← Chapters

Fall in Realm

Vol. 69 Ch. 1009

Fall in Realm

Vol. 69 Ch. 1009

"နောက်ဆုံးတော့ တည်ငြိမ်သွားပြီလား"

မီးခိုးရောင်ဝတ် အဘိုးအိုက အမောတကောဖြင့် မေးလိုက်သည်။

"ဒါပေါ့၊ သခင်ကြီးချန်ထားခဲ့တဲ့ ဧကရာဇ်အစီအမံက ဘယ်လိုလုပ်ပြီး အမှားအယွင်းရှိနိုင်မှာလဲ"

အနက်ရောင်ဝတ် အဘိုးအိုကလည်း အသက်ရှူသံပြင်းပြင်းဖြင့် ပြန်ပြောပါသည်။

ကောင်းကင်ဘုံသားတော်၏ မျက်ဝန်းထဲတွင်လည်း အေးစက်စက် အငွေ့အသက်တို့ ရှိနေပါ၏။

"အခု ဘယ်သူ့လက်ချက်လဲဆိုတာ မသိပေမယ့် ဒီကောင့်ကို မိလို့ကတော့ သေတာထက် ပိုဆိုးစေရမယ်"

သူ ခက်ထန်စွာ ပြောလိုက်သည်။

တစ်ချိန်တည်းမှာပင် အရှုပ်အထွေးစိတ်ဝိညာဉ်သင်္ချိုင်း၌ -

"ဟင်"

ကောင်းကင်ဘုံအသက်ရှူကျင့်စဉ် ကျင့်ကြံနေသော လောထျန်းတစ်ယောက် ရုတ်တရက် တန့်သွားပါသည်။

"သခင်လေးလောထျန်း၊ ဘာဖြစ်လို့လဲ"

ယွဲ့လီ စိုးရိမ်တကြီး မေးလိုက်၏။

လောထျန်းက မျက်မှောင်ကြုံ့၍ ပြန်ပြောသည်။

"ရုတ်တရက်ကြီး အစွမ်းတွေ စုပ်ယူလို့ မရတော့ဘူး။ ဒီကောင်းကင်ဘုံသားတော်က တစ်ခုခုတော့ တစ်ခုခုပဲ "

"ဟင် ... ဒါဆို ကျွန်မတို့ ဘာဆက်လုပ်ကြမလဲ"

ယွဲ့လီ၏ မျက်နှာလေး စိုးရိမ်ကြောင့်ကြနေဟန် အထင်းသားဖြစ်သွာစသည်။

လောထျန်း မျက်နှာတည်ကြည်သွား၏။

"ဒီလိုဆိုရင်တော့ ကျုပ်ရဲ့ အစွမ်းအစစ်ကို ပြရတော့မှာပေါ့"

"အစွမ်းအစစ် ဟုတ်လား "

ယွဲ့လီ အူကြောင်ကြောင်ဖြစ်သွားသည်။

ထိုစဉ်မှာပင် လောထျန်းက ရုတ်တရက် မျက်စိမှိတ်လိုက်ပြီး နောက်တစ်ခဏ၌ မျက်လုံးပြန်ဖွင့်လာ၏။

ဝုန်း!

သူ့ခေါင်းထက်တွင် ကျယ်ပြောလှသော ကြယ်ပင်လယ်ကြီးတစ်ခု ရုတ်ချည်း ပေါ်လာသည်။

"ဒါ... ဒါက ဘာကြီးလဲ"

မြင်လိုက်ရသည့် မြင်ကွင်းကြောင့် ယွဲ့လီ အံ့အားသင့်သွားပါသည်။

စိတ်ဝိဉာဉ်သင်္ချိုင်းတောင်ကြား သခင်ကြီးသည်လည်း အလားတူပင် တုန်လှုပ်သွားကာ ပြော၏။

"ဒါ... ထူးခြား စိတ်စွမ်းအင်ပင်လယ်လား .... မဟုတ်သေးဘူး၊ ဒီထူးခြားစိတ်စွမ်းအင်ပင်လယ်က မယုံနိုင်လောက်အောင်ကို အစွမ်းထက်လွန်းနေတယ်"

ထိုကြယ်ပင်လယ်ထဲတွင် ရှိနေသော ကြောက်မက်ဖွယ်စွမ်းအင်များကို သူ အာရုံခံ၍ ရနေပါသည်။

၎င်းကြယ်ပင်လယ်ထဲမှ အနည်းငယ်မျှသော အစွမ်းလေး ထွက်လာလျှင်ပင် သူ့ကို အမှုန့်ခြေပစ်ရန် လုံလောက်နိုင်ပါသည်။

ထိုတခဏ၌ သူ အလွန် ကြောက်ရွံ့သွားပါတော့၏။

လောထျန်းသည် အစွမ်းထက်မှန်း သူ ယခင်တည်းက သိခဲ့ပြီးဖြစ်သော်လည်း လောထျန်းက သူ့အစွမ်းအစစ်ကို ထုတ်မသုံးခဲ့သေးကြောင်း ယခုမှသာ သိလိုက်ရခြင်းပင်။

ထိုသူမှာ တကယ်ပင် ခန့်မှန်းရ ခက်လွန်းလှပါတကား။

တစ်ဖက်မှ လောထျန်းမှာလည်း ထူးခြား စွမ်းအင်ပင်လယ်ကို အသက်သွင်းပြီးနောက် မျက်နှာတည်သွားသည်။

"ဒီအဆင့်နဲ့ဆို လုံလောက်မယ်လို့ ထင်တယ်"

သူ ထိုသို့ပြောပြီး တဆက်တည်း ထပ်အော်လိုက်၏။

"ကောင်းကင်ဘုံအသက်ရှူကျင့်စဉ် ... ရှူသွင်း"

ဝုန်း!

ဤတစ်ကြိမ်တွင်မူ လောထျန်းက သာမန် ရှူသွင်းလိုက်ရုံမျှဖြင့် မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော အသံကြီး ထွက်ပေါ်လာသည်။

အခြားတစ်ဖက်ရှိ အရှုပ်အထွေးဓားကန်၌ ....

အခြေအနေ တည်ငြိမ်သွားသော ကောင်းကင်ဘုံသားတော်၏ မျက်ဝန်းထဲတွင် ရက်စက်ခက်ထန်သည့် အရိပ်အယောင်များ ရှိနေပါ၏။

ဧကရာဇ်အစီအမံကို အပြည့်အဝ အသက်သွင်းပြီးနောက်တွင် သူ စွမ်းအင်ဆုံးရှုံးမှုကို တားဆီးနိုင်ခဲ့ရုံမက ယခင်က အရှုပ်အထွေး မဟာတာအိုသစ်သီးအတွင်း၌ ရှိနေခဲ့သော စွမ်းအင်အတော်များများကိုလည်း ပြန်လည်စုပ်ယူနိုင်ခဲ့ပါသည်။

ထို့အပြင် စုပ်ယူမှုနှုန်းမှာလည်း အရင်ကထက် ပိုမြန်ဆန်နေသေးသဖြင့် သူ့စိတ်အခြေအနေ ပြန်ကောင်းလာခဲ့ပါသည်။

ဤသို့ဖြင့် တခဏအကြာမှာပင် သူ့အ‌ရောင်အဝါများ ပြန်မြင့်တက်လာပြီး ယခင်လို အထွတ်အထိပ် အခြေအနေသို့ ပြန်လည်ရောက်ရှိသွားပါ၏။

မသေမျိုးဧကရာဇ် အမှတ်အသားလည်း ပြန်ပေါ်လာပါသည်။

" ဟင် ... ဒီအရောင်အဝါက... သူ မသေမျိုးဧကရာဇ်အဆင့်ကို ထပ်ရောက်တော့မှာလား"

"တကယ့်ကို ကြောက်စရာကောင်းတဲ့ ပါရမီပဲ။ သာမန်အခြေအနေမှာဆို အဆင့်တက်ဖို့ ကြိုးစားရင်း ကျရှုံးသွားရင် အချိန်တိုအတွင်း ပြန်နာလန်ထူဖို့က အင်မတန်ခက်တာ။ ဒါပေမဲ့ ဒီလူကတော့ မသေမျိုးဧကရာဇ်အဆင့်ကို တက်ဖို့ တစ်ကြိမ်ကျရှုံးသွားပြီးတာတောင် ခဏလေးအတွင်းမှာတင် ဒုတိယအကြိမ် အဆင့်တက်ဖို့ ပြန်ကြိုးစားနိုင်နေပြီ"

"ကောင်းကင်ဘုံသားတော်က တကယ်ကို ကြောက်စရာကောင်းတာပဲ"

ထိုမြင်ကွင်းကို ကြည့်နေကြသူတိုင်း အံ့ဩတကြီး သက်ပြင်းချလိုက်ကြသည်။

ထိုအချိန်မှာပင် ကောင်းကင်ဘုံသားတော်ထံမှ ထွက်ပေါ်လာသည့် အရောင်အဝါက အထွတ်အထိပ်သို့ ပြန်ရောက်သွားခဲ့ပါသည်။

"မသေမျိုးဧကရာဇ်အဆင့်၊ ငါလာပြီ!"

ကောင်းကင်ဘုံသားတော်က တစ်ခွန်းတည်းဖြင့် အဆင့်တက်တော့မည့်သဖွယ် အော်လိုက်၏။

သို့သော် ထိုအချိန်တွင်...

ဝီ...

အရှုပ်အထွေး နတ်ဘုရားအလင်းတန်းအတွင်းမှ စွမ်းအင်များ အထိန်းအကွပ်မဲ့ စီးဆင်းသွားပြီး ကောင်းကင်ဘုံသားတော်၏ ခန္ဓာကိုယ်အတွင်းရှိ စွမ်းအင်များမှာလည်း မယုံနိုင်စရာကောင်းသော အရှိန်ဖြင့် ပြန်လည်ပျောက်ကွယ်သွားပြန်သည်။

"ဟင်... ဘာဖြစ်တာလဲ"

ကောင်းကင်ဘုံသားတော်က လန့်သွားကာ အဘိုးအိုနှစ်ဦးဘက်သို့ ဒေါသတကြီး ကြည့်လိုက်သည်။

"မင်းတို့ ဘာတွေလုပ်နေကြတာလဲ"

ထိုအချိန်တွင် အဘိုးအိုနှစ်ဦးမှာလည်း မှင်သက်နေကြပါ၏။

ဘာတွေဖြစ်နေပါသနည်း။

ဧကရာဇ်အစီအမံကို အပြည့်အဝ အသက်သွင်းထားပါလျက် အဘယ်ကြောင့် ဤသို့ဖြစ်နေရသနည်း။

"အရှင်မင်းသား... အဲ့ဒါတွေကို အခုလောလောဆယ် မေ့ထားလိုက်ပါဦး။ အခုက သခင်ကြီး နောက်တစ်ဆင့်ကို တက်နိုင်အောင်ပဲ အာရုံစိုက်ရမှာ။ သခင်ကြီးသာ အရှုပ်အထွေး မဟာတာအိုသစ်သီးကို အပြည့်အဝ သန့်စင်ပြီး မသေမျိုးဧကရာဇ်အဆင့်ကို ရောက်သွားပြီဆိုရင် တဖက်လူက ဘယ်သူပဲဖြစ်ဖြစ် ယှဉ်နိုင်တော့မှာ မဟုတ်ဘူး!"

အနက်ရောင်ဝတ် အဘိုးအို ဦးစွာအသိဝင်လာကာ အသံကျယ်ကျယ်ဖြင့် အော်ပြောလိုက်သည်။

ကောင်းကင်ဘုံသားတော်မှာလည်း သူ့စကားကိုကြားမှ အသိပြန်ဝင်လာပါ၏။ သို့သော် သူ အဘိုးအိုနှစ်ယောက်ကို စူးစူးရဲရဲကြည့်ကာ ပြောလိုက်ပါသေးသည်။

"ပြဿနာတွေပဲ ဖန်တီးနေတဲ့ အသုံးမကျတဲ့ အမှိုက်တွေ။ အားလုံးပြီးသွားတဲ့အခါကျမှ မင်းတို့နဲ့ ငါစာရင်းရှင်းမယ်"

သူ ထိုသို့ပြောပြီးနောက် အဆင့်တက်ရန်ကိုသာ အာရုံစိုက်၍ အရှုပ်အထွေး မဟာတာအိုသစ်သီးကို သန့်စင်ရန် ချက်ချင်း ကြိုးစားလိုက်၏။

သို့သော် အားလုံး၏ အကြည့်အောက်မှာတွင် မသေမျိုးဧကရာဇ်အဆင့်သို့ရောက်ရန် ခြေတစ်လှမ်းစာမျှသာ လိုတော့သော ကောင်းကင်ဘုံသားတော်မှာ မသေမျိုးဧကရာဇ်အဆင့်တစ်ဝက်သို့ လျင်မြန်စွာ ကျသွားပါတော့သည်။

ထို့နောက်တွင်မူ မသေမျိုးဘုရင်အဆင့်ကိုး အထွတ်အထိပ်သို့ ပြန်ရောက်သွား၏။

ထို့နောက် မသေမျိုးဘုရင်အဆင့် ၈ ...

မသေမျိုးဘုရင်အဆင့်၇ ...

သူ ပို၍ အစွမ်းကုန် ကြိုးစားလေလေ၊ သူ့အစွမ်းများက မြင့်တက်လာရမည့်အစား ပို၍သာ ဆုတ်ယုတ်သွားလေပင်။

"ဟင်... ဒါ ဘာတွေဖြစ်နေတာလဲ"

ထိုအခြေအနေကို ကောင်းကင်ဘုံသားတော် သတိမထားမိဘဲ မနေပါ‌ေချ။

ထိုခဏ၌ သူ ဘေးပတ်လည်သို့ အူကြောင်ကြောင် လှည့်ကြည့်လိုက်မိသည်။

မီးခိုးရောင်ဝတ် အဘိုးအိုသည်လည်း သူ့နည်းတူပင် ဝေခွဲမရဖြစ်နေပုံရှိပါသည်။

"ဘာ... ဘာတွေ ဖြစ်ကုန်တာလဲ။ ဒါ ဘယ်သူ့လက်ချက်လဲ"

အခြားတစ်ဖက်မှ အနက်ရောင်ဝတ် အဘိုးအိုက ရုတ်တရက် တစ်ခုကို သတိပြုမိသွားကာ ပြောလိုက်သည်။

"ဧကရာဇ်အစီရင်ရဲ့ အစွန်းတဖက်မှာ ဒီကိစ္စအားလုံးရဲ့ နောက်ကွယ်က ကြိုးကိုင်သူနဲ့ ဆက်နွယ်နေလိမ့်မယ်။ ဒီကောင် ဘယ်သူလဲဆိုတာ ကြည့်ရမယ်"

သူ ထိုသို့ပြောပြီးသည်နှင့် လက်ကောက်ဝတ်ကို ဓားဖြင့် လှီးဖြတ်ကာ သွေးစက်များအား ဧကရာဇ်အစီအမံပေါ်သို့ ချလိုက်၏။

"သွေးနဲ့ ယဇ်ပူဇော်ပြီး မူလရင်းမြစ်ကို ရှာဖွေစမ်း!"

ထို့နောက် သူအော်ကာ အစီအမံကို စတင်အသက်သွင်းလိုက်လေသည်။

ဝီ...

ချက်ချင်းဆိုသလိုပင် အရှုပ်အထွေးနတ်ဘုရားအလင်းတန်းများ ဝင်းလက်သွားပြီးနောက် အားလုံးရှေ့မှောက်တွင် မြင်ကွင်းတစ်ခု ပေါ်လာတော့သည်။

ထိုမြင်ကွင်းတွင်ကား လောထျန်းတစ်ယောက် အရှုပ်အထွေးနတ်ဘုရားအလင်းတန်းများကြား အသက်ရှူကျင့်စဉ်ကို ကျင့်ကြံနေပါ၏။

သူ ထိုသို့ကျင့်ကြံနေစဉ်တွင်လည်း အရှုပ်အထွေး မဟာတာအိုသစ်သီး၏ စွမ်းအင်များကို အဆက်မပြတ် စုပ်ယူနေပါသည်။

"ဟင်... ဒီကောင်က ဘယ်သူလဲ"

အနက်ရောင်ဝတ်စုံဝတ် အဘိုးအို မျက်မှောင်ကြုံ့လိုက်သည်။

သို့သော် သူတို့ချင်း မသိကြသည့်တိုင် အနီးတဝိုက်ရှိ အခြားသူများကမူ ထိုသူကို ကောင်းကောင်းရင်းနှီးနေကြပါ၏။

"လော... လောထျန်းလား? တကယ်ပဲ သူလား?"

"သူက ကောင်းကင်ဘုံသားတော်ရဲ့ အစီအစဉ်ကို တကယ်ပဲ တားနိုင်ခဲ့တာလား?"

"သူ... ဘယ်လိုထူးဆန်းတဲ့ အစွမ်းတွေကို သုံးလိုက်တာလဲကွာ။ တကယ်ကို ကြောက်စရာကောင်းလိုက်တာ!"

လူများ ခဏတာမျှ ဝေခွဲမရ ဖြစ်သွားကြပြီးနောက် ထျန်းယွမ်ကမ္ဘာမှ လူများရှိရာဘက်သို့ လှည့်ကြည့်လိုက်ကြသည်။

ထိုခဏ၌ ထျန်းယွမ်ကမ္ဘာမှ လောမိသားစုဝင်များသာလျှင် လောထျန်း ဘာလုပ်နေသည်ကို နားလည်ကြပါသည်။

"ဒါ... ကောင်းကင်ဘုံအသက်ရှူကျင့်စဉ် မဟုတ်လား? သခင်လေးက ကျင့်ကြံနေတာလား"

"ဒီ... ဒီနည်းကို တိုက်ခိုက်တဲ့‌ေနရာမှာ သုံးလို့ရလိမ့်မယ်လို့ ငါတစ်ခါမှ ထင်မထားခဲ့ဘူး"

"ဟုတ်တယ်၊ ပြီးရင် အခုက မိုင်ပေါင်းသောင်းချီ ဝေးတဲ့နေရာကနေ လှမ်းပြီး တိုက်ခိုက်နေတာ"

"ပြီးတော့ တိုက်ခိုက်မှုအစွမ်းကလည်း တကယ့်ကို ထိရောက်လွန်းတယ်"

လောမိသားစုဝင်များ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီးနောက် တစ်ပြိုင်နက်တည်းနီးပါးပင် ကောင်းကင်ဘုံအသက်ရှူကျင့်စ‌ဥ်ကို စတင်ကျင့်ကြံလိုက်ကြတော့သည်။

အခြားတစ်ဖက်မှ ကောင်းကင်ဘုံသားတော်မှာလည်း လောထျန်းကို မြင်သည်နှင့် ဒေါသတကြီး အော်လိုက်၏။

"လောထျန်း .... ဒီပုရွက်ဆိတ်က ဘယ်လိုလုပ်ပြီး..."

သူ လုံးဝနားမလည်နိုင်တော့ပါ ။

ထိုကောင်မှာ ကောင်းကင်ဘုံအဆင့်သာ ရှိသေးသော အမှိုက်တစ်စသာ ဖြစ်ပါ၏။

သူ့အနေဖြင့် အလွယ်တကူ နင်းခြေဖျက်ဆီးပစ်နိုင်သော ထိုကောင်က ယခု ဘယ်လိုလုပ်ပြီး သူ့ အစီအမံကြီးကို ဖျက်ဆီးပစ်နိုင်ခဲ့ပါသလဲ။

ထို့ထက် ပိုဆိုးသည်မှာ သူ့အစွမ်းများအားလုံးကို ထိုကောင်က စုပ်ယူသွားခဲ့ခြင်းပင်။

တခြားသူ၏ မင်္ဂလာဆောင်ဝတ်စုံအတွက် သူ နှစ်ပေါင်းများစွာ အချိန်ပေး၍ ရွှေချည်ထိုး ပေးခဲ့ရသလို ဖြစ်နေပြီလား ..

သူ ဤကိစ္စအတွက် စီစဉ်လာခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့‌ေလပြီ။ ယခု ထိုအစီစဉ်များက ထိုကောင့်လက်ထဲတွင် ဆုံးရှုံးရတော့မည်ကို သူ မည်သို့လက်ခံနိုင်ပါမည်နည်း။

ဝေါ...

ထိုအချိန်မှာပင် သူ့ခန္ဓာကိုယ်အတွင်းရှိ စွမ်းအင်များ ကုန်ခမ်းလာကာ ကောင်းကင်ဘုံသားတော် မသေမျိုးဘုရင်အဆင့်တစ် အထိ ထိုးကျသွားလေတော့သည်။

အရှုပ်အထွေးနတ်ဘုရားမြို့တော်အတွင်း သူရခဲ့သမျှသော အကျိုးကျေးဇူးအားလုံးလည်း ယခု လုံးဝ ပျောက်ကွယ်သွားကြလေပြီ။

"မဖြစ်ဘူး! ပြန်လာခဲ့ကြ... အကုန်လုံး ပြန်လာခဲ့ကြစမ်း!"

ကောင်းကင်ဘုံသားတော်မှာ ရူးသွပ်လုနီးပါး ဖြစ်နေရှာ၏။

တစ်ချိန်တည်းမှာပင် အဘိုးအိုနှစ်ဦးသည်လည်း အခြေအနေမဟန်တော့ကြောင်း သဘောပေါက်သွားကြသည်။

"ကောင်းကင်ဘုံသားတော်... ဧကရာဇ်အစီအမံထဲကနေ အခုချက်ချင်း ထွက်ခဲ့ပါတော့!"

မီးခိုးရောင်ဝတ် အဘိုးအို အသံကျယ်ဖြင့် အော်၍သတိပေးလိုက်သည်။

All Chapters