← Chapters

Rebirth of the Immortal Emperor

Vol. 69 Ch. 1012

Rebirth of the Immortal Emperor

Vol. 69 Ch. 1012

၎င်းမှာ သာမာန် ဝိညာဉ်ဝင်စားခြင်းမျိုး မဟုတ်ဘဲ သူ့ကိုယ်မှတစ်ဆင့် တစ်စုံတစ်ယောက်က ပြန်လည်ရှင်သန်လာခြင်း ဖြစ်ပါ၏။

ကောင်းကင်ဘုံသားတော်၏ အသွေးအသားများကို အသုံးချပြီး သူတို့၏သခင်ကြီးကို အသက်ပြန်သွင်းနေကြခြင်းပင်။

"တောက်... အိပ်မက်မက်မနေနဲ့ကွ"

ကောင်းကင်ဘုံသားတော်၏ မျက်လုံးများ ရုတ်ချည်း အေးစက်သွားကာ ... ချက်ချင်းပင် ရှိသမျှစွမ်းအင်များအားလုံးကို သုံးပြီး သူ့ဟင်းလင်းပြင်လက်စွပ်ထဲမှ ရှေးဟောင်းဓားတစ်လက်ကို ထုတ်လိုက်သည်။

ချွင်

ထိုရှေးဟောင်းဓား ပေါ်လာသည်နှင့်တစ်ပြိုင်နက် ကြောက်မက်ဖွယ် စွမ်းအင်များ ချက်ချင်း ထွက်လာတော့၏။

၎င်းမှာ မူလနတ်ဘုရားလက်နက်တစ်ခုပင် ။

ကောင်းကင်ဘုံသားတော်က ထိုလက်နက်ကို ကြည့်ကာ နှာခေါင်းတစ်ချက်ရှုံ့လိုက်ပြီးနောက် သူ့ကိုယ်သူ ပြန်ခုတ်ရန် ထိုရှေးဟောင်းဓားကို ဝှေ့ယမ်းလိုက်သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ကမ္ဘာကြီးကို ဖျက်ဆီးပစ်နိုင်လောက်သော ဖိအားများပါဝင်သည့် ထိုဓားချက်က သူ့ဆီသို့ ကျရောက်လာတော့၏။

"သေကြစမ်း... မင်းတို့ အကုန်လုံး ငါနဲ့အတူ သေကြစမ်း"

ထိုမြင်ကွင်းကို ကြည့်ရင်း ကောင်းကင်ဘုံသားတော် ကျေနပ်သွားပါသည်။

သို့သော် ဓားချက်က သူ့အပေါ်သို့ ရောက်ခါနီးအချိန်မှာပင်...

ဝီ

၎င်းရှေးဟောင်းဓားက လေထဲ၌ ရုတ်တရက် ရပ်တန့်သွား၏။

"ဘာ... ဘာတွေဖြစ်နေတာလဲ"

ကောင်းကင်ဘုံသားတော် ချက်ချင်း ထိတ်လန့်သွားကာ ဓားကို အောက်ကျလာအောင် အသည်းအသန် ကြိုးစားထိန်းချုပ်ကြည့်လိုက်သည်။

သို့သော် ထိုဓားမှာ သူ၏ထိန်းချုပ်မှုအောက်တွင် မရှိတော့ကြောင်း သူ သတိထားမိလိုက်ပါ၏။

ဓား၏ တည်ရှိမှုကိုပင် သူ အာရုံခံ၍မရတော့ပေ။

"မဖြစ်နိုင်တာ... မင်းကပါ သခင်ကို သစ္စာဖောက်တာလား"

ကောင်းကင်ဘုံသားတော် ဒေါသတကြီး ဟောက်လိုက်သည်။

ဤမူလနတ်ဘုရားလက်နက်မှာ သူ့ကို သခင်အဖြစ် လိုလိုလားလား အသိအမှတ်ပြုခဲ့ခြင်း ဖြစ်ပါသည်။

ပြီးခဲ့သော နှစ်ပေါင်းများစွာအတွင်း သူ အစွမ်းထက်ရန်သူများစွာကို အနိုင်ယူခဲ့စဥ်တွင်လည်း ထိုဓားက တစ်စိတ်တစ်ဒေသအဖြစ် ပါဝင်ခဲ့ပါသည်။

သို့သော် ယနေ့တွင် ဤဓားကပါ သူ့ထိန်းချုပ်မှုကို ဖီဆန်နေသတဲ့လား။

ထိုအချိန်တွင် မမျှော်လင့်ဘဲ သူ့ကိုယ်ထဲမှ အသံတစ်သံ ရုတ်တရက် ထွက်လာသည်။

"ဒီဓားက သခင်ကို တစ်ခါမှ သစ္စာမဖောက်ခဲ့ဖူးဘူး"

ကောင်းကင်ဘုံသားတော် မှင်သက်သွားပြီးနောက် အံ့ဩတကြီး အော်ဟစ်လိုက်၏။

"မင်းက ဘယ်သူလဲ... မင်း .. ဘယ်သူလဲပြောစမ်း"

သူ ထိုသို့ ပြောနေစဉ်မှာပင် သူ့ညာဘက်လက်က လုံးဝအသွင်ပြောင်းသွားကာ အခြားသူတစ်ဦး၏ လက်အသွင်သို့ ပြောင်းလဲသွားသည်။

ထို့နောက် ထိုညာဘက်လက်ဖဝါး ဖြန့်လာပြီး ..

ချွင်

လေထဲရှိ ရှေးဟောင်းဓား တစ်ချက်လည်သွားကာ ထိုလက်ထဲသို့ ကျလာပြီး ဓားသံများ ထွက်လာ၏။

ထိုဓားသံမှာ ၎င်းလက်ကို ဖားယားနေသည့်ပုံစံပင်။

၎င်းမှာ ကောင်းကင်ဘုံသားတော် တစ်ခါမှ မမြင်ဖူးသော အရာပင်။

"မဖြစ်နိုင်ဘူး...လုံးဝမဖြစ်နိုင်ဘူး... မင်းက ဘယ်သူလဲ... ငါ့ရဲ့ မူလမသေမျိုးလက်နက်က ဘာလို့ မင်းစကားကို နားထောင်နေရတာလဲ... ငါ ဒါကို လုံးဝ သန့်စင်ပြီးသားလေ"

ကောင်းကင်ဘုံသားတော် စူးရှစွာ အော်လိုက်သည်။

အခြားတစ်ဖက်မှ အဖိုးအိုနှစ်ဦးမှာ ထိုအသံကို ကြားသည်နှင့် သူတို့၏ ဒဏ်ရာများကိုပင် ဂရုမစိုက်နိုင်တော့ဘဲ ချက်ချင်း ဒူးထောက်လိုက်ကြပြီး တုန်တုန်ယင်ယင် ဖြစ်နေကြ၏။

"သခင်ကြီးကို ဂါရဝပြုပါတယ်"

သူတို့နှစ်ဦးက ပြိုင်တူ ပြောလိုက်ကြသည်။

"သခင်ကြီး ..."

ကောင်းကင်ဘုံသားတော်သည် ခက်ခက်ခဲခဲ ခေါင်းလှည့်ကာ သူတို့နှစ်ဦးကို ဒေါသတကြီး ကြည့်လိုက်သည်။

ထိုအခိုက်အတန့်တွင် သူ၏ကိုယ်တွင်းမှ အသံ ထပ်ထွက်လာပြန်သည်။

"ထကြတော့... မင်းတို့ ကောင်းကောင်းလုပ်နိုင်ခဲ့တယ်... ခက်ခက်ခဲခဲ ကြိုးစားပေးတာကျေးဇူးတင်တယ်ကွာ"

ဤအသံကို ကြားလိုက်ရသောအခါ အဖိုးအိုနှစ်ဦး တုန်လှုပ်သွားကြပြီး မျက်ရည်လည်ရွှဲဖြင့်ပြန်မော့ကြည့်လိုက်ကြ၏။

"အခုဘဝမှာ သခင်ကြီးရဲ့ အသံကို ပြန်ကြားရတာနဲ့တင် ဒီကျွန်အိုကြီး အခုချက်ချင်း သေရမယ်ဆိုရင်တောင် နောင်တမရှိတော့ပါဘူး... ပင်ပန်းတယ်လို့ ဘယ်လိုလုပ် ပြောရဲပါ့မလဲဗျာ"

အနက်ရောင်ဝတ်စုံဝတ်အဖိုးအိုက ငိုယိုရင်း ပြောသည်။

ထိုစကားကို ကြားသောအခါ အသံရှင်က ဘာမှမပြောဘဲ အဖိုးအိုနှစ်ဦးကို ထခိုင်းသည့်သဘောဖြင့် လက်တစ်ချက် ဝှေ့ယမ်းလိုက်၏။

ထို့နောက် အသံရှင်က ထပ်ပြောပါသည်။

"လူငယ်လေး... ဒီ မင်ယွမ် ရှေးဟောင်းဓားကို ထိန်းချုပ်ဖို့ မကြိုးစားပါနဲ့တော့... သူက မင်းရဲ့အမိန့်တွေကို နာခံတော့မှာ မဟုတ်ဘူး"

ကောင်းကင်ဘုံသားတော် အံကိုတင်းတင်းကြိတ်ကာ ပြန်ပြောလိုက်၏။

"ဘာလို့လဲ... ဘာဖြစ်လို့ ဒီလိုဖြစ်ရတာလဲ... မင်း ဘာတွေလုပ်လိုက်တာလဲ"

အသံပိုင်ရှင်ကက ရယ်မောပြီးပြန်ပြောသည်။

"ငါလား... ငါ ဘာမှမလုပ်ပါဘူး... အစကတည်းက မင်ယွမ်ရှေးဟောင်းဓားဟာ ငါ့အပေါ်မှာပဲ သစ္စာရှိခဲ့တာ"

ကောင်းကင်ဘုံသားတော်က ပြန်အော်လိုက်၏။

"မဖြစ်နိုင်တာ... ငါ အရင်က ဒါကို ထိန်းချုပ်နိုင်ခဲ့တာပဲ... ငါ လုံးဝ သန့်စင်ထားပြီးသား"

အသံပိုင်ရှင်က တည်ငြိမ်စွာ ပြန်ပြောသည်။

"လုံးဝ သန့်စင်ထားတယ် ဟုတ်လား... မင်းက အတွေးတွေလွန်နေတာပဲ"

သူ ပြောပြီးသည်နှင့်တစ်ပြိုင်နက် ကောင်းကင်ဘုံသားတော်၏ ရင်ဘတ်ပေါ်တွင် ထူးဆန်းသော အမှတ်သားတစ်ခု ရုတ်တရက် ပေါ်လာသည်။

"ဟင်... ဒါက..."

ကောင်းကင်ဘုံသားတော် ၎င်းကိုမြင်ပြီး မှင်သက်သွား၏။

ထိုအရာက သူ့ကိုယ်ထဲကို ဘယ်အချိန်က ဝင်သွားခဲ့ပါသနည်း ...

သူကိုယ်တိုင်တောင် မသိလိုက်ပါလား

အသံရှင်က ဆက်ပြောသည် ။

"ဒါတွေက ငါချန်ထားခဲ့တဲ့ အမှတ်သားတွေပဲ... မင်း ကျင့်ကြံနေတဲ့အချိန်မှာ သူတို့က ဒီအရာတွေကို မင်းရဲ့ခန္ဓာကိုယ်ထဲ ထည့်ထားပေးခဲ့တာ။ ဒါ့ကြောင့်မို့ရဲ့ ငါ့ရဲ့ အရောင်အဝါတွေက မင်းကိုယ်ထဲမှာကျန်ပြီး... မင်း မင်ယွမ်ရှေးဟောင်းဓားကို ယာယီထိန်းချုပ်နိုင်ခဲ့တာပေါ့။. မဟုတ်ရင်... မင်းလိုလူက မူလမသေမျိုးလက်နက်တစ်ခုရဲ့ အသိအမှတ်ပြုတာကို ရနိုင်မယ်လို့ တကယ်ထင်နေတာလား"

မျက်စိတစ်မှိတ်အတွင်းမှာပင် ကောင်းကင်ဘုံသားတော်၏ စိတ်ထဲ၌ မိုးကြိုးများ အချက်ပေါင်းများစွာ ပစ်ချလိုက်သကဲ့သို့ ခံစားလိုက်ရသည်။

အရာအားလုံးက ပြောင်းပြန်ဖြစ်ကုန်လေပြီ။

သူသည် မိမိကိုယ်ကိုယ် ရွေးချယ်ခံထားရသူဟု အမြဲ ယုံကြည်ခဲ့သော်လည်း ယနေ့တွင်မူ အရာအားလုံးက လိမ်လည်မှုတစ်ခုဖြစ်ကြောင်း သိလိုက်ရလေပြီ ။

မူလနတ်ဘုရားလက်နက်က သူ့ကို သခင်အဖြစ် အသိအမှတ်ပြုခဲ့တာကတောင် အတုအယောင်တဲ့လား။

ဒါပေမဲ့ ဘာဖြစ်လို့ ဒီလိုဖြစ်ရတာလဲ...

"မင်း... မင်း ဘယ်သူလဲ"

ခေတ္တမျှ တိတ်‌နေပြီးနောက်မှ ကောင်းကင်ဘုံသားတော် တုန်တုန်ယင်ယင်အသံဖြင့် မေးလိုက်သည်။

ထိုအသံက တဟားဟား ရယ်မောလိုက်ပါ၏။

"ငါက ဘယ်သူလဲ ဟုတ်လား... မင်း အရင်က အရှုပ်အထွေးခန္ဓာကိုယ် ပိုင်ဆိုင်ခဲ့ဖူးတာပဲကွာ ... တကယ်ကို ဘာမှ အာရုံမခံမိခဲ့ဘူးလား"

ကောင်းကင်ဘုံသားတော် တုန်လှုပ်သွားပြီး မယုံနိုင်စွာ ပြန်ပြောလိုက်သည်။

"မင်းက... ဒုတိယမြောက် အရှုပ်အထွေးမသေမျိုးဧကရာဇ် လား"

ထိုစကားကို ကြားလိုက်ရသောအခါ အသံပိုင်ရှင်၏ ရယ်မောသံမှာ အားရကျေနပ်မှုများဖြင့် ပြည့်သွားပုံပင်။ "မျှော်လင့်ထားတဲ့အတိုင်း မင်းက လုံးဝကြီးတော့လဲ မတုံးသေးပါဘူး။ မှန်တယ်၊ ငါက တကယ်ပဲ ဒုတိယမြောက် အရှုပ်အထွေးမသေမျိုးဧကရာဇ်ပဲ!"

သူ့စိတ်ထဲတွင် ထိုဖြစ်နိုင်ခြေကို ကြိုတင်ခန့်မှန်းမိပြီးသား ဖြစ်သော်လည်း ကိုယ်တိုင်ကိုယ်ကျ ကြားလိုက်ရသောအခါ ကောင်းကင်ဘုံသားတော် လွန်စွာ ထိတ်လန့်သွားရသည်။

"မဖြစ်နိုင်တာ... မင်းက သေသွားပြီ မဟုတ်ဘူးလား"

သူက တုန်တုန်ယင်ယင် ပြောလိုက်၏။

ဒုတိယမြောက် အရှုပ်အထွေးမသေမျိုးဧကရာဇ်က နှာခေါင်းရှုံ့ကာ ပြန်ပြောပါသည်။

"သေတာ ဟုတ်လား... ငါက အရှုပ်အထွေးမသေမျိုးဧကရာဇ်ပဲ... ဘယ်လိုလုပ် သေနိုင်မှာလဲ"

"ငါ့ရဲ့ ကျင့်စဥ်မှာ ပိတ်ဆို့မှုတစ်ခု ကြုံခဲ့ရလို့သာ အပြင်စွမ်းအားတွေကို သုံးပြီးတော့ ငါ့ရဲ့ ရုပ်ပိုင်းဆိုင်ရာ ကန့်သတ်ချက်တွေကို ချိုးဖျက်ပြီး ပိုကြီးတဲ့အစွမ်းကို ရဖို့ ကြိုးစားခဲ့တာကွ"

ကောင်းကင်ဘုံသားတော် တုန်တုန်ယင်ယင် ဆက်မေးလိုက်သည်။

"ဒီထက် ပိုအစွမ်းထက်ဖို့ ဟုတ်လား"

လက်ရှိတွင် သူ့ခန္ဓာကိုယ် အစိတ်အပိုင်းအတော်များများမှာ ဒုတိယမြောက် အရှုပ်အထွေးမသေမျိုးဧကရာဇ်၏ အသွင်အပြင်သို့ ပြောင်းလဲသွားခဲ့ပြီ ဖြစ်ပါသည်။

ဒုတိယမြောက် အရှုပ်အထွေးမသေမျိုးဧကရာဇ်က စိတ်ကောင်းနေပုံရပြီး အပြုံးဖြင့် ရှင်းပြပါသည်။

"မှန်တာပေါ့... မင်းလည်း အရှုပ်အထွေးခန္ဓာကိုယ်ကို ကျင့်ကြံခဲ့တာဆိုတော့... အရှုပ်အထွေးခန္ဓာကိုယ်မှာ အဆင့်တွေ ကွဲပြားတာ သိမှာပါ။ အရင်တုန်းက ငါ့ရဲ့ ကျင့်ကြံခြင်းက အရမ်းမြန်နေခဲ့တော့ မသေမျိုးဧကရာဇ်အဆင့် ရောက်မှ အရှုပ်အထွေးခန္ဓာကိုယ်ကို ဆက်ပြီး ကျင့်ကြံရင်လည်း နောက်မကျဘူးလို့ ငါထင်ခဲ့မိတာ။ ဒါပေမဲ့ တကယ်တမ်း မသေမျိုးဧကရာဇ်အဆင့်ကို ရောက်သွားတော့မှ အစွမ်းတစ်ခုရဲ့ ဖိနှိပ်တာကို ခံလိုက်ရပြီး ရှေ့ဆက်တိုးလို့ မရတော့တာကို သိလိုက်ရတယ်"

"ဒါကြောင့် ငါ ဒီအကြံကို ရခဲ့တာပဲ။ ပထမဆုံး ငါ့ရဲ့ ဒျာန်တျန်ကို ထုတ်ယူပြီး နှစ်ခြမ်းခွဲလိုက်တယ်။ ပြီးတော့ အပိုင်းတွေကို မတူတဲ့ နေရာနှစ်ခုက အရှုပ်အထွေးသွေးတွေထဲမှာ ပိတ်ပြီး ငါ့ရဲ့ လက်အောက်ငယ်သား နှစ်ယောက်ရဲ့ နှလုံးသွေးကြောထဲမှာ ဝှက်ထားခဲ့တယ်"

"ပြီးတော့ ငါ့ရဲ့ ရန်သူတွေရဲ့ အကူအညီနဲ့ ငါ့ရဲ့ ရုပ်ခန္ဓာကို ဖျက်ဆီးခိုင်းလိုက်တယ်ပေါ့ကွာ။ ငါသေသွားပြီးတဲ့နောက်မှာတော့ သူတို့က ငါ့ခန္ဓာကိုယ်ကို အရှုပ်အထွေး မဟာတာအိုသစ်သီးအဖြစ် ပြောင်းလဲလိုက်ပြီးတော့ အရှုပ်အထွေးနတ်ဘုရားမြို့တော်ထဲမှာ ဝှက်ထားပြီး၊ အရှုပ်အထွေးအစွမ်းတွေကို ဖြည်းဖြည်းချင်း စုပ်ယူစေခဲ့တယ်"

"အဲ့နောက်တော့ ငါ့ရဲ့ စိတ်ဝိညာဉ်ကို ချုပ်နှောင်ပြီး နတ်ဘုရားအစွမ်းတွေနဲ့ ပေါင်းစပ်ခဲ့တယ်ကွ"

"ငါ့ရဲ့စိတ်ဝိညာဉ်က နတ်ဘုရားအစွမ်းတွေနဲ့ ပေါင်းစပ်ပြီး ရှေးဟောင်းနတ်ဘုရားတစ်ပါး ဖြစ်လာတဲ့အချိန်၊ ပြီးရင် အရှုပ်အထွေး မဟာတာအိုသစ်သီးကလည်း အသွင်ပေါ်လာတဲ့အချိန်ကျမှ ငါက သက်မဲ့ခန္ဓာကိုယ်နဲ့ ပြန်လာပြီး ငါဖြန့်ကျက်ထားတဲ့ အစွမ်းတွေကို လုံးဝ အလုံးစုံ ပြန်သိမ်းပိုက်မှာ"

"အဲ့ဒီအချိန်ကျရင် ငါက မသေမျိုးဧကရာဇ်အဆင့်ကို ပြန်ရောက်ရုံတင်မကဘူး၊ အရှုပ်အထွေးမဟာတာအိုသစ်သီးကို သုံးပြီးတော့ ပြည့်စုံတဲ့ အရှုပ်အထွေးခန္ဓာကိုယ်ကိုပါ ကျင့်ကြံနိုင်မှာကွ။ ပြီးရင် ငါ့ရဲ့ စိတ်ဝိညာဉ်ကိုလည်း ရှေးဟောင်းနတ်ဘုရားတစ်ပါးအဖြစ် ကျင့်ကြံနိုင်မှာမို့ ထာဝရ မပျက်စီးနိုင်တော့ဘူးပေါ့ကွာ။ ငါဟာ သမိုင်းတစ်လျှောက်မှာ အစွမ်းအထက်ဆုံး အရှုပ်အထွေးမသေမျိုးဧကရာဇ် ဖြစ်လာမှာကွ"

ထိုအချိန်တွင် သူ ကောင်းကင်ဘုံသားတော်၏ ခန္ဓာကိုယ်ကို လုံးဝသိမ်းပိုက်ပြီးသွားပြီ ဖြစ်ပါသည်။

ထို့နောက်တွင် ဒုတိယမြောက် အရှုပ်အထွေးမသေမျိုးဧကရာဇ်က ကျယ်လောင်စွာ အော်၏။

"စိတ်စွမ်းအင်ပင်လယ်... ပေါင်းစပ်စမ်း"

ဘုန်း

သူ့ ဒျာန်တျန်က ရုတ်တရက် မြည်သံကျယ်ပေးကာ ထူးဆန်းသော ဖြစ်စဉ်များ ဖြစ်လာသည်။

"စိတ်ဝိညာဉ်... အခြေချစမ်း"

သူ ထိုစကားကို ပြောလိုက်သည်နှင့် သူ့စိတ်ဝိညာဉ်နှင့် ခန္ဓာကိုယ်မှာ လုံးဝ ပေါင်းစပ်သွားတော့၏ ။

ဤမျှမကသေးဘဲ...

ဝုန်း

သူ့ အသိစိတ်ပင်လယ် အပြင်ဘက်တွင်လည်း နတ်ဘုရားအလင်းတန်းတစ်ခုက သူ့ကို ကာကွယ်ပေးထားကာ အရိပ်တစ်ခုအဖြစ် စုစည်းလာသည်။

၎င်းမှာ ရှေးဟောင်းနတ်ဘုရားများ၏ အမှတ်အသားပင် ။

ထိုအစွမ်းကို အာရုံမိသည်နှင့် ဒုတိယမြောက် အရှုပ်အထွေးမသေမျိုးဧကရာဇ်၏ အပြုံးက ပိုကြီးသွားပါ၏။

"နောက်ဆုံးအဆင့် အရှုပ်အထွေးမဟာတာအိုသစ်သီး... မူလနေရာကို ပြန်လာစမ်း"

All Chapters