← Chapters

The final sacrifice

Vol. 69 Ch. 1002

The final sacrifice

Vol. 69 Ch. 1002

ဟာ .. မဖြစ်ဘူး

၎င်းကိုမြင်သော အဘိုးအိုနှစ်ယောက်ထံမှ အထိတ်တလန့်အော်သံများ တစ်ချိန်တည်းနီးပါး ထွက်လာသည်။

သူတို့အသွင်မှာလည်း ကောင်းကင်ဘုံသားတော် အသတ်ခံရမည်ကို စိုးရိမ်နေပုံ ..

သို့သော် ကောင်းကင်ဘုံသားတော်မှာ ထိုရိုက်ချက်ကြောင့် အနောက်ဘက် ဆယ်ပေကျော်ခန့်သာ ရောက်သွားရုံဖြစ်ပါသည်။

ထိုစဉ်မှ အကြီးအကဲနှစ်ယောက် သက်ပြင်းကိုယ်စီ ချနိုင်သွားကြ၏။

တဖက်မှ ကောင်းကင်ဘုံသားတော်က ဧရာမ စိတ်ဝိဉာဉ်ကြီးအား လှည့်ကြည့်လာပါသည်။ သူ့မျက်လုံးများထဲမှလည်း လူသတ်အရိပ်အငွေ့တို့ ထပ်ထွက်လာပြန်၏။

သားရဲကောင် .. မင်းကများ ငါ့ကို ထပ်တိုက်ခိုက်ရဲတယ်ပေါ့လေ ။ မင်းကိုငါ သတ်မယ်

ဝုန်း

စကားဆုံးသည်နှင့် ကောင်းကင်ဘုံသားတော်၏ ကိုယ်မှ အရှုပ်အထွေး နတ်ဘုရားအလင်းတန်းများ ထွက်လာ၏။

ဝီ

သူ့အနောက်ဘက်တွင်လည်း မဟာတာအိုစိတ်ဝိဉာဉ်အရိပ်စစ် တစ်ခု စုစည်းလာသည်။

သို့သော် သူ၏ လက်ရှိ မဟာတာအို စိတ်ဝိဉာဉ်အရိပ်စစ်မှာလည်း ယခင်ကနှင့် မတူတော့ပါ။

ကောင်းကင်ဘုံသားတော်၏ အသွင်က ကောင်းကင်ယံမှ ဆင်းသက်လာသည့် နတ်ဘုရားတစ်ပါးနှင့် တူနေသလို ... သူ့နောက်မှ မဟာတာအို စိတ်ဝိဉာဉ်အရိပ်စစ်မှာကား စကားဖြင့်ဖော်ပြရန် ခက်လှသော မိစ္ဆာအရောင်အဝါကို ထုတ်လွှတ်နေပါ၏။

ဝုန်း

ထို့နောက်တွင်မူ ကောင်းကင်ဘုံသားတော်က စိတ်ဝိဉာဉ်ကြီးအား သူ့လက်ဝါးဖြင့် ထပ်ရိုက်လိုက်သည်။

ကြောက်မက်ဖွယ် လက်ဝါးအစွမ်းကြီး ကျလာကာ စိတ်ဝိဉာဉ် ထပ်မံဖိနှိပ်ခံလိုက်ရပြန်ပါသည်။ သို့သော် ၎င်းက လုံးဝပျောက်ကွယ်မသွားသေးပါ ။

သခင်ကြီး ၊ အဲ့ကောင်ကြီးရဲ့ ခန္ဓာကိုယ်က မသေမျိုးဧကရာဇ် အဆင့်နီးပါးလောက် ရှိတယ်ဗျ။ သူ့ကို သာမာန်နည်းမျိုးနဲ့ သတ်ဖို့မဖြစ်နိုင်ဘူး။ ဒီတော့ အဲ့ကောင်ကြီးကို မြန်မြန်သန့်စင်လိုက်တာပဲ ပိုကောင်းမှာပါ

ခဲရောင်ဝတ် အကြီးအကဲက ခက်ခက်ခဲခဲထရပ်ရင်း စိုးရိမ်တကြီး ဆိုလာသည်။

သို့သော် ကောင်းကင်ဘုံသားတော်မှာကား ထိုစကားကိုကြားပြီး ဒေါသပိုထွက်သွားဟန် တူပါ၏။

သတ်လို့မရဘူး ဟုတ်လား ၊ ငါက ကောင်းကင်ဘုံမှာရော ကမ္ဘာကြီးမှာပါ ပြိုင်ဘက်ကင်းပဲ ။ ငာင်္ါ သတ်မလို့မရတာ ဘာမှမရှိဘူး

သူ ပြောပြီး အသက်ပြင်းပြင်းရှိုက်၍ လက်တစ်ဖက်ကို နောက်ပစ်လိုက်သည်။

ချွှင်

ကောင်းကင်နှင့်မြေကြီး တမဟုတ်ချင်း တုန်ခါသွား၏။

၎င်းကိုမြင်သော အကြီးအကဲနှစ်ယောက် ချက်ချင်း ဟန်ချက်ပျက်ကုန်ကြသည်။

သခင်ကြီး ၊ အဲ့လို မလုပ်ပါနဲ့ ။ အဲ့ နတ်ဘုရားလက်နက်ကို ထပ်သုံးလို့မရဘူး

အကြီးအကဲတစ်ယောက်က အသံတုန်တုန်ဖြင့် ဆိုရှာသည်။

ဟုတ်ပါတယ် သခင်ကြီးရယ် ။ အဲ့ဒါ သခင်ကြီးရဲ့ အစွမ်း မဟုတ် ....

ကျန် အကြီးအကဲကလည်း နားချရန် ကြိုးစားရှာ၏။

သို့သော် ကောင်းကင်ဘုံသားတော်က သူတို့နှစ်ယောက်ကို လုံးဝ လျစ်လျူရှုထားပါသည်။

ထို့နောက်တွင် သူ့လက် လှုပ်ရှားသွားကာ လေထဲမှ တစ်စုံတစ်ခုကို ဆုပ်ယူသည့်ဟန် လုပ်လိုက်၏။

တလက်လက်တောက်နေသော အလင်းတန်းတစ်ခု ရုတ်ချည်း ပေါ်လာပြီး ...

ဝုန်း

အသံကျယ် တစ်သံနှင့်အတူ အရှုပ်အထွေး နတ်ဘုရားအလင်းတန်းတစ်ခု ကောင်းကင်ယံမှ ထိုးကျလာသည်။

ဧရာမ စိတ်ဝိဉာဉ်ကြီးမှာလည်း ထို နတ်ဘုရားအလင်းတန်းကြောင့် ချက်ချင်း နှစ်ပိုင်းပြတ်သွား၏။

ဝီ

ထို စိတ်ဝိဉာဉ် ပျောက်ကွယ်သွားသည်နှင့် တစ်ပြိုင်နက် အဆုံးမဲ့အစွမ်းများ အရပ်မျက်နှာပေါင်းစုံသို့ လွင့်ပျယ်သွားပါသည်။

ဒါ ...

အကြီးအကဲနှစ်ယောက်မှာ ထိုမြင်ကွင်းကိုကြည့်ပြီးနောက် တစ်ယောက်ပြီးတစ်ယောက် မြေပြင်သို့ လဲကျသွားကြ၏။

သူတို့၏ မျက်လုံးများမှာလည်း ကြောက်ရွံ့တုန်လှုပ်မှုတို့ ပြည့်လျက်။

ဘယ်လိုဖြစ်ပြီးတော့ ...

ငါတို့တွေ နောက်ဆုံးတစ်ဆင့်လေးပဲ လိုတော့တာလေကွာ ...

သူတို့နှစ်ဦး၏ တီးတိုးရေရွတ်သံများလည်း ထွက်လာသည်။

ထိုစဉ် ကောင်းကင်ဘုံသားတော်က လှောင်ပြုံးဖြင့် ပြောပါ၏။

အဲ့ဒါ ငါ့ကို အာခံတဲ့သူတွေ ကြုံရမယ့် အဆုံးသတ်ပဲ

သူ ပြောပြီး အကြီးအကဲနှစ်ယောက်ဆီသို့ တစ်လှမ်းချင်း လျှောက်သွားလိုက်သည်။

ကဲ .. အခု အရှုပ်အထွေး စိတ်ဝိဉာဉ်သင်္ချိုင်းက ငါ့အတွက် ဘာမှအသုံးမဝင်တော့ဘူး ။ ဒီတော့ ငါ့ကို အရှုပ်အထွေး မသေမျိုးဧကရာဇ်ဖြစ်အောင် လုပ်ပေးမယ့် နောက်ဆုံးအဆင့်ကို သွားလိုက်ကြတာပေါ့

ကောင်းကင်ဘုံသားတော်က မျက်နှာမော်ချီစွာ ဆိုလိုက်သည်။

အကြီးအကဲနှစ်ယောက်မှာ တစ်ယောက်ကိုတစ်ယောက် စိတ်မသက်မသာ တစ်ချက်သာလှမ်းကြည့်ပြီးနောက် တစ်ပြိုင်တည်း ဦးညွှတ်လိုက်ကြ၏။

ကျုပ်တို့ အမိန့်နာခံပါ့မယ် သခင်ကြီး

ထို့နောက်တွင် အကြီးအကဲတစ်ယောက်က လက်ဖြင့် အစီအမံအချို့ လုပ်လိုက်ပါသည်။

ဝီ

မကြာခင်မှာပင် သူ့ရှေ့မှ လေထုက နည်းနည်းချင်းစီ အက်ကွဲလာပြီး ... လေထုလမ်းကြောင်းတစ်ခု ပေါ်လာသည်။

ကောင်းကင်ဘုံသားတော်က ထိုလေထုလမ်းကြောင်းအား စိတ်လှုပ်ရှားနေသည့် မျက်လုံးအစုံဖြင့် လှမ်းကြည့်ကာ အထဲသို့ ခြေချလိုက်သည်။

အကြီးအကဲနှစ်ယောက် အပြန်အလှန် လှည့်ကြည့်လိုက်ကြပြီးနောက် နောက်မှ လိုက်ဝင်သွားကြ၏။

ဝီ

သူတို့သုံးဦး အထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားပြီးချိန်တွင် လေထုလမ်းကြောင်းလည်း ပြန်ပျောက်သွားခဲ့ပါသည်။

အရှုပ်အထွေး စိတ်ဝိဉာဉ်သင်္ချိုင်း တစ်ခုလုံးလည်း ပြန်လည်တိတ်ဆိတ်ငြိမ်သက်သွား၏။

ထိုစဉ်မှာပင် ..

ဝုန်း

အပျက်စီးပုံတစ်ခု ရုတ်တရက် ပေါက်ကွဲသွားပြီး ...

ယွဲ့လီနှင့် လုံယီရွှယ်တို့ နှစ်ယောက်သား ဖရိုဖရဲပုံစံဖြင့် အပျက်အစီးများကြားမှ ထွက်လာကြသည်။

ကြောက်လိုက်တာဟာ .. ခုနက တကယ်သေရတော့မယ်လို့ကို ထင်နေခဲ့တာ

ယွဲ့လီက အသက်ကို မောကြီးပန်းကြီး ရှူရင်း တုန်တုန်ယင်ယင်ဆိုရှာသည်။

အစောက ကောင်းကင်ဘုံသားတော်၏ သိုင်းကွက်မှာ အမှန်တကယ် ကြောက်စရာကောင်းလောက်အောင် အားပြင်းလှပါ၏။

သူမတစ်ကိုယ်လုံး အေးစက်သွားခဲ့ရသည်အထိပင် ။

တဖက်မှ လုံယီရွှယ်သည်ပင် ခေါင်းအသည်းအသန် ညိတ်ရှာပါသည်။

ဒီ ကောင်းကင်ဘုံသားတော်က တကယ်ကို အန္တရာယ်များတာပဲ

သူမလို ဘာကိုမှ ဂရုမစိုက်တတ်သူ တစ်ယောက်သည်ပင် လက်ရှိအချိန်၌ ကျောရိုးထဲမှ ချမ်းစိမ့်သလို ခံစားနေရပါသည်။

အစောက ကောင်းကင်ဘုံသားတော်၏ သိုင်းကွက်ကသာ သူမကို ဦးတည်ခဲ့သည်ဆိုပါက သူမ အသက်ရှင်လျက် ကျန်နိုင်မည်မဟုတ်ကြောင်း သေချာ ခံစားမိခဲ့ရသည် မဟုတ်ပါလား။

သူမ မှတ်မိသလောက်ဆိုလျှင် ထိုသို့သော ခံစားချက်မျိုးကို လောထျန်းနှင့်သာ ခံစားခဲ့ရဖူးပါသည်။

ယခု အားလုံး ပြီးသွား၍သာ တော်ပါသေး၏။

ထိုစဉ်မှာပင်

ဝီ

လေထု မငြိမ်မသက် ဖြစ်လာသည့်အတွက် လုံယီရွှယ်နှင့် ယွဲ့လီတို့ နှစ်ယောက်လုံး လန့်သွားကြကာ ကောင်းကင်ဘုံသားတော် ပြန်‌ရောက်လာသည်ထင်ပြီး အမြန်ပုန်းလိုက်ကြသည်။

သို့သော် လေထု ပြန်တည်ငြိမ်သွားချိန်၌ ပေါ်လာသူမှာ လောထျန်းပင် ...

အကိုလောထျန်း

သခင်လေးလောထျန်း

ယွဲ့လီရော လုံယီရွှယ်ပါ ဝမ်းသာအားရ အော်လိုက်ကြသည်။

ဟင် .. မင်းတို့ အဆင်ပြေကြရဲ့လား

လောထျန်းမှာလည်း သူတို့နှစ်ယောက်ကိုမြင်မှ ရင်ထဲမှအလုံးကြီး ကျသွားပုံဖြင့် သက်ပြင်းချလိုက်သည်။

အစောပိုင်းက ဆက်သွယ်ရေးအဆောင်ကျောက်ပြား ကွဲသွားချိန်တွင် ထိုနှစ်ယောက် ကံဆိုးခြင်းနှင့် ကြုံရပြီလားဟုတွေးကာ သူ အလွန်စိုးရိမ်သွားခဲ့ရပါ၏။

ယခု သူတို့နှစ်ယောက်လုံး အန္တရာယ်ကင်းကင်း ရှိနေကြ၍သာ တော်ပါသေးသည်။

လောထျန်း စိတ်ပူနေသည်ကိုတွေ့သော ယွဲ့လီက မြန်မြန်ဝင်ရှင်းပြရှာပါ၏။

ခုနက သခင်လေးနဲ့ ဆက်သွယ်နေတဲ့အချိန်မှာ ကောင်းကင်ဘုံသားတော်ရဲ့ အစွမ်းက ကြီးလွန်းလို့ ဆက်သွယ်ရေးအဆောင်ကျောက်ပြား မခံနိုင်တော့ဘဲ ကွဲသွားခဲ့ရတာပါ ...

လောထျန်း မျက်မှောင်ကြုံ့လိုက်သည်။

အခု အဲ့ ကောင်းကင်ဘုံသားတော် ဘယ်ရောက်သွားပြီလဲ

ယွဲ့လီက ဖြစ်ပျက်ခဲ့သမျှကို မြန်မြန်ပင် ပြောပြ၏။

လောထျန်း အံ့အားသင့်သွားပြီးမှ စိတ်ဝိဉာဉ်သင်္ချိုင်းတောင်ကြား သခင်ကြီးဘက် လှည့်ကြည့်၍မေးလိုက်သည်။

အဲ့ကောင် ဘယ်ရောက်သွားတယ်ဆိုတာ ခင်ဗျားသိလား

စိတ်ဝိဉာဉ်သင်္ချိုင်းတောင်ကြား သခင်ကြီးက မြန်မြန်ပြန်ဖြေ၏။

ကျုပ် တကယ်ကို မသိတာပါဗျာ ။ အရှုပ်အထွေးနတ်ဘုရားမြို့တော်ထဲမှာ အဲ့လိုနေရာမျိုး ရှိတယ်ဆိုတာလဲ တကယ်မကြားဖူးပါဘူး

လောထျန်း မျက်မှောင်အနည်းငယ်ကြုံ့ကာ ခေတ္တမျှ မှင်သက်သွားသည်။

တဖက်မှ ယွဲ့လီက သက်ပြင်းချကာ ပြော၏။

သခင်လေးလောထျန်း၊ အခု ကောင်းကင်ဘုံသားတော် ပျောက်သွားတာ ကောင်းတဲ့ကိစ္စလို့ပဲ ပြောရမယ်

သူမ၏ မျက်လုံးထဲ၌ အစောက ကောင်းကင်ဘုံသားတော်၏ တိုက်ခိုက်မှုကို ပြန်မြင်ယောင်နေဆဲ ဖြစ်သလို ...

လောထျန်းအား ထိုသို့သော အဖြစ်မျိုးနှင့် အမှန်တကယ် မကြုံစေချင်ပါချေ။

ထို ကောင်းကင်ဘုံသားတော်မှာ အစွမ်းထက်လွန်းလှပါသည်။

လောထျန်းကမူ ဘာမှပြန်မပြောဘဲ တိတ်တဆိတ်သာ နေနေ၏။

ထိုစဉ် .... လေထုလမ်းကြောင်းထဲသို့ ဝင်သွားကြသည့် ကောင်းကင်ဘုံသားတော်တို့ သုံးယောက်မှာ ထူးဆန်းသော နေရာတစ်နေရာသို့ ရောက်သွားကြပါသည်။

ဒီနေရာက ကျုပ် အရှုပ်အထွေး မသေမျိုးဧကရာဇ် ဖြစ်လာမယ့်နေရာပေါ့ ဟုတ်လား

ကောင်းကင်ဘုံသားတော်က ဘေးပတ်လည်မှ ပျကီးယိုယွင်းနေသော လေထုကိုကြည့်ရင်း မေးပါသည်။

မှန်ပါတယ် သခင်ကြီး။ အခု မသေမျိုးဧကရာဇ် ဖြစ်ဖို့အတွက် နောက်ဆုံးအဆင့်အနေနဲ့ ရိုးရာတစ်ခုကို လုပ်လိုက်ရင်ရပါပြီ

ဟုတ်ပါတယ် ။ ဒီနေ့ကစပြီးတော့ သခင်ကြီးဟာ အရှုပ်အထွေး မသေမျိုးဧကရာဇ်အစစ်တစ်ယောက် ဖြစ်လာပြီးတော့ ခေတ်အဆက်ဆက် ပြိုင်ဘက်ကင်း ဖြစ်တော့မှာပါ

အကြီးအကဲနှစ်ယောက်က တလေးတစား ဆိုလိုက်ကြ၏။

ကောင်းကင်ဘုံသားတော်၏ မျက်နှာထက်တွင် အပြုံးတစ်ခု ပေါ်လာသည်။

ထို့နောက်တွင် သူ့ရှေ့၌ ဒူးထောက်နေကြသော အကြီးအကဲနှစ်ယောက်၏ ခေါင်းကိုအသာပုတ်ရင်း ဆိုပါသည်။

မင်းတို့နှစ်ယောက်က တကယ်တော်ကြပါတယ် ။ ငါ ဘာမှမဟုတ်သေးခင် အချိန်မှာတောင် မင်းတို့က တခြားသူတွေနဲ့အတူ ငါ့နောက်လိုက်လုပ်ပြီး ငါ့ကို ကာကွယ်ပေးခဲ့ကြတာ

ဒီနေ့တော့ ငါ မသေမျိုးဧကရာဇ် ပလ္လင်ပေါ်ကို တက်ရတော့မယ်။ ဒီနေ့ကစပြီး ငါ ကမ္ဘာကြီးကို အုပ်ချုပ်ရတော့မှာကွ ။ မင်းတို့နှစ်ယောက်ကလည်း ငါပြီးရင် ဒုတိယအစွမ်းအထက်ဆုံးသူတွေ ဖြစ်လာကြတော့မှာ ...

သူ ထိုစကားကို ပြောချိန်၌ အနည်းငယ်လည်း စိတ်ခံစားချက်တို့ ရောပြွန်းနေပုံပါပင် ..

တဖက်မှ အကြီးအကဲနှစ်ယောက်မှာ သူ့စကားကို နားထာင်ရင်း ခေါင်းများ ပိုငုံ့သွားကြ၏။

ဒါဆိုရင် ၊ကျေးဇူးပြုပြီး နောက်ဆုံးအဆင့်ကို လုပ်လိုက်ပါသခင်ကြီး

အကြီးအကဲတစ်ယောက်က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

ကောင်းကင်ဘုံသားတော် ခေါင်းညိတ်လိုက်၏။

ကောင်းပြီ ၊ နောက်ဆုံး ယဇ်ပူဇော်ခြင်းကို စလိုက်ကြတာပေါ့

သူပြောပြီး ရှေ့နားလေးတွင် ရှိနေသော ပုလ္လင်ဆီသို့သွားကာ လက်ဝါးကို ဓားဖြင့် မွှန်းလိုက်သည်။

သူ့လက်ချောင်းများကြားမှ စီးကျလာသော ရွှေရောင်သွေးတစ်စက်က ပုလ္လင်ပေါ်သို့ ချက်ချင်းကျသွား၏။

ဝီ

တစ်ချိန်တည်းမှာပင် ပုလ္လင်အတွင်းထဲ၌ မျှော်လင့်မထားသည့် တစ်စုံတရာ ဖြစ်သွားပါသည်။

All Chapters