← Chapters

Sword Intent Submits

Vol. 69 Ch. 996

Sword Intent Submits

Vol. 69 Ch. 996

မိုရှန့်မှာ လောထျန်းလက်ထဲ ရှိနေသည့် အရှုပ်အထွေး ဓားစိတ်ဆန္ဒကိုကြည့်ရင်း တစ်ကိုယ်လုံး တုန်သွားတော့သည်။

၎င်းမှာ အရှုပ်အထွေး ဓားစိတ်ဆန္ဒ အစစ်ပင်။

ထို့အပြင် ၎င်းက သူ သန့်စင်ခဲ့သော အရှုပ်အထွေး ဓားစိတ်ဆန္ဒထက်လည်း သိသိသာသာပင် ပိုအစွမ်းထက်ပံုရပါ၏။

အစောက သူ ခံစားခဲ့ရသည့် ဂုဏ်ယူမှုနှင့် မာနတို့မှာလည်း လုံးဝ ဖျက်ဆီးခံလိုက်ရလေပြီ။

အကိုထျန်း ၊ တကယ်ကြီး အလုပ်ဖြစ်သွားခဲ့တာလား

လောမိသားစုဝင်များ၏ အော်ဟစ်အားပေးသံများ ညံညံစီစီ ထွက်လာသည်။

သို့သော် အရှုပ်အထွေးဓားရေကန်အလယ်တွင် ရှိနေသည့် လောထျန်းမှာကား မရွှင်မပျ မျက်နှာကြီး ဖြစ်နေပါ၏။

ဟင် .. ဘာဖြစ်လို့လဲ သခင်လေး

ပျောင်ပိုင်မြို့သားတစ်‌ယောက်က လောထျန်း၏ မျက်နှာထားကို သတိထားမိကာ မေးလိုက်သည်။

ကျန်လူများလည်း ထိုစဉ်မှ သတိထားမိသွားကြ၏။

လောထျန်းက ဘေးသို့ တစ်ချက်လှည့်ကြည့်ပြီး အရှုပ်အထွေး‌ဓားရေကန် အစွန်ဘက်သို့ထွက်လာကာ ရေကန်အစွန်းနားလေး‌တွင် ရှိနေသော အဘိုးအိုထံ တန်းသွားလိုက်သည်။ ထိုအဘိုးအိုမှာ အစောက သူ့အား အရှုပ်အထွေးဓားရေကန်အကြောင်း ရှင်းပြခဲ့သူပင် ။

ကျုပ် တစ်ခုလောက် မေးလို့ရမလား

လောထျန်း အဘိုးအိုအား မေးလိုက်သည်။

အဘိုးအို လန့်သွားကာ စကားပြန်ပြောရန် ပြင်လိုက်၏။

ချွှင်

ထိုစဉ် လောထျန်းနောက်သို့ အရှုပ်အထွေးဓားစိတ်ဆန္ဒတစ်ခု ပြေးလိုက်လာကာ သူ့အား ကြောက်မက်ဖွယ်အားဖြင့် တိုက်ခိုက်လိုက်ပါသည်။

အဘိုးအိုမှာ မြေပြင်သို့ လဲကျလုမတတ် ဖြစ်သွားပြီးမှ ကိုယ်ကိုပြန်ထိန်း၍ အသံတုန်တုန်ဖြင့် ပြန်ပြော၏။

သခင်လေး ၊ ဘာမေးချင်လို့လဲ

လောထျန်း ခေါင်းတစ်ချက် ညိတ်လိုက်သည်။

ကျုပ် ဘာဆက်လုပ်ရမလဲ

အဘိုးအို အံ့ဩတကြီးဖြစ်သွားပြီး လောထျန်းလက်ထဲမှ အရှုပ်အထွေးဓားစိတ်ဆန္ဒကိုကြည့်ရင်း တုန်တုန်ယင်ယင် ပြန်မေးရှာသည်။

သခင်လေးက ဘာလုပ်ချင်လို့လဲ

လောထျန်းက မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်ဖြင့် ပြန်ပြောပါ၏။

ကျုပ်က မသိလို့ ဘာဆက်လုပ်ရမလဲ မေးနေတာလေ

အဘိုးအိုက နားမလည်သည့် မျက်နှာထားဖြင့် ပြန်မေးသည်။

သခင်လေး ၊ အောင်မြင်သွားခဲ့ပြီ မဟုတ်ဘူးလား

အောင်မြင်ပြီ .. ဟုတ်လား

ဤတစ်ကြိမ် အံ့ဩသွားရသူမှာ လောထျန်းပင် ..

သူ လက်ထဲမှ အရှုပ်အထွေးဓားစိတ်ဆန္ဒကို တစ်လှည့် ၊ သူ့နောက်တွင် သူ့အား တိုက်ခိုက်နေကြဆဲဖြစ်သော ဓားစိတ်ဆန္ဒမျာစကိုတစ်လှည့် ကြည့်ရင်း တအံ့တဩမေးပါ၏။

ဒါဆို အခု ဒီဟာက အောင်မြင်သွားတာပေါ့

အဘိုးအို ချက်ချင်း ခေါင်းညိတ်ပြလိုက်သည်။

ဟုတ်ပါတယ်

လောထျန်း မျက်မှောင်ကြုံ့သွား၏။

ကျုပ် ဟိုအမှိုက်ကောင်တွေ တိုက်ခိုက်တာကို အကြာကြီး ခံခဲ့ရတာတောင် ဒီ ဓားစိတ်ဆန္ဒပိစိလေးကိုပဲ ရခဲ့တာလား

သူ့စကားကြောင့် အဘိုးအို အံ့အားသင့်သွားရသည်။

သခင်လေး ၊ သခင်လေးက အဲ့ဓားစိတ်ဆန္ဒကို အချိန်တိုတိုလေးနဲ့ ရခဲ့တာပါ ။ ပြီးတော့ သခင်လေးရခဲ့တဲ့ ဓားစိတ်ဆန္ဒကလဲ ပြီးပြည့်စုံတဲ့ အရှုပ်အထွေး ဓားစိတ်ဆန္ဒပဲ။ ဒါ သမိုင်းတလျှောက်မှာတောင် ရှားပါးလွန်းတဲ့အရာပါဗျာ ။ ‌ဒါကို သခင်လေးက ပိစိလေးလို့ ပြောနေတာလား ။ ကျုပ်သာ သခင်လေး‌နေရာမှာဆို ခုချိန် အရှုပ်အထွေးဓားရေကန်ရှေ့ ဒူးထောက်နေလောက်ပြီ

သူ့စကားကြောင့် လောထျန်း မျက်နှာမဲ့သွားသည်။

ဒါဆို ခင်ဗျားပြောချင်တာက ကျုပ် အရှုပ်အထွေးဓားရေကန်ထဲကို ဝင်လိုက်တာနဲ့ပဲ ဒီကောင်တွေ စိတ်ကြိုက်တိုက်ခိုက်တာကိုခံမှာပေါ့

ဟုတ်တယ်လေ

ပြီးရင် ဒီလောက်တိုက်ခိုက်တာကို ခံရပြီးတာတောင် ဒီဓားစိတ်ဆန္ဒကိုပဲ ရမှာပေါ့ ဟုတ်လား

ဟုတ်ပါတယ်

ပြီးရင် အရှုပ်အထွေးဓားရေကန်ကိုပါ ကျေးဇူးတင်ရဦးမယ်

ဟုတ်ပါတယ်

အဘိုးအို ခေါင်းညိတ်ပြလိုက်သည်။

လောထျန်း၏ မျက်နှာကြီး သုန်မှုန်သွားကာ ပြော၏။

ဒါဆိုရင် အခု ကျုပ်က ဒူးထောက်ပြီးနေသင့်တာပေါ့ ဟုတ်လား

အဘိုးအို အိုးတို့အမ်းတမ်း ပြန်ပြောလိုက်ရသည်။

ဘယ်တတ်နိုင်ပါ့မလဲဗျာ

သူ လောထျန်းကို ထိုသို့ ပြောနေရင်းလည်း ကြောက်စိတ်ဝင်နေပါ၏။

အမှန်မှာ သူ လောထျန်းကို ကြောက်၍မဟုတ်ဘဲ လောထျန်းနောက်မှ ဆက်တိုက် တိုက်ခိုက်နေကြသည့် ဓားစိတ်ဆန္ဒများကို ကြောက်နေခြင်းပါပင်။

ထို ဓားစိတ်ဆန္ဒများ၏ တိုက်ခိုက်မှုမှာ ကြောက်မက်ဖွယ် ကောင်းလှပြီး အကယ်၍ လောထျန်းသာ သူ့ရှေ့တွင် ရှိမနေခဲ့ပါက ထိုတိုက်ခိုက်မှုများကြောင့် သူ သေနေလောက်လေပြီ။

သခင်လေး ၊ အခု ဘာဆက်လုပ်မယ် စဉ်းစားလဲ

အဘိုးအို အချိန်အတန်ကြာ တွန့်ဆုတ်နေပြီးမှ မေးလိုက်သည်။

လောထျန်းက လက်နှစ်ဖက်ခါးထာက်၍ ပြန်ပြော၏။

အခု ကျုပ် ဒီ ဓားစိတ်ဆန္ဒတွေကို ဆွဲထုတ်ချင်တယ်

ဟင် ၊ သခင်လေး ဆိုလိုတာက ...

အဘိုးအို မှင်သက်သွားသည်။

လောထျန်းက အရှုပ်အထွေးဓားရေကန်ထဲမှ ဓားစိတ်ဆန္ဒများကို တစ်ချက်လှည့်ကြည့်ရင်း ဆက်ပြော၏။

ဒီဟာတွေ အားလုံးကလဲ အရှုပ်အထွေး ဓားစိတ်ဆန္ဒတွေ မဟုတ်လား။ အဲ့တော့ ဒီဟာတွေကို တိုက်ရိုက်ဆွဲယူလိုက်လို့ရော မရဘူးလား

အဘိုးအိုမှာ သူ့စကားကိုကြားပြီး အချိန်အတန်ကြာ မှင်သက်နေပြီးမှ ပြန်ပြောနိုင်ပါသည်။

ဆွဲယူမယ် .. သခင်လေး ၊ အဲ့လိုလုပ်ရပ်မျိုးကို အရင်က ဘယ်သူမှ မလုပ်ဖူးခဲ့ဘူး ။ အဲ့တော့ သခင်လေးအနေနဲ့လဲ အဲ့လို မစွန့်စားဖို့ ကျုပ် အကြံပြုချင်တယ်

လောထျန်းက ချက်ချင်း ပြန်ရန်တွေ့ပါသည်။

တခြားသူတွေ အရင်က မလုပ်ဖူးတာနဲ့ပဲ ကျုပ်က မလုပ်ရတော့ဘူးလား ။ ဘယ်လိုဖြစ်ဖြစ် လုပ်ကိုလုပ်မယ်လို့ ကျုပ် ဆုံးဖြတ်ပြီးသွားပြီ

သူ ပြောပြီး ချက်ချင်း နောက်လှည့်ကြည့်လိုက်ရာ သူ့ထံသို့ တိုက်ခိုက်ရန် ပြေးဝင်လာသည့် ဓားစိတ်ဆန္ဒတစ်ခုကို တွေ့လိုက်ရပါသည်။

လောထျန်း၏ မျက်လုံးများထဲ အေးစက်စက်အလင်းတန်းတစ်ခု လက်သွား၏။

တွေ့ကြသေးတာပေါ့ကွာ

ဝုန်း

သူ့ ကောင်းကင်ဘုံလက်ဝါး ရုတ်ချည်း အသက်ဝင်လာသည်။

ထို့တောက်တွင် လောထျန်းက ၎င်းကောင်းကင်ဘုံလက်ဝါးကို အသုံးပြု၍ အရှုပ်အထွေးဓားစိတ်ဆန္ဒအား ဖမ်းဆုပ်လိုက်၏။

ချွှင်

တဖက်မှ အရှုပ်အထွေး ဓားစိတ်ဆန္ဒမှာလည်း လောထျန်း၏လုပ်ရပ်ကြောင့် အလွန်ဒေါသထွက်သွားပုံပင် ။

၎င်းက ထိုသို့ ဖြစ်သွားသည်မှာလည်း သဘာဝကျပါ၏။ ဟိုး ရှေးခေတ်မှစ၍ အရှုပ်အထွေးဓားရေကန်သို့ ရောက်လာသူတိုင်း ၎င်းကို တလေးတစား ဆက်ဆံခဲ့ကြသည် မဟုတ်ပါလား။

အရှုပ်အထွေး ဓားစိတ်ဆန္ဒများ၏ တိုက်ခိုက်မှုကို ခံရလျှင်ပင် မျက်ရည်ကျသည်အထိ ကျေးဇူးတင်နေသင့်ပါသည်။

သို့သော် ယခုလူသားကမူ ဓားစိတ်ဆန္ဒကို ဖမ်းဆုပ်ရန် ကြိုးစားနေပါ၏။

ထိုတခဏ၌ ဓားစိတ်ဆန္ဒဆီမှ လူသတ်အရိပ်အငွေ့များ သိပ်သည်းစွာ ထွက်ပေါ်လာသည်။

သို့သော် ..

ချွှင် ..

ဓားစိတ်ဆန္ဒ၏ တိုက်ခိုက်မှုက လောထျန်း၏ ကောင်းကင်ဘုံလက်ဝါးပေါ် ရောက်သည်နှင့် ချက်ချင်း ပြိုကွဲသွားပါသည်။

ကောင်းကင်ဘုံ လက်ဝါးကြီးကမူ ဘာအခက်ခဲမှ မရှိဘဲ ဓားစိတ်ဆန္ဒအား ဖမ်းဆုပ်လိုက်၏။

သခင်လေး ၊ အရှုပ်အထွေးဓားစိတ်ဆန္ဒဆိုတာ ဖမ်းဆုပ်လို့ရတဲ့အရာ မဟုတ်ဘူး

အရှုပ်အထွေးဓားရေကန် အပြင်ဘက်မှ အဘိုးအိုမှာ လောထျန်းအား သတိလှမ်းပေးနေဆဲပင် ။

သို့သော်

ဝုန်း

ဓားစိတ်ဆန္ဒမှာ လောထျန်း၏ လက်မှ မလွတ်နိုင်ဘဲ တင်းတင်းကျပ်ကျပ် ဖမ်းဆုပ်ခံလိုက်ရပါ၏။

ဘယ်လိုဖြစ်ပြီး

အားလုံး အံ့ဩမှင်သက်ကုန်ကြသည်။

လောထျန်းက အရှုပ်အထွေး ဓားစိတ်ဆန္ဒအား လက်ဗလာဖြင့် ဖမ်းဆုပ်ခဲ့ပါသလား

ထိုစဉ်တွင် သူ့လက်ထဲ ရုန်းကန်နေဆဲဖြစ်သော ဓားစိတ်ဆန္ဒကို ကြည့်ရင်း လောထျန်းတစ်ယောက် စိတ်မရှည်ဖြစ်လာဟန်တူကာ ကောင်းကင်ဘုံလက်ဝါးအား ခပ်တင်းတင်းဆုပ်လိုက်သည်။

ဝီ ..

ချက်ချင်းမှာပင် တလက်လက်တောက်နေသည့် ရွှေရောင်အလင်းတန်းတစ်ခု ထွက်လာကာ အရှုပ်အထွေးဓားစိတ်ဆန္ဒအား ဖိနှိပ်လာ၏။

ဝီ

အရှုပ်အထွေးဓားစိတ်ဆန္ဒ ချက်ချင်း ငြိမ်ကျသွားသည်။

ငါ အမြင်မှားနေတာများလားကွာ ..။ အရှုပ်အထွေးဓားစိတ်ဆန္ဒက အမိန့်နာခံနေတာလား

ဟုတ်တယ်ကွ ၊ ဒီတိုင်း လက်ဝါးကို ဆုပ်လိုက်ရုံနဲ့တောင် အရှုပ်အထွေးဓားစိတ်ဆန္ဒ ငြိမ်ကျသွားတာ ... ။ ဒါဆိုရင် အရှုပ်အထွေးဓားစိတ်ဆန္ဒကို ရဖို့ တခြားနည်းတွေ ရှိနေသေးတာပေါ့

ဒါကို သေချာမှတ်ထားရမယ်ကွ ။ ဒီအကြောင်း ဘယ်သူမှ သိကြတာမဟုတ်ဘူး

လူများက လျှို့ဝှက်ချက်ကြီးတစ်ခုကို ရှာတွေ့သွားသည့်အလား တစ်ယောက်တစ်ပေါက် တီးတိုးပြောလိုက်ကြသည်။

တဖက်မှ လောထျန်းသည်လည်း လက်ထဲရောက်နေသည့် ဓားစိတ်ဆန္ဒအား စုပ်ယူလိုက်ပြီး အံ့အားသင့်သွားဟန် တူပါ၏။

တစ်ချိန်တည်းမှာပင် သူ မျက်မှောင်လည်း ကြုံ့သွားသည်။

တောက် ... အရှုပ်အထွေးဓားစိတ်ဆန္ဒကို ရအောင်လုပ်ဖို့ အဲ့လောက် လွယ်နေရဲ့သာစနဲ့ ငါ အချိန်တွေအများကြီး အကုန်ခံပြီးတော့ ဓားစိတ်ဆန္ဒတွေ တိုက်ခိုက်တာကို ခံခဲ့ရတာကွာ

လောထျန်းတစ်ယောက် ပြီးခဲ့သော အဖြစ်ပျက်များကို ပြန်တွေးရင်း ဒေါသထွက်သွားပါ၏။

၎င်းဓားစိတ်ဆန္ဒများက သူ့ကို ထိခိုက်အောင် မလုပ်နိုင်ခဲ့သည့်တိုင် များလှစွာသော ဓားစိတ်ဆန္ဒများ၏ တိုက်ခိုက်မှု အသံများ‌ကြောင့် သူ အာရုံအလွန်နောက်ခဲ့ရသည် မဟုတ်ပါလား ။

အမှန်တွင် သူ ထိုဒုက္ခကို ခံစရာ မလိုခဲ့ပါချေ။

ထိုသို့တွေးရင်း သူ ဒေါသထွက်လာကာ နောက်သို့ ဖြည်းဖြည်းချင်းလှည့်၍ အရှုပ်အထွေးဓားစိတ်ဆန္ဒများအား ဒေါသတကြီး ကြည့်လိုက်သည်။

လောထျန်းအား တိုက်ခိုက်ရန် ပြင်နေခဲ့ကြသည့် ဓားစိတ်ဆန္ဒများမှာလည်း သူ့အကြည့်ကို တွေ့သည်နှင့် တုန့်ခနဲ ရပ်သွားကြ၏။

သူတို့အသွင်မှာ အန္တရာယ်ကို အာရုံခံမိသွားသည့်အလား

ထို့နောက်တွင်မူ ..

ဒီကို လာကြစမ်း

လောထျန်း၏ ဒေါသတကြီး အော်သံနှင့်အတူ သူ့ ရွှေရောင်လက်ဝါးကြီး ထွက်လာ၏။

ဝုန်း

တဖက်မှ အရှုပ်အထွေးဓားစိတ်ဆန္ဒများ ချက်ချင်း တစ်နေရာစီ ထွက်ပြေးလိုက်ကြပါသည်။

သို့သော် များစွာသော ဓားစိတ်ဆန္ဒများမှာ မဆိုစလောက်လေး နှေးသွားခဲ့ကြသည့်အတွက် လောထျန်းလက်ထဲ ရောက်ကုန်ကြပါ၏။

ချွှင် .. ချွှင် ...

၎င်းဓားစိတ်ဆန္ဒများက လောထျန်းလက်ထဲ ရောက်သည်နှင့် အတင်းရုန်းကန်ကြပါသေးသည်။

သို့သော်

ဝုန်း

လောထျန်းက လက်ကို ဆုပ်လိုက်သည်နှင့် ၎င်းတို့အားလုံး ရုတ်ချည်း ငြိမ်ကျသွားကြ၏။

All Chapters