က ဒီမှာ စောင့်နေခဲ့ကြ။ ငါ မကြာခင် ပြန်လာခဲ့မယ်
ဟုတ်ကဲ့ပါ အကိုထျန်း
လောပန်းတို့လူအုပ်က သံပြိုင်ပြန်ပြောကြ၏။
ထို့နောက်တွင် လောထျန်းက သူ့ ကောင်းကင်ဘုံခန္ဓာကိုယ်ရွှေ့ကွက်ကို အသက်သွင်းလိုက်ပြီး နေရာမှ တမဟုတ်ချင်း ပျောက်ကွယ်သွားတော့သည်။
အခြားတဖက် ၊ အရှုပ်အထွေး စိတ်ဝိဉာဉ်သင်္ချိုင်း တစ်နေရာ၌ ...
ဝုန်း ...
လူသားတစ်ဝက် စိတ်ဝိဉာဉ်ကြီးက အဆုံးမဲ့ နတ်ဆိုးစွမ်းအင်များကို ထုတ်လွှတ်ကာ အရပ်မျက်နှာပေါင်းစုံကို တိုက်ခိုက်နေပါ၏။
သူ တိုက်ခိုက်လိုက်သည့် နေရာတိုင်းမှာလည်း အစိတ်စိတ်အမွှာမွှာ ဖြစ်သွားကာ ပြီးနောက်မှ ကောင်းကင်နှင့်မြေကြီးစည်းမျဉ်းများ၏ ပြန်လည်ပြင်ဆင်မှုကြောင့် ပြန်ကောင်းသွားသည်ချည်းပင်။
သို့သော် ထို စိတ်ဝိဉာဉ် တိုက်ခိုက်နေစဉ်အတွင်းတွင်မူ အရှုပ်အထွေး စိတ်ဝိဉာဉ်သင်္ချိုင်းတစ်ခုလုံး ပျက်ကပ်နှင့် ကြုံရတော့မလို ...
သို့သော် တစ်ချိန်တည်းမှာပင် ၎င်းစိတ်ဝိဉာဉ်မှာ ချိန်းကြိုးများဖြင့် တုပ်နှောင်ခြင်းကို ခံထားရပါ၏။
ထိုချိန်းကြိုးများကြောင့်လည်း အစွမ်းထက်လှသည့် စိတ်ဝိဉာဉ်ကြီးမှာ အချိန်ကြာလာသည်နှင့်အမျှ ဖိနှိပ်ခြင်း ခံလိုက်ရပါတော့သည်။
သို့သော် ၎င်း၏ မျက်လုံးထဲမှ ရက်စက်ကြမ်းကြုတ်မှုတို့ကမူ ပိုပို၍ တိုးလာနေဆဲပါပင် ..
ဝေါင်း
စိတ်ဝိဉာဉ်သားရဲကြီး အော်ပြီး ဧရာမလက်သည်းချွန်ကြီးဖြင့် ရှေ့တွင်ရှိနေသည့် အရိပ်တစ်ခုကို ဖမ်းဆုပ်လိုက်သည်။
သို့သော် သူ့လက်သည်းချွန်များက ထိုအရိပ်အား မထိနိုင်ခင်မှာပင် တဖက်လူက လက်ဝါးဖြင့် ရိုက်ချလိုက်ပါ၏။
ဝုန်း
ဧရာမ စိတ်ဝိဉာဉ်ကြီးမှာ ထိုလက်ဝါးချက်ကြောင့် မြေပြင်တွင် ဒူးထောက်ကျသွားကာ အချိန်အတန်ကြာသည်အထိ ပြန်မရပ်နိုင်တော့ပေ။
သခင်ကြီး၊ ကျေးဇူးပြုပြီး သနားငဲ့ညှာပေးလိုက်ပါဗျာ
ထိုစဉ် ခပ်လှမ်းလှမ်းမှ ခဲရောင်ဝတ်ရုံနှင့် အဘိုးအိုတစ်ဦးက လှမ်းအော်ပြော၏။
စိတ်ဝိဉာဉ်အား တိုက်ခိုက်ခဲ့သည် အရိပ်မှာ ကောင်းကင်ဘုံသားတော် ပါပင် ။
သို့သော် လက်ရှိ ကောင်းကင်ဘုံသားတော်မှာ ယခင်လို မြောက်ကြွကြွပုံ ဟုတ်မနေဘဲ လူသတ်အရိပ်အငွေ့ကိုသာ ထုတ်လွှတ်ထားပြီး ..
သူ့အသွင်မှာလည်း ကောင်းကင်ဘုံမှ ဆင်းသက်လာသည့် သေမင်းတမန် တစ်ေယာက်နှင့် တူနေပါသည်။
အဘိုးအို၏ အသံကိုကြားချိန်တွင် သူ့ မျက်လုံးများက ဒေါသငွေ့ လက်ခနဲတောက်သွားပါ၏။
ဒီလို ဘာမဟုတ်တဲ့ သားရဲတစ်ကောင်က ငါ့အစာပဲ ဖြစ်သင့်တာလေ။ ဒီလိုကောင်ကများ ငါ့ကို အာခံရဲနေတာ ၊ သေဖို့ပဲကောင်းတယ်
ကောင်းကင်ဘုံသားတော် ထိုစကားကို ပြောပြီးသည်နှင့် သူ့အစွမ်းများအား ထပ်မံထုတ်လွှတ်လိုက်ပြန်သည်။
ဝုန်း
အသံကျယ် တစ်သံနှင့်အတူ လက်ဝါးအစွမ်း ထပ်ပေါ်လာပြန်ပြီး ၊ အရှုပ်အထွေး နတ်ဘုရားအလင်းတန်းထဲ ပါဝင်နေသော အရာတစ်ခုကလည်း တဖက်မှ စိတ်ဝိဉာဉ်အား အဆက်မပြတ် ထပ်မံဖိနှိပ်လာပြန်၏။
၎င်း ဖိနှိပ်အစွမ်းမှာလည်း မသေမျိုးဘုရင်အဆင့်ထက်ပင် သာလွန်နေပြီး ..
နောက်တစ်ဆင့်ဖြစ်သည့် မသေမျိုးဧကရာဇ် အဆင့်နီးပါးသို့ ရောက်နေခဲ့လေပြီ။
သခင်ကြီး ၊ အခုက သခင်ကြီး ကျင့်ကြံခြင်းအဆင့်တက်ဖို့အတွက် အင်မတန် အရေးကြီးတဲ့အချိန်ပါ။ သခင်ကြီးရဲ့အစွမ်းတွေကို ဒီလို ဘာမဟုတ်တဲ့ ကိစ္စလေးတွေမှာ အလဟသ မဖြစ်ပါစေနဲ့ဗျာ
ဘေးမှ ခဲရောင်ဝတ် အခြားအကြီးအကဲတစ်ယောက်ကလည်း ဝင်ပြော၏။
သို့သော် .. သူ ဘာမှ မပြောလိုက်လျှင်ပင် ပိုကောင်းပါလိမ့်ဦးမည်။
သူ ထိုသို့ ပြောလိုက်သည်နှင့် ကောင်းကင်ဘုံသားတော်၏ မျက်လုံးထဲမှ ရက်စက်ကြမ်းကြုတ်မှုတို့ အဆများစွာ ပိုတိုးသွားခဲ့ပါ၏။
ဝုန်း
ထို့နောက်တွင် သူ့လက်ဝါးချက်က အကြီးအကဲနှစ်ယောက်ပေါ် ကျလာတော့သည်။
ဟင်
အကြီးအကဲ နှစ်ယောက်မှာလည်း တစ်ပြိုင်နက်တည်း လှုပ်ရှားလိုက်ကြကာ မူလမသေမျိုးလက်နက် ကိုယ်စီထုတ်၍ ၎င်းလက်ဝါးချက်ကို ကာကွယ်လိုက်ကြသည်။
ဝီ
သို့သော်
ဝုန်း
၎င်း မူလမသေမျိုးလက်နက် နှစ်ခုလုံးမှာ ကောင်းကင်ဘုံသားတော်၏ လက်ဝါးချက်ဖြင့် အဝေးသို့ လွင့်ထွက်သွားရပါ၏။
တစ်ခုဆိုလျှင် အက်ရာပင် ထင်သွားပါသေးသည်။
အဘိုးအို နှစ်ယောက်မှာလည်း မူလမသေမျိုးလက်နက်များကို ဆုံးရှုံးပြီးသည်နှင့် ကိုယ်စီသွေးအန်ကာ နောက်သို့ လွင့်သွားကြ၏။
ဝုန်း
ဝုန်း
ထို့နောက်တွင် သူတို့နှစ်ဦး မြေပြင်သို့ ပြန်ကျသွားသည့်နေရာ၌ တွင်းနက်ကြီးနှစ်ခု ပေါ်လာတော့သည်။
သူတို့နှစ်ယောက်လုံးမှာလည်း ကိုယ်ထဲမှ အရိုးပေါင်းများစွာ ကျိုးနေကာ အချိန်အတန်ကြာသည်အထိ ပြန်မထနိုင်ကြပေ။
သူတို့ရခဲ့သော ဒဏ်ရာများက ပြင်းထန်လွန်းလှပါသည်။
ထိုစဉ် ကောင်းကင်ဘုံသားတော်က သူတို့နှစ်ယောက်ကို ငုံ့ကြည့်ရင်း အေးစက်စက်အသံဖြင့် ပြောလာသည်။
ငါ့ကို ဘယ်သူမှ အမိန့်ပေးလို့မရဘူး
သူ့အသံတွင်လည်း လူသတ်အရိပ်အငွေ့တို့ ပြည့်လျက် ..
အဘိုးအိုနှစ်ယောက်လုံး ကျောရိုးထဲမှပင် အေးစိမ့်သွားကြတော့သည်။
ဝုန်း
ထိုစဉ် စိတ်ဝိဉာဉ်ကြီးက ကောင်းကင်ဘုံသားတော် အာရုံများနေသည်ကို အခွင့်ကောင်းယူကာ ချိန်းကြိုးများမှ ရုန်းထွက်ပြီး ကောင်းကင်ဘုံသားတော်အား လက်သည်းချွန်ဖြင့် နောက်တစ်ကြိမ် ထပ်တိုက်ခိုက်လိုက်၏။
ဝုန်း
နားပင်းလုမတတ် အသံကျယ်ကြီး တစ်သံနှင့်အတူ သူ့လက်သည်းချွန်များက ကောင်းကင်ဘုံသားတော်၏ ရင်ဘတ်ပေါ်သို့ ကျသွားခဲ့ပါသည်။