Two great immortal kings
Vol. 69 Ch. 997
ဒါတွေအားလုံး မင်းတို့ကြောင့် ဖြစ်ရတာ
လောထျန်း တံတွေးတစ်ချက်ထွေးပြီး လက်ယမ်းလိုက်ရာ သူ့လက်ထဲမှ စည်းမျဉ်းချိန်းကြိုး ထွက်လာသည်။
ထို့နောက်တွင် ၎င်းချိန်းကြိုးကိုသုံး၍ ဓားစိတ်ဆန္ဒများအား တုပ်နှောင်ပြီး သူ့ကျောပေါ် ပိုးထားလိုက်၏။
အားလုံးမှာကား ထိုမြင်ကွင်းကိုကြည့်ပြီး ဆွံ့အလျက် ...
သူ ဘာလုပ်နေတာလဲ
သူ့ပုံကိုကြည့်ရတာ စပါးရိတ်နေတာနဲ့တောင် တူသေးတယ်
ဟုတ်ပါ့ကွာ ၊ သူ ဓားစိတ်ဆန္ဒကို စပါးပင်တွေနဲ့ မှားတာတေယ့ မဟုတ်ဘူးမလား
အားလုံး တစ်ယောက်တစ်ပေါက် ပြောနေစဉ်တွင် လောထျန်းတစ်ယောက်မှာ နောက်ထပ် ဓားစိတ်ဆန္ဒများစွာကို ထပ်ရိတ်သိမ်းပြီးသွားလေပြီ။
အများက အလွန်ရှားပါးအဖိုးတန်သည့် ရတနာဟု သတ်မှတ်ထားသော ဓားစိတ်ဆန္ဒများစွာမှာ သူ့ကျောပေါ်တွင် အစည်းလိုက် ....
လက်ရှိ ဓားရေကန်ထဲ ကျန်နေသေးသည့် ဓားစိတ်ဆန္ဒများမှာလည်း အန္တရာယ်ကို အာရုံခံမိသည့်အလား လောထျန်း၏အကြည့် ရောက်လာသည်နှင့် အသည်းအသန် ထွက်ပြေးကုန်ကြ၏။
သို့သော် ထိုသို့ ထွက်ပြေး၍လည်း အကျိုးမထူးပါချေ။
ဝုန်း .. ဝုန်း .. ဝုန်း ..
လောထျန်းက ဓားစိတ်ဆန္ဒများအား တစ်စုပြီးတစ်စု အစည်းလိုက် ဆက်စည်းနေပါသည်။
အားလုံးမှာကား သူတို့ရှေ့မှ မြင်ကွင်းကို ကြည့်ရင်း မှင်သက်လျက် ...
သူတို့၏ မျက်နှာထားများမှာလည်း ကြောက်မက်ဖွယ် ဘီလူးကြီးတစ်ကောင်ကို မြင်နေရသလို ...
ထိုစဉ်
ဝှစ်
လေကိုခွင်း၍လာနေသော အသံတစ်သံ ထွက်လာပါသည်။
အရှုပ်အထွေးဓားရေကန်ပါလား .. တကယ်ကြီး အရှုပ်အထွေးဓားရေကန်ပဲ
စကားသံတစ်သံလည်း ရုတ်တရက် ထွက်လာ၏။
ထိုလူ ပြောကာ တစ်ချက်ရယ်လိုက်သည်။ သို့သော် ချက်ချင်းမှာပင် သူ့ရှေ့တွင်စုနေသည့် လူအုပ်ကြောင့် ဒေါသထွက်သွားပုံလည်း ရပါ၏၊
ရှေ့က ဖယ်ကြစမ်း ၊ မဖယ်ရင် သေမယ်သာမှတ်
ထိုသူ လေသံမာမာဖြင့် အော်လိုက်သည်။
ဝုန်း
တစ်ချိန်တည်းမှာပင် သူ့ကိုယ်မှ မသေမျိုးဘုရင် အရောင်အဝါလည်း ထွက်လာပါ၏။
အွတ်
ရှေ့မှ လူများစွာပင် သွေးအန်သူအန်၊ အဝေးသို့ လွင့်သူလွင့် ဖြစ်ကုန်ကြသည်။
ထိုစဉ်မှသာလည်း အသစ်ရောက်လာသူကို အားလုံး သတိထားမိသွားကြသည်။
လီချန်းလုံပါလား ..
သူပဲ
ထိုသူကို မြင်သည်နှင့် အားလုံး ချက်ချင်း လမ်းဖယ်ပေးလိုက်ကြ၏။
ထိုသူ၏ အကြောင်းကို ချင်းယွမ်ဒေသတစ်ခုလုံး မသိသူ မရှိသလောက်ပါပင် ။
ထိုစဉ် ခပ်လှမ်းလှမ်းတွင် ရှိနေသည့် လီထျန်းယွမ်မှာလည်း သူ့အား သတိထားမိသွားပါသည်။
အဖေ
သူ ပြောပြီး လီချန်းလုံရှေ့ တန်းသွားလိုက်သည်။
ဟင် ၊ မင်းက အဖေ့ထက်တောင် မြန်နေတာပါလားကွ ။ ဘာတွေ တိုးတက်ထားပြီလဲ
လီချန်းလုံ အပြုံးဖြင့် မေးလိုက်သည်။
လီထျန်းယွမ်က အောင့်သက်သက်ပြုံး၍ ပြန်ပြော၏။
ဘာမှ မထူးပါဘူးဗျာ
လီချန်းလုံ မကျေမနပ် ဖြစ်သွားပုံဖြင့် မျက်မှောင်အနည်းငယ်ကြုံ့သွားသော်လည်း ဘာစကားမှ မဆိုဘဲ ခေါင်းတစ်ချက်ညိတ်၍သာ ခပ်လှမ်းလှမ်းမှ မိုရှန့်အား လှမ်းကြည့်လိုက်သည်။
ထိုကောင်လေးမှာ သူ့သား၏ ရန်ဘက် ဖြစ်ရာ သူ့အတွက်လည်း ရန်သူပါပင် ။
လီထျန်းယွမ်က ၎င်းကိုမြင်ပြီး မျက်နှာထား အနည်းငယ်ပြောင်းသွားကာ ဆိုသည်။
မိုရှန့်က ဓားစိတ်ဆန္ဒတစ်ခုကို ရခဲ့တယ်ဗျ ။ သူ အဲ့ဒါကိုလဲ သန့်စင်ပြီးသွားပြီမို့ အခု အရှုပ်အထွေးခန္ဓာကိုယ်ပိုင်ရှင် ဖြစ်လာခဲ့ပြီ
မင်း ဘာပြောလိုက်တယ်
သူ့စကားကို ကြားသည်နှင့် လီချန်းလုံ၏ မျက်လုံးများထဲ အေးစက်စက်အလင်းတန်းတစ်ခု ရုတ်ချည်း လက်သွားသည်။
သူ့အကြည့်မှာလည်း မိုရှန့်ထံမှ မခွာတော့ချေ။
မိုရှန့်က အရှုပ်အထွေးခန္ဓာကိုယ်အား ကျင့်ကြံနိုင်လမ့်မည်ဟု သူ အမှန်တကယ် ထင်မထားခဲ့ပါ။
ထို့ထက်ပိုဆိုးသည်မှာ မိုရှန့်သည် ဓားသိုင်းဖြင့် ကျင့်ကြံခြင်းအဆင့် တက်ထားသူဖြစ်နေခြင်းပင် ။။
သို့ဖြစ်ရာ အကယ်၍ မိုရှန့်တစ်ယောက်သာ ပိုအစွမ်းထက်လာပါက သူ့သား လီထျန်းယွမ်အနေဖြင့် မိုရှန့်အား ယှဉ်နိုင်တော့မည် မဟုတ်သလို ... သူကိုယ်တိုင်သည်လည်း ယှဉ်နိုင်တော့မည် မဟုတ်ပါချေ။
ထိုသို့ အဖြစ်ခံ၍ မရပါ။
လီချန်းလုံ ထိုသို့တွေးပြီး လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ကာ တိုက်ခိုက်ရန် ပြင်လိုက်၏။
သို့သော် ထိုစဉ်တွင် ..
ချွှင်
ဓားသံတစ်သံ ရုတ်တရက် မြည်လာပြီးနောက် .... ဓားရှည်တစ်လက်က အလွန်လျင်မြန်သည့်နှုန်းဖြင့် လီချန်းလုံရှေ့ ရောက်လာပါသည်။
ထိုဓားရှည်၏ ဓားစိတ်ဆန္ဒကလည်း သူ့အား ချုပ်နှောင်လာပါ၏။
ပိုင်ယွမ်လီ လား ..
လီချန်းလုံ မျက်မှောင်ချက်ချင်းကြုံ့သွားသည်။ ထို့နောက် သူ ဓားရှည်ကိုမကြည့်ဘဲ အခြားတစ်နေရာသို့ လှမ်းကြည့်လိုက်၏။
သူ ထိုသို့ ကြည့်နေစဉ်မှာပင် တဖက်လူက သူ့ရှေ့သို့ တခဏအတွင်း ရောက်လာခဲ့သည်။
ထိုသူမှာ မိုရှန့်၏ဆရာ ၊ ပိုင်ယွမ်လီ ပင် ..
လီချန်းလုံ ၊ မင်းက လူငယ်တစ်ယောက်လဲ မဟုတ်တော့ဘဲနဲ့ အငယ်တစ်ယောက်ကို တိုက်ခိုက်ချင်နေသေးတာလား ။ မင်း မရှက်တတ်ဘူးလားကွ
ပိုင်ယွမ်လီက ဓားကို လက်တစ်ဖက်ဖြင့် ဆုပ်ထားရင်း လီချန်းလုံအား အေးစက်စက်ကြည့်၍ ဆိုသည်။
လီချန်းလုံ မျက်နှာအနည်းငယ် ရဲသွားသော်လည်း အေးစက်စက်သာ ပြန်ပြောလိုက်ပါ၏။
ဘာအဓိပ္ပါယ်မရှိတဲ့စကားတွေ ပြောနေတာလဲ
ပိုင်ယွမ်လီ လှောင်ပြုံးပြုံးလိုက်သည်။
လီချန်းလုံ ၊ မင်းနဲ့ငါက အရင်က ရင်းနှီးခဲ့ကြဖူးပါတယ်ကွာ ။ မင်း ဘာတွေတွေးနေတယ်ဆိုတာကို ငါ မသိဘူးများ ထင်နေတာလား ။ မင်းက အမြဲတမ်း မဖြစ်ခင်က ကြိုကာကွယ်ရမယ်လို့ တွေးတတ်တဲ့သူပဲ ။ တနည်းပြောရရင် အန္တရာယ်ကို ကြိုရှင်းတတ်တဲ့သူပေါ့
အခုဆို ငါ့တပည့်က အရှုပ်အထွေးခန္ဓာကိုယ်ကို ကျင့်ကြံလိုက်နိုင်ပြီလေ ။ သူ ကျင့်ကြံခြင်းအဆင့် နောက်တစ်ဆင့် တက်သွားတာနဲ့ မင်းကို သာသွားတော့မှာ ။ အဲ့တော့ မင်း သူ့ကို ကြိုပြီး ရှင်းထားချင်မှာပဲ
ဒါပေမယ့် မင်းကံဆိုးတာက ငါက အဲ့လိုအဖြစ်မျိုး အဖြစ်ခံမှာမဟုတ်ဘူး။ ငါ အသက်ရှင်နေတဲ့တလျှောက်လုံး မင်း ငါ့တပည့်ရဲ့ ဆံချည်တစ်မျှင်လေးကိုတောင် ထိဖို့မစဉ်းစားနဲ့
ပိုင်ယွမ်လီ၏ စကားဆုံးသည်နှင့် သူ့လက်ထဲမှ ဓားအစွမ်းက ပိုတိုးလာကာ ဓားကမ္ဘာတစ်ခုအဖြစ် အသွင်ပြောင်းတော့မလို ဖြစ်လာပါသည်။
လီချန်းလုံမှာလည်း ၎င်းကိုကြည့်ပြီး မျက်မှောင်အနည်းငယ် ကြုံ့သွားကာ လူသတ်အရိပ်အငွေ့များ ပိုတိုးလာပါ၏။
သို့သော် ထိုစဉ်တွင်
ဆရာ ,....
မိုရှန့်၏ တွန့်ဆုတ်ဆုတ် စကားသံ ထွက်လာသည်။
ဟင် ၊ ဘာဖြစ်လို့လဲ
ပိုင်၊ယွမ်လီတစ်ယောက် သူ့တပည့်ဘက်သို့ ချက်ချင်း လှာ့်ကြည့်လိုက်၏။
သူသည် ယခင်တကည်းက မိုရှန့်အပေါ် အလွန်ယုံကာ အားကိုးခဲ့သူ ဖြစ်ပါသည်။
ယခု မိုရှန့်က အရှုပ်အထွေးခန္ဓာကိုယ်ကို ကျင့်ကြံလိုက်နိုင်ပြီ ဖြစ်သည့်အတွက်လည်း သူ အလွန်ကျေနပ်နေပါ၏။
မိုရှန့်က အနည်းငယ် ရှက်နေပုံဖြင့် ပြောလာသည်။
ဆရာ ၊ အနာဂါတ် ချင်းယွမ်ဒေသမှာ နံပါတ်တစ်ကျင့်ကြံသူက ကျုပ် မဖြစ်နိုင်တော့ဘူး
ပိုင်ယွမ်လီတစ်ယောက် ထိုစကားကိုကြားကာ အနည်းငယ် အံ့ဩသွားပုံ ရပြီးမှ တစ်ခုကို နားလည်သွားပုံဖြင့် ပြန်ပြောသည်။
အင်း ၊ မင်းက ကောင်းကင်ဘုံသားတော်ကို ဆိုလိုချင်တာ မဟုတ်လား။ သူက အရှုပ်အထွေးခန္ဓာကိုယ်မှာ မင်းထက် သာနေနိုင်တာတော့ အမှန်ပဲ။ ဒါပေမယ့် မင်းက ဓားသမားတစ်ယောက်ဆိုတာ မမေ့နဲ့လေ ။ မင်းရဲ့ အနာဂါတ်အောင်မြင်မှုတွေက သူ့ထက် မလျော့နိုင်ဘူးကွ ။ မင်းကိုယ်မင်း ယုံကြည်ချက်အပြည့် ရှိမှရမယ်
မိုရှန့် မျက်နှာထား ပြောင်းသွားကာ ပြန်ပြောပါ၏။
မဟုတ်ပါဘူး ဆရာ ...
ထိုစဉ် တဖက်မှ လီချန်းလုံက လှောင်ပြုံးဖြင့် ဝင်ပြောသည်။
ပိုင်ယွမ်လီ ၊ မင်းတပည့်က အရှုပ်အထွေးခန္ဓာကိုယ်ကို ကျင့်ကြံလိုက်နိုင်ရုံနဲ့ ပြိုင်ဘက်ကင်းသွားပြီလို့ ထင်နေတာလားကွ
မင်း ဘာပြောလိုက်တယ်
ပိုင်ယွမ်လီ မျက်မှောင်ကြုံ့သွားသည်။
လီချန်းလုံက အေးစက်စက်ပြန်ပြော၏။
မင်း ဘယ်နေရာကို ရောက်နေတယ်ဆိုတာ မမေ့နဲ့ဦးကွ။ ဒါ အရှုပ်အထွေး နတ်ဘုရားမြို့တော်ပဲ ၊ အခုဆို အရှုပ်အထွေးဓားရေကန်လဲ ပွင့်နေတာဆိုတော့ ငါ့သားလဲ အရှုပ်အထွေးဓားစိတ်ဆန္ဒကို ရသွားနိုင်တာပဲလေ
မင်း ...
ပိုင်ယွမ်လီ၏ မျက်နှာထား အနည်းငယ်ပြောင်းသွားသည်။
ဟုတ်ပါသည် ။ လီချန်းလုံ ပြောသလိုသာ လီထျန်းယွမ်တစ်ယောက် အရှုပ်အထွေးဓားစိတ်ဆန္ဒကို ရသွားပါက သူ့အတွက် ပြဿနာ ဖြစ်လာနိုင်ပါ၏။
ထိုစဉ်မှာပင်
မပြေးနဲ့
ခပ်လှမ်းလှမ်းရှိ အရှုပ်အထွေးဓားရေကန်ထဲမှ လောထျန်းအသံ ရုတ်တရက် ထွက်လာသည်။
ထိုအသံကြောင့် မသေမျိုးဘုရင်နှစ်ယောက်လုံး လန့်သွားကာ အသံလာရာဘက် လှာ့်ကြည့်လိုက်ကြ၏။
ထို့နောက်တွင်မူ သူတို့ဘက်သို့ ပြေးလာနေသော လူအသွင်ပြောင်း အရှုပ်အထွေးဓားစိတ်ဆန္ဒ တစ်ခုနောက်သို့ လိုက်နေသည့် လောထျန်းအား သူတို့ မြင်လိုက်ရသည်။
အဲ့ဒါ အရှုပ်အထွေးဓားစိတ်ဆန္ဒလား
ပိုင်ယွမ်လီ တအံ့တဩရေရွတ်လိုက်သည်။
အရှုပ်အထွေးဓားစိတ်ဆန္ဒက ဒီဘက်ကို ပြေးလာနေတာလား။ ဟား ဟား ကြည့်ရတာ ကောင်းကင်ဘုံက ငါ့ကို မျက်နှာသာပေးနေတယ်နဲ့တူတယ် ။ ဒီနေ့တော့ အဲ့ဓားစိတ်ဆန္ဒကို သိမ်းသွင်းမယ်ကွာ
လီချန်းလုံ အသံကျယ်ဖြင့် အော်ရယ်ကာ ဓားစိတ်ဆန္ဒဆီသို့ ပြေးသွားလိုက်သည်။
ဆရာ ..
မိုရှန့်ကမူ ဓားစိတ်ဆန္ဒကို တွေ့သည်နှင့် သူ့ဆရာအား ဘေးသို့ရှောင်ရန် သတိပေးစကား ဆိုမည့်ပုံ ပြင်လိုက်ပါသည်။
သို့သော် သူ့စကား မဆုံးသေးခင်မှာပင် လီချန်းလုံ ပြေးသွားသည်ကိုမြင်သည့် ပိုင်ယွမ်လီက နောက်ကျကျန်နေခဲ့မည်ကို စိုးကာ အလန့်တကြားဖြင့် လေထဲပျံတက်လိုက်၏။
လီချန်းလုံ ၊ အိမ်မက် မက်မနေနဲ့
ပိုင်ယွမ်လီ ပြောပြီး လက်ထဲမှ ဓားကိုမြှောက်၍ ဓားစိတ်ဆန္ဒထံ ပြေးသွားလိုက်သည်။
ဆရာ
အဖေ
၎င်းကိုမြင်သော မိုရှန့်နှင့် လီထျန်းယွမ်တို့ နှစ်ယောက်လုံး မျက်နှာထား ပြောင်းကုန်ကြသည်။
သူတို့ ထိုနှစ်ယောက်ကို တားလိုက်ချင်ေသာ်လည်း .. မသေမျိုးဘုရင်နှစ်ယောက်ကို တားနိုင်သည့်အစွမ်း ရှိမနေပါ။
တဖက်မှ လီချန်းလုံနှင့် ပိုင်ယွမ်လီမှာကား တစ်ယောက်ကိုတစ်ယောက် တိုက်ခိုက်ရင်း ဓားစိတ်ဆန္ဒထံသို့ ပြေးသွားကြပါ၏။
သို့သော် သူတို့နှစ်ယောက်လုံးမှာ လက်ရည်တူသူများ ဖြစ်သဖြင့် အချိန်တိုလေးအတွင်း မည်သူကမှ အသာစီးမရသေးပါ ။
ထိုစဉ်မှာပင် အရှုပ်အထွေးဓားစိတ်ဆန္ဒက သူတို့ရှေ့ ရောက်လာခဲ့ပါသည်။
၎င်း အရှုပ်အထွေးဓားစိတ်ဆန္ဒကို မြင်ချိန်တွင်မူ သူတို့နှစ်ဦး တစ်ယောက်ကိုတစ်ယောက် ဂရုမစိုက်နိုင်တော့ဘဲ ဓားစိတ်ဆန္ဒကိုသာ တစ်ပြိုင်နက်တည်းနီးပါး တိုက်ခိုက်လိုက်ကြပါ၏။
ထိုသို့ တိုက်ခိုက်ရင်းလည်း အော်လိုက်ကြပါသေးသည်။
အဲ့ဒါ ငါ့အပိုင်ပဲ