The Dao Fruit of the Chaotic Great Dao
Vol. 69 Ch. 1006
ကောင်းကင်ဘုံသားတော် ပြောပြီး လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်သည်။
ဝုန်း!
သူ့ လက်ဝါးအတွင်းမှ အရှုပ်အထွေး နတ်ဘုရားအလင်းတန်းတစ်ခု လက်လာပြီးနောက် ၎င်းအလင်းတန်းက ကောင်းကင်ယံသို့ ထိုးတက်သွား၏။
ထိုမြင်ကွင်းကို ကြည့်နေသော အဘိုးအိုတစ်ဦးက အလန့်တကြား ရေရွတ်လိုက်သည်။
"ဒါ ... မသေမျိုးဧကရာဇ်ရဲ့ အရောင်အဝါလား ။ တကယ်ကြီးကို မသေမျိုးဧကရာဇ်ရဲ့ အရောင်အဝါလား ..."
"ဘာ... မမသေမျိုးဧကရာဇ် အအရောင်အဝါ ဟုတ်လား၊ မဖြစ်နိုင်တာ ... ကောင်းကင်ဘုံသားတော်က အခုမှ မသေမျိုးဘုရင် အဆင့်ကို ရောက်ထားခဲ့တာ မဟုတ်ဘူးလား"
"ဟုတ်တယ်... သူက အရှုပ်အထွေးခန္ဓာကိုယ်ပိုင်ရှင် ဖြစ်နေရင်တောင် မသေမျိုးဘုရင် အဆင့်နဲ့တော့ မသေမျိုးဧကရာဇ်အဆင့် အေရာင်အဝါမျိုး မပိုင်ဆိုင်နိုင်သင့်ဘူးလေ"
လူများ ဇဝေဇဝါ ဖြစ်သွားကြသည်။
ကောင်းကင်ဘုံသားတော်က လှောင်ရယ်ပါ၏။
"မင်းတို့လို သာမန်လူတွေက ပါရမီရှင်တွေရဲ့ အစွမ်းကို ဘယ်လိုလုပ် နားလည်နိုင်မှာလဲ။ ငါက ခုနကလေးဆင် မသေမျိုးဘုရင်အဆင့်ကို ကျော်ပြီး မသေမျိုးဧကရာဇ်အဆင့်နီးပါးကို ရောက်သွားပြီကွ!"
"ဘာ...!"
အချို့မှာ ၎င်းကို ကြိုခန့်မှန်းမိပြီးသားဖြစ်သော်လည်း... ကောင်းကင်ဘုံသားတော်ကိုယ်တိုင်က ဝန်ခံလာသည်ကို ကြားလိုက်ရချိန်တွင် တုန်လှုပ်သွားကြရပါသည်။
မသေမျိုးဧကရာဇ်အဆင့်နီးပါး တဲ့လား ...
ဤကမ္ဘာတွင် မသေမျိုးဧကရာဇ်များ မရှိတော့သလို မသေမျိုးဧကရာဇ်အဆင့်နီးပါး ဆိုသည်ကပင် ဒဏ္ဍာရီတစ်ခုလို ဖြစ်နေလေပြီ။
သို့သော် မမျှော်လင့်ဘဲ ဤကောင်းကင်ဘုံသားတော်က အမှန်တကယ်ပင် ထိုအဆင့်အထိ ကျင့်ကြံနိုင်ခဲ့သတဲ့လား။
ထို့အပြင် ကောင်းကင်ဘုံသားတော်မှာ အရှုပ်အထွေးခန္ဓာကိုယ် ပိုင်ရှင်တစ်ဦးလည်း ဖြစ်ပါသေး၏ ။
မသေမျိုးဘုရင်အဆင့် ရှိသော အရှုပ်အထွေးခန္ဓာကိုယ်သည်ပင် အဆင့်တူကျင့်ကြံသူများထဲ၌ ပြိုင်ဘက်ကင်း ဖြစ်နေလေပြီ။
သို့သော် ယခု ကောင်းကင်ဘုံသားတော်မှာ မသေမျိုးဧကရာဇ်အဆင့်နီးပါးရှိသော အရှုပ်အထွေးခန္ဓာကိုယ် ပိုင်ရှင်တဲ့ ။
သို့ဆိုလျှင် သူသည် လက်ရှိကမ္ဘာ၌ အစွမ်းအထက်ဆုံး ပုဂ္ဂိုလ်ဆိုသည့် သဘောလား။
ထိုတခဏ၌ လူတိုင်း မှင်သက်တုန်လှုပ်ကုန်ကြပါ၏။
"အရင်ကတော့ လောထျန်းက အရမ်းအစွမ်းထက်တယ်လို့ ငါထင်ခဲ့တာ။ ဒါပေမယ့် အခုကြည့်ရတာ... ကောင်းကင်ဘုံသားတော်က ပိုပြီးတော့တောင် အစွမ်းထက်နေတယ်နဲ့တူတယ် "
"အရှုပ်အထွေးခန္ဓာကိုယ်နဲ့ မသေမျိုးဧကရာဇ်အဆင့်နီးပါး ဆိုတော့ ... လောထျန်းတောင် သူ့ကို ယှဉ်နိုင်မှာ မဟုတ်တော့ဘူး!"
ထျန်းယွမ်ကမ္ဘာသားများမှလွဲ၍ ကျန်လူများအားလုံး စိတ်ပျက်အားငယ်စွာ သက်ပြင်းချလိုက်ကြသည်။
ထျန်းယွမ်ကမ္ဘာမှ လူအချို့သည်ပင် စိုးရိမ်စိတ် စဝင်လာကြပါသည်။
သို့သော် လောမိသားစုဝင်များကမူ စူးရဲသည့် အကြည့်များဖြင့် ရှိနေဆဲပင်။
ထိုစဉ် ကောင်းကင်ဘုံသားတော်က ဆက်ပြောပါသည်။
"ဒါက အခုမှ အစပဲ ရှိသေးတာ!"
"ဟင်... အဲ့ဒါ ဘာကို ဆိုလိုတာလဲ"
တစ်ယောက်က မေးလိုက်သည်။
ကောင်းကင်ဘုံသားတော်က ခေါင်းမော့၍ စုစည်းယူနေဆဲဖြစ်သော အရှုပ်အထွေး မဟာတာအိုသစ်သီးကို ကြည့်ကာ ပြုံးလိုက်၏။
"ဒီ ယဇ်ပူဇော်ပွဲ အခမ်းအနားပြီးလို့ အရှုပ်အထွေး မဟာတာအိုသစ်သီးသာ အပြည့်အဝ ပုံပေါ်လာရင် .. ငါ အဲ့ဒီအသီးကို စားပြီး မသေမျိုးဧကရာဇ်အဆင့်ကို တက်နိုင်တော့မှာ!"
သူ့စကားကြောင့် လူအုပ်ကြီး ရုတ်ရုတ်သဲသဲ ဖြစ်သွားတော့သည်။
"ဘာ... မသေမျိုးဧကရာဇ် ဟုတ်လား။ ဒဏ္ဍာရီထဲမှာ ပြောထားတာတော့ ဒီဘက်ခေတ်မှာ မသေမျိုးဧကရာဇ်တစ်ပါး ပေါ်လာမှာတဲ့ ။အဲ့လူက တကယ်ပဲ ကောင်းကင်ဘုံသားတော် ဖြစ်နေမလား"
"ကောင်းကင်ဘုံသားတော်က အရှုပ်အထွေးခန္ဓာကိုယ် ပိုင်ရှင်လေ။ သူသာ မမသေမျိုးဧကရာဇ်ဖြစ်သွားရင်... နောက်ထပ် အရှုပ်အထွေး မသေမျိုးဧကရာဇ် တစ်ပါး ဖြစ်လာတော့မှာပေါ့ .."
"အရှုပ်အထွေး မသေမျိုးဧကရာဇ်တဲ့လား... တောက်! ဒေါသထွက်ဖို့ကောင်းလိုက်တာကွာ။ ငါ မသေချင်သေးဘူး!"
ထိုတခဏ၌ လူအုပ်ကြီး ဆူညံပွက်လောရိုက်သွားပြန်ပါတော့သည်။
ထိုစကားကို ကြားချိန်တွင် လောမိသားစုဝင်များ၏ မျက်ဝန်းထဲ၌လည်း ထိတ်လန့်တုန်လှုပ်ရိပ်များ အတိုင်းသား ပေါ်လာတော့၏။
"မသေမျိုးဧကရာဇ်တဲ့... ဘယ်လိုလုပ် ဒီလို ဖြစ်နိုင်မှာလဲ"
သူတို့ လောထျန်းအပေါ် ယုံကြည်မှုအပြည့်ရှိသော်လည်း မသေမျိုးဧကရာဇ် အဆင့်ဆိုသည့် အဓိပ္ပာယ်ကိုလည်း ကောင်းကောင်း နားလည်ထားပါသည်။
ထိုအဆင့်မှာ အအပေါ်ကမ္ဘာ၌ပင် အမြင့်ဆုံးအဆင့် မဟုတ်ပါလား ...
လောထျန်းက ထိုအဆင့်ရှိသော လူတစ်ယောက်ကို အမှန်တကယ် အနိုင်ယူနိုင်ပါမည်လား။
ကောင်းကင်ဘုံသားတော်ကမူ အားလုံး၏ မျက်နှာထက်မှ စိုးရိမ်ထိတ်လန့်မှုတို့ကို မြင်ပြီး ကျေနပ်နေပါ၏။
တစ်ဖက်လူ၏ စိတ်ဓာတ်အား ချိုးနှိမ်ရသည့် ခံစားချက်ကို သူ အလွန်နှစ်သက်လှပါသည်။
ထို့နောက် သူ ရယ်ရင်း ဆက်ပြောလိုက်သည်။
"ငါ့ရဲ့ အစွမ်းက ဒီမှာတင် မရပ်သေးဘူးကွ"
"ဘာ... နောက်ထပ် ရှိသေးတာလား"
လူတစ်ယောက်က အံ့သြတကြီးမေးလိုက်သည်။
ကောင်းကင်ဘုံသားတော် ခေါင်းညိတ်ပြလိုက်၏။
"မှန်တယ်။ အရှုပ်အထွေး နတ်ဘုရားမြို့တော်ထဲကို ရောက်ပြီးတဲ့နောက်မှာ ငါ ကောင်းကင်ဘုံကိုတောင် ဆန့်ကျင်တဲ့ ရှေးဟောင်းပစ္စည်းတစ်ခုကို ရခဲ့သေးတယ်ကွ။ အဲ့ဒါက အရင် အရှုပ်အထွေး မသေမျိုးဧကရာဇ်တွေတောင် အပြည့်အဝ အသုံးမချနိုင်ခဲ့တဲ့ အစွမ်းပဲ!"
ထိုသို့ ပြောနေစဉ်အတွင်း သူ့မျက်လံုးထဲတွင်လည်း ဝင့်ကြွားမှုတို့ ပြည့်နှက်နေပါသည်။
အားလုံးမှာ သူ့စကားကိုကြားပြီး တုန်လှုပ်သွားကြပြန်သည်။
"ဒါ... အရင် အရှုပ်အထွေး မသေမျိုးဧကရာဇ်တွေတောင် မကျွမ်းခဲ့ဘူးဆိုတော့ ... ကောင်းကင်ဘုံသားတော်က အရင် အရှုပ်အထွေး မသေမျိုးဧကရာဇ်တွေကိုတောင် သာသွားပြီပေါ့"
"ဒီ ကောင်းကင်ဘုံသားတော်က တကယ်ကို ကောင်းကင်ဘုံက ရွေးချယ်ခံထားရတဲ့သူနဲ့တူတယ် ။ သူက အစကတည်းက ကြောက်စရာကောင်းလောက်အောင် အစွမ်းထက်နေပြီးသားကို၊ အခုလို ထူးကဲတဲ့ အခွင့်ကောင်းတွေကိုပါ ထပ်ပိုင်ဆိုင်ခွင့် ရလိုက်တော့ ...."
လူများ သက်ပြင်းချလိုက်မိကြသည်။
လက်ရှိတွင် အားလုံးက သူ့အား အလွန်မုန်းတီးနေကြသည့်တိုင် သူ့ အစွမ်းက အံ့မခန်း ဖြစ်နေသည်ကိုမူ လက်ခံကြရမည်ပင်။
လောမိသားစုဝင်များသည်လည်း စိုးရိမ်လာကြလေပြီ ။
လောထျန်းမှာ အလွန်အစွမ်းထက်သည် မှန်သော်လည်း ယခု ရှေ့မှ ကောင်းကင်ဘုံသားတော်မှာ သူတို့ ယခင်က ရင်ဆိုင်ခဲ့ဖူးသူများနှင့် လုံးဝ မတူပါချေ ။
လောထျန်းက သူ့ကို အနိုင်ယူနိုင်ပါမည်လား။
ထိုစဉ် လောမိသားစုဝင်တစ်ဦးက အံကြိတ်ကာ ရုတ်တရက် အော်ဟစ်လိုက်၏။
"အဲ့တော့ရော ဘာဖြစ်လဲ။ လတယ်လို့ အစ်ကိုထျန်းက အခု မင်းကို မယှဉ်နိုင်သေးဘူး ဆိုရင်တောင်၊ အချိန်တန်ရင် သူ မင်းကို သာသွားမှာပဲ။ အဲ့ကျရင် သူက ငါတို့အတွက် လက်တုန့်ပြန်ပေးလိမ့်မယ်!"
"ဟုတ်တယ်! ကောင်းကင်ဘုံသားတော်... မင်းက ငါတို့ အစ်ကိုထျန်းရဲ့ လက်ထဲမှာ တစ်နေ့ သေရမှာ"
လောမိသားစုဝင်များအားလုံး ဒေါသတကြီး ပြောဆိုလိုက်ကြသည်။
ကောင်းကင်ဘုံသားတော်က အေးစက်စက် ရယ်ပါ၏။
"ရူးလိုက်တာကွာ "
"မင်း ဘာပြောလိုက်တာလဲ"
လောမိသားစုဝင် တစ်ယောက်က ဒေါသတကြီးပြောသည်။
ကောင်းကင်ဘုံသားတော် နှာခေါင်းရှုံ့လိုက်၏။
"ငါ့ရဲ့ ပူဇော်ပွဲအခမ်းအနားက ဒီတစ်နေရာတည်းမှာပဲ ရှိတယ်လို့ မင်းတို့ ထင်နေတာလား"
"ဟင်... မင်းစကားက ဘာအဓိပ္ပါယ်လဲ"
တစ်ယောက်က တစ်စုံတရာ လွဲနေပြီကို ရိပ်မိမိကာ တုန်ရီစွာ မေးလိုက်သည်။
ကောင်းကင်ဘုံသားတော်က ရယ်လိုက်၏။
"ဒီအခမ်းအနားက အရှုပ်အထွေး နတ်ဘုရားမြို့တော် တစ်ခုလုံးကို လွှမ်းခြုံထားတာကွ။ ဒီမြို့ထဲကို ဝင်လာသမျှ လူတိုင်း အစောတည်းက ငါ့ရဲ့ ထောင်ချောက်ထဲမှာ ပိတ်မိနေပြီးသား။ သူတို့ အခု ဘယ်နေရာမှာပဲ ရှိနေရှိနေ၊ သူတို့ရဲ့ ကံကြမ္မာက မင်းတို့နဲ့ အတူတူပဲ"
သူ ပြောပြီး လောမိသားစုဝင်များကို ကြည့်ကာ ထပ်ရယ်ပါသည်။
"မင်းတို့ ပြောနေတဲ့ လောထျန်းဆိုတဲ့ ကောင်ဆိုရင်လဲ မင်းတို့အတွက် ကလက်စားချေပေးဖို့ မပြောနဲ့ သူ ခုချိန်လောက်ဆို သေတောင် သေနေလောက်ပြီ!"
"ဘာပြောတယ်!"
လူတိုင်း မျက်နှာပျက်ကုန်ကြသည်။
ကောင်းကင်ဘုံသားတော်က သူတို့ဖြစ်သွားသည့် မျက်နှာများကိုကြည့်ကာ တဟားဟား ထပ်ရယ်၏။
" ဘယ်လိုလဲ .. ကူကယ်ရာမဲ့ ဖြစ်ကုန်ကြပြီလား ။ မင်းတို့တွေရော ၊ အဲ့ဒီ လောထျန်းရောက ငါ့အတွက်တော့ ထာဝရ ပြိုင်ဘက်ကင်းအစွမ်းကို ရဖို့အတွက် ခြေနင်းတုံးတွေသက်သက်ပဲ"
သူပြောပြီး လေထဲရှိ အရှုပ်အထွေး မဟာတာအိုသစ်သီးကို လက်ညိုးညွှန်လိုက်ပါသည်။
ဝီ ...
ချက်ချင်းမှာပင် ၎င်းတာအိုသစ်သီး၏ လူများဆီမှ အစွမ်းကို စုပ်ယူသည့်နှုန်း ပိုတိုးလာတော့သည်။
အရှုပ်အထွေး မဟာတာအိုသစ်သီး၏ ပုံရိပ်မှာလည်း တဖြည်းဖြည်းနှင့် ပိုပီပြင်လာပါ၏။
အခြားတစ်ဖက်... အရှုပ်အထွေး စိတ်ဝိညာဉ်သင်္ချိုင်းတွင်မူ...
ဝုန်း!
အရှုပ်အထွေး နတ်ဘုရားအလင်းတန်းများဖြင့် ဖွဲ့စည်းထားသော သစ်မြစ်များမှာ အကြိမ်ပေါင်း တစ်ရာမက အစိတ်စိတ်အမွှာမွှာ ဖြစ်သွားပြီး ပြန်လည် စုစည်းလာပြန်သည်။
"အဲ့ဒါ ဘာကြီးလဲ။ ဘာလို့ ဒီလောက်တောင် စိတ်ရှုပ်ဖို့ ကောင်းနေရတာလဲ"
လောထျန်းတစ်ယောက် ထို အရှုပ်အထွေး နတ်ဘုရားအလင်းတန်းများကို ကြည့်ကာ မျက်မှောင်ကြုံ့လိုက်သည်။
သူ့နောက်တွင်ကား ယွဲ့လီ နှင့် လုံယီရွှယ်တို့ ငြိမ်သက်စွာ ရပ်နေကြ၏။
မကြာခင်ကပင် ဤအလင်းတန်းများ ရုတ်တရက် ပေါ်လာပြီး သူတို့သုံးဦးကို ချုပ်နှောင်ရန် ကြိုးစားခဲ့ပါသည်။
သို့သော် လောထျန်းက ထိုအလင်းတန်းများအား လက်ဝါးတစ်ချက်တည်းဖြင့် ပြိုကွဲသွားအောင် ရိုက်ချခဲ့ပါ၏။
သို့သော် ၎င်း အရှုပ်အထွေး နတ်ဘုရားအလင်းတန်းများက ချက်ချင်းဆိုသလို ပြန်စုစည်းကာ သူတို့ကို မရပ်မနား တိုက်ခိုက်နေခဲ့ပါသည်။
လောထျန်း မည်မျှပင် ဖျက်ဆီးပစ်ပါစေ၊ ၎င်းတို့မှာ ပြန်လည် စုစည်းလာဆဲပင်။
လက်ရှိတွင်လည်း နောက်တစ်ကြိမ် ပြန်စုစည်းလာပြန်သည့် ၎င်းအလင်းတန်းများကို ကြည့်ကာ လောထျန်းတစ်ယောက် အတော်လေး စိတ်မရှည် ဖြစ်လာပါတော့၏။
"မင်းတို့က ဘယ်တော့မှ မရပ်တော့ဘူးလား။ ကောင်းပြီလေ ... ဒီလိုဆိုတော့လဲ ငါ မင်းတို့ကို အစိတ်စိတ်အမွှာမွှာ မလုပ်တော့ဘူး။ မင်းတို့ ဘာလုပ်ချင်နေတာလဲဆိုတာပဲ စောင့်ကြည့်လိုက်မယ်"
ဤတစ်ကြိမ်တွင် လောထျန်း ထိုအလင်းတန်းများအား မတိုက်ခိုက်တော့ဘဲ သူ့အား ချုပ်နှောင်လာသည်ကို အသာတကြည် လက်ခံလိုက်သည်။
ဝီ ...
ထို အရှုပ်အထွေးနတ်ဘုရားအလင်းတန်းများ လောထျန်းကို ရစ်နှောင်ပြီးသည်နှင့် အရောင်တလက်လက် တောက်လာပြီး အားပြင်းထန်သော စုပ်ယူအစွမ်းတစ်ခု ပေါ်လာသည်။
"ဟင်..."
လောထျန်း အံ့ဩသွားပါ၏။ ၎င်းအလင်းတန်းများက သူ့အစွမ်းများအား စုပ်ယူနေသည်ကိုလည်း သတိထားမိလိုက်သည်။
ထိုစဥ် အရှုပ်အထွေး ဓားရေကန်အနီးတွင်မူ...
ဝုန်း!
အရှုပ်အထွေး မဟာတာအိုသစ်သီးဆီမှ အားပြင်းလှသော ဖိအားတစ်ခု ရုတ်ချည်း ထွက်ပေါ်လာသည်။
ထိုဖိအားအစွမ်းကြောင့် ကောင်းကင်ဘုံသားတော်ပင် ရုတ်တရက် တုန်လှုပ်သွားကာ အရှုပ်အထွေး မဟာတာအိုသစ်သီးကို ရုတ်တရက် မော့ကြည့်လိုက်သည်။ ထို့နောက်တွင် အံ့ဩလွန်း၍ သူ့မျက်လုံးများ ပြူးကျယ်သွားပြီး တုန်တုန်ယင်ယင်အသံဖြင့် ရေရွတ်လိုက်၏။
“ဒါ... ဒါက ဘယ်လိုလုပ်ပြီးတော့ ရုတ်တရက်ကြီး ဒီလောက်တောင် အစွမ်းထက်သွားရတာလဲ။ ဒါ... အထွတ်အထိပ် အဆင့်ကိုတောင် ရောက်တော့မှာ”