The immortal king 's deadly strike
Vol. 69 Ch. 998
သုတို့နှစ်ယောက်၏ သိုင်းကွက်များက လူအသွင်ပြောင်း ဓားစိတ်ဆန္ဒဆီသို့ တစ်ချိန်တည်းနီးပါး ရောက်သွားကြပါ၏။
သူတို့နှစ်ယောက်မှာ တစ်ယောက်ကိုတစ်ယောက် အလျှော့ပေးမည့်ပုံ လုံးဝ မရပါချ။
ထိုစဉ်မှာပင် လူအသွင်ပြောင်း ဓားစိတ်ဆန္ဒက သူတို့ဘက် လှည့်ကြည့်လာသည်။
မှုန်ဝါးဝါး မျက်နှာကြားထဲရှိ မျက်လုံးများဆီမှ လူသတ်အရိပ်အငွေ့တစ်ခုလည်း ထွက်လာပါ၏။
အင်
မသေမျိုးဘုရင် နှစ်ယောက်လုံး ထိုစဉ်မှသာ တစ်စုံတရာ လွဲနေသည်ကို သတိထားမိလိုက်ကြပါသည်။
သို့သော် သူတို့ နောက်ကျသွားခဲ့လေပြီ ။
ချွှင်
ဓားစိတ်ဆန္ဒက ရုတ်ချည်း တိုက်ခိုက်လိုက်၏။
ကြောက်မက်ဖွယ် ဓားအစွမ်းတစ်ခုက သူတို့နှစ်ယောက်ထံ ချက်ချင်းတိုးဝင်လာသည်။
ဒါ ...
မသေမျိုးဘုရင်နှစ်ယောက် ၎င်းကိုမြင်ပြီး တုန်လှုပ်သွားကြဟန် တူပါ၏။
လီချန်းလုံ မြန်မြန်လှုပ်ရှားကာ မသေမျိုးစွမ်းအင်များအား ရှေ့တွင် စုစည်းလိုက်သည်။
သို့သော် သူ့ မသေမျိုးစွမ်းအင်များက ကြောက်မက်ဖွယ် ဓားစိတ်ဆန္ဒကြောင့် တုန်ခါလာပြီးနောက် ...
မကြာခင်မှာပင် ဓားစိတ်ဆန္ဒက ၎င်းစွမ်းအင်များကို ထိုစဖောက်လာပါသည်။
သူ့ဘေးရှိ ပိုင်ယွမ်လီမှာလည်း အခြေနေ မထူးလှပါ။
သူသည်လည်း ဓားထုတ်၍ တဖက်မှ ဓားစိတ်ဆန္ဒကို အသည်းအသန်ခုခံရန် ကြိုးစားလိုက်သည့်တိုင် သူ့ကိုယ်ပိုင် ဓားစိတ်ဆန္ဒက လူအသွင်ပြောင်း အရှုပ်အထွေးဓားစိတ်ဆန္ဒနား ရောက်သည်နှင့် ချက်ချင်း ပျက်စီးသွားပါ၏။
ထို့နောက် မျက်စိတစ်မှိတ်ခန့် အချိန်လေးအတွင်းမှာပင် သူ့ဓားစိတ်ဆန္ဒ ပျောက်ကွယ်သွားခဲ့ရသည်။
ထို့နောက်တွင်ကား ..
ဝုန်း .. ဝုန်း ...
ပေါက်ကွဲသံနှစ်သံ ထွက်လာပြီး .. မသေမျိုးဘုရင် နှစ်ယောက်လုံး အဝေးသို့ လွင့်ထွက်သွားတော့၏။
သွေးများလည်း ကောင်းကင်ယံတခွင် ပြန့်ကျဲသွားသည်။
အဖေ
ဆရာ
လီထျန်းယွမ်နှင့် မိုရှန့်တို့ထံမှလည်း အလန့်တကြားအော်သံများ ထွက်လာ၏။
ထိုအချိန်မှာပင် မသေမျိုးဘုရင် နှစ်ယောက်သည်လည်း ကောင်းကင်ယံမှ ကျလာကြသည်။
လီချန်းလုံမှာ လက်နှစ်ဖက်လုံး ပြတ်နေပြီး ရင်ဘတ်တွင်လည်း ဆိုးရွားသော ဒဏ်ရာကြီးတစ်ခု ရှိနေ၏။
ပိုင်ယွမ်လီသည်လည်း ခန္ဓာကိုယ်တစ်ဝက်ခန့် ပျက်စီးနေကာ သေရန် နည်းနည်းလေးသာ လိုပါတော့၏။
ဘယ် .. ဘယ်လိုလုပ်ပြီး အဲ့လောက် အစွမ်းထက်နေရတာလဲ
လီချန်းလုံ သွေးအန်ရင်း လူအသွင်ပြောင်း ဓားစိတ်ဆန္ဒအား တုန်လှုပ်စွာ ကြည့်လိုက်သည်။
ပိုင်ယွမ်လီကလည်း သူ့နည်းတူပင် တုန်လှုပ်စွာဆို၏။
အဲ့ဒါ .. ဘယ်လိုအစွမ်းမျိုးလဲ ။ ဒီကမ္ဘာကြီးမှာ အဲ့လောက်အစွမ်းထက်တဲ့ ဓားစိတ်ဆန္ဒ တကယ်ရှိတာလား ။ ကြောက်စရာ ကောင်းလိုက်တာကွာ ..
သူတို့နှစ်ယောက်လုံး လူအသွင်ပြောင်း ဓားစိတ်ဆန္ဒကို ကြည့်ရင်း ကိုယ့်ဒဏ်ရာကိုယ်ပင် မေ့နေပါတော့သည်။
၎င်းဓားစိတ်ဆန္ဒ၏ အစွမ်းမှာ သူတို့ နားလည်နိုင်စွမ်းထက်ပင် ပိုနေသည်ဟု ပြောရလေမလား ..
ထိုစဉ်မှာပင် နောက်မှ ပြေးလိုက်လာသော လောထျန်းက လူအသွင်ပြောင်း ဓားစိတ်ဆန္ဒနား ရောက်လာပါသည်။
မပြေးနဲ့
လောထျန်း လေသံမာမာဖြင့် အော်လိုက်၏။
တဖက်မှ လူအသွင်ပြောင်း ဓားစိတ်ဆန္ဒမှာလည်း ပြေးစရာလမ်း မရှိတော့ဘဲ နောက်လှည့်ကာ လောထျန်းအကြည့်နှင့် ရင်ဆိုင်လိုက်ရပါသည်။
ချွှင်
ထိုစဉ် ပိုင်ယွမ်လီက တိတ်တဆိတ် အသံလွှင့်နည်းဖြင့် လီချန်းလုံအား ရုတ်တရက်ပြောလိုက်သည်။
လီချန်းလုံ ၊ ငါတို့ အတူတူ တိုက်ခိုက်ကြရအောင်
ဟင်
သူ့စကားကြောင့် လီချန်းလုံ အံ့အားသင့်သွား၏။
ပိုင်ယွမ်လီက ဆက်ပြောသည်။
ဒီ ဓားစိတ်ဆန္ဒက အစွမ်းထက်လွန်းတယ်ကွ။ ပြီးရင် သူ့ဆီကနေ လူသတ်အရိပ်အငွေ့လဲ ထွက်နေသေးတယ် ။ အဲ့တော့ ဒီကောင့်ကိုသာ အခုမရှင်းထားရင် ငါတို့ အသတ်ခံရမှာ သေချာသလောက်ပဲ
ငါတို့နှစ်ယောက်ပေါင်းပြီး တိုက်ခိုက်ရင်တော့ မျှော်လင့်ချက် ရှိနိုင်တယ်ကွ
ပိုင်ယွမ်လုံ၏ စကားကိုကြားသည်နှင့် လီချန်းလုံ ချက်ချင်း ဆုံးဖြတ်ချက်ချကာ ခေါင်းညိတ်လိုက်သည်။
ကောင်းပြီ ၊ လုပ်ကြတာပေါ့
ဝုန်း ...
ဝုန်း ...
သူတို့နှစ်ယောက်ထံမှ အအရောင်အဝါများ တစ်ပြိုင်နက်တည်းလို ထွက်လာ၏။
နဂါးကိုးသွယ် ကမ္ဘာဖျက်အစွမ်း
လီချန်းလုံ အော်ပြီး သူ့ မသေမျိုးစွမ်းအင်များအား ခေါင်းကိုးလုံး ကောင်းကင်ဘုံနဂါးအဖြစ် စုစည်းလိုက်သည်။
ကောင်းကင်ဘုံဓားကမ္ဘာ
ပိုင်ယွမ်လီကလည်း သူ့ အစွမ်းအထက်ဆုံး သိုင်းကွက်ကို ချက်ချင်းထုတ်၏။
ချွှင်
ဓားကမ္ဘာတစ်ခု ချက်ချင်း အသွင်ပေါ်လာသည်။
ထို့နောက်တွင်ကား ၎င်းအစွမ်းနှစ်ခုက လူအသွင်ပြောင်း ဓားစိတ်ဆန္ဒအား တစ်ပြိုင်တည်းလို တိုက်ခိုက်လိုက်ကြ၏။
မသေမျိုးဘုရင် နှစ်ယောက်မှာလည်း သူတို့၏ ဆုံးဖြတ်ချက်ကို ကျေနပ်နေသယောင် ။
ထို အရှုပ်အထွေးဓားစိတ်ဆန္ဒမှာ အစွမ်းထက်သည် မှန်သော်ငြား မသေမျိုးဘုရင် နှစ်ယောက်၏ အစွမ်းပြည့် တိုက်ခိုက်မှုကိုမူ ခံနိုင်ချင်မှ ခံနိုင်ပေလိမ့်မည်။
ထို့အပြင် သူတို့သံုးလိုက်သည့် သိုင်းကွက်များက သူတို့ကိုယ်ပိုင် အစွမ်းအထက်ဆုံး သိုင်းကွက်များ ဖြစ်ပေရာ ... အရှုပ်အထွေးဓားစိတ်ဆန္ဒ မဆိုထားဘိ ၊ အရှုပ်အထွေးခန္ဓာကိုယ်နှင့် မသေမျိုးဘုရင် တစ်ယောက်သည်ပင် ၎င်းကို ခံနိုင်လိမ့်မည် မဟုတ်ပါချေ။
သို့သော် ..
ဝုန်း
ထိုစဉ်မှာပင် တဖက်မှ လူအသွင်ပြောင်း ဓားစိတ်ဆန္ဒမှာ ရွှေရောင်လက်ကြီးတစ်ဖက်၏ ဖမ်းဆုပ်ခြင်းကို ခံလိုက်ရပါ၏။
ချွှင် ..
ဓားစိတ်ဆန္ဒက အသည်းအသန် ရုန်းကန်ကာ ၎င်းရွှေရောင်လက်ကြီးအား ပြိုကွဲသွားအောင် လုပ်လိုက်သည်။
သို့သော် ထိုစဉ်မှာပင် လေထဲ၌ ရွှေရောင်လက်ကြီး နောက်တစ်ဖက် ထပ်ပေါ်လာပါ၏။
ဝုန်း
၎င်းလက်ဝါးကြီး၏ ရိုက်ချက်က လူအသွင်ပြောင်း ဓားစိတ်ဆန္ဒပေါ် ကျလာသည်။
ဓားစိတ်ဆန္ဒမှာ ထိုလက်ဝါးချက် တစ်ချက်ဖြင့်ပင် ပြိုကွဲလုနီး ဖြစ်သွားရှာ၏။
၎င်းမှာ ဆက်ပြီး တိုက်ခိုက်လိုစိတ်လည်း ရှိတော့ဟန်မတူဘဲ ချက်ချင်း ငြိမ်ကျသွားတော့သည်။
ဘယ်လိုဖြစ်ပြီး
မြင်လိုက်ရသည့် မြင်ကွင်းကြောင့် လီချန်းလုံနှင့် ပိုင်ယွမ်လီ နှစ်ယောက်သား မျက်လုံးပြူးကုန်ကြသည်။
သူတို့နှစ်ယောက်ကို မျက်တောင်တစ်ခတ်စာ အချိန်လေးအတွင်း ဒဏ်ရာဆိုးဆိုးရွားရွားရအောင် လုပ်ခဲ့ငည့် ဓားစိတ်ဆန္ဒက လက်ဝါးချက်တစ်ချက်ကြောင့် ငြိမ်ကျသွားသတဲ့လား ။
ဘာတွေဖြစ်နေပါသလဲ ..
သို့သော် မကြာခင်မှာပင် သူတို့၏ မျက်နှာထားများ ထပ်ပြောင်းသွားကြပြန်ပါ၏။
အဘယ့်ကြောင့်ဆိုသော် ဓားစိတ်ဆန္ဒ ငြိမ်ကျသွားသည့်တိုင် သူတို့ အစောက ထုတ်ခဲ့သည့် သိုင်းကွက်များအား ပြန်ရုတ်သိမ်း၍ မရတော့သည်ကို နှစ်ယောက်သား ပြန်သတိရလိုက်သောကြောင့်ပင် ။
သူတို့ ထုတ်လွှတ်ခဲ့သည့် သိုင်းကွက်များက တဖက်မှ လောထျန်းထံသို့ တည့်တည့်မတ်မတ် တိုးဝင်သွားပါတော့၏။
သတိထား
ဘေးဖယ်
သူတို့နှစ်ယောက်လုံး အလန့်တကြားဖြင့် ပြိုင်တူ အော်ဟစ်လိုက်ကြသည်။
သို့သော် တဖက်မှ လောထျန်းမှာ လူအသွင်ပြောင်း ဓားစိတ်ဆန္ဒအား ဖမ်းလိုက်နိုင်သဖြင့် စိတ်လှုပ်ရှားနေပုံရပြီး တဖက်လူကြီးနှစ်ယောက်၏ တိုက်ခိုက်မှုများကို သတိထားမိဟန် မတူပါချေ။
မသေမျိုးဘုရင် နှစ်ယောက်အဖို့မှာလည်း သူတို့၏ သိုင်းကွက်များကို ပြန်ရုတ်သိမ်းရန် နောက်ကျလွန်းသွားခဲ့လေပြီ။
ဤသို့ဖြင့် မသေမျိုးဘုရင်များ၏ အစွမ်းအထက်ဆုံး သိုင်းကွက်များက လောထျန်းထံ တိုးဝင်သွားပါတော့၏။
ဝုန်း
အရှုပ်အထွေးဓားရေကန်တစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားသည်။
မရေမတွက်နိုင်သော ဓားစိတ်ဆန္ဒ အပိုင်းအစများလည်း ကောင်းကင်ယံသို့ ထိုးတက်သွားကြကာ ဓားစိတ်ဆန္ဒမုန်တိုင်းကြီးတစ်ခုလို ဖြစ်သွားသဖြင့် ဘေးမှ လူများအားလုံး ဝေးရာသို့ ပြေးလိုက်ကြရသည်။
ဘယ်လိုလုပ်ပြီး .. အဲ့လို ဖြစ်သွားရတာလဲကွာ ။ ငါ သူ့ကိုသတ်ဖို့ တကယ်မရည်ရွယ်ပါဘူး
ပိုင်ယွမ်လီ အသံတုန်တုန်ဖြင့် ပြောလိုက်သည်။
လီချန်းလုံက မျက်မှောင်ကြုံ့ရင်း လှောင်ပြုံးဖြင့် ပြော၏။
ဒီလိုနေရာမျိုးမှာမှ ပေါ်လာတဲ့ သူ့သူကိုယ်သူပဲ အပြစ်တင်သင့်တာ
သို့သော် သူ့စကား ဆုံးဆုံးချင်းမှာပင် ..
ဟင် ၊ ငါ့ကို တိုက်ခိုက်လိုက်တာ ဘယ်ကောင်လဲ
ဓားစိတ်ဆန္ဒမုန်တိုင်းကြားမှ အေးစက်စက် အသံတစ်သံ ရုတ်တရက် ထွက်လာပါသည်။
ဒါ ...
မသေမျိုးဘုရင် နှစ်ယောက်လုံး အံ့ဩမှင်သက်ကုန်ကြ၏။
ထိုသူက သူတို့၏ တိုက်ခိုက်မှုများကို ရင်ဆိုင်ရပြီးနောက် ဘယ်လိုကြောင့် အသက်ရှင်လျက် ရှိနေသေးပါသလဲ။
ထိုစဉ်မှာပင်
ဝုန်း
နားကန်းမတတ် မြည်သံကျယ်ကြီး တစ်သံနှင့်အတူ အားပြင်းလှသော အစွမ်းတစ်ခုကြောင့် ဓားစိတ်ဆန္ဒမုန်တိုင်းများ ပြိုကွဲသွားပါတော့၏။
၎င်း ဓားစိတ်ဆန္ဒမုန်တိုင်း၏ အလည်တွင်ကား လူတစ်ယောက် ရပ်လျက် ...
ထိုသူမှာ လောထျန်းပါပင်။
ဘယ်လိုဖြစ်ပြီးတော့
၎င်းကိုမြင်သည်နှင့် ပိုင်ယွမ်လီ၏ မျက်နှာထား ရုတ်ချည်း ပြောင်းသွားတော့သည်။
တဖက်လူမှာ မသေမျိုးဘုရင်နှစ်ယောက်၏ အစွမ်းအထက်ဆုံး သိုင်းကွက်များကို ခံခဲ့ရပြီးသည့်တိုင် မသေခဲ့သလို .. ပွန်းပဲ့ရာလေး တစ်ခုတလေပင် ရှိမနေခဲ့ပါ။
၎င်းက မည်သို့ ဖြစ်နိုင်ပါသနည်း။
ထိုစဉ် လီချန်းလုံမှာလည်း လောထျန်း၏ နောက်ကျောကို ဖျတ်ခနဲမြင်သွားကာ မှင်သက်သွားပါ၏။
အဲ့ဒါ .. အရှုပ်အထွေးဓားစိတ်ဆန္ဒလား
သူ တုန်လှုပ်စွာ မေးလိုက်သည်။
ပိုင်ယွမ်လီမှာလည်း သူ့စကားကိုကြားကြားချင်း လောထျန်းအား တအံ့တဩကြည့်လိုက်သည်။
လောထျန်း၏ နောက်ကျောတွင်ကား ရာပေါင်းများစွာသော အရှုပ်အထွေးဓားစိတ်ဆန္ဒ အစည်းများက စပါးပင်အစည်းများလို ပုံလျက် ...
ဂလု
ပိုင်ယွမ်လီတစ်ယောက် တံတွေးကို ခက်ခက်ခဲခဲ မြိုချလိုက်ရသည်။
သူ့မျက်စိရှေ့တွင် မြင်နေရသော အရာကိုလည်း မည်သို့ နားလည်ရမည်မှန်း မသိတော့ပါ။
ငါ အမြင်မှားနေတာများလား ... အရှုပ်အထွေးဓားစိတ်ဆန္ဒတွေ အစည်းလိုက်ကြီးက .. မဖြစ်နိုင်ဘူး ၊ လုံးဝ မဖြစ်နိုင်ဘူး
သူ အသံတုန်တုန်ဖြင့် ပြောလိုက်သည်။
ထိုစဉ်မှာပင် လီထျန်းယွမ်နှင့် မိုရှန့်တို့က မသေမျိုးဘုရင်နှစ်ယောက်နား ရောက်လာပါ၏။
ဆရာ ..
မိုရှန့်က ဖြူရော်နေသော မျက်နှာထားဖြင့် ဖြစ်ပျက်ခဲ့သမျှကို အတိုချုံ့ပြောပြလိုက်သည်။
သူ့စကားဆုံးချိန်တွင် မသေမျိုးဘုရင်နှစ်ယောက်မှာ ပါးစပ်အဟောင်းသား...
ဒီကောင်က .. လူရော ဟုတ်သေးရဲ့လား
အရှုပ်အထွေးဓားရေကန်က ဓားစိတ်ဆန္ဒတွေ အားလုံးကို သူ့ရဲ့ အကာအကွယ်အရောင်အဝါတောင် မပျက်စီးဘဲ ခံနိုင်ခဲ့တယ် ဟုတ်လား
သူတို့နှစ်ယောက်လုံး အံ့ဩမှင်သက်နေကြပါတော့၏။