Tian long Secret Treasure
Vol. 69 Ch. 999
ထိုစဉ် လောထျန်းက မသေမျိုးဘုရင်နှစ်ယောက်ဘေးသို့ ရောက်လာကာ အေးစက်စက်မျက်နှာထားဖြင့် ပြောသည်။
မင်းတို့နှစ်ယောက်က ဘာလို့ ငါ့ကို တိုက်ခိုက်ခဲ့တာလဲ
ပိုင်ယွမ်လီ တစ်ကိုယ်လုံး တုန်သွားကာ ချက်ချင်း ခေါင်းငုံ့သွားပြီးမှ ပြန်ပြောလိုက်သည်။
ကျုပ် တောင်းပန်ပါတယ် သခင်ကြီးရယ်။ သခင်ကြီးကို တိုက်ခိုက်ဖို့ တမင်ရည်ရွယ်ခဲ့တာ မဟုတ်ပါဘူး။ ဟို လူအသွင်ပြောင်း ဓားစိတ်ဆန္ဒကို သခင်ကြီးအတွက် ကူညီပြီး တိုက်ခိုက်ပေးမလို့ပါ ..
လီချန်းလုံမှာလည်း သူ့စကားကိုကြားမှ အသိပြန်ဝင်လာကာ ခေါင်းငုံ့၍ ဆိုသည်။
ကျုပ်ရောပါပဲ
လက်ရှိတွင် လီချန်းလုံ၏ ရင်ထဲ၌လည်း အကြောက်တရားတို့ ပြည့်နေပါ၏။
သူ ဆယ်ဘွဲ့ရ မသေမျိုးဘုရင်ဖြစ်သော ဒါလောင်မသေမျိုးဘုရင်နှင့် ကြုံခဲ့စဉ်တွင်ပင် ထိုသို့ မကြောက်ခဲ့ဖူးပါချေ။
ယခု သူ့ရှေ့မှလူမှာ အမှန်တကယ် ကြောက်စရာကောင်းလှပါသည်။
အိုး .. အဲ့လိုလား ..
လောထျန်းတစ်ယောက် မျက်မှောင်ကြုံ့ထားရင်းမှ အနည်းငယ် တုန့်ဆိုင်းသွားသည်။
ထိုစဉ် ပိုင်ယွမ်လီက ရုတ်တရက်ရယ်ရင်း ပြော၏။
ဒါပေါ့ဗျာ ။ ကျုပ် အခုထက်ပိုပြီး အဆတစ်ရာလောက် သတ္တိရှိရင်တောင် သခင်ကြီးကို မတိုက်ခိုက်ဝံ့ပါဘူး
ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် ကျုပ် သခင်ကြီးကို အနှောင့်ယှက်ပေးသလို ဖြစ်သွားမိခဲ့ပါတယ်။ အဲ့အတွက် ကျုပ်မှာရှိတဲ့ ထူးခြားတဲ့ သိုင်းကျင့်စဉ်တစ်ခုနဲ့ တောင်းပန်ပါရစေ
သူပြောပြီး အင်္ကျီလက်ထဲမှ ကျောက်စိမ်းပြားတစ်ခုကို ထုတ်၍ လောထျန်းအား တွန့်ဆုတ်စွာပေးလိုက်သည်။
သို့သော် လောထျန်းကမူ ၎င်းကို လှမ်းမယူဘဲ မထူးခြားပုံဖြင့်သာ ကြည့်နေပါ၏။
ပိုင်ယွမ်လီ မြန်မြန်ရှင်းပြလိုက်သည်။
သခင်ကြီး ၊ ကျုပ်ရဲ့ ဒီသိုင်းကျင့်စဉ်က အင်မတန်မှကို ထူးခြားပါတယ်။ သခင်ကြီးအတွက်လဲ အသုံးဝင်မှာ သေချာပါတယ်ဗျာ
လောထျန်းက ပြန်မေးပါသည်။
အိုး .. ဘယ်လိုထူးခြားတာလဲ
ပိုင်ယွမ်လီ အသက်ပြင်းပြင်း တစ်ချက်ရှိုက်လိုက်၏။
ဒီသိုင်းကျင့်စဉ်ကို နှလုံးသားသန့်စင်နည်းကိုးသွယ်လို့ ခေါ်ပါတယ် ။ ဒါက တိုက်ခိုက်ဖို့အတွက် သုံးရတဲ့ သိုင်းကျင့်စဉ်မဟုတ်ဘဲ သန့်စင်ခြင်းနည်းကို အထူးပြုထားတဲ့ ကျင့်စဉ်ပါ
သူ့စကားကြောင့် လောထျန်း စိတ်ဝင်စားသွားဟန် တူပါသည်။
သန့်စင်ခြင်းအတွက် ဟုတ်လား
ပိုင်ယွမ်လီ ခေါင်းတဆတ်ဆတ် ညိတ်လိုက်သည်။
ဟုတ်ပါတယ် ၊ ဒီ သိုင်းကျင့်စဉ်နဲ့ဆို ဘယ်အရာကိုမဆို သန့်စင်လို့ရတယ်ဗျ။ မသေမျိုးကျောက်တုံးတွေ ၊ မသေမျိုးသစ်သီးတွေနဲ့ တခြား အခွင့်ကောင်းပေါင်းစုံကို သန့်စင်နိုင်မှာပါ။ ဒီသိုင်းကျမ်းကြောင့်မို့လဲ ကျုပ်တို့မျိုးနွယ်က တပည့်တွေက တခြားသူတွေထက် ပိုမြန်မြန်ကျင့်ကြံနိုင်ကြတာပါ
အမှန်မှာ ထိုသိုင်းကျမ်းသည် သူတို့မျိုးနွယ်၏ အကြီးဆုံးသော လျှို့ဝှက်ချက်ကြီးတစ်ခုဟု သတ်မှတ်၍ရပါသည်။
ယနေ့လို မိမိအသက် အရေးပေါ်အခြေအနေနှင့်သာ မကြုံရပါလျှင် ပိုင်ယွမ်လီတစ်ယောက် ထိုသိုင်းကျမ်းအား လုံးဝ ထုတ်ပေးမည်မဟုတ်ပါ။
တဖက်မှ မိုရှန့်ကလည်း ဝင်ပြော၏။
ဟုတ်ပါတယ် ။ ကျုပ် အရှုပ်အထွေးဓားစိတ်ဆန္ဒကို မြန်မြန်သန့်စင်နိုင်တာကလဲ အရှုပ်အထွေးဓားစိတ်ဆန္ဒက ကျုပ်ကို သခင်အဖြစ် လိုလိုလားလား အသိမှတ်ပြုတဲ့ တစ်ချက်တည်းကြောင့် မဟုတ်ပါဘူး။ ဒီ သိုင်းကျင့်စဉ်ကြောင့်ပါ ပါတယ်
သူ့စကားကိုကြားမှ ဖြစ်ပျက်ခဲ့သော အခြေအနေများကို လူများ နားလည်သွားကြသည်။
မိုရှန့် အရှုပ်အထွေးဓားစိတ်ဆန္ဒကို သန့်စင်နိုင်ခဲ့သည့် နှုန်းမှာ အမှန်တကယ်လည်း မြန်လွန်းလှပါ၏။
အစပိုင်းတွင်မူ မိုရှန့်က ပါရမီထူးလွန်း၍သာ ထိုသို့လုပ်နိုင်ခဲ့သည်ဟု အားလုံး အထင်ရောက်ခဲ့ကြပါသည်။
ယခုမှသာ အခြားအကြောင်းရင်းတစ်ခု ရှိနေသေးကြောင်း သူတို့ သိလိုက်ရခြင်းပင်။
ထိုစကားကို ကြားပြီးနောက်တွင်မူ လောထျန်း၏မျက်လုံးများ အရောင်လက်သွားကြပါသည်။
ကောင်းတယ်ဗျာ ၊ ဒါဆိုရင် ဒီသိုင်းကျင့်စဉ်ကို ကျုပ် လက်ခံလိုက်မယ်
လောထျန်း အပြုံးဖြင့် ဆို၏။
သူကိုယ်တိုင်က ထို နှလုံးသားသန့်စင်နည်း ကိုးသွယ်ကို အသုံးပြုမည် မဟုတ်သည့်တိုင် သူ့ဘေးနားမှ လူများအတွက် အသုံးဝင်နိုင်သည် မဟုတ်ပါလား။
ထို့နောက်တွင်ကား လောထျန်းအကြည့်က လီချန်းလုံထံ ရောက်သွားသည်။
ဟင် .. မင်းကိုး
သူ့ မျက်နှာထား အနည်းငယ်အေးစက်သွား၏။
လီချန်းလုံသာ သူ စိတ်ဝင်စားနိုင်မည့် အရာတစ်ခုခု မပေးနိုင်ပါက သတ်ပစ်ရန်လည်း စိတ်ထဲတွေးလိုက်သည်။
တဖက်မှ လီချန်းလုံမှာလည်း လောထျန်းအကြည့်ကြောင့် တစ်ကိုယ်လုံး တုန်သွားရှာ၏။
သခင်ကြီး ၊ ကျုပ်လဲ သခင်ကြီးအတွက် ဒီသိုင်းကျင့်စဉ်ကို ပေးချင်ပါတယ်
သူ ပြောပြီး သိုင်းကျင့်စဉ် တစ်အုပ်ကို တုန်တုန်ယင်ယင်ထုတ်ကာ လောထျန်းအား ပေးလိုက်သည်။
လောထျန်းက ၎င်းသိုင်းကျင့်စဉ်ကို တစ်ချက်ကြည့်ကာ မျက်မှောင်ကြုံ့သွား၏။
ကျုပ် ဒီလိုသိုင်းကျင့်စဉ်မျိုးကို စိတ်မဝင်စားဘူး
လီချန်းလုံ၏ သိုင်းကျင့်စဉ်မှာ အခြားသူများအတွက် အမှန်တကယ် ကောင်းသည်ဟု ပြောနိုင်သော်လည်း လောထျန်းအတွက်မူ မလုံလောက်ပါ ။
လောထျန်း၏ ကောင်းကင်ဘုံသိုင်းကျမ်းကို မဆိုထားဘိ ၊ သူ မသေမျိုးပြောင်းလဲရေကန်ထဲမှ ရခဲ့သော မသေမျိုးဧကရာဇ် အမွေအနှစ်များနှင့်ပင် မယှဉ်နိုင်ပါချေ။
မင်းဘက်က ကျုပ်ကို စိတ်ကျေနပ်လောက်အောင် ပြန်မပေးနိုင်ဘူးဆိုပေမယ့် ကျုပ်က ဒီတိုင်းကြီးတော့ အနိုင်မကျင့်ပါဘူး ။ မင်း ခုက ကျုပ်ကို တိုက်ခိုက်ခဲ့တာမို့ ကျုပ်ကလဲ မင်းကို ပြန်တိုက်ခိုက်မယ် ။ အဲ့ဒါဆို မျှတယ်မဟုတ်လား
လောထျန်း ပြောကာ လက်တစ်ဖက်ကို ဖြည်းဖြည်းချင်း မြှောက်လိုက်သည်။
သူ့လက်ထဲ၌ မည်သို့သော အစွမ်းကိုမှ မစုစည်းရသေးပါချေ။
သို့သော် သူလုပ်လိုက်သည့် ရိုးရိုးရှင်းရှင်း အပြုအမူလေးကပင် လီချန်းလုံအပေါ် ကြီးလှစွာသော ဖိအားကြီးတစ်ခုကို သက်ရောက်သွားစေပါ၏။
ခဏ .. ခဏလေးနေပါဦးဗျာ ။ ကျုပ်ဆီမှာ သခင်ကြီး စိတ်ဝင်စားလောက်မယ့် အရာတစ်ခု ရှိပါတယ်
လီချန်းလုံ ရုတ်တရက် ပြောလိုက်သည်။
ဘာလဲ
လောထျန်းက အေးစက်စက်ပြန်မေး၏။
လီချန်းလုံ အံကြိတ်၍ သူ့အင်္ကျီအိတ်ထဲမှ ရွှေရောင်ခပ်မှိန်မှိန် အပြားလေးတစ်ခုကို ထုတ်ကာ လောထျန်းထံ ပေးလိုက်သည်။
ဟင် .. ဒါက
လောထျန်း ထို ရွှေရောင်အပြားအား နားမလည်သည့် မျက်လုံးများဖြင့် ကြည့်လိုက်၏။
၎င်းက ဘာပါနည်း ။
အဘယ့်ကြောင့် ထိုပစ္စည်းကို ထုတ်ပေးလာရပါသနည်း။
သို့သော် ထိုစဉ်တွင်
လောထျန်းနောက်တွင် ရှိနေသော ရှီလုံ၏ အရောင်အဝါက ရုတ်တရက် မငြိမ်မသက် ဖြစ်သွားပါသည်။
မင်း .. အဲ့ဒါကို ဘယ်ကနေ ရခဲ့တာလဲ။ ဘယ်လိုရခဲ့တာလဲ
ရှီလုံ တအံ့တဩမေးသည်။
လီချန်းလုံ လန့်သွားသော်လည်း ဘာကိုမှ မဖုံးကွယ်ရဲဘဲ အံကြိတ်၍သာ အမှန်တိုင်း ပြောလိုက်ရပါ၏။
ဒီပစ္စည်းကို ကျုပ် လူငယ်အရွယ်လောက်တုန်းက လျှို့ဝှက်ဒေသတစ်ခုကနေ ရခဲ့တာပါ။ အဲ့ထဲမှာပါတဲ့ ထူးခြားတဲ့အရောင်အဝါက ကျုပ်ရဲ့ ခန္ဓာကိုယ်အစွမ်းကို တိုးစေခဲ့သလို ကျုပ်ရဲ့ ကျင့်ကြံခြင်းတိုးတက်နှုန်းကိုလဲ တိုးေစခဲ့ပါတယ်
သူ့စကားကြောင့် ရှီလုံ အလွန်ပျော်သွားဟန် တူပါသည်။
ဝီ
ထို့နောက် သူ့ စိတ်ဝိဉာဉ်အစွမ်းကိုသုံး၍ ရွှေရောင်အပြားလေးအား မျက်နှာနားဆွဲယူကြည့်ကာ .. သူ့စိတ်ဝိဉာဉ် တုန်ယင်သွား၏။
လောထျန်း ၎င်းကိုကြည့်ရင်း နားမလည်နိုင်စွာ မေးလိုက်သည်။
သခင်ကြီး ၊ ဘာဖြစ်လို့လဲ ။ အဲ့ပစ္စည်းကို သိလို့လား
ရှီလုံ အချိန်အတန်ကြာ တိတ်နေပြီးမှ ပြန်ဖြေပါ၏။
သိတယ်
လောထျန်း စိတ်ဝင်တစား ဖြစ်သွားသည်။
ဟုတ်လား ၊ အဲ့ပစ္စည်းက ဘာလဲဗျ
ရှီလုံ သက်ပြင်းချလိုက်သည်။
ဒီဟာက ရှေးဟောင်း ကောင်းကင်ဘုံနဂါးရဲ့ သဘာဝမသေမျိုးလက်နက်ပဲ
ဘယ်လို
လောထျန်း အံ့အားသင့်သွားရသည်။
ရှီလုံ စကားဆက်၏။
ဒီထဲမှာ ရှေးဟောင်း ကောင်းကင်ဘုံနဂါးရဲ့ အရောင်အဝါပါသလို သူ နားလည်ခဲ့တဲ့ နတ်ဘုရားအစွမ်းတချို့လဲ ပါနေတယ်။ လုံးဝ မမှားဘူး
သူပြောပြီးသည်နှင့် ချက်ချင်း ဝမ်းနည်းသွားဟန်လည်း တူပါ၏။
အဘယ့်ကြောင့်ဆိုသော် ရှေးဟောင်း ကောင်းကင်ဘုံနဂါး၏ သဘာဝမသေမျိုးလက်နက်နှင့် ထို ကောင်းကင်ဘုံနဂါးတို့ကြား ဆက်နွယ်မှုကို သူ ကောင်းကောင်းသိထားသောကြောင့်ပင် ။
ဤအရာ ပျက်စီးနေသည်ကို ကြည့်ခြင်းအားဖြင့် ထိုခေတ်က ကောင်းကင်ဘုံနဂါးမှာလည်း အမှန်တကယ် သေဆုံးသွားခဲ့ပြီဖြစ်ကြောင်း သိနိုင်ပါသည်။
ရှီလုံမှာ ထို ရှေးဟောင်းကောင်းကင်ဘုံနဂါး၏ အရိုးမှ မွေးဖွားလာသော စိတ်ဝိဉာဉ်တစ်ယောက် ဖြစ်သဖြင့် ထို ကောင်းကင်ဘုံနဂါး၏ ကိုယ်ပွားပုံရိပ်နှင့် မခြားလှသလို ... အဖေနှင့်သား ဟုလည်း ပြောနိုင်ပါသေး၏။
ထို့ကြောင့်လည်း ကောင်းကင်ဘုံနဂါး သေဆုံးသွားခဲ့ပြီဖြစ်ကြောင်း ရှီလုံ သိထားပြီးသည့်တိုင် ၎င်းမသေမျိုးလက်နက် အပိုင်းအစကို မျက်ဝါးထင်ထင် မြင်တွေ့ရချိန်၌ သူ ဝမ်းနည်းသွားရခြင်းပင်။
ထို့နောက်တွင် ရှီလုံက ရုတ်တရက် တိတ်တဆိတ်အသံလွှင့်နည်းကို သုံး၍ လောထျန်းအား ပြောလိုက်သည်။
လောထျန်း ၊ ငါ့ကို ဒီပစ္စည်း ပေးလို့ရမလား
လောထျန်း ခေါင်းညိတ်ပြလိုက်၏။
ရတာပေါ့ဗျာ
ရှီလုံ သက်ပြင်းချပြီး ၎င်းရွှေရောင်အပြားလေးကို သိမ်းလိုက်ပြီးမှ ဆက်ပြောသည်။
ဒီအရာလေးက ငါ့ကို အသွင်ပြောင်းနိုင်အောင် ကူညီပေးမယ့်အပြင် အထဲမှာ ရှေးဟောင်းကောင်းကင်ဘုံနဂါးရဲ့ အမွေအနှစ်လဲ ပါတယ်ကွ။ ငါ ကျင့်ကြံလို့ ပြီးသွားတာနဲ့ အဲ့ထဲက အမွေအနှစ်ကို မင်းကိုပေးမယ်
ထို့နောက်တွင် သူ လောထျန်းပြန်အပြောကိုပင် မစောင့်ဘဲ နောက်လှည့်ကျင့်ကြံနေလိုက်တော့၏။
လောထျန်းကလည်း ဘာမှ ဆက်ပြောမနေဘဲ လောပန်းတို့ဘက်သို့သာ လှည့်လိုက်သည်။
ပျောင်ပိုင်မြို့ကသူတွေနဲ့ ထျန်းယွမ်ကမ္ဘာသားတွေကို မြန်မြန်ခေါ်လိုက်ကြကွာ
လောပန်း အံ့ဩသွားသော်လည်း ခေါင်းညိတ်ပြရှာပါ၏။
ဟုတ်ကဲ့ အကိုထျန်း
ဤသို့ဖြင့် တစ်နာရီခန့် ကြာပြီးသွားချိန်တွင်မူ လောထျန်းရှေ့၌ ထောင်ပေါင်းများစွာသော ပျောင်ပိုင်မြို့သားများနှင့် ထျန်းယွမ်ကမ္ဘာသားများ ရောက်နေကြပါတော့သည်။