Breaking the Immortal Emperor
Vol. 69 Ch. 1007
"ဘာတွေ ဖြစ်နေတာလဲ..."
ကောင်းကင်ဘုံသားတော် ရုတ်တရက် ခေါင်းလှည့်ကာ သူ့နောက်ရှိ လေထုလမ်းကြောင်းကို ကြည့်လိုက်သည်။
ထိုစဉ်မှာပင် လေထုလမ်းကြောင်းထဲမှ အဘိုးအိုနှစ်ဦး ထွက်လာပါသည်။
သူတို့နှစ်ဦးသည်လည်း အရှုပ်အထွေး မဟာတာအိုသစ်သီးကို မြင်ပြီး အံ့ဩသွားကြ၏။
"ဒါ... ဒါ မဖြစ်နိုင်တာ!"
မီးခိုးရောင်ဝတ် အဘိုးအိုက နားမလည်နိုင် ဖြစ်နေဟန်ဖြင့် ရေရွတ်သည်။
"တွက်ချက်ထားတဲ့အတိုင်းဆိုရင် အရှုပ်အထွေး နတ်ဘုရားမြို့တော်ထဲက လူအားလုံးရဲ့ အစွမ်းေတွကို စုပ်ယူပြီးမှသာ ဒီ မဟာတာအိုသစ်သီးက ရင့်မှည့်နိုင်မှာ။ ဒါပေမဲ့..."
သူ ပြောပြီး ဘေးပတ်လည်ရှိ လူများအား လှည့်ကြည့်လိုက်သည်။
အရှုပ်အထွေးနတ်ဘုရားအလင်းတန်းများမှာ လူများထံမှ အရှုပ်အထွေးအစွမ်းများစွာကို စုပ်ယူထားပုံ ပေါ်သည့်တိုင် ယခုက အစပျိုးရုံသာ ရှိပါသေးသည်။
ဤမျှ နည်းလှသော အစွမ်းဖြင့် မဟာတာအိုသစ်သီးက ယခုလောက်အထိ ရင့်မှည့်လာနိုင်ပါသလား။
"မင်း ဘယ်လိုထင်လဲ"
မီးခိုးရောင်ဝတ် အကြီးအကဲက အနက်ရောင်ဝတ် အကြီးအကဲဘက်လှည့်ကာ မေးလိုက်သည်။
အနက်ရောင်ဝတ် အကြီးအကဲက မျက်မှောင်အနည်းငယ် ကြုံ့လိုက်၏။
" မဟုတ်မှလွဲရော ... သခင်ကြီး တွက်ချက်တာ မှားသွားတာများလား"
မီးခိုးရောင်ဝတ် အဘိုးအို၏ မျက်လံုးထဲ၌ အေးစက်စက် အလင်းတန်းတစ်ခု ဖြတ်ပြေးသွားပြီး ပြော၏။
"ရိုင်းလှချည်လား! သခင်ကြီးက ဒီလိုကိစ္စမျိုးကို ဘယ်လိုလုပ် မှားတွက်ပါ့မလဲ"
"ဒါဆိုရင် ဒါကို မင်း ဘယ်လို ရှင်းပြမလဲ"
အနက်ရောင်ဝတ် အဘိုးအိုက ကောင်းကင်ထက်ရှိ မဟာတာအိုသစ်သီးကို ညွှန်ပြကာ ပြန်မေးသည်။
"ငါ..."
မီးခိုးရောင်ဝတ် အဘိုးအို ဘာပြန်ပြောရမည်မသိ ဖြစ်သွား၏။
ထိုစဉ်မှာပင်...
ဝီ ..!
လေထဲရှိ အရှုပ်အထွေး မဟာတာအိုသစ်သီး ရုတ်တရက် တုန်ခါသွားပြီးနောက် အရှုပ်အထွေး နတ်ဘုရားအလင်းတန်းများ အရောင်လက်လာသည်။
ဝုန်း!
ထို့နောက်တွင် မြည်သံကျယ်ကြီးတတစ်သံ ထွက်လာကာ မဟာတာအိုသစ်သီးမှ အသွင်ယူထားသော လူရိပ်က ပိုမို ထင်ရှားပီပြင်လာပါတော့သည်။
၎င်း၏ ဘေးပတ်လည်တွင် ရစ်ဝဲနေသော မရေမတွက်နိုင်သည့် အရှုပ်အထွေး နတ်ဘုရားအလင်းတန်းများမှာလည်း ကြောက်မက်ဖွယ်ကောင်းလှသည့်အတွက် ကြည့်နေသူတိုင်း ထိတ်လန့်တုန်လှုပ်သွားကြပါ၏။
၎င်းမှာ မဟာဝာာအိုလမ်းစဉ်၏ အဆုံးသတ်အလား...
ထိုအချိန်တွင် ကောင်းကင်ဘုံသားတော်က တစ်ခုကို သဘောပေါက်သွားဟန်ဖြင့် ရုတ်တရက် ပြောလာသည်။
"အရှုပ်အထွေး မဟာတာအိုသစ်သီးက ရင့်မှည့်သွားပြီလား"
သူ့ မျက်လံုးထဲတွင်လည်း ပျော်ရွှင်သည့်အရိပ်အယောင်များ ချက်ချင်းပေါ်လာကာ လေထဲသို့ ခြေတစ်လှမ်း ထပ်လှမ်းလိုက်ပါသည်။
"ဟားဟား ... ဒီလိုဖြစ်မယ်လို့ မျှော်လင့်မထားဘူးကွာ ၊ လွယ်လိုက်တာ .. သိပ်ကောင်းတယ်။ အခုဆိုရင် ငါ ဒီ အရှုပ်အထွေး မဟာတာအိုသစ်သီးကို သန့်စင်လိုက်ရုံနဲ့ အရှုပ်အထွေး မသေမျိုးဧကရာဇ် ဖြစ်လာတော့မယ်!"
ကောင်းကင်ဘုံသားတော် ပြောကာ တဟားဟား ရယ်မောလိုက်သည်။
အောက်တွင်ရှိသော လူများမှာလည်း အလွန်အမင်း ထိတ်လန့်တုန်လှုပ်သွားကြပါ၏။
အရှုပ်အထွေး မသေမျိုးဧကရာဇ် တဲ့လား...
ဒဏ္ဍာရီလာ အရှုပ်အထွေး မမသေမျိုးဧကရာဇ်က သူတို့ရှေ့တွင် အမှန်တကယ် ပေါ်လာတော့မည်လား ...
ယနေ့မှာ သမိုင်းမှတ်တိုင်တစ်ခုအဖြစ် ကမ္ပည်းတင်ကျန်ရစ်တော့မည့် နေ့တစ်နေ့ပါပင် ...
ထိုစဉ် တဖက်မှ အဘိုးအိုနှစ်ဦးမှာ တစ်ယောက်ကိုတစ်ယောက် နားမလည်နိုင်စွာ ကြည့်လိုက်ကြပာ၏။
သူတို့၏ မျက်ဝန်းထဲ၌လည်း စိတ်လှုပ်ရှားမှုတို့အပြင် ကြောက်ရွံ့မှုတို့ပါ ရောထွေးနေပုံ ....
"သခင်ကြီး... ကျေးဇူးပြုပြီး မဟာတာအိုလမ်းစဉ်ပေါ်ကို တက်လှမ်းလိုက်ပါ!"
မီးခိုးရောင်ဝတ် အကြီးအကဲ ဒူးတစ်ဖက်ထောက်ကာ အရိုသေပေးလိုက်သည်။
"သခင်ကြီး... မသေမျိုးဧကရာဇ်ဆိုတဲ့ ဘွဲ့ကို ယူလိုက်ပါတော့ဗျာ "
အနက်ရောင်ဝတ် အကြီးအကဲလည်း ဒူးထောက်လိုက်၏။
ကောင်းကင်ဘုံသားတော် ခေါင်းညိတ်လိုက်သည်။
"ကောင်းပြီ! မင်းတို့ရဲ့ သစ္စာတရားကို ငါမြင်တယ်။ အခုကစပြီး ငါ့ကို ကာကွယ်ထားကြ!"
“ဟုတ်ကဲ့ပါ”
အကြီးအကဲနှစ်ယောက် သံပြိုင်ပြောလိုက်ကြ၏။
ကောင်းကင်ဘုံသားတော် နှုတ်ခမ်းတွန့်ရုံ ပြုံးကာ အရှုပ်အထွေး မဟာတာအိုသစ်သီးဆီသို့ တိုက်ရိုက် ပျံသန်းသွားလိုက်သည်။
ဝီ ...
အရှုပ်အထွေး မဟာတာအိုသစ်သီးကလည်း တစ်စုံတရာကို အာရုံခံမိသည့်အလား ဖြည်းညင်းစွာ လှုပ်ရှားလာ၏။
ထို့နောက်တွင် အရှုပ်အထွေး နတ်ဘုရားအလင်းတန်းများမှာ အရောင်ပိုလက်လာကြပြီး အရာအားလုံးကို အရည်ပျော်စေတော့မည့်ပုံလို ....
ထိုအလင်းတန်းများ၏ လွှမ်းခြုံခြင်းကို ခံထားရသော ကောင်းကင်ဘုံသားတော်ကလည်း တည်ငြိမ်စွာဖြင့် သူ့ ကိုယ်ပိုင် အရှုပ်အထွေး နတ်ဘုရားအလင်းတန်းကို ထုတ်လွှတ်လိုက်၏။
ဝုန်း!
အလင်းတန်းနှစ်ခု ထိပ်တိုက်တွေ့သွားပြီးနောက် ... မကြာခင်မှာပင် တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားတော့သည်။
ကောင်းကင်ဘုံသားတော်၏ မျက်နှာထက်၌ ကျေနပ်ပြုံးတစ်ခု ပေါ်လာကာ ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်သည်။
ဝီ ...
ထို့နောက်တွင် သူ့ခန္ဓာကိုယ်က အရှုပ်အထွေး မဟာတာအိုသစ်သီးနှင့် တစ်သားတည်း ပေါင်းစပ်သွားပြီး အဆုံးအစမဲ့ အရှုပ်အထွေး နတ်ဘုရားအလင်းတန်းများ၏ ဝန်းရံခြင်းကို ခံလိုက်ရတော့၏။
ဝုန်း!
ထို့နောက် တစ်ပြိုင်နက်တည်းနီးပါးပင် သူ မဟာတာအိုသစ်သီးအတွင်းရှိ အစွမ်းများကို စတင်စုပ်ယူလိုက်တော့သည်။
သူ၏ အအရောင်အဝါမှာလည်း ရုတ်ချည်း တိုးလာပါ၏။
ထို့နောက်တွင် သူ အရှုပ်အထွေး မဟာတာအိုသစ်သီးထဲမှ အစွမ်းအား စတင်သန့်စင်လိုက်သည်နှင့် တစ်ပြိုင်နက် မဟာတာအိုသစ်သီး၏ လူများထံမှ အစွမ်းကို စုပ်ယူသည့်နှုန်းကလည်း ပိုတိုးလာပါတော့သည်။
" ဟင် ပြောတော့ မဟာတာအိုသစ်သီးက ... ရင့်မှည့်သွားပြီဆို။ ဘာလို့ ငါတို့ဆီက အစွမ်းတွေကို ဆက်ပြီးစုပ်ယူနေသေးတာလဲ "
"ဟုတ်ပါတယ်... ကောင်းကင်ဘုံသားတော် ... မဟုတ်သေးဘူး... အရှုပ်အထွေး မသေမျိုးဧကရာဇ်ကြီး... ကျုပ်တို့ကို လွှတ်ပေးပါတော့"
တစ်ယောက်က အော်ပြောကာ စတင်ငိုယိုလိုက်ပါတော့သည်။
မီးခိုးရောင်ဝတ် အဘိုးအိုက လှောင်ပြုံးဖြင့် ပြောပါ၏။
"မဟာတာအိုသစ်သီးက ရင့်မှည့်သွားပြီ ဆိုပေမယ့်၊ မင်းတို့တွေက အာဟာရတွေအဖြစ် အသုံးဝင်နေတုန်းပဲလေ"
အနက်ရောင်ဝတ် အကြီးအကဲကလည်း ရယ်ရင်းဝင်ပြောသည် ။
"မှန်တယ်။ မင်းတို့အားလုံးကို ခြောက်ကပ်အောင် စုပ်ယူပြီးသွားရင် ကောင်းကင်ဘုံသားတော်ရဲ့ မဟာတာအိုအစွမ်းက ပိုပြီးတော့ စိတ်ချရသွားမှာကွ"
လူများ ခဏတာမျှ ဆွံ့အသွားကြပြီးနောက် ....
တစ်ယောက်က ဒေါသတကြီး အော်ဟစ်ပါ၏။
"မင်းတို့က အသည်းနှလုံးမရှိတဲ့ မျိုးမစစ်ကောင်တွေပဲကွ။ အောင်မြင်မှုနှုန်းလေး နည်းနည်းတက်ဖို့အတွက် ငါတို့အားလုံးကို အသေခံခိုင်းတယ်ပေါ့"
မီးခိုးရောင်ဝတ် အကြီးအကဲက အပြုံးဖြင့်သာ ပြန်ပြောပါသည်။
"ဒါ မင်းတို့အတွက် ဂုဏ်ယူစရာတောင် ကောင်းသေးတယ်ကွ"
"မင်းဘိုးတော်ကြီးကို ဂုဏ်ယူနေလိုက်"
ဆဲဆိုသံများ မြေပြင်အနှံ့မှ ထွက်လာပါတော့၏။
ထိုအချိန်တွင် အရှုပ်အထွေး မဟာတာအိုသစ်သီးအတွင်း ရှိနေသော ကောင်းကင်ဘုံသားတော် မျက်မှောင်အနည်းငယ် ကြုံ့လိုက်သည်။၊
ဝုန်း ...
မဟာတာအိုသစ်သီး၏ စွမ်းအင်များ စုပ်ယူသည့်နှုန်းက ရုတ်ချည်း အဆများစွာတိုးလာပြီး ... နာကျင်စွာ အော်ဟစ်သံများ ဆူညံသွား၏။
"ပုရွက်ဆိတ်လေးတွေ"
ကောင်းကင်ဘုံသားတော်၏ နှုတ်ခမ်းထောင့်စွန်း၌ လှောင်ပြုံးတစ်ခု ပေါ်လာပါသည်။
ဝီ !
ထိုစဉ်မှာပင် သူ့ခေါင်းထက်၌လည်း မဟာတာအို အမှတ်အသားတစ်ခု ရုတ်တရက် စတင်ပုံပေါ်လာတော့သည်။
ဝုန်း!
ကောင်းကင်ဘုံသားတော်ထံမှ ထွက်နေသည့် နတ်ဘုရားစွမ်းအင်များသည်လည်း တဟုန်ထိုး တိုးလာ၏။
ထိုအမှတ်အသား ပေါ်လာသည်နှင့်အမျှ သူ့ဘေးရှိ မသေမျိုးအရောင်အဝါများသည်လည်း တစ်မျိုးတစ်ဖုံ အသွင်ပြောင်းလာပါတော့သည်။
၎င်းကို မြင်သောအခါ မီးခိုးရောင်ဝတ် အကြီးအကဲ ရုတ်တရက် တုန်လှုပ်သွားသည်။
"ဒါ... ဒါက မသေမျိုးဧကရာဇ်ရဲ့ အမှတ်အသားလား"
အနက်ရောင်ဝတ် အကြီးအကဲကလည်း အသက်ကို ပြင်းပြင်းရှိုက်လိုက်ရင်း ပြော၏။
"မမှားနိုင်ဘူးကွ ! အဲ့ဒါ တကယ့်ကို မသေမျိုးဧကရာဇ်ရဲ့ အမှတ်အသားပဲ။ ပြီးတော့ ... သူ့ကိုယ်က မသေမျိုးစွမ်းအင်တွေကလည်း ဧကရာဇ်အစွမ်းအဖြစ် စပြီး ပြောင်းလဲနေပြီ"
သူတို့နှစ်ဦး ပြောကာ တစ်ယောက်ကိုတစ်ယောက် ထပ်ကြည့်လိုက်ကြသည်။ သူတို့၏ အံ့ဩတုန်လှုပ်မှုများမှာ ပို၍ပင် တိုးလာနေပါ၏။
"သူက အရှုပ်အထွေး မဟာတာအိုသစ်သီးကို အပြည့်အဝ မသန့်စင်ရသေးတာတောင် မသေမျိုးဧကရာဇ်အဆင့်ကို ရောက်တော့မှာလား။ ဘာလို့ ဒီလောက် မြန်နေရတာလဲ"
မီးခိုးရောင်ဝတ် အကြီးအကဲ နားမလည်နိုင်ဘဲ ဇဝေဇဝါ ဖြစ်နေပါသည်။
"ငါလဲ ဘယ်သိပါ့မလဲ။ ဒါပေမဲ့... ဒါ ကောင်းတဲ့ကိစ္စပဲကွ။ သူ ပိုပြီး အစွမ်းထက်လေလေ၊ ငါတို့အတွက် ပိုကောင်းလေလေပဲ "
အနက်ရောင်ဝတ်စုံဝတ် အကြီးအကဲ ပြောလိုက်သည်။
မီးခိုးရောင်ဝတ် အကြီးအကဲက ထိုစကားကို ထောက်ခံသည့်အနေဖြင့် ခေါင်းအသာညိတ်လိုက်၏။
အခြားတစ်ဖက်တွင်မှ ကောင်းကင်ဘုံသားတော်ကိုယ်တိုင်လည်း သူ့ကိုယ်တွင် ဖြစ်နေသည့် အပြောင်းအလဲများကို သတိထားမိသွားပါသည်။
ချက်ချင်းဆိုသလိုပင် သူ့မျက်လုံးများ အရောင်လက်သွားပြီး ဟားတိုက်ရယ်လိုက်၏။
"ဟားဟား... မသေမျိုးဧကရာဇ်ရဲ့ အစွမ်းပါလား။ ငါက ဒီခေတ်ရဲ့ အရှင်သခင်ပဲ။ ကောင်းကင်ဘုံသားတော်ဆိုတဲ့ ငါဟာ ထာဝရ ပြိုင်ဘက်ကင်းဖြစ်သွားပြီ"
သူ့ အော်သံနှင့်အတူ ကြောက်မက် ဧကရာဇ်အရောင်အဝါတစ်ခု ကောင်းကင်ယံသို့ ထိုးတက်သွားတော့သည်။
သူ့ အအရောင်အဝါ တစ်ခုလုံးလည်း လျင်မြန်စွာ ပြောင်းလဲလာပါ၏။
အခြားတစ်ဖက် ... အရှုပ်အထွေး စိတ်ဝိညာဉ်သင်္ချိုင်း တွင်မူ...
"သေချာပြီ... ဒီဟာက ငါ့အစွမ်းတွေကို စုပ်ယူနေတာပဲ။ ခဏလေးအတွင်းမှာတင် ငါ့အစွမ်းရဲ့ တစ်ရာခိုင်နှုန်းလောက်ကို စုပ်သွားတာ"
သူ့ကိုယ်ထဲမှ စွမ်းအင်များ ဆုံးရှုံးသွားသည်ကို ခံစားမိကာ လောထျန်း အံ့ဩသွားပါသည်။
ထို့နောက် သူ ယွဲ့လီ နှင့် စိတ်ဝိဉာဉ်သင်္ချိုင်းတောင်ကြားသခင်ကြီးဘက် လှည့်ကြည့်ကာ မေးလိုက်၏။
"ဒါကလည်း အရှုပ်အထွေး နတ်ဘုရားမြို့တော်က ပေးတဲ့ အခွင့်ကောင်းပဲလား"
စိတ်ဝိဉာဉ်သင်္ချိုင်းတောင်ကြား သခင်ကြီးက ပြန်ပြောပါသည်။
"ဒီလိုကိစ္စမျိုးကို ကျုပ် တစ်ခါမှတော့ မကြားဖူးဘူး!"
ယွဲ့လီကလည်း ခဏတာမျှ စဉ်းစားပြီးမှ ပြော၏။
"ကျွန်မလဲ ရှေးဟောင်းစာအုပ်တွေထဲမှာ ဒါမျိုး မတွေ့ဖူးဘူး။ ဒါပေမယ့် ... ဒီ အရှုပ်အထွေး နတ်ဘုရားအလင်းတန်းထဲမှာ အလင်းတန်းရဲ့ အရောင်အဝါကို ကောင်းကင်ဘုံသားတော်ဆီမှာ တွေ့ဖူးသလိုပဲ"
လောထျန်းက အံ့ဩသွားပါသည်။
"မင်းပြောချင်တာက ဒါ .. ကောင်းကင်ဘုံသားတော်ရဲ့ လက်ချက်ပေါ့ ဟုတ်လား"
ယွဲ့လီက ခေါင်းညိတ်ပြလိုက်၏။
" ဖြစ်နိုင်တယ်ရှင့် "
လောထျန်း မနေနိုင်ဘဲ တအံ့တဩ ပြောလိုက်ပါသည်။
"ဒီ ကောင်းကင်ဘုံသားတော် ဆိုတဲ့ကောင်က အတော်လေး စိတ်ရှုပ်ဖို့ ကောင်းတာပဲ။ လူချင်းတောင် မတွေ့ရသေးဘူး၊ ငါ့အစွမ်းကို ခိုးစုပ်နေပြီ"
ထို့နောက် သူ့ကို ပတ်နှောင်ထားသော အရှုပ်အထွေး နတ်ဘုရားအလင်းကို ကြည့်ကာ လောထျန်း မျက်မှောင်ကြုံ့လိုက်၏။
"ပြီးတော့ ဒီဟာကို လုံးဝကြီး ပျောက်သွားအောင် ဖျက်ဆီးလို့လည်း မရဘူး..."
လောထျန်း၏ စကားကို ကြားချိန်၌ ကျန်လူများမှာ ကျောရိုးထဲမှ အေးစိမ့်သွားသည်အထိ တုန်လှုပ်ခြောက်ခြားသွားကြတော့သည်။
လက်ရှိအခြေအနေမှာ အမှန်တကယ်လည်း ကျဉ်းထဲကျပ်ထဲ ကျနေသလိုပါပင်။
သို့သော် ထိုစဥ်မှာပင် လောထျန်းက အကြံတစ်ခု ရသွားဟန်ဖြင့် ပြောလာပါ၏။
"ဟုတ်ပြီ... ကျုပ် နည်းလမ်းတစ်ခု ရပြီ!"