The Powerful Celestial Child
Vol. 69 Ch. 1005
"ငါ့ရှေ့ ဖယ်စမ်း!"
ပိုင်ယွမ်လီသည် သူ့ သွေးအစွမ်းကို လောင်ကျွမ်းပစ်ကာ နောက်ဓားချက်တစ်ခု ထပ်ထုတ်လိုက်သည်။
သို့သော်...
ဝုန်း
ကောင်းကင်ဘုံသားတော်၏ လက်နှင့်တွေ့သည်နှင့် တစ်ပြိုင်နက် ၎င်းဓားချက်က အစိတ်စိတ်အမွှာမွှာ ကွဲသွာ
ပါ၏ ။
"ဘာ... ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ"
ပိုင်ယွမ်လီ မျက်နှာအလွန်အမင်း ပျက်သွားတော့သည်။
ရှေ့မှ ကောင်းကင်ဘုံသားတော်မှယ သူထင်ထားသည်ထက်ပင် ပိုအစွမ်းထက်နေပါ၏။
ထိုအစွမ်းမှာ ဆယ်ဘွဲ့ရ မသေမျိုးဘုရင်အဆင့်ထက်ပင် ကျော်လွန်နေလေပြီ။
ကောင်းကင်ဘုံသားတော်၏ လက်က ပိုင်ယွမ်လီ၏ ခေါင်းကို ထိတော့မည့်ဆဲဆဲမှာပင်....
လီချန်းလုံက ကောင်းကင်ဘုံသားတော်၏ အနောက်ဘက်သို့ ဖျတ်ခနဲ ရောက်လာသည်။
ထို့နောက် သူ စကားတစ်လုံးမှ မဆိုဘဲ နောက်ဆုံးလက်ကျန် အစွမ်းများအားလုံးကို လက်ဝါးထဲသို့ စုစည်း၍ ကောင်းကင်ဘုံသားတော်အား ရိုက်ချလိုက်တော့သည်။
ဝုန်း!
ထိုလက်ဝါးချက်မှာ ကောင်းကင်ဘုံသားတော်၏ ခေါင်းပေါ်သို့ တန်းတန်းကြီး ကျသွားသည်။
ကြောက်မက်ဖွယ် လှိုင်းလုံးကြီးများ ချက်ချင်းပေါ်လာပြီး ဘေးပတ်ဝန်းကျင်ရှိ လူအားလုံး နောက်သို့ လွင့်ထွက်သွားကြ၏။
"အောင်မြင်သွားပြီလား"
တစ်ယောက်က တုန်တုန်ယင်ယင်အသံဖြင့် မေးလိုက်သည်။
သို့သော် လူများ သေချာကြည့်လိုက်ချိန်တွင်မူ မျက်နှာကိုယ်စီ ထပ်ပျက်သွားကြပြန်ပါသည်။
လေထဲတွင်ကား ကောင်းကင်ဘုံသားတော်က ပိုင်ယွမ်လီ၏ လည်မျိုကို လက်တစ်ဖက်ဖြင့် ဖမ်းဆုပ်လျက် ...
သူ မည်သည့်ဒဏ်ရာမှလည်း ရထားဟန်မတူပါ
"ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
လီချန်းလုံတစ်ယောက် တုန်လှုပ်လွန်း၍ မျက်လုံးများ ပြူးကျယ်နေပါတော့၏ ။
သူ့ အလစ်တိုက်ခိုက်မှုမှာ ရန်သူကို သေချာ ထိမှန်ခဲ့သော်လည်း တစ်ဖက်လူက ဘာမှ မထိခိုက်သွားခဲ့ဘူးတဲ့လား။
ထိုစဉ် ကောင်းကင်ဘုံသားတော်က ခေါင်းကို ဖြည်းဖြည်းချင်း လှည့်၍ လီချန်းလုံကအား အေးစက်စက် အကြည့်ဖြင့် စိုက်ကြည့်လာသည်။
ဂလု!
လီချန်းလုံ တံတွေးကို ခက်ခက်ခဲခဲ မျိုချလိုက်ပြီး တစ်ခုခု ပြောရန် ပါးစပ်ဟလိုက်သည်။
သို့သော် ထိုစဉ် ...
ဝုန်း!
ကောင်းကင်ဘုံသားတော်က လက်ယမ်းလိုက်ရာ၊ အရှပ်အထွေး နတ်ဘုရားအလင်းတန်းတစ်ခု ရုတ်တရက် ပေါက်ထွက်လာပြီး လီချန်းလုံ၏ ကိုယ်ထဲသို့ ထိုးဖောက်ထွက်သွားတော့သည်။
ကောင်းကင်ယံတခွင် သွေးစက်များ ပြန့်ကျဲသွား၏။
ဝူး!
ထို့နောက် ချက်ချင်းဆိုသလိုပင် အရှုပ်အထွေး နတ်ဘုရားအလင်းတန်းများဖြင့် ဖွဲ့စည်းထားသော သစ်မြစ်နှစ်ခု ကောင်းကင်မှ ကျလာကာ လီချန်းလုံနှင့် ပိုင်ယွမ်လီတို့ကို အသီးသီး ရစ်ပတ်ပြီး ကောင်းကင်ယံထက်သို့ ဆွဲတင်သွားတော့သည်။
"အမှိုက်ကောင်တွေ"
ကောင်းကင်ဘုံသားတော်က သူတို့နှစ်ယောက်အား ဒေါသဖြင့် ကြည့်ပြီးနောက် လက်ဝါးနှစ်ဖက်ကို ပူးလိုက်၏။
ဝုန်း!
ချက်ချင်းမှာပင် ပတ်ဝန်းကျင်ရှိ အရှုပ်အထွေး နတ်ဘုရားအလင်းတန်းများ ဝုန်းဒိုင်းကြဲသွားတော့သည်။
မကြာသေးခင်ကမှ ၎င်း အရှုပ်အထွေး နတ်ဘုရားအလင်းတန်းများကို ခက်ခက်ခဲခဲ တောင့်ခံနေနိုင်ခဲ့ကြသူ အားလုံးမှာလည်း ထိုအလင်းတန်းများ၏ ဝါးမြိုပတ်နှောင်ခြင်းကို ခံလိုက်ရပါတော့၏။
"မလုပ်နဲ့!"
"တောက်... မင်း...!"
ထိုတခဏ၌ ငိုကြွေးအော်ဟစ်သံများ နေရာအနှံ့မှ ထွက်လာပါသည်။
ကောင်းကင်ဘုံသားတော်ကမူ မရေမတွက်နိုင်သော အရှုပ်အထွေး နတ်ဘုရားအလင်းတန်းများကြား ရူးသွပ်နေသည့်မျက်လုံးအစုံဖြင့်လျှောက်နေ၏။
ထို့နောက် သူ့လက်ကို အသာယမ်းလိုက်ရာ အရှုပ်အထွေး နတ်ဘုရားအလင်းတန်းများက လူများထံမှ စွမ်းအင်များကို စတင်စုပ်ယူလိုက်တော့သည်။
ဝီ ...
ထို့နောက်တွင် ၎င်းအရှုပ်အထွေး နတ်ဘုရားအလင်းတန်းများသည် တစ်ခုနှင့်တစ်ခု ပြန်ရစ်ပတ်သွားကြပြီး၊ ကောင်းကင်ဘုံသားတော်၏ ခေါင်းထက်၌ အရိပ်တစ်ခုအဖြစ် တဖြည်းဖြည်း စုစည်းလာတော့သည်။
၎င်းမှာ ... ဘာပါလဲ
ထိုပံုရိပ်ကို မြင်လိုက်ရသူတိုင်း ထိတ်လန့်တုန်လှုပ်သွားကြ၏။
နောက်ဆုံးတွင်မူ ကောင်းကင်ဘုံသားတော်၏ မျက်လံုးထဲ၌ ကျေနပ်အားရသည့် ပြုံးရိပ်တစ်ခု ပေါ်လာတော့သည်။
"ဟင်... ဘာတွေဖြစ်နေတာလဲ။ အခုမှ အစပဲရှိသေးတာကို၊ အရှုပ်အထွေး မဟာတာအိုသစ်သီးက ပုံပေါ်နေပြီလား"
ကောင်းကင်ဘုံသားတော် တအံ့တဩ ရေရွတ်လိုက်သည်။
ထို့နောက်တွင် သူ့အကြည့်က ဒဏ်ရာအပြင်းအထန် ရထားသော မိုရှန့် ထံ ရောက်သွားကာ မျက်မှောင်ကြုံ့ ပြော၏။
"ဒီကောင့်ရဲ့ အရှုပ်အထွေးခန္ဓာကိုယ်ကြောင့်များလား။ မဟုတ်ဘူး...အရှုပ်အထွေးခန္ဓာကိုယ် ရှိရင်တောင် ဒီလောက် မမြန်သင့်ဘူးလေ..."
ထိုစဉ်မှာပင် ရုတ်တရက် သူ တစ်ခုကို သတိပြုမိသွားကာ အခြားတစ်ဖက်သို့ လှည့်ကြည့်လိုက်သည်။
ထိုနေရာတွင်ကား ချုပ်နှောင်ခံထားရသည့် ထျန်းယွမ်ကမ္ဘာသားများ ရှိနေပါသည်။
"ဟင်... ဒီလူတွေပဲ... မင်းတို့က ဘယ်သူတွေလဲ။ ဘာလို့ မင်းတို့ဆီမှာ အရှုပ်အထွေးအစွမ်းတွေ ဒီလောက် အများကြီး ရှိနေရတာလဲ"
ကောင်းကင်ဘုံသားတော် မျက်မှောင်ကြုံ့သွား၏။
တဖက်လူများထံမှ ထွက်နေသည့် အရှုပ်အထွေးအစွမ်းများက ကျန်သူများထက် သိသိသာသာ ပိုအားေကာင်းသည်ကိုလည်း သူ ယခုမှသာ သတိထားမိလိုက်ခြင်းပင်။
ထိုလူများထဲ၌ အရှုပ်အထွေးခန္ဓာကိုယ်ကို ကျင့်ကြံထားကြသူများလည်း များစွာပါပါ၏။
၎င်းကိုမြင်ပြီး ကောင်းကင်ဘုံသားတော် အနည်းငယ်ပင် တုန်လှုပ်သွားစေသည်။
" အရှုပ်အထွေးခန္ဓာကိုယ်က ဘယ်တုန်းက ဒီလောက်အထိ တန်ဖိုးမဲ့သွားရတာလဲ။ ဘာလို့ အရှုပ်အထွေးခန္ဓာကိုယ်ပိုင်ရှင် ဒီလောက်အများကြီး တစ်ချိန်တည်းမှာ ပေါ်လာရတာလဲ။ ဒီယဇ်ပူဇော်ပွဲကြောင့် ငါ စောစောစီးစီး သိလိုက်ရတာ ။ အဲ့လိုမဟုတ်ဘဲ ဒီကောင်တွေသာ ပိုအစွမ်းထက်လာလို့ကတော့ ငါ့အတွက်တောင် အန္တရာယ်ရှိနိုင်မယ်"
သူ ထိုသို့တွေးနေရင်း မျက်လုံးထဲမှလည်း လူသတ်အရိပ်အငွေ့တို့ ပိုပြင်းထန်လာ၏။
မည်သို့ပင်ဖြစ်စေ အနာဂါတ် ပြဿနာများကို ကာကွယ်ရန်အတွက် ထိုလူများအား ယနေ့ အပြတ်ရှင်းရေပမည်။
သို့သော် ထိုသို့မရှင်းခင်တွင် သူတို့အကြောင်းကို သိအောင် လုပ်ရပေဦးမည်။
သူ ထိုအတွေးဖြင့် လောမိသားစုဝင် တစ်ယောက်ရှေ့သို့ လှစ်ခနဲသွားကာ အေးစက်စက် မေးလိုက်သည်။
"မင်းတို့က ဘယ်သူတွေလဲ။ မင်းရဲ့ အရှုပ်အထွေးခန္ဓာကိုယ်ကို ဘယ်က ရခဲ့တာလဲ"
တဖက်မှ လောမိသားစုဝင်များမှာ အရှုပ်အထွေးနတ်ဘုရားအလင်းတန်းများဖြင့် ချုပ်နှောင်ခံထားရပြီး သူတို့ အစွမ်းရှိသမျှဖြင့် အသည်းအသန် ခုခံနေကြပါ၏။
သို့သော် ကောင်းကင်ဘုံသားတော်၏ မေးခွန်းကို ကြားချိန်တွင် ထိုလူငယ်က တံတွေးထွေးပြီး ပြန်အော်ပါသည်။
"ငါက မင်းရဲ့ အဘိုးလေ"
"ရိုင်းလှချည်လား!"
ကောင်းကင်ဘုံသားတော် ချက်ချင်း ဒေါသအမျက်ချောင်းချောင်း ထွက်သွားကာ ထိုသူကို လက်ဝါးဖြင့် ရိုက်ချလိုက်သည်။
အွတ်
ချက်ချင်းမှာပင် ထိုသူ၏ ခန္ဓာကိုယ်ထဲမှ အရိုးများစွာ ကျိုးကြေသွားပြီး ရွှေရောင်ဖျော့ဖျော့ သွေးများ ပန်းထွက်လာ၏။
ကောင်းကင်ဘုံသားတော်က အေးစက်စက် မျက်လုံးများဖြင့် ထပ်ပြောသည်။
"မင်းဆီက အရှုပ်အထွေးအစွမ်းတွေက ငါ့အတွက် အသုံးဝင်နေသေးလို့ပေါ့ကွာ ၊ မဟုတ်ရင် ငါ မင်းကို အခုချက်ချင်း သတ်ပစ်လိုက်ပြီ။ ငါမေးတာကို ဖြေစမ်း!"
လောမိသားစုဝင်မှာ သွေးများကို အန်ထုတ်ရင်းမှ တုန်တုန်ယင်ယင် အသံဖြင့် ပြန်ပြောလိုက်၏။
"ငါ စကားမှားသွားတယ်... ငါက မင်းအဘိုး မဟုတ်ဘူး... ငါက မင်းအဖေကွ!"
"မင်း သေချင်နေတာပဲ!"
ကောင်းကင်ဘုံသားတော် ဒေါသူပုန်ထသွားကာ တဖက်လူ၏ ခန္ဓာကိုယ်ထဲသို့ စွမ်းအင်များစွာ ထည့်သွင်းလိုက်သည်။
“အား...”
လောမိသားစုဝင်မှာ နာကျင်လွန်းသဖြင့် အော်ဟစ်ရင်း သတိမေ့မလိုပင် ဖြစ်သွားရှာပါသည်။
ကောင်းကင်ဘုံသားတော်၏ မျက်လုံးထဲ၌ အေးစက်စက် အလင်းတန်းတစ်ခု ဖြတ်ပြေးသွားပြီးနောက် ... ဘေးနားရှိ အခြားလောမိသားစုဝင် တစ်ဦးဘက်သို့ လှည့်ကြည့်ကာ အေးစက်စက်လေသံဖြင့် ပြောလိုက်သည်။
"မင်း ဖြေစမ်း!"
ထိုလောမိသားစုဝင်က သတိမေ့လုဆဲ ဖြစ်နေသော တဖက်လူကို လှည့်ကြည့်ပြီးေပြာပါ၏။
"သူက ငါ့ညီလေးပဲ..."
ကောင်းကင်ဘုံသားတော် ခေါင်းညိတ်လိုက်သည်။
သို့သော် ထိုတပည့်က ဆက်ပြောသည်မှာ ..
"ဒါကြောင့် ဝါစဉ်အရဆိုရင် ငါက မင်းရဲ့ အဘိုးပဲ ဖြစ်ရမှာပေါ့!"
"မင်း...!"
ကောင်းကင်ဘုံသားတော်၏ မျက်လုံးများ ဒေါသငွေ့တို့ဖြင့် ပြန်လက်သွားကာ ထိုသူကိုလည်း လက်ညှိုးဖြင့် ရွယ်လိုက်သည်။
“အား...”
ထိုသူပါ နာကျင်စွာ အော်ဟစ်ရင်း သတိလစ်သွားပြန်၏။
လက်ရှိတွင် ကောင်းကင်ဘုံသားတော်၏ မျက်ဝန်းထဲမှ လူသတ်အရိပ်အငွေ့တို့မှာလည်း မည်သို့မျှ ဖုံးမရနိုင်လောက်အောင် ပြင်းထန်နေပါတော့သည်။
အစောပိုင်းက ဖြစ်ခဲ့သည့် ရူးသွပ်စိတ်များကို နောက်ဆုံးတွင် သူ ထိန်းချုပ်နိုင်ခဲ့ပုံရသော်လည်း... ယခုတွင်ကား သူ ဆက်၍ သည်းခံထိန်းချုပ်မနေနိုင်တော့ပါချေ ။
သို့သော် ထိုစဉ်မှာပင် လူတစ်ယောက်၏ ကျယ်လောင်စွာ အော်ဟစ်သံ ထွက်လာပါသည်။
"အရှင်မင်းသား... သူတို့တွေက ဘယ်သူလဲဆိုတာ ကျွန်တော် သိပါတယ်!"
“ဟင်?”
ကောင်းကင်ဘုံသားတော် အသံလာရာဘက် လှည့်ကြည့်လိုက်၏။
ထို အသံပိုင်ရှင်မှာ ချောင်ချီလျိုပင် ..
"သူတို့... သူတို့က ထျန်းယွမ်ကမ္ဘာက လူတွေပဲ။ လောထျန်းရဲ့ အပေါင်းအပါတွေပါ!"
ချောင်ချီလျိုက ထပ်အော်ပြောသည်။
၎င်းကိုကြားသော ထျန်းယွမ်ကမ္ဘာမှ လူများက ချောင်ချီလျိုအား ဝိုင်းဝန်း ဆဲဆိုလိုက်ကြ၏။
သို့သော် ချောင်ချီလျိူကမူ ၎င်းတို့ကို အလျဉ်းဂရုမစိုက်ဘဲ ကောင်းကင်ဘုံသားတော်ကိုသာ မျှော်လင့်ချက်အပြည့်ဖြင့် ကြည့်နေပါသည်။
"လောထျန်း ... အဲ့ဒီ အသုံးမကျတဲ့ကောင်ကို ငါ မေ့တောင်မေ့တော့မလို့! သူ အခု ဘယ်မှာလဲ"
ကောင်းကင်ဘုံသားတော် မျက်မှောင်ကြုံ့ရင်း မေးလိုက်သည်။
ချောင်ချီလျို ပြန်ဖြေ၏။
"သူ ခုနလေးတင် ဒီမှာရှိနေခဲ့တာပါ။ ဒါပေမဲ့ မင်းသား မရောက်လာခင်လေးတင်မှာပဲ ရုတ်တရက် ပျောက်သွားတာ"
ကောင်းကင်ဘုံသားတော် နှာခေါင်းရှုံ့လိုက်သည်။
"အိုး... အဲ့ဒီ ငကြောက်က ငါလာနေတာကို သိလို့ ကြိုပြီး ထွက်ပြေးသွားတာလား"
"ကျွန်တော် ထင်တာတော့ အဲ့လိုပဲ ဖြစ်မှာပါ!"
အခြားတစ်ယောက်ကလည်း ဝင်ထောက်ခံ၏။
ထိုစကားကို ကြားသောအခါ လောမိသားစုဝင်တစ်ဦးက ဒေါသတကြီးဖြင့် ပြန်ပြောသည်။
"မင်း... လျှောက်မပြောနဲ့! ငါတို့ အစ်ကိုထျန်းက ဘာလို့ ထွက်ပြေးရမှာလဲ။ တကယ်လို့သာ အစ်ကိုထျန်း ဒီမှာရှိနေရင် မင်းကို တစ်ချက်တည်းနဲ့ သေအောင် ရိုက်သတ်ပစ်မှာကွ!"
"မှန်တယ်!"
"ဟုတ်တယ်!"
ထျန်းယွမ်ကမ္ဘာမှ လူများအားလုံးပင် တစ်ညီတစ်ညွတ်တည်း အော်လိုက်ကြသည်။
ကောင်းကင်ဘုံသားတော်မှာ ထူးဆန်းစွာပင် သူတို့ စကားကိုကြားသည့်တိုင် ဒေါသထွက်ပုံ မပြပါချ ။
သူ လူအုပ်အား တစ်ချက်ဝေ့ကြည့်လိုက်ပြီးနောက် လှောင်ပြုံးဖြင့် ပြော၏။
"လောထျန်းက ငါ့ကို သတ်မယ် ဟုတ်လား။ ဟားဟား... ငါ ဒီရက်ပိုင်းအတွင်း ကြားခဲ့ရသမျှထဲမှာ အရယ်ရဆုံး ဟာသပဲကွာ ! ငါ ဘယ်လောက်အထိ အစွမ်းထက်လာပြီလဲဆိုတာ မင်းတို့ တကယ်ကို မသိကြသေးတာပဲ!"