Serving for 15000 years
Vol. 69 Ch. 1000
လောထျန်းက သူ့ရှေ့မှ လူအုပ်ကိုကြည့်ရင်း တစ်ချက်ခေါင်းညိတ်၏။
ကဲ .. အားလုံး ဒီကိုလာပြီးတော့ အရှုပ်အထွေးကျောက်ရိုင်းတွေ လာယူကြ ။ ပြီးရင် မြန်နိုင်သမျှ အမြန်ဆုံး သန့်စင်ကြနော်
သူ ပြောပြီး လက်ယမ်းကာ အစောပိုင်းက တူးထားခဲ့သော အရှုပ်အထွေးကျောက်ရိုင်းတုံးများကို ထုတ်လိုက်ပါသည်။
ဝုန်း
ရုတ်တရက် ပေါ်လာသော အရှုပ်အထွေးကျောက်ရိုင်းတုံး အပုံလိုက်ကြီးကြောင့် အားလုံး မူးနောက်ေနာက်ပင် ဖြစ်ကုန်ကြ၏။
အဲ့ဒါ .. အရှုပ်အထွေးကျောက်ရိုင်းတွေလား
မဟုတ်သေးဘူး ၊ အရှုပ်အထွေးကျောက်ရိုင်းကို ငါ အရင်က မြင်ဖူးပါတယ်။ အခုလို မဟုတ်ပါဘူးကွာ
မင်းက ဘာသိလို့လဲကွ။ မင်း မြင်ဖူးထားတဲ့ဟာတွေက အဆင့်နိမ့် အရှုပ်အထွေးကျောက်ရိုင်းတွေ။ အခုဟာတွေက အဆင့်မြင့် အရှုပ်အထွေးကျောက်ရိုင်းတွေကွ
အရှုပ်အထွေးကျောက်ရိုင်းတွေက အဆင့်အမျိုးမျိုး ရှိသေးတာလား
မဖြစ်နိုင်တာ
အဲ့လိုအဆင့်က ဘယ်လိုကွဲတာလဲ ပြော
အကြီးကြီးကွဲတာပေါ့ကွ။ အဆင့်မြင့် အရှုပ်အထွေးကျောက်ရိုင်းတွေကို သန့်စင်လိုက်ရင် အရှုပ်အထွေးခန္ဓာကိုယ် ရနိုင်တဲ့အခွင့်ရေးကလဲ အများကြီးပိုများတယ်
ဘယ်လို .. အရှုပ်အထွေးခန္ဓာကိုယ် ..
အားလုံး မျက်လုံးပြူးကုန်ကြပါသည်။
အချို့လူများဆိုလျှင် မနေနိုင်ဘဲ ထိုကျောက်ရိုင်းတုံးများအား ခိုးယူရန်ပင် စဉ်းစားမိသွားကြ၏။
သို့သော် လောထျန်း၏အကြည့်ကို မြင်ချိန်တွင်မူ သူတို့အားလုံး ပြန်ငြိမ်ကျသွားကြပါသည်။
မငြိမ်၍လည်း ရပါမည်လား ။
ထိုသူမှာ မသေမျိုးဘုရင်နှစ်ယောက်၏ ပူးပေါင်းတိုက်ခိုက်မှုကိုပင် နည်းနည်းလေးမှ မမှုခဲ့သူ ဖြစ်ပါသည်။
သို့ဖြစ်ရာ သူ့ထံမှ ပစ္စည်းများကို ခိုးယူရန်ကြိုးစားသူမှာ မိမိကိုယ်ကို သတ်သေရန် ကြိုးစားသည်နှင့် ဘာထူးပါမည်လဲ။
ထိုစဉ်တွင် တဖက်မှ ပျောင်ပိုင်မြို့သားများမှာကား အလွန်ပျော်ရွှင်နေကြပါ၏။
ထို့နောက်တွင် သူတို့အားလုံး လောထျန်းပေးသည့် အရှုပ်အထွေးကျောက်ရိုင်းတုံးများကို လက်ခံယူပြီး ချက်ချင်းတန်းကျင့်ကြံလိုက်ကြသည်။
ထိုသို့ အားလုံးကို ဝေပေးပြီးသွားသည့်တိုင် လောထျန်းထံ၌ အရှုပ်အထွေးကျောက်ရိုင်းတုံးများနှင့် အရှုပ်အထွေးဓားစိတ်ဆန္ဒများ အများအပြား ကျန်နေဆဲပါပင် ။
၎င်းကိုကြည့်နေသော လီချန်းလုံက ရုတ်တရက် ဆုံးဖြတ်ချက် ချလိုက်ပုံဖြင့် ရှေ့တိုးလာကာ ဆို၏။
သခင်ကြီးလောထျန်း...
ဟင် ၊ ဘာကိစ္စရှိလို့လဲ
လောထျန်း မျက်မှောင်ကြုံ့ရင်း မေးလိုက်သည်။
လီချန်းလုံက မလှမ်းမကမ်းမှ အရှုပ်အထွေးကျောက်ရိုင်းတုံ ပုံကြီးကို တစ်ချက်လှမ်းကြည့်ရင်း တံတွေးကို ခက်ခက်ခဲခဲမြိုချကာ ဆို၏။
ဟို ... သခင်ကြီးအနေနဲ့ ဖြစ်နိုင်မယ်ဆိုရင် ကျုပ်ကို အရှုပ်အထွေးကျောက်ရိုင်းတုံးလေး တစ်ခု၊နှစ်ခုလောက် ရောင်းပေးလို့ ရမလားဗျာ
၎င်း အရှုပ်အထွေးကျောက်ရိုင်းတုံးများကို အတင်းအားသုံးပြီး လုယူရန် မည်သို့မှ မဖြစ်နိုင်ပေရာ တောင်းပန်ပြီး ဝယ်ကြည့်ရုံသာ ရှိတော့သည် မဟုတ်ပါလား။
လောထျန်းက ထိုစကားကိုကြားပြီး မျက်မှောင်အနည်းငယ် ကြုံ့သွားပါသည်။
ခင်ဗျားဘက်က ဘာပေးနိုင်မလဲ
သူ့စကားထဲမှ မျှော်လင့်ချက်အလင်းရောင်လေး နည်းနည်းကို တွေ့ရသဖြင့် လီချန်းလုံ အံကြိတ်ကာ ပြန်ပြောလိုက်၏။
အဲ့ဒီ အရှုပ်အထွေးကျောက်ရိုင်းတုံး နှစ်ခုအတွက် ကျုပ်တို့လီမိသားစု ပိုင်ဆိုင်မှုတစ်ဝက်ကို ပေးပါ့မယ်ဗျာ
သူ့စကားဆုံးသည်နှင့် ပတ်ဝန်းကျင်ရှိ လူများ၏ တအံ့တဩရေရွတ်သံများ ထွက်လာသည်။
လီမိသားစုဆိုတာ ချင်းယွမ်ဒေသရဲ့ ထိပ်တန်းမိသားစုတစ်ခုပဲ။သူတို့ရဲ့ ပိုင်ဆိုင်မှုတစ်ဝက်ဆိုတော့ မများလွန်းဘူးလားကွာ
ဟုတ်ပါ့ကွာ ။ အဲ့တစ်ဝက်က နိုင်ငံတစ်နိုင်ငံထက်တောင် ပိုကြွယ်ဝနိုင်သေးတယ်
ဟမ့် ၊ မင်းတို့ ဘာသိလို့လဲကွ။ လီမိသားစုရဲ့ ပိုင်ဆိုင်မှုတစ်ဝက်နဲ့ အရှုပ်အထွေးခန္ဓာကိုယ်ပိုင်ရှင် နှစ်ယောက်မဟုတ်ဘဲ ၊ တစ်ယောက်လောက် လဲလိုက်နိုင်ရင်တောင် သူတို့အတွက် အမြတ်ပဲလေ
မင်းအခုလို ပြောလိုက်တော့လဲ ဟုတ်သားပဲ
လူအုပ်ကြီး ထင်ရာကို ပြောလိုက်ကြသည်။
လောထျန်း ခေတ္တမျှ တိတ်နေပြီးမှ ခေါင်းညိတ်လိုက်၏။
ကောင်းပြီလေ
သူသည် ထျန်းယွမ်မြို့အား အပေါ်ကမ္ဘာတွင် ထိပ်တန်းမြို့တစ်မြို့အဖြစ် တည်ထောင်လိုသူ ဖြစ်ပါသည်။ ထိုသို့လုပ်ရန်မှာလည်း အရင်းအမြစ်ပေါင်းများစွာ လိုအပ်ပါ၏။
လက်ရှိ သူ့ထံတွင် ပစ္စည်းများစွာ ရှိထားသည်ဟု ပြော၍ရသည့်တိုင် လုံလောက်ရန် အလှမ်းဝေးနေပါသေးသည်။
ထို့အပြင် ၎င်း အရှုပ်အထွေးကျောက်ရိုင်းတုံးများက အခြားသူအတွက် အဖိုးတန် ရှားပါးရတနာဖြစ်သော်လည်း သူ့အတွက်မူ သာမာန်ထက် ဘာမှပိုမထူးလှပါ။
သူ ထိုသို့တွေးပြီး အရှုပ်အထွေးကျောက်ရိုင်းနှစ်ခုကို လီချန်းလုံထံ ပစ်ပေးလိုက်သည်။
ဒီ အရှုပ်အထွေးနတ်ဘုရားမြို့တော်ကိစ္စ ပြီးသွားရင် ကျုပ် လီမိသားစုဆီ လာပြီးတော့ ရစရာရှိတာကို လာယူလှည့်မယ်
လောထျန်း ပြောလိုက်သည်။
လီချန်းလုံက သူ ရစရာရှိသည့် ပစ္စည်းများအား မပေးဘဲနေမည်ကိုလည်း လောထျန်း သိပ်မစိုးရိမ်လှပါ။
အမှန်တိုင်းပြောရပါက လီချန်းလုံတစ်ယောက် ထိုသို့မပေးဘဲ နေလျှင်ပင် ပိုကောင်းပါသေး၏။
သို့ဆိုလျှင် သူ လီမိသားစု၏ ပိုင်ဆိုင်မှုတစ်ဝက်ကို ရမည့်အစား သူတို့၏ ပိုင်ဆိုင်မှုအားလုံးကို အပိုင်သိမ်း၍ ရသွားမည်မဟုတ်ပါလား။
ကျေးဇူးတင်ပါတယ် သခင်ကြီး
လီချန်းလုံမှာကား လောထျန်းအတွေးကို မသိဘဲ အရှုပ်အထွေးကျောက်ရိုင်းကိုကြည့်ပြီး အလွန်စိတ်လှုပ်ရှားသွားပါသည်။
အကယ်၍ သူ့သားနှင့် သူသာ ထို အရှုပ်အထွေးကျောက်ရိုင်းတုံး နှစ်ခုကိုသုံးပြီး အရှုပ်အထွေးခန္ဓာကိုယ် ရသွားခဲ့ပါက လီမိသားစုမှာ ထိပ်ဆုံးသို့ ထိုးတက်သွားနိုင်ပေသည်။
ယွမ်လေး ၊ သွားကြစို့
လီချန်းလုံ ပြောပြီး လီထျန်းယွမ်ကို ဆွဲခေါ်ကာ ကျင့်ကြံရန်အတွက် လေထဲ ပျံတက်သွား၏။
ထိုစဉ် ပိုင်ယွမ်လင်ကလည်း အရောင်လက်နေသော မျက်လုံးများဖြင့် ပြောလာပါသည်။
သခင်ကြီးလောထျန်း ၊ ကျုပ်က လီမိသားစုလောက် မချမ်းသာသလို အင်အားလဲမကြီးဘူးဆိုပေမယ့် ... ကျုပ်ရဲ့ ပိုင်ဆိုင်မှုတွေ အားလုံးနဲ့ အရှုပ်အထွေးဓားစိတ်ဆန္ဒကို လဲနိုင်ပါတယ် ...
သူ့အသံမှာလည်း စိတ်လှုပ်ရှာစမှုကြောင့် တုန်လျက် ...
လောထျန်း သူ့စကားကိုကြားပြီး မျက်မှောင်ကြုံ့သွား၏။
မင်းက တွက်ရေးကတော့ စက်သူဋ္ဌေးပဲ ။ အရှုပ်အထွေးဓားစိတ်ဆန္ဒရဲ့ တန်ဖိုးက အရှုပ်အထွေးကျောက်ရိုင်းထက် အများကြီး ပိုသာတာတောင် မင်းပေးတဲ့ဈေးက ဟို လီမိသားစုကလူထက် ပိုနည်းနေသေးတယ်။ မင်း ဘယ်သူ့ကို အရူးလာလုပ်ချင်နေတာလဲ
သို့သော် လောထျန်း ဘာမှမပြောရသေးခင်မှာပင် စိတ်ဝိဉာဉ်သင်္ချိုင်းတောင်ကြား သခင်ကြီးက အေးစက်စက် အရင်ပြောလာပါသည်။
သူ့စကားကို ကြားသည်နှင့် လောထျန်း၏ ပိုင်ယွမ်လီကို ကြည့်သောအကြည့်မှာလည်း အေးစက်သွားပါသည်။
ပိုင်ယွမ်လီ ချက်ချင်း သူ့အမှားသူ သတိထားမိကာ မျက်နှာရဲသွား၏။
သို့သော် သူ အရှုပ်အထွေးဓားစိတ်ဆန္ဒကိုလည်း အမှန်တကယ်ပင် လိုချင်နေသဖြင့် လက်မလျှော့ဘဲ ထပ်ပြောလိုက်သည်။
ဒါဆို .. သခင်ကြီးအနေနဲ့ ဘယ်လောက်ရရင် အရှုပ်အထွေးဓားစိတ်ဆန္ဒကို ရောင်းပေးနိုင်မလဲဗျာ
လောထျန်း တခဏမျှ စဉ်းစားလိုက်ပြီးမှ ပြန်ပြောပါ၏။
ခင်ဗျားမိသားစုရဲ့ ပိုင်ဆိုင်မှုနဲ့ မလုံလောက်ဘူး ဆိုပေမယ့် ခင်ဗျားရဲ့ ကျင့်ကြံခြင်းကတော့ တော်တော်ကောင်းသားပဲ
ဟင် သခင်ကြီး ဆိုလိုတာက ...
ပိုင်ယွမ်လီ လောထျန်းအား အလန့်တကြား မော့ကြည့်လိုက်သည်။
လောထျန်းက အေးဆေးပင် ဆက်ပြော၏။
ဒီလိုလုပ် .. ခင်ဗျား ကျုပ်လက်အောက်မှာ နှစ်တစ်သောင်း အမှုထမ်းမယ်ဆိုရင် အရှုပ်အထွေးဓားစိတ်ဆန္ဒကို ပေးမယ်
ပိုင်ယွမ်လီ မျက်မှောင်ကြုံ့သွားသည်။
နှစ်တစ်သောင်းက မများလွန်းဘူးလားဗျာ ။ နှစ်တစ်ထောင်ဆိုရင်ရော ..
လောထျန်း၏ မျက်လုံးထဲ စိတ်မရှည်သည့် အရိပ်အယောင် ဖြတ်ပြေးသွား၏။
သဘောမတူရင်လဲ ရတယ်လေ
ထိုစကားကို ကြားချိန်တွင်မူ ပိုင်ယွမ်လီတစ်ယောက် လှုပ်လှုပ်ရှားရှား ဖြစ်သွားပါသည်။
မဟုတ်ပါဘူး သခင်ကြီးရယ် ၊ကျုပ် သဘောတူပါတယ်ဗျာ ။ ကျုပ် သခင်ကြီးလက်အောက်မှာ နှစ်တစ်သောင်း အမှုထမ်းပါ့မယ်
အမှန်တွင်မူ မသေမျိုးဘုရင်များ၏ သက်တမ်းမှာ အလွန်ရှည်လှပါ၏။
မျှောင်လင့်မထားသော သေဆုံးခြင်းမျိုးနှင့်သာ မကြုံရပါက နှစ်တစ်သောင်းဆိုသည့်အချိန်မှာ သူ့သက်တမ်းနှင့်ယှဉ်လျှင် ဘာမှ မပြောပလောက်ပါပေ။
ထိုအချိန်လောက်နှင့် အရှုပ်အထွေးခန္ဓာကိုယ်ကို လဲရခြင်းက သူ့အတွက် မြတ်ပါ၏။
သို့သော် ထိုစဉ် လောထျန်းက ပြန်ပြောပါသည်။
စိတ်မကောင်းပါဘူး ၊ အခု ဈေးကပြောင်းသွားပြီ ။ နှစ်တစ်သောင်းနဲ့ မရတော့ဘူး ။ နှစ်တစ်သောင်းခွဲ ဖြစ်သွားပြီ
တဖက်လူက ဈေးဆစ်ချင်သည်ကို သူ နားလည်သော်လည်း ဈေးဆစ်သည့် ပမာဏက များလွန်းနေသဖြင့် လောထျန်း စိတ်ဆိုးသွားခြင်းပါပင်။
ထို့ကြောင့်လည်း သူ ဈေးပိုတင်လိုက်ခြင်း ဖြစ်ပါသည်။
ဒါ ...
ပိုင်ယွမ်လီ၏ မျက်နှာထား ချက်ချင်းပြောင်းသွား၏။
မျက်တောင်တစ်ခတ်စာ အချိန်လေးအတွင်း နှစ်ငါးထောင် ပိုတိုးသွားခဲ့သည် မဟုတ်ပါလား ..
လောထျန်းက တဖက်လူကိုကြည့်ရင်း အေးစက်စက်ဆက်ပြောပါသည်။
ဒါ နောက်ဆုံးအခွင့်ရေးပဲနော် ။ ငြင်းချင်ရင်လဲ ငြင်းလို့ရတယ်
ပိုင်ယွမ်လီ မည်သို့မှ မတတ်နိုင်ဘဲ အံကြိတ်၍သာ ပြန်ပြောလိုက်ရ၏။
ကောင်းပါပြီဗျာ ၊ ကျုပ် နှစ်တစ်သောင်းခွဲနဲ့ သဘောတူပါတယ်
လောထျန်း သူ့အား တစ်ချက်ကြည့်လိုက်ပြီးမှ အရှုပ်အထွေးဓားစိတ်ဆန္ဒကို ဘာမှ မထူးခြားသည့်ပုံဖြင့် ပစ်ပေးလိုက်သည်။
ဝီ
ထို အရှုပ်အထွေးဓားစိတ်ဆန္ဒကို လက်ထဲ ဆုပ်ကိုင်မိသည်နှင့် ပိုင်ယွမ်လီ၏ မျက်နှာထက်တွင် စိတ်လှုပ်ရှားမှုတို့ ဖုံးမနိုင်ဖိမရ ပေါ်လာ၏။
ကျုပ် .. အခု သွားကျင့်ကြံလိုက်ပါဦးမယ်
သူ့အသံမှာလည်း အနည်းငယ် တုန်နေပါသည်။
ထိုနေရာတဝိုက်ရှိ ကျန်လူများထဲတွင်လည်း လောထျန်းထံမှ ထိုပစ္စည်းနှစ်မျိုးကို မလဲလှယ်ချင်သူ မရှိပါချေ။
သို့သော် လက်ကျန်လူများထဲ၌ လီချန်းလုံကဲ့သို့ မည်သူမှ မချမ်းသာကြသလို ပိုင်ယွမ်လီကဲ့သို့ အစွမ်းမျိုးလည်း ရှိမနေကြပါ။
ထို့ကြောင့်လည်း လောထျန်းက သူတို့အားလုံး၏ အဆိုကို ပြတ်ပြတ်သားသားငြင်းခဲ့သည့်အတွက် အားလုံး လက်လျှော့လိုက်ကြရပါသည်။
ထို့နောက်တွင် လောထျန်းက ကျင့်ကြံနေသော လူအုပ်ကို ကြည့်ရင်း မျက်မှောင်ကြုံ့သွား၏။
အင် ... လောရုံနဲ့ ကျန်တဲ့သူတွေကိုလဲ မတွေ့ပါလား။ ဘယ်ရောက်နေကြပါလိမ့်
သူ တစ်ကိုယ်တည်း တီးတိုးရေရွတ်လိုက်သည်။